Friday, June 5, 2009

လည်ပြန်ကြည့်စရာမလိုတဲ့ ခြသေ့င်္

Photobucket



မှန်ကန်တဲ့အခါ..
လူဆိုတာ ကြောက်ရွံ့ ခြင်းကင်း

ကြောက်ရွံ့ ခြင်းမရှိတဲ့အခါ..
အမြင်သံသယရှင်း

သံသယကင်းတဲ့ အခါ
ဆုတ်တွန့် ခြင်း မရှိအလျှဉ်း
အဓမ္မကို တွန်းလှန်ရဲသည်။
ဓမ္မကို ဆုတ်ကိုင်ရဲသည်။

မတရားမှုကို..
မျက်ဝါးထင် မြင်တွေ့ သောအခါ..
ကောင်းမြတ်သောသတ္တိသွေးက
ဟုန်းဟုန်းထကြွ ရဲချင်းချင်းနီ..

စိတ်နဲ့ စေတသိတ်
နာကျင်မှုများ ကိုချိုးနှိပ်
စေတနာနဲ့ မေတ္တာ..
အမျိုးသားအရေးကို စောင့်ရှောက်ခဲ့ရာ…

ပိန်လျှနေတဲ့ သူ့ ခန္ဓာထဲ
ကြီးမားသော နှလုံးသားရှိတယ်။

လှပတဲ့ သူ့ မျက်နှာမှာ
အကြင်နာတို့ ရှိတယ်။

စူးရှနေတဲ့ သူ့ မျက်လုံးထဲ
ထက်မြသော ဓါးသွားရှိတယ်။

ပါးလျှားနေတဲ့ သူ့ နှုတ်ခမ်းမှာ
ရာဇပရိယာယ်ကြွယ် အလင်္ကာများရှိတယ်။

သေးသွယ်သော သူ့ ဦးခေါင်းမှာ
ထက်မြက်သော အသိဥာဏ်တို့ ရှိတယ်။

ရိုးသားသော အသွင်သဏ္ဍာန်က
ကျက်သရေအပေါင်းနဲ့ တင့်တယ်။

အမျိုးကောင်းမှန်တဲ့ ကေသရာဇာ
မြက် မစားပါဖူး..
လာဘ်လာဘ မလိုဖူး
မြင့်မြတ်မှူသာ သူ့ ၏ လားရာ။
ငြိမ်းချမ်းရေးသာ..သူ၏ အာသာ။

နောက်မဆုတ်ပါဖူး။
မကြောက်ရွံ့ ပါဖူး။
စွန့် လွှတ်မှူသာ သူ့ အဖြေ။
လွတ်လပ်ရေးနဲ့ မြင်လိုတာ သူ့ မွေးမြေ။

သတ္တိကတော့ မငယ်ဘူး..
အစွမ်းရှိတဲ့ "သူမ" က လူထူး
တစ်ကောင်ထည်းပါဘဲ..
ဒါပေမဲ့ ခြသေ့င်္..

မသဒ္ဓါ ( ၆။၂။ ၂၀၀၉) အမေ့ မွေးနေ့ အတွက်..လွတ်မြောက်ပါစေ အမေ

ရှင်တို့အမှားတွေအတွက် ကျမကပဲ တရားဝင်တောင်းပန်ပါတယ်


ကျမတို့မိသားစုဝင်တွေအားလုံးမှာ ဆတ်ဆတ်ထိ မခံနိုင်တဲ့ အကြောင်းအရာ တခုတည်းပဲရှိပါတယ်။ အဲဒါဟာ ကိုယ်ကျင့်တရားနဲ့ မိသားစုရဲ့ဂုဏ်သိက္ခာကို ထိပါးလာတာမျိုးကိုပဲ။ ဒါပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် ၂၀၀၄ ခုနှစ် ကုန်ပိုင်းကတည်းက အဲဒီလို သတင်းလုပ်တဲ့သူကိုရော သတင်းလုပ်ရေးစားနေသူတွေကိုရော ကျမ သည်းခံခဲ့ရပါတယ်။

မြန်မာသတင်းကိုပဲဖြစ်ဖြစ်..အင်္ဂလိပ်သတင်းကိုပဲဖြစ်ဖြစ် ဖတ်လိုက်တိုင်း ကျမအမေကို “အိမ်ဖော်”လို့ ရေးထားတာဟာ သတင်းဌာန တခုထည်းလည်းမကတော့…သတင်းတပုတ်တည်းလည်း မကတော့…တရက်တည်းလည်း မဟုတ်တော့… ကြာရင် ဒီသတင်းမှားဟာ အမှန်ဖြစ်သွားမှာကို ကာကွယ်ဖို့ သမီးဖြစ်တဲ့ကျမမှာ တာဝန်ရှိတယ်။ အမှန်ကို အမှန်အတိုင်းဖြစ်ဖို့ သတင်းသမားတဦးအနေနဲ့လည်း ကျမ တာဝန်ယူရပါလိမ့်မယ်။

လူနဲ့လူလို အချိုးမှန်မှန်တွေးတတ်တဲ့ ဘယ်သူမဆို နိုင်ငံရေးသမားတယောက်နဲ့ အိမ်ဖော်တယောက်ရဲ့ ဦးတည်ချက်တွေကို သဘောပေါက်မိပါလိမ့်မယ်။ ရှင်းပြဖို့လိုလောက်အောင် အသိဉာဏ်ချွတ်ယွင်းနေသော သတင်းထောက်ဆိုသူများ ရှိခဲ့ရင်လည်း ရှင်းပြပါရစေ။

အိမ်ဖော်ဆိုတာ ငွေတခုတည်းရဖို့ သူ့လုပ်အားကို ရောင်းစားနေသူဖြစ်ပြီး နိုင်ငံရေးသမားတယောက်ကတော့ နိုင်ငံနဲ့လူမျိုးအတွက် သူကျရာအခန်းကနေ နိုင်သမျှဝန်ကို ၀င်ထမ်းဖို့အတွက် ကိုယ်ပိုင်ဘ၀..ကိုယ်ပိုင်ဆန္ဒတွေကို စွန့်လွှတ်ထား ရသူတွေဖြစ်ပါတယ်။ စွန့်လွှတ်တဲ့အထဲမှာ ၀င်ငွေရတဲ့အလုပ်တွေမလုပ်နိုင်ဘဲ ငွေကုန်ကြေးကျများတဲ့ အလုပ်တွေကိုသာ လုပ်နေရခြင်းလည်း ပါဝင်ပါတယ်။
ကျမ ဘာကြောင့် ဒါတွေကို ဆက်ရေးနေရသလဲ။

ရေးနေရင် ကြော်ညာဝင်သလို ဖြစ်မှာမလိုချင်လို့ မဆုမွန်ရဲ့ ဘလော့ကနေ ရပ်တန်းကရပ်ဖို့ မဆုမွန်ကတာဝန်ယူ ရေးပေးခဲ့ပေမယ့် ကိုယ့်ဝင်ငွေအတွက်ကိုယ် ကုန်းရုန်းရေးနေရသူ မြန်မာသတင်းထောက်များက အချက်အလက် အမှန်ပေးနေတဲ့ မဆုမွန်ရဲ့ ဘလော့ ကိုလည်း ဖတ်မိကြပုံမရခဲ့ပါဘူး။ ဒါကြောင့် သတင်းတွေကဆက်ပီး ရေးနေဆဲဖြစ် နေတယ်။ ဒါကြောင့် ဒေါ်ခင်ခင်ဝင်းရဲ့ သမီးတယောက်အနေနဲ့ ဗြောင်ဖွင့်ပြောရတဲ့အဆင့်ကို ရောက်လာခဲ့ရတာပါ။

ဧရာဝတီကို အချက်အလက်မှားနဲ့ အင်္ဂလိပ်စာမျက်နှာမှာ သတင်းရေးခဲ့သူ စောရန်နိုင်ဟာ ကျမနဲ့ ဂျေစကူးလ်က တနှစ်တည်းဆင်းခဲ့တဲ့ လူငယ်လေးဖြစ်ပြီး အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ အက်ဒစ်လုပ်တဲ့ ကောလင်းဟင့်ရှေးဝုဒ်ကတော့ အဲဒီနှစ်က ကျမတို့ရဲ့ သတင်းထောက် မိတ်ဆက် ကိုသင်ပေးခဲ့တဲ့ ဆရာပါ။ အဲဒီနှစ်ကလည်း ဘီဘီစီ သတင်းထောက် တိုနီက အဲဒီလိုပဲ ရေးခဲ့လို့ ဒေါသထွက်..အဲဒီအချိန်က အခုလို ဖွင့်ရှင်းရင် ပိုရှုပ်မယ့် တခြားအခြေအနေတွေကြောင့် ဒေါသထွက်မခံနိုင်တဲ့ ကျမဟာ စာသင်ခန်းအတွင်းအနှောက်အယှက်ဖြစ်ရလောက်အောင် ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ ဒါကြောင့် student one by one အစီအစဉ်နဲ့ ဆရာနဲ့ တယောက်ချင်းစီ တွေ့ပြီး အခက်အခဲတွေ ပြောပြရတဲ့အခါ ဆရာကောလင်းကို ပြောပြခဲ့ပါတယ်။

ဆိုလိုတာက သူဟာ ကျမ အမေ အိမ်ဖော်မဟုတ်ဘူးဆိုတာကို ၂၀၀၅ ခုနှစ်ကတည်းက သိနေခဲ့ပြီး အခု သူ့တပြည့် စောရန်နိုင်က မှားယွင်းရေးခဲ့ရင်တောင် သတင်းမှန်ကို သိထားတဲ့ အယ်ဒီတာအနေနဲ့ double check လုပ်ဖို့သူသင်ထားတဲ့ သင်ခန်းစာကို ပြန်နွေးပေးဖို့ သူ့မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် သတင်းထောက်က ပညာလိုတယ်။ အယ်ဒီတာက ဖြစ်သလိုလုပ်တယ်။ ပတ်ပလစ်ရှာကလည်း ဖြန့်ချီတယ်။ ဟုတ်နေတာပါပဲ။

မနေ့က ကျမ ဧရာဝတီကိုအောင်ဇော်ကို နှစ်ဦးနှစ်ဘက် ဂုဏ်သိက္ခာအတွက် မှားယွင်းရေးသားမိကြောင်း တရားဝင် စာထုတ်ပေးဖို့ အကြောင်းကြားခဲ့ပေမယ့် ပါဆင်နယ်လက်တာတောင် ပြန်မလာခဲ့ပါဘူး။ ဒါပေမယ့် ၁၅ ရက်နေ့တင်တဲ့ သူတို့ အင်တာနက်စာမျက်နှာမှာတော့ her two live-in assistants and her doctor လို့ သုံးစွဲပေးသွားတာကိုတွေ့ရပါတယ်။

အိုကေ..။

ကျမက ပြဿနာမဟုတ်။ တောင်းပန်ခြင်း..ဆိုတာက အမှားလုပ်တဲ့သူကို သူ့သိက္ခာပြန်ဆယ်ဖို့ ပေးတဲ့ အခွင့်အရေးပဲ။ သူတို့ မယူတာ သူတို့အပိုင်းလို့ ကျမ စိတ်ဖြတ်ထားလိုက်တယ်။ အစကတည်းကလည်း နောက်ထပ် မရေးကြရင် တော်ပီ..လို့ပဲ သဘောထားခဲ့တဲ့သူ။ သဘောထားနိုင်တဲ့သူ။ သို့သော်…

ဘန်ကောက်က သတင်းစာရှင်းလင်းပွဲကိုသွားတက်ခဲ့တဲ့ ညီမလေး စန္ဒာက “အမရေ…ထိုင်း ဒီမိုကရက်တစ်အမတ်ကလည်း အဲဒီစကားသုံးပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာ ကြားလိုက်ခဲ့ရပြန်ပြီ”တဲ့။

အဲဒီလို အမတ်မင်းတွေက နာမည်ရ သတင်းစာမျက်နှာတွေကိုဖတ်ပြီး အဲဒီလိုပွဲမျိုးတွေမှာပြောမယ်..သူတို့စကားကို ကိုးကားပြီး သတင်းဌာန အငယ်တွေက ထပ်ရေးမယ်။ ဒီတော့ ပတ်လည်ရိုက်နေတဲ့ သတင်းမှားသံသရာအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလို့ ထင်ပါသလဲ။ ကိုယ်က ရေးပြီးသွားတဲ့ သတင်းမှားအတွက် တရားဝင်မှားယွင်းကြောင်း ကြေညာမပေးလို့ လည်နေမယ့် သတင်းမှားသံသရာလည်အတွက် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။

သတင်းနဲ့လုပ်စားလာတာ အံခွနေတဲ့ သတင်းဌာနကြီးများကို နွားရှေ့ ထွန်ကျူး…လို့ ပြောရမလား။ ဘုန်းကြီးတစ္ဆေကို ကမ္မ၀ါ ဖတ်ပြနေရသလို လုပ်ရမှာလည်း ကျမလို ပမွှားသတင်းထောက်တယောက်က မ၀ံ့ရဲလေတော့

ဆရာ နီကိုရဲက သူ့ဝတ္ထုတပုတ်ကို ဇာတ်သိမ်းခဲ့တဲ့ စကားတခွန်းလိုပဲ-
“မင်းလွန်ခဲ့သမျှတွေအတွက် ကိုယ်ကပဲ တောင်းပန်လိုက်ပါတယ်” လို့ တောင်းပန်လိုက်ပါတယ်။
တောင်းပန်ပါတယ်။ ရှင်တို့မှားသမျှ ကျမအပြစ်တွေချည့်ပါပဲ….

ခွာညို

http://newmyaaeinkhin.blogspot.com/2009/05/blog-post_15.html မှပြန်လည်ဖေါ်ပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်)ကြေငြာချက်

Photobucket

အဲယားပုဂံရဲ့အရေးပေါ်လေယာဉ်ဆင်းနည်း


An emergency landing at Tada Oo (Mandalay) International Airport, The signal light in the pit indicating that the front wheel had properly deployed and locked into place did not come down.
So the crew went throught the entire emergency procedure.
The brusts into applause as the plane rolls safely. Air Bagan flight 009, on the ninth of May at around 9:00am 2009.
As the plane circled the airport, to use up all the jet fuel we had, i got this shot of the fire engines rushing out to take positions.
Not a comforting sight.
Things began to become very real.



နယ်ခြားစောင့်တပ်များ


၅ ဇွန် ၂၀၀၉

တရုတ်-မြန်မာနယ်စပ်တလျှောက်က အပစ်ခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းအဖွဲ့တွေကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းပြီး ကက(ကြည်း) အောက်မှာ ဖွဲ့စည်းဖို့၊ အသက်အရွယ် (၅၀) အထက် ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဧပြီ (၂၈) ရက်နေ့မှာ နအဖဘက်က ကမ်းလှမ်းထားခဲ့ပါတယ်။ အဲဒီအပေါ် ငြိမ်းအဖွဲ့တွေရဲ့ ပြန်လည်တုံ့ပြန်မှုက ဒီကနေ့အထိ တရားဝင် ထွက်မလာသေးပေမယ့် သူတို့ရဲ့တုံ့ပြန်မှု ကတော့ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနဲ့ အပြောင်းအလဲကို တစုံတရာ သက်ရောက်စေမှာ ဖြစ်ပါတယ်။

အထူးသဖြင့် အင်အား (၃၀,၀၀၀) ၀န်းကျင်ရှိတဲ့ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ အင်အား (၅,၀၀၀) ၀န်းကျင်ရှိတဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ရဲ့ သဘောထားအပေါ် စောင့်ကြည့်ကြရမှာပါ။ ‘၀’ တပ်ဖွဲ့အတွင်း ခေါင်းဆောင်ပေါက်ယိုချန်းတို့ တရုတ်နွယ်ဖွား ညီအကိုနဲ့ ရှမ်းပြည်တောင်ပိုင်းက ဝေဆူကန်း ဦးဆောင်တဲ့ (၁၇၁) တပ်မဟာတို့အကြား ခေါင်းဆောင်ချင်း မသင့်မမြတ်ဖြစ်နေသလို နအဖဘက်ကလည်း ဝေဆူကန်းတို့ ‘၀’ တပ်မဟာကို သွေးခွဲစည်းရုံးနေတဲ့ သတင်းထွက်ပေါ်နေတဲ့အပေါ် မဟုတ်မှန်ကြောင်းနဲ့ ပန်ဆန်းဗဟိုဌာနချုပ် တခုတည်းအောက်မှာ ‘၀’ တပ်ဖွဲ့တွေ စည်းလုံးညီညွတ်နေတယ်ဆိုတာ ပြီးခဲ့တဲ့ အနှစ် (၂၀) မြောက် ငြိမ်းချမ်းရေး ပွဲတော်အတွင်း (၁၇၁) တပ်မဟာက လူအင်အား (၅၀၀) ကျော် ပန်ဆန်းကို လာရောက်ပြီး စစ်ရေးပြနဲ့ ကိုယ်ခံပညာသရုပ်ပြပွဲကို ပြုလုပ်ကာ သက်သေပြထားပါတယ်။

၂၀၀၃ ခုနှစ်ဝန်းကျင်က နအဖရဲ့သွေးခွဲမှုကြောင့် သဲကြီးမဲကြီး အသေအကျေ တိုက်ခဲ့ကြတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့နဲ့ ‘၀’ တပ်ဖွဲ့အကြား ပြန်လည်သင့်မြတ်လာသလို ‘၀’ ငြိမ်းချမ်းရေးပွဲတော်ကို ရှမ်းကိုယ်စားလှယ်တွေ ဖိတ်ကြားတက်ရောက်စေခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကလည်း ‘၀’ ဒေသကို ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၂) လို့ နအဖဘက်က အမည်ပေးသတ်မှတ်ထားတာကို မြန်မာနိုင်ငံ၊ အထူးဒေသ(၂)၊ ‘၀’ ပြည်နယ်အစိုးရ ဆိုပြီး ကိုယ့်ဘာသာကို နာမည်ပြောင်းခဲ့တဲ့ ‘၀’ တပ်ဖွဲ့အပေါ် အစာမကြေ ဖြစ်နေကြတဲ့ နအဖဗိုလ်ချုပ်တွေနဲ့ နယ်မြေခံ စစ်တိုင်းမှူးတွေကို ထပ်ပြီး မျက်လုံးထဲ သဲပက်လိုက်သလို ဖြစ်သွားစေပါတယ်။ ဒါကြောင့်လည်း အဲဒီပွဲကို နယ်မြေခံစစ်ဗျူဟာမှူး အဆင့်လောက်သာ စေလွှတ်ခဲ့တာလို့ သုံးသပ်ရပါတယ်။

နအဖဘက်က ကမ်းလှမ်းချက်ကို လုံးဝလက်ခံမှာမဟုတ်ကြောင်း ခရိုင်၊ မြို့နယ်အဆင့် အစည်းအဝေးတွေကနေ ဆုံးဖြတ်ထားပြီး ဗဟိုဌာနချုပ်ကလည်း လက်ခံမှာမဟုတ်ဘူးလို့ ‘၀’ တပ်မှူးတဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။ ‘၀’ ဗဟိုဌာနချုပ်က ဇွန်လ (၃၀) ရက်နေ့မှာ နအဖရဲ့ ကမ်းလှမ်းမှုအပေါ် တရားဝင် အကြောင်းပြန်ကြားရမှာဖြစ်လို့ မကြာခင်ကာလမှာ ‘၀’ တပ်ဖွဲ့ရဲ့တုံ့ပြန်မှုကို တွေ့မြင့်ရတော့မှာပါ။

‘၀’ တပ်ဖွဲ့ပြီးရင် ဒုတိယအင်အားအတောင့်တင်းဆုံးဖြစ်တဲ့ ကေအိုင်အိုကတော့ သူ့တပ်ဖွဲ့အတွင်းနဲ့ ကချင်ပြည်နယ်သူ၊ ပြည်နယ်သား၊ ပြည်ပရောက် ကချင်လူထုထံကနေ အကြံဉာဏ်ရယူသွားမယ့်အကြောင်း မေလ (၁၄) ရက် နေ့စွဲနဲ့ ကေအိုင်အိုက ကြေညာချက်တစောင် ထုတ်ပြန်ထားပြီး ဒေသခံလူထုတွေ၊ ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင် တွေနဲ့ တွေ့ဆုံနေပါတယ်။ ဘယ်အချိန်မှာမှ တုံ့ပြန်မယ်ဆိုတာ မသိရသေးပါဘူး။ အဲဒီလို အချိန်ယူ ဆွေးနွေးစဉ်းစားနေမှု အပေါ် မေလ (၂၀) ရက်နေ့က ဗိုလ်ချုပ်ရဲမြင့်နဲ့ မြစ်ကြီးနားမှာ တွေ့ဆုံစဉ်မှာ အသွင်ပြောင်းရေးကိစ္စ အမြန်အကြောင်း ပြန်ဖို့ ဖိအားပေးခဲ့တယ်လို့ ကေအိုင်အို သတင်းရပ်ကွက်က သိရပါတယ်။

ကေအိုင်အိုအဖွဲ့အနေနဲ့ နောက်တက်လာမယ့် အစိုးရအဖွဲ့သစ်နဲ့မှသာ ဆွေးနွေးမယ်ဆိုပြီး အစောပိုင်းကာလများ ကတည်းက မူချမှတ်ထားတာဖြစ်လို့ ယခုလို အဖွဲ့ရဲ့ သေရေးရှင်ရေး ကိစ္စရပ်အပေါ် အချိန်တိုအတွင်း ဆုံးဖြတ်ချက်ချဖို့ အဆင်သင့်မဖြစ်သေးတာတော့ သေချာပါတယ်။ ကျန်တဲ့ အခြားကချင်ငြိမ်းအဖွဲ့က ကိုယ်စားလှယ်တွေ၊ အရပ်သားတွေ ပါဝင်တဲ့ ကြားကာလလုပ်ငန်းကော်မတီမှာ ကေအိုင်အို ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာတူးဂျာက ပါဝင်နေပြီး ပါတီနိုင်ငံရေးမဆန်တဲ့ လှုပ်ရှားမှုအချို့ လုပ်ကိုင်နေသော်လည်း အခြားတဘက်မှာတော့ ကေအိုင်အေတပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်နေပါတယ်။

