Sunday, April 5, 2009
ပြည်ပသတင်း
Khitlunge
မြောက်ကိုရီးယား ဒုံးပျံ အရေး လုံခြုံရေးကောင်စီ မဆုံးဖြတ်နိုင်သေး
06 April 2009
မြောက်ကိုရီးယား နိုင်ငံ ဒုံးပျံ စမ်းသပ် ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွင်းမှာ မနေ့က အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြပေမယ့် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခဲ့ခြင်း မရှိပါဘူး။
သုံးနာရီကြာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ မက်ခ်ဆီကို နိုင်ငံ သံအမတ်ကြီး Claude Heller က မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ ဘယ်လို တုန့်ပြန်မလဲဆိုတာ အဖွဲ့ဝင်နိုင်ငံတွေအကြား ပိုပြီး ဆွေးနွေးညှိ့နှိုင်းဖို့ သဘောတူခဲ့ကြတဲ့အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ဂျပန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကတော့ မြောက်ကိုရီးယားအပေါ် လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက် အသစ်တရပ် ချမှတ်စေချင်ကြပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Yukio Takasu ကတော့ မြောက်ကိုရီးယားအပေါ် တုန့်ပြန်မှုဟာ တိကျပြီး၊ ခိုင်မာဖို့ လိုသလို အားလုံး တညီတညွတ်တည်း အရေးယူတာမျိုး ဖြစ်ရမယ်လို့ ပြောဆိုပါတယ်။ ဒီလို မဟုတ်ရင် ကိုယ့်ဘက်က အကြောင်းကြားချင်တဲ့ သဘောထားကို မြောက်ကိုရီးယားက တမျိုး နားလည်သွားနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Susan Rice ကတော့ ဒီ ဒုံးပျံ ပစ်ခတ်လိုက်တာဟာ ဗြောင် အတိအလင်း ချိုးဖေါက်မှု တခုဖြစ်တယ်လို့ ပြောဆိုပါတယ်။
နိုင်ငံအားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့နဲ့ တင်းမာမှုတွေ ပိုများစေမဲ့ အရေးယူမှုတွေကို ရှောင်ရှားဖို့ တရုတ် သံအမတ်ကြီး Zhang Yesui က တိုက်တွန်းထားပါတယ်။
အမေရိကန် အလုပ်လက်မဲ့နှုန်း ပိုတိုးလာနိုင်
06 April 2009
အမေရိကန် နိုင်ငံမှာ အလုပ်လက်မဲ့နှုန်း ၈.၅ ရာခိုင်နှုန်း ရှိနေရာကနေ ဒီထက်ပိုလာဖို့ ရှိလာပေမဲ့ အမေရိကန် နိုင်ငံမှာရော၊ တခြား နိုင်ငံတွေ မှာပါစီးပွားရေး ပြန်လည် နလန်ထူလာဖို့ လမ်းကို ဆက်ပြီး လျှောက်နေကြဖို့ လုပ်ပါတယ်လို့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး တင်မိုသီ ဂိုဏ်နာက ပြောပါတယ်။ တနင်္ဂနွေနေ့ စီဘီအက်စ် ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန် နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ အမြင့်ဆုံးကို ရောက်နေတာကို တွေ့ရပြီး ကုမ္ပဏီ လုပ်ငန်းတွေက အလုပ်သမားတွေ ကို ပြန်ငှားလာပြီး နောက်ပိုင်းမှာမှ စီးပွားရေး အပြောင်းအလဲတွေ စလာနိုင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အမေရိကန် စီးပွားရေး ပြန်တိုးတက်လာမယ့် အရိပ်အရောင်လဲ တွေ့ရပါတယ်လို့ ဆိုပါတယ်။ ဥပမာ အားဖြင့် အိမ်ချေးငွေ အတိုးနှုန်းကို ထောက်ပြခဲ့ပြီး ဒါဟာ မကြုံဘူးအောင် နိမ့်ကျနေတယ်လို့ ဆိုပါတယ်။ အိမ်မြေဆိုင်ရာ အကြီးအကဲတွေ ဖြစ်တဲ့ ဖန်နီမေးနဲ့ ဖရပ်ဒီ မက်တို့ အပြင် အာမခံ ကုမ္မဏီကြီးဖြစ်တဲ့ အေအိုင်ဂျီကုမ္ပဏီတွေကို အစိုးရ ကိုယ်တိုင်က စီမံမှုဆိုင်ရာတွေမှာ ၀င်ရောက် ပြုပြင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် သမ္မတ အိုဘားမားရဲ့ ဂျီအမ် ကားကုမ္ပဏီ ဥက္ကဌ အကြီးအကဲ ထွက်ပေးဖို့ ဆုံးဖြတ်ချက်ဟာလည်း ဒီကုမ္ပဏီကြီးရဲ့ စီမံခန့်ခွဲမှု အဆောက်အဦကို ပြန်ပြုပြင်ပေးဖို့ ကြိုးစားမှုတရပ်ဖြစ်တယ်လို့ မစ္စတာ ဂိုဏ်နာက ခုခံ ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ အိုဘားမား အင်္ဂလန်နိုင်ငံ စာပေဆုရရှိ
Saturday, April 04, 2009 7:00 AM
အင်္ဂလန်နိုင်ငံ စာပေဆုပေးပွဲတွင် (British Book Awards) ကိုယ်ရေးအထုပတ္တိကဏ္ဍ၌ အမေရိကန်သမ္မတရေးသားသော ငယ်ဘ၀ မှတ်တမ်းဖြစ်သည့် “အဖေပေးသောအိမ်မက်( Dream from My father) ” စာအုပ်ကထူးချွန်ဆုဆွတ်ခူးသွားခဲ့သည်။ ၎င်းပြင် တစ်နှစ်တာ အကောင်းဆုံးစာရေးသူ ကဏ္ဍတွင်လည်း မစ္စတာ အိုဘားမား၏ နိုင်ငံရေးယုံကြည်ချက်ကို ဖော်ထုတ်ပြသသော “ရဲရင့်သောမျှော်လင့်ချက် (The Audacity of Hope) ”စာအုပ်က ဒုတိယဆု ဆွတ်ခူးရရှိခဲ့သည်။ (ဘီဘီစီ)
(၄၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ဦးမြင့်သိန်း
အမေရိကန်နိုင်ငံ ဘာမင်ဂန်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ပစ်ခတ်မှုဖြစ်ပွား
Saturday, April 04, 2009 7:00 AM
အမေရိကန်နိုင်ငံ နယူးယောက်ပြည် ဘာမင်ဂန်မြို့ လူဝင်မှုကြီးကြပ်ရေးရုံးတွင် နိုင်ငံသားဖြစ်ရေးအတွက် စောင့်ဆိုင်း စစ်ဆေးမှုခံယူနေကြသော လူများအတွင်းသို့ ဗီယက်နမ် - အမေရိကန်စပ် အသက် ၂၀ အရွယ် လူငယ်တစ်ဦးသည် လက်နက်များကိုင်ဆောင်၍ အဆောက်အဦတွင်းသို့ အတင်းအဓမ္မ၀င်ရောက်ပြီး ၀န်ထမ်းနှစ်ဦးအား ပစ်သတ်ခဲ့သည်။ ထို့နောက် လူအုပ်အတွင်းသို့ ဆက်လက်ပစ်ခတ်ရာ လူ ၁၃ ဦးသေဆုံး၍ လူ ၃၀ ခန့်ဒဏ်ရာရပြီးလျှင် လေးဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ်ကုသမှုပြုခဲ့ရသည်။ နောက်တွင် ၎င်းကိုယ်၎င်း အဆုံးစီရင်သွားခဲ့သည်။(ဘီဘီစီ)
(၄၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။ဦးမြင့်သိန်းဂြိုဟ်တုလွှတ်တင်ရန် မြောက်ကိုရီးယားအသင့်ပြင်
Saturday, April 04, 2009 7:00 AM
မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပစ်စင်မှ ဒုံးပျံတစ်စင်းသည် ဆက်သွယ်ရေးဂြိုဟ်တုတစ်ခုအား လွှတ်တင်ရန် အဆင်သင့်အခြေအနေဖြစ်သည်ဟု KCNA သတင်းဌာနက ထုတ်ပြန်ကြေငြာသည်။ ဧပြီလ ၄ရက်နှင့် ၈ ရက်တွင် ဒေသစံတော်ချိန် ၁၁း၀၀ မှ ၁၆း၀၀ နာရီအတွင်း ရာသီဥတု ကောင်းမွန်သောအချိန်တွင် ပစ်လွှတ်မည်ဟု သတင်းဌာနများက ဖော်ပြသည်။ ယင်းပစ်လွှတ်မှုကို အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကဂရုတစိုက်စောင့်ကြည့်လျက်ရှိကြသည်။ (ဘီဘီစီ)
(၄၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။ဦးမြင့်သိန်း။ထိုင်းအစိုးရနှင့် ဆွေးနွေးရန် သက်ဆင်ငြင်းဆို
Saturday, April 04, 2009 7:00 AM
ထိုင်းနိုင်ငံ အရေးကြီးနေရာများတွင် ဆန္ဒပြလျက်ရှိသော အင်္ကျီနီများကိစ္စ ဖြေရှင်းရန်အတွက် ယခင်ဝန်ကြီးချုပ် သက်ဆင်နှင့် ညှိနှိုင်းဆွေးနွေးရန် လက်ရှိဝန်ကြီးချုပ်၏ ကမ်းလှမ်းချက်ကို သက်ဆင်က အဓိပ္ပါယ်မရှိဟုအကြောင်းပြ၍ ပယ်ချခဲ့သည်။ ၎င်းပြင် ၉ ရက်ကြာ ဆန္ဒပြမှုများကို ပိုမိုတိုးချဲ့၍ နိုင်ငံတလွှား၌ ဧပြီလ ၈ ရက်နေ့တွင် အကြီးအကျယ် ဆန္ဒပြရန် သက်ဆင်က နှိုးဆော်လိုက်သည်။ ထို့ပြင် လက်ရှိဝန်ကြီးချုပ် နုတ်ထွက်၍ ရွေးကောက်ပွဲအသစ်များကျင်းပရန် တောင်းဆိုလိုက်သည်။ အနာဂတ်တွင် ပေါ်ပေါက်လာနိုင်သော ပြဿနာများအတွက် အစိုးရအဖွဲ့အနေဖြင့် မည်သည့်အခါမျှ အပေးအယူပြုလုပ်မည် မဟုတ်ကြောင်း အစိုးရအဖွဲ့မှ ကြေငြာသည်။ (အေအက်ဖ်ပီ)
