Saturday, April 25, 2009

.....ဆန်ရှင်-ရောင်နီ-ဆန်ရှင်.....


ကိုအေးလွင်(တို့)ပြောချင်တာတွေပြည်သူတွေသိလာအောင်
ပြည်ပမီဒီယာတွေကတဆင့်လွှင့်လာစေရမယ်(ကိုရောင်နီဦး)

၁၅၀၃၂၀၀၉ရန်ကုန်တွင်ပြုလုပ်သောဆွေးနွေးပွဲမှ...

ဒီလိုလည်းတက်ကြွခဲ့တယ်....
ကိုရောင်နီဦးက အမေရိကန်သံရုံးရှေ့ တစ်ကိုယ်တော် ဆန္ဒပြရန် ခွင့်တောင်းသည်ကိုမူ စစ်အစိုးရက ယဉ်ကျေးစွာ ငြင်းပါယ် ခဲ့သည်ဟု ပြောပါသည်။
“ကျနော့် အစီအစဉ်က အထည်ချုပ်စက်ရုံတွေ ပိတ်လိုက်လို့ အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ မိဘတွေရဲ့ ခလေးတွေ သုံးလေးဆယ်လောက် အဆင်သင့် ရှိနေတယ်။ အဲဒါ သူတို့နဲ့ ကျနော်နဲ့ သံရုံးရှေ့သွား ပိုစတာတွေ ကိုင်ပြီး အသံတိပ် ဆန္ဒပြကြမယ်။ ပြည်ပမှာ လုပ်ကြသလိုပေါ့။"


ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
မောင်ရွှေ
ဧပြီ ၂၅၊ ၂၀၀၉


" - - - - Sanction လက်နက်ဟာ သင့်လျော်တဲ့ Policy Instrument မဟုတ်ဘူး ဆိုရင် ပိုကောင်းမယ့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး ကိုယ်တိုင်လည်းကျင့်သုံး၊ အိုဘားမားအစိုးရကိုလည်း အချက်အလက်နဲ့ တင်ပြကြဖို့ တာဝန်က မြန်မာ့ ဒီမိုကရေစီ အရေး လိုလားသူများရဲ့ တာဝန်ဖြစ်ပါတယ်။ မိတ်ဆွေတွေပျက် အင်အားတွေ ပြုန်းတီးသွားရလောက်အောင် အကြီး အကျယ် ငြင်းခုံကြရမယ့် ကိစ္စတစ်ခု မဟုတ်ဘူး- - - -"

