Tuesday, March 17, 2009

အွန်လိုင်းလေထန်နအဖလန်

လက်ရှိသွားနေတဲ့နိုင်ငံရေးရေစီးချောင်းကတွေ့ဆုံဆွေးနွေးရေးဖြစ်လာစရာအကြောင်းမရှိတော့ဘူး၊
ဂန်ဗလားကိုသန်းရွှေကရှုရှုးပေါက်လွှတ်လိုက်လို့သေးမွန်းပြီယောင်ယောင်မှားမှားနဲ့နယူးယောက်ပြန်ရမှာတိုကျို
ရောက်သွားပါလေရောလား၊
ဗိုလ်အောင်ဆန်းခြေဖျားတောင်မမှီတဲ့စစ်ဦးစီးချူပ်တွေသမ္မတအထက်မှာရှိနေမဲ့ဒီဘုန်း
ကြီးရူးနဲ့လှေလူးနဲ့ကြားထဲအန်အယ်ဒီကိုပဲ့ဝင်ကိုင်ခိုင်းနေသေးတယ်၊လက်ထဲမှာတော့အန်အယ်ဒီအစီရင်ခံစာကြီး
ကိုင်ထားပေမဲ့နအဖကျွေးလိုက်တာတွေစားပြီးဖွင့်ဖတ်ဖို့မေ့နေခဲ့တယ်၊၊ဒါကုလရဲ့အကောင်းဆုံးစွမ်းဆောင်မှုတဲ့လား၊
ပြည်တွင်းမှာကလည်းအခုဆိုရှင်းရှင်းလင်းလင်းကြီးဖြစ်သွားပြီ၊အတိုက်အခံပါတီနဲ့တိုင်းရင်းသားကတဖက်၊နအဖနဲ့
ဖေါ်လန်ဖားဆိတ်ဝှေးစိနဲ့မြေခွေးအမြီးပြတ်တွေကတဖက်သီးသန့်ဖြစ်သွားပြီ၊အတိုက်အခံပါတီနဲ့တိုင်းရင်းသားက
ရွေးကောက်ပွဲမ၀င်တော့ဖူးဆိုတော့အခုဝင်ပြိုင်မှာတွေကငယ်မွေးခြံပေါက်ကျွန်ယုံသဘောက်တွေချည်းပဲဆိုတော့ကာ
ဗိုလ်သန်းရွှေရင်အေးတော်မူရပြီပေါ့..၂၀၁၀ရွေးကောက်ပွဲကိုမေလဆန္ဒခံယူပွဲလိုလူ၃၀၀ရှိတဲ့ရွာမဲလေးရာထဲ့ဆိုတာ
မျိုးတွေကလိန်ကကျစ်လုပ်စရာမလိုတော့ဖူးပေါ့၊
အခုနအဖမကြာခင်မှာ Observer (စောင့်ကြည့်သူ)တွေတရားဝင်ဖိတ်ကြားတော့မယ်၊ဘယ်လောက်သန့်စင်ကြောင်း
ပြတော့မယ်(မှတ်ချက်)အန်အယ်ဒီရုံးနဲ့ဒေါ်စုအိမ်ဖက်မှာတော့လမ်းတွေပြင်နေလို့သွားမရဖူးပေါ့၊ရွေးကောက်ပွဲပြီးရင်
အတိုက်အခံပါတီနဲ့တိုင်းရင်းသားကတော့ထုံးစံအတိုင်းမတရားအသင်းတို့အိမ်ကြက်ခြင်းအိုးမဲသုတ်တာတို့လုပ်မှာ
ပေါ့၊လက်ရှိအပြင်မှာအန်စီဂျီယူဘီ၊အန်စီယူဘီနဲ့အဖွဲ့အစည်းတွေအရေးတကြီးလုပ်ရမှာ၂ချက်ရှိတယ်၊အပြုသဘောပဲ
ဖြစ်ဖြစ်၊တကယ်စတိတ်မန့်ထုတ်တာပဲဖြစ်ဖြစ်ဂန်ဗလားနဲ့ဂျပန်ငပုပူးတွဲကြေငြာချက်ကိုကန့်ကွက်ရမယ်၊နောက်ပြီးတ
ဖက်သတ်လုပ်မဲ့၂၀၁၀ကိုသွားအညှော်ခံမဲ့ Observer တွေကိုအကျိုးအကြောင်းနဲ့ကန့်ကွက်ရမယ်၊နော်ဝေမှာဆောင်းဦး
သွေးပူသွားလုပ်ပြီးသွေးပြန်အေးသွားတာဆောင်းကုန်တော့မယ်၊လေ့ကျင့်ခန်းလေးဘာလေးလည်းလုပ်၊လေဖြတ်ကုန်
မှာစိုးလို့၊ဦးဆောင်မှုလည်းမတွေ့၊စတိတ်မန့်လေးတောင်ထုတ်ဖေါ်မရရှာတော့ဖူး၊အားကိုးပါတယ်အဘတို့ရယ်ပြော
လည်း(အဘတို့ကတော့မှန်မှန်ပဲ)........အသံလွှင့်ဌာနတွေကလည်းအပြောခံရမှာစိုးလို့(မီဒီယာကောင်းပီသချင်လို့ပါ)..
နအဖကတောင်မီဒီယာကျင့်ဝတ်မလိုက်နာပဲမြန်မာ့အလင်းသတင်းစာတိုက်ကိုသကြားမင်းဝရဇိန်လက်နက်လိုအသုံးချနေ
တာကိုယ်ဖက်ကဘာကိုငှဲ့ရမလဲ၊လက်ရှိအချိန်ဟာဘာဖြစ်သင့်သနည်း၊မိမိတို့အာဘော်ကိုပြတ်ပြတ်သားသားချပြသင့်
ပါပြီ၊အထဲမှာတပူပေါ်နှစ်ပူဆင့်ငတ်ရတဲ့ကြားထဲရေမချိုးရလို့ပေါက်တဲ့ဝဲကုတ်ရတာကတမျိုး၊လာသမျှဆယ်အိမ်ခေါင်း
ကာလနာကအစ(Yes..Sir)လုပ်နေရတာ၊နိုင်ငံရေးအပြောင်းအလဲအခင်းအကျင်းတခုဖန်တီးဖို့၊လုပ်ကြဖို့အချိန်တန်ပြီ။
သတင်းနောက်လိုက်တာလဲလိုက်၊အခုလွှင့်လိုက်တာနဲ့အခုပြည်သူ့နားထဲအလွယ်တကူချက်ချင်းရောက်နိုင်တာခေါင်း
ဆောင်နာမည်ယူထားသူတွေနဲ့အသံလွှင့်ဌာနပေါင်းပြီးဖြစ်သင့်တာနေ့တိုင်းနားထဲသွင်းပေးလိုက်ရင်ပွဲသိမ်းဒူးပဲပေါ့၊
ဘလော့ကာတွေ၊Online(free burma now)Fighterတွေအဆူခံအဆဲခံလုပ်နေရုံနဲ့နအဖအုတ်မြစ်ကျွတ်ထွက်မယ်
ထင်လို့စောင့်ကြည့်နေကြတာလား၊ဒါဆိုလည်းဂုဏ်ယူလိုက်ပါ့မယ်....(ကဲဘော်ဒါတို့ရေတနေ့၃နာရီပဲအိပ်ပြီး
အွန်လိုင်းလေထန်နအဖလန်တိုက်ပွဲကြီးဆက်လက်ဆင်နွဲကြပါစို့လေး
).................................၊၊ ၊၊
...ဗိုလ်ချူပ်အောင်ဆန်းလိုဖာနိုင်ငံကြီးဖြစ်သွားချင်လားပြောရဲသောရဲရဲတောက်ခေါင်းဆောင်များရှေ့ထွက်ခဲ့ပါ....

