Wednesday, April 1, 2009

ဗိုလ်ချူပ်ကြီးမြ၏သား စောနေစိုးမြ ခေါ် စောတေးလေး၏သွေး ပန်းရောင်

KNU ဗိုလ်ချူပ်ကြီးမြ၏သား စောနေစိုးမြ ခေါ် စောတေးလေးနှင့် တပ်ဖွဲ့ဝင်စုစု ပေါင်း ၇၈ ဦး၊ မိသားစုဝင် ၁၂၀ ကျော်ခန့် လက်နက်ကြီးငယ် ၂၅ လက်နှင့် အတူ နအဖထံဝင်ရောက်လာခြင်း အခမ်းနားကြိုဆိုပွဲတစ်ရပ်ကို လွန်ခဲ့သည့်
မတ်လ ၃၀ ရက်နေ့က မြဝတီမြို့၌ ပြုလုပ်ခဲ့ကြောင်း နယ်ခြား စစ်သတင်း ရပ်ကွက်များ အဆိုအရ သိရသည်။
မြဝတီမြို့ အမှတ် (၁၇) ဂိတ်လမ်းကြောင်းမှ အဆိုပါ နေစိုးမြနှင့်အဖွဲ့များ ယမန်နေ့နံနက်ပိုင်းတွင် စစ်ဝတ်စုံ၊ လက်နက်များဖြင့် တန်းစီဝင်ရောက်လာရာ ကော့ကရိတ်အခြေစိုက် နအဖ၊ စကခ (၁၂) မှ ဗိုလ်မှူးချူပ်နေလင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှ စရဖ G-1 ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်တို့က ဒေသခံဌာနဆိုင်ရာ အဖွဲ့အစည်းအချို့နှင့် အတူ ပန်းကုံးစွပ် ကြိုဆိုခဲ့ကြသည်ဟု ဆိုပါသည်။
အဆိုပါလက်နက်များတွင် M-79၊ 60 mm မော်တာ၊ RPG-No.7၊ စက်လတ် လက်နက်များ တစ်လက်စီ ပါဝင်ခဲ့ပြီး ကျန်လက်နက်ငယ်များမှာ AK-47၊ M-16၊ မောင်းပြန်ရိုင်ဖယ်များ ဖြစ်သည်။
စောနေစိုးမြသည် ဗိုလ်ချူပ်ထိန်မောင် KNU/ KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် ဆွေမျိုးတော်စပ်သူဖြစ်သည်။
ဗိုလ်ချူပ်ထိန်မောင်သည် ၂၀၀၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က KNU မှခွဲထွက်ကာ KNU-KNLA/PC အမည်ဖြစ် စစ်အစိုးရနဲ့ငြိမ်းချမ်းရေးပြုလုပ်ခဲ့ပြီး KNU ကိုဆန့်ကျင်တိုက်ခိုက်နေသော ကရင်ငြိမ်းချမ်းရေး လက်နက်ကိုင်တပ်ဖွဲ့များ အနက် တဖွဲ့ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)မှ ခွဲထွက်သွားသည့် ဒီကေဘီအေအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ စောသမူဟဲ၏ ဟောင်သယောအဖွဲ့တို့သည် KNU မှခွဲထွက်လာကြပြီး စစ်အစိုးရတပ်ဖွဲ့များနည်းတူ KNU တပ်များကို တိုက်ခိုက်နေ သည့် အဖွဲ့များဖြစ်သည်။
စောနေစိုးမြတို့အဖွဲ့မှာ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ အမှတ်- ၂၀၂ တပ်ရင်းအမည်ဖြင့် ဖလူးဒေသ (ထိုင်းနယ်စပ်) နှင့်အခြားတစ်နေရာတွင် အခြေပြုလှုပ်ရှားမည်ဟု ဆိုသည်။
ဗိုလ်ချုပ်ထိမ်မောင်အဖွဲ့သည် စစ်အစိုးရအစီအမံနှင့် ဘုရားသုံးဆူဒေသတဝိုက်တွင် နယ်ခြားကာကွယ်ရေး ပြည်သူ့စစ်တပ်ဖွဲ့အသွင်စခန်းချရန် ယခုအခါ စိုင်းပြင်းလျှက်ရှိပြီး မကြာမီတွင် ရတခမှ လက်နက် ၂၀ လက်ခန့်တပ်ဆင်ပေးလိမ့်မည်ဟု ငြိမ်းတပ်ဖွဲ့များကြားတွင် ပြောဆိုနေကြသည်။
လတ်တလောရပ်တည်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့ဝင်ထွက်ဂိတ် (ဌာနပေါင်းစုံ အထူးစစ်ဆေးရေးဂိတ်)တွင် ဗိုလ်ချုပ်ထိန်မောင် တပ်ဖွဲ့ဝင်အချို့ထားရှိကာ ဂိတ်ဝင်ကြေးဝေစုတစ်စု စစ်အစိုးရက ခွဲဝေပေးသည်။ စောနေစိုးမြ၏ တပ်ဖွဲ့ဝင်များ ရပ်တည်နိုင်ရေးအတွက်ကိုလည်း ရတခတိုင်းမှူးကိုယ်စား ယမန်နေ့က ငွေကျပ်သိန်းငါးဆယ် (၅၀-သိန်း) ပေးအပ်ခဲ့သည်ဟု သိရသည်။
နအဖအတွင်းရေးမှူး (၁) နှင့်အဖွဲ့သည် ထော့ကိုကိုးရွာတွင် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်ကြီးမြ၏ သားငယ် စောနေစိုးမြကိုလည်း ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ အဖွဲ့ဝင်တဦးအနေဖြင့် တွေ့ဆုံခဲ့သည့်သတင်းကို ယခုလ (၂၄) ရက်နေ့ညက မြန်မာရုပ်မြင်သံကြားလိုင်းများတွင် ထုတ်လွှင့်ပြသခဲ့သည်။
လွန်ခဲ့သည့် ၂၀၀၈ ခု၊ ဒီဇင်ဘာ ၁၃ ရက်နေ့က ဘန်ကောက်မြန်မာသံရုံး လေယာဉ်အစီအစဉ်ဖြင့် နေပြည်တော်သို့ သွားရောက်ကာ ဗိုလ်ချုပ်ရဲမြင့်၊ ကကကြည်းမှတာဝန်ရှိသူအချို့နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းများတွင်ဖေါ်ပြခဲ့ကြ သည်။ ယင်းကဲ့သို့ သွားရောက်တွေ့ဆုံခဲ့မှုအပေါ် KNU ခေါင်းဆောင်များက စောနေစိုးမြကို ပြင်းထန်စွာ သတိပေးခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် စောနေစိုးမြက နှုတ်ထွက်စာတင်ခဲ့ပြီး KNU က အပြီးအပိုင် နှုတ်ထွက်ခွင့် ပြုခဲ့သည်။