ယခုတလော အမေရိကန် အစိုးရရဲ့ မြန်မာ စစ်အစိုးရ အပေါ် ဒဏ်ခတ် အရေးယူမှုများကို ဝေဖန်သံတွေနဲ့အတူ anti-sanction campign တွေ အရှိန်မြင့်ဖို့ ကြိုးစားနေကြတာ တွေ့မြင် ကြားနေရပါတယ်။ အစကနဦးပိုင်း ဝေဖန်မှုများမှာ “U.S Sanctions တွေဟာ ထိရောက်မှု မရှိနိုင်ဘူး၊ မရည်ရွယ်တဲ့ အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်တယ်၊ အမေရိကန် အစိုးရအနေနဲ့ ဒီ sanctions ကိစ္စတွေကို ပြန်လည် သုံးသပ်ဖို့လိုတယ်” ဆိုတဲ့ အသံတွေ ကြားခဲ့ရပါတယ်။ ယခု နောက်ပိုင်းမှာတော့ US sanctions ကို အပြည့်အဝ ထောက်ခံနေတဲ့ NLD ကို ပြစ်မှတ်ထား ရှုတ်ချတဲ့ လှုပ်ရှားမှုတွေ၊ စာတမ်း၊ စာစောင်တွေကို ပြည်တွင်း/ပြည်ပ နှစ်နေရာစလုံးမှာ မြင်တွေ့လာရပါတယ်။ ဒီတော့ Sanction တွေဘာ ကြောင့် လုပ်ထားတာလဲ၊ Anti-sanction တွေ ဘာကြောင့် ပြန်လုပ်ရတာလဲ၊ ဘယ်ကိုဦးတည်နေတာလဲ၊ NLD က ဘာလို့ ပစ်မှတ်ဖြစ်လာတာလဲ စသဖြင့် တွေးမိပါတော့တယ်။
ဒဏ်ခတ် အရေးယူမှုကို လေ့လာ သုံးသပ်မှုတဲ့ အခါမှာ ဆက်စပ်နေတဲ့ ကွင်းဆက်များ အားလုံးကို လေ့လာမှ ဖြစ်ကြောင်းကုန်စင် သိနိုင်မှာ ဖြစ်သလို မိမိရဲ့ ရပ်တည်ချက် ဘယ်လိုရှိသင့်တယ် ဆိုတာလည်း ကိုယ်ပိုင်အတွေးနဲ့ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ အမေရိကန်ရဲ့ အမျိုးသားရေး အကျိုးစီးပွား၊ ဒါကို အခြေခံတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာပြည်ရေးရာ မူဝါဒ၊ အဲဒီ မူဝါဒပါ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အကောင်အထည် ဖော်တဲ့ နည်းလမ်းများ၊ စတာတွေဟာ စစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူမှုများနဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်များဟာ ထည့်သွင်း လေ့လာရမယ့် အချက်များ ဖြစ်လာပါတယ်။
အမေရိကန်ရဲ့ အမျိုးသားရေး အကျိုးစီးပွား
အကျဉ်းချုပ် ဆိုရရင် လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ လုံချြုံမှု၊ အခြေခံ လိုအပ်ချက်များ ပြည့်စုံကြွယ်ဝမှု၊ ခိုင်မာ တောင့်တင်းတဲ့ စီးပွားရေး၊ သာယာတဲ့ လုပ်ငန်းခွင်၊ မြင့်မားတဲ့ ဘဝ အရည်အသွေး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်၊ နိုင်ငံတကာ မိသားစုနဲ့ အတူအကွ ပူးပေါင်း ဆောင်ရွက်မှု စတဲ့အချက်များဟာ အမေရိကန် ပြည်သူတွေ အတွက် အရေးပါတဲ့ အကျိုးစီးပွားတွေ၊ တနည်းအားဖြင့် အမျိုးသားရေး အကျိုးစီးပွား National Interest တွေ ဖြစ်ပြီးတော့ အမေရိကန်နိုင်ငံရဲ့ ပြည်ပရေးရာမူဝါဒတွေ ချမှတ်မှုအပေါ် လွှမ်းမိုးနေတဲ့ အချက်များပဲ ဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ မြန်မာပြည်နဲ့ပတ်သက်တဲ့ ရှုမြင်ချက်
အမေရိကန် ကွန်ဂရက်ကို တင်ပြတဲ့ မူဝါဒေရေးရာ စာစောင် စာတမ်းများက ဖော်ပြချက်များကို ကြည့်ရင် မြန်မာပြည် အရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ အကျိုးစီးပွားကို အခြေခံတဲ့ ရှုမြင်ချက်များကို နိုင်ငံအဆင့်နဲ့ ဒေသဆိုင်ရာ အဆင့်အဖြစ် နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ နိုင်ငံအဆင့်အနေနဲ့ ၁၉၆၂ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ရဲ့ စီးပွားရေး ယိုယွင်းကာ နိုင်ငံသားများဒုက္ခ ရောက်ခဲ့ရတယ်၊ ၁၉၈၈ မှာ ကျောင်းသားများ စတင် ဦးဆောင် ခဲ့တဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုကိုလည်း စစ်အာဏာရှင်များက အင်အားသုံး ဖြိုခွဲခဲ့ကြတယ်၊ ဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ NLD ပါတီဟာ အဓိက အတိုက်အခံ အဖွဲ့အစည်းအဖြစ် မြန်မာ့ နိုင်ငံရေး နယ်ပယ်မှာ ပေါ်ထွန်းလာတယ်၊ ၁၉၉ဝ အထွေထွေ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့ ပေမယ့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက် တင်မြောက်ခံအမတ်များ၊ အတိုက်အခံ နိုင်ငံရေး သမားများကို ဖမ်းဆီး ထိန်းသိမ်းခြင်း၊ နှစ်ရှည် ထောင်သွင်း အကျဉ်းချခြင်းများဖြင့် တုံ့ပြန်ခဲ့တယ်၊ ၂ဝဝ၇ခုနှစ်မှာ လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုက အစပြုလို့ အထွေထွေ စီးပွားရေး ကြပ်တည်းလာမှုအပေါ် ငြိမ်းခြမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာများကို အင်အားသုံး ဖြိုခွဲနှိမ်နှင်းခဲ့တယ်၊ စတဲ့ ရှုမြင်သုံးသပ်ချက်များကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ပြဿနာများ၊ နေရပ်ကို စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်ပြဿနာများ၊ HIV/AIDS အစရှိတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ လက်နက်ကိုင် တော်လှန်ရေးများ အပါအဝင် လုံခြုံရေးဆိုင်ရာ ပြဿနာ များကိုတော့ ဒေသအဆင့်ကို ခြိမ်းခြောက်နေတဲ့ ပြဿနာများအဖြစ် ရှုမြင်သုံးသပ်ထားတာ တွေ့ရပါတယ်။
အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာမူဝါဒရဲ့ ရည်ရွယ်ချက်များ
အမေရိကန်အစိုးရက သူ့ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒပါ ရည်မှန်းချက်၊ ရည်ရွယ်ချက် အသီးသီးကို ချမှတ်ရာမှာ အထက်ပါ ရှုမြင်သုံးသပ်မှုများကို အခြေခံကာ ချမှတ်ထားတာ တွေ့ရပါတယ်။ ယေဘုယျ ရည်မှန်းချက် (Overall Policy Goal) အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ နည်းကျတဲ့ ဖွဲ့စည်းမှု ပုံသဏ္ဍာန်တစ်ရပ် ဖြစ်ထွန်းလာဖို့၊ လူ့အခွင့်အရေးနဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်များအပေါ် လေးစား တန်ဖိုးထားလာစေဖို့၊ UNHCRရဲ့ ကြီးကြပ် စောင့်ရှောက်မှုနဲ့အတူ ဒုက္ခသည်များ၊ နေရပ် ကို စွန့်ခွာထွက်ပြေးနေရသူများ ပြန်လည် အခြေချနိုင်စေဖို့၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ငန်းများမှာ ပူးပေါင်း ပါဝင် ဆောင်ရွက်လာနိုင်စေဖို့၊ ဒေသတွင်း တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးနိုင်စေဖို့၊ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ပျောက်ဆုံးသွားကြတဲ့ အမေရိကန် ဝန်ထမ်းများ ရှာဖွေရေးမှာ အပြည့်အဝ တာဝန်ယူ နိုင်စေဖို့၊ HIV/AIDS အပါအဝင် ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်စေဖို့၊ လူကုန်ကူးမှုတွေ ပပျောက်စေဖို့၊ လုပ်အားပေး စေခိုင်းမှုများ ရပ်တန့်စေဖို့၊ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းများ တိုက်ဖျက်ရာမှာ ပိုမို ပူးပေါင်းဆောင်ရွက်စေဖို့ စတဲ့အချက်များကို သတ်မှတ်ထားပါတယ်။
မြန်မာပြည်ဆိုင်ရာ အမေရိကန်မူဝါဒရဲ့ ဦးတည်ရည်ရွယ်ချက်များ (Specific Objectives) ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေး အဖွဲ့အစည်းများအားလုံး ပါဝင်ကြတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ စတင်နိုင်ဖို့၊ ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများရဲ့ လူမှုဂရုဏာလုပ်ငန်းများအပေါ် ကန့်သတ်ချုပ်ချယ်ခြင်းများ ဖယ်ရှားနိုင်ဖို့၊ ကုလသမဂ္ဂရဲ့ တာဝန်ရှိသူများ လာရောက်ခြင်း၊ ခရီးသွားလာခြင်းများကို လက်ခံဖို့၊ တာဝန်ယူစေဖို့ စတဲ့ အချက်များ ဖြစ်ပါတယ်။
Sanctions ဆိုတာ Policy Instrument တစ်ခု
မူဝါဒတစ်ခု ရေးဆွဲသတ်မှတ်ပြီးပြီဆိုရင် အဲဒီမူဝါဒကို အကောင်အထည် ဖော်ဖို့အတွက် နည်းလမ်းတွေ (Policy Instruments) ရွေးချယ် သတ်မှတ် ကြပါတယ်။ အကြမ်းအားဖြင့် Policy instrument (၅)မျိုး ရှိပါတယ်။ ဆွေးနွေး၊ ဆွဲဆောင်၊ စည်းရုံးတဲ့ “Advocacy” ဆိုတဲ့ နည်းလမ်း၊ မူဝါဒ အကောင်အထည်ဖော်မှုမှာ ပါဝင်နေတဲ့ အစိုးရဌာနများ၊ ပြည်တွင်း/ပြည်ပရှိ အဖွဲ့အစည်းများအတွင်း ဆက်သွယ် ဆက်ဆံရေး လမ်းကြောင်းတွေ ပိုကောင်းအောင်လုပ်၊ ပူးပေါင်း ဆောင်ရွက်မှုတွေ မြင့်တင် ဆောင်ရွက်ကြတဲ့ “Network” ဆိုတဲ့ နည်းလမ်း၊ အခွန်အတုတ်များ လျော့ပေါ့/ တိုးမြင့် ကောက်ခံခြင်း၊ လိုအပ်တဲ့ ကဏ္ဍတွေမှာ လိုအပ်သလို ငွေကြေး သုံးစွဲခြင်း၊ ပံ့ပိုးပေးခြင်း စတဲ့ “Money” ဆိုတဲ့ နည်းလမ်း၊ အစိုးရဌာနများက လိုအပ်တဲ့ လုပ်ငန်းများ အသစ် တီတွင်ခြင်း သို့မဟုတ် တိုးချဲ့ ဆောင်ရွက်စေတဲ့ “အစိုးရက တိုက်ရိုက်ပါဝင်ဆောင်ရွက်တဲ့ နည်းလမ်း”၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေ အသစ် ရေးဆွဲခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း၊ အမိန့်ကြေညာချက်များ ထုတ်ပြန် လိုက်နာစေခြင်း ဆိုတဲ့ “ဥပဒေနည်းလမ်း”၊ အစရှိတဲ့ နည်းလမ်း (၅)သွယ်နဲ့ အစိုးရများက သူတို့ရဲ့ မူဝါဒများကို အကောင် အထည် ဖော်ကြပါတယ်။ ဒီတော့ ယခု ဆောင်းပါးရဲ့ အဓိက အကြောင်းအရာဖြစ်တဲ့ မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူမှု ဆိုတာဟာ အမေရိကန် အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာမူဝါဒပါ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ အောင်မြင် ပေါက်မြောက်စေဖို့ ဆောင်ရွက် နေတဲ့ Policy instrument အမျိုးမျိုးအနက်က “ဥပဒေ” အသုံးပြု အကောင်အထည် ဖော်တဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရနဲ့ Sanction လက်နက် …