၂၀၀၉ခုနှစ်မျောက်ချောက်သံ(၃)


၂၀၀၉ခုနှစ်မျောက်ချောက်သံ(၂)


၁၇၀၃၂၀၀၉ ဒိုင်ယာရီ

နအဖရဲ့  ၀ါဒဖြန့် ဆိုင်းဘုတ်ကြီးအကြောင်းနဲ့  ဒို့ တာဝန်အရေးသုံးပါး မြေခရှာလေပြီ။
အာဏာခွဲဝေမှု သဘောတူမှသာ ဒဏ်ခတ် ပိတ်ဆို့မှုကို ရုပ်သိမ်းသင့်သည်
စရဖ ညွှန်ချုပ်ထံမှ ဖြုတ်သိမ်းထားသည့် လက်နက်များ ပြန်မပေးနိုင်ဟု ၀ တပ်ပြော
ဝန်ကြီးဦးအောင်သောင်း ဆေးကုသမှုခံယူရန်အတွက် လောလောဆယ် စင်ကာပူနိုင်ငံသို့ ရောက်နေသည်
မာဒါဂတ်စကာ သမ္မတနန်းတော်ကို စစ်တပ် သိမ်းပိုက်
ရွေးကောက်ပွဲမတိုင်မီ အချက် ၄ချက်ကို စစ်အစိုးရ လိုက်နာဖို့အစီရင်ခံစာမှာဖော်ပြ
မြစ်ဝကျွန်းပေါ်မှာ ပြည့်တန်ဆာ ပိုများလာ


file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


    စမူဆာ တပ်မတော်

    ဂါမဏိ
    Saturday, March 14, 2009
    မြန်မာ့တပ်မတော်ထဲမှာ ရာထူးနေရာတွေ ဖောင်းပွနေပြီး တပ်မှူးကြီးအဆင့်အရာရှိတပ်ဖွဲ့ တောက်လျှောက်တိုးချဲ့နေပေမဲ့ ရာထူးတိုးဖို့ အခွင့်အလမ်းတွေ လုံလုံလောက်လောက် မဖန်တီးပေးနိုင်တော့ဘဲ ဖြစ်နေပါပြီ။ မြန်မာနိုင်ငံဟာ နအဖရဲ့ အဓိပ္ပါယ်ထူးခြားဆန်းပြားလှတဲ့ ဒီမိုကရေစီဆီကို တရွေ့ရွေ့သွားနေရင်း အရပ်ဖက်အစိုးရအဆောက်အအုံကြီးဟာလည်း ပိုလို့ပိုလို့ စစ်ဇာတ်သွင်းခံရမယ့် အလားအလာ ရှိနေပါတယ်။
    မြန်မာစစ်တပ်က အာဏာသိမ်းပြီး နဝတကို မတည်ထောင်ခင် တရက်အလို ၁၉၈၈ ခု စက်တင်ဘာ ၁၇ ရက်မှာ တပ်မတော်တခုလုံး အတွင်းမှာ ဗိုလ်ချုပ်အဆင့်ထက်ကြီးတဲ့အရာရှိ နှစ်ယောက်ဘဲရှိပါတယ်။ သူတို့ကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးသန်းရွှေ တို့ဖြစ်ပါတယ်။
    အခုနောက်ပိုင်း အသုံးအနှုန်းအတိုင်းဆိုရင်တော့ အဲဒီရာထူးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) နဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် (ကြည်း) (ကြည်းချုပ်) လို့ ပြောပါလိမ့်မယ်။ ဒီကနေ့ တပ်မတော်မှာတော့ လက်ရှိ ဒုဗိုလ်ချုပ်ကြီးနဲ့အထက်ဆင့် တာဝန်ထမ်းဆောင်နေဆဲ အထက်တန်းတပ်မှူးကြီး အနည်းဆုံး ၂၄ ယောက်ရှိနေပါပြီ။
    အထက်တန်းတပ်မှူးကြီးရာထူး ၁၂၀၀ ရာခိုင်နှုန်း တိုးများလာတာဟာ ဒီကာလအတွင်းမှာဘဲ တပ်မတော်တခုလုံး အင်အား ၂၅၀ ရာခိုင် နှုန်း တိုးလာတာထက် အများကြီး ပိုလွန်နေပါတယ်။ အခုလို ထိပ်ပိုင်းအလွှာကို တိုးချဲ့တာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ အာဏာ ကို ခိုင်ခိုင်မြဲမြဲချုပ်ကိုင်ထားနိုင်ဖို့အတွက် အခရာကျနေပါတယ်။
    တပ်တွင်းမှာ ရာထူးတိုးမြင့်ရေးအခွင့်အလမ်းတွေ တိုးချဲ့ပေးထားခြင်းအားဖြင့် ဗိုလ်သန်းရွှေဟာ အရာရှိတပ်ဖွဲ့ကြီးရဲ့ သစ္စာစောင့်မှု ဆက်လက်ရရှိရေး သေချာအောင် အောင်မြင်စွာလုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ တပ်မှူးရာထူးတွေ တိုးချဲ့လိုက်ခြင်းအားဖြင့် ရာထူးတက်ဖို့ အခွင့်အလမ်းပိုများလာလို့ ဗိုလ်သန်းရွှေဟာ ကိုယ်ကျိုးစီးပွား ဆုလာဘ်လေး တဝင့်ဝင့်ပြပြီး စစ်ဗိုလ်တွေအနေနဲ့ စစ်အာဏာစနစ်ကြီးကို ဆက်လက်ထောက်ခံနေဖို့ ဆွဲဆောင်နိုင်ပါတော့တယ်။

