Sunday, May 17, 2009

“ဒီအမှုကို ဖျက်သိမ်းပေးပါ၊ ကျနော်တို့ လက်မခံဘူး”

“ဒီအမှုကို ဖျက်သိမ်းပေးပါ၊ ကျနော်တို့ လက်မခံဘူး”
Saturday, 16 May 2009 16:36 ဧရာဝတီ

အာဏာပိုင်တို့က လွတ်ရက်စေ့တော့မည့် ဒေါ်အောင်ဆန်းစုကြည်ကို ၃ နှစ်မှ ၅ နှစ်အထိ ထပ်မံ ထိန်းသိမ်းနိုင်သည့် အမှုဖြင့် တရားစွဲဆိုလိုက်သည်။ အာဏာပိုင်တို့ စောင့်ကြည့်နေသည့် ဒေါ်အောင်ဆန်း စုကြည်၏ အိမ်ဝင်းအတွင်းသို့ အမေရိကန်တဦး လျှို့ဝှက်ဝင်ရောက်မှု ပေါ်ပေါက်လာပြီးနောက်တွင် ထိုသို့ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ ဤအမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

ဦးဝင်းတင် (ဓာတ်ပုံ - မြတ်မိုးမောင်)မေး။ ။ အာဏာပိုင်တွေဘက်က အမှုခိုင်လုံနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတယ်လို့ မထင်ဘူးလား။ ဖြေ။ ။ အမှုက ဘာမှ မခိုင်လုံဘူးခင်ဗျ။ ဒါက အမှုဆင်ထားတာပဲ။ လုံခြုံရေးကိစ္စတခုလုံးဟာ သူတို့လက်ထဲမှာ ရှိတာပဲ။ လူတယောက် ဝင်လာအောင်လုပ်တယ် ဆိုတာ သူတို့ဖွင့်မပေးရင် ဘယ်လိုမှ ဝင်လို့မရဘူး။ ဒေါ်စုက လွတ်ခါနီးပြီဗျ၊ ရက်ပိုင်းပဲ လိုတော့တာ၊ ဒီအချိန်မှာ အယူခံအမှုကို ပယ်တယ်၊ အမှုတခု ထပ်တင်တယ် ဆိုတော့ အမှုဆင်တယ် လို့ပဲ ယူဆရတယ်။ ဒီအမှုဟာ ခိုင်လုံခြင်း မခိုင်လုံခြင်းတို့ ဆိုတာ သူတို့အပေါ်မှာ တည်တယ်၊ သူတို့က ဒေါ်စုကို လွှတ်မပေးချင်ဘူး၊ ဒေါ်စုရဲ့ ရှေ့လျှောက် လုပ်နိုင်တဲ့ နိုင်ငံရေးကို တားဆီးချင်တာကြောင့်လို့ ကျနော် ယူဆတယ်။ မေး။ ။ ဒီအမှုက နောက်ဆုံး ဘာဖြစ်လာနိုင်သလဲ။ စီရင်ချက် ဘယ်လိုချမယ်လို့ ထင်သလဲ။
ဖြေ။ ။ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ပြောရမယ်ဆိုရင် ထောင်ချဖို့ပဲ ရှိတာပေါ့ဗျာ။ သို့သော် နိုင်ငံရေးမျက်စိနဲ့ ကြည့်မယ် ဆိုရင် သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရဘူး။ ကမ္ဘာကလည်း ကန့်ကွက်တာမှ ဒီအမှုတခုလုံးကို ဖျက်သိမ်းဖို့ ကန့်ကွက်နေတယ်။ ကျနော်တို့ကလည်း လက်မခံဘူး၊ အမှုကို ဖျက်သိမ်းဖို့၊ ရပ်ဆိုင်းဖို့ တောင်းဆိုတယ်။ အမှု မဖျက်သိမ်းနိုင်ဘူး ဆိုရင်တောင်မှ ရိုးသား ဖြောင့်မတ်မှု ရှိတဲ့ တရားစီရင်ရေး ဖြစ်ပါစေလို့ တောင်းဆိုတယ်။ အများပြည်သူ ကြားနာနိုင်တဲ့ တရားစီရင်မှု ဖြစ်ရမယ်။ ရှေ့နေ ရှေ့ရပ်တွေ လုံလောက်စွာ ပါဝင် ဆောင်ရွက်ခွင့် ရှိရမယ်။ တရားရုံးတက်ပြီး စကားပြောတဲ့ ရှေ့နေတင် မဟုတ်ဘူး၊ နောက်ကွယ်ကနေ အမှုနဲ့ ပတ်သက်ပြီး အမှု တည်ဆောက်ဖို့၊ အမှုနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ဖို့၊ အချက်အလက်တွေ ရှာဖို့ ရှေ့နေ ရှေ့ရပ်တွေ ရှိရမယ်။ လွတ်လပ်တဲ့ တရားခွင် ဆိုရင် အများပြည်သူကို၊ မိသားစုကို