Wednesday, May 27, 2009

ပြည်သူတွေကိုဖြန့်ရအောင်

Photobucket

Photobucket

Photobucket

ရွှေနန္ဒ

နေ့သစ်များဆီသို့လျှောက်လှမ်းခြင်း

“ နေ့သစ်များဆီသို့လျှောက်လှမ်းခြင်း”

မနက်ဖြန်များစွာရဲ့ 

မြေပြင်ရဲ့အတိဒုက္ခတွေကို

ယောင်္ကျားမိန်းမတို့ရဲ့စွမ်းအားတွေနဲ့

ပြုပြင်ပြောင်းလဲပြစ်ကြမယ်ဆိုတဲ့

ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့

သွေးခြင်းညီကြတဲ့ ငါတို့တတွေ

ဒီမိုကရေစီခရီးလမ်းဆီ ဆက်ချီတက်ခဲ့  ။

ဘ၀ဆိုတာမျိုးက့ 

ရုန်းကန်မှုတိုက်ပွဲတခုပေမို့

လွယ်လွယ်နဲ့မရနိုင်တာတွေအတွက်တော့

တန်ရာတန်ကြေးအဖြစ်

အရင်းအနှီးတချို့တော့

ပေးဆပ်ကြရအုံးမှာပေါ့  ။

ဘ၀တလျှောက်လုံးစာအတွက့့် 

ခေတ်မှီမျှတတဲ့ယုံကြည်ရာကို

ယာယီအခွင့်အရေး ရပိုင်ခွင့်တချို့နဲ့

လဲလှယ်မရောင်းစားပြစ်နိုင်တော့လည်း

ငါဟာ့  မသူတော်တွေထည့်ထားတဲ့

ခေါင်းမာသူစာရင်းထဲရောက်ခဲ့ပေါ့  ။

အာဏါ၊အခွင့်အရေးနဲ့ 

မိမိစည်းဇိမ်ချမ်းသာလောက်ကိုပဲ

အဓိကထာ့း့ 

သိရက်နဲ့ဆက်မိုက်နေကြတဲ့

ဘ၀တ၀က်စံ ငမိုက်သားတွေကတော့

မထိန်သိမ်းနိုင်တဲ့သူတို့နဲ့အတ္တတွေအတွက်နဲ့

ငရဲလမ်းဆီ တိုးဝင်နေကြဆဲ့  ရဲရဲ့  ။

လှုပ်ရှားမှုရှိရင်ပြောင်းလဲမှုရှိလို့ 

ယုံကြည်ချက်တခုကို

မယိမ်းမယိုင်ဆုပ်ကိုင်

အခက်အခဲတွေကိုအောင်မြင်စွာကျော်ဖြတ်ကာ

လွတ်လပ်ငြိမ်းချမ်းတဲ့ဘ၀တွေကိုတည်ဆောက်ဖို့

ငါတို့တတွေလည်း ဆက်လျှောက်နေကြဆဲပဲ့  ။

မြင့်မြတ်တဲ့စိတ်ထားပိုင်ရှင့့် 

ခွပ်ဒေါင်းတို့ရဲ့မိခင်ကလည်း

အများတကာနဲ့ ငြိမ်းချမ်းစွာနေမယ်ဆိုတဲ့

ယုံကြည်ချက်တခုအတွက်

အန္တရာယ်ဒုက္ခအမျိုးမျိုးကိုရင်ဆိုင်နေရလည်း

အနိုင်ယူခြင်းနဲ့ရှုံးနိမ့်နေသူတွေကို

တည်ငြိမ်စွာနဲ့ ရင်ဆိုင်နေဆဲပဲ ရဲရဲ့  ။

ဇာနည်မောင်

၂၇.၅.၀၉

ဒူးတုန်အောင်သန်းရွှေမိသားစုကကြောက်သည်ဆိုသောမျက်ဝန်းတစုံ

Photobucket

အမှုအတွက်တင်ပြထားတဲ့ သက်သေအများစု ပယ်ချခံရ

ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ရေကူးအလာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူ့ကို တားဆီးခြင်းမရှိဘဲ ခဲနဲ့သာ ပစ်ပေါက်ခဲ့တယ်
ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းကို ခေါ်ပြီး အခုလို လူတယောက်က မိမိယုံကြည်ချက်အတိုင်း ပြောနေတာကို တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြက်ရယ်ပြုတဲ့ အမူအရာ တွေ့ရတာဟာ မိမိအနေနဲ့ အထူး စိတ်မကောင်းကြောင်း

ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် လိုက်ပါပေးဖို့တင်ပြထားတဲ့ သက်သေ ၄ဦး အနက် ၃ဦး (ဦးဝင်းတင်၊ ဦးတင်ဦး နဲ့ ဒေါ်ခင်မိုးမိုး) ကို တရားရုံးက ပယ်ချလိုက်တဲ့အတွက် ဦးကြည်ဝင်းတဦးသာ သက်သေအဖြစ်လိုက်ပါခွင့်ရတော့မှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။
''တင်ပြထားတဲ့သက်သေတွေဟာ တရား မျှတမှုအတွက် ထိခိုက်နိုင်တယ်ဆိုရင် တရားခံပြ သက်သေကို တရားရုံးက အခုလို ပယ်ချနိုတယ် ပယ်ချပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် အခုတင်ပြထားတဲ့ သက်သေတွေ မထွက်ဆိုခင်မှာ ပယ်ချလိုက်တဲ့အတွက် တရားမျှတမှု ရှိတယ်လို့ သူ့အနေနဲ့မထင်ဘူး''လို့ ဦးဥာဏ်ဝင်းက ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုရေကူးပြီး ခိုးဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တော ကို ဗုဒ္ဓဟူးနေ့က အဓိက စစ်ဆေးခဲ့ပါတယ်။
မစ္စတာ ယက်တော က သူ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ရေကူးအလာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူ့ကို တားဆီးခြင်းမရှိဘဲ ခဲနဲ့သာ ပစ်ပေါက်ခဲ့တယ် လို့ တရားရုံးမှာ ထွက်ဆိုတာကို ကြားခဲ့ကြောင်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
အဲဒီလို မစ္စတာ ယက်တော က ထွက်ဆိုတော့ တရားလိုရှေ့နေတွေက အရင်က ဒီကိစ္စကို ပြောဆိုခဲ့ခြင်း မရှိကြောင်း အငြင်းပွားရာ မစ္စတာ ယက်တောက သူအရင်ကလည်း ပြောခဲ့တယ်၊ သူထွက်ဆိုချက်ကို ရေးထားခြင်း ရှိမရှိကိုသာ သူ မသိကြောင်း အပြန်အလှန် အငြင်းပွားခဲ့ကြကြောင်း ဦးဥာဏ်ဝင်းက ဆက်ပြောပါတယ်။
မစ္စတာယက်တော ဟာ တရားရုံးမှာ အမှု ၃ မှု နဲ့ ရင်ဆိုင်နေရပြီး ဒီအမှု ၃ခုလုံးအတွက် အပြစ်ရှိကြောင်း ထင်ရှားရင် ထောင်ဒဏ် ၁ဝ နှစ် ဝန်းကျင် ကျခံနိုင်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဘီဘီစီကိုရှင်းပြပါတယ်။
ဘီဘီစီမှ ကူးယူဖေါ်ပြပါသည်။


မစ္စတာယက်တောက လုံခြုံရေးဝန်ထမ်းများနှင့် တွေ့ခဲ့ကြောင်းထွက်ဆို
၂ဝဝ၉-ဝ၅-၂၇

ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးနေတဲ့ မေလ ၂၇ရက် ဒီကနေ့ ၈ ရက်မြောက်နေ့မှာတော့ တရားရုံးမှာ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမနဲ့ မစ္စတာယက်တောတို့ကို စစ်ဆေးမေးမြန်းတယ်လို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရှေ့နေတွေနဲ့ တိုင်ပင်ဆွေးနွေးခွင့် ၁ နာရီလောက် ခွင့်ပြုတယ်လို့ သိရပါတယ်။

မနက် ၁ဝ နာရီ စတင် စစ်ဆေးခဲ့တဲ့အခါမှာ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ကို မိနစ် ၃ဝ လောက် စစ်ဆေးမေးမြန်းပြီး၊ မစ္စတာယက်တောကို စစ်ဆေးတာတော့ ၃ နာရီလောက် ကြာတယ်လို့ သိရပါတယ်။

အဲဒီလို မစ္စတာယက်တောကို တရားလိုရှေ့နေတွေက မေးခွန်းတွေ မြောက်မြားစွာ မေးခဲ့ပါတယ်။ မစ္စတာယက်တော ထွက်ဆိုရာမှာ ပထမတကြိမ် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို သူဝင်ရောက်ပြီး ပြန်ထွက်စဉ်မှာ မြန်မာ လုံခြုံရေး ဝန်ထမ်းတဦးနဲ့ တွေ့ကြောင်း၊ အဲဒီပုဂ္ဂိုလ်က သူ့ကို သေနတ်နဲ့ ချိန်ပြီး ဘာလုပ်နေတာလဲဟု မေးကြောင်း၊ အဲဒီနောက် သူ့ကို အနှောင့်အယှက် တစုံတရာ မပေးတဲ့အတွက် သူကောင်းကောင်းမွန်မွန် ပြန်သွားနိုင်ကြောင်း၊ အခုဒုတိကတခေါက် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဝင်ရောက်တဲ့အခါမှာလည်း လက်နက်ကိုင်လုံခြုံရေး ဝန်ထမ်း ၅ ဦးနဲ့ တွေ့ဆုံခဲ့ကြောင်း၊ အဲဒီပုဂ္ဂိုလ်တွေက သူ့ကို ဘာအန္တရာယ်မှ မပြုပဲ ခဲတွေနဲ့သာ ဝိုင်းပေါက်ခဲ့ကြကြောင်း မစ္စတာယက်တောက ထွက်ဆိုတယ်လို့ သိရပါတယ်။

အဲဒီအပြင် သူဒေါ်အောင်ဆန်းစုကြည်ဆီကို လာတာဟာ အကြမ်းဖက်အုပ်စုတခုက ဒေါ် စုကို အသက်အန္တရာယ် ပြုတော့မယ်လို့ အာရုံထဲမှာ ပေါ်လာပြီး ဘုရားသခင်က စေလွှတ်လို့ ဖြစ်ကြောင်း မစ္စတာယက်တောက တရားရုံးမှာ ထပ်ခါတလဲလဲ ပြောတယ်လို့ သိရပါတယ်။ မစ္စတာယက်တော ပြန်အထွက်မှာ လုံခြုံရေးဝန်ထမ်းတွေနဲ့ တွေ့တဲ့ကိစ္စကို ရုံးမထုတ်ခင် စစ်ကြေားရေးစခန်းမှာ ဘာကြောင့် ထုတ်ဖော် မပြောသလဲလို့ တရားလို ရှေ့နေတွေက မေးတဲ့အခါ မစ္စတာ ယက်တောက သူ့အနေနဲ့ အကြိမ်ကြိမ်ပြောခဲ့ကြောင်း၊ တာဝန်ရှိသူတွေက လိုက်လံရေးသား မှတ်သားထားတာ မရှိလို့ပဲလို့ ထင်ကြောင်း ပြန်လည်ဖြေကြားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို တရားဥပဒေကို လိုက်နာရမယ် ဆိုတဲ့စကားနဲ့ အမြန်ပြန်ပါ ဆိုတဲ့ စကားနှစ်ခွန်းပဲ ပြောဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို သူပေးတဲ့ ပစ္စည်းတွေကိုလည်း ဒေါ် စုက လက်မခံတဲ့ အတွက် သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေသာ ဖြစ်ကြောင်း မစ္စတာယက်တောက ထွက်ဆိုတယ်လို့ သိရပါတယ်။

မစ္စတာယက်တောက သူ့ကို ဘုရားသခင်လွှတ်လို့ လာတာဆိုပြီး ခဏခဏ ပြောတဲ့အပေါ် တရားလို ရှေ့နေတွေနဲ့ တရားသူကြီးအဖွဲ့တွေက ပြက်ရယ်ပြုသလို အမှုအရာတွေ ပြသတဲ့အတွက် စစ်ဆေး မေးမြန်းပြီးသွားတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းကို ခေါ်ပြီး အခုလို လူတယောက်က မိမိယုံကြည်ချက်အတိုင်း ပြောနေတာကို တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြက်ရယ်ပြုတဲ့ အမူအရာ တွေ့ရတာဟာ မိမိအနေနဲ့ အထူး စိတ်မကောင်းကြောင်း ပြောတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ သက်သေလိုက်ဖို့ တင်ပြထားတဲ့ အကျယ်ချုပ်ကျခံနေရတဲ့ nld ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဒေါ်ခင်မိုးမိုးတို့ကို တရားရုံးက ကျင့်ထုံးပုဒ်မ ၂၅၇ အပိုဒ်ခွဲ ၁ အရ ပယ်ချကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ ဒီအတွက် အရင်တင်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘက်က သက်သေထွက်မဲ့ ၄ ဦးထဲက ဦးကြည်ဝင်း တဦးကိုပဲ ခွင့်ပြုလိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဦးဉာဏ်ဝင်းတို့က သဘောမတူနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

RFA မှကူးယူပါသည်။

''မဖိတ်ခေါ်ပဲ ရောက်လာသူ တဦးအတွက် ထိန်းသိမ်းခံနေရသူမှာ တာဝန်မရှိသလို၊ လုံခြုံရေး တာဝန်ယူထားသူတွေရဲ့ ပျက်ကွက်မှု အတွက်ကိုလည်း အာဏာပိုင်တွေက အရေးတယူ လုပ်တာမျိုး မရှိတာဟာ တဖက်သတ် စီစဉ်ဆောင်ရွက်တာသာ ဖြစ်တယ်''