(၄၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ဦးမြင့်သိန်း။တမီလ်ကျားတို့၏ အချက်အချာမြို့ အန္တပူရမ် အစိုးရတပ်များသိမ်း
Saturday, April 04, 2009 7:00 AM
သီရိလင်္ကာ အစိုးရတပ်ဖွဲ့များသည် တမီလ်ကျားသူပုန်များ၏နောက်ဆုံးလက်ကျန်နယ်မြေအတွင်းသို့ ကြာသပတေးနေ့က အင်အားဖြင့်ထိုးစစ်ဆင်ခဲ့ရာ သူပုန်တို့၏ ပို့ဆောင်ဆက်သွယ်ရေး ဌာနချုပ်ဖြစ်သည့် အန္တပူရမ်မြို့ကို သိမ်းပိုက်ရရှိခဲ့သည်။ သူပုန်အဖွဲ့ခေါင်းဆောင်နှစ်ဦးအပါအ၀င် လူ ၄၄ ဦး ကျဆုံးခဲ့သည်။ သောကြာနေ့က အမရာခရိုင်တိုက်ပွဲတွင် သူပုန် ၁၃ ဦး ထပ်မံကျဆုံးသည်။ သူပုန်တပ်ဖွဲ့များသည် စတုရန်းကီလိုမီတာ ၂၀ကျယ်သော နယ်မြေအတွင်းတွင် လှုပ်ရှား၍ အစိုးရတပ်၏ ထိုးစစ်ကို ခုခံလျက်ရှိကြသည်။ (အေအက်ဖ်ပီ)
(၄၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ဦးမြင့်သိန်း
သြစတြေးလျမှ အကောင်းဆုံးအလုပ်အတွက် ဆန်ခါတင်စာရင်းထုတ်ပြန်
Saturday, April 04, 2009 7:00 AM
သြစတြေးလျနိုင်ငံ ဂရိတ်ဘယ်ရီယာသန္တာကျောက်တန်းကျွန်းအား ထိန်းသိမ်းစောင့်ရှောက်၍ ခရီးသွားများအားဆွဲဆောင်နိုင်မည့် ကမ္ဘာပေါ်တွင် လစာဝင်ငွေအကောင်းဆုံးလုပ်ငန်းအတွက် လျှောက်လွှာများခေါ်ယူခဲ့ရာ လူပေါင်း၃၅၀၀၀ ခန့် လျှောက်ထားခဲ့ကြသည်။ ယင်းအနက်မှ လူပေါင်း ၅၀ ကိုရွေးထုတ်၍ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ပြီးလျှင် နောက်ဆုံးဆန်ခါတင်အဖြစ်နိုင်ငံပေါင်း ၁၅ နိုင်ငံ၏ ကိုယ်စားလှယ်များအဖြစ် လူပေါင်း ၁၆ ဦးကို ရွေးချယ်နိုင်ခဲ့သည်။ အမျိုးသား ၁၀ ဦးနှင့်အမျိုးသမီး ၆ ဦးရွေးချယ်ခံရသည်။ ပဏာမစစ်ဆေးရွေးချယ်မှုတွင် လျှောက်ထားသူတို့၏ စိတ်နေသဘောထား၊ စွမ်းဆောင်ရည် စသည်တို့သည် မယုံကြည်နိုင်လောက်အောင်မြင့်မားသည်ကို တွေ့ရှိရသည်ဟု သတင်းများကဖော်ပြသည်။ (အေအက်ဖ်ပီ)
(၄၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ဦးမြင့်သိန်း
ဂါဇာစစ်ပွဲပြစ်မှုများ စုံစမ်းရေးအဖွဲ့ ဖွဲ့
Saturday, April 04, 2009 7:00 AM
မကြာမီကဖြစ်ပွားခဲ့သော ဂါဇာကမ်းမြှောင်ဒေသ ပစ်ခတ်တိုက်ခိုက်မှုတွင် နိုင်ငံတကာ တရားဥပဒေများကိုချိုးဖောက်မှုများရှိခဲ့သည်ဟူသော သတင်းများထွက်ပေါ်လာသဖြင့် လိုအပ်သောစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်ကုလသမဂ္ဂက တောင်အာဖရိကနိုင်ငံ တရားသူကြီးတစ်ဦးဖြစ်သူ ရစ်ချက်ဂိုးလ်စတုံးအား ဂါဇာတွင် အချက်အလက်များ ရှာဖွေစုဆောင်းသည့် အဖွဲ့ကို ဦးဆောင်ရန် ရွေးချယ် ခန့်ထားခဲ့သည်။ ၎င်းအဖွဲ့သည် လွတ်လပ်၍ဘက်လိုက်မှုကင်းသည်ဟုဖော်ပြထားသည်။ အဖွဲ့တွင်အဖွဲ့ဝင်လေးဦးပါဝင်သည်။ ယခုဆောင်ရွက်ချက်သည်နိုင်ငံရေးအသိုင်းအ၀ိုင်းမှ သက်ဆိုင်သူအားလုံးနှင့် ဒုက္ခသည်များအကျိုးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ကနဦးတွင် အစ္စရေးနိုင်ငံက စုံစမ်းရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုခဲ့သည်။ (ဘီဘီစီ)
(၄၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ဦးမြင့်သိန်း
အားရဖွယ်ကောင်းသော G-20 အစည်းအဝေး
Saturday, April 04, 2009 7:00 AM
ကမ္ဘာ့ဘဏ္ဍာရေးအခက်အခဲအား ဖြေရှင်းရန်ရည်ရွယ်ချက်ဖြင့် လန်ဒန်မြို့တွင် ကျင်းပခဲ့သော G-20 ထိပ်သီးအစည်းအဝေးတွင် အရေးကြီးသော ဆုံးဖြတ်ချက်များ တညီတညွတ်တည်း ချမှတ်နိုင်ခဲ့သည်။ စီးပွားရေးကျဆင်းလျက်ရှိသော နိုင်ငံများအား တိုးချဲ့ကူညီနိုင်ရန် IMF အဖွဲ့သို့ ရံပုံငွေ ဒေါ်လာ ၇၅၀ ဘီလီယံထိ ထည့်ဝင်ရန် သဘောတူညီနိုင်ခဲ့ကြသည်။ ၎င်းအနက် စီးပွားရေးကဏ္ဍအား ကူညီရန် ဒေါ်လာ ၅၀၀ ဘီလီယံနှင့် အဖွဲ့ဝင်နိုင်ငံများ အရေးပေါ်စာရင်းပိုထုတ်ယူ သုံးစွဲနိုင်ပါသည်။ SDR တန်ဖိုး ဒေါ်လာ ၂၅၀ ဘီလျံထိ သုံးစွဲခွင့်ရမည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးကဏ္ဍ စည်းမျဉ်းများကို ပိုမိုတင်းကြပ်သည့် အပြင် လျှို့ဝှက်၍ အခွန် တိမ်းရှောင်ခြင်းများကို အရေးယူမည့် အစီအစဉ်များလည်း ပါဝင်သည်။ ထို့ပြင် ကမ္ဘာ့စီးပွားရေး မြှင့်တင်ရန် ဒေါ်လာ ၂၅၀ ဘီလျံ သီးသန့်လျာထားခဲ့သည်။ ဤအစည်းအဝေးသည် ကမ္ဘာ့စီးပွားရေးနလန်ထူလာရေးအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်သည်။ လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှု ပမာဏ၏ အရွယ်အစားကြီးမားမှုနှင့် နယ်ပယ်ကျယ်ပြန့်မှုအရ ယခုအစည်းအဝေးသည် သမိုင်းဝင်သည့်ထိပ်သီးအစည်းအဝေးဖြစ်သည်။ သို့သော်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အချိန်မှီ ကျယ်ကျယ်ပြန့်ပြန့် တုန့်ပြန်နိုင်ခဲ့သည်ကိုလည်းတွေ့ရသည်။ ချမှတ်ပေးထားသော အစီအစဉ်များ အကောင်အထည်ဖော်မှု အခြေအနေကို ပြန်လည်သုံးသပ်ရန် လာမည့် စက်တင်ဘာလ၌ နယူးယောက်မြို့တွင် အဖွဲ့ဝင်နိုင်ငံများ ထပ်မံတွေ့ဆုံ စည်းဝေးကြမည် ဖြစ်သည်။ (ဘီဘီစီ)
(၄၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ဦးမြင့်သိန်း
ငါးနှစ်အတွင်း သူတောင်းစား လောက ပပျောက်အောင် ဘင်္ဂလားဒေ့ရှ် လုပ်ဆောင်မည်
Friday, April 03, 2009 7:00 AM
လူဦးရေ ၁၄၄ သန်းရှိပြီး ၄၀% သည် တစ်နေ့လျှင် ၀င်ငွေ တစ်ဒေါ်လာအောက်သာ ရရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူထောင်ပေါင်းရာချီသည် တောင်းရမ်း စားသောက်မှုဖြင့် အသက်ရှင်နေထိုင်ကြ ရလျက်ရှိသည်။ယခုအခါ နာမကျန်းဟန်ဆောင်၍သော်လည်းကောင်း၊ မသန်မစွမ်း ဟန်ဆောင်၍ သော်လည်းကောင်း ပိုက်ဆံတောင်းသူများအပါအ၀င် တောင်းစားသူအားလုံးကို ဖမ်းမိလျှင် ထောင်ဒဏ် ၁ လ ပြစ်ဒဏ် ချမှတ်မည်ဟု အမိန့်ထုတ်ပြန်လိုက်သည်။ ဘင်္ဂလားဒေ့ရှ်၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ A.M.A Muhith က လာမည့် ငါးနှစ်တာကာလအတွင်း နိုင်ငံအတွင်း သူတောင်းစားလောကပပျောက်အောင် လုပ်ဆောင် မည်ဟုဆိုသည်။ ၂၀၀၅ ခုနှစ် လေ့လာမှုများအရ မြို့တော် ဒါကာတွင် တောင်းစားသူပေါင်း ၂၇၀၀၀ နီးပါးရှိ၍ နေ့စဉ် ပျမ်းမျှအားဖြင့် ၁.၄၅ ဒေါ်လာဝင်ငွေရှိကြပေသည်။ (အေအက်ဖ်ပီ)
(၃၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
နွေမိုးစက်
အာဖဂန်တွင် မိုးသည်းရေကြီး၍ လူတစ်ဦး သေဆုံး
Friday, April 03, 2009 7:00 AM
အာဖဂန်နိုင်ငံ ကာလ်ဘူးမြို့တွင် ကြာသပတေးနေ့က ၂၄ နာရီပတ်လုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့သ
ဖြင့် ရွှံ့ဖြင့် ဆောက်လုပ်ထားသော အိမ်တစ်ချို့ ပျက်စီးခဲ့ပြီး လူငယ်ယောက်ျားလေးတစ်ဦးအသက်ဆုံးရှုံးခဲ့သည်။မိုးရွာပြီး ရေကြီးမှုဖြစ်သဖြင့် နေအိမ်များထဲရေ၀င်၍ ခပ်ထုတ်နေကြရသည်။ (ဆင်ဟွာ)