စိန်ခေါ်မှုများနှင့်အတူ

". . . တတ်ပြီ၊ သိပြီ ဆိုတဲ့ ဆရာကြီးခေတ် ကုန်သွားတာ အတော်ကြာပါပြီ၊ မကြာခဏ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ အတွက် ပိုလို့တောင် သင်ယူမှု လိုအပ် လာပါသေးတယ်။ Social Learning လို့ ပြောလို့ ရပါတယ်။ သူများကို ပြန်ပြော ကောင်းဖို့ ကျက်မှတ်တာဟာ၊ လေ့လာ သင်ယူမှု မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် လိုက်နာ ကျင့်သုံးနိုင်တဲ့ အဆင့်ကို ရောက်အောင် အသွေးထဲ အသားထဲ ထိသိမှုကသာ လေ့လာ သင်ယူမှု အမှန် ဖြစ်ပါတယ် . . . "
Photobucket
Living with Knowledge & Challenges။ (Abstract Design - Exper Giovanni Rubaltelli)

မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အတွက် ပညာရပ် ဆိုင်ရာ ဆွေးနွေးပွဲ တခုမှာ ပြောခွင့်ရတယ်၊ (၁၂၊ ၇၊ ၂ဝဝ၈) ရက်နေ့၊ လှိုင်မြို့နယ် အတွင်းမှာ ရှိတဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်မှာ၊ ဘာပြောရမလဲ စဉ်းစားတော့ စိန်ခေါ်မှု များလာတဲ့ ၂၁ ရာစု အကြောင်း စဉ်းစားမိတယ်၊ နားထောင်မယ့် သူတွေရဲ့ အသက်၊ ပညာ၊ အတွေ့အကြုံတွေကို တန်းညှိပြီး မကျဉ်းမကျယ် ပြောမယ်လို့ ပုံစံ ချလိုက်ပါတယ်။ ဒါနဲ့ပဲ ခေါင်းစဉ်ကို "Living with Knowledge & Challenges" လို့ ပေးလိုက်တယ်။ မဆိုးပါ၊ လူတော်တော်များများ လာကြပါတယ်။ စီးပွားရေး ရှုထောင့်ကို အခြေခံပြီး ပြောပါတယ်။

မိသားစု စီးပွားရေး

သုတေသနတွေ အရ မိသားစု စီးပွားရေးက နိုင်ငံတိုင်းမှာ ၉ဝ % လောက် ရှိတယ်။ ပထမ မျိုးဆက်က တည်ထောင်လာခဲ့တဲ့ စီးပွားရေးဟာ၊ ဒုတိယ မျိုးဆက်လည်း ရောက်ရော ၃ဝ % လောက်ပဲ လွှဲပေးနိုင်တယ်။ ဒုတိယ မျိုးဆက်ကနေ တတိယ မျိုးဆက်ဆီ ရောက်တော့ ၁၂ % ပဲ ကျန်တော့တယ်။ ၈၈ % ပျက်စီးတယ်၊ မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ ယှဉ်ပြိုင်မှု ပြင်းထန်ခြင်း၊ စွမ်းရည် ချို့တဲ့ခြင်းကြောင့်ပါ။ စိန်ခေါ်မှုထဲက တခု ဖြစ်ပါတယ်။
ဈေးကွက်ထဲမှာ တွေ့နေရတဲ့ ကုန်ပစ္စည်း တခုကို လေ့လာတဲ့ အခါ၊ သူ့နောက်ကွယ်မှာ 'Idea' ပေါင်း ၃,ဝဝဝ လောက် အရင်းအနှီး ပြုပြီးမှ ဖြစ်ပေါ် လာကြရတာ ဖြစ်ကြောင်း တွေ့ရပါတယ်။ အတွေး ၃,ဝဝဝ မှာ တကယ် ဖွံ့ဖြိုးတာက ၄ ခုပဲ ရှိတယ်၊ အဲဒီထဲက ဈေးကွက် တင်နိုင်တာ ၂ ခုပဲ ရှိပြီး၊ ဈေးကွက်မှာ ၁ ခုပဲ နေရာ ရသွားတာ တွေ့ရပါတယ်။ ယှဉ်ပြိုင်မှု ဘယ်လောက် များသလဲ ဆိုတာကို ပြတာပါ၊ စိန်ခေါ်မှု တခုပါပဲ။
စီးပွားရေး လုပ်ငန်းငယ် ဆိုတဲ့ Small Business ကို လေ့လာတဲ့ အခါ ကျတော့လည်း … ပထမ ၂ နှစ် အတွင်းမှာ ၂၄ % ကျဆုံး ကုန်ကြတယ်၊ ၄ နှစ် အတွင်းမှာ ၅၁ % ဆုံးရှုံး ပျက်ပြားကြပြီး၊ ၆ နှစ် အတွင်းမှာ ၆၃ % ပျောက်သွားကြတယ်။ ကုမ္ပဏီတွေ ထောင်လိုက်ကြ၊ ပျောက်လိုက်ကြ သဘောမျိုးနဲ့လည်း သဘောထားလို့ ရတယ်၊ မယှဉ်ပြိုင်နိုင်လို့ ပျက်စီးကြ ရတာပါ။ စိန်ခေါ်မှုရဲ့ သဘော သဘာဝကို မီးမောင်း ထိုးပေးတာလည်း ဖြစ်တယ်။

လက်ဆင့်ကမ်း တာဝန်

မျိုးဆက် အလိုက် တာဝန် လွှဲပေးရတာ မဆန်းပါ။ Management Succession Plan လို့ ခေါ်ပါတယ်။ တိုးတက်တဲ့ အမြင်ရှိတဲ့ နိုင်ငံတွေမှာ ကောင်းကောင်း ကျင့်သုံးကြပေမယ့်၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ စနစ်တကျ မရှိကြပေးပါဘူး။ ၈၁ % သော တည်ထောင်သူတွေ၊ စီမံခန့်ခွဲမှု လက်ဆင့် ကမ်းခြင်းကို သူတို့ ဆွေမျိုး၊ သားသမီးတွေ ဆီသာ လက်ဆင့်ကမ်း ကြပါတယ်။ ၂၅ % သော အုပ်စုမှာ သေသေချာချာ စနစ်တကျ စီမံကိန်းချ ထားတဲ့ လွှဲပြောင်းမှုမျိုး မတွေ့ရပါ။
နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေ မှာတော့ စီမံခန့်ခွဲမှု Management ဆိုတာကို၊ ဆွေမျိုး၊ သားသမီးတွေနဲ့ ခွဲခြားထားပါတယ်။ Shareholder ဆိုတဲ့ ရှယ်ယာရှင်က သက်သက်၊ စီမံ ခန့်ခွဲသူက သက်သက်ပါ၊ ရောထွေးမှု မရှိတဲ့ အတွက် အောင်မြင်မှု ပိုရပါတယ်။ တတိယနိုင်ငံတွေ ရင့်ကျက်လာတဲ့ အခါမှာ အဲဒီ အစဉ်အလာကို လက်ခံ ဆောင်ရွက် သင့်ကြပါတယ်။

