Monday, May 11, 2009

BURMA VJ DVD အခွေဒီမှာရယူပါ။ ။

Photobucket


ပြီးခဲ့တဲ့အပါတ်ကနေဒါတိုရန်တိုမှာတနေ့၃ပွဲ၊၃ရက်၊နေရာ၃ခုမှာပြတာကနေဒီယန်တွေရုံပြည့်အားပေးခဲ့ကြတယ်။
ဥရောပတခွင်ပြသခဲ့ရာမှာလည်းဆုပေါင်း၂၁ဆုရရှိခဲ့ပါတယ်၊ရန်ကုန်ကသမ္မတရုံမှာတနေ့တပွဲလောက်ပဲဖြစ်ဖြစ်
(ဆုမပေးရင်နေပါစေ)ပြခွင့်ရပြီးပြည်သူတွေကြည့်ခွင့်ရမယ်ဆိုရင်တော့ရဲရင့်ငယ်ဒီပို့စ်ကိုတင်စရာမလိုပါဖူး၊
မူလပိုင်ရှင်ရဲ့မူပိုင်ခွင့်၊ရပိုင်ခွင့်တွေကိုလည်းလေးစားပါတယ်။ပြည်တွင်းကမိဘပြည်သူတွေကိုလည်းကြည့်စေ
ချင်ပါတယ်။လူငယ်တွေဒီဒီဗွီဒီကိုကြည့်ရှုရခြင်းဖြင့်စစ်အာဏာရှင်၏လုပ်ရပ်မှားများကိုအချိတ်အဆက်မိမိဖေါ်ထုတ်
နိုင်ကြစေရန်ရည်ရွယ်ပါသည်။တမျိုးသားလုံးအရေးဖြစ်၍ဒီတခါတော့မိုက်ပါရစေလို့သာ။ ။

နစ်နေမန်းဘလော့တွင်တင်ဆက်စဉ်ကနောက်ကျသည့်မောက်စ်၊ကြွက်ထောင်ချောက်ဆိုသလိုဒေါင်းထားခဲ့သည်။
နစ်နေမန်းဘလော့တွင်ဒေါင်းပြီးသားသူများအနေနှင့်ဖိုင်(၁)ကိုအောက်တွင်ပြန်လည်ဒေါင်းပါရန်၊MPEG FILEအဖြစ်CONVERTလုပ်ပေးထားပါသည်၊အခြားဖိုင်ရှစ်ခုမှာMPEGဖိုင်များဖြစ်သည်။ပထမအဆင့်အနေနှင့်
အောက်ပါဖိုင်၉ခုကိုDOWNLOAD ပါ၊
FILE(1)
FILE(2)
FILE(3)
FILE(4)
FILE(5)
FILE(6)
FILE(7)
FILE(8)
FILE(9)
အဆင်မပြေပါကအဆင်ပြေနိုင်မည့်Uploader
ဖြင့်တင်ပေးပါမည်၊အီမေးလ်ပို့ပါ၊

ဒီဗွီဒီတချပ်လုပ်ရအောင်....
Photobucket
Ulead VideoStudio 10 Plus.rar ဒီမှာဒေါင်းပြီး Install လုပ်ပါ
(VIDEO EDITING PROGRAM မရှိသေးသူများအတွက်ရည်ရွယ်ပါသည်။)ဲပြီးရင်....

BURNER DEVICE ထဲ DVD အခွေအလွတ်ကိုထည့်ပါ။

Photobucket
ကိုနှိပ်ပါ။

Photobucket
ကိုနှိပ်ပါ။

Photobucket
ဖိုင်ကိုးခုကိုအခုလို HIGH LIGHT လုပ်ပြီးထည့်ပါ။openကိုနှိပ်ပါ

Photobucket
ပေါ်လာလျှင်OK နှိပ်ပေးပါ။

Photobucket
ဖိုင်များကို၁၂၃၄အစဉ်အတိုင်းဖြစ်အောင်ဖဲချပ်လေးများရွေ့သလိုရွေ့ပေးပါ။ပြီးလျှင်Nextကိုနှိပ်ပါ။

Photobucket
အမှတ်လေးကိုဖြုတ်လိုက်ပါ(မဖြုတ်ပါကသီချင်းသံတခုအခွေတွင်ရောပါလာလိမ့်မည်။)Nextကိုနှိပ်ပါ။

Photobucket
ကိုနှိပ်ပါ။

Photobucket
MENUအမှတ်လေးကိုဖြုတ်လိုက်ပါ/မဖြုတ်ချင်လည်းရပါသည်။(အခွေစလျှင်ENTERနှိပ်ရလိမ့်မည်။) CHAPTERခွဲလိုလျှင်အပေါ်ရှိADD CHAPTER ကိုနှိပ်ပါ၊