(၃၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
နွေမိုးစက်
Sushi ၁၆၄ ခုကို မိနစ် ၂၀ အတွင်း စားနိုင်သော စူဇကာ ပုဏ္ဏား
Friday, April 03, 2009 7:00 AM
တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ် Suzhou ဒေသတွင် မတ်လ ၂၉ ရက်နေ့က ကျင်းပသောsushi အစားပြိုင်ပွဲတွင် ဂျပန်မှ Takeru Kobayashi (၀ဲ) နှင့် ဟောင်ကောင်မှ Johnny Wu (ယာ) တို့ ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ဂျပန်လူမျိုးများတွင်အစားအများဆုံးစားနိုင်သူအဖြစ်ကျော်ကြားသော Takeru Kobayashiသည် ထိုပြိုင်ပွဲတွင် မိနစ် ၂၀ အတွင်း sushi ၁၆၄ ခုစားသုံးပြီး အနိုင်ရရှိသွားခဲ့သည်။ (ဆင်ဟွာ)
(၃၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
နွေမိုးစက်
အိန္ဒိယ လေဆိပ်များတွင် အသေခံဗုံးခွဲ တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ခံရ
Friday, April 03, 2009 7:00 AM
လေဆိပ်ခန်းမဆောင်များ၌ အသေခံဗုံးဖောက်ခွဲမှုပြုလုပ်ရန် အမျိုးသမီးအသေခံဗုံးခွဲသမားများ နိုင်ငံတွင်းရောက်ရှိနေပြီဟူသော သတင်းရရှိထားသဖြင့် အိန္ဒိယ၏ အဓိက လေဆိပ်ကြီးများအားလုံး၌ လုံခြုံရေးတပ်လှန့်ထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှဆိုသည်။ ရွေးကောက်ပွဲအကြိုကာလတွင် တိုင်းပြည် မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်၍ လေဆိပ်များကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခြင်း ဖြစ်သည်ဟုဆိုသည်။ ယခုလပိုင်းတွင် စတင်မည်ဖြစ်သော မဲပေးရွေးကောက်ပွဲစဉ်တစ်ရပ်လုံးကိုအိန္ဒိယမှလုံခြုံရေးအပြည့်ဖြင့်ကျင်းပမည်ဖြစ်သည်။(ဆင်ဟွာ)
(၃၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ရိုးရိုး
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်၌ ပစ်ခတ်မှု ဖြစ်ပွား
Friday, April 03, 2009 7:00 AM
သောကြာနေ့ အစောပိုင်းက ထိုင်း- ကမ္ဘောဒီးယားနယ်စပ်တွင် နယ်စောင့်တပ်များအချင်းချင်း သေနတ်ပစ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ယခင်တိုက်ခိုက်မှုများဖြစ်ပွားရာ Preah Vihearရှေးဟောင်းဘုရားကျောင်းအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားပိုင်နက်အတွင်းသို့ ထိုင်းစစ်သားများ ကျူးကျော် ၀င်ရောက်လာခြင်းကြောင့် ပစ်ခတ်ရခြင်းဖြစ်သည်ဟု ကမ္ဘောဒီးယားပြောရေးဆိုခွင့်ရှိသူမှ ဆိုသော်လည်းထိုင်းစစ်တပ်ဘက်မှထိုဖြစ်ရပ်သည် နားလည်မှုလွဲခြင်းသာဖြစ်သည်ဟုဆိုသည်။ ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် သတင်းထုတ်ပြန်
ခြင်းမရှိသေးပေ။ (ဘီဘီစီ)
(၃၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ရိုးရိုး
မက္ကဆီကိုတွင် ထိပ်တန်း မူးယစ်ရာဇာတစ်ဦး ဖမ်းမိ
Friday, April 03, 2009 7:00 AM
မက္ကဆီကိုနိုင်ငံတွင် မူးယစ်ဆေးဝါးတရားမ၀င်ရောင်းဝယ်ဖောက်ကားမှုဖြင့် အလိုရှိဆုံး မူးယစ်ရာဇာတစ်ဦးကို အာဏာပိုင်များက ယမန်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါးတရား မ၀င်ရောင်းဝယ်မှုဖြင့်ဆက်နွယ်မှုရှိသည်ဟု ယူဆရသော မစ္စတာ Vicente Carrillo Leyva အား မက္ကဆီကိုစီးတီးမြို့ ၎င်းနေအိမ်အနီးရှိပန်းခြံတစ်ခု၌ လေ့ကျင့်ခန်းပြုလုပ်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။ ငွေကြေး ခ၀ါချမှုနှင့် ကိုကင်းတရားမ၀င်ရောင်းဝယ်မှုဖြင့် စွပ်စွဲခံထားရသော မစ္စတာ Leyva သည် Juarez မူးယစ် ရာဇာဂိုဏ်းမှ ဒုတိယခေါင်းဆောင်ဖြစ်ဖွယ်ရှိသည်ဟု ယူဆရသည်။ (ဘီဘီစီ)
(၃၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ပန်းနုဝေ
ကင်းလှည့် ရေယာဉ်တစ်စင်းမှ ပစ်ခတ်မှုကြောင့် ဆိုမာလီ ဓါးပြသင်္ဘော နစ်မြုပ်
Friday, April 03, 2009 7:00 AM
အိန္ဒိယသမုဒ္ဒရာအတွင်းကင်းလှည့်စောင့်ကြပ်နေသော ရေတပ်သင်္ဘောတစ်စင်းသည် ယမန်နေ့ကဆိုမာလီပင်လယ်ဓါးပြများ စီးနင်းလိုက်ပါသော မော်တော်တစ်စင်းအား ပစ်ခတ်နှစ်မြုပ်၍ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ဆိုမာလီမြောက်ဘက်ပိုင်းတွင်ဖြစ်ပွားသောယင်းသို့နှစ်ဘက်အုပ်စုကြားပစ်ခတ်မှုများကြောင့်ဆိုမာလီဓါးပြတစ်ဦးသေဆုံး၍ အခြားလူသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးကဆိုသည်။ အိန္ဒိယသမုဒ္ဒရာ၌ ယမန်နှစ်အတွင်း ကုန်တင်သင်္ဘော ၁၃၀ ကျော် ပြန်ပေးဆွဲ တိုက်ခိုက်ခံခဲ့ရကြောင်း နိုင်ငံတကာ ရေကြောင်း ဗျူရို၏ အဆိုအရသိရှိရသည်။ (အေအက်ဖ်ပီ)
(၃၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ပန်းနုဝေ
အင်ဒိုနီးရှား နိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်
Thursday, April 02, 2009 7:00 AM
အင်ဒိုနီးရှားနိုင်ငံ Sumatran ပြည်နယ် ဘန်ကူလူကျွန်းအနီးတွင် အင်အား ၆.၁ ရစ်ခ်ျတာစကေးရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ယင်းငလျင်သည်ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၁၃း၂၉ PM ခန့်ကဘင်တူဟန်ဒေသအနောက်တောင်ဘက် ၁၄၁ မိုင်အကွာ ပင်လယ်ရေအောက် ၃၀ ကီလိုမီတာအနက်ကိုဗဟိုပြု၍လှုပ်ခတ်သွားခြင်း
ဖြစ်သည်။ ယင်းငလျင်ကြောင့် လတ်တလော အပျက်အစီးသတင်း နှင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်းမရှိသေးပေ။ (အေအက်ဖ်ပီ)
(၂၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
နွေမိုးစက်
သြစတြေးလျ အရှေ့ဘက်ပိုင်းတွင် ရေ လွှမ်းမိုးမှုနှင့် တွေ့ကြုံနေရ
Thursday, April 02, 2009 7:00 AM
သြစတြေးလျ အရှေ့ဘက်ကမ်းတလျှောက်ရှိ မြို့အတော်များများတွင် ရေလွှမ်းမိုးမှုနှင့် တွေ့ကြုံနေရသဖြင့် ဘေးဒုက္ခဇုံအဖြစ် သတ်မှတ်ကြေငြာထားသည်။ ၂၄ နာရီကြာမျှ မိုးသည်းထန်စွာ ရွာပြီးနောက် မိုးရေချိန်၁၈ လက်မအထိ မြင့်တက်ခဲ့သည်။ Coffs ဆိပ်ကမ်းဒေသတွင် ဒေသခံပေါင်းများစွာသည် အိမ်များ၊ ကျောင်းများနှင့် စားသောက်ဆိုင်များ စသည်တို့တွင် တစ်ညတာပိတ်မိကုန်ဆုံးခဲ့ကြရသည်။ ထိုဒေသအားပြန်လည်ထူထောင်မှုပြုရန် ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျမည်ဟုခန့်မှန်းရသည်။ဒဏ်ရာပြင်းထန်စွာရရှိသူမရှိဟုဆိုသော်လည်းလူပေါင်း ၁၀၀ ကျော်ကို ရေဘေးဒုက္ခမှ ကယ်ဆယ်ရန် လိုအပ်လျက်ရှိသည်။ (ဘီဘီစီ)
(၂၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
နွေမိုးစက်
ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ညှိနှိုင်း ဆွေးနွေးရန် ထိုင်းအစိုးရ ကမ်းလှမ်း
Thursday, April 02, 2009 7:00 AM
