Monday, February 23, 2009

UDPအဖွဲ့ဟာအင်အားအကြီးမားဆုံးပါတီတခုဖြစ်လာနေပြီ

အကြံပေးဆိုရာဝယ်

နအဖအကြံပေးများ



USAအကြံပေးများ



နအဖ ဆန့်ကျင်ရေးစိတ်ဓာတ် ကိုမွေးမြူပွားများခြင်းအားဖြင့်

စာရွက်လေးတွေ ကျဲချချိန်မှာ လာကောက်ရမှာက အစိုးရဝန်ထမ်းတွေဆိုတော့ သူတို့ အတွက်လဲ နဲနဲရေးဖို့ မကောင်းဘူးလားဗျာ။ နည်း ၂ ခု သုံးကြည့်ပါ။ နအဖနည်း၊မဆလနည်း အဟောင်းကြီးပါပဲ။ ကြောက်တတ်တဲ့ ဝန်ထမ်းတွေကို ဥပဒေ တွေ၊ ပုဒ်မတွေ နဲ့ချောက်။ သနားတတ်တဲ့ လူတွေကို လူထုဒုက္ခတွေကို ပြောပြပေါ့။


မေး - မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး ထပ်ဖြစ်လာစရာကိစ္စလေးတွေ ရှိတယ်ဆိုတာ ဘာကြောင့်ပြောနိုင်လဲဗျ။

ဖြေ - အရင်က နယ်စပ်ဒေသနဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းတယောက် အဆိုအရ ဒီမူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ လျှော့နိုင်တင်းနိုင် လုပ်လို့ရအောင် လုပ်ထားတာတဲ့။ အခု ကျွန်တော်သိချင်တာက ဒီထုတ်လုပ်မှုတွေ ရှိတဲ့ ရင်းမြစ်တခုခုရဲ့ နေရာကိုပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက တယောက်ကိုဆက်သွယ်နေတယ်ဗျ။ နဲနဲပါးပါး သတင်းလေးဘာလေးစွင့်တာပေါ့ဗျာ။ ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီးတော့ကတော့ ကုန်သည်တချို့အရဆိုရင် ၂၀၀၈ နှောင်းပိုင်းမှာ ရာခိုင်နှုန်းတော်တော်များများ ပိုလာတယ်လို့ပြောတယ်ဗျ။ အဲဒါကြောင့်ပြောနိုင်တာပါ။ တချို့ဟာလေးတွေက အရာရှိတချို့ရခဲ့တဲ့ အထူးညွှန်ကြားချက်ကလေးတွေကြောင့် သိလာရတာပါ။

မေး - မူးယစ်ဆေးဝါးနဲ့ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်မှုတွေအတွက် နအဖကို စွပ်စွဲနိုင်စရာကိစ္စလေးတွေ ခင်ဗျားပြောသလိုရှိတယ် ဆိုတာလက်ခံနိုင်ပေမဲ့ တကယ်တမ်း ထိရောက်တဲ့ အရေးယူမှုမလုပ်နိုင်တာကို ကျွန်တော်ထောက်ပြချင်တယ်ဗျာ။ ခင်ဗျားဘာပြောမလဲ။

ဖြေ - ကျွန်တော်တို့မှာ အခက်အခဲလေးတွေရှိတယ်ဗျ။ တရားဝင် စစ်ဆေးတွေ့ရှိ အရေးယူမှုဟာ နအဖကို တိုက်ရိုက်ထိအောင်လုပ်နိုင်တဲ့ အရာမဟုတ်ဖူးဆိုတာ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ လုပ်နိုင်တာထဲမှာ အမြင့်ဆုံးကတော့ ကုန်သည်ကြီးကြီးတွေ ကိုထိအောင်ပဲလုပ်နိုင်တာဆိုတာကိုလေ၊ အဲဒါဟာ နအဖကို တိုက်ရိုက်မထိခိုက်ဖူးဆိုပေမဲ့ ဆုံးရှုံးမှုဖြစ်အောင် လုပ်နိုင်တာပါပဲ။ ဒီကိစ္စမှာ ရဲနဲ့တာဝန်ရှိတဲ့လူတွေဆီက လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ရအောင် (ဒီကိစ္စမှာလဲ ယူအန်လို အဖွဲ့ အစည်းကထိရောက်တဲ့ ယူနစ်တခုခု ကိုပါတွဲဖက် ပါဝင်စေပြီး ဥပဒေ အရ တာဝန်ရှိသူတွေကို ဖိအားနဲ့) အတင်းအကြပ် ဖြစ်စေသင့်တယ်။ ဒါဟာတောင်မ နအဖ ကို ဆုံးရှုံးမှု အနဲငယ်သာဖြစ်စေပြီး ထိထိရောက်ရောက် မဟုတ်သေးဘူးဆိုတဲ့ ခင်ဗျား ထောက်ပြမှုဟာ မှန်ပါတယ်။ ဒါကြောင့် ကျွန်တော်တွေ့တဲ့ နောက်တချက်ကတော့ ထိုင်း၊ စင်ကာပူ၊ မလေးရှားလို နိုင်ငံမျိုးနဲ့ ပါဝင်ပတ်သက်လာနိုင်မဲ့ နောက်ထပ်တိုက်ဆိုင်မှုလေးတွေကို ကျွန်တော်တို့ရှာပြီး အာဆီယံ လောက်အထိတက်သွားမဲ့ အထိဖြစ်ဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ကို ကူညီနိုင်မဲ့ အပြင်ကအဆက်အသွယ်လေးတွေကို လည်းရှာနေတယ်ဗျ။ ဒီကိစ္စမျိုးတွေမှာ ပြောချင်တဲ့ဟာတွေကို ထိရောက်သွားစေဖို့ လိုအပ်ချက်လေးတွေရှိနေတယ်။ ကျွန်တော့ဘက်ကလဲ နောက်ဖြစ်မဲ့ကိစ္စလေးတွေမှာ သတင်းအချက်အလက်လေးတွေ ပိုတိတိကျကျနဲ့ အချိန်မီရဖို့ ပိုကြိုးစားနေရတယ်။

မေး - အခုကျွန်တော်တို့ဆီကို တုံပြန်လာတဲ့ စာလေးတွေရောက်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကို နအဖ တော့ဆက်ချီတက်နေတာပတဲ့ဗျ။ နိုင်ငံရေးပါတီလေးတွေကလဲ စတင်ဖို့လုပ်လာတယ်တဲ့။ ဒီလိုအချိန်မှာ လူထုစည်းရုံးခွင့်ကို အခွင့်ကောင်းယူလိုရမဲ့ နည်းလမ်းလေးတွေတင်ပြထားတာကို ဆန်းစစ်ပေးဖို့ တောင်းဆိုထားတယ်။ ကျွန်တော်တို့ အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ။

ဖြေ - ဒီကိစ္စအတွက် နေရာဒေသ အလိုက် သင့်တော်သလို လှုပ်ရှားဖို့လိုမယ်။ ကျွန်တော်အနေနဲ့တော့ ကွင်းဆင်းပြီး လေ့လာစုံစမ်းရေးလုပ်ဖို့လိုလာတယ်။ အခုတော့ဒီကိစ္စနဲ့ ပတ်သက်ပြီးဘာမှ မပြောနိုင်သေးဘူးဗျ။ ကျွန်တော်တို့ဘက်ကလုပ်နိုင်တာတွေကို စုဆောင်းပြီး ဖြစ်လာနိုင်မဲ့ အကျိုးဆက်လေးတွေနဲ့ သက်ရောက်မှုလေးတွေကို တွက်ဖို့လုပ်ချင်သေးတယ်။ အခုလောလောဆယ် ဒီဟာတွေကို ပြောဖို့ နဲနဲများစောနေမလားဗျာ။ နောက်ပြီး ကျယ်ပြန့်တဲ့ လူထုစုဝေးမှုလေးတွေ အစပြုလာမှ ဒီဟာလေးတွေကို လုပ်သင့်တယ်ထင်တယ်။

မေး - ကြံဖွံက နိုင်ငံရေးပါတီအသွင် ပြောင်းလာပြီး လူထုကိုချဉ်းကပ်လာရင် လုပ်ရမဲ့အရာလေးတွေပြောပါဦး။

