Wednesday, May 6, 2009

ရွှေ ရွှီး ရွှေ ရွှေ

Photobucket
ဓါတ်ပုံ(နစ်နေမန်း)

ကမ္ဘာ့ဆန်ဈေးနှုန်းတွေ ကျဆင်းနေတာနဲ့အတူ ပြည်တွင်း စပါးဈေးတွေကလည်း စပါးတင်း တရာကို ကျပ် ၃ သိန်း နဲ့ အထက်မှ၂ သိန်းအောက်အထိ ကျဆင်းခဲ့တဲ့ အတွက် စပါးစိုက်တောင်သူ အားလုံးနီးပါး စိုက်စရိတ် မကြေဘဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရကြောင်း လယ်သမားကြီး ဦးမြင့်ဆောင်က ဆိုပါတယ်။
အခုတောင်သူတွေမှာ မိုးစပါးစိုက်တုန်းက ကြွေးတွေ မဆပ်နိုင်တဲ့အပြင်၊ နွေစပါးစိုက်ဖို့ အတွက်လည်း စိုက်စရိတ် မရှိတော့ စပါးပေးစနစ်နဲ့ အသစ်ထပ်ယူကြရတယ်၊ အဲဒါလည်း ဒီနွေစပါးပေါ်ရင် ထွက်သမျှစပါး အားလုံး ထိုး ဆပ်ရမယ့်သူတွေတောင် ရှိနေတယ်၊ လယ်သမားတွေ မကိုက်ပါဘူး၊ မိရိုးဖလာ လုပ်စားနေကြလို့သာ ကြွေးတင်ခံပြီး လုပ်နေကြတာပဲ၊ အခုဆို လယ်သမားတွေမှာ ကြွေးလည်ပင်း ခိုက်နေကြပြီ”လို့ သူက လယ်ကန်သင်းတွေ ပေါ်ကနေ ဖြတ်လျှောက်ရင်း ပြောပြခဲ့တယ်။
PhotobucketPhotobucket
ဓါတ်ပုံ(ကျော်သိင်္ခ)
ပြီးခဲ့တဲ့ မိုးစပါးတုန်းက ခွက်ခွက်လန်အောင်ရှုံးလို့ စိုက်စရိတ်တောင်ပြန်မရကြဘူး၊ ဒီနှစ်တော့ ဘယ်လိုမှ ရှုံးလို့ မဖြစ်တော့ဘူးဆိုပြီး အရင်ထက်ကို နှစ်ဆသုံးဆလောက် ဂရုစိုက်ရတာပဲ၊ဒါတောင် လယ်ထဲမှာပိုးကျနေလို့ မနက် ကတည်းကဆေးဖြန်းထားရတယ်၊ ဆေးကလည်း သိပ်စိတ်မချရဘူး”လို့ အသက် ၄၀ ၀န်းကျင်ရှိ ကိုထွန်းရွှေ က စိတ်ပျက်လက်ပျက် လေသံမျိုးနဲ့ ပြောပါတယ်။
အခုလို နွေစပါးစိုက်ဖို့ စိုက်စရိတ်မရှိလို့ ကုန်သည်ဆီကနေ စပါးပေးစနစ်နဲ့ စပါး တင်း၂၀၀ အတွက် ငွေ ချေးရ ကြောင်းလည်း သူက ပြောပါတယ်။
“ကျနော်တို့ စပါးပေးယူရတာအရမ်းနစ်နာတယ်၊ အခုဆိုကျနော်က စပါး တင်း၂၀၀ အတွက် ငွေယူလိုက်တယ်၊ တကယ်လို့ ကျနော့်လယ်ကရာသီဥတု မကောင်းလို့ သူ့ကို စပါး တင်း၂၀၀ ပြည့် ပြန်မဆပ်နိုင်ဘူး၊ တင်း၁၅၀ ပဲ ဆပ်နိုင်တယ်ဆိုရင် အကြွေး တင်း ၅၀ ကျန်တယ်။ ဒါဆိုရင်နောက်နှစ်မှာ ဆတိုးနဲ့ တင်းတရာပြန်ပေးရတာပဲ၊ တချို့ဆိုရင် ဒီနှစ်လည်းစိုက်စရိတ်လိုလို့ နောက်ထပ် တင်း၂၀၀ ဖိုးယူလိုက်ရင် နောက်နှစ်ကျတော့ အရင်နှစ်က တင်း ၅၀ အတွက် တင်း ၁၀၀၊ ဒီနှစ်ဆပ်ရမယ့် တင်း၂၀၀ နဲ့ ထွက်သမျှစပါးအားလုံးထိုးပေးလိုက်ရတာတွေလည်း ရှိတယ်”လို့ သူကရှင်းပြပါတယ်။
စပါးပေးယူစနစ်ဆိုတာက လက်ရှိအပြင်မှာ စပါးဈေး ကျပ်၂၃၀၀၀၀ ပေါက်ဈေးပေါက်နေချိန်မှာ တောင်သူက စိုက်စရိတ်လိုတဲ့အတွက် ငွေရှင်ကုန်သည်က ကြိုပွိုင့်အနေနဲ့စပါးတင်း တရာဖိုးကို ငွေ၂ သိန်း ၀န်းကျင်လောက် နှင့် လက်ရှိပေါက်ဈေးထက် လျှော့တဲ့ဈေးနဲ့ ငွေထုတ်ပေးပါတယ်။ တောင်သူက စပါးပေါ်တာနှင့် စပါးတင်း ၁၀၀ ထိုးအပ်ပြီး အကြွေးပြန်ဆပ်ရတဲ့ စနစ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။
တောင်သူများအနေနဲ့အစိုးရကနေထုတ်ချေးပေးတဲ့ တဧက ကျပ် ၈၀၀၀ နှုန်းနဲ့စိုက်စရိတ်ဟာလည်း အမှန် တကယ်ကုန်ကျတဲ့စိုက်စရိတ်နဲ့ကွာခြားလွန်းလို့ တောင်သူတွေဟာ စပါးစိုက်စရိတ်အတွက်အပြင်ကနေ အတိုးကြီးကြီးနဲ့ ထုတ်ချေးကြရတာဖြစ်ပါတယ်။
ပျိုးပင်တွေကြားထဲက လယ်သူမကြီး ဒေါ်ခင်ဦး......
Photobucket
တောင်သူတွေမှာ ထွက်နှုန်းကောင်းတဲ့ မျိုးတွေမရှိဘူး၊ သူတို့သုံးနေတဲ့မျိုးတွေက စပါးပေါ်တဲ့အခါ မျိုးစပါး အနေ နဲ့အလွယ်ဖယ်ထားတာတွေကို သုံးနေကြရတာ၊ ဒီထဲမှာ အဖျင်းပါမပါ၊ မျိုးသန့်မသန့်လည်း စစ်ဆေးမှုတွေ မရှိဘူး ဆိုတော့ သူတို့ အထွက်နှုန်းက ကျသထက် ကျလာဖို့ပဲ ရှိတယ်၊ လယ်သမားတွေကို မျိုးကောင်းမျိုးသန့် ဖြန့်ဝေ ပေးဖို့လည်း လိုအပ်နေပြီ်”လို့ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာမှ၊ အငြိမ်းစား အရာရှိ ကြီးတဦးက အကြံပြု ပြောဆို ပါတယ်။
မျိုးမကောင်းခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ အရည်အသွေးမြင့် မြေသြဇာများ မသုံးစွဲနိုင်ခြင်း၊ စပါးပင်များ ပိုးကျ ခြင်းစတဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ တောင်သူတွေဟာ စပါးဈေးတွေကျလာတဲ့အခါမှာ နာလန်ထူရခက် လောက်အောင်ကို အထိနာသွားပြီ ဖြစ်ကြောင်း အဆိုပါ အငြိမ်းစားအရာရှိက သုံးသပ်ပြောဆိုပါတယ်။
လယ်ယာလုပ်ငန်းခွင် ၀င်နေတဲ့ လယ်သမားကြီး ကိုထွန်းရွှေ..........
Photobucket
ကြွေးတွေပိနေတဲ့ တောင်သူလယ်သမားတွေရဲ့ အိမ်သူတွေနဲ့ သားသမီးတွေဟာလည်းလယ်ယာလုပ်ငန်းတခု တည်းနဲ့အဆင်မပြေကြတော့တဲ့အတွက် ကြုံရာအလုပ်ကို ကြုံသလိုလုပ်ပါမှ ၀မ်းဝကြတဲ့အနေအထားဖြစ်နေပြီလို့ လယ်သမားကြီး ဦးမြင့်ဆောင်က ပြောပါတယ်။
“လယ်သမားတွေလယ်စိုက်ရုံနဲ့ ရပ်တည်လို့မရတော့ဘူး၊ ကြုံရာလုပ်စားနေရတာပဲ၊ ကျနော့် အမျိုးသမီးဆိုရင် အိမ်မှာ ကြက်တွေ၊ ဘဲတွေ၊ ၀က်တွေ မွေးထားတယ်၊ ဒီနှစ် စိုက်စရိတ်ကြွေးကို အဲဒီအကောင်တွေ ရောင်းပြီး ဆပ်ရတာပဲ၊ နို့မို့ဆိုရင် အိမ်ရောင်းဆပ်ရမယ့် ပုံရှိတယ်”လို့ သူက ဆိုပါတယ်။

“ မတူညီတဲ့ပေါင်းစပ်ခြင်းများ ”

ဒီစာကို ကျနော့ရဲ့ ၁၃၀၀ ပြည့်ဖွားအမေကိုဂုဏ်ပြုတဲ့အနေ ကျနော်တို့ ညီအကိုမောင်နှမတွေငယ်ရွယ်စဉ်က အမေပြောဆိုဆုံးမခဲ့တဲ့စကားတွေကိုပြန်ကြားယောင်ပြီး ကျနော်တို့မြန်မာနိုင်ငံမှာ စစ်အာဏါရှင် စစ်အစိုးရ လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် အမေ ရိုက်သွင်းပေးခဲ့တဲ့အတွေးအခေါ်အသိအဥာဏ်တချို့တို့နဲ့ပေါင်းစပ်ပြီးရေးတာပါ။ ဒါပေမယ့် ၁၃၀၀ ပြည့်ဖွားအမေကတော့ သားပြန်အလာကိုတောင်မစောင့်နိုင်တော့ပဲ ၆.၁၀.၂၀၀၃ မှာ ဘ၀တပါးကိုပြောင်းသွားခဲ့တာ ဒီနေ့ဆိုရင် ၅ နှစ်နဲ့ ၇ လတင်းတင်းပြည့်ပါပြီ။ ဒါပေမယ့် အမေ့ ကိုချစ်တဲ့သားအမေ့စကားတွေကိုနားထောင်ပြီး အမေမြင်စေချင်နေတဲ့လွတ်လပ်မှုအတွက် ကျရာအခန်းကနေ စစ်အစိုးရပြုတ်ကျရေးအတွက်တိုက်ပွဲဝင်နေတာတွေကို တကယ်လို့အမေ တမလွန်ဘ၀ကနေပြီး သိနေနိုင်မယ်ဆိုရင်လည်း သားရဲ့လုပ်ရပ်အတွက်အမေပျော်ရွှင်စွာပဲ ဂုဏ်ယူကောင်းဂုဏ်ယူနေနိုင်လောက်ပါတယ့့်  ။

ကျနော်တို့ညီအကိုတတွေငယ်စဉ်က တယောက်နဲ့တယောက်ပြုမှုပုံ လုပ်ဆောင်ပုံတွေတခါတလေမတူညီကြလို့အငြင်းပွားပြီးသူနိုင်ကိုယ်နိုင်စကားများရန်ဖြစ်ကြတဲ့ အခါမှာ အမေက “ ဒီမှာနင်တို့ရဲ့လက်ငါးချောင်းတောင်မညီကြဘူး အဲ့ဒါကြောင့်နင်တို့ရဲ့စိတ် တွေဟာလည်းတယောက်နဲ့တယောက်တူကြမှာမဟုတ်ဘူး ဒါပေမယ့် နင်တို့ညီအကိုတွေ တ ယောက်အကြိုက်တယောက်ခဏလိုက်ရောပေးကြပြီးစည်းစည်းလုံးလုံးနဲ့ နေကြမယ်ဆိုရင် နင် တိုကိုအများကလည်းလေးစားကြပြီး တစည်းတလုံးတည်းရှိလို့လုပ်ချင်တာတွေလည်းခရီးမြန်မြန်ပေါက်လိမ့်မယ် ” တဲ့လေ တခြား ၁၃၀၀ ပြည့်ဖွားကျနော့ရဲ့အမေပြောခဲ့တဲ့ဗဟုသုတရစရာ စကားတွေလည်း ကျနော့ဦးနှောက်ထဲမှာ အခုအချိန်အထိစွဲကျန်နေပါသေးတယ်။ အခုအဓိက ကျနော်ပြောချင်တာက လာမယ့် ၂၀၁၀ မှာ န အ ဖ စစ်အစိုးရက မသမာတဲ့နည်းတွေနဲ့ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက်ပါ။ တကယ်ဆို အဲ့ဒီ ၂၀၁၀ ရွေးကောက်ပွဲက ၂၀၀၈ ခုနှစ်မှာ ပြု လုပ်ခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံဖွဲ့စည်းပုံဆိုပြီး မြန်မာနိုင်ငံသားတွေအများစုရဲ့ ဆန္ဒတွေမပါပဲ သူတို့စိတ်ကြိုက်ပဲ ပြည်သူ့ဆန္ဒ မြန်မာနိုင်ငံအတွင်းမှာလိုက်ခံယူလိုက်တာ ၉၂ % ကျော် ပြည်သူတွေကထောက်ခံကြတယ်ဆိုပြီး လုပ်သွားတဲ့ သူတို့ရဲ့ “ ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက် ရောက်” ဆိုတဲ့လမ်းစဉ်အတိုင်း ဆင်ကန်းတောတိုးသူတို့ဆက်လုပ်မယ့်သူတို့ရဲ့လုပ်ရပ်တွေအတွက်ကျနော်တို့တာ
ဝန်သိ၊အတွေးအခေါ်အသိအမြင်အမှန်တွေရှိကြတဲ့မြန်မာနိုင်ငံသားတွေကဒီအတိုင်းဝိုင်းပြီးလက်ပိုက်ကြည့်မသိလိုက်မသိဖာသာ ဒါမှမဟုတ် ရေလိုက်ငါးလိုက်နဲ့ နေပြီး ငါတယောက်တည်းနဲ့ဘာမှမတတ်နိုင်ပါဘူးကွာလို့နေလိုက်မယ့်အတူ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အနေနဲ့လုံးဝမဲသွားမပေးပဲနေလိုက်ကြမယ်ဆိုရင် စစ်အစိုးရရဲ့ ၂၀၁၀ မှာပြုလုပ်မယ့်ရွေးကောက်ပွဲဟာ သူတို့လူတွေပဲအနိုင်ရမယ်လို့ အသေတွက်ထားပြီး တခြားနိုင်ငံတွေက လေ့လာသူတွေကိုပါဖိတ်ခေါ်ပြုလုပ်တဲ့ န အ ဖ စစ်အစိုးရရဲ့ရွေးကောက် ကိုလေ့လာရေးခေါ်ထားတဲ့ လူတွေရှေ့မှာ န အ ဖ စစ်အစိုးရဟာ သူတို့ကိုထောက်ခံသူတွေမရှိ ကြလို့ ကမ္ဘာ့အလည်မှာအရှက်ကြီးရှက်ရပြီးသူတို့ရဲ့ရွေးကောက်ပွဲဟာလည်း ကမ္ဘာ့အလည်မှာ ထောက်ခံပြီးမဲပေးကြမယ့်သူတွေမရှိလို့ သူတို့တတွေရဲ့ရွေးကောက်ပွဲဟာလည်းတရားဝင်ဖြစ် သွားမှာမဟုတ်ပါဘူ့း့  ။

ဒါပေမယ့် အရှက်မရှိတဲ့ န အ ဖ စစ်အစိုးရကတော့ အာဏါရူးကြီး သန်းရွှေရဲ့ အမိန့်စကားအတိုင်း ဆင်ကန်းတောတိုဆက်လုပ်သွားကြမှာပါပဲ။ ပြီးတော့ အခုပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက်ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျည်းတွေကိုရေးဆွဲခဲ့တဲ့ ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကလည်း တကယ်လို့ နိုင်ငံတော် သမတ ရဲ့လုပ်ဆောင်ပုံတွေကို ကာကွယ်ရေး ဦးစီးချုပ်က မကြိုက်ရင်သဘောမကျရင် ကာကွယ်ရေး ဦးစီးချုပ်က အချိန်မရွေး အာဏါသိမ်းခွင့်ရှိတယ်ဆိုတဲ့ ရာသက်ပန် စစ်တပ်ကြီးစိုးရေးကို အခြေခံရေးဆွဲထားတဲ့ဖွဲစည်း အုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်ပါတယ်။ အခုအချိန်မှာတောင်ကျနော်တို့မြန်မာပြည်ကိုစစ်ဗိုလ်တွေ
အုပ်ချုပ်ပြီးသူတို့ စစ်အုပ်ချုပ်ရေယန္တရား သက်ဆိုးရှည်အောင်လို့ မြန်မာပြည်တွင်းရော ပြည်ပ မှာပါမြန်မာနိုင်ငံသားတွေကို ဟိုဟာတွေပိတ်ဒီဟာတွေပိတ် လုပ်ထားကြလို့မြန်မာနိုင်ငံသား အများစုအကြောက်တရားတွေအရမ်းကြီးစိုးနေကြပြီး ဟိုဟာလည်းရဲရဲမလုပ်ရဲ ဒီဟာလည်းရဲရဲ မလုပ်ရဲဖြစ်နေကြရတာဟာ ၁၉၆၂ မတ်လ ၂ ရက်တော်လှန်ရေးကောင်စီ အမည်ခံအာဏါရှင် ဗိုလ်နေ၀င်း စအုပ်ချုပ်ကတည်းကနေပြီးအခုအချိန်အထိပါပဲ။ ဒါပေမယ့် ရှစ်လေးလုံးအရေး တော်ပုံကြီးရဲ့နောက်ပိုင်းမှာ မြန်မာပြည်ဟာ သိသိသာသာ ပိတ်ဆို့မှုတွေပိုများလာပြီး တိုင်းပြည်ဟာလည်းပိုပြီးဆင်းရဲတွင်းထဲကိုဆင်းဝင်လာခဲ့ပါတယ်။ ဥပမာ တခုနဲ့ပြောရမယ် ဆိုရင် ဆရာ့ထက် တပည့်ကလက်ဝါးစောင်းပိုထက်တယ်လို့ပြောလို့ရပါတယ်။

ပြီးတော့ စစ်အစိုးရဟာ အခုလာမယ့်ရွေးကောက်ပွဲမှာ NLD မပါအောင်သူတို့ရဲ့ “စစ်နည်း၊စစ်ဟန်”နဲ့ပယ်ထုတ်ထားမှာသေချာသလောက်ပါပဲ။ NLD ကလည်း မြန်မာနိုင်ငံ သားတွေစစ်မှန်တဲ့ ဒီမိုကရေစီရရေးအတွက် “ ရွှေဂုံတိုင်ကျေညာစာတမ်း” နဲ့အဓိက အချက် သုံးချက်တောင်းဆိုထားပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့အတွက် သင်ပုန်းချေလမ်းစဉ်ကို ကျင့်သုံးနေဆဲပါ။ ရွှေဂုံတိုင်ကျေညာစာတမ်းပါ အဓိကအချက် သုံးချက်ကတော့ ( ၁ ) ဒေါ် အောင်ဆန်းစုကြည်၊ဦးတင်ဦးအပါအ၀င်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုလွှတ်ပေးဖို့ (၂) ၂၀၀၈ ခုနှစ်ကပြဌာန်းခဲ့တဲ့အခြေခံဥပဒေတွေထဲမှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့လမ်းစဉ်တွေကိုပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးဖို့ (၃) အားလုံးပါဝင်ပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲကို နိုင်ငံတကာရဲ့ကြီးကြပ်မှုအောက်မှာကျင်းပဖို့ ဆိုတဲ့အဓိကအချက် ၃ ချက်ကိုတောင်းဆိုထား ပါတယ်။ ဒါပေမယ့် သူတို့အချင်းချင်းတောင် ကောင်းကောင်မယုံမကြည်ဖြစ်နေကြတဲ့စစ်ခေါင်း ဆောင်တွေက အဲ့ဒီတောင်းဆိုချက်သုံးချက်ကိုလည်းလိုက်လျှောမယ့်ပုံစံမပေါ်ပါဘူး။

စစ်အစိုးရအဓိကပြုတ်ကျအောင်ဆိုလို့ရှိရင်တော့ ကျနော်တို့ ပြည်တွင်းရော၊ပြည် ပမှာပါရှိကြတဲ့မြန်မာနိုင်ငံသားတွေရဲ့ တက်ညီလက်ညီလှုပ်ရှားဆောင်ရွက်မှုတွေက အဓိက ကြပါတယ်။ သေချာတာတခုက
အခုလိုစစ်အစိုးရနှစ်ပေါင်းမျာစွာသက်ဆိုးရှည်နေတာဟာ ကျနော်တို့မြန်မာနိုင်ငံသားအများစုဟာ ကိုယ့်နိုင်ငံအရေးထက်ကိုယ့်ရဲ့ဝမ်းရေးကိုပဲအဓိက စိတ်ဝင်စားပူပင်နေကြရလို့ပါပဲ၊ပြီးတော့ ဒီမိုကရေစီဆိုတာကိုမသိရှိတာတွေလည်းပါ အဲ့ဒီ ဒီမိုကရေစီရဲ့ရပိုင်ခွင့်အခွင့်အရေးတွေကို တကယ်မသိကြလို့ပါပဲ။ အဲ့ဒီစကားပြောလို့ ကျနော် ကနိုင်ငံရေးသမားတယောက်မဟုတ်ပါဘူး နိုင်ငံရေးသမားတယောက်တော့လုပ်ချင်ပါတယ် ဒါပေမယ့် နိုင်ငံရေးသမားတယောက်ရဲ့အရည်အချင်းတွေကျွန်တော့မှာမရှိလို့ ။ ကျနော်က မတရားတာ မဟုတ်တာမမှန်တာတွေကို ကျရာအခန်း..ကျရာနေရာကနေတော်လှန်မယ့် တော်လှန်ရေး သမားတယောက်လို့ပဲ ကိုယ့်ကိုကိုယ်ခံယူထားပါတယ်။ တကယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့တောင်းဆိုမှုတွေကို စစ်အစိုးရက မလိုက်လျှောဘူးဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကလည်း တခြားနည်းလမ်းတခုခုနဲ့ ပြည်သူကိုပြန်စည်းရုံးပြီး လူထုအုံကြွမှုပြန်ဖြစ်အောင်လှုံဆော်တိုက်ပွဲဝင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပြည်တွင်းကခေါင်းဆောင်တွေက စစ်အစိုးရကိုအနုနည်းနဲ့ပြန်တိုက်တဲ့နည်း ( သို့မဟုတ် ) လူထုတိုက်ပွဲအသွင်ပြန်ဖြစ်လာ အောင် တိုက်ပွဲတွေဆင်ပြီးငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ တိုက်ပွဲတွေဆက်ဝင်ကြဖို့ အတွက် နည်းဗျုဟာအသစ်တွေချသင့်ပါတယ်။