Photobucket
ကိုနှိပ်ပါ၊

Photobucket
ကြိုက်နှစ်သက်သလိုရွေးချယ်ပါ။ OK ကိုနှိပ်ပါ၊

Photobucket
ဤစည်းမှမကျော်ရ၊ကျော်လျှင်ပစ်မည်ပေါ်လာလိမ့်မည်။

Photobucket
အလယ်မှSETTING ကိုနှိပ်ပါ။

Photobucket
ကိုနှိပ်ပါ။

Photobucket
GOOD QUALITY ကိုရွေးပေးပါ။OKကိုနှိပ်ပါ

Photobucket
စည်းမကျော်၍အပစ်မခံရတော့ပါ၊Nextကိုနှိပ်ပါ။

Photobucket
ကိုနှိပ်ပါ။

၂နာရီခန့်ကြာလျှင်အောက်ပါစာတန်းပေါ်လာမည်။
Photobucket

အခွေထွက်လာပြီလား။ကြည့်ပြီးလို့အဆင်ပြေတယ်ဆိုရင်ထပ်ပွားပြီးအင်တာနက်နဲ့ထိတွေ့ခွင့်မရတဲ့ပြည်
သူတွေကိုဝေပေးပါ၊ဒါသမိုင်းတကွေ့မှာစစ်အာဏာရှင်ဆန့်ကျင်ရေး၊အမျိုးသားရေးလှုပ်ရှားမှုတရပ်အဖြစ်
သင့်အတွက်အားလုံးကဂုဏ်ယူနေကြမှာပါ။
ရွှေဝါရောင်ရိုက်ကူးရေးအဖွဲ့မှ၃ယောက်ခန့်စက်တင်ဘာအရေးအခင်းတွင်အဖမ်းခံခဲ့ရသည်။သင်တို့၏
ရဲရဲတောက်ကြိုးပမ်းမှုများအတွက်ဤနေရာမှဦးညွတ်ဂုဏ်ပြုလိုက်သည်။

Ulead VideoStudio 10 Plus.rar ကို တိုရန်တိုB.S.D.O ဥက္ကဌ ကိုထွန်းထွန်းဦးမှမျှဝေပေးပါသည်။

The Voice Weekly(May 11)

