Sunday, March 8, 2009

မင်းလုပ်၍ကောင်းသောနိုင်ငံ

သိတာကတော့လျှပ်စစ်မီးလုံးတောင်ကိုင်မကြည့်ဖူးတဲ့ရွာတွေကိုဖြတ်ပြီးအနီးအနားတိုင်းပြည်တွေမှာလျှပ်အား
ထုတ်ဖို့ပိုက်လိုင်းကြီးတွေထဲကဓါတ်ငွေ့တွေအပြင်မထွက်အောင်ရွာသားတွေအလှည့်ကျစောင့်ပေးနေရတာပါပဲ။

"မင်းလုပ်၍ကောင်းသောနိုင်ငံ........."
မဆလလက်ထက်လွှတ်တော်ကိုယ်စားလှယ်တဦးပြောခဲ့သောစကားဖြစ်သည်။
မဆလတက်လာပြီး'''လူတန်းစားညီမျှမဆလ'''ဆောင်ပုဒ်နှင့်အညီနို့ဆီနှင့်သကြားတွဲပေးသည်။အဆင်ပြေသည်။
တော်တော်လေးကြာတော့နို့ဆီဖြုတ်လိုက်သည်၊သကြားတခုပဲပေးသည်။ပြဿနာမရှိပါ၊နောက်တော့သကြား
လည်းမပေးနိုင်တော့။ဒါလည်းရသည်။ဘယ်လောက်အုပ်ချူပ်မင်းလုပ်၍ကောင်းသောနိုင်ငံနည်း။

နအဖတက်လာတော့တမူထူးသည်......။
အလှည့်ကျတရက်ခြားမီးပေးသည်။လမ်းတလမ်းတွင်လိုင်းနှစ်ခုခွဲထားသည်။ EPC လုပ်သားကညနေရောက်လျှင်
တလိုင်းကိုဖြုတ်၍တလိုင်းတတ်သည်။လိုင်းဝင်ထားသူအတွက်အိမ်နှင့်အနီးဆုံးတိုင်တွင်ဝါးလုံးတချောင်းနှင့်ရှန်
တိန်လေးမသိမသာလေးပေါ့။လမ်းဝကအိမ်မီးထိန်ထိန်လင်းပေမယ့်လမ်းဆံုးကအိမ်ကတော့ခရမ်းချဉ်းသီးက
တောင်အမှောင်ထဲကိုယ်ရောင်ကိုယ်ဝါပိုမိုတောက်ပသလိုပေ။
နောက်တော့တလမ်းခြားစနစ်ကျင့်သုံးသည်။အရင်ကနောက်ဖေးဖြံစည်းရိုးကာသည့်ကိစ္စနှင့်စကားများထားသူ
တွေချစ်ကြည်ရေးမဟာမိတ်ဖွဲ့ကြသည်။
နည်းနည်းကြာတော့ရပ်ကွက်အလိုက်အလှည့်ကျပေးသည်။တချိန်တည်းမှာConvertorနှင့်ဘက္ထရီအိုးတွေပေါ်လာ
သည်။ပလာဇာပိုင်ရှင်တွေကအ၀ါရောင်ဂျင်နရေတာကြီးတွေသုံးလိုက်ကြတယ်။(စကားနဲ..ရန်စဲပေါ့)convertor
Charging လုပ်ချိန်ရတယ်ဆိုတော့လည်းပြီးတာပါပဲ.....ရေခဲသေတ္တာဝယ်မိသူကရေခဲဆိုင်ကရေခဲဝယ်ပြီးအသား
ပေါ်ထပ်အုပ်သည်။ရေခဲသေတ္တာတီထွင်သူများတွေ့ရင်ထိုင်ငိုမလားပဲနော်.......
သိပ်မကြာခင်ကတရက်ခြား၎နာရီပဲပေးသည်။အဆင်ပြေသလိုလေးပဲကျန်သည့်အချိန်ဖယောင်းတိုင်ကူ၍စာကူး
သည်။ကျက်ချိန်မရ၍မိုက်ခရိုလုပ်ရခြင်းကိုတော့နားလည်ပါပေါ့။
အခုတော့လာချင်လာတယ်။မလာချင်ရင်မလာဖူး၊မလာတာကများတော့ဖယောင်းတိုင်ဖိုးမတတ်နိုင်တော့ဖူး။
အလင်းရောင်ကုန်တဲ့အထိစာကျက်။အိပ်။ အလင်းရောင်ထွက်ချိန်လေးစောစောထကျက်၊အဆင်ပြေပြီးတာပါပဲ။


သတင်းစာတွေမှာတော့ပါတာပဲ..ဟိုရေတာကာကြီးပြီးရင်မီဂါဝပ်ဘယ်လောက်၊ဘယ်မြို့ကိုတော့ဖြင့်အပြည့်ပေးနိုင်
တော့မှာ....စသဖြင့်လွန်ခဲ့တဲ့၁၈နှစ်ကျော်ထဲကဆောက်နေတဲ့ရေတာကာတွေမပြီးသေးလို့ပဲလားမသိ.....
သိတာကတော့လျှပ်စစ်မီးလုံးတောင်ကိုင်မကြည့်ဖူးတဲ့ရွာတွေကိုဖြတ်ပြီးအနီးအနားတိုင်းပြည်တွေမှာလျှပ်အား
ထုတ်ဖို့ပိုက်လိုင်းကြီးတွေထဲကဓါတ်ငွေ့တွေအပြင်မထွက်အောင်ရွာသားတွေအလှည့်ကျစောင့်ပေးနေရတာပါပဲ။
ဝယ်သူရှိတုန်းလေးနိုင်ငံခြားဝင်ငွေရှာရတာ...ရေတာတာကာကြီးတွေလည်းပြီးတော့မှာပါဆိုတော့လည်း။
(အင်း...ရပါတယ်ပေါ့)....
ဟိုတခေါက်တော့..ကုန်ဈေးနုန်းကြီးလို့လမ်းထွက်လျှောက်ကြတယ်....
ဒီတခါမီးတွေအကြာကြီးမလာတာတော့.......ငြိမ်ခံနေကြမယ်ဆိုရင်ကော...
( အင်း )....ဒါလဲဖြစ်တာပါပဲ...

ကဲ...ဘယ်လောက်အုပ်ချူပ်လို့ကောင်းတဲ့နိုင်ငံလဲ...
...........မီတာခကတော့ထူးအိမ်သင်ပါပဲခင်ဗျာ။...........................


BELIEVE IT ! 2




စင်္ကာပူမှ လူလိမ်အမျိုးသမီး

Novick Trading And Consultancy
200 Jalan Sultan #10-05 Textile Centre
Singapore 199018
Ms Jolin Koh (၉၈၄၈၂၉၀၂)


အထက်ဖော်ပြပါ Companay နာမည်နှင့် အမျိုးသမီးငယ် သည် Straite Time သတင်းစာတွင် Admin နှင့် Various IT position အလုပ်များကို ထဲ့သွင်းကာ လာလျှောက်သမျှလူတိုင်းအား စင်္ကာပူဒေါ်လာ ၂၀၀ တောင်းယူပြီး အလုပ်ခန့်ကာ S pass တင်ပေးနေပါသည်။ ကျွန်တော့် ကိုယ်တွေ့အရ သူငယ်ချင်း ၃ ယောက် သီးခြားစီ အလုပ်သွားလျှောက်ရာ အင်တာဗျူးခေါ်ပြီး လုပ်ငန်းနှင့်ပတ်သက်သည်များကို မေးမြန်းခြင်းမရှိဘဲ ငွေ ၂၀၀ တောင်းယူပြီး spass တင်ပေးလိုက်ပါသည်။ သို့သော် ၃ ယောက်စလုံး Rejected ဖြစ်ပြီး Appeal letter ထပ်တင်ပေးမည်ဟု ပြောပါသည်။ ၁လ ကျော်သော်လည်း မထူးခြားသဖြင့် မသင်္ကာသောကြောင့် MOM တွင်သွားရောက်စုံစမ်းသောအခါ Officer မှ ၄င်း company သည် သက်ဆိုင်ရာ စာရွက်စာတမ်းများ ဘဏ်အကောင့်များ တင်ပြခြင်းမရှိဘဲ လူပေါင်းများစွာကို pass တင်ပေးထားကြောင်း၊ Appeal letter လည်းတင်ထားခြင်းမရှိကြောင်း သိရပါသောကြောင့် နောင်လာနောက်သားများ သတိပြုစေရန် တင်ပြလိုက်ပါသည်။

ပြီးတော့ လူလိမ်အေးဂျင့်

One of the guy name ko Lay [Job advertisement]
Job Title:
Programmer
Salary:
1800-2500
Will apply for:
S Pass
Contact no.:94515122

Email: kolaysln@yahoo.com

Job Description:
Under S/Pass
(1)Programmer (SS1800-2500)Asp.net.Mysql dater base,desing wed,editing
soft ware skill
(2)Wed Designer($$1800-2000)
(3)Waitress($$1800)UnderAge(30)
(4)Waitress($$400+AllProvit)UnderW/P
(5)Account($$800)Provit
(6)Sale($$1000)

Medo Employment Agency(L.C-C859801G)
#03.28 Peninsula PLZ

This guy is a lire..Alot of Myanmar boy and girl in trouble at Singapore by his agency.So,who want to apply the following job at his
company be careful. At the Myanmar Shwe Hlamin agency is also his company. So,please forward this mail all Myanmar to know about this,who is hunting job at Singapore..beware of him .

အလုပ်သမားလျှော့ချမှုကို မျှတစွာလုပ်ဆောင်ရန် စင်ကာပူဝန်ကြီးချုပ်ပြောကြား
စီးပွားရေးအကျပ်အ တည်းကာလအတွင်း လုပ်သား လျှော့ချသည့်အပိုင်းတွင် ၀န်ထမ်း များနှင့်အလုပ်ရှင်များအကြားမျှတ စွာဆောင်ရွက်ရန် စင်ကာပူဝန်ကြီး ချုပ်လီရှိလွန်းက ထိုင်းနိုင်ငံ၊ ဟွာဟင်းတွင်ပြုလုပ်သည့် အာဆီယံ ထိပ်သီးညီလာခံအပြီး စင်ကာပူသ တင်းမီဒီယာများနှင့် မေးမြန်းခန်း တွင်တိုက်တွန်းပြော ကြားလိုက် သည်။ နိုင်ငံ၏စီးပွားရေးကျ ဆင်းနေသော်လည်း စင်ကာပူနိုင်ငံ၏ အခြေအနေမှာ ဆိုးရွားသည့် အနေအထားတွင်မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း စင်ကာပူနိုင်ငံ၏ အလုပ်အကိုင်လျှော့ချသည့် ပမာဏနှင့်ပတ်သက်၍ အရေအတွက် အမျိုးမျိုးထွက်ပေါ်လျှက်ရှိရာ အမှန်တကယ်လျှော့ချမည့် ပမာဏများအား အလွန်အကျွံမဖြစ်စေရန် သက်ဆိုင်ရာ ၀န်ကြီးများအနေဖြင့် အလေးပေးဆောင်ရွက်ရန် ကိစ္စတစ် ခုဖြစ်လာခဲ့သည်။
“ကျွန်တော်တို့နေ့တိုင်း စိတ်မကောင်းစရာသတင်းတွေကိုပဲ ကြားနေရတယ်။ ဘယ်နေရာမှာတော့အယောက် ၅၀အလုပ်ဖြုတ်လိုက်ပြီ။ ဘယ်နေရာမှာတော့ အယောက်၁၀၀ အလုပ်ပြုတ်ပြန်ပြီ။ ခင်ဗျားတို့အနေ နဲ့ စိတ်မညစ်ရင်နေမယ်။ ကျွန်တော့်တို့အတွက်တော့ တကယ့်ကို စိတ်သောကရောက်ရပါတယ်”ဟု လီရှိလွန်းက ပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံအနေဖြင့် လုံလောက်သော ရင်းမြစ်များရှိနေပြီး ယခုနှစ် ဘဏ္ဍာရေးရန်ပုံငွေအား နည်းလမ်းမှန်ကန်စွာ အသုံးပြုပြီးဖြစ်ကြောင်း ၎င်းက ပြောကြားလိုက်သည်။
“မိသားစုတွေကို ဘာကြောင့် အကူအညီတွေ တိုက်ရိုက်မပေးတာလဲဆိုတဲ့ ပြောစကားတွေကို ကြားနေရပါတယ်။ ဒါပေမယ့် ပြည်သူတွေကို မှန်ကန်တဲ့ကူညီမှုဆိုတာ ငွေလက်မှတ်တွေ၊ ကူပွန်တွေပေး ခြင်း မဟုတ်ပါဘူး။ တည်မြဲတဲ့ အလုပ်အကိုင်တွေရရှိအောင် လုပ်ပေးဖို့ပါပဲ။နိုင်ငံရဲ့ သုံးစွဲနိုင်ခွင့် ဘတ်ဂျက်အခြေအနေပေါ်မှာ ဆောင်ရွက်ရတာတွေကို ပြည်သူတွေ နားလည်အောင် ဆောင်ရွက် ပေးဖို့လိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာကျူးပစ်မှ ကိုအရိုးရဲ့ စင်္ကာပူအစိုးရအပေါ် အမြင်လေးပါ

