Wednesday, April 8, 2009

၈၀ ရာခိုင်နှုန်းကျော်မှာ ခရီးသည်တင်ယာဉ်လိုင်းဖြင့်သာ

ရန်ကုန်မြို့လယ်ဧရိယာသို့ နေ့စဉ်ဝင်ထွက်သွားလာနေသူ ခရီးသည်များ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ခရီးသည်တင်ယာဉ်လိုင်းဖြင့်သာ အဓိကသွားလာနေကြရ
............................................................................

Photobucket
ရန်ကုန်မြို့လယ် စီးပွားရေး အချက်အချာ မြို့နယ်များသို့ မြို့ပြင် နှင့် မြို့ပတ်မြို့နယ်များမှ နေ့စဉ်ဝင် ထွက်သွားလာနေသူအရေအတွက် မှာ ၃.၃ သန်းခန့်ရှိပြီး အဆိုပါအရေ အတွက်၏ ၈၄ ရာခိုင်နှုန်းသည် ခရီးသည်တင်ယာဉ်များကိုသာ အဓိ ကအားပြု၍သွားလာလျက်ရှိကြောင်း သိရပါသည်။
ရန်ကုန်မြို့လယ်အချက်အချာ ခြောက်မြို့နယ်တွင် ကုမ္ပဏီများ၊ ရုံး များ၊ ရွှေဆိုင်များ၊ စတိုးဆိုင်များ စသည့်စီးပွားရေးလုပ်ငန်းများတစ်စု တစ်ဝေးတည်းတည်ရှိသည့်အတွက် နေ့စဉ် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီခန့်အထိ မြို့ပတ်နှင့် မြို့ပြင် ဧရိယာမှ လူဦးရေ ၃.၃ သန်းခန့် ခရီးသည်တင်ယာဉ်များ၊ ရထားနှင့် အခြားယာဉ်များကို အသုံးပြု၍ ၀င် ရောက်လာကြပြီး ညနေ ၂ နာရီမှ ည ၈ နာရီခန့်အချိန်အထိ ပြန် လည်ထွက်ခွာသွားလေ့ရှိရာ ယင်းအ ချိန်များအတွင်း မြို့လယ်မြို့တွင်း လမ်းမကြီးများပေါ်တွင် ယာဉ်နှင့်လူ ကိုအထူထပ်ဆုံးတွေ့ရမည်ဖြစ်သည်။
ရန်ကုန်မြို့တော်၏ ခရီးသည် သယ်ယူပို့ဆောင်ရေးစနစ်သည် မြို့ လယ်ဗဟိုပြုသယ်ယူပို့ဆောင်ရေး စနစ်ဖြစ်နေသည့်အတွက် မြို့ပြင်နှင့် မြို့ပတ်မှ ထွက်ခွာလာသည့် ယာဉ် လိုင်းများသည် မြို့လယ်ဆူးလေ စေတီနှင့် မြို့တော်ခန်းမကိုသာ ဦး တည်ပြေးဆွဲနေသဖြင့် မြို့လယ် အဓိကလမ်းမကြီးငါးသွယ်တွင် ရှိနေ သည့် ယာဉ်ရပ်မှတ်တိုင်များတွင် ယာဉ်လိုင်းပေါင်း အနည်းဆုံး ၁၅ လိုင်းမှ အများဆုံး ၄၈ လိုင်းအထိ ရပ်တန့်၍ ခရီးသည် တင်ချလုပ်ရ သည့်အတွက် ယင်းသည် ယာဉ် ကြောကြပ်ပိတ်ဆို့မှုများဖြစ်ပေါ်ရ သည့် အချက်တစ်ချက်လည်းဖြစ် သည်ဟုကျွမ်းကျင်သူများကထောက် ပြခဲ့ကြသည်။
''ခရီးသည်ပို့ဆောင်ရေးရဲ့ အဓိကရည်ရွယ်ချက်ဟာ လိုရာခရီး ကို အချိန်တိုတိုနဲ့ သက်သောင့်သက် သာ ပို့ဆောင်ပေးနိုင်ဖို့ပါ။ ဒီလိုသွား နိုင်မှသာ ကားစီးချိန်ကြာမြင့်လို့ဖြစ် ပေါ်ရတဲ့ စိတ်ညစ်ညူးမှုတွေ၊ သက် သောင့်သက်သာမဖြစ်တဲ့ ကားစီးနင်း သွားလာရမှုတွေကြောင့် ဖြစ်ရတဲ့ စိတ်ဒုက္ခတွေမရှိတော့ဘူးဆိုရင် ခရီး သွားပြည်သူများဟာ စိတ်ချမ်းမြေ့ စွာနဲ့ လုပ်ငန်းခွင်ဝင်နိုင်မှာမို့ တိုင်း ပြည်ရဲ့ GDP လဲတက်သွားမှာပါ။ ဒီအထိ ခရီးသည်ပို့ဆောင်ရေးဟာ တာသွားပါတယ်'' မြို့ပြပို့ဆောင် ရေးရာဆိုင်ရာ သုတေသီတစ်ဦး ဖြစ်သူ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှ အတွင်းရေးမှူး ဦးအောင် မြင့်က သုံးသပ်ပါသည်။

သင်္ကြန်တေးများ


မာစတာသင်္ကြန်-၃
၀၁။ မွန်းတယ်မွန်းတယ် - ဟဲလေး
၀၂။ မြန်မြန်သာပြော - Jenny
၀၃။ ရင်ထဲငြိတယ် -Dယံ
၀၄။ တုန်သွားတာပဲ - ရတနာမိုင်
၀၅။ ၂၀၀၉ သင်္ကြန် - Zone
၀၆။ သင်္ကြန်ဖူးစာ - အိမ့်ချစ်
၀၇။ ဒါသင်္ကြန်ပဲ - အစ္စဏီ
၀၈။ ရေစိမ်ခံ - မေသူ
၀၉။ တွေ့ ဘူးတယ် -waiလျှံ+အိမ့်ချစ်
၁၀။ ရည်းစားလက်မဲ့ -blackhole
၁၁။ ဒီလိုလုပ်လို့ မရဘူး -bluebarry
၁၂။ အချိန်မကုန်ပါနဲ့  - သီရိဆွေ
၁၃။ လွမ်းမနေနဲ့  - ပူစူး
၁၄။ ကဲကြမယ်ဟေ့ -Ying Ying
http://www.mediafire.com/?d2miczzwmno

ပေါ့ပေါ့ပါးပါးသင်္ကြန်

၁။ ရင်မောတယ် - ရာဇာနေ၀င်း
၂။ အသည်းလေးအေးသွားတဲ့ထိပက် - မီးမီးခဲ
၃။ နှစ်သစ်ကူးတဲ့လတန်ခူး - ဟက်ကက်၊ စနို၊ စောဖိုးခွား(Ragge)
၎။ ရေတွေဖြည့်ဦး - တွင်ကယ်
၅။ ပိတောက်ပန်းလေး - ရာဇာနေ၀င်း၊ ဂူဂူး
၆။ ပျော်ကြမယ် - ယုန်လေး၊ ဆုပန်ထွာ
၇။ နှစ်သစ်ရဲ့ အချစ်သစ် - ဖိုးသားကြီး
၈။ အနားကိုလာ - ပုလဲဝင်း
၉။ မင်းအခုမှ… - ကုဋာခင်
၁၀။ လွန်လွန်းတယ် - ရသ၊ ယုန်လေး၊ ခရစ္စတီးနား
၁၁။ အိမ်တွင်းပုန်းမလုပ်လိုက်ပါနဲ့  - စိုးပြည့်သဇင်
၁၂။ ကြွကြွရွရွက - Nဇိုင်း၊ ခွန်းဆင့်နေခြည်
၁၃။ ရေစိုစိုသင်္ကြန်ပွဲ - မီးမီးခဲ၊ ဆုပန်ထွာ၊ သူသူ
၁၄။ ပေါ့ပေါ့ပါးပါး သင်္ကြန် - သားညီ၊ ဇွဲနိုင်ဝင်း၊ ယုန်လေး
http://www.mediafire.com/?zmiuu1a10zm

နှစ်သစ်မင်္ဂလာ-၁

၁။ နှစ်သစ်မင်္ဂလာ - ရင်ဂို
၂။ ဖိုးညိုမြ - စည်သူလွင်
၃။ ချမ်းပါတယ် - ဂရေဟမ်
၎။ သက်ြန်မိုးရေ တန်ခုးလေ - ရင်ဂို
၅။ ရှာပုံတော်မင်းသားကြီး
၆။ ပိတော် တမျက်နှာ - ဂရေဟမ်
၇။ သင်္ကြန်မိုး - ဂရေဟမ်
၈။ ရေတွေစိုကုန်ပြီ - စည်သူလွင်
၉။ နွေအလှ - ဂရေဟမ်
၁၀။ ပိတောက်လက်ဆောင် - စည်သူလွင်
၁၁။ ဒဂုံမောင် - ဂရေဟမ်
http://www.mediafire.com/?cetojqbnjkd

နှစ်သစ်မင်္ဂလာ-၂

၁။ ရွှေမန်းတောင်ရိပ်ခို - ရင်ဂို
၂။ တူးပို့ တူးပို့ - စည်သူလွင်
၃။ နွေဦးကဗျာ - ဂရေဟမ်
၎။ ရက်မြတ်သင်္ကြန် - ရင်ဂို
၅။ ကမယ်ဆိုတီးပါမယ် - စည်သူလွင်
၆။ နှစ်သစ်ချစ်ဦး - ဂရေဟမ်
၇။ ရွှေဝါမြေ - ရင်ဂို
၈။ သင်္ကြန်လုလင် - ဂရေဟမ်
၉။ ရေပက်ခံမယ် - စည်သူလွင်
၁၀။ မန်းမြို့ သူဇာမေ - ရင်ဂို
၁၁။ သင်္ကြန်မိုးရေ တန်ခူးလေ - ဂရေဟမ်
၁၂။ ရွှေမန်းမာလာ - စည်သူလွင်
၁၃။ နှုတ်ခွန်းဆက် - ဂရေဟမ်၊ ရင်ဂို၊ စည်သူလွင်
http://www.mediafire.com/?zjijtw0ieou

နှစ်သစ်မင်္ဂလာ-၃

၁။ ညိုမြ
၂။ မမကိုယ်တိုင်က
၃။ မူယာကျော့
၎။ ရွှင်လန်းချမ်းမြေ့ ပါစေ
၅။ သင်္ကြန်ဝိဥာဉ်
၆။ ရေလောင်းရေပက်
၇။ အိပ်မက်စေတမန်
၈။ နွေမ
၉။ ပန်းမျိုးတစ်ရာ
၁၀။ ကောင်းသောနှစ်
၁၁။ ချမ်းတုန်ချမ်း
၁၂။ နှုတ်ခွန်းဆက်
http://www.mediafire.com/?2yanmojmhyd

T-Home ဂီတ သင်္ကြန်သီချင်းများ-၁

၀၁။ မန်းတောင်ရိပ်ခို - မျိုးကျော့မြိုင်
၀၂။ လောင်းလိုက်ဦးပက်လိုက် - အယ်လွန်းဝါ + ဆုန်သင်းပါရ်
၀၃။ နှစ်သစ်ချစ်ဦး - ဖိုးကာ
၀၄။ ချစ်သူလက်မဲ့သင်္ကြန် - ပူစူး
၀၅။ တိတ်တခိုး - ရှင်ဖုန်း
၀၆။ ဖြူနီပြာဝါ - တင့်တင့်ထွန်း
၀၇။ ချမ်းပါတယ် - ဂရေဟမ်
၀၈။ ခဏစောင့်ပေး - ဆုန်သင်းပါရ်
၀၉။ အေးချမ်းတေးသံလတန်ခူးဟေမန် - ချောစုခင်
၁၀။ ရေသူမ - အယ်လွန်းဝါ
၁၁။ ၀ိုင်းပက် - ကြိုးကြာ
၁၂။ T.Home - Group
http://ifile.it/peybntl

T-Home ဂီတ သင်္ကြန်သီချင်းများ-၂

၀၁။ ပိုးလေး - ချစ်သုဝေ
၀၂။ ရှက်လို့မနေနဲ့ - ဆုန်သင်းပါရ်
၀၃။ နှစ်သစ်ဖြစ်ပါစေ
၀၄။ ရေတွေကျန်သေးလား - ခင်ဘုဏ်း
၀၅။ လွမ်း ၃၆၅ ရက် - မိုးမိုး + ရွှေထိုက်
၀၆။ နှုတ်မဆက်ချင်ဘူး - ပူစူး
၀၇။ မြို့မငြိမ်းနဲ့အရင်ဒီလိုပဲ - မာရဇ္ဇ
၀၈။ ဒီအချိန်ရောက်တိုင်း - မိုးမိုး
၀၉။ မင်္ဂလာပါ - အစိုင်း
၁၀။ သင်္ကြန်နှင့်အကြံ - နေဇော် + ကေမီကို
၁၁။ နှစ်သစ်ကြိုပွဲ - လုလု
၁၂။ ရယ်တာပေါ့ - ရင်ဂို
၁၃။ T-Home - Group
http://ifile.it/to6nf03

ခင်မောင်တိုး-ရွှင်လန်းချမ်းမြေ့ပါစေချင်

၁။ရွှေမန်းမာလာ
၂။နွေဦးကဗျာ
၃။ရွှင်လန်းချမ်းမြေ့ပါစေချင်
၎။သင်္ကြန်လုလင်
၅။ပိတောက်မျက်နှာ
၆။တူးပို့တူးပို့
၇။သင်္ကြန်မိုး
၈။ဆုမြတ်ပန်ဆင်ခြေ
ွhttp://www.mediafire.com/file/yzfynmbnoy3/khin_maung_toe_-_shwinlanchanmyaeparsaychin-aprilboy_mcm.rar

ရင်ဂို-နွေလယ်မိုး

၁။မူယာကြော့
၂။သင်္ကြန်မိုးရေတန်ခူးလေ
၃။နွေလယ်မိုး
၎။ရေနန်းဗိမာန်
၅။ပိတောက်လက်ဆောင်
၆။နွေအလှ
၇။ရေတွေစိုကုန်ပြီ
၈။ကောင်းသောနှစ်
၉။ကမယ်ဆိုတီးပါမယ်
၁၀။ရေပက်ခံမယ်
၁၁။နှုတ်ခွန်းဆက်
၁၂။Bonus Track
http://www.mediafire.com/file/2fvyz4zjmmd/nwaylalmoe-aprilboy_mmcp.rar

Photobucket
http://sharebee.com/0e52d46f

အယ်လ်ပိုင်းသင်္ကြန်

၁။သင်္ကြန်မလေး-မောင်မောင်ဇော်လတ်
၂။အိုကေ..နားထား-ရှင်ဖုန်း
၃။ပျော်ပါစေသံချပ်သီချင်း-အဖွဲ့
၎။သင်္ကြန်မိုး-ထွန်းအိန္ဒြာဗိုလ်
၅။မုန့်လုံးစက္ကူကပ်-ဂရေဟမ်
၆။နွေဦးကဗျာ-No
၇။ချမ်းပါတယ်-သီရိဂျေမောင်မောင်
၈။မန္တလေးသားဖြစ်ဖို့-ဖြိုးကြီး
၉။ကြွက်လည်းလန်းခွက်လည်းလန်း-တင်ဇာမော်
၁၀။ရှာပုံတော်မင်းသမီး
၁၁။သင်္ကြန်ဆိုတာဒီလိုပဲ-မီးမီးခဲ
၁၂။ဆင်ခြေပေးတာ-အယ်နောင်း
၁၃။ယနေ့လူငယ်ရိုးရာသင်္ကြန်-စိုင်းစိုင်းခမ်းလှိုင်၊ငယ်ငယ်၊ဂျွန်
http://www.mediafire.com/?vwkmnyfyd2y

ဇော်ဝမ်း - မြို့မသင်္ကြန်
၀၁ - မန်းတောင်ရိပ်
၀၂ - တူးပို့
၀၃ - ရွှေမန်းမာလာ
၀၄ - ဖိုးညိုမြ
၀၅ - ရက်မြတ်သင်္ကြန်
၀၆ - ရွှေဝါမြေ
၀၇ - ရေလောင်းရေပက်
၀၈ - သင်္ကြန်လေညှင်း
၀၉ - ပန်းမြို့တာရာ
၁၀ - ကမယ်ဆိုတီးပါမယ်
၁၁ - ညှင်းသွယ်သွယ်
၁၂ - ပင်နန်းမာလာ
http://www.zshare.net/download/55787312188f42b8/
http://www.sendspace.com/file/t4snfm

မာစတာသင်္ကြန် ( ၁ )
[url= http://www.mediafire.com/?3imnojebl5y] http://www.mediafire.com/?3imnojebl5y[/url]
[url= http://www.megaupload.com/?d=QR6TLU81] http://www.megaupload.com/?d=QR6TLU81[/url]


မာစတာသင်္ကြန် ( ၂ )
http://www.mediafire.com/?fn1baait023
http://www.megaupload.com/?d=VONTD6KS

မာစတာသင်္ကြန် ( ၃ )
http://sharebee.com/9356e775

အိန္ဒိယနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများရဲ့  (၂၀၀၉) ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်။
http://sharebee.com/fff15dc4 side A
http://sharebee.com/01ba3bca side B
http://sharebee.com/f71b0390 သံချပ်စာအုပ်အား download လုပ်ရန်- (208KB)

၀၈၀၄၂၀၀၉ဒိုင်ယာရီ

Photobucket
google download
mediafire

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


ကုန်းဘောင်နှောင်းခေတ် (၁၈၅၂ - ၈၅) မြန်မာ ပညာတော်သင်များနဲ့ ပညာသင် လူစာရင်း ဘုရား

". . . ပညာသင် လူငယ်များသည် နေထိုင် စားသောက်စရိတ် ထောက်ပံ့ကြေး လုံလောက်စွာ မရရှိသဖြင့်လည်း စိတ်နှလုံး မတည်မငြိမ် မသေမဝပ် ပေါ့ပေါ့လျော့လျော့ ရှိကြသည်။ မည်သည့် အလုပ်ကိုမျှ တည်တည်မြဲမြဲ ဇွဲဝီရိယနှင့် ပြီးဆုံးတိုင် တတ်မြောက်အောင် မသင်ယူဘဲ အသစ် အသစ် ကူးပြောင်း သင်လို စိတ်သာ ရှိကြ၏ . . . " . . . [မြန်မာ့ရတနာ စာပေက ၂ဝဝ၄ စက်တင်ဘာမှာ ပထမ အကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ မကြန်ရဲ့ 'ကုန်းဘောင်၏ နောက်ဆုံး အားမာန်' စာအုပ်ကနေ "ကုန်းဘောင်နှောင်းခေတ် (၁၈၅၂ - ၈၅) မြန်မာ ပညာတော်သင်များ" နဲ့ "ပညာသင် လူစာရင်း ဘုရား" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]
Photobucketဖာသား (Fr.) Abbona နဲ့ မြန်မာ ကျောင်းသားများ (ဝဲ) နဲ့ ကုန်းဘောင် နောက်ဆုံး ဘုရင် သီပေါမင်း လက်ထက်က နန်းတွင်းသူ နန်းတွင်းသားများ (ယာ)။

ကုန်းဘောင်နှောင်းခေတ် (၁၈၅၂ - ၈၅) မြန်မာ ပညာတော်သင်များ

ရှေးဦးစွာ ဤခေါင်းစဉ်နှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်း လိုပါသည်။ မင်းတုန်းမင်းကြီး နန်းတက်သည့် ၁၈၅၂ ခုမှ သီပေါဘုရင် ပါတော်မူသော ၁၈၈၅ ခုထိ နှစ်ပေါင်း သုံးဆယ်ကျော် အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယ၊ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့သည်။ အကြမ်းအားဖြင့် စာရင်း ကောက်ရလျှင် ခရစ်နှစ် ၁၈၆၃ ခုခန့်က ပြင်သစ်နိုင်ငံသို့ စေလွှတ်သော ငရွှေအိုး၊ ငမြူး၊ အောင်သူ။၁ ထိုအချိန်က ပြင်သစ်နိုင်ငံမှ ပြန်လာသော ပြင်သစ်တွင် မောင်ကြီး၊ မောင်ကလေး ခေါ် ငထွန်းအောင်၊ ငညွန့်။၂ ၁၈၆၉ ခုခန့်က အင်္ဂလန်နိုင်ငံသို့ စေလွှတ်သော ငမြဲနှင့် ငတရုပ်ဖြူ။၃ ၁၈၆၉ ခုနှစ်က အိန္ဒိယပြည် ကာလကတ္တားမြို့သို့ စေလွှတ်သော လူငယ် ၁၈ ယောက်။၎ ၁၈၇၂ ခုနှစ်က အီတလီသို့ စေလွှတ်သော ပညာတော်သင် ငသာထား၊ ပန်းပဲခေါင်း ငခက်၊ လက်ဖက်ရည်တော် ငဘိုးခြုံ၊ ငစီ။၅ စေလွှတ်သော ခုနှစ် သက္ကရာဇ် အတိအကျ မသိရ၊ မင်းတုန်းမင်း လက်ထက်ဟု ခန့်မှန်းရသော ပြင်သစ်နိုင်ငံရှိ ပညာတော်သင် ငထွန်းလင်းနှင့် ငအင်း၊ အီတလီနိုင်ငံ တူရင်းမြို့ရှိ ငအုန်းပွင့်၊ ငဘအို၊ ငကံထူး၊ ငထွန်းဦး၊ ဘင်္ဂလားမြို့ရှိ ငမောက်ကလေး။၆ နှင့် ၁၈၇၄ ခုနှစ်က ဘင်္ဂလားသို့ စေလွှတ်တော်မူသော လူပြန်တော် မောင်ဘိုးအစ် ကြီးကြပ် ခေါင်းဆောင်သည့် မောင်ဘိုးစော၊ မောင်ထွန်းလင်း၊ မောင်ဘိုးထင်၊ မောင်ညို၊ မောင်ဖြူ၊ မောင်အင်း၇ တို့နှင့် ၁၈၇၆ ခုနှစ်က ဗြဲတိုက်သံဆင့် နေမျိုးသိဒ္ဓိကျော်စွာ ကြီးကြပ်၍ အီတလီနိုင်ငံသို့ ပို့သော ပညာသင် လူငယ် ငါးယောက်၈ တို့ ဖြစ်ကြသည်။ ဤစာရင်းမှာ ပြည့်စုံသည်ဟု မဆိုနိုင်ပါ။ မြန်မာ အထောက်အထား၊ အင်္ဂလိပ် အထောက်အထား၊ စာတမ်း မှတ်တမ်းများမှ ရှာဖွေ တွေ့ရှိသမျှသာ ဖြစ်ပါသည်။
ဤအရပ်ရပ် ပညာတော်သင်များ အကြောင်းနှင့် စပ်လျဉ်းသော ပေးစာ၊ ပြန်စာ၊ ဆင့်စာ၊ တင်စာများကို (လွှတ်တော် ပုရပိုက် အမှတ်အသား အတိုကောက် မှတ်ပုံ ပထမတွဲ) တွင် မှတ်သားထားသည်၊ သို့မဟုတ် မှတ်ပုံ တင်ထားသည်ကို တွေ့ရပါသည်။၉
တွေ့ရသည် ဆိုသော်လည်း ဤပေးစာ ပြန်စာ၊ ဆင့်စာ တင်စာများ၏ စာကိုယ်များကို တွေ့ရသည် မဟုတ်ပါ။ အတိုကောက် မှတ်ပုံမျှသာ ဖြစ်သည်။ သိသာ လွယ်အောင် ဥပမာ ပြရသော် စာမျက်နှာ ၁၇၉ တွင် ၁၄၈ မှတ် ပုရပိုက်ထွက် ဟူသော ခေါင်းစဉ်အောက်၌ -