The primary and root cause of the current incident is the breach of security or neglect of security duties by the authorities, and yet no action has been taken against those in charge of my security.
ဒေါ်အောင်ဆန်းစုကြည်

ရုံးထုတ်သည့် အဌမနေ့

Wednesday, 27 May 2009 19:05 အောင်သက်ဝိုင်း
ရန်ကုန်မှာ ဗုံးဖောက်ခွဲမှုတွေ လုပ်မယ်၊ ဆန္ဒပြပွဲတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေကို စစ်အစိုးရ မီဒီယာတွေက ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်း လုံခြုံရေး အခြေအနေက တော်တော်ကို တင်းကျပ်လာပါတယ်။နေ့ဘက် လမ်းမပေါ်တွေမှာ လုံထိန်းကားတွေလှည့်နေသလို ညအချိန်မှာလည်း လမ်းမပေါ် သွားလာနေတဲ့ လိုင်းကားတွေ၊ တက္ကစီအဌားကားတွေနဲ့ လူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။ရန်ကုန်မြို့တ၀န်းမှာ လုံခြုံရေးတင်းကျပ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးနေတဲ့ အင်းစိန်ထောင် အနီးအနားပတ်ဝန်းကျင်တွေမှာလည်း လုံခြုံရေးတွေက တနေ့တခြား ပိုများလာတာကို တွေ့မြင်ရတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်တဲ့ အဌမမြောက်နေ့မှာ လုံထိန်းကားတွေက အင်းစိန်ဈေးရှေ့လမ်းမပေါ်မှာ လှည့်လည်ရုံမကဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့ အရပ်သူအရပ်သားတွေ၊ အဖွဲ့ချူပ်အဖွဲ့ ၀င် တွေ စုစည်းရာ မြင့်မိုရ်လမ်းရှေ့ ထိပ်တန်းအပေါင်ဆိုင်နားမှာ လက်နက်အပြည်အစုံနဲ့ လုံထိန်းတွေ တင်ထား တဲ့ ဒိုင်နာကား ခြောက်စီးနဲ့ ပိတ်ပြီးရပ်ထားတယ်။နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်ကစပြီး လုံထိန်းရဲကားတွေက ဒေါ်စုကို အားပေးထောက်ခံတဲ့ လူအုပ်ကို ၀ိုင်း ထားတယ်။ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေ၊ အရပ်ဝတ်ရဲတွေကလည်း သူတို့ရဲ့ကားတွေ၊ ဆိုင် ကယ်တွေကို အင်းစိန်ဈေးဘက်အခြမ်းမှာ ရပ်လို့အသင့်အနေအထား နေရာယူထားကြတယ်။ယာဉ်အမှတ် ၁ ဂ/၂၆၅၆၊ ၁ ဂ/၂၆၅၇၊ ၁ ဂ/၂၅၇၅၊ ၁ ဂ/၂၇၇၄ ၊ ၁ ဂ/ ၂၅၈၂ ၊ ၁ ဂ/၂၅၇၆ နံပါတ်တွေ တပ်ဆင်ထားတဲ့ အပြာရောင် လုံထိန်းရဲကားခြောက်စီးက လူအုပ်နားမှာရပ်ပြီး နှစ်ရာနီးပါး လောက်ရှိတဲ့ ဒေါ်စု ထောက်ခံ အားပေးသူ လူစုလူဝေးကို ခြိမ်းခြောက်တဲ့ပုံစံနဲ့ စောင့်ကြည့်နေတာကိုတွေ့ရတယ်။ လုံထိန်းရဲကားတွေဟာ တနေ့တခြား ဒေါ်စုထောက်ခံအားပေးသူတွေကို ခြိမ်းခြောက်လာနေတယ်။ အရင်က လမ်းမပေါ်မှာ ပဲလှည့်ပြီး အင်အားပြပေမယ့် အခုတော့ လူတွေအနားကို ကပ်ပြီး ရန်လိုတဲ့အကြည့်တွေနဲ့ လုံထိန်း တွေက ကြည့်လာတယ်။ စစ်အစိုးရဘက်တော်သားအရေအတွက်နဲ့နှိုင်းယှဉ်ရင် အလွန်းနည်းပါးလှသည့် နှစ်ရာလောက်သာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူ ပြည်သူတွေကတော့ လုံထိန်းကားတွေအနားမှာ ထိုင်တဲ့သူက ထိုင်ဆဲ၊ ရပ်တဲ့သူကလည်း ရပ်နေဆဲနဲ့ ကြောက်ရွံ့တဲ့အရိပ်အရောင်မပြဘဲ အင်းစိန်ထောင် အကျဉ်းထောင်ထဲက ပြန်ထွက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေကို စောင့်ဆိုင်းနေကြတယ်။မွန်းလွဲ ၃ နာရီ ၂၀ မိနစ်လောက်မှာတော့ ထိပ်တန်းအပေါင်ဆိုင်ရှေ့မှာ လာရပ်နေတဲ့ လုံထိန်းရဲကားတွေ ပြန်လည် ထွက်ခွာသွားပါတယ်။ ဒါပေမယ့် စွမ်းအားရှင်တွေက အင်းစိန်ဈေးဘက်မှာ ပိုပိုပြီး များလာတယ်။ ဟိုင်းလပ် ကား အစိမ်းရောင်၊ Light Truck ကား အဖြူရောင်တွေနဲ့ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေ ထပ်ပြီးရောက် လာတာကိုလည်း တွေ့ရပါတယ်။၃ နာရီ ခွဲတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေ အင်းစိန်ထောင်တရားရုံးကနေ ပြန်ထွက် မလာသေးပါ ဘူး။အင်းစိန်ထောင်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ရှစ်ရက်မြောက်နေ့ တရားရင်ဆိုင်နေသလို အင်းစိန် ထောင်အပြင်ဘက်မှာ လူထုကလည်း ရှစ်ရက်မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာလာရောက် စုဝေးပြီး သူတို့ရဲ့ တစုံ တရာ ဆန္ဒကို ဆက်လက် ဖော်ထုတ်နေသလို တွေ့မြင်ရပါတယ်။မေ ၂၆ ရက်နေ့ ည ၉ နာရီကျော်လောက်ကတော့ သမိုင်းလမ်းဆုံ၊ မြေနီကုန်း၊ လှည်းတန်း၊ မြောက်ဥက္ကလာ အ၀ိုင်း အပါ အ၀င် ရန်ကုန်မြို့ရဲ့အချက်အချာကျ လမ်းဆုံလမ်းခွတွေမှာ ရဲတွေ၊ စစ်သားတွေ၊ လုံထိန်းတွေနဲ့ စွမ်းအားရှင်တွေ က လုံခြုံရေးအကြောင်းပြချက်နဲ့ သွားလာနေတဲ့ လိုင်းကားတွေ၊ တက္ကစီတွေနဲ့ ခရီးသည်တွေကို အမည်၊ မှတ်ပုံ တင်နံပါတ်၊ နေရပ်လိပ်စာမေးမြန်းပြီး ညအချိန်ခရီးသွားလာရခြင်း အကြောင်းအရင်းတွေကို မေးမြန်း စစ်ဆေးတယ်လို့ ကြုံတွေ့ခဲ့ရတဲ့ လူတွေက ပြောပြကြပါတယ်။ တက္ကစီကားတွေရဲ့ နောက်ဖုံးတွေ၊ ကားအောက်ပိုင်းတွေကို ဓာတ်မီးတွေနဲ့ထိုးပြီး ရှာဖွေစစ်ဆေးသလို လူတွေရဲ့ လက်ထဲမှာကိုင်ထားတဲ့အထုတ်အပိုးတွေကိုလည်း ရှာဖွေစစ်ဆေးပါတယ်။စစ်မြေပြင် တခုလို လမ်းမတွေပေါ်မှာ ရဲတွေ၊ လုံထိန်းတွေနဲ့ စွမ်းအားရှင်တွေ အပါအ၀င် စစ်အစိုးရ ဘက်သား တွေ ရှုပ်ယှက်ခတ်နေတယ်လို့လည်း ဆိုကြပါတယ်။ ည အချိန်မတော် ခရီးသွားလာရတဲ့ ခရီးသည်တွေ ၊ အငှားယာဉ်မောင်းတွေက အဲဒီလို ပရမ်းပတာ ဆန်တဲ့ လုံခြုံရေး စစ်ဆေးမှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်။“ယာဉ်နံပါတ်၊ မှတ်ပုံတင်နံပါတ်၊ ကားမောင်းသူအမည်၊ ခရီးသည်ကို ဘယ်နေရာကတင်လာတယ်။ ဘယ်ကို ပို့ပေးရမယ် ဆိုတဲ့ မေးခွန်းတွေတသီကြီးမေးတယ်။ ည ၁၀ နာရီလောက်မှာ လမ်းမပေါ်သွားနေတဲ့ကားတွေ အကုန်လုံး အဲဒီလိုအမေးခံရတာ”လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။ ။

ဒေါ်အောင်ဆန်းစုကြည်အရေး လုံခြုံရေးကောင်စီ ဆွေးနွေးသင့်

Photobucket
Jared Genser

Wednesday, 27 May 2009 15:15 ဧရာဝတီ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားရုံးတင်၍ ထောင်ဒဏ် အပြစ်ပေးရန် ကြိုးစားနေခြင်းနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် ဥပဒေရေးရာအကြံပေးပုဂ္ဂိုလ် ဂျားရက် ဂန်ဆာ (Jared Genser) နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ဂျားရက် ဂန်ဆာမေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲဆိုတဲ့ အမှုနဲ့ တရားရုံးတင်စစ်ဆေးပုံကို ဥပဒေရေးရာသုံးသပ်ချက်တွေက ဘယ်လိုရှိပါသလဲခင်ဗျာ။
ဖြေ။ ။ ကျနော် သေသေချာချာ ယုံကြည်ထားတဲ့အချက်က အခုအမှုဟာ ခိုင်မာမှုအရရော၊ လုပ်ထုံးလုပ်နည်းအရပါ လုံးဝမှားယွင်းနေတယ်ဆိုတာပါပဲ။ အမှုရဲ့ခိုင်မာမှုကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများရန်မှ ကာကွယ်သည့်ဥပဒေရဲ့ ပုဒ်မ ၂၂ အရ သူမကိုနေအိမ်မှာအကျယ်ချုပ် ချထားတဲ့ စည်းကမ်း တွေ ကို ချိုးဖောက်တယ်လို့ စွဲချက်တင်ထားပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ သူမရဲ့နေအိမ်ပတ်လည် လုံခြုံရေး အတွက် တာဝန်ရှိသူ ဖြစ်ပါတယ်။ မစ္စတာ ဂျွန် ယက်ထောဟာ လွန်ခဲ့သောလများစွာကလည်း သူမရဲ့နေအိမ် ခြံဝန်းအတွင်းကို ပထမအကြိမ် ချိုးဖောက်ဝင်ရောက်ခဲ့ပြီး အဲဒီကိစ္စ စစ်အစိုးရထံအကြောင်းကြားခဲ့တာကို ထည့်စဉ်းစားရင် လုံခြုံရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ရန်အလားအလာကို သတိပေးပြီးဖြစ်နေပါတယ်။ စစ်အစိုးရဟာ မစ္စတာယက်ထော ကို နောက် တကြိမ် နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝန်းအတွင်း ထပ်မံဝင်ရောက်ခွင့် ပေးခဲ့တာဟာ သူတို့အပေါ်မှာ လုံးဝ တာဝန်ရှိပါတယ်။လုပ်ထုံးလုပ်နည်းအရကြည့်မယ်ဆိုရင် တရားစီရင်ပုံဟာလည်း လုံးဝမှားယွင်းနေပါတယ်။ တရားစီရင်ပုံနဲ့ပတ်သက်တဲ့ ပြဿနာတွေက ...၁။ ရှေ့နေ ဦးအောင်သိန်းရဲ့ ရှေ့နေလိုက်ခွင့်လိုင်စင်ကိုရုပ်သိမ်းခြင်းဟာ ဒေါ်စုကို သူမ စိတ်ကြိုက် ရှေ့နေရွေးချယ် ပိုင်ခွင့်ပေးဖို့ ပျက်ကွက်ခဲ့တာပါပဲ။၂။ တရားရုံးတော်ဆီ ခုခံချေပဖို့အတွက် ပြင်ဆင်ချိန် အလုံအလောက် မပေးခဲ့ပါဘူး။၃။ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့၊ အများပြည်သူ ကြားနာခွင့်ရှိတဲ့ တရားစီရင်မှုမျိုး မရှိခဲ့ပါဘူး။ လွတ်လပ်တဲ့ တရားစီရင်မှု မြန်မာနိုင်ငံမှာ မရှိပါဘူး။ တရားသူကြီးတွေဟာ စစ်အစိုးရဆီက ညွန်းကြားချက်တွေ ယူကြရပါတယ်။၎။ ဒေါ်အောင်ဆန်းစုကြည်ကို သံသယအကျိုးခံစားပိုင်ခွင့် ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။၅။ ဒေါ်အောင်ဆန်း စုကြည်ကို ထိန်းသိမ်းထားတဲ့ဥပဒေကိုက နိုင်ငံတကာဥပဒေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့က ချမှတ်ခဲ့တဲ့ ဥပဒေ စည်းကမ်း ချက်ကို စစ်အစိုးရက လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုတရားစွဲဆိုတဲ့အမှုဟာ သူမကို နေအိမ်မှာအကျယ်ချုပ်ထားတာ ၆ နှစ်ပြည့် တော့မယ့် ဆဲဆဲ နှစ်ပတ်အလိုမှာ ဖြစ်ခဲ့တာပါ။ အခုအမှုဟာ ဥပဒေရေးရာထက် နိုင်ငံရေးအမှုလို့ ထင်မြင်မိပါသလား။
ဖြေ။ ။ ဟုတ်ပါတယ်။ အပြစ်အနာအဆာတွေရှိတဲ့ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နဂို ကတည်းကကြံစည်ထားပြီးဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာ သိကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ်ရွေးကောက် ပွဲ ပြီးတဲ့အထိ ဆက်လက်ထိန်းသိမ်းထားချင်တဲ့အတွက် အခုအမှုဟာ အကြောင်းပြချက်တခု ဖြစ်လာတယ်ဆိုတာကို ကျနော် နည်းနည်းလေးမှ သံသယမရှိပါဘူး။
မေး။ ။ မြန်မာ့အလင်းနေ့စဉ်သတင်းစာနဲ့ တခြားအစိုးရသတင်းစာများမှာရေးသားဖော်ပြနေတဲ့ သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အဖော်နှစ်ယောက်ဟာ နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများရန်မှ ကာကွယ်သည့် ဥပဒေရဲ့ ပုဒ်မ ၂၂ ကိုချိုးဖောက်တယ်လို့ စွပ်စွဲထားပါတယ်။ အကြောင်းက သူတို့ဟာ ကျူးကျော်ဝင်ရောက်လာတဲ့ အမေရိ ကန်နိုင်ငံသား ဂျွန် ယက်ထောကို အစားအစာနဲ့နေရာထိုင်ခင်းပေးခဲ့လို့ဖြစ်ပါတယ်။ ဒီစွပ်စွဲမှုဟာ မှန်ကန်တယ်လို့ ထင်ပါ သလား။
ဖြေ။ ။ တော်တော့်ကို ရယ်စရာကောင်းတဲ့ စွပ်စွဲချက်ပါပဲ။
မေး။ ။ တရားရုံးက သူမကို ထောင် ၅ နှစ်ထိ ချခဲ့ရင် ဘာတွေလုပ်နိုင်ပါသေးလဲ။
ဖြေ။ ။ သူမကို နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများရန်မှ ကာကွယ်သည့်ဥပဒေနဲ့ထောင်ချခဲ့ရင် ဒါဟာ နိုင်ငံတကာ ဥပဒေကိုထပ်မံချိုးဖောက်မှုဖြစ်တယ်။ အဲ့ဒီအတွက် ကုလသမဂ္ဂရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ကို နောက်ထပ်အမှုတခု ချက်ချင်းထပ်တင်ပါမယ်။ အဲ့ဒါအပြင် မြန်မာနိုင်ငံအခြေအနေကိုဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အရေးပေါ်အစည်းအဝေးခေါ်ဖို့ တောင်းဆိုပါမယ်။ရှင်းလင်းနေတဲ့အချက်က ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ချလိုက်ခြင်းဟာ ဒေသတွင်းမတည်မငြိမ် ဖြစ်စေရုံ သက်သက် မဟုတ်ဘဲ မြန်မာစစ်အစိုးရဟာ ၂၀၀၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဆန္ဒပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌရဲ့တောင်းဆိုချက်တွေကိုလဲ လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။အဲဒီတောင်းဆိုချက်တွေထဲက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို စောစီးစွာလွှတ်ပေးဖို့ လုံခြုံ ရေးကောင်စီက တိုက်တွန်းထားပါတယ်။ ဒီတောင်းဆိုချက်ဟာ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့နဲ့ ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်လာစေပြီး လူသားချင်းစာနာထောက်ထားတဲ့အကူအညီများအတွက် အခွင့်အလမ်းတွေ ပွင့်သွားဖို့ဖြစ်ပါတယ်။ စစ်အစိုးရဟာ လုံခြုံရေးကောင်စီရဲ့ဆန္ဒကိုပစ်ပယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင် ဒဏ်အပြစ်ပေးမယ်ဆိုပါက ဒါဟာ စစ်အစိုးရကမြန်မာပြည်သူတွေအပေါ်လက်ရှိဖိနှိပ်အုပ်ချုပ် နေမှုတွေရဲ့ သင်္ကေတ လက္ခဏာ ဖြစ်ပါလိမ်မယ့်။ နိုင်ငံတကာငြိမ်ချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက်ကြောင့် လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံ ကိစ္စကို ပြန်လည်ဆောင်ရွက်သင့်ပါတယ်။
မေး။ ။ လူ့အဖွဲ့အစည်းအပေါ်ရာဇ၀တ်မှုကျူးလွန်မှုနဲ့ နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာခုံရုံးမှာ မြန်မာစစ်ခေါင်းဆောင် တွေကို တရားစွဲဖို့ ပြည်ပရှိအတိုက်အခံအဖွဲ့အစည်းတွေက ကြိုးစားနေပါတယ်။ သူတို့ရဲ့အခုလိုလုပ်ဆောင်မှုဟာ မြန်မာ နိုင်ငံမှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို အဆုံးသတ်သွားစေဖို့ အောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းတခု လို့ မြင်ပါသလား။
ဖြေ။ ။ ကျနော့်တဦးတည်း သဘောအရ ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာ လူ့အဖွဲ့အစည်းအပေါ်ရာဇ၀တ်မှုကျူးလွန်မှု တွေရှိ တယ်လို့ ယုံကြည်ပါတယ်။ ဘဖက်မှာလည်း မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာခုံရုံးကို လွှဲပြောင်းပေးအပ်ဖို့ တရုတ်နဲ့ ရုရှားတို့လို ဗီတိုအာဏာသုံးစွဲနိုင်တဲ့နိုင်ငံတွေပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဆွဲဆောင်ဖို့ဆိုတာ စိန်ခေါ်ချက်တခုဖြစ်နေတယ်လို့ ကျနော်ထင်ပါတယ်။စာဖတ်သူတွေမှတ်မိဦးမယ်ဆိုရင် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလက အဆိုပြုခဲ့တဲ့ မဖြစ်မနေလိုက်နာဖို့ မလိုတဲ့၊ မလိုက်နာပါက အရေးယူဆောင်ရွက်မှုမပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်တရပ်ကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာခုံရုံးဖွဲ့စည်းခဲ့တဲ့ ရောမ ပဋိညာဉ်စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ် ထိုးထားတာမရှိတဲ့အတွက် လုံခြုံရေးကောင်စီကလွှဲပြောင်းပေးခြင်းဟာ တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအဆုံးသတ်သွားဖို့ အကောင်းဆုံးနည်းလမ်းက အမျိုးသားပြန်လည်သင့် မြတ်ရေးရရှိဖို့ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ အဆုံးမှာတော့ တရားမျှတမှုဆိုတာကို ဘယ်လိုစီရင်ဆုံးဖြတ်မလဲဆိုတာ မြန်မာပြည်သူတွေပေါ်မှာမူတည်ပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အလွန်ဆိုးဆိုးရွားရွားဖြစ်နေတဲ့အချက်ကို အများသိရှိလာအောင် နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာခုံရုံးကိုလွဲပြောင်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဖိအားပေးရေးအတွက် လူ့အခွင့် အရေး ဆိုင်ရာလှုပ်ရှားနေကြတဲ့အဖွဲ့အစည်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ။

