Wednesday, June 3, 2009

ဇွန်လ၂ရက်နေ့အန်အယ်ဒီကြေငြာချက်

အေးမြင့်ကဥပဒေအထက်ဘယ်သူမှလည်းမရှိရပြောတယ်၊ပြီးတော့ဒေါ်စုမှာအပြစ်ရှိလို့အပြစ်ပေးရမယ်လို့လည်းပြောခဲ့
တယ်၊တရားသူကြီးတောင်အမိန်မချရသေးဘူး၊အေးမြင့်ကကြိုပြီးအမိန့်ချနေတာဟာရှက်လို့ပုဆိုးကုန်းကောက်
တော့ဖင်ကြီး၂လုံးပြူးပြူးပေါ်သလိုဖြစ်နေတယ်နအဖ..........


ရတနာပုံခေတ် အီတလီနိုင်ငံရောက် မြန်မာ ပညာတော်သင်တို့ ဘဝ

တင်နိုင်တိုးရဲ့ "ရတနာပုံခေတ် အီတလီနိုင်ငံရောက် မြန်မာ ပညာတော်သင်တို့ ဘဝ" ရုပ်ပုံလွှာ အဖွဲ့အနွဲ့ကို Weekly Eleven News ဂျာနယ်၊ Vol. 4, No. 32, စာမျက်နှာ (23) မှာ ဖော်ပြပါရှိတဲ့ 'ပုဂ္ဂိုလ်ထူးတို့၏ ဘဝတကွေ့' ကဏ္ဍမှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။


အီတလီရောက် မြန်မာ ပညာတော်သင်များ ဖြစ်ကြသည့် အုန်းပွင့်၊ ကံထူး၊ ဘအိုး၊ ထွန်းဦး၊ လှဘော်။

ရတနာပုံခေတ် အီတလီနိုင်ငံရောက် မြန်မာ ပညာတော်သင်တို့ ဘဝ

ရတနာပုံခေတ်တွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ အစီအစဉ်ဖြင့် မြန်မာလူငယ် အများအပြားကို နိုင်ငံရပ်ခြားသို့ ပညာတော်သင် အဖြစ် စေလွှတ်ခဲ့သည်။ ပထမဆုံး ပညာတော်သင် အဖွဲ့မှာ ၁၈၅၇ ခုနှစ်တွင် ကာလကတ္တားသို့ စေလွှတ်ခြင်း ခံရသော မောင်ရွှေအိုးတို့ အဖွဲ့ ဖြစ်၏။ ယင်းအဖွဲ့ ပြန်လည် ရောက်ရှိလာပြီးနောက် ပညာ ထူးခ္ဆွန်လာကြသူ သုံးဦးကို ၁၈၅၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ စေလွှတ် ခဲ့ပြန်သည်။ အလားတူ အခြား ဥရောပ နိုင်ငံများသို့လည်း ဆက်တိုက်ဆို သကဲ့သို့ စေလွှတ်ခဲ့ပြန်ရာ အီတလီနိုင်ငံရောက် ပညာတော်သင် အဖွဲ့၏ ဘဝ အတွေ့အကြုံများမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။


အီတလီနိုင်ငံသွား ပညာတော်သင် အဖွဲ့တွင် မောင်အုန်းပွင့်၊ မောင်ကံထူး၊ မောင်ဘအို၊ မောင်ထွန်းဦးနှင့် မောင်လှဘော်တို့ ပါဝင်ခဲ့ကြသည်။ ယင်းအဖွဲ့သည် ၁၈၇၆ ခုနှစ်၊ နှောင်းပိုင်းကာလတွင် အီတလီသို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။


ပညာတော်သင် မောင်အုန်းပွင့်


မောင်အုန်းပွင့်ကို ၂၉ ဒီဇင်ဘာ ၁၈၆၅ တွင် မန္ဈလေး၌ ဖွားမြင်ခဲ့သည်။ ချမ်းသွာ့ကယ်ဝသော မျိုးရိုးမှ ပေါက်ဖွားလာသူ ဖြစ်ပြီး ဖခင်မှာ ဆင် အမြောက်အမြား ပိုင်ဆိုင်သူ မင်းမှုထမ်း တဦးဖြစ်ကြောင်း ဆိုပါသည်။ ပညာတော်သင် အဖြစ် ရွေးချယ် ခံရစဉ်က အသက် ၁၁ နှစ် အရွယ်သာ ရှိပါသေးသည်။ ၁၈၇၆ ခုနှစ်တွင် အီတလီနိုင်ငံသို့ ရောက်ရှိစဉ် တူရင်မြို့ အပြည်ပြည် ဆိုင်ရာ ကောလိပ် (Collegio Internationale) ၌ အီတလီဘာသာ သင်ယူခဲ့ရသည်။ အီတလီ စကားကို ရန်ကုန်တွင် ဆယ်နှစ်ခန့် နေထိုင်ခဲ့ဖူးသူ အီတလီ သာသနာပြု ဆရာ ပရုဆာနှင့် ပါမောက္ခ ဖယ်ရယ်ရီတို့က သင်ကြားပေးသည်။


အီတလီစာ တတ်မြောက် က္ဆွမ်းကျင်လာသော အခါ မိုဒီနာမြို့ (Modena) စစ်ပညာ သင်ကျောင်းသို့ တက်ရောက် သင်ယူခွင့် ရရှိခဲ့သည်။ ကျောင်းမှ ဆင်းလာချိန်တွင် မင်းတုန်းမင်း တရားကြီး နတ်ရွာ စံလွန်သွားပြီး သီပေါမင်း နန်းတက်နေပြီ ဖြစ်ပါသည်။ မောင်အုန်းပွင့်ကို ရတနာပုံ နေပြည်တော်မှ ဆက်လက် ထောက်ပံ့မှု မရှိတော့သဖြင့် ဝမ်းရေး အတွက် ၂ အောက်တိုဘာ ၁၈၈၂ တွင် အီတလီ တပ်မတော်သို့ ဝင်ရောက် စစ်မှု ထမ်းရတော့သည်။ သို့ဖြင့် မောင်အုန်းပွင့် အသက် ၁၇ နှစ် အရွယ်တွင် အီတလီ ဖောက်ခွဲရေး တပ်မ (၅) ၌ အရာရှိ တဦး ဖြစ်လာပါသည်။ တကြိမ်တွင် မောင်အုန်းပွင့် အာဖရိကသို့ပင် ရောက်ရှိ ခဲ့ပါသေးသည်။


အီတလီ ခရီးသည်


အီတလီ စစ်ဗိုလ် ဖြစ်လာသူ မောင်အုန်းပွင့်သည် သီပေါမင်း ပါတော်မူစဉ် ဗြိတိသျှတို့ပေါ် နာကျည်းကာ မြန်မာပြည်သို့ မပြန်တော့ဘဲ ၅ အောက်တိုဘာ ၁၉ဝ၁ ၌ အီတလီ နန်းတွင်းတွင် ဆရာမ အဖြစ် အမှုထမ်းနေသူ လော်ရာဘရီဇီ (Laura Brasi) နှင့် လက်ထပ်လိုက်၏။ မောင်အုန်းပွင့် အီတလီနိုင်ငံတွင် အခြေချ နေထိုင်ရင်း ၁၉ဝ၄ ခုနှစ်၌ သားတဦး ဖွားမြင်ခဲ့ရာ အရှင်သခင် မင်းတုန်းမင်း တရားကြီးကို သတိရ လွမ်းဆွတ်သော အားဖြင့် သားဖြစ် သူအား မင်းတုန်းအုန်းပွင့်ဟု အမည် ပေးခဲ့သည်။ ၂၆ အောက်တိုဘာ ၁၉ဝ၅ တွင် မောင်အုန်းပွင့် အီတလီနိုင်ငံ ရောမမြို့၌ ကွယ်လွန် သွားပါသည်။


အီတလီ-မြန်မာ ကပြား


ပညာတော်သင် မောင်အုန်းပွင့်၏ သား မင်းတုန်းအုန်းပွင့်မှာ ဖခင် ကွယ်လွန်ချိန်၌ တနှစ်သား အရွယ်မျှသာ ရှိပါသေးသည်။ အီတလီ-မြန်မာ ကပြားဖြစ်သူ မင်းတုန်းအုန်းပွင့် အရွယ် ရောက်လာသော အခါ ဖခင် အကြောင်းကို မေးမြန်း စူးစမ်းတော့သည်။ အထူးသဖြင့် မိခင်ဖြစ်သူ လော်ရာဘရီဇီထံမှ ဖခင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို လေ့လာ မှတ်သားသည်။ မင်းတုန်းမင်း လက်ထက်တွင် လစဉ် ထောက်ပံ့ကြေး ကျပ် ၁ဝဝ ရရှိသဖြင့် အီတလီနိုင်ငံတွင် ပညာ သင်ယူနိုင်ခဲ့သော ဖခင် ဦးအုန်းပွင့်မှာ အကြောင်းကြောင်းကြောင့် ပညာသင် ထောက်ပံ့ကြေး မရရှိနိုင်တော့ သဖြင့် အီတလီ တပ်မတော်၌ ဝင်ရောက် စစ်မှုထမ်းခဲ့ရပုံ၊ မြန်မာနိုင်ငံသို့ မပြန်ဖြစ်တော့ပုံများကို မင်းတုန်းအုန်းပွင့် သိရှိ လာခဲ့ရသည်။

ဖခင် ဦးအုန်းပွင့်မှာ ၁၈၉ဝ ပြည့်နှစ်ကပင် အီတလီ နိုင်ငံသား အဖြစ် ခံယူခဲ့ပြီး မိခင် အီတလီ နိုင်ငံသူနှင့် လက်ထပ် ခဲ့သော်လည်း သားဖြစ်သူ မင်းတုန်းအုန်းပွင့် မိမိကိုယ်ကို အီတလီ လူမျိုး အစစ်ဟု ခံယူထားပုံ မရပေ။ အခြေအနေ အရပ်ရပ်ကြောင့် အီတလီနိုင်ငံသား ဖြစ်ခဲ့ရသည့် ဖခင် အပေါ်တွင်လည်း များစွာ နားလည်မှု ရှိခဲ့သည်။

မောင်အုန်းပွင့်၏ အဆက်အနွှယ်များ

ပညာတော်သင် မောင်အုန်းပွင့်၏သား အီတလီ-မြန်မာ ကပြား မင်းတုန်းအုန်းပွင့်သည် ဖခင်၏ မျိုးရိုး ဇာစ်မြစ်ကို သိရှိရပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။ မင်းတုန်းအုန်းပွင့်က အရွယ်ရောက်၍ သားတဦး ဖွားမြင်ပြန်ရာ ရွှေလီအုန်းပွင့်ဟု အမည် ပေးခဲ့သည်။ ပညာတော်သင် မောင်အုန်းပွင့်၏ မြေး ရွှေလီအုန်းပွင့် လက်ထက်တွင် မြန်မာနိုင်ငံသို့ အရောက်လာကာ သူ့အဖိုးနှင့် အတူ အီတလီနိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့ကြသူများ၏ အဆက်အနွှယ်များကို လိုက်လံ ရှာဖွေခဲ့သည်။

ပညာတော်သင် မောင်ကံထူး

၁၈၇၆ ခုနှစ်တွင် အီတလီနိုင်ငံသို့ ရောက်ရှိခဲ့သည့် ပညာတော်သင် မောင်ကံထူး အကြောင်းကို များစွာ မသိရပေ။ သူသည် အီတလီနိုင်ငံ လိဂ်ဟွန်းမြို့ (Leghom) တွင် ရေကြောင်း ပညာ သင်ယူခဲ့သူ ဖြစ်သည်။ သီပေါမင်း ပါတော်မူ သွားပြီးနောက် မြန်မာနိုင်ငံသို့ မပြန် ဖြစ်တော့ဘဲ အီတလီတွင် အခြေချ နေထိုင်ခဲ့သည်။

ပညာတော်သင် မောင်ဘအို

၁၈၇၆ ခုနှစ်တွင် အီတလီနိုင်ငံရောက် ပညာတော်သင် အဖွဲ့ဝင် ငါးဦး အနက် မောင်ဘအို၏ အကြောင်းကိုလည်း အတော်အတန် သိရှိရပါသည်။ မောင်ဘအိုသည် တူရင်မြို့ အပြည်ပြည် ဆိုင်ရာ ကောလိပ်၌ မောင်အုန်းပွင့်နှင့် အတူ တက်ရောက် ပညာ သင်ယူခဲ့သူ ဖြစ်သည်။ သီပေါမင်း ပါတော်မူချိန်တွင် မောင်ဘအိုမှာ အီတလီနိုင်ငံ မြင်းတပ် လေ့ကျင့်ရေး ကျောင်းမှ ပညာသင်ယူ ပြီးစီးချိန် ဖြစ်ဟန် ရှိပါသည်။ မောင်ဘအိုသည် ထောက်ပံ့ကြေး မရတော့သဖြင့် မန္ဈလေးသို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ ဗြိတိသျှ အစိုးရကလည်း ပြန်လိုလျင် စရိတ်ငွေ ပို့ပေးမည်။ အလုပ် ကောင်းစွာ ပေးမည်ဟု စကား ကမ်းလှမ်းခဲ့၏။

နယ်ချဲ့ ဆန့်ကျင်ရေးသမား

မောင်ဘအိုသည် ဗြိတိသျတို့၏ စရိတ်ငွေဖြင့် မန္ဈလေးသို့ ပြန်လာခဲ့သည်။ ယင်းနောက် မိမိ တတ်က္ဆွမ်းလာသော စစ်ပညာဖြင့် ဗြိတိသျှတို့အား ပြန်လည် တွန်းလှန် တိုက်ခိုက်မည်ဟု သန္နိဋ္ဌာန် ချခဲ့သည်။ မန္ဈလေးသို့ ရောက်သော အခါ မောင်ဘအိုက သူ၏ အစီအစဉ် အတိုင်း နယ်ချဲ့ ဆန့်ကျင်ရေး အင်အားစုများနှင့် ပူးပေါင်း လိုက်သည်။ သို့သော် မောင်ဘအိုမှာ ကုသိုလ်ကံ မကောင်းရှာပေ။

နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲ တပွဲတွင် ခြေထောက် ဒဏ်ရာရရှိသွားပြီး ဗြိတိသျှ စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ နောက်ပိုင်း မောင်ဘအို၏ သတင်းကို မကြားရတော့ပေ။ ပညာတော်သင် မောင်အုန်းပွင့်၏မြေး ရွှေလီအုန်းပွင့်သည် မန္ဈလေးသို့ ရောက်ရှိလာခဲ့စဉ်က မောင်ဘအို၏မြေး ကိုကိုလတ်နှင့် ဆုံတွေ့ခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။

ပညာတော်သင် မောင်ထွန်းဦး

၁၈၇၆ ခုနှစ်တွင် အီတလီနိုင်ငံသို့ ရောက်ရှိခဲ့သည့် ပညာတော်သင် မောင်ထွန်းဦးမှာ အီတလီနိုင်ငံ လိဂ်ဟွန်းမြို့ (Leghom) ရေကြောင်း ပညာသင်ကျောင်း၌ ဗိုလ်လောင်း အဖြစ် ဝင်ရောက်ခွင့် ရရှိခဲ့သည်။ မောင်ထွန်းဦးမှာ နောက်ပိုင်း အီတလီ ရေတပ်ဗိုလ် ဖြစ်လာဟန် ရှိပါသည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ ဗြိတိသျှ လက်အောက်သို့ ကျရောက် သွားပြီးနောက် မြန်မာပြည်သို့ မပြန်တော့ဘဲ အီတလီ၌ ဆက်လက် နေထိုင်ကာ တူရင်မြို့တွင် ကွယ်လွန်ခဲ့သည်။

ပညာတော်သင် မောင်လှဘော်

၁၈၇၆ ခုနှစ်တွင် အီတလီနိုင်ငံသို့ ရောက်ရှိခဲ့သူ မောင်လှဘော်မှာလည်း မောင်ထွန်းဦးနှင့် အတူ လိဂ်ဟွန်းမြို့ (Leghom) ရေကြောင်း ပညာသင်ကျောင်း၌ ဗိုလ်လောင်း အဖြစ် ဝင်ခွင့် ရရှိခဲ့သူ ဖြစ်သည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ ဗြိတိသျှ လက်အောက်သို့ ကျရောက် သွားပြီးနောက် မန္ဈလေးသို့ ပြန်ရေး မပြန်ရေး ကိစ္စကို အီတလီ ပညာတော်သင်များ အကြား အကြိတ်အနယ် ဆွေးနွေး ညှိနှိုင်း ခဲ့ကြရသည်။ ယင်းနောက် တဦးနှင့် တဦး အကွဲကွဲ အပြားပြား ဖြစ်သွားကြဟန် ရှိပါသည်။ မောင်လှဘော်သည် အီတလီနိုင်ငံ၌ နေထိုင် ကျန်ရစ်ခဲ့ရာ သူ၏ အဆက်အနွှယ်များ အီတလီနိုင်ငံတွင် ယနေ့တိုင် ကျန်ရှိ နေနိုင်ပါသေးသည်။

တင်နိုင်တိုး

ကျမ်းကိုး။

၁။ ၁၉ ရာစုနှောင်း အီတလီနိုင်ငံရောက် မြန်မာ ပညာတော်သင်များ (ဒေါက်တာ ခင်လှဟန်)၊ မြန်မာသမိုင်း သုတေသန စာစောင် အမှတ် (၁၂)၊ ၂ဝဝ၃၊ ဒီဇင်ဘာ။

၂။ ကိုယ့်သွေးကိုယ့်မြေ မမေ့ပေ (လေ့လာရှင်) လုပ်သား ၂၁-၁-၁၉၈၄။

၃။ ကုန်းဘောင်ခေတ် မြန်မာသိပ္ပံ ပညာရှင်များ (ဒေါက်တာ မျိုးသန့်တင်)။

၎။ မြန်မာမင်း လက်ထက်တော် စာတမ်းများ (ဦးမောင်မောင်တင် - မဟာဝိဇ္ဇာ)။
▪ - ¤ - ▪


မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့

နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်

စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

အင်အားကြီး အပစ်ရပ် သုံးဖွဲ့မှ ခေါင်းဆောင်များ မိုင်းလား၌ တွေ့ဆုံ ဆွေးနွေးသည့် သတင်းနှင့် ထိုအဖွဲ့ ၃ ဖွဲ့၏ အခြေအနေ အကြမ်းဖျင်း သုံးသပ်ချက်


၂ဝဝ၉ ခုနှစ်၊ မေလ ၂ဝ -၂၅ ရက်နေ့များမှာ တရုပ်နယ်စပ် အခြေစိုက် အပစ်ရပ် အဖွဲ့ကြီး သုံးဖွဲ့၏ အကြီးအကဲ ခေါင်းဆောင်များ မိုင်းလား ၌ ၄-၅ ရက် တွေ့ဆုံပြီး လတ်တလော နိုင်ငံရေး စစ်ရေး အခြေအနေများ အပေါ် ဆွေးနွေး ခဲ့ကြကြောင်း တရုပ်နယ်စပ် သတင်း ရပ်ကွက်ကို ကိုးကားပြီး ရေးသားထားတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ ၂ဝဝ၉ ခုနှစ်၊ မေလ ၂၈ ရက်နေ့ သတင်းနဲ့ မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MYANMAR NATIONAL DEMOCRACY ALLIANCE - MNDA) - ကိုးကန့် အဖွဲ့၊ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/ UWSA) နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ NATIONAL DEMOCRACY ALLIANCE ARMY (NDAA) - အခါ အဖွဲ့တို့၏ အင်အား၊ ခေါင်းဆောင်မှုနှင့် လက်ရှိ ရင်ဆိုင်နေတဲ့ အခြေအနေ သုံးသပ်ချက်များကို စုစည်း လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။

အင်အားကြီး အပစ်ရပ် သုံးဖွဲ့မှ ခေါင်းဆောင်များ မိုင်းလား၌ တွေ့ဆုံ ဆွေးနွေးသည့် သတင်းနှင့် ထိုအဖွဲ့ ၃ ဖွဲ့၏ အခြေအနေ အကြမ်းဖျင်း သုံးသပ်ချက်

(ပေ ဝဲမှ ယာ) ကိုးကန့် ဒု-ဥက္ကဋ္ဌ ဖှုန်ကြားဖူး၊ ဝ ဥက္ကဋ္ဌ ပေါက်ယူချန်နှင့် မိုင်းလား အဖွဲ့ ခေါင်းဆောင် ဦးစိုင်းလင်း။ (အောက် ဝဲမှ ယာ) ဝ တောင်ပိုင်း (၁၇၁) စစ်ဒေသ ဒုတပ်မှူး ဝေရှော်ယင်နှင့် ယူဒဗလျူအက်စ်အေ နှစ် (၂ဝ) ပြည့် အခမ်းအနားမှာ တွေ့မြင်ရသည့် ဝ တပ်ဖွဲ့ဝင်များ။

အင်အားကြီး အပစ်ရပ် သုံးဖွဲ့ ခေါင်းဆောင်များ မိုင်းလား၌ တွေ့ဆုံ ဆွေးနွေး
သျှမ်းသံတော်ဆင့် ၊ ၂၈ ၊ မေ ၊ ၂ဝဝ၉
"ကိုးကန့် တပ်ဖွဲ့က ဒု-ဥက္ကဋ္ဌ ဖှုန်ကြားဖူး၊ ပန်ဆန်းက ဥက္ကဋ္ဌကြီး ပေါက်ယူချန်နဲ့ အိမ်ရှင်မိုင်းလား အဖွဲ့ အကြီးအကဲ ဦးစိုင်းလင်းတို့ ပါတာပေါ့" ဟု ဒေသခံ ကုန်သည် တဦးက ပြောပြသည်။
ဆွေးနွေးချက်များ အရ - စစ်အစိုးရက နိုင်ငံရေး နည်းလမ်းဖြင့် မဖြေရှင်းဘဲ စစ်ရေးဖြင့်သာ ဖြေရှင်းလာလျှင် စစ်ဆင်မှု စီမံကွပ်ကဲရေး ဗဟိုတခု အတူ ထားရှိမည်ဖြစ်ကြောင်း၊ လက်တွဲ ခိုင်မြဲစွာ အပြန်အလှန် ကူညီ ပံ့ပိုးဖို့ သဘောတူကြကြောင်း၊ နအဖ စစ်တပ်၏ တောင်ပိုင်း ဝ တပ်ဖွဲ့ နယ်မြေရှိ အရေးပါသော တပ်စခန်း သုံးခု ရုပ်ပေးရေး ကိစ္စ လုံးဝ မဖြစ်နိုင်ကြောင်း သိရသည်။
"အဲဒီစခန်း တွေရဖို့ ကျနော်တို့ အသက်ပေါင်း ရာထောင်ချီ ပေးဆပ်ခဲ့ရတယ်၊ လွယ်လွယ်နဲ့ လက်လွတ်ပေးဖို့ လုံးဝ မဖြစ်နိုင်ဘူး" ဟု ဝ အကြီးအကဲ တဦးက ဆိုသည်။
အပစ်ရပ် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှု အပြီး မိုင်းလား တပ်ဖွဲ့ ထိပ်ပိုင်း အရာရှိများ အစည်းအဝေး တရပ် ထပ်မံ ကျင်းပရာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စစ်အစိုးရ၏ တောင်းဆိုချက် အပေါ် ယူဒဗလျူအက်စ်အေ (UWSA) နည်းတူ လက်သင့် မခံကြောင်း၊ အရာရှိ အရာခံ တပ်မှူးများနှင့် လူထု ခေါင်းဆောင် အားလုံး နီးပါး၏ ဆန္ဒ အရလည်း ငြင်းဆန် ကန့်ကွက်ကြကြောင်း၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးထံ အကြောင်းပြန်ရန် ၂၇၊ ဝ၅၊ ၂ဝဝ၉ နေ့၌ ကျိုင်းတုံသို့ ကိုယ်စားလှယ် စေလွှတ် အကြောင်း ပြန်လိုက်သည်ဟု အဆိုပါ ကုန်သည်က ဆိုသည်။
"ကျနော်တို့ နှစ်ပေါင်း ၂ဝ ကျော် အပစ်ရပ်လာခဲ့တာ အစိုးရကို အန္ဈရာယ်ပေးတဲ့၊ ထိခိုက်စေတဲ့၊ လုပ်ရပ်မျိုး ဘာတခုမှ မလုပ်ခဲ့တဲ့ အပြင် အထောက်အကူတွေတောင် ပေးနိုင်ခဲ့သေးတယ်"ဟု မိုင်းလား အရာရှိ တဦးက ပြောကြောင်းလည်း ပြောပြ၏။
နယ်ခြားစောင့်တပ် လူအင်အား ၃၂၆ ယောက် အနက် ဗမာ့ တပ်မတော် အရာရှိ ၃ဝ (၃ ရာခိုင်နှုန်း) ယောက် ဖြည့်တင်း ကူညီ မည်ဆိုသည့် အချက်ကိုလည်း မဖြစ်နိုင်သေးကြောင်း၊ အထူးဒေသ (၄) မိုင်းလား အဖွဲ့သည် မူးယစ် တိုက်ဖျက်ရေး ကဏ္ဍ၊ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍများ၌ ဘယ်သူ့ကိုမှ အားမကိုးဘဲ စွမ်းဆောင် နိုင်ခဲ့သည့် အပြင် ဒေသ အကျိုးပြု လုပ်ငန်းများပါ လုပ်နိုင်ခဲ့ကြောင်း အဆိုပါ အရာရှိက ဆိုသည်။
အပစ်ရပ် အဖွဲ့များ၏ စစ်အစိုးရ တောင်းဆိုချက် ကန့်ကွက်ခြင်းနှင့် ပတ်သက်၍ လားရှိုး ကုန်သည် တဦးကလည်း - "အပစ်ရပ် ဝ တပ်ဖွဲ့တွေရဲ့ ထိန်းချုပ် နယ်မြေ နယ်နိမိတ်တွေမှာ အင်အား ဖြည့်ထားတယ်၊ စစ်အရေး အရ အဓိက အချက်အခြာတွေမှာ နေရာ ယူလာကြတာတွေ တွေ့ရတယ်လို့ ရဲအရာရှိ တယောက်က ပြောတယ်။ 'တိုက်ပွဲတွေ ထပ်ဖြစ်ရင်တော့ မြောက်ကိုးရီးယားက ရလာတဲ့ လက်နက်ဆန်းတွေ ထုတ်သုံးဖို့ အလားအလာများတယ်' လို့ ပြောတာပဲ။ ရပ်ရွာ လူထုကတော့ ကြားက ထိမှာပဲ" ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။
မိုင်းလား၌ အပစ်ရပ် ခေါင်းဆောင်များ ဆွေးနွေးကြရာ၌ - "ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ မပြီးပြတ်သေးရင် စစ်အစိုးရ အနေနဲ့ အကြီးအကျယ် စစ်ဆင်ရေး လုပ်ဖို့ ဖြစ်နိုင်ဦးမှာ မဟုတ်ဘူး" ဟု သုံးသပ်ကြကြောင်းလည်း ပြောကြသည်ဟု ဆို၏။
ယူဒဗလျူအက်စ်အေ (UWSA) ဌာနချုပ် ပန်ဆန်း၌ ဝပြည် အစိုးရက တရုပ်ပြည်မှ တင့်ကား ၁ဝ စီး ထပ်မံ ဝယ်ယူခဲ့ပြီး (မိုင်းလား၊ ဝ နယ်စပ်) မိုင်းဖျဲန်ဘက် တစီး ပို့ထားသည် ဆိုသည့် သတင်းမှာ အတည်ပြု၍ မရသေးကြောင်း ဝ အရာရှိများနှင့် ရင်းနှီးသူ တဦးက ပြောဆိုသည်။
စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာသည့်ကြားမှ မိုင်းလားဒေသ အထူး ငြိမ်းချမ်းလာခြင်း (သို့) ဗကပ မှ ခွဲထွက်ပြီး အဲန်ဒီအေအေ (NDAA) တည်ထောင်ခြင်း နှစ် (၂ဝ) ပြည့် အခမ်းအနားကိုမူ ကြီးကျယ် ခမ်းနားစွာ ကျင်းပမည် ဖြစ်ကြောင်း၊ မိုင်းလား အဖွဲ့မှ ထိပ်ပိုင်း အရာရှိ တချို့၏ မိသားစု တရုတ်ပြည် အတွင်း ရွှေ့ပြောင်းမှု ရှိကြောင်းလည်း သိရသည်။
နအဖရဲ့ နယ်ခြားစောင့် တပ်ဖွဲ့တွေ အဖြစ် အသွင်ကူးပြောင်းရေး အတွက် (၁) အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီ၊ (၂) အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ၊ (၃) အသွင်ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်း ကော်မတီတို့ကို ဖွဲ့စည်းရန် ဝပြည် သွေးစည်း ညီညွတ်ရေး ပါတီ (ယူဒလျူအက်စ်ပီ) အပါအဝင် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)၊ ကချင် ဒီမိုကရေစီသစ် တပ်မတော် (အဲန်ဒီအေ-ကေ)၊ ကိုးကန့်တပ်ဖွဲ့၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (အက်စ်အက်စ်အေ-အဲန်) စတဲ့ အဖွဲ့တွေကို နအဖ တာဝန်ရှိသူတွေက လွန်ခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က တွေ့ဆုံ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်။
အပစ်ရပ် အဖွဲ့များအား နယ်ခြားစောင့် တပ်များအဖြစ် ပြန်လည် ဖွဲ့စည်း နေရာချထားမည့် အစီအစဉ် အကြမ်းဖျင်း
အသွင်ကူးပြောင်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်း ကော်မတီ၊ အသွင်ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်း ကော်မတီ စသဖြင့် အဆင့်ဆင့် ဖွဲ့စည်း လုပ်ဆောင်သွားမှာ ဖြစ်ပြီး၊ အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီမှာ စစ်အစိုးရဘက်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု -ဥက္ကဋ္ဌ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ ) အဖွဲ့ဝင်၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁)၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် အဖွဲ့ဝင်များ၊ တပ်မတော် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် အတွင်းရေးမှူးနဲ့ ညွှန်ကြားရေးမှူး ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး တွဲဖက် အတွင်းရေးမှူး စတဲ့သူတွေ ပါဝင် ဖွဲ့စည်း သွားမယ်လို့ သိရတယ်။
ဖွဲ့စည်းပုံမှာ နယ်ခြားစောင့်တပ် တတပ်မှာ အရာရှိ အဆင့် ၁၈ ဦးနဲ့ တခြားအဆင့် ၃ဝ၈ ဦး ပါဝင်ကာ အင်အား စုစုပေါင်း ၃၂၆ ဦးတို့ ဖြစ်တယ်။ အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စတဲ့ အရေးကြီးတဲ့ နေရာတွေနဲ့ ရုံးတာဝန်တွေ အတွက် နအဖ စစ်တပ်မှ အရာရှိ ၃ဝ ခန့် ပါဝင်မှာ ဖြစ်ကြောင်းလည်း သိရှိရတယ်။ အဲဒီ တပ်ဖွဲ့တွေ အတွက် တပ်နေရာ ချထားရေးနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ ညှိနှိုင်းရန်နဲ့ နယ်ခြားစောင့်တပ်တွေ အနေနဲ့ ကိုယ့်နယ်မြေ အတွင်းမှာသာ တာဝန် ထမ်းဆောင်ရမှာ ဖြစ်တယ်။

အပစ်အခတ် ရပ်စဲထားသော တရုပ်နယ်စပ် အခြေစိုက် ကိုးကန့်၊ ဝနှင့် အခါ လူမျိုးစု အဖွဲ့ကြီး ၃ ဖွဲ့၏ အကြမ်းဖျင်း အခြေအနေ

(၁) မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MYANMAR NATIONAL DEMOCRACY ALLIANCE - MNDA)

ကိုးကန့် လူမျိုး
၁၉၈၉ ခုနှစ်၊ မတ်လမှာ ဗကပက ခွဲထွက်ပြီး ၅၊ ၃၊ ၈၉ နေ့မှာ နဝတ (ယခု နအဖဟု အမည်ပြောင်းထား) နဲ့ အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ရယူခဲ့ကြတယ်။ ရှမ်းပြည် မြောက်ပိုင်း အထူးဒေသ (၁) လို့ နဝတက သတ်မှတ် ပေးခဲ့တယ်။
ဗကပမှ ခွဲထွက်ပြီး ငြိမ်းချမ်းရေး ယူစဉ် ကာလမှာ ခေါင်းဆောင် ခဲ့ကြသူတွေကတော့ ဖုန်ကျားရှင်၊ ဖုန်ကျားဖူး - ဖုန်ညီနောင်နဲ့ ရန်မိုအန်း၊ ရန်မိုလျှံ - ရန်ညီနောင်တို့ ဖြစ်တယ်။
ငြိမ်းချမ်းရေး ယူစဉ် သတ်မှတ် ပိုင်းခြားပေးခဲ့တဲ့ ဒေသတွေကတော့ သံလွင် အရှေ့ခြမ်း၊ နမ့်တိန်းချောင်းမြောက်ခြမ်း၊ ဟိုပန်၊ပန်လုံမြို့နယ်များမှ အပ ကိုးကန့် ဒေသနဲ့ သံလွင် အနောက်ခြမ်း မွန်ဂို၊ မုံရာ၊ မုံကျီး ဒေသတို့ ဖြစ်တယ်။
၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ ဖုန်ညီနောင်နဲ့ ရန်ညီနောင်တို့ အကြား မကျေလည်မှုများ ဖြစ်ပွားကာ ရန်ညီနောင် ရန်မိုအန်းနဲ့ ရန်မိုလျှံတို့က ဝ အကူအညီ ယူပြီး ဖုန်ကျားရှင်နဲ့ ဖုန်ကျားဖူး တို့ကို ဖြုတ်ချ အာဏာ သိမ်းခဲ့တယ်။
၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ ဖုန်ညီ အကို ဖြစ်တဲ့ ဖုန်ကျားရှင်နဲ့ ဖုန်ကျားဖူးတို့က ဗကပ (၈၁၅) အကူအညီ ယူပြီး ရန်ညီနောင်ကို ဖြုတ်ကာ ကိုးကန့်မှာ အာဏာ ပြန်သိမ်းခဲ့တယ်။
သံလွင်မြစ် အနောက်ဘက်ကမ်းမှာလည်း မုံဆာလ ခေါင်းဆောင်ပြီး မုံးကိုးဒေသ ကာကွယ်ရေး တပ်ဖွဲ့ (Mongko Defense Army - MDA) အဖွဲ့ကို ဖွဲ့စည်းကာ မုံးကိုးဒေသမှာ ကြီးစိုး ချယ်လှယ်နေတဲ့ ရန်ညီနောင် အုပ်စုကို တိုက်ခိုက် မောင်းထုတ်ပြီး မုံးကိုးဒေသကို အာဏာ သိမ်းလိုက်တယ်။
ဒါကြောင့် အခုအခါ ကိုးကန့်ဒေသကို ဖုန်ညီနောင် ဖြစ်တဲ့ ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖှုတို့ ခေါင်းဆောင်တဲ့ အဖွဲ့က ချုပ်ကိုင်ထားနိုင်လိုက်ပြီး၊ လောက်ကိုင်ဒေသမှာ အခြေချပါတယ်။ ဖုန်ညီနောင်တို့ အောက်မှာ အင်အား ၁,၃ဝဝ လောက်ရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့ ရှိပါတယ်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး (PEACE AND DEMOCRATIC FRONT - PDF) အဖွဲ့ဝင်လည်း ဖြစ်တယ်။ သံလွင်မြစ် အနောက်ဘက်ကမ်း မုံးကိုး၊ မုံကျီး၊ မုံရာဒေသကို မုံဆာလ ခေါင်းဆောင်တဲ့ မုံးကိုးဒေသ ကာကွယ်ရေး တပ်ဖွဲ့က ထိန်းချုပ် ရယူထားပါတယ်။
ရန်ညီနောင် ဖြစ်တဲ့ ရန်မိုအန်း၊ ရန်မိုလျှံနဲ့ နောက်လိုက်နောက်ပါ အင်အား ၃ဝဝ ခန့်ကတော့ နဝတထံမှာ လက်နက် ချလိုက်ရပြီး၊ ရဲ အဖြစ် နဝတက အသွင်ပြောင်းပေးကာ ကုန်းကြမ်းမြို့နယ်မှာ အခြေချ ပေးခဲ့တယ်။

အင်အားနှင့် ခေါင်းဆောင်မှု အခြေအနေ

မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (အမ်အဲန်ဒီအေ)


တပ်မဟာ (၅) ခု၊ တပ်မဟာ တခုလျှင် တပ်ရင်း နှစ်ရင်း၊ အင်အား စုစုပေါင်း ၁,၃ဝဝ ယောက်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး ( PEACE AND DEMOCRATIC FRONT - PDF) အဖွဲ့ဝင် ဖြစ်တယ်။

ကိုးကန့် အထူးဒေသ (၁) အုပ်ချုပ်ရေး ကော်မတီ -

၁။ ဦးဖုန်ကြားရှင် - ဒု-ဥက္ကဋ္ဌ (စစ်ဦးစီးချုပ်)
၂။ ဦးဖုန်ကြားဖှု - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)

၃။ ဦးပယ်စောက်ချိန် - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)

၎။ ဦးရန်ကျုံးဝေ - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)

၅။ ဦးကျန်တဲ့ဝင် - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)

၆။ ဦးလီကျုံးချန် - ဒု-ဥက္ကဋ္ဌ (ဒု-စစ်ဦးစီးချုပ်)

၇။ ဦးဖုန်တာရွှင် - ဒု-ဥက္ကဋ္ဌ

၈။ ဦးလျှိကွယ်ရှီး - အတွင်းရေးမှူး

၉။ ဦးဝေရှောက်ရင် - အဖွဲ့ဝင် (စစ်ဦးစီးမှူး)

၁ဝ။ ဦးစစ်ဆန်း - အဖွဲ့ဝင် (စစ်ဦးစီးမှူး)

၁၁။ ဦးကျောက်ကျိယွင် - အဖွဲ့ဝင် (ခရိုင်မှူး)

၁၂။ ဦးလီဝင်မြင့် - တွဲဖက် အတွင်းရေးမှူး

၁၃။ ဦးဟော်ချန်း - ဒု-မြို့နယ်မှူး (ပါစင်ကျော်)

၁၄။ ဦးလျှံထွဲကန် - ဒု-မြို့နယ်မှူး (တာရွှေထန်)


နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေ


ကိုးကန့် ဒေသ တခုလုံးကို စစ်အစိုးရက အမြဲတမ်း ဗျုဟာနှစ်ခုဖြင့် (ရှေ့တန်း တပ်မ) (၁၉၉၈ ခုနှစ်က တပ်မ(၉၉)/ ၁၉၉၉ ခုနှစ်က တပ်မ (၁ဝ၁)) ဝင်ရောက် ချုပ်ကိုင်ထားပြီး နအဖ အမည်ပြောင်းပြီး နောက်ပိုင်း ၁၉၉၉ ခုနှစ်၊ သြဂုတ်/စက်တင်ဘာလက စတင်ကာ ဒကစ လောက်ကိုင် အခြေစိုက် အပါအဝင် ထလတ (၂၉) က ချုပ်ကိုင်ထားတာ တွေ့ရပါတယ်။ လောက်ကိုင်ခရိုင် အဖြစ် အဆင့် တိုးလိုက်တာ တွေ့ရပြီး နိုင်ငံရေး အရ လှုပ်ရှားမှု မတွေ့ရတော့ဘဲ ဘာမျှ မလုပ်နိုင်တော့ဟု သုံးသပ်ရပါတယ်။ ဒေသ အတွင်းမှာ ခစအ/ မစအ (ခရိုင် အစိုးရ အုပ်ချုပ်ရေး အဖွဲ့/ မြို့နယ် အစိုးရ အုပ်ချုပ်ရေး အဖွဲ့) လို့ နာမည် ပေးထားတဲ့ နအဖ အုပ်ချုပ်ရေး အဖွဲ့နဲ့ တရားဥပဒေ စိုးမိုးရေး အတွက် ပူးတွဲ အုပ်ချုပ်တယ်လို့ နအဖက ဆိုပါတယ်။ လက်နက်ချရန်၊ အသွင်ပြောင်းရန် နအဖက ဖိအားပေးခြင်း ခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။ စီးပွားရေး အရ ဘိန်းစိုက်ပျိုးခြင်း ၊ ဘိန်းဖြူ ထုတ်လုပ် ရောင်းဝယ်ခြင်းကို ပြုလုပ် နေတာကို တွေ့နေရသေးတယ်။ စိတ်ွ့က ဆေးပြားများ ထွက်ရှိနေတာလည်း ဖြစ်ပါတယ်။ မိုးကုတ် ကျောက်တွင်းတွေမှာ အများပိုင် ဖက်စပ် လုပ်ကိုင်ခြင်း၊ ဖားကန့်တွင်လည်း ကျောက်စိမ်းတွင်းတွေ ဖက်စပ် လုပ်တာတွေ လုပ်နေတယ်။

မုံးကိုး ကာကွယ်ရေး တပ်ဖွဲ့ (Mongko Defense Army - MDA)

ခေါင်းဆောင်


မုန်ဆာလ (ဒေသ ကာကွယ်ရေး စစ်ဦးစီးချုပ်) (ဒေသ အုပ်ချုပ်ရေး ဥက္ကဋ္ဌ) ၊ ဦးလီနီမင် (ဒု-ကာကွယ်ရေး စစ်ဦးစီးချုပ်)၊ ဦးဇော်လှ (ဒု-စစ်ဦးစီးချုပ်)၊ ဦးမာမွန် (ဗျူဟာ(၁) ဗျူဟာမှူး)၊ ဦးလရှီဂမ်နန် (စီးပွားရေးနှင့် ထောက်ပံ့ရေးမှူး)၊ ဦးကျော်ညွန့် (ဒေသ စစ်ဦးစီးချုပ်ရုံး ညွှန်ကြားရေးမှူး)၊ မြို့မ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဘောက်နူး၊ အတွင်းရေးမှူး ဦးဘောက်ယုံ၊ မုံးကိုး အထူးဒေသ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူး မောင်ထွေး၊ နအဖနဲ့ ဒေသအဖွဲ့ ပူးပေါင်းဖွဲ့စည်း ထားတယ်။


ဥက္ကဋ္ဌ မုန်ဆာလ ကွယ်လွန်ပြီးနောက်က မုံးကိုး ကာကွယ်ရေး တပ်ဖွဲ့ (Mongko Defense Army - MDA) အခြေအနေ


စစ်အစိုးရနှင့် ပထမဆုံး အပစ်အခတ် ရပ်စဲခဲ့သော မုံးကိုး ကာကွယ်ရေး တပ်ဖွဲ့ (အမ်ဒီအေ) ၏ ဥက္ကဋ္ဌ သည် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်၌ နှစ်ရှည် အကျဉ်းကျ ခံနေရစဉ် ၂ဝဝ၆ ခုနှစ်၊ သြဂုတ်လ အတွင်းမှာ ကွယ်လွန် သွားခဲ့တယ်။


၂ဝဝဝ ခုနှစ်မှာ နအဖက မုန်ဆာလကို မူးယစ်ဆေးဝါး အမှုနဲ့ စွဲချက်တင် ထောင်ချပြီး ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် ချုပ်နှောင်ထားခဲ့ရာက ၂ဝဝ၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့လောက်ကကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ တရုတ်-မြန်မာ နယ်စပ်မှ မုန်ဆာလ အသိုင်းအဝိုင်းနဲ့ နီးစပ်သူ ဦးအောင်ကျော်ဇောက သတင်းနှင့် မီဒီယာ ကွန်ယက် (အဲန်အမ်ဂျီ) အား အတည်ပြု ပြောကြားခဲ့တယ်။ စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့နဲံ မုံးကိုး ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး ဦးအောင်ကျော်ဇောက အခုလိုလည်း သုံးသပ်သွားခဲ့တယ်။


"အမျိုးသားရေးကို တကယ်တမ်း ဇောက်ချ လုပ်လာတဲ့ အမျိုးသားကို တကယ်တမ်း ချစ်မြတ်နိုးတဲ့ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး ယူထားတဲ့ အချိန်မှာ ရန်သူကို ရန်သူမှန်း မခွဲခြားနိုင်တဲ့ မခွဲခြားနိုင်ဘူးပေါ့နော်။ ရန်သူ ပြောသမျှ ဥက္ကဋ္ဌကြီး လုပ်ပါ။ စီးပွားရေး အရ လုပ်ပါ ဆိုပြီးတော့ လွှတ်ပေးထားပြီးတော့ ဒီလို ကိုယ်နိမ့်တဲ့ အချိန်မှာ အုပ်ပစ်တာပဲလေ။ ဒီတော့ လူမျိုးစုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ ဗမာစစ်တပ်ရဲ့ ပြတ်သားတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း မြင်သာတာပေါ့ဗျာ။"


အမ်အဲန်ဒီအေ ကနေ ခွဲထွက်လာတဲ့ မုန်ဆာလ ခေါင်းဆောင်တဲ့ မုံးကိုး ကာကွယ်ရေး တပ်ဖွဲ့ဟာ ၂ဝဝဝ ခုနှစ် အတွင်းမှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ ဦးလီနီမင် ဦးဆောင်ပြီး တပ်ဖွဲ့တွင်း အာဏာသိမ်းမှု တခု ဖြစ်ပွားကာ အချင်းချင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရတယ်။ အဖွဲ့တွင်း တိုက်ပွဲများ ဖြစ်ပွားလို့ တလခန့် အကြာမှာတော့ စစ်အစိုးရ တပ်ဖွဲ့တွေက ဝင်ရောက် စွက်ဖက်လာခဲ့ပြီး ဦးမုန်ဆာလကို လားရှိုးသို့ ခေါ်ယူ ထိန်းသိမ်းခဲ့ကာ ဦးလီနီမင်နဲ့ လူ ၉ဝ ကျော်ကို ထိုစဉ်က စကခ (စစ်ဆင်ရေး ကွပ်ကဲမှု ဌာန) ၁၆ မှူး ဗိုလ်မှူးချုပ် မြင့်လှိုင်က သတ်ဖြတ်ခဲ့တယ်။ အာဏာသိမ်း အရေးအခင်း ကာလအတွင်း စစ်တပ်က ဖမ်းဆီး ရမိခဲ့တဲ့ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ ကရိယာတွေ၊ စိတ်ွ့က ဆေးပြားတွေနဲ့ ပတ်သက်ပြီး အမှုစွဲကာ မုန်ဆာလကို ထောင်ဒဏ် နှစ်ရှည် ချမှတ်ခဲ့တယ်။


မုံးကိုး ကာကွယ်ရေး အဖွဲ့ဟာ ရှမ်းပြည် မြောက်ပိုင်း အထူးဒေသ (၁) အတွင်းမှ သံလွင် အနောက်ခြမ်းကို ထိန်းချုပ်ခွင့် ရရှိခဲ့တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို စစ်တပ် အာဏာပိုင်တွေက ခွင့်ပြုထားခဲ့ပါတယ်။

(၂) အမျိုးသား သွေးစည်း ညီညွတ်ရေး ပါတီ (MYANMAR NATIONAL SOLIDARITY PARTY - MNSP)
ယခုအခါ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ/ တပ်မတော် (UWSP/ UWSA) အမည်သို့ ပြောင်းလဲထားပြီး ဖြစ်။

ဝ အမျိုးသား


၁၉၈၉ ခုနှစ်၊ မေလတွင် ဗကပမှ ခွဲထွက်ပြီး ၉၊ ၅၊ ၈၉ ရက်နေ့မှာ နဝတနဲ့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့တယ်။ ရှမ်းမြောက် အထူးဒေသ (၂) လို့ သတ်မှတ် ပေးခဲ့တယ်။ ၁၉၈၉ ခုနှစ်မှ ယနေ့အထိ ခေါင်းဆောင်မှုမှာ နိုင်ငံရေး ဦးဆောင်မှု အဖွဲ့ - ကျောက်ညီလှိုင် (ကျန်းမာရေးကြောင့် အနားယူသွားခဲ့)၊ ပေါက်ယူချန် (ပေါက်ဝှာချန်း)၊ ဦးဇော်မိုင်၊ လီစစ်ယူ၊ ရှောက်နီလျှင်၊ အိုက်လွန်း၊ ကျောက်ဝင်ကွမ်းတို့ ဖြစ်တယ်။


ဝပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ (ယူဒဗလျူအက်စ်ပီ/ အေ)


ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် - ပေါက်ယူချန်၊

ဒုဥက္ကဋ္ဌ - ရှောင်မင်လန်း

ဒု-စစ်ဦးစီးချုပ် - လီစစ်ယူ၊

စစ်ဦးစီးမှူး - ဘူလှိုင်ခန်း၊

စစ်ဦးစီး အဖွဲ့ ပတာဝန်ခံ - အိုက်လွန်း၊

ဒုတာဝန်ခံ ကျောက်တိုးထန်း၊

အမြဲတမ်း ကော်မတီ - ဗဟိုကော်မတီ ၁၅ ဦး၊ အရံ ဗဟိုကော်မတီ ၅ ဦး၊ ပေါင်း ၂ဝ ဦး။

လားရှိုး ဆက်ဆံရေး ရုံးချုပ် တာဝန်ခံ ဦးကျောက်အိုက်နတ်။


အခြေအနေ အကျဉ်း (၁၉၈၉ အပစ်အခတ် ရပ်စဲပြီးနောက်)


၂ဝဝ၈ ခုနှစ်၊ နောက်ပိုင်းလတွေ အတွင်းမှာ လူသူ လက်နက် ဘဏ္ဍာရေး အင်အား အတောင့်တင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဝပြည်နယ် သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) အတွင်းမှာ စီးပွားရေး အားသန်တဲ့ ဝေရှော်ကန်း အုပ်စုနဲ့ စစ်ရေး အားသန်တဲ့ ပေါက်ယူချန် အုပ်စု ဆိုပြီး အက်ကြောင်းအက်ရာ အရိပ်အယောင်တွေ ပုတီး (ဂျိုးဖြူ) လိုင်းနဲ့ ဓားမြောင် (လင်းယုန်) လိုင်း ဆိုတဲ့ ဂိုဏ်းခွဲမှုတွေ ရှိလာတယ်လို့ သတင်း ထွက်ပေါ် ခဲ့သော်လည်း၊ ယူဒဗလျူအက်စ်အေ အတွင်းမှာ အခုတိုင် ညီညွတ်မှု ရှိနေတာကို တွေ့မြင်ရပါတယ်။ နဝတ/ နအဖနဲ့ ဆက်ဆံရေးမှာလည်း ဘယ်အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ထက် မဆို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ဆက်ဆံပြီး ညှိနှိုင်း လုပ်ကိုင်မှုများ ရှိသော်လည်း အလျော့ပေးမှု သိပ်မရှိလှတာကို ကြားသိနေရတယ်။ စစ်တပ်ကို စနစ်တကျ ဖွဲ့စည်းထားနိုင်တယ်။


လက်ရှိမှာ တောင်ပိုင်း ဝ တပ်ဖွဲ့ အပါအဝင် တပ်အင်အား သုံးသောင်းလောက် အထိ စနစ်တကျ တိုးချဲ့ ဖွဲ့စည်း နိုင်တယ်လို့ သိရပါတယ်။ တကယ်တမ်း လက်နက်ကိုင် တိုက်နိုင်တဲ့ တိုက်ခိုက်ရေး အင်အားဟာ ၁၄,ဝဝဝ ပတ်ဝန်းကျင်လောက် ရှိတယ်။ ပြည်သူ့စစ် အင်အားကလည်း ၃,ဝဝဝ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။


အင်အား အခြေအနေ (၁၉၉၆ ခု အတွင်း)


မိုင်းမော်၊ ဝင်းကောင်၊ မုန်ပေါက်၊ မိုင်းယွန်း စသော ခရိုင် ၄ ခရိုင်၊ ပန်ခန်း (ပန်ဆန်း)၊ လုံထန်၊ နမ့်တိန်း စတဲ့ မြို့နယ် ၃ မြို့နယ် အပြင်၊ တောင်ပိုင်း စစ်ဒေသ ဆိုပြီး ဒေသတခု တိုးချဲ့ ဖွင့်လှစ်ထားပြီး ဖြစ်တယ်။


တပ်မ (၂၁၄) တပ်မမှူး - ဆမ်ပလူး၊ ဒု-တပ်မမှူး - ကျောက်ဝင်ကွမ်း၊ စစ်ဦးစီး (ပ) - အိုက်ရွမ်း

တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ ယောက် x တပ်ရင်း ၉ ရင်း = ၁,၃၅ဝ ယောက်

တပ်မ (၄၁၇) တပ်မမှူး - အိုက်လွန်း ၊ ဒု-တပ်မမှူး - အိုက်ကျန်း၊ စစ်ဦးစီးမှူး - လီရှောက်ယွင်


တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ ယောက် x တပ်ရင်း ၉ ရင်း = ၁,၃၅ဝ ယောက် (နားဖဖန်းဂွင်တွင် အခြေစိုက်)


တပ်မ (၄၁၈) တပ်မမှူး - ကျောက်ကျူံးထန်၊ စစ်ဦးစီးမှူး - အိုက်ဆန်း၊ ဗျုဟာမှူး လောပိ၊ ရင်း (၈၉) ရင်းမှူး - တာလျှံ

တပ်ရင်း ၁ ရင်း အင်အား ၁၂ဝ x တပ်ရင်း ၇ ရင်း = ၈၄ဝ ယောက် (ကျူဟဲဂွင်တွင် အခြေစိုက်)


တောင်ပိုင်းတိုင်း စစ်ဒေသ (၁၉၉၆ ဇန်နဝါရီလတွင် ဖွဲ့စည်း)


တပ်မှူးကြီး ဝေရှော်ကန်း၊ ဒုတပ်မှူး ဝေရှော်ယင်နဲ့ နိုင်ငံရေးမှူး ကတော့ ဥက္ကဋ္ဌ ပေါက်ယူချန်ရဲ့ညီ ပေါက်ယူယိ၊ စစ်ဦးစီးမှူး - အိုက်ပလုန်း

မူလ (၄၂ဝ) တပ်မ၊ ဒဗလျူအဲန်အို (WNO) + ခွန်ဆာ ခွဲထွက်များ စုပေါင်းထား

တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ x တပ်ရင်း ၇ ရင်း = ၁,ဝ၅ဝ ယောက် (မုန်းပေါက် ၊ မုန်းယန်း ဂွင်တွင် လှုပ်ရှား)

မိုင်းက္ဆွက်၊ ဟွေ့အော့်၊ နောင်ဝဲန်း၊ နမ့်ဟူးခွန် စစ်ဒေသ (၁၇၁)

ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဝမ့်ဟုန့် စခန်း၊ (၁၇၁) စစ်ဒေသ တပ်မှူး ဝေရှော်ယင် (ဝေရှော်ကန်း၏ ညီ)

တပ်မဟာ (၄၆၈) တပ်မဟာမှူး - စိုင်းဆမ်၊ (ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁ဝ၂ ကီလိုမီတာရှိ မိုင်းယန်းမြို့ အနောက်မြောက်ဘက် မိုင်းပေါက် ဒေသ)

ချင်းမိုင်ခရိုင် မျက်နှာချင်းဆိုင် မိုင်းယွမ်းဂွင် တပ်မဟာ (၂၅၁၈)

ဟိုပန်၊ ဟိုယွက်ဂွင် တပ်မဟာ (၄၁၄)၊

တပ်မဟာ (၃၆၉) ဌာနချုပ် ဆီလူး


အထူးတပ်မဟာ (ဘိန်းရောင်းဝယ် သယ်ယူ ပို့ဆောင်ရေး)

တပ်မဟာမှူး - ဝေဆိုက်ထန်

တပ်ရင်း ၁ ရင်း အင်အား ၁ဝဝ x တပ်ရင်း ၄ ရင်း = ၄ဝဝ ယောက်


အမြောက် တပ်မဟာ

တပ်မဟာမှူး - ထင်ကျီမင်

တပ်ရင်း ၁ ရင်း အင်အား ၁၅ဝ x တပ်ရင်း ၃ ရင်း = ၄၅ဝ ယောက် (ပန်ခန်း (ပန်ဆန်း) ဒေသတွင် အခြေစိုက်)


တရုတ်-မြန်မာ နယ်စပ် အနီး ယူဒဗလျူအက်စ်အေ ဌာနချုပ်ရှိရာ ပန်ဆန်း မြောက်ဘက် ၁၂၅ ကီလိုမီတာခန့် ကွာဝေးတဲ့ ယူဒဗလျူအက်စ်အေ အကြီးအကဲ ပေါက်ယူချမ်းရဲ့ ဇာတိ ဝ တောင်တန်းပေါ်ရှိ ခွေးမ နယ်မြေ အတွင်းမှာ အေကေ-၄၇ (AK-47) မောင်းပြန် ရိုင်ဖယ်နဲ့ ကျည်ဆံ ထုတ်လုပ်တဲ့ စက်ရုံ တရုံကို တရုတ်ရဲ့ အကူအညီနဲ့ အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး၊ ၂ဝဝ၇ ခုနှစ် ကတည်းက စစ်လက်နက်နဲ့ ကျည်ဆံတွေ စတင် ထုတ်လုပ် နေပြီလို့ ၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှာ သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။ ဒီလို စစ်လက်နက် ပစ္စည်းထုတ် စက်ရုံ တည်ထောင်ခဲ့တာဟာ ယူဒဗလျူအက်စ်အေ တပ်ဖွဲ့ဝင်တွေ အတွက် သက်သက်သာ မဟုတ် ရှမ်းပြည်နယ် အတွင်းက မဟာမိတ် တိုင်းရင်းသား တပ်ဖွဲ့တွေကိုပါ ရောင်းချပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။


