Thursday, May 28, 2009

ဘုရင်ရူးကြီး ရူးနေသူနှင့် အလိုတော်ဖြည့်ကြရသူ နိုင်ငံတော်အနှိပ်သည်အဖွဲ့ ဝင်များ ကျွန်များဘ၀။

မြန်မာပြည်ကြီးကို သူ့ဘာသာ အာဏာသိမ်းပြီး အုပ်ချုပ်နေသူ သန်းရွှေဟာ အမှန်တကယ်ကို ဘုရင်ရူး ရူးနေသူတစ်ယောက်ဖြစ်ကြောင်း သူနဲ့ နီးစပ်သူ တပည့်သားမြေးများထဲမှ သည်းမခံနိုင်တော့သူတစ်ဦးက ပြောပြပါတယ်။သန်းရွှေဟာ ဘောလုံးပွဲကြည့်ရတာကို အလွန်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး၊ သူဘောလုံးပွဲကြည့်တဲ့အခါ တစ်ယောက်တည်း ဘယ်တော့မှ မကြည့်ပဲ နီးစပ်သူ တပည့်သားမြေး၊ ၀န်ကြီး၊ ၀န်ကလေးများကို သူနဲ့အတူကြည့်ဖို့ ခေါ်တတ်ပါတယ်။သူကြည့်တဲ့ ပုံစံကို မြင်ယောင်အောင် ပြောပြရရင် အခန်းကျယ်ကြီးတစ်ခုတည်းမှာ သန်းရွှေဟာ သူထိုင်ဖို့ ခုံကြီးတစ်လုံးတည်း ချထားပြီး ကြည့်ပါတယ်။ ကျန်တဲ့ ၀န်ကြီး၊ ၀န်ကလေး၊ တပည့်သားမြေးတွေကတော့ သူ့ခြေရင်းက ကြမ်းပြင်ပေါ်မှာထိုင်ရင်း ဘောလုံးပွဲကို ကြည့်ရပါတယ်။ကြည့်နေရင်းကနေ သူ့ကို ခြေဆုပ်လက်နယ် ပြုလုပ်ပေးဖို့ အပြိုင်အဆိုင် အလုအယက် ကြိုးစား ကြရပါတယ်တဲ့။ အဲဒီလူတွေအထဲမှာတော့ အောင်သောင်းဟာ နှိပ်တာအတော်ဆုံး၊ လက်အပေါက်ဆုံးမို့ သန်းရွှေက အင်မတန်သဘောကျတယ်လို့လည်း ပြောပါတယ်။ဘောလုံးပွဲပြီးလို့ အိမ်ပြန်တော့မယ်ဆိုရင် ၀န်ကြီး၊ ၀န်ကလေးများဟာ ဒီတိုင်း ထပြန်လို့မရပါဘူး။ သန်းရွှေကို ဦးချကန်တော့ပြီးမှ ပြန်ကြရပါတယ်။ တခါတလေ မကန်တော့လိုသူများက ယောင်လည်လည် လုပ်ပြီး လစ်ထွက်ခဲ့လို့ရှိရင်၊ ဘယ်အချိန် ဘယ်နေရာကနေ ကြည့်နေမှန်းမသိတဲ့ ဒေါ်ကြိုင်ကြိုင်က အိမ်ပေါက်ဝကို ထွက်လာပြီး “ ဟဲ့ ပြန်တော့မလား၊ နင်တို့ အဘကို ကန်တော့သွားအုံးလေ၊ ပြီးမှပြန်” ဆိုပြီး အတင်း ကန်တော့ခိုင်းပါတယ်လို့ သည့်မခံနိုင်တော့သူ တစ်ဦးက ပြောပြပါတယ်။ဒီလို သန်းရွှေ ဘုရင်ရူးကြသလို လက်အောက်ခံ အလိုတော်ဖြည့်ကြသူများကလည်း အားကျမခံ သူတို့ ရဲ့  နိမ့်ကျသူ တစ်ဆင့်ခံတွေအပေါ်မှာ စေခိုင်းပါတော့တယ်။ ဒီလိုနဲ့  သန်းရွှေကစလို့  ၀န်ကြီး ၀န်ကတော်များရဲ့  ဇက်ကြောတက်ညောင်းညာသမျှကို ပညာအကုန်သုံးပြီး နှိပ်ပေးနေရလို့  နအဖဟာ နိုင်ငံတော်အနှိပ်သည်အဖွဲ့ လို့ တောင် အမည်တွင်တော့မယ်။လူပုံလည်အကြားမှာလည်း ဗိုလ်ချူပ်တစ်ဦးရဲ့  ရှူးဖိနပ်ကို အားရပါးရ တိုက်ပေးနေရတဲ့ အရာရှိငယ်လေးတွေ၊ ဗိုလ်ချူပ်ကြီးများ အရာရှိကြီးများရဲ့ ကတော်တွေကို နင်းနယ်နှိပ်နယ်ပေးနေရတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေရဲ့  ဇနီးသားမယားတွေ၊ အထက်ကအရာရှိများရဲ့  နေအိမ်တွေမှာ အိမ်စေကျွန်သဖွယ် ယောင်္ကျားဖြစ်သူက ရေခပ်ထင်းခွဲ မိန်းမဖြစ်သူက အ၀တ်လျှော် ချက်ပြုတ် မီးပူတိုက် ကြမ်းတိုက်လုပ်ပေးနေကြရတဲ့ စစ်သားရဲဘော်လေးများနဲ့ သူတို့ ရဲ့ ကြင်ယာများကို ကြည့်ပြီး သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးများရဲ့  ဘုရင်မှူးမတ်များသဖွယ် ခိုင်းစေနေတာနဲ့  ကျွန်သဘောက်သဖွယ် ချေးပါသေးပေါက်က အစ ခိုင်းတာမှန်သမျှလုပ်ပေးနေရတဲ့အဖြစ်တွေပါလားလို့  တွေ့ မြင်မိပါတယ်။လူတွေ မပြောနဲ့  အဆောက်အဦးတွေ တံတားတွေဆောက်တာ၊ မြို့ ရွာဒေသတွေ တိုးချဲ့ တာ၊ လမ်းတွေဖောက်တာ ပွဲလန်းသဘင်တွေ ကျင်းပတာတွေ အကုန်လုံးမှာ ဘုရင်ခေတ်လို နန်းဆံဆံ ပုံစံတွေနဲ့  လုပ် နန်းဆံဆံ အမည်အခေါ်အဝေါ်တွေ သမုတ်နဲ့  လုပ်နေတာ ဘုရင်ရူးဇတ်ကချင်နေတဲ့ သန်းရွှေတို့ ရဲ့  ရုးသွပ်ချက်တွေပါဘဲ။နေက်ဆုံးကြတော့ နေ၀င်းက စလိုက်တဲ့ အစ အခု သန်းရွှေလက်ထက်ထိ ဘုရင်ရူး မှူးမတ်ရူး ရူးနေကြကာ လူကို လူလို တန်ဖိုးမထားဘဲ အခိုင်းအစေကျွန်သဖွယ် အဆင့်ဆင့် ဆက်ဆံနေကြတော့ ယခု နအဖခေတ်ဟာ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့  ကျေးကျွန်စနစ် နှစ်ခု ပေါင်းစပ်တာထက်တောင် ပိုဆိုးနေပါပြီ။ ဒါတွေကို အဟုတ်ကြီးမှတ်နေကြသူတွေကတော့ အရူးပြောသမျှ ယုံ၊ အရူးခိုင်းသမျှ လုပ်၊ အရူးဘုံမြှောက်ပြီးနေကြတာ ကိုယ့်ကိုကိုယ် ကျွန်ဘ၀ရောက်နေကြတာ မှန်ထဲပြန်ကြည့်ရင်တောင် တဖြေးဖြေး ရုပ်လုံးပေါ်နေပြီဆိုတာ သဘောပေါက်သင့်နေပါပြီ။သန်းရွှေရဲ့  မိန်းမ၊ သားသမီးတွေမပြောနဲ့  မြေးမြစ်တွေဖြစ်ကြတဲ့ နေရွှေသွေးအောင်က အစ လူကိုလူမှန်း မသိတော့ဘဲ တိုင်းပြည်မှာ လူထုအပေါ် ရမ်းကားချင်တိုင်း ရမ်းကားပြီး မောက်မာစွာဆက်ဆံနေကြတာကို စစ်တပ်ထဲက အရာရှိအရာခံအကြပ်တပ်သားတွေကအစ ငုံ့ ခံ ကျွန်ပြုနေကြတော့ တိုင်းပြည်ကြီးရဲ့  ကံကြမ္မာကတော့ အရင်ခေတ်ကလို နယ်ချဲ့ ကျွန်ဘ၀အောက်ရောက်ကို မရောက်ဘဲနဲ့ အခုက သန်းရွှေတို့ ရဲ့  ကျွန်သဘောက်ဘ၀အောက် ရောက်လို့ နေပါပြီ။ ကိုယ်ရဲ့ မြေးမြစ် မျိုးဆက်သစ်တွေ ဆက်ပြီးတော့ ကျွန်ဖြစ်မှာ မခံချင်ရင်တော့ တစ်ခုတည်းသောလမ်းကို လျှောက်ဖို့ ဘဲ ရှိပါတယ်။

http://www.niknayman-niknayman.co.cc/

အရူးမီးဝိုင်းနေပါပြီ


ဘာမှ စိတ်ပူစရာ မလိုဘူး၊ အဆုံး အစွန်ထိ တွက်ပြီးသား၊ ထောင်ကျမှာ ကြောက်ရင် နိုင်ငံရေး မလုပ်ဘူး

ဒေါ်အောင်ဆန်းစုကြည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာရှအရေး၊ မြန်မာ့အရေး