တကယ်လို့ ၁၉၉၀ မှာမဲအပြတ်အသတ်နဲ့အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမှ ပြည်တွင်းကအကြောက်တရားအရမ်းကြီးစိုးနေကြတဲ့ပြည်သူလူထုကို မစည်းရုံး မလှုံဆော်ပဲနေနေမယ်ဆိုရင် ကျနော်တိုမြန်မာပြည်ဟာ စစ်ခေါင်းဆောင်တွေစိတ်ကြိုက်ချယ် လှယ်အုပ်ချုပ်တာကိုပဲ မြန်မာနိုင်ငံသားတွေဟာ ကြောက်ကြောက်နဲ့ဆက်ပြီးခေါင်းငုံခံနေကြ ရပါလိမ့်မယ်။ ဒါပေမယ့် ယခုလက်ရှိမြန်မာပြည်ရဲ့အခြေအနေက မြန်မာနိုင်ငံသားတွေအများစုမှာ အနည်းနဲ့အများဆိုသလိုစစ်အစိုးရမကောင်း စစ်အစိုးရမကောင်းတာတွေကို သိနေကြပါပြီ ၊သို့သော်ပြည်တွင်းမှာ လူထုဆက်သွယ်ရေး သတင်း မီဒီယာတွေကသိပ်ပြီးမပြန့်ပွားနိုင်ကြဘူး။ဥပမာ မြန်မာနိုင်ငံက အင်တာနာလိုင်းတွေကိုပဲအရင်ကြည့်ကြည့်ပါ။ စစ်အစိုးရက မြန်မာနိုင်ငံသားတွေအမြင်တွေကျယ် ဗဟုသုတတွေရလာပြီးသူတို့တတွေကို တော်လှန်တိုက်ခိုက်တဲ့ နည်းဗျုဟာတွေကိုမြန်မာနိုင်ငံသားတွေသိကုန်ကြမှာစိုးလို့ မြန်မာနိုင်ငံအတွင်းမှာ websites တော်တော်များများအပိတ်ခံထားရပါတယ်။ ကျနော်တို့ခေတ် ၈၈၈၈ အရေးတော်ပုံနောက်ပိုင်း မှာပြည်တွင်းမှာပေါ်လာတဲ့ Generation Wave လိုအဖွဲ့မျိုးတွေတခြား ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ မျိုးဆက်သစ်အဖွဲ့တွေ အဖွဲ့ဝင်တွေရဲ့ သတ္တိတွကိုလည်း ကျနော်တော်တော်လေးစားမိပါတယ်။

သေချာတာက မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကို ၁၉၉၀ မှာမဲအပြတ်အသတ် နဲ့အနိုင်ရထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲချုပ်တခုတည်းရဲ့ ရုန်ကုန်လှုပ်ရှားမှုနဲ့ စစ်အစိုးရကို ပြုတ်ကျအောင်တိုက်ဖို့ဆိုတာကတော့လက်ရှိစစ်အစိုးရရဲ့ကမ်းကုန်အောင်ဖိနှိပ်မှုတွေနဲ့ဆိုရင် ဒီမိုကရေစီလူထုအုံကြွမှုတိုက်ပွဲအသွင်ဖော်ဆောင်ဖို့ဆိုတာသိပ်မလွယ်ပါဘူး။ ဒါကြောင့်ကျ နော်ဆန္ဒရှိတာက မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးဟာမြန်မာနိုင်ငံသားအားလုံးစစ်ဖိနပ်အောက် ကလွတ်မြောက်ဖို့အရေးပဲလို့သဘောထားကြပြီး စစ်ဖိနပ်အောက်က ရုန်းထွက်လိုကြသူမြန်မာ နိုင်ငံသားအားလုံး ကျရာအခန်းက လ္ဘက်ထုပ် တတ်ကြသူတွေက၀ိုင်းဝန်း လ္ဘက်ထုပ်ပေး ကြကာ ဒီလိုပုံကြီးနဲ့ပဲအမြဲတမ်းမိုးကြီးချုပ်မနေရအောင် မြန်မာ့ဒီမိုကရေစီအရေးကို လူထုအုံကြွမှုတိုက်ပွဲအသွင်နဲ့ ၀ိုင်းဝန်းတိုက်ပွဲ အသွင်နဲ့ဝိုင်းဝန်းဆင်နွဲကြဖို့ကျနော် သိသလောက်အများသိရအောင် ရဲရဲပဲကျနော်ရေးသားနိုးဆော်ပေးလိုက်ပါတယ့့်  ။

ပြည်သူလူထုရဲ့တောင်းဆိုမှုတွေကိုရေရှည်တားဆီးထားနိုင်တဲ့ဘယ်ဖောက်ပြန်တဲ့ အစိုးရမှကမ္ဘာပေါ်မှာမရှိသေးပါဘူး ။

တော်လှန်ရေးသစ္စာဖြင့်

ဇာနည်မောင်

၆.၅.၂၀၀၉

ရှေးမွန် ကျောက်စာပါ သမိုင်း အထောက်အထားများ

တက္ကသိုလ် ပညာ ပဒေသာ စာစောင် အတွဲ ၄၊ အပိုင်း ၄၊ အောက်တိုဘာ ၁၉၆၉ ၊ စာမျက်နှာ ၃၇ - ၆၇ မှာ ဖော်ပြ ပါရှိခဲ့ပြီး ၁၉၆၉ ခု၊ မြန်မာနိုင်ငံ သုတေသန ဆွေးနွေးပွဲမှာ ဖတ်ကြားခဲ့တဲ့ ဒေါက်တာ သန်းထွန်းရဲ့ ပုဂံ ထိလိုင်မင် (၁ဝ၈၇ - ၁၁၁၃) ၏ခေတ်၊ ပဲခူး ရာမာဓိပတိ (၁၄၇၂ - ၉၂) ၏ခေတ်၊ ဟံသာဝတီ ဆင်ဖြူများသျှင် (၁၅၅၁ - ၈၁) ၏ခေတ်နှင့် ဟံသာဝတီ ဗညားဒလ (၁၇၄၆ - ၅၇) ၏ခေတ်ဟု ဆိုရသော မင်းလေးပါးတို့၏ ခေတ်ကိုသာ အသင့်အတင့် ပြည့်စုံအောင် ဖော်ပြနိုင်တဲ့ "ရှေးမွန် ကျောက်စာပါ သမိုင်း အထောက်အထားများ" သုတေသန စာတမ်းကို 'အသစ်မြင် ဗမာသမိုင်း' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
Photobucket
ကော့ဂွန်းဂူ ကျောက်စာတွင် မိဖုရားတပါး ခေါင်းဆောင်လျက် မြေပုံ ဘုရားနှင့် ကျောက်ရုပ်ပွား ဆင်းတုများစွာ ထုလုပ်ကြောင်း တွေ့ရပြန်သဖြင့် မင်းမိဖုရားမှ စ၍ ဗုဒ္ဓသာသနာ၌ သက်ဝင် ယုံကြည်လျက် အားပေး ပြုစုခြင်း ရှိသည်ဟု ဆိုရပေမည်။
ရှေးမွန် ကျောက်စာဟု သာမည ခေါ်ဝေါ်သည့် မွန်ဘာသာဖြင့် ရေးထိုးခဲ့သော ကျောက်စာ၊

ခေါင်းလောင်းစာနှင့် ကြေးပြားစာတို့မှာ စင်စစ်အားဖြင့် အလွန် ရှေးကျသည့် မှတ်တမ်းစာများ မဟုတ်ပါ။ မြန်မာနိုင်ငံတွင် ခေါ်လေ့ ခေါ်ထရှိသော ပုဂံခေတ်နှင့် အဝခေတ် စာများသာ ဖြစ်၍ နှစ် အပိုင်းအခြား အရ ခရစ်နှစ် တဆယ့် တရာစုမှ တဆယ့် ရှစ်ရာစု နှစ်များထိ ယခင် အနှစ် နှစ်ရာကျော်မှ ကိုးရာကျော် အတွင်း ရေးသားခဲ့သော စာများ ဖြစ်ပါသည်။ တွေ့ရှိရာ အရပ်တို့မှာ မြန်မာနိုင်ငံ အောက်ပိုင်း မုတ္တမ ပင်လယ်ကွေ့ ဝန်းကျင် ဒေသနှင့် ပုဂံတို့မှ ဖြစ်ပါသည်။ တနည်းအားဖြင့် ပြောရလျှင် (၁) မွန်တို့၏ နေရာဖြစ်သော ရာမည ဒေသ နှင့် (၂) မွန်ဘာသာကို တဆယ့်နှစ် ရာစုဦး အထိ မှတ်တမ်းများ ရေးသားရာ၌ သုံးစွဲခဲ့သော ပုဂံ မြို့တော်ပင် ဖြစ်ပါသည်။ တွေ့ရှိရာ အရပ်တို့ကို အတိအကျ ဖော်ပြပါမည် (ချစ်သိန်း၊ ဦး၊ တည်းပြတ် မြန်မာပြန်သူ။ မွန်ကျောက်စာ ပေါင်းချုပ်၊ ရန်ကုန်၊ ယဉ်ကျေးမှု ဋ္ဌာန၊ တက္ကသိုလ် စာပုံနှိပ်တိုက်၊ ၁၉၆၅။ ဤ စာအုပ်ကို နောင်ကိုးကာလျှင် အတိုမှတ်အရ မွန်ချုပ် ဟုသာ ဖော်ပြပါမည်။)။ (မွန်ချုပ်နှင့် တွဲလျက် ဖော်ပြသော ဂဏန်းတို့မှာ စာအုပ်ပါ ကျောက်စာ အမှတ်စဉ် ဖြစ်ပါသည်)။

ကော့ဂွန်း (ဘားအံနယ်) (မွန်ချုပ် ၄)
ကျောက်ဆည် (မွန်ချုပ် ၅၈)
ကျောက်တိုင်ကန်ရွာ (ပဲခူးနယ်) (မွန်ချုပ် ၆၄ ၊ ၆၇)
ကျိုက်မရော (မော်လမြိုင်နယ်) (မွန်ချုပ် ၆၂ ၊ ၆၃)
က္ဆွန်းတော်က္ဆွန်း (မိချောင်းရဲနယ်) (မွန်ချုပ် ၅)
တောင်စွန်းရွာ (သထုံနယ်) (မွန်ချုပ် ၉၁ ၊ ၉၂)
ထလုရွာ (ကျိုက်လတ်နယ်) (မွန်ချုပ် ၆၁)
ထန်းတောကြီးရွာ (ပဲခူးနယ်) (မွန်ချုပ် ၈၅ ၊ ၈၆)
ပုဂံ (မွန်ချုပ် ၆ ၊ ၇ - ၁၄ ၊ ၁၅ - ၁၇ ၊ ၁၈ - ၂၁ ၊ ၂၂ - ၃၉ ၊ ၄ဝ - ၃ ၊ ၄၄ - ၇ ၊ ၅၅ ၊ ၅၆ ၊ ၅၇ ၊ ၅၉ ၊ ၆ဝ ၊ ၁ဝ၅)
ပုသိမ် (မွန်ချုပ် ၉၉ ၊ ၁ဝ၁ ၊ ၁ဝ၂ ၊ ၁ဝ၃)
ပဲခူး (မွန်ချုပ် ၆၅ ၊ ၆၆ ၊ ၆၈ ၊ ၆၉ ၊ ၇ဝ ၊ ၇၁ ၊ ၇၂ ၊ ၇၃ ၊ ၇၄ ၊ ၇၅ ၊ ၇၆ ၊ ၇၇ ၊ ၈ဝ ၊ ၈၁ ၊ ၈၂ ၊ ၈၃ ၊ ၈၄ ၊ ၈၉ ၊ ၉၄ ၊ ၁ဝ၆)
ပြည် (မွန်ချုပ် ၄ဝ ၊ ၅၁)
ဖလေးရွာ (ပဲခူးနယ်) (မွန်ချုပ် ၉၅)
ဖုရားကြီးရွာ (ပဲခူးနယ်) (မွန်ချုပ် ၈၇)
ဖူးချောင်းရွာ (ကဝနယ် ၊ ပဲခူးခရိုင်) (မွန်ချုပ် ၉ဝ)
ဗန်ကောက် (ယိုးဒယား) (မွန်ချုပ် ၉၇ ၊ ၉၈)
မော်လမြိုင် (မွန်ချုပ် ၁ဝဝ)
မုတ္တမ (မွန်ချုပ် ၉၆)
မြင်းမငူရွာ (ကဝနယ် ၊ ပဲခူးခရိုင်) (မွန်ချုပ် ၈၈)
ရန်ကုန် (မွန်ချုပ် ၇၈ ၊ ၇၉)
သထုံ (မွန်ချုပ် ၁ ၊ ၂ ၊ ၃ ၊ ၅၄)
အရက်သည်မရွာ (တောင်စွန်းနယ် သထုံခရိုင်) (မွန်ချုပ် ၅၃)
အသုတ် (ပုသိမ်ခရိုင်) (မွန်ချုပ် ၁ဝ၄)
အလူးရွာ (တောင်စွန်းနယ် သထုံ ခရိုင်) (မွန်ချုပ် ၅၂)

ယင်းသို့ တွေ့ရှိကြရသော ကျောက်စာတို့မှာ အရေအတွက် အားဖြင့် အစုစု ၁၁၉ မျက်နှာမျှ ရှိသည်တွင် မွန်တို့၏ မူလဒေသ မဟုတ်သော ပုဂံ၌ ၄၈ မျက်နှာမျှ တွေ့ရှိ နေသည်ကို ထူးခြားချက် တခု အနေဖြင့် ပြောပြလိုပါသည်။ တနည်း ပြောရလျှင် တွေ့ရှိရသမျှ ရှေးမွန် ကျောက်စာတို့၏ ငါးချိုး နှစ်ချိုးသည် မွန်ဒေသ၏ အပြင်၌ တွေ့နေရသည်ဟု ဆိုရပါမည်။ အချိန်ကာလ အရ ပိုင်း၍ ဒေသ ခွဲကြည့်မည် ဆိုလျှင် ထို့ထက်ပင် အံ့သြရပေမည်။ ခရစ်နှစ် တဆယ့်နှစ် ရာစုဦး အထိ တွေ့ရသော ခေတ်ဟောင်း မွန်ကျောက်စာ ဟူ၍ ၆ဝ ရှိသည်မှ ၄၇ ခုကို ပုဂံ၌ တွေ့ရ၏။ သို့သော် ခေတ်လယ် မွန်ကျောက်စာပိုင်းသို့ ရောက်သောအခါ အစုစု ၅၉ ခုတွင် ပုဂံ၌ တခုသာ တွေ့ရပါတော့သည်။ ယင်းအချက် တချက်မျှပင်လျှင် ယဉ်ကျေးမှု သြဇာ၏ အတက် အသက် သမိုင်းကို အကဲဖြတ် နိုင်လောက်စရာ ရှိပါသည်။ စင်စစ်အားဖြင့် ခရစ်နှစ် တဆယ့် တရာစု နှစ်များက မွန်ကျောက်စာကို မွန်ဒေသ စစ်စစ်ဖြစ်သော အောက်မြန်မာနိုင်ငံ၌ နှိုင်းယှဉ်ချက် အရ အလွန့် အလွန် အတွေ့ရ နည်းနေခြင်းမှာ အလွယ်ဖြင့် တွေးတော ကြံဆ၍ မရနိုင်သော အကြောင်းခြင်းရာ တခုပင် ဖြစ်တော့သည်။
မွန် ကျောက်စာတို့ကို အင်္ဂလိပ် ဘာသာ ပြန်ဆိုသူတို့မှာ ဗလက်ဂဒန် (Blagden. C.O., Mon Text Fd, & Tr. into English, Epigr phia Birm nic, J i & ii, Inscription Nos. 1-8 Rangoon, Government Printing, 1919 {I. ii, Reprinted 1960}.) ဒူရွိုင်ဆယ် (Duroiselle, Ch rles Mon Text Ed, & Tr. into English, Epigr phia Birm nic, II, i & ii, An nda Plaques, Rangoon, Government Printing, 1920 {Reprinted Rangoon 1961-2}.) နှင့် ဦးမြတို့ ဖြစ်ပါသည်။ မြန်မာ ဘာသာသို့ ပြန်သူများမှာ ဦးဖေမောင်တင်၊ ဦးလူဖေဝင်းနှင့် ဦးချစ်သိန်းတို့ ဖြစ်ပါသည်။ ယခု စာတမ်း၌ ဤပုဂ္ဂိုလ်တို့၏ ဘာသာပြန်ချက်များကို အများဆုံး သုံးစွဲခြင်း ပြုပါသည်။ ထို ဘာသာပြန်တို့ ရှိသဖြင့်သာ ယခု စာတမ်းကို ရေးသားနိုင်ခြင်း ဖြစ်ပါသည်။ ရှေးမွန် ကျောက်စာတို့ကို အက္ခရာ ပီပြင်အောင် ကြံစည် ဖတ်ယူခြင်းနှင့် အနက်ပြန်ခြင်းတို့ကို စတင်ကြိုးစား ဆောင်ရွက်သူမှာ ဗလက်ဂဒန်ပင် ဖြစ်ကြာင်း အများသိပြီး ဖြစ်ပါသည်။ ယခု စာတမ်းမှာ ယခင် ဒုတိယ အကြိမ်မြောက် ၁၉၆၇ ခု၊ သုတေသန ကွန်ဖရင့်၌ က္ဆွန်တော် ဖတ်ခဲ့သော 'အဝခေတ် ကျောက်စာပါ သမိုင်း အထောက်အထားများ' (ပညာပဒေသာ၊ တွဲ ၂၊ မှတ် ၂၊ စာမျက်နှာ ၂၄၃-၅၆) ကို ဖြည့်စွက်ခြင်း ဖြစ်ပါသည်။
ရှေးမွန် ကျောက်စာပါ ရက်စွဲနှင့် အဖြစ်အပျက်များကို အစဦးစွာ ဖော်ပြလိုပါသည်။ ယင်းသို့ ဖော်ပြရာ၌ ကျောက်စာရေးထိုးသည့် ခေတ်နှင် သက်ဆိုင်သော ရက်စွဲ ဖြစ်ရပ်တို့ကို လေးစား ယုံကြည်ခြင်း ရှိနိုင်သော်လည်း (ပုံစံ။ ။ ခရစ်နှစ် တဆယ့်တရာစု ရောက်ခါမှာ ယခင် အနှစ် တထောင့်ခြောက်ရာကျော်က ဂေါတမဘုရား သက်တော်ထင်ရှား ရှိစဉ် မြန်မာနိုင်ငံဘက်သို့ ဒေသစာရီ ဖြန့်လျက် ဤအရပ်၌ ဤမည်သော ဗျာဒိတ်စကားကိုြွ့မက်ကြား ခဲ့သည်ဟု ဖော်ပြခြင်း၊ ထို့အတူ ခရစ်နှစ် တဆယ့် ငါးရာစုသို့ ရောက်ခါမှ ပိဋကတ် သုံးပုံကို လိုသဖြင့် စစ်ပြုလျက် သထုံ သာသနာကို ပုဂံသို့ ပင့်ဆောင်ခြင်း စသည်တို့ကို) သတိဖြင့် ချင့်ချိန်လျက် ယူသင့်မှ ယူရချေမည်။ ထို့အတူ အနီးဝန်းကျင်ကို ခွာလျက် ပင်လယ်ရပ်ခြားမှ ဖြစ်ရပ်တို့ကို ဖော်ပြသော အခါ ထိုနိုင်ငံတို့၏ မူလ အထောက်အထားတို့ဖြင့် ချိန်ထိုးလျက် စစ်မေးရန် အမှန် လိုအပ်ပေမည်။ သို့သော် ကျောက်စာပါ ရက်စွဲ ဖြစ်စဉ်ကို တွေ့သည့်အတိုင်း ယခု ဖော်ပြပါမည်။ (လူဖေဝင်း၊ ဦး၊ တည်းပြတ် မြန်မာပြန်သူ။ ကလျာဏီ မွန်ကျောက်စာ။ ရန်ကုန် ယဉ်ကျေးမှု ဌာန ရွှေသိန်း ပုံနှိပ်တိုက်၊ ၁၃၆၊ ၄၆ လမ်း၊ ၁၉၅၈။ ယင်းစာအုပ်ကို အတိုမှတ်အရ 'ကလျာ' ဟု ဖော်ပြပါမည်။ တွဲလျက် ဖော်ပြသော ဂဏန်းတို့မှာ စာမျက်နှာများ ဖြစ်ပါသည်။ ထိုကလျာဏီသိမ် ကျောက်စာမှာ အေဒီ ၁၄၈ဝ ပြည့် ရေးထိုးသည့် မှတ်တမ်း ဖြစ်သည်။) (မွန်ချုပ်နှင့် တွဲလျက် ဖော်ပြသော ဂဏန်းတို့မှာ မြန်မာဘာသာပြန် {အပိုင်း ၂} မှ စာမျက်နှာများ ဖြစ်ပါသည်။)

၅၈၁ ဘီစီ။ ဂေါတမ သထုံသိွု့ွ့ကလာ (မွန်ချုပ် ၈၇ ၊ ၈၉ ၊ ၉၂ ၊ ၉၈)
၅၄၄ ဘီစီ။ ဂေါတမ ပရိနိဗ္ဗာန်ဝင် (မွန်ချုပ် ၅၁ ၊ ၉၆)
၃၂၆ ဘီစီ။ အသောက မင်းဖြစ် (ကလျာ ၄၉)
၃၂၂ ဘီစီ။

အသောက ဗုဒ္ဓသာသနာဝင်ဖြစ်ကာ သာသနာပြုတော့မည်ဟု လုပ်ငန်းစ (ကလျာ ၄၉ ၊ ၅ဝ-၁)
၃ဝ၈ ဘီစီ။
တတိယ သင်္ဂါယနာတင် (ကလျာ ၅ဝ) သုဝဏ္ဏဘူမိသို့ သောဏနှင့် ဥတ္တရ မထေရ် သာသနာပြု ရောက် (ကလျာ ၆၇၊ မွန်ချုပ် ၇၉ ၊ ၈၈ ၊ ၉ဝ ၊ ၉၁ ၊ ၉၂ ၊ ၉၃ ၊ ၉၅ ၊ ၉၇)
၉ဝ ဘီစီ။
သီဟိုဠ်၌ သန့်စင်သော မဟာဝိဟာရဂိုဏ်း ဟူ၍ သံဃာ တဂိုဏ်းတည်း ရှိနေရာမှ အဘယ ဝိဟာရဂိုဏ်း ဟူ၍ ဂိုဏ်းသစ်တိုး (ကလျာ ၆၇)
အေဒီ ၂၆၇။
သီဟိုဠ်တွင် နောက်ထပ် ဇေတဝန် ဝိဟာရဂိုဏ်း ဟူ၍ တတိယ ဂိုဏ်းပေါ် (ကလျာ ၆၈)
၁ဝ၅၇။
သထုံမင်း မနောဟောရ်ကို ပုဂံမင်း အနုရုဒ္ဓက ရန်စစ် ပြုလျက် အညာသို့ သာသနာ ဆောင်ကြဉ်း (ကလျာ ၅၂)
၁ဝ၈၄။
ပုဂံမှာ ထိလိုင်မင်သည် ဂြိတြိ ဘုဝနာဓိ တျ ဓမ္မရာဇာ ဘွဲ့နှင့် မင်းဖြစ် (မွန်ချုပ် ၂ဝ ၊ ၅၆ ၊ ၅၆)
၁ဝ၈၆။

ထိလိုင်မင် ဘိသိက်ခံ (မွန်ချုပ် ၈၊ ၉၊ ၄၆၊ ၅၁၊ ၅၃)
၂၉ ဇူလိုင် ၁ဝ၉၃။

ထိလိုင်မင်က အဖ နေနတ် အမိ ဝါးတွင်း သန္ဓေစွဲသူဟု မျိုးရိုး ကြေညာသည့် ပြန်တမ်း အမိန့်တော်ထုတ် (မွန်ချုပ် ၄၅ ၊ ၄၆)
၁၅ ဧပြီ ၁ဝ၉၈။

သထုံ ကျိုက်တဲဘုရားနှင့် ကျိုက်တလန် ဘုရားများ ပြင်ပြီး။
၎ နိုဝင်ဘာ ၁၁ဝ၁။

ထိလိုင်မင် (ထိလိုင်မင်၏ နန်းတည်ကျောက်စာမှာ အပိုင်းပိုင်း ရှိနေသဖြင့် ကျောက်စာ မျက်နှာ ၂၇ မျက်နှာ ရှိလျက် နန်းတည် ဖြစ်စဉ် ဖြစ်ရပ်တို့ကို ဖော်ပြရာ၌ လ၊ နေ့၊ ရက်ကို တွေ့ရသော်လည်း သက္ကရဇ် နေရာ အားလုံး ခ္ဆွတ်ယွင်း ပျက်စီး နေသောကြောင့် Sir Alfred Irwin: "Elements of the Burmese Calendar from A.D. 638 to 1752," The Indian Antiquary, November 1910, pp 289-315 ကို အသုံးပြုလျက် ပြက္ခဒိန်ကို ပြန်လည် တွက်ယူခြင်းဖြင့် နန်းသစ်ဆောက်သော သက္ကရဇ်ကို သိလာရသည့်ပြင် ခရစ်နှစ်၊ လ၊ ရက်၊ နေ့များသို့ ပြောင်းယူနိုင်ခြင်း ဖြစ်ပါသည်။) က နန်းသစ် တည်ဆောက် လိုသဖြင့် ပြင်ဆင်ခြင်း၏ အစဖြစ်သော ရေစဉ် ရေကောင်း ရရန် အခမ်းအနား ခင်းကျင်းလျက် မြစ်သို့ ရေခပ်ဆင်းခြင်း။ (မွန်ချုပ် ၂၆)
၅ နိုဝင်ဘာ ၁၁ဝ၁။

