Sunday, June 7, 2009

ဒေါ်ခင်ခင်ဝင်းဆိုသည်မှာ....



အာဇာနည်ဘလော့မှရရှိပါသည်။

ဂုဏ်ပြုမှတ်တမ်းရရှိခြင်း

ရဲရင့်ငယ်ဘလော့ကို .blogspot မှ .com သို့ပြောင်းလည်းခဲ့ရာမြန်မာပြည်တွင်းမှဘန်းကျော်
စရာမလိုပဲဖတ်ရှု့လို့ရခဲ့သည်။သို့သော်ယခုအချိန်မှစ၍ကြောက်ချေးပန်းတယ်လီပို့မှဖတ်ရှု့
ခွင့်ကိုပိတ်လိုက်ပြီဖြစ်သောကြောင့်ဘန်းကျော်ပြီးမှသာဖတ်ရှု့၍ရမည်ဖြစ်ကြောင်းသတင်း
ကောင်းပါးလိုက်ရပေသည်။ ။

တမူးမြို့မှာ ဗုံးပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွား

2009-06-07
ဇွန်လ ၇ ရက်နေ့ မနက် ၆ နာရီလောက်က အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့ မြို့သစ်ရပ်က မဏိပူ ကသည်းလူမျိုးတဦးရဲ့ အိမ်မှာ ဗုံးပေါက်ကွဲပြီး မီးလောင်တဲ့အတွက် အိမ်သုံးလုံး မီးလောင်က္ဆွမ်းသွားတယ်လို့ သိရပါတယ်။
ဒီမီးလောင်မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့သူတဦးကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မျက်မြင်သက်သေတဦး။ ။ရိုးရိုး သာမန် လောင်တာမဟုတ်ဘူး၊ ဗုံးကွဲပြီးလောင်တာ။ အဲဒီမှာ အိမ် သုံးလုံးမီးလောင်သွားတယ်။ ဖယောင်းစက်ရုံတရုံ ပါသွားတယ်။ လူတယောက် လက်ပြတ်သွားတယ်။ ဖြစ်စဉ်က ဗုံးသုံးလုံး ဆက်တိုက် ကွဲသွားပြီးမှ မီးတွေက တောက်လျောက်လောင်တာ။ မိုးကလည်းရွာနေတာ။ လောင်တဲ့အိမ်က ကသည်းအိမ။် ကျည်ဆံတွေဘာတွေ ဖြူးဖျောင်းဆို ဘေးတွေဘာတွေ အကုန် လွှင့်ထွက်ကုန်တာ။ မီးတအားလောင်တဲ့အချိန်မှာ မီးသတ်ကားတွေ တစီးမှ ရောက်မလာဘူး။ က္ဆွမ်းပြီဆိုမှ ကားကရောက်လာတယ်

မီးလောင်မှုနဲ့ ပတ်သက်ပြီး အာအက်ဖ်အေက တမူးရဲစခန်း၊ ဆေးရုံနဲ့ မီးသတ်တို့ကို ဆက်သွယ်ခဲ့ပေမယ့် ခေါ်ဆိုလို့မရခဲ့ပါဘူး။ အခင်းဖြစ်ပွားတဲ့ နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ တခြားမြို့ခံတဦးကို မေးကြည့်တဲ့အခါမှာ မီးလောင်မှု ဖြစ်ပွားတဲ့အိမ်က ကသည်းလူမျိုး နှစ်ဦး သေဆုံးသွားပြီး အနီးအနားမှာ ရောက်နေတဲ့ အသက် ၄ဝ ကျော်အရွယ် ဦးကျော်စိုး ဆိုသူဟာ ဗုံးဆံထိမှန်ပြီး လက်တဘက်ပြတ်သွားတဲ့အတွက် ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေရတယ်လို့ ပြောပြပါတယ်။

မြို့ခံတဦး။ ။ကသည်းက နှစ်ယောက်သေတယ်။ ဗမာဘက်က ဘိုးတော်ကတော့ လက်တဖက် ပြတ်သွားတယ်။ တင်ပါးဆုံရိုးက ကြေသွားပြီး ခါးရိုးကျိုးသွားတယ်။ အခု ရဲတွေရော စစ်တပ်တွေရော စောင့်နေတယ်။ သံဆူးကြိုးတွေ ကာပြီးတော့ လမ်းတွေအကုန် ပိတ်ဆို့ပြီးတော့။ ဗုံးတွေ ကွဲဖို့ကျန်သေးတယ်ပေါ့။ အဲဒါကြောင့် ဘယ်သူမှ အဝင်အထွက် လုပ်လို့မရဘူး။ ပစ်ဖို့ လက်နက်ကြီးတွေ တွေ့တယ၊်္န ၁၆ တွေ တွေ့တယ်။ အတိုတွေရော တွေ့တယ်။ ၂ဝ၊ ၃ဝ လောက် တွေ့တယ်လို့ပြောကြတာပဲ။ ဒါပေမယ့် ကျည်ဆံတွေကတော့ ဖွေးနေတာပဲ။ တမူးထဲမှာရှိတဲ့ ကသည်းတွေတိုင်းမှာ လက်နက်တွေရှိတယ်၊ အိမ်တိုင်းမှာ။ တမြို့လုံးလည်း အဆက်အသွယ် ဖြတ်ထားတယ်။ ဖုန်းတွေလည်း ဆက်မရဘူး။ ဗမာဘက်က ဖုန်းတွေ အကုန်ပိတ်ထားတယ်

