Sunday, March 22, 2009

နိုင်ယာဂယာရေတံခွန်ဆီသို့

ကနေဒါကမ္ဘာကျော်(NIAGARA FALL)နိုင်ယာဂယာရေတံခွန်ဆီဆောင်းတွင်းမှာသွားလည်ရအောင်.....


ကြပ်ပြေးအရှုပ်တော်ပုံ၂၂



ဇာဂနာမသိတဲ့အမေ့နောက်ဆုံးခရီးနှင့်ဒေါ်စုပန်းခြင်း


http://arzarni.blogspot.com/ မှ...

.ရောင်နီမျက်ကန်းတစောက်ကန်း


ကိုရောင်နီဦးမြန်မာပြည်သို့ရောက်ရှိလာပြီးနောက်ထိုတွေ့ ဆုံဆွေးနွေး ပွဲကျင်းပရန်ဖြစ်လာရခြင်းဖြစ်သည်။
(8888 people power group ပို့စ်)
မှန်တယ်.....ဖြစ်ကိုဖြစ်ရမယ်....ရောင်နီမျက်ကန်းတစောက်ကန်း...ရောက်ရာအရပ်ချွန်တွန်းလုပ်....ပြီးရင်ဘေး
ရှောင်၊ကမ္ဘာအနှံ့(Action Committees)ဖွဲ့ကြတော့တိုရန်တိုမှာဖွဲ့ဖို့လိုက်မြှောက်ပေးတာလည်းသူပဲ..ဖွဲ့ဖြစ်
တော့အရံအဖွဲ့ဝင်တောင်မလုပ်ပဲဘေးရှောင်တာလည်းသူပဲ၊
ရောင်နီဆိုတာက၁၉၉၂မှာတောကိုဖြတ်ပြီးဘန်ကောက်ရောက်..တောကိုဖြတ်ရုံဖြတ်တာနော်...တောထဲက
ကျောင်းသားတွေကအွန်ဆော့ဖွဲ့တော့စည်းရုံးရေးကောင်းအောင်အပြင်ကတက်ကြွသူတွေပေးပါတော့မှလှုပ်ရှား
ခွင့်စရခဲ့တာ။
အခုအထိရောင်နီမှာမဖျက်နိုင်တဲ့ညာဉ်တခုရှိတယ်....အဲဒါကနအဖနဲ့သွားတူနေတယ်..ဒါကြောင့်သူတော်အ
ချင်းချင်းသတင်းလွေ့လွေ့ဖြစ်ခဲ့ရတာ...ဘာလည်းဆိုတော့...ပြည်ထောင်စုဖက်ဒရယ်ကိုလက်မခံဖူး၊
တိုင်းရင်းသားတွေတောင်းဆိုတာကန့်ကွက်တယ်...
၉၉၉၉မှာလုပ်တဲ့အစည်းအဝေးတခုမှာ(ဦးဘိုလှတင့်လည်းတက်ခဲ့တယ်)....သူပြောရမယ့်အလှည့်မှာတိုင်းရင်း
သားတွေကသူတို့ရဲ့(Own interest)အရလုပ်နေတာပါလို့ထည့်ပြောလိုက်တယ်၊အစည်းအဝေးလာတက်တဲ့
တိုင်းရင်းသား(ကရင်အများစု)ကချက်ချင်းထွက်သွားခဲ့ကြတယ်..B.S.D.O(Canada)ကလည်းသူ့ကိုလက်မခံ
ခဲ့တာ၂၀၀၁လောက်ထဲကပဲ...ကနေဒါမှာကောUSAမှာရောအဖွဲ့အစည်းတွေထဲမှာဝင်ပါခွင့်မရရှိတော့ဖူး
(သင်းကွဲဥလေးပေါ့)..
ထိုင်းမှာရှိစဉ်တိုင်းရင်းသားအခွင့်အရေးကိစ္စတွေနဲ့ငြင်းခုံရင်အရိုက်ခံခဲ့ရတာလည်းမနည်းတော့ပြီ.....
သန်းရွှေနေရာရောင်နီမရသေးလို့ခင်ဗျားတို့တိုင်းရင်းသားတွေမျိုးမတုံးသေးတာလို့မှတ်ကြ....
သူဟာနန်းတွင်းမျိုးဖြစ်တယ်..လို့လည်းပြောလေ့ရှိတယ်...တိုင်းရင်းသားနဲ့ပတ်သက်တဲ့အရာအားလုံးဟာသူ့
အတွက်စိတ္တဇတွေဖြစ်နေခဲ့တယ်...ပြည်ပမှာဘယ်သူ့ကိုမှမြှောက်ပေးလို့မရတော့လို့ပြည်တွင်းကိုသွားမြှောက်
ပေးနေတာ...ပြီးရင်သူကကနေဒါပြန်လာရော..ဟောဟိုမှကျန်ခဲ့တဲ့သူတွေကအစည်းအဝေးမှတ်တမ်းကြီးလက်ထဲ
ကိုင်ပြီးဘာဆက်လုပ်ရမှန်းမသိဖြစ်ကျန်ခဲ့လိမ့်မယ်...အခြေအနေတခုမှာလူတွေဖြစ်ချင်နေတာလေးကိုအဆင်းဘီး
တတ်ပေးပြီးလမ်းဘေးကနေထိုင်ရီနေတတ်တာ(ရောင်နီရဲ့နိုင်ငံရေးပဲ)....
သူမြန်မာပြည်ပြန်ဖို့အေးလွင်ကထောက်ခံပေးခဲ့တယ်....ကနေဒါအခြေစိုက်UDP,ဦးအောင်(အဖေ၊အဖိုးလိုရိုသေ
လေးစားရပါတယ်လို့သူပြောခဲ့သည်)တို့နဲ့အများကြီးပတ်သက်မှုရှိနေသည်၊အတွင်းကျကျပြောလာသူတွေလည်း
ပေါ်လာသည်။အကျိုးအမြတ်....ထားပါတော့ကိုယ်ရေးကိုယ်တာမိသားစုကိစ္စတွေနှင့်နိုင်ငံရေးမရောကောင်း၊မြန်မာ့
နိုင်ငံရေးနှင့်ပတ်သက်၍ရောင်နီ့နိုင်ငံရေးကိုပဲတင်ပြချင်ပါသည်၊အေးလွင်နှင့်သံတော်ဆင့်မြင့်ဆွေကိုချိတ်ဆက်ပေး
ခဲ့တာလည်းရောင်နီပါပဲ...ဟိုခမျာပြန်ရောက်လာတော့အလှုအိမ်တောင်မသွားရဲရှာတော့...သူကတော့ကြိတ်ပြုံး
နေရှာပေလိမ့်မည်။
ကဲ....
ဒီတခါတော့သူကိုယ်တိုင်ရင်ဆိုင်ရမဲ့အလှည့်ပဲ...
(ခင်ဗျားသူ့ကိုဘယ်လိုဆက်ဆံဖို့စိတ်ကူးထားပါသလဲ?)