ပျက်စီးစေတာတွေ

ပညာနည်းရင် ပျက်စီးမှု မြန်ပါတယ်၊ ချမ်းသာဖို့၊ အောင်မြင်ဖို့ ကြိုးစားရတာထက် ထိန်းသိမ်းနိုင်ဖို့က ပိုပြီး ခက်ခဲပါတယ်။ ဒါလည်း စိန်ခေါ်မှု တရပ် ဖြစ်ပါတယ်။ အကြမ်းဖျင်း ကြည့်ရင် …

(၁) အလုပ်မဲ့ ချမ်းသာမှု (Wealth without work)
(၂) ကိုယ်ကျင့်မဲ့ စည်းစိမ် (Pleasure without conscience)
(၃) ကိုယ်ကျင့်မဲ့ ပညာ (Knowledge without character)
(၄) လူသားမဆန် သိပ္ပံ (Science without humanity)
(၅) မူဝါဒမဲ့ နိုင်ငံရေး (Politics without principle)

တိုးတက်သွားတဲ့ နိုင်ငံတွေကို လေ့လာလိုက်တော့ စွန့်ဦးတီထွင် ဆောင်ရွက်မှု ဘယ်လောက် ကောင်းကြသလဲ ဆိုတာ ညွှန်းကိန်း တခုလို တွေ့ရပါတယ်။ အရွယ်ရောက် လူငယ်တွေ ဘယ်လောက် စွန့်ဦး တီထွင်စိတ်နဲ့ လုပ်ကြသလဲ ဆိုရင် …
အမေရိက (United States) ၈.၅ %
ကနေဒါ (Canada) ၆.၈ %
အစ္စရေး (Israel) ၅.၄ %
အီတလီ (Italy) ၃.၄ %
ဗြိတိန် (Britain) ၃.၃ %
ဂျာမဏီ (Germany) ၂.၂ %
ဖင်လန် (Finland) ၁.၄ %

ဘယ်လူမျိုးတွေ ဘယ်လောက် ပိုစွန့်စားကြ သလဲ ဆိုတာ တွေ့ရမှာပါ။ စိန်ခေါ်မှု အတွက် ရာနှုန်း ပိုများတဲ့ နိုင်ငံတွေက ပိုပြီး တွန်းလှန်နိုင်မှာ ဖြစ်ပါတယ်။ က္ဆွန်တော်တို့ ရာခိုင်နှုန်း ဘယ်လောက် ရှိသလဲ ဆိုတာ စစ်တမ်း မကောက်နိုင်သေးပါ။

စိန်ခေါ်မှုတွေချည်းပဲ

နေရာတိုင်းမှာ စိန်ခေါ်မှုတွေပါပဲ၊ တွေးကြောက်နေလို့လည်း မဖြစ်ပါ။

(၁) စီးပွားရေး စိန်ခေါ်မှု (Economical challenge)
(၂) နည်းပညာ စိန်ခေါ်မှု (Technological challenge)
(၃) နိုင်ငံရေး တည်ငြိမ်မှု (Political stability)
(၄) အစိုးရပါဝင်မှု (Government intervention)
(၅) ဥပဒေ အထောက်အပံ့ (Legal infrastructure)
(၆) ဘဏ္ဍာရေး မဏ္ဍိုင် (Financial infrastructure)

ခေါင်းဆောင်ကဏ္ဍ

အဲဒီမှာ ခေါင်းဆောင်ကဏ္ဍ ဆိုတဲ့ (Leadership Role) က အရေးကြီး လာပါတယ်။ အဖွဲ့အစည်း တခုကို ဦးဆောင်တဲ့ ခေါင်းဆောင်က ဘယ်လောက် စံချိန်မီသလဲ၊ ဘယ်လို အရည်အချင်းတွေ ရှိသလဲ ဆိုတာ အဆုံးအဖြတ် တခု ဖြစ်ပါတယ်။ ခေါင်းဆောင်ညံ့ရင် အဖွဲ့အစည်း ညံ့တတ်ပါတယ်။ ခေါင်းဆောင် တော်ရင်လည်း အဖွဲ့အစည်းက ထက်မြက် တတ်ပါတယ်။ အရင်တုန်းက ခေါင်းဆောင် ဆိုတာကို သီးခြား လူတန်းစား တရပ် အနေနဲ့ အယူအဆ ရှိခဲ့ရာက၊ မျက်မှောက်ခေတ်မှာ (as member) အဖွဲ့ဝင် တဦး အနေနဲ့ပဲ သဘောထား ပါတော့တယ်။ ထူးခ္ဆွန်၊ ထက်မြက်၊ တာဝန် ယူနိုင်လို့ ခေါင်းဆောင် နေရာ ပေးထားတာထက် မပိုတော့ပါဘူး။ ခေါင်းဆောင်ဟာ အဖွဲ့အစည်းရဲ့ (Servant) အစေအပါးပဲ ဖြစ်ပါတယ်။ 'စေတလုံး' ပိုင်၊ ကိုယ်လုပ်ချင်ရာ လုပ်လို့ မရတော့ပါ။

စီမံခန့်ခွဲမှုနဲ့ ကွာတာ

စီမံခန့်ခွဲမှု (Management) နဲ့ ဦးဆောင်ခြင်း (Leadership) ကွာတာ အဓိက အချက် တချက်ပဲ ရှိပါတယ်။ စီမံခန့်ခွဲမှုက 'Who do things right' ဆိုတဲ့ ဦးဆောင်သူ ချပေးတဲ့ အလုပ်တွေကို တော်တည့် မှန်ကန်အောင် လုပ်ပေးရတာ ဖြစ်ပြီး၊ ခေါင်းဆောင်ကတော့ 'Who do right things' ဆိုတဲ့ 'မှန်တဲ့အလုပ်' ကို ရွေးချယ် ပေးခြင်းပဲ ဖြစ်ပါတယ်။ အလုပ်မှန်၊ လုပ်သင့်တာကို မရွေးချယ်နိုင်ရင် ခေါင်းဆောင် မဟုတ်ပါဘူး။

