Monday, June 1, 2009

လွတ်လပ်ရေးရတိုင်း မကောင်းဘူးဟု သခင်သိန်းဖေ ပြော

“ပြောချင်တာကတော့ အန်ကယ်တို့ အင်္ဂလိပ်လက်ထက်မှာ လွတ်လပ်ရေး တိုက်ခဲ့တော့ လွတ်လွတ်လပ်လပ် နေခဲ့ရတယ်။ အခုဗမာလက်ထက်ကျတော့မှ အန်ကယ်တို့ ဒုက္ခရောက်ရတာလို့။ လွတ်လပ်ရေးရတိုင်းလည်း မကောင်းဘူး။ လွတ်လပ်ရေးလည်းသိပ်မလိုချင်ကြဘူး ..

DVB နော်စေးဖော ၁ ဇွန်

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ ၉၃ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့က သူရဲ့ နေအိမ်မှာ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး ဝါရင့်နိုင်ငံရေးသမား ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင်တွေနဲ့ အဖွဲ့ချုပ်ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ မနက် ၉ နာရီခွဲလောက်မှာ အားလုံး ထမင်းလက်ဆုံစားခဲ့ကြပြီး အမှတ်တရ စကားတွေ ပြောခဲ့ကြတယ်လို့ သွားရောက်ခဲ့တဲ့ အဖွဲ့ချုပ် ဗဟို ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောပါ တယ်။“သခင်သိန်းဖေက အခု အသက် ၉၃ နှစ်ဆိုတော့ အသက်ကြီးလာပြီပေါ့။ တခါတုန်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းပြောတာကို သူ အမှတ်ရမိတယ်တဲ့။ သခင်သိန်းဖေနဲ့ ရုပ်ရှင်ဒါရိုက်တာ ဆရာဦးသုခက ဆရာကြီး သခင်ကိုယ်တော်မှိုင်း နေမကောင်းတော့ သူ့ကို သွားပြုစုကြတာပေါ့။ နှိပ်နယ်ပေးကြတဲ့အချိန်မှာ ဦးသုခကို မေးတယ်တဲ့။ အိုမင်းမစွမ်းဆိုတာကို နားလည်လားတဲ့။ ဦးသုခကလည်း သခင်သိန်းဖေကို ဖြေခိုင်းတယ်။ သခင်သိန်းဖေကလည်း ဦးသုခကို ဖြေခိုင်းတယ်။ နောက်ဆုံး ဆရာကြီး ဦးသုခက ပြောတယ်၊ အိုမင်းမစွမ်းဆိုတာတဲ့၊ ‘အိုရင် မင်းမစွမ်းတော့ဘူး။ အဓိပ္ပာယ်က အဲဒါပဲ’ တဲ့။“သူ အသက်ကြီးလာပြီ ဆိုပေမယ့်လည်း ဗမာပြည်လွတ်လပ်ရေးအတွက်ကို ဆက်လက်ပြီး တိုက်ပွဲဝင်မယ်လို့ လာတဲ့ဧည့်သည်တွေကို သခင်သိန်းဖေက နှုတ်ခွန်းဆက်စကား ပြောပါတယ်။ သခင်သိန်းဖေ ပြောပြီးတဲ့အခါမှာ အန်အယ်လ်ဒီက အန်ကယ်လ် ဦးဝင်းတင်၊ ရှမ်းပြည်နယ်က ဦးကြည်အုံး၊ ဦးအောင်မြင့်နဲ့ ရှေ့နေကြီး ဦးပန်းတင်တို့ စကား ပြောကြပါတယ်။ အန်ကယ်ဦးဝင်တင်ကတော့ အိုမင်းမစွမ်းဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လူကြီး သူမ စကားမို့ မှတ်သားဖွယ်ရာဆိုပေမယ့် အိုမင်းနေလို့ မစွမ်းတာ မဟုတ်ပါဘူးတဲ့။ အခု သခင်သိန်းဖေကို ကြည့်ရင် အိုမင်းသော်လည်း လွတ်လပ်ရေးတိုက်ပွဲတွေလည်း ဝင်ခဲ့တယ်၊ အခု ဒီမိုကရေစီ တိုက်ပွဲမှာလည်း ဆက်လက်ပြီး လူကြီးတယောက်အနေနဲ့ ဦးဆောင်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့အတွက် အိုမင်း နေပေမယ့်လည်း စွမ်းနိုင်ပါသေးတယ်ဆိုပြီးတော့ ဂုဏ်ပြုစကားပြောတယ်။”အသက် ၉၃ နှစ်မြောက် မွေးနေ့ရှင် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေက မွေးနေ့ အမှတ်တရ ဘာမျာစကားအနေနဲ့ “ပြောချင်တာကတော့ အန်ကယ်တို့ အင်္ဂလိပ်လက်ထက်မှာ လွတ်လပ်ရေး တိုက်ခဲ့တော့ လွတ်လွတ်လပ်လပ် နေခဲ့ရတယ်။ အခု ဗမာလက်ထက်ကျတော့မှ အန်ကယ်တို့ ဒုက္ခရောက်ရတာလို့။ လွတ်လပ်ရေးရတိုင်းလည်း မကောင်းဘူး။ လွတ်လပ်ရေးလည်း သိပ်မလိုချင်ကြဘူး” လို့ ပြောပါတယ်။ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေဟာ အင်္ဂလိပ်၊ ဂျပန် တော်လှန်ရေးခေတ်တုန်းက တော်လှန်ရေးခေါင်းဆောင်တဦး ဖြစ်ခဲ့ပြီး တို့ဗမာအစည်းအရုံး ဗဟိုကော်မတီဝင် တဦးအဖြစ်လဲ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


သဘက်ခါ မြန်မာ ပြည်ပြန်ကို
Tomorrow - Tomorrow - Two Tomorrow I GO home.
လို့  စင်္ကာပူ ၀န်ကြီးချုပ်ကိုပြောသည်၊
(ပန်းသိန်းစိန်)

CHECK MATE ခေါ်မိကာမှ တိုက်ပွဲကျသွားတဲ့ ရှင်ဘုရင်

Monday, June 1, 2009
CHECK MATE ခေါ်မိကာမှ တိုက်ပွဲကျသွားတဲ့ ရှင်ဘုရင်
Photobucket
စစ်တုရင်ခုံတွေပေါ်
အနိုင်နဲ့  အရှုံး..
၅၀ ရာခိုင်နှုန်းစီရှိတယ်..
မနိုင်သူ ရှုံးမယ်..
နိုင်သူက ပန်းကုံးသယ်။


နိုင်မှု မနိုင်မှု..
ပါးနပ်မှုက စကားပြောတယ်..
အထူးသဖြင့် နိုင်ငံရေးနယ်ပယ်။
ဦးဏှောက် ဘယ်သူသာတယ်..
ညံ့ဖျင်းသူ..ပြာသွားလိမ့်မယ်။


ဗျူဟာ ကျွမ်းသူ
အနိုင်ဖမ်းလို့ ရစတမ်းလား..
ဒီမှာ “ဟ” ထားတယ်..
မကြောက်ရင် ကျွံ ၀င်လာလှဲ့ ..
အနိုင်ကို ဖမ်းမဲ့..ဘုရင်မ
ဗီးနပ် ထောင်ချောက်ပေါ်က ၀တ်ရည်မြ
အတောင်ပါတဲ့ယင်ကို ဖမ်းနိုင်ရတယ်။
အသက်စွန့် ရဲသူသာ နိုင်ရိုးထုံးစံရှိတယ်။

အဓမ္မဟာ..အဓမ္မဘဲ..
အနိုင်လိုသူ သွေးရူးသွေးတမ်း..
ခပ်ကြမ်းကြမ်း အကွက်ကိုသုံး..
ပိုပိုများမဲ့ …သူ့ အရှုံး


ပရိယာယ်ကြွယ်တဲ့ ဘုရင်မ
အရည်အချင်းပြည့်တဲ့ ဘုရင်မ
ချောင်ပိတ်အဖမ်းခံရတိုင်း ကြောက်သူမဟုတ်ဖူး။
အမျှော် အမြင်မဲ့ ဘုရင်ရုးမဟုတ်ဖူး
နိုင်ငံရေးလုပ်သူ ထောင်ကြောက်ရိုးထုံးစံမရှိ။
အောင်ဆန်းအမျိုး..ဒူးထောက်ရိုးမရှိ
ရဲရင့်သူ တခါဘဲသေတယ်။
အမည် ကျော်ကြားမှု ချန်ခဲ့တယ်။


ကြောက်သွားမလား..ငြိမ်သွားမလား
ထောင်နဲ့ ပြခြောက်နေသူကို
တန်ပြန်မိနေပြီဟေ့ ထောင်ချောက်..
ကမ္ဘာပေါ်က မိတ်ဆွေ တွေ
တဖြေးဖြေးပျောက်တဲ့အခါ..
အကျည်းတန် အထီးကျန်
အာဏာရူးမှူးကြီး သန်းရွှေတစ်ယောက်
လူ လောကလူ့ ဘုံနယ်ထဲ
သိက္ခာတရား ခမ်းခြောက်တဲ့ အခါ..
ဘ၀က ဆယ်ခါသေတယ်။
ပြင်မရ နာမည်ပုပ်..
ဘ၀က စုတ်ပြတ်နေတယ်။


ဘုရင်မကို မိလိုမိညား..
ချောင်ပိတ်ဖမ်းသော်ငြားလည်း
ဘုရင် မှားရွေ့ ထားမိတဲ့ အကွက်
ပိုင်ပြီတွက် check mate လုပ်မိကာမှ
ကိုယ့်ဖာသာကိုယ်..ပြန်မိနေတဲ့အကွက်..
အချက်မမိ.အရှက်မသိ .အသက်မရှိ.
မတန်ရာ မတန်ရာ..သွားပြိုင်မိတဲ့အခါ.
နောက်ဆုံးတော့ အရှုံးနဲ့ တိုက်ပွဲကျတယ်..
နှင်းဆီရဲ့ဆူး..ပျားအဆိပ်သင့်သွားတယ်။
မြင်သူတိုင်း..တကယ်..သနားဒယ်…


မသဒ္ဓါ ( ၅။၃၁။ ၂၀၀၉)
ဤအရာကိုဖတ်၍ ခံစားပါသည်။ သနားမိသည် ဦးသန်းရွှေ။ ရွှေ့ တတ်လိုက်တာ။ .ရီစရာ ကလေးကွက်ကလေးတွေ..