နားထောင်ခွင့် ပြုရမယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် သူ့ရဲ့ သားတွေ အင်္ဂလန်မှာ ရှိတယ်၊ သူတို့ လာနိုင်အောင် ဗီဇာတွေ ပေးရမယ်။ အလားတူပဲ ဒေါ်ခင်ခင်ဝင်းမိသားစုလည်း နိုင်ငံခြားမှာရှိတယ်၊ သူတို့ လာချင်ရင် လာခွင့်ပေးရမယ်။ နိုင်ငံခြားသား ဖြစ်ဦးတော့ သူ့မိသားစုကို တွေ့ခွင့်ပေးရမယ်။ စာနယ်ဇင်းသမားက လွတ်လပ်စွာ သတင်းယူခွင့် ရှိရမယ်။ ဒါကို ပေးကို ပေးရမယ်။ စာနယ်ဇင်းက ရှေ့နေတွေကို မေးမြန်းခွင့် ရှိရမယ်၊ တရားခံတွေကိုပင်လျှင် တွေ့ဆုံ မေးမြန်းခွင့် ရှိရမယ်။ တရားခွင်ကို လာနားထောင်သူတွေရဲ့ ထင်မြင်ချက်ကို မေးမြန်းခွင့် ရှိရမယ်။ ဒါ ကျနော်တို့ တောင်းဆိုတယ်။ နောက်တခုက ကျနော် လုံခြုံရေးကိစ္စလည်း တောင်းဆိုချင်တယ်။ ထောင်ထဲမှာလုပ်တဲ့ တရားခွင် ဆိုပေမယ့် လုံခြုံရေး စိတ်ချရမှုနဲ့ ပတ်သက်ပြီး ကျနော် မပြောနိုင်ဘူး၊ ထောင်ထဲမှာ လုပ်ပြီး ဒေါ်စုကို သူတို့ ရန်မမူဘူးလို့ စိတ်ချ လက်ချ ကျနော်တို့ ယုံကြည်မှု မရှိဘူး။ ဒေါ်စုရဲ့ လုံခြုံရေးကိုလည်း အခိုင်အမာ ပေးရမယ်။ ဒေါ်စုတင် မကဘဲနဲ့ ဒေါ်စုဘက်က လိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေ ရှေ့ရပ်များကိုလည်း လုံခြုံမှု ပေးရမယ်။ ကျနော်တို့ ပြောချင်တာက အမှုကို ဆင်ပြီးလုပ်တဲ့အတွက် မတရားတဲ့အတွက် ဒီအမှုကို ဖျက်သိမ်းပေးပါ၊ ကျနော်တို့ လက်မခံဘူး။ တရား စီရင်မယ် ဆိုရင်လည်း လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်အောင် စောစောက ပြောတဲ့အချက်တွေ ပေးပါလို့ ကျနော်တို့က တောင်းဆိုတယ်။မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း တိုက်ခိုက်ခံရ၊ နှစ်ပေါင်းများစွာ ချုပ်နှောင်ခံရ၊ အခု လွတ်ရက်စေ့ခါနီးမှာ အစိုးရက ထောင် ၅ နှစ် ထပ်ချဖို့ ပြင်နေတယ် ဆိုတော့ သူ့ရဲ့ စိတ်ဓာတ်က ဘယ်လို အခြေအနေ ရှိတယ်လို့ သိရသလဲ။ ဖြေ။ ။ ကျနော်ကတော့ တွေ့ခွင့် မရဘူး။ သို့သော် ပထမဦးဆုံးအချက် ပြောချင်တာက ရှေ့နေဦးကြည်ဝင်းနဲ့ တွေ့တယ်။ ရှေ့နေဦးကြည်ဝင်းရဲ့ ပြောကြားချက်က ဘာလဲ ဆိုတော့ ဒေါ်စုရဲ့ စိတ်ဓာတ်က အလွန် ကောင်းမွန်နေတယ်၊ ခိုင်ခိုင်မာမာပဲ ရှိနေတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး သူဘာပြောလဲ ဆိုတော့ ဘာဥပဒေချိုးဖောက်မှုမှ သူ မလုပ်ဘူး ဆိုတာကို သူက ရှေ့နေကို အတိအလင်း ပြောတယ်၊ အပြစ်မရှိဘူး ဆိုတာကို ခိုင်ခိုင်မာမာ ပြောတယ်။ ဒီအချက်တွေကို ထောက်ရင် ဒေါ်စုရဲ့ စိတ်ဓာတ်က ခိုင်မာဆဲပဲ ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒေါ်စုနဲ့ ကျနော် တွေ့နိုင်ခြင်း မရှိသော်လည်း လွန်ခဲ့တဲ့ နှစ်တွေက ကျနော်တို့ တွေ့ကြ ကြုံကြတဲ့ အတွေ့အကြုံတွေကို ထောက်ထားလို့၊ ပြီးတော့ မတွေ့တဲ့ ကာလမှာလည်း ဒေါ်စုက ထောင်ထဲရောက်လိုက် အပြင်ကို ရောက်လိုက် အနှစ် ၂ဝ ကာလ တလျှောက်လုံး သူ့ရဲ့ ရပ်တည်ခဲ့တဲ့ အချက်တွေ၊ သူ့ရဲ့ ကိုယ်ကျိုးစွန့်မှုတွေကို ထောက်ရင် ဒေါ်စုက ဒီလိုဖြစ်တာနဲ့တော့ စိတ်ဓာတ် ဘာမှ ထိခိုက်စရာ၊ ပြောင်းလဲစရာ၊ စိတ်ဓာတ်ကျစရာ၊ လျော့ပါးစရာ ဘာမှ မရှိဘူးလို့ ကျနော် ပြောနိုင်ပါတယ်ဗျာ။ မေး။ ။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ဆက်ပြီး ထိန်းသိမ်းထားချင်ရတာလို့ ထင်သလဲ။ဖြေ။ ။ ပြောရမယ်ဆိုရင် ဒေါ်စုရဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြားမှုတွေ၊ ကမ္ဘာက အသိအမှတ်ပြုမှုတွေ၊ အမှန်အတိုင်းပြောရရင် စစ်အစိုးရရဲ့ အဓိက ရန်သူ ဖြစ်နေတယ် ဆိုတဲ့ အချက်တွေကို ကျနော်တို့ ထည့်ပြီးပြောရမှာပဲ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေး ခိုင်မာမှု၊ ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီးတော့ လတ်တလောဖြစ်နေတဲ့ နိုင်ငံရေး ရှုထောင့်ကနေ ကြည့်မယ် ဆိုရင် နိုင်ငံရေး အခြေအနေက အများကြီး ပြောင်းလဲနေပြီ။ အရင်တုန်းက ဆိုရင် လွှတ်တော်ခေါ်ပေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တစက်ကလေးမှ ကျနော်တို့ မလျှော့ဘူး၊ ဥပဒေအတိုင်း လွှတ်တော်ကို ခေါ်ပေးပါ၊ ဒီလွှတ်တော်ကနေ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဆိုတာတွေကို ကျနော်တို့ ပြောခဲ့တယ်။ ဒါဆိုရင် ကောင်းပြီ ဆွေးနွေးကြမယ်လို့ ကျနော်တို့ ပြောတယ်၊ အဲဒီလို ပြောင်းလဲလာတယ်။ အလုပ် လုပ်ဖြစ်အောင် တွေ့ဆုံ ဆွေးနွေးရေးကို ပြောတယ်။ တွေ့ဆုံ ဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းတဲ့ ပုံသဏ္ဌာန်မှာ ဒေါ်စုဟာ အလွန် အရေးကြီးတဲ့ နေရာမှာ ရှိတယ်။ အခုမှ ရှိတာမဟုတ်ဘူး။ ၁၉၈၈ ကတည်းက ရှိတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်က ပြောတယ်၊ ပါတီတွေ ဒီလောက်များနေတာ ဘယ်လို တွေ့ဆုံ ဆွေးနွေးရမှာလဲ လို့ ပြောဖူးတယ်။ အဲဒီတော့ ပါတီတွေက ဒေါ်စုကို မန်းဒိတ် (mandate) ပေးတယ်၊ ဒေါ်စုနဲ့ ပြောပါ၊ တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါ၊ ဒေါ်စုကို သူတို့ ယုံတယ် ဆိုပြီးတော့ တိုင်းရင်းသားတွေရော၊ ဒီမိုကရေစီ အင်အားစုတွေရော၊ NLD ရော အားလုံးက ဒေါ်စုကို တာဝန် ပေးခဲ့ဖူးတာ ရှိတယ်။ ဒီနေ့ ဒီအချိန်လည်း ကျနော် ထင်တယ် တိုင်းရင်းသားတွေရော အားလုံးက စစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းတဲ့အခါ ဒေါ်စု ကိုယ်စားပြုပြီးတော့ ပြောပါ ဆိုပြီးတော့ ပြောမှာပဲ။အခု ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ရင် တွေ့ဆုံ ဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းမယ် ဆိုတဲ့နေရာမှာ အဓိကဇာတ်ကောင်က ဒေါ်စုပဲ။ အခု ဒေါ်စုကို တရားစွဲလိုက်ခြင်းဟာ ဘာကိုရည်ရွယ်လဲ ဆိုရင် ဇာတ်ကောင်ဖြစ်နေတဲ့ ဒေါ်စုကို ဇာတ်ခုံပေါ်ကနေ၊ စားပွဲခုံကနေ ဆွဲချပစ်လိုက်တယ်၊ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရေးတို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး တို့ ဆိုတဲ့ လမ်းကြောင်းတွေကိုလည်း အကုန်လုံး ဖျက်ဆီးပစ်လိုက်တာ ဖြစ်တယ် လို့ ကျနော်က သဘောထားတယ်ဗျ။ မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းလည်း အဖမ်းခံနေရတာ တပတ် ကျော်သွားပြီ၊ သူ့ရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။ သူက ဒီအမှုမှာ ဘယ်လို ပတ်သက်နေသလဲ။ဖြေ။ ။ ကျနော်တို့ ပထမ ကြားတာကတော့ ဒေါက်တာ တင်မျိုးဝင်းကို အမှုစွဲတင်မယ်၊ စုစုပေါင်း ၅ ယောက် ပေါ့ဗျာ။ သို့ပေမယ့် နောက်ပိုင်းကျတော့ ဒေါက်တာ တင်မျိုးဝင်း မပါတော့ဘူး။ ဖြစ်နိုင်တဲ့ အခြေအနေကို ဆက်တွေးရင် ဒေါက်တာ တင်မျိုးဝင်းကို အမျိုးမျိုး စစ်ကြောရေး လုပ်နေတယ်ပေါ့ဗျာ အဲသလို ယူဆတယ်။ ကျနော်တို့ ပြောချင်တာက ဒေါက်တာ တင်မျိုးဝင်း ညှဉ်းပန်းနှိပ်စက်ခြင်း တို့ ဘာတို့များ ခံရဦးမှာလားပေါ့။ ဟိုတုန်းကလည်း ညှဉ်းပန်းနှိပ်စက်တာတွေ သူ ခံခဲ့ရတာ ရှိတယ်ဗျ။ ဒေါက်တာတင်မျိုးဝင်းကို သူတို့လိုချင်တဲ့ လမ်းကြောင်း နဲ့ အသံတွေ ထွက်အောင်လို့ ဒေါက်တာတင်မျိုးဝင်းကို လုပ်နေသလားလို့ ကျနော်တို့ စိုးရိမ်တယ်။ စစ်ဆေးပြီးတော့ သူ့ကို သီးခြား အမှု ဆင်မလား။ ဒီအပြစ်က ၃ နှစ် နဲ့ ၅ နှစ်လောက်ပဲ အပြစ်ပေးနိုင်တဲ့ အမှုကိုး၊ ဒါ့ထက် ကြီးမားတဲ့ အမှုများ ထပ်တွဲချင်လို့ ကြံစည်နေသလားလို့ ဒီလိုတွေးမိတယ်။ နောက်တမျိုးကလည်း ဒေါက်တာတင်မျိုးဝင်းကို သက်သေ အဖြစ် ထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ကျနော်တို့ မစိုးရိမ်ဘူး၊ ဒေါက်တာတင်မျိုးဝင်းဟာ လွယ်လွယ်ကူကူနဲ့ သူများ ပြောခိုင်းတိုင်း ပြောတဲ့လူစားမျိုး မဟုတ်ဘူးဗျ။ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်၊ ရပ်တည်ချက်၊ သမိုင်း အစဉ်အလာတွေကို ကျနော်တို့က ယုံလည်း ယုံကြည်တယ်၊ လေးလည်း လေးစားတယ်၊ ဒါအတွက် မစိုးရိမ်ဘူး။ ဒေါက်တာတင်မျိုးဝင်းကို သက်သေထွက်ခိုင်းရင် သူဟာ လုပ်ခဲ့တာကို ထွက်မှာပဲ၊ သူလုပ်ခဲ့တာလည်း များများ မရှိဘူး၊ ဒီအမှုမှာ ပြီးခဲ့တဲ့ နှစ်တွေက တွေ့တယ် ဆိုတုန်းက ဒေါ်အောင်ဆန်းစုကြည်က ရှင် သွားပြီးတော့ အစိုးရကို အသိပေးပါ လို့ ညွှန်ကြားတယ်၊ အဲဒီညွှန်ကြားချက်အတိုင်း ပြည်ထဲရေး ဌာနကို အကြောင်းကြားတယ်၊ ဒါ့အပြင် ဘာမှ ထွက်စရာအကြောင်း မရှိဘူး။ ဒေါက်တာတင်မျိုးဝင်းက ကျနော်နဲ့ ဒီ လူနဲ့ နေထိုင်ခဲ့ဖူးပါတယ် ဘာညာ ဆိုတဲ့ဟာမျိုးတွေ ထွက်ဆိုလိမ့်မယ်လို့ ကျနော် မမျှော်လင့်ဘူးဗျ။ ။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကြွေးကြော်သံများဒီမှာဒေါင်းပါ