ခင်မမမျိုး ရေးသားတင်ပြသည်။
မေ ၂၈၊ ၂၀၀၉။
၂၀၀၉ ခုနှစ်၊ ပထမငါးလတာကာလအတွင်း၊ အာရှစစ်ရေး၊ နိုင်ငံရေးလောကမှာ ပေါ်ထွက်လာခဲ့တဲ့ ထိပ်တန်းသတင်းတွေထဲမှာ စစ်ရေးအကဲခတ်တွေ၊ စစ်မဟာဗျူဟာလေ့လာရေး သုတေသီတွေ၊ အာရှ-ပစိဖိတ်လုံခြုံရေး လေ့လာသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ သတင်းလေးပုဒ်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားက ရေပိုင်နက် ပဋိပက္ခ၊ သီရိလင်္ကာစစ်တပ်ရဲ့ တမီးလ်တော်လှန်ရေးသမားတွေကို အပြီးသတ်ချေမှုန်းရေးစစ်ပွဲ၊ လတ်တလောဖြစ်နေတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ တာလီဘန်ချေမှုန်းရေးစစ်ပွဲ၊ မြန်မာနိုင်ငံက အာဏာရှင်လက်ပါးစေစစ်တပ်ရဲ့ တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်များကို အင်အားလျှော့ပေါ့ရေးစီမံချက်နဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင်ကိုမတရားအမှုဆင် ဖမ်းဆီးပြီး၊ ခေါင်းဆောင်နဲ့ တော်လှန်ရေး ပြတ်တောက်အောင် ပြုလုပ်ကြိုးပမ်းနေမှုစတာတွေဟာ သီးခြားစီ၊ သူ့နိုင်ငံနဲ့ သူဖြစ်ပွားနေတာ မှန်ပေမယ့်၊ ဒေသရဲ့ မဟာဗျူဟာ အချက်အချာအကျဆုံးနေရာတွေအားလုံးမှာ တပြိုင်နက်တည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။တိတိကျကျဆိုရရင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ 'String of Pearl's Strategy' အရ အဓိကကျတဲ့မဟာဗျူဟာကျ ဆိပ်ကမ်းတည်ဆောက်မှု ကွန်ယက်တွင်းမှာ ရှိနေတဲ့ ပါကစ္စတန်နိုင်ငံ ဂျီဝါဒါဆိပ်ကမ်း၊သီရိလင်္ကာနိုင်ငံ ဟမ်ဘာတိုတာ ဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ ကျောက်ဖြူ ဆိပ်ကမ်းစတဲ့ ဆိပ်ကမ်းတွေရှိနေတဲ့နိုင်ငံတွေမှာ တပြိုင်နက်တည်းလိုလို စစ်ရေး၊ နိုင်ငံရေး ချေမှုန်းရေး ထိုးစစ်တွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ဘာကြောင့် ဒီဆိပ်ကမ်းတွေဟာ အရေးကြီးရသလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။တရုတ်နိုင်ငံနှင့် ကွန်မြူနစ်ပါတီသြဇာအာဏာ(၂၀၀၀) ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထုတ်ဝေတဲ့ အမျိုးသားကာကွယ်ရေးအစီရင်ခံစာမှာတရုတ်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အခင်းအကျင်းအသစ်ကိုရှာဖွေနေတယ်လို့ တရားဝင်ထုတ်ပြန်ထားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပြည်ပပို့ကုန် အခြေပြုစီးပွားရေးစနစ်ကြောင့် စီးပွားရေးဖံွ့ ဖြိုးတိုးတက်မှု ရှိလာတာ ဖြစ်ပေမယ့်၊ ၁၉၉၀နောက်ပိုင်းကာလတွေကစပြီး နိုင်ငံတကာရေးရာတွေမှာ တစတစနဲ့ aggressive ဖြစ်လာခဲ့ပါတယ်။အိမ်နီးချင်းနိုင်ငံများနဲ့ နယ်မြေအငြင်းပွားမှုဆိုင်ရာ ပြဿနာတွေ၊ အာဏာရှင်နိုင်ငံအစိုးရတွေကို ပံ့ပိုးမှုတွေ၊သူလျှိုပြဿနာတွေ၊ လက်နက်ကန့်သတ်ရေး သဘောတူစာချုပ်များအပေါ် ဖောက်ဖျက်မှုစတာတွေကတစတစ များပြားလာခ့ပဲါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့ရေးရာ ပြဿနာတွေဖြစ်တဲ့အကြမ်းဖက်နှိမ်နင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြည်သူ့ကျန်းမာရေး၊ငြိမ်းချမ်းရေးတပ်ဖွဲ့စေလွှတ်ရေး၊ နယူးကလီးယားလက်နက်ထိန်းချုပ်ရေး၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ်ခိုင်မာတောင့်တင်းမှု စတာတွေမှာလဲ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ တစတစ ကြီးထွားလာခဲ့ပါတယ်။တရုတ်နိုင်ငံအနေနဲ့ အာရှတိုက်အပေါ် လွှမ်းမိုးဖို့ ကြိုးပမ်းရခြင်း အကြောင်းရင်းတခုကတော့တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဏာ သက်ရောက်မှုကို ထိန်းသိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီခေါင်းဆောင်များအနေနဲ့ ၁၉၅၀ ပြည့်လွန်ကာလများကတည်းက တရုတ်ပြည်မှာ အာဏာရှင်စနစ်ကနေဒီမိုကရေစီစနစ်ဆီကို ရွေ့လျော ကူးပြောင်းသွားမှာကို စိုးရိမ်ခဲ့ကြပါတယ်။ စီးပွားရေးရာမှာဈေးကွက်စီးပွားရေးစနစ်နဲ့ ပြည်ပပို့ကုန်အခြေပြု စီးပွားရေးအဆောက်အအုံကိုတည်ဆောက်ကျင့်သုံးနေပေမယ့် နိုင်ငံရေးရာမှာတော့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှုပြီး၊ ပါတီရဲ့သြဇာအာဏာ လျော့နည်းလာမှာကို လိုလားခြင်း မရှိပါဘူး။ ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့အာဏာသက်ရောက်မှုကို ထိန်းသိမ်းထားနိုင်ဖို့က ပြည်တွင်းထိန်းချုပ် ကန့်သတ်မှုတွေ လိုအပ်သလို၊ပြည်ပနိုင်ငံ များအပေါ်မှာလဲ သြဇာသက်ရောက်ဖို့ လိုအပ်လှပါတယ်။ မြန်မာနိုင်ငံအပါအ၀င်အာဏာရှင်နိုင်ငံများရဲ့ အစိုးရတွေကို ပံ့ပိုးနေခြင်းမှာလဲ ဒီအချက်က အချက်တခုအနေနဲ့ ပါဝင်ပါတယ်။ပြည်ပနိုင်ငံများအပေါ် သြဇာသက်ရောက်ဖို့ တရုတ်နိုင်ငံရဲ့ လက်သုံးစကားကတော့ stability တည်ငြိမ်မှုပဲဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ နိုင်ငံရေး၊ စစ်ရေးတည်ငြိမ်မှုရှိအောင်လုပ်ဖို့၊ ငြိမ်ဝပ်ပိပြားမှုရှိဖို့ကို အထူးတလည်ပြောဆိုလေ့ရှိပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တဦးကတော့ တရုတ်နိုင်ငံဟာ တရားဥပေဒေစိုးမိုးရေးနဲ့ငြိမ်ဝပ်ပိပြားမှုနှစ်မျိုးမှာ ငြိမ်ဝပ်ပိပြားမှုရှိရေးကို ဦးစားပေးတွန်းအားပေးလေ့ရှိပြီး၊ ဒီအတွက်နိုင်ငံတော်အစိုးရတွေက တရားဥပဒေကို လျစ်လျူရှုလာမှုတွေကိုပါ အားပေးအားမြှောက်လုပ်တတ်တယ်လို့ဆိုထားခ့ပဲါတယ်။တရုတ်နှင့် စွမ်းအင်လုံခြုံရေးတရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ပြည်ပက တင်သွင်းတဲ့ စီးပွားရေး အရင်းအမြစ်များအပေါ်မှာအများကြီး မူတည်နေပါတယ်။ စွမ်းအင်နဲ့ ပတ်သက်ရင် လက်ရှိကာလမှာ နေ့စဉ် 4 million barrels of oilကို တရုတ်ပြည်ထဲ တင်သွင်းဖို့ လိုအပ်နေပါတယ်။ ဒီပမာဏဟာ ၂၀၂၀ ခုနှစ်ကျရင် 6 millionsဖြစ်လာပါမယ်။ ဒီလို အခြေအနေမှာ အနာဂတ်စွမ်းအင်လုံခြုံရေးအတွက် အဓိက ကျလာတာကပြည်ပရေနံနဲ့ သဘာဝဓာတ်ငွေ့အရင်းအမြစ်နေရာဒေသတွေအပေါ် လွှမ်းမိုးချုပ်ခြယ်မှုရှိလာနိုင်စေရေးဖြစ်ပါတယ်။ ၁၉၈၉ ခု၊ တရုတ်ကျောင်းသားများ လှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်ပွဲအပြီးမှာ အမေရိကန်၊ ဂျပန်နဲ့ တခြားနိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုလုပ်ခဲ့ဖူးတာကိုတရုတ်အနေနဲ့ ကြုံတွေ့ ခ့ရဲ ဖူးပါတယ်။ ဒီလိုထပ်မဖြစ်လာနိုင်ဖို့အတွက်က တရုတ်နိုင်ငံရဲ့စီးပွားရေးအဆောက်အအုံ လည်ပတ်မှုအတွက် အရေးပါတဲ့ စီးပွားရေးအရင်းအမြစ်တွေအပေါ်မှာဘယ်နိုင်ငံကမှ ထိပါးနိုင်စွမ်း မရှိဖို့ နိုင်ငံရေးအရ၊ စီးပွားရေးအရ ပါဝါကြီးမားလာဖို့ လိုအပ်တယ်လို့တရုတ်ခေါင်းဆောင်များက တွက်ဆကြပါတယ်။အဲဒီမှာတင် စွမ်းအင်လုံခြုံရေးအတွက် အဓိကကျတဲ့ ဒေသ (၅) ခုနဲ့ ပတ်သက်ပြီး၊ လွှမ်းမိုးထိန်းချုပ်နိုင်တဲ့တရုတ်နိုင်ငံရဲ့ Geostrategy ထွက်ပေါ်လာပါတော့တယ်။ ဒီမဟာဗျူဟာအရ တရုတ်နိုင်ငံဟာအာရှအလယ်ပိုင်းနိုင်ငံများနဲ့ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်လာပါတယ်။ (၁၉၉၆) ခုနှစ်ကစပြီးရုရှားနိုင်ငံကို တရုတ်နဲ့ အာရှအလယ်ပိုင်းနိုင်ငံများရဲ့ တွေ့ဆုံပွဲတွေမှာ ဖိတ်ကြားမှုတွေ စလုပ်လာခဲ့ပြီး၊(၂၀၀၁) ခုနှစ်မှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းကြီးတခုဖြစ်တဲ့ Shanghai Pact ပေါ်ပေါက်လာပါတယ်။ ဒီမဟာမိတ်အဖွဲ့မှာ ရုရှား၊ တရုတ်နဲ့အာရှအလယ်ပိုင်းနိုင်ငံကြီးလေးခုက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားရဲ့ စွမ်းအင်အရင်းအမြစ်နဲ့ပတ်သက်ပြီး တရုတ်နဲ့ ဂျပန်တို့ရဲ့ အပြိုင်အဆိုင် ရယူကြိုးပမ်းမှုပြဿနာတွေက အခုထိ ရှိနေဆဲပဲဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်တို့အကြားက proposed pipelines မြေပုံမှာ ၂၀၁၀ မှာသဘာဝဓာတ်ငွေ့စတင် ထုတ်လွှတ်မှုပြုလုပ်မယ့် ရုရှား- တရုတ်ပိုက်လိုင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။
Photobucket
တရုတ်နဲ့ ရုရှားတို့ရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုအပေါ် ထားရှိတဲ့ မဟာဗျူဟာကိုနိုင်ငံရေးပညာရှင်တွေက အဆင့်နှစ်ဆင့် မဟာဗျူဟာလို့ သတ်မှတ်ပြောဆိုကြပါတယ်။ ပထမတဆင့်ကနှစ်နိုင်ငံလုံးဟာ အနောက်အုပ်စုနိုင်ငံများနဲ့ ပုံမှန် ဆက်ဆံရေးကို ဆက်လက်ထားရှိပြီး၊စီးပွားရေးဖံွ့ ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးတွေမှာ အပြန်အလှန်အကျိုးအမြတ်ရှိအောင်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒုတိယတဆင့်ကတော့ အနောက်အုပ်စုအပေါ်မှာ နိုင်ငံရေး နည်းလမ်းတချို့ကိုအသုံးပြုပြီး ဆန့်ကျင်ဖို့ဖြစ်ပါတယ်။ ဒီလိုဆန့်ကျင်ရာမှာ အာဏာရှင်နိုင်ငံများကို အကာအကွယ်ပေးမှုနဲ့အနောက်အုပ်စုနဲ့ မဟာမိတ်ဖြစ်သွားနိုင်ချေမရှိတဲ့ နိုင်ငံတွေမှာ နယူးကလီးယား ဓာတ်ပေါင်းဖိုများတည်ဆောက်ရေး ပရောဂျက်တွေ ပေါ်ပေါက်လာဖို့ အကူအညီပေးရေး ဖြစ်ပါတယ်။ နယူးကလီးယားနည်းပညာမှာ reactors နဲ့ weapons ထုတ်လုပ်နိုင်မှုဟာ nuclear chain reaction ကိုဘယ်လိုစီမံခန့်ခတွဲ ယ်ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ regulated process နဲ့ reactor energy outputရအောင် ထုတ်လုပ်နိုင်သလို၊ uncontrolled and rapid chain reaction နဲ့ ပေါက်ကွဲအား ပြင်းထန်တဲ့fission weapons နဲ့ thermonuclear weapons လို့ အများသိထားကြတဲ့ fusion weapons တွေကိုထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် ဓာတ်ပေါင်းဖို ရှိပြီးသား နိုင်ငံတွေဟာ လိုအပ်လာတဲ့ အချိန်တခုမှာလက်နက်တွေကိုပါ ပြောင်းလဲ ထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့်လဲ တရုတ်နဲ့ ရုရှားတို့က အနောက်အုပ်စုကိုဆန့်ကျင်တဲ့ အာဏာရှင်အစိုးရတေကွို နယူးကလီးယားနည်းပညာများ ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ စစ်ရေး၊နိုင်ငံရေး လောကမှာ ဘာလုပ်ချင်လိုက်တာ၊ ဘာဖြစ်ချင်လိုက်တာဆိုတဲ့ intent တွေ ထိုင်အော်နေလို့ ဘာမှအကျိုးမရှိပါဘူး။ အချိန်မရေွးထလုပ်နိုင်တဲ့ capability ကိုပဲ ဦးစားပေးတည်ဆောက်ရပါတယ်။ capabilityရှိမှ intent ကို အကောင်အထည်ဖော်နိုင်ပါတယ်။တရုတ်နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်တဲ့ Geostrategy ကို ဆက်လက်တင်ပြပါမယ်။တရုတ်နိုင်ငံစွမ်းအင်လုံခြုံရေးရဲ့ (၈၀) ရာခိုင်နှုန်းဟာ အရှေ့အလယ်ပိုင်းဒေသပေါ်မှာ မူတည်နေပါတယ်။သဘာဝအရင်းအမြစ်တွေ များပြားလှတဲ့ ဒီဒေသဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံများအတွက် ရတနာသိုက်ကြီးသဖွယ်ပဲ ဖြစ်ပါတယ်။ ဗြိတိသျှ ရေနံကော်ပရေးရှင်းက ထုတ်ဝေတဲ့ ၂၀၀၇ ခုနှစ် ကမ္ဘာ့စွမ်းအင် သုံးသပ်ချက်အစီရင်ခံစာအရ ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ အရှေ့အလယ်ပိုင်းဒေသကဖြစ်ပါတယ်။၁၉၉၀ ကာလတွေမှာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသ မဟာဗျူဟာကတော့ အီရန်နဲ့အီရတ်တို့အကြားက tensions ကို တိုးမြှင့်ထားပြီး containment လုပ်ဖို့ဖြစ်ပါတယ်။ တရုတ်ရဲ့ဗျူဟာကတော့ ဒီဒေသထဲမှာ အမေရိကန်က state-sponsored terrorism ရှိတယ်လို့ သတ်မှတ်ထားတဲ့လစ်ဗျား၊ အီရန်နိုင်ငံတို့ကို မဟာမိတ်ဖွဲ့ရေး ဖြစ်ပါတယ်။လက်တင်အမေရိက ဒေသနဲ့ ပတ်သပ်တဲ့ တရုတ်နိုင်ငံရဲ့ geostrategy ကတော့ ကျူးဘားနဲ့ နိုင်ငံရေး၊စစ်ရေး ဆက်ဆံမှု ခိုင်မြဲအောင် တည်ဆောက်ရေးဖြစ်ပါတယ်။ ဒီလို တည်ဆောက်ရင်းတောင်ပိုင်းနယ်စပ်မှာရှိတဲ့ အာဏာရှင်နိုင်ငံများကို အကူအညီပေးပြီး အမေရိကန်ပြည်ထောင်စုကိုစိတ်အနှောင့်အယှက်ပေးခြင်း ဖြစ်ပါတယ်။ ကျူးဘားနဲ့မဟာမိတ်တည်ဆောက်ထားတာ၊ ဗင်နီဇွဲလားအာဏာပိုင်တွေကို အကူုအညီပေးမှုတွေဟာ တရုတ်နိုင်ငံရဲ့ ဒီဒေသနဲ့ပတ်သက်တဲ့ စွမ်းအင်အရင်းအမြစ်ရရှိနိုင်မှုကို အာမခံချက်ပေးနိုင်တယ်လို့ တရုတ်ခေါင်းဆောင်များက ယူဆပါတယ်။အခုဆက်လက်ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးအရင်းအမြစ်နဲ့ ပင်လယ်ရေကြောင်း ထွက်ပေါက်တွေမှာအရေးကြီးဆုံးဖြစ်တဲ့ တောင်တရုတ်ပင်လယ်နဲ့ တရုတ်နိုင်ငံ နိုင်ငံတော်ကာကွယ်ရေးမှာ အရေးကြီးတဲ့ကျွန်းစုများ ကို ဆက်လက်တင်ပြပါမယ်။ ၁၉၉၂ ခုနှစ်ကစပြီး တောင်တရုတ်ပင်လယ်ဟာတရုတ်ပိုင်ရေပိုင်နက်ဖြစ်ကြောင်း တရုတ်အစိုးရက ထပ်ခါတလဲလဲ ပြောကြားခဲ့ပါတယ်။အငြင်းပွားစရာဖြစ်တဲ့ ကျနွ်းစုတေကွို သိမ်းပိုက်ပြီး ဖြေရှင်းတာကြောင့် ဖိလစ်ပိုင်၊ ဂျပန်၊ မလေးရှား၊ဗီယက်နမ်တို့နဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကျတော့ အမေရိကန်နိုင်ငံကတောင်တရုတ်ပင်လယ်မှာ freedom of navigation ရှိဖို့ဟာ အာရှ- ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့တိုးတက်ရေးအတွက် အရေးကြီးကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။တောင်-တရုတ်ပင်လယ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပထစီဝင်strategic doctrine ဖြစ်တဲ့ first island chain of defense ကို အကောင်အထည်ဖော်တာဖြစ်ပါတယ်။ ဒီstrategic doctrine ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အရေးပါသော ပင်လယ်ဒေသများကိုထိန်းချုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ စီးပွားရေး အရင်းအမြစ်များကိုကာကွယ်ဖို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ် ပင်လယ်သာမက တရုတ်- အိန္ဒိယဒေသမှာအရေးကြီးတဲ့ ရေကြောင်းလမ်းများကို ထိန်းချုပ်နိုင်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်လာပါတယ်။ မြန်မာနိုင်ငံ၊အာဏာရှင်အစိုးရကို ကျောထောက်နောက်ခံပေးပြီး၊ တရုတ်ရေတပ် အခြေစိုက်စခန်းများဆောက်လုပ်ထားမှုနဲ့ မဟာဗျူဟာ ဆိပ်ကမ်းများ တည်ဆောက်မှုမှာလဲ ဒီအချက်ကအလွန်အရေးကြီးပါတယ်။ ဒီဒေသရဲ့ ရေကြောင်းလမ်းများ မြေပုံပေါ်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ပင်လယ်လမ်းကြောင်းများအတွက် အရေးကြီးတဲ့ နေရာတခုဖြစ်တယ်ဆိုတာ သေချာ တွေ့မြင်နိုင်ပါတယ်။
Photobucket
အခုဆက်လက်ပြီး တရုတ်- အိန္ဒိယ ဒေသရဲ့ မဟာဗျူဟာ အချက်အချာကျနိုင်ငံများနဲ့တရုတ်နိုင်ငံတို့ကြားက ဆက်ဆံရေးကို ရေးသားတင်ပြပါမယ်။တရုတ်နှင့် အိန္ဒိယ ဆက်ဆံရေးတရုတ်နိုင်ငံရဲ့ အာရှဒေသကို လွှမ်းမိုးထားချင်တဲ့ နောက်ထပ်အကြောင်းရင်းတခုကတော့အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံများရဲ့ အာရှဒေသတွင်းမှာ ဖြန့်ကျက်ရောက်ရှိနေတဲ့ ပါဝါကိုလျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အိန္ဒိယနိုင်ငံနဲ့ တရုတ်ပြည်တို့အကြားက မဟာဗျူဟာဆက်နွယ်မှုတွေက အရေးကြီးလာပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတို့အကြားမှာ ၂၀၀၈ခုနှစ်အတွင်းက civil nuclear agreement ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလမှာ ပြုလုပ်တဲ့Nuclear supplier's Group အစည်းအဝေးမှာ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ အိန္ဒိယတို့အကြားကသဘောတူစာချုပ် ပျက်ပြယ်ဖို့ အားထုတ်ကြိုးပမ်းမှုတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။ အာရှတိုက်ရဲ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့အကြား ဆက်ဆံရေးဟာ မဟာဗျူဟာ ပြိုင်ပွဲသဏ္ဍာန်ဖြစ်နေတာကြောင့်၊ ၀ါရှင်တန်ပေါ်လစီရေး လေ့လာသူတွေ၊ အာရှရေးရာ လေ့လာသူတွေအတွက် အထူးပဲစိတ်ဝင်တစားစောင့်ကြည့်နေကြရတဲ့ ဆက်ဆံရေးဖြစ်နေပါတယ်။အိန္ဒိယနိုင်ငံ မဟာဗျူဟာရေး ကျွမ်းကျင်သူတွေကတော့ တရုတ်နိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေးမှာရေရှည်မဟာဗျူဟာနှစ်ရပ်ကို ၁၉၉၀ ကာလတွေကတည်းက စတင်အကောင်အထည်ဖော်ထားတယ်လို့ယူဆကြပါတယ်။ ပထမတခုက ကုန်သွယ်မှုတိုးမြှင့်ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်လာအောင်တည်ဆောက်တာဖြစ်ပြီး၊ ဒုတိယတခုကတော့ တပြိုင်နက်တည်းမှာပဲ ဒေသတွင်း မဟာဗျူဟာအချက်အချာဒေသတွေကို လွှမ်းမိုးချုပ်ကိုင်ပြီး အိန္ဒိယနိုင်ငံကို ၀န်းရံတာ ဖြစ်ပါတယ်။ ဒီနေရာမှာပါကစ္စတန်နိုင်ငံ ဂျီဝါဒါဆိပ်ကမ်း၊ သီရိလင်္ကာနိုင်ငံ ဟမ်ဘာတိုတာ ဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းတွေဟာ တရုတ်- အိန္ဒိယနိုင်ငံတွေအတွက် အရေးပါတဲ့ မဟာဗျူဟာ ဆိပ်ကမ်းတွေဖြစ်လာပါတယ်။ ဒီဆိပ်ကမ်းတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ရေးဟာ အိန္ဒိယနိုင်ငံ၊ မဟာမိတ်ဖြစ်တဲ့အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အတွက် အလွန်ပဲ အရေးကြီးလှတဲ့ မဟာဗျူဟာဂိမ်းတခုဖြစ်ပါတယ်။
Photobucket
