Friday, April 3, 2009

တလအတွင်း သတင်းများအပေါ် သုံးသပ်ချက် ( သို့ ) ဖြစ်ပုံစုံလင် ဤတလတွင် ( မတ်လ )


၂၀၁၀ သို့ အချိန်ရထားကြီး ဆိုက်လာတော့မယ်။ နအဖသည် အောင်ခြင်းများစွာနှင့် အတွင်းအပြင်ကို အပြီးအသတ် ရှင်းလင်းရန် မနက်အာရုံဦး၏ တုံးမောင်းခေါက်သံလို ကြားရနေပါပြီ…

ငါတို့ မိန်းနေမလား ငါတို့ ရှိန်းနေမလား ငါတို့ စိမ်းနေမလား …

ငါတို့ ဘေးမလာခင် ပြေးမတွေ့သော်လည်း…

ဝေနေမလား ယောင်နေမလား ဟောင်နေမလား ….

သည်လိုနှင့်…

၂၀၁၀ ရွေးကောက်ပွဲဒဏ်ကို အဆိုးဆုံးခံစားရသည့် သူများကတော့ လက်နက်ကိုင်တဲ့ တိုင်းရင်းသား သူပုန်အဖွဲ့များ ဖြစ်နေသည်ကို တွေ့ရသည်။ ပြည်ပ မြန်မာ့အတိုက်အခံအဖွဲ့ အတော်များများကတော့ မြို့ပေါ်မှာ အများအားဖြင့် လှုပ်ရှားနေရသဖြင့် တော်ယုံနှင့် ဆိုးဆိုးဝါးဝါး ဒဏ်မခံစားနိုင်လောက်ပါဟု ထင်မိပါတယ်။

အထူးသဖြင့် ကမ္ဘာတွင် သက်တမ်း ရှည်ကြာဆုံး သူပုန်အဖွဲ့ ဖြစ်သော KNU ကရင်သူပုန်အဖွဲ့ဟာ စစ်အစိုးရ၏ ထိုးနှက်ချက်များစွာ ခံစားနေရသည်ကို တွေ့ရှိသည်။ နောက်ဆုံး ပွဲသိမ်း ရိုက်ချက်ကတော့ စစ်အစိုးရဟာ ထိုင်းနိုင်ငံကို ကရင်နှင့်ပတ်သက်ပြီး ဖိအား ပေးလိုက်တာပဲ၊ ဒါလည်း လောင်စာ ဒီပလိုမေစီလို့ ဆိုရမလား၊ ဈေးပေါပေါနှင့် လိုချင်တော့ ရောင်းသူ ၀ယ်သူ ဈေးကွက် စီးပွားရေးစနစ်မှာ ကရင် သူပုန်တွေဟာ ထိုးကြွေးခံလိုက်ရသည့် နှယ်ရုပ်လေးသဖွယ် ဖြစ်ခဲ့ရတယ်။ နောက်ပြီး ဒေသဆိုင်ရာ အခင်းအကျင်းအရ နယ်စပ် သူပုန်များဟာ ယခု အခြေအနေမှာ အိမ်နီးချင်းနိုင်ငံအတွက် အကျိုး မရှိသလောက်ကို ဖြစ်နေတဲ့ အနေအထားပါ။

အရင်တုန်းကတော့ ထိုင်းနိုင်ငံအတွင်း ကွန်မြူနစ်တွေ အင်အားကြီးမား မလာနိုင်အောင်အတွက် အမျိုးသားရေးနွယ်သည့် နယ်စပ် သူပုန်တွေကို ခြံစည်းရိုးခပ်ပြီး ထိုင်းကွန်မြူနစ်ကို နှိပ်ကွပ်ဖို့အတွက် ရည်ရွယ်ပြီး စီတိုး စာချုပ်အရ ထိုင်းနိုင်ငံက နိုင်ငံရေး ကစားခဲ့သည်။ တချိန်တည်းမှာပင် ဗိုလ်ချုပ်မြဟာ ဌာနချုပ် မာနယ်ပုလောကို ထိုင်းမြန်မာနယ်စပ်တွင် တည်ဆောက်ခဲ့ပြီးသည့်အချိန်နှင့် တိုက်ဆိုင်စွာဖြင့် ထိုင်းနိုင်ငံရေး မူဝါဒနှင့် ကရင်သူပုန်တို့ဟာ နီးကပ်စွာ ရှိခဲ့တယ်။ သည်ခေတ်တုန်းကတော့ အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေသည့် သူပုန်တွေ အတွက်တော့ ဘုန်းမီးနေလ တောက်ပအချိန်တခုပေါ့။

အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေသော မြန်မာ့ တိုင်းရင်းသား သူပုန်တွေနှင့် ထိုအချိန်များက တရုတ်ကွန်မြူနစ် အားကိုးဖြင့် အင်အား တောင့်တင်းနေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီတို့ဟာ ဘယ်လို့မှ အစေးမကပ်ခဲ့ပါ၊ ဒါလည်း ထိုင်းနိုင်ငံက ချမှတ်ပေးခဲ့သော ကွန်မြူနစ် ဆန့်ကျင်ရေး အတွေးအခေါ်များသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အတွင်း စိပ်ဝင် လက်ခံ ကျင့်သုံးခဲ့လို့ ဖြစ်တယ်။ ဘုံရန်သူအား တိုက်ခိုက်ရန်အတွက် မဟာမိတ် တပ်ပေါင်းစုအသွင် ဖေါ်ဆောင်ရန်အတွက် အကြိမ်ကြိမ် ကြိုးပမ်း ဆွေးနွေးခဲ့သော်လည်း စစ်ရေး မဟာမိတ်လောက်သာ သဘောတူညီချက်မျှ ရရှိခဲ့သည်။

အကျိုးရလဒ်ကတော့ မြန်မာ့ လက်နက်ကိုင် တော်လှန်ရေးဟာ ဟိုတုန်းက အခြေအနေများက အင်အား ချို့တဲ့နေရပြီး လက်နက်ကိုင် လမ်းစဉ်ဖြင့် အပြီးသတ် အောင်ပွဲဆင်မည့် အရေးတော်ပုံဟာ ရေ မျက်နှာပြင်အပေါ်မှာ အရုပ်ရေးခဲ့သလို ဖြစ်ခဲ့ရတယ်။ အကယ်လို့များ အရင်တုန်းက အင်အား အကြီးဆုံးဖြစ်ခဲ့တဲ့ ကွန်မြူနစ်ပါတီနှင့် ကရင် သူပုန်အဖွဲ့ဟာ စစ်မှန်တဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့ရင် တော်လှန်ရေးဟာ တမျိုးတဖုံ ရှိနေမှာတော့ သေချာပါတယ်။ ဤအခင်းအကျင်းအတွက် အဓိက ဇာတ်ဆောင်ကတော့ ထိုင်းနိုင်ငံပါပဲ။

မန်းဘဇံ လက်ထက်တုန်းကတော့ ကရင်သူပုန်များဟာ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အနီးကပ်စွာ တည်ရှိခဲ့တယ်။ မန်းဘဇံ အုပ်စုကို အမျိုးသားရေး ကရင်အုပ်စုက ကရင် ( အနီ ) လို့ ခေါ်ဝေါ်သုံးစွဲခဲ့တယ်။ သို့ဗေမဲ့ ဗိုလ်ချုပ်မြ အာဏာ ရရှိလာခဲ့ပြီး နောက်ပိုင်းမှာ ကရင်နှင့် ကွန်မြူနစ်တွေဟာ မူဝါဒအရ အကြီးအကျယ် သဘောထား ကွဲလွဲခဲ့ရပြီး ကရင့် အချို့ တပ်မဟာဒေသများ၊ အထူးသဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ လှုပ်ရှားဒေသနှင့် နီးစပ်သည့် ကရင် တပ်မဟာ တချို့သာ စစ်ရေး အရ သဘောတူညီချက်မျှ ပြုလုပ် ထားနိုင်ခဲ့တယ်။ စစ်ရေး အကျိုးတူ ( ရန်သူလှုပ်ရှားမှု သတင်းပေး ) ပူးပေါင်း ဆောင်ရွက်မျှသာ ဖြစ်ပြီး စစ်မှန်သည့် မဟာမိတ်တပ်ပေါင်းစု အသွင်ဆောင်သည့် ပုံစံတခုကို ချမှတ် မဆောင်ရွက်ခဲ့ပေ။

အခုတော့လဲ စစ်အေးတိုက်ပွဲပြီးဆုံးပြီ...

ကွန်မြူနစ် ရန်စွယ်လည်း ထိုင်းနိုင်ငံအတွက် မရှိသလောက် ဖြစ်နေပြီ...

ပြသာနာက ရေရည် လောင်စာအတွက် ဈေးပေါတယ်တဲ့ သဘောဝဓါတ်ငွေ့ ကို ထိုင်းက လိုချင်တာ အမှန်ဖြစ်တယ်။ ပထ၀ီ အနေအထားအရ တနင်္သာရီ ကမ်းရိုးဒေသနှင့် မုတ္တမကွေ့အတွင်းရှိ ဓါတ်ငွေ့ဟာ ထိုင်းနိုင်ငံအတွက် ဖြစ်လာခဲ့သည်။ စစ်အစိုးရအတွက်လည်း ရောင်းဖို့နိုင်ငံက အနီးဆုံး ထိုင်းနိုင်ငံပဲ ရှိတာလေ။ ဆိုတော့ ထိုင်းနိုင်ငံ၏ မွေးစားထားတဲ့ ကရင်သူပုန်ကို အမွေပြတ်စွန့်လွတ်ခြင်း ကြေညာခံပါမှာ သေချာတယ်။ သည်တော့ စစ်အစိုးရ ဆန္ဒအရ ထိုင်းကတော့ ကရင်တွေကို လက်နက်ချခိုင်းပြီး နအဖ၏ နိုင်ငံရေး တွက်ပေါက်ဖြစ်သော ရွေးကောက်ပွဲကို ၀င်အောင် အတင်းအကြပ် တိုက်တွန်းခံရမည်။

သို့သော် ကရင်သူပုန် အနေဖြင့် ထိုင်းနိုင်ငံ၏ ဖိအားကို ဆန့်ကျင်မယ်ဆိုလျှင် ကရင့်တော်လှန်ရေးဟာ ချိနှဲယုံမှတပါး ကျဆုံးနိုင်မည် မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးအတွက် ငတ်ပြတ်မှုဟာ ရိုးရာလို ဖြစ်နေတယ်။ အနည်းဆုံး ဆန်နှင့် ဆား ရှိရင်၊ လူသူပေါက်ရောက်နည်းတဲ့ တောတောင်တွေ ရှိရင်၊ သူတို့ တော်လှန်ရေးဟာ ဆက်လက် ရှင်သန်နေဦးမှာပါ။ နောက်ဆုံးဗျာ တောတွေကို မီးတိုက်ပြီး ရှင်းလင်းရင်တောင်မှ အလေ့တကျ ပြန်ပေါက်လာတဲ့ ဖလန်တောင်ဝှေးပင် ရှိရင် သူတို့အတွက် ဗီတာမင် ဖြစ်တယ်။

ပြီးနောက် အကြောင်းမျိုးစုံဖြင့် ကရင့် လက်နက်ကိုင်လမ်းစဉ်ကို တွေဝေသွားသည် ဖြစ်ဖြစ်၊ စိတ်ကုန်သွားသည် ဖြစ်ဖြစ် မိခင်အဖွဲ့အစည်းအား စွန့်ခွာခဲ့သော မျိုးချစ်သော ကရင်လူမျိုး အတော်များများဟာ ဒုက္ခသည် အဆင့်အတန်းဖြင့် နိုင်ငံခြား တိုင်းပြည်တွေကို ရောက်နေတယ်လေ၊ ခြွင်းချက်အဖြင့် ပြည်ပရောက် ကရင်အုပ်စုများ၏ အကူအညီဟာလည်း KUN အတွက် အားဆေးတခွက် ဖြစ်လာနိုင်တယ်၊ ဒါကြောင့် နအဖဟာ နယ်စပ်တကြောမှာ ရှိတဲ့ ကရင်ဒုက္ခသည်စခန်းတွေကို လုံးဝ ပျောက်ကွယ်သွားအောင် အစီအစဉ်ရှိရှိ ဆောင်ရွက်မှာ သေခြာသည်။

ဤ စခန်းတွေဟာ ကရင့်တော်လှန်ရေးအတွက် ကြားခံဒေသ ဖြစ်နေသည်ဟု စစ်အစိုးရက ယုံယုံကြည်ကြည် ရှိနေသည်။ ထို့ကြောင့် နအဖ၏ ပထမ ခြေလှမ်းအရ ကရင် လက်နက်ချ တပ်မှူးကြီးတဦးဖြစ်တဲ့ ဗိုလ်ထိန်မောင် ( ခေါ် ) ဗိုလ်ဌေးမောင်ကို ကရင်ဒုက္ခသည် မရှိပါဆိုပြီး အစီအရင်ခံစာ ရေးခိုင်းပြီး ကုလ ကိုယ်စားလှယ်ဖြစ်တဲ့ ကင်တားနားထံ တင်ခိုင်းလိုက်တာလေ။ နောက်ပြီး ကင်တားနာ မြန်မာပြည်ကို လာတုန်းက ကရင်ပြည်နယ်ကို လိုက်လံ ပြသခဲ့တာဟာလည်း နယ်စပ် ဒုက္ခသည်စခန်းများအား တိုက်ဖျက်ရန် ရည်ရွယ်ခဲ့သည်ဟု ထင်၏။

ယခုနှစ် အာစီယံ တွေ့ဆုံဆွေးနွေးပွဲအပြီး ထိုင်းနှင့် မြန်မာဟာ ပိုပြီး နီးကပ်လာတာကို တွေ့ရတယ်။ ထူးခြားဆုံးကတော့ ကေအင်ယူ ထိပ်ပိုင်း ခေါင်းဆောင်များကို ထိုင်းနိုင်ငံအတွင်း အခြေချ နေထိုင်ခွင့်၊ လှုပ်ရှားခွင့် ပိတ်ခံလိုက်ရတယ်။ ဤသည်မှာလည်း ဆိုးထဲက အကောင်းတခုလို မြင်တယ်။ နို့မို့ရင် ခေါင်းဆောင်တွေဟာ မြို့ပေါ်တော်လှန်ရေးမှာ စီးဝင်ပြီး မူးယစ်သွားမည့်ဒဏ်၊ အထက်အအောက် ကွာဟမှုများမှ လွတ်ကင်းသွားလိမ့်မည်။ ဆိုလိုသည်က အောက်ခြေတပ်သားများနှင့် တသားတည်း တောတောင်တွေထဲမှာ တော်လှန်ရေးတခု ဆင်နွဲရမည့် အနေအထားတခုသို့ ရောက်ရှိလာမှာ ဖြစ်သည်။

ကေအင်ယူမှာ အထက်အောက် ကွာဟမှုဟာ ဒဏ်ရာရရှိပြီးနောက် ထင်ကျန်ရစ်တဲ့ အမာရွတ်တခုလို ဖြစ်နေတာ ဒီကေဘီအေ ခွဲထွက်ခဲ့သည့် အဖြစ်အပျက်အား အထင်ကရ ကြည့်မြင်နိုင်သည်၊ ခရစ်ကို ယုံကြည်တဲ့ လူမှသာလျှင် ထိပ်တန်းခေါင်းဆောင် ဖြစ်ခွင့်ရပြီး တော်လှန်ရေး အဆီအနှစ်တွေ ခံစားရတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ပိုးကရင် အများစုဟာ ပြန်တမ်းဝင် အရာရှိမဖြစ်ပဲ တောတောင်တွေမှာ ချို့တဲ့စွာ ရှင်သန်နေခဲ့တဲ့သည့်က တကြောင်း၊ ပြန်တမ်းဝင် အရာရှိဖြစ်ချင်လျှင် ခရစ်ယာန် ဘာသာသို့ ကူးပြောင်းမှသာလျှင် တာဝန်ထမ်းဆောင်ခွင့် ရှိသည့်က တဖုံ၊ ဒီအချိန်က ဗိုလ်ချုပ်မြဟာ အလွန်စွာ ကြောက်စရာကောင်းတဲ့ လူတယောက်ဖြစ် ကရင် တမျိုးသားလုံးက မြင်နေပြီး အောက်ခြေတပ်ဖွဲ့၏ တလိပ်ခဲခဲ ခံစားမှုများကို တင်ပြနိုင်စွမ်းမရှိသဖြင့် လိုက်လျော မပြင်ဆင်နိုင်ခဲ့သည်က တကြောင်း၊ တပ်ဖွဲ့စည်းမှုအရ အထက်အောက် ကွာဟပြီး အလယ်အလတ်ခေါင်းများဟာ အထက်ဆိုတဲ့ လူကြီးကိုသာကြည့်ပြီး အောက်ခြေ ရဲဘော်များ၏ ဆန္ဒကို မျက်ကွယ်ပြုထားသည့် အကြောင်းများကြောင့် ကရင်တော်လှန်ရေး သမိုင်းမှာ အဆိုးဝါးဆုံး ခွဲထွက်မှုကြီး ဖြစ်ပွားခဲ့တယ်။

ဆိုတော့ တော်လှန်ရေး ဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့သော နာမည်ရ စာရေးဆရာကြီးဖြစ်တဲ့ မောင်သာရ၏
“ ဆူးစူးဝင်၍ အပ်နှင့်ထွင်သည် အသင်ဘာပြောချင်သနည်း။ ” စကားလုံးအရပေါ့၊ ရင်ဘတ်အတွင်း စိုက်နှက်ခဲ့ရသော ဆူးများ စူးဝင်ရပြီ ဆိုလျှင် မည်သူမဆို ဤဆူးကို ဖြစ်တဲ့နည်းဖြင့် ဆွဲနှုတ်ရတယ်၊ ဇာဂနာဖြင့် ဆွဲနှုတ်သည်ဖြစ်စေ၊ အပ်ဖြင့် ထွင်သည် ဖြစ်စေ အဓိက ရည်မှန်းချက်ကို မကြည့်နိုင်တော့ပဲ လက်တွေ့ခံစားနေရတဲ့ ဆူးဒဏ်ကို အလျင်စလိုနှင့် ဖြစ်သလို ရှင်းခဲ့ရသဖြင့် ဆုံးရှုံးမှုများသည့် တော်လှန်ရေး သမိုင်းကြောင်းကလည်း ဓါတ်ပြားဟောင်းတချပ်ပေါ်က အပ်ကြောင်းရာတွေလိုပါပဲ။

ထိုကဲ့သို့ အဖြစ်အပျက်များလည်း ကရင့် လက်နက်ကိုင် တော်လှန်ရေးမှ မဟုတ်ပဲ၊ ပြည်တွင်းစစ်အတွင်း စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်း အားလုံးတွင် အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ဆုံးရှုံးခဲ့သည်ကို တွေ့ရှိခဲ့သည်။

ဗိုလ်ချုပ်မြနှင့် အထက်ပိုင်း ခရစ်ဘာသာဝင် ခေါင်းဆောင်များ၏ မူဝါဒသည် ဗုဒ္ဒဘာသာကို ယုံကြည့်ခဲ့သော ပိုးကရင် အများစုအတွက် ဘာသာရေး ဆူးတချောင်းအဖြစ် စူးနစ် ၀င်ရောက်လာသည်။ နှစ်ရှည်လများ အမျိုးသားရေးအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်လာသော အောက်ခြေတပ်ဖွဲ့များ၏ ဆူးကို ထုတ်နှုတ်ရန်အတွက် ဖြစ်နိုင်ချေရှိဆုံး ဖြေရှင်းမှုဟာ လက်နက်ကိုင်ပြီး တန်ပြန် ပုန်ကန်မှုသာလျှင် ဗုဒ္ဒဘာသာ ပိုးကရင်များ၏ ထွက်ပေါက်တခု မြင်ခဲ့တယ်။ အကယ်၍ အထက်အောက် အပြန်အလှန် ကြိုတင် ညှိနှိုင်းခဲ့လျှင် သို့တည်းမဟုတ် ဗိုလ်ချုပ်မြ၏ ပဒေသရာဇ်ဆန်ဆန် တည်ဆောက်ထားသည့် အခွင့်အာဏာကို ကြိုတင် လျှောချနိုင်ခဲ့လျှင် အခုလို ပြောင်းလဲလာမှာ မဟုတ်။

ကြုံတုန်းပေါ့ … မောင်သာရ၏ တော်လှန်ရေးဆိုတဲ့ “ ဆူးစူးဝင်၍ အပ်နှင့်ထွင်သည် အသင်ဘာပြောချင်သနည်း။ ” စကားလုံးက မြန်မာပြည်ကနေ လွတ်မြောက်နယ်မြေကို ရောက်စမှာ ပေါက်ဖွားလာတဲ့ သူ့ရဲ့ ဒဿန ဖြစ်တယ်၊ ကိုအောင်ဝေး၏ “ ရန်ငှါ မပြတ်လို့ သံဃာ အသတ်ခံရတယ် ” စကားလုံးလိုပေါ့။ သေချာတာက မြန်မာပြည်ဟာ သူ့အတွက် အကျိုးမရှိတော့ဘူးလို့ မြင်လိုက်တဲ့အချိန်မှာ ပြည်ပကို ထွက်ခွာလာတယ်။ အတိုက်အခံတချို့က သူ့အပေါ် အမြင်မရှင်းခဲ့ဘူး။ အမြင်မရှင်းခဲ့သည်ဆိုရာတွင်လည်း သူထွက်လာသည့်အချိန်၊ ရည်ရွယ်ချက်ဟာ သူ့အကျိုးအတွက်ပဲလို့ လူတွေက မြင်တယ်လေ။ ဒါကြောင့် ဝေဖန်ဒဏ် အနည်းအများကို သူ ကောင်းကောင်း ခံစားရခဲ့တယ်။ ဒါကြောင့် ဆူးစူးဝင်တော့ အပ်နှင့် ထွင်သည့် စကားစုကို ဖေါ်ထုတ်ခဲ့တာ ဖြစ်လိမ့်မယ်။ ဟုတ်လဲဟုတ်တာပဲ နိုင်ငံရေးတွေ လာမပြောနဲ့ ငါ့ဘ၀ လမ်းလျှောက်ဖို့အတွက် ငါ့ခြေထောက်မှာ ဆူးစူးနေသည်ကို ငါ့ အပ်နှင့် ငါထွင်သည်ဆိုတဲ့ သူ့အကျိုးဖြင့် ဆိုင်သော စကားလုံးတခု သူ့ ရင်ဘတ်အတွင်းမှ ထွက်ကြလာတာ ဖြစ်နိုင်တယ်။ ဆိုလိုတာက သူ့တကိုယ်ရည် တော်လှန်ရေး စကားစု တခုဟု ထင်ပါတယ်။

အားလုံးပါပဲ ကိုယ်ကျိုးစီးပွားနှင့် ယှဉ်လာရင် အဓိက ရည်မှန်းချက်တွေ မှေးမှိန်သွားရတယ်လေ။ ဒါလည်း ကချင်သူပုန်တွေကို ပြောနေသလို ဖြစ်နေတယ်။ ကချင်တော်လှန်ရေး ရပ်တည်မှုဟာ အကြမ်းအားဖြင့် ကြည့်ရမယ်ဆိုလျှင် သူတို့အတွက် ထောက်ပို့လမ်းကြောင်းက တရုတ်နိုင်ငံ ဖြစ်တယ်။ တရုတ်ဟာ သူ့ အကျိုးအတွက် နအဖကို ရင်ချင်းအပ်လိုက်တဲ့အချိန်မှာ ကချင်သူပုန်အတွက် ဘေးကျပ်နံကြပ် ဖြစ်သွားခဲ့တယ်။ နောက်ဆုံး ဖိအားကတော့ နအဖ၏ လက်နက်နှင့် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကြီးအောက်မှာ လည်စင်း ခံရလိုက်သည်။

ဒီလိုနဲ့ ငြိမ်းအဖွဲ့အနေဖြင့် ဆယ်စုနှစ်များ ပတ်ဝန်းကျင်ခန့် လှုပ်ရှားခဲ့ပြီးနောက် ကချင်တပ်အတွင်း ပိုင်ဆိုင်မှုများနှင့် သဘောထားကွဲလွဲမှုအများ ပေါ်ထွက်လာပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်ခဲ့ရတယ်။ ဒီတော့ သူတို့၏ ထွက်ပေါက်ကို အသည်းအသန် ရှာဖွေလိုက်တဲ့အချိန်မှာ နအဖ၏ ဒုတိယ စကားလုံးဖြစ်တဲ့ လမ်းပြမြေပုံ အောက်ကို လိုလိုလားလား လျှိုဝင်သွားရတဲ့ အဖြစ်….

“ရွေးကောက်ပွဲအပြီး ရုပ်သေးအရပ်သား အစိုးရတက်လာသည့်အချိန်တွင် လက်နက်ချရေး ပြောလာပါက လက်နက်ချရန်အသင့်ရှိကြောင်း …..”

ဆိုတဲ့ စကားလုံးဟာ နအဖနှင့် မလျှော့မတင်း လုပ်နေတဲ့ ကျန်တဲ့ ငြိမ်းအဖွဲ့အတွက် သို့လော သို့လော သဘောထားတွေေ၀၀ါးစွာ ပေါ်ပေါက်လာခဲ့တယ်။ ကိုယ်က လမ်းကြောင်း စ ဖွင့်ပေးလိုက်သလို ဖြစ်သွားသည်လို့ ထင်၏။ နိုင်ငံရေးဂွင်ထွင်ပြီး အကျိုးများများ ရအောင် လုပ်တာပဲ မြင်မိလိုက်တယ်။ ရင်လောက်မှန်းမှ ဒူးလောက် ကျန်သည့် စကားလိုပေါ့။

ဥပမာအားဖြင့် ရှမ်းပြည်မှာ ရှိတဲ့ သူပုန်အဖွဲ့များဟာ နအဖနှင့် အစောဆုံး “ ငြိမ်း” လိုက်တော့ အခွင့်အရေး အတော်များများဟာ တခြားအဖွဲ့များထက် သာ၍ အကျိုးစီးပွားများ ရရှိခံလိုက်တယ်လေ။ ဒါကို ကြည့်ပြီး ကချင်တွေလည်း နအဖ၏ နောက်ဆုံး စကားစု ဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲကြီး ရှေးရှု့နေသည့် လမ်းပြမြေပုံကို ပထမဆုံး အနေဖြင့် လျောဈေးချပေးတာ ဖြစ်နိုင်လောက်တယ်။ အနည်းဆုံးတော့ တင်းပြည့် မရရင်တောင်မှ ၅၀ ရာခိုင်နှုန်းလောက်ရှိသော ကိုယ်ပိုင် အုပ်ချုပ်ရေးများ ရမလားဆိုတဲ့ အတွေးများဖြင့်ပေါ့။ အင်း ဒါလည်း သူ့လူမျိုးအတွက် ချစ်လွန်းလို့ လုပ်လိုက်တယ်လို့ အကောင်းဖက်က မြင်ရသလိုဖြစ်နေပြီ။

သူတို့မှာလည်း ပစ်ဖို့ ကျည်ဆံကုန်နေပြီလေ။ တရုတ်ဖက်က ပိတ်ထားတာ၊ နောက်ပြီး ဓါတ်ငွေ့ကို တရုတ်သို့ ပိုက်လိုင်းဖေါက်ပြီး ရောင်းချရမယ်ဆိုတော့ ပိုက်လိုင်း လမ်းကြောင်းဖြစ်သော ကချင်တို့၏ နယ်မြေအတွင်း လှုပ်ရှားနေတဲ့ အဖွဲ့အားလုံးဟာ တရုတ်ဖိအားဖြင့် စစ်အစိုးရကို မချစ်သောလဲ အောင့်ကာနမ်းရမည် ဖြစ်သည်။ ဆိုတော့ တရုတ်ဆန္ဒအရ လက်နက်စွန့်ရမှာ သေချာတယ်။

ဒေသဆိုင်ရာ အနေအထားအရ တရုတ်အကျိုးစီးပွား အကြီးအကျယ် မထိခိုက်သော ၀ ဒေသအတွင်း လှုပ်ရှားနေသည့် ( ငြိမ်း ) ၀ သူပုန်တွေဟာ နအဖ အစိုးရနှင့် စစ်အေးတိုက်ပွဲ ပုံစံဖြင့် နိုင်ငံရေး ကစားခွင့် ရရှိနေတယ်။ ၀ အဖွဲ့ဟာ သူတို့၏ အခြေခံဒေသများ တိုးချဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများကို တိုးတက် တောင်းဆိုနေသည်ကို တွေ့ရှိ့ရသည်။

နောက်ပြီး တရုတ်နိုင်ငံ အနေဖြင့် ၀ တပ်ဖွဲ့ကို လက်နက်ချသည့်အထိ ဖိအာ မပေးနိုင်လိမ့်မည် မထင်၊ ၀ ဒေသသည် တရုတ်၏ အကျိုးစီးပွားဖြစ်သော ဓါတ်ငွေ့  ပိုက်လိုင်း သွယ်တန်းသည့် နေရာများနှင့် ဝေးစွာ တည်ရှိနေတယ်။ နောက်တခုက ၀ ဒေသ၏ မူးယစ်ဆေးဝါးများကို တရုတ်နိုင်ငံအတွင်း မပျံနှံနိုင်အောင် ထိန်းချုပ်နိုင်ရန် တရုတ် အာဏာပိုင်များအနေဖြင့် ၀ အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်များနှင့် နီးကပ်စွာ ရှိနေမှ သေချာသည်။

ဒါကြောင့် တရုတ်အနေဖြင့် ၀ သူပုန်အဖွဲ့ကို ပုံစံတခုဖြင့်တော့ ကူညီ ထောက်ပံမှုတွေ ပေးရမည့် အနေအထား ဖြစ်နေတယ်။ နောက်တခုက တရုတ်နိုင်ငံရဲ့ စစ်ရေးဗျူဟာအရ မြန်မာနိုင်ငံအတွက် ၀ တပ်ဖွဲ့ကို ၀ှက်ဖဲ တချပ်လို အသုံးပြုနိုင်တယ်။ ၀ တပ်ဖွဲ့သည်လည်း တရုတ်ကို နီးကပ်ပေါင်းသင်းပြီး ဒေသအတွင်း၌ သူတို့၏ ပိုင်ဆိုင်ခွင့် ဒေသများ တိုးတက် တောင်းဆိုခြင်းဖြင့် စစ်အစိုးရကို အကျပ်ကိုင်မှာ သေချာတယ်။

နောက်ပြီး မူးယစ်ဆေးဝါး ပြသာနာဟာ ထိုင်းနိုင်ငံအတွက် အတော်ဆိုးဝါးစွာ ခံစားနေရတယ်။ မြန်မာပြည် ပြည်တွင်းစစ်ရှိနေပါက မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံအတွင်း ဈေးကွက်ဟာ အထူးရှင်သန် နေတယ်လို့ ထိုင်းအစိုးရက ယုံကြည်နေတယ်။ ထိုင်းနိုင်ငံအတွင်း သုံးစွဲနေသည့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုသည် ထိုင်းနိုင်ငံမှ မော်ဖီးယားများ၊ မြန်မာပြည်မှ ငြိမ်းချမ်းရေးယူထားသည့် လူမျိုးစုတပ်ဖွဲ့များနှင့် ဆက်လက် တိုက်ခိုက်နေသည့် လူမျိုးစု သူပုန်အဖွဲ့များမှ လာသည်ဟု ၎င်းတို့က ယူဆနေသည်။ ဒါကြောင့် ရှမ်းပြည်တောင်ပိုင်းအဖွဲ့ကို ဖြစ်တဲ့နည်းဖြင့် ထိန်းချုပ်မှာပဲ။ သူပုန်တွေဖက်က မူးယစ်ဆေးဝါးနှင့် မရပ်တည်ဘူးဟု ဖြေရှင်းချက်ထုတ်သော်လည်း ထိုင်းအနေဖြင့် သူ့အကျိုးကို ကြည့်ပြီး အင်အားချိနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ဖိအားပေးနည်းလမ်းဟာ သူတို့ နိုင်ငံအကျိုးအတွက် အကောင်းဆုံးဖြစ်လာခဲ့တယ်။ ဒီနည်းလမ်းလည်း နအဖ၏ ဖိအားတခုလို့ မြင်တယ်။