လုပ်ပိုင်ခွင့်ပေးအပ်

အလုပ်သေးရင် ပြဿနာ မရှိလှပေမယ့် လုပ်ငန်းကြီးလာရင် ခေါင်းဆောင်တွေက နေရာတကာ မပါဝင်နိုင်တော့ပါ။ တနေ့ ညီမျှစွာ ပိုင်ဆိုင်ကြတဲ့ ၂၄ နာရီကို အကျိုးရှိစွာ အသုံးချ ကြရတာမို့ ခေါင်းဆောင်က သူ့အလုပ်ပဲ သူ လုပ်သင့်ပါတယ်။ မူဝါဒ ချမှတ်တဲ့ အလုပ်၊ စီမံကိန်း ရေးဆွဲတဲ့ အလုပ် စတာမျိုးပါ။ ကျန်တာကို တခြား အလယ်တန်း ခေါင်းဆောင် (Management) ကို လုပ်ပိုင်ခွင့် ပေးရပါတယ်။ Empowerment လို့ ပြောပါတယ်။ ကုမ္ပဏီ တော်တော်များများမှာ မန်နေဂျာများဟာ ရာထူးတွေသာ ရကြပေမယ့်၊ လုပ်ပိုင်ခွင့် မရှိကြဘူးလို့ စိတ်အားငယ် နေကြတာ သုတေသနများ အရ ထွက်ပေါ် လာပါတယ်။ အဲဒါ ခေါင်းဆောင်ရဲ့ မူဝါဒ မှားယွင်းမှု အကျိုးဆက် ဖြစ်ပါတယ်။ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေ အဆင့်မှာ ဌာနချုပ်က CEO (ခေါင်းဆောင်) က၊ အခြား ဒေသကွဲ နေရာတွေကို အမြဲ ဘယ်မှာ ရောက်နိုင်ပါမလဲ။ Regional CEO တွေကိုပဲ လုပ်ပိုင်ခွင့် ပေးကြရပါတယ်။

ထက်မြက် ထိရောက် ခေါင်းဆောင်

ဦးဆောင်သူတော့ ဦးဆောင်သူပါပဲ၊ Leading လုပ်တယ်လို့ ခေါ်ပါတယ်၊ အကျိုးဖြစ်မှု အားနည်းရင် သာမန် (Leader) ပဲ ဖြစ်ပါတယ်။ သည်နေ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ ခေါင်းဆောင်တွေ Effective Leader (ထိရောက် ခေါင်းဆောင်) တွေ ဖြစ်လာကြပါပြီ၊ အခြေခံ ပုံချင်း မတူတာ တွေ့နိုင်ပါတယ်။

Leaders Vs Effective Leaders
Objectivity Perception
Acceptance Rejection
Individual Group Performance
Productivity Satisfaction

ရိုးရိုးသာမန် ခေါင်းဆောင်နဲ့ ထိရောက် စွမ်းအားရှိတဲ့ ခေါင်းဆောင် အများကြီး ကွာခြားသွားတဲ့ ခေတ် ဖြစ်ပါတယ်။

ယုံကြည်မှုနဲ့ ခေါင်းဆောင်

ယုံကြည်မှု ရရှိခြင်းနဲ့ ခေါင်းဆောင် ဖြစ်လာရတာပါ။ ယုံကြည်မှုကို အလကား မရပါ။ တခဏချင်းလည်း မရနိုင်ပါ။ ယုံကြည်မှု အတွက် တည်ဆောက် ယူရပါတယ်။ အချိန် အတိုင်းအတာ တခု ပေးဆပ်ရပါတယ်။

(၁) ပွင်းလင်းမှု (Practice openness)
(၂) မျှတမှု (Promote fairness)
(၃) ခံစားမှု (Express feeling)
(၄) ယုံကြည်မှု (Keep confidence)
(၅) တသမတ်ဖြစ်မှု (Be consistent)
(၆) ကတိစကားတည် (Keep promise)
(၇) အမှန်ပြော (Tell the truth)
(၈) အရည်သွေးပြ (Show competence)

ပြောတဲ့အတိုင်း မလုပ်ရင် ယုံကြည်မှု မရပါ၊ မျှတမှု မရှိလျှင်လည်း ယုံကြည်မှု တည်ဆောက်လို့ မရပါ။ ခေါင်းဆောင်မှာ တောက်ပတဲ့ အရည်အသွေးတွေ မရှိရင်လည်း 'ယုံပါ' လို့ ပြောရုံနဲ့ ယုံကြည်မှုကို မရပါ။ ဖော်ပြပါ အရည်အချင်းထက် ပိုသင့်ပါတယ်။ ယုံစရာ ရှိအောင် လုပ်နိုင်မှ ယုံရတာ ဖြစ်ပါတယ်။ ယုံကြည်ခံရမှုနဲ့ ခေါင်းဆောင်ဟာ တသားတည်း ကျရပါမယ်။

လေ့လာသင်ယူ

အလုပ် လုပ်နေသမျှ ပတ်လုံး လေ့လာ သင်ယူမှုကို ရပ်တန့်လို့ မရပါ။ ခေါင်းဆောင်တွေ ပိုလိုအပ်ပါတယ်။ တတ်ပြီ၊ သိပြီ ဆိုတဲ့ ဆရာကြီးခေတ် ကုန်သွားတာ အတော်ကြာပါပြီ၊ မကြာခဏ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ အတွက် ပိုလို့တောင် သင်ယူမှု လိုအပ် လာပါသေးတယ်။ Social Learning လို့ ပြောလို့ ရပါတယ်။ သူများကို ပြန်ပြော ကောင်းဖို့ ကျက်မှတ်တာဟာ၊ လေ့လာ သင်ယူမှု မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် လိုက်နာ ကျင့်သုံးနိုင်တဲ့ အဆင့်ကို ရောက်အောင် အသွေးထဲ အသားထဲ ထိသိမှုကသာ လေ့လာ သင်ယူမှု အမှန် ဖြစ်ပါတယ်။

- လေ့လာသလို လုပ်ကိုင်ရင်း အလေ့အကျင့် ဖြစ်စေတာ
- Learning as doing - (practice)

- လေ့လာသလို အတွေ့အကြုံ အဖြစ် ရောက်လာတာ
- Learning as experience - (meaning)

- လေ့လာသလို ကိုယ်ကိုယ်တိုင် ဖြစ်လာတာ
- Learning as becoming - (identity)

- လေ့လာသလို ပိုင်ဆိုင်လာတာ
- Learning as belonging - (community)

လေ့လာမှုကနေ ကျင့်သုံးမှု အဆင့် ဘယ်လို ဖွံ့ဖြိုး လာရတယ် ဆိုတဲ့ အခြေခံပဲ ဖြစ်ပါတယ်၊ သာမန် တခြား လူတယောက်ကို အထင်ကြီးအောင် ပြောပြနိုင်ရုံထက် မကဘူး ဆိုတာ ပေါ်လွင် နေပါတယ်။