checkmate အလုပ်ခံထား ရရှာသောဦးသန်းရွှေ..
Saturday, May 30, 2009

ဒီGame ဒီလိုလာမယ်ဆိုတာ သူသိတယ်။ ထောင်ကျတာမကျတာ သူ့အတွက်မထူးဆန်း၊ ပြည်သူအတွက် ရင်းထားပြီးသား၊ USA,EUနဲ့UNကအစထဲက Pressureပေးနေကြ၊ ဒီတခါတော့ရုရှား..နဲ့အာစီယန်ပါ ယိုင်ဆင်းလာရတယ်
၊မြန်မာနိုင်ငံမှာ ဒီလိုမျိုးနိုင်ငံရေးအကွက် ရွှေ့နိုင်တာအန်တီစုတယောက်ပဲရှိတယ်၊ဦးမောင်အေးကတော့ဦးသန်း
ရွှေကိုသတိပေးရှာသား၊အန်တီစုကိုတခြားနည်းနဲ့အကွက်ဆင်ဖမ်းဖို့သတိပေးတယ်၊ဒါပေမဲ့အန်တီစုမျက်လုံး
တွေကိုရင်မဆိုင်ရဲတဲ့ဦးသန်းရွှေရရာအကွက်တက်လိုက်တော့မထင်တဲ့Attackersတွေကိုဘွားဘွားကြီးရင်ဆိုင်
ရတော့တယ်..ဘာအကောင်ချကျွေးရမှန်းတောင်မသိ၇ှာတော့ဖူး...ဒါပေမဲ့တဂိမ်းပြီးရင်နောက်တဂိမ်း..
အန်တီစုဖက်ကဘယ်သူတွေပြိုင်မှာလည်း..ရဲရင့်ငယ်မှသည်ဒေါက်တာဦးစိန်ဝင်းအထိပွဲကြည့်ပရိတ်သတ်
သက်သက်....တကယ်ဝင်ပါခွင့်ရမယ့်သူတွေကဦးဝင်းတင်ခေါင်းဆောင်တဲ့ပြည်တွင်းကပြည်သူတွေပါ...
အလကားတော့မရဖူး..၀င်ကြေးရှိတယ်...(ဒီမိုကရေစီနဲ့လူ့အခွင့်ရေးရတဲ့အထိသင့်ဘ၀ကိုရင်းရမည်)..
အသက်၆၃နှစ်အရွယ်မိန်းမသားတယောက်ပြောလိုက်တယ်..
''ဘာမှ စိတ်ပူစရာ မလိုဘူး၊ အဆုံး အစွန်ထိ တွက်ပြီးသား၊ ထောင်ကျမှာ ကြောက်ရင် နိုင်ငံရေး မလုပ်ဘူး..""
ဦးသန်းရွှေရွှေ့လို့ရတာတကွက်ပဲရှိတယ်..စကားလုံးလှလှလေးတွေသုံးပြီးအန်တီစုကိုလွှတ်...အဆင်ပြေမယ့်
နိုင်ငံရေးလမ်းကြောင်းတခုကိုရွေးချယ်ရန်ဖြစ်သည်။
အန်တီစုကိုထောင်ချပြီးပြည်သူကိုထိပ်တိုက်ရင်ဆိုင်ရင်တော့တပ်မတော်သားတွေရဲ့သေနတ်ပြောင်းတွေဟာ
ဦးသန်းရွှေဖက်လှည့်လာတော့မည်ဖြစ်ကြောင်းပါ။
by ရဲရင့်(ကနေဒါ)
http://www.yeyintnge.com/2009/05/checkmate.html


credit to http://thadar.blogspot.com/2009/06/check-mate.html

ဂျွန်ယက်တောမိန်းမပြောပြချက်များ


အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်း။ သီချင်းကဗျာရုပ်သံ။


ပြည်ပက စီးပွားရေးသပိတ်၊ ပြည်တွင်းက စားသုံးသူသပိတ်

မောင်ရစ်
မေ ၃၁၊ ၂၀၀၉
သပိတ်မှောက်တဲ့ ယဉ်ကျေးမှု

ပြည်ပက (အနောက်အုပ်စု) နအဖကို စီးပွားရေးသပိတ်၊ ငွေကြေးကူးသန်းမှုဆိုင်ရာ သပိတ်မှောက်ထားတယ်။ ဒါကို မည်သူတွေက ဘယ်လိုပြောပြော သက်တမ်းအထပ်ထပ်တိုးပြီးတော့ စီးပွားရေးသပိတ်ကို မှောက်နေဆဲပဲ။ နအဖနဲ့ စီးပွားဖက် အရှေ့အုပ်စုက ဘယ်လို အကျိုးစီးပွားတွေ ဖြစ်နေစေကာမူ ဒီလိုစစ်အုပ်စုပြုမူပုံမျိုးနဲ့ကတော့ အနောက်အုပ်စုအနေနဲ့ သပိတ်လှန်ဖို့အရေး ဝေးသည်ထက် ဝေးပါပဲ။
ပြည်တွင်းက ပြည်သူတွေ၊ စားသုံးသူတွေကိုယ်တိုင်ကကော စစ်အုပ်စုနဲ့ အပေါင်းအပါတွေကို စီးပွားရေးသပိတ်၊ စားသုံးသူသပိတ်မမှောက်နိုင်ဘူးလား။
ခုချိန်အထိ သံဃာတော်တွေက စစ်အုပ်စုကို သပိတ်မှောက်ထားပြီးသား။ မစိုးရိမ်ဆရာတော်ကြီးကိုယ်တိုင်ကလည်း စစ်အုပ်စုက အတင်းအကြပ် ဆက်ကပ်လှူဒါန်းလာခဲ့ရင် အလိမ္မာသုံးပြီး လက်ခံပါ၊ ပြီးတော့လည်း သပိတ်မှောက်ကံဆောင်တာကို ဆက်လက် ကျင့်ကြံပါလို့ မိန့်တော်မူပြီး ဖြစ်ပါတယ်။
ဘယ်လိုပဲ ဘုရား၊ တရား၊ သံဃာတွေကို ဖက်စေကာမူ မသန့်ရှင်းတဲ့အလုပ်တွေနဲ့ အကုသိုလ်ကံတွေ ဖိစီးနေတဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေအတွက်ကတော့ မည်သို့ လှူဒါန်း ပေးကမ်း ကျင့်ကြံနေစေကာမူ ဘာသာ၊ သာသနာရဲ့ အကာအကွယ် စောင့်ရှောက်မှုကတော့ ဆုတ်ယုတ် ခန်းခြောက်နေတာ အထင်အရှားပါပဲ။
ဓနုတ်စေတီကြီး ပြိုကျသွားတာကို ကြည့်ပြီး လူအများက တရားသံဝေဂ ရကြသလို၊ ဘုရားတည် ထီးတော်တင် လုပ်ခဲ့ကြတဲ့ စစ်အုပ်စုအနေနဲ့ကလည်း အယူသည်းမှုတွေ တပုံတပင်နဲ့ သောကဗျာပါဒ များကြရမှာ မလွဲပါဘူး။ အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ စစ်အုပ်စုအတွက် အကြောက်တရားလက်နက်ကိုပဲ ပြည်သူတွေက ပြန်သုံးစွဲကြရတော့မှာပါပဲ။
ယခင်က စစ်အုပ်စုကို သပိတ်တိုက်ပွဲတွေနဲ့ ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။ လမ်းပေါ်က အာဏာဖီဆန်တဲ့ ဆန္ဒပြတဲ့ သပိတ်မှောက်တိုက်ပွဲတွေ၊ အစာငတ်ခံဆန္ဒပြတဲ့ သပိတ်တိုက်ပွဲတွေဟာ စစ်အုပ်စုကို ထိခိုက်စေခဲ့၊ ကြောက်ရွံ့တုန်လှုပ်စေခဲ့တဲ့အတွက် ၁၉၈၈ မှာတုံးက အနှစ် ၂၀ ကျော်အကြာ အုပ်ချုပ်ခဲ့တဲ့ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်။ အစိုးရ၀န်ထမ်းတွေရဲ့ သပိတ်နဲ့ အစိုးရယန္တယားကြီး ဘုန်းဘုန်းလဲ ပြိုကျခဲ့ရတယ်။
ခုချိန်မှာတော့ဖြင့် ထိပ်တိုက်ရင်ဆိုင်တဲ့ သပိတ်မှောက်တိုက်ပွဲတွေအပြင် စစ်အုပ်စုကို ကြိမ်မီးအုံးသလို မကျေမနပ်ဖြစ်နေတဲ့၊ မခံမရပ်နိုင်ဖြစ်နေတဲ့ ပြည်သူလူထုအားလုံး တခဲနက် အဆင့်ဆင့် ပညာသားပါပါ အထိအခိုက်အနဲပါးဆုံးနဲ့ စစ်အုပ်စု အကြောက်ရွံဆုံး လျို့ဝှက်သပိတ်မှောက်နည်းတွေကို တိုက်တွန်းချင်တာပါပဲ။

အတိတ်က သပိတ်ခြေရာများ

ယခင်က စစ်အုပ်စုရဲ့ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို အားမပေးဖို့ သပိတ်မှောက်ဖို့ အတိုက်အခံများက တိုက်တွန်းဖူးပါတယ်။ ယခုအချိန်အထိ ဒီသပိတ်ကို ကိုင်စွဲထားဆဲ ဒီမိုကရေစီအင်အားစုတွေ အရေအတွက်အားဖြင့် မများသည့်တိုင် ရှိနေဆဲဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ မဟာမိတ် တေဇနဲ့ အပေါင်းအပါတွေဟာ ၂၀၀၇ သံဃာအရေးအခင်းအပြီးမှာ ပြည်သူလူထုရဲ့ ဒေါသမီးသင့်ခဲ့ရပြီးနောက် လေကြောင်းလုပ်ငန်းကြီးတခုလုံး ရေစုံမျောမတတ် ဖြစ်ခဲ့ရတဲ့ မှတ်တမ်းလည်း ရှိခဲ့ပါတယ်။
စစ်အုပ်စုအလိုကျ ဆိုကြ၊ ကကြ၊ သရုပ်ဆောင်ကြတဲ့ စာနယ်ဇင်းသမားတွေ၊ သရုပ်ဆောင်တွေ၊ အနုပညာရှင်တွေသည်လည်း ပြည်သူရဲ့ ပညာသားပါတဲ့ သပိတ်မှောက်မှုကြောင့် ပြည်သူချစ်သော အနုပညာရှင်တွေ ဖြစ်မလာတော့ဘဲ၊ စစ်အုပ်စုနဲ့ အပေါင်းအပါ မဟာမိတ်များရဲ့ ပေးကမ်းစာ၊ အခွင့်အရေးများနဲ့သာ နေထိုင်ရှင်သန်ရသူတွေ သက်သက်သာ ဖြစ်ကြရတဲ့ ဥပမာတွေ ရှိပါတယ်။