နေပြည်တော်လူကြမ်းအဖွဲ့ ပါဝင်သော ဇာတ်ကားကြီး

Photobucket
Wednesday, 27 May 2009 18:52 ရန်ကုန်သားတာတေ
“အမယ်မင်း .. အစွယ်လိုသူ ချိုကုပ်ဒူးကြီး ..၊ အသွားစေခိုင်းသူ ငရွှေ ..၊ သူ့ဘာသာသူ ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ဒီဇာတ်လမ်းတော်ကြီးမှာ ကျနော်မျိုး မောင်ယက်ထော လေးက မြေဇာပင်ပါခင်ဗျာ .. မြေဇာပင် ပါခင်ဗျ”“ကတ်”ရုပ်ရှင်ရိုက်ကွင်းတခုတွင် ဦးရုက္ခစိုးကော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ပါ ရောက်နေကြခြင်း ဖြစ်သည် ...။ ဦးရုက္ခစိုးကို လူတယောက်က လက်ယပ်လှမ်းခေါ် နေသဖြင့် ကြည့်လိုက်ရာ ချိုကုပ်ဒူးကြီး ဖြစ်နေသည်။
ချိုကုပ်။ ။ ဦးရုက္ခစိုး ရောက်လာပြီလား .. လာဗျာ .. ကျနော်ကတော့ သိပ်မအားဘူး။ ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်ပဲ ဒါရိုက်တာလုပ် .. ကိုယ်တိုင်သရုပ်ဆောင်ဆိုတော့ တော်တော်လေး ပင်ပန်းတယ်ဗျ။ရုက္ခစိုး။ ။ ဒီဘက်က မှန်ထိုးပေးနေတဲ့ နားရွက်ကားကား အရပ်ကလန်ကလားနဲ့က ဘယ်သူလဲဗျ .. မြင်ဖူးသလိုပဲ။ ချိုကုပ်။ ။ အဲဒါ မောင်ကွေးလေ .. သူ့အခန်းက မပါသေးတော့ မှန်ထိုးခိုင်းထားတာ။ ဟေ့ကောင် ပင့်ထိုး .. ပင့်ထိုး .. ပင့်ထိုးမှ ပေါ်တာကွ .. (မောင်ကွေးဘက်သို့ လှည့်ပြောကာ ဦးရုက္ခစိုး ဘက်သို့ လှည့်လိုက် ပြန်သည်) အဲလိုပဲ ဦးရုက္ခစိုးရေ .. နေရာတကာ ကျနော်မပါလို့ကို မပြီးဘူး။ရုက္ခစိုး။ ။ ဒါနဲ့ ဒီနေ့အခန်းက ဘာလဲဗျ .. ယက်ထောကို ရိုက်စစ် .. အဲ ယောင်လို့ ယက်ထောအခန်း ရိုက်မှာလား။ချိုကုတ်။ ။ ဟုတ်တယ်လေ .. ဒီနေ့ရိုက်မယ့်အပိုင်းက ကျနော်တို့ နေပြည်တော် လူကြမ်းတွေ အစွမ်း ကြောင့် မြေဇာပင်ဖြစ်သွားတဲ့ မောင်ယက်ထောလေး အကြောင်းပေါ့။ ထိုစဉ် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ သူတို့တခါမှ မမြင်ဘူးသော အင်းစိန်ထောင်ထဲမှ တရားခွင်မြင်ကွင်း ရိုက်ကွင်းကို လိုက်လေ့လာနေရာမှ ဦးရုက္ခစိုးတို့ရှိရာ ချဉ်းကပ်လာသည်။ ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးကို တခုမေးပါရစေ .. ဘယ်လိုစိတ်ကူးနဲ့ ဒီဇာတ်ကား ရိုက်တာလဲဗျ။ နောက်ပြီး မင်းသားလည်းမပါဘူး .. လူကြမ်းအဖွဲ့ချည်းပဲ ဆိုတော့ တမျိုးဖြစ်မနေဘူးလား။ချိုကုပ်။ ။ မောင်ရင်တို့ အဲဒါခက်တာပဲ .. အင်တာနေရှင်နယ် မျက်စိနဲ့ ကြည့်စမ်းပါ။ ခုခေတ်က လူကြမ်းတွေခေတ် ဖြစ်နေပြီ ..။ ကျုပ်တပည့်ကြီး မောင်နေပြင်းတို့၊ ဟိုချာတိတ်ကလေး မောင်ဖင်တွန့်တို့ လက်ထက် တုန်းကသာ မင်းသားနည်းနည်း ထည့်သုံးတာ။ ကျုပ်က သူတို့ထက် သာချင်၊ ကမ္ဘာကျော် ချင်တာလေ .. ကောင်းတာလုပ်ပြီး ကမ္ဘာကျော်ဖို့ သိပ်မမြင်တော့ .. လူကြမ်းအနေနဲ့ ကမ္ဘာကျော်အောင်လုပ်ဖို့ ဒီအစီအစဉ်ကို ဆွဲလိုက်တာပဲ။ ဟဲဟဲ အကြံပိုင်သော ငရွှေနော် ..။ဖိုးရှုပ်။ ။ တရားခွင်ဆက်တင်က အတုလား အစစ်လားဗျ။ ချိုကုပ်။ ။ အစစ်လေ .. ။ ကျုပ်က အစစ်ပဲသုံးတာ၊ ဒါပေမယ့် အစစ်ကိုက ပြဇာတ်ဆန်ဆန်ပဲ .. ဟဲဟဲ .. တကယ့် တရားခွင်အစစ်ဆိုတာလည်း ရှိမှမရှိတာဘဲဟာ .. အားလုံးက ဖန်တီးထားတာချည်းပဲ။ကြွက်စုတ်။ ။ သြော် သြော် မှတ်သားလောက်ပါပေတယ်ဗျာ။ ဟိုးတခေတ်တခါက သမ္မတ လူကြမ်း အဖွဲ့ဆိုပြီးခေတ်စားတယ်၊ နောက်တော့ ကိုလူချောတို့ အဖွဲ့တဲ့ ခု နေပြည်တော်လူကြမ်းအဖွဲ့ဆိုပြီး အဲဒီနေရာကို ယူမှာလား။ကြွက်စုတ်မေးခွန်းကြောင့် ချိုကုပ်ဒူးကြီး၏ တစက်မှကြည့်မကောင်းသော မျက်နှာကြီး မဲ့ရှုံ့သွားသည်။ “ဒီမျက်ခွက်နဲ့ဆိုရင်တော့ အော်စကာဆုတော့မသိဘူး အော်ကျောလန်ဆုတော့ ရမှာသေချာတယ်” ဟု ဦးရုက္ခစိုး တွေးလိုက်သည်။ချိုကုပ်။ ။ ဖွတ် .. ဘာကိစ္စ ဒီလူကြမ်းတွေ နေရာယူရမှာလဲ .. အသေးအဖွဲတွေဥစ္စာ ..။ ကျုပ်က ဒေဝဒတ်တို့ .. ဟစ်တလာတို့ .. ဆဒမ်ဟူစိန်တို့လို ကမ္ဘာကျော်လူကြမ်းတွေ နေရာယူမှာ ..။ ရုက္ခစိုး။ ။ လူမုန်းများမယ့် အလုပ်ကြီးနော် .. ချိုကုပ်ဒူးကြီး .. စဉ်းစားပါဦး ..။ ခင်ဗျားရဲ့ ဇာတ်လမ်း အရဆို .. တော်တော်လေး ဇာတ်နာနေပြီ ..။ ဒီလောက်ကြီး ဇာတ်နာနေတာတောင် ထပ်ပြီး ဇာတ်နာခိုင်း ဦးမလို့လား။ချိုကုပ်။ ။ အခြေအနေအရ ဇာတ်နာရတာဗျ ..။ ကျုပ်က နာအောင်မလုပ်ရင် ကျုပ်ကို နာအောင် လုပ်ကြတော့မှာလေ ..။ ဒီတော့ ကျုပ်က ကြမ်းပစ်လိုက်၊ ရမ်းပစ်ရမယ် .. ။ ခဏလေးဗျာ ဦးရုက္ခစိုး နည်းနည်း ညွှန်ကြားလိုက်ဦးမယ် ..။ ပြန်စမယ်ဟေ့ .. ကင်မရာကိုင်ထားတဲ့ ဂျပု ဆော်ကြမ်း .. သေချာနားထောင် .. ယက်ထောကို ချိန်ထားမယ် ..။ ဟိုကောင် .. ရဲညင့်ပြောင် မင်းမျက်ခွက်ကြီး ကင်မရာထဲ မဝင်စေနဲ့ .. အသံပဲ ယူမယ် .. ခပ်ဝေးဝေးကနေ .. ငါ သင်ထားတဲ့အတိုင်း အော်ပြော .. လိပ်ခေါင်းထွက်အောင် အော်နော် ..။ရဲညင့်ပြောင်။ ။ ဟုတ်ကဲ့ပါ ချိုကုပ်ဒူးကြီး။ချိုကုပ်ဒူးကြီး၏ အံ့မခန်း ကမ္ဘာကျော်ရိုက်ကွင်းကို ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တအံ့တသြ အငေးသား ကြည့်နေကြရသည်။ချိုကုပ်။ ။ ကဲ စအော်ပြောတော့။ ဖိုက် .. ဖိုး .. သရီး .. တူး .. ဝမ်း .. အက်ရှင် ..ရဲညင့်ပြောင်။ ။ ဒီမှာ ယက်ထောကြီး .. ခင်ဗျားနဲ့ ဒေါ်စုက သမီးရည်းစားတွေမို့လို့ ခုလို တကူးတက ရေကူး ဝင်တာမဟုတ်လား .. ဘူး .. ထွား .. ဟားဟားဟား ..။ယက်ထော။ ။ မဟုတ်ရပါဘူးဗျာ .. ။ ခင်ဗျားတို့ သွားခိုင်းလို့လည်း သွားရသေးတယ် .. ။ ဒီဇာတ်လမ်းက ပြီးသွားရင်ဘာဖြစ်မယ်ဆိုတာ သိပြီးသား .. ဆက်မပါချင်တော့ဘူးဗျာ .. ကျုပ်ထွက်မယ် ..။ချိုကုပ်။ ။ ဟာ .. ဟေ့လူ .. သင်ထားတဲ့အတိုင်းပြောလေ .. ဘယ့်နှယ် မဟုတ်တာတွေ လျှောက်ပြော နေရတာလဲ .. ဟေ့ .. ရိုက်ကွင်းခဏနားမယ်။ ပြီးရင် အာဆီယံကို ကလော်ဆဲတဲ့ အခန်း ရိုက်မယ် ဟေ့ ..။ ဉာဏ်ပျင်းကို အဆင်သင့် ပြင်ခိုင်းထား။ မောသွားဟန်ဖြင့် ခြေပစ်လက်ပစ် ထိုင်လိုက်သော ချိုကုပ်ဒူးကြီးကို သူ့ကတော်အမေကွိုင်က ချွေးလာသုတ် ပေးသည်။ဦးရုက္ခစိုး။ ။ ခင်ဗျားရဲ့ ဇာတ်လမ်းက ဘယ်လိုဆက်မှာလဲ လုပ်ပါဦး ချိုကုပ်ဒူးကြီးရဲ့ .. တော်တော် စိတ်ဝင်စားစရာ ကောင်းလာပြီ။ဦးရုက္ခစိုး၏ အမေးကို ချိုကုပ်ဒူးကြီးက သွားများဖြဲ၍ပြုံးကာ ပြန်ဖြေသည်။ ချိုကုပ်။ ။ ဒီလိုဗျ ..၊ ကျုပ်ရဲ့ ဗျူဟာက .. အဲလေ ဇာတ်ညွှန်းက ဘာမှ မခက်ဘူး .. မြန်မာဗီဒီယို ကားတွေကိုပဲ မှီးထားတာပါ။ ခုမြန်မာကားတွေက ဖက်ဆစ် ဂျပန်လက်ထက် လွတ်လပ်ရေးမရခင်က ကားတွေ ရိုက်ကြတယ်မဟုတ်လား .. အဲဒီအတိုင်းပဲ။ဖိုးရှုပ်။ ။ ဟာ အံ့မခန်းဘဲဗျာ။ ရှင်းပါဦး။ချိုကုပ်။ ။ ကျုပ်က သူတို့ထက် သာတယ်ဗျ .. အဲဒီကားထဲက လူကြမ်းတွေ ဘယ်လို ယုတ်မာလဲ၊ ဘယ်လောက်ကြမ်းသလဲ .. ပျင်းတောင် ပျင်းသေးတယ် .. ကျုပ်က သူတို့ထက်ပိုယုတ်တယ်ဗျ။ ကြွက်စုတ်။ ။ စိတ်ဝင်စားစရာတော့ တော်တော်ကောင်းလာပြီ။ ချိုကုတ်။ ။ ဟဲဟဲ မှတ်ထားကြ။ ဖက်ဆစ်ဂျပန်တွေက အလိုတော်ရိတွေ ထားတယ်၊ ကျုပ်က စွမ်းအားရှင်ပါဝါရိန်းဂျားတွေ၊ ကြံ့ဖွတ်တွေ ထားတယ်၊ အဲဒီကားတွေထဲမှာ ဖက်ဆစ် ဂျပန်တွေက ဦးနှောက်မရှိတော့ လူတွေကို နှိပ်စက်တယ်၊ အသေသတ်တယ်၊ ကျုပ်က ဦးနှောက်ရှိတော့ လူထုကို နှိပ်စက်ပေမယ့် အသေမသတ်ဘူး .. မသေမရှင်လေး ဖြစ်အောင် ညှဉ်းဆဲထားတယ်။ ပညာခန်းတွေနော် .. ငှီးငှီး။ဦးရုက္ခစိုး။ ။ ခင်ဗျားဇာတ်ညွှန်းက နည်းနည်းလွဲနေတယ်ထင်တယ်နော် ချိုကုပ်ဒူးကြီး .. ၊ ခင်ဗျားရဲ့ လုံခြုံရေးတွေကိုတော့ အရေးမယူထားဘူး။ လူတွေက ထောက်စရာ ဖြစ်မနေဘူးလား ယုတ္တိမရှိဘူးဆိုပြီး။ချိုကုပ်။ ။ ယုတ္တိဟုတ်လား .. ဘာယုတ္တိရှိဖို့ လိုလို့လဲဗျာ .. အစကတည်းက ဇာတ်ဆန်ဆန် ဆင်ထား တာပဲဥစ္စာ ..။ ကောင်မလေးကို စောင့်တဲ့ လုံခြုံရေးတွေကို ဇာတ်လမ်းအရ ရာထူးတိုးပြီး နယ်ပြောင်း ပေးလိုက်တယ်လေ တော်ပြီပေါ့။ထိုစဉ် အခန်းထဲသို့ အာဏာပါးကွက်သားပုံစံ ဝတ်ထားသော လူတယောက် ဝင်လာသည်။ သူ့နောက်မှ ဓားထမ်းလာသူ အသားမည်းမည်း မျက်လုံးပြူးပြူးနှင့် ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင် လူတယောက်လည်း ပါသည်။ ထိုသူကိုကြည့်ပြီး ကြွက်စုတ်က ထအော်လိုက်သည် “ဟာ .. လူရွှင်တော် မန်းဝင်းကြီးပါလား”ချိုကုပ်။ ။ ဟာ ဘယ်ကမန်းဝင်းကမှာလဲ .. အဲဒါက ကြွက်ချုပ် စပ်ဖြဲ ဟ ..၊ မန်းဝင်းနဲ့နှိုင်းတော့ မန်းဝင်း သိက္ခာကျ တာပေါ့။ မလုပ်နဲ့လေ။ သူ့ရှေ့က သူ့ဆရာ ပြည်ထဲရေး မူးအောင် .. သူတို့က အဓိကပဲ .. မင်းသမီးကို အပီအပြင်နှိပ်စက်မယ့် အာဏာ ပါးကွက်သားတွေပေါ့။ ကဲကဲ မူးအောင်နဲ့ စပ်ဖြဲ ဟိုထောင့်မှာ ခဏ ထိုင်စောင့် ဦးကွာ .. မင်းတို့အလှည့် ရောက်တော့မှာ ..။ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးဇာတ်လမ်းက တဖြည်းဖြည်း ပုံပေါ်လာပြီဗျ။ ကျုပ်တောင် မဖတ်ဘဲနဲ့ သဘော ပေါက်လာပြီ။ ဒီလို အောက်တန်းကျပြီး ပြည့်တန်ဆာတန်းက အမှုဆင်နည်းမျိုးကို ဘယ်ကများ ရှာဖွေတွေ့ရှိထား တာလဲဗျာ ..။ချိုကုပ်။ ။ ဒါကတော့ဗျာ .. ကျုပ်ရဲ့ ဆရာ့ဆရာတွေ လမ်းစဉ်ကိုလိုက်၊ သူတို့ထဲက မကောင်းတာ မှန်သမျှယူ .. အဲဒါကို မော်ဒီဖိုင်းလုပ် .. ပိုပိုသာသာလေး ယုတ်မာလိုက်တာပါပဲ။ မခက်ပါဘူး။ ဟဲဟဲ .. ဟစ်တလာကြီးက ပြောတယ်မဟုတ်လား ညာရင် အစွမ်းကုန်ညာတဲ့ ..။ ကျုပ်က ယုတ်ရင် အစွမ်းကုန်ယုတ် ဆိုတဲ့ နည်းကို သုံးတာ။ ကျုပ်ဇာတ်လမ်းကို ဘယ်လောက်တောင် အံ့သြနေကြလဲတော့မသိဘူး .. အရင်က ကောင်မလေး ခေါင်းမာတယ် ပြောတဲ့သူတွေတောင် ပါးစပ်တွေ ပိတ်နေတာသာကြည့် .. ဘာသံမှကို မကြားရဘူး။ထိုစဉ် အရေးအကြီးဆုံးအခန်းကို ရိုက်ဖို့ ပြင်ကြသည် .. ။ တရားခွင်မြင်ကွင်းဖြစ်သည်။ သတင်းထောက်များ၊ သံတမန်များ အပါဝင် ချိုကုပ်ဒူးကြီး၏ နေပြည်တော်လူကြမ်းအဖွဲ့ထဲမှ လူကြမ်းကြီး၊ လူကြမ်းကလေးများပါ ဝင်လာ ကြသည်။ ဦးရုက္ခစိုးကော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စိတ်ဝင်တစား ကြည့်နေကြရသည်။ချိုကုပ်။ ။ ကဲကဲ တခါးမပွင့်တပွင့် တရားခွင်ခန်း ရိုက်မယ် .. မင်းသမီး အသင့်ပြင်ပါ။ အထဲက စောင့်နေရမယ့်သူတွေ အားလုံးလည်း ရယ်ဒီ .. အာဏာပါးကွက်သားတွေလည်း နေရာယူပါ .. ပြောထားတဲ့ အတိုင်းနော် .. ဖိုက် .. ဖိုး .. သရီး .. တူး .. ဝမ်း .. အက်ရှင်။အခန်းတခန်းလုံး တိတ်ဆိတ်သွားသည်။ မင်းသမီးက ခပ်ဖြည်းဖြည်း ဝင်လာသည် .. အခန်းထဲတွင် ရှိနေသည့် နေပြည်တော် လူကြမ်းကြီးများ၊ လူကြမ်းကလေးများ၊ လူကြမ်းမများအားလုံး ထိုင်ရာမှ အရိုအသေပေးသည့် အနေဖြင့် တပြိုင်နက်တည်း ထရပ်လိုက်ကြသည်။ ပြီးတော့ တပြိုင်နက်တည်း အော်သံကြီး ဟိန်းထွက်လာသည်။လူကြမ်းများ။ ။ နိုင်ငံ့ အနာဂတ် ခေါင်းဆောင်ကို ကြိုဆိုပါတယ်။ချိုကုပ်။ ။ ဟာဟာ .. ဟေ့ လူကြမ်းအဖွဲ့ .. နင်တို့ကို လုပ်ခိုင်းတဲ့ထဲမှာ အဲဒါ မပါဘူးလေ .. ။ အောင်မငီး .. မှားကုန်တော့မှာပဲ .. ရပ် .. ရပ် .. ဟေး ကင်မရာ .. ဆော်ကြမ်း၊ ဂျပု၊ မူးအောင်တို့ .. ဘာလုပ်နေကြတာလဲ .. ဆက်မရိုက်နဲ့လေ ..။ တော်တော့ဟ .. ဦးရုက္ခစိုးရေ .. ကယ်ပါဦးဗျ ..။ချိုကုပ်ဒူးကြီး ပြာလောင်ခတ်ကာ အရူးချေးပန်း လျှောက်အော်နေသည်ကို ကြည့်၍ ဦးရုက္ခစိုးတို့ သုံးဦးစလုံး မတိုင်ပင်ဘဲ တပြိုင်နက်တည်း အော်လိုက်ကြသည် .. “ကတ်” … ။ ။
ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။