ဒေသ


သံလွင်မြစ် အနောက်ဘက်ခြမ်း၊ နမ့်တိန်းချောင်း တောင်ဘက်ခြမ်း၊ ပန်ယန်း၊ မိုင်းပေါက်၊ မိုင်းယန်း ဒေသမပါ ၊ မြောက်ဘက်ခြမ်း။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး (PEACE AND DEMOCRATIC FRONT - PDF) အဖွဲ့ဝင် ဖြစ်သည်။


နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေ


နဝတက ပြုလုပ်တဲ့ အမျိုးသား ညီလာခံကို ကိုယ်စားလှယ် တက်ရောက်ခဲ့တယ်။ ပြည်နယ် သတ်မှတ်ပေးရန် တင်ပြမှု မအောင်မြင်၊ သဘောထား ၂ ရပ် ချမှတ်ထား -

(၁) လက်နက်ကိုင်နည်းဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်ရန်

(၂) ငြိမ်းချမ်းရေး ဒီမိုကရစီရေး အတွက် လုံးပမ်းရန်


စီးပွားရေး အရ ဘိန်းစိုက်ပျိုးရေး၊ ဘိန်းဖြူ ထုတ်လုပ် ရောင်းချရေးများ ပြုလုပ်ခဲ့တယ်။ နဝတ/နအဖက ခွင့်ပြုတဲ့ ဖက်စပ်လုပ်ငန်း မှန်သမျှ ဝင်ရောက် လုပ်ကိုင်နေသော်လည်း စီးပွားရေး အရ အောင်မြင်မှု သိပ်မရလို့ သိရတယ်။


၂ဝဝ၉ ဧပြီလ ၁၇ ရက်နေ့က ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒလျူအက်စ်အေ) ဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ဧည့်ပရိသတ် ၃ သောင်းနီးပါး တက်ရောက်တဲ့ "ငြိမ်းချမ်းရေး တည်ဆောက်မှု အနှစ် (၂ဝ) ပြည့်" အခမ်းအနားမှာ ဝ ခေါင်းဆောင် ပေါက်ယူချန်က ဝ ပြည်နယ်မှာ မူးယစ်ဆေးဝါး လုံးဝ ကင်းစင်တဲ့ ဒေသဖြစ်ကြောင်း ထပ်မံ ကြေညာသွားသလို၊ စည်းလုံး ညီညွတ်တဲ့ ဝ တိုင်းရင်းသားတွေရဲ့ ဒေသကြီး ပေါ်ပေါက်ရေး အတွက် ကြိုးပမ်း သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။


နအဖ၏ အပစ်ရပ် အဖွဲ့များအား နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရေး အပေါ် ယူဒဗလျူအက်စ်အေ၏ တုံ့ပြန်မှုများ


မေ ၁၆-၂ဝ ရက်နေ့ ၅ ရက်ကြာ ရှမ်းပြည် အရှေ့တောင်ပိုင်းသို့ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး ရောက်ရှိစဉ်မှာလည်း တောင်ပိုင်း ဝ တပ်ဖွဲ့အား ဂ္ဆွန်လ နောက်ဆုံးထားပြီး၊ (၁) နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန်၊ (၂) အသွင်ပြောင်းဖို့ မလုပ်နိုင်ပါက မြောက်ပိုင်း ပန်ဆန်း ဌာနချုပ်သို့ တပ်ရုပ်ရန် သတိပေးခဲ့သည့် အပြင် နအဖ အရာရှိတွေ သွားလာရာ လမ်းတလျှောက် ရှိ ဝ တပ်စခန်း ၃ ခုကိုအမြန်ဆုံး တပ်ရုပ်ပေးရန် ပြောဆိုခဲ့တယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ ၂ဝဝ၉ ခုနှစ်၊ မေလ ၂ဝ ရက်နေ့ သတင်းတပုဒ်မှာ ရေးသား ဖော်ပြထားပါတယ်။


"ကျနော်တို့ကို အရင်တုံးကလို နယ်ခြားစောင့်တပ် လုပ်ရင် လုပ်၊ မဟုတ်ရင် ရှမ်းတပ်ကို သွားတိုက်၊ ဒါမှမဟုတ် မြောက်ပိုင်း ဝ နယ်မြေဘက် အကုန်ပြန်လို့ မပြောတော့ဘူး။ အခုဟာက အသွင်ပြောင်းရင် ပြောင်း၊ မပြောင်းရင် ပြန်၊ မပြန်ရင် ရှောင်လွဲလို့ မရဘူးလို့ ပြောတယ်။ အမြန်ဆုံး တပ်ရုပ်ခိုင်းတဲ့ ကိစ္စကို ကျနော်တို့ ဘာမှ အကြောင်း မပြန်ဘူး။ အခု လောလောဆယ် တပ်မဟာမှူး၊ တပ်ရင်းမှူးတွေလဲ တယောက်မှ မရှိဘူး။ ပန်ဆန်း ဌာနချုပ် အစည်းအဝေး သွားနေကြတယ်။ ပန်ဆန်း ဆုံးဖြတ်ချက်ကိုပဲ ကျနော်တို့ နာခံရမှာပဲ" လို့ အမည် မဖော်လိုတဲ့ တောင်ပိုင်း ဝ တပ်မဟာ (၂၄၈) မှ အရာရှိ တဦးက ပြောကြောင်း အဲဒီ သတင်းမှာ ရေးသားထားပါတယ်။


နအဖ စစ်အစိုးရက တပ်ရုပ်ခိုင်းတဲ့ ဝ စခန်း ၃ ခုကတော့ မိုင်းတုံ - ပုံပါကျင် ကားလမ်းမှ အနောက်ဘက်သို့ ဖောက်ထားတဲ့ မိုင်းက္ဆွက် - မိုင်းထား - မိုင်းတော့ - ပန်မိုင်ဆုန် ကားလမ်းပေါ်ရှိ (၁) လွယ်ဆမ်ဆုမ်စခန်း၊ (၂) ကျူဟူးလုံး (မိုင်းက္ဆွက်) စခန်း၊ (၃) ဟွေ့ယောဝ်း (ပန်ယန်း) စခန်းတို့ ဖြစ်တယ်။


အပစ်ခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့် တပ်ဖွဲ့တွေ အဖြစ် အသွင်ကူးပြောင်းရေး အတွက် နအဖ စစ်အစိုးရက ကမ်းလှမ်းထားတာကို ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) က လက်မခံနိုင်ကြောင်း မေလ အစောပိုင်းက နအဖ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကို အကြောင်း ကြားခဲ့တယ်လို့ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ဗကပ အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ဦးအောင်ကျော်ဇောက ဧရာဝတီကို အခုလို ပြောဆိုခဲ့တယ်။


"ဗိုလ်ချုပ်ကြီး ရဲမြင့်ကို သူတို့ အကြောင်းပြန်တယ်။ (၁) အချက် လက်မခံနိုင်ဘူး၊ (၂) အချက် လက်ရှိ အခြေအနေကို ထိန်းသိမ်းသွားမယ်၊ (၃) အချက်က တပ်မတော်ကို အသွင်ပြောင်းရေး နအဖက တင်ပြတဲ့ အကြောင်းအရာကို စဉ်းစားဆွေးနွေး သွားမယ်တဲ့"။


၂ဝဝ၉ ခုနှစ်အတွင်း နအဖ တပ်ဖွဲ့များနှင့် ဝတပ်ဖွဲ့ အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ။


၂ဝဝ၉ နှစ်၊ ဇန်နဝါရီလဆန်းမှာ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်က မြန်မာနိုင်ငံ ဝ,ပြည်နယ် အစိုးရ အထူးအုပ်ချုပ်ရေး ဒေသ ဆိုတဲ့ စကားလုံးကို သုံးနှုန်းတော့မှာ ဖြစ်တဲ့ အကြောင်းကို မြန်မာ စစ်အစိုးရထံကို အကြောင်းကြားထားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ မြန်မာ စစ်အစိုးရနဲ့ ဝ တိုင်းရင်းသား အဖွဲ့တွေ ဆက်ဆံရေး တင်းမာလာတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ အထိ နအဖ စစ်အစိုးရတပ်နဲ့ နှစ်ဖက် တိုက်ပွဲဖြစ်တာ နှစ်လကျော် အတွင်းမှာ ၃ ကြိမ် ရှိပြီလို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ (အာရ်အက်ဖ်အေ၊ ၁၁၊ ဖေဖော်ဝါရီလ၊ ၂ဝဝ၉)


၂ဝဝ၉ ဇန်နဝါရီ ၁၈ ရက်။ ဝ ပြည်သူတွေကို ဆန်တွေ အခမဲ့ သွားဝေငှမယ်လို့ အကြောင်းပြချက်နဲ့ ဆန်အိတ် ၃ဝဝ တင် တရုတ်နိုင်ငံလုပ် တုန်းဖှိန်းကား ၅ စီးနဲ့ နအဖ စစ်တပ်ရဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် (ညွှန်ကြားရေးမှူးချုပ်) ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ လုံခြုံရေး တပ်ဖွဲ့ ၄ဝ ကျော်ဟာ ဝ နယ်အတွင်း ဝင်လာခဲ့တယ်။ အဲဒီ စစ်ယာဉ်တန်းက ကားတစီး ဝ ဌာနချုပ် ပန်ဆန်း အသွား မိုင်းပေါက် အလွန် ၅ မိုင် လမ်းခုလတ်မှာ တိမ်းမှောက်ခဲ့တယ်။ ဝ တပ်ဖွဲ့ အင်အား ၂ဝဝ ခန့်က လာရောက် ကူညီပေးရာမှ ဆန်အိတ်အောက်က လက်နက်ကြီး ၁၂ဝ မမ မော်တာ ၁ လက်နဲ့ ကျည် အလုံး ၄ဝ၊ ပုခုံးထမ်း အာပီဂျီ ၈ လက် ကျည် ၃၈ တောင့်၊ ရုရှား/ အိန္ဒိယထုတ် ဒင်ခေါက် အေကေ-၄၇ လိုလို အမ်-၂၂ လိုလို အော်တို ရိုင်ဖယ် အသစ် ၆၃ လက် ထောင်နဲ့ချီတဲ့ ကျည်ဆံတွေ တွေ့ရှိကာ ဖြုတ်သိမ်း ထားလိုက်တယ်။ အဲဒီ လက်နက် ခဲယမ်းတွေကို နအဖ အကြိမ်ကြိမ် ပြန်တောင်းသော်လည်း အဲဒီ လက်နက်တွေထဲက တလက်မှ ပြန်ပေးမှာ မဟုတ်ကြောင်း အခုအချိန်ထိ ပန်ဆန်း ဌာနချုပ်က ပြတ်သားစွာ ငြင်းပယ်မြဲ ဖြစ်တယ်။


၂ဝဝ၉ မေလ ၁၂။ နေပြည်တော်မှ တိုက်ရိုက်လာတဲ့ လဝက ဝန်ထမ်းတွေ အပြင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယန်းတို့ရှိ နအဖ ဌာန ပေါင်းစုံမှ ဝန်ထမ်းအင်အား စုစုပေါင်း ၄၃ ယောက်ဟာ ဝ နယ်အတွင်း သန်းခေါင်စာရင်း ဆင်းကောက်ရန် ဧပြီလ ၄ ရက်နေ့က ဝ နယ်စပ်သို့ ရောက်ရှိလာပြီး ဝ နယ်ထဲ ဝင်ခွင့် မရသေးတာကြောင့် ခိုဆုန်ဂိတ် တောင်ဘက် ကျေးရွာ တရွာမှာ သောင်တင်နေစဉ် အချင်းချင်း မဖွယ်မရာ ကိစ္စ ဖြစ်ပွားပြီး စကားများကြသည်။ ဝပြည် တည်ထောင်ခြင်း အနှစ် (၂ဝ) ပြည့် အခမ်းအနား မတိုင်ခင် တရက် ဖြစ်တာကြောင့် ပွဲတော် အတွက် ဝ ဘက်က လုံခြုံရေး အထူး တင်းကြပ်ထားချိန်မှာ အဲလို မဖွယ်မရာ ကိစ္စကြောင့် အချင်းချင်း စကားများတာ ဖြစ်ပွားတာကြောင့် ကင်းလှည့်နေတဲ့ ဝ လုံခြုံရေးတပ်က ဝင်ရောက် ဖြန်ဖြေပေးပါတယ်။ အဲဒီအခါမှာ နအဖ စစ်ဘက် လုံခြုံရေး အဖွဲ့ - စရဖ တဦးက မောက်မောက်မာမာ ပြန်လည် ပြောဆို ဆက်ဆံ ခဲ့တာကြောင့် ဝတပ်ဖွဲ့က အဲဒီ စရဖကို ထိုးကြိတ် လိုက်တယ်လို့ တရုပ်နယ်စပ် သတင်းကို အခြေခံပြီး သျှမ်းသံတော်ဆင့်ရဲ့ မေလ ၁၂ ရက်နေ့ သတင်း တပုဒ်မှာ ဖော်ပြ ပါရှိခဲ့ပါတယ်။


"သူတို့ အဖွဲ့ထဲမှာ ကျောင်းဆရာမတွေ ပါတယ်၊ ဌာန ပေါင်းစုံပဲ၊ မိန်းခလေး ယောကျာ်းလေး အတူနေတော့ မဖွယ်မရာ ကိစ္စဖြစ်ပြီး အချင်းချင်း စကားများကြတယ်။ အဲအချိန် ကင်းလှည့်နေတဲ့ ဝ အဖွဲ့ လာတိုးတော့ သူတို့တွေကို ဝင်တားတယ်။ အဲအချိန် စရဖ တဦးက ဝ တွေကို 'ဒါ ကျုပ်တို့လူ ခင်ဗျားတို့နဲ့ မဆိုင်ဘူး' လို့ တင်းတင်းမာမာ ပြောလိုက်တဲ့ အတွက် သူ ထိုးကြိတ် ခံလိုက်ရတာ" လို့ ခိုဆုန်ရှိ ဝန်ထမ်း တဦးက ပြောပါတယ်။

"အဲ ကင်းလှည့် နေတဲ့ ဝ အရာရှိက တော်တော် စိတ်ဆိုးသွားတဲ့ ပုံပဲ၊ ဒါ ကျုပ်တို့ ထိန်းချုပ် နယ်မြေ၊ ခင်ဗျားတို့ ပြင်ပ ဧရိယာမှာဆို ကြိုက်သလိုလုပ် ဆိုပြီး အဲဒီ့ စရဖ အဖွဲ့ဝင် တပ်ကြပ် ရဲလွင်ရဲ့ လည်ကုတ်ကို ဆွဲပြီး ထိုးထဲ့လိုက်တယ်။ တခြား အဖွဲ့တွေက ပြဿနာ ကြီးသွားမှာကို စိုးရိမ်တဲ့ အတွက် အဲ စရဖ ရဲလွင်ကို မိုင်းယန်းကို ညတွင်းချင်း ပို့လိုက်တယ်" လို့လည်း အဲဒီ ရွာသွားက ဆက်ပြောသွားကြောင်း သျှမ်းသံတော်ဆင့် သတင်းမှာ ရေးသားထားပါတယ်။


၂ဝဝ၉ မေလ ၁၉။ မေလဆန်းပိုင်းက နားကောင်းမူး အခြေစိုက် နအဖရဲ့ ခလရ (၆၅) မှ လူအင်အား ၁ဝ ယောက်ပါ နယ်လှည့် စစ်ကြောင်း တကြောင်းက မိုင်းတုံမြို့ အရှေ့တောင်ဘက် ဟွေ့ပန်ကျိုင်း လျှိုမြောင်အတိုင်း ငါးလိုက် ဖမ်းနေတဲ့ ယူဒဗလျူအက်စ်အေ တောင်ပိုင်း တာ့ရုန့် ဦးစီးတဲ့ တပ်မဟာ (၂၄၈) မှ ဝ တပ်သား တဦးအား သတ်ပြီး နားပါကောဝ် ရွာသားများအား "ကျုပ်တို့ ရှမ်းသူပုန် တယောက် ဖမ်းမိတယ်။ သတ်လိုက်ပြီ၊ ကြည့်ချင်ရင် လျှိုမြောင်ထဲမှာ ကားစင်တင် ထားတယ်" လို့ အဲဒီ စစ်ကြောင်းက ပြောကြားသွားတယ် ဆိုပြီး သျှမ်းသံတော်ဆင့်က မေလ ၁၉ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့တယ်။


နောက်ပိုင်းမှာ ခလရ ၆၅ က အဲဒီ ဝ တပ်သားကို အက်စ်အက်စ်အေ ရှမ်းသူပုန် တင်ပြီး အမှန်တကယ် လူမှား သတ်ဖြတ်မိကြောင်း၊ ဒါကြောင့် လျော်ကြေးငွေ ကျပ် ၅ သိန်းပေးပါမယ့်လို့ ဝ တပ်ဖွဲ့ကို ကမ်းလှမ်း ခဲ့သော်လည်း ဝ တပ်ဖွဲ့က ငွေမလိုချင်ကြောင်း၊ ဗမာ စစ်တပ်ရဲ့ ရက်စက်မှု အတွက် ပြန်လည် ချေပသွားမှာ ဖြစ်တယ်ဆိုပြီး အမည် မဖော်လိုတဲ့ တပ်မဟာ (၂၄၈) မှ အရာရှိ တဦးက ဆိုကြောင်းလည်း အဲဒီ သတင်းမှာ ရေးသား ဖော်ပြထားပါတယ်။

(၃) ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ NATIONAL DEMOCRACY ALLIANCE ARMY (NDAA)

အခါအမျိုးသား

၃ဝ၊ ၆၊ ၈၉ နေ့မှာ ဗကပ (၈၁၅) ဒေသကနေ ခွဲထွက်ပြီး နဝတ (ယခု နအဖဟု အမည်ပြောင်းထား) နဲ့ အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ရယူခဲ့ကြတယ်။ ရှမ်းအရှေ့ အထူး ဒေသ (၄) လို့ သတ်မှတ်ပေးထားတယ်။

ဒေသ

ကျိုင်းတုံအရှေ့ဘက် လာအို နယ်စပ် တလျှောက်လုံး (မိုင်းလား အခါ ဒေသ၊ ယခင် ဗကပ (၈၁၅) ဒေသ)။


ခေါင်းဆောင်မှု


ဦးစိုင်းလင်း (လီမေရှင်း) နအဖမှ လူမှုထူးခ္ဆွန် တံဆိပ် (ပထမဆင့်) ပေးအပ် ချီးမြင့်တာကို ခံထားရသူ ဖြစ်တယ်။ ငြိမ်းချမ်းရေး ရယူထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အနက် ပထမဦးဆုံး နိုင်ငံတော်က ချီးမြင့်တာကို ခံရတဲ့ ပုဂ္ဂိုလ် ဖြစ်ပြီး၊ အခြား ခေါင်းဆောင်များမှာ ဦးကြည်မြင့် (ကျန်ဇီမင့်)၊ စန်းမင့်တို့ ဖြစ်တယ်။

အင်အား

(၃၈၉) တပ်မ တပ်ရင်း ၄ ရင်း x ၁ ရင်းအင်အား ၁၂ဝ = ၄၈ဝ ယောက်

(၉၉၁) တပ်မ တပ်ရင်း ၅ ရင်း x ၁ ရင်းအင်အား ၁၂ဝ = ၆ဝဝ ယောက်

အထူးတပ်မဟာ တပ်ရင်း ၂ ရင်း x ၁ ရင်း အင်အား ၁၂ဝ = ၂၄ဝ ယောက်

ရုံးဌာန၊ စီးပွားရေးဌာန အင်အား ၅ဝဝ ခန့်

(အင်အား ၁,ဝဝဝ မှ ၅,ဝဝဝ ခန့် (ဒေသ ပြည်သူ့စစ် မပါ) လက်နက် တပ်ဆင်မှုကောင်း ၊ အရံလက်နက် အများဆုံး ရှိသောအဖွဲ့ ဖြစ်တယ်။)


နိုင်ငံရေးနှင့် စီးပွားရေး

ဖြတ်ချပြီး နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ နဝတ/ နအဖ ထောက်လှမ်းရေး ညွှန်ချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်က ဆိုရင် နိုင်ငံရေး အရ လုံးဝ အွ့ကင်းမဲ့ နအဖကို ထောက်ခံရေး ဖြစ်တယ်။ ဒါ့ကြောင့် သတင်းထောက်တွေနဲ့ တွေ့ဆုံ မေးမြန်းခွင့်၊ ပြည်တွင်း သောင်းကျန်းမှုနဲ့ ပတ်သက်ပြီး အခါအားလျော်စွာ သတင်းစာ ရှင်းလင်းခွင့်တွေ ရရှိခဲ့တယ်။

စီးပွားရေးမှာ နအဖနဲ့ ပေါင်းပြီး ဖက်စပ်လုပ်ငန်း အားလုံး လုပ်တယ်။ စီးပွားရေး အကောင်းဆုံး အဖွဲ့ ဖြစ်တယ်။ တရုတ်နဲ့ ကမ္ဘာက ဘိန်းဘုရင်သစ်၊ အဓိက ဘိန်းထွက်ရာ ဒေသလို့ သတ်မှတ်ထားတယ်။ ငွေအားနဲ့ လက်နက် တပ်ဆင်မှု ထပ်တိုးချဲ့မှု ပြုလုပ်နေတယ်။ ရွှေတြိဂံ ဒေသမှာ နိုင်ငံတကာနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစီအစဉ်တွေ ပူးပေါင်း ပြုလုပ်လျက် ရှိတယ်။ မိုင်းလားဒေသကို ၁၉၉၁ ခုနှစ်က စပြီး ဘိန်းနဲ့ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ၆ နှစ် စီမံကိန်း ဆောင်ရွက်ခဲ့တယ်။ ၁၉၉၇ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှာ မူးယစ်ဆေးဝါး လုံးဝ ပပျောက်သွားပြီ ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာခဲ့တယ်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ဦး (PEACE AND DEMOCRATIC FRONT - PDF) အဖွဲ့ဝင် ဖြစ်တယ်။


မှတ်ချက် - အထက်ဖော်ပြပါ အပစ်အခတ် ရပ်စဲရေး အဖွဲ့ ၃ ဖွဲ့၏ စုဖွဲ့မှု၊ အင်အားနှင့် ခေါင်းဆောင်များ စာရင်းကို နဝတ/နအဖနှင့် အပစ်အခတ် ရပ်စဲရေး ယူစဉ်က ထုတ်ပြန်ခဲ့သော စာရင်းများကို အခြေပြု၍ ဖော်ပြထားခြင်း ဖြစ်သောကြောင့် ယနေ့ အချိန်အခါတွင် ထို အဖွဲ့ ၃ ဖွဲ့၏ စုဖွဲ့နှင့် အင်အားမှာ အပြောင်းအလဲ မြောက်မြားစွာ ဖြစ်ပေါ်ခဲ့မည်မှာ အသေအချာပင် ဖြစ်ပါသည်။ အထူးသဖြင့် အင်အားနှင့် လက်နက်များ များပြား တိုးတက်လာသည်ကို သတင်းများအရ သိရှိနေရသည်။ သို့သော် စာရင်း အတိအကျ ရရှိသည့် အခြေအနေတွင် မရှိပါသော်လည်း၊ ထို အဖွဲ့ ၃ ဖွဲ့၏ ထိပ်ပိုင်း ခေါင်းဆောင် စာရင်းမှာ ယခုတိုင် အပြောင်းအလဲ မရှိပါသဖြင့် ယခင်က တင်ပြခဲ့သော စာရင်းကို အခြေခံ၍ ထိုအဖွဲ့ ၃ ဖွဲ့၏ အကြမ်းဖျင်း အခြေအနေကို လက်လှမ်းမီသမျှ စုစည်း တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့

နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်

စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်မှတင်ဆက်သည်။

ဇွန် (၆) အလုပ်သမားအရေးတော်ပုံ စာစုများ


http://www.naytthit.com/

မေ-ဇွန် အလုပ်သမား အရေးအခင်း "ဆင်မလိုက် သင်္ဘောကျင်းတိုက်ပွဲ"
Saturday, May 30, 2009
ရဲဘော်ဝင်းထိန်
သင်္ဘောကျင်းမှာ ကျွန်တော်က ကောင်စီဝင်တဦး ဖြစ်ပါတယ်။ အလုပ်သမားထုက ရွေးချယ်ပြီးတင်မြှောက်လိုက်တဲ့ ကိုယ် စားလှယ်ပါ။ ကောင်စီကနေပြီး ကျွန်တော့်ကို ထုတ်လုပ်ရေး အတွင်းရေးမှူး၊ စည်းကမ်းထိမ်းသိမ်းရေး အတွင်းရေးမှူး၊ စံပြရွေးချယ်ရေး အတွင်းရေးမှူး ဆိုပြီး တာဝန် ၃ ခု ပေးပါတယ်။

(အခု VOA မှာ လုပ်နေတဲ့) ဦးချစ်ဦး (၃၇) နှစ် ဆိုတာက ကျွန်တော်တို့ ကောင်စီဥက္ကဋ္ဌပါ။ သူက စာရင်းကိုင်ချုပ်။ ကျွန်တော်တို့ သင်္ဘောကျင်းမှာ လခ ကျပ် ၁၂ဝဝ နဲ့ ဘားဆုံးနေပြီ။ ကောင်စီအစည်းအဝေးကို အပတ်တိုင်း ထိုင်ရတယ်။ တက်ရောက်တဲ့သူတွေထဲမှာ ဦးချစ်ဦး၊ ဗိုလ်မှူးရဲညွန့်၊ ကောင်စီအထွေထွေအတွင်းရေးမှူး၊ နောက် ဌာနဆိုင်ရာ အလုပ် သမား ကိုယ်စားလှယ်တွေ...

ဆင်မလိုက် သင်္ဘောကျင်းက ယူဂိုစလဗ်က အကူအညီပေးတာ၊ သိန်း ၆၅ဝ ကုန်ကျတယ်။ ယူဂိုစလဗ် အင်ဂျင်နီယာ တွေနဲ့ အတူ အလုပ် လုပ်ကြရတယ်။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အနောက်ဂျာမဏီ လျှပ်စစ် ဆီးမင်း ကုမ္ပဏီရှိတယ်။ တပ်ဆင်ထားတဲ့ စက်တွေက အရှေ့ဂျာမဏီ စက်တွေ။ စက်ရုံထဲမှာ သင်္ဘောလွန်းလမ်းတွေ၊ သင်္ဘောကို တနေရာက တနေရာကူးပြောင်း ပေးတဲ့ Transmitter ရေကန်ကြီးတွေ၊ သင်္ဘော တည်ဆောက်ရေးစက်ရုံ၊ အလုပ်ရုံတွေပေါင်းစုံ၊ ဌာနပေါင်းစုံ ရှိပါတယ်။ အလုပ်သမားတွေ ဆိုတာကလဲ များသောအားဖြင့် ကိုးတန်း၊ ဆယ်တန်း သမားတွေ.. အလုပ်သမားပေါင်း ၁ဝဝဝ ခန့် ရှိတယ်။

ကျွန်တော်တို့ အနေနဲ့ တန်ချိန် ၃ဝဝဝ ရှိတဲ့ မေယု သင်္ဘောက အစ ရန်မျိုးအောင် စစ်သင်္ဘော အထိ ကုန်းပေါ် တင် ကြရတယ်၊ Five Stars က ပြည်တော်ညွန့် သင်္ဘောလဲ တင်ရတာပဲ။ လုပ်ရတဲ့ အလုပ်က အတတ်ပညာမြင့်တယ်။ တချို့ အလုပ်တွေက သိပ်ပင်ပန်းတယ်။ ဘာကြောင့်လဲ ဆိုတော့ စက်နဲ့ လုပ်ရမယ့် ဟာတွေကို လူအားနဲ့ လုပ်နေရလို့ ဖြစ်တယ်။ ဥပမာ... ဆိုပါတော့ တန်ဝက်လောက် လေးတဲ့ဟာ ဆိုရင် ချိန်းဘလောက်နဲ့ မ, ရမှာ ဖြစ်ပေမယ့် လူ ၄,၅ ယောက်နဲ့ မ, နေရတော့ လူတွေဟာ အကြောအခြင်တွေ ပြတ်ထွက်ကုန်ပြီလား ခံစားရတယ်။ နောက် သင်္ဘောပန် ကာကြီးတွေ ဖြုတ်တဲ့ အခါ ၁၂ ပေါင် လေးတဲ့ တူကြီးနဲ့ တအား လွှဲ, လွှဲရိုက်ပြီး ဖြုတ်ကြရတာ၊ မေယု ပန်ကာ ဆိုရင် ၂ တန် ၃ တန် လောက် လေးတယ်။ အဲဒါကြီးကို ချိန်းဘလောက်နဲ့ ဖြုတ် တူနဲ့ ရိုက်ရတဲ့ အလုပ်သမားတွေဟာ တပေါင်း တန်ခူး နေပူကြီးထဲမှာ၊ စဉ်းစားသာ ကြည့်ပါ။

သင်္ဘောဝမ်းထဲ လေးဘက်ထောက်ဝင်ပြီး ရပစ် (Rivet) ရိုက်ရတဲ့ အခါ မျိုးဆိုရင် သေချင်စော် နံတယ်။ ဒါပေမဲ့ ရတဲ့ လခ ကျတော့ သိပ်နည်းတယ်။ ကျွန်တော်တို့ ကောင်စီက လူတွေဟာ ရန်ကုန်တိုင်းမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေကို မကြာမကြာ လေ့လာခွင့် ရပါတယ်။ ဘီပီအိုင်၊ ဂုံနီစက်ရုံ၊ သမိုင်း ချည်မျှင် နဲ့အထည်စက်ရုံ စသည် ရောက်ဖူးတယ်။ ဒီအပေါ်က ကျွန်တော်တို့ အလုပ်သမားတွေ နှိုင်းယှဉ်ပြီး ဆွေးနွေးခဲ့ကြတယ်။ အလုပ်သမားတွေရဲ့ နေထိုင်စား သောက်မှုဘဝ၊ အလုပ် ခွင် အခြေအနေ၊ လစာ၊ ထောက်ပံ့မှု၊ စောင့်ရှောက်မှု စသည်။ ထောင့်ပေါင်းစုံက ကြည့်ပါတယ်။

ဥပမာ…ဘီပီအိုင် (ဆေးဝါးစက်ရုံ) မှာဆိုရင် ကလေးထိန်းဌာန ရှိတယ်။ စည်းကမ်းသတ်မှတ်မှု မြင့်တယ်။ အခန်းထဲ ဝင်ရင် ဘိနပ်ချွတ်ဝင်၊ ပိုးသတ်ထားတဲ့ ဝတ်စုံတွေ လဲပြီးမှ ဝင်ရတာမျိုး။ လေ့လာရေးက ပြန်လာရင် ကောင်စီအစည်းအဝေး ထိုင် ရတယ်။ ထုတ်လုပ်ရေး ဘယ်လိုတိုးအောင် လုပ်ရမလဲ၊ ဆွေးနွေးကြတယ်။ ဒီနေရာမှာ မဆလခေတ် အရာရှိကြီးတွေနဲ့ သူတို့ လည်ပတ်နေတဲ့ ယန္တားရားကြီး အကြောင်းကို မိမိနဲ့ ဆက်စပ်နေတဲ့ အပိုင်းကနေပြီး ပြောပြချင်တယ်။

တယောက်က ဗိုလ်မှူးကြီး တင်စိုး သယ်ယူပို့ဆောင်ရေးမှာ ဦးသာကျော် ပြီးရင် သူပဲ။ သူက "ဒီမှာ ကိုဝင်းထိန် ခင်ဗျား သိတဲ့ အတိုင်း ကျွန်တော်ဟာ အစိုးရ အကြီးတန်းအရာရှိ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် ဘာမှ လုပ်လို့ မရဘူး" တဲ့။ အဲဒီကောင်စီ အစည်းအဝေးမှာပဲ ကျွန်တော်က "ထုတ်လုပ်ရေးမှာ M -၆ လုံးလို့ ပြောကြတယ်။ Man လူ၊ Machine ဆိုတဲ့ စက်ကရိယာ၊ Market ဈေးကွက်၊ Money ဆိုတဲ့ ပိုက်ဆံ၊ Method နည်းပညာနဲ့ Management ခေါ်တဲ့ စီမံခန့်ခွဲမှု။ ကျွန်တော်တို့ စက်ရုံမှာ ခေတ်မီဖို့ ဆိုရင် ကျွန်တော်တို့ အလုပ်သမား အားလုံးကို အတတ်ပညာ မြှင့်ရမယ်။ စက်ရုံကို ခေတ်မီဖို့ M-၆ လုံး တပ်ဆင်ရမယ်။

ကျွန်တော်တို့ သိပ်ပင်ပန်း နေတယ်။ လစာ ကနည်းတယ်။ အာဟာရ မလိုက်နိုင်၊ ခွန်အားမရှိ။ ခေတ်က မမီတော့ ကရိန်းနဲ့ လုပ်ရမယ့် ဟာကို လူတွေနဲ့ မ, နေရတယ်။ ဒါကြောင့် M ၆ လုံး ကိစ္စ အမြန် စဉ်းစား ပေးကြပါ" လို့ ပြော လိုက်တယ်။ ဒု ဗိုလ်မှူးကြီး ညွန့်အောင် ဆိုတာ ရှိတယ်။ အဲဒီတုန်းက သူက ရန်လုံးအောင် စစ်ရေယာဉ်ရဲ့ C.O ဖြစ်တယ်။ ဗိုလ်နေဝင်း စာတိုက်ကြီး စာရေး လုပ်နေစဉ်က သူ့ကို ထိန်းပေးရတာ ဆိုတော့ ဘယ်သူ့မှ ဂရုမစိုက်ဘူး။ သူ့ အထက်က ဗိုလ်ချုပ် သောင်းတင် လာရင်လဲ salute မပေးဘူး။ မမြင်ချင်ယောင်ဆောင်နေတာ။

ကျွန်တော်တို့ရဲ့ GM (အထွေထွေ မန်နေဂျာ) က ဦးမျိုးခင် ဆိုတဲ့ ရခိုင်ကုလားကြီး၊ သူက စက်ရုံကို သိပ်ဖွံ့ဖြိုးချင်တယ်။ သိပ် တိုးတက်ချင်တယ်။ အလုပ်သမားတွေရဲ့ ဘဝကို ကောင်းစေချင်တယ်။ ဒါကို သိတဲ့အခါ သူ့အထက်အရာရှိ- ဦးသာကျော်က "ဟေ့ မျိုးခင်" ဆိုပြီး 'ငါ' နဲ့ ကိုင်တုတ်တယ်။ ဦးသာကျော်ဟာ ရခိုင်တွေထဲမှာ ဘုရင်လို ဆက်ဆံတာ - တော်တော်များများ က သူ့ကို ဘုရားမထူးရရုံ တမယ်ပဲ။

ရေတပ်ရဲ့ အထာက တမျိုး၊ ဗိုလ်တွေကို ထမင်းပို့ရတဲ့ AP တပ်သားတွေ ရှိသေးတယ်။ ထမင်းပို့တဲ့ အခါ သူတို့ မ ကြည် လို့ရှိရင် ထမင်းထဲ တံတွေးထွေးထည့်ပေးလိုက်တာ- မိသွားတဲ့ အခါ ထိုးကြ ကြိတ်ကြ ဖြစ်ကြတယ်။ သူတို့နဲ့ ကျွန်တော်တို့ အလုပ်သမားတွေ ယေဘုယျအားဖြင့် ခင်ကြတယ်။ အရာရှိရော တပ်သားတွေပါ ခင်ကြတယ်။ ဘဝ အရကို မခင်လို့ မဖြစ်ဘူး။ လူ ၂ဝဝ-၃ဝဝ လောက် စီးတဲ့ တန်ချိန် ၃ဝဝဝ လောက် ရှိတဲ့ စစ်သင်္ဘောကြီး ပင်လယ်ထဲ သွားတဲ့အခါ အလုပ်သမားတွေ လုပ်ပေးလိုက်တာ မသေသပ်ရင် လိုရာမရောက် သေရွာရောက်သွားနိုင်တယ်။ သင်္ဘော ဒေါက်ဆင်းရင် ကျွန်တော် လက်မှတ်ထိုးမှ ထွက်ခွင့်ရတာ ဆိုတော့ ကျွန်တော့်ကို အရေးပေးပါတယ်။

မေဒေးတို့ ပြည်ထောင်စုနေ့တို့ဆိုရင် ကျွန်တော်တို့ သင်္ဘောကျင်း အလုပ်သမားတွေပဲ ထမနဲ ထိုးပေးရတယ်။ လူ ထောင် သောင်းအတွက် ထိုးပေးရတာပါ။ ကျွန်တော် အလုပ်သမားတွေနဲ့ အတူထိုး အတူစားနေခဲ့တယ်။ သင်္ဘောကျင်းမှာ စာကြည့် တိုက် ဖွင့်တယ်။ အတူဖတ်ကြ လေ့လာကြတယ်။ ဒီအလုပ်သမားတွေထဲမှာ ရုရှား၊ ပိုလန်၊ အရှေ့ ဂျာမဏီ...စတဲ့ ဆိုရှယ်လစ် နိုင်ငံတွေကို သွားပြီး ပညာသင်ခဲ့ရသူတွေ ရှိတယ်။ ဒါကြောင့် ဆိုရှယ်လစ် စနစ်အပေါ် တိမ်းညွှတ်မှု ရှိကြတယ်။

အထက်မှာ ပြောခဲ့တာတွေဟာ အရေးအခင်း မပေါ်မီ နောက်ခံ အနေအထားတွေ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဌာနနဲ့ ဆိုင်တဲ့ အရေးအခင်းအကြောင်း တင်ပြပါမယ်။ ဇွန်လ ၅-ရက်နေ့က စပါမယ်။ ကျွန်တော်တို့ ဆင်မလိုက် သင်္ဘောကျင်းနဲ့ လှည်းတန်း မီးရထားလမ်းနဲ့က ကပ်နေတယ်။ ရန်ကုန်ဘက်က မီးရထားအလုပ်သမားတွေ အင်းစိန် ဘက် ချီတက်သွားကြပြီ ဆိုတဲ့သတင်း ကြားနေကြရပြီ။ ၆-ရက်နေ့မှာ ထုံးစံအတိုင်း ဌာနကို အစောကြီးသွားတယ်။ သန့်ရှင်းရေးလုပ်၊ ရေနွေးတည်၊ စာကြည့်တိုက်ဖွင့်၊ စက်ရုံ ဖွင့်ပေးပြီး ကဲန်တင်းထဲ သွားထိုင်ပြီး စောင့်နေတုန်း အလုပ်သမားတွေ ဝင်လာတယ်။ "ကိုဝင်းထိန် ဟိုမှာ မီးရထားမှာတော့ ဆန္ဒပြမှုတွေ ဖြစ်နေပြီ။ ဘာလုပ်ကြမလဲ?" လို့ အလုပ်သမား ရဲဘော် ကိုဘာစိန်က မေးတယ်။

"သူတို့တောင် မှောက်ရင် ကျွန်တော်တို့လဲ မှောက် ပေါ့ ...ဗျာ။ ဒါ ကိစ္စ ကောင်းပဲ။" ... ဆိုပြီး လက်မြှောက် ပြလိုက်တယ်။ အလုပ်သမားတွေကလဲ အားလုံးလက်မြှောက်ပြလိုက်ကြကာ "ဒီလိုဆိုရင် ကျွန်တော်တို့ သပိတ်မှောက် ကြမယ်။" လို့ ညှိ လိုက်ကြတယ်။ ကဗျာကယာ ဆိုင်ထဲ စားသောက်ပြီး ထွက်လာကြတယ်။ ဆိုင်ရှေ့မှာ ကျွန်တော်က "သပိတ်…သပိတ်" တိုင်တာနဲ့ 'မှောက် မှောက်' ဆိုတဲ့ အသံတွေ ဟိန်းထွက်ခဲ့တယ်။ အလုပ်သမားတွေကို ကျွန်တော်က "ရဲဘော်တို့ ... ခုအချိန်က စပြီးတော့ သပိတ်မှောက်မယ်။ တို့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် တို့ သပိတ်မှောက် ကြမယ်။ ဆန္ဒပြကြမယ်။ ဒီအခွင့်အရေးတွေ ရရှိဖို့ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြမယ်။" လို့ လှုံ့ဆော်လိုက်တယ်။ အလုပ် သမားတွေ တဖြောဖြော ရောက်ရှိလာချိန်မှာတော့ ကျွန်တော်က စားပွဲတလုံးပေါ်တက် ရပ်လိုက်ပြီး "သပိတ်၊ သပိတ်" လို့ တိုင်လိုက်တာနဲ့ "မှောက်...မှောက်" ဆိုတဲ့ အသံကြီးက တုန်ဟီးထွက်ပေါ် လာတယ်။ နောက်တော့ တခြားစက်ရုံတွေဘက် ချီတက်ကြတယ်။

ဝယ်လ်ဒါရှော့ (Welder Shop) ဘက် ရောက်တော့ တခါ "ရဲဘော် အလုပ်သမား အပေါင်းတို့တို့ရဲ့ အခွင့်အရေးတွေ ကိုရဖို့ တိုက်ပွဲဝင်ကြမယ်။ ဒီအတွက် တို့ အလုပ် မလုပ်ကြတော့ဘူး။ စက်ရုံတွေ ပိတ်မယ်" လို့ ကြေညာလိုက်တယ်။ ရဲဘော် ဘာရွှေ က "အလုပ်သမား သပိတ်... မှောက်၊ မှောက်" လို့ တိုင်ပေးတယ်။ နောက် ကျွန်တော်က ဖိတင်ရှော့က သော့၊ ဝယ်လ်ဒါ ရှော့က သော့၊ ၂ချောင်းကို သိမ်းထားလိုက်တယ်။ ရဲဘော်ဘာရွှေ ဦးဆောင်တဲ့ အလုပ်သမားတွေက ဒေါက်ကာ (Docker) ဘက်ကို ထွက်သွားကြတယ်။ ရဲဘော် ဘာရွှေဟာ ကရိန်းပေါ် တက်လိုက်ပြီး "အလုပ်သမား ရဲဘော် အပေါင်းတို့ ခု အချိန်မှာ ကျွန်တော်တို့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို တောင်းဆိုမယ်။ ရအောင်ကို တောင်းဆိုမယ်။ နွားမွေးရင် မြက်ကျွေးရ မယ်။ လူမွေးရင် ဆန်ပေးရမယ်။" လို့ ဟောပြောတယ်။ အလုပ်သမား ထုကြီး က "ဒို့အရေး ဒို့အရေး" လို့ ကြွေးကြော်ကြ တယ်။

အဲဒီလိုနဲ့ ကျွန်တော်တို့တတွေ အယ်လက်ထရီကယ်ရှော့၊ မရှင်းရှော့၊ ရှစ်ဘီလ်ဒင် (Ship Building)၊ နောက် ဝယ်လ်ဒင်ရှော့၊ ကာပင်တာ (Carpenter) ဘော်ဒီ (Body) ရှော့၊ အင်ဂျင်ရီပဲယားရှော့ (Engine Repair Shop)၊ ဝန်ကြီးရုံး (TLC)၊ ဦးသာ ကျော် ရုံး ( သင်္ဘောကျင်းထဲမှာပဲ သုံးတယ်) တွေဘက် လှည့်လည်ကြတယ်။ အဲဒီနေ့က ဦးသာကျော် မလာဘူး။ သူက အလယ်ထပ်မှာ နေတယ်။ ဝန်ကြီးရုံးမှာ အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းတွေ ရှိတယ်။ သူတို့ကို ကျွန်တော်က ပြောတယ်။

"သင်္ဘောကျင်း တခုလုံးကို အလုပ်သမားတွေ သိမ်းလိုက်ပြီ၊ အဲဒီတော့ ခင်ဗျားတို့ အလုပ်သမားတွေနဲ့ လက်တွဲပြီး သပိတ် မှောက်ပါ။ အတူတကွ ကျွန်တော်တို့ အခွင့်အရေးတွေကို တောင်းဆိုကြမယ်။ မရမချင်း တောင်းမှာ ဖြစ်တယ်။ ခင်ဗျားတို့ အလုပ်မဆင်းကြပါနဲ့ "သူတို့ဘက်က တုံ့ပြန်မှု ကောင်းပါတယ်။ အလုပ်မဆင်းကြပါဘူး။ ဒီကနေ ဆေးခန်းထဲ သွားတယ်။ ဒေါက်တာ စီစီနဲ့ နာ့စ်မလေး တင်တင်မူ ရှိတယ်။ သူတို့ နှစ်ယောက်စလုံး အလုပ်သမားတွေနဲ့ ခင်ကြတယ်။ စေတနာလဲ ကောင်းကြတယ်။ ဆေးပေး ရက်ရောတယ်။ တက်ထရာ ဆိုက်ကလင်း ဆို လက်တခုပ်ကြီး ပေးတာ။ သူတို့က အိမ်ပြန်ဖို့ ပြင် နေကြပြီ၊ ကျွန်တော်က အလုပ်သမားတွေကို ပစ်မသွားဖို့၊ အတူ လက်တွဲ တိုက်ဖို့ တောင်းပန် ပါတယ်။ သူတို့လဲ အလုပ် သမားတွေကို စာနာပြီး မျက်ရည်တွေ ဝိုင်းလာကြတယ်။ နောက်တော့ အတူ လက်တွဲ တိုက်ဖို့ သန္နိဌာန် ချကြတယ်။

အလုပ်သမား ရဲဘော်တွေက ကျွန်တော့်ဆီ ရောက်လာတယ်။ "ရဲဘော် ဝင်းထိန် တချို့ အရာရှိတွေ သပိတ်ကို ဖြိုခွဲဖို့ ကြိုးစား နေတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ? ရိုက်ကြရမှာလား?" လို့ ပြောတာနဲ့ "ဟာ မလုပ် လိုက်ကြပါနဲ့၊ ထိန်းသိမ်းထားပါ။ ဒီမှာ ရုံးဖွင့်ထားတာပဲ၊ ဒီကို ခေါ်ခဲ့ပါ" ဆိုတော့ မကြာခင် ကောင်စီဥက္ကဋ္ဌ ဦးချစ်ဦး၊ ဒု ဥက္ကဋ္ဌ ဦးအုန်းမောင်၊ နောက် အတွင်းရေးမှူး ကိုလှမြင့် ပါလာတယ်။ ပြီးတော့မှ မန်နေဂျာ ဦးမျိုးထွဋ်၊ ဦးဘကြိုင် စသူ တို့ ပါလာတယ်။ သူတို့ မျက်နှာတွေလဲ မကောင်းကြဘူး။ ကျွန်တော်က "ဦးမျိုးထွဋ်တို့ ဦးချစ်ဦးတို့ ခင်ဗျား စိတ်မရှိပါနဲ့၊ လုံခြုံရေးအတွက် ခေါ်ရ တာပါ။ ကျွန်တော်တို့ကို ယုံစေချင်တယ်။ ခင်ဗျားတို့ကို မသတ်ပါဘူး။ ခုလို အပြင်မှာ လုပ်နေတာကို အလုပ်သမားတွေက ခင်ဗျားတို့အပေါ် သံသယ ဖြစ်နေတယ်။ ဒါကြောင့် လုံခြုံရေးအခန်းမှာ နေကြပါ" လို့ ပြောပြီး ထိန်းထားလိုက်ရပါတယ်။ လုံခြုံ ရေး သော့တွေအပါ သော့အားလုံးကို ကျွန်တော် ကိုင်ထားပါတယ်။ သပိတ် တိုက်ပွဲကို ၈ နာရီ ၉ နာရီမှာ စလိုက်ကြပြီမို့ အလုပ်သမား သပိတ်ကော်မတီလဲ ဖွဲ့ကြရတယ်။ ဥက္ကဋ္ဌ ကျွန်တော်၊ ဒု ဥက္ကဋ္ဌ ကိုဘန်ရွှေ၊ အကြံပေး ကိုတင်မြင့် စသည် တာဝန် ပေးကြတယ်။ ဥက္ကဋ္ဌ အနေနဲ့ ဂိတ်က အုတ်တိုင်တတိုင် ပေါ်တက် မိုက်ကရိုဖုန်း ကိုင်ပြီး မိန့်ခွန်းပြောရတယ်။

"ရဲဘော် အလုပ်သမားအပေါင်းတို့ ခုအချိန်ကစပြီး ဒို့တတွေ ဆင်မလိုက်သင်္ဘောကျင်းကို သိမ်းလိုက်ပြီ၊ စက်ရုံတွေ အားလုံး ကို တို့ သိမ်းပိုက်လိုက်ပြီ၊ စက်ရုံတွေနဲ့အတူ စစ်သင်္ဘောတွေကိုလဲ သိမ်းထားလိုက်ပြီ၊ ဒါကြောင့် စက်ရုံတွေ အားလုံးဟာ သင်္ဘောတွေ အားလုံးဟာ တို့ အလုပ်သမားတွေရဲ့ အာဏာအောက်မှာ ရှိတယ်။ ဒါကြောင့် တို့သိမ်းပိုက် ထားတဲ့ စက်ရုံတွေ အတွက် တို့ အလုပ်သမားတွေ ပြည်သူတွေရဲ့ အကျိုးအတွက် တို့ သပိတ်မှောက် ဆန္ဒပြမယ်။ တောင်းဆိုချက်တွေ မရမချင်း ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ တို့ဟာ အညံ့မခံဘူး။ အလျှော့မပေးဘူး။ ရဲဘော် အလုပ်သမား အပေါင်းတို့ စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်ကြပါ။" လို့လဲ တောင်းဆိုလိုက်ရော အလုပ်သမားတွေက "ဒို့အ ရေး ဒို့ အရေး" လို့ ကြွေးကြော်လိုက်ကြတယ်။

ကျွန်တော်က ဆက်ပြီး ကောင်စီမှာ ကျွန်တော်တင်ပြဆွေးနွေးတဲ့ M ၆လုံး ကိစ္စ ရှင်းပြပါတယ်။ နောက်မှ "ဒီ M ၆လုံး ပြည့်ပြည့်စုံစုံ မရှိဘဲနဲ့ ဒီလောက် ခေတ်မီတဲ့ သင်္ဘောကျင်းကြီး မလည်ပတ်နိုင်ဘူး။ ကရိန်းနဲ့ မ, ရမယ့်ဟာကို လူတွေနဲ့ မ နေကြရတယ်။ ရဗစ် ရိုက်နေတဲ့ အလုပ်သမားတွေကို ကြည့်လိုက်ဦး စစ်ဘိနပ်က ကျွဲတဖက်၊ နွားတဖက် ကိုယ်ပေါ်မှာ စက်ဆီတွေပေ၊ တပေါင်း တန်ခူး ဧပြီ လကြီးထဲမှာ ခွေးတွေလို ၄ ဘက်ထောက် ရဗစ်ရိုက်နေကြရတယ်။ သံဂဟေဆော်တဲ့ အလုပ်သမားတွေ ခဏခဏ ဓာတ်လိုက်ခံရတာတို့ ဘာတို့ ဖြစ်ကုန်တယ်။ ဆိုချင်တာက လုပ်ငန်းခွင် ဟာ အန္တရာယ် မကင်း ဘူး။ အန္တရာယ် ကင်းအောင် ရဲဘော်တို့ တောင်းဆိုကြရလိမ့်မယ်။

နောက်တခု ရဲဘော်တို့ အလုပ် ဆင်းတဲ့ အခါ ၇ နာရီခွဲ အရောက်လာနိုင်ဖို့ ၆ နာရီ ကတည်းက အိမ်က ထွက်ရတယ်။ မိုးချုပ် မှ အိမ် ပြန်ရောက်တယ်။ အချိန်တွေ အများကြီး ကုန်သွားပြီ။ တနေကုန် အလုပ်ထဲမှာပဲ နစ်နေကြရတယ်။ ရတဲ့ လစာက သိပ်နည်းတယ်။ ဒါကြောင့် ဒီမှာ အိမ်ခန်းရဖို့ လိုလာပြီ။ အိမ်ခန်းရဖို့ တောင်းဆိုရမယ်။ အိုဗာတိုင်ကိစ္စလဲ ပြောရမယ်။ အိုဗာ တိုင် ကို တလ ၇၂ နာရီပဲ လုပ်ခွင့်ပေးတယ်။ တို့ လက်တွေ့ လုပ်ပးကြရတာက နာရီ ၁ဝဝ ကျော် တယ်။ နာရီကျော်တွေဟာ ဒေးအော့ (day off) နဲ့ပဲ ပြန်ရတယ်။ ဆိုချင်တာက အိုဗာတိုင် လုပ်ခ အပြည့်မရဘူး။ ရတဲ့ လစာက သိပ်နည်း။ တချို့ ဘား ဆုံးနေပြီ။ ပရိုမိုးရှင်း တင်ပေးသင့်ပြီ။ ချုပ်လိုက်ရင် လုပ်ခတွေ သိပ်နည်းတယ်။ အိုဗာ တိုင် တအားလုပ်နေရတယ်။ လုပ်ငန်း ခွင် ကလဲ အန္တရာယ်ကြီးတယ်။ ဒါကြောင့် ဒါတွေအတွက် တို့ တိုက်ကြမယ်။ ဆန်လုံလောက်စွာရဖို့ တောင်းဆိုရမယ်။ လစာ တိုးပေးဖို့၊ ရာထူးတိုးပေးဖို့၊ နေအိမ်ရရှိဖို့၊ ကုန်ဈေးနှုန်း ကျဆင်းဖို့ တွေလဲ တောင်းဆိုကြရမယ်။" နောက်တော့ ကျွန်တော်က ကြွေးကြော်သံတိုင်ပေးလိုက်ပါတယ်။

ဆန်လုံလောက်စွာ ရရှိရေး..... (ဒို့အရေး၊ ဒို့အရေး)

ကုန်ဈေးနှုန်း ကျဆင်းရေး.... (ဒို့အရေး၊ ဒို့အရေး)

နေအိမ်ရရှိရေး..... (ဒို့အရေး၊ ဒို့အရေး)

လုပ်ငန်းခွင် အန္တရယ်ကင်းရေး..... (ဒို့အရေး၊ ဒို့အရေး)

လစာ တိုးမြှင့်ရေး..... (ဒို့အရေး၊ ဒို့အရေး)

နောက်တဆက်တည်း သင်္ဘောကျင်းထဲမှာရှိတဲ့ ရေတပ်ကိုလဲ ထပ်ပြီးတော့ ပန်ကြားရတယ်။ ဒီအချိန်က ဒေါက်တင် ထားတဲ့ ရေတပ်သင်္ဘော ၅ စင်း ရှိတယ်။ "ရန်လုံးအောင်၊ ရန်မျိုးအောင်၊ သုတေသီ၊ နဂါးကျင်း၊ နဝရတ် သင်္ဘော ပေါ်က တပ်မှူး တပ်သား အပေါင်းတို့ ရဲဘော်တို့ကို ကျွန်တော်တို့ အိမ်ပြန်ခွင့် မပေးတော့ဘူး၊" လို့လဲ ကြေညာလိုက် တယ်။ (ကျွန်တော်က ကြားဖြတ်ပြီး ရဲဘော်တွေကို မေးလိုက်တယ်။)

မေး။ ။ ဒေါက်တင်နေတဲ့ အချိန် သင်္ဘောပေါ်မှာ စတင်းဘိုင် (stand by) လား?

ဖြေ။ ။ သူတို့ဘာသာ လုပ်နေကြတာပဲ၊ ရိုးရိုးနေကြတာပေါ့။ အိမ်မှာ နေသလို နေကြတာပဲ။

မေး။ ၊ သူတို့က သင်္ဘောကြီး ထားခဲ့ပြီး ကမ်းပေါ်တက်တာ ရှိသလား?

