Saturday, May 16, 2009

အထွေထွေသပိတ်ဆင်နွဲမည်အားလုံးအသင့်ပြင်ထားကြ...။

ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့—! ယနေ့မြန်မာနိုင်ငံသည် အားလုံးတက်ညီ လက်ညီဖြင့်အ ထွေထွေသပိတ်ဆင်နွှဲရမည့် အချိန်ရောက်နေပါပြီ။
န.အ.ဖ စစ်မိစ္ဆာများ၏ဆိုးရွားမှုသည်တနေ့တခြားပိုမိုဆိုးရွားယုတ်မာလာပါသည်။ ပြည်သူလူထူကြီးတရပ်လုံးရှိခိုး ပူဇော်ရာဖြစ်သော သံဃာ တော် များကိုပင် စစ်ဖိနပ်နဲ့ကန်ကျောက်၊ ၀ါးရင်းထုတ်နဲ့ရိုက်သတ်၊ သေနတ်နဲ့ပစ်သတ်ကာ ယုတ်မာချင်တိုင်းယုတ်မာနေကြ ပါသည်။ ယခုထိသံဃာတော်အများအပြား န.အ.ဖ အကျဉ်းထောင်ထဲတွင်အနှိပ်စက်ခံအညှင်းဆဲခံနေကြရဆဲဖြစ်ပါသည်။ ယခု အခါ အပြစ်မရှိဘဲ ဖမ်းဆီးထားသော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်အား မေလ ၃၀ရက်နေ့တွင်မဖြစ်မ နေလွတ်ရမည်ဖြစ် သောကြောင့် မလွှတ်ချင် သည့်အတွက်အကောက်ကြံကာ မိမိယူထားသောလုံခြုံရေးမိမိမှာတာဝန်ရှိတာကို တခြားလွဲချကာ အကောက်ဥာဏ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန် ထောင်သို့ပို့ချင်းသည် ငါတို့ကြိုက်တာလုပ်မည်၊ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဟု
ပြည်သူတစ်ရပ်လုံးကိုစော်ကားရာစိန်ခေါ်ရာရောက်နေပါသည်။သို့ပါ၍ အခု န.အ.ဖ စစ်အစိုးရ၏ရိုင်းပြစော်ကားမှုများသည် အလွန် ဆိုး ရွားနေပါသောကြောင့် လာမည့်မေလ၃၀ရက်နေ့ကိုနောက်ဆုံးထားကာဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပါ။ ယခုတောင်းဆိုထားသောအချက်ကိုမလိုက်နာပါက မေလ၃၁ရက် တနင်္ဂနွေနေ့မှ စတင်ကာတနိုင်ငံလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန် အထွေထွေသပိတ်ကြီး ဆင်နွှဲမည်အားလုံးအသင့်ပြင်ထား ကြပါ။

Ah Yae Kyi Pye-Munn Aung - Ko Nget (Htoo Eain Thin)

global action for Free Daw Suu... The event in Vancouver

Dear comarade and all Burmese people
In Vancouver area on monday, Burmese Democracy Activists are trying to organize and to be holding a demonstration for free Daw Aung San Suu Kyi.
in briefing, All free Burma Democracy activists collecttively organize this event to be successful , to be more effective, and more impact on it.
Therefore, We wanted to all of you to join and cooperation and participation on these global action for Free Daw Suu.
The event in Vancouver,
Date : Monday May 18/2009

Time: 12:00 noon to 2pm

Place: Robson Square(Down Town, Vancouver)

Contact Persons : Kyaw Thi Ha (604-619 1270)
Mya Thwin (778-789 9603)

Ps.We request all freedom loving Canadians to join us in our action in support of Aung San Suu Kyi and freedom and democracy in Burma.