ဖြေ - သူတို့ရဲ့ချဉ်းကပ်မှုဟာ ၂ မျိုး ဖြစ်လာနိုင်တယ်ဗျ။ ဒီနည်းနှစ်ခုကို နေရာဒေသနဲ့ လူထုသဘောထားရပ်တည်မှု၊ စီးပွားရေးအခြေအနေနဲ့ အတိုက်အခံလုပ်မဲ့ အန်အယ်ဒီရဲ့ အင်အား ဒီလိုဟာမျိုးတွေအပေါ်မှာ အခြေခံပြီး ကျင့်သုံးလာကြလိမ့်မယ်။ ၁ က စီးပွားရေးမက်လုံးနဲ့ရပိုင်ခွင့်တွေ ပေးပြီးလူထုထောက်ခံမှုကို ယူမယ်အကြံပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြံဖွံမှာ ဘယ်လောက်အထိ သုံးစွဲလာနိုင်တယ်ဆိုတာ သိဖို့ကျွန်တော်ကြိုးစားနေတယ်။ ကျေးလက်ကတချို့နေရာတွေ မှာဒီလို ရက်ရောမှုဟာ ပြည်သူတွေကိုဝေဝါးမှုဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိလို့ ကျွန်တော်တို့ဘက်က သူတို့မျက်လုံးတွေမှာ ပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ အရေးတကြီး အရေးယူဆောင်ရွက်ဖို့လိုနေပြီ။ ဘယ်ကြံဖွံရဲ့ရက်ရောမှုကိုမဆို လက်ခံယူစေပြီး တကယ်တမ်း သူတို့ကိုလုံးဝ ဆန့်ကျင်နေအောင် ကြိုတင်ပညာပေးစည်းရုံးထားဖို့ ရသလောက်နည်းနဲ့လုပ်ရမယ်။ ဒီထက်ကောင်းတဲ့ နှစ်ထပ်ကွမ်းထိုးနှက်ချက် ရှာမတွေ့သေးဘူးဗျ။ ခင်ဗျားကြားမှာပါ တချို့တွေ တယ်လီဖုန်းတွေဘာတွေရ ဆိုပဲ။ တကယ်တမ်း ကြံဖွံဘက်မှာထင်သလောက် အလုပ်မဖြစ်အောင် ဒီလူတွေကို စည်းရုံး ပညာပေးထားနိုင်ခြင်းလောက်ကောင်းတာမျိုး ရှာမတွေ့သေးဘူးဗျာ။ တတ်နိုင်သမျှ သူတို့ဆီက ရသလောက်ယူပြီး ဘာမှပြန်မပေးတာမျိုးလုပ် ဖို့ပါပဲ။ ပေးခြင်းနဲ့ချဉ်းကပ်လာတာကို ယူပြီးဘာမှပြန်မပေးရအောင်လုပ်ဖို့ပဲ။ ကြံဖွံကို ခိုင်လုံစွာနဲ့ ခါးခါးသီးသီး နဲနဲလောက်လုပ်လိုက်ရင် ကျွန်တော်တို့အပေါ် ကျလာမှာပဲ။ ပြီးမှကန့်ကွက်မဲချည်းသာထည့်ကြပေရော့။ ဒီနည်းက အန္တရာယ်တော့များတယ် "ရန်သူနဲ့ အတူအိပ်ခြင်း" လို့ ရှေးကဆရာတွေပြောတာကြားဖူးတယ်မဟုတ်လား။ ၂ ကတော့ ဖိအားသုံးပြီး လူထုကိုအတင်းအကျပ်ထောက်ခံစေတာပါပဲ။ ဒီကိစ္စမျိုးလဲ အခုဆို စ နေပြီဆိုတာတွေ့ရတယ်။ အဲဒီလိုကိစ္စမျိုးမှာ ရွေးကောက်ပွဲ ဝင်ပါမယ်ဆိုတဲ့ လူတွေနဲ့ ထိပ်တိုက်တွေ့ ပေးသင့်တယ်။ ပြည်သူတွေကောင်းဖို့လုပ်ပါမယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ တနေရာကပါရရင် ပြီးတာပဲ လို့ သူတို့ကအော်နေတာကိုး။ အဲဒီလိုလူမျိုးလေးတွေကို ကြံဖွံက ဖိအားပေးမှုလေးတွေနဲ့ တည်ပေးလိုက်ပြီး ကျန်တာဘာဆက်ဖြစ်မလဲ ထိုင်ကြည့်ရုံပဲ။ ဒီ ၂၀၀၉ မှာ ပါဝါအတွက် လှုပ်ရှားလာမဲ့ဟာတွေမှာ ပြည်သူနဲ့ အန်အယ်ဒီလုပ်သင့်တာက ၂၀၁၀ ကိုသွားနေသူတွေကို ထိပ်တိုက်တွေ့ဆုံမှုလေးတွေ ရသလောက်ဖန်တီးယူကြဖို့ပဲ လို့ ကျွန်တော်သုံးသပ်မိတယ်။ လှည့်ကွက်လေးတွေကို ထိထိမိမိလေး သုံးကြဖို့ အချိန်ရောက်ပြီလို့ထင်တယ်။

မေး - ခင်ဗျားပြောတာ တခါတလေ နားထောင်ကောင်းပေမဲ့ တခါတလေ ခလေးဆန်တယ်လို့ ထင်မိတယ်။ တကယ်တမ်းကြတော့ ခင်ဗျားမှာ ခိုင်မာတဲ့အသင်းအဖွဲ့လည်း မရှိဘူး။ ခင်ဗျားပြောတဲ့ဟာ အများစုကလဲ တယောက်နှစ်ယောက်နဲ့ လုပ်လို့ရတဲ့ ကိစ္စမဟုတ်လေတော့ အကောင်အထည်ဖော်ဖို့ ဆိုတာ ထင်သလောက်မလွယ်ဘူး။ ကျွန်တော်တို့ အားလုံးက ကြံဖွံကို မကြိုက်ကြပါဘူး။ ဒါပေမဲ့ ကြံဖွံဟာ လူထုထဲမှာ အစည်းအရုံးတခု အနေနဲ့ ဝင်ရောက်နေရာယူထားတာ ကြာနေပြီဆိုတော့ တကယ်တမ်း ဖိအားသုံးလာရင် တချို့ကိစ္စတွေမှာ အခက်အခဲလေးတွေရှိတယ်။ နောက်ပြီး ပါဝါ အတွက်လှုပ်ရှားလာမဲ့ ဟာတွေကိုကြည့်တော့လဲ ထင်သလောက်အင်အား မကောင်းတာတွေ့ရတော့ သူတို့ဟာ နအဖ ဆန့်ကျင်ရေး အထောက်အကူမဖြစ်နိုင်တဲ့ အပြင် ၂၀၁၀ ကိုကူညီနေသလိုများဖြစ်မလားလို့။