၁၂၃ဝ ပြည့်

၂။ ပညာတော်သင် ငရွှေမြူးက တင်လျှောက်စာ။ မဲနယ် ချက်လုပ်နည်းကို သင်ကြားဆဲ ဖြစ်ကြောင်း၊ ကင်မစ္စာကြီး ကျမ်းထွက် ဓာတ်ရေ အမျိုးမျိုး လျက်လုပ်နည်းများကို ထပ်မံ သင်ကြား တတ်မြောက်လျှင် မရောင်းရ၊ ပတ္တမြား ကျောက်တော်များနှင့် နတ်တော်လ အတွင်း ရွှေဖဝါးတော်အောက် ရောက် ဆန်တက်ပါမည် အကြောင်း။
ဟု ရေးသား မှတ်ထားသည်။ မည်သည့် တိုင်းပြည် မြို့ရွာရှိ ပညာတော်သင် ဟူ၍ပင် ဖော်ပြထားခြင်း မရှိချေ။ ထို့အတူ စာမျက်နှာ ၂ဝ၃ တွင် ၁၆၄ မှတ် ပုရပိုက် ဟူသော ခေါင်းစဉ်အောက်၌ -

၁၂၃၁ ခု

၆။ ဘိလပ်နိုင်ငံရှိ ပညာတော်သင် ငမြဲ၊ ငတရုပ်ဖြူ တို့ကို ဆင့်စာ။ မှာထား ဆင့်ဆိုရင်း ယမ်း၊ သေနတ်၊ တူဆန် လုပ်ကိုင်နည်း ပညာများကို တတ်မြောက်အောင် သင်ကြားရမည့် အကြောင်း။ ဖန်ချက်ဝန်ကိုလည်း စက်ကိရိယာများကို အဝယ် အယူ စေလွှတ်ကြောင်း။
ဟု တွေ့ရသည်။ ထို့ကြောင့် အထက် ဖော်ပြပါ အရပ်ရပ် ပညာတော်သင်များ အကြောင်းကို စုံလင်စွာ သိရှိနိုင်ရန် ခဲယဉ်းလှ၏။ အကိုးအကား အထောက်အထားကား အလွန်ပင် ရှားလှသည်။ သို့ဖြစ်ပါ၍ 'ကုန်းဘောင်နှောင်းခေတ် ပညာတော်သင်များ' ဟု ဆိုသော်လည်း အားလုံးသော ပညာသင်တို့ အကြောင်းကို ဤနေရာ၌ တင်ပြနိုင်မည် မဟုတ်ပါ။ ၁၈၆၉ ခုနှစ်က အိန္ဒိယပြည် ကာလကတ္တားမြို့သို့ သေနတ် အမြောက်မှ စ၍ လက်နက် ကိရိယာနှင့် စပ်ဆိုင်သည့် အလုပ်များကို သင်ကြားစေရန် လွှတ်သည့် လူငယ် ၁၈ ဦးတို့ အကြောင်းကိုသာ အိန္ဒိယပြည် နိုင်ငံခြားရေးရာနှင့် နိုင်ငံရေးရာ မှတ်တမ်းများ ၁၈၆၈ - ၇၃ တို့တွင် တွေ့ရှိရသည့် အတိုင်း ဖော်ပြပါမည်။
ဤပညာသင် လူငယ်တို့ အကြောင်းကို (လွှတ်တော် ပုရပိုက် အမှတ်အသား အတိုကောက် မှတ်ပုံ ပထမတွဲ၊ စာမျက်နှာ ၁ဝ၂) တွင် အောက်ပါ အတိုင်း ရေးသားထားပါသည် -

၁၅၁ မှတ် ပုရပိုက်ထွက်
၁၂၃ဝ ပြည့် သီတင်းက္ဆွတ် လဆန်း ၉ ရက်နေ့

၃။ ပခန်းမင်းကြီးက အင်္ဂလန် ဝန်ကြီးသို့ ပေးစာ။ သေနတ် အမြောက်မှ စ၍ လက်နက် ကိရိယာနှင့် စပ်ဆိုင်သည့် အလုပ်များကို သင်ကြားစေရန် စေလွှတ်သူ လူငယ် ၁၉ ကို အလိုရှိရာ ဝင်ထွက် ကြည့်ရှု သင်ကြား ပါစေမည့် အကြောင်းအရာ။

၎င်းစာမျက်နှာ ၁၈၃ တွင်မူ -

၁၅၁ မှတ် ပုရပိုက်ထွက်

၁၂၃ဝ ပြည့် သီတင်းက္ဆွတ်လပြည့်ကျော် ၁၃ ရက်နေ့။

၁။ အင်္ဂလန် ဝန်ကြီးက ပခန်းမင်းကြီးသို့ ပေးစာ။ သေနတ် အမြောက် လက်နက် ကိရိယာများ လုပ်ဆောင်နိုင်အောင် ပညာသင် လူငယ် ၁၉ တို့ကို စေလွှတ်လိုက်ကြောင်း ပေးစာအရ အင်္ဂလိပ်မင်းထံ အခွင့်အမိန့် တောင်း၍ ရကာလ၊ စာပြန်ကြားပါမည့် အကြောင်း။
ဟု တွေ့ရသည်။ ဤအတိုကောက် မှတ်ချက် နှစ်ခုကို ထောက်၍ မြန်မာဘုရင် မင်းမြတ်က လူငယ် ၁၉ ဦးကို သေနတ် အမြောက်မှ စ၍ လက်နက် ကိရိယာနှင့် စပ်ဆိုင်သည့် အလုပ်များကို သင်ကြားရန် စေလွှတ်လိုသည်။ ထိုသို့ စေလွှတ် လိုကြောင်းကို အဂ္ဂမဟာ သေနာပတိ ဝန်ရှင်တော် ပခန်းမင်းကြီးက ၁၂၃ဝ ပြည့်၊ သီတင်းက္ဆွတ် လဆန်း ၉ ရက်၁ဝ နေ့စွဲနှင့် အင်္ဂလိပ် ဝန်ကြီးထံ စာပေးသည်။ အင်္ဂလိပ် ဝန်ကြီးက အင်္ဂလိပ်မင်းထံ အခွင့်အမိန့် တောင်း၍ အကြောင်းပြန်မည်ဟု သာမန်မျှသာ သိသည်။ အတိုကောက် မှတ် ဖြစ်သည့် အတိုင်း ပညာတော်သင် လူငယ်တို့ကို မည်သည့် မြို့ရွာ တိုင်းပြည်များသို့ စေလွှတ်မည် ဆိုသည့် အချက်ပင် မပါချေ။
ဤနေရာ၌ ပခန်းမင်းကြီးက စာပေးသည့် အင်္ဂလိပ် ဝန်ကြီး ဆိုသည်မှာ ဗြိတိသျှ မြန်မာပြည်၏ မဟာဝန်ရှင်တော် မင်းကြီး၊ အိန္ဒိယ ဘုရင်ခံချုပ်၏ ကိုယ်စားလှယ် ဖြစ်သူက ကာနယ် အလ်ဘတ်ဖိုက် (Colonel Albert Fytche, Chief Commissioner, British Burma and Agent to the Governor General) ဖြစ်၏။ အင်္ဂလိပ်မင်းထံ အခွင့် အမိန့် တောင်းမည် ဆိုသည်မှာလည်း အင်္ဂလိပ်မင်း ဟူသည် အိန္ဒိယ ဘုရင်ခံချုပ်ကိုပင် ဆိုခြင်း ဖြစ်သည်။ သို့ဖြစ်၍ ကာနယ် အလ်ဘတ်ဖိုက်က အင်္ဂလိပ်မင်းထံ အခွင့်အမိန့် တောင်းပြီး အကြောင်းပြန်မည်ဟု ပခန်းမင်းကြီးထံ ပေးစာတွင် ကတိ ဝန်တာ ခံထားသည့် အတိုင်း ၁၈၆၈ ခု၊ အောက်တိုဘာ ၁၇ ရက်နေ့တွင် ပေးစာအမှတ် ၃၆၁-၄ အရ၁၁ ဤကိစ္စကို အိန္ဒိယ ဘုရင်ခံချုပ်ထံ အမိန့် ချမှတ်ရန် တင်ပြလိုက်သည်။
ထိုစာတွင် မြန်မာ လူငယ် ၁၉ ယောက်တို့ကို ကာလကတ္တားမြို့သို့ စေလွှတ်၍ ကောဆိပူရ် (Cossipoor) ရှိ သေနတ်လုပ် စက်ရုံတွင် လည်းကောင်း၊ ဖို့ဝီလျံ (Fort William) ရှိ လက်နက်တိုက်တွင် လည်းကောင်း၊ အမြောက် သေနတ်မှ စ၍ လက်နက် ကိရိယာ အမျိုးမျိုး ပြုလုပ်သော အတတ်ပညာကို တက်ရောက် သင်ကြားခွင့်ရရန် မြန်မာ ဝန်ကြီးက ပန်ကြားပါသည်ဟု ဖော်ပြထား၏။ ကာနယ် အလ်ဘတ်ဖိုက်က ဆက်လက်၍ ဆွေးနွေး တင်ပြထားသည်မှာ မြန်မာ လူငယ်များကို လက်ခံ ပညာ သင်ကြား ပေးရေး၌ အခက်အခဲ အယှက်အတင်များ ရှိကြောင်း၊ ပညာသင် လူငယ်များ စည်းကမ်း သေဝပ်စေရန်၊ အမိန့်သြဇာကို နာခံစေရန်၊ သင်တန်းမှန်မှန် တက်စေရန် စည်းကြပ်ရေး အခက်အခဲ၊ ဆက်သွယ် သင်ကြားရန် ဘာသာစကား အခက်အခဲ၊ ထိုလူငယ်များ၏ အခြေအနေ၊ အဆင့်အတန်း၊ အရည်အချင်းတို့ကို တိကျစွာ မသိရသော အခက်အခဲ စသည်တို့သည် ထည့်သွင်း စဉ်းစားရမည့် အချက်များ ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းပြင် အခြေအနေကို ပိုမို သဘောပေါက်စေရန် ပခန်းမင်းကြီး၏ ပေးစာ အင်္ဂလိပ်ဘာသာ ပြန်ဆိုချက်နှင့် ကာနယ်လ် အလ်ဘတ်ဖိုက်၏ ပြန်စာ မိတ္တူ တစောင်တို့ကိုပါ ပူးတွဲ တင်ပြလိုက်သည်။၁၂
အိန္ဒိယ ဘုရင်ခံချုပ်က ဤကိစ္စနှင့် ပတ်သက်၍ မည်ကဲ့သို့ သဘောထားသည်၊ မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သည်တို့ကို ကြည့်ကြပါဦးစို့။ မြန်မာ လူငယ်များကို လက်ခံ၍ ပညာ သင်ကြား ပေးရမည့် အရေးတွင် ကာနယ် အလ်ဘတ်ဖိုက် ညွှန်ပြသည့် အတိုင်း အခက်အခဲ အယှက်အတင်များ ရှိကြောင်းကို ဘရင်ခံချုပ်ကလည်း သဘောပေါက်သည်။ ထောက်ခံပါသည်။ သို့သော် ဘုရင်ခံချုပ်၏ သဘောမှာ နိုင်ငံရေးအရ ထောက်ထားစရာ အချက်များ၁၃ ရှိနေသောကြောင့် မြန်မာ ဘုရင်မင်းမြတ်၏ အလိုဆန္ဒကို ဆန့်ကျင်ရန် မသင့်၊ တတ်အားသရွေ့ လိုက်လျော သင့်သည်ဟု ထင်မြင် ယူဆလေသည်။
ထို့ကြောင့် ဤကိစ္စကို စုံစမ်း အစီရင်ခံရန် စစ်ဘက်ဌာန အတွင်းဝန်သို့ လွှဲအပ်လိုက်၏။ စစ်ဘက်ဌာန အတွင်းဝန်က တဖန် သက်ဆိုင်ရာ ဗုံး အမြောက် လက်နက်နှင့် ခဲယမ်း မီးကျောက်တိုက် မင်းကြီး (Inspector General of Ordance and Magazines) ထံ ဆင့်ဆိုရာ ၁၈၆၈ ခု၊ နိုဝင်ဘာလ ၁၉ ရက် နေ့စွဲ စာအမှတ် ၃၅၈ အရ လက်နက် ခဲယမ်းတိုက် မင်းကြီး Major General F. Turner က အောက်ပါ အတိုင်း အစီရင်ခံ လိုက်သည်။၁၄
မြန်မာ ပညာတော်သင် လူငယ်များကို Cossipoor ရှိ သေနတ်လုပ် စက်ရုံနှင့် Fort William ရှိ လက်နက်တိုက်တို့တွင် လက်ခံ၍ ပညာ သင်ကြား ပေးပါမည်။ သို့သော် ယခု အချိန်၌ Cossipoor သေနတ်လုပ် စက်ရုံတွင် မည်သည့် သေနတ် အမျိုးအစားမျှ သွန်းလုပ်ခြင်း အမှုကို မပြုပါ။ ထြို့ပင် Fort William ရှိ လက်နက်တိုက်တွင် သာမက အိန္ဒိယပြည်ရှိ မည်သည့် လက်နက်တိုက်တွင်မှ၊ မည်သည့် အခါကမျှ လက်နက်ခဲယမ်း မပြုလုပ်ကြပါ။ ထို့ကြောင့် မြန်မာ လူငယ်များကို လက်ခံ၍ ပညာ သင်ပေးမည် ဆိုရာ၌ Cossipoor တွင် ကြေးနီနှင့် သံတို့ကို ကျိုခြင်း သွန်းခြင်း အတတ်၊ Fort William တွင် လက်နက်များကို ပြင်ဆင်ခြင်း၊ သိုလှောင် သိမ်းဆည်းခြင်း အတတ်များနှင့် လက်နက်တိုက်နှင့် ဆိုင်သော အခြား လုပ်ငန်းများကိုသာ သင်ပေးနိုင်မည်။ အချို့ လူငယ်များကို Dum Dum ရှိ စက်ရုံတွင် လက်နက် အသေးစားများ ပြုလုပ်ခြင်းကို သင်ပေးနိုင်ကောင်း သင်ပေးနိုင်မည် ဖြစ်ကြောင်း F. Turner က အစီရင်ခံသည်။ ထို အစီရင်ခံစာတွင် F. Turner က မြန်မာ လူငယ်များကို Cossipoor တွင် တချို့၊ Fort William တွင် တချို့ ခွဲ၍ ပညာ သင်ကြား ပေးရမည် ဖြစ်သောကြောင့် ထိုလူငယ်တို့ကို တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက်နိုင်မည့် အင်္ဂလိပ်၊ နှစ်ဦးကိုပါ ထည့်လိုက် စေလိုကြောင်း ဖော်ပြထားသည်။
ဤအစီရင်ခံစာကို မရမီ အိန္ဒိယ ဘုရင်ခံချုပ်က ၁၈၆၈ ခု၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ပေးစာ အမှတ် ၁၃ဝ၅ မဟာဝန်ရှင်တော် မင်းကြီး ကာနယ် အလ်ဘတ်ဖိုက်ထံ အကြောင်း ပြန်လိုက်သည်။၁၅
F. Turner ၏ အစီရင်ခံစာကိုမူ နောက်ဆက်တွဲ အဖြစ်ဖြင့် ပေးပို့ လိုက်၏။ ထို့ပြင် မြန်မာ ဘုရင်မင်းမြတ်၏ ဝန်ရှင်တော် မင်းကြီးများကို သဘောပေါက် နားလည်အောင် -

(က) ပညာတော်သင် လူငယ်များသည် ယဉ်ကျေးဖွယ်ရာစွာ ပြုမူ နေထိုင်ရမည်။ အမိန့်ကို နာခံရမည်။ ဆုံးမ ညွှန်ပြသည်တို့ကို လိုက်နာရမည်။
(ခ) အင်္ဂလိပ်၊ သို့မဟုတ် ဟိန္ဒူစတန်နီ တတ်က္ဆွမ်းသော အကြီးအကြပ် အုပ်ထိန်းသူ နှစ်ဦး ပါရမည်။
(ဂ) ပညာသင် လူငယ်များ၏ စားသောက် နေထိုင်ရေး အရပ်ရပ် စရိတ်များကို မြန်မာ ဘုရင်မင်းမြတ်၏ အစိုးရက တာဝန်ခံယူ ကုန်ကြရမည်။ မိမိတို့ ဘာသာ တာဝန်ယူ၍ စီစဉ်ရမည်။
(င) ပညာ သင်ကြားနေဆဲ အခါ၌ လူငယ်များသည် Cossipoor သေနတ်လုပ် စက်ရုံမှ လေးမိုင် ကွာဝေးသော Cooly Bazaar၊ သို့မဟုတ် Alipore အရပ်၌ နေထိုင်ရန် လိုကောင်း လိုပေလိမ့်မည်။

ဟူသော အချက်များကို ရှင်းလင်း ပြောပြရမည်ဟု ကာနယ် အလ်ဘတ်ဖိုက်ကို အမိန့် ချလိုက်ပါသည်။
ယင်းသို့နှင့်ပင် ၁၈၆၉ ခု၊ မတ်လသို့ ရောက်ခဲ့ပါသည်။ ထိုအခါတွင် မြန်မာပြည်မှ ပညာတော်သင် လူငယ် ၁၈ ယောက်ကို အိန္ဒိယပြည် ကာလကတ္တားမြို့သို့ စေလွှတ် လိုက်ပြီဟု သိရသည်။ ဤလူငယ် ၁၈ ယောက်နှင့် အတူ အင်္ဂလိပ်စကား က္ဆွမ်းကျင်သူ တယောက်၊ ဟိန္ဒူစတန်နီ တတ်မြောက်သူ တယောက်၊ ပေါင်းနှစ်ယောက်ကို အကြီးအကြပ် အဖြစ် ခန့်အပ် စေလွှတ်လိုက်သည်။ ၎င်းတို့ အတွက် ကာလကတ္တားမြို့ အထိ လမ်းစရိတ် ကုန်ကျသမျှကို ရန်ကုန်မြို့ရှိ မြန်မာ ဘုရင်မင်းမြတ်၏ ကိုယ်စားလှယ်တော်က ပေးသည်။ ၎င်းပြင် ကာလကတ္တားမြို့၌ စားသောက် နေထိုင်ရန် အရပ်ရပ် စရိတ်၊ အိမ်၊ နေရာ ထိုင်ခမ်း ငှားရမ်းရန် စသည်တို့ အတွက် ငွေကြေး လုံလောက်စွာ အကြီးအကြပ် နှစ်ဦးတို့ လက်သို့ ပေးအပ်လိုက်သည်ဟု သိရသည်။ ရန်ကုန်မြို့ရှိ မြန်မာ ဘုရင်မင်းမြတ်၏ ကိုယ်စားလှယ်တော်က ပညာတော်သင် သူငယ်များကို လိမ်မာစွာ ပြုမူ နေထိုင်ကြရန်၊ အမိန့် ဥပဒေများကို လိုက်နာ ကျင့်သုံးရန်နှင့် အကယ်၍ ပျက်ကွက်ခဲ့သော် ရာဇဝတ်တော် ခံကြရလိမ့်မည် ဖြစ်ကြောင်း ဆုံးမစကား ပြောကြား မှာထားလိုက်သည်။ မဟာဝန်ရှင်တော် မင်းကြီး ကာနယ် အလ်ဘတ်ဖိုက်ကလည်း ပညာသင် လူငယ်များကို စေလွှတ်လိုက်ပြီ ဖြစ်ကြောင်းကို ၁၈၆၉ ခု၊ မတ်လ ၂၂ ရက်နေ့၊ စာအမှတ် ၃၆၁-၉ အရ အိန္ဒိယ ဘုရင်ခံချုပ်ထံ အကြောင်းကြား အစီရင်ခံ လိုက်သည်။၁၆
ယင်းသို့ Cossipoor ရှိ သေနတ်လုပ် စက်ရုံနှင့် Fort William ရှိ လက်နက်တိုက်တို့တွင် သေနတ် အမြောက်မှ စ၍ လက်နက် ကိရိယာနှင့် စပ်ဆိုင်သည့် အလုပ်များကို သင်ကြားရန် စေလွှတ်လိုက်သူ လူငယ်တို့မှာ

အကြီးအကြပ် လူငယ်နှစ်ဦး

(၁) မောင်ကြံသီး - အင်္ဂလိပ်စကားက္ဆွမ်းကျင်သူ

(၂) မောင်သန်း - ဟိန္ဒူစတန်က္ဆွမ်းကျင်သူ


ပညာသင် လူငယ် ၁၈ ဦး

(၁) မောင်ရွှေရိုး၊ (၂) မောင်သာထူး၊ (၃) မောင်ရှင်း၊ (၄) မောင်သာကံ၊ (၅) မောင်ဘိုးကောင်း၊ (၆) မောင်ညိုရောင်၊ (၇) မောင်ဆောင်း၊ (၈) မောင်ညို၊ (၉) မောင်ကံရေး၊ (၁ဝ) မောင်ရွှွေ့ကင်း၊ (၁၁) မောင်လူလှ၊ (၁၂) မောင်ရာနှုန်း၊ (၁၃) မောင်ခွေး၊ (၁၄) မောင်မှီ၊ (၁၅) မောင်သောင်း၊ (၁၆) မောင်ပန်းဇံ၊ (၁၇) မောင်လူသာ၊ (၁၈) မောင်ကြာ။
စုစုပေါင်း လူငယ် ၂ဝ ဖြစ်သည်။၁၇ ဤလူငယ် ၂ဝ တို့သည် မြန်မာပြည် ရန်ကုန်မြို့မှ ၁၈၆၉ ခု၊ မတ်လ မကုန်မီ ထွက်ခွာလာ ခဲ့ကြ၍ ဧပြီလ၌ Cossipoor သေနတ် စက်ရုံနှင့် Fort William လက်နက်တိုက်တို့တွင် ဝင်ရောက် ပညာ သင်ကြားကြသည်။ မြန်မာ ဘုရင်မင်းမြတ်၏ အလိုတော် အရ ၎င်းတို့သည် သေနတ် အမြောက် လက်နက် ကိရိယာ ပြုလုပ်ခြင်း အတတ်ကို နှစ်နှစ်ကြာမျှ၊ သို့မဟုတ် လိုအပ်လျှင် ထို့ထက် ပိုမိုကြာမြင့်စွာ လေ့လာ ဆည်းပူး ကြရမည် ဖြစ်သည်။ ဤပညာသင် လူငယ်များ၏ ကိစ္စ အရပ်ရပ် ရှိသမျှကို ကာလကတ္တားမြို့နေ မြန်မာ ဘုရင်မင်းမြတ်၏ ကိုယ်စားလှယ်တော် Mr. E. J. Carrier က တာဝန်ယူ ဆောင်ရွက်ရဟန် တူပါသည်။ Mr. J. Carrier ထံမှ ပညာတော်သင်များသည် နှစ်နှစ်ကြာမျှ၊ သို့မဟုတ် ပိုမို ကြာမြင့်စွာ အတတ်ပညာများကို လေ့လာ ဆည်းပူးမည် ဖြစ်ကြောင်းကို အကြောင်းကြားသော အခါ၁၈ ဘုရင်ခံချုပ်က မြန်မာ လူငယ်များသည် အမူအကျင့် ကောင်းမွန်၍ ကျေနပ်ဖွယ် ရှိလျှင် မိမိ နိုင်ငံတွင်း၌ နှစ်နှစ် ပညာဆည်းပူး နေထိုင်စေဟု အမိန့်ချမှတ် အခွင့်ပြု လိုက်သည်။၁၉ အင်္ဂလိန်နိုင်ငံရှိ အိန္ဒိယပြည်ရေးရာ အတွင်းဝန် (Secretary of State for India) ထံသို့လည်း ဤကဲ့သို့ မြန်မာ ပညာတော်သင် လူငယ်များကို လက်ခံထားကြောင်းကို သိသာရန် ၁၈၆၉ ခု၊ ဇူလိုင်လ ၁ ရက်နေ့ စာအမှတ် ၂ဝ၅ အရ အမှုတွဲ တခုလုံးကို ပေးပို့လျက် အကြောင်းကြားလိုက်သည်။၂ဝ
ဤပညာတော်သင် လူငယ်များသည် နှစ်နှစ်သော အချိန် ကာလအတွင်း မည်သို့ ပြုမူ နေထိုင်ကြသည်၊ မည်သည့် ပညာရပ်များကို ဆည်းပူး လေ့လာ သင်ကြား တတ်မြောက်ကြသည် တို့ကို မတင်ပြမီ ပညာတော်သင် လူငယ် စာရင်းနှင့် ပတ်သက်၍ အနည်းငယ် ရှင်းပြ လိုပါသည်။ ပထမဆုံး ပခန်းမင်းကြီးနှင့် အင်္ဂလိပ် ဝန်ကြီးတို့ ပေးစာပြန်စာ၂၁ တွင် ပညာတော်သင် လူငယ် ၁၉ ဦးဟု ဆိုသည်။ မဟာဝန်ရှင်တော် မင်းကြီး ကာနယ် အလ်ဘတ်ဖိုက်၏ ဘုရင်ခံချုပ်ထံ အစီရင်ခံစာ၂၂ တွင်လည်း လူငယ် ၁၉ ဦးဟု တွေ့ရ၏။ ထို့နောက် ၁၈၆၉ ခု၊ မတ်လတွင် ပညာသင် လူငယ်တို့ကို စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း ဘုရင်ခံချုပ်ထံ အကြောင်းကြားစာ၂၃ တွင်မူ လူငယ် ၁၈ ဦးဟု ဖော်ပြ၏။ စင်စစ် လွှတ်လိုက်သူပေါင်းမှာ အထက်ဖော်ပြပါ စာရင်းအတိုင်း အကြီးအကြပ် နှစ်ဦး၊ ပညာတော်သင် လူငယ် ၁၈ဦး၊ ပေါင်း ၂ဝ ဖြစ်သည်။ အကြီးအကြပ် နှစ်ဦး ဆိုရာမှာလည်း ထိုသူငယ်တို့သည် ဟိန္ဒူစတန်နီနှင့် အင်္ဂလိပ် က္ဆွမ်းကျင် တတ်မြောက်သဖြင့် ဆရာများနှင့် ကျောင်းသားများ အကြား စကားပြန် အဖြစ် ဆောင်ရွက်ကာ ကျန်ကျောင်းသားများကို ဦးဆောင်လျက် ပညာ ဆည်းပူး ကြရမည့်သူများ ဖြစ်သဖြင့် စင်စစ် ပညာတော်သင် စာရင်းဝင်ပင် ဖြစ်ကြသည်။ ထိုသူနှစ်ဦးတို့ ကိုယ်တိုင် အတတ် ပညာများကို အခြား ပညာသင်များနှင့် အတူ လေ့လာ ဆည်းပူးကြကြောင်းကို ရှေ့ဆက်လက် ဖော်ပြရာတွင် ထင်ရှား ပါလိမ့်မည်။ ထို့ကြောင့် ကာလကတ္တားမြို့သို့ သေနတ် အမြောက်မှ စ၍ လက်နက် ကိရိယာနှင့် စပ်ဆိုင်သည့် အတတ်ပညာများကို သင်ကြားရန် ၁၈၆၉ ခု၊ မတ်လက စေလွှတ်လိုက်သူ ပညာတော်သင် လူငယ်ပေါင်းမှာ စာရင်းအရ ၂ဝ ဖြစ်သည်။
ဤပညာတော်သင် လူငယ် ၂ဝ အနက် ခြောက်ယောက်တို့မှာ Cossipoor သေနတ်လုပ် စက်ရုံတွင် ဝင်ရောက် သင်ကြားကြ၍ Fort William လက်နက်တိုက်တွင် ငါးယောက် သင်ကြားကြရသည်။ သေနတ် စက်ရုံတွင် သင်ကြားရသော ပညာတော်သင် ခြောက်ယောက်တို့သည် -