ပုဂံနန်းသစ် ဆောက်ရာတွင် သုံးစွဲရန် အသင့် စုပုံထားသော လက်နက် ကရိယာတို့ ဆေးကြော။ (မွန်ချုပ် ၂၇)
၂၅ ဇန်နဝါရီ ၁၁ဝ၂။
ပုဂံနန်းသစ် အတွက် ရောက်လာသည့် တိုင်တို့ကို ဆေးကြော။ (မွန်ချုပ် ၂၇)
၂၃ ဖေဖော်ဝါရီ ၁၁ဝ၂။
ပုဂံနန်းသစ် အတွက် ပန္နက်ရိုက် (မွန်ချုပ် ၂၈)
၂၄ ဖေဖော်ဝါရီ ၁၁ဝ၂။
ပုဂံနန်းသစ် အတွက် ဗိဿနိုး နတ်မင်းကို ပူဇော် (မွန်ချုပ် ၂၈)
၂၈ ဖေဖော်ဝါရီ ၁၁ဝ၂။

နန်းသစ် သီဟာသနပလ္လင် နေရာကို ဆေးကြော (မွန်ချုပ် ၂၉)
၂ မတ် ၁၁ဝ၂။

ရှင်အရဟံ ခေါင်းဆောင်ပြီး နန်းသစ်ရာမှာ ပရိတ်ရွတ် (မွန်ချုပ် ၂၉)
၂ မတ် ၁၁ဝ၂။

နန်းသစ်အတွက် နဂါးမင်းကို ပသ (မွန်ချုပ် ၃၁)
၃ မတ် ၁၁ဝ၂။

နန်းသစ်တိုင်များ အတွက် အောက်ခံခုံ အဖြစ် ကျောက်ပြားများ ချ (မွန်ချုပ် ၃၂)
၅ မတ် ၁၁ဝ၂။

နန်းသစ် ဥရူတိုင်ကို ရွှေရည်လိမ်း (မွန်ချုပ် ၃၂)
၇ မတ် ၁၁ဝ၂။

ဥရူတိုင်ထူ၊ နန်းရာ ဝန်းကျင်မှာ ရွှေငွေ ကြေးပြားများ မြှုပ်၊ မင်းကိုယ်တိုင် အခမ်းအနားဖြင့် လာရောက်ပြီး နန်းသစ်ကို ဇေယဘုမ်ဟု သမုတ် (မွန်ချုပ် ၃၃ ၊ ၃၄)
၈ မတ် ၁၁ဝ၂။

ဥရူတိုင် လေးဖက်မှာ ရတနာ အပြည့်ပါသော ကြေးအိုးလေးလုံး မြှုပ်၊ ရဟန်းတော်တွေ ပရိတ်ရွတ် (မွန်ချုပ် ၃၅)
၁၂ မတ် ၁၁ဝ၂။

ဆောင်မကြီး၏ ကျန်တိုင်များထူ (မွန်ချုပ် ၃၆)
၁၃ မတ် ၁၁ဝ၂။

လှေခါးအိမ်များ အတွက် တိုင်စိုက် (မွန်ချုပ် ၃၆)
၂ ဧပြီ ၁၁ဝ၂။

တံခါးပေါက်များ စလုပ် (မွန်ချုပ် ၃၇)
၇ ဧပြီ ၁၁ဝ၂။

တိုင်များတွင် ထုတ်လျှိုရန် အပေါက်များ စဖောက် (မွန်ချုပ် ၃၇)
၉ ဧပြီ ၁၁ဝ၂။

တံခါးခုံများ စလုပ်၊ ဘေးတိုင်များထူ၊ လှေကားများ တပ်ရန် ပြင်ဆင် (မွန်ချုပ် ၃၇)
၁၁ ဧပြီ ၁၁ဝ၂။

လှေကားများတပ် (မွန်ချုပ် ၃၇)
၁၆ ဧပြီ ၁၁ဝ၂။

ခေါစာချ (မွန်ချုပ် ၃၇)
၂၅ ဧပြီ ၁၁ဝ၂။

ပြာသာဒ်စတင် (မွန်ချုပ် ၃၈)
၆ မေ ၁၁ဝ၂။

တံခါးပေါက်များ၌ ပူဇော်ပွဲပြင် (မွန်ချုပ် ၃၈)
၉ မေ ၁၁ဝ၂။

သီဟာသနပလ္လင် ဆောင်ဝယ် လှပ တင့်တယ်စေရန် ပန်းချီ ပန်းပုများ ဆင်ရင်၊ သိရီနတ်သမီးကို ပူဇော် (မွန်ချုပ် ၃၈-၄ဝ)
၁၁၁၂။

ထိလိုင်မင် သေမတတ်နာ (မွန်ချုပ် ၅၆ ၊ ၅၇)
၁၁၆၄။

သီဟိုဠ်တွင် သာသနာ သန့်စင်အောင် သင်္ဃဗောဓိ ပရက္ကမ ဗာဟုမင်းက မဟာဝိဟာရဂိုဏ်း တခုတည်းကိုသာ အားပေးလျက် ကျန်ဂိုဏ်းသားများကို နှိမ်နင်း (ကလျာ ၆၈)
၁၁၇ဝ။

ပုဂံမှ ဥတ္တရာဇီဝမထေရ် သီဟိုဠ်က္ဆွန်းသိွု့ွ့က။ ဆပဋ သာမဏေ လည်းပါ (ကလျာ ၅၂)
၁၁၈၁။

ဆပဋသာမဏေမှ ဆပဋမထေရ် ဖြစ်လာသည့် ဆရာတော်သည် အပေါင်းပါ မထေရ် လေးပါးတို့နှင့် သီဟိုဠ်မှ ပုဂံသို့ ကူးလာ (ကလျာ ၅၃-၄)
၁၂၄၅။

ဆပဋမထေရ်နှင့် အတွူ့ကလာသော အာနန္ဒာမထေရ် ပုဂံ၌ အနှစ် ငါးဆယ့်လေးနှစ် နေပြီးနောက် ပျံလွန် (ကလျာ ၅၆)/p>
၁၄၃၆။

ရာမ ရာဇ ဓိရာဇ် ဘွဲ့ခံ ဗညားရံ (၁၄၂၆-၄၆) မင်းက ရွှေတိဂုံ ဘုရားကို ပြုပြင် (မွန်ချုပ် ၈ဝ)/p>
၁ဝ အောက်တိုဘာ ၁၄၄၂။

သီဝက သွူ့ကယ် တည်ထားသော ကျိုက်လတ်မြို့ ထလုဘုရား ဌာပနာတိုက်ပိတ် (မွန်ချုပ် ၅၉)/p>
၂၅ စက်တင်ဘာ ၁၄၅၅။

ဗညားထောဘွဲ့ခံ ဘုရင်မ ရှင်စောပု (၁၄၅၃-၇၂) သည် ကျိုက်မရော ဘုရား တည်ပြီးသဖြင့် ဘုရားမှာ မြေလှူ (မွန်ချုပ် ၆၁)
၁၄၅၇။

ဗညားထောသည် သမက်တော် ရာမာဓိပတိဘွဲ့ခံ ဓမ္မစေတီကို ပြည်ရေးရွာမှု စီမံရန်လွှဲ (မွန်ချုပ် ၆၁)
၁၄၅၈။

ရာမာဓိပတိသည် ရာမည ဒေသတွင် သာသနာ သန့်စင်ရေး ဆောင်ရွက်ရန် ကြံရွယ် (ကလျာ ၅၉)
၁၄၆၁။

ပဲခူးတွင် ကျုံးတန်တိုင်းများ ခိုင်ခံ့အောင် ကာကွယ်ရေး အစီအမံများ အစပြု (မွန်ချုပ် ၆၂)
၇ ဧပြီ ၁၄၆၂။

ရာမာဓိပတိမင်း တည်ဆောက်သော မဟာရာမဝိဟာရပြီး (မွန်ချုပ် ၆၂)
၁၄၆၉။

ဗညားထောနှင့် ရာမာဓိပတိတို့က ပျက်နေသော စေတီ ခုနှစ်ဆူကို ပြင်စေ (မွန်ချုပ် ၆၃)
၂ ဇန်နဝါရီ ၁၄၇ဝ။

ပြင်ဆင်ပြီးစီးသည့် စေတီခုနှစ်ဆူ၏ ကုသိုလ်ကို အမျှဝေ (မွန်ချုပ် ၆၄၊ ၆၅)

(၁၄၇၂။ ရာမာဓိပတိ (၁၄၇၂-၉၂) မင်းအဖြစ် ဆက်ခံ။)
၁၄၇၅။

ရာမာဓိပတိသည် သာသနာကို ပြုပြင်လိုက သိမ်သမုတ်ခြင်းက စတင် ဆောင်ရွက်ရမည်ဟု သဘောပေါက်လျက် မောဂ္ဂလန် မဟာထေရ် အမှူးရှိသော သံဃာ နှစ်ဆယ့် နှစ်ပါးတို့နှင့် တိုင်ပင် (ကလျာ ၆၆ ၊ ၆၉)
၁၁ ဇန်နဝါရီ ၁၄၇၆။

ရာမာဓိပတိမင်းက ကျိုက်ပွန်ဘုရား တည်ရန် စီစဉ် (မွန်ချုပ် ၆၆)
၂၁ ဇန်နဝါရီ ၁၄၇၆။

သာသနာ ပြုပြင်ရေး အတွက် မောဂ္ဂလန် မထေရ်နှင့် ရဟန်း ဆယ်ပါးသည် ရာမဒူတ သင်းဘောစီးလျက် ယောဂ မြစ်ဝမှ သီဟိုဠ်သို့ စထွက် (ကလျာ ၇၂)
၂၂ ဇန်နဝါရီ ၁၄၇၆။

သာသနာပြုပြင်ရေး အတွက် သီဝလိနှင့် ရဟန်း ဆယ်ပါးသည် စိတြဒူတ သင်းဘောစီးလျက် ယောဂမြစ်ဝမှ သီဟိုဠ်သို့ စထွက် (ကလျာ ၇၂)
၁၆ ဖေဖော်ဝါရီ ၁၄၇၆။

သီဝလီမဟာထေရ်တို့ ကလမ္ဗူဆိပ်ရောက်၊ ဘုဝနေကဗာဟု မင်းကို အကြောင်းကြား (ကလျာ ၇၂)
၂၃ ဖေဖော်ဝါရီ ၁၄၇၆။

သီဝလီမထေရ်တို့ကို ဘုဝနေက ဗာဟုမင်းက ကြိုယူ။ မထေရ်တို့ အနုရာဓမြို့သို့ ဘုရားဖူးရန် ဆက်လက်ထွက်ခွာ (ကလျာ ၇၂)
၃ မတ် ၁၄၇၆။

မောဂ္ဂလန် မထေရ်နှင့် ရဟန်း ဆယ်ပါးတို့ စီးသော သင်းဘောသည် လေလှိုင်းမိ၍ ဆင်းရဲ ငြိုငြင်စွာဖြင့် ဝလ္လိရာ ဆိပ်တွင် ဆိုက်၊ ဂေါယုစီ ခေါင်းဆောင်သည့် သူပုန်တို့ သောင်းကျန်းသော ဒေသဖြစ်ခြင်းကြောင့် ခရီး မဆက်ဝံ့သဖြင့် ခေတ္တ ဆိုင်းငံ့နေရ (ကလျာ ၇၃)
၆ မတ် ၁၄၇၆။

ကျိုက်ပွန်ဘုရား တည်ခြင်းစ (မွန်ချုပ် ၆၆)
၇ ဧပြီ ၁၄၇၆။

မောဂ္ဂလန်အဖွဲ့ ခရီးဆက် (ကလျာ ၇၃)
၁၃ ဧပြီ ၁၄၇၆။

မောဂ္ဂလန်အဖွဲ့ ဇယဝဋမြို့ရောက်၊ ဘုဝနေကဗာဟုက ကြိုယူ (ကလျာ ၇၃)
၆ ဇူလိုင် ၁၄၇၆။

သီဝလိအဖွဲ့နှင့် မောဂ္ဂလန် အဖွဲ့ ပူးပေါင်းမိပြီ ဖြစ်သောကြောင့် စွယ်တော်ကို ဖူးမျှော်ရန် တိုက်ဖွင့်ပေး (ကလျာ ၇၃)
၁၆ ဇူလိုင် ၁၄၇၆။

ရာမညလာ ရဟန်းတို့ကို လူဝတ်လဲ၍ သာမဏေ ဝတ်စေပြီးမှ မထေရ်ငါးပါးကို ဦးစွာ ရဟန်းခံ၍ ပေး (ကလျာ ၇၄)
၁၇ ဇူလိုင် ၁၄၇၆။

နောက်ထပ် ဆယ်ပါး ရဟန်းခံ (ကလျာ ၇၅)
၁၈ ဇူလိုင် ၁၄၇၆။

နောက်ထပ် ဆယ်ပါး ရဟန်းခံ (ကလျာ ၇၅)
၁၉ ဇူလိုင် ၁၄၇၆။

မူလဆရာတော် နှစ်ဆယ့်နှစ်ပါးတို့၏ နှစ်ဆယ့်နှစ်ဦးတို့ ရဟန်းခံ (ကလျာ ၇၅)
၃ စက်တင်ဘာ ၁၄၇၆။

သီဟိုဠ်မှ ပြန်ခဲ့သည့် မောဂ္ဂလန်အဖွဲ့ ယောဂမြစ်ဝသို့ ဝင်၊ တဂုံမှာ ခေတ္တနားရန် ရာမာဓိပတိက စီမံ (ကလျာ ၇၇)
၂၅ စက်တင်ဘာ ၁၄၇၆။

ရွှေတိဂုံမှာ ခေါင်းလောင်းကြီး လှူရန် ရာမာဓိပတိ ပဲခူးက ထွက် (ကလျာ ၈ဝ)
၃ဝ စက်တင်ဘာ ၁၄၇၆။

တဂုံသို့ ရောက်နှင့်ပြီးသော သီဟိုဠ်ပြန် မောဂ္ဂလန်အဖွဲ့ကို ရာမာဓိပတိက ရွှေတိဂုံကုန်းသို့ ပင့်၍ ဆွမ်းကပ် (ကလျာ ၈ဝ)
၂ အောက်တိုဘာ ၁၄၇၆။

အချိန် သုံးထောင်ရှိ ခေါင်းလောင်းကြီးကို ရွှေတိဂုံမှာ ရာမာဓိပတိက ဆွဲလှူ (ကလျာ ၇၇ ၊ ၈ဝ)
၃ အောက်တိုဘာ ၁၄၇၆။

တဂုံရှိ သံဃာကုန်ကို ရာမာဓိပတိက ဆွမ်းကပ် (ကလျာ ၈ဝ)
၆ အောက်တိုဘာ ၁၄၇၆။

ရာမာဓိပတိ တဂုံမှ ပဲခူးသို့ ပြန် (ကလျာ ၈ဝ)
၁ဝ အောက်တိုဘာ ၁၄၇၆။

ရာမာဓိပတိ ပဲခူးသို့ ရောက် (ကလျာ ၈ဝ)
၁၂ အောက်တိုဘာ ၁၄၇၆။

သီဟိုဠ်ပြန် မထေရ်တို့ ပဲခူးသို့ ရောက်လာသည်ကို မင်းက ကြိုယူ (ကလျာ ၈ဝ)
၂၂ နိုဝင်ဘာ ၁၄၇၆။

သီဟိုဠ်ပြန် မထေရ်တို့နှင့် တိုင်ပင်လျက် သိမ်သစ် သမုတ်ရမည့် နေရာကို ရွေးချယ်ရာ နရသူရ အမတ်၏ ကွမ်းသီးခြံ၏ အနီးရှိ မြေကွက်ကို တွေ့ရှိ၍ အကြိုက်ညီ သဖြင့် ထိုနေရာ၌ သိမ်းသမုတ်ရန် ပြင်ဆင် (ကလျာ ၈၄)
၂၃ နိုဝင်ဘာ ၁၄၇၆။

သိမ်သစ် သမုတ်၍ ကလျာဏီသိမ်ဟု အမည်ပေး (ကလျာ ၈၄။ ၉၄၊ ၉၈)
၂၄ နိုဝင်ဘာ ၁၄၇၆။

သိမ်သစ်မှာ ရဟန်းခံမည့် သူများကို သုဝဏ္ဏ သောဘဏ မထေရ်က ဥပဇ္ဈယ်ပြု၍ အကြိမ်ကြိမ် ရဟန်းခံပွဲများ စလုပ်၊ ရဟန်းခံပွဲများမှာ အစုစု သုံးနှစ်ကြာ၊ ရဟန်းကြီး အပါး ၈ဝဝ၊ ရဟန်းငယ် ၁၄၂၆၅ ပါး ရဟန်းခံပြီး (ကလျာ ၈၈ ၊ ၉၂) သာသနာ ပြုပြင်ရေး အကြံအစည်မှာ နောင် တဆယ့်ရှစ်နှစ်ကြာမှ အောင်မြင်။
၂၇ နိုဝင်ဘာ ၁၄၇၆။

ရာမညဒေသတဝန်း နေရာများစွာ၌ သိမ်သစ်များ သမုတ်ရန် လုပ်ငန်းစ (ကလျာ ၉၅)
၃ဝ နိုဝင်ဘာ ၁၄၇၆။

ရဟန်းသစ် ၂၄၅ ပါးကို ရာမာဓိပတိက ဆွမ်းကွေ္ဆး။ နောင်အခါ ရဟန်းသစ်ကို လက်ခံသော အခါ မည်သို့သော သဘောများ ပြည့်စုံပါစေဟု မင်းက သံဃာ အပေါင်းအား ပန်ကြား (ကလျာ ၈၉)
၁၅ ဧပြီ ၁၄၇၇။

သီဟိုဠ်မင်း ဘုဝနေကဗာဟု၏ အပြန်လက်ဆောင်ကို စောင့်ကြို ယူနေရသော စိတြဒူတ သင်္ဘောစီး သီဝလိ မထေရ် ခေါင်းဆောင်သော အဖွဲ့သည် သင်္ဘောထွက်စ မုန်တိုင်းမိပြီး သင်္ဘောပျက်၍ ဖောင်ဖြင့် တောင်အိန္ဒိယရှိ နာဂပဋ္ဋဆိပ်သို့ ရောက်။ ထိုဆိပ်မှ ပြန်လည် ထွက်ခွာသော အခါ တပေါင်းတည်း သင်္ဘောနေရာ မရသဖြင့် အကွဲကွဲ စီးရ (ကလျာ ၇၉)
၂၄ ဧပြီ ၁၄၇၇။

တပါတည်း ထွက်လာသော စူဠဘယတိဿမထေရ် နာဂရာဇ်ဝ ရောက် (ကလျာ ၇၉)
၈ မေ ၁၄၇၇။

သီဟိုဠ်ပြန် မထေရ် သုံးပါး နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၁၂ မေ ၁၄၇၇။

အဆိုပါ မထေရ်သုံးပါး ကုသိမ် (ပုသိမ်) ရောက် (ကလျာ ၇၉)
၁၅ မေ ၁၄၇၇။

စူဠဘယတိဿ ကုသိမ်ရောက် (ကလျာ ၇၉)
၂၂ ဇွန် ၁၄၇၇။

မထေရ်လေးပါး ပေါင်းလျက် ပဲခူးရောက် (ကလျာ ၇၉)
၂၃ သြဂုတ် ၁၄၇၇။

ကလျာဏီစေတီ ဌာပနာ၍ ကလျာဏီ ဗောဓိပင်စိုက် (ကလျာ ၉၉)
၈ ဇူလိုင် ၁၄၇၉။

ရာမာဓိပတိက သမီးတော် တလမေဝန္ဒဝတီနှင့် သမက်တော် … မြို့စား … တို့ကို ပဲခူး နဟာန စေတီ တည်ခိုင်း (မွန်ချုပ် ၇၃)၊ သမီးတော် … နှင့် သမက်တော် ဒလမြို့စား … တို့ကို ပဲခူး ဘူမိစင်္ကမန စေတီ တည်ခိုင်း (မွန်ချုပ် ၇၃)၊ သမီးတော် တလမကြီးနှင့် သမက်တော် စမြင် မြို့စား … တို့ကို ပဲခူး ဒိဝါဝိဟာရ စေတီ တည်ခိုင်း (မွန်ချုပ် ၇၄)၊ ပဲခူးစား ယောဂရာဇ်ကို ပဲခူး မုစလိန္ဒာ စေတီ တည်ခိုင်း (မွန်ချုပ် ၇၄) သမီးတော် တလသင်ဇာ နှင့် သမက်တော် သံလျင်မြို့စား သမိန်ဝါရန် တို့ကို ပဲခူး သုပ္ပတိဌ စေတီ တည်ခိုင်း (မွန်ချုပ် ၇၁)၊ မြိုင်မြို့စား အဲဂံဗိန်ကို ပဲခူး ဥပကသမာဂမ စေတီ တည်ခိုင်း (မွန်ချုပ် ၇၅)

ဘုရားပွင့်ရာ ဗုဒ္ဓဂယာရှိ အထိမ်းအမှတ် နေရာများစွာ၏ အတိုင်းအတာများ နှင့် ကိုက်ညီစေလျက် ပဲခူးတွင် အလားတူ အထိမ်းအမှတ် နေရာများကို သတ်မှတ်ပေး (မွန်ချုပ် ၇၅-၆) သားတော် မဟာရာဇဒေဝ ပဲခူး အဇပါလစေတီ တည်ခိုင်း (မွန်ချုပ် ၇၁)
၁၅ စက်တင်ဘာ ၁၄၇၉။

သီဟိုဠ်မှ ပြန်လာသော ရဟန်းအချို့ သင်္ဘောပျက်၍ တောင်အိန္ဒိယသို့ ရောက်ရှိနေကြပြီးမှ မင်္ဂလ မထေရ်နှင့် ရဟန်း ငါးပါးတို့ ကောမလဆိပ်မှ ရာမညသို့ ပြန်ရန်ထွက် (ကလျာ ၇၉)
၁၅ အောက်တိုဘာ ၁၄၇၉။

မင်္ဂလ မထေရ်တို့ စီးသော သင်္ဘော နာဂရာဇ်ဝရောက် (ကလျာ ၇၉)
၂၅ အောက်တိုဘာ ၁၄၇၉။

မင်္ဂလ မထေရ် တပါးသာ ကုသိမ်ရောက်၊ ကျန် ငါးပါး လမ်းမှာလွန် (ကလျာ ၈ဝ)
၂၈ အောက်တိုဘာ ၁၄၇၉။

မင်္ဂလ မထေရ် ပဲခူးရောက် (ကလျာ ၈ဝ)
၂၄ ဖေဖော်ဝါရီ ၁၄၈ဝ။

ရာမာဓိပတိ ရဟန်းတကာ ခံသည့် ကလျာဏီသိမ်၌ ရဟန်း ၆ဝဝ ရဟန်းခံပွဲ စ (ကလျာ ၁ဝ၂ ၊ ၁ဝ၄)
၂၈ ဖေဖော်ဝါရီ ၁၄၈ဝ။

ရဟန်း ၆ဝဝ ရဟန်းခံပွဲပြီး (ကလျာ ၁ဝ၄)
၂၉ ဖေဖော်ဝါရီ ၁၄၈ဝ။

ရဟန်းသစ်တို့ကို ဆွမ်းကွေ္ဆး၊ အထူးထူးသော လှူဖွယ်ပစ္စည်းတို့ကို ပေးလှူ (ကလျာ ၁ဝ၄)
၁၄၉၂။

ဗညားရံ (၁၄၉၂-၁၅၃၆) မင်းဖြစ်
၂၃ နိုဝင်ဘာ ၁၄၉၃။

မုတ္တမ ကျိုက်ဖျင်ဘုရားတွင် ဆွဲလှူရန် သမိန်လဂွန်းဗြုက ခေါင်းလောင်းသွန်း (မွန်ချုပ် ၁ဝဝ)
၁၇ အောက်တိုဘာ ၁၅ဝ၄။

ဗညားရံ (၁၄၉၂-၁၅၂၆) လက်ထက် မွန်တို့ဒေသ တခုလုံး၏ စစ်သေနာပတိ သီရိမနောရာဇာနှင့် မယား သီရိသုဝဏ္ဏဝတီတို့ ဓာတ်တော် ဌာပနာ၍ စေတီတည်ကြောင်း ကြေးပြားမှာ မှတ်တမ်းတင် (တည်သော စေတီ နေရာမသိ၊ ကြေးပြားမှာ ယခု ဗန်ကောက်ပြတိုက်ရှိ) (မွန်ချုပ် ၁ဝဝ)
၁၄ ဇွန် ၁၅၂၄။