ထိုင်းအစိုးရအိမ်တော်ဝင်းအတွင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အားထောက်ခံသူထောင်ပေါင်းများစွာ ပါဝင်သည့် သီတင်းတစ်ပတ်ကြာဆန္ဒပြမှုများအဆုံးသတ်ရန် ကြိုးပမ်းသည့်အနေဖြင့် အစိုးရသည်ဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လိုကြောင်း ကမ်းလှမ်းလိုက်သည်။သက်ဆင်အားထောက်ခံသူဆန္ဒပြသမားများသည် လူစုခွဲရန် အစိုးရ၏ အမိန့်ထုတ်ပြန်ချက်အား အံတု၍ဗန်ကောက်မြို့ရှိအစိုးရအိမ်တော်ဝင်းအား ၀န်းရံပိတ်ဆို့ထားဆဲဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် ရှောင်ရှားလိုသည့်အတွက်မည်သည့်ဒေသတွင်မဆိုမစ္စတာသက်ဆင်နှင့် တွေ့ဆုံဆွေးနွေးရန်လိုလားကြောင်း ဒုတိယ၀န်ကြီးချုပ် မစ္စတာ Suthep Thaugsuban ကဆိုသည်။ ဆန္ဒပြ၀န်းရံပိတ်ဆို့ထားမှုအဆုံးသတ်စေရန် ပြုလုပ်နိုင်သူသည်မစ္စတာသက်ဆင်တစ်ဦးတည်းသာဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။ (ဘီဘီစီ)
(၂၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ငုဝါ
ဘဏ်လုပ်ငန်းရှင် မားဒေါ့ဖ်၏ ဒေါ်လာ သန်းပေါင်း များစွာတန် စံအိမ် သိမ်းဆည်းခံရ
Thursday, April 02, 2009 7:00 AM
ပြင် မစ္စတာ မားဒေါ့ဖ်ပိုင်ဆိုင်သော ၅၅ ပေရှည်လျားသည့် ရွက်သင်္ဘောတစ်စင်းနှင့် မော်တော် ဘုတ်တစ်စင်းကိုလည်း ဖလော်ရီဒါဆိပ်ကမ်း၌ စောစောပိုင်းရက်များတွင် သိမ်းဆည်းခဲ့သည်။ မစ္စတာ မားဒေါ့ဖ်သည် ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၅၀ ဘီလီယံအား အလွဲသုံးစားပြုမှုတွင် အဓိကကြိုးကိုင်သူ တစ်ဦးဖြစ်ကြောင်း ပြီးခဲ့သည့်လက စစ်ဆေးတွေ့ရှိခဲ့သဖြင့် လောလောဆယ်တွင် အချုပ်ရီမန်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ပြစ်မှု ထင်ရှားတွေ့ရှိပါက ထောင်ဒဏ်နှစ် ၁၅၀ ထိ ကျခံရမှုနှင့်ရင်ဆိုင်ရဖွယ်ရှိသည်။နက်စ်ဒက်စတော့ဈေးကွက်ဥက္ကဌဟောင်းမစ္စတာမားဒေါ့ဖ်သည် ဝေါစထရိငွေကြေးဈေးကွက်၌ နှစ်ပေါင်း ၄၀ ကျော် အခရာကျသူ တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ (ဘီဘီစီ)
(၂၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
ငုဝါ
နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် တရုတ်နှင့် အမေရိကန် ကတိပြု
Thursday, April 02, 2009 7:00 AM
လန်ဒန်မြို့တွင်ကျင်းပသည့် ဂျီ -၂၀ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသော အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနှင့် တရုတ်သမ္မတ ဟူကျင်တောင်တို့သည် လတ်တလော ဖြစ်ပေါ်နေသော ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းအား အတူတကွပူးပေါင်းဖြေရှင်းရန် သဘောတူညီမှုရရှိခဲ့သည်။ အဆိုပါခေါင်းဆောင်နှစ်ဦးသည် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒအား ခုခံတွန်းလှန်ရန်နှင့်နှစ်နိုင်ငံအကြားကုန်သွယ်မှုအရေးကိစ္စများတွင် အခြေအနေတည်ငြိမ်အောင် အတူတကွပူးပေါင်းဆောင်ရွက်ရန်ကိုလည်း ဆွေးနွေးပွဲ၌ကတိပြုပြောဆိုခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းကိုဖြေရှင်းရန် ကမ္ဘာဘဏ္ဍာရေးစနစ်များအားကောင်းလာစေရန်အတွက် Strategic and Economic Dialogue အုပ်စုဖွဲ့စည်းတည်ထောင်ရန် အဆိုပါခေါင်းဆောင်နှစ်ဦးကသဘောတူညီခဲ့ကြသည်။ မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့၏ နျူကလီးယားအရေးကိစ္စများတွင်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မစ္စတာအိုဘားမားနှင့် မစ္စတာဟူကျင်တောင်တို့က သဘောတူညီခဲ့သည်။(ဘီဘီစီ)
နျူကလီးယားလက်နက် ပပျောက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သမ္မတ အိုဘားမား တိုက်တွန်း
05 April 2009
နျူကလီယားလက်နက်တွေ ရှိခြင်းဟာ အန္တရာယ် အရှိဆုံး စစ်အေးကာလရဲ့ အမွေအနှစ်ဖြစ်တယ်လို့ ဥရောပရောက်နေတဲ့ အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမားက ပြောကြားလိုက်ပါတယ်။ ဒီနှစ်မကုန်ခင်မှာ ရုရှားနဲ့ ဗျူဟာမြောက် နျူကလီးယား လက်နက် လျော့ချရေး စာချုပ်တခု ချုပ်ဆိုဖို့ ပြောကြားခဲ့ပြီး အလုံးစုံ ပါဝင်တဲ့ နျူကလီယား စမ်းသပ်မှု တားမြစ် ရေး စာချုပ်ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုပေးအောင် တွန်းအားပေးမယ့် အစီအစဉ်တွေကို သမ္မတ အိုဘားမားက ပြော ကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်းတုန်းက မြောက်ကိုရီးယား ဒုံးပျံတခု လွှတ်တင်ခဲ့တာဟာ နိုင်ငံတကာရဲ့ ဥပဒေတွေ ချိုးဖောက်တာ ဖြစ်တယ်လို့ သမ္မတက ပြောပြီး နိုင်ငံတကာ အနေနဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု လုပ်ဖို့ အချိန်တန်ပြီလို့လည်း ပြောပါတယ်။ ဂျော်ဂျီယာနိုင်ငံကို ထောက်ခံမှုတွေ ဆက်ပေးသွားပြီး သြဇာလွှမ်းမိုးမှု အယူအဆတွေနဲ့ ပတ်သက်ပြီး ပြောဆိုတာတွေကို ပယ်ချလိုက်ပါတယ်။ တချိန်တည်းမှာပဲ ရုရှနိုင်ငံနဲ့လည်း ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ကြဖို့ အမေရိကန် သမ္မတ မစ္စတာ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။
(၂၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။
၂၀၀၈လှယဉ်ကျေးမယ်
လယ်ယာ/မြေ သိမ်းယူမှုဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်
မြန်မာနိုင်ငံဒေသအသီးသီးတွင် လယ်ယာ/မြေ သိမ်းယူမှုများသည် ဥပဒေ/လုပ်ထုံးလုပ်နည်းများဖြင့် ကိုက်ညီခြင်းမရှိကြောင်း ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်
၁။ မြန်မာနိုင်ငံဒေသအသီးသီးတွင် အာဏာပိုင်များ (သို့မဟုတ်) အာဏာပိုင်များနှင့် ဆက်နွယ် နေသူများ (သို့မဟုတ်) စစ်တပ် စသည်တို့သည် ဒေသခံပြည်သူများ. နေထိုင်/လုပ်ကိုင်/ အကျိုးခံစားခွင့် အသီးသီး ရရှိနေခဲ့ကြသော လယ်မြေ/ယာမြေ/ စသည်တို့ကို အတင်းအဓမ္မသိမ်းယူခဲ့ခြင်း၊ သိမ်းယူနေခြင်း များ၊ ကိုပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်၊[1]
၂။ ထိုကဲ့သို့ သိမ်းယူရာတွင်လည်း နစ်နာသူများကို လျှော်ကြေးပေးခြင်း။ မြေယာ အစားထိုး ပေးခြင်း စသည်တို့ကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ပေးခြင်း မရှိကြောင်း [2]၊ လျှော်ကြေးပေးပါကလည်း ကာလ တန်ဖိုး နှင့် အညီ ထိုက်တန်စွာပေးခြင်းမျိုး မဟုတ်ကြောင်းနှင့် မြေယာအစားထိုးပေးပါကလည်း နစ်နာ သူများ ယခင်ရရှိခံစားခဲ့ကြရသော လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ သဘာဝပတ်ဝန်းကျင်အခြေအနေ စသည့် အရပ်ရပ်ဆိုင်ရာအခွင့်အရေးများနှင့် လွန်မင်းစွာ ကွာခြားလျှက်ရှိကြောင်းသိရှိရသည်။[3]
၃။ ထိုကဲ့သို့ အတင်းအဓမ္မ လယ်ယာ၊မြေစသည်တို့ကို သိမ်းယူခြင်းခံရသဖြင့် သတင်းမီဒီယာများ သိရှိထုတ်လွှင့် ပေးနိုင်ရန်အတွက်လည်းကောင်း။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့မှ သိရှိကူညီနိုင် ရန်အတွက်လည်းကောင်း ကြိုးပမ့်း ကူညီဆောင်ရွက်ခဲ့သူများကို အာဏာပိုင်များမှ ဖမ်းဆီး၊ စစ်ဆေး၊ အကျဉ်းချခြင်းများပြုလုပ်လျှက်ရှိကြောင်းသိရှိရသည်။