(၁) မောင်ကြံဦး (အင်္ဂလိပ်စာ တတ်သူ)၊ (၂) မောင်ရှင်း၊ (၃) မောင်သာကံ၊ (၄) မောင်ညိုရောင်၊ (၅) မောင်သောင်း၊ (၆) မောင်ဘိုးကောင်း

တို့ ဖြစ်ကြသည်။ Fort William လက်နက်တိုက်မှ ငါးယောက်မှာ

(၁) မောင်သန်း (ဟိန္ဒူစတန်နီ တတ်သူ)၊ (၂) မောင်ခွေး၊ (၃) မောင်လူသာ၊ (၄) မောင်ကြာ၊ (၅) မောင်ပန်းဇံ

တို့ ဖြစ်ကြသည်။ ကျန်လူ ကိုးယောက်တို့ အကြောင်းကို လုံးဝ မသိရပါ။ Major General F. Turner ၏ အစီရင်ခံစာ၂၄ တွင် ဖော်ပြသည့် အတိုင်း ကျန်လူငယ် ကိုးယောက်ကို Dum Dum ရှိ လက်နက် အသေးစားလုပ် စက်ရုံတွင် သင်ကြားစေလေ သလောဟု တွေးတောဖွယ် ဖြစ်ပါသည်။ သို့သော် ပညာသင်များနှင့် ပတ်သက်သည့် တိုးတက်မှု အစီရင်ခံစာများတွင်လည်း ဤလူငယ် ကိုးယောက် အကြောင်း လုံးဝ မတွေ့ရချေ။ Cossipoor နှင့် Fort William ရှိ လူငယ် ၁၁ ယောက် အကြောင်းကိုသာ တွေ့ရသည်။ ထို့ကြောင့် လူငယ် ၁၁ ယောက် အကြောင်းကို သိရသမျှ တင်ပြပါမည်။
မောင်ကြံသီး ခေါင်းဆောင်သော ပညာတော်သင် ခြောက်ဦးတို့ Cossipoor သေနတ်လုပ် စက်ရုံတွင် နှစ်နှစ်အတွင်း မည်သည့် ပညာရပ်များ သင်ကြား တတ်မြောက် ကြသည်ကို ကြည့်ကြပါစို့။ ၁၈၆၉ ခုနှစ်၊ ဧပြီလမှ စတင် ပညာ ဆည်းပူးကြရာ ၁၈၇၁ ခုနှစ်၊ ဇွန်လသို့ ရောက်သောအခါ အင်္ဂလိပ်စာ တတ်သူ ခေါင်းဆောင် မောင်ကြံသီးသည် ပုံဆွဲပညာ၊ လက်သမားပညာ၊ ပုံစံ ပြုလုပ်ခြင်း ပညာ၊ သံနှင့် ကြေးကို အရည်ကျိုခြင်း၊ သွန်းခြင်း၊ ပုံသွင်းခြင်း အတတ်ပညာတို့ကို လက်တွေ့ သင်ကြား တတ်မြောက် အောင်မြင်ပြီး ဖြစ်ပါသည်။ မောင်ရှင်း၊ မောင်သာကံနှင့် မောင်ညိုရောင်တို့လည်း ပုံဆွဲ ပညာကို ချန်လှပ်၍ ကျန်ဖော်ပြပါ ပညာတို့ကို ဆည်းပူးပြီး ဖြစ်သည်။ မောင်သောင်းနှင့် မောင်ဘိုးကောင်းတို့မှာမူ ပန်းပဲပညာနှင့် တပ်ဆင်ခြင်း ပညာ (Fitting) တို့ကို တတ်မြောက် အောင်မြင်ကြသည်။၂၅ သို့သော် သေနတ်လုပ် စက်ရုံ ဝန်ထောက် Colonel H. H. Maxwell ၏ ၁၈၇၁ ခု၊ ဇွန်လ ၂ဝ ရက် နေ့စွဲနှင့် အစီရင်ခံစာတွင် ဤပညာသင် လူငယ် ခြောက်ယောက်နှင့် ပတ်သက်၍ စိတ်ပျက်ဖွယ်ရာ ရေးသား ထားသည်ကို တွေ့ရသည်။ လူငယ်များကို ပညာ သင်ကြားပေးရာ၌ ဘာသာစကား အခက်အခဲကြောင့် များစွာ နှောင့်နှေးသည်။ အင်္ဂလိပ်စကား အနည်းငယ်တတ်သော မောင်ကြံသီးက စကားပြန် အဖြစ် ဆောင်ရွက်ခြင်းသည်လည်း ထိရောက် ပေါက်မြောက် အောင်မြင်ခြင်း မရှိချေ။ ၎င်းပြင် လူငယ်များသည် သင်တန်းတက် မမှန်ကြ၊ ပျက်ကွက်သော ရက်က များ၏။ သင်တန်း နှစ်နှစ်အတွင်း တနှစ်ကျော်မျှ လစ်ဟင်းကြသည်။ တခါက မောင်ညိုရောင်သည် အလုပ်ဆင်းဟန်နှင့် မိမိ၏ အလုပ် လက်မှတ်ကို သက်ဆိုင်ရာ အလုပ် သေတ္တာတွင် ထည့်ခဲ့ပြီး အလုပ်ခွင်မှ လစ်ပြေးသည်။ ဤသို့ မရိုးသားသော အမူအကျင့်များကိုပင် ပြုမူကြ၏။ ၎င်းကိစ္စကို ကာလကတ္တားမြို့နေ မြန်မာ ဘုရင်မင်းမြတ်၏ ကိုယ်စားလှယ် Mr. E. J. Carrier ထံ အကြိမ်ကြိမ် တိုင်တန်းသော်လည်း ထူးခြားခြင်း မရှိချေ။ အလုပ်မဆင်းဘဲ ဤမျှ ပျက်ကွက်လွန်း သဖြင့်လည်း ပညာ တတ်မြောက် သင့်သလောက် မတတ်ဘဲ ရှိရချေသည်။ ထို့ပြင် ပညာသင် လူငယ်များသည် နေထိုင် စားသောက်စရိတ် ထောက်ပံ့ကြေး လုံလောက်စွာ မရရှိသဖြင့်လည်း စိတ်နှလုံး မတည်မငြိမ် မသေမဝပ် ပေါ့ပေါ့လျော့လျော့ ရှိကြသည်။ မည်သည့် အလုပ်ကိုမျှ တည်တည်မြဲမြဲ ဇွဲဝီရိယနှင့် ပြီးဆုံးတိုင် တတ်မြောက်အောင် မသင်ယူဘဲ အသစ် အသစ် ကူးပြောင်း သင်လိုစိတ်သာ ရှိကြ၏။ ဤသို့ ဖြစ်ကြခြင်းသည် မြန်မာပီပီ အလုပ်ကို ကြောက်ရွံခြင်း၊ အပင်ပန်း မခံလိုခြင်း၊ ပျင်းရိခြင်းပင် ဖြစ်မည်ဟု ယုံကြည်သည်ဟု Col. H. H. Maxwell က အစီရင်ခံ ထားပါသည်။ မြန်မာ ပညာတော်သင် လူငယ်များသည် အလုပ်ဆင်းရက် မမှန် ပျက်ကွက်ကြသည်မှ တပါး အကျင့် စာရိတ္တ အားဖြင့် ကောင်းမွန်ကြသည်။ အမူအရာ ယဉ်းကျေးဖွယ်ရာ သိမ်မွေ့ကြ၍ သဘော သကာယ ကောင်းကြသဖြင့် အလုပ်စက်ရုံရှိ တိုင်းရင်းသား အိန္ဒိယ အလုပ်သမားများနှင့် ခိုက်ရန်ဖြစ်ခြင်း မရှိ၊ အသင့်အတင့် ရှိကြသည်ဟု Col. H. H. Maxwell က ဆက်လက် ဖော်ပြထားသည်။၂၆

Fort William လက်နက်တိုက်သို့ ပို့သော မောင်သန်းတို့ ငါးယောက် အကြောင်းမှာလည်း အလားတူ စိတ်ပျက်ဖွယ်ပင် ဖြစ်၏။ Mr. P. Jones ၏ ၁၈၇၁ ဇူလိုင်လ ၁ ရက် နေ့စွဲနှင့် အစီရင်ခံစာ၂၇ တွင် ဤလူငယ်များ နှစ်နှစ်အတွင်း သင်ကြား တတ်မြောက်သော သေနတ်လုပ်ခြင်း အတတ်မှာ စိတ်ကျေနပ် အားရဖွယ် မရှိကြောင်း၊ ဖော်ပြထားသည်။ နှစ်နှစ်အတွင်း ဤလူငယ် ငါးယောက်သည် Enfield Rifle မောင်းခလုတ်ကို အပြီးတိုင် လုပ်တတ်ကြသည်။ ထိုမောင်းခလုတ်နှင့် ဆိုင်သော အစိတ်အပိုင်းများကို ပုံ ထုလုပ်နိုင်၊ တိုက်နိုင်၊ ဖြတ်နိုင်၊ တပ်ဆင်နိုင်ကြသည်။ သတ္တုကို မာအောင် ဆေးကြော နိုင်ကြသည်။ သို့သော် Enfield Rifle တလက်လုံး ဖြစ်အောင် ပြုလုပ်ရာ၌ ပြောင်းနှင့် သေနတ်ဒင် တပ်ဆင်ခြင်း၊ ဝက်အူစုပ်ခြင်း၊ အချောကိုင်ခြင်း သုံးဌာနတွင်မူ ရေရေလည်လည် တတ်မြောက်စေရန် များစွာ လေ့ကျင့်ရန် လိုသေးကြောင်း သိရသည်။ ဤသို့ ဖြစ်ရခြင်းမှာ ပညာသင် လူငယ်များ မှန်မှန်ကန်ကန် သင်တန်း မဆင်းကြ၊ ပျက်ကွက်ကြ၍ပင် ဖြစ်သည်။ သင်တန်း ပထမနှစ် ဖြစ်သော ၁၈၆၉ ခု၊ ဧပြီလမှ ၁၈၇ဝ ပြည့် မတ်လ အတွင်း ၎င်းတို့ သင်တန်း ဆင်း မဆင်းကို စာရင်း မယူခဲ့ချေ။ ဒုတိယ နှစ်ဖြစ်သော ၁၈၇ဝ ပြည့်၊ မတ်လမှ ၁၈၇၁ ခု၊ ဇူလိုင်လ အတွင်း စာရင်း အတိအကျ ထားသောအခါ ခေါင်းဆောင် ဖြစ်သူ မောင်သန်းသည် တနှစ် အတွင်း ၈၉ ရက်သာ သင်တန်းဆင်းပြီး ရက်ပေါင်း ၁၃ဝ ပျက်ကွက်၍ ၁၄၆ ရက် နာဖျားခွင့် ယူသည်။ ထို့အတူ မောင်ခွေး၊ မောင်လူသာ၊ မောင်ကြာ၊ မောင်ပန်းဇံ တို့လည်း နှစ်နှစ် အတွင်း တနှစ်ခန့် ပျက်ကွက်ကြသည်။ ၎င်းပြင် စကားပြန်ကောင်း မရှိခြင်းသည်လည်း ကြီးစွာသော အခက်အခဲ တရပ် ဖြစ်၍ ပညာ သင်ကြားရေးကို နှောင့်နှေးစေသည်။ ခေါင်းဆောင် မောင်သန်းသည် ဟိန္ဒူစတန်နီ တတ်သည်ဟု ဆိုသော်လည်း မည်မည်ရရ မဟုတ်ချေ။ ထို့ထက် တနှစ်တွင် ၂၇၆ ရက်ပျက်၍ ၈၉ ရက်သာ သင်တန်းသို့ လာသော စကားပြန်သည်လည်း အသုံးမရ၊ အသုံးမဝင်ပင် ဖြစ်တော့သည်။ ဤပြစ်ချက်မှ တပါး ပညာသင် လူငယ်များ၏ အကျင့် စာရိတ္တနှင့် ပတ်သက်၍ ပြောဖွယ်မရှိ၊ ကောင်းမွန် ကြပါသည်ဟု သိရသည်။၂၈
ပညာသင်များ၏ နှစ်နှစ် အတွင်း အခြေအနေ အစီရင်ခံစာများကို ဘုရင်ခံချုပ်၏ နိုင်ငံခြားရေး ဌာန အတွင်းဝန်က စာအမှတ် '၁၈၉၂ ပီ' အရ ၁၈၇၁ ခု၊ စက်တင်ဘာလ ၅ ရက်နေ့၌ ဗြိတိသျှ မြန်မာပြည် မဟာဝန်ရှင်တော် မင်းကြီးထံ သိသာရန် တင်ပို့လိုက်သည်။ မြန်မာ ဘုရင်မင်းမြတ်ထံ အကြောင်းကြားရန် မလိုကြောင်းလည်း ညွှန်ကြားလိုက်၏။ သို့သော် ပညာသင် လူငယ်များသည် မူလ စီစဉ်ချက် အတိုင်း ပညာ ဆည်းပူးကြရာ နှစ်နှစ် ပြည့်မြောက်ပြီ ဖြစ်၍ ၎င်းတို့ ပညာ ဆက်လက် သင်ကြားရေးနှင့် ပတ်သက်၍ မြန်မာ ဘုရင်မင်းမြတ်၏ သဘောထားကို စုံစမ်း အစီရင်ခံ ရမည်ဟု ဆင့်ဆို လိုက်သည်။ ဤဆင့်ဆိုချက် အရ စုံစမ်းချက်ကို လွှတ်တော် ပုရပိုက် အမှတ်အသား အတိုကောက် မှတ်ပုံ ပထမတွဲ၊ စာမျက်နှာ ၁၆၉ - ၁၇ဝ၊ ၁၉၁ မှတ် ပုရပိုက်ထွက် ဟူသော ခေါင်းစဉ်အောက်၌

၁၂၃၃ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၅ ရက်နေ့။

၁၈၇၁ ခု နိုဝင်ဘာလ ၁ ရက်နေ့

အင်္ဂလိပ် အရေးပိုင်က ပခန်းမင်းသားကြီးထံ ပေးစာ။

၁။ ဘင်္ဂလားမြို့ရှိ ပညာတော်သင်များမှာ နှစ်နှစ်ရှိပြီ ဖြစ်၍ ၎င်းတို့ကို ထပ်မံသင်ကြားထားလိုသည်၊ မထားလိုသည်များကို စာပြန်ပါမည့် အကြောင်း။

၁၂၃၃ ခု၊ နတ်တော်လဆန်း ၅ ရက်နေ့။

အင်္ဂလိပ် အရေးပိုင်သို့ ပေးစာ။

၂။ ဘင်္ဂလားမြို့ရှိ ပညာတော်သင်များမှာ နေရာတကျ မတတ်မြောက်သေး၍ သင်ကြားမြဲ သင်ကြား စေလိုကြောင်း။

