Thursday, March 19, 2009

ဒီတခါတွေဝေမနေပါနဲ့.....


၈၈၈၈ဆန္ဒပြပွဲကို၁လနဲ့၁၀ရက်ကြာလောက်ကျောင်းသားနဲ့ရဟန်းပြည်သူတွေထိန်းထားနိုင်ခဲ့တယ်။
နောက်ထပ်၂ပတ်လောက်ဆက်ထိန်းထားရင်ငါတို့စစ်တန်းလျားပြန်ရပြီလို့လည်းစစ်တပ်အရာရှိတဦး
ကပြောဖူးပါတယ်။ကျောင်းသားပြည်သူတာဝန်ကျေခဲ့ကြပါတယ်၊ပွဲသိမ်းခရာမမှုတ်နိုင်ပဲဖြစ်ခဲ့ရတာက
တော့ဝန်ကြီးလုပ်မဲ့သူတွေတွေဝေမှုနဲ့အရှေ့ကိုလျှောက်ပါလို့အနောက်ကိုတဲ့မျှော်လိုက်ရင်...တွေဖြစ်
ခဲ့ကြလို့ပါပဲ...အဲဒီအစည်းအဝေးတွေကိုမိုးသီးကိုယ်တိုင်တက်ခဲ့ဖူးပါတယ်။
ဦးကြည်မောင်ကကြားဖြတ်အစိုးရဖွဲ့ဖို့တင်ပြတာလက်မခံခဲ့သလိုဦးနုရဲ့ကြေငြာချက်ကိုလည်းအသိ
အမှတ်မပြုခဲ့ကြပါဖူး၊သြဂက်စ်လကုန်ပိုင်းကစလို့အကြမ်းဖက်ခေါင်းဖြတ်တွေပေါ်လာတော့.....
အမှတ်ရစရာလေးအောက်မေ့ဖွယ်ပြောပြချင်ပါသေးတယ်...နေ့ဖက်ဆန္ဒပြ၊ညဖက်ကွပ်ကဲရေးစခန်း
မှာအိပ်။ခြင်ချီသွားသလားတောင်ထင်ရတယ်။တနေ့နေ့လည်မဆလအသင်းဝင်ကပ်ပြားတွေလာအပ်
တာလက်ခံနေတဲ့အချိန်ဘယ်သူတိုင်လိုက်လည်းတော့မသိ၊မြေပေါ်မှာမြင်ရတဲ့အရာမှန်သမျှမတွေ့ရ
တော့တဲ့စက်ရုံတခုရဲ့မြေကြီးထဲကအုတ်ချပ်တွေတူးနေသူ၆ယောက်လောက်ကိုစစ်တပ်ကသေနတ်သံ
တွေနဲ့အတူဖမ်းလာပြီးဘာစိတ်ကူးပေါက်လည်းမသိ၊ကွပ်ကဲရေးရုံးမှာချပေးသွားတယ်၊
အကျိုးအကြောင်းမေးချိန်လေးတောင်မရလိုက်၊အပြင်မှာဒုတ်ဓါးတွေနဲ့လူတချို့ရောက်လာတယ်၊
မဆလသူလျိုတွေထုတ်ပေးဆိုပြီးတောင်းဆိုလာတယ်၊ခုနက၆ယောက်လုံးဟာမျက်မှန်းတန်းမိသူတွေ
ုဖြစ်သလိုသာမန်လက်လုပ်လက်စားတွေဖြစ်တယ်၊အရေးအခင်းမဖြစ်ခင်ထဲကနေ့စားအလုပ်သမား