ဖြေ။ ။ မရှိဘူးလေ။

ဒီနေရာမှာ ပြောဖို့လိုတာက သင်္ဘော တစီးမှာ တပ်ခွဲ တခွဲ ရှိတယ်။ ၅စီး ဆို ၅ ခွဲ ရှိတယ်။ တစီး တစီးကို ဒုဗိုလ်မှူးကြီး (C.O) သို့မဟုတ် ဗိုလ်မှူးတယောက် အုပ်ချုပ်တယ်။ သုတေသီ သင်္ဘောက အဏ္ဏဝါ ဆိုက်စမစ် (Seismic) ဒီကောင်က တန်ဖိုး သိပ်ကြီးတယ်။ အဲဒီခေတ် ငွေဈေးနဲ့ကို သိန်း ၅ဝ ၆ဝ လောက် ပေးရတယ်။ ရန်မျိုးအောင်က စတီး သင်္ဘော၊ ဒုတိယ ကမ္ဘာ စစ်တုန်းက မဟာရေယာဉ် (ဒု ဗိုလ်မှူးကြီး အုပ်ချုပ်တယ်) ရန်မျိုးအောင်မှာ အမြောက်ပါတယ်။ သုတေသီ၊ မေယု တို့မှာလဲ အမြောက်ပါတယ်။ တခြား လက်နက်မျိုးစုံ တပ်ဆင်ထားရာမှာ ဘောက်ဖာ၊ ပွိုင့် ၅ စသည့် ရှိကြတယ်။ နေဝင်းစတင်းကို ရိုးရိုး တပ်သားတွေ ကိုင်ကြရတယ်။ သင်္ဘောတိုင်းမှာ ရိက္ခာတွေ ရှိကြတယ်။ ပဲအိတ်၊ ဆန်အိတ် အပြင် အခြေခံ ရိက္ခာ စုံစုံ လင်လင် တင်ထားရတယ်။ သူတို့ အတွက် ပြဿနာ မရှိ၊ ဒါနဲ့ "သင်္ဘောပေါ်မှာ ရှိတဲ့ တပ်မှူး တပ်သားအပေါင်းတို့၊ ရဲဘော်တို့ အိမ် မပြန်ကြပါနဲ့။ ဒီအထဲမှာပဲ နေကြပါ။ ကျွန်တော်တို့နဲ့ တိုက်ပွဲ အတူ ဝင်ကြပါ။ ကျွန်တော်တို့ရဲ့ တိုက်ပွဲကို ရဲဘော်တို့ ထောက်ခံ ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်" အဲဒီတော့ ရေတပ်က ရဲဘော်တွေ ကျွန်တော်တို့နဲ့အတူ လာပြီး ဆန္ဒပြတယ်။

သင်္ဘောပေါ်ရှိတဲ့ သူတွေဟာ မြို့ထဲ သွားချင်ရင် ကျွန်တော်တို့ ဂိတ်တွေ ဖြတ်မှရတယ်။ ရေလမ်းပေါက်က ထွက်မယ် ဆိုရင် လဲ သင်္ဘောတွေကို ကျွန်တော်တို့က ကိုင်ထားလိုက်ပြီ။ ရှုပ်ထွေးမှုတွေ အများကြီး ဖြစ်လာနိုင်တဲ့ အနေအထားပါ။ ရေတပ် အနေနဲ့ ပစ်မယ်ခတ်မယ်ဆိုရင် အချိန်မရွေး ပစ်နိုင်ပါတယ်။ မကြာလိုက်ပါဘူး၊ ရန်လုံးအောင် သင်္ဘောက ဗိုလ်မှူး စိုးလှိုင် ကျွန်တော့်ဆီ ရောက်လာတယ်။ ဝန်ကြီး ရုံးမှာဆွေးနွေးတယ်။ သူက

"ဆရာ ဝင်းထိန် ဘယ်လို လဲ?"...... တဲ့။

ကျွန်တော်က "ဗိုလ်မှူး စိုးလှိုင် ကျွန်တော်တို့ကို ကူညီပါ။ ရိက္ခာတွေ လိုချင်တယ်။ ရမလား?" ဆိုတော့

"ယူပါ၊ ရပါတယ်" တဲ့။ ဆက်ပြီး သူက

"ခင်ဗျားတို့ သပိတ် နိုင်ပါ့မလား?" ပေါ့

ကျွန်တော်က "နိုင်ပါတယ်၊ ကျွန်တော်တို့ကို ဗိုလ်မှူး ထောက်ခံစမ်းပါ။ ဗိုလ်မှူးတို့ လုံခြုံရေးကို အာမခံပါတယ်။" လို့ ပြော လိုက်တော့ နှုတ်ဆက်ပြီး ဗိုလ်မှူး စိုးလှိုင် ပြန်သွားတယ်။ ကျွန်တော်လဲ ပင်ပန်းလွန်းတာနဲ့ နားနေစဉ် အလုပ်သမား ရဲဘော် တယောက် လာသတင်းပို့တယ်။ "ဗိုလ်မှူးရဲညွန့် လာနှောက်ယှက်နေတယ်။ အလုပ်သမားတွေ သပိတ် မမှောက်ရဘူး...လို့ ပြောနေတယ်။"

ဗိုလ်မှူးရဲညွန့်ကို သွားအခေါ်ခိုင်းပေမယ့် လိုက်မလာပါ။ သူက ညွှန်ကြားရေးမှူး၊ သူ့ရုံးခန်းကို ကျွန်တော် လိုက်သွားပြီး "ဗိုလ် မှူး ခင်ဗျား ကျွန်တော်တို့နဲ့ လိုက်ခဲ့စေချင်တယ်။" လို့ ပြောတော့ ပထမမှာ ငြင်းနေသေးတယ်။ ကျွန်တော်က "ခင်ဗျားရဲ့ လုံခြုံရေး အန္တရာယ် ရှိတယ်နော၊ လိုက်ခဲ့ပါ" ဆိုတော့မှ လိုက်လာပါတယ်။

"မောင်ရင် ကြည့်လဲ လုပ်ပေးပါ" လို့ လဲ ပြောတယ်။

"ဒါတွေ ထားလိုက်စမ်းပါ" ဆိုပြီး ခေါ်ထုတ်လာခဲ့တယ်။

ကျွန်တော်တို့ နှစ်ယောက် တွဲထွက်လာတာ မြင်တော့ အလုပ်သမားတွေက လက်ခုပ်တီး ကြိုကြပါတယ်။ "ဒို့အရေး... ဒို့အရေး၊

သပိတ်.... သပိတ်၊ မှောက်...... မှောက်။

ကုန်ဈေးနှုန်း ကျဆင်းရေး.... ဒို့အရေး" ကြွေးကြော်သံတွေ ထွက်ပေါ်လာပါတယ်။

သပိတ်မှောက် အလုပ်သမားတွေအတွက် ရိက္ခာကိစ္စက စဉ်းစားရပြီ၊ ဒါကြောင့် ကားတစီးကို အလံထိုးပြီး ရဲဘော် တချို့ အင်းစိန်ဘက်ထွက် အလှူခံကြတယ်။ ပြန်လာကြတော့ ရိက္ခာတွေက ကားနဲ့အပြည့်ပဲ၊ ထမင်းထုပ်တွေ၊ လက်ဖက်သုတ်ထုပ် တွေလဲ ပါလာတယ်။ ထမင်းထုပ်တွေထဲမှာ လက်ရေးလှလှနဲ့ "အလုပ်သမား သပိတ်ကို ထောက်ခံတယ်" ဆိုတဲ့ စာတွေ တွေ့ ပြီး အားတက်ကြတယ်။ တချို့ အထုပ်တွေထဲမှာ ပိုက်ဆံတွေ ပါတယ်။ ပစ္စည်းတွေကတော့ မျိုးစုံပဲ။ ရပ်ကွက်ထဲက အရပ်သူ အရပ်သားတွေကလဲ ထမင်းအိုးကြီးတွေနဲ့ ရောက်လာကြတယ်။ ဟင်းတွေကလဲ မျိုးစုံ။

ကျွန်တော်တို့ စက်ရုံမှာပဲ လက်ကမ်း စာစောင်တွေ ရိုက်တယ်။ တောင်းဆိုချက်တွေ ကြွေးကြော်သံတွေပါတယ်။ ကုန်ဈေနှုန်း ကျဆင်းရေး၊ ဆန်လုံလောက်စွာ ရရှိရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၊ လစာတိုးမြှင့်ရေး စသည်အပြင် ဆိုရှယ်လစ် ခေတ် ပြောင်းတော်လှန်ရေး အောင်ရမည် ဆိုတာလဲ ထည့်ရိုက်တယ်။ ကျွန်တော်တို့ အလုပ်သမားတွေက ဆိုရှယ်လစ်စနစ်ကို ဆန့် ကျင်တာမှ မဟုတ်ပဲ။ မဆလ လုပ်ချင်သလို လုပ်နေတာက တပိုင်းပဲ။ ဂက်စတင်နာ (Gestener) နဲ့ရိုက်ပီး ဝေငှကြတယ်။

နောက် မိန်းခလုတ်ရှိရာ တယ်လီဖုန်းရုံးမှာ ကျွန်တော် သွားထိုင်တယ်။ စက်ရုံအသီးသီးကို ဆက်သွယ်ကြည့်တယ်။ ကျွန် တော်တို့ စက်ရုံဘေးမှာတင်ရှိတဲ့ သုံးထပ်သား စက်ရုံမှာလဲ စတိုက်ပွဲဝင်နေပြီ။ သူတို့က ကိုယ်စားလှယ်လွှတ်လာတယ်။ ဘယ် လို လုပ်ရမလဲပေါ့။ ကျွန်တော်က "သပိတ်ကတော့ ဆက်မှောက်ရမယ်။ ကျွန်တော်တို့ကတော့ အညံ့ မခံဘူး။ တောင်းဆိုချက် တွေ ရတဲ့အထိ တိုက်သွားမယ်" ပြောတာကို လက်ခံသွားတယ်။ နောက် အမှတ် ၁ - ၂ သစ် စက်တွေက ကိုယ်စားလှယ်တွေ ရောက်လာတယ်။ ဆွေးနွေးကြတယ်။ ဘဝတူ အလုပ်သမား အချင်းချင်း သွေးစည်း ကြတယ်။

ကျွန်တော်တို့ကလဲ ဆက်သား၊ ကိုယ်စားလှယ် စသည် လွှတ် ဆွေးနွေးတာတွေ ရှိတယ်။ BPI ဘက် လွှတ်ဖို့ ပြင်နေစဉ် စက်ရုံ ပေါင်းစုံက အလုပ်သမားတွေ ရောက်လာပြန်တယ်။ သူတို့ခံစားချက်တွေ ရင်ဖွင့်ကြတယ်။ သမိုင်းချည်မျှင်၊ ဂုံနီစက်ရုံ၊ BPI က အလုပ်သမားတွေ ရောက်လာပြီး ဟောပြောကြ၊ ရင်ဖွင့်ကြတိုင်း "ဒို့အရေး…ဒို့အရေး" ထောက်ခံသံတွေနဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း တီးကြတယ်။

ညနေပိုင်းလောက် ဗိုလ်မှူးစိုးလှိုင်နဲ့ ထပ်တွေ့တော့ "ဗိုလ်မှူး ခင်ဗျား ကျွန်တော်တို့ကို ကူညီပါဦး" ဆိုတော့

"ဘာများလဲ? ကူညီတာပေါ့" လို့ပြောတယ်။

အဲဒီအချိန်က ကျွန်တော်တို့ ဌာနမှာ ရေတပ်က လာတည်ပေးထားတဲ့ လျှပ်စစ်ဌာန ရှိတယ်။ တချို့ လျှပ်စစ်ပညာတွေက မြင့် တော့ ရေတပ်က သင်ထားတဲ့ လူတွေမှ လုပ်လို့ရတာ ရှိတယ်။ ရေတပ်က PO တွေအားလုံးကိုလဲ အရေးကြီး တဲ့ ဌာနတွေကို အလုပ်သမားတွေနဲ့ တွဲပြီး စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံထားတယ်။

ညနေဘက်မှာ အလုပ်သမားရဲဘော်တချို့ကို အင်းစိန်ဘက် ထပ်လွှတ်တယ်။ ၆ နာရီလောက် ရှိမယ်ထင်တယ်။ သူတို့ ပြန် လာပြီး သမိုင်း ဘာတာရှေ့၊ သမိုင်းဈေးမှာ အလုပ်သမား အရပ်သားတွေ ပစ်သတ်ခံရတဲ့အကြောင်း ပြောပြကြတယ်။

ဒါနဲ့ ကျွန်တော်က "ရဲဘော် အလုပ်သမားအပေါင်းတို့ တို့ရဲ့တောင်းဆိုချက်တွေကတော့ တဖြည်းဖြည်းနဲ့ ခက်လာပြီ၊ ဒါပေမဲ့ တို့ဟာ ဒူးမထောက်ဘူး။ အညံ့မခံဘူး။ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ အခု သမိုင်း ဘာတာရှေ့မှာ တို့ အလုပ်သမား ရဲဘော်တွေ အသတ်ခံရတယ်။ ပစ်သတ်တာ ဖြစ်တယ်။ ဒါကြောင့် နောက်ဆုံး တို့ဟာ ဒူးမထောက်ဘဲနဲ့ အသေခံ တိုက်ပွဲ ဝင်သွားမယ်။ တို့တောင်းဆိုချက်တွေ မရမချင်း တောင်းဆို တိုက်ပွဲဝင်သွားမယ်။ တို့ စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်မယ်။ ရဲဘော် တို့ကို ကျွန်တော် ကတိပေးတယ်။ ကျွန်တော် ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ရဲဘော်တို့နဲ့အတူ ကျွန်တော်ရှိမယ်" လို့ မိန့်ခွန်းတို ပေးခဲ့တယ်။

နောက်တော့ တယ်လီဖုန်းနဲ့ ဂုံနီစက်ရုံကို လှမ်းဆက်တယ်။ ကောင်စီအတွင်းရေးမှူးက ဖုန်းလက်ခံတယ်။ ကျွန်တော် က သမိုင်းချည်မျှင်စက်ရုံရှေ့မှာ အလုပ်သမားတွေ ပစ်သတ်ခံရတဲ့အကြောင်း သတင်းပေးပြီး "ကျွန်တော်တို့ကတော့ မလျှော့ ဘူး၊ ဒူးမထောက်ဘူး။ ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမယ်၊ မရမချင်း တိုက်ပွဲဝင်သွားမယ်။ လိုအပ်တာရှိရင် အကြောင်း ကြားမယ်၊ ခင်ဗျားတို့ဘက်ကလဲ အကြောင်းကြားပါ" လို့ ပြောတယ်။ သူတို့စက်ရုံကလဲ ဒီသဘောအတိုင်းရှိကြောင်း ပြန် ပြောတယ်။ အဲဒီအချိန် ဂုံနီစက်ရုံမှာ ဗဟိုကော်မတီ အသစ်ရွေးချယ်ပွဲ စနေပြီ။ အဲဒီ ညနေမှာ မိုးတွေ ရွာချလာတယ်။

အခြေအနေကအရေးကြီးလာချိန်မို့ ဝန်ကြီးရုံးမှာ အိပ်စောင့်နေကြတဲ့ အမျိုးသမီးတွေကို ကျွန်တော်ကပြောတယ်။ "ခင်ဗျားတို့ ကျွန်တော်နဲ့ လိုက်ခဲ့ပါ၊ ဒီတိုင်းနေလို့ မဖြစ်ဘူး၊ လုပ်စရာတွေ ရှိတာတွေ လုပ်ကြရမယ်။ အခြေအနေ သိပ် မကောင်းဘူး" ဆိုတော့ ကျွန်တော့်နောက် လိုက်လာကြတယ်။ ဆက်သွယ်ရေးတွေနဲ့ ပတ်သက်ပြီး ရေတပ်က အရာရှိတွေနဲ့ ကျွန်တော်တို့ အလုပ်သမားတွေ တွဲကိုင်ထားကြတယ်။ လုံခြုံရေးလဲ အလားတူပဲ။ တယ်လီဖုန်းရုံးကို ကျွန်တော်တို့ သွားကြတယ်။ ကက် ဆက် နဲ့ ကျွန်တော့်အသံကို သွင်းလိုက်ပြီး စပီကာနဲ့ "ပြည်သူကိုပန်ကြားချက်" ထုတ်လွှင့်လိုက်တယ်။ စက်ကြီးက သိပ် ကောင်းတော့ စက်ရုံတွေအားလုံးဆီတပြိုင်တည်း ရောက်ရှိသွားပါတော့တယ်။

"မိဘ ပြည်သူအပေါင်းတို့ခင်ဗျား အစိုးရဟာ သမိုင်းဘာတာရှေ့မှာ ရိုးသားစွာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို ပစ်သတ်ခဲ့ ပါတယ်၊ အဲဒီတော့ မိဘ ပြည်သူအပေါင်းတို့ ကျွန်တော်တို့နဲ့ လက်တွဲပါ။ စစ်အစိုးရက အခု အပြစ်မဲ့တဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို ပစ်သတ်နေပါပြီ။ ကျွန်တော်တို့ကို ကာကွယ်စောင့်ရှောက်ပါ" လို့ ပန်ကြားပါတယ်။ ဒီ အသံကို အသံချဲ့ စက်ကနေ အမြဲဖွင့်ပေးထားလိုက်ပါတယ်။ ဒီအချိန်မှာ အစိုးရအလိုတော်ရိတယောက်က သပိတ်ကော်မတီ ပြင်ဖွဲ့ရမယ်။ သူ လဲ ပါမယ်ဆိုပြီး ရုတ်ရုတ် ရုတ်ရုတ် လုပ်လာတယ်၊ အတွင်းပိုင်းကနေ သပိတ် ဖြိုခွဲဖို့ လုပ်လာတာမို့ ဖမ်းထိန်းသိမ်းလိုက်ရ တာရှိတယ်။

မိုးက ချုပ်သည်ထက် ချုပ်လာပြီ။ ဒီအချိန် ဗိုလ်မှူးရဲညွန့်က ကျွန်တော့်ကို လှမ်းခေါ်ပြန်ရော၊ "ဘာလုပ်ချင်လို့လဲ" ဆိုတော့ "မောင်ရင်တို့ကို စစ်တပ်က ပစ်တော့မယ်၊ ကိုယ်လဲ အရာရှိပဲမောင်ရင်၊ စေ့စပ်လိုက်စမ်းပါ။" လို့ ပြောတယ်။ "တော်စမ်းပါ၊ လုပ်မနေစမ်းပါနဲ့၊ ထားလိုက်စမ်းပါ၊" လို့ ကျွန်တော်က ဟန့်လိုက်တော့ ဦးချစ်ဦးတို့ ဦးမျိုးထွဋ်တို့က ကျွန်တော့်ကို ကြည့် တယ်။ သူတို့ကိုတော့ စာနာပါတယ်ဆိုတဲ့ အမူအယာလောက်ပဲ ပြလိုက်မိတယ်၊ သူတို့ကိုလဲ အချုပ်ထဲ ထည့်ထားရတယ် လေ။

ဒီလိုနဲ့ အချိန်တွေ ကုန်လိုက်လာတယ်။ ထမင်းလဲ မစားရ၊ ရေလဲ မသောက်မိတာ ဘယ်လောက်ကြာ သွားပြီလဲ မသိ။ ဝန်ထမ်း အမျိုးသမီး တယောက်ပေးတဲ့ Lunch Box နဲ့ကိစ္စပြီးလိုက်ပြီး တယ်လီဖုန်း ရုံးခန်းထဲ ရောက်နေချိန် ဦးမြဟန်ကြီး ရောက်လာတယ်။ မူလက PO ပင်စင်ယူပြီးတဲ့နောက် ကျွန်တော်တို့ဆီ ဖစ်တာ အဖြစ်နဲ့ ဝင်လုပ်နေသူပဲ။ သူက "ကိုဝင်းထိန် ကမ်းနားမှာ ကွန်မင်ဒိုသင်္ဘော ကပ်နေပြီ။ သူတို့ပစ်လိမ့်မယ်။" လို့ ပြောတော့ "ဦးမြဟန် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မဆွေးနွေးချင်ဘူး၊ ထားလိုက်ပါ" လို့ တားလိုက်တယ်။

သူထွက်သွားပြီး မကြာခင် ကိုကျော်ကြီးခင်နဲ့ ရောက်လာပြန်တယ်။ "ရေလယ်မှာ ဗိုလ်မှူးသိန်းထွန်း စောင့်နေတယ်၊ ခင်ဗျား နဲ့ စကားပြောချင်လို့တဲ့၊" ဒီတော့ ကျွန်တော် တွက်လိုက်မိပြီ "ငါ့တော့ ဆွဲတော့မယ်" သူတို့ခေါ်တဲ့နေရာ လိုက်သွားပြီဆိုတာနဲ့ ဖမ်းပြီလေ၊ ဒီလိုဆိုရင် အလုပ်သမားတွေကို ညွှန်ကြားလို့ မရတော့ဘူး၊ လှုပ်ရှားမှု ပြိုကွဲသွားတော့မယ်၊ မဖြစ်ဘူး။ "ကျွန် တော် မလာနိုင်ဘူး၊ တွေ့ချင်ရင် ဗိုလ်မှူးသိန်းထွန်း ကျွန်တော့်ဆီ လာပါစေ" လို့ ပြောလိုက်တယ်။ ဦးမြဟန် ပြန်ထွက်သွား တယ်။ ခဏနေတော့ တခေါက်ပြန်လာကြတယ်။ ကျော်ကြီးခင်က "ကိုဝင်းထိန် သူတို့ တကယ်ပစ်တော့မယ်" တဲ့။ "ပစ်ရင်လဲ ပစ်ပစေကွာ" လို့ တုံ့ပြန်လိုက်တယ်။

စဉ်းစားရတာတွေကတော့ အများကြီး ရေတံခါးကြီး ပျက်စီးသွားရင်၊ ပေါက်ကွဲသွားလို့ရှိရင်၊ အားလုံးအထိနာမယ်။ စက်ရုံတွေ ပျက်စီးမယ်။ စက်ရုံထဲ ဝင်ပစ်ရင်လဲ သေကြ ကြေကြ အထိနာကြမယ်။ စက်ရုံရဲ့လုံခြုံရေး အလုပ်သမားတွေရဲ့လုံခြုံရေး စဉ်းစားလာရတယ်။ နောက်ထပ် ဆုံးရှုံးမှုကြီးတခု ရှိသေးတယ်။ ခုလို တောင်းဆိုလာကြပြီးမှ တောင်းဆိုချက် ဘာမှမရဘဲနဲ့ ကျွန်တော်တို့သပိတ်ကြီး ပျက်စီးသွားမှာ ပြီးဆုံးသွားမှာပဲ။ ဒါကြောင့် ကျွန်တော် ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။ မိုက်ကရို ဖုန်း ကောက်ကိုင်လိုက်ပြီး "ရဲဘော် အလုပ်သမားအပေါင်းတို့ စက်ရုံရဲ့လုံခြုံရေးကို တို့ အားလုံး တာဝန်ယူရမယ်။ နောက် ရေတံခါး၊ သင်္ဘောတွေရဲ့လုံခြုံမှုနဲ့ စက်ရုံတွေအားလုံးရဲ့လုံခြုံမှု၊ တို့အားလုံးရဲလုံခြုံမှုကို တို့တာဝန်ယူရမယ်။ ဒီစက်ရုံဟာတို့ရဲ့ စက်ရုံဖြစ်တယ်။ တို့ဟာ တို့တောင်းဆိုချက်တွေ မရမချင်း ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ တို့ အညံ့မခံဘူး၊ ဒူးမထောက် ဘူး၊ ရတဲ့အထိတိုက်ပွဲဝင်သွားမယ်။

အခု သပိတ်မှောက်မှုဟာ ဗမာတပြည်လုံး ဖြစ်နေပြီ။ တို့ယုံကြည်စိတ်ချရတဲ့ ရန်ကုန်ဆိပ်ကမ်း ဆိုလို့ ရှိရင်လဲ အခု သပိတ် မှောက်နေပြီ၊ ရန်ကုန်ဆိပ်ကမ်းဆိုတာက ဒုဗိုလ်မှူးကြီး လှမြင့် - ဘဲကြီးလှမြင့် (ဘဲလ်အဲယား လှမြင့်) ဆိုတာဟာ တက္က သိုလ်ကျောင်းသားတွေ ပါးရိုက်တဲ့ ဘဲ။ ဒီကောင် သူရဲ-သူရဲ၊ အဲဒီမှာ သူက နာယက ဖြစ်နေတာ ခု သူ့ဆိပ်ကမ်းမှာ အလုပ် သမားတွေ သပိတ်မှောက်နေပြီ။ ပြီးတော့ တို့ရဲ့ သပိတ်ဟာ တပြည်လုံးလက္ခဏာ ဆောင်တယ်။ တို့ တောင်းဆိုချက်တွေ ရ, ရမယ်။ တို့ တတွေ ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ ရအောင် တိုက်မယ်။ တို့ အညံ့မခံဘူး။ လျှော့လို့ မရဘူး" လို့ ပြောချ လိုက်တယ်။ ဒါကိုကြားပြီး ချက်ချင်းပဲ သုံးထပ်သားစက်ရုံကလဲ ကျွန်တော်တို့နဲ့ တသဘောထဲ ရှိကြောင်း။ "လုံးဝ အညံ့ မခံဘူး၊ ဆက်လက် တိုက်ပွဲဝင်သွားမယ်၊ တောင်းဆိုချက်တွေ ရအောင်တိုက်မယ်" ဆိုတဲ့အကြောင်း အကြောင်းကြားလာ တယ်။

စစ်တပ်က နေဝင်ရင် ပစ်မယ်လို့ သတင်းတွေ ထွက်နေတာရှိတယ်။ ဒါကြောင့် သစ်စက်က လာပြောတယ်။ "ကျွန်တော်တို့ သစ်တုံးတွေနဲ့ ကာထားတယ်။ စက်ရုံထဲ ဝင်ပစ်လို့မရအောင် ဖြစ်တယ်" တဲ့။ ကွန်မင်ဒိုတွေ ဝင်ပစ်မှာကို တားဆီးတဲ့သဘော ပဲ။ ကျွန်တော်တို့ရဲ့ အနောက်ဘက်မှာ အက်ဆစ် စက်ရုံရှိတယ်။ ကော့စတစ် စက်ရုံ အဲဒီကလဲ အတူတူပဲ။ ကျွန်တော်တို့နဲ့ အတူတိုက်ပွဲ ဝင်မယ်တဲ့။ ဂုံနီစက်ရုံ၊ သမိုင်း ချည်မျှင်စက်ရုံ တို့ကိုလဲ "စစ်တပ်က ဝင်ပစ်မယ့် အခြေအနေရှိတယ်၊ ဘာပဲ ဖြစ်ဖြစ် တို့ရအောင် တိုက်ပွဲ ဝင်သွားမယ်။ မစေ့စပ်တော့ဘူး၊ သပိတ်ကတော့ တပြည်လုံး ဖြစ်နေပြီ။ ရန်ကုန်ဆိပ်ကမ်း သပိတ်ကြောင့် ကမ်းနားမှာ ကုန်တင်ကုန်ချလုပ်ငန်းတွေ ရပ်တော့မယ်။ ရပ်တာနဲ့ အစိုးရအခက်အခဲရှိပြီး တပြည်လုံး အလုပ် သမားနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ ဒါကြောင့် တောင်းဆိုချက်တွေ ရအောင် တိုက်ပွဲ ဝင်သွားမယ်" လို့ ဖုန်းနဲ့ အကြောင်း ကြားလိုက်တယ်။

နောက်တော့ အခန်းသော့ဖွင့်ပြီး ဗိုလ်မှူးရဲညွန့်ကို ခေါ်ထုတ်လာခဲ့တယ်။ ချက်ချင်းလိုပဲ ကျွန်တော်တို့ရဲ့ မိန်းဂိတ်ရှေ့မှာ စစ် ကားတွေရောက် လာတယ်။ ကွမ်းခြံဘက်က လာတာဖြစ်တယ်။ ရေတပ်က မဟုတ်ဘူး၊ လှည်းတန်းဘက်က ကျွန်တော်တို့ ခေါင်းဆောင်မှုအဖွဲ့ သပိတ်ကော်မတီဝင်တွေက အလုပ်သမားထု ကြားထဲမှာ ရှိနေတယ်။ တချို့ ရဲဘော်တွေက ကျွန်တော့်ကို ဒီနေရာက စွန့်ခွာဖို့ ပြောနေပြီ။ ကျွန်တော့်လက်ထဲမှာ စက်ရုံသော့ အားလုံးရှိတယ်။ မာဇဒါဂျစ်ကားကို လိုရမယ်ရ အပြင် တနေရာမှာ ထားတာရှိတယ်။ ထွက်သွားရမလားလို့ အတွေးတချက် ပေါ်တယ်။ ဒါပေမဲ့ ကျွန်တော် အလုပ်သမားရဲဘော် တွေကို သစ္စာမဖောက်နိုင်ဘူး။ ပေါက်ကွဲလု မတတ်ဖြစ်နေတဲ့ အခြေအနေကြီးကို စွန့်မသွားနိုင်ဘူး။ အဲဒီတော့ သေစရာရှိလို့ ရှိရင် ရှေ့ကသေမယ်။ ခေါင်းဆောင်ဆိုတာ ဘယ်တော့မှ နောက်ကနေ မသေရဘူး။ ဘယ်တော့မှ နောက်မဆုတ်ရဘူး။ ငါ သေပြီးနောက်မှ နောက်လူတွေ သေရမယ်။ ဒီလို စဉ်းစားပြီး 'လူထု' ကြားထဲက တပ်ဦးကို ကျွန်တော် တိုးထွက်လာတယ်။ ဗိုလ်မှူးရဲညွန့်ကိုတော့ ကိုင်ထားတယ်။

ဒီလိုနဲ့ မိန်းဂိတ် သံတံခါးကို ရောက်သွားပြီ၊ တဖက်က မြင်နိုင်တဲ့နေရာ ပစ်မယ်ဆို လှမ်းပစ်လို့ရတဲ့နေရာ၊ ပထမဆုံး ထိမှာက ကျွန်တော်နဲ့ ဗိုလ်မှူးရဲညွန့်ပဲ။ အဲဒီ အချိန်မှာပဲ ရဲဘော်ဘီကျော်စိန်က တွန်းထိုး ထွက်လာတယ်။ နောက် အုတ်ခုံပေါ် တက် လိုက်တယ်။ သင်္ဘောကျင်း တခုလုံး မီးတွေလင်းနေတယ်။ ဆလိုက်မီးတွေကလဲ ထွန်းထားသေးတယ်။ BAA ဂရောင်းက ဆလိုက်ကြီးတွေလေ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ရဲဘော် ဘီကျော်စိန်က စစ်တပ်ကို "မင်းတို့ပြန်သွားပါ၊ အလုပ်သမားတွေကို အန္တရာယ်မပေးနဲ့၊ တို့ အလုပ်သမားတွေ တောင်းဆိုနေတာက ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန် လုံ လောက်စွာ ရရှိရေးပဲ၊ အလုပ်သမားတွေနဲ့ အစိုးရဟာ ရန်သူမဟုတ်ဘူး၊ နောက်ကို ပြန်ဆုတ်ကြပါ။ အလုပ်သမားတွေ ဘက်ကို လှည့်ထားတဲ့ သေနတ်ပြောင်းတွေ တဖက်ကို လှည့်လိုက်ပါ။" လို့ ပြောတယ်။ စစ်တပ်ဘက်က လှုပ်ရှားမှု မပြတာနဲ့ ပြန်ဆင်းသွားတယ်။

ဒီတော့မှ ဆိုင်ထားတဲ့ဘက်က ဗိုလ်မှူးတယောက် စပီကာနဲ့ စကားပြောတယ်။ "အလုပ်သမားတွေ၊ ခင်ဗျားတို့ တောင်းဆို ချက်တွေကို ကောင်စီအဆင့်ဆင့်ကနေတောင်းပါ၊ ခု ဆန္ဒပြမှုကို ရပ်လိုက်ကြပါ။ ဗိုလ်မှူးရဲညွန့်ကို ကျွန်တော်တို့လက်ထဲ ပြန်အပ်ပါ။ သပိတ်ကို လူစု မခွဲဘူး၊ ဗိုလ်မှူး ရဲညွန့်ကို ပြန်မအပ်ဘူးတိုရင် ရတဲ့နည်းနဲ့ ယူရပါလိမ့်မယ်။" တဲ့။ ပြောပြီးတာနဲ့ စစ်တပ်က ကျွန်တော်တို့ကို သေနတ်နဲ့ ချိန်ထားလိုက်ကြတယ်။ ဒီအချိန်မှာ ကျွန်တော်က ဗိုလ်မှူးရဲညွန့်လက်ကို လိမ်လိုက် ပြီး "ခင်ဗျားတို့ တွေ့ချင်တဲ့ ဗိုလ်မှူးရဲညွန့်ဆိုတာ ဟောဒီမှာပဲ။ အဲဒီတော့ သူ့ကိုလိုချင်ရင် ကျွန်တော်တို့ တောင်းဆိုချက်တွေ ကို လိုက်လျောပါ။ ချက်ချင်း ပြန်လွှတ်ပေးမယ်။ ကျွန်တော်တို့ တောင်းဆိုနေတာမှာ အလုပ်သမားတွေနဲ့ လုပ်သားပြည်သူ တရပ်လုံးအတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန်လုံလောက်စွာရရှိရေး၊ လုပ်ငန်းခွင်ကိစ္စ၊ နေအိမ်ရရှိရေးတို့ ဖြစ်တယ်။ အလုပ်သမား အခွင့်အရေးကို တောင်းနေတာသာ ဖြစ်တယ်။ ခင်ဗျားတို့ဆီက အာဏာကို လုနေတာမဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကို တိုက်မယ့် သေနတ်ပြောင်းတွေကို တနေရာကို လှည့်လိုက်ပါ။

စစ်တပ်ဘက်က အရာရှိကြီးအပေါင်းတို့ ကျွန်တော်တို့ကို မတိုက်ပါနဲ့။ ခင်ဗျားတို့ တိုက်ရမှာက တနေရာ ဖြစ်တယ်။ ကျွန် တော်တို့ဟာ လုပ်သားပြည်သူတရပ်လုံးအတွက် တောင်းဆိုနေတာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ်စနစ်ကို တည် ဆောက်နေတာ ဖြစ်တယ်။ အလုပ်သမားလူတန်းစားဟာ ဆိုရှယ်လစ်စနစ်ကို ဘယ်တော့မှ သစ္စာ မဖောက်ဘူး။ ဆိုရှယ်လစ် စနစ်အတွက် အလုပ်သမားလူတန်းစားက အခု တိုက်ပွဲဝင်နေတာဖြစ်တယ်။ "(ဒီအချိန် နောက်ကနေ ထပ်ရိုက်လာတဲ့ ပန်း ဖလက်တွေ လာပို့လို့ ဖတ်ကြည့်လိုက်တော့

'ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေး အောင်ပွဲခံရမယ်။'

'ဗိုလ်ချုပ်ကြီး တင်ဦး သက်တော် ရာကျော် ရှည်ပါစေ' ဆိုတာတွေ ပါတယ်။ ထိပ် မြွေကိုက်ခံနေရ ချိန်မှာမှ ရောက်လာတာ ဖြစ်လို့ ဒီအတိုင်းထားလိုက်ပြီး)

"အဲဒီတော့ စစ်တပ်က တပ်မှူး တပ်သားအပေါင်းတို့ ခင်ဗျားတို့ တပ်ကို ပြန်သွားကြပါ။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ် စနစ်ကို တည်ဆောက်နေတဲ့အတွက် ဆိုရှယ်လစ်စနစ်ရဲ့ ရန်သူမဟုတ်ဘူး။ နောက်ပြန်ဆုတ်ကြပါ။ "၆ ရက်ည တညလုံး အပြန်အလှန်ပြောလာလိုက်ကြတာ ၇ ရက် နံနက် ၄ နာရီထိုးတော့ မီးကျည်တလုံး ကောင်းကင်ကို ဖွေးကနဲ ထိုးတက်လာ တယ်။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်တခု ရှိတယ်။ တညလုံး အချိန်ဆွဲထားပြီး မိုးလင်းတာနဲ့ ရန်ကုန်တမြို့လုံးမှာရှိတဲ့ စက်ရုံ တွေ ထပ်ပြီးဆွေးနွေးဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်က

"ဗိုလ်မှူးရဲညွန့်ကို ခင်ဗျားတို့ဆီ ကျွန်တော်ပြန်အပ်မယ်။ ခင်ဗျားတို့က သေနတ်ပြောင်းတွေ တနေရာ လှည့်လိုက်ပါ" လို့ လှမ်းပြောလိုက်တယ်။

ဗိုလ်မှူးရဲညွန့်က "ဖိုးဝင်းထိန် စစ်တပ်ကတော့ တကယ် ပစ်တော့မယ်။ ကိုယ့်ကို မောင်ရင်တို့အလျှော့ ပေးလိုက်ပါ။" လို့ ခပ် အုပ်အုပ်ပြောတယ်။

"ဗိုလ်မှူးရဲညွန့် ခင်ဗျားလဲ ကျည်ဆံတတောင့် ကျွန်တော်လဲ ကျည်ဆံတတောင့်ပဲ၊ သေရင်တော့ အတူသေကြမှာပဲ။ အဲဒါ ကြောင့် ခင်ဗျားအနေနဲ့ လုပ်သားပြည်သူတွေအပေါ်မှာ တကယ်သံယောဇဉ် ရှိရင်၊ တကယ်သစ္စာရှိရင် စစ်တပ်ကို 'မပစ်ပါနဲ့' လို့ မိုက်ကရိုဖုန်းနဲ့ ပြောပေးပါ" ဆိုပြီး မိုက်ကရိုဖုန်း ထိုးပေးလိုက်တယ်။ သူက "ဖိုးဝင်းထိန် ကိုယ်ဟာ စစ်တပ်က တပ်မတော် အရာရှိဖြစ်တယ်။ တပ်မတော်ကို သစ္စာဖောက်လို့ မဖြစ်ဘူး။ ဒါကြောင့် ကိုယ်မပြောဘူး"...တဲ့။

ဒီတော့ ကျွန်တော်က

"ဗိုလ်မှူး ခင်ဗျားကလဲ တပ်မတော်ကို သစ္စာရှိတယ်။ ကျွန်တော်ကလဲ အလုပ်သမားတွေအပေါ်မှာ သစ္စာရှိတယ်။ ပြည်သူ ပေါ်မှာ သစ္စာရှိတယ်။ အဲဒီတော့ နှစ်ယောက်သေ သေကြတာပေါ့ တယောက် ကျည်ဆံ တတောင့်စီနဲ့" လို့ ပြောရင်းနဲ့ ပြန် ဆုတ်ခဲ့တယ်။

ဒီအချိန် ဦးမြဟန်နဲ့ ကိုကျော်ကြီးခင် လာပြောပြန်တယ်။

"စစ်တပ်က တက်လာပြီ၊ ကမ်းခြေကနေ တက် လာတာဖြစ်တယ်။" တဲ့။

တချို့ရဲဘော်တွေကလဲ ဘာလုပ်ရမလဲ လာမေးကြတယ်။

"ဘာမှမလုပ်နဲ့၊ ဒီအတိုင်း တောင်းဆိုကြမယ်။ ဘာမှ မလုပ်နဲ့၊ ဘာကိုမှ မလုပ်နဲ့" လို့ အမိန့်ပေး လိုက်တယ်။

ဒီအချိန် ဖြတ်ကနဲ သတိရလိုက်တာရှိတယ်။ ဘယ်လိုတုံ့ပြန်မလဲ?။

ကျွန်တော့် လက်ထဲမှာ သင်္ဘောကျင်းတခုလုံးရဲ့ သော့တွေ ရှိတယ်။ ပါဝါစတေရှင်ကို ဖောက်ခွဲလို့ရတယ်။ သင်္ဘောကျင်း ရေလုံကျင်းက ရေတွေ ဖောက်ထုတ်လိုက်လို့ရှိရင် သင်္ဘောတွေ ပျက်သွားနိုင်တယ်။ ဂျွမ်းထိုးမှောက်ခုန် ဖြစ်သွားမယ်၊ ဒီမှာ ရေတပ် စစ်သင်္ဘောတွေကလဲ ရှိနေတယ်။ သင်္ဘောကျင်း ပြာကျသွားအောင်လဲ လုပ်နိုင်တယ်။ ရပ်ကွက်ထဲမှာ ရှိတဲ့ ပြည်သူ တွေလဲ ပြာကျတဲ့အထဲ ပါသွားနိုင်တယ်။ ဒီအချိန် ကွမ်းခြံ ရပ်ကွက်တခုလုံး စစ်တပ်က ဝိုင်း ထားပြီးပြီ။ အခြေအနေတွေက အဲဒီလိုရှိတယ်။

ကိုကျော်ကြီးခင်က "နောက်မှာ ကွန်မင်ဒိုတပ်တွေ ရောက်လာပြီ" လို့ သတိပေးတယ်။

"ကဲ ဗိုလ်မှူး ကြားတဲ့အတိုင်းပဲ၊ ကျုပ်တို့ကတော့ အသေခံပြီး တိုက်ရတော့မယ်။ ဒီတော့..... "

ဗိုလ်မှူးရဲညွန့် လက်ကို လိမ်လိုက်ပြီး သူနဲ့အတူ ပြန်သွားခဲ့တယ်။ ကွန်မင်ဒိုတပ် လာမယ့်နေရာကို ဦးတည်လိုက်တယ်။ ရှေ့ရောက်သွားတာနဲ့ စပစ်ပြီ။ "ဗိုလ်မှူး ရဲညွန့်ကို ပေး ပေး" လို့လဲ ပါးစပ်က အော်တောင်းတယ်။

"ဟေ့ အလုပ်သမားတွေ မင်းတို့ ဆန်မရဘူး၊ ဟောဒါပဲ ရမယ်ကွ" လို့လဲ ကြုံးဝါးတယ်။ ပြောပြော ပစ်ပစ် လုပ်ကြ တယ်။ ဘက်နက် (လှံစွပ်) တွေနဲ့ တက်ထိုးတယ်။ ရဲဘော်တွေဟာ အထွေးလိုက် လဲကျကုန်တယ်။ တချို့ ရေကန်ထဲ ကျတယ်။

ဒီအချိန် ဗိုလ်မှူးရဲညွန့်က

"ရဲညွန့်ဆိုတာ ကျွန်တော်ပါပဲ" အော်ပြီး ရုန်းတယ်။

ကျွန်တော်ကလဲ လွှတ်ပေးလိုက်ပါတယ်။ လက်ထဲက ပါသွားတဲ့အခါ

"ဟေ့ ရဲညွန့် ရပြီဟေ့" ပေါ့နော်။

မိုးက လင်းနေပါပြီ။ လမ်းပေါ်က သွေးတွေကတော့ စွေးစွေးနီနေပါတယ်။ သွေးခဲတွေ သွေးစီးကြောင်းတွေ....။ ရဲဘော်တချို့ G3 ကျည်ဆံ ဖောက်ထွက်သွားလို့ ခြေထောက်မှာ အပေါက်တွေနဲ့။ ရဲဘော် သန်းအောင် ဆိုရင် ပါးစပ်ကြီး ပြတ်ထွက်သွားပြီး လျှာဟာ ကတ်ကြေးနဲ့ ညှပ်ထားသလိုပဲ။ သယ်နိုင်သလောက် ရဲဘော်တွေကို ပွေ့ပွေ့ပြီးတော့ ဆေးခန်းထဲ သွင်းရတယ်။ ဒေါက်တာ စီစီကလဲ မျက်ရည်တွေနဲ့ ငိုနေရှာတယ်။ ဒေါက်တာ စီစီနဲ့ တင်တင်မူတို့ တော်ရှာပါတယ်။ လူနာ ရဲဘော်တွေကို ဆေးထိုးပေး၊ ပတ္တီးစည်းပေးပါတယ်။ ဒဏ်ရာရ ရဲဘော်တွေဆိုတာ အများကြီး ကုတင်ပေါ်မှာ မဆန့်လို့ ကြမ်းခင်းပေါ်မှာ ချ ထားရတယ်။

ရဲဘော် တင်မောင်- သူ စကားမပြောနိုင်တော့ဘူး၊ သူက မီးသတ်စက်ကို နှိုးနေတုန်း နောက်ကနေ G3 နဲ့ပစ်လို့ စအိုထဲ ကျည်ဆံဝင်သွားတယ်။ သူ့နားသွားတော့ - မရတော့ဘူးပေါ့နော်၊ လက်ခါပြတယ်။ အလားတူ ရဲဘော် သန်းအောင်ကလဲ ခေါင်း, ခါ ပြရှာတယ်။ ရဲဘော်ဘဖူး ကတော့ နားထင်ကို လှံစွပ်နဲ့အထိုးခံထားရလို့ ပါးစပ်က သွေးတွေ ဗွက်ခနဲ ဗွက်ခနဲ အန် ကျနေပါတယ်။ ဒီလိုလျှောက်ကြည့် အားပေးနေစဉ် ရဲဘော်တွေက ကျွန်တော့်ကို ပြေးခိုင်းနေကြတယ်။ ကျွန်တော်က

"ရဲဘော်တို့ ကျွန်တော် ရဲဘော်တို့နဲ့ အတူ အသေခံမယ်။ ပြဿနာတွေ ကျွန်တော် ရှင်းမယ်။ ဘယ်တော့မှ ရဲဘော်တို့ကို မစွန့်ခွာဘူး၊ အဲဒီတော့ ရဲဘော်တို့နဲ့ အတူ ကျွန်တော်ရှိမယ်။ ကြိုးစင်ကို ကျွန်တော်တက်သွားမယ်။ ရဲဘော်တို့အပေါ်မှာ ထာဝစဉ် သစ္စာရှိမယ်။ ရဲဘော်တို့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး" လို့ ပြောနေချိန်မှာပဲ စစ်တပ်က ကက်ပတိန်တယောက် အခန်းထဲ ရောက်လာပြီး "ဟေ့ ဝင်းထိန်" ဆိုပြီးတော့ G3 နဲ့ လှမ်းထောက် ထားတယ်။ နောက်တော့ ကျွန်တော့်ကို လက် မြှောက်ခိုင်းပြီး အပြင်ကို ခေါ်ထုတ်သွားတယ်။ သပိတ် လမ်းမကြီးမှာ သွေးတွေ သွေးခဲတွေ အများကြီးပါပဲ။ အဲဒီလမ်းပေါ်မှာ ကွန်မင်ဒို ဗိုလ်ကြီး ဖြစ်သူက ကျွန်တော့်ကို ဆောင့်ကြောင့် ထိုင်ခိုင်းတယ်။

"မင်း ငါ့ကို ပစ်ချင်ပစ်လေ၊ ငါကတော့ ထိုင်စရာ မလိုဘူး၊ ငါ တရားခံ မဟုတ်ဘူး၊ မင်းတို့ တရားခံပဲ၊ ပစ်လိုက်စမ်းပါ။" ပြောမှ ဒီကောင်က ကျွန်တော့်ကို ဦးချစ်ဦးတို့ ဦးအုန်းမောင်တို့ ဦးထွန်းရီတို့ကို ကျွန်တော် ချုပ်ထားတဲ့ အခန်းထဲ ပြန်ထည့်တယ်။ ဦးချစ်ဦးက ကျွန်တော့်ဆီက သော့တွေ တောင်းတယ်။ သူက "ရဲဘော်တွေတော့ အတော်များများ ကျကုန်ပြီ ကိုဝင်းထိန်" လို့လဲ ပြောတယ်။ သူ့ကို သော့ အားလုံးပေးလိုက်ပါတယ်။

မိုးအတော်လင်းနေပြီ၊ ကွန်မင်ဒို တပ်သားတွေ လက်နက်မျိုးစုံ အီကွစ်မင့်မျိုးစုံနဲ့ ကမ်းနားပေါ်က တက်လာပြီး သင်္ဘောကျင်း လမ်းကြီးကို ဖွင့်ချပစ်လိုက်တယ်။ နောက် မိန်းဂိတ်ကြီးကို ဖွင့်ပြန်တယ်။ ဒီအချိန် တိုင်းမှူးလို့ ယူဆရသူ တယောက် မာစီဒီး ကားကြီးနဲ့ သင်္ဘောကျင်းထဲ ဝင်ရောက်လာတယ်။ အလုပ်သမားတွေရဲ့ သွေးတွေပေါ် နင်းပြီး စစ်သားတွေက သွားလာနေ ကြတယ်။

၇ နာရီလောက်မှာ အလုပ်သမားတိုက်ပွဲကြီး ပြီးဆုံးသွားပြီပေါ့၊ ကျွန်တော့်ကိုတော့ ဘားလမ်းကို ခေါ်သွားပါတယ်။ အဲဒီကမှ အင်းစိန်ထောင်။

(အလုပ်သမားတွေ၊ ပြည်သူတွေ အသက်ပေး သွေးမြေကျခဲ့ရတဲ့ ၃၅ နှစ်မြောက် မေ-ဂျွန် အလုပ်သမားအရေးခင်းကို အမှတ်ရလို့ အင်တာနက်မှာတွေ့လို့ ကူးယူသိမ်းထားတဲ့ ဒီဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။ ခွင့်ပြုချက် မတောင်းနိုင်တာ ကို ခွင့်လွှတ်နားလည်ပေးပါရန်။)

(မာယာမှ တဆင့် ကူးယူဖေါ်ပြလိုက်ပါတယ် ….)

ရဲဘော်ဝင်းထိန်


ဇွန် (၆) မြင်ကွင်း ရင်တွင်းမှတ်တမ်း
Sunday, May 31, 2009
( ဝင်းတင့်ထွန်း )
ဗမာပြည်အလုပ်သမားလူတန်းစားဟာ၊ ခေတ်မီအလုပ်သမားလူတန်းစားအဖြစ် စတင်ဖြစ်တည်လာစဉ်ကတည်းက၊ အလုပ် သမားလူတန်းစားရဲ့ သူရသတ္တိကို ပြသခဲ့တယ်။ နိုင်ငံရေးနိုးကြားမှုကို ပြသခဲ့ပါတယ်။

နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်မှာ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ နဲ့ ပြသခဲ့တယ်။ စက္ကူဖြူ စီမံကိန်းနဲ့ ကက်စဘီ အုပ် ချုပ်ရေးခေတ် တလျောက်မှာလဲ၊ ဘီအိုစီအလုပ်သမားသပိတ်၊ ဒလသင်္ဘောကျင်းသပိတ်၊ အလုံသစ်စက်သပိတ် စတဲ့ သပိတ် တိုက်ပွဲတွေနဲ့ အင်္ဂလိပ်ကိုလိုနီ အစိုးရကို ဆန့်ကျင်ရင်း၊ ‘၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီး’ဆီအထိ ဦးတည်ခေါင်းဆောင် လှုပ်ရှားနိုင်ခဲ့ပါတယ်။

မဆလ ခေတ်ကို ရောက်တော့လဲ၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ မဆလတပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဆင် ခဲ့ပါတယ်။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ၊ ဘယ်တော့မှ ဖျောက်ကွယ်ချန်လှပ်ထားလို့မရနိုင်တဲ့ အလုပ်သမား တိုက် ပွဲတခုကတော့၊ ၁၉၇၄ ခုနှစ် ဇွန် (၆) ရက် အလုပ်သမားသပိတ်ကြီးပဲ ဖြစ်ပါတယ်။

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’ လို့ မော်ကွန်းထိုးထားရမယ့် အလုပ်သမားသပိတ် တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။

ဒီ သပိတ်ကြီးကို မဆလစစ်အာဏာရှင်တွေဟာ ထုံးစံအတိုင်း အကြမ်းဖက်ဖြိုခွဲပြီး၊ နှိပ်ကွပ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် သွေးမြေ ကျရမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဇွန် (၆) ရက်နေ့မှာပဲ ပထမဆုံးသွေးမြေ ကျခဲ့ရတဲ့နေရာကတော့၊ ရန်ကုန် သမိုင်းချည်စက်ရှေ့ မှာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အဖြစ်အပျက်ကို ကိုယ်တွေ့ တွေ့ကြုံခဲ့ဖူးသူတယောက်အနေနဲ့ မြင်ရာ ဒေါင့်ကနေ လေးလေး နက်နက် မှတ်တမ်းတင် ဖေါ်ပြပါရစေ …

၁၉၇၄ ခုနှစ် ဇွန်လ (၆)ရက် …

မနက်မိုးလင်းလို့ စက်ရုံအလုပ်သမားကြီးတွေ အလုပ်ဆိုင်းအလိုက် အလုပ်ဝင်ကြချိန်သာသာလောက်မှာပဲ၊ ရန်ကုန် အင်းစိန် လမ်းမကြီးတလျောက် ကြွေးကြော်သံတွေ ပျံ့နှံ့ဝေစည် လာပါတယ်။

ဒို့အရေး - ဒို့အရေး …

ဆိုတဲ့ကြွေးကြော်သံတွေဟာ ပထမတော့ ခပ်ပါးပါး ခပ်သဲ့သဲ့လေးပါ ။ နောက်တော့ တစထက်တစ …

‘ ဆန်လုံလောက်စွာ ရရှိရေး - ဒို့အရေး ဒို့အရေး ...’

‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ...’

‘ ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး ဒို့အရေး...’

‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’

ကြွေးကြော်သံတွေဟာ မုတ်သုန်အကြို မိုးသက်လေနဲ့အတူ လမ်းမကြီးတွေပေါ် ရပ်ကွက်တွေပေါ် ဝဲပျံလွင့်စင်နေပါ တယ်။

ကျနော်ဟာ အင်းစိန်မီးရထားစက်ခေါင်းရုံဖက်ဆီ ပြေးကြည့်မိပါတယ်။ အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေဟာ မိုးလုံးညံ အောင် ထွက်ပေါ်လာနေပါတယ်။ အဲဒီကနေ အင်းစိန်လမ်းမကြီးပေါ် ပြန်တက်လာ၊ အင်းစိန်လမ်းမကြီးတလျောက်အတိုင်း ကုန်ကြောင်းလျှောက်ပြီး ပြန်လာတော့၊ ခဝဲခြံမှတ်တိုင်ရှေ့တည့်တည့်က ၅ သုံးလုံး ရာဘာဖိနပ် စက်ရုံကြီးအတွင်းမှာလဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဒီစက်ရုံထဲမှာ ကျနော့် မိတ်ဆွေရင်းချာ အလုပ်သမားတချို့ ရှိနေတဲ့အတွက် ခဏရပ်ကြည့် လိုက်မိပါတယ်။ မကြာခင် ကြွေးကြော်သံတွေ ထွက်လာပါတယ်။ ဆက်ပြီးထွက်လာတော သမိုင်းလမ်းဆုံက ဓါတု (၄) ၊ ဓါတု (၆) စက်ရုံတွေက ကြွေးကြော်သံတွေဟာလဲ ရှေ့ဆင့်နောက်ဆင့်ထွက်လာတာ ကြားရ ပြန်ပါတယ်။ ရှေ့ဆက်တက်လာ တော့ ‘သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ ’။

‘ ဆန်လုံလောက်စွာ ရရှိရေး - ဒို့အရေး ဒို့အရေး ’

‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ’

‘ ကုန်ဈေးနှုန်းကျဆင်းရေး - ဒို့အရေး ဒို့အရေး ’

‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’

ကြွေးကြော်သံတွေဟာ စက်ရုံတွေအတွင်းကနေ ညီညီညာညာထွက်ပေါ်လာနေပါတယ်။ ပထမတော့ အတွင်းပိုင်း စက်ရုံတွေ အတွင်းကနေပဲ ထွက်ပေါ်လာနေတာပါ။

သမိုင်းချည်မျှင်နှင့်အထည်စက်ရုံကြီးရဲ့ တည်ဆောက်ထားပုံက၊ လမ်းမကြီးဖက် (ဆိုင်းဘုတ်ကြီးထူထားတဲ့ဖက်) မြေကွက် လပ်ကျယ်ကြီးပေါ်မှာ၊ ဂိတ်ပေါက် သံတံခါးကြီးနဲ့အနီးမှာ တထပ်တိုက်အဆောက်အဦရှည်ကြီးတခု ရှိပါတယ်။ အဲဒီအ ဆောက်အဦမှာ ရုံးခန်းနဲ့ ငွေစာရင်းဌာနတို့ ဆိုတာတွေ ရှိပါတယ်။ တဆက်တည်းမှာ အလုပ်သမားကောင်စီ လို့ ဆိုင်းဘုတ် တပ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ အလုပ်သမားမင်းသားများရဲ့ အခန်းရှိပါတယ်။ အဲဒါတွေ ပြီးတဲ့နောက်၊ သံတံခါးနဲ့ ထပ်ပြီးခြားထားတဲ့ ဝန်းပြင်ကျယ်ကြီးပေါ်မှာ ချည်မျှင်နဲ့အထည်စက်ရုံတွေ သူ့ရုံနဲ့သူ အစီအရီ တန်း စီ တည်ရှိနေပါတယ်။ ပထမဆုံး ကြွေးကြော်သံတွေ တိုင်နေ ထွက်နေတဲ့နေရာက အဲဒီအတွင်းစက်ရုံတွေအတွင်းကပါ။ နောက် မကြာမီမှာပဲ အထဲက သပိတ်ခေါင်းဆောင်တချို့ ထွက်လာပြီး၊ လမ်းမကြီးဘေးက ဂိတ်ပေါက်ဝကြီးဆီ ရောက်လာ တာ တွေ့ရပါတယ်။

ဂိတ်ဝသံတံခါးဘေးမှာ စားပွဲခုံတလုံးကို ချလိုက်ပြီး၊ စားပွဲပေါ်တက်ပြီး မတ်တပ်ရပ်ကာ သပိတ်တရားကို ဟောကြပါတယ်။

အလုပ်သမားထုတရပ်လုံး အလုပ်လုပ်နေကြရင်းက ထမင်းငတ်နေရတဲ့အကြောင်း၊ ဒါကြောင့် ဆန်လုံလောက်စွာ ရရှိဖို့ တောင်းဆိုနေရတာဖြစ်ကြောင်း၊ အလုပ်ခွင်ထဲမှာလဲ အာမခံချက်မဲ့လှတဲ့အခြေအနေကြောင့် လုပ်ခွင်သက်သာချောင်ချိရေး ကို ဖန်တီးပေးဖို့ တောင်းဆိုနေရတာဖြစ်သလို၊ လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှု ဆိုတာနဲ့အတူ စက်ရုံအလုပ်ရုံတွေထဲမှာလဲ အလုပ်သမားကောင်စီဆိုတာတွေ ပေါ်လာပြီး၊ ဒီအလုပ်သမားကောင်စီတွေဟာ အလုပ်သမားတွေအတွက် ဘာမှလုပ်မပေး တဲ့အပြင် ဖိနှိပ်ဒုက္ခပေး ဗိုလ်ကျနေတဲ့အဖွဲ့အစည်းတရပ်အဖြစ်ပဲ လက်တွေ့ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ဒီအလုပ်သမားကောင်စီဆိုတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြရတာဖြစ်ကြောင်း ဟောကြ ပြောကြ ရှင်းပြကြပါ တယ်။

လက်တွေ့ ဘဝထဲကလာတဲ့၊ လက်တွေ့ခံစားနေရတဲ့ အကျပ်အတည်းတွေကြောင့်၊ လက်တွေ့လိုအပ်ချက်အစစ်အမှန်ကို ရရှိ ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကြွေးကြော်သံတွေဟာ အင်မတန်မှ တရား မျှတပြီး အင်မတန်မှ ကြောင်းကျိုးကျတဲ့ တောင်းဆိုချက်တွေလဲ ဖြစ်နေပါတယ်။

ကျနော်အပါအဝင်၊ ရပ်ကွက်တွေထဲက လာရောက်နားထောင်ကြသူ၊ ကြည့်ကြရှု့ကြ အားပေးကြသူတွေလဲ တဖြည်းဖြည်း များလာပါတယ်။ တချို့ကလဲ သပိတ်မှောက်နေတဲ့ ဒီစက်ရုံထဲမှာ ကိုယ့်မိ ကိုယ့်ဖ ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတွေပါ ပါနေလို့ အခြေအနေလာကြည့်ကြသူမျိုးတွေလဲ ပါနေပါတယ်။

ဂိတ်ဝအတွင်းဖက် သံတံခါးကြီးဘေးမှာ တောင်းကြီးတလုံးကို ကပ်ချထားပြီး၊ သပိတ်ကို သပိတ်မှောက်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားကြီးတွေကို အစာရေစာအဖြစ် လှူဒါန်းကူညီနိုင်ဖို့ မေတ္တာရပ်ခံစီစဉ်ထားတဲ့အတွက်၊ ဆေးလိပ်၊ ထမင်းထုပ်၊ မုန့်ပဲသရေစာတွေ လာရောက်ကူညီလှူဒါန်းကြတာလဲ တွေ့ရပါတယ်။ ကျနော်လဲ အိပ်ကပ်ထဲ ပါလာခဲ့တဲ့ ပိုက်ဆံလေးနဲ့ ဆေးပေါ့လိပ်တစီး၊ ငှက်ပျော နှစ်ဖီးဝယ်ပြီး သံတိုင်ကြားကနေ လက်လျှို ထည့်ဝင်လှူဒါန်းလိုက်ရပါတယ်။ အလှူခံတောင်း ကြီးဟာ တခဏတွင်းမှာပဲ အပြည့်အမောက်ဖြစ်ဖြစ်သွားတာ တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ သမိုင်းချည်စက်နဲ့ သိပ်မဝေးလှတဲ့ အုတ်ကျင်းဂုံနီစက်ရုံကြီးအတွင်းမှာလဲ အလုပ်သမားထုဟာ အလုပ်သမား သပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေကြပါပြီ။ ကြွေးကြော်သံတွေဟာ စက်ရုံတခုနဲ့ စက်ရုံတခု ဆက်နေပြီး၊ စည်စည်ညံအောင် လွှင့်ပျံ ဝေ့ဝဲနေပါတော့တယ်။ ဆင်မလိုက်သင်္ဘောကျင်းကလဲ သပိတ်မှောက်နေသတဲ့၊ ဆပ်ပြာစက်ရုံကလဲ သပိတ်မှောက် နေသတဲ့၊ သံမဏိစက်ရုံကလဲ သပိတ်မှောက်နေသတဲ့… ဆိုတဲ့အသံတွေဟာလဲ နေရာပေါင်းစုံကနေ ပျံ့နှံ့ဝင်လာပါတယ်။

အဲဒီအချိန်မှာပဲ ရန်ကုန်မိုးလေး တဖြိုက်နှစ်ဖြိုက်ရွာကျလာပါတယ်။ ဇွန်လရဲ့မိုးရေစက်တွေဟာ ခပ်ဖွဲဖွဲလေးပါပဲ။ သမိုင်းချည် စက်ရှေ့က လူအုပ်ကြီးဟာ လူစုကွဲ မသွားခဲ့ပါဘူး။ အင်းစိန်လမ်းမကြီးရဲ့ ဘေးတဖက်တချက်က ပလက်ဖေါင်းတွေပေါ်မှာ လူတွေတောင် တဖြည်းဖြည်း ပိုပိုများလာပါတယ်။

နေ့လည်လောက်မှာ စစ်ကားတွေ တန်းစီပြီး မြို့ထဲဖက်ကနေ ဝင်လာပါတယ်။ ဆယ်စီးလောက် ရှိပါတယ်။ နောက်ဆုံး ကား တွေပေါ်မှာ သံပေပါကြီးတွေရော သံဆူးကြိုးလိပ်တွေပါ ပါလာခဲ့ပါတယ်။ ကားတိုင်းပေါ်မှာ မျက်နှာထားတင်းတင်းနဲ့ လက် နက်အပြည့်အစုံ၊ အီကွေးမင့်အပြည့်အစုံနဲ့စစ်သားတွေ အပြည့်။ သေနတ်တွေမှာလဲ ဘက်နက်တွေ အဆင်သင့်တပ်ထားလို့။ တချို့က ခါးမှာ မျက်ရည်ယိုဗုံးတွေ အပြည့်ပတ်ထားလို့။ ရှေ့တန်းစစ်မျက်နှာမှာ ကတုတ်ကျင်းတခုခုကို အတင်းဝင်ရောက် သိမ်းဖို့ အသင့်ပြင်ဆင်လာခဲ့တဲ့ ပုံစံမျိုး။ စစ်သားတချို့က နောက်ဆုံးကားတွေပေါ်က ပေပါခွံကြီးတွေကို ကားအောက်ချ လိုက်ပြီး ပေတရာလမ်းမကြီးပေါ်မှာ စစ်ကားတန်းကြီးရဲ့နောက် တန်းစီပြီး ထောင်ထားလိုက်ကြတယ်။ ရှေ့ကားပေါ်က စစ်သားတချို့လဲ ဆင်းလာပြီး စက်ရုံဂိတ်ဝအပေါက်နဲ့ ဝါးတရိုက်လောက် အကွာမှာပဲ ပေတရာလမ်းမကြီးပေါ် ကန့်လန့်ဖြတ် ပြီး မျဉ်းဖြူသုံးကြောင်းကို စည်းသားရေးဆွဲလိုက်ကြတယ်။ အဲဒီ မျဉ်းဖြူသုံးကြောင်းရဲ့ တလံကွာလောက်မှာ ဘက်နက်တပ် သေနတ်ကိုင်စစ်သားလေးယောက်ဟာ ရင်ဘောင်တန်းပြီး အသင့်အနေအထားနဲ့ မတ်တပ်ရပ်နေကြတယ်။ အဲဒီနောက်မှာ၊ တလံကွာလောက်ဆီမှာ၊ နောက်တတန်း နောက်တတန်း ထပ်ပြီး ထပ်ပြီး မတ်တပ်ရပ်နေကြတယ်။ ဗိုလ်လုပ်တဲ့သူက ကား ရှေ့ ဘေးမှာမတ်တပ်ရပ်နေပြီး လက်ထဲမှာ စကားပြောစက်ကိုကိုင်ထားရင်း အဆက်မပြတ်မေးးလိုက် ဖြေလိုက် သတင်းအပို့ အယူတွေ လုပ်နေတယ်။ ကားပေါ်မှာလဲ လက်နက်ကိုင်စစ်သားတွေက အပြည့်။

စက်ရုံ အလုပ်သမားကြီးတွေက အတွင်းစက်ရုံတွေထဲကနေ ကြွေးကြော်သံတွေ တိုင်နေကြသလို၊ ဂိတ်ဝကြီးအနီး အပြင် ဝင်းထဲကနေလဲ ကြွေးကြော်သံတွေ အတိုင်အဖေါက်ညီညီ အော်နေကြတယ်။ ဒီမြင်ကွင်းကို မြင်နေရတဲ့ ပြည်သူလူထုဟာ ရင်ထဲမှာ လှုပ်ရှားမှုမျိုးစုံနဲ့နိုးကြွနေပြီး သပိတ်မှောက်အလုပ်သမားကြီးတွေရဲ့ တိုက်ပွဲကို စိတ်ရောလူပါ အားပေးရင်း ရပ် ကြည့် နေမိကြတယ်။ စစ်တပ်ကတော့၊ မျဉ်းသားထားတဲ့ လမ်းမအတွင်း ဆင်းမလာနဲ့၊ လာတဲ့သူ ပစ်သတ်မယ် ထိုးသတ်မယ် ဆိုတဲ့အသွင်မျိုးနဲ့ ခပ်ထန်ထန်မျက်နှာကြောကို နှစ်ဆတိုးပြီး တင်းထားတယ်။ အဲဒီအချိန်မှာ ကျနော်လဲပဲ သပိတ်ကြီးကို ထောက်ခံသူတယောက်အဖြစ်၊ အားပေးသူတယောက်အဖြစ်၊ ပြည်သူပရိသတ်ကြီးကြားမှာ ပါဝင်တည်ရှိ ရပ်ကြည့်ငေးမော နေမိတယ်။

ဂိတ်ဝတံခါးကြီးရှေ့ က ခုံပေါ်မှာ မတ်တပ်ရပ်ပြီး တရားဟောနေတဲ့ အလုပ်သမားခေါင်းဆောင်တဦးက ‘ကျနော်တို့ဟာ ငြိမ်း ချမ်းစွာ ဆန္ဒပြ သပိတ်မှောက်နေတာ ဖြစ်တယ်၊ ကျနော်တို့အလုပ်သမားတွေရဲ့ လိုလားချက်တွေကို တရားမျှတစွာ တောင်း ဆိုနေတာဖြစ်တယ်...’ ဆိုတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို တခုချင်း ထပ်ပြီး ရှင်းပြနေတယ်။

အဲဒီအချိန်မှာ ဘတ်စ်ကားလိုင်းတွေလဲ ရပ်သွားလို့ ကုန်းကြောင်းလျှောက်ပြီး ပလက်ဖေါင်းအတိုင်း ပြန်လာကြရတဲ့၊ အင်းစိန် ဖက်ကနေ မြို့ထဲဖက်ဆီ ပြန်ကြရမယ့် ဝန်ထမ်းတွေ လက်လုပ်လက်စားတွေရော၊ တိမွေးကုတက္ကသိုလ် စက်မှုတက္ကသိုလ် တို့ကနေ သမိုင်းအဆောင်တွေဆီ ပြန်ကြရမယ့် ကျောင်းသားကျောင်းသူတွေရော၊ ကမာရွတ်ဖက်ကနေ အင်းစိန်ဖက် သမိုင်း ဖက်ပြန်ကြရမယ့် ဝန်ထမ်းတွေ ဈေးသည်တွေပါ ဒီနေရာရှေ့ရောက်လာကြတော့ ဒီလို မြင်ကွင်းကြီးမျိုးကို မြင်လိုက်ကြရ တော့ …

မတိုင်ပင်ရပဲနဲ့ ရပ်ကြည့်ပါဝင်လာကြသူတွေလဲ တဖြေးဖြေးများလာတယ်။ လူအုပ်ကြီးက ပိုပို များလာတယ်။ တချို့လဲ ဖြတ် သွားဖြတ်လာသဘော၊ တခဏ။ တချို့လဲ ဘာများ ဆက်ဖြစ်ကြဦးမလဲ စောင့်ကြည့်ချင်ကြတဲ့သဘော သိချင်ကြတဲ့သဘော ခပ်ကြာကြာ။ တချို့ကတော့ အလုပ်သမားထုရဲ့ တိုက်ပွဲကြီးကို အားဖြည့်ပေးချင် အားရှိစေချင်တဲ့ စိတ်ပိုင်းဖြတ်မှုမျိုးနဲ့။ တချို့ကတော့ စစ်တပ်ကနေ ဒီသပိတ်မှောက်အလုပ်သမားတွေကို အတင့်ရဲရဲ ဝင်ပြီး အကြမ်းမဖက်ဝံ့အောင် အကြမ်းမဖက် နိုင်အောင် အကာအကွယ်ပေးတဲ့သဘော စောင့်ကြည့်နေတဲ့သဘော သဘောထားအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရပ်ကြည့်နေကြ ပါတယ်။ လူထုပရိသတ်ကြီးဟာ တဖြေးဖြေးများများလာနေတယ်။ သွားတဲ့သူသွား၊ လာတဲ့သူလာနဲ့ လမ်းဟာ ပလက်ဖေါင်း ဘေး နှစ်ဖက်နှစ်ချက်မှာတော့ ပွင့်နေသေးတယ်။ အလျဉ်မပျက် စီးမျော လှုပ်ရှားနေပါတယ်။ အဲဒါကို စစ်တပ်က ဘယ်လို မြင်မိပြီး ဘယ်လိုသဘောပေါက်လိုက်တယ် မသိပါဘူး။ ဘာဒါဖက်က အပေါက်ကို သွားလို့ လာလို့ ဖြတ်သန်းလို့မရအောင် ပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ အတွင်းပိုင်းက လူအုပ်ကြီးဟာ ရှိပြီးသားအတိုင်း၊ ကျောက်ချထားသလို အသေဖြစ်သွားရ ပါတော့တယ်။

ဘာဒါ မှတ်တိုင်အနားက တန်းစီးရပ်ထားတဲ့ စစ်ကားတန်းကြီးရဲ့အဆုံး၊ ဝါးနှစ်ရိုက်သာသာလောက်မှာ လှိုင်ရဲစခန်း ရှိပါ တယ်။ လမ်းမကြီးရဲ့ တဖက်ခြမ်းမှာတော့ စက်မှုရိပ်သာ နှစ်ထပ်တိုက်အဆောက်အဦးတွေ တန်းစီပြီး တည်ရှိနေပါတယ်။ အချိန်က တဖြေးဖြေးနဲ့ ညနေ သုံးနာရီကျော်လောက် ရှိလာပြီ။ ကြွေးကြော်သံတွေက ညံနေဆဲ။

အဲဒီအချိန်မှာ စကားပြောစက်ကို လက်ကမချတမ်းကိုင်ပြီး စကားပြောနေတဲ့ စစ်ဗိုလ်က ဘယ်ကနေ ဘာအမိန့်ရ လိုက်သလဲ မသိပါဘူး။ တစုံတရာ လှမ်းပြောလိုက်တယ်။ မျက်ရည်ယိုဗုံးကိုင် စစ်သားတွေက မျက်ရည်ယိုဗုံးဝါဝါတွေကို ခါးကဖြုတ်ပြီး လက်ထဲကိုင်လိုက်ကြတာ သတိပြုလိုက်မိတယ်။ လူထုထဲမှာလဲ လှုပ်ကနဲ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ လှိုင်ရဲစခန်းထဲက အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်တွေဟာ လက်တဖက်မှာ ဒိုင်းခြင်းကြား၊ လက်တဖက်မှာတုတ်တွေကို ကိုယ်စီကိုင်ပြီး ထွက် လာတာ ခပ်ပျပျ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီဖက်ခြမ်းက နီးရာလူတွေကို လူအုပ်ကြီးထဲကနေ ဖြတ်သန်းရင်း ဘယ်ညာ ရိုက်ပါတော့တယ်။ အဲဒီတော့ လူတွေဟာလဲ ရှောင်ကြတိမ်းကြ ပြန်ခုခံကာကွယ်ကြနဲ့ ဝုန်းကနဲ ရုန်းရင်းဆန်ခတ် ဖြစ်သွား ပါတယ်။

ရှေ့ဆုံးစစ်သားတွေဖက်က မျက်ရည်ယိုဗုံး နှစ်လုံး၊ လူအုပ်ကြီးဘက် ပြေးဝင်လာပါတယ်။ တရှူးရှူး မီးခိုးတွေနဲ့ မျက်ရည် ယိုဗုံးငွေ့ကြားမှာ လူထုပရိသတ်ကြီးဟာ ပလက်ဖေါင်းပေါ်ကနေ ပေတရာလမ်းမပေါ် ပြိုကျလာပါတယ်။ အဲဒီအချိန်မှာ သေ နတ်သံ နှစ်ချက် ထွက်လာတယ်။

‘ ပစ် ပြီ ဟေ့ ’ ဆိုတဲ့အသံ -

‘ ကျည် မပါဘူး ’ ဆိုတဲ့ အသံ -

နောက်တော့ တဒိုင်းဒိုင်းအသံတွေကြားမှာ …

‘ ဟ…ကျည် ပါတယ် ဟ... ရှေ့မှာ ထိသွားပြီ ...သွေးတွေနဲ့ မတွေ့ဘူးလား...’ ဆိုတဲ့အသံ

တွေနဲ့အတူ၊ စစ်တပ်ရဲ့ လူထုကြီးဆီကို ပေတရာလမ်းမတလျောက် တည့်တည့်ပစ်ခတ်နေသံတွေကြားမှာ ကျနော်လဲ ပလက် ဖေါင်းဘေး ခုန်ချဝပ်မှောက်လိုက်ရပါတယ်။ ဝပ်ရင်း မော့်ကြည့်လိုက်မိတော့ သွေးတွေနဲ့ ထိမှန်ထားတဲ့ လူတယောက်ကို လူ သုံးလေးယောက်က အတင်းဝင်ဆွဲနေတာ မြင်လိုက်ရတယ်။ မကြာခင်မှာပဲ မျက်ရည်ယိုဗုံးက မီးခိုးငွေ့တွေ ဟပ်မိပြီး၊ မျက် ရည်တွေ တွေတွေ တွေတွေ ထွက်ကျလာလို့ ခပ်ဝါးဝါးဖြစ်လာရာကနေ၊ စက်မှုရိပ်သာတွေဖက်ဆီ ဆုတ်ပြေးသွားရတဲ့ လူ အုပ် ကြီးကြားထဲ ကျနော်လဲ ပါသွားရတော့တယ်။

အုတ်ကျင်းဖက်ခြမ်း ပလက်ဖေါင်းပေါ်က လူအုပ်ကြီးကလဲ၊ လမ်းဘေးရှိ ဆောက်လက်စတိုက်တခုက ပုံထားတဲ့ အုတ်နီခဲ တွေနဲ့ စစ်သားတွေဆီ ပြန်ပစ်ရင်း တရုန်းရုန်းဖြစ်သွားတယ်။ ချက်ချင်းဆိုသလိုပဲ၊ စစ်တပ်ရဲ့ လမ်းမတည့်တည့်တလျောက် ပစ်နေတဲ့ ကျည်ဆံတွေဟာလဲ လေးဘက်လေးတန်ဆီကို အဆက်မပြတ် လှမ်းပစ်တော့တာပါပဲ။ ရက်ရက်စက်စက်ကို လူ အုပ်ကြီးတွေဆီ လှမ်းပစ်တော့တာပါပဲ။ ဒါကြောင့် လမ်းဘေးက အိမ်ပေါ်က ကြည့်နေကြသူတွေဆီကိုပါ ဝင်မှန်ပါတယ်။ စက်မှုရိပ်သာ တိုက်တန်းတွေဖက်ဆီ အပြေးဆုတ်လာရတဲ့ ကျနော်တို့လူအုပ်ကြီးရဲ့ ခေါင်းတွေပေါ်မှာလဲ ကျည်ဆံတွေ တဝီ ဝီ ဖြတ်လာပါတယ်။

မျက်ရည်ယိုဗုံးဒဏ်ကြောင့် မျက်လုံးတွေ နီ၊ မျက်ရည်တွေ ကျ ၊ စပ်ပူ စပ်လောင်ခံစားကြရရင်း၊ စက်မှုရိပ်သာက တိုက်ခန်း တွေထဲ ပြေးဝင်လာရပါတယ်။ ‘ရေပေးပါ … ရေလေး ပေးကြပါ ခင်ဗျာ...’ လို့ တောင်းသံတွေနဲ့အတူ၊ စေတနာကြီးလှတဲ့ အိမ်ခန်းရှင်တွေက ရေအိုးတွေ ချပေးလို့၊ ကိုယ့်ပုဆိုး ကိုယ်ဆုတ်ဖြဲပြီး၊ အဝတ်စကို ရေထဲနှစ်၊ မျက်နှာ အုပ်သူ အုပ်ကြရ ၊ အိမ်ရှင်တွေက ချပေးတဲ့ မျက်နှာသုတ်ပုဝါ လက်ကိုင်ပုဝါအစတွေ ရေဆွတ်ပြီး မျက်နှာသုတ်ကြ မျက်နှာသစ်ကြနဲ့ တရုန်းရုန်း ဖြစ်သွားရပါတယ်။ ကျနော်လဲ ပုဆိုးစုတ်စ ရေနှစ်ပြီး မျက်နှာကို ခဏခဏသုတ်ပေးနေရတယ်။

ဒီနားမှာဆက်နေရင် ဒီဘက်တွေအထိ ဆက်တက်လာပြီးရှင်းရင်၊ အဖမ်းခံကြရနိုင်တာကြောင့် ခပ်သုတ်သုတ်ဆက်ထွက် လာခဲ့ကြတော့၊ ဒဏ်ရာရသူ နှစ်ဦးကို မနိုင့်တနိုင် ပွေ့ယူလာကြတဲ့လူအုပ်တအုပ်နဲ့ ကင်ပွန်းခြံ ကင်ပွန်းခြုံတွေ ကြား သွား တိုးပါတယ်။ ကျနော်တို့ပါ ဝိုင်းကူပြီးသယ်ပေးခဲ့ရပါတယ်။ တယောက်က ဒူးကို ထိမှန်ထားပြီး ခြေထောက်ကြီးဟာ လည် ထွက်နေပါတယ်။ သွေးတွေကလဲ ဒလဟော ထွက်လို့။ တယောက်က ပေါင်ရင်းမှာ မှန်ထားတာပါ။

သမိုင်းကောလိပ်ဖက်ဆီ ဆက်ထွက်လာခဲ့ကြပြီး ဒဏ်ရာရထားသူ နှစ်ဦးကို လမ်းဘေးမှာ ခဏချထားရင်း၊ အဲဒီတုန်းက ဘယ်ကထွက်လာမှန်းမသိရတဲ့ ပလကအလုပ်သမားကားကြီးတစီးကို လူအုပ်နဲ့ လက်ပြတားလိုက်ကြပြီး နီးရာ ဆေးရုံ ဆေးခန်းတခုခုကို ပို့ပေးပါလို့ အကူအညီတောင်းကာ ဝိုင်းပြီးတင်ပေးလိုက်ကြပါတယ်။ တဦးကတော့ ဒဏ်ရာရသူရဲ့ ညီ တော်လို့၊ သူလိုက်သွားမယ်ဆိုပြီး ဒဏ်ရာရထားသူနဲ့အတူလိုက်သွားမှ ကျနော်တို့လဲ ရပ်ကွက်ထဲ ဟိုကွေ့ သည်ရှောင် ဝင်ရင်း လူစုခွဲပြီး ပြန်လာခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ ...

‘ ပုံ - သိန်းအောင်၊ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ’ ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ အမိန့်ကျေညာချက် အသံဟာလဲ နေရာအနှံ့ကနေ ထွက်ပေါ်လာနေပါတယ်။ မြန်မာ့အသံကနေ တဆင့်၊ ကားတွေပေါ်ကနေ တဆင့် လှည့်လည် အော်ဟစ်ကျေညာနေသံဟာ သပိတ်မှောက်အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေအကြားမှာ ပျာလောင်ခတ်မျှ ထွက်ပေါ် လာနေခဲ့ပါတယ်။

မရှေးမနှောင်းမှာပဲ ...

‘ပုံ - အေးကို ၊ တိုင်းမှူး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ’ဆိုတဲ့ ကျေညာသံလဲ ထွက်ပေါ်လာပြန်ပါတယ်။ စစ်မာန် စစ်သံ တင်းတင်းနဲ့ ကျေညာလိုက်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အသံဟာ စစ်ကားတွေပေါ်က တဆင့်၊ ပြည်သူလူထုကြီးကို အပေါ် စီးကနေ ချိမ်းခြောက်နေသလို ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ နိုင်ငံတော်မှာ ဆန်အလုံအလောက်ရှိတဲ့အကြောင်း၊ ဆန်ပြဿနာ တစုံ တရာမရှိနိုင်တဲ့အကြောင်း ရှင်းလင်းပြေဆိုသံဟာ မြန်မာ့အသံကနေ ဆက်တိုက်လိုလို ထွက်ပေါ်လာနေခဲ့ပါတယ်။

ညဖက်ရောက်တော့ သမိုင်းချည်စက်ရှေ့ဒီပစ်ခတ်မှုကြီးကြောင့် သွေးမြေကျရတာမှာ သေကြေထိခိုက် ဒဏ်ရာရကြရသူ တွေ မနည်းလှကြောင်း၊ ဟိုက သည်က ထပ်ပြီး ကြားရပါတယ်။ ကျနော့်ရှေ့မှာတင် မြင်လိုက်ရတာက လေးယောက်တိတိ။ ကျနော်ကိုယ်တိုင် မမြင်လိုက်ရတဲ့ဘက်မှာက ဘယ်နှစ်ယောက် ရှိလေမလဲ မသိပါ။ ဒါ..ဇွန်လ(၆)ရက် သမိုင်းချည်စက်ရှေ့က ကျနော့်ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တကွက်ပါ ။ ဒီ သမိုင်းချည်စက်ရှေ့က သွေးမြေကျခဲ့ရမှု အဖြစ်အပျက်ကြီးဟာ ‘၇၄ - ဇွန်(၆)အလုပ်သမားအရေးတော်ပုံကြီး’ ရဲ့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့မရနိုင်မယ့် ကနဦးအဖွင့်နိဒါန်းသဖွယ်လဲ ဖြစ် ခဲ့ပါတယ်။

ဇွန်လ (၆) ရက်အကျော် (ရ) ရက်နေ့အကူးမှာလဲ သမိုင်းချည်စက်ရှေ့က ပထမဆုံးသွေးမြေကျခဲ့ရရာ နေရာအနီးမှာပဲ နောက်ထပ် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိပ်ကွပ်တာ ခံခဲ့ကြရပြန်ပြီး၊ ဆင်မလိုက်သင်္ဘောကျင်းသပိတ်ကိုလဲ အတင်း ဝင်ရောက်ပစ်ခတ်ဖြိုခွဲပစ်လို့ သေဆုံးရတဲ့ အလုပ်သမားတွေ ရှိခဲ့ရပါတယ်။ စစ်တပ်နဲ့ဝင်ပြီး အတင်းဖမ်းဆီးခံ ကြရတာတွေ ကတော့၊ ဆန္ဒပြတဲ့ စက်ရုံအလုပ်ရုံတိုင်းလိုလိုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အင်းစိန်မီးရထားစက်ခေါင်းရုံ၊ အုတ်ကျင်းဂုံနီ စက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်း၊ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံနဲ့ သမိုင်းချည်စက်တို့က အလုပ်သမားတွေ အများ ဆုံးဖြစ်ခဲ့ပါတယ်။ အုတ်ကျင်းဂုံနီစက်ရုံက အဖမ်းအဆီးခံကြရသူတွေထဲမှာ ကျနော့်မိတ်ဆွေ စာရေးဆရာ ဖိုးကျော့ တို့လဲ ပါခဲ့ ပါတယ်။

ပြည်သူလူထုကြီးရဲ့ (၉ဝ ဒဿမ ၁၉)ရာခိုင်နှုန်းကျော်က တခဲနက်ထောက်ခံဆန္ဒပြုထားကြတဲ့ ‘၁၉၇၄- ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ’ ဆိုတာကြီးကို လူထုကြီးတရပ်လုံးရဲ့ အကျိုးပွားအတွက် အောင်မြင်စွာအကောင်အထည်ဖေါ် အတည်ပြု ပြဌာန်း နိုင်ပြီးပြီလို့ မိုးတလုံးလေတလုံးလိမ်ညာကြွေးကြော်ဟစ်အော်ပြသနေဆဲ ကာလမှာပဲ၊ အသံတောင် မစဲသေးမီမှာပဲ၊ မဆလစစ်အစိုးရဟာ ဆန်တောင်းတဲ့အလုပ်သမားတွေကို ကျည်ဆံတွေပဲပေးပြီး၊ သူတို့ရဲ့ စစ်အာဏာရှင် ဘီလူးသရုပ်ကို အစွယ် တပြူးပြူးနဲ့ ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာမှ ကာလတခု ခြားပြီး၊ စက်ရုံ အလုပ်ရုံ ဝန်ထမ်းတိုင်းကို တလလျှင် လူတကိုယ် ဆန်(၅)ပြီ နှုန်း ထုတ်ပေးခဲ့ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကြီးရဲ့ အကျိုးဆက်တခုလို့ပဲ ပြောရမှာပါ။ နောက်ပိုင်းတော့ ‘အလုပ်သမားကောင်စီ’ ဆိုတဲ့ နာမည်အစား၊ ‘အလုပ်သမားအစည်းအရုံး’ လို့ နာမည်အသစ်ပြောင်းပြီး သဏ္ဍာန်အရ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့ရပါတယ်။

ဂုဏ်ရောင်ပြောင်တဲ့၊ သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားရမယ့် ဒီ ‘ ဇွန် ၆၊ အလုပ်သမားအရေးတော်ပုံကြီး’ ဟာ ဗမာပြည်အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာသာမက၊ ဗမာပြည်စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာရော၊ ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာပါ ထာဝရ မော်ကွန်းထူထားခဲ့ရပါပြီ။

အလုပ်သမားထုရဲ့ ၈ုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲဝင်စိတ်ဓါတ် - ထာဝရ ဂုဏ်ရောင် ပြောင်ပါစေ ...

ဇွန်(၆)စိတ်ဓါတ် အဓွန့်ရှည်ပါစေ ...
( ဝင်းတင့်ထွန်း )
ဇွန်လ၊ ၁၉၉၉


မှတ်ချက်။ ။ ဇွန် (၆) အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်၊ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အခု ပြန်လည်ရှာဖွေကူးယူရိုက်နှိပ်ပေးလိုက်ရတာ ဖြစ်ပါတယ်။

ဇွန် (၆) အလုပ်သမားအရေးအခင်း
Sunday, May 31, 2009
အောင်ဝေး
တော်လှန်ရေးကောင်စီ လက်အောက် ၁၉၇၀ ပြည့်လွန် မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဥပဒေတွင်း ဒီမိုကရေစီ လှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပါတယ်။ မဆလခေတ်မှာ ပထမဆုံး ပြင်းပြင်းထန်ထန်နဲ့ ထင်ထင်ရှားရှား ဖြစ်ခဲ့တဲ့ လူထုတိုက်ပွဲကတော့ ၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမား အရေးအခင်းပါပဲ။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) တဖြစ်လဲ တော်လှန်ရေးကောင်စီ စစ်အစိုးရဟာ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထဲမှာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပါတယ်။

ဒီပွဲမှာ မဆလဟာ နိုင်ငံရေး နားမလည်တဲ့ အနုပညာသည်တွေ၊ တတ်သိပညာရှင်တွေကို ခုတုံးလုပ် အသုံးချပြီး လူထု လည်ပင်း ဓားထောက်ကာ သူတို့ဥပဒေကို တဖက်သတ် အတည်ပြုလိုက်ကြပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးမှာ ပြည်သူလူထု ဆန္ဒအမှန် မဟုတ်တဲ့ ၁၉၇၄ စစ်တပ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ထွက်လာခဲ့တာပါပဲ။

အဲဒီအခြေအနေမှာ တတိုင်းတပြည်လုံး၊ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဘ၀အထွေထွေဟာ အတော့်ကို ချွတ်ချုံကျနေခဲ့ ပါပြီ။ ဆင်းရဲကျပ်တည်းတဲ့ ဒဏ်ကို အောက်ခြေလူထုက အလူးအလဲ ခံနေရတဲ့ အချိန်ပါ။ အထူးသဖြင့် မြို့နေအလုပ်သမား တွေရဲ့ ဘဝဟာ ရင်နင့်စရာ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင် တိုးနေရပါပြီ။

အဲဒီလို လူထုရဲ့ အထွေထွေ အကျပ်အတည်းကြားမှာပဲ ၁၉၇၄ ခုနှစ် မတ်လထဲမှာ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် RASU (ယခု ရန်ကုန်တက္ကသိုလ်) အနီးမှာ ရှိတဲ့ ကမာရွတ်ရဲစခန်း မီးရှို့မှု ပေါ်ပေါက်လာခဲ့ပါတယ်။

အဖြစ်အပျက်ကတော့ အဆောင်နေ ကျောင်းသားတဦးကို ခါးပိုက်နှိုက်နဲ့ မှားပြီး ရဲက ဖမ်းလိုက်တာက စတာပါ။ ကမာရွတ် ရဲစခန်းမှာ ရဲတွေက အဲဒီကျောင်းသားကို ရိုက်နှက်စစ်ဆေးကြတယ်။ ဒါကို ကျောင်းသားထုကြီးက မခံမရပ်နိုင်ဖြစ်ပြီး ကမာ ရွတ်ရဲစခန်းကို ဝိုင်း၊ ရိုက်နှက် စစ်ဆေးတဲ့ ရဲတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆို ဆန္ဒပြကြပါတယ်။

စခန်းမှူးနဲ့ အာဏာပိုင်တွေဘက်က အရေးယူဆောင်ရွက်ပေးမှု မရှိတဲ့အပြင် ကျောင်းသားတွေအပေါ် မချေမငံ ဆက်ဆံတဲ့ အတွက် ကျောင်းသားထုကြီးက ကမာရွတ်ရဲစခန်းကို မီးရှို့ ဖျက်ဆီးပစ်လိုက်ကြပါတော့တယ်။

ကမာရွတ်ရဲစခန်း မီးရှို့မှု ဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး၊ ၁၉၇၄ ခုနှစ် မေလနဲ့ ဇွန်လတွေ အတွင်းမှာ တနိုင်ငံလုံးအတိုင်း အတာနဲ့ အလုပ်သမားတွေရဲ့ အုံကြွမှုကြီးတွေ ဆက်တိုက် ပေါ်ပေါက်လာပါတော့တယ်။

အစောဆုံး ပေါ်ထွက်လာတဲ့ အလုပ်သမားထု ဆန္ဒပြပွဲတွေကတော့ ၁၉၇၄ ခုနှစ် မတ်လ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံ၊ ဧပြီလ မန္တလေးမြို့က အစိုးရပိုင် သစ်စက်တွေမှာ ဖြစ်ပါတယ်။

မေလထဲ ရောက်တော့ ၁၃ ရက်နေ့ မြစ်ငယ် မီးရထားတွဲပြင်စက်ရုံနဲ့ ရွာသစ်ကြီး ချည်မျှင်နဲ့အထည်စက်ရုံ၊ မေလ ၁၇ ရက် မိတ္ထီလာ ဆည်မြောင်းဦးစီးဌာန စက်မှုလုပ်ငန်း၊ မေလ ၁၈ ရက် မန္တလေး ကုန်းလမ်း ပို့ဆောင်ရေးကုန်စည်ဌာနခွဲ အဲဒီ နေရာ အသီးသီးမှာ အလုပ်သမားသပိတ်တွေ ဆက်တိုက် ပေါ်ထွက်လာပါတယ်။

၁၉၇၄ ခုနှစ် ဇွန်လထဲမှာ မြစ်ငယ် မီးရထားစက်ခေါင်းရုံက စလိုက်တဲ့ အလုပ်သမားသပိတ်ဟာ တနိုင်ငံလုံးကို ပျံ့နှံ့ကူးစက် သွားပြီး နိုင်ငံလုံးဆိုင်ရာ အထွေထွေအလုပ်သမားသပိတ်ကြီးအဖြစ် ရောက်ရှိသွားခဲ့ပါတယ်။

မန္တလေး၊ မြစ်ငယ် အစ ချောက်၊ ရေနံချောင်း၊ စစ်ကိုင်း အလယ် ရန်ကုန်၊ သံလျင် အဆုံး တပြည်လုံးက စက်ရုံ အလုပ်ရုံ ပေါင်း ၁၂၈ ခု သပိတ်မှောက် ဆန္ဒပြခဲ့ကြတဲ့ တိုက်ပွဲပါပဲ။

ဇွန်လ ၆ ရက် ရန်ကုန် အလုပ်သမားတိုက်ပွဲမှာ အလုပ်သမားတွေဘက်က အလုပ်သမားထုနဲ့ ပြည်သူတရပ်လုံးအတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန် လုံလောက်စွာရရှိရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ နေစရာ အိမ်ခန်းရရှိရေး၊ လစာ တိုးမြှင့်ရေး စတဲ့ အလုပ်သမားအခွင့်အရေးတွေကိုပဲ တရားဝင် တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။

အလုပ်သမားတွေဟာ မဆလ စစ်တပ်ဆီက အာဏာကို လုနေတာ မဟုတ်ဘူး ဆိုတဲ့ အချက်ကို အလုပ်သမားခေါင်းဆောင် တွေက အစိုးရကို ရှင်းပြခဲ့ကြတယ်။

ဒါပေမဲ့ မဆလ စစ်အုပ်စုက အလုပ်သမားသပိတ်ကြီးကို လက်နက်နဲ့အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ ရန်ကုန်မြို့ သမိုင်းချည်မျှင် နဲ့ အထည်စက်ရုံက အလုပ်သမားတွေ၊ ဆင်မလိုက်သင်္ဘောကျင်းက အလုပ်သမားတွေ အများအပြား သေကြေဒဏ်ရာရခဲ့ ကြပါတယ်။

ဒီတိုက်ပွဲမှာ အလုပ်သမားခေါင်းဆောင် ၁၄၇ ဦး ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ အပြစ်ပေးခံခဲ့ရပါ တယ်။ အလုပ်သမား တော်တော်များများလည်း အလုတ်ဖြုတ်ခံကြရပါတယ်။

မဆလ အစိုးရဟာ အလုပ်သမားသပိတ်ကို ကွန်မန်ဒိုတပ်တွေ သုံးပြီး နှိမ်နင်းခဲ့တာပါ။ စားစရာ ဆန် တောင်းနေတဲ့ အလုပ် သမားတွေကို စစ်တပ်က ကဲ ဟေ့ မင်းတို့ ဆန်တော့ မရဘူး၊ ကျည်ဆံပဲရမယ် ဆိုပြီး ပစ်ခတ် ချေမှုန်း၊ ဘက်နက် လှံစွပ်နဲ့ အတင်း တက်ထိုးခဲ့တဲ့ ဖြစ်ရပ်ပါ။

ဇွန်လ ၆ ရက်၊ ဇွန်လ ၇ ရက် အလုပ်သမားသပိတ်ကို ပစ်ခတ် ဖြိုခွဲနေတဲ့ မောင်းပြန် သေနတ်သံတွေ၊ ပေါက်ကွဲသံတွေကို တက္ကသိုလ်နယ်မြေထဲကလည်း အတိုင်းသား ကြားနေခဲ့ရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံနေရတဲ့ အလုပ်သမားတွေထဲမှာ ကျောင်းသား မိဘတချို့လည်း ပါပါတယ်။

အလုပ်သမားတွေ ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေပါပဲ။ ပြည်သူရဲ့ဒုက္ခကို ဘယ်တုန်းကမှ မျက်ကွယ်ပြုရိုး ထုံးစံ မရှိတဲ့ ကျောင်းသားတွေဟာ သွေးမြေအကျခံပြီး တိုက်ပွဲဝင်နေတဲ့ အလုပ်သမားတွေကို ကူညီဖို့ ခွပ်ဒေါင်းအလံကို လွှင့်ထူ လိုက်ကြပါတယ်။

တက္ကသိုလ် ကျောင်းသားတွေ လမ်းမပေါ်ထွက်လာပြီး မဆလ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ တခဲနက် ကြွေးကြော်လိုက်ကြပါပြီ။

မဆလ အစိုးရဟာ အလုပ်သမားတိုက်ပွဲထဲကို ကျောင်းသားတွေ ပူးပေါင်းပါဝင်လာပြီ ဆိုတာနဲ့ ချက်ချင်း ဆိုသလို တက္ကသိုလ် ကောလိပ်တွေကို ရက်အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီး အဆောင်နေကျောင်းသားတွေကို အမိန့်နဲ့ တက္ကသိုလ် နယ်မြေထဲကနေ ထွက်ခွာခိုင်းပါတော့တယ်။

အလုပ်သမား တိုက်ပွဲတွေကတော့ ချက်ချင်းသွေးအေးမသွားဘဲ ဇွန်လ ၁၀ ရက် အမှတ် ၃ သစ်စက်၊ ဇူလိုင် ၁ ရက် ကြို့ ကုန်း ဘီပီအိုင်စက်ရုံတို့မှာ ဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။

၁၉၇၄ ဇွန်လ ၆ ရက် အလုပ်သမားလှုပ်ရှားမှုတိုက်ပွဲ ချေမှုန်းခံခဲ့ရပေမယ့် အလုပ်သမားထုနဲ့ ပြည်သူတရပ်လုံးရဲ့ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေကတော့ ကြံ့ကြံ့ခံနေဆဲပါပဲ။ ။

ကိုအောင်ဝေး

လမင်းခင် ဘလော့မှ ...

ဇွန်၃ဒိုင်ယာရီ

အမေကြိုင်ဘုန်း မိုးသို့ချူန်း
Wednesday, 03 June 2009 19:29 ဟန်လေး
Photobucket
" အမေကြိုင်ဘုန်း မိုးသို့ချုန်း
ပေါင်ကပွေးပုန်း ထကာပြုံး
ပြုံးပါသော်ငြား ယားတာတအား
ယားပါသော်လည်း မကုတ်ရဲ
သကြားမကြိုက် ဖြိုချလိုက်
(သူတို့အားလုံး) ငရဲကိုစိုက် "


ဓနုတ်သတင်း မပြောရ၊ ထောင်ဒဏ် ၃ နှစ်
Wednesday, 03 June 2009 19:41 ကြည်ဝေ
ရန်ကုန်တိုင်း ဒလမြို့နယ်မှ ဓနုတ်ဘုရားကြီး ပြိုကျခြင်းနှင့် ပတ်သက်သည့် မည်သည့် သတင်းစကားမျှ မပြောဆိုရ ဟု ဒေသခံများကို သက်ဆိုင်ရာက ပိတ်ပင် တားမြစ် ထားကြောင်း သိရှိရသည်။
ဒလမြို့နှင့် တွံတေးမြို့နယ်များတွင် နေထိုင်သူများအား ပြည်တွင်း ဂျာနယ်များနှင့် တခြား မီဒီယာအသီးသီးမှ သတင်း မေးမြန်းခြင်းပြုလုပ်ခဲ့သော် ပြန်လည် ဖြေကြားခြင်းမပြုရ၊ တခြား အနယ်နယ် အရပ်ရပ်မှ ဖုန်းဖြင့် မေးမြန်းလျှင်လည်း ပြန်လည် ဖြေကြားခြင်းမပြုရ၊ ထိုဘုရားပြိုကျခြင်း အကြောင်းကို အချင်းချင်း ပြောဆိုခြင်း မပြုရ။ ပြုလုပ်သည်ကို တွေ့ရှိပါက ထောင်ဒဏ် ၃ နှစ် ကျခံရမည်ဟု ပိတ်ပင်ထားကြောင်း ဒလမြို့ခံများထံမှ သိရှိရသည်။
“ရယက ရုံးတွေမှာ စာ ကပ်ထားတယ်၊ ဒါတောင် လူတွေက သူများကို မပြောရရင်တောင် ကိုယ့်အချင်းချင်း ကြိတ်ပြောကြတာပဲ၊ ဖြစ်သွားတာလည်း အံ့သြစရာ၊ ကြောက်စရာကြီး” ဟု ဒလမြို့ခံတဦးက ပြောဆိုသည်။
အဆိုပါ ဓနုတ်ဘုရားကြီး ပြိုကျခြင်းမှာ အံ့အားသင့်စရာဖြစ်ပြီး ပြိုကျပုံမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းသောကြောင့် လူအများ စိတ်ဝင်စားနေကြသည်။
ထိုဘုရားကြီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၎င်း၏ ဇနီး၊ သားသမီး တစုက ရန်သူကို အောင်ပွဲခံနိုင်ရန်ဟူ၍ အတိတ်နိမိတ် ကောက်ယူပြီး ထီးလာတင်ခြင်းကြောင့် ယခုကဲ့သို့ ပြိုပျက်ရကြောင်း၊ ထို့ပြင် ယနေ့ထိတိုင် သေဆုံးသူ အများအပြားရှိနေပြီး သေဆုံးသူ စာရင်းကို အတည်ပြုရန် ခက်ခဲနေကြောင်း ဒေသခံများက ပြောဆို နေကြသည်။
အဆိုပါ ဓနုတ်ဘုရားကြီးမှာ မွန်ဘုရင်တပါးက တည်ထားခဲ့သော ရှေးဟောင်း ဘုရားဖြစ်ကြောင်း သိရှိရသည်။ ထိုဘုရား၏ မူရင်းအမည်မှာ ဓားနှုတ် ဘုရားဖြစ်ပြီး အဓိပ္ပာယ်မှာ ရှင်ဘုရင်များက ရန်သူကို အောင်နိုင် ပြီးသည့် အခါ ထိုနေရာတွင် ရန်သူ့ကို ဒါးဖြင့် စီရင်ပြီး ဒါးကို ပြန်နှုတ်သည့် နေရာ၊ အောင်ပွဲခံသည့် နေရာဖြစ်သည့်အတွက် ဓားနှုတ်ဘုရားဟု ခေါ်စေခဲ့ကြောင်း သိရသည်။
ဓားနှုတ်ဘုရားကို အလွယ်တကူ ဓာနှုတ် ဘုရားဟု ခေါ်ဆိုကြရာမှ ယခုအခါ ဓနုတ် ဘုရားဟု အဆင့်ဆင့်ခေါ်ဆိုပုံ ရွေ့လျားပြောင်းလဲ လာခဲ့ခြင်းဖြစ်ကြောင်း ထိုဘုရားသမိုင်းကို သိရှိသူ ဒလမြို့တွင် သီတင်းသုံးနေသည့် သံဃာတော်ကြီး တပါးက မိန့်သည်။
“မွန်ဘုရင်တွေတည်ခဲ့တဲ့ တန်ခိုးကြီးဘုရားပါပဲ၊ ခုလို ပြိုပျက်တာကတော့ မကောင်းဘူးပေါ့၊ ဘုန်းဘုန်း အနေနဲ့
ဘုရားပြိုကျတယ်ဆိုတာ မကြားဖူးခဲ့ဘူး၊ ခုမှပင် မြင်ရ ကြားရတယ်၊ လူတွေလည်း အများကြီး သေရတယ်၊ စိတ်မကောင်းဘူး” ဟု အဆိုပါ သံဃာတော်ကြီးက မိန့်သည်။
ဓနုတ်ကျေးရွာသို့ ရန်ကုန်တဘက်ကမ်း ဒလမြို့မှ ကားဖြင့် မိနစ် ၄၀ ခန့်အကြာ သွားရသည်။ အဆိုပါ ဓနုတ် ဘုရားကြီးမှာ နာဂစ်မုန်တိုင်းကြောင့် ထီးတော် ကျိုးပျက်ခဲ့၍ စောင်းတန်းများလည်း ပျက်စီးခဲ့သော ဘုရားစေတီဖြစ်ကြောင်း၊ နာဂစ်မုန်တိုင်း နောက်ပိုင်း ပြန်လည်ပြင်ဆင်ရန် အလှူငွေ ကောက်ခံမှုများ ပြုလုပ်ခဲ့သည်ကို ကြားသိခဲ့ရပြီး ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရှိရသည်။
ထိုဘုရားမှာ တန်ခိုးကြီးကြောင်း၊ ဘုရားဝန်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဇရပ်မှာလည်း အဓိဌာန်နှင့် ဆောက်လုပ်ခဲ့ကြသည်ဟု ကြားခဲ့ဖူးကြောင်း၊ မေလ ၇ ရက်နေ့က စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏ ဇနီးနှင့်သားသမီးများ ထီးတော် တင်ရာတွင်လည်း အဆင်မပြေ ဖြစ်ခဲ့သေးသည်ဟု ကြားသိခဲ့ရသေးကြောင်း၊ ထို့နောက် အနီးပတ်ဝန်းကျင်ရွာမှ လူများကို လာရောက်လုပ်အား ပေးရန် စေခိုင်းခဲ့ကြောင်း၊ ယခုကဲ့သို့ ဘုရားပြိုပျက်သွားခြင်းမှာ စစ်ဗိုလ်ချုပ်များ လာရောက် ထီးတင်ခြင်းကြောင့် ဖြစ်သည်ဟု အများက ပြောနေကြကြောင်း ဓနုတ်ကျေးရွာတွင်နေထိုင်သူ တဦးက ပြောပြသည်။
“ခုတော့ အဲဒီ ဘုရားအကြောင်းလဲ မပြောရဘူး၊ ဘုရားပြိုရာမှာ လူဘယ်နှယောက် ပါသွားတယ် ဆိုတာလည်း မပြောရဘူးတဲ့။ ကိုယ့်အိမ်က လူပါရင်တောင် လုံးဝမပြောရဘူးလို့ တားမြစ်ထားတယ်။ ပြောတဲ့သူကို ထောင် ၃ နှစ်ချမယ်လို့လည်း ပြောတာပဲ” ဟု သူက ဆိုသည်။
၎င်းဒေသတွင် ယခုအခါ ပရိတ်ရေများကို တမြို့နယ်လုံး ကားဖြင့် လိုက်လံ ပက်ဖြန်းခြင်း၊ ထိုဒေသများအတွင်း ပရိတ်ရွတ်စေခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သူက ဆက်ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်း အချိန်မှီမလုပ်သဖြင့် လူသေဆုံးမှုများခြင်းဖြစ်သည်ဟု ဒေသခံများပြောဆို
Tuesday, 02 June 2009 00:00 ဉာဏ်မောင်
ဓနုတ်စေတီတော်ပြိုကျရာတွင် အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မှီမလုပ်ဆောင်သဖြင့် မသေသင့်ဘဲ သေဆုံးရပြီး ဒေသခံများအကြားတွင်လည်း သတင်းမျိုးစုံ ပျံ့နှံ့နေလျှက်ရှိသည်။
စေတီတော်ပြိုကျပြီးနောက် အာဏာပိုင်များက ပြိုကျပျက်စီးသွားသည်များကို ချက်ချင်း ရှင်းလင်းခြင်းမရှိဘဲ ပြန်လည် တူးဖော်ရေးလုပ်ငန်းများကို ယနေ့မှ စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံတဦးက ပြောသည်။
“ဖြစ်ပြီးကတည်းက ရင်ပြင်တော်ပေါ်မှာ အပျက်စီးတွေကို ဖယ်ရှားတာမလုပ်ဘဲ ရပ်ကြည့်နေတာ၊ လာကြည့်တဲ့သူတွေကို ပြန်ခိုင်းတယ်၊ ည (၈) နာရီကျော်လောက်မှာ မီးသတ်ကားတွေ ကရိန်းကားတွေ ရောက်လာပေမဲ့ ဘာမှ ဆက်မလုပ်သေးဘဲနဲ့ ဒီတိုင်းကြည့်နေတယ်၊ ကျနော်တို့သွားတဲ့အချိန်မှာ မြေပိတဲ့အထဲက တယောက်က ရေပေးပါဆိုပြီး အော်တာ၊ အာဏာပိုင်တွေက ဘာမှမလုပ်ပေးဘူး၊ ဆွဲထုတ်လို့ရရဲ့သားနဲ့ မထုတ်ဖူး” ဟု ပြောသည်။
စေတီပြိုကျချိန်တွင် စေတီပေါ်တွင် ပန်းရံအလုပ်သမား ၈၀ ခန့်ရှိပြီး အောက်ဘက်တွင်လည်း လုပ်အားပေးလုပ်ကိုင်နေသူ ရာနှင့်ချီရှိနေကာ ယခုချိန်ထိ ပန်းရံအဖွဲ့သေဆုံးမှုစာရင်းကို မသိရသေးကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ မြင်တွေ့နေရတာနဲ့ ရေတပ်က စစ်သားတယောက်ပြောတာရောဆို လောလောဆယ်သေတာ ၃၀ ကျော် လောက်ရှိတယ်၊ ပန်းရံအဖွဲ့တခုလုံးလဲ ပျောက်နေတယ်၊ သူတို့က ဒဏ်ရာရတဲ့သူတွေကို ဆေးရုံတွေ ခွဲပြီး ပို့ထားတယ်” ဟု ပြောသည်။
ယခုလက်ရှိ ဒလဆေးရုံတွင် ရေတပ်မှ ဒဏ်ရာရသူများကိုသာ ထားရှိပြီး ကျန်လူနာများကို ပျော်ဘွယ်နှင့် ရန်ကုန်ဆေးရုံကြီးများသို့ ပို့ဆောင်ထားသည်ဟု ပြောသည်။
“ကျနော်တို့ ဒလဆေးရုံမှာ ဘာမှမရှိဘူး၊ ဖြစ်တဲ့နေ့က သေတာ တယောက်ပဲ ရောက်ပါတယ်၊ ကျန်တဲ့သူအားလုံးကို ရန်ကုန်ဆေးရုံကို တက်တဲ့နေ့ကပဲ လွှဲလိုက်တာ” ဟု ဆေးရုံဝန်ထမ်းတဦးက ပြောသည်။
စေတီပြန်လည်တူးဖော်ရေးအတွက် ပျော်ဘွယ်ရဲစခန်းက လုံခြုံရေးတာဝန်ယူပေးထားရပြီး ဒလမြို့နယ် (မယက)က တိုက်ရိုက စီမံနေသည်ဟု နယ်မြေခံ ရဲစခန်းတာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။
“စေတီမှာ ကျနော်တို့စခန်းက အထိုင်တဖွဲ့ ထားတယ်၊ အင်းအားက ၁၀ ယောက်ပါ၊ ဒလစခန်းက မြို့နယ်မှူးလဲ အဲဒီမှာပဲ၊ ပြန်တူးဖော်တာကတော့ ဒီနေ့ သေတာ တယောက်ရတယ်၊ တခြားတော့ ဘာမှမကြားရသေးဘူး” ဟု ပြောသည်။
ယခုကဲ့သို့ စေတီပြိုကျရခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများက ဘုရားထီးတင်ရာတွင် သီလသမာဓိရှိသူများ၊ ပင်ကိုယ်စိတ် ဘာသာရေးကိုင်းရှိုင်းသူများသာ ပြုလုပ်ရသည့် အလုပ်မျိုးကို အမျိုးသမီးက ဦးဆောင်လုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ထင်မြင်ပြောဆိုနေကြကြောင်း မြို့ခံတဦးက ပြောသည်။
စေတီပြိုကျမှုကို မျက်မြင်တဦးက “စနေနေ့ ညနေ (၆) နာရီခွဲလောက်မှာ ထူးထူးခြားခြား စေတီရဲ့ထီးတော်တည့်တည့် ကောင်းကင်မှာ မူလလက်ဟောင်းစေတီပုံ ပေါ်လာတယ်၊ အဲဒီမှာ ထီးမပါဘူး၊ ရွာသားတွေရော၊ ရေတပ်၊ လုပ်အားပေးအဖွဲ့တွေအားလုံး ဖူးလိုက်ရတယ်၊ နေ့လည် (၂) နာရီခွဲလောက်မှာ ထီးတော်က ချိုင့်ဝင်သွားပြီး မီးခိုးတန်းလိုထွက်ပြီးမှ ပြိုတာ၊ (၃) နာရီမှာ ငှက်ပျောဖူးထပ် ပြိုတာ၊ (၃) နာရီ (၁၅) နဲ့ မိနစ် (၂၀) လောက်မှာ ကျန်တဲ့အပိုင်းတွေ အားလုံးပြိုသွားတာ” ဟု ပြောသည်။
ဓနုတ်ရှေးဟောင်းစေတီကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ဝန်းကျင်က ဆရာတော် ဦးစန္ဒိမာနှင့် ဒေသခံရွာသားများက မွန်းမံပြင်ဆင်ကိုးကွယ်ခဲ့ပြီး ၂၀၀၆ ခုတွင် စစ်အစိုးရက ထပ်မံပြုပြင်ပြီး ယခုနှစ် မေလ (၇) ရက်နေ့တွင် ဒေါ်ကြိုင်ကြိုင်က ဦးဆောင်ကာ ထီးတော်တင်လှူခဲ့၍ ရက်ပေါင်း ၂၃ ရက်အကြာတွင် ယခုကဲ့သို့ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။