ဒါလေးကူးပြီးအဲဒီကိုပို့ကြပါ။ ။

Secretary-General of ASEAN
Dr. Surin Pitsuwan
The ASEAN Secretariat
70A, Jalan Sisingamangaraja
Jakarta 12110
Indonesia
Fax: (6221) 7398234, 7243504
Email: termsak@aseansec.org
Salutation: Dear Secretary-General
အထက်ပါလိပ်စာ(သို့)ဖက်စ်(အီးမေးလ်)ဖြင့်အောက်ပါအတိုင်းပို့ပါ

Dear Secretary-General,

I urgently call on you to immediately intervene to secure pro-Democracy leader Daw Aung San Suu Kyi’s release from Insein Prison, Yangon.
As you are likely to be aware she is currently detained in the maximum-security jail and is, along with other prisoners of conscience and political prisoners there, at risk of torture and ill treatment.
I am deeply concerned for Ms Suu Kyi’s safety and health - she suffers from low blood pressure and dehydration. Conditions in Myanmar prisons are appalling and will further jeopardise her health. Her regular doctor Tin Myo Win was denied access to her on 7 May. Following that attempted visit he was taken away by security officers and has not been seen since.
Ms Suu Kyi faces trial on Monday 18 May on what appears to be trumped up charges coinciding with the expiry of her home-detention at the end of this month. She has been detained for 13 of the past 19 years, mostly under house arrest, during which period the Myanmar government has continued to act in utter disregard for the human rights of most of its people.
A unified voice is needed to stop the Myanmar government from acting with impunity and to prevent this desperate situation from deteriorating further.
Please urgently raise the above concerns with the authorities in Myanmar and demand that on her release Ms Suu Kyi is not returned to house arrest. Additionally, I ask you to call on the UN Security Council to make the same demand.

Yours sincerely,
(Your name)

သန်းရွှေကိုဒီခုံရုံးပို့ရအောင်


ဘယ်သူခွဲခွဲဒို့မကွဲဒို့ဘာသာကွဲ


နအဖမတရားအမှုဆင် တိုင်ကြားစာ။

PhotobucketPhotobucket

VOICE OF BURMA (MAY17)