ပြည်တွင်းက လက်ဆင့်ကမ်းသပိတ်

စစ်အုပ်စုနဲ့ မဟာမိတ်တွေဟာ မြန်မာပြည်တခုလုံးရဲ့ စီးပွားရေး အသက်သွေးကြောတွေအားလုံးရဲ့ အချက်အခြာတွေကို သိမ်းပိုက်ပြီး အဲဒီ အကျိုးအမြတ်ပုံကြီးပေါ်မှာ စံစားနေတာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီစစ်အုပ်စုကို ထိခိုက်နစ်နာစေချင်ရင် စစ်အုပ်စုထိပ်သီးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကွန်ယက်တွေကို စီးပွားရေးသပိတ်၊ စားသုံးသူသပိတ် မှောက်ကြရလိမ့်မယ်လို့ ထင်မြင်ချက် ပေးလိုပါတယ်။
ဥပမာ - စီးတီးမတ်ဟာ စစ်အုပ်စုရဲ့ လုပ်ငန်းတခုဖြစ်တယ်။ အတတ်နိုင်ဆုံး စီးတီးမတ်မှာ ၀ယ်ယူအားပေးတာကို လျော့ချဖို့ တိုက်တွန်းစည်းရုံးလို့ ရမယ် ထင်ပါတယ်။ တရုတ်ဟာ စစ်အုပ်စု မဟာမိတ်ဖြစ်နေလို့ တရုတ်လုပ်ပစ္စည်းတွေကို သပိတ်မှောက်မယ် ဆိုတာထက် တရုတ်လုပ်ပစ္စည်းတွေ ရောင်းပြီး စီးပွားဖြစ်နေတဲ့ လုပ်ငန်းတွေထဲက စစ်အုပ်စုထိပ်သီးရဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး သပိတ်မှောက်နေကြဖို့ပါပဲ။
အဲဒီအတွက်လည်း အဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလတွေက တာဝန်ခံပြီး နှိုးဆော်နေကြရတာထက် တဦးနှင့်တဦး လက်ဆင့်ကမ်း အသိပေးပြီး တိုက်တွန်းနှိုးဆော်လို့ရရင် ပိုပြီး အန္တရာယ်ကင်း ထိရောက်မယ်လို့ ထင်မြင်မိပါတယ်။ နောက်ပြီးတော့လည်း စားသုံးသူသပိတ်မှာ သိပ်ပြီး အတွေးခေါင်ချင်စရာ၊ အငြင်းပွားချင်စရာတွေကို နားလည်မှု အပြည့်ထားပြီး ရှောင်ရှားလို့ ရမယ် ထင်ပါတယ်။
ဥပမာ - တရုတ်ရေဒီယိုကို စီးတီးမတ်မှာမှ ရလို့ ၀ယ်ရတယ်ဆိုလည်း ၀ယ်လိုက်ပါ။ ၀ယ်ပြီးရင် သပိတ်မှောက်သူတွေက ပြည်ပက ရေဒီယိုတွေ နားထောင်ဖို့ အသုံးချမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ။ ဘာမှ လျောက်ငြင်းနေစရာ မလိုဘူး ထင်ပါတယ်။ အင်တာနက်ဆိုတာ စစ်အုပ်စုလက်ထဲမှာ ရှိတော့ သပိတ်မှောက်နေစရာမလိုပါဘူး။ အင်တာနက်သုံးပြီး သတင်းတွေ အမှန်တရားတွေ စုတုပြုရမှာ၊ လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ်။ စစ်အုပ်စုက ဖွင့်ထားတဲ့ ဆိုင်တွေကို သပိတ်မှောက်နိုင်ရင် ဖြစ်ပါတယ်။

သပိတ်မှောက် ပြည်သူ

မြန်မာပြည်မှာ အမီအခိုကင်းကင်းနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်နေကြသူတွေ အများအပြားရှိနေဆဲပါပဲ။ သူတို့ကို သတ်သတ်မှတ်မှတ်ထားပြီး အားပေးရင် ပြည်သူတွေဖက်က နစ်နာစရာ မရှိဘူးလို့ မျှော်လင့်ပါတယ်။ အတိုက်အခံတွေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လုပ်ငန်းတွေ၊ အလုပ်တွေကိုတော့ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိနဲ့ ပိတ်ပင်တာ၊ တားမြစ်တာ၊ ဖျက်ဆီးတာတွေ လုပ်ပါတယ်။ စားသုံးသူအချို့ကိုလည်း ခြိမ်းခြောက်ပြီးတော့ အတိုက်အခံတွေရဲ့ လုပ်ငန်းတွေကို အားမပေးဖို့ စစ်အုပ်စုက အမြဲတမ်း လုပ်ပါတယ်။ ပြည်သူတွေဖက်ကလည်း ဒါကို အလိမ္မာသုံးပြီး ဆန့်ကျင်ဖို့ ဘာလို့ မ၀ံ့ရဲရမှာလဲ။
ပြည်ပက ဒီမိုကရေစီသမားများကလည်း အဲဒီ စစ်အုပ်စုနဲ့ အပေါင်းအပါများရဲ့ မိသားစုတွေ၊ မဟာမိတ်တွေကို စာရင်းပြုစုပြီး စုဆောင်းရသလောက် ထုတ်ပြန်အသိပေးနေဖို့ကို လုပ်ပေးရမယ် လို့ထင်ပါတယ်။ ပြည်တွင်းက သပိတ်မှောက်လိုပေမယ့် ကိုးကားစရာ စာရင်းမရှိရင် ရေရှည်မှာ တာသွားဖို့ ခက်ပါလိမ့်မယ်။ လုပ်တော့ လုပ်ကြပါရဲ့ အင်တာနက်ပေါ်က နေ့မြင်ညပျောက် ၀က်ဆိုက်တွေက များတော့ ဘယ်ဟာကို အားကိုးပြီး ကြည့်ရမှန်း ပြည်တွင်း မပြောနဲ့ ပြည်ပမှာတောင် မျက်စိက လည်နေတာကလည်း ပြုပြင်ရမယ့် ကိစ္စဖြစ်ပါတယ်။

အကြောက်တရားနဲ့ သပိတ်

သာမန်ပြည်သူလူထုမှာ အကြောက်တရားရှိသလို စစ်အုပ်စုနဲ့ အပေါင်းအပါတွေမှာလည်း ထပ်တူထပ်မျှ အကြောက်တရားရှိပါတယ်။ လက်နက်တွေ၊ အာဏာတွေ၊ နောက်လိုက်ငယ်သားတွေ အားကိုးနဲ့ မိုက်လုံးကြီးနေကြပေမယ့် သူတို့ တဦးချင်းစီရဲ့ အကျိုးစီးပွားအတွက် ကြောက်စိတ်ကတော့ သူလို ကိုယ်လိုပါပဲ။
ပြည်ပရောက် တချို့သော မြန်မာတွေကိုယ်တိုင်က တိုင်းပြည်ပြန်ရမှာမို့လို့ အမျိုးသားရေးပွဲတွေကို ဗြောင်ကျကျ မဆင်နွဲရဲကြပါဘူး။ ပြန်ရင်ပဲ အဖမ်းခံထိမှာ လိုလို၊ ဆွေမျိုးသားချင်းတွေ ထိခိုက်မှာ လိုလိုနဲ့ ကြောက်ရွံ့ကြပါတယ်။ သူတို့တွေ စာရင်းတွေ၊ ဓာတ်ပုံတွေလည်း ဘယ်ဝက်ဆိုက်၊ အီးမေးတွေနဲ့ အစိုးရသတင်းစာတွေမှာ ဖော်ပြထားခြင်း မရှိပါသော်ငြား စစ်အုပ်စုလက်ထဲမှာ ရောက်နေမှာ၊ လက်ထောက်ချခံရမှာ၊ သတင်းပေးခံရမှာကို ကြောက်ရွံ့နေတာ ဖြစ်ပါတယ်။ အဲဒီ ကြောက်ရွံ့စိတ်နဲ့ စစ်အုပ်စုက ပြည်သူတွေကို ပြန်ပေးဆွဲထားတာ ဖြစ်ပါတယ်။
ထိုနည်းတူစွာပဲ ဒီနည်းကို တန်ပြန်သုံးပြီးတော့ ပြည်တွင်းက ပြည်သူတွေ သပိတ်မှောက်ကြတဲ့နေရာဝယ် အထောက်အကူရအောင် စစ်အုပ်စုထိပ်သီးတွေ၊ မိသားစုဝင်တွေ၊ အပေါင်းအပါတွေ၊ မဟာမိတ်တွေကို ဓာတ်ပုံတွေ၊ အိမ်ထောင်စုစာရင်းတွေ၊ လိပ်စာတွေ၊ စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းပြီး အထင်အရှားကို အင်တာနက်၊ အီးမေးတို့ကတဆင့် စုဆောင်း၊ တင်ပြ၊ ပြန်ကြားနေလို့ ရပါတယ်။
သာမန်ပြည်သူတွေတောင် မှတ်တမ်းမှတ်ရာ အယူခံရမှာ ကြောက်သေးရင်၊ စစ်အုပ်စုနဲ့ အပေါင်းအပါတွေဟာ ခိုးထုပ်ခိုးထည်နဲ့ သက်သေ အချက်အလက်တွေနဲ့ ဖော်ထုတ်ခံရမှာကို သာမန်ပြည်သူတွေထက် မလျော့တဲ့ အတိုင်းအတာနဲ့တော့ ကြောက်ရွံ့ပါတယ်။
၁၉၈၈ စစ်အုပ်စု အာဏာသိမ်းပြီးကတည်းက အပြစ်မဲ့တဲ့ ပြည်သူတွေကို အကြိမ်ကြိမ် သတ်၊ အကြိမ်ကြိမ် ထောင်ချ၊ အကြိမ်ကြိမ် နှိပ်စက်ညှင်းပန်းဖိနှိပ်ခဲ့ပေမယ့် သူတို့ရဲ့ တဦးချင်းစီရဲ့ အကြောင်းအရာ မှတ်တမ်းတွေကို လူသိထင်ရှား အစဉ်တစိုက် စုစည်း ဖော်ပြထုတ်ဖော်ခြင်း အားနည်းခဲ့တဲ့အတွက် စစ်အုပ်စုနဲ့ အပေါင်းအပါများ မိသားစုဝင်များဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ လူတွင်ကျယ်နေနိုင်တာ ဖြစ်ပါတယ်။