နောက်ဆုံးတော့ အမေကျာ်ပြီး ဒွေးတော်လွမ်းပဲ ဆိုဆို၊ အဖေကျော်ပြီး ဘကြီးတော် တမ်းတပဲ ပြောပြော ကုလသမဂ္ဂနှင့် နိုင်ငံတကာ ဖိအားကိုပဲ မျှော်မှန်းတမ်းတ မလိုလို ဖြစ်ရတဲ့အဖြစ် ဆိုက်ရောက်လာလေတော့သည်။

“ မြန်မာစစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံများအပေါ် တင်းကျပ်ထားမှုများ လျှော့ပေးလျှင် လာမည့်လ အစည်းအဝေး၌ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းရန် ဥရောပကောင်စီက မဲပေးနိုင်သည်…”

“ အမေရိကန် ပြည်ထောင်စု၏ မြန်မာ စစ်အစိုးရအပေါ်ထားရှိခဲ့သည့် ပေါ်လစီ မပြောင်းမခြင်း အတိုက်အခံများနှင့် စစ်အစိုးရဟာ တွေ့ဆုံဆွေးနွေးရေးကို အမေရိကန်က ဖိအားပေးမည် ”

ဆိုသော သတင်းများဟာ ရသေ့စိတ်ဖြေသလို အားရလောက်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲဖြင့် အပြီးသတ် အောင်ပွဲဆင်မည့် မြန်မာ့အတိုက်အခံ တပ်ဖွဲ့များနှင့် တိုင်းရင်းသား သူပုန်အဖွဲ့များ၏ မတူကွဲပြားသော အနေအထားတွေကြောင့် နိုင်ငံတကာကို အားကိုးရမည့် အနေအထား ဆိုက်ရောက်လာခဲ့သည်။

သည်လို ထင်မြင်လိုက်သည်ကလည်း စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုသည် လမ်းပြမြေပုံအား ဘောင်တခုချပြီး တဖက်သတ် ဆွေးနွေးနေတာက ပြည်တွင်း နိုင်ငံရေး ပြသာနာ ဖြေရှင်းနိုင်မည် မဟုတ်သည့်အတွက် မြင်တယ်။

နိုင်ငံတကာ၏ တောင်းဆိုနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံများကို လွတ်ပေးပြီး နိုင်ငံပြသာနာများကို ဖြေရှင်းမှသာ တိုင်းပြည် ရေရှည် ကောင်းမွန်လာမည် ဖြစ်ကြောင်း လွင့်မျောရင်းဖြင့် ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် သုံးသပ်ချက်အား ထိုမျှသာဖြင့် ရပ်နားပါရစေ…


လူလ
ရွှင်လန်းချမ်းမြေ့ပါစေ…
http://luula18.blogspot.com/2009/03/blog-post_31.html

မလိုက်ဘူးဟေ့ မလိုက်ဘူး

မျိုးဆက်သွေး
ပိတောက်မြေစာမျက်နှာတွေပေါ်မှာ လမ်းပြမြေပုံဘက်က တွန်းပို့လုပ်နေသူတွေ တယ်ပေါပါ လား။ ၂၀၁၀ ဆန့်ကျင်ရေး ဘက်က အမာခံ တိုက်စစ်မှူးကြီး ကိုဂျူးကလည်း ဘယ်ပျောက်နေမှန်း မသိ တယ်အားငယ် ရပါလား။ ပိတောက်မြေ ကတော့ တပ်မတော်နေ့ မိန့်ခွန်းကို ကိုးကားပြီး ရွေးကောက်ပွဲ ၀င်သင့်ကြောင်း လေပြေ ထိုးသဗျ၊ မျိုးမြန်မာ ကတော့ ထုံးစံအတိုင်း စကားကြီး၊ စကားကျယ် တွေနဲ့ အစချီပြီး နောက်ဆုံးတော့လည်း ညီညီညွတ်ညွတ်နဲ့ ရွေးကောက်ပွဲ ၀င်သင့်တယ် ဆိုတာနဲ့ ဆုံးတာပါဘဲ။ ကော့မန့် ၀င်ရေးသူများ ကလည်း ဥပဒေပုဒ်မ တွေကို ကိုးကားပြီး အခြေခံဥပဒေကို ချီးမွမ်း တာလဲ တွေ့ရ ပါတယ်။ ကောင်းပါပြီ။ ကြိုက်သူလည်း ကြိုက်ကြပေါ့။ ကိုယ့်အမြင်နဲ့ ကိုယ်ပါပဲ။ ဥပဒေကို တစ်ကယ် ကြိုက်သူလည်းရှိ၊ ဖဆပလခေတ်၊ မဆလ ခေတ်တုံးကလိုပဲ သာပေါင်း ညာစား၊ ဒေါက်တာ မောင်မောင် ပြောသလို သာကူးများလည်း ရှိမယ်လို့ ထင်ပါတယ်။

ကြိုက်သူများက ပုဒ်မတွေ ဆွဲပြီး ကိုးကားသလို ကျွန်တော်ကလည်း မကြိုက်တဲ့ ဘက်က ဘယ်ပုဒ်မ တွေကို မကြိုက်ဘူးလည်း ဆိုတာ ပြောချင်သေးသဗျ။ ဒီနေရာမှာ တစ်ချို့ကတော့ စစ်တပ် ၂၅% ဆိုတာကို ထောက်ပြီး ကန့်ကွက်ကြတယ်။ တကယ်တော့ ၂၅% ဆိုတာ နအဖ ဘက်က ပြောသလို အနည်းစုပဲ ဖြစ်တယ်။ သာမန် ဥပဒေ တွေက တက်ပြီး မဲပေးတဲ့ အမတ်တွေ အနက် များရာက ဆုံးဖြတ်တဲ့ အတိုင်း ဖြစ်မှာဆိုတော့ လွှတ်တော်ထဲမယ် တတိယ အုပ်စုဘဲ ခေါ်ခေါ်၊ ဒီမိုသမားတွေပဲ ခေါ်ခေါ် ဒီလူတွေ အနေနဲ့ အဆုံးအဖြတ် မဲပေးနိုင်ပါတယ်။ တကယ်လို့ အဲဒီအုပ်စု တွေက လွှတ်တော်ထဲမယ် အများစု ရခဲ့ရင် သူတို့မဲက ပိုပြီး အရေးပါတာပေါ့။ ဒါပေမယ့် လူတွေက မဲခွဲတာပဲ အာရုံစိုက်နေ တာကိုး၊ ဒါ့ကြောင့် မဲပေးရမယ့် ဥပဒေ ဘယ်လို ဖြစ်လာမယ် ဆိုတာကိုတော့ မျက်စိ မှောက်နေကြတယ်။

အင်္ဂလိပ်လို အများစုအနိုင်ရတဲ့ပါတီက အစိုးရဖွဲ့တဲ့ စနစ်မှာ အဲဒီပါတီ အမတ်တွေက လွှတ်တော်မှာ ဥပဒေကြမ်း တင်သွင်းတယ်။ ပြီးမှ မဲခွဲတယ်။ အတိုက်အခံ အမတ်ကလည်း တင်လို့ရတယ်။ သို့သော် ဒင်းတို့က အနည်းစု ဆိုတော့ ဥပဒေ အတည်ဖြစ်ဖို့ မသေချာဘူး။ တစ်ခါတစ်ခါ ကြတော့လည်း အစိုးရနဲ့ အတိုက်အခံ အမတ် နှစ်ယောက် ပေါင်းပြီး တင်တာမျိုးလည်း ရှိရဲ့။ မြန်မာနိုင်ငံမှာ နောင်ကျင့်သုံးမယ့် စနစ်လို သမ္မတက အုပ်ချုပ်ရေး၊ လွှတ်တော်က ဥပဒေပြုရေး ခွဲထားတဲ့ စနစ်ကျတော့ သမ္မတက ဘတ်ဂျက်ကိုပဲ တင်သွင်းလို့ ရတယ်။ ကျန်တဲ့ ဥပဒေတွေကို လွှတ်တော်အမတ် များကသာ တင်သွင်းလို့ ရတယ်။ သမ္မတ တင်ချင်တာ ရှိရင် လွှတ်တော်ထဲက သူ့ပါတီ အမတ်တွေနဲ့ ညှိ၊ သူ မလိုချင် ပေမယ့်လည်း လွှတ်တော် အမတ်တွေက လိုတယ်ထင်ရင် ပြဋ္ဌာန်းမယ်။ အဲဒါကို သမ္မတက သဘောမတူရင် ပယ်ချ၊ လွှတ်တော်အမတ် ၇၅%က ထပ်ပြီး အတည်ပြုရင် အဲဒါ သမ္မတ သဘောမတူ ပေမယ့်လည်း အတည်ဖြစ်တယ်။ ဥပဒေ ဖြစ်ပြီးရင် သမ္မတ ခေါင်းဆောင်တဲ့ အစိုးရက အဲဒီ ဥပဒေ အတိုင်း လိုက်နာ အုပ်ချုပ်ရမယ်။

သို့သော် နအဖ ဥပဒေ ပုဒ်မ ၁၀၀နဲ့ ၁၀၁ မှာက ဘယ်လို ဆိုသလဲ ဆိုတော့ ဥပဒေကြမ်းကို အခြေခံ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း များကပဲ အမျိုးသား လွှတ်တော် ဒါမှမဟုတ် ပြည်သူ့ လွှတ်တော်မှာ တင်သွင်းရမယ်။ ဘတ်ဂျက် ကိုတော့ ပြည်ထောင်စု လွှတ်တော်လို့ ခေါ်တဲ့ လွှတ်တော် နှစ်ခုပေါင်း အစည်းအဝေးမှာ တင်သွင်း ရမယ်လို့ ဆိုတယ်။ ဒီတော့ တတိယ အုပ်စုပဲ ခေါ်ခေါ်၊ ဒီမိုဘက်ကပဲ ပြောပြော အရွေးခံရလို့ လွှတ်တော်ထဲ ရောက်ရင် လွတ်လပ်စွာ ပြောလို့ မဲပေးလို့တော့ ရမယ်။ သို့သော် ခင်ဗျားတို့ ဘယ် ဥပဒေကြမ်း ကိုမှ စပြီး တင်သွင်းလို့ မရဘူး၊ သမ္မတ ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ကပဲ တင်သွင်းရမယ်။ ဥပမာ။ ကလေးစစ်သား ကိစ္စ အမတ်တွေက လိုတယ် ထင်လို့ ဥပဒေကြမ်း တင်သွင်းလို့ မရဘူး (မဲခွဲဖို့ အသာထားဦး)။ ကာကွယ်ရေး ၀န်ကြီးဌာနက အဲဒီ ဥပဒေကြမ်း လိုတယ်ဆိုမှ တင်သွင်းမှာပဲ။ အဲဒီအခါ ကျရင် ဆွေးနွေးလို့ မဲပေးလို့တော့ ရမယ်။ ဒါပဲ။ ဒီတော့ ဥပဒေပြု လွှတ်တော်မှာ ဥပဒေပြုခွင့် မရှိဘူး လို့ပဲ ကျုပ်တော့ နားလည်တယ်။ မဆလ ပါတီခေတ် လွှတ်တော်ထက် သာရင် ပြောချင်တာပြော၊ မဲပေးချင်တာ ပေးလို့ရတာ လေးပဲ ပိုတယ်လို့ နားလည်တယ်ဗျာ။ ဟုတ်မဟုတ် ကျွမ်းကျင်သူများ ဖတ်ပြီး ဆွေးနွေးကြပါ။

နောက်တစ်ခါ ဒီလို သမ္မတ အုပ်ချုပ်ရေး စနစ်မှာ သမ္မတက အဆိုပြုတဲ့ ၀န်ကြီးတွေကို လွှတ်တော်က စိစစ်ရတယ်။ ဒါ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကို အပြန်အလှန် Check လုပ်တာပဲ။ နအဖ ဥပဒေမှာလည်း ၀န်ကြီးတို့၊ တရားသူကြီးတို့၊ ရှေ့နေချုပ်တို့ကို လွှတ်တော်မှာ အတည်ပြုချက် ယူရမယ်လို့ ပါတယ်။ ရုတ်တရက်ဖတ်ရင် ဟုတ်သလိုလို ပဲ။ ဒါပေမယ့် ပုဒ်မ ၂၃၂ (ဃ) မှာ ဘယ်လိုဆိုသလဲ ဆိုတော့ လွှတ်တော်ဟာ ၀န်ကြီးအဖြစ် အမည်စာရင်း တင်သွင်းသူဟာ ၀န်ကြီး အရည်အချင်း များနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ၀န်ကြီး ခန့်အပ် တာဝန် ပေးခြင်းကို ငြင်းပယ်ခြင်း မပြုရလို့ ဆိုတယ်။ ဒီလိုပဲ ပြည်နယ်အဆင့် ၀န်ကြီးမှာလည်း ပါတယ်။ ကျန်တဲ့ တရားသူကြီး၊ ရှေ့နေချုပ် ဆိုတဲ့ သမ္မတခန့်တဲ့ ရာထူးတိုင်းကို ဒီလိုပဲ ရေးတယ်။ ဒီတော့ ၀န်ကြီးက ဘာအရည်အချင်း ရှိရမှာ တဲ့လည်း။ ပုဒ်မ ၂၃၂ (က) မှာ ဆိုတာကတော့ အသက် ၄၀ ပြည့်ရမယ်။ နိုင်ငံနဲ့ နိုင်ငံသားများ အပေါ် သစ္စာရှိ ရမယ်တဲ့။ ကျန်တာတွေ ကတော့ ပုဒ်မ ၁၂၀၊ ၁၂၁ မှာပါတဲ့ လွှတ်တော် ကိုယ်စားလှယ် အရည်အချင်းတွေ အတိုင်းပဲ ပြည်ပ ထောက်ပံ့ မခံရဘူး ဘာညာ ပေါ့ဗျာ။ ကဲ ဒီတော့ လွှတ်တော် ကိုယ်စားလှယ် ရွေးတဲ့အခါ ကတော့ မဲဆန္ဒရှင် တွေက ဒီကိုယ်စားလှယ် ဟောပြောတာတွေ နားထောင်၊ မေးခွန်းထုတ်၊ ကြိုက်တယ် မကြိုက်ဘူး ဆုံးဖြတ်ပြီးတော့ မဲပေးတယ်။ ထောက်ခံမဲ နည်းရင် အရွေးမခံရဘူး။ ဒါပဲပေါ့။

ကဲ ၀န်ကြီးကျတော့ဗျာ။ အသက်ပြည့်တယ်။ နိုင်ငံသား မိဘက မွေးတယ်။ နိုင်ငံခြားသား မဟုတ်ဘူး၊ နိုင်ငံခြား အထောက်အပံ့ မယူဘူး ဆိုတဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတယ် ဆိုတာနဲ့ သမ္မတ ကြိုက်ပြီဆိုရင် လွှတ်တော်က ငြင်းလို့ မရတဲ့ သဘော ဖြစ်မနေဘူးလား။ ဘယ်ဌာနကို တာဝန်ယူ မှာလည်း၊ အဲဒီ တာဝန်မျိုး ယူဖူးသလား၊ ဘယ်လို ကိုယ်ရည်ကိုယ်သွေး ရှိတဲ့လူလည်း လွှတ်တော်က မေးစမ်းပြီးမှ ကြိုက်မကြိုက် မဲခွဲ ဆုံးဖြတ်ရမှာ မဟုတ်ဘူးလား။ အမေရိကန် မှာတော့ ဒါကို ကြားနာ စစ်ဆေးမှုလို့ ခေါ်တယ်လို့ ဖတ်ဖူးသဗျ။ အခုဟာက ၀န်ကြီး အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်လျှင် ဆိုတာက ဘယ်လို ထင်ရှားအောင် ပြရမှာလည်း။ အရပ်အမောင်း၊ အသက်၊ နိုင်ငံခြားသား ဟုတ်မဟုတ်လို အကောင်အထည် ပြလို့ ရတာလည်း မဟုတ်၊ မိန်းကလေး တစ်ယောက် လှတယ်၊ မလှဘူး ဆိုတာတောင် အကြိုက်ချင်းမှ မတူတာ။ ၀န်ကြီး တစ်ယောက်ကိုလည်း ကြိုက်သူ၊ မကြိုက်သူ မဲခွဲရမှာလို့ နားလည်မိ တာပဲ။ အခုတော့ဗျာ။ သက်သေ အထင်အရှား မပြနိုင်လျှင် ငြင်းပယ်ခြင်း မပြုရ ဆိုတော့ ပတ်တောပိတ်၊ တစ်ခါတည်း လက်ခံရမယ့် သဘောပဲ။

