Sunday, April 26, 2009

မှန်ပါသည်။

Photobucket
ပြည်သူ့ထံအာဏာလွှဲပေးလုဆဲဆဲဗိုလ်စောမောင်ထံမှအဓမ္မအာဏာလုယူခဲ့သည်မှာလည်းမှန်ပါသည်။
ကျေးဇူးရှင်ဦးနေ၀င်းကိုမသေခင်စိတ်ပိုင်းဆိုင်ရာနှိပ်စက်ခဲ့သည်မှာလည်းမှန်ပါသည်။
ဒီပဲယင်းလုပ်ကြံမှုတွင်နဲနဲလေးလက်လွန်ခဲ့တာလည်းမှန်ပါသည်။
(အကုန်မဖြတ်လိုက်နိုင်တာသွားနှင့်သူစိုးဝင်းအပြစ်ပါဘုရား)...
ယုံကြည်ချက်အကျဉ်းသားများအားမျက်ကွယ်ရာထောင်ထဲတွင်အစီအစဉ်ကျကျလုပ်ကြံသတ်ဖြတ်နေသည်မှာ
လည်းဘယ်သူမှမသိဖူးထင်လို့ပါဘုရား။
မင်းကိုနိုင်တို့ထောင်ထဲထည့်ထားတာကအပြင်မှာဆိုကြံနဲ့ဖွတ်ကိုက်မှာစိုးလို့ပါဘုရား။
အောင်ဆန်းစုကြည်ကိုအပြင်ပေးမထွက်တာသူမ၏ကျမ်းမာရေးကြောင့်ပါဘုရား။
စက်တင်ဘာအရေးအခင်းမှာဦးပြည်းပြောင်ပြောင်လေးတွေကိုအရောင်တင်ပေးမိတာ
အာဏာစက်ကဓမ္မစက်အပေါ်မှာရှိလို့ပါဘုရား။(မိကျောင်းမင်းရေခင်းပြတာမဟုတ်ရပါဘုရား)။
နာဂစ်ပြည်သူတသိန်းကျော်သတ်တာသဘာဝကြောင့်ပါဘုရား၊(ပန်းသိန်းစိန်ကတော့သူ့အမျိုးတွေ
အချိန်မှီကယ်နိုင်ခဲ့ပါတယ်ဘုရား)။
တကာမကြီးကြိုင်ကြိုင်ငါးလောင်းပြိုင်ကိစ္စကလည်းအရိုအသေတန်လွန်းလို့ပါဘုရား။
ပြည်ထောင်စုအရှေ့ကဖက်ဒရယ်မထည့်တာပြည်သူတွေအင်္ဂလိပ်လိုနားမလည်မှာစိုးလို့ပါဘုရား။
(တိုင်းရင်းသားတွေကြိုးပမ်းမှုအသိအမှတ်ပြုလို့နယ်ခြားစောင့်တပ်တွေဖွဲ့ပေးထားပါတယ်)။
ကျွန်တော်တို့နှစ်ယောက်မသေသ၍အောင်ဆန်းစုကြည်အာဏာမရစေရပါဖူးဘုရား။

ဤမှန်သောသစ္စာစကားကြောင့်......
ငရဲဘုံရောက်သော်ငရဲချမ်းသာ.....
ပိတ္တာဘုံရောက်သော်ပိတ္တာချမ်းသာ.....
အဟိတ်ဘုံရောက်သော်အဟိတ်ချမ်းသာ.....
တို့နှင်ပြည့်စုံရပါလို၏ဘုရား...
(ဟူဂျင်တောင်းနှင့်ကင်မ်ဂျုံအီးသာဓုခေါ်စေသော်.......)


ခံစားချက်၃၅နှင့်သစ္စာ(စိုးမြတ်သူဇာ)

လူ့ဘ၀၏ ၆ပုံ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး "သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘဝ
၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား
ရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး "ကျွန်တော်
မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.." ဒါဆိုရင် ခင်ဗျားရဲ့ဘဝ
၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ
ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ
အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ
အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။
လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့
အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်
ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။
"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို
မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို
ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာ
မရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ
မမေ့ပါနဲ့။