အင်းစိန်ထောင်ရှေ့အင်တာဗျူးဗွီဒီယို


Photobucketဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှေ့ နေတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းနဲ့  အတူ မတ်လ (၆) ရက်နေ့ ကဘဲ နအဖထောင်ကနေ ပြန်လွတ်လာခဲ့တဲ့ ၀ါရင့်ရှေ့ နေကြီး ဦးခင်မောင်ရှိန်ရဲ့  ရှေ့ နေလိုင်စင်ကို မနေ့ က နအဖကနေ သိမ်းလိုက်ကြောင်း သိရှိရပါတယ်။
ရန်ကုန်မြို့က တရားရုံးချုပ် ရှေ့နေကြီး နှစ်ဦး ဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန်တို့ နှစ်ဦးကို တရားရုံးကို မထေမဲ့မြင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလထဲတုန်းက ထောင်ဒဏ် (၄) လစီ အသီးသီးစီ နအဖကနေ ချမှတ်ပြီး ထောင်ချခဲ့တာဖြစ်ပါတယ်။
အလားတူ စွပ်စွဲချက်မျိုးနဲ့ပဲ ထောင်ဒဏ် (၆) လ အပြစ်ပေးခံခဲ့ရတဲ့ လူငယ်ရှေ့နေတဦးဖြစ်တဲ့ ကိုညီညီထွေးကတော့ အခုအချိန်အထိ ရန်ကုန် အင်းစိန်အကျဉ်းထောင်ထဲမှာ ဆက်လက်ရှိနေတုန်း ဖြစ်ပါတယ်။
နအဖဟာ ပြည်သူတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပြည်သူ့ ရှေ့ နေတွေကို မတရားစွပ်စွဲ၊ မတရား ပုဒ်မတပ်၊ မတရား ဖမ်းဆီးထောင်ချနဲ့  ပြုလုပ်လျက် ရှိပါတယ်။
ယခုအခါမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင် မတရား အမှုဆင်စွပ်စွဲကာ အင်းစိန်ထောင်ဝန်းအတွင်းမှာ ထိန်းချူပ်ထားလျက်ရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှေ့ နေတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းနဲ့  ရှေ့ နေ ဦးခင်မောင်ရှိန်တို့ ရဲ့  ရှေ့ နေလိုင်စင်များကို အခုလို သိမ်းယူလိုက်ခြင်း ဖြစ်ပါတယ်။
Photobucketယနေ့ နေ့ လည်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့ နေတစ်ဦးဖြစ်သူ ဦေးအာင်သိန်း၏ နေအိမ်သို့  နအဖမှ စာတစ်စောင်လာရောက်ပေးကာ ရှေ့ နေလိုင်စင် ရုတ်သိမ်းကြောင်း အကြောင်းကြားသွားပါတယ်။
ရှေ့ နေ ဦးအောင်သိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဖက်မှ ခုခံချေပရန်အတွက် ပြီးခဲ့ သည့် မေလ (၁၄) ရက်နေ့  ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်၌ ရုံးစတင်ထုတ်သည့် နေ့တွင် နအဖဖက်သို့  ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့ နေအဖြစ် လိုက်ပါဆောင်ရွက်ရန်အတွက် တရားဝင်ငှားရမ်းစာ တင်ထားခဲ့ပြီး ဖြစ်သည်။
ယခုကဲ့သို့  ရှေ့ နေ ဦးအောင်သိန်းအား ရှေ့ နေလိုင်စင် ရုတ်သိမ်းမှုသည် လာမည့် မေလ (၁၈) ရက်နေ့ တွင် ရုံးချိန်းပြန်ချိန်းထားသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အမှုလိုက်ပါမည့် ရှေ့ နေ (၅) ဦးထဲမှ တစ်ဦးဖြစ်သူအား နအဖမှ အနှောင့်အယှက်ပေး တားဆီးပိတ်ပင်ခြင်း ဖြစ်ပါတယ်။

Global Day of Action’ on Monday, May 18, 2008

Photobucket

Nobel Peace Prize recipient Daw Aung San Suu Kyi is Burma’s most celebrated and beloved person in the struggle for democratic governance in Burma. She has been under house arrest continuously since May 2003 and for a total of more than 13 of the past 19 years.
The release from her house arrest was due on the 27th of May. However, on May 13, Daw Suu and her two female caregivers were detained after an incident when an American national allegedly swam across Inya Lake and stayed at her house for two days. Aung San Suu Kyi has been charged under the regime’s Law Safeguarding the State from the Dangers of Subversive Elements and is being held in the notorious Insein Prison. Her trial is scheduled for May 18.
Her health has deteriorated recently, and due to the tight restrictions of her detention, she has often been denied access to her doctor, who was arrested last Thursday at the time of his monthly visit.
Burmese democracy movements and supporters around the globe are planning a ‘Global Day of Action’ scheduled on May 18, 2008 to demand her release and the release of all political prisoners in Burma.
In Canada, we will show our deepest concern for her well-being and our strong solidarity with her in a ‘Global Day of Action’ on Monday, May 18, 2008, by holding protests in Toronto, Ottawa and Vancouver.
We request all freedom loving Canadians to join us in our action in support of Aung San Suu Kyi and freedom and democracy in Burma.
Please forward this email to others.

The event in Toronto:

Date: Monday, May 18, 2009
Time: 1:30 pm
Place: Queen’s Park (in front of Ontario Provincial Legislative Building)


Contact Persons:
Zaw Wai Kyaw, phone: 416 358 2318
Aung Tin, phone: 647 343 7871
Timothy Zaw, phone: 416 735 4128

တိုင်းပြည်ရဲ့ ကယ်တင်ရှင်ကို ဘယ်သူ ကယ်တင် နိုင်မလဲ?