ဥပဒေရေးရာသုံးသပ်ချက်
၁။ ၁၉၅၃ ခုနှစ်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကို ပြဌာန်းခဲ့သည်။ ယင်းဥပဒေ အခန်း ၃ “ လယ်ယာမြေကိုကင်းလွတ်ခွင့်ပေးခြင်း” ခေါင်းစဉ်ပါ ပြဌာန်းချက်များအရလည်းကောင်း။ အခန်း ၄ “ လယ်ယာမြေဝေငှခြင်း” ခေါင်းစဉ်ပါ ပြဌာန်းချက်များအရလည်းကောင်း၊ အခန်း (၅) “ ကင်းလွတ်ခွင့် ပေးသည့်လယ်ယာမြေနှင့် ဝေငှသည့်လယ်ယာမြေပေါ်တွင်ရရှိသည့်အခွင့်အရေး” ခေါင်းစဉ်ပါ ပြဌာန်းချက် များ အရလည်းကောင်း၊ အခန်း ၁၈ “လျှော်ကြေး”ခေါင်းစဉ်ပါ ပြဌာန်းချက်များအရလည်းကောင်း လယ်ယာ မြေကို နိုင်ငံပိုင်ပြုလုပ်ရာတွင် လွန်စွာခက်ခဲပြီး အဆင့်ဆင့်သော လုပ်ထုံးလုပ်နည်းများနှင့် အညီလုပ် ဆောင်ရမည် ဖြစ်သည်။ ယင်းဥပဒေပြဌာန်းလိုက်သည့် အချိန်အခါတွင် - လယ်ယာမြေအများစုကိုပိုင်ဆိုင် လျှက် ရှိသည်မှာ ငွေရှင်းကြေးရှင်များ ဖြစ်နေကြပြီး လယ်လုပ်သူ လယ်သမား အများစုမှာမူ လယ်ယာမြေ လက်မဲ့ဖြစ်ရခြင်း၊ ကြွေးမြီတင်ခြင်း စသည့်ပြဿနာများကိုကာကွယ်ဖြေရှင်းနိုင်ရန်၊ လယ်မလုပ်သူတို့ ပိုင် ဆိုင်သည့် လယ်ယာ မြေများကို သိမ်းယူပြီး လယ်လုပ်ခွင့်မရသူ လယ်သမားများကိုခွဲဝေပေးရန်ဟူသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ပြဌာန်းခဲ့ခြင်းဖြစ်သည်။
၂။ ထို့အပြင် ယင်းဥပဒေကို ပြဌာန်းပြီးနောက်ပိုင်း (၁၀) နှစ်ကာလ ၁၉၆၃ ခုနှစ်တွင် “တောင်သူ လယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေ” ကိုပြဌာန်းခဲ့သည်။
ယင်းဥပဒေ ပုဒ်မ ၃ (၁) တွင် - တည်ဆဲအခြားတရားဥပဒေတရပ်ရပ်တွင် မည်သို့ပင်ရှိစေကာမူ တရားမရုံးတခုခု၏ ဒီကရီ သို့တည်းမဟုတ် အမိန့်ဖြင့်-
(က) လယ်ယာမြေ/ကျွဲ /နွား/ ကိရိယာတန်ဆာပလာ/ လယ်ယာမြေမှ ထွက်သော ပစ္စည်း/ စသည်တို့ကို -၀ရမ်းကပ်ခြင်၊ သိမ်းဆည်းခြင်း မပြုရ။
(ခ) လယ်ယာမြေ မလုပ်ကိုင်ရ/ မ၀င်ရ ဟုတားဆီးခြင်းမပြုရ၊
(ဂ) လယ်ယာမြေလုပ်ကိုင်သည့် ကျွဲနွား/ထွန်စက် စသည့်သက်ရှိသက်မဲ့ ကိရိယာတန်ဆာပလာ များကို မရွှေ့ပြောင်းရ/ ရောင်းချသုံးစွဲထုခွဲခြင်း မပြုရဟု တားဆီးခြင်း မပြုရ။
(ဃ) အထက်အပိုဒ် (က) (ခ) (ဂ) ပါ ကိစ္စ တခုခုနှင့် စပ်လျဉ်း၍ လယ်သမားတဦးဦးကို ဖမ်းဆီးချုပ် နှောင်ခြင်း မပြုရ။
ထို့ကြောင့် မြန်မာနိုင်ငံဒေသအသီးသီးတွင် အာဏာပိုင်များ (သို့မဟုတ်) အာဏာပိုင်များနှင့် ဆက်နွယ်နေသူများ (သို့မဟုတ်) စစ်တပ်စသည်တို့သည် အထက်ဖော်ပြပါ ဥပဒေပြဌာန်းချက်များကို ဖေါက်ဖျက် ကျူးလွန်လျှက် လယ်ယာမြေများကို သိမ်းယူနေခြင်းဖြစ်ကြောင်း ထင်ရှားသည်၊
အာဏာပိုင်များအနေဖြင့်- ၊ အခြေအနေအကြောင်း တရပ်ရပ်အရ သာမန်ရိုးရိုးမြေ ကို မဖြစ်မနေ သိမ်းယူရမည်ဆိုပါက -
“ အများပြည်သူတို့နှင့် သက်ဆိုင်သည့် ကိစ္စတခုကြောင့် မည်သည့်မြို့၊ မည်သည့်နယ်၊ မည်သည့် ရပ်ကွက်အတွင်းက မည်သည့် ဧရိယာရှိမြေကို သိမ်းယူရန် ရည် ရွယ်ကြောင်း - ပထမ ကြေငြာရမည်။ ကြေငြာပြီးနောက် သိမ်းမည့်မြေတည်ရှိသောဒေသ တွင် အများပြည်သူမြင်နိုင်အောင် နို့တစ်စာကပ်ရမည်ဟူ ၍လည်းကောင်း ၊ ပြန်တမ်းထုတ်ပြီး ၇က်ပေါင်း ၃၀ အတွင်းသက်ဆိုင်သူတို့က မြေသိမ်းခြင်းကို အကြောင်း ပြချက်ခိုင်လုံစွာကန့်ကွက်နိုင်သည်” ဟူ၍ ဦးဘဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် (ကောလိပ်တော်အရာရှိ၊ မန္တလေး) ၁၉၅၉ B.L.R (H.C) 234 စီရင်ထုံးတွင် ထုံးဖွဲဆုံးဖြတ်ခဲ့သည်ကို လေးစား လိုက်နာရမည်ဖြစ်ပါသည်။
သို့ရာတွင် မျက်မှောက်ကာလ၌ စစ်တပ် (သို့မဟုတ်) ဖက်စပ် (သို့မဟုတ်) ကုမ္မဏီများက နည်း မျိုးစုံဖြင့် အထက်ဖော်ပြပါ ဥပဒေပြဌာန်းချက်များ၊ စီရင်ထုံးများကိုဖောက်ဖျက်၍ လယ်ယာ၊မြေမျုားကို သိမ်း ယူနေခြင်းကြောင့် လယ်သမားများသည် လယ်ပိုင်ယာပိုင်အဖြစ်မှ စာရင်းငှားလယ်ယာလက်မဲ့ အဖြစ်သို့ ရောက်ရှိလျှက် လယ်သမားအချို့သည်ပင်လျှင် အစိုးရအခွန်တော်ကို ထမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် မိမိကိုယ်ကို အဆုံးစီရင်လိုက်ကြရသည့်အခြေအနေများရင်ဆိုင်ကြုံတွေ့နေကြပြီးဖြစ်ပါသောကြောင့်-
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရသည် -
- ဥပဒေမဲ့လယ်ယာမြေသိမ်းဆည်းနေမှုများကိုချက်ခြင်းရပ်ဆိုင်း သင့်ကြောင်း
- လိုအပ်ချက်တရပ်ရပ်အရ သိမ်းဆည်းရသည်ဆိုပါကလည်း နစ်နာသူများကို လျှော်ကြေးငွေ ထိုက်တန်စွာပေးခြင်းဖြင့် ကုစားပေးသင့်ကြောင်း၊
- မြေယာ မတရားသိမ်းဆည်းခံနေရမှုကို အခြေခံ၍ မတရားလုပ်ဆောင်နေမှုများကို တားဆီးရန်၊ လှုပ်ရှားဆောင် ရွက်ကြသူများကိုအကျဉ်းချထားခြင်းမှ ပြန်လွှတ်ပေးသင့်ကြောင်း တို့ကိုဥပဒေရေးရာ သုံးသပ်ချက်ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံ ရှေ့နေများကောင်စီ
နေ့စွဲ - ဧပြီလ (၃) ရက်၊ ၂၀၀၉ ခုနှစ်
အသေးစိတ်သိလိုပါလျှင် ဆက်သွယ်ရန် ဦးမျိုး (086216 0108) တာဝန်ခံ ဥပဒေရေးရာ သုံးသပ်ရေးအဖွဲ့
နအဖရေပက်ပွဲဈေးနူန်း
ဗိုလ်ချုပ်မှုးကြီးတို့ မြေးအဖိုးစီးပွားရှာအရမ်းကောင်း မြေးဖြစ်သူက သူ့ မဏ္ဍပ်ထိုင် လျှင် FEC ၂၀၀ဖြင့် ရေပက်ခဈေးအကြီးဆုံးမဏ္ဍပ် စံချိန်တင်
April 5, 2009 ·၅ ဧပြီ ရန်ကုန်၊ယူကွန်
ယခင် နှစ်က နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ပိုင် ဆိုင်သော တက္ကသိုလ်ရိပ်သာ လမ်းရှိ BME အမည်ရှိ မဏ္ဍပ် တွင်ရေပက် ကစားရင်း မူးယစ်ဆေးဝါးစွဲခဲ့သော စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်မှာ ယခုနှစ် သင်္ကြန်တွင် ၎င်းကိုယ်ပိုင် မဏ္ဍပ်တစ်ခုကို အင်းလျှားလမ်း စီးပွားရေးတက္ကသိုလ် ရှေ့တွင် စတင်ဆောက် လုပ်နေပြီဟု သိရသည်။
Caterpillar ၀န်ချီစက်ဖြင့်ပင် ဆောက်လုပ်နေ သောထို မဏ္ဍပ်မှာ အင်းလျှားလမ်းတွင် အကြီးဆုံးမဏ္ဍပ်တစ်ခု ဖြစ်နိုင်ဖွယ်ရှိပြီး အခြားမဏ္ဍပ် လေးခုစာလောက် ကျယ်ဝန်းသည် ဟုသိရသည်။ထိုမဏ္ဍပ်တွင် ရေပက် ကစားချင်သူများ အနေဖြင့် ယောင်္ကျားလေး FEC ၂၀၀ ကျသင့်မည်ဖြစ်ပြီး မိန်းကလေး FEC ၁၅၀ ကျသင့်မည် ဖြစ်သည်။
အခြားမဏ္ဍပ် များတွင် ရေက်ကစားပါ က ဈေးအမြင့်ဆုံးမဏ္ဍပ်ပင်လျှင် ကျပ် ခုနှစ်သောင်းခန့် သာရှိသော်လည်း ဖိုးလပြည့် ၏ မဏ္ဍပ် တွင် ရေကစားပါက ကျပ်ငွေအားဖြင့် နှစ်သိန်းကျော် ကုန်ကျမည်ဖြစ်သဖြင့် လက်ရှိ အင်းလျှားလမ်းရှိ မဏ္ဍပ်များတွင် ဈေးအမြင့်ဆုံးဖြစ်သည် ဟုသိရသည်။
ဖိုးလပြည့် အင်းလျှားလမ်းတွင် ရေပက်ကစားမည့် ကိစ္စနှင့် ပတ်သက်၍ အင်းလျှားလမ်းတွင် နှစ်စဉ်မဏ္ဍပ် ထိုင်သူတစ်ဦးက “သူ့ ဘေးနားကမဏ္ဍပ် တွေ ကိုမကြည်ရင် ရန်စသေးတယ် အဲဒါနှစ်တိုင်းသူလုပ် နေကျ အလုပ်ပဲ”ဟု Freedom News Group သို့ ပြောသည်။