င်္မသုံ၏ ပုသိမ် ရေကြည ရေနောက် ဘုရားမှာ ကျုံပျော်ရွာသား၊ သမြင်းကုန်း ရွာသားနှင့် သာပေါင်း ရွာသားတို့ စုဝေး၍ ကြေးဆင်းတု နှစ်ဆူ ဌာပနာသည် (မွန်ချုပ် ၁ဝ၁)
၁၅၂၆။

တကာရွက်ပိ (၁၅၂၆ - ၃၉) မင်းဖြစ်
၁၅၂၇။

မော်လမြိုင် ကျိုက်သန်လန်ဘုရား၏ ခေါင်းလောင်းတကာ သိင်္ဂသူရသည် မော်လမြိုင် မြို့စားဟောင်း ခေမာဝ သေလွန် သဖြင့် မြို့စားနေရာကို ဆက်ခံရသူ ဖြစ်သည်။ (ကလျာ ၁ဝ၂)
၁၉ စက်တင်ဘာ ၁၅၃၃။

ပုသိမ် ကန်သုံးဆင့်၌ ကုသိုလ် ကောင်းမှုများစွာ ပြုသည် (မွန်ချုပ် ၁ဝ၄)
၂၃ နိုဝင်ဘာ ၁၅၃၃။

မော်လမြိုင်မြို့စား သိင်္ဂသူရသည် ကျိုက်သန်လန်ဘုရားမှာ ကြေးခေါင်းလောင်း ဆွဲလှူ (မွန်ချုပ် ၁ဝ၁)
၎ အောက်တိုဘာ ၁၅၃၃။

ပုသိမ်ကန်သုံးဆင့်၌ နောက်ထပ် ကောင်းမှုများပြု (မွန်ချုပ် ၁ဝ၄)
၁ဝ ဧပြီ ၁၅၄၁။

ပုသိမ် ရွှေမုဌောဘုရားတွင် ဂုနာမင်း၏ အလှူတော် ဖြစ်သော မြေနှင့် က္ဆွန်စာရင်းကို ကျောက်စာ မှတ်တမ်းတင် (မွန်ချုပ် ၁ဝ၄)
၁၂ ဧပြီ ၁၅၄၁။

ဂုနာမင်းက ပုသိမ် ရွှေမုဌောကို လှူသော မြေ၏ အပိုင်းအခြားကို သတ်မှတ် (မွန်ချုပ် ၁ဝ၄)
၁၅၄၈။

ဂုနာမင်း၏ အလှူတော်များ ရေစက်ချ အမျှဝေ (မွန်ချုပ် ၁ဝ၅)
၁၁ ဇန်နဝါရီ ၁၅၅၁။

ဟံသာဝတီ ဆင်ဖြူသျှင်ဟု ကျော်ကြားသည့် သီရိပရမ မဟာဓမ္မရာဇဓိရာဇ တောင်ငူကို အောင် (မွန်ချုပ် ၁ဝ၆)
၃ဝ သြဂုတ် ၁၅၅၁။

ဆင်ဖြူသျှင် ပြည်မြို့ကို အောင် (မွန်ချုပ် ၁ဝ၆)
၁၂ မတ် ၁၅၅၂။

ဆင်ဖြူသျှင် ဟံသာဝတီကို အောင် (မွန်ချုပ် ၁ဝ၆)
၁၂ ဇန်နဝါရီ ၁၅၅၄။

ဆင်ဖြူသျှင် ဘိသိက်ခံ (မွန်ချုပ် ၁ဝ၆)
၂၂ ဇန်နဝါရီ ၁၅၅၆။

ဆင်ဖြူသျှင် အဝကိုအောင် (မွန်ချုပ် ၁ဝ၆)
၉ နိုဝင်ဘာ ၁၅၅၆။

ဆင်ဖြူသျှင် သျှမ်းအပေါင်းကို သိမ်းသွင်းရန် အညာဆန် (မွန်ချုပ် ၁ဝ၇)
၈ ဇန်နဝါရီ ၁၅၅၇။

အဝမှ ဆက်၍ အညာဆန် (မွန်ချုပ် ၁ဝ၇)
၁ဝ ဇန်နဝါရီ ၁၅၅၇။

ဆင်ဖြူသျှင် မိုးမိတ်၊ သီပေါနှင့် ပတ္တမြားတွင်းကို အောင် (မွန်ချုပ် ၁ဝ၇)
၈ ဖေဖော်ဝါရီ ၁၅၅၇။

ဆင်ဖြူသျှင် မိုးမိတ် အနောက်မြောက်ထောင့်မှာ ဘုရားတည် (မွန်ချုပ် ၁ဝ၇)
၁ဝ ဖေဖော်ဝါရီ ၁၅၅၇။

ဆင်ဖြူသျှင် သီပေါတွင် စေတီတဆူ တည်။ မိုးမိတ်မှာ စော်ဘွားကြီး၏ မြေးကို စော်ဘွားတင်။ သီပေါမှာ သုံးဆယ်မင်းသားကို စော်ဘွားတင် (မွန်ချုပ် ၁ဝ၇)
၁၇ ဖေဖော်ဝါရီ ၁၅၅၇။

ဆင်ဖြူသျှင် မိုးမိတ်က ဆက်ချီ (မွန်ချုပ် ၁ဝ၇)
၂ဝ ဖေဖော်ဝါရီ ၁၅၅၇။

ဆင်ဖြူသျှင် ထီးချိုင့်သို့ ရောက်ရန် မြစ် (၏အနောက်ဘက် ကမ်း) ကို တန်တား ပစ်၍ စစ်သည်များနှင့်ကူး (မွန်ချုပ် ၁ဝ၇)
၂၈ ဖေဖော်ဝါရီ ၁၅၅၇။

ထီးချိုင့်မှ ဆက်ချီ (မွန်ချုပ် ၁ဝ၇)
၆ မတ် ၁၅၅၇။

ဆင်ဖြူသျှင် မိုးညှင်းကို အောင် (မွန်ချုပ် ၁ဝ၈)
၂၆ မတ် ၁၅၅၇။

ဆင်ဖြူသျှင် မိုးကောင်းကို အောင် (မွန်ချုပ် ၁ဝ၈)
၂ ဧပြီ ၁၅၅၇။

မိုးကောင်း မိုးညှင်းတို့ကို စော်ဘွား ဆက်လက်ခန့်၊ အသျှင်သေလျှင် က္ဆွန်ကိုသတ်၍ ထည့်လိုက်ရသော အလေ့ကို အမိန့်တော်နှင့် မြစ်တား (မွန်ချုပ် ၁ဝ၈)
၉ ဧပြီ ၁၅၅၇။

ဆင်ဖြူသျှင် မိုးကောင်းမှ ပြန် (မွန်ချုပ် ၁ဝ၈)
၂၃ မေ ၁၅၅၇။

ပုဂံ ရွှေစည်းခုံမှာ ဆွဲလှူရန် ခေါင်းလောင်းကြီး သွန်း (မွန်ချုပ် ၁ဝ၈)
၁၇၄၆။

ဟံသာဝတီမှာ ဗညားဒလ (၁၇၄၆ - ၅၇) မင်းဖြစ် (မွန်ချုပ် ၁ဝ၈)
၂၁ ဒီဇင်ဘာ ၁၇၄၈။

ဟံသာဝတီမင်း၏ ညီတော် အိမ်ရှေ့မင်းက တိုင်မ လေးဆယ်၊ အရံတိုင် ကိုးဆယ်ရှိ ပဌာန်း ဇရပ်ဆောက် (မွန်ချုပ် ၁ဝ၉)
၉ ဧပြီ ၁၇၄၉။

အိမ်ရှေ့မင်းဇရပ်မှာ တင်ထားကိုးကွယ်ရန် ဆင်းတုတော်ကြီး နှစ်ဆူပြီး (မွန်ချုပ် ၁ဝ၉ - ၁ဝ)
၁၈ ဇန်နဝါရီ ၁၇၅၃။

အိမ်ရှေ့မင်း ဇရပ် နံရံတို့မှာ ရုပ်အထူးထူး ဆွဲ၍ ပြီး (မွန်ချုပ် ၁၁ဝ)
၁၇၅၄။

ဇရပ်မှာ ပြဿဒ်ဆောင် ထပ်၍ တင် (မွန်ချုပ် ၁၁ဝ)
၂၉ အောက်တိုဘာ ၁၇၅၄။

ဇရပ်မှာ ကြေးခေါင်းလောင်းကြီးဆွဲ (မွန်ချုပ် ၁၁ဝ)

ယင်းသို့ သက္ကရာဇ် ရက်စွဲတို့ကို စဉ်၍ ကြည့်သော အခါတွင် ကာလ အပိုင်းအခြား အားဖြင့် တဆယ့် တရာစုမှ စ၍ တဆယ့် ရှစ်ရာစု အထိ အနှစ် ခုနှစ်ရာ ရှိသည်ကို တွေ့ရသော်လည်း စင်စစ်အားဖြင့် ပုဂံ ထိလိုင်မင် (၁ဝ၈၇ - ၁၁၁၃) ၏ခေတ်၊ ပဲခူး ရာမာဓိပတိ (၁၄၇၂ - ၉၂) ၏ခေတ်၊ ဟံသာဝတီ ဆင်ဖြူများသျှင် (၁၅၅၁ - ၈၁) ၏ခေတ်နှင့် ဟံသာဝတီ ဗညားဒလ (၁၇၄၆ - ၅၇) ၏ခေတ်ဟု ဆိုရသော မင်းလေးပါးတို့၏ ခေတ်ကိုသာ အသင့်အတင့် ပြည့်စုံအောင် ဖော်ပြနိုင်သည့် အထောက်အထားများ ဖြစ်ကြောင်း တွေ့ရပါသည်။ တနည်း ပြောရလျှင် အဆိုပါ အထောက်အထားတို့ကို အမှီပြုလျက် ပုဂံ၏ တဆယ့် တရာစုနှောင်း အခြေအနေ၊ ပဲခူး၏ တဆယ့် ငါးရာစုနှောင်း အခြေအနေ၊ ပဲခူး၏ တဆယ့် ခြောက်ရာစု လယ်ယာ အခြေအနေနှင့် ပဲခူး၏ တဆယ့် ရှစ်ရာစု လယ်ယာ အခြေအနေတို့ကို အနည်းငယ်မျှ ဖော်ထုတ်နိုင်ခြင်းသာ ရှိပါသည်။
ဦးစွာ ပထမ ရှေးမွန် ကျောက်စာပါ တဆယ့်တရာစု၏ အကြောင်းများကို တင်ပြ လိုပါသည်။ ပုဂံ၏ အကြောင်းကို ပိုမို များပြားစွာ တွေ့ရှိသည် မှန်သော်လည်း သထုံ အဝင်အပါ အောက်မြန်မာနိုင်ငံ၏ အကြောင်းကို အသင့်အတင့် ပြောနိုင်ပါသေးသည်။ သထုံ ရွှေစာရံ ဘုရားတွင် "တြာပ်" (မွန်ချုပ်ကျောက်စာအမှတ် ၁၊ ၁-၂) နှင့် "ပဏ္ဍိတ်" (မွန်ချုပ် ကျောက်စာအမှတ်၂၊ ၃- ၅) ဟု အမည် ပေးထားသော ကျောက်စာ နှစ်တိုင် ရှိပါသည်။ တဆယ့် တရာစု အလယ်က ရေးထိုးခဲ့ခြင်း ဖြစ်မည်ဟု သာမည အားဖြင့် အကဲဖြတ် ကြပါသည်။ ထိုကျောက်စာတို့ အရ သထုံသည် ရန်သူတို့ ပတ်လည် ဝိုင်းလျက် ရှိသော်လည်း (၁) မြို့၏ လုံခြုံရေး အတွက် ပြင်ဆင်မှုများ အဝင်အပါ တန်တိုင်း၏ ခိုင်ခံ့ခြင်း (၂) စီမံ ကွပ်ကဲသူသည် ထွ့က ဝီရိယ ရှိခြင်း၊ ဥပါယ်တမျဉ်ဖြင့် ပြည့်စုံခြင်းနှင့် (၃) ရန်သူကို ခုခံ တိုက်ခိုက်ခြင်း ဟူသော ခံစစ်ဖြင့် မနေမူ၍ သွားရောက် တိုက်ခိုက် ဖမ်းဆီးခြင်း ဟူသော တိုက်စစ်ကိုပါ ဆင်နွှဲခြင်း စသော အချက်များကြောင့် မွန် 'သုံးနိုင်ငံ' တွင် သထုံ နေရာမှာ 'ဘေးမရှိသော အရပ်' ဖြစ်ကြောင်း ဖော်ပြသည်ကို တွေ့ရ၏။ စီမံ ကွပ်ကဲ အုပ်ချုပ်သူမှာ မကုတ ဖြစ်၍ လက်ရုံးရည် နှလုံးရည်ပါ ပြည့်စုံသည်ဟု ယူဆရပါသည်။ ပြင်ပမှ နှောင့်ယှက်သူတို့မှာ လဝနှင့် ဂ္ဆွမ်းများ ဖြစ်၍ ထိုရန်သူကို အခိုက်အတန့် အားဖြင့် တားဆီး တွန်းလှန်နိုင်မည် မှန်သော်လည်း ရန်သူ အစစ်မှာ အမျိုးသား စည်းလုံး ညီညွတ်ခြင်း မရှိသော အချက်ပင် ဖြစ်သည်ကို သတိပြု မိကြဟန် မတူချေ။ ထို့ကြောင့် အထက် မြန်မာနိုင်ငံမှ ဆင်းလာသော ထိုးစစ် (ကလျာ ၅၂) ကို ခုခံနိုင်ခြင်း မရှိကြောင်း နောက်ဆုံး တွေ့ရှိရပါသည်။ သထုံ ကလျာဏီသိမ် ကျောက်စာ အရ (မွန်ကျောက်စာ အမှတ် ၃) သထုံတွင် ဗုဒ္ဓသာသနာ စည်ပင် ထွန်းကားမည်ဟု ယူဆဖွယ် ရှိပါသည်။ ကျောက်စာမှာ ဖတ်မရသော နေရာ ကွက်လပ် များသဖြင့် ယခုလို မှန်းဆရခြင်း ဖြစ်၏။ သို့သော် ဖတ်ရသမျှ ပြောရလျှင် တကြိမ်တခါက ရဟန်းတထောင်ခံပွဲပင် ပြုလုပ်ဖူးသည်ဟု တွေ့ရ၏။ ရဟန်း များစွာကို တစုတည်း ဥပသမ္ပဒါ ကံဆောင်ပွဲ လုပ်ပေးခြင်း သဘောမှာ သာသနာ တည်စ၊ ထွန်းကားစ အခါကို ရည်ညွှန်းလျက် ရှိပါသည်။ ကော့ဂွန်းဂူ ကျောက်စာ (မွန်ချုပ် ကျောက်စာ အမှတ် ၄၊ သထုံ၌ ထိုကျောက်စာ၏ မိတ္တူ ရှိသည်) တွင် မိဖုရားတပါး ခေါင်းဆောင်လျက် မြေပုံ ဘုရားနှင့် ကျောက်ရုပ်ပွား ဆင်းတုများစွာ ထုလုပ်ကြောင်း တွေ့ရပြန်သဖြင့် မင်းမိဖုရားမှ စ၍ ဗုဒ္ဓသာသနာ၌ သက်ဝင် ယုံကြည်လျက် အားပေး ပြုစုခြင်း ရှိသည်ဟု ဆိုရပေမည်။ မြေပုံ ဘုရားတို့၌ ပါရှိသော မွန်ဘာသာရေး ဒါယကာ ဒါယိကာမတို့၏ အမည်များကို ဖော်ပြပါမည်။
ခတ/ မောင် (အုတ်၊ ပ၊ ၇၁) (မြ၊ ဦး။ ရှေးဟောင်း အုတ်ခွက် ရုပ်ပွားဆင်းတုတော်များ၊ ပထမတွဲ။ ရန်ကုန်၊ ရှေးဟောင်းသုတေသနရုံး တက္ကသိုလ် ပုံနှိပ်တိုက်၊ ၁၉၆၁။ စာမျက်နှာ ၇၁။ ဤကျမ်းကို နောင်ကိုးကားလျှင် အတိုမှတ်အရ အုတ်၊ ပ၊ ဟုသာ ဖော်ပြပါမည်။)

ခြယ်/ မယ် (အုတ်၊ ပ၊ ၇ဝ)
ဂေါင်/ ကလန် (အုတ်၊ ပ၊ ၇ဝ)
စိပေ/ မိဖုရား (အုတ်၊ ပ၊ ၂၅)
စေထောယ်နောအ် (အုတ်၊ ပ၊ ၆၄)
စန်ဒုမာ/ သခင် (အုတ်၊ ပ၊ ၂၁)
ဆှုမ်/ ငါ (အုတ်၊ ပ၊ ၆၆)
တိရသ် (အုတ်၊ ပ၊ ၆၅)
ပါ/ မယ် (အုတ်၊ ပ၊ ၆၇)
ပယ်ပွမ်/ င (အုတ်၊ ပ၊ ၇၁)
ပွောန်/ ကလန် (အုတ်၊ ပ၊ ၅၈)
ဗညာနော/ သံဗျင် (အုတ်၊ ပ၊ ၂၄)
ဗသန္နရာဇ်/ သံဗျင် (အုတ်၊ ပ၊ ၂ဝ၊ ၂၂)
မန်ယသောဟ်ဒ္ဓရာဟ် (အုတ်၊ ပ၊ ၂၃)
မုတ္တမမိဖုရား (မွန်ချုပ် ၆)
ယသ/ မင်း (အုတ်၊ ပ၊ ၂၁ ၊ ၆၇)
ယိဓိ/ ထဝယ်စားသံဗျင် (အုတ်၊ ပ၊ ၅၉)
လာင်ယင်လေန် (အုတ်၊ ပ၊ ၆၇)
သုဓမ္မာဟ် (အုတ်၊ ပ၊ ၂၃)
သင်ဟောယ် (အုတ်၊ ပ၊ ၇၁)
အနန္ဒဇေယဘိကြာန်/ ထားဝယ်မြို့စား (အုတ်၊ ပ၊ ၅၈၊ ၅၉)
အိတဲမိလအ် (အုတ်၊ ပ၊ ၆၆)
အိုဝ်/ မောင် (အုတ်၊ ပ၊ ၇ဝ)

ဤတွင် ကလန်၊ သံပျင်၊ မြို့စား၊ မင်း၊ မိဖုရားဆိုသည့် မင်းပိုင်း စိုးပိုင်းက အမည်တို့ကို လည်းကောင်း၊ သခင် အခေါ်ခံရသည့် ရဟန်းတပါး၏ ဘွဲ့ကို လည်းကောင်း၊ မောင်၊ မယ်၊ င ဆိုသော ရှေ့ဆက်များ ပါသည့် သာမန် အရပ်သား သမီးတို့၏ အမည်တို့ကို လည်းကောင်း တွေ့ရှိရပါသည်။ ကုသိုလ်ရှင်တို့ အနက် တဆယ့်တရာစု အတွင်းက အများဆုံး ကြုံတွေ့ရသော မင်း၏ အမည်မှာ ဂြီတြိ ဘုဝနာ ဒိတျ ဓမ္မရာဇာ ဘွဲ့ခံ ထိလိုင်မင် (ကျန်စစ်သား) ပင် ဖြစ်ပါသည်။ အများပြည်သူတို့က ကျေနပ် နှစ်သက်သဖြင့် ရွေးကောက် တင်မြှောက်သော မင်းဖြစ်ဟန် ရှိသည်။ နန်းရသော နှစ်မှာ အေဒီ ၁ဝ၈၄ (မွန်ချုပ် ၅၆) ဖြစ်၍ ဘိသိက်ခံသည့် နှစ်မှာ အေဒီ ၁ဝ၈၆ (မွန်ချုပ် ၈၊ ၅၃) ဖြစ်၏။ မင်းဖြစ်၍ တဆယ့်နှစ်နှစ်ခန့် ရှိသောအခါ အလီလီသော အောင်မြင်မှုတို့ကြောင် ဘွဲ့ကို ထပ်မံ တိုးပွားစေလျက် ဂြီတြိ ဘုဝနာ ဒိတျ ဓမ္မရာဇာ ဓိရာဇပရ မေသွရဗလစကြာဝရ (မွန်ချုပ် ၄၂၊ ၄၄၊ ၅၂၊ ၅၄) ဟူ၍ ဖြစ်လာပါသည်။ ထိုမင်းကား မင်းမျိုး မဟုတ်သော်လည်း မင်းဖြစ်လာသည့် "ငတပါးမင်း" ပင် ဖြစ်ပါသည်။ ထို့ကြောင့် သူ၏ မင်း မျိုးရိုးအဆက်ကို ပြောရာ၌ မင်းမျိုးထက် ကြီးကျယ်သည်ကို အလိုရှိသဖြင့် အဖကား နေနတ်မျိုး အမိကား ဝါးလုံး အတွင်းမှ ပေါက်ဖွားသူ (မွန်ချုပ် ၄၅) ဟု ဖော်ပြခဲ့ပါသည်။ ဆိုလိုသည်မှာ အနိရုဒ္ဓ၏ အရိုးအဆက်နှင့် မည်သို့မျှ မပတ်သက်ခြင်းပင် ဖြစ်ပါသည်။ ထို့ထက် ထူးသည်ကား ဤမင်းသည် ဘုရားသခင်၏ ဗျာဒိတ်အရ (မွန်ချုပ် ၈၊ ၂၁) ပုဂ္ဂိုလ်ဖြစ်၍ အခြားမင်းတို့ထက် ဂုဏ်ထူးသည်ဟု အထပ်ထပ် ဖော်ပြနေခြင်းပင် ဖြစ်ပါသည်။ မြန်မာသမိုင်း တလျှောက်တွင် "ငတပါးမင်း" တို့သည် အရိုးအဆက် မင်းဖြစ်သင့်သူကို ပယ်၍ မိမိတို့ မင်း ဖြစ်လာကြသော အခါ ဘုရားဗျာဒိတ် (မွန်ချုပ် ၂ဝ) စကားရှိ၍ မင်းဖြစ်လာသူဟု ဗျာဒိတ်တခု တီထွင်တတ်သော အလေ့ရှိကြောင်း တွေ့ရပါသည်။ ယင်းသို့ ထီးနန်း မသက်ဆိုင်ဘဲ ရယူသော်လည်း ထိလိုင်မင် သည် "ရှေးမင်းတို့၏ အမျိုးနွယ်ကို ချီးမြှင့် စောင့်ရှောက်" သည်ဟု (မွန်ချုပ် ၁၆) တွေ့ရသဖြင့် ယခင် အနိရုဒ္ဓ မင်းဆက်မှ မင်းညီ မင်းသားတို့ကို ဖမ်းဆီး သတ်ဖြတ်ခြင်း မရှိသည့်ပြင် ကောင်းစွာ စောင့်ရှောက်လျက် ထားသည်ဟု ယူရန်ရှိသည်။
ထိလိုင်မင် ရေးထိုးသည့် ညောင်ဦး ရွှေစည်းခုံ ဘုရားတွင် တွေ့ရသော ကျောက်စာနှစ်တိုင် ပေါင်း ရှစ်မျက်နှာတွင် တဆယ့်တရာစု၏ နောက်ပိုင်း နှစ်အစိတ် အခြေအနေကို ဤသို့ 'ဖြစ်လတံ့' ဟု ကြို၍ ပြောထားဟန်ဖြင့် မှတ်တမ်း တင်ခဲ့ပါသည်။ မင်းဖြစ်သူသည် ကောင်းသော အကျင့်ရှိခြင်း (မွန်ချုပ် ၉)၊ မကောင်းသော စရိုက်တို့ကို သုတ်သင်ပစ်ခြင်း (မွန်ချုပ် ၉)၊ ပြည်တွင်း ပြည်ပရန်ကို ကာကွယ်ပေးခြင်း (မွန်ချုပ် ၁ဝ)၊ နိုင်ငံတကာနှင့် ဆက်ဆံရေး ပြေပြစ်ခြင်း (မွန်ချုပ် ၁၄)၊ အစားအစာ အဝတ်တန်ဆာတို့ကို စွန့်ခြင်း (မွန်ချုပ် ၁ဝ)၊ စိုက်ပျိုးရေး ဖြစ်ထွန်း အောင်မြင်ခြင်း (မွန်ချုပ် ၁၅)၊ ဗုဒ္ဓသာသနာကို စည်ပင် ထွန်းကားစေခြင်း (မွန်ချုပ် ၉)၊ တို့ကြောင့် နိုင်ငံတွင်း၌ ခိုးသေးဒမြ မရှိ၊ ငြိမ်းချမ်း သာယာလျက် နိုင်ငံတော်လည်း ကျယ်ဝန်းသည် (မွန်ချုပ် ၉) ဟု သိရပါသည်။ စစ်သုံ့ပန်း အဖြစ်ဖြင့် အဖမ်းခံရ သဖြင့် 'ရေစုန်' အရပ်သို့ ပါသွားသူတို့ကို 'ရေဆန်' အရပ်သို့ ပြန်လာ (မွန်ချုပ် ၁ဝ)၊ ပြီးနောက် ပျက်စီးလေပြီးသော မြို့ရွာတို့ကိုလည်း ရှေးယခင်ကထက် ကောင်းမွန် သာယာ စည်ပင်အောင် ပြုစုပေးကြောင်း (မွန်ချုပ် ၁၃) တွေ့ရပါသည်။ ဤစကားတို့မှာ ထိုအခါက ပြည်တွင်းစစ် သဘောမျိုး ရှိခဲ့ပြီးနောက် ထိုအန္ဈရာယ်မှ လွန်မြောက်သဖြင့် ပြည်သူ လူအများ ချမ်းသာယာ ရကြောင်းကို ရည်ညွှန်းသော စကားများ ဖြစ်ပါသည်။ ပြည်ရွာ စည်ပင်ကြောင်းကိုမူ ဤသို့ ဖော်ပြပါသည်။
အထူးသဖြင့် ထွန်ယက် စိုက်ပျိုးသော သူတို့သည်လည်း တပါးမက များလှစွာသော မုယောစပါးတို့ကို ကျီကျ တိုက်တာ၌ ဖြစ်ကြကုန် လတ္တံ့။ အိမ်တိုင်း အိမ်တိုင်းရှိ လူအပေါင်းတို့သည် ရတနာတို့ဖြင့် များစွာ့ကယ်ဝ ချမ်းသာကြကုန် လတ္တံ့။ အိုးစလောင်း ရောင်းစားသော အိုမင်း မစွမ်း ဆင်းရဲသော မိန်းမတို့သည် (ပင်လျှင်) အဖိုးများစွာ ရသဖြင့် သူတို့သည်ွ့ကယ်ဝ ချမ်းသာကြကုန် လတ္တံ့ (မွန်ချုပ် ၁၅)။
ဤ စကားစု၌လည်း စိုက်ပျိုးရေး ဖြစ်ထွန်းခြင်းကို အကြောင်းပြုလျက် ပြည်ရွာ တိုးတက်ခြင်းကို ရည်ညွှန်းပါသည်။ အိုးစလောင်းမျှ ရောင်းစားရသော အမယ်အို သူဆင်းရဲမပင်လျှင် မကြောင့်မကြ စားသောက် နေထိုင်နိုင်သော ခေတ်အခါဟု ဖော်ပြ နေပါသည်။ ပြည်သူတို့ကို ပူပန် ဆင်းရဲခြင်း မရှိစေရ ဟူသော ပဓါန သဘောဖြင့် အုပ်ချုပ်သည်ကို ထင်ရှားအောင် ဖော်ပြရာ၌ -
တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ် ချောက်ချားခြင်း၊ ကြောက်ရွံ့ခြင်းမှ ကင်းသော အုပ်စိုး (နည်း) ကို အရှင် ဂြီတြိ ဘုဝနာ ဒိတျ ဓမ္မရာဇာ မင်းသည် သွန်သင် ဆုံးမ ပြသလတ္တံ့ (မွန်ချုပ် ၁၆)။
ဟု တွေ့ရပါသည်။ အုပ်စိုးသော အစိုးရကို ကြောက်ရွံ့ နေရခြင်း လုံးဝ မရှိဟု ဆိုလိုပါသည်။ ဤအချက်မှာ မြန်မာနိုင်ငံ၌ ရှေးကပင် ထင်ရှားရှိခဲ့သည့် အဆင့် မြင့်မားသော နိုင်ငံရေး အတွေးအခေါ် တရပ်ပင် ဖြစ်ပါသည်။ ထိုသို့ အုပ်ချုပ်သော အခါများတွင်သာ -
ယောက်ျား မိန်းမ ကလေးသူငယ် အပေါင်းတို့သည် အသက်ရှည်ကြ လတ္တံ့။ ဥပဒ္ဒဝေါ ကင်းကြကုန် လတ္တံ့။ သူတို့သည် များစွာသော စားသောက်ဖွယ်တို့ကို စားသောက်ကြ၍ မွေ့လျော် ပျော်ပါးကြကုန် လတ္တံ့၊ … ဆိုးသော အကျင့်ရှိသော မိန်းမတို့သည် ကောင်းသော အကျင့်ကို ကျင့်ရန် … … … တိုက်တွန်း လတ္တံ့ (မွန်ချုပ် ကျောက်စာ ၁၉)။
ဤ နောက်ဆုံး အချက်မှာ ပြည့်တန်ဆာမ ပပျောက်ရေးကို ကြိုးစား အောင်မြင်ခြင်းပင် ဖြစ်သည်ဟု က္ဆွန်တော် ယူဆချင်ပါသည် (မွန်ချုပ် ၂၄)။