Photobucket
ဒီပဲယင်းတွင် တိုက်ခိုက်ခံ ရပြီး ကတည်းက တရားမျှတသည့် မည်သည့် တရားစီရင်မှု မှ မရှိပဲ အိမ်တွင်း အကျဉ်းချ အကျယ်ချူပ် ဖြင့် ထိန်းသိမ်းခံ နေခဲ့ရသော လူထု ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လာမည့် မေလ ၂၇ ရက် နေ့ တွင် ပြန်လွှတ် ပေးရမည့် အချိန်ကျမှ ထောင်ချောက်ဆင် ဖမ်းကာ တနင်္လာနေ့ မေလ ၁၈ ရက်တွင် တရားစွဲဆို စီရင်ပြီး ထောင်သွင်း အကျဉ်းချ ဖို့ ကြံစည်နေသည့် န.အ.ဖ စစ်အုပ်စု၏ လုပ်ရပ်ကြောင့် မြန်မာ့ လူထု နှင့် တကမ္ဘာလုံး က ဒေါသထွက် နေကြသည်။

အင်းစိန်ထောင်တွင် နိင်ငံတော်အား နှောက်ယှက်သူများ ထံမှ ကာကွယ် တားစီးသည့် ဥပဒေ (Law to Safeguard the State Against the Dangers of Those Desiring to Cause Subversive Acts) ပုဒ်မ ၂၂ ဖြင့် မတရားစွဲဆို အမှုဖွင့်ပြီး ဖမ်းဆီးထားသည့် လူထုခေါင်းဆောင် ဒေါ်စုအား ချွင်းချက်မရှိ လွှတ်ပေးရန် နိုင်ငံတကာ အစိုးရနှင့် နိုင်ငံရေး ခေါင်းဆောင်များ က တောင်းဆို နေကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်က “ဒါက အမှုဆင်ထားတာပဲ။ လုံခြုံရေး ကိစ္စ တခုလုံးဟာ သူတို့ လက်ထဲမှာ ရှိတာပဲ။ လူတယောက် ၀င်လာအောင် လုပ်တယ် ဆိုတာ သူတို့ ဖွင့်မပေးရင် ဘယ်လိုမှ ၀င်လို့ မရဘူး” ဟု ထောက်ပြ ပြောဆိုသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချူပ် နှင့် စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု ယခင် ကတည်းက ကြိုတင် ခန့်မှန်းထားခဲ့သည်ဟု ပြောဆိုလိုက်ပြီး “ထင်တဲ့ အတိုင်းပဲ အခု နိုင်ငံခြားသား တယောက် ခြံထဲဝင်တာကို အကြောင်းပြပြီးတော့ တရားစွဲတယ်၊ ဒါတွေကို ကြည့်ခြင်း အားဖြင့် သူတို့သွားနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အနှောင့်အယှက် ဖြစ်မှာ စိုးတဲ့အတွက် မလွှတ်ဘူး ဆိုတာဟာ ထင်ရှားတယ်” ဟု ထပ်ဆောင်း ပြောဆိုလိုက်သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေး အတွက် အရေးပေါ်ဝင်ရောက် ဖြေရှင်းရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တိုက်တွန်းလိုက်ပြီး ......။

နယူးယောက် အခြေစိုက် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့က ကုလသမဂ္ဂ အနေဖြင့် မြန်မာ စစ် အစိုးရ ကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တိုက်တွန်းရမည်ဟု ပြောလိုက်သည်။ စစ်အစိုးရသည် အမေရိကန် နိုင်ငံသား စတန့်ထွင်မှု ကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည် အား ဆက်လက် ထိန်းသိမ်း ထားရန် ကြိုးစား နေသည် ဟု လည်း ဝေဖန် လိုက်သည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် အဘီဆစ်ကလည်း မြန်မာပြည်တွင် ဖြစ်ပျက်နေသော အခြေအနေများကို စိုးရိမ်မိကြောင်း၊ မြန်မာ့နိုင်ငံရေးသည် နောက်ပြန်ဆွဲနေသည့် အခြေအနေကို ရောက်နေကြောင်း ပြောကြား လိုက်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဌါန မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကလည်း “မတရားသဖြင့် စွဲချက်တင်ထားသည့် အမှု” ကို ရုပ်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် စစ်အစိုးရကို ပြောဆို လိုက်သည်။