စာပေစီစစ်ရေးမိသားစုများ သင်္ကြန်ပျော်ပါးနိုင်ရန် ဂျာနယ်တစ်စောင်လျှင် နှစ်သောင်းအနည်းဆုံးထည့်ရ အကြိုနေ့ မတိုင်ခင်ရုံးနောက်ဆုံးနေ့ ဖျော်ဖြေပွဲတွင်လည်း အဆိုတော်များကိုလည်း အလကားလာဆိုခိုင်း
April 5, 2009 · ၅ ဧပြီ ရန်ကုန်၊ညွန့် သက်ထားဦး
နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာနိုင်ငံ ၏ စာပေဆင်ဆာဘုတ်ဖြစ်သည့် စာပေစီစစ်ရေး ရုံးအဖွဲ့ ဝင်မိသားစု များ၏ သင်္ကြန်အကြိုနေ့ မတိုင်ခင် ရုံးတွင်းစတုဒီသာ အလှု လုပ်ရန် နှင့် သင်္ကြန်ကာလအတွင်းပျော်ပါး နိုင်ရန် အတွက် ဂျာနယ်များကို တရားဝင် အလှုကောက်ခံခြင်းပြုရာ ဂျာနယ်တစ်စောင် လျှင် အနည်းဆုံး နှစ်သောင်းမှ တစ်သိန်း ထိထည့် ၀င်ရသည်ဟု ဆိုသည်။
ဗဟန်းဝင်္ကပါလမ်းရှိ စာပေစီစစ်ရေးရုံးတွင် အကြိုနေ့ မတိုင်ခင် စတုဒီသာ ကျွေးမွေးပွဲ နှင့် ဖျော်ဖြေပွဲအတွင်း ဂျာနယ် မဂ္ဂဇင်း များကလည်း ရံပုံ ငွေ ထည့်ဝင် ရသလို ထိုနေ့ ဖျော်ဖြေပွဲ အတွက် အဆိုတော် များကလည်း အခမဲ့လာ ရောက် ဖျော်ဖြေရမည် ဟုသိရသည်။နာမည်ကျော် လူငယ် ပေါ(ပ်) အဆိုတော် တစ်ဦးက “သမီးတို့ လည်း သင်္ကြန်နဲ့ မအားရတဲ့ ထဲမှာ ဘယ်ဆိုချင်ပါ့ မလဲ၊ဒါပေမယ့် သူတို့ ကလာဆို ပေါ့ခေါ် တော့လည်း သွားဆိုရတာ ပေါ့ သမီးတို့ သီချင်းစာ သားတွေဆင်ဆာ ကျဖို့ ကသူတို့ လက်ထဲမှ ပဲ ရှိတာ ဆိုတော့ ဘယ်တတ် နိုင် မလဲ” ဟုFreedom NewsGroup သို့ ပြောသည်။
စာပေစီစစ်ရေး အလှုအတွက် ဂျာနယ် ၊မဂ္ဂဇင်း များမှ တရားဝင် အလှုကောက်ခံခြင်း နှင့် ပတ်သက်၍
ရန်ကုန် မြို့ မှသတင်းထောက် တစ်ဦးကမူ “အလှုခံကတည်း ဘယ်လောက်လှုရမလဲ ဆိုတာပြောပြီးသား ပေါက်တယ့် ဂျာနယ်ဆို အနည်းဆုံး ငါးသောင်း ပေးရတယ်၊ကျွန်တော် တို့ က ဂျာနယ်နှစ်စောင် ထုတ်တယ် တစ်စောင်က သိပ်ရောင်းမကောင်းသေးလို့  ငါးသောင်းပဲ ယူပါလို့ မနေ့  ကသွားပြီးတောင်းပန် ပြောရတယ် ”ဟု ပြောသည်။
စာပေစီစစ်ရေးသည် ယခင်အပတ် က Eleven Media Group မှ လာဘ်ငွေ သိန်းဆယ်ဂဏန်း
ထကမနည်းယူ၍ သူနှင့် နာမည်တူ သည့် Lucky Eleven ၀ီစကီ၏ ကြော်ငြာများကို အခြားဂျာနယ်
များတွင် ကြော်ငြာခွင့် မရရန် ပိတ်ပင်တားမြစ်ပေးခဲ့သည် ဟု ရန်ကုန် စာပေအသိုင်းအ၀ိုင်းတွင် ပြော
ဆိုနေကြသည်။
တူးပို့တူးပို့…..နဲ့ ပျော်မည် (သင်္ကြန် ဆောင်းပါး)
April 5, 2009 ·
စနေငချွတ်
သင်္ကြန်ရောက်တော့မည်ဆိုတိုင်း ကျွန်တော် ရင်ခုန်လာစမြဲဖြစ်သည်..။ ရန်ကုန်သား သိပ်စစ်သွားလို့လားမသိ ရန်ကုန်သင်္ကြန်မှာပဲပျော်သည်.. မန္တလေးသင်္ကြန် ဘယ်လိုစည်တယ် ပြောပြော.. စိတ်ကိုမ၀င်စား ကလေးဘ၀က ကားနှင့်အမြဲလည်ခဲ့သည်..။ နည်းနည်းလေး မြီးကောင်ပေါက်ချင် လာတော့ မဏ္ဍပ်ပေါ်တက်ကဲသည်..။ သင်္ကြန်ပါးဝလာတော့ မဏ္ဍပ်တွေဘာတွေမှာ Organizer ၀င်လုပ်သည်။ အဆင်ပြေ သလို နည်းအမျိုးမျိုးနဲ့ ကဲဖြစ်ခဲ့သည်။
မလုပ်ဖြစ်သည့်နှစ်က မနှစ်က …။ မဏ္ဍပ်မှာ တစ်ရက်သွားကဲလိုက်သည်..။ နောက်နေ့ သူငယ်ချင်း ဂျစ်ကားကို ညီတွေညီမတွေလည်ပါစေတော့ ဆိုပြီး တစ်ရက်ယူလည်လိုက်သည်..။ ကိုယ့်ကား က ရပ်ထားတဲ့သူများကားကို နောက်က၀င်တိုက်လိုက်သည်..။ ကားပေါ်ပါသမျှထဲ ကျွန်တော့်ညီအရင်း ခြေထောက်ကျိုးသွားခဲ့သည်..။ ဖြစ်တာ အကျနေ့ကြီး ။ ဆေးရုံနှင့် အိမ်အကြား တစ်မိသားစုလုံး ယောက်ယတ်ခတ်သွားကြတော့ကျန်တဲ့ သင်္ကြန်ရက်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်..။
ပြည်သူ့ဆေးရုံကြီးက ၀င်ပေါက်စောင့်တွေ အခြားဝန်ထမ်းတွေကို လ္ဘက်ရည်ဖိုး သုံးပတ်လောက် မနက်ညနေပေးပြီးမှ ကျွန်တော်ညီဆေးရုံက ပြန်ဆင်းဖြစ်ခဲ့သည်..။ ဘာတွေဘယ်လောက်ပဲ မောခဲ့မောခဲ့ သင်္ကြန်နားနီးတော့ သင်္ကြန်ပိုးက ထချင်လာသည်.။ ဒီနှစ်ဘယ်သူတွေ ဘာလုပ်ကြလည်းလို့ စနည်းနာမိသည်..။ တစ်ကောင်က ရုပ်တည်နဲ့ပြောသည် ရိပ်သာပဲသွားမယ်တဲ့..။ ကိုယ့်မှာတားရလည်းအခက်။
အဖော်ကမရှိဘူးကိုး..။ နောက်မှ ဆဲမိသည်။ တက္ကသိုလ်ရိပ်သာလမ်း..လေ… တဲ့..။ ဘာပဲပြောပြော ကြိုရင်ခုန် နေမိပါသည်။
ဘယ်မဏ္ဍပ်တွေသွားမလည်း..။ မနှစ်က မဏ္ဍပ်က အိန္ဒြာကျော်ဇင်နဲ့ ဇင်ဇင်ဇော်မြင့်ထိုင်တဲ့ မဏ္ဍပ်..။ သူတို့ရှိလို့လားမသိ.. စုတ်ချာလိုက်တဲ့မဏ္ဍပ်…။ ဘာ ဆားဗစ်မှမရှိ..။ Customer လို့လည်းမမြင်ကြ ပါလား..ဘာညာ..ဟိုပြောဒီပြောနဲ့ပြော။
တကယ်တန်း…ပြန်စဉ်းစားမိ တော့ သြော်………ငါတို့တုန်းကလည်း ဒီလိုပါပဲလား..။ မဏ္ဍပ် ကို အကောင်ကြီးသားသမီးတွေဆီက သိန်းနှစ်ဆယ်လောက်နဲ့ဝယ်..။ (အကောင်သေးသေးလေး တစ်ကောင် လောက် Organizer ထဲပါရင်လည်း ကောင်းသားပေါ့)..။ အဲ့… အဲ့ဒီမှာတင် အသားတင် သိန်းနှစ်ဆယ်..။ မဏ္ဍပ်ဆောက်တဲ့ စရိတ်က သုံးဆယ်ဝန်းကျင် ။ ဒါတောင် မသိမသာခိုသေးတယ်..။ မပြိုကျရင်ပြီးရောသာ လုပ်..။ လည်ပင်းညှစ်ပြီး စပွန်ဆာ တောင်းလို့ရတဲ့ ကုမ္ပဏီရှိရင်တော့ နည်းနည်းလေး ခံသာမယ်..။ ဒါက လည်း အကောင်းကြီး၊လတ်၊ငယ်တွေ စားပြီးကျန်တဲ့ မသထာရေစာလေးတွေပါ..။ ရေစက်ဖိုးသိန်း ဆယ်ဂဏန်း၊ စပီကာဖိုးတွေ သိန်းဆယ်ဂဏန်း..။ ဘာတွေညာတွေပြီးသွားတော့ ရင်တွေစပြီးခုန်ကြရပြီပေါ့..။ ကဲ ..လာသမျှလူတွေနဲ့ ရောင်းပြီးသမျှလက်မှတ်ဖိုးတွေ ကျေဖို့ကတော့ ၇ ရက်သားသမီးတွေမျက်နှာကို ဘယ်ကြည့်နိုင်တော့မလည်း..။ ကျွန်တော်တို့လည်း လောကီသားပဲမဟုတ်လား..။
ရန်ကုန်သင်္ကြန်အင်းယားလမ်း မဏ္ဍပ်တွေ ရှုံးနေကြတာ သုံးလေးနှစ်ရှိပြီ..။ လက်မှတ်တစ်စောင် လေးသောင်းခွဲ အော်ရောင်းနေပေမဲ့…အနားနီးတော့ နှစ်သောင်းခွဲနဲ့ လက်သိပ်ထိုးရောင်းတစ်ချို့ဆိုနှစ်သောင်းနဲ့ရောင်း..လူတိုင်းကို ရှူးတိုးတိုးမပြောနဲ့နော်…မင်းမို့ရောင်းတာ ဘာညာပေါ့..။ ဘယ်ကိုက်မလည်း သုံးသောင်းခွဲလောက်နဲ့ လူတစ်ရာ၊ တစ်ရာ့ငါးဆယ်ရောင်းနိုင်တဲ့ မဏ္ဍပ်က လူတော်တွေ မဏ္ဍပ်ပေါ့…။ Question Mark လည်း စပွန်ဆာမယူဘူး ဘာညာနဲ့ နောက်ပိုင်းရှုံးတာ တာတေကိုလန်..။
မိတ်ဆွေ သနားစိတ်ဝင်သွားလား…။ မြတ်တဲ့ မဏ္ဍပ်တွေ မြတ်ပါ့ဗျာ..။ အကောင်ကြီးလေ ဒင်းတို့က ကျန်လေပဲ..။ မဏ္ဍပ်အတွက် တိုင်းစစ်ရုံးနဲ့ စည်ပင်ကခွင့်ပြုချက်ကို ဖေဖေ့ PSO က အပ်ချလောင်း လုပ်။ ဖေဖေ့အောက်က ဌာနတွေကို ဆယ်စောင်စီလိုက်ပေး..။ (မ၀ယ်မနေရတော့ မပြောဘူးနော်..။ ငှဲငှဲ.. ဦးတောင်မှ ဒီဌာနမှာ နေတာကြာပြီပဲနော်…၊ သားတို့သင်္ကြန်လက်မှတ်လေး ယူထားလိုက်ပါဦး..ဒါမျိုးပါ) .။ နောက်.. မင်းသားမင်းသမီးတွေကို Pressure လေးနဲ့ခေါ်..။ (Pleasure မဟုတ်ဘူးနော်… သေသေချာချာ ဖတ်။ Pleasure ကိစ္စက သူတို့ဘာသာသူတို့..ကျွန်တော်မသိဘူး) ဆောက်လုပ်ရေးကိစ္စလား ဖေဖေ့ဌာနမှာ ဘာလုပ်နေတဲ့ ဘယ်သူတွေ ဘာလေးလာကူညီပါဦး။ စက်တွေလား…သြော် ဘယ်ဌာနမှာ သုံးမှမသုံးပဲ..။ တလက်စတည်း လာပို့တဲ့အခါကျရင် ဟိုရုံးရှေ့က E2000 လေးနဲ့ လာပို့လိုက်ပါနော်..ဒီမှာကားတွေမအားလို့)