မြန်မာပြည်မှာ နေရတာ ကောင်းတယ်

မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ မန်ကျည်းယို၊ ဇီးယို၊ မက်မန်းပေါင်း၊ ဂွေးသီးချဉ်စပ်၊ ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။ လက်တွန်းလှည်းထဲထည့် အဖုံးမပါ ဘာမပါနဲ့ လေဓာတ် ရေဓာတ် နေဓာတ်ကို သဘာဝကျကျ ရယူထားတဲ့ မြန်မာကြိုက် သွားရည်စာလေးတွေ။ ဘာ မဆလာတွေသုံး၊ ဘာ အရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ သုံးထားလည်းတော့ မသိဘူး။ ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင် ပါချင်ပါဦးမှာ။ ဘယ်လောက် သဘာဝနဲ့ နီးစပ်သလဲ။ နိုင်ငံခြားမှာ ရလို့လား။ တွေဝေမနေနဲ့ တရုတ်တန်းသွား တုတ်ထိုးလေး စားကြည့်လိုက်ဦး။ ဝက်တစ်ကောင်လုံး အမွှေးတောင် စားမရလို့ ချန်ထားရတာ။ ဘာနဲ့ သေလို့ သေမှန်းမသိတဲ့ ဝက်တွေလည်း ပါချင်ပါဦးမှာပဲ။ အရသာ ရှိလေစွ။ မနေ့က တနေ့က ရောင်းမကုန်တဲ့ အသားတွေလည်း ရောထည့် မူးမူးနဲ့ တွယ်သာ တွယ်လိုက်။ ဘာမှတောင် သိလိုက်မှာ မဟုတ်ဘူး။ တုတ်ထိုးစားပြီး အဆီတစ်နေရင် လမ်းဘေးက ဖျော်ရည်လေး ဝယ်သောက်လိုက်ဦး။ ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ ညှစ်ဖျော်ထားတဲ့ သံပုရာသီး ဖျော်ရည်လေးကို ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့ ခပ်ဆဆမွှေ၊ အခါတစ်သောင်းလောက် ဆေးထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။ မော့ပေရော့ လတ်လတ်ဆတ်ဆတ်။ တော်ပြီလား ကြံရည်လေးလည်း သောက်သွားဦး။ ယင်ကောင်က တလောင်းလောင်းနဲ့ အဖတ်စစ်တဲ့ အဝတ်က ဘယ်နှစ်ရက် မလျှော်ဘဲထားတဲ့ လက်နှီးစုတ်မှန်း မသိဘူး။ ကြံတွေ ဘယ်က ယူလာသလဲ ဆိုတာလည်း ကြည့်လိုက်ဦး ခြေနင်းပတ်မှာ ပိုးလိုးပက်လက်။ မြေဓာတ်ကို အပြည့်အဝ ယူထားတာ။ ရလား စင်္ကာပူမှာ။ ကြာပါတယ် အဆင်ပြေတုန်း လက်သုပ်စုံလေးပါ ဆွဲလိုက်။ ကားတွေက ဘေးနားမှာ တဝီဝီ၊ လက်တဝါးစာ ထိုင်ခုံပေါ်က ကျွံထွက်နေတဲ့ဖင် ကားနဲ့ မချိတ်မိရင် ကံကောင်း။ အမယ် ငရုတ်ဆီတွေများ ဘယ်သူက တားထားထား စားနေကြတာက တရွှဲရွှဲနဲ့ နီရဲနေတာပဲ။ နယ်ဖတ်နေတဲ့ လက်ကြီး ကြည့်ပြန်တော့ ဂျုံနယ်သမား လိုပဲ။ တခါနယ်ပြီးတိုင်း ပလုံဆို ဘေးနားက ရေပုံးခပ်စုတ်စုတ်ထဲ လက်ကို ဆင်းစိမ်လိုက်သေးတယ်။ ပြီးရင် ဂျီးဗလပွနဲ့ လက်နှီးစုတ်ကို သုတ်တယ်။ ကံကောင်းရင် အန်တီ နှံ့နှံ့လေး နယ်ပေးနော်။ ဒါမှ စားကောင်းတာဆိုတဲ့ သောက်ပျင်းထူထူ မိန်းမတွေကို စားရင်းသောက်ရင်း ငေးလို့ရသေးတယ်။ ဒါပေမယ့်လည်း အဲလိုနေရာတွေ သိပ်ကြာကြာမနေနဲ့။ လူဗွက်ပေါက်နေတဲ့ လမ်းတလျှောက် ကြော်လှော်နေကြတဲ့ ဆီပူအိုးတွေ ဆီပူအိုးတွေဆိုတာ။ ဖိုင်နယ်ဒစ်စတီနေရှင်း နောက်ဆက်တွဲတွေ မြန်မာပြည်မှာ ရိုက်ကောင်း ရိုက်နေရဦးမယ်။ အိမ်ပြန်တဲ့အခါလည်း လမ်းလျှောက်ပြန်ဖို့တော့ မစဉ်းစားနဲ့။ ကားပေါ်ကနေ ပြစ်ခနဲ ထွေးလိုက်တဲ့ ကွမ်းသွေးတွေ သလိပ်ဖတ်တွေ ထိနေမယ်။ လိုင်းကားလေးနဲ့ပြန်။ ကားနဲ့ ပြန်တယ်ဆိုပြီးတော့ ဟိုဟိုဒီဒီ လျှောက်မကိုင်နဲ့ဦး၊ သူများရဲ့ ပီကေဖတ်တွေ၊ ချွဲတွေ လက်မှာ ပေကုန်မယ်။ အိမ်ပြန်ရောက်ရင် ညဘက် အင်စတန့် ကော်ဖီလေးလည်း