သပိတ်မှောက်ရန် သန်းခေါင်စာရင်း

၁၉၄၅ ခုနှစ်များမှာ နာဇီတွေဟာ ဂျုးလူမျိုး သန်းပေါင်းများစွာကို အကျဉ်းစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းပြီး နှိပ်စက် ညှင်းပန်း သတ်ဖြတ်ခဲ့တယ်။ အဲသည် နာဇီတွေကို ဂျုးတွေက တရားဥပဒေနဲ့ ခုံရုံးတင် အရေးယူအပြစ်ပေးခဲ့တယ်။ အဲဒီ စာရင်းတွေ၊ အဖြစ်အပျက်တွေ၊ နေ့စွဲတွေ၊ သမိုင်းတွေ ဘယ်ကလာတာလဲ။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဂျုးတွေဆီက လာတာဖြစ်ပါတယ်။ နာဇီတွေ ၀န်ခံလို့လည်း မဟုတ်ဘူး။ ကယ်တင်ရှင် မဟာမိတ်တွေက ထုတ်ဖော်ပေးလို့လည်း မဟုတ်ပါဘူး။ လူသားတွေကို မျိုးတုံးအောင်သုတ်သင်သူကို အရေးယူတရားစီရင်ဖို့ ဆိုတာဟာ ဘေးက ပရိသတ်တွေမှာ တာဝန်ရှိတယ်ဆိုရင်၊ ကာယကံရှင် ကျနော်တို့ မြန်မာပြည်သူ တဦးချင်းဆီမှာ ပိုလို့တောင် တာဝန်ရှိပါသေးတယ်။ ကာယကံရှင်တွေကိုယ်တိုင်က စစ်အုပ်စုကို အနီးကပ် စောင့်ကြည့် မှတ်တမ်းတင် ဖော်ထုတ်ဖို့ အကောင်းဆုံး အခွင့်အရေးရနေတဲ့ နေရာကို ရောက်နေပြီ ဖြစ်ပါတယ်။
အင်တာနက်ခေတ်ကြီးထဲမှာ သတင်းနဲ့နည်းပညာ တော်လှန်ရေးခေတ်ကြီးထဲမှာ သူရဲကောင်းတွေ၊ စွန့်လွှတ်စွန့်စား အနစ်နာခံမှုတွေကို မှတ်တမ်းတင်ပြီး ကမ္ဘာကြီးကို အားနည်းတဲ့သူတွေဘက်က ရပ်လာကြဖို့၊ ဆုတွေ တံဆိပ်တွေ အကြိမ်ကြိမ် အလီလီ ချီးမြှင့်နိုင်ဖို့ လုပ်နိုင်ခဲ့ကြပြီ။ အခုနောက်ထပ်ပြီးတော့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေ၊ မိသားစုဝင်တွေ၊ သူတို့ စီးပွားရေးလုပ်ငန်းတွေ၊ ကွန်ယက်တွေကို ဖော်ထုတ်ဖို့၊ မှတ်တမ်းတင်ဖို့၊ ဖွင့်ချပြီး သပိတ်မှောက် ဆန့်ကျင်နိုင်ဖို့ ပြည်တွင်းက ပြည်သူတွေအားနဲ့ ပြည်ပကလည်း ၀ိုင်းဝန်းအားပေးကြဖို့ အချိန်ကောင်းပဲလို့ ထင်မြင်မိပါတယ်။

ပြည်သူတွေလက်ထဲက တယောက်တလက် သပိတ်လက်နက်

ခုချိန်မှာတင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဆွဲချနေတဲ့ သက်သေ ၂၃ ဦး စာရင်း ရှိနေပြီ ဖြစ်ပါတယ်။ တရားသူကြီးတွေရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေ ရှိနေပြီ ဖြစ်ပါတယ်။ ပြည်ပက အတိုက်အခံမီဒီယာတွေမှာ အဲသည်အကြောင်းအရာတွေ တင်ဆက်ထားပြီး ဖြစ်တော့ သူတို့နောက်ကို ခြေရာခံလိုက်ပြီး မှတ်တမ်းယူထားဖို့က မခဲယဉ်းတော့ဘူး ဖြစ်ပါတယ်။ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်နစ်နာအောင် သွားပုပ်လေလွင့် တရားလက်လွတ်ပြောကြားနေတဲ့ စစ်အုပ်စု ကက်ဘိနက်အဖွဲ့ဝင်တွေ၊ အင်တာနက်ဆိုက်တွေ၊ အလိုတော်ရိတွေကို တွေ့နေရပြီ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အကြီးအကဲကြီးနဲ့ မိသားစုဝင်တွေနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အကျိုးစီးပွားတွေဆိုတာလည်း ပြည်တွင်းက ပြည်သူတွေအဖို့ နားစွင့်လိုက်တာနဲ့ စာရင်းနဲ့တကွ သိရှိပြီး ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းတွေ၊ စစ်အုပ်စုနဲ့ အပေါင်းအပါတွေကို ထိခိုက်နစ်နာ ကြောက်ရွံ့သွားစေဖို့ လက်နက်ဆိုတာ လက်ပစ်ဗုံးတွေ၊ ချိန်ကိုက်ဗုံးတွေ၊ အကြမ်းဖက် လက်နက်တွေ ဖြစ်နိုင်သလို၊ ပြည်သူလူထုက အလိမ္မာဉာဏ်နဲ့ လျို့ဝှက်တိုက်ခိုက်နိုင်တဲ့ သပိတ်မှောက်လက်နက်လည်း ဖြစ်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် စားဝတ်နေရေးအတွက် ထွက်ပေါက်မဲ့နေတဲ့ ပြည်သူလူထု၊ ချဲတွေ နှလုံးထီတွေ၊ လောင်းကစားတွေနဲ့ ဖြတ်လမ်းမှားတွေနဲ့ တ၀ဲလည်လည် ဖြစ်နေတဲ့ ပြည်သူလူထု၊ အဲဒီပြည်သူလူထုကို ထပ်ပြီး နင်းခြေပိပြားအောင် နှိပ်စက်မယ့် တရားဝင်လောင်းကစားစနစ်ကို ထူထောင်ဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုရဲ့ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲတွေကို ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရချိန်နဲ့ တိုက်ဆိုင်ပြီး အသက်သွင်းလာချိန်မှာ ကျနော်တို့ ပြည်သူတွေကကော အဲဒီပွဲတွေကို သပိတ်မှောက်ဖို့ အရှိန် မမြှင့်နိုင်ပေဘူးလား။