ဒါက ကျွန်တော်ဘ၀င်မကျတဲ့အထဲက နှစ်ချက်ပဲ ရှိသေးတယ်။ မျိုးမြန်မာတို့ ပြောသလို ၀င်ပြိုင်လိုက်၊ လွှတ်တော်ထဲမှ ညီညီညွတ်ညွတ် ပူးပေါင်းပြီး ထိန်းကြ ဆိုတာကို အဲဒီ အမတ်တွေက လုပ်နိုင်ခွင့် ရှိလို့လား။ စဉ်းစားကြည့်ကြ ပါဦး။ ဥပဒေ ပြုခွင့်လည်း မရှိ၊ သမ္မတ ခန့်တဲ့ ၀န်ကြီးကိုတောင် ငြင်းလိုမရ ဆိုတော့ ပါလည်း သင်္ကြန်အမြောက်ပဲ ဖြစ်မှာပဲ။ ဒီတော့ ကျွန်တော့သဘော ပြောရရင် မျိုးမြန်မာတို့၊ ကိုပိတောက်တို့ ကိုယ်အမြီး ပြတ်တာနဲ့ သူများကို သေဖော် မညှိကြနဲ့ဗျာ၊ ခင်ဗျားတို့ ဘယ်လိုခေါ်ခေါ် ကျွန်တော်တို့ ကတော့ မလိုက်ဘူး၊ မလိုက်ဘူးလို့ ပြောရမှာပဲ။
http://padaukmyay.blogspot.com/

please, help her

Hello, How do you do?
I whould like to introduce to you myself, my name is (U) Htay Zaw. My wife name is (Daw) May Khaing Oo. I am Politician in Burma since (1988 revolution)
and organize for ( National League for Democracy) for democracy. I am secretary, organizing committee, TaDaOo township, Mandalay Division in Burma and member of the Mandalay (NLD) welfare committee. My wife (Daw) May Khaing Oo served Rangoon, Mandalay, Pyinmanar, Myitkyinar Universitys till 1999, she is a physics lecture. She was met and was coerced I need to resign from NLD member close the door on 25-7-1999 by Than Aung,the Minister of Education (Junta). Than Aung told her, if I resigned NLD member, he will give her promote for the associate proffessor and a master jeep car. She told him, I never resign from NLD. Therefore my wife was removed form his post as Lecture on 14-9-1999.
Later, my wife, (Daw) May Khaing Oo made contact with the Japanese Embassy in Rangoon Burma in 2000, she left the country of Japan. Near the end
of 2002, she was hospitalized, I requested to aunty Su, so,with the permission of (Daw) Aung San Su Kyi, Secretary-General of NLD and assistance of (U) Tin Oo Vice President of NLD. I applied for visa at the Japanese Embassy and I got it, so I was able to reunite with my wife in 2003.
She has got bad body especially, affliction of knee. Therefore she work not
hard and recive the grant from Chofu township welfare. So, she has got a lot
of times, she want to attend the University course but she has got no money. She is participating forum of United Nations University, England Embassy,
Norway Embrassy,especially she is participating United Nations University before six years ago. Because she is learning,listening English language and Japanese language and than if she meet member of Japanese government, she will request to governor (please, don't grant (ODA)loan for Burma Junta).
She is participating United Nations University before six years ago. Later three months ago,UNU security don't allow enter UNU but she has took allow to enter in UNU when UNU Rector is working in office. Now, she is arrested in Wan gan Police station (Yurikamome line, Fune no kagakukan station) since on 25-3-2009. Police allow to sleep her on the floor not
allow with blanket, bed and pillow and while arrest time police bash her head and face. She is woman with crutch.
I don't know why police arrest. Is UNU for only Japanese? What is
Human Rights (30 articles)? UNU and police made violence of Human rights as like as Burma Junta.
PLEASE, HELP HER to immediate release. PLEASE, HELP HER.

(U) HTAY ZAW (phone: : 090-99599810)
3-15-4, JINDAIJI, HIGASHI MACHI, CHOFU-SHI,
102 HEITSU,
182-0012 TOKYO, JAPAN.

I have already sent all UN emails and all Japan Government emails.

၀၃၀၄၂၀၀၉ဒိုင်ယာရီ

အချိန်တွေရယ်ကုန်ခဲလိုက်တာ...အလိမ်တွေပေါ်ကုန်ရင်တပ်ချူပ်ကြီးဂျောင်ထိုးတာငါပဲခံရမှာ...
Photobucket

-တော်လှန်ရေး ဒီနေ့ ပဲစကြပါစို့  ရွေးကောက်ပွဲအတွက် ဝန်ကြီး ဦးဉာဏ်ဝင်း ငွေပေးပြီး မဲဆွယ်။မြေမြှုပ်မိုင်းသုံးဟု အစိုးရစွပ်စွဲ ။ သင်္ကြန် အတွက် ဖိနှိပ်ရေး ယန္တရားသစ် တစ်ခုအနေဖြင့် သင်္ကြန်တရားရုံးကို ဖွင့်မည်။ပိုက်ဆံရှိသူတွေ အာဏာရှိသူတွေ သာရေကစားနိုင်တော့ မယ့်အင်းလျှားလမ်း သင်္ကြန်မဏ္ဍပ် များမြောက်ကိုရီးယားဒုံးကျည်ကိစ္စ ကုလ အရေးပေါ် အစည်းအဝေးခေါ်ဖို့ ဂျပန်ပြင်ဆင် ။ KIAအဖွဲ့စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေခြင်း ။
file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။

ဗြိတိသျှ မြန်မာနိုင်ငံ (၁၈၅၂ - ၁၈၈၅)

". . . ၁၈၇ဝ ပြည့်နှစ် မတိုင်မီ လယ်ပိုင်ရှိသော မြန်မာ လယ်သမား တဦးသည် ဆန်ရောင်းဝယ်ရေးတွင် အမြတ်အစွန်း ခြောက်ချိုး တချိုး အညီအမျှ ခွဲဝေ ရခဲ့လေသည်။ လယ်သမားနှင့် အတူ အမြတ် အစွန်း ခွဲဝေ ရသူတို့သည် လယ်လုပ်ရန် မြေရိုင်းများကို ရှင်းလင်းရာ၌ ငွေရင်း ထုတ်ပေးသူ အိန္ဒိယ တိုင်းသား မြီရှင်များ၊ ဆန်ဝယ်သူ ပွဲစားများ၊ ဆန်စက်ပိုင်များ၊ နိုင်ငံခြားသို့ ဆန်တင်သူများနှင့် ဆန်မရောင်းမီ အရောင်တင်သူ ဗြိတိသျှများ ဖြစ်လေသည်။ မြန်မာ လယ်သမားတို့ အဖို့မှာ ရပ်တည်ရုံ နေနိုင်ရန် အရေးသည် များစွာ မှေးမှိန်လာ၍ အခြေအနေ တမျိုးမျိုးပေါ်တွင် တည်၍ နေရလေသည် . . . " . . . [၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန် တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ ဒေါက်တာ ကျော်သက် ရေးသားတဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း' စာအုပ် အခန်း (၄) မှ "ဗြိတိသျှ မြန်မာနိုင်ငံ (၁၈၅၂ - ၁၈၈၅)" အကြောင်းကို ထုတ်နှုတ် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]
Photobucket
၁၈၂၄ ခုနှစ်၊ ရန်ကုန်မြို့တွင် မြန်မာ ဘုရင်၏ ရဲမက် စစ်သည်များ အင်္ဂလိပ်တို့ထံ လက်နက် ချနေပုံ ပန်းချီကား (ဝဲ) နှင့် မန္ဈလေးမှ ဗြိတိသျှ မဟာဝန်ရှင်တော် မင်းကြီး (သို့မဟုတ်) အိန္ဒိယ ဘုရင်ခံချုပ်၏ ကိုယ်စားလှယ်တော် (Chief Commissioners) နေထိုင်ခဲ့တဲ့ အိမ် (ယာ)။

ဗြိတိသျှ မြန်မာနိုင်ငံ (၁၈၅၂ - ၁၈၈၅)

အုပ်ချုပ်ရေး။

ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ ဖြစ်ပြီးသည့်နောက် ဗြိတိသျှ လက်အောက်သို့ ပဲခူးနှင့် မုတ္တမ ဒေသသို့ ရောက်လာသော အခါ ထိုဒေသ နှစ်ခုကို ခေတ္တအားဖြင့် ဝန်ရှင်တော် မင်းကြီး နှစ်ဦးက တသီးတခြားစီ အုပ်ချုပ်ကြသည်။ သို့သော် စရိတ်စက ကြီးလေးသောကြောင့် ၁၈၆၂ ခုနှစ်တွင် ငြိမ်ဝပ် ပိပြားရေးကို ဆောင်ရွက်ပြီးသော အခါ၌ မြန်မာတို့ ဆုံးရှုံးသော ဒေသ ၄ ခုတို့ကို ဗြိတိသျှ မြန်မာနိုင်ငံဟု တခုတည်း ပူပေါင်း လိုက်ကာ ရန်ကုန်ကို ဗဟို ဌာနထား၍ မဟာဝန်ရှင်တော် မင်းကြီး တဦးအား အုပ်ချုပ် စေသည်။


ထိုဒေသများတွင် ခရိုင်များ ထပ်မံ ခွဲလိုက်ကာ တခရိုင်လျှင် အရေးပိုင် သို့မဟုတ် ခရိုင်ဝန် တဦးစီ အုပ်ချုပ်စေသည်။ တဖန် ခရိုင်များကို မြို့နယ် ထပ်မံ ခွဲခြား၍ မြို့နယ်များ၌ မြို့ပိုင် သို့မဟုတ် မြို့အုပ် အသီးသီးတို့ကို အုပ်ချုပ်စေသည်။ ခရိုင်ဝန်များသည် တချိန်တည်းမှာပင် မြို့ဝန် အဖြစ်ဖြင့် လည်းကောင်း၊ တရားမ တရားသူကြီး အဖြစ်ဖြင့် လည်းကောင်း၊ အခွန်တော် အရာရှိ အဖြစ်ဖြင့် လည်းကောင်း၊ ငြိမ်ဝပ် ပိပြားမှု ထိန်းသိမ်းသော ရဲအဖွဲ့နှင့် ငွေတိုက်ကိုပါ စောင့်ကြပ် ဆောင်ရွက်ရသူ ဖြစ်လေသည်။ မြို့ပိုင်၊ မြို့အုပ်များလည်း ဤသို့ပင် အလုပ်မျိုးစုံကို လုပ်ကိုင် ကြရသည်။ သို့သော်လည်း ခရိုင်ဝန်များကဲ့သို့ အာဏာ မရှိကြချေ။ မြို့နယ်တခုတွင် တိုက်နယ်ပေါင်း များစွာ ပါဝင်၍ ထို တိုက်နယ်များကို တိုက်သူကြီး တဦးစီက အုပ်ချုပ်ရသည်။ တိုက်သူကြီး တဦးတွင် ရာဇဝတ် မှုခင်းများကို ထိန်းသိမ်းရန်နှင့် အခွန်ကောက်ခံနိုင်ရန် အာဏာရှိ၍ မိမိ ကြည့်ကြပ်ရသော နယ်မြေ၏ ရပ်မှု ရွာမှု သာယာရေးကို တာဝန်ယူ ဆောင်ရွက် ရလေသည်။ တိုက်သူကြီးများ လက်အောက်တွင် ရာဇဝတ် မှုခင်း ထိန်းသိမ်းရေးနှင့် အခွန်ကောက်ခံရေးတွင် အကူအညီပေးရန် ရွာခေါင်းများကို ခန့်ထားသည်။ ထို့နောက် မြေခွန်များကို ကောက်ခံပေးရသူ ကြေးထမ်းကြီး ဟုလည်း ထပ်မံ ခန့်အပ် ထားလေသည်။


ဗဟို အစိုးရတွင် ဌာနအမျိုးမျိုး ခွဲခြားထားသည်။ နယ်များတွင် ခရိုင်ဝန်နှင့် ပူးတွဲ၍ အမှုထမ်းရသော ပုလိပ် အမှုထမ်း (ရဲ) များ အုပ်ချုပ်ရေး အတွက် ပုလိပ်မင်းကြီး ဌာနကို ထားရှိသည်။ ၁၈၆၄ ခုနှစ်တွင် အကျဉ်းထောင် ဌာနကို ဖွင့်လှစ်၍ ထောင်မင်းကြီး လက်အောက်တွင် ဆေးရုံ၊ မြို့ရွာ သန့်ရှင်းရေးနှင့် ကျောက်ထိုး ဌာနများကို တချိန်တည်း ကြီးကြပ် အုပ်ချုပ်စေသည်။ ပြည်သူ့ လုပ်ငန်း ဌာနကို အင်ဂျင်နီယာချုပ်က တာဝန်ယူသည်။ သစ်တော လုပ်ငန်း ဌာနသည် နယ်ရှိ သစ်တောများကို အုပ်ချုပ်ရသည်။ ၁၈၆၆ ခုနှစ်တွင် ပညာရေး ဌာနကို ဖွင့်လှစ်သည်။ ဌာန အသီးသီး ခွဲခြား အုပ်ချုပ်ရေးကို စီစဉ် ခဲ့သော်လည်း မူလ အစကပင် ပြည်သူလူထု အတွက် များစွာ အကျိုး သက်ရောက်ခြင်း မရှိခဲ့ချေ။ ဗြိတိသျှ အရာရှိများက တိုက်ရိုက် အုပ်ချုပ်ရန် ချမှတ်ထားသော်လည်း တိုင်းပြည်၏ စီးပွားရေး ညံ့ဖျင်းမှုကြောင့် လည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် လည်းကောင်း၊ ဘာသာစကား ခက်ခဲမှုကြောင့် လည်းကောင်း၊ ဗြိတိသျှ အရာရှိ တို့သည် ထိုအချိန်ကသော်၊ တိုက်သူကြီးများမှ တဆင့်သာ အုပ်ချုပ်ရသဖြင့် လက်တွေ့ အားဖြင့် တိုက်ရိုက် အုပ်ချုပ်ရေး ဖြစ်သည်ဟု မဆိုနိုင်ချေ။ ၁၈၆၉ ခုနှစ်တွင် ဗြိတိသျှ မဟာ ဝန်ရှင်တော် မင်းကြီးက တိုင်းပြည်ကို သိမ်းပိုက်ထားသည့် အချက်က လွဲ၍ ရှေးဟောင်း အုပ်ချုပ်ရေး စနစ်ထက် ထူးခြားကြောင်း သက်သေပြနိုင်သည့် အချက်ကို မည်သည့် နေရာတွင်မျှ ရှာဖွေ၍ မတွေ့ဟု ရေးမှတ် ထားလေသည်။