ပြီးခဲ့တဲ့ဧပြီလ (၆) ရက်နေ့က ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားတဲ့ ကေအိုင်အေ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဇော်နန် နေရာကို ဗိုလ်မှူးကြီးဂွန်မော်နဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။ ကေအိုင်အိုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ကေအိုင်အို သုတေသနနဲ့ မှတ်တမ်းဌာနတာဝန်ခံ ဗိုလ်မှူးကြီး ဂွန်မော်ဟာ တိုက်ခိုက်ရေးဘက်မှာ ထူးချွန်တဲ့ တပ်မှူးတယောက် ဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ကေအိုင်အိုဗဟိုဌာနချုပ်အနီးက ဘရန်ကောင် အမည်ရှိ နအဖတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့လို့ ကေအိုင်အိုအဖွဲ့က ပေးအပ်တဲ့ အမြင့်ဆုံးသူရဲကောင်းဆုကို ရရှိထားသူဖြစ်ပါတယ်။

ကေအိုင်အေတပ်မတော်ကို ဖျက်သိမ်းကာ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ နအဖဘက်က ဖိအားပေးနေချိန်မှာ ကေအိုင်အေတပ်မတော်အဖွဲ့ရဲ့ တပ်ဖွဲ့စည်းပုံဖြည့်လိုက်တာကလည်း ထူးခြားမှုတခုပါ။ အမျိုးသားရေးအတွက် အသက်သွေး၊ ချွေး မြောက်မြားစွာ ရင်းနှီးပြီး ဆယ်စုနှစ်များစွာ ကြာမြင့်လာသည့် ယနေ့အထိတိုင် ဖွဲ့စည်းရပ်တည် ထားခဲ့တဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကို နအဖထံ လွယ်လင့်တကူ ထိုးအပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာတော့ ‘၀’ နဲ့ ကေအိုင်အိုတပ်မှူးတွေ တသဘောတည်း ရှိကြပါတယ်။

နအဖရဲ့ ငြိမ်းအဖွဲ့တွေအပေါ် ယခုကမ်းလှမ်းချက်ဟာ လက်နက်ချတာထက် ဆိုးတယ်လို့ တရုတ်-မြန်မာ စစ်ရေးအကဲ ခတ် ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

“အခုက လူရော၊ လက်နက်ရော ရန်သူ့ဆီအပ်ရမှာ။ တပ်မနှစ်ခုစာလောက် အင်အား သူ့ဆီကို ရောက်သွားမယ်။ ပြီးတော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို ခိုင်မာအောင်လုပ်ပေးသလို ဖြစ်သွားမယ်”ဟု ၎င်းက ပြောပါတယ်။

နအဖအနေနဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်အချို့အား မက်လုံးပေး၊ စည်းရုံး သိမ်းသွင်းထားနိုင်ခြေရှိ၍ နအဖရဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကမ်းလှမ်းမှုအပေါ် လက်ခံရေး၊ မလက်ခံရေး အဖွဲ့အတွင်း အချင်းချင်း သွေးကွဲနိုင်ကြောင်းလည်း သူက သုံးသပ်ပါတယ်။
ငြိမ်းချမ်းရေးရယူထားတဲ့ အနှစ် (၂၀) ကာလ ဒေသအတွင်း ဆောက်လုပ်ခဲ့တဲ့ လမ်း၊ တံတား၊ ရေအားလျှပ်စစ်စက်ရုံ၊ တိုက်တာအဆောက်အဦနှင့်အပြိုင် တော်လှန်ရေးသမားတို့ရဲ့ ကိုယ်ပိုင်ဓနဥစ္စာများကလည်း အပြိုင်းအရိုင်း ဖြစ်ထွန်းလာ ခဲ့တာမို့ ယခုအခါ ငြိမ်းချမ်းရေးဖျက်ပြီး စစ်ပြန်တိုက်မယ်ဆိုရင်တောင် ယခင် လက်နက်ကိုင်တိုက်ပွဲကာလတွေတုန်းက ရှိခဲ့တဲ့ သတ္တိမျိုး၊ စိတ်ဓာတ်မျိုး၊ စွန့်လွှတ်မှုမျိုးထက် ပိုပြီး ပြင်ဆင်ထားရမှာလည်း ဖြစ်ပါတယ်။

ဇွန်၅ဒိုင်ယာရီ

ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျအောင် လုပ်ကြံ ဓာတ်ပုံများ ဖြန့်ဝေ
2009-06-05

မန္ဈလေးမှာ မလိုသူတွေတွေက ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျအောင် လုပ်ကြံ ဓာတ်ပုံတွေ ဇွန်လ ၅ရက် ဒီနေ့မနက် ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂ္ဆွန်ယက်တောတို့ အတူ တွဲရိုက်ထားသလို လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံတွေ ဒီနေ့ မနက်စောစောမှာ ဖြန့်ဝေခဲ့ တာကို မန္ဈလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းစည်းအဖွဲ့ဝင် ဦးမျိုးနိုင်က RFA ကို ခုလို ပြောပြပါတယ်။

ဦးမျိုးနိုင်။ ။ 'က္ဆွန်တော်တို့ အိမ်တွေဆီကိုတော့ ပစ်သွားတာပေါ့နော်၊ ၁ဝ ပုံလောက် ပစ်သွားတာ၊ မိုက်ကယ်အဲရစ်ပုံရယ်၊ ဂ္ဆွန်ယက်တော ပုံရယ်၊ အန်တီပုံရယ် တွဲလျက်ပေါ့၊ မိုက်ကယ်က ညာဖက်က ၊ ဂ္ဆွန်ယက်တောက ဘယ်ဘက်က အန်တီက အလယ်မှာ အဲဒီပုံလေးပေါ့၊ နောက်တခုက အန်တီ့ ခြံထဲက ပုံရယ်၊ နောက်တခုက ဂ္ဆွန်ယက်တောရဲ့ ရင်ခွင်ထဲမှာ အန်တီ ရောက်နေတဲ့ပုံပေါ့၊ အမှန်တော့ ဓာတ်ပုံပညာနဲ့ လုပ်ထားတာ၊ အဲဒီ ၂ ပုံတော့ ဖြန့်တယ်။'

ကွန်ပျူတာဓာတ်ပုံပညာနဲ့ ဖန်တီးထားတဲ့ ပုံတွေရဲ့ အောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေမဲ့ စာတွေကို ရေးထားသေးတယ်လို့ သိရပါတယ်။ ဒါမျိုး ဓာတ်ပုံတွေကို လိုက်ဝေတဲ့သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားတဲ့သူတွေပဲ ဖြစ်လိမ့်မယ်လို့ ဦးမျိုးနိုင်က ပြောပါတယ်။

ဦးမျိုးနိုင်။ ။ 'သူတို့ဘက်ကတော့ ဓာတ်ပုံတောင် မဟုတ်ပါဘူး၊ လူတောင်မှ မတရား ဖမ်းဆီးနှိပ်စက်ပြီးတော့ နိုင်ငံတကာ မျက်နှာစာမှာ မလှဖြစ်နေတဲ့ ကိစ္စပဲလေ။ ဓာတ်ပုံအနေနဲ့ အင်ပုန်းထုနေတာကတော့ တကယ်တမ်းတော့ မဆန်းပါဘူး၊ ကျနော်တို့က အဓိကကတော့ လူပဲ၊ လူ ဒီလောက် ဂုဏ်သိက္ခာ ရှိပြီးတော့ နိုင်ငံတကာ နိုင်ငံခေါင်းဆောင်တွေက အလေးထား ရတဲ့ ပုဂ္ဂိုလ်တယောက်ကို ဓာတ်ပုံပညာနဲ့ လူထုကြား၊ လူထုကြားမဟုတ်ပါဘူး အမှန်တော့ ကျနော်တို့ အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေဆီမှာ လိုက်ပြီးတော့ အဲလိုဖြန့်တာတော့ အောက်လမ်းနည်းပေါ့ဗျာ၊ တကယ်တမ်းသူတို့ တရားဝင် ပေါ်ပေါ်တင်တင် မလုပ်ရဲပါဘူး၊ အဲလို လုပ်တဲ့သူတွေဟာ ဘယ်လို လူသားတွေဆိုတာ ခန့်မှန်းလို့ရပါတယ်။'

အရင်တုန်းးကလည်း အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေရဲ့ အိမ်တွေမှာ စာဖြန့်တဲ့အခါ ဝံသာနု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက လိုက်လံ လုပ်ဆောင်တာခဲ့တာ ရှိတယ်လို့ အင်န်အယ်လ်ဒီ လူငယ်တယောက်က RFA ကို ပြောပါတယ်။

နိုင်ငံခြား အလုပ်လုပ်ချင်သူများကို လိမ်သည့် မြန်မာကုမ္ပဏီများ ဖျက်သိမ်းခံရ
2009-06-04

နိုင်ငံခြားတိုင်းပြည်များမှာ သွားရောက် အလုပ်လုပ်ချင်သူတွေကို ငွေလိမ်ပြီး ဝန်ဆောင်မှု ဆောင်ရွက်မပေးတဲ့ ရန်ကုန်မြို့က အလုပ်အကိုင် ရှာဖွေရေး ပုဂ္ဂလိက မြန်မာကုမ္ပဏီတွေကို မြန်မာစစ်အစိုးရက ဖျက်သိမ်းပြီး နာမည်ပျက် စာရင်းသွင်းလိုက်တယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။၊

ရန်ကုန်မြို့ လှည်းတန်း ၃ ရပ်ကွက်မှာ ဖွင့်ထားတဲ့ ကောင်းကင်ရနံ့ ဝန်ဆောင်မှု ကုမ္ပဏီဟာ မလေးရှားနိုင်ငံကို ၃ လအတွင်း အလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုတဲ့ ကတိနဲ့ ဆလိုင်း လာကျဲအိုလျန် အပါအဝင် ချင်းတိုင်းရင်းသား ၁ဝ ဦးထံမှ တဦး ၁ဝ သိန်းကျော် ရယူခဲ့ပေမဲ့ အမှန်တကယ် ပို့မပေးတဲ့အတွက် ခုလိုအရေးယူတာ ဖြစ်တယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဖတ်ရှုရသူ အရာရှိတဦးက ပြောပါတယ်။၊ ဒါကြောင့် ကောင်းကင်ရနံ့ ဝန်ဆောင်မှု ကုမ္ပဏီကို ဖျက်သိမ်းပြီး ဒီကုမ္ပဏီကို ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကိုပါ နာမည်ပျက်စာရင်း သွင်းခဲ့တာ ဖြစ်ပါတယ်။၊

အလားတူပဲ ငွေ သိန်း ၁၈ဝ ယူပြီး ဦးရဲမြင့်အောင်အပါအဝင် ၁၇ ဦးကို ဂျပန်ပို့မပေးတဲ့ပြင် ငွေပြန်မပေးတဲ့အတွက်ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိတဲ့အတွက် ရန်ကုန် မရမ်းကုန်း ရှစ်မိုင်မှာ ဖွင့်ထားတဲ့ Sandian & Group Freight Forwarding & General Services Company Ltd. ကိုလည်း ကုမ္ပဏီဖျက်သိမ်းပြီး ကုမ္ပဏီပိုင်ဆိုင်သူတွေကို နာမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ အဆိုပါ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Multi Level Marketing ဆိုတဲ့နည်းနဲ့ ထုတ်ကုန်ပစ္စည်းတွေ ရောင်းဖို့ ငွေသိန်းပေါင်းများစွာ လိမ်ခဲ့ကြောင်း စသုံးလုံးက စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ရန်ကုန် ဗဟန်း ဗိုလ်ချို (၂) ရပ်ကွက်ရှိ သိန်းငှက်ကမႝာ ကုမ္ပဏီကိုလည်း ကုမ္ပဏီဖျက်ပြီး ပိုင်ဆိုင်သူတွေကို နာမည်ပျက်စာရင်း သွင်းခဲ့တယ်လို့ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ဝန်ကြီးဌာနပေါင်းစုံကို ဖြန့်ဝေထားတယ်လို့ စုံစမ်းသိရပါတယ်။

အစိုးရ၏ ဓနုတ်ဘုရားသတင်း လူထုယုံကြည်မှုကင်း
Friday, 05 June 2009 16:00 အောင်သက်ဝိုင်း
E-mail Print
ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဓနုတ်စေတီကြီး ပြိုကျမှုမှာ ဆောက်လုပ်ရေးပိုင်း ညံ့ဖျင်းမှုကြောင့် ဖြစ်ပြီး လူနှစ်ဦး သေဆုံး၍ ၃၄ ဦးဒဏ်ရာရရှိသည်ဟု ယမန်နေ့က ထုတ်ဝေသည့် အစိုးရ သတင်းစာမှ ထုတ်ပြန်ချက်မှာ မှားယွင်းကြောင်း ဒလ ဒေသခံများနှင့် ဓနုတ် စံပြကျေးရွာသားများက ပြောသည်။

[ဓနုတ်စေတီကြီး ပြိုကျပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)]

ဓနုတ်စေတီကြီး ပြိုကျပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)
ဗိုလ်ချူပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် မိသားစု မေလ ၇ ရက်နေ့က စိန်ဖူးတော်၊ ဌက်မြတ်နားတော် တင်လှူပူဇော်ခဲ့သော ဓနုတ်စေတီ ကြီးသည် မေလ ၃၀ ရက်နေ့ ညနေက ပြိုကျ ပျက်စီးသွားရာ အနည်းဆုံး လူနှစ်ဆယ် သေဆုံးပြီး တရာကျော် ဒဏ်ရာရှိရခဲ့သည်ဟု ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ခဲ့သော ဒလမြို့နယ် ကြက်ခြေနီ အသင်းဝင်တဦးနှင့် ဓနုတ်စံပြကျေးရွာနေ ကျေးရွာသားများက အတည်ပြု ပြောဆိုကြသည်။

“ဘုရားကြီးပြိုတဲ့ နေ့ကတောင် ပွဲချင်းပြီးဆုံးတာ လေးဦး၊ ဆေးရုံကိုပို့တဲ့ လမ်းမှာတင် ဆုံးတာ နှစ်ဦးနဲ့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံမှာဆုံးတာတွေ၊ ဘုရားကြီး လှိုဏ်ဂူထဲမှာ ပိတ်မိပြီး ဆုံးတာတွေ အားလုံး ပေါင်းရင် အနည်းဆုံး နှစ်ဆယ် ကျော်တယ်၊ နှစ်ဦးဆိုတာ လုံးဝမဟုတ်ပါဘူး”ဟု ဓနုတ်စံပြ ကျေးရွာသား တဦးက ပြောသည်။

သတင်းစာတွင် ဘုရားပြိုကျခြင်းသည် စေတီပြုပြင်သူများက ဘုရားကြီးကို မူလပုံစံအတိုင်း ဖြစ်စေလိုသည့် ကြိုးပမ်းတည်ဆောက်ရာမှ မျှော်မှန်းမထားသည့် ၀န်ပိုများကြောင့် စေတီတော်ကိုယ်လုံးတော်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ပြိုကျပျက်စီးခြင်းဖြစ်ကြောင်းနှင့် မိုးမကျမီ စေတီတော်ကြီးအပြီးသတ် ပြင်ဆင်နိုင်ရေး အမြန်ကြိုးစား မွမ်းမံ တည်ဆောက်ကြရာတွင် အရည်အသွေးဆိုင်ရာလိုအပ်ချက်များ ရှိခဲ့သည့်အတွက် ပြိုကျရခြင်းဖြစ်သည်ဟု လည်းထုတ်ပြန်ထားသည်။

“ဘုရားပြိုတာ မေ ၃၀ ရက်နေ့က ပြိုတယ်။ ဒါပေမယ့် အစိုးရက ဇွန်လ ၄ ရက်နေ့မှ တရားဝင်သတင်းထုတ်ပြန် တယ်။ ဒီလိုသတင်းထုတ်ပြန်တာကလည်း သတင်းကို ဖုံးလို့ဖိလို့ မရတော့လို့ သတင်းထုတ်ပြန်တာ။ သတင်း ထုတ်ပြန်တော့လည်း အချက်အလက်တွေလွဲမှားတယ်။ အခုဘုရားကြီးကို သတင်းထောက်တွေနဲ့ ဘုရားဖူး ပြည်သူတွေ သွားရောက်ကြည့် ရှုလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်”ဟု ရန်ကုန်မြို့မှ သတင်းသမား တဦးက ပြောသည်။

ဓနုတ်စေတီတော်ကြီးပြိုကျခဲ့ရာတွင် ထူးခြားသော လဏ္ခာများဖြစ်သည့် ရုတ်ရက်အမှောင်ကျခြင်း၊ မီးလုံးအနီကြီး များ ဖြတ်သန်းခြင်းနှင့်မပြိုကျမီ ညပိုင်းအချိန်များက စေတီတော်ကြီး ၏အရိပ် ထီးတော်မပါဘဲ ကောင်းကင် တွင် ဖူးတွေ့ရခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက်ပြည်တွင်းဗေဒင် နက္ခတ္တ ဆရာများက မကြာမီ စစ်အစိုးရပြုတ်ကျတော့ မည်ဟု ဟောကိန်းထုတ်ထားသည်။

“ဘုရားပြိုတယ်ဆိုတာ မကောင်းပါဘူး၊ ဒါပေမယ့် လူတွေက သူတို့ပြင်တဲ့ဘုရားအဲဒီလိုပြိုသွားတော့ ဗိုလ်ချူပ်မှူး ကြီးမိသားစုကို ဘုရားရိုက်တော့မယ်ဆိုပြီး ၀မ်းသာကြတယ်။ သူတို့ရဲ့အကုသိုလ်တွေ အကျိုးပေးတော့မယ် ဆိုပြီး လည်း ပြောဆိုနေကြတယ်။ အစိုးရ၀န်ထမ်းတွေတောင် အဲဒီလိုမျိုးပြောကြဆိုကြတယ်။ ဘုရားက တန်ခိုးကြီး တယ်၊ သွားဖူးချင်ကြတယ်။ ဒါပေမယ့် အစိုးရက သွားခွင့်ပိတ်ထားတော့ စိတ်မှန်းနဲ့ပဲဖူးနေကြတယ်”ဟု ရန်ကုန် မြို့ မှ အစိုးရ၀န်ထမ်းတဦးက ဆိုသည်။

ယင်း ဓနုတ်ဘုရားကြီးပြိုကျမှုကို ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများနှင့် အင်တာနက် သတင်း စာမျက်နှာ များတွင် ချက်ချင်းဆိုသလို သတင်းများထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူလူထုအတွင်း၌ ဘုရားပြိုကျ၍ လူအများ သေဆုံး ပြီး ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အစိုးရဘုရားရိုက်တော့မည်ဆိုသော ပြောဆိုမှုများလည်း လူအများကြား တွင်ပျံ့နှံ့ နေခဲ့သည်။

ဓနုတ်စေတီတော်မြတ်ကြီးကို သာသနသက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် မြတ်စွာဘုရားဆံတော် နှစ်ဆူနှင့် ဓာတ်တော် ၂၄ ဆူကို ဌာပနာပြီး လေးသည်ရွာတွင် သထုံမင်း စူဠသီရိမာသောက အထောက်အပံ့ ဖြင့်တည်ထားခြင်းဖြစ်ပြီး စတင်တည်ထားချိန်က ဒုန္နိဂ္ဂဟ စေတီ ဟူသော ဘွဲ့အမည်တွင်ပြီး နောင်တွင် ဓနုတ်စေတီဟု ပြောင်းလဲလာခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်တဦး ကရှင်းပြသည်။

ဓနုတ်စေတီတော်မြတ်ကြီးကို ဘုန်းတန်ခိုးကြီးမားသော ဘုရင်မင်းအဆက်ဆက်က ပြုပြင်ကိုးကွယ်ခဲ့ရာ မြန်မာ သက္ကရာဇ် ၇၁၅ ခုနှစ်တွင် ဟံသာဝတီဘုရင် ဗညားဦးက လည်းကောင်း၊ ၇၅၆ ခုနှစ်တွင် ဘုရင် သုတသောမ ရာဇဓိရာဇ် က လည်းကောင်း ပြုပြင်တည်ထားကိုးကွယ်ပြီး သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ငလျှင်လှုပ်ပြိုကျရာ ရှင်စောပု ဘုရင်မကြီးက ပြန်လည်ပြုပြင်ကြောင်း၊ သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ဓမ္မစေတီမင်း က လည်းကောင်း၊ သက္ကရာဇ် ၉၀၁ ခုနှစ်တွင် တောင်ငူဘုရင်တပင်ရွှေထီးကလည်းကောင်း၊ ၉၂၆ ခုနှစ်တွင် ဘုရင့်နောင် ကလည်း ကောင်း၊ ၁၀၀၆ ခုနှစ်တွင် သာလွန်မင်းက လည်းကောင်း၊ ၁၀၄၁ ခုနှစ်တွင် မင်းရဲကျော်ထင် က လည်းကောင်း၊ ၁၁၇၃ ခုနှစ်တွင် ဘိုးတော်မင်းတရား ကလည်းကောင်း အသီးသီးပြုပြင်ခဲ့သည်ဟု အထက်ပါ ဂေါပကအဖွဲ့ဝင် က ပြောသည်။