စလုံးရဲ. Case by case ဆိုတာ သူတို. အစိုးရလုပ်ချင်ရာလုပ်ဖို. ချန်ထားတဲ့အကွက်ပဲ။ သူများနိုင်ငံတွေလို တပြေးညီစစ်ဆေးတာမျိုးမဟုတ်တော့ဘူး။ သူတို.လုပ်ချင်သလို လုပ်မယ်ဆိုတာ မျိုး ဆိုတာ မြင်လာရတယ်။
ကျွန်တော်တို.နဲ. လက်အလှမ်းဝေးတော့ ပြောဖို.က ခက်တယ်။ Immigration Rules တွေက အလုပ်ရပြီးသားလူကိုတောင် Spass မချပေးလောက်အောင် ချန်ထားလို.ရသလား။ ဒါဟာ ဘယ်လိုမှ လွတ်လပ်တရားမျှတမှုမရှိတော့ဘူး။ အလုပ်ရပြီးသားလူတစ်ယောက်အတွက်တော့ နေထိုင်ခွင့်ပေးကို ပေးသင့်တယ်။ တကယ်လို. သူတို. မကျေနပ်ရင် စလုံးလုပ်ငန်းရှင်တွေကို နိုင်ငံခြားသား မငှားဖို. လုပ်ခိုင်းသင့်တယ်။ ( ဒါမှမဟုတ် Incentives တွေပေးပေါ့ ) အခုတော့ လုပ်ချင်တိုင်းတွေလုပ်နေတယ်။ အကောင့်တန်.အလုပ်တွေကို Spass မပေးချင်တော့ဘူးဆိုရင် တရားဝင်ကျေညာချက်ထုတ်လိုက်ပါ။ စင်္ကာပူမှာ ဒီအလုပ်တွေကိုတော့ဖြင့် နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်ပေးတော့မှာ မဟုတ်ပါဘူးဆိုတာမျိုး။ အစိုးရဆိုပြီး လုပ်ချင်တိုင်းလုပ်နေလို. ရမလား။ ကိုယ်လုပ်လိုက်လို. ကျန်တဲ့သူတွေ ဘယ်လို ဖြစ်သွားမလဲ စဉ်းစားရဦးမှာပေါ့။ ပွင့်လင်းမှုရှိဖို.လိုနေတယ်။
အင်မီဂရေးရှင်းကနေ လှည့်ပြန်ခိုင်းတဲ့ကိစ္စမှာ မြန်မာအစိုးရဘက်ကနေ stand up လုပ် ပြောသင့်တယ်။ ဒါသက်သက်မဲ့ အနိုင်ကျင့်တာပဲ။ သူတို. ကိုယ်တိုင်က ကျေနပ်လို. ဗီဇာပေးပြီးသား။ ဘာမှ လေဆိပ်မှာ တခြား ကြီးမားတဲ့ အကြောင်းပြချက်တစ်ခုမပေးပဲ ပြန်လွှတ်စရာ မရှိဘူး။ သူတို. မကျေနပ်ရင် အစကတည်းက ဗီဇာမပေးနဲ.။ ဒါမှမဟုတ် လည်ပတ်ဗီဇာတွေကို လိုအပ်ချက်တွေ မြှင့်လိုက်။ ဘဏ်အကောင့်တွေ တိုးပြခိုင်းလိုက်။ ဘာလဲဗျ။ လူတွေကို ကိုယ်ချင်းစာစိတ်မရှိတာ။
အစိုးရဖြစ်တိုင်း လုပ်ချင်တိုင်းလုပ်နေတာ အဓိပ္ပါယ်မရှိဘူး။ အထက်ပါ အဖြစ်အပျက် ၂ ခုလုံးမှာ တရားဝင် ရပိုင်ခွင့်တွေထဲက စင်္ကာပူအစိုးရရဲ. ပွင့်လင့်ရိုးသားမှုမရှိပဲ အနိုင်ကျင့်မှုပဲ။ အခက်အခဲတွေ.နေတာ ကျွန်တော်မသိလို. မဟုတ်။ သိတယ်။ အစကတည်းက ပေါ်လစီပိုင်းညံ့ဖြင်းမှု ၊ လူထုကို ထုတ်ပြောခြင်းမရှိမှုတွေက သိပ်လွန်တယ်။ အစိုးရတစ်ရပ်အနေနဲ. သူတို. ကိုယ်တွယ်မဲ့ ပေါ်လစီကို တပြေးညီဖြစ်အောင် လုပ်ထားသင့်တယ်။ အစကတည်းက မလိုချင်ဘူးဆို ကျေညာချက်ထုတ်လိုက်။ ပေါ်လစီအသစ်တွေ ရေးဆွဲပြီး ကန်.သတ်လိုက်။
ငါက အထက်စီးကပဲ၊ လုပ်ချင်ရာလုပ်မဲ့ဆိုတဲ့ အမူအကျင့်တွေ လွန်လွန်းနေပြီ။ တကယ်ဖြစ်သင့်တာက ကျုပ်တို. စလုံးမှာဖြင့် အလုပ်လက်မဲ့တွေများလာပြီ။ စီးပွားရေးလဲ မကောင်းတော့ဘူး။ ဒါကြောင့် နိုင်ငံခြားသား အလုပ်သမားတွေကို ကန်.သတ်ရတော့မယ်၊ ကန်.သတ်ဖို.အတွက်တော့ဖြင့် မည်သည့် အလုပ်မျိုးကိုတော့ Spass မချပေးနိုင်တော့ပါဘူး ဆိုပြီး တရားဝင်ကျေညာလိုက်ပေါ့။ လေဆိပ်ကပြသနာကတော့ စင်္ကာပူသံရုံးတွေမှာ အလည်အပတ်ဗီဇာတွေကို ခက်ပစ်လိုက်ပေါ့။ သူတို.က လူတစ်ယောက်လုံး ငွေကြေးအရင်းအနှီး၊ အချိန်အရင်းအနှီး။ opportunity အရင်းအနှီးတွေ ပေးဆပ်ပြီးမှ ဒါတွေလုပ်ရတယ်ဆိုတာ ထည့်မစဉ်းစားပေးတာ။ လွန်တယ်။
အခုတော့ မျက်နှာပန်းလှအောင် သူတို.ကပဲ နိုင်ငံခြားသားတွေအတွက် အခွင့်အရေး တစ်ရပ်လို လုပ်နေပြီး (သူတို.ပဲ နိုင်ငံခြားသားဦးနှောက်တွေ ဖောက်စားနေပြီး ) အခုလို တာဝန်မဲ့ လုပ်ရပ်တွေလုပ်တာ လုံးဝရပ်တန်းကရပ်သင့်ပြီ။ ပေါ်လစီကို တပြေးညီ ဆက်ဆံနိုင်အောင် ကျင့်ကြံပြီး ပိုပြီး ပွင့်လင်းစွာ ချမှတ်သင့်ပြီ။


Oversea Myanmar Community Forum
http://omcf.forumotion.com/forum.htm
မှရယူသည်။ ။

၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများထံအီးမေးလ်ပို့လိုလျှင်

တသီးပုဂ္ဂလနှင့် ညီလာခံကိုယ်စားလှယ်များ၊ မျိုးချစ် အမျိုးသားနိုင်ငံရေး အစည်းအရုံး (တောင်တွင်းကြီး)၊ ၀ံဿနု NLD (မြန်မာနိုင်ငံ)၊ ဒီမို NLD (စစ်ကိုင်းတိုင်း)၊ အမျိုးသား နိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်)နှင့် ခေတ်သစ်သိပံ္ပ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အဖွဲ့ အပါအ၀င် အဖွဲ့ပေါင်း ၁၁ ဖွဲ့ ပါရှိသည်။
၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် ပါတီများ Joint Action ဖွဲ့မည်.....
နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ဆင့်ကို ထောက်ခံသူများနှင့် ဖွဲ့စည်းထားသည့် ရန်ကုန်ရှိ နိုင်ငံရေး အင်အားစုတခုက ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပူးတွဲ ဆောင်ရွက်ရေးအဖွဲ့ - Joint Action ဖွဲ့စည်းမည့် အစည်းအဝေးကို ယခုလ ၁၅ ရက်နေ့တွင် ရန်ကုန်၌ ကျင်းပသွားမည်ဟု ဆိုသည်။နိုင်ငံရေး အဖွဲ့အစည်း ၁၁ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစုက တသီးပုဂ္ဂလ၊ ပါတီတခုချင်းစီ မဟုတ်ဘဲ စုပေါင်းကာ ရွေးကောက်ပွဲ ၀င်ရောက်ရေး ဆွေးနွေးရန် စီစဉ်ထားခြင်း ဖြစ်သည်။“အဓိက ဆွေးနွေးမှာက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရင် ကျနော်တို့ တပါတီချင်း မဟုတ်ဘဲနဲ့၊ တဦးချင်း မဟုတ်ဘဲနဲ့ စုပေါင်းပြီး ၀င်ရေး ဆွေးနွေးဖို့ပါ” ဟု အစည်းအဝေး ကျင်းပရေး ပူးတွဲလုပ်ငန်း ကော်မတီမှ ဦးအုံးလွင်က ပြောသည်။သူ့အဖွဲ့မှာ နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစုဖြစ်ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစုတွင် အဖွဲ့ဝင်ဖြစ်သည်။
ထိုအင်အားစုတွင် တသီးပုဂ္ဂလနှင့် ညီလာခံကိုယ်စားလှယ်များ၊ မျိုးချစ် အမျိုးသားနိုင်ငံရေး အစည်းအရုံး (တောင်တွင်းကြီး)၊ ၀ံဿနု NLD (မြန်မာနိုင်ငံ)၊ ဒီမို NLD (စစ်ကိုင်းတိုင်း)၊ အမျိုးသား နိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်)နှင့် ခေတ်သစ်သိပံ္ပ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အဖွဲ့ အပါအ၀င် အဖွဲ့ပေါင်း ၁၁ ဖွဲ့ ပါရှိသည်။၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ၊ မြန်မာစစ်အစိုးရ၏ အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး ဟောပြောပွဲများအပြင် ၂၀၀၈ ဆန္ဒခံယူပွဲ အောင်မြင်ရေး စည်းရုံးလှုံ့ဆော်ခဲ့သည်။
မဟာမိတ်ဖွဲ့ရေး အစည်းအဝေးသို့ ယခုအဖွဲ့များအပြင် တသီးပုဂ္ဂတချို့နှင့် အခြား အဖွဲ့အစည်း ၄ ဖွဲ့မှ ကိုယ်စားလှယ် ဦးရေ ၅၀ ခန့် တက်မည်ဖြစ်သည်။သူက “ကျနော်တို့ လုပ်မှာက joint action အလုပ်တူညီလုပ်ရေး၊ သူတို့ သဘောမတူလို့ မပါချင်လည်း မပါနဲ့။ အစည်းအဝေးကျရင် ကျနော်တို့ သူတို့ဆန္ဒကို မေးမှာပဲ။ ပြီးရင် ကြေညာချက် ဆက်ထုတ်မယ်” ဟု ပြောသည်။
အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး၊ ပြည်သူလူထု၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး ဘ၀ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပမှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုနှင့် အခြေအမြစ်မရှိ ပုတ်ခတ်စွပ်စွဲမှုများကို ဆန့်ကျင်သည့်အပြင် အမျိုးသား အကျိုးစီးပွားကို အဓိကထားကာ ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။
“ကျနော်တို့အဖွဲ့ သဘောထားက လမ်းပြမြေပုံ ၇ ချက်က ကျနော်တို့ ဗမာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်း၊ စီးပွားရေး အကျပ်အတည်းကနေ ထွက်ပေါက်ဖြစ်တယ်လို့ ခံယူထားတယ်” ဟု ဦးအုံးလွင်က ပြောသည်။၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်ဒီ အနေဖြင့် စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ပြီး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသား အားလုံး ဦးစွာ ပထမ ပြန်လွှတ်ပေးရမည်ဟု ပြောဆိုထားသည်။

ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦး ဥရောပအာဆီယံအစည်းအဝေးတက်ခွင့်မရ *

ဥရောပတိုက်တွင် မကြာခင် ကျင်းပမည့် အီးယူ-အာဆီယံ အစည်းအဝေး (အာဆမ်) သို့ တက်ရောက်ရန် ပြည်ထဲရေးဝန်ကြီး သို့မဟုတ် ပြည်ထဲရေး ဒု-၀န်ကြီးကို မြန်မာစစ်အစိုးရက စေလွှတ်လိုသော်လည်း အဆိုပါပုဂ္ဂိုလ် များအား အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားသည့်အတွက် လာရောက်ခွင့်မရဟု နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတဦး က ပြောသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဥရောပကော်မရှင်ရုံး ပြောခွင့်ရပုဂ္ဂိုလ်ထံ အတည်ပြုချက်ရရန် အီးမေးလ်ဖြင့် မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားချက် မရသေးပေ။ အလားတူ အစည်းအဝေးများသို့ ယခင်က ရဲမှူးကြီး စစ်အေး တက်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် ရဲမှူးကြီး ခမ်းအောင် တက်ရောက်ရန် များသည်ဟု သံတမန်တဦးက ပြောသည်။

သို့သော် အီးယူက ၂၀၀၈ ခုနှစ်တွင် ထပ်မံဖြည့်စွက်ထားသည့် မြန်မာနိုင်ငံမှ ဒဏ်ခတ်ထားသူများစာရင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ညွန့်ညွန့်ဦးတို့အမည်လည်း ထည့်သွင်းထားသည်ကို ခေတ်ပြိုင်က ဖတ်ရှုရသည်။

