Wednesday, March 11, 2009

မလေးမေရဲ့ချက်ကြီး

ကိုရဲ၇င့်ေ ရ စကောလားရှစ် လင့်လေးတွေကိုဝင်ကြည့်ဖြစ်တယ်ဗျာ စိတ်ဝင်စားဖို့ကောင်းပါတယ် ဒါ ပေမယ့်တော်တော်များများက အဲဒိရောက်နေ ပြီးသားကျောင်းသားတွေအတွက် ဖြစ်နေ တယ်ဗျ ကျွှန်တော်တို့လို အပြင်ကကြိုးစားနေသူတွေအတွက် သိပ်မတွေ့ရဘူးနော် .....
ပြောရရင် ကျွှန်တော့်မှာက ကျောင်းစရိတ် တော့တတ်နိုင်ပါတယ် ဒါ ပေမယ့် ဗီဇာ စည်းကမ်းတွေအရ ဒိပိုက်ဆံဘယ်က ရ လဲတို့ ကျောင်းတက်နေစဉ် ထောက်ပံ့နိုင်မယ့် ၀င်ငွေ ရှိုလုပ်ငန်းတို့ အဲဒိ ကနေ ဒါ မှာ ရှိနေစဥိ အစ စ တာဝန်ယူနိုင်မယ့်  လူ (စ့ပွန်ဆာ ဆိုတဲ့ဟာတို့  ) မ၇ှိတော့ ဂွ ကျနေ တာဗျ ..အိမ်မှာ က မိဘတွေ က ပင်စင်စားတွေ လေ ....၀င်ငွေ ဆိုလို့ ကျွှန်တော့်ဒိမှာ လုပ်လို့၇တာဘဲ၇ှိတယ် လေ ..ကျောင်းစ၇ိတ်ကတော့ ချေူးမယ့်သူရှိလို့ပါ ......ဘဏ် စတိတ်မန့်ဆိုတာလည်း ရနိင်ပါတယ် ...ဂွကျနေတာက အဲဒိဘက်က စပွန်ဆာ ဘဲ လိုနေတာ ဗျ ....
ရှိသေးရင် နဲနဲ ပေးပါ .....ဗျိုူ့

ယူအေအီး က ချက်ကြီး
ရှင်းပါဦး။ပို့စ်လေးနဲ့ပေါ့၊

ယူအေအီးက ကိုချက်ကြီးရှင့် ...........
စကောလားရှစ် ပရိုဂရမ်ကိုတော့ ဖြင့် မလိုက်စားမိသေးပါ..
ဒါပေမယ့် ကိုချက်ကြီးပြောတဲ့ .ကျောင်းစားရိတ်ကို ကိုယ်တိုင်တော့ တတ်နိုင်ပါတယ်... မိဘ ဘက်က supporting ကိုတော့ မပြနိုင်ပါဘူးဆိုတဲ့ လူတွေကို ကျမ ဖြေပေးခဲ့ဘူးပါတယ် ...
ဟုတ်ကဲ့ ...ဘဏ်ထဲမှာ ဒေါ်လာ ဘယ်နှစ်သောင်းအနည်းဆုံးပြရမယ်လို့ ဆိုသော်လည်း ..တကယ်အဲဒီလောက်ကြီး ပြခဲ့ရင်တောင်မှ အဲဒီပိုက်ဆံတွေကို .. ဗီဇာရပီးနောက်ထုတ်ယူနိုင်ပါတယ်..
အဲဒီတော့ ဗီဇာလျှောက်ထားစဉ်မှာ ရှိနေရင် ကိုရပါပီ .. ( မြန်မာပြည်က ဘဏ်မှာထည့်ပြလဲရပါတယ် )
မိဘဘက်က တာဝန်ယူနိုင်မှုမှာတော့ .. ပိုင်ဆိုင်မှု ( အိမ် ခြံ မြေကား ) စတာတွေပြနိုင်ပါတယ် ..
စပွန်ဆာကတော့ .. ကိုယ့်ကို တာဝန်ယူပေးမယ်လို့ ဆိုပေးနိုင်တဲ့ ( ဆိုပေးနိုင်ရုံပဲနော် ) လုပ်ငန်းပိုင်ရှင်.. အကို အမ ဦးလေးအဒေါ် စသည်ဖြင့်ရှိရင်တော့ ကောင်းပါတယ်. ( DNA လိုက်မစစ်ပါဘူး )