ဆက်လက်တင်ပြပါမည်။။ ။။

(သား)ဘဘကျော်

(စာရေးသူအာဘော်ဖြစ်သည်)

မှိုင်းရာပြည့်မှရှစ်လေးလုံးသို့



23.3.09 နေ့ဟာ မှိုင်းရာပြည့် အထိမ်းအမှတ်နေ့တနေ့ဖြစ်ပါတယ်။ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေရောက် တိုင်း တော်လှန်ဒီရေလှိုင်းတွေကြားက လှေနာဝါအစင်းစင်းပေါ်မှာ တက်ကျိုးလည်း လက်ထိုးလှော်နေကြရ
တဲ့ လူငယ်တွေအတွက် (တော်လှန်ရေးအင်အားစုအားလုံးအတွက်) တခုခုရေးပေးချင်စိတ်တွေ တဖွားဖွား
ပေါ်လာတက်ပါတယ်။
မှိုင်းရာပြည့်လှုပ်ရှားမှုနဲ့ ပါတ်သက်လို့ စာအုပ်စာတန်းတွေပြန်လှန်ဖတ်နေတုန်းကျနော်တို့ရုံးကိုလူငယ်လေး
တစ်ယောက်ရောက်လာပြီး စကားပြောကြည့်တော့ အဲဒီလူငယ်လေးဟာ 2007 သံဃာ့လှုပ်ရှားမှုကြီးထဲက
ရွှေဝါရောင် ကိုရင်တစ်ပါးဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲခူးမြို့က စာသင်ကျောင်းတကျောင်းကို စစ်တပ်ဝင်
စီး ရိုက်နှက်တုန်းက ဦးခေါင်းကို အရိုက်ခံရပြီး မှတ်ညဏ်ပျက်စီး စိတ်ဖိစီးဒဏ်ခံနေရရှာပါတယ်။ သူ့ရဲ့ဖြစ်
ရပ်မှန်ကို နားထောင်ရင်း ဒီအကြောင်းကိုလည်းရေးချင်လာပြန်ပါတယ်။တလက်စထဲတွေးမိလိုက်တဲ့ ဆပ်စပ်အတွေးတွေကြောင့် ဒီဆောင်းပါးလေးဖြစ်ပေါ်လာပါတယ်။မှိုင်းရာပြည့်နဲ့ ရှစ်လေးလုံး သို့မဟုတ်
မှိုင်းရာပြည့်နဲ့ ရွှေဝါရောင် ဘာဆိုင်သလဲလို့မေးချင်ရင် ကျန်ာစာကို ဆုံးအောင်ဖတ်ကြည့်ပါလို့တောင်းပန်
ချင်ပါတယ်၊ ဆိုင်သင့်တဲ့နေရာရောက်ရင် ဆိုင်သွားပါလိမ့်မယ်.....