သြော်..ဇာတ်သံနဲ့ ပြောရရင် …အမယ်မင်း…ဆိုပြီး ငိုချင်းချလိုက်ချင်ရဲ့….။ မမြတ်ပဲနေမလား.. ဘုန်းရှင်ကံရှင်
တွေကိုး..။
အခုနှစ်မှာ မြှောက်ပေးတဲ့လူတွေရှိသေး..။ ဖိုးလပြည့်မဏ္ဍပ်သွားပါလား FEC 150 တဲ့..။ ဟုတ်မဟုတ်တော့မသိ..။ ပြန်တော့ပြောလိုက်သည်..။ သူ့သာသူနေ ကိုယ့်ဟာကိုယ်နေတာတောင် ကြက်သရေ မရှိဘူးလို့ အချိန်တိုင်းမြင်နေတာ..။ တကူးတကအနားသွားရမှာလားလို့..။ ပြောရရင် FEC 150 လည်းမပေးနိုင်.။ ပေးနိုင်လည်း မသွားဘူး..။
စည်တဲ့နေရာတွေလည်း သူ့ဘာသာသူစည်ကြဦးမည်..။ မူးတဲ့သူလည်းမူး..တိုက်တဲ့ကားတွေ လည်းတိုက်၊ ရိုက်တဲ့ သူတွေလည်း ရိုက်ကြ.. ပျော်ကြ ဖော်ကြ အော်ကြ ကဲကြ ပြဲကြနဲ့.. ၂၀၀၉ သင်္ကြန်က တော့ သူ့ဆွဲအားနဲ့သူ ရင်ခုန်စရာကောင်းနေပါသည်။ စီးပွားပျက်ကပ်နဲ့ လူတွေ စီးပွားရေးမကောင်းတော့မစည်လောက်ဘူးလည်း မှန်းလိုမှန်းကြ..။ မရှိရှိတဲ့အရင်းလေးနဲ့ စီးပွားရှာဖို့လည်း တချို့ကစဉ်းစား..။ ဂျာနယ် တစ်ခုကတော့ ရေတွေပက်နေရင်းနဲ့ ဧရာဝတီတိုင်းမှာ လူတွေ သောက်သုံးရေ ရှားပါးတဲ့ ပြဿနာတွေ ဆိုးဆိုး ရွားရွားခံစားနေရကြောင်း ပြန်စဉ်းစားပါတဲ့… အတွေးက ဆန်းသစ်ပေမဲ့…။ ဘာမှမဆီမဆိုင်..။ လူထုကို အကြောင်ရိုက်သည့် စာနယ်ဇင်းတွေကလည်း အများသားကိုး…။
အဲ့ဒီ အယ်ဒီတာကို မေးလိုက်ချင်သည်..။ နာဂစ်အတွက် တကယ်စိတ်သန့်သန့်နဲ့ တစ်ခုခု သွားလုပ်ခဲ့ဖူးပါသလား..။ အခုလိုအပ်နေတဲ့ သောက်သုံးရေကိစ္စကို မီဒီယာအနေနဲ့ ဘာတွေဆောင်ရွက်ထား ပြီးပြီလည်း..။ ထားပါ.. အတွေးတွေဆက်သွားသည့်ကိစ္စ..။
မကြာမီ ..လာတော့မည်… တူးပို့တူးပို့ အသံတွေ..။ စီးပွားပျက်ဂယက်ကြောင့် နိုင်ငံတကာမှ အလုပ်ပြုတ်လာသော ရွှေမြန်မာများလည်း ၀န်ကြီးချုပ်ပြောသလို ဆားကွင်းတွေ၊ ရေနက်ကွင်းတွေမှာ ၀င်အလုပ်လုပ်ကိုင်ရင်းလည်း ပျော်နိုင်ကြမည်။ ပညာရေးဝေးသည်မရှိဆိုပြီး မိုင်နှစ်ဆယ်လောက် အောက်ထစ် ဝေးတဲ့ တက္ကသီလာတွေမှာ သွားတက်ရလို့ မပျော်နိုင်တဲ့ လူငယ်ကျောင်းသားတွေလည်း ပျော်ကြတော့မည်..။ နာဂစ်မုန်တိုင်းသင့်ဒေသမှာ မိဘမောင်ဘွားသားချင်းတွေ ဆုံးရှုံးခဲ့ရတဲ့ သူတွေလည်း အထိုက်အလျောက် ပျော်ကြမည်..။ နာဂစ် ထောက်ပံ့ရေးပစ္စည်းတွေ ကစ်ထားတဲ့ သူတွေကတည်း ရက်လွန်နိုင်တာတွေကို တဖြေးဖြေးထုတ်ရောင်းရင်း ပျော်နေကြသည်.။ ဗိုလ်ချုပ်မှူးကြီးမှ အစ လမ်းဘေးသူတောင်းစား အဆုံး ပျော်နေကြတဲ့ အချိန်ကြီးမှာ ..ကျွန်တော် ငချွတ်လေးကကော ဘာအကြောင်းနဲ့ ဦးဏှောက်စားနေရဦး မည်နည်း..။ တူးပို့ တူးပို့နဲ့ အတူ ကျွန်တော်လည်း ပျော်လိုက်တော့မည်..။
ပျော်သည်ပျော်သည်.. နှစ်သစ်ကူးမို့ တူးပို့တူးပို့လုပ်ရင်း ကျွန်တော်ပျော်တော့မည်။
စနေငချွတ်
ရန်ကုန်တိုင်း မြို့နယ် သုံးခုတွင် ကြံရည်နှင့် အသုတ်မှာ သုံးသည့် အချည်ရည်မှ တဆင့် ကာလဝမ်းရောဂါပိုး တမျိုး ပျံ့နှံ့
ဝင်းမြတ်/ ဧရာဝတီ ၊ ၅ ၊ ဧပြီ ၊ ၂ဝဝ၉
ရန်ကုန်တိုင်း ဒေါပုံ၊ သာကေတနှင့် ပုဇွန်တောင် မြို့နယ်များတွင် ကာလဝမ်းရောဂါပိုး တမျိုး ပျံ့ပွားနေပြီး ကူးစက်ခံရသူ အချို့ ဆေးရုံ တင်ထားရသည်။၎င်းမြို့နယ်များတွင် ကာလဝမ်းရောဂါ ဖြစ်ပွားစေသည့် ဘက်တီးရီးယား တမျိုး ပျံ့နှံ့ နေသည်ဟု ကျန်းမာရေး ဝန်ကြီး ဌာန၊ အစားသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဌာနမှ ဓာတ်ခွဲမှူးများက စစ်ဆေး တွေ့ရှိထားကြောင်း အမည် မဖော်လိုသူ ဓာတ်ခွဲမှူး တဦးက ပြောပါသည်။
"ဗီဘရီယို ကော်လိုရာ (Vibrio Cholerae) လို့ ခေါ်တဲ့ ကာလဝမ်းရောဂါ ဖြစ်စေတဲ့ ဘက်တီးရီးယား တမျိုးကို ကြံရည်နဲ့ အသုတ်မှာ သုံးတဲ့ အချည်ရည်တွေမှာ စစ်ဆေး တွေ့ရှိ ထားတယ်။ သူက ရိုးရိုး ဝမ်းကိုက် ရောဂါပိုး မဟုတ်ဘူး။ ကာလဝမ်းရောဂါ ဖြစ်စေတဲ့ ပိုး" ဟု အဆိုပါ ဓာတ်ခွဲမှူးက ပြောပါသည်။အဆိုပါ ဘက်တီးရီးယားများ သယ်ဆောင်လာသည့် ယင်ကောင်များ ကြံရည်ကျိတ်စက်၊ အရည်ကျိတ်မည့် ကြံများတွင် နားခိုရာမှ ကြံရည်ထဲတွင် ၎င်းပိုး တွေ့ရှိရခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ ဓာတ်ခွဲမှူးက သုံးသပ်သည်။
ဒေါပုံမြို့နယ် ဆေးစက် ရပ်ကွက်မှ အသက် ၂၅ နှစ် အရွယ် အမျိုးသား တဦးက "ရပ်ကွက်ထဲက အသုတ်ရောင်းတဲ့ အဒေါ်ကြီး အသုတ် ရောင်းနေရင်း ကနေ ဝမ်းတွေ တအား သွားတာနဲ့ ဆေးရုံကို ပို့လိုက်ရတယ်" ဟု ပြောပါသည်။ကာလဝမ်း ရောဂါပိုးများ တွေ့ရှိရာ မြို့နယ်များနှင့် နီးသည့် ရန်ကုန် အရှေ့ပိုင်း ဆေးရုံကြီး (ဂန္ဒီဆေးရုံ) သို့ တင်ပို့ကြကြောင်း သိရသည်။လက်ရှိ အခြေအနေတွင် ဝမ်းလျှော ရောဂါပိုးကို ထိန်းချုပ်နိုင်သည့် အဆင့်တွင် ရောက်နေပြီဟု ကျန်းမာရေး ဦးစီး ဌာနက ပြောကြောင်း ဓာတ်ခွဲမှူးက ပြောသည်။
၎င်းအခြေအနေများကိုမူ ကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူလူထုသို့ တရားဝင် အသိပေး ကြေညာခြင်း မရှိသေးပေ။
ဒေါ်အောင်ဆန်းစုကြည်ထံ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း သွားရောက်
2009-04-05နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ လက်ထောက်ဖြစ်သူတို့ဟာ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ က ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ဧပြီလ ၂ ရက်နေ့ ကြာသပတေးနေ့က သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေပြီး အတူနေသူ ဒေါ်ခင်ခင်ဝင်းကတော့ သိပ်မကျန်းမာဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒေါ်ခင်ခင်ဝင်းတို့ သားအမိဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နေထိုင်နေတာ ဖြစ်ပါတယ်။ အတူနေသူတွေကို အကျယ်ချုပ် ချထားတာမဟုတ်တဲ့အတွက် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အပြင်ဘက်ကို သွားလာခွင့်ရှိပေမယ့် ကန့်သတ်ခံရတယ်လို့ NLD နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆီ မိသားစုဆရာဝန်အပြင် တခြား အထူးကုဆရာဝန်တွေ သွားရောက်ကြည့်ရှုမယ်ဆိုရင် နေပြည်တော်ရဲ့ ခွင့်ပြုချက် ရယူရတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံ နှင့် ပါတ်သက်သော ညီလာခံတခုနော်ဝေတွင်ကျင်းပမည်။
ဖျောက်ဖျက်ပြစ် ၍ မရနိုင်သော အတိတ်သမိုင်း ပုံရိပ် တို့ ၌ သင် နှင့် ကျွန်ုပ်တို့  ၏ ခြေရာများ ကျန်ရစ်ခဲ့ပြီဖြစ်သည်။ လူသိများသော ၈၈ အရေးတော်ပုံ မှ ယနေ့  ထိ နှစ်ပေါင်း (၂ဝ) နှင့် (၈)လ-ကာ တိုက်ပွဲ ဝင်နေသော လူ့ အခွင့်အရေး နှင့် စစ်မှန်သောဒီမိုကရေစီ စနစ်မြန်မာနိုင်ငံအတွင်း ကျင့်သုံးရေး အတွက် ကျွန်ုပ် ၏ တော်လှန်ရေး သည်လည်း ဘယ်နေ့ ပြီးဆုံးမည် မပြောနိုင်သေး သောအခြေအနေ တွင်တည်ရှိနေသေးသည်။
