Saturday, April 11, 2009

ထွက်ပေါက်ကိုသာစဉ်းစားမနေပဲဖေါက်ထွက်ဖို့ကြိုးစားကြ

Photobucket

UDP update



U kyaw Myint (AKA) Wa Kyaw Myint
Arrested for 7% interest for interest to his clients in 1998-9? Now
lives in Vancouver and doing another financial business. He was former
military leader of U Ma Htoo Naw, CPB part of the wing. Disarmed and
worked a business in Rangoon and Sino-Burma border. He believed to be
informant of DEA one point about UWSA.
His first approach; was born in China side and joined the CPB army, he
has few Chinese friends and during Khin Nyunt's era, he had connection
with Col. San Pwint. He led few Burmese business delegations to China.
He claimed that he has China contacts,
Approaching democratic movement 2007 in August; he invited activists
via CFOB (Canadian Friends of Burma), David Taw (KNU), Me (NLD LA) Bo
Bo Kyaw Nyien (independent) Zaw Oo (Former Burma Fund, VAHU), Than Gyi
(ABSDF chairman), Tun Aung Kyaw (independent and former ABSDF), Harn
(son of Sao Shwe Thik/EBO) as speakers, topic was Sino-Burma relations
and democratic movement.
December 2007, he again approached me with money to join his UDP,
offered 10000 USD a month, I refused to do so, but I offered if he
needs, please let me know, I also discussed how much he could provide
me a more like of China. He played down. Results; he refused to pay my
air ticket and other cost of hotel and food in Canada. I lost 90,000
bt, and party shared half of my debt.
He asked me during a discussion in December, A-ma could joined his UDP
as patron, I smiled. He had no political knowledge in the first place,
Khin Nyunt was chosen as chairman.
He claimed UWSA, Kokent, KIO ans SSA North supported his initiative.
He pays Kyaw Moe, former NLD who did refuge in Canada as his
secretary, Nwe Seng, one Kachin as his joint sec. and few former
unknown activists as his member.
He approached U Ye Htun
U Ye Htun, searching a money without paying from his pocket, accepted
his approach through Htun Aung Kyaw (former ABSDF), UYH was very
active in National Convention after he was asked to entertain the
ethnic leaders at his residence. Return, Sa Ya Pha (MAS) gave him Duty
Free Shop license, and torism spot.
U YH approached U Thu Wai about funding resources from Wa Kyaw Myint
and his connection with China and 4 Ethnic groups. UTW agreed to
accept it.
U YH also approached Cho Cho Kyaw Nyein and Nay Kyi Ba Swe that he
approached U TW. U Htwe Myint and other veterans impressed with U YH's
presentation. When NLD might not enter 2010, we will take over,
funding from Wa KM, we will have 60 seats, please U TW should lead.
Most of the UDP core groups are opportunists and they feel that power
vacuum if NLD might not enter or decided not to enter, they should
take over.

Others are just pounds

(ပြည်တွင်းအီးမေးလ်မှလက်ခံရရှိသည်)

SORRY! ဆဲပါ...

Photobucket
မမြန်သော မြန်မာ့ အင်တာနက် နှေးကွေးနေဆဲ
မိုးမခအထောက်တော် (ရန်ကုန်)
ဧပြီ ၁၁၊ ၂၀၀၉
နကိုကတည်းက မမြန်ဆန်သည့် မြန်မာ့အင်တာနက် ကွန်ရက်မှာ လာမည့် သောင်္ကြာနေ့ အထိနှေးကွေးနေဦးမည် ဟု စတုတ္တကြိမ်မြောက် အသိပေးကြေငြာ ထားသည်ကို တွေ့ရှိရသည်။
မြန်မာတနိုင်ငံလုံး၏ အင်တာနက် ၀န်ဆောင်မှုပေးရာ မြန်မာတယ်လီပို့တ်မှ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ကိုဖြတ်သန်းသွားပြီး ရေအောက်မှတဆင့်သွယ်တန်းထားသည့် ဆီမီဝီ ၃ (SEA-ME-WE 3) ဟုခေါ်ဆိုသည့် ဖိုင်ဘာအော့ပတစ် ကေဘယ်ကြိုးကို ပုံမှန် ပြုပြင်ထိန်းသိမ်းမှုလုပ်မည်ဟု ဆိုကာ မတ်လ ၂၁ရက်မှ စတင် နှေးကွေးခဲ့ရာမှ ပထမခန့်မှန်းသည့် နေ့ရက် ၂၅ရက်နေ့တွင်လည်းမပြီးစီးပဲ အကြိမ်ကြိမ် ပြင်ဆင်ကြေငြာ အသိပေးခဲ့ရာမှ ယခုတဖန် ဧပြီ ၁၇ ရက်နေ့နောက်ပိုင်း တွင်မှ ပြီးစီးလိမ့်မည် ဖြစ်သည်ဟု သိရှိရသည်။