တကယ်တမ်းကျတော့ Sanctions ဆိုတဲ့ Policy Instrument ဟာ အမေရိကန် အတွက် အသစ်အဆန်းတစ်ခု မဟုတ်ပါဘူး၊ ဒုတိယကမ္ဘာစစ် ကာလအတွင်းမှာ ဝန်ရိုးတန်းနိုင်ငံများအပေါ် ပိတ်ဆို့ အရေးယူမှု၊ ဒဏ်ခတ်မှုများ စီစဉ်ဆောင်ရွက်ခဲ့တဲ့ သမိုင်းနဲ့ အတွေ့အကြုံတွေ ရှိခဲ့ပြီးဖြစ်ပါတယ်။ ၁၉၆ဝ၊ ၁၉၇ဝခုနှစ် များမှာ အမေရိကန်တစ်ဦးတည်းက ဆောင်ရွက်ခဲ့တဲ့ သို့မဟုတ် သူ့ မဟာမိတ်များနဲ့ စီစဉ်ဆောင်ရွက်ခဲ့ကြတဲ့ ဆိုဗီယက်ယူနီယံနဲ့ ဝါဆော စစ်အုပ်စု အဖွဲ့ဝင်တွေ၊ တရုတ်နဲ့ ကျူးဘား နိုင်ငံများအပေါ် ပိတ်ဆို့ အရေးယူမှုများဟာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။ အောင်မြင်ရတဲ့ အဓိက အကြောင်းများကတော့ အဲဒီအချိန်က ကမ္ဘာနိုင်ငံရေး နယ်ပယ်မှာ အမေရိကန်က သူ့မဟာမိတ်များအပေါ် ဦးဆောင်နိုင်မှု အတိုင်းအတာ၊ သူ့ရဲ့ စီးပွားရေးကဏ္ဍနဲ့ လွှမ်းမိုးနိုင်တဲ့ ဓနအင်အားတွေကြောင့် လို့ ပညာရှင်များက သုံးသပ်ကြပါတယ်။
ဒါပေမယ့် သမ္မတရီဂင် လက်ထက် ၁၉၈၂ခုနှစ်မှာတော့ အမေရိကန်ရဲ့ Sanction လက်နက် ထိရောက်မှုမရှိ ဖြစ်ခဲ့ရပါတယ်။ အဖြစ်အပျက်က ပိုလန်နိုင်ငံမှာပါ။ ကွန်မြူနစ်ပိုလန်အစိုးရက စစ်အုပ်ချုပ်ရေး ကြေညာပြီး Solidarity Trade Union ရဲ့ လှုပ်ရှားမှုများကို ပြင်းပြင်း ထန်ထန် နှိပ်ကွပ်လိုက်ပြီးတဲ့နောက်မှာ ပိုလန်နိုင်ငံအပေါ် အမေရိကန်က Sanction လက်နက် သုံးပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ အနောက်ဥရောပ မဟာမိတ်များက အပြင်းအထန် ဆန့်ကျင် ခဲ့ကြလို့ အဆုံးမတော့ အဲဒီ Sanction ကို သမ္မတရီဂင် ပြန်လည် ရုပ်သိမ်းလိုက်ရပါတယ်။ ဒီအဖြစ်အပျက်ကို ကြည့်ပြီး ပညာရှင် အများအပြားက အမေရိကန် အနေနဲ့ သူ့ရဲ့ Unilateral Sanction လုပ်နိုင်တဲ့ စွမ်းရည်တွေ ဆုံးရှုံးခဲ့ပြီ၊ အဓိက အချက်ကတော့ အမေရိကန် စီးပွားရေး အဖွဲ့အစည်းတွေ၊ ဘဏ်လုပ်ငန်းတွေရဲ့ ကမ္ဘာအနှံ့ ဖြန့်ကျက် လုပ်ကိုင်နိုင်စွမ်းဟာ အမေရိကန်အစိုးရရဲ့ ဥပဒေ လွှမ်းခြုံနိုင်မှု ပြင်ပကို အတိုင်းအတာတစ်ခုအထိ ရောက်နေခဲ့ပြီ၊ အမေရိကန်က သူ့ရဲ့မဟာမိတ်များအပေါ် စီးပွားရေးအရ လွှမ်းမိုးနိုင်မှု အတိုင်းအတာလည်း ကျဆင်းသွားခဲ့ပြီလို့ သုံးသပ်ခဲ့ကြပါတယ်။ ဒီအပြင် ဥပဒေနယ်ပယ် အတွင်းမှာလည်း မေးခွန်းများ ပေါ်ပေါက်လာခဲ့ပါတယ်။ ပြည်ပအစိုးရများ နဲ့ ပူးပေါင်း လုပ်ကိုင်နေတဲ့ အမေရိကန် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ အနေနဲ့ “အမေရိကန် ပြည်တွင်းမှာ ရေးဆွဲထားတဲ့ ဥပဒေများကို ပြည်ပမှာ ဘယ်လောက် အတိုင်းအတာအထိ လိုက်နာသင့်ပါသလဲ” ဆိုတဲ့ မေးခွန်းပါပဲ။
အဲဒီနှစ်များကစပြီး အမေရိကန်ရဲ့ နိုင်ငံခြားရေးရာမူဝါဒများကို Sanction Instrument သုံးပြီး အကောင်အထည်ဖော်မှု ကျဆင်းသွားလိုက်တာ စစ်အေးကာလ အလွန်မှာတော့ ဒီ Sanction လက်နက်ကို တွင်တွင် ကျယ်ကျယ်နဲ့ ပြန်လည် အသုံးပြုမှုကို မြင်တွေ့လာရပါတယ်။ အသစ် ရေးဆွဲထားတဲ့ ဥပဒေများမှာ အမေရိကန်ရဲ့ နိုင်ငံစုံ ကော်ပိုရေးရှင်းများကို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်တဲ့ အချက်များ ပိုမို ထဲ့သွင်းလာသလို ပိတ်ပင်ထားတဲ့ နိုင်ငံတွေမှာ လုပ်ငန်းများ ဆောင်ရွက်နေတဲ့ နိုင်ငံခြား အဖွဲ့အစည်းများကိုပါ စီးပွားရေးအရ အရေးယူ ဒဏ်ခတ်နိုင်တဲ့ အချက်များကိုပါ ထည့်သွင်း လာခြင်းဖြင့် အမေရိကန်တစ်ဦးတည်းက ဆောင်ရွက်တဲ့ Unilateral Sanctions များရဲ့ အာဏာစက် ပိုမိုကျယ်ပြန့် လာအောင် ဆောင်ရွက်ထားတာ တွေ့ရပါတယ်။
အမေရိကန်အစိုးရရဲ့ လက်ရှိ ဆောင်ရွက်နေဆဲ Sanctions များကို ကြည့်ရင် မြန်မာပြည် အပါအဝင် ကျူးဘား၊ မြောက်ကိုရီးယား၊ အီရန်၊ အီရတ်၊ ဆီးရီးယား၊ ဆူဒန်၊ ဇင်ဘာဘွေ၊ လစ်ဗျား၊ ဘော်လကန်အနောက်ပိုင်းက အချို့ ဒေသများ၊ အကြမ်းဖက်သမားနဲ့ အကြမ်းဖက် အဖွဲ့အစည်းများ၊ စိန်နဲ့ ယူရေနီယမ် ကူးသန်းရောင်းဝယ်မှုများ၊ မူးယစ် ဆေးဝါး ထုတ်လုပ် ရောင်းဝယ်သူများ၊ လူအများ အစုလိုက် အပြုံလိုက် သေကြေ ဒဏ်ရာရစေမယ့် လက်နက်များကို ထုတ်လုပ် ရောင်းဝယ်နေသူများအပေါ် စီစဉ်ဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ Burmese Sanctions Programme
၁၉၈ဝ-၉ဝ ခုနှစ်များက အသားအရောင် ခွဲခြားမှုစနစ်တွေ ချမှတ် ကျင့်သုံးနေတဲ့ တောင်အာဖရိက နိုင်ငံ အစိုးရကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူတဲ့ လှုပ်ရှားမှုများရဲ့ အောင်မြင်မှုများက ဒီ Sanction Instrument ကို မြန်မာနိုင်ငံအတွက် အသုံးပြုဖြစ်စေဖို့ တွန်းအားပေးခဲ့တဲ့ နောက်ခံအချက်တစ်ခုလို့ ပြောနိုင်ပါတယ်။ စစ်အစိုးရရဲ့ အတိုက်အခံများအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်မှု၊ လူ့အခွင့်အရေးကို တန်ဖိုးမထား၊ မလေးစားမှုတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည် အကျယ်ချုပ် ထိန်းသိမ်းထားတာတွေဟာ တောင်အာဖရိက လူဖြူအစိုးရက လူမည်းများအပေါ် ရက်စက်စွာ နှိပ်ကွပ်မှုများ၊ မင်ဒဲလားလို လူထုခေါင်းဆောင်တစ်ဦးအပေါ် ဆက်ဆံပုံများနဲ့ ထပ်တူညီလှပါတယ်။ ကုလသမဂ္ဂနဲ့အတူ နိုင်ငံတကာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ တောင်အာဖရိက အစိုးရ အပေါ် နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍများက စလို့ အားကစားနယ်ပယ် အဆုံး ပိတ်ဆို့ အရေးယူမှု ဒဏ်ခတ်မှုအသီးသီးက တောင်အာဖရိကရဲ့ လွတ်လပ်ရေး ရတဲ့ ၁၉၄၈ခုနှစ် ကတည်းက နိုင်ငံ့ပေါ်လစီ အဖြစ် တရားဝင်ရှိနေခဲ့တဲ့ အသားအရောင် ခွဲခြားတဲ့စနစ်ကို ၁၉၉၄ခုနှစ် ရွေးကောက်ပွဲမှာ နယ်လ်ဆင်မင်ဒဲလားက ပထမဆုံး လူမည်းသမ္မတအဖြစ် ရွေးချယ်ခံရစေခြင်းနဲ့အတူ အဆုံးသတ်စေခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့အတူ Sanction Instrument ရဲ့ အောင်မြင်မှု အသီးအပွင့်များကို မြင်တွေ့လာရတဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက စစ်အစိုးရအပေါ် နိုင်ငံတကာက အရေးယူ၊ အပြစ်ဒဏ်ခတ်မှုများ ဆောင်ရွက်ဖို့ နိုင်ငံတကာ အစိုးရ များကို ဆော်သြခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုတွေက မြန်မာပြည်မှာ လာရောက် ရင်းနှီးမြှုပ်နှံထားကြတဲ့ Pepsi, Texaco နဲ့ Unocal လို ကုမဏ္ဍီကြီးများ အပါအဝင် အမေရိကန် စီးပွားရေးလုပ်ငန်း ၄ဝ ခန့် မြန်မာပြည်က စွန့်ခွာသွားဖို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၁၉၉၅ခုနှစ်မှာ အမေရိကန်ဆီနိတ်တာ Mitch McConnell တင်ပြခဲ့တဲ့ စစ်အစိုးရအပေါ် ဘက်စုံ ထောင့်စုံက ဒဏ်ခတ် အရေးယူရေး အဆိုပြုစာတမ်းက U.S Sanction to Burma လှုပ်ရှားမှုများကို ပိုမို ဆောင်ရွက်ကြဖို့ ဆော်သြလိုက်သလို ဖြစ်ခဲ့ရပါတယ်။ ဒဏ်ခတ် အရေးယူဖို့ လှုပ်ရှားမှုများကို အားဖြည့် ပေးလိုက်တာက ၁၉၉၆-၉၇ ခုနှစ်များအတွင်း NLD ပါတီခေါင်းဆောင်များနဲ့ ပါတီဝင်များ အပေါ် စစ်အစိုးရရဲ့ ပြင်းပြင်း ထန်ထန် နှိပ်ကွပ်မှုများ နဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အစိုးရများအား စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုများ ဆောင်ရွက်ကြဖို့ ဆော်သြလိုက်ခြင်းများပင် ဖြစ်ပါတယ်။
၁၉၉၇ခုနှစ်၊ မေလမှာ အမေရိကန်သမ္မတက Foreign Operations, Export Financing and Related Programs Appropriations Act နဲ့ International Emergency Economic Powers Act ပါ လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး Executive Order (E.O) 13047 ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ရာက စလို့ ယနေ့ မြင်တွေ့ ကြားသိနေရတဲ့ Burmese Sanctions Programme အစပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂ဝဝ၃ခုနှစ်၊ ဇူလိုင်လမှာတော့ Burmese Freedom and Democracy Act ကို အတည်ပြု ပြဌာန်းခဲ့ပြီး ယင်း ဥပဒေပါ လုပ်ပိုင်ခွင့်များ အရ သမ္မတက E.O 13310 ကို ထုတ်ပြန်ခဲ့ပြန်ပါတယ်။ ၂ဝဝ၇ခုနှစ်၊ အောက်တိုဘာလမှာ E.O 13448 နဲ့ ၂ဝဝ၈ခုနှစ်၊ ဧပြီလမှာ E.O 13464 တို့ ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ ၂ဝဝ၈ခုနှစ်၊ ဇူလိုင်လမှာ Burmese JADE (Junta’s Anti-Democratic Efforts) Act ကို အတည်ပြု ပြဌာန်းခဲ့ပြန်ပါ တယ်။ အထက်ပါ အက်ဥပဒေများနဲ့ သမ္မတရဲ့ Executive Orders များကို အကောင်အထည်ဖော်ဖို့အတွက် အမေရိကန် အစိုးရရဲ့ ဘဏ္ဍာရေးဌာနကြီးက Burmese Sanctions Regulations (BSR) ရေးဆွဲပြုစုပြီး သူ့ရဲ့ဌာနတစ်ခု ဖြစ်တဲ့ Office of Foreign Assets Control (OFAC) က Burmese Sanctions Programme ကို စီမံခန့်ခွဲပါတယ်။
အမေရိကန်အစိုးရရဲ့ စစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူမှုများကို ကြည့်ရင် အမေရိကန်နိုင်ငံရှိ အဖွဲ့အစည်းများ အပါ အဝင် အခြားသော နိုင်ငံခြားသား၊ နိုင်ငံခြား အဖွဲ့အစည်းများ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအသစ်များ မပြုလုပ်ရန် တားမြစ်ခြင်း၊ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်ခြင်း၊ စစ်အစိုးရပိုင် လုပ်ငန်းများရဲ့ ငွေကြေးလည်ပတ်မှုကို ထိန်းချုပ်ခြင်း၊ စစ်အစိုးရကို အထောက်ပံ့ ပေးနေတဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် စစ်အစိုးရ ခေါင်းဆောင်များ၊ သူတို့ရဲ့ မိသားစုများကို နာမည်ပျက် စာရင်းသွင်းခြင်း၊ ငွေကြေးပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း စတဲ့ အချက်များ ပါဝင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

