Monday, March 16, 2009

သတင်းစာများကပြောသော ဗိုလ်ကြီးအုန်းကျော်မြင့် အမှု

သတင်းစာများက ပြောသော ဗိုလ်ကြီးအုန်းကျော်မြင့် အမှု

ကိုထက်မင်းရှင့် ... ဗိုလ်ကြီးအုန်းကျော်မြင့်အမှုနှင့်တကွ အခြားသော သမိုင်းဝင်အချက်အလက်များအား
ကူးယူဖော်ပြခြင်းမှာ မည်သူ မည်ဝါကိုမျှ ထိခိုက်နစ်နာစေခြင်း အလျှင်းမရှိပါ .

စီးပွားရေးအရ ကူးယူဖော်ပြခြင်းလည်းမဟုတ်သလို မည်သည့်နေရာမှ ကူးယူကြောင်းကိုလည်း ထင်ရှားစွာ
ဖော်ပြပေးသွားပါတယ် ..
ကျမ အနေနှင့် မြန်မာကျူးပစ်မှာ မန်ဘာများ ဧ။် အဖိုးတန်အချက်အလက်များ စုဆောင်းရှာဖွေ တင်ပြမှူ နှင့် ဗဟုသုတ ဖလှယ်မှူဧ။် ရည်ရွယ် ချက်များတွင်
''အမှောင်ချခံထားရသော ခေတ်ဆိုးမှာ သမိုင်းဝင်အဖြစ်အပျက်မှန် များကို လူများသိစေရန်နှင့် နောင်လာနောက်သားတို့ အိပ်ရာဝင် ပုံပြင် မျှလောက်ဖြစ်ဖြစ် ပြန်လည် လက်ဆင့်ကမ်းနိုင် စေလိုခြင်း '' ပါဝင်ပါသည်ဟု ယုံကြည်မိသော ကြောင့်ဖြစ်ပါသည် ..
စုဆောင်းရှာဖွေ ပေးခဲ့သော မြန်မာကျူးပစ် မန်ဘာများအား အတိုင်းမသိသော ကျေးဇူးတင်ခြင်းများနှင့်
ပြန်လည်ဖော်ပြ ခွင့်တောင်းလိုက်ပါတယ်ရှင် ...


ဖိုင်ရယူရန်
owmkyawmyintnews
owmkyawmyintnews malaymay

အနဂ္ဂလပြည့်ုညမှာငြိပြီ

Photobucket

BELIEVE IT ! 3



ဝတ်မှုံရွှေရည်လေးရှာကြပါအုံးကွဲ့....



Parliamentary Friends of Burma (PFOB)(Canada) Statement on Burma's Human Rights Day 21st Anniversary


Parliamentary Friends of Burma (PFOB)
Larry Bagnell, Chair

Press Release/Communiqué:
Statement on Burma's Human Rights Day 21st Anniversary


Media Contact: (613) 995-9368

On March 13th, 1988, peaceful demonstrations by students of the Rangoon Institute of Technology (RIT) were brutally quashed by the military government led by General Ne Win, who had seized power in 1962. Several students, including Ko Phone Maw, were shot dead during these protests, which subsequently led to the 8888 uprising. This day has become known as Burma's Human Rights Day.

“Today, we are reminded of the Burmese people’s long and arduous struggle, for peace and democracy in their homeland”, said Mr.Bagnell.

“In Burma”, he continued, “human rights violations are committed daily, and include child soldiering, forced labour, displacement, destruction and theft of food supplies, murder, torture, rape and forced prostitution and political imprisonment”.

On this day, the Parliamentary Friends of Burma wish to honour the victims of the military regime, by keeping Burma at the forefront of Canada’s and the United Nations’ human rights agenda, as well as continue to urge other nations and communities to get involved and do all they can to stop the brutality and give the people of Burma the rights and freedoms that most of us take for granted.


ဒါလေးးးးးးတခုတော့လုပ်မိပါတယ်...