တွေ၊ဘယ်လိုနည်းနဲ့မှမဆလဒလန်မဖြစ်နိုင်ဖူး၊ဖြစ်နေတောင်မပေးနိုင်ဖူး၊ပေးတာနဲ့ခေါင်းဖြတ်ခံရမှာ။
ကျောင်းသူတွေကြားခံတောင်းပန်ခိုင်းထားပြီးမှောင်တာနဲ့အနောက်ဖက်ထရံဖေါက်ပြီးထွက်ပြေးခိုင်း
ရတယ်၊ကျောင်းသားတွေကိုခေါင်းမဖြတ်ပေမယ့်လက်သီးနဲ့တော့ထိုးဖြစ်အောင်ထိုးသွားခဲ့ကြသေးတယ်၊
ဘယ်သူကဘယ်သူ့လူတွေမှန်းလည်းမသိတော့ဖူး၊သပိတ်ကကြာလာတော့စားဝတ်နေရေးအခက်အခဲတွေနဲ့
အပျက်အပျက်တွေဖြစ်လာတော့တာပေါ့၊အာဏာသိမ်းဖို့အကြောင်းပြချက်ဖြစ်သွားခဲ့ရတယ်၊နောက်ထပ်၂ပတ်
ထပ်ထိမ်းထားနိုင်ခြင်းရှိမရှိဟာသမိုင်းမှာအရေးမပါတော့ပဲ၊ကြားဖြတ်အစိုးရမဖွဲ့နိုင်ခဲ့တာကသပိတ်ကိုရှည်စေ
ပြီးသမိုင်းတရားခံဖြစ်ခဲ့တယ်။
အခုဆိုပြည်တွင်းမှာ၂၀၀၉မျိုးဆက်သစ်ကျောင်းသားတွေတာစူနေကြပြီ၊၈၈ထက်စာရင်အခုအချိန်ကစီးပွားရေး
ပိုကြပ်နေချိန်ဖြစ်တယ်၊သပိတ်ကိုအကြာကြီးဆွဲလုပ်လို့မရတော့ဖူး၊စက်တင်ဘာမှာလည်းတွေဝေငေးမောနေ
တုန်းပဲ၊အရာရာဒေါ်စုရှိမှဆိုတာကြီးလျော့ဖို့ကောင်းကြပြီ၊ပြင်ဆင်ထားကြဖို့လိုနေပြီ၊ဒီနေ့လူတွေလမ်းပေါ်
တက်တာနဲ့နောက်နေ့အစိုးရအဖွဲ့နာမည်စာရင်းထုတ်နိုင်အောင်ကြိုတင်ပြင်ဆင်ထားသင့်တယ်၊အစိုးရအဖွဲ့
ကြေငြာလိုက်ခြင်းဟာလမ်းပေါ်ကပြည်သူတွေရဲ့လုပ်ရပ်ကိုပိုမိုအသက်ဝင်စေတယ်၊အားရှိစေတယ်၊ဦးတည်
ချက်ရှိစေတယ်၊၈၈ရောစက်တင်ဘာရော..ဒီမိုရရှိရေးနဲ့..ကုန်ဈေးနုန်းကျဆင်းရေးကလွဲလို့..ကျန်တာဘာ
ဆက်တောင်းရမှန်းတောင်မသိခဲ့တာအမှန်ပင်။
ဒီတခါတော့တွေဝေမနေကြပါနဲ့တော့.........။ ။