သောက်လိုက်ဦး။ ဘာဓာတ်တွေ ဘယ်လိုအချိုးနဲ့ ပါနေမှန်းတော့ မသိဘူး။ သောက်ကောင်းတာပဲ။ သေကာမှ သေရော။ ကြော်ငြာထားတာတွေကလည်း အလွန်။ မျိုမချပါနဲ့ ငုံထားပါ ဆိုလား ဘာလား။ ထားတော့ ကော်ဖီမကြိုက်ရင် ဘီယာဆိုင်သွား။ အိမ်မှာနေလဲ မီးပျက်နေမှာပဲ။ မထူးဘူး လင်းလင်းချင်းချင်း ရှိတဲ့ ဘီယာဆိုင်လေးသွားပြီး အချိန်ဖြုန်းလိုက်။ တစ်ခွက် ၇၀၀ သောက်လိုက်စမ်းပါ ၆ခွက်လောက်တော့။ ဘာအရေးလဲ။ အသားကင်တွေ စားရင် ကင်ဆာဖြစ်တယ်ဆိုတာ မိုးလုံးပြည့် မုသာဝါဒတွေပဲ ဖြစ်မှာပဲ။ ဒီတော့ ဝက်နံကင်လေး၊ ကြက်ဖင်ဆီဖူးကင်လေး၊ ငါးကင်လေး နဲ့ ဆွဲပစ်လိုက်။ အချိန်မတော် ပြန်လာလို့ အိမ်က တံခါးမဖွင့်ပေးဘူးလား။ အနှိပ်ခန်း သွားအိပ်လို့ ရသေးတယ်။ မှိုလိုပေါက်နေတာ ဘာအရေးလဲ။ ဝါသနာပါရင် ဝါသနာပါရင်.. အင်း အခန်းထဲ ထမင်းဟင်း မှာစားလို့ ရသေးတယ်လို့ ပြောမလို့။ ကဲ အိမ်ပြန်ရောက်ပြီး စာအုပ်လေးဖတ်ရင်း ခံတွင်းလေးဟာလာရင် လက်ဖက်သုတ်လေး ဝါးချင်ဝါးလို့ ရသေးတယ်။ အောင်မလေး ဆိုးဆေးတွေ စိမ်ဆေးတွေဆိုတာ အခုမှ ကြောက်နေကြတာ ကိုယ့်လူ။ တမြန်နှစ်က ကျုပ်ကြီးတော်ကြီး သေတုန်းက ဘာမှန်းတောင် မသိလိုက်ဘူး။ ဒီလိုပဲ ဘာမှ မသိသေးတော့ သေရိုးသေစဉ်ပေါ့။ မြေချတော့တောင် သူကြိုက်တတ်တဲ့ လက်ဖက်လေး ထည့်ပေးလိုက်သေးတယ်။ လက်ဖက်သားလေးတွေဆိုတာ ဝင်းလို့။ အညွန့်လေးတွေဆိုတာ တောင့်လို့ ကော့လို့။ အလောင်းပြန်တူးပြီး တရားစွဲရ အခုဆို နိုင်ချင်နိုင်ဦးမှာပ။ ဘာအရေးလဲ။ ကိုယ်ကြိုက်တာလေးစားပြီး သေသွားတာ ကျေနပ်စရာကြီး မဟုတ်ဘူးလား။ နိုင်ငံခြားမှာ အဆင့်ဆင့် စစ်ဆေးမှုတွေနဲ့ စည်းကမ်းတွေက တင်းကျပ်၊ စနစ်တွေက မြင့်မား ခင်ဗျားတို့ စားချင်တာ စားရလို့လား။ တစ်နေ့ထမင်း တစ်နေ့ဟင်း ကိုယ်တိုင် ဈေးသွားပြီး ဝယ်ကြည့်လိုက်ဦး။ Wet Market ဆိုတာကို ဗွက်မားကတ်လို့ နာမည်တော့ တလွဲတွေ လာမပေးကြနဲ့။ သားဈေးငါးဈေးသွားတာ ဟန်လုပ်ဖို့မှ မလိုတာ။ အသက်လေး အောင့်တတ်ရင် ခြေဖျားလေးထောက်ပြီး သွားတတ်ရင်၊ နားသည်းခံနိုင်ရင် လတ်လတ်ဆတ်ဆတ် အကုန်ရတယ်။ ဘယ်လောက်ကောင်းတဲ့ ရွှေနိုင်ငံလဲ။ မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ ဆက်ရေးချင်ပေမယ့် မီးပျက်နေလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တယ်။ ဒါလေးဖတ်ပြီး မြန်မာပြည် ပြန်လာချင်စိတ်တွေ ပေါက်သွားရင် ချက်ချင်းသာ ပြန်လာခဲ့။ သတင်းစာထဲမှာ ဖတ်လိုက်ရတာ ရှိပါတယ်။ ဘာတဲ့ မြန်မာပြည်မှာ အလုပ်အကိုင်အတွက် မပူနဲ့တဲ့။ အင်း နာဂစ်မှာ သေသွားတဲ့ လယ်သမားတွေ အများကြီးပဲ။ ဆီလီကွန်ဗဲလီက အလုပ်ပြုတ်လာလို့ပဲ ဖြစ်ဖြစ်၊ စင်္ကာပူ ကနေ အပြီးပြန်လာလို့ပဲဖြစ်ဖြစ် လယ်ထဲဆင်းပြီး ကောက်စိုက်လို့ ရနေသေးတာပဲ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့။ ဒါတွေလည်း အလုပ်ပဲလေ။ အဲအဲ တစ်ခုပဲ ဝင်လာရင်တော့ 10% လေး ဆောင်ဖို့သာ ရှာလာခဲ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမှုပတ်နေမယ်။ ဒါက ကွိုင်ရှိတယ်လေ ဟုတ်တယ်ဟုတ်။
http://blog.nyilynnseck.com/2009/04/blog-post_24.html