ဟူ၍ မှတ်သား ထားသည်ကို တွေ့ရသည်။ ဤနေရာ၌ ပခန်းမင်းကြီးထံ စာပေးသည့် အင်္ဂလိပ် အရေးပိုင် ဆိုသည်မှာ မန္ဈလေးမြို့တော်နေ အင်္ဂလိပ်သံ ကိုယ်စားလှယ်တော် Political Agent, Captain G. S. Strover ဖြစ်သည်။ မဟာဝန်ရှင်တော် မင်းကြီးလည်း ၁၈၇၁ ခု၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စာအမှတ် ၂၂ စီ အရ မြန်မာ ဘုရင်မင်းမြတ်က ပညာတော်သင်များကို နေရာတကျ တတ်မြောက်သည် အထိ ဆက်လက် သင်ကြားမြဲ သင်ကြားစေရန် အလိုတော် ရှိကြောင်း ဘုရင်ခံချုပ်ထံ အစီရင်ခံ လိုက်သည်။ Captain Strover နှင့် ပခန်းမင်းကြီးတို့ ပေးစာ ပြန်စာများကိုလည်း ပူးတွဲ တင်ပို့ လိုက်သည်။၂၉ ထိုအခါ အိန္ဒိယပြည် ဘုရင်ခံချုပ်က ထုံးစံအတိုင်း သက်ဆိုင်ရာ ဌာန အသီးသီးတို့ကို ဆင့်ဆို၍ မြန်မာ ပညာတော်သင် လူငယ်များကို နောက်ထပ် တနှစ် ဆက်လက် နေထိုင် ပညာ သင်ကြားခွင့် ပြုလိုက်ပါသည်။
ပညာတော်သင်များ ဆက်လက် ပညာ သင်ကြားကြရသော နောက်ထပ် တနှစ်အတွင်း မည်သည့် ပညာရပ်များ ပိုမို တိုးတက် သင်ကြား တတ်မြောက် ကြသည်ဟု မသိရချေ။ ထိုနှစ် အတွင်း ၎င်းတို့ အကြောင်းနှင့် ပတ်သက်သော အစီရင်ခံစာများ၊ ပေးစာများသည် တိုင်တန်းစာများသာ ဖြစ်ကြသည်။ Cossipoor သေနတ်လုပ် စက်ရုံ ဝန်ထောက် Col. H. H. Maxwell ၏ ၁၈၇၂ ခု၊ ဇန်နဝါရီလ ၂ ရက် နေ့စွဲနှင့် ပေးစာ အမှတ် ၃၄၂ အေတွင်၃ဝ သေနတ်စက်ရုံရှိ မောင်ကြံသီးတို့ ဖြစ်ဖြစ်မြောက်မြောက် ပြောပလောက်အောင် ပညာ တတ်မြောက်လိုလျှင် စကားပြန်ကောင်း တယောက် အထူး လိုအပ်ကြောင်း၊ စကားပြန် နာမည် ခံနေသော မောင်ကြံသီးသည် အင်္ဂလိပ်စကား ထမင်းစားရေသောက် ခြောက်တီးခြောက်တောက် တလုံး နှစ်လုံးသာ တတ်သဖြင့် သူ့ကို ပြောသမျှ စကား နားမလည်သည်ကသာ များကြောင်းနှင့် ရေးသားထားသည်။ ထို့ပြင် ပညာတော်သင်များ ပညာ တကယ် တတ်လိုလျှင် သင်တန်းမှန်မှန် ဆင်းစေရန် လိုအပ်ကြောင်း၊ ယခုမူ သင်တန်း မဆင်းဘဲ ပျက်ကွက်သည့် ရက်များက တဝက်မက ရှိနေကြောင်းနှင့်လည်း ဖော်ပြထားသည်။ Fort William လက်နက်တိုက်မှ Major T. Nicholl ၏ ၁၈၇၂ ခု၊ ဖေဖော်ဝါရီ ၅ ရက် နေ့စွဲနှင့် ပေးစာအမှတ် ၁၃၅၇ အေ၃၁ တွင်လည်း အလားတူ ဖော်ပြထားသည်။ မောင်သန်းတို့ လူစုသည် ယခင်က အကြိမ်ကြိမ် တိုင်တန်း ပျက်ကွက်မြဲ ပျက်ကွက်လျက် ရှိကြကြောင်း၊ အရည်အချင်း ပြည့်ဝသော စကားပြန်ကောင်း တယောက် လိုကြောင်းနှင့် တိုင်တန်း ထားသည်။
ယင်းသို့နှင့်ပင် ၁၈၇၂ ခုဇွန်လသို့ ရောက်လာပါသည်။ ထိုအခါတွင်မူ ဘုရင်ခံချုပ်၏ နိုင်ငံခြားရေး ဌာနသို့ စစ်ဘက်ဌာန အတွင်းဝန်ထံမှ အမှုတွဲကြီး တခု ရောက်လာသည်။ ထိုအမှုတွဲကြီးသည် Cossipoor နှင့် Fort William မှ ပညာတော်သင်များ အကြောင်း တိုင်တန်းစာများ ဖြစ်သည်။ သို့သော် ယခု တကြိမ် တိုင်တန်းချက်မှာ သင်တန်း မှန်မှန်မတက် ပျက်ကွက်မှု မဟုတ်တော့ချေ။ ပညာသင်များသည် သေနတ်လုပ် စက်ရုံရှိ အကောင်းဆုံး ကုလား အလုပ်သမားများကို မြန်မာပြည်သို့ လိုက်ပါ အမှုထမ်းရန် သွေးဆောင် ခေါ်ငင်နေကြကြောင်း တိုင်တန်းချက် ဖြစ်သည်။ လစာငွေ ၂၅ ကျပ်မျှသာ ရသော အလုပ်သမားများကို တလလျှင် ၆ဝ ကျပ်မှ ၇ဝ ကျပ်ထိ ပေးမည်ဟူသော ကတိသည် ကြီးစွာသော ဆွဲဆောင်မှု ဖြစ်၏။ အလုပ်သမား အများအပြား လိုက်ပါ လိုကြသည်။ လိုက်မည်ဟု သဘောတူညီ ခံဝန်ချက် ပေးကြသည်။ တချို့က စရန်ငွေများပင် လက်ခံကြသည်။ ပညာသင် လူငယ်တို့သည် Cossipoor နှင့် Fort William တွင် သာမက Dum Dum ရှိ ကျည်ဆန်လုပ် စက်ရုံ အလုပ်သမားများကိုလည်း သွားရောက် ဖြားယောင်း ခေါ်ငင်ကြသည်။
သို့သော် သက်ဆိုင်ရာ တာဝန်ခံ အရာရှိများက မြန်မာများ ပေးမည် ဆိုသော လစာမှာ ဖြာယောင်းမှုသာ ဖြစ်ကြောင်း၊ လိုက်ပါသွားက ပြန်လမ်း မရှိတော့ကြောင်း အချိန်မီ ရှင်းလင်း ပြောပြ တားဆီးနိုင် သဖြင့် Cossipoor သေနတ်ရုံမှ Pachu, Kader, Umratho သုံးဦးနှင့် ကျည်ဆန်စက်ရုံမှ Hurree တို့သာ မြန်မာများ ဖြားယောင်း သွေးဆောင်မှုသို့ ပါသွားသည်။ ကျန်လူများမှာ ဝန်ခံချက်များကို ရုပ်သိမ်းကြသည်၊ စရန်ငွေများကို ပြန်ပေးကြသည်။ ယင်းသို့ ဖြစ်သောကြောင့် ဤမြန်မာလူငယ် ပညာသင်များကို ဆက်လက် လက်ခံထား၍ သင့်တော် ပါမည်လောဟု အလုပ်ရုံ တာဝန်ခံများက တိုင်တန်း အစီရင် ခံကြသည်။ ဤအစီရင်ခံစာ၊ တိုင်းတန်စာများကို ရသော အခါ နိုင်ငံခြားရေး ဌာနအတွင်းဝန်က ဘုရင်ခံချုပ်၏ သဘောထားကို ကြေညာ လိုက်သည်မှာ "ပညာတော်သင်များကို ၁၈၇၃ ခု၊ ဇန်နဝါရီလထိ ဆက်လက် ပညာ သင်ကြား ပေးပြီးမှ မြန်မာပြည်သို့ ပြန်ပို့ရန် စီစဉ်ရမည်။ ထိုအတော အတွင်း ခေါင်းဆောင်ဖြစ်သူ စကားပြန် မောင်ကြံသီးနှင့် မောင်သန်းတို့အား ၎င်းတို့ ပြုမူချက် မသင့်တော်ပုံကို ရှင်းလင်း ညွှန်ပြရမည်။ နောက်နောင် ထပ်မံ ကျူးလွန်လျှင် အလုပ်ရုံမှ ချက်ချင်း ထုတ်ပစ်မည် ဖြစ်ကြောင်း သတိပေးရမည်" ဟူ၍ ဖြစ်သည်။
ဤကိစ္စကို ဗြိတိသျှ မြန်မာပြည် မဟာဝန်ရှင်တော် မင်းကြီး ထံသို့လည်း အကြောင်းကြားသည်။ သို့သော် မြန်မာဘုရင် မင်းမြတ်ထံ အသိပေးရန် လောလောဆယ် အားဖြင့် မလိုလားကြောင်း၊ ၁၈၇၃ ခု၊ ဇန်နဝါရီလ ပညာသင်များကို မြန်မာပြည်သို့ ပြန်ပို့နိုင်ရန်သာ အချိန်မီ စီစဉ်ရမည် ဟူ၍ မှတ်ချက် ရေးလိုက်သည်။၃၂
ပညာတော်သင်များ၏ ပြည်တော်ပြန်ကား မလှခဲ့။ မည်သည့် အချိန်က မြန်မာပြည်သို့ ပြန်သွားကြသည်ကို သက်ဆိုင်ရာ တာဝန်ခံများနှင့် ဘုရင်ခံချုပ်၏ အစိုးရတို့ သိမျှပင် မသိလိုက်ကြချေ။ ၁၈၇၂ ခု၊ ဇွန်လတွင် ပညာတော်သင်များ အလုပ်သမားများကို သွေးဆောင် ခိုးယူပါသည်ဟု နိုင်ငံခြားရေး ဌာနသို့ လည်းကောင်း၊ မဟာဝန်ရှင်တော် မင်းကြီးထံသို့ လည်းကောင်း တိုင်တန်းစဉ်က ပညာတော်သင်များ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိ နေကြပါပြီ။ ၁၈၇၂ ခု နှစ်ဦးကပင် ကာလကတ္တားမှ ထွက်ခွာ သွားကြသော်လည်း အိန္ဒိယ အစိုးရသည် ဤအကြောင်းကို ထိုနှစ်ကုန်မှပင် သိကြသည်။ လိုက်လံ စုံစမ်းသော အခါ Fort William မှ ပညာတော်သင်တို့သည် ၁၈၇၁ ခု၊ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံး သင်တန်း တက်ခဲ့၍ Cossipoor မှ ပညာတော်သင်တို့မူ ၁၈၇၁ ခု၊ စက်တင်ဘာလ ၁၇ ရက်နေ့ထိ နောက်ဆုံး သင်တန်း တက်ခဲ့ကြသည်။
ထို့နောက်ပိုင်းတွင်ကား သက်ဆိုင်ရာ အာဏာပိုင်များသည် ပညာတော်သင်တို့ ထုံးစံ အတိုင်း ပျက်ကွက်ခြင်း ဖြစ်လျက် ကာလကတ္တားမြို့တွင်ပင် ရှိကြသည်ဟု အမှတ်မဲ့ နေလိုက်ကြသည်။ ကာလကတ္တားမြို့ မြန်မာ ကိုယ်စားလှယ် Mr. E. J. Carrier ထံ တိုင်တန်း သော်လည်း Mr. Carrier မြန်မာပြည်သို့ သွားရောက် နေခိုက်ဖြစ်၍ အကျိုးအကြောင်း ပြန်စာ အချိန်မီ မရချေ။ ထို့ကြောင့် ၁၈၇၂ ခု၊ ဒီဇင်ဘာလသို့ ရောက်သော အခါမှ ကာလကတ္တားမြို့မ ပုလိပ်ကို မြန်မာ ပညာသင် လူငယ်များ ကာလကတ္တားမြို့တွင် ရှိ မရှိ စုံစမ်း အစီရင်ခံရန် ဆင့်ဆိုလိုက်ရာ မြို့မ ရဲဝန်ထောက် Mr. J. Mylan က ၁၈၇၂ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အောက်ပါ အတိုင်း အစီရင်ခံ လိုက်ပါသည်။၃၃
မြန်မာ ပညာတော်သင်များသည် Fort William တွင် ၁၈၇၁ ခု၊ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံး Cossipoor တွင် စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံး သင်တန်း တက်ခဲ့ပြီးနောက် အကြောင်း တစုံတရာ မကြားဘဲ ထွက်သွားကြပါသည်။ မြန်မာပြည်သို့ ထွက်ခွာ မသွားမီ ကာလကတ္တားမြို့ Ruttoo Sircar လမ်း၊ အိမ်အမှတ် ၃၇ ကံဘေ Kabey ဆိုသူ မြန်မာ တဦး၏ အိမ်တွင် တည်းခို နေထိုင် ကြသည်။ မြန်မာပြည်သို့ နှစ်စုခွဲ၍ ပြန်ကြဟန် တူသည်။ ပထမ အစုသည် ၁၈၇၂ ခုနှစ်ဦးတွင် ထွက်ခွာသွား၍ မောင်ကြံသီး ခေါင်းဆောင်သော ဒုတိယ အစုသည် အလုပ်သမား အချို့ကို သွေးဆောင် ခိုးယူလျက် ၁၈၇၂ ခု၊ ဇွန်လလောက်က ထွက်ခွာ သွားကြသည်ဟု ယူဆရသည်။ ကာလကတ္တားမြို့ရှိ မြန်မာတို့သည် ဤလူငယ်များကို ကောင်းစွာ သိက္ဆွမ်းကြသည်။ သူတို့သည် မြန်မာပြည် အစိုးရထံမှ ထောက်ပံ့ကြေး မရသဖြင့် စားသောက် နေထိုင်ရေးကို ချေးငှား ဖြေရှင်း နေရကြောင်းနှင့် မကြာခဏ ညည်းညူကြကြောင်းနှင့် ပြောကြသည်။
သူတို့အား ပြန်ခေါ်ရန် မြန်မာပြည်သို့ စာရေးသဖြင့် ယခု နှစ်ဦးပိုင်းက မြန်မာပြည်မှ ပြန်ခေါ်ပြီဟု သူတို့၏ မိတ်ဆွေများအား အသိ ပေးခဲ့သည်။ Messrs Mackinnon Mackenzie and Company သင်္ဘောနှင့် သွားသော်လည်း ရိုးရိုးကူးတို့စီး အဖြစ် လိုက်ပါ သွားကြ၍ စာရင်းတွင် သူတို့၏ အမည်ကို မတွေ့ရပါ။ Mr. E. J. Carrier ၏ အမည်ကို ၁၈၇၁ ခု၊ နိုဝင်ဘာလ ကူးတို့စီး စာရင်းတွင် တွေ့ရသည်။ ထိုမှ ပြန်ခဲ့၍ ၁၈၇၂ ခု၊ ဇွန်လတွင် တဖန် မြန်မာပြည်သို့ သွားကြောင်း တွေ့ရသည်။
သို့သော် Mr. E. J. Carrier သည် ထိုအချိန်ထိ ပညာသင်လူငယ်များ ပြန်သွားကြကြောင်း မသိသေးပါဟု သူ၏ မိတ်ဆွေဖြစ်သူ Mr. Stout က ပြောသည်။ ၁၈၇၂ အောက်တိုဘာလက မြန်မာပြည်မှ ပြန်လာသော ကုန်သည် Mr. Grant က မောင်ကြံသီးကို မန္ဈလေးမြို့တွင် စက်တင်ဘာလက တွေ့မြင်ခဲ့သည်။ ပညာတော်သင် လူငယ်များ ပြန်ရောက်ကြပြီ ဟုလည်း ကြားခဲ့ပါသည်ဟု ပြောပြသည်။
အဆိုပါ လူငယ်တို့ ကာလကတ္တားမြို့တွင် ရှိနေသေးပါက သိရန် မခဲယဉ်းပါ။ သူတို့၏ လက်ယာဘက် လက်ဆစ်တွင် ဥဒေါင်းရုပ် အနက်ဆေး ထိုးထားပါသည်။ သို့ဖြစ်၍ ဤလူငယ်များ အကြောင်းကို အတိအကျ သိနိုင်ရန် မန္ဈလေးမြို့ သက်ဆိုင်ရာများထံ စုံစမ်း ထောက်လှမ်းသင့်သည်ဟု ကာလကတ္တားမြို့မ ရဲဝန်ထောက် Mr. J. Mylan က ပညာတော်သင်များ အကြောင်း အစီရင်ခံပြီး မြန်မာနိုင်ငံသို့ လိုက်ပါသွားသော အလုပ်သမား ငါးဦးအနက် နှစ်ဦး ဆွေမျိုးသားချင်းများထံ ရေးသော စာနှစ်စောင်ကိုလည်း ပူးတွဲ တင်ပြ လိုက်သည်။၃၄ ပညာတော်သင်များ တိတ်တဆိတ် ပြန်သွားကြသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာ ဘုရင်မင်း၏ ကိုယ်စားလှယ်တော် Mr. E. J. Carrier ၏ လက်နက်တိုက် မင်းကြီးထံ ရှင်းလင်း တင်ပြချက်ကို ဖော်ပြရန် လိုပေမည်။ ပညာတော်သင်များက အလုပ်သမားများကို သွေးဆောင် ခေါ်ယူ နေပါသည်ဟု လက်နက်တိုက် မင်းကြီးက ၁၈၇၂ ခု၊ ဇွန်လ ၂၇ ရက် နေ့စွဲနှင့် အကြောင်းကြား တိုင်တန်းစာကို Mr. E. J. Carrier သည် မြန်မာပြည်သို့ ခရီးလွန်နေ သဖြင့် ၁၈၇၃ ခု၊ မတ်လ ၁၇ ရက်နေ့မှ ပြန်ကြား ဖြေရှင်းနိုင်သည်။ ထိုစာတွင် ပညာတော်သင်တို့ အလုပ်သမားများကို သွေးဆောင် ခိုးယူသွားသည် ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း၊ စုံစမ်း သိရှိရသမျှမှာ ၁၈၇၂ ခု၊ ဇွန်လလောက်က မြန်မာပြည်၊ မန္ဈလေးမြို့မှ Monny Chunder ခေါ် လူငယ် တယောက် အလုပ်သမား ရှာဖွေ ငှားရမ်းရန် ရောက်ရှိကြောင်း၊ ထိုသူငယ် ခေါ်ယူသွားသည့် စုစုပေါင်း အလုပ်သမား ၁၃ ယောက် အနက် သုံးယောက်မှာ Cossipoor သေနတ်စက်ရုံမှ အလုပ်သမားများဟု သိရကြောင်း ဖော်ပြထားသည်။ Monny Chunder ကို မြန်မာ ဘုရင်မင်းမြတ်က မြန်မာပြည်ရှိ စက်ရုံများ အတွက် အလုပ်သမား ရှာဖွေ ငှားရမ်းရန်နှင့် ပစ္စည်း အမျိုးမျိုး ဝယ်ယူရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် Mr. E. J. Carrier ထံသို့ စေလွှတ်ခြင်း မဟုတ်သည့်ပြင် Monny Chunder ကလည်း လာရောက် အကူအညီ တောင်ခြင်း မပြုသည့် အတွက် Mr. E. J. Carrier က ဤကိစ္စကို အလေးမမူ အမှတ်မဲ့ပင် နေလိုက်သည်။ နောက် Monny Chunder ကို ရန်ကုန်မြို့တွင် တွေ့၍ ၎င်း၏ အမှားကို ညွှန်ပြ ပြောဆိုရာ ၎င်းက စေတနာ အမှန်နှင့် ပြုမူ ဆောင်ရွက်ခြင်းသာ ဖြစ်သည်၊ ပြစ်မှု ကျူးလွန်မိသည်ဟု မသိကြောင်း ပြောဆိုသည်ဟု Mr. E. J. Carrier က ရှင်းလင်း ထားပါသည်။၃၅
ဤရှင်းလင်းချက်ကို ထောက်၍ မြန်မာ ပညာတော်သင်တို့ အလုပ်သမားများကို သွေးဆောင် ခေါ်ယူ သွားပါသည် ဟူသော စွပ်စွဲချက် မမှန်ကြောင်း သိသာသည်။ မောင်ကြံသီး ခေါင်းဆောင်သော ပညာသင် လူငယ် တစုသည် အလုပ်သမားများကို ခေါ်ယူ၍ ၁၈၇၂ ခု ဇွန်လလောက်က ထွက်ခွာ သွားကြသည်ဟု ကာလကတ္တားမြို့မ ရဲဝန်ထောက် အစီရင်ခံချက် မှားယွင်းကြောင်းကို Mr. E. J. Carrier ၏ ၁၈၇၃ ခု၊ မတ်လ ၂၂ ရက်နေ့စွဲနှင့် ပေးသော ဒုတိယစာ၃၆ တွင် ပိုမို ထင်ရှားစွာ သိရသည်။ ထိုဒုတိယစာ အရ Fort William မှ မောင်သန်း ခေါင်းဆောင်သော အစုသည် ၁၈၇၂ ခု၊ ဖေဖော်ဝါရီလ ၆ ရက်နေ့လောက်က ထွက်သော ဘီအိုင် သင်္ဘော တစင်းနှင့် လိုက်ပါ သွားကြ၍ Cossipoor မှ မောင်ကြံသီးတို့မူ ထိုလ ရက် ၂ဝ နေ့လောက်က ထွက်ခွာ သွားကြသည်ဟု သိရသည်။ ယင်းသို့ ထွက်ခွာ မသွားကြမီ Fort William မှ လူငယ်တို့သည် ပညာ ကျနစွာ တတ်မြောက်ပြီ ဖြစ်၍ သူတို့အား ပြည်တော်သို့ ပြန်ခေါ်ပါမည့် အကြောင်း မြန်မာပြည်သို့ တင်လျှောက်စာ ပို့ကြသည်။ ထိုအခါ မြန်မာ ဘုရင်မင်းမြတ်၏ အစိုးရက Mr. E. J. Carrier ထံ ပညာတော်သင်များ တကယ် ပညာပြည့်စုံသည် မပြည့်စုံသည်၊ ပြန်ခေါ်သင့်သည် မခေါ်သင့်သည် တို့ကို စုံစမ်း အစီရင်ခံရန် ဆင့်ဆိုလိုက်သည်။ Mr. Carrier က ပညာသင်များ ပညာပြည့်စုံပြီ ဆိုသည်မှာ မဟုတ်မမှန်ကြောင်း၊ တိတိကျကျ မည်မည်ရရ ဘာမျှ မတတ်ကြကြောင်း၊ ပညာသင် တချို့မှာ မကြိုးစားမှု၊ ပေါ့လျော့မှု၊ မသေသပ်မှုတို့ကြောင့် တသက်လုံး ထားသော်လည်း သာမန် အလုပ်သမားပင် ဖြစ်နိုင်ရန် မမြင်ကြောင်း၊ ထို့ကြောင့် ပညာတော်သင်များကို ပြန်ခေါ်၍ မန္ဈလေးမြို့ရှိ အလုပ်ရုံများတွင် သုံးကြည့်သင့်ကြောင်း၊ ထိုကမှ အရည်အချင်း ရှိ၍ သင့်တော်သည့် လူများကို ဆက်လက် ပညာဆည်းပူးရန် နောက်တကြိမ် ပြန်လွှတ်က လျော်ကန်မည့် အကြောင်း အစီရင်ခံသည်။ ထိုသို့ အစီရင် ခံလိုက်ပြီးနောက် ၁၈၇၂ ခု၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ သင်္ဘောနှင့် Mr. E. J. Carrier မြန်မာပြည်သို့ ထွက်လာခဲ့ရာ ရန်ကုန် အရောက်တွင် မြန်မာဘုရင် ကိုယ်စားလှယ်တော်က Fort William မှ မောင်သန်း ခေါင်းဆောင်သော ပညာတော်သင် လူငယ်များ ပြန်ရောက်ကြ၍ မန္ဈလေးသို့ ပို့လိုက်ပြီ ဖြစ်ကြောင်း ဆီး၍ ပြောကြားသည်။ ကျန်ရစ်ခဲ့သော မောင်ကြံသီးတို့ထံ ထွက်လာခဲ့ရန် မောင်သန်းတို့က ကြေးနန်းရိုက် အကြောင်းကြား သဖြင့် မောင်ကြံသီးတို့လည်း ထွက်ခွာလာနေပြီ ဖြစ်ကြောင်း ပြောပြသည်။
ယင်းကဲ့သို့ ပညာတော်သင်များ ၁၈၇၂ ခု၊ ဖေဖော်ဝါရီလကပင် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိ နေကြသော်လည်း သူတို့ အကြောင်းနှင့် ပတ်သက်သော ပေးစာ ပြန်စာများမှာ ၁၈၇၃ ခု၊ နှစ်လယ်ထိ ဆက်လက် ရေးသား ဖြေရှင်း နေကြရပေသည်။ ၁၈၇၃ ခု၊ ဇန်နဝါရီလတွင် မန္ဈလေးရှိ အင်္ဂလိပ်အရေးပိုင် Political Agent က ဘင်္ဂလားမြို့ရှိ ပညာတော်သင်များ အနက် မည်မျှပြန်၍ မည်မျှ ကျန်သည်ကို သိလိုကြောင်းနှင့် ပခန်းမင်းကြီးထံ စာပေး မေးမြန်းသည်တွင် ပညာတော်သင်များ မကျန်မရှိ အကုန် ပြန်ရောက်ပြီ ဖြစ်ကြောင်းနှင့် ပခန်းမင်းကြီးက စာပြန် ကြားလိုက်သည်ဟု လွှတ်တော် ပုရပိုက် အမှတ်အသား အတိုကောက်မှတ်ပုံ ပထမတွဲ စာမျက်နှာ ၃၂၈ တွင် မှတ်သားထားသည်ကို တွေ့ရသည်။ မန္ဈလေးမြို့ရှိ အင်္ဂလိပ် အရေးပိုင်က ပခန်းမင်းကြီး ပြန်စာအရ ၁၈၇၃ ခု၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မဟာဝန်ရှင်တော်မင်းကြီးထံ ပညာသင်များပြန်ရောက်နေကြပြီဖြစ်ကြောင်း အစီရင်ခံသည်။ ထိုအစီရင်ခံစာကို ပူးတွဲတင်ပြ၍ မဟာဝန်ရှင်တော်မင်းကြီးက ၁၈၇၃ ခု ဇွန်လ ၁၉ ရက်နေ့တွင် အိန္ဒိယပြည် အစိုးရ နိုင်ငံခြားရေး ဌာန အတွင်းဝန်ထံသို့ အစီရင် ခံလိုက်သော အခါမှ ပညာတော်သင်များ ကိစ္စ ပြီးဆုံးခြင်းသို့ ရောက်လေသည်။
ခြုံ၍ပြောရလျှင် မြန်မာပြည်မှ ပညာတော်သင်တို့သည် ၁၈၆၉ ခု၊ မတ်လတွင် မြန်မာပြည်မှ ထွက်ခဲ့ကြ၍ ဧပြီလ၌ Fort William နှင့် Cossipoor သေနတ်လုပ်ရုံတို့တွင် ဝင်ရောက် ပညာ ဆည်းပူး သင်ကြားကြသည်။ ၁၈၇၃ ခု၊ ဇန်နဝါရီလ အထိ လက်ခံ သင်ကြားပေးမည်ဟု အစီအစဉ် ရှိသော်လည်း ၁၈၇၂ ခု၊ ဖေဖော်ဝါရီလကပင် မြန်မာပြည်သို့ ပြန်လာ ခဲ့ကြသည်။ ပညာ သင်ကြားနေသည့် နှစ်နှစ်အတွင်း ပညာကို လိုလိုလားလား ကြိုးစား သင်ကြားခြင်း မရှိကြ။ နှစ်နှစ်အတွင်း တနှစ်ခန့် သင်တန်း မတက် ပျက်ကွက်ကြသည်။ အခြေခံ ညံ့ဖျင်းခြင်းနှင့် ဘာသာစကား အခက်အခဲတို့ကြောင်းလည်း ပညာ သင်ကြားခြင်း မပေါက်မမြောက် ဖြစ်ရသည်။ ထို့ကြောင့် ပညာတော်သင်တို့သည် မည်မည်ရရ ပြောပလောက်အောင် ပညာ တတ်မြောက်ခဲ့ခြင်း မရှိကြချေ။ သင်တန်းတက်ရက် ပျက်ကွက်လွန်း သဖြင့် သူတို့ မြန်မာပြည် ပြန်သွားကြသည်ကိုပင် သက်ဆိုင်ရာ တာဝန်ခံများ မသိလိုက်ကြပါ။ ခါတိုင်းကဲ့သို့ သင်တန်း မတက် ပျက်ကွက် နေကြသည်ဟုပင် ယူဆ နေကြ၍ ၁၈၇၂ ခု၊ နှစ်ဦးက ထွက်သွားသည်ကို နှစ်ကုန်မှပင် သိကြသည်။ Fort William နှင့် Cossipoor လက်နက်ရုံတို့ရှိ တာဝန်ခံများ၏ ထင်မြင်ချက်၌ မြန်မာ ပညာတော်သင်တို့သည် အလုပ်တာဝန်ကို ကြောက်ရွံ့သည်၊ အပင်ပန်း မခံလို၊ ပျင်းရိကြသည်။ အလုပ်သမားများကို ဖြားယောင်း သွေးဆောင် ခိုးယူခြင်း စသည့် မရိုးဖြောင့်သော အမူအကျင့်များကို ပြုမူကြသည်ဟု စွပ်၍ ကျန်ခဲ့လေသည်။
သို့သော် ဤထင်မြင်ချက် မှတ်ချက်တို့ကား တဖက်သတ် ကျလွန်းသည်၊ ပြင်းထန်လွန်းသည်ဟု ဝေဖန်လိုပါသည်။ ပညာတော်သင်များသည် ပင်ကိုအားဖြင့် စိတ်သဘောထား ကောင်းမွန်ကြသည်။ ယဉ်ကျေးဖွယ်ရာ ရှိသည်။ အပေါင်းအသင်း ဆံ့သည်။ သို့ပါလျက် ပညာ ဆည်းပူးရာ၌ လိုလိုလားလား ကြိုးစားခြင်း မရှိ၊ ပျင်းရိ ပေါ့လျော့လျက် ရှိကြခြင်းမှာ သက်ဆိုင်ရာ တာဝန်ခံများလည်း တာဝန် မကင်းဟု ဆိုရပေမည်။ အိန္ဒိယ အစိုးရသည် ပညာတော်သင်များကို ပညာ သင်ကြားပေးမည်ဟု လက်ခံသော်လည်း ဝတ်ကျေတမ်းကျေ ပေါ့ပေါ့တန်တန်ပင် သဘောထားသည်။ တကယ် ပညာ ပေးချင်ပုံ မပေါ်သည်မှာ ထင်ရှားလှ၏ ။ ပညာတော်သင်များကို Fort William နှင့် Cossipoor စက်ရုံများ၌ ပညာ ဆည်းပူးရန် အပ်နှံထားသည် ဆိုသော်လည်း ထိုဌာနများကား စာသင်ခန်း မဟုတ်ကြ၊ အလုပ်ရုံများသာ ဖြစ်ကြသည်။
ပညာတော်သင်တို့ ဆက်ဆံရသော သူများသည်လည်း ဆရာများနှင့် သူတို့ကဲ့သို့ ပညာသင်သားများ မဟုတ်ပေ။ လက်ခစား အလုပ်သမားနှင့် အလုပ်သမားခေါင်းတို့သာ ဖြစ်သည်။ ထို့ကြောင့် အခြေခံ လုံးဝ မရှိသေးသော မြန်မာ ပညာတော်သင်တို့သည် ထိုလက်ခစား အလုပ်သမားများကဲ့သို့ လွှတိုက်၊ တူထု စသည့် အလုပ်ကြမ်းများကို တိုက်ရိုက် ဝင်ရောက် လုပ်ကိုင်ကြရသော အခါ မလုပ်လို၊ မလုပ်နိုင်၊ အပင်ပန်းမခံနိုင် ဖြစ်ခြင်းမှာ မထူးဆန်းချေ။ လခစား လုပ်သားများ မဟုတ်ကြ သဖြင့်လည်း သူတို့ ကောင်းစွာ အလုပ်လုပ်သည် မလုပ်သည်ကို မည်သူမျှ ဂရုစိုက်၍ ကွပ်ကဲ ကြပ်မတ် အရေးယူကြမည် မဟုတ်ပေ။ ထို့ကြောင့်ပင် ပညာတော်သင်များ ဤမျှ ပေါ့လျော့ ပျက်ကွက် လစ်ဟင်းကြဟန် တူပါသည်။
ယင်းကဲ့သို့ ပျက်ကွက်သည့် အကြောင်းခြင်းရာများကို မြန်မာ ဘုရင် မင်းမြတ်၏ အစိုးရအား တိုင်ကြားခြင်း မရှိခဲ့ပါ။ မဟာဝန်ရှင်တော် မင်းကြီးထံ အကြောင်းကြား သော်လည်း မြန်မာ ဘုရင်မင်းမြတ်၏ အစိုးရအား အသိပေးရန် မဟုတ် ဟူသော မှတ်ချက်ကြောင့် မြန်မာ အစိုးရသည် ဖြစ်ပျက်သမျှ အကြောင်းစုံကို အစ ပထမ မသိရချေ။ အထက် ဖော်ပြပြီးခဲ့သည့် အတိုင်း Mr. E. J. Carrier ထံက အစီရင်ခံစာ ရသော အခါမှ အကြောင်းစုံကို သိရလေသည်ဟု ယူဆရသည်။ ယင်းအစီရင်ခံစာကား နောက်ကျခဲ့၏ ။ ထိုအချိန်၌ ပညာတော်သင်များ မြန်မာပြည်သို့ ထွက်ခွာ သွားကြပြီး ဖြစ်သည်။ ထို့ကြောင့် ပညာတော်သင်များ မကြိုးစား၊ လစ်ဟင်း ပျက်ကွက်သည့် ကိစ္စနှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူခြင်း၊ မြန်မာ အစိုးရအား အရေးယူရန် တိုင်ကြားခြင်း မရှိသော အိန္ဒိယ အစိုးရ၏ စေတနာကို များစွာ သံသယရှိဖွယ် ဖြစ်ပါသည်။ ၎င်းပြင် ပညာတော်သင်တို့သည် ထောက်ပံ့ကြေး မှန်မှန်မရကြ ဟူ၍ Col. H. H. Maxwell ၏ အစီရင်ခံစာ၃၇ တွင် ပါရှိသည်ကို လည်းကောင်း၊ ကာလကတ္တားမြို့မ ရဲဝန်ထောက် Mr. J. Mylan ၏ အစီရင်ခံစာ၃၈ တွင် ပါသည်ကို လည်းကောင်း ဖော်ပြ ပြီးခဲ့ပါပြီ။
တိုင်းတပါး၌ မိမိတို့၏ စားဝတ်နေရေးကို ချေးငှား ကြံဖန် ဖြေရှင်း နေကြရသော သူငယ်တို့ မည်မျှ စိတ်ပျက် အားငယ် နေကြမည်ကို မှန်းဆ ကြည့်နိုင်ပါသည်။ ယင်းသို့ အကြောင်းကြောင်းသော ခက်ခဲမှု၊ အဆင်မပြေမှုတို့နှင့် ရင်ဆိုင် နေရသည့် ပညာတော်သင်များ အလုပ်ကို လိုလိုလားလား ကြိုးစားခြင်း မရှိသဖြင့် ပျင်းရိသည်၊ အလုပ် တာဝန်ကို ကြောက်ရွံ့သည်၊ ပင်ပန်း မခံလိုကြ စသည်ဖြင့် မှတ်ချက်ချခြင်း၊ ဝေဖန်ခြင်းသည် တရားမျှတခြင်း ကင်းမဲ့လွန်းသည်ဟု ထင်မိပါသည်။ ပညာတော်သင်များ အလုပ်သမားများကို သွေးဆောင် ခိုးယူ၍ မရိုးဖြောင့်သော အမူအကျင့်ကို ပြုမူကြသည် ဟူသော စွပ်စွဲချက် မမှန်ကြောင်းလည်း ထင်ရှားပါသည်။ Mr. E. J. Carrier ၏ အစီရင်ခံစာ၃၉ အရ မြန်မာပြည်မှ စေလွှတ်သူ Monny Chunder သည် ကိုယ်စားလှယ် Mr. E. J. Carrier ကိုပင် အသိမပေး မတိုင်ပင်ဘဲ တဦးတည်း ဆောင်ရွက်သွားသည်။ ထို့ပြင် မြန်မာပြည်သို့ ထွက်ခွာ သွားကြကြောင်း Mr. E. J. Carrier ၏ စာ၎ဝ တွင် ဖော်ပြထားသဖြင့် ထိုနှစ် ဇွန်လတွင်မှ ပေါ်ပေါက်လာသော အလုပ်သမား သွေးဆောင် ခိုးယူမှုနှင့် မည်သို့မျှ ပတ်သက်မည် မဟုတ်ကြောင်း သိသာလှပါသည်။
ဤပညာတော်သင်များ အကြောင်းကို India Foreign and Political Proceedings 1869-73 တွင် တွေ့ရသမျှကို ကိုးကား၍ တင်ပြခြင်း ဖြစ်ပါသည်။ မြန်မာ အကိုးအကား အထောက်အထား ဟူ၍ လွှတ်တော် ပုရပိုက် အမှတ်အသား အတိုကောက်မှတ်ပုံ ပထမတွဲ တခုသာ ညှိနှိုင်းစရာ တွေ့ရပါသည်။ ပေ၊ ပုရပိုက် စသည် အထောက်အထား တစုံတရာ မတွေ့ရပါ၊ ယင်းသို့ မတွေ့မမြင်ရ သဖြင့် ပေပုရပိုက်များ မရှိ ဟူ၍ကား မယူဆအပ်ပေ။ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း ပဉ္စမတွဲ၊ စာမျက်နှာ ၁ဝ၉ - ၁၁ဝ တွင် မန္ဈလေး နေပြည်တော်မှ သယ်ဆောင် ယူခဲ့သော ပုရပိုက် နှစ်သောင်းကျော် အကြောင်းကို ဖော်ပြထားသည်။ ယင်းပုရပိုက်များ အနက် သာသနာ ပညာဌာန ဆိုင်ရာ ပုရပိုက်စုတွင် (စာမျက်နှာ - ၁၄၃) ပညာတော်သင်များ အကြောင်း ပါသည်ဟု တွေ့ရပါသည်။ ထိုပေ ပုရပိုက်တို့ကား ပျက်စီး ကုန်လေပြီလည်း ဖြစ်နိုင်ပါသည်။ စုဆောင်း သိမ်းဆည်းထားသူ ပိုင်ရှင်တချို့၏ လက်ထဲတွင် တိမ်မြုပ် ပျောက်ကွယ် နေခြင်းလည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေ ထိုအထောက်အထားများကို မညှိနှိုင်းရ သဖြင့် ပညာသင်များ အကြောင်းနှင့် ပတ်သက်၍ မြန်မာ ဘုရင်မင်းမြတ်၏ ဘက်မှ အဆိုအမိန့်ကို မကြားမသိရ လစ်ဟင်းလျက် ရှိပါသည်။ ယင်းပေပုရပိုက် အထောက်အထားများကို တွေ့ရပါက ပညာတော်သင် လူငယ်တို့၏ အသက်၊ မျိုးရိုး မည်ရည် စသည်တို့နှင့် ၎င်းတို့အား ဤသို့ စေလွှတ် ပညာ သင်ကြားရသော စရိတ်ကုန်ငွေ စသည်တို့ကို သိနိုင်မည်ဟု မျှော်လင့် မိပါသည်။
ထို့ပြင် ပညာတော်သင်များက မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် မည်သည့်ဘွဲ့ အမည်အရည်များ ချီးမြှင့် ခံရသည်၊ မည်သည့် စက်ရုံ အလုပ်ရုံများ ဌာနများတွင် ဝင်ရောက် အမှုထမ်းဆောင် ကြရသည် တို့ကိုလည်း သိနိုင်ဖွယ် အထောက်အထား တစုံတရာ မတွေ့ရသဖြင့် ဤအကြောင်းများကို မတင်ပြနိုင်ပါ။ ယင်းသို့ ပေ ပုရပိုက် အထောက်အထား မတွေ့ရသော်လည်း အဆိုပါ အကြောင်းအချက်များကို သိနိုင်မည့် လမ်းစ တခုကား ရှိပါသည်။ မောင်ကြံသီးနှင့် မောင်သန်းတို့ ခေါင်းဆောင်သော ပညာတော်သင်တို့၏ အကြောင်းများကား အနှစ် တရာအတွင်းက အဖြစ်အပျက်များသာ ဖြစ်ချေသည်။ ယင်းသို့ဖြစ်၍ ထိုသူတို့၏ သားမြေးမြစ် ဆွေမျိုး အဆက်အနွယ်တို့ ယခု အသက်ထင်ရှား ရှိကြမည်သာတည်း။ ထိုသားမြေး ဆွေမျိုးတို့သည် မိမိတို့၏ ဘိုးဘများ အကြောင်းကို သိသမျှ ဖြည့်စွက် ထုတ်ဖော် ပြောဆိုနိုင်ကြပါက ပြည့်စုံစွာ သိနိုင်မည့် အချက်ကောင်းကြီး တခုပင် ဖြစ်ပါသတည်း။