အနာဂတ်ကို ကြည့်တယ်

အနာဂတ် အမြင် (Vision) ဘယ်လောက် ရှိသလဲ ဆိုတာ ခေါင်းဆောင် တဦးရဲ့ အရည်အချင်း ဖြစ်ပါတယ်။ မနက်ဖန်၊ သဘက်ခါလောက် အမြင်မျိုးနဲ့ သည်ခေတ်မှာ ခေါင်းဆောင် လုပ်စားလို့ မရတော့ပါဘူး။ တချို့ စီးပွားရေး ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်တွေဟာ နှစ်ပေါင်း ၅ဝ ကျော်လောက် အထိကို လှမ်းပြီး ကြည့်နိုင်ကြပါတယ်။ သာမန် အဆင့် ခေါင်းဆောင်တွေတောင်မှ လေးငါး နှစ်လောက်ရဲ့ အလားအလာကို ကြည့်နိုင်မှ ခေါင်းဆောင် အဆင့် ဝင်နိုင်ရုံလေး ရှိမှာ ဖြစ်ပါတယ်။ ဝေးဝေး ပိုကြည့်နိုင်ခြင်းဟာ ခေါင်းဆောင်ကောင်း တဦး အတွက် အောင်နိုင်မှု ပိုရခြင်းလို့လည်း ပြောနိုင်ပါတယ်။
တချိန်မှာ ကမ္ဘာ့လောင်စာ စွမ်းအင် ပြဿနာ တရပ် ရှိလာမယ်လို့၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော် ကတည်းက တချို့သော ခေါင်းဆောင်တွေ၊ သုံးသပ်ချက် ဆွဲထားခဲ့တာ ဖတ်ဖူးပါတယ်။ အဲဒီအတွက် ရေနံထွက် နိုင်ငံတွေနဲ့ သံတမန်ရေး အရ စီးပွားရေး အရ ကြိုတင် ဆောင်ရွက်ထားမှုတွေ လုပ်ထားကြပါတယ်။ ကိုယ့်နိုင်ငံ အကျိုးစီးပွား (National Interest) အတွက် တချို့ စစ်ရေးအရ ဆောင်ရွက်မှုတွေတောင် တွေ့နေရပါတယ်။

စိတ်ထားပြင်

ခေတ်က Globalization ဆိုတဲ့ ကမ္ဘာ့ စီးပွား ရေစီးကြောင်းမှာ အလျားလိုက် ပါရတဲ့ ခေတ်ပါ။ ကိုယ့်ဆီက ယဉ်ကျေးမှု ဟိုဘက် ရောက်သလို၊ သူ့ဆီက ဟမ်ဘာဂါလည်း ကိုယ့်ဆီ ရောက်ပါတယ်။ ယဉ်ကျေးမှု၊ နည်းပညာ၊ အသိ၊ အမြင်၊ အားလုံး ကူးလူး ယှက်နွယ် နေတဲ့ သဘော ဖြစ်ပါတယ်။ ကိုယ့်ဝပ်ကျင်းလေးထဲက ကိုယ့်စံနှုန်းလောက်နဲ့ ခေါင်းဆောင်တွေ နေလို့ မရတော့ပါဘူး။ ဘယ်သူတွေ ဘာလုပ်တယ်၊ ဘယ်ခေါင်းဆောင်တွေ ဘယ်လောက် အရည်အချင်း ရှိကြတယ် ဆိုတာ၊ အင်တာနက်မှာ တခဏချင်း ဖတ်လို့ ရတဲ့ခေတ် ဖြစ်နေပါပြီ။ နိုင်ငံတကာ အဆင့်မီ ခေါင်းဆောင်တဦး ဖြစ်ဖို့ နိုင်ငံတကာ အရည်သွေးကို ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။ စိတ်ပိုင်း ဆိုင်ရာ အခြေခံက အစ ပြင်ဆင် လာကြပါပြီ။ Asia Mindset ဆိုတဲ့ အာရှက လူတွေရဲ့ စိတ်အခံကို လေ့လာရင်…

(၁) ဗဟို ချုပ်ကိုင်မှု အပေါ် အာရုံထား (Centralization)
(၂) မိသားစုအရေး ဦးစားပေး (Family Interest)
(၃) အခွင့်အလမ်းကို ဦးစားပေး (Opportunity)
(၄) အပြောင်းအလဲကို တွန့်ဆုတ် (Change Resistance)

နိုင်ငံတကာ စိတ်ဓာတ်က ဆန့်ကျင့်ဘက် ဖြစ်ပါတယ်။ အဲဒီ ဆန့်ကျင်ဘက် ဖြစ်တဲ့ Decentralization, Public interest, Capability rather than opportunity, Change acceptance ကို ပြောင်းလဲပစ်ရ ပါလိမ့်မည်။

ယှဉ်ပြိုင်နိုင်စွမ်းရည်

ကမ္ဘာ့နိုင်ငံ အသီးသီးကို 'ယှဉ်ပြိုင်နိုင် စွမ်းရည်' သတ်မှတ် ထားပါတယ်။ အချက်အလက် အများကြီးပေါ် အခြေခံ ပါတယ်။ တခုကောင်း၊ နှစ်ခုကောင်းနဲ့ မရပါဘူး။ 'Global Competitiveness of Countries' လို့ ခေါင်းစဉ် တပ်ပါတယ်။ ဖင်လန် (Finland) က ထိပ်ဆုံးက ဖြစ်ပြီး အမေရိကန်က ဒုတိယ ဖြစ်ပါတယ်။

နိုင်ငံ အဆင့်
ဖင်လန် (Finland) ၁
ယူအက်စ် (US) ၂
နယ်သာလန် (Netherland) ၃
ဂျာမနီ (Germany) ၎
ကနေဒါ (Canada) ၁၁
ဂျပန် (Japan) ၁၅

လောလောဆယ် ကမ္ဘာ့ ဒုတိယ စီးပွားရေး အကြီးဆုံး ဖြစ်တဲ့ ဂျပန်တောင်မှ အမှတ်စဉ် (၁၅) မှာ ရှိနေပါတယ်။ သည်နေ့ ရေရှည်မှာ ကမ္ဘာ့ နိုင်ငံ အသီးသီးရဲ့ အလားအလာကို ဆုံးဖြတ်ကြတဲ့ အခါမှာ၊ အဲဒီ ယှဉ်ပြိုင်မှု စွမ်းရည်က ထိပ်ဆုံးက ပါလာတဲ့ 'ပေတံ' တချောင်း ဖြစ်လာပါပြီ၊ စီးပွားရေးကို ဦးဆောင်ကြတဲ့ ခေါင်းဆောင်တွေ သတိထားသင့်တဲ့ အချက် ဖြစ်ပါတယ်။