စီးပွားရေး။

၁၈၇ဝ ပြည့်နှစ်သို့ ရောက်လာသော အခါ အခြေအနေသည် ပြောင်းလဲ လာလေသည်။ ၁၈၇ဝ ပြည့်နှစ်တွင် အင်္ဂလန်သို့ ကြေးနန်း တိုက်ရိုက် ပို့နိုင်လာသည်။ အီဂျစ် နိုင်ငံ၌ စူးအက်တူးမြောင်း ဖွင့်လှစ် ခဲ့ခြင်းကြောင့်လည်း ဥရောပနှင့် ဆက်သွယ် ကူးသန်း ရောင်းဝယ်မှု တိုးတက်နိုင်သည့် အလားအလာများသည် ပေါ်ပေါက်လာသည်။ ထိုအချိန် မတိုင်မီ ဆန်ရောင်းဝယ်ရေးမှာ တရုတ် နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့၏ အနှုတ်အသိမ်း အတတ်အကျ ပေါ်တွင် တည်ရှိ နေခဲ့လေသည်။ ဆန်စပါး တိုးချဲ့ စိုက်ပျိုးရေး လုပ်ငန်းသည် လည်းကောင်း၊ ဆန်စက်များ တည်ဆောက်ရေးသည် လည်းကောင်း၊ နှေးကွေးလျက် ရှိခဲ့လေသည်။ ဆန်ကိုလည်း နိုင်ငံပြင်ပသို့ တင်ပို့ ရောင်းချရန်ထက် ပြည်တွင်း စားသုံးရန် အတွက်သာ အဓိက ထား၍ စိုက်ပျိုးလျက် ရှိလေသည်။ ထိုနှစ်လောက်မှ စ၍ အချိန်အတန်ကြာ အေးချမ်းစွာဖြင့် ဆောင်ရွက်နေသော ဧရာဝတီ မြစ်ဝက္ဆွန်းပေါ် ဒေသ ပြုစု တည်ထောင်ရေး လုပ်ငန်းသည် သွက်လက် လာလေတော့သည်။ ယခင်က စပါးလုပ်ငန်း အမျိုးမျိုး အဖုံဖုံတို့ကို တနှစ်ပတ်လုံး လုပ်ခဲ့သော ရှေးဟောင်း လယ်သမားကြီး၏ နေရာတွင် လုပ်ငန်း အသီးသီး အလိုက် ခွဲခြား ဆောင်ရွက်သည့် အလုပ်သမားများ တိုး၍ တိုး၍သာ အစား ဝင်လာ ခဲ့လေသည်။ ဆန်စပါး ထွက်ကုန် လုပ်ငန်းကို အကြီးအကျယ် တိုးချဲ့ရန် ဆောင်ရွက်သည်နှင့် တပြိုင်နက် လုပ်သားများစွာ လို၍ လာလေသည်။ ဤတွင် အထက် မြန်မာနိုင်ငံသား အချို့သည် ရာသီလိုက် မြစ်ဝ က္ဆွန်းပေါ် ဒေသသို့ ဆင်းခဲ့ကြ၍ အိန္ဒိယ တိုင်းသားများလည်း ရောက်လာကြလေသည်။

အထက် မြန်မာနိုင်ငံသား များသည် အောက်သို့ ဆင်းခဲ့ရာ၌ တနှစ်ပတ်လုံး အလုပ် လုပ်ရန် မဟုတ်ဘဲ စပါးရိတ်ချိန်တွင်သာ လာကြပြီးလျှင်၊ စပါးရိတ်ခြင်း၊ ကောက်သိမ်းခြင်း၊ စပါးလှေ့ခြင်း၊ စပါးလှည်း တိုက်ခြင်း၊ စသည့် လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ မြန်မာနိုင်ငံတွင်းသို့ ဗြိတိသျှတို့ သွင်းလာသော အိန္ဒိယ အလုပ်သမားများက စပါးကြိတ်ချိန်တွင် ဆန်စက်များ၌ အလုပ် လုပ်ကြလေသည်။ သို့သော် ထို အလုပ်သမားများသည် ထိုအချိန်ထက် စော၍ မြန်မာနိုင်ငံသို့ ရောက်လာလျှင် စပါးသိမ်းချိန်၌လည်း အလုပ်ရနိုင်ကြောင်း သိမြင်လာသည်။ မကြာမြင့်မီပင် ဆန်စပါး လုပ်ငန်း အဆင့်ဆင့်တွင် လုပ်သား အသီးသီးသည် လုပ်ငန်း တဆင့် တမျိုးစီကို ခွဲ၍ လုပ်ကိုင် ကြလေသည်။ မြေဆွခြင်း၊ ထယ်ထိုးခြင်း၊ အပင်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ လှေ့ခြင်း၊ လှည်းဖြင့် သယ်ယူခြင်း၊ သို့လှောင်ခြင်း၊ စက်တင်ခြင်း၊ နိုင်ငံခြားသို့ တင်ပို့ ရောင်းချခြင်း စသည့် လုပ်ငန်း အဆင့်ဆင့်သည် စက်ရုံ လုပ်ငန်းပမာ ခြားနား ကွဲပြား၍ လာလေသည်။ ဤသို့ဖြင့် ဧရာဝတီ မြစ်ဝက္ဆွန်းပေါ် ဒေသ တခုလုံးသည် ခေါင်းတိုင် မရှိသော စက်ရုံကြီး တမျိုး အဖြစ်သို့ ရောက်ခဲ့လေတော့သည်။

ဤသို့ ဆန်းစပါး လုပ်ငန်းကို အထူးတလည် ချဲ့ထွင်ရာ၌ လယ်ယာလုပ်ငန်း စရိတ်ကို လျော့ပါး သက်သာ စေခဲ့သော်လည်း လယ်သမားများမှာ အနစ်နာ ခံရလေသည်။ တိုင်းရင်းသားတိုင်း လိုလိုသည်လည်း လယ်သမားသာ ဖြစ်သည်။ စနစ်သစ် ဝင်ရောက် လာသည်နှင့် တပြိုင်နက် မြန်မာ လယ်သမားများသည် တနှစ်လုံး အတွက် လုပ်ဆောင်ရန် အလုပ် နဲပါးသွား၍ စားစရိတ် မဖူမလုံ ဖြစ်လာသည်။ တနှစ်တွင် လပေါင်း များစွာ ဝင်ငွေမဲ့ နေထိုင်ရန် ခဲယဉ်းလှသည့် အတွက် မြန်မာလယ်သမား အဖို့တွင် ရပ်တည်ရာ မရှိတော့သည့် အလျောက် ရာဇဝတ် မှုခင်းများကို ကျူးလွန် မိကုန်ကြသည်။ နိုင်ငံတော်တွင် ရာဇဝတ် မှုခင်းများ တိုးတက် များပြား၍ လာလေသည်။ လယ်ယာ လုပ်ငန်းမှ အပ ဆားချက်ခြင်း၊ ချည်ငင်ခြင်း၊ အထည်ရက်ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ ပန်းပုထုခြင်း၊ လက်သမား အလုပ် လုပ်ခြင်း၊ ငါးဖမ်းခြင်း၊ ငပိလုပ်ခြင်း စသော လုပ်ငန်းများမှာလည်း အမြတ်အစွန်း လွန်စွာ ဆုတ်ယုတ်၍ လာလေတော့သည်။ ထိုလုပ်ငန်းများတွင် လုပ်ကိုင် အသုံးပြုနေသော နည်းစနစ်မှာ ခေတ်မမီတော့ပြီ။ စနစ်ကို ပြုပြင်၍ ဥရောပ တိုက်သား၊ တရုတ်၊ ကုလားတို့နှင့် ထိရောက်စွာ ပြိုင်ဆိုင်နိုင်ရန်မှာလည်း အရင်းငွေ ကြီးကြီးမားမား မရှိ ဖြစ်နေကြလေသည်။ တိုင်းရင်းသား လယ်သမားတို့၏ အခြေအနေသည် တစတစ ဆိုးဝါးလာသည်။ ၁၈၇ဝ ပြည့်နှစ် မတိုင်မီ လယ်ပိုင်ရှိသော မြန်မာ လယ်သမား တဦးသည် ဆန်ရောင်းဝယ်ရေးတွင် အမြတ်အစွန်း ခြောက်ချိုး တချိုး အညီအမျှ ခွဲဝေ ရခဲ့လေသည်။ လယ်သမားနှင့်အတူ အမြတ် အစွန်း ခွဲဝေ ရသူတို့သည် လယ်လုပ်ရန် မြေရိုင်းများကို ရှင်းလင်းရာ၌ ငွေရင်း ထုတ်ပေးသူ အိန္ဒိယ တိုင်းသား မြီရှင်များ၊ ဆန်ဝယ်သူ ပွဲစားများ၊ ဆန်စက်ပိုင်များ၊ နိုင်ငံခြားသို့ ဆန်တင်သူများနှင့် ဆန်မရောင်းမီ အရောင်တင်သူ ဗြိတိသျှများ ဖြစ်လေသည်။ မြန်မာ လယ်သမားတို့ အဖို့မှာ ရပ်တည်ရုံ နေနိုင်ရန် အရေးသည် များစွာ မှေးမှိန်လာ၍ အခြေအနေ တမျိုးမျိုးပေါ်တွင် တည်၍ နေရလေသည်။ အခြေအနေ တမျိုးမျိုး တိမ်းပါးခဲ့လျှင် မြန်မာ လယ်သမားသည် ဒေဝါလီ လူမွဲစာ ခံရသည့် ဘဝသို့ ရောက်လေတော့သည်။

မြန်မာ လယ်သမားသည် မြေတကွက်ကို လယ်လုပ်ရန် အတွက် အများအားဖြင့် မြေရိုင်းကို ကြိုတင် ပေါင်နှံ၍ ရသော ချေးငွေဖြင့် ရှင်းလင်းပြီးနောက် လယ်လုပ်ရသည်။ ငွေကို အိန္ဒိယ တိုင်းသားတို့ထံမှ ချေးလေ့ရှိ၍ အတိုးနှုန်းမှာ ၁ဝဝ လျှင် ၁၂ မှ ၂၅ ရာခိုင်နှုန်း ပေးရသည်။ မြန်မာတို့မှာ ငွေချေးရာ၌ တတ်နိုင်သမျှ အနည်းဆုံးကိုသာ ချေးရမည်ကို ကောင်းစွာ သတိမူခြင်း မရှိကြချေ။ ငွေရှင်များက အာမခံ ပစ္စည်း၏ တန်ရာ တန်ဖိုး အစွမ်းကုန် အထိ ချေးငှား လိုသည်မှာ ဓမ္မတာ ဖြစ်လေသည်။ အဖျားအနာ ကပ်ရောက်ခြင်း မရှိသည့်ပြင် ကိုယ်တိုင်လည်း လောင်းကစား ကင်းကာ ကောက်ပဲသီးနှံ ဖွံ့ဖြိုး၍ ဈေးနှုန်းကလည်း တသမတ်တည်း အဆင်ပြေလွန်း၊ ကံကောင်းလွန်းပါမှ လယ်သမားသည် မိမိ အပေါ်၌ တင်ရှိနေသော အွေ့ကးကို ၅ နှစ် အတွင်း ပေးဆပ်နိုင်ပေမည်။ သို့ရာတွင် ဈေးနှုန်းများသည် စက်ပိုင်များ၊ ဆန်တင်သူများ၏ အမြဲမပြတ် ဈေးနှိမ်ခြင်းကို ခံနေရသည် ဖြစ်၍ လယ်သမား၏ ကုန်ကျစရိတ်သည် တနှစ်ထက် တနှစ် တိုး၍သာ လာတော့သည်။ ရှေးအခါကသော် လယ်သမားသည်၊ ထင်းအတွက် လည်းကောင်း၊ အိမ်ဆောက်ရန် သစ်အတွက် လည်းကောင်း၊ ရွာနီးချုပ်စပ်ရှိ သစ်တောမှ အလိုရှိသလောက် ရနိုင်သည်။ ယခုမူ သစ်တော လုပ်ငန်း၊ ငါးဖမ်း လုပ်ငန်း၊ ဆားချက် လုပ်ငန်းတို့သည် အစိုးရ လက်အောက်သို့ ဖြစ်စေ၊ ကိုယ်ပိုင် လုပ်ငန်းရှင် တဦး၏ လက်တွင်းသို့ ဖြစ်စေ၊ ရောက်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ရှေးယခင်က အခ ကြေးငွေ ကုန်ကျခြင်း မရှိဘဲနှင့် ဖြစ်စေ၊ အဖိုးအခ ချိုသာစွာနှင့် ဖြစ်စေ၊ ရခဲ့သော်လည်း၊ ယခုအခါ အဖိုးအခ များစွာ နှင့် ဝယ်ယူ သုံးစွဲနေရသည့် အတွက် အသုံးစရိတ်သည် တက်၍ လာတော့သည်။

လယ်သမား ကိုယ်တိုင် ရှင်းလင်း လုပ်ကိုင်ခဲ့သော မြေကွက်သည် စချီ ကတည်းက လယ်မလုပ်သူ ငွေကြေးရှင်များ၏ လက်တွင်းသို့ သက်ဆင်းခဲ့သည်။ လယ်ပိုင်ရှင် အပြောင်းအလဲ ဖြစ်သည်နှင့် အတူ ဝင်လာကြသည့် အိန္ဒိယ တိုင်းသားတို့သည်လည်း များပြား တိုးတက်လာရာ မြန်မာတို့၏ အခြေအနေကို ထိခိုက် လာလေသည်။ လယ်ပိုင်ရှင်ကြီးများသည် မိမိတို့၏ မတည်ငွေမှ ရနိုင်သရွေ့ အမြတ်အစွန်း အများဆုံးကို မျှော်ကိုးကြသည်မှာ ဓမ္မတာ ဖြစ်သည်။ အိန္ဒိယ တိုင်းသား အလုပ်သမားတို့သည် ၎င်းတို့၏ လူနေမှု အဆင့်အတန်းမှာ လွန်စွာ နိမ့်ကျသည့် အလျောက် လယ်ပိုင်ရှင်များအား မြန်မာ လယ်သမားများ ပေးနေကျ လယ်ထောက်ခ နှုန်းထက် ပိုမို ပေးစွမ်း နိုင်ကြလေသည်။ မြေယာမဲ့နေသော မြန်မာတို့သည် တခြား အလုပ်ကိုလည်း လုပ်ကိုင်နိုင်ခြင်း မရှိသဖြင့် ဝမ်းစာရေး အတွက် အိန္ဒိယ တိုင်းသား အလုပ်သမားများနှင့် အပြိုင်အဆိုင် ပြုကြရ လေတော့သည်။

ဤအခြေတွင် တိုင်းသူ ပြည်သားတို့သည် ဆင်းရဲ လာကြလေသည်။ ထိုအခါ ကုန်ထုတ်လုပ်မှု အင်အားသည် ကျဆင်းလာ၍ အစိုးရ၌ အခွန်တော်လည်း လျော့ပါး သွားလေသည်။ ထိုအကြောင်းများကြောင့် ဗြိတိသျှ ကိုလိုနီ စီးပွားရေး၌ လည်းကောင်း၊ အုပ်ချုပ်ရေး၌ လည်းကောင်း၊ စီမံ ခန့်ခွဲကြရာတွင် တိုင်းသူ ပြည်သားတို့ ကိုယ်တိုင်က တိုင်းပြည် အကျိုးရှိရေး အတွက် မျက်စိ ပွင့်လာကြအောင် မစွမ်း မဆောင်နိုင် ဖြစ်လာ ကြလေသည်။ လက်တဆုပ်မျှသော လူနည်းစု ကလေးမှ လွဲ၍ မြန်မာ အများသည် မြေယာမဲ့၍ အလုပ်က္ဆွမ်းကျင်မှု မရှိသော အလုပ်သမား လူတန်းစား အဖြစ်သို့ ရောက်ခဲ့၍ လူနေမှု အဆင့်အတန်းသည်လည်း နိမ့်ကျ၍ လာလေတော့သည်။

ကူးသန်း ရောင်းဝယ်ရေးနှင့် အရင်း မတည်သည့် လုပ်ငန်းများတွင် ပါဝင်နိုင်ရန် လည်းကောင်း၊ ဆေးဘက်၊ အင်ဂျင်နီယာဘက် အစရှိသော အသက်မွေး ဝမ်းကျောင်းမှု ဆိုင်ရာ ပညာရှင် လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နိုင်ရန် လည်းကောင်း၊ မြန်မာများ၌ အစ ကနဦးကပင် အခွင့်အရေး လွန်စွာ နည်းပါးခဲ့ရာ တဖြည်းဖြည်း ပို၍ နည်းပါး လာလေသည်။ ဘဏ်တိုက် လုပ်ငန်းရှင်များနှင့် ဥရောပ လုပ်ငန်းရှင်များသည် မြန်မာ စကားကို နားမလည်ကြ၍ အင်္ဂလိပ်စကား တတ်သော မြန်မာ လူဦးရေကလည်း လွန်စွာ နည်းပါးသည်မှာ ကာလ အတန်ကြာသည့် တိုင်အောင် ဖြစ်လေသည်။ သို့ရာတွင် အင်္ဂလိပ်တို့၏ လိုလားချက်နှင့် လုပ်နည်း ကိုင်နည်းများကို သိက္ဆွမ်း နားလည်နေပြီး ဖြစ်သော အင်္ဂလိပ် စကားတတ် အိန္ဒိယ တိုင်းသားများ ရှိသည့် အတွက်၊ မြန်မာနိုင်ငံ၏ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းနှင့် အရင်းငွေ မတည်ရေး လုပ်ငန်းများတွင် အိန္ဒိယ တိုင်းသားများသာ တွင်ကျယ် ခဲ့လေသည်။ သယ်ယူ ပို့ဆောင်ရေး၊ ဆေးရုံ၊ တရားရုံးများနှင့် သိပ္ပံ ပညာဆိုင်ရာ အစိုးရ ဌာနခွဲများတွင် အိန္ဒိယ တိုင်းသားများ၊ ကပြားများ၊ တရုတ်များသည် မြန်မာတို့ထက် ရှေးဦးအလျင် အလုပ်ရ ခဲ့ကြလေသည်။ မြန်မာ အမှုထမ်းများ၏ ဦးရေမှာ နည်းပါးလှသည်။