အဆိုပါ ဘုရားပြိုသည့် သတင်းကို အစိုးရသတင်းစာများတွင် မထင်မရှားဖော်ပြသော်လည်း ပုဂ္ဂလိက သတင်း ဂျာနယ်များတွင် စာပေစိစစ်ရေးက လုံးဝဖော်ပြခွင့်မပြုကြောင်း ပြည်တွင်းသတင်းမီဒီယာအသိုင်းဝန်းမှ သိရှိရသည်။

ာတ်လှေကား မတော်တဆပြုတ်ကျ၍ ဘုရားဖူး ၈ ဦး ဒဏ်ရာရ
Friday, 05 June 2009 20:08 ဧရာဝတီ
E-mail Print
ထင်ရှားသော အရှင်ဆန္ဒာဓိက၊ အရှင်ရာဇိန္ဒ (ခ) ရဝေနွယ် (အင်းမ)၊ မုံရွာ ဗောဓိတထောင် ဆရာတော်နှင့် ဘုရားဖူး ၅ ဦးတို့သည် မုံရွာဗောဓိ တထောင်ဘုရားတွင် မတော်တဆ ဓာတ်လှေကား ပြုတ်ကျမှုကြောင့် မန္တလေး အထွေထွေဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယမန်နေ့ညနေ ၆နာရီ ၃၀ခန့်က ဤကဲ့သို့ဖြစ်ပွားခဲ့မှုကြောင့် ဆရာတော်အရှင်ဆန္ဒာဓိကမှာ ခြေကျင်းဝတ် အရိုးအက်သွားသဖြင့် ခွဲစိတ်ကုသခံရကာ၊ ဆရာတော်အရှင်ရာဇိန္ဒ (ခ)ရဝေနွယ်(အင်းမ)မှာလည်း ခြေထောက် အရိုးကျိုးသွားပြီး ခွဲစိတ်ကုသခံရဖွယ်ရှိကြောင်း၊ ဗောဓိတထောင် ဆရာတော်မှာမူ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း မန္တလေးရှိ ဂျာနယ် သတင်းထောက် တဦး က ပြောပြသည်။

ယခုဓာတ်လှေကား မတော်တဆ ဖြစ်မှုမှာ လျှပ်စစ်မီးချွတ်ယွင်းချက်ကြောင့် ဗောဓိတထောင် ဘုရားရှိ ရပ်တော်မှု ဆင်းတုတော် ၏ ၃၁ ထပ် မှ ၂၆ ထပ်အထိ ဓာတ်လှေကားပြုတ်ကျခြင်းကြောင့် ဖြစ်ကြောင်း လည်းသိရသည်။

ဗောဓိတထောင်ဘုရားသည် မုံရွာမြို့တွင် ရှိပြီး ၂၀၀ရ ခုနှစ် က တည်ဆောက်ပြီးစီးခဲ့သော ၁၃၀ မီတာ အမြင့်ရှိ သည့် ဗုဒ္ဓဆင်းတုတော်ကြောင့် ထင်ရှားကျော်ကြားသည်။

အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ)နှင့် ရှင်ရာဇိန္ဒတို့သည် ၎င်းတို့ရေးသားထုတ်ဝေသော စာအုပ်များကြောင့် မြန်မာပြည်တွင် လူသိများထင်ရှားသည်။

သက်သေများကိစ္စ ရုံးချိန်းသတ်မှတ်
Friday, 05 June 2009 19:27 ကိုစိုး
E-mail Print
ဒေါ်အောင်ဆန်း စုကြည်ဘက်က တရားခံပြသက်သေ ၃ ဦး ပယ်ချလိုက်ခြင်းကို ပြန်လည်ပြင်ဆင် သုံးသပ်ရန် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားချက်အား အမိန့်ချမှတ်ရန် ယနေ့ရုံးချိန်းတွင် လာမည့် ဇွန်လ ၉ ရက်နေ့သို့ တရားရုံးက ရက်ချိန်း သတ်မှတ်လိုက်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ ညနေ ၃ နာရီ တွင် တရားခံပြသက်သေ ၃ ဦးပယ်သည့်အမိန့် ပြင်ဆင်ရန်တင်ပြချက်အား၂ ဘက်လျှောက် လဲချက်များကို ကြားနား၍ လာမည့် ဇွန်လ ၉ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးကချိန်းဆိုလိုက်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်သည့် ဦးဉာဏ်ဝင်း က ပြောဆိုသည်။

“ကျနော်တို့ တင်ထားတဲ့ သက်သေ ၃ ဦး ကိစ္စ ပြင်ဆင်မှုနဲ့ ပတ်သက်ရင် တိုင်းတရားသူကြီးဆီမှာ ကျနော်တို့ ဘက်ရော တရားလိုဘက်ရော ၂ ဘက် လျှောက်လဲချက်ကို ဒီညနေ ၃ နာရီမှာ ပေးခဲ့ပါတယ်၊ လျှောက်လဲချက် ပေးပြီးတော့ တိုင်းတရားသူကြီးက ဒီပြင်ဆင်မှုနဲ့ပတ်သက်ပြီး အမိန့်ချဖို့ ၉ ရက်နေ့ ၃ နာရီကို ချိန်းပါတယ်၊ ဒီနေ့ က ကြားနာရုံသက်သက်ပါ”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းကလည်း အပြီးသတ်လျှောက်လဲချက်ပေးရန်ချိန်းဆိုထားသည့် မူလခရိုင်တရားရုံးသို့သွားရောက် ရာတွင် တိုင်းတရားရုံးက ပြင်ဆင်ချက်ရှိနေသည့်အတွက် အပြီးသတ်လျှောက်လဲရန်နှင့်ပတ်သက်ပြီး ရက်ချိန်းကို ဇွန်လ ၁၂ ရက်နေ့သို့ ချိန်းဆိုလိုက်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

“တိုင်းရုံးက ပြင်ဆင်မှုရှိနေတဲ့အတွက် ဒီနေ့ အပြီးသတ်လျှောက်လဲချက်ပေးဖို့ ရက်ချိန်းကို ၁၂ ရက် ၆ လ ကို ရွှေ့လိုက်ပါတယ်၊ ဒါပေမယ့် အဲဒါကလည်း အပြီးသတ်လျှောက်လဲချက်အတွက် မဟုတ်သေးဘူး၊ ဒါက ဒီမှာ ကျင့်သုံးတဲ့ မူအရ တိုင်းရုံးကအဖြေတခုခုရမှသာ အောက်ရုံးက ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်၊ အဲဒီတော့ အခု ချိန်းတယ်ဆိုတာက အခြေအနေတင်ပြရုံ ရက်ချိန်း၊ အဲဒါက မူလအမှု”ဟု ဦးဉာဏ်ဝင်း က ရှင်းပြသည်။

တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား အပြီးသတ် လျှောက်လဲချက်ပေးရန် မူလက ရုံးချိန်းကို ဇွန်လ ၁ ရက်မှ ၅ ရက်သို့ ချိန်းဆိုထားခြင်းဖြစ်သည်။

ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် တရားရုံးတွင် တွေ့ဆုံရာ၌ အမှုအတွက်ဆွေးနွေး၍ ၎င်းလိုအပ်သော စာအုပ် များကို လုံခြုံရေးမှတဆင့်ပေးအပ်ခဲ့ကြောင်း၊ သို့သော် သတင်းနားထောင်ခွင့်မရသေးကြောင်း၊ ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

၎င်း၏နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ် သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD) လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။

စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

ထိုင်းနိုင်ငံဘက်သို့ ကရင်ဒုက္ခသည် ၇၀၀ ခန့် ထပ်မံ ရှောင်တိမ်းလာ
Friday, 05 June 2009 17:52 ဧရာဝတီ
E-mail Print
မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ကရင်ဒုက္ခသည် ၇၀၀ ခန့် ထွက်ပြေးရောက်ရှိလာကြောင်းသိရသည်။

အဆိုပါ ကရင်ဒုက္ခသည်များသည် KNLA တပ်မဟာ (၇) ထိန်းချုပ်ထားသည့် ဒေသခံများဖြစ်ကြပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါမြို့နယ်များသို့ ထွက်ပြေးခဲ့ကြရခြင်း ဖြစ်သည်။

ကရင်ဒုက္ခသည်များသည် ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ KNLA တပ်မဟာ(၇) တပ်စခန်းများကို မြန်မာ စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့များအကြား ဇွန်လဆန်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ကရင်လူ့အခွင့်အဖွဲ့အစည်း (KHRG) မှ စောဖိုးရှဲက ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်တပ်နှင့် DKBA တပ်များက ဒေသခံရွာသားများကို ပေါ်တာနှင့်မြေမြုပ် မိုင်းရှင်းအလုပ်သမားများ အဖြစ်ခေါ်ယူမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့က ရွာမပြန်ရဲကြကြောင်း၊ ၎င်း ပူးပေါင်းတပ်ဖွဲ့များသည် တိုက်ပွဲ များထပ်မံဖြစ်ပွားရန်ရှိကြောင်းလည်း ၎င်းကဆိုသည်။

KNLA တပ်မဟာ (၇)မှ ဗိုလ်မှူးချုပ် ဂျော်နီက မြန်မာစစ်တပ်များနှင့် DKBA တပ်များက ၎င်းတို့ကို ပြန်တိုက်ရန် အင်အား စုနေကြောင်း၊ ယခုဖြစ်ပွားခဲ့သည့်တိုက်ပွဲများသည် DKBA ၉၉၉ တပ်ရင်းနှင့် စစ်အစိုးရတပ်မ ၂၂ လက် အောက်ခံ တပ်ရင်းတခုတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည့်တိုက်ပွဲဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။

မြန်မာစစ်အစိုးရ တပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA (၉၉၉) တပ်ဖွဲ့ဝင်များသည် တပ်မဟာ (၇) ဌာနချုပ်အနီးတွင် ဇွန်လ ၂ ရက်နေ့မှစတင်၍ တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲများထပ်မံ ဖြစ်ပွားခဲ့ပါက ကရင်ဒုက္ခသည်များထပ်၍ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ထွက်ပြေးလာသူများ အနေဖြင့် ၎င်းတို့၏ ရပ်တည်ရေးက အဆင်ပြေမည် မဟုတ်ကြောင်း ရွှေ့ပြောင်းကရင်ဒုက္ခသည်များ ကူညီစောင့် ရှောက်ရေးကော်မတီ(CIDKP)မှ စောစတိဗ်က ပြောဆိုသည်။

ဘန်ကီမွန်း မြန်မာပြည်သွားမည်
Friday, 05 June 2009 16:42 ကိုထွေး
E-mail Print
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းက ယခုနှစ်အတွင်း မြန်မာပြည့်သို့ သွားရောက်မည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် ဦးသန့်၏ နှစ်တရာပြည့် မွေးနေ့အမှတ်တရ အခမ်းအနားတခုတွင် ပြောကြားလိုက်သည်။

ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော ယင်းအခမ်းအနားတွင် မစ္စတာဘန်ကီမွန်းက `ဦးသန့် တန်ဖိုးထားမြင်လိုတဲ့ ဒီမိုကရေစီအစစ်အမှန်ဟာ သူ့မွေးရပ် မြေမှာပေါ် ထွန်းမလာ သေးတာဟာ ၀မ်းနည်းစရာကောင်းပါတယ်၊ ဒါကြောင့်ပဲ ကျနော် ဒီနှစ်မြန်မာပြည်ကိုသွား ပါ မယ်´ ဟုပြောသည်။

ဦးသန့်၏ ဇာတိမြန်မာပြည်အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို မျှော်လင့်ကြောင်းလည်း ၎င်းက ထပ်မံပြောဆိုသည်။

အဆိုပါအခမ်းအနားကို U Thant Institute နှင့် UN office for Partnerships and the Department of Public Information (DPI) တို့က ပူးတွဲ ကျင်းပခြင်းဖြစ်သည်။

ဦးသန့်သည် ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် ၁၉၀၉ ခု ဇန်န၀ါရီလ ၂၂ ရက်က မွေးဖွား ခဲ့သည်။

ငယ်စဉ်က ပန်းတနော် အမျိုးသား အထက်တန်းကျောင်းတွင် အခြေခံပညာကို သင်ကြားခဲ့ပြီး နောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် တက်ရောက်ကာ ပညာဆည်းပူးခဲ့သည်။

ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဦးသန့်သည် ၁၉၆၁ ခု မှ ၁၉၇၁ ခုနှစ် အထိ ထမ်းဆောင်ခဲ့ရာ သူ့ သက်တမ်းကာလအတွင်း ကမ္ဘာစစ်ပွဲ ဖြစ်ပွားနိုင် သည် အထိ ကြီးမားသော ကျူးဘား နျူကလီးယားဒုံး ပြဿနာကို စေ့စပ်ဖြေရှင်းနိုင်ခဲ့သော သမိုင်းမှတ်တမ်းဝင် ဆောင်ရွက်ချက်မျိုးကို ပြုလုပ်နိုင်ခဲ့သူ ဖြစ်သည်။

ဗီယက်နမ်စစ်ပွဲ အပါအ၀င် ၁၉၆၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခ စသည့် ကမ္ဘာ့ရေးရာများစွာကို ဦးသန့်သည် သူ့၏အတွင်းရေးမှူးချုပ် သက်တမ်း ၂ ကြိမ် အတွင်းဖြေရှင်း ဆောင်ရွက်ခဲ့ပါသည်။

ဦးသန့်သည် အထွေထွေ အတွင်းရေးမှူး ချုပ်တာဝန်မှ အနားရပြီးနောက် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့ပါသည်။



ကာတွန်းအော်ပီကျယ် ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပန်းချီကား ပြခန်းမှ ဖြုတ်သိမ်း ခံရ
June 5, 2009 ·

၅ ဇွန် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး

Myanmar Ban Famous Cartoonist’ Art Work Environmental Day Celebrations
ကမ္ဘာ့သဘာသပတ်ဝန်းကျင် နေ့ အထိမ်းအမှတ် အနုပညာပြပွဲတွင် ဆရာ အော်ပီကျယ် နှင့် အခြားအနုပညာရှင်များကို တွေ့ ရစဉ်
ကမ္ဘာ့ သဘာသပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environmental Day)အထိမ်းအမှတ် ကာတွန်း ပြပွဲ တွင်ဆီဆေးဖြင့်သရုပ်ဖော်ထားသည့် နာမည်ကျော် ကာတွန်းဆရာ အော်ပီကျယ် ၏
ကာတွန်းလက်ရာတစ် ခုကို စိစစ်ရေးကပန်းချီပြခန်းမှ ဖြုတ်ယူသွားသည် ဟုသတင်းရရှိသည်။
ကမ္ဘာ့ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေး နေ့  အထိမ်းအမှတ် ကာတွန်းပြပွဲကို ယနေ့ ဇွန်လ ၅ရက်နေ့ မှ ဇွန်လ ၇ ရက်နေ့ ထိ ရန်ကုန်မြို့  Myanmar Art Center တွင်ကျင်းပမည် ဖြစ်ပြီးယနေဖွင့်ပွဲနေ့ တွင် ဆရာ ကာတွန်းအော်ပီကျယ်၏ လက်ရာမှာ ပြခန်းမှ အသိမ်းခံရခြင်းဖြစ်သည်။
ပြပွဲတွင် ပန်းချီဆရာ၊ကာတွန်းဆရာ၊ဓာတ်ပုံဆရာ၊ကဗျာဆရာ၊ဂရဖ်ဖစ် ဒီဇိုင်နာ အယောက် ၅၀
ကျော်ပါဝင် ပြီးဒါရိုက်တာ မောင်မျိုးမင်း ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် ကားတစ်ကား ကိုလည်းပြသခဲ့သည်။
ထိုပွဲကို ဆရာစိုးဝင်းငြိမ်း၏ Green Hearts အမည်ရှိ သဘာဝပတ်0န်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့ အစည်းတစ်ခုမှ စီစဉ်ခြင်းဖြစ်သည်။
စာပေစီစစ် ရေးမှ ပန်းချီ နှင့် အနူပညာပြပွဲများတွင် ပန်းချီ နှင့် အနုပညာများကို လိုက်လံစီစစ်ပြီးစစ်အစိုးရမှ ချမှတ်ထားသော ပေါ်လစီ နှင့် မကိုက် ညီသော လက်ရာများကို ပြပွဲအတွင်းမှဖြုတ်ခိုင်းခြင်းလိုက်လံသိမ်းဆည်းခြင်းများ ပြုလုပ်သည်။
နှစ်စဉ် ဇွန်လ ၅ရက်နေ့ ကို ကမ္ဘာ့ သဘာဝပတ်သန်းကျင် ထိန်းသိမ်းရေးနေ့ အဖြစ်သတ်မှတ်
ထားသည်။ ဆရာ အော်ပီ ကျယ် သည် သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး နှင့် ပတ်သက်၍ပြည်သူများ သတိရှိ လာအောင် သူ၏ ကာတွန်းလက်ရာများဖြင့် ဆော်သြနေသူ
တစ်ယောက်ဖြစ်သည်။သစ်ထုတ်လုပ် ခြင်း နှင့် ပတ်သက်၍ စိတ်ကူးကွန့် မြူးထားသော ဆီဆေး
ကာတွန်းလက်ရာ တစ်ခုကို စီစစ်ရေးအဖွဲ့ က သိမ်းဆည်းသွားခြင်းဖြစ်သည်။


ရွာသား (၂,၀၀၀) ခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာ
NEJ / ၅ ဇွန် ၂၀၀၉

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသကို မြန်မာစစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့များက ထိုးစစ်ဆင်သိမ်းပိုက်နိုင်ရန်အတွက် စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသတွင်းကျေးရွာများမှ ရွာသား (၂,၀၀၀) ခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာကြသည်။

တပ်မဟာ (၇) ဒေသ ဘားအံခရိုင်အတွင်းရှိ လယ်ပေါ်ဟဲ ပြည်တွင်းဒုက္ခသည်စခန်းဥက္ကဋ္ဌ စောတာဆူးညားက “ဒီကေဘီအေနဲ့ နအဖစစ်တပ်နှိပ်စက်လို့ လှိုင်းဘွဲ့နဲ့ ပိုင်ကျုံမြို့နယ်အတွင်းမှာရှိတဲ့ ရွာ (၂၀) ကလူတွေ ကျနော်တို့ စခန်းကို ရောက်လာတာ အခုဆိုရင် (၁,၂၆၄) ဦးရှိသွားပြီ။ အူးသူးထ၊ နောင်ဘိုးနဲ့ မဲ့စလေမှာ ရောက်နေတဲ့လူတွေပါ ဆိုရင် (၂,၀၀၀) လောက်ရှိသွားပြီ။ တချို့ထိုင်းဘက်ရောက်သွားတာ (၁,၀၀၀) လောက်ရှိတယ်” ဟု ပြောသည်။

တပ်မဟာ (၇) ဒေသတည်ရှိရာ နယ်စပ်ထိုင်းဘက်ခြမ်းသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်တွင်ရှိပြီး ထိုင်းဘက်ခြမ်းသို့ ခိုလှုံလာကြသည့် ရွာသားများကို ၎င်းမြို့နယ် အာဏာပိုင်များက တစုံတရာကန့်ကွက်ခြင်းမရှိဘဲ ထိုင်းဘက်ခြမ်းတွင် ယာယီခိုလှုံခွင့်ပြုထားကာ ထိုင်းကျန်းမာရေးအဖွဲ့များကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်ဂျော်နီက “နအဖတပ်မ (၂၂) လက်အောက်ခံတပ်နဲ့ ဒီကေဘီအေ (၉၉၉၊ ၅၅၅၊ ၃၃၃) တပ်တွေပေါင်းပြီး ကျနော်တို့ကို ထိုးစစ်ဆင်ဖို့ အင်အားတွေ စုတော့ ရွာသားတွေဟာ သူ့တို့ဒဏ်မခံနိုင်တော့ ထွက်ပြေးလာရတာဖြစ်တယ်။ ကျနော်တို့ဒေသမှာ ရန်သူဟာ တပ်အင်အားအလုံးအရင်းချထားပြီးဖြစ်တယ်။ ဒါကြောင့် ဒီညမဟုတ်ရင် မနက်ဖြန် တိုက်ပွဲတွေ နယ်စပ်တလျှောက်မှာ အကြီးအကျယ်ဖြစ်နိုင်တယ်” ဟု ပြောသည်။

ယခုအခါ ၎င်းနယ်စပ်တလျှောက်တွင် ထိုင်းဘက်မှ လုံခြုံရေးတပ်ဖွဲ့များ တိုးမြှင့်ချထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးက “အခုလက်ရှိရွာသားတွေ လာနေတာ ကျနော်တို့နေရာ တခုတည်းပဲ လေးငါးရာ လောက် ရှိပြီ။ အခြားနေရာတွေ မပါသေးဘူး။ ဒီလူတွေက သူတို့နယ်မှာ အခြေအနေကောင်းသွားရင် ပြန်ကြမယ့်လူတွေပါ။ ဒီလိုအခြေအနေဖြစ်တော့ အများစု ကလေးတွေ ဒုက္ခဖြစ်ကြရတယ်” ဟု ပြောသည်။

နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်လာသဖြင့် တပ်မဟာ (၇) ဌာနချုပ်သည် တန်ပြန်ထိုးစစ်ဆင်ရန်အတွက် လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များအား တပ်လှန့်ထားသည်ဟု သိရှိရသည်။

ယခုနောက်ဆုံးရရှိသည့် သတင်းအရ လယ်ပေါ်ဟဲပြည်တွင်း ဒုက္ခသည်စခန်းကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဟု သိရှိရသဖြင့် ၎င်းစခန်းတွင် နေထိုင်သည့် စစ်ပြေးဒုက္ခ (၁,၂၆၄) ဦးတို့သည် ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရသည်။