တရား ဥပဒေ စိုးမိုးရေး အဖွဲ့ချုပ် တောင်းဆို

Wednesday, 27 May 2009 20:04 သန်းထိုက်ဦး
မြန်မာနိုင်ငံတွင် တရား ဥပဒေ စိုးမိုးရေး ကင်းမဲ့နေပါလျှင် တိုင်းပြည်၏ အနာဂတ် ငြိမ်းချမ်း သာယာ ဖွံ့ဖြိုးနိုင်မည် မဟုတ်ကြောင်း ယနေ့ ပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ အခမ်းအနား တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားလိုက်သည်။ “တိုင်းပြည်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အထွေထွေ အကြပ်အတည်းများနှင့် ပြဿနာများကို တပ်မတော် ၊ နိုင်ငံရေးပါတီများနှင့် အခြား သက်ဆိုင်သူများ အားလုံး မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာကြရန် အထူး တိုက်တွန်းပါကြောင်း” ဟု အခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်သူ သခင်စိုးမြင့်က ပြောကြားလိုက်သည်။ စစ်အစိုးရက ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ အဖွဲ့ချုပ်က မဲအပြတ်အသက်ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း စစ်အစိုးရက လွှတ်တော်ခေါ်ယူပေးခြင်း၊ ရွေးကောက်ခံရသူများကို အာဏာလွှဲအပ်ခြင်းများ မပြုခဲ့ပေ။ အဖွဲ့ချုပ်၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တခုတွင် ဒုတိယ ဥက္ကဌ ဦးတင်ဦးနှင့် တရားစွဲခံနေရသော အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို ကန့်သတ်ချက်များ မထားရှိဘဲ အမြန်ဆုံး လွှတ်ရန် တောင်းဆိုထားသည်။ ထို့အပြင် ခေတ္တ ဟု ဆိုပြီး (၆)နှစ်ကြာ ချိတ်ပိတ်ထားသော အဖွဲ့ချုပ်၏ ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာ ရုံးခွဲများကို အမြန်ဆုံး ပြန်ဖွင့်ခွင့်ပေးရန်၊ ဖျက်သိမ်းခံထားရသည့် နိုင်ငံရေးပါတီများကို ပြန်လည် မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့် ပေးရန်တို့ကိုလည်း ယနေ့ တောင်းဆိုလိုက်သည်။အခမ်းအနားသို့ အဖွဲ့ချုပ် အဖွဲ့ဝင် ၅၀၀ ခန့်အပြင် သံတမန်များ၊ သတင်းထောက်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနား မစတင်မီ နံနက် ၉ နာရီခန့်တွင် ရဲများ၊ စွမ်းအားရှင်များ အင်အား ၃၀၀ ခန့်က ရုံးအနီးတွင် စုဝေး နေရာယူထားကြပြီး ထောက်လှမ်းရေးများက ဓာတ်ပုံ နှင့် ဗီဒီယိုရိုက်ယူကြကြောင်း သိရသည်။အခမ်းအနားအပြီးတွင် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားပြီး တရားရုံးသို့ တင်သွင်းသည့် လျှောက်လဲချက်ကို ဖြန့်ဝေခဲ့သည်။“ယခုအမှုဖြစ်ပွားရသည့် အရင်းခံအကြောင်းအရင်းမှာ လုံခြုံမှုရေး လစ်ဟင်းမှု သို့မဟုတ် လုံခြုံရေးဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်အထိ လုံခြုံရေး ဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူခြင်း မရှိဘဲ၊ ကျမကိုသာ အရေးယူ တရားစွဲခြင်းမှာလည်း ဘက်လိုက် ဆောင်ရွက်ခြင်းသာ ဖြစ်သည်”ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။ အဆိုပါ လျှောက်လဲချက်တွင် “စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်ခြင်း မရှိကြောင်း” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အကျယ်ချုပ် ကန့်သတ် တားဆီးမိန့် ချိုးဖောက်မှုသည် ငွေဒဏ် ၅၀၀၀ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိ ချခံရနိုင်သည့် အမှု ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းနေသော စစ်အစိုးရသည် နိုင်ငံတကာ ဖိအားနှင့်လည်း ရင်ဆိုင်နေရသည်။ဗြိတိန်သံအမတ် Mark Canning က “နိုင်ငံတကာရဲ့ဖိအားပေးမှုတွေ ဒီအတိုင်း ဆက်ရှိနေမယ်ဆိုရင် စစ်အစိုးရ တရားရုံးအနေနဲ့ အရင်က ဆုံးဖြတ်ပြီးသား ပြစ်ဒဏ်မျိုး မဟုတ်ဘဲ နေအိမ်အကျယ်ချုပ် သက်တမ်း တနှစ် ထပ်တိုးတာမျိုးတွေ လုပ်လာနိုင်တယ်လို့ ထင်တယ်” ဟု The Guardian သတင်းစာသို့ ပြောလိုက်သည်။စစ်အစိုးရ တရားရုံးတော်က ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်း စီရင်ချက်ချရန် စီစဉ်ပြီးသားဖြစ်သည်ဟု Mark Canning က ဆိုသည်။ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သော ၉ ကြိမ်မြောက် အာရှ-ဥရောပ ASEM အစည်း အဝေးသို့ တက် ရောက်လာသော အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးရန်၊ နိုင်ငံရေးပါတီများ စည်းရုံး လှုပ်ရှားပိုင်ခွင့် ပေးရန် တို့ကို တောင်းဆိုသည့် ထုတ်ပြန်ချက်တခု ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ဤသတင်းကို ဧရာဝတီသတင်းထောက်များ ဖြစ်သော သန်းထိုက်ဦး နှင့် ကြည်ဝေ တို့ ပူးတွဲရေးသားသည်။