နောက်တချက် ကနေဒါရဲ့ ကောင်းကွက်တွေ တော့ .. 1 - ကျောင်းလခကို အရင်ပေးသွင်းဖို့ မလိုပါဘူး .. ဟိုရောက်မှသွင်းရုံပါပဲ ( အော်ဇီ ဗီဇာ ဆိုရင် ကျောင်းလခ အရင်သွင်းပြရပါတယ်.. )
2 - study permit နဲ့  student visa သတ်သတ်စီပါ .. ဥပမာ ကျမမှာ student visa ပေးထားတာရှိပါတယ် ..ကျောင်းမတတ်ရင်တောင်မှ ဆက်နေခွင့်ရှိပါသေးတယ်.. ကျောင်းလခ 6လသွင်းမှ 6လ တိုးပေးတဲ့ စနစ်မရှိပါဘူး .. study permit ကသာ အခြားနိုင်ငံတွေရဲ့  student visa နဲ့ ပုံစံသွားတူပါတယ် အလုပ်လုပ်ခွင့်
ဘာညာနဲ့ သက်ဆိုင်ပါတယ် ..

နောက်တခုက တော့ ဗီဇာလျှောက်တဲ့နေရာမှာ ... မြန်မာပြည်က တိုက်ရိုက် လျှောက်တဲ့ကျောင်းသားတွေအနေနဲ့ .. ယိုးဒယားသံရုံးကိုဝင်ရပါတယ်..
( 10ယောက်မှာ 8ယောက်ထက် မနည်း အပယ်ခံရတယ်လို့ နာမယ်ကြီးပါတယ် .. IELTS 6.5 မရတာ .. မဖြေရသေးတာ ... ဟိုရောက်မှာ ESL တတ်ပီး English requirement ကို
ဖြည့်မယ် ဆိုတာမျိုး စိတ်ကူးလို့ မရပါဘူး .. တန်းကနဲ reject ထိပါတယ် )
ဒီမှာရောက်နေတဲ့ ကျောင်းသားအများစု ဟာ .. စင်ကာပူမှာ ကျောင်းတတ်၇င်း .. မလေးရှားမှာ ကျောင်းတတ်၇င်း အဲဒီနိုင်ငံတွေမှာ ဗီဇာဝင်ခွင့်ရှိလို့ .. ၀င်ပီးရောက်လာတဲ့လူများပါတယ်
Reject ထိတာ မကြားဘူးသေးပါဘူး .. ယိုးဒယားက နေ ဗီဇာဝင်လာတဲ့သူ တယောက်ပဲတွေ့ ဘူးပါတယ်.. ဒါတောင်မှ ယိုးဒယားမှာ ကျောင်းအရင် တတ်ထားတဲ့လူပါ .....

ဘယ်လိုလူမျိုးတွေ Chance များနိုင်မလဲ ပြောပြပါ့မယ် ..

1-- ပညာကို ဆက်တိုက်သင်နေတဲ့ လူတွေ .. ( ဥပမာ - 10တန်းအောင်တယ် .. တက္ကသိုလ်တတ်တယ်.. ကျောင်းပီးပီးခြင်း တနှစ်မကြာဘူး ..စင်ကာပူမှာ ဆက်တတ်တယ်.. တနှစ်မကြာဘူး ကနေဒါကိုကျောင်းတန်းလျှောက်တယ်.. )
2--မြန်မာနိုင်ငံ ပြန် အလုပ်လုပ် နိုင်မယ့် ပညာရပ်မျိုး သင်လိုတဲ့လူတွေ ..ပြန်ပီး အလုပ်လုပ်နိုင်မယ့် အခြေအနေ ပြနိုင်တဲ့လူတွေ ( ဥပမာ - မိဘက ပွဲရုံလုပ်တယ်.. သားက သတင်းထောက်
ပညာနဲ့ ဘွဲယူတယ် ဆိုတာမျိုး ဘယ်လိုမှ ယုတ္တိမရှိပါဘူး .. မြန်မာပြည်မှာ သတင်းထောက်လုပ်ဖို့ ဆိုတာ ဘယ်လိုမှန်းလည်း တကမ္ဘာလုံးသိပါတယ် )