Myanmar Slogam
English Slogam
COPY BOTH SIDE IN A4 PAPER


ဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂
မတရားတဲ့ ဥပဒေ (အလိုမရှိ)၂
မတရားတဲ့အမိန့်အာဏာဟူသမျှ …. ( ဖီဆန်ကြ ) ၂ …..
မတရားတဲ့ နအဖ (ကျဆုံးပါစေ)၂
ဒေါ်စုကိုမလွှတ်ရင် ….. (တော်လှန်ကြ ၊ ပုန်ကန်ကြ ) ၂ ….
နိုင်ငံရေးအကျဉ်းသားတွေကိုမလွှတ်ရင်(တော်လှန်ကြ ၊ ပုန်ကန်ကြ ) ၂
အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို (ထပ်ချဲ့ လိုက်)၂
အင်းစိန်ထောင်ကြီး ဘယ်သူ့ အတွက် (သန်းရွှေအတွက်)၂
သန်းရွှေ သန်းရွှေ (အို့  အို့ )၂
သန်းရွှေ သန်းရွှေ (နုတ်ထွက်ပေး)၂
နအဖဖွဲ့ စည်းပုံဥပဒေ (ဖျက်သိမ်းပစ်)၂
အတုအယောင်ရွေးကောက်ပွဲ ….. ( ဆန့်ကျင်ကြ ) ၂ ….
ဒို့ဗိုလ်ချုပ်ကမှာခဲ့တယ် ….. (ရရင်ရ၊ မရရင်ချ ) ၂ …..
အရေးတော်ပုံ (အောင်ရမည်)၂