ချင်းမိုင်မှာတွေ့ရှိခဲ့တယ်..ဘယ်မှာရှိနေသေးလည်း?

'' ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့အကြောက်တရားတွေကိုပြုပြင်တိုက်ပွဲဝင်ကြစို့ ''


march19,2009
ဇာနည်မောင်

မြန်မာပြည်ရဲ့ အာဏါရှင်စနစ်ဆိုးကြီးအောက်မှာ မြန်မာနိုင်ငံသားအများစု ကိုယ်ကျင့်တရားတွေပျက်နေကြပြီး
နေတတ်သလိုနေပြီးအစားချောင်အောင် ဖော်လန်ဖားနေကြတာကတော့ကြာပါပြီနော်။ အဲ့ဒီအကြောင်းရင်းရဲ့
အဓိကတရားခံကတော့ အူမ မတောင့်ကြလို့ ပဲလို့လွယ်လွယ်ပဲတွေးလို့ရပါတယ်။ တကယ်လို့အဲ့ဒီအကြောင်း
ကိုဆက်ရှင်းရမယ်ဆိုရင်တော့ ပြောမဆုံးပေါင်ရေးမဆုံးပေါင်ဖြစ်သွားနိုင်ပါတယ် ဒါပေမယ့် ကိုယ်ပိုင်လေ့လာ
မှုဗဟုသုတတွေနဲ့ ကိုယ်ပိုင်အတွေးအခေါ်ရှိတဲ့သူတွေကတော့ ကိုယ်ကျင့်တရားပျက်ဆီးတာသိပ်မရှိဘူး လို့ပဲ
ကျနော်မြင်တယ်။
ပြီးတော့ ကျနော်တို့မြန်မာနိုင်ငံမှာ အခုလို စစ်အာဏါရှင်ယန္တယားဆက်ပြီး သက်ဆိုးရှည်နေတာကိုကြည့်ရင်
ကျနော်တို့ မြန်မာနိုင်ငံသားအများစုဟာ နိုင်ငံရေးကိုစိတ်မ၀င်စားလို့ နိုင်ငံရေးနိုးကြားမှုသိပ်မရှိကြလို့နဲ့ ကိုယ့်
ဝမ်းဝနေရင်ပြီးရောသူတပါးအရေးတွေ ကိုသိပ်ပြီးစိတ်မ၀င်စားကြတာ တွေကလည်းအများကြီးပါ ပါတယ်။
ကျနော့်ဘ၀အတွေ့အကြုံတွေအရပြောရမယ်ဆိုရင် နိုင်ငံတနိုင်ငံရဲ့အရေးဟာနိုင်ငံသားအားလုံးနဲ့ဆိုင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ကိုယ့်နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆင်းရမွဲတေမှုတွေကို အဓိက၀ိုင်းခံစားကြရ တာနိုင်ငံ
သားအားလုံးပဲဖြစ်လို့ပဲလေ။ အခုဆို ကျနော်တို့မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာတော်တော်ဆင်းရလာနဲ့တဆက်
တည်း အမြှီးကျက်အမြှီးစား ခေါင်းကျက်ခေါင်းစားလူတန်းစားတွေလည်းတော်တော်ပေါများလာပါတယ်။ သေ
ချာတာတခုကတော့ မြန်မာပြည်မှာ နောက်ထပ် စစ်အာဏါရှင်စနစ်ဆက်ပြီးသက်ဆိုးရှည်လာလေ ကျနော်တို့
မြန်မာနိုင်ငံသားတွေရဲ့ကိုယ်ကျင့်တရားတွေက ရတာနဲ့ကုန်တာ မလောက်ကြလို့ ပြည်သူတွေအူမ မတောင့်ကြလို့
ကိုယ်ကျင့်သီလတွေပိုပျက်ဆီးလာဖို့ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။မြန်မာနိုင်ငံသားတွေအရမ်းလေး
စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းက '' ကိုယ့်ကိုကိုယ်မယုံတဲ့သူဟာ သူတပါးကိုလည်းမယုံ ဘူး '' လို့ပြောခဲ့ဖူးတယ်။ အဲ့ဒါကြောင့်ကျနော်အမြင်ကိုပြောရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဟာသူ့ကိုယ်သူယုံလွန်းလို့ သူတပါးကိုလည်း
ယုံကြည်သွားလို့ ကိုယ်ပိုင်အရည်အချင်းမရှိလို့ အသားထဲကလောက်ထွက် အမေကျော်ပြီးဒွေးတော်ကိုလွမ်းချင်တဲ့
သစ္စာဖောက် ဂဌုန်ဦး စောနဲ့အပေါင်းအပါတစုလက်ချက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာငယ်ငယ်ရွယ်ရွယ်နဲ့အ
သေစောသွားခဲ့ရတာပါ။ အခုကျနော်တိုနိုင်ငံမှာ တိုင်းပြည်ကိုအုပ်ချုပ်ချယ်လှယ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ ပြည်သူတွေကိုသွားမပြောနဲ့ ဒီပုပ်ထဲကဒီပဲဖြစ်တဲ့ သူတိုစစ်ဗိုလ်အချင်း ချင်းတောင်တယောက်နဲ့တယောက်ယုံကြည်
ကြတာမဟုတ်ဘူး။ အဲ့ဒါကြောင့် သန်းရွှေကသူအသက်ကြီးအနားယူတယ်ဆိုပြီး နေ၀င်းလိုပဲ နောက်ကကြိုးကိုင်
လုပ်ပြီးနေတဲ့အခါမှာ သူ့အပေါ်သစ္စာရှိပြီးသူ့ကိုပြန်မလှန်သူ့သြဇာခံမယ့်သူကိုသာ အာဏါကိုယုံကြည်စွာနဲ့လွှဲပေးခဲ့
ချင်တဲ့ပုံပါပဲ။ ဒါပေမယ့် သူကိုယ်တိုင်ကသူ့ကိုတင်ပေးခဲ့တဲ့ နေ၀င်းကိုနေအိမ်အကျယ်ချုပ် ချပြီး အပြစ်ပေးခဲ့တော့ သူ့ရဲ့အတိတ်ကလုပ်ရပ်တွေက သူ့ရဲနောက်ကို တစ္ဆေတကောင်လိုပြန်လိုက်နေတာပေါ့ အဲ့ဒါကြောင့် သန်းရွှေဟာ
သူအသက်ကြီး ကျန်းမာရေးကလည်းသိပ်မကောင်းလို့ အနားယူချင်ပေမယ့် သူ့ရဲ့ဆိုးညစ်မှုဒဏ်ကိုသူပြန်ခံရမှာကို
လည်း သန်းရွှေကတော်တော်ကြောက်နေပါတယ် အဲ့ဒါကြောင့်သန်းရွှေဟာ နေ၀င်းလိုယူနီဖောင်းမချွတ်ရဲသေးပဲသူမ
ကျန်းမာလည်းဆက်ပြီးယူနီဖောင်းကိုမြဲမြဲဆက်ဝတ်ထားတာပါ။
တကယ်ဆိုရင် စစ်အာဏါရှင်ခေါင်းဆောင်တွေဟာ ပြည်သူလူထုကိုအရမ်းကြောက်နေကြသူတွေပါ တကယ်လို့
သာကျနော်တို့မြန်မာနိုင်ငံသားအများစုမှာသာ မြန်မာပြည်ရဲ့အရေးဒို့အရေးပဲ ဆိုတဲ့စိတ်ဓါတ် မိမိရဲ့ကိုယ်ပိုင်အသိ
ထဲကိုစွဲစွဲမြဲမြဲဝင်ပြီး ကိုယ့်နိုင်ငံရဲ့ ဒီမိုကရေစီအရေးကို တယောက်တလက်အားနဲ့စုပေါင်းပြီး အားလုံးဝိုင်းဝန်းပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒ၀ိုင်းပြ သပိတ်ဝိုင်းမှောက်ကြမယ်ဆိုရင် မြန်မာပြည်ကိုသေနတ်မိုးပြီးအုပ်ချုပ်