3- အခြားနိုင်ငံခြားတိုင်းပြည်တွေမှာ ပညာသင်ဘူး ကျောင်းတတ်ဘူးထားတဲ့ လူတွေ

4- University တတ်ဖို့ လျှောက်တဲ့လူတွေ ( Diploma နဲ့  English စာတတ်ဖို့ လျှောက်ရင် မရဖို့ များပါတယ် )


အသေးစိတ်ပြန်ပြောရရင် .. ကြံကြံဖန်ဖန်.. ဒုံးပျံအကြောင်းသင်ချင်တာမျိုး .. ခုနက လို သတင်းထောက်ညာသင်ချင်တာမျိုးဆိုရင် ဗီဇာမရဘူးလား လို့ မေးဖို့ ရှိပါတယ်..
ဒါမှ မဟုတ် ငါကတော့ college လောက်ပဲ 2နှစ်လောက်တတ်ချင်တာ University ကြီးတော့ လေးငါးနှစ် မတတ်ချင်ဘူးဆိုရင်လည်း ရပါတယ် :D .
သင်ချင်တဲ့ဟာ တတ်ချင်တဲ့ကျောင်းကို ကနေဒါထဲ ရောက်မှ ပြောင်းတော်မူလို့  ဘယ်သူမှကန်မထုတ်ပါဘူး .. ( အနော်ပြောတာ မဟုတ်ဘူးနော် . ကြောက်လို့ ပါ )

တခုပဲရှိပါတယ်..တနှစ် 2သောင်းပေးရတဲ့ University ကြီး တတ်မယ်ဆိုပြီး လာပြီးတော့ .. မြို့ လေးက ဈေးသက်သာတဲ့ college ပြောင်းတတ်ထားတယ်ဆိုရင်တော့ ကျောင်းတတ်နေတုန်း
မြန်မာပြည်မပြန်တာကောင်းပါတယ်..
မဟုတ်၇င် ပြန်အ၀င်မှာစကားပြောရပါလိမ့်မယ် .. အဲဒီလောက်တော့လည်း ဘယ်သူမှ သဘောမကောင်းနိုင်ပါဘူး :D .

ရုရှားနဲ့လား......ချီးမြှင့်ပေးရမှာပေါ့....



၁၁၀၃၂၀၀၉ ဒိုင်ယာရီ

ဆယ်တန်းမဖြေဆိုသူကျောင်းသား စာရင်းကို ခေါင်းလောင်းထိုးပြီး နောက်စာရင်းကောက်၍ ကျောင်းအုပ်ကြီးက ထောက်လှမ်းရေးဆီသတင်းပို့ ရ။ကျောင်းသားများကို ချောဆွဲထားသောကားများဖြင့် အိမ်တိုင်ရာရောက်လိုက်လံ
ပို့ ဆောင်ပေး၊၊ခိုးချသော်လည်းမျက်နှာလွှဲနေရ ၊စာမေးပွဲလာစောင့်သော ကျောင်းသားမိဘများကြားတွင် အမှတ်
၂၀ရရင် အောင်ပြီဟုကောလဟာလဖြစ် နေသည်။


အသျှင်ကုမာရမှာ ယခုနှစ်ဆန်းပိုင်းမှ စ၍ဘယ်ကိုသွားသွား သူ့ ရှေ့က မော်တော်ပီကယ်တစ်စီးလမ်းရှင်း၍လိုက်
ပေးရသည်။သာမန်ဝန်ကြီးများ၏ ကားပင်လျှင်ထိုကဲ့သို့ပွိုင့်လိုက်လေ့မရှိသော်လည်းဘုန်းကြီးအတွက်
ယာဉ်ထိန်းရဲတစ်ယောက်အဆင်သင့်ထားပေးရသည်ဟုသိရသည်။

