Tuesday, April 7, 2009

မင်္ဂလာဒိုး (ဂျပန်) ရဲ့ သံချပ်များ

မသဒ္ဒါကျေးဇူးပြုသည်။
2007 mingalardoe thangyat.s


download ကဒီမှာပါ။ http://mingalardoe.homeip.net/

MinGala doe 2009

မမတို့ အတွက်.. အန္တရာယ်ရှိသော ကြက်တောင်ပံများ..

အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..
ကြက်တောင်ပံကြော်ကို နေ့ စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့်
အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ…

ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။

မကြာသေးမီက ကျမ သူငယ်ချင်းမ တယောက် သူ့ ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်…


အဲဒီအခဲဟာ ခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့...

သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို့ ပဲ ထင်ခဲ့တာပေါ့..

ဒါပေမယ့်.. သူထင်တာနဲ့ တတ်တတ်စင်အောင်လွဲခဲ့ပါ့တယ်..


ခွဲစိတ်ထုတ်ပစ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ရောတဲ့…


ဒုက္ခပါပဲနော်..
သူလဲ အရမ်း စိတ် သောကရောက်ရတာပေါ့..

ဒါနဲ့ သားဖွားမီးယပ်ပါရဂူ တယောက်ဆီ ချက်ချင်းသွားပြကြည့်တော့..
ဆရာဝန်က သူမကို မေးခွန်းတခုမေးတယ်.. မေးခွန်းက သူမအတွက်တော်တော်ကိုထူးဆန်းနေတယ်....


ကြက်တောင်ပံကို နေ့ စဉ်ရက်ဆက်စားသလား .. တဲံ့...

သူမက.. စားပါတယ် လို့ ပဲဖြေတယ်.. စားလဲ စားတာကိုး..

သူမ ကြက်တောင်ပံကြော်အမြဲတမ်းစားနေကျဆိုတာ ဘယ်လိုသိပါသလဲလို့  တောင်အံ့သြတကြီးပြန်မေး မိသေးတယ်..

ကဲကြည့်.. ဘာကြောင့်သူဒီလိုရောဂါဖြစ်တာလဲ ..


ဒီနေ့ ခေတ်မှာ ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို Steroids ဟိုမုန်းတွေပါတဲ့ကြီးထွားဆေးတွေ သုံးလာကြပါတယ်.. .

Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့.တောင်ပံနဲ့ လည်ပင်းနေရာတွေမှာ
ပဲ အမြဲထိုးပေးလေ့ရှိတယ်..
ဒါကြောင့်. Steroids ဟိုမုန်းတွေအများဆုံးစုနေတဲ့နေရာကတော့တောင်ပံနဲ့ လည်ပင်းတွေမှာပါပဲ..
ဒီ Steroids ဟိုမုန်းတွေဟာ မြန်မြန်ကြီးထွားစေတတ်တဲ့သဘောကြောင့် ခန္ဒာကိုယ်ထဲမှာ ကြောက်စရာကောင်းလောက်အောင် အကျိုးဆက်တွေဖြစ်လာတာပေါ့..
ဒါဟာဘာအတွက်လဲ..
တကယ်တော့ သူတို့ ရဲ့ လိုအပ်ချက်က .. ကြက်တွေမြန်မြန်ကြီးထွားလာစေဖို့ ပဲမဟုတ်လား… .
ဒါပေမယ့်.. အခု အမျိုးသမီးတွေကို တိုက်ရိုက် ထိခိုက်လာပါပြီ…


အမျိုးသမီးတွေမှာ လက်ရှိ ရှိနေတဲ့ မ.ဟော်မုန်းတွေကိုပါ အန္တရာယ် ကျရောက်စေတဲ့အပြင်..

ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို မဲပုပ်နေတဲ့ အခဲတွေ ကြီးထွားလာစေတတ်တဲ့ ရောဂါတမျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်..

ကျမတို့ မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာတွေ ရှိကြတာပေါ့နော်.. ဒါပေမယ့်..
ကျမတို့ရဲ့ ကျန်းမာရေးက အသက်ဆက်လက်ရှင်သန်ဖို့ ရာ ပိုပြီိးအရေးကြီးပါတယ်..

ဒါကြောင့် မမတို့ုကို ဝေမျှလိုက်ပါတယ်နော်.. မမတို့ ခန္ဒာကိုယ် အလှမပျက်ရအောင် ကိုယ်အလေးချိန်ကိုလဲ ထိန်းရာရောက်အောင် ကြက်တောင်ပံ် ကို နေ့ စဉ်ရက်ဆက် စားသုံးခြင်းက နေ တတ်နိုင်သလောက် လျှော့စားကြပါလို့ ...

အခြား မမ .တွေ.. (မမ.ရှိသူတွေ) ဆီကိုလဲ ဒါကို လက်ဆင့်ကမ်းပေးကြပါဦးနော်...