ထိလိုင်မင် သည် မင်းအဖြစ်သို့ ရောက်ပြီး၌ တဆယ့်ခုနှစ်နှစ် ကြာသောအခါ နန်းသစ် တည်ဆောက်သည်။ နန်းသစ် တည်ဆောက်ပုံကို အသေးစိတ် ဖော်ပြသော ကျောက်စာ (မွန်ချုပ် ၂၆-၄ဝ) ကျန်ရစ်ပါသည်။ အဆောက်အအုံကို ၄ နိုဝင်ဘာ ၁၁ဝ၁ (မွန်ချုပ် ၂၆) မှ အစပြု၍ တည်ဆောက်ရာ ၉ မေ ၁၁ဝ၂ (မွန်ချုပ် ၃၈-၄ဝ) တွင် လက်စသတ် ပြီးစီးသည်ဟု တွေ့ရပါသည်။ ခြောက်လမျှ အချိန်ယူလျက် ဆောက်သော နန်းတော်မှာ ယခုခေတ် အတိုင်းအတာနှင့် အကဲဖြတ်လျှင် သေးနုသည်ဟု ထင်စရာ ရှိပါသည်။ သို့သော် အသေးစိတ် ဖော်ပြချက်တို့ကို ကြည့်လျှင် ခမ်းနား တင့်တယ်သည် ဟုပင် ဆိုရပေမည်။ နန်းတော်သစ် တည်ကြောင်း မှတ်တမ်းတင်သည့် ကျောက်စာတို့မှ ပုဂံခေတ် တဆယ့်နှစ်ရာစုဦး၏ ယုံကြည်မှု ပုံစံနှင့် လူမှုဓလေ့ကို ကောင်းစွာ အကဲခတ် နိုင်လောက်သော အထောက်အထားများ တွေ့ရပါသည်။ အဆောက်အအုံနှင့် ပတ်သက်၍ ခေါင်းဆောင်များမှာ ပုဏ္ဏား ဟူးရား၊ ဗိသုကာ၊ (မွန်ချုပ် ၂၆) တို့ပင် ဖြစ်၏။ ပုဏ္ဏား ဆရာတို့နှင့် တွဲဖက်၍ မွန် ဗိသုကာနှင့် မြန်မာ ဗိသုကာ (မွန်ချုပ် ၃၁) တို့က ဆောင်ရွက်ကြရဟန် ရှိပါသည်။ ထို့အတူ သင့်မြတ်သော အခါ ရွေးခြင်း၊ နတ်ပူဇော်ခြင်း စသော လုပ်ငန်းတို့မှာလည်း ပုဏ္ဏားတို့ပင် ဦးဆောင်၏။ နန်းတော် ဆောက်ချိန်တွင် ဗိဿနိုးနတ် (မွန်ချုပ် ၂၆၊ ၂၆၊ ၂၈၊ ၂၈၊ ၃၃၊ ၃၄၊ ၃၄၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇ နှင့် ၃၈) တဆယ့်နှစ်ကြိမ် တိုင်အောင် ပူဇော် ပသသည်ကို တွေ့ရပါသည်။ အခြား အခြားသော နတ်တို့ကို ပသရန် ဗလိနတ်စာ (မွန်ချုပ် ၂၉) တကြိမ် ကွေ္ဆးခြင်းကို တွေ့ရသေးသည်။ ဖုတ် ပြိတ္တာ၊ တစ္ဆေတို့ကို ခေါခွက် (မွန်ချုပ် ၂၇၊ ၃၄၊ ၃၆၊ ၃၇၊ ၃၈) ဖြင့် ခေါစာ ပစ်ခြင်းကို သုံးကြိမ် တွေ့ရ၏။ နဂါး (မွန်ချုပ် ၃၁၊ ၃၁)ကို နှစ်ကြိမ် ပူဇော်သည်။ ဟိန္ဒူ ဝါဒအရ နတ်မင်း နှင့် နတ်သမီး၊ နတ်သားတို့ ပူဇော်ခြင်းနှင့် ဝေမနိက တို့ကို ကွေ္ဆးမွေးခြင်း ပြုသည့်နည်းတူ တိုင်းရင်းသားဓလေ့ ဖြစ်ဟန်ရှိသော နဂါး ရှိခိုးခြင်းကိုလည်း ပြုလုပ်ကြကြောင်း တွေ့ရ၏။ ထို့အတူ သျှင်အရဟံ (မွန်ချုပ် ၂၉၊ ၃ဝ၊ ၃ဝ၊ ၃ဝ၊ ၃၁၊ ၃၁၊ ၃၁၊ ၃၁၊ ၃၅) ခေါင်းဆောင်သည့် ဗုဒ္ဓဘာသာ ရဟန်းတော်တို့က ပရိတ်ရွတ် (မွန်ချုပ် ၂၉၊ ၃ဝ၊ ၃၁၊ ၃၁) ကြရ၏။ အစုစု ရဟန်း ၄,၁ဝ၈ (မွန်ချုပ် ၃ဝ၊ ၃၁) ပါး ပါဝင်သည်ဟု သိရသည်။ ရဟန်း ၁ဝ၈ (မွန်ချုပ် ၃ဝ) ပါးက တူးရွင်း ကိုင်၍ မြေကို စတင် တူးပေးရသေးသည်။ သရဏသီလ (မွန်ချုပ် ၃ဝ၊ ၃၁) ကိုလည်း ပေးရ၏။ ထို သီလ ပေး၍ ပရိတ်ရွတ်ပွဲ၌ ခရုသင်း (မွန်ချုပ် ၃ဝ) တရာ့ရှစ်ခု အသင့်ထားသည်ဟု တွေ့ရပြန် သဖြင့် ထိုခေတ်က ရဟန်းတို့သည် သီလပွဲ အပြီး၊ ပရိတ်ပွဲ အပြီးတို့၌ အောင်မြင်ကြောင်း ခရုသင်း မှုတ်လေ့ ရှိသည်ဟု ယူဆရမည်ကဲ့သို့ ရှိပါသည်။ အလှအပ တန်ဆာဆင်လျက် သီဆို သီးမှုတ် ကခုန်ကြရသူတို့တွင် မြန်မာ၊ မွန်နှင့် ပျူဟု မှန်းဆရသော တိရ်စုလ် (မွန်ချုပ် ၂၇) တို့ အများအပြား ပါဝင်ပါသည်။
အဆောက်အအုံ ဆောက်ရာတွင် တနည်းမဟုတ် တနည်း ပါဝင် အမှုထမ်းရသည့် မင်းမှုထမ်းတို့သည် "အတွင်းအင်္ကျီကို အပြင် အင်္ကျီရှည် ပုဆိုးဖြူ၊ ဗောင်းဖြူ" (မွန်ချုပ် ၃၄) ဝတ်ဆင်ရသည်ဟု သိရပါသည်။ ထိုအရာရှိတို့၏ ရာထူး အမည်များမှာ

ကလန် (မွန်ချုပ် ၂၈၊ ၃ဝ၊ ၃၂၊ ၃၄၊ ၃၄၊ ၃၅)
ပုဏ္ဏား/ အိမ်ဆောက်တတ်သော (မွန်ချုပ် ၃၈၊ ၃၈၊)
ပုဏ္ဏား/ ဝေါထမ်း (မွန်ချုပ် ၂၆၊ ၂၈၊ ၂၉၊ ၃ဝ၊ ၃၃)
ပုဏ္ဏား/ သင်္ကြံန် (မွန်ချုပ် ၃ဝ၊ ၃၃၊ ၃၅၊ ၃၅၊ ၃၆၊ ၃၆၊ ၃၇)
ပဏ္ဍိတ် (မွန်ချုပ် ၂၉၊ ၃ဝ၊ ၃၅၊ ၃၅)
ဗိသုကာ (မွန်ချုပ် ၂၆၊ ၂၆၊ ၂၆၊ ၃၁၊ ၃၁၊ ၃၁၊ ၃၁၊ ၃၄၊ ၃၄၊ ၃၄၊ ၃၄)
ဗိုလ်ပါ (မွန်ချုပ် ၃၄)
မော်ကွန်းထိန်း (မွန်ချုပ် ၃၂၊ ၃၄၊ ၃၄)
ယင်သင် (မွန်ချုပ် ၂၈၊ ၃၈၊ ၃၂၊ ၃၄၊ ၃၄၊ ၃၅၊ ၃၅)
သမား (မွန်ချုပ် ၂၇၊ ၂၇၊ ၂၇၊ ၂၈)
သုခမိန် (မွန်ချုပ် ၃၂၊ ၃၄)
သူကြီး (မွန်ချုပ် ၂၈၊ ၃ဝ၊ ၃၂၊ ၃၄၊ ၃၄၊ ၃၅)
သူရဲကောင်း (မွန်ချုပ် ၃၄)
သံဗျင် (မွန်ချုပ် ၂၇၊ ၃ဝ၊ ၃ဝ၊ ၃ဝ၊ ၃၂၊ ၃၂)
သံဗျင်ကြီး (မွန်ချုပ် ၂၈၊ ၃ဝ၊ ၃၄၊ ၃၅)
သံဗျင်ငယ် (မွန်ချုပ် ၂၈၊ ၃ဝ၊ ၃၄၊ ၃၄၊ ၃၅)
ဟူရား (မွန်ချုပ် ၂၆၊ ၂၆၊ ၂၆၊ ၂၆၊ ၂၆၊ ၂၆၊ ၂၇၊ ၂၇၊ ၂၇၊ ၂၈၊ ၂၈၊ ၂၈၊ ၂၉၊ ၂၉၊ ၃ဝ၊ ၃၁၊ ၃၁၊ ၃၂၊ ၃၂၊ ၃၂၊ ၃၄၊ ၃၄၊ ၃၄၊ ၃၄၊ ၃၄၊ ၃၅၊ ၃၅၊ ၃၅၊ ၃၆၊ ၃၆၊ ၃၇၊ ၃၇၊ ၃၈၊ ၃၈)
အကြီးအကဲ / မွန် (မွန်ချုပ် ၃၅)

ထိုအရာရှိများအနက် အမည်နှင့်တကွ သိသော ပုဂ္ဂိုလ်တို့မှာ -
ကလန်ကေင် (မွန်ချုပ် ၃၂)
ကလန်သာ (မွန်ချုပ် ၃၂)
ကလန်သိယ် (မွန်ချုပ် ၃၂)
သံဗျင် ကင်္သာသူရ် (မွန်ချုပ် ၃ဝ၊ ၃၅)
သံဗျင်ငယ် လေင် (မွန်ချုပ် ၃၂)
သံဗျင်ဇယ်သဘင် (မွန်ချုပ် ၂၇၊ ၃ဝ)
သံဗျင်ပြ ဇျာ လင်္ကာရ (မွန်ချုပ် ၃၁၊ ၃၁၊ ၃၁၊ ၃၁၊ ၃၂၊ ၃၅)
သံဗျင် မဟာဆတ္တိ (မွန်ချုပ် ၃၅)
သံဗျင် ရာဇသူရ် (မွန်ချုပ် ၃ဝ၊ ၃၅)
သံဗျင် ရိပုသဒ္ဒနော (မွန်ချုပ် ၃၅)

အရာရှိတို့နှင့် အတူ "နုနယ် ပျိုမြစ်သော" (မွန်ချုပ် ၃၁၊ ၃၃) အမျိုးသမီးနှင့် လူကြီး လူကောင်းတို့၏ သား (မွန်ချုပ် ၃၅၊ ၃၅၊ ၃၅) တို့လည်း ပါဝင်ကြရ၏။ ထိလိုင်မင်သည် မတ် ၁၁ဝ၂ တွင် ကိုယ်တိုင် တပ်ခင်းလျက် နန်းသစ်သို့ ထွက်လာသော အခါ ဗဇြဘုမ်၊ မဟာဝိဇယနှင့် ဧရာဝနာ (မွန်ချုပ် ၃၃) အမည်ရှိသော ဆင်ဖြူတော် သုံးစီး ပါသည်။ နန်းသစ်ကို ဇေယဘုမ် (မွန်ချုပ် ၃၄) ဟု သမုတ်ခဲ့သည်။
နန်းတော်မှာ ဗဟို ပြာဿဒ်ကြီး တဆောင်ကို ပြာဿဒ်ငယ် လေးဆောင်ရံလျက် မုတ်လေးဖက် ချ၍ ဆောက်ပါသည်။ ဗဟို ပြာဿဒ်ကြီးမှာ ထီးဖြူ (မွန်ချုပ် ၃ဝ) နှင့်တကွ သီဟာသန (မွန်ချုပ် ၃ဝ) ပလ္လင်ထားရာ ခမ်းမဆောင် ဖြစ်၏။ ထိုခမ်းမကို အလှဆုံး ဖြစ်စေရအောင် ပန်းချီ ပန်းပုတို့ဖြင့် တန်ဆာဆင်ရာ၌ အောက်ပါ အရုပ်နှင့် ပစ္စည်း (မွန်ချုပ် ၃၉၊ ၄ဝ) တို့ကို သုံးစွဲကြောင်း တွေ့ရပါသည်။

ကနေသောအရုပ်
ကြပဒုမ္မသီး
ကြာပန်း
ကြာပွင့်
ခြင်္သေ့ရုပ်
စည်တီးနေသော အရုပ်
ဆင်ဦးခေါင်း
ပုလဲသွယ်
ဗျာလ
မကရ်း
မှန်စုလစ်
ရတနာ အမျိုးမျိုး
သာဓုခေါ်နေသော နတ်ရုပ်
သီရိ နတ်သမီးရုပ်
ဟင်္သာ၊ ပုကလဲကုံးချီ
ဟင်္သာ၊ ပန်းကိုက်
ဥသျှစ်သီး
ဦးဆောက်ပန်း
တို့ ဖြစ်ပါသည်။ တချို့အရုပ် ရွှေရည်ဖြင့် လူး၍ အချို့ကို ရောင်စုံ ခြယ်လှယ်မည် ဖြစ်ပါသည်။ ကာလလာအိုး၊ ခရုသင်း၊ ထီးဖြူနှင့် နေဇာမြက်တို့မှာ နေရာ များစွာ၌ မပါလျှင် မဖြစ်သည့် အရေးကြီးသော ပစ္စည်းများ ဖြစ်သည်ကို တွေ့ရပါသည်။ အဖြူရောင်မှာ မင်္ဂလာ ရှိသော သဘောဖြင့် ပုဆိုးဖြူ၊ အင်္ကျီဖြူ၊ ဗောင်းဖြူ တို့ကို ဝတ်ဆင်ကြရ၏။ နောင်အခါ နန်းတော်တို့၌ ရတနာ သုံးပါးနှင့် စပ်လျှက် အလှူပေးခြင်း၊ တရားနာခြင်၊ ကိုးကွယ် ဆည်းကပ်ရာ ရုပ်ပွား ဆင်းတုတော်နှင့် ပိဋကတ်တို့ကို ထားခြင်းပြုသော ခမ်းမဆောင် တခု သီးခြား ရှိသကဲ့သို့ ထိုအခါကလည်း ဇေတဝန်ဆောင် (မွန်ချုပ် ၃၅) ရှိပါသည်။ ထိုအဆောင်မှာ
စုလစ်ကြီး၏ မုခ်အရှေ့ဘက်၌ ထီးဖြူမိုး၍ ပုဆိုးဖြူဖြင့် ပတ်လည် ရစ်ပတ် တန်ဆာ ဆင်အပ်သော ကောင်းစွာ ပြုပြင်အပ်သော ဘုရားနေရာ တခုကို ပြုပြင်ထား၏။ ထိုနေရာ၌ အခင်းကို ခင်း၍ ထိုအခင်းထက် ရွှေဆင်းတု ဘုရားတဆူ၊ သခင်ဂဝံပတိ ဆင်းတုတဆူ၊ ဝိနည်း သုတ် အဘိဓမ္မာကျမ်း ပိဋကတ် သုံးပုံတို့ကို တည်ထား၏ (မွန်ချုပ် ၃ဝ)။
ဟု တွေ့ရပါသည်။ ဤအထောက်အထား အားလုံးက ညွှန်ပြနေသော အချက်ကား ပုဂံခေတ် မြန်မာတို့၏ ကိုးကွယ် ယုံကြည်မှုသည် ဗုဒ္ဓဘာသာ တခုတည်း မဟုတ် ဟူသော အချက်ပင် ဖြစ်ပါသည်။
တဆယ့်နှစ်ရာစုဦး၏ အညာဒေသ ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းတို့ကိုလည်း ကျောက်စာများတွင် ဆက်လက် တွေ့ရှိရပါသည်။
ငတ်မွတ်ခြင်း ကင်း၍ ချမ်းသွာ့ကယ်ဝ ပေါများခြင်း အကျိုးငှာ ရေမရှိသော၊ လယ်မြေ မရှိသော၊ ထွန်ယက် စိုက်ပျိုးခြင်း မရှိသော အရပ်တိုင်း၌ … … … ရေကို မြဲမြံစွာ ဆည်စေ၏။ ရေကန်ကို တူးစေ၏။ စိုက်ပျိုးရန် လယ်မြေကို ဖြစ်စေ၏။ (မွန်ချုပ် ၄၂) (စာမျက်နှာ ၄၄ ကိုလည်း ကြည့်ပါ)။
စင်စစ်အားဖြင့် ထိုခေတ် အခါသည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးခေါင်ရေရှား ရပ်ဝန်း၌ ဆည်မြောင်း လုပ်ငန်းဖြင့် စိုက်ခင်း ပျိုးခင်းများ ဖြစ်အောင် ကြိုးစား အားထုတ်လျက် အောင်မြင် နေသော အခါပင် ဖြစ်ပါသည်။ ပုဂံဝန်းကျင်၌ အမည်နှင့်တကွ မှတ်တမ်း ကျန်ရစ်သော ရေကန် နှစ်ခုမှာ ယခု မြကန်ဟု ခေါ်နေကြသည့် မဟာနိဗ္ဗာန် လက်ဆုယ်ခိရိယ် (မွန်ချုပ်၊ ပထမပိုင်း စာမျက်နှာ ၇၅၊ စာကြောင်း ၁၁၊ ၁၂) နှင့် ယခု အလံပုဂံ ခေါ် မဟာနိဗ္ဗာန် အလံဗဂါလိ (မွန်ချုပ်၊ ပထမပိုင်း စာမျက်နှာ ၈၂၊ စာကြောင်း ၁၆) တို့ ဖြစ်ပါသည်။ ကန်တူးခြင်း လုပ်ငန်းကို အိန္ဒိယရှိ ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာသို့ပင် သွားရောက် ဆောင်ရွက်ကြပုံကို -
တပါးမက များလှစွာသော ရတနာတို့ကို ယူ၍၊ သင်္ဘောဖြင့် ပို့စေပြီးလျှင် မြတ်သော ဂြီဗ ဇြာသ် (ဗုဒ္ဓဂါယာရှိ ဗောဓိပင်အောက် ပလ္လင်) ကို ပြုလုပ် ပြင်ဆင်စေ၏။ (လယ်မြေကိုလည်း) ဝယ်တော်မူ၏။ ကန်လည်း တူးတော်မူ၏။ လယ်မြေ၌ ရေဝပ်အောင်လည်း ပြုလုပ်တော်မူ၏။ တမံ တာရိုးကိုလည်း ဆည်တော်မူ၏။ (မွန်ချုပ် ၄၇)
ဟု တွေ့ရပါသည်။ အချုပ်သဘောမှာ ဆည်မြောင်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းကို တိုးချဲ့ အောင်မြင်ခြင်းပင် ဖြစ်သည်ဟု ဆိုချင်ပါသည်။ ထို့ကြောင့် -
ပန်းများ … … အခါမဲ့ ပွင့်ကြကုန်၏ … … အလုံးစုံသော သစ်ပင် ဝါးပင် … … တို့သည် ပွင့်ကြကုန်၏၊ … … သစ်သီးတို့သည် ချိုမြိန် ကောင်းမြတ်သော အရသာ ရှိကုန်၏ … … မြေကြီး သြဇာတို့သည် တိုးတက် ဖြစ်ပေါ် (၏) (မွန်ချုပ် ၄၉၊ ၅ဝ)။
ဟု ဆက်လက် ဖတ်ရှုရပါသည်။ ထိုမှတ်တမ်းကို ပြည်မြို့ ရွှေဆံတော် ကုန်းပေါ်၌ ထားခဲ့၍ ရက်စွဲမှာ ၂၉ ဇူလိုင် ၁ဝ၉၃ (မွန်ချုပ် ၄၅၊ ၄၆) ဖြစ်ပါသည်။ ထိလိုင်မင် သေလွန်ခါနီး ရေးထိုးသည့် ရာဇကုမာရ ကျောက်စာ အကြောင်းကို အများသိ ဖြစ်၍ အသေးစိတ် မပြောလိုတော့ပါ။ ထို့ပြင် ရာဇကုမာရ တည်ဆောက်သည့် မြင်းဂဗာ ဂူပြောက်ကြီးမှ မွန်စာများ အကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးချိန် မရတော့ပါ။ အောက်မြန်မာနိုင်ငံ သထုံနယ်၌ ထိုခေတ် မှတ်တမ်း အချို့ကို (မွန်ချုပ် ကျောက်စာအမှတ် ၅၂၊ ၅၃၊ ၅၄) ရှာဖွေ တွေ့ရှိပါသည်။ သို့သော် ထိုအမှတ်အသားတို့မှာ လူမှုရေး မှတ်တမ်းများ မဟုတ်ပါ။ ဘုရားပျက်ကို ထိလိုင်မင် အမိန့်ဖြင့် ပြင်ဆင်ရကြောင်း မှတ်သားထားခြင်း များသာ ဖြစ်၍ ပြင်ဆင်ပြီးသော ရက်မှာ ၁၅ ဧပြီ ၁ဝ၉၈ (မွန်ချုပ် ၅၂၊ ၅၄) ဖြစ်၏။ အဆိုပါ ကျောက်စာတို့၌ မြန်မာနိုင်ငံရေး အတွေးအခေါ်များ ပါရှိနေသည်ကိုကား သတိပြုမိပါသည်။ မင်းလုပ်၍ အုပ်ချုပ် နေသူသည် -
(၁) ဗျာဒိတ်ရ ဗျာဒိတ်ခံ ဖြစ်သည်၊ သံသရ မရှိနှင့် (မွန်ချုပ် ၂ဝ)။
(၂) ထိုပုဂ္ဂိုလ်ကား တူသူ မရှိ၊ ပြိုင်ဘက် ကင်းမဲ့၏ (မွန်ချုပ် ၄၇)။
(၃) ထို့ပြင် ထိုပုဂ္ဂိုလ်သည် နောက်အခါ ဘုရားဧကန် ဖြစ်မည့် ဘုရားလောင်း ဖြစ်သည် (မွန်ချုပ် ၅၄)။
ယင်းသုံးချက်ကို ထင်ရှားစေခြင်းဖြင့် နောက်ထပ် အချက် သုံးချက်ကို အလိုအလျောက် ကြေညာပြီး ဖြစ်သည်ဟု ထင်မိပါသည်။ ထိုသုံးချက်ကား၊