ဇွန် (၉) ရက်သို့ ရုံးချိန်း
မင်းနိုင်သူ / ၅ ဇွန် ၂၀၀၉

ရန်ကုန်တိုင်းတရားရုံးတွင် တင်ထားသော သက်သေခေါ်ဆိုခွင့် ပြင်ဆင်မှုကို နှစ်ဘက်ရှေ့နေများက တိုင်းတရားရုံး တွင် ယနေ့ လျှောက်လဲကြားနာပြီးနောက် ဇွန် (၉) ရက်သို့ ရုံးချိန်းလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။

“လာမယ့် (၉) ရက်နေ့ကို အမိန့်ချ ရုံးချိန်းပေးလိုက်ပါတယ်။ အမိန့်ချဖြစ် မဖြစ်ကတော့ အဲဒီနေ့မှ သိရမှာပါ” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်တို့၏ ရှေ့နေများအနေဖြင့် နံနက်ပိုင်းတွင် အင်းစိန်အထူးတရားရုံးသို့ သွားရောက်ခဲ့ကြရပြီး ညနေ (၃) နာရီတွင် ရန်ကုန်တိုင်းတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေခေါ်ဆိုခွင့် ပြင်ဆင်ပေးရန် လျှောက်ထားခဲ့သည်။

နံနက်ပိုင်းတရားခွင်နှင့် စပ်လျဉ်း၍ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “ဒီနေ့ အင်းစိန်အထူးတရားရုံး တရားခွင်မှာတော့ ထွေထွေထူးထူး မရှိပါဘူး။ မနက် (၁၀) နာရီမှာ ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်ပါတယ်။ နောက် တရားသူကြီး က ဇွန် (၁၂) ရက်နေ့ကို ပြန်လည်ရုံးချိန်းလိုက်ပါတယ်” ဟု ရှင်းပြသည်။

မူလက ယနေ့အပြီးသတ်လျှောက်လဲချက်ပေးရန် အင်းစိန်အထူးတရားရုံးက ရုံးချိန်းပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက သက်သေခေါ်ဆိုခွင့်အတွက် ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်မှု လျှောက်ထားရာ တိုင်းတရားရုံးက လက်ခံကြားနာခဲ့သဖြင့် အပြီးသတ်လျှောက်လဲရက် ရုံးချိန်းပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

နေအိမ်အကျယ်ချုပ်ချထားခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်း အမေရိကန်နိုင်ငံသားတဦး ရေကူးဝင်ရောက်ခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် နအဖစစ်အစိုးရက တရားစွဲဆိုခဲ့ပြီး တရားလိုပြသက်သေ (၁၄) ဦး တင်သွင်းခဲ့သည်။

အဆိုပါအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း အင်းစိန်အထူး တရားရုံးက (၃) ဦး ပယ်ချခဲ့ပြီး (၁) ဦးတည်းကိုသာ သက်သေထွက်ဆိုခွင့်ပေးခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီးများက ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်မှု လျှောက်ထားခဲ့ခြင်းဖြစ်သည်။


ရနောင်းမြို့သို့ တပတ်စာ သွားရောက်လည်ပတ်ခွင့်ကို အာဏာပိုင်တို့က ပိတ်ပင်

ဝီရ / ၅ ဇွန် ၂၀၀၉

မြန်မာပြည် တောင်ပိုင်း နယ်စပ်မြို့ ကော့သောင်းမှာ ညမထွက်ရအမိန့်နှင့် တဖက်ကမ်း ရနောင်းမြို့သို့ တပတ်စာ သွားရောက်လည်ပတ်ခွင့်ကို အာဏာပိုင်တို့က ပိတ်ပင်လိုက်သောကြောင့် စီးပွားရေးသမားများနှင့် ခရီးသွားများ အခက်အခဲတွေ့နေကြသည်။

ပြီးခဲ့သည့် (၁၀) ရက်ခန့်ကစပြီး ယင်းသို့ နယ်စပ်ဖြတ်ကျော်ခွင့်ကို ကော့သောင်းမြို့ ဗျူဟာမှူးက ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း ရနောင်းမြို့မှ ကုန်ခြောက်ပစ္စည်းအမျိုးမျိုး တင်သွင်းနေသည့် ကော့သောင်းမြို့ခံ ကုန်သည်တဦးက ပြောသည်။

ထိုကြောင့် နယ်စပ်မြို့နှစ်ဖက်စလုံးတွင် ကုန်စည်ပို့ဆောင်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုများ ယခင်ထက် ပိုများလာပြီး ကုန်သည်အချို့ လုပ်ငန်းများ ရပ်နားထားကြကြောင်း ၎င်းကပြောသည်။

“အရင်က ပစ္စည်းသွားသယ်ဖို့ လှေတစီးလုံး ငှားမယ်ဆိုရင် ဘတ်ငွေ တထောင်ဆိုရင် ဆိုင်အထိရောက်ပြီ။ အခုဆို ဂိတ်တဂိတ်အတွက်က (၃၀၀)၊ အားလုံး (၄) ဂိတ်တောင် ဖြစ်လာတယ်။ ဒီဗမာဘက်ကမ်းမှာ လှေအကြီးတွေကို လည်း မပေးသုံးတော့လို့ လှေငယ်တွေနဲ့ မှာယူနေရတယ်။ အခုက ဗမာဘက်ကပဲ ပိတ်တာ” ဟု ၎င်းက ပြောသည်။

ထို့အပြင် (၁၀) နာရီ နောက်ပိုင်း အပြင်မထွက်ရအမိန့်လည်း ကော့သောင်းမြို့တွင် လွန်ခဲ့သော ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သဖြင့် အရောင်းအ၀ယ် ကျဆင်းလာကြောင်း အဆိုပါမြို့ခံကုန်သည်က ပြောသည်။

သို့သော် ယင်းအမိန့်အား တရားဝင် ထုတ်ပြန်ကြေညာခြင်းမျိုး မဟုတ်ဘဲ ဈေးဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် တက္ကစီမောင်းသမားများအား ရပ်ကွက်အာဏာပိုင်တို့က ပြောကြားထားခြင်းဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟုလည်း သတိပေးထားသည်။

ယခင်လ (၁၅) ရက်၌ ရနောင်းသို့ သွားသည့်စက်လှေတစီး လူအဆမတန် တင်ဆောင်ခဲ့ခြင်းကြောင့် နယ်စပ်ဂိတ်ရှိသည့် ကျွန်းစုတွင် လှေမှောက်ပြီး ခရီးသည် (၁၁) ဦး သေဆုံးခဲ့သည်။ ယင်းနောက်ပိုင်း သွားလာလည်ပတ်ခွင့်ကို ကန့်သတ်ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ယခုအခါ ကော့သောင်းမြို့သို့ ရေလမ်း၊ ကုန်းလမ်းခရီးမှ ရောက်လာသူများအား စစ်ဆေးမှု ပိုမိုများပြားလာပြီး ကော့သောင်းသို့ လာရောက်သည့် အကြောင်းပြ ခိုင်ခိုင်လုံလုံ မပြသနိုင်သူ ခရီးသည် အယောက် (၂၅၀) ကျော်ကို လည်း ဘုန်းတော်ကြီးကျောင်းတကျောင်းနှင့် ရပ်ကွက်လူကြီးရုံးများတွင် ထိန်းသိမ်းထားကြောင်း မြို့ခံတဦးက ပြောသည်။

၎င်းက “ထိုင်းနိုင်ငံသွားတဲ့လှေမှောက်လို့ လူသေသွားပြီးကတည်းက လူပို့တဲ့ ပွဲစားတွေလို့ ယူဆတဲ့လူတွေကို ဖမ်းမယ်လို့ သတင်းထွက်နေတော့ ပွဲစားတွေက ဟိုဘက်ကမ်းမှာ သွားရှောင်နေကြတယ်။ ကော့သောင်းကို ရောက်လာတဲ့ သူစိမ်းတွေကိုလည်း နေရပ် ပြန်ပို့ဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။

ထိုင်းဘက်ကမ်း ရနောင်းဘက်မှ ကော့သောင်းသို့ ပြန်ရန် စောင့်ဆိုင်းနေသူများလည်း ရာချီရှိကြောင်း လှေသမားများက ပြောသည်။
NEJ / ၅ ဇွန် ၂၀၀၉

ယခုလ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ပြုလုပ်မည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို မြန်မာအာဏာပိုင်များက အကြောင်းပြချက်မပေးဘဲ ဖျက်သိမ်းရန် စေခိုင်းခဲ့ကြောင်း အဆိုပါပွဲစီစဉ်သူ ကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ဒီနေ့ပဲ အားကစားဝန်ကြီးဌာန၊ အိုလံပစ်ကော်မတီ တာဝန်ရှိသူတွေ က ပွဲစီစဉ်ထားတာ ဖျက်သိမ်းဖို့ ကျနော်တို့ကို အကြောင်းကြားတယ်။ နိုင်ငံရေးအခြေအနေကြောင့်လို့ ပြောတယ်။ အပြီးအပိုင် ဖျက်သိမ်းရမလား၊ အချိန်ကိုပဲ ရွှေ့ရမလား ဘာမှမသိရဘူး။ ကျနော်တို့က ဒီလို ပွဲတပွဲကျင်းပဖို့ နှစ်နဲ့ချီ စီစဉ်ရတာ။ ငွေကြေး သိန်းရာနဲ့ချီ ရင်းနှီးမြှုပ်နှံထားရတာ။ ခုလို ပွဲကို ဖျက်လိုက်ရတော့ ကုမ္ပဏီလည်း နာမည်ပျက်မယ်။ ငွေကြေးလည်း သိန်းပေါင်းများ စွာ ဆုံးရှုံးတော့မယ်” ဟု ပြောသည်။

အဆိုပါ ပွဲကျင်းပရန်အတွက် T&T Group ကုမ္ပဏီသည် ကြော်ငြာများကို ရန်ကုန်မြို့အနှံ့တွင် ပိုစတာများ စိုက်ထူထားပြီး အပတ်စဉ်ထုတ် ဂျာနယ်စာမျက်နှာများ၌လည်း ယင်းလက်ဝှေ့ပွဲနှင့်ပတ်သတ်ပြီး သတင်းများ ဝေဝေဆာဆာ ဖော်ပြထားကြသည်။ ကြိုတင်လက်မှတ်များလည်း ရောင်းချနေခဲ့ပြီး ပွဲကျင်းပရန် တပတ်ကျော်အလို တွင်မှ ယခုကဲ့သို့ ဖျက်သိမ်းခံလိုက်ရ ခြင်းဖြစ်သည်။

မည်သည့်အကြောင်းကြောင့် ထိုင်း-မြန်မာလက်ဝှေ့ပွဲ ဖျက်သိမ်းလိုက်သည်ကို မသိရသော်လည်း ထိုင်းဝန်ကြီးချုပ်က အာဆီယံဥက္ကဋ္ဌအနေဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်နှင့် ပတ်သက်နိုင်ကြောင်း ပြည်တွင်းတွင် ဝေဖန်ပြောဆို နေကြသည်။
အာဆီယံဥက္ကဋ္ဌ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးစေလိုကြောင်း တောင်းဆိုထားပြီး မြန်မာအစိုးရ၏ ဂုဏ်သိက္ခာသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟုလည်း ဖော်ပြခဲ့သည်။

ထိုသို့ ထိုင်းဝန်ကြီးချုပ်၏ ထုတ်ပြန်ကြေညာချက်ကို လက်မခံကြောင်း မြန်မာစစ်အစိုးရ သတင်းစာများက တုံ့ပြန် ကြေညာခဲ့သည်။ ထို့အပြင် အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း ဆွန်သီ၏ ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံအပေါ်ထား သည့် သဘောထား မှားယွင်းနေကြောင်း ဝေဖန်ချက်ပါ ထိုင်းသတင်းစာမှ ကောက်နုတ်ချက်ကိုလည်း နိုင်ငံခြားသတင်းတွင် ဖော်ပြခဲ့သည်။

ဖျက်သိမ်းလိုက်သည့် ထိုင်း-မြန်မာ ဒုတိယအကြိမ် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် လုံးချောနှင့် လက်မွန်ခမ်း၊ တွေ့မရှောင်နှင့် ပါဝိ၊ ကြယ်လင်းအောင်နှင့် လာချီလိတ်၊ စောငမန်းနှင့် ထန်ဝါလစ်တို့ ထိုးသတ်ကြရန် ကြေညာထားသည်။




မင်းနိုင်သူ / ၅ ဇွန် ၂၀၀၉
line


မုံရွာမြို့ရှိ ဗောဓိတထောင် ရပ်တော်မူရုပ်ပွားတော်ကြီးအတွင်းရှိ ဓာတ်လှေကား ယမန်နေ့ ညနေ (၆) နာရီခန့်တွင် ပျက်ကျခဲ့သဖြင့် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒဓိကနှင့် ဆရာတော် ရဝေနွယ် (အင်းမ) တို့ အပါအ၀င် (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

“အခု မန္တလေးဆေးရုံကြီးကို ပို့ထားပါတယ်။ ဆရာတော် ရဝေနွယ်က ခြေထောက်ကျိုးတယ်။ ဆရာတော် အရှင်ဆန္ဒဓိက ကတော့ ဒူးခေါင်းကွဲသွားတယ် ဆိုတာလောက်ပဲ သိရသေးတယ်။ သုံးထပ်လောက်ကနေ ပျက်ကျခဲ့တာပါ။ အသေအပျောက်တော့ မရှိပါဘူး” ဟု ဗောဓိတထောင်ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ဆိုသည်။

ဓာတ်လှေကားပျက်ကျချိန်တွင် အတွင်း၌ ဆရာတော် (၂) ပါး၊ ဒကာ (၅) ဦးနှင့် လိုက်လံပြသသော ဗောဓိတထောင် ကျောင်းတိုက်မှ ဦးဇင်း (၁) ပါးတို့ ရှိနေခဲ့ကြကြောင်း၊ ယခုအခါ (၈) ဦးစလုံးကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင် ထားကြောင်း သိရသည်။

“ဓာတ်လှေကားက လုပ်ငန်းသုံး ဓာတ်လှေကားလေ။ ၀င့်သဘောပဲ။ ပစ္စည်းအတင်အချလုပ်ဖို့ အဓိကထား လုပ်ထားတာဆိုတော့ လူတိုင်းကို ပေးမတက်ပါဘူး။ အခုဟာ ဦးခေါင်းတော်အထိ တက်ကြည့်ကြမယ်ဆိုပြီး တက်သွားကြတာ။ ဘယ်လိုဖြစ်လို့ ပျက်တယ်ဆိုတာတော့ သေချာစစ်ဆေးပြီးမှ သိရမယ်” ဟု ဗေဓိတထောင်ကျောင်းတိုက်မှ ဆရာတော်က မိန့်သည်။

ယင်း ရပ်တော်မူဘုရားကြီးတွင် လူစီးဓာတ်လှေကား တပ်ဆင်ထားခြင်းမရှိသေးဘဲ တက်ရောက်ဖူးမြော်လိုသူများ အနေဖြင့် ရိုးရိုးလှေကားဖြင့်သာ တက်ရောက်နိုင်ကြောင်း သိရသည်။

ဗောဓိတထောင်သာသနာ့နယ်မြေရှိ ရပ်တော်မူရုပ်ပွားတော်ကြီးကို ၁၉၉၅ ခုတွင် ဗောဓိတထောင်ဆရာတော် အရှင်နာရဒ ဦးစီးတည်ထားခဲ့ပြီး ဉာဏ်တော် (၄၂၄) ပေရှိရာ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူရုပ်ပွားတော်ကြီးဖြစ်သည်။

ရပ်တော်မူရုပ်ပွားတော်ကြီးအတွင်းတွင် အထပ်ပေါင်း (၃၂) ထပ်ရှိပြီး ဗုဒ္ဓ၀င် ဇာတ်နိပါတ်တော်များ၊ ရှေးဟောင်းဘုရားဆင်းတုတော်များကို စုဆောင်းပြသထားသည်။




မင်းနိုင်သူ / ၅ ဇွန် ၂၀၀၉
line


ယမန်နေ့ နံနက်ပိုင်းက အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြခဲ့သူများမှာ ရွှေပြည်သာ အန်အယ်လ်ဒီလူငယ် ကိုထွေးသိန်း၏ မိသားစုများ မဟုတ်ကြောင်း ဗဟိုအန်အယ်လ်ဒီလူငယ်တာဝန်ခံ ကိုအေးထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

“ဒီနေ့ သူ့ကို ရုံးထုတ်မယ်လို့ ကြားတော့ လူငယ်အဖွဲ့ဝင်တချို့သွားစောင့်တယ်။ သူ့မိသားစုတွေနဲ့ တွေ့ခဲ့ရတယ်။ မနေ့ကဖြစ်တာ သူတို့မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်” ဟု ကိုအေးထွန်းက ပြောသည်။

ကိုထွေးသိန်းကို ယနေ့ရုံးထုတ်မည်ဟု ကြားသဖြင့် မိသားစုဝင်များနှင့် အန်အယ်လ်ဒီလူငယ်အချို့ သွားရောက်စောင့် ဆိုင်းခဲ့ကြသော်လည်း ရုံးမထုတ်ခဲ့ဘဲ (၂၃) ရက်သို့ ပြောင်းလဲချိန်းဆိုခဲ့ကြောင်း သိရသည်။

ရွှေပြည်သာ အန်အယ်လ်ဒီလူငယ်ကိုထွေးသိန်းကို ဒေါ်အောင်ဆန်းစုကြည်တို့အား စတင်အမှုစွဲဆိုခဲ့သည့် မေ (၁၈) ရက်တွင် အာဏာပိုင်များက အင်းစိန်ထောင်အနီး၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို့နောက် မေ (၂၅) ရက်တွင် အင်းစိန်ထောင်သို့ပို့ခဲ့ပြီး ယနေ့ရုံးထုတ်မည်ဟု မိသားစုဝင်များက သတင်းကြား၍ သွားရောက်စောင့်ဆိုင်းခဲ့သော်လည်း တွေ့ဆုံနိုင်ခြင်းမရှိခဲ့ဘဲ နောက်ရုံးချိန်းရှိကြောင်းသာ ကြားသိခဲ့ကြရသည်ဟု ကိုအေးထွန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား အမှုဖွင့် တရားစွဲဆိုနေစဉ် မေ (၂၈) ရက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးအတွက် တကိုယ်တော်ဆန္ဒပြခဲ့သူ ဦးဇော်ညွန့်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယခုအထိမသိရသေးပေ။





NEJ / ၅ ဇွန် ၂၀၀၉
line


A (H1N1) တုပ်ကွေးရောဂါ လူလူချင်းကူးစက်သည့်အဆင့်ကို ထိုင်းနိုင်ငံတွင် ပထမဆုံးအကြိမ် တွေ့ရှိကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိများက ယမန်နေ့က ထုတ်ပြန်ပြောကြားသည်။

ကူးစက်ခံရသူမှာ အသက် (၁၉) နှစ်အရွယ် အမျိုးသားလူငယ်ဖြစ်ပြီး ပြီးခဲ့သည့်မေ (၂၅) တွင် အမေရိကန်ပြည်ထောင်စုမှ ပြန်လာသည့် မိခင်ဖြစ်သူနှင့် အနီးကပ်နေထိုင်ရာမှ A (H1N1) တုပ်ကွေး ကူးစက်ဖြစ်ပွား ခြင်းဖြစ်သည်ဟု ထိုင်းဒု-၀န်ကြီးချုပ် စနမ် ကာချွန်ပရာဆတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားကြောင်း တီအန်အေ သတင်းတွင် ဖော်ပြသည်။

အဆိုပါလူငယ်သည် အမေရိကန်သို့ မိခင်ဖြစ်သူနှင့်အတူ လိုက်ပါသွားခြင်းမရှိဘဲ ခရီးထွက်ရာမှ ပြန်လာသည့် မိခင်နှင့် အနီးကပ်နေထိုင်ရာမှ တုပ်ကွေးဗိုင်းရပ်ပိုး ကူးစက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပထမဆုံး လူလူချင်း A (H1N1) တုပ်ကွေးဗိုင်းရပ် ကူးစက်ခံရသည့် ဝေဒနာရှင်ဖြစ်သည်။

အသက်(၅၀) အရွယ်ရှိ မိခင်ဖြစ်သူမှာ အမေရိကန်မှပြန်လာပြီးနောက် ဆေးရုံတွင် ဆေးကုသမှုခံယူကာ ရောဂါပျောက်ကင်းနေပြီဖြစ်ကြောင်း မစ္စတာ စနမ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှ ပြန်လာသည့် အခြားအမျိုးသမီး (၂) ဦးမှာလည်း အဆိုပါ ဗိုင်းရပ်ပိုး ကူးစက်သည့် လက္ခဏာများတွေ့ရှိခဲ့ကြောင်း၊ ယခုအခါ ထိုင်းနိုင်ငံတွင် A (H1N1) တုပ်ကွေးလက္ခဏာ တွေ့ရှိသူပေါင်း (၈) ဦးရှိပြီဟု ၎င်းက ပြောကြောင်း တီအန်အေ သတင်းတွင် ပါရှိသည်။

ကျန်းမာရေးဝန်ကြီး ၀ိထရာ ကရောက်ပါရာဒိုင်က ထိုင်းနိုင်ငံအတွင်း အဆိုပါ တုပ်ကွေးရောဂါပိုး ဆက်လက်ပျံ့နှံ့နိုင် သည်ဟု ပြောသည်။

ပြည်ပသို့သွားရောက်ပညာသင်ကြားနေသည့် ထိုင်းကျောင်းသားများ ရှိနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရောဂါပျံ့နှံမှု တားဆီးကာကွယ်ရေးများ လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

ဇွန်လ (၃) ရက်အထိ ရရှိသော အချက်အလက်များအရ နိုင်ငံပေါင်း (၆၆) နိုင်ငံတွင် A(H1N1) တုပ်ကွေးဖြစ်ပွား သူပေါင်း (၁၉,၂၇၃) ရှိပြီး သေဆုံးသူ (၁၁၇) ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။