ယခုနောက်ဆုံးကြေငြာချက်တွင် ဆီမီဝီ ၃ ကေဘယ် ပြုပြင်မှုမှာ ပြီးစီးသွားသော်လည်း အခြား ချွတ်ယွင်းချက် တခုကို ပင်မ စတေရှင် အနီးထပ်မံတွေ့ရှိရပြန်သောကြောင့် နကို ပြီးစီးမည့် အချိန်တွင်မပြီးစီး နိုင်ဖြစ်ခဲ့ရသည်ဟု ဖေါ်ပြထားသည်။
ယခုကဲ့သို့ အကြိမ်ကြိမ် ရွှေ့ဆိုင်းကြေငြာနေသည့် အဖြစ်ကို အချို့သော အင်တာနက်သုံးစွဲသူများက အမှန်တကယ် လိုင်းပြုပြင်ထိန်းသိမ်းခြင်း ဟုတ်မဟုတ် သံသယ၀င်လျက်ရှိသည် ဟုလည်းကြားသိရသည်။ ထိုသို့အင်တာနက်လိုင်းများ နှေးကွေးနေစဉ်ရက်များအတွင်း နိုင်ငံရေး လှုပ်ရှားသူတချို့ ပြင်ပအဖွဲ့အစည်းများနှင့် ဂျီတော့ခ်မှ ဆက်သွယ်မှုကြောင့် အဖမ်းခံရသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိ သောကြောင့် အင်တာနက်နှေးကွေးခြင်းသည် နိုင်ငံရေးလှုပ်ရှားသူများကို ခြေရာခံလိုက်ရန် အတွက်ထောင်ချောက် တခုများလားဟု တွေးဆပြောဆိုမှုများလည်း ရှိသည်ဟု သိရသည်။
အင်တာနက် သုံးစွဲသူများ၏ ပြောဆိုချက်အရ ယခုရက်များအတွင်း ဂျီမေးလ် ၀က်ပေ့ခ်ျမှာ အခြားသော ၀က်ပေ့ခ်ျများထက် ပိုပြီးနှေးကွေးနေသည် ဟုလည်းဆိုသည်။ ဂျီမေးလ်သည် မြန်မာနိုင်ငံတွင် လူသုံးအများဆုံးသော ၀က်မေးလ် (webmail)တခုဖြစ်နေပြီး အင်တာနက် ဆိုင်များမှာလည်း ဂျီမေးလ်၊ ဂျီတော့ခ် သုံးစွဲသူများကို အားကိုးရပ်တည် နေကြရသည့် အနေအထားဖြစ်သည် လည်းတွေ့ရိုရသည်။
အင်တာနက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်သူများအနေဖြင့် မတ်လမကုန်မီမှ စတင်လိုက်သည့် အင်တာနက် နှေးကွေးမှုမှာ ဧပြီလ လယ်ကိုကျော်လွန်သွားသဖြင့် တလတာ နီးပါး ၀င်ငွေနစ်နာ နေသည်ဟုလည်း ပြောဆိုလျက်ရှိသည့်အပြင် ယခုကဲ့သို့ အင်တာနက်နှေးခြင်း၊ အင်တာနက်ဖြတ်တောက်ထားခြင်း ရှိနေသော်လည်း အင်တာနက် သုံးစွဲခ လစဉ်ကြေး၊ မြန်မာသတင်းနှင့် နည်းပညာဖွံ့ဖြိုးရေး ကော်မတီတို့သို့ လစဉ်ပေးဆောင်ရသည့် ပီအေစီ လစဉ်ကြေးတို့ကိုမူ လုပ်ငန်း လျော့ပေါ့ပေးမည့် လက္ခဏာ တစုံတရာ မတွေ့ရဟုလည်း ဆိုသည်။
မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် အင်တာနက် သုံးစွဲသူ ဦးရေ သုံးသိန်းကျော်ရှိသည်ဟု အချို့သော ခန့်မှန်း စာရင်းဇယားများ အရ သိရှိရပြီး အရှေ့တောင်အာရှ နိုင်ငံများအနက် အင်တာနက် ၀န်ဆောင်ခ ဈေးအကြီးဆုံးနှင့် ၀န်ဆောင်မှု အညံ့ဆုံးအဖြင့်လည်း ထင်ရှားသည်။ အင်တာနက် ၀န်ဆောင်မှုတွင် မြန်မာ့ဆက်သွယ်ရေး နှင့် မြန်မာတယ်လီပို့တ် နှစ်ခုရှိသော်လည်း ကို စစ်ဗိုလ်များကိုယ်တိုင် စီမံခန့်ခွဲသည့် မြန်မာတယ်လီပို့တ်ကသာ အဓိကချုပ်ကိုင်ထားသည် ကိုတွေ့ရှိရသည်။