တရုတ်- ပါကစ္စတန် ဆက်ဆံရေးနိုင်ငံတကာရေးရာမှာ တရုတ်နိုင်ငံနဲ့ ပါကစ္စတန်တို့အကြားက ဆက်ဆံရေးကို Sino-Pakistani Relationsအနေနဲ့ သုံးသပ်ပြောဆိုကြပါတယ်။ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံကို ပထမဆုံးအသိအမှတ်ပြုခဲ့တဲ့နိုင်ငံအုပ်စုတွေထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ်မှာ ပထမဆုံးသံတမန်ရေးရာဆက်နယ်ွမှုစတင်ခြဲ့ပီးကတည်းက ဒီနိုင်ငံနှစ်နိုင်ငံအကြားက ဆက်ဆံရေးဟာ ပြေပြစ်ချောမောတိုးတက်ကောင်းမန်ွခ့ပဲါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတည်ဆောက်မှုဆိုတာက တဘက်မှာ သံတမန်ရေး၊စစ်ရေး၊ မဟာဗျူဟာရေးပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်သလို တဘက်မှာလဲ ကုန်သွယ်ရေး၊ စီးပွားရေး၊ယဉ်ကျေးမှုပိုင်းမှာ ကူးလူးဆက်နွယ်မှုတွေ လိုအပ်တယ်ဆိုတာ တရုတ်ခေါင်းဆောင်များရော၊ပါကစ္စတန်ခေါင်းဆောင်းများပါ သဘောပေါက်ခဲ့ကြပါတယ်။ဒါကြောင့် တရုတ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ခဲ့ပြီး၊ပါကစ္စတန်နိုင်ငံကလဲ Exclusive Industrial Zones တွေ ဖွင့်လှစ်ပြီး၊ တရုတ်နိုင်ငံရဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ တောင်အာရှမှာ ပါကစ္စတန်နိုင်ငံဟာသီရိလင်္ကာတနိုင်ငံတည်းနဲ့သာ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရှိနေတာကြောင့်၊ ဘေဂျင်းပေါ်လစီက ပါကစ္စတန်ပို့ကုန် တထောင်နီးပါးကို tariffs လျှော့ချပေးမှုဟာ ပါကစ္စတန်နိုင်ငံအတွက်ကုန်သွယ်မှုအကျိုးအမြတ်များစွာ ရရှိလာခ့ပဲါတယ်။စစ်ရေးပိုင်းမှာဆိုရင် တရုတ်နိုင်ငံဟာ ပါကစ္စတန်နိုင်ငံကို အဓိက လက်နက်ရောင်းချထောက်ပံ့ပေးတ့နဲိုင်ငံဖြစ်ပါတယ်။ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့အကြားမှာ defence production pactကော၊ defence co-operation pact တို့ပါ သဘောတူလက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊စက်တင်ဘာလ နှစ်နိုင်ငံ စစ်ဘက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမှုမှာ တရုတ်နဲ့ပါကစ္စတန်တို့ရဲ့နှစ်နိုင်ငံကြား bilateral strategic partnership ကို တိုးမြှင့်သွားမှာဖြစ်ကြောင်းဆေွး နေွး ပြောဆိုခြဲ့ကပါတယ်။ ၂၀၀၈ ခုနှစ်ဟာ ပါကစ္စနဲ့ တရုတ်တို့ရဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကို အဆုံးစွန်တိုးမြှင့်ပေးခဲ့တဲ့နှစ်ပါ။ ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ဖို့ပြုလုပ်နေတာတွေ ရပ်ဖို့ ပါကစ္စတန်နိုင်ငံရေးဝန်ကြီးဌာနက သုံးကြိမ်တောင်းဆိုခဲ့ပါတယ်။ တခါပါကစ္စတန်နိုင်ငံတွင်းမှာ အမေရိကန်ပြည်ထောင်ရဲ့ war on terror တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့တရုတ်နိုင်ငံက သတိပေးပြောကြားခ့သဲ လို တရုတ်နိုင်ငံရဲ့ advanced state of the art navy frigateဖြစ်တဲ့ F-22 Frigate ကို ပါကစ္စတန်ရေတပ်ကို ပံ့ပိုးပေးခဲ့ပါတယ်။ဒီ ၂၀၀၈ ခုနှစ်ထဲမှာပဲ တရုတ်နဲ့ ပါကစ္စတို့ ပူးတွဲအကောင်အထည်ဖော်နေတဲ့ Gwadar Port မှာပထမဆုံးသင်္ဘော ကျောက်ချခ့ပဲါတယ်။ ဒီ ဆိပ်ကမ်းဟာ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့အတွက် အရေးပါတဲ့အချက်အချာ ဆိပ်ကမ်း တခုပါ။ အခုလက်ရှိမှာ တရုတ်ပြည်မှာ အသုံးပြုနေတဲ့ oil တွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းဟာ မလက္ကာ ရေလက်ကြားကနေ ၀င်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာဒီရေလက်ကြားကို တချိန်မှာ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ပြီး တရုတ်နိုင်ငံကို ထိန်းချုပ်မှာကိုစိုးရိမ်မှုရှိပါတယ်။ ဒီအတွက် String of Pearl's Strategy ဆိုတဲ့ မဟာဗျူဟာတရပ်ကိုအကောင်အထည်ဖော်ပါတယ်။ ရည်ရွယ်ချက်ကို oil movement ကို အနောက်နိုင်ငံတွေကထိန်းချုပ်လို့မရအောင် line of defense တည်ဆောက်ဖို့ပါ။ ဒီလိုတည်ဆောက်ဖို့မှာ ပါကစ္စတန် ဂျီဝါဒါ၊ဘင်္ဂလားဒေ့ရှ် စစ်တကောင်း၊ သီရိလင်္ကာ ဟာဘမ်တိုတာ၊ မြန်မာနိုင်ငံ စစ်တွေ၊ကျောက်ဖြူဆိပ်ကမ်းတွေဟာ အရေးကြီးတဲ့ အချက်အချာနေရာတွေ ဖြစ်လာပါတယ်။ဒီလိုစီမံချက်တွေ အကောင်အထည်ဖော်နေစဉ်မှာပဲ ဘင်လာဒင်ဦးဆောင်တဲ့ တာလီင်္ဘန်အကြမ်းဖက်သမားတွေကို အကြောင်းပြုပြီး၊ ပါကစ္စတန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ဖြစ်လာနိုင်တာကိုတရုတ်ခေါင်းဆောင်များနဲ့ ပါကစ္စတန်ခေါင်းဆောင်များက စိုးရိမ်မကင်းဖြစ်လာကြပါတယ်။ ဒီလိုအချိန်မျိုးမှာအကောင်းဆုံးလုပ်နိုင်တဲ့ မဟာဗျူဟာ ထွက်ပေါက်ကတော့ ချေမှုန်းရေး ထိုးစစ်တွေ စတင်ပြီး၊အနောက်အုပ်စုရဲ့ ဒေသတွင်းလွှမ်းမိုးမှု ပါဝါကို လျှော့ချခြင်းပါပဲ။တရုတ်- သီရိလင်္ကာ ဆက်ဆံရေးသီရိလင်္ကာ နိုင်ငံ၊ ဟာဘမ်တိုတာ ဆိပ်ကမ်းဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာဆိပ်ကမ်းတည်ဆောက်မှုကွန်ယက်အတွင်းက ဆိပ်ကမ်းတခုဖြစ်ပါတယ်။ ဒီဒေသအတွင်းက Trincomaleeဆိပ်ကမ်းကို ဗြိတိသျှရေတပ်က ၁၉၅၇ အထိ စစ်အခြေစိုက်စခန်းအနေနဲ့ အသုံးပြုခဲ့ပြီး၊လက်ရှိအချိန်အထိအနီးအနားက ကျနွ်းစုတခုဖြစ်တဲ့ Diego Garcia ကျွန်းကို စစ်ရေးအချက်အချာ နေရာတခုအနေနဲ့အမေရိကန်ပြည်ထောင်စုနဲ့အတူ ပူးတွဲအသုံးပြုနေဆဲပဲ ဖြစ်ပါတယ်။ ဒီဒေသအတွင်းမှာ တရုတ်နိုင်ငံရဲ့မဟာဗျူဟာ ဆိပ်ကမ်းတခု ပေါ်ထွက်လာနေတာကို အနောက်အုပ်စုနဲ့ အိန္ဒိယနိုင်ငံတို့အနေနဲ့ အတော်ပဲစိုးရိမ်မကင်းဖြစ်နေကြပါတယ်။တရုတ်နိုင်ငံအနေနဲ့ သီရိလင်္ကာနိုင်ငံကို ၁၉၉၀ နှောင်းပိုင်းကာလက စတင်ပြီး လက်နက်ရောင်းချမှုတွေအများအပြားပြုလုပ်လာခ့ပဲါတယ်။ သီရိလင်္ကာ စစ်တပ်ရဲ့ တမီးလ်တော်လှန်ရေးသမားတွေအပေါ်ရက်စက်စွာ နှိမ်နင်းမှုတွေကြောင့် အနောက်အုပ်စုက ပြည်တွင်းစစ်အတွက်သုံးမယ့် လက်နက်တွေကိုမရောင်းချဖို့ ကိုလန်ဘိုကို ငြင်းဆိုထားချိန်မှာ တရုတ်နိုင်ငံက ကြားဝင်လာတာ ဖြစ်ပါတယ်။ ၂၀၀၇ခုနှစ်နှောင်းပိုင်းမှာ အမေရိကန်ပြည်ထောင်စုက သီရိလင်္ကာနိုင်ငံအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြောင်းပြုပြီး စစ်ရေးထောက်ပံ့မှုရပ်ဆိုင်းထားချိန်မှာ သိရိလင်္ကာနိုင်ငံကို တရုတ်နိုင်ငံရဲ့လက်နက်ရောင်းချမှုနှုန်းတွေက တစတစ တိုးတက်မြင့်မားလာပါတယ်။ ၂၀၀၇ခုနှစ်၊အေပြီလဆန်းပိုင်းမှာတင် တရုတ်နဲ့ ကိုလန်ဘိုအစိုးရတို့အကြား ဒေါ်လာ ၃၇ သန်းကျော် တန်ဖိုးရှိတဲ့လက်နက်ရောင်းဝယ်မှု စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံကိုလဲ သီရိလင်္ကာကိုလက်နက်ပစ္စည်းများ ပိုမိုတိုးမြှင့်ရောင်းချပေးဖို့နဲ့ လေတပ်အရာရှိတွေကို တရုတ်တိုက်လေယာဉ်များမောင်းနှင်တ့သဲ င်တန်းများပေးဖို့ တိုက်တနွ်းခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ F7 တိုက်လေယာဉ် ခုနစ်စီးကိုကိုလန်ဘိုအစိုးရလေတပ်ကို အခမဲ့ လွှေဲ ပြာင်းပေးအပ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ တမီးတိုက်ဂါးလ်တို့ရဲ့တိုက်လေယာဉ်တွေကို တရုတ်လေတပ်က ပစ်ချခဲ့တဲ့ ဖြစ်စဉ်တွေလဲ ပေါ်ပေါက်လာခဲ့ပါတယ်။လက်ရှိမှာ ဖြစ်ပွားခ့တဲ့ဲ တမီးတိုက်ဂါးတို့ကို အဆုံးသတ်ချေမှုန်းရေးတိုက်ပွဲမှာဆိုရင်လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ပွဲဇုန်အတွင်းမှာ အရပ်သားတွေ ပိတ်မိနေတာတွေအများကြီးရှိခ့ပဲါတယ်။ တမီး လ်တို့ဘက်က အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းတာတွေမှာလဲကိုလန်ဘိုအစိုးရက ငြင်းပယ်ခ့ပဲါတယ်။ အလုံးစုံချေမှုန်းရေးထိုးစစ်ကြီးကို အပြီးသတ်ဆင်နခွှဲ့ တဲာဖြစ်ပါတယ်။ နိုင်ငံများစွာ မှာ တမီးလ်လူမျိုးတို့ရဲ့ ဆန္ဒပြပွဲတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုကြားဝင်စေ့စပ်ဖို့ တောင်းဆိုမှုတွေ များစွာ ပေါ်ပေါက်ခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုအပါအ၀င်အနောက်အုပ်စုအနေနဲ့ ကြေငြာချက်တွေ ထုတ်ပြန်ပေးတာက လွဲလို့ ဘာမှ ထိရောက်စွာ ကူညီနိုင်ခြဲ့ခင်းမရှိပါဘူး။နိုင်ငံတကာမျက်နှာစာပေါ်ရောက်တဲ့ ပြဿနာတွေဖြစ်လာတဲ့အခါမှာ နိုင်ငံတကာ အဖွဲ့အစည်းများဝင်ရောက်ဖြေရှင်းနိုင်ဖို့အတွက် အဆင့်ဆင့် ဆုံးဖြတ်ချက်ချမှတ်မှုတွေ၊ ၀င်ရောက်ဖြေရှင်းရင် ရနိုင်မယ့်အကျိုးအမြတ်တွေ၊ ဆုံးရှုံးမှုတွေအတွက် တွက်ချက်ပြီး ၀င်ရောက်ဖို့ တန်သလား- မတန်သလားရွေးချယ်ရမှုတွေ အများကြီးရှိပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ရောက်သွားခဲ့ရင်လဲ တရုတ်နဲ့ရုရှားတို့ရဲ့ သြဇာကို ရှောင်ရှားကျော်လွှားနိုင်ဖို့က ခက်ခဲလှပါတယ်။ အထူးသဖြင့်အာရှပါဝါတည်ဆောက်နေတဲ့ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ဖြစ်လာခဲ့ရင် နိုင်ငံတကာကရှောင်လွှဲသွားလေ့ရှိပါတယ်။အနောက်အုပ်စုအနေနဲ့ ဒီဒေသနဲ့ ပတ်သက်တဲ့ Strategic imperative က လက်ရှိအခြေအနေအထိမှာအိန္ဒိယရဲ့ ပါဝါကို ကျားကန်ပေးပြီး၊ regional balance ကို တည်ဆောက်ဖို့နဲ့ အိန္ဒိယနဲ့တရုတ်တို့အကြားက ဆက်ဆံရေး dynamics ကို မျက်ချေမပြတ်စောင့်ကြပ်နေဖို့ အဆင့်ပဲ ရှိပါသေးတယ်။ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေကို တိုက်ရိုက်ထိခိုက်ပြီးထိပ်တိုက်ရင်ဆိုင်ဖို့ အဆင့်ထိဟာ နောင်ဆယ်နှစ်တာ ကာလအတွင်းဖြစ်လာဖို့တောင် ခဲယဉ်းပါလိမ့်မယ်။နောက်တချက်က တမီးလ်တိုက်ဂါးတွေက long-term political struggles ရဲ့ frustration တွေကိုသည်းမခံနိုင်ပဲ လက်နက်ကိုင်တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကြားမှာ စည်းခြားထားတဲ့ပြည်သူလူထုအသက်အိုးအိမ်ကို မထိပါးရေးဆိုတဲ့ စည်းကို ကျော်လွန်ထားပြီဖြစ်တဲ့အတွက် ၂၁ရာစုရဲ့နိုင်ငံရေးအခြေအရ သူတို့ဘက်မှာ နိုင်ငံတကာက ၀င်ရပ်ပေးဖို့ ဆိုတာ အလွန်ပင်ခဲယဉ်းသွားခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် နယူးဒေလီအခြေစိုက် ပေါ်လစီသုတေသန ဌာနက Brahma Chellaney ဆိုထားခဲ့သလိုပဲကိုလန်ဘိုအစိုးရရဲ့ တမီးလ်တိုက်ဂါးများကို အဆုံးသတ်ချေမှုန်းရေးစီမံချက်မှာ အဆုံးအဖြတ်ပေးခဲ့တဲ့အချက်ကတော့ တရုတ်နိုင်ငံရဲ့ စစ်ရေး၊ သံတမန်ရေး ထောက်ကူပေးမှုပဲ ဖြစ်ပါတယ်။တရုတ်- မြန်မာ ဆက်ဆံရေးမြန်မာနိုင်ငံရဲ့ တည်နေရာ အနေအထားဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာနည်းကျ တွေးခေါ်ရေးမှာအရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ မြန်မာ့ရေပိုင်နက်က ကိုးကိုးကျွန်းဟာ တရုတ်ပြည်ရဲ့ရေတပ်အခြေစိုက်စခန်းအတွက် သင့်လျော်တဲ့ လမ်းကြောင်းပေါ်မှာ ဖြစ်နေသလို၊ မြန်မာပြည်အနောက်ပိုင်းစစ်တွေ၊ ကျောက်ဖြူဒေသဟာ တရုတ်ပြည်ရဲ့ စွမ်းအင်လုံခြုံရေး မူဝါဒထဲမှာ အရေးပါနေပြန်ပါတယ်။
Photobucket
People's Liberation Army Navy (PLAN) ရဲ့ ရေရှည်မဟာဗျူဟာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာကိုဖြန့်ကျက်ထိန်းချုပ်ထားနိုင်ရေး၊ အိန္ဒိယရေတပ် လှုပ်ရှားမှုကို မျက်ချေမပြတ်စောင့်ကြပ်နိုင်ရေးအတွက်အိန္ဒိယရေတပ်ရဲ့ ထိန်းချုပ်ထားတဲ့ အဒန်မန်ကျွန်းစုတွေနဲ့ ကီလိုမီတာ (၃၀) ပဲကွာဝေးတဲ့မြန်မာ့ရေပိုင်နက်ထဲက ကိုးကိုးကျွန်းဟာ အလွန်ပဲ အရေးကြီးပါတယ်။ (၂၀၅၀) ခုနှစ်မှာ ကမ္ဘာ့အဆင့်မီ bluewater navy status ကို ရောက်ရှိဖို့ မျှော်လင့်ထားတဲ့ တရုတ်ရေတပ်အတွက် ကိုးကိုးကျွန်းကိုလက်လွှတ်ခံလို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လဲ တရုတ်ရေတပ်ရဲ့ ရေဒါနဲ့ electronic surveillanceအခြေစိုက်စခန်း ဖြစ်အောင် မြန်မာစစ်အာဏာရှင်တွေနဲ့ ပူးပေါင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်နေရာတခုကတော့ strings of Pearl's strategy မှာ ပါနေတဲ့ စစ်တွေ၊ကျောက်ဖြူဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီဒေသကနေမြန်မာပြည်အထက်ပိုင်းကို ဖြတ်ပြီးယူနန်နယ်ထဲကို တိုက်ရိုက်ဝင်ရောက်မယ့် ပိုက်လိုင်းတည်ဆောက်ဖို့ မြန်မာစစ်အုပ်စုတွေနဲ့သဘောတူညီထားပြီးဖြစ်နေပါတယ်။ ဒီဒေသဟာ ပိုက်လိုင်းစီမံကိန်းအတွက်သာမကပဲ တရုတ်နိုင်ငံရဲ့ဝင်ပေါက်ကြီးသဖွယ်ဖြစ်နေပါတယ်။ ၁၉၉၀ နောက်ပိုင်းကာလတွေမှာ မြန်မာပြည်အထက်ပိုင်းဒေသနယ်မြေစိုးမိုးရေးကို မြန်မာစစ်အုပ်စုက ဦးစားပေးလုပ်လာတာတွေ၊ လမ်းတံတားတည်ဆောက်မှုတွေ၊နယူးကလီးယားစီမံကိန်း ဖော်ဆောင်မှု တည်နေရာတွေ၊ မေမြို့ဝန်းကျင်ဒေသတွေမှာအာဏာပိုင်များအတွက် အထူးလုံခြုံရေး အိမ်ခြံမြေတည်ဆောက်မှုတွေ၊ စစ်ရေးအချက်အချာကျတဲ့ကျောက်ဂူ- အင်တော နယ်မြေအတွင်းက လှုပ်ရှားစစ်ကြောင်းတွေ၊ နောက်ဆုံး မြို့တော်ကိုနေပြည်တော်ရွှေ့ပြောင်းမှုတွေဟာ တချို့အတိုက်အခံတွေ အဆိုရှိသလို မြန်မာ့အရေးကုလသမဂ္ဂလုံခြုံရေးကောင်စီရောက်သွားလို့ မဟုတ်ပါဘူး။ မရောက်ခင်ကတည်းက ကြိုတင်စီမံထားကြတဲ့ကွင်းဆက်ဖြစ်စဉ်ကြီးဖြစ်ပါတယ်။တခါက ဆောင်းပါးတပုဒ်မှာလဲ ကျွန်မရေးခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အနောက်အုပ်စုက စစ်ရေးအရ၀င်ရောက်ကူညီပေးနိုင်မှုအခွင့်အလမ်း ရလာနိုင်ချေ တစ် ရာခိုင်နှုန်းလောက်သာ ရှိပေမယ့်၊တကယ်ဝင်တော့မယ်ဆိုတဲ့ အချိန်မှာ အမေရိကန်က မြန်မာပြည်အောက်ပိုင်း၊ တရုတ်ကမြန်မာပြည်အထက်ပိုင်း ၀င်လိုက်ရတဲ့ အခြေအနေမျိုးပဲ ဖြစ်လာပါလိမ့်မယ်။ လုံခြုံရေးကောင်စီမှာ ပါဝါရှိတာအမေရိကန်တခုတည်း မဟုတ်ပါဘူး။ အထူးသဖြင့် ဒေသအနေအထားအရ ၀င်ရောက်ရတော့မယ်ဆိုတဲ့အနေအထားမှာ တရုတ်က အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ချလိုက်ပြီး၊ မြန်မာပြည်အထက်ပိုင်းကိုအလွယ်တကူပဲ ၀င်ရောက်ထိန်းချုပ်သွားမှာပါပဲ။ ဒါကလဲ အဆုံးစွန်အနေအထားမှာမှ ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အချက်အချာနိုင်ငံထဲကို အနောက်အုပ်စု မ၀င်လာနိုင်အောင် တရုတ်နိုင်ငံဟာနည်းမျိုးစုံနဲ့ ကြိုတင်ကာကွယ်တားဆီးမှာကတော့ အသေအချာပါပဲ။မြန်မာပြည်နဲ့ ပတ်သက်တဲ့ နောက်ထပ် မဟာဗျူဟာ အချက်အချာနေရာကတော့ အင်ဒိုနီးရှား ဆာဘင်ကျွန်းစုအနီး မြန်မာ့ရေပိုင်နက်ထဲက ဇာဒက်ကြီးကျွန်းဖြစ်ပါတယ်။ ဒီကျွန်းမှာလဲ တရုတ်ရေတပ်ကစစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားရှိထားပါတယ်။ ဒီကိစ္စဟာ အာဆီယံနဲ့အရှေ့တောင်အာရှနိုင်ငံများအတွက် တရုတ်ရဲ့ အနာဂတ် maritime ambitions အပေါ်မှာစိုးရိမ်မကင်းဖြစ်နေရတဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။ ၁၉၈၉ အထိ တရုတ-် မြန်မာ စစ်ရေးဆက်ဆံရေးဟာပူးပေါင်းဆောင်ရက်ွမှု နည်းခ့ေဲ ပမယ့် ၁၉၈၉ ခုနှစ်မှာ ပထမဆုံးမြန်မာစစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့ဘေဂျင်းကို ရောက်သွားစဉ်ကတည်းက စပြီး လက်နက်အရောင်းအ၀ယ်စာချုပ်များသာမက၊မြန်မာစစ်တပ်ကို လေ့ကျင့်ပေးဖို့ သဘောတူညီချက်တွေပါ ရှိထားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့စစ်ဦးစီးကောလိပ်မှာ မြန်မာအရာရှိများအတွက် နေရာပေးထားမှုများပါ ရှိခဲ့ပါတယ်။ စစ်ရေးမှာသာမကယူနန်နယ်နဲ့ ဆက်သွယ်ရေး လွယ်ကူချောမွေ့လာဖို့အတွက် လိုအပ်တဲ့ infrastructureတည်ဆောက်ရေးမှာပါ အကူအညီပေးထားခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်တရုတ်နိုင်ငံဟာ နိုင်ငံတကာ စစ်မျက်နှာမှာ သူ့ရဲ့ strategic interests ကို အကာအကွယ်ပေးနေမှာပဲဆိုတာ အသေအချာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာအတိုက်အခံတွေအနေနဲ့ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုသင့်သလဲ။ ဘာတွေ လုပ်သင့်သလဲ။ တရုတ်ရဲ့ အားကြီးသူဘက်ကထောက်မပေးတတ်တဲ့ မူဝါဒနဲ့ အနောက်အုပ်စုရဲ့ အားနည်းသူဘက်က လိုက်ပါပေးလေ့ရှိတဲ့မူဝါဒနှစ်ခုတို့ရဲ့ အားပြိုင်မှုကို ကနဦးတင်ပြချင်ပါတယ်တရုတ်၏အားကြီးသူဒေါက်တိုင် မူဝါဒနှင့် အနောက်အုပ်စု၏ အားနည်းသူမူဝါဒတို့ အားပြိုင်မှုအာရှရေးရာမှာသာမက အာဏာရှင်နိုင်ငံအများစုမှာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ဒီမိုကရေစီနဲ့လူ့အခငွ့်အရေးကို အားပေးပြီး၊ ပါဝါမရှိတဲ့ ပြည်သူတွေ ဘက်က ရပ်တည်တဲ့ မူဝါဒကို သုံးလေ့ရှိပါတယ်။တရုတ်နိုင်ငံကကျတော့ ပါဝါရှိနေပြီးသား အာဏာရှင်အစိုးရတွေကို ကူညီအားပေးတဲ့ မူဝါဒကိုသုံးလေ့ရှိပါတယ်။ ဒီလိုဖြစ်လာတ့အဲ ခါ အာဏာရှင်အစိုးရတွေက ကျောထောက်နောက်ခံတရုတ်နိုင်ငံရှိလာတ့အဲ တကွ် ပိုမိုရမ်းကားမှုတွေ လုပ်လာတာတွေ ရှိလာပါတယ်။ ဒီကိစ္စကို အနောက်နိုင်ငံနဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေက ကန့်ကွက်အရေးယူမှုတွေ လုပ်လာတဲ့အခါကျတော့ တရုတ်နိုင်ငံကရှေ့ကနေ မားမားမတ်မတ်ရပ်ပြီးပဲဖြစ်ဖြစ်၊ နောက်ကနေ ကြိုးဆွဲလို့ပဲဖြစ်ဖြစ် အကူအညီပေးပါတယ်။တစတစများလာတ့အဲ ခါကျတော့ ကျုံးသွင်းခံလိုက်ရပြီး၊ စီးပွားရေးအရရော၊ အတွေးအခေါ်၊မူဝါဒရေးရာတွေမှာပါ တဖြည်းဖြည်း ၀ါးမျိုခံရတော့တာပါပဲ။တပြိုင်နက်တည်းမှာပဲ ပါဝါမရှိတဲ့ အဖိနှိပ်ခံ တော်လှန်သူတွေကလဲ အမေရိကန်နဲ့ နိုင်ငံတကာကိုအားကိုးရာက တစတစ ကယ်တင်ရှင်လို ထင်မှတ်လာတတ်ကြပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာတဲ့အခါတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဆုံးဖြတ်လုပ်ကိုင်ဖို့ကြိုးပမ်းမှုမရှိတော့ပဲ နိုင်ငံတကာရဲ့ ၀င်ရောက်ကူုညီပေးမှုအပေါ်မှာပဲ အလုံးစုံပုံအပ်လာတာတွေဖြစ်လာတတ်ပါတယ်။ ၂၁ရာစု ကမ္ဘာ့အခြေအနေပြောင်းလဲလာမှုတွေထဲမှာ အရေးပါတဲ့ အချက်တခုဖြစ်တဲ့အကြမ်းဖက်မှုချေမှုန်းရေးကိစ္စကလဲ အတိုက်အခံတွေကို တော်တော်ဂယက်ရိုက်စေလာပါတယ်။လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတိုင်းဟာ အကြမ်းဖက်အဖွဲ့တွေမဟုတ်ပေမယ့် အကြမ်းဖက်အဖွဲ့အစည်းတော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဘ၀ကနေ တိုက်ပွဲကြန့်ကြာမှုအပေါ်မှာ စိတ်မရှည်ဖြစ်မှုတွေ၊ ခံစားချက်ကို ဦးစားပေးရင်း လက်နက်ကိုင်တော်လှန်ရေးနဲ့အကြမ်းဖက်မှုအကြားမှာ တားဆီးထားတဲ့ စည်းတခုဖြစ်တဲ့ အပြစ်မဲ့ပြည်သူအပေါ်တိုက်ခိုက်ခြင်းစည်းကျော်သွားမှုတွေ၊ တခါတရံမှာလဲ ဒီလိုစည်းကျော်မှုဖြစ်အောင် အာဏာရှင်တွေဘက်ကအကောက်ကြံဥာဏ်ဆင်မှုတွေ စတဲ့အချက်တွေကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်အသွင်ကူးပြောင်းသွားတာတွေ ဖြစ်လာတာကြောင့်၊ အနောက်အုပ်စုအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို တရားဝင်အားပေးလို့ မရတာတွေ ဖြစ်လာပြီး၊ အတိုက်အခံတွေအပေါ်မှာထောက်ပံ့ရေးဆိုင်ရာ စည်းဘောင်ကန့်သတ်ချက်တွေ ဖြစ်လာပါတယ်။ဒီလိုနဲ့ နှစ်ဘက်အားကိုးမှုတွေအပေါ် အခြေတည်လာတဲ့ နိုင်ငံရေးဟာ တခါတရံမှာ political deadlockဖြစ်သွားပြီး၊ တခါတရံမှာကျတော့ စစ်ရေး၊ နိုင်ငံရေး ထိုးစစ်တွေနဲ့ ချေမှုန်းခံရတတ်တာတွေ ရှိလာပါတယ်။အဆုံးသတ်တိုက်ပွဲကို နိုင်ငံတကာစစ်မျက်နှာပေါ်မှာပဲ တည်ဆောက်ထားတဲ့ တော်လှန်ရေးတိုင်းဟာအချိန်ကြန့်ကြာမှုရှိသလို ရေရှည်မှာ အားပျော့လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့တကယ်အရေးပေါ်ဖြစ်လာတဲ့အချိန်မျိုးမှာ တော်လှန်ရေးသမားနဲ့ ပြည်သူတွေအတွက် နိုင်ငံတကာအဖွဲ့ အစည်းတေဆွီက ရလာနိုင်တဲ့ ပံ့ပိုးမှုက စတိတ်မင့်တွေနဲ့၊ နိုင်ငံခေါင်းဆောင် မိန့်ခွန်းများ ဖြစ်လေ့ရှိပြီး၊အာဏာရှင်အစိုးရတွေကို တရုတ်နိုင်ငံရဲ့ ထောက်မပေးမှုကကျတော့ အရေးပါတဲ့ အကြံဥာဏ်တွေနဲ့သံတမန်ရေးရာ အကာအကွယ်ပေးမှုတွေ ဖြစ်နေလို့ပါပဲ။ ဒီလိုအခြေအနေမျိုးနဲ့ နိဂုံးချုပ်မခံရလေအောင်အတိုက်အခံတွေဘက်မှာ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ဘာတွေ လုပ်နိုင်သလဲ၊ ဘာတွေ ရှောင်သင့်သလဲအတိုက်အခံတွေ ပြုလုပ်နိုင်တဲ့ အဓိကနည်းတွေကတာ့ နိုင်ငံတကာ စစ်မျက်နှာကိုပြည်တွင်းစစ်မျက်နှာအဖြစ် ပြောင်းလဲနိုင်မှုနဲ့၊ တော်လှန်ရေးနဲ့ အကြမ်းဖက်မှုတို့အကြားက စည်းဘောင်ကိုလုံးဝ မကျော်မိစေအောင် ထိန်းညှိရေးပဲ ဖြစ်ပါတယ်။ အာဏာရှင်ဘက်က ဒီစည်းဘောင်ကျော်အောင်ထောင်ချောက်ဆင်မှုရှိလာတ့အဲ ခါမှာလဲ အတိုက်အခံများနဲ့ လုံးဝ မဆိုင်ကြောင်း ပြန်လှန်ထုတ်ပြန်ကြေညာချက်တွေ ပြုလုပ်ဖို့ လိုအပ်လှပါတယ်။ အတိုက်အခံများအတွင်းက ထုတ်ပြန်ကြေငြာချက်တွေထက်ွပေါ်လာခ့ရဲ င်လဲ အချင်းချင်းပြန်လည်ထိန်းညှိဖို့ လိုအပ်ပါတယ်။ဒီနေရာမှာ အများပြည်သူကို ထိခိုက်ခြင်း ဆိုတာနဲ့ ပတ်သက်ပြီး ထပ်မံ ဆွေးနွေးလိုပါတယ်။ ဒီအချက်ကအကြမ်းဖက်မှုနဲ့ တော်လှန်ရေးကို စည်းခြားထားတဲ့ အရေးအကြီးဆုံး အချက်ပါ။အများပြည်သူသွားလာကျက်စားတ့ေဲ နရာမှာ ဗုံးခွဲခြင်း၊ ဗုံးခွဲမည်ဟု ခြိမ်းချောက်ခြင်း၊ လူထုကိုအထိတ်တလန့်ဖြစ်စေခြင်းတွေက နိုင်ငံတကာ သတ်မှတ်ချက်များအရ အကြမ်းဖက်မှု မြောက်ပါတယ်။လူထုတိုက်ပွဲတွေမှာ အာဏာရှင်တွေဘက်က အကြမ်းဖက်တာကို ပြန်လှန်ခုခံခြင်း၊ အာဏာရှင်ဘက်တော်သားများကို ချေမှုန်းခြင်း၊ လက်နက်ကိုင်တော်လှန်ရေးစစ်မျက်နှာတွေမှာ တပ်စခန်းများကိုတိုက်ခိုက်ခြင်း၊ ရန်သူ့စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ခြင်း စတာတွေကကျတော့ အကြမ်းဖက်မှုမမြောက်ပါဘူး။ ဒါက တော်လှန်ရေး လုပ်တာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတိုင်း ငြိမ်းချမ်းစွာနဲ့အောင်ပွဲရချင်မှ ရပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲပေါင်းစပ်မှ အောင်မြင်တာတွေလဲရှိပါတယ်။အရေးကြီးဆုံးက လက်နက်ကိုင်တော်လှန်ရေးစည်းကနေ အကြမ်းဖက်မှုဆီကို ဦးမတည်သွားမိစေဖို့နဲ့ဦးတည်အောင် အာဏာရှင်တွေဘက်က ထောင်ချောက်ဆင်မှုတွေမှာ မျောမပါသွားဖို့ပဲ ဖြစ်ပါတယ်။အခုလတ်တလောဖြစ်ခ့တဲ့ဲ တမီးလ်အရေးမှာ ဖိနှိပ်ခံရသူတွေ လူမျိုးစုတွေဘက်က ဖိနှိပ်သူတွေကိုတော်လှန်တဲ့ တော်လှန်ရေးအသင်ွနဲ့ အစပြုခဲ့တာဖြစ်ပေမယ့် ဒီစည်းဘောင်ကို ကျော်လွန်သွားတာကြောင့်အမှန်က အမှားဖြစ်ပြီး၊ အလုံးစုံ စစ်ပွဲအသွင်နဲ့ ချေမှုန်းခံလိုက်ရတာ ဖြစ်ပါတယ်။ ခေါင်းဆောင်များရဲ့အမြော်အမြင်ကြီးမှုနဲ့ စိတ်ခံစားမှုကို ဦးစားမပေးပဲ သုံးသပ်ဆုံးဖြတ်ချက် မှန်ကန်မှုတွေကတော်လှန်ရေးတိုင်းရဲ့ အဓိက သော့ချက်တွေပဲဖြစ်ပါတယ်။မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ မြန်မာ့အရေးမှာ အတိုက်အခံတွေဘက်က strategicfailure တွေ ရှိနေပါတယ်။ အဆိုးဆုံးအချက်ကတော့ တစုံတရာ နိုင်ငံရေးပြောင်းလဲမှုတွေဖြစ်လာတိုင်းအမေရိကန်နဲ့ အနောက်အုပ်စုကို အားကိုးတကြီး ပြေးတွယ်ပြီး၊ လုံခြုံရေးကောင်စီမှာ ပြဿနာဖြေရှင်းဖို့လုပ်တဲ့ ဗျူဟာကိုသာ အဓိကထားလုပ်ဆောင်နေခြင်းပါပဲ။