    တိုးချဲ့ပြန်လည်ဖွဲ့စည်းမှု

    ရာထူးတိုးရေးအခွင့်အလမ်းတွေကို တိုးချဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ကြိုးပမ်းချက်တွေကို ၂၀၀၁ ခု တပ်မတော်ပြန်လည် ဖွဲ့စည်းမှုက သက်သေ ပြနေပါတယ်။ အဲဒီတုံးက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်းနဲ့ ကောင်းကောင်းအကျွမ်းတဝင်ရှိခဲ့တဲ့ အကြီးတန်းမြန်မာ့တပ်မတော် အရာရှိတယောက်ရဲ့ အဆိုအရ တပ်မတော်ကို အကြီးအကျယ်ပြင်ဆင်ဖွဲ့စည်းခဲ့တာဟာ အရာရှိတပ်ဖွဲ့ကြီးရဲ့ ရာထူးတိုးရေးအခွင့်အလမ်း တွေကို တိုးချဲ့ဖို့နဲ့ တိုင်းမှူးတွေရဲ့အာဏာကို လျှော့ချဖို့ဖြစ်ပါ တယ်။
    ၁၉၉၀ ခုနှစ်များအဆုံးပိုင်းမှာ တပ်မတော်တွင်း စိတ်ဓာတ်ကျဆင်းမှုတွေ အထူးတလည်ဖြစ်နေခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် တပ်မတော်နေ့ မှာ စစ်တပ်တွင်းလစာတွေကို ၅၀၀ ရာခိုင်နှုန်းတိုးပေးလိုက်တာဟာ အခြေအနေကို နည်းနည်းပါးပါး တိုးတက်စေခဲ့ပါတယ်။ ဒါပေမဲ့ လည်း ရှေ့တန်းထွက်အောက်ခြေအရာရှိတွေအတွင်းမှာ ရာထူးတိုးရေး အခွင့်အလမ်းနည်းပါးတာနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ အုံ့ပုန်းရှိနေဆဲ ဖြစ်ခဲ့တယ်လို့ ခုနကအရာရှိကပြောပါတယ်။
    အဲသလိုဖြစ်ရတာဟာ တစိတ်တပိုင်းအားဖြင့် တိုင်းမှူးတွေက ရာထူးကို ကာလရှည်ကိုင်ထားတာတွေကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ဒီရာထူးနေရာတွေကို အသုံးပြုပြီး အာဏာကို ကြီးကြီးမားမားတည်ဆောက်ထားပါတယ်။ သူတို့ဟာ အနှစ်သာရအားဖြင့် စစ်ဘုရင်တွေ ဖြစ်နေပြီး တိုင်းရင်းသားသူပုန်အဖွဲ့တွေနဲ့ တိုက်နေရတဲ့ မြန်မာ့မြေပြင်တပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား အားလုံးနီးပါးကို ထိန်းချုပ်ထားပါတယ်။ ဗိုလ်သန်းရွှေဟာ တိုင်းမှူး တယောက်ယောက်ကို ကိုင်ချင်ရင်လည်း ကျန်တဲ့တိုင်းမှူးတွေစုပြီး သူ့ကိုပြန်ပုန်ကန်မှာ စိုးလို့ မကိုင်ရဲဘူး ဖြစ်နေခဲ့ပါတယ်။
    အဲဒီအချိန်တုံးက တိုင်းမှူးတွေဟာ နအဖကောင်စီဝင်တွေလည်း ဖြစ်နေခဲ့ပါတယ်။ ဒီလိုသတ်မှတ်ချက်ကြောင့် ဝန်ကြီးတွေထက် ပိုအဆင့် မြင့်နေခဲ့ပြီး ဝန်ကြီးဌာနတွေဟာ အမိန့်ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ဖို့ ခက်ခဲ့ပါတယ်။ တိုင်းမှူးတွေက ဘယ်အမိန့်ကို ဆောင်ရွက်မယ် ဘယ်အမိန့်ကို ခေါက်ထားမယ်ဆိုတာကို ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။ အဲဒီတော့ တိုင်းမှူးတွေကို စစ်ရုံးချုပ်မှာ တဆင့်မြင့် ရာထူးတွေ တိုးပေးခြင်းအားဖြင့် နယ်စားပယ်စားဘဝကနေဆွဲထုတ်ပြီး ပြဿနာကို ဖြေရှင်းခဲ့ရပါတယ်။ ပေါ်လစီအပြောင်းအလဲမှာ တိုင်းမှူးသစ်တွေဟာ နအဖကောင်စီဝင် မလုပ်ရတော့ပါဘူး။
    တိုင်းမှူးသစ်တွေ သစ္စာရှိဖို့ ကျေးဇူးသိစေဖို့အတွက် ဗိုလ်သန်းရွှေဟာ တိုင်းမှူးရွေးရာမှာ တန်းစီဇယားထဲက တဆင့်နိမ့် စစ်ဗိုလ်တွေထဲက မရွေးဘဲ ၄-၅ ဆင့်နောက်ရောက်နေသူတွေထဲက ရွေးတင်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေစဉ်းစားချက်က နောက်တဆင့်နိမ့်အရာရှိဟာ မိမိရဲ့ ဝါစဉ်အရ လုပ်သက်အရ ရာထူးတိုးခံရတာဖြစ်ပြီး ဝါနု လုပ်သက်နုအရာရှိတယောက် အချိန်မတိုင်ခင် ရာထူးတိုးခံရရင်တော့ ဆရာသမား (သန်းရွှေ) ဂုဏ်ကျေးဇူးကို တန်ဖိုးထား သစ္စာရှိလိမ့်မယ်ဆိုတဲ့ စဉ်းစားချက် ဖြစ်ပုံရပါတယ်။
    ဒီစီမံချက်အရ တိုင်းမှူးတွေကို နေရာပေးနိုင်ဖို့ ဒုဗိုလ်ချုပ်ကြီးရာထူးတွေ အများကြီးတိုးချဲ့ဖို့လိုလာပါတယ်။ ဒုဗိုလ်ချုပ်ကြီးရာထူးတွေအ တွက် နည်းလမ်းနှစ်ခုနဲ့ လမ်းဖွင့်ခဲ့ရပါတယ်။ တခုက ၂၀၀၁ ပြင်ဆင်ဖွဲ့စည်းမှု မတိုင်ခင်လေးမှာ ဒုဗိုလ်ချုပ်ကြီးနှစ်ယောက်ကို အကျင့် ပျက်ခြစားမှုနဲ့ အနားပေးပစ်လိုက်တာ၊ နောက်တခုကတော့ စစ်တိုင်းတွေကို ဖြန့်ကိုင်ရတဲ့ ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) ကို ၄ ခုခွဲပစ်လိုက်တာဖြစ်ပါတယ်။
    နောက်ထပ်နေရာတွေ ဖန်တီးပေးလိုက်တာကတော့ ကြည်း-ရေ-လေ ကွပ်ကဲညှိနှိုင်းရေးမှူး ရာထူးသစ်နဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ် ရေး အရာရှိချုပ်ရုံး၊ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံးနဲ့ လေ့ကျင့်ရေးအရာရှိချုပ်ရုံးတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်မှာ အရာရှိ ချုပ်ရုံးတွေကို ဒုဗိုလ်ချုပ်ကြီးက ကွပ်ကဲပြီး ညွှန်ကြားရေးမှူးရုံးတွေကိုတော့ ဗိုလ်ချုပ်အဆင့်က ကွပ်ကဲရပါတယ်။ တကယ်တော့ ကြယ်သုံး ပွင့်အဆင့်ဗိုလ်ချုပ် (ဒုဗိုလ်ချုပ်ကြီး) ကို နေရာပေးဖို့ အရာရှိချုပ်ရုံး ဖန်တီးတာကို အရင်ကတည်းက လုပ်ခဲ့ဖူးပါတယ်။
    ၁၉၉၃ သြဂုတ်လမှာ ယခင်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်ကို ဒုဗိုလ်ချုပ်ကြီးအဆင့် တင်တာနဲ့ ကိုက်ညီအောင် စစ်မဟာ ဗျူဟာလေ့လာရေးရုံး OSS ကို တည်ထောင်ခဲ့ပါတယ်။ တကယ်တော့ OSS ရဲ့ လုပ်ငန်းတာဝန်နဲ့ ဝန်ထမ်းတွေဟာ ဗိုလ်ခင်ညွန့်ရဲ့ တပ်မ တော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး DDSI ဌာနချုပ်ဝန်ထမ်းတွေ လုပ်နေတာတွေနဲ့ ဘာမှသိတ်ကြီး မထူးခြားပါဘူး။
    အပြင်လူတွေနဲ့ အနောက်နိုင်ငံက လေ့လာသူတွေဟာ OSS တည်ထောင်တာကို အလွန်အကျွံ အလေးပေး အထင်ကြီးနေခဲ့ကြတယ်လို့ ထောက်လှမ်းရေးအရာရှိဟောင်းတယောက်က အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။ တကယ့် အနှစ်သာရကတော့ OSS ဆိုတာ ဗိုလ် ခင်ညွန့်ကို နောက်ထပ်ကြယ်တပွင့်တိုးပေးလိုက်တာနဲ့ ကိုက်ညီအောင် စာရွက်ပေါ်မှာ ကလဖန်ထိုးလိုက်တာဘဲ ဖြစ်ပါတယ်။