(၁) ကြင်နာခြင်း နှင့် ပြည်ရွာကို အုပ်စိုးမည်။
(၂) ဘုန်းကံခြင်း မတူနိုင်သဖြင့် တော်လှန် ပုန်ကန်ရန် စိတ်ဖြင့်ပင် မပြစ်မှား ထိုက်။
(၃) ထိုအပြင် ဘုရားလောင်း၏ ပရိသတ် ဖြစ်ရခြင်းသည် နောင်အခါ ဘုရား၏ ပရိသတ် ဖြစ်နိုင်သောကြောင့် နိဗ္ဗာန်ရောက်ရာ ရောက်ကြောင်း၏ လမ်းစပင် ဖြစ်၍ ယခု ကြုံတွေ့ နေရသော ဘဝ၌ မည်မျှပင် ဆင်းရဲ ပင်ပန်းခြင်း ရှိစေကာမူ ယင်းကို ကျေနပ် နှစ်သက် ရှိနေရမည်။
ဟူ၍ပင် ဖြစ်ပါသည်။ တနည်းအားဖြင့် သာသနာ ယုံကြည်မှုကို နိုင်ငံရေးတွင် ယူငင်လျက် ငြိမ်ဝပ် ပိပြားရေး အတွက် အသုံးပြုခြင်းပင် ဖြစ်ပါသည်။
မွန် ကျောက်စာများ အနေဖြင့် တဆယ့်နှစ်ရာစုက လွန်ခဲ့လျှင် အဆက်ပြတ်လျက် တဆယ့်ငါး ရာစုသို့ ရောက်ခါမှ တဖန် များပြားစွာ ပြန်လည် တွေ့ရတော့သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ နိုင်ငံရေးအရ ငြိမ်းချမ်း သာယာခြင်း လျော့နည်းသောကြောင့် ဖြစ်သည်ဟု သာမည ဆိုနိုင်ပါသည်။ ယခု တွေ့ရှိရသမျှတွင် တဆယ့်ငါးရာစု၏ အစောဆုံး မွန်ကျောက်စာမှာ ကျိုက်လတ်မြို့ရှိ ထလုဘုရားတည် ကျောက်စာ (မွန်ချုပ် ကျောက်စာ အမှတ် ၆၁-က၊ ခ) ဖြစ်ပါသည်။ ထိုဘုရားကို သွူ့ကယ် သီဝကသည် ၁ဝ အောက်တိုဘာ ၁၄၄၂ (မွန်ချုပ် ၅၉) နေ့က ဌာပနာတိုက် ပိတ်၍ တည်ထားခဲ့ခြင်း ဖြစ်ပါသည်။ ထို့နောက် ဘဒြာသန ခေါ် ထိုင်တော်မူရာမှ ခြေတော်အစုံကို ထုတ်လျက် တွဲလောင်း ချထားသည့် ရုပ်ပွားတော် ရှိရာ ကျိုက်မရောနှင့် ဘုရင်မ ရှင်စောပု (ဗညားထော ၁၄၅၃ - ၇၂) ၏ ၂၅ စက်တင်ဘာ ၁၄၅၅ (မွန်ချုပ် ၆ဝ) ကုသိုလ်တော် မှတ်တမ်းတင် ကျောက်စာပင် ဖြစ်ပါသည်။ ရှင်စောပုသည် ပြည်ရေးရွာမှုကို စီမံရန် သမက်တော် ဓမ္မစေတီ ခေါ် ရာမာဓိပတိ (မွန်ချုပ် ၆၁) ကို လွှဲပြောင်း တာဝန် ပေးထားဟန် ရှိပါသည်။ အဘယ့်ကြောင့် ဆိုသော် သမိုင်း စာစောင်တို့၌ ရှင်စောပုသည် ၁၄၇၂ ခုနှစ် အထိ ထီးနန်း စိုးစံသည်ဟု အဆို ရှိသော်လည်း ပဲခူး ရသေ့မြို့ ကျောက်စာ (မွန်ချုပ်၊ ကျောက်စာအမှတ် ၆၄) ၌ ရာမာဓိပတိသည် မင်းအဖြစ်နှင့် မဟာရာမ ဝိဟာရ ကျောင်းကို ဆောက်လုပ်၍ ကျောင်းတင်ပွဲကို ၇ ဧပြီ ၁၄၆၂ (မွန်ချုပ် ၆၂) တွင် ပြုလုပ်ကြောင်း တွေ့ရသောကြောင့် ဖြစ်ပါသည်။ ပြီးမှ ယောက်ခမနှင့် သမက် တွဲ၍ စေတီ တည်ကြရာ ၂ ဇန်နဝါရီ ၁၄၇ဝ (မွန်ချုပ် ၆၄) တွင် ပြီးစီးသည်ဟု သိရပါသည်။
ရာမာဓိပတိ (၁၄၇၂ - ၉၂) မင်းလက်ထက် မှတ်တမ်းများမှာ အားလုံးပင် သာသနာ ကြီးပွားရေး သာသနာ ပြုပြင်ရေးတို့နှင့် စပ်ဆိုင်သော အကြောင်းတို့သာ မှတ်တမ်း တင်ခဲ့သည်ကို တွေ့ရပါသည်။ တနည်း ပြောရလျှင် အောက်မြန်မာနိုင်ငံ၌ တဆယ့်ငါးရာစု၏ နောက်ဆုံးနှစ် အစိတ်တွင် ကြီးကျယ်သော သာသနာ ပြုပြင်ရေးကို မှတ်တမ်း တင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ သာသနာကို ထိရောက်အောင် ပြုပြင်လိုလျင် ရဟန်း သံဃာတို့ကို ပြုပြင်ရမည်ဟု ရာမာဓိပတိ ကောင်းစွာ သဘောပေါက်သည်။ သို့သော် ယင်းသို့ ပြုရမည်ဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်မိသည့် ရက်မှာ ၂၁ ဇန်နဝါရီ ၁၄၇၆ (ကလျာ ၇၂) ဖြစ်ပါသည်။ တဖက်မှလည်း ဘုရားဟောင်း စေတီပျက်များ ပြုပြင်ခြင်း၊ ဘုရားသစ် တည်ခြင်းတို့ကို မိမိကိုယ်တိုင်လည်း များစွာ ပြုလုပ်၏။ သားသမီးတို့ကိုလည်း ၈ ဇူလိုင် ၁၄၇၉ (မွန်ချုပ် ၇ဝ၊ ၇၁၊ ၇၂၊ ၇၃၊ ၇၃၊ ၇၄၊ ၇၅) အမိန့်တော်ဖြင့် မည်သည့် ဘုရားကို မည်သူက ပြင်စေဟု စေခိုင်းခဲ့၏။
သာသနာ ပြုပြင်ရေး ဆောင်ရွက်ချက်များကို ၂၉ ဖေဖော်ဝါရီ ၁၄၈ဝ (ကလျာ ၁ဝ၄) ရက်စွဲဖြင့် ပဲခူး ကလျာဏီသိမ် ကျောက်စာကို မွန်ဘာသာဖြင့် ကျောက်စာ ခုနှစ်တိုင် (တဆယ့်လေးမျက်နှာ) ရေးထိုးခဲ့၏။ ပါဠိ ဘာသာဖြင့်လည်း အကြောင်းအရာတူကို ကျောက်စာ သုံးတိုင် (ခြောက်မျက်နှာ) ရေးခဲ့သေးသည်။ အဆိုပါ မှတ်တမ်းတွင် မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာဝင်ကို စ၍ ရေးပါသည်။ မြန်မာနိုင်ငံ အောက်ပိုင်း ဖြစ်သော ရာမညဒေသသို့ အသောကမင်း လက်ထက် သာသနာပြု ရောက်ပုံကို ပြောပြသည်။ တဆယ့်ငါးရာစု ကုန်လောက် ရောက်သည့် အခါမှ ၃ဝဝ ဘီစီ ဖြစ်သော ယခင်အနှစ် တထောင့်ရှစ်ရာက ကိစ္စကို ပြန်ပြောင်း ပြောနေသဖြင့် ခ္ဆွင်းချက်မရှိ လက်ခံနိုင်ဖို့ ခက်သည်။ ထို့အတူ သထုံမှ သာသနာ သည် အေဒီ ၁ဝ၅၇ တွင် ပုဂံကို ရောက်ပုံကိုလည်း အပြည့်အစုံ လက်ခံနိုင်ဖို့ ခက်သည်။ သို့သော် သုဝဏ္ဏဘူမိ ဆိုသည်မှာ ယခု တိုက်ကုလား (မွန်ချုပ် ၅၁) ဖြစ်၍ ယက္ခ ဦးခေါင်းတလုံးတွင် ခြင်္သေ့နှစ်ကိုယ် တပ်ထားသော အရုပ် တိုက်ကုလားမှ အစ ဖြစ်သည်ဟု ဆိုခြင်းမှာ စိတ်ပါ ဝင်စားဖွယ် ဖြစ်ပါသည်။ ဆက်လက်၍ သာသနာဝင်ကို ပြောပြသည်မှာ ပုဂံတွင် ကြီးပွားပုံကို လည်းကောင်း၊ သီဟိုဠ်တွင် ကြီးပွားပုံကို လည်းကောင်း ပုဂံနှင့် သီဟိုဠ် တို့၌ ဂိုဏ်းကွဲများ ပေါ်လာပုံကို လည်းကောင်း၊ ဆက်လက် တင်ပြသည့် အပြင် ရာမည ဒေသ၌လည်း ရာမာဓိပတိ လက်ထက်သို့ ရောက်သော အခါ ကမ္ဗောဇဂိုဏ်းနှင့် သီဟိုဠ်ဂိုဏ်း ဟူ၍ ဂိုဏ်း နှစ်ဂိုဏ်း ရှိနေသည်တွင် မည်သည့် ဂိုဏ်းကိုမျှ ရာမာဓိပတိ အနေနှင့် မနှစ်သက်နိုင်သည်ကို တွေ့ရ၏။ အထူးသဖြင့် ရဟန်းခံသော သိမ်တို့ကို သိမ်မမြောက် (မွန်ချုပ် ၅၂) ဟု ယူဆလျက် ရဟန်းတို့ကိုလည်း ရဟန်းမစစ်ဟု အထင်ရောက်လျက် ရှိပါသည်။ အမှန်ကို ဆိုရသော် မင်းဖြစ်သူသည် ရဟန်း အကြောင်းကို လွန်စွာ သိသဖြင့် ယင်းသို့ ဖြစ်ရသည်ဟု ထင်ပါသည်။ ထိုမင်း၏ အကြောင်းကို ဖော်ပြရာ၌ -
ပိဋကတ် သုံးပုံနှင့် ဗေဒင်ကျမ်းတို့ကို အာဂုံဆောင်ခြင်း၊ ဝိတက်ကျမ်း၊ ဗျာကရုဏ်ကျမ်း၊ ဆန်းကျမ်း၊ အလင်္ကာကျမ်း၊ ဆေးဗိန္ဒောကျမ်းတို့၌ များစွာသော အကြားအမြင် ရှိသော အုတ် ပုရံ၊ သစ် ပိသုကာ အတတ် အစရှိသော အတတ်တို့၌ များစွာ တတ်မြောက်သော (မွန်ချုပ် ၅၉၊ ၆ဝ)
မင်းဖြစ်သည်ဟု ဆိုပါသည်။ ထိုမင်းက ရဟန်းများ ရဟန်း စစ်ကြ၏လောဟု ကုက္ကုစ္စ ရှိလာသဖြင့်သာ ယခုလို ကြီးကျယ်သော သာသနာ ပြုပြင်ရေး စတင် ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။
ရာမဓိပတိသည် သီဟိုဠ်၌ သာသနာကို စစ်ဆေးလျက် ဤသို့ မှတ်ချက်ချ၏
သီဟိုဠ်က္ဆွန်း၌ သာသနာတော် တည်သည်မှ စ၍ ယခုတိုင်အောင် စင်ကြယ်သော မဟာ ဝိဟာရ ဝါသီ သံဃာ အဆက်အနွယ် အဆက်ဆက် ဖြစ်ကုန်သော ရဟန်း အပေါင်းသည် ရှိ၏။ (ရာမညမှ ရဟန်း အချို့သည်) သီဟိုဠ်က္ဆွန်းသို့ သွား၍ မဟာဝိဟာရ ဝါသီ သံဃာတို့၏ အဆက်အနွယ် စင်ကြယ်သော ဂိုဏ်းကို ရွေး၍ မြတ်စွာဘုရား ရေသပ်ပယ်တော်မူသော ကလျာဏီမြစ်၌ ဥဒကုက္ခေပ သိမ်ဝယ် ပဉ္ဇင်း အဖြစ်ကို ဆောင်ပြီးလျှင် ထိုဥပသမ္ပဒါ သာသနာ မျိုးစေ့ကို ရာမညဒေသ၌ စိုက်ပျိုးသည် ရှိသော် အမျိုးသားတို့အား ပဉ္ဇင်း အဖြစ်တည်း ဟူသော သာသနာ အညွန့်ကို ဖြစ်စေကုန်အံ့။ (မွန်ချုပ် ၆၉)။
ထိုသို့ ရည်ရွယ်ရင်းဖြင့် ရဟန်း နှစ်ကျိပ်နှစ်ပါးကို သီဟိုဠ်သိွု့ွ့ကသွားရန် တိုက်တွန်းသဖြင့် ၂၁ ဇန်နဝါရီ ၁၄၇၆ (မွန်ချုပ် ၇၂) မှ စတင် ထွက်ခွာ သွားကြပြီးနောက် လိုအပ်သော ကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသော အခါ အချို့ ရဟန်းတို့သည် ပဲခူးသို့ ၁၂ အောက်တိုဘာ ၁၄၇၆ (မွန်ချုပ် ၈ဝ) ၌ ပြန်ရောက်ကြပါသည်။ သိမ်သစ် (ကလျာဏီ) ကို ၂၃ နိုဝင်ဘာ ၁၄၇၆ (မွန်ချုပ် ၈၄) တွင် သမုတ်ပြီးနောက် အစုစု ရဟန်းပေါင်း ၁၄,၂၆၅ (မွန်ချုပ် ၈၈) ပါး ရဟန်း ခံကြပါသည်။ ရဟန်း ဒကာမှာ ရာမဓိပတိမင်းပင် ဖြစ်၍ ရဟန်းသစ် ၆ဝဝ (မွန်ချုပ် ၁ဝ၂) ကို ရဟန်းခံ ပေးပါသည်။ ထိုအခါ၌ ရဟန်းသစ်ကို လက်ခံသော အခါ သတိထားရန် အချက်များကို ရာမာဓိပတိက တင်ပြပါသည်။
ဤမှ ရှေ့အဖို့၌၊ အလုံးစုံသော အရှင်ဘုရားတို့သည်၊ ရဟန်းခံလိုသော သူတို့ကို ရဟန်းပြု ပေးစေလိုသည် ရှိသော် သူတပါးမြင်၍ ကြည်ညိုဖွယ် ရှိသူကိုသာလျှင် ရဟန်းပြု စေပါလော့ (၁) မင်းမျက်သင့်၍ င်္သံပူ ကပ်ခံရသော ပုဂ္ဂိုလ် (၂) ကျော်စော ထင်ရှားသေ သူခိုးထားပြ ဖြစ်ကုန်သော ပုဂ္ဂိုလ်၊ (၃) အင်္ဂါ ချို့တဲ့သော ပုဂ္ဂိုလ်၊ ခြေပြတ်လက်ပြတ် ကုန်းကွ ကောက်ခွင်သော ပုဂ္ဂိုလ်၊ အကြင် ပုဂ္ဂိုလ်သည် သူတပါး မြင်သည်ရှိသော် ပြက်ရယ် ပြုလောက်အောင် ရိုသေခြင်း မရှိလောက်အောင် ဖြစ်သော ပုဂ္ဂိုလ်၊ ထိုပုဂ္ဂိုလ်မျိုးတို့ကို ရဟန်းခံ၍ မပေးပါလင့်။ အကယ်၍ အရှင်ဘုရားတို့၏ တပည့် သားမြေးတို့ကို ပဉ္ဇင်း ခံပေးလိုပါမူ တိတ်တဆိတ် ပဉ္ဇင်းခံ၍ ပေးတော်မမူပါနှင့်။ တပည့်တော်အား အကြောင်းကြားတော် မူပါလော့။ ဤ ပဲခူးသိမ်စစ်၌ ကောင်းမွန် မြဲမြံစွာ စီရင်တော် မူပြီးလျှင်၊ ရဟန်းတို့၏ ပရိက္ခရာကို တပည့်တော် ပေးလှူပြီးလျှင် ပဉ္ဇင်းခံ၍ ပေးတော်မူ လတ္တံ့။
ဤသို့ မဟုတ်ဘဲ တိတ်တဆိတ် ပဉ္ဇင်းခံပေးတော်မူလျှင် ပဉ္ဇင်းတကာဖြစ်သော မိဘကိုလည်းကောင်း၊ ဆွေမျိုးတို့ကို လည်းကောင်း၊ ပဉ္ဇင်းဒါယကာဖြစ်သော ဥပါသကာကို လည်းကောင်း ရာဇဒဏ် ထားတော် မူလတ္တံ့ (မွန်ချုပ် ၉ဝ)။
ဤသို့ဆိုသော မင်းကြီးစကားမှာ ကောင်းလှသော စကားမဟုတ်ဟု ထင်မြင်မိပါသည်။ သံသရာမှ လွတ်ရာလွတ်ကြောင်း အားထုတ်သူတိုင်း ရုပ်အဆင်း ပြေပြစ် တင့်တယ်ရန် လိုသည်ဟု အာဏာထား နေသည်မှာ ရယ်ဖွယ်မျှသာ ဖြစ်ပါသည်။ ထို့ပြင် ရဟန်းလောင်းသည် ပဒေသရာဇ် ဆန့်ကျင်ရေးသမား မဖြစ်ရဟူသော သဘောလည်း သက်ဝင်နေပါသည်။
ရဟန်းလောကမှ မကောင်းသူတို့ကို နှင်ထုတ်ရန် အောက်ပါ အတိုင်း သတ်မှတ်ပါသည်။
အလုံးစုံသော သခင် သင်္ဃာတို့သည်လည်း၊ မိမိတို့၏ တပည့် သင်္ဃာတို့အား သမားဆေးကုအမှု ပြုသူတို့ကိုလည်း မပြုစားစေလင့်၊ ဟူးရားဂဏန်း စန်းလဂ် ဇာတာ တွက်စစ်သမှု ပြုသူတို့ကိုလည်း၊ မပြုပါစေလင့်။ ရှစ်ခု စားခြင်းဖြင့် ဟောပြောခြင်း၊ ထဘီအနား အဝတ်အထည် အဖျားတို့၌ ဆေးရေး ပန်းထိုးခြင်း၊ နီပါးရောင် (စသည်) ဆိုးခြင်း၊ ထားကြီး ထားငယ် အသွယ်သွယ်ဖြင့် ပန်းဖောက် ပန်းထွင်း အမှုပြုခြင်း၊ အကြင် အလုပ် တခုသည် လူတို့ အမြဲလုပ်၍ အသက်မွေး၏။ ထိုအလုပ်မျိုးကို လုပ်သော ရဟန်းမျိုးကို အရှင်ဘုရားတို့ ခြေရင်းဝယ် မနေပါစေလင့်။ ရဟန်းတို့သည် လှည့်လည်၍ ဖွဲ့နွဲ့ ရှည်လျားသော တေးသံဖြင့် တရားဟော၍ ဝါချည်တို့ကို ဖြစ်စေ၏ (ဝါ) လှူဒါန်းစေ၏။ ငရုတ်ခင်း ယာတောသို့ သွား၍ ငရုတ်သီး ငရုတ်ကောင်းတို့ကို ဖြစ်စေ၏ (ဝါ) အလှူခံ၏။ ထိုသို့သော ရဟန်းမျိုးကို အရှင်ဘုရားတို့ထံပါး ထားတော် မမူပါလင့်၊ ပျို အို တည်းဟူသော လူတို့နှင့် လည်းကောင်း၊ မင်းချင်း မင်းစေ မင်းနား နေသူတို့နှင့် လည်းကောင်း၊ ရောနှောသမှု နေထိုင်ခြင်း ပြုသော ရဟန်းများကို အရှင်ဘုရားတို့ ထံပါး မထားပါနှင့် (မွန်ချုပ် ၉ဝ)။
ဤသို့ ကန့်သတ် ပေးခြင်းကား သင့်မြတ်ပါသည်။ ထို့ပြင် ရာမာဓိပတိမင်းက အတိအကျ သတ်မှတ်ပေးသည့် အရေးအပါဆုံး အချက်ကား "တဂိုဏ်း တဂိုဏ်တည်းသာ ဖြစ်ပါစေလော့" (မွန်ချုပ် ၉၁) ဟူသော အချက်ပင် ဖြစ်ပါသည်။ ယခင်က ရဟန်းဘဝဖြင့် ဥစ္စာစု၍ ချမ်းသာ နေသူများကို ဥစ္စာကို စွန့်၊ သို့မဟုတ် "လူထွက်" (မွန်ချုပ် ၉၂) ဟု ခိုင်းပါသည်။ အဆုံးသတ်၌ -
နောင်အခါ ဟံသာဝတီပြည်ကြီးကို အုပ်စိုးကုန်သော သဒ္ဒွါ့ကယ်သော မင်းတို့သည် သာသနာတော်ကို အားပေးတော် မူကြကုန်လော့၊ ငါတို့ အစီရင် အတိုင်း လိုက်၍ လုပ်ဆောင်တော် မူကြကုန်လော့ (မွန်ချုပ် ၁ဝ၄)
ဟူ၍ မှာကြား ခဲ့ပါသည်။ သူမှာခဲ့သည့် အတိုင်းလည်း အနည်းဆုံး အေဒီ ၁၇ဝဝ အထိ ဂိုဏ်းကွဲ မရှိဘဲ ညီညွတ် ကောင်းမွန်လျက် ရှိနေကြောင်း တွေ့ရပါသည်။
ရာမာဓိပတိ၏ နောက်ထပ် ကြီးကျယ်သော ကောင်းမှုမှာ ရွှေတိဂုံဘုရားကို ပြုပြင် မွမ်းမံခြင်း ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းကို ကျောက်စာ (မွန်ချုပ်၊ ကျောက်စာအမှတ် ၇၊ ၇၉) မှတ်တမ်း ထားခဲ့ပါသေးသည်။ ကျောက်စာတွင် ရေးထိုးသည့် ရက်စွဲ မပါသော်လည်း ၁၄၈၅ (Pearn, B. R. History of Rangoon, ABM Press, 1939, p.9.) တွင် ရေးထိုးခဲ့သည်ဟု ခန့်မှန်းခဲ့ပါသည်။ ရွှေတိဂုံဘုရား ဝန်းကျင်၌ ယခု တွေ့နေရသော အနေအထားမှာ ရာမာဓိပတိတို့ ခေတ်က ပြုပြင်ခဲ့သော လက်ရာများ ဖြစ်မည်ဟု ခန့်မှန်းနိုင်ပါသည်။ ကျောက်စာ၌ -
ချိုင့်ဝှမ်းတို့ကို ပြည့်အောင် ဖို့စေ၏။ နက်လှသော ချောက်ကမ်းပါး ချိုင့်ဝှမ်းတို့လည်း ပြည့်အောင် ဖို့စေ၏။ မြင့်မောက်သော တောင်ကုန်းတို့ကိုလည်း ညီညာစွာ တူးဖြို ညှိစေ၏။ ဖို့သော မြေ၌ကား ဂဝံ ကျောက်တုံး ကျောက်ခဲတို့ကို ခံ၍ စီတက်စေ၏၊ အပြင်ဘက်၌ အုတ်တို့ဖြင့် စီတက်စေ၏။ … ပတ်ဝန်းကျင် အပြည့် တံတိုင်းခတ်၏။ ထိုတံတိုင်း၌လည်း အုန်းပင် အပြည့် စိုက်စေ၏ (မွန်ချုပ် ၈ဝ)
ဤသို့ ပြုပြင် မွမ်းမံခဲ့သော စေတီ၌ မြေ (Pearn, 22-4, 297-9 နှင့် "သံလျင် ရာဇဝင်" JBRS, V, ii, p 52 တို့၌ ကြည့်ပါ။) များ လှူခဲ့သေးသည်။ အလွန် ကျယ်ပြန့်သော မြေတို့ကို လှူခဲ့ခြင်း ဖြစ်ရာ ကျောက်စာ၌ ထိုအကြောင်း မပါခြင်းမှာ အံ့သြစရာ ဖြစ်ပါသည်။ သျှင်စောပု လှူသော မြေသည် များလွန်းသဖြင့် ဓမ္မစေတီက ချုံ့၍ လှူပြန်ရာ ထိုချုံ့လိုက်သည့် မြေပင် ယခု မဟာရန်ကုန် ဧရိယာထက် ကျယ်သေးသည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံတွင် သာသနာ ပြုပြင်ရေးများ နှိုးဆော် ဆောင်ရွက် နေချိန်ဖြစ်၍ ဗုဒ္ဓသာသနာ၏ အခြေခံ ပေါက်ဖွားရာ အရပ်ဒေသတို့၌ ဗုဒ္ဓသာသနာ၏ အခြေအနေကိုလည်း လေ့လာခြင်း ပြုမည် ဧကန် ဖြစ်ပါသည်။ ပဲခူး မဟာဗောဓိ ကျောက်စာ (မွန်ချုပ် ကျောက်စာအမှတ် ၈၂) ၌ ဗုဒ္ဓဂါယာရှိ မဟာဗောဓိပင်ကို မိစ္စာဒိဋ္ဌိ မင်းတပါး ဖျက်ဆီးကြောင်း ရေးသားထား၏။ ကျောက်စာမှာ ဖတ်မရသော ကွက်လပ် အတန်ငယ် များပါသည်။ သို့သော် ဖတ်ရသမျှတွင် 'ဓေလီမင်း' တွေ့နေရ သဖြင့် မူဆလင်တို့ ဝင်ရောက်လာခြင်းကိုပင် ရည်ညွှန်း ရေးသားခဲ့သည်ဟု ထင်ပါသည်။ မြတ်သော အပင်ကို ဖျက်ဆီးသဖြင့် ထို ဓေလီမင်းသည် ပြင်းထန်လှသော ရောဂါဖြစ်၍ သေသည် (မွန်ချုပ် ၈၅) ဟု ဆိုပါသည်။ ထို အဖြစ်အပျက်များသည် တဆယ့်သုံးရာစုက ဖြစ်ခဲ့ဟန် တူပါသည်။
အရှေ့ဘက် မော်လမြိုင်မှ အနောက်ဘက် ပုသိမ်ထိ မြေနေရာ အတွင်းဝယ် မွန်ကျောက်စာ အချို့ကို နောက်ထပ် တွေ့ရှိပါသေးသည်။ ရက်စွဲအားဖြင့် တဆယ့်ငါးရာစု နှောင်းနှင့် တဆယ့်ခြောက်ရာစုဦး ကာလမှ ဖြစ်ပါသည် (မွန်ချုပ် ၈၁-၁ဝ၅)။ ထိုကျောက်စာတို့၌ ကောင်းမှုပြု ပြီးစီးသည့် ရက်စွဲမှတပါး အခြားသမိုင်း အထောက်အထား မရရှိချေ။ ပုသိမ်မြို့ ကန်သုံးဆင့် ဒေါက်တာ စံစီဖိုး ဥယျာဉ်ဝန်းကျင်၌ ဆက်လက် ရှာဖွေရလျှင် သမိုင်း အထောက်အထား များစွာ ရပေလိမ့်ဦးမည်လားဟု မျှော်လင့်ပါသည်။
တဆယ့်ခြောက်ရာစုလယ်၏ နိုင်ငံရေး သမိုင်းအတွက် များစွာ အထောက်အကူ ရသော ခေတ်လယ် မွန်မှတ်တမ်းကို ကြေးခေါင်းလောင်းစာ (မွန်ချုပ် ၁ဝ၅-၈၊ (အမှတ် ၁ဝ၅)) အဖြစ်ဖြင့် တွေ့ရပါသည်။ ထိုခေါင်းလောင်းကို သွန်းလုပ်သော နေ့မှာ ၂၃ မေ ၁၅၅၇ ဖြစ်ပါသည်။ ခေါင်းလောင်းစာတွင် ဟံသာဝတီ ဆင်ဖြူများရှင် အမည်ခံသော မင်း၏ တိုက်ခိုက် အောင်မြင်သော အရပ်ဒေသတို့နှင့် ထိုဒေသတို့၌ သာသနာပြုပုံကို ရက်စွဲများ အတိအကျ ဖော်ပြလျက် မှတ်တမ်း တင်ခဲ့ပါသည်။ ဆင်ဖြူများရှင်သည် အစဦးဆုံး တောင်ငူကို တိုက်ခိုက် သိမ်းယူသည်။ ထို့နောက် ပြည်ကို တိုက်ယူသည်။ ပြီးမှ ပဲခူးကို ၁၂ မတ် ၁၅၅၂ မှာ အောင်မြင်သည။ ယင်းသို့ တိုက်ခိုက် အောင်မြင်ခဲ့သည်များ၌ ပေါ်တူဂီ ကြေးစား စစ်သားများနှင့် ဥရောပလုပ် လက်နက်တို့ အရာရောက်ပုံကား မှတ်တမ်း၌ ထည့်၍ ရေးသားခြင်း မပြုပါ။ ပြည်ရေးရွာမှုကို ဆောင်ရွက်ပုံ ဖော်ပြသည့် အခါ -
ဟံသာဝတီပြည်ကြီးကို အုပ်စိုးတော်မူသည်မှ စ၍ ကုသိုလ်အဟောင်း ပျက်သည်ကိုလည်း ပြုပြင်တော်မူ၏။ ကုသိုလ် အသစ်ကိုလည်း များစွာ ပွားစေတော်မူ၍ သာသနာတော်ကို ချီးပင့်တော်မူ၏။ ခိုးသူ တန္ဈ အနိုင်အထက် ပြုသော ဆူးငြောင့်ကိုလည်း ကုန်အောင် ပယ်တော်မူ၏။ သတ္တဝါတို့အား တရားနှင့် ညီစွာ ဖြစ်စေလို၍ နန်းတော်တွင်းဝယ် ခေါင်းလောင်း သွန်း၍ ဆွဲထားပြီးလျှင် သတ္တဝါတို့အား တရားနှင့် အညီ ဖြစ်စေတော်မူ၏ (မွန်ချုပ် ၁ဝ၆)။
သက်ဦးဆံပိုင်မင်းနှင့် ပြည်သူတို့ အလွယ်တကူ ဆက်သွယ်နိုင်အောင် ခေါင်းလောင်း တလုံး ဆွဲထားခြင်းမှာ အရေးပါသော ဖော်ပြချက် တခုပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အတွေးအခေါ်၌ မှတ်သားထိုက်သော အလေ့အထ တခုပင် ဖြစ်သည်။
ဆင်ဖြူများရှင်၏ ဆက်လက် တိုက်ခိုက်သော စစ်များကို မိစ္စာဒိဋ္ဌိများ လက်ဝယ်ရှိသော ဒေသများ၌ သာသနာ ပြုလိုသဖြင့် တိုက်ခိုက် သိမ်းသွင်းသည်ဟု ဖော်ပြသည်။ ပဒေသရာဇ် ဤသို့ပင် အကြောင်းပြမြဲ ဖြစ်ပါသည်။ မြောက်ဘက်တလွှားကို သိမ်းယူရန် ၉ နိုဝင်ဘာ ၁၅၅၆ နေ့မှာ ချီတက်ပါတော့သည်။ အောင်မြင်သော အရပ်တို့၌ ဘုရားတည်သည်၊ ကျောင်းဆောက်သည်။ ထီးချိုင့်ဘက်သို့ ရောက်အောင် ဧရာဝတီ "မြစ်ကို တန်တားပစ်၍ စစ်သည်အများ ကူးစေ၏" (မွန်ချုပ် ၁ဝ၇) ဟု ဆိုပါသည်။ ထိုသို့ ကူးသည့်ရက်မှာ ၁၇ ဖေဖော်ဝါရီ ၁၅၅၇ ဖြစ်သည်။ စော်ဘွားများကို အသက်အိုးအိမ် စည်းစိမ်မပျက် ဆက်လက် မြှောက်စားသည်။ ဤပုံစံမှာလည်း ပဒေသရာဇ်စနစ် ခေတ်၏ လုပ်နည်းပုံစံ တခုပင် ဖြစ်ပါသည်။ ကိုးကွယ် ယုံကြည်မှုနှင့် ပတ်သက်၍ -
သူတော်ကောင်း တယောက် သေလျှင် က္ဆွန်ယောက်ျား က္ဆွန်မိန်းမကို သတ်၍ ထည့်သော မိစ္စာဒိဋ္ဌိ အကျင့်ကို မကျင့်ရန်လည်း ဆုံးမ ကံမြစ်တော်မူ၏ (မွန်ချုပ် ၁ဝ၈)။
ဟု တွေ့ရပါသည်။ မြောက်ကြောင်းချီ ထိုးစစ်ကို ၉ ဧပြီ ၁၅၅၇ တွင် ရုပ်သိမ်းခဲ့သည်။ ဤမှတ်တမ်း တခုလုံးတွင် စစ်ပွဲများ အကြောင်း သိရသည်ထက် လူမှုရေး အလေ့အလာ တခုကို ပြင်ဆင်ကြောင်း သိရသည်က ပို၍ အရာရောက်သည်ဟု ထင်မိပါသည်။ စစ်မှုရေးရာနှင့် ပတ်သက်၍ကား (၁) မြောက်ဘက် ထိုးစစ် (၁၅၅၆-၇) မြောက်စွန်းအရပ်မှာ မိုးကောင်း ဖြစ်သည်။ ထို့ပြင် (၂) မြန်မာနိုင်ငံ၌ အောင်မြင်သော စစ်သူကြီးတို့ လိုက်နာသည်မှာ စစ်ကို နိုဝင်ဘာလ၌ စ၍ ဧပြီလ မတိုင်မီ ပြီးဆုံးရသည် ဟူသော အချက်ကို သတိပြုမိပါသည်။
ဟံသာဝတီ ဆင်ဖြူများရှင် လက်ထက် မှတ်တမ်းများနောက် ခေတ်လယ် မွန်မှတ်တမ်းများသည် အနှစ် နှစ်ရာခန့် အဆက်ပြတ် သွားပြန်ပါသည်။ ထို့ကြောင့် ယခု စာတမ်း အတွက် နောက်ဆုံး လေ့လာရမည့် မှတ်တမ်းမှာ ကာလကတ္တားက မကြာမီကမှ ပြန်လည် ရရှိထားသော ၂၉ အောက်တိုဘာ ၁၇၅၄ တွင် သွန်းလုပ်သည်ဟု ရက်စွဲပါသော ပဲခူး ရွှေမောဓော ခေါင်းလောင်းစာ (မွန်ချုပ် ၁ဝ၉-၁၁ဝ) ပင် ဖြစ်ပါသည်။ ခေါင်းလောင်း သွန်းလုပ်ချိန်က ပဲခူးတွင် ဗညားဒလ ခေါ် ဆင်ဝန် ဦးအောင်လှသည် ဗြဟိုင်းဓိရာဇာ သေနာပတိ (၁၇၄၇-၅၇) ဘွဲ့ယူ၍ မင်းလုပ်လျက် ရှိပါသည်။ အဆိုပါ ခေါင်းလောင်းကို ဗညားဒလ၏ညီ ဥပရာဇာ (အိမ်ရှေ့မင်း) က ကြီးကျယ်သော ပဌာန်းဇရပ်ကြီး ဆောက်လုပ်ပြီး ထိုဇရပ်၌ ချိတ်ဆွဲရန် သွန်းလုပ်ခြင်း ဖြစ်ပါသည်။ ဇရပ်မှာ လိမ်မာ က္ဆွမ်းကျင်သော ဆရာတို့ဖြင့် စီမံသဖြင့် များစွာ လှပပေမည်။
ဇရပ် အတွင်း အပြင်၌လည်း လူအပေါင်းတို့ မြင်လျှင် သတိသံဝေဂ ရရန် ဗြဟ္မာ့ဘုံ၊ နတ်ဘုံ၊ အပါယ်လေးဘုံ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ် ဇာတ်ကြီး ဆယ်ဘွဲ့ တို့ကို အကျိုးအပြစ် အတ္ထုပ္ပတ္တိ အစဉ်အတိုင်း ရွှေမင် ဟင်္သပြဒါး အထူးထူးသော ဆေးဖြူ ဆေးနက်တို့ဖြင့် တင့်တယ် ဆန်းကြယ်စွာ ပန်းချီတို့အား ရေးဆွဲစေ၏ (မွန်ချုပ် ၁၁ဝ)။
ပန်းချီ လက်ရာများ နည်းတူ ပန်းပု လက်ရာများလည်း အထူး ကောင်းမွန်သည်ဟု ဖော်ပြထားပါသည်။ ဘုရား ဆင်းတုတော်များမှာ "ပြုံးခြင်း၊ မျက်စိဖွင့်ခြင်း အသွင်အပြင်တို့သည် သက်တော် ထင်ရှား ဘုရားသခင်နှင့် တူလှပေ၏" ဟု ဖော်ပြားထားသည်ကို ထောက်ချင့်၍ သိရပါသည်။ ဤမျှ လှပတင့်တယ် ကြီးကျယ်သော အဆောက်အအုံသည် ၆ မေ ၁၇၅၇ (တင်၊ ဦး။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး။ တ။ မန္ဈလေး၊ မန္ဈလေး တိုင်းသတင်းစာ ပုံနှိပ်တိုက်၊ ၁၉၂၆၊ မျက် ၂၄၇။) ညက လောင်သော မီးတွင် ပါသွားမည်ဟု မှတ်ယူရပါသည်။
ယခု စာတမ်းတွင် ပြခဲ့သော အချက်တို့ကို ပြန်လှန် သုံးသပ်လျှင် အကြမ်းအားဖြင့် ဤစာတမ်း၌ ဆွေးနွေးသော မှတ်တမ်းတို့မှာ ပုဂံ ထိလိုင်မင် လက်ထက် မှတ်တမ်း၊ ပဲခူး ရာမာဓိပတိ လက်ထက် မှတ်တမ်း၊ ဟံသာဝတီ ဆင်ဖြူများရှင် လက်ထက် မှတ်တမ်းနှင့် ပဲခူးတွင် နောက်ဆုံး စိုးစံသော ဦးအောင်လှ လက်ထက် မှတ်တမ်းတို့ ဖြစ်ပါသည်။ အဆိုပါ မှတ်တမ်းတို့၌ ရှေးမင်းတို့ -
(၁) နိုင်ငံပြုစုပုံ
(၂) သာသနာပြုပုံ
(၃) အဆောက်အအုံများ တည်ဆောက်ပုံ
(၄) ပဒေသရာဇ် စစ်တိုက်ပုံ
တို့ကို အသေးစိတ် မြင်သာအောင် ရေးသား ခဲ့သည်ကို တွေ့ရပါသည်။ တချက် ထူးခြားသည်မှာ ယခု လေ့လာသော ခေတ်အဆက်ဆက် မင်းအဆက်ဆက်တို့သည် မင်းမျိုး မဟုတ်သည့် ငတပါး မင်းများသာ ဖြစ်သော -