မျှော်လင့်ချက်မဲ့နေတဲ့ လူထုရဲ့ ကြိမ်မီးအုံးဒေါသ

Wednesday, 27 May 2009 19:35 အေးချမ်းမြေ့
ပြည်သူလူထုသည် စစ်အာဏာရှင်၏ လုပ်ရပ်ကို ရွံရှာ မုန်းတီး ကြောက်ရွံ့ကြသည်၊ ဒေါ်အောင်ဆန်း စုကြည်ကို ချစ်၍ သနားသည် .. သို့သော် သူတို့၏ တနေ့စာ ဝမ်းရေးက ထိုကိစ္စများထက် ပိုအရေးကြီးနေသောကြောင့်သာ ရဲရဲဝံ့ဝံ့ ရင်မဆိုင်နိုင်ကြခြင်းဖြစ်သည် ..။
မကြာတော့မည့် အချိန်တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချဖို့ သေချာနေပြီ။ ထိုသို့ အမိန့်ချရန်အတွက် အမှုကို မတရားဆင်ကာ စွဲချက်တင်ခြင်းဖြစ်ကြောင်း လူ တိုင်း နားလည်သည်။ သူတို့ချစ်ခင်သော ဒေါ်အောင်ဆန်းစုကြည်အတွက် ကြိတ်မနိုင်ခဲမရ ဖြစ်နေကြ သော် လည်း လူထုက ငြိမ်သက်လွန်းသည်။ ရန်ကုန်လူထု ၆ သန်းကျော်ရှိသည့်အနက် ဒေါ်အောင်ဆန်းစုကြည် တရား ရင်ဆိုင်နေရသည့် အင်းစိန်ထောင် ရှေ့တွင် သွားရောက်စုရုံးသည့် လူအရေအတွက်မှာ ၂၀၀ ကျော် ၃၀၀ ခန့်သာ ရှိသည်။ ထိုအထဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်က ၁၀၀ ကျော်ပါဝင်နေသည်။ထိုသို့ ငြိမ်သက်နေရခြင်း အကြောင်းရင်း များရှိပါသည် ..။ ထို အကြောင်းရင်းများကို သုံးသပ်ကြည့်မည် ဆိုပါလျှင် .. ပထမအချက်က သူတို့၏ သမုဒ္ဒရာဝမ်းတထွာအတွက် နေ့စဉ် လုံးပန်းနေရခြင်းကြောင့်ဟု တွေ့ရမည် ဖြစ်သည်။ အများစုက တနေ့ အလုပ်လုပ်မှ နေ့တဝက်စာလောက် သာ စားစရာရသည့် အနေအထား ဖြစ်နေသည်။ နောက်တချက်ကတော့ စစ်အစိုးရ၏ မတရားဖိနှိပ်မှု၊ ဖမ်းဆီး အရေးယူမှု၊ ရိုက်နှက်နှိမ်နင်းမှုများကို မျက်မြင်ကြုံတွေ့ခဲ့ရသောကြောင့် အကြောက်တရား ကြီးမားနေရခြင်း ဖြစ်သည်။ “လူထုက စိတ်အရမ်းဆိုးနေတယ်။ ဒါပေမယ့် သူတို့မှာ တနေ့စာတနေ့ စားဖို့က ပိုအရေးကြီးနေတယ်” ဟု NLD ခေါင်းဆောင် သတင်းစာဆရာကြီး ဦးဝင်တင်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အမှုကို စတင်စစ်ဆေး သည့်နေ့က လမ်းများပိတ်ထားသောကြောင့် ဈေးသည်များ ဒုက္ခရောက်ကြရသည်။ ယနေ့ မေလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ၁၉ နှစ်ပြည့် အခမ်းအနား ကျင်းပနေစဉ် ရုံးထဲတွင် လူ ၃၀၀ ခန့်ရှိနေသည်ဟု သိရသည်။ ရုံး၏ အပြင်ဘက် ဝန်းကျင်တွင်လည်း စွမ်းအားရှင် ၃၀၀ လောက်စောင့်ကြည့်နေသည်ဟု ရန်ကုန်မြို့ခံ တဦးကပြောသည်။ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရချိန် .. အင်းစိန်ထောင်ပတ်ဝန်းကျင်တွင်လည်း စွမ်းအားရှင်များကို ငှားရမ်းကာ ချထားသည်ဟု သတင်းများအရ သိရသည်။ စွမ်းအားရှင် အရေအတွက်က လာရောက်အားပေးသည့် NLD အဖွဲ့ဝင်အရေအတွက်နှင့် ပြည်သူလူထု အရေအတွက်ထက် များသည်ဟုလည်း ကြားရသည်။ ထို့ပြင် စွမ်းအားရှင်များက NLD အဖွဲ့ဝင်များနှင့် ပြည်သူ လူထုကို စကားဖြင့် နှောင့်ယှက်ချင်းများရှိသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသည့် ကျောက်မြောင်းသား တဦးက ပြောပြသည်။“ကုလားမယားရဲ့ အမှုကိုများကွာ လာပြီးကြည့်နေရသေးတယ် ဆိုပြီး ရန်စသလို ပြောနေတာ” ဟု သူက ဆိုသည်။ ကုမ္ပဏီရုံးခန်းများ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် ထိုကိစ္စကို အချင်းချင်း ပြောဆိုမှုများရှိပြီး တက္ကစီဒရိုင်ဘာများကလည်း ထိုကိစ္စကိုပင် သူတို့သိသလောက် ပြောဆိုနေကြကြောင်း ကြားသိရသည်။ ထို့ပြင် ဂျီတော့ခ် ချက်တင်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ထူးခြားမှု၊ နောက်ဆုံး သတင်းများကို အချင်းချင်း မေးမြန်းပြောဆိုမှုများ ရှိသည်၊ ပြည်ပအခြေစိုက် ရေဒီယိုများမှ သတင်းများကိုလည်း နားထောင်ကြ သည်ဟု ရန်ကုန်မြို့မှ လူလတ်ပိုင်းအရွယ် အင်ဂျင်နီယာတဦးက ဆိုသည်။ပြည်သူလူထု ဘက်က လှုပ်ရှားမှုကို ထောင့်စေ့အောင် ပိတ်ထားသည့် စစ်အစိုးရ၏ ရက်စက်မှုကို လူတိုင်းက သိသည်။ ရန်ကုန်မြို့နေ နာမည်ထင်ရှားသည့် စာရေးဆရာ တဦးကလည်း ပြည်သူလူထုအနေနှင့် ဒေါ်အောင် ဆန်းစုကြည် မတရား အမှုရင်ဆိုင်နေရခြင်းကို အချင်းချင်း မကျေမချမ်း ပြောဆိုကြကြောင်း ပြန်ပြောပြသည်။ “လူတွေက စစ်အစိုးရကို အရင်ထက်ပိုမုန်းလာတယ်၊ ပိုပြီး ဒေါသထွက်တယ်၊ ပြီးတော့ အရင်ထက်လည်း ပိုကြောက်လာကြတယ်။ နောက်တခုက စားဝတ်နေရေးပဲ။ လူတွေက ဒီကိစ္စကို အရမ်း စိတ်ဝင်စားပေမယ့် တနေ့စာတနေ့ စားဖို့ ရှာရတာက ပိုအရေးကြီးနေတယ်” ဟု ထို စာရေးဆရာက ပြောသည်။သို့သော် အကြောက်တရားကတော့ ကြီးမား လွှမ်းမိုးနေဆဲဖြစ်သည်။လူထုငြိမ်သက်နေရခြင်း၏ နောက်ထပ်အကြောင်းရင်း တခုကတော့ ခေါင်းဆောင် ကင်းမဲ့နေခြင်းပဲ ဖြစ်သည်။ စစ်အာဏာရှင်များက ပြည်သူလူထုကို ခေါင်းဆောင်နိုင်မည့်သူ မှန်သမျှ ဖမ်းဆီးကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားသည်။ တက်ကြွလှုပ်ရှားသည့် လူလတ်ပိုင်းအရွယ် ခေါင်းဆောင်နိုင်မည့်သူ မှန်သမျှ ထောင်ထဲတွင် ရောက်နေကြ သည်။ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ အနုပညာသည်များ ကို ဦးဆောင်ဦးရွက်ပြုနိုင်သည့် လူရွှင်တော် ကိုဇာဂနာ ကဲ့သို့ ခေါင်းဆောင်များ၊ သံဃာတော်များထဲမှ ငယ်ရွယ် တက်ကြွသည့် အရှင်ဂမ္ဘီရ လို ခေါင်းဆောင်များ၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားသည့် မစုစုနွေးနှင့် မနီလာသိန်း ကဲ့သို့သော အမျိုး သမီးခေါင်းဆောင်များ၊ လူငယ်ထုကို က စံပြုလောက်သည့် ထက်မြက်သော ကိုဇေယျာသော်၊ ကိုနေဘုန်းလတ် တို့လို ခေါင်းဆောင်များ တယောက်မကျန် ထောင်ထဲသွင်းထားလိုက်ပြီ။နောက်ထပ် လူထု၏ ရှေ့တွင် ဦးဆောင်ဦးရွက်ပြုနိုင်သည့် ခေါင်းဆောင် တဦးဦး ပေါ်ထွက်လာလျှင်လည်း ချက်ချင်း ထောင်ထဲဖမ်းသွင်းလိုက်ဦးမည်မှာ ယုံမှားသံသယ ရှိစရာမလိုပေ။ NLD ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်ကလည်း ပြည်သူလူထုကို ခေါင်းဆောင်မည့်သူ မရှိဟု ပြောခဲ့သည်။၂၀၀၇ သံဃာတော်များ အရေးတော်ပုံကာလ၊ သံဃာတော်များက ရှေ့မှ ဦးဆောင်ကာ လမ်းလျှောက်ခဲ့ ပြီးသည့် နောက် လူထုက တဖြည်းဖြည်း လိုက်ပါလာခဲ့သည်ကို မြင်တွေ့ခဲ့ရပြီးပြီ။ ထိုစဉ်ကတည်းက သံဃာတော်များ ကိုပင် မချန်ဘဲ ရိုက်နှက် ဖြိုခွင်းသည့် စစ်အစိုးရ၏ ရက်စက်မှုကို ပြည်သူလူထုက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရ သည်။ရန်ကုန်မြို့မှ သတင်းစာဆရာကြီး လူထုစိန်ဝင်းက ပြည်သူလူထုသည် ကိုလိုနီခေတ်ကတည်းက ယခုအချိန်ထိ ခေတ်အဆက်ဆက် တာဝန်ကြေခဲ့ပြီး သတ္တိလည်း ရှိခဲ့သည်ဟု သုံးသပ်သည်။“ပြည်သူလူထုကိုတော့ အပြစ်ပြောလို့မရဘူး။ ခေါင်းဆောင်မယ့် ပါတီက အင်အားချိနဲ့နေတယ်၊ ခုချိန်မှာ NLD အနေနဲ့ စစ်တပ်ကို ပြိုင်ဘက်အနေနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။တချို့သော ရန်ကုန်မြို့ခံများက စစ်အစိုးရအပေါ် အမေရိကန်နှင့် နိုင်ငံတကာ၏ အရေးယူမှုကို မျှော်လင့်နေ ကြသည်။ ၂၀၀၇ သံဃာတော် အရေးတော်ပုံကာလ၊ ၂၀၀၈ မေလ နာဂစ်မုန်တိုင်း ဝင်ခဲ့စဉ် ကာလများက မျှော်လင့်ခဲ့သလို မဖြစ်ခဲ့သော်လည်း ယခုတကြိမ်တွင် ထပ်မံမျှော်လင့် နေကြသေးသည်။နိုင်ငံတကာက စစ်အစိုးရကို ယခုတကြိမ်တွင် ဖိအားပိုပေးသည်။ အမေရိကန်နှင့် ဥရောပကော်မရှင်တို့က စီးပွားရေးပိတ်ဆို့မှု ထပ်မံတိုးမြှင့်သည်၊ တရုတ်နှင့် အိန္ဒိယမှလွဲ၍ အိမ်နီးချင်းနိုင်ငံတို့၏ ကြေညာချက်များသည် လည်း ယခင်ကာလများကထက် အားရဖွယ်ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံ အရေးကို စိုးရိမ်ဖွယ်တရပ်ဟု ယူဆကာ ကြေညာချက် ထုတ်ပြန်သည်။ အမေရိကန် သမ္မတ မစ္စတာ အိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးအတွက် ယမန်နေ့က ထပ်မံ တောင်းဆိုလိုက်သည်။အာဆီယံ အလှည့်ကျဥက္ကဌဖြစ်သော ထိုင်းနိုင်ငံ၏ ကြေညာချက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ပါရှိသည်။ ထိုသို့သော အာဆီယံ၏ ကြေညာချက်ကို စစ်အစိုးရက အလေးအနက် ကန့်ကွက်စာ ထုတ်ခဲ့သည်။သို့သော် ..။ရလဒ်အနေနှင့်မူ နိုင်ငံတကာကို အားကိုး၍ မရနိုင်ကြောင်း မြန်မာ့နိုင်ငံရေးကို လေ့လာသူတိုင်း ရိပ်စား မိသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်မှ မြန်မာနိုင်ငံကို ထုတ်ပယ်လိုက်ရန်၊ စစ်အစိုးရကို နိုင်ငံတကာ စစ်ခုံရုံးတင် စစ်ဆေး အပြစ်ပေးရန် ဆိုသည်တို့မှာ စိတ်ကူးယဉ်မျှော်လင့်ချက်သာ ဖြစ်သည်ဟု လေ့လာသူများက ဆင်ခြင် သုံးသပ်ကြ သည်။ “ဒေါ်အောင်ဆန်းစုကြည် ထောင်ကျတော့မယ် ဆိုတာသိတော့ လူတွေ မျှော်လင့်ချက် လုံးဝမဲ့သွားကြတယ်” ဟု ရန်ကုန်အခြေစိုက် စာရေးဆရာက ပြောသည်။ ။

ဥပဒေနှင့်အညီ ခုခံချေပခွင့်

Photobucket
မင်းလွင်ဦး
ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 10:59 - မြန်မာစံတော်ချိန်
၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး၏ တရားစီရင်ရေးဆိုင်ရာမူများ အခန်း၂ ပုဒ်မ ၂ (စ) တွင် အမှုတွင် ခုခံချေပခွင့်နှင့် ဥပဒေအရ အယူခံပိုင်ခွင့်ပေးခြင်းဟူ၍ ပြဋ္ဌာန်းထားသည်။ ယခု ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့် ရပါမည်လား၊ တရားစီရင်ရေးဆိုင်ရာ မူဖြစ်သည့် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခြင်းနှင့် ဥပဒေတားမြစ်ချက်များမှအပ အများပြည်သူ၏ ရှေ့မှောက်တွင် စစ်ဆေးစီရင်ခြင်း စသည့် အခွင့်အရေးများကို ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ခံစားခွင့် မပြုခဲ့သည်ကို ပြည်သူအများ သိပြီးဖြစ်သည်။ ယခု တရားခံအဖြစ် စွပ်စွဲခံရသူဘက်မှ တင်ပြမည့် သက်သေများကိုလည်း တရားရုံးက ခွင့်ပြုမည်လား၊ လုံခြုံရေး အကြောင်းပြချက်များဖြင့် ငြင်းပယ်ဦးမည်လား သို့မဟုတ် တရားခံဘက်မှ ထွက်ဆိုအစစ်ခံမည့် သက်သေများ တရားရုံးသို့ မလာရောက်နိုင်အောင် ဆောင်ရွက်ဦးမည်လား ဆိုသည်မှာ လွန်စွာ သံသယဖြစ်စရာပင် ဖြစ်သည်။ တရားခံဘက်မှ သက်သေအဖြစ် တင်ပြမည့်သူများကို ရုံးရှေ့သို့ လာရောက် သက်သေထွက်ဆိုချက်ပေးရန် သမ္မန်စာ ထုတ်၍ ခေါ်ယူပေးရန် တရားရုံး၏ တာဝန်ဖြစ်သည်။ အဆိုပါ သမ္မန်စာကို လက်ခံရရှိသူက တရားရုံးသို့ မလာရောက်၊ သက်သေထွက်ဆိုချက် မပေးဟု ငြင်းဆိုခဲ့လျှင် ချုပ်နှောင်ခွင့်ကိုပင် တရားရုံးအား အာဏာအပ်နှင်းထားသည်။ မည်သူမျှ ငြင်းဆိုခွင့်မရှိဘဲ၊ တရားရုံးသို့ လာရောက်၍ သက်သေထွက်ဆိုရမည် ဖြစ်သည်။သို့သော် အထူးခုံရုံးအနေဖြင့် ထိုသို့ မဆောင်ရွက်ခဲ့သည့် ဥပမာများစွာ ရှိသည့်အနက်မှ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်နှင့် စိုင်းညွန့်လွင်တို့၏ အမှုများတွင် တရားလိုပြ သက်သေများအဖြစ် တင်ပြခဲ့သည့် ဦးဘသင်၊ ဇင်အောင်နှင့် ခင်မောင်ချင်းတို့အား ပြန်ခေါ်သက်သေများအဖြစ် ပြန်လည်စစ်ဆေးလိုကြောင်း တရားရုံးသို့ လျှောက်ထားခဲ့ရာတွင် တရားရုံးက ရုံးတော်သို့ သက်သေအဖြစ် လာရောက်ထွက်ဆိုရန် သမ္မန်စာထုတ်ပေးခဲ့သည်။ သမ္မန်စာကို သတင်းတပ်ဖွဲ့မှ တာဝန်ယူ၍ ပြန်လည် စစ်ဆေးလိုသည့် ဦးဘသင်၊ ဇင်အောင်နှင့် ခင်မောင်ချင်းတို့အား အသိပေးမည်ဟု ပြောဆိုခဲ့သည်။ သို့သော် အမှုစစ်ဆေးမည့်နေ့တွင် တရားခံများ ပြန်လည်ခေါ်ယူသည့် သက်သေများသည် နေရပ်လိပ်စာ ပြောင်းလဲသွားပြီဖြစ်၍ အကြောင်းကြား၍ မရနိုင်ကြောင်းနှင့် ပြောင်းရွှေ့သွားသည့် လိပ်စာကို စုံစမ်းမရကြောင်း တရားရုံးသို့ ပြန်လည် တင်ပြ၍ ပြန်ခေါ်သက်သေများ မလာနိုင်အောင် စီစဉ်ခဲ့သည်။ထို့အတူ ဗိုလ်ချုပ်ဆေထင်က လားရှိုးမှ သက်သေအဖြစ် ထွက်ဆိုမည့်သူကို သမ္မန်စာဆင့်ဆို ခေါ်ယူပေးရန် တင်ပြခဲ့သည်။ တရားရုံးက သမ္မန်စာ ထုတ်ဆင့်ပေးခဲ့သည်။ ထိုသမ္မန်စာကို သတင်းတပ်ဖွဲ့မှ ရုံးချိန်းရက် ၂ ရက်သာ လိုတော့သည့်အချိန်မှ သက်သေအဖြစ် ထွက်ဆိုမည့်သူထံ ပေးပို့ပြီး သမ္မန်စာ အတည်ဖြစ်သည်၊ သက်သေမလာရောက် ဆိုသည့် အကြောင်းပြချက်ဖြင့် သက်သေစာရင်းမှ ပယ်ထုတ်ခဲ့သည့် သာဓကများ ရှိသည်။ လားရှိုးမှ ရန်ကုန်သို့ ၂ ရက်အတွင်း လာရောက်ရန် မည်သို့မျှ မဖြစ်နိုင်သည်ကို သိလျက်နှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရသည်။ ရန်ကုန်မှ သက်သေအဖြစ် လိုက်ပါမည့်သူများကိုလည်း ထောင်အတွင်းတွင် ဖွင့်လှစ်ထားသည့် အထူးခုံရုံးသို့ မလာနိုင်အောင် နည်းမျိုးစုံဖြင့် တားဆီးခဲ့သည်။ ၂ဝဝ၇ ရွှေ့ဝါရောင် သံဃလှုပ်ရှားမှုများအပြီးတွင် အင်းစိန်ထောင်အတွင်း၌ စစ်ဆေးစီရင်သည့် အမှုများတွင်လည်း ရှေ့နေများ တရားခွင်အတွင်းသို့ မဝင်ရောက်နိုင်အောင် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့သည်။ တားမြစ်၍ မရသည့်အဆုံးမှ အကျိုးဆောင်များအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရသည့် သာဓကများလည်း အများအပြားပင် ရှိခဲ့သည်။ တရားခံများ၏ အခွင့်အရေးများအနက် အကျိုးဆောင်နှင့် ဆွေးနွေးတိုင်ပင်ခွင့်ကို တရားခံများအနေဖြင့် အထူးတောင်းဆိုရန် မလိုဘဲ ခံစားခွင့်ပေးရမည်ဟု ဥပဒေက အတိအလင်း ပြဋ္ဌာန်းထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမှုကို ခုခံချေပရန် အကျိုးဆောင်များနှင့် လုံလောက်သည့် တိုင်ပင်ဆွေးနွေးခွင့်ကိုပင် မရခဲ့ပေ။ သက်သေအဖြစ် အမည်စာရင်း တင်သွင်းထားသည့် ၄ ဦးကိုလည်း တရားရုံးက ရုံးရှေ့သက်သေအဖြစ် ထွက်ဆိုနိုင်အောင် ဆောင်ရွက်ပေးမည်လား၊ ယခင် ဆောင်ရွက်ခဲ့သည့်အတိုင်း ဥပဒေကို လက်တလုံးကြားဖြင့် ကျင့်သုံးဆောင်ရွက်မှာလား ဆိုသည်ကို စောင့်ကြည့်ရပေဦးမည်။