ဖုန်းအဆက်အသွယ်တွေ ဖြတ်ထားပေမယ့် အိန္ဒိယနဲ့ ခြံစည်းရိုးချင်း ကပ်လျက် နန့်ဖာလုံဈေးက လူတွေကတော့ အိန္ဒိယဖုန်းတွေ သုံးတဲ့အတွက် အဆက်အသွယ် လုပ်လို့ရတယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ အိမ်က အိမ်ပိုင်ရှင် ကသည်း နှစ်ယောက်ကို ဖမ်းထားတယ်လို့ သိရပါတယ်။ တမူးအပါအဝင် ကလေးမြို့နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေဖြစ်တဲ့ ကသည်းလူမျိုးတွေကို မြန်မာစစ်အစိုးရက ခိုလှုံခွင့် ပေးထားတာ ၁၉၉၆ ခုနှစ် လောက်ကတည်းက ဖြစ်ပါတယ်။ ကသည်းလူမျိုးတွေကို မြန်မာမှတ်ပုံတင် လုပ်ပေးထားပြီး တချို့ဆိုရင် မန္တလေးအထိတောင် တက်နေကြတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကလည်း ကသည်းသူပုန်တွေဆီက လေယာဉ်ပစ် အမြောက်တွေအပါအဝင် လက်နက်ပေါင်း ၇ဝဝ ကျော်ကို အိန္ဒိယစစ်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။ မြန်မာပြည်ဘက်မှာ ကသည်းသူပုန်တွေ အခြေတကျ နေထိုင်တဲ့အကြောင်းကို ဒေသခံတဦးက ပြောပြပါတယ်။

(RFA NEWS)

အင်းစိန် မီးသတ်ရှေ့ လုံခြုံရေး တာဝန်ကျသည့် ရဲ တပ်ရင်း (၈) မှ ဗိုလ်ကြီး တဦး အသတ်ခံရ၊

ဒီဗွီဘီ ၊ ၆ ၊ ဇွန် ၊ ၂ဝဝ၉
အခင်းဖြစ်ပွားခဲ့တာကတော့ ဇွန်လ ၅ ရက် မနက် ၅ နာရီခန့်က ဒေါ်အောင်ဆန်းစုကြည် အမှုရုံးချိန်းနေ့ အင်းစိန်ထောင် ပြင်ပ မီးသတ်ရှေ့မှာ တာဝန်ကျနေတဲ့ ရဲဘော်ကို အိပ်ငိုက်နေလို့ ဆိုပြီး ဗိုလ်ကြီး ဖြစ်သူက ရိုက်နှက် အပြစ်ပေးခဲ့တဲ့ အတွက် အဲ့ဒီ ရဲဘော်က ပြန်ပြီး လှံစွပ်နဲ့ ထိုးခဲ့တာလို့ သိရပါတယ်။
အင်းစိန်ထောင် အနီးက မီးသတ်ရှေ့မှာ လုံခြုံရေး တာဝန် ယူထားတဲ့ ရဲ တပ်ရင်း (၈) ဗိုလ်ကြီး အဆင့်ရှိသူနဲ့ ကင်းတာဝန်ကျ ရဲဘော်တို့ ပြဿနာ ဖြစ်ပွားရာကနေ ဗိုလ်ကြီး တဦး သေဆုံး သွားတယ်လို့ အင်းစိန် မီးသတ်အနီး နေထိုင်သူ တဦးက ပြောပြပါတယ်။အခင်းဖြစ်ပွားပုံ အပြည့်အစုံကိုတော့ စုံစမ်း သိရှိထားတဲ့ အင်းစိန် ဒေသခံက တဦးက အခုလို ပြောပြပါတယ်။"ရဲဘော်တယောက်က ဓားနဲ့ ထိုးသွားတယ်လို့ ကြားရတယ်။ နောက်အဲဒါကို သေချာ လိုက်မေးလိုက်တဲ့ အခါကျတော့၊ ရဲဘော်က ကင်းကျတယ်တဲ့၊ ကင်းကျတော့ ဆရာကြီးက အိပ်ငိုက်ရမလား ဆိုပြီးတော့၊ သူ့ကို ခေါ်ပြီးတော့၊ မီးသတ်ထဲမှာ မေးတယ်၊ မေးနေရင်းနဲ့ ဒေါသထွက်ပြီးတော့ ဂုတ်ကိုင်ပြီးတော့ မျက်နှာနဲ့ မီးသတ်တိုင်နဲ့ တိုက်ပစ်လိုက်တယ်။ နှာခေါင်းနဲ့ သွားစောင့်မိတာ၊ နှာခေါင်းထဲက သွေးတွေ ကျလာတယ်။ ကျလာတဲ့ အချိန်မှာပဲ ရဲဘော်က ဒေါပွပြီးတော့ မျက်နှာက သွေးတွေ ကျလာတော့ ရှက်လည်းရှက် နာလည်းနာ ဒေါသဖြစ်ပြီးတော့ သူ့ခါးမှာ ဘက်နက် ပါတယ်လေ၊ အဲဒီ ဘက်နက်နဲ့ ခါးမှာပါတဲ့ လှံစွပ်နဲ့၊ သူတို့က ဓားလို့ ပြောတယ်လေ၊ အဲဒီ ဓားနဲ့ ထိုးထည့်လိုက်တာ။ တချက်ပဲထိုးပြီး ဓားတန်းလန်း ထားခဲ့တာ၊ နေ့လည် ၁၂ နာရီလောက်မှာ သေသွားတယ် ပြောတယ်။ နာမည်တော့ မသိဘူးဗျာ၊ သောကြာနေ့က ဖြစ်တာ။"
လှံစွပ်နဲ့ ထိုးခံရတဲ့ အမည်မသိသူ ဗိုလ်ကြီးဟာ အူပွင့်ထွက်ပြီး နေ့ခင်း ၁၁ နာရီလောက်မှာ ရန်ကုန် ဆေးရုံကြီးမှာ သေဆုံးသွားပြီး လှံစွပ်နဲ့ ထိုးခဲ့တဲ့ ရဲသားကတော့ ထွက်ပြေး သွားတယ်လို့ ကြားနေရကြောင်းလည်း အဲဒီ အင်းစိန် ဒေသခံကပဲ ပြောပြပါတယ်။
ဒီအခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ အင်းစိန်မြို့နယ် မီးသတ်ကို ဆက်သွယ် မေးမြန်းခဲ့ရာ၊ မီးသတ် တာဝန်ကျ ဝန်ထမ်းက ရဲတပ်ရင်း (၈) က ဗိုလ်ကြီးနဲ့ ရဲဘော်တို့ အခင်းဖြစ်ပွားခဲ့တာ မှန်ကြောင်း အတည်ပြု ပြောကြားခဲ့ပေမဲ့ ဗိုလ်ကြီး သေ မသေ၊ ရဲဘော် ထွက်ပြေး မပြေး ကိုတော့ ဖြေဖို့ ငြင်းဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ဒီကိစ္စ အသေးစိတ် ထပ်သိရဖို့ အင်းစိန်မြို့နယ် ရဲစခန်းနဲ့ ရန်ကုန် ဆေးရုံကြီးကို ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်သူတွေက ဖြေဆိုမဲ့ တာဝန်ရှိသူတွေ မရှိဘူးလို့သာ ပြောကြား ခဲ့ကြပါတယ်။ မှော်ဘီ ရဲတပ်ရင်း (၈) ကို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
မှော်ဘီရဲတပ်ရင်းအမှတ် (၅)၊ (၈)နဲ့ တပ်ရင်း (၉) တို့ဟာ အင်းစိန်မြို့နယ်မှာ လုံခြုံရေး တာဝန်ကျနေတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင်း ရုံးတင် စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေဘက်က ဆန္ဒပြမှုတွေ ဖြစ်လာမှာကို ကြိုတင် တားဆီး ခြောက်လှန့်တဲ့ အနေနဲ့ ဇွန်လ ၃ ရက် ဗုဒ္ဓဟူးနေ့ ညပိုင်း ၁၁ နာရီခန့်မှာ အင်းစိန်မြို့နယ် အာလိမ်ငါးဆင့် ဘုရားလမ်း၊ ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းနဲ့ တက္ကသိုလ် ရိပ်သာလမ်း အပါအဝင် ရန်ကုန်မြို့ရဲ့ လမ်းဆုံ ၅ နေရာမှာ ကားလမ်းတွေကို ပိတ်ပြီး လုံထိန်းတပ်သား ၂ဝဝ ခန့်နဲ့ အဓိကရုဏ်း နှိမ်နှင်းရေး ပုံစံပြ လှုပ်ရှားမှု တခုကို လုပ်ဆောင် ခဲ့တယ်လို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဒါအပြင့် မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်တဲ့ အချိန်မှာ အင်းစိန် မီးရထား ဝန်ထမ်းတွေကို ပြင်ပနဲ့ ဆက်သွယ်မှာ စိုးလို့ဆိုပြီး ရဲလုံခြုံရေး တာဝန်ကျတွေက သူတို့ကို စက်ရုံဝင်း ပြင်ပသို့ ဘယ်လို အကြောင်းပြချက်နဲ့မှ ပေးမထွက်ခဲ့သလို မီးရထားဝန်ထမ်း မိသားစုဝင်တွေကိုလည်း စစ်ဆေး မေးမြန်းပြီးမှ ပြင်ပ ထွက်ခွင့်ပြုတယ်လို့ မီးရထားဝန်ထမ်း မိသားစုဝင် တဦးက ဒီဗွီဘီကို ပြောပြပါတယ်။

