Saturday, May 23, 2009

မေ၂၁အန်အယ်ဒီကြေငြာချက်

Photobucket

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးနောက် ငယ်ထိပ်မြွေပေါက်သလိုဖြစ်နေတဲ့နအဖ

design by ko myint
ကိုမြင့်ပေးပို့သည်။
Saturday, May 23, 2009ရဲဘော်ဖိုးသံချောင်း
နအဖအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုဖမ်းဆီးရုံးတင်ဖို့ အခွင့်အရေးရသွားတာ - ဒါမှမဟုတ် သူတို့ရဲ့လုပ်ကြံမှုအောင်မြင် သွားတာဟာ နအဖအဖို့နိုင်ငံရေးအရ လက်ဦးမှုရသွားတယ်လို့ ယူဆစရာရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ဆက်ဖြစ်လာတာတွေနဲ့ ဖြစ်လာနိုင်တာတွေကို ပြန်တွေးလိုက်တော့ ဒါဟာနအဖအဖို့ ကံကောင်းတာလား၊ ကံဆိုးတာလားစဉ်းစားစရာ ဖြစ်နေပါ တယ်။ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့အဆက်ဖြတ်ရေးဟာ သူ့တသက်ကိုယ့်တသက်လုပ်ရမယ့်ကိစ္စလို့ သတ် မှတ်ထားကြဟန် တူပါတယ်။ ဒါကြောင့် နေအိမ်ချုပ်သက်တမ်းစေ့တဲ့အခါမှာ အခု ဒီဖောက်ထွင်းမှုမှာ အိမ်ရှင်ကို စွဲချက်တင်၊ ထောင်ချဖို့ လုပ်ကြံတော့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွက်ထားတာတွေထဲမှာ မပါတာတွေ ဆက်တိုက်ဖြစ်လာနေလို့ ဗိုလ်သန်းရွှေတယောက် ထိုင်နေအကောင်းသားလို့ ဆိုရမလိုဖြစ်နေပါပြီ။ အိမ်ဖြူတော်မှာ အိုဘားမားတက်လာတဲ့နောက် နအဖအစိုးရဟာ သူတို့ဖောက်ချင်နေတဲ့ ရွှေလမ်းငွေလမ်းတော့ဖြင့် ပေါက် တော့မယ်လို့ မျှော်လင့်ထင်စားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ ဒီကိစ္စတခုတည်းနဲ့ပဲ စစ်ဗိုလ်ချုပ်တွေဟာ “ဆုချတာခံရမလား ထင်လို့ဝင်သွားတာ၊ ထိပ်ချတာခံလိုက်ရတယ်” ဆိုတာမျိုး ဖြစ်သွားပါတယ်။ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နအဖကို ကလေးငေါက်သလို အပြစ်တင်တာခံလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီကတောင် ဒီကိစ္စအတွက် စိတ်ပူတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံရဲ့ကိစ္စကိုပြောခဲလှတဲ့ တရုတ် တို့၊ အာစီယံတို့ကတောင် “ပညာပေး” တာခံနေရပါပြီ။ နောက်ပြီး ဂျပန်လိုနိုင်ငံကိုရှင်းပြရ၊ ထိုင်းနဲ့ကတောက်ကဆဖြစ်ရ၊ ဒါ့အပြင် အီးယူကဘာများ ပြောလာဦးမလဲ၊ တခြားနိုင်ငံတွေကဘာတွေ ပြောဦးမလဲဆိုပြီး ထမင်းလုံး တစ္ဆေခြောက်တာ ညတိုင်း ခံနေရပါတယ်။ သေချာတာကတော့ သံခင်းတမန်ခင်းအရ၊ နိုင်ငံတကာဆက်ဆံရေးအရ နအဖအဖို့ အကြီးအကျယ် နစ်နာရတဲ့ ဘယ်သူမပြုမိမိမှု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်လိုက်တာဟာ နအဖဗိုလ်ချုပ်တွေအတွက် ဝမ်းသာစရာလား၊ စိတ်ညစ်စရာလား ဆိုတာကို သိချင်ရင် ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ လုံခြုံရေးတွေအပြည့် ယူ နေရတာကိုကြည့်ရင် သိနိုင်ပါတယ်။ ပဒူအုံကို တုတ်နဲ့ထိုးမိသလို ဖြစ်ဖို့များနေပါပြီ။ တကယ်လို့ သာ ဒီကိစ္စကြောင့်လူထုအုံကြွလာတယ်ဆိုရင် ဘယ်သူကသွေးထိုးပေးလို့၊ ပြည်ပက မြှောက်ပေး လို့ စသဖြင့် ပြောလို့မရတာ သေချာနေပါပြီ။ ဗမာပြည်မှဖြစ်ခဲ့တဲ့ အရေးကိစ္စတွေ မှန်သမျှဟာ အုပ်စိုးသူများဖက်က မတော်မတရားလုပ်တဲ့အတွက် ပေါ်ထွက်လာတာတွေ ချည်းဖြစ်ပါတယ်။ ဒါဟာတရားပါ။ စားဝတ်နေရေးနဲ့လုံးချာလိုက်နေတဲ့ ပြည်သူလူထုဟာ အလကားနေရင်း လမ်း ပေါ် ထွက်ပြီး ကိုယ့်ဒုက္ခကိုယ်မရှာကြပါဘူး။ သံဃာတော်များလည်း အလားတူပါပဲ။ ဒီလို တိုင်း ပြည်အတွက်အရေးပါတဲ့အမှုကြီးတခု၊ နိုင်ငံတကာကလည်း အာရုံစိုက်မယ့် အမှုမျိုးကို ဖန်တီးလိုက်ရတာဟာ တကယ်တော့ နအဖအတွက်ပြောရင်လည်း မရဲပဲကျွဲပြဲစီးရတာပါ။ ဒါကြောင့်မို့ သံတမန်လောကကိုဟန်ပြအနေနဲ့ တရက်ထဲသာ တရားရုံး တက်ခွင့်ပြုခဲ့ပေမဲ့ ကျန်တာအားလုံးကို ထောင်ထဲမှာတံခါးပိတ်စစ်ဆေးနေပါတယ်။ ဒါဟာသူတို့ဖက်က ကျိုးကြောင်း မခိုင်လုံ ကြောင်း၊ မရိုးသားနိုင်ကြောင်း ဝန်ခံတာတမျိုးလို့ ယူဆရင်ရပါတယ်။

အခုတော့ အမှုကို လူအများရှေ့မှောက်မှာ စစ်ဆေးရေး ဆို တဲ့ တောင်းဆိုချက်ဟာ ကျယ်လောင်သထက်ကျယ်လောင် လာနေပါပြီ။ အစိုးရပြတဲ့သက်သေတွေကို စစ်ဆေးပြီးခဲ့ သလောက်အရဆိုရင် ဥပဒေအရ နအဖမုချရှုံးမှာပါ။ သူတို့ ဖက်က သက်သေတွေရဲ့အစစ်ခံချက်တွေဟာ သူတို့အတွက် အထောက်အကူ လုံးဝမပြုပါဘူး။ တကယ်ဆိုရင် တရားခံပြ သက်သေတွေကိုတောင် စစ်နေဖို့ မလိုလောက်အောင် ဖြစ် ပါတယ်။ ဒါပေမဲ့ နအဖဟာ သိုးကိုမဖြစ်ဖြစ်အောင် စားချင် တဲ့ ဝံပုလွေလိုပဲ “နင်မဟုတ် နင့်အဖေပဲ” လို့ ပြောပြီး အပြစ်ပေးဖို့လုံးပမ်းမှာပါပဲ။ ဒါမျိုးကို ထောင်ထဲမှာ တံခါးပိတ် စစ်ဆေးတဲ့ ရုံးမျိုးမှာလုပ်ရတာ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အများပြည်သူတက်ရောက် နားထောင်နိုင်တဲ့ တရားရုံးမှာ စစ်ဆေးရေးဟာ တရားမျှတမှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်တရားခွင်ကို လူထုမျက်မှောက်ရောက်အောင် တောင်းဆိုကြရပါမယ်။ ဒါဟာ တရားမျှတ၊ ကျိုးကြောင်းဆီလျော်တဲ့အပြင် လူတိုင်းသဘော တူနိုင်တဲ့ တောင်းဆိုချက် ဖြစ်တဲ့အတွက် လတ်တလောလှုပ်ရှားမှုမှာ ထိပ်တန်းတင်ရမယ့် တောင်းဆိုချက်၊ ကြွေးကြော်သံ ဖြစ်ပါတယ်။ ဒီတခါ ဒေါ်အောင်ဆန်းစုကြည့်ကို ရုံးတင်တဲ့ကိစ္စဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်နေတဲ့လူတွေအတွက်တော့ အတော် လေး အကြပ်ရိုက်သွားမှာ ဖြစ်ပါတယ်။ နအဖလုပ်လိုက်တာက သူတို့ကို ယမ်းချေးပန်းတယ်လို့ ပြောနိုင်ပါတယ်။ တကယ်လို့ သာ သူတို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့သဘောထားပေးဖို့ မေးမြန်းတောင်းဆိုလာရင် သူတို့ဟာ အတတ်နိုင်ဆုံး ခေါင်းရှောင် ချင်ကြမှာပါ။ နအဖအလိုကို လိုက်ပြောရင် မဲရမှာကိုထိခိုက်မယ်၊ နအဖကိုဆန့်ကျင်ရင် ရွေးကောက်ပွဲဝင်ခွင့်တောင်မှ ရချင်မှ ရမယ်။ ဒါကြောင့် ဒီကိစ္စမှာ တတိယအင်အားဆိုသူ တော်တော်များများက ပြောဖို့ခေါင်းရှောင်နေကြပါတယ်။ ဒါဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီအတွက် လေ့ကျင့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့နဲ့ပြောင်းပြန်၊ ပြည်သူလူထုကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်တွေကို ရဲရဲတင်းတင်းပဲ ဒေါသနဲ့ ပြောနေကြပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်တွေဖော်ပြနေကြပါတယ်။ ဒီလိုအခြေအနေမှာ အချိန်မရွေး ပေါက် ကွဲထွက်နိုင်တယ်ဆိုတာကို ဗမာပြည်အရေးနားလည်သူတိုင်း တွေးမိကြမှာပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ဆင်ပြီးတင်တာ ဟုတ်မဟုတ်ဆိုတဲ့မေးခွန်းမျိုးကို ဘယ်သူကမှ အချိန်ကုန်ခံ ဆွေးနွေးမနေကြတော့ပါဘူး။ ဘာကို-ဘယ်လို လုပ်ရင် ကောင်းမလဲဆိုတာကိုပဲ ဆွေးနွေးကြမှာပါ။ ပြည်တွင်း၊ ပြည်ပ၊ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ စာရေးစာချီဝန်ထမ်း၊ ပညာရှင်၊ ကုန်သည်ပွဲစား၊ စစ်ဗိုလ်စစ်သား၊ အိမ်ရှင်မ၊ မပြောပဲဘယ်သူမှ မနေပါ ဘူး။ ဒီအခြေအနေကို နအဖအစိုးရလည်း မသိတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့အတွက် အနည်းဆုံးရွေးကောက်ပွဲ ပြင်ဆင်တဲ့ ကာလနဲ့ ကျင်းပတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထဲမှာ မလှုပ်ရှားနိုင်အောင်လုပ်ထားဖို့က ပိုအရေးကြီးနေပါ တယ်။ ဒါကြောင့်မို့ သူတိုဖက်က ကြည့်ရင်လည်းသေမြေကြီး-ရှင်ရွှေထီး လုပ်လိုက်ရတာပါ။ သူတို့က အမှုကိုအမြန်ပြီးပြတ် အောင် တက်သုတ်ရိုက်စစ်နေတာ၊ ကမျောသုံးပါးစွဲချက်တင်တာတို့ကို ထောက်ကြည့်ရင် နအဖစစ်ဗိုလ်တွေ ဘယ်လောက် ခြောက်ခြား နေတယ်ဆိုတာ အတိုင်းသားတွေ့မြင်နိုင်ပါတယ်။