    ရာထူးအဆင့်ဖောင်းပွမှု

    ၂၀၀၁ နိုဝင်ဘာ ပြင်ဆင်ဖွဲ့စည်းမှုဟာ နောက်ပိုင်းမှာ တပ်မတော်ထိပ်ပိုင်း တပ်မှူးအုပ်ကြီးကို တိုးချဲ့ဖို့ အကြောင်းအချက်တခုသာ ဖြစ်ပါ တယ်။ ရာထူးအဆင့်သစ်တွေ တီထွင်တာ၊ ရာထူးနေရာသစ်တွေ ဖော်ထုတ်တာနဲ့ အစိုးရဝန်ထမ်းလောကထဲ စစ်ဘက်က ထိုးဖောက်ဝင် တာတွေက ရာထူးအဆင့်ဖောင်းပွမှုနဲ့ ထိပ်ပိုင်းတပ်မှူးအုပ်ကြီးထွားမှုကို အားပေးမီးထိုးပေးခဲ့ပါတယ်။
    ထိပ်ပိုင်းတပ်မှူးအုပ် တိုးချဲ့ဖို့လမ်းစကို နဝတ အာဏာသိမ်းပြီး ၁၈ လအကြာ ၁၉၉၀ မတ်လမှာ စတင်ခဲ့ပါတယ်။ အဲဒီတုံးက ဗိုလ်ချုပ် တွေနဲ့ ဗိုလ်မှူးကြီးတချို့ကို အစုလိုက်အပြုံလိုက် ရာထူးတိုးပေးခဲ့ပါတယ်။ စမူဆာပုံ စစ်မိန့်ပေး ဦးစီးကွပ်ကဲမှု အဆောက်အအုံကို ပုံစံပီဖို့ အတွက် ဗိုလ်သန်းရွှေအရင်လူ ဗိုလ်စောမောင်ဟာ ဗိုလ်ချုပ်မှူးကြီးရာထူး အသစ်ထွင်ပြီး ကိုယ့်ကိုယ်ကို ရာထူးတိုးခဲ့ပါတယ်။
    ၂၀၀၂ စက်တင်ဘာလမှာ စစ်အစိုးရရဲ့ နံပတ် ၂ ဗိုလ်မောင်အေးကို ဒုဗိုလ်ချုပ်မှူးကြီးအဆင့် (ကြယ် ၄ ပွင့်ခွဲ) ကို တိုးပေးခြင်းအားဖြင့် ရာထူးသစ်တီထွင်မှု ထပ်လုပ်ခဲ့ပါတယ်။ ဒီရာထူးသစ်ကြောင့် ဦးအေးဟာ ပြိုင်ဖက် ဗိုလ်ခင်ညွန့် စတုတ္ထမြောက်ကြယ် ထပ်တပ်ချိန်မှာ လည်း ရာထူးအဆင့်သာလွန်မှုကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
    ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးရာထူးတိုးဖို့ဟာလည်း စောစောပိုင်းက ရာထူးတိုးခဲ့သလိုမျိုး စာရွက်ပေါ်မှာ ကလဖန်ထိုးဖို့ လိုခဲ့ပါတယ်။ ကြယ် ၄ ပွင့်အဆင့်နဲ့ကိုက်အောင် ဦးခင်ညွန့်ဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ စစ်ဖက်အကြံပေးအဖြစ် သတ်မှတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဝန်ကြီးချုပ် ခန့်အပ်ခံရတော့ ရာထူးအဆင့်နဲ့ ပိုကိုက်ညီသွားပါတယ်။ သိတဲ့အတိုင်း ၂၀၀၄ မှာ ဗိုလ်ခင်ညွန့် ဖြုတ်ထုတ်အုပ်ခံရပြီး အခုထိ အကျယ် ချုပ် ချခံနေရပါတယ်။
    ဗိုလ်ခင်ညွန့်ကို ရာထူးတိုးပေးတာတွေဟာ စက္ကူပေါ်မှာ အကြံအဖန်လုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ထိပ်ပိုင်းတပ်မှူး အုပ်ကြီးကို တိုးချဲ့ နိုင်ဖို့ စစ်ဆင်ရေးရာထူးနေရာသစ်တွေလည်း ဖန်တီးပေးခဲ့ရပါတယ်။ ၂၀၀၁ နိုဝင်ဘာ ပြန်လည်ဖွဲ့စည်းမှုက လမ်းပြခဲ့ပြီးနောက်မှာ နောက်ထပ် ကစထ နှစ်ခု ထပ်တည်ထောင်ခဲ့ပါတယ်။ ကစထ-၅ က ရန်ကုန်တိုင်းကို ကိုင်ပြီး ကစထ-၆ က ရခိုင်ပြည်နဲ့ မကွေးတိုင်းကို တာဝန်ယူရပါတယ်။
    အခုနောက်ဆုံးတီထွင်လိုက်တဲ့ ဒုဗိုလ်ချုပ်ကြီးရာထူးကတော့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဖြစ်ပါတယ်။ ကစထ တွေ တည်ထောင် တာဟာ စစ်ဆင်ရေးအတွက် တစုံတရာအသုံးဝင်မှုရှိနိုင်ပေမဲ့ အခုနောက်ဆုံးထွင်လိုက်တဲ့ ရာထူးကတော့ နောက်ထပ်ဗျူရိုကရေစီအလွှာ တခု ထပ်ပိုးလိုက်တာထက် ဘာမှသိတ်ထူးပုံမရပါဘူး။
    ဒုဗိုလ်ချုပ်ကြီးအဆင့်အောက် စစ်ဗျူရိုကရေစီယန္တရားကြီးဟာလည်း ကြီးထွားလာခဲ့ပါတယ်။ စစ်တိုင်းအသစ်တွေ ဖန်တီးတာ၊ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွေ တိုးများလာတာ၊ တပ်မအဆင့် အမြောက်ကြီးစခန်းဌာနချုပ် နဲ့ သံချပ်ကာတပ်ကွပ်ကဲမှုစခန်းဌာနချုပ်တွေ ဖွင့်လှစ်လိုက်တာတို့ဟာ ထိပ်ပိုင်းတပ်မှူး အရာရှိတပ်ဖွဲ့ ကြီးထွားလာစေဖို့ အများကြီး အားပေး ခဲ့ပါတယ်။