နေတဲ့ စစ်အာဏါရှင်တွေဟာ သူတို့ထိုင်နေရာ ရာထူးထိုင်ခုံတွေကနေသေချာပေါက်ဆင်းပြေးရမှာကတော့သေ
ချာပေါက်ပါပဲ။ ပြည်သူလူထုတွေရဲ့ ရဲရဲတောင်းဆိုရဲတဲ့ဆန္ဒတွေကို ရေရှည်တားဆီးထားနိုင်တဲ့ဖောက်ပြန်တဲ့
အစိုးရကမ္ဘာပေါ်မှာမရှိသေးပါဘူး။ ဒါပေမယ့် ကိုယ့်အခွင့်အရေးရပိုင်ခွင့်လေးတွေကိုတောင်မှ ကိုယ်ပိုင် အသိ
တရားနဲ့ သတ္တိမွေးမတောင်းဆိုရဲရင်တော့ ဘယ်သူသေသေငတေမာပြီးရောစိတ်ထားပိုင်ရှင် အာဏါရှင်တွေက
တော့ ကျနော်တို့နောင်လာမယ့်သားစဉ်မြေးဆက်တွေအထိ အာဏါကိုသေနတ်ပြောင်းကထုတ်ပြီး ဆက်အုပ်ချုပ်
သွားကြလိမ့်မယ်။
တကယ်လို့ကျနော်တို့သားစဉ်မြေးဆက်အထိအခုလိုအကြောက်တရားနဲ့အုပ်ချုပ်ပြီးဆက်အညွှန့်ချိုးမခံစေချင်
ရင်တော့ကျနော်တို့တတွေရဲ့ကိုယ်ပိုင်အသိတွေနဲ့သတ္တိတွေမွေးပြီးကျရာအခန်းက၀ိုင်းဝန်းတော်လှန်ကြရမှာပဲ။
ပြီးတော့ ရုရှားက၁၉၁၇ အောက်တိုဘာ တော်လှန်ရေးခေါင်းဆောင် လီနင်ကလည်း ဒီလိုပြောခဲ့သေးတယ် ''
လူတို့သည် လူတန်းစားတရပ်ရပ်၏ နိုင်ငံရေးဆိုင်ရာ၊လူမှု ရေးဆိုင်ရာထုတ်ပြန်ကြေညာချက်များနောက်ကွယ်ရှိ
အကျိုးစီးပွားကို ရှာဖွေဖေါ်ထုတ်မတတ်မခြင်းမိမိကိုယ်လှည့်စားသူ လူနုံ၊လူအများအစဉ်ဖြစ်နေလိမ့်ဦးမည်သာ
တည်း၊နောင်လည်းဖြစ်နေလိမ့်ဦးမယ်သာတည်း၊လူမှုအဖွဲ့အစည်းဟောင်းတိုင်းသည်မည်မျှပင်ရိုင်းစိုင်း ကြမ်းကြုတ်
ပုပ်သိုးဆွေးမြေ့သည့်ပုံပန်းပေါ်နေစေကာမူအုပ်စိုးသူလူတန်းစား၏အရူးလုပ်ခြင်းကိုခံနေရလိမ့်ဦးမည်သာတည်း ''
လို့ပြော ဆိုရေးခြစ်ခဲ့တယ်။ ကျနော်ထင်ပါတယ် မြန်မာနိုင်ငံသားတွေကတော့ကိုယ့်ကိုကိုယ်လှည့်စားသူလူနံလူအ
တွေမရှိလောက်ပါဘူး။
ကျနော့်ရဲ့ကိုယ်ပိုင်ယုံကြည်ချက်တခုကတော့ ဘ၀အတွေအကြုံတွေနဲ့ရင်းပြီးရလာတဲ့ကိုယ်ယုံကြည်ရာပန်းတိုင်
ကိုမရောက်ခင်လမ်းတ၀က်မှာတက်ကျိုးသွားခဲ့မယ်ဆိုရင်တောင် အားမာန်တင်းပြီး တက်ကျိုးရင်လက်ထိုး
လှော်ပြီးပန်းတိုင်ရောက်အောင်ဆက်ချီဖို့ ယုံယုံကြည်ကြည်သံဓိဌာန်ချဆုံးဖြတ်ထားတယ်။ မြန်မာပြည်ဒီမိုကရေစီ
အရေးအတွက် ကျနော်တို့မြန်မာနိုင်ငံသားတွေအားလုံး ကျရာ အခန်းကလက်တွဲညီညီနဲ့ဝိုင်းဝန်းတိုက်ခိုက်ကြပါစို့။

