Tuesday, June 9, 2009

အွန်စော

ထောင်ဝါတာမိန်းမ=တော်ကတာဝန်ချိန်ကြီးအိမ်မှာဘာလို့လာလှဲနေတာတုန်း၊ရှင်တာဝန်ကျတဲ့
အရာရှိတည်းခိုရိပ်သာနားလူစိမ်းကပ်တာတွေ့ခဲ့လို့..မြန်မြန်သွားချေ..
အလုပ်ပြုတ်နေအုန်းမယ်၊
ကျုပ်တွေ့လိုက်တဲ့သူကအွန်စောနဲ့ခပ်ဆင်ဆင်တော့...

ထောင်ဝါတာ=ထောင်ပိုင်ကမနက်ဖန်ထောင်မှုးရာထူးနဲ့နယ်ပြောင်းရမယ်၊ပြန်နားလိုက်တော့ပြော
လို့ပြန်လာတာ..
ဘာ..အွန်စောနဲ့ဆင်တယ်...ဟုတ်လား...ဒီတခါတော့လက်ရဲဇက်ရဲမြောက်ကကောင်
ချူပ်ကြီးထုတ်သုံးပြီထင်တယ်...
Photobucket

မြေအောက်လှုပ်ရှားမှု ဆိုတာ ဘာလဲ


ယေဘုယျအားဖြင့်ပြောရရင်တော့ မြေအောက်လှုပ်ရှားမှုဆိုတာ …….. ကိုယ်ရဲ့နိုင်ငံရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်ဖို့အတွက် မြေပေါ်မှာလွတ်လွတ်လပ်လပ် ဆောင်ရွက်လို့ မရနိုင်တဲ့ အခြေအနေ အချိန်အခါ၊ အခြေခဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အခြေအနေ အချိန်အခါ စတဲ့ အခြေအနေအချိန်အခါမျိုးတွေအောက်မှာ ကိုယ်ရဲ့ လုပ်ဆောင်စရာရှိတဲ့ နိုင်ငံရေး လုပ်ငန်းဆောင်တာတွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်နိုင်အောင်လျှို့ဝှက်ပြီး ကျစ်ကျစ်လစ်လစ်၊ သိုသိုသိပ်သိပ်နဲ့ စနစ်တကျ လှုပ်ရှားရတဲ့လှုပ်ရှားမှုမျိုး ဖြစ်ပါတယ်။ James Bond လိုမျိုး တကိုယ်တော် လျှို့ဝှက် စွန့်စားခန်း
ဖွင့်တ့အဲ လုပ် မျိုး မဟုတ်ပါ။ ဦးဆောင်တဲ့ အဖွဲ့အစည်းအောက်မှာ မြေအောက်လှုပ်ရှားမှုရဲ့
သံမဏိစည်းကမ်းတွေနဲ့ စနစ်တကျ လုပ်ဆောင်ရတာမျိုးလည်းဖြစ်ပါတယ်။ဒီလို မြေအောက်လှုပ်ရှားမှုကို လုပ်ဆောင်ကြတဲ့နေရာမှာ နိုင်ငံရေးဦးတည်ချက်ကို မူတည်ပြီး ရည်ရွယ်ချက်တွေက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက်၊ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ပြင်ဆင်ဖို့အတွက်၊ လူထုအုံကြွမှုတွေ၊ လူထုလှုပ်ရှားမှုတွေ ဖေါ်ဆောင်ဖို့အတွက် စသည်ဖြင့် နေရာဒေသနဲ့  အချိန်အခါတွေအပေါ်ကို မူတည်ပြီး ရည်ရွယ်ချက်တွေကအမျိုးမျိုး ရှိနိုင်၊ ကွဲပြားနိုင်ပါတယ်။ လက်ရှိမြန်မာပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေးမှာတော့ UG လုပ်ငန်း (မြေအောက်လှုပ်ရှားမှု လုပ်ငန်း) ကိုလုပ်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ People Power လို့ ခေါ်တဲ့ လူထုအင်အားကို တည်ဆောက်ဖို့အတွက်နဲ့ လူထုလှုပ်ရှားမှု၊လူထုတော်လှန်ရေးတွေကို ဖေါ်ဆောင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီ စစ်အုပ်စုရဲ့ အကြောက်ဆုံးလက်နက်ဟာ People Power လို့ ခေါ်တဲ့
လူထုပဲ ဖြစ်သလို၊ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ် ထွန်းကားဖို့ဆိုရင်လည်း လူထုလမ်းစဉ်ကလွဲလို့ တခြားနည်းလမ်းလည်း မရှိပါဘူး။ ယ္ခုအခြေအနေမှာလို အခြေခံ ဒီမိုကရေစီအခွင့်အရေးတွေအားလုံ ဆုံးရှုံးနေတဲ့အချိန်မျိုးမှာ ဒီ လုပ်ငန်းတွေကိုလုပ်နိုင်ဖို့အတွက်ကတော့ တနည်းပဲ ရှိပါတော့တယ်။ တကယ်တော့လည်း မြန်မာပြည်ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုက စလို့ခေတ်အဆက်ဆက်က တော်လှန်ရေးတွေကို ပြန်ကြည်လိုက်ပါ။ အင်္ဂလိပ်ကို တော်လှန်ဖို့အတွက် သခင်အောင်ဆန်း မြေအောက်ကို
ဆင်းခဲ့ပါတယ်။ ဂျပန်ကို တော်လှန်ဖို့အတွက်လည်း သခင်စိုးဟာ မြေအောက်ကို ဆင်းခဲ့ပါတယ်။ ၈၈ အရေးတော်ပုံကြီး အားကောင်းမောင်းသန် ဖြစ်လာဖို့အတွက်လည်း ဒီ မြေအောက်နည်းနဲ့ပဲ ၀ိုင်းဝန်းပြီး ပြင်ဆင်ခဲ့ကြတာပါပဲ။ဘာကြောင့် မြေအောက်လှုပ်ရှားမှု ဆိုတာကို လုပ်ဖို့ လိုအပ်တာလဲလက်ရှိ မြန်မာပြည်တွင်းမှာက စစ်အုပ်စုရဲ့ ဖိနှိပ်စော်ကားမှုတွေ ပိုမို ပြင်းထန်လာတာနဲ့အမျှ လုထုရဲ့ မကျေနပ်မှုတွေ ၊ ခံပြင်းမှုတွေ၊တောက်ခေါက်သံတွေဟာလည်း တိုး၍ တိုး၍သာ လာနေပါတယ်။ အပေါ်ယံ ကြည့်ရင်တော့ အဲဒီလို ဖိနှိပ်မှုတွေအပေါ်ကို မကျေမနပ်နဲ့တောက်ခေါက်ရုံကလွဲလို့  လက်တွေ့ကြတဲ့ လူထုရဲ့တုံပြန်မှုဟာ မရှိနေသလိုမျိုး၊ ငြိမ်သက်နေသလိုမျိုး ဖြစ်နေပါတယ်။ (ဒါတောင် ပြည်သလုထုက ဒီ စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူးဆိုတာကို ရတ့နဲ ည်းမျိုးစုံနဲ့ သူတို့ရဲ့ဆန္ဒတွေကို ဖေါ်ထုတ် ပြသနေကြတာပဲမလား။) ဒါကလည်းစားဝတ်နေရေးကြောင့်၊ ပြင်းထန်တဲ့ စစ်အုပ်စုရဲ ဖိနှပ်မှုတွေကြောင့်လို့ တစိတ်တဒေသ ပြောလို့ ရပေမယ့်၊ ကျနော်တို့ဘက်က လူထု ယုံကြည်ကိုးစားလောက်တဲ့ ပြင်ဆင်မှုတွေ၊ ဦးဆောင်မှု ပေးနိုင်မှုတွေ အဆင်သင့် မဖြစ်ကြသေးတာက ပိုပြီး အဓိကကျတဲ့ အချက်လို့
ပြောရပါလိမ့်မယ်။ မြန်မာပြည်လူထုဟာ အမြဲတမ်း တာဝန်ကျေခဲ့ပါတယ်။ ဂျပန်ခေတ်လို စကားလေးတခွန်းကြောင့် အနည်းဆုံလက်သည်းခွံ အခွာခံရပြီး၊ အဆိုးဆုံး ဇာတ်ပြတ်သွားနိုင်တဲ့ခေတ်မျိုးမှာတောင်မှ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့  စနစ်တကျ ပြင်ဆင်မှု ရှိလာပြီဆိုတဲ့အခါမှာ လှည်းနေ လှေအောင်း မြင်ဇောင်းမကျန် ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင် ပူးပေါင်း ပံ့ပိုးခဲ့ကြတာ၊ နောက် ၈၈ အရေးတော်ပံကြီးမှာ ပါဝင်ခဲ့တာတွေဟာ မဝေးသေးတဲ့ သမိုင်းသက်သေတွေ ပါ။ယခု မြန်မာပြည်တွင်းမှာက စီကနဲ၊ ထီကနဲ ဆိုသလို လူထု မကျေမနပ်မှုတွေ၊ မငြိမ်မသက်မှုတွေ၊ ပေါက်ကွဲအုံကြွမှုတွေဟာ အချိန်မရွေးနေရာမရွေး ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။ ဒီလို အဖြစ်အပျက်လေးတွေဟာ နိုင်ငံရေးကို အခြေခံပြီး ဖြစ်ပေါ်လာတာလည်း ဖြစ်ချင်ဖြစ်မယ်၊ သာမာန် ဘာမဟုတ်တဲ့ ကိစ္စလေးတခုမှာ အခြေခံပြီး ပေါက်ကွဲထွက်လာတာလည်း ဖြစ်ချင် ဖြစ်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဖိလို့ မခံနိုင်တဲ့အဆုံးမှာ ကြွမယ် ဆိုတဲ့ အခြေခံပေါ်ကပဲ လာမှာပါ။ တကယ်တော့ ဒါမျိုး အဖြစ် အပျက်လေးတွေကဖြစ်လည်း ဖြစ်နေ၊ ရှိလည်း ရှိနေပါတယ်။ အဲဒီလိုတွေ လှုပ်ရှား ရုန်းကန်မှုတွေ၊ မီးပွားလေးတွေ ဖြစ်ပေါ်လာခဲ့ရင် နိုင်ငံရေးအခြေခံနဲ့ လူထုကြီးဟာ အဲဒီလှုပ်ရှားမှုတွေထဲမှာ အချိတ်အဆက်မိမိ ပါဝင်နေဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှလည်း ထီကနဲ၊ စီကနဲ ဆိုတဲ့အခြေအနေတွေကနေ တစက်ကနေ တမျက်နှာလုံးကို ပြန့်သွားတဲ့အခြေအနေမျိုး ဖြစ်အောင် အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ တနေရာမှာပဲဖြစ်ပြီး တနေရာထဲမှာပဲ ပိတ်မိနေလို့ မရပါဘူး။ ရန်သူက အလွယ်တကူ ချေမှုန်း သွားပါလိမ့်မယ်။ လုပ်ခဲ့တဲ့သာဓကတွေကလည်း ရှိပြီးသားပပွင့်ပွင့်လင်းလင်း ပြောရရင် တစက်ကနေ တမျက်နှာလုံးကို ပြန့်သွားဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ အထူးသဖြင့် စနစ်တကျနဲ့ လူထုတွေရဲ့ကြားထဲမှာ တည်ဆောက်ထားတဲ့ ကွန်ယက်တွေ အင်မတန်မှ အားနည်းနေပါတယ်။
အဲဒီလို ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေကောင်း၊ အခွင့်အခါကောင်းတွေနဲ့ လူထုကြီး ချိတ်ဆက်မိသွားနိုင်စေဖို့ဆိုရင် အဓိက အရေးကြီးတဲ့အချက်နှစ်ချက် လိုအပ်ပါတယ်။
၁။ ပထမအချက် ကတော့ ပြည်သူလူထုရဲ့ ကြားထဲမှာ နိုင်ငံရေးအသိအမြင်၊
တော်လှန်ရေးအသိအမြင် အတိုင်းအတာတခုအထိ နိုးကြားနေဖို့လိုပြီး၊ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ကြုံ ခံစားနေရတဲ့ လူမှုဘ၀ဒုက္ခတွေ၊ ဖိနှိပ်မှုတွေအောက်ကနေ ရုန်းထွက် လွတ်မြောက်လိုတဲ့ပြင်းပြတဲ့ဆန္ဒတွေရှိနေဖို့ လိုပါတယ်။ ဒီနေရာမှာ တချို့ တွေက ပြောကြပါတယ်၊ လူထုက ဒီ စစ်အစိုးရကို ဒါလောက် မုန်းနေတာတောင် ဒီနိုင်ငံရေး၊ တော်လှန်ရေး အတွေးအခေါ်ဆိုတာတွေက လိုသေးလို့လား ဆိုပြီး ပါ။ လိုပါတယ်။ မကျေနပ်လို့  သူအလိုလို ထပြီး ပေါက်ကွဲတာနဲ့ နိုင်ငံရေး အသိတရားကို အခြေခံပြီး အချိတ်အဆက်မိတဲ့ လူထုအုံကြွမှု၊ လူထုလှုပ်ရှားမှုက မတူပါဘူး။ နောက် လက်ရှိအခြေအနေမှာကပျက်ပြားနေတဲ့ စီးပွားရေးစနစ်ရဲ့အောက်မှာ လူထုဟာ အပြင်းအထန် ရုန်းကန်နေကြရတဲ့ အခြေအနေမျိုး ဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့ဝမ်းရေးအတွက်ကလွဲလို ဘယ်ဟာကိုမှ စိတ်မ၀င်စားနိုင်ပါဘူး။ သိပ်လည်း ရှည်ရှည် ဝေးဝေးတွေ မတွေးနိုင်ပါဘူး။ ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေး
ကြေညာစာတမ်းတွေ ဘာတွေကိုလည်း သိပ် စိတ်မ၀င်စားနိုင်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ တွေကြုံ ခံစားနေရတဲ့ လူမှုဘ၀ ဒုက္ခတွေဘယ်လို အဆင်ပြေနိုင်မလဲ ဆိုတာပဲ စိတ်ဝင်စားနိုင်ပါတယ်။ ဒါကြောင့် ဒီ ပြဿနာတွေရဲ့အရင်းခံက ဘာ၊ သူတို့ အတွက် အနာဂတ်
မျှော်လင်ချက်က ဘယ်သို့ ၊ စသည်ဖြင့် သူတို့ လက်တွေ့ဘ၀အသိကနေ ပေးနိုင်တဲ့ နိုင်ငံရေးအမြင်ကို မီးမောင်းထိုးပြရမှာပါ။ ဒါမှလည်းလူထုထဲမှာ ရှိနေတဲ့ ယေဘုယျဆန်တဲ့ မကျေနပ်ချက်တွေကနေ လက်တွေကျတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်လာအောင် ပေါင်းစပ်ပေးနိုင်မှာပါ။