မှိုင်းရာပြည့်ဆိုတာ ငြိမ်းချမ်းရေးဖခင်ကြီးနဲ့ ဇာတိမာန်စာဆိုကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အသက်တရာပြည့်
(လူသေသွားပေမဲ့ နာမည်ကထာဝရရှင်သန်နေတဲ့) အထိမ်းအမှတ်အဖြစ် ကျောင်းသားပြည်သူရဟန်းရှင်
လူအားလုံးကမြတ်နိုးနိုးကျင်းပကြတဲ့၊ ဒီမိုကရေစီအင်အားစု အားလုံးက လေးလေးစားစားဦးညွှတ်ကြတဲ့
အခမ်းအနားကြီးတစ်ခုဖြစ်ပါတယ်။ဆရာကြီးဟာ ၁၈၇၆ မတ်လ ၂၃ ရက်မှာ မွေးဖွားမြင်ပြီး ၁၉၆၄ ဇူလိုင်
လမှာကွယ်လွန်ခဲ့ပေမဲ့ ဆရာကြီးရဲ့ပြည်တွင်း ငြိမ်းချမ်းရေးပဲ့တင်သံတွေကြောင့် ဆရာကြီးရဲ့တိုင်းပြည်ချစ် စိတ်နဲ့ စွန့်လွှတ်စွန့်စားမှုတွေကြောင့် ဆရာကြီးသာရှိနေသေးရင် ဒီနေ့ အသက်တရာပြည့်ပြီဆိုပြီး ၁၉၇၆ မှာ ဦးညွှတ်ဂုဏ်ပြုကြတာပါ ဆရာကြီးရဲ့ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေး အမျိုးသားလွတ်
လွတ်မြောက်ရေး စတဲ့အခန်းကဏ္ဌကြီးမြတ်မှုတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆောင်လှုပ်ရှားခဲ့မှုတွေအတွက် လေးလေးနက်နက် အထိမ်းအမှတ်ပြုရင်း စစ်အာဏာရှင်စံ
နစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဖော်ထုတ်ကျင်းပခဲ့ကြပါတယ်။ နောက်တချက်ကတော့ နိုင်ငံရေး ရေချိန်မြှင့်ခြင်း(သို့မဟုတ်) တော်လှန်တောမီးကူစက်ခြင်းပဲဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ် ဇွန်(၆) ရက်နေ့မှာ
အလုပ်သမားသပိတ် (ဆန်တိုက်ပွဲ) ဖြစ်တယ် အလုပ်သမားထုက ဆန်တောင်းတာကို စစ်တပ်က ကျဉ်ဆံ
ပေးခဲ့တယ်။နောက်(၆)လ အကြာ ဒီဇင်ဘာ(၅) ရက်နေ့မှာ ဦးသန့်အရေးအခင်း နောက်ထပ်(၆)လပြည့်တော့ ၇၅ ခုနှစ် ဇွန် (၆) မှာ အလုပ်သမားသပိတ်တနှစ်ပြည့် အထိမ်းအမှတ် ကျောင်းသားသပိတ်
ထပ်ဖြစ်တယ် ဆက်ပြီးတော့ ဖိနှိပ်မှုရက်စက်မှုတွေအမျိုးမျိုးကို တွန်းလှန်ပြီး ၁၉၇၆ မှာ မှိုင်းရာပြည့်လှုပ်ရှား
ရှားမှုကြီးဖြစ်ပေါ်လာပါတော့တယ်။ ပါဝင်လှုပ်ရှားသူတွေထဲက ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး
ကို စစ်အစိုးရက ကြိုးစင်တင်ပြီးသေဒဏ်ပေးခဲ့ပါတယ်.။စစ်အုပ်စု ဘယ်လောက်ပဲ ဖိနှိပ်ရက်စက် ရမ်းကား
ပစေ ကျန်ာတို့ပြည်သူတွေကတော့ တော်လှန်မီးတောက်တွေကို လက်ဆင့်ကမ်းထွန်းညှိလို့ ဖိရင်ကြွ ထိရင်
ချခဲ့ကြပါတယ်...သတ္တိ စိတ်ဓါတ် ညီညွတ်မှု အစုံအညီနဲ့ ခွပ်ဒေါင်းသွေးတို့နီခဲ့ကြပါတယ်။ဒါဟာတော်လှန်
ရေးရဲ့ သဘာဝဓမ္မ၊ လူထုတိုက်ပွဲရဲ့ အဆင်းအင်္ဂါ...
နိဒါန်းစကားထဲမှာ ကျန်ာပြောခဲ့တဲ့ ကလေးတယောက်အကြောင်း ဆက် ပြောပါရစေ ဒီကလေးဟာ အခုလက်ရှိအချိန်မှာ အသက် ၁၆ နှစ်ဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးသံဃာ့ လှုပ်ရှားမှုကြီးတုန်းက သူ့အသက် ၁၅ နှစ်တောင်မပြည့်သေးဘူးတဲ့ ကိုရင်လေးတပါးဖြစ်ပါတယ်။ ပဲခူးမြို့က စာသင်ကျောင်းတကျောင်းမှာ ပထမပြန်စာမေးပွဲဖြေခါနီး ရွှေဝါရောင်တော်လှန်ရေး အရှိန်ရလာတဲ့အချိန် စစ်တပ်ရဲ့ မိုက်ရိုင်းယုတ်မာခြင်းကို ဘ၀တလျှောက် ရင်းပြီးခံရလိုက်ပါတယ် သူ့ခေါင်းကအနာရွတ်ကို ကျ နော်တို့ သေသေချာချာကြည့်ပြီး သူ့ကို့မေးမြန်းတော့မှ သူဟာမှတ်ညဏ်ပျက်စီးနေရှာပြီး သေရာပါမဲ့ အား နည်းချက်ကိုခံစားနေရသူဖြစ်ပါတယ်။ သူပြောပြတဲ့ ပဲခူးကဆရာတော်ကြီးတပါးအကြောင်း ပြောပြချင်ပါ တယ်။ နေ့ရက်ကိုတော့ သူ့မှတ်ညဏ်ကဖော်မပေးနိုင်တော့လို့ အဖြစ်အပျက်လောက်ပဲပြောနိုင်ပါတော့တယ် ရွှေမော်ဓေါဘုရားအနောက်မုခ်အနီးက ကျောင်းဖြစ်ပြီး အဲဒီနေ့ညပိုင်းစစ်တပ်ဝိုင်းက ၀ိုင်းလိမ့်မယ်လို့ သတင်း ရတာကြောင့် ဆရာတော်ကြီးဟာ စာသင်သားသံဃာတွေကိုအားလုံးကို ရှောင်ခိုင်းလိုက်ပါတယ် သူတစ်ပါး တည်းကျောင်းကို စောင့်ရှောက်ကျန်ရစ်တာကို စစ်တပ်က အညိုးကြီးစွာနဲ့ အသေရိုက်သတ်သွားပြီး အ လောင်းတောင်ကောက်မသွားပဲ သွေးအိုင်ထဲပစ်ထားခဲ့ပါတယ်။ ဘုရားကြီးရဲ့မလှမ်းမကမ်းမှာပဲရှိတဲ့ ဒီကလေး ရဲ့ကျောင်းကိုလည်းနောက်နေ့မှာ ၀ိုင်းလိုက်တဲ့အတွက် နေ့ခင်းပိုင်းချီတက်စဉ်က အရိုက်ခံခဲ့ရတဲ့ ခေါင်းက ဒဏ်ရာကို သင်္ကန်းစနဲ့ ပိတ်အုပ်စီးရင်းထွက်ပြေး ခဲ့ရပါတယ်။ သူ့စကားတွေကို နားထောင်နေရင်း ကျနော့် မွေးရပ်မြေဇာတိဖြစ်တဲ့ တောင်ဥက္ကလာမြို့နယ်က ငွေကြာယံ ကျောင်းတိုက်ကြီး အစီးနင်းခံရတာကို သတိ ရနေမိတယ်...