ဤ အဖြစ်သနစ်ကို မြန်မာတို့သည် အချိန် အတန်ကြာစွာပင် နက်နက်နဲနဲ တွေးတောခြင်း မပြုဘဲ ပေါ့ပေါ့ဆဆသာ နေခဲ့ကြသည်။ လွတ်လပ် နေသေးသော အထက် မြန်မာနိုင်ငံကို အားကိုး အားထား မပြုနိုင်သော အခါကျမှ လည်းကောင်း၊ အိန္ဒိယ တိုင်းသားများနှင့် အခြား နိုင်ငံခြားသားများ အလွန်အက္ဆွံ လှိမ့်ဆင်း ဝင်လာသော အခါကျမှ လည်းကောင်း၊ မြန်မာတို့သည် ကိုယ့်အိမ်ပေါ်တွင် နေရင်း အိမ်ယာမဲ့ ဘဝသို့ ရောက်ရသည့် အန္ဈရာယ်ကို မြင်လာကြ လေတော့သည်။ ထိုသို့ မြင်လာကြ စေကာမူ ထို အန္ဈရာယ်ကို ၁၉၃၁ ခုနှစ် တိုင်အောင် လေးလေးနက်နက် သတိမမူခဲ့ချေ။

မြန်မာတို့ အတွက် အန္ဈရာယ် များပြား တိုးတက်လာခြင်းကို မြို့ကြီးများတွင် နိုင်ငံခြားသား ဦးရေ တိုးတက်လာသည့် အချက်မှ ထောက်ဆ၍ သိနိုင်သည်။ မြို့ကြီးများသည် မြန်မာတို့ အတွက် အကျိုး ဖြစ်ထွန်း စေနိုင်သော ပြည်ပ ဆက်သွယ်ရေး၊ ကူးသန်း ရောင်းဝယ်ရေးတို့တွင် အရေးပါသော နေရာများ ဖြစ်သည်။ မြန်မာနိုင်ငံ၌ ၁၉ ရာစု ကုန်လောက်တွင် နိုင်ငံခြားသားတို့၏ ဦးရေသည် မြန်မာ ၁၂ ယောက်လျှင် နိုင်ငံခြားသား တယောက် ဖြစ်လေသည်။ သို့သော် နိုင်ငံခြားသားတို့သည် မြို့ကြီးများတွင်သာ စုပြုံ၍ နေကြရာ မြို့နေ လူဦးရေတွင် နိုင်ငံခြားသား ၅ဝ ရာခိုင်နှုန်းမျှ ရှိနေသည်။ ဤ ရာခိုင်နှုန်းသည် နောင်အခါတွင် တိုး၍သာ လာသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံ တခုလုံးတွင် နိုင်ငံခြားသား ဦးရေသည် မြန်မာ ၇ ဦးလျှင် နိုင်ငံခြားသား တယောက်၊ ထိုနောက် မြန်မာ ၆ ဦးလျှင် နိုင်ငံခြားသား တယောက် အချိုးကျ ဖြစ်လာသည်။ ရန်ကုန်၊ မန္ဈလေး၊ မော်လမြိုင်၊ စစ်တွေ စသည့် မြို့ကြီးများ၌မူ နိုင်ငံခြားသား ဦးရေသည် ၆ဝ ရာခိုင်နှုန်းမျှ ရှိလာလေသည်။

ဒေါက်တာကျော်သက်
▪ - ¤ - ▪

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့

နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်

စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

အမှန်တရား၊ သတင်းစာပညာနှင့် ဒီမိုကရေစီ

Friday, 03 April 2009 19:58 ကျော်စွာမိုး
မကြာသေးခင် ကာလက ပြည်ပအခြေစိုက် မြန်မာသတင်းစာ ဆရာများ၊ စာရေးဆရာများ၊ ဘလော့ဂါများနှင့် တခြားသော မီဒီယာသမားများ စုဝေးကျင်းပသည့် နှီးနှောဖလှယ်ပွဲ တခုတွင် ကျနော့်ကို စကားပြောရန် ဖိတ်ကြားခံခဲ့ရသည်။

ထိုသို့ ဖိတ်ကြားခံခဲ့ရစဉ် ကျနော့်အတွေးများက လွန်ခဲ့သည့် အနှစ် ၂၀ ကာလကို ပြန်လည် ရောက်ရှိသွားခဲ့ပါသည်။

မျက်စိထဲတွင် ရန်ကုန်မြို့၏ အတိတ် မြင်ကွင်းများမှာ ဓာတ်ပုံ ဆလိုက်ရှိုးတခုပမာ အစီအရီပေါ်လာခဲ့၏။ အာဏာရှင် ဦးနေ၀င်း၏ ဆိုရှယ်လစ်အစိုးရ အုပ်စိုးစဉ်က အတိတ်ပုံရိပ်များပင် ဖြစ်ပါသည်။

ထိုစဉ်က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဝန်းအနီး စက်မှုတက္ကသိုလ်ကျောင်းသားတစုနှင့် ရပ်ကွက်လူငယ်တချို့ ခိုက်ရန် ဖြစ်ရာမှ အဓိကရုဏ်းနှိမ်နှင်းရေးရဲများ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျောင်းသား ကိုဘုန်းမော် ၁၉၈၈ ခုနှစ် မတ်လ ၁၃ နေ့ တွင် သေဆုံးမှု ဖြစ်ပွားခဲ့သည်ကို အမှတ်ရနေမိပါသည်။

ကိုဘုန်းမော်သေဆုံးရခြင်းသည် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အစိုးရက ကြေညာ ခဲ့သော်လည်း အဖြစ်မှန်ကိုသိထားသော ပြည်သူများနှင့်ကျောင်းသားများက ခံပြင်းခဲ့ကြသည်။ ထိုသတင်းသည် တဆင့် စကား တဆင့် နား ဖြင့် တမုဟုတ်ချင်း ရန်ကုန်တမြို့လုံးသို့ ပြန့်နှံ့သွားတော့သည်။

နောက်ထပ် ရက်အနည်းငယ်အကြာတွင် ကျောင်းသားများ လမ်းမပေါ်ထွက်၍ ဆန္ဒပြကြတော့သည်။ ထိုဆန္ဒပြမှု၏ တခု တည်းသော တောင်းဆိုချက်မှာ ကိုဘုန်းမော်သေဆုံးရခြင်း၏ အဖြစ်မှန်ကို ဖော်ထုတ်ပေးရန်ဖြစ်ပါသည်။ အစိုးရက မမှန် သတင်းကို ဆက်လက် ဖြန့်သည်။ ကျောင်းသားများကလည်း အမှန်တရားကို ဆက်လက်တောင်းဆိုနေကြသည်။

အထက်တန်း ကျောင်းသားတဦးဖြစ်သော ကျနော်သည်လည်း အစိုးရ၏ လက်နက်ကိုင်တပ်များကို ထိပ်တိုက် ရင်ဆိုင် တွေ့ခဲ့သည့် ထို ဆန္ဒပြကျောင်းသားများထဲတွင် ပါဝင်ခဲ့ပါသည်။

ထိုအချိန်က ကျနော်တို့အားလုံး ဤမျှလောက် အန္တရာယ်ကြီးမားသော လုပ်ရပ်ကို လုပ်ဆောင်ခဲ့ကြခြင်းမှာ အမှန်တရား တခုတည်း အတွက် ဖြစ်ပါသည်။

ကျောင်းသားများ၏ အမှန်တရားအတွက် တောင်းဆိုချက်များသည် ရက်သတ္တပတ်များစွာ ကြာခဲ့ပြီးနောက် နိုင်ငံရေး ဘက်သို့ ဦးတည်လာခဲ့သည်။ ထိုတောင်းဆိုမှုကတော့ ဒီမိုကရေစီရေးပဲ ဖြစ်သည်။

ကျောင်းသား တဦး သေဆုံးရမှုအတွက် အမှန်တရားဖော်ထုတ်ပေးရန် ဆန္ဒပြကြရာမှ တနိုင်ငံလုံးပါဝင်သည့် ရှစ်လေးလုံး အရေးတော်ပုံ လူထုအုံကြွမှုကြီး ဖြစ်လာကာ နောက်ဆုံးတွင် တပါတီ အာဏာရှင် ဦးနေ၀င်းအစိုးရကို ပြိုလဲစေခဲ့သည်။

နှစ်များစွာကြာပြီးနောက် ကျနော်သည် ထိုအချိန်က ဆန္ဒပြပွဲအတွင်း သေနတ်ပြောင်းဝရှေ့တွင် အဘယ့်ကြောင့် သွားရပ် ချင်စိတ် ဖြစ်ပေါ်ခဲ့ရသနည်း ဆိုသည့် မေးခွန်းကို ကျနော့်ကိုယ်ကျနော် ပြန်မေးကြည့်မိရာ အဖြေက အမှန်တရားအတွက် ဟု ရရှိသည်။

ယခုအချိန်တွင် ဆယ်စုနှစ် တခုနီးပါး စာနယ်ဇင်းသမားတဦးဖြစ်နေသော ကျနော်သည် အမှန်တရားဆိုသည်မှာ သတင်း သမားများ အထူးစောင့်ထိန်းရမည့် တာဝန်ဝတ္တရား တရပ်ဆိုသည်ကို ထိုစဉ်က မသိရှိခဲ့ပါ။

ပြန်လည် ဆန်းစစ်ကြည့်သည့်အခါ လူအများစု အသက်ဆုံးရှုံးခဲ့ရသည့် အမှန်တရားအတွက် ကျနော်တို့၏ ဆန္ဒပြမှုကြီး သည် နဂို ရှိပြီးသား ဒီမိုကရေစီအခွင့်အရေးများပင် ဆုံးရှုံးခဲ့ရသည်။ သို့သော် ဤလှုပ်ရှားမှုကြီးက ဆယ်ကျော်သက်အရွယ် ကျောင်းသားတဦးဖြစ်သော ကျနော့်အား မြန်မာပြည်လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် ခိုင်မာသည့် စိတ်ဓာတ်ကို ဖြစ်ပေါ်စေခဲ့ပါသည်။ စစ်အစိုးရကို ဆန့်ကျင်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို ကျနော် ဆက်လုပ်သည်။

စစ်အစိုးရက ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အပြစ်မဲ့ပြည်သူများနှင့် ကျောင်းသား ၃ ထောင်ကျော်ကို ပစ်ခတ်၊ ဖမ်းဆီး ခဲ့သည်။

စစ်အစိုးရကို ဆန့်ကျင်သည့်နိုင်ငံရေးလှုပ်ရှားမှုများ ဖော်ဆောင်ရန် ကျောင်းသားသမဂ္ဂတခုကို လျှို့ဝှက်ဖွဲ့စည်းခဲ့ရာတွင် တခြားကျောင်းသားများနှင့်အတူ ကျနော်လည်းပါဝင်ခဲ့သည်။ ကျနော်၏ လုပ်ဖော်ကိုင်ဖက်ကျောင်းသားများ တယောက်ပြီး တယောက် အဖမ်းခံခဲ့ကြရသည်။

သို့ရာတွင် ကျနော်ကတော့ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလအထိ ကံကောင်းစွာ လွတ်မြောက်နေခဲ့သည်။ ထိုလတွင် အထိန်း သိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဗဲလ်ဆုချီးမြှင့်ခဲ့သည်။

ရာပေါင်းများစွာသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများစုဝေးပြီး နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွဲပြောင်းရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။

ထိုလှုပ်ရှားမှုတွင် ဆန္ဒပြကျောင်းသား ၆၀၀ ခန့် အဖမ်းခံခဲ့ကြရသည်။ ကျနော်ကိုယ်တိုင်လည်း စစ်ထောက်လှမ်းရေး အမှတ် (၆) နှင့် (၇)တို့တွင် စစ်ဆေးမေးမြန်း၍ ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံခဲ့ရပါသည်။ ကျနော့်ကို စစ်ဆေးမေးမြန်းခဲ့သည် မှာ ၁၀ ရက်တိတိ ကြာခဲ့သော်လည်း ဆယ်နှစ်တာကြာသည်ဟု ထင်ခဲ့ရသည်။

ထိုနောက် ကျနော့်ကို အင်းစိန်ထောင်ကိုပို့ကာ `အိုးဝေ´ သမဂ္ဂစာစောင် ထုတ်ဝေမှု အပါအ၀င် တခြားသော နိုင်ငံရေး လှုပ်ရှာမှုများအတွက် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခြင်း ခံခဲ့ရပါသည်။

ထောင်ထဲတွင် နေထိုင်ခဲ့ရသော ရှည်လျားလှသည့် ကာလအတွင်း စဉ်းစားသုံးသပ်ချိန် များစွာရခဲ့သည်။ ၁၉၈၈ ခုနှစ် ကတည်းက စခဲ့သည့် ကျနော့် လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်ဘာလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးခွန်း ပြန်ထုတ်ခဲ့သည်။

ဘာကြောင့် အဲဒီအလုပ်တွေကို လုပ်ခဲ့တာလဲ၊ နိုင်ငံရေး ရည်မှန်းချက်ကြောင့်လား၊ ဘာကြောင့် အဲဒီလို အန္ကရာယ်များတဲ့ အလုပ်ကို လုပ်ခဲ့ပြီး ဘ၀တခုလုံးပေးဆပ် ခဲ့ရတာလဲ၊ အခြေခံအကြောင်းရင်းက ဘာလဲ .. စသည် .. စသည်ဖြင့် .. ။

ဤတကြိမ်တွင် ရရှိသည့်အဖြေကလည်း အသစ်မဟုတ်ပြန်ပါ။ အမှန်တရားကို ရှာဖွေခြင်းဆိုသည့် အဖြေပင်ဖြစ်သည်။ သို့သော် ယခုတကြိမ်တွင်တော့ ကျနော့်အတွက် အဓိပ္ပာယ်ပိုရှိပြီး ပိုမိုနက်နဲ ကျယ်ပြန့်လာပြီ ဖြစ်သည်။ ယခုတကြိမ် ကျနော့်အတွက် `အမှန်တရား´ ဆိုသည်မှာ တရားမျှတခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ယုံကြည်ခွင့်၊ တရားဥပဒေရှေ့တွင်တန်းတူညီမျှခံစားခွင့် စသည့် ဒီမိုကရေစီ၏ အခြေခံအချက်များ ဖြစ်လာသည်။

သို့ပေမယ့် အခြေခံကျကျပြောရလျင် ထိုအချက်များသည်လည်း အမှန်တရားနှင့် ဆက်နွယ်လျက်ပင် ရှိနေပါသေးသည်။

ထောင်ထဲမှာ ၈ နှစ် နေခဲ့ရပြီးနောက် ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကျနော် ထောင်က လွတ်မြောက်လာခဲ့ပါသည်။ တနှစ်ကြာပြီးနောက် မြန်မာနိုင်ငံက ထွက်ခွာလာခဲ့ကာ ဧရာဝတီမဂ္ဂဇင်းတွင် သတင်းထောက်တဦးအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ပါသည်။ ကျနော့်အတွက်တော့ သတင်းလောကဆိုသည်မှာ နယ်ပယ်သစ် တခုသာ ဖြစ်သည်။

ထိုအချိန်တွင် သတင်းထောက်တဦး၏ ပထမဦးဆုံးတာဝန်မှာ အမှန်တရားကို ထုတ်ဖော်ရန်ဖြစ်သည် ဟု သိလိုက်ရ သည်။ ဤအချက်သည် လမ်းမပေါ်တွင် ဆန္ဒပြခဲ့သည့် ကျောင်းသားဘ၀နှင့် နိုင်ငံရေး အကျဉ်း သားဘ၀ကတည်းက ကျနော် ကိုင်စွဲသည့်တရားပင် ဖြစ်ပါသည်။