သို့
ကိုရဲရင့်ငယ်နဲ့ ကိုအာဇာနည်


ကိုရဲရင့်ငယ်နဲ့ ကိုအာဇာနည် တို့ကို ကျွန်တော် ဗိုလ်ထက်မင်းက လေးစားစွာ အကြောင်းကြား အပ်ပါတယ်။
တပ်မတော်သား အစစ်အမှန်များ အပိုင်း (၂) ဆောင်းပါးဟာ ကိုဖိုးတရုတ်ရဲ့  စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်မှာ တင်ထားတဲ့ ကျွန်တော် ဗိုလ်ထက်မင်းရဲ့  ဆောင်းပါး ဖြစ်ပါတယ်။ စာဖတ်ပရိသတ်များ အားလုံးလည်း သိရှိကြပါတယ်။ မီဒီယာ ကျင့်ဝတ်ကို အထူး သိရှိရန် လိုအပ်ပါတယ်။ ဆောင်းပါး ရေးသားသူကို အမှန်အတိုင်း ထုတ်ဖော် ရေးသားရန် အထူး လိုအပ်ပါတယ်။ တကယ်လို့ မသိလို့ မဖော်ပြမိတာ ဆိုရင်လည်း အထောက်အထား အကြောင်းအရာနဲ့တကွ အောက်မှာ ရှင်းပြထားပြီး ဖြစ်လို့ ကျွန်တော် ဆောင်းပါးရှင် ဗိုလ်ထက်မင်း ကိုယ်တိုင် အကြောင်းကြားတာမို့ ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံပါတယ်။
ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  အကြောင်းအား ကိုဖိုးတရုတ်ရဲ့  ဘာလောဂ်မှာ တင်ထားပြီး ဗိုလ်ကြီး အုံးကျော်မြင့် အကြောင်း http://www.scribd.com/word/full/3674140?access_key=key-2eyo0cr90q3g7xuejbtd
လင့်ခ်ချိတ်ထားတာကို လူကြီးမင်းများက တဆင့် ကူးယူ ဖော်ပြရာမှာ ကိုဖိုးတရုတ် ဘာလောဂ်မှ ကူးယူ ဖော်ပြတယ် ဆိုတာကို ဖော်ပြပေးစေလိုပါတယ်။ မိတ်ဆွေ သူငယ်ချင်းများအား ဖတ်စေချင်တဲ့ ဆောင်းပါးများ ဆိုပြီးတော့ ကိုဖိုးတရုတ်ရဲ့  ဘာလောဂ် ညာဘက် Sidebar အောက်ဆုံးမှာလည်း ဒီဆောင်းပါးကို တင်ထားတာ တွေ့ရမှာ ဖြစ်လို့ အဲဒီက ကူးရင်လည်း ကိုဖိုးတရုတ် ဘာလောဂ်က ကူးတယ် ဆိုတာနဲ့ ဆောင်းပါးရှင် ဗိုလ်ထက်မင်း ဆိုတာကို မဖြစ်မနေ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။
အထက်ပါ လင့်ခ်ရှိ ဆောင်းပါးအား ကိုဖိုးတရုတ်မှ www.scribd.com သို့ Upload တင်ခဲ့ပြီးတဲ့ အချက်အလက် အထောက်အထားကို ကိုဖိုးတရုတ် ဘာလောဂ်မှာ သွားကြည့်နိုင်ပါတယ်။ ဒါ့အပြင် ဆောင်းပါးရှင် ဗိုလ်ထက်မင်း ရေးသားထားတဲ့ ဗိုလ်ကြီး အုံးကျော်မြင့် အကြောင်း တပ်မတော်သား အစစ်အမှန်များ အပိုင်း (၂) ဆောင်းပါး ဖြစ်တယ် ဆိုတာကိုလည်း ကိုရဲရင့်ငယ်နဲ့ ကိုအာဇာနည်ရဲ့  ဘာလောဂ်မှာ ဖော်ပြပေးစေလိုပါတယ်။ ဆောင်းပါးရှင် ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ကိုအာဇာနည် ဘာလောဂ်မှာ ရုရှားက အရာရှိ တစ်ယောက် ရေးတဲ့ သဘောမျိုး ဖော်ပြထားတာ တွေ့လို့ အခုလို အီးမေးလ်ပို့ပြီး အကြောင်းကြား ရခြင်း ဖြစ်ပါတယ်။
ကျွန်တော် နှစ်သက်ဖတ်ရှုတဲ့ ကိုရဲရင့် ဘာလောဂ်နဲ့ ကိုအာဇာနည် ဘာလောဂ် အနေနဲ့ ကိုဖိုးတရုတ် ဘာလောဂ်က ကူးယူ ဖော်ပြတယ် ဆိုတာနဲ့ ဆောင်းပါးရှင် ဗိုလ်ထက်မင်း ဖြစ်တယ်ဆိုတာကို အမှန်အတိုင်း ပြင်ဆင် ဖြည့်စွက် ပေးစေ လိုပါတယ်။