Photobucket
ဒီလိုလုပ်တဲ့အခါတိုင်း အနောက်အုပ်စုကစတိတ်မင့်တွေထုတ်တာ၊ နိုင်ငံခေါင်းဆောင်တွေက မြန်မာစစ်အုပ်စုကို သတိပေးပြောကြားတာ၊ ပြင်းထန်တဲ့အရေးယူမှုတွေလုပ်မယ်လို့ ခြိမ်းချောက်ပြီး တကယ်တမ်းကျတော့ မဟာဗျူဟာ လိုအပ်ချက်ခုအနေနဲ့သာအရေးကြီးပြီး၊ အဆုံးသတ်တိုက်ပွဲအတွက် လက်တွေ့မှာ အသုံးမ၀င်တဲ့ unilateral economic sanctionချမှတ်တာတွေလုပ်ပြပြီး ကူညီပေးပါတယ်။ တခါတရံမှာလဲ လုံခြုံရေးကောင်စီရောက်သွားလိုက်၊ တရုတ်နဲ့ရုရှားက ကန့်ကွက်လိုက်နဲ့ လုံးချာလည်သံသရာလည်နေတတ်ပါသေးတယ်။အင်အားနည်းသူတို့ ထုံးစံအတိုင်း အရေးကြီးလာတဲ့အခါမှာ အင်အားကြီးသူဆီ ပြေးတွယ်တတ်တာအပြစ်မဟုတ်ပါ။ စစ်မဟာဗျူဟာလေ့လာရေးလောကမှာတော့ ဒါကို comfort blanket လို့သုံးနှုန်းကြပါတယ်။ လူတွေ၊ အဖွဲ့တွေ အသာထားလို့ နိုင်ငံတော်အဆင့်တွေမှာတောင် အင်အားနည်းနိုင်ငံတွေက အင်အားကြီးနိုင်ငံတွေရဲ့ စောင့်ရှောက်ပေးမှု၊ ဒါမှမဟုတ် အမှန်တကယ်စောင့်ရှောက်ပေးတာမဟုတ်တောင်မှ သူတို့ umbrella အောက်ဝင်ရောက်ပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတည်ဆောက်မှုတွေရှိတတ်ပါတယ်။ ဒါပေမယ့်လဲ တကယ့်လက်တွေ့ နိုင်ငံရေး၊ စစ်ရေးတွေမှာ စိတ်ပိုင်းဆိုင်ရာလုံခြုံရေးတခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ ကိုယ်အားကိုးသူဟာ အားကိုးရလောက်ရဲ့လားဆိုတာပြန်လှန်သုံးသပ်မှုလဲ လုပ်ဖို့ လိုပါသေးတယ်။ နောက်တခါ နေရာတိုင်းမှာ သူများကိုပဲ အားကိုးနေလို့လဲအကျိုးမရှိပါဘူး။ အသက်အရွယ်အရ၊ အချိန်အခါအရ ကိုယ့်ဘာသာ လုပ်နိုင်တာလေးတွေလဲလုပ်ရပါသေးတယ်။ဥပမာ- လမ်းပေါ်သွားရင်း ခွေးလိုက်ဆွဲခံရလို့ သုံးနှစ်အရွယ်ကလေးငယ်လေးက သူ့အမေဆီ ခြေကားရား၊လက်ကားရားလေးနဲ့ ပြန်ပြေးလာတဲ့ ပုံက လူမြင်လို့ကောင်းပါတယ်။ မိခင်ကလဲ အားကိုးခံရသူပီပီသားငယ်လေးကို ရင်ခွင်ထဲပွေ့ပြီး၊ ကျောလေးသပ်ပေး၊ ကြောက်စိတ်လေး ပြေအောင်လုပ်ပေး၊လိုက်တ့ေဲ ခွးကို ဟန့်ပေး၊ ခေွး ပိုင်ရှင်တေကွို ကိုယ့်ခွေးကိုယ် ဂရုတစိုက်ထိန်းဖို့ သွားပြောပေး လုပ်ရတာပါပဲ။ဒါပေမယ့် အသက်သုံးဆယ်အရွယ် ယောက်ျားရင့်မာကြီးက အသက်ခုနစ်ဆယ်အရွယ် အမေအိုကြီးဆီခွေးလိုက်ခံရလို့ ဆိုပြီး ခြေကားရား၊ လက်ကားရား ပြေးလာပုံကြီးဆိုရင်တော့ လူမြင်လို့လဲ မကောင်းပါဘူး။အမေများရဲ့ ထုံးစံအတိုင်း ဖြေသိမ့်မှုတော့ လုပ်ပေးရမှာအမှန်ပါပဲ။ ဒါပေမယ့်လဲ နေ့စဉ်နေ့တိုင်းမျက်နှာကြီးကိုမဲ့၊ ငိုယိုအော်ဟစ်ပြီး - အမေရေ- ကယ်ပါဦး လုပ်နေရင်- အဲဒီအမေ မပြောနဲ့။ ဘေးကလူတောင် နားငြီးလာမှာတော့ အမှန်ပါပဲ။ တခါတရံမှာ ကိုယ်ပိုင်အတွေ့အကြုံအရ၊ ရင့်ကျက်မှုအရကိုယ့်ဘာသာကိုယ် စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်လုပ်ကိုင်ဖို့ လိုအပ်တာတွေလဲ အများကြီး ရှိပါတယ်။အရွယ်ရောက်နေပြီး လူတယောက်ဟာ ဒီခွေးတကောင်ရဲ့ ထိခိုက်နိုင်ရည်စွမ်းကို တွက်ချက်နိုင်စွမ်းရှိရပါမယ်။ အများကို ထိခိုက်လာပြီဆိုရင် အများကို စည်းရုံးပြီး ဘယ်လိုနှိမ်နင်းမလဲဆိုတာ စုပေါင်းတိုင်ပင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေရတော့မှာဖြစ်ပါတယ်။ ထစ်ခနဲရှိတိုင်း- အမေရယ်- ကယ်ပါဦးစိတ်ဓာတ်ဟာ ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။ဒီဥပမာလိုပါပဲ။ ကျွန်မတို့အတိုက်အခံတွေဟာလဲ နှစ်နှစ်ဆယ်ကျော်ကာလမှာ နိုင်ငံရေးရင့်ကျက်မှုနဲ့အတွေးအခေါ်မြင့်မားမှုတွေ ရှိလာသင့်တဲ့ အချိန်တန်နေပြီဖြစ်ပါတယ်။ ရန်နိုင်ငံ၊ မိတ်နိုင်ငံတွေရဲ့ ပေါ်လစီအသွားအလာ၊ မဟာဗျူဟာ အခင်းအကျင်းတွေကို မှန်မှန်ကန်ကန်သုံးသပ်နိုင်မိဖို့ အတွက်ကလဲနှစ်နှစ်ဆယ်ဆိုတ့အဲ ချိန်ဟာ များတောင်များနေပါသေးတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ The Use ofForce ဆိုင်ရာ ကန့်သတ်ချက်တွေ၊ ပြဿနာတွေကလဲ လယ်ပြင်မှာဆင်သွားပြသလို ထင်ရှားနေပြီးသားဖြစ်ပါတယ်။ နိုင်ငံရေးဦးတည်ချက်လမ်းကြောင်းတွေကို ကွေ့ကွေ့ကောက်ကောက်တွေ လုပ်ပြမနေပဲ၊မျှော်လင့်ချက်အတုတွေ ပေးမနေပဲ ရိုးရိုးသားသားနဲ့ အမှန်တရားကို ခင်းကျင်းပြပြီး၊ ပူးပေါင်းဖို့အဆိုရှိလိုက်တာနဲ့ ဘာလုပ်ရမလဲဆိုတာ ပြောစရာ မလိုတော့တဲ့ စစ်မှန်တဲ့ အင်အားကလဲရှိနေပြီးသားဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာမှ -ခွင့်သာတုန်းမှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးရဲ့လား - လို့ ဆိုရတော့ မလောက်အောင် ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ strategic failure တွေကိုမပြုပြင်ရင် နောင်တချိန်မှာ နောင်တရစရာတွေ အများကြီး ကြုံလာရပါလိမ့်မယ်။ နိုင်ငံတကာဖိအားကိုမထိရောက်ဘူးလို့ ကျွန်မဆိုလိုတာမဟုတ်ပါဘူး။ အဆုံးသတ်အောင်ပွဲရအောင် အထောက်အပံ့လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ အမှန်တရားကိုပဲ ပြောနေတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အောင်ပွဲအလံစိုက်ထူရမယ့် နေရာဟာ နိုင်ငံတကာ စစ်မျက်နှာ မဟုတ်လို့ပါပဲ။နောက်ထပ်အရေးကြီးတဲ့ strategic failure တခုကိုလဲ ထည့်သွင်းပြောကြားချင်ပါတယ်။ အဲဒါကတော့ရန်သူ့မိတ်ဆွေ ကိုယ့်ရန်သူ လုပ်နေကြတဲ့ ကိစ္စပါ။ တရုတ်နိုင်ငံဟာ မြန်မာ စစ်အုပ်စုကို လူပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးလွန်းလို့ အားပေးကူညီနေတာ မဟုတ်ပါဘူး။ အခုနေများ မြန်မာအတိုက်အခံက အနိုင်ရခဲ့ပြီး၊နိုင်ငံတကာခုံရုံးမှာ စစ်အာဏာရှင်တွေကို တရားစွဲခဲ့ရင် သူ့နိုင်ငံထဲ ခိုအောင်းနေတာဆိုရင်တောင်အလွယ်တကူ ထုတ်ပေးမှာပါပဲ။ မြန်မာစစ်အုပ်စုကို တရုတ်နိုင်ငံ အကာအကွယ်ပေးနေမှုကမြန်မာစစ်အာဏာရှင်တွေဘက်မှာ နိုင်ငံရေးချိန်ခွင်လျှာ အလေးသာနေလို့ ဖြစ်ပါတယ်။ ပါဝါရှိတဲ့ဘက်ကိုအားပေးကူညီတာက တရုတ်ရဲ့ နိုင်ငံရေးလုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပါဝါဆိုတာကရောင်တော်ပြန်နဲ့ ရောလွှတ်ပြီး ရှိတဲ့ ပါဝါကို ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာပြည်သူလူထုရဲ့ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ ပါဝါကို ဆိုလိုတာ ဖြစ်ပါတယ်။မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရယ်ကယ်ပါ- အီးယူရယ်ကယ်ပါ လုပ်နေသ၍ ကတော့ တရုတ်ကဒါကို စစ်မှန်တဲ့ လူထုပါဝါလို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါတွေမပါပဲ လူထုတိုက်ပွဲကို စနစ်တကျအကောင်အထည်ဖော်မှုကနေ နိုင်ငံရေးချိန်ခွင်လျှာ လူထုဘက် အလေးသာလာချိန်မှာ တရုတ်ဘက်ကdeal တွေ အလိုအလျောက်ပေါ်လာပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပဲ အမေရိကန်နဲ့ အနောက်အုပ်စုကစစ်ရေးအရ ၀င်ရောက်ကူညီပါ၊ ပိုမိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုလုပ်ပေးပါ၊ လုံခြုံရေးကောင်စီကအရေးယူပေးပါလို့ စကားတခွန်း ဆိုလိုက်တိုင်းမှာ မြန်မာစစ်အုပ်စုကို တကယ်ဖိအားပေးနိုင်သလား၊မပေးနိုင်ဘူးလားဆိုတာ သေချာ မသိနိုင်ပေမယ့်၊ သေချာတာကတော့ တရုတ်နိုင်ငံရဲ့ strategic interestsကို တခါခြိမ်းချောက်လိုက်သလို ဖြစ်နေတယ်ဆိုတာပါပဲ။ အဲဒီအခါတိုင်း တရုတ်မှာ ရွေးစရာ လမ်းမရှိတော့ပဲမြန်မာစစ်အုပ်စုကိုသာ မျက်စိမှိတ်အကာအကွယ်ပေးဖို့ တလမ်းသာ ကျန်သလို ဖြစ်ဖြစ်သွားပါတော့တယ်။တခါတရံ တရုတ်နိုင်ငံက မဟာဗျူဟာ လေ့လာသူတွေအတွက် မျက်စိဆံပင်မွှေးစူးစရာ ကိစ္စတွေကလဲပေါ်လာတတ်ပါသေးတယ်။ မြန်မာ့နိုင်ငံရေးဖိအားအတွက် ဘယ်လိုမှ အသုံးမ၀င်နိုင်တဲ့ ဘေးဂျင်းအိုလံပစ်သပိတ်မှောက်တဲ့ ကိစ္စတွေ၊ တိဘက်အရေးလှုပ်ရှားသူများနဲ့ ပူးပေါင်းအင်အားပြမှုတွေ၊တမီးလ်ပျောက်ကျားတွေနဲ့ ပူးတွဲအင်အားပြမှုတွေ၊ တရုတ်ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ပူးပေါင်းလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရလာပြီးရင်တောင် အင်အားကြီးတရုတ်နိုင်ငံ၊ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရဲ့ ပြည်တွင်းရေးကို ၀င်ရောက်ပြောဆိုနိုင်တဲ့ အဆင့်ဖြစ်လာဖို့နှစ်ပေါင်းများစွာ တည်ဆောက်ရဦးမှာ ဖြစ်ပါတယ်။ ရန်သူ့မိတ်ဆွေ- တိုဲ့ရန်သူ၊ ရန်သူ့ရန်သူ-တို့မိတ်ဆေဆွိုတဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ ရပ်ကွက်ထဲမှာ လုပ်လို့ရပေမယ့် နိုင်ငံတော်အဆင့်မှာလုပ်လို့မရပါဘူး။ အင်အားကြီးမားတဲ့ နိုင်ငံကြီးတွေအောင် double-edged policy တွေ သုံးသင့်တဲ့အခါမှာသုံးကြရပါတယ်။ဒီလို ကျွန်မဆိုတော့ မေးတတ်သူတွေ ရှိပါတယ်။ တရုတ်နိုင်ငံကိုများ ဂရုစိုက်စရာလားလို့ ဆိုလာသူတွေရှိပါတယ်။ မြန်မာနိုင်ငံကြီးကို မြေပုံထဲမှာ ဖြတ်တောက်လို့ရသလို ဖြတ်တောက်ခွာယူပြီး၊ အမေရိကန်နိုင်ငံ၊အီးယူနိုင်ငံတွေဘေးမှာ သွားကပ်လို့ရရင်တော့ ဂရုစိုက်စရာ လုံးဝမလိုတာ အမှန်ပါပဲ။ ဒါပေမယ့်လက်တွေ့မှာ ဒီလို မဖြစ်နိုင်တာမို့ ဒီမိုကရေစီရပြီးခဲ့ရင်တောင် အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ သင့်လျော်တဲ့သံတမန်ဆက်သွယ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်ရေးရာ စတာတွေမှာ မလွဲမသွေပတ်သက်ရမှာ ဖြစ်တ့အဲ တကွ် လုံးဝဂရုမစိုက်လို့ မရတာကတော့ အသေအချာပါပဲ။ ဒါကြောင့်တချိန်သံတမန်ဆက်ဆံရေးမှာ ရှုပ်ထွေးနိုင်မယ့် ကိစ္စတွေကို ကြိုတင်လမ်းမခင်းထားတာအကောင်းဆုံးပဲဖြစ်ပါတယ်။ အားမပေးရလို့ ဆိုလိုတာမဟုတ်ပါ။ လူတိုင်းလွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့်ရှိပါတယ်။ အားပေးပုံ၊ အားပေးနည်းမှာကတော့ လိမ်မာပါးနပ်ရမှာ ဖြစ်ပါတယ်။၂၀၀၈ တိဘက်အရေးမှာတုန်းက ဗြိတိန်ဝန်ကြီးချုပ်ကို မီဒီယာက မေးပါတယ်။ တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဘယ်လို အရေးယူမှာလဲ ဆိုတော့ ကုန်သွယ်မှုများများလုပ်လေလေ၊ ဒီလိုချိုးဖောက်နိုင်မှုတွေ လျော့လာလေလေ ဖြစ်လာမှာပါလို့ ဆိုပါတယ်။ဒီလိုဆိုလိုက်လို့ ဗြိတိန်နိုင်ငံဟာ တိဘက်အရေးအပါအ၀င် လူ့အခွင့်အရေးရေးရာတွေကို မထောက်ခံတာလားဆိုတော့ မဟုတ်ပါဘူး။ မြန်မာ့ရေးရာတွေအပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေးတိုးမြှင့်ရေးတွေမှာ ဗြိတိန်နိုင်ငံဟာ ရှေ့တန်းက ဦးဆောင်ပါဝင်နေတဲ့ နိုင်ငံပါ။ ဒါပေမယ့် တရုတ်နိုင်ငံနဲ့နှစ်နိုင်ငံ ကုန်သွယ်မှုကြောင့် နှစ်ဦးနှစ်ဘက် အကျိုးအမြတ်တွေ ရှိနေပါတယ်။ နောက်တချက်က ၂၀၀၃ခုနှစ်အတငွ်းမှာ သဘောတူညီခ့တဲ့ဲ အီးယူနဲ့ တရုတ်နိုင်ငံတို့အကြားက strategic partnership အရဥရောပဟာ တရုတ်နိုင်ငံကို failed state အဖြစ်မခံဖို့ သဘောထားရှိပါတယ်။ တရုတ်နိုင်ငံရဲ့ soft powerတိုးမြင့်လာမှုနဲ့ civil society အားကောင်းလာမှုတွေဟာ တရုတ်နိုင်ငံရဲ့ aggressive behavior ကို ပြန်ပြီးထိန်းချုပ်သွားနိုင်လိမ့်မယ်လို့ အီးယူက မဟာဗျူဟာကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဒါကြောင့်လဲဗြိတိန်ဝန်ကြီးချုပ်က လိမ္မာပါးနပ်စွာ စကားသုံးနှုန်းသွားတာပါ။ဒါကြောင့် ကျွန်မတို့ အတိုက်အခံတွေလဲ တချို့သော အကြောင်းအရာတွေမှာ တရုတ်နဲ့ထိပ်တိုက်ဖြစ်စေတာတွေ ရှိရင် ရှောင်ကွင်းပြီး၊ လိမ္မာပါးနပ်စွာ ကျင့်သုံးဖို့ အချိန်အခါရဲ့ တောင်းဆိုမှုအရကျွန်မတိုက်တွန်းပြောကြားနေတာ ဖြစ်ပါတယ်။နိဂုံးနိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ တရုတ်ဘက်ကနေ ရေးသားထားတာမဟုတ်သလို၊အနောက်အုပ်စုဘက်ကနေ ရေးသားထားတာလဲ မဟုတ်ပါဘူး။ Pro-American မဟုတ်သလို Pro-Chineseလဲ မဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ အာရှရေးရာ၊ မြန်မာ့ရေးရာတွေနဲ့ ပတ်သက်တာတွေကို မဟာဗျူဟာရှုထောင့်ကနေ ရှုမြင်သုံးသပ်ချက်သာဖြစ်ပါတယ်။ မြန်မာအတိုက်အခံတွေအနေနဲ့ ရေကြောမရှိတဲ့နေရာမှာအချိန်ကုန်ခံပြီး၊ အမောခံပြီး အ၀ီစိတွင်းတူးနေကြတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီမို့ ကြာရင်လူပမ်းစိတ်မောနဲ့ လုံးပါးပါးပြီး၊ ရေမထွက်တဲ့ တွင်းထဲ ပြုတ်ကျသွားမှာကို စိုးရိမ်တဲ့အတွက်သတိပေးပြောကြားချက်များသာဖြစ်ပါတယ်။ ဘယ်လိုမှ ရှောင်လွှဲမရတော့တဲ့ နိုင်ငံတော်တည်နေရာအနေအထားမှာ လိမ္မာပါးနပ်စွာနဲ့ ရှောင်သင့်တာကို ရှောင်ပြီး၊ လုပ်သင့်တာကို လုပ်ဖို့တိုက်တွန်းရေးသားချက်များသာ ဖြစ်ပါတယ်။ နိုင်ငံတကာ စစ်မျက်နှာမှာ အလုံးစုံပုံအပ်ထားတဲ့မဟာဗျူဟာတွေကို ပြန်လှန်သုံးသပ်ပြီး၊ ပြည်တွင်းစစ်မျက်နှာနဲ့ လူထုတိုက်ပွဲကို ဦးတည်ရတော့မယ့်အချိန်က တန်ရုံတင်မက လွန်ကို လွန်နေပြီဖြစ်ပါတယ်။ တဦးတယောက်၊ တဖွဲ့တည်းက လုပ်ဆောင်လို့ရတာ မဟုတ်ပဲ အားလုံး မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်မှု လုပ်ရတော့မယ့်အနေအထားကိုရောက်နေပြီဖြစ်ပါတယ်။တယောက်တပေါက် ဗျူဟာတွေ ချနေရမယ့် အချိန်လဲမဟုတ်တော့ပါဘူး။ တယောက်က တရုတ်နဲ့ dealလုပ်ဖို့ ကြိုးစားချိန်မှာ နောက်တယောက်က အမေရိကန်ကယ်ပါ သွားလုပ်ပြီး ယုံကြည်မှုတည်ဆောက်လို့လဲ မဖြစ်နိုင်ပါဘူး။ တယောက်က လူထုတိုက်ပွဲ ခေါ်တုန်းမှာ နောက်တယောက်က အခုပဲယူအင်က အရေးထယူတော့မယောင် ပြောလိုက်ပြန်ရင်လဲ လူထုရဲ့ နိုင်ငံရေး ရေချိန်ကပြန်ကျသွားတတ်ပါတယ်။ တယောက်က လိုအပ်ရင် မိမိကိုယ်ကို ခုခံကာကွယ်ရမယ်ဆိုချိန်မှာနောက်တယောက်က ငြိမ်းချမ်းစွာပဲနေရမယ်၊ ပြန်မခုခံရဘူးဆိုပြန်ရင်လဲ လူတွေက ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ တယောက်က ချဟ့လဲို့ ဆိုနေချိန်မှာ နောက်တယောက်က မချနဲ့၊ တောင်းပန်ပြီးတောင်းခံလိုက် လုပ်နေလို့ကလဲ မဖြစ်ပြန်ပါဘူး။ ဟိုကွေ့၊ ဟိုတက်နဲ့ လှော်၊ ဒီကွေ့ဒီတက်နဲ့ လှော်ဆိုပြီးရှေ့က ညာကွေ့ဖို့လုပ်၊ နောက်က ဘယ်ကွေ့ဖို့လုပ်၊ အလယ်က လှေဝမ်းဗိုက်ဖောက် လုပ်နေလို့လဲမရပါဘူး။ အကုန်လုံးစုန်းစုန်းမြှုပ်ကုန်ပါလိမ့်မယ်။ဒါကြောင့် ပုဂ္ဂိုလ်ရေးတွေ ရှေ့တန်းတင်ကြ၊ ဆရာတပည့်တွေမွေးကြ၊ ခေါင်းဆောင်နောက်လိုက်တွေ ရွေးကြ၊သူဘာလဲ၊ ငါဘာလဲတွေ လက်မထောင်ကြလုပ်နေကြမယ့်အစား၊ သွေးစည်းညီညွတ်မှုအဆင့်မဟုတ်ရင်တောင် မဟာဗျူဟာအရ ပေါင်းစည်းမှု အဆင့်ကိုတော့ အနိမ့်ဆုံးထား တည်ဆောက်ဖို့လိုအပ်နေပြီဖြစ်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ပါတယ်။(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒအထူးပြုဘောဂဗေဒ မဟာဝိဇ္ဖာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေးပညာ မဟာသိပ္ပံဘွဲ့များ ရရှိထားပြီး၊အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုနှိမ်နင်းရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ လေ့လာသူသုတေသီတဦး ဖြစ်ပါသည်)ရည်ညွှန်းကိုးကား-Chang, F. (2001) 'Chinese Energy and Asian Security;, Orbis, 45 (2)Dreyer, J. T. (2007) 'China's Power and Will: The PRC's Military Strength and Grand Strategy', Orbis, Fall 2007Dibb, P. (1995) Towards a New Balance of Power in Asia, Adelphi Paper 295Erickson, A. & Collins, G. (2007) 'Beijing's Energy Security Strategy', Orbis, Fall 2007Fravel, M. (2008) 'China's Search for Military Power', Washington Quarterly, 31 (3)Grant, R. (1994) 'China and its Asian neighbours', Washington Quarterly, 17 (1)Hale, D. & Hale, L. (2003) 'China Takes off', Foreign Affairs, 82 (6)International Energy Agency (2000) China's worldwide Quest for Energy securityJaffe, A. & Lewis, S. (2002) 'Beijing's Oil Diplomacy', Survival, 44 (1)Kim, S. (1998) 'The South China Sea in China's strategic thinking', Contemporary Southeast Asia, 19 (4)Lei, D. (2008) 'China Multi-Faceted Maritime Strategy', Orbis, 53 (1)Malik, J. (1997) 'Myanmar's Role in Regional Security: Pawn or Pivot', Contemporary Southeast Asia, 19 (1)Muni, S. (2002) 'China's strategic engagement with the New ASEAN, an exploratory study of China's post-coldWar Political, Strategic and Economic Relations with Myanmar, Laos, Cambodia and Vietnam, Institute ofDefence and Strategic Studies, IDSS, Monograph, No. 2, SingaporeMedeiros, E. & Fravel, M (2003) 'China's New Diplomacy', Foreign Affairs, 82 (6)Menges, C. (2003) 'China: Its Geostrategy and energy needs', Testimony presented to the US-China Economicand Security Review CommissionManning, R. (2000) The Asian Energy Factor, New York, PolygravePeople's Republic of China, State Council, Report on National Defence, 2002Roy, D. (1995) 'Assessing the Asia-Pacific Power Vacuum', Survival, 37 (3)Shambaugh, D. (ed.) (2006) Power Shift: China and Asia's New DynamicsShambaugh, D. (2005) 'The New Strategic Triangle: US and European Relations to China's Rise', WashingtonQuarterly, 28 (3)Seekins, D. (1997) 'Burma- China Relations: Playing with Fire', Asian Survey, 37 (6)Sutter, R. (2003) 'Why does China Matter', Washington Quarterly, 27 (1)Segal, G. (1994) 'China changes Shape: Regionalism and Foreign Policy', Adelphi paper 287Valencia, M. (1995) 'China and the South China sea disputes, Adelphi paper 298Yoshihara, T. & Holmes, J. (2008) 'China's Energy- Driven Soft Power', Orbis, 53 (1)