မြန်မာစစ်ခေါင်းဆောင်များအပေါ် အီးယူမှ ဗီဇာထုတ်မပေးရေး ဒဏ်ခတ်ခြင်း၊ လက်နက်မရောင်းချခြင်း၊ အီးယူနိုင်ငံများရှိ မြန်မာစစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ အီးယူသို့ အထည်အလိပ် အခွန်တင်သွင်းခွင့် အခွန်လျှော့ပေါ့သည့် ယေဘုယျ အခွန်ကင်းလွတ်ခွင့်ကို ပိတ်ပင်ခြင်းနည်းများဖြင့် ဒဏ်ခတ်ထားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အီးယူ၏ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိုင်းအ၀န်းနှင့် ဆက်ဆံရေး ပြန်ထူထောင်နိုင်ပြီး လူ့အခွင့်အရေးလေးစားသည့် လူမှုရေး၊ စီးပွားရေး တိုးတက်မှုကို ရှေးရှုသည့် ဒီမိုကရေစီနည်းကျကျ တင်မြှောက်ခံရသည့် အရပ်သားအစိုးရတရပ် ပေါ်ထွန်းရေးဖြစ်သည်။ သို့သော် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံမှ စစ်ခေါင်းဆောင်အများအပြားနှင့် လုပ်ငန်းရှင်များအား အီးယူက ဒဏ်ခတ်ထားသည်။

ကိုမြင့်ဆွေ(သံတော်ဆင့်)အမြင်မှန်ရစပြုလာ


UDP အရှုပ်တော်ပုံ


ဦးကျော်မြင့်အကြောင်းရေးထားသောဗန်ကူးဗားမှSun သတင်းစာဆောင်းပါး
SEC halts suspicious billion-dollar B.C. stock
BY DAVID BAINES, VANCOUVER SUN NEWSPAPER FEBRUARY 4, 2009

An essentially worthless Vancouver-based bulletin board company with a controversial Burmese businessman working behind the scenes has been halted by U.S. regulators after its stock market value rocketed to more than $1 billion US.
The U.S. Securities and Exchange Commission halted trading in Future Canada China Environment Inc. last week after the stock soared from pennies in September to a high of $28.50 US on Jan. 21.
The company is nominally based in Bellingham, Wash., but its president is Jessica Chiang, a Vancouver-based mutual fund salesperson.
The company has negligible assets and no operating business. Its stock price ostensibly jumped on strength of a proposed merger with a company that appears to be connected to Michael Hua Hu, a former Burmese businessman now living in Vancouver.
But little information has been released about the merger candidate. It appears that the stock, which is under tight control, is not being driven by public demand, but rather it is being manipulated by persons unknown.
Future Canada was incorporated in Nevada in February 2008. Two months later, the company filed a prospectus with the U.S. Securities and Exchange Commission.
The prospectus lists Hsi Chun Chiang, also known as Jessica Chiang, as the company's sole officer and director. Her address is given as 437-114 Magnolia Street in Bellingham, but this is simply a mail drop. She actually lives in Vancouver.
The prospectus notes that Chiang formerly served as vice-president of Maple Leaf Reforestation Inc., a Calgary-based company that trades on the TSX Venture Exchange.
Curiously, it makes no mention of her principal vocation. For the past 12 years, she has been registered in B.C. as a mutual fund salesperson. Since 2005, she has worked at the Vancouver branch of Portfolio Strategies Corp., a Calgary-based investment advisory firm.


ပေးစာ

သို့ ဦးသုဝေ ဥက္ကဌ UDP ဦးရဲထွန်း ဒုဥက္ကဌ UDP ခင်ဗျား
၂၀၀၉ခု ဖေဖေါ်ဝါရီလ ၄ရက်နှင့် ၅ရက်နေ့ထုတ် Vancouver Sunသတင်းစာပါ သတင်းများကို ပေးပို့လိုက်ပါသည်။ တစ်သက်လုံး လုပ်ခဲ့သမျှ သံပုရာတစ်ချမ်းနဲ့ ချေလိုက်သလို မဖြစ်ရလေအောင် သေသေသေချာချာ ဖတ်ရှုပါရန် မေတ္တာရပ်ခံပါသည်။ သတင်းရဲ့ အနှစ်ချုပ်ကတော့ ဒေါ်လာ ၅၀ ရင်းပြီး ကုမ္ပဏီရှယ်ယာကို ၅သန်းခွဲစိတ်ကာ ရှယ်ယာတစ်ခုကို ၀.၀၀၀၀၁ဆင့်နဲ့ တန်ဖိုးသတ်မှတ်လိုက်တော့ ရှယ်ယာ ၅သန်းရဲ့တန်ဖိုးက ဒေါ်လာ ၅၀ဘဲဖြစ်ပါတယ်။ အဲဒီ အနှစ်မရှိတဲ့ ဗလာရှယ်ယာ ၅သန်းကို အရင်းပြုပြီး ဘာဆို ဘာမှမရှိတဲ့ ကုမ္ပဏီကြီးကို လေနဲ့ စာရွက်ပေါ်မှာ တည်ဆောက်လိုက်ပါတယ်။ ၀.၀၀၀၀၁ဆင့် တန်တဲ့ရှယ်ယာတွေကို ဘိုးဘိုးအောင်တန်ခိုးနဲ့ ရှယ်ယာတစ်ခုကို ဒေါ်လာ ၂၈.၅၀သတ်မှတ်လိုက်ပြီး ဟိုနဲနဲ ဒီနဲနဲ ဂဏန်းတွေနဲ့ ကစားလိုက်တော့ ဒေါ်လာ တစ်ဘီလျှံကျော်တန်တဲ့ ဧရာမ မဟာကုမ္ပဏီကြီးဖြစ်သွားပါလေရဲ့။ အဲဒီထဲက ရှယ်ယာ ၅၂၃၆၀၀ကို ရှယ်ယာတစ်ခုလျင် ၂၀ဆင့်နှုံးနဲ့ ရောင်းချခဲ့သေးတယ်လို့ သတင်းစာက ဆိုပါတယ်။ တစ်ကယ့် မူရင်းတန်ဖိုး အနေနဲ့ ရှယ်ယာတစ်ခုကို ၀.၀၀၀၀၁နှင့်တွက်ရင် ၅ဒေါ်လာကျော်သာတန်တဲ့ ရှယ်ယာတွေကို ၂၀ဆင့်နှုံးနဲ့တွက်ပြီး ၀ယ်သူက ဒေါ်လာ ၁၀၄၇၂၀ ပေးလိုက်ရပါတယ်။ ၀ယ်မိသူတွေဟာ မြန်မာပြည်သားတွေ မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းမိပါတယ်။ ၄င်းဧရာမကုမ္ပဏီကြီးကို အခုတော့ US SECURITY AND EXCHANGE COMMISSION ကရပ်ဆိုင်းလိုက်ပါပြီ။ ဥပဒေရေးရာ စုံစမ်းအရေးယူမှုတွေ ဆက်တိုက်လာပါလိမ့်မယ်။ ဒီအမှုအခင်းကြီးတစ်ခုလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူကတော့ UDPရဲ့ အမှုဆောင် ဒုဥက္ကဌကြီး Michael Hua Hu ခေါ် ဦးကျော်မြင့်ဖြစ်တယ်လို့ သတင်းစာက (ကျနော်မဟုတ်ပါ) ဆိုပါတယ်ခင်ဗျား။ အောင်တင် မှတ်ချက်။ ။ ကျနော့အနေနဲ့ ဦးကျော်မြင့်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေခြင်းမဟုတ်ပါ။ ဦးကျော်မြင့်ကို ဆန့်ကျင်ရင် အန္တရာယ်ရှိသည်ဟု မိတ်ဆွေတစ်ဦးက သတိပေးထားသော်လည်း တိုင်းပြည်မျက်နှာကြည့်ပြီး မဖြစ်သင့်တာ မဖြစ်ရအောင် စေတနာမှန်နှင့် တင်ပြခြင်းသာဖြစ်ပါသည်။ နောက်ဆက်တွဲပေးစာနှင့်ဖြေရှင်းချက်ကတော့ဒီလိုပါ။ ။ ကိုအောင်တင်၏ပြန်စာ ဦးတင်မောင်ခင်ဗျား မနာလိုလို့ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခိုက်တာကိုပွင့်ပွင့်လင်းလင်းပြောပါ။ ကိစ္စမရှိပါဘူး။ မဟုတ်လဲသိနေတာဘဲ။ဦးကျော်မြင့်ကိစ္စကိုခင်များပြောသလို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ မဟုတ်ဘဲနိုင်ငံအကျိုးစီးပွားအတွက်ဆိုလို့လိုက် ဖတ် ကြည့်တော့ ဒီကိစ္စနဲ့မြန်မာပြည်ကိစ္စ ဘယ်လိုများပတ်သတ်နေလို့လဲ။ ၁။ ဦးကျော်မြင့်သည်နိုင်ငံတော်အကြီးအကဲမဟုတ် ၂။ ဦးကျော်မြင့်သည်တရားဝင်နိုင်ငံရေးပါတီရဲ့ခေါင်းဆောင်လဲမဟုတ် ၃။ ဦးကျော်မြင့်သည်တရားဝင်အရွေးခံထားတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လဲမဟုတ် ဒါကြောင့်လူတစ်ဦးတစ်ယောက်ကိုယ်ရေးကိုယ်တာကိစ္စသည်မြန်မာပြည့်သူလူထုအကျိုးစီးပွားကို ဘယ်လိုများထိခိုက်နိုင်ပါသလဲ(သတင်းစာပါစွပ်စွဲချက်များသည်လည်းတကယ်မှန်၊မမှန်အတိအကျမ ပြောနိုင်ပါ) ၁။ ဦးကျော်မြင့်သည် UDPဆိုတဲ့ နိုင်ငံရေးပါတီဖွဲ့ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်သဖြင့် ဦးကျော်မြင့်အကြောင်းကို ပြည်သူအများသိသင့်သည်။ သူ့စီးပွားရေးသူလုပ်၊ သူ့အလုပ်သူလုပ်ပြီးရလာတဲ့ငွေထဲကမြန်မာပြည်အရေးအတွက်တောင် ကူညီပေးခဲ့တယ်လို့ ကြားသိရပါတယ်။ ၂။ ဦးကျော်မြင့်က စီးပွါးရေးလုပ်ပြီး မြန်မာပြည်ကိုကူညီတယ်ဆိုတာ ဦးတင်မောင်သိလျင် ဘာစီးပွါးရေးမျိုး လုပ်ပြီး ဘယ်လိုကူညီခဲ့သလဲဆိုတာ သိအောင် ရှင်းပြပေးပါ။ ဦးကျော်မြင့်သည် ကြည်ညိုထိုက်သူဖြစ်လျင် ကျနော်ကြည်ညိုမည်ဖြစ်သည်။ ဦးကျော်မြင့်ပေးတဲ့ငွေနဲ့လုပ်တဲ့ညီလာခံတစ်ခုကိုဦးအောင်တင်ကိုတိုင်လေယဉ်စရိတ်၊ ဟိုတယ်စရိတ်၊ စားသောက်စရိတ်အခမဲ့ရရှိခဲ့လို့ကိုယ်တိုင်နိုင်ငံရေးစကားတွေ တက်ပြောခဲ့တယ်လို့ကြားဖူးပါတယ်။ ၃။ ဦးကျော်မြင့် ဖိတ်တဲ့အစည်းအဝေးလို့ သိပြီးတက်ခဲ့ခြင်းမဟုတ်။ CFOBက ဖိတ်၍ တက်ခြင်းဖြစ်သည်။ တစ်ကယ်လို့ အဲဒီအချိန်က ဦးကျော်မြင့် အကုန်ကျခံတဲ့ အစည်းအဝေးမှန်းသိခဲ့လျင်တောင် ဦးကျော်မြင့်ဆိုတာ ဘယ်သူမှန်း မသိသေးတာမို့ တက်မိမှာပင်ဖြစ်ပါသည်။ သူများကတတ်နိုင်သလောက်အလုံးအရင်းနဲ့ကူညီခဲ့ချိန်မှာကိုယ်လဲတတ်နိုင်သလောက်ဝင်ကူမယ်ဆိုတဲ့စိတ်သဘောထားမျိုးမထားဘဲ၊ အလကားရရင် ၁ဒေါ်လာဘဲဖြစ်ဖြစ် ၂ဒေါ်လာဘဲဖြစ်ဖြစ်ရအောင် ယူမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ကိုယ်သောက်တဲ့ကော်ဖီဖိုး ၂ဒေါ်လာလောက်ကိုတောင် စာရင်းပြဖို့ကြိုးစားခဲ့ဖူးတယ်ဆိုတာလဲကြားဖူးပါတယ်။ ၄။ ကော်ဖီဖိုး တစ်ဒေါ်လာကို ဘယ်တုန်းက ဘယ်မှာ စာရင်းပြတာလဲဆိုတာ မမှတ်မိတော့တာ ခွင့်လွှတ်ပါခင်ဗျား။ ပြခဲ့ရင်တောင်မှ ကျနော့အနေနဲ့ ဘယ်တော့မှ လိမ်ပြမှာမဟုတ်လို့ ပြရဲပါတယ်။ ကျနော်သည် ယနေ့တိုင် နိုင်ငံရေးကို အိပ်စိုက်လုပ်နေသူဖြစ်ပါသည်။ ဘယ်တုန်းက ဘယ်သူ့ဆီကမှ ဘယ်အဖွဲ့အစည်းဆီကမှ အထောက်အပံ့ယူပြီး နိုင်ငံရေးလုပ်ထားတာ မရှိပါ။ သိထားတာရှိရင် ကျေးဇူးပြု၍ ဖွင့်ချလိုက်ပါ။ အပြုသဘောဖြစ်ဦးသုဝေ၊ဦးရဲထွန်းကိုအကြံပေး ချင်တယ်ဆိုရင်ဘာလို့တိုးတိုးတိတ်တိတ်တိုက်ရိုက် ဆက်သွယ်ပြီး သတိပေးပြောဆိုနိုင်ပါရဲ့ အခုလိုသူသိရှင်ကြား ဖြန့်  ချိခြင်းသည်ပစ်စာသဘောမျိုးနဲ့ဘာများ ထူးခြားပါသလဲ။ ဦးအောင်တင် စိတ်ထားကိုပြသခြင်းသာဖြစ်ပါသည်။ ၅။ ဦးရဲထွန်းဆီ ဘာကြောင့်နှစ်ကိုယ်ကြားစာမရေးရသလဲ၏ အဖြေကို နံပါတ် ၁ မှာပြန်ဖတ်ပါ။ ဦးအောင်တင်သည် မအေးလွင်နှင့်ပေါင်းပြီးမြန်မာပြည်ကိုငွေလွှဲများလုပ်နေသူဖြစ်၍ ငွေလွှဲတဲ့အလုပ်ကိုလုပ်နေသူအတွက် ဦးသုဝေနှင့်ဦးရဲထွန်းကိုတိုက်ရိုက် ဆက်သွယ်လို့မရနိုင် တဲ့အကြောင်းမရှိပါ။ Canada Lawအရ ငွေလွှဲခြင်းသည်တရားဝင်မဟုတ်ပါ။ Illegal business ဖြစ်ပါသည်။ ကိုအောင်တင်လဲသိပါသည်။ တရားမ၀င်ဥပဒေချိုးဖောက်သည့်လုပ်ငန်းဖြစ်ပါသည်။ ဒါကြောင့်ကျွန်တော်သည်ရိုးရိုးသားသားဥပဒေနဲ့အညီငွေရှာသည်ဟုပြောရန်မဖြစ်နိုင်ပါ။ ၆။ မြန်မာပြည်ထဲက အကူအညီလိုအပ်နေတဲ့ မိသားစုတွေဆီကို ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်သားတွေရဲ့ တရားဝင် ချွေးနဲစာကို ကနေဒါတရားဥပဒေနှင့်အညီ မှတ်ပုံတင်ပြီး ပေးပို့နေခြင်းဖြစ်သည်။ ငွေပို့သူများ၏ ၉၉%ကျော်သည် နိုင်ငံရေးကြောင့် ပြည်ပထွက်လာသူများသာဖြစ်သည်။ ကနေဒါဘဏ်များမှတစ်ဆင့် တရားဝင်ငွေလွှဲသည်။ ကနေဒါအစိုးကို အခွန်ပေးဆောင်သော တရားဝင်လုပ်ငန်းဖြစ်သည်။ မူးယစ်ငွေကဲ့သို့ တရားမ၀င်ငွေနှင့် မည်သည့်အခါမှ မပတ်သက်ပါ။ လက်တွေ့မှာကိုယ်တိုင်ကငွေရမယ်ဆိုရင်ဥပဒေကိုချိုးဖောက်ပြီးလုပ်နေသူတစ်ဦးကတစ်ခြားသူကိုပြောနေခြင်းကသူခိုးကလူပါလို့ ဟစ်သလို ဖြစ်နေပါသည်။ သူများမပြောခင် ကိုယ့်ဖင်လုံအောင်ကိုယ် ဖုံးဖို့လိုပါသည်။ တဖက်သားကိုပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်ပြီး ဆရာကြီးလုပ်နေတာထက်စာလျှင် ကိုယ်လုပ်နိုင်သ လောက်လက်တွေ့လုပ်ပြခြင်းမှ သာလျှင်တိုင်ပြည်အတွက်ပိုမိုအကျိုးရှိပါသည်။ UDP အပါအ၀င် ဦးကျော်မြင့်ကိုယ်တိုင်သူတို့နိုင် သလောက်သူတို့လုပ်တာလုပ်ပါစေ။ ကောင်းမကောင်းမှန်မမှန်ကို လုထုနဲ့သမိုင်းကအချိန် တန်ရင်အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ၇။ ကျနော့ဖင်လုံပါသည်။ ဦးတင်မောင်နှင့် ဦးကျော်မြင့် ဖင်လုံပါစေ။ ဦးတင်မောင်က သမိုင်းကို တစ်ကယ်ယုံပါသလား။ ယုံတယ်ဆိုရင် ဦးတင်မောင်ကို သမိုင်းမှာ ပြန်ဆုံချင်ပါသေးတယ်။ သို့သော်ခက်နေတာက သမိုင်းကိုယုံတဲ့ ဦးတင်မောင်က လူပျောက်နေတဲ့အတွက် သမိုင်းကို ကြောက်နေသလိုဖြစ်နေပါတယ်။ သမိုင်းမှာ ပြန်တွေ့ရင် မှတ်မိရအောင် ငါဘယ်သူဘဲလို့ ပြောရဲရင် ပြောလိုက်ပါလားဗျာ။ အခုစာရေးတဲ့ ဦးတင်မောင်ဆိုသူဟာ နောက်ဆုံးစာလုံး ထူးကိုဖြုတ်ထားတဲ့ CFOBက ကိုတင်မောင်ထူးများလားလို့ ထင်မိပါတယ်။ မဟုတ်ဘူးဆိုရင် အခုတည်းက တောင်းပန်လိုက်ပါတယ်။ ဟုတ်ရင်တော့ တိုင်းပြည်ကို ကာကွယ်ဖို့ အရေးကြီးသလား၊ ဦးကျော်မြင့်ကို ကာကွယ်ဖို့ အရေးကြီးသလားဆိုတာ ထပ်မေးချင်ပါတယ်။
ဦးတင်မောင်သို့ အောင်တင်...မှ
ဖေဖေါ်ဝါရီလ ၁၇ရက်၊ ၂၀၀၉
၏CFOB=Canadian friends of Burma.