ယင်းနိုင်ငံများအနက် ကနေဒါတွင် ရောဂါဖြစ်ပွားသူ (၁,၅၃၀) ဦး၊ သေဆုံးသူ (၂) ဦး၊ မက္ကဆီကိုတွင် ရောဂါဖြစ်ပွား သူ (၅,၀၂၉) ဦး၊ သေဆုံးသူ (၉၇) ဦး၊ အမေရိကန်ပြည်ထောင်စုတွင် ရောဂါဖြစ်ပွားသူ (၁၀,၀၅၃) ဦး၊ သေဆုံးသူ (၁၇) ဦးရှိပြီး နိုင်ငံသြစတြေးလျတွင် (၅၀၁) ဦး၊ ဗြိတိန်တွင် (၃၃၉) ဦး၊ ချီလီတွင် (၃၁၃) ဦး၊ တရုတ်တွင် (၆၉) ဦး၊ ဂျပန်တွင် (၃၈၅) ဦး၊ ဖိလစ်ပိုင်တွင် (၁၆) ဦး၊ စင်ကာပူတွင် (၉) ဦး၊ ဗီယက်နမ်တွင် (၃) ဦး စသဖြင့် A(H1N1) တုပ်ကွေးလက္ခဏာဖြစ်သူများ၏ စာရင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်ရှိ အမေရိကန်နှင့် ဗြိတိသျှ သံရုံးများက ဒီချုပ်ကို ကူညီနေဟု နိုင်ငံပိုင် သတင်းစာက ရေးသား Print E-mail
ဆလိုင်းပီးပီး
သောကြာနေ့၊ ဇွန်လ 05 2009 23:48 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ရှိ အမေရိကန်နှင့် ဗြိတိသျှ သံရုံးများသည် မေလအတွင်း အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ၂၅ ကြိမ် သွားရောက် လည်ပတ်ခဲ့ကြသည်ဟု မြန်မာ အာဏာပိုင်များက စွပ်စွဲ ပြောကြားလိုက်ပါသည်။

ရန်ကုန်ရှိ အမေရိကန်နှင့် ဗြိတိသျှသံရုံးများမှ သံအရာရှိများသည် ဒီချုပ်ရုံးသို့ ၂၅ ကြိမ် သွားရောက်၍ ဒီချုပ်ပါတီဝင်များ ကို ညွှန်ကြားချက်များနှင့် အခြားမသိရသော ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု သောကြာနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့ အလင်းသတင်းစာက ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

“ထိုသို့ သွားရောက် လည်ပတ်စဉ်အတွင်း ဒီချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်များနှင့် တွေ့ဆုံကာ စာအိတ်အကြီး အသေးမျိုးစုံနှင့် ပစ္စည်းထုပ်များ ပေးအပ်ခဲ့သည်” ဟု သတင်းစာက ရေးသားထားသည်။

သို့သော် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလဲဖြစ်၊ ဒီချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တဦးလည်းဖြစ်သူ ဦးဝင်းတင် ကမူ ဤသို့ အမေရိကန်နှင့် ဗြိတိသျှ သံအရာရှိများ လာရောက် လည်ပတ်ခြင်းသည် ကမ္ဘာတဝှမ်းရှိ သံတမန်များ၏ ‘ပုံမှန်ဆက်ဆံရေး’ နှင့်အညီ လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ပြောကြားပြီး အဆိုပါ စွပ်စွဲချက်ကို ပယ်ချလိုက်ပါသည်။

“ဒါပုံမှန်ဆက်ဆံရေးဘဲ၊ ဘာမှ အထူးအဆန်း မဟုတ်ဘူး” ဟု ဦးဝင်းတင်က ပြောသည်။

သူတို့ အခြေစိုက်ရာ နိုင်ငံရှိ အစိုးရအဖွဲ့၊ အတိုက်အခံ အပါအဝင် နိုင်ငံရေး ပါတီများ၊ မီဒီယာ အဖွဲ့အစည်းများနှင့် ဆက်ဆံရေး တရပ် ထူထောင်ထားရှိခြင်းမှာ သံတမန်တို့၏ လုပ်ရိုးလုပ်စဉ် ကိစ္စတရပ်သာ ဖြစ်သည်ဟု သူကပြောသည်။

သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် လွတ်လပ်သည့် နိုင်ငံရေးပါတီ တရပ်ဖြစ်ပြီး အမေရိကန်နှင့် ဗြိတိသျှသံ ရုံးများ အပါအဝင် မည်သူ တဦးတယောက်၏ အကြံပေးချက်နှင့် သြဝါဒအတိုင်း လိုက်လုပ်မည့် ပါတီတရပ် မဟုတ်ဟု သူက ပြောသည်။ သို့သော် ဤအကြံပြုချက်များသည် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် သဘာဝ ဘေးအန္တရာယ် အပါအဝင် မြောက်များလှစွာသော ပြဿနာများအပေါ် ကွဲပြားခြားနားသည့် ထင်မြင်ချက်များ စုစည်း ရယူရာ၌မူ အထောက်အကူ ဖြစ်သည်ဟု သူက ပြောသည်။

“အခုလို ပြောလို့ သူတို့ ဘာပြောပြော၊ ဘာအကြံပေးပေး ကျနော်တို့က လက်ခံမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒါ ကျနော်တို့အပေါ်ဘဲ မူတည်တာ” ဟု သူက ပြောသည်။

“တခါတလေ သူတို့က ဒေါ်အောင်ဆန်းစုကြည်အမှု အကြောင်းမေးတယ်။ ကျနော်တို့ ဘယ်လို အမှုဆိုင်နေရလဲ၊ နောက်ထပ် ဘယ်လို တုံ့ပြန် လုပ်ဆောင်သွားဘို့ အစီအစဉ်ရှိလဲ စတာမျိုးတွေပေါ့” ဟု သူက ဆက်လက် ပြောဆိုသည်။ သို့သော် အဆိုပါ သံအရာရှိများ စာအိတ်များ၊ ပါဆယ်ထုပ်များ ယူဆောင်လာသည်ကိုမူ သူက ဝန်ခံ ပြောဆိုလိုက်ပြီး အဆိုပါ စာအိတ်နှင့်ပါ ဆယ်ထုပ်များသည်၊ သတင်းစာများ၊ သတင်းလွှာများနှင့် အခြား ကမ္ဘာ့ရေးရာ စာစောင်စာတန်းများသာ ဖြစ်သည်ဟု သူက ပြောသည်။ ဤသို့သော သတင်းများကို သတင်းစာတွင် ထည့်သွင်းဖော်ပြသည်ကို ကြည့်ခြင်းဖြင့် စစ်အစိုးရသည် NLD ကို စောင့်ကြည့်နေကြောင်းနှင့် NLD ကို အနောက်ယိမ်းသည့်အဖွဲ့ ဖြစ်သည်ဟု နာမည်ဖျက်လိုသည့် သဘောပြသနေသည် ဟု သူကဆိုပါသည်။

“ဒီလို အကြောင်းအရာမျိုးက သတင်းစာထဲတောင် ထည့်ရေးရမဲ့ဟာမျိုး မဟုတ်ပါဘူး။ ဒါ သူတို့အစိုးရ ဘယ်လောက် တုံးသလဲဆိုတာ ပြနေတာ၊ ဒီလိုလုပ်လို့ သူတို့ သိက္ခာကျရုံ ရှိမှာဘဲ” ဟု ဦးဝင်းတင်က ပြောသည်။ NLD ရုံးကိုသွားတာ အံ့အားသင့်စရာ ပြဿနာကြီး မဟုတ်ပါဘူး။ အမေရိကန် အပါအဝင် နိုင်ငံခြား သံတမန်တွေက ပါတီရုံးကို မကြာခဏ သွားနေကြတာဘဲ၊ ဆက်ဆံရေး ကောင်းအောင် လုပ်ထားတာဘဲ ဟု ရန်ကုန်အခြေစိုက် အနောက်နိုင်ငံ သံတမန်တဦးက မဇ္ဈိမကို ပြောသည်။ သို့သော် အဆိုပါ သံတမန်က နောက်ထပ် မှတ်ချက်ပေးရန်ကိုမူ ငြင်းဆိုသွားပါသည်။

“အမေရိကန်နဲ့တင် မဟုတ်ဘူး၊ နိုင်ငံခြား သံတမန်အားလုံးနဲ့ NLD က ပုံမှန် အစည်းအဝေးတွေ လုပ်နေတာဘဲ။ ပါတီဌာနချုပ် ရုံးကို နိုင်ငံခြား သံတမန်တွေ ဖိတ်နေတာဘဲ။ မကြာသေးခင်ကလဲ ရွေးကောက်ပွဲ (၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ) နှစ်ပတ်လည် အခမ်းအနား ကျင်းပခဲ့သေးတာဘဲ။ တခြား နိုင်ငံခြား သံတမန် အများအပြားနဲ့အတူ အမေရိကန် သံရုံးအကြီးအကဲလဲ တက်တာဘဲ၊ ဒါပေမဲ့ ခင်ဗျားပြောတဲ့ စာအိတ်တွေ၊ ပါဆယ်ထုပ်တွေ ဆိုတာတော့ ကျနော်မသိဘူး” ဟု အဆိုပါ သံတမန်က ဆက်လက် ပြောကြားခဲ့သည်။

ဤကိစ္စနှင့် စပ်လျဉ်း၍ မှတ်ချက် ပြောကြားပေးရန် အမေရိကန်နှင့် ဗြိတိသျှသံရုံးများကို ဆက်သွယ်ရာ ယခု ချက်ချင်း ဆက်သွယ်၍ မရခဲ့ပါ။

ဒေါ်စုအမှုအတွက် သက်သေ ၃ ဦးအရေး တရားရုံးက ရက်ချိန်း ထပ်ပေး Print E-mail
ကိုဝိုင်း
သောကြာနေ့၊ ဇွန်လ 05 2009 18:08 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ထွက်ဆိုမည့် သက်သေ (၃) ဦးအား ပယ်ချခံထားခြင်းကို ပြန်လည် ခွင့်ပြု-မပြုနှင့် ပတ်သက်၍ ယခုလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

“ကျနော်တို့ ဒီနေ့ ၃ နာရီမှာ ရန်ကုန်တိုင်း တရားသူကြီးရှေ့မှာ သက်သေ (၃) ယောက်ကို ပယ်တာနဲ့ ပတ်သက်ပြီး တရားလိုရော ကျနော်တို့ဘက်ကရော နှစ်ဘက်က လျှောက်လဲချက် ပေးကြတယ်။ ကျနော်တို့ဘက်ကတော့ ဒါမှားတယ်ပေါ့။ မလုပ်နိုင်ဘူး ပြောတာပေါ့။ ဒီဟာကို အမိန့်ချဖို့ ၉ ရက်နေ့ ညနေ ၃ နာရီကို ချိန်းလိုက်တယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေ အကျိုးဆောင်လည်းဖြစ်သူ ဦးဉာဏ်ဝင်းနှင့် တရားလို (စစ်အစိုးရ) ဘက်က ရန်ကုန်တိုင်း ဥပဒေရုံးမှ ဥပဒေဝန်ထမ်း အဆင့် ၁ ဖြစ်သူ ဒေါ်ခင်မာကြည် တို့က ရန်ကုန်တိုင်းတရားသူကြီး ဦးမြင့်အောင်ထံ နှစ်ဖက် လျှောက်လဲခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့၌ ဒေါ်စုအတွက် သက်သေများအဖြစ် အန်အယ်ဒီအမတ် ဦးကြည်ဝင်း၊ ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ဒေါ်ခင်မို့မို့ တို့ကို အင်းစိန်ထောင်တွင်း တရားရုံးသို့ အမည်စာရင်း တင်သွင်းခဲ့ရာ ဦးကြည်ဝင်းမှအပ ကျန် ၃ ဦးအား ဥပဒေ ပုဒ်မ ၂၅၇ အရ ဟုဆို၍ ပယ်ချခဲ့သည်။

သို့သော် ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးသို့ သက်သေများ ပြန်လည်လက်ခံရေး လျှောက်ထားရာ နှစ်ဖက်ကြားနာရန် ယနေ့သို့ ချိန်းဆိုခဲ့ပြီးနောက် ၉ ရက်နေ့တွင် ဆုံးဖြတ်မည်ဟု တရားရုံးက ယခုလို အမိန့်ချလိုက်ခြင်း ဖြစ်သည်။

အကယ်၍ တရားရုံးက သက်သေများ ထွက်ဆိုခွင့်ရှိသည်ဟု ဆုံးဖြတ်လျှင် ခွင့်ပြုသော သက်သေများသည် အင်းစိန်ထောင်တွင်းပြုလုပ်သော အထူးတရားရုံး (ခရိုင်အဆင့်) တွင် ထွက်ဆိုရမှာ ဖြစ်သည်။

ထို့နောက် နှစ်ဖက်အပြီးသတ် လျှောက်ထားချက် ပြုလုပ်နိုင်မှာဖြစ်ပြီး အမိန့်ချမှုလည်း လိုက်ပါလာမှာ ဖြစ်သည်။

အမှုနှင့်ပတ်သက်၍ တရားလိုသက်သေ ၁၅ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေ ၁ ဦးတို့ စစ်ဆေးပြီးစီးသွားပြီ ဖြစ်သည်။

(ထပ်မံ ဖြည့်စွက်ထားခြင်း ဖြစ်သည်။)

စစ်အစိုးရက ဘားအံခရိုင်တွင် ထိုးစစ်ဆင် Print E-mail
မေကျော်
သောကြာနေ့၊ ဇွန်လ 05 2009 16:23 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အပေါ် ထိုးစစ်ဆင်မှုများအတွက် ပြင်ဆင်မှုများ ပြုလုပ်လာနေရာ မနက်ဖြန်ဆိုလျှင် တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်ဖွယ် ရှိကြောင်း ကရင် အရာရှိတဦးက ပြောဆိုလိုက်သည်။

“အခုတော့ သူတို့က တိုက်ဖို့ပြင်နေတဲ့ အနေအထားပါ။ မနက်ဖြန်လောက်တော့ တိုက်ပွဲစပြီလို့ ကျနော်ထင်တယ်။”ဟု KNLA ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသော ကရင်အမျိုးသား အစည်းအရုံး၏ စစ်တပ်ဖြစ်သော KNLA တပ်မဟာ (၇) ၏ ဘားအံခရိုင် ဒေသကို စစ်အစိုးရ တပ်များနှင့်အတူ ငြိမ်းချမ်းရေး ယူထားသော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ တပ်မဟာ ၉၉၉၊ ၃၃၃ နှင့် ၅၅၅ တို့လည်း ပူးပေါင်းပါဝင်ထားပြီး ယမန်နေ့က တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်။

နောက်ထပ်လည်း စစ်အစိုးရဘက်မှ တပ်များ ထပ်ဆင်းလာနေပြီး ယနေ့တွင်မူ တိုက်ပွဲကို ရပ်နားထားကြောင်း သိရသည်။

တိုက်ပွဲကို ရှောင်တိမ်းရန် ဘားအံဒေသခံ ကရင်လူမျိုး ၇ဝဝ ကျော် ထိုင်း-မြန်မာနယ်စပ်ဘက်သို့ တိမ်းရှောင်လာခဲ့ကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံး တော်လှန်ရေးအဖွဲ့ဖြစ်သည့် KNU ကြီးစိုးရာနေရာများကို စစ်အစိုးရက စခန်းသိမ်း တိုက်ပွဲများ ပြုလုပ်လာနေစဉ်တွင် ကရင်ခွဲထွက်အဖွဲ့ တခုဖြစ်သည့် DKBA တွင်တော့ တပ်အသစ်များ တိုးချဲ့ဖွဲ့စည်းနေသော သတင်းများလည်း ထွက်ပေါ်နေသည်။

ဓာတ်လှေကားပြုတ်ကျ လူ ၈ ဦး ဒဏ်ရာရ Print E-mail
ဖနိဒါ
သောကြာနေ့၊ ဇွန်လ 05 2009 12:58 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ ဗောဓိတထောင်ဘုရား၏ အရှေ့ဘက် တောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်သည့် ကမ္ဘာ့အကြီးဆုံး ရပ်တော်မူ ဗုဒ္ဓဘုရားပေါ်ကအဆင်း ကြိုးတပ်ဝန်ချီစက် ပြုတ်ကျသဖြင့် နိုင်ငံကျော် ဆရာတော်များဖြစ်သော အရှင်ဆန္ဒာဓိကနှင့် အရှင် ရဝနွယ် (အင်းမ) အပါအဝင် စုစုပေါင်း ရဟန်းနှင့် လူ ၈ ဦး ယမန်နေ့က ဒဏ်ရာရသွားခဲ့သည်။

စစ်ကိုင်းတိုင်း မုံရွာရှိ ဗောဓိတထောင်ဘုရားမှ ဓာတ်လှေကားတခုသည် ယမန်နေ့ညနေ ၆ နာရီခန့်တွင် ပေ ၂၀ ကျော်အမြင့်မှ ပြုတ်ကျမှု ဖြစ်ပွားရာ ဓမ္မကထိက အကျော်အမော်များဖြစ်သော ရွှေပါမီတောရ ဆရာတော် အရှင် ဆန္ဒာဓိက၊ အရှင် ရဝေနွယ် (အင်းမ)၊ ဗောဓိတထောင်ကျောင်းတိုက်မှ ရဟန်းတပါးနှင့် ဘုရားဖူး ၅ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့၍ မန္တလေးဆေးရုံတွင် ကုသမှု ခံယူနေကြရသည်။

“လုပ်ငန်းသုံး ဓါတ်လှေကားလေ။ ပစ္စည်း အတင်အချလုပ်ဖို့ အဓိကထား လုပ်ထားတာဆိုတော့ လူတိုင်းကို ပေးမတက်ပါဘူး။ မော်တာနဲ့ ဆွဲတာ မသုံးတာကြာလို့ ဖြစ်တာ။ အခုဟာ ဦးခေါင်းတော်အထိ တက်ကြည့်ကြမယ်ဆိုပြီး တက်သွားကြတာ။” ဟု ဗောဓိတထောင် ကျောင်းတိုက်မှ ဦးဇင်းတပါးက မဇ္ဈိမ သို့ ပြောကြားသည်။

ဘုရားတွင် လူစီး ဓာတ်လှေကား မတပ်ဆင်ရသေးဘဲ ဘုရားဆောက်လုပ်စဉ်က အသုံးပြုသည့် ဆောက်လပ်ရေး လုပ်ငန်းသုံး ဓာတ်လှေကား ပြုတ်ကျခြင်း ဖြစ်သည်။

ဗောဓိတထောင် ရပ်တောမူ ရုပ်ပွားတော်ကို ၁၉၉၅ ခုနှစ် မှ စတင် တည်ဆောက်ခဲ့ရာ ၁၃ နှစ်ကြာ တည်ဆောက်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ (သလ္လာသတီမြို့တော်) ၏ အရှေ့တောင်ဘက်အရပ် ၁၂ မိုင်အကွာတွင် တည်ရှိပြီး ဉာဏ်တော် (အမြင့်) ၄၂၄ ပေ၊အထပ် ၃၂ ထပ် ရှိသည်။

(ထပ်မံဖြည့်စွက်တင်ပြသည်။)

ဒေါ်အောင်ဆန်းစုကြည် တရားစစ်ဆေးမှုရုံးချိန်း နောက်သီတင်းပတ်ထိ ရွှေ့ဆိုင်းထား

05 June 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံထွက်ဆိုမယ့် သက်သေတွေကို ပယ်ချထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဒီကနေ့ တိုင်းတရားရုံးမှာ ကြားနာပြီး အဆုံးအဖြတ်ပေးဖို့အတွက် ရှေ့တပတ် တနင်္လာနေ့ကို သတ်မှတ်လိုက်တယ်လို့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။

အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ဖြစ်တာမို့ ပြန်လည်သုံးသပ်လက်ခံဖို့ အကျိုးဆောင် ရှေ့နေတွေရဲ့ တင်ပြချက်တွေကို အခုလို ကြားနာမှုတွေ ရှိခဲ့တဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ဟာ တားမြစ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး စစ်ဆေးနေတဲ့ တရားခွင် အဆုံးသတ်မယ့်ရက်လည်း နောက်ဆုတ်သွားပါပြီ။ တရားခွင် အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်သွင်းခဲ့ပေမယ့် တရားရုံးက လက်မခံဘဲ တယောက်သာ ခွင့်ပြုခဲ့တဲ့အတွက် ရန်ကုန်တိုင်း တရားရုံးကို ပြင်ဆင်ချက် လျှောက်ထားတာကို လက်ခံကြားနာတာတွေ လုပ်ဆောင်နေတာမို့ တရားခွင်အစီအစဉ်မှာ မူလက သတ်မှတ်ထားတဲ့ ကာလထက် နောက်ဆုတ်သွားတာပါ။ ဒါဟာဆိုရင် တရားခွင်မှာ လျှောက်လဲချက်တွေ တင်ဖို့ အစောပိုင်းက သတ်မှတ်ထားရက်ကို ရွှေ့ဆိုင်းရတာ တတိယအကြိမ်ပါ၊ မူလက ဒီတပတ် အစောပိုင်းမှာ ၂ ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်တွေ ပေးကြဖို့ ရက်သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်း ဒီကနေ့ သောကြာနေ့ကို ပြောင်းလဲ သတ်မှတ်ခဲ့ပြီး၊ အခုနောက်ဆုံး ထပ်ပြီး ရွှေ့ဆိုင်းလိုက်ရတာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျန် စွပ်စွဲခံရသူတွေ ရှေ့နေရှေ့ရပ်တွေ တက်ရောက်လာကြတဲ့ ရန်ကုန် အင်းစိန် ထောင်တွင်းက တရားခွင်က အခုလို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင် ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကျနော်တို့ မနက်ပိုင်းက အင်းစိန်မှာလေ၊ မူလ တရားရုံးပေါ့။ အဲဒီကို သွားပါတယ်။ ၁၀ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် တို့ရော၊ မစ္စတာ ယက်ထော တို့ရော အားလုံးလာပါတယ်။ တရားရုံးလည်း ထိုင်ပါတယ်။ တရားရုံးထိုင်ပြီးတော့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ တိုင်းတရားရုံးမှာ ပြင်ဆင်မှု ရှိနေတဲ့အတွက် ဒီနေ့ ရုံးချိန်းကိုတော့ ဇွန်လ ၁၂ ရက်နေ့ကို ရွှေ့လိုက်ပါတယ်။ ၁၂ ရက်နေ့ကိုတော့ ကျနော်တို့က mention date လို့ ခေါ်တယ်။ မြန်မာလိုလည်း “ဖော်ပြရာ” လို့ ခေါ်တယ်။ ကျနော်တို့ argument ပေးဖို့အတွက်တော့ မဟုတ်သေးဘူး။ တိုင်းရုံးက အမိန့်ပေါ်မှာ မူတည်ပြီးမှ အောက်ရုံးက ဆက်သွားမှာလေ။ အဲဒီတော့ အဲဒီ mention date ကိုပေးလိုက်ပါတယ်။”