ဖြေ - အဓိက ကတော့ ကျွန်တော်က မာစတာပလန် မလုပ်နိုင်တာပဲဗျ။ ကျွန်တော်တယောက်ထဲ အနေနဲ့ ဗမာပြည်ကို ဒီမိုကရေစီရအောင် မလုပ်နိုင်ဘူး။ အထူးသဖြင့် ဒီမိုကရေစီရအောင် နအဖကို တိုက်ကွက်ဖော်ဆောင်နိုင်လောက်အောင် လုပ်နိုင်စွမ်းမရှိဘူး။ ဒီလောက်လူထုကို တင်းတင်းကျပ်ကျပ်ဖိနှိပ်နေတဲ့ အချိန်မှာ အုံကြွမှုပေါ်ပေါက်လာအောင် မလှုံဆော်နိုင်ဘူး။ ခင်ဗျားပြောသလို အသင်းအဖွဲ့ တခုရှိမ ဒါမျိုးကလုပ်နိုင်တာကလား။ ဒါမျိုးက အန်အယ်ဒီလို ခိုင်မာတဲ့ အသင်းအဖွဲ့မျိုးက ဦးဆောင်နိုင်မ။ ဒီလိုပြောခြင်းအားဖြင့်လဲ ကျွန်တော်က အန်အယ်ဒီကို ဖိအားတွေဖြစ်စေချင်တာ မဟုတ်ဖူး။ တလောကပဲ အန်အယ်ဒီ လူငယ်လေးတွေ အဖမ်းခံရတာကိုကြည့်ရင် နအဖ ကို ရိုးရိုးတိုက်နေလို့ဖြင့် လိုအပ်တဲ့လူထုဆန့်ကျင်ရေး ကိုအကောင်အထည်ဖော်နိုင်မှာ မဟုတ်တာခင်ဗျားတွေ့တာပဲ။ ကျွန်တော်အခုလုပ်နေတာဟာ တဦးတယောက်ချင်း အနေနဲ့ ကျွန်တော်တို့လုပ်လို့ရသလောက် နိုင်သလောက်လုပ်နေတာဖြစ်တယ်။ နောင်တချိန် လူထုကို မဖြစ်မနေ စည်းရုံးခွင့်ပေးရတော့မဲ့အချိန်မှာ နအဖ ဆန့်ကျင်ရေးစိတ်ဓာတ် ခိုင်မြဲစွာရှိနေတဲ့ အရေအတွက်များနေစေဖို့ အတွက်ပဲ။ တချို့ဟာလေးတွေက ကလေးဆန်တယ်ဆိုတဲ့ ခင်ဗျားမှတ်ချက်ကို ကျုပ်မငြင်းလိုဘူး။ ဒါပေမဲ့ ခုနက ကျွန်တော်ပြောသလို အခုအချိန်မှာ ကျွန်တော်တို့ အပေါ်မှာ ကျရောက်နေတဲ့ ဖိအားကပြင်းထန်လွန်းတော့ လူကြီးလူကောင်းဆန်စွာ နအဖကို ထိုးနှက်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေး မရှိဘူး။ အခွင့်အရေးပေးတဲ့ နေရာကနေ ရသလိုထိုးနှက်နေရတာပဲဖြစ်တယ်။ဒီနေရာမှာ အရေးကြီးတဲ့အရာတခုပြောချင်ပါတယ်။ နှစ် ၂၀၊ ၃၀၊ ၄၀၊ ၅၀၊ အမြစ်စွဲလာတဲ့ နိုင်ငံရေး အနာပြိုင်းကြီးကို ဆေးတခွက်သောက်ရုံနဲ့ ပျောက်အောင်ကုနိုင်မဲ့ သမားတော် မရှိဘူး မဆိုနိုင်ပေမဲ့ လွယ်ကူတဲ့ ကိစ္စမဟုတ်တာ သိစေချင်တယ်။ နောက်ပြီး ဒီလိုပြောလို့လဲ သိုးကလေး တွေကို ငုံခံနေဖို့တော့ မဟုတ်ဖူးဗျ၊ နောက်ပြီး ဒီမိုကရေစီ မျှော်လင့်ချက်ဝေးပါပြီလို့လဲ မထင်စေချင်ဘူး။ ဗမာပြည်သူပြည်သား တဦးတယောက်ချင်းစီမှာ လုပ်နိုင်တဲ့ အတိုင်းအတာ ပေးတဲ့အခွင့်အရေးအခြေအနေ တွေအများကြီးရှိတာ လူတိုင်းယုံကြည်စေချင်တယ်။ ဒီအတွက်ကျွန်တော်တို့ တဦးတယာက်ချင်းလုပ်နိုင်တဲ့ စည်းရုံးခြင်း၊ ဆန့်ကျင်ခြင်း၊ ဖိနှိပ်မှုတိုင်းကိုတန်ပြန်ခြင်းဆိုတာတွေလုပ်နိုင်တယ်လို့ အခိုင်အမာယုံကြည်လာစေချင်တယ်။ ကျွန်တော်လို၊ ခင်ဗျားလို၊ ကျွန်တော့်ကလောင်မိတ်ဆွေတွေလို၊ တဦးခြင်း မမှုလောက်ပါဘူးဆိုတဲ့ အနေအထားကနေ တဖြည်းဖြည်း အန္တရာယ်ပေးနိုင်လောက်တဲ့ အထိ အချင်းချင်းစုစည်းဆောင်ရွက်ကြလာအောင် လုပ်ပြနေတာဖြစ်တယ်။ ကျွန်တော်တို့ အခုလုပ်တာဟာ နအဖ ဆန့်ကျင်ရေးစိတ်ကို ဗမာပြည်သူပြည်သားတိုင်းရဲ့ နှလုံးသားထဲ ရိုက်သွင်းနေတာဖြစ်တယ်။ နအဖ ဆန့်ကျင်ရေးစိတ်ဓာတ် ကိုမွေးမြူပွားများခြင်းအားဖြင့် အားကောင်းတဲ့ရန်သူကို လုပ်ကြံနိုင်ဖို့ နည်းဗျူဟာ၊ မဟာဗျူဟာ ကောင်းကောင်းချမှတ်နိုင်တယ်။ ရှံးသွားပြီလို့သူတို့ထင်နေတဲ့ တိုက်ပွဲကနေ အားနည်းချက်ပျော့ညံချက်ကိုရှာ နောက်တခါ တိုက်ပွဲခေါ်သံလာပြီဆိုတာနဲ့ စနစ်တကျ ပြင်ဆင်အောင်ပွဲယူကြဖို့ပဲ။ အခုအချိန်မှာ တယောက်ထဲ ၂ ယောက်ထဲ ဆိုတာ အရေးမကြီးတော့ပါဘူး တိုင်းပြည်အတွက် လူတိုင်းက အရေးကြီးတဲ့ နေရာမှာချည်းပါပဲ။ တခုပဲခင်ဗျားစဉ်းစားကြည့်ပါ။ ခင်ဗျားမှာ အရေးကြီးတဲ့ သတင်းတစ်ခုရလာပြီ ဆိုပါစို့ (ဥပမာ နအဖ၊ ကြံဖွံ၊ စွမ်းအားရှင် ဘယ်ကပဲဖြစ်ဖြစ်)။ ဒီသတင်းကို တနည်းနည်းနဲ့ ဖြန့်ဝေလိုက်တယ်ဆိုရင်
၁) နောက်ထပ် ဒုက္ခခံရမဲ့ ပြည်သူတွေ အန္တရယ်ရဲ့ အတိုင်းအဆကို ခန့်မှန်းပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်လို့ရတယ်။
၂) ခံရတဲ့ ပြည်သူတွေ အတွက် တခုခု ကူညီဖို့ ပြည်သူအချင်းချင်းပဲ ဖြစ်ဖြစ် နိုင်ငံရပ်ခြား အကူအညီပဲဖြစ်ဖြစ် ရလာနိုင်တယ်။
၃) နောက်ထပ် ဒီလိုမျိုးပြည်သူတွေ အပေါ်ကို ကျူးလွန်ဖို့အတွက် (အနည်းဆုံး အဲဒီနေရာ ၁ ခုမှာ) ခက်လာမယ်။
၎) နအဖ မှာ အပြစ်တွေများသထက်များလာမယ်။
၅) နည်းလမ်း တခုကိုသုံးပြီး ပြည်သူကို နှိပ်စက်တာကို အားလုံးကနားလည်သွားပြီဆိုရင် နောက်ထက်နည်းလမ်းအသစ် ရှာရတော့မယ်။ (နအဖ မှာ မဆုံးနိုင်လောက်အောင် နည်းလမ်းတွေရှိမနေပါဘူး။ )
ဒီနည်းလမ်းဟာ ကုန်ကျစရိတ်အနည်းဆုံးနဲ့ ထိရောက်မှုအရှိဆုံးပါ။ လူတစ်ယောက်ထဲ နဲ့တောင်လုပ်လို့ရပါတယ်။ အဓိက ကတော့ သတင်းအချက်အလက်တွေကို ဘယ်မီဒီယာမှာပဲ ဖြန့်ဝေဝေ လူထုရင်ထဲကို ထိခိုက်မဲ့ဟာဖြစ်ဖို့ပါပဲ။ ပြည်သူတယောက်ချင်းစီရဲ့ နအဖ နဲ့ ပတ်သက်ပြီး ခံစားရမှုတခုတခုစီဟာ အရင်းအမြစ်ပါ။ ဒါကြောင့် ခင်ဗျားဟာ အသင်းအဖွဲ့ နဲ့ပဲဖြစ်ဖြစ် တဦးတယောက်ပဲဖြစ်ဖြစ် အဓိက မကျတော့ပါဘူး။ ခင်ဗျားဆီမှာ ရှိတဲ့ နအဖ နဲ့ပတ်သက်တဲ့ အတွေ့အကြုံနဲ့ ခံစားမှုတွေရယ် သတင်းအချက်အလက်တွေကို ထိရောက်အောင် ဘယ်လိုတင်ဆက်သလဲဆိုတာရယ်သာ အဓိကကျပါတယ်။ ဒါကြောင့် လူထုစုဝေးမှုလုပ်လို့ မရဘူး။ လွပ်လပ်စွာစည်းရုံးခွင့် မရဘူး ဆိုတာ လူတိုင်းရဲ့ မျက်စိနားတွေကို ပိတ်ထားနိုင်မှပါ။ ဒီလိုလုပ်ဖို့ဆိုတာ အခုအချိန်မှာ လက်တွေ့မကျတော့ဘူးဆိုတာ ခင်ဗျားတွေ့ပြီးပါပြီ။ ကျွန်တော်တို့ လူထုဆီကိုရောက်မဲ့ သတင်းလေတွေကို ထိထိရောက်ရောက်ဖြစ်စေချင်ရင် စကားလုံးရွေးချယ်မှုကအစ အားလုံးသတိထားဖို့လိုအပ်တယ်ထင်တယ်။ နအဖ ကဘယ်လိုနည်းစနစ်လေးတွေ သုံးထားလဲ ကြည့်ရအောင်။ တက်ကြွတဲ့လှုပ်ရှားသူတွေနဲ့ ကျေးလက်က ရိုးသားကြောက်တတ်သူတွေကို ဆက်ဆံတဲ့နည်းလမ်း မတူတာ ခင်ဗျားတွေ့မှာပါ။ ကျွန်တော်တို့က ဒီဟာကို ပြောင်းပြန် မက်ဆေ့ခ်ျပေးနိုင်ရင်။ နမူနာလေး တခုပြောမယ်။ နအဖ ဆန့်ကျင်ရေး စာရွက်တချို့ဝေမယ်ဆိုပါစို့။ အဓိက က ပြည်သူတွေ ဖတ်ဖို့၊ တတ်နိုင်ရင် သိမ်းပြီးယူသွားကြဖို့ တခြားမသိသေးတဲ့လူတွေပါ လက်ဆင့်ကမ်းဖို့ မဟုတ်လား။ စာရွက်ကို အဝေးကနေကြည့်ပြီး ရှောင်နေကြရင်၊ စည်ပင်က၊ မီးသတ်က၊ ရဲကလာကောက်သွားရုံသာပဲဆိုရင် စာရွက်ပေါ်မှာရေးထားတာကို ပြန်ပြင်ဖို့ မကောင်းဘူးလား။ စဉ်းစားဖို့ပါ။ မက်ဆေ့လေးတွေကို ရမဲ့ပတ်ဝန်းကျင်နဲ့အလိုက် ခံစားနားလည်နိုင်မဲ့ ထိရောက်တဲ့ဟာလေးတွေဖြစ်ရင်မကောင်းဘူးလား။ တကယ်တမ်း ထိရောက်စေချင်ရင် လာကောက်တဲ့ အဲဒီလူတွေပါ ဖတ်ပြီး ဝေဝေဝါးဝါး ဖြစ်သွားစေချင်တယ်။ သူတို့ နအဖ အတွက်ဒီလို လုပ်ပေးနေတာ ပြန်စဉ်းစားဖို့၊ ရှက်လာဖို့၊ လူလူချင်း ကိုယ့်ပြည်သူအချင်းချင်း နှိပ်စက်ပြီး ပြည်သူ့ထမင်းကို စားနေရတာပါလား။ ဒီလိုမက်ဆေ့ခ်ျ မျိုးလေးတွေရသွားစေချင်တယ်။ ဒီလိုဟာမျိုးလေးတွေလုပ်ဖို့ ခင်ဗျားပြောသလို အသင်းအဖွဲ့ကြီးတွေ ဆိုင်းဘုဒ်တွေ မလိုဘူးထင်ပါတယ်။ ခင်ဗျားရယ် ကျွန်တော်ရယ်ဆိုရင်တောင် ရမို့လား။

