Wednesday, April 22, 2009

မြေကမ္ဘာနေ့

မြေကမ္ဘာနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ်မတ်လ ၂၈ရက် ညနေ ၆:၃၀နာရီတွင်ကမ္ဘာ့နိုင်ငံပေါင်း
၈၀ကျော်ရှိမြို့ကြီးများ၊ မြို့ပေါင်း ၁၀၀၀ကျော်တို့နှင့်အတူ လျှပ်စစ်မီးတစ်နာရီကြာပိတ်၍ ကမ္ဘာတစ်ဝန်းလုံးနှင့်အ
တူရာသီဥတုပြောင်း လဲလာမှုအပေါ်ဆောင်ရွက်မှုကို ထောက်ခံအားပေးခဲ့ကြောင်း၊ကမ္ဘာ့သဘာဝ အရင်းအမြစ်များ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ တစ်ခုဖြစ်သည့် WWF အဖွဲ့မှEarth Hour ကိုစတင်ဦးဆောင်လှုပ်ရှားခဲ့ပြီး Earth Hour တစ်ဦးချင်းကိုဖြစ်စေ၊ အသင်းအဖွဲ့များကိုဖြစ်စေ၊ ဖိတ်ခေါ်၍လျှပ်စစ်မီး အလင်းရောင်များကိုအချိန် တစ်နာရီကြာပိတ်ထားခြင်းအားဖြင့် ရာသီဥတု ပြောင်းလဲမှုအပေါ်ဆောင်ရွက်မှုကို ထောက်ခံအားပေးသောလှုပ်ရှားမှုဖြစ်ကြောင်းကြားသိရသဖြင့်ဦးသန်းရွှေလည်းထောက်ခံသော
အားဖြင့်မြန်မာတနိုင်ငံလုံးနေ့စဉ်၂၃နာရီနင့်မိနစ်၄၀မီးပိတ်၍ဂုဏ်ပြုလိုက်လေတော့သတည်း။

မြန်မာနိုင်ငံတွင် အင်တာနက် (PAC) စင်တာ ၄၆၀ ဖွင့်ပြီးဖြစ် ထပ်မံဖွင့်လိုသူများအား လုပ်ကိုင်ခွင့်များ ချပေးမည်

မြန်မာနိုင်ငံတွင် အင်တာနက် (PAC) စင်တာများ၄၆၀ကျော်ဖွင့်လှစ်ခဲ့ပြီး ဖွင့်လှစ်လိုသူများရှိပါက
လည်း လုပ်ကိုင်ခွင့်များချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာအင်ဖိုတက်မှ အထွေထွေမန်နေဂျာ ဦးစိန်ဝင်းက
ထုတ်ဖော်ပြောကြားသည်။ PACအရေအတွက်များရန်ကုန်မြို့တော်တွင် များပြားနေသော်လည်းနယ်ဒေသများမှာ
နည်းပါးနေသေးသည့်အတွက် နယ်ဒေသများတွင်ပို၍အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဒီ
PAC တွေကိုဖွင့်ဖို့ ၂၀၀၃-၂၀၀၄ဘဏ္ဍာရေးနှစ်ကစပြီးတော့ Pilot Project အနေနဲ့ Cyber Cafe ၂၀ခန့် စတင်ဖွင့်
လှစ်ပေးခဲ့ပေမယ့် အသုံးပြုတဲ့နှုန်းကလည်း နည်းနေသေးတော့ မအောင်မြင်ခဲ့ဘူး။ အဲဒါနဲ့ ၂၀၀၅ သြဂုတ်ကစပြီး
ပြင်ပလုပ်ငန်းရှင်တွေ စိတ်ဝင်စားရင် လျှောက်ထားခွင့်ပေးလိုက်တာနဲ့စပြီး တစ်စတစ်စ အောင်မြင်လာတာဖြစ်ပါ
တယ်။ အခုထိလဲလိုင်စင်ကို ဘယ်နှခုရယ်လို့ ကန့်သတ်ထားခြင်းမရှိတဲ့အတွက်လျှောက်လာရင်ထပ်မံချ သွားပေး
ဦးမှာဖြစ်ပါတယ်”ဟု Myanmar Info Tech မှအထွေထွေမန်နေဂျာဦးစိန်ဝင်းကပြောသည်။လက်ရှိတွင် PAC များ
ဖွင့်လှစ်လိုသူများအနေနှင့် Myanmar Info Tech သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး လိုင်စင်ကြေးဖြင့်လစဉ်ကြေး
မှာရန်ကုန်မြို့တော်နှင့်မန္တလေးမြို့တော်တို့ရှိစည်ပင်သာယာရေးနယ်နိမိတ်အတွင်းတွင်လိုင်စင်ကြေးကျပ်ငါးသိန်း
လစဉ်ကြေးမှာ တစ်လကျပ်ငါးသောင်းအား ခြောက်လစာပေးသွင်းရမည်ဖြစ်ကာ နယ်နိမိတ်ပြင်ပလိုင်စင်ကြေးမှာ
ကျပ်နှစ်သိန်း၊ လစဉ်ကြေးမှာတစ်လသုံးသောင်းနှင့်ခြောက်လစာပေးသွင်းရန်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၂၀၀၉
ခုနှစ်ဧပြီ ၂၃ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားပါသည်။

ရာဇ၀င်ကောင်းအောင်

ရာဇ၀င်ကောင်းအောင်

“ နက်မှောင်သောမိုးသားကောင်းကင်မှာ

ငွေကြယ်ပွင့်များတောက်ပလျှက်ရှိသည်

ကျွန်ုပ်တို့သည်လည်း ဆည်းဆာရောင်မှာ

အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်လျှက်ရှိသည်” ( ဒဂုန်တာရာ )