PhotobucketPhotobucket
ဖိုင်ရယူရန်



နားထောင်ရန်

UDP ခေါင်းဆောင် မူးယစ်လုပ်ငန်း ပတ်သက်ခဲ့ဟု VOA သတင်းကဆို
Tuesday, 24 February 2009 19:50 ဧရာဝတီ
နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးသည် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ် နေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာနသို့ ပြောလိုက်သည်။
အဆိုပါ ခေါင်းဆောင်မှာ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ဒုဥက္ကဋ္ဌ ဦးကျော်မြင့် ဖြစ်ကြောင်း၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန်ယူခဲ့စဉ်က ထိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။
ထိုအချိန်က မြန်မာကျုံယွမ် ကုမ္ပဏီကို တည်ထောင်ပြီး၊ UWSA အဖွဲ့က စီးပွားရေးဘဏ် ၄ ခုကို ကျောထောက် နောက်ခံ ပြုပေးခဲ့သည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။
Asiaweek မဂ္ဂဇင်းကလည်း မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့သည်။
မြန်မာစစ်အစိုးရက အဆိုပါ ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA၏ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေးဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ ဦးကျော်မြင့်သည် ယခုအခါ ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ရှိစဉ်က ဦးကျော်မြင့်သည် ဥပဒေ စည်းမျဉ်းများ ချိုးဖောက်မှု နှင့် ငွေကြေး မသမာမှုများကြောင့် ထောင်ဒဏ် ၁ဝ နှစ်ခန့် ချမှတ်ခံခဲ့ရသည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။
“တကယ်တော့ ဦးကျော်မြင့်က ထောင်ပြေးပါ၊ - - - ရဲဘက်စခန်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးအောင်လင်းထွဋ်က ပြောကြားခဲ့သည်။
ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် မကြာသေးမီကမှ အာရုံစိုက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ပြီးခဲ့သည့်လကုန်ပိုင်းတွင် Future Canada China Environment Inc. ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁ ဘီလျံမက တက်သွားသည့်အတွက် အမေရိကန် ပြည်ထောင်စုက အဆိုပါ ကုမ္ပဏီကို တားမြစ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ဦးကျော်မြင့်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ပြီး ရှယ်ယာတန်ဖိုးများ ခုန်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာက ဆိုသည်။
“Future Canada China Environment Inc. ၏ လုပ်ငန်းများကို ယာယီ ပိတ်သိမ်းလိုက်ကြောင်း၊ အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးများမှာ ဝ.၉၂ ဒေါ်လာ မှ ၂၈.၅ဝ ဒေါ်လာအထိ ခုန်တက်သွားသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” စသဖြင့် အမေရိကန် ပြည်ထောင်စု၏ ငွေကြေး လဲလှယ်မှု ကြီးကြပ်ရေး ကော်မရှင်၏ ဇန်နဝါရီလ ၂၈ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။
ကော်မရှင်က အဆိုပါ ကုမ္ပဏီ၏ နောက်ခံ အချက်အလက်များ၊ ထုတ်ပြန်မည့် သတင်းများနှင့် ပတ်သက်ပြီး ဂရုပြုကြရန် စတော့ရှယ်ယာ ပွဲစားများ၊ ရှယ်ယာပိုင်ရှင်များ၊ ရှယ်ယာဝယ်ယူမည့်သူများကို သတိပေးထားသည်။
“အဆိုပါ ကုမ္ပဏီတွင် ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိပြီး လုပ်ငန်း လည်ပတ်မှုလည်း မရှိပါ” ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် Vancouver Sun သတင်းစာက ဆိုသည်။
ဦးကျော်မြင့်သည် ကနေဒါ အခြေစိုက် ကုမ္ပဏီ NAH Development Group Inc., ကို ပိုင်ဆိုင်သူဖြစ်သည်။
ဧရာဝတီမဂ္ဂဇင်းက ရေးသားထားချက်များနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခဝါချမှု လုပ်ငန်းများနှင့် ဆက်နွယ်မှု မရှိပါဟု ငြင်းဆိုထားသည်။
“ကျွန်ုပ် ဦးကျော်မြင့်သည် ဘဝတလျှောက်လုံး တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်း၊ ငွေကြေး ခဝါချမှု လုပ်ငန်းများနှင့် မည်သည့်အခါကမျှ ပတ်သက် ဆက်နွယ်မှုမရှိခဲ့ပါ” ဟု ၎င်း၏ အင်တာနက် စာမျက်နှာရှိ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။
“မြောက်အမေရိကတိုက် နှင့် အာရှတိုက်ရှိ ကျွန်ုပ်၏ လုပ်ငန်းများ အားလုံးမှာ တရားဝင်လုပ်ငန်းများဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။
မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။
မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့ ကို ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအဖြစ် တာဝန်ပေးလိုက်ကြောင်း ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ဦးကျော်မြင့်သည် ပြည်ပမှနေ၍ ငွေကြေး ထောက်ပံ့ပေးခဲ့ခြင်းဖြင့် ထင်ရှားသည့် နိုင်ငံရေးသမားများကို ပါတီတွင် တာဝန်ယူရန် စည်းရုံးနေကြောင်း ပြည်ပရောက် အတိုက်အခံများက ပြောဆိုနေကြသည်။
ပါတီ အဖွဲ့ဝင်စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း၏ အမည်ကို တွေ့ရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်ချိုချိုကျော်ငြိမ်းကမူ UDP ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
ကျောင်းသားခေါင်းဆောင်ဟောင်း ဦးထွန်းအောင်ကျော်ကလည်း ပါတီတွင် ၎င်း ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
“သူ့ရဲ့ အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ ရှိနေပါဦးမယ်၊ ဒါ့အပြင် သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်ခဲ့တဲ့သူတွေ၊ တချို့လည်း လူကြီးတွေ ဖြစ်နေကြပါပြီ။ သူ့ကို မြန်မာအစိုးရကများ လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေမလား ဆိုပြီး ပြန်ပြီးတော့ ချည်းကပ်တယ်လို့ ထင်ပါတယ်” ဟု ဦးအောင်လင်းထွဋ်က ဗီအိုအေ နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ဦးကျော်မြင့်သည် တရုတ်လူမျိုးဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။ သို့သော်လည်း ဦးကျော်မြင့်က ၎င်းသည် မြန်မာပြည်မှ ကချင်တိုင်းရင်းသားဖြစ်သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

UDP ဦးကျော်မြင့်က ဧရာဝတီကို တရားစွဲမည်
Wednesday, 25 February 2009 20:03 ဇာနည်ဝင်း