    ဖောင်းကားနေတဲ့ အစိုးရဝန်ထမ်း

    စစ်ဗျူရိုကရေစီယန္တရားကြီးကို စစ်အစိုးရက ချဲ့ထွင်တာနဲ့ တပြိုင်တည်းမှာ အစိုးရ အရပ်ဖက်ဗျူရိုကရေစီယန္တရားကြီးကိုလည်း တောက် လျှောက် တိုးချဲ့နေပါတယ်။ ၁၉၈၈ ခု နဝတ အာဏာယူပြီး သိတ်မကြာခင်တုံးက အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ရုံးနဲ့ ဝန်ကြီး ၉ ယောက် ခေါင်းဆောင်တဲ့ ဝန်ကြီးဌာန ၁၈ ခု ရှိခဲ့ပါတယ်။ ဝန်ကြီး ၉ ယောက်မှာ ၈ ယောက်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရာထူးနေရာ တွေ ထမ်းဆောင်နေတဲ့ စစ်ဗိုလ်တွေ ဖြစ်ပါတယ်။
    အဲဒီကတည်းကစလို့ ဗိုလ်သန်းရွှေဟာ သူ့စနစ်ကို ထောက်ခံအားပေးတဲ့သူခိုးဝန်ထမ်းကြီးတွေကို ဆုချဖို့ အခွင့်အလမ်းတွေ တိုးချဲ့တဲ့ အနေနဲ့ အရပ်ဖက်အုပ်ချုပ်ရေးဗျူရိုကရေစီယန္တရားကြီးကိုလည်း တိုးချဲ့လာခဲ့ပါတယ်။ ဒီကနေ့ မှာတော့ ဝန်ကြီးချုပ်ရုံးအပြင် ဝန်ကြီးဌာန ၃၂ ခု၊ ဝန်ကြီး ၃၂ ပါးရှိနေပါတယ်။ ဒီထဲမှာ ၇ ယောက်ဘဲ "အရပ်သား" ဖြစ်ပြီး အများစုက ဗိုလ်ချုပ်ဟောင်းတချို့အပါအဝင် စစ်မှုထမ်း ဟောင်းတွေဖြစ်ပါတယ်။
    အထက်တန်းစစ်အရာရှိကြီးတွေနဲ့ ရင်းရင်းနှီးနှီးဆက်သွယ်မှုတွေရှိတဲ့ မြန်မာသတင်းရင်းမြစ်တခု အဆိုအရ ၂၀၀၄ ခုနှစ်က အထက်တန်း အရာရှိကြီးတွေရဲ့ အစည်းအဝေးတခုမှာ လူအင်အားကိစ္စတွေအကြောင်း ဆွေးနွေးတဲ့အခါ ဗိုလ်သန်းရွှေက ရာထူးတိုးရေးအခွင့်အလမ်း တွေ နောက်ထပ်ဖန်တီးပေးနိုင်ဖို့အတွက် ဝန်ကြီးတယောက်ထဲက ဝန်ကြီးဌာန အများအပြားကိုင်တဲ့ လုပ်ရပ်ကို ဆက်မလုပ်ဖို့ ညွှန်ကြား ခဲ့ပါတယ်။
    အရင်နှစ်ဇွန်လမှာ ဗိုလ်ချုပ်မောင်မောင်ဆွေက လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကို လက်လွှတ်လိုက်တဲ့အတွက် ခုန ပြောတဲ့လုပ်ရပ် နိဂုံးချုပ်သွားခဲ့ပါတယ်။ ဦးအောင်ကြည်ကတော့ အလုပ်သမားဝန်ကြီးလည်းဖြစ်၊ ဆက်ဆံရေးဝန်ကြီးလည်း ဖြစ်နေပေမဲ့ ဆက်ဆံရေးဝန်ကြီးဆိုတာ တကယ့်ရုံးဌာန ဆုပ်ဆုပ်ကိုင်ကိုင်မရှိဘဲ ဆိုင်းဘုတ်သက်သက်ဘဲ ဖြစ်ပါတယ်။
    ဝန်ကြီးဌာနသစ်တွေ ဖန်တီးလိုက်တာဟာ စစ်ဘက်ဝန်ထမ်းတွေ ရာထူးတိုးဖို့လမ်းကြောင်း ပိုကျယ်သွားစေခဲ့ပေမဲ့ တိုင်းပြည်မှာတော့ ပိုဖောင်းပွ ပိုအရည်အချင်းမဲ့တဲ့ ဗျူရိုကရေစီယန္တရားကြီးက ဖိစီးနှိပ်စက်မယ့်အန္တရာယ် ကျနေပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲက မျှော်မှန်းထားသလို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရဆီ တနေ့နေ့မှာ အာဏာလွှဲပြောင်းသွားတဲ့အခါ အဲဒီအစိုးရဟာ စစ်တပ် အုပ်စိုးမှုအောက်မှာ ဖြစ်ထွန်းလာခဲ့တဲ့ ကမောက်ကမ ဗယုတ်သုက္ခအစိုးရအဆောက်အအုံကြီးကြောင့် အုပ်ချုပ်ရေးစွမ်းရည် ချို့ယွင်း ပျက်ပြားနေဖို့ အလားအလာများပါတယ်။
    ဒါ့အပြင် အရပ်ဖက်ဗျူရိုကရေစီယန္တရားထဲကို စစ်ဘက်ပုဂ္ဂိုလ်တွေ စိမ့်ဝင်ထိုးဖောက်နေမှုဟာ ပမာဏအရရော၊ အတိုင်းအတာအရရော ပိုများလာစရာရှိပါတယ်။ ၂၀၀၆ တုံးက ဗိုလ်မှူးချုပ် ၄ ယောက်ကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဘုတ်အဖွဲ့မှာ ခန့်အပ်လိုက်တာဟာ အရပ်ဖက်အစိုးရဝန်ထမ်းနယ်ပယ်ထဲ စစ်ဖက်က ပိုပြီးပါဝင်ပတ်သက်မယ့် အလားအလာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။
    မကြာသေးခင်က အင်တာနက်သတင်းတပုဒ်အရ သင်တန်းသားဦးရေများလာတဲ့အတွက် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC ကျောင်းဆင်းတွေဟာ စစ်တိုင်း သို့မဟုတ် တပ်မရာထူးတွေ သေချာပေါက်ရမယ်လို့ တွက်မထားဖို့ သင်တန်းဆရာတယောက်က သင်တန်းသားတွေကို သတိပေးတယ်လို့ ဆိုပါတယ်။ အဲဒီ အဆင့်မြင့်တပ်ရာထူးတွေအစား ကာကွယ်ရေးဝန်ကြီးဌာန အပြင်ဖက်က ဝန်ကြီးဌာနတွေမှာဘဲ ညွှန်ချုပ်ရာထူးတွေ ယူရနိုင်ပါလိမ့်မယ်တဲ့။

