Sunday, March 15, 2009

ဗိုလ်ြ့ကီး အုန်းကျော်မြင့် ရဲ့ ကြိုးပမ်းမှု


ကိုရဲရင့် တင်ဘူးသလားတော့ မသေချာပါ ..
ခဏခဏနာမယ်ကြားဘူးနေတဲ့ အာဏာရှင်ကြီးဦးနေ၀င်းကို လုပ်ကြံဖို့ ကြိုးစားခဲ့
'ဗိုလ်ကြီး အုန်းကျော်မြင့် ' ရဲ့ ဓာတ်ပုံနဲ့  ကြိုးပမ်းမှု အကြောင်း သိတဲ့လူနည်းမယ်ထင်လို့ 
တင်လိုက်တာပါ ..


ဖိုင်ယူရန်


ဗိုလ်ထက်မင်းမှရေးသားသည်ဟုစာရေးပေးပို့ပါသည်။


'' ဗိုလ်ကြီး အုန်းကျော်မြင့် '' အမှူစစ်ဆေးစဉ်က '' သတင်းစာများကပြောတဲ့ တရားခွင်သတင်းများ'' ကို ဆက်လက်ဖော်ပြပေးသွားပါ့မယ်

မြန်မာကျူးပစ်ကနေ ကူးယူဖော်ပြပါတယ် .

၁၄၀၃၂၀၀၉ ဒိုင်ယာရီ

မတ်လ ၁၂ ရက်နေ့ ည က ကားနဲ့ လိုက်အရိုက်ခံရမှုကြောင့် ဖို့ လှပြည့်  ထိတ်လှန့် တုန်လှုပ်နေတယ်လို့ သိရပါတယ်။
ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်(ဖ)ကို နေအိမ်တွင်အကျယ်ချုပ် ဖြင့်ထိန်းသိမ်း ပါကစ္စတန်တွင် လူဖမ်းပွဲ ကြီးကျင်းပနေ

ဖိုင်ရယူရန်





ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီလ်ရစ်ချဒ်ဆန်

ဒေါ်အောင်ဆန်းစုကြည်။ ။ ဆွေးနွေးပွဲလုပ်ဖို့ တချိန်လုံး ကျမ တိုက်တွန်းနေတာ ဒီအတွက်ပါပဲ။ အဲဒီလို ဆွေးနွေးပွဲ ဖြစ်မြောက်လာရေးအတွက် ကျမတို့ ကြိုးပမ်းကြရပါလိမ့်မယ်။ ဒါပေမဲ့ နဝတက ဆွေးနွေးဖို့ ငြင်းနေတော့ ကျမတို့ ဘာတတ်နိုင်မှာလဲရှင်။ အတွင်းရေးမှူး (၁) ဟာ ကျမနဲ့ ဆွေးနွေးသင့်ပါတယ်လို့ ကျမ အမြဲပဲ ပြောခဲ့ပါတယ်။
ဖိုင်ယူရန်




(LDB-NAGOYA)မှပို့ စကဒ် campaing နှင့် ဆန္ဒပြတောင်းဆိုပွဲ



တံတားဖြူ အရေးအခင်းနေ့ကကြုံတွေ့ခဲ့ရတဲ့ဆရာတဦး၏အောက်မေ့ဖွယ်


ရေးသူ-ကိုလူချော
တံတားဖြူ အရေးအခင်းနေ့က-ကြုံတွေ့ခဲ့ရတဲ့- ရန်ကုန်တက္ကသိုလ်အတွင်းကဖြစ်ရပ်ကို ညီ၊ညီမတွေသိရအောင်မှတ်မိသလောက်ပြန်ရေးပြမယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် - တံတားဖြူ နေ့