အညွှန်းများ

၁။ ဝန်ရှင်တော် မကွေးမြို့စား မင်းကြီး ပြင်သစ်မြို့ရှိ ပညာတော်သင်တို့ကို ဆင့်စာ လက်ခံ။ (ပြင်သစ်ပြည်သို့ ပေးရန် ရာဇသံ) နိုင်ငံတော် စာကြည့်တိုက်၊ ကင်းဝန် ပုရပိုက်စု ၅ဝ၂။

၂။ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက မကွေးမြို့စား မင်းကြီးကို ပေးစာ။ ( ပြင်စာပြည်သို့ ပေးရန် ရာဇသံ) နိုင်ငံတော် စာကြည့်တိုက်၊ ကင်းပု ၅ဝ၂။

၃။ ဘိလပ်နိုင်ငံရှိ ပညာတော်သင် ငမြဲ၊ ငတရုပ်ဖြူတို့ကို ဆင့်စာ။ (လွှတ်တော် ပုရပိုက် အမှတ်အသား အတိုကောက်မှတ်ပုံ)၊ ပထမတွဲ ၂ဝ၃။

၎။ India Foreign and Political Proceedings, Nos 11-15, July 1869

၅။ ကင်းဝန်မင်းကြီးက လန်ဒန်မြို့သွား နေ့စဉ် မှတ်စာတမ်း၊ ဒုတိယတွဲ ၅ဝ၂။ ၎င်း ပြင်သစ်သွား နေ့စဉ် မှတ်စာတမ်း ၁၁၉။

၆။ ပညာတော်သင်များကို သနားတော်မူသည့် လစာ ရန်ပုံငွေ စာရင်း။ စော်ဘွားဘွဲ့ စာရင်း။ အမျိုးသား စာကြည့်တိုက်၊ ဦးတင် ပုရပိုက်စု ၃၉၃။

၇။ ကထိက ဦးမောင်မောင်တင်၊ 'ရှေးပညာတော်သင်များ'၊ မြဝတီ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၁၉၅၉ ခု၊ စာမျက်နှာ ၂၆။

၈။ ဦးခြိမ့် 'ပူတကေ၊ စပိန်၊ အီတာလျံသွား မှတ်တမ်း' (၁၈) ၉၂။

၉။ The Catalogue of Hludaw Records, Vol 1. Govt Printing, Burma, Rangoon 1901

၅၅ မှတ် ပုရပိုက်ထွက်၊ အမှတ် ၄၊ ၅၊ စာမျက်နှာ ၁ဝ၄။

၁၁၁ မှတ် ပုရပိုက်ထွက်၊ စာမျက်နှာ ၁၅ဝ။

၁၃ဝ မှတ် ပုရပိုက်ထွက်၊ အမှတ် ၄၊ စာမျက်နှာ ၁၆၁။

၁၄၇ မှတ် ပုရပိုက်ထွက်၊ အမှတ် ၄၊ ၅၊ ၆၊ ၁ဝ၊ စာမျက်နှာ ၁၇၆-၇။

၁၄၇ (က) မှတ်ပုရပိုက်ထွက်၊ အမှတ် ၁၊ စာမျက်နှာ ၁၁၇။

၁၄၈ မှတ် ပုရပိုက်ထွက်၊ အမှတ် ၂၊ ၃၊ ၄၊ စာမျက်နှာ ၁၇၉။

၁၅ဝ မှတ် ပုရပိုက်ထွက်၊ အမှတ် ရ၊ စာမျက်နှာ ၁၈၁။

၁၅၁ မှတ် ပုရပိုက်ထွက်၊ အမှတ် ၃၊ စာမျက်နှာ ၁၈၂။

၁၅၂ မှတ် ပုရပိုက်ထွက်၊ အမှတ် ၁၊ ၂၊ စာမျက်နှာ ၁၈၃-၄။

၁၅၅ မှတ် ပုရပိုက်ထွက်၊ အမှတ် ၁၊ ၂၊ ၅၊ စာမျက်နှာ ၁၁၈။

၁၅၈ မှတ် ပုရပိုက်ထွက်၊ အမှတ် ၁၊ ၂၊ ၃၊ ၆၊ စာမျက်နှာ ၁၉၅-၆။

၁၆၄ မှတ် ပုရပိုက်ထွက်၊ အမှတ် ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၂ဝ၂-၃။

၁၆၈ မှတ် ပုရပိုက်ထွက်၊ အမှတ် ၁၊ ၂၊ ၃၊ စာမျက်နှာ ၂၁ဝ။

၁၇ဝ မှတ် ပုရပိုက်ထွက်၊ အမှတ် ၁၊ စာမျက်နှာ ၂၁၄။

၁၇၄ မှတ် ပုရပိုက်ထွက်၊ အမှတ် ၉၊ ၁ဝ၊ စာမျက်နှာ ၂၂၉။

၁၈၇ မှတ် ပုရပိုက်ထွက်၊ အမှတ် ၂၊ ၃၊ ၄၊ စာမျက်နှာ ၂၅၇။

၁၈၉ မှတ် ပုရပိုက်ထွက်၊ အမှတ် ၁၊ ၂၊ စာမျက်နှာ ၂၆၃။

၁၉၁ မှတ် ပုရပိုက်ထွက်၊ အမှတ် ၁၊ ၂၊ စာမျက်နှာ ၂၆၉-၇ဝ။

၂ဝ၈ မှတ် ပုရပိုက်ထွက်၊ အမှတ် ၁၃၊ ၁၄၊ ၁၅၊ စာမျက်နှာ ၃၂၈-၉။

၁ဝ။ India Foreign and Political Proceedings, No. 59, Nov. 1868 တွင် သီတင်းက္ဆွတ်လဆုတ် ၁ဝ ရက် ၁၂၃ဝ ခု၊ 25th Sept. 1868 ဟု ဖော်ပြသည်။

၁၁။ India Foreign and Political Proceedings,No.58,November 1868

၁၂။ - ၎င်း - No.59, November 1868

၁၃။ အင်္ဂလိပ် - မြန်မာ ကူးသန်း ရောင်းဝယ်ရေး စာချုပ်တွင်ပါသည့် ဗန်းမော်မြို့တွင် အင်္ဂလိပ် ကိုယ်စားလှယ် အရေးပိုင် တယောက် ခန့်ထားရန် မန္ဈလေးမြို့ပေါ်တွင် တွဲဖက်ရုံး တခု ဖွင့်ရန် ဧရာဝတီကုမ္ပဏီ မီးသင်္ဘောများ ဗန်းမော်မြို့ထိ ဆန်တက် သွားလာခွင့် ရရန် ဗန်းမော်မှ ဖြတ်၍ တရုတ်ပြည်သို့ ကူးသန်း ရောင်းဝယ်ရေး ခရီးလမ်း စူးစမ်းရေး အဖွဲ့ စေလွှတ်ရန် ကိစ္စများကို စကား ကမ်းလှမ်း ပြောဆိုဆဲ ဖြစ်သည်။

၁၄။ No. 385 L dated 19 November 1868. India Foreign and Political Proceedings, No. 132, December 1868

၁၅။ India Foreign and Political Proceedings, No. 60, November 1868

၁၆။ India Foreign and Political Proceedings, No. 11, July 1869

၁၇။ - ၎င်း - No. 11A, July 1869

၁၈။ Letter dated 26 May 1869 - India Foreign and Political Proceedings, No. 12, July 1869

၁၉။ India Foreign and Political Proceedings, No. 13, July 1869

၂ဝ။ - ၎င်း - Nos. 14, 15, July 1869

၂၁။ လွှတ်တော် ပုရပိုက် အမှတ်အသား အတိုကောက်မှတ်ပုံ ပထမတွဲ၊ စာမျက်နှာ ၁၈၂-၃။

၂၂။ No. 361-4 dated 17 Oct., 1869: India Foreign and Political Proceedings, No. 58, Nov, 1868

၂၃။ No. 361-9, dated 22 March 1869: India Foreign and Political Proceedings, No. 11, July 1868

၂၄။ No. 358 L dated 19 November 1868, India Foreign and Political Proceedings, No. 142, December 1868

၂၅။ Memo. No. 75A, dated Cossipoor, 20 June 187 - India Foreign and Political Proceedings, No. 55, September 1871

၂၆။ - ၎င်း -

၂၇။ - ၎င်း -

၂၈။ India Foreign and Political Proceedings Nos. 59, 60, Sept., 1871`

၂၉။ - ၎င်း - Nos. 86, 87, 88, January 1872

၃ဝ။ India Foreign and Political Proceedings No. 179, March 1872

၃၁။ - ၎င်း - No. 180, March 1872

၃၂။ - ၎င်း - Nos. 214 – 18, July 1872

၃၃။ - ၎င်း - No. 85, January 1873

၃၄။ - ၎င်း - No. 86, January 1873

၃၅။ - ၎င်း - No. 296, April 1873

၃၆။ - ၎င်း - No. 297, April 1873

၃၇။ Memo. No. 75A, dated 20 June 1871- India Foreign and Political Proceedings No. 55, Sept. 1871

၃၈။ India Foreign and Political Proceedings, No. 85, Jan. 1873

၃၉။ Letter dated 17 March 1873 – India Foreign and Political Proceedings, No. 296, April 1873

၎ဝ။ Letter dated 22 March 1873 – India Foreign and Political Proceedings, No. 297, April 1873

ပညာသင် လူစာရင်း ဘုရား

ပညာသင် လူစာရင်း ဘုရားသည် တက္ကသိုလ်များ ဗဟို စာကြည့်တိုက်တွင် ရှိသော ပုရပိုက် တခု ဖြစ်သည်။ ပုရပိုက် အမှတ် ၁၇၈၅၈၅ ဖြစ်၏။ လွှာထပ်ကလေးသာ ဖြစ်၍ ၃ ရေစီးသာ ရှိသည်။ ရတနာပုံခေတ် အတွင်း နိုင်ငံခြားသို့ စေလွှတ်သည့် ပညာတော်သင် ၃၂ ဦး၏ စာရင်းကို မှတ်တမ်း တင်ထားသော ပုရပိုက် ဖြစ်သည်။


မြန်မာတို့သည် နယ်ချဲ့ ဗြိတိသျှတို့နှင့် စစ်မီး နှစ်ကြိမ် တွေ့ရပြီးနောက် လွတ်လပ်သော နိုင်ငံတခု အဖြစ် ရပ်တည် နေနိုင်ရေး အတွက် ရတနာပုံခေတ် အတွင်း ခေတ်မီ နိုင်ငံတခု ဖြစ်လာရန် ကြိုးပမ်းခဲ့ကြသည်။ နယ်ချဲ့စစ်ကို တွန်းလှန်နိုင်ရန် နိုင်ငံတော်ကို ကာကွယ်နိုင်ရန် ခေတ်မီ လက်နက်များ ထုတ်လုပ်ရေးကို ဦးစားပေး၍ နိုင်ငံတော်တွင် အမြောက် သေနတ် စက်ရုံ လေးရုံနှင့် ဒင်္ဂါးစက်ရုံ၊ ရက်ကန်းစက်ရုံ၊ ဆန်ကြိတ်စက်ရုံ၊ လွှစက်ရုံ၊ သင်္ဘောစက်ရုံ စသည့် စက်ရုံ ငါးဆယ်ကျော်ကို တည်ထောင်ခဲ့သည်။ အိန္ဒိယ၊ အီတလီ၊ အင်္ဂလန် နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်၍ လိုအပ်သည့် ပညာများကို ဆည်းပူး စေခဲ့သည်။