ကျောင်းတိုက်သံတခါးကြီးကို စစ်ကားနဲ့ဝင်တိုက်ပြီး သံဃာတော်အားလုံးကို ရိုက်နှတ်ဖမ်းဆီး ခဲ့ခြင်း၊သွေးကွက်တွေပေါ်က စစ်ဖိနှပ်ရာများ...အရှင်ဂမ္ဘီရ နဲ့ ခေါင်းဆောင်သံဃာတွေကိုဖမ်းဆီး ...ရိုက်နှက် ခေါင်းဆောင်တွေရဲ့ မိဘဆွေမျိုးတွေကိုပါ ထောင်ချ....။
ရွှေဝါရောင်တော်လှန်ရေးမီးစဟာ မင်းကိုနိုင်တို့ ကုန်ဈေးနုန်းဆန္ဒပြပွဲ မီးညွှန့်ကနေ ကူးစက်နိုင်ခဲ့ပေမဲ့ ရွှေ ၀ါရောင်မီးတောက်ကိုတော့ နောက်ထပ်မကူးစက်နိုင်ခဲ့လို့....စစ်အစိုးရ ဗာလနံတသိုက်က နာဂစ်ကိုပါ အသာနှံလိုက်ပါတယ်...ကျန်ာတို့ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အခက်အလက်အမြစ်တွေ ဆက်လက်ပြန့် ပွားရှင်သန်နိုင်သေးတယ်ဆိုပေမဲ့ အားပျော့ပျော့နဲ့ ပေါ်ခဲ့တာတွေလောက်ပဲရှိခဲ့လို့ ဒါမှမဟုတ် တပ်ဦးတွေ ကျွံခဲ့လို့ ပြီးတော့ လက်တွေ့မပါတဲ့ သဘောတရားသမားတွေ(နိုင်ငံရေးအမြုံသမားတွေ) သာစိုးမိုးခဲ့ကြလို့... ဒီပဲယင်း လုပ်ကြံမှုကြီးအတွက် ဂလဲ့စားမချေနိုင်သေး ရွှေဝါရောင်အကြွေးလည်း မဆပ်နိုင်သေး ပြီးတော့ ရှစ်လေးလုံးတာဝန်တွေကိုလည်းမကျေပွန်သေး....ပြီးတော့ ပြည်သူတွေပါးပေါ်က မျက်ရည်ကိုသုတ်ဖို့ လက်တွေ ဘာဖြစ်လို့တုန်နေကြသေးတာလဲ...
နောင်တော်ပြည်သူ့အာဇာနည်တွေ ရေးခဲ့တဲ့ မော်ကွန်းအထပ်ထပ်ကို ကျနော်တို့ သတ္တိနည်းမှု ညံ့ဖျင်းမှု တွေနဲ့ တန်ဖိုးဖြတ်ကြတော့မှာလားလို့ မေးရင်း မှိုင်းရာပြည့်မှ ရှစ်လေးလုံးသို့ မွေးဖွားပေးလိုက်တဲ့ စစ်အာ ဏာရှင်စံနစ်အမြစ်ဖြတ်ချေမှုန်းရေးစိတ်ဓါတ်တွေကို လှုပ်နိုးထကြွလိုက်ကြစို့....
၂၀၀၉ ရဲ့ ပွဲသိမ်းစစ်မောင်းသံတွေနဲ့ လူထုအောင်လံလွှင့်တင်စို့...