file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။

ဘလော့ကာကိုသီဟထောင်၁၇နှစ်ကျ

နာ၈စ်သတင်းကိုကိုသီဟရဲ့ dagon site မှာအဆက်မပြတ်တင်ပေးနေခဲ့တယ်။။ဒါသူ့site ကကူးယူဖေါ်ပြခဲ့တာဖြစ်သည်။
သူ၏၀က်ဆိုဒ်များအဖျက်ဆီးခံရ၍မေလတခုထဲမှာပင်ဝက်ဆိုဒ်အနည်းဆုံး၃ခုပြောင်း၍သတင်းများကိုတင်ခဲ့သည်။
အခုပဲMWDကသတင်းလွှင့်သွားပါတယ်ဗီဒီယိုမှတ်တမ်းအရပျက်စီးမူတော်တော်များတယ် အံသြောစရာမြင်ကွင်းကို ရဟတ်ယဉ်နဲ့ရိုက်ပြသွားပါတယ် အသေပျောက်စာရင်းမပါလာဘူး..တော်တော်ပျက်စီးနေတာ..ပုသိမ် ဧရာဝတိ ကရင်ပြည်အိုး..အများကြီးပဲ
ရန်ကုန်အခြေအနေအရများစွားပျက်စီးခဲ့ပါပြီ.တော်တော်ဆိုးဝါးပါတယ်.. ဒီဒုက္ခတွေကိုမြန်မာပြည်သားတွေအသကုန်ခံစားလိုက်ရတယ် ရန်ကုန်ဆိပ်ကမ်း.ကသင်္ဘောတွေနှစ်ကုန်ပီ ဆိပ်ကမ်းသံကြိုးပျက်ထွက်ကုန်ရေထဲမျောပါတာအများ..ဝိတ်ပါတဲ့သင်္ဘောတွေနှစ်ကုန်ပီ…ပန်းပဲတန်း,လမ်းမတော် ဗိုလ်တထောင် ဆိပ်ကမ်းပေါင်စုံမှာ ဒီဖြစ်မိုးတွေရှိတယ်..
မြိုသစ်ဖြစ်တဲ့ ဒဂုံ ရွေပြည်သာ လိုင်သာယာာ တော်တော်အခြေအနဆိုးတယ် စုတ်ပြတ်သတ်သွားတဲ့အပြင်..ရေအသကုန်ကြီးနေပီ …
ပျက်စီးဆုံးရူံးမူကိုMWDသတင်း ဒေသတော်တော်များမျာကို 75%ပျက်ဆီးဟုတရားဝင်ကြော်ငြာသည်..မြင်ကွင်းအရ 75% မကဘူး..
သေသူများကို ဧရဝတီတိုင်းရှိ မြို့နယ် 5 ခုကို လူ 500 အထက်ဟု MRTV ကဒဏ်ရာရသူ 5000 အထက် ဒုက္ခသည် 90000 အထက်ရှိသည်,ဗီဒီယိုမှတ်တမ်းတရားဝင်ကြော်ငြာသည်။

ကိုမင်းသိန်းထွန်း (ခ) ကိုသီဟကို ထောင်ဒဏ်ချမှတ်
Wednesday, 11 March 2009 19:19 ဖြိုးကြီး
ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် ကိုမင်းသိန်းထွန်း (ခ) ကိုသီဟကို ယနေ့ နေ့လည်ပိုင်းတွင် ထောင်ဒဏ် (၁၇) နှစ် ချမှတ်လိုက်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပုဒ်မ (၁၃/၁)၊ (၁၇/၁)၊ (၃၃/က) တို့ဖြင့် အင်းစိန်ထောင်တွင်း၌ပင် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်း၏ဖခင်ဖြစ်သူက ပြောသည်။

“သူ့ကို အမိန့်ချတာ အပြည့်အစုံကတော့ မနက်ဖြန် တရားရုံးမိတ္တူသွားယူမှပဲ သိရမယ်၊ အခုသိရတာတောင် အဝမှာစောင့်နေပြီး သွားမေးမှသိရတာ၊ အထဲကို ဝင်ခွင့်မရဘူး၊ ထောင် (၁၇) နှစ်ချလိုက်တယ်ဆိုတာပဲ သိရတယ်၊ ထောင်ပြောင်းမယ်လို့ ထင်တယ်” ဟု ပြောသည်။