(Free Free ….Aung San Suu Kyi)2
(Free Free…..Free Burma)2
(Free Free.. Political Prisoners in Burma)
Than Shwe Than Shwe …Out Out
SPDC ………….Out Out
Than Shwe Than Shwe…. O. O.
SPDC Constitution….. Revoke it Revoke it
2010 Election…. Boycott Boycott
Dialogue in Burma…Right Now Right Now
(Long Live! …Aung San Su Kyi)7
(Free Burma)7

နအဖရဲ့  လုပ်ကြံဇတ်လမ်းကို တာဝန်သိ ပြည်သူတစ်ဦးက စတင် ထုတ်ဖေါ် ပြောဆိုပါပြီ။

http://www.mediafire.com/file/k2mzummnqh0/Doc16.doc
http://docs.google.com/Doc?id=ddkpm2g5_74d6r74c88
http://www.niknayman-niknayman.co.cc/2009/05/blog-post_1167.html

ဒေါ်စုလွတ်မြောက်ရေးတိုက်ပွဲမှသည် စစ်အာဏာရှင်လုံးဝပြုတ်ကျရေးဆီသို့


လက်တဆုတ်စာစစ်ဖိနပ်အောက် အနှစ်(၂၀)လုံးလုံး ပြားပြားဝပ်ခေါင်းငုံ့ခံနေခဲ့ရသော ပြည်သူလူထုကြီးခင်ဗျား-
ဒီကနေ့ န.အ.ဖ ဟာ၊ အကြီးမားဆုံးမှားယွင်းမှုကြီးကိုကျူးလွန်ခဲ့ပါပြီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပြတ်သား၊ရဲရင့်တဲ့ ရွှေဂုံတိုင်ကြေညာချက်နဲ့ ရပ်တည်မှုကြောင့်၊ အာဏာရူးကြီး ဗိုလ်ချုပ်သန်းရွှေ
ကြံရာမရဖြစ်ပြီး၊ နောက်ဆုံးလုပ်မိလုပ်ရာလုပ်ကြံဖန်တီးခဲ့မှုနဲ့၊ သူတို့ကို တကမ္ဘာလုံးကနေ၊ ဘယ်တုန်း ကနဲ့မှမတူတဲ့၊ ဖိအားတွေ၊
ရှုံ့ချအပြစ်တင်မှုတွေနဲ့ အကြီးအကျယ်ရင်ဆိုင်နေရပါပြီ။ အဲဒီလို အခြေ အနေမှာ၊ ပြည်ပရောက်အင်အားစုတွေအနေနဲ့၊
စုစည်းမှုတွေအမိအရဆောက်တည်ပြီး၊ ဗိုလ်ချုပ်သန်းရွှေ နဲ့ အ ပေါင်းပါတစုအတွက်၊ အသင့်တော်ဆုံးနေရာဖြစ်တဲ့၊ အပြည်ပြည်ဆိုင်ရာ
ရာဇဝတ်ခုံရုံး ( ICC ) သို့ အရောက် ပို့ဆောင်ရေးနဲ့ နိုင်ငံတကာဖိအားကို အမြင့်မားဆုံးမြှင့်တင်သွားရမှာဖြစ်ပါတယ်။ န.အ.ဖ
ရာဇဝတ် ကောင်တွေ နိုင်ငံခြားကိုခြေချတာနဲ့၊ ဖမ်းဆွဲနိုင်အောင် တညီတညွတ်တည်းလုပ်သွားရမှာဖြစ်ပါတယ်။ တခုတည်းသောရည်