နအဖ စစ်တပ် နှင့် KNLA တိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က မြန်မာနယ်စပ်တွင် စစ်ရေးပြင်ဆင်မှုများပြုလုပ်

June 7, 2009 ·
၇ ဇွန် သာဆောင်ယမ်၊ ၊နေးရှင်းသတင်းစာ ၊ Freedom News Group
Army braced for more fighting at Burma border
ဆယ်စုနှစ် တစ်ခုအတွင်းပထမ ဆုံးအကြိမ်အဖြစ် ကရင် ဒုက္ခသည်များထိုင်း မြန်မာနယ်စပ် သို့ အလုံးအရင်းဖြစ်ထွက် ရှိလာပြီးနောက် ပိုင်းတွင် ထိုင်းအမှတ် ၃ စစ်ဒေသ တိုင်း တိုင်းမှုး ဒုတိယဗိုလ်
ချုပ်ကြီး ထနောင်ဆက် အပီယာကြိုသင် က မြန်မာ နယ်စပ် နှင့် ကပ်လျှက်ရှိသော ထိုင်းနိုင်ငံ တခ် ခရိုင် ရှိ သာဆောင်ယန် ဒေသတွင် လက်နက်ကြီး နှင့် မော်တာ များအပါ အ၀င် စစ်အင်တိုးချဲ့ ချထားရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည် ဟု သတင်းရရှိသည်။

စနေနေ့ က သာဆောင်ယန်သို့ ရောက်ရှိ လာသည့် ထိုင်းစစ်တပ် ဒုတိယ ဗိုလ်ချုပ်ကြီးက မြန်မာဘက်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များအား ကူညီ စောင့်ရှောင့်ရန် နှင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ကိုထိပါးလာပါက အလျှင်အမြန်ပြန်လည် တုံ့ ပြန်ရန် ညွှန်ကြားသွားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုဖြစ်သည့် KNLAအပေါ်နအဖ စစ်တပ် နှင့် ဒီကေဘီအေ တပ်သားများက ယခုရက် ပိုင်းအတွင်းထိုးစစ်ဆင် တိုက်ခိုက် နေမှုများကြောင့် ကရင်လူမျိုး သုံးထောင် ထက်မနည်း နေရင်းဒေသများကို စွန့် ခွာကာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးတိမ်းရှောင် လာရသည် ဟု သိရှိရသည်။