ရတနာပုံခေတ် ပညာတော်သင်များ အကြောင်းကို ပြည့်ပြည့်စုံစုံ သိနိုင်ရန် မလွယ်ကူချေ။ အထောက်အထား ရှားလှသည်။ သို့သော် အထောက်အထား မရှိခဲ့ ဟူ၍ကား မမှတ်ယူအပ်ပေ။ ယခုအထိ ရှာဖွေ သိရှိရသမျှသည် များသော အားဖြင့် ဗြိတိသျှ မှတ်တမ်း မှတ်ရာများမှ ဖြစ်သည်။ မြန်မာ မူရင်း အထောက်အထား ပုရပိုက်များ ရှိခဲ့ကြောင်းကို လွှတ်တော် ပုရပိုက် အမှတ်အသား အတိုကောက်မှတ်ပုံ၁ တွင် ကြိုးကြားပါသည့် အညွှန်းများ အားဖြင့် သိသာသည်။ မူရင်း ပုရပိုက်များကို တွေ့ရခဲပါသည်။ ယခုအထိ လက်လှမ်း မီသမျှ အင်္ဂလိပ်၊ မြန်မာ အထောက်အထားများမှ ကောက်သင်း ကောက်၍ ရရှိသည့် ရတနာပုံခေတ် ပညာတော်သင်များမှာ အကြမ်းအားဖြင့် အောက်ပါ အတိုင်း ဖြစ်သည်။


ကနောင် မင်းသားကြီးသည် စက်ရုံများ တည်ထောင်ရန် စိုင်းပြင်းသည်နှင့် တပြိုင်နက် အနောက်နိုင်ငံများသို့ ပညာသင် စေလွှတ်ရန် စီစဉ်ခဲ့သည်။ အစောဆုံး တွေ့ရသည့် ပညာတော်သင်များမှာ ၁၈၆၃ ခုခန့်က ပြင်သစ်နိုင်ငံသို့ စေလွှတ်သော မောင်ရွှေအိုး၂၊ မောင်မြူး၃၊ မောင်အောင်သူတို့ ဖြစ်သည်။ ယင်းပညာသင် သုံးဦး၏ အမည်ကို ဝန်ရှင်တော် မကွေးမြို့စား မင်းကြီးက ပြင်သစ်ရှိ ပညာတော်သင်တို့ထံ ဆင့်စာ လက်ခံ၎ တွင် တွေ့ရသည်။ ထိုအချိန်က ပြင်သစ်တွင် မောင်ကြီး၊ မောင်ကလေးဟု ခေါ်သည်ဆိုသော မောင်ထွန်းအောင်၅ နှင့် မောင်ညွန့်၆ တို့ ပြင်သစ်မှ ပြန်လာကြပြီ ဖြစ်သည်။၇ ထို့နောက် ၁၂၈၆၉ ခု၊ ဇူလိုင်လတွင် မောင်မြဲနှင့် မောင်တရုပ်ဖြူတို့ကို အင်္ဂလန်နိုင်ငံသို့ စေလွှတ်သည်။၈ မူလက ပြင်သစ်တွင် ပညာသင် နေသော မောင်မြူးကိုလည်း ၁၈၇ဝ ပြည့်တွင် အင်္ဂလန်သို့ စေလွှတ်၍ မောင်မြဲတို့နှင့် အတူ ပညာ သင်စေသည်။၉


အိန္ဒိယပြည် ကာလကတ္တားမြို့သို့ ၁၈၆၉ ခုတွင် စေလွှတ်သော ပညာသင် လူငယ် ၂ဝ တို့မှာ၊ မောင်ကြံသီး၊ မောင်သန်း၊ မောင်ရွှေရိုး၊ မောင်ရှင်း၊ မောင်သာကံ၊ မောင်ဘိုးကောင်း၊ မောင်ညိုရောင်၊ မောင်ဆောင်း၊ မောင်ညို၊ မောင်ကံရေး၊ မောင်ရွှွေ့ကင်း၊ မောင်လူလှ၊ မောင်ရာနှုန်း၊ မောင်ခွေး၊ မောင်မှီ၊ မောင်သောင်း၊ မောင်ပန်းရုံ၊ မောင်လူသာနှင့် မောင်ကြာတို့ ဖြစ်ကြသည်။၁ဝ ထို့နောက် ၁၈၇၂ ခုနှစ်တွင် မောင်သာထား၊ ပန်းပဲခေါင်း မောင်ခက်၊ လက်ဖက်ရည်တော် မောင်ဘိုးခြုံ၊ မောင်စီတို့ကို အီတလီနိုင်ငံသို့ စေလွှတ်ကြောင်း တွေ့ရသည်။၁၁


ပညာတော်သင် စေလွှတ်သည့် ခုနှစ် အတိအကျ မသိရသော်လည်း ပြင်သစ်နိုင်ငံတွင် မောင်ထွန်းလင်းနှင့် မောင်အင်းတို့သည် လည်းကောင်း၊ အီတလီနိုင်ငံ တူရင်းမြို့တွင် မောင်အုန်းပွင့်၊ မောင်ဘအို၊ မောင်ကံထူး၊ မောင်ထွန်းဦး တို့သည် လည်းကောင်း၊ ဘင်္ဂလားတွင် မောင်ကလေးသည် လည်းကောင်း ပညာသင်များ အဖြစ် ရှိနေခဲ့ကြောင်း သိရသည်။ ယင်းအကြောင်းကို စော်ဘွားဘွဲ့စာရင်း၁၂ အမည်ရှိ ပုရပိုက်တွင် ကြားညှပ်၍ ၂ ရေစီးခန့် အောက်ပါ အတိုင်း တွေ့ရသည်။


အနောက်တိုင်းပြည် နိုင်ငံများသို့ စေလွှတ်တော်မူသည့် ပညာတော်သင် က္ဆွန်တော်မျိုး လစာ ရန်ပုံတော်ငွေ စာရင်း ဘုရား
ရေ လစာ
ငထွန်းလင်း ၁ ၂ဝဝ မှာ ပြင်သစ်နိုင်ငံ မြို့ရှိ
ငအင်း ၁ ၂ဝဝ မှာ ၎င်း


ပေါင်း
၂ ၄ဝဝ

ငအုန်းပွင့် ၁ ၁ဝဝ မှာ အီတလီနိုင်ငံ တူရင်းမြို့ရှိ
ငဘအို ၁ ၁ဝဝ မှာ ၎င်း၁၃
ငကံထူး ၁ ၁ဝဝ မှာ ၎င်း
ငထွန်းဦး ၁ ၁ဝဝ

မှာ ၎င်း၁၄
ပေါင်း ၄ ၄ဝဝ



မြန်မာကောင်စစ်

ဒူရစိုလက်ထောက်
၁ ၂ဝဝ မှာ အီတလီနိုင်ငံ ဂျင်နဝါမြို့ရှိ
ပေါင်း ၁ ၂ဝဝ

ငမောင်ကလေး ၁ ၁ဝဝ မှာ ဘင်္ဂလားမြို့ရှိ
ပေါင်း ၁ ၁ဝဝ

ကထိက ဦးမောင်မောင်တင်၏ 'ရှေးက ပညာတော်သင်များ' ဆောင်းပါး၁၅ တွင် ၁၈၇၄ ခုနှစ်၊ ကလကတ္တားမြို့ စံစေဘီရကျောင်းသို့ စေလွှတ်သည့် ပညာတော်သင် လူငယ် ခြောက်ဦး အကြောင်း တွေ့ရသည်။ ဦးမောင်မောင်တင်က ရှေးမှတ်တမ်း ပုရပိုက်များမှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်သည်ဟု ဆိုသည်။ ပညာသင် လူငယ်တို့ လိုအပ်သည့် ဝတ်စုံ၊ အသုံးအဆောင် စသည်တို့နှင့် တကွ ပညာသင် လူငယ် တဦးလျှင် တလ စားစရိတ် ၁ဝ ကျပ်၊ ဆေးဖိုးဝါးခ အတွက်ပါ ကျပ်သုံး ဒင်္ဂါးပြားရေ ၃၅။ ခြောက်ယောက် အတွက် သင့်ငွေ ၂၁ဝ ကျပ်၊ သုံးလ အတွက် ၆၃ဝ ကျပ် ပေးရကြောင်း ဖော်ပြထားသည်။ ဦးမောင်မောင်တင် ကိုးကားသည့် ပုရပိုက်သည် ပြည့်စုံလှသည်ဟု ဆိုရပေမည်။ ပညာသင် လူငယ်တို့၏ အသက်နှင့် မည်သူ၏ သားမြေး ဖြစ်ကြောင်းကို အောက်ပါ အတိုင်း သိရသည်။


၁။ အမြောက်ဝန်မင်း၏ သား မောင်ဘိုစော၊ အသက် ၁၈ နှစ်

၂။ မြစ်စဉ် လှေတော် ထောင်ကဲ၏ သား မောင်ထွန်းလင်း၊ အသက် ၁၇ နှစ်

၃။ အနောက်ဝန်မင်း၏ မြေး မောင်ဘိုးထင်၊ အသက် ၁၆ နှစ်

၎။ လွှတ်တော် နာခံတော်၏ သား မောင်ညို၊ အသက် ၁၆ နှစ်

၅။ ပန်းတဉ်းဝန်မင်း၏ တူ မောင်အင်း၊ အသက် ၁၇နှစ်

၆။ စာရေးတော်ကြီး၏ သား မောင်အင်း၊ အသက် ၁၅ နှစ်


ဦးမောင်မောင်တင်၏ စာရင်းတွင်ပါသော မောင်ထွန်းလင်း (၁၇နှစ်) နှင့် မောင်အင်း (၁၅နှစ်) တို့သည် အထက်တွင် ဖော်ပြခဲ့သည့် လစာ ရန်ပုံငွေ စာရင်းတွင် ပါသည့် ပြင်သစ်နိုင်ငံ မြို့ရှိ မောင်ထွန်းလင်းနှင့် မောင်အင်းတို့ပင် ဖြစ်လေမည်လောဟု စဉ်းစားဖွယ် ရှိသည်။ ထိုကဲ့သို့ ဖြစ်ခဲ့သော် မောင်ထွန်းလင်းနှင့် မောင်အင်းတို့သည် ၁၈၇၄ ခုနှစ်တွင် ကာလကတ္တားမြို့ စံစေဘီရကျောင်းတွင် ပညာ ဆည်းပူးပြီးနောက် ပြင်သစ်သို့ ရွှေ့ပြောင်း၍ ပညာ ဆက်လက် သင်ယူသည်ဟု ယူဆနိုင်မည် ဖြစ်သည်။ ထို့ပြင် သီပေါမင်း ပါတော်မူသည် အထိ ပြင်သစ်တွင် ရှိနေကြသည် ဟုလည်း ယူဆရသည်။ အဘယ်ကြောင့် ဆိုသော် အထက် မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်ချိန်က ပြင်သစ်တွင် ရှိနေသည့် မြန်မာ သံအမတ်ကြီး သံချက်ဝန် မင်းကြီး မင်းလှမဟာစည်သူနှင့် အတူ ပဲရစ်မြို့တွင် သောင်တင် နေကြသည့် ပညာတော်သင်များ စာရင်းတွင် ကြေးနန်း ပညာသင် စာရေးကြီး ဦးဘိုးသုံ၊ သံတော်ဆင့် ဦးဘေ၊ မောင်ခန့်တို့နှင့် မောင်အင်း၊ မောင်ထွန်းလင်း၊ မောင်ဝိုင်း၊ မောင်ခ၊ မောင်ဘိုးဘ၊ မောင်ဘိုးထိုး၊ မောင်စိုး၊ မောင်ကကြီး၊ မောင်အောင်ခဲ၊ မောင်ဖေ၊ မောင်ကြီးဟု တွေ့ရသောကြောင့် ဖြစ်သည်။၁၆


တက္ကသိုလ်များ ဗဟို စာကြည့်တိုက်တွင် ရှိသည့် ပညာသင် လူစာရင်း ဘုရား ပုရပိုက်သည်လည်း အထောက်အထားကောင်း တခုဟု ဆိုရပေမည်။ ပညာသင် လူ ၃၂ ဦး၏ စာရင်းကို အတွင်းတော်က အပ်တော်မူသည့် ပညာသင် လူစာရင်း၊ အထက်ရှိရင်း ပညာသင် လူစာရင်းဟု ခွဲခြား ဖော်ပြထားသည်။ တစုလျှင် ၁၆ ဦးစီး ရှိ၍ ပေါင်း ၃၂ ယောက် ဖြစ်သည်။ သို့သော် နှစ်စုပေါင်း ဖော်ပြရာ၌ ၂၂ ဟု မှားယွင်းနေသည်။ ပညာသင်များကို မည်သည့် ခုနှစ်က စေလွှတ်သည် မည်သည့် နိုင်ငံသို့ စေလွှတ်သည်ဟု မသိရသော်လည်း ပညာသင်တို့၏ အမည်၊ အသက်နှင့် မည်သူ၏ သားမြေး ဖြစ်ကြောင်း တိတိကျကျ သိရသည်။ အထက်တွင် ဖော်ပြခဲ့သည့် သိပြီး ပညာတော်သင်များနှင့် တိုက်ဆိုင်ကြည့်သော အခါ မသိသေးသော လူသစ်များ ဖြစ်ကြောင်း တွေ့ရသည်။ အတွင်းတော်က အပ်တော်မူသည့် ပညာသင်လူငယ် ၁၆ ဦးတို့ကား ငယ်ရွယ်လှ၏။ အငယ်ဆုံး အသက် ၁ဝနှစ်၊ အကြီးဆုံး အသက် ၁၇ နှစ် ၁၁ လ ဖြစ်သည်။ အတွင်းဝန် ပေါက်မြိုင်မြို့စား ယောက်ဖ၊ အတွင်းဝန် မြို့သစ်မြို့စားသား၊ အတွင်းဝန် လှေသင်းဝန် စလေမြို့စားသား စသည်တို့ကို ထောက်ချင့်၍ သီပေါမင်း လက်ထက် စေလွှတ်သည့် ပညာသင်များဟု ဆိုနိုင်သည်။ အထက်ရှိရင်း ပညာသင် လူစာရင်းတွင် အသက် အငယ်ဆုံး ၁၆ နှစ်၊ အကြီဆုံး ၃၂ နှစ် ဖြစ်၏။ ကင်းဝန်မင်းကြီး၏ တူပါသည်။ ကုန်သည် သားများလည်း ပါသည်။ မင်းတုန်းမင်း လက်ထက်က စေလွှတ်ထားသည့် ပညာသင်များဟု ယူဆနိုင်ပါသည်။ ယင်းစာရင်းတွင် ငရဲတင်၊ နံ ၆၊ အသင် ၂ဝ၊ စာရေးကြီး ဦးရွှေအေးတူဟု ဖော်ပြထားသော ငရဲတင်သည် သီပေါမင်းလက်ထက် မင်းရဲညွန့်ဘွဲ့ရ စက်ဝန်ယွန်းစုဝန် ဖြစ်လာသော မောင်ရဲတင်၁၇ ဖြစ်နိုင်ဖွယ် ရှိသည်။


ပညာသင် လူစာရင်း ဘုရား ပုရပိုက်သည် ရတနာပုံခေတ် ပညာတော်သင်များ အကြောင်း ထပ်လောင်း ဖြည့်စွက်ပေးသည့် မူရင်း အထောက်အထား တခု ဖြစ်သည်။ ယခင်က သိပြီးဖြစ်သည့် ပညာသင်များ စာရင်းတွင် နောက်ထပ် ၃၂ ယောက် တိုးစေသည်။ ပညာသင်တို့၏ အသက်၊ မိဘတို့ သာမက နံကိုပါ ဖော်ပြ၍ ဦးမောင်မောင်တင် ကိုးကားသည့် ပုရပိုက်ထက် တချက် သာသည်ဟု ဆိုနိုင်သည်။ မြန်မာမူရင်း အထောက်အထား ရှားပါးခြင်း၊ တွေ့ရခဲခြင်း ဒုက္ခတို့နှင့် ရင်ဆိုင် နေရသော သုတေသီတို့ အတွက် ဝမ်းမြောက်စရာ ဖြစ်၏။ ထို့ကြောင့် ရတနာပုံခေတ် ပညာတော်သင်များ အကြောင်း စိတ်ပါဝင်စားသူ လေ့လာလိုသူ သုတေသီများ သမိုင်း ကျောင်းသားများ လွယ်လင့်တကူ အသုံးပြုနိုင်စေရန် ဤနိဒါန်းနှင့် အတူ အထောက်အထားကို မူရင်း အတိုင်း ပူးတွဲ ဖော်ပြပါသည်။


ပညာသင် လူစာရင်း ဘုရား

( ပု/ တက္ကသိုလ်များ ဗဟို စာကြည့်တိုက် ၁၇၈၅၈၅)

အတွင်းတော်က အပ်တော်မူသည်
ပညာသင် လူစာရင်း ဘုရား
ရေ နံ အသက်
ငမောင်ကြီး
ငကြီး
ငဘကြီး
ငဘိုးလှ
ငဘကလေး
ငဘိုးချစ်
ငမောင်ကလေး
ငဘိုးအုံ
ငယုန်ဖြူ
ငဘိုွးွ့ကယ်
ငဒါန
ငဘိုးဝိုင်း
ငဘိုးခင်
ငသိမ်း
ငချမ်းသာ
ငဘိုးကျယ် ၁














၁ ၃














ဝ ၁၇ နှစ် ၁၁ လ
၁၇ နှစ် ၁ဝ လ
၁၆ နှစ် ၉ လ
၁၅ နှစ် ၅ လ
၁၅ နှစ် ၂ လ
၁၅ နှစ် ၁ လ
၁၄ နှစ် ၆ လ
၁၄ နှစ် ၆ လ
၁၄ နှစ် ၅ လ
၁၃ နှစ် ၃ လ
၁၃ နှစ် ၂ လ
၁၃ နှစ် ၁ လ
၁၂ နှစ် ၆ လ
၁၁ နှစ် ၇ လ
၁ဝ နှစ်
၁၅ နှစ် စကုဝန်သား ဘုရား
တရုတ်ဝန်သား ဘုရား
ပုဏ္ဏားဝန်မြေး ဘုရား
ယင်းတော်ဝန်သား ဘုရား
လက်ယာကြောင်း သေနတ်ဗိုလ်တူ ဘုရား
အတွင်းဝန် ပေါံမြိုင်မြို့စား ယောံဘ ဘုရား
ကုလားဝန်သား ဘုရား
အတွင်းဝန်မြို့သစ် မြို့စားသား ဘုရား
ဆင်မင်းဝန်သား ဘုရား
ဘုန်းတော်တိုး သေနတ်ဗိုလ်သား ဘုရား
တောင်ဒဝယ် ငတုတ်သား ဘုရား
အတွင်းဝန် လှေသင်းဝန် စလေမြို့စားသား ဘုရား
နတ်ရှင်ရွေး သေနတ်ဗိုလ်သား ဘုရား
ရွှေတိုက်ကြပ် ငတုတ်သား ဘုရား
အဆောင်နီမှူး ယောံဘ ဘုရား
သံတော်ဆင့် ဦးဘိုးမောင်တူ ဘုရား
ပေါင်း ၁၆




အထက်ရှိရင်း ပညာသင် လူစာရင်း ဘုရား





ရေ နံ အသက်






ငဘိုးမောင်
ငရွှေသာ
ငဘိုးကြီး
ငတူး
ငဘ
ငဘိုးဟံ
ငရဲးတင်
ငစံပေါ်
ငဘိုးစို
ငဘိုးဆင်
ငဘ
ငဘိုးသွင်
ငသက်ပန်
ငဘိုးတေ
ငဘိုးသစ်
ငလွန်း






































၃၂
၂၇
၂၄
၂၃
၂၂
၂၈
၂ဝ
၂ဝ
၁၉
၁၆
၁၉
၁၉
၁၇
၁၆
၂၃
၁၇


နန်းမတော်ဝန်ဟောင်း ဦးပသီသား ဘုရား
အလ္လကပ္ပခုံတော်ဟောင်း ငကြီးသား ဘုရား
သံတော်ဆင့်ဟောင်း ငကြီးတူ ဘုရား
တရားနာခံဟောင်း ငအပ်သား ဘုရား
သံချက် စာရေးကြီး ဦးသင်တူ ဘုရား
ကုန်သည် ငရန်ပြေသား ဘုရား
စာရေးကြီး ရွှေအေးတူ ဘုရား
နတ်စု လက်ယာ အမှုထမ်း ငကြာညွန့်သား ဘုရား
ကုန်သည် ငပေါသား ဘုရား
ကုန်သည် ငကောံသား ဘုရား
ဝန်ထောံတော် ကွပ်ရွာမြို့စားတူ ဘုရား
လယ်ကိုင်း မြို့စားမင်းကြီးတူ ဘုရား
စာရေးကြီး ဦးမှုံသား ဘုရား
စက်ဆရာ ငပြည့်ကျော်သား ဘုရား
ကုန်သည် ငအဲသား ဘုရား
ကုန်သည် ငထွန်းအောင်သား ဘုရား


ပေါင်း ၁၆










၂ စု ၂၂*

*မှား၊ ၃၂ ဖြစ်ရမည်။ စာရင်းပါ သတ်ပုံမှာ မူရင်းအတိုင်း ဖြစ်သည်။


[မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်၊ ၁၉၇၉၊ ဒီဇင်ဘာ]


ကျမ်းညွှန်းများ

၁။ လွှတ်တော် ပုရပိုက် အမှတ်အသား အတိုကောက်မှတ်ပုံ (ပနှင့်ဒု)၊ ရန်ကုန်မြို့၊ အစိုးရ ပုံနှိပ်တိုက်၊ ၁၉ဝ၁ ခု၊ ၁၉ဝ၁ ခု၊ ၁၉ဝ၃ ခု။

၂။ သီပေါမင်း လက်ထက် ကျောက်မြောင်း အတွင်းဝန်၊ မင်းကြီး မဟာသီရိဇေယ နန္ဒကျော်ထင် ဖြစ်လာသည်။ ကုန်းဘောင်ဆက် (၃) ၇၄၁။

၃။ သီပေါမင်း လက်ထက် ဝန်ထောက် သံချက်ဝန် မင်းကြီး မင်းလှမဟာစည်သူ ဖြစ်လာသည်။ ကုန်းဘောင်ဆက် (၃) ၇၃၅။

၎။ ပြင်သစ်သို့ ပေးရန် ရာဇသံ၊ အမျိုးသား စာကြည့်တိုက်၊ ကင်းဝန် ပုရပိုက်စု ၅ဝ၂။

၅။ သီပေါမင်း လက်ထက် မဟာမင်းခေါင် ပညာသိဒ္ဓိရာဇဘွဲ့ရ ပန်းပဲဝန် ဦးထွန်းအောင် ဖြစ်အံ့ထင်သည်။ ကုန်းဘောင်ဆက် (၃) ၇၄၈။

၆။ သီပေါမင်း လက်ထက် ဗြဲတိုက် သံတော်ဆင့် ဖြစ်သော မင်းလှမင်းထင်ရာဇာဘွဲ့ရ မောင်ညွန့် ဖြစ်မည်လားဟု စဉ်းစားဖွယ် ရှိသည်။ ကုန်းဘောင်ဆက် (၃) ၇၄ဝ။

၇။ ပြင်သစ်သို့ ပေးရန် ရာဇသံ၊ အမျိုးသား စာကြည့်တိုက်၊ ကင်းဝန်ပုရပိုက်စု ၅ဝ၂။

၈။ လွှတ်တော် ပုရပိုက် အမှတ်အသား (ပ) ၂ဝ၃။

India Foreign and Political Proceedings,April 1870 Nos. 91-4 and August 1870 Nos. 61-3

၉။ India Foreign and Political Proceedings, Feb. 18871 Nos. 158-60

၁ဝ။ India Foreign and Political Proceedings, November 1868 Nos. 58-60; December 1868 No. 132; July 1869 Nos. 11-15; September 1871 Nos. 54-62; January 1872 Nos. 86-9;March 872 Nos. 178-80

၁၁။ လွှတ်တော် ပုရပိုက် အမှတ်အသား (ပ) ၃၂၉။ ကင်းဝန်မင်းကြီး လန်ဒန်မြို့သွား နေ့စဉ်မှတ် စာတမ်း (ဒု)၊ ရန်ကုန်မြို့၊ အစိုးရ ပုံနှိပ်တိုက်၊ ၁၉၂၈ ခု၊ စာမျက်နှာ ၅ဝ၂။ ၎င်း၊ ပြင်သစ် နိုင်ငံသွား နေ့စဉ် မှတ်စာတမ်း၊ စာမျက်နှာ ၁၁၉။

၁၂။ အမျိုးသား စာကြည့်တိုက်၊ ဦးတင် ပုရပိုက်စု အမှတ် ၃၉၃။

၁၃။ သီပေါမင်း ပါတော်မူပြီးနောက် ၁၈၈၆ ခုတွင် မန္ဈလေးသို့ ပြန်လာသည်။ ယခု မန္ဈလေးတွင် အဆက်အနွယ်များ ရှိကြောင်း သိရသည်။

၁၄။ အီတလီနိုင်ငံ တူရင်းမြို့တွင် ကွယ်လွန်သွားသည်။

၁၅။ မြဝတီ မဂ္ဂဇင်း၊ နိုဝင်ဘာ ၁၉၅၉။

၁၆။ Correspondence Respecting the Affairs of Burma, October-Demcember 1885, No. 169, pp. 90-1.