မေး - လူထုကိုမျက်စိနား ပိတ်လို့မရဘူးဆိုတာ လက်ခံပါတယ်။ ခင်ဗျားပြောသလို တဦးချင်း ကြိတ်ခံစားမနေပဲ ပုဂ္ဂလိက မုန်းတီးမှုကို လူထုမုန်းတီးမှုဖြစ်အောင်လုပ်ရမယ် ဆိုတာကို လက်ခံပါတယ်။ လက်ရှိ နအဖ ဆန့်ကျင်သူတွေ မှာ ပြည်သူတွေရဲ့ သဘောထားရပ်တည်မှု၊ ဖိနှိပ်ခြိမ်းချောက်ခံရမှု အလိုက် ထိရောက်တဲ့ မက်ဆေ့ခ်ျပေးပြီး လူထုစည်းရုံးရေးလုပ်ဖို့ဆိုတာလဲ စမ်းသပ်စောင့်ကြည့်သင့်တဲ့ ဟာပါ။ ကျွန်တော်က အခု ခင်ဗျားပြောသလို တယောက်တည်းနဲ့တောင် ထိထိရောက်ရောက် လုပ်ချင်ပြီ ဆိုပါစို့။ ဘယ်ကစ ရမလဲ။

ဖြေ - လွယ်ပါတယ်ဗျာ။ ခင်ဗျားမှာ အနည်းဆုံး အီးမေး တခုရှိတာ ပဲဟာ။ အခု အချိန်မှာ နအဖ ကို ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေက အရမ်းကိုများနေတယ်။ ခင်ဗျား အီးမေးဖွင့်တာနဲ့ နိုင်ငံခြားသတင်းဌာနတွေမှာ အသင်းဝင် (မန်ဘာ) လုပ်ထားတဲ့ ဆီက နောက်ဆုံးပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေရမယ်ဗျာ။ ဝက်ဆိုဒ်တွေကို ဘယ်လိုပဲပိတ်ထား ပိတ်ထား ခင်ဗျားအသိတွေဆီက တနည်းနည်းနဲ့ ရပြီး ဖော်ဝဒ်လုပ်ထားတဲ့ သတင်းတွေ ဆန့်ကျင်ရေးစာတွေရမယ်ဗျာ။ ဒါတွေကို မသိသေးတဲ့ ခင်ဗျားမိတ်ဆွေတွေကို ထပ်ပြီးဖော်ဝဒ်လုပ်လိုက်ပေါ့ဗျ။ ဒီနည်းလမ်းလောက်လွယ်တာ မရှိဘူးဗျ။ အခုတလော အင်တာနက်သုံးလို့ရတဲ့ ဆိုင်တွေမှာ နဲနဲတင်းကျပ်ထားတာလေးတွေရှိတော့ ဂရုတော့စိုက်ရတာပေါ့ဗျာ။ လုံခြုံရေး အရေးကြီးတယ်ဆိုပဲ။ အဲဒီတော့ စိတ်ချရပြီဆိုရင် လုပ်လိုက်ပေါ့ဗျ။ဘာခက်တာလိုက်လို့။ အင်တာနက်သုံးရင်း ရင်ခုန်ရတဲ့စွန့်စားမှုရတာလဲ ဖီလင်တမျိုးပဲလေဗျာ။

မေး - ခင်ဗျားပြောသလို လူတိုင်းဟာ အရေးကြီးတဲ့ နေရာမှာပါနေတယ်၊ ကျွန်တော်သိထားတဲ့ သတင်းတခုဟာ တခြားလူတွေကိုပါ ဖြန့်ဝေနိုင်ရင် ထိရောက်တဲ့ အကျိုးသက်ရောက်မှုလေးတွေရှိနိုင်တယ်ဆိုတာ ကျွန်တော်ယုံကြည်အောင်ပြောပါဦး။

ဖြေ - ကျွန်တော်က ဒီလိုပြောမယ်။ အခုအချိန်မှာ လူထုကနှိပ်စက်ခံရဖန်များနေတော့ ဘယ်လိုထိခိုက်စရာကောင်းတဲ့ သတင်းမျိုးမဆို ရင်နင့်အောင်ခံစားရမဲ့ လူတစုတော့ အမြဲတမ်းရှိနေတယ်ဗျ။ ခင်ဗျားရဲ့ မက်ဆေ့ခ်ျက မှန်ကန်တဲ့လူဆီ မှန်ကန်တဲ့အချိန်မှာရောက်ဖို့ပဲလိုတယ်။ ကျွန်တော်တို့ တဦးတယောက်ဆီမှာ သတင်းတခု ရှိလာပြီ၊ ရလာပြီ ဆိုပါစို့၊ ဒီအချက်အပေါ်မှာ အခြေခံပြီး အဲဒါကို ခင်ဗျားသာ ထိထိရောက်ရောက်ဖြန့်ဝေပေးခဲ့ရင် တဖက်မှာ လုပ်လို့ရတဲ့ဟာတွေ အများကြီးရှိတယ်။ ကြိုသိထားရင် ပြင်ဆင်လို့ရတယ်ဆိုတာ အခြေခံကျကျပြောတာပါ။ တကယ်တမ်း အနိမ့်ဆုံးထိရောက်မှုက လူထုရင်ထဲက အမုန်းတရားကို နက်ရှိင်းလာအောင်လုပ်နိုင်တယ်ဆိုတာ ခင်ဗျားရော ကျွန်တော်ပါ ခံစားသိနေပါတယ်။