ကိုမင်းသိန်းထွန်းသည် ၂၀၀၅ ခုနှစ်တွင် မလေးရှားသို့အလုပ်လုပ်ရန် တရားဝင် ထွက်သွားပြီးနောက် မိဘများနှင့် အဆက်အသွယ်မရှိတော့ဘဲ ပြီးခဲ့သည့်နှစ် (၇) ပိုင်း (၁၁) ရက်နေ့တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် အာဏာပိုင်များက အောင်သပြေ စစ်ကြောရေးစခန်းတွင် ရောက်ရှိနေကြောင်း လာရောက်ပြောဆိုမှ သိရပြီး ယခုကဲ့သို့ ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

“ကျနော်က ၂၀၀၅ မှာ မလေးရှားကို လွှတ်လိုက်တာ၊ မလေးမှာ အဆင်မပြေတော့ဘူးဆိုပြီး စာအုပ်တွေ အဝတ်အိတ်တွေကို လူကြုံနဲ့ ပြန်ပို့လိုက်တယ်၊ အဲနောက်တော့ အဆက်အသွယ်ပြတ်သွားတယ်၊ အဲလိုနဲ့ သုံးနှစ်ပြည့်တော့မှ အာဏာပိုင်တွေ ရောက်လာပြီး ဒီကလေးဘယ်သွားလဲဆိုပြီး လာမေးတယ်၊ အဲဒါနဲ့ ကျနော်လဲ တရားဝင်သွားတာဆိုတော့ ပတ်စ်ပို့မိတ္တူတွေ ထုတ်ပြလိုက်တာပေါ့၊ သူတို့က မြဝတီကအဝင်မှာ တိုင်တဲ့သူရှိလို့ ဖမ်းထားလိုက်တာလို့ ပြောတယ်” ဟု ပြောသည်။

ကိုမင်းသိန်းထွန်းသည် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် အချက်အလက်များကို သီဟအမည်ဖြင့် ဘလော့ပေါ်တွင် သတင်းအချက်အလက်များ တင်ထားကြောင်းနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ကိုမင်းသိန်းထွန်း (ခ) ကိုသီဟသည် ဒဂုံတက္ကသိုလ်မှ ဇူးလ်မေဂျာဖြင့် ဘွဲ့ရခဲ့ပြီး ရေလုပ်ငန်းဦးစီးဌာနတွင် ၂ နှစ်ခန့် အလုပ်လုပ်ခဲ့ပြီးနောက် မိဘမဲ့ကလေးများကို အခမဲ့ စာသင်ပေးခြင်းများကို ပြုလုပ်ခဲ့သည့်အပြင် ဖခင်ဖြစ်သူကိုယ်တိုင်က ကွန်ပြူတာနှင့် အင်္ဂလိပ်စာအခြေခံများကို သင်တန်းများတတ်ခိုင်း၍ မလေးရှားသို့ တရားဝင် အလုပ်လုပ်ရန် ပို့ပေးခဲ့သည်။

ယခုကဲ့သို့ အာဏာပိုင်များက ကိုမင်းသိန်းထွန်းအား ထောင်ဒဏ်များချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ဖခင်ဖြစ်သူက “ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ နဂိုကတည်းက ပညာတတ်ဖို့ အဓိက၊ အိုင်တီပညာဆိုတာ လူတိုင်းဟာ တချိန်မှာ လူမှုရေးကို လုပ်ရမယ်၊ အဲဒါကိုတတ်လို့ နာဂစ်မှာ လုပ်တာမှန်ရင် လွတ်လပ်စွာ ပညာသင်ခွင့်ကို ပိတ်ပင်တယ်လို့ပဲ ထင်တယ်၊ ပြန်လည်အသုံးချခွင့် မရှိဘူးဆိုရင် နစ်နာတယ်လို့ပဲ ပြောချင်တယ်” ဟု ပြောသည်။

ယခုလက်ရှိ ကိုမင်းသိန်းထွန်း၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျှက်ရှိပြီး ဖမ်းဆီးခံရသည့်အချိန်မှစ၍ ထောင်ဝင်စာ တပတ်တကြိမ် ပုံမှန်တွေ့ခွင့်ရကာ ၎င်းအနေဖြင့် ထောင်တွင်း၌ဖတ်ရန် စာအုပ်များသာမှာကြားကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။