တရားခွင်ရဲ့ အစောပိုင်း ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် ဖက်က သက်သေ တယောက်သာ တင်ပြခွင့်ရပြီး တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်တွေ ဖက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆိုခွင့်ပေးခဲ့တာမို့လည်း ဒါဟာ မျှတတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုပြီး ရှေ့နေတွေက ပြောခဲ့ကြတာပါ။

ဒါပေမယ့်လည်း ဒါကို ပြန်လည် လက်ခံပေးဖို့ သူ့ရဲ့ ရှေ့နေတွေက လျှောက်ထားခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက လက်ခံခဲ့တဲ့နောက် ဒီလို တရားခွင် အစီအစဉ်တွေမှာ အပြောင်းအလဲ ရှိခဲ့တာပါ။ ဒီလို ခုခံချေပမယ့် သက်သေတွေကို လက်ခံသင့် မခံသင့် ဆိုတာနဲ့ ပတ်သက်လို့လည်း ဒီကနေ့ ညနေပိုင်း တိုင်းတရားရုံးက ကြားနာပြီး အဆုံးအဖြတ်ပေးဖို့ ရှေ့တပတ်ကို ရက်ချိန်း သတ်မှတ်လိုက်တယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ညနေပိုင်းက ကျနော်တို့ ၃ နာရီမှာ တိုင်းတရားရုံးမှာ အစိုးရဘက်ကလည်း လာပါတယ်။ ကျနော်တို့ဘက်ကလည်း ကျနော်ပဲ လျှောက်လဲချက် ပေးပါတယ်။ လျှောက်လဲချက်ပေးပြီးတော့ တိုင်းတရားရုံးကတော့ ဒီအမှုနဲ့ ဒီပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့ ၉ ရက်နေ့ ၃ နာရီမှာ အမိန့်ချမယ်၊ ရက်ချိန်းပေးလိုက်ပါတယ်။”

အစောပိုင်းမှာတုန်းက ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် အဖြစ်နဲ့ သူ့ ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ က ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုး နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း တို့ကို အစောပိုင်းက တင်သွင်းခဲ့ပေမယ့် ဦးကြည်ဝင်း တဦးထဲကိုသာ တရားရုံးက ခွင့်ပြုခဲ့တာပါ။ ဥပဒေ ကျိုးဆောင်တွေ အနေနဲ့ကတော့ ရည်ရွယ်ထားသလို သက်သေတွေ အားလုံး တရားခွင်မှာ ကြားနာခွင့်ရမယ် ဆိုရင်တော့ ခုခံချေပဖို့ အတွက် အလားအလာတွေ ရှိလာလိမ့်မယ်လို့လည်း မျှော်လင့်ထားကြတာပါ။

ကျန်နေသေးတဲ့ သက်သေတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲထားတာတွေကို ချေဖျက်နိုင်မယ့် အချက်အလက်တွေကို အလေးထား ထွက်ဆိုဖို့ ရည်ရွယ်ထားတာလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိက ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ ဥပဒေမှာ အရေးကြီးတဲ့ အချက်တွေ ရှိတယ်။ အဲဒီအရေးကြီးတဲ့အချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးအနေနဲ့ ဖြစ်နိုင်မဖြစ်နိုင် ဆိုတဲ့ပြဿနာတွေကို ကျနော်တို့ တင်မှာပါ။ ကျနော်ပြောမှာက စာရိတ္တ ဆိုတာပဲ။ စာရိတ္တ ဆိုတာက ဒေါ်အောင်ဆန်းစုကြည် ခိုးဆိုးလုယက် ဒါမဟုတ်ဘူးဗျ။ ကျနော်တို့ အဲဒီ ထိန်းသိမ်းတဲ့ဥပဒေမှာ ပါတဲ့ အေးချမ်းသာယာရေးကို ချိုးဖောက်နေတဲ့သူလား၊ နိုင်ငံတော် အေးချမ်းသာယာရေး အများပြည်သူ အေးချမ်းသာယာရေးကို နှောက်ယှက်နေတဲ့သူလား။ သူ့ရဲ့ နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးခံယူချက် နဲ့ အဲဒီဟာနဲ့ ဘယ်လောက်ငြိလဲ၊ မငြိဘူးလား။ ဒါကို ကျနော်တို့ နည်းနည်း မီးမှောင်းထိုးပြချင်တာပါ။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေအကျိုးဆောင် ဦးဉာဏ်ဝင်း ပါ။ ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံချေပမယ့် သက်သေတွေ အားလုံး တရားခွင်မှာ တင်ပြထွက်ဆိုခွင့်ရဖို့ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲကြတဲ့ ရန်ကုန်တိုင်း တရားရုံးက ညနေပိုင်း တရားခွင်မှာတော့ အင်းစိန် ထောင်တွင်းမှာလို တံခါးပိတ် ကြားနာတာမျိုးမဟုတ်တာမို့ လာပြီး တက်ရောက် နားထောင်သူ အများအပြား ရှိခဲ့တယ်လို့လည်း တွေ့ခဲ့ကြသူတွေက ပြောပါတယ်။

နာဇီအကျဉ်းစခန်းဟောင်းသို့ အီရန်သမ္မတ သွားလည်သင့်ကြောင်း သမ္မတအိုဘားမား အကြံပြု

05 June 2009


အမေရိကန်သမ္မတ ဘားရက်အိုဘားမား ဟာ ဂျာမဏီနိုင်ငံ ဘူချန်ဝေါဒ် (Buchenwald) အကျဉ်းစခန်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီစခန်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူး ၅၆,၀၀၀ ကို နာဇီတွေက သတ်ခဲ့တာပါ။ မစ္စတာ အိုဘားမား ဟာ ဂျာမန်ခေါင်းဆောင် အိန်ဂျလာ မာကဲလ် (Angela Merkel)၊ နိုဘယ်လ်ဆုရှင်ဖြစ်ပြီး နာဇီတွေသတ်ဖြတ်မှုကြားထဲက အသက်ရှင်ကျန်ရစ်ခဲ့သူ အယ်လီ ၀ိုင်ဆယ်လ် (Elie Wiesel) တို့နဲ့အတူ အဲဒီစခန်းမှာ လွမ်းသူပန်းခွေ ချခဲ့ကြပါတယ်။

အီရန်သမ္မတ မစ္စတာ အမာဒင်နဂျက် ဟာလည်း အဲဒီအကျဉ်းစခန်းကို သွားလည်သင့်တယ်လို့ NBC ရုပ်မြင်သံကြားကို စခန်းသွားမလည်ခင်လေးမှာ ဘားရက်အိုဘားမားက ပြောခဲ့ပါသေးတယ်။

သမိုင်းကို ငြင်းဆိုနေသူတွေအပေါ် စိတ်မရှည်နိုင်တော့ပါဘူးလို့ မစ္စတာ အိုဘားမား က ဆိုပါတယ်။ ဂျူးတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့သမိုင်းဟာ မှန်းဆနေတာ မဟုတ်ပါဘူးလို့ သူက ပြောပါတယ်။

သမ္မတအိုဘားမား မိန့်ခွန်း အာရပ်ကမ္ဘာ ကြိုဆို

05 June 2009


U.S. President Barack Obama waves as he leaves Airforce One upon his arrival at the airport in Dresden, Germany, 04 Jun 2009
အမေရိကန်သမ္မတ အိုဘားမား ဂျာမဏီနိုင်ငံသို့ ရောက်ရှိစဉ်။
ဇွန် ၄၊ ၂၀၀၉။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား
(Barack Obama) က အမေရိကန်
ပြည်ထောင်စုနဲ့ ကမ္ဘာမှာရှိကြတဲ့ သန်းပေါင်း
၁,၀၀၀ သော မူစလင်တို့ကြား ဆက်ဆံရေးမှာ
ကဏ္ဍသစ်တရပ်စတင်ဖို့ တောင်းဆိုသွားပြီး
နောက် နိုင်ငံအများအပြားကို သွားရောက်တဲ့
ခရီးစဉ်ရဲ့ နောက်ဆုံးအဖြစ် ဂျာမဏီနိုင်ငံကို
ရောက်ရှိပြီဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံအပြင် ပြီးရင်ဝင်ရောက်မယ့်
ပြင်သစ်နိုင်ငံမှာ မစ္စတာအိုဘားမား ဥရောပ
ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဒုတိယ
ကမ္ဘာစစ်မှာ အောင်နိုင်စေခဲ့တဲ့ မဟာမိတ်
တပ်တွေ နော်မန်ဒီကမ်းခြေကို ဆိုက်ရောက်ခဲ့တဲ့ D-Day ၆၅ နှစ်မြောက် အခမ်းအနား
ကို တက်ရောက်မှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မူစလင်တို့အကြား ရှိနေတဲ့ သံသယနဲ့ ကွဲလွဲမှုတွေ
သံသရာလည်နေတာ အဆုံးသတ်မှ ရတော့မယ်လို့ သမ္မတ အိုဘားမားက အီဂျစ်နိုင်ငံ
ကိုင်ရိုတက္ကသိုလ်မှာ ကြာသပတေးနေ့ကပဲ မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။

သွေးဆိုးတဲ့ အစွန်းရောက်သမားတွေဟာ မူစလင်တွေနဲ့ အနောက်နိုင်ငံကြားမှာ
ရှိထားတဲ့ တင်းမာမှုတွေကို အခွင့်ကောင်းယူခဲ့ကြတယ်လို့ သူကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မူစလင်တွေဟာ ပုံစံအမျိုးမျိုးနဲ့ရှိနေတဲ့ အစွန်းရောက်မှု
ကို အတူလက်တွဲ တိုက်ဖျက်သွားရမယ်လို့လည်း မစ္စတာအိုဘားမားက ပြောကြား
သွားခဲ့ပါတယ်။

အမေရိကန်နဲ့ မူစလင်နိုင်ငံတွေကြားမှာ ဆက်ဆံရေးသစ်စတင်ဖို့ ပြောဆိုလိုက်တဲ့
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားရဲ့ မိန့်ခွန်းကို နိုင်ငံတကာက သတိနဲ့
အကောင်းဘက်က တုံ့ပြန်ခဲ့ကြပါတယ်။ အစဉ်အလာအားဖြင့် အမေရိကန်ကို
ဆန့်ကျင်နေတဲ့ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့ကတောင် သတိနဲ့
အပြုသဘော တုံ့ပြန်ပါတယ်။

သမ္မတ မိန့်ခွန်းပြောဖို့ ပူးတွဲကမကထလုပ်တဲ့ ရှေးဟောင်း အယ်လ်အဇာတက္ကသိုလ်က
ဘာသာရေးခေါင်းဆောင်ကလည်း သမ္မတအိုဘားမားရဲ့ ပြောကြားချက်ဟာ
ယဉ်ကျေးမှုအချင်းချင်း ပဋိပက္ခထက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာစေဖို့
လမ်းခင်းပေးလိုက်ရာရောက်တဲ့ ဆက်ဆံရေးခေတ်သစ်ကို ဖန်တီးလိုက်တဲ့ လက္ခဏာ
ပဲလို့ပြောပြီး ကြိုဆိုခဲ့ပါတယ်။

အစ္စရေးလ်နဲ့ ပါလက်စတိုင်း ပဋိပက္ခနဲ့ပတ်သက်ပြီး မစ္စတာအိုဘားမား ဘွင်းဘွင်း
ရှင်းရှင်း ပြောခဲ့တဲ့အပေါ်မှာလည်း အရှေ့အလယ်ပိုင်းက တချို့က ကြိုဆိုလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒသစ်အတွက် ကောင်းတဲ့အစဖြစ်သလို
အရေးကြီးတဲ့ခြေလှမ်းလည်း ဖြစ်တယ်လို့ ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်
(Mahmoud Abbas) ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

သမ္မတအိုဘားမားရဲ့ မိန့်ခွန်းဟာ အရင် အမေရိကန်အစိုးရရဲ့ ချဉ်းကပ်မှုနဲ့ ကွာခြား
ကြောင်း ထင်သာမြင်သာ ရှိစေတယ်လို့ ဟားမတ်စ်အဖွဲ့ ပြောခွင့်ရသူကလည်း
ပြောပါတယ်။ အမေရိကန်ရဲ့ ကဏ္ဍသစ်ဖွင့် ကြိုးပမ်းမှုဟာ ပဋိပက္ခတွေ အဆုံးသတ်
စေလိမ့်မယ်လို့ သမ္မတအိုဘားမားရဲ့ မျှော်လင့်ချက်မျိုး အစ္စရေးလ်ကလည်း မျှော်လင့်
ပါတယ်လို့ အစ္စရေးလ်အစိုးရက ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းရေး အပစ်ရပ်အဖွဲ့တွေ သဘောကွဲ

05 June 2009


မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကချင်ပြည် လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)ကို နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းလဲရေးအတွက် ကေအိုင်အေက လူထုဆီကနေ သဘောထားကောက်ယူမှုတွေ လုပ်နေပါတယ်။
အဲဒီအခါ ကချင်ပြည်သူအများစုက လက်မခံဘူးလို့ ဆိုပါတယ်။ ဒီလို အပစ်အခတ်ရပ် အဖွဲ့အစည်းတွေနဲ့ မြန်မာ စစ်အစိုးရ ရဲ့ ကမ်းလှမ်းချက်အတိုင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ထိုင်း အခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

စစ်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)က လွန်ခဲ့တဲ့အပတ် စနေနေ့ မေလ ၃၀ ရက်နေ့က ကေအိုင်အေဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့မှာ လူထုအစည်းအဝေးကျင်းပပြီး လူထုရဲ့ သဘောထားကို ရယူခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ လူထုဘက်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံတဲ့ အကြောင်း ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူတယောက်က ပြောပါတယ်။

“အဲဒီအချိန်မှာ သုံးယောက်လောက် အကြံဉာဏ်ပေးလိုက်ပါတယ်။ ကျနော်တို့ ရှေးနှစ်ပေါင်းများစွာကတည်းက သူတို့ စကားကိုပဲ လိုက်လျောခဲ့တယ်။ သူတို့ပြောသလို သူတို့ အချိုသတ်တဲ့ဟာကိုပဲ နားထောင်ခဲ့တယ်၊ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ အဲဒီယုံကြည်ချက်တွေက တခုမှ ဖြစ်မလာခဲ့ဘူး။ အခုတော့ ကျနော်တို့ နယ်ခြားစောင့်တပ်အနေနဲ့ လုံးဝ အဖြစ်ခံမှာ မဟုတ် ဘူး။

“နယ်ခြားစောင့်တပ်အဖြစ် လုပ်လိုက်မယ်ဆိုရင် ရှေးသေသွားတဲ့ ဘိုးဘေးတွေရဲ့သွေးက ထအော်လာလိမ့်မယ်ပေါ့။ အဲဒီ လိုမျိုး ပြောကြတယ်။ ကျနော်ထင်သလောက် လူထုရဲ့စိတ်ကတော့ လုံးဝမပြောင်းလဲဘူး။ အသွင်းပြောင်းလဲရေးကိစ္စမှာ တချို့က သဘောမတူဘူး။ တချို့ကတော့ အသွင်ပြောင်းရမယ်။ ဒါပေမယ့် လက်နက်မချဘူး၊ နယ်ခြားစောင့်တပ် မလုပ် ဘူး။ အသွင်ပြောင်းတာကတော့ နာမည်ပြောင်းရင် ပြောင်းမယ်၊ အဲဒီလောက်ပဲ ရှိရင်ရှိမယ်။”

ကေအိုင်အေအဖွဲ့နဲ့ နီးစပ်တဲ့ ကချင်အမျိုးသမီးတယောက်ကလည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ကချင်လူထုရဲ့ သဘောထားကို အခုလို ပြောပြပါတယ်။

“လူထုအများစုကတော့ လက်မခံဘူး၊ မကြိုက်ပါဘူး။ ရိုးရိုးပြည်သူတွေ၊ သူတို့အထဲက ၀န်ထမ်းတွေကရော အဲဒါကို လက်မခံချင်ကြဘူး။ ကေအိုင်အေတပ်ထဲမှာလည်း အဲဒါကို လက်မခံချင်တဲ့အုပ်စုက များမယ်ထင်တယ်။”

ကေအိုင်အိုအဖွဲ့ ဒုတိယသဘာပတိ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ မိုင်ဂျာယန်မှာ အလားတူ လူထု အစည်းအဝေးတခု ကျင်းပဖို့ ရှိနေပါတယ်။

ကချင်သတင်းဌာနအယ်ဒီတာ ကိုနော်ဒင်းကတော့ ကေအိုင်အိုကိုရောက်လာတဲ့ စာအတော်များများကလည်း လက်မခံဖို့ အကြံပြုထားတယ်လို့ ကြားသိရတယ်လို့ ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ
ဦးအောင်ကျော်ဇောကတော့ တခြားအပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်၊ ၀နဲ့ မုံးလားအဖွဲ့တွေနဲ့ သူတို့ပြည်သူတွေရဲ့ သဘောထားကို အခုလိုပြောပြပါတယ်။

“ဒီတိုင်းရင်းသားများအဖွဲ့ မြန်မာပြည်တွင်း အခြေအနေကို မြင်တဲ့အခါကြတော့ ဗမာ ဗမာအချင်းချင်းတောင် ဒီလောက် ရက်ရက်စက်စက်လုပ်တယ်။ ဗမာဘုန်းကြီးတွေကို ဒီလိုလုပ်တယ်။ နောက်ဆုံး ကမ္ဘာသိ၊ နိုင်ငံသိ ဒေါ်အောင်ဆန်းစုကြည် တောင် ဒီလိုလုပ်တယ်ဆိုရင် ငါတို့အမျိုးသားခေါင်းဆောင်တွေကတော့ လူမသိ သူမသိ အချိန်မရွေး ထောင်ထဲ ၀င်သွား နိုင်တာပဲဆိုတဲ့ အချက်တွေ ရှိတယ်။ အဲဒီ မယုံကြည်မှုတွေပေါ့။ အဲတော့ ဒီဟာကို လက်ခံနိုင်ဖို့ဆိုတာက လူထုလည်း ခက်ခဲ ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းကလည်း ခက်ခဲပါတယ်။”

မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကမ်းလှမ်းတာကို ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက လက်မခံဘူးလို့ တုံ့ပြန်ထားပြီး ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ မုံးလားအဖွဲ့ကတော့ တပ်အသွင်ပြောင်းရေးကို မူအရ လက်ခံ ပေမဲ့ မြန်မာစစ်တပ်က အရာရှိတွေနဲ့ ပူးပေါင်းပြီး ဖွဲ့စည်းရေးကို လက်မခံနိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ကိုးကန့်အဖွဲ့ ကတော့ ပြတ်ပြတ်သားသား တုံ့ပြန်တာ မကြားသိရသေးပါဘူး။

အခုလို အပစ်ရပ်အဖွဲ့တွေက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံရင် နောက်ဆက်တွဲ ဖြစ်ပေါ်လာ နိုင်တဲ့ အခြေအနေကို ဦးအောင်ကျော်ဇောက အခုလို သုံးသပ်ပါတယ်။

“အခုလို ၀က ၂၀ ရက်နေ့ အကြောင်းပြန်ပြီးနောက်ပိုင်း ကျနော်တို့တွေ့တဲ့ တပ်အပြောင်းအရွှေ့ ဘာညာ ထူးခြားမှု မရှိပါ ဘူး။ တဘက်ကလည်း စစ်ဆင်ရေးလုပ်ဖို့ဆိုတာ လက်တွေ့ကတော့ မဖြစ်နိုင်ဘူး။ ဘာလို့မဖြစ်နိုင်လဲဆိုတော့ တစ်အချက် ပြည်တွင်းမှာ ဒေါ်စုကိစ္စက နိုင်ငံရေးအရ အကျပ်အတည်း အကြီးကြီး ဖြစ်နေတယ်၊ နိုင်ငံတကာနဲ့ ပတ်သက်ရင်။နှစ်အချက် က ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေဆိုတာက နှစ် ၂၀ အတွင်းမှာ သူ နိုင်ငံတကာကို မျက်နှာပြပြပြီး ပြောနေရတဲ့ သူ့အတွက် အမှတ်တစုံတရာ ရစေတဲ့အချက် ဖြစ်နေတာကိုး။ အဲဒါကြီးကို သေနတ်သံပြန်မြည်တယ်ဆို သူရထားတဲ့ အချက်အလက် ကလည်း ပျက်စီးသွားမှာ။ အဲတော့ သူ့မှာ ဘာမှ မကျန်တော့ဘူး။ ဒါကြောင့် သူ မလုပ်ရဲဘူးဗျ။”