မှန်းချက်ဖြစ်တဲ့၊ စစ်အာဏာရှင်စနစ်အလုံးစုံဖျက်သိမ်းရေးအတွက်၊ အားလုံးတသံတည်း ထွက်မည့် လုပ်ငန်းစဉ် တွေနဲ့အတူ၊
ပြည်တွင်းအင်အားစုတွေအတွက်၊ လုံလောက်တဲ့ရံပုံငွေတွေကို စုဆောင်း ထူထောင်သွားရပါမယ်။
တချိန်တည်းမှာ၊ပြည်သူတရပ်လုံးအနေနဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်၊ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်များ၊
သံဃာတော်များနဲ့ ကျောင်းသားခေါင်းဆောင်များရဲ့ မှန်ကန်တိကျပြတ်သားတဲ့ ဦး ဆောင်မှုနဲ့အတူ၊
အားလုံးတပြိုင်နက်တည်းရုန်းထကြရမယ့်အချိန်၊ အမျိုးသားလွတ်မြောက်ရေးတော်လှန်ရေး ကြီးတရပ်ကို
တပြိုင်နက်တည်းဆင်နွှဲကြရမယ့်အချိန်ဖြစ်ပါတယ်။ အခြေအနေတွေဆိုတာ အချိန်မရွေးပြောင်းလဲ သွားနိုင်သလို၊
စစ်အာဏာရှင်စနစ်ဆိုတာဟာလည်း နေ့ခြင်းညခြင်းပြိုလဲသွားနိုင်တယ်ဆိုတာ ကမ္ဘာ့ဖြစ်စဉ်များ ကသက်သေထူနေပါတယ်။ တကမ္ဘာလုံးရဲ့ အာရုံစိုက်မှုနဲ့၊ န.အ.ဖ ရဲ့အကြပ် အတည်းမှာ၊ မိမိရရ၊ အားကောင်း ကောင်းနဲ့သာတပြိုင်တည်းရုံးထကြမယ်ဆိုရင်တော့၊ စစ်အာဏာရှင်စနစ်ဆိုး ကြီးပြိုလဲသွားမယ်လို့ . . . ယုံယုံကြည်ကြည် နဲ့ ကြိုးစားကြရမယ့်အချိန်ကောင်းဖြစ်ပါတယ်။
ကျောင်းသားခေါင်းဆောင်တွေ၊သံဃာတော်တွေနဲ့ အခုနောက်ဆုံးဒေါ်အောင်ဆန်းစုကြည်ပါမကျန်၊ အာဏာရှင် တွေရဲ့မတရားဖမ်းဆီးမှုကို၊ရဲရဲဝံ့ဝံ့ ရင်ဆိုင်အံတုနေချိန်မှာ၊ ကျွန်တော်တို့ပြည်သူအားလုံးလည်း၊ မကြာခင်မှာ ရဲရဲရင့်ရင့် နဲ့ ပြည်သူ့ရှေ့ကနေစွန့်လွှတ်တိုက်ပွဲဝင်ပေးမယ့်၊ လူငယ်တွေ ၊ကျောင်းသားတွေ၊ နိုင်ငံရေးခေါင်း ဆောင်တွေကို၊ ဝိုင်းဝန်းကာကွယ် ပေးသွားကြပါစို့ ။ ဝိုင်းဝန်းပူးပေါင်းတော်လှန်သွားကြပါစို့ . . . .ဒေါ်စုလွတ်မြောက်ရေးမှသည်၊ အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းရေးဆီသို့
ရရာလက်နက်ကိုင်စွဲပြီး၊အနီးကပ်ဆုံးရန်သူကို၊တဦးခြင်းစီ စတင်တော်လှန်ကြ ခြင်းဖြင့်၊ အာဏာရှင်လက်အောက်က၊ လွတ်ကိုလွတ်မြောက်ရမည် . . . .