ဆယ် နှစ်အတွင်း ကရင်ဒုက္ခသည် များအစုလိုက်အပြုံလိုက် ထွက်ပြေးလာရမှုသည် နအဖ စစ်တပ်နှင့် ဒီကေဘီအေ ပူးပေါင်း အဖွဲ့ များက ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် ကို ထိုးစစ်ဆင်နေစဉ် ဒေသခံ များကိုဖမ်းဆီးသတ်ဖြတ်ခြင်း၊အဓမ္မစေခိုင် ခြင်းနှင့် ကျေးရွာများနှင့် လယ်ယာများ ကိုမြေလှန် စနစ်ဖြစ် ဖျက်ဆီးခြင်းတို့ ကြောင့် ဟု လှိုင်းဘွဲ့ မြို့ နယ် ကျေးရွာတစ်ခုမှ ထွက်ပြေးတိမ်းရှောင် ၍ ယခု TBBC ၏ စောင့်ရှောက်မှု အောက် တွင် ရောက်ရှိနေသော ကရင် အမျိုးသမီးတစ်ဦးဖြစ်သူ နော်နီကီး က Freedom News Group သို့ သူမ၏ အတွေ့ အကြုံကို ပြောသည်။

ယခု ကဲ့သို့ မြန်မာစစ်တပ် က KNLA တပ်မဟာ ၇ နယ်မြေ ဘားအံခရိုင် ကိုထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် မေလဆန်းပိုင်းက KNLA တပ်ဖွဲ့ တစ်ခု၏ လက်ချက် ဖြစ် အသက်ပျောက်သွားခဲ့ရသည့် နအဖစစ်တပ် မှ ဗိုလ်မှုးချုပ် ကောင်းမြတ် အတွက် ပြန်လည် လက်စားချေခြင်းဖြစ်သည် ဟုအကဲခတ်များက သုံးသပ်သည်။

ဧပြီလ အတွင်းက နအဖစစ်တပ် ၏ ကျောထောက်နောက်ခံပေးမှု ဖြင့် ဒီကေဘီအေမှ KNLA တပ်မဟာ ၆ တပ်ရင်း ၂၀၁ ၏ ဝေါလေခီးစခန်းကို တစ်လနီးပါးကြာထိုးစစ်ဆင်စဉ် မြန်မာစစ်တပ် မှ ပစ်ခတ်သည့် အမြှောက် လက်နက်ကြောင့် ထိုင်းစစ်သား သုံးဦးဒဏ်ရာရရှိပြီး ထိုင်းဘက်ခြမ်းရှိ ဘန်ဖဒီးရွာမှာ လည်း ထိခိုက်ပျက်စီးခဲ့သည်။

အဆက်မပြတ် ထိုးစစ်ဆင်နိုင်ရေး နှင့် အပြီးသတ် ထိုးစစ်

PhotobucketPhotobucketPhotobucketPhotobucketPhotobucket

http://saveburma.wordpress.com/2009/06/06/continuous-strikes-and-end-game/

သန်းရွှေကိုစစ်ခုံရုံးပို့ကြရအောင်

နိုင်ငံတခုတွင်အာဏာနှင့်ပြည်သူအပေါ်မတရားနှိပ်စက်ဖမ်းဆီးသတ်ဖြတ်ခြင်းအမှုဖြစ်ပေါ်လာလျှင်အခြားနိုင်ငံများ
မှအစိုးရများအနေနှင့်International Criminal Court သို့တရားလိုအဖြစ်တရားစွဲဆိုခွင့်ရှိသည်။
အလားတူကနေဒါနိုင်ငံအနေနှင့်ဒေါ်အောင်ဆန်းစုကြည်အားဂုဏ်ထူးဆောင်နိုင်ငံသားဘွဲ့ကိုအမြတ်တနိုးအပ်နှင်း
ပေးအပ်ထားသည်။ အခြားတဦးမှာဒလိုင်းလားမားဘုန်းတော်ကြီးဖြစ်ပါသည်။ကနေဒါအစိုးရအနေနှင့်တရားစွဲဆိုနိုင်
သည့်အခြေအနေများရှိပါသဖြင့်စွဲဆိုပေးပါရန်Petition letter campaign ပြုလုပ်နေပါသည်။
အောက်ပါအတိုင်းရေးသားထားသောစာပေါ်တွင်အမည်နှင့်လိပ်စာတပ်၍နိုင်ငံခြားရေးဝန်ကြီးထံအပေါ်နားတွင်ပါ
သောလိပ်စာအတိုင်းစာတိုက်မှပေးပို့ရန်ဖြစ်သည်။ကနေဒါမှမြန်မာနှင့်အခြားကနေဒီယန်များအနေနှင့်အောက်ပါစာအ
တိုင်းပေးပို့ပေးကြပါ။
အခြားသောနိုင်ငံများမှမြန်မာ့အရေးလှုပ်ရှားနေသောအဖွဲ့များအနေနှင့်လည်းအလားတူစာမျိုးကိုသက်ဆိုင်ရာ
နိုင်ငံခြားရေးဝန်ကြီးထံလိပ်မူ၍ပေးပို့ကြပါရန်တိုက်တွန်းအပ်ပါသည်။
လက်ရှိအချိန်တွင်ပြည်ပရောက်မြန်မာများအနေနှင့်အခြားလူမျိုးများကိုပါပါဝင်ပေးပို့လာစေရန်စည်းရုံးခြင်းများ
ပြုလုပ်ခြင်းသည်အကောင်းဆုံးလှုပ်ရှားမှုတရပ်ဖြစ်ပါသည်။ဒီအစီအစဉ်သည်ပြည်ပရောက်မြန်မာများလွယ်ကူ
စွာပြုလုပ်နိုင်ပါ၍ထိရောက်စွာဆောင်ရွက်ကြပါရန်လည်းတိုက်တွန်းအပ်ပါသည်။

Hon. Lawrence Cannon
Minister of Foreign Affairs
House of Commons
Ottawa, Ontario