ဆရာတယောက်ဆီက့ 

တဆင့်ပြန်ကြားခဲ့ရတဲ့

ရှေ့မှီနောက်မှီ ကဗျာဆရာစာဆိုကြီးရဲ့စကား

အကြိမ်းကြိမ်အခါခါ ပြန်စဉ်းစား

ကိုယ့်အတွေးနဲ့ကို

ကိုယ့်လုပ်ရပ်နဲ့ကိုပေမို့

စဉ်းစားမရပါလား ခက်သာ့း့  ။

အကိုတယောက်လိုခင်တဲ့ 

သူငယ်ချင်းတယောက်ကလည်းပြောတယ်

“ ကိုယ့်ရာဇ၀င်ကိုယ်ရေးတာမဟုတ်ဘူး

ကိုယ့်ရာဇ၀င်ကိုယ်ကောင်းအောင်

ကိုယ့်လုပ်ရပ်နဲ့ကိုယ်လုပ်နေတာ ” တဲ့

ဘ၀ဖြတ်သန်းမှုက ရထားခဲ့တဲ့

မပြည့်စုံသေးတဲ့ ငါ့အတွေးအခေါ်နဲ့

သူ့ရဲ့စကားကတော့

တကယ့်တထပ်တည်း တူနေပါလာ့း့  ။

ခြောက်ပြစ်ကင်း တယောက်တော့မဟုတ်ပါဘူ့း့ 

ဦးတည်ချက်ထားပြီးတော့ ကြိုးစားနေတာကတော့

မျိုးကြီးရဲ့ သီချင်းလေးထဲကလို

“ နေရောင်ခြည်မဟုတ်လည်းပဲ

ငါတတ်စွမ်းသလောက် ကြယ်လောက်တော့

ငါ့ရဲ့လက်တကမ်းတော့ အလင်းဓါတ်တွေပေးခဲ့တယ် ” ဆိုတဲ့အတိုင်းပဲ

ငါ့ရာဇ၀င်တခုကောင်းပြီးကျန်နေခဲ့ရအောင်

လက်တွေ့လုပ်ရပ်တွေနဲ့ လုပ်ဆောင်လျှက်ပါပဲ့  ။

ဘ၀မှာစံထားရမယ့်သူ မျာစွာထားလို့ 

သူတို့ရဲ့ လုပ်ထုံးတွေကိုနှလုံးမူကာ

ကြိုးစားနေဆဲပါ ငါ့မှာ

နောင်တချိန်မှာကျန်ခဲ့မယ့်

ငါ့မျိုးဆက်တွေဟာလည်း

လူပုံအလည်မျက်နှာပန်းပွင့်စေဖို့

ကြိုးစားနေဆဲပါ ငါ့မှာ့  ။

ကမ္ဘာ့ရာဇ၀င်ထဲက ငါတို့တွေမှာ့ 

ဆိုးသူတွေလည်းရှိ

ကောင်းသူတွေလည်းရှိ

သိရက်နဲ့ဆက်မိုက်နေသူတွေလည်းရှိ

အမှားကိုသိရင်အမှန်ပြင်တတ်သူတွေလည်းရှိ

့  ရှိ

့  ရှိ

့  ရှိ

အဲ့ဒီလို “ ရှိ ” တွေထဲမှာပေါ့

ငါ့မှာလည်းတခုခုတော့ ရှိကောင်းရှိလိမ့်မယ်

ဒါပေမယ့် ငါ့ရာဇ၀င်ကောင်းအောင်

ကြိုးစားသွားဖို့ဆုံးဖြတ်ထားတာဖြစ်လို့

တော်လှန်ရေး လမ်းခရီးတလျှောက်လုံးအတွက်

ငါ့မှာ့  “ လုပ်စား ” လုပ်ဖို့ဆိုတာကတော့

စိတ်ကူးယဉ်တွေးမိတာတောင် မုန်းမိရဲ့

အဲ့ဒီစိတ်မျိုးတော့ လုံးဝငါ့မှာမရှိ့  ။

လယ်ပြင်မှာဆင်သွားရင်တော့ 

ခြေရာတွေကတော့ ထင်းထင်းပေါ်ခဲ့မှာပဲ

ငါလျှောက်နေတဲ့ လမ်းတလျှောက်မှာလည်း

ကိုယ်ပိုင်အသိနဲ့ယှဉ်လို့

အမှားတွေရှိခဲ့ရင်လည်း

ရဲရဲပဲ ငါပြင်သွားမယ်

ငါ့ရဲ့လုပ်ရပ်အပြုအမူတွေနဲ့

နောင်အနာဂတ်မှာကျန်ခဲ့မယ့်

ငါ့ရဲ့ဆွေစဉ်မျိုးဆက်တွေပါ

ရာဇ၀င်ကောင်းအောင်လုပ်တတ်ဖို့

လမ်းညွှန်သွန်သင်ပေးခဲ့ပြီး

ငါရာဇ၀င်လည့်း့ 

သမိုင်းမှာသန့်သန့်ကလေးကျန်ခဲ့အောင်

လက်တွေ့လုပ်ရပ်တွေနဲ့ လုပ်ပြသွားမယ့့်  ။

ဇာနည်မောင်

၂၂၀၄၂၀၀၉ဒိုင်ယာရီ

google download

mediafire download

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။