ထိုနေ့မနက်မှာ-ကျွန်တော်တို့ဌာနမှုးနဲ့ ကျွန်တော်အပါအဝင်ဆရာတွေအစည်းအဝေးလုပ်နေ
ကြတယ်။ အမေရိကန်ကို ပညာသင်သွားဖို့ကိစ္ခ။ ကျွန်တော်တို့ရဲ့ဌာနတည်နေရာကား-ဝိဇ္ဇာအဆောက်အဦးနှင့်ဆက်စပ်နေတယ်။ အရှေ့တိုင်းပညာ (ပါဌိ)ဌာန နှင့် နိုင်ငံရေးသိပ္ပံဌာန တို့အကြား၊ စီးပွါးရေးတက္ကသိုလ်နဲ့မျက်နှာချင်းဆိုင်။ နောက်ကြောဖက်ကတော့ ဝိဇ္ဇာခန်းမ။ ထိုနေ့မနက် (၁ဝ)နာရီလောက်မှာကျောင်းသူ ကျောင်းသားတွေရဲ့အော်သံတွေ-ဝိဇ္နာခန်းမဖက်ကနဲ့-ဝိဇ္ဇာအဆောက်အဦးတခုလုံးဆူညံနေတယ်။ ဌာနမှုးက-ဟေ့ထွက်ကြည့်ကြစမ်းဘာဖြစ်တာလဲတဲ့။
ကျွန်တော်တို့ထွက်ကြည့်တော့-ကျောင်းသူတွေအော်သံတွေကြားရ၊ ပြေးနေကြတာ
တွေတွေ့ရတယ်။ ကျွန်တော်ရယ်၊သူငယ်ချင်းရယ်၊ဓါတုဗေဒ လထ-ကထိကရယ်
ဝိဇ္ဇာအဆောက်အဦးမှတက္ကသိုလ်အပန်းဖြေရိပ်သာ (RC) အထိသွားကြည့်ခဲ့ကြတယ်။ ကျွန်တော်တို့တွေ့ခဲ့ရတာကတော့-ကျောင်းသူ။သားတွေအများကြီး၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်အရှေ့နဲ့ တက္ကသိုလ်များ စာကြည့်တိုက် အရှေ့တွေမှာ။ အဓိပတိလမ်းတလျောက်အပြည့်ပဲ။ ကျွန်တော်တို့မျှော်လင့်လိုက်မိပါတယ်။ ဟောပြောဖို့-စုဝေးနေကြပြီ။ ဂေဘရယ်ရဲ့ဆောင်းပါးမှာ-မောင်ဖုန်းမော်နှင့်မောင်စိုးနိုင်တို့ သေဆုံးရမှုအတွက်ဖော်ထုတ်ပေးရန်စုဝေးကြသည်လို့ရေးထားတယ်။
ကျွန်တော်တို့-ဌာနကိုပြန်ရောက်တော့ဌာနမှုးကိုသတင်းပို့လိုက်ပါတယ်။ ဌာနက သရုပ်ပြဆရာအငယ် (၃) ဦး၊ လ။ထ-ကထိက (၂)ဦးနဲ့၊ အရွယ်လတ်-စက်မှုကျွမ်းကျင်(၁)ဦးပါတဲ့အဖွဲ့ ထွက်သွားကြတယ်။ ဌာနမှုးကစေလွတ်လိုက်သည်လား၊ ဦးဘသန်းဟက် ကတာဝန်ပေးလိုက်သည်လားဆိုသည်ကို-မမှတ်မိတော့ပါ။
ထိုနေ့ကတွေ့ရသည်ကတော့-ကျောင်းသူတွေစီးတဲ့ ဖယ်ရီကားတွေ-ကျောင်းထဲကမောင်းထွက်သွားတော့-ကျောင်းသားတွေအများကြီး၊ ဖယ်ရီကားတွေမှာတွယ်လိုက်သွားကြတယ်။
မာလာဆောင်ဘေးမှဝင်ရတဲ့ ဘွဲ့နှင်းသဘင်လမ်းထိပ်က သံတံခါးလည်းပျက်ဆီးနေတယ်။ ကျွန်တော်တို့ဌာနမှုးအပါအဝင်အားလုံး-ဌာနရဲ့ဧည့်သည့်လက်ခံတဲ့ နေရာမှာပဲစုနေကြတယ်။ ထိုအချိန်မှာ-ဌာနမှုးထံ ဒုတိယဝန်ကြီး ဒေါက်တာမောင်ဒီထံမှ တယ်လီဖုန်းခေါ်ပါတယ်။ ဌာနမှုး-ဒေါက်တာမောင်ဒီနှင့်စကားပြောပြီးရုံးခန်းထဲမှထွက်လာတော့-ကျွန်တော်တို့ကိုပြောပြတာကတော့-ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေမှ-သတင်းပို့ကြောင်း၊ရန်ကုန်တက္ကသိုလ်အတွင်းအခြေအနေအတော်ဆိုးနေကြောင်း၊