May 31, 2009
Dear Mr. Cannon:
A Nobel Peace Laureate and Honourary Canadian Citizen, Aung San Suu Kyi has stood for the rights and freedoms of the Burmese people under the rule of its ruthless military junta.
The unjustified trial and continued detention of Burmese democracy leader Aung San Suu Kyi serves as a stark reminder of the need for workable stronger action by all governments to protect and promote democracy, human rights and freedom of expression for the people of Burma.
I call on you and the Government of Canada to actively work more with the international community in particularly United States, ASEAN, China and India to press for her immediate release from the notorious Insein Prison. Aung San Suu Kyi is one of us.
Should the junta fails to release Honourary Canadian Citizen Aung San Suu Kyi, I urge the Government of Canada to request the establishment of a commission of inquiry into crimes against humanity and war crimes committed by Senior General Than Shwe and Burmese junta with a potential indictment by the International Criminal Court in relation to the Burmese junta’s appalling human rights records, and military campaign of ethnic cleansing that the ruling State Peace and Development Council is carrying out against its own citizens for decades.
Yours truly,

Name:
Address:

ဖိုင်ရယူရန်
ဖိုင်ရယူရန်

ဒုတိယနုတ်ခမ်းမွှေးဆိုင်ကယ်မောင်မောင်

ရန်ကုန်တိုင်းအင်းစိန်မြို့နယ်ဖေါ့ကန်ရပ်ကွက်အထက်မင်္ဂ လာလမ်းမင်္ဂလာသီရိစာသင်ကျောင်းအနီးတွင် နေထိုင်သူတင်ဝင်းနှင့်၎င်း၏မိန်းမသည်ရပ်ကွက်အတွင်းရှိပြည်သူများနှင့်အဆင်မပြေဖြစ်နေသည်။
အဆိုပါတင်ဝင်းသည်ရပ်ကွက်ကြံ့ဖွတ်စည်းရုံးရေးမှုးဖြစ်ပြီးဘုန်းကြီးကျောင်း၏ဘဏ္ဍာရေးကိစ္စများတွင်
ဝင်ရောက်စွက်ဖက်ခွင့်မရရာမှတဆင့်အငြိုးထား၍အမြဲလိုဘုန်းကြီးကျောင်းအားရန်စောင်နေခဲ့သည်။
ဘုန်းကြီးကျောင်းနှင့်ကပ်ရက်တွင်နေထိုင်သူတဦးနှင့်တင်ဝင်းတို့ပြီးခဲ့ဇွန်လ၃ရက်နေ့ညကဘုန်းကြီး
ကျောင်းရှေ့တွင်စကားများရန်ဖြစ်၍ကျောင်းမှဘုန်းကြီးတပါးမှရန်မဖြစ်ကြဖို့ပြောဆိုသည်ကိုအရက်မူး
နေသောတင်ဝင်းနှင့်၎င်း၏ဇနီးဖြစ်သူကပါပြန်လည်ဆဲရေးခဲ့ကြသည်။ထိုအချင်းအရာကိုကြားသိသော
ကိုရင်ငယ်များကကျောင်းဝသို့ပြေးထွက်လာကြရာဝယ်၊တင်ဝင်းနှင့်ဇနီးက.. ..အောင်မလေး..
အရပ်ကတို့ရေ..ကျွန်မတို့ကိုဘုန်းကြီးတွေဝိုင်းရိုက်နေပါတယ်....ဟုအော်ဟစ်သည့်အတွက်ရပ်ကွက်
သားများကပြေးထွက်ပြီးအခင်းဖြစ်ပွားရာရောက်ရှိလာသော်လည်းမည်သူတဦးတယောက်မှ၎င်းတို့
ကိုကိုယ်ထိလက်ရောက်မလုပ်ကြောင်းတွေ့ရှိရသည်။ဆက်လက်ဆဲရေးနေသဖြင့်
လူကြီးတချို့မှရဲစခန်းသို့အကြောင်းကြားခဲ့သည်။တင်ဝင်းအားရဲစခန်းမှလာရောက်ခေါ်ဆောင်သွား
သော်လည်းနောက်တနေ့မနက်၆နာရီတွင်ကြံ့ဖွတ်တဦးဖြစ်နေ၍အရေးမယူပဲပြန်လွှတ်ပေးခဲ့သည်။
ယခုအခါ...ငါ့ကိုရဲတောင်ဖမ်းမရဖူး..လို့ပြောဆို၍ရဲကိုတိုင်သည်ဟုထင်သူများကိုလိုက်လံရန်စပြဿနာ
ရှာနေသဖြင့်ရပ်ကွက်သားများမှာဘာလုပ်လို့ဘယ်သူ့ကိုတိုင်ရမယ်မှန်းမသိဖြစ်နေပါသည်။
၎င်းတင်ဝင်းသည်ရရကအဖွဲ့ဝင်တဦးလဲဖြစ်ပြီးစက်တင်ဘာအရေးအခင်းနှိမ်နှင်းရေးအဖွဲ့ဝင်တဦးလည်း
ဖြစ်ပါသည်။