“ - - သူလက်ရှိကြုံတွေ့နေရတဲ့
ပြဿနာတွေကို
Sanctions ကြောင့်လို့
အပြစ်တင်ပါတယ် - - “

စစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့ရေးယူခြင်းလုပ်ငန်းများအပေါ် ဝေဖန်ချက်များ
အမေရိကန်ရဲ့ U.S sanctions on Burma အပေါ် ဝေဖန်မှုများက မြန်မာ စစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုများ ပေါ်ပေါက်လာစေရေး ကြိုးပမ်းမှုအချိန်ကာလကတည်းက ရှိခဲ့ပါတယ်။ အမေရိကန်သမ္မတရဲ့ ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှု အမိန့်များ ပေါ်ထွက်လာပြီးသည့် နောက်ပိုင်းမှာ အစဉ်တစိုက် ဝေဖန်သူများ ရှိခဲ့ပါတယ်။ ဝေဖန် ရာမှာ ထင်ရှားသူများကတော့ ပါမောက္ခ Robert Taylor, John Badgley, David Steinberg နဲ့ Helen James တို့ ဖြစ်ကြပါတယ်။ အထက်ပါ ပညာရှင်များအပါအဝင် အခြားသောသူများရဲ့ ဝေဖန်မှု အစုစုတို့ကို အစိတ် အပိုင်း(၃)ခု အဖြစ် ခွဲခြား သုံးသပ် တင်ပြပါ့မယ်။
ပထမပိုင်းအနေနဲ့ “Sanction လက်နက်ဟာ သင့်လျော်တဲ့ Policy Instrument မဟုတ်ကြောင်း” ဆိုတဲ့အချက်ကို အသားအရောင်ခွဲခြားမှု၊ လူမည်းများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများအတွက် တောင်အာဖရိကအစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်ကအခြေအနေနဲ့ မြန်မာပြည်ရဲ့ အခြေအနေ ကွဲပြား ခြားနားမှုများကို ရှင်းပြပြီး တောင်အာဖရိက လူဖြူအစိုးရအပေါ် အောင်မြင်မှုတွေ ရခဲ့သလို မြန်မာ စစ်အစိုးရအပေါ် အောင်မြင်မှုရမယ် ဆိုတာ မဖြစ်နိုင်ကြောင်း အစချီလို့ ဥပမာတွေ အမျိုးမျိုးပေးပြီး ဝေဖန် ထောက်ပြကြပါတယ်။ အဓိက အချက်များအနေနဲ့ -
 အချက်အချာကျတဲ့ အစိုးရအဖွဲ့တွေ၊ ကမ္ဘာအဆင့်နဲ့ ဒေသဆိုင်ရာ အဆင့် အဖွဲ့အစည်းများ၊ အိမ်နီးနားချင်း နိုင်ငံများရဲ့ ပူးပေါင်း ပါဝင် ဆောင်ရွက်မှုကိုကြည့်ရင် တောင်အာဖရိက အရေးမှာတုန်းက တညီတညွတ်တည်း ပါဝင်ခဲ့ကြပေမယ့် ယခု မြန်မာ့အရေးမှာတော့ မတူညီကြတဲ့ အမျိုးသားရေး အကျိုး စီးပွားများကို အခြေခံပြီး မတူညီတဲ့ ရှုမြင်သုံးသပ်ပုံနဲ့ မူဝါဒများ၊ ကွဲပြားတဲ့ ဆက်ဆံရေး အခြေအနေများကြောင့် နိုင်ငံတကာရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဟာ မတူညီနိုင်၊ တထပ်တည်း မကျနိုင်တဲ့ အခြေအနေ၊
 နဝတ/နအဖလက်ထက် ပြည်တွင်း အသားတင် ထုတ်ကုန် စုစုပေါင်းတန်ဖိုးမှာ ပြည်ပပို့ကုန် အခန်းကဏ္ဍရဲ့ ပါဝင်မှုတန်ဖိုး အတော်နည်းနေတဲ့ အချက်ကို ကြည့်ရင် အမေရိကန် အစိုးရရဲ့ မြန်မာ့ပြည်ပ ပို့ကုန်များကို ပိတ်ပင်တားဆီးမယ့် နည်းလမ်းဟာ စစ်အစိုးရကို ထိရောက်စွာ ဖိအားပေးနိုင်မယ့် နည်းလမ်းတစ်ခု မဖြစ်နိုင်တဲ့ အခြေအနေ၊
 နဝတ/နအဖလက်ထက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ကြည့်ရင် အမေရိကန်နိုင်ငံက စီးပွားရေး လုပ်ငန်း အစုစုတို့ရဲ့ ရင်းနှီးမြှုပ်နှံ ထားရှိမှု ပမာဏဟာ အနည်းစုသာ ဖြစ်လို့ မြန်မာပြည်မှာ အမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုကို တားဆီးမယ့် အစီအစဉ်ဟာ မထိရောက်နိုင်ကြောင်းနဲ့ အမေရိကန်ရဲ့ နေရာကို တရုတ်နဲ့ အာဆီယံနိုင်ငံ များက ရင်းနှီးမြှုပ်နှံမှုများတွေနဲ့ စစ်အစိုးရက အသာလေး ဖြည့်စွက်သွားနိုင်ပုံ၊
 အဆုံးစွန်အားဖြင့် တချိန်က အနောက်နိုင်ငံများမှာသာ ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို ယနေ့ ကာလမှာ ကမ္ဘာစံချိန်မှီ ဖြစ်နေတဲ့ စင်္ကာပူလို့ နိုင်ငံကနေ စစ်အစိုးရ ခေါင်းဆောင်များနဲ့ သူ့မိသားစုများ ရယူ ခံစားနိုင်တာမို့ အမေရိကန် အစိုးရရဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုများကို မြန်မာ စစ်အစိုးရက အလွယ်တကူ ကျော်လွှားသွားနိုင်တဲ့ အခွင့်အလမ်းများ စတဲ့အချက်တွေကို ညွန်ပြ ထောက်ပြ ဝေဖန်သမှု ပြုခဲ့ကြပါတယ်။
Sanction လက်နက်ဟာ မသင့်လျော်ကြောင်း ထောက်ပြကြရာမှာ ပဋိပက္ခအသွင်ဆောင်နေတဲ့ အချက်များလည်း တွေ့ရပါတယ်။ တဖက်က စီးပွားရေးအရ ပိတ်ဆို့ အရေးယူခြင်းဟာ မထိရောက်နိုင်ဘူး သုံးသပ်ကြပေမယ့် အခြား တဖက်မှာ စီးပွားရေးအရ ပိတ်ဆို့ အရေးယူခြင်းကြောင့် စစ်အစိုးရမှာ အခက်တွေ့ပြီး တလွဲရလဒ်တွေ ဖြစ်လာရတယ် လို့ ပြောကြပြန်ပါတယ်။ ဥပမာ ပါမောက္ခ Robert Taylor ရဲ့ Myanmar’s Political Future: Is Waiting for the Perfect the Enemy of Doing the Possible? ဆောင်းပါးမှာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများကြောင့် အခက်တွေ့ရတဲ့ စစ်အစိုးရအနေနဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများမှာ လူထုအပေါ် အတင်းအကြပ် လုပ်အားပေး စေခိုင်းမှုတွေ၊ နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ပုံစံအမျိုးမျိုးနဲ့ အလှူငွေ ကောက်ခံမှုတွေ၊ ဆောင်ရွက်လာရတာ ဖြစ် တယ်လို့ ကောက်ချက်ချထားပါတယ်။ David Steinberg ရဲ့ တင်ပြချက်တစ်ခုမှာ အမေရိကန်အစိုးရရဲ့ ပို့ကုန် ပိတ်ဆို့အရေးယူမှုကြောင့် မြန်မာအထည်ချုပ်စက်ရုံအချို့ ပိတ်လိုက်ရခြင်းနဲ့အတူ အဆိုပါစက်ရုံများက အလုပ်သမ များ အလုပ်လက်မဲ့ဖြစ်ရခြင်းကို အခြေခံပြီး Sanctions များနဲ့ အလုပ်လက်မဲ့ပြဿနာ၊ လူကုန်ကူးမှု၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများမှာ အမျိုးသမီးငယ်များ ပိုမိုဝင်ရောက်လာမှု စတာတွေကို ထောက်ပြထားတာ ရှိပါတယ်။
ဒုတိယအပိုင်းအနေနဲ့ အမေရိကန်အစိုးရရဲ့ Sanction လက်နက်ကြောင့် အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားများ ပြန်လည်ထိခိုက် နစ်နာစေခဲ့တဲ့ အချက်များကို ဖော်ထုတ် ဝေဖန် ထောက်ပြကြပါတယ်။ အဓိက အချက်များအနေနဲ့ -
 အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု အစီအစဉ်များဟာ မြန်မာ စစ်အစိုးရကို တရုတ်အစိုးရနဲ့ ပိုမို နီးစပ်စေခဲ့ပြီး တရုတ်ပြည်အတွက် အခွင့်အလမ်းများ ပိုမို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဥပမာအားဖြင့် စီးပွားရေး အဆမတန် ဖွံ့ဖြိုး လာခြင်းနဲ့အတူ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် လောင်စာစွမ်းအင် အသုံးပြုမှု အများဆုံး ဖြစ်လာတဲ့ တရုတ်ပြည်အနေနဲ့ မြန်မာပြည်ရဲ့ ပထဝီ အနေအထားနဲ့ လောင်စာတွေ့ရှိမှုများ အပေါ် အမြတ် ထုတ်နိုင်ခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့များကို တရုတ်ပြည်ကို သယ်ဆောင်ရာမှာ ခြိမ်းခြောက်မှုတွေရှိနေတဲ့ မလက္ကာရေလက်ကြားက မသယ်တော့ဘဲ မြန်မာပြည်ကနေ ပိုက်လိုင်းနဲ့ သယ်ယူဖို့ အစီအစဉ်၊ ကိုကိုးကျွန်းမှာ ရေတပ်စခန်းချဖို့ ဖြစ်လာတဲ့ အစီအစဉ်၊ မြန်မာပြည်မှာ အသစ်တွေ့ လာတဲ့ သဘာဝဓာတ်ငွေ့များကို တရုတ်ပြည်အတွက် အသုံးပြုဖို့ အစီအစဉ် စတာတွေကို ထောက်ပြခဲ့ပါတယ်။
 မြန်မာသည် အိန္ဒိယအတွက် လုံခြုံရေးရာ ခြိမ်းခြောက်မှုများ မရှိတဲ့ နိုင်ငံအဖြစ် အိန္ဒိယအစိုးရ အဆက်ဆက်က ယူဆသတ်မှတ်ထားခဲ့ကြရာက ယနေ့ တရုတ်နဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေး အခြေအနေသစ်များကြောင့် ပြောင်းလဲလာတဲ့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးသစ်၊ ဗီယက်နမ်အစိုးရရဲ့ လက်ရှိ စစ်တပ်အင်အား လျှော့ချဖို့ ဆောင်ရွက်နေတဲ့ အစီအစဉ်များသာ ပြီးစီးခဲ့ပါက အရှေ့တောင်အာရှမှာ မြန်မာစစ်တပ်က အင်အားအများဆုံး ဖြစ်လာမယ့် အခြေအနေ စသည့်အချက်များဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိပါးလာစေမယ့် အခြေအနေများ ဖြစ်လာခဲ့ပြီး အဲဒီလို ဖြစ်လာစေဖို့မှာ အမေရိကန်က လက်ရှိကျင့်သုံးနေတဲ့ Sanction များကြောင့် ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်။
ဒီကောက်ချက်ချမှုမှာ အရေးပါတဲ့ အခြေခံ ယူဆချက်ကတော့ မြန်မာစစ်အစိုးရသည် အမေရိကန်နဲ့ ပိုပို ပူးပေါင်းလိုတဲ့ ဆန္ဒရှိတယ် ဆိုတဲ့ အချက်ပါ။ အမေရိကန်ရဲ့ Sanction များကြောင့် မြန်မာ-အမေရိကန် ဆက်ဆံရေး ဝေးခဲ့ရပြီး တရုတ်ပြည်နဲ့ နီးစပ်စေခဲ့တယ်။ ဒါအပြင် မြန်မာပြည်မှာ ဆက်လက် ကြီးထွားနေသေးတဲ့ မူးယစ်ဆေးဝါး ပြဿနာမှာ အမေရိကန်က ပါဝင် ဆောင်ရွက်ဖို့ အခက်အခဲများ တွေ့ရတဲ့ အခြေအနေ၊ ပိတ်ဆို့ အရေးယူမှုများကြောင့် HIV/AIDS လို ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ထိရောက်စွာ မဆောင်ရွက်နိုင်တော့ခြင်းက အမေရိကန် အပါအဝင် ကျန်တိုင်းပြည်များအတွက် စိုးရိမ်စရာ အခြေအနေ ပြန်ဖြစ်လာစေခဲ့ပုံ၊ အမေရိကန်ရဲ့ National Interests ထိခိုက်ခဲ့ရတဲ့ အခြားအချက်များအဖြစ် ထောက်ပြထားကြပါတယ်။ ဒီတော့ U.S Sanctions to Burma ဟာ အမေရိကန်ရဲ့ National Interests ထိခိုက်ခဲ့ရတယ်၊ အမေရိကန်အတွက် Counter productive ဖြစ်တယ်၊ တနည်းအားဖြင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေခဲ့တယ်ပေါ့။
တတိယအပိုင်းအနေနဲ့ လက်ရှိ အမေရိကန်ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ ထောက်ပြ ဝေဖန်ကြတဲ့ အချက်များကို စုစည်း တင်ပြပါမယ်။ အဓိက အချက်များအနေနဲ့ -
 မြန်မာပြည်ရဲ့ ပထဝီဝင်နိုင်ငံရေး အနေအထားသည် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အာရှ အင်အား ချိန်ခွင်ရှာရဲ့ အရေးပါတဲ့ ဆုံချက်တစ်ခုဖြစ်တယ်၊ အမေရိကန်ရဲ့ လက်ရှိ မြန်မာပြည် ဆိုင်ရာမူဝါဒနဲ့ မူဝါဒပါ ရည်ရွယ်ချက်များသည် အမေရိကန်ရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ငန်းများကို ကိုယ်စားမပြုနိုင်ဘူးဖြစ်နေတယ်၊
 လက်ရှိမူဝါဒသည် မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေးမှာ NLD ဦးဆောင်မှု ကဏ္ဍကိုသာ ဦးတည်ပြီး စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဘေးဖယ်ထားတဲ့ အတွက် စစ်တပ် အတွင်းက ပြုပြင် ပြောင်းလဲရေး လုပ်လိုသူ အခြားအရာရှိများနဲ့ အမေရိကန်တို့ ထိတွေ့ ဆက်ဆံနိုင်မယ့် အခွင့်အရေး၊ အနောက်ကို လိုလားတဲ့ စစ်တပ် အရာရှိများကို မွေးထုတ် မြေတောင်မြှောက်ပေးနိုင်မယ့် အခွင့်လမ်းများ ပျောက်ဆုံးနေတယ်၊
 လက်ရှိမူဝါဒသည် ၁၉၉ဝ ရွေးကောက်ပွဲရလဒ် တွေ့မြင်ရဖို့သာ ဦးစားပေးထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အားစုများ နိုင်ငံ အာဏာရပြီးနောက်ပိုင်း ဆောင်ရွက်ရမယ့်၊ ရင်ဆိုင်ရမယ့် အခြေအနေများကို ထည့်သွင်း စဉ်းစားခြင်း မရှိသေးဘူး၊ အထူးသဖြင့် စစ်တပ် အုပ်ချုပ်မှုကနေ အရပ်ဘက် အုပ်ချုပ်မှုကို အသွင်ပြောင်းတဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ စွမ်းဆောင်ရည် ကောင်းတဲ့ အစိုးရ ဌာနများ၊ အရပ်ဘက် ဝန်ထမ်းများ ဖြစ်လာစေရေး၊ ငြိမ်းချမ်းရေး ရယူထားတဲ့ သို့မဟုတ် လက်နက် စွဲကိုင်လျက်ရှိတဲ့ အဖွဲ့အသီးသီး နဲ့ ဆက်ဆံရေး၊ ငြိမ်းချမ်းမှု ထိန်းသိမ်း တည်ဆောက်ရေး ဆိုင်ရာ အချက်များကို မူဝါဒမှာ ထည့်သွင်း စဉ်းစား သင့်တယ် စသည့် အချက်များ ဖြစ်ပါတယ်။
ဝေဖန်မှု ပြုကြသူတွေထဲမှာ နဝတ/နအဖရဲ့ လမ်းကြောင်းပေါ် ရပ်တည်ကြတယ်လို့တောင် ပြောလို့ရတဲ့ ပညာရှင် နှစ်ဦးကတော့ David Steinberg နဲ့ Helen James တို့နှစ်ဦးဖြစ်ပါတယ်။ အထူးသဖြင့် David Steinberg ရဲ့ ‘Burma/ Myanma: A Guide for the Perplexed?’ နဲ့ Helen James ရဲ့ ‘Kind Solomon’s Judgement’ ဆောင်းပါးများကို ဖတ်ကြည့်ရင် နိုင်ငံခေါင်းဆောင်များ၊ မူဝါဒ ချမှတ်သူများကို နအဖရဲ့ လမ်းပြမြေပုံ (၇)ချက်က မြန်မာပြည်မှာ ဒီမိုကရေစီ ထွန်းကားစေဖို့မှာ လက်တွေ့ကျတဲ့ လမ်းကြောင်းတစ်ခု အဖြစ် လက်ခံကြဖို့၊ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားဖို့ ဆောင်ရွက်ရာမှာ အတိုက်အခံ အဖွဲ့အစည်းများကို ရှေ့တန်းတင်ခြင်း၊ ခြောက်ပြစ်ကင်း သဲလဲစင် ဒီမိုကရေစီကို မျှော်လင့်ခြင်းဟာ နိုင်ငံခြား အစိုးရများအတွက် မှားယွင်းတဲ့ တွက်ချက်မှုဖြစ်ပြီး တကယ့် ပြုပြင် ပြောင်းလဲမှုကို လုပ်ပေးနိုင်စွမ်းဟာ စစ်တပ်ထဲမှာသာ ရှိကြောင်း ထောက်ပြကာ အစိုးရများအနေနဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒများကို ပြင်လည် သုံးသပ်ပြင်ဆင်ကြဖို့ ဆော်သြထားတာ ဖတ်ရပါတယ်။
ဝေဖန်ချက်များကို ပြန်လည်ဆန်းစစ်ခြင်း
မူဝါဒ (policy) နဲ့ မူဝါဒများကို အကောင်အထည်ဖော်ရာမှာ အသုံးပြုတဲ့နည်းလမ်းများ (policy instrument) များကို သီးခြားစီ ခွဲခြားသုံးသပ်ရမှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ မြန်မာ စစ်အစိုးရ အပေါ် အသုံးပြုနေတဲ့ Sanction လက်နက်ဟာ သင့်လျော်တဲ့ Policy Instrument မဟုတ်ဘူး ဆိုရင် ပိုကောင်းမယ့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး ကိုယ်တိုင်လည်းကျင့်သုံး၊ အိုဘားမားအစိုးရကိုလည်း အချက်အလက်နဲ့ တင်ပြကြဖို့ တာဝန်က မြန်မာ့ ဒီမိုကရေစီ အရေး လိုလားသူများရဲ့ တာဝန်ဖြစ်ပါတယ်။ မိတ်ဆွေတွေပျက် အင်အားတွေ ပြုန်းတီးသွားရလောက်အောင် အကြီး အကျယ် ငြင်းခုံကြရမယ့် ကိစ္စတစ်ခု မဟုတ်ဘူးလို့ ထင်မိပါတယ်။ လက်ရှိ အမေရိကန်အစိုးရရဲ့ မြန်မာပြည် ဆိုင်ရာ မူဝါဒရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်များဟာ မြန်မာ့ဒီမိုကရေစီအရေး အတွက် တိုက်ပွဲဝင်နေကြသူများရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနဲ့ တူညီနေတယ် ဆိုရင် လက်ရှိ အမေရိကန်ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒ အောင်မြင်မှုဟာ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေကြသူများ၊ ဒီမိုကရေစီ လိုလားသူများရဲ့ အောင်ပွဲနဲ့ အတူတူပင် ဖြစ်တာကြောင့် အမေရိကန်ရဲ့ policy instrument ထက်စာရင် သူ့ရဲ့ မူဝါဒကို ပိုမို အာရုံစိုက် လေ့လာဖို့လိုပါလိမ့်မယ်။