ခင်မင်စွာဖြင့်..
Ng_h0^^_y3!N
(Sharon How (Singapore Medical Association) ဧ။် Beware Chicken Wings ကိုဆီလျှော်အောင်ဘာသာပြန်သည်။)
Ref: http://www.sma.org.sg

၀၇၀၄၂၀၀၉ဒိုင်ယာရီ

file ရယူရန်

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


လက်ဖက်ဆေးဆိုး ကိစ္စ ပွဲရုံများက တောင်းဆို သဖြင့် လက်ဖက် ဆေးဆိုး ကိစ္စ ဖြစ်လာရကြောင်း

6/Apr/2009
လက်ဖက်များတွင်သုံးစွဲရန်ခွင့်မပြုသည့် အဝါရောင်ဆိုးဆေး(Auramine O))ထည့်သွင်းအသုံးပြု
ခြင်းကို တောင်ပေါ်မှာ သြဂဲနစ်နည်းစနစ်ဖြင့် တစ်သက်တာလုံးစိုက်ပျိုးနေသော ပလောင်တိုင်းရင်းသားများကအ
သုံးပြုရမှန်းမသိ ခဲ့ကြောင်း၊ ယခုအခါ စာနယ်ဇင်းများ၌ လက်ဖက်များတွင် ဆိုးဆေးသုံးစွဲသူမှာ တောင်ပေါ်မှဖြစ်
ကြောင်း၊ ရေးသားလာမှုများရှိလာကြောင်း၊ မိမိအနေဖြင့်ဤကိစ္စကိုသိရန်အတွက် ဇယန်းကြီးငါးရွာကို ကွင်းဆင်း
လေ့လာရာ မိမိတို့တောင်ပေါ်လက်ဖက်လုပ်ငန်းရှင်တချို့ကဆိုးဆေးအသုံးပြုမှုရှိသည်ကိုတွေ့ရကြောင်း၊ဆိုးဆေး
အသုံးပြုရခြင်းမှာ မြေပြန့်ရှိလက်ဖက်ပွဲရုံများက တောင်းဆိုသဖြင့်သုံးစွဲလာခြင်းဖြစ်ကြောင်း၊ယခုလိုသုံးစွဲမှုကြောင့်
မိမိတို့တောင်ပေါ်နေသူများမှာ နာမည်ပျက်ရပြီး တရားခံအဖြစ်သို့ရောက်ရှိနေသဖြင့် စာနယ်ဇင်း ဆရာများမှတစ်
ဆင့် စားသုံးသူများနှင့် တာဝန်ရှိသူများသိရှိရန် ရှင်းလင်းရခြင်းဖြစ်ကြောင်း မန္တလေးမြို့အိုရီယင် တယ်ဟောက်စ်
ခန်းမတွင် မတ် ၂၇ရက်နံနက် ၁၁နာရီကကျင်းပသော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ဇယန်းကြီးရွာမ T.A Family
လက်ဖက်စို၊ လက်ဖက်ခြောက်နှင့်အချိုခြောက်လုပ်ငန်းမှဦးသာအေးကပြောသည်။ ဇယန်းကြီးဒေသမှ နမ့်ဆန်မြို့
နယ်တွင်ရှိရာဇယန်းကြီးလက်ဖက်ကိုတုပရောင်းချသူများကဇယန်းကြီးလက်ဖက်နှင့်ဆင်တူယိုးမှားဖြစ်စေရန်ဆေး
ဆိုးမှုရှိသည်။ ဇယန်းကြီးဒေသထွက် လက်ဖက်များထဲမှ ရာသီချိန်မဟုတ်သော လက်ဖက်များကိုလည်းပွဲရုံများက
အရောင်အတွက်ပြုပြင်ပေးရန်မှာ ကြားမှုရှိသည်ဟု ဇယန်းကြီးရွာ ထွန်းရတနာ လက်ဖက်စက်ရုံမှ ဦးထွန်းတင်က
ပြောသည်။ ဇယန်းကြီးလက်ဖက်မှာ ပေ ၅၀၀၀ကျော်မြင့် သည့်တောင်များပေါ်တွင် ပေါက်ရာဟိုချောင်းလက်ဖက်
မှာ အကောင်းဆုံးဖြစ်ကြောင်း၊ ဇယန်းကြီးလက်ဖက်အနေဖြင့်ရာသီဥတု မှန်ကန်ပါက ပုံမှန်ထွက်ကြောင်း၊ ဝယ်သူ
အကြိုက်လိုက်ပြီး ဆိုးဆေးသုံးကာ တောင်ပေါ်ဆေးအနေနဲ့ ဆိုးပေးရကြောင်း၊ ဇယန်းကြီး လက်ဖက်ကိုဆိုးဆေး
သုံးရတာ မဟုတ်ကြောင်းဦးသာအေးကပြောသည်။ အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲသို့ ဇယန်းကြီးရွာ လက်ဖက်ခြံ
နှင့် လက်ဖက် စက်ရုံပိုင်ရှင်များဖြစ်သော ဦးသာအေး၊ ဦးအောင်ကြီး၊ ဦးထွန်းတင်၊ ဦးအောင်ဆာ၊ ဦးလှကျော်ဦး တို့တက်ရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း ၂၀၀၉ခုနှစ် ဧပြီလ ၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြ
ထားပါသည်။