ဂျာနယ်လစ် တဦး လိုက်နာသင့်သော တခြားစည်းကမ်းများဖြစ်သည့် ပြည်သူများကို သတင်းမှန် ပေးနိုင်ရေး၊ နိုင်ငံသားများ အပေါ် သစ္စာရှိရေး၊ သတင်းမှန်ကန်မှုအတွက် အကဲဖြတ်နိုင်သည့် အခြေအနေရှိမှု၊ အာဏာရှိသူ .. သို့မဟုတ် နိုင်ငံရေး သမား၊ စီးပွားရေးလုပ်ငန်းရှင် စသူတို့၏ သြဇာမခံရေး၊ လွတ်လပ်သည့် သတင်းသမားဖြစ်ရေး၊ လွတ်လပ်ပြီး တရားမျှတ ဘက်မလိုက်သည့် သတင်းမီဒီယာအနေနှင့် လူ့အဖွဲ့အစည်းတခုလုံး၏ ချွတ်ယွင်းမှုများကို စောင့်ကြည့် ဖော်ထုတ်ပေးရေး စသည်တို့ကို လိုက်လျှောက်နိုင်ရန်လည်း အမှန်တရားက တွန်းအားတရပ်အဖြစ် ထိပ်ဆုံးတွင် ရှိနေသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကြီး နောက်ပိုင်းတွင် ထိုင်း၊ အိန္ဒိယ အပါအဝင် ပြည်ပနိုင်ငံများတွင် မြန်မာ သတင်း မီဒီယာများ ပေါ်ပေါက်ခဲ့သည်။ မြန်မာ သတင်းသမားများလည်း များပြားစွာ ပေါ်ထွက်ခဲ့ကြသည်။ ယခုအချိန်တွင် မြန်မာ မီဒီယာအဖွဲ့အစည်း ၂၀ ကျော်နှင့် အသံလွှင့်မီဒီယာ ၄ ခု၊ ရုပ်သံလွှင့်မီဒီယာ ၂ ခု ရှိနေပေပြီ။ ထိုအချက်က အားရစရာပင်ဖြစ်၏။

သို့သော် အရေးကြီးသည့် မေးခွန်းက ထိုသူတို့သည် သတင်းစာပညာ၏အခြေခံ ကျင့်ဝတ်များကို အမှန်တကယ် လိုက်နာကျင့်သုံးကြရဲ့လား၊ အမှန်တကယ် လေ့လာကြရဲ့လား၊ နားကောလည်ကြရဲ့လား ဆိုသည်ပင်ဖြစ်ပါသည်။

ထိုမေးခွန်းများကို မီဒီယာကွန်ဖရင့်သို့ တက်ရောက်နေသည့် သတင်းသမား ၁၀၀ ကျော်ကို မေးခွန်းထုတ်ဖြစ်ခဲ့သည်။

ယခုမေးခွန်းများက တက်ရောက်လာကြသည့် သတင်းသမားများသည် ၎င်းတို့၏ နယ်ပယ်အတွင်း မည်သည့် ပုံသဏ္ဍန်ဖြင့် ရပ်တည်နေကြသည်ကို ပြန်လည်ဆန်းစစ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဇန်န၀ါရီလက အသတ်ခံလိုက်ရသော သီရိလင်္ကာနိုင်ငံသား၊ ဆန်းဒေးလီဒါ(Sunday Leader)သတင်းစာ အယ်ဒီတာ လဆန်သာ ၀က်ခ်ရ မတ်တွန်ဂါ အကြောင်းကိုလည်း ကျနော် ထည့်သွင်း ပြောပြခဲ့သေးသည်။ ၀က်ခ်ရမတ်တွန်ဂါသည် သူအသတ် ခံရနိုင် သည်ကို သိခဲ့သော်လည်း ကြောက်ရွံ့ပြီး ပုန်းအောင်းမနေဘဲ သူအသတ်ခံရပါက ထုတ်ဝေရန် အက်ဆေး တပုဒ်ပင် ရေးထားခဲ့သည်။ သတင်းစာသမားတဦးအဖြစ် သူ၏ ယုံကြည်ချက်၊ တန်ဖိုးများနှင့် ခိုင်မာသည့် စိတ်ဓာတ်တို့ ပေါင်းစပ်ရာမှ ထိုသတ္တိကို ရရှိခဲ့သည်ဟု ကျနော် ယုံကြည်ပါသည်။

ကျနော်တို့ မြန်မာ သတင်းသမားများ ပြောလေ့ရှိသည်က မီဒီယာနှင့် သတင်းလွတ်လပ်ခွင့်၏ အဓိက ရန်သူမှာ စစ်အစိုးရဖြစ်သည်ဟူ၏။ သို့သော် အမှန်က သတင်းစာသမားများကိုယ်တိုင်ပင် ရန်သူ ဖြစ်သွားနိုင်ပေသည်။

ဤသည်မှာ ကျနော်တို့ အလုပ်၏ အထူး အရေးကြီးသော အချက် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ယုံကြည်အားထုတ်မှုမရှိ၊ လေ့လာမှုမရှိ၊ ကျင့်ဝတ်များကို လိုက်နာခြင်း မရှိသည့် သတင်းသမားတဦးမှာ သူ့အလုပ်၏ ရန်သူပင် ဖြစ်သည်။ မိမိ နယ်ပယ် အတွက် မိမိကိုယ်တိုင်ကပဲ အတားအဆီးတရပ် ဖြစ်သွားနိုင်ပါသည်။

အသံလွှင့်ဌာနများ အပါအ၀င် ပြည်ပတွင် အခြေစိုက်နေသည့် မြန်မာသတင်းမီဒီယာဌာနပေါင်း ၂၀ ကျော်မှ သတင်းသမား များမှာ အများအားဖြင့် နိုင်ငံရေးနယ်ပယ်မှ လာကြသူများ ဖြစ်ကြသည်။ နိုင်ငံရေးအဖွဲ့အစည်းမှ ထွက်ကာ သတင်းသမား ဘဝသို့ အသွင်ကူးပြောင်းလာကြသူများဖြစ်သည်။ သို့အတွက်ကြောင့် အတိုက်အခံနိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှား သူများကို ဝေဖန်သည့်အခါ မိမိကိုယ်တိုင် ကျင့်သုံးကြသော်လည်း စစ်အစိုးရကို ဝေဖန် သည့် အခါတွင် ဘယ်သောအခါမှ ဒုတိယအကြိမ် ပြန်လည်တည်းဖြတ်ခြင်း၊ ပြန်စဉ်းစားခြင်းများ ပြုလုပ်လေ့ မရှိပါ။

ထိုအချက်က သတင်းသမားများအနေနှင့် အခြေခံအကျဆုံးသော စည်းကမ်းချက်ကို လိုက်နာခြင်းမရှိကြောင်း ပြသ နေသလိုပင်။ အခြေခံစည်းမျဉ်းကို ချိုးဖောက်ပြီးသား ဖြစ်နေသည်။

အမှန်ဆိုရလျှင် ကျနော်တို့ သတင်းသမားများတွင်လည်း နိုင်ငံရေးသမားများကဲ့သို့ပင် တူညီသော ရည်မှန်းချက်ရှိ ကြပါ သည်။ ယင်းမှာ ဒီမိုကရေစီပင်ဖြစ်ပါသည်။ ထိုထက်ပို၍ပြောရလျင် ကျနော်တို့၏ ယုံကြည်ချက်မှာ တရားဥပဒေစိုးမိုး ရေး၊ တန်းတူညီမျှရေးနှင့် လွတ်လပ်ပွင့်လင်းမှုရှိသော မြန်မာ့လူ့ဘောင်သစ်တခုကို ဖန်တီးတည်ဆောက်ရန်ဖြစ်ပါသည်။

ထိုယုံကြည်ချက်အတွက် ပေးဆပ်ရမှုကလည်း နိုင်ငံရေးသမားများထက် လျော့ကျခြင်း မရှိပါ။ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူများသည် စစ်အစိုးရကိုဆန့်ကျင် ဆန္ဒပြခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ထဲဝင်ကြရသကဲ့သို့ သတင်းစာ သမားများသည်လည်း ပြည်သူများခံစားနေရသောဒုက္ခများကို မီးမောင်းထိုးပြပေးခြင်း၊ သတင်းမှန်များ ရေးသားခြင်းတို့ကြောင့် နိုင်ငံရေးသမားများနည်းတူ ထောင်နန်းစံကြရပါသည်။

ထို့ကြောင့် သတင်းစာ ဆရာများသည်လည်း မြန်မာနိုင်ငံ၏ အနာဂါတ်ကိုပုံဖော်ရာတွင် ပါဝင်နေသူများ၊ တိုင်းပြည်အတွင်း တွင် အပြောင်းအလဲဖြစ်စေရန် ဖန်တီးသော သူများပင်ဖြစ်သည်ကို သူတို့ ကိုယ်တိုင်နားလည်သင့်သည်။

သို့သော်လည်း ထိုပန်းတိုင်သို့ အမှန်တကယ် ရောက်ရှိစေရေးအတွက် ကျနော်အပါအ၀င် သတင်းစာသမားတိုင်းက မိမိနယ်ပယ် တွင် ပိုမို၍ ကျွမ်းကျင်မှုရှိရန် စဉ်ဆက်မပြတ် လေ့လာသင်ယူ နေရမည်ဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်း၏ ရည်ရွယ်ချက်သည်လည်း တနေ့နေ့တချိန်ချိန်တွင် မြန်မာပြည်တွင်းသို့ပြန်ကာ ကျနော်တို့၏ ယုံကြည် ချက်များကို သယ်ဆောင် အကောင်အထည်ဖော်ရေးပင် ဖြစ်သည်။ ဧရာဝတီနှင့်အတူ ကျွမ်းကျင်မှုများနှင့် ပြည့်စုံနေသော၊ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသော လုပ်ဖော် ကိုင်ဖက်များလည်း အတူတွဲလျှက်ရှိနေမည်ကို မြင်ယောင်မိသည်။

ရှေ့လာမည့်ခရီးလမ်းတွင် အန္တရာယ် ကြီးမားသည့် အခက်အခဲများ၊ အတားအဆီးများ မလွဲမသွေ ရှိနိုင်သော်ငြားလည်း ကျနော်တို့၏ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်မည့် နေ့ကို မြင်တွေ့လိုလှပါသည်။

မင်းနိုင်သူက ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။



မင်းနိုင်သူ / ဧပြီလ(၃) ရက်၊ ၂၀၀၉
(ပြီးခဲ့သည့် လွတ်လပ်ရေးနေ့တွင် အန်အယ်လ်ဒီမှ ကြေညာချက်အမှတ် (၁/၀၁/၀၉) ကို ထုတ်ပြန်ကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်သူ့လွှတ်တော် အမြန်ဆုံးခေါ်ယူ ဖွဲ့စည်းပေးရန်၊ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့အား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ၈၈ မျိုးဆက်ကျောင်းသားများပြန်လွှတ်ပေးရန် စသည့်တောင်းဆိုချက်များပါသည့် တောင်းဆိုချက် (၇) ရပ်ကို ထုတ်ပြန်ခဲ့ပြီး လူထုကိုလည်း ပူးပေါင်းပါဝင်ကြရန် ပန်ကြားခဲ့သည်။

ယင်းသို့ထုတ်ပြန်ပြီး နှစ်လတာအတွင်း မည်သည့်အတိုင်းအတာအထိ သက်ရောက်မှုရှိနေပြီဆိုသည်ကို ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူက အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။)

မေး။ ။ ဇန်န၀ါရီ (၄) ရက်က အန်အယ်လ်ဒီပါတီဘက်ကနေ ကြေညာချက်အမှတ် ၁/၂၀၀၉ ကိုထုတ်ပြန်ပြီး အချက် (၇) ချက် တောင်းဆိုခဲ့ပါတယ်ခင်ဗျ။ ဒီတောင်းဆိုမှုတွေကိုလည်း လူထုကို ထောက်ခံဖို့ မေတ္တာရပ်ခံထားတာလည်း ရှိပါတယ်။ လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေလည်း စခဲ့ပါတယ်။ အခု ဒီတောင်းဆိုမှုဟာ နှစ်လရှိခဲ့ပြီဆိုတော့ လူထုရဲ့ ထောက်ခံမှုက ဘယ်လိုရှိပါသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ အဲဒါလုပ်တုန်းပဲဗျ။ မမှန်သေးဘူးဗျ။ တချို့ဟာတွေက မပို့နိုင်သေးဘူး။ ကျနော်တို့် CEC ကို တက်မလာသေးဘူး။ လူငယ်တွေက လုပ်နေတာဗျ။ နယ်တွေမှာတော့ တော်တော်များများတော့လုပ်ကြတယ်။ တချို့နယ်တွေမှာဆိုရင် ငါးထောင်လောက်စုမယ်ဆိုပြီး လုပ်တဲ့ဟာတွေရှိတယ်။ ဆိုတော့ အဲဒါတော့ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ ကျနော်တို့ကောင်းကောင်းတော့မသိဘူးဗျ။ ဒါကို လူငယ်ကို လုံးဝလွှဲထားလိုက်တာကိုး။ လူငယ်ရဲ့ movement လိုဖြစ်နေတာပေါ့။ သူတို့ဆီမှာပဲ စာရင်းအင်းတွေရှိတယ်။

မေး။ ။ ကျနော်တို့ကြားသိရသလောက်ပေါ့လေ။ တချို့နယ်တွေမှာတော့လည်း ဒီလက်မှတ်ရေးထိုးလှုပ်ရှားမှုတွေကို မသိကြဘူး။ မြို့နယ်ထဲမှာလည်း မကြားမိပါဘူးဆိုပြီး ပြောနေကြတာတွေရှိပါတယ်။ ဆိုတော့ လုပ်နိုင်မှုအတိုင်း အတာ ဘယ်လောက်ထိရှိပါသလဲခင်ဗျ။

ဖြေ။ ။ အဲဒါ လုပ်တော့လုပ်နေကြပါတယ်။ အဖွဲ့အစည်းထဲမှာ တချို့လူတွေက သိပ်ပြီးမလုပ်ချင်တဲ့ဟာတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ထပ်ပြီးတော့ မေးတော့ မေးပါမယ်ဦးဗျာ။ အခုဟာက လူငယ် movement အနေနဲ့ လူငယ်တွေကို လွှဲပေးထားတာကိုး။ CEC ကို သူတို့က မတင်သေးဘူးလေ။ ကျနော်တော်ထင်တယ်ဗျာ။ အခုကိစ္စကတော့ တချို့နယ်တွေမှာလည်း စိုးရိမ်စိတ်တွေ ရှိနေကြတယ်ဗျ။ ဒါကြောင့် ခင်များတို့မေးလိုက်တဲ့ လူတချို့က လှီးလွဲပြီး ပြောလိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူငယ်ကတော့ လုပ်တော့လုပ်နေတယ် ဗျ။ တချို့နေရာတွေမှာတော့ တော်တော်ထက်ထက်သန်သန်လုပ်တယ်ပေါ့ဗျာ။ တချို့နေရာတွေမှာတော့ လျော့တယ်ပေါ့။ ဒီလိုလည်း ရှိမှာပေါ့။

မေး။ ။ ဟုတ်ကဲ့ ။ ဒီလိုလက်မှတ်ကောက်ယူမှုတွေ လုပ်ပြီးတဲ့အခါမှာ ဒီဟာတွေကို အန်အယ်လ်ဒီဘက်က ဘယ်လိုစီမံသွားမှာပါလဲ ခင်ဗျ။