ပညာထုတ်လုပ်မှု

လက်ရှိ မျိုးဆက်တွေမှာတင် အောင်မြင်ရုံနဲ့ ကိစ္စမှာ မပြီးပါဘူး။ နိုင်ငံအဆင့် သွားရင်၊ နောက်မျိုးဆက်တွေ အထိ ပညာကို ဘယ်လောက် ပြန်လည် ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်တယ် ဆိုတာကလည်း အလွန် အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ အာဆီယံကို လေ့လာရင် …


နိုင်ငံ ပညာထုတ်လုပ်မှု (%)
စင်ကာပူ ၆ဝ %
ဘရူနိုင်း ၃၅ %
မလေးရှား ၂၃ %
ဖိလစ်ပိုင် ၂၂ %
ထိုင်း ၁၈ %
အင်ဒိုနီးရှား ၇ %
ကမ္ဘောဒီးယား ၄ %
ဗီယက်နမ် ၃ %
မြန်မာ ၂ %
လာအို ၁ %

ခန့်မှန်းခြေ ဖြစ်ပါတယ်။ စင်ကာပူ တိုးတက်တာ မဆန်းပါဘူး။ ထူးခြားတာက မလေးရှားထက် ဘရူနိုင်းက သာသွားတာပဲ ဖြစ်ပါတယ်။ အရင် ရေနံထွက် နိုင်ငံတွေ ပညာကို သိပ်တန်ဖိုး မထားတတ် ကြပါဘူး။ နောက်ပိုင်း 'စွမ်းရည်' အပေါ် ယုံကြည်လာတော့ 'ပညာ' ကို တန်ဖိုး ပြန်ထားနေပြီ ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။

အားလုံးတွက်လို့ရတယ်

သည်ခေတ်မှာ 'ရလဒ်' ကို အားလုံး တွက်ထုတ်လို့ ရပါပြီ။ ဘယ်လိုမှ သင့်သလို လုပ်လို့ မရတော့ပါ။ ဖြီး လို့လည်း မရတော့ပါ။ နိုင်ငံ နှစ်ခုရဲ့ ပညာ အခြေခံမှု ကနေ ရလာတဲ့ ရလဒ် နှိုင်းယှဉ်ချက်ကို ဆွေးနွေး ဖြစ်ပါတယ်။ တောင်ကိုးရီးယားနဲ့ ဂါနာနိုင်ငံပါ။ ၁၉၅၈ လောက်တုန်းက အဲဒီ နှစ်နိုင်ငံက အခြေအနေ အတူတူလောက် ပါပဲ။ ဦးဆောင်သူတွေရဲ့ အနာဂတ် အမြင်၊ မူဝါဒတွေကြောင့် နှစ်ပေါင်း ၄ဝ လောက်ကြာတဲ့ အခါမှာ၊ နှစ်နိုင်ငံဟာ အကြီးအကျယ် ခြားနား သွားပါတယ်။ ၁၉၉ဝ မှာ တောင်ကိုးရီးယား တဦးချင်း ဝင်ငွေ ကျပ် ၈,ဝဝဝ ကျော် သွားခဲ့ပြီး၊ ဂါနာက ကျပ် ၂,ဝဝဝ လောက်က မကျော်နိုင်ပါဘူး။ နှစ်နိုင်ငံ တဦးချင်း ဝင်ငွေ ကွာခြားချက် ကျပ် ၆,ဝဝဝ မှာ ပညာ အခြေခံ တခုတည်းကြောင့် ကွာရတာက၊ ကျပ် ၄,ဝဝဝ ကျော် ဖြစ်နေတာ တွက်ချက်လို့ ရလာပါတယ်။

ဒါကြောင့် သည်နေ့ 'ပညာခေတ်' လို့ ပြောနေကြခြင်း ဖြစ်ပါတယ်။ ခေါင်းဆောင်တွေ မူဝါဒမှာ အခြေခံ အဖြစ်ကို စဉ်းစားသင့်တဲ့ အချက် ဖြစ်ပါသည်။

နှိုင်းရခေတ်ကုန်ပြီ

တရုတ်ပြည် တိုးတက်မှုမှာ လုပ်အားခ ဈေးချိုခြင်း (Labor Intensive) က အကြောင်းတပါး ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေ မယှဉ်ပြိုင်နိုင်တဲ့ အရာ တခုပါ။ နာမည်ကြီး Dell Computer ကို ရောင်းတော့၊ တရုတ်က Clone (တုပ) ပြီး ရောင်းပါတယ်။ လုပ်အားခ အသာစီး ရထားတော့၊ တရုတ်ထုတ်ကို အမေရိကန်ထုတ်ရဲ့ ၆ဝ% ဈေးလောက်နဲ့ ရောင်းနိုင်တာ တွေ့ရပါတယ်။ အမေရိကန် Dell အရောင်းထိုးကျ သွားပါတယ်။ ဈေးနှုန်း ကွာဟမှု ၄ဝ% ကို ချုံ့ပစ်ဖို့၊ အမေရိကန်တွေ ကြံဆရပါတယ်။ JIT ဆိုတဲ့ Just-in-time ကို သုံးပါတယ်။ အတိုချုပ် ပြောရရင် ရောက် - တပ်ဆင်၊ ထုတ်လုပ်၊ ဖြန့်ဖြူး ဆိုတဲ့ စနစ်ပါ။ အစိတ်အပိုင်း တပ်ဆင်ရာမှာ အချိန် အလေအလွင့်၊ ပစ္စည်း အလေအလွင့်၊ လုပ်အား အလေအလွင့် မရှိသလောက် ဖြစ်အောင် ပုံစံ ပြန်ထုတ် ကြပါတယ်။
နောက်ဆုံး Dell ရဲ့ ထုတ်လုပ်မှု နည်းစနစ်ကြောင့်၊ တရုတ်လုပ်နဲ့ အမေရိကန်လုပ် ကုန်ပစ္စည်း နှစ်ခုတို့ရဲ့ ဈေးနှုန်း ခြားနားချက်ဟာ၊ ၁ဝ% လောက်ပဲ ကျန်ပါတော့တယ်။ ၁ဝ% လောက်ပဲ ဈေးနှုန်း ကွာတော့တယ် ဆိုတော့ လူ့သဘာဝ အရ ပစ္စည်း 'အစစ်' ကိုပဲ ပြန်ပြီး မျက်စောင်း ထိုးကြရင်း … Dell ရောင်းအား တဟုန်ထိုး တိုးတက်သွားပြီး၊ ပြန်အောင်မြင် လာပါတော့တယ်။
ဘာတွေ့ရသလဲ ဆိုရင် 'လုပ်အားခ' မယှဉ်နိုင်အောင် အကွယ်အဟကို၊ 'ပညာ' နည်းစနစ်နဲ့ ပြန်ပြီး အနိုင်ယူနိုင်တယ် ဆိုတာပါပဲ။ JIT ကို အသေအချာ လေ့လာ ဆန်းစစ်၊ တွက်ထုတ်ကြည့်တော့ ကြီးစွာ အကျိုးရှိတာ တွေ့ရပါတယ်။
စိန်ခေါ်မှုကို တန်ပြန် စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ ခေါင်းဆောင်တွေ စဉ်းစားရမယ့် အခြေခံ အချက်ထဲက အရည်အချင်း တခု ဖြစ်ပါတယ်။

မေးကြ၊ စမ်းကြ

ဆွေးနွေးပွဲ တက်ကြသူ (Participants) တွေ အရည်အသွေး အတော် တိုးတက်လာတာ သတိ ထားမိပါတယ်။ တချို့ မေးခွန်း ခပ်မြင့်မြင့် မေးနိုင်ကြပါတယ်။ တချို့ လက်တွေ့ လုပ်ငန်းတွေ လုပ်ကိုင်ရာက ရလာတဲ့ အတွေ့အကြုံပေါ် အခြေခံပြီး မေးနိုင်ကြတယ်။ ဒါပေမဲ့ အများစုက သိပ်မေးကြတာ မတွေ့ရသေးပါ။ မေးခွန်း မေးတတ်တဲ့ ယဉ်ကျေးမှု ကောင်းကောင်း မစီးဆင်း သေးဘူးလို့ပဲ ပြောရမလား မသိပါ။
တချို့ စီမံခန့်ခွဲမှု အခြေခံ ပညာလည်းရှိ၊ လက်တွေ့လည်း လုပ်ကိုင် နေကြတဲ့ ဦးဆောင်သူများ ဖြစ်လို့ သူတို့မေးတဲ့ မေးခွန်းမျိုးကို ပြန်ဖြေရတာ၊ ခေါင်းစဉ် တခုစာလောက် ဆွေးနွေး ရတာမျိုးနဲ့ ညီမျှ သွားတာမျိုးလဲ ကြုံရတတ်ပါတယ်။ အလွန် ကောင်းပါတယ်။ နိုင်ငံတကာမှာ အခုလို ဆွေးနွေးပွဲမျိုး၊ ဟောပြောပွဲမျိုးကို ခေါင်းစဉ် အမျိုးမျိုး တပ်ပြီး မကြာခဏ ခပ်စိပ်စိပ် လုပ်တတ်ကြလို့ ပညာ၊ အမြင်၊ အတွေးတွေ အများစုထဲကို စိမ့်ဝင် သွားတတ်ကြပါတယ်။ သည်မှာ ဟောပြောသူ အရေအတွက် အတော်ချည်း နည်းနေ ပါသေးတယ်။ အရင် ဒါမျိုး မရှိခဲ့တာနဲ့ စာရင်တော့ တိုးတက်လာတယ်လို့ ပြောလို့ ရပေမယ့် ခပ်စိပ်စိပ်၊ ခပ်များများ လုပ်သင့်တယ်လို့ ယူဆပါတယ်။
ပညာရပ် ဆိုင်ရာ ဟောပြောပွဲ ကျင်းပ ပေးရာမှာ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က အတော် အောင်မြင်ပါတယ်။ နှစ်ပတ်တကြိမ် ပုံမှန် ဆောင်ရွက် နိုင်ခဲ့ပြီး ပညာရပ် ဖြန့်ဖြူးတဲ့ နေရာမှာ အာရုံ အထားဆုံး၊ တန်ဖိုး အထားဆုံး အဖွဲ့အစည်း တခုလို့တောင် ပြောလို့ ရပါတယ်။ စီမံခန့်ခွဲမှု ပညာရပ်ကို ကျောင်းတွေမှာ အကြောင်း အမျိုးမျိုးကြောင့် သင်ကြားခွင့် မရကြသူများ အတွက်၊ အခု ဟောပြောပွဲတွေမှာ ထိုက်သင့်သလောက် ရနိုင်ပါတယ်။ အတော် အကျိုး များစေတဲ့ ဆောင်ရွက်မှုများ ဖြစ်ပါတယ်။ လက်တွေ့ဆန်တဲ့ မေးခွန်း မြင့်မြင့်များ ပိုမို ထွက်ပေါ်လာစေ လိုပါတယ်။

ရန်သူအစစ်

သာမန်အားဖြင့် 'အဝေးရန်သူ'၊ 'အနီးရန်သူ' လို့ ခွဲခြားလေ့ ရှိပါတယ်။ သည်နေ့ သုတေသနတွေ အရ နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ ကျဆုံးရခြင်းရဲ့ အဓိက တရားခံဟာ 'စာရိတ္တ' ကြောင့်၊ 'အကျင့်သီလ' ကြောင့် ဆိုတာ ထွက်လာပါတယ်။ ၉ဝ% သော ခေါင်းဆောင်တွေ မလွတ်နိုင်ကြတဲ့ နွံအိုင်ကြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်က အမေရိကန်ရဲ့ ကမ္ဘာ့ အထင်ကရ ကုမ္ပဏီကြီး ၃ ခု ဖြစ်တဲ့ အင်ရွန်၊ ဝေါလ်ကွမ်၊ အာသာအယ်ဒီဆင်တို့ ကျဆုံးခြင်းကို လေ့လာတဲ့ အခါမှာ၊ ခေါင်းဆောင်တွေ ဖြစ်တဲ့ CEO တွေရဲ့ အကျင့်သီလ ပျက်ပြားမှုကြောင့် ဖြစ်ကြရတာကို တွေ့ရပါတယ်။
ရန်သူဟာ ကိုယ့်ကိုယ်ထဲမှာ ရှိနေပါတယ်။ အနီးကပ် ရန်သူ ဖြစ်ပါတယ်။ အဲဒါကို ကျော်လွှားရပါ့မယ်။
နောက်ရန်သူ တဦးက 'ရောင့်ရဲခြင်း' ဆိုတဲ့ Contentment ဖြစ်ပါတယ်။ တော်တော်များများ ခေါင်းဆောင်တွေ အတန်အသင့် အောင်မြင်လာရင် ကျေနပ် မိန်းမော သွားတတ်လေ့ ရှိပါတယ်။ ကြိုးစားမှု၊ လေ့လာ ဆည်းပူးမှု ရပ်တန့်တဲ့ နေ့ဟာ စတင် ကျဆုံးတဲ့ နေ့လို့ သိထား သင့်ပါတယ်။ အဲဒီ ရန်သူကို ခပ်တိုတို ပုံဖော်ရရင်…
"Good is the enemy of Great" ဖြစ်ပါတယ်။