ဖေါ့ကန်သား

ဇွန်၇ဒိုင်ယာရီ

ဆယ်တန်းစာမေးပွဲအောင်စာရင်းများ ယနေ့ ထုတ်ပြန်
June 7, 2009 ·
၇ ဇွန် ရန်ကုန်၊ ၊ယူကွန်
Students Failed in High School Final Exam
မတ်လ အတွင်းက နိုင်ငံတ၀ှမ်းရှိကျောင်းများတွင် စာမေးပွဲဖြေဆို ထားသော ဆယ်တန်းကျောင်းသူ ကျောင်းသားများ၏ အောင်စာရင်းကို ယနေ့ ဇွန်လ ၇ ရက် တနင်္ဂနွေနေ့ တွင် အခြေခံပညာဦးစီးဌာန မှထုတ်ပြန် လိုက်သည် ။ဆယ်တန်းအောင်စာရင်းများ ကပ်ထားသော ကျောင်းတိုင်း၌ ရဲလုံခြုံရေး ဆယ်ဦးထက် မနည်းချထားသည် ကိုတွေ့ ရသည်။နိုင်ငံတ၀ှမ်းရှိ ကျောင်းများတွင် ယနေ့ မနက် အာရုံတက်ချိန်ကတည်းက အောင်စာရင်းများကို ကပ်ထားပြီး အထက ၆ ဗိုလ်တစ်ထောင် နှင့် အထက ၁ ရန်ကင်းတို့ တွင်မူ တစ်နိုင်ငံလုံးရှိ ဆယ်တန်းစာမေးပွဲဖြေဆို အောင်မြင်သူများ စာရင်းကို ကပ်ထားရာ ကျောင်းသားကျောင်းသူအများစု လာ
ရောက် ကြည့်ရှုကြသည်။
မတ်လက ကျင်းပခဲ့သော စာမေးပွဲဖြေဆိုချိန် မတိုင်ခင် လျှပ်စစ်မီး မရရှိမှုကြောင့်ကျောင်းသား ကျောင်းသူများ စာကျက်၍ မရသော ကြောင့် မငြိမ်မသက်ဖြစ်ခဲ့ကြသည်။
ယခု နှစ်ဆယ်တန်းစာမေးပွဲအောင်စာရင်းကို ယခင်နှစ်များထက် အချိန်စော၍ ထုတ်ပြန်သည် ဟုသိရသည် ။စာမေပွဲ ဖြေဆိုသူ အားလုံး ၏ ၂၄ ရာခိုင် နှုန်းခန့် သာအောင်ကြောင်း အထက ၂ ဒဂုံမှ ဆရာမတစ်ဦးက Freedom News Group သို့ ပြောသည်...

D-Day (၆၅) နှစ်ပြည့် အခမ်းအနား သမ္မတ အိုဘားမား တက်ရောက်

07 June 2009


အမေရိကန်သမ္မတ ဘရက် အိုဘားမား ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေ သိမ်းပိုက်ထားတဲ့ ပြင်သစ် နော်မန်ဒီကမ်းခြေကို မဟာမိတ်တွေ ၀င်တိုက်ခဲ့တဲ့ D-Day (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြင်သစ်သမ္မတ နီကိုးလက် ဆာကိုဇီ နဲ့ တခြား ခေါင်းဆောင်တွေနဲ့အတူ နော်မန်ကမ်းခြေမှာ စနေနေ့က တက်ရောက်ခဲ့ပါတယ်။

နော်မန်ဒီကမ်းခြေကို သွားရောက်ကူညီခဲ့ကြတဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ကမ္ဘာကြီးက မေ့ပျောက်မှာ မဟုတ်ပါဘူးလို့ သမ္မတ အိုဘားမား က အဲဒီအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ အန္တရာယ် အကြီးအကျယ်နဲ့ ရင်ဆိုင်လာရတဲ့အခါ အရင်က သူတို့ကိုယ့်သူတို့ သာမန်လူတွေ လို့ ထင်ကြသူတွေဟာလည်း ထူးထူးခြားခြား စွမ်းဆောင်နိုင်ကြပါလား ဆိုတာကို ရှာတွေ့တတ်ကြတယ်လို့လည်း သူက ပြောပါတယ်။ ဒီလူတွေက သူ့အခေါ် မကောင်းဆိုးရွား နာဇီ အတွေးအခေါ်ကြီးကို အဆုံးသတ် တိုက်ထုတ်နိုင်ခဲ့သလို ဒီလူတွေရဲ့ အောင်မြင်မှုက ဥရောပ တခုလုံးကို လွတ်မြောက်စေခဲ့ပြီး ၂၀ ရာစုရဲ့ လမ်းကြောင်းကို ပြောင်းသွားစေခဲ့တယ်လို့ ဆိုပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း၊ ကနေဒါ ၀န်ကြီးချုပ် စတီဖင် ဟာဖာ နဲ့ စစ်မှူထမ်းဟောင်းတွေလည်း D-Day အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်းက အာဏာရှင်နိုင်ငံတွေက ပြည်သူတွေ မလွတ်မြောက်နိုင်သေးတဲ့အကြောင်း သူ့ရဲ့မိန့်ခွန်းအတွင်း ပြောကြားခဲ့သလို အဲဒီအထဲ စစ်အာဏာရှင် အုပ်စိုးနေတဲ့ မြန်မာပြည်အကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ILO တိုက်တွန်း

07 June 2009

မြန်မာနိုင်ငံမှာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ခွင့်ပြုထားတဲ့ အခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်တွေနဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO က မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ အဆုံးသတ်ဖို့ မြန်မာစစ်အစိုးရရဲ့ ကြိုးပမ်းချက်တွေဟာ လုံလောက်မှု လုံးဝမရှိဘူးလို့ စနေနေ့က ဂျနီဗာမှာကျင်းပတဲ့ ILO အလုပ်သမား ကော်မတီ ဆွေးနွေးပွဲအတွင်း ILO အဖွဲ့ဝင်တွေက ပြောဆိုခဲ့ကြပါတယ်။

အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို တားမြစ်တဲ့ လက်ရှိတည်ဆဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရမယ်လို့ အလုပ်သမား ကော်မတီက ဆိုပါတယ်။ အခြေခံဥပဒေသစ် ၂၀၁၀ ခုနှစ်မှာ တရားဝင်ဖြစ်လာတဲ့အခါ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ခွင့်ပြုတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြဌာန်းချက်တွေကိုလည်း ပြင်ဆင်ရေးဆွဲဖို့ ILO က တောင်းဆိုပါတယ်။

အစိုးရ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကလေးငယ်တွေကို အတင်းအဓမ္မခိုင်းစေတာတွေ ရှိနေသလို အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေကို မြန်မာစစ်အစိုးရက ကျူးလွန်နေတဲ့အကြောင်း ILO က စွပ်စွဲထားတာဖြစ်ပါတယ်။