စာရေးသူအမည်မသိပါ..သိရှိပါကဖေါ်ပြပေးပါမည်။(လေးစားလျက်)

voice weekly 12&19


အသစ်ဆိုဒါဒီလိုပါ

မနေ့ ညနေက ပန်းဆိုးတန်းနားက အင်းဝ ဘဏ်လား မသိဘူး အဲဒီ ဘဏ် ရှေ့ကို ရောက်တော့ ပိုက်ဆံ သေတ္တာ တွေ ချနေတာတွေ့ တယ်။ အထဲက ပိုက်ဆံတွေ က အသစ်လားဆိုတာ သေချာ မသိပေမယ့် သေတ္တာတွေကတော့ အသစ်တွေပဲ။ ဒါဆို စောစောက ပြောနေကြသလို အသစ်တွေ ဖြစ်နိုင်တယ်။ ခုတလော ပိုက်ဆံ အသစ်တွေ ထွက်နေတယ် ဆိုတယ သိရင် ဝန်ထမ်းတွေ အနေနဲ့ ဒီလကုန် လစာတိုးတော့ မယ်လို့များ အိပ်မက် မက်ကြဦး မလား မသိဘူးဗျာ။ ကျွန်တော်တို့ ဘဘတွေ ကလည်း ပိုက်ဆံဆိုတာ စက်က လုပ်တာလို့ပဲ သိကြတာမျိုးဆိုတော့ ထုတ်ကုန် နှစ်ဆ တိုးမြှင့်ကြ ဆိုပြီးတော့ များ ကြိတ် နေကြ သလား မသိပါဘူး။
နောက် ပြီး ကျွန်တော် သတိထားမိတာ လေးတခု ရှိတယ်။ အခုနောက် ပိုင်း သူဌေး တွေ ကြားထဲ မှာ ပိုက်ဆံအသစ်ကို ပဲ သုံးတဲ့ ဖက် ရှင်ခေတ်စားနေတယ်။ အဟောင်း တွေကစုတ် ပြတ်သတ်ပြီး ပေစွန်းနေတော့ ကျန်းမာရေးကိုလဲ ထိခိုက်နိုင်တယ်လေ။ ဒါကြောင့် တချို့တွေကပိုက်ဆံ အသစ်ကို မရအရ အလိုက်ပေးပြီး လဲသုံးကြတာတွေ့ ဖူးတယ်။ လူကြီးပိုင်း ကတော့ ဘယ်ပြောဖို့ လိုမလဲ ပိုက်ဆံ အသစ်ပဲ သုံးမှာပေါ့။ သူတို့လဲ ရောဂါ ရ မှာစိုးလို့ နဲ့ တူပါတယ်။ သူများထက် ကြောက်တတ်လို့ လူကြီး လုပ်နေကြတာပဲလေ။
အကြွေရှားလို့ တလောကဘဲ ကျွန်တော်တို့အွန်လိုင်းပေါ်မှာ အော်နေခဲ့ကြသေးတယ်မဟုတ်လား ဒါများဘဘကြီးကြားသွားလို့ မတ်လ လစာအတွက် ၁ဝဝတန်တွေ ၂ဝဝတန်တွေများ ရိုက်ပြီး ထုတ်ပေးသလားဘဲ။ ဒါနဲ့နေစမ်းပါဦး ပိုက်ဆံကို အဲသလို ရိုက်ချင်သလို ရိုက်လို့ရလားဟင်၊ အဟောင်းတွေကိုသိမ်း ဖျက်ဆီးပစ်ပြီးမှ အသစ်ထုတ်ရတယ်လို့ ကြားဖူးလို့ပါ။