ယက်တောနှင့် ဆက်စပ်မှုမရှိဟု FDB ငြင်းဆို (ဒေါက်တာနိုင်အောင်နှင့် အင်တာဗျူး)
မေကျော်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 03 2009 18:10 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သူ မစ္စတာ ဂျွန် ဝီလျံ ယက်တောနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု - FDB သည် ဆက်စပ်ပတ်သက်မှု မရှိကြောင်း အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောဆိုသည်။
အတိုက်အခံများကို ထိုးနှက်အပုတ်ချလေ့ရှိသော စစ်အစိုး၏ အင်တာနက် ဝဘ်ဆိုဒ်တခုဖြစ်သော သာကီနွယ်တွင် FDB နှင့် မစ္စတာယက်တော တွေ့ဆုံနေသည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြ စွပ်စွဲချက်အပေါ် သူက တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါ ဓာတ်ပုံမှာ FDB က လစဉ်ထုတ်ဝေသော အီလက်ထရောနစ် ဖိုရမ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဓာတ်ပုံကို ရယူကာ ထင်ယောင်ထင်မှား ပြုလုပ်ထားခြင်းသာဖြစ်ကြောင်းနှင့် ဓာတ်ပုံတွင် ပါရှိသူမှာလည်း သြစတြေးလျား နိုင်ငံသား သတင်းစာဆရာ မစ္စတာ ဖီးလ် သောတန် (Phil Thorton) ဖြစ်ပြီး ဂျွန် ဝီလျံ ယက်တော မဟုတ်ကြောင်း သူက ပြောဆိုသည်။
ဤကိစ္စနှင့်ပတ်သက်ပြီး မဇ္ဈိမသတင်းထောက် မေကျော်က ဒေါက်တာနိုင်အောင်ထံ ဆက်သွယ်မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။
သာကီနွယ် ဝဘ်ဆိုဒ်မှာ ဂျွန်ယက်တောက FDB ကို ရောက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒါ မှန်ပါသလား။
သာကီနွယ် ဝဘ်ဆိုဒ် ဆိုတာတော့ နအဖဘက်က သတင်းတွေ တင်ပြတာတို့၊ ထောက်ခံရေးသားတာတို့ကြောင့် နအဖ ဘက်ကလို့ ပြောရမှာပေါ့နော်။ ဟုတ်တယ်၊ မဟုတ်ဘူး မသိပါဘူး။ ပြောချင်တာကတော့ အဲဒီပုံကို ကြည့်ခြင်းအားဖြင့်တော့ နအဖ ဘက်ကနေပြီးတော့မှ ကျနော်တို့တွေကို အကြောင်းအမျိုးမျိုးနဲ့ သတင်းတွေကို ပုံဖျက်ပြီး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတာ ပိုပြီး သိသာလာပါတယ်။
သာကီနွယ်မှာက ဂျွန် ဝီလျံ ယက်တောဟာ FDB ကို ရောက်ခဲ့ပါတယ်ဆိုပြီး ဓာတ်ပုံနဲ့ တင်ထားတာပါ။ သူတို့က အဲဒီ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ယက်တောလို့ ပြောထားပါတယ်။
အမှန်မှာက အဲဒီဟာက ယက်တောလည်း မဟုတ်ဘူး။ တော်တော်များများ သင်တန်းတွေ လုပ်ပေးနေတဲ့ သြစတြေးလျား နိုင်ငံသား သတင်းစာဆရာ မစ္စတာ ဖီးလ် သောတန် (Phil Thorton) ပါ။ အဲဒါကလည်း FDB ရုံးမှာ မဟုတ်ပါဘူး။ ကျနော်တို့ AAPP (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ) ရုံးမှာပဲ မီဒီယာ Strategy (မီဒီယာ မဟာဗျူဟာ)နဲ့ ပတ်သက်တဲ့ သင်တန်းတခု လုပ်တာပါ။
အခု ယက်တောဟာ၊ လက်ရှိ တရားရင်ဆိုင်နေရတဲ့ အချိန်မှာ ဂျွန်ဝီလျံယက်တောဟာ နယ်စပ်က အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် ရှိတယ်။ ဒါမှ မဟုတ် စီအိုင်အေ ဖြစ်တယ်ဆိုပြီး အမှုကို မကြီးကြီးအောင် လုပ်နေတယ်။ ချဲ့ထွင်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။
နောက် ကျနော်တို့တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ကျနော်တို့ကပဲ ခိုင်းသလိုလိုနဲ့ ပြောနေတဲ့ ကိစ္စနဲု့ ပတ်သက်ပြီးတော့ အများရဲ့ အမြင်မှာ ထင်ယောင်ထင်မှား ဖြစ်အောင်။ ယက်တောရဲ့ ရှေ့နေပြောတဲ့ အထဲမှာလည်း အားလုံး အကုန်သိထားပြီးပြီလို့ ထင်ပါတယ်။
နအဖ ဘက်ကနေပြီးတော့မှ ကျနော်တို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းမှာပဲ ဖောက်ခွဲရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲတယ်။ အခုလည်း ယက်တောနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲတယ်ဆိုတော့ သူတို့က ကျနော်တို့ကို ပုံဖျက်တဲ့ သတင်းတွေ ပြည်သူလူထုကြားမှာ ထင်ယောင်ထင်မှား ဖြစ်အောင်၊ နိုင်ငံတကာမှာ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာမျိုးလို့ ကျနော်တို့ ပြောချင်ပါတယ်။
ဒေါက်တာ နိုင်အောင် ဆိုလိုတာက ဒီဓာတ်ပုံထဲက ပုဂ္ဂိုလ်က မစ္စတာယက်တော မဟုတ်ဘူး၊ တခြားတယောက်လို့ ပြောတာလား။ ဒါမှမဟုတ် ဓာတ်ပုံက မှားနေတာလို့ ပြောတာလား။
ယက်တော မဟုတ်ပါဘူး။ ဓာတ်ပုံက ကျနော်တို့ ဓာတ်ပုံအစစ်ပါ။ ဓာတ်ပုံကို မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု ဝက်ဘ်ဆိုက် www.democraticforumburma.org မှာရှိတဲ့ ဖိုရမ် ဂျာနယ်အတွဲ ၁၊ အမှတ် ၁၊ ၂ဝဝ၉ ခုနှစ် ဧပြီလထုတ်မှာ တင်ထားတဲ့ ဓာတ်ပုံပါ။ ကျနော်တို့ သတင်းထုတ်ပြန်တဲ့ အထဲမှာလည်း ပါပြီးသားပါ။ အဲဒါက သူ (ယက်တော) မဟုတ်ဘူးခင်ဗျ။
အဲဒီ ဓာတ်ပုံကို သာကီနွယ်က ဘယ်လိုရသွားတာလဲ။
လစဉ်စာစောင်ပေါ့။ ကျနော်တို့က အီလက်ထရောနစ် မဂ္ဂဇင်း ထုတ်တယ်။ အဲဒီ အီလက်ထရောနစ် ဖိုရမ် မဂ္ဂဇင်းထဲမှာ ကျနော်တို့ရဲ့ လှုပ်ရှားမှုအနေနဲ့ အဲဒီ ဓာတ်ပုံနဲ့ သတင်းဆောင်းပါးတွဲ ထည့်ထားတာ။ အဲဒါကို ခိုးယူပြီး သတင်းအမှား ဖန်တီးတာပါ။

NEJ / ၃ ဇွန် ၂၀၀၉

ဓနုတ်စေတီတော်ကြီးပြိုကျစဉ်က အသက်မသေဘဲ ကျန်ခဲ့သည့် ဒလအခြေစိုက် အမှတ် (၃၆) ရေယာဉ်အုပ်စု တပ်မတော်(ရေ) မှ တပ်သားများကို စေတီတော်ပရ၀ဏ်အတွင်းမှအပ မည်သည့်နေရာကိုမှ သွားခွင့်မပေးကြောင်း အသက်ဘေးမှ လွတ်မြောက်လာသူ တပ်သားတဦးက ပြောသည်။
စေတီပြိုကျသည့်နေ့တွင် အဆိုပါ ရေယာဉ်အုပ်စုမှ တပ်သား (၅၀) ကျော် လုပ်အားပေးနေကြပြီး အများစုမှာ အထက်ပစ္စယံရှိ ၀ါးငြမ်းပေါ်တွင် ရှိနေကြကြောင်း ၎င်းက ပြောသည်။
“စဖြစ်တော့ ကျနော်နဲ့ ကျနော့်သူငယ်ချင်း (၅) ယောက်က အပေါ်ပိုင်း စိန်ဖူးတော်နားမှာ ရှိနေကြတယ်၊ ရွှေပြားကပ်မှာမို့လို့ အချောကိုင်နေတဲ့နေရာမှာ ဘုရားကြီးအတွက် ကူလုပ်ပေးနေတာပါ၊ လက်ပတ်နာရီမပါ လာတဲ့အတွက် ဘယ်အချိန်ဆိုတာ တိတိကျကျမပြောတတ်ပေမယ့် ညနေစောင်းနေပြီ။ (၃) နာရီ မထိုးခင်လောက် ဖြစ်မယ်ဗျ၊ ဘုရားက သိမ့်ကနဲလှုပ်ရမ်းသွားတယ်။ စိန်ဖူးတော်လျှောပြီး ပြုတ်ကျလာတယ်၊ ၀ါးငြမ်းတွေ ပြိုကျလာတယ်၊ ဘုရား စပြီးတော့ပြိုတာ အလယ်ပစ္စယံက ပြိုတယ်လို့ ကျနော် မှတ်ယူလိုက်တယ်၊ ဘာလို့လဲဆိုတော့ အောက်ကို နိမ့်ဆင်းပြီးတော့ လျှောကျသွားတာကိုး၊ အပေါ်ပိုင်းက စပြိုတာ မဟုတ်ဘူး၊ ဒါနဲ့  ကျနော်တို့လည်း ဥာဏ်မီသလောက် ၀ါးငြမ်းတွေကို ချောတိုင် ကိုင်သလိုကိုင်ပြီး အလိုက်သင့် လျှောဆင်းပါလာခဲ့တာ၊ ကံတော်တော် ကောင်းတယ်၊ မှဲ့တပေါက်တောင်မစွန်းဘူးဗျာ၊ အပေါ်ပိုင်းမှာရှိနေသူတွေက အခြေအနေ မဆိုးကြဘူး၊ အလယ်ပစ္စယံမှာ ရှိနေသူတွေ ဆိုးတာ” ဟု ၎င်းက ရှင်းပြသည်။
၎င်းတို့အား ဘုရားစေတီတော် အ၀င်ဝ မုဒ်ဦးထိ ထွက်ခွင့်မပေးဘဲ ဘုရားကို ကာရံထားသော အုတ်တံတိုင်းပတ်လည် အနီးတွင်သာ နအဖတာဝန်ရှိသူများက သွားလာခွင့် ပေးထားကြောင်း သိရသည်။
“ကျနော်တို့ဘ၀မှာ ဒီလိုအဖြစ်ကို မကြုံဖူးတော့ ထိတ်လန့်မိတယ်၊ အိမ်ကို ပြန်ချင်တယ်၊ ဒါပေမယ့် ပေးမပြန်သေး တာ” ဟု ကိုယ်တွေ့ကြုံခဲ့ရသည့် အဆိုပါ တပ်သားက ပြောသည်။
ဧရာဝတီရေတပ်စခန်းဌာနချုပ်က လုပ်အားပေးတွင် ပါဝင်ခဲ့သော အခြားတပ်သားများကို မိခင်တပ်ရင်းများသို့  နေ့တွင်းချင်း ပို့ပေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့ကျတော့ ပြန်ခွင့်မပေးဘူး ဆိုတာ သတင်းတွေကို လာမေးကြမှာစိုးလို့  ဖြစ်နိုင်ပါတယ်၊ လူမှုရေးအရ လူအချင်းချင်း သေကံမရောက် သက်မပျောက်ခဲ့တဲ့ အဖြစ်ကို လူတိုင်းက သိချင်ကြမှာပဲ၊ လူတွေက လာမေးကြ တယ်၊ ကျနော်တို့ကလည်း ပြောပြတယ်လေ၊ ဒါ့ကြောင့် ပေးမလွှတ်တာ ဖြစ်နိုင်ပါတယ်” ဟု အသက်ဘေးမှ လွတ်ခဲ့သူ ရေတပ်သားက ပြောသည်။
ထိုသို့ အပြင်ကိုမထွက်ကြရန် တားမြစ်ခံထားရသော ရေတပ်သားမှာ (၁၀) ဦးထက် မနည်းကြောင်း၊ တယောက် ယောက်နှင့် စကားပြောနေသည်ကိုတွေ့ပါကလည်း ချက်ချင်းလက်ရိပ်ပြ၍ တားမြစ်ကြောင်း ၎င်းတို့က ပြောသည်။

တန်ခိုးကြီးဘုရားစေတီ များ ပြိုကျမှုကြောင့် ရာဇ၀င်မှာ ဘယ်လိုအပြောင်းအလဲ တွေဖြစ်ခဲ့သလဲ
June 2, 2009 · ၂ ဇွန် ရန်ကုန် (ဆောင်းပါး)
ကလန်သံဗျင်
မေလ ၃၀ ရက်နေ့ မှာ ဒလမြို့နယ်ဓနုတ် ကျေးရွာစုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်လောက်ကတည်းက တည်ထားခဲ့တဲ့ ဓနုတ် စေတီတော်ကြီး ပြိုကျပျက်စီးခဲ့ပါတယ်။ဓနုတ် စေတီတော်ရဲ့  သမိုင်း တစ်လျှောက်မှာ ဒီတစ်ခါ ပြိုကျပျက်စီးမှုဟာ အကြီးမားဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တယ် လို့ စေတီ တော် အနီးက ကျေးရွာတွေ မှာနေကြတဲ့ ရှေးမှီ နောက်မှီ လူကြီးတွေ က ပြောပြပါတယ်။
စေတီတော် ဟာလွတ်လပ်ရေးရပြီးကတည်းက ဆယ်ကြိမ်ထက် မနည်းပြိုကျခဲ့ပေမယ့် အခုတစ်ခါ ပြိုကျမှု လောက် လူအသေအပျောက်မများပါဘူး၊အင်္ဂါနေ့ မနက်ထိ ဘုရားပရ၀ုဏ်အပျက်အစီးတွေကြားကနေ သေဆုံးနေသူ တွေ ခုနှစ်ယောက် လောက် ထပ်တွေ့ တယ်ဆိုတာကြောင့် သေဆုံး သူ အယောက် နှစ်ဆယ်လောက် အနည်းဆုံးရှိ မယ် လို့ ခန့် မှန်းလို့ ရပါတယ်။
ဓနုတ်စေတီတော် ပြိုကျတဲ့ သတင်းကို ကလန်သံဗျင်တို့ ပြည်တွင်းက သတင်းဂျာနယ်တွေ မှာ လုံးဝဖေါ်ပြခွင့်မရှိပါဘူး ဒါကြောင့် စာမျက်နှာတွေ အပိုင်စားရထားတဲ့ ကလန်သံဗျင်တို့ လို အယ်ဒီတာရင့်မကြီးတွေ တောင် ဘလောက်ဆရာ တွေကို မျက်နှာချိုပြန်သွေးရပါတယ်။ ဓနုတ်စေတီ တော်ပြိုကျတဲ့သတင်းကို ပြည်တွင်းမှာရေးလို့ မရတဲ့ အဓိက အချက်ကတော့ ဗိုလ်ချုပ် သန်းရွှေ ရဲ့ မိသားစု ကိုယ်တိုင်တည်ထားပြီး ပူပူနွေးနွေး ထီးတော်တင် ဌာပနာ ပိတ်ပွဲ ကျင်းပထားတဲ့ ဘုရားဖြစ်နေလို့ ပါ၊
ဓနုတ်စေတီ ပြိုကျတာနဲ့ ပတ်သက်ပြီး ပြည်သူအများစုကတော့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။တချို့ကတော့ ဗိုလ်ချုပ်သန်းရွှေ နဲ့ စစ်အစိုးရ ကျဆုံးမယ့် ရှေးပြေးနိမိတ် တစ်ခု အဖြစ် ယူဆကြပါတယ်။
ကလန်သံဗျင်ကတော့ သမိုင်းဘာသာရပ် နဲ့ မဟာဝိဇ္ဖာဘွဲ့ ရထား(ကြုံတုန်း ထည့်ကြွားတာ)သူပီပီကမ္ဘာ့ ရာဇ၀င် နဲ့ မြန်မာ့ရာဇ၀င်တွေ မှာ ဘုရားပြိုကျ မှုဟာဘယ်လို နိမိတ်တွေကို ဆောင်သလဲ ဘယ်လို အပြောင်းအလဲ တွေဖြစ်သလဲ ဆိုတာ သိရှိမှတ်သိမသလောက် စာဖတ်သူကို မျှဝေသွားမှာပါ။
သွားလေသူ ဆရာကြီး မင်းသိင်္ခရဲ့  ရှေးမြန်မာမင်း ၁၂၂ ပါးတို့ရဲ့ကံကြမ္မကျမ်း မှာဆိုရင် တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်တွေရဲ့ ကံကုန်နိမိတ် နန်းကျနိမိတ် အဖြစ် ဘုရားစေတီပြိုကျတာ ဟာတစ်ခု အပါအ၀င် ဖြစ်ကြောင်းဖေါ်ပြထားပါတယ်။အင်းဝခောတ်က ဒုတိယ မင်းခေါင် ကံကုန်ခါနီးမှာနိုင်ငံတွင်းက ဘုရားစေတီတွေ အတော်များများပြိုပျက်ခဲ့ပါတယ်။အဲဒီနောက် အင်းဝ မင်းခေါင်လည်း မိုးညှင်းစလုံကြောင့် အင်းဝဆုတ်ခွာရပြီး သက္ကရာဇ် ၈၈၈ မှာ အင်းဝနန်းဆက်လည်းပြတ်ကံတော် လည်းကုန်ဖြစ်ခဲ့ရပါတယ်။
မြန်မာ့သမိုင်းမှာ နန်းစံသက်အရှည်ကြာဆုံးအဖြစ်နှစ်ပေါင်းလေးဆယ်ပျော်ပျော်ကြီးနန်းစံသွားတဲ့ ဘိုးတော်မင်းတရားကြီး ကံကုန်ခါနီးမှာ ရွှေစည်းခုံ စေတီရဲ့ ထီးတော်မြေခခဲ့ပါတယ်။ဘိုးတော်ဘုရား ဟာ အင်းဝနေပြည် တော်ကို အမရပူရ သို့ ပြောင်းရွှေခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ဘိုးတော်ဘုရားကံတော် ကုန်ခါနီး တိုင်းပြည်မှာ အမျိုးသော နိမိတ်တွေပြပါတယ်။ဒါကို ဘိုးတော်မင်းက သူ့ခေတ်က အတိတ်နိမိတ်ကောက်ရာ မှာနာမည်ကြီးလှတဲ့ အယူတော် မင်္ဂလာဦးနိုး ကိုမေးမြန်းတဲ့အခါ ဦးနိုးက ဒါမသာပေါ်တဲ့ မယ့်နိမိတ်ဆိုတာသိပါတယ်။ဒါပေမယ့် သူဒီလို ပြောလိုက်ရင် မင်းပြစ်မင်းဒဏ်ထိမယ်ဆိုတာ ကိုတွက်မိလို့  “ဒီနိမိတ်တွေက အရှင်မင်းတရားကြီးရဲ့ နန်းတော်သစ် အမရပူရ တိုးတက်စည်ပင် မယ့် နိမိတ် ”လို့ လှီးလွှဲပြောလိုက်ပါတယ်။
ဒါကို ဘိုးတော်မင်းက သဘောကျလို့ ဆုတော်လာဘ်တော်တောင်ချီးမြှင့် လိုက်ပါသေးတယ်။ဒါပေမယ့် နောက် တစ်နှစ်လောက် အကြာမှာတော့ ကံကုန်တော့ တာပါပဲ။သူ့ နောက်မှာဆက်ခံတဲ့ဘကြီးတော် မင်းကျတော့ အမရပူရ ကနေ နန်းတော်ကို အင်းဝ ကို ပြန်ရွှေပြန်ပါရော။သူလဲ ကံကုန် ခါနီး မှာ အထက်အညာက ဘုရားစေတီတွေ ပြိုကျတဲ့ နိမိတ် ဘုရားတန်းခိုး ပြဋိဟာ ပြတဲ့နိမိတ်တွေ ကြုံရပါတယ်။
ဟံသာသတီ မင်းဆက်(မဂဒူး မင်းဆက်)ရဲ့ နောက်ဆုံးမင်းဆက် ဖြစ်တဲ့ သုရှင် ဒကာ ရွတ်ပိတောင်ငူက ကျော်ထင်နော်ရထာ(အဲဒီအချိန်က ဘုရင့်နောင် မဖြစ်သေးပါ)နဲ့ နောင်ရိုးမှာ တွေ့ ပြီး စစ်လည်း ရှုံး နန်းဆက်လည်းပျက်ခါ နီးမှာ ဒုံဝန်း စေတီပုထိုးတွေ မှာ အရောင်အ၀ါတွေ လွှတ်တာတို့ ၊အမှောင်တိုင်ဖြစ်တာ တို့ စတဲ့ နိမိတ်တွေ ပေါ်လာပါတယ်။
လွန်ခဲ့တဲ့ ဒီဇင်ဘာလက တော့ လနဲ့ ကြယ် နေ၀င်ရီတရောမှ ပြုံးနေတဲ့ ပုံစံပေါ်လာ ပြီးနောက်တစ်နေ့မှာပဲ ထိုင်းအာဏာရပါတီ ပီပီပီ ရဲ့  ဆွန်ချိုင်းအစိုးရ အဖွဲ့ ဟာနှုတ်ထွက်သွားခဲ့ရပါတယ်။၂၀၀၆ခုနှစ် မတ်လ မှာ တော့ ရုးနှမ်းနေသူတစ်ယောက် က ဘန်ကောက်မြို့ ထဲမှာရှိတဲ့ ဧရာဝဏ်နတ်ကွန်းတစ်ခု ကိုဖျက်ဆီးဖို့ ကြိုးစားပြီးမကြာခင်မှာပဲ သက်ဆင်လည်း အာဏာသိမ်းခံလိုက်ရပြီးအခုဆို ၀ရမ်းပြေးဘ၀နဲ့ ပြည်ပမှာ အရိုးထုတ်ရတော့ မလို ဖြစ်နေပါပြီ။
မြန်မာ နိုင်ငံမှာတော့ ၁၉၈၇ခုနှစ် ဟေလီကြယ်တံခွန် ဖြတ်သွားပြီးမကြာခင်မှာ ဦးနေ၀င်းအစိုးရပြုတ်ကျသွားခဲ့ရပါတယ်။
မြန်မာပြည်မှာတော့ ဓနုတ်စေတီတော်ကြီး ပြိုကျတာဟာ တိုင်းပြည်မှာ တစ်ခုခုဖြစ်ပေါ်တော့မယ့်နိမိတ် လို့ ပြည်သူတွေက ယုံကြည်ကျပါတယ်။ဒီနှစ် အတွင်းမှာ ပဲနေကြတ်တာတို့  အလောင်းတော်ကဿပလှိုဏ် ဂူတော်ပွင့် တယ့်နိမိတ်တွေ ကြုံခဲ့ရပါတယ်။
ပြည်သူတွေကတော့ စစ်ဖိနပ်အောက်က လွတ်မြောက်ရတော့မယ့် နိမိတ်တွေလို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် ကလန်သံဗျင်ကတော့ ကုသိုလ်ရချင်လို့ ဘုရားပြိုကျ တာ လုပ်အားပေးမယ်ဆိုပြီးသွားကာမှ စစ်တပ်က မောင်းထုတ်လို့ ပြန်ပြေးလာခဲ့ရပါတယ်။

“မပြက်ရင် မနေနိုင်တာကလွဲလို့”
Wednesday, 03 June 2009 19:08 ရန်ကုန်သားတာတေ
တခုသော ဗုဒ္ဓဟူးနေ့၌ ကျွန်ုပ် ရန်ကုန်သား တာတေသည် မြန်မာပြည်နိုင်ငံရေး အခြေအနေအတွက် ရင်လေးသည်က တကြောင်း .. ထမင်းစားများသွား၍ ဗိုက်လေးသည်က တကြောင်း၊ စာရေးရန် စာရေးစားပွဲ၌ ထိုင်လိုက် သော်လည်း ရေးစရာ အစရှာမရသဖြင့် အကြံအိုက်နေသည်က တကြောင်း စသော ကြောင်းသုံးကြောင်းပေါင်းဆုံ ကာ ရှေးလူကြီးများထားခဲ့သော စကားအတိုင်း တရေးနိုးသော် အကြံပေါ်လတံ့ဟု စဉ်းစားမိသဖြင့် အိမ်ရှေ့ ဝါးကွပ်ပျစ်တွင် စန့်စန့်ကြီး လဲလျောင်းရင်း အိပ်ပျော်ခြင်းသို့ ရောက်လေတော့သည်။ ထိုစဉ် ဝုန်းခနဲ အသံကြီး နှင့်အတူ ကျွန်ုပ်ရှေ့၌ ကိုယ်ရောင်ကိုယ်ဝါ တောက်ပသူတဦး ဘွားကနဲ ပေါ်လာလေသည်။

တာတေ။ ။ ဟား မျက်စိကျိန်းလိုက်တာ .. ပူရတဲ့အထဲ အဝါရောင်ကြီးဝတ်လို့ .. ခင်ဗျားဘယ်သူလဲ။
“ဘယ်သူဖြစ်ရမှာလဲကွ .. မင်းလက်ဆော့လွန်းလို့ နေပြည်တော်ရောက်လိုက်၊ မော်လ်ဒိုက်ရောက်လိုက် .. ရောက်ချင်ရာ ရောက်နေတဲ့ ချင်းမိုင်ရုက္ခစိုးလေကွာ” ဟူသော အဖြေစကားကြောင့် ကျွန်ုပ်မောင်တာတေ ရုတ်တရက် အိပ်ချင်စိတ်များ ပျောက်ကွယ်ကုန်တော့သည်။

တာတေ။ ။ ခင်ဗျားက နယ်မြေကျူးကျော်လှချည်လားဗျ။ ဘာကိစ္စကျုပ်ဆီကို မဖိတ်ဘဲ ရောက်လာတာလဲ။

ရုက္ခစိုး။ ။ မင်းတဲက လုံခြုံရေး ဘယ်လောက်များ တင်းကျပ်ထားလို့တုန်း။ နအဖ လုံခြုံရေး ဒီလောက် တင်းကျပ် တာတောင် ယက်ထောဆိုတဲ့ ပုဂ္ဂိုလ်ကျော်က ဒေါ်စုအိမ်ထဲရအောင် ဝင်သေးတာ။ ငါက တန်ခိုး ရှိတယ်ကွ။ ဒီမှာ ငါက မင်းအိမ်ကို လာချင်လို့လာတယ် မှတ်နေလား။ ဒီနေ့ ဗုဒ္ဓဟူးနေ့ရောက်နေပြီ .. မနေ့က ဘာလို့ ချင်းမိုင် ရုက္ခစိုး ကြော်ငြာ မတင်တာလဲ .. လာမေးတာ။ ကဲ ဖြေစမ်း။
Photobucket
တာတေ။ ။ ဟား ဦးရုက္ခစိုးရယ် .. ခင်ဗျားကိုယ်ခင်ဗျား ပရိသတ်အတော်လက်ခံတဲ့ စလီဘရစ်တီ ထင်နေလား ..။ ဆောရီးဗျာ .. ဒေဝါလီမဂ္ဂဇင်းမှာ ခင်ဗျားတယောက်တည်း ရယ်စရာလို့ထင်ရင် မှားသွား လိမ့်မယ်။ အခု ခင်ဗျားကို မဖတ်ချင်ကြတော့ဘူးဗျ။ အဲဒါကြောင့် ကျုပ် ဘာလုပ်ရမှန်းမသိဘဲ အိပ်နေတာ သိပြီလား။

ရုက္ခစိုး။ ။ ဟင် .. ဘာဖြစ်ရပြန်ပြီလဲ .. မင်းတို့ ဒေဝါလီက အယ်ချုပ်ကြီးပဲ ငါ့ကို ကြိုက်လှချည်ရဲ့ဆို။

တာတေ။ ။ အဲဒါပြောတာပေါ့ .. အယ်ချုပ် ကိုဂေါ်ကြီးက အစက ခင်ဗျားကိုကြိုက်တယ်ဆိုတာ .. ရယ်ရလို့ ဗျို့ ..။ ခင်ဗျားနဲ့ ဟိုနှစ်ကောင် ကြွက်စုတ်နဲ့ ဖိုးရှုပ် ပေါက်တတ်ကရလုပ်တာ၊ ပြောတာတွေက စိတ်ညစ်နေတဲ့ မြန်မာပြည်သူလူထုအတွက် စိတ်ဖြေစရာ၊ ထွက်ပေါက်ကလေးတွေ ဖြစ်နေလို့ ခင်ဗျားတို့ကို ပစားပေးထားတာ။ ခု ခင်ဗျားတို့ထက် ရယ်ရတဲ့ တကယ့် မြန်မာ့လူရွှင်တော်ကြီးတွေ ရှိနေပြီ .. ခင်ဗျားတို့ ဒိုးတော့။ ကျုပ်လည်း ခု ဘာရေးရမှန်းမသိဖြစ်နေပြီ။ အဲဒါကြောင့် မနေ့က ကြော်ငြာမတင်တာ သိပြီလား။

ရုက္ခစိုး။ ။ ဘာ မြန်မာ့ လူရွှင်တော်ကြီးတွေ ဟုတ်လား .. ။ ငါသိသလောက်တော့ ဇာဂနာကလည်း ထောင်ထဲမှာ .. သီးလေးသီးကလည်း ပြည်ပမှာ ရောက်နေတာ ..။ နောက်ထပ် ဘယ်သူတွေများ ရှိသေးလို့လဲ။

တာတေ။ ။ အဲဒါပြောတာပေါ့ ဦးရုက္ခစိုးရယ် .. ကျနော်လက်မှိုင်ချရလောက်အောင် ပြောင်မြောက်တဲ့ လူရွှင်တော်ကြီးတွေ ခု ပေါ်နေပြီဗျ။ ဒုတိယ နိုင်ဂျန်ဂါးရေးဝန်ကြီး မောင်ညစ် ဆိုတာ ကြားဖူးလား ..။

ရုက္ခစိုး။ ။ ဘယ်လို .. မောင်ညစ် ဟုတ်လား။ သူက ချိုကုပ်ဒူးကြီးထက် ပိုပြောင်တယ်လား။

တာတေ။ ။ ပြောင်လိုက်တာမှဗျာ .. ပြီးခဲ့တဲ့ အာဆီယံ - အီးယူ ဝန်ကြီးအဆင့်စည်းဝေးမှာ မောင်ညစ်က ဝန်ကြီး က မကဘဲ လူပြက်ထွက်လုပ်လို့ တကမ္ဘာလုံး တဝါးဝါး တဟားဟား ပွဲကျကုန်ပါရောလား။

ရုက္ခစိုး။ ။ ဟာ ဒါဆို ဒီလူ ကျုပ်တို့ထွေရာလေးပါး အုပ်စုကော သီးလေးသီးပါ နေစရာမရှိအောင် လုပ်တာပဲဗျ။ ဘယ်လိုတွေ ပြက်လဲ လုပ်ပါဦး။

တာတေ။ ။ ချိုကုပ်ဒူးကြီးက သူ့ဟာသူ ရူးပြီး မြန်မာပြည်မှာ ဆန်စပါး တောင်လိုပုံနေပါပြီ ပြောလို့မှ မဆုံးသေးဘူး … မောင်ညစ်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လာမပြောနဲ့ ဒါတွေ တို့က လုပ်ဖူးပြီးသား .. အောင်မြင်အောင် ဆောင်ရွက်ပြီးသား လို့ ထပြက်လို့ အာဆီယံ ဝန်ကြီးတွေ တအုန်းအုန်းနဲ့ ထရယ်တာ .. ပွဲတောင် ပျက်မလိုဖြစ်သွားတယ်တဲ့။

ဦးရုက္ခစိုးက ကွပ်ပျစ်ကို “ဗျန်း” ခနဲ လက်ဝါးဖြင့် ပုတ်လိုက်ရာ ခင်းထားသည့် ဝါးတချောင်းကျိုးသွားသည်။

ရုက္ခစိုး။ ။ သိပြီ .. ဆြာတေ .. ခုမှ ကျုပ်သတိရတယ်။ အဲဒီပွဲမှာ မောင်ညစ်တယောက် မိန်းမကြီးလို သရုပ်ဆောင်ပြသွားသေးတယ်တဲ့ ကြားလိုက်သေးလား .. ။

တာတေ။ ။ ဟာ အဲဒါတော့ ကျနော် မသိလိုက်ဘူး .. ဘယ်လိုလဲဗျ။

ရုက္ခစိုး။ ။ ဘာပြောကောင်းမလဲကွာ .. မိန်းမကြီးလိုပဲ နှုတ်ခမ်းကြီးထော်၊ ခါးကြီးထောက်ပြီး ရန်တွေ့တာ .. အာဆီယံကော၊ အီးယူကော၊ ကုလသမဂ္ဂကောကို ပတ်ရမ်းတာနော .. သူ့ရုပ်ကြီးနဲ့ နှုတ်ခမ်းတလန် ပန်းတလန် ရန်တွေ့ပြတာများ မြင်မကောင်းဘူး “သူများအိမ်တွင်းရေးကို ဝင်ပါတဲ့ကောင်မတွေ .. အဲလေ ဝင်ပါတဲ့ အဝှာတွေ .. ပါရဲပါကြည့် ဒီတခါ ပါလို့ကတော့ အားလုံးကျုံးပစ်မယ် .. ၊ အဲ အားလုံးကို သိမ်းကျုံး ရမ်းပစ်မယ်” ဆိုပြီး ပြောတာ။

တာတေ။ ။ ဟာ အဲဒါကြောင့် ထိုင်းက ဟို ဗိုလ်ချုပ်ဟောင်းကြီး လန့်သွားတာဖြစ်မယ်ဗျနော်။

ရုက္ခစိုး။ ။ “နင်တို့ ထိုင်းနိုင်ငံသာ ပြည်သူလူထုက အနီ၊ အဝါ၊ အပြာတွေဝတ်ပြီး အစိုးရကို ဖြုတ်ချလိုချ .. ဆူပူလို ဆူပူ လုပ်နေတာ။ ငါတို့ မြန်မာပြည်ချိုကုပ်တွေကိုကြည့် လူထွက်လာ လူကိုသတ်လိုက်တာပဲ၊ ဘုန်းကြီးထွက်လာ ဘုန်းကြီးကို သတ်လိုက်တာပဲ .. ၊ ဘယ်သူမှ မလှုပ်ရဲဘူး .. မြင်လား .. နင်တို့သာ အမျိုးသားပြန်လည်သင့်မြတ်ရေး အရင်လုပ်ဟဲ့ .. ငါတို့ကိုလာမပြောနဲ့ .. ငါတို့က လုပ်စရာမလိုဘူး၊ အားလုံးငြိမ်ပိပြီးသား” ဆိုပြီး မောင်ညစ်က ရန်တွေ့တော့ ဟိုက မလန့်ဘဲ နေမလားဟ။

တာတေ။ ။ ကြည့်ရတာ ချိုကုပ်တွေက ထိုင်းနိုင်ငံဘက်ကို လှည့်ပြီး သွားဖြဲပြတယ်နဲ့ တူတယ် ဦးရုက္ခစိုးရဲ့ .. အဲဒါကြောင့် ထိုင်းက ဗိုလ်ချုပ်ဟောင်းကြီးက အချိုပြန်သပ်တာပေါ့။

ရုက္ခစိုး။ ။ သွားဖြဲပြရုံဘယ်ကမလဲ .. “ငါတို့နောက်မှာ ဘယ်သူရှိလဲသိလား .. မိုက်ရင်ထွက်ခဲ့ ငါ့အဖေနဲ့ ချမလား” လို့ပြောတော့ ဗိုလ်ချုပ်ဟောင်းကြီးလည်း သူတို့ဝန်ကြီးချုပ် ပါးစပ်မလွန်အောင် နည်းနည်းပါးပါး သတိ ပေးရတာပေါ့ကွာ ..။ သူတို့လည်း မြန်မာပြည်က ချိုကုပ်ဒူးကြီး ဓာတ်ငွေ့ ရောင်းပေးမှ မီးလာမှာကိုးကွ။ ထိုင်း တွေက အမှောင်နဲ့မှ ကျင့်သားမရသေးတာ။

တာတေ။ ။ ကျနော်တို့ မြန်မာပြည်သားတွေနဲ့များ ကွာပါ့ဗျာ။ မီးမလာရင် ဖရောင်းတိုင်ထွန်းမယ်၊ ထမင်းမရှိရင် ထမင်းရည်သောက်မယ်။ ဘယ်လောက်တော်လဲ။

ရုက္ခစိုး။ ။ မောင်ညစ်အပြင် နောက်ထပ် လူရွှင်တော်ရှိသေးတယ်မဟုတ်လား လုပ်ပါဦးကွ ..။

ပြောရင်းဆိုရင်း ဦးရုက္ခစိုး စိတ်ပါလာရာ မတ်တပ်ရပ်နေရာမှ ကျွန်ုပ်၏ ဘေးတွင် ဝင်ထိုင်လိုက်သောကြောင့် ခပ်နဲ့နဲ့ ဝါးကွပ်ပျစ်ကလေး “ဂျွတ်” ခနဲ အသံမြည်သွားသည်။ သို့သော်လည်း ပြောချင်အားကြီးနေသော ကျွန်ုပ်မှာ ဝါးကွပ်ပျစ် ကျိုးမှာကို ဂရုမစိုက်နိုင်တော့ ..။

တာတေ။ ။ ရှိပါ့ဗျာ .. ဒီတယောက်ကတော့ စင်ကာပူမှာ သွားပြက်တာဗျ။ အဲဒီက ပိုလီတက္ကနစ်မှာ တက်နေတဲ့ ကျောင်းသားတွေတောင် လာမယ့်နှစ် သင်္ကြန်မှာ ကဖို့ သူ့ဆီက လူရွှင်တော်ပညာ ယူရမယ် ပြောနေကြတယ်။

ရုက္ခစိုး။ ။ တကယ့် ပညာရှင်ထင်တယ်နော် .. ဘယ်သူပါလိမ့်။

တာတေ။ ။ ဒုတိယ ကာဆီးကာဆီးလုပ်ရေး ဝန်ကြီး ချိုကုပ် အေးညစ်လေ .. တော်တော်ရယ်စရာ ပြောတဲ့ လူဗျာ “အပြစ်ကျူးလွန် သူကို အပြစ်မပေးရင် မင်းမဲ့စရိုက်ပေါ်ထွန်းလာမယ်၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မယ်” တဲ့ ကြည့်ပါဦး။ သူတို့ ချိုကုပ်ဒူးကြီးကို စောင်းပြောတာ အားလုံးသိတယ်။ စင်ကာပူရောက်နေတဲ့ ဝန်ကြီးတွေအားလုံး သူလုပ်လို့ ရယ်ကြတာ အူတွေတက်ကုန်လို့ အကုန်လုံး ဆေးရုံပို့လိုက်ရတယ်တဲ့။

ရုက္ခစိုး။ ။ ဟာ ဟုတ်လား။ ဒီတခါ ချိုကုပ်ဒူးကြီးက မျက်နှာသစ်လေးတွေကို ပွဲထုတ်လိုက်တာပဲကွ .. သီးလေးသီးတောင် ထမင်းငတ်နိုင်တယ်။ လူကြမ်းအဖွဲ့က လည်းပြောင်မြောက်၊ လူရွှင်တော်တွေကလည်း ဟုတ်နေပြီ .. ဘာကျန်သေးလဲ။

တာတေ။ ။ ကျန်သေးတယ်ဗျို့ ..။ နေပြည်တော် လူကြမ်းတွေက လူတွေကို နှိပ်စက်တယ်။ ကျနော်တို့ မိန်းမကြမ်းကြီးကတော့ ဘုရားပါမနေရအောင် နှိပ်စက်ပြတာ။ မသန်းရွှေတို့ ဒေါ်ခင်အေးဟန်တို့ .. ခင်စိုးပိုင် တို့လောက်တော့ ပျင်းတောင်ပျင်းသေးတယ်။

ရုက္ခစိုး။ ။ ဟေ မင်းပြောတာ ချိုကုပ်ဒူးကြီးကတော် ဒေါ်ကွိုင်ကွိုင်မဟုတ်လား။ သူက ဘာလုပ်ပြန်ပြီလဲ..။

တာတေ။ ။ သူ့ဟာသူနေတဲ့ ဓနုတ် ဘုရားကြီးကို သူတို့ သားအမိတွေ လက်ဆော့ပြီး ကြိုးနဲ့ သွားဆွဲ တာလေ။ တခါတည်း ပြိုကျရောဗျို့။

ရုက္ခစိုး။ ။ ဟာ ဒါလည်း ယတြာပဲလား။

တာတေ။ ။ ယတြာတော့ ယတြာပဲ .. ဒါပေမယ့် မတန်တရာပေါက်ကရတွေ သွားလုပ်တော့ ခု တဘောင်တောင် ထွက်နေပြီ ..။ ဒလမှ ဓနုတ် .. နေပြည်တော်မှာ ဗိုလ်ချုပ် ..။ ဟာ ယောင်လို့ ယောင်လို့ ..။

ရုက္ခစိုး။ ။ ဘာဖြစ်ရပြန်တာလဲကွ။

တာတေ။ ။ မပြောရဘူးလေ .. အဲဒီ ဘုရားပြိုတဲ့ အကြောင်း ဘယ်သူ့ကိုမှ ဘာမှမပြောရဘူးတဲ့ .. ဘာဆိုဘာမှ မပြောနဲ့ဆိုလို့ ကျနော်လည်း ဘာမှ မပြောရဲဘူး .. ထောင်ဒဏ် ၃ နှစ်တဲ့။ အောင်မလေး ကြောက်ပါပြီဗျ .. မပြောတော့ပါဘူး ..။

ခုမှ အမှန်တကယ် လန့်နိုးသွားခြင်းဖြစ်သည်။ ကျွန်ုပ်၏ ရှေ့တွင် ဦးရုက္ခစိုးလည်း မရှိတော့ ..။ ဗုဒ္ဓဟူးနေ့ အမီ ပေးရန် ချင်းမိုင်ရုက္ခစိုး အမြန်ရေးရမည်။ အိပ်မက်ထဲက တဘောင်ကို မေ့မသွားခင် အမြန်ဆုံး ချရေးထား လိုက်သည်။

“ဒလမှာဓနုတ် .. နေပြည်တော်က ဗိုလ်ချုပ်တွေပြုတ် .. ဓနုတ်ဘုရားက ပျက် .. ချိုကုပ်ဒူးကြီး အသက်ထွက်”။ ။

NEJ / ၃ ဇွန် ၂၀၀၉
ဒေသတွင်းရောက် မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသားများ အဆင့်မြင့်ပညာသင်ကြားနိုင်ရေးအတွက် မဲဆောက်မြို့တွင် နိုင်ငံတကာတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ထိုင်းနိုင်ငံရှိ ထမဆတ်တက္ကသိုလ်မှ ကြီးမှူးစီစဉ်နေသည်။
မဲဆောက်ဒေသအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မီတီ ဥက္ကဋ္ဌ ဆရာမ နော်ဖောရေက “ကျမတို့ဒေသမှာ နိုင်ငံတကာတက္ကသိုလ်တခု ဖွင့်နိုင်ခဲ့မယ်ဆိုရင် မြန်မာရွှေ့ပြောင်းကလေးတွေအတွက် ပညာရေးအခွင့်အလမ်းတွေ ပိုပြီးရရှိလာမယ်။ ရွှေ့ပြောင်းကလေးတွေပါ တက်နိုင်ဖို့ အစီအစဉ်ရှိတယ်ဆိုတော့ ဒီကိစ္စကို ကျမတို့ ကြိုဆိုတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံရှိ ထမဆတ်တက္ကသိုလ်မှ ဒေါက်တာ ဒေးချားတန့်စီဖား၊ အခြားတက္ကသိုလ်များမှ ဆရာဆရာမများနှင့် ဘွဲ့လွန်ကျောင်းသားများသည် မဲဆောက်တွင် နိုင်ငံတကာတက္ကသိုလ်တခု ဖွင့်လှစ်နိုင်ရန်အတွက် မြန်မာရွှေ့ပြောင်း ကလေးငယ်များ၏ ပညာရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများနှင့် ယမန်နေ့က လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် သင်ရိုးညွှန်းတမ်းများကို ထည့်သွင်းနိုင်ရန်အတွက် မြန်မာရွှေ့ပြောင်း ပညာရေး အဖွဲ့အစည်းများက ကျန်းမာရေး၊ ပညာရေး၊ လူငယ်နှင့် အမျိုးသမီး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူ့ပတ်ဝန်းကျင်နှင့် ထုံးတမ်းစဉ်လာ များ စသည်တို့ကို နှီးနှောဖလှယ်ခဲ့ကြသည်။Photobucket
နိုင်ငံတကာတက္ကသိုလ်ဖွင့်လှစ်မည့် ကိစ္စနှင့်ပတ်သက်၍ ဆရာမ နော်ဖောရေက “ဒီကျောင်းဖွင့်ဖို့ အနည်းဆုံး (၃) နှစ်လောက်တော့ကြာနိုင်တယ်။ သူတို့က အခုမှ လာပြီး သုတေတနလုပ်တဲ့ အဆင့်ပဲရှိသေးတယ်။ အခုလက်ရှိမှာ မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်းကနေ အောင်မြင်သွားတဲ့သူတွေဟာ တက္ကသိုလ်ဆက်တက်နိုင်ဖို့ အခက်အခဲတွေ အများကြီးရှိတော့ ဒီအင်တာနေရှင်နယ် တက္ကသိုလ်သာ ဖွင့်လိုက်မယ်ဆိုရင် သူတို့တွေအတွက် အဆင့်မြင့်ပညာရပ်တွေ သင်ကြားခွင့်ရှိလာမယ်” ဟု ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးပါက ထိုင်းနိုင်ငံအတွင်း အစိုးရအလုပ်များ တွင် လုပ်ကိုင်ခွင့်မရရှိသည့်တိုင် အနည်းဆုံး ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းခွင်များတွင် ၀င်ရောက်လုပ်ကိုင်ခွင့် ရကြမည်ဟု သိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပညာရေးကော်မီတီ (BMWEC) ၏ အစီအစဉ်ဖြင့် အထက်တန်းပညာရေး အောင်မြင်သွားသူ အချို့ကို ဘန်ကောက်ရှိ တက္ကသိုလ်ကြီးများတွင် ပညာသင်ကြားနိုင်ရန် ဆက်လက်ပို့ဆောင်ခဲ့ သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် ကျောင်းသားဦးရေ အနည်းငယ်သာ ပို့ဆောင်နိုင်သည်ဟု ဆရာမ နော်ဖောရေက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မယ်လမတ်၊ ဖို့ဖတ်စသည့် (၃) မြို့နယ်တွင် မြန်မာရွှေ့ပြောင်း ကလေးငယ်များအတွက် စာသင်ကျောင်းပေါင်း (၆၀) ရှိပြီး ကျောင်းသား (၁) သောင်းကျော် ကျောင်းအသီးသီးတွင် ပညာသင်ကြားလျက်ရှိသည်။
ယင်းဒေသများအတွင်း အရွယ်ရောက်ပြီး ပညာသင်ကြားနိုင်ခွင့်မရှိသည့် ကလေးငယ်အရေအတွက်မှာ (၃) သောင်း ခန့် ရှိသည်ဟု BMWEC အဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

NEJ / ၃ ဇွန် ၂၀၀၉

အနုပညာဂျာနယ် မှတ်ပုံတင်ဖြင့် ထုတ်ဝေသည့် ဂျာနယ်အားလုံးကို ဌာနဆိုင်ရာနှင့်ပတ်သက်သည့် သတင်းများ လုံးဝမဖော်ပြရန် စာပေစိစစ်ရေးက တားမြစ်လိုက်သည်။
အခြားသော ဒေသန္တရသတင်းများနှင့် ပြည်ပသတင်းများကိုလည်း ရှေ့မျက်နှာဖုံးနှင့် နောက်ကျောဖုံးတို့တွင် လုံးဝဖော်ပြခြင်းမပြုရန် စာထုတ်တားမြစ်လိုက်ခြင်းဖြစ်သည်။
အဆိုပါစာကို လက်ခံရရှိသည့် ဂျာနယ်အယ်ဒီတာတဦးက “ညွှန်ကြားချက်ထဲမှာပါတဲ့ အချက်တွေကတော့ အများကြီးပဲ။ အဓိကကျတာတွေကတော့ ပေါ့ပ်ဂျာနယ်တွေအနေနဲ့ ဌာနဆိုင်ရာသတင်းတွေကို လုံးဝရေးမတင်ကြဖို့၊ ရှေ့နဲ့နောက် မျက်နှာဖုံးတွေမှာဆိုလည်း ပြည်တွင်းပြည်ပ အနုပညာဆိုင်ရာ သတင်းနဲ့ ဓာတ်ပုံတွေကိုပဲ ဖော်ပြရမယ်၊ ပြည်ပသတင်းတွေဆို ကောက်စာတောင် မဖော်ပြရဘူးလို့ ကန့်သတ်လိုက်တယ်၊ အတွင်းမှာဆို ဒေသန္တရသတင်းကို အများဆုံးနှစ်မျက်နှာပဲ ဖော်ပြခွင့်ပေးမယ်တဲ့” ဟု ပြောသည်။
ယခုကဲ့သို့ စာပေစိစစ်ရေးက တင်းကြပ်လိုက်ခြင်းမှာ ဂျာနယ်ထုတ်ဝေသူအချို့က ထုတ်ဝေခွင့်ရှိပြီးသား သတင်းဦးစားပေးဂျာနယ် မဟုတ်သည့် ပေါ့ပ်ဂျာနယ်လိုင်စင်များကို လိုက်လံဝယ်ယူပြီး သတင်းဦးစားပေးဂျာနယ် ထုတ်ဝေရန်ကြိုးစားမှု ရှိလာသည့်အတွက်ကြောင့်ဟု ၎င်းက ပြောသည်။
သတင်းဦးစားပေးဂျာနယ် ထုတ်ဝေလိုသူ များလာရခြင်းမှာ ဂျာနယ်ထုတ်ဝေရေး စီးပွားရေးလောကတွင် ယခုနောက်ပိုင်း သတင်းဦးစားပေးဂျာနယ်များ အမြတ်အစွန်းများလာပြီး စာဖတ်သူများအပေါ် သြဇာသက်ရောက်မှု တစုံတရာ ရှိလာသည့်အတွက်ကြောင့်ဟု ပြည်တွင်းဂျာနယ်အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
သို့သော် စစ်အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းဂျာနယ်ထုတ်ဝေခွင့်ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဆဲ ဖြစ်ပြီး ၎င်းတို့နှင့်နီးစပ်သူများကိုသာ စိစစ်ချပေးနေကြောင်း သိရသည်။
ဂျာနယ်ထုတ်ဝေခွင့် ရရှိထားသူများသည် ကိုယ်တိုင်ထုတ်ဝေနိုင်ခြင်းမရှိပါက ထုတ်ဝေခွင့်ကို လက်လွှဲ၊ ငှားရမ်း၊ ရောင်းချခြင်း မလုပ်ရန် စာပေစိစစ်ရေးက တားမြစ်ထားပြီး ထုတ်ဝေခွင့်ကိုလည်း အမျိုးအစားအမျိုးမျိုး ခွဲခြားထား ကာ ပြောင်းလဲထုတ်ဝေခွင့် မပြုကြောင်း ဂျာနယ်ထုတ်ဝေသူတဦးက ပြောသည်။
ထုတ်ဝေခွင့်ပေးကတည်းက အမျိုးအစားသာမက စာမျက်နှာကိုပါ ကန့်သတ်ထားသည့်အပြင် စာမူများကိုလည်း မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ဖြတ်တောက်၊ ဖြုတ်ပယ်မှုများရှိနေသည်မှာ မဆန်းတော့ကြောင်း၊ ယခုထပ်မံ တင်းကြပ်လိုက်ခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အနုပညာလိုင်စင်နှင့် ထုတ်ဝေနေသည့် Phoenix ဂျာနယ်သည် ပြီးခဲ့သည့်သီတင်းပတ်များ၌ မျက်နှာဖုံးတွင် ဆူဒန်ကို ဆန်တင်ပို့သည့်သတင်းနှင့် အတွင်းစာမျက်နှာများတွင် အခြားသော ပြည်တွင်းသတင်းများကို ရေးသားတင်ပြခဲ့ ကြောင်း၊ စာပေစိစစ်ရေးက ယင်းသတင်းများကို စိစစ်ဖြတ်တောက်လိုက်ရုံမက ဂျာနယ်ကိုပါ တပတ်ထုတ်ဝေခွင့် ပိတ်ပင်လိုက်ပြီးသည့်နောက် ယခုဖော်ပြပါ နောက်ဆုံးစည်းကမ်းချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းမှ အခြားဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
လက်ရှိထုတ်ဝေနေသည့် အနုပညာအမျိုးအစား ဂျာနယ်များမှာ အချစ်၊ ပေါ်ပြူလာ၊ အလင်းတန်း၊ နံနက်ခင်း၊ 8 Days A Week ၊ First Music Journal ၊ NOW ၊ Phoenix တို့အပါအ၀င် ဂျာနယ်အမျိုးအစား (၂၀) ၀န်းကျင်ခန့် ရှိကြောင်း သိရသည်။

မင်းနိုင်သူ / ၃ ဇွန် ၂၀၀၉

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့ရှိ ဘုန်းကြီးကျောင်းများအား မြို့နယ်သံဃာ့မဟာနာယကက ယနေ့အစည်းအဝေးခေါ်ဆိုထားကြောင်း ဗဟန်းမြို့နယ်ရှိ သံဃာတော်တပါးက ခေတ်ပြိုင်သို့ မိန့်ဆိုသည်။
အစည်းအဝေးတွင် ကျောင်းထိုင်ဘုန်းကြီးများ၊ တိုက်အုပ်များအနေဖြင့် မိမိတို့ကျောင်းတိုက်မှ သံဃာတော်များ နိုင်ငံရေးမလုပ်ရေး တာဝန်ယူရန်၊ နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်နေသည်ကို တွေ့ပါက သာသနာရေးဝန်ကြီးဌာနသို့ အကြောင်းကြားရန် စသည်တို့အတွက် တာဝန်ယူကြောင်း လက်မှတ် ရေးထိုးခိုင်းလိမ့်မည်ဟု သံဃာတော်များက မှန်းဆထားကြသည်။
“၂၀၀၇ စက်တင်ဘာ အရေးအခင်းပြီးစကလိုပါပဲ။ သံဃာတော်တွေ နိုင်ငံရေးမလုပ်ဖို့ဘဲ ပြောမှာပါ။ ကျောင်းထိုင်ဘုန်းကြီးတွေ၊ တိုက်အုပ်ဘုန်းကြီးတွေက အဆင့်ဆင့်တာဝန်ယူ စောင့်ကြည့်ဖို့၊ အုပ်ထိန်းဖို့၊ ဒါတွေခေါ်ပြောမှာပါ” ဟု အထက်ပါ သံဃာတော်က မိန့်ဆိုသည်။
ယနေ့ညနေပိုင်းတွင် ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်၊ ကြည့်မြင်တိုင်မြို့နယ်များရှိ မြို့နယ်သံဃာ့မဟာနယက ကျောင်းတိုက်များတွင် အစည်းအဝေးများခေါ်ယူထားကြောင်း သိရသည်။
ထိုကဲ့သို့ အစည်းအဝေးခေါ်ယူရခြင်းမှာ မြို့နယ်သတင်းတပ်ဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနတို့က ဖိအားပေးမှုကြောင့် ဖြစ်ကြောင်း သံဃာတော်များက မိန့်သည်။
“ဘုန်းကြီးတွေကြားထဲလာပြီး ဘုန်းကြီးစွမ်းအားရှင် လာမွေးနေတာပေါ့ကွာ။ နိုင်ငံရေးစာရွက်စာတမ်းတွေ ဖတ်တဲ့ သံဃာတွေတွေ့ရင်၊ ကျောင်းတိုက်မှာ နိုင်ငံရေးအားသန်တဲ့ သံဃာတွေရှိရင် အကြောင်းကြားဖို့တွေ ခေါ်ပြောမှာပါ။ သူတို့က သတင်းဦးရယူထားချင်တဲ့ သဘောပဲ။ နောက်ပြီး ကျောင်းထိုင်ဆရာတော်တွေ၊ တိုက်အုပ်တွေနဲ့ အောက်ကသံဃာတွေကို သင်းခွဲလိုက်တဲ့သဘောပဲ” ဟု ဗဟန်း သံဃာတော်က သုံးသပ်သည်။
နအဖစစ်အစိုးရသည် ၂၀၀၇ စက်တင်ဘာ သံဃာတော်များ မေတ္တာပို့လမ်းလျှောက်ပွဲကို ပစ်ခတ်နှိမ်နှင်း ဖြိုခွဲခဲ့ပြီးနောက် သံဃာတော်များအပေါ် ပိုမိုဖိနှိပ်လာရာ ထောင်ကျသံဃာတော်များ၊ တိမ်းရှောင်သံဃာတော်များနှင့် လူဝတ်လဲခဲ့ရသော သံဃာများရှိခဲ့သဖြင့် ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် သံဃာဦးရေလျော့ကျလာသည်ဟု ရန်ကုန်သံဃာတော်များက ခန့်မှန်းကြသည်။

TNA / ၃ ဇွန် ၂၀၀၉

ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများ တရားဝင် အလုပ်သမား မှတ်ပုံတင်နိုင်ရန် နောက်ဆုံးအခွင့်အရေးအနေဖြင့် ထိုင်းအစိုးရက စီစဉ်နေပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်နှင့်အတူ ယာယီနိုင်ငံကူးလက်မှတ်ကိုပါ ထုတ်ပေးနိုင် ရန် ကြိုးစားနေကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီး ပိုင်ထုန် ကယောက်တွန်က ယမန်နေ့က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားသားအလုပ်သမား အရေအတွက်မှာ (၄) သိန်းမှ (၅) သိန်းအကြားရှိပြီး မှတ်ပုံမတင်ထားသည့် တရားမ၀င်အလုပ်သမား များ (၄) သိန်း ရှိသည်ဟု အလုပ်သမားရေးဝန်ကြီးက သတင်းထောက်များအား ပြောကြားသည်။
နိုင်ငံခြားသားအလုပ်သမားများ မှတ်ပုံတင်ကုန်ဆုံးမည့် နောက်ဆုံးရက်သည် ၂၀၁၀ ခု၊ ဖေဖော်ဝါရီ (၂၈) တွင် ဖြစ်သည်ဟု သိရသည်။ အလုပ်ရှင်များအနေဖြင့် ၎င်းတို့၏အလုပ်သမားများကို အလုပ်သမားရေးဝန်ကြီးဌာနတွင် စာရင်းပေးသွင်းရမည်ဖြစ်ပြီး အလုပ်သမားများသည် (၂) နှစ်သက်တမ်းရှိ အလုပ်လုပ်ခွင့်လက်မှတ်နှင့် ယာယီ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ခွင့်ရမည်ဟု မစ္စတာ ပိုင်ထုန်က ပြောသည်။ အလုပ်လုပ်ခွင့်လက်မှတ်ကို (၂) ကြိမ် သက်တမ်းတိုးရမည် ဖြစ်သည်။
အဆိုပါ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များ အားလုံးပြီးစီးပါက အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်ရရှိမည့်အပြင် လူမှုဖူလုံရေးနှင့်လူနေမှုစားရိတ် ခံစားခွင့်များကို ရရှိမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက ပြောသည်။
ထိုင်းကက်ဘိနက်က အတည်ပြုပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါက နိုင်ငံခြားအလုပ်သမား များသည် (၁) လအတွင်း မှတ်ပုံတင်ကြရမည်ဖြစ်သည်။