ကျောင်းသားများကျောင်းပိုင်ပစ္စည်းတွေကိုဖျက်ဆီးနေကြောင်း၊လုံခြုံရေးတပ်ဖွဲ့တွေဝင်ရောက်စေချင်ကြောင်း သတင်းပို့ထားတယ်။
ဒေါက်တာမောင်ဒီမှ ဒေါက်တာချစ်ဆွေ၏သတင်းပို့ချက်ကိုမယုံကြည်တာကြောင့် ကျွန်တော်တို့ရဲ့ဌာနမှုးကို-စုံစမ်းခိုင်းတယ်။ ဒေါက်တာမောင်ဒီမှ-ဌာနမှဆရာတဦးသွားစုံစမ်းပြီး-ပြန်သတင်းပို့စေချင်ပြောသွားတယ်။ ကျွန်တော်ရဲ့ဌာနမှုးက ကျွန်တော့ကို တာဝန်ပေး လိုက် တယ်။ ရန်ကုန်တက္ကသိုလ် (ပင်မ)မှကျောင်းသူ။သားများဟာ......ပဲခူးဆောင်၊ အင်းဝဆောင်၊ မန္တလေးဆောင်၊ တောင်ငူဆောင်၊ ရွေဘိုဆောင်....ကျောင်းဝင်းတခုလုံး လှည့်လည်ကြွေးကြော် ခဲ့ကြတယ်။အဓိပတိလမ်းမတခုလုံးကျောင်းသူ
ကျောင်းသားတွေနဲ့ပြည့်နှက်နေတယ်။ဒီနောက်တော့...ဘွဲ့နှင်းသဘင်ခန်းမအရှေ့ အဝိုင်းမှာ စုဝေးကြတယ်။
ကျွန်တော့ဌာနမှုးရဲ့တာဝန်ပေးချက်အရ....ထိုနေရာသို့.. .ကျွန်တော်ရောက်သွားတယ်။
မနက်ပိုင်း (၁ဝ) နာရီခွဲလောက်ရှိပြီလို့ထင်ပါတယ်။ ကျွန်တော်...ဌာနအရှေ့မှ ထွက်ပြီး... အရှေ့တိုင်းပညာဌာနဘေးမှလျောက်သွားရာ...ဝိဇ္ဇာအဆောက်အဦးရဲ့အရှေ့ကိုရောက်သွားတယ်။ တရုပ်စကားပန်းပင်ရဲ့အောက်မှာရပ်လိုက်တယ်။
ကျွန်တော်တွေ့ခဲ့တာကတော့...ကျောင်းသူကျောင်းသားတွေ.. .ဘွဲ့နှင်းသဘင်အရှေ့က အဝိုင်းမှာ၊ သစ်ပုတ်ပင်အရှေ့မှာ၊ ဝိဇ္ဇာအဆောက်အဦးမှ ဘွဲ့နှင်းသဘင်ကိုကူးတဲ့...တံတားမှာ၊ အများကြီးတွေ့ခဲ့ရတယ်။ ဝိဇ္ဇာဘာသာရပ်များမှ..ဆရာများ၊ ရူပဗေဒမှဆရာများ၊ စီးပွါးရေး တက္ကသိုလ်မှဆရာများ...လဲရှိနေကြတယ်။
ထိုအချိန်မှာ......ရန်ကုန်တက္ကသိုလ်ရဲ့ဒုတိယ ပါမောက္ခချုပ် ဦးဘသန်းဟက်ဟာ လက်ကိုင်အသံချဲ့စက်ဖြင့်ပြောနေတာကိုမြင်ခဲ့ရတယ်။ ကြားမိတာကတော့-ကျောင်းသားတွေကို...ကျောင်းအပြင်မထွက်ဖို့......ကျောင်းဝင်းအတွင်းဆန္ဒပြနိုင်ကြောင်း
ကျောင်းပြင်ပကိုထွက်ပါက....ဆရာများတာဝန်မယူနိုင်ဖူးလို့.....မှတ်မိနေတယ်။
ဒီနောက်တော့....ဆရာကြီး..ဘွဲ့နှင်းသဘင်ခန်းမထဲပြန်ဝင်သွားတယ်။ သူ့လက်ကိုင်ဟွန်းကတော့...ကျောင်းသားတွေရဲ့ လက်ထဲကျန်ခဲ့တယ်။