၂။ ဒုတိယအချက် ကတော့ လူထုနဲ့  ဒီလို ပေါ်လာတဲ့အခွင့်အရေးတွေကို ပေါင်းစပ်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ (ကေဒါတွေ) တက်ကြလှုပ်ရှားသူတွေကလည်း လူထုတွေရဲ့ကြားထဲမှာ အဆင်သင့်ရှိနေဖို့ ပါ။ ဒီ ဒုတိယအချက် ပြည်စုံနေမှလည်း ပထမအချက်ကို ထိထိမိမိ
ဖေါ်ဆောင်နိုင်မှာ ပါ။ အဲဒီ အဓိက အချက်နှစ်ချက် ပြည်စုံနေဖို့အတွက်ဆိုရင်တော့ အခုထဲက အားလုံးက တစိုက်မတ်မတ်နဲ့  စနစ်တကျပြင်ဆင်ရပါမယ်။ ငါးကိုမြင်မှ ငါးစာကို ချသလိုမျိုး လုပ်လို့ မရပါဘူး။ သိပ် နောက်ကျသွားပါလိမ့်မယ်။ ရေရှည် မြှုပ်နှံပြီး အခွင့်အခါကောင်း
ကို စောင့်ရပါလိမ့်မယ်။ အဓိက က စိတ်ရှည်ရမယ်၊ စနစ်ကျ ရမယ်၊ လျှို့ဝှက်ရပါလိမ့်မယ်။
လက်ရှိ မြန်မာပြည်ရဲ့ ဒီမိုကရေစီ တော်လှန်ရေး အခြေအနေက တချီထဲနဲ့  နအဖ စစ်အုပ်စုကို နောက်ကောက် (knockout)ထိုးပြီစည်းဝိုင်းအပြင်ဖက် ပို့နိုင်ဖို့ ဆိုတဲ့ ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ ထူးခြားတဲ့ ပြည်တွင်းပြည်ပ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ရိုက်ခတ်မှုတွေ ရှိလာ၊ဖြစ်လာရင်တော့ တမျိုးတဖုံ ပြောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်လာနိုးနဲ့ ထိုင် စောင့်နေရမယ့်ဟာတွေ မဟုတ်ပါ။ အဲဒီလို ဟိုလူကိုမျှော်လိုက်၊ ဒီဟာကို မျှော်လိုက် နဲ့ ကြာလာရင် မျှော်တော်ဇောနဲ့  မောလာတာသာ အဖတ်တင်သွားပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့
ပထမဦးဆုံးသမ္မတကြီးဖြစ်တဲ့ ဂျော့ ၀ါရှင်တန် ပြောဖူးတဲ့စကားတခွန်း ရှိပါတယ်။“သက်ဆိုင်ရာ အမျိုးသား အကျိုး စီးပွားဘောင်ကို ကျော်၍မည်သည့် နိုင်ငံကိုမှ မယုံကြည်အပ်ပေ” ဆိုတာပါ။ နောက်တခုက အဲဒီလို မျှော်လင့်ခြင်း အခြားတဖက်မှာ ဘာရှိတတ်လဲဆိုတော့ သူတပါး
ကို အားကိုးချင်စိတ်က များလာပြီး ကိုယ့် ကိုယ်ကိုယ်လည်း ယုံကြည်မှု နည်းလာတတ်ပါတယ်။ အဲဒီလိုမျိုးက နိုင်ငံရေးသမားတွေကြားထဲမှာပဲ အဓိက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒီ ရောဂါ ပြည်သူလူထုကြီးဆီကို ကူးစက် မသွားရအောင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတိုင်းက
ပြုလုပ်သင့်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလို့ ခံယူထားသူတွေအနေနဲ့
နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်တွေမကိုယ့်ဆန္ဒအရ ဖြစ်ချင်တာနဲ့ တကယ် လက်တွေ့မှာဖြစ်လာတဲ့ အဖြစ်အပျက်တွေဟာ ဘယ်တော့မှ ထပ်တူ မကျတတ်ဘူးဆိုတာကို
လေးလေးနက်နက် သိထားကြမှာပါ။ လက်ရှိဗမာပြည်ရဲ့ ဒီမိုကရေစီ တော်လှန်ရေးမှာ ဖြစ်နိုင်ခြေ အများဆုံးကတော့ ပုံစံအမျိုးမျိုးနဲအဆင့်ဆင့်သော တိုက်ပွဲစဉ်တွေကို ဖြတ်သန်းပြီးမှ နောက်ဆုံးပန်းတိုင်ကို တက်လှမ်းနိုင်မယ့် အခြေအနေ ပါ။ ကိုယ့် ဘက်က ပြင်ဆင်
ထားတာ ပြည့်စုံနေမယ်၊ ခိုင်မာနေမယ် ဆိုရင်တော့ အောင်ပွဲပန်းတိုင်ဆီကို လျင်လျင်မြန်မြန် တဆင့်ပြီးတဆင့် ချီတက်သွားနိုင်မှာပါ။ဒီလို People Power ရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်နိုင်ဖို့ဆိုရင် သာမာန် ငြိမ်သက်နေတဲ့အခြေအနေတွေအောက်မှာ လူထုကို
နိုင်ငံရေးအရ အသိအမြင် နိုးကြားအောင် လျှို့ဝှက်ပြီး ၀ါဒဖြန့် လှုံ့ဆော်ပေးမယ့်ကေဒါ တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ထူးခြားတဲ့အခြေအနေပုံစံမျိုးစုံ၊ တိုက်ပွဲသဏ္ဍာန်မျိုးစုံမှာလူထုကို ဦးဆောင် လမ်းပြပေးနိုင်၊ တိုက်ပွဲတွေ လှုပ်ရှားမှုတွေနဲ့  စနစ်တကျ ပေါင်းစပ် ပေးနိုင်တဲ့ ကေဒါ
တွေ၊ တက်ကြွလှုပ်ရှားသူတွေ လူထုရဲ့ကြားထဲမှာ အဆင်သင့် ရှိနေဖို့ လူထုနဲ့ တသားထဲ ရှိနေဖို့ လိုပါတယ်။ အဲဒီလို ရှိနေဖို့ ဆိုတာကလည်းနေ့ချင်းညချင်း ဖြစ်လာနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အချိန်ယူ ပြင်ဆင်၊ တည်ဆောက်ရပါလိမ့်မယ်။ဒီလို ပြင်ဆင်ဖို့အတွက်ဆိုရင် ဒီလောက်တောင် ဥပဒေမဲ့ ဖိနှိပ်နေတဲ့ မင်းမဲ့စရိုက်ဆန်တဲ့ အုပ်ချုပ်မှုအောက်မှာ ရွေးစရာလမ်းက သိပ်
မရှိတော့ပါဘူး။ တခုပဲ ရှိပါတယ်။ ဒါကတော့ မြေအောက်နည်း၊ လျှို့ဝှက်တဲ့ နည်း ပါ။ နောက် မြေအောက်လှုပ်ရှားမှု နည်းလမ်း ဆိုတာကလည်း အသစ်အဆန်းနည်းလမ်း မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က မတရား ဖိနှိပ်တဲ့အစိုးရတွေ၊ မတရား ကျူးကျော်သူတွေကို ဒီလိုပဲ
တော်လှန်တိုက်ပွဲ ၀င်ခဲ့ကြပြီး အောင်ပွဲတွေ ရခဲ့ကြတာပါ။ အခုက one click မှာ
အချက်အလက်တွေ၊ သတင်းတွေ အများကြီး စီးဆင်းသွားနိုင်တဲ့ သတင်းခေတ်ကြီး ပါ။ တီထွင် ကြံဆ နည်းလမ်းရ ပါ။ဒီလို ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေ လုပ်ဖို့အတွက်ဆိုရင် ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေကပဲ လုပ်ဆောင်ရပါလိမ့်မယ်။ မျိုးဆက်သစတွေက အဓိက ကျပါလိမ့်မယ်။ လက်ရှိ အခြေအနေမှာ ဘက်ပေါင်းစုံ အကြောင်းတရားတွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို ဒီလိုအလုပ်တွေလုပ်ဖို့  အခြေအနေ မပေးပါဘူး။ လူထုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပေါင်းမိသွားအောင် ရန်သူက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ခေါင်း၊ ခါး၊ ခြေ၊ လက်တွေ အကုန် ဖြတ်ထားပြီးသားပါ။ နောက် ၈၈ မျိုးဆက်အကုန်လုံးနီးပါးကိုလည်း ထောင်နှစ်ရှည်တွေချထားပြီး လူထုနဲ့ ဝေးရာတွေဆီကို ပို့ထားပါတယ်။ နောက် သတိပြုရမှာတချက်က မြေအောက်လုပ်ငန်းစဉ်တွေကြောင့် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ကို သွားပြီး မထိခိုက်စေချင်ပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှလား ဆိုတော့လည်း မဟုတ်ပါဘူး။ အခြားသော မြေပေါ်အဖွဲ့အစည်းအားလုံးနဲ့ မြေပေါ် မြေအောက် လိုင်းပူးလို့ မရပါဘူး။ လိုင်းပူးမိရင် နှစ်ဖက်စလုံး အကျိုးမဲ့စေပြီး ရန်သူကို အမြတ်ထွက်စေ
ပါလိမ့်မယ်။
ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲဗမာပြည်ရဲ့  ဒီမိုကရေစီတော်လှန်ရေးမှာ ဒီ မြေအောက်လှုပ်ရှားမှုလုပ်ငန်းရဲ့ အဓိက ဦးတည်ရည်ရွယ်ချက်က လူထုအင်အားကို တည်ဆောက်ဖို့ ပါ။ ဒီနေရာမှာ ပြည်သူလူထုဆိုတာကို ဘယ်လို အဓိပ္ပါယ် ဖွင့်မလဲ။ လယ်သမားတွေ၊ အလုပ်သမားတွေ၊ ပညာတတ်တွေ၊ စစ်အစိုးရရဲ့လက်ဝေခံတွေ မဟုတ်တဲ့ အငယ်တန်း ကုန်သည် ပွဲစားတွေ၊ လူငယ်ကျောင်းသားတွေ၊ အမျှော်အမြင်ရှိတဲ့ တိုင်းချစ်ပြည်ချစ် တပ်မတော်သာတွေနဲ့ ကျဘမ်း လက်လုပ်လက်စားတွေ အတန်းအစားအစုံအားလုံး ပြည်သူလူထုဆိုတာထဲမှာ ပါဝင်တယ်ဆိုတာကို သတိပြုရပါလိမ့်မယ်။အုပ်စုတခုထဲကိုပဲ ဦးတည်ထားလို့ မရပါဘူး။ အုပ်စုတိုင်းမှာသူတို့ ရဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာ ကိုယ်စီ ရှိကြပါတယ်။ အဲဒီ ထူးခြားချက်တွေကို နားလည်ရပါလိမ့်မယ်။ ဘယ်အုပ်စုက အတက်ကြွဆုံးဖြစ်ပြီး ရှေ့တန်းက ပါလဲ၊ ဘယ်အုပ်စုကတော့ စုစည်းရ၊ စည်းရုံးရ အခက်ဆုံး
ဖြစ်မလဲ စတာတွေကို သူတို့ရဲ့ လူမှုစီးပွားအလွှာနဲ့ လူအဖွဲ့အစည်းတွေထဲမှာ သူတို့ ကျင်လည် တည်ရှိနေတဲ့ ပုံသဏ္ဍာန်တွေ၊ ဆက်စပ်မှုတွေကို အထူးပြုပြီး ချဉ်းကပ် စည်းရုံးရပါလိမ့်မယ်။
သာဓကအားဖြင့် လူငယ်ကျောင်းသားတွေနဲ့ အလုပ်သမားတွေ ၀န်ထမ်းတွေကို နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ လူငယ်ကျောင်းသားတွေဟာအစဉ်အလာအားဖြင့် ဗမာပြည်နိုင်ငံရေးမှာ ရှေ့ တန်းက အတက်ကြွဆုံး ပါဝင်တဲ့ အစုအနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကလည်း လူငယ်ဖြစ်တဲ့
အတွက် တက်ကြွတယ်၊ စွန့်လွှတ် စွန့်စားလိုစိတ် ရှိတယ်၊ အမှန်တရားကို မြတ်နိုးတယ်။ နောက်တခုက ကျောင်းတို့၊ တက္ကသိုလ်တို့ဆိုတဲ့နေရာမျိုးမှာ တက်နေရတဲ့အတွက် တနေရာထဲမှာ တစုတစည်းထဲ ရှိနေတယ်၊ အချင်းချင်းလည်း ထိတွေ့မှုကလည်း အတိုင်းအတာတခုအထိ
ရှိနေပြီးသားဖြစ်တယ်။ ဒါပေမယ့်လည်း အလုပ်ရုံတွေ၊ ရုံးတွေမှာ တစုတစည်းထဲ ရှိနေ၊ ထိတွေ့နေတဲ့ အလုပ်သမားတွေ ၀န်ထမ်းတွေကျပြန်တော့ လူငယ်ကျောင်းသားးတွေလောက် ရှေ့တန်းကနေပြီး နိုင်ငံရေး လှုပ်ရှားတက်ကြွမှုတွေမှာ မပါနိုင်ကြပြန်ဘူး။ ဒါကလည်း သဘာဝ
ကျတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ ရုံးတွေ ဌာနဆိုင်ရာ ဥပဒေစည်းကမ်းတွေနဲ့ စစ်တပ်လောက်နီးနီး ချည်နှောင်ခံထားရပါတယ်။
ဒါပေမယ့် သူတို့ဟာ အစိုးရရဲ့လုပ်ငန်းတွေကို လည်ပတ်မှုတွေ အကုန်ရပ်သွားအောင် လုပ်နိုင်သူတွေ ဖြစ်ပါတယ်။ အစိုးရဲ့ အားနည်းချက်တွေ၊လည်ပတ်မှု နည်းစနစ်တွေကို သိ နားလည်ထားသူတွေလည်း ဖြစ်တယ်။ ဆိုလိုချင်တာက အုပ်စုတိုင်းမှာ အားသာချက်၊ အားနည်းချက်ရှိတယ်။ အဓိက ကတော့ သူတို့ တည်ရှိနေတဲ့ ပုံသဏ္ဍာန်နဲ့ လူအဖွဲ့အစည်းထဲမှာ ရှိနေတဲ့ ဆက်စပ်မှုတွေ ကို အထူးပြုပြီး ချဉ်းကပ် စည်းရုံးတတ်ဖို့ပါ ပဲ။ ဘယ်အစုမှာရယ်လို့ တရားသေ မှတ်ထားလို့ မရနိုင်ဘူး။ အဲဒီ အစုတွေထဲမှာ ပါဝင်နေကြတဲ့ တဦးချင်းစီရဲ့ နိုင်ငံရေး နိုးကြားတက်ကြွမှု အတိုင်းအတာက ပို အရေးပါ ပါတယ်။နိုင်ငံရေးအရ တက်ကြွနိုးကြားမှုကို မူတည်ပြီး ပြည်သူလူထုထဲမှာက သာမာန်အားဖြင့် အပိုင်းသုံးပိုင်းနဲ့ ဖွဲစည်းထားတယ်လို့ ပြောလို့