မင်းနိုင်သူ / ၃ ဇွန် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေများ ပယ်ချခံထားရသည့်အတွက် ရန်ကုန်တိုင်းတရားရုံးထံ ပြင်ဆင်မှု တင်ပြလျှောက်ထားရာ တိုင်းတရားရုံးက လာမည့်သောကြာနေ့တွင် နှစ်ဘက်လျှောက်လဲချက်ပေးရန် ချိန်းဆိုလိုက် သဖြင့် အင်းစိန်အထူးတရားရုံးတွင် အပြီးသတ်လျှောက်လဲချက်ပေးရန် ရက်ရွှေ့ဆိုင်းရလိမ့်မည်ဖြစ်ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။
“ဒီနေ့ ဦးဉာဏ်ဝင်း ရန်ကုန်တိုင်းတရားရုံးမှာ လျှောက်လဲခွင့်ရတယ်။ တရားရုံးက လက်ခံလိုက်တယ်တဲ့။ နှစ်ဘက်ရှေ့နေတွေ လာမယ့်သောကြာနေ့မှာ အပြန်အလှန်လျှောက်လဲကြဖို့ ချိန်းဆိုလိုက်တယ်။ အဲဒီတော့ အင်းစိန်အထူးတရားရုံးက အပြီးသတ်လျှောက်လဲချက်ပေးဖို့ ရုံးချိန်းက နောက်ဆုတ်သွားရတော့မယ်” ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေများ ပယ်ချခံထားရမှု ပြန်လည်သုံးသပ်ပေးရန် ရန်ကုန်တိုင်း တရားရုံးသို့ ယမန်နေ့က တင်ပြခဲ့ခြင်းဖြစ်သည်။
ယနေ့ ရန်ကုန်တိုင်းတရားရုံးက ဦးဉာဏ်ဝင်း၏ လျှောက်လဲချက်ကို လက်ခံခဲ့ပြီး ဇွန်လ (၅) ရက်နေ့ ညနေ (၃) နာရီခွဲတွင် နှစ်ဘက်ရှေ့နေများ လျှောက်လဲချက်ပေးရန် ချိန်းဆိုလိုက်သည်။
ထိုကဲ့သို့ ချိန်းဆိုလိုက်ခြင်းသည် အင်းစိန်အထူးတရားရုံးက အပြီးသတ်လျှောက်လဲချက်ပေးရန် ချိန်းဆိုထားခြင်းနှင့် တိုက်ဆိုင်နေမှုအပေါ် ရှေ့နေကြီး ဦးကြည်ဝင်းက “ရန်ကုန်တိုင်းတရားရုံးက အင်းစိန်ရုံးကို အမှုတွဲတောင်းပါလိမ့် မယ်။ ဒါကလည်း အယူခံမှု၊ ပြင်ဆင်မှုတွေမှာ အထက်ရုံးက အမှုတွဲလှမ်းတောင်းရင် အောက်ရုံးက ပေးကြရပါတယ်။ ဆိုတော့ (၅) ရက်နေ့မှာ အင်းစိန်ရုံးမှာ အမှုတွဲမရှိတော့ဘူး။ သူတို့မှာ borrow file ပဲ ကျန်နေမယ်။ အဲဒီတော့ အင်းစိန်တရားရုံးက အဲဒီနေ့ကျမှ အမှုကို ဘယ်နေ့ပြန်ချိန်းမယ်ဆိုတာ ပြောပါလိမ့်မယ်။ ကျနော်တို့ကတော့ သောကြာနေ့ မနက်မှာလည်း အင်းစိန်တရားရုံးကို သွားကြရဦးမှာပါ။ ညနေကျမှ ရန်ကုန်တိုင်းတရားရုံးမှာ ပြင်ဆင်မှုအတွက် လျှောက်လဲချက်ပေးရမယ်” ဟု ရှင်းလင်းပြောဆိုသည်။
လာမည့်သောကြာနေ့တွင် အင်းစိန်ထောင်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်မည်ဖြစ်သော် လည်း အမှုဆက်လက် ကြားနာမည်မဟုတ်ဘဲ ရုံးချိန်းပြောင်းရွှေ့ခြင်းကိုသာ ကြေညာလိမ့်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုတွင် သက်သေ ၃ ဦးအတွက် တရားရုံးက လျှောက်လဲခွင့် ပြန်ပေး
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 03 2009 18:29 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်စုအမှုအတွက် သက်သေ ၃ ဦးအား ခရိုင်တရားရုံးက ပယ်ချခံရသည်ကို သူမ၏ ရှေ့နေများက ပြန်လည်သုံးသပ်ပေးရန် တိုင်းတရားရုံးသို့ လျှောက်ထားခဲ့ရာ နှစ်ဖက်လျှောက်လဲရန်အတွက် ယနေ့ လက်ခံလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးသို့ ဒေါ်စုအတွက် သက်သေများအဖြစ် ဦးကြည်ဝင်း၊ ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ဒေါ်ခင်မို့မို့တို့ကို အမည်စာရင်း တင်သွင်းခဲ့ရာ ဦးကြည်ဝင်းမှအပ ကျန် ၃ ဦးအား ပယ်ချခဲ့သည်ကို ရန်ကုန်တိုင်းတရားရုံးသို့ လျှောက်ထားရာ ယခုလို အမိန့်ချလိုက်ခြင်း ဖြစ်သည်။

''ဒီနေ့ ၃ နာရီမှာ ကျနော်တို့တင်တဲ့ ပြင်ဆင်မှု လက်ခံရေးအတွက် ကျနော် လျှောက်လဲချက် ပေးပါတယ်။ လျှောက်လဲချက် ပေးပြီးပြီးချင်းပဲ တရားရုံးက လက်ခံတယ်လို့ အမိန့်ချတယ်'' ဟု ဒေါ်စု၏ ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

မြန်မာစစ်အစိုးရဘက်နှင့် ဒေါ်စုဘက်မှ ရှေ့နေများ လျှောက်လဲကြရန် ယခုလ ၅ ရက်နေ့ ညနေ ၃ နာရီသို့ တရားရုံးက ချိန်းဆိုလိုက်သည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်၊ လုပ်ဖော်ကိုင်ဘက် နှစ်ဦးနှင့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ မစ္စတာ ယက်တောတို့အပေါ် စွဲဆိုထားသည့် အမှုကို အပြီးသတ် လျှောက်လဲရန်အတွက် ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ယခုလ ၁ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။

သို့သော် နောက်တရက်ဖြစ်သည့် ၂၉ ရက်နေ့တွင် ယခုလ ၅ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း တရားရုံးက ရှေ့နေများသို့ စာရေးသား အကြောင်းကြားခဲ့သည်။

''အင်းစိန်မှာ ၅ ရက်နေ့မနက် အပြီးသတ် လျှောက်လဲချက်ဆိုတာ ရှိတယ်။ အဲဒါက အလိုလို ရွေ့သွားတယ်။ တိုင်းတရားရုံးက ဒီအမှုတွဲကို မနက်ဖြန်မှာ အင်းစိန်ခရိုင်ရုံးဆီက တောင်းလိမ့်မယ်။ အမှုတွဲတောင်းတယ် ဆိုတာနဲ့ မူလရုံးက လုပ်လက်စ အလုပ်တွေကို ရပ်ထားရတယ်။ ဒါက ဥပဒေ ကျင့်ထုံးပါ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သူက ဆက်ပြီး ''အပြီးသတ် လျှောက်လဲမှာက အင်းစိန်က တရားရုံး။ အခုဟာက တိုင်းမှာ Re-visional cause တခုပဲ။ ကျနော်တို့ တရားခံဘက်က ပြတဲ့သက်သေ ၃ ယောက်ကို တရားရုံးက ပယ်တာ ဥပဒေနည်းလမ်း မကျဘူး၊ ဥပဒေနည်းလမ်းကျအောင် ကျနော်တို့ကိုလည်း စစ်ဆေးခွင့် ပေးထိုက်တယ် ဆိုတာကို ကျနော်တို့ လျှောက်လဲမှာ ဖြစ်တယ်'' ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နောက်တဦးဖြစ်သည့် ဦးကြည်ဝင်းကလည်း တရားရုံးသည် မိမိတို့၏ သက်သေများအား ဥပဒေပြဋ္ဌာန်းချက်အရ ပယ်ချနိုင်သည့် အခွင့်အရေးရှိသော်လည်း အကြောင်းပြချက် ခိုင်လုံခြင်း မရှိဘဲ ငြင်းပယ်ပါက မှားယွင်းကြောင်း ပြောသည်။

သူက ''တရားရုံးမှာ ကျင့်ထုံးပုဒ်မ ၂၅၇ ပြဋ္ဌာန်းချက်အရ ပယ်နိုင်တဲ့ အခွင့်အရေးရှိတယ်၊ အာဏာရှိတယ်။ သို့သော် ဘယ်လိုအခါမျိုးမှာ ပယ်ရမလဲဆိုတော့ တရားစီရင်ရေးကို အနှောက်အယှက်ဖြစ်အောင်၊ ကြန့်ကြာအောင်၊ တရားစီရင်ရေး မမှန်မကန်ဖြစ်အောင် လုပ်မှသာ ပယ်ရမှာ ဖြစ်တယ်။ ဒီလို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့ အခုလို ငြင်းပယ်တာ မှားတယ်ပေါ့ဗျာ'' ဟု ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသား ၃၄ ဦးကို ထိုင်း လဝက က ဖမ်းဆီး
ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 03 2009 19:12 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ နေအိမ်တအိမ်တွင် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲများက စီးနင်းရှာဖွေရာ တရားမဝင် မြန်မာနိုင်ငံသား ၃၄ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ၂ ဦးတို့ကို ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် ဖမ်းဆီးမိခဲ့သည်။

ထိုင်းတောင်ပိုင်းဒေသများတွင် အလုပ်ရှာဖွေမည့် တရားမဝင် ဝင်ရောက်လာသူများကို ခေတ္တထားရှိသည်ဟု သတင်းရထားသဖြင့် ရနောင်း လူဝင်မှုကြီးကြပ်ရေး အရာရှိ နာချာထာခရစ် ပင်ပက် Nachathakrit Pinpak ဦးဆောင်သည့် အဖွဲ့နှင့်အတူ လက်နက်ကိုင် စစ်သားများသည် ယင်းနေ့ နံနက် ၄ နာရီ အချိန်၌ ဘန်ရင်းရွာရှိ ခွန်ဆက် အဒူဒီချကူး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာမှ ဖမ်းဆီးမိခြင်း ဖြစ်သည်။

အိမ်ဝန်းအတွင်း၌ ရပ်ထားသော အမိုးပွင့်တရပ်ကား နှစ်စီးပေါ်မှ မြန်မာနိုင်ငံသား ၃၄ ဦးကို ဖမ်းမိခြင်းဖြစ်ပြီး၊ ၎င်းတို့နှင့်အတူ အခငွေယူ၍ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်ခွင့်ပြုခဲ့သည့် ထိုင်းရဲအချို့၏ အမည်များ ပါရှိသည့် မှတ်တမ်းများပါ သိမ်းဆည်းရမိကြောင်း Phuket Gazette နေ့စဉ်သတင်း အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ သား မစ္စတာခွန်ဆက်နှင့်အတူ ၉ မမ သေနတ်အတိုတလက်နှင့် ၎င်းကျည်ဆံ ၄၈ တောင့်လည်း ဖမ်းမိခဲ့သည်ဟု ဆိုသည်။

မစ္စတာခွန်ဆက်နှင့် ဇနီး ဝိလိုင်လက်တို့က ယင်းမြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရာတွင် အကူအညီပေးခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့ပြီး ဖန်ငနှင့် ဖူးခက်မြို့များဘက်သို့ ပို့ဆောင်ရန် ပြင်ဆင်နေချိန်၌ ဖမ်းမိခြင်းဖြစ်ကြောင်း ရဲတာဝန်ရှိသူများက ပြောဆိုထားကြောင်း ပါရှိသည်။

ဖမ်းမိသည့် မြန်မာနိုင်ငံသားများကိုမူ ရနောင်း လူဝင်မှုကြီးကြပ်ရေးဌာနသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးအရေးယူကာ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သော်လည်း ထိုင်းနိုင်ငံသားများနှင့် ပတ်သက်၍ မည်သို့ အရေးယူမည်ကို မသိရသေးပေ။

မြန်မာနိုင်ငံသားများ အပါအဝင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူများကို သယ်ယူပို့ဆောင်ပေးရာတွင် ထိုင်းရဲများ မပါဝင်ပါက မဖြစ်နိုင်ကြောင်း ရနောင်းအခြေစိုက် အလုပ်သမားအရေးနှင့် ကျန်းမာရေးကိစ္စများ ဆောင်ရွက်နေသည့် World Vision အဖွဲ့တွင် အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

“ပွဲစားတွေကိုယ်တိုင်က ရဲနဲ့ ချိတ်ထားပြီးသား။ လူရှာတာတို့ လူစုတာတို့က သာမန်ဗမာပွဲစားတွေက လုပ်မယ်။ သယ်ယူပို့ဆောင်မယ်ဆိုရင် ထိုင်းလူမျိုးတွေရဲ့ တာဝန်။ လမ်းခရီး အခြေအနေကျတော့ ရဲတွေပဲ စီစဉ်ကြတာ။ အဆင့်ဆင့် တာဝန်ယူမယ်။ ဥပမာ မွန်ပြည်နယ်ကနေ ထားဝယ်အထိ တာဝန်ယူတဲ့လူ၊ ထားဝယ်ကနေ ကော့သောင်း တာဝန်ယူတဲ့လူ။ ကော့သောင်းကနေ ရနောင်းမြို့ထဲကို လှေနဲ့ဝင်ဖို့အတွက် တာဝန်ယူတဲ့လူ။ ရနောင်းမြို့ထဲမှာ ယာယီလက်ခံပေးတဲ့လူ။ ရနောင်းကနေ သယ်ယူပို့ဆောင်ပေးတာက တယောက်။ သူတို့က အဲဒီလို အဖွဲ့လိုက် အလုပ်လုပ်တာပေါ့နော်” ဟု သူက ပြောသည်။

၁ဝ နှစ်ကျော် လှုပ်ရှားခဲ့ပြီးဖြစ်သော မစ္စတာခွန်ဆက်၏ လူမှောင်ခို အုပ်စုသည် ထိုင်းနိုင်ငံအတွင်း လူခိုးသွင်းနေသည့် အုပ်စု ၁၅ ခုအနက် ၁၂ ခုမြောက် အကြီးဆုံးဖြစ်ပြီး တလလျှင် လူ ၅ဝဝ ခန့် ခိုးသွင်းပြီး ထိုင်းတောင်ပိုင်းဒေသများသို့ ပို့ဆောင်နေကြောင်း သတင်းစာက ဆိုထားသည်။

ယခင်နှစ် ဧပြီလကလည်း ရနောင်းမြို့မှ ဖူးခက်သို့ အအေးခန်းကားဖြင့် ခိုးသယ်သွားသည့် မြန်မာနိုင်ငံသား ၅၄ ဦး အသက်ရှုကျပ် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

ထိုင်းနိုင်ငံ၌ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား နိုင်ငံသားများ လာရောက်အလုပ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံမှ အလုပ်လာလုပ်နေသူ ၂ သန်းခန့်ရှိသည်ဟု အစိုးရမဟုတ်သည့် လူမှုရေးအဖွဲ့များက ခန့်မှန်းကြသည်။ အများစုမှာ အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားခြင်း မရှိကြပေ။

ထိုင်းအလုပ်သမားဝန်ကြီး ဖိုင်းထွန်း ကယောက်ထောင်း Paitoon Kaewthong ကမူ ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ရန် မှတ်ပုံတင်ထားသည့် နိုင်ငံခြားသား အလုပ်သမား ၄-၅ သိန်းခန့် ရှိပြီဖြစ်သော်လည်း မှတ်ပုံမတင်ဘဲ အလုပ်လုပ်နေသူ ၄ သိန်း ခန့်ရှိကြောင်း ယမန်နေ့ သတင်းစာရှင်းပွဲ၌ ပြောသည်။

မှတ်ပုံမတင်ရသေးသော နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် မှတ်ပုံတင်ကြရန်နှင့် ယင်းမှတ်ပုံတင် သက်တမ်းကာလသည် လာမည့်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိသာ ဖြစ်ကြောင်း ပြောသည်။

သို့သော် မှတ်ပုံတင်ရမည့် ရက်နှင့် အစီအစဉ်ကို အစိုးရဝန်ကြီးများအဆင့် အစည်းအဝေးမှ အတည်ပြုပြီးပါက အလုပ်သမား ဝန်ကြီးဌာနက ကြေညာမည်ဖြစ်ကြောင်း ထိုင်းသတင်းအေဂျင်စီ၌ ယနေ့ဖော်ပြထားသည်။

အိုင်ဗင်ဟို၏ မြန်မာအစုရှယ်ယာ တရုတ်ကုမ္ပဏီအား ရောင်းချဖွယ်ရှိ
မိုးသူ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 03 2009 17:41 - မြန်မာစံတော်ချိန်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာပြည်တွင် လုပ်ကိုင်နေသော ကနေဒါနိုင်ငံမှ အိုင်ဗင်ဟို ကုမ္ပဏီ၏ အစုရှယ်ယာများကို တရုတ်ကုမ္ပဏီတခုက ဝယ်ယူရန် လုပ်ထုံးလုပ်နည်းအရ သဘောတူညီမှု အဆင့် ရောက်နေကြောင်း မြန်မာ သတ္ထုတွင်းဆိုင်ရာ ကျွမ်းကျင်သူတဦး၏ အဆိုအရ သိရသည်။

စစ်ကိုင်းတိုင်းအတွင်း မုံရွာမြို့ တဖက်ကမ်းတွင် တည်ရှိသည့် ကြေးနီသတ္တုတွင်း၌ ပူးပေါင်းလုပ်ကိုင်နေသော အစုရှယ်ယာ ထက်ဝက်သည် အပြည်ပြည်ဆိုင်ရာ၏ ဝေဖန်မှုကို ခံနေရသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခု ဖြစ်ကြောင်းနှင့် ထိုအစုရှယ်ယာအား တရုတ်ကုမ္ပဏီတခုသို့ ရောင်းချရန်ရှိသည်ဟု သူက ပြောဆိုခြင်း ဖြစ်သည်။

“စစ်တပ်က လုပ်နေတဲ့ သတ္ထုတွင်းလုပ်ငန်း (၁) နဲ့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေတဲ့ မြန်မာ-အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက် - MICCL က အစုရှယ်ယာတဝက်ကို တရုတ်ကုမ္ပဏီကို ရောင်းချဖို့ ရှိတာပါ။ သတ်သတ်မှတ်မှတ်တော့ မဟုတ်သေးပါဘူး“ ဟု ထိုကျွမ်းကျင်သူက ပြောသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး ကြေးနီမိုင်းဖြစ်သော ထိုစီမံကိန်းသည် တနှစ်လျှင် ကြေးနီချောင်း တန် ၄ သောင်းခန့် ထုတ်လုပ်နိုင်သည်။

တချိန်တည်းမှာပင် တိုရန်တို၊ နယူးယောက်နှင့် NASDAQ (အမေရိကားမှ အကြီးဆုံး အီလက်ထရောနစ် ကုန်သွယ်မှု ငွေကြေးဈေးကွက်) တို့၏ ငွေကြေးဈေးကွက်များ၏ IVN သင်္ကေတ အောက်တွင် ကနေဒါနိုင်ငံ အိုင်ဗင်ဟိုကုမ္ပဏီသည် ပါဝင်နေသည်။

မြန်မာစစ်အစိုးရက အတည်ပြုပေးပြီး လိုအပ်သော လျှပ်စစ်အား ပံ့ပိုးမှုများလည်း ရရှိမည်ဆိုပါက ၎င်း၏ ထုတ်လုပ်မှုကို တနှစ်လျှင် တန် ၂ သိန်းအထိ တိုးမြှင့်ရန် စီစဉ်လျက်ရှိသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ဘုန်းတော်ကြီးများ ဦးဆောင်သည့် အုံကြွမှုအား စစ်အစိုးရက သွေးထွက်သံယို နှိမ်နှင်းခဲ့သည်ကို တုံ့ပြန်သောအားဖြင့် အိုင်ဗင်ဟိုသတ္ထုတွင်း ကုမ္ပဏီက ကြေညာချက်တခု ထုတ်ပြန်ခဲ့သေးသည်။

ထုတ်ပြန်ချက်တွင် စစ်တပ်အုပ်ချုပ်သော အစိုးရ၏ အုံကြွမှုအပေါ် တုံ့ပြန်မှုသည် ဖွဲ့စည်းပုံအား ပြောင်းလဲပစ်ရန် ကိစ္စကို ဆိုးဝါးသွားစေသည်ဟု ဆိုထားသည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ကြေညာချက်တွင်လည်း အိုင်ဗင်ဟို သတ္ထုတွင်းလုပ်ငန်းက ၎င်း၏ မြန်မာပြည်မှ ပစ္စည်းများ၏ ပိုင်ဆိုင်မှုကို လွတ်လပ်သော၊ ယုံကြည်ရသည့် တတိယအုပ်စုထံ လွှဲပြောင်းပေးခဲ့သည်ဟု ပါရှိသည်။

ထိုစီမံကိန်းတွင် လုပ်ငန်းနေရာ ၃ ခုရှိပြီး ၎င်းတို့မှ ပူးပေါင်းလုပ်ကိုင်နေသော နေရာ ၂ နေရာမှာ စပယ်တောင်နှင့် ကြေးစင်တောင်တို့ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်းက မုံရွာသတ္ထုတွင်းလုပ်ငန်းကို အကြောင်းအရင်း ဖော်ပြခြင်း မရှိဘဲ ရပ်ပစ်ခဲ့ကာ၊ မုံရွာ ကြေးနီစီမံကိန်းတွင် နိုင်ငံခြားသား အနည်းငယ် အပါအဝင် အလုပ်သမားပေါင်း ၁၀၀၀ ကျော် ရှိသည်။

အိုင်ဗင်ဟို ကုမ္ပဏီသည် တရုတ်၊ မွန်ဂိုလီးယားနှင့် သြစတြေးလျား နိုင်ငံများတွင်လည်း ကြေးနီ၊ ယူရေနီယမ်နှင့် ရွှေတို့ကို ရှာဖွေနေသော ကုမ္ပဏီတခု ဖြစ်သည်။

ရခိုင်နယ်စပ်မြို့များသို့ ပြည်မဘက်မှ လူအများ ဆက်လက်ရွှေ့ပြောင်း
ငြိမ်းချမ်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 03 2009 14:50 - မြန်မာစံတော်ချိန်

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် နယ်စပ်မြို့များ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ပြည်မဘက်မှ လူအများကို ပြောင်းရွှေ့နေရာချထားမှု ပြုလုပ်လျှက်ရှိရာ ယမန်နေ့က လူဦးရေ ၃၀၀ ခန့် ဆက်လက် ရောက်ရှိလာခဲ့သည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြန်လည် နေရာချထားရေး စံပြကျေးရွာများသို့ ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား၊ ပြည်နှင့် ပုသိမ်မြို့နယ်များမှ လိုက်ပါလိုသူများ လိုက်လံစုဆောင်း ပြန်လည် နေရာချထားပေးရာ တတိယအသုတ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။

“မိသားစုလိုက် ခေါ်လာတာ။ ယောက်ျားတွေ၊ မိန်းမတွေ၊ ခလေးတွေ အကုန်လုံး ပါတယ်” ဟု မောင်တောမြို့ ကျီးကန်းပြင်ရွာ အခြေစိုက် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး ဌာနချုပ် - နစက သတင်းရပ်ကွက် တခုက မဇ္ဈိမကို ပြောသည်။

ယခုနှစ် ဧပြီလက လူဦးရေ ၃ဝဝ ခန့် (မိသားစု ၁၅၀)၊ ဇန်နဝါရီလ အတွင်းက လူဦးရေ ၅၀၀ (မိသားစု ၁၅၀ ခန့်)ကို ရွှေ့ပြောင်းခဲ့သေးသည်။

၂၀၀၁ ခုနှစ်မှ စတင်၍ နတလ ကျေးရွာများကို ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်း တည်ဆောက်ခဲ့ရာ ရွာတရွာတွင် အိမ်ခြေ ၁၀၀ နှုန်းဖြင့် ကျေးရွာ ၁ဝဝ တည်ဆောက်ရေး စီမံကိန်းဖြစ်သည်။ ယခုအခါ မိသားစုပေါင်း ၂၅၀၀ ခန့် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်ဟု ယုံကြည်ရသည်။

လာရောက်နေထိုင်သူများ လုပ်ကိုင် စားသောက်ရန်အတွက် အာဏာပိုင်များက ပေ ၈၀-၆၀ မြေကွက်၊ အိမ်တလုံး၊ လယ်၊ နွားနှင့် ၆ လစာ ရိက္ခာ ထောက်ပံ့ပေးကြောင်း အောင်မင်္ဂလာ ရွာသားတဦးက ပြောသည်။ သို့သော် ဒေသခံများထံမှ စီမံကိန်းအတွက် ငွေကောက်ခံမှုများ ပြုလုပ်နေသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ ဘူးသီးတောင်၊ မောင်တောမြို့များတွင် နေထိုင်သူများမှာ အစ္စလမ်ဘာသာဝင် ရိုဟင်ဂျာ အများစု ဖြစ်သည်။

Comments (2)
အပြီးသတ်လျှောက်လဲချက် ရုံးချိန်း ထပ်မံရွှေ့ဆိုင်း
Wednesday, 03 June 2009 20:24 ကိုစိုး

ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်ပတ်သက်ပြီး မူလ သတ်မှတ်ထားသည့် အပြီးသတ် လျှောက်လဲချက်ပေးရန် ရုံးချိန်းကို လာမည့် သောကြာနေ့မှ ထပ်မံ ရွှေ့ဆိုင်းသွား သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း ကပြောသည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ ၃ ဦးပယ်လိုက်သည့်အမိန့်ကို ပြန်လည် သုံးသပ်ပြင်ဆင်ရန် လျှောက်လဲချက်အား ရန်ကုန်တိုင်း တရားရုံးက လက်ခံလိုက်သည့် အတွက် ယင်းသို့ အလိုအလျှောက် ရွှေ့ဆိုင်း သွားရခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သည့် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ကျနော်တို့ သက်သေ ၃ ဦးကိုပယ်လိုက်တာဟာ ဥပဒေနဲ့မညီဘူးဆိုပြီး မနေ့က ရန်ကုန်တိုင်း တရားရုံးကို တင်ပါ တယ်၊ မနေ့က ချိန်းတာ မကြားနာဖြစ်ဘူး၊ ဒီနေ့ ညနေ ၃ နာရီမှာ လျှောက်လဲချက်သွားပေးပါတယ်၊ ဒီ လျှောက် လွှာကို လက်ခံရေးအတွက် လျှောက်လဲချက်ပေးတာပါ၊ လျှောက်လဲချက်လည်း ပေးပြီးရော တရားရုံးက အမှုကို လက်ခံတယ် ဆိုတဲ့ အမိန့်ချပါတယ်၊ ချပြီးတော့ တရားလို ဘက်ရော ဒေါ်အောင်ဆန်းစုကြည်ဘက်ရော ၂ ဘက် ကြားနာဖို့ ၊ ၂ ဘက်လျှောက်လဲချက် ပေးဖို့ ကို ၅ ရက်နေ့ ၃ နာရီကို ချိန်းလိုက်ပါတယ်၊ သက်သေ ၃ ယောက်ကို မစစ်တဲ့ အမိန့်ကို ပြင်ဆင်ဖို့ပါ၊ ပြန်လည်သုံးသပ်ဖို့တင်တာ၊ အဲဒီတော့ ကျနော်တို့ ၅ ရက်နေ့ မနက်ကို ခရိုင် တရား ရုံးမှာ အပြီးသတ်လျှောက်လဲချက်ပေးရမှာက ဒီအမှုကို လက်ခံလိုက်တဲ့အတွက် လုပ်ထုံးလုပ်နည်း အရ အလိုလို ရွေ့သွားမယ်၊ မရှိတော့ဘူး ပြောရင်လည်း ရတယ်”ဟု ၎င်းက ဧရာဝတီ သို့ ရှင်းပြသည်။

လက်ရှိအခြေအနေအရ တိုင်းတရားရုံး၏ ဆောင်ရွက်ချက်ပြီးမှ မူလ ခရိုင်တရားရုံးအနေနှင့် အပြီးသတ် လျှောက် လဲ ချက်ရုံးချိန်း သတ်မှတ်နိုင်မည်ဖြစ်သည်ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး တရား ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်သည့် တရားခံပြသက်သေ ၄ ဦးမှ ၃ ဦးကို မေလ ၂၇ ရက်နေ့က ပယ်ချခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက် က တင်ထားသော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ကို အင်းစိန်ထောင် တွင်း အထူးတရားရုံးက ပယ်ချလိုက်ပြီး NLD လပွတ္တာ အမတ် ဦးကြည်ဝင်း ၁ ဦးကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင်ပြုခဲ့သော လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။
စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

ဖူးကက်မြို့ရှိ မြန်မာအလုပ်သမားများ အလုပ်အကိုင်ရှားပါး
Wednesday, 03 June 2009 15:20 ဘစောတင်
ထိုင်းနိုင်ငံတောင်ပိုင်းရှိ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားခဲ့သည့် ဖူးကက်မြို့တွင် ယခုအခါ မြန်မာနိုင်ငံသား ဆောက်လုပ်ရေး အလုပ်သမား အများစုသည် အလုပ်အကိုင် ရှားပါး၍ အခက်အခဲများဖြင့် တွေ့ ကြုံနေရ ကြောင်း သတင်းရရှိသည်။


စီးပွားရေးကျဆင်းပြီး နိုင်ငံခြားသား ခရီးသွားများ အလာကျဲသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ခြေအနေ မကောင်းသည့် အတွက် ထိုကဲ့သို့ အလုပ်သမားများ အခက်အခဲ ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု ဖူးကက်မြို့တွင် ၁၅ နှစ်ခန့် နေထိုင်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွင် ဆပ်ကန်ထရိုက်တာ (ထိုင်းအခေါ် ဖောလမောင်း) လုပ်နေသူ ကိုခိုင်ကျော်သူရမင်းက ပြောပြသည်။

“အရင်နှစ်တွေကဆို ကျနော်တို့ အလုပ်ပြတ်သွားတယ် ဆိုတာ တခါမှမရှိဘူး၊ သူဌေး တွေကလည်း ငွေမှန်မှန် ရှင်းတယ်၊ အလုပ်ကလည်း လုပ်နိုင်ဖို့သာ လိုတယ်၊ ဒီနှစ်ကျတော့ ကျနော်တောင် အခု အလုပ်မဖြစ်တာ နှစ်လလောက်ရှိသွားပြီ၊ ကျနော့်တပည့်တွေ အတွက်သာ နည်းနည်းပါးပါး စားဖို့ သောက်ဖို့ ရအောင် ရှာပေးထားရတာ၊ အလုပ်ပါးရတဲ့ လိုရင်းကတော့ အင်္ဂလိပ်တွေ အဆောက်အဦး မဆောက်ရင် ကျနော်တို့ အလုပ်မရဘူး၊ အခုက စီးပွားရေး မကောင်းကြတော့ ဧည့်သည်လည်း အလာကျဲပုံရတယ်၊ ဆောက်လုပ်ရေး ဆိုဒ်တွေမှာလည်း အလုပ်မကောင်းကြတော့ အလုပ်သမားတွေ အရေအတွက်ကို တ၀က်နီးပါး လျှော့ပစ်တာ တွေရှိတယ်၊ တော်တော်ကိုကောင်းတဲ့ သူဌေးတွေရဲ့ဆိုဒ်သာ တောင့်ခံနိုင်တာ”ဟု ၎င်းကဆိုသည်။

ဖူးကက်မြို့တွင် အနည်းဆုံး မြန်မာအလုပ်သမား နှစ်သိန်းခန့် အလုပ်လုပ်ကိုင်ခဲ့ကြသည်ဟု သိရပြီး ဆောက် လုပ်ရေးဆိုဒ်များ၊ ဟိုတယ်များ၊ ကုန်တိုက်ကြီးများ၊ ဈေးဆိုင်များ၊ မီးပူတိုက် အ၀တ်လျှော် လုပ်ငန်းများတွင် မြန်မာပြည်သားများ ၀င်ရောက်လုပ်ကိုင်လေ့ ရှိကြသည်။

ယင်းတို့အထဲမှ လေးပုံသုံးခန် သည် ဆောက်လုပ်ရေး ပန်းရံဆိုဒ်တွင် လုပ်ကြာသူများဖြစ်သည်။ သို့ သော် ယခုအခါ လေးပုံတပုံခန် သည် အလုပ်အကိုင် အဆင်မပြေ၍ မိမိတို့ ဇာတိမြန်မာပြည်သို့ လည်းကောင်း၊ အခြားဒေသများသို့ လည်းကောင်း ရွှေ ပြောင်းသွားကြသည်ဟုလည်း ကိုခိုင်ကျော်သူရမင်းက ဆက်ပြော သည်။

“အရင်ကဆိုရင်ဗျာ၊ ဖူးကက်က ဘယ်စားသောက်ဆိုင်ပဲဖြစ်ဖြစ်၊ ဈေးဆိုင်ပဲဖြစ်ဖြစ်၊ ကုန်ကုန်ပြောမယ်ဗျာ၊ ဖူးကက်က လုပ်ငန်းတိုင်းမှာ ဗမာပြည်သားတွေရှိတယ်၊ အခုတော့ အလုပ်သမား တရာရှိတဲ့နေရာမှာ တ၀က် လျှော့ချလိုက်တော့ ငါးဆယ်ပဲ ကျန်တော့တယ်၊ တချို့တပိုင်တနိုင်လုပ်တဲ့ ကန်ထရိုက်တွေဆို ပျက်ကိုပျက် သွားတာ၊ အရင်နှစ်တွေကဆို ဒီလိုမဟုတ်ဘူး၊ ဆူနာမီပြီးတုန်းကဆို ဆောက်လုပ်ရေး ရွှေခေတ်လို့တောင် ပြောလို့ ရတယ်”ဟု သူက ပြောပြသည်။

ကိုခိုင်ကျော်သူရမင်းသည် ဖူးကက်မြို့လယန် အရပ်တွင် ယခင်နှစ်က အလုပ်သမား ငါးဆယ်ခန့်ကို အလုပ် အကိုင်ပေးနိုင်ခဲ့သူဖြစ်သည်။

ယင်းသို့သော ပင်ပန်းသည့်အလုပ်များကို ထိုင်းနိုင်ငံသား အလုပ်သမားများက မလုပ်ကြသဖြင့် မြန်မာရွှေ့  ပြောင်းအလုပ်သမားများက ၀င်ရောက်လုပ်ကိုင်ကြသည်။ အလုပ်အကိုင် ကျွမ်းကျင်ပြီး ထိုင်းဘာသာ စကား ကိုလည်း ကောင်းမွန်စွာ တတ်ကျွမ်းသူ မြန်မာအလုပ်သမားက အလုပ်သမား ခေါင်းဆောင်အဖြစ် လည်း ကောင်း သူဌေးများနှင့်ရင်းနှီးကျွမ်းဝင်ပြီး ယုံကြည်စိတ်ချခံရသူများကို အလုပ်အကိုင်ခွဲချပေးကာ ဆပ်ကန် ထရိုက် လုပ်နေသူများလည်းရှိကြသည်။

ဖူးကက်မြို့ ထလန်အရပ်ရှိ လီဖုန်း ပန်းခြံ(Liphone Garden)တွင် အလုပ်လုပ်နေသော ကိုမောင်ဖြူက လည်း “ဒီနှစ်တော့ ဘာဖြစ်တယ်မှန်းမသိပါဘူးဗျာ ၊ ဂေါ်ဆန်း ( ဆောက်လုပ်ရေးကို ထိုင်းဘာသာအခေါ်)လုပ်ရတာ အဆင်မပြေပါဘူး၊ တခါတခါ တနေ့ ကုန်လို့ ဘာမှ မလုပ်ရတဲ့နေ့ မလုပ်ရဘူး၊ တော်တော်များများ အခက် အခဲကြုံကြရတယ်၊ ကျနော်ကတော့ သူများနဲ့ စာရင် မဆိုးဘူးပြောရမယ်၊ ပန်းခြံထဲမှာလုပ်တာဆိုတော့ သူဌေး က လိုတာရှိရင် ခိုင်းတယ်၊ သူခိုင်းတာလုပ်ပေးလိုက်တယ်၊ အလုပ်မရှိလည်း အချိန်တန်လစာ တော့ရတာပေါ့၊ ဒါပေမယ့် အခုပုံမျိုးဆိုရင် ရှေ့မှာ ဒုက္ခရောက်နိုင်တယ်၊ မိသားစုနဲ့ ဆိုတော့ ရင်လေးတယ် ဗျာ”ဟု ပြောဆိုသည်။

ဖူးကက်တွင် ထားဝယ်၊ မြိတ်၊ မွန်၊ ရခိုင်၊ ဗမာ၊ ဂေါ်ရခါး စသည်ဖြင့် မြန်မာပြည်သား အများအပြား နေထိုင် အလုပ်လုပ်နေကြပြီး ဖူးကက်မြို့ကော့်စလေကျွန်းရှိ R. T. H. Co. Ltd ၏ ဆောက်လုပ်ရေးဆိုဒ်တွင် လုပ် ကိုင် နေသော ရခိုင် အလုပ်သမား နှစ်ရာကျော်ရှိသည်ဟုသိရသည်။

ဖူးကက် စားသောက်ဆိုင် တခုတွင်အလုပ်လုပ်ရင်း ရခိုင်အမျိုးသား သတင်းစာအတွက် သတင်းထောက်လုပ် နေသူ ကိုညဏ်လင်း(ဖူးကက်)က“ဒီနှစ် ထိုင်းနိုင်ငံမှာ နိုင်ငံရေးအခြေအနေ ၊ ကမ္ဘာ့ စီးပွားရေးကပ်ဆိုး တွေ ကြောင့် ပြည်ပက ခရီးသည်တော်တော်လေးကို အလာနည်းသွားပါတယ်၊ စားသောက်ဆိုင်တွေမှာ အရင်နှစ် တွေက Hight season ဆိုရင် ပါတီတွေတရုံးရုံးနဲ့နေတဲ့ နေရာတွေမှာ အခု လူတယောက်မှမလာလို့ ဆိုင်ဝန် ထမ်းတွေ လျှော့ရတဲ့အခြေအနေတောင် ဖြစ်သွားပါတယ်၊ ပစ္စည်းတွေ ကလည်း ဈေးကြီးလာတယ်၊ တချို့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာဆိုရင်လည်း တဆင့်ခံလုပ်သူတွေ အရှုံးပေါ်ပါတယ်၊ အရှုံးပေါ်တော့အောက် ခြေကလုပ်တဲ့ မြန်မာတွေ ပိုက်ဆံမရဘူးပေါ့၊ သူတို့က ထွက်သွားကြတယ်၊ မြန်မာတွေက ဘာမှလုပ်လို့မရ ဘူး၊ အဲဒီလိုနဲ့ နောက်တစ်နေရာကိုပြောင်း၊ ရဲဖမ်းခံရသူကခံရနဲ့ ဒီလိုပဲကျနော်တို့ရွှေ့ပြောင်း အလုပ်သမား တွေ ခံနေရတာပါပဲ”ဟု ပြောပြသည်။

ဖူးကက်သည် ကျွန်းမြို့ တမြို့ဖြစ်၍ ရှုခင်းသာယာသော နေရာများစွာတွင် တောင်ကို ဖြို၍ လည်းကောင်း၊ ပင်လယ်ကမ်းစပ်များတွင်လည်းကောင်း တည်းခိုခန်းများ၊ လူနေအိမ်ရာများကို အထူးသဖြင့် နိုင်ငံခြားသား သူဌေးများက ထိုင်း ကန်ထရိုက်များဖြင့် ဆောက်လုပ်လေ့ ရှိကြသည်။

ဖူးကက်မြို့သို့ နိုင်ငံခြားသားများ လာရောက်လည်ပတ်ကြပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသောမြို့တမြို့ ဖြစ်သောကြောင့် ယခင်က အဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်းများသည်လည်း နွေ မိုး ဆောင်း သုံးရာသီလုံး အလုပ် ဖြစ်နေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန် ထိုင်း အမျိုးသမီးအမတ်များ တောင်းဆို
Wednesday, 03 June 2009 19:40 ဧရာဝတီ

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်အား အမြန်ဆုံး လွှတ်ပေးရန်အတွက် ထိုင်းနိုင်ငံ အမျိုးသမီး လွှတ်တော်အမတ် ၂၂ ဦးက မြန်မာစစ်အစိုးရထံ ယနေ့ စာရေး တောင်းဆို လိုက်ကြောင်း သိရသည်။

ယနေ့ရက်စွဲဖြင့် ထိုင်းအမျိုးသမီးလွှတ်တော်အမတ်များက ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသား များ အားလုံးကို လွှတ်ပေးရန်အတွက် မြန်မာစစ်အစိုးရထံ စာရေးတောင်းဆိုလိုက်ခြင်းဖြစ်သလို ကြေညာချက် လည်း ထုတ်ပြန်ခဲ့သည်။

“သူ့ရဲ့လုပ်ရပ်တွေကို ယုံကြည်ပါတယ်။ သူ့ကို ပြစ်ဒဏ်ချမှတ်မယ်ဆိုရင် သနားညှာတာမှု မရှိတဲ့ လုပ်ရပ်တခု ဖြစ်သလို လူအချင်းချင်း ငဲ့ညှာထောက်ထားမှုမရှိတဲ့ လုပ်ရပ်ဖြစ်ပါလိမ့်မယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ တရားစွဲဆိုတာတွေ လုပ်ပိုင်ခွင့်မရှိပါဘူး” ဟု ထိုင်းအမျိုးသမီး လွှတ်တော်အမတ်များကပြောသည်။

ဆက်လက်၍ ထိုင်းအမျိုးသမီးအမတ်များက ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းတို့ထိုင်း အမျိုးသမီး အမတ်များ အတွက်သာမက ကမ္ဘာတ၀န်းလုံးရှိ ဒီမိုကရေစီတိုက်ပွဲဝင်နေသူများ အားလုံးအတွက် အတုယူစရာကောင်းသည့် အမျိုးသမီးတဦးလည်းဖြစ်သည်ဟု ဆိုသည်။

ယင်းကြေညာချက်တွင် ထိုင်းအမျိုးသမီးလွှတ်တော်အမတ်များက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လွှတ်တော် အမတ် ၁၀၀ နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်ကိုလွှတ်ပေး၍ မြန်မာပြည်တွင်တိုးတက်ပြောင်းလဲရေးအတွက် တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ထားရာ နေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုခဲ့သည်။

မကြာသေးခင် ရက်ပိုင်းအတွင်း၌ အာဆီယံ လွှတ်တော်အမတ်တချို့သည် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ပြစ်ဒဏ်ချမှတ်ခဲ့ပါက အာဆီယံအတွင်းမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့သည်။

ယင်းလုပ်ရပ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ၀င်ရောက်မယှဉ်ပြိုင်နိုင်ရန်အတွက် မြန်မာစစ်အစိုးရက လုပ်ကြံသည်ဟု မြန်မာ့အရေး လှုပ်ရှားသူများက ယုံကြည်နေကြသည်။

မိုဘိုင်းဖုန်းများ အီးမေးလ် သုံးနိုင်တော့မည်
Wednesday, 03 June 2009 19:02 ဧရာဝတီ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းက ထိန်းချုပ်ထားသော သတင်းနှင့် နည်းပညာဗဟိုဌာန (ITCS) က မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းကာ သြဂုတ်လမှစတင်၍ မိုဘိုင်းဖုန်းများတွင် အီးမေးလ် အသုံးပြုနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မှလာသော သတင်းများအရ (ITCS) သည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းကာ မိုဘိုင်းဖုန်းများတွင် အီးမေးလ်များ လက်ခံခြင်းနှင့် ပေးပို့ခြင်းများကို အကောင်ထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

သို့သော် စာရွက်စာတမ်းများ၊ ဗွီဒီယိုဖိုင်များ၊ ဓာတ်ပုံများကိုမှု ပေးပို့လက်ခံရယူနိုင်ခြင်း မရှိသကဲ့သို့ အဆိုပါ အီးမေးလ် ကိုလည်း (GSM) (CDMA 450 MHZ) အမျိုးအစား မိုဘိုင်းဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ကွန်ပျူတာ နည်းပညာရှင်များက ပြောသည်။

မိုဘိုင်းဖုန်းတွင် အသုံးပြုနိုင်သော အီးမေးလ်များမှာ ဂျီမေးလ်၊ ရာဟူးမေးလ်နှင့် ဟော့ပ်မေးလ်များ ဖြစ်ကြောင်းသိရသည်။

ITCS မိုဘိုင်းဖုန်း အီးမေးလ် ကိုအသုံးပြုလိုသူများအနေဖြင့် ရောင်းချရန်ခွင့်ပြုထားသော ဖုန်းဆိုင်များတွင် ဦးစွာပထမ မှတ်ပုံတင်ရမည်ဖြစ်သည်။

မြန်မာပြည်တွင်အင်တာနက်နှင့်ပတ်သက်၍ အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာတယ်လီပို့ (ပုဂံနက် (သို့) ပုဂံဆိုင်ဘာတက်)တို့က အဓိက ထိန်းချုပ်ထားသည်။

အင်တာနက်တွင်ဝက်ဆိုဒ်များဝင်ရောက်ကြည်ရှုခွင့်နှင့်ပတ်သက်၍ မြန်မာပြည်သည် အတင်းကျပ်ဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး နိုင်ငံရေးနှင့်သက်ဆိုင်သော ဘလော့စာမျက်နှာများ၊ ပြည်ပအခြေစိုက် မြန်မာ့သတင်း မီဒီယာ ၀က်ဆိုက်ဒ်များကို နည်း ပညာအကူအညီများ အသုံးပြု၍သာ ၀င်ရောက်ကြည့်ရှုနိုင်သည်။

ITCS သည် အစိုးရကဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်းက ၂၀၀ရ ခုနှစ်တွင် တည်ထောင်ခဲ့ ခြင်းဖြစ်သည်။

ITCS ကိုနည်းပညာပိုင်းဆိုင်ရာနှင့်ပတ်သက်၍ု တရုတ် Alcatel Shanghai Bell ကုမ္ပဏီက အကူညီပေးခဲ့ပြီး စစ်ဘက် ဆိုင်ရာအရာရှိများသာ တာဝန်ထမ်းဆောင်ခွင့်ပြုထားသည်။ ၎င်းကုမ္ပဏီ၏ မြန်မာပြည်ကိုယ်စားလှယ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူအများပြောဆိုနေကြသော ဦးတေဇ ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေကိစ္စ ပြင်ဆင်ချက် ရန်ကုန်တိုင်း တရားရုံး ကြားနာမည်
03 June 2009

ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံချေပဖို့ တင်သွင်းတဲ့ သက်သေတွေကို ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ဖို့ လျှောက်လဲတင်ပြချက်ကို တရားရုံးကလက်ခံလိုက်ပါတယ်။ အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ဖြစ်တာမို့ ပြန်လည်သုံးသပ်လက်ခံဖို့ အကျိုးဆောင်ရှေ့နေတွေရဲ့ တင်ပြချက်ကို ကြားနာပြီး အခုလို ပြင်ဆင်ချက် လျှောက်ထားတာကို လက်ခံလိုက်တာပါ။ တရားခွင် အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ၊ သူ့ဖက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်သွင်းခဲ့ပေမယ့် တရားရုံးက လက်မခံပဲ တယောက်သာ ခွင့်ပြုခဲ့တဲ့အတွက် ရန်ကုန်တိုင်းတရားရုံးကို ပြင်ဆင်ချက် လျှောက်ထားတာကို အခုနောက်ဆုံး လက်ခံလိုက်တာပါ။ သက်သေ ၄ ယောက် အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်၊ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုး နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း တို့ကို တင်သွင်းခဲ့ပေမယ့် ဦးကြည်ဝင်း တဦးထဲကိုသာ တရားရုံးက ခွင့်ပြုခဲ့တဲ့နောက် အခုလို ပြန်လည်သုံးသပ်ဖို့ လျှောက်ထားခဲ့တာကို လက်ခံခဲ့တာပါ။ ဒီအတွက် မူလက သတ်မှတ်ထားသလို အပြီးသတ်လျှောက်လဲချက်ပေးမယ့် အစီအစဉ်ဟာလည်း နောက်ဆုတ်သွားပါပြီ။ ရန်ကုန်တိုင်း တရားရုံးက အခု နောက်ဆုံး ကြားနာပြီး လျှောက်လဲချက်ကို လက်ခံခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ပြောပြတာကတော့ ....