ပြဿနာပေါင်းစုံ၏ထွက်ပေါက်

ပြဿနာပေါင်းစုံ၏ထွက်ပေါက်
နိုင်ဟံသာ
မေ ၂၁၊ ၂၀၀၉။
ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတွင် လက်တွေ့အားဖြင့် တည်ရှိနေသော အာဏာရစစ်တပ်အုပ်စု၊ စီမိုကရေစီ ရရှိရေး အတွက် ဦးစားပေးဖွဲ့စည်းထားသော နိုင်ငံရေးအဖွဲ့အစည်းများအုပ်ချုပ်စုနှင့် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများအုပ်စု၊ ဤအုပ်စုသုံးစုတို့၏ ကိုယ်စားလှယ်များ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ယနေ့ ပြဿနာပေါင်းစုံကို ပြေလည်အောင် ကိုင်တွယ်ဖြေရှင်း နိုင်လိမ့်မည်ဖြစ်သည်။
ဤဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအပါအဝင် ကမ္ဘာ့နိုင်ငံများ၊ မြန်မာပြည်အရေးကို နားလည်သော နိုင်ငံတကာရှိ နိုင်ငံရေးပညာရှင်ကြီးများ၊ မြန်မာပြည်ရှိ ဝါရင့်နိုင်ငံရေးခေါင်းဆောင်းများ၊ နိုင်ငံရေးပါတီ များနှင့် တိုင်းရင်းသားပါတီအဖွဲ့အစည်း အသီးသီးတို့က တောင်းဆိုနေကြသည်။ ဤသို့တောင်းဆိုနေကြရခြင်းသည် ဤနည်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းဖြင့် ပြဿနာကြီးများကို အရင်းအမြစ်ကနေ ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေ ကြသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့တူညီစွာ ရှုမြင်နေကြသနည်း။ ခိုင်လုံသော အကြောင်းရင်းခံများ ရှိနေပါသည်။ သို့သော် အချို့ သောသူတို့က ဤအမြင်ကိုငြင်းပယ်နေကြသည်။ ၎င်းတို့သည် စစ်တပ်က လက်ရှိအာဏာကို ချုပ်ကိုင်ထားသူများဖြစ် ပြီး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရထားသည်။ ထို့ကြောင့် ဤနှစ်ဖွဲ့ ဆွေးနွေးဖြေရှင်းလျှင် ပြည့်စုံလုံလောက်သည်ဟု ဆိုကြသည်။ ဤ အယူအဆကို ဆုပ်ကိုင်ထားကြသူများမှာ စင်စစ် အားဖြင့် တိုင်းရင်းသားလူမျိုးစုအပေါ် ဗမာလူမျိုးတို့ တလျှောက်လုံး လွှမ်းမိုး ချယ်လှယ်ခွင့် ရလာနေသည်ကို လက် မလွတ်လိုသော အရင်းခံဆန္ဒကြောင့် ဖြစ်သည်။ ၎င်းဆန္ဒကို ရိုးသားပွင့်လင်းစွာ မဖော်ထုတ်ဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် မတရားမှန်းသိနေကြပြီး ကိုယ်ကျိုးဆန္ဒကိုလည်း ဖြည့်ဆည်းလိုနေခြင်းကြောင့် အခြားသော စကားလုံးများဖြင့် ငြင်းပယ်နေကြခြင်း ဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲအနိုင်ရ အမတ်ဦးရေအပေါ် အခြေခံတွက်ချက်လျှင်လည်း တိုင်းရင်းသားအဖွဲ့အစည်းများဖြင့် စုပေါင်း ထားသော် “ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်” (UNLD) နှင့် မဟာမိတ်တိုင်းရင်းသား အဖွဲ့တို့က ဒုတိယအမတ်ဦးရေ အများဆုံး အနိုင်ရထားသည်။ ထို့ကြောင့်ငြင်းပယ်ချန်ထားခြင်းဖြင့်တရားမျှတမည်မဟုတ်ပေ။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းသည် ဖြစ်ရှိနေသော နိုင်ငံရေးပြဿနာများကို ပြေလည်စေလို၍ ဖြစ်သည်။ နိုင်ငံရေးပြဿနာအပိုင်းမှ ချဉ်းကပ်ကြည့်လျှင် ပြည်တွင်းစစ် အနှစ်ငါးဆယ်ကျော်ကို ပြန်လည်သုံးသပ်ရန် လိုလိမ့်မည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသောနှစ်တွင်ပင် ပြည်တွင်းစစ်စခဲ့သည်။ ထိုစဉ်ကတည်းက အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသားအဖွဲ့အစည်းများသည် ဒီမိုကရေစီရေး၊ အတန်းအစား အရေးအပေါ် အခြေခံ သည့် အဖွဲ့အစည်းတို့ထက် အရေအတွက်များခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ယနေ့အထိ (၅၃) နှစ်ကျော် လူမျိုးစုအဖွဲ့အစည်း များနှင့် ဖြစ်ပွားနေသော တိုက်ပွဲမှ သေနတ်သံများကို တစ်ပတ်၊ တစ်လ မခြား ကြားနေရသည်။ ယခုအချိန်တွင် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်း တော်တော်များများနှင့် အပစ်အခတ်ရပ်စဲထားသော်လည်း တိုင်းရင်းသားနယ်မြေ အတော်များများတွင် သေနတ်သံများကြားနေရဆဲ ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးသက်သက်သည် ဖြစ်ရှိနေသော ပြဿနာများကို ပြေလည်စေနိုင်မည်မဟုတ်ကြောင်း အများသိပြီးလည်း ဖြစ်ပါသည်။ ၁၉၅၈ ခုနှစ်တုန်းက ဝန်းကြီးချုပ် ဦးနုခေါင်းဆောင်သော ပထစ အစိုးရသည် မွန်၊ ရခိုင်၊ ပအိုဝ့်လူမျိုးစုအဖွဲ့များနှင့် သဘောတူညီမှုရပြီး ၎င်းအဖွဲ့များလက်နက်စွန့်ခဲ့ကြသော်လည်း မကြာသေးမီ အချိန်ကလေးမှာပင် ၎င်းတို့၏ တော်လှန် သောသေနတ်သံများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများနှင့် အာဏာရအစိုးရ အဆက်ဆက်အကြား ပြဿနာသည် သေးမွှားသော ပြဿနာမဟုတ်ပေ။ အချို့သောသူတို့သည် လူမျိုးရေးပြဿနာကို အလေးအနက်မထားကြ။ လူမျိုးရေးပြဿနာသည် လူတန်းစားပြဿနာ၏ လက်အောက်ခံဖြစ်သည်ဟု ဆိုသည်။ လူအချို့တို့ကလည်း လူမျိုးရေးပြဿနာသည် ဒီမိုကရေစီရေး ပြဿနာ၏ လက်အောက်ခံ ဖြစ်သည်ဟု ဆိုကြပြန်သည်။ ထိုသူတို့က လူတန်းစားပြဿနာ ဒီမိုကရေစီရေးပြဿနာတို့ကို ပြေလည် အောင်ဖြေရှင်းနိုင်ပါက လူမျိုးရေးပြဿနာသည် အလိုလိုပြေလည်သွားမည်ဟု ထင်မြင်ပြောဆိုနေကြသည်။ ၎င်းတို့ သည် လူမျိုးရေးပြဿနာ၏ အတိမ်အနက်ကို တကယ်မမြင်၍လား သို့တည်းမဟုတ် အရေးမပေးလို၍လား ဆိုသည်ကို ၎င်းတို့ကိုယ်တိုင်သာ သိကြပေလိမ့်မည်။ ကျွန်ုပ်၏အမြင်ကား ၎င်းတို့နှင့် လုံးဝခြားနားပါသည်။ လူမျိုးရေးဆိုင်ရာ ပြဿနာသည် လေးနက်သည်၊ ခိုင်မြဲသည်။ မည်သည့်ပြဿနာ၏ လက်အောက်ခံမဟုတ်ပေ။ တသီးတခြားမားမားမတ်မတ် ရပ်တည်နေသည်။ ဘာသာရေး ပြဿနာသည် ကမ္ဘာတခွင်ရှိ ဘာသာတူများ၏ စာနာထောက်ခံမှုကို ရရှိနိုင်သဖြင့် အရှိန်သြဇာကောင်းတတ်သည်။ အိမ်နီးချင်းနိုင်ငံတစ်ချို့တွင် ရောက်ရှိနေသော လူမျိုးတူများ၏ စာနာမှုကို ရရှိနိုင်သော်လည်း ဘာသာရေး၊ လူတန်းစား ရေးတို့နှင့်စာလျှင် ပြင်ပစာနာထောက်ပံ့မှုနည်းပေသည်။ ကိုယ်အားကိုယ်ကိုး ဖြေရှင်းကြရသော ပြဿနာမျိုးဟု ဆိုနိုင်သည်။ လူမျိုးဟူသည်ကား နှစ်ပေါင်း ရာ၊ ထောင်ချီပြီး နီကပ်စွာ အတူနေထိုင် ပေါက်ဖွားလာသော ဘဝတူကံကြမ္မာတူ လူအဖွဲ့အစည်းဖြစ်သည်။ သမိုင်းမတင်မီ အချိန်မှသည် ယနေ့အထိ ဖြစ်ပေါ်ခဲ့သော လူအဖွဲ့အစည်းအချင်းချင်းအကြား ပဋိပက္ခများတွင် အခြားအကြောင်းအချက်များ ပါဝင်နေသော်လည်း လူမျိုးရေးအခြေခံမှ ကင်းလွတ်ခြင်းနည်းပါး ပါသည်။ နယ်မြေလုယက်မှု၊ ဈေးကွက်လုယက်မှု တို့သည် လူမျိုးရေးအပေါ် အခြေခံမှု တစ်ဝက်ကျော် ပါဝင်သည်။ ခေတ်ဟောင်းကိုလိုနီ နယ်ချဲ့စစ်ပွဲများတွင် လူမျိုးရေးအပေါ် အခြေခံမှုများစွာ ပါဝင်နေသကဲ့သို့ ငွေအရင်းအနှီးအပေါ် အခြေခံသော ခေတ်သစ်နယ်ချဲ့စနစ်တွင်လည်း လူမျိုးရေးအပေါ် အခြေခံမှု ပါရှိသည်။ ကမ္ဘာ့ပေါ်ရှိလူ့အဖွဲ့အစည်းများကို အထင်ရှားဆုံး စည်းခြားထားရာ နိုင်ငံများသည် မတူကွဲပြားသော လူမျိုးများဖြင့် ဖွဲ့စည်းထားကြသည်။ လူမျိုးတူ နိုင်ငံ ကွဲဟူ၍ အလွန်နည်းပါးပါသည်။ ဘာသာရေးအရ မည်သို့ပင်တူညီစေကာမူ လူမျိုးမတူက နိုင်ငံတစ်ခုအဖြစ် မပူးပေါင်း ကြ။ အတန်းအစားတူများ အကြားတွင်လည်း ထို့အတူပင်ဖြစ်သည်။ ထို့ကြောင့် လူမျိုးရေးအစွဲသည် ဘာသာရေး အတန်းအစားရေးထက် လေးနက်သည်ဟု ဆိုရပါမည်။ ယနေ့ကမ္ဘာတွင် လူမျိုးရေးပဋိပက္ခသည် အားလျော့သွားခြင်းမရှိ၊ ပို၍ပင် ရှေ့တန်းရောက်လာနေသည် (Globalization) ဂလိုဘယ်လိုင်ဇေးရှင်း ခေါ် ကမ္ဘာလွှမ်းပတ်ယှက်နွယ်မှု ခေတ်ကာလတွင် အဓိကအားဖြင့် စီးပွားရေး၊ ယဉ်ကျေးမှုတို့၌ ဆက်စပ်လွှမ်းခြုံမှု မည်သို့ရှိစေ၊ မိမိလူမျိုးကို လွှမ်းမိုးသွားခြင်း မရှိအောင် ကာကွယ်နေကြသည်။ နိုင်ငံတစ်ခုတွင် အာဏာရလူမျိုးစုဖြစ်သော လူမျိုးက အခြားလူမျိုးများအပေါ် လူမျိုးရေးအရ လွှမ်းမိုးဝါးမျိုးလိုကြသည်။ သို့သော် ကမ္ဘာ လွှမ်းပတ်ယှက်နွယ်မှုအရ ခြားလူမျိုးကြီးတို့၏ ဝါးမျိုမှုကို ရင်ဆိုင်လာရသောအခါ မိမိတို့လူမျိုးကို ကာကွယ်ထိန်းသိမ်း ရန် ကြိုးပမ်းလာနေကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင် စစ်တပ်အစိုးရသည် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို တိုင်းနှင့် ပြည်နယ်အလိုက်ခေါ်ယူပြီး ငွေကုန်ကြေးများစွာခံကာ ကျင်းပနေကြသည်။ ဤသည်လည်း လူမျိုးရေးအခြေခံစိတ်ဓါတ် ၏ လေးနက်မှုပင်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် ကျွန်ုပ်တို့ကိုယ်တိုင်ပါဝင်ပြီး ပြဿနာများကို နည်းပေါင်းစုံဖြင့် ဖြေရှင်းခဲ့ကြသည်။ ပြဿနာဖြေရှင်း ရေး နည်းပေါင်းများစွာအနက် လက်နက်ကိုင် ဖြေရှင်းနည်းသည် အဆင့်အမြင့်ဆုံးနှင့် အရှည်ကြာဆုံးဖြစ်သည်။ နှစ်ပေါင်း (၅၀) ကျော် ဖြေရှင်းခဲ့ပြီးဖြစ်သော်လည်း ယနေ့အထိ ပြေလည်စရာ အလားအလာ မမြင်တွေ့ရသေးပေ။ ၁၉၅၈ ခုနှစ်တွင် ဦးနု၏ (ပထစ) အစိုးရသည် ဒီမိုကရေစီကို ပိုမိုကျယ်ပြန့်အောင် လမ်းဖွင့်ပေးပြီး နိုင်ငံရေးအရ ဖြေရှင်း ရန် ကြိုးပမ်းခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခများ အရှိန်လျော့ကျလာပြီး နိုင်ငံရေးအရ လှုပ်ရှားမှု အရှိန်ကောင်းလာသည်။ ဤသို့ အရှိန်အဟုန်အားကောင်းလာသည်ကို စစ်တပ်က မလိုလားသဖြင့် အာဏာသိမ်းခဲ့သည်။ စစ်ရေးအရ အရှိန်မြင့် ပြီး ဖြေရှင်းခဲ့သည်။ ရလာဒ်ကား နှစ်ဖက်စလုံး အင်အားပိုမိုကြီးမားလာပြီး တိုက်ပွဲများနေရာအနှံ့ ကျယ်ပြန့်လာကာ စစ်ပွဲ၏အနိဌာရုံများကို ပြည်သူများ ခါးသီးစွာ ခံစားလာခဲ့ရသည်။ ၁၉၇၀ ခုတွင် ပေါ်ပေါက်ခဲ့သော ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီသည် နိုင်ငံခြားအရင်းရှင်းများ၏ အားပေးကူညီမှုကို အတော်အတန်ရရှိခဲ့သည်။ လူမျိုးစုအဖွဲ့အစည်းများကိုကား မည်သည့်နိုင်ငံကမှ ပေးကမ်းခြင်းမရှိ။ ဗကပနှင့် ပူးပေါင်း လျှင် ဗကပ ပေးကမ်းသမျှကိုသာ ရရှိပြီး လုံးပါးပါး ပျောက်ကွယ်သွားသည်။ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ခေါင်းထောင်ခဲ့သော ဗကပ သည်လည်း ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် ဦးကျိုး၍ မြေလျှိုးခဲ့ရသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာကား မိမိလူမျိုးနှင့် မိမိပြည်သူများ၏ ထောက်ပံ့ပေးမှုဖြင့် ခက်ခဲစွာ ရုန်းကန်ခဲ့ရသော် လည်း ပန်းပန်မြဲပင်။ ဤသည်မှာလည်း လူမျိုးရေးအခန်း၏ လေးနက်မှု သာဓကတစ်ရပ်ပင်ဖြစ်သည်။ ယခုခေတ်ယခုအခါသည် ဒီမိုကရေစီခေတ်ကာလဖြစ်သည်။ ဒီမိုကရေစီသည်ကား ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်။ ဒီမိုကရေစီပျိုးပင်ကို ကျနော်တို့ ပြည်ထောင်စုမှာ စိုက်ပျိုးခဲ့ဘူးပါသည်။ သို့သော်ကြာရှည်မရှင်နိုင်ခဲ့ပါ။ အဘယ်ကြောင့် နည်း။ ဤနည်းနှင့် ဤရာသီမျိုး ဒီမိုကရေစီပျိုးပင်များ ပေါက်ပွားကြီးပြင်းနိုင်ရန် လိုအပ်နေသည့် နေရောင်ကာပင် (အရိပ်ပင်) သို့မဟုတ် တွယ်တက်ရန် အပင်ဖြစ်သော တိုင်းရင်းသားလူမျိုးများအတွက် လူမျိုးရေးအရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပင်များကို ပေါက်ခွင့်မပေး၊ ခုတ်ထွင် ဖယ်ရှင်းထားသောကြောင့် ဖြစ်သည်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့ စစ်တပ်မှ အာဏာသိမ်းခြင်းသည် အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို ရှင်သန်ခွင့် မပေးလို၍ဖြစ်သည်။ ထိုအခွင့်အရေးကို ဖျက်ဆီးရင်း ဒီမိုကရေစီအခွင့်အရေးများ လည်း ပျက်ပြားခဲ့ရပြီးဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ခြင်းကို ထည့်တွက်ခြင်းမပြုဘဲ ဒီမိုကရေစီရေး သက်သက် ဖြင့် ပြဿနာများကို မဖြေရှင်းနိုင်။ ပြည်တွင်းစစ်ကို မရပ်တန့်နိုင်ပါ။ ဖြစ်ရှိနေသော နိုင်ငံရေးပြဿနာများနှင့် လက်နက် ကိုင် ပဋိပက္ခများကို မဖြေရှင်းနိုင်ပါက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ လူမှုလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများသည် လည်း မရှင်သန်နိုင်ပေ။ ကျွန်ုပ်တို့နိုင်ငံ၏ ထူးခြားမှုတစ်ရပ်ဖြစ်သော ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးများ၏ ဦးရေသည် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိနေခြင်း၊ ထိုလူမျိုးစုများ နေထိုင်သော နယ်မြေများသည် ပြည်ထောင်စု တစ်ခုလုံး၏ ငါးပုံသုံးပုံကျော်ရှိနေခြင်း၊ ထိုလူမျိုးများစုအနက် သမိုင်းကြောင်းအရ လွတ်လပ်ထင်ရှားစွာ နေထိုင်လာခဲ့ ကြသည်က များပြီး ယနေ့အထိ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင်းကို လိုလားတောင်းဆိုနေသည့် လူမျိုးများဖြစ်နေခြင်း တို့သည် ထူးခြားမှုဖြစ်သည်။ ထို့ကြောင့် ဤနေရာမျိုး ဤအခြေအနေမျိုးများ၏အရေးကို နောက်ချန် (သို့မဟုတ်) ဘေးဖယ်ထားပြီး နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနေပါက အချိန်ကုန်၊ လူပန်း၊ သံသယများကို ပို၍ တိုးပွားစေရုံသာ ဖြစ်မည်။ ထို့ကြောင့် ပြဿနာများကို အမှန်တကယ်ဖြေရှင်းလိုသောဆန္ဒရှိပါက “သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်း” သည်သာ ပြေလည်မှုကို ပေးဆောင်နိုင်သော ထွက်ပေါက်ဖြစ်ကြောင်း အိပ်ပျော်ယောင်ဆောင်နေသူများကို ထပ်မံလှုပ်နှိုး တင်ပြပါသည်။
နိုင်ဟံသာ ၂၀၀၂-ခုနှစ်
ဆောင်းပါးရှင်၏ခွင့်ပြုချက်ဖြင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး စာအုပ်မှ ပြန်လည်ဖေါ်ပြသည်။
http://www.kaowao.org/b/art09-may%20-21.php

အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့

အချင်းချင်း ပစ်ကြခတ်ကြသတ်ကြလော့
မင်းစိုင်းနွန်ဒေါ
မေ ၂၀၊ ၂၀၀၉။
အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကြားမှာ အကြောင်းအရာ အခင်းအကျင်းသစ်တစ်မျိုးမျိုး ဖြစ်ပေါ်သက်ရောက်လာတိုင်း အများအားဖြင့် အမြင်နှစ်မျိုး သို့မဟုတ် သုံးလေးမျိုး ကွဲသွားတတ်ကြပြီး အချင်းချင်းပင်လျှင် အငြင်းအခုံဖြစ်ကြကာ နောက်ဆုံး လမ်းခွဲကြတဲ့အထိ ဖြစ်သွားရတတ်ပါတယ်။ နောက်ဆုံးမှာ ရန်သူအဆင့်ထိလည်း ရောက်ရှိသွားနိုင်ကြပါ တယ်။ ယခု နအဖရဲ့အခင်းအကျင်းသစ်တစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား ပြဿနာသစ်တစ်ခု အစပျိုးထား လိုက်ပါပြီ၊ အနိမ့်ဆုံး လက်နက်ချအဖွဲ့တွေမှာတောင် အကွဲအပြဲ ဖြစ်သွားနိုင်တယ်၊ ဒီလိုအဖွဲ့တွေအနေနဲ့က လုံးဝငြင်း ပယ်လို့လဲမရ၊ နအဖ လက်ခုတ်ထဲကရေ၊ သူ့ခြံထဲမှာ ရှိနေတဲ့ ကြက်တွေပဲ၊ အချင်းချင်း ခွပ်ခိုင်းလို့လဲရတယ် ဒါမှမဟုတ် အချိန်မရွေး ချက်စားလို့လည်း ရနိုင်ပါတယ်။ အပစ်ရပ်ငြိမ်း အဖွဲ့တွေမှာတော့ Gentlemen Agreement မှာမပါခဲ့တဲ့ နယ်ခြားစောင့် တပ်ဖွဲ့ကိစ္စပါ။ ဒါတွေဟာ မိမိ အဖွဲ့အစည်းအတွင်း အချင်းချင်း အကွဲအပြဲဖြစ်အောင်၊ မဟာမိတ်အဖွဲ့အစည်းတွေမှာလည်း အချင်းချင်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားလာအောင် နအဖရဲ့ တိုက်ကွက်အသစ် နည်းဗျူဟာတစ်ရပ်ပါ၊ နအဖ ပစ်ချလိုက်တဲ့ ငါးစာကို ဝင်ဟပ်မဲ့ ပုဂ္ဂိုလ်ကြီးတွေကလည်း အဆင်သင့်ပါပဲ၊ အချို့အဖွဲ့အစည်းတွေမှာ ထိပ်ပိုင်းနေရာ ရယူထားသူတွေကို နအဖက ခါးပိုက်ဆောင်ထားပြီးသားမို့ တရားဝင်အဖွဲ့အစည်းတစ်ရပ်အဖြစ် အသိအမှတ်ပြုခံရမယ်ဆိုတော့ ရင်ကော့ပြီး တစ်သွေမတိမ်း လိုက်လုပ်ပေးကြမှာပါပဲ။ ဒါကြောင့် နအဖအနေနဲ့ ဘယ်လိုမှ အဆုံးမသတ်ရဲ ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးသံသရာဟာ အချိန်ကြာလာတာနဲ့အမျှ အမှားတွေတစ်ခုပြီးတစ်ခု တိုးလာနေပြီး နောက်ဆုံး ဖွတ်မြီးကို ဖွတ်လည်ပင်းပတ်တဲ့ကိန်း ဖြစ်လာမှာကို အင်မတန် စိုးရိမ်နေကြရပါတယ်၊ သူ့ကိုယ်ငါမယုံ ငါ့ကိုသူမယုံ ဖြစ်နေကြပြီး ရယူထားတဲ့အာဏာကို လက်ပေါ်ကမလွှတ်ရဲတော့ပါ၊ ဒါပေမဲ့ မိမိဘာတွေပြုခဲ့တာကို မိမိအသိဆုံးမို့ သံသရာကတော့ တနေ့လည်လာမှာပါဘဲ။ နအဖရဲ့ ရာသက်ပန် စစ်အစိုးရ အာဏာတည်မြဲစေရေးအတွက် တစ်ဖက်က ဒီမိုကရေစီလှုပ်ရှားသူမှန်သမျှကို ဖြစ်သည့် နည်းနဲ့ နှိမ်နင်း၊ အထူးသဖြင့် ယခုရက်ပိုင်းမှာ အကျယ်ချုပ်က လွတ်မြောက်ရတော့မဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရမယ် ရှာကြံပြီး ထောင်ချမဲ့လုပ်ရပ်တွေဟာ ၂၀၁၀ ဆိုတဲ့ သူတို့(နအဖ)ရဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးသမား အားလုံးကို ထောင်ထဲ အတင်းမောင်းသွင်းပြီး သူတို့လူနဲ့သူတို့ လွတ်လွတ်လပ်လပ် တရားမျှတမှုရှိရှိ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ပါ။ အခု နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စဟာ သာမန်ကိစ္စတစ်ရပ်လို့ သဘောထားယင် မှားပါလိမ့်မယ်။ တစ်စုတစ်စည်းထဲ ရှိနေပြီး ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအတွင်း ယခု နအဖ ခင်းထားတဲ့ တပ်ဖွဲ့စည်းပုံအရ တပ်ရင်းတစ်ရင်း အင်အား ၃၆၂ ဦးမှာ ဗမာ့တပ်မတော်က အရာရှိတွေ၊ အရာခံဗိုလ်တွေ ၃၀ ခန့် ဝင်ရောက်နေရာယူမယ်ဆိုတော့ အနာဂတ်နောင်တစ်ချိန်မှာ တဖြေးဖြေးနဲ့ ဒီတပ်ဖွဲ့တွေဟာ တိုင်းရင်းသားတပ်ဖွဲ့တွေမဖြစ်တော့ပဲ နအဖရဲ့ ဖက်ဆစ် စစ်တပ် အလိုလို ဖြစ်သွားကြရမှာပါ။ အခုတပ်ဖွဲအမည်က Border Guard Force နယ်ခြားစောင့်တပ်ဖွဲ့။ မည်သည့် တိုင်းရင်းသားကိုမှ ကိုယ်စားမပြု၊ ယခင်က ပြည်ထောင်စုတပ်တွေမှာ ကချင်သေနတ်ကိုင်တပ်ရင်း၊ ချင်းသေနတ်ကိုင် တပ်ရင်း တွေလို နောက်ဆုံးမှာ ကချင်တိုင်းရင်းသားလည်းမပါ၊ ချင်းတိုင်းရင်းသားလည်း မပါဝင်တော့ပဲ ကချင်လည်း မဟုတ်၊ ချင်းလည်းမဟုတ် ခလရတို့ ခမရတို့ ဖြစ်သွားခဲ့ကြတာပါပဲ။ နအဖ စစ်တပ်မှာ ပြုင်ပြင်လို့မရ၊ ဘယ်လိုမှလည်း ပြောင်းလဲလို့မရတော့တဲ့ ရွာတွေကိုရောက်ယင် လုယက်၊ ခိုးဆိုး၊ ဓါးမြတိုက်၊ လူသတ်၊ မုဒိန်းကျင့် စတဲ့ ဥာဉ်ဆိုးတွေကို အမွေဆက်ခံသွား ရပါလိမ့်မယ်။ နဂိုလ်ကမှ မိသားစု စားလို့ မလောက်တဲ့လစာနဲ့ လူမွဲစာရင်းဝင် လိုင်စင်ရ လက်နက်ကိုင်တပ်ဖြစ်နေတော့ ဒီစရိုက်ပျက်တွေ အရိုးစွဲခဲ့တာကိုတော့ ဘယ်လိုမှလဲ ပြင်လို့မရတော့ပါ။ ပြင်ချင်ယင် အရာရှိပိုင်းတွေ ဒုဗိုလ်ကအစ အမြင့်ဆုံး ဗိုလ်ချုပ်မှူးကြီးအထိ တပ်က ထွက်ခိုင်းပြီး စလုံးရေးက စတော့မှ ဖြစ်တော့မှာပါ။ ပေးထားတဲ့ ကတိအတိုင်း ဘယ်တော့မှ မလုပ်ပေးနိုင်တဲ့ နအဖဟာ မြန်မာ့နိုင်ငံရေး မဟာဇာတ်မျောကြီးကို မနိုင်မနင်း ကပြနေယင်း သူ့ကိုယ်သူ ဘယ်လမ်းသွားနေတာကိုလည်း နားမလည် ဖြစ်နေရရှာတယ်။ သူဆွဲတဲ့ အချိန်ဇယားကို တောင်မှ သူမနိုင်မနင်း ဖြစ်နေတော့တာပါဘဲ၊ ကတိတွေပျက်တာလည်း မရှက်တတ်ပါဘူး၊ ဆိုယင် မြန်မာပြည်ကြီး စစ်မီးမှာ မကြုံဘူးခဲ့တဲ့ အကြီးစားအနိဌာရုံတွေကို အယင်ကထက် ပိုမိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်လာဖို့က ဗေဒင်ကြည့်စရာ မလို၊ နေပြည်တော်အမိန့်နဲ့ ကိုယ့်လူမျိုးအချင်းချင်း၊ တိုင်းရင်းသားညီအစ်ကိုယ် အချင်းချင်း အသောမသတ်နိုင်တဲ့ လူမျိုးတုံးစစ်ပွဲတွေကို မည်သူမျှ ရှောင်ကွင်းလို့ ရမှာမဟုတ်သလို စစ်မီးလျှံတွေကလည်း လွယ်လွယ်နဲ့ အဆုံးသတ် နိုင်တော့မှာ မဟုတ်တော့ပါ။ နအဖ ရည်ရွယ်ထားတဲ့ ၂၀၁၀ မှာ ဖြစ်ပေါ်လာမဲ့ စစ်အစိုးရသစ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့အချို့ ပါဝင်လာတဲ့ နယ်ခြားစောင့် တပ် လက်အောက်မှာ မြန်မာပြည်သားတွေအနေနဲ့ ဘယ်လိုအသက်ဆက်ရှင် နေထိုင်သွားကြမလဲဆိုတာ မတွေးဝံ့ တော့ပါ။ မွန်တွေကို နှိမ်နင်းဖို့ ဆိုယင် အခြားတိုင်းရင်းသားတပ်ဖွဲ့ကို အသုံးချရမှာပါ၊ ထို့အတူ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ ဗမာ၊ ရခိုင်၊ ရှမ်းအစရှိသည်ဖြင့် တိုင်းရင်းသားအချင်းချင်းကို တိုက်ခိုက် သတ်ဖြတ်ကြဖို့၊ တိုင်းရင်းသားတွေကို အိုးမဲသုပ်ပြီး အိမ်ကြက်ချင်း အခွပ်ခိုင်းကြတော့မှာပါ။ လိုက်ခွပ်ပေးမဲ့ ကြက်တွေကိုလည်း မွေးထားပြီးပါပြီ။ ဒီတော့ တိုင်းရင်းသား ညီအစ်ကိုများကို အသိပေးလိုတာက ရှေ့မှာ ကြုံတွေ့လာရမဲ့ ဒီပြဿနာတွေကို အသေးအဖွဲ ကိစ္စတစ်ရပ်လို မျက်စိမှိတ်၊ ပါးစပ်ပိတ် မနေစေချင်ပါ၊ ပြဿနာဖြစ်လာတော့မှ ကုစားယင်လည်း အချိန်မှီတော့မှာ မဟုတ်ပါ။ အင်မတန် အန္တရာယ်ကြီးမားတဲ့ နအဖရဲ့ နည်းဗျူဟာတစ်ရပ်ပါ။ အားလုံးကို သတိချပ်စေလိုကြောင်း။
http://www.kaowao.org/b/art09-may%20-20.php