(၁) ထိလိုင်မင် (အများအခေါ် ကျန်စစ်သား)
(၂) ရာမာဓိပတိ (အများအခေါ် ဓမ္မစေတီ)
(၃) ဆင်ဖြူများရှင် (အများအခေါ် ဘုရင့်နောင်)
(၄) ဗြဟိုင်းဓိရာဇာ (အများအခေါ် ဗညားဒလ) နှင့်
(၅) အလောင်းမင်းတရား
တို့ နိုင်ငံနှင့် ပြည်သူ၏ အကျိုးကို အနည်းနည်း အဖုံဖုံ ကြိုးစား ဆောင်ရွက်ကြောင်းကို တွေ့ရှိကြရပါသည်။ ထိုမင်း အားလုံးပင် 'ငတပါးမင်း' များ ဖြစ်၍ မှတ်တမ်းများကို စုပေါင်း လေ့လာသော အခါ ထိုသူများသာ ထူးခြားစွာ ရှေ့တန်းက ပေါ်လာခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ပါ။ သူတို့ ကြိုးစား ဆောင်ရွက်ခြင်း တကယ် ထင်ရှား ရှိသဖြင့် ပေါ်လွင် လာရခြင်းပင် ဖြစ်ပါသည်။ စင်စစ်အားဖြင့် ထိုသူများမှာ တိုင်းပြည်တွင် အခြေအနေ အရ လိုအပ်သဖြင့် ပြည်သူ လူထုထဲမှ ပေါ်ထွက် လာသူများပင် ဖြစ်ပါသည်။ ဤသည်တို့မှာ က္ဆွန်တော်တို့ မြန်မာနိုင်ငံ အတွက် သမိုင်းက ပေးသော သင်ခန်းစာများ ဖြစ်ပါသည်။

ဒေါက်တာ သန်းထွန်း
မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့/ နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်/စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

၀၆၀၅၂၀၀၉ဒိုင်ယာရီ

google download

mediafire download

\ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


ရှိခိုး ဦးခိုက် အလွမ်းရိုက်လို့ ရေးတဲ့စာ

ခိုင်မာကျော်ဇော

မေ ၆၊ ၂၀၀၉
အခြေအနေအကြောင်းကြောင်းကြောင့် အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တဦး အနေနဲ့ ကျမ ၂ဝဝ၈ ခုနှစ် သြဂုတ်လဆန်းမှာ ရောက်ခဲ့ပါတယ်။ အမေရိကားကို လာရောက်ဖို့ ကျမ စိတ်ကူး လုံးဝ မရှိခဲ့ပါ။ မလာချင်ဘဲ ရောက်ခဲ့ရ၊ ချစ်ခင်သူတွေကို ခွဲခဲ့ရ၊ ဆန္ဒတွေနဲ့ ဆန့်ကျင်ပြီး ဘဝကို ပုံဖော် ရှင်သန်နေရတဲ့ ကျမရဲ့ အမေရိကားနေ့ရက်တွေဟာ ငရဲခန်း နေ့ရက်တွေပါပဲ။

၂ဝဝ၄ ခုနှစ်က အမေရိကန်ပြည်ထောင်စုကို ကျမ ခေတ္တ တခေါက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကား ရောက် မိတ်ဆွေတချို့က ထိုင်း - မြန်မာနယ်စပ်မှာ မလုံမခြုံ နေထိုင်ရတဲ့ ကျမကို နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားဖို့ အကြံပြုကြပါတယ်။ မိတ်ဆွေ တချို့ရဲ့ စေတနာပါတဲ့ အကြံပြုချက်ကို နားလည်ပေမယ့် ကျမ အတော့်ကို တုန်လှုပ်ခဲ့ပါတယ်။

တော်လှန်ရေး နယ်မြေ တခုရဲ့ အမြောက်သံ ဗုံးဆံတွေ ကြားမှာ မွေးဖွားခဲ့၊ အဲဒီ တော်လှန်ရေး နယ်မြေကို ပြန်လည် ရောက်ရှိခဲ့၊ တော်လှန်ရေးကြီးအကြောင်းကို သင်ကြား၊ တော်လှန်သူတို့ရဲ့ ဘဝပုံရိပ်များကို တူးဆွရင်း၊ တော်လှန်သူ တယောက်အဖြစ်နဲ့ ဘဝကို မြတ်နိုး ခုံမင်ခဲ့တဲ့ ကျမ။ စာရေး၊ စာဖတ် ဝါသနာထုံပြီး စာရေးဆရာ ဘဝကို စူးစူးနစ်နစ် ရူးသွပ်ခဲ့။ လူထုရင်ခုန်သံ၊ လူထုဘဝ သရုပ်မှန်စာတွေကိုသာ ရင်နဲ့ တွေ့ခဲ့ပြီး ကလောင်သွေးတော့လည်း လူထု ရင်ခုန်သံတွေကို ရင်ဘတ်ထဲ အပြည့် ထည့်ပြီး ပြန်လည် ခံစား မွေးထုတ်ရတာကိုမှ လက်ကျတဲ့ ကျမ။

တော်လှန်ရေး နယ်မြေနဲ့ ဝေးပြီး ငါ ဘယ်လို ရှင်သန်မလဲ။

လူထုနဲ့ဝေးပြီး ငါ ဘယ်လိုစာတွေရေးမလဲ ဆိုတဲ့ စိုးရိမ်စိတ်က ကျမကို တုန်လှုပ် ခြောက်ခြားစေခဲ့တာပါ။