လေးစားစွာဖြင့်
ဗိုလ်ထက်မင်း
မတ်လ ၁၆ ရက် ၂၀၀၉

စာရေးအသိပေးတာကျေးဇူးတင်ပါတယ်။
ဗိုလ်ြ့ကီး အုန်းကျော်မြင့် ရဲ့ ကြိုးပမ်းမှု post ကိုညီမငယ် မလေးမေကတင်တာဖြစ်ပြီး မြန်မာကျူးပစ်ကနေ ကူးယူဖော်ပြပါတယ် . လို့credit ပါတယ်.....

အာဇာနည်ဘလော့မှာ Posted by Nayminthuria ဖြစ်ပြီး

(ရုရှားရောက် ဂျူနီယာများအတွက်...ငါတို့ တပ်မတော်မှာ သူလိုလူမျိုးရှိခဲ့တယ်ဆိုတာ တပ်လှန့် နှိုးဆော်ခြင်း........

ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ ငယ်စဉ်ကတည်းက ထူးချွန်ထက်မြက်ခဲ့ပြီး မဆလခေတ် ဗိုလ်လောင်းသင်တန်း OTS (၂၉)သင်တန်းဆင်းမှာ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိခဲ့သူပါ။ စစ်ရုံးချုပ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့် ခွန်းကအစ ဗိုလ်ကြီးအုံးကျော်မြင့်ရေးတယ်ဆိုရင် လူကြီးတွေကစိတ်ချလက်ချရှိတဲ့အထိ ထူးချွန်ထက်မြက်ခဲ့သူတစ်ဦးပါ။ အာဏာရူးဦးနေ၀င်း အုပ်စုရဲ့ ကျောင်းသားလှုပ်ရှာမှုတွေအပေါ်အကြမ်းဖက်ကိုင်တွယ်ပုံကြောင့် စိတ်မသက်မသာဖြစ်ခဲ့ရတဲ့သူဟာ ထိုင်းနိုင်ငံသွားတဲ့ ခရီးစဉ်အတွင်းမှာ ထိုင်းနိုင်ငံရဲ့ ဖြစ်ထွန်းတိုးတက်နေမှုကို ကိုယ်တွေ့ မြင်ခဲ့ရပြီး ဆင်းရဲနုံခြာနေတဲ့ မြန်မာနိုင်ငံရဲ့ မှားယွင်းနေတဲ့ စနစ်အပေါ်သံသယ၀င်လာခဲ့ပါတယ်။ တရားမျှတမှုကို မွေးရာပါမြတ်နိုးခဲ့တဲ့ သူဟာ နောက်ဆုံးမှာ တိုင်းပြည်ချစ်စိတ်ကို အရင်းခံလို အာဏာရူး ဦးနေ၀င်းကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့ပါတယ်။ မအောင်မြင်တဲ့ အာဏာသိမ်းဖို့ ကြံစည်မှုမှာ သူဟာသေဒဏ်ပေးခံခဲ့ရပါတယ်။
ကနေ့ ခေတ်တပ်မတော်ဗိုလ်လောင်းတွေမှာ သူလိုလူမျိုးတွေ မရှိမဟုတ်...သေချာပေါက်ရှိနိုင်ပါသေးတယ်။ ဒါကြောင့်မို့  ကျွန်တော်တို့ ဗိုလ်လောင်းတွေကို ဗိုလ်ကြီးအုံးကျော်မြင့်လို မဖြစ်ရအောင် ရုရှလွှတ်ကတည်းကိုက စက်ာပူ၊ ထိုင်း လေဆိပ်တွေကလေယာဉ်မပြောင်းရတဲ့ စင်းလုံးငှားလေယာဉ်ငှားပြီး တိုက်ရိုက်ပို့ ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ...ကျွန်တော်တို့ မြန်မာပြည်ဟာ ဟိုးအတိတ်မှာ မှောင်မှောင်မဲမဲနဲ့ ကျန်ခဲ့ပြီဆိုတာ သိရခဲ့ပါပြီ။ အပြင်ထွက်ဖို့ အခွင့်မသာတဲ့ ဗိုလ်လောင်းတွေဟာ အားလပ်ချိန်တွေမှာ အင်တာနက်ကခရီးထွက်ရင်း ကမ္ဘာကြီးအကြောင်း သိသင့်သလောက်သိခဲ့ကြပါပြီ။ တချို့ ကြွက်ချီးတွေကလွဲလို့ ပေါ့။
ဗိုလ်ကြီးအုန်းကျော်မြင့်လို သို့ မဟုတ် အင်ဒိုနီးရှား သမ္မတ ဆူစီလိုဗန်ဗန်း လို လူမျိုးတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ရင်း
.....)