Sanction နဲ့ပတ်သက်ပြီး ရှေ့နောက်မညီတဲ့ ဝေဖန်ချက်အချို့ကို စာဖတ်သူများ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ ပြဿနာ၊ နယ်စပ်ဒေသများက တရားမဝင် အလုပ်သမားပြဿနာ၊ လူကုန်ကူးမှုပြဿနာ၊ ပြည့်တန်ဆာ ပြဿနာ၊ အတင်းအကြပ် လုပ်အားပေးခိုင်းစေမှု၊ စတဲ့ မြန်မာပြည်ရဲ့ ပြဿနာများဟာ အမေရိကန် အစိုးရရဲ့ စစ်အစိုးရအပေါ်ချမှတ် ထားတဲ့ Sanctions များကြောင့် ပိုမိုဆိုးရွားရတယ်ဆိုရင် Sanctionsတွေ မရှိတော့ ရင် ဒါတွေ ပပျောက်သွားမှာလား ဆိုတဲ့မေးခွန်းကို David Steinberg နဲ့ Robert Taylor တို့ကို ပြန်မေးဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်တမ်းက ဒီပြဿနာတွေရဲ့ အရင်းအမြစ်ဟာ စစ်အစိုးရရဲ့ ဆိုးရွားလှတဲ့ ဖိနှိပ် အုပ်ချုပ်မှု၊ ကိုယ်ကျိုးရှာ စီးပွားရေးစနစ်၊ မှားယွင်းနေတဲ့ မူဝါဒတွေ၊ တိုင်းပြည်ဝင်ငွေရဲ့ တစ်ဝက်ကျော်ကို စစ်စရိတ်အဖြစ် သုံးနေတဲ့ အစိုးရဘတ်ဂျက်၊ တနေ့တခြား ဆိုးရွားလာတဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့အတူ ညံဖျင်းလှတဲ့ စီမံခန့်ခွဲမှု စတဲ့ အချက်များကြောင့် ဖြစ်ပါတယ်။ Sanctions များ ရုတ်သိမ်းသွားလည်း အထက်က ပြဿနာတွေဟာ ဆက်လက် တည်ရှိ နေဦးမယ့်အပြင် စစ်အစိုးရရဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ ပိုမို ဆိုးရွားလာဖို့သာ ရှိပါတယ်။
“ - - ပြေလည်အောင် မဖြေရှင်းနိုင်တဲ့ နအဖရဲ့
ကိစ္စ အရပ်ရပ်အတွက်
NLD မှာပဲ တာဝန်ရှိသယောင် ဝါဒဖြန့်ကြပါတယ် - - “
အမေရိကန်အစိုးရရဲ့ Sanction လက်နက်ကြောင့် အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားများ ပြန်လည် ထိခိုက် နစ်နာ စေခဲ့တဲ့အချက်များကို ဝေဖန်ထောက်ပြကြတယ်၊ ပြန်လည်သုံးသပ်ကြတယ် ဆိုတာဟာ သူ့နိုင်ငံသား၊ သူ့ပညာရှင်တွေနဲ့ အေ မရိကန်အစိုးရတို့ သူ့တို့ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် သူတို့အလုပ် သူတို့ လုပ်ကြတာပါ။ တနည်းအားဖြင့် အစိုးရတစ်ရပ်ရဲ့ လုပ်ရပ်အပေါ် အကောင်းအဆိုး အကြောင်းအကျိုးတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန် ထောက်ပြကြတာဟာ ဒီမိုကရေစီစနစ်ထဲက ချစ်စရာကောင်းတဲ့ အလေ့အထ တစ်ခုပါ။ ဒီဝေဖန်ချက်ကနေရတဲ့ သင်ခန်းစာက ကျနော်တို့လည်း ကိုယ့်အလုပ် ကိုယ်လုပ် ကြရပါမယ်။ မြန်မာပြည်က လူထုကြီးနဲ့ အကျိုးစီးပွားကို ရှေ့တန်းမတင် အာဏာ စွဲကိုင်ထားနိုင်ရေးနဲ့ မိသားစု အကျိုးစီးပွားကို ဦးထိပ်ထားနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို ပိုမိုဖွင့်ချကြဖို့၊ အတိုက်အခံ အဖွဲ့အစည်းအသီးသီးက ချမှတ်ထားကြတဲ့ မူဝါဒတွေ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ၊ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို ပြန်လည် ဆန်းစစ်ကာ ပိုမိုထိရောက်စေဖို့ အပြုသဘော ဆောင်တဲ့ အကြုံပြုချက်တွေကို မြန်မာ့ ဒီမိုကရေစီ အရေး လိုလားသူ အသိုင်းအဝိုင်းထဲမှာ ပိုမို လုပ်ဆောင်ဖို့ လိုအပ်လာနေပါပြီ။
လက်ရှိ အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ် ပြင်ဆင်ဖို့ ထောက်ပြ ဝေဖန်ကြတဲ့ အချက်များကို လေ့လာကြည့်ရင် အထက်က တင်ပြခဲ့သလို သူတို့အလုပ် သူတို့လုပ်မှာပဲ ဖြစ်ပါတယ်။ အိုဘားမား အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒများကို ပြင်ဆင်ပြောင်းလဲခဲ့လို့ ကိုယ်အဖွဲ့အစည်းရဲ့ မူဝါဒတွေနဲ့ မတူ ကွဲပြားလာခဲ့ရင်လည်း သူမှန်တယ်၊ ကိုယ်မှားတယ် ဖြစ်စရာ အကြောင်း မရှိပါဘူး။ အကျိုးစီးပွား Interest တွေ ကွာခြားရင် ရှုမြင်ပုံနဲ့ ချမှတ်တဲ့ မူဝါဒတွေ ကွာခြားလာမှာ သဘာဝ ဖြစ်ပါတယ်။ ကျနော်တို့ လုပ်ရမှာက ကွာခြားမှုတွေ ရှိလာခဲ့ရင် မိမိအဖွဲ့ အစည်းများရဲ့ မူဝါဒနဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ အကောင်အထည် ဖော်မှုတွေအပေါ် ရိုက်ခတ်လာမယ့် စိန်ခေါ်မှု အသစ်တွေ၊ အခွင့်အလမ်း အသစ်တွေကို အသေးစိတ် သုံးသပ် ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို အခြေခံပြီး ကိုယ့်အဖွဲ့အစည်းရဲ့ မဟာဗျူဟာ ချမှတ်မှုတွေ၊ အကောင်အထည်ဖော်မှု အပိုင်းတွေမှာ လိုအပ်တဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ ဆောင်ရွက်သွားနိုင်ပါတယ်။
Anti-sanction campaign နဲ့ ပစ်မှတ်ဖြစ်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ယနေ့မြန်မာပြည်ကို ကြည့်ရင် နအဖ စစ်ခေါင်းဆောင်များသာမက သူတို့ရဲ့ သားသမီး၊ မြေးမြစ်များကပါ ဥပဒေအပေါ်မှာ နေကြသူများဖြစ်ပြီး လူထုကတော့ သူတို့သတ်မှတ်ထားတဲ့ ဥပဒေများ အောက်မှာ နေကြရတဲ့ အဖြစ်ပါ။ ဒါပေမယ့် ပိတ်ပင် ကန့်သတ် အရေးယူမှုများကြောင့် နဝတ/နအဖဟာ Sanction ဥပဒေများရဲ့ အောက်မှာ နေထိုင်နေရတဲ့ အဖြစ်ကို ရောက်စေခဲ့ပါတယ်။ ဒီအချက်ဟာ ဥပဒေအပေါ်မှာ နေပြီး လူထုပေါ် စွာချင်တိုင်း စွာနေတဲ့ နအဖ စစ်အုပ်စုနဲ့ သူတို့သားသမီး မြေးမြစ်များအတွက် တကယ် အထိနာစေတဲ့ ရိုက်ချက်များ ဖြစ်ပါတယ်။ စိတ်ဓာတ်ရေးရာ ရှုထောင့်က ကြည့်ရင် အလွန် ထိရောက်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သလို နဝတဟာ လူထုက ရွေးကောက် တင်မြောက်ထားတဲ့ အစိုးရ မဟုတ်ဘူး၊ လက်နက်အားကိုးနဲ့ နိုင်ငံ့အာဏာကို ရယူထားပြီး လူထုကို ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အုပ်စုအဖြစ် နိုင်ငံတကာ အလယ်မှာ ပိုမို ထင်ရှားပေါ်လွင်စေခဲ့ပါတယ်။ ဒီတော့ နအဖ စစ်အုပ်စုအနေနဲ့ Sanctions ထောက်ခံသူ တွေအပေါ် ရန်သူလိုသဘောထားတာ မဆန်းသလို Anti-sanction လုပ်ငန်းများကို နဝတ/နအဖ စစ်အုပ်စုက အစတည်းကနေ ယနေ့အထိ အစဉ်တစိုက် နည်းအမျိုးမျိုးနဲ့ လုပ်လာခဲ့တာဖြစ်ပါတယ်။
ယနေ့အချိန်အခါကတော့ နအဖက ပြုလုပ်ပေးမယ်ဆိုတဲ့ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်လည်း ဖြစ်ပါတယ်။ NLD က ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါလာမယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံအတွက် အတိုက်အခံပြုမှုတွေ ပြည်တွင်း/ပြည်ပမှာ အသံတိတ်သွားစေမယ်၊ ၁၉၉ဝ ရလဒ် တောင်းဆိုမှုများလည်း နိဌိတံသွားကြမယ် ဆိုတာ နအဖ စစ်အစိုးရက မြင်ထားပါတယ်။ ဒါကြောင့် NLD ကို ရွေးကောက်ပွဲမှာ ပါစေချင်သလို တချိန်တည်းမှာ ၁၉၉ဝ ရွေး ကောက်ပွဲတုန်းက ရှိခဲ့တဲ့ NLD ရဲ့အင်အားနဲ့ အခြေအနေမျိုး မရှိနိုင်အောင်လုပ်ဖို့လည်း လိုအပ်လာပါတယ်။ ဒီ့အတွက် ဆောင်ရွက်နေတဲ့ နအဖရဲ့ ဗျူဟာအသီးသီးမှာ Sanction ကိုအကြောင်းပြုတဲ့ တချက်ခုတ် သုံးချက်ပြတ် Anti-sanction campaign ကလည်း ဗျူဟာတစ်ခုလို ဆိုနိုင်ပါတယ်။
ပထမအချက်အနေနဲ့ သူလက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကို Sanctions ကြောင့်လို့ အပြစ်တင်ပါတယ်။ တနည်းအားဖြင့် စစ်အစိုးရရဲ့ ဆိုးရွားလှတဲ့ ဖိနှိပ်အုပ်ချုပ်မှု၊ မိသားစု အကျိုးစီးပွားကို ဦးတည်တဲ့ စီးပွားရေးစနစ်၊ မှားယွင်းနေတဲ့ မူဝါဒတွေ၊ တိုင်းပြည် ဝင်ငွေရဲ့ တစ်ဝက်ကျော်ကို စစ်စရိတ်အဖြစ် သုံးနေတာတွေ၊ တနေ့တခြား ဆိုးရွားလာတဲ့ လာဘ်ပေးလာဘ်ယူမှု ပြဿနာတွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေ ဖြစ်တဲ့ လုပ်အားပေး စေခိုင်းမှု ပြဿနာ၊ အလုပ်လက်မဲ့ပြဿနာ၊ လူကုန်ကူးမှု ပြဿနာ၊ နေရပ်ကို စွန့်ခွာထွက်ပြေးကြရတဲ့ ဒုက္ခသည်များ အရေး၊ မထိရောက်တဲ့ ရောဂါနှိမ်နင်းရေး တို့ဟာ Sanctions တွေကြောင့်လို့ အကြောင်းပြကာ ခေါင်းရှောင်ဖို့ ကြိုးစားပါတော့တယ်။ David Steinberg, Robert Taylor တို့ရဲ့စာတမ်း၊ စာစောင်များက နအဖအတွက် Sanctions နဲ့ ပတ်သက်ပြီး သံကောင်းဟစ်ရာမှာ အသုံးပြုလို့ကောင်းတဲ့ လက်နက်များ ဖြစ်လာပါတယ်။
ဒုတိယအချက်အနေနဲ့ နိုင်ငံ့အာဏာသုံးရပ်စလုံး သူ့လက်ထဲမှာ ရှိတယ်၊ အကောင်အထည် ဖော်ခွင့်လည်း သူ့မှာပဲ ရှိတယ်ဆိုတဲ့ ၁/၉ဝ ကြေညာချက်ကို ထုတ်ပြန်ထားတဲ့ နအဖက သူ့ကြောင့် ဖြစ်လာရတဲ့၊ သူဖြေရှင်းရမယ့် အထက် ဖော်ပြပါ မြန်မာပြည်ရဲ့ ပြဿနာတွေဟာ NLD ရဲ့ Sanction အပေါ် ထောက်ခံနေမှုကြောင့် ဆိုပြီး ချိတ်ဆက်ပေးလိုက်ပါတယ်။ ပြေလည်အောင် မဖြေရှင်းနိုင်တဲ့ နအဖရဲ့ ကိစ္စအရပ်ရပ်အတွက် NLD မှာပဲ တာဝန်ရှိသယောင် ဝါဒဖြန့်ကြပါတယ်။ တချိန်က NLD ပါတီဝင် ဖြစ်ခဲ့ဘူးသူများကို ဒီလမ်းကြောင်းပေါ် တင်ပေးပြီး NLD ကို ပြန်တိုက်ခိုက်ဖို့ အားပေး ပါတော့တယ်။ တနည်းအားဖြင့် NLD အင်အားချိနဲ့စေဖို့ ဆောင်ရွက်နေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းများမှာ Sanction ကို ထောက်ခံတဲ့ အချက်ကို ပစ်မှတ်တစ်ခုအဖြစ် ထားကာ လူထုနဲ့ NLD နဲ့ ခွဲဖို့ ကြိုးစားရင်း NLD ပုံရိပ်ရှိခဲ့ဖူးသူ သင်းကွဲ NLD များကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ဖို့ အတွက် နည်းအမျိုးမျိုးနဲ့ ကူညီပေးပါတော့တယ်။
တတိယအချက်ကတော့ Sanctions တွေနဲ့ပတ်သက်ပြီး David Steinberg, Robert Taylor, နဲ့ Helen James တို့ရဲ့ အယူအဆနောက် လိုက်ကြသူများကို မြန်မာ့ နိုင်ငံရေး ဇာတ်ခုံမှာ နေရာတစ်ခု ပေးလိုက်ပါတယ်။ သူတို့ရဲ့ အယူအဆက နအဖနဲ့ လက်တွဲကြဖို့ ဆိုလိုရင်း ဖြစ်တာကြောင့် အဲဒီ လမ်းကြောင်း လိုက်သူများအတွက် တဖက်က ကြည့်ရင် စစ်အစိုးရ ထိန်းချုပ်ထားတဲ့ မီဒီယာများကို အသုံးပြုကာ သူတို့ လမ်းကြောင်းကို နည်းအမျိုးမျိုးနဲ့ တင်ပြ စည်းရုံးခွင့် ရကြပေမယ့် စစ်အစိုးရရဲ့ ဖိနှိပ် ရက်စက်မှုများကို ရွံရှာ စက်ဆုတ်ကြတဲ့ လူထုအများစုက ဒီလမ်းကြောင်း လိုက်သူများကို အခွင့်အရေးသမား၊ ဖိနှိပ်သူနဲ့ ပူးပေါင်း လုပ်စားသူများလို့ အမည်တပ်ကြမှာကြောင့် လူထု ထောက်ခံမှု များများ ရနိုင်စွမ်း မရှိကြပါဘူး။ ဒီအခြေအနေက နအဖ အကြိုက်ဆုံး၊ အလိုလားဆုံး ဖြစ်ပြီး စုစည်း ညီညွတ်တဲ့၊ ကာကွယ်ရေး ဦးစီးချုပ်က ခိုင်းတဲ့အတိုင်းလုပ်မယ့် တမတ်သား လွှတ်တော်အမတ်အုပ်စုနဲ့ နှစ်ယောက်ရှိရင် အယူအဆ သုံးခု ထွက်မယ့် သုံးမတ်သား လွှတ်တော်အမတ်အုပ်စု အနေအထားကို ဖန်တီးဖို့ အကောင်းဆုံး အခင်းအကျင်း ဖြစ်ပါတယ်။
တနည်းအားဖြင့်တော့ Anti-Sanction Campaign အကြောင်းပြုကာ ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD က ဦးဆောင်ပြီး အတိုက်အခံများ တညီတညွတ်တည်း အနိုင်ရခဲ့တဲ့ အဖြစ်မျိုး ၂ဝ၁ဝ မှာ မဖြစ်စေရအောင်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အင်အားများကို စုစည်းပြီး ဦးဆောင်မှုပေးနိုင်မယ့် အခြေအနေတစ်ရပ် ဖြစ်ပေါ်မလာအောင် စီစဉ်ဆောင်ရွက် နေတဲ့ နအဖရဲ့ ခြေလှမ်းများပင် ဖြစ်ပါတယ်။
အဆုံးသတ်ရရင် ..
အထက်က တင်ပြခဲ့တာတွေကို ပြန်လည် စုစည်းရရင် အမေရိကန်က စစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူမှုတွေ လုပ်ရတဲ့ အကြောင်းအရင်း၊ အဲဒီ ဆောင်ရွက်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ မထိရောက်ဘူး၊ ပြန်သုံးသပ်ဖို့ လိုအပ်တယ်လို့ အမေရိကန်အစိုးရကို ပြောနေကြတဲ့အချက်တွေ၊ ဒီအခြေအနေအပေါ် အခွင့်အလမ်းတစ်ခု အဖြစ် အသုံးချပြီး နအဖက ဆောင်ရွက်နေတဲ့ Anti-sanctions campaigm များရဲ့ တစ်ချက်ခုတ် သုံးချက်ပြတ် ဉာဏ်နီဉာဏ်နက်တွေကို ကဏ္ဍအသီးသီးခွဲလို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချက်များကို ကြည့်ရင် Anti-sanctions campaigm များဟာ ဘာလဲ၊ ဘယ်ကို ဦးတည်နေသလဲဆိုတာ စာဖတ်သူများ အထင်အရှား မြင်တွေ့ပြီးပြီလို့ ထင်မိပါတယ်။
ဒီတော့ နအဖရဲ့ Psywar လှိုင်းလုံးတွေထဲမှာ အမျောမခံပဲ နအဖဟာ မြန်မာဒီမိုကရေစီအရေးရဲ့ ဘုံရန်သူဆိုတဲ့ သဘောထား ဆက်လက်စွဲကိုင်ထားကြဖို့၊ ဒီမိုကရေစီအရေးအတွက် ကွဲပြားတဲ့ရှုမြင်ပုံတွေကို လက်ခံရင်းနဲ့ ဒီမိုကရေစီအရေး လိုလားသူများအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးချဲ့ တည်ဆောက်ကြဖို့၊ အနာဂတ်ကာလ မှာ ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုအသစ်တွေအတွက် ကိုယ့်ရဲ့ ဗျူဟာများကို ပြန်လည် သုံးသပ် မွမ်းမံကြဖို့၊ အထူးသဖြင့် အဖွဲ့အစည်းရဲ့ ရပ်တည်မှုဟာ ပြည်ပအစိုးရများရဲ့ အထောက်အပံ့အပေါ် အမှီပြုနေရတယ် ဆိုရင် မိမိရဲ့ မူဝါဒတွေကို ဆက်လက်ပြီး ခိုင်ခိုင်မာမာ စွဲကိုင်ထားနိုင်ဖို့ အထောက်အပံ့တွေ ပေးနိုင်စွမ်းတဲ့ အင်အား အစစ်အမှန်ကို ရှာဖွေပြီး ဆက်လက် ရပ်တည်နိုင်ရေး ဆောင်ရွက်သွား ကြဖို့ လိုပါတယ်။ တစ်ခွန်းတည်းသာ ပြောပါဆိုရင် “ကျနော်တို့တစ်တွေ Proactive ဖြစ်ကြရအောင်”။ ။
၂ဝဝ၉ခုနှစ်၊ ဧပြီလ (၂၃)ရက်