၁၇။ ကုန်းဘောင်ဆက် (၃) ၇၄၈။

မကြန်

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့

နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်

စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

သီပေါမင်း (၁၈၇၈ - ၁၈၈၅) နှင့် ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး

" . . . မြန်မာတို့နှင့် တင်းမာစွာ ဆက်ဆံမည် ဟူသော ဗြိတိသျှတို့၏ ရည်ရွယ်ချက်သည် ဥရောပ သတင်းစာများ၌ လည်းကောင်း၊ ဥရောပ ကုန်သည်တို့၏ မကျေမနပ် သံများ၌ လည်းကောင်း၊ သိသာ ထင်ရှား နေပေပြီ။ ထိုကြောင့် မြန်မာမင်းသည် အခက်အခဲ ကြုံတွေ့ နေရလေတော့သည်။ အခွန်တော်များမှာလည်း လျော့ပါး၍သာ လာရာ မန္ဈလေး အစိုးရသည် အစွန်အဖျား ဒေသများကို နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်ဘဲ တနေ့တခြား လက်လွှတ် ထားရဘိ သကဲ့သို့ ရှိလာလေသည်။ ထို့ပြင် မန္ဈလေး အစိုးရသည် ဗြိတိသျှတို့၏ ခြိမ်းခြောက်မှု များပြားလာခြင်းကို အာရုံ စိုက်နေရ သဖြင့် မိမိ၏ ပြည်တွင်းရေး ကိစ္စများကို အာရုံ စူးစိုက်ခြင်း မပြုနိုင် ရှိခဲ့ရာ တိုင်းပြည်တွင် မငြိမ်မသက် ဖြစ်၍ လာသည် . . . " . . . [၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန် တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ ဒေါက်တာ ကျော်သက် ရေးသားတဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း' စာအုပ် အခန်း (၄) မှ "သီပေါမင်း (၁၈၇၈ - ၁၈၈၅) နှင့် ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး" အကြောင်းကို ထုတ်နှုတ် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]
Photobucket

သီပေါမင်း နန်းတက်စ အခြေအနေ။

ကုန်းဘောင် ထီးနန်းကို ဆက်ခံသော သီပေါမင်းသည် နန်းစည်းစိမ် ခိုင်မြဲရေး အတွက် အစဉ်အလာ အတိုင်း ပြုလုပ်ရာတွင် ထီးနန်းကို လုပ်ကြံမည်ဟု သင်္ကာမကင်းသူ မှန်သမျှတို့ကို သတ်ဖြတ် သုတ်သင်ရလေသည်။ သြဇာ အာဏာ ရှိသူတို့၏ ညွတ်ကွင်း ထောင်ချောက်မှ လွတ်သူ အချို့ တို့သည်လည်း ဗြိတိသျှတို့ထံ ပြေးလွှား ခိုဝင်ကြသည်။ ဗြိတိသျှ စည်းမျဉ်း ဥပဒေ အရ အုပ်ချုပ်ပုံ စနစ်ကဲ့သို့ မြန်မာ့ အုပ်ချုပ်ရေး စနစ် ဖြစ်ပေါ် လာလိမ့်မည်ဟု မျှော်လင့်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ် ရှောသည်၊ အဆိုပါ သတ်ဖြတ်မှု အခြင်းအရာတို့ကို မြင်သော အခါ သက်ဦးဆံပိုင် ဘုရင်စနစ် လိုလား စွဲလမ်းကြသော မြန်မာတို့၏ စိတ်ဓာတ်ကို အတွက်မှားခဲ့ကြောင်း သိနားလည် လာလေသည်။ သီပေါ မင်းသား ဘုရင် အဖြစ်သို့ ရောက်၍ နေပြည်တော်ကို သိမ်းလိုက် ပြီးသည်နှင့် တပြိုင်နက် သီပေါမင်းနှင့် အပေါင်းအပါ တစုတို့သည် ထားခဲ့သော ကတိသစ္စာကို ထိန်းသိမ်းရန် မလိုတော့ဘဲ အရာရှိ အရာခံ မှူးမတ်များကို ဘုရင့် သစ္စာတော်ခံ လုံးဝ ဖြစ်စေရေး အတွက် သစ္စာရေ တိုက်ရန်သာ အားသစ် နေကြသည်။ ရှော မူကား မကျေမနပ် ဖြစ်၍ မြန်မာ ထီးနန်းကို ဒေါမာန်ပွားကာ၊ မင်းညီမင်းသား ဆွေတော် မျိုးတော်တို့အား သတ်ဖြတ်ခြင်းကို အကြောင်းပြ၍ ထိုသတ်ဖြတ်မှုများကို မရပ်စဲလျှင် နေပြည်တော်မှ သူ ထွက်ခွာ သွားမည်ဟု ခြိမ်းခြောက်တော့သည်။ နိုင်ငံခြားသား ကုန်သည်စုကလည်း ရှောနှင့် တသံတည်း ထွက်ကြလေသည်။ အိန္ဒိယ နိုင်ငံရှိ ဘုရင်ခံချုပ် လတ်မင်းကြီး လစ်တန်သည် ဤပြဿနာကို ဖြေရှင်းဖို့ လိုသည်ဟု အင်္ဂလန်သို့ အကြောင်းကြား တိုက်တွန်း၍ မြန်မာ နယ်စပ်သို့ စစ်တပ်များ ပို့စေလေသည်။
သီပေါမင်းနှင့် မှူးကြီး မတ်ကြီးတို့သည် အင်္ဂလိပ်တို့ ကျေနပ်အောင် လက်ဆောင် ပဏ္ဏာများဖြင့် ကာလကတ္တားသို့ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ တခု စေလွှတ်ကာ အင်္ဂလိပ် မြန်မာ ချစ်ကြည်ရေး တည်မြဲမှုကို ထိန်းသိမ်းထားရန် ပန်ကြားလေသည်။ မြန်မာနိုင်ငံ၌ ရှိကြသော ဗြိတိသျှ အာဏာပိုင်များကမူကား မိမိတို့ အလိုကျ အတိုင်း မြန်မာတို့က မလိုက်လျောလျှင် မစ်ရှင် အဖွဲ့ကို သရက်မြို့ထက် ကျော်လွန်၍ သွားခွင့် မပေးဟု လည်းကောင်း၊ မဟာဝန်ရှင်တော် မင်းကြီးနှင့်လည်း ဆက်သွယ်ခွင့် မပေးဟု လည်းကောင်း၊ ငြင်းဆိုကြသည်။ ထို ဗြိတိသျှတို့၏ အဆိုမှာ မစ်ရှင် အဖွဲ့သည် သာမန် ချစ်ကြည်ရေး ပြုလုပ်ရန်သာ ဖြစ်၍ အကျိုးထူးလှမည် မဟုတ်သည့် အပြင် မစ်ရှင် အဖွဲ့၌လည်း အမှုတို့ကို ဆောင်ရွက်နိုင်သော အာဏာမရှိ ဟူ၍ ဖြစ်လေသည်။ ဤတွင် မန္ဈလေး နန်းတော်သည် မစ်ရှင် အဖွဲ့ခေါင်းဆောင် သံအမတ်များအား "ပြောရေး ဆိုခွင့် အာဏာများကို သာမက ခေတ္တ စာချုပ် ဖြစ်စေ၊ ရာသက်ပန် စာချုပ် ဖြစ်စေ၊ ချုပ်ဆိုနိုင်ခွင့် ရှိသော အာဏာကို လည်းကောင်း၊ ယခု မျက်မှောက် ဖြစ်ပျက်နေသော နှစ်နိုင်ငံ ပြဿနာ အရေးအခင်းတို့ကို ဖြေရှင်းရေး အတွက် ပြောဆိုနိုင်သော၊ စီစဉ်နိုင်သော၊ တိုင်ပင်နိုင်သော အာဏာကို လည်းကောင်း၊ အနာဂတ်၌ နှစ်နိုင်ငံ အရေးအခင်း ရှုပ်ထွေးမည့် ကိစ္စကြီးငယ် မှန်သမျှကို ပြေလည်စွာ ဆောင်ရွက်နိုင်သော အာဏာကို လည်းကောင်း" လွှဲအပ် လိုက်လေသည်။ ရာသက်ပန် ချစ်ကြည်ရေး မဟာမိတ် စာချုပ်တွင် တိုင်းပြည် အသီးသီး၏ အချုပ်အချာ အာဏာပိုင်မှုကို လေးစားခြင်း၊ နိုင်ငံခြားသား ရာဇဝတ်သားကို ဆိုင်ရာ အာဏာပိုင်သို့ ပေးအပ်ရခြင်း၊ ကုန်သည်များ အခွန် ပေးဆောင်ရန် မလိုဘဲ အခမဲ့ ဝင်ရောက် ကုန်ကူးသန်းခွင့် ပေးခြင်း စသည်တို့ ပါဝင်လေသည်။
စင်စစ်မှာ ဗြိတိသျှတို့ကလည်း မန္တလေး နန်တော်ကဲ့သို့ပင် မန္ဈလေး နန်တော် အပေါ်၌ ငြိမ်းချမ်းရေး လိုလားကြောင်း ပြစေသည် သဘော ဖြစ်လေသည်။ ဗြိတိသျှတို့ ဘက်ကမူ အထက် မြန်မာနိုင်ငံကို နှိမ်နင်းလိုလျှင် အောက်မြန်မာနိုင်ငံရှိ ဗြိတိသျှ စစ်တပ် အပြင် နောက်ထပ် စစ်သည် ၅,ဝဝဝ လိုကြောင်း စစ်ဘက် အကြံပေး အရာရှိက အစီရင်ခံ ထားလေသည်။ ထိုအခါကသော် ဗြိတိသျှတို့သည် အာဖဂန်နီ စတန်နှင့် အာဖရိက တောင်ပိုင်းတွင် နယ်ချဲ့ စစ်ပွဲ ဆင်နွှဲ နေရသည့် အတွက် မြန်မာတို့ကို တိုက်ခိုက်ခဲ့လျှင် ဝန်ထုပ် တခု တိုးလာမည် ဖြစ်လေသည်။ ထို့ကြောင့် မြန်မာတို့အား နှိမ်နင်းရန် အရေးကို ခေတ္တ ရွှေ့ဆိုင်း ထားကြရလေသည်။
ထိုအချိန်တွင် သီပေါမင်းသည် ခမည်းတော် မင်းတုန်းမင်း အမြှော်အမြင် ကြီးစွာ ဆောင်ရွက်ခဲ့ သဖြင့် ရအပ်သော အကျိုး ကျေးဇူးတို့ကို ခံစားလျက် နေရသည်။ နန်းတက်စ နှစ်များတွင် မြန်မာဘုရင် အုပ်စိုးသော အထက် တခွင်၌ ကူးသန်း ရောင်းဝယ်ရေးသည် တိုးတက် ဖွံ့ဖြိုး ခဲ့လေသည်။

အင်္ဂလိပ်တို့ ဆက်ဆံမှု တင်းမာလာခြင်း။
တင်းမာချင်သော ဆန္ဒရှိသည့် ဗြိတိသျှ တို့သည် ၁၈၇၆ ခုနှစ်၌ မန္ဈလေး ကိုယ်စားလှယ် ရှော ကွယ်လွန်သော အခါ ပိုမို၍ ခက်ထန်လာသည်။ ရှော၏ နေရာတွင် ကိုယ်စားလှယ်သစ် ခန့်အပ်ခြင်း မပြုတော့ချေ။ မန္ဈလေးရှိ ဗြိတိသျှ ကိုယ်စားလှယ်ကို မြန်မာတို့က လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်ကြသည် ဟူသော သတင်းကို ဗြိတိသျှပိုင် အောက်မြန်မာ နိုင်ငံ၌ ပျံ့နှံ့အောင် လွှင့်ကြလေသည်။ စင်စစ်မှာ မြန်မာတို့သည် မိမိ လည်ပင်းကို မိမိ ကြိုးတပ်သည့် အမှားမျိုးကို ကျူးလွန်ရန် အိမ်မက်မျှပင် မက်ရဲကြမည် မဟုတ်ချေ။ ထိုအချိန်၌ မန္ဈလေးသို့ ဗြိတိသျှ ကုန်သည်များ ရောက်လာကြသော အခါ မြန်မာမင်း ကိုယ်တိုင်ပင် ကြည်ဖြူ လေးစားစွာ လက်ခံကြသည်ကို ထောက်ထားခြင်း အားဖြင့် သိနိုင်သည်။ သို့ရာတွင် ဗြိတိသျှတို့သည် မြန်မာတို့နှင့် ဆက်ဆံရန် မဖြစ်တော့ ဟူသော ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရန် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သဖြင့် မန္ဈလေးရှိ ဗြိတိသျှ ကိုယ်စားလှယ် သံရုံး အရာရှိ အားလုံးကို ရွှေ့ပြောင်းရန် အမိန့် ထုတ်လိုက်လေသည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် သံရုံး အရာရှိ အားလုံးတို့သည် မန္ဈလေးမှ ထွက်ခွာ ကြလေသည်။ ထိုအခါမှ စ၍ ဗြိတိသျှ မြန်မာ နှစ်ဦး နှစ်ဖက် ပြေလည်စွာ ဆက်ဆံရေး အတွက် စည်းကမ်း နည်းလမ်း အတိုင်း ဆောင်ရွက်ရန်မှာ မဖြစ်နိုင်တော့ချေ။

ဥရောပသို့ မစ်ရှင် အဖွဲ့စေလွှတ်ခြင်း။
မြန်မာတို့နှင့် တင်းမာစွာ ဆက်ဆံမည် ဟူသော ဗြိတိသျှတို့၏ ရည်ရွယ်ချက်သည် ဥရောပ သတင်းစာများ၌ လည်းကောင်း၊ ဥရောပ ကုန်သည်တို့၏ မကျေမနပ် သံများ၌ လည်းကောင်း၊ သိသာ ထင်ရှား နေပေပြီ။ ထိုကြောင့် မြန်မာမင်းသည် အခက်အခဲ ကြုံတွေ့ နေရလေတော့သည်။ အခွန်တော်များမှာလည်း လျော့ပါး၍သာ လာရာ မန္ဈလေး အစိုးရသည် အစွန်အဖျား ဒေသများကို နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်ဘဲ တနေ့တခြား လက်လွှတ် ထားရဘိ သကဲ့သို့ ရှိလာလေသည်။ ထို့ပြင် မန္ဈလေး အစိုးရသည် ဗြိတိသျှတို့၏ ခြိမ်းခြောက်မှု များပြားလာခြင်းကို အာရုံ စိုက်နေရ သဖြင့် မိမိ၏ ပြည်တွင်းရေး ကိစ္စများကို အာရုံ စူးစိုက်ခြင်း မပြုနိုင် ရှိခဲ့ရာ တိုင်းပြည်တွင် မငြိမ်မသက် ဖြစ်၍ လာသည်။ ထိုသို့ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေခြင်းသည် ဗြိတိသျှတို့၏ ခြေလှမ်းကို ရှေ့သို့ တလှမ်း တိုးစေရန် ဖန်တီးပေး သကဲ့သို့ ဖြစ်လေသည်။
အခြေအနေ တနေ့တခြား ဆိုးဝါးလာသည့် အတွက် မန္ဈလေး နန်းတော်သည် အကာအကွယ် အလို့ငှါ ကမ္ဘာ့ နိုင်ငံကြီးများ၏ အသိအမှတ် ပြုခြင်းကို ရယူရန် ကြိုးစား လာကြ ရလေသည်။ ၁၈၈၃ ခုနှစ်တွင် ဥရောပတိုက်သို့ တကြိမ် ထပ်မံ၍ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ စေလွှတ်ပြန်သည်။

ပြင်သစ် မြန်မာ ဆက်ဆံရေး။
သီပေါမင်းက မစ်ရှင် အဖွဲ့ စေလွှတ်သော ကာလသည် အမေရိကန်နှင့် ဥရောပ နိုင်ငံကြီးများမှ တပါး ကျန်ရှိသော နိုင်ငံ မှန်သမျှကို ဥရောပ တိုက်သားတို့၏ နယ်ချဲ့ စားကျက် ဒေသ ဟူ၍ ယုံကြည် ယူဆနေသော ဥရောပသားတို့၏ နယ်ချဲ့ ဝါဒ ထွန်းကားနေသော ကာလနှင့် တိုက်ဆိုင် နေလေသည်။ အထူးသဖြင့် ပြင်သစ်တို့သည် နိုင်ငံ ချဲ့ထွင်ရန် လွန်စွာ စိတ်ထက်သန်လျက် ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် ဥရောပတွင် တတိယမြောက် နပိုလီယံ၏ ဆောင်ရွက်ချက်များသည် အောင်မြင်မှု မရှိခဲ့သည့် အတွက် အာရှဘက်သို့ လှည့်၍ အာရှ နိုင်ငံများကို သိမ်းပိုက် နယ်ချဲ့ခြင်းဖြင့် ပြင်သစ်တို့၏ အသရေကို ပြန်လည် ဆယ်တင် နိုင်လိမ့်မည်ဟု ယူဆကောင်း ယူဆသောကြောင့် ဖြစ်ပေလိမ့်မည်။ ထိုအခါကသော် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဂျူလဖေရီ၏ နယ်ချဲ့ လမ်းစဉ် အရ ပြင်သစ်တို့သည် အင်ဒိုချိုင်းနား အရေးတွင် စွက်ဖက်ခဲ့ပြီး ဖြစ်လေရာ မြန်မာနိုင်ငံတွင် စွက်ဖက်နိုင်ခွင့် ရလာလျှင် လက်လွှတ်ခံမည် မဟုတ်သည်မှာ သဘာဝ ကျလှသည်။
ပြင်သစ်နှင့် မြန်မာ ဆက်ဆံမှု လွန်စွာ ရင်းနှီးလာလျှင် အရေးအခင်းများ ပိုမို ရှုပ်ထွေး လာမည်ကို ဗြိတိသျှတို့က ကောင်းစွာ သိမြင်ပြီး ဖြစ်လေသည်။ ထို့ကြောင့် မူလ ကထဲက အထက်အောက် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဗြိတိသျှတို့တွင် အထူး အခွင့်အရေးများ ရှိကြောင်းကို ဥရောပ နိုင်ငံကြီးများအား သတိ ပေးထားခဲ့သည်။ သဘောမှာ ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို လက်ဝါးကြီး အုပ်ရန် ဆုံးဖြတ်ပြီး ဖြစ်လေသည်။ မြန်မာနိုင်ငံသည်လည်း ဗြိတိသျှ အင်ပါယာတွင်းသို့ ကျရောက်ရန် နီးကပ်လျက် ရှိနေပေပြီ။ ပြင်သစ်တို့သည် ဗြိတိသျှတို့ကို အတိအလင်း ဆန့်ကျင်ခြင်း မပြုနိုင်ချေ။ ဖေရီသည် မြန်မာ မစ်ရှင် အဖွဲ့၏ လိုလားချက်နှင့် မည်ရွေ့ မည်မျှအထိ ပြင်သစ်က ဝင်ရောက် စွက်ဖက်နိုင်သည် ဟူသော အချက်တို့ကို လျှို့ဝှက် ထားလေသည်။ ဗြိတိသျှတို့က အဖန်တလဲလဲ အတင်းအကြပ် မေးမြန်းသည့် အခါကျမှ ဖေရီသည် မြန်မာတို့က ပြင်သစ်နှင့် စာချုပ် ချုပ်ဆိုရန် လိုလားကြောင်းကို ဖွင့်ဟ ဝန်ခံခြင်း ပြုလေသည်။ ၁၈၈၅ ခုနှစ်ဦး၌ ဖေရီသည် ဗြိတိသျှ သံအမတ်အား ပြင်သစ် မြန်မာ စာချုပ် အကယ်ပင် ချုပ်ဆိုပြီးခဲ့ကြောင်း၊ စာချုပ်သည် ကူးသန်း ရောင်းဝယ်ရေး စာချုပ် သက်သက်မျှသာ ဖြစ်၍ နိုင်ငံရေး၊ စစ်ရေး၊ လုံးဝ မပါကြောင်း ပြောဆိုသည်။ သို့ရာတွင် ထိုစာချုပ်နှင့် အတူ မြန်မာတို့ထံသို့ လျှို့ဝှက် သဝဏ်လွှာ တစောင် ပါးလိုက်သည်။ ထိုစာ၌ အကယ်၍ အင်ဒိုချိုင်းနားရှိ ပြင်သစ် စစ်အရာရှိများကို ဖြစ်နိုင်မည်ဟု ယူဆလျှင် မြန်မာတို့ထံသို့ တုံကင်းနယ် မှတဆင့် လက်နက် ခဲယမ်း မီးကျောက်များ သွင်း၍ ပေးမည်ဖြစ်ကြောင်း ပါလေသည်။
မြန်မာ ထီးနန်းသည် ပြင်သစ်တို့၏ မရောရာလှသော ကတိ စကားကို အားကိုး အားထားကြီး ပြုမိလေသည်။ ပြင်သစ်တို့သည် ထိုအချိန်က မြန်မာနိုင်ငံတွင်းသို့ ခဲယမ်းမီးကျောက် သွင်းပေးရန် အကယ်ပင် ရည်ရွယ်ကောင်း ရည်ရွယ် ခဲ့လိမ့်မည်။ သို့ရာတွင် တကြိမ်တခါမျှ မသွင်းဖြစ်ခဲ့ချေ။ ပြင်သစ် မြန်မာ စာချုပ် ချုပ်ဆိုပြီးသည်နှင့် တပြိုင်နက် ပြင်သစ်တို့၏ ကူညီမှုသည် အားကိုးလောက်ဖွယ် မရှိကြောင်း သိရတော့သည်။ ပြင်သစ်တို့ လက်နက် အားကိုးဖြင့် နယ်ချဲ့မှုသည် ပြင်သစ်နိုင်ငံ ဘဏ္ဍာရေး အရ စရိတ် ကြီးလွန်း၍ နိုင်ငံရေး အရလည်း မတတ်နိုင်သောကြောင့် ပြင်သစ်တွင် မတ်လ၌ ဖေရီသည် ရာထူးမှ လျှောကျ လေတော့သည်။ ထိုအချိန်၌ပင် ဗြိတိသျှပိုင် ဘုံဘေ ဘားမား ကုမ္ပဏီကို မြန်မာ အစိုးရက သစ်ခိုး ထုတ်သည်ဟု စွပ်စွဲ၍ ၁၈၈၅ ခုနှစ်၊ သြဂုတ်လဆန်း၌ ကုမ္ပဏီကို သစ်ဖိုး စတာလင်ပေါင် ၁၄၆,၆၆၆ နှင့် မြန်မာ သစ်တော အရာရှိများအား လျော်ကြေးငွေ စတင်လင်ပေါင် ၃၃,ဝဝဝ ပေးဆပ်ရမည်ဟု ဒဏ်တပ်လိုက်သည်။ ဗြိတိသျှတို့သည် ဖေရီနှင့် မြန်မာတို့၏ လျှို့ဝှက် အစီအစဉ်ကို သိပြီး ခဲ့ပေပြီ။ မန္ဈလေးရှိ ပြင်သစ် ကောင်စစ်ဝန် ဟတ်စ်၏ ဇနီး အင်္ဂလိပ် ကပြား ဖြစ်သူသည် လျှို့ဝှက်စာ၏ မိတ္ထူကို ခိုးကာ ဗြိတိသျှ အာဏာပိုင်သို့ ပေးအပ် လိုက်လေသည်။ ဤ မိတ္ထူစာကို လက်တွင်း ရလျှင်ပင် ဗြိတိသျှ နိုင်ငံခြားရေးရုံးသည် ပြင်သစ်တို့ကို အဖန်တလဲလဲ ခြိမ်းခြောက် လေတော့သည်။ ပြင်သစ်တို့သည် အခိုက်အတန့် အားဖြင့် မြန်မာနိုင်ငံတွင် ဆက်လက် နေကြသော်လည်း ကြာရှည် ခံနိုင်ရည် မရှိသောကြောင့် မြန်မာတို့က ပြင်သစ် အကူအညီကို လွန်စွာ လိုလားနေသည့် အချိန်၌ပင် မြန်မာနိုင်ငံမှ ထွက်ခွာ သွားရ လေတော့သည်။