ထိုင်းဝန်ကြီးချုပ်ဟောင်း ထပ်စင် ဂျာမဏီမှာ
post by Sunday, June 07, 2009

ဇွန် ၇ရက်၊ ၂၀၀၉(ဘန်ကောက်ပို့စ်)

ဝန်ကြီချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာ ဂျာမဏီမှာနေ, နေတာ ၆ လလောက်ရှိပြီလို့ မြူးနစ် ထုတ်သတင်းစာ တစောင် ဖြစ်တဲ့ Sueddeutsche Zeitung အရ သိရပါတယ်။

မနှစ်ဒီဇင်ဘာက ဘွန်းမြို့လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဆိုက်ရောက်ခဲ့ပြီး နိုင်ကာရာဂွာနိုင်ငံက ထုတ်ပေးထားတဲ့ သံတမန်ဆိုင်ရာနိုင်ငံကူးလက်မှတ်ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ နိုင်ငံရပ်ခြားကနိုင်ငံရေးလှုပ်ရှားမှုတွေကို ကန့်သတ်ဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံကူး လက်မှတ်ကို ဧပြီလက တရားမ၀င်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျာမန် အရာရှိတွေကတော့ ထပ်စင်ဟာ ဂျာမဏီမှာ မရှိတော့ဘူးလို့ အတည်ပြုပြောဆိုပါတယ်။

အခုလို တိုင်းပြည်ကမောင်းထုတ်ခံထားရတဲ့ဝန်ကြီးချုပ်တဦး ဘွန်းမှာ ဘယ်သူမှ သတိမထားမိဘဲ အကြာကြီး နေ,နေတာကို သိ သွားပြီးနောက်မှာတော့ ဂျာမန်အစိုးရက သူ့ထောက်လှမ်းရေးဌာနကို ဒေါသထွက်နေပါတယ်။ အကြောင်းက ၂ နိုင်ငံဆက်ဆံရေး ထိခိုက်မှာစိုးလို့ ဖြစ်ပါတယ်။

နယ်ခြားစောင့်၊ မစောင့် စစ်အစိုးရ နှင့် ဆွေးနွေးမည့် ကေအိုင်အို
ဂျာတောင်နော်

မြန်မာ စစ်အစိုးရ မှ ထုတ်ပြန် ကြေညာ ထားသော ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီး၊ စစ်အစိုးရ နှင့် စေ့စပ် ငြိမ်းချမ်းရေး ရယူ ထားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ အား နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် အသွင်ပြောင်းကာ စစ်အစိုးရ တပ်ရင်း၊ တပ်ဖွဲ့များ လက်အောက် သို့ ရောက်ရှိ သွားရမည် ဖြစ်သည် ကို ကချင် လွတ်မြောက်ရေး အဖွဲ့မှ ဦးဆောင် ကော်မတီ ၇ဦး ဦးဆောင်ကာ စစ်အစိုးရ နှင့် အကျေအလည် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကေအိုင်အို သတင်းရပ်ကွက်မှ ထုတ်ပြန် ကြေညာလိုက်သည်။

အထက်ပါ ကိုယ်စားလှယ် အဖွဲ့တွင် ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီ ဇော်ဆိုင်း၊ ကေအိုင်အို ဗဟိုကော်မတီဝင် ဒေါက်တာ လဂျာ၊ ကေအိုင်အေ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ ဒု-ဗိုလ်မှူးကြီး လဖိုင် လအောင်၊ ဒု-ဗိုလ်မှူးကြီး လဇိန် ဂျီနော်၊ ဗိုလ်မှူး ဂေါ်လူ လအောင် နှင့် ကွမ်ထပ် ထိန်နန် တို့ ပါဝင်သည်ဟု သိရှိရသည်။ ယင်း ၇ဦးပါ အဖွဲ့အား ယခင်အပါတ်က လိုင်ဇာတွင် ပြုလုပ်သော ကေအိုင်အိုနှင့် ကချင်ပြည်သူများ တွေ့ဆုံ ဆွေးနွေးမှု အပြီး ထွက်ပေါ်ရလဒ် ဖြစ်သည်။

အမေရိကန်နိုင်ငံ အခြေစိုက် ကချင်ရေးရာ သုံးသပ်သူတဦး က မူ ''ဒါဟာ ကေအိုင်အို အတွက်တော့ ကောင်းတဲ့ လက္ခဏာတော့ မဖြစ်နိုင်ဖူး'' လို့ ပြောဆို လိုက်ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် အသေအခြာ စဉ်းစားရမဲ့ ရှုထောင့်တခု ဖြစ်နေတာရယ် ဘယ်ရလဒ် မဆို ဒီအဖြစ်ဟာ ချိန်သားကိုက် သတ်ကွင်းထဲကို ဖြတ်ခိုင်းတာနဲ့ တူပါတယ်ဟု သူ၏ အမြင်ကို ဆက်လက် ဖြေဆိုကာ၊ ဒီအချိန်ဟာ လူမျိုးစု လက်နက်ကိုင်များ အနေနဲ့ မြန်မာ စစ်အစိုးရနဲ့ တေ့တေ့ဆိုင်ဆိုင် အပေးအယူ လုပ်ရမဲ့ နိုင်ငံရေး ကစားကွက်တခု ယတိပြတ် ရွေ့ရမဲ့ အချိန်ပါဟု ပြောဆို သုံးသပ်လိုက်သည်။

ထပ်လောင်း၍ ကေအိုင်အို ဦးဆောင်ကော်မတီမှ ဦးဆောင်ကာ ကေအိုင်အို နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းမည့် အရေးအား ကချင် မျိုးနွယ်စုများစွာ ရှိရာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အတွင်းရှိ ကချင်ပြည်သူများထံ နည်းနာ အကြံဥာဏ်များ ရယူသင့်ကြောင်း၊ ယင်း အရေးအတွက် ရာနှင့်ချီသော နိုင်ငံရပ်ခြားရောက် ကချင် အဝန်းအဝိုင်းမှ တုန့်ပြန်စာများလဲ ရရှိထားပြီ ဖြစ်သည်ဟု ကချင်ပို့(စ်) ဝဘ်ဆိုဒ်တွင် ဖေါ်ပြထားပြီး၊ အများစုမှာ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ်အား လက်ခံနိုင်ဖွယ် မရှိဟု တွေးထင် ယူဆထားကြသည်။

အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေး ရယူထားသော လူမျိုးစု လက်နက်ကိုင်အဖွဲ့များ စစ်အစိုးရ လက်အောက်ရှိ နယ်ခြားစောင့် တပ်ဖွဲ့များ အသွင် သဏ္ဍာန်ပြောင်းလည်း ရမည်ဟူသော အမိန့်အား ၂ဝဝ၉ခုနှစ် မေလ တွင် ထို သတင်း ထွက်ပေါ်လာပြီး၊ စစ်အစိုးရ ဖက်မှလည်း ယခု နှစ်ကုန်ပိုင်းတွင် စတင် အကောင်အထည် ဖေါ်ပြီး ဖြစ်ကြောင်း သိရှိရသည်။

သျှမ်း/အရှေ့ ကလေးငယ်များအား ရဲညွှန့်အဖြစ် အဓမ္မကောက်ယူ
အင်္ဂါနေ့၊ 02 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် ကလေးငယ်များအား ရဲညွှန့်အဖြစ် နအဖ စစ်တပ်က အဓမ္မကောက်ယူနေ ကြောင်း သျှမ်းပြည်အရှေ့ ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။


ဧပြီလမှစ၍ မေလကုန်ပိုင်းအထိ မိုင်းပြင်းအခြေစိုက် ခမရ ၃၆၀ နှင့် ခလရ ၄၃ တို့က ဒေသအတွင်း လားဟူ ပြည်သူ့စစ် များနှင့်ပူးပေါင်းကာ မိုင်းပြင်းမြို့နယ် ပက်ကန့်ကျေးရွာအုပ်စု ကလေးငယ်များအား တရွာ ၅ယောက်နှုန်း မပေးမနေရ အဓမ္မကောက်ယူပြီး ယမန်နေ့ တနင်္လာနေ့က သျှမ်းပြည်တောင်ပိုင်း နမ့်ဇန် ရဲညွှန့်ကျောင်းသို့ပို့ ဆောင်လိုက် ဖြစ်ကြောင်းဆိုပါသည်။

“ပက်ကန့်မှာ ကျေးရွာပေါင်း ၂၇ ရွာရှိတယ်၊ တရွာ ၅ ယောက်နှုန်း ပေးရတယ်၊ ကျောင်းထားပေးမယ် လို့ပြောတယ်။ ကျမသား ၁၂ နှစ် ဘဲရှိပါသေးတယ်၊ ဒီနှစ်ရှင်ပြုပေးမလို့ ပိုက်ဆံမလောက်သေးတာနဲ့ မလုပ်ရဘူး။ အခုဗမာစစ်သား တွေ ခေါ်သွားတော့ စိတ်ပူရတာပေါ့၊ နိုင်ငံရေးကလဲ မငြိမ်မသက်နဲ့ဆိုတော့ ဘာမှမသိတဲ့ ကလေးကိုရှေ့ တန်းတက် ခိုင်းပြီး တိုက်ပွဲမှာအသုံးပြုမှာကို အရမ်းစိုးရိမ်ရတယ်” - ဟု မိဘကလေး တဦးပြောပြသွားပါတယ်။

အမည်မဖေါ်လိုကျောင်းဆရာတဦးက- “ ရဲညွှန့်အတွက်လို့ ဆိုပြီးလာကောက်တာ အမှန်ကတော့ ကလေးတွေကို နမ့်ဇန် စစ်ကျောင်းပို့လိုက်တာဘဲ၊ မိဘအစုံရှိတဲ့ အရွယ်မရောက်ကလေးငယ်တွေကို အခုလိုအဓမ္မကောက်ယူ နေတာ ကလေးစစ်သားကောက်ယူမှု ကျူးလွန်တာဘဲ” ဟု ဆို၏။

အသက် ၁၂-၁၅ နှစ်အထိ ကလေးငယ်များအား စစ်သားအဖြစ် အဓမ္မကောက်ယူရာတွင် မိုင်းပြင်းအခြေစိုက် ခမရ ၃၆၀ မှ ဗိုလ်ကြီးသိန်းအောင် ၊ ခလရ ၄၃ မှ ဗိုလ်အောင်နိုင်နှင့် ကောင်းပက်က လားဟူ ပြည်သူ့စစ်အဖွဲ့ပူးပေါင်း နယ်လှည့် ကောက်ယူကြခြင်း ဖြစ်သည်ဟုဆိုပါသည်။

ပက်ကန့်ကျေးရွာအုပ်စုသည် သံလွင်အရှေ့ ခြမ်း မိုင်းပြင်းမြို့၏ အနောက်မြောက်ဘက် မိုင် ၃၀ ကျော် ခန့်တွင် တည်ရှိပြီး လားဟူ၊ ပလောင် နှင့် သျှမ်းလူမျိုးများအတူတကွ နေထိုင်ကြသည်။

မိုင်းပြင်းမြို့နယ် ကလေးငယ်များအား ဆင့်ခေါ်ကောက်ယူနေသည့်အပြင် မေလ ၁ ရက်နေ့မှ စ၍ အသက် ၁၈ နှစ်ပြည့်ပြီး သောလူငယ်များ နှင့် အိမ်ထောင်သည်အမျိုးသားများအားလည်း ပထမအသုတ်အဖြစ် ပြည်သူ့ စစ် မလုပ်မနေရ အယောက် ၁၀၀ ခေါ်ယူပြီး သင်တန်းကာလ ၂၀ ရက် ဖြင့် ခလရ ၄၃ အတွင်း တသုတ်ပြီးတသုတ် စစ်ရေးလေ့ကျင့် နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။