အမှောင်ရိပ်သန်း နေသည့် မြန်မာ့နိုင်ငံရေး

နိုင်လင်းအောင်
မေလ ၂၈ရက်၊ ၂၀၀၉
အဆုံး၏ အစလား
ရန်ကုန်မြို့တွင် သာမက မြန်မာနှင့် နိုင်ငံတကာ မှာပါ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင်ရှေ့ ဖြတ်သန်းသွားသည့်လမ်း တလျှောက် လုံထိန်းကားများ၊ စွမ်းအားရှင်ခေါ် နေ့စား လက်မရွံ့များကို တင်ဆောင်ထားသည့် ဒိုင်နာ ဘတ်စကားများ ၀င်လိုက်ထွက်လိုက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများ၊ အန်အယ်လ်ဒီ ပါတီဝင်များနှင့် မီဒီယာသမားများကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိ ကြသည်။
မြန်မာနိုင်ငံရေး နှင့် ပတ်သက်သည့် ထင်ရှားသည့် အဖြစ်အပျက်များ ဖြစ်ပျက်လေ့ရှိသည့် မေလ၏ တတိယ သီတင်းပတ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင်ပြီဟု ကြားသိရသည်နှင့် လူထုအများက မြင်တွေ့ရရန် မသေချာသော်လည်း ဒေါ်အောင်ဆန်းစုကြည် သတင်းကြားလို၍ သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ပြသရန်သော်လည်းကောင်း အင်းစိန်ထောင်ဗူးဝ ရှေ့သို့ လာရောက်စုရုံးခဲ့ကြသည်။
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ မစန်းစန်းအေးသည်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်သူ တဦးဖြစ်ပြီး ယခု အဖြစ်အပျက် ဖြစ်ပျက်လျက်ရှိသည့် အခါအင်းစိန်ထောင်ရှေ့သို့ သွားရောက်ကြည့် ရှုချင်ပြီး ဒေါ်စုကို ထောက်ခံကြောင်းလည်း ပြသလိုသည့် အတွက် ထိုနေရာသို့ သွားရောက်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုနေရာ တ၀ိုက်သို့ လာရောက်သည့် သူများအား အနီးကပ် စောင့်ကြည့်နေသည့် အရပ်ဝတ်ရဲများ၊ သတင်းပေးများရှိနေသည့် ဆိုသည့် သတင်းများကိုလည်း ပြည်ပမှ လွှင့်ထုတ်သည့် မြန်မာဘာသာ ရေဒီယိုများမှ ကြားသိရသည့် အတွက် ဈေးဆွဲခြင်း တလုံးကိုယူပြီး အင်းစိန်ဈေးသို့ ထွက်လာခဲ့သည်။
ပိတ်ဆို့ ခြိမ်းခြောက် အင်အားသုံး
အင်းစိန်ဈေးသို့ မရောက်မီ ပိတ်ဆို့ထားသည့် နေရာမှ လမ်းဆင်းလျှောက်ရပြီး ဈေးဘက်သို့ သွားရန် ရပ်ကွက်အတွင်း လမ်းကြိုလမ်းကြားမှ ဖြတ်သန်းသွားရမည် ဖြစ်၍ အနီးအနားရှိ ဆိုက်ကားတစီးကို ဈေးသို့ လိုက်ပို့ပေးရန် ငှားလိုက်သည်။ ဆိုက်ကားဆရာက မျက်နှာစိမ်းလည်း ဖြစ်သောကြောင့် ဘယ်မှာနေလဲ၊ ဘာလို့ ဒီဈေးကိုလာရတာလဲ စသဖြင့် သာမန်မေးလေ့မရှိသည့် မေးခွန်းများကို ပါ မေးမြန်းခြင်း ခံလိုက်ရသည်။ ဆိုက်ကားသမား တယောက်အနေဖြင့် ခရီးသည်ကို အလ္လာပ သလ္လာပ ပြောဆိုသည့် သဘောထက် ကျော်လွန်ကာ စပ်စု သိရှိလိုသည့် မေးခွန်းများဖြင့် မေးမြန်းလာ နေသဖြင့် ထိုပတ်ဝန်းကျင်တွင် ရဲများ၊ ရဲသတင်းပေးများ မည်မျှချထားကြောင်း မစန်းစန်းအေး ကိုယ်တိုင် ခံစားနားလည် လိုက်ရသည်။
ထိုအင်းစိန်ထောင် ဗူးဝရှေ့ ၀န်းကျင်တွင် နအဖ စစ်အစိုးရ၏ နေ့စား စွမ်းအားရှင်များ၊ လုံထိန်းရဲများ၊ အရပ်ဝတ်ရဲများ၊ ယူနီဖောင်းဝတ်ရဲများ ရာဂဏန်းနှင့်ချီချထားလျက် ရှိပြီး ဦးဝင်းတင် အပါအ၀င် အန်အယ်လ်ဒီထောက်ခံသူများမှာ နှစ်ဆယ်ကျော် သုံးဆယ်မျှသာ ရှိသည်။ ထိုအတွက် လူစိမ်းတယောက် ၀င်လာလျင် ဒါဇင်မျှမကသော မျက်လုံးများက လိုက်လံ စောင့်ကြည့်နေပြီး မသင်္ကာလျင် နောက်ယောင်ခံ လိုက်လာလေ့လည်း ရှိသည်။

ရန်ကုန် မြို့ခံတို့ရဲ့ အသံနှင့် ခံစားမှု
အမေရိကန် နိုင်ငံသားတဦး ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရေကူးပြီး ၀င်ရောက်သွားခဲ့သည် ဆိုသည့် သတင်းကို နအဖ သတင်းစာများတွင် ဖတ်ရှုရစဉ်က ထိုအဖြစ်အပျက်သည် ဒေါ်စု၏ နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမည့် ကိစ္စနှင့် ပတ်သက်လာလိမ့်မည် ဟုမည်သူ တဦးတယောက်ကမှ မထင်မှတ် ထားခဲ့ကြပေ။ သို့ရာတွင် ထိုအဖြစ်အပျက် ဖြစ်ပျက်ပြီး ရက်ပိုင်းအကြာတွင် ဒေါ်စုကို တရားစွဲဆိုမည်၊ အင်းစိန်ထောင် ခေါ်ထုတ်သွားပြီ ဆိုသည့် သတင်းများ ထွက်ပေါ်လာသည့်အခါတွင် စစ်အစိုးရ၏ အကြံကုန်နေသည့် အဖြစ်ကို သိရပြီး ရန်ကုန်မြို့ခံများမှာ စိတ်ဆိုး ဒေါသထွက်ခဲ့ကြသည်။
ကိုယ်ပိုင် စီးပွားရေးလုပ်ကိုင်နေသည့် ကုန်သည်များ၊ လဘက်ရည်ဆိုင်ပိုင်ရှင်များ၊ အငှားကားမောင်းသူများ အပါအ၀င် ရန်ကုန်မြို့ခံ အားလုံးနီးပါး ယခု အမှုကို စိတ်ဝင်တစားနားစွင့်လျက် ရှိနေကြသည်။ နံနက်စောစော၊ ညနေမှောင်ရီပျိုးပျ မြန်မာပိုင်းရေဒီယိုများ အသံလွှင့်ချိန်တွင် လှိုင်းတိုရေဒီယိုများကို သွားလေရာ သယ်ဆောင်ကာ နားထောင်လျက်ရှိသည်ကို တွေ့ရသည်။ လူထုမှာ မေလကုန်မှာ ဒေါ်စုလွတ်မြောက်လာမည် ဟုမမျှော်လင့်ထားကြသော်လည်း ယခုအဖြစ်လိုမျိုး မဆီမဆိုင်သည့် အမှုနှင့် ဒေါ်စုကို တရားစွဲကာ အင်းစိန်ထောင်သို့ ပို့လိမ့်မည် ဟူ၍မည်သူကမှ ထင်မှတ်မထားခဲ့ကြ။
ဆိပ်ကမ်းသာလမ်းမှ ကွန်ပျူတာ ပစ္စည်းရောင်းသူ အမျိုးသမီး တဦးက``ဒီလိုလုပ်တာကတော့ တော်တော်ကို ဗြောင်ကျလွန်းပါတယ်၊ ဖမ်းထားတာကိုက မတရားတဲ့အပြင်၊ အဖမ်းခံနေရတဲ့သူကို ဥပဒေချိုးဖေါက်တယ် ဆိုပြီး တရားစွဲတာ နအဖ အတွက် ရှက်စရာ အကောင်းဆုံး လုပ်ရပ်တခုပဲ´´ဟု ဆိုသည်။
ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်သူ အမျိုးသမီးတဦးကလည်း ``နေ့တိုင်း ဂြိုဟ်တု စလောင်းကနေ ဒီဗီဘီကို စောင့်ကြည့်နေတယ်၊ ဒေါ်စုအမှုနဲ့ပတ်သက်လို့ ဘာတွေ ဖြစ်လဲဆိုတာ သိချင်လို့၊ အခုအဖြစ်အပျက်ကတော့ မတရား တဲ့အပြင် အံ့အားသင့်စရာ လည်းကောင်းတယ်´´ ဟုပြောဆိုသည်။
ပါးစပ်ပိတ်၊ နားပိတ် အသံတိတ် မီဒီယာ
မီဒီယာနယ်ပယ်မှ လူများအနေဖြင့် ယခုအဖြစ်အပျက်ကို ပြည်တွင်း မီဒီယာများတွင် မျှတစွာ ဖေါ်ပြခွင့် မရရှိနိုင်မှန်းသိလျက်နှင့် သတင်းသမား ဟူသည့် အသိစိတ်ကြောင့် အင်းစိန်တောင်ရှေ့ တ၀ိုက်သို့ သွားရောက်ကာ အခြေအနေကြည့်ရှု လေ့လာကြသည်၊ ဒါဇင်နှင့်ချီသည့် မျက်လုံးများ၊ အင်းစိန်ဈေးပေါ်မှ ရိုက်ကူးနေသည့် ဗီဒီယို ကင်မရာ တို့ကိုရင်ဆိုင်ကာ သွားရောက်ကြရခြင်း ဖြစ်သည်။
အင်းစိန်တွင်နေုထိုင်သူ တဦးက သူတို့မိတ်ဆွေ တယောက် တရားရုံးထုတ်သည့် ပထမနေ့နှင့် ဒုတိယနေ့တွင် ထိုနေရာသို့ သွားရောက်ကာ ပါလာသည့် ဒစ်ဂျစ်တယ် ကင်မရာဖြင့် ဓါတ်ပုံရိုက်ရာမှ ဒုတိယနေ့တွင် အိမ်ပြန်ရောက်မလာတော့ ဟုဆိုသည်။ နောက်ပိုင်း မိသားစုက လိုက်လံစုံစမ်းတော့မှ ဖမ်းဆီးထားသည့် အဖြစ်ကို သိခဲ့ရသည်ဟု လည်းဆိုသည်။