    အက်ကွဲနေတဲ့စမူဆာ

    ဗိုလ်သန်းရွှေ မြန်မာ့တပ်မတော်ကို ကိုင်တွယ်နေပုံဟာ တချို့ပုံစံတွေအရ စံနမူနာပြ ပိရမစ် စမူဆာပုံ (ဝါ) ပွန်ဇီ စီးပွားရေးကစားကွက် Ponzi ပုံ ပေါက်နေပါတယ်။ [ပွန်ဇီ ဆိုတာ လွန်ခဲ့တဲ့ ၄-၅ နှစ်က မြန်မာပြည်မှာ ခေတ်စားပြီး အကြီးအကျယ်နာမည်ပျက်သွားခဲ့တဲ့ ဖိုးတွမ်တီး "အကျိုးဆောင်ကုမ္ပဏီ" တွေ လုပ်စားပုံကို ပြောတာဖြစ်ပါတယ်။]
    ပွန်ဇီ (ပိရမစ်) ကစားကွက်မှာ အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေကို နောက်ကျဝင်လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ထည့်ဝင် ရှယ်ယာတွေနဲ့ အမြတ်ဝေစုပေးတာ လုပ်ပါတယ်။ ဒီပိရမစ် ကြီးထွားကျယ်ပြန့်နေသရွေ့ ရှေ့လူတွေကို နောက်လူတွေ ဆီကရတာနဲ့ အကျိုးအမြတ် ပေးနေတော့ အားလုံးအကျိုးရှိနေပါတယ်။ ပိရမစ်ကြီးထွားမှု ရပ်ဆိုင်းသွားတဲ့အခါမှာတော့ အစောပိုင်း ငွေရင်းထည့်ထားသူတွေအနေနဲ့ ဧရာမအမြတ်ကြီးတွေ ရထားပြီးဖြစ်သလို နောက်ဝင်သူတွေကတော့ နည်းနည်းလောက်ဘဲ မြတ်လိုက်တာ သို့မဟုတ် လုံးဝမရလိုက်တာ ဖြစ်ကုန်ပါတယ်။
    လက်ရှိစစ်အစိုးရခေါင်းဆောင်ပိုင်းဟာလည်း စစ်အာဏာရှင်စနစ်ကြီးထဲမှာ မိမိတို့သစ္စာရှိမှုကို အစောဆုံး ရင်းနှီးမြှုပ်နှံခဲ့လို့ အဆီတဝင်း ဝင်း ရာထူးနေရာတွေ အခွင့်ထူးတွေ ဆုချခံထားရပါတယ်။ မကြာသေးခင်က NDC ကျောင်းဆင်းတွေ တွေ့လိုက်ရသလို ပိရမစ်ထိပ်လွှာ တွေမှာ ကျပ်ညပ်ပြွတ်သိပ်လာတဲ့အခါ အမြတ်ဝေစုတွေက သေးလိုက်လာပါတော့တယ်။
    စစ်အာဏာရှင်စနစ်ကြီးရဲ့ ပွန်ဇီစီးပွားရေးကွက် သဘာဝကြောင့် တပ်မတော်ကို တိုးချဲ့ဖို့ဖိအား အမြဲဖြစ်နေပါတယ်။ တချို့တပ်ဖွဲ့တွေမှာ စစ်သားတယောက်ဟာ လူသစ် ၂ ယောက် စုဆောင်းမပေးနိုင်ရင် တပ်ထွက်ခွင့်မရပါဘူး။ ဒီလိုဖိအားကြောင့် လမ်းသွားလမ်းလာတွေ ကလေးစစ်သားတွေကို အဓမ္မစစ်သားဆွဲတဲ့ အောက်တန်းကျအလေ့အထတွေ များပြားလာစေပါတယ်။ ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ ဒါမှမဟုတ် စစ်သားစုဆောင်းရေးရည်မှန်းချက်ပန်းတိုင်တွေ ဖြည့်ဆီးဖို့ ၂၀၀၇ ခုမှာ တပ်မတော်စစ်သားစုဆောင်းရေးညွှန်ကြားရေးမှူးရုံး အသစ် တိုးချဲ့ခဲ့ပါတယ်။
    စစ်အုပ်စုဟာ ကိုယ့်ဖာသာကိုယ် အဓိပ္ပာယ်ဖွင့်ထားတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ တိုင်းပြည်ကိုမောင်းနေရာမှာ စစ်ဗိုလ်တွေအတွက် ရာထူး တိုးရေးအခွင့်အလမ်းတွေ ပိုရလာစေဖို့ စစ်တပ်အဆောက်အအုံနဲ့ အစိုးရအဆောက်အအုံကို နောက်ထပ်ပြင်ဆင်ပြောင်းလဲ အကွက်ချ ကစားတာတွေ လုပ်ဖို့များပါတယ်။ ရာထူးနေရာတွေ ပိုများများဖန်တီးဖို့ အရင်ကကျင့်သုံးခဲ့တဲ့ နည်းနာတွေကိုလည်း ထပ်လုပ်နိုင်ပါတယ်။ လက်ရှိကစထတွေထဲက တော်တော်များများကို စိတ်ပိုင်းပြီး နောက်ထပ် ကြယ် ၃ ပွင့်ရာထူးနေရာ (ဒုဗိုလ်ချုပ်ကြီး)တွေ ဖော်ပေးနိုင်ပါ တယ်။
    မကွေးတိုင်း၊ ကရင်နီပြည် ဒါမှမဟုတ် ကရင်ပြည်တို့မှာ စစ်တိုင်းအသစ်တွေ ထပ်ပေါ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ ကြယ် ၂ ပွင့် နဲ့ ကြယ် ၁ ပွင့် ရာထူးနေရာတွေ တိုးချဲ့နိုင်ပါတယ်။ နောက်ဆုံးအားဖြင့် ကစထမှူးတွေက ဗိုလ်ချုပ်ကြီးအဆင့် တက်လာပြီး တိုင်းမှူးတွေက ဒုဗိုလ် ချုပ်ကြီးအဆင့် တက်လာတာအထိ ရာထူးဖောင်းပွမှု ဖြစ်လာနိုင်ပါတယ်။
    ဒီမိုကရေစီနာမည်ခံရင်း စစ်တပ်ဆက်လက်ကြီးစိုးမှုအောက်မှာ အရပ်ဖက်အုပ်ချုပ်ရေးအစိုးရအဆောက်အအုံထဲ စစ်ဗိုလ်တွေ နောက်ထပ် စိမ့်ဝင်ပျံ့နှံ့လာပြီး ဗျူရိုကရေစီယန္တရားသစ်ပင်ကြီးမှာလည်း အကိုင်းအခက်သစ်တွေ ဖန်တီးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ စွမ်းဆောင်ရည် နိမ့်ကျတဲ့ အစိုးရအုပ်ချုပ်ရေးအဆောက်အအုံက ဖိစီးနှိပ်စက်မယ့်အန္တရာယ် ကျရောက်နေပါတယ်။ ဒီလိုဖောင်းကားပွယောင်းနေတဲ့ စစ် စနစ်ကြီးကို အသက်ဆက်ဖို့ ဘယ်ကရင်းမြစ်တွေရမှာလဲ ဆိုတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအနာဂတ်အတွက် နောက်ထပ်အရေးပါ တဲ့ မေးခွန်းဖြစ်ပါလိမ့်မယ်။
    အရှေ့တောင်အာရှရေးရာ အထူးပြု အလွတ်သတင်းထောက် နော်မန်ရိုးဘက်စပီးယဲ (အမည်ရင်းမဟုတ်) ၏ မတ်လ ၁၂ ရက် အေးရှားတိုင်းမ် အင်တာနက်ဂျာနယ်ပါ ဆောင်းပါးကို ဂါမဏိ ဘာသာပြန်သည်။