ဆန္ဒပြပွဲမလုပ်ပဲမြန်မာ့အရေးပြောင်းလဲနိုင်သူရှေ့ထွက်ခဲ့ပါ။

၁၉၈၈မတ်လရန်ကုန်မြို့ထဲမှာကိုမိုးသီးဦးဆောင်ပြီးနောင်တချိန်၈၈၈၈အရေးတော်ပုံဖြစ်လာအောင်အရှိန်
မြင့်တဲ့လုပ်ငန်းတွေတကယ်လုပ်ခဲ့တာကိုယ်တွေ့ပါ။သူ့ဦးဆောင်မှုအောက်မှာလုပ်ခဲ့တာတွေလည်းရှိပါ
တယ်။ကားတစီးမီးတင်ရှို့ဆိုတာလည်းတကယ်တော့..သပိတ်တိုက်ပွဲကြီးစတော့လို့..ဝင်္ကဝုတ္တိအလကာင်္
နဲ့တိုက်ပွဲခေါ်လိုက်တဲ့အသံဖြစ်တယ်။ပြည်တွင်းမှာရှိစဉ်၁၉၈၈မတ်လမှာကုန်တိုက်ပါမီးရှို့ခဲ့တာအားလုံး
အသိပါ၊မျက်ကွယ်မှာထောင်ဒဏ်တသက်လည်းချမှတ်ခံထားရသူပါ။အထဲကိုပြန်မရလို့အပြင်ကနေမျိုး
ဆက်သစ်ကျောင်းသားတွေကိုလမ်းညွန်မှုပေးတာလည်းလက္ခံရမဲ့အချိန်ပါ။ဧရာဝတီသောကြာစကားဝိုင်း
ကကိုမိုးသီးသည်စိတ်ခံစားမှုလွယ်ကူသူဟုတင်ပြချက်ကိုလည်းပြန်လည်သုံးသပ်စေချင်ပါသည်။မြန်မာ့
အရေးကိုသတိရမှတခါထလုပ်သူလည်းမဟုတ်ပါ။ဒီအချိန်တွင်ဒါမျိုးပြောပြီးဒါမျိုးလုပ်ရမည်ဟုလည်း
နားလည်သူတဦးဖြစ်သည်။သူ့ကိုဝေဖန်တာအပြစ်တင်တာကိုမကန့်ကွက်ပေမဲ့သူလောက်လုပ်ခဲ့...လုပ်
နေ...လုပ်အုန်းမှာလားဆိုတာတော့ပြန်မေးပါရစေ။၈၈မှာ၈၈မျိုးဆက်တွေကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်ခဲ့
တယ်။မိဘလုပ်စာစားပြီးဒို့အရေးထအော်တာအဖေကတောင်တံဆိပ်တုံးဖိုးထုတ်ပေးခဲ့သေးတယ်။လမ်း
ပေါ်ထွက်ဆန္ဒပြဖို့ဘယ်ပြည်ပအကူအညီမှမလိုပါဖူး။ကိုယ်တိုင်လုပ်ဖူးခဲ့တဲ့သူတွေသိပါတယ်။ဒီ
အချိန်ဟာတကယ်အချိန်ကောင်းဖြစ်သည်။ပြည်ပမှအာရုံစိုက်နေချိန်၊လုံခြုံရေးကောင်စီမှာရုရှားကတောင်
စိုးရိမ်လာနေရပါပြီ၊တရုတ်ကလည်းပြောသလို။အဆင်ပြေအောင်ပဲနေလေ့ရှိတဲ့ထိုင်းကလည်းပြောနေ
ပါပြီ၊(ကျောင်းသားနဲ့နိုင်ငံရေးသမားတွေပြန်လွှတ်ပေး၊တွေ့ဆုံဆွေးနွေးအဖြေရှာရေး)ခေါင်းစဉ်နဲ့
အထွေထွေသပိတ်တခုလုပ်နိုင်ခဲ့မယ်ဆိုရင်၊အတိုင်းထက်အလွန်ပါပဲ၊သူများကိုမဝေဖန်ပဲကိုယ်ဘာ
လုပ်ပေး(နေ။နိုင်)လည်းဆိုတာကအရေးကြီးတယ်။ပြည့်တဲ့အိုးဟာဘယ်တော့မှလှုပ်လေ့မရှိသလို
အကောင်းမြင်တတ်အောင်ပဲကြိုးစားလေ့ရှိကြတယ်။ကျွန်တော်တို့ကိုဘုန်းမော်အရေးအခင်းနောက်
ပိုင်း၅ယောက်ထက်မပိုတဲ့အစုအဖွဲ့လေးတွေကိုယ်ကျွမ်းကျင်တဲ့နယ်မြေမှာမိမိအစီအစဉ်နဲ့လှုပ်ရှားခဲ့တယ်၊
ကိုမင်းကိုနိုင်တို့ကိုမိုးသီးတို့ရေးတဲ့စာတွေလည်းဝေခဲ့ကြတယ်၊အဖမ်းခံရလည်းပြန်ထွက်လာဆက်လုပ်
တာပဲ၊နောက်ဆုံး၈၈၈၈မှာအိမ်မက်တွေအကောင်အထည်ပေါ်ခဲ့တယ်။လူအုပ်ကြီးကြည့်ပြီးမျက်ရည်တောင်
လည်ခဲ့ရတယ်၊အင်းစိန်ဈေးရှေ့ဟာ၈၈၈၈အောင်မြေနင်းတဲ့နေရာတခုဖြစ်ခဲ့တယ်။သပိတ်ကိုစခဲ့တာ၈တန်း
နဲ့၁ဝတန်းတွေချည်းပဲအကြီးဆုံးဆိုလို့အသက်၁၈နှစ်ပဲရှိသေးတဲ့ကျွန်တော်တယောက်ပဲပါတယ်။
ဘယ်သူ့ပံ့ပိုးမှုမှစောင့်ခဲ့တာရခဲ့တာမရှိဖူး၊ကျောင်းသားတာဝန်ကျောင်းသားထမ်းခဲ့တာ၊(သမ္မဂ္ဂရရှိ
ရေး)ဒါပဲစအော်ခဲ့ကြတာ၊နောက်ပိုင်းမှဒီမိုတွေကရေစီတွေပါလာတာ၊တာဝန်ဆိုတာမျိုးဆက်အလိုက်
လက်ဆင့်ကမ်းယူရတယ်။
စကားကပ်ပြောမနေပဲလက်တွေ့အလုပ်လုပ်ကြပါလို့ပဲတိုက်တွန်းချင်ပါတယ်၊


မှတ်သားစရာ

ဒေါ်အောင်ဆန်းစုကြည်သည်ဘယ်တုန်းကမှရုံးခန်းထဲမှာထိုင်မနေခဲ့သလိုကိုမင်းကိုနိုင်ဟာလည်း
အိမ်ထဲမှာအောင်းမနေခဲ့ပါဖူး....