ဇော်မြင့် (မလေးရှား)

UDPနှင့်ရောင်နီငြိမ်းချမ်း


8888peoplepower@yahoogroups.com မှပေးပို့ပါသည်။

We have learnt that National political forces from Burma are going to hold a meeting on Sunday 15-3-09, at Thayagon, Mingla Thaung Nyunt area, Rangoon.
U Thu Way and U Ye Htun from UDP party, Daw Cho Cho Kyaw Nyein (Individual), U Ngwe Ohne from Shan State, U Tin Win from Kyait-Latt, U Bo Maung, a member of the Nationalist Party from Sa-Gine, some students from 8-8-88 batch, Ko Yaung Ni Oo from Canada, who was ex-8888 student leader, and others, including those who currently become active in politics, those who are members of the friendly political forces, those who are journalists from inside and abroad, and those who are individuals and interested in politics will attend that meeting.
The main agenda will be how the people living inside and abroad can help the 2010 General Election.
It is also learned that, that meeting becomes materialise, after Ko Yaung Ni Oo from Canada came back to Burma.
We also learned that, other 8-8-88 forces including the NLD do not attend that meeting but are watching the development of it with interest.

Its too late now.
These 2 brothers have been spying and doing counter revolution in our movement since 88. If u want to know more about them ask who ever used to live in Bangkok, Ladphrao 101. Playing Psy_War against students and made them to go back Burma. Some student leaders from Hight School student Union know about them. ( Speak it out NOW guys )
Actually, they are not betrayer .They are from other side and very very smart, perhaps smarter than you guys, there are not only 2 of them, they act in a very well trained group.

ရောင်နီဦးဆိုတဲ့ကောင်ကနေဒါမှာနေစဉ်ကတည်းကသစ္စာဖောက်နေတာလူတိုင်းသိကြပါတယ်။
အေးလွင်တို့နဲ့ပေါင်းနေလို့၊ရှစ်ဆယ့်ရှစ်(ပြည်ပ)ကလည်းထုတ်ပစ်လိုက်တယ်။
ဒီကောင်ကသံတော်ဆင့်ဂျပုမြင့်ဆွေရဲ့တပည့်။အမေရိကားဖို့ဒ်ဝင်းကငြိမ်းချမ်းဦးရဲ့ညီ
ငြိမ်းချမ်းဆိုတာခွပ်ဒေါင်းအလံကိုတက်နင်းတဲ့ကောင်လို့မြတ်စိုး၊ကိုဝင်းမိုးတို့ကပြောတယ်။
သူတို့ကိုမေးကြည့်ပါ။(ကိုဝင်းမိုး------ ခင်ဗျားပြောရမဲ့အလှဲ့ရောက်ပြီ။ပြောလိုက်တော့။
ချက်ကြီးထိုးပြီးတယောက်တည်းဘဝင်ကြောင်ကြောင်မနေနဲ့)
ကိုဝင်းမိုး---ခင်ဗျားတို့အဖွဲ့ကရောင်နီဦးကဘယ်တုံးကကျောင်းသားခေါင်းဆောင်ဖြစ်ဘူးတာလဲ။မကြားဘူးပါဘူး။
ဒီကောင်ကခင်ဗျားနဲ့သောက်ဖေါ်သောက်ဖက်၊ဂေါက်ဖေါ်ဂေါက်ဖက်လေ။
ခင်ဗျား--ဗကသမဟုတ်ဘူးလို့ရောင်နီဦးကပြောတော့ခင်ဗျားပြန်မပြောနိုင်တော့ဘူး။
(ဟိုကောင်ကခင်ဗျားတို့ကိုတော့ငယ်နိုင်ပဲ)
နိုင်ငံရေးလုပ်တာပဲဗျာ။ကြောက်မနေပါနဲ့။ခင်ဗျားအပေါ်မှာရောင်နှီဦးကျေးဇူးရှိနေရင်လည်း
တိုင်းပြည်အတွက်တခုခုတော့ပြောသင့်ပါတယ်။