ကနေဒါ အခြေစိုက် မြန်မာ့ နိုင်ငံရေး ပါတီတခု၏ ခေါင်းဆောင် ဖြစ်သူက ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာ ဦးအောင်ဇော်ကို တရားစွဲတော့မည်ဟု VOA အသံလွှင့်ဌာနသို့ ယနေ့ ပြောကြား လိုက်သည်။
ဦးကျော်မြင့်ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP)၏ ခေါင်းဆောင် ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ဟွာဟူက ယနေ့နံနက်ပိုင်းက ထုတ်လွှင့်သည့် VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။“ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် မန်းနီးလောင်ဒရင်း (ငွေကြေးခ၀ါချမှု)တဲ့။ … သူ စွပ်စွဲတယ်။ … အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်” ဟု ဦးကျော်မြင့်က ဆိုသည်။“အခု ယိုးဒယား ရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံး အထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက် စာတမ်းတွေ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောလိုက်သည်။ဦးကျော်မြင့်သည် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေး ဌာနတွင် တာဝန်ယူခဲ့ဖူးသည်ဟု သိရသည်။ ဦးကျော်မြင့်ကမူ “တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ” ဟု ဆိုသည်။ UWSA သည် မူးယစ်ဆေး ထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သည်ဟု နာမည်ကြီးသော လက်နက်ကိုင် အဖွဲ့ကြီး ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ဒေသတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်သွားပြီ ဖြစ်ကြောင်း မကြာသေးမီ နှစ်များအတွင်းက နိုင်ငံတကာသို့ ကြေညာခဲ့သည်။ဦးကျော်မြင့်နှင့် ပတ်သက်ပြီး ဧရာဝတီတွင် ရေးသားထားချက်များမှာ Asiaweek မဂ္ဂဇင်း၊ Jane's Intelligence Review တို့တွင် ဖော်ပြထားချက်များကို ကိုးကားထားခြင်း ဖြစ်သည်။မြန်မာစစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA ၏ ဘဏ္ဍာရေးဌာန ဒုတိယ ဌာနမှူးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေး ဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ဆက်လက်ပြီး ထိုစာစောင်က “UWSA ခေါင်းဆောင်များနှင့် စစ်အစိုးရ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ တွေ့ဆုံပြီးနောက်တွင် ၀န်ကြီးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ဒေးဗစ်အေဘယ်သည် အခြား ရာထူးတာဝန်တခုသို့ ရွှေ့ပြောင်းခံခဲ့ရသည်” ဟု ဆိုသည်။ထိုအချိန်တွင် ဦးကျော်မြင့်သည် အမေရိကန် ပြည်ထောင်စု အစိုးရ၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၁၉၉၈ ခုနှစ်ထုတ် နိုင်ငံတကာ မဟာဗျူဟာ မူးယစ် ဆေးဝါး ထိန်းချုပ်မှု အစီရင်ခံစာတွင် စစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို ဖျက်သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း စစ်အစိုးရက အဆိုပါ အရေးယူမှုကို မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး အစီအစဉ်အရ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခြင်း မရှိခဲ့ပါ။ “ယခင် UWSA တပ်ဖွဲ့၏ အကြီးတန်းအရာရှိဖြစ်ခဲ့သူ ကုမ္ပဏီ၏ ဥက္ကဋ္ဌသည် နောက်ပိုင်းတွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခြင်း ခံရကြောင်း သိရှိရသည်”ဟု အစီရင်ခံစာက ဆိုသည်။VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင်လည်း ဦးကျော်မြင့်က ၎င်းသည် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရသည်ဟု ပြောကြားခဲ့သည်။မြန်မာပြည် နိုင်ငံရေးနှင့် ပတ်သက်သည့် အကြံပြုစာ တစောင်ကို စစ်အစိုးရသို့ ပေးပို့ခဲ့သဖြင့် ထောင်ကျခဲ့ခြင်း ဖြစ်သည်ဟု ဦးကျော်မြင့်က ဆိုသည်။ဦးကျော်မြင့်က ၎င်းသည် အကျဉ်းကျခံရစဉ် မန္တလေး ဆေးရုံမှ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံမှတဆင့် မြောက်အမေရိကသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။Asiaweek မဂ္ဂဇင်းက မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့ကြောင်း ဧရာဝတီက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကောက်နုတ်ဖော်ပြခဲ့သည်။ဦးကျော်မြင့်ကမူ မြန်မာကျုံယွမ်ကို ကျောက်စိမ်းလုပ်ငန်း၊ သစ်လုပ်ငန်း၊ သတ္ထု တူးဖော်ရေး လုပ်ငန်းတို့မှ ရသည့် ငွေများဖြင့် တည်ထောင်ခဲ့သည်ဟု VOA ဆက်သွယ်မေးမြန်းခန်းတွင် ယနေ့ ပြောကြားလိုက်သည်။၎င်းအနေဖြင့် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်မှု လုံးဝ မရှိကြောင်းကိုလည်း အကြိမ်ကြိမ် ငြင်းဆိုသွားသည်။မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။ ၎င်းသည် ပါတီ၏ “နိုင်ငံခြားတာဝန်ခံ”ဖြစ်ကြောင်း၊ မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့သည် ပါတီခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။၎င်း၏ အဆိုအရ UDP အား လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် စစ်အစိုးရက ဝါရှင်တန်မြို့ မြန်မာသံရုံးမှ တဆင့် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။“၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

UDP ၏ ဖြီးလုံးဖြန်းလုံးများ
ရဲဘော်ပိုင် (DPA)
Saturday, March 07, 2009

အခုတလော လေလှိုင်းပေါ်မှာနဲ့ အင်တာနက်ပေါ်မှာ ကနေဒါက UDP ပါတီဆိုတာရဲ့ ခေါင်းဆောင် ဦးကျော်မြင့်အကြောင်းတွေ ကြားနေ ရ တွေ့နေရပါတယ်။ ဒီထဲက သူ့ဘဝဖြတ်သန်းမှုဆိုတာနဲ့ပတ်သက်လို့ ကျနော်သိသလောက် ပြောပြချင်ပါတယ်။
၁၉၈၈ ခု နဝတ အာဏာသိမ်းပြီးတော့ ကျနော်တို့မန္တလေးနဲ့ အထက်ဗမာပြည်တဝိုက်က ကျောင်းသားတွေဟာ တချို့က အိန္ဒိယဘက် သွားကြသလို တချို့က မိုးကောင်း ဗန်းမော် မြစ်ကြီးနားဘက် KIA ဆီတောခိုကြပါတယ်။ သူငယ်ချင်းတချို့က သီပေါ
ကျောက်မဲဘက် ကနေ SSA နယ်မြေကို တောခိုသွားကြပါတယ်။ ကျနော်ကတော့ နမ္မတူဘက်ကတဆင့် ဗကပနယ်မြေ မုံးကိုးကို ရောက်သွားပါတယ်။ တချို့လည်း ကုန်သည်တွေနဲ့အတူ မူဆယ် ကြူကုတ် ကတဆင့် မုံးကိုးကို ရောက်လာတာရှိပါတယ်။
အဲဒီအချိန်မှာ မုံးကိုးဟာ ဗကပရဲ့ မြောက်ပိုင်းဗျူရို ဌာနချုပ် အခြေစိုက်ရာဖြစ်ပါတယ်။ ကျနော်ဟာ မုံးကိုး ကို ၁၉၈၈ နိုဝင်ဘာမှာရောက် ပြီးနောက် မကြာခင်မှာဘဲ အခြေခံစစ်သင်တန်း၊ လက်နက်ငယ်သင်တန်း၊ နိုင်ငံရေး သင်တန်းတွေ တက်ရပါတယ်။ ကျနော်တို့ ၈ လေးလုံးက တောခိုလာတဲ့ ကျောင်းသားတွေနဲ့ အရပ်သားတွေကို ဗကပ က ဒီမိုကရေစီပြည်ချစ်တပ်မတော် DPA ဆိုတဲ့နာမည်နဲ့ သီးသန့်အဖွဲ့အစည်းတခု တည်ထောင်ပေးပါတယ်။ DPA ခေါင်းဆောင်ပိုင်းထဲမှာတော့ ဗကပ ယူဂျီတွေ ထည့်ထားတယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ အများစုကတော့ နီတာ ဖြူတာတွေမသိဘဲ စစ်အုပ်စုကိုချချင်တာဘဲ သိပါတယ်။
ကျနော်တို့ မုံးကိုးမှာ စစ်သင်တန်း နိုင်ငံရေးသင်တန်းတွေတက်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေတုံး ၁၉၈၉ ခု မတ်လ (၁၀) ရက်နေ့မှာ ဖုံကြားရှင်းခေါင်းဆောင်ပြီး ဗကပရဲ့ ကိုးကန့်ခရိုင်က ဗကပကိုပုန်ကန်ခွဲထွက်လိုက်ပါတယ်။ ၃-၄ ရက်အကြာမှာ ခွဲထွက်ကိုးကန့်တပ်တွေ ဟာ သံလွင်ကိုကူးပြီး မုံးကိုးကိုချီတက်လာပါတယ်။ အဲဒါနဲ့ မုံးကိုးမှာရှိတဲ့ ဗကပ မြောက်ပိုင်းဗဟိုဌာနခွဲရုံးအဖွဲ့တွေနဲ့ ကျနော်တို့ DPA တပ်ဖွဲ့တွေဟာ မတ်လ (၁၅)ရက်မနက်စောစော လယ်ကွင်းတွေကိုဖြတ်ပြီး တရုတ်ပြည်ဘက်ခြမ်းက မန်ဟိုင်းရွာကို ပြေးရပါတော့တယ်။ တပ်တွေကတော့ တချို့လည်း ကိုးကန့်တပ်တွေနဲ့ ပေါင်းသွားပြီး တချို့လည်း တရုတ်ပြည်ဘက် ပြေးဝင်ကြပါတယ်။ ဗကပဗဟိုရဲ့ အမိန့် အရ ကိုးကန့်တပ်တွေကို ခံမတိုက်ရပါဘူး။ DPA ခမြာ လက်နက်တောင်မကိုင်ရ၊ ရှေ့တန်းတောင် မထွက်လိုက်ရပါဘူး။
ဒီတော့ ဦးကျော်မြင့်ပြောနေတဲ့ ဗကပတွင်း ပုန်ကန်ခွဲထွက်မှုတွေကို သူ ပထမဆုံးစခဲ့တယ်၊ ၁၉၈၈ စက်တင်ဘာလမှာ ပုန်ကန်ပြီး မုန်းကိုးကိုသိမ်းလိုက်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ၁၉၈၈ ခုထဲမှာ ဗကပထဲမှာ ဘယ်သူမှ မပုန်ကန်သေးပါဘူး။ ဦးကျော်မြင့်သာ ပုန်ကန်ထားတယ် ဆိုရင် ကျနော်တို့တတွေ ၈၈ နဝတအာဏာသိမ်းပြီးနောက်မှာ မုံးကိုးကိုဘယ်လိုမှ ရောက်လာနိုင်စရာအကြောင်း မရှိပါဘူး။ ဗကပတပ်တွင်းပုန်ကန်မှုကို စခဲ့သူဟာ ကိုးကန့်ခေါင်းဆောင် ဖုံကြားရှင်းနဲ့ ဖုံကြားဖူး ညီအစ်ကိုဘဲဖြစ်ပါတယ်။ ဦးကျော်မြင့် လုံးဝမဟုတ်ပါဘူး။
နောက်တခုက ကျနော် မုံးကိုးရောက်၊ တရုတ်ပြည်ရောက်၊ အဲဒီကတဆင့် ဗကပ ၁၀၁ စစ်ဒေသ (အခု ဇခုံတိန့်ယိန်းရဲ့ NDA-K ငြိမ်းချမ်းရေးအဖွဲ့) ကိုရောက်သွားပြီး လေ့လာသိရှိခဲ့ရတာက ၁၀၁ ဒေသမှာတော့ တချိန်က လင်ကျော်မြင့် လို့ခေါ်တဲ့ ကချင်တပ်မှူး တယောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု UDP ဦးကျော်မြင့်ဟာ ၁၀၁ က လင်ကျော် မြင့် လုံးဝမဟုတ်ပါဘူး။ ရွှေကျင်ဝမ်-တာပန်တိုက်ပွဲ နဲ့ ကျူကုတ်-ပန်ဆိုင်းတိုက်ပွဲတွေမှာ ဦးစီးခဲ့တယ် ဆိုတာလည်း လုံးဝလိမ်ညာထားတာဖြစ်ပါတယ်။ ဒါတွေကို မေးကြည့်လို့ရတဲ့ ဗကပ ဟောင်းတွေ၊ NDA-K တပ်ဖွဲ့ဝင်တွေ၊ DPA တပ်ဖွဲ့ဝင်ဟောင်းတွေအများကြီး တရုတ်ပြည် ရွှေလီဘက်မှာရော၊ ကချင်အထူးဒေသ-၁ မှာရော အရှင်လတ်လတ် ရှိနေပါတယ်။ ကျူကုတ်-ပန်ဆိုင်းတိုက်ပွဲဟာ ၁၉၈၇ အောက်တိုဘာမှာစပြီး ၁၉၈၈ ဇွန်မှာပြီးတယ် ဆိုတာ လည်း လွဲနေပါတယ်။ အမှန်က ၁၉၈၆ နိုဝင်ဘာလဆန်းမှာ ရွှေကျင်ဝမ် (စီစီဝမ်) တိုက်ပွဲစ၊ ဒီဇင်ဘာမှာ ကျူကုတ်၊ မန်ဟီးရိုး၊ မုံးပေါ် စတဲ့ ဗကပနယ်မြေတွေ အသိမ်းခံရပြီး တိုက်ပွဲစဉ်ကြီးပြီးသွားခဲ့တာဖြစ်ပါတယ်။ သုတေသီဦးအောင်ခင် ဆိုတဲ့လူ ရေးထားတာမှာ ရွှေကျင်ဝမ် တိုက်ပွဲတောင် ထည့်မထားပါဘူး။ တကယ်တော့ ကျူကုတ်-ပန်ဆိုင်းတိုက်ပွဲ ဆိုတာ ရွှေကျင်ဝမ်တိုက်ပွဲကြီးရဲ့ နောက်ဆက် တွဲ တိုက်ပွဲငယ်ပါ။
SSA ဘက်ရောက်သွားတဲ့ ကျနော်တို့သူငယ်ချင်းတွေကတော့ SSA ကတဆင့် ဗကပဗဟိုရှိရာ ပန်ဆန်းကို ရောက်သွားပြီး စစ်ရေး နိုင်ငံရေးသင်တန်းတွေ တက်ခဲ့ကြပါတယ်။ ဗကပဆီက လက်နက်တွေလည်း ရခဲ့ပါတယ်။ သူတို့ကိုလည်း ဗကပ က DPA တပ်ဖွဲ့အဖြစ် ဖွဲ့စည်းတည်ထောင်ပေးခဲ့ပါတယ်။ ဗကပထဲကနေ ဝ တွေ ပုန်ကန်ခွဲထွက် ပြီးတဲ့နောက်မှာ သူတို့ဟာ ဝ တွေနဲ့ညှိပြီး လက်နက် အပြည့် အစုံနဲ့ ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသကို ဆင်းလာနိုင်ခဲ့ပါတယ်။ လမ်းတပိုင်းမှာ ဒီ ပန်ဆန်း DPA ခေါင်းဆောင်တချို့ ခွန်ဆာတပ်က ဖမ်းမိသွားပြီး အသတ်ခံခဲ့ရပါသေးတယ်။ ဒီအဖွဲ့ထဲကတချို့က ၁၉၉၁ ခုမှာ ABSDF တပ်ရင်း ၈၀၁ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ကျန်တဲ့ တပ်ဖွဲ့ဝင်တွေက Democratic National Army (DNA) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
ကျနော့်သူငယ်ချင်း မိုးမိတ်သား ကိုထင်ကျော်ဟာ အဲဒီ DNA အဖွဲ့က သာမန်တပ်ဖွဲ့ဝင်ဖြစ်ပြီး နောက်ပိုင်းမှာ ရလလဖ ငြိမ်းချမ်းရေးအဖွဲ့ အဖြစ် ကူးပြောင်းရပ်တည်ခဲ့ကြပါတယ်။ အခုတော့ ရလလဖငြိမ်းချမ်းရေးအဖွဲ့ထဲမှာဘဲ အရက်သောက်များလို့ အသဲခြောက်ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းကြားရပါတယ်။ ကိုထင်ကျော်ဟာ ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်အဖြစ် ရန်ကုန်၊ တောင်ကြီး၊ မန္တလေးတို့ကို ခဏခဏသွားရတော့ ဦးကျော်မြင့်တို့က တွေ့ခဲ့ဖူး သို့မဟုတ် တယောက်ယောက်ဆီက ကြားဖူးနားဝနဲ့ အသုံးချတဲ့ပုံပါဘဲ။
၈၈ နဝတ အာဏာသိမ်းအပြီးမှာ ကျောင်းသားတွေ တောခိုတော့ တောင်ကြီးတောင်ဘက်ပိုင်း ပအိုဝ်းဒေသကိုလည်း အများကြီး ရောက် လာ ကြပါတယ်။ ဒီကျောင်းသားတွေက Democratic Youth Army (DYA) အဖြစ် ဖွဲ့စည်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာ (၁၉၉၁ လောက်) ABSDF တပ်ရင်း ၆၀၁ အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဒါကြောင့် အဲဒီအချိန်ကစပြီး DYA ဆိုတာ မရှိတော့ပါဘူး။ DYA ရဲဘော်ဟောင်းတွေ ဟာ အခုထိ ထိုင်းနယ်စပ်မှာရော၊ အမေရိကန်နိုင်ငံမှာပါ ရှိနေကြပါတယ်။ ၆၀၁ ဟာ ပအိုဝ်း အဖြူ အနီအဖွဲ့တွေ ငြိမ်းချမ်းရေးယူပြီး နောက်မှာ ထိုင်း နယ်စပ်ထွက်လာရပြီး နောက်ဆုံးလက်ကျန်တချို့ကတော့ အခုအခါ ABSDF တပ်ရင်း ၄ အဖြစ် KNPP နဲ့ တွဲဖက် လှုပ်ရှားနေတာဘဲ ရှိပါတော့တယ်။
ဦးကျော်မြင့်ဟာ နောက်ပိုင်းမှာ ဘိန်းလုပ်ငန်းလုပ်ရင်း ရလလဖဘက်ရောက်တော့ အဲဒီနာမည်တွေ ကြားဖူး နားဝရှိပြီး ရမ်းသန်းဖြီးဖြန်း လိုက်ပုံရပါတယ်။ နဝတက ဘိန်းမှုနဲ့ဖမ်းပြီး ထောင် နှစ်(၄၀)ချလိုက်တဲ့၊ မန္တလေးထောင်ထဲမှာဘဲ သေသွားတဲ့ ရလလဖ ဘဏ္ဍာရေး တာဝန်ခံ ဗိုလ်မှူးစစ်အောင်ခိုင်ဆီက ကြားတာဖြစ်ပါလိမ့်မယ်။ ရလလဖ ငြိမ်းချမ်းရေးရစကာလတွေမှာ ဦးကျော်မြင့်က ဗိုလ်မှူး စစ်အောင် ခိုင် ဆီ ခဏခဏဝင်ထွက် ဆက်စပ်နေခဲ့တယ် မဟုတ်ပါလား။ မန္တလေးထောင်ထဲမှာလည်း မိတ်ဟောင်းဆွေဟောင်းတွေ ပြန်လည် ဆုံစည်းမိကြမယ်ထင်ပါတယ်။
၈ လေးလုံးအပြီး ကချင်ပြည်ဘက် KIA ဘက်တောခိုတဲ့ကျောင်းသားတွေဟာ ABSDF (မြောက်ပိုင်း) အဖြစ် ဖွဲ့စည်းပြီး တပ်ရင်း ၇၀၁၊ ၇၀၂၊ ၇၀၃ တို့ကိုတည်ထောင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၉၄ နှစ်ဆန်းပိုင်းမှာ KIA အပစ်အခတ် ရပ်စဲပြီးနောက် ABSDF အဖြစ် ဆက်လက် ရပ်တည်ခွင့် မရတော့တဲ့အတွက် တချို့က KIA အဖြစ်ကူးပြောင်း၊ တချို့က မုံးကိုး DPA လိုဘဲ တရုတ်ပြည်ထဲခိုလှုံ၊ တချို့က ရှမ်းပြည် ဘက် ကူးလာပြီးနောက် ထိုင်းနိုင်ငံထဲခိုလှုံသူခိုလှုံ၊ ကိုသံချောင်းတို့ကတော့ SSA (တောင်ပိုင်း) တပ်မဟာ ၂၄၁ အဖြစ်ခံယူဖွဲ့စည်းပြီး နောက်ဆုံး ၂၀၀၆ နှစ်ဆန်းရောက် တော့ SSA (တောင်ပိုင်း) တပ်မဟာမှူး ခွန်ကျော်အဖြစ် ရှမ်းပြည်မြောက်ပိုင်းမှာ နအဖတပ်တွေရဲ့ ဝိုင်းပိတ်တိုက်ခိုက် ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ABSDF (ကချင်) ရဲ့ အဓိကခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ကိုအောင်နိုင်ဟာ အခု ချင်းမိုင် မှာ VOA သတင်းထောက်အဖြစ် အရှင်လတ်လတ်ရှိသေးသလို ချင်းမိုင်ရောက်တပ်မှူးတဦးကလည်း မကြာသေးခင်က ရမ်ဘို-အပိုင်း ၄ ရုပ်ရှင်မှာတောင် နအဖစစ်ဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။
ဒါကြောင့် ၂၀၀၀ ခုနှစ်ဒီဘက်ပိုင်းမှာ ကချင်ပြည်ဘက်မှာ ABSDF (ကချင်) ဆိုပြီး လှုပ်ရှားနေတာ လုံးဝမရှိတော့သလို ရှမ်းပြည် တောင်ပိုင်းဘက်မှာလည်း DYA သော်၎င်း၊ ထင်ကျော်အဖွဲ့သော်၎င်း နအဖကို စစ်ရေးအရ တိုက်ပွဲဝင်နေတာ မရှိတော့ပါဘူး။ ဒီတော့ နအဖစစ်အစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင်နိုင်ဖို့ ABSDF (ကချင်)၊ DYA ၊ ကိုထင်ကျော်အဖွဲ့တွေကို ဦးကျော်မြင့်တို့ UDP အဖွဲ့က ဒေါ်လာ ဘယ်နှစ်သောင်းလှူတယ်ဆိုတာ လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်လှည့်စားဖို့ ဖြီးလုံးဖြန်းလုံးသက်သက်တွေသာ ဖြစ် တယ် ဆိုတဲ့အကြောင်း ဖြစ်ရပ်မှန်များကို ဖော်ထုတ် ဖွင့်ချလိုက်ရပါတယ်။