တရုတ်-မြန်မာနယ်စပ်က အပစ်ရပ်အဖွဲ့တွေရဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ဘက်က ဒီကေဘီအေလို ကရင်အပစ်ရပ်အဖွဲ့နဲ့ လူအင်အား လက်နက်အင်အား နည်းပါးတဲ့ အဖွဲ့ အစည်း တော်တော်များများကတော့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်ခံထားကြောင်း သိရပါတယ်။

မြန်မာစစ်အစိုးရရဲ့ အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့ အပစ်ရပ် မွန်ပြည်သစ်ပါတီကတော့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး တိတိကျကျ သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။



* Home
* Daily News
* Gallery
* History
* About Us
* English Version
* image

မြောက်ဦးမြို့တွင် ရေတွင်းတူးရာမှ ရှေ့ခေတ် လှေတစ်စင်း ထွက်ပေါ်လာ

6/5/2009

ရခိုင်ပြည် မြောက်ဦးမြို့တွင် ရှေ့ခေတ်အခါက အသုံးပြုခဲ့သည့် လှေတစင်းကို ရေတွင်း တူးရာမှ မြေထဲ၌ မြုပ်နှံလျက် တွေ့ရှိခဲ့သည်ဟု 7 days news ကိုကားပြီး ဆင်ဟွာ သတင်း က ဖေါ်ပြသည်။

အဆိုပါ သတင်း၏ ဖေါ်ပြချက်အရ ဒေသခံများက မေလ (၂၈)ရက်နေ့တွင် မြောက်ဦးမြို့ တံတိုင်းအနီး ရေတွင်း တူးရာမှ ထိုလှေကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း (၄၀၀) ကျော် ကတည်းကပင် ထိုနေရာ၌ မြုပ်နှံတည်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း အများက ယူဆနေကြ သည်။

အဆိုပါ လှေမှာ ၅ မီတာကျော် ရှည်လျားပြီး၊ မြေထဲသို့ အနက် ၇ မီတာကျော် တူးပြီး သောအခါ အဆိုပါလှေအား မြုပ်နှံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

လူနှစ်ယောက် လှော်ခတ်နိုင်သည့် အဆိုပါလှေမှာ မြောက်ဦး ခေတ်က အသုံးပြုသည့် ကင်းလှည့်လှေ အမျိုးအစား ဖြစ်နိုင်ကြောင်း သမိုင်း လေ့လာသူများက ပြောဆိုသည်။

အဆိုပါလှေကို ပြန်လည်မွမ်းမံပြီး မြောက်ဦးရှေ့ဟောင်းပြတိုက်တွင် ပြသထားမည် ဖြစ်ကြောင်း သိရှိရသည်။

မြောက်ဦးမြို့သည် မြန်မာနိုင်ငံ၌ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည့် ကျောက်တော် မဟာမုနိ ဘုရားမှ မိုင် (၃၀) အကွာတွင် တည်ရှိပြီး၊ အေဒီ ၁၅ ရာစုမှ ၁၈ ရာစုထိ ရခိုင်ဘုရင်များ ထီးနန်းစိုက်ရာ ရှေ့ဟောင်းမြို့တော် တစ်ခုဖြစ်ခဲ့သည်။

သို့အတွက် မြောက်ဦး မြို့ အနီး တ၀ိုက်တွင် ရှေ့ဟောင်း ဘုရားစေတီပုထိုးများမှာ လက်ညိုးထိုး၍ မလွဲအောင် ပေါများသည်။

မြောက်ဦးမြို့တွင် စစ်သားနှင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား၍ အရပ်သား နှစ်ဦး ဓါးထိုးခံရ

6/5/2009

မင်းအောင်(နိရဉ္စရာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ရထားလမ်း ဖောက်လုပ် ရာတွင် တာဝန်ကျနေသည့် စစ်သား နှစ်ဦးက လူငယ်များနှင့် ခိုက်ရန်ဖြစ်ပွားရာမှ ဓါးနှင့် ထိုးသဖြင့် အရပ်သား နှစ်ဦး ဒဏ်ရာ ရရှိသွားသည်။

ဒဏ်ရာရှိသွားသူနှစ်ဦးမှာ ဦးရွှေသိန်းအောင် (ဘ) ဦးထွန်းထွန်း - အသက် ၄၁ နှစ်- နှင့် ရွှေအောင် (ဘ) ဦးအောင်ကျော်စိန် - အသက် ၄၂ နှစ်တို့ - ဖြစ်ကြသည်။

သူတို့အား ဓါးနှင့်ထိုးသော စစ်သားနှစ်ဦးမှာ တပ်သား အောင်ဝင်းနိုင်နှင့် ဇော်မျိုးဇော်တို့ ဖြစ်ပြီး မီးရထား လမ်းပိုင်း ဖောက်လုပ်ရာတွင် တာဝန်ကျနေသည့် စစ်သား များ ဖြစ်သည်၊

အဆိုပါ ဓါးထိုးမှုမှာ ယမန်နေ့ ည ၉ နာရီ အချိန်တွင် မြောက်ဦးမြို့ရှိ သန်းသန်း ဗွီဒီယိုရုံတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့ တောင်ရပ်မှ အမည် မဖေါ်လိုသူ တဦးက “သူတို့က ရထား လမ်းဖောက်တဲ့ နေရာမှာ တာဝန်ကျ နေတဲ့ စစ်သားတွေ ဖြစ်ကြပါတယ်။ ရပ်ကွက် ထဲက သန်းသန်း ဗွီဒီယိုရုံမှာ ဗွီဒီယို ခိုးပြီး လာကြည့်တော့ ရပ်ကွက်ထဲက လူငယ်တွေနဲ့ စကား များကြပြီး သတ်ပုတ်တဲ့ အထိ ဖြစ်သွားကြတယ်။ နောက်တော့ ဘာမှ ရန်ပွဲမှာ မပါဘဲ အေးအေး ဆေးဆေး ထိုင်နေတဲ့ သူ နှစ်ဦးကို စစ်သားတွေက လာပြီး စူးနဲ့ ထိုးသွားပါတယ် ”ဟု မျက်မြင်တဦးကပြောသည်။

တပ်သား အောင်ဝင်းနိုင်က မီးစက်တွင် အသုံးပြုနေသော ၀က်အူလှည့်ကို ယူပြီး ထိုးလိုက် သဖြင့် ဦးရွှေသိန်းအောင် ညာဘက် ပခုံးတွင် ဒဏ်ရာ ရရှိသွားပြီး ဦးရွှေအောင် မှာလည်း ဦးခေါင်းတွင် ဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့ဟု အဆိုပါ မျက်မြင်က ပြောသည်။

“ခုလို ရွာသားတွေကို စစ်သားနှစ်ဦးက ဓါးနဲ့ထိုးတယ်ဆိုတဲ့ သတင်း ပျံ့သွားတော့ ရပ်ကွက်ထဲက လူငယ်တွေ ထွက်လိုက် လာပြီး စစ်သားတွေကို ဆော်ထည့်လိုက်တာ ရပ်ကွက်က လူကြီးတွေသာ ကြားဝင် မပေးရင် သူတို့နှစ်ယောက်လည်း သေသွားနိုင်ပါတယ်။”

ယနေ့ နေ့လည်က အခင်း ဖြစ်ပွားခဲ့သည် တပ်စိတ်ကို မြောက်ဦးမြို့ အောင်တပ်အခြေစိုက် ခမရ ၅၄၀ မှ တပ်ရင်းမှူး ကိုယ်တိုင်လာပြီး ခေါ်ဆောင်သွားခဲ့ပြီး ခေါ်ယူခံရသည့် အထဲတွင် အဆိုပါ တပ်စိတ် တာဝန်ခံ ဗိုလ်ကြီး အောင်ကိုဝင်း လည်း ပါဝင်သည်ဟု မျက်မြင်များက ပြောသည်။

ယခုကဲ့သို့အဖြစ်မျိုး လွန်ခဲ့နှစ်ကလည်း စစ်တွေမြို့ ကသည်းရွာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး လူအသေ အပျောက် များရှိခဲ့သည်ဟု သိရသည်။



ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နောက်ဆုံးအခွင့်အရေးတစ်ခု
Kaowao

ဇွန် ၅၊ ၂၀၀၉။

ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်အလုပ်လုပ်နေသော တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် အလုပ်လုပ်ခွင့်လက်မှတ်နှင့် ယာယီနိုင်ငံကူးလက်မှတ်ကို ထုတ်ပေးရန်ထိုင်းအစိုးရမှ စီစဉ်ကြိုးပမ်းနေကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီး ပိုင်ထုန်ကယောက်တွန်က ဇွန်လ(၂) ရက်နေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော်ရှိသော်လည်း တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံခြားသား အလုပ်သမားအရေအတွက်မှာ ၅ သိန်းခန့်ရှိမည်ဟု အလုပ်သမားဝန်ကြီးမှ တရားဝင်ပြောကြားခဲ့ပါသည်။

အလုပ်ရှင်များအနေနှင့် မှတ်ပုံတင်လုပ်မည့်အလုပ်သမားများကို ဦးစွာ အလုပ်သမားရေးဝန်ကြီးဌာနတွင် စာရင်း ပေးသွင်းရပြီး (၂) နှစ်သက်တမ်းရှိအလုပ်လုပ်ခွင့် လက်မှတ်နှင့် ယာယီနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ခွင့်ရမည် ဖြစ်ကြောင်း ဝန်ကြီးမှပြောကြားခဲ့သည်။ အလုပ်လုပ်ခွင့်လက်မှတ်ကို ၂ ကြိမ်သက်တမ်းတိုးရပြီး ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်တွင် မှတ်ပုံတင်ရက်ကုန်ဆုံးမည် ဖြစ်သည်။

၎င်းမှတ်ပုံဝင်ရေးလုပ်ငန်းပြီးစီးပါက နိုင်ငံခြားအလုပ်သမားများအနေနှင့် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရမည်အပြင် လိုအပ်သော လူမှုဖူလုံရေးနှင့် လူနေမှုစားရိတ်များကို ခံစားခွင့် ရရှိမည်ဟု ထိုင်း အလုပ်သမားရေးဝန်ကြီးမှ ပြောသည်။

ဤအစီအစဉ်ကို ထိုင်းကက်ဘိနက်မှ အတည်ပြုပြီး ပြည်တဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာပါက (၁) အတွင်း မှတ်ပုံတင်ပြုလုပ်နိုင်မည် ဖြစ်သည်။



ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပြန်ပေးဆွဲခြင်းမှပြန်လွတ်လာပြီ
Kaowao

ဇွန် ၅၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၅)။ ။ ယမန်နေ့ သတင်းတွင်ဖေါ်ပြခဲ့သော ရွာဥက္ကဌဟောင်းအပါအဝင် ရွာသားနှစ်ဦး အဖမ်းခံခဲ့ ကြရာ ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးဖြစ်၍ သက်ဆိုင်ရာ ၄င်းတို့နေအိမ်အသီးသီးကို ပြန်လည် ရောက်ရှိနေကြောင်း၊ စိတ်ပိုင်းအရ ခံစားနေကြရပြီး ရုပ်ပိုင်းကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ဘုရားသုံးဆူ အုပ်ချုပ်ရေးဒေသ (မွန်ပြည်သစ်ပါတီ) မှ တာဝန်ခံတစ်ဦးက ယနေ့နံနက်တွင် အတည်ပြုပြောကြား ခဲ့သည်။

အဖမ်းခံခဲ့ရသည့် ရွာဥက္ကဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်းတို့ကို လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲခြင်းဖြစ်ပြီး ကာယကံရှင်များက ထိုင်းဘတ်ငွေ ငါးသောင်းတိတိဖြင့် ရွေးခဲ့ရကြောင်း သိရသည်။

သို့သော် ဤအချက်ကို ကာယကံရှင်များ ငြင်းပယ်လျှက်ရှိသည်။ “ရွာအတွက်ဆက်ကြေးတောင်းတယ်လို့ အဲဒီ အဖွဲ့ကပြောတယ်၊ သူတို့ အဆင်ပြေတဲ့တစ်နေ့ ပြန်ဆပ်မယ်လို့လည်းပြောတာပါပဲ” ကာယကံရှင်များက ယင်းကဲ့သို့ ထွက်ဆိုကြောင်း မြို့နယ်ကော်မတီဝင်(မွန်ပြည်သစ်ပါတီ) နိုင်ဘတင်က ပြောပြပါသည်။

အဆိုပါလက်နက်ကိုင်တပ်ဖွဲ့အမည်မှာ “ရာမညတပ်” ဟုအမည်ခေါ်ဆိုပြီး မွန်ပြည်သစ်မှ ရဲဘော်ဟောင်း နိုင်ခင်မောင် ဦးစီးကာ မွန် ၅ ဦး၊ ကရင် ၅ ဦး၊ ထားဝယ်အမျိုးသား ၁ ဦးပါဝင်ပြီး စုစုပေါင်း AK-47 သေနတ် ၆ လက်နှင့် ပစ္စတို တစ်လက်ရှိသည်ဟု သိရသည်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့သည် ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူနယ်စပ်မြို့နှင့် နီးကပ်လျှက်ရှိသည့် တပ်ရင်း-၃ ကျေးရွာ၌ လွန်ခဲ့သည့် ဇွန်လ ၃ ရက်နေ့ ညပိုင်း ၇ နာရီ ၅၅ မိနစ်ခန့်တွင် ကျေးရွာ ဥက္ကဌဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်း တို့ကို နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ဝင်တို့ကို မွန်ပြည်သစ်တပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေနေဆဲဖြစ်ပြီး ထိုင်းစစ်တပ်တို့ ကလည်း ထိုင်းနယ်မြေထဲ မလာရောက်နိုင်ရန် အဆိုပါနယ်စပ်တစ်လျှောက်တွင် အထူးဂရုစိုက်နေကြ၏။ အခြား နယ်မြေတစ်နေရာသို့ ယင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တို့ ပြောင်းရွေ့ရန် တာစူနေကြောင်း မွန်ပြည်သစ်ပါတီမှ ယူဆနေသည်။

မွန်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ပေါ်လာပြန်ပြီ
Fri 05 Jun 2009, အာကာ
ဗုဒ္ဓဟူးနေ့ ည ၈ နာရီခန့်တွင် မွန်ပြည်သစ်ပါတီနယ်မြေ တပ်ရင်း(၃) ကျေးရွာမှ ရွာသား (၂) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ထပ်မံပေါ်ပေါက်လာသော မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖြစ်သည်ဟု မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ ခေါင်းဆောင် နိုင်ပန်းညွှန့်က ပြောသည်။

အသစ်ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့၏ အမည်မှာ “ရာမညတပ်” ဖြစ်ပြီး လွန်ခဲ့သည့်သီတင်းပတ် (၂) ပတ်ခန့်ကပင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ၄င်းတပ်မှာ အင်အား (၁၀) ဦးခန့်သာ ရှိပြီး တနင်္သာရီတိုင်းတွင် စတင်လှုပ်ရှားနေကြောင်း ၄င်းက ပြောသည်။

၎င်းပြင် ယခုပေါ်ပေါက်လာသော လက်နက်ကိုင်တပ်ဖွဲ့မှာ မိမိတို့နှင့် မသက်ဆိုင်ကြောင်း၊ စစ်ရေးလှုပ်ရှားရာ အခြေခံဒေသ ထပ်တူမှု ရှိသော်လည်း မိမိတို့အချင်းချင်း ပဋိပက္ခမဖြစ်လိုကြောင်း ယခုကဲ့သို့ပြောသည်။

လွန်ခဲ့တဲ့ ၂ ပတ်လောက်က ဒီ “ရာမညတပ်” ပေါ်လာတယ်လို့ ကြားတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့လည်း အဆက်အသွယ် လုပ်တယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ရှောင်ခိုင်းထားတယ်။ ကျနော်တို့ အချင်းချင်း နားလည်မှုရဖို့ ညှိနှိုင်းရဦးမယ်” ဟု ၄င်းက ပြောသည်။

ယခုထပ်မံပေါ်ပေါက်လာသော ရာမညတပ်တွင် မွန်၊ ကရင်၊ ထားဝယ် အမျိုးသားများဖြင့် ဖွဲ့စည်းထားသည်ဟုလည်း မွန်ပြည်သစ်ပါတီ နှင့် မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ တို့က ယူဆထားသည်။

လွန်ခဲ့တဲ့ညက ကျနော်တို့ရွာသား ၂ ဦးကို ဖမ်းသွားတဲ့ အဖွဲ့ထဲမှာ မွန် ၃ ယောက်၊ ကရင် ၃ ယောက်၊ ထားဝယ် ၁ ယောက် ပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ မြို့နယ်အုပ်ချူပ်ရေးကော်မတီဝင် နိုင်ဘတင်က အတည်ပြု ပြောကြားသည်။

မွန်ပြည်သဝ်ပါတီ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည်ကို မလိုလားသောကြောင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးက ယခု “ရာမညတပ်” ကို ဖွဲ့စည်းခြင်း ဖြစ်နိုင်သည်ဟုလည်း အထက်ပါ ပါတီတို့က ယူဆကြသည်။

ကုန်သည်များနှင့် အာဏာပိုင်တို့၏ ညှိနှိုင်းမှုကြောင့် လူပွဲစားများ ဖမ်းဆီရန် အမိန့်ထုတ်ခြင်းမှ ရုပ်သိမ်း
Fri 05 Jun 2009, မိမွန်စွန်း, IMNA
ကော့သောင်းမြို့ရှိ အမြန်ယာဉ် လှေပိုင်ရှင်၊ ဟိုတယ်ပိုင်ရှင်များက တနင်္သာရီ ကမ်းရိုးတန်း တိုင်းရင်းမှူးနှင့် ညှိနှိုင်းမှုကြောင့် နေပြည်တော်မှ ကော့သောင်းရှိ လူပွဲစားများကို ဖမ်းဆီရန် အမိန့်ထုတ်ထားခြင်းမှ ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

လွန်ခဲ့သည့် မေလ ( ၂၂ ) ရက်နေ့တွင် ကော့သောင်းမြိုံ့နယ် မြွေကျွန်းအနီးတွင် လှေမှောက်ပြီး လူ ( ၁၁) တစ်ဦး အသက်ပျောက်ဆုံးခဲ့သည်။ လှေမှောက်ပြီးပြီးချင်းမှာပဲ နေပြည်တော်မှ အဏာပိုင်တွေက လာရောက်စစ်ဆေးပြီး မေလ (၂၈) ရက်နေ့ မှစပြီး၊ လူပွဲစားများကို မဖ်းဆီးရန် အမိန့်ထုတ်ခဲ့သည်။

ဇွန်လ (၁) ရက်နေ့တွင် ကော့သောင်းမြို့ရှိ အမြန်ယာဉ် လှေပိုင်ရှင် (၂) ဦးနှင့် ဟိုတယ်ပိုင်ရှင် တစ်ဦးတို့က တနသာင်္ရီတိုင်း တိုင်းရင်းမှူးနှင့် ညှိနှိုင်းဆွေးနွေးရန် မြိတ်မြို့သို့သွားခဲ့ပြီး လာဘ်ထိုးထားသောကြောင့် တိုင်ရင်းမှူးက လူပွဲစားများကို ဖမ်းဆီရန် အမိန့်ထုတ်ထားခြင်းမှ ရုပ်သိမ်းခဲ့သည်ဟု ကော့သောင်းမြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

“ လှေပိုင်ရှင်တွေက တိုင်းရင်းမှူးဆီကို လာဘ်ထိုးခဲ့တယ်။ သူတို့ ဒီလို လာဘ်မထိုးရင် လှေပိုင်ရှင်တွေက လှေပြန်ဆွဲဖို့ မရဘူး။ ဒါကြောင့် သူတို့ စီးပွားရေး ထိခိုက်မှာစိုးလို့ အခုလို လှေပိုင်ရှင်နဲ့ ဟိုတယ်ပိုင်ရှင်တွေ ပေါင်းပြီး တိုင်းရင်းမှူးကို ပိုက်ဆံသွားပေးလိုက်တယ်၊ အခုတော့ လှေသမားတွေ လှေဆွဲခွင့်ရပြီး” ဟု ကော့သောင်းမြို့ခံ တစ်ဦးကပြောသည်။

လှေမှောက်ပြီးနောက်ပိုငှ်း မြန်မာအာဏာပိုင်တို့၏ ဖမ်းဆီးမှုကိုကြောက်သည့်အတွက်
လှေသမား ( ၂၀) ဦးခန့်က တဘက်ကမ်း ထိုင်းနိုင်ငံ-ရနောင်းမြို့တွင် တိမ်းရှောင်နေရသည်။

“လှေသမား အများစုက ရဲတွေဖမ်းမှာကြောက်လို့ ရနောင်းဘက်မှာ တိမ်းရှောင်နေရတယ်။ သူတို့မှာ ဘာအလုပ်မှ မရှိဘူး။ ကော့သောင်းဘက်ကိုတော့ မိသားစုနဲ့ ခဏတွေ့ရုံလောက်ပဲလာနိုင်တယ်” ကော့သောင်းမြို့မှ လှေသမားတစ်ဦးက ပြောသည်။

လှေမှောက်ပြီးနောက်ပိုင်း နေပြည်တော်မှ လိုက်လံဖမ်းဆီမှုကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရန်ကြိုးပမ်းနေကြသည့် မြန်မာအလုပ်သမားများ အခက်တွေ့သလိုမျိုး လှေပိုင်ရှင်များကလည်း လှေမဆွဲနိုင်သောကြောင့် စီးပွားရေးထိခိုက်ရသည်။