အမေရိကားက အကြီးကောင် ငြိမ်းချမ်းဦးနှင့်အပေါင်းအပါများရော ဘာလဲ ဘယ်လဲ၊

ယနေ့မြန်မာနိုင်ငံရှိအမျိုးသားနိုင်ငံရေးအင်အားစုများ သည်၂ဝ၁ဝရွေးကောက်ပွဲနှင့်ပတ်သက်သော
တွေ့ဆုံဆွေးနွေး ပွဲကို ၁၅.၃.၂ဝဝ၉ခုနှစ်( တနင်္ဂနွေနေ့) တွင်သာယာကုန်းရပ်ကွက်၊မင်္ဂလာတောင်ညွ န့်မြို့
နယ်၊ရန်ကုန်မြို့၌ကျင်း ပပြုလုပ်မည်ဟုသိရသည်။
ထိုတွေ့ဆုံဆွေး နွေးပွဲသို့UDP ပါတီမှဦးသုဝေနှင့်ဦးရဲထွန်း၊တသီးပုဂ္ဂ လရွေးချယ်ခံမည့်ဒေါ်ချိုချိုကျော်ငြိမ်း
၊ရှမ်းအမျိုးသား ဦးရွှေအုန်း ၊ကျိုက်လတ်ဦး တင်ဝင်း၊ဦး ဘိုမောင်း (စစ်ကိုင်း )၊ဝံသာနုအဖွဲ့၊ ၈၈မျိုးဆက်ကျောင်း သားလူငယ်များ
(ပြည်ထောင်စုမြန်မာနိုင်ငံ)၊အခြား တသီးပုဂ္ဂလ၈၈မျိုး ဆက်ကျောင်း သားအချို့၊ ကိုရောင်နီဦး (ကနေဒါနိုင်ငံရောက် ၈၈
ကျောင်းသားခေါင်း ဆောင်ဟောင်း )၊ မျက်မှောက်မြန်မာ့နိုင်ငံရေးတွင်ပါဝင်လှုပ်ရှားနေသည့်သူများ ၊ မိတ်ဖက်နိုင်ငံရေး
အင်အားစုများ ၊ ပြည်တွင်းပြည်ပဂျာနယ်သတင်း ထောက် များ၊အခြားစိတ်ပါဝင် စားသူများ တက်ရောက်ဆွေးနွေးကြမည်
်ဖြစ်ပါသည်။
ထိုတွေ့ဆုံဆွေး နွေးပွဲတွင်၂ဝ၁ဝရွေးကောက်ပွဲကိုပြည်တွင်းနှင့်ပြည်ပရှိအမျိုးသား နိုင်ငံရေးအင်အားစုများ အနေဖြင့်မည်သို့
ပံ့ပိုးသွားရန်အလေးပေးဆွေး နွေးသွားမည်ဟုသိရပါသည်။
ကိုရောင်နီဦးမြန်မာပြည်သို့ရောက်ရှိလာပြီးနောက်ထိုတွေ့ ဆုံဆွေးနွေး ပွဲကျင်းပရန်ဖြစ်လာရခြင်းဖြစ်သည်။
NNLDအပါအဝင် ထိုတွေ့ဆုံဆွေး နွေးပွဲသို့မတက်ရောက်သောအခြား ၈၈အင်အားစုများ ကလည်း စောင့်ကြည့်နေ
ကြပါသည်။


TO ALL THE OPPOSITION PARTIES, WHICH HELD A MEETING ON 15TH MARCH, 2009, IN RANGOON
BOYCOTT THE 2010 PHANTOM GENERAL ELECTION
Date: 18th March, 2009.