Jin_kaleat

ဂဏန်း ၇ နှစ်လုံး နဲ. ရှေ. အက္ခရာ နှစ်လုံး မတူရင် ပြီးတာ ပဲ မဟုတ်လား ဟင်။ ကြိုက်သလို ထုတ် လုပ်လို. ရပါတယ်။ မြန်မာပြည်ရဲ. အလွယ်ဆုံး နဲ. အမြန်ဆုံး Production ပါခင်ဗျာ။
ကျွန်တော် သူ.ငယ်ချင်းတစ်ယောက် ရန်ကုန်က ဆောက်လုပ်ရေးပိုင်း မှာလုပ်ပါတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဠာန မဟုတ်ပါ။ အပြင်က ကိုယ်ပိုင် ဆောက်လုပ်ရေးပါ။ သူတို. လုပ်ငန်းက အစိုးရနဲ. ပက်သက်တဲ့ ကိုယ်ပိုင် အဆောက် အအုံတွေကို လိုက်ဆောက်ပေးရတာပါ။ အစိုးရ နဲ. ပက်သက်တဲ့ အဆောက် အအုံတွေ လိုက်ဆောက်ပေးတယ် ဆိုလို ပြည်သူပိုင် ဆေးရုံ၊ ရုံးခန်း၊ ဠာနဆိုင်ရာ အဆောက်အအုံတွေ လို.မထင်ပါနဲ. လူကြီးပိုင်း တွေရဲ. လက်ညိုးထိုး တိုင်း မလွဲနိုင်တဲ့ ရှိချင်တိုင်း ရှိနေတဲ့ ကိုယ်ပိုင် အိမ်တွေကို လိုက်ဆောက်ပေးရတာပါ။
အဲဒီ အိမ်တွေ ဆောက်လုပ်တဲ့အခါ အဲဒီ အသိုင်းအဝိုင်းက အပြင်က ဆောက်လုပ်ရေး လုပ်တဲ့ သူတွေ နဲ. ဝန်ထမ်း တွေကို မလုပ်ခိုင်းပါ။ သတင်း အပြင်ကို ပေါက်မှာ စိုးလို. ထင်ပါ့။ သူတို. အိမ်တွေ ပြင်ချင်တိုင်း၊ ဆောက်ချင်တိုင်း နဂိုကတည်းက သူတို.ကို ဆောက်ပေးခဲ့တဲ့ သူတို. ယုံကြည်ရတဲ့ အဖွဲ.အစည်း တစ်ခု နှစ်ခု လောက်နဲ.ဘဲ အမြဲလုပ်ပါတယ်။
တစ်ခါသား ပေါ့။ ကျွန်တော့် သူငယ်ချင်း ကို ငွေရှင်းတဲ့ အခါမှာ သူရလိုက်တဲ့ တစ်ထောင်တန် အထုပ် လိုက်တွေကို ကြည့်ကြည့်တော့ သစ်လိုက်တာမှ အခုမှ စက်ရုံက ထုပ်ပြီး အိမ်မှာ အထုပ်လိုက် လာပေးသွားတာပါ။ ပြောရင် ယုံမလားတော့ မသိဘူး နည်းနည်းတောင် ပူနေပြီး၊ ဆေးတောင် မခြောက်ခြင်သေးဘူးလို. ထင်ရပါတယ်။ ဆေးအရောင်က အရမ်းကို သိသာပါတယ်။ အသစ်စက်စက် ပူပူနွေးနွေး တစ်ခုနဲ. ရက်အနည်းငယ် ကြာသွားတဲ့ ဟာနဲ.ပါ။ တစ်ထောင်တန်ဆိုပါစို. ထုပ်ပြီး ၅ နှစ်ကြာတဲ့ ပိုက်ဆံရယ် ထုပ်ပြီး ၁ နှစ်ကြာတဲ့ ပိုက်ဆံရယ် ထုပ်ပြီး တစ်လ ကြာတဲ့ ပိုက်ဆံရယ် အခုမှ စက်ထဲက ထွက်ထွက် ခြင်း ပိုက်ဆံရယ် အရောင်ကွာပါတယ်။ မျက်လုံးနဲ. ကြည့်ရင် နည်းနည်းတော့ ကွာနေတာ သိသာပါတယ်။