ဖြေ။ ။ နောက်ဆုံးမှာ ကုလသမဂ္ဂကို ပို့မယ်လို့ ရည်ရွယ်ထားတယ်ခင်ဗျ။ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ဆိုတာ ခဏခဏတောင်းဆိုခဲ့တဲ့ဟာ။ နိုင်ငံအတော်များများကလည်း တောင်းဆိုနေတဲ့ဟာ။ ဆိုတော့ ဒီကိစ္စကတော့ရှိနေမှာပဲဗျ။ ဒီကိစ္စဟာ အခုမှစတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ဘူး။ လူငယ်တွေလည်း လုပ်ငန်းရှိအောင်၊ လူငယ်လှုပ်ရှားမှုတွေလည်း လုပ်ပါစေဆိုပြီး ကျနော်တို့က တိုက်တွန်းလိုက်တာ။ တကယ်တော့ ကျနော်ထင်တယ်။ ပြည်တွင်းမှာလည်း ဒီကိစ္စလုပ်ရတာ အခက်အခဲရှိတယ်။ နယ်တွေမှာလည်းဗျာ လူထုကို ခြိမ်းခြောက်မှုတွေ၊ ကန့်သတ်မှုတွေ၊ အကျပ်ကိုင်မှုတွေက တော်တော်များတယ်ဗျာ။ တော်တော်ကို ပြင်းထန်တယ်ဗျာ။ အခုလို ရွေးကောက်ပွဲနီးလာချိန်မှာ သူတို့ဟာသူတို့လုပ်ပါစေ။ အစိုးရက ကြားနေမယ်ဆိုတာမျိုး ဆိုရင်တော့ တမျိုးဗျ။ အခုဟာ သူတို့ကိုယ်တိုင်ကနေပြီးတော့ (၂၅) ရာခိုင်နှုန်း ယူထားရုံတင်မကသေးဘူး ပြိုင်ဘက်ပုံစံမျိုးလုပ်နေတော့။ ပြည်တွင်းမှာ အကျပ်အတည်းတွေက ပိုများလာတယ်ဗျ။ ဗိုလ်သန်းရွှေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ခြိမ်းခြောက်တာ။ နိုင်ငံရေးသမားတွေကို ခြိမ်းခြောက်တာ။ အပြတ်ပြောတဲ့ပုံစံမျိုးတွေ ပြောလာတဲ့အခါကျတော့ လူထုကြားထဲမှာ တော်တော်ကို ခက်တဲ့ အနေထားမျိုးတွေ ဖြစ်တယ်။ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ နောက်ပိုင်း သူတို့ကပါဝင်ပတ်သက်ရတော့မယ့် လူတွေမဟုတ်ဘူးဗျ။ မပါဝင်မပတ်သက်ရင် တမျိုးပေါ့။ အခုဟာ သူတို့က (၂၅) ရာခိုင်နှုန်းယူထားတဲ့အပြင် ပါဝင်ပတ်သက်တဲ့လူ။ အခု သူတို့ပါတီတွေ ထောင်ကြမယ်ဗျာ။ နောက်တခါသူတို့ရဲ့ တသီးပုဂ္ဂလအင်အားတွေကို စုနေတယ်ဗျာ။ ဆိုတဲ့အခါကျတော့ နိုင်ငံရေးကို ဘက်ပေါင်းစုံကနေ ထိုးနေတာဗျ။ အဲဒါတွေအတွက်လည်း လှုပ်ရှားမှုတွေအတော်များများ သူတို့က လုပ်တယ်ဗျ။ ကျနော့်အထင်တော့ တပြည်လုံးအတိုင်းအတာနဲ့ အကြီးအကျယ်လုပ်ဖို့ဆိုတာထက် တိုင်းနဲ့ ပြည်နယ်တွေမှာ group လိုက် group လိုက် ပါတီတွေထောင်ဖို့ လုပ်မယ်။ အဲဒီပါတီလေးတွေက တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ စည်းရုံးနိုင်အောင် လုပ်မယ်။ နောက်တခုကတော့ တသီးပုဂ္ဂလတွေကို စည်းရုံးပြီးတော့ တသီးပုဂ္ဂလတွေကို ပါတီဝင်ခိုင်းတာတွေလုပ်မယ်။ ဟိုတနေ့ကကြားလိုက်ပါတယ် UMFCCI က လုပ်ငန်းရှင်တွေကို နိုင်ငံရေးနဲ့ ပါဝင်ပတ်သက်ခြင်းမပြုရဆိုတဲ့ စည်းမျဉ်းတွေ၊ constitution တွေကိုလည်း သူတို့ ပြင်လိုက်ပြီဗျ။ အဲဒီလို တသီးပုဂ္ဂလတွေကို လုပ်ခြင်းအားဖြင့်ပေါ့ဗျာ။ စီးပွားရေးသမားတွေ၊ ရပ်မိရပ်ဖတွေကို အတိုက်အခံအင်အားစုဘက် ယိုင်မသွားအောင် သူတို့က သိမ်းကျုံးသွင်းနေတာဗျ။ ဆိုတော့ ကျနော်ပြောချင်တာက ပြည်တွင်းမှာ တော်တော်ကို ကျပ်တည်းတယ်ဗျ။ စောစောက လက်မှတ်ထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် နယ်တွေမှာလည်း ခြိမ်းခြောက်မှု တွေရှိတယ်။ ဒါတွေကိုသူတို့မကြိုက်ဘူး။ ဒီလက်မှတ်ထိုးတဲ့ campaign မျိုးကို သူတို့က တော်တော်ကို မကြိုက်တာပါ။ နယ်တွေမှာလည်း အကျပ်အတည်းကြားက လုပ်နေကြပါတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ အာဏာပိုင်တွေဘက်က ဒီလိုဖိနှိပ်မှုတွေကလည်း ရှိနေတယ်ပေါ့လေ။ တဘက်မှာကလည်း ကျနော်တို့ ကြားသိရသလောက်က လူထုစီးပွားကျဆင်းလာနေပါတယ်။ လူထုကြားထဲမှာ အစိုးရအပေါ် မကျေနပ်ချက်တွေကလည်း များနေပါတယ်။ ဒီလိုအချိန်မှာ အန်အယ်လ်ဒီဘက်က လူထုအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ဦးဆောင်မှုတွေ ပေးနိုင်မလဲခင်ဗျ။

ဖြေ။ ။ ဒီလိုရှိတယ်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သာမန်အားဖြင့် ပြောမယ်ဆိုရင် ဒီလိုအချိန်မျိုး လူထုအတွင်းမှာ မကျေနပ်မှုတွေ များနေချိန်မျိုးမှာ နိုင်ငံရေးအဖွဲ့အစည်းတခုဟာ လှုံ့ဆော်၊ လှုပ်ရှားတဲ့ ပုံစံမျိုးနဲ့ သွားဖို့ ကောင်းတယ် ပေါ့ဗျာ။ သို့သော် ဖြစ်နေတာက အန်အယ်လ်ဒီအနေနဲ့က အဲလိုလုပ်လို့က ရနိုင်တဲ့ အနေအထားမှာ မရှိဘူးဗျ။ လူထုမှာ ပိုပြီးတော့ ဒုက္ခရောက်မယ်။ အဖွဲ့အနေနဲ့ တော်တော်လှုပ်ရှားရတာခက်ပါတယ်။ အန်အယ်လ်ဒီမှာရှိတဲ့ ခေါင်းဆောင်ပိုင်းကလည်း policy-making approach လို့ ခေါ်တာပေါ့ဗျာ။ ဒီပုံစံနဲ့ ကုလသမဂ္ဂကိုပြောမယ်။ အခါအားလျော်စွာပေါ်ပေါက်လာတဲ့ နေ့တွေမှာ တောင်းဆိုချက်တွေထုတ်တာ။ ဒီလိုဟာတွေပဲများနေတယ်။ တကယ့်ကို activity ဖြစ်တဲ့ လူထုကြားထဲ တိုးဝင်ပြီးတော့ လူထုကို လှုံ့ဆော်လှုပ်ရှားတဲ့ approach မျိုးက တော်တော်ကို အားနည်းတယ်ဗျာ။ ကျနော့်သဘောကတော့ အဲလိုလှုပ်ရှားရတာ ၀ါသနာပါလည်းပါတယ်။ လုပ်လည်းလုပ်ချင်တယ်ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ နောက်ထပ်အချိန်သိပ်မရှိဘူး။ ကျနော်တို့မှာ policy-making ပုံစံနဲ့ ဆက်သွားဖို့ဆိုတာလည်း ကုန်နေပြီဗျ။ လက်ကုန်နှိုက် ပြီးပြီ။ ဘာမှ သိပ်မထူးခြားဘူး။ ဥပမာဆိုပါတော့ အခါအားလျော်စွာပေါ်လာတဲ့ အမေရိကန်ရဲ့ change လိုဟာမျိုး အဲလိုဟာမျိုးလောက်ပဲကြည့်ပြီး တော့ ကျနော်တို့က တိုက်တွန်းဖို့ လှုံ့ဆော်ဖို့ ဒီလောက်ပဲရှိတယ်။ ဒီလို တိုက်တွန်းနေရုံနဲ့ အခါအားလျော်စွာ တောင်းဆိုချက်တွေထုတ်နေရုံနဲ့တော့ သိပ်မထူးဘူးလို့ ကျနော့်သဘောအရတော့ မြင်တယ်ပေါ့ဗျာ။ သို့သော် ခက်တာက အဖွဲ့အစည်းရဲ့ ပုံသဏ္ဌာန်ဆိုတာက အဖွဲ့အစည်းမှာ အများရဲ့ဆန္ဒကို လွန်ဆန်လို့မရဘူးလေ။ အများနဲ့ ညှိနှိုင်းပြီးလုပ်ကြရတာလေ။ ကျနော်တို့ကတော့ တိုက်တွန်းနေတယ်။ နည်းနည်းတော့ ကျနော်တို့ရဲ့ လုပ်ငန်းတွေ က dynamic ဖြစ်ဖို့ကောင်းတယ်။ dynamic ဖြစ်ဖို့ တိုက်တွန်းနေပေမယ့်လို့ ကျနော်ကိုယ်တိုင်ကလည်း အသက် (၈၀) ဖြစ်နေတဲ့အခါကျတော့ ကျနော်ကိုယ်တိုင်ကလည်းပဲ သိပ်ထက်ထက်သန်သန်ကြီး ဦးဆောင်နိုင်တဲ့ အနေအ ထားမှာမရှိတာတော့ အမှန်ပဲဗျ။ သို့သော် ကျနော်လူကြီးတွေကိုလည်း တိုက်တွန်းနေတဲ့အခါမှာ သူတို့ကလည်း သူတို့ဘက်ကနေ ကျနော်တို့မသိတဲ့ နှစ်ပေါင်းနှစ်ဆယ်လောက် ကာလ အတွေ့အကြုံတွေ ဘာတွေပြောပြတယ်ပေါ့ ဗျာ။ ဆိုတော့ကာ သူတို့ကလည်း ဒီသူတို့တွေ့ကြုံထားရတဲ့ အတွေ့အကြုံခွင်ထဲက မထွက်ချင်ဘူး။ ကျနော်တို့က လည်း ဘယ်လိုဖြစ်လဲဆိုတော့ တိုက်ပွဲခွင်ထဲ ၀င်ချင်တယ်ပေါ့ဗျာ။ အဲလို အနေအထားမှာရှိတယ်ဗျ။ အဲဒါကို အစိုးရကနေ အမှန်အတိုင်းပြောရရင် ကျနော်တို့ကို လွှတ်လိုက်တာဟာ ကျနော်ထင်တယ် အန်အယ်လ်ဒီဘက်မှာ အကွဲအပြဲဖြစ်အောင် လုပ်ချင်တဲ့ သဘောရှိပုံပေါ်တယ်ဗျ။ စေတနာလေးရှိပုံပေါ်တယ်။ ဒါမို့ ကျနော်တို့က စိတ်ထိန်းရတယ်။ တတ်နိုင်သမျှ စိတ်ထိန်းပြီးတော့ ဒီလူကြီးတွေပေါ့ဗျာ။ သူတို့မှာလည်း အတွေ့အကြုံရှိပါတယ်။ သူတို့အတွေ့အကြုံတွေကလည်း အဖိုးတန်တယ်လို့လည်း ပြောနိုင်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်လောက် အခက်အခဲ တွေကြားက ရပ်ခဲ့ကြရတာကိုး။ သူတို့တွေ စဉ်းစားနိုင်သလို ကျနော်တို့လည်း စဉ်းစားနိုင်ပါတယ်။ ကျနော်တို့လည်း စစ်ဗိုလ်မှ မဟုတ်ဘဲကိုး။ ကျနော်တို့လည်း သတင်းစာမှာလုပ်လာခဲ့တဲ့အတွက် နိုင်ငံရေးအနုစိတ်ကိစ္စများမှာ စဉ်းစားနိုင်တဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ သို့သော် တဘက်မှာလည်း တိုင်းပြည်မှာ ဒီလိုငြိမ်ခံနေလို့တော့ မဖြစ်ဘူးဆိုပြီးတော့လည်း ကျနော်တို့က ယူဆတယ်ပေါ့ဗျာ။ အခုလက်ရှိ အန်အယ်လ်ဒီရဲ့ အနေအထားက လုပ်ဖို့ကောင်းတာက အခုခင်များတို့ မေးသလိုပေါ့ဗျာ။ လူထုကို ဦးဆောင်နိုင်ဖို့လိုတယ်။ လှုံ့ဆော်နိုင်ဖို့လိုတယ် ဆိုတာမျိုးတွေ လုပ်ဖို့ကောင်းတယ်။ အန်အယ်လ်ဒီဟာ တစုံတရာဦးဆောင်မှုပေးနိုင်ရမယ်။ ဒါကတပိုင်း။ တပိုင်းကလည်း နိုင်ငံရေးအနုစိတ်ကလေးတွေပေါ့ဗျာ။ အမေရိကန်ရဲ့ ပုံသဏ္ဌာန်။ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အရွေ့အလျား၊ အီးယူရဲ့ အယူအဆ ဒီလိုဟာတွေနဲ့ ဆက်စပ်ပြီး သံခင်းတမန်ခင်း ပုံသဏ္ဌာန်မျိုးနဲ့ ဦးဆောင်ဖို့ ဆိုတဲ့ဟာလည်းရှိတယ်။ အဲဒီနှစ်ခုကြားထဲမှာ ကျနော်တို့ ဘာလုပ်မလဲဆိုတဲ့အနေအထား ဖြစ်နေတာ ပေါ့ဗျာ။ ကောင်းပြီ ကျနော်တို့ ဦးဆောင်ပြီဟေ့ တခုခုလုပ်ကြပြီဟေ့ဆိုလည်း ကျနော်တို့ အောက်ခြေအဖွဲ့အစည်းက အားနည်းနေတယ်ဗျ။ တပြည်လုံးအခြေအနေ ခြုံကြည့်တဲ့အခါကျတော့ ကျနော်တို့က အောက်ခြေတွေမရှိဘူးဗျ။ အခုဟာ ခေါင်းပိုင်းတင် ရှိပြီးတော့ ခေါင်းပိုင်းမှတကယ့်ခေါင်းပိုင်း၊ တနေ့မှ ရုံးထဲမှာ လူငါးဆယ်လောက် ၀င်ထွက်သွားလာနေကြတာပေါ့ဗျာ။ ဆိုတဲ့အခါကျတော့ လူထုကို ဦးဆောင်မှုပေးတယ်ဆိုတာ ရှင်းရှင်းပြောရရင် အောက်ခြေအဖွဲ့တွေရှိမှသာ စည်းရုံးပြီးသားဖြစ်မှသာ လုပ်နိုင်တဲ့ အနေအထားကိုးဗျ။ ရန်ကုန်မြို့ တခုတည်းတင် CEC တချို့လေးတင် ထအော်နေလို့ မရဘူးလေ။ ကျနော်တို့မှာလည်း အဲလိုမျိုး ချိန်ရတာမျိုးလေးတွေ ရှိတယ်ဗျ။ သို့သော် တခုရှိတာက ကျနော်တို့ကလည်း တိုက်တွန်းထားတာပဲဗျာ။ လူထုကိုယ်တိုင်က အလုပ်လုပ်ကြပါ။ ကျနော်တို့ကလည်း လူထုကို အားကိုးတယ်ဆိုပြီး ထုတ်ပြောတဲ့ဟာတွေ ရှိပါတယ်။ ဆိုတော့ ဒီအခြေအနေဟာ တကယ့်ကို ဆိုးတာလည်း အမှန်ပဲဗျာ။ စီးပွားရေးဟာ တကယ့်ကို ဆိုးတဲ့ အခြေအနေမှာ ရောက်နေတာလည်း အမှန်ပဲဗျ။ အခုဟာက center point ကိုရောက်နေတယ်။ အခြားဘက်များကူးလာရင်တော့ အုံကြွဖို့ဆိုတာ ဖြစ်နိုင်တယ်။ သို့သော် အုံကြွဖို့ဆိုတာ ဦးဆောင်မှုကဏ္ဍပါရမယ်ဗျ။