မေး - အစိုးရဝန်ထမ်းတွေကို ထိရောက်စေမဲ့ မက်ဆေ့ခ်ျလေးတွေပါ ထည့်ပြီး လုပ်စေ့ချင်တယ်ပေါ့။

ဖြေ - စာရွက်လေးတွေ ကျဲချချိန်မှာ လာကောက်ရမှာက အစိုးရဝန်ထမ်းတွေဆိုတော့ သူတို့ အတွက်လဲ နဲနဲရေးဖို့ မကောင်းဘူးလားဗျာ။ နည်း ၂ ခု သုံးကြည့်ပါ။ နအဖနည်း၊မဆလနည်း အဟောင်းကြီးပါပဲ။ ကြောက်တတ်တဲ့ ဝန်ထမ်းတွေကို ဥပဒေ တွေ၊ ပုဒ်မတွေ နဲ့ချောက်။ သနားတတ်တဲ့ လူတွေကို လူထုဒုက္ခတွေကို ပြောပြပေါ့။
မေး - ဒီလိုဖြစ်ဖို့အတွက် ခေတ်ပညာတတ် အသိုင်းအဝိုင်းဟာ နအဖ ဆန့်ကျင်သူတွေဘက်က အကြံဉာဏ်နဲ့ သတင်းအချက်အလက်တွေ ကူညီပေးဖို့လိုပြီပေါ့။

ဖြေ - စကားလုံး အထားအသို၊ ဝါကျ အစီအစဉ်ကအစ အရေးကြီးပြီလားဗျာ။ ရွေးကောက်ပွဲ မဲဆွယ်သလို ထိရောက်တဲ့ ခွန်အားရှိတဲ့စာအရေးအသား၊ ကြွေးကြော်သံ ဖြစ်ဖို့အထိပါလိုတော့ တော်တော်အရေးဂရုပြုရမယ်လို ခံစားမိပါတယ်။

silver moon ပေးပို့ပါသည်။ ။

သစ္စာဖေါက်တဦး၏ ထွက်ချက်( Confession of a Traitor)

UDP အဖွဲ.၏ ခေါင်းဆောင် ဦးကျော်မြင့်အကြောင်း သိထားသူဆိုပြီး ကိုယ်တိုင်က နိုင်ငံတော် သစ္စာဖေါက် လုပ်နေတဲ့ ထောက်လှမ်းရေး လူထွက် ကိုအောင်လင်းထွန်းနှင့် မေးမြန်းချက်ကိုဗွီအိုအေ ရေဒီယိုအသံလွင့်ဌာနက ကြားလိုက်ရပါတယ်။ဒီတော့ စိတ်ထဲမှာအော် သစ္စာဖေါက်တဦးရဲ့ထွက်ချက်ပါလားလို. စိတ်းထဲမှာ တွေးမိတယ်။
ဦးကျော်မြင့်ရဲ့ မြန်မာပြည်က ကျွမ်ရိုးကုမ္ဗဏီဟာ
ငွေမဲတွေကို ခ၀ါချတဲ့ ဘဏ်လို.ပြောတယ် အတိုး (၅)ရာခိုင်နှုန်းပေးတယ်လို. ပြောတယ်။ တခါ နောက်မှာတော့ အတိုးမပေးနိုင်လို. တိုင်လို.အဖမ်းခံရတယ်လို. ပြောတယ်။ ငွေမဲကိုခ၀ါချတဲ့ကုမ္ဗဏီဆိုရင် ငွေတွေ ဒီလောက်ပေါတဲ့အဖွဲ.ဟာ ဘာလို. အတိုး မပေးနိုင်စရာ အကြောင်းရှိနိုင်မလဲ။နောက်တချက်ကတော့ ထောင်ပြေးဖြစ်နေရင် မြန်မာသံရုံးကို ရောက်လာတဲ့သူကို ဘာဖြစ်လို. ကိုအောင်လင်းတို့..အနေဖြင့် တာဝန်အရ ဖမ်းဆီးအရေးယူတာမလုပ် ခဲ့ပါသနည်း။နောက် ကိုအောင်လင်းထွန်း ပြောဖို.ကျန်တဲ့အချက်တခုကတော့ ဦးကျော်မြင့်ထံမှာ
သမီးနှစ်ဦးအတွက် ကျောင်းစရိတ်ဆိုပြီး ဂေါက်သီးနှစ်စုံ လက်ဆောင်အဖြစ်ပေးဖို.. တောင်းလိုက်တယ်ဆိုတဲ့အကြောင်းတော့ ဗွီအိုအေ အင်တာဗျူးမှာ ပြောတာ မတွေ.လိုက်ပါဘူး။ နောက် ပြည်ပရောက်အဖွဲ.တွေ အထူးသဖြင့် NCGUB ပြည်ပြေးအစိုးရတွေနှင့် မပေါင်းဖို. ကျနော်တို. လူတွေ ထည့်ထားတယ်။ ဒီအဖွဲ.တွေဟာ ဘာမှ မဟုတ်ဘူး။ ကလေးကစားတဲ့အဖွဲ.တွေလို. ကျနော်လည်း ဦးကျော်မြင့်ကို အကြံပေးလိုက်တယ် မှာလိုက်ရသေးတယ်ဆိုတာလည်း ပြောဖို. မေ့.နေခဲ့တာလား သို.မဟုတ် နိုင်ငံရေး ခိုလုံခွင့်အတွက် NCGUBဆီက ထောက်ခံစာလေး ရလေမလားဆိုပြီး မျော်လင့်ချက် ရှိနေလို. ကိုယ့်အကြောင်း ပေါ်မှာဆိုလို. မပြောတာလား။
တကယ်တော့ ဦးကျော်မြင့်ကို တရုတ်စီးပွားရေးကိစ္စ ကူညီပေးဖို. လုပ်ပေးဖို.ခိုင်းတာကို မကူညီပေးလို မကျေနပ်ခဲ့ဘူးဆိုတာလည်း ထည့်ပြောဖို. လိုမယ် ထင်ပါတယ်။
ကိုအောင်လင်းထွန်း မေ့နေပုံရတယ်။ ကိုယ်တိုင်က စစ်ပြေး။ ကိုယ်တိုင်က နိုင်ငံတော် သစ္စာဖေါက်(National Traitor)ဆိုတဲ့ကိစ္စပါ။ နောက် အားလုံးမကောင်းဘူး အတိုက်အခံတွေ မကောင်းဘူးဆိုပြီး လက်ရဲဇက်ရဲ လက်သန်ပြောင်လို. နာမည်ဆိုးနှင့် ကြော်ကြားတဲ့ စစ်ထောက်လှမ်းရေးမှာ ဗိုလ်မှူးအထိ သူကောင်းပြုခဲ့တာ ခံခဲ့ရတယ်။ အခုတခါ ကိုယ့်ကိုယ် ထမင်းကျွေးခဲ့တဲ့ ကျေးဇူးရှင်တွေကို တပ်မတော်အပေါ် မကောင်းဘူးဆိုပြီး ကျေးဇူးကန်း စကားပြောနေပါတယ်။ ဟိုလူ မကောင်းဘူး ဒီလူမကောင်းဘူးလို. ပြောနေတဲ့ ကိုအောင်လင်းထွန်းအနေဖြင့် ဘယ်အချိန်မှာ ကိုအောင်လင်းထွန်းမကောင်းတဲ့အကြောင်းတွေရော ပြောပြဖို. ၀င်ခံဖို. လုပ်မလည်း။ မှတ်ထားပါ ဘယ်သူမှ သစ္စာဖေါက်ပြောတာကို မယုံဘူး။ နိုင်ငံတော်အဆင့် တပ်မတော်အဆင့် မပြောနှင့် မကောင်းတာ လုပ်နေတဲ့ ဒုစရိုက်ဂိုဏ်းတွေမှာတောင်သစ္စာမရှိတဲ့ ဖော်ကောင်လုပ်တဲ့ ကြွက်ဆိုရင် မယုံဘူး လက်မခံဘူး။ မှန် မှန် မမှန်မှန် ကိုယ်ယုံတာကို လုပ်တဲ့သူတွေကိုပဲ လူတွေက လေးစားတယ်ဆိုတာ သစ္စာဖေါက်တဦးဖြစ်တဲ့ ကိုအောင်လင်းဦး သိစေချင်တယ်။ သို.မဟုတ် ကျနော် လုပ်လိုက်လို. အပြစ်မရှိတဲ့ အတိုက်အခံကျောင်းသား ပြည်သူ ဘယ်နှစ်ဦး ဘ၀ပျက်သွားတယ်။ ကျနော်လက်ထဲမှာ လူဘယ်နှစ်ဦး အသက်ပျောက်သွားခဲ့တယ်။ ဘယ်သူတွေရဲ့ သွေးတွေ ကျနော်လက်ထဲမှာ ကျန်နေတယ် ပေနေတယ်ဆိုတာတကယ် သတ္တိရှိတယ်ဆိုရင် ၀န်ခံလိုက်ပါ ။ ။