ဗိုလ်ချူပ်တစုနှင့်ဒီအမှု


နအဖသည် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်သည့် အစိုးရမဟုတ်


မင်းလွင်ဦး
တနင်္လာနေ့၊ ဇွန်လ 01 2009 13:10 - မြန်မာစံတော်ချိန် အင်္ဂလိပ်လက်အောက်သို့ ကိုလိုနီအဖြစ် မြန်မာနိုင်ငံ ကျရောက်စဉ် ဗြိတိသျှအစိုးရက လွတ်လပ်ရေးအတွက် ကြိုးပမ်းကြသည့် တော်လှန်ရေးသမားများနှင့် နိုင်ငံရေးသမားများ၏ လှုပ်ရှားမှုများကို ဟန့်တား၊ တားဆီးနိုင်ရန် ရည်ရွယ်၍ ၁၈၇၅ ခုနှစ်တွင် နိုင်ငံတော် အကာအကွယ်ပေးရေး ဥပဒေ State Protection Law အဖြစ် ပြဋ္ဌာန်းကျင့်သုံးခဲ့သည်။ ထိုဥပဒေကို ၁၉၇၅ ခုနှစ်တွင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေအဖြစ် ဖြည့်စွက်မွန်းမံ၍ ပြန်လည်ပြဋ္ဌာန်းခြင်း ဖြစ်သည်။ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အကာအကွယ်ပေးရန်၊ ဦးနေဝင်း၏ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ချီတက်နေသည့် ဆိုရှယ်လစ် လမ်းစဉ်ကို အကောင်အထည်ဖော်ရာတွင် ဟန့်တားနှောင့်ယှက်မည့် သူများအား အရေးယူနိုင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေဖြင့် နိုင်ငံသားတဦးတယောက်၏ မူလအခွင့်အရေးများကို တားမြစ်ကန့်သတ် အရေးယူမည်ဆိုပါက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဝန်ကြီးအဖွဲ့နှင့် နိုင်ငံတော်ကောင်စီတို့၏ ခွင့်ပြုချက်ဖြင့် ကျင့်သုံးဆောင်ရွက်ရပြီး၊ အနီးကပ်ဆုံး ပြည်သူ့လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူရသည်။ ထို့ကြောင့် နိုင်ငံသားတဦး၏ မူလ အခြေခံအခွင့်အရေးများကို ကန့်သတ်တားဆီးမိန့် ထုတ်ပြန်မည့်သူသည် အစိုးရအဖွဲ့ဖြစ်ရန် လိုသည်။ တနည်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံပြဋ္ဌာန်းချက်များနှင့်အညီ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအဖွဲ့၏ အင်္ဂါရပ်နှင့် ညီညွတ်ရန် လိုသည်။ သို့မှသာ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ကျင့်သုံးနိုင်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးမည့်သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် သူများ၏ ဥပဒေပုဒ်မ ၁ဝ (ခ) ဖြင့် အရေးယူ၍ မူလအခွင့်အရေးများကို ကန့်သတ်တားဆီးခဲ့သည်။ ထို့နောက် ကန့်သတ်တားဆီးမိန့်များကို ဖောက်ဖျက်သည်ဟုဆိုကာ ပုဒ်မ ၂၂ ဖြင့် ဆက်လက်အရေးယူပြီး အမှုစစ်ဆေးသည်မှာ စီရင်ချက်နှင့် အမိန့်ချမှတ်မည့် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ တရားလိုပြသက်သေ မြန်မာနိုင်ငံသတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်း ကို စစ်ဆေးရာတွင် ရုံးရှေ့ရှိ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ကန့်သတ်မိန့်၊ တားဆီးမိန့်များနှင့် တားဆီးခံထားရသူဖြစ်ကြောင်း၊ ကန့်သတ်မိန့်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသော မူလအခွင့်အရေးများထဲက ပုဒ်မ ၁၄၈ (ဂ)၊ ၁၅၇၊ ၁၅၈၊ ၁၅၉ (က) (ခ) နှင့် ၁၆ဝ တို့တွင် ပါရှိသည့် မူလအခွင့်အရေးများကို ကန့်သတ်ထားခြင်းဖြစ်ကြောင်း၊ ယင်းသို့ ကန့်သတ်ထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် မည်သူတစုံတဦးကိုမျှ တွေ့ဆုံခြင်း၊ ဆက်သွယ်ခြင်း၊ လက်ခံစကားပြောဆိုခြင်း၊ ညအိပ်ညနေ တည်းခိုခွင့် ပြုလုပ်နိုင်သည့် အခွင့်အရေးများ မရှိကြောင်း၊ စသဖြင့် သီးသန့်ခုံရုံးရှေ့တွင် ထွက်ဆိုခဲ့သည်။နအဖ အာဏာသိမ်းအစိုးရအနေဖြင့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးခွင့် ရှိ၊ မရှိကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ သုံးသပ်ရန် လိုအပ်လာပေသည်။ ဥပဒေအရ တည်ထောင်ထားသော အစိုးရကို ပြစ်မှုဆိုင်ရာ ဥပဒေတွင် The Government established by Law ဟု ဖော်ပြထားသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ယခု နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုထားသော အစိုးရ ဖြစ်ပါသည်။ သို့သော် ယင်းသို့ အသိအမှတ်ပြုထားသည့်အတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရ (The Government established by Law) ဖြစ်မလာပါ။ အစိုးရဟူသည့် စကားရပ်နှင့်ပတ်သက်၍ ပြစ်မှုဆိုင်ရာဥပဒေ၊ အခန်း (၂) အရပ်ရပ်ဆိုင်ရာ ရှင်းလင်းချက်များ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တွင် အစိုးရဆိုသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ တဝှမ်းလုံးတွင် မည်သည့်အရပ်၌မဆို ဥပဒေအရ အုပ်ချုပ်မှုအာဏာ ရရှိသောသူတဦးကို ဖြစ်စေ၊ အများကို ဖြစ်စေဆိုလိုသည်ဟု ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရမည် ဖြစ်သည်။ ဥပဒေပြဋ္ဌာန်းချက်များအရ နအဖ သည် ဥပဒေအရ တည်ထောင်ထားသည့် အစိုးရတရပ် မဟုတ်ကြောင်းကို အောက်ပါအချက်များအရ အထင်အရှား တွေ့ရှိရမည် ဖြစ်သည်။ ၁၈-၉-၁၉၈၈ ရက်စွဲပါ ကြေညာချက်အမှတ် ၁/၈၈ တွင် နိုင်ငံတဝှမ်းလုံးတွင် အဖက်ဖက်မှ ယိုယွင်းနေသော အခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ရန်အတွက် ပြည်သူပြည်သားအားလုံး အကျိုးငှာ တပ်မတော်သည် အောက်ပါ လက်ငင်းတာဝန်များကို ထမ်းဆောင်ရန် ယနေ့မှစ၍ နိုင်ငံတော် အာဏာအရပ်ရပ်ကို လုံးဝ တာဝန်ယူလိုက်သည်။ ထိုနေ့မှာပင် နိုင်ငံတော် အာဏာပိုင်အဖွဲ့အစည်းများကို ဖျက်သိမ်းကြောင်းနှင့် ဒုတိယ ဝန်ကြီးများကို တာဝန်မှ ရပ်စဲကြောင်း ၂/၈၈ ဖြင့် ကြေညာခဲ့သည်။၂ဝ-၉-၁၉၈၈ ရက်စွဲပါ ကြေညာချက်အမှတ် ၄/၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ တာဝန်ပေးချက်အရ အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သော အုပ်ချုပ်ရေးအစိုးရအဖွဲ့ကို ယနေ့မှ စတင်၍ ဖွဲ့စည်းလိုက်သည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ယခု နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အုပ်ချုပ်ရေးအစိုးရအဖွဲ့ကို ကြေညာချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသည့် အစိုးရမဟုတ်ကြောင်း ထင်ရှားစွာ တွေ့ရှိနိုင်ပါသည်။ ထို့အပြင် -(က) ၄၅ နှစ်မြောက် တော်လှန်ရေးနေ့ဖြစ်သော ၂၇-၃-၁၉၉ဝ ရက်နေ့ စစ်ရေးပြအခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ မိန့်ခွန်းတွင် ယနေ့ အစိုးရသည် ရွေးချယ်တင်မြှောက်ခံရသည့် အစိုးရမဟုတ်၊ တပ်မတော်အစိုးရ၊ ဘာသာပြန်ဆိုချက်တွင် We are not elected government. We are a military government ဟု တွေ့ရပါသည်။ (ခ) ၂ဝဝ၅ ခုနှစ် မတ်လ ၁၅ ရက်နေ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းစာရှင်းလင်းပွဲ၊ စာမျက်နှာ ၂ တွင် တိုင်းပြည်၏ လိုအပ်ချက်အရ ၁၉၈၈ ခုနှစ်တွင် တပ်မတော်အစိုးရက နိုင်ငံတော်တာဝန်ယူခဲ့ရသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားသွားသည်ကိုလည်း တွေ့ရပါသည်။အထက်ဖော်ပြပါ အချက်များအရ နအဖသည် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ကန့်သတ်တားမြစ်နိုင်သည့် အခွင့်အာဏာမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်တားမြစ်ခဲ့ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည်ကို အထင်အရှား တွေ့ရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်အား တားဆီးမိန့်ထုတ်သည့် အထဲတွင်ပါသည့် အချက်များမှာ သံရုံးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီများနှင့် ဆက်နွယ်သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှအပ ပြင်ပသို့ ထွက်ခွင့် လုံးဝမပြုရန်၊ အခြားသို့ စာဖြင့်၊ စကားပြောကြေးနန်းဖြင့် ဆက်သွယ်ခြင်း မပြုရန်ဟုသာ ပါရှိသည်။ သို့သော် တရားလိုပြသက်သေ မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းက တရားရုံးတွင် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ မူလအခွင့်အရေးများကို ကန့်သတ်ထားခြင်းသည် တရားဝင် ဆက်လက် အတည်ဖြစ်လျက် ရှိသကဲ့သို့ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ပေးနိုင်ရန် တမင်ရည်ရွယ်၍ ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခြေခံအခွင့်အရေးများကို ကန့်သတ်မည်ဆိုလျှင် ဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ ဖြစ်ရပါမည်။ နအဖသည် ဥပဒေနှင့်အညီ ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရမဟုတ် ထို့ကြောင့် ယခုအမှုကို မစွဲဆိုနိုင်၊ ဥပဒေနှင့်အညီ စွဲဆိုခြင်း မရှိသည့် အမှုကို လက်ခံစစ်ဆေးနေခြင်းသည် မူလကပင် မှားယွင်းနေသည့်အတွက် စွဲဆိုထားသည့် အမှုကို တရားလိုဘက်မှ ရုပ်သိမ်းရန်သာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။

လမ်းပြမြေပုံ ...

Photobucket
Monday, 01 June 2009 18:31 ဟန်လေး

ဓနုတ်စေတီတော်ပြိုကျအောင်ကြိုးဖြင့်ဆွဲချနေသူများ

Photobucket


Monday, 01 June 2009 16:04 အောင်သက်ဝိုင်း
ဓနုတ်စေတီ သတင်းအမှောင်ချ၊ နိမိတ်ဆိုးဟု သုံးသပ်
လူ ၂၀ ထက် မနည်း သေဆုံးသွားသည်ဟု ယူဆရသည့် ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဓနုတ်စေတီ စနေနေ့က ပြိုကျမှုနှင့် ပတ်သက်ပြီး ရေးသား ဖော်ပြခြင်း မပြုရန် အာဏာပိုင်တို့က ရန်ကုန်မှ စာနယ်ဇင်းများကို တားမြစ်ထားပြီး၊ ဗေဒင်ဆရာများကမူ နိမိတ်ဆိုးဟု သုံးသပ်နေကြသည် ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုက ပြန်လည် မွမ်းမံ ပြုပြင် လှုဒါန်းထားသော စေတီ ဖြစ်ခြင်းကြောင့် ထိုသို့ တားမြစ်ခြင်း ဖြစ်မည်ဟု အများက ယူဆနေကြသည်။ စစ်အစိုးရ ချုပ်ကိုင်ထားသည့် စာနယ်ဇင်းများတွင်လည်း အဆိုပါ သတင်းကြီးကို ၂ ရက် ကြာသည်အထိ ဖော်ပြခြင်း မပြုသေးပေ။ စေတီ ပြိုကျမှုကြောင့် ယခုအချိန်အထိ ဒဏ်ရာရသူပေါင်း ၁၅၀ နီးပါး ရှိသည်ဟု သိရသည်။ ဒေသခံများက လူ ၂၀ ထက် မနည်း အသေအပျောက်ရှိသည်ဟု ပြောကြသည်။ ထိခိုက် သေဆုံးသူများမှာ စေတီကို ငြမ်းဆင်ပြီး ပြင်ဆင် မွမ်းမံနေကြသော အလုပ်သမားများ၊ လုပ်အားပေးများ ဖြစ်သည်။


