Sunday, May 3, 2009

နာဂစ်အမှတ်ရသီချင်းလေး၂ပုဒ်

Photobucket

ယခုတစ်ပတ်ထုတ် ဘိုင်ဝီကလီ အီလင်းဗင်း ဂျာနယ် မျက်နှာဖုံးတွင် တွေ့ ရသည့် အတင်းအဖျင်း မြန်မာ့အလင်း ဆိုသည့် စာသားကြောင့် အ၀ယ်လိုက် ဟု လက်ပွေ့ များပြော

Photobucket
ဘိုင်ဝီကလီ မျက်နှာဖုံးမှ အတင်းအဖျင်းမြန်မာ့အလင်း
May 2, 2009 ·၂ မေ ရန်ကုန်၊ ၊ယူကွန်
မေလ ၁ ရက် နေ့ နေ့ စွဲဖြင့်ထုတ်ဝေ သည့် အတွဲ ၂ အမှတ် ၆ ဘိုင်ဝီကလီ ဂျာနယ် ၏ မျက်နှာဖုံးတွင်
ဖေါ်ပြထားသော အကြောင်းအရာ တစ်ခု ၏ သတင်း ဓာတ်ပုံတွင် အတင်းအဖျင်း မြန်မာ့အလင်း ဟု
ပါရှိလာ ရာ အစ တွင် မည်သူမျှ မသိကြသေးသော် လည်း တစ်ယောက်စကား တစ်ယောက် နား လက်ဆင့်ကမ်းသွားရာမှ ဂျာနယ်ဝယ် ယူသူများပိုများလာ သည် ဟု ရန်ကုန်မြို့ ထဲတွင် ဂျာနယ် လက်ပွေ့ ရောင်းသူတစ်ဦး က Freedom News Group သို့ ပြောသည်။

“အင်တာနက် ၀က်ဘ်ဘလော့ နှင့် ၀က်ဘ်ဆိုက်များပေါ်တွင် သတင်းဖေါ်ပြမှုများပြားလာခဲ့သော်
လည်း လွတ်လပ်စွာရေးသားခွင့်နှင့် စောင့်ထိန်းရမည့် ကျင့်ဝတ်များအပေါ်တွင် နားလည်မှုနည်းပါးသေး” ဆိုသည့်ခေါင်းစဉ်ဖြင့်ရေးသားထားသည့် ဆောင်းပါးတွင် ပါရှိသည့် ပုံစာ မှာ ဂူးဂဲလ် အင်တာနက် ရှာဖွေရေးတွင် မြန်မာစာလုံး “အတင်းအဖျင်း” ဆိုသည် ကိုရိုက်ထည့်ပြီး ရှာဖွေထားသည့် ရလဒ် ကို ဖန်သားပြင် ပုံရိပ် ရိုက် ၍ ပြန်လည် ဖေါ်ပြရာမှ ထို အတင်းအဖျင်း မြန်မာ့ အလင်းပါဝင် လာ ကြောင်း တွေ့ရှိရသည်။

ဖေါ်ပြထားသည့် အတင်းအဖျင်း မြန်မာ့အလင်း စားသားတွင် မြန်မာ့အလင်း စာသားကို ဖိုတိုရှောပ် ဖြင့် မှုန်ဝါးထား သော်လည်း စာဖတ်သူများသဲကွဲစာ မြင်ရသည့် အနေအထားရှိ သည် ကို ယနေ့ ထုတ် ဘိုင်ဝီကလီ ဂျာနယ်တွင် တွေ့ ရသည်။

၂၀၀ရ နှစ်က မြန်မာတိုင်းဂျာနယ် တွင် လူသတ်ကောင် သန်းရွှေ (Killer Than Shwe)ဆိုသော စကားကို ကြော်ငြာပုံစံဖြင့် အခြားဘာသာ စကားတစ်ခု ကဲ့သို့ ထင်ရအောင် စီစဉ်ထားသော် လည်းပြည်သူများက သိရှိခဲ့သည်။ထိုကြော်ငြာ ကြောင့် ထိုအပတ်ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်များမှာ ဈေး ကွက်မှ လိုက်လံသိမ်းဆည်းခဲ့ရသည်။

မြန်မာ့ အလင်း သတင်း စာမှာ စစ်အစိုးရ မှ ထိန်းချူပ် ထားသည့် စစ်အစိုးရအာဘော် သတင်းစာ ဖြစ်သည့် အတွက် မည်ကဲ့သို့ ဆက်ဖြစ်လာမည် ကို မျက်နှာဖုံးတွင် ဖြစ်နေသောကြောင့်ခန့်မှန်းရ ခက်ကြောင်း ပြည်တွင်း စာနယ်ဇင်းသမားတစ်ဦး က သုံးသပ်သည်။

၀၃၀၅၂၀၀၉ဒိုင်ယာရီ

Photobucket
Photobucket
Photobucketgoogle download

mediafire download

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။