ရေွးကောက်ပွဲမဖြစ်ပေါ်မှီမြန်မာပြည်


မြကျွန်းသာမှုာဒုက္ခရှာမိသူ(ပေးစာ)

မြန်မာမပြန်မူရင်းအတိုင်းတင်သည်၊၀ိုင်းခံစားကြပါကုန်သော်ဝ်။

I am a University teacher of Ministry of Education and i can't suffer my life and open in Internet.
As u know, my salary is 40,000 Ks (40 $) per month and pay the ferry ks 12,000 per month.
So, i can use only for 900 Ks per day.
Therefore, I request to my parents to support me.
Now the minister, Dr Chan Nyein announced that all the university teachers can not be promoted to next position unless he or she get PhD.
Although i have several and enough years to get promotion, i can't because i have not finished the PhD.
When u do PhD research, u need much money to finish ur PhD research.
How can i do the research because we request to our parents for our survival and stand.
This announcement is produced by himself without confirm to U Kyaw Thu ( president of Civil Service Selection Board) and University Council.
This announcement is not concerned with other university such as Medicine 1 , 2 , Agriculture, and Science and Technology.
I'd never seen this minister who do not care his staff and he only know how to press.
we are old enough not to transfer to the other jobs and do not have enough money to do PhD research.
At the beginning, we joined to the university teacher because we love to stay in the compound of Mya Kyun Tha.
At present, we are in trouble in this compound.
How we continue our lives.

Mya Kyun Thar mhar Dut Kha Shar Mi Thu.

စိတ်ထားကလေးပြုပြင်ရင်း

♠♠♠ စိတ်ထားကလေးပြုပြင်ရင်း ♠♠♠
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်ပေါ့ 
ချစ်တတ်ခဲ့သောတပည့်တော်နှလုံးသားကို
အမုန်းခွန်အားပေးသနားပါလို့
တောင်းဆိုမိလိုက်နိုင်တယ့့်  ။
ဦးနှောက်နဲ့နှလုံးသားမျှတအောင်ထားနေပါရက်နဲ့ 
တခါတလေမှာ ဘာကြောင့်ရယ်များ
နှလုံးသားကကြီးသွားကာ
မေတ္တာတွေအလွန်အကျွံ့ထားမိပါလိမ့်
သြော့့်  အစိုးမရတဲ့စိတ့့်  ။
စိတ်ထားကလေးပြုပြင်လိုက်အုံးသူငယ်ချင်းရေ့ 
မင်းဟာ ပညာတတ်တယောက်ဖြစ်ပေမယ့်
မင်းရဲ့စိတ်ဓါတ်လေးကို
ဆယ်တန်း ( အထက်တန်း ) အောင် အောင်မထားတတ်ရင်
မင်းရဲ့အသိအမြင် မင်းရဲ့အတတ်ပညာတွေ
လူသားတိုင်းအတွက်အကြုံးမ၀င်
အဲ့ဒါ့  အထက်တန်းကျောင်းမအောင်တဲ့
ငါ့ရဲ့  သာမညအမြင့့်  ။
တလောကလုံးစာငါတယောက်တည်းနဲ့ 
အကုန်ပေးဆပ်ခြင်နေတဲ့ စိတ်ဓါတ်က
တခါတလေမှာလည်း ငါ့အဖေနဲ့တူရဲ့
တခါတလေမှာလည်း ငါ့အမေနဲ့တူရဲ့
ဒါပေမယ့်ပေါ့ သူငယ်ချင်း
ပြောင်းလဲမရတဲ့ ငါ့ရဲ့အချစ်တခုကတော့
ဖျောက်ဖျက်ပြစ်လို့မရတာ အတော့ကိုခက်
အဲ့ဒါကြောင့်ပဲ့  ငါ
ဦးနှောက်နဲ့နှလုံးသားကိုမျှတအောင်
ထပ်ကာထပ်ကာထားရင်း ကြိုးစားနေကာ
ငါ့ခရီးတခုကို နှင်နေလေရဲ့  ။
ဇာနည်မောင်