အင်္ဂလိပ်တို့က မြန်မာတို့အား နိုင့်ထက် စီးနင်း ပြုလာခြင်း။
ဗြိတိသျှတို့သည် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ရန် နှစ်ပေါင်း များစွာကပင် ပြင်ဆင် ခဲ့ကြသည်။ ကလကတ္တားရှိ ဗြိတိသျှ စစ်ဌာနသည်လည်း မြန်မာနိုင်ငံကို သိမ်းပိုက်ရန် အဆင့်သင့် စီမံပြီး ဖြစ်လေသည်။ ယခုအခါတွင် ဗြိတိသျှ အစိုးရသည် မြန်မာတို့ အတွက် အကျိုး ပျက်စီးဖွယ် ဖြစ်မည့် တောင်းဆိုချက်များ တင်ပြရန် အချိန် ကျလာပြီ ဖြစ်လေသည်။ ထို တောင်းဆိုချက်များကို မန္ဈလေးက လက်ခံပါကလည်း အထက် မြန်မာနိုင်ငံ အလုံးသည် ဗြိတိသျှ လက်အောက်ခံ အဖြစ် ကျရောက်တော့မည် ဖြစ်သည်။ လက်မခံလျှင်လည်း ဗြိတိသျှတို့၏ အလျင်အမြန် တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံရတော့မည် ဖြစ်လေသည်။ ၁၈၈၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် သစ်ကုမ္ပဏီသို့ လျော်ကြေး တောင်းထားသော အမိန့်ပြန်တမ်းကို မြန်မာ နန်းတော်က ရုပ်သိမ်း၍ ဘုရင်ခံချုပ် ခန့်အပ်လိုက်သော ခုံသမာဓိ အရာရှိကို လက်ခံပြီးလျှင် ၎င်း၏ ဆုံးဖြတ်ချက်ကို ကြိုတင်၍ နာယူပါမည့် အကြောင်း တောင်းဆို လိုက်သည်။
ဗြိတိသျှ ကုန်သည်ကြီးတို့၏ ရည်ရွယ်ရင်းကို လန်ဒန် ကုန်သည်ကြီးများ အသင်း၏ အစီရင်ခံစာတွင် ပွင့်လင်းစွာ တွေ့နိုင်လေသည်။ ထို အစီရင်ခံစာတွင် အထက် မြန်မာနိုင်ငံမှ အခွန်တော်သည် တနှလျှင် စတာလင်ပေါင် တသန်းမျှ ပိုလျှံ နေကြောင်း ပါဝင်လေသည်။ ဂလက်စဂို ကုန်သည်ကြီးများ အသင်းကမူ မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာ အနောက်တောင် ဈေးကွက်ကို ဖွင့်လှစ်ရန် အာသီသ ပြင်းပြလျက် ရှိလေသည်။ ပဲရစ်မြို့တွင် ရှိသော မြန်မာ သံမှူးသည် ဗြိတိသျှတို့၏ အလိုကို မိမိ၏ အရှင်က လုံးဝ လိုက်လျော၍ အရေးခင်း မှန်သမျှ ပြေလည်ရေးကို လည်းကောင်း၊ ချစ်ကြည်ရေးကို လည်းကောင်း၊ အစွမ်းကုန် ဆောင်ရွက် ပါလိမ့်မည်ဟု ဗြိတိသျှ အစိုးရအား အောက်ကြို့ ပန်ကြားရှာသည်။ သို့ရာတွင် ဗြိတိသျှတို့သည် မြန်မာသံမှူး၏ ပန်ကြားချက်ကို အသိအမှတ် မပြု လစ်လျူရှု၍ အောက်တိုဘာလ ၂၂ ရက်နေ့တွင် မန္ဈလေး နန်းတော်သို့ ရာဇသံစာ ပို့လိုက်လေသည်။
ရာဇသံ စာတွင် အချက်ကြီး ၅ ချက် ပါဝင်သည်။ အရေးကြီးဆုံး အချက်မှာ အထက်မြန်မာနိုင်ငံတွင် နောင် အနာဂတ် အဖို့၌ နိုင်ငံခြားရေး ဆက်ဆံမှုကို ဗြိတိသျှတို့ကသာ အုပ်စီး ချယ်လှယ်မည့် အကြောင်း ဖြစ်သည်။ ထိုအချိန်ခန့်တွင် ပြင်သစ်သံမှူး ဟတ်စ်သည် မန္ဈလေးမှ ရွှေ့ပြောင်းမည် ဖြစ်လေရာ ပြင်သစ်တို့၏ အကူအညီကို ရနိုင်ရန် မန္ဈလေး နန်းတော်၏ မျှော်လင့်ချက်သည်လည်း ပြိုကွဲ လေတော့သည်။
ဤ အခြေနေ၌ ဗြိတိသျှတို့၏ တောင်းဆိုချက်များကို မြန်မာတို့က လိုက်လျောနိုင်သည့် တိုင်အောင် မည်မျှ ကြာရှည် ခံမည်ကို မသိနိုင်တော့ချေ။ အမှန်မှာ ထိုထက်မက တိုး၍ ထိရောက်သည့် တောင်းဆိုချက်များကို ဗြိတိသျှတို့က တောင်းဆိုနိုင်သည်။ မြန်မာတို့သည် ဗြိတိသျှတို့၏ အင်အားကို တောင့်ခံနိုင်မည်ဟု မမျှော်လင့်နိုင်သော အခြေသို့ ဆိုက်ရောက် နေလေပြီ။ ထိုကြောင့် ကူးသန်း ရောင်းဝယ်ရေးနှင့် ပတ်သက်သော ဗြိတိသျှတို့၏ တောင်းဆိုသမျှသော အချက်အလက်များကို လိုက်လျော ပေးအပ်ရန် အသင့် ပြင်ဆင် ထားကြလေသည်။ သို့ရာတွင် မြန်မာတို့ကို ဗြိတိသျှတို့က နိုင်ငံရေးအရ စိုးမိုးချယ်လှယ်မည့် အချက်ကိုကား မြန်မာ့ ထီးနန်းက လက်မခံဘဲ နေခဲ့လေသည်။
ထိုသို့ လက်မခံဘဲ နေခဲ့သောကြောင့် မိုက်မှားခဲ့ပြီဟု ယူဆလိုလျှင် ယူဆနိုင်ပါ၏။ သို့သော် ယခုခေတ် မြန်မာများသည် လည်းကောင်း၊ အနာဂတ် ခေတ်တွင် ပေါက်ဖွားလာမည့် မြန်မာတို့သည် လည်းကောင်း၊ ဗြိတိသျှတို့၏ နိုင့်ထက်စီးနင်း တောင်းဆိုချက်ကို သတ္တိကြောင်စွာ လိုက်လျောရခြင်းထက် ငြင်းပယ်လိုက်ခြင်းက ပို၍ သင့်တော်သည်ဟု သဘောတူညီ ကြမည်သာ ဖြစ်လေသည်။ မြန်မာနိုင်ငံ ပြည်ပ ဆက်သွယ်ရေးတွင် ဗြိတိသျှတို့ ကြိုးကိုင် ဦးစီးမည့် အချက်အား မြန်မာ ထီးနန်းက အချိန်ဆွဲ၍ စဉ်းစားနေခြင်းကို ဗြိတိသျှတို့က မိမိတို့၏ ရာဇသံစာကို မြန်မာတို့က ငြင်းပယ်သည်ဟု ကောက်ယူလေသည်။ ထိုကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အိန္ဒိယ နိုင်ငံဆိုင်ရာ ဗြိတိသျှ အတွင်းဝန် လတ်မင်းကြီး ရန်ဒေါ့ ချာချီသည် အသင့် စီမံထားပြီး ဖြစ်သော ဗြိတိသျှ ဗိုလ်မှူးထံသို့ အထက်မြန်မာနိုင်ငံကို တိုက်ခိုက်ရန် သံကြိုးစာ ပို့လိုက်သည်။ သီပေါမင်းသည် အင်္ဂလိပ်တို့ကို ခုခံရန် ပြည်သူ လူထုကို ဆင့်ခေါ်၍ အရပ်ရပ်မှ စစ်သည် အမှုထမ်းများကိုလည်း စုရုံးသည်။ သို့ရာတွင် ခုခံခြင်း မပြုနိုင်မီပင် ဗြိတိသျှ စစ်တပ်သည် မန္ဈလေးသို့ ရောက်လာလေတော့သည်။

သီပေါမင်း ပါတော်မူခြင်း။
သီပေါမင်းကို လက်နက်ချရန် ဖြောင်းဖျ၍ ဒီဇင်ဘာလ ၃ ရက်နေ့တွင် သူရိယ သင်္ဘောဖြင့် တင်ဆောင်ကာ ရတနာဂီရီသို့ ခေါ်ဆောင် သွားလေသည်။ ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘုရင်ခံချုပ် လတ်မင်းကြီး ဒပ်ဖရင် အမိန့်ပြန်တမ်း ထုတ်ပြန်သည်မှာ "ဝိတိုရိယ ဘုရင်မကြီး၏ အမိန့်အရ သီပေါမင်း အုပ်ချုပ်ခဲ့သော ပိုင်နက် ဒေသ အားလုံးသည် သီပေါမင်း လက်အောက်ခံ မဟုတ်တော့၍ အရှင်သခင် ဘုရင်မကြီး၏ ပိုင်နက်တွင် တစိတ် တဒေသ အဖြစ် ပါဝင်ခဲ့ပြီ ဖြစ်သည်။ အရှင်သခင် ဘုရင်မကြီး၏ အလိုတော် အတိုင်း ထိုဒေသများကို အိန္ဒိယ ဘုရင်ခံချုပ်နှင့် ဘုရင်ခံတို့က အခါအားလျော်စွာ ခန့်အပ်သွားမည့် အရာရှိများမှ တဆင့် စီရင် အုပ်ချုပ်လိမ့်မည် ဖြစ်ကြောင်း ကြေညာအပ်သည်" ဟု ဖြစ်လေသည်။ လွတ်လပ်သော အထက် မြန်မာနိုင်ငံသည်လည်း တစခန်း သိမ်း၍ ဗြိတိသျှ အင်ပါယာ အတွင်းတွင် အိန္ဒိယ ပြည်နယ်များ ကဲ့သို့ပင် ပြည်နယ် တခု ဖြစ်လာရ လေတော့သည်။

ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး
ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး ခရီး မည်မျှ ပေါက်ရောက် ခဲ့သည်ကို ဆန်းစစ်လျှင် ထိုခေတ် ရောင်းဝယ်ရေး အခြေအနေကို နားလည်နိုင်စရာ အကြောင်း ရှိလေသည်။ ၁၇၈၃ ခုနှစ်တွင် ရန်ကုန်သို့ ရောက်လာသော အင်္ဂလိပ် လူမျိုး တဦးက ကုန်းဘောင်ခေတ် ကူးသန်း ရောင်းဝယ်ရေးသည် ကျယ်ပြန့် ရှုပ်ထွေးခြင်း မရှိဟု မှတ်ချက် ချခဲ့သည်။ ဤဒေသတွင် အရင်းငွေ အနည်းငယ်မျှဖြင့်ပင် အရောင်းအဝယ် ပြုပါက အမြတ်အစွန်း များများရရန် လွယ်ကူသည်ဟု သူ ဧကန် သိနေဟန် တူသောကြောင့် ဖြစ်လေသည်။
ထိုခေတ်က ပြောကြ ဆိုကြသည်မှာ မည်သူမဆို အိန္ဒိယရှိ ကိုရိုမန်ဒယ် ကမ်းခြေ၌ ရွက်သင်္ဘောငယ် တစင်းကို ဝယ်ယူနိုင်သည့် အခြေရှိလျှင် ထိုသင်္ဘော၌ ဆေးရွက် အနည်းငယ်၊ ချည်ထည်နှင့် အိမ်သုံး သံထည် အချို့ကို နဂဘာရီက္ဆွန်းသို့ တင်ဆောင် သွားနိုင်သည်။ ထို့နောက် ထိုကုန်များကို နဂဘာရီ အုန်းသီးများနှင့် လဲလှယ်၍ သင်္ဘော အပြည့်တင်ကာ ပဲခူးသို့ ယူလာနိုင်သည်။ ထိုနောက် ပဲခူးဒေသ (ရန်ကုန်ကို ဆိုလိုသည်) တွင် က္ဆွန်းသစ်များနှင့် တဖန် လဲလှယ်၍ ထို က္ဆွန်းသစ်တို့ကို ကိုရိုမန်ဒယ် ကမ်းခြေ၌ ဖြစ်စေ၊ ဘင်္ဂလား၌ ဖြစ်စေ ရောင်းချပါက၊ အမြတ်အစွန်း ကြီးစွာ ရနိုင်သည်ဟု အပြောအဆို ရှိခဲ့လေသည်။
က္ဆွန်းသစ်သည် စင်စစ်အားဖြင့် နိုင်ငံခြားသား ကုန်သည်များ လွန်စွာ တပ်မက် လိုလားကြသော ကုန်ပစ္စည်းပင် ဖြစ်လေသည်။ အများအားဖြင့် က္ဆွန်းသစ်ကို နိုင်ငံခြားသို့ ရောင်းချရာ၌ သင်္ဘော ဆောက်လုပ်ရန် အတွက် ရည်ရွယ်သည် ဖြစ်ရာ က္ဆွန်းသစ်များကို တဆင့် တင်ပို့ နေခြင်းဖြင့် စရိတ်စက ကုန်ကျခြင်းကို သက်သာရာ ရစေရန် က္ဆွန်းသစ်ထွက်သည့် နေရာ ဌာန၌ပင် သင်္ဘောများ ဆောက်လုပ်ရန် ကြိုးစားကြမည်မှာ မလွဲပေ။ က္ဆွန်းသစ်ကို လိုရာသို့ တင်ပို့၍ သင်္ဘော ဆောက်လုပ်သည့် စရိတ်နှင့် မြန်မာ့ ပင်လယ် ကမ်းခြေ၌ပင် သင်္ဘော ဆောက်လုပ်သည့် စရိတ်ကို ယှဉ်ကြည့်လျှင် မြန်မာ့ ကမ်းခြေ၌ ဆောက်လုပ်၍ ကုန်ကျသည့် စရိတ်က လွန်စွာ သက်သာနေသည့် အတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများကို ဆွဲဆောင် နေသကဲ့သို့ ဖြစ်သည်။ ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော တစင်း ဆောက်လုပ်၍ အစုံအလင် တပ်ဆင်ပြီးနောက် ရေချရန် အသင့်ရှိသော အခါ သင်္ဘော တစင်း၏ ကုန်ကျစရိတ်သည် တတန်လျှင် စတာလင်ပေါင် ၁၂ မှ ၁၃ အထိသာ ဖြစ်လေသည်။ ကလကတ္တားတွင် ဆောက်လုပ်လျှင် သင်္ဘောတစင်း၏ ကုန်ကျငွေသည် တတန်လျှင် ပေါင် ၁၆ မှ ၁၇ ဖြစ်၍၊ ဘုံဘေတွင် ပေါင် ၁၉ မှ ၂ဝ အထိ ကုန်ကျသည်။ မြန်မာ ဆိပ်ကမ်းတွင် သင်္ဘော ဆောက်လုပ်ရာ၌ အခက်အခဲများ ရှိသည်။ ထို အခက်အခဲများမှာ ပထမတွင် ရန်ကုန်၌ က္ဆွမ်းကျင်စွာ ကြီးကြပ်မည့်သူ လိုခြင်း ဖြစ်သည်။ ဒုတိယတွင် မြန်မာ့ ကမ်းခြေသို့ ရောက်လာသော ကုန်သည်များနှင့် သင်္ဘောများကို လွတ်လပ်စွာ ဆိုက်ကပ်ခွင့် ပေးသည်ဟု မြန်မာဘုရင်က အမိန့် ထုတ်ပြန် ထားသည်ဟု ဆိုသော်လည်း၊ ရန်ကုန်ရှိ မြန်မာ မင်းမှုထမ်းတို့က ကောက်ခံ စည်းကြပ်သော အခွန်ငွေသည် များပြားခြင်း ဖြစ်လေသည်။
ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော ကျောက်ချ ပြီးသည်နှင့် တပြိုင်နက် သင်္ဘော၌ ပါသော သင်္ဘောသားဦးရေ၊ ပစ်ခတ် ကာကွယ်ရန် ယူဆောင်လာသည့် လက်နက်များ၊ ကုန်ထုပ်များ မည်မျှ ပါကြောင်း အစီရင် ခံရသည်။ သင်္ဘောပါ ပစ္စည်းများကို စစ်ဆေးပြီးသော အခါ၌ အားလုံးကို ကုန်လှောင်ရုံ အတွင်းသို့ ပို့ဆောင်ရသည်။ ထိုကိစ္စများ ပြီးစီးသော အခါ ဝတ္တရား အရ မြို့ဝန် ဖြစ်သူက သင်္ဘောပေါ်သို့ တက်ရောက် စစ်ဆေးသည်။ မြို့ဝန်ွ့ကရောက် ကြည့်ရှု ပြီးသည့်နောက် ပေးဆပ်နေကြ လက်ဆောင် ပစ္စည်းများ ဖြစ်သည့်ွွေ့ကပန်းကန်များ၊ သကြားနှင့် လဘက်ခြောက် သေတ္တာများကို ပေးအပ်ရသည်။ ထိုနောက်မှ ရောင်းဝယ်ရေးကို စတင် လေတော့သည်။
ကုန်များကို ရောင်းဝယ်ခြင်း မပြုသေးမီ စစ်ဆေး ကြည့်ရှု၍ အခွန်တော် ကောက်ရန် ကုန်ထုတ်များကို ဖွင့်လှစ်၍ ပြရသည်။ ဘုရင်မင်းမြတ် အတွက် ၁ဝ ရာခိုင်နှုန်း ကောက်ခံ၍ စာရေးများ၊ ကုန်ရုံစောင့်များ နှင့် တံဆိပ်တော် ခပ်နှိပ်သူတို့က ၂ ½ ရာခိုင်နှုန်း အစု ခွဲယူကြသည်။ မင်းတုန်းမင်း လက်ထက် မတိုင်မီကသော် အရာရှိ အရာခံများအား လစာ မှန်မှန်ပေးသော စနစ် မရှိခဲ့သဖြင့် မြန်မာ ဆိပ်ကမ်း အရာရှိ အချို့တို့သည် ပစ္စည်း အမျိုးမျိုးကို တံစိုး လက်ဆောင် အဖြစ်ဖြင့် ယူလို ကြသည်မှာ သဘာဝပင် ဖြစ်လေသည်။
တဦး၏ ထုံးတမ်း စဉ်လာများကို တဦးက နားလည်မှု နည်းပါးသောကြောင့် ပေါ်ပေါက်ခဲ့သော အထင်လွဲမှုများမှ အပ၊ နိုင်ငံခြား ကုန်သည်များ အဖို့ ကျေနပ်လောက်ဖွယ် ရှိလေသည်။ မကြာခဏ အခက်အခဲ ပေါ်ပေါက်တတ်ခြင်းမှာ အတွေ့အကြုံ နဲသော မာလိန်မှူးနှင့် ကုန်သည်တို့သည် သင်္ဘောဆိပ် လူလိမ် လူကောက်တို့နှင့် ဆက်သွယ်၍ မိမိတို့ ကုန်ကို ရောင်းချရာ၌ ဖြစ်လေသည်။ မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် လုံးဝ အားကိုး အားထား ပြုနေရသော ဆန်သည် ကုန်းဘောင်ခေတ်တွင် လွန်စွာ ဈေးပေါသည့် ကုန်ဖြစ်လေသည်။ ယခုခေတ်တွင် ဆန်ဈေးသည် တတန်လျှင် ကျပ် ၆ဝဝ ရှိ၍ ထိုခေတ် အခါကသော် တတန်လျှင် ၁၄ ကျပ်သာ ရှိလေသည်။ သို့ရာတွင် ထိုခေတ်ကသော် ဆန်ကို ပြည်တွင်းသုံး အဖြစ်ဖြင့်သာ အဓိက စိုက်ပျိုးစေ၍ နိုင်ငံခြားသို့ တင်ပို့ရန် တားမြစ် ထားလေသည်။ က္ဆွန်းသစ် အပြင် ရန်ကုန်မှ တင်ပို့သော ကုန်းဘောင်ခေတ်ထွက် ကုန်များသည် ရေနံချောင်းမှ ထွက်သော ရေနံချေး ဖြစ်၍ တတန်လျှင် ၃ဝ ကျပ်ခန့် ပေးရသည်။ ရှားစေးကို တနှစ်လျှင် ပိဿာ ၄ဝဝ,ဝဝဝ မက တင်ပို့ ရလေသည်။ ထိုနောက် ဖာလာစေ့ကိုလည်း တင်ပို့ ရောင်းချ၍ တခါတရံ ဆင်စွယ်နှင့် ငွေသားများကို ခိုးထုတ်လေ့ ရှိသည်။ ငမန်းတောင်၊ ငှက်သို့က်၊ ချိပ်၊ ထန်းလျက်၊ ခဲ၊ သံဖြူ၊ ပယင်း၊ မဲနယ်၊ ပုရပိုက်၊ စက္ကူနက်နှင့် ထီးများကိုလည်း ရောင်းချလေသည်။
မြန်မာနိုင်ငံထွက် အဖိုးတန် ကျောက်မျက် ရတနာများကို နိုင်ငံခြားသား ကုန်သည်များက အထူးသဖြင့် တပ်မက် ကြလေသည်။ ပတ္တမြားနှင့် ကျောက်စိမ်းကို လွန်စွာ လိုလားကြ သော်လည်း ဘုရင်က ကူးသန်း ရောင်းဝယ်ခြင်း မပြုရဟု တားမြစ်ထားသည်။ နိုင်ငံခြားသား ကုန်သည်များ အထူးသဖြင့် အင်္ဂလိပ် လူမျိုးများ လိုလားသော အခြား ထွက်ကုန်သည် ဝါဂွမ်း ဖြစ်လေသည်။ ဗြိတိန်နိုင်ငံရှိ လန်ကက်ရှားယား ဒေသတွင် ထူထောင် ဖွင့်လှစ်ထားသော ချည်စက်ရုံကြီးများ ကလည်း မြန်မာ့ ဝါဂွမ်းကို လွန်စွာ လိုလားကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင်သာ ဝါဂွမ်းထွက်၍ တရုတ်တို့က ထွက်သမျှသော ဝါဂွမ်းကို ဝယ်ယူ ကြလေသည်။ အပြန်အလှန် အားဖြင့် မြန်မာနိုင်ငံက ပိုးရိုင်း၊ ပိုးထည်၊ ကတ္တီပါ၊ ရွှေခြည်ထိုး အထည်များ၊ ရွှေခြည်၊ ရွှေဆိုင်း၊ ကော်ဇော၊ ဆေး၊ ကြေးနီ၊ ရောင်စုံစက္ကူ၊ သစ်သီးခြောက်၊ လက်ဖက်ရည်အိုး၊ သံထည်နှင့် ကစားစရာ အရုပ်များကို တရုတ်တို့ထံမှ ဝယ်ယူ ကြလေသည်။

ဒေါက်တာကျော်သက်

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့

နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်

စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်