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လှေသမားများ လှေမထွက်ရဲ
Fri 05 Jun 2009, မိမွန်စွန်း,IMNA
တနသာင်္ရီတိုင်း ကော့သောင်းမြိုးတွင် လွန်ခဲ့သည့် ( ၅ ) ရက်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လှေသမားများ လှေမထွက်ရဲဘဲရှိနေကြသည်။ အာဏာပိုင်တွေကလည်း ကော့သောင်းမြို့တွင် မုန်တိုင်းဝင်ရောက်ရန်ရှိကြောင်းလည်း ကြေညာထားသည်။

“ မိုးကြီးနေတာ ၅ ရက်လောက်ရှိပြီး၊ လှေသမားတွေကလည်း လှေမထွက်ရဲဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တာဝန်ရှိသူတွေကလည်း ကော့သောင်းမြို့မှာ မုန်တိုင်းဝင်ရောက်နိုင်တဲ့ အခြေအနေရှိတယ်လို့ ကြေညာထားတာရှိတယ်” ဟု ကော့သောင်းမြိုံ့ရှိ လှေသမားတစ်ဦးက ပြောသည်။

ဇွန်လ ( ၃ ) ရက်နေ့ ည ၁၁ နာရီခန့်တွင် ကော့သောင်းမြို့၌ မိုသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုပြီး ကလေး (၃) ဦးနှင့် လူကြီး (၁) ဦး သေးဆုံးပြီး အိမ်နှင့် ဘုန်းကြီးကျောင်းတွင်လည်း ပျက်စီးမှုများဖြစ်ပွားခဲ့သည်ဟု ကော့သောင်းမြို့ရှိ စေတဝန် ဘုန်းကြီးကျောင်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“ ဘုန်းဘုန်းတို့ကျောင်းမှာ အုတ်တံတိုင်း ၅ ခန်းလောက်ပျက်စီးသွားတယ်၊ ဒီရပ်ကွက်မှာရှိတဲ့ တချို့ ဒါကာ အိမ်တွေလည်း တော်တော်ပျက်စီးသွားတယ်” ဟု ယင်းဆရာတော်က ဆက်ပြီးမိန့်ကြားသည်။

ကော့သောင်းမှ ထားဝယ်သို့ ပြေးဆွဲနေသည့်လှေများသည် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ခတ္တရပ်ဆိုင်းထားသည်။

“လှေပိုင်ရှင်တွေက လှေလက်မှတ်ရောင်းသူတွေနဲ့ လှေသမားတွေကို သတိပေးထားတယ်၊ မုန်တိုင်းဝင်ဖို့ရှိတယ် အဲဒါကြောင့် လှေသမားတွေ လှေမထွက်ရဲဘူး” ဟု လှေပြေးဆွဲသူတစ်ဦးက ပြောသည်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ခြောက်လပတ် အစည်းအဝေး ကြေငြာချက်ထုတ်ပြန်
သောကြာနေ့၊ 05 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ အာရ်စီအက်စ်အက်စ်/သျှမ်းပြည်တပ်မတော် အက်စ်အက်စ်အေ (တောင်ပိုင်း) မှ ၂၀၀၉ ပထမ ခြောက်လပတ်အစည်းအဝေးကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ ယခုလအစောပိုင်း၌ ကျင်းပခဲ့ကြောင်း SSA သတင်းရပ်ကွက်က ဆိုပါသည်။
[သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးကြီးယွက်စစ် (Photo: taifreedom.com)]

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးကြီးယွက်စစ် (Photo: taifreedom.com)

၂၀၀၉ ပထမ ခြောက်လပတ်အစည်းအဝေးအား ဂျွန်လ ၂-၃ ရက်နေ့အထိ ကျင်းပရာ SSA ထိပ်ပိုင်းခေါင်းဆောင်များ၊ တပ်မဟာမှူးများ စစ်ဒေသတပ်မှူးများ စစ်ကြောင်းမှူးများ လုံခြုံရေး အုပ်ချုပ်ရေး စည်းရုံးရေးပိုင်းအရာရှိများ တက်ရောက် သကဲ့သို့ လူထုကိုယ်စားလှယ် ဆက်ဆံရေးကိုယ်စားလှယ် - အင်အား ၁၅၀ ကျော် တက်ရောက် ကြသည်ဟုသိရပါသည်။

ထိုအစည်းအဝေးမှ ထုတ်ပြန်ချက်မှာ -
(၁) သျှမ်းပြည်အတွင်း အပစ်ရပ်အဖွဲ့များအားလုံးနှင့် အပြန်အလှန်နားလည်ပံ့ပိုးစည်းလုံးမှုတည်ဆောက် နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေး။
(၂) အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ချိတ်ဆက်ဖွဲ့စည်းထားသော ၆ ပြည်ထောင် စစ်ရေးမဟာ မိတ် (Military Alliance) အတွင်း ယခင်ကထက် ပူးပေါင်းဆောင်ရွက်လာနိုင်စေရန် နိုင်ငံရေး/စစ်ရေးဆိုင်ရာသတင်း အချက်အလက်များ ပိုမိုဖလှယ်ရေး။
(၃) စစ်အစိုးရဦးဆောင်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် မျက်ခြေမပျက်စောင့်ကြည့်ရေး။
(၄) စစ်အစိုးရ SPDC အား ဘုံရန်သူ အဖြစ်သတ်မှတ်ကြသည့် သျှမ်းပြည်တွင်း/ပြည်ပနိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်း များနှင့် စစ်ရေးမဟာမိတ် နိုင်ငံရေးမဟာမိတ်ဖြစ်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရေး။
(၅) တရုပ်၊ ထိုင်း၊ လောဝ်း နိုင်ငံအစိုးရများ သျှမ်းပြည်တွင်းရေးကိစ္စပိုမိုသိရှိနားလည် ရင်းနှီးကျွမ်း ၀င်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရေး-- စသည့် အဓိက အချက်များပါဝင်သည်။

“လွန်ခဲ့တဲ့ခြောက်လ အတွင်းမှာ ဖြစ်ပေါ်တိုးတက်မှုအားလုံးဆွေးနွေးသလို၊ အားနည်းချက်တွေလည်း ကျနော်တို့ သင်ခန်း စာအဖြစ်ယူသွားဖို့ ပြုပြင်သွားဖို့ဆွေးနွေးကြတယ်။ အရည်အချင်းရှိပုဂ္ဂိုလ်တွေကို ဂုဏ်ပြုချီးမြှင့်ခဲ့သလို အမှားလုပ်မိတဲ့သူ တွေလဲ အပစ်ပေးခဲ့တယ်” - ဟု SSA ခေါင်းဆောင်ပိုင်းတဦးက ပြောကြောင်း သိရပါသည်။

၂၀၀၈ နိုဝင်ဘာ မှ ဂျွန်လဆန်းပိုင်းအထိ SSA တောင်ပိုင်းတပ်ဖွဲ့ နှင့် နအဖ စစ်တပ်အကြား တိုက်ပွဲကြီးငယ် ၃၅ ကြိမ် ဖြစ်ဘွားပြီး နအဖဘက်မှ ၃၁ ယောက်သေဆုံး၊ လက်နက်အမြောက်အများသိမ်းဆည်းရကြောင်း၊ SSA ဘက်မှ ၂ ယောက် နှင့် လက်နက် ၁ လက် ဆုံးရှုံးကြောင်း သက်ဆိုင်ရာက တင်ပြသွားခဲ့သည်ဟုဆို၏။

သြစတြေးလျ လွှတ်တော်အမတ်များ မြန်မာ့အရေး ဆွေးနွေး
2009-06-05

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ သြစတြေးလျ လွှတ်တော်အမတ်များအဖွဲ့နဲ့ သြစတြေးလျ နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေ ကင်ဘာရာမြို့မှာ ဇွန်လ ၄ရက် မနေ့က ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။

သြစတြေးလျနိုင်ငံရဲ့ လက်ရှိအာဏာရ လေဘာပါတီနဲ့ အတိုက်အခံ လစ်ဘရယ်ပါတီ၊ ဂရင်းပါတီ ခေါင်းဆောင်တွေ ပါဝင် ဖွဲ့စည်းထားတဲ့ သြစတြေးလျ လွှတ်တော်အမတ်များအဖွဲ့ (APDB) က မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအကြောင်း ဆွေးနွေးဖို့အတွက် သြစတြေးလျ နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကို ဖိတ်ခေါ် ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ သြစတြေးလျ အခြေစိုက် Burma Campaign Australia အဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချို ၊ တာဝန်ခံ Ms. Zetty Brake နဲ့ ထိုင်းနိုင်ငံ အခြေစိုက် Alt-ASEAN Burma အဖွဲ့ တာဝန်ခံ Ms. Debbie Stothard တို့က မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ ကိစ္စ၊ စစ်အစိုးရရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြေအနေ၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေကြတဲ့ သြစတြေးလျ ကုမ္ပဏီတွေ ကိစ္စ ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို နိုင်ငံတကာ တရားရုံးက အရေးယူပေးဖို့နဲ့ သြစတြေးလျ လွှတ်တော်အမတ်တွေ အနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် လုပ်ဆောင်သင့်တဲ့အရာတွေကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာ မြင့်ချိုက ပြောပြပါတယ်။

သြစတြေးလျ လွှတ်တော်အမတ်များအဖွဲ့ကလည်း မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ကြေညာပေးဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Steven Smith ကို စာရေးသား တောင်းဆိုမှာ ဖြစ်ကြောင်း ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ လွှတ်တော်အမတ်များအဖွဲ့ ကြားမှာ သီးသန့်ကိုယ်စားလှယ်တဦး ခန့်အပ်ပြီး မြန်မာ့အရေးကို အမြဲတမ်း ဆွေးနွေးဖို့ အတွက် ကြိုးစားဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း ကတိပြု ပြောကြားခဲ့တယ်လို့ ဒေါက်တာမြင့်ချိုက ဆိုပါတယ်။

ဆွေးနွေးပွဲမှာ သြစတြေးလျ အစိုးရလွှတ်တော်အမတ် ၁၅ ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲအပြီးမှာ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ APDB အဖွဲ့မှာ မပါဝင်တဲ့ သြစတြေးလျ တသီးပုဂ္ဂလ လွှတ်တော်အမတ် နှစ်ဦးနဲ့ တွေ့ဆုံခဲ့ကြကြောင်း ၊ သူတို့ကို မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို တင်ပြပြီး APDB အဖွဲ့နဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးကို ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဂ္ဆွန်ယက်တောက ရုံးတော်ကို တင်ဖို့ စာတစောင် ရှေ့နေသို့ ပေးအပ်
2009-06-05

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝင်းထဲကို ခိုးဝင်ခဲ့လို့ တရားစွဲခံနေရသူ မစ္စတာ ဂ္ဆွန်ဝီလျံ ယက်တောက သူ့ရှေ့နေ့ကို အပြီးသတ် လျှောက်လဲချက်ပေးချိန်မှာ ရုံးတော်ကို တင်ပြဖို့ စာမျက်နှာ ၁၄ မျက်နှာရှိ စာများ ရေးပေးခဲ့တယ်လို့ မစ္စတာ ယက်တောရဲ့ ရှေ့နေ ဦးခင်မောင်ဦးက ပြောပါတယ်။

ရေးထားတဲ့ စာထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို မိမိသွားရတဲ့ အကြောင်းရင်းတွေ အပြင် ဒေါ်အောင်ဆန်းစုကြည်က မိမိကို နားနေခွင့် ပေးခဲ့ရတဲ့ အကြောင်းတွေကို ရေးသားထားတာ ဖြစ်တယ်လို့ ရှေ့နေ ဦးခင်မောင်ဦးက RFAကို ပြောပါတယ်။

ဦးခင်မောင်ဦး။ ။ 'မစ္စတာ ယက်တောက စာရွက်တရွက် ပေးတယ်လေ၊ ၁၄ မျက်နှာရှိတဲ့ စာရွက်တရွက် ပေးတယ်။ အဲဒါတော့ သူကပေါ့နော်၊ ဒီလို လာခြင်းဟာ အာရုံထဲမှာ မြင်လို့၊ အိပ်မက် အာရုံထဲမှာ မြင်လို့၊ ဗမာပြည်မှာ တပါးပါးက လုပ်ကြံလိုက်ရင် ဒီအစိုးရကိုလည်း တမျိုးထင်မယ်၊ ဒီအစိုးရပဲ လုပ်တယ်ထင်မယ်၊ ဘာညာပေါ့နော်။ Other terrorist group ပေါ့၊ အကြမ်းဖက်အဖွဲ့က လုပ်မယ်ဆိုတော့ အဲလို လုပ်တဲ့အတွက်။ ဒေါ်အောင်ဆန်းစုကြည် သူ့ကို refuge ပေးတာလည်း အဲဒီနေရာက မေးခွန်းတွေ မေးကြည့်ပေါ့။ ဘယ်လူဟာ အဲဒီနေရာမှာ ဆိုရင် သူလည်း တော်တော် စဉ်းစားပြီး လုပ်ကြရတယ်ပေါ့နော်။ အဲဒီတော့ တစ်အချက်ွ့ကက်တက်တယ်၊ ဘာညာ စသည်ဖြင့်ပေါ့နော်၊ အဲဒါကြောင့်မို့လို့ refuge ပေးတာလည်း reasonable ဖြစ်တယ်ဆိုပြီး သဘောလေးတွေ ပါတဲ့ဟာလေးပါ။ လျှောက်လဲချက်ပေးတာကို အားမရလို့ သူ့ဟာသူ တင်ပြချင်တဲ့ သဘောလေးကို ရေးထားတာ။'

ဦးခင်မောင်ဦးအနေနဲ့ အပြီးသတ် လျှောက်လဲချက်ကို လာမဲ့ ဇွန်လ ၁၂ရက်နေ့မှာ ပေးရမှာ ဖြစ်ပါတယ်။ ဒီကနေ့ မေလ၅ရက်နေ့ မနက်ပိုင်း အင်းစိန်ထောင် အထူး တရားရုံး၊ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေများ ရန်ကုန်တိုင်းတရားရုံးမှာ လျှောက်ထား တင်ပြထားတဲ့ သက်သေကိစ္စ တရားရုံးက ဆုံးဖြတ်ချက် မရသေးတာကြောင့် အမှုတတွဲတည်း ဖြစ်တဲ့ မိမိရဲ့ အမှုသည်ရဲ့ အမှုကိုလည်း ဇွန်လ ၁၂ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်လို့ ပြောပြပါတယ်။

မစ္စတာ ဂ္ဆွန်ယက်တောအနေနဲ့ ပြီးခဲ့တဲ့ အပတ် အမှုချိန်းမှာ သုံးနာရီတိုင်တိုင် ထွက်ဆိုမှုတွေ ပြုလုပ်သွားပြီး စိတ်ဓာတ်ရေးရာ အခြေအနေအရ ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မစ္စတာ ဂ္ဆွန်ယက်တောရဲ့ ပြောဆိုထွက်ဆိုပုံတွေကို ကြည့်ခြင်းဖြင့် လီဆယ် ထွက်ဆိုနေတာမဟုတ်ပဲ အဖြစ်မှန်ကို အမှန်အတိုင်း ပြောပြနေတယ်ဆိုတာ သိသာပါကြောင်း ရှေ့နေဦးခင်မောင်ဦးက ပြောပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြင်ဆင်ချက် တင်သွင်းမှု ဇွန်လ ၉ရက် ဆုံးဖြတ်မည်
2009-06-05

အင်းစိန်ထောင်တွင်း အထူးတရားရုံးက မြန်မာ့ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှုကို သတ်မှတ်ထားတဲ့ ရုံးချိန်းအတိုင်း ဒီကနေ့ ဇွန်လ ၅ရက် မနက်ပိုင်းမှာ ခေါ်ယူခဲ့ပြီး နောက်တပတ် သောကြာနေ့ဖြစ်တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ အမှုကို ဆက်လက် ကြားနာဖို့ ရက်ချိန်းပေးလိုက်ပါတယ်။ ဒါဟာ ရန်ကုန်တိုင်း တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေ တင်သွင်းတဲ့ ပြင်ဆင်ချက်ကို လက်ခံ ကြားနာနေတာကြောင့် ဖြစ်တယ်လို့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

AFP

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးသည့် အမှုကိစ္စနှင့် ပတ်သက်ပြီး ၂ဝဝ၉ ခုနှစ် မေလ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဥာဏ်ဝင်းက သတင်းထောက်များကို ရှင်းလင်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဦးဉာဏ်ဝင်း။ ။ 'အဲ က္ဆွန်တော်တို့ မနက်က ရုံးသွားရတယ်လေ။ ဒါ ရုံးချိန်းရှိပြီးသား ဆိုတော့ က္ဆွန်တော်တို့ appear လုပ်ရတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့လည်း ထွက်ပါတယ်။ အားလုံး စုံတော့မှ သူတို့ အမိန့်ကို အထက်ရုံးကို ပြင်ဆင်မှု ဖွင့်ထားတဲ့အတွက် ရုံးချိန်းပေးမယ်ဆိုပြီးတော့ ၁၂ရက် ပေးလိုက်တာ။'

ဒီကနေ့ ထောင်တွင်း တရားရုံးကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများရဲ့ ဘေးအန္ဈရာယ်မှ ကာကွယ်တဲ့ ဥပဒေပုဒ်မ ၂၂ နဲ့ စွပ်စွဲထားတဲ့ အမှုကို ခုခံချေပဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်သွင်းခဲ့တဲ့ သက်သေ လေးဦးမှာ သုံးဦးကို အင်းစိန်ထောင်တရားရုံးက အကြောင်းပြချက်မရှိပဲ ပြီးခဲ့တဲ့ သီတင်းပတ်က ပယ်ချခဲ့ပါတယ်။ ဒီလို ပယ်ချတာဟာ ဥပဒေအရ မှန်ကန်မှု မရှိတဲ့အတွက် အကျိုးဆောင်ရှေ့နေတွေက ပြင်ဆင်ချက်အနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရန်ကုန်တိုင်း တရားရုံးကို တင်သွင်းခဲ့ပါတယ်။ ဒီတင်သွင်းချက်ကို တိုင်းတရားရုံးကလက်ခံခဲ့ပြီး ဒီကနေ့မှာ နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို ကြားနာခဲ့ပေမဲ့ တရားသူကြီးအနေနဲ့ ဇွန်လ ၉ ရက် (လာမဲ့အင်္ဂါနေ့)မှာ ဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရန်ကုန်တိုင်း တရားရုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ပြင်ဆင်ချက် တင်သွင်းမှု လက်ခံခဲ့စဉ်က အသေအချာ ကြားနာခဲ့ပြီး ဒီကနေ့ နှစ်ဖက် လျှောက်လဲချက်တွေကိုလည်း အလေးအနက်ထား ကြားနာစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်း နှင့် တရုတ် အစိုးရများကြောင့် မြန်မာ စစ်အစိုးရ ခေါင်းမာ

ထိုင်း နှင့် တရုတ် အစိုးရများ သည် မြန်မာ နိုင်ငံ နှင့် ကုန်သွယ်မှု လုပ်ငန်းများ ပိုမို တိုးမြှင့် နေခြင်း ကြောင့် ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ် ပေးရေး အတွက် နိုင်ငံတကာမှ တောင်းဆိုမှုများ ကို မြန်မာ စစ် အစိုးရ က ခေါင်းမာမာ ဖြင့် ငြင်းဆန် လစ်လျူရှု နေခြင်း ဖြစ်ကြောင်းြူသသာဘနမါ သတင်း ဌာန က သုံးသပ် ဖော်ပြ လိုက်သည်။

မြန်မာ စစ်အစိုးရ အား နိုင်ငံတကာ က ပိတ်ဆို့မှုများ ပြုလုပ် နေသည့်တိုင် အဆိုပါ (၂) နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ အပါအဝင် အခြားသော ပို့ကုန် ပစ္စည်းများ ရောင်းချ နေခြင်းကြောင့် မြန်မာ စစ်အစိုးရသည် နိုင်ငံတကာ ပိတ်ဆို့မှုများအား တင်းတင်းမာမာ တုန့်ပြန်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။

အာရှ ၏ သတ္တမမြောက် အကြီးမားဆုံး သဘာဝ ဓာတ်ငွေ့သိုက်ကြီး ကို ပိုင်ဆိုင်ထားသော မြန်မာ နိုင်ငံ စစ်အစိုးရ အနေ နှင့် ထိုဓာတ်ငွေ့များကို ရောင်းချခြင်းမှ ဝင်ငွေဒေါ်လာ (၃.၆) ဘီလျံထိ ရရှိပြီး ဖြစ်သလို (၂ဝ၁၅) ခုနှစ်တွင် ထိုပမာဏ၏ နှစ်ဆထိ ရရှိ လာဖွယ်ရာ ရှိကြောင်းြူသသာဘနမါ က ဆိုသည်။

အမေရိကန် နှင့် ဥရောပ ယူနီယံ အပါအဝင် ကမ္ဘာ့ နိုင်ငံများက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား မလွှတ်ပေးပါ က စီးပွားရေးအရ ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု အကြပ်ကိုင် လိုသော်လည်း မြန်မာ စစ် အစိုးရ ၏ မိတ်ဖက် စီးပွားရေး နိုင်ငံ(၂)ခုကြောင့် မြန်မာ စစ်အစိုးရမှာ နိုင်ငံခြားဝင်ငွေ ပုံမှန်ရရှိနေပြီး ဖိအားများကို အပြုံးမပျက် ရင်ဆိုင် နေနိုင် ဆဲ ဖြစ်သည်။

မြန်မာ စစ်အစိုးရသည် (၁၉၉၉) ခုနှစ်မှ (၂ဝဝ၇) ခုနှစ်အတွင်း နိုင်ငံခြားဝင်ငွေ ပမာဏသည် (၁ဝ) ရာခိုင်နှုန်းထိ တိုးတက်လာပြီး (၃၈၃.၉) ဘီလျံ ဒေါ်လာဖိုး အထိ ရရှိခဲ့ကြောင်း ကြေညာထားသည်။