ဖုန်-သဲ-ခဲ နှင့် ၂-၀-၁-ဝ


မိတ္တူ အကြွေးဖြင့် ကူးပြီးလျှောက်ဖြန့်နေ သော နေမျိုးဝေ ၏ အသိပေးတင်ပြခြင်းစာ တမ်းကို စစ်အစိုးရလိုလားသူများကပင် ရှုံချ
April 25, 2009 ·
၂၅ ဧပြီ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
ဂူးဂလ် အင်တာနက် စာမျက်နှာ တစ်ခု ဖွင့် လှစ်၍ ဘလောဂ်ဂါ ယောင် ယောင် ၊နိုင်ငံရေး သမား
ယောင် လုပ်နေ သော နေမျိုးဝေ ဆိုသူ ၏ အသစ်ထွက် ရှိလာ သော “မီဒီယာ၊ပြည်သူ၊နိုင်ငံရေး
လောက ၊တည်ဆဲ အစိုးရ သို့ တင်ပြ ခြင်းဆို ”သည့် စာတမ်းမှာ အနှောင့် အသွား မလွတ်သော
ဝေဖန် သုံးသပ် ချက်များ နှင့် သူ၏ ထေ့ငေါ့ သော အမြင်များ ကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်
မည့် စစ်အစိုးရ ထောက်ခံ သူ များပင် သူ့ ကို မုန်းတီး နေသည် ဟု ဆို သည်။
Photobucket
သူ၏ စာတမ်းပါ သုံးသပ် ချက်များကြောင့် အလံနီ ဟောင်း ဦးလှမြင့် နှင့် ဒေါ်ချိုချို ကျော်ငြိမ်းတို့က
ဒေါသ ထွက်နေ သည် ဟု သိရသည်။နေမျိုးဝေ ၏ ထို စာရှည်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၊
၈၈ မျိုးဆက်ကျောင်းသားများ၊ မျိုးဆက်သစ် လူငယ်အစည်းအရုံး(GW) တို့ အားဝေဖန် တိုက်ခိုက်
ထား၍ ကာ စစ်အစိုးရ လိုလား သော ကိုအေးလွင် တို့ အဖွဲ့ နှင့် ၀ံသာနူ NLD ဒေါက်တာ စိုးလင်းတို့ 
ကို ပါ လှောင် ပြောင်သရော်ထားသည်။
ထိုစာတမ်းကို လှည်းတန်း နှင့် မြေနီကုန်း တွင် ဖြန့် ဝေပြီး လှည်းတန်း ရှိ မွန်သစ် လက်ဖက်ရည်
ဆိုင် တွင် ဝေစဉ် က စာရွက် ကုန်သွား၍ ပြည်မြန်မာ ကုန် တိုက်ရှိ မိတ္တူ ဆိုင်တွင် သွား အကြွေးဖြင့်
အစောင် ၅၀ သွားရောက် ကူးပြီးနောက် ယခုထိ လာမပေးသေးကြောင်း ထိုဆိုင် မှ ၀န်ထမ်းတစ်ဦး
က Freedom News Group သို့ ပြောသည်။
ထိုရှစ် မျက် နှာပါ စာတမ်းကို ဖတ်ရှု ရသူ တစ်ဦး က စာတမ်းမှာ ပညာရှင် ဆန်သော အမြင်မျိုးမရှိ
ပဲ တောရမ်းမယ်ဘွဲ့ များ သာကဲ သည် ဟု ဆိုသည်။စာတမ်းရှင် နေ မျိုးဝေက စစ်အစိုးရ နှင့် လက်
ကိုင် ဒုတ် အဖွဲ့အစည်းများ အပြင် The Voice ဂျာနယ် မှ သင်တန်းပေးထား သော E-Gress အုပ်စု
ကို မူ ချီးကျူးထော ပနာ ပြုထားသည်။

ကိုမင်းကိုနိုင်ရရှိသောဂွမ်ဂျူး လူ့အခွင့်အရေးဆုအကြောင်းသိကောင်းစရာ

Photobucket
မေ ၁၈ အထိမ်းအမှတ် ဖောင်ဒေးရှင်း မိတ်ဆက်နှင့် ၁၉၈ဝ ဂွမ်ဂျူး လူထု အုံကြွမှု အကြောင်း သိကောင်းစရာ


မေ ၁၈ အထိမ်းအမှတ် ဖောင်ဒေးရှင်းက ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ လက်ကမ်း စာစောင်မှနေ "မေ ၁၈ အထိမ်းအမှတ် ဖောင်ဒေးရှင်း မိတ်ဆက်နှင့် ၁၉၈ဝ ဂွမ်ဂျူး လူထု အုံကြွမှု အကြောင်း သိကောင်းစရာ" ကို မြန်မာဘာသာ ပြန်ပြီး လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။
Photobucket
မေ ၁၈ အထိမ်းအမှတ် ဖောင်ဒေးရှင်းကို၊ ၁၉၈ဝ ဂွမ်ဂျူး လူထု အုံကြွမှုတွင် အသက်ရှင် ကျန်ရစ်သူများ၊ ကျဆုံး သွားသူများ၏ ကျန်ရစ်သူ မိသားစုများနှင့် ဂွမ်းဂျူး မြို့သူ မြို့သားများမှ စုပေါင်း၍ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၃ဝ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး ငွေကြေး အမြတ်အစွန်း အတွက် မရည်ရွယ်သော အဖွဲ့အစည်း တခု ဖြစ်ပါသည်။ အဖွဲ့အစည်းသည် "မေ ၁၈ အွုံွ့ကမှု" အား ဂုဏ်ပြုခြင်း အထိမ်းအမှတ် တခု ဖြစ်သကဲ့သို့၊ ယင်း၏ သွေးစည်း ခိုင်မာမှုနှင့် မေ ၁၈ တိုက်ပွဲ စိတ်ဓာတ် ဖြစ်သည့် ကိုရီးယား နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေးနှင့် ကမ္ဘာတဝှမ်းတွင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ပျံ့နှံ့စေရေးတို့ကို ရည်ရွယ်ပါသည်။ ထို့ကြောင့် မေ ၁၈ ဂွမ်ဂျူး ဒီမိုကရေစီ အွုံွ့ကမှု စိတ်ဓာတ်သည် ကိုရီးယားတွင် သိသာ ထင်ရှားစွာပင် ဒီမိုကရေစီ ကျင့်သုံးမှု တိုးတက်လာခြင်းကို အမွေ အဖြစ် ဆက်ခံ ရရှိလာခဲ့ပါသည်။
စတင် တည်ထောင်ခဲ့သည်မှ စ၍ ဖောင်ဒေးရှင်းသည် အထိမ်းအမှတ် အခမ်းအနားများ ဖော်ဆောင်ပေးခြင်း၊ ပညာ သင်ကြားမှု ထောက်ပံ့ကြေးများ ဖော်ဆောင်ခြင်း၊ သုတေသန လုပ်ငန်းများအား မြှင့်တင်ခြင်း၊ လူထုထံသို့ သတင်း အချက်အလက်များ ဖြန့်ဝေ ပေးခြင်း၊ သက်ဆိုင် ဆီလျော်ရာ လေ့လာမှု အထောက်အကူပြု စာအုပ်များ ထုတ်ဝေခြင်း၊ ချို့ငဲ့သူများအား ကူညီ ထောက်ပံ့ခြင်းများနှင့် လူမှု ဖူလုံရေး လုပ်ငန်းများ၊ နိုင်ငံတကာ သွေးစည်း ခိုင်မာရေး အဆောက်အုံများနှင့် ဂွမ်ဂျူး လူ့အခွင့်အရေး ဆုများ ချီးမြှင့်ခြင်း စသည်တို့ ပါဝင်သည့် လုပ်ငန်း စီမံကိန်းပေါင်း များစွာကို နယ်ပယ် အမျိုးမျိုးတွင် လုပ်ဆောင် ခဲ့ပါသည်။

မေ ၁၈ ဒီမိုကရေစီ အုံကြွမှု

၁၉၈ဝ ခုနှစ်၊ မေလ၌ ဂွမ်ဂျုးမြို့တွင် ခေတ်သစ် ကိုရီးယား သမိုင်း၏ အလွန် ဆိုးရွားပြီး၊ ကြေကွဲဖွယ်ရာ အကောင်းဆုံးသော အဖြစ်အပျက် တခု ဖြစ်ပွား ခဲ့ပါသည်။ အဆိုပါ အွုံွ့ကမှု အတွင်း၌ ဂွမ်ဂျူးမြို့သူ၊ မြို့သားပေါင်း များစွာတို့သည် စစ်သားများ၏ လက်ချက်ဖြင့် အသက် ဆုံးရှုံး ခဲ့ကြသည်။ အဖြစ်အပျက်မှာ၊ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်၊ ချန်ဒူးဝမ် စစ်အုပ်စုမှ အာဏာ သိမ်းယူခြင်းမှ စတင်ခဲ့သည်။ ၎င်းသည် ချိုနမ် ခရိုင် ခန်းမကို လက်နက်ကိုင် တပ်ဖွဲ့များဖြင့် သိမ်းယူခဲ့ပြီး၊ စစ်အုပ်ချုပ်ရေး ဥပဒေ အာဏာ တည်စေရေး ရုံးချုပ်မှ နေ၍ တပ်ဖွဲ့များကို ဂွမ်ဂျူးမြို့သို့ စေလွှတ်ခဲ့သည်။ သမ္မတ ပက်ချန်ဟီအား လုပ်ကြံ သတ်ဖြတ်ပြီးနောက်၊ နိုင်ငံရေးတွင် စိုးမိုးလိုသူ စစ်သား တအုပ်စုမှ ဂွမ်ဂျူးမြို့ရှိ လူထု အွုံွ့ကမှုကို ချေမှုန်း နှိမ်နှင်းရန် "စစ်မှန်သော နှလုံးသား စစ်ဆင်ရေး" အမည်ဖြင့် လုပ်ကြံ ချေမှုန်း ခဲ့ပါသည်။
ရက်စက် ကြမ်းတမ်းစွာ နှိမ်နှင်း ချေမှုန်း ခဲ့မှုသည်၊ သမ္မတ နိုင်ငံတော်၏ (၅) ဆက်မြောက် အစိုးရမှာ သက်ဦးဆံပိုင် ယူရှင် အုပ်ချုပ်မှုကို ဆက်လက် ကျင့်သုံးခြင်းသာ ဖြစ်ကြောင်း၊ အစိုးရ၏ မရိုးသားမှုကို မေ ၁၈ ဒီမိုကရေစီရေး အွုံွ့ကမှုမှ သက်သေ အဖြစ် ပြခဲ့လေသည်။ ယင်းသည် စစ်အာဏာရှင် စနစ် တခု ဖြစ်ပြီး၊ အာဏာကို အင်အားဖြင့် တရားမဝင် အလွဲသုံးစား ပြုခဲ့ခြင်းသာ ဖြစ်သည်။ မေ ၁၈ လူထုမှ လက်နက်ကိုင် အွုံွ့ကခဲ့မှုသည် တရားမဝင် အာဏာပိုင်စိုးသူ တစု၏ အကြမ်းဖက်မှုကို ဆန့်ကျင်သည့် မိမိကိုယ်ကို ခုခံ ကာကွယ်မှု တခုသာ ဖြစ်လေသည်။
ယနေ့ အခါတွင်၊ ယင်းသို့ ပြည်သူလူထုမှ လက်နက်စွဲကိုင် အွုံွ့ကမှုကို လူ့အဖွဲ့အစည်း၏ ခုခံ တော်လှန်မှု ဆိုင်ရာ အခွင့်အရေးကို တက်ွ့ကစွာ အကောင်အထည်ဖော် လုပ်ဆောင်ခြင်း တခု အဖြစ် အသိအမှတ် ပြုထားကြသည်။ မေ ၁၈ စိတ်ဓာတ်နှင့် စံတန်ဖိုးများသည် က္ဆွန်ုပ်တို့အား ယင်းစိတ်ဓာတ်နှင့် စံတန်ဖိုးများကို ဆက်လက် မြှင့်တင်ရန်နှင့် အောင်ပွဲများ ကျင်းပရန် အတွက် ထိန်းသိမ်း စောင့်ရှောက်ရမည့် မြင့်မြတ်သော အမွေအနှစ် တခု အဖြစ် အပ်နှံ ထားခဲ့သည်။ အဆိုပါ သမိုင်း အဖြစ်အပျက်ကို လူသား အားလုံး အတွက် သင်ခန်းစာ ယူရမည့် အရာတခု အဖြစ် ထားရှိရမည်မှာ က္ဆွန်ုပ်တို့၏ တာဝန်သာ ဖြစ်လေသည်။
ဂလိုဘယ်လိုက်ဇေးရှင်း၏ အရှိန်အဟုန်နှင့် တဟုန်ထိုး တိုးတက်လာသည့် သတင်း ဆက်သွယ်မှု နည်းပညာတို့၏ ဆက်စပ် လွှမ်းခြုံနေသော သြဇာ အရှိန်အဝါတို့ကို အသိအမှတ်ပြု လက်ခံ၍၊ မေ ၁၈ ဖောင်ဒေးရှင်းသည် နိုင်ငံတကာ သွေးစည်း ခိုင်မာရေးကို မဖြစ်မနေ ထမ်းဆောင်ရမည့် အဓိက တာဝန် တရပ် အဖြစ် သတ်မှတ် ထားခဲ့လေသည်။ "မေ ၁၈ ဂွမ်ဂျူး ဒီမိုကရေစီ အရေးတော်ပုံ" ၏ အသက်ဝိဉာဉ် ဖြစ်သည့် လူ့အခွင့်အရေး လှုပ်ရှားမှုများကို ထောက်ခံ မြှင့်တင်ခြင်းနှင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ရရှိရေးကို ကာကွယ်ပေးခြင်း စသည်တို့ကို မြှင့်တင် ပေးမည့် နှစ်ဦး နှစ်ဖက် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေခြင်းနှင့် ဘုံ ရည်မှန်းချက် ပန်းတိုင်တို့ကို အခြေခံသည့် အခြားသော တိုင်းပြည်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သွေးစည်း ခိုင်မာရေးကို ဖော်ဆောင်ရန် စိတ်ကူး မျှော်မှန်း ထားပါသည်။
နိုင်ငံတကာ သွေးစည်း ခိုင်မာရေး အစီအစဉ်သည် အာရှဒေသနှင့် ကမ္ဘာ့ အခြားသော ဒေသများရှိ လူမှု အခြေပြု အဖွဲ့အစည်းများ၊ အုပ်စုများနှင့် အတူတကွ မဟာမိတ်ဖက် ပြုခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ အပြန်အလှန် ဖလှယ်ခြင်းနှင့် ကွန်ရက် ချိတ်ဆက်ထားခြင်းတို့ အပေါ်တွင် အထူးပြု လုပ်ဆောင်သွားမည် ဖြစ်သည်။