ရပါတယ်။ ၁၊ နိုင်ငံရေးအရ နိုးကြား တက်ကြွနေတဲ့ အစု ၂၊ သာမန် အုပ်စု နဲ့  ၃၊ ဖေါက်ပြန်တဲ့ ဆန်ကျင်ဘက်အုပ်စု ဆိုပြီး ဖြစ်တယ်။
၁၊ ပထမ အစုဖြစ်တဲ့ နိုင်ငံရေးအရ နိုးကြား တက်ကြွနေတဲ့ အစု။
ဒါက ပထမအစု ဖြစ်တယ်။ နိုင်ငံရေးအရ နိုးကြား တက်ကြွတဲ့ အစု (သို့မဟုတ်) နိုင်ငံရေးကို အတိုင်းအတာတခုအထိ စိတ်ဝင်စားပြီး၊ ကမ္ဘာနဲ့မြန်မာပြည်မှာ လတ်တလော ဖြစ်ပျက်နေတာတွေကို အနည်းနဲ့ အများဆိုသလို သိမြင် ခြုံငုံမိထားတဲ့ အစု ဖြစ်တယ်။ နိုင်ငံရေးကို ဘယ်လိုပုံစံနဲ့ စိတ်ဝင်စားနေတယ်ဆိုတာကတော့ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်နဲ့ လူအဖွဲ့အစည်းထဲ မှာပါဝင်တဲ့အခန်းကဏ္ဍပေါ်မှာ မူတည်ပြီး ကွဲပြားတတ်တယ်။ ဥပမာအားဖြင့်တော့ လူငယ်၊ ကျောင်းသားတွေနဲ့ ပညာတတ် လူလတ်တန်းစားထဲက တချို့ဟာ ဒီ အစုထဲမှာ အကျုံးဝင်တတ်တယ်။ ဒါပေမယ့်လည်း နေရာဒေသနဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းပေါ်ကိုလည်း မူတည်ပါသေးတယ်။ ဒီအစုဟာ အရေးရယ်
အကြောင်းရယ်ဆို ရှေတန်းက ပါတတ်တဲ့ အစု လို့ ပြောလို့ရပေမယ့် ဗမာပြည် လူအဖွဲ့ အစည်းမှာ အနည်းစုပဲ ဖြစ်တယ်။
၂၊ ဒုတိယအစု သာမန် အုပ်စု
ဒီ အစု ဟာ လက်ရှိအခြေအနေမှာ မြန်မာပြည်လူအဖွဲ့အစည်းမှာအများစုကိုကိုယ်စားပြုထား
တယ်။ စစ်အစိုးရ မကောင်းတာကိုလည်းသိတယ်၊ အဲဒီ ဖိနှိပ်မှုတွေကိုလည်း ခံစားနေရတယ်၊ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် (ချည်နှောင်မှုတွေကြောင့်၊ တစုတစည်းထဲ
စုစည်းနိုင်တဲ့ အခြေအနေမပေးမှုကြောင့်၊ စီးပွါးရေး ကျပ်တည်းမှုကြောင့်) နိုင်ငံရေးဘက်ကို ဦး မလည်နိုင်ဘူး၊ ကိုယ့်ဘာသာကိုယ်ဘာသိဘာသာ နေတယ်။ နိုင်ငံရေး အသိအမြင် အားနည်းသလို၊ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုလည်း အားနည်းတယ်။ ဒါက အခြေအနေ
အားလုံးနဲ့ ဆက်စပ်နေပါတယ်။
ဒီအုပ်စုထဲမှ ဥပမာအားဖြင့် ၀န်ထမ်းတွေ၊ တနေ့လုပ် တနေ့ စားရတဲ့ လက်လုပ်လက်စားတွေ၊ အိမ်ရှင်မတွေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အရပ်မှာ နေကြသူတွေ၊ ကျေးလက်ပြည်သူတွေ မျိုးစုံ ပါဝင်နိုင်တယ်။ တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ် တပ်မတော်သား
တွေလည်း ပါဝင်နိုင်တယ်။ တကယ်တော့ ဒီအုပ်စု ကြီး က အခရာကျတယ်။ ဒီ အုပ်စုကြီး တကယ် ရုန်းကန်ထကြွလာပြီဆို ရင် စစ်အုပ်စုမျက်ဖြူဆိုက်ပြီ ပဲ။ ၈၈ အရေးတော်ပုံနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက ဒီအုပ်စုကြီး အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမှုထဲကို
ပါဝင်ခဲ့တဲ့အတွက် အောင်မြင်မှုတွေ ရခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလတုန်း က ဒုတိယအုပ်စုရဲ့ ထောက်ခ
မှုကို ရခဲ့ပေမယ့် လှုပ်ရှားမှုထဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာအောင် မလုပ်နိုင်ခဲ့၊ မစည်းရုံးနိုင်ခဲ့လိုက်ပါဘူး။ ဒါ့ကြောင့် ရန်သူက လက်ဦးမှုယူပြီး ဖြိုခွင်းသွားနိုင်တာ ဖြစ်တယ်။
၃၊ တတိယအစု ဖေါက်ပြန်တဲ့ ဆန်ကျင်ဘက်အုပ်စု
တတိယအစုကတော့ ဒီစနစ်ကြီးနဲ့  ဒီခေတ်ကြီးကို သူတို့ရဲ့ အကျိုးစီးပွါးတွေနဲ့ ထပ်တူကျနေလို့  ဒီအတိုင်း ဆက်လက် ရှိနေစေချင်တဲ့အုပ်စုဖြစ်တယ်။ အဓိက ကတော့ စစ်အုပ်စုကိုယ်တိုင်ပဲ ဖြစ်တယ်။ ဒီအုပ်စုထဲမှာသူတို့ ရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ကြံဖွတ် အမာခံတွေ ပါတယ်။
စွမ်းအားရှင်ဆိုတာတွေ ပါတယ်။ အေးလွင်တို့ ၊ ၀ံသာနု NLD တို့ ၊ အလံနီပျက်တို့ လို အရိုးအရင်း ကိုက်နေရတဲ့သူတွေ ပါတယ်။စစ်အစိုးရနဲ့ အကျိုးစီးပွါးချင်း ဆက်စပ်နေတဲ့ စီးပွါးရေးသမားတွေ ပညာရှင်တချို့လည်း ပါတယ်။ ဒီ တတိယအုပ်စုဟာ အနည်းစု ဖြစ်ပေမယ့်
လက်ရှိအခြေအနေမှာ ကျန်တဲ့ ပထမနဲ့ ဒုတိယအုပ်စုကို ထိမ်းချုပ်ထား ဖိနှိပ်ထားနိုင်တယ်။ ဒါ့ကြောင့် ဒီ အုပ်စုရဲ့အင်အားကို ရအောင်အသုံးပြုကြရမှာ ဖြစ်တယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကေဒါတွေဟာ ကိုယ်ရဲ့ အနီးအနား ပတ်ဝန်းကျင်မှာရှိနေတဲ့ လူထုထဲက အနည်းစုဖြစ်ပေမယ့် နိုင်ငံရေးအရနိုးကြား တက်ကြွတဲ့ အုပ်စုဖြစ်တဲ့ ပထမ အုပ်စုထဲက ထက်သန်ပြီး၊ လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ စည်းရုံးမှုကို
ပထမဦးဆုံး လုပ်ဆောင်ရပါလိမ့်မယ်။ သူတို့ရဲ့ အထွေထွေ မကျေနပ်ချက်တွေ၊ ခံစားမှုတွေနဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေဖြစ်လာအောင် ဖန်တီး ပြောင်းလဲပစ်ရပါမယ်။ လှုပ်ရှားမှုတွေ ရှိနေပြီဆိုရင်လည်း လှုပ်ရှားမှုနဲ့ ပေါင်းစပ်ကြရပါမယ်။ အဲဒါကတော့ ကျွန်တော်တို့တွေ လူထုလုပ်ငန်းစဉ်၊ လူထုစည်းရုံးရေး ဘယ်လောက် ကျွမ်းကျင်တယ် ဆိုတဲ့အချက်ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့
တွေနဲ့ ပထမအစုနဲ့ တသားထဲဖြစ်သွားပြီဆိုရင် အဲဒီကတဆင့် လူထုထဲက ဒုတိယအစုကို လက်တွေ့ဆန်တဲ့ နိုင်ငံရေး နိုးကြား တက်ကြွမှု
တွေနဲ့ ဆက်စပ်အောင်၊ လှုပ်ရှားမှုတွေထဲကို လက်တွေ့ ပါဝင်လာအောင် ဆက်လက် ကြိုးပမ်းရပါလိမ့်မယ်။ ပြီးရင်တော့ အင်အားစု ၂ ခု
ပေါင်းပြီး တတိယအုပ်စုအပေါ် အနိုင်ယူနိုင်အောင်၊ တတိယအုပ်စု ပြိုကွဲ ပျက်စီးအောင် ပြုလုပ်နိုင်ပါလိမ့်မယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့
အခြေအနေမှာ ဖြစ်ပေါ်နေတဲ့ ထူးခြားချက်တခုကတော့ တတိယအုပ်စုထဲက တချို့နဲ့ ပထမအုပ်စုနဲ့ ပေါင်းစည်းနိုင်တဲ့ လမ်းကြောင်းတချို့
ရှိနေတာပါပဲ။ အဲဒီအခြေအနေဟာ သိတ် စိတ်ဝင်စားဖို့ ကောင်းပါတယ်။
သို့သော်လည်း တခါတလေကျရင် လူထုဟာ မခံနိုင်တော့တဲ့အဆုံး တိုက်တွန်းဦးဆောင်မှု မပါဘဲ သူ့ဘာသာ သူ လှုပ်ရှားမှုကို စုရုံး
ဖေါ်ဆောင်သွား၊ ခေါင်းဆောင်သွားတတ်တယ်။ လက်ရှိ မြန်မာပြည်အခြေအနေကလည်း မကြာခဏဆိုသလို အဲဒီလိုမျိုးတွေ ဖြစ်လာတတ်တဲ့
အခြေအနေတွေမျိုှးတွေ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီ အုံကြွလှုပ်ရှားမှုတွေဟာ အဆင်မသင့်ရင် (ဒါမှမဟုတ်) အလိုအလျှောက် ပေါ်လာခဲ့တဲ့
ခေါင်းဆောင်မှု အားနည်းခဲ့ရင် အခုလောင်၊ အခုငြိမ်းတဲ့ ကောက်ရိုးမီးလိုမျိုး ဖြစ်သွားတတ်ပါတယ်။ တခါတလေကျတော့လည်း ရှေ့ကို
တဆင့်မတက်ပဲ တန့်နေတတ်တဲ့ေ၀၀ါးမှုတွေ ကြုံတတ်ပါတယ်။ အဲဒီလို အခြေအနေတွေမှာဆိုရင် ရန်သူက အလွယ်တကူ ဖြိုခွင်းသွား
နိုင်တယ်။ ဒါ့ကြောင့် ဒီလိုအခြေအနေတွေ၊ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ရင် တိုက်ပွဲလမ်းကြောင်းပေါ်ကို ရောက်သွားဖို့ ၊ နောက်ထပ်
အခြေအနေ ပေးတာနဲ့ တိုက်ပွဲအဆင့်ကို့ ချက်ခြင်း တက်လှမ်းဖို့ ဆိုရင် လှုပ်ရှားမှုထဲမှာ စနစ်ကျတဲ့ ဦးဆောင်မှု ရှိနေဖို့  လိုပါတယ်။
ဒီနေရာမှာ တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေကိုလည်း မမေ့သင့်ပါဘူး။ တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေနဲ့
တပ်မတော်ကို လက်ကိုင်တုတ်လုပ်ပြီး ကိုယ့်ကျိုးစီးပွားအတွက် အသုံးပြုနေတဲ့ စစ်အုပ်စုအောက်ကနေ ခွဲ ထုတ်ပြီး လူထုနဲ့ တသားထဲ
ဖြစ်လာအောင် လုပ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသလို အနာဂတ် မြန်မာပြည် အတွက်လည်း အင်မတန်မှ အရေးပါ ပါတယ်။ နောက် သူတို့ဟာ စစ်အာဏာရှင်သက်တမ်းတလျှောက်လုံးအောက်မှာ လူထု့နဲရော နိုင်ငံရေးသမား
တွေနဲ့ရော အမြဲတမ်း သွေးခွဲထားခဲ့တာကို ခံ ခဲ့ရတာပါ။ ဒါ့ပြင် တင်းကြပ်တဲ့ စစ်စည်းကမ်းတွေ အတင်း ရိုက်သွင်းထားတဲ့ အတွေးအခေါ်တွေနဲ့မို့  သူတို့ ကိုယ့်ဖက်ပါအောင် စည်းရုံးသိမ်းသွင်းရေးဟာ ပါးနပ်ပြီး အထူး စိတ်ရှည်ဖို့ လိုပါတယ်။. အဲဒီအတွက် အထူး သီသန့်
လုပ်ရပါမယ်။ ဒီနေရာမှာ မြေအောက်လုပ်ငန်းနဲ့ စစ်ရေးအမြင်တွေမှာ တူညီနေတဲ့ အချက်တခု ရှိပါတယ်။ စစ်ပွဲနဲ့ စစ်မြေပြင်မှာ ရန်သူကိုအနိုင်ယူနိုင်တဲ့ နည်လမ်း နှစ်မျိုးရှိပါတယ်။ ရန်သူရဲ့အင်အားနဲ့  တိုက်ခိုက်ရေးစွမ်းရည်ကို အလုံးစုံ ချေမှုန်းဖျက်ဆီးပစ်နိုင်ရင် အနိုင်ရပါတယ်။
ထို့ အတူပဲ ရန်သူရဲ့ ကာကွယ်နိုင်တဲ့အင်အား၊ စွမ်းရည်တွေကို အလုံးစုံ ချေမှုန်း ဖျက်ဆီးပစ်တာ မဟုတ်ပဲ ထိမ်းချုပ်နိုင်၊ ဖြိုခွဲနိုင်၊ ဖယ်ရှားနိုင်ခဲ့ရင်လည်း စစ်နိုင်ပါတယ်။ ဒါကြောင့်မို့  တပ်မတော်ကို လူထုဘက် ရပ်လာနိုင်အောင် လုပ်ဖို့ က အရေးပါ ပါတယ်။ တကယ် ထိပ်တိုက်တိုးတဲ့
အခါမှ စည်ရုံးရေး လုပ်လို့မရပါဘူး။ အစောကြီးထဲက ပြင်ဆင်ထားရပါလိမ့်မယ်။