    အာဏာခွဲဝေမှု သဘောတူမှသာ ဒဏ်ခတ် ပိတ်ဆို့မှုကို ရုပ်သိမ်းသင့်သည်

    Tuesday, 17 March 2009 18:16 ရဲနည်
    အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က စီးပွားရေး ဒဏ်ခတ်အရေးယူမှုများ ဆက်လက် တောင်းဆိုနေသည့်အပေါ် မကြာသေးမီက ဝေဖန်ချက် အများအပြား ထွက်ပေါ်လာခဲ့သည်။ နိုင်ငံ၏စီးပွားရေးကို အင်အားချိနဲ့စေရန် စနစ်တကျစီစဉ် ဆောင်ရွက်နေကြောင်း သူတို့က စွပ်စွဲခဲ့သည်။
    သီအိုရီ သဘောတရားအရ ပြောရမည်ဆိုလျှင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြား အကူအညီများကို ကန့်သတ်ခြင်းဖြင့် နိုင်ငံအဆင့် မက္ကရိုစီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေပြီး၊ ပို၍ ဆိုးရွားသည့် အခြေအနေသို့ပင် ဆိုက်စေနိုင်ပါ သည်။ သို့သော်လည်း မေးစရာရှိသည့် မေးခွန်းမှာ အကယ်၍ အနောက်နိုင်ငံများမှ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားလိုက်လျှင် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမည်လောဟူသည့် မေးခွန်းပင်။
    ဒဏ်ခတ်ပိတ်ဆို့မှု ဆန့်ကျင်နေကြသူ အုပ်စုများအပါအ၀င် မြန်မာပြည်အရေး လေ့လာနေကြသူများ မလွဲမသွေ သဘောတူညီ နိုင်သည့် အချက်မှာ မြန်မာပြည်သူများ ခံစားနေကြရသည့် ဒုက္ခများသည် ဆယ်စုနှစ်များစွာ လွဲချော်သော စီးပွားရေးစီမံ ခန့်ခွဲမှုများနှင့် အုပ်ချုပ်သူများ၏ အမြော်အမြင်မရှိသော လုပ်ရပ်များကြောင့် ဆိုသည့် အချက်ပင် ဖြစ်ပါ သည်။
    စစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ နံပါတ် ၂ ခေါင်းဆောင် ဒု-ဗိုလ် ချုပ်မှူးကြီးမောင်အေးနှင့် ထိပ်သီးလူတစုကသာ စီးပွားရေး မူဝါဒများကို ချမှတ်ဆုံးဖြတ်နေကြခြင်း ဖြစ်သည်။ ထိုသူများက စီးပွားရေးရာကိစ္စများ တွင် အထူးအာဏာရှိနေကြသူများ ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များမှာ များသောအားဖြင့် မဟာဗျူဟာ တွက်ချက်မှု၊ စစ်ရေး အကြောင်းအချက်များနှင့် ဆက်စပ်ပတ်သက်နေလေ့ရှိပြီး၊ အစိုးရယန္တယားများက ကြိုက်သည်ဖြစ် စေ၊ မကြိုက်သည်ဖြစ်စေ လိုက်၍ အကောင်အထည်ဖော်ကြရပါသည်။
    နိုင်ငံ၏ စီးပွားရေးကို လက်ဝါးကြီးအုပ် ချယ်လှယ်နေသည့်အချိန်၌ အုပ်ချုပ်နေကြသည့် စစ်ဗိုလ်ချုပ်များက သူတို့၏ မိတ် ဆွေများ၊ မိသားစုဝင်များ၊ ဆွေမျိုးများကို အခွင့်ထူးခံစားစေ၍ ကောင်းကျိုးပြုနေကြသည်။ စစ်အစိုးရ ထိပ်သီးခေါင်းဆောင် များနှင့် နီးစပ်သည့် အချို့သောကုမ္ပဏီများကို အထူး သွင်းကုန်ပါမစ်များ ချပေးခြင်း၊ အခွင့်ထူးခံအဖြစ် ငွေထုတ်ချေးပေး ခြင်းများ ပြုနေကြသည်။
    အထူးအခွင့်ရေး ခံစားစေသည်ဟု ဆိုရာ၌ အထူးသက်သာစေသည့် အကောက်ခွန်နှုန်းထားများဖြင့် ကောက်ခံခြင်း၊ သွင်း ကုန်ခွန်များ လျှော့ပေါ့ပေးခြင်းမျိုးတို့ ဖြစ်ပါသည်။ သဘာဝ အရင်းအမြစ်များကို အထူးအခွင့်အရေးပေး၍ ထုတ်စေခြင်း၊ အချို့သော ကုန်သွယ်မှု၊ စက်မှု လက်မှုလုပ်ငန်းများ၌ လက်ဝါးကြီးအုပ်ခွင့်များ ပေးခြင်း၊ လိုင်စင်နှင့် ပါမစ်များ ချပေးရာတွင် မျက်နှာသာပေးခြင်း၊ မြေ အဆောက်အဦနှင့် ရေနံ၊ ဒီဇယ်၊ သဘာဝဓါတ်ငွေ့၊ လောင်စာ၊ လျှပ်စစ်နှင့် ရေ စသည်တို့ကို အစိုးရပံ့ပိုးထားသည့် သက်သာချောင်ချိသည့် စရိတ်ဖြင့် ရစေခြင်း၊ အစိုးရ ကန်ထရိုက်လုပ်ငန်းများ ချပေးရာတွင် ဦးစား ပေးခြင်း စသည့် အခွင့်အရေးများကိုလည်း လူနည်းစုသာ ခံစားနေကြရပါသည်။
    မြန်မာစစ်တပ်ကိုယ်၌က စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ဦးပိုင်ကုမ္ပဏီ လီမိ တက် (UMEHL) နှင့် မြန်မာနိုင်ငံ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့မှတဆင့် လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။ နိုင်ငံ ရပ်ခြားကုမ္ပဏီများက စစ်တပ်၏ ၎င်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက လုပ်ငန်းခွင့်ပြုချက်ရရှိရန် ပိုမိုလွယ်ကူသည်ဟုလည်း ဆိုကြသည်။