ဖိုးလပြည့်နိုက်ကလပ်မှာမြူးတူးချိန်သူတို့ဘ၀လေးတွေကတော့



မတ်လ၁၇ရုပ်မြင်သံကြား








မတ်လ၁၆ရုပ်မြင်သံကြား











နန်းတွင်းစာမေးပွဲရောနအဖလိုလာဖြေရင်အကုန်အောင်လား



၁၉၀၃၂၀၀၉ ဒိုင်ယာရီ

ထီးတော်တင်ပွဲတွင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေကိုအနီးကပ်ရိုက်ထားသော
ဗီဒီယိုခွေရန်ကုန်တွင်တိုးတိုးတိတ်တိတ်ပျံနှံ့။
ကြေးစည်သံကြားရင် ခွေးလို အူ ပြီး -မျောက်လို ကနေ တဲ့ ကျော်ဆန်း။
တဒေါ်လာလျှင် မြန်မာငွေ (၁,၀၅၀) ကျပ်၊ (၁,၀၆၂) ကျပ်။
သိန်းစိန် သစ်ခွ ကို စင်္ကာပူ တက်ကြွလှုပ်ရှားသူတို့ လက်မခံ။
ဦးပဉ္ဖင်းကျော်ဟိန်း လူဝတ်လဲဟု ကောလာဟလ ထွက်ပေါ် ။
ဒုက္ခသည်စခန်းများ ပိတ်ရန် ကရင်ခွဲထွက်အဖွဲ့ တောင်းဆို။
အသက်၃၄နှစ်အရွယ် သမ္မတသစ် မာဒါဂတ်စကာ မှာ တက် ။
ိုမလေးရှားမှာရောက်နေတဲ့ ( အချောင်နှိုက်စားနေတဲ့သူတွေကလွဲရင် )
ဘယ်သူ့ကိုမဆိုမေးမြန်းနိုင်ပါတယ်။