မနက်ဖြန်အတွက် မြန်မာလူထု ဘာဆက်လုပ်မလဲ


Photobucket ခိုင်ထွန်း
ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 18:42 - မြန်မာစံတော်ချိန်
မေးခွန်းသည် ကြီးမားကျယ်ပြန့်လှသည်။ မည်သည့်အပိုင်းကို ဆိုလိုသနည်း။ မည်သည့်ပန်းတိုင်ကို ဦးတည်သနည်း။လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို တိတိပပ ပြောကြမည်ဆိုလျှင် စစ်အုပ်ချုပ်ရေးနှင့် စစ်အစိုးရကို တိုက်ဖျက်လိုသော၊ ရွံမုန်းသော စိတ်ဓာတ်များ ပြည်သူလူထုအတွင်း ကြီးမားစွာ ကိန်းအောင်းနေဆဲဖြစ်သည်။ အချုပ်အနှောင်ဖြင့် နေနေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု၏ ကြည်ညိုလေးစားမှုက အံ့မခန်း များပြားဆဲ။သို့သော် ဆိုးရွားလှသော ဖိနှိပ်မှုအောက်မှ အတိုက်အခံများမှာ အားအဖြစ် မစုစည်း၊ မတည်ဆောက်နိုင်သေး။ တိုင်းရင်းသား အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ မူနှင့် ယုံကြည်ချက်တိုင်း ကိုယ်ပိုင်နယ်မြေတွင်သာ ဆက်လက်၍ ရပ်တည်နေသည်။ တိုင်းရင်းသား အဖွဲ့အများအကြား အောင်မြင်သော၊ ယုံကြည်မှုခိုင်မာသော ပေါင်းကူးတံတား မထိုးနိုင်ကြသေး။ စစ်တပ်၏ သြဇာသက်ရောက်သော၊ ချုပ်ကိုင်ထားသော ပြည်တွင်း ပြည်မနေရာများရှိ ပြည်သူလူထု အများစုမှာ တိုင်းရင်းသားတို့၏ ရပ်တည်မှုကို ပြည့်ဝစွာ နားမလည်နိုင်ကြသေး။ ပြည်တွင်းရှိ လက်ရှိ အသက်ဝင် လှုပ်ရှားနေသော NLD နှင့် ဟိုဟိုသည်သည်တွင် လှုပ်ရှားနေသော ကျောင်းသား လူငယ်အဖွဲ့များကြားတွင်လည်း ခိုင်မာသော ဆက်စပ်မှု မဖြစ်ထွန်းသေးပါ။ ထိုအဖွဲ့အစည်းများနှင့် ပြည်ပရောက် အဖွဲ့အစည်းများ ကြားတွင်လည်း လူထုမျက်စိထဲ နားထဲ ဝင်သွားမည့် ပေါင်းစပ်မှုမျိုးကိုလည်း မဖန်တီးနိုင်သေးပါ။ အကဲခပ်နေကြသော ပြည်တွင်းရှိ မြန်မာ့အရေးကို စိတ်ဝင်စားနေသူများ၊ လှုပ်ရှားဖို့အတွက် ခြေကုပ်ဖန်တီးနေသော ရုန်းကန်နေကြသော ရွက်ပုန်းသီး အင်အားစုများမှာလည်း ဟိုသည် နားစွင့်နေကြ၊ မျက်လုံးဖြဲ ရှာကြည့်နေကြဆဲ။ဤသို့ အခြေအနေတွင် ထိုလှုပ်ရှားသက်ဝင်သော အင်အားစု NLD ၊ ကျောင်းသား အဖွဲ့ငယ်လေးများ၊ အကဲခတ်ပြီး စောင့်ကြည့်နေသော၊ နေရာရှာနေသော ရွက်ပုန်းသီးများ စသူတို့အတွက် အကောင်းဆုံးသော ခြေလှမ်းသည် မည်သည့် ပုံစံအနေအထား၊ အချိန်နှင့် ဦးတည်ရာတို့ကို အကောင်အထည်ဖော်ကြမည်နည်း။ပြည်တွင်းတွင်လည်း တောင်ပေါ်နှင့် မြေပြန့် အင်အားစုများကြား အချိန်ယူ အစီအစဉ်ချပြီး၊ စည်းရုံးမှု တည်ဆောက်သော အခြေခံမူများ အလုပ်များကို သတ်မှတ်ခွဲဝေယူနိုင်မည့် စီမံကိန်းမျိုးကို ဤနှစ်ပေါင်း ၂ဝ ကျော်အတွင်း လမ်းမခင်းနိုင်သေး။ ယုတ်စွအဆုံး ပြောရလျှင် မြို့နယ်အသီးသီးရှိ NLD အဖွဲ့များတွင်လည်း ဆက်စပ်ပတ်သက်မှု၊ လုပ်ငန်းစဉ် ချမှတ်မှု၊ အကောင်အထည် ဖော်ဆောင်မှုတို့ကို ပံ့ပိုးပေးနိုင်သော အခြေခံ ယုံကြည်မှုနှင့် မလူးသာ မလွန့်သာ အခြေအနေတွင် လမ်းစဖော်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုများမှာလည်း သွေးတိုးစမ်းဆဲ ရှိနေသေးသည်။မနက်ဖြန်သည် မြန်မာလူမျိုးတို့အတွက် မည်သည့် အဓိပ္ပာယ်ကို သက်ဝင်စေမည်နည်း။ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘဝင်မကျနိုင်သည့် ပြည်တွင်းပြည်ပ အင်အားစုများ၊ လက်ရှိ နှောင်ဖွဲ့ခံနေရသော လူထုခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးယုံကြည်ချက် အားကောင်းသူများ အားလုံး အပါအဝင် လူထုကြီးသည် မည်သည့် အစပျိုးတည်ဆောက်မှုများ၊ ပြည်သူ့အားနှင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့ စိတ်ဓာတ်ကို ရိုက်ခတ်ထင်ဟပ်စေမည့် လှုပ်ရှားမှုများ ဖန်တီးလုပ်ယူကြမည်နည်း။အနာဂတ်သည် ယနေ့ ကြိုးပမ်းအားထုတ်မှု၏ အကျိုးဆက်ဖြစ်သောကြောင့် ယနေ့ ပြည်တွင်း အင်အားစုများ၏ လှုပ်ရှားမှုသည် မနက်ဖြန်၏ အဓိပ္ပာယ်ကို ဖော်ကျူးပေလိမ့်မည်။ မျိုးဆက်တို့သည် တဆင့်ပြီးတဆင့် ကူးပြောင်းလာခဲ့ပြီ။ နှစ် ၂ဝ ကျော် သက်တမ်းသည် လှိုင်းတံပိုးကဲ့သို့ တရွေ့ရွေ့ ရှေ့သွားနေသော မျိုးဆက်ကို မည်ကဲ့သို့သော အုတ်မြစ်များ တည်ဆောက်ပေးခဲ့သနည်း။မြန်မာလူမျိုးတို့၏ အနာဂတ်အတွက် မည်သို့သော စွန့်လွှတ်ပေးဆပ်မှုများ၊ မည်သို့သော တဦးကောင်းပုံစံများ၊ အဖွဲ့လိုက်ပုံစံများ၊ မည်သို့သော လမ်းကြောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်ကြမည်နည်း။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ မျိုးချစ်လူငယ် ၃ဝ ၊ အမှန်တရားကို မြတ်နိုးသည့် ၈၈ ကျောင်းသား အင်အားစု စသည်များသည်လည်း သမိုင်းကို တောက်ပြောင်စေခဲ့လေပြီ။ ၂ဝဝ၉ ၊ ၂ဝ၁ဝ တွင် မည်သည့်သူရဲကောင်းများကို မျှော်ကြရမည်နည်း။ကျောင်းသားထုလော၊ လူထုလော၊ နိုင်ငံရေးသမားထုလော၊ တိုင်းရင်းသားထုလော၊ ပြည်ပ၏ လှုပ်ရှားမှုလော။ မျှော်လည်း မျှော်ပါသည်။ ကိုယ်တိုင်လည်း ဝင်ပါချင်သည်။ နံနက်လင်းမည့် နေကို အမှောင်မှ စောင့်မျှော်ရဦးမည်။

အာဏာရူးများကသာလုပ်ကြံခဲ့သည်။

Photobucket
၂၇ မေ ၂၀၀၉
(၂၂.၅.၀၉) နေ့က ထုတ်ဝေတဲ့ နအဖစစ်အစိုးရရဲ့ လက်စွဲတော်လည်းဖြစ်၊ တဖက်စောင်းနင်း အာဏာရှင်အစိုးရရဲ့ အလိုတော်ရိလည်းဖြစ်တဲ့ သတင်းစာတွေမှာ မြန်မာနိုင်ငံရဲ့ ကမ္ဘာလူလိမ်ကြီးများအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ သဘောထားတုံ့ပြန်ပြောဆိုမှုတွေကို ဖတ်ရပါတယ်။
အကြောင်းကတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာထောက်ထားရေး ရှုထောင့်မှလည်းကောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက လေးစားယုံကြည်လောက်သည့် အနေအထားပုံစံမျိုး ရှိရန်အတွက်လည်းကောင်း၊ တိုးတက်ဖြစ်ပေါ်မှုကို မျှောင်လင့်ပါကြောင်း ပြောကြားသွားခြင်းကို နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းမှ ပြန်လည်ပြောကြားခြင်း ဖြစ်ပါတယ်။
သတင်းစာ စာမျက်နှာ (၆) တွင် စာလုံးမည်းကြီးများနဲ့ ဖော်ပြရေးသားထားသည့် မြန်မာစကားလုံး သုံးနှုန်းရေးထားပုံကို ကြည့်ပါဦး-
“ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံသားတဦးတို့၏ ကိစ္စမှာ မြန်မာနိုင်ငံအစိုးရက ဖန်တီးခြင်း မဟုတ်” ဟူသော စကားလုံး အသုံးအနှုန်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ လူပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကို သွယ်ဝိုက်သော နည်းဖြင့် အဓိပ္ပာယ်နှစ်ခွတွေး တွေးယူနိုင်ကာ ထိခိုက်စော်ကားရာ ကျပါတယ်။ ဤကဲ့သို့ ပြောဆိုရေးသား ဖော်ပြခြင်းကိုက ဒေါ်အောင်ဆန်းစုကြည်အပေါ် မည်မျှ အငြိုးအတေးထား၍ အာဃာတကြီးမားပုံကို ဖော်ပြရာ ရောက်သည်။ (လူကြီးလူကောင်း ဂုဏ်သိက္ခာနှင့် မညီညွတ်ပါ။ နဂိုကတည်းက မရှိလို့ဘဲ ဖြစ်ပါမည်။)
စာရေးသူအနေဖြင့် ဤသတင်းကို ဖတ်မိခဲ့ရာတွင်…
ခပ်ညံ့ညံ့ ဇာတ်ညွှန်းရေးဆရာနှင့် ခပ်တုံးတုံး ဒါရိုက်တာတို့က ရိုက်ပြသော ခပ်ပေါပေါ၊ ခပ်ချာချာ (Hot Shot, 0…) ဟော့ရှော့ သုညကား၊ ဟာသရုပ်ရှင်ကားတကား ကြည့်မိရသလို ခံစားမိရပြီး၊ လိမ်လည်း လိမ်နိုင်ကြပါပေရဲ့လို့၊ အတွေးပေါက်ကာ မုံလာဥ ပုံပြင်လေးတပုဒ်ကို သတိရမိပါတယ်။ ပုံပြင်အကျဉ်းကတော့ တရုတ်လင်မယားနှစ်ဦးမှာ မယားဖြစ်သူက လင်ငယ်ထားတော့ ယောက်ျားဖြစ်သူက လက်ပူးလက်ကြပ်မိတာကို မယားဖြစ်သူက လိမ်ညာပြော တော့ တရုတ်လင်ကြီးက “လက်ပူးလက်ကြပ်မိတာတောင် မုံလာဥ လုပ်ချင်သေးလား” ဆိုတဲ့ ပုံပြင်ပါ။ (ပုံပြင်က အသေးစိတ်ဖော်ပြရန်မသင့်လို့ စာဖတ်သူ ဖြည့်စဉ်းစားပါ။)
ပြီးတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဆက်ဖြီးသေးတယ်။
“အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် မူဝါဒရေးရာ ပြန်လည်သုံးသပ်နေချိန်တွင်၊ ၎င်းနိုင်ငံများ က မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် သဘောထား ပြောင်းလဲမည်ကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ဘက် အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဖိအားပေးမှုများ တိုးမြှင့် ပြုလုပ်စေရန်အတွက် အချိန်ကိုက် ဖန်တီးမှု တရပ်ဖြစ်နိုင်” .. ဆိုတဲ့ အကြောင်းပြချက်ဟာလည်း ထမင်းရည်ပူလာ လျှာလွှဲ၊ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာ ဆိုတာလို ပိရိခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘဲ လိမ်ဆင်ကြီး ဆိုတာကို ကလေးကအစ လူကြီးအဆုံး တကမ္ဘာလုံးက သိကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင် ထောင်စကားနဲ့ ပြောရရင် နောက်မှု ချိတ်တာပါပဲ။ မေလ (၂၇) ရက်နေ့မှာ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရတော့မှာမို့ မလွှတ်ချင်၍ ကလိမ်စေ့ငြမ်းဆင်လိုက်တာပါ။
မင်းဘက်က မွှေးတဲ့ မီး… မီးကို မီးနဲ့ ငြိမ်းမယ်.. ဆိုတဲ့ (ကြိုးတန်းရုပ်ရှင်ကားမှ ကြေညာထားတဲ့ စာလုံး) စကားနဲ့အညီ နအဖစစ်အစိုးရ မွှေးတဲ့မီးဟာ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ အလယ်မှာ တောက်လောင်နေပြီ.. ဆူပွက်နေပြီဆိုတာ နအဖ သိနေပါပြီ။
ဘယ်နည်းနဲ့ ငြိမ်းမလဲ။ နအဖ နောင်တ တရားတွေနဲ့ အသင့်ပြင်ဆင်ထားဖို့လိုပြီ။ ဒေါ်အောင်ဆန်းစုကြည်အဖို့ ကတော့ မန်လည်ဆရာတော်ကြီးရဲ့ “ပတ္တမြားရွှေဂူ” လေးဆစ်ကဗျာလို့ပါပဲ…
ပြစ်မရှိ ပြစ်ရှာ။လမင်းကို ခွေးဟောင်လို့ရွှေလရောင် ပြောင်မပျက်တယ်ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ၀က်များက ငြူစူစွာညွန်လူးကာ တိုက်လည်း။
ပွတ်လေလေဂူရွှေမှာ အရောင်ထွက်တယ်ရှေးကထက်ကဲ။ ။
ဆင်ကောင်ကြီးတွေ့နေမှတော့ ဘာဆင်ခြေရာလည်း မေးမနေပါနဲ့တော့ နအဖရယ်………