ရဲဘော်ပိုင် (DPA)

“ အော် ညီလေးမောင်ကျော်မြင့်က မြန်မာပြည်ကိုကယ်တင်ချင်သတဲ့လား ”
Written by မြန်မာပြည်သား, February 26, 2009
ယူဒီပီပါတီကြီးက မြန်မာပြည်သူလူထုရဲ လူ့နေမှုဘ၀မြှင့်တင်ရေးကို လုပ်ဘို့ ရည်ရွယ်ထားဆိုပဲ၊ ခင်ဗျားလို သူများငွေလျှောက်လိမ်နေတဲ့လူက မြန်မာပြည်သူလူထုရဲ့ လူနေမှုဘ၀ကို ဘယ်လိုမြှင့်တင်မလဲ၊ ဗဟုသုတရအောင် ပြောပြစမ်းပါ။ ကျွန်တော့ဘက်ကတော့ ခင်ဗျားရန်ကုန်မှာ ဘယ်လောက်လိမ်ခဲ့ တယ်ဆိုတာ လေးပြောပြချင်တယ်။

တလောကမှ နယူးယောက်ကို ရောက်လာတဲ့ တရုတ်တစ်ယောက်က ကျုံယွမ်ကျော်မြင့်ဆိုရင် ရန်ကုန်ကလူတွေက ခုချိန်အတိ တသသဖြစ်နေဆဲဖြစ်ကြောင်း ပြောပြရှာပါတယ်။ ချစ်လွန်းလို့  မဟုတ်ပါ. ခင်ဗျားကို တွေ့ ရင် အရေခွံဆွဲဆုတ်ဘို့ ဖြစ်ပါတယ်။
ခင်ဗျားရဲ့ ကျုံယွမ်ကုမ္ပဏီက ငွေလာအပ်သူတွေကို တလ၅% နဲ့ အတိုးပေးမှာဖြစ်ကြောင်း ကြော်ငြာလိုက်တော့ သက်ကြီးရွယ်အိုပင်စင်စားများ၊ စီးပွားရေးကို နားမလည်သူ၊ လုပ်ကိုင်မစားတတ်သူမြန်မာများက ရှိသမျှ နားကပ်၊ ဆွဲကြိုး၊အိမ်၊ကား ချရောင်းပြီး ငွေတွေ့လာအပ်တယ်လို့  ဆိုတယ်။ အစပိုင်းမှာ ခင်ဗျားက အတိုးပေးနေပြီး နောက်ပိုင်းတော့ အတိုးမပေးနိုင်တော့ပါ၊ ခင်ဗျားက နောက်ဆုံးမှာ အစုရှယ်ယာ ဈေးများ ထိုးကျသွားကြောင်း ဒေ၀ါလီခံရတော့မှာဖြစ်ကြောင်းပြောတော့ လူထောင်ပေါင်းများစွာဟာ အပူသောကကြီးစွာ ရင်ဆိုင်ကြရရှာပါတယ်။ ၁၀ သိန်းလောက်အပ်ထားသူတွေဟာ အရင်းငွေထဲက တစ်သောင်းနှစ်သောင်းလောက်တောင် မနည်းပြန်ရအောင် စောင့်တောင်းကြရတယ်လို့  ဆိုတယ်။ နောက်ဆုံးမှာတော့ ခင်ဗျားကို ပြစ်မှုထင်ရှားလွန်းလို့ တရားစွဲရတယ်။ ခင်ဗျားအမှုရင်ဆိုင်နေချိန်မှာ ခင်ဗျားရဲ့ ကုမ္ပဏီက စားပွဲ ကုလားထိုင်များကအစ ချပြီးရောင်းနေရတယ်လို့ ပြောပြပါတယ်။
အဲဒီတုန်းက လူထောင်ပေါင်းများစွာကို ဘ၀ပျက်လောက်အောင်လုပ်ခဲ့တာတွေု မှတ်မိပါသေးရဲ့ လား?