အဲဒီ အသိုင်းအဝိုင်း က ပိုက်ဆံ လိုရင် စက်ကလေး ကို သွားလှည့်လိုက်ယုံပါဘဲ။ တခြားနေရာတွေ တော့မသိဘူး။ သူတို. ကိုယ်ပိုင် အိမ်တွေ ဆောက်လုပ်တာလေးတွေတော့ သိပါတယ် ကျွန်တော့် သူငယ်ချင်း အရင်းခေါက်ခေါက်က လုပ်နေလို.ပါ။ အလကား ရတဲ့ မြေနေရာမှာ အလကားရတဲ့ စက္ကူတွေကို ငွေလုပ်လုပ်သုံးရင် ဆောက်လုပ်ရေးလုပ်ငန်းတွေကနေ ဆောက်လုပ်ရေးပစ္စည်းတွေကို အလကားကို ယူသုံးနေပါတယ်။ သူတို. အိမ်ဆောက်တဲ့ ပုံစံ က အလွန်ရှင်းပါတယ်။ '' ငါ ဒီနေရာမှာ အိမ်ဆောက်မယ်'' ဒီစကားလုံး လေးဘဲ သုံးရတာပါ။ တကယ်နော် .. အိမ်ကောင်းကောင်း တစ်လုံးသာ ပြီးသွားတယ် သူတို. အိတ်ကပ်ထဲက တစ်ပြားသား မှ မထွက်ပါဘူး။
ကြုံတုန်းလေး ကျွန်တော့် သူငယ်ချင်း တော်တော်ကြီးတဲ့ လူကြီးတစ်ယောက် ရဲ. အသစ်စက်စက် အိမ်တစ်လုံးမှာ အလှဆင်ဖို. ကြွေပြားသွားကပ်တာလေး ပြောပါရစေ။ အဲဒီ တုန်းက ကြွေပြားက တစ်အိမ်လုံး ကို ကပ်ချင်တာပါ။ ကြွေပြားတွေလား အလွန်ဈေးကြီးဆိုဘဲ နိုင်ငံခြားက လာတဲ့ ကြွေပြားတွေပါတဲ့။ ဘာအမျိုးအစားဆိုလားဘဲ ကျွန်တော် က အဲဒီ အပိုင်း မသိတော့ နာမည်တွေတော့ မမှတ်မိပါ။ ကြွေးပြားတွေ အလှဆင် တဲ့ အခါမှာ အဲဒီ လူကြီးကို ဒီဇိုင်းကို စာရွက်နဲ. ဓာတ်ပုံ နဲ. ပြလို. မရပါဘူး။ အဲဒီ အိမ်ရဲ. အခန်းတစ်ခန်းလုံးကို ကြွေပြားကပ်ပြ ရပါတယ်။ ကြိုက်ရင် အိုကေ ဆက်လုပ်ပေါ့။ မကြိုက်ရင် အဲဒီ တစ်ခန်းလုံးက ကြွေပြားတွေ ပြန်ခွာ နောက် ပြန်ကပ်နဲ.။ ကြွေပြားကပ်တယ်ဆိုလို. ကြွေပြားကြီးဘဲ အခန်းနံရံမှာ ကပ်တာမဟုတ်ပါဘူး အဲဒီ အခန်းရဲ. Decorationကိုလည်း ကြွေပြားနဲ. လိုက်ဘက်အောင် ပြင်ဆင်ပေးရပါသေးတယ်။ အမိုက်စား အလန်စားပေါ့။ တော်ကြာ ညိုညင်သွားရင် ခက်ပေမယ်လေ။
ကြွေပြားတွေ ကပ်လိုက် မကြိုက်လိုက် ခွာလိုက်နဲ.လုပ်လာလိုက်တာ အဲဒီမှာချည်းဘဲ သိန်းကို ဘယ်လောက်မှန်းမသိပါဘူး။ ငယ်ငယ်က ပုံဆွဲလို. မကြိုက်ရင် ခဲဖျက်နဲ. ဖျက်သလိုပါဘဲ။ '' မကြိုက်သေးဘူး '' ဆိုတဲ့ စကားဟာ သိန်းတွေ အတော်ကို တန်ပါတယ်။ ဒီလိုနဲ. လုပ်လာ လိုက်တာ နောက်ဆုံး အကြိုက်တွေ.သွားတယ်ဆိုပါစို။ ဒါနဲ. အဲဒီ ပုံစံကိုSample အနေနဲ. အခန်း ခပ်ကျယ်ကျယ် မှာဆိုလား ထပ်လုပ်ပြရပါတယ်။ ပြီး လာကြည့်ပါတယ်။ ကြိုက်လည်း ကြိုက်သွားရော စောစောက ကပ်သမျှ ဟာတွေ အကုန်ပြန်ဖြုတ် ခိုင်းပြီး အဲဒီ ဒီဇိုင်းအတိုင်း အစက နေ ပြန်လုပ်ခိုင်းပါတယ်။ ကုန်လိုက်တဲ့ ပိုက်ဆံ၊ သုံးလိုက်တဲ့ ပိုက်ဆံ ဆိုတာ။ အမှန်ပြော ရရင် ကျွန်တော်တို. ရေပေါချင်းသောချင်းချိုးတာ သူတို. ငွေကို ပေါချင်းသောချင်း သုံးတာ ကို လုံးဝ မမှီပါ။

တိတ်ဆိတ်