လူထုမှ သည် လူထုဆီသို့ 
လူထုစည်းရုံးရေး၊ လူထု လုပ်ငန်းစဉ်တခုကို အကောင်အထည် ဖေါ်တော့မယ်ဆိုရင် လူထုမှသည် လူထုဆီသို့  ဆိုတဲ့ဆောင်ပုဒ်တော့လိုအပ်ပါလိမ့်မယ်။ ဘာပဲလုပ်လုပ် အဲဒီအခြေခံပေါ်ကပဲ စဉ်းစား လုပ်ကိုင် ဆုံးဖြတ်ရင် အောင်မြင်တဲ့ လူထုစည်းရုံးရေး၊ လူထုလုပ်ငန်းစဉ်
ဖြစ်လာနိုင်ပါတယ်။လူထုဟာ အမျိုးမျိုးအထွေထွေ ဖြစ်နေမှာပါ။ ဒါတွေကို အထူုး နားလည်ထားဖို့ လိုပါလိမ့်မယ်။ နောက်တချက်က လူထုဟာ လိုအပ်တဲ့အချိန်မှာ ကြိုက်သလို သုံးနိုင်အောင့် ဖွဲစည်းထားတဲ့ အရံစစ်တပ် မဟုတ်ပါဘူး။ ဒီနေရာမှာ အခြေအနေတခုကို ရောက်လာလို့  ငါတို့
လှုံ့ဆော်ပေးလိုက်ရင် လူထုကြီးဟာ ၀ုန်းခနဲ ထလာမယ်။ ငါ့နောက်က ပါလာမယ်လို့ တချို့ နိုင်ငံရေးသမားတွေက ထင်နေတတ်တယ်။
လူထုဟာ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လူထုကို အမိန့်ပေးလို့ မရပါဘူး။ လူတိုင်းမှာ ကွဲပြားတဲ့ အကျိုးစီးပွား၊ အမြင်သဘောထားတွေကိုယ်စီ ရှိကြပါတယ်။ ကျြေငြာချက်တွေ ထောင်သောင်းချီထုတ်ပြီး လူထုကို လှုပ်ရှားမှုထဲလာဖို့ ခေါ်လို့ မရပါဘူး။ သူတို့ အကျိုးစီးပွါးနဲ့
ထပ်တူမကျရင် (ဒါမှမဟုတ်) လူထုက နိုင်ငံရေးထဲမှာ တက်တက်ကြွကြွ စိတ်ဝင်စားမှု မရှိရင် ဘယ်သူကပဲ ဘယ်လို ခေါ်နေ ခေါ်နေ၊လူထုက မပါပါဘူး၊ မလာပါဘူး။လူထုနဲ့ လက်တွေ့နိုင်ငံရေးကို ပေါင်းစပ်နိုင်ဖို့ဆိုရင် ကြဲကွဲပြီး အမျိုးမျိုးအထွေထွေ ဖြစ်နေတဲ့ လူထုရဲ့အမြင် သဘောထားတွေ၊ အထွေထွေတောင်းဆိုချက်တွေကို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေအဖြစ် ပေါင်းစပ်နိုင်ရပါမယ်။ ပေါင်းစပ်တတ်ရပါမယ်။ ဒါ့ကြောင့် လူထုကိုဦးဆောင်မယ့်၊ လှုပ်ရှားမှုကို လုပ်ကိုင်မယ့် အစုအဖွဲ့တွေအနေနဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူထုရဲ့အသံကို နားထောင်ရပါမယ်။ လူထုရဲ့အသံကိုလည်း နားမလည်၊ လူထုနဲ့လည်း လက်တွေ့ ပေါင်းစပ်နိုင်အောင် မလုပ်နိုင်ရင်တော့ ဘယ်လောက်ပဲ ကြိုးစား အားထုတ် ထုတ်၊လူထုလှုပ်ရှားမှု ဖြစ်မလာပဲ လူတစုရဲ့ လှုပ်ရှားမှုသာဖြစ်ပြီး အားထုတ်မှုသည်လည်း အချည်းအနှီး ဖြစ်သွားတတ်ပါတယ်။
ဒီနေရာမှာ ဘယ်လို စုစည်း စည်းရုံးလို့ ရနိုင်မလဲ ဆိုတာကတော့ လူထု စည်းရုံးရေးနဲ့  လူထု လုပ်ငန်းစဉ် နည်းလမ်းတွေကို ဘယ်လောက်နားလည် ကျွမ်းကျင်သလဲ၊ ယေဘုယျ အထွေထွေ လှုံဆော်ချက်တွေကို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေအဖြစ် ဘယ်လို ပေါင်း စပ်နိုင်သလဲ
ဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒါ့အပြင် လူထုကို ဦးဆောင်မယ့်သူ ကေဒါတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ သူတို့ကိုယ်တိုင် လူထုကိုဘယ်လောက် ယုံကြည်ကိုးစားမှု ရှိတယ်၊ လူထုရဲ့အသံကို ဘယ်လောက်အထိ နားထောင်တယ်၊ လူထုနဲ့ တသားထဲကျနေတယ် ဆိုတဲ့
အချက်တွေက သူတို့ရဲ့ စည်းးရုံးရေး အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။ လူထုကို တကယ်ဦးဆောင်နိုင်တဲ့ သူ ဟုတ်၊ မဟုတ် ဆိုတဲ့အရည်အချင်းကိုလည်း စစ်ဆေးပါလိမ့်မယ်။အဲဒီလို အရည်အချင်းတွေရှိလာအောင် လူထုကြားထဲမှာနေပြီး လူထုဆီက ပြန်လည် သင်ကြားရမှာပါ။ လူထုမှသည် လူထုဆီသို့  ဆိုတဲ့နည်းနဲ့ ပဲ သင်ကြားပြီး
ကိုယ့်ကိုယ်ကိုယ် ပျိုး ထောင်ရမှာပါ။ ဒီနေရာမှာ နိုင်ငံရေးစကားလုံးအကြီးကြီးတွေ ပြောနေလို့ကတော့ အလုပ်မဖြစ်ပါဘူး။ရန်သူလည်း မရိပ်မိရလေအောင် ရိုးရိုးကုပ်ကုပ်နဲ့ သာမာန်လို နေထိုင်၊ ကိုယ့်ပတ်ဝန်းကျင်က သာရေးနာရေးကိစ္စတွေမှာ ပါဝင် ဆောင်ရွက်
ဒီလိုနဲ့ပဲ လူထုနဲ့ တသားထဲဖြစ်အောင် လုပ်နိုင်သလို၊ ကိုယ်ရဲ့ လူထု စည်းရုံးရေးနဲ့ လက်တွေ့ ပေါင်းစပ်ရေးတွေကို ပြုစု ပျိုးထောင်သင်ကြားနိုင်ပါတယ်။ဥပမာ ကိုယ့်ပတ်ဝန်းကျင် ရပ်ကွက်ထဲ၊ လမ်းထဲမှာ ဖြစ်ပျက်နေတဲ့ လမ်းခင်း တံတားခင်း၊ မီး၊ ရေ၊ သန့် ရှင်းရေး စသည်ဖြင့် ပြဿနာမျိုးစုံကိုကိုယ့်ပတ်ဝန်းကျင်က ဘယ်လို ထင်နေကြလဲ၊ သူတို့ ဘယ်လို ဖြေရှင်းဖို့ ကြိုးစားနေကြလဲဆိုတာကို နားထောင်ပြီး သူတို့ ဆိုလိုချင်တဲ့အချက်တချက်ချင်းစီကို သေချာ လေ့လာ စိစစ်သင့်ပါတယ်။ ဒီ့နောက် အဲ့ဒီအချက်တွေကို ပေါင်းစပ်ပြီး လက်တွေ့ ဖြစ်နိုင် လုပ်နိုင်တာကိုပတ်ဝန်းကျင်မှာ ပြန်ပြီး ချပြ ပြောပြ၊ ပြီးရင် ကိုယ် ချပြ ပြောပြထားတဲ့ အချက်တွေကို ဘယ်လို တုံ့ ပြန်ကြလဲဆိုတာနားထောင်၊ ပြန် သုံးသပ်။မှားရင် မှားနေလိမ့်မယ်၊ ပြဿနာ မရှိပါ။ တုံ့ပြန်ချက်တွေကို ပြန်ပြီး စိစစ် အမှားကို ပြင် လိုအပ်တာကို ဖြည့်စွက်ပြီး ပြန်ပြီး ချပြ ပြောပြ၊ ပြီးရင်ပြန် နားထောင်၊ ကြောင်လိမ်လှေခါး တက်သလိုပါပဲ တ၀ိုင်းပြီး တ၀ိုင်း၊ တဆင့်ပြီးတဆင့် တက် လာပြီး နောက်ဆုံးမှာ လူထုနဲ့ တသားထဲကျနေတဲ့ လက်တွေ့ လုပ်ငန်းစဉ်တခု ဖြစ်လာလာပါလိမ့်မယ်။ ဒီလိုနဲ့  ကိုယ့်ပတ်ဝန်းကျင်က လူထုအကြောင်း၊ သူတိုရဲ့ သဘောသဘာဝတွေကို ပို သိလာနိုင်သလို သူတို့ဘက်ကလည်း ကိုယ့်ကို သူတို့နဲ့ တသားထဲရှိနေသူအဖြစ် အသိအမှတ် ပြုလာပါလိမ့်မယ်။ ဒါ့အပြင် သူတို့  တွေ
ကြားထဲမှာ ကြဲကွဲနေတာတွေကို လက်တွေ့အဖြစ် ဘယ်လိုပေါင်းစပ်ပေးနိုင်တယ်ဆိုတဲ့အသိလည်း တဖြည်းဖြည်းနဲ့ တိုးလာပါလိမ့်မယ်။ဒီနေရာမှာ အထူးသတိပြုရမှာကတော့
အချိန်မရောက်သေးခင်မှာ အာဏာပိုင်တွေနဲ့ ထိပ်တိုက် မတွေ့ မိစေဖို့ ၊ ကိုယ် ဘာလုပ်နေတယ်
ဆိုတာကို မရိပ်မိစေဖို့ အရမ်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ဘာကိုပဲလုပ်လုပ်
အချိန်မရောက်သေးခင်မှာ သူတို့ရဲ့ ဥပဒေဘောင် အတွင်းမှာ ပဲရှိနေပါစေ။
အပျော်သဘော မဆန်ပါစေနှင့်
မြေအောက်လုပ်ငန်းဆိုတာ အခု ရေတွင်းတူး၊ အခု ရေကြည်သောက်လို့ ရတ့ကဲိစ္စမျိုး မဟုတ်ပါဘူး။ ခိုင်မာတဲ့ မြေအောက်လိုင်းတလိုင်းဖြစ်ဖို့ကို အချိန် ဘယ်လောက် ကြာအောင် တည်ဆောက်ရတယ်ဆိုတာကို မြေအောက်လှုပ်ရှားမှုနဲ့  နီးစပ်သူတိုင်း သိကြမှာပါ။ ဒါကြောင့်
အပျော်တမ်း မဆန်ဖို့ ၊ မလိုအပ်တဲ့ စွန့်စားမှုတွေ မလုပ်စေချင်ပါဘူး။ ခက်ခက်ခဲခဲ
တည်ဆောက်ထားရတာတွေကို အကြောင်းမဲ့အလွယ်တကူ မဖြုန်းတီးပစ်သင့်ပါဘူး။ အဲဒါကတော့ အောက်ခြေပိုင်းက ကေဒါမှာရော၊ အပေါ်ပိုင်းက ဦးဆောင်သူရော သတိထားရမယ့်
အချက်တွေ ဖြစ်ပြီး ဦးဆောင်တဲ့သူက ပိုပြီး သတိထားသင့်ပါတယ်။
ဒါကြောင့် ဦးဆောင်မှုအပိုင်းရဲ့  နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲနေမှုအခြေအနေကို အကဲဖြတ်မှုဟာ အရမ်း ကို အရေးပါပါတယ်။ ဘယ်အချိန်ဘယ်အနေအထားဟာ တိုက်ပွဲ ဖေါ်ရမယ့် အချိန်၊ ဘယ် အချိန်ဟာ အင်အားတည်ဆောက်ရမယ့် အချိန်၊ ဘယ်အချိန်ဟာ ရေရှည်မြှုပ်နှံ
ရမယ့် အချိန် ဆိုတာကို အစောကြီးကတည်းက တွက်ချက်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ကိုယ် ဖေါ်ဆောင်မယ့် လှုပ်ရှားမှု၊ လုပ်ငန်းစဉ်တွေရဲ့  ထိရောက်မှု နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း သေသေချာချာ သုံးသပ်သင့်ပါတယ်။ ဥပမာ ရေရှည် မြှုပ်နှံပြီး အင်အား
တည်ဆောက်ရမယ့် သာမာန် ငြိမ်သက်နေတဲ့ အချိန်မျိုးမှာ ရုံးတွေ၊ ကျောင်းရှေ့တွေမှာ စာကပ်တာထက် အဲဒီကျောင်းထဲ၊ ရုံး အလုပ်ထဲမှာကိုယ်ရဲ့ တပ်သားတယောက် ထည့်ထားနိုင်တာက ပိုပြီး ထိရောက်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့လှုပ်ရှားမှုကြောင့် တခြား အဖွဲ့အစည်းတွေ၊အထူးသဖြင့် တခြားအဖွဲအစည်းတွေက မြေအောက်လုပ်ငန်း လုပ်နေသူတွေကို မထိခိုက်ဖို့ အထူးသတိပြုရသလို သူတို့က ကိုယ့်ကို လာပြီးမထိခိုက်ဖို့ကိုလည်း အင်မတန် ဂရုစိုက်ရပါလိမ့်မယ်။မြေအောက်လှုပ်ရှားမှု လုပ်နေတဲ့ ကေဒါတွေရဲ့ နိုင်ငံရေး၊ စည်းရုံးရေး အရည်အသွေးတွေ အစဉ် တိုးတက် ထက်မြတ်နေဖို့ အင်မတန်မှအရေးပါပါတယ်။ ဒီလို ဖြစ်နေအောင်လည်း အမြဲမပြတ် လေ့လာရေးတွေကို ပြုလုပ်၊ ဖန်တီးပေးနေရပါမယ်။ နောက်ပြီး ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ တချို့ကေဒါအသစ်တွေရဲ့ အရမ်းကာရော တက်ကြွမှုကို လိမ်မာပါးနပ်စွာ ထိမ်းသိမ်း ကိုင်တွယ်တတ်ဖို့ လိုပါလိမ့်မယ်။ ကေဒါသစ်တယောက်ကို အတွင်းစည်းထဲမှာ လက်မခံခင် အောက်ခြေအဆင့်တွေမှာ အချိန်ကာလတခုထိ အမျိုးမျိုး စမ်းသပ်စစ်ဆေးပြီးမှ လက်ခံသင့်ပါတယ်။ မြေအောက်လုပ်ငန်းကို လူများရင်ပြီးရော ဆိုပြီး လုပ်လို့ မရပါဘူး။ ပေါ်ပြူလာလုပ်ငန်း မဟုတ်သလို၊ အပြလုပ်တဲ့ လုပ်ငန်းလည်းမဟုတ်ပါဘူး။ ရန်သူရဲ့အသည်းနှလုံးထဲကို ရန်သူကိုယ်တိုင် မသိအောင် ဓါးဝင် စိုက်ထားရတဲ့ အလုပ်မျိုး ပါ။ အင်အားကြီးပြီး ကြိုတင် ပြင်ဆင်မှုလည်း ရှိနေတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတာဖြစ်လို့  ကိုယ့်ဘက်ကလည်း စနစ်တကျ ကြိုတင်ပြင်ဆင်မှုရှိဖို့  ၊ ညီညွတ်ဖို့ ၊ နည်းပရိယာယ်
ကြွယ်ဝဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ဟန်ချက်ညီညီနဲ့  တော်လှန်ရေး အနုပညာကို လှလှပပ ကပြ တင်ဆက်နိုင်မှာ ဖြစ်ပါကြောင်း။
ဇောင်ဂရန်ဆစ် (N.T)