“ကျွန်တော်တို့ ဒီနေ့ ၃နာရီ တိုင်းတရားသူကြီးရုံးမှာ ကျွန်တော်တို့ တဘက်ပဲ လျှောက်လွှာတင်တယ်။ ဒီအမှုကို လက်ခံ ထိုက်တယ်ဆိုတာကို ကျွန်တော်တို့ အကိုးအကားတွေနဲ့ လျှောက်လွှဲချက်ပေးပါတယ်။ လျှောက်လွှဲချက် ပေးပြီးတော့ တိုင်း တရားသူကြီးက အမှုကို လက်ခံတယ်ဆိုတဲ့ အမိန့်ချပါတယ်။ ပြီးတော့ ၂ဘက်ပေါ့၊ တရားလိုဘက်ရော၊ ကျွန်တော်တို့ဘက် ရော လျှောက်လွှဲချက် ပေးဖို့ ၅ရက်နေ့ ၃နာရီကို ရက်ချိန်းပေးပါတယ်။ ၅ရက်နေ့ ၃နာရီ ကြားနာပြီးရင် သင့်တော်တဲ့ တရက်မှာ တရားသူကြီးက အမိန့်ချမယ်။ ကျွန်တော်တို့ ပြောတဲ့အတိုင်း လက်ခံတယ်ဆိုရင် အောက်ရုံးမှာ သက်သေတွေ ထပ်စစ်ရမယ်။ အင်းစိန် တရားရုံးမှာ ၅ရက်နေ့ မနက် ၁၀နာရီမှာ အပြီးသတ် လျှောက်လွှဲချက်ပေးဖို့ ရက်ချိန်း ပေးထားပါ တယ်။ အဲဒီ ရက်ချိန်းက အခုလို တိုင်းတရားရုံးက အမှုကို ပြင်ဆင်ဖို့ လက်ခံလိုက်တယ်ဆိုတဲ့ အဲဒီ ရက်ချိန်းကတော့ အလိုလို ရွှေ့သွားပါတယ်။ တိုင်းတရားရုံးက ဒီပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့ အပြီးသတ် အမိန့်မချမချင်း အဲဒီဟာ ရွှေ့မယ်။”

အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် ဘက်က သက်သေ ၁ ယောက်သာ တင်ပြ ထွက်ဆိုခွင့် ရပြီး တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်တွေ ဖက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆို ခွင့်ရခဲ့တာမို့လည်း ဒါဟာ မျှတတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုပြီး ရှေ့နေတွေက ပြောနေတာပါ။ အခုလို ပြင်ဆင်ချက်ကို လက်ခံကြားနာဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ရည်ရွယ်ထားသလို သက်သေတွေ အားလုံး တရားခွင်မှာ ကြားနာခွင့်ရမယ် ဆိုရင်တော့ ခုခံချေပဖို့အတွက် အလားအလာတွေ ရှိလာလိမ့်မယ်လို့လည်း ဥပဒေ အကျိုးဆောင်တွေက မျှော်လင့်ထားကြ တာပါ။

“ဥပဒေ သဘောအရတော့ အရေအတွက်ကတော့ အရေးမကြီးပါဘူး။ အရည်အချင်းက အရေးကြီးတယ်။ ဒါပေမဲ့ ဒီလို ကျွန်တော်တို့ဘက်ကို တယောက်တည်း ပေးထားပြန်တော့လည်း ဘယ်လိုပဲ ဖြစ်ဖြစ် တဘက်စောင်းနင်း သဘောရောက် တယ်။ အဲဒီတော့ ကျွန်တော်တို့ တင်ပြတဲ့ သက်သေကို အပြည့်အ၀ ပေးလို့ရှိရင် ကျွန်တော်တို့ ခုခံချင်တဲ့ လမ်းကြောင်းကို ကျွန်တော်တို့ အပြည့်အ၀ လုပ်လို့ ရတဲ့ သဘောပေါ့။”

ဒေါ်အောင်ဆန်းစုကြည် ကို တရားခွင်မှာတင်ပြီး ရှေ့နေ ရှေ့ရပ်တွေနဲ့ ခုခံကာကွယ်ခွင့်ပေးထားပေမဲ့၊ တရားစီရင်ရေး စနစ်ဟာ လွတ်လပ်မှုမရှိဘူး၊ အာဏာပိုင်တွေရဲ့ စွက်ဖက်မှုတွေ ရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ဒါပေမဲ့လည်း အခုနောက်ဆုံး ဒီလို ပြင်ဆင်ချက်ကို လိုက်လျောလာတာမျိုးတွေ ရှိလာနေတဲ့အချိန် ဒါဟာ တရားစီရင်ရေး စနစ်လွတ်လပ်မှုရှိလာပြီလို့ ယူဆနိုင်ပါသလား။ ဦးဥာဏ်ဝင်း ကတော့ အခုလို မှတ်ချက်ပေးပါတယ်။

“ကျွန်တော်တို့ အားလုံးကို ခြုံပြီးတော့၊ အပြီးသတ် အမိန့်လည်း မရသေးတော့ မပြောနိုင်ဘူး။ လက်ခံ တိုင်းတရားရုံးက လက်ခံတာကတော့ ကျွန်တော်တို့ ဥပဒေ လမ်းကြောင်းကို ဦးတည်တဲ့ လက္ခဏာ အဖြစ်လို့ ကျွန်တော် မြင်ပါတယ်။ ဥပဒေနဲ့ အညီသာ အဆုံးအဖြတ်ပေးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ပြစ်မှုကိုမှ မကျူးလွန်ဘူးလို့ ဥပဒေအရ ကျွန်တော် မြင်ပါတယ်။ ဘယ်လို ဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်ရင်တော့ ကျွန်တော် ခန့်မှန်းပြီးတော့ မပြောသင့်ပါဘူး။ တရားရုံးပေါ် မှာပဲ မူတည်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ပါ။ တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ၊ အခုလာမယ့် သောကြာနေ့ ကျရင် နှစ်ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ အစောပိုင်းတုန်းက သတ်မှတ်ထားတာမို့၊ မကြာခင် စီရင်ချက်တရပ် ချမှတ်လိမ့်မယ်လို့ တွက်ဆနေခဲ့ကြတာပါ။ ဒါပေမဲ့ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ တရားရုံး ဆုံးဖြတ် ချက် အရဆိုရင်တော့ တွက်ဆထားသလောက် မြန်ဆန်မှာမဟုတ်တော့ဘူးလို့ ဆိုရမှာပါ။

အထိန်းသိမ်းခံ တကိုယ်တော်ဆန္ဒပြသူ ဦးဇော်ညွန့် မိသားစုနဲ့ တွေ့ခွင့်မရသေး
03 June 2009
ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အင်းစိန်ထောင်ရှေ့မှာ တကိုယ်တော်ဆန္ဒပြတောင်းဆိုရင်း အဖမ်းခံခဲ့ရတဲ့ ဦးဇော်ညွန့် အခြေအနေကို ဒေါ်နန္ဒါချမ်းက တင်ပြပါတယ်။
သူ့မိသားစုဝင်တွေ နဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေရဲ့ ပြောဆိုချက်အရတော့ - ဦးဇော်ညွန့် ကို အခု အင်းစိန်ထောင်မှာ ဖမ်းဆီးထားတယ်။ ဒါပေမဲ့ မိသားစုဝင်တွေနဲ့တော့ အခုထိ တွေ့ခွင့်မပေးသေးဘူး။ သို့သော်လည်း ပါဆယ်တော့ ပေးခွင့်ရပြီလို့ ပြောပါတယ်။ အဲဒါကြောင့် ဦးဇော်ညွန့် မိသားစုဝင်တယောက်ကို ဆက်သွယ်မေးမြန်းကြည့်တော့ သူက

“မတွေ့ဖြစ်သေးပါဘူး။ ကျမတို့က သီးခြားနေတာ ဆိုတော့ သန်းခေါင်စာရင်းတွေက သူ့မိသားစုမှာပဲ ရှိတော့။ သူ့မိသားစုလည်း မတွေ့ဖြစ်သေးပါဘူး။”

ဦးဇော်ညွန့် ရဲ့ မိသားစုဝင်တဦး ပြောပြခဲ့တာပါ။ ဒီ့မတိုင်ခင်ကတော့ ဦးဇော်ညွန့် ကို အင်းစိန်ထောင်ရှေ့ကနေ အာဏာပိုင်တွေက ဖမ်းဆီးသွားချိန်မှာ ဘယ်ကိုခေါ်ဆောင်သွားတယ်။ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို မိသားစုဝင်တွေရော သူနဲ့နီးစပ်သူတွေပါ ဘယ်သူမှ မသိခဲ့ကြပါဘူး။ ဒါပေမဲ့ သူ့ကို ဖမ်းဆီးထားချိန် အာဏာပိုင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ခန္ဒာကိုယ်မှာ ဒဏ်ရာ ရထားတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦး ပြောပြပါတယ်။

“အဲဒီမှာ ဖြစ်တဲ့ အချိန်တုံးက စွမ်းအားရှင်တွေ၊ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့အချိန်မှာထိုးကြိတ်လိုက်တဲ့အတွက် သွား ၂ချောင်း ကျိုးသွားတယ်။ လောလောဆယ်မှာ မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့်မပေးဘူး။ ပါဆယ်တော့ ရမယ့်သဘောလို့ ကြားတယ်။ ကျန်းမာရေးကတော့ သူ လန်းလန်းဆန်းဆန်းတော့ ရှိတယ်။ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေကြောင့် ဆေးမထိုးဖြစ်သေးတာပဲ ရှိတယ်။ ဒါတွေ ကုသပြီးမှပဲ မိသားစုနဲ့ တွေ့ခွင့်ပေးမယ့် သဘောလို့ ကျွန်တော်တော့ ယူဆတယ်။ အခုတော့ လူတွေ့တောင် မပေးထားဘူး။ ထိုးကြိတ်တဲ့ ဒဏ်ရာက ဘယ်လောက်ထိ ပြင်းထန်သလဲ ဆိုတာက ခန့်မှန်းလို့ မရဘူး။ သွား၂ချောင်း ကြိုးသွားတယ်။”

အခုချိန်အထိတော့ ဦးဇော်ညွန့် ကို အာဏာပိုင်တွေဘက်က ပုဒ်မ တပ် တရားစွဲဆိုတာမျိုး မရှိသေးဘူးလို့ သူ့မိသားစုဝင်တွေက ပြောဆိုပါတယ်။ ဦးဇော်ညွန့်ဟာ စစ်မှုထမ်းအရာရှိဟောင်းတဦးဖြစ်ပြီး သူဟာ ၈၈ အရေးတော်ပုံနောက်ပိုင်း အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ကို ဦးဆောင် တည်ထောင်ခဲ့သူဖြစ်သလို ၂၀၀၅ ခုနှစ်က တကြိမ်၊ ၂၀၀၇ ခုနှစ် သိမ်ကြီးဈေးရှေ့မှာ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြတောင်းဆိုခဲ့တုန်းက တကြိမ် နှစ်ကြိမ် အဖမ်းခံခဲ့ရဖူးပါတယ်။ အခုတကြိမ်ဟာ တတိယတကြိမ် ဖြစ်ပါတယ်။

အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အင်းစိန်အထူးတရားရုံးမှာ စတင်ရုံးထုတ်တဲ့နေ့က အင်းစိန်ထောင်ရှေ့မှာ ဦးဆုံး အဖမ်းခံခဲ့ရတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုထွေးသိန်း ကိုလည်း အခု အင်းစိန်ထောင်မှာ ဖမ်းဆီးထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့် ပေးခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးက ပြောပြပါတယ်။ သူ့ကို ၁၉၅၀ ခုနှစ် အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) နဲ့ အရေးယူထားပြီး လာမယ့် သောကြာနေ့မှာ အင်းစိန်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့ ပြောပါတယ်။ အခုလို ကိုထွေးသိန်း ဖမ်းဆီးခံနေရချိန်မှာ အာဏာပိုင်တွေကနေ မိသားစုဝင်တွေကို ဖိအားပေးခဲ့လို့ ရွှေပြည်သာ စက်မှုဇုံနယ်မြေက မိသားစု ထမင်းဆိုင် ကို ပိတ်ပစ်ခဲ့ရတယ်လို့လည်း ကိုထွေးသိန်းရဲ့ ဇနီးသည် ကလည်း ပြောပြခဲ့ပါတယ်ရှင်။

သမ္မတ အိုဘားမား အရှေ့အလယ်ပိုင်းခရီးစဉ် စတင်

03 June 2009


D-Day ကျူးကျော်မှု (၆၅) နှစ်မြောက် အခမ်းအနားကို တက်ရောက်ဖို့၊ ပြီးတော့ အဓိက မဟာမိတ်တွေနဲ့ တွေ့ဆုံဖို့နဲ့ မူစလင်ကမ္ဘာနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုလုပ်ဖို့ နိုင်ငံအများအပြားဆီ သွားရောက်မယ့် ၆ ရက်ကြာ ခရီးစဉ်အတွက် အမေရိကန်သမ္မတ ဘားရက် အိုဘားမား ဟာ ၀ါရှင်တန်မြို့တော်ကနေ မကြာခင်ကပဲ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်

မစ္စတာ အိုဘားမား ဟာ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဂျာမဏီ နဲ့ ပြင်သစ်နိုင်ငံတို့ဆီ ၀င်ရောက်မှာပါ။ မူစလင်ကမ္ဘာ နဲ့ အမေရိကန် ဆက်ဆံရေး တိုးတက်အောင် ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ အခုလို သွားရောက်တာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါ တယ်။ အခုလို ခရီးထွက်လိုက်လို့တော့ အစစအရာရာ ပြေလည်သွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေရှည် ဆောင်ရွက်မှုရဲ့ တစိတ်တပိုင်းပါလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မစ္စတာ အိုဘားမား ဟာ ၀ါရှင်တန်မြို့တော် ဒဲလက်ဇ် လေဆိပ်ကနေ အင်္ဂါနေ့ ညနေပိုင်းမှာ ထွက်ခွာသွားပြီး သူဟာ ဆော်ဒီ အာရေဗျ နိုင်ငံ ရီးယက် မြို့တော်မှာ ပထမဦးဆုံး ရောက်ရှိမှာဖြစ်ပြီးတော့ ဘုရင် အဘ်ဒူလာ နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ကျရင်တော့ မစ္စတာ အိုဘားမား ဟာ အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်ကို သွားရောက်ပြီး အများက မျှော်လင့် နေမယ့် မူစလင်ကမ္ဘာကို ရည်ညွှန်းတဲ့ မိန့်ခွန်းတခု ပြောကြားဖို့ ရှိပါတယ်။

သမ္မတ အိုဘားမား အရှေ့အလယ်ပိုင်းခရီးစဉ် ဆော်ဒီအာရေးဗီးယား နဲ့စတင်

03 June 2009


အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား ဟာ မွတ်ဆလင် ကမ္ဘာကို ထိတွေ့ ဆက်ဆံနိုင်ရေး ကြိုးပမ်းတဲ့ ခရီးစဉ် အစအဖြစ် ဆော်ဒီအာရေးဗီးယား နိုင်ငံကို ဒီနေ့ ရောက်ရှိခဲ့ပါတယ်။ သမ္မတ အိုဘားမား ဟာ အိမ်ရှင် ဆော်ဒီအာရေးဗီးယား ဘုရင် အဒူလာနဲ့ ရီယက် မြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အစ္စရေး၊ ပါလက်စတိုင်း ပဋိပက္ခ၊ အရှေ့အလယ်ပိုင်းဒေသ အရေးမှာ အီရန် နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ရေနံဈေးတက်လာနေတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတ အိုဘားမား ဟာ ဆော်ဒီအာရေးဗီးယား နိုင်ငံကနေ အီဂျစ် နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

အများစိတ်ဝင်စားနေတဲ့ မွတ်ဆလင် ကမ္ဘာအတွက် ရည်ရွယ်ပြောဆိုမယ့် မိန့်ခွန်းတွေ ပြောဆိုဖို့ ရှိပါတယ်။ အဲဒီမိန့်ခွန်းတွေမှာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကိစ္စ၊ ဘာသာရေး အစွန်းရောက် ၀ါဒနဲ့ အကြမ်းဖက်မှု ကိစ္စတွေ ပါဝင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အမေရိကန် မွတ်ဆလင် ဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် သမ္မတ အိုဘားမားရဲ့ ကြိုးပမ်းမှုဟာ ရေရှည် လုပ်ငန်းစဉ် တရပ်ရဲ့ တစိတ်တပိုင်းသာ ဖြစ်ပြီး ဒီလို မိန့်ခွန်းပြောရုံနဲ့ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့ မျှော်လင့်မထားဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ ရောဘတ် ဂဘ်စ် က မနေ့က ပြောဆိုသွားပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ကုလအရာရှိ အကြံပြု

03 June 2009


မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာစစ်အစိုးရရဲ့ လူသားမဆန်တဲ့ ရာဇ၀တ်မှု ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု အမြန်ဆုံး ဖွဲ့စည်းသင့်တယ်လို့ နယူးယောက် တိုင်းမ်စ် သတင်းစာမှာ မေလ ၃၀ ရက်နေ့က ဆောင်းပါး တပုဒ် ရေးပြီး တိုက်တွန်းခဲ့ပါတယ်။

မစ္စတာပင်ညဲရိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ သူ့အနေနဲ့ အတန်တန် တိုက်တွန်း ခဲ့ပေမဲ့လည်း အရာမရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ အနည်းဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ အာရုံ စူးစိုက် မှုကို ထိုက်ထိုက်တန်တန် ခံနေရပေမဲ့ မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ သုံးပုံတပုံလောက် ရှိတဲ့ လူနည်းစု တိုင်းရင်းသား တွေကတော့ နိုင်ငံတကာရဲ့ မသိကျိုးကျွန်ပြုခြင်းတွေရဲ့နောက်ကွယ်မှာ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ခံစားနေရတယ်လို့ ဆိုပါ တယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း လူနည်းစုတိုင်းရင်းသား ကျေးရွာပေါင်း ၃,၃၀၀ ကျော် ဖျက်ဆီးခြင်း ခံနေရတဲ့အပြင်၊ အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ၊ ကလေးစစ်သားစုဆောင်းမှု၊ ကျေးရွာက အမျိုးသမီးတွေကို မြန်မာစစ်သားတွေ မုဒိမ်းကျင့်မှု တွေ ပြုခဲ့တဲ့အပေါ်မှာ စစ်အစိုးရက တာဝန်ယူဖို့ ပျက်ကွက်ခဲ့တယ်လို့ မစ္စတာ ပင်ညဲရိုး က ထောက်ပြပါတယ်။ နောက်နောင်မှာ ဆိုးရွားတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ကျူးလွန်ခြင်းက ကာကွယ်နိုင်အရေးအတွက် လုံခြုံရေးကောင်စီအနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် အမြန်ဆုံး ဖွဲ့စည်းဖို့ မစ္စတာ ပင်ညဲရိုး က အကြံပြု တိုက်တွန်း ခဲ့တာပါ။ လက်ရှိ မြန်မာ့နိုင်ငံအရေး အရှုပ်အရှင်းအပေါ် ဘယ်လို သုံးသပ်မိလို့ ခုလို အကြံပြု တိုက်တွန်းခဲ့ပါသလဲ ဆိုတာကို သိရအောင် မစ္စတာပင်ညဲရိုး ကို ဆက်သွယ်မေးမြန်း ကြည့်ပါတယ်။

"ကျနော် ပထမဆုံး ဇောင်းပေးပြောချင်တာကတော့ ဒီလိုပါ။ မြန်မာပြည်ရဲ့ ပြဿနာဟာ ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတရပ် မဟုတ်ဘူးဆိုပြီး မြန်မာ့အိမ်နီးချင်းတချို့ က လွယ်လွယ်နဲ့ ဆင်ခြေပေးတာဟာ မြန်မာ့အရေးနဲ့  ပတ်သက်ပြီး ခိုင်မာပြီးပြည့်စုံတဲ့ သုံးသပ်ချက်မျိုး မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံပေါင်း ၂၀ ရဲ့ အမှုကိစ္စတွေမှာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တဲ့အပေါ် အခြေခံပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ဆုံးဖြတ်ချက် ချမှတ်တာတို့ ကြားဝင်ဖြေရှင်းတာမျိုးတို့ ပြုလုပ်ခဲ့ဖူးပါတယ်။ မြန်မာ့အရေးဟာ ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုရှိမရှိ ဆိုတာကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ နည်းတွေထဲက တခုကတော့ စုံစမ်း စစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းတာပဲဖြစ်ပါတယ်။ ကျနော့်အနေနဲ့ အရှေ့တီမောနဲ့ တိုဂိုနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲစည်းခဲ့တုန်းက ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ဖူးပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာ နှစ်ရှည်လများ ရှေ့ ဆက်မတိုးနိုင်တဲ့ အဖြစ်ဆိုးကနေ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ လိုအပ်ပါတယ်။

အခုချိန်ထိ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ဆောင်ရွက်ခဲ့မှုအပေါ်မှာ ဘယ်လို မြင်ပါသလဲ၊ -

"ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ မိတ်ဆွေ ၁၉ နိုင်ငံအဖွဲ့ကို ဖွဲ့စည်းလိုက်တာ ကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့က သိပ်ကြီးလွန်းတယ်လို့ ထင်ပါတယ်။ မြန်မာ့အရေး အတွက် ပိုပြီး ကျစ်ကျစ်လျစ်လျစ် ဆောင်ရွက်နိုင်တဲ့ နိုင်ငံ သုံးလေးနိုင်ငံလောက်ပါတဲ့ အဖွဲ့ဆိုရင် ပိုထိရောက်မယ်လို့ ကျနော် မြင်ပါတယ်။ ဥပမာ - အမေရိကန်၊ အာဆီယံ၊ တရုတ်နဲ့ ကုလသမဂ္ဂတို့ ပါဝင်တဲ့အဖွဲ့  လိုမျိုးပေါ့။ ဒီလိုအဖွဲ့ကနေတဆင့် လိုအပ်ရင် လိုအပ်သလို တခြားနိုင်ငံတွေနဲ့ပါ ဆွေးနွေးတိုင်ပင်လို့ရတာပေါ့။"

အဲဒီလို အဖွဲ့မျိုးဖွဲ့စည်းတယ်ထားဦး၊ သူတို့က ဘယ်လိုကိစ္စတွေကို လုပ်ဆောင်နိုင်မှာလဲ။ လုပ်ဆောင်သင့်တယ်လို့ ထင်ပါ သလဲ။ -

"နောက်အရေးကြီးတာတခုက ပြီးခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်း ကျနော်အနေနဲ့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ ချဉ်းကပ်ပုံ ပေါ်လစီတမျိုးတည်းနဲ့ အလုပ်မဖြစ်နိုင်ပါဘူးဆိုတာ။ တကယ်ပဲ လိုအပ်နေတာက ဘက်ပေါင်းစုံက ချဉ်းကပ်မှုတွေ လိုအပ် တယ်။ ချဉ်းကပ်မှု အားလုံးဟာလည်း ဟန်ချက်ညီဖို့လိုတဲ့အပြင် တစိုက်မတ်မတ် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ကျနော် မြန်မာ့လူအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့စဉ် ၈ နှစ်တာ ကာလအတွင်း ဒီလိုမျိုး တခါမှမရှိခဲ့ဖူးပါဘူး။ ဥပမာ - အခု အမေရိကန် သမ္မတအိုဘားမား က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့ ဒဏ်ခတ်တဲ့မူကို သုံးသပ်နေပါတယ်။ ကျနော်အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ရုတ်သိမ်းလိုက်ဖို့ တခါမှ အကြုံမပြုခဲ့ဖူးပါဘူး။ ဒါပေမဲ့ ပိတ်ဆို့မှု တခုတည်းနဲ့ မလုံလောက်ပါဘူး။ သံတမန်ရေးလမ်းကြောင်းကနေလည်း ထိထိမိမိ ပူးတွဲဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါတယ်။"

သံတမန်လမ်းကြောင်းကဆိုလို့ အာရှနိုင်ငံတွေကလည်း သူတို့စကားနဲ့ပြောရရင် အပြုသဘောဆောင်တဲ့ သံတမန် လမ်းကြောင်းကနေ မြန်မာစစ်အစိုးရကို ထိတွေ့ဆက်ဆံနေပေမယ့် သိပ်မထူးဖြစ်နေတော့ မစ္စတာ ပင်ညဲရိုး အနေနဲ့ သံတမန်လမ်းကြောင်းအရ ဒီထက်ထိရောက်အောင် ဘယ်လိုလုပ်နိုင်မယ်လို့ ထင်ပါသလဲ။ -

"မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယကြားမှာ ရှိတာကြောင့် ပထ၀ီနိုင်ငံရေးအရ သံတမန်နည်းအရ ချဉ်းကပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါပေမဲ့ အာရှနိုင်ငံတွေ ပြောနေတဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုမျိုးကို ကျနော် မဆိုလိုပါဘူး။ ထင်ထင်ပေါ်ပေါ်နဲ့ ကမ္ဘာကို သိစေဖို့ရုံလောက် ဟန်သဘောနဲ့ တွေ့ဆုံတာမျိုးမဟုတ်ဘဲ တကယ်ပဲ အသံတိတ်တိတ်နဲ့ ကန့်လန့်ကာ နောက်ကွယ်ကပဲဖြစ်ဖြစ် အဖြေမထွက် ထွက်တဲ့အထိ အကြိတ်အနယ် ဆွေးနွေးပြောဆို ညှိနှိုင်းတဲ့ ပုံစံမျိုးကို ဆိုလိုတာပါ။ အချုပ်ပြောရရင်တော့ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီ အနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ဆိုတာဟာ မြန်မာ့နိုင်ငံရေး ပြဿနာ ဖြေရှင်းရာမှာ အကျိုးရှိမယ်လို့ ထင်တဲ့ ချဉ်းကပ်ပုံ မူအမျိုးမျိုးထဲက တခုသာ ဖြစ်ပါတယ်။ တကယ်ပဲ ထိရောက်အောင် ဆိုရင် ဘက်ပေါင်းစုံ၊ ရှုထောင့် ပေါင်းစုံကနေ တပြိုင်နက်တည်း ဟန်ချက်ညီညီ ဆောင်ရွက်ပြီး၊ ကောက်ရိုးမီးလို မဟုတ်ဘဲ တစိုက်မတ်မတ် ဆောင်ရွက် သွားဖို့ လိုအပ်ပါတယ်။"

ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး က ရှင်းပြခဲ့တာဖြစ်ပါတယ်။


ဝါးရှားပါး၍ နေအိမ်များ ပြုပြင်ရန် အခက်ကြုံ

6/3/2009

မောင်အေး (နိရဉ္စရာ) ယခုနှစ်အတွင်း ၀ါးရှားပါး၍ ၀ါးဈေးများ အဆမတန် မြှင့်တက်နေသဖြင့် ၀ါးကို အဓိကထား အသုံးပြုနေရသော ရခိုင်ပြည်သူ အများစုမှာ နေအိမ်များ ပြုပြင်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြသည်။

ဝါးအရောင်း၏အ၀ယ် ပြုလုပ်သူ တဦးက “ခါတိုင်းနှစ်တွေဆိုရင် ဒီအချိန်က အရောင်းအ၀ယ် သိပ်ကောင်းတဲ့ အချိန်ပါ။ မိုးနည်းနည်း ရွာလာတာနဲ့ လူတွေက သူထက်ငါ အလုအယက် ၀ါးတွေကို လာဝယ် ကြတာပါဘဲ။ ခုနှစ်တော့ ၀ါးရှားပြီး ၀ါးဈေးက ကြီးသလို လူတွေလက်ထဲမှာ ငွေလည်း မရှိတော့ အရောင်းအ၀ယ်က လုံးဝ မကောင်းဘဲ ဖြစ်နေပါတယ်။”

အိမ်ပြုပြင်လိုသူများအနေဖြင့် ၀ါးဈေးကြီးနေသဖြင့် ၀ါးများကို အဖြတ်လိုက် ၀ယ်ယူ အသုံးပြုနေကြသည်ဟု သူက ပြောသည်။

“ဒီနှစ်ဝါးဈေးက အလုံး တရာကို ၁၈၀၀၀ ကျပ်ကနေ ၂၀၀၀၀ ကျပ် အထိ ရှိပါတယ်။ အယင်နှစ်ကတော့ ၁၅၀၀၀ ကျပ် လောက်ဘဲရှိပါတယ်။ ၀ါးတွေက အမျိုးမျိုး အစားစား ရှိနေတဲ့ အတွက် ဈေးနုန်းကိုလည်း ယေဘူယျသာ ပြောနိုင်ပါတယ်။ ခုလို ဈေးကြီးတဲ့ အတွက် လူတွေက ၀ါးလုံးကို ရာပြည့်အောင်တောင် မ၀ယ်နိုင်ကြဘူး။ အဖြတ်လိုက် အဖြတ်လိုက် ၀ယ်ပြီး အသုံးပြု နေကြပါတယ်။”

လွန်ခဲ့သည့်နှစ်က ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအ၀င် ရခိုင်ရိုးမ တလျောက်ရှိ ၀ါးတောများမှာ အသီးများသီးခဲ့သဖြင့် ၀ါးများ မျိုးပြုန်းခဲ့သည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင်လည်း ၀ါးဈေးများ တက်နေသဖြင့် အိမ်ယာ ဆောက်လုပ်ရာနှင့် ပြုပြင်ရာတွင် လူအများ ဒုက္ခဖြစ်နေကြရသည်။

“အခုလက်ရှိက ၀ါးဈေးက တရာကို ၁၅၀၀၀ ကျပ် အထက်မှာ ရှိပါတယ်။ အယင်နှစ်ကထက်တော့ ဈေးကြီးသွားတာပေါ၊ လူတွေကတော့ ၀ါးဈေးကြီးတဲ့ အတွက် အိမ်ဆောက် တဲဆောက် တဲ့နေရာမှာ အခက်အခဲ တွေ့နေကြရပါတယ်။”ဟု မောင်တောမြို့ခံတဦးက ပြောသည်။

ဝါးမှာ ရခိုင်ပြည်သူ လူထုအတွင်း အသုံး အများဆုံး ပစ္စည်း တခု ဖြစ်ပြီး ၀ါးဈေးတက်နေသဖြင့် ၀ါးနှင့် ပြုလုပ်သော အသုံးအဆောင် ပစ္စည်းများ ဖြစ်သည့် တောင်း၊ ခမောက်၊ မက္ကလာ၊ ဖျာနှင့် စံကော ဆံခါ ကအစ ဈေးတက်နေသည်ဟု သိရသည်။

ရခိုင် နယ်စပ်ရှိ လုံထိန်းတပ်ရင်းများကို နယ်ခြားစောင့်တပ်ဖြင့် အစားထိုးမည်
6/3/2009

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့ရှိ လုံထိန်း တပ်ရင်းများ နေရာတွင် နယ်ခြားစောင့် တပ်ဖြင့် အစားထိုးဖွဲ့စည်းသွားမည်ဟု အမည် မဖေါ်လိုသူ ရဲထိပ်တန်း အရာရှိ တဦးက ပြောသည်။

� ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာ နယ်စပ် လုံခြုံရေးကို နယ်ခြား စောင့်တပ်တွေ ဖွဲ့စည်ပြီး တာဝန်ပေးသွားမှာ ဖြစ်ပါတယ်၊ အခု အဲဒီမြို့နယ်တွေမှာ လက်ရှိ ရှိနေတဲ့ လုံထိန်း တပ်ရင်း ၂ရင်း နေရာမှာ နယ်ခြားစောင့် တပ်ရင်း ၂ ရင်းကို အစားထိုးမယ်လို့ သိရပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ကို ပြောင်းသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေကိုလည်း ဒီဘက်ကို ခေါ်ယူကောင်း ခေါ်ယူလာနိုင်ပါတယ်။ တိတိကျကျတော့ မပြောနိုင် သေးပါဘူး။ ဘယ်အချိန် အပြီးသတ်လုပ်မယ်ဆိုတာကတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ စစ်တပ်တွေကိုလည်း အစားထိုးမယ်ဆိုပြီး အထက်က အဲသလို ပြောနေတာတွေလည်း ရှိပါတယ်။ �

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ လုံထိန်းတပ်ရင်း နှစ်ရင်းကိုမူ ရဲတပ်ဖွဲ့ အဖြစ် ပြန်လည် ဖွဲ့စည်းမည်ဟု သူက ဆက်ပြောသည်။

� ကျွန်တော်တို့ သိရတာကတော့ ဒီလုံထိန်းတပ်ရင်း ၂ ရင်းကို လုံထိန်း တပ်ရင်း နာမည်နဲ့ အနောက်ဘက် နယ်စပ်မှာ မထားတာကတော့ သေချာပါတယ်၊ သူတို့ကို လိုအပ်ရင် နယ်စပ်ရဲ အဖြစ် အသွင်ပြောင်းပါလိမ့်မယ်။ သူတို့နေရာမှာ နယ်ခြားစောင့်တပ်တွေ အစားဝင်လာပါလိမ့်မယ်။ �

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှ စတင်ပြီး နယ်စပ်ဒေသများကို နယ်ခြားစောင့် တပ်များဖြင့် အစားထိုး တာဝန်ချထားမည် ဖြစ်ပြီး မြန်မာတနိုင်ငံလုံးရှိ နယ်စပ်ဒေသများကို နယ်ခြားစောင့် တပ်များက တာယူမည် ဖြစ်သည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များကို စစ်တပ်နှင့် နယ်စပ် တလျောက်ရှိ ငြိမ်းချမ်းရေး ယူထားသော လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဖွဲ့စည်းသွားမည် ဖြစ်ပြီး အဆိုပါ နယ်ခြား စောင့်တပ်ဖွဲ့ကို ကကကြည်းအောက်တွင် ထားရှိသွားမည် ဖြစ်သည်ဟု သိရသည်။

� အခု နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းမယ့် ဒီကေဘီအေက အစ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ အကုန်လုံး နယ်ခြားစောင့် တပ်ဖွဲ့ထဲပါဝင်သွားပါလိမ့်မယ်။ နယ်ခြားစောင့် တပ်ဖွဲ့ ဖြစ်သွားရင် ဒီကေဘီအေ ဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အားလုံးကို ကကကြည်းက ကိုင်သွားပါလိမ့်မယ်။ � ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

မည့်အတွက်ကြောင့် နယ်ခြားစောင့်တပ်ကို ဖွဲ့စည်းပြီး နယ်စပ် ဒေသအသီသီးတွင် တာဝန်ချရန် နအဖ အစိုးရမှ စီစဉ်နေသည်ကို မည်သူမှ တပ်အပ် မပြောနိုင်သေးကြောင်းနှင့် အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖေါ်ရန် အတွက် သက်ဆိုင်ရာ နယ်စပ် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများကို အထက်က ညွန်ကြားချက်များ ပေးပို့ထားသည်ဟု သိရသည်။

(ဒီ/ချုပ်) ဘာလဲ ဘယ်လဲ
အောင်သာငယ်
ဇွန် ၃၊ ၂၀၀၉
ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အရပ်သား အစိုးရတရပ်ကို လက်နက် အားကိုးဖြင့် ဖြုတ်ချပြီး စစ်အုပ်စုက အာဏာသိမ်းခဲ့သော ၁၉၆၂ ခုနှစ်မှစတင်ကာ ရေတွက်လျှင် မြန်မာပြည်ရှိ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး တိုက်ပွဲစဉ်ကြီး၏ သက်တမ်းမှာ ၄၇ နှစ် ရှိနေခဲ့ပေပြီ။

ယနေ့ထက်ထိ မပြီးဆုံးနိုင်သေးသော ထိုတိုက်ပွဲစဉ်ကြီး တလျှောက်လုံးတွင် တပ်ဦးမှ ရွပ်ရွပ်ချွံချွံ ဦးဆောင် ပါဝင်ခဲ့သူများမှာ ပြည်သူလူထု၏ ရင်သွေးဖြစ်သော ကျောင်းသားလူငယ်များသာ ဖြစ်သည်ကို မည်သူမျှ ငြင်းဆိုနိုင်မည် မဟုတ်ချေ။

ဤအချက်ကို ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးတော်ပုံ၊ ၁၉၇၄ ခုနှစ် ဦးသန့် အရေးတော်ပုံ၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး၊ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတို့တွင် အထင်အရှား တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပေသည်။

လွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများမှသည် ယနေ့ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး တိုက်ပွဲများအထိ အဆင်ဆင့်သော တိုက်ပွဲများအားလုံးတွင် ပြည်သူ့အကျိုးအတွက် ကိုယ်ကျိုးစွန့်ရင်း ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး လွှင့်ထူကာ တပ်ဦးမှ ချီတက်ခဲ့သော ဗိုလ်အောင်ကျော်မှသည် ယနေ့ခေတ် မိုးသီးဇွန်၊ မင်းကိုနိုင် အထိ ခေတ်အဆက်ဆက်သော ကျောင်းသားများ၏ လှုပ်ရှားမှုသမိုင်းကို ဤနေရာတွင် အကျယ်တ၀င့် ထပ်မံ မပြောလိုပါ။

သို့သော်လည်း ဤကျောင်းသားထုတို့က စတင်ခဲ့သော တိုက်ပွဲများကို အဆုံးသပ်အောင်ပွဲဆီသို့ သယ်ဆောင်ရန် တာဝန်မှာ မြန်မာပြည်သူပြည်သား မှန်သမျှတွင်ရှိကြောင်း ဤနေရာတွင် ဖော်ပြလိုပါသည်။ တနည်းအားဖြင့် ပြောရလျှင် ဤတိုက်ပွဲများအားလုံးကို ကျောင်းသားထု တခုတည်းဖြင့် အဆုံးသတ် အောင်ပွဲဆီသို့ ရောက်သည်အထိ သယ်ဆောင်နိုင်မည် မဟုတ်သောကြောင့်ပင် ဖြစ်ပေသည်။ လက်တွေ့ သမိုင်း အဖြစ်အပျက်များအရလည်း ကျောင်းသားထု တခုတည်းဖြင့် မသယ်ဆောင်နိုင်ခဲ့ပါ၊ မသယ်ဆောင်နိုင်ပါ၊ သယ်ဆောင်နိုင်လိမ့်မည်လည်း မဟုတ်ပါ။

ဥပမာ -၁၉၆၂ ခုနှစ် ဇူလိုင် ရ ရက် အရေးတော်ပုံတွင် ကျောင်းသားထုသည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို မရယူနိုင်ခဲ့ပဲ အချေမှုန်း ခံခဲ့ကြရသည်။ ထိုစဉ်က ကျောင်းသားလူငယ်များအားလုံး ကစဉ့်ကလျား ၀ရမ်းပြေးသူကပြေး၊ တောခိုသူကခို၊ ပုန်းရှောင်သူကပုန်း၊ သေသူသေ၊ အဖမ်းခံရသူက အဖမ်းခံရ။ အစိတ်စိတ်အမွှာမွှာ ကြေကွဲသွားခဲ့ကြရဖူးသည်။ ဤသင်ခန်းစာအရ ကျောင်းသားထု၏ တိုက်ပွဲသည် လူထုတိုက်ပွဲနှင့် ဆက်စပ်နေရမည် ဆိုသည်ကို သင်ကြား နာယူခဲ့ကြရသည်။

ထို့အတူ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ နှစ်များအတွင်း ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှုများနှင့် အလုပ်သမား လှုပ်ရှားမှု၊ လူထု လှုပ်ရှားမှုများ တစုံတရာ ဆက်စပ်နိုင်ခဲ့ကြသော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်သော လူထု တိုက်ပွဲကြီး တခုအဖြစ်သို့ မရောက်ရှိလာခဲ့သောကြောင့် အောင်မြင်သော အဆင့်သို့ မရောက်ရှိနိုင်ခဲ့ပဲ ရန်သူ၏ ရက်ရက်စက်စက် ချေမှုန်းမှုကို ခံခဲ့ကြရလေသည်။

၁၉၈၈ ခုနှစ် မတ်လ ဖုန်းမော် အရေးအခင်းမှ စတင်ခဲ့သော ရှစ်လေးလုံး အထွေထွေအရေးတော်ပုံကြီးမှာမူ စစ်အာဏာရှင်စနစ်အောက်တွင် ၂၆ နှစ်ကြာ သည်အထိ မရှိခဲ့ဖူးသော တနိုင်ငံလုံး အတိုင်းအတာအရ ကြီးမားကျယ်ပြန့်သော လူထုတိုက်ပွဲကြီးအဆင့်သို့ ရောက်ရှိခဲ့လေသည်။ သို့သော်လည်း ဤလူထုတိုက်ပွဲကြီးအား အဆုံးသတ်တိုက်ပွဲဆီသို့ ဆိုက်ရောက်သည်အထိ သယ်ဆောင်နိုင်ခဲ့သော ခေါင်းဆောင် (သို့မဟုတ်) ခေါင်းဆောင်မှု မရှိခဲ့ချေ။

၁၉၈၈ ခုနှစ်တွင် လူထုတိုက်ပွဲများ အမြင့်မားဆုံး ရေချိန်သို့ ရောက်နေသည့် အချိန်မှာပင် စစ်အာဏာရှင် စနစ်အား လက်နက်ကိုင်တော်လှန်ရေးနည်းအားဖြင့် အဆုံးသတ်ရန် ကြိုးပမ်းနေခဲ့ကြသော လက်ကိုင် အဖွဲ့အစည်းပေါင်းစုံကလည်း လူထုတိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနှင့် လက်တွေ့ကျကျ မဆက်စပ်နိုင်ခဲ့ကြပေ။ သည်လိုနှင့် အသက်သွေးချွေးများစွာ ရင်းနှီးခဲ့ရသော ၁၃၅၀ ပြည့် အရေးတော်ပုံကြီးသည် လျှောမွေးဘ၀သို့ ရောက်သွားခဲ့သည်မှာ မည်သူမျှ မငြင်းနိုင်သော သမိုင်း အချက်အလက်တခုသာ ဖြစ်လေသည်။

သို့သော်လည်း သည်အရေးတော်ပုံကြီး၏ အသီးအပွင့်အဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်ုပ်တို့ ရရှိခဲ့သည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီ/ချုပ်)ကို ကျွန်ုပ်တို့ ရရှိခဲ့သည်။ လူထု တရပ်လုံး အတွက် မျှော်လင့်ချက်ရောင်ခြည်များ သမ်းခဲ့သည်။ သည်လိုနှင့် ၁၉၉၀ ပြည့် အထွေထွေ ရွေးကောက်ပွဲတွင် (ဒီ/ချုပ်)က ပြည်လုံးကျွတ် အောင်နိုင်ခဲ့ပါသည်။ ပြည်သူလူထုက အပ်နှင်းလိုက်သော ယုံကြည်မှုကို (ဒီ/ချုပ်)က ရရှိခဲ့ပေသည်။

သို့တိုင်အောင် ခေါင်းမာသလောက် ကောက်ကျစ်လှသော ရန်သူ စစ်အုပ်စုက အာဏာကို မလွှဲပေး။ နည်းမျိုးစုံဖြင့် အရှက်မဲ့စွာ လိမ်လည်လှည့်ဖျားနေသည်မှာ ယနေ့အထိပင်။ ယခုဆိုလျှင် ၁၉ နှစ် ရှိခဲ့ပြီ။

သည်အခါ ကျွန်ုပ်တို့မှာ မေးစရာ မေးခွန်းများ ရှိလာသည်။ (ဒီ/ချုပ်)က ဘာလုပ်မည်လဲ။ (ဒီ/ချုပ်)က ဘာလုပ်နေသည်လဲ။ ပြည်သူလူထုက ယုံကြည်သောအားဖြင့် အပ်နှင်းထားသော အခွင့်အာဏာကို (ဒီ/ချုပ်)က ရရှိပြီး ဖြစ်ပါသည်။

လွန်ခဲ့သော ၁၉ နှစ်လုံးလုံး ပြည်သူလူထု တရပ်လုံးက (ဒီ/ချုပ်)ကို စောင့်ကြည့်နေကြသည်။ ဤ ၁၉ နှစ်လုံးလုံး ကြေငြာချက် ထုတ်ပြန်ခြင်းအားဖြင့်သာ (ဒီ/ချုပ်)က ပြည်သူလူထုအား ဦးဆောင်နေခဲ့သည်။

ယနေ့အခါ ရန်သူ စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲအားဖြင့် သူတို့၏ ရာဇပလ္လင်ကို နောက်ဆုံး အုတ်တချပ် တင်တော့မည့် အချိန်ဖြစ်လေသည်။ သည့်အတွက် နောက်ဆုံး အခုအခံဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အပြီး ဖယ်ရှားဖို့ အားထုတ်နေပြီဖြစ်လေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ တရပ်လုံး ဖြစ်လေသည်။ ဒေါ်အောင်ဆန်းစုကြည် ထောင်သွင်း အကျဉ်းချခံရခြင်းသည် ပြည်သူတရပ်လုံး ထောင်သွင်း အကျဉ်းချခံရခြင်းသာ ဖြစ်လေသည်။ ဒေါ်အောင်ဆန်းစုကြည် မရှိလျှင် ပြည်သူတို့ မရှိ။ ပြည်သူတို့ မရှိလျှင် (ဒီ/ချုပ်) ရှိတော့မည် မဟုတ်ချေ။

ယခုအချိန်သည် (ဒီ/ချုပ်)အတွက် နောက်ဆုံး မေးခွန်းတခုသာ ရှိပါတော့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောဆိုခဲ့သည့် -မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ- ဆိုသည့် လမ်းညွှန်ချက်အား ကိုင်ဆောင်ပြီး နောက်ဆုံးတိုက်ပွဲဆီသို့ ပြည်သူလူထုကြီး တရပ်လုံးအား ရဲရဲဝံ့ဝံ့ ဦးဆောင်မည်လော။ သို့မဟုတ် နအဖ၏ လာလတံ့သော ဒေါ်အောင်ဆန်းစုကြည်အား ရာဇ၀တ်မှုဆိုင်ရာ မည်၍မည်မျှသော ပုဒ်မများနှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ခြင်းအား ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း- ကဲ့သို့သော ကြေငြာချက်များအား ဆက်လက် ထုတ်နေမည်လော။

ပြည်သူလူထုသည် အဆင်သင့် ရပ်လျက်သား ရှိနေပါပြီ။ (ဒီ/ချုပ်)ကသာ ရှေ့မှ မားမား မတ်မတ် ရပ်ဖို့ လိုနေလေပြီ။ မကြာမြင့်သော အချိန်ကာလအတွင်း (ဒီ/ချုပ်)၏ သမိုင်းကို (ဒီ/ချုပ်)က ရေးရပါလိ့မ်မည်။

ဈေးရောင်းထွက်ခြင်း

(အိမ်ရှင်မ ဈေးသည်တဦးနှင့် စကားပြောခြင်း)

ကျော်လင်းနိုင်

ဇွန် ၃၊ ၂၀၀၉

မေး - အမက ဈေးဝယ်လား၊ ဈေးသည်လား
တကယ်တော့ဈေးရောင်းခြင်းက ဈေးဝယ်ခြင်းထက်ပိုပြီး အရေးပါကြောင်း ကျမကိုယ်တိုင်နားလည်နေပြီပေါ့။ ကျမကိုယ်တိုင်က အိမ်ရှင်မ ဖြစ်နေတော့ ဈေးဝယ်သူဖြစ်ပြီးသားပါ။ ကိုယ်တိုင်ကဈေးသည်ဖြစ်နေတဲ့အတွက် ဈေးရောင်းသူအဖြစ်လည်း ရုန်းကန်နေရ တယ်လေ။ ဒါကြောင့် ကျမရဲ့ကိုယ်တွေ့အရပြောရရင် ဈေးဝယ်ခြင်းထက် ဈေးရောင်းခြင်းက ပိုပြီး ပညာသားပါတယ်။ ပိုပြီးခက်ခဲရှုပ်ထွေး တယ်လို့ ကျမထပ်ပြီးဆိုလိုက်ချင်ပါရဲ့။

ဈေးဆစ်တဲ့သူတွေအပေါ် သဘောထား

မတော်မတရားဈေးဆစ်တတ်သူကို ပထမတော့ ကျမငြိုငြိုငြင်ငြင်ဖြစ်တာအမှန်ပါ။ ဒါပေမယ့် ဈေးသည်ဘဝ သက်တမ်းကကြာလာတော့ ဈေးဆစ်သည်ဖြစ်စေ၊ မဆစ်သည်ဖြစ်စေ ကျမအဖို့တော့ ဘာမှထူးခြားမှုမရှိတော့ပါ။ ဟုတ်တယ်လေ၊ ဈေးဆစ်တတ်တဲ့ ဉာဉ်ရှိသူကို သူ့အလိုလိုက်ပြီး အတတ်နိုင်ဆုံးလျှော့ပေးလိုက်ပါတယ်။ သူကျေနပ်သွားတာအမှန်ပါ။ နောက်ပြီး ကျမချိန်ပေးသလို ယူသွားမှာသေချာပါ တယ်။ ကျမဆီမှာက အနည်းဆုံး အလေးနှစ်မျိုးနှစ်စားရှိပါတယ်။ တမျိုးက အလေးမှန်၊ နောက်အလေးတမျိုးက အပေါက်ပါတဲ့အလေး (အခေါင်းပွအလေး) အဲဒီတော့ ဈေးဆစ်ရမှ ကျေနပ်သူကို ဈေးလျှော့ပေးပြီး အလေးပွနဲ့ချိန်ပေးလိုက်တယ်လေ။ လက်ကလည်း ချိန်ခွင်ကို ကုန်ဘက်သာအောင် ကစားလိုက်တယ်။ ဒါကြောင့်ပြောတာပေါ့၊ ဈေးဆစ်သည်ဖြစ်စေ၊ မဆစ်သည်ဖြစ်စေ ကျမအတွက် မထူးခြားပါဘူးလို့။

အမရဲ့ ရောင်းကုန်ကလေးအကြောင်း ပြောပြပါဦး

ကျမရောင်းတဲ့ ကုန်ပစ္စည်းအကြောင်းပြောချင်တာပါ။ ဈေးသည်အတွေ့အကြုံလေး ပြောပြနေလို့ ခုမှပြောရတော့မယ်။ ကျမ ရောင်းတဲ့ ကုန်က ဝက်သားပါ။ ဒါဆို ကျမက ဝက်သားသည်ပေါ့။ အခုလို စားသုံးဆီဈေး၊ သားငါးဈေးတွေ ဂြိုလ်တုနဲ့အတူ လကမ္ဘာကိုတက်နေတဲ့ အချိန်မှာ အိမ်ရှင်မတော်တော်များများက ဝက်သားကိုပဲ အာရုံရောက်ကြတယ်လေ။ ဝက်သားကဆီကုန်သက်သာတယ်။ အရိုးမရှိဘူး။ အစားခံတယ်။ ဒီအချက်တွေကြောင့်လည်း ဝက်သားကိုသဘောကျနေတာပါ။ အိမ်ရှင်မတွေဆိုတာက နေ့တိုင်းမိုးလင်းတာနဲ့ လက်ထဲမှာရှိတဲ့ ငွေနဲ့ မိသားစုဦးရေကို ချိန်ကြည့်နေရသူတွေ။ ဒီနေရာမှာ ငွေပေါတဲ့ လူနည်းစုအိမ်ရှင်မတွေမပါဘူးနော်။ ကျမတို့ရောင်းတဲ့ မြောက်ဥက္ကလာလို လမ်းဘေးဈေးကလေးကို ဈေးလာဝယ်ကြတဲ့ အိမ်ရှင်မတွေကိုပြောတာပါ။ ဗိုလ်ချုပ်ဈေးကို ဈေးဝယ်သွားသူတွေကို မပြောရဲပါဘူးရှင်။

အမက ဘယ်ဒိုင်က ယူပြီး ဘယ်ဈေးမှာ ရောင်းသလဲ

ကျမစကားက ဘေးကိုနည်းနည်းချော်သွားသလားမသိ။ ကျမရောင်းတဲ့ ကုန်ပစ္စည်း။ အဲ- - ဝက်သားအကြောင်းပဲပြောပါတော့မယ်။ မြောက်ဥက္ကလာပက ဝက်သားသည်အားလုံး ‘ဈ’(မြင်ဇွဲ) ဈေးက ဒိုင်မှာသွားယူကြရတယ်။ ကျမက ‘ည’ ရပ်ကွက်မှာနေပြီး။ နံနက် လေးနာရီ အိပ်ယာထ၊ ပြင်ဆင်တောင်းဆွဲပြီးထွက်၊ ဒိုင်ရောက်တော့ ကျမရှေ့မှာ အုပ်စုတစုကရောက်နေမြဲ။ သူတို့ကမိုးမလင်းမီ သုံးနာရီခန့်ကတည်းက လာပြီး ဈေးရှေ့မှာပဲ အိပ်ပြီးစောင့်နေမြဲပါ။ ‘ဃ’ (ကြီး) ဈေး၊ ‘ဌ’(၀မ်းပဲ)ဈေး၊ ‘ခ’(ခွေး) ဈေး ‘င’ ရပ်ကွက်ဈေးနဲ့ ဝေဘာဂီ၊ ရွှေပေါက္ကံ စတဲ့နေရာအနှံ့အပြားက ဈေးသည်တွေ ဒီဒိုင်မှာပဲလာဆုံကြတယ်။ ကျမက အချိန် တဆယ်ပြည့်အောင်တောင် မယူနိုင်တဲ့ဈေးသည်။ လမ်းမတခုပေါ်မှာရှိတဲ့ ပျံကျ ဈေးကလေးမှာ ရောင်းရတဲ့ဈေးသည်ပါ။

ဈေးသည်တဦးရဲ့ “ဒိုင်”မှာ ဈေးဝယ်ရတဲ့ အတွေ့အကြုံက ဘယ်လိုရှိပါသလဲ အမ

ဒိုင်မှာ ဝက်သားယူရတာကလည်း မလွယ်လှဘူး။ စွန့်စားခန်းလေးတွေနဲ့ပေါ့။ ပိုင်ရှင်ကို မျက်နှာချိုသွေးရ၊ ပိုင်ရှင်ရဲ့အမျိုးကို ချော့ရ၊ စာရင်းမှတ်သူကို ကပ်ရ၊ ဒီကြားထဲ အသားကောင်းကောင်းရဖို့အတွက် ဝက်သားတွဲကို ကားပေါ်ကချပေးသူကိုလည်း မောင်လေးတန် မောင်လေး၊ အစ်ကိုတန် အစ်ကိုနဲ့ ပေါင်းရရုံတင်မကပါဘူး၊ ကတ္တားချိန်ခွင်ကိုင်သူကိုလည်း ရင်းနှီးအောင်ဆက်ဆံရသေး မလွယ်လှပါဘူး။ အဲ— ပိုပြီးမလွယ်တာကတော့ ဝက်လုပ်သား ယောင်္ကျားကြီးငယ်တွေက စ ကြ၊ ပြောင်ကြ၊ ရိကြတာကို အံကြိတ်သည်းခံရတဲ့အလုပ်က ရိုးသလိုနဲ့ ရိုးမသွားဘူး။ ဒီလိုနဲ့ဝက်သားသည်ဘဝမှာ ဆယ်စုနှစ် နှစ်ခု ကျော်လာပြီမို့ ဝက်နဲ့အတူ အတော်အတန်တော့ အရေထူနေပါပြီလေ။

ဈေးသည်တဦးအနေနဲ့ ဈေးဝယ်တွေနဲ့ အတွေ့အကြုံ အဆုံအမြင်လေး

ဒီကြားထဲ ဈေးဝယ်သူအမျိုးမျိုးနဲ့ ကြုံရသေးတယ်။ တချို့ကမှန်မှန်ကန်ကန်ဝယ်ယူကြတယ်။ တချို့ကျပြန်တော့ ဝင်လာကတည်းက ဈေးသည်ကို လူလိမ်လူကောက်တယောက်လို့ သဘောထားကြသူတွေ။ ဈေးမမေးရသေးဘူး အလေးမှန်ရဲ့လား ပြန်ချိန်မှာနော်စတဲ့ မယုံမကြည်စကားတွေ အလျင်ပြောလာတတ်ကြတယ်။ ကျမတို့က တနေ့လုပ်မှ တနေ့အနိုင်နိုင်စားရသူတွေပါ။ ကြီးပွားချမ်းသာဖို့ဆိုတာ တခါမှ စိတ်ကူးထဲရောက်မလာဘူး။ မိသားစု ဝ ရုံစားရရင် ကျေနပ်နေသူပါ။ ဒါကြောင့် မတရား လိုချင်စိတ်မရှိပါဘူး။ ရသင့်တဲ့အမြတ်ရရင် ကြည်နူးနေသူတွေပါရှင်။ ကျမ မမှန်ကန်တာရှိကောင်းရှိပါလိမ့်မယ် အဲဒါက ဈေးဝယ်သူအပေါ်ကြည့်ပြီးလုပ်ရတာလေ။

ဈေးရောင်းတယ်ဆိုတာကတော့ အမြတ်ရရင်ရမယ်၊ တခါတရံ အရှုံးပေါ်လျှင်ပေါ်မည်ဆိုတာတော့ သိပါတယ်။သို့သော်လည်း ဈေးသည်တိုင်းက အမြတ်ပဲလိုချင်ကြတယ်လေ။ ကိုယ်ပိုင်အရင်းအနှီးရှိသူတွေ ငွေပိုငွေလျှံရှိသူ ဈေးသည်တွေအနေနဲ့ အရှုံးဒဏ်ကိုခံနိုင်ကြပေ မယ့် ကျမတို့လို ခြေဖဝါး လက်ဖဝါးသာရှိပြီး နေ့ပြန်တိုးနဲ့ အရင်းလုပ်နေရသူတွေအနေနဲ့ အရှုံးပေါ်တာနဲ့တပြိုင်နက် ကိုယ်စားဖို့ထက် အကြွေးဆပ်ဖို့ ဦးစားပေးရတာမို့၊ ဒီအခါမျိုးမှာ အဝတ်အထည်ကိုပြေးပေါင်ပြီး ဖြည့်ဆည်းလိုက်ရတယ်လေ။

ရောင်းကုန်မှာ အမျိုးအစား ခွဲခြားပြီး ရောင်းရပါသလား အမ

ထားပါတော့လေ ပြောမဆုံးပေါင် တောသုံးထောင်ဆိုသလို ဖြစ်နေတာကတော့ကြာပါပြီ။ ရောင်းကုန်ပစ္စည်းလေးအကြောင်း ပြောပြ ချင်ပါသေးတယ်။ ဝက်သားလို့လွယ်လွယ်ခေါ်လိုက်ကြပေမယ့် ဝက်သားဆိုတဲ့ခေါင်းစီးအောက်မှာက ပစ္စည်းအမျိုးအစားအလိုက် အခေါ် အဝေါ်တွေက အများကြီးပဲ။ ဈေးနှုန်းကလည်းမတူဘူး။ အဲ—ပြောရအုံးမယ်၊ ဝက်သားခုတ်ရာမှာလည်း တောခုတ်၊ မြို့ခုတ်ဆိုတာရှိသေးရဲ့။ တောခုတ်ဆိုတာကတော့ ဝက်တကောင်ကို ခေါင်းဖြတ်၊ လေးခြမ်းပိုင်း ခန္ဓာကိုယ်ခြေပိုင်း၊ လက်ပိုင်းစသည်ဖြင့် အရိုးရော အသားပါရော ခုတ်ပြီးရောင်းတာ။ ကျုပ်တို့ရွာမှာဆို တပိဿာတွဲ၊ ငါးဆယ်သားတွဲတွေ ထမ်းပိုး(ဝါးလုံး)မှာတွဲလောင်းဆွဲထမ်းပြီး အတွဲလိုက်ရောင်းကြ တယ်။ ဒါကြောင့်တောခုတ်လို့ ခေါ်တာထင်ပါရဲ့။ ရန်ကုန်မှာကတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှော်ကားစတဲ့နေရာတွေမှာ တောခုတ် ခုတ်ပြီး ရောင်းကြတယ်။ အဲဒီမှာကတော့ ကိုယ်မွေးတဲ့ဝက်ကို ကိုယ်တိုင်ပေါ်ရောင်းကြတာများပါတယ်။ ဒါကြောင့်ဈေးလည်းသက်သာတယ်။ ရန်ကုန်မြို့တွင်းကဆိုင်တွေမှာ ဝက်သားတပိဿာ ငါးထောင်အထက်ဖြစ်နေပေမယ့် လှိုင်သာယာ၊ ရွှေပြည်သာမှာ သုံးထောင် အထက်ပို ရောင်းရင် ဘယ်သူမှဝယ်စားနိုင်ကြမှာမဟုတ်ပါဘူး။

တောခုတ်၊ မြို့ခုတ်အပြင် ခေတ်ပေါ် အခုတ် တွေကော ပြောပြပါဦး

ကျမတို့မြောက်ဥက္ကလာမှာက မြို့ခုတ်၊ မြို့ခုတ်ဆိုတာ ဝက်တကောင်လုံးကို သူ့အမျိုးအစားနှင့်သူ ခွဲပြီးခုတ်ရတာမျိုး။ ဒီနေရာမှာ အခေါ်အဝေါ်တွေကရှိသေး။ ဥပမာ ‘ချိုကျ’ဆိုတာက အူနဲ့ခေါင်းကိုပြောတာ။ ‘ပါးကော်’ ဆိုတာက ပါးသားနဲ့ကော်လံဘတ်သား “ကော်လံဘတ်” ဆိုတာက ကလီဇာထဲက အခက်အခက်နဲ့ အသားတမျိုး။ ‘သားစ’ဆိုတာကလှီိးလို့ အစအနတွေထွက်လာတာကိုပြောတာပြီးတော့- - ‘ခခသ’ ဆိုသည်ကရှိသေး၊ အဲဒါကတော့ခြေထောက်၊ အခေါက်နဲ့ အသွေးကိုပြောတာပါ။ ပြီးတော့ ခေါင်း၊ လက်၊ အရိုးအစုံလိုက်၊ နံရိုးစသည်ပေါ့။ အမျိုးအစားအလိုက် ဈေးနှုန်းကအမျိုးမျိုး။ ရန်ကုန်မှာက အားလုံးအဆင်သင့်၊ဘာလဲ ရယ်ဒီမိတ်ဆိုလား၊ ဝက်သားဝယ်သူတွေကို အဆင်သင့် ချက်နိုင်အောင်ခုတ်ပေးမှ သဘောကျတာမျိုး။

အမတို့က ဘယ်လိုဈေးသည်အမျိုးအစားထဲမှာ ပါသလဲ။ စင်ပေါ်ကလား၊ လမ်းပေါ်ကလား။

တချို့ဝက်သားသည်တွေမှာ ဆွဲကြိုးတွေ လက်ကောက်တွေစတဲ့ လက်ဝတ်ရတနာတွေဝင်းလို့၊ တွဲလို့။ အဲဒါက ကျမပြောခဲ့သလို ကိုယ်ပိုင်ငွေကြေးအရင်းအနှီးနဲ့ ဈေးကြီးကြီးတွေမှာ ရောင်းကြတဲ့ ဝက်သားသည်တွေဖြစ်ပါတယ်။ ကျမက ကိုယ်ပိုင်ငွေမအရင်းအနှီးမရှိ နေ့ပြန်တိုးနဲ့ငွေယူရောင်းရတဲ့ဈေးသည်။ ပြီးတော့ ‘ည’ ရပ်ကွက်ရဲ့တခုတည်းသော လမ်းမပေါ်မှာ နံနက်ပိုင်းလေး နှစ်နာရီလောက်ရောင်းရတဲ့ ဈေးသည်လေ။ ဒီတော့ ဆွဲကြိုးလက်ကောက်ဝေးလို့ နားကပ်အတုတောင် သူများအမွေပေးထားလို့ဝတ်နေရတာ။

အခု နေ့ပြန်တိုးအကြောင်းလေး လုပ်ပါဦး

နေ့ပြန်တိုးအကြောင်းလေး ပြောပြချင်သေးတယ်။ ဒီအကြောင်းလေးပါမှ ကျွန်မရဲ့ဈေးသည်ဘဝက ပြည့်စုံမှာကိုး။ ညဘက် ငွေ တထောင်ယူလျှင် နောက်နေ့ဈေးရောင်းပြီးတာနဲ့ အရင်းငွေတထောင်နဲ့အတူ အတိုးငွေနှစ်ဆယ့်ငါးကျပ် သွားပေးရတယ်။ တသောင်းယူတော့ တနေ့နှစ်ရာ့ငါးဆယ်ပေါ့။ ယခုလို လမ်းစဉ် ၇ ချက်နဲ့ သွားနေတဲ့ ဗိုလ်ချုပ်ကြီးတို့ခေတ်မှာတော့ အရင်းက သိန်းချီနေတာဆိုတော့ အတိုးကို တွေးကြည့်လိုက်တိုင်း ကြက်သီးဖျန်းဖျန်းထသွားတယ်။ ဒါတောင်မှ ကျမယူတဲ့ငွေရှင်အမကြီးက ဆက်ဆံတာကြာလို့ လျှော့ပေးထားတာ။ အချို့ငွေရှင်တွေဆိုရင် တထောင်ကို အတိုး ငါးဆယ် ထိတောင် သွင်းရသေး။

နေ့ပြန်တိုးနဲ့ အမတို့ လုံးချာလိုက်နေရတာ ဆိုတော့ …

ကျမစဉ်းစားမိတယ်လေ ဖြစ်နိုင်မဖြစ်နိုင်တော့မသိဘူး။ ကျမတို့လိုရိုးရိုးမှန်မှန်ဈေးသည်တွေကို အတိုးနည်းနည်းနဲ့ငွေချေးမယ့် စနစ် ဒါမှမဟုတ် ဌာနတခုရှိရင်ကောင်းမှာပဲလို့။