ဥရောပသမဂ္ဂ ဥက္ကဋ္ဌ ဟန့်(စ်) ဂါဒ်ပိုးတာရင်း (Hans-Gert Pöttering ) က အကျယ်ချုပ် သက်တမ်းပြည့်တော့မည့် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက် မရှိ ပြန်လွှတ်ပေးရန် အလေးအနက် တိုက်တွန်း လိုက်သည်။

ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်း က ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံရသည့် သတင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု ဆိုသည်။ စတင် ဖမ်းဆီးစဉ်က တရားမျှတမှု မရှိခဲ့ကြောင်း၊ ယခုလည်း တရားသဖြင့် စီရင်မည်ဟု မယူဆကြောင်း ဗြိတိန် ၀န်ကြီးချုပ်၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။

အမေရိကန် အိုဘားမား အစိုးရ ၏ နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် က ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲချက် တင်ထားသည့် အမှုမှာ အခြေအမြစ် မရှိဟု ကန့်ကွက် ပြောဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆိုခြင်း မပြုရန် စစ် အစိုးရ ကို တောင်းဆို လိုက်သည်။

ဘီဘီစီ သတင်းထောက် ဂျိုနသန်ဟတ် ကတော့ သူ၏ “စစ်အုပ်စုက ဘာကြောင့် ဒေါ်စုကို ကြောက်နေရလဲ” ဆောင်းပါး တွင် စစ်အုပ်စု ဦးဆောင်ကျင်းပလာမည့် အတုအယောင် ၂၀၁၀ ရွေးကောက်ပွဲအား စိတ်တိုင်းကျ ကျင်းပ သွားနိုင်ရန်နှင့် ဒီ ရွေးကောက်ပွဲအား ကန့်ကွက်နေကြသည့် ဒီမိုကရက်တစ် အင်အားစုများ ၏ ခေါင်းဆောင် ဒေါ်စု နှင့် သူမကို အားကိုး ယုံကြည် ထောက်ခံ နေကြသည့် မြန်မာ့လူထု ၏ အင်အားကို စိုးရိမ် ကြောက်ရွံ့ နေသောကြောင့် အခုလို အမှုဆင်ပြီး ထိန်းသိမ်း ထားခြင်း ဖြစ်သည်ဟု ရေးသား ထားသည်။

သေချာနေသည်မှာ နဂိုရ် ကတည်း က ကြိုတင် ကြံရွယ်ထားသည့် အတိုင်း လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား မတရားအမှု စီရင်ပြီး နှစ်ရှည်ထောင်ဒါဏ်များ ချမှတ်သွားဖွယ် ရှိနေပေသည်။ ၁၉ နှစ် ကာလအတွင်း ၁၃ နှစ် အိမ်အကျယ်ချူပ် ချခံထားရပြီး ယခုတကြိမ် ထောင်ဒါဏ်များ ချမှတ်ခံခဲ့ရလျှင် တိုင်းပြည်၏ အနာဂတ်သည် မတွေးရဲစရာ အခြေအနေဆိုးနှင့် ကြုံလာနိုင်မည်မှာ ယုံမှား သံသယဖြစ်စရာ မလိုတော့ပေ။