အန်အယ်ဒီ ဘာလဲ ဘယ်လဲ ဒီလိုပဲလား
နိုင်ငံရေး စိတ်ဝင်စားသူ အချို့နှင့် လေ့လာသူအချို့တော့ အန်အယ်လ်ဒီ၏ ရပ်တည်ချက်ကို အားမရ ဖြစ်နေသည် ကိုလည်းကြားသိရသည်။ အန်အယ်လ်ဒီအနေဖြင့် ယခုထက်ပိုပြီး ပြောသင့် လုပ်သင့်သည်ဟု ထင်မြင်လျက်ရှိကြသည်။ အန်အယ်လ်ဒီ၏ ခေါင်းဆောင်မှုကို အားမရကြ၊ အန်အယ်လ်ဒီကို တခုထည်းသော အားအရှိဆုံး အတိုက်အခံ အဖွဲ့တခုအဖြစ် လက်ခံထားကြပြီး ယခုထက်ပိုပြီး ခေါင်းဆောင်မှု ပေးစေချင်ကြသည်။ ဒေါ်စုထွက်လာမည့် အချိန်အထိ ခြေလှမ်းသစ်မလှမ်းပဲ ပါတီဆက်လက် ရပ်တည်ခွင့် ရှိနေရေး တခုသာအာရုံစိုက် နေလျင် မြန်မာ့နိုင်ငံရေး တိုးတက်ဖို့ နှောင့်နှေးနေမည်ဟု ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လျက် ရှိနေသည်။
ဘယ်လို အဆုံးသတ်မလဲ
ယခုကဲ့သို့ အမေရိ့ကန် နိုင်ငံသားတယောက် ရေကူးကာ ဒေါ်စုအိမ်ထဲ ၀င်ရောက်ခဲ့သည့် အဖြစ်အပျက် မဖြစ်ပျက်ခဲ့လျင်လည်း နအဖအနေဖြင့် ဒေါ်စုအား ဆက်လက်ဖမ်းဆီးထားမည် ဆိုသည့်အချက်ကို မည်သည့်မြန်မာနိုင်ငံသားမှ သံသယ မရှိကြပေ။ ပြီးခဲ့သည့် မေလ၂၆ရက်နေ့က ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ယခုအဖြစ်အပျက်သာမဖြစ်ပွားခဲ့လျင် ဒေါ်ဆောင်ဆန်းစုကြည်မှာ မကြာခင် လွတ်မြောက်လိမ့်မည် ဆိုသည့်အပြောကို လည်းမည်သူမှ အယုံအကြည်မရှိကြ။
ဆက်လက်ဖမ်းဆီးထားလိုသည့် အတွက်ကြောင့်သာ ဘာမဆိုင်ညာမဆိုင် ယခုအဖြစ်အပျက်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်ခဲ့ခြင်းဖြစ်သည်ဟု အားလုံးကနားလည်ထားကြသည်။ စစ်အစိုးရအနေဖြင့် ဆီလို အပေါက်ရှာနေသည့် ကြားထဲတွင် ဒေါ်စုခြံထဲ ရေကူးဝင်သည့် ကိစ္စပေါ်လာသဖြင့် ထိုအဖြစ် အပျက်နှင့် အတင်းဆွဲစပ်ခဲ့ခြင်း ဖြစ်သည်။
လျှော့တွက်မိသူ ဘယ်သူဖြစ်မည်
သို့ရာတွင် စစ်အစိုးရမတွက်ချက်ထားခဲ့သည်မှာ နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ၏ တုံ့ပြန်မှု ဖြစ်သည်။ တရုတ်နှင့် ရုရှမှလွဲလျင် ယခုလောက် နိုင်ငံတကာက တညီတညွတ်ထဲ ကန့်ကွက်ကြ၊ သဘောထား အမြင်ကို ထုတ်ဖေါ်ကြသည်မှာ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းတုန်းက ကဲ့သို့ပင်ဖြစ်သည်။ နအဖ အစိုးရက နိုင်ငံတကာ၏ အမြင်၊ တုံ့ပြန်မှုကို လျော့တွက်ထားခဲ့ပုံပေါ်ပြီး ယခင်က ရေငုံနှုတ်ဆိတ်နေလေ့ရှိသည့် အာဆီယံက အသံထွက်လာ၊ ဝေဘန်ပြောဆိုလာသည်ကို မခံမရပ်နိုင် ဖြစ်နေပုံရသည်။
နအဖအစိုးရမှာ နိုင်ငံတကာ အလယ်တွင် ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းအပြီး မျက်နှာငယ် ခဲ့ရသကဲ့သို့ ယခုလက်ရှိအချိန်တွင်လည်း ထပ်မံ် ကြုံတွေ့နေရပြီဖြစ်သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းတားပြီး လူထုလှုပ်ရှားမှုနှင့် အန်အယ်လ်ဒီ ပါတီ အသက်ဝင်လှုပ်ရှားလာမည့် အရေးကို ဟန့်တားမည် ဟုနအဖ အစိုးရက သံဓိဌါန် ချထားပုံရရာ ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နည်းနှင့် မဆို ထောင်ဒဏ် ချမှတ်မည်မှာ သေချာသလောက်ရှိသည်။
ထောင်ဒဏ်အပြစ်ပေးပြီး အိမ်မှာ အကျယ်ချုပ်ဖြင့် ပြန်ထားမည်လား၊ သို့မဟုတ် အင်းစိန်ထောင်တွင် ပင်ထောင်ဒဏ်ကျခံရသူ အဖြစ်နှင့် သီးသန့် ထားရှိမည်လားဆိုသည်မှာ ယခုအချိန်တွင် သဲသဲကွဲကွဲ မသိနိုင်ကြသေးပေ။
တခုသေချာသည်မှာကား လူထု ဆန္ဒ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ဝေဘန်ထောက်ပြမှု တို့ကို ဆန့်ကျင်ကာ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်စီရင်မည့် အဖြစ်သည် နအဖ အစိုးရအတွက် ပိုမိုခက်ခဲလာစေမည့် နိုင်ငံရေး ကစားကွက်တခုကို ဖန်တီးလိုက်သလို ဖြစ်စေမည့် အချက်ပင်ဖြစ်သည်။

ယက်တောတဦးသာ အရူးမဟုတ်

Monday, 25 May 2009 11:49 အောင်ဇော်
ကမ္ဘာကြီးက ရန်ကုန်မြို့ရှိ ဖြစ်ရပ်များကို အာရုံစိုက်နေကြပြီး၊ မြန်မာ့ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ခုံရုံးတင် တရားစွဲဆိုနေသော အမှုနှင့် ဤသို့ ဒေါ်စုကိုယ်တိုင် တရားခွင်ရောက်ရလေအောင် အရှုပ်ရှာခဲ့သူ၊ ဒေါ်စုအိမ်သို့ ကျူးကျော်ဝင်ရောက်ခဲ့သူ ဂျွန် ၀ီလီယံ ယက်တောအပေါ်တွင် အာရုံရောက်နေကြသည်။ပြည်ပရောက် မြန်မာလူမျိုးများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဖက်များက မစ္စတာယက်တော၏ ဆင်ခြင်တုံမဲ့ အပြုအမူနှင့် မိုက်မဲမှုကို အပြစ်ပုံချ ပြောဆိုကြပါသည်။ ဒေါ်စု၏ ရှေ့နေဖြစ်သူက ၎င်းအမေရိကန်လူမျိုးကို အရူးဟုပင် ခေါ် ဝေါ်သုံးနှုန်းခဲ့ပါသည်။ယခု ထူးဆန်းထွေလာအရှုပ်တော်ပုံကြီးတွင် မစ္စတာယက်တော တဦးတည်းသာ အရူးမဟုတ်ဟု ဆိုချင်ပါသည်။ ယခု မေးခွန်းကိုလည်း ခဏအချိန်ယူ၍ ပြန်မေးကြည့်စေချင်ပါသေးသည်။ "ယခုကိစ္စနောက်ကွယ်တွင် မည်သူ ရှိနေသနည်း။ အဘယ့်ကြောင့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဤမျှအလွန်အကျွံ ဆောင်ရွက်လိုရပါသနည်း" ဟု လည်း မေးရန်သင့်ပါသည်။ ပြန်၍ အမှတ်ရသင့်သည်မှာ ၂၀၀၃ ခုနှစ်၊ ဒီပဲရင်းလုပ်ကြံမှုကြီးကို စီစဉ်ခဲ့သူမှာလည်း ဗိုလ်ချုပ်သန်းရွှေပင်ဖြစ်ပြီး၊ ဒေါ်စု၏ မော်တော်ယာဉ်တန်းကို စစ်အစိုးရလိုလားသည့် လူရမ်းကားများက တိုက်ခိုက်ခဲ့ကြဖူးသည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ တွင်လည်း လမ်းပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေကြသည့် ရဟန်းနှင့် ဆန္ဒပြသူများကို သတ်ဖြတ်ရန်ပင် သူကပင် စီစဉ်ညွှန် ကြားခဲ့ပြန်သည်။စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုကို ချေမှုန်းဖြိုခွင်းမှုများနှင့် ၎င်းကိစ္စအပြီး ဖမ်းဆီးအရေးယူခဲ့မှုများသည် ဗိုလ်ချုပ် သန်းရွှေ၏ သဘောတူညီချက်၊ အမိန့်မပါဘဲနှင့် ဖြစ်နိုင်ခြေ မရှိပါ။ဗိုလ်ချုပ်သန်းရွှေ၏ အမိန့်ညွှန်ကြားမှုအောက်တွင် မြန်မာစစ်တပ်ဖွဲ့များက တိုင်းရင်းသား လူနည်းစုများအပေါ် မရေမတွက် နိုင်သည့် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ပြီး ဖြစ်ပါသည်။ အဓမ္မလုပ်အား ခိုင်းစေမှု၊ အဓမ္မ အခွန်ငွေကောက်ခံမှု၊ နှိပ်စက်ညှဉ်း ပမ်းမှုနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာများ အတောမသတ် ထွက်ပေါ်နေ ခဲ့ပါသည်။ ဤမှတ်တမ်းများအရဆိုလျှင် အမှန်တကယ် တရားခွင်တွင် စွဲဆိုရင်ဆိုင်စေရမည့်သူမှာ ဗိုလ်ချုပ်သန်းရွှေပင် ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေက ဤရာဇ၀တ်မှုများကို အပြစ်ပေး အရေးယူခြင်း မခံရဘဲ၊ ကင်းလွတ်ခွင့် ရနေခဲ့သည်။ ယခင်က ဝေဖန် ပြောဆိုထားမှုများသည်လည်း များမကြာမီ တိတ်ဆိတ်သွားမည်ဟု မျှော်လင့်ထားရင်း ပြစ်မှုများကို ဆက်လက်ကျူးလွန်နေ နိုင်ခဲ့သည်။ ယခင်က စိတ်ဓါတ်စစ်ဆင်ရေး အရာရှိအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်သန်းရွှေက နိုင်ငံတကာအမြင်ကို မည်သို့ လှည့်ဖျား အသုံးချရမည်ကို နပ်နေပြီး၊ ကမ္ဘာကြီး၏ ပြောတမျိုး-လုပ်တမျိုး ကိစ္စများကိုလည်း နောကျေနေသူ ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ဗိုလ်ချုပ်သန်းရွှေက ဒေါ်စုကို ယခုကဲ့သို့ အရေးယူလိုက်မှုအတွက် လူအများက တခဏတာ ဆူပူကြမည်၊ ဒေါသထွက်ကြမည်ကို မျှော်လင့်ထားပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ ကရော်ကမယ်အမှုဖြင့် စွဲချက်တင် အပြစ်ပေးပြီး၊ သူကတော့ အေးအေးချမ်းချမ်း ဆက်နေနိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့် ရှိနေသည်။ ထိုသို့ယုံကြည်နေ သည့် အကြောင်းမှာလည်း လူမိုက်များနှင့် အရူးတစုအပေါ် တွက်ချက် အခြေခံကာ သူက အေးအေးသက်သာနေနိုင်ခြင်း ဖြစ်သည်။ဤသို့သောသူများတွင် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများမှ ပြောတမျိုး-လုပ်တမျိုး ခေါင်းဆောင်များနှင့် နယူးယောက် ရှိ ကုလသမဂ္ဂဌာနချုပ်တွင် အေးအေးလူလူ ထိုင်နေနိုင်သော အရာရှိများ ပါဝင်သည်။ ထိုသူများက ဤဖြစ်ရပ်အပေါ် ချက် ချင်း အလျှင်အမြန် တုံ့ပြန်လိုက်ကြမည်။ ပြုရိုးပြုစဉ် ပြစ်တင်ရှုံ့ချသည့် စကားလုံးများ သုံးနှုန်းပြောဆိုမည်။ ဤစကားလုံး များကိုလည်း စစ်အစိုးရက အတိတ်ကာလက ရင်ဆိုင်ခဲ့ဖူးပြီး ဖြစ်သည်။ မမှုတော့။ဤသို့သော လူမိုက်များနှင့် အရူးများစာရင်းတွင် ယက်တောတဦးတည်းကိုသာ ကွက်၍ ထည့်မထားသင့်ပေ။ ကုလသမဂ္ဂ ၏ "အထူးသံကိုယ်စားလှယ်" အီဗရာဟင် ဂမ်ဘာရီလည်း အပါအ၀င်ဖြစ်ပြီး၊ ကုလ အထွေထွေအတွင်းရေးမှူးချုပ် ဘန် ကီမွန်းပင် ထည့်သွင်းလျှင် ဖြစ်နိုင်သေးသည်။ ထိုသူများက မြန်မာနိုင်ငံ၏ "တိုးတက်မှု ဆိုသည်များ" ကို ချီးမြှောက်ပြော ဆိုခဲ့ကြပြီး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ "စာမျက်နှာသစ်" ဖွင့်လှစ်လိုက်ပြီဟု ပြောဆိုခဲ့ကြသူများလည်း ဖြစ် သည်။မည်သည့်အချိန်က ဤသို့ ဟာသမြောက်သည့် ရူးကြောင်ကြောင် စကားလုံးများ စင်ပေါ်ရောက်ခဲ့ပါသနည်း။ သူတို့ ပြော ဆိုခဲ့သမျှကိစ္စများအတွက် မည်သည့်နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာနိုင်သည်ဟုလည်း ထိုသူတို့က ဆင်ခြင်ခဲ့ကြ ပါသလော။ ထိုမျှမက "ရာဇ၀တ်မှုတွင် အပေါင်းပါဖြစ်သူ" များကို ဆက်လက်၍ ထုနှက်ရလိမ့်ဦးမည်။ ကျန်သူများက မြန်မာစစ်ဗိုလ်ချုပ် များကို အထင်အမြင်လွဲနေကြသည်၊ ထိုသူများမှာ နိုင်ငံတကာ မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ချင်သူများ ဖြစ်ပါသည်ဟု စောဒကတက် ထောက်ခံပေးခဲ့ကြသူများပင် ဖြစ်ပါသည်။ ထိုသူများတွင် တလွဲတွေးသူ ကျွမ်းကျင်သူ ဆိုသည်များ၊ ပညာ ရှင်များ၊ သံအရာရှိများ၊ ကိုယ်ကျိုးကြည့်၍ ထောက်ခံခဲ့သူများ ပါဝင်ပါသည်။ ထိုသူများက ယခုတော့ ဘယ်ပျောက်နေကြပါ သနည်း။ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်းရှိ ခုံရုံး၌ တရားစွဲဆိုမှု မတိုင်မီ၊ သူတို့၏ စကားများက ကျယ်လောင်စွာ ကြားခဲ့ကြရ ပြီး ဖြစ်သည်။ စစ်အစိုးရ၏ လူ့အခွင့်အရေးကိစ္စများကို ကာကွယ်ပြောဆိုပေးခဲ့ကြပြီး၊ ဒေါ်စုနှင့် လှုပ်ရှားမှုကို သေးသိမ် အောင် ပြောဆိုခဲ့ကြသည်။ မိမိပါဝင်ခဲ့ဖူးသည့် ဆွေးနွေးဝိုင်းများတွင် မြန်မာ့နိုင်ငံရေး၌ ဒေါ်စု၏ အခန်းကဏ္ဍ ရှိပါသေး၏လောဟု မေးခွန်းထုတ် စောကြောကြသည်ကိုလည်း ကြားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်မှု အရေးပါမှု အခန်းကဏ္ဍကို သံသယရှိနေကြသူများ အတွက် ယခုတော့ ဗိုလ်ချုပ်သန်းရွှေက သက်သေပြလိုက်ပုံရပါသည်။ ယခုတိုင် သူမက အသိအမှတ် ဆက်လက်ပြုနေရ မည့်သူဖြစ်ကြောင်း တနည်းတဖုံဖြင့် ပြခဲ့သည် မဟုတ်ပါလား။ အတော်ကမောက်ကမ နိုင်သော အဖြစ်မှာ ဗိုလ်ချုပ်သန်းရွှေ က သူတို့ကို မျက်နှာပျက်ရအောင် လုပ်ခဲ့ခြင်းပင် ဖြစ်သည်။ သို့ဆိုလျှင်ဖြင့် စစ်အစိုးရနှင့် အပြုသဘော ပူးပေါင်းဆက်ဆံ ရေး ထောက်ခံပြောဆိုပေးရန်အတွက်ပင် ခက်ရခြိမ့်မည်။မိမိတို့အတွက် အရူးက မရှားလှပါ။ တက်ကြွလှုပ်ရှားသူများ၏ နယ်ပယ်၌သာမက အချို့သော သံအရာရှိများ၊ အစိုးရ အရာ ရှိများ၊ မြန်မာပြည်အရေး မိမိကိုယ်တိုင် ခန့်ထားကြသည့် ကျွမ်းကျင်သူများ နယ်ပယ်၌လည်း ရှိနေပါသေးသည်။ သူတို့က မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယုံတမ်းစကားလည်း ပြောကြသေးသည်။ မကြာသေးမီက သံအမတ်တဦးက မိမိကို ပြောပါ သည်။ "မင်းတို့လည်း ၂၀၁၀ ပြီးတဲ့နောက်မှာ အိမ်ပြန်ကြရတော့မှာပါ" ဟု အားပေးခဲ့သည်။ မည်မျှ မဆီလျော်လိုက်ပါ သနည်း။ဒေါ်အောင်ဆန်းစုကြည်အတွက် အိပ်ဖွင့်ပေးစာ ရေးသားသည်ထက်စာလျှင် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင် ဘရောင်း (Gordon Brown) က ပို၍ ထိရောက်သည့်ကိစ္စ တခုခုလုပ်လျှင် ပိုသင့်တော်ပါလိမ့်မည်။ အမေရိကန်နိုင်ငံ အခြေစိုက် ရေနံ ကုမ္ပဏီကြီးများ ဖြစ်ကြသည့် ချယ်ဗရွန်၊ ပြင်သစ်မှ တိုတယ်၊ မလေးရှားမှ ပီထရိုနာ့စ်၊ တောင်ကိုရီးယားမှ ဒေ၀ူး နိုင်ငံ တကာ ကော်ပိုရေးရှင်းများကို ပို၍ထိရောက်အောင် တခုခု ပြောဆိုတိုက်တွန်းသင့်ပါသည်။ ၎င်းကုမ္ပဏီများက စစ်အစိုးရ ထောင်လွှားနေစေရေးအတွက် များစွာ ပံ့ပိုးပေးထားကြပါသည်။ အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားနှင့် ပြင်သစ်သမ္မတ နစ်ကိုလတ်စ် ဆာကိုးဇီး (Nicolas Sarkozy) က တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ထိုင်းနိုင်ငံ စသဖြင့်ကဲ့သို့သော စစ်အစိုးရကို အဓိကပံ့ပိုးနေကြသည့် နိုင်ငံများ၏ ခေါင်း ဆောင်များထံ စာရေးသားကာ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ ပံ့ပိုးမှုလည်း ပြုနိုင်ပါသည်။သို့သော်လည်း အမှန်တရားမှာ ဗိုလ်ချုပ်သန်းရွှေက ယခုတိုင် စက်ခေါင်းကိုင် ဖြစ်နေဆဲ ဖြစ်သည်။ အာဆီယံအဖွဲ့၊ ကုလ၊ တရုတ်နိုင်ငံနှင့် ကျန်သော ကမ္ဘာ့နိုင်ငံများက ဗိုလ်ချုပ်သန်းရွှေ၏ ညစ်စုတ်သော လှည့်ကွက်ကို လိုက်၍ ကပြ၊ တုံ့ပြန်နေ ကြရဆဲ ဖြစ်ပါသည်။ ဒေါ်စုကို ထောက်ခံသည့် ကြေညာချက်များနှင့် သူ့ကို ဒုက္ခပေးနေသည့် စစ်အစိုးရအပေါ် ပြစ်တင် ရှုံ့ချနေကြသည့် ကြေညာချက်များမှာ မကြာမီတွင်ပင် လေထဲ အငွေ့ပျံသွားကြမည်ပင် ဖြစ်သည်။ ကမ္ဘာကြီးတခုလုံးက မခံ မရပ်နိုင်ဖြစ်နေကြသည့် ဒေါသများသည်လည်း၊ ကမ္ဘာကြီး၏ "သူတော်ကောင်းဟန်ဆောင်မှု" တခု အဖြစ်သာ ကျန်ရှိခဲ့ လိမ့်မည် ဖြစ်ပေတော့သည်။ ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တောင်းဆိုချက် စစ်အစိုးရ လျစ်လျူရှု ၊ ရွေးကောက်ပွဲနှင့် တန်ပြန်

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 28 2009 15:54 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် သင့်မြတ်မှု ရရှိရေးအတွက် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်ကို စစ်အစိုးရက လျစ်လျူရှုလိုက်ပြီး ရွေးကောက်ပွဲ လုပ်မည်ဟုသာ တုံ့ပြန်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲကာ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားမှု ဖြစ်ပွားပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းပြောဆိုခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တန်ပြန်ကြေညာချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားရာ လူထုလူတန်းစားအသီးသီး ပါဝင်ရေးဆွဲသော အခြေခံဥပဒေ တရပ်ရှိနေပြီး ဆက်လက်၍ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်သည်ဟု ပြောထားသည်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မေလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးရေးအတွက် လိုအပ်သော အခြေအနေကောင်းများ ဖန်တီးပြီး ကုလသမဂ္ဂ အထောက်အပံ့ဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်လည်း ပါရှိသည်။ သို့သော် နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းသည် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတရပ်သာ ဖြစ်ပြီး၊ နိုင်ငံရေးအရ အကျိုးသက်ရောက်မှု တစုံတရာ မရှိနိုင်ကြောင်း ကြေညာချက်တွင် ပြောဆိုလိုက်သည်။ ယမန်နှစ် စက်တင်ဘာလမှစ၍ အကျဉ်းသား ၁၅၃၁၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လွှတ်ပေးခဲ့သည်ဟုလည်း ပါရှိသည်။ စစ်အစိုးရက လူထုလူတန်းစားအသီးသီးမှ ကိုယ်စားလှယ် ၁၀၀၀ ကျော်ဖြင့် အခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံမှုပေးခဲ့သည်။ ထို့ကြောင့် လမ်းပြမြေပုံ၏ နောက်တဆင့်အရ ရွေးကောက်ပွဲကို ပြုလုပ်မှာဖြစ်သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် လွတ်လပ်သော အထွေထွေ ရွေးကောက်ပွဲတွင် မဲ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။ ထို့နောက် အခြေခံဥပဒေတရပ် ရေးဆွဲရန် လိုအပ်သည်ဆိုကာ ဝေဖန်ပြောဆိုမှုကို တားမြစ်ကာ စိတ်ကြိုက်ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့် ၁၄ နှစ်ကျော်ကြာ ရေးဆွဲခဲ့သည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်များက အခြေခံဥပဒေသည် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင် အသက်သွင်းခြင်း ဖြစ်သည်ဟု အခြေခံဥပဒေ ရေးဆွဲခြင်းကို သပိတ်မှောက်ခဲ့သည်။ စစ်အစိုးရက အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများကို ထောင်သွင်းအကျဉ်းချထားခြင်းကို တောက်လျှောက် လုပ်ဆောင်လာခဲ့ရာ လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား ၁၂၀၀ ရှိနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထားသည်။ နိုင်ငံရေး အကျဉ်းသားဟူ၍ မရှိဘဲ ရာဇဝတ်ပြစ်မှု ကျူးလွန်သူများသာဖြစ်ကြောင်း စစ်အစိုးရက တစိုက်မတ်မတ် ပြောဆိုနေခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးခဲ့သည့် ရာဇဝတ်ပြစ်မှုနှင့် အကျဉ်းကျသူများ စာရင်းကို လွှတ်ပေးသည့် စာရင်းတွင် ကိုးကားလေ့ရှိသည်။ တည်ဆဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို ၆ နှစ်ဆက်တိုက် တိုးမြှင့်၍ မရတော့သည့် ကာလနီးလာချိန်တွင် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောက ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်းသို့ ခိုးဝင်မှု ဖြစ်ပေါ်ခဲ့ကာ နေအိမ်အကျယ်ချုပ်ကာလအတွင်း အခွင့်မရှိဘဲ လက်ခံတွေ့ဆုံမှုဖြင့် စစ်အစိုးရက တရားစွဲဆိုမှုဖြစ်ပြီး လက်ရှိ အင်းစိန် အကျဉ်းထောင်တွင် တရားဆိုင်နေရသည်။ မကြာသေးခင်က စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းနှင့် ပတ်သက်၍ ပြောဆိုမှု အသစ်တရပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချုပ်နှောင်ထားမှု သက်တမ်းမှာ တောက်လျှောက်အားဖြင့် ၄ နှစ်ခွဲသာ ရှိနေခဲ့ကြောင်းဖြင့် ၆ လ သက်တမ်းတိုးလို့ ရသေးသည်ဟု ပါရှိသည်။