Dear Opposition Parties and Leaders: Burma,

We the people of Burma should not support the General Election, which is going to be held in 2010. It is a trick of the military regime, which is trying to control power forever. The democracy they are going to introduce, is not the same democracy the people of Burma are asking for, because a military dictatorship, is incapable of introducing democracy. The military cannot acquire democratic credentials, as their mindset is set in the inflexible coercive, arbitrary, intimidation and violence habit.
The mind construct of the army is incapable of introducing democracy, Human Rights, freedom, and the Rule of Law. They are now using you as guinea pigs, and trying to give an impression to the world that, you are supporting them. Don’t let yourselves be used by them. Although you might win some seats in the 2010 General Election, which is the way the army is planning to do it, the army will continue to control the real power forever. This is an insult to all the people of Burma, who have suffered untold deprivations, violence, loss of life, loss of freedom and democracy. Are we really going to let them fool us that, they will introduce democracy?
You should not forget that, you all have experiences of being put behind bars often by the army, because, you believe in democracy. Although you might win some seats in the 2010 General Election, you still have to serve them as their subordinates, since the army leaders will become the permanent masters, as they will have a grip on power. At the same time, you will be condemned by the people of Burma, because, you will betray their trust in you. Some of you might think that, you can outdo the army by working closely with them. But the army leaders know that type of trick and would not allow you to do so. You must not underestimate the SPDC regime and its senior officers and personnel, as they are highly intelligent as any of us. They are skilled at the art of manipulating people and power and always they ensure that, real power remains with them.
So, instead of committing yourselves to a mirage of a General Election and power, the PDP would like to request you to keep away from that Election. History will judge you harshly and your otherwise good opposition reputations of many years, will be sullied by this chimera of a General Election, which will never be free and fair. Whether you join the 2010 General Election or not, it does not matter, the military regime will be the sure winner, while you yourselves the sure losers. The people of Burma, including the PDP, they will continue to oppose military rule. No one can deny that, the day of ‘people’s victory’ will surely come eventually. We Burmese must never forget the spirit of our Hero General Aung San and his comrades. We see that, some of you are tempted by money being given to you by agents of the military regime. Please do not look at the face of the money, but the face of the helpless people of Burma, dying, hungry, sick, children, who need saviours out of their miserable lives. It is now 47 years since General Ne Win’s army regime usurped power in 1962, and you have already sacrificed your lives by ending up in prisons often during those years, for what you believe in democracy. You should not give up your dedication just for new temptation of money.
We all witnessed that, during the 47 years rule of the army, the people of Burma have endured suffering and hardship, while the military and their supporters have become dirty-rich, and more arrogant to the extent of deceiving themselves the they cannot be defeated. Let them continue to deceive themselves. The day of reckoning is coming surely as the sunrises in the East and sets in the West, of this we have no doubt. Now again, the army wants to hold power forever. This is a major danger to our country and, we do not need politicians in Burma, who are going to betray the people who want real democracy, economic development with employment, especially now. We call upon those politicians, who can show the spirit of resistance, courage and the grit of Burmese, those who will withstand the temptation of bribery. Political betrayal will never succeed, because, the brave people actions are motivated by greed, selfishness and opportunism. You must not kneel to the wrong doers, otherwise, the Burmese spirit will be tainted by your wrong conduct and the people of Burma will be called ‘Cowards’ by the outside world. You should not allow this to happen. You should defend it with your lives not to let it happen. You should follow the spirit of Samurai, who prepares to give his life for a principle, so that children of our future generations will be proud to follow the same principle, by sacrificing their lives if necessary, to defend democracy and freedom of the people of Burma, when it is threatened from within or outside. This we call it the ‘National Spirit’. We want to see you as the champions of the ‘National Spirit’, not as ‘Cowards’. This is the only way the people of Burma will be respected by the outside world. If we can achieve it, the next step of rebuilding the country after restoring democracy will be much easier. The people will follow the good example, without any hindrance.
Remember, the 2010 General Election, to be organised by the SPDC regime, is not for introducing democracy, but for establishing a permanent dictatorship, but which the people of Burma, will adamantly continue to oppose it. If we unanimously boycott it, the military regime has to give in to the will of the people of Burma. Because of this, the PDP would like to request you to keep away from the 2010 General Election. Instead, all of us should campaign against it and expose those who have been bought by the SPDC regime and demand in a unanimous voice that the military dictatorship must handover power to civilians and go back to barracks in peace. But if the military think that, they are going to protect themselves from answering to the public on the crimes they have committed against the people, they are very much mistaken.
For us in the PDP, will not accept this sham 2010 General Election, and we will continue to fight against the military regime, until we remove it from power and restore democracy, freedom, the Rule of Law, peace and security for all the communities of Burma. After which, the economic and social reconstruction of our country will begin, to generate employment, agricultural development, primary health care, education in which equal access to equal opportunities will prevail. We will outlaw discrimination based on race, colour, community origin, political affiliation, and zenophobia against the Rohingyas in our drive to build a cohesive, proud people, based on our ‘One Country, One Nation, One People, One Vision’.
Please support the boycott of the General Election organised by the SPDC military regime. Together, we will win and end military rule.
With Best Wishes to All of You,

Central Committee
Parliamentary Democracy Party (Burma)
GHQ (Liberated Area)

(ဆက်လက်တင်ပြပေးပါမယ်)