http://burmatoday.net/

သူခိုးကလူဟစ်နေတာဘာကြောင့်လဲ

Photobucket
၉ ဇွန် ၂၀၀၉
တိုင်းသူပြည်သားကို သေနတ်နဲ့ပစ်ရုံတင်မကဘဲ ကြံ့ဖွံ့နဲ့စွမ်းအားရှင် လို လူမိုက်အဖွဲ့တွေမွေးပြီး အကြမ်းဖက်နေတဲ့ ဗမာစစ်အစိုးရက တရားဥပဒေစကားပြောတာဟာ “သူခိုးကလူလူဟစ်” နေတာနဲ့ အတူတူပဲ။ အသက် (၇၀) ကျော် နေတဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေး အငြိမ်းစားမယူတာ စစ်စည်းကမ်းကို လေးစားတာလား။ စစ်မှုထမ်းဥပဒေ စည်းကမ်းချိုးဖောက်သူက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ တည်ဆောက်မယ်လို့ ဆိုတာဟာ “ခွေးပါးစပ်က နတ်စကား” ထွက်တာပဲ။ ခွေးကိုတော့ အားနာပါရဲ့။
နိုင်ငံတော်ဘေးအန္တရာယ်ကာကွယ်ရေး ဥပဒေပုဒ်မ (၁၀) (က)နဲ့ (ခ) အရ ဒေါ်စုကို အကျယ်ချုပ် ချပိုင်ခွင့်ရှိကြောင်း ရဲမှူးချုပ် မြင့်သိန်းက မေလ (၂၆) ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ အကျယ်ချုပ် (၅) နှစ်ပြည့်ခါနီးမှာ ဥပဒေချိုးဖောက် ၀င်ရောက်တဲ့ အမေရိကန်နိုင်ငံသားကို (၂) ရက်နေထိုင်ခွင့်ပြုလို့ ဒေါ်စုကို တရားစွဲရတာဆိုပဲ။ ဒေါ်စုအမှုကို စစ်ဆေး ကြားနာရာမှာ နိုင်ငံခြားသံတမန်-နိုင်ငံခြားနဲ့ ပြည်တွင်းသတင်းသမား (၉၁) ဦးကို ကြည့်ရှုခွင့် ပေးတာကိုကြည့်ရင် ပိုင်ပြီလို့ တွက်ထားပုံရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချတိုင်း လွှတ်ပေးဖို့ တကမ္ဘာလုံးက ပြောတယ်။ ဒေါ်စုရဲ့ နိုင်ငံရေး သက်တမ်းမှာ အကျယ်ချုပ်ကျနေတဲ့အချိန်က အများစုပါ။ နေအိမ်မှာ ကြိုက်သလောက်ချုပ်ထားရင် အမှုစစ်စရာ မလိုတော့ဘူးလို့ ယူဆပြီး ချုပ်ထားတာပဲ။ ဒေါ်စုကိုလွှတ်လိုက်ရင် လူထုအုံကြွမှုကြီးဖြစ်လာမှာကို ကြပ်ပြေးစစ်ဗိုလ်တွေ သေမလောက် အောင် ကြောက်ကြတယ်။
အခုတော့ စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေလည်းပြီးပြီ။ ရှေ့နှစ်မှာ ရွေးကောက်ပွဲလုပ်ပြီး သူခိုးကို အစိုးရဖြစ် အောင် လုပ်တော့မယ်။ အာဆီယံလူ့အခွင့်အရေးဆွေးနွေးပွဲကိုလည်း ကြပ်ပြေးတွင် ဇွန်လဆန်းပိုင်းမှာ ကျင်းပထား တယ်ဆိုတော့ ဒေါ်စုကို တရားဥပဒေအရ ထိန်းသိမ်းကြောင်း ပြဖို့လိုလာပြီလို့ စစ်အုပ်စုဘက်က ယူဆတာလည်းဖြစ် နိုင်တယ်။ ဘယ်လိုဖြစ်ဖြစ် ဒေါ်စုကိစ္စမှာ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းက ဒေါသထွက်တာအမှန်ပဲ။
ဒါပေမယ့် ကြပ်ပြေးစစ်ဗိုလ်တွေဟာ ဘယ်သူ့ကိုမှ အရေးစိုက်ပုံမရဘူး။ တရုတ်နဲ့ အာဆီယံအရိပ်အာဝါသကို ခိုလှုံလိုက်ကတည်းက ကြပ်ပြေးစစ်ဗိုလ်တွေဟာ ရှေ့မျက်နှာနောက်ထားပြီး သူတို့ကိုယ်သူတို့ ခုခံပြောဆိုလာကြတယ်။ အနှစ် (၂၀) လုံးလုံး ဝေဖန်ရှုတ်ချ အရေးယူခံနေရတဲ့ကြားက အသိအမှတ်ပြုခံလာရတာကို သဘောပေါက်လို့ ကြပ်ပြေးဗိုလ်ချုပ်တွေဟာ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းမှာ ဇက်ရဲလက်ရဲ ဖြစ်လာတာပဲ။
ဒေါ်စုကို လွှတ်ပေးဖို့ အာဆီယံအဖွဲ့က တောင်းဆိုထားတာကို သတိရဖို့နဲ့ အာဆီယံအဖွဲ့ဝင်အနေနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့ ဗမာစစ်အစိုးရမှာ တာဝန်ရှိကြောင်း အာဆီယံဥက္ကဋ္ဌက မေလ (၁၉) ရက်နေ့ ကြေညာချက်ထုတ်တယ်။ တွေ့ဆုံဆွေးနွေးပြီး မြန်မာ့ပြဿနာကို မြန်မာပြည်သားတွေက ဖြေရှင်းဖို့ တရုတ်အစိုးရကလည်း ပြောတယ်။ ဒါပေမယ့် ပန်ကြားမှု၊ တိုက်တွန်းမှု၊ တောင်းဆိုမှု စတာတွေကို ကြပ်ပြေးဗိုလ်ချုပ်က လက်ခံတာမဟုတ်ဘူး။ လက်မခံလည်း ဘယ်သူကမှ ထိထိရောက်ရောက် အရေးယူနိုင်တာမဟုတ်တော့ အချိန်တန်ရင် ကြပ်ပြေးဗိုလ်ချုပ်ဟာ အစည်းအဝေး တက်မှာပါပဲ။
ဗမာစစ်သူခိုးကို အရောဝင်လိုက်တဲ့အတွက် လူပုံအလယ်မှာ မဟားတရားပြောနေတာပဲ။ “ခွေးကလေးအရောဝင် ပါးလျက်နားလျက်” ဆိုတဲ့ ဗမာစကားပုံလိုဖြစ်နေတယ်။ အရင်တုန်းက အာရှဥရောပ ASEM အစည်းအဝေးမှာ ဗမာစစ်အစိုးရကို တက်ခွင့်မပေးဘူး။ ဗမာစစ်အစိုးရကို နိုင်ငံရေးသူခိုး၊ နိုင်ငံရေးခါးပိုက်နှိုက်၊ နိုင်ငံရေးဓားပြလို့ သတ်မှတ်ထားတယ်။ အခုတော့ အာရှဥရောပအစည်းအဝေးဟာ ဗမာစစ်အစိုးရအဖို့ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။ မေလ (၂၅) နဲ့ (၂၆) ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့မှာ အာရှဥရောပ ASEM နိုင်ငံခြားရေးဝန်ကြီးများရဲ့ (၉) ကြိမ်မြောက်အစည်းအဝေးကို ဗမာတက်တယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ မေလ (၂၇) ရက်နဲ့ (၂၈) ရက်က ကျင်းပတဲ့ အာဆီယံ-အီးယူ ၀န်ကြီးအဆင့် ဆွေးနွေးပွဲမှာ ဒု-နိုင်ငံခြားရေးဝန်ကြီး မောင်မြင့်က ဒေါ်စုလွှတ်ရေးမလွှတ်ရေးကိစ္စဟာ စစ်အစိုးရနဲ့မဆိုင်ဘဲ တရားရုံးနဲ့သာဆိုင်ကြောင်း၊ မြန်မာပြည်က တရားရုံးတွေဟာ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိကြောင်း ပြောတယ်။ မဟုတ်မှန်း၊ ဗြောင်လိမ်နေမှန်းသိရက်နဲ့ နားထောင်ကြရတယ်။
မေလကုန် စင်ကာပူမှာကျင်းပတဲ့ လုံခြုံရေးညီလာခံကို ဒု-ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့် တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးအပြစ်ပေးဖို့ ကြိုးပမ်းနေတဲ့ စစ်အစိုးရအပြုအမူကို ကာကွယ်ပြောဆိုတယ်။ အံ့သြစရာက လန်ဒန်မှာအခြေစိုက်ပြီး အမေရိကန်နဲ့စင်ကာပူမှာ ရုံးခွဲတွေဖွင့်ထားတဲ့ IISS-International Institute of Strategic Studies ခေါ် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးဌာနကပါ ဗမာစစ်အစိုးရကို အသိအမှတ်ပြုလာ တာပါပဲ။
မဟာဗျူဟာလေ့လာရေးဌာနဟာ ဂုဏ်သိက္ခာရှိတဲ့ တသီးပုဂ္ဂလအဖွဲ့အစည်းဖြစ်ပြီး သက်တမ်း အနှစ် (၅၀) ရှိနေပါပြီ။ မေလကုန်က စင်ကာပူမှာ ကျင်းပတဲ့ လုံခြုံရေးထိပ်သီးဆွေးနွေးပွဲကို အမေရိကန်ကာကွယ်ရေးဝန်ကြီး Dr. Robert Gates က မေလ (၃၀) ရက်နေ့မှာ မိန့်ခွန်းပြောပြီး ဒုကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က (၃၁) ရက်နေ့မှာ မိန့်ခွန်းပြောတယ်။ Dr. Robert Gates က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ စစ်အစိုးရနဲ့ အတိုက်အခံ ဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောတယ်။
မေလ (၃၁) ရက်မှာ ပုန်ကန်မှုအောင်နိုင်ရေး အစည်းအဝေးကျင်းပပြီး သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်နဲ့ မြန်မာ ၀န်ကြီးတွေက သူတို့နိုင်ငံက ပုန်ကန်မှုအခြေအနေနဲ့ အစိုးရအောင်ပွဲခံပုံကို ရှင်းပြကြတယ်။ အဲဒီမှာ ဗိုလ်ချုပ်အေးမြင့်က မြန်မာပြည်က လက်နက်ကိုင်လှုပ်ရှားမှုအကြောင်း ပြောရင်း ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေအတိုင်း ရုံးတင်စစ်ဆေးတာ မှန်ကန်ကြောင်း ပြောတယ်။
စဉ်းစားစရာဖြစ်ရတာက ပုန်ကန်မှုကို အောင်နိုင်ကြောင်း တင်ပြတဲ့ညီလာခံ Session on Winning Counter-Insurgency Campaings မှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူရတဲ့အကြောင်းကို ပြောတာပါပဲ။ သူပြောပြီးလို့ အမေးအဖြေလုပ်ခန်းရောက်တော့လည်း မေးမြန်းသူမရှိပါဘူး။ ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့ ကမ္ဘာ့ဥပဒေသဘောတရားကို ကျင့်သုံးပြီး ဒေါ်စုကို တရားစွဲရတာဖြစ်တယ်လို့လည်း ပြောလိုက်သေးတယ်။ စစ်သူခိုးက လူလူဟစ်တယ်ဆိုတာ ဒါမျိုးပဲ။ ကြပ်ပြေးဗိုလ်ချုပ်အားလုံး ဥပဒေအထက်မှာနေချင်လို့ ကြပ်ပြေးမှာ ရုံးစိုက်နေတာမဟုတ်ပါလား။
တောင်ကိုရီးယားနိုင်ငံမှာ ဇွန်လဆန်းက ကျင်းပတဲ့ အာဆီယံ၊ တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို ၀န်ကြီးချုပ် သိန်းစိန်တက်တယ်။ ဒါကိုအခွင့်ကောင်းယူပြီး ဒီမိုကရေစီမြှင့်တင်ရေးကို မနှေးအမြန်လုပ်ဖို့ သိန်းစိန်ကို တောင်ကိုရီးယားသမ္မတက တိုက်တွန်းလိုက်တယ်။ ဒါမျိုးကတော့ ဗမာစစ်ခွေးအဖို့ ရိုးနေပြီ။ ပြောချင်သလောက် ပြောပါစေ ငတေမာရင် ပြီးတာပဲလေ။
(၁၃) ကြိမ်မြောက် အာဆီယံ လူ့အခွင့်အရေးအစည်းအဝေးကို ကြပ်ပြေးနေပြည်တော်မှာ ဇွန်လ (၃) ရက်က (၆) ရက် အထိ ကျင်းပလိုက်သေးတယ်။ ဗမာစစ်အစိုးရရဲ့ သဘောထားကို ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပင်ညဲရိုးက အသိဆုံးပါ။ ၁၉၉၀ ကစပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေ မြန်မာပြည်ကို (၃၇) ကြိမ်သွားရောက်ပြီး လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးပမ်းခဲ့ပေမယ့် အရာမရောက်ဘူးလို့ ပင်ညဲရိုးက မေလ (၂၈) ရက်နေ့ထုတ် နယူးရောက်တိုင်းစ် သတင်းစာမှာ ဆောင်းပါးရေးထားတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက မကျေမနပ်ဖြစ်ပြီး ၀ိုင်းဝန်းဟစ်အော်နေကြ ပေမယ့် တိုင်းရင်းသားလူမျိုးစုတွေကို ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်ခံနေရတာကိုတော့ အခုလို ကန့်ကွက်ဝေဖန်တာမျိုး မရှိသေးတာကို ပင်ညဲရိုး စိတ်မကောင်းဖြစ်နေပုံရတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လူ့အခွင့်ရေးကောင်စီမှာ မြန်မာ့ရေးရာဆုံးဖြတ်ချက်ပေါင်း (၃၅) ခု ချမှတ်နိုင်ပေမယ့် အာဏာအရှိဆုံး လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် တခုမှ မချနိုင်သေးတာကိုလည်း ပင်ညဲရိုး စိတ်မကောင်းဖြစ်နေပုံရတယ်။ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေ တောင်လိုပုံ နေပေမယ့် လက်တွေ့အရေးယူမယ့်သူ မရှိသရွေ့ ဗမာစစ်သူခိုးက အမြဲတမ်းလူလူဟစ်နေမှာပဲ။

သမ္မတ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံကြိုဆိုရန် နိုင်ငံတကာ အသင့်ဖြစ်နေ


Tuesday, 09 June 2009 16:07 ဧရာဝတီ

အကယ်၍ ဒီမိုကရေစီ နိုင်ငံတခုမှာ ပြုလုပ်သော ရွေးကောက်ပွဲများ မြန်မာနိုင်ငံမှာကျင်းပခွင့်ရှိမည် ဆိုပါက ပြည်သူအပေါင်းက သူတို့ခေါင်းဆောင် တင်ချင်နေကြသည့် ဒေါ်အောင်ဆန်း စုကြည်ကို သောင်းသောင်းဖြဖြ မဲပေးကြမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း တိုင်းပြည်ကို အုပ်ချုပ်ရန် အဆင်သင့်စောင့်ဆိုင်းနေသည့် သမ္မတလောင်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။

အကယ်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများသာ ဖြစ်ခဲ့ပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သူဦးဆောင်သည့် ပါတီကို ပြည်သူအများက ခေါင်းဆောင်အဖြစ် ခွင့်ပြုဆန္ဒမဲပေးကြဦးမည်ပင် ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးခဲ့ကြရသည့် စစ်အစိုးရသည် လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် သူတို့ အာဏာဆက်လက် တည်မြဲစေရေးအတွက် ဖြစ်သမျှညစ်နည်းပေါင်းစုံကို သုံးတော့မည်ဟု ယူဆရသည်။

၂၀၀၈ ခုနှစ် မေလတွင် စစ်အစိုးရက မဲလိမ်မဲညစ်၍ အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်း စုကြည် ကို နိုင်ငံ၏ခေါင်းဆောင်နေရာ မယူနိုင်ရန် ရည်ရွယ်၍ ကန့်သတ်ချုပ်ချယ်မှုများ ပြုထားပြီး သူဦးဆောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည်လည်း ခြိမ်းခြောက်ဖိနှိပ်မှုများ ကြုံတွေ့နေကြရပြီ ဖြစ်သည်။

အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်ခွင့်ပေးခဲ့ပါက တိုင်းပြည် အတိုင်းမသိတိုးတက်စည်ပင်နေသည်ကို မြင်ကြရမည်ဖြစ်ပြီး ဤအဖြစ်ကို ကြောက်ရွံ့နေကြသည့် စစ်ခေါင်းဆောင်များ၏ ပိတ်ပင်ကန့်သတ်နေမှုများကြောင့် နိုင်ငံ က ပို၍နက်သည့် ဆင်းရဲတွင်း ချောက်ထဲသို့ ထိုးဆင်းနေသည်ကို မြင်တွေ့နေကြရသည်မှာ အလွန်မှ စိတ်နာကြည်းဖွယ်ပင် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ဤသို့သော အခြေအနေမျိုးကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အစစ်အမှန် ခေါင်းဆောင်၊ သမ္မတတဦး ဖြစ်ရမည့် အခြေအနေ၊ လူထု၏ တရားဝင် တောင်းဆိုမှုကို အသိအမှတ်မပြုဘဲ ရေငုံ နှုတ်ပိတ် တိတ်ဆိတ်နေရန် မဖြစ်နိုင်ပါ။ ဧရာဝတီမဂ္ဂဇင်း၏ အယ်ဒီတာတဖွဲ့လုံးက ပြည်သူများ၏ ယခုတောင်းဆိုချက်ကို တခဲနက် အူလှိုက်သည်းလှိုက် ထောက်ခံပါသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ သမ္မတရာထူးတာဝန် ထိုက်တန်သည်ဆိုသည်မှာ ပြည်သူအများ ထောက်ခံထား ချက်အရသာ မဟုတ်ဘဲ သူ၏ ခေါင်းဆောင်မှု အရည်အချင်း၊ အကျင့်သိက္ခာ၊ သြဇာခွန်အားတို့ကြောင့် ယခုကဲ့သို့ ထောက ခံရခြင်း ဖြစ်ပါသည်။ ဤအရည်အချင်းများကြောင့် စစ်အစိုးရက သူ့ကို ၁၃ နှစ်ကျော်ကြာ အိမ်အကျယ်ချုပ်ချထား ခဲ့ရုံမျှ မက ယခုအစိုးရဆင်ကွက်ပြုထားသည့်တရားခွင်မှနေ၍ ပြောင်ပြောင်တင်းတင်း နောက်ထပ် ထောင်ဒဏ် ဆက်လက် ချမှတ်ရန် အကြောင်းလည်း ရှိနေပါသည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ယခုကဲ့သို့ ယုတ်မာကောက်ကျစ်လှသော စစ်အစိုးရနှင့် လက်ပါးစေလူမိုက်များ၏ မတရား မမျှတမှုများနှင့် ချိုးနှိမ် စော်ကားမှုများ ခံနေရသည့်တိုင် သူ့ကို ထောင်သွင်းအကျဉ်းချထားသူများအပေါ် ဒေါ်အောင်ဆန်းစုကြည်က အမျက်ထွက် ရန်လိုဟန် တစိုးတစိမျှ မပြခဲ့ပါ။ သူက အရှည်ကိုမျှော်တွေး၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း စွာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိုသာ တစိုက်မတ်မတ် တောင်းဆိုနေခဲ့ပါသည်။ သူ၏ တည်ကြည်သည့်ဟန်၊ ကိုယ် ခံအား အပြည့်ဖြင့် တုံ့ပြန်ခဲ့ပါသည်။ ဤသို့ တည်ကြည်စွာ ရင်ဆိုင်ခဲ့သည့်အပေါ်လည်း မြန်မာ ပြည်သူလူထုက ပို၍ထောက်ခံခဲ့ကြပါသည်။