မေ၂၈..အန်အယ်လ်ဒီကြေငြာချက်

Photobucket

ဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုသောဖြစ်စဉ်မှတ်တမ်း


အခြေအနေကတောင်းဆိုနေသောမြေအောက်လှုပ်ရှားမှု


2009 - Updated Compilation of NLD Statements


မြန်မာပုဇွန်လုံး နဲ့ ညီညွတ်ရေး

Ref:http://www.hittai.org/main.htm
မြန်မာ့နိုင်ငံရေးကတော့ နောင်လာမယ့် ရက်ပေါင်း ၂၀၀ လောက်ဆိုရင် (၂၀၀၉ ။အောက်တိုဘာ လ လယ် လောက်မှာ) ကြည့် ကောင်းတော့ မယ့် အခြေအနေ ဖြစ်မလား။တဖက်သတ် ကြိုးဝိုင်း ထဲမှာ လှဲ အသိပ်ခံရလေမလားဆိုတဲ့ ပွဲကြည့်ရမယ့်အချိန် ရောက်လာပါပြီ။
ဘောလုံးပွဲစကားနဲ့ ပြောရရင် မန်ယူနဲ့ ချယ်ဆီးတို့  မနှစ်က ရုရှား မှာ တွေ့တဲ့ ဖိုင်နယ် ဖလားလုပွဲ ထိပ်တိုက်တွေတဲ့ ပွဲလိုပေါ့။ကျွန်တော်တို့အတိုက်အခံတွေက ၂၀၀၉ မှာ နအဖ အခြေခံ ဥပ ဒေကိုဖျက်နိုင်ဖို့၊ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးနိုင်ဖို့ ညီညွတ်မှုအပြည့်နဲ့ လုပ်မှဖြစ်မယ်လို့ ပြောဆိုနေကြပါတယ်။ နအဖကိုအောင်နိုင်ဖို့ အတိုက်အခံတွေအားလုံး ညီညွတ်ရေး မဖြစ် မနေ ဖော်ဆောင်ရမယ် ဆိုတဲ့ကျွန်တော်တို့ နိုင်ငံရေး သမားတွေကိုကြည့်ပြီး ထိုင်းမှာ အလုပ်လုပ်နေတဲ့ကျွန်တော့ ဦး လေးဖြစ်သူက ဒီလို ဥပမာ ပေးပြီး ရီစရာအဖြစ်ပြော ပါတယ်။
“လွန်ခဲ့တဲ့ နှစ်ကကွာ ငါ့ကို ထိုင်း တစ်ယောက်က ပုဇွန်လုံး (ဂဏန်းလုံး)အကောင် ၂၀ လက်ဆောင် လာပေးတယ်။ ထူးခြားတာ က အဲဒီအကောင်၂၀ မှာ ၁၀ ကောင်ကမြန်မာ နိုင်ငံက ရလာတဲ့ ပုဇွန်လုံးတဲ့။ ၁၀ ကောင်က ထိုင်း နိုင်ငံကပုဇွန်လုံးတဲ့။ ဒါနဲ့ ငါလည်း ထိုင်းပုဇွန်လုံးနဲ့ မြန်မာပုဇွန်လုံးဘယ်လို အရသာကွာမလဲဆိုပြီး သံပုံး ၂ လုံးမှာ ခွဲပြီးထားလိုက်တယ်။မနက်မှလတ် လတ် ဆတ်ဆတ် ချက်စားမယ်ပေါ့။ညဦးပိုင်းမှာ သံပုန်းနံရံကို ဖက်တွယ်တက်နေတဲ့ ပုဇွန်လုံးတွေ ခြေသံကိုကြား တော့ မအိပ်ခင် အခြေအနေ သွားကြည့်တယ်။ မြန်မာ ပုဇွန်လုံးတွေက တစ်ကောင်အပေါ် တစ်ကောင်လုတက် တစ်ကောင်ကို တစ်ကောင်ကပြန်ဆွဲချပြီးလွတ်လမ်းရှာနေကြ တယ်။ ထိုင်း ပုဇွန် လုံးတွေက တစ်ကောင်အပါ် တစ် ကောင်ဆင့်ပြီး တစ်ကောင်လက် တစ်ကောင်ချိတ်ရင်း လွတ်မြောက်ရေး ကြိုးပမ်းနေကြတယ်။သံပုံနံရံ ကိုကျော်ပြီး ဒီပုဇွန်လုံးတွေ မပြေးနိုင်လောက် ပါဘူး ဆိုပြီးစိတ်ချလက်ချ အိပ်လိုက်တယ်။အားပါးပါး -မနက်မိုးလင်းတော့ အထင်အမြင် တ၀က်လွဲသွားတယ်။ဘာဖြစ်လို့လဲဆိုတော့ ထိုင်းပုဇွန်လုံးတွေ သံပုံထဲမှာ တစ် ကောင် မှမရှိတော့ဘူး။ သံပုံးနံရံကိုကျော်ပြီး ထွက်ပြေးသွားလို့ ခြေရာတွေပဲတွေ့လိုက်ရတော့တယ်။ ကျန်တဲ့ တခြားသံပုံးထဲ မှာ တော့ မြန်မာ ပုဇွန်လုံးတွေကတစ်ကောင်အပေါ် တက်လိုက် နောက်တစ်ကောင် ကပြန်ဆွဲချလိုက်နဲ့သံပုံးကိုကျော်ဖို့ နေနေ သာသာ သံပုံး တ၀က်အထိတောင်ရောက်အောင်မကျော်နိုင်ဘူး။ ဒါနဲ့ ငါလဲ ထွက်မပြေးနိုင်တဲ့ မြန်မာပုဇွန်လုံး တွေပဲ ချက်စား လိုက်ရတယ်။တစ်ကောင်အပါ် တစ်ကောင်ဆင့်ပြီး တစ်ကောင်လက် တစ်ကောင်ချိတ်ရင်းညီညီညွတ်ညွတ်နဲ့အားလုံး လွတ်မြောက်အောင် ကြိုး ပမ်းသွားတဲ့ပုဇွန်လုံးတွေတော့ ငါ-မစား လိုက်ရဘူးတဲ့။
ကျွန်တော်တို့ သူပြောတဲ့ ဥပမာကို နားထောင်ပြီး ရှက်ရှက်နဲ့ တောင်ဟန်မဆောင်နိုင်ဘဲ ၀ါးလုံးကွဲ ရီဖြစ်ခဲ့ကြတယ်။အခု ကျွန်တော်တို့နိုင်ငံရဲ့ အနာ၈တ် ဒီမိုကရေစီထွန်းကားရေးလုပ်ဆောင်မှုအခြေအနေကတော့ နအဖဘက်က သူ့ အသက် အိုး အိမ် စည်းစိမ်ကိုကာကွယ်လို့ရမယ့် “စည်းကမ်းရှိသော ဒီမိုကရေစီ”ဖော်ဆောင်ပေးမယ်ဆိုပြီးတရုတ်။ ရုရှားနဲ့ လိုမျိုး။ဒါမှ မဟုတ် တချိန် က အင်ဒိုနီးရှားမှာ ဆူဟာတိုလုပ်ခဲ့သလို လုပ်မှာသေချာပေါက် နိမိတ်ပြနေပြီ ဖြစ်ပါတယ်။ပြည်ပရောက် မြန်မာ့ အတိုက်အခံ ဒီမိုကရေစီဖော်ဆောင်ရေးအဖွဲ့ တွေကတော့စစ်မှန်သော ဒီမိုကရေစီထွန်းကားရေးလုပ်မယ် လို့ ကြွေးကျော်ပြီးအတိုက်အခံအဖွဲ့ တွေ အားလုံးညီညွတ်ရေးဆိုတာ လုပ်ဆောင်နေပါတယ်။စစ်မှန်သောဒီမိုကရေစီ ဘာဆို တာ ပြည် သူတွေ သိအောင် နိမိတ်ပုံတောင်ရေးမပြကြသေး။ အိန္ဒိယလိုလား၊ တရုတ်လိုလား။ ထိုင်းလိုလား။ စင်္ကာပူလိုလား။စကင်ဗေးနီး ယား နိုင်ငံတွေလိုလား။သရက်သီးတော့ သရက်သီးပဲ။ အချဉ်သီးလား။အချိုသီးလား၊ မန္တလေးရင်ကွဲလား-မချစ်စုလား၊ဘယ်လိုသရက်သီး စားရမယ် မှန်း မသိ နိုင်တဲ့မြန်မာပြည်သားတွေအတွက် လက်ရှိအာဏာရှင်ဆိုး စစ်အစိုးရ နအဖကိုအောင်နိုင်ဖို့ ပြန်ကျဲနေတဲ့ အတိုက် အခံတွေ စည်း လုံးညီ ညွတ်ရေး ရှိဖို့လိုအပ်တာကတော့ အမှန်ပါ။ ကျွန်တော် ဆန္ဒပြုချင်တာကတော့ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်တုံးက ကျောင်းသား တွေ ချီတက် ဆန္ဒပြကြတော့ လူအုပ်ကြီးက လမ်းဘေးဝဲယာကနေ လက်ခုပ်တီး အားပေးကြချိန်မှာ ကျောင်းသားတွေက “လက်ခုပ်တီးပေးရုံနဲ့  တာဝန်ကျေပြီလို့ မထင်ကြပါနဲ့ ၊ တကယ်တာဝန်ကျေချင်ရင်ကျွန်တော်တို့ နဲ့ ပူး ပေါင်း လိုက်ကြပါ”တဲ့။ဘာပဲဖြစ်ဖြစ် ကျွန်တော်တွေးမိတာကတော့ မြန်မာအတိုက်အခံ ဒီမိုကရေစီသမားတွေ ပုဇွန်လုံးတွေလို မဖြစ်ဖို့လိုပါတယ်။
အောင်သက်(အမေရိကန်)ပြည်ပရောက်မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ 

နိုင်ငံရေး နားမလည်တဲ့ပြည်သူ

[ Ref:http://www.hittai.org/main.htm]
ကျွန်တော်ကအငြိမ်းစားပါ။ မ.ဆ.လ ခေတ်က မ.ရ.က လို့ ခေါ်တဲ့မြန်မာ့ရေနံကော်ပိုရေးရှင်းရဲ့ ဘူမိဗေဒဌါန အရာရှိ တစ် ယောက်ပါ။ မ.ဆ.လခေတ်ပြုတ်ပြီး အချိန်မှာပဲ ပင်စင်ယူလိုက်ပါတယ်။ ပင်စင်ငွေထောက်ပံ့ကြေးကမလောက်ပေမယ့် ဟို တုန်း က ရထားတဲ့ဆိုင်ခန်းတခုကို ငှါးထားလို့ရတဲ့ငွေရယ်၊ သားနှစ်ယောက်ထောက်ပံ့ ကြတဲ့ငွေလေးနဲ့  ကျွန်တော်တို့ လင်မယား အိုကြီး နှစ်ယောက် စားလောက်ပါတယ်။သားတယောက်က ရေတပ်က ဗိုလ်ကြီးပါ။ နောက်တယောက်က နာမည်ရ ကျူရှင်ဆရာတယောက်ပါ။သူတို့ လည်း ချောင် ချောင် လည်လည် ရှိကြပါတယ်။ ကျွန်တော်တို့သားအဖသုံယောက်ရဲ့ ပြဿနာက နိုင်ငံရေးစကားပြောတိုင်း သဘောထားမတူ ညီဘဲ ရပ်လိုက်ကြရတာချည်းပါပဲ။ ဒီနေ့ တော့ ကျွန်တော်တို့ ရဲ့ လုပ်နေကြစကားဝိုင်းလေးဟာ တိုးတက်မှု့ ရှိလာပါတယ်။ သားအဖသုံးဦးရဲ့ ကွဲလွဲနေတဲ့ သဘောထားသုံးမျိုးကနေပြီး သဘောထားနှစ်မျိုးပဲဖြစ်သွားပါတယ်။ သားနှစ်ယောက်က တမျိုးကျွန်တော်က တမျိုး။ကျွန်တော်က ကိုလိုနီခေတ်နှောင်း၊ ဖ.ဆ.ပ.လ ခေတ်၊ မ.ဆ.လ နဲ့  န.အ.ဖခေတ်တွေကို မှီပါတယ်။ သားတွေကမ.ဆ.လ နဲ့  န.အ.ဖ ခေတ်တွေပဲ မှီပါတယ်။ တနေ့တော့ သားနှစ်ယောက်နဲ့ အတူ ကျွန်တော့်အိမ်မှာ စကားပြောဖြစ်ကြပါ တယ်။ဦးတည် ချက်ရယ်လို့ တော့ မရှိပါဘူး။ ယနေ့ ဖြစ်ပျက်နေတဲ့တိုင်းပြည်ရဲ့အခြေအနေတွေပါ ပဲ။ကျွန်တော်ကမေးတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာ အမေရိကန်စစ်သင်္ဘောတွေ စစ်ရေးလေ့ကျင့် နေတဲ့ကိစ္စ၊ ဂျပန်က ကူညီပြီး စစ်သင်္ဘောတွေကို ဆီဖြည့်ပေး နေတယ်ဆိုတဲ့ကိစ္စ၊ နောက်တခုက အမေရိကန်က ဦးဆောင်ပြီး အာရှနေတိုးအဖွဲ့  ဖွဲ့တော့ မယ် ဆိုတဲ့ကိစ္စတွေပါပဲ။ အဲဒါ သားတွေ ရဲ့အမြင်နဲ့ သူတို့ ဘယ်လိုကြားကြသလဲပေါ့။စစ်ဗိုလ် သားကြီးကပြောပါတယ်။ သူလဲဒါကိုကြားပါတယ်။ ဒါမဆန်းဘူးတဲ့။ အမေရိကန်က ကမ္ဘာ့ပုလိပ်ကြီးလေ။ပွဲလန့် တုန်းဖျာခင်းမယ့် အကြံယုတ်နဲ့  လှုပ်ရှားနေတာပါပဲ။ ခုလည်းမြန်မာ့ပြည်တွင်းရေးမှာ အတင်းဝင်စွက်နေတာ ဖေဖေတို့ အမြင်ပဲတဲ့။
ကျောင်းဆရာသားငယ်ကလည်း ဝင်ပြီးဆွေးနွေးပါတယ်။ ကိုကိုတို့  စစ်အစိုးရကိုကျွန်တော်တို့ မကြိုက်တာ အမှန်ပါပဲ။ဒါပေ မယ့် အမေရိကန် ဝင်လာမှာ၊ဝင်ရောက်စွက်ဖက်မှာကိုတော့ လက်မခံနှိုင်ပါဘူးတဲ့။ ဒီနေရာမှာသားနှစ်ယောက်စလုံး အမေရိ ကန် ဆန့် ကျင်ရေး အယူအဆမှာတော့ တူညီသွားတာတွေ့ရပါတယ်။ ဒီအခါမှာ ကျွန်တောက်သားငယ်ကို မေးကြည့်ပါတယ်။ သားရယ်မင်းကစစ်အစိုးရကို မကြိုက်တာတော့ ဟုတ်ပါပြီ။ အမေရိကန်က မြန်မာပြည်ကိုကူညီတာပဲဆိုဆို၊ စွက်ဖက်တယ်ပဲ ပြောပြော စစ်အ စိုးရ ပြုတ်သွားရင် သားအနေနဲ့ မကျေနပ်နှိုင်ဘူးလား။ ဒီတော့ သားငယ်ကပြောပါတယ်။ သားကတော့အမြင်ရှင်းပါတယ် ဖေဖေ၊ အမေရိကန်ကသာ ဝင်လာရင် စစ်အစိုးရထက် ပိုဆိုးသွားမှာပဲ။ဒါကြောင့် အမေရိကန်ရဲ့ ဝင်ရောက်စွက် ဖက်မှု့ ကိုတော့ အမြဲပဲ ဆန့် ကျင်သွားရမှာပဲ ဖေဖေ။ အင်္ဂလိပ်၊ အမေရိကန်ဆိုတာက ဟိုတုန်းကလည်းမကောင်းခဲ့ဘူး၊ခုလည်း မကောင်းဘူး၊ နောင်လည်း ဘယ်တော့မှကောင်းမှာမဟုတ်ဘူးတဲ့။
စစ်ဗိုလ်သားကြီးကလည်း ကျောင်းဆရာသားငယ်ရဲ့စကားကို ထောက်ခံလိုက်ပြန်ပါတယ်။အမေရိကန်က ဝင်တဲ့ နိုင်ငံတွေ ဒုက္ခ ရောက်နေတာ ဖေဖေလည်း သိသားပဲ။ အီရတ်နဲ့ အာဖဂန်နစ္စတန်တို့က သက်သေပြနေတာပဲတဲ့။ မြန်မာ့အလင်းသတင်း စာထဲ ကအတိုင်းပြောလိုက်ပါတယ်။ကျွန်တော်နားလည်လိုက်တာကတော့ စစ်ဗိုလ်နဲ့  နိုင်ငံရေး ဝါသနာရှိတဲ့ကျောင်းဆရာသားငယ်တို့ ဟာ အမေရိကန် ဆန့်ကျင် တဲ့ နေရာမှာ တသဘောထဲပါလားလို့ ကျွန်တော်ကတော့ အမေရိကန်၊ အင်္ဂလိပ်ကို လိုလားခြင်း၊ မလိုလားခြင်းဆိုတဲ့တရား သေစိတ်ခံစားချက်ပေါ်မှာ မဆုံးဖြတ်တတ်ပါဘူး။ အသက်အရွယ်နဲ့ အတွေ့အကြုံအရ မျက်မှောက်တွေ့ ကြုံ နေရတဲ့ အခြေ အနေပေါ်မှာပဲ ကောက်ချက်ချတတ်ပါတယ်။ ကျွန်တော်နဲ့ သားနှစ်ယောက်ဟာ သဘောထားခြင်း ကွဲပြားနေပါပြီ။ဒါကြောင့် သားတွေကို ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲမေးခွန်းတခုမေးလိုက်ပါတယ်။ သားတို့ တရုတ်ပြည်လို ကွန်မြူနစ် နိုင်ငံကြီးမှာတောင် သူတို့ လူမျိုးကောင်းစားဖို့ ဆိုရင် အရင်းရှင်အမေရိကန်နိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွှက်မှု့ ၊ စီးပွားရေးမဟာ မိတ် အဖြစ်ပူးပေါင်းကြသေးတာပဲ။ သားတို့ ကလည်း ကိုယ့်ပြည်သူလူထု ကောင်းစားမယ်ဆိုရင် ဘာလို့ မပေါင်းနိုင်ရမှာလဲ။
ဒီတော့ သားတွေကပြန်ပြောတယ်။ တရုတ်ပြည်က မသူတော်ကို ပေါင်းမိနေတော့ကျားမြီးဆွဲလို ဖြစ်နေပြီ ဖေဖေ။တိန့်ရှေင်ဖိန် ဝါဒီတွေ ဒီအမှားကိုမုချခံကြရလိမ့်မယ်တဲ့။ ကျွန်တော်လဲသားတွေနဲ့ ဆက်ပြီးမဆွေးနွေးတော့ဘဲ၊ ကဲဒီလိုလုပ်ကွာ၊ ဖေဖေတို့ သား တို ၊့စားဖို့  သောက်ဖို့ ကိုအမြဲတာဝန်ယူစီမံနေတဲ့ မင်းတို့ မေမေကို မေးကြည့် မယ်။ သူက နေ့တိုင်းဈေးဝယ်ရတယ်။ ဥပုဉ်ကျောင်း သွားမယ်။ ရပ်ကွက်ထဲက သာရေး၊ နာရေးကိစ္စတွေကအစမလစ်လပ်ရဘူး။ လူထုနဲ့ အမြဲပဲထိတွေ့ နေတဲ့ ̏လူထု” ပဲပေါ့ကွာဆိုပြီးမီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ အမေကို ခေါ်လိုက်တယ်။ ကျွန်တော်ကပဲမေးလိုက်ပါတယ်။ ကဲ အမေကြီးလဲ ကျုပ်တို့ ပြောတာတွေ ကြားပြီးနေမှာပေါ့။အဆုံးအဖြတ်ပေးပါအုံးလို့ ၊၊
ဒီတော့ ကျွန်တော့်ဇနီး သားတို့ အမေက “ကြားပါ့တော့် နားထဲမှာတောင်မဆန့်တော့ဘူး”။ ဒီမှာ ကျွန်မပြောမယ်၊ဦးနေဝင်း စတက် ကတည်းကနှစ်ပေါင်းလေးဆယ်ကျော် ခံခဲ့ရတာလေ။ သူပုန်ထလိုက် သပိတ်မှောက်လိုက်ဆိုတာလဲ ပြတ်တယ် မရှိ ဘူး။ လူထု ပိုပြီး ငတ်သထက်ငတ်လာတာကတော့ လက်တွေ့ ပဲ။ခုလို အချိန်မျိုးမှာ စစ်အစိုးရပြုတ်ကျပြီး အရပ်သားအစိုးရ တက်လာဖို့ပဲလိုတယ်။ ကုလသမဂ္ဂ တပ်ဆိုတာကြီးပဲလာလာ၊ နေတိုးတပ်ဆိုတာပဲလာလာ၊အမေရိကန်တပ်ဆိုတာပဲလာလာ ဘယ်နိုင်ငံ ဘယ်သူကပဲ ကူညီ၊ကူညီ ကျွန်မတို့ ကတော့လက်ခံမှာပဲ။ မြန်မာပြည် ကောင်းစားဖို့ ဆိုရင် ရပ်ကွက်ထဲက လူအများပြောသလို “အမေရိကန် တပ်ကြီးရယ်မြန်မြန်သာ ဝင်တိုက်ပါတော့လို့  ဘုရားမှာနေ့တိုင်းဆုတောင်းနေတယ် တော်ရေ့ ” လို့  ပြောပြီး ဆောင့်ဆောင့်နဲ့မီးဖိုခန်းထဲ ပြန်ဝင်သွားပါတယ်။
ကျွန်တော်က သားတွေကိုကြည့်ပြီး၊ ကဲ မင်းတို့  အမေပြောတာကိုကြားတယ်မဟုတ်လားလို့  ပြောလိုက်တော့ သားတွေက အမေက နိုင်ငံရေးမှ နားမလည်တာဘဲ လို့ မှတ်ချက်ချလိုက်ပါတယ်။̏ ကဲ ပြည်သူကို နိုင်ငံရေး နားမလည်ဘူးတဲ့ဗျား˝
ဦးရွှေအုန်းမြင့် ။ စစ်ကိုင်း။