အမေရိကားကို ခြေချလိုက်တဲ့ အချိန်က စလို့ အမိမြေနဲ့ တော်လှန်မြေကို လွမ်းဆွတ်မှု၊ ဒီမိုကရေစီရေး၊ အမျိုးသား လွတ်မြောက်ရေးအတွက် အသက်တွေနဲ့ ရင်း၊ ဘဝတွေနဲ့ ခင်းပြီး ပေးဆပ်နေကြ၊ ပေးဆပ်သွားကြတဲ့ ခေါင်းဆောင်များ၊ ရဟန်း သံဃာများ၊ ကျောင်းသား ပြည်သူများနဲ့ ရဲဘော် ရဲဘက်များအပေါ် ရှက်ရွံ့ အားနာမှု၊ ဒုက္ခသည်များ၊ တရားမဝင် အလုပ်သမားများ၊ နယ်စပ်လမ်းက ပန်းကလေးများအပေါ် တာဝန် ပျက်ကွက်မှု၊ လတ်တလော မြင်တွေ့နေရတဲ့ လူများ၊ မြင်ကွင်းများ အပေါ် အလိုမကျမှုများနဲ့ ကျမ စိတ်တွေ ငရဲကျခဲ့ရပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က မြို့ငယ်လေး တခုမှာ ငရဲကျနေတဲ့ ကျမကို ဖုန်းတွေ အကြိမ်ကြိမ် ဆက်ပြီး ကဗျာတွေ၊ စာတွေရေးဖို့ အားပေး တိုက်တွန်းသူကတော့ ကဗျာ ဆရာ ကိုအောင်ဝေးပါ။ နောက်ပိုင်း မှာတော့ ဝါရှင်တန်ဒီစီကို ရောက်လာတဲ့ မမေငြိမ်း (စာရေးဆရာမ မေငြိမ်း) ကလည်း ကျမကို ဖုန်းလိုင်းတွေက တဆင့် စာရေးဖို့ ပူပူ ဆူဆူ လုပ်ပါတော့တယ်။ အကို အမများရဲ့ စေတနာကို မပယ်ရှားဝံ့လို့သာ ရေးပါ့မယ်လို့ အင်း ချလိုက်ရပေမယ့် ကျမ တော်တော်နဲ့ စာမရေးခဲ့ပါ။ ထုံထုံပေပေနဲ့ တေလေနေတဲ့ ကျမကို ဆရာအောင်ဝေးက မလျှော့သော ဇွဲနဲ့ စာတွေရေးပါ၊ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပါ၊ မိတ်ဆွေတွေနဲ့ စကားပြောပါ၊ ရောက်တဲ့ အရပ်ကနေ စာပေတာဝန် ကျေပါလို့ ကိုယ်တိုင်လည်းပြော၊ လက်လှမ်းမှီရာ မိတ်ဆွေ သူငယ်ချင်းများမှလည်း နားချခိုင်းနဲ့ တွန်းတွန်းတိုက်တိုက် အားပေး နှိုးဆော်ခဲ့သူပါ။

ဆန်ဖရစ္စကိုမြို့အနီးက ပစိဖိတ်ကမ်းခြေတခုကို မနေ့တနေ့က ကျမ ရောက်ခဲ့ပါတယ်။ အဲဒီကမ်းခြေမှာ မိုးမခမီဒီယာက မောင်ရစ်နဲ့ ကျမ ဆုံပါတယ်။ လှိုင်းတွေ တဝုန်းဝုန်း၊ လေတွေ တဟူးဟူးကြားမှာ မောင်ရစ်နဲ့ ကျမ မြန်မာပြည် အကြောင်း၊ လူထုတွေ အကြောင်း၊ တော်လှန်ရေး အကြောင်း၊ သံဃာတော်တွေ အကြောင်း၊ ကျောင်းသားတွေ အကြောင်း၊ အမေရိကားရောက် ကဗျာဆရာ၊ စာရေးဆရာများ အကြောင်း အချိန်တိုလေးအတွင်းမှာ ပြောခဲ့ကြပါတယ်။ လမ်းခွဲပြန်ကြမယ် ဆိုတော့ မောင်ရစ်က ကျမကို စာအုပ် ၄ အုပ် လက်ဆောင်ပေးပြီး ကျမဆီက စာရေးပါ့မယ် ဆိုတဲ့ ကတိကို မရ ရအောင် တောင်းပါတော့တယ်။

မောင်ရစ် လက်ဆောင်ပေးလိုက်တဲ့ စာအုပ်တွေက မိုးမခက ထုတ်ဝေတဲ့ ကြေးမုံဦးသောင်း (အောင်ဗလ)၊ ဟံသာဝတီ ဦးဝင်းတင်၊ ဖန်မီးအိမ် စာပေချစ်သူများ (ဆန်ဖရန်စစ္စကို)က ထုတ်ဝေတဲ့ ကဗျာဆရာ ဦးတင်မိုး ကွယ်လွန်ခြင်း ၆ လ ပြည့် အမှတ်တရစာစုနဲ့ အဟာရစာစောင်က ထုတ်ဝေတဲ့ ခရမ်းပြာမြင်းရိုင်း (ကိုအောင်ဝေးရဲ့ ကဗျာစာအုပ်) ဖြစ်ပါတယ်။

အိမ်ပြန်ရောက်ပြီး နောက်တရက်မှာပဲ သတင်းစာဆရာကြီးများ၊ ကဗျာဆရာကြီးများရဲ့ ဘဝဖြတ်သန်းမှု၊ စေတနာ၊ အမြင်သဘောထား၊ ယုံကြည်ချက်၊ ခံယူချက်များ ပါတဲ့ အဖိုးတန်စာအုပ် ၄ အုပ်ကို ကျမ မနားတမ်း ဖတ်ခဲ့ပါတယ်။ ဒီစာအုပ် ၄ အုပ်ဟာ အမေရိကားကို ရောက်ပြီး ကျမ ပထမဆုံး ဖတ်ဖြစ်တဲ့ စာအုပ်တွေပါ။

ထိုင်း-မြန်မာနယ်စပ်မှာ သတင်းနဲ့ စာနယ်ဇင်းအလုပ်ကို ၁ဝ နှစ်ကျော်ကြာ လုပ်ခဲ့ဖူးတဲ့ ကျမ၊ အမေရိကန်ပြည်ထောင်စုကို ရောက်မှ ကွန်ပြူတာနားလည်း မကပ်၊ ဘာသတင်းမှလည်း နားမထောင်၊ ဘာစာမှလည်း မဖတ်ဘဲ မျက်စိနားပိတ်နဲ့ အကျိုးရှိတဲ့ အချိန်တွေကို မိုက်မဲစွာ ကုန်ဆုံးစေခဲ့ပါတယ်။

တိုင်းပြည် အတွက်၊ လွတ်မြောက်မှု အတွက်၊ ယုံကြည်ချက် အတွက် အကျဉ်းထောင်တွေထဲ အကြိမ်ကြိမ် ရောက်ခဲ့၊ အမိမြေကိုစွန့်ခဲ့။ ဘဝတွေ ကျိုးကျေခဲ့ရတဲ့ ဆရာကြီးများရဲ့ ပုံရိပ်၊ ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံကနေ တိုင်းပြည်နဲ့ လူမျိုးအတွက် ကျရာတာဝန် သယ်ပိုး ထမ်းရွက်ခဲ့တဲ့ ဆရာကြီးများရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေက အမှောင်ဖုံးနေတဲ့ ကျမကို အလင်းပြခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် အောက်မှာ အကျယ်ချုပ်ဘဝ ရောက်နေရတဲ့ သန်း ၆ဝ ကျော် ပြည်သူ လူထုကြီးနဲ့တကွ အကျဉ်းထောင်တွေကို အိမ်လုပ်နေရတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ၊ ကျောင်းသားတွေ၊ တောတွေ တောင်တွေထဲ အသက်လု ပြေးလွှားနေရတဲ့ ပြည်တွင်း ဒုက္ခသည်တွေ၊ ထိုင်းရဲ မြင်တိုင်း သွေးပျက် ထိတ်လန့်နေရတဲ့ မြန်မာ အလုပ်သမားတွေ၊ ထိုင်းပြည့်တန်ဆာခန်းတွေထဲ ငရဲခံနေရတဲ့ မြန်မာ အမျိုးသမီးလေးတွေ၊ အိမ်နီးချင်း နိုင်ငံတွေမှာ အောက်ခြေသိမ်း အလုပ်တွေ လုပ်ပြီး မိသားစုတွေ အတွက် ကျားကန်ပေးနေရတဲ့ သူတွေ၊ အမှိုက်ပုံတကာ မွှေနှောက်ပြီး ဝမ်းမီးငြိမ်းနေရတဲ့ နယ်စပ်လမ်းတလျှောက်က ကလေးငယ်တွေကို မေ့လျော့ထားပြီး - ကိုယ့်ဇာတ် ကိုယ်နာလှပြီ လို့ ထင်ခဲ့တဲ့ ကျမရဲ့ မိုက်မဲမှုတွေကို ကျမ နောင်တရလို့ မဆုံးတော့ပါ။

ဆရာကြီးများ စိတ်ဝိဉာဉ်ထဲ ပူးဝင် ခိုအောင်းဖို့ ကြိုးစားရင်း ကျမရဲ့ ယုံကြည်ချက်တွေ ပြန်လည် ဦးမော့လာခဲ့ရတာမို့ ဆရာကြီးများကို ကျမ ဦးခိုက်ပါတယ်။ ကျမကို တွန်းတွန်းတိုက်တိုက် အားပေး နှိုးဆော်ခဲ့တဲ့ ဆရာကိုအောင်ဝေး၊ ဆရာမမေငြိမ်း၊ မောင်ရစ်တို့ကို ကျေးဇူး အထူးတင်ပါတယ်။

ကျမရဲ့ အခန်းထောင့်တနေရာကနေ - “ခိုင်မာရေ … ကိုယ်လုပ်ရမယ့် အလုပ်ကို တာဝန်ကျေကျေ လုပ် …” လို့ ဓာတ်ပုံထဲကနေ တဆင့် သတိပေးနေတဲ့ ကျမတို့ရဲ့ ခေါင်းဆောင်ကြီး “ပဒိုမန်းရှာ”ကိုလည်း ကျမ အမြဲ သတိရ ဦးညွတ်နေမှာပါ။

ကျမကို တခုတော့ နားလည် ခွင့်လွတ်ပေးကြပါ။ အမိမြေကို လွမ်းလို့ကျတဲ့ ကျမရဲ့ မျက်ရည်၊ ခေါင်းဆောင်တွေ၊ ရဲဘော်ရဲဘက်တွေကို ကျောခိုင်း စွန့်ခွာခဲ့ရလို့ ကျရတဲ့ ကျမရဲ့ မျက်ရည်၊ ဆာလောင် မွတ်သိပ်နေတဲ့ ပြည်သူတွေ၊ ဒုက္ခသည်တွေ၊ တရားမဝင် အလုပ်သမားတွေ၊ နယ်စပ်လမ်းက ပန်းကလေးတွေကို လွမ်းလွန်းလို့ ကျရတဲ့ ကျမရဲ့ မျက်ရည်တွေကိုတော့ မတားကြပါနဲ့။

သူတို့ အားလုံးကိုတော့ ကျမရဲ့ နောက်ဆုံး ထွက်သက်တိုင်အောင် လွမ်းနေပါရစေ။

အဲဒီ မျက်ရည်တွေ၊ အလွမ်းတွေက ကျမကို ခွန်အားတွေ ဖြစ်စေမှာပါ။

ယုံကြည်ပါ၊ ရှိခိုးဦးခိုက်ပါရဲ့ … အလွမ်းရိုက်လို့ ရေးတဲ့ စာပါ။ ။

ရဲရဲတောက် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း

ထိန်လင်း
မေ ၄၊ ၂၀၀၉

တိုင်းပြည်တစ်ခုဟာ ဆိုးဝါးတဲ့ ခေတ်ရဲ့အောက်မှာ ရောက်နေရပြီဆိုရင် အဲဒီ ဆိုးဝါးမှုတွေကြောင့် ဆုံးရှုံးမှုတွေ ဖြစ်တတ်သလို ကျပ်တည်းမှုတွေကြားမှာပဲ ထူးချွန်သူတွေ၊ ပညာရှင်တွေ ထွက်ပေါ်တတ်ပါတယ်။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက အဲဒီလို ထွက်ပေါ်ခဲ့တဲ့ ပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

‘မအ အောင်လို့’ သမိုင်းသင်ဖို့လိုတယ် ဆိုတဲ့ ဆရာ့ရဲ့ စကားက တိုသလောက် ရှင်းလှပါတယ်။ ဆရာ့ ဘဝတလျှောက်လုံး လေ့လာပြုစုခဲ့တဲ့ သမိုင်းကျမ်းတွေ၊ ဆောင်းပါးတွေက နောင်ခေတ်အဆက်ဆက် အသုံးဝင်မယ့် မှတ်တမ်းတွေ ဖြစ်ခဲ့ပါတယ်။ ဒီလို မှတ်တမ်းတွေ ကျန်ခဲ့ဖို့ စာတွေအများကြီး ဖတ်ရှုလေ့လာခဲ့ရသလို နေရာစုံကို ကိုယ်တိုင်သွားရောက်ပြီး လေ့လာ ပြုစုရတာတွေလည်း ရှိပါတယ်။ ဆရာ ပြုစုခဲ့တဲ့သမိုင်းစာအုပ်တွေထဲမှာ ခေတ်ဟောင်း ရာဇဝင်တွေကနေ ခေတ်သစ်သမိုင်းတွေ အထိ ပါဝင်သလို သုတေသနနဲ့ပတ်သက်တဲ့ စာပေတွေလည်း ရေးသားခဲ့ပါတယ်။ ဒီလိုပဲ သမိုင်းနဲ့ပတ်သက်တဲ့၊ အနုပညာနဲ့ပတ်သက်တဲ့ မြန်မာ စာအုပ်တွေကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့သလို အင်္ဂလိပ်ကနေ မြန်မာကို ပြန်ဆိုခဲ့တဲ့ ဘာသာပြန် စာအုပ်တွေလည်း အများအပြား ရေးသားခဲ့ပါတယ်။

သမိုင်းကို လေ့လာတဲ့အခါ နှံ့နှံ့စပ်စပ် ဘယ်လောက်လေ့လာတယ်ဆိုတာ ဆရာ့စာတွေက ဖော်ပြနေပါတယ်။ ၁၉၆ဝ ပြည့်နှစ်တွေက မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ စာတမ်းဖတ်ပွဲတွေမှာ ဆရာ့ရဲ့ သမိုင်းစာတမ်းတွေ ပါဝင်ခဲ့ပြီး အဲဒီစာတမ်းတွေထဲက ‘အမှိုက်ထဲက သမိုင်း’ဆိုတဲ့ စာတမ်းမှာ အမှိုက်လို ပစ်ထားတဲ့ စာအုပ်အဟောင်းကလေးတွေကနေ ရရှိတဲ့ သမိုင်းအချက်အလက်တွေကို ထုတ်နုတ် တင်ပြထားပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးသားခဲ့တဲ့ ဋီကာစာအုပ်တွေအကုန်လုံး ဖတ်ရှုပြီး ရေးသားထားတဲ့ ‘မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထား အထွေထွေ’ စာအုပ်ဆိုရင်လည်း စာအုပ်တွေကို လက်လှမ်းမမီလို့ မဖတ်နိုင်တဲ့သူတွေအတွက်ရော၊ အရင်ခေတ် စာပေအရေးအသားကို ဖတ်ဖို့ အဆင်မပြေသူတွေ အတွက်ပါ တထိုင်တည်း တစ်အုပ်တည်းမှာ ဖတ်ရှုနိုင်တဲ့ အနှစ်ချုပ်စာအုပ် ဖြစ်ပါတယ်။

ဆရာ့ကို ၁၉၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့က ပုသိမ်ခရိုင် ငသိုင်းချောင်းမြို့နယ် ဒေါင့်ကြီးရွာမှာ မွေးဖွားခဲ့ပြီး ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာသက်ရှိထင်ရှား ရှိဦးမယ်ဆိုရင် အခုနှစ် ဆရာ့ရဲ့ ၈၆ နှစ်ပြည့်မွေးနေ့ ကြုံရမှာဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ မွေးခဲ့တဲ့ ဆရာက ၁၇ နှစ်လုံးလုံး သမိုင်းပါမောက္ခအဖြစ် အမှုထမ်းခဲ့တဲ့ မန္တလေးတက္ကသိုလ် သမိုင်းဌာနကို သံယောဇဉ်ရှိလွန်းလို့ မန္တလေးရောက်တုန်း အဲဒီမှာ ညအိပ်တည်းခိုရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဆရာဟာ ရန်ကုန်တက္ကသိုလ်၊ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ်၊ မီရှိဂန်တက္ကသိုလ်တို့က သမိုင်းဌာနတွေမှာ တာဝန်ထမ်းဆောင်ခဲ့သလို ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာနရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်လို့ ဆရာ့အနေနဲ့ ဂျပန်ခေတ်မှာ အာရှလူငယ်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သလို ငါးသိုင်းချောင်းမြို့ရဲ့ ပထမဆုံး ဖဆပလ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ) ညီလာခံကနေ ဗကသ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ အဲဒီကာလအတွင်း ထုတ်ဝေခဲ့တဲ့ ကျောင်းသားဟစ်တိုင် စာစောင်မှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီလို နိုင်ငံရေးအခြေခံရှိတဲ့ ပညာရှင်ဖြစ်တာမို့ ဆရာဟာ ပြတ်သားတဲ့အမြင် ရှိသလို၊ အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူလည်းဖြစ်ပါတယ်။ ဆရာရဲ့ အဲဒီလိုစိတ်ဓာတ်နဲ့ပတ်သက်လို့ အမှတ်ရမိတဲ့ အရာ ၂ ခု ရှိပါတယ်။ တစ်ခုက ၂ဝဝ၁ ခုနှစ်လောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ-ထိုင်း နယ်စပ်ပြဿနာ အတွင်း ဆရာ့ရဲ့ ပြောစကားတွေဖြစ်ပါတယ်။ အဲဒီတုန်းက ၂ နိုင်ငံ နယ်စပ်တွေ ပိတ်လိုက်ပြီးတော့ စစ်အစိုးရရဲ့ ပင်တိုင် သတင်းစာဆောင်းပါးရှင်တွေနဲ့ သမိုင်းပညာရှင် ဆိုသူတို့က ထိုင်းနိုင်ငံ မကောင်းကြောင်း ဆောင်းပါးတွေ ရေးသားခဲ့ကြပါတယ်။ စာသင်ကျောင်းတွေမှာပါ အဲဒီလို အပုပ်ချထားတဲ့ သမိုင်းစာအုပ်တွေကို သင်ကြားဖို့ ပြဋ္ဌာန်းခဲ့တဲ့အထိပါပဲ။ အဲဒီအချိန် ပြည်ပ အသံလွှင့်ဌာနတွေက ဆရာကြီးကို ဆက်သွယ်ပြီး သမိုင်းကို အဲဒီလို အသုံးချသင့် မချသင့်၊ သမိုင်းပညာရှင်ဆိုသူက အဲဒီလို စာမျိုး ရေးသင့် မရေးသင့် မေးမြန်းကြပါတယ်။ ဆရာကြီးက အဲဒီလို မဖြစ်သင့်တဲ့အကြောင်း ဖြေကြားခဲ့တဲ့အပြင် အဲဒီလို လူမျိုးနဲ့ မဂ္ဂဇင်းတစ်အုပ်တည်းမှာတောင် စာမရေးချင်ဘူး၊ မရေးတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လက်ထက် မြန်မာပြည်မှာ ဆင်ဖြူတော် ပေါ်တယ်ဆိုပြီး သတင်းတွေမှာ တခမ်းတနားဖော်ပြကြ ကန်တော့တဲ့သူတွေက ကန်တော့ကြတော့လည်း “တိရစ္ဆာန်က တိရစ္ဆာန်ပဲ။ လူက တိရစ္ဆာန်ကို ရှိခိုးတာ တိရစ္ဆာန်ထက် နိမ့်လို့” ရှိခိုးတာလို့ ခပ်ရှင်းရှင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆို ရပ်တည်မှုတွေကြောင့် ဆရာ့ရဲ့ ကလောင်ကို ပိတ်ပင်တာတွေလည်း ကြုံခဲ့ရပါတယ်။ အာဏာပိုင်တွေကတော့ ဘယ်သူဟာ တိုင်းပြည်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို မကြည့်ဘဲ သူတို့ကို ဘယ်လောက် အနှောင့်အယှက် ပေးတယ်ဆိုတာကိုသာ ကြည့်လေ့ရှိပါတယ်။

ဆရာကွယ်လွန်ပြီး ၂ ကျော်တော့ စာရေးဆရာမကြီး လူထုဒေါ်အမာက ‘ဆရာ့ကို လွမ်းလို့မဆုံးနိုင်ပါကလား ဆရာရယ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် အမှတ်တရရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးထဲမှာ ဆရာနဲ့ သူတို့ဇနီးမောင်နှံ ရင်းနှီးမှုတွေအကြောင်းနဲ့ ဆရာနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေကို ရေးသားခဲ့ပါတယ်။

အဲဒီဆောင်းပါးထဲမှာ ဆရာ့ကို ဖုကူအိုကာ အာရှ ယဉ်ကျေးမှုပညာရှင်ဆု ဘာကြောင့်ချီးမြှင့်တယ် ဆိုတဲ့အကြောင်း ခုလို ရေးသားခဲ့ပါတယ်။

“၂ဝဝဝ ပြည့်နှစ် ၁၁ ကြိမ်မြောက် ဖုကူအိုကာ အာရှဓလေ့ဆုကို ဂျပန်ပြည်က ချီးမြှင့်ခဲ့တယ်။ အာရှယဉ်ကျေးမှုတံဆိပ် ဆရာ ချီးမြှင့်ခံခဲ့ရတယ်။ ဂျပန် အနုပညာယဉ်ကျေးမှု အဖွဲ့တစ်ဖွဲ့က ဒီလို ဆုချီးမြှင့်ခဲ့တာကတော့ -

‘ဆရာက မြန်မာရာဇဝင်ကို ဝေဖန်ဆန်းစစ်ခဲ့ပြီး မြန်မာ့သမိုင်း လေ့လာမှုကို ဦးဆောင်ခဲ့တယ်။ ပြီးတော့ လုံးဝ ထူးခြားဆန်းသစ်တဲ့ရှုထောင့်က ဖော်ထုတ်တင်ပြခဲ့သူမို့၊ အာရှတိုက်က ထင်ရှားတဲ့ ထိပ်တန်း သမိုင်းပညာရှင်ထဲက တစ်ယောက်ဖြစ်လို့ပါ’တဲ့။ နိုင်ငံတကာ အတွေ့အကြုံ ကြွယ်ဝပြီး ယုံကြည်ချက်ခိုင်မာသူ ဖြစ်တဲ့အတွက် ကမ္ဘာက မြန်မာရာဇဝင်ကို လေ့လာမယ်ဆိုရင် ဆရာပြုစုခဲ့တဲ့ကျမ်းတွေက မရှိမဖြစ်ကျမ်းတွေ ဖြစ်ခဲ့ပါတယ်။”

ပြီးတော့ ဆရာ ကွယ်လွန်သွားတဲ့အတွက် ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို “ဆရာဆုံးသွားတော့ လွမ်းတယ်။ အခုအချိန်မှာ ဆရာလို ဆရာမျိုး၊ အစားထိုးစရာမရှိလို့ နှမြောတယ်။ ဆရာနဲ့ ဦးလှ၊ ချမ်းသာတဲ့ဘုံမှာ ဆက်လက်ကြိုးပမ်းအားထုတ်နိုင်ကြပါစေ” လို့ ရေးသား အဆုံးသတ်ထားပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့နှစ် ဆရာ့ မွေးရက်မှာမှ အမေလူထုဒေါ်အမာက ကွယ်လွန်ခဲ့ရပြန်ပါတယ်။ မြန်မာပြည်အတွက် အဖိုးတန်တဲ့ ပညာရှင်တွေ ဆုံးပါးခဲ့ရလို့ နှမြောရသလို ဒီခေတ် ဒီစနစ်ကြီးအောက်မှာ နောက်ထပ် ဒီလို ပုဂ္ဂိုလ်မျိုးတွေ မပေါ်မှာကိုလည်း စိုးရိမ်မိပါတယ်။ ။

ထိန်လင်း (၁၃ ၊ ၄၊ ၂ဝဝ၉)



၂ဝဝ၉ ခုနှစ် ဧပြီလ ၂၄ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

မငြင်းကြနဲ့တော့

နယူးယောက်မြို့အခြေစိုက် ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခ စောင့်ကြည့် မှတ်တမ်းတင်အဖွဲ့က မြန်မာပြည်ရှိ ကလေးသူငယ်များ၏ အခြေအနေကို အစီရင်ခံထားသည်။



မပြောင်းလဲတဲ့သဘောထား