သို့သော်လည်း ဤသို့ထောက်ခံသည့် အသံများကို စစ်အစိုးရက အကျဉ်းထောင်နံရံများ၏ နောက်ကွယ်တွင် ပိတ်ဆို့၍ မကြားရအောင် ပြုခဲ့ပါသည်။ ယခုအခါ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်မှာ လူမဆန်သည့် ပြစ်ဒဏ်များကို အကျဉ်း ထောင်များအတွင်း ခံစားနေကြရဆဲ ဖြစ်ပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ထူးချွန် ထက်မြက်သည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး၊ ယခင် ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး တင်ဦး၊ ၀ါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မစုစုနွေး စသည့် ခေါင်းဆောင်များကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ချုပ်မှုအောက်မှာ ကူညီပံ့ပိုးပေးမည့်သူများ ဖြစ်ပါသည်။

ယခင် စစ်တပ်မှ တပ်မှူးခေါင်းဆောင် များကိုလည်း ပြန်ဖိတ်ခေါ်၍ မြန်မာနိုင်ငံကို တိုးတက်ရာ တိုးတက်ကြောင်း ရှေ့ဆောင်ကြရန် အကူအညီတောင်းခံနိုင်ပါသေးသည်။ ထိုအချိန်တွင် ပြည်ပရောက်နေကြသည့် ရပ်ဝေးနေ ရွှေမြန်မာ များကလည်း ပူးပေါင်းလက်တွဲ၍ တတပ်တအား ပြန်လာကူညီကြမည်မှာ မလွဲပေ။

အမှန်စင်စစ် လက်တွေ့ကျကျပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်တွင် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ကပ်ဘေးပြဿနာ များအားလုံးကို ဥုံဖွဖြေရှင်းနိုင်ရန် ဆေးအစွမ်း ရှိနေမည်ဟု မျှော်လင့်မထားသင့်ပါ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မှလွဲလျှင် မည်သူတဦးကမျှ နိုင်ငံရေး အင်အားစုများ အားလုံးကို သိမ်းကျုံးဆွဲငင်နိုင်ရန်အတွက် အရည်အချင်း ရှိမနေပါ။ သူက တိုင်းရင်းသားလူမျိုး စုများ၏ ယုံကြည်မှုကိုလည်း ရယူနိုင်သလို၊ မြန်မာနိုင်ငံကိုလည်း နိုင်ငံတကာ နှင့် ပြန်လည်ထိ တွေ့ ဆက်ဆံခွင့်ရရှိစေရန် တံခါးဖွင့်ပေးနိုင်သူလည်း ဖြစ်သည်။ နိုင်ငံတကာအလယ် မျက်နှာငယ်နေရသည့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ပေးမည့်သူ ဖြစ်သလို၊ တရုတ်၊ အိန္ဒိယနိုင်ငံများ အပါအ၀င် ကမ္ဘာ့အရေးပါသည့် နိုင်ငံများ၏ ယုံကြည်မှုကို ပြန်လည်ရယူပေးနိုင်မည့် သူလည်း ဖြစ်သည်။

ယခုကျဆင်းနေရသည့် မြန်မာ့တပ်မတော်နှင့် စစ်တပ်ခေါင်းဆောင်များ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ပေးမည့်သူ ဖြစ်သလို၊ အမုန်းအာဃာတ ကင်းစင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ထားကြောင့်လည်း စစ်တပ်ကို မြန်မာပြည်သူ များ ဒေါသအမျက်ဘေးမှ ပြန်၍ လှိုက်လှဲနွေးထွေးလာစေရန် စွမ်းစေလိမ့်မည် ဖြစ်သည်။

သမ္မတ ဒေါ်အောင်ဆန်းစုကြည်က သူ၏လွတ်မြောက်ရေးကို အစဉ်အမြဲ တောင်းဆိုနေသည့် ကမ္ဘာ့ခေါင်းဆောင်များဖြစ် သော အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းတို့နှင့်အတူ ကမ္ဘာ့ စင်မြင့်အလယ်တွင် ယှဉ်၍ ခန့်ခန့်ညားညား တန်းတူရည်တူ ယှဉ်ထိုင်နိုင်မည့်သူမျိုးလည်း ဖြစ်သည်။ သမ္မတ ဒေါ်အောင် ဆန်းစုကြည် က တရုတ်နိုင်ငံ သမ္မတ ဟူကျင်းတောင်၊ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ တို့နှင့် တန်းတူရည်တူ ဆွေးနွေး ပြောဆိုနိုင်မည့်သူ ဖြစ်ပြီး ဒေသအတွင်း မြန်မာ့ဂုဏ်ကို ပြန်၍ သိက္ခာဆည်ယူနိုင်မည့်သူလည်း ဖြစ်သည်။ ကမ္ဘာတ၀န်းလုံး ရှိ မြို့တော်များက နွေး ထွေး လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုကြမည့် အမျိုးသားခေါင်းဆောင်မျိုးလည်း မြန်မာပြည်မှာ ရှိလာလိမ့်မည် ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရက ဤအမှန်တရားကို ကြားရဲသည့် အစွမ်းမရှိပါ။ မည်သို့ပင် ဖြစ်စေ၊ ယခု သူတို့လုပ်ရပ် လွန်လှပြီဆိုသည်ကိုတော့ မြန်မာစစ်ဗိုလ်ချုပ်များ သိသင့်ပြီ ဖြစ်သည်။

သူတို့ချစ်လှပါသည်ဆိုသည့် မြန်မာနိုင်ငံကြီးကို ဂုဏ်သိက္ခာပြန်လည် ဆယ်ပေးနိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည်သာ ရှိပါ တော့သည်။

ကမ္ဘာကြီးတခုလုံးနှင့် အဖိနှိပ်ခံနေကြရသည့် မြန်မာပြည်သူများ အနေနှင့်မူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမည် ဆိုလျှင် အတိုင်းထက်အလွန် ကြိုဆိုရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်ပါသည်။ မိတ်ဘက်အဖြစ် မြန်မာနိုင်ငံကို လက်ကမ်း ရန် အသင့်ဖြစ်နေကြသည်။ သမ္မတကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြ မည်မှာ မလွဲ ဧကန် ဖြစ်ပါသည်။

ဧရာဝတီ မဂ္ဂဇင်း၏ အယ်ဒီတာ့အာဘော် The World is Ready for a President Aung San Suu Kyi ကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။

ဇွန်၉ဒိုင်ယာရီ

မလောက်ငှ၍ လုံခြုံရေးဝန်ထမ်းများကိုယ်တိုင် သတင်းဓါတ်ပုံ ရောင်းစား

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇွန်လ ၁၀ရက်၊ ၂၀၀၉
အစိုးရ ပေးထားသည့် လစာနှင့် မလောက်ငှသဖြင့် အင်းစိန်ထောင်ရှေ့တ၀ိုက် တာဝန်ကျသည့် လုံခြုံရေးဝန်ထမ်းများကိုယ်တိုင် အဖြစ်အပျက် သတင်းဓါတ်ပုံ အချို့ကို ပြည်ပ အခြေစိုက် သတင်းမီဒီယာများသို့ လျှို့ဝှက်စွာ ရောင်းချမှုများ ရှိနေသည်ဟု လုံခြုံရေး ၀န်ထမ်းများနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောဆိုသည်။
လူထုလေးစား ကြည်ညိုသည့် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ပြီး ရုံးတင်သည့် ကိစ္စ စတင်ပေါ်ပေါက်ပြီးနောက် အင်းစိန်ထောင်ရှေ့ တ၀ိုက်တွင် အန်အယ်လ်ဒီ ပါတီဝင်များ၊ အခြားစိတ်ဝင်စားသူများ နှင့် ရဲ၊ စရဖ ကြံ့ဖွံ့ နှင့် စွမ်းအားရှင် အစရှိသူတို့ ဖြင့်စည်ကားနေလေ့ရှိသည်။ ထိုသို့ အန်အယ်လ်ဒီပါတီဝင်များ ထိုင်နေသည့်ပုံ နှင့် ထောင်ရှေ့မှ လှုပ်ရှားမှုများကို ပြည်ပအခြေစိုက် သတင်းမီဒီယာများက လိုချင်ကြသည့် အတွက် ထိုသတင်းဓါတ်ပုံများကို လုံခြုံရေး တာဝန်ကျသူများက ရိုက်ယူထားကာ ရောင်းစားမှုများ ရှိနေသည်ဟု သိရှိရသည်။

ထိုနေရာတ၀ိုက်ကို ၀င်ရောက်လာသည့် မည်သူ့ကိုမဆို ယူနီဖောင်းဝတ်၊ အရပ်ဝတ် ရဲများက မျက်စေ့ ဒေါက်ထောက် ကြည့်နေခဲ့ကြပြီး မည်သည့် ပြင်ပ ပုဂ္ဂိုလ်မှ သတင်း ဓါတ်ပုံ သော်လည်းကောင်း၊ ဗီဒီယိုသော်လည်းကောင်း ရိုက်ယူရန် မလွယ်ကူပေ။ အချို့သော သတင်းဓါတ်ပုံများမှာ အနီးကပ် ရိုက်ယူထားသည့် ပုံများဖြစ်ပြီး မည်သည့် အပြင် သတင်းထောက်မှ ရိုက်ကူးရန် ဖြစ်နိုင်ချေမရှိသည့် ပုံများကိုလည်း မီဒီယာများတွင် မြင်တွေ့ရလေ့ရှိသည်။

စွမ်းအားရှင်များကို တရက် ၂ထောင်ကျပ်၊ ရဲဝန်ထမ်းများကို နေ့ကြေး တရက် ၃ထောင်ကျပ် ပေးသည်ဟု ဆိုသော်လည်း မှန်မှန် မရရှိကြဟု အဆိုပါ ၀န်ထမ်းများနှင့် နီးစပ်သူတို့က ပြောဆိုသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့ လှုပ်ရှားမှုကို နှိမ်နှင်း ခဲ့စဉ်ကလည်း စွမ်းအားရှင်များ၊ ကြံ့ဖွံ့များအား တရက်လျင် ၃၀၀၀ ကျပ်နေ့ကြေးပေးခဲ့ သည်ဟု ကြားသိရပြီး ထို့အတွက်လိုအပ်သည့် ငွေများကို မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း တို့က ထောက်ပံ့ပေးရသည် ဟုလည်းသိရှိရသည်။

မြန်မာနိုင်ငံ နအဖ အစိုးရသည် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့် နည်းလမ်းဖြင့် လူထု လှုပ်ရှားမှုကို နှိမ်နှင်းရန် ကြိုးစားနေသော်လည်း တဘက်တွင် သူ၏ လုံခြုံရေးအဖွဲ့ဝင်များ ကိုယ်တိုင်ပင် အစိုးရအပေါ် သစ္စာစောင့်သိရန် မဖြစ်နိုင်သည့် အခြေအနေမျိုးဖြင့် ရင်ဆိုင်နေရသည်။

စစ်အုပ်စု တရားရုံးရက်ချိန်းများကို အတိုက်အခံလူငယ်အသိုင်းအ၀ိုင်းအချို့က မခံမရပ်နိုင်ဖြစ်

မိုးမခအထောက်တော် ၀၀၃

ဇွန် ၉၊ ၂၀၀၉

ယခင်အပတ်တွင် စစ်အုပ်စုက အင်န်အယ်ဒီပါတီက ဒေါ်အောင်ဆန်းစုကြည်ရှေ့နေများ တင်သွင်းသော အယူခံရက်ချိန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရမှု အပြီးသတ်လျှောက်လဲချက် ရုံးချိန်းများ ရွေ့ဆိုင်းခြင်းများကြောင့် မခံမရပ်နိုင်ဖြစ်ကြရကြောင်း အမည်မဖော်လိုသော အတိုက်အခံ ကျောင်းသားလူငယ်အဖွဲ့အချို့က ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုအတိုက်အခံလူငယ်အဖွဲ့က ပြောကြားရာတွင် ၎င်းတို့အနေနှင့် အင်န်အယ်ဒီပါတီ၏ “လူငယ်လုပ်ငန်းများဖော်ဆောင်ရေးအဖွဲ့” က ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည်အား မတရားစီရင်နေခြင်းကို ပြင်းထန်စွာကန့်ကွက်သည့် ထုတ်ပြန်ချက်ကို ထောက်ခံကြောင်း၊ ယခုအချိန်တွင် စစ်အစိုးရက မတရားမှုများ အစွမ်းကုန် ကျူးလွန်ပြီး မြန်မာပြည်သူတို့ကို စော်ကားလိုက်ခြင်းကို သည်းမခံနိုင်ကြောင်း၊ ဥပဒေစကားနှင့် ပြောနေချိန်ထက် မြန်မာပြည်သူတို့ကို အမှန်အတိုင်း အသိပေးဖြန့်ဝေရန်လိုကြောင်း သူတို့က မိုးမခသို့ ပြောဆိုခဲ့သည်။

“အင်န်အယ်ဒီပါတီက လူထုကို ဦးဆောင်ရမယ်။ ဦးဆောင်တဲ့နေရာမယ် ပြတ်ပြတ်သားသား အမှန်အတိုင်းကို ပြောပြမှ ဖြစ်မယ်။ အဖွဲ့ချုပ်လူငယ်တွေရဲ့ ထုတ်ပြန်ချက်ကို စစ်အစိုးရက အငြိုးထားပြီး အပြစ်တင်တယ်။ လူကြီးတွေကို ခေါ်ပြီး ချိန်းခြောက်တယ်။ အခုအရေးအခင်းကို ဒီမိုကရေစီအရေးကို လိုလားတဲ့ မြန်မာတွေအားလုံးက ပေါ့ပေါ့လေး မတွေးနိုင်ဘူး။ ဖော့ပြီးလည်း မထားနိုင်ဘူး။” ဟု ထိုအတိုက်အခံအဖွဲ့ငယ်၏ လူငယ်တဦးက မှတ်ချက်ပေးသည်။

၎င်းတို့အနေနှင့် ပြည်သူလူထုထံသို့ သတင်းအစစ်အမှန်များ လျှင်လျှင်မြန်မြန် စီးဆင်းနေစေရေး၊ တက်ကြွရဲ့ရင့်သော အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင်များ၊ လူငယ်တာဝန်ခံများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ၎င်းတို့၏ ပြောကြားချက်များကို ကြားနာရေး၊ ၀ိုင်းဝန်းဆွေးနွေး အဖြေရှာကြပြီး စစ်အစိုးရနှင့် အလိုတော်ရိအကြမ်းဖက်သမားများ၏ ခြေလှမ်းများကို ကြိုတင်ဖော်ထုတ် အသိပေးနိုင်ရေး စသည့် လတ်တလောလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် ကြိုးစားနေကြောင်း အသိပေးသွားသည်။

စင်္ကာပူ ၀န်ကြီးချုပ် ဟောင်းက ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆိုထားမှုသည် မြန်မာပြည်တွင်းရေးသာဖြစ်ဟုပြော
June 9, 2009 ·
၉ ဇွန် ရန်ကုန်၊ ၊Freedom News Group
SM Goh says Suu Kyi trial should not be allowed to affect Myanmar’s elections (သတင်းနှင့် သုံးသပ်ချက်)

a11-1စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်တောင် ကမြန်မာနိုင်ငံသို့ လေးရက်ကြာ တရားဝင် အလည်အပတ်ခရီးစဉ် အတွင်း ယနေ့  စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် တွေ့ ဆုံအပြီးတွင် မန္တလေးမြို့ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ၌ ဒေါ်အောင်ဆန်းစု ကြည် အားတရားစွဲဆိုထားသည့် ကိစ္စသည် နောင်နှစ် တွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက် ပွဲ အတွက် မည်သည့် အကျိုးသက်ရောက်မှုမျိုးမှ ဖြစ်ပေါ်လာနိုင် ဖွယ်မရှိ ဟု မှတ်ချက်ပေး ပြောကြားသွားခဲ့သည်။