မြန်မာနိုင်ငံ ပြဿနာများကို တရုတ်နိုင်ငံ မပါဘဲ ဖြေရှင်းရန် တောင်းဆိုခြင်း

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့အခင်းအကျင်းသစ်
(သို့မဟုတ်)
မြန်မာနိုင်ငံ ပြဿနာများကို တရုတ်နိုင်ငံ မပါဘဲ ဖြေရှင်းရန် တောင်းဆိုခြင်း
အောင်ဒင်
မေ ၂၇၊ ၂၀၀၉
ကျနော့ရဲ့ အမိမြေ၊ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို အဝေးက ထောက်ခံနေတဲ့ သာမန် ပြည်သူတစ်ယောက် အနေနဲ့ နိုင်ငံတကာ မိသားစုကြီးဟာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက် အုပ်စိုးမှုကို ကူညီ အဆုံးသပ်ပေးနိုင်လိမ့်မယ် လို့ ယုံကြည် မျှော်လင့်ခဲ့ဖူးပါတယ်။ ကမ္ဘာ့ နိုင်ငံ အတော်များများ၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ နိုင်ငံများ၊ အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကနေဒါ၊ သြစတေးလျ စတဲ့ နိုင်ငံများ မြန်မာနိုင်ငံအရေး ဖြေရှင်းရာမှာ ကွဲပြားတဲ့ စိတ်ဝင်စားမှုတွေ၊ အဆင့်မတူတဲ့ လွှမ်းမိုးမှုတွေ၊ မတူညီတဲ့ တာဝန်ယူမှုတွေနဲ့ ပါဝင် ပတ်သက်နေကြပါတယ်။ အဲ့ဒီ နိုင်ငံတွေရဲ့ မြန်မာနိုင်ငံ အရေး စိတ်ဝင်စားမှု အပေါ် ကျေးဇူး တင်ပေမဲ့၊ အခု အချိန်ကတော့ ဒီနိုင်ငံများရဲ့ ပါဝင် ပတ်သက်မှုတွေကို သေသေ ချာချာ ပြန်လည် သုံးသပ်ပြီး နိုင်ငံတကာ မိသားစုကြီးက မြန်မာ ပြည်သူတွေ စစ်ကျွန် ဘဝက လွတ်မြောက်အောင် အထိရောက်ဆုံး စွမ်းဆောင်နိုင်မယ့် နည်းလမ်းသစ် တစ်ရပ်ကို ရှာဖွေ ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ် နေပါပြီ။

"တရုတ်၊ အိန္ဒိယ၊ စတဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေနဲ့ အာဆီယံလို့ ခေါ်ကြတဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း တို့ရဲ့ ထိရောက်တဲ့ လေးနက်တဲ့ ဆောင်ရွက်ချက်တွေ မပါဘဲ မြန်မာ နိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်မလာနိုင်ဘူး" လို့ ကျနော်တို့ ယေဘုယျ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ သဘောပေါက်ရမှာက မြန်မာ နိုင်ငံဟာ တရုတ်ရဲ့ လက်အောက်ခံ နိုင်ငံ ဘဝကို ရောက်နေပြီ ဆိုတာပါပဲ။ တရုတ် အစိုးရက မြန်မာ စစ်အုပ်စုကို လူသတ်လက်နက်တွေ ရောင်းချ၊ ချေးငွေတွေ ထောက်ပံ့ငွေတွေ ပေးပြီး အကြမ်းဖက် အုပ်စိုးမှုကို ရှင်သန် ကြီးထွားစေတယ်၊ အပြန်အလှန်အားဖြင့် တရုတ် အစိုးရက မြန်မာ နိုင်ငံကနေ သဘာဝ ဓာတ်ငွေ့နဲ့ ရေနံ တူးဖော်ခွင့်၊ မဟာဗျူဟာမြောက် ရေနံ တင်ပို့ရေး ပိုက်လိုင်း တည်ဆောက်ခွင့်တွေ ရနေပါတယ်။

ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီး လို့ ခေါ်ကြတဲ့ အိန္ဒိယနိုင်ငံကလဲ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို စွန့်ပယ်ခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကတည်းကပါ။ တရုတ် အစိုးရရဲ့ မြန်မာနိုင်ငံတွင်း ခြေကုပ်ယူ ချဲ့ထွင်မှုတွေကို စောင့်ကြပ် ထိန်းမတ်နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ နယ်စပ်ဒေသ အခြေစိုက် နာဂသူပုန်တွေကို တိုက်ခိုက်ရာမှာ အကူအညီ ရဖို့ မျှော်လင့်ချက်တွေနဲ့၊ အိန္ဒိယ အစိုးရက မြန်မာ စစ်အုပ်စုကို နွေးထွေး ကြင်နာနေတာ ကြာပါပြီ။ အာဆီယံကို ကြည့်ရင်လဲ အဖွဲ့ဝင် နိုင်ငံတချို့ အထူးသဖြင့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လော၊ ဘရူနိုင်း နိုင်ငံတွေမှာ မြန်မာ စစ်အုပ်စုနဲ့ အလားသဏ္ဌာန် တူတဲ့ အာဏာရှင် အစိုးရတွေက အုပ်ချုပ်နေကြတာပါ။ ဒီတော့ အာဆီယံအဖွဲ့ကြီးကနေ မြန်မာနိုင်ငံအတွက် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့၊ အရေးယူဖို့ ဆိုတာ မျှော်လင့်နိုင်စရာ မရှိပါ။ ဒီနိုင်ငံတွေ အားလုံးဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုနဲ့ ပြည်သူတွေ အကြား နားလည်မှုတွေ တည်ဆောက်နိုင်ဖို့ အားကိုးရမယ့် နိုင်ငံတွေ မဟုတ်ပါဘူး။

ဒီကနေ့ အထိ မြန်မာနိုင်ငံအရေး ဝင်ရောက် ဖြေရှင်းပေးနေကြတဲ့ ကမ္ဘာ့ နိုင်ငံတွေကြားမှာ အားလုံး သဘောတူတဲ့ ဆုံးဖြတ်ချက် တစ်စုံ တစ်ခု မချနိုင်ကြသေးပါဘူး၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲတွေဟာလဲ အဖွဲ့ဝင် တစ်ဆဲ့ငါးနိုင်ငံကြားမှာ အမြဲတမ်း သဘောထား ကွဲလွဲမှုတွေနဲ့ အဆုံးသတ်ခဲ့ကြတာပါ။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် ဦးဆောင်တဲ့ အုပ်စုက မြန်မာနိုင်ငံအရေးမှာ လုံခြုံရေး ကောင်စီရဲ့ ထိရောက်တဲ့ တိုက်ရိုက် ပါဝင် ပါတ်သက်မှုကို တောင်းဆိုနေကြပေမဲ့၊ တရုတ်၊ ရုရှား ဦးဆောင်တဲ့ အုပ်စုကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေဟာ လုံခြုံရေးကောင်စီက ဝင်ရောက်ဖြေရှင်းပေးရမယ့် အခြေ အနေမှာ မရှိဘူး ဆိုပြီး မြန်မာနိုင်ငံ ပြဿနာကို လုံခြုံရေး ကောင်စီရဲ့ အာဂျင်ဒါ စာရင်းထဲက ဖယ်ရှားဖို့ ကြိုးစားနေကြတာပါ။ ဗီတိုပါဝါသုံးမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ တရုတ်က လုံခြုံရေး ကောင်စီရဲ့ မြန်မာ နိုင်ငံ အရေး ပတ်သက်မှုကို ကြေညာချက်တွေ ထုတ်ပြန်တဲ့ အဆင့်မှာပဲ ရှိအောင် ထိရောက်စွာ ကန့်သတ်ထားပြန်ပါတယ်၊ အဲဒီ ကြေညာချက်တွေဟာ တကယ်တမ်း ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ ခြိမ်းခြောက်မှုတွေ မပါဘဲ စိတ်ပူပန်မှုကို ဖော်ပြတဲ့ အဆင့်မှာပဲ ရှိလို့ မြန်မာစစ်အုပ်စု အတွက် ဂရုစိုက်စရာ မရှိပါ။ အလားတူ သဘောထား ကွဲလွဲမှုတွေကို အဖွဲ့ဝင် ၁၄ နိုင်ငံ ပါတဲ့ ကုလသမ ဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မိတ်ဆွေများအဖွဲ့ မှာလဲ တွေ့နေရပါတယ်။

အခြေအနေက အလွန့်အလွန်ကို တုန်လှုပ် ချောက်ချား စရာပါ။ လူတွေ သေနေကြတယ်၊ အကြမ်းဖက်တာတွေ ဖိနှိပ်တာတွေက အဆက်မပြတ် ဖြစ်ပွားနေတယ်၊ ဘယ်သူမှ ဒါတွေကို မရပ်တန့်နိုင်ကြဘူး၊ အခု လတ်တလောမှာကိုပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်တွေကို ချိုးဖောက်တယ် ဆိုပြီး မတရားတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင် နေရပါတယ်၊ သူမဟာ နောက်ထပ် ထောင်ထဲမှာ နှစ်အတော်ကြာ ဆက်နေရဖို့နဲ့ လူထုနဲ့ အဆက်ဖြတ်ခံရဖို့ သေချာနေပါတယ်၊ ကြေညာချက်တွေ၊ ရှုတ်ချတာတွေဟာ အဓိပ္ပာယ်ရှိတဲ့ ထိရောက်တဲ့ အရေးယူမှု မဟုတ်ဘူး၊ အခုလို နိုင်ငံတကာရဲ့ တွန့်ဆုတ် တွေဝေမှုတွေနဲ့ ဆက်သွားကြမယ်ဆိုရင် နအဖ စစ်အုပ်စုကိုပဲ အာဏာကို ရှည်ကြာ ဆုပ်ကိုင်ထားနိုင်ဖို့ အခွင့် အရေး ပေးသလို ဆက်ဖြစ်နေမှာပဲ၊ မြန်မာနိုင်ငံအရေးမှာ နိုင်ငံတကာအစိုးရတွေရဲ့ ပါဝင် ပတ်သက်မှုကို တကယ် အသုံးဝင်တဲ့ ယန္တရားတစ်ခု ဖြစ်အောင် ပြင်ဆင် ဖွဲ့စည်းဖို့ အရေးတကြီး လိုအပ်နေပါပြီ။ ဒါမှလဲ မြန်မာ ပြည်သူတွေကို ထိထိ ရောက်ရောက် ကူညီနိုင်မှာပါ။ အခု အချိန်မှာ နိုင်ငံတကာ မိသားစုကြီး အနေနဲ့ အင်မတန် ခေါင်းမာလှတဲ့ နအဖ စစ်အုပ်စုကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာ သမားရိုးကျ သံတမန် နည်းလမ်းများရဲ့ အပြင်ဖက်ကနေ စဉ်းစားအဖြေရှာဖို့ တန်ပါပြီ။

ကျနော် က “အာဆီယံ ၅” လို့ အမည် ပေးထားတဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှား နိုင်ငံများဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အထူး လိုလားကြောင်း မကြာခဏ ထုတ်ဖော် ပြသနေကြတာပါ။ ဒီနိုင်ငံတွေဟာ မြန်မာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပျက်စီး ယိုယွင်းနေတဲ့ အာဆီယံ အဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကိုလဲ ပြန်လည် မြှင့်တင်ချင်ကြတာမို့ နအဖ စစ်အုပ်စု နဲ့ အနောက် ဒီမိုကရေစီ နိုင်ငံတွေအကြား ဝင်ရောက် ညှိနှိုင်းပေးချင်ကြတာပါ။ ဒီတော့ အရေအတွက်လဲ မများပဲ တကဲ့ကို စိတ်ပါဝင်စားစွာ ပါဝင် ဆောင်ရွက်ကြမဲ့ နိုင်ငံတွေချည်း ပါတဲ့ နိုင်ငံတကာ ဖြန်ဖြေရေး အုပ်စုသစ် တစ်ခုကို အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ အာဆီယံ ၅ နိုင်ငံ ပူးပေါင်း တည်ထောင်ကြမယ် ဆိုရင် ဒီ နိုင်ငံတကာ ယန္တရား အသစ်ဟာ ထိရောက်တဲ့ ဖိအားပေးမှု၊ စွဲဆောင်မှုတွေကို ပူးတွဲ ကျင့်သုံးပြီး မြန်မာ စစ်အုပ်စု နဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုများအကြား အဖြေ ရှာပေးနိုင်မှာပါ။

ဒီ “မြန်မာ့ မိတ်ဆွေ ၇ နိုင်ငံ” ဟာ သူတို့ရဲ့ အဆင့်မြင့် သံတမန်များကို အမြန်ဆုံး စည်းဝေးစေပြီး မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ဖြစ်ပေါ်လာရေး အားလုံး လက်ခံ သဘောတူတဲ့ အစီအစဉ်/လုပ်ငန်းစဉ် တစ်ရပ်ကို ဘုံမျှော်လင့်ချက်တွေ၊ အဆင့်လိုက် ရည်မှန်းချက်တွေ နဲ့ ပြင်ဆင်ရေးဆွဲပြီး မြန်မာနိုင်ငံက လူဖန်တီးတဲ့ အကြပ်အတည်းတွေကို အဆုံးသတ်ရေး တာဝန်တွေ ခွဲဝေယူကြရမှာပါ။ အမေရိကန် နဲ့ အီးယူက နအဖကို ဆွဲဆောင်နိုင်မယ့် ကမ်းလှမ်းချက်တွေ နဲ့ အသင့် ပြင်ထားရမှာ ဖြစ်ပြီး အာဆီယံ ၅ နိုင်ငံ ကတော့ ဒီ ဆွဲဆောင်မှုတွေ တကယ်ဖြစ်လာရေးအတွက် နအဖ ဘက်က အပြုသဘော ဆောင်ရွက်အောင် ဒီအုပ်စုရဲ့ ရှေ့တန်းကနေ တာဝန်ယူ ကြိုးစားရမှာပါ။ အင်ဒိုနီးရှား သမ္မတကြီး ဆူစီလို ဘန်ဘန်း ရပ်ဟိုရိုနိုဟာဖြင့် ဒီ အုပ်စုရဲ့ ကိုယ်စား နအဖရဲ့ အာဏာအရှိဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ညှိနှိုင်း ဆွေးနွေးရမယ့် အသင့်တော်ဆုံး ပုဂ္ဂိုလ်ပါပဲ။ သူကနေပြီး သန်းရွှေကို မြန်မာနိုင်ငံမှာ ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး စစ်အုပ်စု နဲ့ ဒီမိုကရေစီ အင်အားစုများရဲ့ ပူပန်မှုတွေကို တပြိုင်နက်တည်း ဖြေရှင်းကြမယ့် လုပ်ငန်းစဉ်ကို လက်ခံလာအောင် ဆွေးနွေးရမှာပါ။ ဆွဲဆောင်မှုတွေ သက်သက်နဲ့တော့ အလုပ် ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါကြောင့်မို့ နအဖ ဗိုလ်ချုပ်တွေကို သူတို့ ကျူးလွန်နေကြတဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ် တရားရုံး တင်ဖို့ ပြင်ဆင် ခြိမ်းခြောက်ခြင်းဟာဖြင့် ဆွဲဆောင်မှု ကမ်းလှမ်းချက်တွေကို နအဖ ဗိုလ်ချုပ်တွေက စိတ်ဝင်စားလာစေနိုင်ပါတယ်။ ဒီ “မြန်မာ့ မိတ်ဆွေ ၇ နိုင်ငံ” အုပ်စုသစ်ဟာ ပါဝင်သူ နိုင်ငံတွေ များပြီး အလုပ် မဖြစ်၊ အဖြေမထွက်တဲ့ လက်ရှိ နိုင်ငံတကာ အစည်းအဝေးများထက် ပိုပြီး ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မှာပါ။

ဒီမှာလဲ အခက်အခဲတွေ ရှိနေသေးရဲ့။ အာဆီယံ ၅နိုင်ငံက ဒီ အုပ်စု မှာ ပါဝင်ဖို့ကို တွန့်ဆုတ် နေနိုင်ပါတယ်၊ တရုတ် အစိုးရကလဲ ဒီ အုပ်စုဝင်တွေကို သူ့ မဟာမိတ် နအဖကို မနှောင့်ယှက်ကြဖို့ ဖိအားတွေ ပေးပြီး အခြေအနေကို ပို ရှုပ်ထွေးအောင် လုပ်နိုင်ပါတယ်၊ ပြီးတော့ ဒီအုပ်စု အသစ်ဟာ အမေရိကန် သမ္မတ အိုဘားမား နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ရဲ့ အားကောင်းတဲ့ ဦးဆောင်မှု မပါဘဲ မအောင်မြင် နိုင်ပါဘူး၊ The Tom Lantos Block Burma Jade Act 2008 မှာ ပြဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အစိုးရရဲ့ အထူး ကိုယ်စားလှယ်ကို အမြန်ဆုံး ခန့်အပ်ဖို့ လိုပါတယ်။ ဒါမှသာ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ အရေး အဆက်မပြတ် ပါဝင် ပတ်သက်မှုနဲ့ အလေးအနက် ရှိမှုကို ပြနိုင်မှာပါ။ လွန်ခဲ့တဲ့ သုံးလလောက်က စခဲ့တဲ့ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒ ပြန်လည် သုံးသပ်ခြင်းကိုလဲ အပြီးသတ်ပြီး လက်ရှိ အရေးယူမှုတွေ ဖိအားပေးမှုတွေကို ဆက်ပြီး ထိန်းသိမ်းထားဖို့၊ သံတမန်ရေး လှုပ်ရှားမှုတွေကို နှစ်ဆ တိုးဖို့နဲ့ “မြန်မာ့ မိတ်ဆွေ ၇ နိုင်ငံ” အုပ်စုသစ်ကို ဦးဆောင်ဖို့ တို့ စတင်သင့်ပါပြီ။

နောက်ဆုံးမှာတော့ စစ်မှန်တဲ့ အပြောင်းအလဲတွေဟာ မြန်မာနိုင်ငံတွင်းကပဲ ဦးဆောင် ဖြစ်ပေါ်ရမှာပါ။ ဒါပေမဲ့လဲ အောင်မြင်ခဲ့ကြတဲ့ အခြားနိုင်ငံများရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ၊ ချီလီမှာ၊ အာဂျင်တီးနားမှာ၊ ဂွာတီမာလာမှာ၊ တောင်အာဖရိကမှာ၊ ဖိလစ်ပိုင်မှာ၊ မြောက်အိုင်ယာလန်မှာ၊ မရေတွက်နိုင်တဲ့ အခြား နိုင်ငံတွေမှာ၊ နိုင်ငံတကာ အရေးယူမှုတွေဟာ အပြောင်းအလဲများ ဖြစ်ပေါ်ရေး အတွက် အောင်ပွဲရဲ့ လိုအပ်ချက်တွေ ဖြစ်ခဲ့တာ အထင်အရှားပါ။ အစောပိုင်းတုန်းက ဘယ်လိုမှ လုပ်လို့ မရတော့ပါဘူး လို့ ထင်ထားတဲ့ နည်းလမ်းတွေဟာ မှန်ကန်တဲ့ မဟာဗျူဟာကို ရှာဖွေ ကျင့်သုံးပြီး အဆက်မပြတ် အလေးပေး ဆောင်ရွက်မယ်ဆိုရင် အောင်မြင်မှုကို ယူဆောင်ပေးနိုင်မှာပါ။ ကျနော်တို့ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အားလုံးကတော့ အမေရိကန် ပြည်ထောင်စုရဲ့ ဦးဆောင်မှု နဲ့ သမ္မတ အိုဘားမား ရဲ့ အရေးယူမှုတွေကို စောင့်ကြည့် မျှော်လင့်နေကြပါတယ်။ ။


[ အောင်ဒင်ဟာ မြန်မာနိုင်ငံတွင်းမှာ ၁၉၈၉ ကနေ ၁၉၉၃ အထိ လေးနှစ်ကျော် အကျဉ်းကျခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက် ဖြစ်ပါတယ်၊ အခု လက်ရှိမှာတော့ Washington, DC အခြေစိုက် U.S. Campaign for Burma ရဲ့ အမှုဆောင် ညွန်ကြားရေးမှူးအဖြစ် တာဝန်ယူရင်း အမေရိကန် အစိုးရ နဲ့ ကွန်ဂရက် လွှတ်တော်ကို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများ ကြံ့ခိုင် သန်စွမ်းဖို့ စည်းရုံး နေသူ ဖြစ်ပါတယ်။ ]

(မှတ်ချက်…..Far Eastern Economic Review တွင်၂၀၀၉ ခုနှစ် မေလ ၂၆ ရက်နေ့က ဖော်ပြသော Burma’s Last Chance ဆောင်းပါးကို စာရေးသူ ကိုယ်တိုင် တိုက်ရိုက် ပြန်ဆိုသည်။)

http://www.feer.com/international-relations/20098/may56/Burmas-Last-Chance