အဓိက အားဖြင့် နိုင်ငံတကာ သွေးစည်း ခိုင်မာရေးကို -
(၁) အစိုးရများ၊ လူ့အခွင့်အရေး ပညာပေး ကျောင်းများ၊ အာရှဒေသရှိ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် အခြားသော လူမှု အဖွဲ့အစည်းများနှင့် အတွေ့အကြုံနှင့် အတတ်ပညာ ကျွမ်းကျင်မှုများကို အပြန်အလှန် ပုံမှန် ဖလှယ်သွားခြင်း၊
(၂) အစုအပေါင်းဖြင့် လှုပ်ရှားခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ အတွက် ဖြစ်ပေါ်လာမှ တုံ့ပြန်ခြင်းထက် မဖြစ်ပေါ်ခင် အခြေအနေကို ဖန်တီး၍ ပြင်ဆင်မှုများ တည်ဆောက်သွားခြင်း၊
(၃) နိုင်ငံတကာ ဆိုင်ရာ အရေးအရာ၊ ကိစ္စရပ်များ အတွက် ဆွေးနွေးပွဲများကို ကမကထပြု လုပ်ဆောင်ပေးခြင်းနှင့် နိုင်ငံတကာ ကွန်ဖရင့်နှင့် ပြည်ပတွင် ကျင်းပသည့် စုပေါင်း ဆွေးနွေးပွဲများတွင် ပူးပေါင်း ပါဝင် တက်ရောက်ခြင်း၊
(၄) အာရှ နှင့် ကမ္ဘာ့ အခြားသော ဒေသများရှိ လူမှု အဖွဲ့အစည်းများ အကြားတွင် အပြန်အလှန် ဆက်သွယ်မှု ပေါင်းကူး တံတားများကို အင်တာနက်မှ တဆင့် လည်းကောင်း၊ အင်္ဂလိပ်၊ ကိုရီးယား နှစ်ဘာသာဖြင့် ဂျာနယ်များ ထုတ်ဝေခြင်း၊ သတင်းစာများ၊ လက်ကမ်း စာစောင်များ၊ စာအုပ်များ ထုတ်ဝေခြင်းတို့ဖြင့် တည်ဆောက်သွားခြင်း၊
(၅) လုပ်ငန်း အတွေ့အကြုံနှင့် နည်းပညာများ (လူသားရင်းမြစ်နှင့် က္ဆွမ်းကျင်မှု အတတ်ပညာများ) ကို အပြန်အလှန် ဖလှယ် သွားရေး အတွက် ဖြစ်မြောက်အောင် သာမန် ဘဏ္ဍာငွေ ထောက်ပံ့မှုမျိုးထက် ကျော်လွန်သည့် အစီအမံများဖြင့် ပံ့ပိုး ဆောင်ရွက်ပေးခြင်း၊
စသည့် နည်းလမ်းများဖြင့် လုပ်ဆောင် သွားမည်ဖြစ်သည်။

လုပ်ငန်း အစီအစဉ်များ နှင့် လှုပ်ရှားမှုများ

နိုင်ငံတကာ စည်းလုံး ညီညွတ်ရေး ခိုင်မြဲ လာစေရန် အတွက် ဆက်လက် ကြိုးပမ်း အားထုတ် လုပ်ဆောင်မှု၏ တစိတ်တပိုင်း အဖြစ် ယဉ်ကျေးမှုနှင့် စည်းလုံး ညီညွတ်ရေး အဖွဲ့သည် ၎င်း၏ ရည်မှန်းချက် ပန်းတိုင်များ အောင်မြင်ရန် အတွက် အမျိုးမျိုးသော လုပ်ငန်း အစီအစဉ်များနှင့် လှုပ်ရှားမှုများကို ဆက်လက် ဖော်ဆောင်သွားမည် ဖြစ်သည်။

ဂွမ်ဂျူး လူ့အခွင့်အရေး ဆု
"ဂွမ်ဂျူး လူ့အခွင့်အရေး ဆု" ကို မေ ၁၈ ဂွမ်ဂျူး လူထု အုံကြွမှု စိတ်ဓာတ်၏ အထိမ်းအမှတ် အဖြစ် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့တွင် တိုးတက် မြင့်မားအောင် လုပ်ဆောင်နေသည့် ကိုရီးယားနှင့် ပြည်ပနိုင်ငံများရှိ တသီးပုဂ္ဂလများ၊ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို အသိအမှတ် ပြုသည့် အနေဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ဆုကို သွေးစည်း ခိုင်မာမှု စိတ်ဓာတ်နှင့် ၎င်းတို့၏ ဒီမိုကရေစီရေး တိုက်ပွဲနှင့် အမှန်တရား ရှာဖွေ ဖော်ထုတ်မှုတွင် အကူအညီ ပေးခဲ့သည့် သူများကို ကျေးဇူး ဥပကာရ တင်ရှိသည့် အနေဖြင့် ဂွမ်ဂျူး မြို့သူ၊ မြို့သားများမှ ချီးမြှင့်ခြင်း ဖြစ်သည်။ အဆိုပါ ဆု မှတဆင့် မေ ၁၈ ၏ စိတ်ဓာတ်နှင့် အမှာ စကားများသည် ဘယ်သော အခါမျှ မသေပျောက်နိုင်ဘဲ လူသားတို့၏ ရင်တွင်း နှလုံးသား၌ အစဉ်အမြဲ တည်ရှိ ရှင်သန် နေမည်ဟု မျှော်လင့်ပါသည်။

ဂွမ်ဂျူး နိုင်ငံတကာ ငြိမ်းချမ်းရေး ဖိုရမ်
ဂွမ်ဂျူး နိုင်ငံတကာ ငြိမ်းချမ်းရေး ဖိုရမ်သည် ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနှင့် ငြိမ်းချမ်းရေးတို့ အတွက် ပြည်တွင်းတွင် တက်ွ့ကစွာ လှုပ်ရှား နေသူများနှင့် နိုင်ငံခြား တိုင်းပြည်များတွင် တက်ွ့ကစွာ လှုပ်ရှား နေသူများ အကြားရှိ နိုင်ငံတကာ သွေးစည်း ညီညွတ်ရေး ပိုမို ခိုင်မြဲလာစေရန် ရည်ရွယ်သော အစည်းအဝေးကြီး ဖြစ်ပါသည်။ အဆိုပါ ဖိုရမ်သို့ ယေဘူယျ အားဖြင့် လူ ၁၅ဝ ခန့် တက်ရောက် ကြသည်။
အစည်းအဝေး ကာလ အတွင်း၌ ငြိမ်းချမ်းရေး ဖိုရမ်သို့ တက်ရောက်လာသူ ကိုယ်စားလှယ်များသည်၊ မေ ၁၈ ဂွမ်ဂျူး လူထု အွုံွ့ကမှုနှင့် ကျဆုံး သွားသူများ၏ ဝိဉာဉ်များ ငြိမ်းချမ်းစေရေး ဆုတောင်းပွဲနှင့် အောက်မေ့ဖွယ် နှစ်လည် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် အခွင့်အလမ်းကို ရရှိမည် ဖြစ်သည်။ တက်ရောက် လာသူများသည် "ဂွမ်ဂျူး လူ့အခွင့်အရေး ဆု" ပေးအပ်ပွဲ အခမ်းအနားသို့လည်း တက်ရောက် ကြရမည် ဖြစ်သည်။
၂ဝဝ၇ ခုနှစ်၊ ဂွမ်ဂျူး နိုင်ငံတကာ ငြိမ်းချမ်းရေး ဖိုရမ်သို့ တက်ရောက်သူများသည် ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများနှင့် လူမှုရေး တက်ွ့ကစွာ ဆောင်ရွက်သူများ အကြားတွင် ဆက်သွယ် လုပ်ဆောင်နိုင်ရန် အတွက် ဒေသတွင်း ကွန်ရက် တခုကို တည်ဆောက်ရန် အဖွဲ့အစည်း ဆိုင်ရာ လုပ်ငန်းစဉ် တခုကို စတင်ရန် ဆုံးဖြတ် ခဲ့ကြသည်။

နိုင်ငံတကာ အပြန်အလှန် ဖလှယ်ရေး လုပ်ငန်း အစီအစဉ်
မေ ၁၈ အထိမ်းအမှတ် ဖောင်ဒေးရှင်း၏ အာရှ အဲန်ဂျီအို အလုပ်သင် သင်တန်း (Asia NGO Internship Program) သည် ပင်လယ်ရပ်ခြားရှိ လူ့အခွင့်ရေးနှင့် ငြိမ်းချမ်းရေးကို လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် အလယ်အလတ် အဆင့်ရှိ အပြန်အလှန် ဖလှယ်ရေး အစီအစဉ်များနှင့် အလုပ်သင် အစီအစဉ်များမှ တဆင့်၊ ၎င်း၏ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (အဲန်ဂျီအိုများ) နှင့် ဆက်ဆံရေး ပိုမို ကျယ်ပြန့် စေရေးနှင့် ပိုမို တိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်သည်။
ဖောင်ဒေးရှင်းသည် အဆိုပါ အစီအစဉ်ကို နိုင်ငံတကာ သွေးစည်း ညီညွတ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ကွန်ရက်မှ တဆင့် အာရှဒေသတွင် လူ့အခွင့်ရေးနှင့် ငြိမ်းချမ်းရေး ပိုမို ကျယ်ပြန့် လာစေရန် ရည်ရွယ်၍၊ ၂ဝဝ၁ ခုနှစ်တွင် စတင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အစီအစဉ်၏ အမည်ကို "အာရှ အဲန်ဂျီအို အလုပ်သင် သင်တန်း" ဟု ခေါ်ဆိုခဲ့သည်။ ဖောင်ဒေးရှင်း၏ ဗော်လန်တီယာ လူငယ်၊ ကျောင်းသားများကို သင်တန်းကာလ ၁ဝ လတာ အတွက် နိုင်ငံရပ်ခြားများသို့ စေလွှတ်ခဲ့သည်။ အလုပ်သင်များသည် သင်တန်းကာလ ပြီးဆုံးပြီးနောက် ကိုရီးယားနိုင်ငံသို့ ပြန်လာရမည် ဖြစ်သည်။

နိုင်ငံတကာ လူ့အခွင့်ရေး အလုပ်သင် သင်တန်း
နိုင်ငံတကာ အလုပ်သင် သင်တန်းသည် နိုင်ငံခြားမှ အလုပ်သင် သင်တန်းသား နှစ်ယောက်စီကို ခေါ်ယူ၍ အာရှဒေသ တဝှမ်းတွင် ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်း အားထုတ်ခြင်း ဖြစ်သည်။ ထိုသင်တန်းသားများသည် ၎င်းတို့၏ မိခင် တိုင်းပြည်တွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်နေသော အဖွဲ့အစည်းများတွင် လုပ်ကိုင်နေသော သူများ ဖြစ်ရမည် ဖြစ်သည်။ အဆိုပါ သင်တန်းသားများကို တောင်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်ရေးနှင့် ဒီမိုကရေစီရေး ဖွံ့ဖြိုး တိုးတက်မှု ဖြစ်စဉ်၊ အထူးသဖြင့် ၁၉၈ဝ ဂွမ်ဂျူး ဒီမိုကရေစီ အရေးတော်ပုံ၏ သမိုင်း သင်ခန်းစာများနှင့် အတွေ့အကြုံများကို လေ့လာရန် အခွင့်များကို လုပ်ဆောင် ပေးခြင်းဖြင့် ၎င်းတို့ နိုင်ငံအတွက် သင်ခန်းစာများ ရရှိစေမည် ဖြစ်သည်။ အလုပ်သင်များသည် ကိုရီးယား လူမှု အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းနှင့် အတွေ့အကြုံ ဖလှယ်နိုင်ခွင့်ကို ရရှိမည် ဖြစ်သည်။ ၎င်းတို့သည် သင်တန်းကာလ အတွင်း သုတေသန ပြုလုပ်ရန် အကြောင်းအရာ တခုကိုလည်း တာဝန် ပေးအပ်ခြင်း (သို့မဟုတ်) မိမိဖာသာ ရွေးချယ်နိုင်မည် ဖြစ်သည်။ သင်တန်းသား အဖြစ် ၎င်းတို့သည် ယဉ်ကျေးမှုနှင့် သွေးစည်း ခိုင်မာရေး အသင်း အဖွဲ့၏ တစိတ်တပိုင်း အဖြစ် သီးခြား အလုပ် တာဝန်များနှင့် တာဝန် ယူမှုများကိုလည်း ပေးအပ်ခြင်း ခံရမည် ဖြစ်သည်။
အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ဆိုင်ရာ ဘာသာရပ် သင်ကြားမှု ပညာသင် ထောက်ပံ့ကြေး (NGO Studies Scholarship - MAINS)
ဆွန်ကောင်ဟိုး တက္ကသိုလ်နှင့် တွဲဖက်၍၊ မေ ၁၈ အောက်မေ့ဖွယ် ဖောင်ဒေးရှင်းသည် အာရှဒေသရှိ အဲန်ဂျီအို လုပ်ငန်း လုပ်ဆောင်နေသူ ၅ ဦးကို ရွေးချယ်၍ ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်လျှက် ရှိပါသည်။ ၎င်းတို့ကို Gwangju Asian Human Rights Folk School တွင် ၎င်းတို့၏ ပူးပေါင်း ပါဝင် ဆောင်ရွက်မှုနှင့် လုပ်ကိုင် ဆောင်ရွက်နိုင်မှုတို့ အပေါ်တွင် မူတည်၍ ရွေးချယ်ပါသည်။ အဆိုပါ ဘွဲ့ကို Masters of Arts in Inter-Asia NGO Studies (MAINS) ဟု ခေါ်သည်။ သင်ရိုး ညွှန်းတန်းမှာ အာရှတိုက်နှင့် ကမ္ဘာ့ အခြားသော ဒေသများတွင် ဖြစ်ပေါ်နေသော အင်တိုက် အားတိုက် ပြောင်းလဲမှုများနှင့် အတူ အထက်တန်း ပညာနှင့် အသက်မွေးမှု အတတ်ပညာ သင်တန်းများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ယင်းသည် လေ့လာ သင်ကြားမှု နယ်ပယ်ထဲရှိ လူမှုဗေဒ ပြောင်းလဲမှုများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် လူထု အခြေပြု လူမှု အဖွဲ့အစည်းများ အကြောင်းကို တစုတစည်းတည်း ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သင်းရိုး ညွှန်းတမ်းသည် အဓိက လေ့လာ သင်ယူခြင်း ဘာသာရပ် အဖြစ် ဒေသတွင်းနှင့် ကမ္ဘာပေါ်ရှိ လက်တလော ဖြစ်ပေါ်နေသော နိုင်ငံတကာ ဆက်ဆံရေး အကြောင်းကို ယထာဘူတကျကျ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း ဖော်ပြထားသည်။