ဂိုချုပ်တောင် က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးတရားစွဲ ဆိုထားသည့် ကိစ္စသည် မြန်မာပြည်တွင်းရေး ကိစ္စသာ ဖြစ်ပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက်မည်သို့ မှ အနှောင့်အယှက် မရှိ နိုင်ဟု ပြောကြားခဲ့သော် လည်း ဒေါ်အောင်ဆန်းစုကြည် အားတရားစွဲဆို ထားခြင်းကို နိုင်ငံတကာမှ ပြစ်တင် ဝေဖန်မှု များအား စစ်အစိုးရမှ လစ်လှုရှု ထားသည့် အတွက်လည်း မိမိများစွာစိတ်ပျက် မိကြောင်း ထည့် သွင်းပြောကြားသွားသည်။

စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ဂိုချုပ်တောင် နှင့် ဗိုလ်ချုပ်မူးကြီးသန်းရွှေ တို့ ယနေ့ နေပြည်တော်တွင် တွေ့ ဆုံဆွေးနွေးခဲ့ကြသည် ကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသွား သော်လည်း မည် သည့် အကြောင်းအရာများ ဆွေးနွေးသည် ကို မူထုတ်ဖေါ်
ပြောကြားခြင်းမပြုချေ။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် မတွေ့ ဆုံခင် မြန်မာ ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် တွေ့ ဆုံခဲ့သေးသည်။စစ်တပ် ၏ အရေးပါသော အခန်းကဏ္ဍကို လည်း အတိုက်အခံများ ပြန်လည် စဉ်းစားရန် နှင့် ရွေးကောက် ပွဲ တွင် အမျိုးသားဒီ မိုကရေစီ အဖွဲ့ ချုပ် ပါဝင် လာစေနိုင်ရန် လုပ်ဆောင် သင့်ကြောင်း စစ်အစိုးရ အနေဖြင့်လည်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်း ၁ရ ဖွဲ့  နှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ လည်းရှိကြောင်း
သူကပြောကြားသွားသည် ကို Channel News Asia ၏ သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

စင်္ကာပူ နိုင်ငံမှာ မြန်မာ နိုင်ငံ နှင့် အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံများထဲ တွင် တစ် နိုင်ငံဖြစ်ပြီး ၁၉၈၈ခုနှစ် စစ်တပ် အာဏာ သိမ်းပိုက်လိုက်ပြီး ချိန်မှ စ၍ မြန်မာ စစ်အစိုးရ ကို လက်နက် စတင် ရောင်းချသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

စင်္ကာပူ အဆင့်မြင့်ဝန်ကြီး တစ်ဦး ဖြစ်သည့် ဂိုချောက် တောင် ၏ မြန်မာ နိုင်ငံ လေးရက်ကြာခရီး စဉ် အတွင်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသတွင် စင်္ကာ ပူနိုင်ငံက တည်ဆောက် ပေးခဲ့သည့် ဆေးရုံဖွင့်ပွဲ ကိုပါတက်ရောက် မည်ဖြစ်သည်။

စင်္ကာပူ ၀န်ကြီးချုပ်ဟောင်းရဲ့ မြန်မာ နိုင်ငံခရီးစဉ် အတွင်း ပြောကြားချက် နဲ့ ပတ်သက်ပြီး ဘန်ကောက် အခြေစိုက် မြန်မာ့ အရေးလှုပ်ရှားသူ ကို ကျော်လင်း ဦက အခုလို သုံးသပ်ထားပါတယ်

အယင်စင်္ကာပူ ၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး အခု ၀ါရင့်ဝန်ကြီးတစ်ဦးဖြစ်နေတဲ့ ဂိုချောက်တောင် ရဲ့ မြန်မာနိုင်ငံခရီးဟာ စင်္ကာပူနိုင်ငံကိုတင် ကိုယ်စားပြုတာမဟုတ်ပဲ အာစီယံတဖွဲ့လုံးကိုယ်စား ဒေသတွင်းနိုင်ငံ တွေရဲ့ စိုးရိမ်ပူပန်မှုကို မြန်မာစစ်အစိုးရကို သွားပြောတာဖြစ်တယ်။ တကယ်တော့ ဒီခရီးဟာ အာစီယံအထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်း ပစ်ဆူဝမ်က သွားရမှာဖြစ်ပေမယ့် မြန်မာစစ်အစိုးရက သူတို့အပေါ် ထိုင်းနိုင်ငံရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်တွေကြောင့် ဒေါက်တာဆူရင်းရဲ့ ခရီးကို လက်ခံပုံမရဘူး။ ဒါကြောင့် သူ့ကိုယ်စား ဂိုချောက်တောင်က သွားရတာလို့ထင်ပါတယ်။ ဒီခရီးအတွင်းမှာ ဗိုလ်ချုပ် မှူးကြီးသန်းရွှေကို တွေ့ခွင့်ရပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ရော၊ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပါ အာစီယံနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြောခွင့်ရတယ်။ ဒါ့အပြင် နအဖ ဘက်ကလဲ သူတို့အပေါ် အတိုက်အခံတွေရဲ့ အမြင်နဲ့ပတ်သက်ပြီး နိုင်ငံရေးမှာရှိတဲ့ သူတို့ရဲ့ အခန်းကဏ္ဍ ဒီ့ထက်ပိုပြီး အသိအမှတ်ပြုစေချင်ပုံရတယ်၊ နောက်ပြီး အခုလက်ရှိ ငြိမ်ချမ်းရေးအဖွဲ့ တွေနဲ့ပတ်သက်ပြီး သူတို့ တော်တော်လေး ယောက်ယက်ခတ်နေတဲ့ဆိုတာ ထုတ်ပြောခြင်းအားဖြင့် အတည်ပြုလိုက်သလိုလဲဖြစ်တယ်။ ဒါတွေအားလုံးအတွက် နအဖ က အခု လုပ်ရမှာက ဒေါ်စုကို ထောင်ထဲ က ထုတ်ပြီး တွေ့ဆုံဆွေးနွေးပါ။ ပြေလည်မှုရအောင်ယူပါ။ ဒါဆိုယင် နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ချေဖျက်ပြီသားဖြစ်သလို အပစ်အခတ်ရပ်အဖွဲ့တွေနဲ့ ပက်သတ်ပြီးတော့လဲ ထပ်ပြီ ဦးဏှောက်ခြောက် စရာ လိုတော့မှာမဟုတ်ဘူး။ အပစ်အခတ်ရပ်အဖွဲ့တွေဘက်က နောက် အစိုးရနဲ့မှ ဆွေးနွေးမယ် ဆိုတဲ့စကားဟာ နအဖ အတွက် ဒီထက် ပိုပြီး ရနိုင်စရာမရှိတော့သလို ဒါဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်ဆဲ ရေး ပြုလုပ်ခဲ့တုန်းက ကတိက၀တ် ထားခဲ့တဲ့အတိုင်းဖြစ်နေတဲ့အတွက် နအဖ အတွက် ဒေါ်စု နဲ့ အခုပြေလည်မှု ယူဖို့က လွဲလို့ တခြားဘာမှ မလုပ်နိုင်တော့ပါဘူး။

သက်သေ ဦးဝင်းတင်နှင့် ဦးတင်ဦး ပယ်ချခံရ
Tuesday, 09 June 2009 20:25 ကိုစိုး
E-mail Print
ဒေါ်အောင်ဆန်း စုကြည်ဘက်က တရားခံပြသက်သေ ၃ ဦး ပယ်ချလိုက်ခြင်းကို ပြန်လည်ပြင်ဆင် သုံးသပ်ရန် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားချက်အား တရားရုံးက ယနေ့တွင် ၁ ဦးကိုသာ ခွင့်ပြုမိန့်ချမှတ်လိုက်သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက် လျှောက်လဲမည်ဖြစ်ကြောင်း NLD ရှေ့နေများက ပြောသည်။

[ဦးဝင်းတင်နှင့် ဦးတင်ဦး] ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် တင်ပြထားသော သက်သေ ၃ ဦးတွင် သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦး တို့ကို ပယ်ချလိုက်ပြီး NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တဦးကိုသာ ခွင့်ပြုကြောင်း ရန်ကုန်တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဗဟိုတရားရုံးအထိ ဆက်လက် လျှောက် ထားတင်ပြသွားမည် ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“အချိန်ပြဿနာကတော့ရှိတယ်၊ ဒါက ဒီမှာ ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းတွေအရ၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ ကျနော်တို့က ဥပဒေအရ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်ဖို့သာ ဦးစားပေးစဉ်းစားတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦး ဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ပြီးခဲ့သည့် စနေ့က ထုတ်ဝေသည့် အစိုးရသတင်းစာများတွင် ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် ၏ အကျင့်စာရိတ္တအတွက် သက်သေစာရင်း တင်သွင်းခြင်းသည် မလိုအပ်ကြောင်း ဖော်ပြထားသည်။

ယခု တိုင်းတရားရုံးက ဆုံးဖြတ်ချလိုက်သည့် ဒေါ်ခင်မို့မို့ကို လာမည့် ဇွန်လ ၁၂ ရက်နေ့ ရုံးချိန်းတွင်မှ မည်သည့် ရက်တွင် သက်သေထွက်ဆိုရမည်ကို အင်းစိန်ထောင်တွင်းရှိ မူလ ခရိုင်ရုံးက ပြောမည် ဖြစ်သည်ကြောင်း ရှေ့နေ ကြီး ဦးကြည်ဝင်းကလည်း ပြောပြသည်။

“အင်းစိန်တရားရုံးက အဲဒီကျမှ ဒေါ်ခင်မို့မို့ကို ပြောလိမ့်မယ်၊ အပြီးသတ်လျှောက်လဲချက်ပေးဖို့နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို စီရင်ချက်ချမယ့်အချိန်တော့ နည်းနည်းဝေးသွားတာပေါ့”ဟု ဦးကြည်ဝင်းက ဆိုသည်။

၎င်း၏နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ် သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD) လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ မေလ ၂၈ ရက်က သက်သေထွက်ဆိုခဲ့ရသည်။

စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ကျော်ပြီ ဖြစ်သည်။
ဤသတင်းအား ဧရာဝတီ သတင်းထောက် ကြည်ဝေနှင့် ပူးပေါင်းရေးသားသည်။

နိုင်ငံတကာ ဖိအားပေးရန် KNU တောင်းဆို
Tuesday, 09 June 2009 19:22 သန်းထိုက်ဦး
E-mail Print
မြန်မာနိုင်ငံ၌ လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် စစ်ရေးပြဿနာများကို အမြန်ဆုံး ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ အပါဝင် နိုင်ငံတကာနှင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများက တညီတညွတ်တည်း စစ်အစိုးရအား ဖိအားပေးရန် ကရင်အမျိုးသား အစည်းအရုံး (KNU) က ယမန်နေ့တွင် တောင်းဆိုလိုက်သည်။

ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် KNU ၏ ကြေညာချက်တွင် အနိုင်ရ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် စစ်အစိုးရ ပါဝင်သော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုလည်း အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရန် တိုက်တွန်း တောင်းဆိုထားသည်။

ထို့အပြင် စစ်ပြေး ဒုက္ခသည်များအတွက် အရေးပေါ်အကူအညီများကို အမြန်ဆုံးထောက်ပံ့ပေးရန် နိုင်ငံတကာရှိ (NGO) များ ပြည်တွင်းပြည်ပရောက် ကရင်အမျိုးသားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် အဖွဲ့ အစည်းများကိုလည်း ၎င်း KNU အဖွဲ့က တောင်းဆိုကြောင်း ရေးသားထားသည်။

ဇွန်လဆန်းမှစတင်၍ မြန်မာစစ်အစိုးရတပ်နှင့်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA) ပူး ပေါင်း တပ်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU ) လက်အောက်ခံ KNLA တပ်မဟာ(၇)တပ်စခန်းများ ကိုဆက်တိုက် ထိုးစစ်ဆင်ခဲ့ပြီးနောက် ဤကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

၎င်း တိုက်ပွဲများကြောင့် ယမန်နေ့အထိ ကရင်ရွာသားပေါင်း ၄၀၀၀ ကျော် စစ်ပြေးဒုက္ခသည်အဖြစ်ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည် ဟုသိရသည်။ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ် ခရိုင်အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေး ရောက်ရှိလာကြောင်း သိရသည်။

ကရင်ဒုက္ခသည်များ၏ စားသောက်နေထိုင်ရေးနှင့် ပတ်သက်၍ မိုးတွင်းကာလဖြစ်သည့်အတွက် ကျန်းမာရေး အခက်အခဲများနှင့်လည် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ ၎င်း ကရင်ဒုက္ခသည်များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) မှ တဆင့် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်းသိရသည်။

တိုက်ပွဲများနှင့် ဆက်စပ်၍ KNU ၏ ထုတ်ပြန်ကြေညာချက်တွင်“နယ်ခြားစောင့်တပ်ဖွဲ့များအ ဖြစ် မြန်မာစစ်အစိုးရ က ပြောင်းလဲဖွဲ့စည်းတော့မည်ဖြစ်ရာ DKBA သည်လည်း ဖောင်စီးရင်းရေငတ် ဘ၀မှ စစ်အစိုးရ၏ လှည့်ကွက် ပယောဂကြောင့် ကျွန်သဘောက်ဘ၀သို့ လုံးလုံးလျားလျား ကျရောက်သွားရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်”ဟု ဆိုထားသည်။

ယခုအခါတွင် ၀ တပ်ဖွဲ့ (UWSA) ၊ ကိုးကန့်နှင့် SSA မြောက်ပိုင်း အပစ်ရပ်အဖွဲ့များက မိမိတို့၏ အမျိုးသား ကိုယ် ပိုင်ပြဌာန်းခွင့်များ မဆုံးရှုံးရအောင် သက်ဆိုင်ရာ ဒေသခံ ပြည်သူများ နှင့် လက်တွဲ၍ သီးခြားရပ်တည်နိုင်ရေး နအဖ၏ ကျွန်သဘောက်မဖြစ်ရေးအတွက် ရပ်တည်လုပ်ဆောင်မှုများကို DKBA အနေဖြင့် များစွာနမူနာယူသင့် သည်ဟုလည်း ၎င်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နအဖ နှင့် အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့များထဲမှ (DKBA)က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် သဘော တူခဲ့ပြီး ၎င်းထိန်းချုပ်ထားသော နယ်မြေ ဒေသများ၌ လွန်ခဲ့သည့် မေလအတွင်း သထုံမြို့နယ် နှင့် ဘာအံခရိုင်ရှိ ကျေးရွာဒေသခံများကို တပ်သားသစ်များ စုဆောင်းနေကြောင်းသိရသည်။

“DKBA ဟူ၍ စတင်ပေါ်ထွန်းလာချိန်မှစ၍ ယခုအထိ အခြေအနေမှန်များကို ပြန်ကြည့်လျှင် စစ်အစိုးရမှ DKBA ကို ကရင်အချင်းချင်း ပြည်လည်တိုက်ခိုက်သတ်ဖြတ်မှုတွင် အသုံးချခဲ့သဖြင့် DKBA တပ်ဖွဲ့ဝင်များကိုယ်တိုင်နှင့် သက်ဆိုင်ရာ မိသာစုများ အလွန်တရာ ထိခိုက်နစ်နာခဲ့ကြရသည်”ဟု ထုတ်ပြချက်တွင်ဖော်ပြထားသည်။

မြန်မာစစ်အစိုးရက KNU ကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို နယ် ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးကိစ္စကြောင့် ဖိအားပေးတာမျိုးဖြစ်နိုင်သည်ဟု မြန်မာ့အရေး လေ့လာ သူ ဦးအောင်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

“တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို နယ်ခြားစောင့် အသွင်ပြောင်းမယ့် ကိစ္စမှာ သူ့စကားကို နားမ ထောင်၊ပြောလို့မရတဲ့ သူတွေကိုလုပ်တဲ့အနေအထားမျိုးလို့ထင်တယ်”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ကြွပ်ကြွပ်အိတ် ကင်းစင်ရေး မအောင်မြင်နိုင်သေး
Tuesday, 09 June 2009 19:50 အေးချမ်းမြေ့
E-mail Print
မန္တလေးမြို့ကို ကြွပ်ကြွပ်အိတ် ကင်းစင်သည့်မြို့ ဖြစ်ရန် အရေးယူရုံသက်သက် မဟုတ်ဘဲ အစားထိုး သုံးစွဲနိုင်သည့် ပစ္စည်းများ စီစဉ်ပေးလျှင် အောင်မြင်မှု ရနိုင်သည် ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများ ဆောင်ရွက်နေသော မြို့ခံတချို့က ပြောသည်။