အင်းလျှားလမ်းရှိ ဖိုးလပြည့် မဏ္ဍပ်ဆောက်လုပ်နေမှု ကိုဗီဒီယိုဖြင့် မှတ်တမ်းတင်ထားစဉ်

Freedom News Group!

ရိုက်ကူးသူ….ဒါရိုက်တာစနေငချွတ်
၂၀၀၉ ခုနှစ် မတ်လ ၁၀ ရက်နေ့ က ရန်ကုန်မြို့ အင်းလျှား လမ်းရှိ ဖိုးလပြည့်၏ သင်္ကြန် မဏ္ဍပ် ဆောက်လုပ် နေမှုကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားစဉ်။အခြားမဏ္ဍပ်များနှင့်ယှဉ်လျှင်သူ့ မဏ္ဍပ်မှာအကြီးဆုံးဖြစ်နေသည်ကိုတွေ့ ရမည်။
စစ်တပ်မှ လွှင့်ထုတ်သော မြ၀တီ ရုပ်သံလွှင့်ထုတ်မှုတွင် ပါရန် အတွက် သင်္ကြန်ယိမ်းအဖွဲ့ များမှာ
လာဘ်ထိုးမှ ထုတ်လွှင့်ပေးသည် ဟုသိရသည်။ထိုသို့ လာဘ်ပေးမှ လွှင့်ထုတ်မှုတွင် တစ်ဦးချင်းနှင့်ပုဂ္ဂလိက၊ကုမ္ပဏီ အဖွဲ့ အစည်းများသာမက ၀န်ကြီးဌာန များက ပါလာဘ်ပေးရသည် ဟုသိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ သင်္ကြန်ယိမ်းအဖွဲ့ တစ်ခု၏ခေါင်းဆောင် ဖြစ်သူက“ကျွန်မတို့ ယိမ်းသွားက ပြီးတော့ စတူဒီယို က ဘာပြောသလဲ ဆိုတော့ အချိန်ကောင်းပါခြင်ရင် တစ်သိန်းပေးရမယ်လို့ တောင်းတယ် ။ဒါတောင် အစိုးရဌာန မို့ လို့ တဲ့ကျန်တဲ့ ဌာနတွေ ဆိုမရဘူးလို့ ပြောတယ်”ဟုFreedom News Group သို့ ပြောသည်။
တခြားကုမ္ပဏီ နှင့် ငွေကြေးတတ် နိုင်သူ ၏ သားသမီးများမှ အဆိုတော် နှင့် အနုပညာရှင်များကို သီဆို ခိုင်း၍ ကကြသည့်တစ်ပုဒ်စာထုတ်လွှင့် ချိန်အတွက်ဆိုလျှင် ကျပ်ငွေ ဆယ်သိန်းမှ ဆယ့်ငါးသိန်းထိယူကြောင်းသိရသည်။
မြ၀တီ ရုပ်သံဌာန မှ စစ်တပ်အရာရှိ များနှင့် ရင်းနှီးသော ဘီယာစတေရှင်များမှ အဆိုတော်များကမူ
အလကားသီဆို ခွင့်ရသည်။
မြ၀တီ ရုပ်သံသည် ပြီးခဲ့သည့် အပတ်က ၁၄ နှစ်ပြည့် ပြီဟု ကြေငြာခဲ့သည်။မြ၀တီ ရုပ်သံသည် ပြည်တွင်းရုပ်သံလိုင်းများတွင် ကြော်ငြာခ ဈေးအကြီးဆုံးဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားထက် အခွင့်အရေးပို ရသည်။