အခုလဲဗန်ကူးဗားကကုမ္ပဏီကို ရန်ကုန်မှာ လုပ်သလိုမျိုး ခင်ဗျားကလုပ်ဘို့ စဉ်းစားထားတာ။ ဖြစ်ချင်တော့ American Security Exchange Commission က ရန်ကုန်အစိုးရထက် အများကြီးပိုပြီးစံနစ်ကျတဲ့ အပြင် ဒီကလူတွေက မြန်မာပြည်ကလူတွေထက် အစုရှယ်ယာအကြောင်းကို ပိုပြီး နားလည်သူတွေဖြစ်နေတာပဲ၊ ဒီ American Security Exchange Commission က ခင်ဗျားတို့  ရှယ်ယာရောင်းတဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာလည်ပါတ်မှု၊ အကျိုးအမြတ်ထွက်ပေါ်မှု ရှိမရှိဆိုတာတွေကို ၄လတစ်ခါ တရားဝင်စာရင်းထုတ်ပြန်ခိုင်းတယ်။ ဒီလိုလုပ်ခိုင်းတာဟာ ရှယ်ယာပိုင်ဆိုင်သူတွေ၊ ရှယ်ယာဝယ်လိုသူတွေ၊ ပွဲစားတွေ လေ့လာနိုင်အောင်လို့ ဖြစ်တယ်။ ဒီဇင်ဘာလထဲမှာ
ကုမ္ပဏိရဲ့ ၎လစာ သတင်းထုတ်ပြန်ချက်မှာ ရေးထားတာက ခင်ဗျားတို့ လုပ်ငန်းကို ဘယ်သူမှသုံးမဲ့ လူမရှိ၊ ၀ယ်မဲ့လူမရှိလို ဒီအတိုင်းဆက်သွားရင် ဘယ်လိုမှ ရပ်တည်နိုင်တော့မှာ မဟုတ်ကြောင်း ရေးသားထားတယ်၊ ဒါပေမဲ့လည်း ခင်ဗျားတို့  ရှယ်ယာတွေဟာ နှစ်လအတွင်း အဆ၃၀မက ထိုးတက်သွားးပြီး ဇန်န၀ါရီ ၂၁ရက်နောက်ပိုင်းမှာတော့ ၀ယ်သူလုံးဝမရှိရပ်တန့်သွားတယ်။ မကြာခင်ဒေ၀ါလီခံရတော့မဲ့ ကုမ္ပဏီက ရှယ်ယာတွေကို လူတွေက ဘာသဘောနဲ့ ၀ယ်နေကြတာလဲ၊ စဉ်းစားစရာကြီးပါလား။
ဇန်န၀ါရီ လ(၂၈)ရက်နေ့ မှာ SEC က ခင်ဗျားတို့ ရှယ်ယာ FCCE ကို ခေတ္တရပ်တန့်ထားဘို့ အမိန့် ချမှတ်လိုက်တယ်။ ရှယ်ယာဝယ်ထားတဲ့ လူတွေကတော့ ဆုံးပြီပေါ့၊ ဘယ်သူတွေက၀ယ်ထားတယ်ဆိုတာကတော့ ခင်ဗျားနဲ့ ခင်ဗျားရဲ့ ရှယ်ယာ အရောင်းကိုယ်စားလည်ကြီးများ အသိဆုံးပေါ့ဗျာ။ သေချာတာကတော့ ခင်ဗျား ရဲ့ နာမည်ဟာ ဗန်ကူးဗားမှာ သုံးမရအောင်ပျက်ပြီ၊ ခင်ဗျားရဲ့  Moonlighting President Jessica Chiang ကလည်း အခုတော့ မြောင်းထဲကို ရောက်ပြီပေါ့၊ နောက်ပြီးတော့ ခင်ဗျားကို နိုင်ငံရေးအရ အထောက်အပံ့ပေးသူတွေလည်း ဒုက္ခရောက်ပြီ၊ အဲ အရေးအကြီးဆုံးအချက်ကတော့ နိုဝင်ဘာလ (၅)ရက်နေ့ မှာ ရှယ်ယာတစ်ခုကို ၉၂ပြားနဲ့ ရှယ်ယာပေါင်း ၁၆၃၅၀၀ ၀ယ်သွားတဲ့လူက ခင်ဗျားကို အခုလောက်ဆိုရင် တရားစွဲနေလောက်ပြီ၊ ခငိဗျားရဲ့ ကုမ္ပဏီိဟာ ၂ပါတ်ခန့် အရပ်ဆိုင်းခံရပြီးနောက် အခုဆက်လက်လည်ပါတ်နေပါတယ်။ ဒါပေမဲ့ ၀ယ်သူလုံးဝမရှိပါ၊ လုံးဝ (လုံးဝ) တန်ကြေးမရှိတဲ့ အစုရှယ်ယာကို ခင်ဗျားရောင်းခဲ့တယ်ဆိုတာ သက်သေပါပဲ၊
ဘာတဲ့၊ ခင်ဗျားဗွီအိုအေကို ပြောသွားတာက Vancouver Sun က သတင်းထောက် David Baines ဟာ ခင်ဗျားကို မှားယွင်းရေးမိတဲ့အတွကိ တောင်းပန်ကြောင်း စာရေးတော့မယ်၊ ဟုတ်စ၊ ဒီစကားဟာ ဘာကိုပြောသလဲဆိုတော့ ခင်ဗျားမှာ ငွေပဲရှိ့ပြီး ဦးဏှောက်ထဲမှာ ဟောင်းလောင်းဖြစ်နေကြောင်းကို ပြောတာ၊ ခင်ဗျား မမေ့ဘို့ က ဒီနေ့ မြန်မာလူငယ်တော်တော်များများဟာ အင်တာနက်ကို ကောင်းကောင်းအသုံးပြုပြီး အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်ဖတ်တတ်တယ်ဆိုတာပဲ၊ ခင်ဗျားကို နာမည်ကြီးသွားအောင် လုပ်ပေးတဲ့ သူ့ အကြောင်းကို နည်းနည်းလေးမြည်းစမ်းဖတ်ကြည့်ပါအုံး။

David Baines has been uncovering white collar crime, stock fraud in particular, for the past 23 years. He has an MBA from the University of Western Ontario and has won four National Newspaper Awards, a National Magazine Award and five Jack Webster Awards. His column appears regularly on Wednesdays and Saturdays, and on other days as events occur



အခုတလောရတာစားမယ်တို့၊ဝေစားမယ်တို့၊ပေးသလောက်ယူမယ်တို့ကြားနေရတယ်။
ကျွေးသလောက်စားပေးသလောက်ပဲယူတာတိရိစ္ဆာန်တွေလူမှန်ရင်လိုချင်တာကိုပဲယူတတ်တယ်မိန်းမယောကျာင်္း ရတာယူတာရှိလား ခွေးတွေပဲရတာယူတာတော်သလင်းမှာ၊......

ဘကျော်ကိုယ်ဘာသာငနေးတွေနဲ့၇ဒေါ်လာတန်ဝိုင်လေးရှယ်သောက်ရင်းနှပ်နေတာဟိုကောင်ရဲရင့်လာလာ
ဂျီကျနေတာနဲ့ရေးရအုံးမယ်။။ ။
ပြသာနာစတာကဟိုကောင်ငအောင်ပေါ့ပါလီမန်တို့အမတ်တို့အသံကြားရင်သူဖင်ယားနေပြီမသေခင်အမတ်ဖြစ် ရပါလို၏ဆိုပြီးဘုရားမှာသစ္စာဆိုထားတဲ့ကောင်လေ၊၂၀၁၀ကလည်းနီးလာ၊ပိုက်ဆံကလည်းပြတ်၊ဆိုတော့ရရာဆွဲ
စာထားလိုက်တာမြန်မာလိုနိုင်ငံရေးဆိုတာတောင်စာလုံးပေါင်းမှန်အောင်မရေးတတ်တဲ့ကျော်မြင့်အမည်ခံစောက် ယူနန်တရုတ်၊သူကလည်းအကြံနဲ့ငအောင်ကိုပေါင်းတာ၊ရှယ်ယာတွေဆုံးကုန်တော့လုပ်စားစရာကမရှိ၊ပြည်တွင်း ကသူ့လူတွေကလည်းလမ်းကြောင်းပိတ်နေဆိုတော့ပြည်တွင်းကိုပြန်ဝင်နိုင်ဖို့လမ်းကြောင်းကဒီတလမ်းပဲရှိ
တော့တယ်၊ကုန်ကျစရိတ်သူခံမယ်ဆိုပြီးငအောင်ကိုပေါင်းတာ၊ရန်ကုန်ကသတင်းထောက်တွေကြိုပြောထားမယ်၊
ူအဲဒီစောက်တရုတ်ရန်ကုန်ရောက်လို့ခွန်ဆာသားပိုင်တဲ့ဘာ....ဝေါဆိုလား......အဲဒီဆိပ်ကမ်းဘက်သွားရင်အ
နောက်ကလိုက်ပေတော့၊အခုကနေဒါမှာဘိန်းဖြူကအစကတယူနစ်ကို7$အခု8$လောက်ရှိတော့တော်တော်
တွက်ခြေကိုက်တယ်၊ပြီးခဲ့တဲ့ လအနည်းငယ်ကအန္ဒိယကလာတဲ့ပုံးတွေရဲ့မျက်နှာသုတ်ပုဝါတွေအောက်မှာထည့်
ပို့တာဗန်ကူးဗားဆိပ်ကမ်းမှာမိသွားတာသန်းဂ၀လောက်ရှိတယ်။လိပ်မူထားတာကတိုရန်တိုကိုလေ၊
ဗွီအိုအေနဲ့အင်တာဗျူးတယ်..ချီးကျွေးပြောရင်တောင်ယုံမရတာတွေရှောက်ပြောသွားတယ်။ဘကျော်နန်းတွင်းက
မန္တလေးထောင်မိန်းမဆောင်ဘေးကငါးကန်နဲ့ဝက်ခြံကြားကတန်းလျားမှာနေလာတဲ့ကောင်၊အပြင်က၀က်ခြံမှာ လုပ်တာအများဆုံးတနှစ်အထိပဲကျတဲ့စစ်ပြေးတွေခြေကျင်းခတ်မထားဖူးကျန်တဲ့ကောင်တွေအထဲမှာပဲနေရတယ် အပြင်ဆိုလိုချောင်းစပ်ချီးပုန်းထွက်သွန်တဲ့ကောင်ပဲရှိတယ်၊မင်းလွတ်တယ်ဆိုရင်လည်းချီးပုန်းထွက်သွန်ရင်းလွတ် တာနေမှာ(ချီးပုန်းကျော်မြင့်)၊စာဝေလို့ဟုတ်လား.၀တွဲဖက်ဘဏ်ဏာရေးမှုးနဲ့ဘာဆိုင်လို့လည်း၊မင်းတို့သာနိုင်
ငံရေးစိတ်ဝင်စားရင်ဗမာပြည်ဒီမိုကရေစီရကြာပေါ့...။
ဘာ..ဆေးရုံကတဆင့်လွတ်တာ...အရူးချီးပန်းရှောက်ပြောမနေနဲ့ဟိုမှာငါ့အမျိုးတွေအကုန်အလုပ်ပြုတ်ကုန်လိမ့်မယ်..
ထားလိုက်ပါ..အရူးပြောအရူးယုံလို့ပဲ.....
ဘာ..ဧရာဝတီကိုတရားစွဲမယ်ဟူတ်လား..စွဲစွဲ.ဆောင်းပါးတွေပုံတိုပတ်စတွေရေးတဲ့ဟိုကောင်ငစိုးအခန်းထဲပြန့် ကျဲနေတဲ့အရက်ပုလင်းအခွံတွေပဲမင်းလျော်ကြေးရလိမ့်မယ်။ အန္ဒိယမှာသံချပ်ထိုးရင်အနောက်က၀ါးလက်ခုပ်
တီးတဲ့ကောင်လေး၊နော်ဝေအသံလွှင့်ပြဇာတ်တွေမှာအနောက်က ဝေလေလေအော်ပေးရတဲ့ချာတိတ်၊ဗမာပြည်
ဝင်လိုက်ထွက်လိုက်နဲ့မင်းလည်းသတိထား၊ပဲလှော်ကြားဆားညှပ်မယ် တော်ကြာရွေးကောက်ပွဲမပြောနဲ့ဗန်ကူဗားကတင်နွယ်တို့အာဇူးတို့အဖွဲ့ကလက်ကမြန်မြန်၊လေဆိပ်တောင်မ
ရောက်ပဲဖြစ်နေအုံးမယ်....ငအောင်ကထားလိုက်ပါတော့၊ကျော်မိုးလိုချာတိတ်ကိုအတွင်းရေးမှုးပေးပြီးချီးပုန်းကျော်
မြင့်က နိုင်ငံခြားရေးတာဝန်ခံ တဲ့၊ဆိုလိုတာကတော့......

နိုင်ငံခြားရေးတာဝန်ခံ = ဗန်ကူးဗားဆိပ်ကမ်းသိုရောက်လာသောဘိန်းဖြူများကိုတာဝန်ခံရယူရန်။

ငါ့ဟာငါဝိုင်လေးနဲ့နှပ်နေတာမင်းရဲ့စီးပွားရေးစိတ်မ၀င်စားဘူး၊ငါပြောနေရတာမင်းအလုပ်မင်းလုပ်၊နိုင်ငံရေး
ထဲဝင်မရောပါနဲ့၊ကျောင်းသားနဲ့နိုင်ငံရေးသမားတွေကိုဆွဲမစားနဲ့၊မင်းအနောက်ဘယ်သူတွေလိုက်နေတယ်
်ဆိုတာမင်းလဲသိပါတယ်၊အပြစ်လွတ်အောင်ဟန်ပြဧရာဝတီကိုတရားစွဲတာမဟုတ်လား၊
UDPကိုဖျက်လိုက်ပါ၊
မင်းအလုပ်မင်းတိုးတိုး တိတ်တိတ်လုပ်ပါ၊၊သဘောပေါက်တယ်နော်...
ကနေဒါမှာပိုက်ဆံရှိတိုင်းလုပ်လို့မရတာ
တွေအများကြီးရှိတယ်..

This is Canada not SPDC Area..... OK..

အခုလည်းဝသုံးလေးယောက်ဗန်ကူးဗားရောက်ပြီးပါတီထဲဝင်ဖို့နေ့ဖက်လိုက်ဆွယ်တယ်ညဖက်အဆက်အ
သွယ်လိုက် ရှာတယ်။။။အောင်ခင်ဆိုတဲ့ကောင်ကိုအီးမေးလ်တွေပို့ခိုင်းပြီးသူတို့လုပ်တာနှောက်ယှက်သူဘာ
ဖြစ်မယ် ညာဖြစ်မယ်နဲ့..

ဘကျော်တို့ကတော့ရယ်ဒီပဲ..စွဲမလား..လဲမလား.......ဘကျော်..တိုရန်တိုCITY HALL အဟောင်းတ၀ိုက်တွင်
်နေသည်၊။သွားလိုက်အုံးမယ်...တာပေါ်ရေမကျော်ပါဖူးချီးပုန်းကျော်မြင့်ရာ....

YO YO YO.......