တရားမ၀င်သော စစ်အုပ်စု ၏ လက်ထဲတွင် ဥပဒေမဲ့သော တရားစီရင်မှု ကို ခံရပြီး မတရားမှုများဖြင့် ကာရံထားသော ထောင်နံရံများ အတွင်း၌ ဒေါ်စုကို ဖမ်းဆီး အကျဉ်းချ လိုက်ခြင်းက လူထု ၏ ဒီမိုကရေစီ လိုလားသောဆန္ဒ၊ တိုင်းပြည်၏ အသက်နှင့် လူမျိုးပေါင်းစုံ၏ အိပ်မက်အား စနစ်တကျ ဖျက်ဆီး လိုက်ခြင်းပင် ဖြစ်သည်ဟု ပြောရပေမည်။

ယခု ကိစ္စသည် န.အ.ဖ စစ်အုပ်စုက လူထုအား စစ်ကျေညာလိုက်ခြင်းပင် ဖြစ်ပေသည်ဟုသာ အခိုင်အမာ သုံးသပ်ရပေမည်။ စစ်အာဏာရှင် စနစ်သက်ဆိုးရှည်ရေး အတွက် ဥပဒေအရ ကျားကန်ပေးသွားရန် ရေးဆွဲထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံဥပဒေအား အသက်သွင်းပေးမည့် အတုအယောင် ရွေးကောက်ပွဲကို လူမျိုးနှင့် တိုင်းပြည်အား ချနင်းကာ အတင်းအကျပ် ကျင်းပသွားဖို့ ကြိုးပမ်းနေကြောင်းကို စစ်အုပ်စု၏ လုပ်ရပ်က ရှင်းလင်းစွာ ဖော်ပြနေသည်။

အာဏာရှင် စစ်စနစ်ရဲ့ ဂုတ်သွေးစုပ်ခြင်းကို ခံနေရတဲ့ တိုင်းပြည်ကို အမှောင်ကမ္ဘာထဲက ဆွဲထုတ်ပြီး အနာဂတ်သစ်ဆီ လှမ်းချီဖို့ ဦးဆောင် လမ်းပြပေးနေသည့် မီးရှူးအလင်းရောင်၊ လူထုရဲ့ဦးသျှောင်၊ မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးရဲ့ ပင်မ သွေးကြောကြီးဖြစ်သည့် တိုင်းပြည်ရဲ့ ကယ်တင်ရှင်ကို ဘယ်သူ ကယ်တင်နိုင်မလဲ ? ဆိုတဲ့ မေးခွန်းအတွက် အခုလို အလွန်အရေးကြီးသည့် ကာလတွင် အဖြေအဆင့် ရှိနေသင့်ပါသည်။ တိုင်းပြည်ရဲ့ ထာဝရပိုင်ရှင်၊ နိုင်ငံရေးရဲ့ အရှင်အခင် နှင့် အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်များ ဖြစ်တဲ့ လူထု ကသာ လူထုခေါင်းဆောင်အား ကယ်တင်နိုင်မည် ဖြစ်ကြောင်းကို ဒီလို အခြေအနေမှာ အပို ပြောစရာ လိုမယ် မထင်တော့ပါ။

ညီညီထွေး (နယ်သာလန်)

၁၅၊၀၅၊၂၀၀၉

Dedicated to Daw Aung San Su Kyi





မလေးမေ Photoshop နဲ့  ဆွဲထားတဲ့ ပုံလေးပါ .. အစက အရောင်ထည့်ဦးမလို့ .. ဒါပေမယ့် ရိုးရှင်းပြီးပြတ်သားတဲ့ အဓိပ္ပါယ်လေး
ခံစားမိလို့ .. ဒီအတိုင်းပဲထားလိုက်ပါတယ်.
သုံးချင်တဲ့လူတွေ သုံးချင်တဲ့ နေရာမှာ သုံးရအောင်လို့ .. Photoshop .psd File ပါ တင်ပေးလိုက်ပါတယ်.

Photoshop .psd ဒီမှာပါ

http://www.mediafire.com/?yjwynnnhjyi