၁၁၀၅၂၀၀၉ ဒိုင်ယာရီ

PhotobucketPhotobucket
google download

mediafire download

ပြည်တွင်းမှအီးမေးလ်များသို့တဆင့်ပို့ပေးခြင်းဖြင့်သတင်းအမှောင်ကျနေသောပြည်သူများကိုကူညီကြပါ။


၂၀၁၀အရာရှိငယ်နှင့်အသိဂလိုဘယ်(ဂါမဏိ)

၁၁ မေ ၂၀၀၉
ရွေးကောက်ပွဲလုပ်မယ်လို့ နအဖ ကြေညာထားတဲ့ ၂ဝ၁ဝ ပြည့်နှစ် ထဲဝင်ဖို့ (၈) လပဲလိုပါတော့တယ်။ ဒါပေမယ့် စစ်အစိုးရဟာ ရွေးကောက်ပွဲဥပဒေ၊ ပါတီမှတ်ပုံတင်ဥပဒေတွေ ဘာတခုမှ မထုတ်ပြန်သေးသလို ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့တာလည်း မရှိသေးပါဘူး။ ၁၉၉ဝ မေလရွေးကောက်ပွဲအတွက် ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေကို ၁၉၈၈ စက်တင်ဘာမှာ ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲဥပဒေကို ၁၉၈၉ မေလမှာ ထုတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲရက်ကို (၇) လအလို ၁၉၈၉ နိုဝင်ဘာမှာကြေညာပြီး စည်းရုံးမဲဆွယ်ခွင့်ကိုတော့ (၃) လအလို ၁၉၉ဝ ဖေဖော်ဝါရီလကျမှ ပေးခဲ့ပါတယ်။ ဒါပေမယ့် ၈လေးလုံး အရေးတော်ပုံကြီးရဲ့အရှိန်နဲ့ နိုင်ငံရေး ပါတီတွေ ရပ်တည်လှုပ်ရှားခွင့် အတော်အတန် ရထားတဲ့အတွက် ၉ဝ ဖေဖော်ဝါရီ မတိုင်ခင်ကတည်းက စည်းရုံးထားနိုင်လို့ ရွေးကောက်ပွဲကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ခဲ့တာဖြစ်ပါတယ်။အခုလည်း နအဖဟာ ရွေးကောက်ပွဲရက်နဲ့အတူ ရွေးကောက်ပွဲဥပဒေ၊ ပါတီဥပဒေတွေကို (၄-၅) လအလိုမှာ ကြေညာ၊ မဲဆွယ်ခွင့်ကို တလ နှစ်လလောက်ပဲပေးမယ့် လက္ခဏာ တွေ့နေရပါတယ်။ တဖက်မှာတော့ ကြံ့ဖွံ့နဲ့ လက်ကိုင်တုတ် သို့မဟုတ် နောက်လိုက်ခွေးအဖွဲ့တွေကတော့ ခုကတည်းက စည်းရုံးလှုပ်ရှားခွင့်ရနေပါတယ်။၁၉၉ဝ ရွေးကောက်ပွဲ၊ (၁၄) နှစ်ကြာ အမျိုးသားညီလာခံနဲ့ ၂ဝဝ၈ ဆန္ဒခံယူပွဲအတွေ့အကြုံတွေ ရထားတဲ့ စစ်အုပ်စု ဟာ ၂ဝ၁ဝ ပွဲမှာတော့ အတိုက်အခံတွေ ဘယ်လိုမှနေရာမရအောင် လုပ်ဖို့ စီစဉ်ပြင်ဆင်ထားမှာ မြေကြီးလက်ခတ် မလွဲပါဘဲ။ နောင်မှာ ယောင်းမမြင်းစီးထွက်လို့ ပွဲပျက်နိုင်တဲ့ ရူးကြောင်မူးကြောင် လက်ကိုင်တုတ်တွေကိုတောင် နေရာပေးမယ့်အလားအလာ မရှိပါဘူး။ အချိန်တခု အသုံးချ လူမိုက်မွေးတာလောက်ပဲလုပ်ပြီး ဘုရားပြီး ငြမ်းဖျက်ခံရမှာ မြင်ယောင်ပါသေးတယ်။
စစ်အုပ်စုဆိုတာ ကိုယ့်လူရင်း ကိုယ့်စက်ရုပ်ကလွဲပြီး တခြားဘယ်သူ့ကိုမဆို ဦး ၄* စာရင်းထဲထည့်တဲ့ အစွန်းရောက် စစ်အာဏာ မူရင်းစွဲဝါဒီ Military Fundamentalist ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ ဗိုလ်လက်ျာ၊ ဗိုလ်တင်ထွဋ်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်စမစ်ဒွန်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ကြည်မောင်၊ ဗိုလ်စောမြင့်၊ ဗိုလ်တင်ဖေ၊ ဗိုလ်စိန်မြ၊ ဗိုလ်မောင်ရွှေ၊ ဗိုလ်တင်ဦး (ယခု အန်အယ်လ်ဒီ)၊ ဗိုလ်ထွန်းလင်းနဲ့ မဆလအတွင်းရေးမှူးအဖွဲ့၊ ဗိုလ်တင်ဦး (မျက်မှန်)၊ ဗိုလ်စောမောင်၊ ဗိုလ်ထွန်းကြည်-ဗိုလ်ကျော်ဘနဲ့ နဝတတိုင်းမှူး တပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်တင်ဦး (တွင်း-၂)၊ ဗိုလ်နေဝင်းနဲ့ မဆလ-တစညတပ်မှူးဟောင်းအဖွဲ့၊ ဗိုလ်ခင်ညွန့် စသဖြင့် အထင်အရှား ရှိပါတယ်။
အခု ၂ဝ၁ဝ အတွက် ပြဿနာက အတိုက်အခံအဖြစ် ပြည်တွင်းပြည်ပက သိထားကြတဲ့ အန်အယ်လ်ဒီတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ မဟုတ်ပါဘူး။ ဒါတွေကို ဗိုလ်သန်းရွှေရဲ့ကိုယ်ပိုင် အထူးသီးသန့် ကြပ်ပြေး မြို့တော်သစ်ကြီးက မဟာလွှတ်တော်သစ်ကြီးမှာ စတိသဘောတောင် ခြေချခွင့်မပေးဖို့ အငြိုးတကြီးနဲ့ ပြတ်ပြတ် သားသား ဆုံးဖြတ် စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုတော့ ဒီ့ထက်ဆိုးတဲ့ပြဿနာကို ဗိုလ်သန်းရွှေ တယောက် မရှောင်နိုင်မလွှဲနိုင် ရင်ဆိုင်နေရပါပြီ။အဲဒါကတော့ တမတ်သားပြဿနာ သို့မဟုတ် (၂၅) ရာခိုင်နှုန်း ကိစ္စဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်မှာ ထည့်ရမယ့် စစ်သားကိုယ်စားလှယ်အရေအတွက်က (၁၆၆) ယောက် (၅၆ + ၁၁ဝ)၊ ဒေသကြီး-ပြည်နယ် လွှတ်တော် (၁၄) ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဦးစီးအဖွဲ့ (၆) ခုတို့မှာ ထည့်ရမယ့် စစ်သားကိုယ်စားလှယ် အရေအတွက်ကလည်း အနည်းဆုံး (၃ဝဝ) လောက်၊ ဗဟိုအစိုးရအဖွဲ့ထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေက (၃) နေရာ၊ ဒေသကြီး-ပြည်နယ်အစိုးရ (၁၄) ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဦးစီးအဖွဲ့ (၆) ခုတို့မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး (၂) နေရာစီက အယောက် (၄ဝ) ဆိုတော့ စစ်သားအလုပ်မဟုတ်တဲ့ အရပ်သား အလုပ်ကို ယူနီဖောင်းမချွတ်ဘဲ ဝင်လုပ်ရမယ့် စစ်ဗိုလ်တွေက အနည်းဆုံး (၅ဝဝ) လောက်ရှိနေပါတယ်။ နအဖဟာ ဒီလိုနေရာ တွေကို အခြားအဆင့်ဖြစ်တဲ့ တပ်သားတွေ အကြပ်တွေကို တာဝန်ပေးမှာမဟုတ်ဘဲ အရာရှိတွေကိုသာ ထားမှာ လည်းဖြစ်ပါတယ်။ အခြားအဆင့်တွေကတော့ ထုံးစံအတိုင်း ဖက်တိတ်** နဲ့ လုပ်အားပေးပဲ ရွေးစရာရှိပါတယ်။ဒါ့အပြင် ကြံ့ဖွံ့ပါတီ သို့မဟုတ် တခြားနအဖပါတီ တခုခုထဲပါပြီး ဗဟိုအစိုးရဝန်ကြီး၊ ပြည်နယ်-ဒေသကြီး အစိုးရ ဝန်ကြီး၊ ပြည်နယ်-ဒေသကြီးဝန်ကြီးချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဦးစီးဥက္ကဋ္ဌ စသဖြင့်လုပ်ဖို့ ယူနီဖောင်းချွတ်ရ မယ့် စစ်ဗိုလ်တွေလည်း လိုပါသေးတယ်။မဆလခေတ်က ပြည်သူ့လွှတ်တော်တွေမှာလည်း တိုင်းမှူး၊ တပ်မမှူး စသဖြင့် တပ်ဖက်ကအရာရှိကြီးတွေ ပါဝင်ခဲ့ ကြဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ဗြောင်အတိအလင်း တပါတီအာဏာရှင်စနစ် ကျင့်သုံးတဲ့အချိန်ဆိုတော့ လွှတ်တော်ဆိုတာ တနှစ်လုံးမှ နှစ်ခါပဲထိုင်ပြီး တခါထိုင်ရင်လည်း အလွန်ဆုံး တပတ်လောက်ပဲကြာတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ဗိုလ်တွေဟာ မူလတပ်တာဝန်ကို မစွန့်လွှတ်ဘဲ လွှတ်တော်မှာပါလို့ရခဲ့ပါတယ်။ အခုတော့ အများအမြင် မှာ ပါတီစုံ ဒီမိုကရေစီလွှတ်တော်အဖြစ် ပြရမှာဆိုတော့ တနှစ်ကို နှစ်ခါလောက် (၄-၅) ရက် စတိသဘောထိုင်ပြလို့ မဖြစ်တော့ပါဘူး။ ဒီမိုကရေစီနိုင်ငံက လွှတ်တော်တွေလို အချိန်ပြည့်အလုပ်လုပ်ပြရမှာ ဖြစ်ပါတယ်။
လူဦးရေ သန်း (၂ဝဝ) ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက အရင်ဆူဟာတို အာဏာရှင်ခေတ်လွှတ်တော်မှာ ရွေးကောက်မခံရ တဲ့ စစ်ဗိုလ် အများဆုံး (၁ဝဝ) ပဲပါလို့ စစ်ယူနီဖောင်းမချွတ်ဘဲ တပ်ကထုတ် အမတ်လုပ်ရတဲ့ အရေအတွက်က ဗိုလ်သန်းရွှေမျှော်မှန်းထားတဲ့ ဗမာပြည်နဲ့ယှဉ်ရင် မပြောပလောက်ပါဘူး။လွှတ်တော်တွေ၊ အစိုးရတွေထဲမှာ ကိုယ့်အတွက် အပိုင်ဖြစ်အောင် စိတ်ချရတဲ့ တပ်မတော်အရာရှိကြီးတွေ၊ အရာရှိလတ်တွေ ထည့်မှဖြစ်မှာဆိုတော့ တပ်တွင်းအရေးကြီးနေရာတွေကို အောက်ဆင့်က အရာရှိငယ်တွေ တင်ရတော့မှာ ဖြစ်ပါတယ်။ အဲသလိုမလုပ်ရင်လည်း အရာရှိငယ်တွေကို လွှတ်တော်တွေနဲ့ အစိုးရတွေထဲ ထည့်ရပါလိမ့်မယ်။ စိတ်ချရတဲ့ တပ်မတော် အရာရှိကြီးတွေ၊ အရာရှိလတ်တွေဆိုတာက ဗိုလ်သန်းရွှေ ကောင်းကောင်းသိထားတဲ့လူတွေ၊ ကိုယ် ရင်းမှူးဖြစ်ချိန်မှာ အနိမ့်ဆုံး တပ်စိတ်မှူးလောက် ဖြစ်ခဲ့ဖူးလို့ သစ္စာရှိနိုင်မရှိနိုင် တစုံတရာအဆင့်အထိ အနီးကပ်တွက်ချက် အကဲခတ်နိုင်သူတွေ ဖြစ်ပါတယ်။
ဒါကြောင့် အရေးကြီးစစ်ဘက်ရာထူးတွေကို ကိုယ်နဲ့ တပ်တွင်းမှာ မဆုံဖူးသူတွေ၊ အပတ်စဉ်ချင်း တအားကွာတဲ့ အရာရှိတွေ၊ သစ္စာရှိမှုကို ကြားအဆင့်တွေ အများကြီးခံပြီးမှ အကဲဖြတ်နိုင်သူတွေကို ပေးရတော့မယ့် အခြေအနေ ဆိုက်နေပါပြီ။ အဲဒီတော့ ဒီအရာရှိငယ်တွေမှာ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ၏တပ်မတော်အတွက်” ဆိုပြီး “အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်” ဖို့ “သစ္စာကို စောင့်သိရိုသေ” မယ့် သစ္စာလေးချက်ခံယူမှုဟာ ဗိုလ်သန်းရွှေရဲ့ အနီးကပ်အရာရှိကြီးတွေနဲ့ တထပ်တည်းကျနိုင်ပါ့မလား။ ဒါဟာ ဒီကနေ့ ၂ဝ၁ဝ အကြိုမှာ ဗိုလ်သန်းရွှေအတွက် အကြီးအကျယ်ခေါင်းခဲစရာ ဧရာမပြဿနာကြီး ဖြစ်နေပါပြီ။ဒီနေရာမှာ ကနေ့တပ်မတော်တွင်းက အရာရှိငယ်တွေရဲ့ အသိအမြင်ကို အတိုင်းအတာတခုအထိ ရိုက်ခတ် သြဇာ သက်ရောက်နေတဲ့ အတွေးအခေါ် သို့မဟုတ် အသိအမြင်တခုကို အလေးထားဖို့ လိုလာပါတယ်။ အဲဒါကတော့ ဂလိုဘယ်လိုက်ဇေးရှင်းအသိအမြင်ပါပဲ။ ဗိုလ်သန်းရွှေနဲ့ ထိပ်သီးဗိုလ်ချုပ်တွေက ၂၁ ရာစုကမ္ဘာကြီးနဲ့ အဆက်ဖြတ်ပြီး ဈေးကွက်စီးပွားရေးနာမည်ခံ ဈေးဖျက်စီးပွားရေးနဲ့ တံခါးဖွင့်စီးပွားရေးနာမည်ခံ ကိုယ့်အိမ်တံခါးဖွင့် ကိုယ်ကျိုးရှာ စီးပွားရေး စနစ်တွေ ကျင့်သုံးနေချိန်မှာ သူပုန်လူထွက်စာရေးဆရာတဦးရဲ့ ကျွမ်းကျွမ်းကျင်ကျင်ဝါဒဖြန့် ပညာပေးမှု ကြောင့် အရာရှိငယ်တွေမှာတော့ ဒီနေ့ကမ္ဘာမှာ တိုင်းပြည်စီးပွားရေးကို တိုးတက်စေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လစ်ဘရယ်လိုက်ဇေးရှင်း စီးပွားရေးဘဝတွေကို ယုံကြည်စိတ် အားကျစိတ်တွေ တဖွားဖွားပေါ်ပေါက်နေတာကို တွေ့နေရပါတယ်။အဲဒီစာရေးဆရာဟာ နိုင်ငံခြားတက္ကသိုလ်တခုသွားရင်း စာတမ်းတင်ရာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲမှတပါး အခြား မရှိလို့ အာဘော်အယူအဆ လွှင့်ပြခဲ့ပေမယ့် သူရေးတဲ့စာအုပ်တွေ ဆောင်းပါးတွေဖတ်မိတဲ့ တပ်မတော်အရာရှိငယ် တွေသာမက အလယ်အလတ်ဆင့် တပ်မှူးတွေထဲမှာပါ ဗိုလ်သန်းရွှေရဲ့ နအဖစစ်အာဏာရှင်ပုံစံဟောင်းနဲ့ ၂ဝ၁ဝ ပုံစံသစ်အောက်မှာ တိုင်းပြည်တိုးတက်စေမယ့် ဂလိုဘယ်လိုက်ဇေးရှင်းလမ်းစ ဘယ်လိုမှမရှိနိုင်တာကို ကောင်းကောင်း သဘောပေါက်၊ အာဏာရှင်ချင်းတူတူ တရုတ်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားတို့က တိုင်းပြည်စီးပွားနဲ့ လူထုလူနေမှုဘဝ မြင့်တက်နေတာကို အားကျစိတ်နဲ့ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြပါတယ်။ လက်ရွေးစင် ရွေးလွှတ်လိုက်တဲ့ ရုရှားပညာတော်သင်တွေတောင် နိုင်ငံတကာအသိအမြင်တွေအပြင် တပါတီ အာဏာရှင်စနစ်မဟုတ်တော့တဲ့ ရုရှားနိုင်ငံ ပူတင်ခေတ်မှာ တိုးတက်လာပြီး အမေရိကန်ကို ပခုံးချင်း ပြန်ယှဉ်လာနိုင်တဲ့ အကြောင်းတရားတွေကို အသိကြွယ်နေပြီ မဟုတ်ပါလား။နဝတ-နအဖစစ်အုပ်စုကို တလျှောက်လုံး ထောက်ခံအားပေးခဲ့တဲ့ သြဇာကြီးလှတဲ့ ဝါရင့်နိုင်ငံခေါင်းဆောင် စင်ကာပူ ဝန်ကြီးချုပ် လီကွမ်ယူကိုယ်တိုင် စိတ်ပျက်နှာခေါင်းရှုံ့ပြီး စင်ကာပူစီးပွားရေးသမားတွေ၊ စင်ကာပူကုမ္ပဏီတွေကို ဗမာပြည်သွား စီးပွားရေးမလုပ်ဖို့ တိုက်တွန်းရတော့တဲ့အခြေအနေက စာအုပ်တွေမှာဖတ်ရတဲ့ ခေတ်မီတိုးတက်သော အပြားကမ္ဘာကြီးနဲ့ သန်းရွှေခေတ် မြန်မာပြည်တို့ ဓမ္မာသောက အင်းဝရာဇာ ဖြစ်နေတာကို ပြနေပြီး တပ်မတော်အရာ ရှိငယ်တွေရဲ့ ခံစားချက်အပေါ် ဂယက်ကြီးခဲ့ပါတယ်။ဗိုလ်ချုပ်မှူးကြီးတို့ခေတ်တုန်းက အထက်ကရိုက်သွင်းသမျှကိုသာ လက်ခံယုံကြည်ခဲ့ရပြီး မျိုးချစ်စိတ်တို့၊ တိုင်းချစ် ပြည်ချစ်စိတ်တို့ဆိုတဲ့ တွင်းနက်ကြီးထဲမှာ ခုနစ်ဆွေးရှစ်ဆွေး တဝဲလည်လည်နေခဲ့ရလို့ ဘိန်းစားချင်းတူတူ တမူးပိုရှူနိုင်တဲ့ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်သန်းရွှေ တို့ကို ကျန်တဲ့လူတွေက သစ္စာစောင့်ခဲ့ ရပါတယ်။ အခု ၂ဝ၁ဝ ကာလမှာတော့ ဂလိုဘယ်လိုက်ဇေးရှင်း မိတ်ဆက်ပညာပေးစာအုပ်တွေနဲ့ နိုင်ငံခြားခရီး အပေါက်အရောက်များလာကြလို့ တိုင်းပြည်နဲ့လူမျိုးအတွက် မျိုးချစ်စိတ်ဆိုတာထက် ပိုအလုပ်ဖြစ်မယ့် အတွေးအခေါ်အသိအမြင်တွေ အရာရှိငယ်တွေကြား ပျံ့နှံ့အားကောင်းနေတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးတို့ ငယ်ငယ်တုန်းကလို သစ္စာရှိပုံချင်း တူနိုင်ပါတော့မလား။တိုင်းပြည်တကယ်တိုးတက်စေတဲ့ လစ်ဘရယ်လိုက်ဇေးရှင်း လူမှု-စီးပွားအသိကို ကျောက်ခေတ်မှာ ကျောက်ချ နေမယ့် နိုင်တီးဂွမ်တီးက မျိုးချစ်စိတ်တို့ သစ္စာရှိမှုတို့က ရေရှည်လွှမ်းမိုးနိုင်ပါ့မလား။ ကြိုက်သလိုသာလုပ်ပါ ဦးသန်းရွှေ၊ ဘယ်လမ်းမှ အာလူးဘူးသီးကြီး***အတွက် မချောင်ပါဘူး။အောက်ခြေမှတ်စု။*ဦး ၄ = တပ်မတော် စစ်ဦးစီးရေးရာဖိုင်တွဲအမျိုးအစားခွဲခြားမှုမှာ ရန်ဘက်အင်အားစုများ သတင်း**ဖက်တိတ် = Fatigue အောက်ခြေရဲဘော်များအတွက် တပ်တွင်းအလုပ်ကြမ်းလုပ်အားပေး***အာလူးဘူးသီးကြီး = အဘကြီး (ဗိုလ်သန်းရွှေကို တပ်တွင်းမှ ခေါ်ရသည့်နာမည်)