ထိုအချိန်မှာ..........ကြိမ်နဲ့လုပ်ထားတဲ့ဦးထုပ်ဆောင်းထားတဲ့ကျောင်းသား(ဂေဘရယ်ရဲ့ဆောင်းပါးမှာတော့-ခမောက်ကြီးတလုံးကိုဆောင်းထားတဲ့ ကျောင်းသားတယောက်- ဇော်မင်း-အာပြဲ တဲ့) က ကြေငြာချက်တခုကိုဖတ်ကြားလိုက်တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကိုစတင်ဖွဲ့စည်းလိုက်ပြီကြေငြာလိုက်တော့.... ကျောင်းသူကျောင်းသားတွေ လက်ခုပ်တီးပြီးအားပေးလိုက်ကြတယ်။ ဒီနောက်တော့...သမဂ္ဂအဖွဲ့ဝင်အမည်များကိုကြေငြာပါတယ်။ဂေဘရယ်ရဲ့ဆောင်းပါးမှာ....
မျက်မှန်နဲ့ကျောင်းသား (လှမျိုးနောင်)လဲအဲဒီအချိန်ကရှိနေတယ်ဆိုဘဲ။ ထိုစဉ်ကာလ.....ကျွန်တော်ဟာ....ကျောင်းသားမဟုတ်လေတော့....ယခုအခါလူတိုင်းသိကြတဲ့....၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တွေကို....တယောက်မှ မသိပါ။ ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကိုဖတ်ကြားနေကြတယ်။
ကျွန်တော့ရဲ့တာဝန်က............ကျောင်းသူကျောင်းသားဦးရေမည်မျှရှိသည်ကိုခန့်မှန်း ပြီးသတင်းပြန်ပို့ရမည်။ မလွယ်တဲ့အလုပ်ပါ။ ကျွန်တော်ဆုံးဖြတ်လိုက်သည်၊ ဒေါက်တာမောင်ဒီ....မစိုးရိမ်ရအောင်သတင်းပို့မည်။သို့မဟုတ်ပါက....ကျောင်းသူကျောင်းသားတွေအကြောင်းဆိုးသွားနိုင်သည်။ ကျွန်တော့ဆန္ဒမပြည့်ဝခဲ့ပါ။ ကျောင်းအပြင်ထွက်သွားပြီး တံတားဖြူတွင်........ကျောင်းသူကျောင်းသားများကိုလုံထိန်းများကဝိုင်းရိုက် ပြီး၊ တချို့ကို...အင်းစိန်ထောင်ထဲဖမ်းဆီးသွားကြောင်းနောက်မှသိရ၍
စိတ်မကောင်းခြင်းများစွာဖြင့်ခဲ့ရ၏။
ထိုနေ့ကဖြစ်ရပ်ကိုအကြောင်းပြု၍..... ဦးအောင်ကြီးစာတွေ ပလူပျံအောင်ထွက်လာခဲ့ပြီး .... ရန်ကုန်မြို့သူမြို့သားများကို ..... လုံထိန်းကိုမုန်းတီးတဲ့စိတ်ကိုဖြစ်စေခဲ့တယ်။ ရလဒ်ကတော့ ..... မြေနီကုန်းအရေးအခင်းမှာ ... လုံထိန်းတွေခံလိုက်ရတာ .... အားလုံးအသိပါ။

"အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့" ပွဲသိမ်းတိုက်ပွဲခေါ်၂၀၀၉ သင်္ကြန်သံချပ်များ

အိန္ဒိယ ရောက် ဒီမိုကရေစီ အင်အားစုများ၏ "အောင်ပွဲဆင်ဖို့  ထောင်ထဲဝင်စို့" သံချပ်များ (2009 သင်္ကြန်)


2009 Thanchat present by Activist group from India
မသဒ္ဓါကျေဇူးပြုသည်။