နေဇင်လတ်
၂၇၊ ၆၊ ၂ဝဝ၈။

". . . တတ်ပြီ၊ သိပြီ ဆိုတဲ့ ဆရာကြီးခေတ် ကုန်သွားတာ အတော်ကြာပါပြီ၊ မကြာခဏ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတဲ့ အတွက် ပိုလို့တောင် သင်ယူမှု လိုအပ် လာပါသေးတယ်။ Social Learning လို့ ပြောလို့ ရပါတယ်။ သူများကို ပြန်ပြော ကောင်းဖို့ ကျက်မှတ်တာဟာ၊ လေ့လာ သင်ယူမှု မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် လိုက်နာ ကျင့်သုံးနိုင်တဲ့ အဆင့်ကို ရောက်အောင် အသွေးထဲ အသားထဲ ထိသိမှုကသာ လေ့လာ သင်ယူမှု အမှန် ဖြစ်ပါတယ် . . . " . . . [ဒေါက်တာနေဇင်လတ်ရဲ့ "စိန်ခေါ်မှုများနှင့်အတူ" (Living with Knowledge & Challenges) ဆောင်းပါးကို The Waves မဂ္ဂဇင်း၊ 7/08, December, 2008 မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့/နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်/ စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

ရန်ကုန်မြို့တွင်း မီးပေးဝေမှုကို စကြ်ာပုံဇယားကွက်ဖြင့် တွက်ချက်နိုင်ပြီ

Photobucket
မြို့သူ မြို့သားတို့ မျက်စိလည်သော်လည်း အနည်းဆုံး တပတ်လျင် မီး ၅ နာရီရ ဟုဆို
PhotobucketPhotobucketPhotobucketPhotobucket

မိုးမခ အထောက်တော် (ရန်ကုန်)

မတ် ၃၁၊ ၂၀၀၉

ရန်ကုန်မြိ့တော်အား လျှပ်စစ်ပေးဝေမှုကို ဇုန် ၄ ဇုန်ခွဲခြားပြီး ပေးဝေနေကြောင်း ခွဲတမ်းအချိန်စာရင်းကို ၂၄ ပစ္စည်းရှင်းသည့် စကြာပုံသဏ္ဍာန်ဇယားကွက်နှင့် ရှင်းလင်းထားကြောင်း ပြည်တွင်းဂျာနယ်များတွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

မြို့ပြင်ရပ်ကွက်များကို က၊ ခ၊ H ဟူ၍၎င်း၊ မြို့တွင်းရပ်ကွက်များကို A,B,C,H အုပ်စုများဖြင့်၎င်း ခွဲခြားထားပြီး နေ့များခွဲကာ မီးများ ဖြန့်ဝေပေးနေသည်ဟု ဆိုသည်။ မီးရသည့်အချိန်မှာ ညနေ ၅ နာရီမှ ည ၁၁ နာရီ သို့မဟုတ်က ည ၁၁ နာရီမှ မနက် ၅ နာရီအထိ အလှည့်ကျ ရမည်ဟု ဆိုသည်။ စက်မှုဇုံများမှာ မနက် ၇ နာရီက နေ့ခင်း ၁၂ နာရီ။ သို့မဟုတ် နေ့ခင်း ၁၂ နာရီမှ ညနေ ၅ နာရီအထိ အလှည့်ကျ ခွဲဝေပေးနေသည်ဟု ဖော်ပြထားသည်။ အရေးကြီးသော ရုံး၊ ဌာန၊ သံရုံး၊ ဆေးရုံ၊ ကျောင်း၊ တပ်၊ ထောင်၊ ဆိပ်များကို ၂၄ နာရီ ပေးနေကြောင်း ထုတ်ပြန်သည်။

“သူတို့တွေက ပြက္ခဒိန်တွေ၊ ဇယားကွက်တွေ၊ အရောင်တွေ၊ စက်ဝိုင်းလှည့်တာတွေနဲ့ ဘယ်လိုပြောပြော၊ မီးဆိုတာ သူလာချင်တဲ့အချိန် လာတာပါဗျာ။ တပတ်ကို ၅ နာရီလောက်တော့ လာပါတယ်။ အနည်းဆုံးပေါ့။ ဗေဒင်မေးရင်လည်း လွဲမှာပဲ။ မီးမရှိလည်း နေရတာပဲ။ ရုံးတွေမှာလည်း မီးမရှိဘဲနဲ့ အလုပ်လုပ်နေရတာပါပဲ။ မီးလာတဲ့အတိုင်းသာ ၀န်ထမ်းလစာပေးမယ်ဆိုရင် ကျနော်တို့ မွဲမှာပဲ။ အဲပြီးတော့ မီးလာတဲ့အတိုင်းသာ အစိုးရကို အမှတ်ပေးရမယ်ဆိုရင်တော့ ဒီအစိုးရဆိုတာ ပြုတ်နေတာ ကြာပြီ။ မီးမလိုဘဲ အစိုးရလုပ်နေနိုင်တာ ကမ္ဘာမှာ ဒီစစ်အစိုးရပဲ ရှိတယ် …”

ဟု မိုးမခစာဖတ်သူတဦးက သူ့စိတ်အနှောက်အယှက်ဖြစ်မှုများကို ပြောသွားသည်။

၀၁၀၄၂၀၀၉ဒိုင်ယာရီ

ဥပဒေမဲ့ ထင်ရာစိုင်း ရမ်းကားနေသော ဖိုးလပြည့်၏ အပေါင်းအသင်းများ။ /စင်မြင့်ဖျော်ဖြေပွဲ များတွင် အဆိုတော်များတစ်ပုဒ်ပြီး တစ်ပုဒ်ဆက်တိုက် ဆိုရမည် သီချင်းအပြီးနောက်တစ်ပုဒ် အကူး ရပ်နားချိန်တွင် ရောက်တတ်ရာရာလျှောက် မပြောရ/ပဌာန်းရွတ်ဆန္ဒပြပွဲ လေးရက်မြောက်ဆက်လက်ပြုလုပ်/အင်တာနက်နှင့် လက်ကိုင်ဖုန်း ဆင်ဆာ အာဆီယံဒေသမှာ မြန်မာအဆိုးဆုံး/ရန်ကုန်မြို့တွင်း မီးပေးဝေမှုကို စကြ်ာပုံဇယားကွက်ဖြင့် တွက်ချက်နိုင်ပြီ....file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။