စစ်အစိုးရက လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်ကို ပယ်ချသည့်အကြောင်း မြန့် မာ့ရုပ်မြင်သံကြားမှယနေ့ ထုတ်လွှင့်


May 27, 2009 · ၂ရ မေ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး

Burma Junta Rejects UNSC Demand Release Aung San Suu Kyi And All Political Prisoners
မေလ ၂၂ ရက်နေ့ နေ့ စွဲဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုမှုကို မြန်မာစစ်အစိုးရက ပယ်ချလိုက်ကြောင်းကိုယနေ့ ညမြန်မာ့ရုပ်မြင်သံကြားအစီအစဉ် မှထုတ်လွှင့်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်အားဖမ်းဆီးတရားစွဲဆို ထားခြင်းသည် နိုင်ငံရေးအရ အကျိုးသက် ရောက်မှုတစ်စုံတစ်ရာဖြစ်ပေါ်လာ နိုင်ခြင်းမရှိ သဖြင့် ဥပဒေ နှင့် အညီ ဆက်လက်အရေးယူမည်ဟုကြေညာခဲ့သည်။နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ထိုကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်နေအိမ်အကျယ်ချုပ်ဖြင့် ကန့် သတ်ထားသော ကာလ အတွင်း၂၀၀၉ ခုနှစ်မေလ အတွင်းသူမ၏ နေအိမ်သို့ တရားမ၀င် လှို့ဝှက် ၀င်ရောက်လာသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံ ယက်ထော အား နှစ်ရက်တိုင်နေထိုင်ခွင့်ပြုခြင်း၊လက်ခံစကားပြောခြင်းအစားအသောက်များကျွေးမွေးခြင်းတို့ကြောင့် ဥပဒေ နှင့် အညီအရေးယူဆောင်ရွက်ချက် ကို ဆက်လက်လုပ်ဆောင်မည် ဟု ကြေညာသွားခဲ့သည်။နိုင်ငံရေးအကျဉ်းသား များအားယခင် လများက လွှတ်ပေးခဲ့ပြီးဖြစ်သောကြောင့် စစ်အစိုးရအနေဖြင့်လမ်းပြမြေပုံပါ အချက်များအတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ပဉ္စမ အဆင့်ဖြစ်သည့် ရွေးကောက်ပွဲကို ဆက်လက်၍ လုပ်ဆောင်သွားမည် ဟု ကြေညာခဲ့သည်။ထိုကြေညာချက် နှင့် ပတ်သက်၍ ရန်ကုန်မြို့ ရှိ သတင်းစာဆရာ ကြီးတစ်ဦးက “ဝေ့လည်ကြောင်ပတ်နဲ့ ပြောသွားတာ လေ UNSC ရဲ့ တောင်းဆိုချက် ကို အီရန် တို့မြောက်ကိုရီးယားတို့ လိုဗြောင်မဆန့် ကျင်ရဲဘူးပေါ့။နိုင်ငံရေးအကျဉ်းသား တွေ ကိုလဲပြန်လွှတ် ဖို့ မစဉ်းစားဖူးပေါ့နိုင်ငံရေးအကျိုးသက်ရောက်မှု ကတော့ နအဖ ကမရှိဘူးပြောတယ် ။ဒါပေယ့် ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ နအဖ ရင်ဆိုင်ရမှာပဲ ဟု Freedom News Group သို့ ပြောသည်။သတင်းတပ်ယမန် နေ့ ကလည်း အင်းစိန်ထောင်းတွင်း ရှိ သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီ နှင့်ဖွဲ့ တပ်ဖွဲ့ မှုး ရဲမှုးချုပ် မြင့်သိန်း ဒုရှေ့နေ ချုပ် ဦးမြင့်နိုင် တို့ ၁၀/က ၁၀/ခ ပုဒ်မတို့  နှင့် ပတ်သက်၍ ပြောဆိုမှု များကို ထုတ်လွှင့် ခဲ့သည်။

(ထို သတင်းနှင့် ပတ်သက်၍ ဘန်ကောက်အခြေစိုက် နိုင်ငံရေးလှုပ်ရှားသူ ဦးကျော်လင်းဦး၏သုံးသပ်ချက်)

ဒေါ်စုကို တရားရုံးတင်ပြီး တရာစွဲတာဟာ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုမရှိဘူးလို့ ပြောတာ အံ့သြတယ်။ ခု အဲဒါဘယ်လောက် အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာ အာစီယံအပါအ၀င်၊ လုံခြံုံရေး ကောင်စီတို့၊ ဥရောပသမဂ္ဂ တို့၊ နောက်အမေရိကန်တို့က ကျယ်ကျယ်လောင်လောင်ပြောဆိုလာတာဟာ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုပဲပေါ့။ နောက်ပြီး အမျိုးသားညီလာခံမှာ တိုင်းရင်းသားတွေအပါအ၀င် ကိုယ်စာလှယ်ပေါင်း ၁၀၀၀ ကျော်နဲ့တွေ့ဆုံးဆွေးနွေးရေးဖြစ်ခဲ့တယ်ဆိုတာလဲ အငြင်းပွားဖွယ်ပဲ။ အဲဒီလို စစ်အစိုးရဘက်က တရားဝင် ကြေငြာချက်ထုတ်တာကို ဘာမှ မပြောလိုပေမယ်၊ ဒါဟာ ပြသနာတွေကို ဖြေရှင်းတာမဟုတ်ဘူးဆိုတာ သူတို့ဟာ သူတို့လဲသဘောပေါက်ပါတယ်။ ဒီကြေငြာချက်ကြောင့် အခု လုံခြုံရေးကောင်စီအပါအ၀င် နိုင်ငံတကာက ဝေဖန်နေတဲ့ ဖိအား ပေးမှုတွေ ရပ်သွားမှမဟုတ်သလို၊ သူတို့ပြောသလို ဒေါ်စုကို ဥပဒေအရ ဆက်လက်အပြစ်ပေးထောင်ချသွားမယ်ဆိုယင် ပြည်ပကနေ သာမကပဲ ပြည်တွင်းမှာပါ အုံကြွမှုတွေဖြစ်နိုင်တယ်။ စစ်တပ်အတွင်းက မကျေနပ်မှုတွေ ပေါက်ကွဲလာပြီး စစ်အစိုးရအတွက် ခုထက်ပိုဆိုးတဲ့ အနေအထေားကို ရောက်သွားမှာဖြစ်တယ်။ ခုဆိုယင် အပစ်အခတ်ရပ် တိုင်းရင်းသားတွေကို နယ်ခြားစောင့်တပ် ဖွဲ့ရေးကိစ္စဟာ မရေရာတဲ့ အနေအထားမှာရှိနေတယ်။ ဒီအခြေအနေမှာ ဒေါ်စု နဲ့ အယင်ပြေလည်အောင် လုပ်ပြီးမှ တိုင်းရင်းသားအရေးကို ကိုင်တွယ်သင့်တယ်။ ဒါမှမဟုတ်ယင် တခြားနိုင်ငံတွေရဲ့ ပယောဂတွေ ပါလာပြီး တိုင်းရင်းသား တွေကို နယ်ခြားစောင့်ဖွဲ့ရေး၊ ဒါမှမဟုတ် လက်နက်ဖြုတ်သိမ်းရေးဟာ အောင်မြင်မှာမဟုတ်ဘူးဟု ဦးကျော်လင်းဦးက ပြောသည်။

credit to http://longwalktofreedom.wordpress.com/

အောင်ပွဲခံ၁၉နှစ်ပြည့်ကြေငြာစာတန်း


ဒေါ်အောင်ဆန်းစုကြည်ရေးသားတင်ပြချက်

Photobucket
komyoe_art


27 May 2009
NLD Headquarters
Statement 14/05/09


The following is the complete statement which Daw ASSK submitted to the court in defense of herself against the criminal charges based on the Criminal Act 256.

//begins text//

1). Regarding the case against Daw Aung San Suu Kyi, who is now being accused of having iolated the State Protection Act against Subversive Elements Paragraph #22, and the accomplices Daw Khin Khin Win (Father - U Tin Ohn), Ma Win Ma Ma (Father - U Nyan Linn), and Mr John WIlliam Yettaw - three of whom are charged in accordance with the aforementioned Para #22 and Criminal Code 109 - is the case filed on 11 May 2009 by Police Lt-Colonel Zaw Min Aung of Police Special Branch (Information Division of the Police Department, Home Ministry).

2). From my co-habitant Daw Khin Khin Win, I learned indirectly about the fact that Mr John william Yettaw entered my residential compound on 30 November 2008.

On 4 December 2008, I reported to the authorities through my physician Dr Tin Myo Win when he came for my (routine) medical check-up. The authorities did not bother to make any inquiry whatsoever about this report with us. Nor was I aware that they took any action at all about this incident. I was never told to report immediately such intrusion to my residential compound to the authorities in the event these things happen.

Only in the morning of 4 May 2009, did I discover Mr John William Yettaw arrived at my house. I told him to leave. He told me that because it was already morning and that he would be caught leaving the house in broad day light and said he would leave at night. By the evening he pleaded with me to allow an overnight stay because of his health condition.

3). At present many a dissident colleagues of mine are serving lengthy prison terms, enjoying neither the protection of the law nor humane leniency (on the part of the military rulers). Based on my personal political conviction that I must not put anyone in a situation where they will be arrested or detained, I gave him only temporary refuge.

4). It matters not to me, who the intruder is or what the purpose of intrusion. I acted based on my political conviction. It was my intention to inform the authorities through Dr Tin Myo Win on 7 May 2009 when he was scheduled to arrive for medical check-up. However, on 7 May 2009 only members of the police security arrived, and Dr Tin Myo Win was barred from entering my house.

5). When I reported to the authorities about the 30 Nov 2008 incident (the first intrusion by JWYettaw) I was motivated with the desire to reduce and limit the harm - to both the intruder and the members of the SPDC security unit at my compound - that might result from such reporting. Because the SPDC authorities (in spite of being informed about this) did not object, criticize, or take any other action against the first intrusion, I was under the impression that the authorities agreed with my handling of the incident (not to blow the incident out of proportion).

I wish to categorically object and refute one statement made by a prosecution witness during the cross-examination. The witness in question claimed that the security of my residential compound was the joint responsibility between the SPDC and myself. This is absolutely untrue.

6). I am being charged with the State Protection Act against Subversive Elements #22 for having allegedly violated the restrictions and limitations contained therein.

A). It is more than obvious that I violated none of the restrictions or limitations, based on the statements/answers made by the prosecution witnesses.

B). The prosecution claimed my original restrictions (or curtailment of citizens' right) were based on 1974 Burma Socialist Programme Party Constitution. However, this 1974 Constitution was null, void and dead on the very day the Armed Forces staged the coup in 1988. No legality could be extracted out of this dead constitution, and restrictions placed on me are illegal.

7). The primary and root cause of the current incident is the breach of security or neglect of security duties by the authorities, and yet no action has been taken against those in charge of my security.

Therefore, subjecting me to this trial (against this backdrop) is an act of whimsical and biased prosecution against me.

8). I submit that I am NOT guilty of the crime that the prosecution has accused me of committing."

//end text//