မောင်လေ့လာ(မြန်မာပြည်)

၂၃၀၂၂၀၀၉သတင်းဆောင်းပါး

file download here

ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


မျိုးဆက်သစ်အသိပေးကြေငြာချက်


2010 အကြိုနိုင်ငံရေးတိုက်ကွက်များ

နအဖဟာ သူ့ပြည်သူပြည်သားတွေကို အပေါ်စီးကကိုင်နေပေမယ့် သံတမန်တွေကို အောက်ကြေးနဲ့ရိုက်ပါတယ်။ ဒီလူတွေကို တဖြည်းဖြည်းချင်း ချော့ယင် ရနိုင်ခြေရှိတယ်လို့ ထင်ရအောင်လည်း မူတတ်တယ်။ ခင်ညွန့်တုန်းက မူလွန်းလို့ အချောက်ပုံတောင် ပေါက်နေခဲ့သေးတယ်။

Fri 20 Feb 2009, နိုင်မွတ်ဒိပ်
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနာဂတ်ကံကြမ္မာကို နှစ်နှစ်အတွင်း အဆုံးအဖြတ်ပေးရတော့မယ်။ အဆုံးအဖြတ်ပေးတဲ့နေရာမှာ နအဖများသာမဟုတ်ဘဲ ဒီမိုကစီရေအင်အားစုများနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများလည်း ပါဝင်နေတယ်။ နအဖတို့အနေနဲ့ အနှစ်နှစ်ဆယ်အင်အားနဲ့ အသာစီးရနေတဲ့သဘော တွေ့ရတယ်။ အမေရိကန်မှာ ခေတ်စားနေတဲ့ ရက်ဇယ်လင်းနပန်းပွဲလို စည်းနဲ့ကမ်းနဲ့ မထိုးချင်ဘူး။ ပြိုင်ဘက်ကို အနိုင်ယူဖို့ နအဖက ဒိုင်ကိုတောင် အလဲထိုးချင်နေတယ်။

ဗေဒင်အားကိုးနဲ့ နအဖရူးနေတယ်လို့ ရေးချင်ရေးလို့ရတယ်။ ဒါပေမယ့် ဒါဟာ ထိပ်ပိုင်းကပဲ များတယ်။ တပ်တွင်းမှာ ဒါတွေကို ခွင့်မပြုဘူး။ နအဖရဲ့ကျောရိုးက တပ်မတော်ပဲ ဖြစ်တယ်။ တပ်မတော်ကို ပြည်သူတွေနဲ့ ရန်တိုက်ပြီး သူတို့အိတ်ထဲ လုံးလုံးလျားလျားဝင်လာအောင် စီမံထားတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဆိုရှယ်လစ်တပ်မှူးများနဲ့ အသွင်ကူးပြောင်းခဲ့တဲ့ လက်ရှိတပ်မတော်မှာလည်း ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အငွေ့အသက် စိမ့်ဝင်နေရာယူဆဲလို့ ဆိုနိုင်တယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ဖဆပလအဖွဲ့ထဲမှာ ခိုကပ်နေရတဲ့ ဆိုရှယ်လစ်ဦးကျော်ငြိမ်းတို့နဲ့ပေါင်းပြီး ဦးနုအစိုးရကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ကွန်မြူနစ်ယိမ်းဗိုလ်ချုပ်ကျော်ဇော်ကို တီးဖို့ ဆိုရှယ်လစ်တပ်မှူးတွေကို သူ့ဝန်းကျင်မှာ ရံနေစေခဲ့တယ်။ ၀ါဒရေးရာကို မကျော်နိုင်တဲ့ကွန်မြူနစ်တွေကို ဗုဒ္ဓဘာသာနဲ့ ရန်တိုက်ပေးပြန်တော့ ကွန်မြူနစ်တွေ အထိနာခဲ့တယ်။

ဒါကြောင့် တပ်မတော်မှာ ညဉ်တစ်ခုစွဲကပ်နေပြီ။ အာဏာနဲ့ရာထူးကို ရယူချင်ရင် စစ်တိုက်တော်ဖို့မလို၊ နောက်တန်းက နေရာယူတတ်ဖို့ပဲလိုတယ်ဆိုတဲ့ သဘောတရား တစ်ခုပါပဲ။ ဒါလည်း အထောက်အထားတွေ အများကြီးပဲ။ တရုတ်ဖြူတွေကို ဗိုလ်ချုပ်ကျော်ဇော်နဲ့အတူ တိုက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦး (ယခု အန်င်အဲလ်ဒီ ဗိုလ်ချုပ်ကြီးတင်ဦး) ဗျူဟာချမှတ်ပေးပြီး တိုင်းရင်းသားတွေကို တိုက်ခဲ့တဲ့ သီဟသူရစစ်မောင်၊ ဒီဗိုလ်ချုပ် ဗိုလ်ချုပ်ကြီးတွေရဲ့ အနေအထားကို ကြည့်ပါ။

ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ သီဟသူရစစ်မောင်တို့ကို ခင်ညွန့်လက်စဖျောက်ခဲ့တယ်လို့ အများထင်စရာ ဖြစ်အောင် ဗိုလ်သာဂေါင် (သန်းရွှေ) က အကွက်ဆင်နိုင်ခဲ့တယ်။ ဒီလိုညစ်ပတ်တဲ့အပြုအမူတွေ ဒီကနေ့ထိ ရှိနေတုန်းပဲ။ တပ်မတော်ကို အချင်းချင်း ယုံကြည်စိတ်ချလို့မရတဲ့အနေအထားနဲ့ မပြိုကွဲအောင် ကြားကန်ထားတယ်။ တစ်ယောက်နဲ့တစ်ယောက် မခွာဝံ့ဘူး။ အမြဲတမ်း သတိအနေအထားနဲ့ နေနေရတယ်။ ဒီအနေအထားကြောင့်ပဲ တိုင်းမှူးတွေ၊ ဗျူဟာမှူးတွေ ဖင်တောင်မပူသေးဘူး တစ်နယ်ပြီး တစ်နယ် ထပြောင်းနေရတာပေါ့။

ဒီလိုအင်အားနဲ့ တည်ဆောက်ထားတဲ့ နအဖနဲ့ ယုံကြည်မှုတည်ဆောင်ချင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိသေးတယ်။ လေ့လာမိသလောက် အပြင်ပန်းက မာနေပေမယ့် အတွင်းသဘောမှာ ကေအဲန်ယူလည်း ပျော့ချင်နေတယ်။ ဒါကို နအဖကလည်း သိနေတယ်။ ကေအဲန်ယူကိုကိုင်ဖို့ ဒီကေဘီအေနဲ့ ကေအဲန်ယူခွဲထွက် အဖွဲ့တွေ ရှိပြီးသား၊ သူတို့ဆီ ရန်သူရောက်ဖို့ အဝေးကြီးလိုသေးတယ်။ တိုင်းရင်းသားတွေ ကြားမှာ သပ်လျှိုမှုတွေလည်း လုပ်တယ်။ အမျိုးသားရေးစိတ်ပြင်းထန်တဲ့ တိုင်းရင်းသား တွေဟာ နအဖအကွက်ထဲ ၀င်ကုန်တယ်။

နအဖရဲ့နောက်ထပ်တိုက်ကွက်တစ်ခုမှာ ဒီမိုကရေစီအင်အားစုတွေနဲ့ ကုလသမဂ္ဂကို ရန်တိုက်ပေးခြင်း ဖြစ်တယ်။ အစွန်းရောက်ဒီမိုကရေစီဘက်တော်သားတွေကို အသုံးချပြီး သဘောထားပျော့ပျောင်းတဲ့လူတွေကို ဆွဲထုတ်ခြင်းပင် ဖြစ်တယ်။ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ ဖြစ်ပေါ်နေတဲ့အခြေအနေမှာလည်း နအဖကို အများကြီး အထောက်အကူပြုနေတယ်။ ဒီမိုကရေစီအင်အားစုတွေမှာ ၀ါဒရေးရာနဲ့ တိုက်ပွဲ အသွင်သဏ္ဍာန်မတူညီမှု၊ တိုင်းရင်းသားတွေမှာ နယ်မြေထပ်မှုနဲ့ သမရိုးထက်ကျော်လွန်သော အမျိုးသားရေးမျှော်မှန်းမှုတို့မှာ နအဖအတွက် ထိုးဖောက်ဖို့ ကွက်လပ်များ ဖြစ်နေတယ်။ ဒီအချက်တွေကိုပဲ အမိအရကိုင်ပြီး လာရောက်သမျှ နိုင်ငံခြားသံတမန်တွေကို ခင်းကျင်းပြသလေ့ ရှိတယ်။