ဓနုတ် စေတီသည် ထူးခြားသော နိမိတ် လက္ခဏာများ ပြသပြီး ပြိုကျခဲ့ရာ အဆိုပါ ပြိုကျမှုသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် အစိုးရအဖွဲ့ မကြာမီ သေကြေ ပျက်စီးကိန်း ဆိုက်မည့် နိမိတ် လက္ခဏာများ ဖြစ်ကြောင်း ပြည်တွင်း နက္ခတ္တ ဗေဒပညာရှင် နှစ်ဦးက ပြောပြသည်။ပြဿဒါး နေ့ရက် အချိန်အခါမှာ လူပြဿဒါးနေ့ရက်ရယ်၊ နတ်ပြဿဒါး နေ့ရက်ရယ် ဆိုပြီး နှစ်မျိုး ရှိတယ်။ နတ်ပြဿဒါး ဆိုတာ လူပြဿဒါး နေ့ရက်ထက် ပိုဆိုးတယ်။ နတ်ပြဿဒါးနေ့ရက်မှာ စေတီ ပုထိုး ဘုရား တည်တာတွေ မလုပ်သင့်ဘူး။ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် နဲ့အစိုးရအဖွဲ့ ဓနုတ်စေတီတော် မြတ်ကြီးရဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်တဲ့နေ့က ၁၃၇၁ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ကြာသပတေးနေ့ (မေလ ၇ ရက်နေ့) က နတ်ပြဿဒါးနေ့ ကျနေတယ်” ဟု အသက် ၆၀ ကျော်အရွယ် နက္ခတ္တ ဗေဒ ပညာရှင်တဦးက ဆိုသည်။ဘုရား ဆင်းတုတော်တွေ၊ စေတီ ပုထိုးတွေကို တဦးချင်း ကိုယ်စားပြု သော်လည်းကောင်း၊ အများ ကိုယ်စားပြု သော်လည်းကောင်း တည်ထား ကိုးကွယ်တဲ့ အခါ၊ ပြုပြင် မွမ်းမံတဲ့အခါ ပျက်စီးခြင်း ဖြစ်ရင် နိမိတ်လက္ခဏာ ဗေဒကျမ်းတွေ အလိုအရ အရ ဒါက မကောင်းတဲ့ နိမိတ်။ မကောင်းတဲ့ နမိတ် ဆိုတဲ့ နေရာမှာ အကုသိုလ်ကံ အနည်း အများကို ကြည့်ပြီး သူလုပ်သမျှ မကောင်းမှုကို ပြန်ခံရမယ်” ဟု အခြား နက္ခတ္တဗေဒ ပညာရှင်တဦးကလည်း ပြောသည်။ထေရ၀ါဒ ဗုဒ္စသာသနာ ကို ယုံကြည် သက်ဝင်၍ မဟုတ်ဘဲ အာဏာ တည်မြဲရေး အတွက် ကြားခံပစ္စည်း တခုသဖွယ် အသုံးချပြီး ယတြာအရ စေတီ၊ ဘုရားတည်ခြင်းမှာ လက်မခံနိုင်ဖွယ် ဖြစ်ကြောင်း၊ သာသနာ ကွယ်ပျောက်နိုင်ကြောင်း ရန်ကုန်မြို့တော် မှ နာမည်ကျော် တရားဟောဓမ္မကထိက ဆရာတော်တပါးကလည်း မိန့်ကြားသည်။မီးကွင်းအောင်ဆိုပြီး ညောင်ပင်သား နဲ့ ဒက္ခိဏသာခါဘုရားထုပြီး ကိုးကွယ်တယ်။ ဘုရားကို ယုံကြည်သက်ဝင်လို့ မှ မဟုတ်ဘဲ ဘုရားကို မီးကင်းစောင့်ခိုင်းဖို့ ကိုးကွယ်သလို ဖြစ်နေတယ်။ အဲဒီလိုပဲ ကိုယ့်ရာထူး၊ ကိုယ့် အာဏာ၊ ကိုယ့်အသက် အိုးအိမ် စီးပွားတွေ တိုးတက်လာအောင် န၀င်းကိုးဂဏန်း ကျေအောင် ဆိုပြီး စေတီ ၉ ဆူ တည်တာတွေ လုပ်နေကြတယ်။ အဲဒီလိုမျိုး သာသနာကို သက်ဝင် ယုံကြည်လို့ မဟုတ်ဘဲနဲ့ ယတြာ ချေနေကြရင် သာသနာ ကွယ်လိမ့်မယ်၊ ဘုရားလည်း မကြိုက်ဘူး။ သမာဒေ၀ နတ်ကောင်း နတ်မြတ်တွေလည်း မကြိုက်ဘူး” ဟု အဆိုပါ ဆရာတော်က မိန့်ကြားသည်။ဓနုတ် စေတီကို ဗိုလ်ချုပ်မှူးကြီး၏ မိသားစုက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူ ပူဇော်ခဲ့ပြီး ၂၃ ရက် အကြာတွင် ထိုသို့ ပြိုကျခြင်း ဖြစ်သည်။ စေတီတော် ပြိုမကျမီ ထူးခြားသော နိမိတ် လက္ခဏာများ ပြသခဲ့သည်ဟု ဓနုတ် ကျေးရွာသားများ နှင့် စေတီတော် ပြုပြင် မွမ်းမံရာတွင် ပါဝင်ခဲ့သော အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။၃ နာရီ ၁၀ မိနစ်မှာ စပြီး ပြိုတယ်။ စေတီမပြိုခင် ၅ မိနစ် အလိုလောက်မှာ စေတီတော်ကြီးနဲ့ ရင်ပြင် တခုလုံး ဘာမှ မမြင်ရအောင် မှောင်မိုက်သွားတယ်။ စေတီတော် မြောက်ဘက်ကနေ အသံနက်ကြီးနဲ့ မီးလုံး အနီကြီး တက်လာတယ်။ ပြီးတော့ စေတီကြီးက တအား လှုပ်လာတယ်။ စေတီကြီးမှာ ဆင်ထားတဲ့ ၀ါးငြမ်းတွေ ပြုတ်ထွက်ကုန်တယ်။ “ကယ်ပါ” ဆိုတဲ့ အသံတွေကလည်း ညံသွားတယ်။ နောက်တော့ စေတီကြီး ပြိုသွားတယ်” ဟု အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး နဖူးနှင့် လက်တွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့သူ ပန်းရံလုပ်သားတဦးက ပြောသည်အဆိုပါ ထူးခြားသည့် နိမိတ် လက္ခဏာများနှင့် ပတ်သက်ပြီး စေတီအနီး နေထိုင်ကြသူများ နှင့် ဘုရားဂေါပက အဖွဲ့ဝင် တချို့ကလည်း ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုကြသည်။“စေတီပြိုတာ တအား ထူးဆန်းတယ်။ ရာသီဥတုကလည်း ကြည်လင် ကောင်းမွန်နေတဲ့ အချိန် ရုတ်ချည်း မှောင်မိုက်ပြီး အဲဒီလို ပြိုကျသွားတာ” ဟု ဓနုတ် စေတီ မုခ်ဦး အ၀င်ဝမှ စားသောက်ဆိုင် ပိုင်ရှင် တဦးက ဆိုသည်။ကယ်ဆယ်ရေး လုပ်ငန်းများရှိသော်လည်း နှောင့်နှေးလွန်းသည်ဟု ဒေသခံများက ဝေဖန်ကြသည်။ပြိုကျသွားသော ဓနုတ်စေတီ (ဓာတ်ပုံ - အောင်သက်ဝိုင်း)“စေတီရင်ပြင်ကို ပိတ်ပြီး ဘုရားဆင်းတုတော်တွေ၊ ရွှေတွေ ရှာတယ်။ အပျက် အစီးအောက်မှာ ပိတ်မိနေတဲ့ သူတွေကို အမြန်ဆုံး ကယ်ထုတ်ဖို့ ဦးစားမပေးကြဘူး။ ဒါပေမယ့် အဲဒီ အပျက်အစီးတွေ ကြားမှာ ရှိတဲ့သူတွေလည်း ခုချိန် ဆို သေနေလောက်ပြီ” ဟု ဓနုတ် ကျေးရွာသားတဦးက ပြောသည်။မေလ ၃၁ ရက်နေ့ မနက်ပိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းမြင့် အပါအ၀င် စစ်အစိုးရ ထိပ်တန်း အရာရှိကြီးများ လာရောက် ကြည့်ရှုချိန်ထိ စေတီတော် အုတ်ပုံ အပျက်အစီးများ အောက်တွင် လူ ၁၀ ဦးထက် မနည်း ပိတ်မိလျက်ရှိသည် ဟု သိရှိရသည်။စေတီကို ပတ်ပြီး ဆင်ထားတဲ့ ၀ါးငြမ်းတွေပေါ်မှာ ဆေးသုတ်တဲ့လူ၊ ပန်းရံ ကိုင်နေတဲ့လူ၊ အုတ်စီနေတဲ့သူ အများကြီး ရှိတယ်။ စေတီ ပြိုတဲ့အချိန် ကရိန်းတွေနဲ့ အပျက်အစီးတွေ မပြီး ဒဏ်ရာရနေတဲ့လူတွေကို ကယ်ထုတ်တယ်။ဒဏ်ရာရတဲ့လူတွေ တော်တော် များတယ်။ တချို့ဆိုရင် ၀ါးလုံးထိုးမိလို့ ဗိုက်ပွင့်ပြီး အူထွက်နေတဲ့ သူတွေလည်းပါတယ်” ဟု ဒေသခံ တဦးက ရှင်းပြသည်။စေတီပြိုကျပြီးနောက် ဒဏ်ရာရရှိသူ တရာကျော်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကြရာ မေလ ၃၀ ရက်နေ့ ညအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရသည်ဟု သိရှိရသည်။အရေးပေါ် ရောက်ရောက်ချင်း ၂ ဦး ဆုံးတယ်။ နောက်ရောက်လာတဲ့သူတွေ တော်တော် များများ ကလည်း ဒဏ်ရာ ပြင်းထန်တယ်” ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ သူနာပြု ဆရာမတဦးက ပြောသည်။ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့ အတွင်း ရှေးမြန်မာမင်းများ အဆက်ဆက်က တည်ထား ကိုးကွယ်ခဲ့သော ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ဓနုတ်စေတီတော်မြတ်ကြီးသည် တန်ခိုးကြီး ထင်ရှားသော ဘုရားတဆူ ဖြစ်ပြီး ဉာဏ်တော် ပေ ၁၇၀ ကျော်ရှိသည်ဟု သိရသည်။၂၀၀၆ ခုနှစ်ကလည်း သဘာဝဘေးဒဏ်များကြောင့် ပြိုကျခဲ့ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် မိသားစုက ဦးစီးပြီး ပြုပြင် မွမ်းမံ တည်ထားချိန်တွင် ထပ်မံ ပြိုကျခြင်း ဖြစ်သည်။စေတီ ပြိုကျမှုကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ ဘုရားဖူး ပြည်သူလူထုက နေ့စဉ် သွားရောက် ကြည့်ရှုနေကြပြီး နိုင်ငံရေး မငြိမ်မသက် ဖြစ်လာနိုင်သည် ဆိုသော ပြောဆိုချက်များ လူထုအတွင်း ပျံ့နှံ့လျက် ရှိသည်။ဓနုတ် စေတီတော် ပြိုကျသည့် နေ့သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို စစ်အစိုးရ ဘက်တော်သားများက အကြမ်းဖက် ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်သည့် ဒီပဲယင်း ၆ နှစ်ပြည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင် ဖမ်းဆီး တရားစွဲဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မစ္စတာ ယက်တောကိစ္စ စီအိုင်အေလက်ချက်ဟု စက်မှုဝန်ကြီး ပြောကြား

ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း နာယက၊ မန္တလေးတိုင်း စည်းရုံးရေးမှူး အမှတ် (၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းဟာ ဇွန်လ ၁ရက် ဒီနေ့မနက်မှာ ပြည်ကြီးတံခွန်မြို့နယ်က ပြည်သူတွေကို တအိမ်တယောက် မတက်မနေရ ဆင့်ခေါ်ပြီးတော့ မိုးထိအောင်စည် ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ သြဝါဒ ပေးပွဲ ကျင်းပပြီး ရွေးကောက်ပွဲလုပ်ရင် ၂ဝဝ၈ ဆန္ဒခံယူပွဲတုန်းကလို ထောက်ခံကြဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲ ရေကူးပြီး ဝင်ခဲ့တဲ့ မစ္စတာ ယက်တောကိစ္စဟာ အနောက်နိုင်ငံတွေနဲ့ စီအိုင်အေ လက်ချက်ဆိုပြီး ပြောသွားတယ်လို့ တက်ရောက် နားထောင်ခဲ့ရသူတဦးက RFA ကို ပြောပါတယ်။

နားထောင်ခဲ့ရသူ။ ။ '၂၀၀၈ တုန်းက ၉၂ ရာခိုင်နှုန်းကျော် အောင်မြင်တဲ့ပုံစံမျိုးကို အောင်မြင်သွားအောင် ကြိုးစားပေးကြပါဆိုတာတော့ ပြောသွားတယ်ဗျ။ ဒေါ်စုကြည်ရဲ့ အိမ်ဝင်းထဲမှာ ဝင်တဲ့ကိစ္စက ကျုပ်တို့အစိုးရရဲ့ ပယောဂ မပါပါဘူးတဲ့။ အဲဒီ အနောက်အုပ်စုနဲ့ စီအိုင်အေရဲ့ အကွက်ကျကျ ကြံစည်မှုသာ ဖြစ်တယ်ဆိုပြီးတော့ ပြောသွားတာလည်း ကျွန်တော်တို့ ကြားလိုက်ရတယ်။'

ဝန်ကြီး ဦးအောင်သောင်းက ရပ်ကွက်တခုက မူလတန်းကျောင်းအတွက် ၁၅ သိန်း ပေးမယ်လို့ ကတိပြုခဲ့သလို၊ နောက် ရပ်ကွက်တခုရဲ့ လမ်းခင်းပေးဖို့နဲ့ စာသင်ကျောင်းတခုရဲ့ အုတ်တံတိုင်း အခန်း ၂၀ ကာရံပေးဖို့ သဘောတူသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီသြဝါဒ ခံယူပွဲကို ဘယ်လို ဖိတ်ကြားခဲ့သလဲ၊ လူထုကရော စိတ်ဝင်စားမှု ရှိရဲ့လားလို့ မေးကြည့်တော့ သူက ခုလို ပြောပြပါတယ်။

နားထောင်ခဲ့ရသူ။ ။ 'လူထုက စိတ်ပါဝင်စားမှု ဆိုတာကတော့ ရှိကြတယ်လို့တော့ မဟုတ်ဖူးပေါ့ဗျာ၊ ကြောက်တော့ ကျွန်တော်တို့ လူထုက လိုက်ကြရတာပေါ့။ ကဲ သွားရမှ ဖြစ်မယ်ဆိုတဲ့ ဟာမျိုးကို ကျွန်တော်တို့ စိတ်တွေထဲမှာတော့ အဲလိုပဲ ဖြစ်နေကြတာပေါ့ဗျာ။ အဲ မလိုက်ရင် ဒဏ်ငွေ တထောင်ဆိုတာ တချို့ရပ်ကွက်တွေမှာ ပြောပါတယ်။ တချို့ ရပ်ကွက်တွေကျတော့ လော်စပီကာကြီးနဲ့ ဟစ်တယ်။ တချို့ ရပ်ကွက်တွေကျတော့လည်း တအိမ်တက်ဆင်း လိုက်ပြီးတော့ ဖိတ်သွားတာပေါ့ဗျာ။'

လူထုအနေနဲ့ နောက်ထပ် တောင်းဆိုစရာရှိရင် နောက်တခေါက် ထပ်လုပ်မဲ့ အခမ်းအနားမှာ ထပ်ပြောဖို့ မှာကြားပြီး မိုးရွာတာနဲ့ အခမ်းအနားကို ရုပ်သိမ်းသွားတယ်လို့ သိရပါတယ်။

ဒေါ်စု လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေမည့် လှုပ်ရှားမှု ပြုလုပ်မည်



အင်းစိန်ထောင်မှာ ချုပ်နှောင်ခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို လူထုအကြား ဖြန့်ဝေပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လူထုကိုယ်တိုင် ပါဝင်လာအောင် လှုံ့ဆော်မှုတခုကို မန္တလေးတိုင်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက စတင်လိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မိတ္ထီလာခရိုင်က ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို မနက်ဖြန်မှာ စတင်ဖြန့်ဝေဖို့ ဒီနေ့ကျင်းပတဲ့ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ တောင်သာမြို့နယ်တွေက အဖွဲ့ချုပ် စည်းကော်မတီဝင်တွေ ကျင်းပတဲ့ မိတ္ထီလာခရိုင် အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။
ဒီအကြောင်းကို မိတ္ထီလာမြို့နယ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု ဓာတ်ပုံကမ့်ပိန်းပေါ့။ မနက်ဖြန် အင်္ဂါနေ့က စပြီးတော့လုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို လူထုလက်ထဲ ကျယ်ကျယ်ပြန့်ပြန့် အိမ်ပေါက်စေ့ရောက်အောင် ကျမတို့ ပေးဝေသွားမယ်။
ကျမတို့နဲ့ ပြည်သူလူထု တရပ်လုံးက အားကိုးကြတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခု အင်းစိန် အကျဉ်းထောင်ထဲ ရောက်နေပြီဆိုတော့ ဒေါ်စုကို အားကိုးကြတဲ့ ပြည်သူလူထုနဲ့ အဖွဲ့ချုပ်ကို ဒေါ်စုက ဘယ်လိုပြန်ပြီး အားကိုးလို့ရမလဲ။ “ကျမတို့ တရားဝင် ပါတီတခုရဲ့ မူဘောင်ထဲက နေပြီးတော့ ငြိမ်းချမ်းစွာနဲ့ ကျမတို့ရဲ့ ဆန္ဒကိုထုတ်ဖော်ဖို့ ဒီကမ့်ပိန်းကို စတင်လိုက်တာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စေလိုတဲ့ ပြည်သူလူထု တရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မိမိတို့ အိမ်ရဲ့ ဧည့်ခန်းမှာ ချိတ်ဆွဲပေးကြပါ။”
အခု စ စချင်း မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်း၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ရေနံချောင်း၊ ညောင်ရွှေ စတဲ့ ဆယ်မြို့နယ်မှာ စတင် ဝေထားတယ်လို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေမှာလည်း ဆက်လက်ဖြန့် ဝေသွားမှာ ဖြစ်သလို လိုအပ်လို့ မှာကြားရင်လည်း ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေကို ပို့ပေးသွားမယ်လို့ ဆိုပါတယ်။
အခကြေးငွေ ဘာမှ ပေးစရာမလိုဘူးလို့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဆကသအားတ်ပုံကို ရရှိတဲ့အခါမှာ သူ့ရဲ့ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းပွဲတွေ ဆင်နွှဲနိုင်အောင်လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။
“ဒီနေ့ မြန်မာနိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှကို ဖြစ်မှာမို့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ကြည့်ပြီး လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်နိုင်ဖို့အတွက်လည်း ရည်ရွယ်ကာ ဝတ်ပြုဆုတောင်းပေး ကြဖို့လည်း တိုက်တွန်းပါတယ်” လို့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
ခရိုင်အစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ တခြား ဆုံးဖြတ်ချက်တွေကတော့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တစုံတရာ ချမှတ်လိုက်မယ်ဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကနေ ပြန်ပြီး ပြတ်သားသား ဦးဆောင်ပေးဖို့၊ အဖွဲ့ချုပ်ကနေ ထုတ်ပယ်ထားတဲ့ အဖွဲ့ချုပ်ဝင်တွေကို ပြန်လည်လက်ခံဖို့၊ နေအိမ် အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဗီဇာထုတ်ပေးသူတွေကို အရေးမယူတဲ့အပေါ် ကန့်ကွက်ချက်နဲ့၊ ဒီပဲယင်းအကြမ်းဖက်မှုကို စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုကြောင်း စတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေမည့် လှုပ်ရှားမှုတခုကို မနက်ဖြန်မှ စတင်၍ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း မိထ္ထီလာမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူးက ပြောသည်။

မိထ္ထီလာမြို့နယ် အပါအဝင် သာစည်၊ ဝမ်းတွင်း၊ မလိုင်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ရေနံချောင်း၊ ညောင်ရွှေ စသည့် အထက်မြန်မာနိုင်ငံမှ မြို့နယ်များ သာမက ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းမှ မြို့နယ်များလည်း ပါဝင်ကြမည်ဟု ပြောဆိုခြင်း ဖြစ်သည်။