အဘ၊ဂျီတောက်၊ရာဟု မစိန်ကြာ နှင့် ကျနော် ။


file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


အခြားတစ်ဖက်ကနေ ရှာကြည့်ပါဦး

Thursday, 19 March 2009 19:44 တူမောင်ညို
၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို (နအဖ)သတင်းစာတွေက “ဒိတ်အောက်သွားပြီ”လို့ ရေးသည်။ ယခု (ကို)အောင်သူငြိမ်းက “ခံစစ်သေ”လို့ ရေးသည်။ မာနယ်ပလောကျဆုံးသွားတာကိုပင် သင်ခန်းစာယူဖို့ ပြောနေသည်။ ရေးတဲ့သူသာကွဲသည်၊ အာဘော်က အတူတူပင်ဖြစ်သည်။ အနှစ်သာရက ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ခိုင်းကြတာဖြစ်သည်။
ဒိတ်အောက်တယ်လို့ပြောပြော၊ ခံစစ်သေလို့ပဲဆိုဆို ယခုလိုပြောနေရေးနေကြရတာကပင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်၏ အသက်ဓါတ်နဲ့ သန်စွမ်းခိုင်မာမှုကို အသိအမှတ်ပြုနေရတာပဲမဟုတ်ပါလား။ ပြောနေကြသလိုသာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို လွယ်လွယ်နဲ့ ဖျက်သိမ်းနိုင်ခဲ့ရင် (နဝတ-နအဖ)စစ်အစိုးရ လက်ခမောင်းခတ်နေခဲ့မှာ ကြာလှပေါ့။ ၁၉၉၀ ပြည့် မေလ (၂၇) ရက်နောက်ပိုင်းကစပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ကိုဖျက်သိမ်းဖို့ (နဝတ-နအဖ)စစ်အစိုးရက မီးကုန်ယမ်းကုန် ကြိုးပမ်းခဲ့တာပါ။ ဘာဖြစ်ခဲ့ပါသလဲ။ တည်ရှိနေတဲ့ ပြဿနာပြေလည်မသွားတဲ့အပြင် ပြဿနာသစ်တွေသာ တရစ်ပြီးတရစ် ထပ်တက်လာခဲ့တယ်မဟုတ်ပါလား။ နက်ရှိုင်းကျယ်ပြန့်လာနေခဲ့တယ်မဟုတ်ပါလား။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပြဿနာအားလုံးကို ကျော်လွှားနိုင်ပါ့မလား။
“၂၀၁၀ ရွေးကောက်ပွဲသည်သာ မြန်မာ့နိုင်ငံရေး၏ ဗဟိုချက်မ၊ မြန်မာနိုင်ငံပြဿနာများ ပြေလည်သွားဖွယ်ရာ လမ်းကြောင်းအဖြစ် မမြင်မိသေးပါ” ဟု အောင်သူငြိမ်းက ဖွင့်ဟဝန်ခံထားသည်။
ဘာကြောင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကိုမှ တဖက်သတ် စွန့်လွှတ်ခိုင်းနေကြရတာလဲ။ လမ်းပြမြေပုံကို စွန့်လွှတ်ပါလို့ ပြောကြပါလား။ (NLD) က အလျော့မပေးလို့၊ အလျော့ပေးလိုက်ရင် ပြဿနာပြေလည်သွားလိမ့်မယ်လို့ စဉ်းစားတာဟာ မူမဲ့တဲ့ စဉ်းစားနည်းဖြစ်သည်။ အညံ့ခံအလျော့ပေးခြင်းဖြစ်သည်။
ပြဿနာမှန်သမျှ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်တွင် တင်ပြီး အပေးအယူ အလျော့အတင်း ပြုလုပ်ကြရမည်သာဖြစ်သည်။ စားပွဲဝိုင်းပေါ်မရောက်ခင် ကြိုတင်အလျော့ပေးခိုင်းနေခြင်း၊ စွန့်လွှတ်ခိုင်းနေခြင်းများမှာ တရားမျှတမှုမရှိပါ။ နည်းလမ်းမကျပါ။ ပိတ် ၄ ပိတ် စွန့်လွှတ်ကြောင်းကြေညာလျှင် တွေ့မည်ဟုပြောခြင်းမှာ အကျပ်ကိုင်ခြင်းနှင့် နိုင်ငံတကာကိုလှည့်စားခြင်းသာ ဖြစ်ပါသည်။