ကုလသမဂ္ဂအထူးသံတမန် မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာပြည်ကို အကောင်းမြင်စေလောက်တဲ့ အနေအထားမှာ ရှိနေတယ်။ လက်နက်နဲ့အုပ်ချုပ်နေတဲ့ မြန်မာပြည်ဟာ သူတို့အာဖရိကနိုင်ငံလောက် မမွဲသေးဘူး။ အာဖရိကမှာ လူကို ပုရွက်ဆိတ်သတ်သလို သတ်နေတယ်။ ရန်ကုန်မှာ သေနတ်သံတစ်ချက်မှ ဂမ္ဘာရီမၾကားရဘူး။ အမ်ားယုံၾကည္မႈတစ္ခုကေတာ့ ဂမ္ဘာရီဟာ လာဘ်ထိုးခံရခြင်းပါ။ ဒီထက် ညစ်ပတ်တဲ့နည်းတွေ နအဖမှာ အများကြီး ရှိသေးတယ်။

မင်္ဂလာဒုံမှာ မွေးထားတဲ့အလှပဂေးတွေ ရာပေါင်းများစွာ ရှိတယ်။ ဒီအလှပဂေးတွေဟာ သံတမန်တွေကို ပြုစုဖို့တာဝန် ယူရတယ်။ ကိုယ်ဖိရင်ဖိ ပြုစုမယ့်သတို့သမီးတွေပါပဲ။ မခိုင်လုံသော သတင်းရပ်ကွက်တွေအရ အမျိုးသားညီလာခံကိုယ်စားလှယ်အချို့လည်း ဒီကျော့ကွင်းကနေ မလွတ်ခဲ့။ ယူဂိုဆလပ်မှာ အင်ဒိုးနီးရှားသမ္မတဆူကာနို ခံရသလိုမျိုး ဂမ်ဘာရီမိသွားယင် နအဖရဲ့အကွက်ပေါ့။

နအဖရဲ့နိုင်ငံရေးကစားကွက်ဟာ ခပ်ညံ့ညံ့ပဲ ဖြစ်တယ်။ ရိုးရိုးနဲ့ရှင်းရှင်း တိုက်ကွက်ဆင်ခြင်းပဲ ဖြစ်တယ်။ နိုင်ငံခြားသံတမန်တွေအနေနဲ့ သူတို့ကို ခပ်အအသဘောမျိုးထင်အောင်လည်း နေတတ်တယ်။ ဒီကောင်တွေဆီက ပိုက်ဆံအိတ်ကို လိမ်စားလို့ရတယ်လို့ အိမ်နီးချင်းတွေထင်လောက်အောင်လည်း နေပြတတ်တယ်။ နအဖဟာ သူ့ပြည်သူပြည်သားတွေကို အပေါ်စီးကကိုင်နေပေမယ့် သံတမန်တွေကို အောက်ကြေးနဲ့ရိုက်ပါတယ်။ ဒီလူတွေကို တဖြည်းဖြည်းချင်း ချော့ယင် ရနိုင်ခြေရှိတယ်လို့ ထင်ရအောင်လည်း မူတတ်တယ်။ ခင်ညွန့်တုန်းက မူလွန်းလို့ အချောက်ပုံတောင် ပေါက်နေခဲ့သေးတယ်။

အကြမ်းဖျင်းအားဖြင့် သုံးသပ်ရယင် အတိုက်အခံတွေက သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ ကြားဖြတ်အစိုးရတည်ထောင်ရေး၊ အနိုင်ရပါတီက လွှတ်တော်ခေါ်ရေး၊ အခြေခံဥပဒေ ပြန်လည်ရေးဆွဲရေး၊ အသွင်ကူးပြောင်းရေး၊ ဗိုလ်ချုပ်တွေ စစ်တန်းလျားပြန်ရေး (၆) ချက် ကို အသေပိတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲထွက်ပေါက်ကိုပဲ နအဖက ပေးထားတယ်။ အဲဒီ ထွက်ပေါက်ကလည်း သူတို့မြုံးထဲဝင်မိတဲ့အဖြစ်မို့ အလွန်အန္တရာယ်များတဲ့အခြေအနေပဲ ဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ တစ်ခုတည်းသောထွက်ပေါက် ဖြစ်ကြောင်း အများထင် အောင်လည်း နအဖက စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်နေတယ်။ ဘယ်အဖွဲ့၊ ဘယ်ပါတီ ကစပြီး ရွှေ့လာမလဲ စောင့်ကြည့်အကဲခတ်နေတဲ့အဆင့်လို့ ဆိုရမယ်။ ရွေးကောက်ပွဲမှာ ၁၉၉၀-တုန်းကလို ပါတီပေါင်းရာချီ ပေါ်ထွက်လာယင် နအဖအတွက် မုတ်ဆိတ်ပျားစွဲကိန်း ဆိုက်ဦးမှာပါ။

ဒီမိုကရေစီအင်အားစုတွေနဲ့တိုင်းရင်းသားအင်အားစုတွေဟာ ဒီအပေါက်ကို မ၀င်မိဖို့ အရေးကြီးသလို ဒီတစ်ခုတည်းသော နအဖထွက်ပေါက်ကိုလည်း ပိတ်နိုင်အောင် ဆောင်ရွက်သင့်တယ်။ ဒီထွက်ပေါက်ကို မပိတ်နိုင်ရင်၊ သို့မဟုတ် မြုံးသွင်းခံရယင် ကျန် (၆) ပေါက်လည်း ပိတ်သွားမယ့်သဘောပဲ။
ဒီအခြေအနေမှာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ဘုံရန်သူ နအဖကို ရင်ဆိုင်ဖို့ စုစည်းညီညွတ်သင့်ပြီ။ နအဖရဲ့အခြေခံဥပဒေကို အံတုနိုင်တဲ့ အခြေခံဥပဒေတစ်ခု လိုအပ်နေပြီ။ နိုင်ငံတကာမှာ နအဖကို ရင်ဆိုင်နိုင်တဲ့၊ ရင်ဆိုင်ဝံ့တဲ့ စင်ပြိုင်အစိုးရတစ်ခု လိုအပ်နေပြီ။

ဒီအစိုးရယန္တရားလည်ပတ်နိုင်ဖို့ စင်ပြိုင်တပ်မတော်တစ်ခု တည်ဆောက်ဖို့ လိုအပ်နေပြီ။ တိုင်းရင်းသားတွေရဲ့အားနဲ့ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ရယူခဲ့သလို ဒီတစ်ချီမှာလည်း တိုင်းရင်းသားတို့ရဲ့အင်အားနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ဒုတိယအာဇာနည်တစ်ဦး လိုအပ်နေပါပြီ။ လွတ်လပ်ရေးရယူတုန်းက အပြန်အလှန်ယုံကြည်မှုအရ ခွဲထွက်ခွင့်ကိုတောင် လိုက်လျောခဲ့တယ်။ ဒါပေမယ့် ဘယ်တိုင်းရင်းသားတွေကမှ ခွဲထွက်မယ်လို့ မပြောခဲ့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုပဲ တောင်းဆိုခဲ့ခြင်း ဖြစ်တယ်။

ဒီတော့ကာ လက်ရှိနအဖကို အံတုနိုင်တဲ့ အခြေခံဥပဒေလို့ဆိုရင် ဖက်ဒရယ် ပြည်ထောင်စုဥပဒေပဲ ဖြစ်မယ်။ လက်ရှိနအဖကို ရင်ဆိုင်နိုင်တဲ့ စင်ပြိုင်အစိုးရလို့ဆိုရင် ဖက်ဒရယ်စင်ပြိုင်အစိုးရပဲ ဖြစ်မယ်။ လက်ရှိနအဖလက်ကိုင်တုတ်တပ်မတော်ကို ထိုးစစ်ဆင်ဖို့ ဖက်ဒရယ်တပ်မတော်တစ်ခု လိုအပ်မယ်။ နယ်စပ်တလျှောက်လုံးမှာ ရှိနေတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေမှာ အင်အား (၅)သောင်းကျော် ရှိတယ်။