အနောက်ကဆိုင်ဘာပိုင်ရှင်ကုလားအင်တာနက်ဖိုးလှမ်းတောင်းခြင်းဖြစ်သည်။ခါးကြားက၀ိုင်ပုလင်းနှင့်ပစ်မလို့
ုရွယ်လိုက်သည်။ကုလားအထဲဝင်ပြေးသည်၊။

ဘကျော်ကွ..အိန္ဒြာကျော်ဇင်ကလွဲလို့ဘယ်သူကျော်တာမှခံခဲ့တဲ့ကောင်မဟုတ်ဘူး...

အိုင်ဒီစီကလက်မခံတော့လို့(အဲ)မသေလို့ကနေဒါရောက်လာတာကွ....အေးလိုက်တာလည်းလွန်ရော.......

ဘဘကျော် ။ ။

(စာရေးသူ၏အာဘော်ဖြစ်သာသည်)
ရဲရင့်ငယ်အားတရားစွဲချင်လည်းစွဲနိုင်ပါသည်။
ကက်စီနိုရှုံးထားသောခရက်တစ်ကဒ်သုံးခုပေါင်း၂၉၈၇၇ဒေါ်လာတိတိရှိပါသည်။
ဦးကျော်မြင့်ပိုက်ဆံတွေလည်းငွေဖြူဖြစ်တာပေါ့နော......


(ငနေး = Nativeလူမျိုးများအားချစ်စနိုးခေါ်ဝေါ်ခြင်း)

၀၈၀၃၂၀၀၉ ဒိုင်ယာရီ


ခွေးနေရာမရတော့ပြီ။



file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


‘၁၉၅ဝ ခုနှစ်များ ကျောင်းသားလှုပ်ရှားမှု’

အောင်ဝေး
မတ် ၇၊ ၂၀၀၉

‘ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍၊ လွတ်လပ်ရလေ၊ တို့တတွေသည်၊ အိုးဝေကျေးဇူးပါတကား’ ခွပ်ဒေါင်းသွေးနဲ့ ရင်းပြီးယူရတဲ့ မြန်မာ့လွတ်လပ်ရေးဟာ ရပြီးတာနဲ့ မကြာခင်မှာပဲ ပြည်တွင်းစစ်မီးကြီး ကူးစက် လောင်မြိုက်ခံရပါတော့တယ်။

၁၉၄၈ခုနှစ်၊ မတ်လ(၂၈)ရက်နေ့မှာ ဖဆပလ အဖွဲ့ထဲက အထုတ်ခံလိုက်ရတဲ့ သခင်သန်းထွန်းရဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ လက်နက် ကိုင်တော်လှန်ဖို့ တောခိုသွားခဲ့ပါတယ်။

၁၉၄၈ သြဂုတ်လမှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့၊ ညီညွတ်ရေးကောင်စီ ဖွဲ့တယ်။ ဒီအထဲမှာ တပ်မတော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်တွေ ပါတယ်။ ညီညွတ်ရေးကောင်စီရဲ့ အတွင်းရေးမှူးက ဦးသိန်းဖေမြင့်၊ ဗိုလ်ချုပ်နေဝင်း ညီးညွတ်ရေးကောင်စီက ဦးနုရဲ့ အိုင်စီအက်စ် ဦးကာဇီ အစရှိတဲ့ ဗျူရိုကရက်တွေ အခြေခံပြီး အစိုးရ ဖွဲ့မယ့် အစီအစဉ်ကို တားဆီးဖို့ပါ။

အကယ်၍ ဦးနုက အသာတကြည် လက်မခံဘူး ဆိုရင် ညီညွတ်ရေးကောင်စီက ပုန်ကန်ပြီး အာဏာသိမ်းဖို့ ကြံစည်ထားတယ်။ ဒါပေမဲ့ ဒီကိစ္စကို တောထဲရောက် သခင်သန်းထွန်းတို့ ဗကပ က လက်မခံတဲ့အတွက် မြန်မာပြည်မှာ အစောဆုံး စစ်တပ် အာဏာသိမ်းမှု ဖြစ်မယ့်ဘေးက ရှောင်လွှဲ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၄၉ မှာ ဖဆပလ အစိုးရကို ပုန်ကန်တဲ့ ကေအင်ဒီအို ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ဆက်တိုက် ပေါ်ပေါက်လာပါတယ်။

၁၉၅၁ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှာတော့ ABSU ကနဦး ဗကသ ညီလာခံကို ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ All Burma students Union (ABSU) ကို ဖျက်သိမ်းလိုက်ပြီး ABFSU လို့ ခေါ်တဲ့ All Burma federation of Students Union ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (လက်ရှိ ဗကသများ အဖွဲ့ချုပ်) ကို ပြောင်းလဲ ဖွဲ့စည်းလိုက်ကြပါတယ်။

ဒီအချိန်မှာပဲ ရန်ကုန်သက္ကသိုလ် အဝန်းအဝိုင်းမှာ ကျောင်းသားအုပ်စု (၂)ခုကွဲထွက်သွားပါတယ်။ တခုက PSF (Progressive Students Force) တိုးတက်သော ကျောင်းသားများအင်အားစု ဖြစ်ပြီး၊ ကျန်တခုက DSO (Democratic student’s Organization) ဒီမိုကရက်တpfကျောင်းသားများအဖွဲ့ ဆိုပြီး ဖြစ်ကြတယ်။

DSO ကျောင်းသားအဖွဲ့ကို ဖဆပလ ဝန်ကြီး ဦးကျော်ငြိမ်းနဲ့ ဇနီး ဒေါ်နွဲ့နွဲ့ရီတို့က ရပ်ခံပေးထားကြတာဖြစ်လို့ ဒီအဖွဲ့ကို အစိုးရ လက်ကိုင်တုတ်၊ ကျောင်းသား ညီညွတ်ရေး ဖြိုခွဲသူတွေလို့ သတ်မှတ်ကြပါတယ်။

၁၉၅၃ မှာ အောက်တိုဘာ ကျောင်းတလပိတ်ရေး အရေးတော်ပုံ ပေါ်ပေါက်လာပါတယ်။ လွတ်လပ်ရေးရပြီး၊ ဖဆပလ အစိုးရလက်ထက်၊ တက္ကသိုလ်နယ်မြေမှာ စစ်တပ်ရဲ့ သေနတ်သံ ပထမဆုံး ထွက်ပေါ်လာတဲ့ အရေးအခင်းပါပဲ။ ရန်ကုန်နဲ့ မန္တလေးက တိုးတက်ကျောင်းသား ခေါင်းဆောင်တွေ အများအပြား ဖမ်းဆီး ထောင်ချခံရ၊ ကျောင်းထုတ်ခံကြရပါတယ်။ ဒီသပိတ်တိုက်ပွဲမှာ DSO ကျောင်းသားတွေ မပါဝင်ခဲ့ကြပါဘူး။

အောက်တိုဘာ အရေးတော်ပုံအပြီးမှာ ဦးသာဘန်း၊ မောင်လင်းယုန် (ရှမ်းပြည်) စတဲ့ တိုင်းရင်းသားလူမျိုးစု ကျောင်းသားခေါင်းဆောင်တွေ ပါဝင်လာတဲ့အတွက် တိုးတက်ကျောင်းသားများအင်အားစု (PFS) ကို ဖျက်သိမ်းပြီး၊ ‘တပ်ဦး’ လို့ခေါ်တဲ့ ရန်ကုန်သက္ကသိုလ်ကျောင်းသား ညီညွတ်ရေးတပ်ဦး (Students United Front) SUF ကို ပြည်မနဲ့ ပြည်နယ် ကိုယ်စားပြုပြီး ဖွဲ့စည်းလိုက်ပါတယ်။

သမဂ္ဂရွေးကောက်ပွဲတွေ အဆက်ဆက် ဒီတပ်ဦးနဲ့ DSO တို့ဟာ အပြိုင်အဆိုင်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၅၃ နောက်ပိုင်းမှာတော့ ကျောင်းသားထု ထောက်ခံမှု မရတော့လို့ DSO ဒီမိုကရက်တစ် ကျောင်းသားများအဖွဲ့ ရပ်ဆိုင်း ပျောက်ကွယ်သွားခဲ့ပါတယ်။

‘စစ်ကိုမလိုပါ၊ ငြိမ်းချမ်းရေးသာ ပေးကြပါ၊ စစ်ဆိုသည်မှာ အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာ’ မြတ်လေးတို့၊ စန္ဒာချစ်ဆွေတို့ရဲ့ ပြည်တွင်းစစ် ဆန့်ကျင်ရေး တေးသံတွေ တက္ကသိုလ်နယ်မြေမှ ပျံ့နှံ့ နေတဲ့အချိန်မှာပဲ တရုတ်ဖြူ ကျူးကျော်မှု အရေးအခင်းကလည်း ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။

အဲဒီခေတ် ရန်ကုန်၊ မန္တလေး ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေကို ရေးဖွဲ့ခဲ့တဲ့ မောင်သာရရဲ့ ‘ကျဉ်တုပ်ခံဝံ့ မခံဝံ့’ ၊ သိန်းသန်းထွန်းရဲ့ ‘အချစ်ဦးလေးရဲ့ အချစ်ရူး’၊ နတ်နွယ်ရဲ့ ‘အပြာနဲ့ အဝါ’၊ ကျော်အောင်ရဲ့ ‘သမဂ္ဂအလံတော်အောက်ဝယ်’ ၊ မင်းကျော်ရဲ့ ‘ငါတို့ခေတ်နှင့် အပြိုင်’ ဝတ္ထုကြီးတွေကို ကျနော် အမှတ်ရလာပါတယ်။

၁၉၅၆ မှာ ဖဆပလ ရဲ့ အထွေထွေ ရွေးကောက်ပွဲ လုပ်တယ်။ အဲဒီမှာ ဖဆပလ ကို အတိုက်ခံလုပ်မယ့် ‘ပမညတ’ ဆိုတာ ပေါ်ပေါက်လာပါပြီ။ ဒီအချိန်မှာ ကျောင်းသားတွေကလည်း တကသ (၂၅) နှစ်ပြည့် ငွေရတုသဘင်ကျင်းပပြီး၊ ဗကသများအဖွဲ့ချုပ် ABFSU ရဲ့ စတုတ္ထကွန်ဂရက် ကို ခေါ်ယူကျင်းပခဲ့တယ်။

၁၉၅၆ မတ်လထဲမှာ သတ္တမတန်း အစိုးရစစ် စာမေးပွဲ မေးခွန်း ပေါက်ကြားမှုဖြစ်ပြီး ဟယ်ရီတန် အရေးအခင်း ပေါ်ပေါက် ပျံ့နှံ့ သွားပါတယ်။ ဖဆပလ စစ်တပ်က ပစ်ခတ် နှိမ်နင်းလို့ စိန့်ပေါကျောင်းသား ဟယ်ရီတန် ကျဆုံးခဲ့ရတယ်။ ဒီတိုက်ပွဲဟာ လွတ်လပ်ပြီးခေတ် ဖဆပလ လက်အောက်မှာ ကျောင်းသားသွေး ပထမဆုံး မြေကျရတဲ့ တိုက်ပွဲပါပဲ။

၁၉၅၆၊ အောက်တိုဘာ (၁၆)ရက်နေ့မှာတော့ ဖဆပလ အစိုးရက ကျောင်းသားသမဂ္ဂများကို ရက်ပေါင်း(၃ဝ)အတွင်း ဖျက်သိမ်းရမယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ကိုလိုနီခေတ်မှာတောင် ဗြိတိသျှအစိုးရက တရားဝင် ရပ်တည်ခွင့်ပြုခဲ့တဲ့ ကျောင်းသားသမဂ္ဂတွေကို ဖဆပလ အစိုးရက အခုလို လုပ်တာကို မကျေနပ်တဲ့အတွက် တပြည်လုံးမှာ ကျောင်းသားတွေ ဆန္ဒပြ သပိတ်မှောက်ကြပါတယ်။

၁၉၅၃ အောက်တိုဘာ သပိတ်ပြီးရင် အခု ၅၆ သမဂ္ဂပိတ်ပင်မှု ဆန့်ကျင်ရေးသပိတ်ဟာ အစိုးရနဲ့ ကျောင်းသားတွေအကြား ဒုတိယအကြိမ် ထိပ်တိုက် ရင်ဆိုင်မှု ပါပဲ။ ဒီတိုက်ပွဲမှာလည်း တပြည်လုံးက ကျောင်းသားခေါင်းဆောင်တွေ အမြောက်အများ ဖမ်းဆီးထောင်ချခံရ၊ ကျောင်းထုတ်ခံကြရပါတယ်။

ဒီလို ဖိနှိပ်ချုပ်ချယ်မှုကြားကပဲ ကျောင်းသားသမဂ္ဂဟာ ၁၉၅၈- ပြည်တွင်းစစ် (၁ဝ) နှစ်ပြည့်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ဗိုလ်မှူးချုပ်ဟောင်း ကျောဇော တို့ ဦးဆောင်တဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်းဂရက် (မြန်မာနိုင်ငံ) နဲ့ အတူ ငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး ဆင်နွှဲခဲ့ကြပါတယ်။

ဒီ ၁၉၅၈ မှာပဲ ဗကသ ပဉ္စမ ကွန်ဂရက်က ထုန်ပြန်လိုက်တဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး ကြွေးကြော်သံတွေဟာ ခွပ်ဒေါင်းအလံတွေနဲ့ အတူ လူထုထဲမှာ လွှင့်ပျံနေခဲ့ပါတော့တယ်။ ။

[ မူရင်း - လွတ်လပ်သည့်အာရှအသံ ]

what kind of performance

ဖိုင်ရယူရန်

အလုပ်သမားအမျိုးသမီးကော်မတီ၏ထုတ်ပြန်ကြေငြာချက်

ဖိုင်ရယူရန်
လမင်းခင်ပေးပို့သည်။