“Photo campaign ကို ဒီကနေ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ချလိုက်တယ်။ မနက်ဖြန် ၂-၆-၂၀၀၉ အင်္ဂါနေ့ကနေစပြီး ပြုလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို လူထုလက်ထဲကို ကျယ်ကျယ်ပြန့်ပြန့် အိမ်ပေါက်စေ့ ရောက်ရှိအောင် ပေးဝေသွားမယ်။ လူပုဂ္ဂိုလ်တဦးချင်းက ဖြစ်စေ၊ မြို့နယ်အလိုက်ဖြစ်စေ ကျမဆီကနေ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို အခမဲ့ တောင်းယူနိုင်ပါတယ်” ဟု မိထ္ထီလာမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောသည်။

စဉ်ဆက်မပြတ် လုပ်ဆောင်သွားမည့် ယင်းလှုပ်ရှားမှု အကောင်အထည် ဖော်ရေးကို မိထ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် တောင်သာ (မြင်းခြံခရိုင်) ၄ မြို့နယ်မှ အန်အယ်ဒီ ကိုယ်စားလှယ်များ တက်ရောက်သည့် ယနေ့ မိထ္ထီလာခရိုင် စုံညီအစည်းအဝေးမှ ဆုံးဖြတ်ကြခြင်း ဖြစ်သည်။

ယခုလှုပ်ရှားမှုကို လူထုပါဝင်နိုင်မည့် လမ်းကြောင်းအဖြစ် ရွေးချယ် ချမှတ်ခြင်းဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ၃ လက္မ x ၄ လက္မ အရွယ် ရောင်စုံဓာတ်ပုံပေါင်း တသောင်းကို ကနဦး အနေဖြင့် ဖြန့်ဝေမည် ဖြစ်သည်။

မြန်မာ့ ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရှိရေး လှုပ်ရှားမှုတွင် ပြည်သူများ အနေဖြင့် တတပ်တအား ပါဝင်မှုကို ပြသသည့်အနေဖြင့် ဓာတ်ပုံများကို လက်ခံရယူကြပြီး ဧည့်ခန်း၊ ဓာတ်ပုံစာအုပ်၊ တယ်လီဖုန်း၊ အင်္ကျီအိပ်ကပ်များအတွင်း ထားရှိခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအား ထောက်ခံကြောင်း ပြသကြရန် ဒေါ်မြင့်မြင့်အေးက ဆော်သြလိုက်သည်။

“ကျမတို့က တရားဝင် ပါတီတခုရဲ့ မူဘောင်ထဲကနေပြီးတော့ ငြိမ်းချမ်းစွာနဲ့ ကျမတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ဖို့ ဒီ campaign ကို စတင်လိုက်တာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်စေလိုတဲ့ ပြည်သူတရပ်လုံးက ဒီ photo campaign မှာ ပါဝင်လာကြဖို့လိုတယ်။ ဓာတ်ပုံတွေကို ရယူကြပါ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအရေးများကို ဦးဆောင်ဖြေရှင်းပေးနိုင်သူ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အနှေးအမြန်ပေါ်မူတည်၍ မြန်မာနိုင်ငံ၏ ထွေထွေအကျပ်အတည်းမှ လွတ်မြောက်မှုသည်လည်း အနှေးနှင့် အမြန် ဖြစ်နေမည်ဟုလည်း သူက ဆိုသည်။

“ကျမတို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူတရပ်လုံးက အားကိုးကြတယ်။ ဒီလိုပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အားကိုးတယ်။ အဲဒီတော့ ကျမတို့နဲ့ ပြည်သူတရပ်လုံးက အားကိုးကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အခုတော့ အင်းစိန်အကျဉ်းထောင်ထဲ ရောက်နေပြီ။ ဆိုတော့ ဒေါ်စုကို အားကိုးခဲ့ကြတဲ့ ပြည်သူလူထုနဲ့ အဖွဲ့ချုပ်ကို ဒေါ်စုက ဘယ်လိုပြန်ပြီး အားကိုးလို့ရမလဲ” ဟု ဒေါ်မြင့်မြင့်အေးက မေးခွန်းထုတ်ထားသေးသည်။

ယနေ့ပြုလုပ်သည့် မိထ္ထီလာအစည်းအဝေးမှ ဆုံးဖြတ်ချက် ၆ ရပ်ကိုလည်း အများသဘောတူ ချမှတ်ခဲ့သည်။

ဆုံးဖြတ်ချက်အတွင်း၌ အဖွဲ့ချုပ်မှ ထုတ်ပယ်ထားသော အဖွဲ့ဝင်များကို အဖွဲ့ချုပ်ဗဟိုက ပြန်လည် လက်ခံပေးရန်နှင့် နအဖက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချခဲ့ပါက အဖွဲ့ချုပ်ဗဟိုအနေဖြင့် အဖွဲ့ဝင်များအပေါ် ပြတ်ပြတ်သားသား ဦးဆောင်မှုပေးရန် အန်အယ်ဒီ ဗဟိုသို့ တောင်းဆိုကြောင်း ပါဝင်သည်။

၂၀၊ ၅၊ ၂၀၀၉ ဗဟို အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပဲခူးတိုင်းစည်းအဖွဲ့ဝင် ဦးမြတ်လှအား တာဝန်မှ ယာယီ တနှစ် ရပ်ဆိုင်းလိုက်ခြင်းသည် အနာဂတ် မြန်မာ့ ဒီမိုကရေစီအရေး အတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်းလည်း ဆုံးဖြတ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးတာဝန် ယူထားသူများနှင့် အမေရိကန် နိုင်ငံသား မစ္စတာ ယက်တောအား ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးသူများကို နအဖက အရေးမယူဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ တဖက်သတ် မတရား အရေးယူသည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဒီပဲယင်း ‘လုပ်ကြံမှုကြီး’ ၆ နှစ်ပြည့်သွားသော်လည်း တရားခံများကို ဖော်ထုတ်အရေး ယူနိုင်ခြင်း မရှိသေးသည်သာမက လုပ်ကြံမှု ကြိုးစားခြင်း ခံရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ဖမ်းဆီးထားခြင်းသည် မလျော်ကန်သောကြောင့် ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် နအဖ အား တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စာရိတ္တအတွက် သက်သေမလိုကြောင်း တရားရုံးပြောဆို

ဒေါ်အောင်ဆန်းစုကြည်ဖက်က ထွက်ဆိုပေးမဲ့ သက်သေ ၄ ဦးထဲက NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး NLD ဗဟိုကော်မတီဝင် ဦးဝင်းတင် အပါအဝင် သက်သေစုစုပေါင်း ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပယ်ချခဲ့တာဟာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၅၇ အရ မညီညွတ်ပဲ မှားယွင်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်းက ဒီကနေ့ ဇွန်လ ၁ရက်မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ ၃ ဦးကို ဘာကြောင့် ပယ်ချတယ်ဆိုတဲ့ အင်းစိန်ထောင် တရားရုံးရဲ့ အကြောင်းပြချက် မိတ္တူကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဒီကနေ့မှာ သွားရောက် ကူးယူခဲ့ကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ ၃ ဦးကို ပယ်ချခဲ့တဲ့ အကြောင်းပြချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျင့်စာရိတ္တ ကောင်းမွန်တာကို တရားရုံးက ယုံကြည်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ ထွက်ဆိုစရာ မလိုတဲ့သဘောမျိုး အင်းစိန်ထောင် တရားရုံးက မရှင်းမလင်း ဖော်ပြထားကြောင်း သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ရှေ့နေကြီး ဦးကြည်ဝင်းက RFA ကို အခုလို ရှင်းပြပါတယ်။
ဦးကြည်ဝင်း။ ။ 'အကြောင်းပြချက်ကတော့ ဒါမလိုပါဘူးပေါ့ဗျာ၊ character နဲ့ ပတ်သက်လို့ ပြတဲ့သဘော ဆိုတာ မလိုပါဘူးပေါ့။ ဘာဆိုလိုတယ် ဆိုတာကနော် ဟို ရိုးရိုးလေး တွက်လိုက်ရင် အဲ သူက သူတော်ကောင်းပါ၊ ဟုတ်လား၊ အဲဒီတော့ character နဲ့ ပတ်သက်လို့ သိပ်ပြီးတော့ ပြောနေစရာ မလိုဘူးပေါ့။ အဲ သူက သူတော်ကောင်းလို့ ဆိုရင် ဒီအမှုကို ဘယ်ကျူးလွန်မလဲ၊ ဟုတ်တယ် မဟုတ်လား။ အဲဒါမျိုးတွေ ဖြစ်နေတယ်။ ဒီသုံးယောက်ကို ပယ်တာဟာ ဥပဒေအရ မှားတယ်၊ နော်။ ဥပဒေအရကို မှားတယ်။ နှစ်အချက်က တရားမျှတမှု ရှုထောင့်က ကြည့်ရင်လည်း မှားတယ်။ ပြောရင် အဲဒီမှာ အကျင့်ပုဒ်မ ၂၅၆ ၊ ၂၅၇ ဆိုတာရှိတယ်၊ အဓိက ၂၅၇။'
ရှေ့နေကြီး ဦးကြည်ဝင်းက RFAကို ထပ်မံ ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ထွက်ဆိုပေးမဲ့ သက်သေတွေထဲမှာ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးရော ၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် တကယ့်ကို အရေးပါတဲ့ သက်သေတွေ ဖြစ်ပေမဲ့ အခုလို သက်သေထွက်ဆိုခွင့် ဆုံးရှုံးခဲ့တာဟာ တရားမျှတမှု မရှိဘူးဆိုတာကို ပြသတာပဲ ဖြစ်ကြောင်း RFA ကို ပြောဆိုပါတယ်။

“အန်ကယ်တို့အနေနဲ့ ဘယ်သူ့ကိုမှ ထိခိုက်သွားအောင်

လျှောက်လဲတာမျိုး မလုပ်ပါနဲ့”


ဟု ပြောခဲ့ကြောင်း ဦးကြည်ဝင်းက အံ့သြတကြီး ပြန်လည်ပြောပြသည်။ ဦးကြည်ဝင်းအနေနှင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို တကြိမ်တခါမျှ မမြင်တွေ့ခဲ့ဘူးကြောင်းလည်း ပြောသည်။“ဘာမှပြန်မပြောနိုင်လောက်အောင် ဖြစ်သွားတယ်။ ဒီလောက် သဘောထားကြီးတဲ့သူမျိုး တခါမှ မတွေ့ဖူးဘူး” ဟု သူက ဆိုသည်။