ဂွမ်ဂျူး အာရှ လူ့အခွင့်ရေးကျောင်း (Gwangju Asian Human Rights Folk School)
ဂွမ်ဂျူး အာရှ လူ့အခွင့်အရေး ကျောင်းသည် အာရှတလွှားတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ အာရှဒေသ တခွင်လုံးတွင် ရှိသော ၎င်းတို့၏ တိုင်းပြည်များရှိ လူ့အခွင့်ရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများတွင် လုပ်ကိုင်နေသော သူများထဲမှ ၂၅ ယောက်ကို ဖိတ်ခေါ်၍၊ တောင်ကိုရီးယားရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖြစ်ထွန်း တိုးတက်မှု ဖြစ်စဉ်နှင့် သမိုင်း သင်ခန်းစာ အတွေ့အကြုံများကို လေ့လာ သင်ယူရန် ပေးထားသော အခွင့်အလမ်း ဖြစ်ပါသည်။
တက်ရောက် သင်ကြားသူများသည် အထူးသဖြင့် ၁၉၈ဝ ဂွမ်ဂျူး ဒီမိုကရေစီရေး လှုပ်ရှားမှု အရေးတော်ပုံ၏ အဓိက ကျသည့် အခန်းကဏ္ဍကို အစည်းအဝေးပွဲများ၊ တွေ့ဆုံ ဆွေးနွေးမှုများနှင့် ကိုရီးယား ဒီမိုကရေစီရေး လှုပ်ရှားမှု ကာလများ အတွင်းရှိ နေရာများသို့ သွားရောက် လက်တွေ့ ကွင်းဆင်း လေ့လာမှုများ စသည်တို့ ပါဝင်သည့် သဘောတရားနှင့် လက်တွေ့ နှစ်မျိုးစလုံးဖြင့် လေ့လာ သင်ယူကြရမည် ဖြစ်သည်။
၂ဝဝ၄ ခုနှစ်၊ သင်တန်း စတင် ဖွင့်လှစ်ခဲ့သည်မှ စ၍ အာရှဒေသရှိ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် လှုပ်ရှား နေကြသူ စုစုပေါင်း ၁ဝဝ ကျော်ကို လေ့လာ သင်ယူစေခဲ့ပြီး ဖြစ်ပါသည်။
အာရှဒေသတွင် ဒီမိုကရေစီရေး လှုပ်ရှားမှု အတွက် ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များ
အာရှဒေသတွင် ဒီမိုကရေစီနှင့် လူ့အခွင့်ရေး လုပ်ငန်းများ အတွက် ထောက်ပံ့မှုများ (Grant for Democracy and Human Rights Projects in Asia - GDHRPA)
အာရှဒေသတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လုပ်ငန်းများ အတွက် ထောက်ပံ့မှုများ အစီအစဉ်မှာ၊ နိုင်ငံတကာ သွေးစည်း ခိုင်မာရေး အတွက် တည်ဆောက်ခြင်းနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မြှင့်တင်ရေး လုပ်ငန်းများတွင် ပါဝင် ထည့်ဝင်သည့် အထောက်အကူ ဖြစ်စေမည့် အလုပ်မျိုး ဖြစ်သည်။
နိုင်ငံတကာ သွေးစည်း ခိုင်မာရေးကို အားပေး အားမြှောက်ပြုခြင်း၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အကာအကွယ် ပေးခြင်း၊ လူ့အခွင့်အရေးကို လေးစား လိုက်နာသည့် လူမှု လူ့ဘောင် အဖွဲ့အစည်းမျိုး တည်ဆောက်ရာတွင် အင်အား ဖြစ်စေခြင်းနှင့် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုများ ပိုမို ခိုင်မာလာစေရန် အမြဲတမ်းလိုလို အရေးပါသည့် အခန်းကဏ္ဍမှ လုပ်ဆောင်နေသည့် အာရှဒေသရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများကို ထောက်ပံ့ခြင်း ဖြစ်သည်။ ၂ဝဝ၇ ခုနှစ် အတွင်း၌၊ အာရှဒေသမှ အဖွဲ့အစည်း ၆ ခုကို ရွေးချယ်ခဲ့ပြီး၊ အကြာမြင့်ဆုံး ၂ နှစ်တာ ကာလ အထိ အထောက်အပံ့ ပေးခဲ့ပါသည်။

သီရိလင်္ကာနိုင်ငံမှ ကွယ်ပျောက်သွားသော နေ့ (Day of the Disappeared, Sri Lanka)
မေ ၁၈ အထိမ်းအမှတ် ဖောင်ဒေးရှင်းသည်၊ ၂ဝဝ၁ ခုနှစ်မှ စ၍ သီရိလင်္ကာနိုင်ငံရှိ ကွယ်ပျောက်သွားသော နေ့ နှစ်လည် အထိမ်းအမှတ် အခမ်းအနားကို ထောက်ပံ့ ပေးနေခဲ့ပါသည်။ အဆိုပါ အထိမ်းအမှတ် အခမ်းအနားသည် သီရိလင်္ကာနိုင်ငံတွင် တရားမျှတမှုကို ရှာဖွေရင်း ပျောက်ဆုံး သွားကြသော သူများ၏ ကျန်ရစ်သူများမှ အမှတ်တရ ပြုလုပ်ခြင်း ဖြစ်ပါသည်။ ပျောက်ဆုံး သွားသူများ၏ ကျန်ရစ်သူများနှင့် သွေးစည်း ခိုင်မာမှုကို ပြသသော အားဖြင့်၊ ဖောင်ဒေးရှင်းသည် နှစ်စဉ် ပြုလုပ်သည့် အခမ်းအနားသို့ ကိုယ်စားလှယ်များကို စေလွှတ်ပြီး၊ အခြားသော အဖွဲ့အစည်း ဆိုင်ရာ အကူအညီများကိုလည်း ထောက်ပံ့လျှက် ရှိပါသည်။

ဒီမိုကရေစီ အတွက် နိုင်ငံတကာသို့ ထောက်ပံ့ ကူညီမှုများ
မေ ၁၈ အောက်မေ့ဖွယ် ဖောင်ဒေးရှင်းသည် ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ ခိုင်မာ အမြစ်တွယ်ပြီးသော နိုင်ငံများနှင့် ချိတ်ဆက်ထားသည့် ယင်း၏ ကွန်ရက်ကို ခိုင်မြဲစေရန် နည်းလမ်းများ ရှာဖွေသည်။ လူ့အခွင့်ရေးနှင့် ဒီမိုကရေစီရေး ကိစ္စရပ်များ အတွက် ဂျာမဏီနှင့် အမေရိကန် နိုင်ငံများရှိ ကိုရီးယန်း လူ့အဖွဲ့အစည်းများမှ နေ၍ ကမကထ ဦးစီး ဦးဆောင်ပြုသော နိုင်ငံတကာ ဖိုရမ်များ ကျင်းပ ပြုလုပ်ခြင်းများကို ထောက်ပံ့လျှက် ရှိပါသည်။
အဆိုပါ နိုင်ငံတကာ သွေးစည်း ခိုင်မာရေး အလုပ်များသည် အာရှဒေသ တခွင်တွင် ပိုမို ကောင်းမွန်သော ဒီမိုကရေစီ တည်ဆောက်ရာ၌ ကိုရီးယားနိုင်ငံ၏ ပါဝင်မှု အခန်းကဏ္ဍကို ပိုမို ဖွံ့ဖြိုး လာစေရန်နှင့် ခိုင်မြဲလာစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်။

မြန်မာဘာသာ ပြန်ဆိုသူ - ကိုငွေတိုး

ကိုမင်းကိုနိုင်ကို တောင်ကိုရီးယား လူ့အခွင့်အရေးဆု ချီးမြှင့်ရန် ရွေးချယ်

တောင်ကိုရီးယားနိုင်ငံက မြန်မာ့ ဒီမိုကရေစီရေးကို အားပေးတဲ့ အနေနဲ့ သူ့နိုင်ငံက အမြင့်ဆုံး ပေးအပ်နေတဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ဒီနှစ်အတွက် ကိုမင်းကိုနိုင်ကို ပေးအပ်ဖို့ ဆုရွေးချယ်ရေး ကော်မတီက ဆုံးဖြတ်ကြောင်း ကြေညာလိုက်ပါပြီ။

အာရ်အက်ဖ်အေ ၊ ၂၄ ၊ ဧပြီ ၊ ၂ဝဝ၉
ဂွမ်ဂျူး ဆိုတာ တောင်ကိုရီးယား နိုင်ငံရဲ့ ဆဌမမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးမှာ အခရာကျတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ တောင်ကိုရီးယား ပြည်သူတွေဟာ ဒုတိယ ကမ္ဘာစစ်ရဲ့ အမွေအဖြစ် ပြည်တွင်းစစ်ကို လက်ခံ လိုက်ရသလို၊ အာဏာရှင်တွေ လက်အောက်မှာလည်း နေထိုင် ခဲ့ရပါတယ်။ ဒီအတွက် ၁၉၈ဝ မှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ဘာသာရေးသမား၊ အနုပညာရှင်တွေနဲ့ ပညာတတ်တွေ၊ ဆင်းရဲသား ပြည်သူတွေ လူတန်းစားပေါင်းစုံက ဂွမ်ဂျူးမြို့မှာ စုရုံးပြီး မြန်မာနိုင်ငံက ၈ လေးလုံး အရေးတော်ပုံကြီးလို ဒီမိုကရေစီ အွုံွ့ကမှုကြီး ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ ဂွမ်ဂျူး အွုံွ့ကမှုကို အာဏာရှင် ချန်ဒူးဝှမ်က အကြမ်းဖက် ဖြိုခွင်းခဲ့လို့ လူပေါင်းများစွာ သေကျေ၊ ဒဏ်ရာ ရခဲ့ကြပေမဲ့ ကိုရီးယား ပြည်သူတွေရဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ ရပ်တန့် မသွားခဲ့ပါဘူး။ ဂွမ်ဂျူး အွုံွ့ကမှုမှာ ကျဆုံး သွားသူတွေကိုလည်း သူရဲကောင်းတွေ အဖြစ် သတ်မှတ် ခဲ့ကြသလို ဂွမ်ဂျူး စိတ်ဓာတ်နဲ့ ဒီမိုကရေစီရေး ဆက်လက် လှုပ်ရှားခဲ့ကြတဲ့ အတွက် အာဏာရှင်ဟောင်း သမ္မတ ခ္ဆွန်ဒူးဝှမ်လည်း ၁၉၈၈ မှာ ရာထူးကနေ ဆင်းပေး လိုက်ရပါတယ်။
၁၉၉၃ ခုနှစ်၊ မေလမှာ သမတ ကင်ယုံဆမ်က ဂွမ်ဂျူး အမှတ်တရ မိန့်ခွန်း ပြောပြီးတဲ့ နောက်မှာတော့ ဂွမ်ဂျူး အွုံွ့ကမှုကို ဖြိုခွင်းခဲ့တဲ့ တာဝန် ရှိသူတွေကို အပြစ်ပေး အရေးယူနိုင်မဲ့ အထူးဥပဒေ အပြင် အွုံွ့ကမှုမှာ ထိခိုက် နစ်နာခဲ့သူတွေကို ကုစားနိုင်ရေး ဥပဒေတွေ ပြဋ္ဌာန်း ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ အာဏာရှင်ဟောင်း ခ္ဆွန်ဒူးဝှမ်ကို တရားရုံးက သေဒဏ် ချမှတ်လိုက်ပြီး၊ သမ္မတဟောင်း ကင်ယုံဆမ်ရဲ့ တောင်းပန်မှုကြောင့် ခ္ဆွန်ဒူးဝှမ်ကို သေဒဏ်ကနေ လျှော့ပေါ့ ပေးလိုက်ပါတယ်။
နောက်ပိုင်းမှာ ဂွမ်ဂျူး အမှတ်တရပွဲ နှစ်စဉ် ပြုလုပ်ခဲ့သလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုလည်း ဂွမ်ဂျူး လူ့အခွင့်အရေးဆု ရွေးချယ် ချီးမြှင့်ခဲ့ပါတယ်။ ၂ဝဝ၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ ဒီဆုကို ၂ဝဝ၉ ခုနှစ် ဆုအတွက်တော့ ကိုမင်းကိုနိုင်ကို ရွေးချယ် လိုက်တာပါ။
ဆုပေးဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး ဂွမ်ဂျူး ဆုရွေးချယ်ရေး အဖွဲ့က ယဉ်ကျေးမှုနဲ့ သွေးစည်း ညီညွတ်ရေး ကော်မတီ ညွှန်ကြားရေးမှူး မစ္စတာ ချန်ဟိုကင်က မင်းကိုနိုင်ဟာ မြန်မာ့ ဒီမိုကရေစီရေး အတွက် အထူး အရေးပါတဲ့ ပုဂ္ဂိုလ် တယောက်ဖြစ်လို့ အခုလို ကော်မတီက ရွေးချယ်လိုက်တာ ဖြစ်ကြောင်း၊ ဒါဟာ မြန်မာ့ ဒီမိုကရေစီရေးကိုလည်း ထောက်ခံ အားပေးတာ ဖြစ်ကြောင်း ပြောသွားပါတယ်။ အဲဒီအပြင် ကိုမင်းကိုနိုင်ကို လွှတ်ပေးဖို့ မြန်မာ စစ်အစိုးရကို တောင်းဆို ပန်ကြားကြောင်း၊ မြန်မာပြည်သူတွေကိုလည်း ဒီမိုကရေစီရေး ပန်းတိုင်ရောက်အောင် ဆက်လက် ကြိုးပမ်းဖို့ အားပေးကြောင်း မစ္စတာ ချန်ဟိုကင် (Chang Ho Kim) က ပြောသွားပါတယ်။
၂ဝဝ၉ ခုနှစ်၊ ဂွမ်ဂျူး လူ့အခွင့်အရေး ဆုရှင် ကိုမင်းကိုနိုင်ကတော့ စစ်အစိုးရရဲ့ ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ခွဲ ကျခံနေရပြီး၊ ကျန်းမာရေး ချို့ယွင်း နေတယ်လို့ သတင်းတွေ ကြားနေ ရပါတယ်။ သူဟာ ဒီဆုနဲ့ ဆိုရင် နော်ဝေနိုင်ငံက ချီးမြှင့်တဲ့ ကျောင်းသား ငြိမ်းချမ်းရေးဆု အပြင် နိုင်ငံတကာက ပေးအပ်တဲ့ ဆုပေါင်း ၅ ခု ရရှိပြီး ဖြစ်ပါတယ်။

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့

နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်

စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

မြန်မာ့အရေးဆွေးနွေးပေး

၂၅၀၄၂၀၀၉ဒိုင်ယာရီ

Photobucket
google download
\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။