ကျောင်းသားခေါင်းဆောင်

ပြည်တွင်းမှာမင်းကိုနိုင်ရှိတယ်။
ပြည်ပမှာမိုးသီးဇွန်ရှိတယ်။
ဦးဆောင်မှု..ပေးခဲ့..ပေးဆဲ..ပေးနေတုန်းပဲ။

ရဲရင့်ငယ်(23.05.2009)


ရဲ ဘော်များ သို့  မိုးသီး ရဲ့ ပေးစာ

ရဲ ဘော်များ သို့  မိုးသီး ရဲ့ ပေးစာ

ရဲဘော်များသို့ 

ငါဒို့  ဘာလုပ်ကြမလဲ ။ ငါဒို့ လူထုကို အိမ်ရှေ့ ကိုထွက်အောင် စည်းရုံးလှုံ့ ဆော်ရမယ်။ ငါဒို့ လူတွေကိုအိမ်ရှေ့ ကိုထွက်အောင်စည်းရုံးလှုံ့ ဆော်ရမယ်။ ဒီလို လူတွေအိမ်ရှေ့ ထွက်လာရဲ ပြီဆိုရင် အင်စိန်ထိချီတက်အောင်
ဆက်လက်တိုက်တွန်းရမယ်။ နံနက် ၁၀ နာရီတိုင်းမှာ နှစ်မိနစ် ငြိမ်သက်စွာ ဆန်ကျင်ကန် ကွက်တဲ့အနေနဲ့  နံနက် ၁၀နာရီတိုင်းမှာ နှစ်မိနစ် ငြိမ်သက်စွာနေအောင်လှုံ့ ဆော်ရဦးမယ်။ လုပ်ကိုလုပ်ရမယ်။ ဒါကြောင့်

အိမ်ရှေ့  ကထွက်
- အင်းစိန်ကို ချီတက် - နံနက်ဆယ်နာရီမှာ နှစ်မိနစ် ငြိမ်သက် ဆိုတဲ့ လုပ်ငန်းစဉ်လေးကို လုပ်ကိုလုပ်ရမယ်။

ဒါလေးလုပ်တော့ နအဖ ပြုတ်ကျရောလားလို့ တော့မမေးနဲ့  လွယ်တယ်လို့ သိပ်တော့မထင်လိုက်နဲ့  ။
ဟား ဒါလေးများ မိုးသီး ရာ လို့ တော့ မထင် လိုက်ပါနဲ့ ။ ဒီကောင်လာအာနေတယ်လို့ ရန်သူလူများ၊ အချောင်သမားများက ခင်ဗျားတို့ ကို သွေးဆောင်နေရင်လည်း မလည်သွားပါနဲ့ ။ ခိုင်မြဲပါ။

ဒီလိုပြောတဲ့သူတွေကို လေ့လာကြည့် ပါ။ သူတို့ ဟ ၈၈ မှာ တကယ်မလုပ်ခဲ့ဘူး။ လက်နက်ကိုင်တိုက်ပွဲမှာ မဖြတ်သန်းခဲ့ဘူးလို့  ဆို ပါရစေ။

လူထုကနေ ကျနော်တိုက်တွန်းတဲ့လုပ်ငန်းလေး
လုပ်ဆောင်လာဖို့  ဘယ်လောက်ခက်သလဲ ဆိုတာ တကယ်လူထုကို ခေါင်းဆောင် ဘူးမှာ သိလိမ့်မယ်။ လူထုတိုက်ပွဲကိုတကယ် ဖြတ်သန်းဘူးတဲ့သူမှာ သိတယ်။ ဒီလုပ်ငန်းကို အထင်သေးတဲ့သူတွေက လက်နက်ကိုင်တိုက်ပွဲမှာရောသိပ် သုံးလို့ မရတာများတယ်။ မပါဘူးတာသေချာတယ်။ သူတို ဟာ အရက်မူးလို့ တောင်မှာ ခွေးမသား သန်းရွေ လို့  မဆဲ ရဲ ၀ံတဲ့သူတွေ ဆိုတာတွေ့ လိမ့်မယ်။ သူတို့ ဟာ ဒေါသထွက်လို့ တောင်မှာ သေနပ်ကို မိုးပေါ်ထောင်မဖေါက်ဖူးတဲ့သူတွေဆိုတာ တွေ့ လိမ့်မယ်။

ခင်ဗျားတို့ ကတော လူထုတိုက်ပွဲရော ၊ လက်နက်ကိုင်တိုက်ပွဲတွေရော တခုခုမှာ ဒါမှမဟုတ်နစ်ခုစလုံးမှာဖြတ်သန်းဘူးတဲ့သူတွေပါ။ရန်သူလူနဲ့အချောင်သမားများ၊လန်းပန်းများ၊တတ်ယောက်ကားများ တွေ့ရဲ့  ၀ါဒဖြန့် မှုတွေကို ရဲ ၀ံစွာတုန်ပြန်ဖို့ လိုပါတယ်။

ဒီလုပ်ငန်းလေးဟာ လွယ်သလောက် ရလဒ်ကတော့ သမိုင်းဝင်လောက်အောင်ကြီးတယ်ဆိုတာ
ကျနော်သိတယ်။ ခင်ဗျားတို့ တွေ့ လိမ့်မယ်။ လူထု ကိုကိုယ်တို င်ခေါင်းဆောင်ရမယ်ဆိုတာ အလုပ်ဟာ
အပြောလွယ်သလောက်လက်တွေ တကယ်ခက်တယ်ဆိုတာရဲဘော်တို့ မကြာခင်သိလိမ့်မယ်။
တခုတော့ပြောပါရစေ

လူထုဟာ မကြောက်ပါဘူး။ လုပ်ငန်းစဉ်မရှိလို့ ဖြစ်နေတာပါ။ တိုက်ပွဲလုပ်ငန်းစဉ်မရှိလို့ ဖြစ်နေတာ။
လူထုရှေ့ ကနေ ကိုယ်လုံးပြထွက်နေတဲ့ခေါင်းဆောင်ထက်လူထုက သုတို ဘာလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုလို
ခြင်တာပါ။ ခင်ဗျားတို့ ကျနော်နဲ့ အကြိမ်တရာ သဘောထားကွဲလွဲပါ။ ဆဲပါ။ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ ဆရာ၊
ဘုန်းကြီးတွေ ၊ ပလီဆရာ၊ ပါစတာတွေစကားကို ဘ၀တသက်လုံးမြေ၀ယ်မကြနားထောင်ပါ။

ဒီတခါတော့ ကျနော်ပြောတာ ကိုလက်ခံစဉ်းစားပါ လို့ တိုက်တွန်းလိုတယ်။ ဘာလိုလဲဆိုတော့
လွတ်မြောက်ရေးတရားကို ကျနော် ကလွဲလို ခင်ဗျားကို ဘယ်သူကမှ မပြောသေးလို့ ပါပဲ။

လူတွေကို အိမ်ရှေ့ ကိုထွက်လာအောင် စည်းရုံးပါ။
အင်စိန်ကိုချီတက်ခိုင်းပါ ။နံနက်ဆယ်နာရီ ထိုးရင် နှစ်မိနစ် ငြိမ်သက် ခိုင်းပါ။


အောင်ပွဲသို့ 

မိုးသီးဇွန်