အခြေခံ တောင်းတချက် တူညီသူများအကြား၊ မတူညီသော လုပ်ဆောင်ချက်များ ဒီမိုကရေစီ စနစ် ၏ သဘောတရား အတိုင်းကွဲပြားနေမည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ညီညွတ်ရေးရှိ မှ အောင်မြင် မှုရှိနိုင် မည် ကိုလည်း လူတိုင်းသိရှိပြီးသားဖြစ်သည်။
မြန်မာနိုင်ငံ နှင့် ပါတ်သက်သော ညီလာခံတခု နော်ဝေ နိုင်ငံတွင်ကျင်းပတော့မည်၊ သင်တို့  ၌ မြန်မာနိုင်ငံသားများ အတွက် အကျိုးဖြစ်ထွန်းစေသော မေးခွန်း များရှိပါက သင်တို့၏ ကိုယ်စား ကျွန်ုပ်တို့  မှ ညီလာခံသို့ တင်ပြပေးနိုင် သည်။ သင် တို့ ၏မေးမြန်းချက်များ အပေါ်ညီလာခံတာဝန် ရှိသူ များ ၏ ပြန်လည်ဖြေကြားချက်များ ကိုလည်းပြန်လည်ပေးပို့ ပေးနိုင်သည်။
တော်လှန်သောသစ္စာဖြင့်
သူရိန် (အော်စလို) အိမ်ဖုံး- ဝဝ၄၇-၂၂ ၁ဝ ၃၄ ၇၈
လက်ကိုင်ဖုံး- ဝဝ၄၇-၄၇ ၆၄ ၁၃ ၅၂
အောင်ထွန်း (အော်စလို) အိမ်ဖုံး- ဝဝ၄၇-၂၁ ၃၉ ၄၁ ၂၆/ဝဝ၄၇-၂၁ ၃၉ ၄၁ ၃၈
လက်ကိုင်ဖုံး- ဝဝ၄၇-၉၅ ၄၈ ၉၅ ၄၈
The Norwegian Parliamentary Caucus on Burma, Oslo Centre for Peace and Human Rights, International Peace Research Institute PRIO, Baptist Union of Norway, Norwegian Burma Committee and Norwegian Church Aid have the pleasure of inviting you to a seminar:
AN INTERNATIONAL RESPONSIBILITY TO PROTECT:
CRIMES AGAINST HUMANITY IN EASTERN BURMA?
The UN Special Rapporteur would like to urge the United Nations and the international community to respond to the situation of armed conflict in eastern Myanmar, where civilians are being targeted and where humanitarian assistance to civilians is being deliberately obstructed.
Professor Paulo Sergio Pinheiro
From the recommendations in the report of the Special Rapporteur on the situation of human rights in Myanmar to the UN Human Rights Council, February 2007, A/HRC/4/14
Date: 23 April
Time: 08:30-16:00
Location: Parliament building (entrance by Halvorsens Conditori)
PROGRAMME
Opening
08:30-09:00: Coffee and registration
09:00-09:15: Words of welcome by Hans Olav Syversen, Member of Parliament (OK)
Part 1: Mass atrocities in Eastern Burma – Facts on the ground and responsibility to protect
Moderator: Åshild Kolås, International Peace Research Institute PRIO
09:15-09:45: Duncan McArthur, Emergency Relief Coordinator, Thailand-Burma Border Consortium: Findings from the TBBC 2008 IDP survey (OK)
09:45-10:00: Burma Issues: “Shot on Sight” (13 minutes documentary from northern Karen State) (OK)
Followed by comments by:
· Turid Lægreid, TITLE, Norwegian Institute of International Affairs (Project on the the Principle and Practice of R2P) (20mn, invited/TBC)
· Morten Bergsmo, Senior Researcher, International Peace Research Institute PRIO (Forum International Criminal Humanitarian Law, former Senior Legal Adviser for International Criminal Court) (20mn., OK)
10:40-11:00: Q&A
11:00-11:30: Coffee break/Q&A
Part 2: Local agency – how do local populations survive?
Moderator: Åse Sand, Norwegian Burma Committee
11:30-11:50 Lae Htee Robin, Karen Baptist Community in Norway: Life under the shadow of oppression
11:50 - 12:05: Excerpt from Ruth Gummit: “Don’t fence me in” (30 minutes documentary film about Major Mary Ohn and the Karen refugees from Burma) (OK)
12:05-12:20: Ingunn Øyen: Monologue from “The Lady of Burma” (OK)
12:20-:13:30: Lunch break
Part 3: Reaching a tripartite dialogue and beyond: National and international responsibilities - challenges and opportunities for the future of Burma
Moderator: Hilde Salvesen, Oslo Center for Peace and Human Rights
13:30 – 15:45: Panel debate and discussion
• Harn Yawnghwe, Director of the Euro-Burma office and adviser to the Ethnic Nationalities Council (ENC): Political challenges for Burma’s ethnic nationalities (OK)
• Kjell Magne Bondevik, former Prime Minister and chair of Oslo Centre for Peace and Human Rights: International responsibilities towards Eastern Burma and the future of Burma (20 mn) (OK)
• Haakon Arald Gulbrandsen, Deputy minister of development: Norwegian responsibilities in the face of armed conflict in Eastern Burma (20mn, OK)
• Duncan McArthur, Emergency Relief Coordinator, Thailand Burma Border Consortium (TBC)
Closure:
15:45 – 16:00: Closing words by Anne Kristin Sydnes, Director of International Programmes, Norwegian Church Aid (confirmed)
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဧပြီလ ၅ ရက်၊ ၂၀၀၉သတင်းစဉ်
ဖိုင်၇ယူရန်
UDPအပေါ်ကနေဒါမြန်မာဒီမိုကရက်တစ်အင်အားစု၏ သဘောထားကြေငြာချက်
Photobucket There is no such person U Khin Aung or Tin Maung or Ti Htoo hired by Kyaw Myint. The two people working for Kyaw Myint are already are media guys. Naw Seng (vice secretary general)used to work for Irrawaddy and Kyaw Moe worked for Democratic voice of Burma. Kyaw Moe recently finished a media study from an Ottawa college. He disguised himself as Yin Yin (nay pyi daw), Tun Htoo 88, Tin Maung, Than Phay, Aung Myint Oo and many more to attack exile poiticians.
၀၅၀၄၂၀၀၉ဒိုင်ယာရီ
မြန်မာနိုင်ငံတစ်ဦးချင်း တစ်နှစ်ဝင်ငွေ ကျပ်ငါးသိန်း နီးပါး တိုးမည်ဟုဆို/အတားအဆီးတွေကြား အဲန်အယ်လ်ဒီ လက်မှတ် ဆက် စုဆောင်း /နယ်စပ်များမှ တရားမဝင် တင်သွင်းလာသော ဆေးဝါးများ ဖမ်းဆီးရမိ/ကျောက်ဖြူ- ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမည်/ထောက်လှမ်းရေးအရာရှိဟောင်း သမီး အသတ်ခံရ /စစ်တွေမှ နာမည်ကြီး နေရာ ၄ ခုတွင် လုံခြုံ အထူးတင်းကျပ်/အသဲကွဲတဲ့ မဲတမဲနှင့် စကားပြောခြင်း/
file ရယူရန်
\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။
ကနေဒါတိုရန်တိုမြို့ရဟန်းခံရှင်ပြုနားသအလှူကျင်းပမည်
Photobucket