အဲဒီတော့ မြတ်သည်မမြတ်သည်အသာထား အတိုးသွင်းဖို့ပြင်ထား။ ပြီးတော့လည်း ကိုယ့်ဖို့၊ ကလေးတွေဖို့ အဝတ်အထည်လေး တွေကို လုံးကနဲ ခဲကနဲ လက်ငင်းမဝယ်နိုင်တော့၊ နေ့သွင်းနဲ့ဝယ်ထားရတာလေးတွေကလည်း နေ့တိုင်းမသွင်းမဖြစ်သွင်းနေရသေးတယ်။ အဲဒီအထည်၊ ဘိနပ်၊ စတာတွေကလည်း နေ့သွင်းဆိုတော့ ငါးရာတန်ကို တထောင်ကျော်။ ခုစစ်တပ်ခေတ်ဆိုတော့ တထောင်ကျော်ဆိုတာ မရှိတော့ဘူး၊ လေးထောင်ကျော် ငါးထောင်ကျော်တွေလေ။ တိုးတက်လိုက်သမှ လိုက်လို့ကိုမမီတော့ဘူးတော့။ မထူးပါဘူး နေ့ပြန်တိုး အတိုင်း ပါပဲ။ ဘာစီးပွားရေးစနစ်လည်းတော့ နားမလည်ဘူးပေါ့တော်။ ဒီဒဏ်ကလည်း ခေတ်ပြောင်းသွားတာနဲ့အမျှပိုဆိုးလာတာပဲ။ အဲဒီဒဏ် တွေကလည်း နာတာရှည်ရောဂါလိုခံနေရမြဲ။ ပျောက်သည်ဟူ၍မရှိ။

အခုခေတ်ကြီးမှာ နောက်တိုးဒုက္ခတွေရော ရှိပါသေးသလား

ဒါ့အပြင် ခုခေတ်မှာ အဆစ်ထည့်ရတဲ့ဟာတွေကလည်းရှိသေး၊ တခါမှ သန့်ရှင်းရေးလာမလုပ်တဲ့ မီးသတ်အဖွဲ့က သန့်ရှင်းရေးလုပ်ခ တဲ့။ စည်ပင်ကလည်း အိမ်ကိုသာ ဂရုမစိုက်တာ သန့်ရှင်းရေးခွန်ကတော့ မှန်မှန်ကောက်တယ်။ အိမ်မှာ မီတာဘောက်သာမရှိတာ လမ်းက မီးတိုင်အသစ်လဲရင် ငွေထည့်ရသေးတယ်။ လမ်းပြင်ခ၊ လူကြီးလာမယ်ဆိုလို့ ဓာတ်တိုင်ဆေးသုတ်ဖို့ အို… စုံလို့ စေတနာမပါတဲ့ အလှူတွေ လေ။ တနည်းပြောရရင် ကျမတို့ရွာမှာ အေးဓားပြတိုက်သလိုပေါ့။

နေ့စဉ် စားဖို့စီမံရ၊ လူမှုရေး၊ သာရေး၊ နာရေး ကလေးမုန့်ဖိုး၊ ဘက်ထရီအိုးငှားခ၊ ဖယောင်းတိုင်ဖိုး အို..ပြောရမယ်ဆိုရင် အဖမ်းခံရရုံပဲ ရှိမယ်။

ကျောင်းဖွင့်ချိန်မှာ အမတို့ မိုးလေတွေကြား ဘာများ ပြောစရာ ရှိပါသေးလဲ

နှစ်စဉ် ရင်ဆိုင်ရတဲ့ အခက်အခဲကြီးကတော့ အိမ်မိုးချိန်နဲ့ ကျောင်းအပ်ချိန် တပြိုင်တည်း ကျရောက်နေတဲ့ပြဿနာပဲ။ နာဂစ်ဖြစ်ပြီး ကတည်းက ဓနိဈေးက ဓာတ်ဆီဈေးနဲ့အပြိုင်တက်နေတယ်။ ဈေးသာရှိတယ် ဓနိဆိုတာ ရှားပါးကုန်လို ရဖို့မလွယ်ဘူးလေ။ အဲ..ကျောင်း အပ်ပြီ ဆိုရင်လည်း ကျောင်းအပ်ခအပြင် တနှစ်လုံးမှ ဗလာစာအုပ် လေးအုပ်နဲ့ ခဲတန်နှစ်ချောင်းသာ နှစ်တိုင်းရပေမယ့် စာအုပ်ဖိုးကအပြည့် ပေးရတယ်။ အာစရိယဂုဏော အနန္တောဆိုတာ ရှေးကရှိခဲ့တာမဟုတ်လား။ ခုတော့ ကွယ်ပျောက်ကုန်ပြီလေ။

သက်ဆိုင်ရာတွေကို အမတို့ ဘာများ ပြောလိုက်ချင်သေးလဲ

မိသားစုထဲက တယောက်မကျန်းမမာဖြစ်ပြီဆိုရင်တော့ ပထမ လမ်းဘေးဆေးဆိုင်ကဆေးဝယ်သောက်၊ မရဘူးဆိုရင် ဆေးမြီးတိုနဲ့ ကု နောက်ဆုံးဆေးရုံရောက်။ ဆေးဖိုးမရှိရင်တော့ ဆရာဝန်တွေပစ်ထားတာနဲ့ ဘဝပြောင်းသွားရတာများပါတယ်။

သတင်းစာတွေ တီဗီတွေမှာတော့ တိုင်းပြည်အတွက် အလုပ်လုပ်နေလိုက်ကြတာတွေ၊ ဘုန်းကြီးကျောင်းတွေကို လှူနေလိုက်ကြ တာတွေ အားရဖို့မကောင်းတဲ့အပြင် ရွံဖို့ကောင်းနေတယ်။ နေ့တိုင်းတွေ့ကြုံနေရတဲ့ ကျမတို့လိုဘဝတူတွေရဲ့ တကယ့်ဖြစ်ရပ်တွေကို သတင်းစာရွက်နဲ့ ကာလိုက် တီဗီ မှန်သားပြင်နဲ့ဖုံးလိုက်နဲ့၊ ကုန်းကာမှ ပေါ်ဆိုသလိုဖြစ်နေတယ်လေ။ကဲ…ကျမဘဝအကြောင်းပြောလို့ကတော့ ဆုံးမှာ မဟုတ်ဘူး။ ညဥ့်နက်ပြီ၊ နက်ဖန် ဒိုင်သွားဖို့နောက်ကျရင် အသားကောင်းရမှာမဟုတ်ဘူး။ ငယ်ငယ်တုံးကသင်ခဲ့ရတဲ့ ရေသည်ပြဇာတ်ထဲက လို မှတ်မိသလောက်ဆိုလိုက်ချင်ပါတယ် – စုတ်ပေတောင့်ထမီ၊ အဖာက ဗရပျစ်၊ မှောင်ကျအောင်ညစ်ပါတဲ့ ပုဆစ်အိမ်ကို၊ သုံးလွန်းလိန် ခါးတင်ထိုးလို့၊ ရေချိုရောင်း (အဲ- မဟုတ်ပေါင်) ဝက်သားရောင်းထွက်တော့မယ်။ ဝက်သားသည်ကို တောင်းတလုံးပင့် မောင်ကြီးရှင့် - - ။

စစ်အုပ်စုဖက်က စုံစမ်း စစ်ဆေးရေးနှင့် လုံခြုံရေးများ အရှိန်မြှင့် ပြင်ဆင်နေ
မိုးမခအထောက်တော် (ရန်ကုန်)
ဇွန် ၂၊ ၂၀၀၉

ဇွန်လ ပထမပတ် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးချိန်မထုတ်မီအတွင်း စစ်အုပ်စု၏ စစ်နှင့် ရဲထောက်လှမ်းရေးများ၊ အရပ်ဝတ်အကြမ်းဖက်များသည် အထူးစစ်ဆင်ရေးသဖွယ် ရန်ကုန်မြို့အတွင်း ပြင်ဆင်မှုများ၊ စစ်ဆေးမှုများ ပြုလုပ်နေကြသည်ဟု မျက်မြင်တို့က ပြောသည်။

ယခင်အပတ် မေလ ၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တဦးတည်းဆန္ဒပြသဖြင့် အဖမ်းဆီးခံရသူ ဦးဇော်ညွန့်ကို အင်းစိန်ထောင်၊ တိုက်တခုတွင် ဖမ်းဆီး စစ်ဆေးနေကြောင်း၊ ရိုက်နှိက်နှိပ်စက်မှုများ ရှိကြောင်းကို အင်းစိန်ထောင်ဝန်ထမ်းတချို့ကတဆင့် ကြားသိရသည်။

မြို့နယ်အချို့က ကြံဖွတ်များ၊ စွမ်းအားရှင်များနှင့် စစ်အုပ်စုသတင်းပေးများကို အရပ်ဝတ်အကြမ်းဖက်သမားများဟု မြို့နေလူထုက အမည်ပေးထားပြီး ၎င်းတို့က ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ မိသားစုများနှင့် အန်အယ်ဒီပါတီဝင်များကို ပြောင်ပြောင်တင်းတင်း ဆဲရေးခြင်း၊ ရန်စခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြသည်ဟု မိုးမခသို့ ပြောကြားသည်။

“သောကြာနေ့ပြီးရင် မင်းတို့တတွေ အလှည့်ပဲ …” ဟု ပြောကြောင်း အန်အယ်ဒီပါတီထောက်ခံသူ လူငယ်တဦးကို ကြံ့ဖွတ် ရပ်ကွက်လူကြီးတဦးက ပြောသည်ဟု ဆိုသည်။

“လူထုက ပိုပြီး မခံမရပ်နိုင်ဖြစ်ကြတယ်။ ပါတီဝင်တွေ၊ ပါတီဝင်ဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေ၊ အကျဉ်းသားဟောင်းတွေတင်သာမက အခု မျိုးဆက်သစ် လူငယ်တွေ၊ ကျောင်းသားတွေကပါ အခုအရေးအခင်းမှာ ပါဝင်ပတ်သက်လာကြတယ်။ အကြမ်းဖက်ခံထားရတဲ့ အတွေ့အကြုံက လူတွေဆီမှာ ရှိပြီးသားဆိုတော့ စစ်သားတွေ ကြံဖွတ်တွေ အကြမ်းဖက်လာတာကို ငုံခံနေဖို့တော့ အစီအစဉ်မရှိဘူး”

ဟု အင်းစိန်ထောင်ရှေ့ ဆန္ဒပြုလှုပ်ရှားမှုများတွက် မပျက်မကွက်သွားရောက်သူတဦးက ပြောကြားသည်။

ကလေးစစ်သား ၈ ဦးကို နအဖက မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံ
ခွန်အောင်မြတ်။
ဇွန်လ ၃ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာစစ်အစိုးရက မိမိသဘောဆန္ဒအလျောက် ၀င်ရောက်လာသည့် အရွယ်မရောက်သေးသူ ကလေးလူငယ် ၈ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ပြန်လည်အပ်နှံရေး အခမ်းအနားကို အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ် တား ဆီးထိန်းသိမ်းရေးလုပ်ငန်း ကော်မတီက က ဦးစီးပြီး ရန်ကုန်မြို့ မင်္ဂလာဒုံ တပ်နယ်ရှိ အစည်းအဝေးခမ်းမတွင် ကျင်းပခဲ့သည်။

ယခုလို အရွယ်မရောက်သေးသည့် ကလေးစစ်သားများကို မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံခြင်းကို ကြိုဆိုသော်လည်း မြန်မာနိုင်ငံတွင် ကလေးစစ်သားအသုံးပြုမှုနှင့် ပတ်သက်ပြီး အစီရင်စာ ထုတ်ခါနီး အချိန်နှင့် တိုက်ဆိုင်နေသဖြင့် သံသယဖြစ်ဖွယ်ရှိသည်ဟု လူ့အခွင့် အရေး ပညာပေးရေးဌာန မြန်မာနိုင်ငံ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

“အရင်တုန်းက ဒီဟာတွေ မရှိဘူးလို့ ငြင်းဆန်ရာကနေ ရှိတယ်လို့ လက်ခံလာတယ်။ အခု တဖြည်း ဖြည်းနဲ့ ကလေးတွေကို လွှတ်ပေးတယ်ဆိုတဲ့ သတင်းတွေကြားတာ ကောင်းပါတယ်။ ဒါပေမယ့် တ ကယ်တမ်းလုပ်တာလား ကုလသမဂ္ဂကနေ ဖိအားပေးခါနီး အချိန် သူတို့က ဒါကို ဟန်ပြလုပ်တာလား၊ အဲဒီဟာကတော့ ကျနော်တို့ စဉ်းစားစရာဖြစ်တယ်။ အဲတော့ တကယ်တမ်းသာ သူတို့ ဆန္ဒမှန်တယ် ဆိုလို့ရှိရင် အဲဒီ ပြန်ပြီးတော့ ပို့တဲ့ကလေးတွေကို ဘယ်သူတွေ ဘယ်နှစ်ယောက်ပို့တယ်၊ ဘယ်နေ ရာကို ဘယ်လိုအစီစဉ်နဲ့ပို့တယ်ဆိုတာကို လူသိရှင်ကြားပြောမှ ဒါပိုပြီးတော့ ခိုင်လုံတဲ့အချက်၊ ပြီး တော့ ကောင်းမွန်တဲ့ အချက်လို့ ကျနော်တို့ သတ်မှတ် နိုင်မှာဖြစ်တဲ့အတွက် အဲဒါကို ကျနော်ထောက် ပြချင်ပါတယ်။”

ယင်းအခမ်းအနားသို့ တက်ရောက်လာကြသည့် UNICEF၊ Save the Children (Myanmar)၊ World Vision (Myanmar) တို့မှ ဌာနေ ကိုယ်စားလှယ်များ၊ ဒုတိယဌာန ကိုယ်စားလှယ်များ၊ တာဝန်ခံများသည် အသက် ငယ်ရွယ်သူလူငယ်များ၊ မိဘအုပ်ထိန်းသူများ နှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံ၍ သိလိုသည်များကို မေးမြန်းကြသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

မိမိဆန္ဒအလျောက် ၀င်လာသည့် ကလေးများကိုသာ ပြန်လည်အပ်နှံသဖြင့် ဖြားယောင်း သွေးဆောင်ခံရသည့် ကလေးသူငယ်များကိုလည်း ဖော်ထုတ်ဖို့ လိုသည်ဟု ဦးအောင်မျိုးမင်း က တိုက်တွန်းသည်။

“တချို့ဇာတ်လမ်းတွေက ကလေးတွေက တကယ်ဆန္ဒမပါပဲ ၀င်ရတာ ရှိတာကိုး အဲဒီကလေး တွေ ကျ တော့ လိမ်ညာခံရတယ်။ လိမ်ညာခံပြီးတော့ အသက်ကိုလိမ်ပြီး ထည့်တာမျိုးရှိတယ်။ အဲတော့ စာရွက် ပေါ်မှာသာ အသက်သာပြည့်နေပေမယ့် တကယ်တမ်း အသက်မပြည့်သေးတဲ့ ကလေးတွေ အများ ကြီးရှိသေးတယ်။ အဲဒါမျိုးက ပိုပြီးတော့ ပိုထုတ်သင့်တာ ဖြစ်ပါတယ်။”
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များက မြန်မာနိုင်ငံစစ်တပ်အတွင်းတွင် ကလေးစစ်သား ၇၀၀၀၀ ကျော်ရှိ သည်ဟု ခန့်မှန်းထားသည်။



အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့် လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ
Kaowao
ဇွန် ၃၊ ၂၀၀၉။

Ai la ဆိုင်ကလုံးမုန်တိုင်း ကြမ်းတမ်းစွာတိုက်ခံရသည့် ဒါဏ်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ (၂၈) ရက်နေ့အထိသေဆုံးသူ(၂၅၀) ကျော်ရှိပြီး ပျောက်ဆုံးသူ တစ်ထောင်ကျော် ရှိကြောင်း တာဝန်ရှိ အာဏာပိုင်များမှ အတည်ပြုခဲ့သည်။

မေလ (၂၅) ရက်နေ့မှစ၍ Ai la ဆိုင်ကလုံးမုန်တိုင်းသည် ကုန်းတွင်းပိုင်းမှ စတင်ဝင်ရောက်တိုက်ခတ်လာ
ရာ ဘင်္ဂလားဒေ့ရှ်တွင် (၁၃၀) ဦးသေဆုံးခဲ့ပြီး အိန္ဒိယတွင် (၁၂၀) ကျော် သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဆင်ဟွာသတင်းဌာနမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်းကြီး ဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မစ္စတာ ရိုလမ်ကီဘီရားမှ မုန်တိုင်းဒါဏ်ကြောင့် လူပေါင်း (၆၅၀၀) ကျော်ထိခိုက်ဒါဏ်ရာရပြီး လူဦးရေ (၃.၄၇) သန်းခန့် မုန်တိုင်းဒါဏ်ခံခဲ့ရကြောင်း ဖြေကြားခဲ့သည်။ ကမ်းရိုးတန်းရှိခရိုင် (၁၄) ခရိုင်တွင်လည်း မုန်တိုင်းသင့်ခဲ့သဖြင့် လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ရွက်ဖျင်တဲ ဖြင့် နေထိုင်နေကြရသည်။

သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဖြစ်သူ မစ္စတာအက်ဘ်ဒါရာဇက်ခ်ကလည်း မုန်တိုင်းဒါဏ်သင့်ဒေသ တွင် ရွက်ဖျင်တဲများအရေးတကြီးလိုအပ်လျှက်ရှိပြီး နောက်ဆက်တွဲ ပြဿနာကြောင့် သေဆုံးမှု ပမာဏများလာ နိုင်ကြောင်း၊ အကူအညီများစွာ လိုအပ်နေသေးကြောင်း ဝန်ခံခဲ့သည်။

Ai la မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် မေ(၂၃)ရက်နေ့က စတင်ခဲ့ပြီး မေလ(၂၅) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အနောက်တောင်ကမ်းခြေသို့ တစ်နာရီလျှင် ကီလိုမီတာ (၇၀) မှ (၉၀) အထိပြင်းထန်စွာ တိုက်ခတ် ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနှင့် မုန်တိုင်းဒါဏ်သင့်ဒေသများသို့ အမေရိကာန် ဒေါ်လာ ၃ သိန်းကျော်နှင့် ဆန်(၁၀) တန်ခန့် ကယ်ဆယ်ထောက်ပံ့ခဲ့ကြောင်း planet; news ဂျာနယ်မှ ရေးသားဖေါ်ပြထားပါသည်။

ဒီကေဘီအေတပ်သားသစ်ရရှိရေး ရွာတွေကအတင်းကောက်ခံ
Kaowao

ဇွန် ၂၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၂)။ ။ ဒီကေဘီအေတပ်ဖွဲ့မှ တစ်ရွာဝင်တစ်ရွာထွက်ကာ တပ်သားသစ်စုဆောင်းရေးများ ပြုလုပ် လျှက်ရှိရာ လွန်ခဲ့သည့် မေလ ၂၇ ရက်နေ့၌ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာရှိ ကရင်လူမျိုး နေအိမ်များမှ တစ်အိမ်တစ်ယောက်ကျ အစည်းအဝေးတက်စေပြီး ၄င်းကျေးရွာမှ တပ်သားသစ် ၆ ယောက် ပေး ဆောင်ရမည်ဟုပြောဆိုကြောင်း ယမန်နေ့က ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာသော အဆိုပါကျေးရွာ သား မွန်ပြည်သစ်တပ်ဖွဲ့ဝင် တစ်ဦးကပြောပြသည်။

“ကျနော်ကိုတော့ မွန်ပြည်သစ်အဖွဲ့ဝင်ဖြစ်နေတော့ အစည်းအဝေးတက်ဖို့ မခေါ်ပါဘူး၊ အထူးသဖြင့် ကရင်အိမ်တွေ ကိုပဲ အစည်းအဝေး မတက်မနေရ ဖိတ်ခေါ်တာပဲ၊ အစည်းအဝေးကပြန်လာတဲ့ အိမ်နီးနားခြင်းတွေ မေးကြည့်တော့ သိရတယ်” ဟု ယင်းမွန်ပြည်သစ်ပါတီအဖွဲ့ဝင်က ပြောကြားခဲ့သည်။

အဆိုပါ ကော့ကျိုက်ကျေးရွာသည် မော်လမြိုင်-ဖားအံ အဝေးပြေးကားလမ်းမ နံဘေး၌တည်ရှိရာ အိမ်ခြေ ၃၀၀ ဝန်ကျင်ခန့်ရှိပြီး မွန်၊ ကရင်လူမျိုးတို့ နေထိုင်ကြသည်။ ရွာတွင်လည်း စိုက်ပျိုးရေးနှင့် အခြားအလုပ်အကိုင်များ အဆင်မပြေကြသဖြင့် လူငယ်အများစုမှာ ထိုင်းနိုင်ငံတွင် ဝင်ရောက်အလုပ် လုပ်ကိုင်နေကြရသည်။ အဆိုပါ ကျေးရွာတွင် စစ်ထဲဝင်မည့်လူငယ်များ အလွန်ရှားပါးနေသည်ဟုလည်း ဆက်လက်ပြောကြားခဲ့ပါသည်။

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်တို့တွင်လည်း ဒီကေဘီအေ တပ်မဟာ ၉၉၉ မှ ကျေးရွာ ရယက များမှတဆင့် အသက် ၃၀ နှစ်အောက်များကို အဓိက စုဆောင်းနေသောကြောင့် လူငယ်ရွာသားများ နီးစပ်ရာ ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးပုန်းရှောင်နေရသည်။

ဘားအံခရိုင် ပိုင်ကျုံမြို့နယ်တွင်လည်း ယင်းကဲ့သို့ စုဆောင်းမှုများရှိနေပြီး လှိုင်းဘွဲမြို့နယ်၌ အဓမ္မလိုက်ဖမ်းထားသူ ၂၀၀ ဦးခန့် ရှိပြီဟု မဇ္ဇျိမသတင်းတစ်ရပ်တွင် ဖေါ်ပြပါရှိသည်။

သထုံမြို့နှင့် ဖားအံမြို့ကြားရှိ ကရင်ရွာ ၇၄ ရွာခန့်တွင် ယောက်ျားလေးလူငယ်အများအပြား ထိုင်းနယ်စပ်ဘက်သို့ ဝင်ရောက်လာသည်ဟု ထိုင်းနယ်စပ်ရှိ KNU ဟောင်းတစ်ဦးက ဆိုသည်။

ဒီကေဘီအေထဲဝင်ရန် ကျေးရွာဥက္ကဌက မဲပုံးစံနစ်ဖြင့် အရွယ်ရောက်သူလူငယ်များကို မဲနှိုက်ခိုင်းပါသည်။ မဲကျသူ များမဖြစ်မနေ စစ်ထဲဝင်စေပြီး ထွက်ပြေးလျှင် တစ်ဦးစီအတွက် ကျပ်ငွေငါးသိန်းပေးရမည်။ တပ်သားတစ်ယောက် ၏လစာမှာ မြန်မာကျပ်ငွေ နှစ်သောင်းခွဲသာရှိသည်ဟု သိရပါသည်။

ဒီကေဘီအေတို့သည် နအဖစစ်အစိုးရ သတ်မှတ်ဖွဲ့စည်းမည်ဖြစ်သော နယ်ခြားစောင့်တပ်ဖွဲ့ Border Guard Force တွင် တပ်ရင်းအလိုက် အင်အားအလုံအလောက်ရရှိရန် မဖြစ်မနေလုံးပမ်းနေရချိန်ဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့ကို အသွင်ပြောင်းလိုက်လျှင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အမည်မှာပျောက်ကွယ်သွားမှာဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အမည်ပြောင်းလဲ ခေါ်ဝေါ်ရ မည်ဖြစ်သည်။

ထိုင်းနယ်စပ်ရှိ KNU အရာရှိဟောင်းတစ်ဦး ခန့်မှန်းချက်အရ ဒီကေဘီအေတပ်ဖွဲ့၏ တိုက်ခိုက်ရေးအင်အားမှာ တစ်ထောင်မျှပင်မရှိ၍ ယ္ခုကဲ့သို့ တပ်သားသစ်ရရှိနိုင်ရေး မဖြစ်ဖြစ်သည့်နည်းဖြင့် အတင်းလိုက်လံကောက်ယူ
ရခြင်း ဖြစ်သည်ဟုဆိုသည်။

ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏ နယကဆရာတော်မှာ ဦးသုဇနဖြစ်ပြီး ဥက္ကဋ္ဌမှာ စောသာထူးကျော်ဖြစ်သည်။ ကေအန်ယူမှ စတင်ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံဗိုလ် စောကျော်သန်းမှာ လက်ရှိ ဒီကေဘီအေ တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ဌာနချုပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူတွင် ဖွင့်လှစ်ထားသည်။ ၎င်းတို့အဆိုအရ လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား လေးထောင် (၄၀၀၀) ခန့်ရှိသည်ဟု ဆိုသည်။

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား
Kaowao

ဇွန် ၂၊ ၂၀၀၉။

သံဖြူဇရပ်(ဇွန်-၂)။ ။ မွန်ပြည်နယ်၊ သံဖြဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာအနီးရှိ အစိုးရရာဘာခြံတစ်ခု၌ လွန်ခဲ့သော စနေနေ့(မေ- ၃၀) ရက်နေ့တွင် သေနတ်ဒဏ်ရာဖြင့် လဲကျသေဆုံးနေသော လူသေအလောင်း နှစ်လောင်း တွေ့ရှိခဲ့သူ လူငယ်နှစ်ဦးအား သံဖြူဇရပ်မြို့ရဲစခန်းမှ ဖမ်းဆီးခဲ့ရာ မည်သည့်နေရာတွင် ချုပ်နှောင်ထား သည်ကို ယနေ့အထိ မသိရှိရသေးကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများက ပြောဆိုသည်။

ဝယ်သွန်ချောင်ကျေးရွာသား အသက် ၂၅ နှစ်ကျော်ခန့်ရှိ မင်းအထက်နှင့် မင်းအညို လူငယ်နှစ်ဦးမှာ ထိုနေ့ စော စောပိုင်းတွင် တောပုန်းသေနတ်များဖြင့် အဆိုပါအစိုးရရာဘာခြံ(ဗိုလ်ခြံ)အနီးရှိ မိန်ဘလိုင်တောင်ကြောတစ် လျှောက် တောလိုက်ထွက်ကြခဲ့ရာမှ သေနတ်ဒဏ်ရာဖြင့် လူသေအလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရာ ကျေးရွာ ရယကထံသို့ ချက်ခြင်းသွားရောက် အကြောင်းကြားခဲ့ကြသည်။

သေဆုံးနေသူများမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်သားများဖြစ်ကြပြီး ရာဘာခြံလုပ်သားများ ဖြစ်ကြသည်ဟု ပြောဆိုနေကြသည်။ ထိခိုက်ခံရသည့် သေနတ်ကျည်ဆံ ဒဏ်ရာမှာ တောပုန်းသေနတ်ကျည် မဟုတ်ကြောင်းကို သံဖြူဇရပ်မြို့ ရဲစခန်းကပြောကြားကြောင်း ကာယကံရှင်နှင့် ဆွေမျိုးတော်စပ်သူ နိုင်တောကပြောပြခဲ့၏။

“တောပုန်းသေနတ်ဒဏ်ရာနဲ့ မဟုတ်ဘူးလို့လဲ ပြောတယ်၊ သေနေတာမြင်တွေ့လို့ စေတနာနဲ့ သတင်းပေးတဲ့သူကို လည်း ဖမ်းတယ်ဆိုတော့ တရားနည်းလမ်း မကျပါဘူး” ဟု နိုင်တောက မှတ်ချက်ချ ပြောဆိုသည်။

သံဖြူဇရပ် ရဲစခန်းအပေါ်ထပ်ရှိ အနီရောင် စစ်ကြောရေးအခန်းတွင် ရဲများစစ်ကြောရေးလုပ်ကြရာ၌ တရားခံအမှန် မဟုတ်သည်ကို သိသော်လည်း အမျိုးမျိုးနှိပ်စက်၍ တရားခံအဖြစ် အတင်းဝန်ခံ ထွက်ဆိုခိုင်းသည့် ပြစ်မှုများ အများအပြားရှိခဲ့ကြောင်း ချဲမှုဖြင့် အကွက်ဆင်ဖမ်းဆီးခံခဲ့ဘူးသူ သံဖြူဇရပ်မြို့သား ကိုအောင်ဆန်ထွေးက ပြော ပြပါသည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း လူသတ်မှု၊ ဆိုင်ကယ်လုယက်မှု၊ ခိုးမှုများ ယခင်ကထက် ပိုမို ဖြစ်ပေါ်ခဲ့ရာ မိန်းမများပင် မယ်သီလယောင်ဆောင်ပြီး ဆိုင်ကယ်တက္ကစီမောင်း ယောက်ျားတို့၏ ဆိုင်ကယ်ကို ဒါးမြောင်ထောက်၍ လုယက်ခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်။

မုဒုံ၊ သံဖြူဇရပ်၊ ရေးမြိုနယ်ရှိ ရာဘာခြံများတွင် ဒေသခံမွန်အလုပ်သမား အများအပြား ထိုင်းနိုင်ငံသို့ ဝင်ရောက် ပြောင်းရွေ့ အလုပ်လုပ်ကိုင်လျှက်ရှိရာ ဒေသတွင်း အလုပ်သမား ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေကြရပြီး အခြား နေရပ် အမည်မသိရသည့်ဒေသမှ လူစိမ်းများ ဝင်ရောက် အလုပ်လုပ်ကိုင်လာကြသည်ကို တွေ့ရှိနေရသည်။


နိုင်ငံရေးအကြောင်းပြောသူများကို စောင့်ကြည့်ရန် အာဏာပိုင်မှ ဆိုင်ရှင်များကိုညွန်ကြား
Wed 03 Jun 2009, ကွန်းဟဒေ့
နိုင်ငံရေးအကြောင်း ပြောနေသူများကိုတွေ့လျှင် ပြောနေသူ၏အမည်များကို အာဏာပိုင်များထံ သတင်း ပို့ရမည်ဟု လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ရှင်များကို ခံဝန်ကတိတောင်းခံပြီး လက်မှတ်ထိုးခိုင်း သည်ဟု ဒေသခံဆိုင်ရှင်များထံမှ သိရသည်။

လွန်ခဲ့သောသီတင်းပတ်တွင် မွန်ပြည်နယ် မုဒုံမြို့နှင့် မုဒုံမြို့နယ် ကမာဝက်ကျေးရွာရှိ လက်ဖက်ရည်ဆိုင် ရှင်များနှင့် စားသောက်ဆိုင်ရှင်များကို ဒေသခံရဲအရာရှိများက အစည်းအဝေး ခေါ်ယူခဲ့ပါသည်။

ထိုအစည်းအဝေးတွင် ဆိုင်ရှင်များအနေဖြင့် ၄င်းတို့ဆိုင်တွင် လာရောက်စားသောက်သူများ နိုင်ငံရေး အကြောင်းအရာနှင့် ပတ်သက်သောစကားများ ပြောဆိုနေသူများကို တွေ့လျှင် ၄င်းတို့ထံ အကြောင်းကြား ရမည် ဖြစ်ပြီး အကြောင်းကြားရမည့် တာဝန်ပျက်ကွက်ခဲ့ပါက အရေးယူခံရမည်ဟု ဒေသခံအာဏာပိုင်များက ၄င်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

“တကယ်လို့ ဆိုင်ထဲမှာ နိုင်ငံရေးအကြောင်း ပြောတဲ့သူတွေကို တွေ့တာပဲဖြစ်ဖြစ်၊ ကြားတာပဲဖြစ်ဖြစ်၊ သူတို့ကို အကြောင်းကြားရမယ်၊ ပျက်ကွက်လို့ရှိရင် သူတို့(ရဲ) အရေးယူမယ်လို့ ပြောထားတယ်” ဟု ဆိုင်ရှင် နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ဖက်ရည်ဆိုင်ရှင်များနှင့် စားသောက်ဆိုင်ရှင်များကို အစည်းအဝေးခေါ်ယူခြင်းနှင့် ပတ်သက်၍ သတင်းပေါက်ကြားခဲ့မည်ဆိုပါက ဆိုင်ရှင်များပေါ်တွင် တာဝန်ရှိသည်ဟု အာဏာပိုင်များက သတိပေးထားခဲ့ သည်။ သတင်းမပေါက်ကြားအောင် ဆိုင်ရှင်များတာဝန်ယူရမည်ဟု အာဏာပိုင်များက ပြောသည်။

“ဒီအစည်းအဝေးခေါ်တဲ့သတင်း ပေါက်သွားရင် ဆိုင်ရှင်တွေမှာ တာဝန်ရှိတယ်၊ ဆိုင်ရှင်တစ်ယောက် ယောက်ဆီက သတင်းပေါက်ကြားသွားလို့ အာဏာပိုင်တွေ ကြားလို့ရှိရင်လည်း အရေးယူခံရမယ်” ဟု အမည်မဖော်လို သူဆိုင်ရှင်တစ်ဦးက ပြောသည်။

ထိုသို့တင်းကျပ်သောအမိန့်ကြောင့် ဆိုင်ရှင်များအနေနှင့်လည်း ကြောက်ရွံ့၍ သတင်းမပေါက်ကြားခဲ့ဟု အ စည်းအဝေးတက်ရောက်ခဲ့သော ဆိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ အပတ်က သံဖြူဇရပ်မှာ အဲဒီသတင်း ကြားနေရသလိုပဲ၊ ဆိုင်ရှင်တွေကို မေးတော့လည်း မဟုတ်ဘူးလို့ပြောတော့ မဟုတ်ဘူးလို့ပဲ ထင်တယ်၊ နောက်ပိုင်းမှ ကျနော်ထပ်ကြားရတယ် ဒီသတင်း တွေပေါက်ကြားသွားရင် ဆိုင်ရှင်တွေကို အရေးယူမယ်လို့ ကြားရတယ်၊ ဒါကြောင့် ဆိုင်ရှင်တွေ မပြောရဲတာ နေမှာပေါ့” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် လူများစကားလက်ဆုံကျရာ နေရာဖြစ်သောကြောင့် ၄င်းဆိုင်ရှင်များကို အစည်းအဝေးခေါ်ယူခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ အမိန့်ထုတ်သည်ကို အတိအကျမသိရသော်လည်း ဒေါ်စုအဖမ်း ခံရပြီးနောက်ပိုင်းတွင် လက်ဖက်ရည်ဆိုင်များတွင် ဒေါ်စုအမှုကို စိတ်ဝင်စားသူ များလာခြင်းကြောင့် ဆူပူမှုများ မဖြစ်အောင် ဆိုင်ရှင်များကို စောင့်ကြည့်ခိုင်းခြင်း ဖြစ်သည်ဟု ဆိုင်ရှင်တစ်ဦးက ၄င်း၏ ထင်မြင်ချက်ကို ပြောသည်။

၂၀၀၉-၂၀၁၀ စာသင်နှစ်တွင် ကျောင်းသားအရေအတွက်လျော့နည်း
Wed 03 Jun 2009, IMNA, မိမွန်စွန်း
2009 -2010 စာသင်နှစ်တွင် မွန်ပြည်နယ်၌ ကျောင်းသားအရေအတွက် လျော့ကျသလို အရွယ်ရောက်တဲ့ ကျောင်းသားတွေကလည်း ကျောင်းပြင်ပတွင် ဝမ်းစာရေးအတွက် ရုန်းကန် နေရသည်ဟု သိရသည်။

မွန်ပြည်နယ်ရှိ ကျောင်းအများစုမှာ မနှစ်ကနှင့် နှိုင်းယှဉ်လျင် ကျောင်းသားအရေအတွက် ၁၀ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်။ ၇ တန်း ၈ တန်း ၉ တန်း နှင့် ၁၀ တန်းမှ ကျောင်းသားအများစုက ကျောင်းမှ ထွက်ကြပြီး နေ့စား အလုပ်သမားအဖြစ့် အလုပ်လုပ်နေကြရသည်ဟု မော်လမြိုင်မြိုံ့ရှိ ကျောင်းအုပ်ဆရာမ တစ်ဦးက ပြောသည်။

“ ကျွန်မတို့က ကျောင်းသားတွေမှာ ပိုက်ဆံသိပ်ပြီး မကောက်ဘူး၊ ကျောင်းသုံးစာအုပ်နဲ့ ကျောင်းဝင်ကြေးအတွက်ပဲ ယူတယ်၊ ဒါပေမယ့် ဒီနှစ် ကျောင်းသားအရေအတွက်က အရင်နှစ်ကထက် နည်းတယ်၊ ကျွန်မတို့ ကျောင်းမှာ ကျောင်းသား ၁၄ ရာခိုင်နှုန်းလောက် လျော့တယ်။ အရင်နှစ်က ကျောင်းသားအရေအတွက် ၉၄၀ ရတယ်၊ ဒီနှစ်တော့ ကျောင်းသားအရေးအတွက် ၈၀၀ ပဲ ရတယ် “ ဟု ကျောင်းအုပ်ဆရာမ က ဆက်ပြောသည်။

အထက်တန်းကျောင်းသားတစ်ဦး၏ ကျောင်းအပ်ခမှာ ၁၀၀၀၀ ကျပ်ခန့် ပေးရပြီး အလယ်တန်း နှင့် မူလတန်းကျောင်းအပ်ခမှာ ၃၀၀၀ ကျပ်ခန့် ကုန်ကျသည် ဟု သိရသည်။ ကျောင်းလခကြေး၊ မိဘဆရာအသင်းကြေး၊ စာကြည့်တိုက်ကြေး နှင့် အားကစားကြေး အတွက် ၃၀၀၀ ကျပ်ပေးရပြီး စာအုပ်ကြေးအတွက် ၇၀၀၀ ပေးရသည်။

“ဒီနှစ် ကျောင်းသားအရေအတွက် လျော့တာကို ကျွန်မအရမ်းစိတ်မကောင်းဖြစ်မိတယ်၊ တစ်ချို့ ကျောင်းသားတွေက အရမ်းဆင်းရဲကြတယ်၊ သူတို့ မိဘတွေကလည်း ကျောင်းအပ်စရိတ်ကို မထောက်ပံပေးနိုင်ဘူး၊ တစ်ချို့ ကျောင်းသားမိဘတွေက ကျောင်းစရိတ်တတ်နိုင်တယ်၊ ဒါပေမယ့် ကျုရှင် စရိတ်အတွက် သူတို့ မတတ်နိုင်ပြန်ဘူး” ဟု ကျောင်းအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

မုဒုံမြိုံ့နယ်ရှိ ဆရာမတစ်ဦး၏ အဆိုရ ကလော့သော့ ကျောင်းနှင့် ကွေ့ဝမ်းကျောင်းတို့မှာ ကျောင်းသား ၁၀ ရာခိုင်နှုန်းခန့် လျော့သွားသည်ဟု သိရသည်။

“ကျွန်မတို့ကျောင်းမှာ ကျောင်းသား ထက်ဝက်လောက်လျော့သွားတယ်၊ မနှစ်က ကျောင်းသား အယောက် ၂၅၀ ရတယ်၊ ဒီနှစ်မှာ ကျောင်းသား အယောက် ၁၀၀ လောက်ပဲ ရတယ်” ဟု သံဖြုဇရပ်မြို့နယ်ရှိ မူလတန်း ကျောင်းဆရာမတစ်ဦးက ပြောသည်။

၂၀၀၇ ခုနှစ်ကစပြီး မြန်မာစစ်အစိုးရမှ ကျောင်းသားမိဘများထံ ကျောင်းဝင်ကြေးမယူဘဲ အခမဲ့ပညာသင်စနစ် စတင်ကျင့်သုံးရန် အမိန့်ထုတ်ခဲ့သည်။

“ဒီနှစ်မှာတော့ ကျွန်မသားကို ကျောင်းစရိတ်မတက်နိုင်လို့ ကျောင်းမထားနိုင်တော့ဘူး၊ ဒါကြောင့် သူ့ကို ကျောင်းကနေထွက်ပြီး လယ်ထဲမှာ အလုပ်လုပ်ခိုင်းထားတယ်၊ ကျွန်မတစ်ယာက်ထဲ ကလေးတွေကို ကျောင်းမထားနိုင်တာမဟုတ်ဘူး၊ ကျွန်မသူငယ်ချင်းတို့ကလည်း ဒီအတိုင်းပဲ သူတို့ ကလေးတိုကို ကျောင်းမထားနိုင်လို့ ထိုင်နိုင်ငံမှာ အလုပ်လုပ်နေကြတယ်” ဟု မုဒုံမြို့နယ် မှ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

မြန်မာစစ်အစိုးရမှ အခဲ့မပညာသင်စနစ် စတင်ကျင့်သုံးနေသော်လည်း သူငယ်တန်း တစ်တန်းသာ အခမဲ့ခံစားခွင့်ရပြီး၊ ကျန်သည့်အတန်းများမှာ ပိုက်ဆံပေးပြီး ကျောင်းတက်ရသည်ဟု သိရသည်။

“၂၀၀၅ ခုနှစ် ကတည်းက ကျွန်မ နဲ့ ကျွန်မ သူငယ်ချင်းတို့ သုံးယောက် ကျောင်းကနေ ထွက်လာတယ်၊ ကျွန်မတို့ မိဘတွေက ကျွန်မတို့ကို မထောက်ပံ့နိုင်လို့ ကျောင်းကနေထွက်လိုက်ရတယ်၊ အခုကျွန်မက ရွာမှာ ချဲရောင်းပြီး မိသားစုအတွက် ပိုက်ဆံရှာနိုင်ပြီး ကျွန်မညီမလေးတွေအတွက်လည်း ကျောင်းစရိတ်ထောက်ပံ့နိုင်တယ် “ ဟု မုဒုံမြို့နယ်မှ ချဲရောင်းသမားတစ်ဦးက ပြောသည်။

မွန်ပြည်နယ်ရှိ ပြည်သူအများစုမှာ ရာဘာနှင့် စပါးအပေါ်တွင် မှီခိုအားထားနေရသည်။ ယခုအချိန်မှာ စီးပွားရေးအခြေအနေကျဆင်းနေပြီး အရင်နှစ်က ရာဘာ ၁ ပေါင်လျှင် ၁၄၀၀ ကျပ်ရှိပြီး ဒီနှစ်မှာတော့ ရာဘာတစ်ပေါင်းလျင် ၆၀၀ ခန့်ရှိသည်။ စပါးဈေး ကလည်း အရင်နှစ်ကထက် ကျဆင်းနေသည်။

“မနှစ်ကတည်းက ကျွန်တော် ကျောင်းကနေထွက်လာပြီး ထိုင်းနိုင်ငံကို ဝင်လာတယ်၊ သူများတွေ ကျောင်းသားမြင်ရရင် ကျွန်တော်ကျောင်း အရမ်းသွားချင်တယ်၊ ကျွန်တော်မှာ ပိုက်ဆံမရှိတော့ ကျောင်းမတက်နိုင်ဘူး။ ကျွန်တော်မိဘတွေကလည်း ကျွန်တော့်ကို မထောက်ပံနိုင်ဘူး” ဟု ဘန်ကောက်တွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား တစ်ဦးကပြောသည်။

ရာဘာစိုက်ရာသီရောက်လာသော်လည်း ပျိုးပင်ရောင်အားမကောင်း
Wed 03 Jun 2009, ရိုင်မရော့
ရာဘာဈေးနှုန်းကျသွားပြီးနောက် ရာဘာပျိုးပင်စိုက်သူများအတွက် ပျိုးပင်ရောင်းအားမကောင်းသောကြောင့် အရှုံးပေါ်နေရသည့်အခြေနေသို့ ရောက်နေကြသည်ဟု ပြောဆိုနေကြသည်။

“မနှစ်က ရာဘာဈေးကျပြီးကတည်းက ရာဘာပျိုးပင်တွေ ရောင်းအားမကောင်းတော့ဘူး၊ ဝယ်သူမရှိတော့ ပျိုးပင်ကို ဈေးလျှော့ရောင်းရတယ်၊ ဒါပေမယ့် ဈေးလျှော့ရောင်းလည်း ဝယ်တဲ့သူမရှိဘူး၊ အရှုံးပေါ်နေကြတာပေါ့” ဟု မုဒုံမှ ရာဘာပျိုးပင်စိုက်သူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလဝန်းကျင်ခန့်က ကမ္ဘာ့စီးပွားရေး ပျက် ကပ်မှုကြောင့် ရာဘာဈေးထက်ဝက်နီးပါး ကျဆင်းသွားပြီး၊ ရာဘာကို အဓိကထား စိုက်ပျိုးနေကြသူများ အခက်အခဲကြုံတွေ့နေကြရသည်။

ရာဘာပျိုးပင် ဈေးနှုန်းကျလာခြင်း၊ ဝယ်သူနည်းပါးလာခြင်းသည် ရာဘာခြံလုပ်သူများက လက်ရှိ စီးပွားရေးမပြေလည်မှုကြောင့် မိမိခြံအတွင်း စိုက်ပျိုးရန် လိုအပ်သည့် ပျိုးပင်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စိုက်ပျိုးလာခြင်းကြောင့်လည်းဖြစ်သည်ဟု ရာဘာ စိုက်ပျိုး နေကြသည့် ရာဘာခြံလုပ်သားများက ပြောသည်။

ငွေကြေးတတ်နိုင်သူအနည်းအကျဉ်းသာ ရာဘာပျိုးပင်များကို ဝယ်ယူနိုင်ကြောင်းလည်း ၄င်းက ဆက်ပြောခဲ့သည်။

“ပျိုးပင်တစ်ပင်ဆိုရင် ကျပ်နှစ်ရာလောက် ရင်းနှီးထားရတယ်၊ ကြားမှာ အပင်သေသွားရင် ရှုံးပြီး၊ ပျိုးပင်လည်း ဈေးမကောင်း ဝယ်တဲ့လူလည်းမရှိဘူးဆိုတော့ ရှုံးဖို့ပဲ ရှိတာပေါ့” ဟု အခြားပျိုးပင်ရောင်းသူတစ်ဦးက ပြောသည်။

ယခုလက်ရှိပျိုးပင်ဈေးနှုန်းသည် ပျိုးပင်အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းကွဲပြားမှုရှိသည်။
ပျိုးပင်ဈေးနှုန်းသည် ယခင်က အရည်အသွေးကောင်းသည့် ပျိုးပင်တစ်ပင်လျှင် (၇၀၀) ကျပ်ထိရှိပြီး၊ ယခုအချိန်တွင် ပျိုးပင်တစ်ပင်လျှင် (၅၀၀) ကျပ်နှင့် (၄၀၀) ကျပ် ကြား တွင်ရှိသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ရာဘာကိုင်းဆက်ပင်များမှာ ဈေးကောင်းရရှိကြသည်။ မွန်ပြည်နယ်အတွင်း စိုက်ပျိုးမှုအများဆုံးနှင့် အရောင်းရဆုံး ရော်ဘာပင်အမျိုးအစားများမှာ PB 600, PB 260, PB 235, BPM 24 တို့ ဖြစ်ကြသည်။

“မနှစ်က အရှုံးတော့မပေါ်ဘူး၊ အမြတ်လည်း သိပ်မရဘူး၊ အရင်း မစိုက်ထိတဲ့ အနေ အထားပေါ့၊ ဒီနှစ်ကျတော့ ဟန်မကျဘူး၊ ရာဘာချဖို့ အချိန်တော့ ရောက်နေပြီး၊ ပျိုးပင် လာဝယ်တဲ့လူတွေက မနှစ်ကလောက်မများဘူး၊ ဒီနှစ်တော့ ပျိုးပင် (၅) သောင်း ကျော် ကျော် ပျိုးထားတယ်” ဟု ၄င်းပျိုးပင်ရောင်းသူက ပြောသည်။

မုဒုံမြို့ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာမှ သုတေသနနှင့် မျိုးပွားခြံ၌ ရာဘာပျိုးပင်ဈေးနှုန်းသည် တစ်ပင်လျှင် (၂၀၀) ကျပ်ထိ ကျဆင်းသွားသည်။ ၄င်းပျိုးပင်ခြံမှ ရောင်းသည့် ပျိုးပင်များသည် ထိုင်းနိုင်ငံမှ သွင်းလာသည့် ရာဘာကိုင်းဆက်ပင်များထက် ဈေးကောင်းမရရှိကြပေ။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က မွန်ပြည်နယ်အတွင်း စစ်အစိုးရ၏ မြေလွတ်မြေရိုင်းဖော် ထုတ်ရေး စီမံကိန်းကြောင့် ရာဘာစိုက်ပျိုးသူများလာကာ ရာဘာပျိုးပင်များလည်း ဈေးမြင့်တက်လာခဲ့သည်။

မွန်ပြည်နယ်မှ ရာဘာပျိုးပင်များကို ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ပုသိမ်မှ လာရောက်ဝယ်ယူကြသည်။ သို့သော်လည်း ရာဘာဈေးနှုန်းကျဆင်းသွားပြီးနောက် မွန်ပြည်နယ်မှ ရာဘာပျိုးပင်များ လာရောက်ဝယ်ယူမည့်သူ နည်းပါးသွားကာ ပျိုးပင်ဈေးနှုန်းလည်း လျော့ကျသွားသည်။


ထိုင်းအာဏာပိုင်မှ ဖမ်းဆီးထားသည့် သစ်ကားများ ပြန်ရွေးရ
Tue 02 Jun 2009, ရိုင်မရော့
ထိုင်းအာဏာပိုင်များက ဘုရားသုံးဆူမြို့မှ တရားမဝင်ခိုးဝင်လာသည့် သစ်ကားများကို ဖမ်း ဆီးလိုက်ပြီးနောက် ကားတစ်စီးကို ထိုင်းဘတ်ငွေ (၉) သောင်းနှင့် ပြန်ရွေးရသည်ဟု ဒေသခံတို့က ပြောသည်။

လွန်ခဲ့သည့် မေလ ၂၁ ရက်နေ့က ဖမ်းဆီးခံထားရသည့် သစ်ကားအစီးရေပေါင်း (၃၁) စီးသည် ထိုင်းနိုင်ငံမှ သစ်လုပ်ငန်းရှင်များနှင့် ဘုရားသုံးဆူမြို့မှ သစ်လုပ်ငန်းရှင်တို့၏ သစ် ကားများဖြစ်သည်။

“အဖမ်းခံထားရတဲ့ သစ်ကားတွေဟာ ဘုရားသုံးဆူက သစ်လုပ်ငန်းရှင်တွေရဲ့ကား ကျတော့ ပြန်ရွေးလိုက်ပြီး ထိုင်းလုပ်ငန်းရှင်က ကားတွေကျတော့ မသိဘူး၊ ကားတစ်စီးကို ဘတ် (၉) သောင်းနဲ့ ပြန်ရွေးရတယ်” ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောပြသည်။

ဖမ်းဆီးခံထားရသည့် သစ်ကားများသည် သစ်တန်ချိန် (၂) ရာကျော်ရှိသည်။ မြန်မာဘက် ကမ်းမှ သစ်လုပ်ငန်းရှင်များမှ ဆယ်ဘီးကားနှင့် ကားအသေးအပါအဝင် သစ်ကား အစီး (၂၀) ပါဝင်သည်။

ဘုရားသုံးဆူမြို့မှ မြန်မာအသေးစားလုပ်ငန်းရှင်များနှင့် ထိုင်းမှ သစ်လုပ်ငန်းဖြင့် စီးပွား လုပ်ကိုင်နေသူများ ပူးပေါင်းကာ ထိုင်းနိုင်ငံသို့ သစ်များတင်သွင်းနေသည်ဟု ဒေသခံတို့ က ပြောပြသည်။

သစ်ကားများဖမ်းဆီးခံရမှုတွင် မြန်မာဘက်မှ အသေးစားသစ်လုပ်ငန်းရှင်များက အမျိုး မျိုးထင်ကြေးပေးနေကြသည်။

ဘုရားသုံးဆူမှ ထွက်သည့် သစ်အားလုံးကို ဌေးကုမ္မဏီက ဝယ်ယူပြီး မိမိတစ်ဦးတည်းသာ ထိုင်းလုပ်ငန်းရှင်များနှင့် အရောင်းအဝယ်လုပ်ချင်သည်။ ဤသည်ကို အသေးစား သစ်လုပ် ငန်းရှင် အများစုက လက်မခံဘဲ၊ သူတို့သဘောဆန္ဒအတိုင်း ထိုင်းနိုင်ငံသို့ ခိုးသွင်းနေ သည်ကို ဌေးကုမ္မဏီက ခြေထိုးသည့်သဘောဖြစ်နိုင်သည်ဟု သစ်လုပ်ငန်းရှင်အသိုင်း ဝိုင်းတို့က ပြောဆိုနေကြသည်။

ဌေးကုမ္မဏီသည် (KNU) ထိန်းချူပ်နယ်မြေမှ မဲကသာတောအတွင်း သစ်များကို ခရိုင် အောက်ခြေအရာရှိများနှင့် သဘောတူချက်ရယူထားပြီး သစ်တန်ချိန် သုံးထောင် ထုတ် လုပ်ရန် သဘောတူညီမှု ရယူထားသည်။

မှတ်ချက်။ ။ ယခင်က ကား ၁၅ စီးကိုသာ တွေ့မြင်ကြသောကြောင့် ကားအစီးအရေ (၁၅) စီးသာ အဖမ်းခံရသည်ဟု ဒေသခံများက ပြောကြသည်။ ယခု နောက်ဆုံးတွင် အစီးပေါင်း ၃၁ စီး အဖမ်းခံရသည်ဟု သစ်လုပ်ငန်းရှင်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တကိုယ်တော်လှုပ်ရှားသူများရဲ့ နောက်ဆုံးအခြေအနေ
2009-06-03

မေလ ၂၈ ရက်နေ့က အင်းစိန်ထောင်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တကိုယ်တော်ဆန္ဒပြခဲ့တဲ့အတွက် အဖမ်းခံလိုက်ရတဲ့ ဦးဇော်ညွန့်ကို ဒီရက်ပိုင်းအတွင်း စစ်ကြောရေးစခန်းကနေ အင်းစိန်ထောင်ကို ပို့လိုက်ပြီလို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် မြန်မာ့အရေး ထောက်ခံအားပေးသည့် ဂျပန်အဖွဲ့အစည်းများ မေလ ၂၄ ရက်နေ့က တိုကျိုမြို့တွင် ချီတက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: Ko Pwar- Japan)

အဖမ်းခံရစဉ်က ဝိုင်းဝန်းထိုးကြိတ်ခဲ့တဲ့ဒဏ်ကြောင့် ဦးဇော်ညွန့်ဟာ သွားနှစ်ချောင်း ကျိုးလုနီးပါးဖြစ်နေတယ်လို့ သိရပါတယ်။ ဗိုလ်ကြီးဟောင်းတဦးဖြစ်တဲ့ ဦးဇော်ညွန့်ဟာ ၁၉၈၈ အရေးတော်ပုံမှာပါဝင်ခဲ့ပြီး အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းမတိုင်ခင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြခဲ့တဲ့ ကိုထင်ကျော်ကို ရန်ကုန်မြို့ ကုန်ဈေးတန်းလမ်းမှာ ဝိုင်းဖမ်းဆီးစဉ်ကလည်း ဦးဇော်ညွန့်က ကိုထင်ကျော်အတွက် မခံမရပ်နိုင်ဖြစ်ပြီး ဝင်ရောက်ကူညီခဲ့တဲ့အတွက် တခါအဖမ်းခံခဲ့ရပြီး ရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ အခုတခေါက်မှာတော့ သူ့ကိုလွှတ်ပေးမလား၊ တရားစွဲဆို ထောင်ချမလားဆိုတာ စောင့်ကြည့်ရဦးမယ်လို့ ရန်ကုန် နိုင်ငံရေးသတင်းရပ်ကွက်က ပြောပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ကို စတင်တရားစွဲဆိုတဲ့ရက်မှာ အင်းစိန်ထောင်အနီး အနက်ရောင် ပိတ်စငယ်တွေ လိုက်ဝေတဲ့အတွက် အဖမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွှေပြည်သာမြို့နယ် လူငယ်အဖွဲ့ဝင် ကိုထွေးသိန်းကိုလည်း အင်းစိန်ထောင် ပို့ထားပြီး ရုံးတင်တရားစွဲနေပြီလို့ သိရပါတယ်။

အဖမ်းခံရစဉ်က ဝိုင်းဝန်းထိုးကြိတ်ခဲ့တဲ့ဒဏ်ကြောင့် ဦးဇော်ညွန့်ဟာ သွားနှစ်ချောင်း ကျိုးလုနီးပါးဖြစ်နေတယ်လို့ သိရပါတယ်။ ဗိုလ်ကြီးဟောင်းတဦးဖြစ်တဲ့ ဦးဇော်ညွန့်ဟာ ၁၉၈၈ အရေးတော်ပုံမှာပါဝင်ခဲ့ပြီး အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းမတိုင်ခင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြခဲ့တဲ့ ကိုထင်ကျော်ကို ရန်ကုန်မြို့ ကုန်ဈေးတန်းလမ်းမှာ ဝိုင်းဖမ်းဆီးစဉ်ကလည်း ဦးဇော်ညွန့်က ကိုထင်ကျော်အတွက် မခံမရပ်နိုင်ဖြစ်ပြီး ဝင်ရောက်ကူညီခဲ့တဲ့အတွက် တခါအဖမ်းခံခဲ့ရပြီး ရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ အခုတခေါက်မှာတော့ သူ့ကိုလွှတ်ပေးမလား၊ တရားစွဲဆို ထောင်ချမလားဆိုတာ စောင့်ကြည့်ရဦးမယ်လို့ ရန်ကုန် နိုင်ငံရေးသတင်းရပ်ကွက်က ပြောပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ကို စတင်တရားစွဲဆိုတဲ့ရက်မှာ အင်းစိန်ထောင်အနီး အနက်ရောင် ပိတ်စငယ်တွေ လိုက်ဝေတဲ့အတွက် အဖမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွှေပြည်သာမြို့နယ် လူငယ်အဖွဲ့ဝင် ကိုထွေးသိန်းကိုလည်း အင်းစိန်ထောင် ပို့ထားပြီး ရုံးတင်တရားစွဲနေပြီလို့ သိရပါတယ်။
PhotobucketPhotobucketPhotobucketPhotobucket
PhotobucketPhotobucketPhotobucket