မှန်ကန်သောတော်လှန်ရေးသစ္စာဖြင့်. . .
ကိုရင်အေး (မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်)
မေလ(၁၇)၊၂၀၀၉။

ဒေါ်စုလွတ်မြောက်ရေးတိုက်ပွဲမှသည် စစ်အာဏာရှင်လုံးဝပြုတ်ကျရေးဆီသို့
(၁) တကမ္ဘာလုံးရဲ့ ဖိအားနဲ့ တက်ကြွမှုအရှိန်ကို ဒေါ်စုလွတ်မြောက်ရေးတိုက်ပွဲမှသည် စစ်အာဏာရှင်
လုံးဝပြုတ်ကျရေးဆီသို့ ရောက်သည်ထိ ၀ိုင်းတွန်းသွားနိုင်ဘို့ အရေးကြီးပါတယ်။
(၂) အားလုံးပါဝင်လက်တွဲသွားနိုင်တဲ့ ညှိနှိုင်းမှုမျိုးနဲ့ အတတ်နိုင်ဆုံး သွားကြရအောင်ကြိုးစားရပါမယ်။
(၃) ပြည်ပမှာ ညှိနေတုန်း တပြိုင်ထဲမှာ၊ ပြည်တွင်းနက်ဝပ်တွေ အားကောင်းနိုင်သမျှ အကောင်းဆုံး ဖြစ် အောင်ပံ့ပိုးပေးကြပါ။
(၄) တိုက်ပွဲကို အရိုန်ုအကျမခံပဲ၊ တဖြေးဖြေးခြင်း မြှင့်တင်သွားနိုင်မဲ့ နည်းနာတွေနဲ့ချဲ့သွားပါ။
စဉ်းစားထားတဲ့ကြွေးကြော်သံတွေကိုပိုးပေးလိုက်ပါတယ်။ ဖြစ်နိုင်ရင်တကမ္ဘာလုံးတသံတည်းဖြစ်နေ
အောင် အားလုံးဝိုင်းပြင်ပြီး၊ ဒါတွေပဲသုံးကြရအောင်ပါ။

(၁) ဒေါ်အောင်ဆန်းစုကြည်ကို …. ( ချက်ခြင်းလွှတ် ) ၂ ……
(၂) မတရားတဲ့ဥပဒေ ….. ( အလိုမရှိ ) ၂ ……
(၃) မတရားတဲ့အမိန့်အာဏာဟူသမျှ …. ( တာဝန်အရဖီဆန်ကြ ) ၂ …..
(၄) သန်းရွှေရာဇ၀တ်ကောင်ကို …. ( ICC ကိုပို့ ) ၂ …..
(၅) ( အင်းစိန်ထောင်ကြီးဘယ်သူ့အတွက် …. (စစ်ရာဇ၀တ်ကောင် သန်းရွှေအတွက် ) ၂ …..
(၆) အတုအယောင်ရွေးကောက်ပွဲ ….. ( ဆန့်ကျင်ကြ ) ၂ ….
(၇) ( ဒေါ်စုကိုမလွှတ်ရင် ….. တော်လှန်ကြ ၊ ပုန်ကန်ကြ ) ၂ ….
(၈) ( နိုင်ငံရေးအကျဉ်းသားတွေကိုမလွှတ်ရင် ….. (တော်လှန်ကြ ၊ ပုန်ကန်ကြ ) ၂ ….
(၉) ( ဒို့ဗိုလ်ချုပ်ကမှာခဲ့တယ် ….. (ရရင်ရ၊ မရရင်ချ ) ၂ …..
(၁၀)( ပြည်သူအားလုံးညီညွတ်ရင် ….. (အရေးတော်ပုံအောင်ရမည် ) ၃ …..


စစ်မှန်သောတော်လှန်ရေးသစ္စာဖြင့် …..
ကိုရင်အေး (01-301-905-7591)

၂၀၀၉ မေလ(၁၈)ရက်နေ့  နံနက်အင်းစိန် အကျဉ်းထောင်ရှေ့ တွင်မြန်မာ ပြည်သူများ စုဝေး ရွတ်ဆိုရန်အထူးကဗျာ
အောင်ဝေး

ဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂
မတရားတဲ့ ဥပဒေ (အလိုမရှိ)၂
မတရားတဲ့ အစိုးရ (ကျဆုံးပါစေ)၂
အင်းစိန်ထောင်ကြီး ဘယ့် နှယ်ဝိုင်းမယ် (ဒိနှယ်ဝိုင်းမယ်)၂
အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို (ထပ်ချဲ့ လိုက်)၂
အင်းစိန်ထောင်ကြီး ဘယ်သူ့ အတွက် (သန်းရွှေအတွက်)၂
သန်းရွှေ သန်းရွှေ (အို့  အို့ )၂
သန်းရွှေ သန်းရွှေ (နုတ်ထွက်ပေး)၂
နအဖဖွဲ့ စည်းပုံဥပဒေ (ဖျက်သိမ်းပစ်)၂
နအဖရွေးကောက်ပွဲ (ဘွိုင်းကောက်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အရေးတော်ပုံ (အောင်ရမည်)၂

အောင်ဝေး
မေ ၁၅-၂၀၀၉

လူထုတိုက်ပွဲအသွင်ဖေါ်ဆောင်မည်