    " မည်သို့ပင် ဖြစ်စေ၊ (စစ်တပ်က ချုပ်ကိုင်ထားသည့်) မြန်မာ့ဦးပိုင်ကုမ္ပဏီ လီမီတက် (UMEHL) နှင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံ စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့နှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ အခြေချသည့်တိုင် ပြည်ပမှ လုပ်ငန်း ရှင်များအနေနှင့် အောင်မြင်မည်ဟု အာမခံချက် မရှိပါ" ဟု အမေရိကန် အစိုးရ၏ အစီရင်ခံ စာတခုတွင် ဖော်ပြထားခဲ့သည်။ "ရင်းနှီးမြှုပ်နှံသူများက အစီရင်ခံကြရာတွင် မြန်မာစစ်အစိုးရဖက်မှ ကပ်ပါးကောင်များသဖွယ် ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုများ ပြုကြကြောင်း၊ ပူးတွဲကျခံ ရမည့်စရိတ်များကို ထည့်ဝင်ခြင်း မရှိကြောင်း၊ ရံဖန်ရံခါ ရင်းနှီးမြှုပ်နှံမှုများမှနေ၍ အကျိုးအမြတ်ဖြစ်ထွန်းလာသည့်အခါ နိုင်ငံရပ်ခြား လုပ်ငန်းရှင်များကို အင်အားသုံး ပထုတ်ကြသည်" ဟု ဖော်ပြခဲ့သည်။
    ရင်းနှီးမြှုပ်နှံသူအများ မြန်မာနိုင်ငံမှ ပြန်လည်ရုပ်သိမ်းသွားခဲ့ကြခြင်းမှာလည်း အလုပ်မဖြစ်နိုင်သည့် ၀န်းကျင်နှင့် အကျိုး အမြတ် ပြန်လည်ရရှိမှု နည်းခြင်းကြောင့်သာ ဖြစ်ပါသည်။
    ယခုအချိန်တွင် မြန်မာစစ်တပ်နှင့် သူတို့နှင့် နီးစပ်သူ လူနည်းစု လုပ်ငန်းရှင်များက အနောက်နိုင်ငံများမှ စီးပွားရေး ဒဏ် ခတ်အရေးယူမှုများကို ရှောင်ရှားနေကြရပြီး၊ တရားမ၀င် စီးပွားရေးလုပ်ငန်းများတွင် သူတို့ ပတ်သက်လုပ်ကိုင်နေကြရပါ သည်။ ပုဂ္ဂလိက ဘဏ်ကွန်ရက်များ၊ မှောင်ခိုကုန်သွယ်မှုများ၊ ကုန်ချင်းဖလှယ်သည့် ကုန်သွယ်ရေးများ၊ စာရင်းအင်း တင်မထားသည့် စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ၊ ခြစားမှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း စသည့် အခြားသော တရား မ၀င်လုပ်ငန်းများတွင်ပါ ပတ်သက်လုပ်ကိုင်နေကြပါသည်။
    အကယ်၍ မြန်မာစစ်ခေါင်းဆောင်များသာ အမြော်အမြင်ရှိပါက ဗီယက်နမ်နှင့် တရုတ်နိုင်ငံများ၏ နမူနာကိုယူ၍ တိုင်းပြည်စီးပွားရေး တိုးတက်လာအောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။ ထိုနိုင်ငံများတွင် စီးပွားရေး၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြပြီး၊ နိုင်ငံတကာနှင့် ပြန်လည်သင့်မြတ် ဆက်သွယ်နိုင်ခဲ့ကြပါသည်။
    တချိန်တည်းမှာပင် စစ်အစိုးရ၏ ထုတ်ပြန်ကြေညာချက် ဖြစ်သည့် "ထိပ်တိုက်ရင်ဆိုင်ခြင်း၊ အလုံးစုံ ပျက်သုဉ်းစေရေး၊ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ရေးနှင့် အထီးကျန်ဖြစ်စေရေးတို့သည် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမရှိ ပါကြောင်း"ကို တုံ့ပြန်သောအားဖြင့် "ဖြစ်ပေါ်လာမည့် (နားလည်မှု လွဲမှားမှုများ) ပြဿနာများကို တားဆီးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်၊ ပူးတွဲထုတ်ပြန်ချက် လုပ်လိုပါသည်" ဟု ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ဆက်ဆံရေး ကိုယ်စားလှယ် ဦးအောင်ကြည်မှတဆင့် အာဏာပိုင်များထံ သို့ အကြောင်းပြန်ခဲ့သည်။
    စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းသင့်ပါသည်။ သို့သော်လည်း မြန်မာစစ်အစိုးရက ပထမဦးစွာ ဒီမိုကရေစီ ခေါင်းဆောင်များနှင့် အာဏာခွဲဝေကျင့်သုံးရေးကို သဘောတူရန် လိုအပ်ပါသည်။
    မြင်ရသလောက် မြန်မာစစ်အစိုးရက လက်ရှိ ၎င်းတို့ချမှတ်ကျင့်သုံးနေသော မူဝါဒများကို ပြုပြင်ပြောင်းလဲရန် မရှိသကဲ့သို့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကိုလည်း ပြန်လွှတ်ပေးရန် မမြင်မိပါ။ အတိုက်အခံများနှင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးမှာလည်း ဖြစ်နိုင်ခြေ မရှိသေးပါ။
    အချုပ်ဆိုရလျှင် မြင်သာသည့် နိုင်ငံရေးတိုးတက်ဖြစ်ပေါ်မှုများ မရှိသေးဘဲနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးမှုများ လျှော့ကျလာမည်ဟု မမျှော်လင့်နိုင်သေးပါကြောင်း။ ။

    ၂၀၀၉ခုနှစ်မျောက်ချောက်သံ(၁)