မာနယ်ပလောစခန်းနဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ဟာ အနှစ်သာရအရ မတူညီတဲ့ ကိစ္စ ၂ ရပ်၊ အခြေအနေ ၂ ရပ် ဖြစ်ပါသည်။ ဒါကို မျဉ်းပြိုင်ထားပြီး သုံးသပ်လို့မရပါ၊ ကောက်ချက်ဆွဲလို့မရနိုင်ပါ။ မာနယ်ပလောသည် စစ်ရေးအခြေခံစခန်းတခုသာ ဖြစ်ပါသည်။ ဆုံးရှုံးသွားတဲ့ မာနယ်ပလောစခန်း ပြန်ပေးပါလို့ ဘယ်သူကမှ တောင်းဆိုတာမကြားမိပါ။ ထို့အတူ နိုင်ငံတကာကလည်း ပြန်ပေးပါလို့ ပြောသံမကြားပါ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ဆိုသည်မှာ (နဝတ-နအဖ) စစ်အစိုးရ၏ တည်ဆဲဥပဒေများအရ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲမှ ရရှိလာသည့် တရားဝင်ရလဒ်ဖြစ်ပါသည်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ဟာ (NLD) တဖွဲ့ထဲနဲ့ပဲ သက်ဆိုင်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ လူထုဆီက တစုံတရာ မဲအရေအတွက်ရခဲ့တဲ့ ပါတီတွေနဲ့လည်း သက်ဆိုင်ပါသည်။ (NLD) ကို လူထုမဲတွေ စုပုံပေးခဲ့တာ ဘာကြောင့်လဲဆိုတာ မေးစရာလိုသေးလို့လား။
(NLD) ကို အားမလိုအားမရ ဖြစ်ရတာတွေ အများကြီးရှိတယ်ဆိုတာကို လက်ခံပါသည်။
ဘယ်လိုပဲ အရည်ဆန်ပြီး ပြောင်းရွှေ့နေပါစေ နှစ် ၂၀ လုံးလုံး နိုင်ငံရေးအာဏာသည် (န၀တ-နအဖ) စစ်အစိုးရလက်ထဲတွင်သာ ရှိနေပါသည်။ ဘယ်ကိုမျှ ပြောင်းရွှေ့မသွားပါ။ ယင်းအာဏာဖြင့် အတိုက်အခံဟူသမျှ၊ လှုပ်ရှားမှုမှန်သမျှကို ဖိနှိပ်နေခြင်းဖြစ်သည်။ ချေမှုန်းနေခြင်းဖြစ်သည်။
သို့သော်လည်း မြန်မာ့နိုင်ငံရေးတိုက်ပွဲ အဓိကမျက်နှာစာသည် ၁၉၉၀ မတိုင်ခင်က တောတွင်းမှာ (လက်နက်ကိုင်တိုက်ပွဲ) တည်ရှိနေခဲ့သော်လည်း ၁၉၉၀ မေလ (၂၇) ရက်နောက်ပိုင်းမှာ မြို့ပေါ်ရောက်လာပါသည်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်သည် (န၀တ-နအဖ) စစ်အစိုးရအဖို့ အဓိကထား တိုက်ဖျက်ပစ်ရမည့် အချက်အချာကိစ္စ ဖြစ်လာပါသည်။ သို့အတွက် (န၀တ-နအဖ) စစ်အစိုးရအနေဖြင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်တိုက်ဖျက်ရေးကို အဓိကထား လုပ်ဆောင်ခဲ့ပါသည်။ ဒီကနေ့အထိ လုပ်ဆောင်နေဆဲဖြစ်ပါသည်။
သို့ပါ၍ ကျနော်တို့အနေဖြင့် (နအဖ) စစ်အစိုးရနဲ့ နှစ်ကိုယ်တစ်စိတ်လုပ်ပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းရေးဘက်တွင် ပါဝင်မလား၊ သို့တည်းမဟုတ် (NLD) နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုဘက်မှ တစိတ်တည်းတဝမ်းတည်းနေပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို ခုခံကာကွယ်မလားဆိုတာ ရွေးချယ်ကြရပါလိမ့်မည်။ ယင်းကသာ “ရပ်တည်ချက်ပြဿနာ” ဖြစ်ပါသည်။ ယင်းရပ်တည်ချက်ရှိမှသာ ၂၀၁၀ ကို ရင်ဆိုင်ဖြတ်သန်းနိုင်ပါလိမ့်မည်။
အခုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ခံစစ်သေလို့ မြင်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ပါလားလို့ မတိုက်တွန်းရဲဘူး။ အားလုံးစုဆုံနိုင်မယ့် ဗဟိုချက်ကလည်း ပျောက်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပြေလည်ရေးလမ်းကြောင်းအဖြစ် မမြင်မိသေးပါဟုဆိုတော့ တော်တော်တော့ခက်နေပြီ။ မိုးမှောင်ကျပြီး ထွက်လမ်းဘယ်မမြင်ဆိုသလို ဖြစ်နေပြီ။

ဘာပဲဖြစ်ဖြစ် ၂၀၁၀ ကို ဖြတ်သန်းနိုင်ဖို့ “အောလ်တာနေးတစ်”တစ်ခုတော့ အခြားတစ်ဖက်ကနေ ရှာကြည့်ပါဦး။
x x x x x

တူမောင်ညို
(၂၀၀၉ ခုနှစ်၊ မတ်လ ၁၉ ရက် )