လို့ဖေါ်ပြပြီးNayminthuria ကဘယ်သူရေးတယ်လို့မပြောခဲ့တာ
ကိုတော့၂ခေါက်လောက်ဖတ်ရင်သိနိုင်လောက်ပါတယ်။ ။
ကိုရဲရင့်ငယ်မှတဆင့် http://www.scribd.com/word/full/3674140?access_key=key-2eyo0cr90q3g7xuejbtd သို့ ရည်ညွှန်း
လို့လည်းCredit ပေးထားပါတယ်။
http://www.scribd.com/word/full/3674140?access_key=key-2eyo0cr90q3g7xuejbtd ကိုမလေးမေက
မြန်မာကျူးပစ်ကနေ ကူးယူဖော်ပြတာဖြစ်လို့မြန်မာကျူးပစ်ကိုစာရေးရင်လည်းအီးမေးကရတာလို့ပြောအုံးမှာပါပဲ....
ဒီနေ့ဖေါ်ပြထားတဲ့ တံတားနီ ဆိုတဲ့post file လေးကိုကြ့ည်ပါ။ ရေးသူကိုဖေါ်ပြထားသလိုဖေါ်ပြသည့်ဘလော့ကို
ထည့်သွင်းဖေါ်ပြထားပါတယ်။
တဆင့်မှတဆင့်ဆိုတော့မိမိ file ကိုမလွှတ်ခင် အပြည့်အစုံထည့်သွင်းဖေါ်ပြကြဖို့ပဲတိုက်တွန်းချင်ပါတယ်ခင်ဗျ။

ဒါလေးးးးးးတခုတော့လုပ်မိပါတယ်...

http://www.scribd.com/word/full/3674140?access_key=key-2eyo0cr90q3g7xuejbtd ကဘလော့မှာတင်ဖို့
codeကို Embed လုပ်ခွင့်မပေးထားပါဖူး...တင်လို့ရအောင်တတ်သည့်ပညာမနေသာဆိုသလိုမသိမသာလေးကျူး
လွန်မိပါတယ်။ ။

(ရဲရင့်ငယ်....)

...........................................ဗိုလ်ကြီးအစားကျွန်တော့်သာစွပ်လိုက်ပါတော့လား....................


၁၆၀၃၂၀၀၉ ဒိုင်ယာရီ

ဓမ္မတာ (သမရိုးကျ) မဟုတ်သော လိင်ဆက်ဆံမှုများ နှင့် ဆယ်ကျော်သက်များ(ဆေးပညာဆောင်းပါး)
“ကိုကိုအောင်တိုးရဲ့ အလွဲတကာ့ လွဲလွဲလွဲလွဲ များအကြောင်း”(....သွား... လူဆိုး၊ သူခိုး၊ ငတိုး။....)

file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


Free Burma's Political Prisoners Now!



Free Burma's Political Prisoners Now! from FBPPN on Vimeo.
http://ko-htike.blogspot.com/ မှ

အောင်ဆန်းပေးတဲ့ မြန်မာပြည်


အောင်ဆန်းပေးတဲ့ မြန်မာပြည်
ဗိုလ်ချုပ်အောင်ဆန်း အမှတ်ရ(စကားချီး။)
(လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)


အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။


ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။


သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
""ငါတို့ အားကိုးပါရစေ"" ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
""ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ"" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
""ငါတို့ စွန့်ပါရစေ"" ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။


အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။


ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။


ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။

""မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ မမေ့နဲ့။"" . . . . .

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။


By Burma Democratic Concern UK Ko Myo Thein
မောင်ဘုန်းမော် အမှတ်တရ ဖြန့်ဝေသည်


ဖိုင်ယူရန်


၂၁နစ်ကတံတားနီ


ဖိုင်ယူရန်