ကျောင်းသားတပ်မတော်အင်အားနဲ့ပေါင်းပြီး ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရင် ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ ဒီအချက်ကို အကောင်အထည်ဖော်နိုင်ယင် အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံများရဲ့အာရုံကို အများကြီးဆွဲဆောင်နိုင်မှာ ဖြစ်တယ်။ ဖက်ဒရယ်အစိုးရ တရားဝင်ကြောင်း ပြည်တွင်းခေါင်းဆောင်တွေ ထောက်ခံမှုရရင် ပြည်တွင်းမှာရော ကုလသမဂ္ဂမှာပါ နအဖနေရာကို ၀င်လုလို့ရနေပြီ။

ဝေဖန်လိုတာက ပြဿနာကို ဖြေရှင်းလိုရင် ပြဿနာကို ခွဲခြမ်းစိတ်ဖြာတတ်ရမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့နိုင်ငံရေး ပြဿနာပါ။ လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို တစ်စေ့တစ်စောင်း အကဲခတ်ကြည့်ရင် နယ်နိမိတ်ပြဿနာနဲ့ မျိုးနွယ်စုပြဿနာ ဒီစစ်အေးလွန်ပြဿနာနှစ်ရပ်အပြင် မြန်မာပြည်လွတ်လပ်ရေးရကတည်းက ဘယ်အချိန်ဘယ်အခါမှ မဖြေရှင်းရသေးတဲ့ အမျိုးသားရေးမူဝါဒပြဿနာလည်း ပင်ကိုယ်အတိုင်း တည်ရှိနေသေးတယ်။ နှစ်ပေါင်း (၆၀) ကြာမြင့်ခဲ့လို့လည်း ပဋိပက္ခများလည်း အမြစ်တွယ်နေပါပြီ။

မြန်မာပြည်သမိုင်းမှာ သွေးထွက်သံယိုနည်းနဲ့ အသွင်ကူးပြောင်းခဲ့တာပဲ များတယ်။ ဒါကို သင်ခန်းစာယူပြီး အကြမ်းမဖက် မေတ္တာလက်နက်နဲ့ အသွင်ကူးပြောင်းစေရမယ်လို့ အားခဲခဲ့တဲ့၊ နအဖကို အံတုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း နှစ်ပေါင်း (၂၀) သာ ကြာခဲ့တယ်၊ အောင်မြင်မှုအရိပ်အရောင် အခုထိ မမြင်သေးဘူး။ သမရိုးကျနည်းနဲ့ နအဖကို တိုက်လို့မရတော့ဘူးဆိုတာ နားလည်သင့်ပြီ။ ဒါကြောင့်ပဲ နအဖကို သွေးတိုးစမ်းတဲ့အနေနဲ့ ဒီအပတ်ထဲမှာပဲ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ထောမွန်က ဂျပန်ကို သွားပြီး လူလုံးပြခဲ့ တယ်။ ဒါဟာ နိုင်ငံရေးကစားကွက်တစ်ခု ဖြစ်ကြောင်း သိသာတယ်။

တိုက်ပွဲအသွင်သဏ္ဍာန်ပြောင်းလာနိုင်တယ်လို့ နအဖကလည်း တွက်ချက်ပြီးသား ဖြစ်နေမယ်။ သိလို့လည်း စစ်ထွက်တွေကို တိုင်းရင်းသားနယ်မြေထဲ စိမ့်ဝင်စေပြီး အဓိကရုဏ်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်။ မြန်မာပြည်နိုင်ငံရေးပြဿနာကို ဘာကြောင့် ဖြေရှင်းရခက်သလဲ။ ပြဿနာကို ကိုယ်တိုင်ဖန်တီးပြီး ပြဿနာထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတဲ့ ခေါင်းဆောင်တွေက ပြဿနာကို လုံးဝမဖြေရှင်းချင်လို့ ဖြစ်ကြောင်း နိုင်ငံရေးသုတေသီတွေ သဘောပေါက်ကြတယ်။ ဒါဆို ငြိမ်းချမ်းရေးဆိုတာ အလှမ်းဝေးနေသေးတယ်လို့ ဆိုရမယ်။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်တို့က ဗမာတွေကို ပြန်ကိုင်ဖို့ လိုအပ်တဲ့အချိန်မှာ တိုင်းရင်းသားတွေကို အသုံးချလေ့ရှိတယ်။ ဖဆပလခေတ်ကတည်းကစပြီး နအဖခေတ် အဆုံးပါပဲ။ ယခုအချိန်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၁၇) ဖွဲ့စာရင်းကို ပြပြီး ဒီမိုကရေစီသမားတွေကို လှုပ်လို့မရလောက်အောင် ကိုင်တွယ်နိုင်ခဲ့ တယ်။ ဒီမျှ အကျိုးပြုခဲ့တဲ့ ဒီတိုင်းရင်းသားအဖွဲ့တွေဟာ အမျိုးသားညီလာခံမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဘာမှ ပြောပိုင်ခွင့် မရှိခဲ့ဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မစုစည်း မိအောင်လည်း သတိအနေအထားနဲ့ နအဖက စောင့်ကြည့်နေခဲ့တယ်။

ဒီနိုင်ငံရေးအလှည့်အပြောင်းမှာ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေက အခရာကျပြီး နိုင်ငံရေး ပါရမီရှိမှု၊ ပါးနပ်မှု၊ နအဖရဲ့တိုက်ကွက်ကို တွက်ချက်နိုင်မှုတို့နဲ့ ပေါင်းစပ်နိုင်ရင် နအဖတို့အတွက် အန္တရာယ်များနိုင်တယ်။ နအဖတို့အနေနဲ့ ရန်သူလို့ ပြောင်သတ်မှတ်ထားတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိတ်တဆိတ် သတ်မှတ်ထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ရွေးကောက်ပွဲထွက်ပေါက်တစ်ပေါက်ထဲ ပေးထားတဲ့အတိုင်း သူတို့အတွက်လည်း ဒီတစ်ပေါက်ပဲ အသက်ရှုလို့ရမယ့်အနေအထား ဖြစ်နေတယ်။ ဒီ ၂၀၁၀ တိုက်ကွက်မှာ နှစ်ဦးနှစ်ဖက် ၅၀% စီပဲ အသာစီးရနိုင်မယ်။ ကြံ့ဖွံ့နဲ့စွမ်းအားရှင်အားကိုးနဲ့ နအဖကြိမ်းနေပေမယ့် ဒီအင်အားစုတွေက သူတို့သခင်တွေကို သိပ်ပြီးသစ္စာရှိလှတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး။ အချိန်မရွေး နအဖက ကိုယ့်ရှူးကိုယ်ပတ်နိုင်တဲ့ အနေအထား ဖြစ်တယ်။ ဒီလိုအနေအထားမျိုးဖြစ်ပေါ်လာအောင်…

၁။ တွေ့ဆုံဆွေးနွေးရေးအမြင်တွေ ကြံ့ဖွံ့၊ စွမ်းအားရှင်အပါအ၀င် တပ်မတော်သားများ အားလုံး သိရှိသဘောပေါက်လာစေရန် ၀ါဒဖြန့်နိုင်ရမယ်။ ပြည်သူတွေနဲ့တပ်မတော်ကြား ရန်တိုက်ပေးနေမှုကိုလည်း လှည်းနေလှေအောင် မြင်းစောင်းမကျန် ပြည်သူပြည်သားများနဲ့ တပ်မတော်သားများ သဘောပေါက်လာကြရန် ဘက်ပေါင်းစုံ ရှင်းပြနိုင်ရမယ်။

၂။ ကုလသမဂ္ဂနဲ့အာဆီယံကို အသုံးချပြီး သံတမန်ရေးရာချဲ့ထွင်နေမှုကို ရပ်တန့်စေအောင် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးနဲ့ ဒီမိုကရေစီဘက်တော်သားများပူးပေါင်းကာ ဖက်ဒရယ်အစိုးရတစ်ရပ် ထူထောင်ပြီး နအဖရဲ့တရားဝင်မှုကို စိန်ခေါ်ရမယ်။

၃။ စစ်အစိုးရနဲ့ တစ်ဖွဲ့ချင်း ဘယ်တော့မှ မဆွေးနွေး၊ ဖက်ဒရယ်စင်ပြိုင်အစိုးရအနေနဲ့သာ ဆွေးနွေးရမယ်။