[မန္တလေး မင်္ဂလာဈေးအတွင်းက ဆိုင်တဆိုင်တွင် ကြွပ်ကြွပ်အိတ်များ သုံးစွဲထားသည်ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ - flickr/wagaung)]

မန္တလေး မင်္ဂလာဈေးအတွင်းက ဆိုင်တဆိုင်တွင် ကြွပ်ကြွပ်အိတ်များ သုံးစွဲထားသည်ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ - flickr/wagaung)
လာမည့် ဇွန် ၂၁ ရက်နေ့မှစပြီး မန္တလေးမြို့တွင် ကြွပ်ကြွပ်အိတ်များ သုံးစွဲခွင့်မပြုတော့ဘဲ သုံးစွဲသူ တွေ့ရှိပါက အရေးယူမည်ဟု မန္တလေး နေ့စဉ်သတင်းစာတွင် ကြေညာထားပြီးနောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကာတွန်းများကို ရေးဆွဲနေသော ကာတွန်း အော်ပီကျယ်နှင့် အမည်မဖော်လိုသူ စာရေးဆရာ တဦးက အထက်ပါအတိုင်း သုံးသပ်ခြင်းဖြစ်သည်။

ကာတွန်းအော်ပီကျယ်က “အောင်မြင်မှုရဖို့တော့ ခဲယဉ်းမယ်ထင်တယ်။ ပညာပေးတာချည်းလုပ်နေပြီး အစားထိုးဖို့ စီစဉ် မပေးဘူး ဆိုရင်လည်း သုံးနေတဲ့သူတွေ ခက်ခဲလိမ့်မယ်။ ဒီအလုပ်က ကောင်းမွန်တဲ့ အလုပ်ဖြစ်တဲ့အတွက် အောင်မြင်စေ ချင်ပါတယ်၊ အောင်မြင်အောင် ဘယ်လိုလုပ်မယ်ဆိုတာလည်း စိတ်ဝင်စားတယ်” ဟု ပြောသည်။

ကာတွန်းအော်ပီကျယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ပူးပေါင်း၍ ဆွေးနွေးပွဲများတွင် ပါဝင်ခြင်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကာတွန်းများကို ပညာပေးရေးဆွဲခြင်းများကို စိုက်လိုက်မတ်တပ် ပြုလုပ်ခဲ့သည်။ ထို့အပြင် လာမည့်လမှစတင်၍ ဂျူနီယာ ကလေး ဂျာနယ်တွင် အိုဇုန်းလွှာနှင့်ပတ်သက်သည့် ကာ တွန်းများကို ကလေးငယ်များ နားလည်အောင် ရေးဆွဲ သွားရန် ရှိကြောင်း ပြောသည်။

ထိုသို့ ကြွပ်ကြွပ်အိတ်သုံးစွဲသူများအား အရေးယူမည်ဟူသည့်ကြေညာချက်ကို မန္တလေးမြို့တော်ဝန် ဗိုလ်မှူးကြီး ဖုန်းဇော်ဟန်၏ အမိန့်ဖြင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အသိတရားနဲ့တင်မရဘူး၊ တဘက်က ဥပဒေအရ ပြဌာန်းတာလည်း ပြဌာန်းရင်း တခြားတဘက် ကလည်း အစားထိုး သုံးစွဲနိုင်မယ့် ပစ္စည်းတွေကို နိုင်ငံတော် အတိုင်းအတာနဲ့ ထုတ်လုပ်ပေးနိုင်မယ်ဆိုရင် ရေရှည်မှာ အောင်မြင်မှု ရမှာပါ” ဟု ကာတွန်းအော်ပီကျယ်က ဆိုသည်။

ကြွပ်ကြွပ်အိတ်များသည် ဈေးသက်သာ၍ ထုပ်ပိုးရန်လွယ်ကူပြီး အသုံးတည့်သောကြောင့် လူအများ အလွယ်တကူ အသုံးပြုလျက်ရှိသည်။ သို့ရာတွင် အလွယ်တကူ စွန့်ပစ်မှုကြောင့် ရေမြောင်းများ ပိတ်ဆို့စေခြင်း၊ မြေကြီးထဲတွင် ဆွေးမြေ့မှုမရှိခြင်း၊ ၎င်းကို အပူပေးခြင်းဖြင့်လည်း ပြန်လည်အသုံးပြု (Recycle) ၍ မရခြင်း တို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို များစွာ အနှောင့်အယှက် ဖြစ်စေသည်ဟု ကာတွန်းဆရာက ဆက် ပြောသည်။

သဘာဝပတ်ဝန်းကျင် ဆောင်းပါးများရေးလေ့ရှိသော မန္တလေး ဒေသခံ စာရေးဆရာ တဦးကလည်း “ဒီလုပ်ငန်းက ကောင်းတဲ့အတွက် ထောက်ခံပါတယ်။ ဒါပေမယ့် မသုံးနဲ့ ဆိုတဲ့ဥပဒေထုတ်တာထက် ဒါကို စွန့်ပစ်ဖို့ အမှိုက်ပုံး သေချာစီစဉ်ပေးတာကအစ၊ ဥပမာ - စူပါမားကက်ကြီးတွေမှာ ကြွပ်ကြွပ်အိတ် တအိတ်မယူရင် Refunds ပြန်ပေးတာမျိုး၊ ဒါမှမဟုတ်လည်း အဝတ်အိတ်တွေ သုံးဖို့ ပညာပေးတာမျိုး ပိုလုပ်သင့်တယ်” ဟု ပြောသည်။

စက္ကူနှင့် ဖက်ရွက်မျိုးစုံကို ကြွပ်ကြွပ်အိတ် အစားထိုး သုံးစွဲနိုင်သော်လည်း ထိုပစ္စည်းများမှာ ပေါပေါများများ မရနိုင်ခြင်း၊ ဈေးကြီးခြင်း၊ ဆီ၊ အရည်တို့ ထုပ်ပိုးရန်အခက်အခဲရှိခြင်းများ ဖြစ်နိုင်သည်ဟု သူကဆိုသည်။

ကြွပ်ကြွပ်အိတ် ကင်းစင်မြို့တော်အဖြစ် ဆောင်ရွက်ရန် ကြေညာပြီးနောက်တွင် မန္တလေးရှိ တချို့သော စတိုးဆိုင်ကြီးများ၌ ကျွတ်ကျွတ်အိတ် အစားထိုးသုံးစွဲရေးအတွက် ပြင်ဆင် နေကြသည်။

မန္တလေးမြို့ရှိ “စံ” စတိုးက ကြွပ်ကြွပ်အိတ် အစားထိုး သုံးစွဲရန်အတွက် မိုးကာသားဖြင့် ချုပ်လုပ်သော အိတ်များ မှာယူထားသည်ဟု ပြောသည်။

မန္တလေးရှိ ပလတ်စတစ် စက်ရုံအများစုတွင် အပူပေးကာ Recycle အဖြစ် ပြန်လည်အသုံးပြုနိုင်သော ရိုးရိုး ပလတ်စတစ်အိတ် များသာ ထုတ်လုပ်၍ ကြွပ်ကြွပ်အိတ်များကို ရန်ကုန်မှ မှာယူရကြောင်း မန္တလေးဒေသခံ ပလတ်စတစ် အိတ်မျိုးစုံ ရောင်းဝယ်သည့် လုပ်ငန်းပိုင်ရှင်တဦးက ပြောသည်။

“ကြွပ်ကြွပ်အိတ်တွေ မသုံးရတော့ရင် ကျနော်တို့ လုပ်ငန်း နည်းနည်းတော့ထိခိုက်မယ်။ ဒါပေမယ့် တခြား ပလတ်စတစ်တွေတော့ ဆက်သုံးလို့ရနေပါသေးတယ်။ အဲဒါနဲ့ဆက်အလုပ်လုပ်ရမှာပေါ့” ဟု သူက ဆိုသည်။

သို့ရာတွင် ပလတ်စတစ်အိတ်သည် ကြွပ်ကြွပ်အိတ်ထက် ဈေးပိုကြီးသဖြင့် အသုံးပြုသူများအတွက် တွက်ခြေ ကိုက်ရန် မလွယ်ကူဟု သူကဆိုသည်။

ကြွပ်ကြွပ်အိတ် အသုံးပြုသူများကို အရေးယူမည်ဟု ဆိုထားသော်လည်း မည်သို့ အရေးယူမည်ကို ဖော်ပြထား ခြင်းမရှိကြောင်း သိရသည်။

“ကြွပ်ကြွပ်အိတ် သုံးလို့ဆိုပြီး ဟိုဆိုင်ပိုက်ဆံဝင်တောင်း၊ ဒီဆိုင်ပိုက်ဆံဝင်တောင်းတာမျိုး လုပ်ရင်တော့ မကောင်းဘူးဗျ။ ဒီကြေညာချက်ကြောင့် လာဘ်စားတာမျိုးတွေ မဖြစ်စေချင်ဘူး” ဟု မန္တလေးဒေသခံ စာရေးဆရာက ပြောသည်။

မန္တလေးမြို့သည် ကြွပ်ကြွပ်အိတ် ကင်းစင် မြို့တော်အဖြစ့် မြန်မာပြည်တွင် ပထမဆုံး စတင် ဆောင်ရွက်ရန် ကြိုးစားသည့် မြို့ဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်ခန့်ကလည်း မန္တလေးမြို့တွင် ကြွပ်ကြွပ်အိတ် စက်ရုံများ ဖွင့်ခွင့် မပြုတော့ကြောင်း သတင်းဂျာနယ်များတွင် ဖော်ပြခဲ့သည်။

မန္တလေးမြို့ခံ အများစုက လွန်ခဲ့သည့် ၃ နှစ်ကာလ၊ ကြွပ်ကြွပ်အိတ် စက်ရုံများပိတ်ပင်ခဲ့စဉ်က အောင်မြင်မှု မရသကဲ့သို့ ယခု တကြိမ်တွင်လည်း အောင်မြင်မှုရရန် ခက်ခဲကြောင်း ဝေဖန်ပြောဆို နေကြသည်။

ဘင်္ဂလားပင်လယ်အော် MTV ခိုးကူးသူများကို လေးဖြူဒေါသထွက်
Tuesday, 09 June 2009 16:15 ဟိန်းဇော်
E-mail Print
ရော့ခ် အဆိုတော် လေးဖြူ နောက်ဆုံးထွက်ခဲ့သည့် ဘင်္ဂလား ပင်လယ်အော် စီးရီး MTV မထွက်သေးမီကပင် ရန်ကုန်မြို့လယ် ခိုးကူးခွေ ဆိုင်များတွင် ရောင်းချလျှက်ရှိ သောကြောင့် အဆိုတော် လေးဖြူအပါအဝင် Iron Cross (IC) ဝိုင်းတော်သားများ အားလုံး ဒေါသထွက် နေကြကြောင်း ကြားသိရသည်။

ယင်း MTV မှာ ရိုက်ကူး၍ မပြီးစီးသေးသော်လည်း ကိုရီးယားဇာတ်လမ်းတွဲ နောက်ခံပုံများ၊ မြန်မာ မိန်းကလေးတဦး သရုပ်ဆောင်ထားသည့် နောက်ခံအရုပ်များဖြင့် အဆိုတော်လေးဖြူ၏ အသံကို ထပ်ကာ ပြုလုပ် ရောင်းချလျှက်ရှိကြောင်း IC အဖွဲ့ဝင်တဦးဖြစ်သူ ဘေ့စ် ဂစ်တာ သမား ကိုခင်မောင်သန့် က ပြောသည်။

ထိုသို့ MTV မထွက်မီကပင် ဖန်တီးထားသော ခိုးကူးခွေများ ထွက်ရှိနေသဖြင့် အဆိုတော် လေးဖြူက လသာမြို့နယ်အတွင်း၊ မဟာဗန္ဓုလ လမ်းပေါ်တွင် ရောင်းချနေသော ခိုးကူးခွေ ဆိုင်တဆိုင်မှ အခွေဗန်းကို ကန်သွားသည်ဆိုသည့်သတင်း ပျံ့နှံ့လျှက်ရှိသည်။

သို့ရာတွင် IC အဖွဲ့ဝင်များဖြစ်ကြသော လိဒ်ဂစ်တာတီးသည့် ကိုချစ်စမ်းမောင်နှင့် ကိုခင်မောင် သန့်တို့ကမူ ထိုသတင်းကို မကြားမိဟု ဆိုသည်။

“လသာမှာတော့ နာမည်ကြီးနေတယ်။ လေးဖြူက သူ့အခွေ ဗီစီဒီ မထွက်သေးဘဲ တခြားပုံတွေနဲ့ MTV ထွက်လာတော့ ခိုကူးရောင်းတဲ့ ဆိုင်တွေကို စိတ်ဆိုးပြီး လုပ်တယ်လို့ ကြားနေတယ်” ဟု ယုဇနပလာဇာမှ ခိုးကူခွေများဖြန့်ဖြူး ရောင်းချနေသူ တဦးက ပြောသည်။

အဆိုတော် လေးဖြူ၏ ဘင်္ဂလားပင်လယ်အော် ကိုယ်ပိုင်သံစဉ် တေးစီးရီးမှာ ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက တိပ် နှင့် စီဒီ အဖြစ်ထွက်ရှိပြီး လူကြိုက်အများဆုံး တေးစီးရီးခွေဖြစ်ခဲ့သည်။ ခိုးကူးခွေများ ထွက်ပေါ်ခဲ့သော်လည်း ပရိသတ် အများစုက မူရင်းအခွေကို ဝယ်ယူအားပေး ကြသောကြောင့် များစွာ ထိခိုက်မှုမရှိခဲ့ကြောင်း အဆိုတော်လေးဖြူက ပြောခဲ့သည်။

နာမည်ကြီး အဆိုတော်များသာမက နာမည်သိပ်မရှိသေးသည့် အဆိုတော်များ စီးရီးသစ် တခွေထွက်လိုက်သည်နှင့် ခိုးကူးလောကတွင် တပြိုင်နက်တည်း ဖြန့်ဖြူး ရောင်းချပြီး ဖြစ်သော ကြောင့် တေးထုတ်လုပ်သူများ၊ အဆိုတော်များနှင့် ဂီတဖြင့် အသက်မွေးဝမ်းကျောင်းသူများ အားလုံး စီးပွားရေးအရ ထိခိုက်နစ်နာရကြောင်း ဂီတလောကသားတဦးက ပြောပြသည်။

ယခုနောက်ပို်င်းတွင် ခိုးကူးခွေများရန်ကို ကြောက်သဖြင့် စီးရီးသစ်များ အထွက်ကျဲလာရာ ခိုးကူးသမားများမှာ ဗီဒီယို ဇာတ်ကားများဘက်သို့ ခြေဦးလှည့်လာကြပြီဖြစ်ကြောင်း ရုပ်ရှင်နှင့် ဂီတ အသိုင်းအဝန်းမှ ကြားသိရသည်။

စစ်အစိုးရအနေနှင့် ခိုးကူးခွေများ ရောင်းချခြင်းကို နှိမ်နင်းသည်ဟု ဆိုသော်လည်း ရောင်းချ ပေးသည့် လမ်းဘေးဈေးသည်များကို ဖမ်းဆီးခြင်း၊ ခိုးကူးခွေများကို ဖျက်ဆီးခြင်း မျှသာ ပြုလုပ်နိုင်ပြီး ခိုးကူးခွေများ ထုတ်လုပ်ဖြန့်ဖြူးနေသည့် အဓိက ပင်ရင်းဒိုင်ကြီးများကို တခါမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

အဆိုတော်လေးဖြူသည် ၂၀၀၅ ခုနှစ်အတွင်းက Live show သီဆိုခြင်းကို အကြောင်း ကြောင်းကြောင့် ရပ်နားခဲ့ပြီး ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသမှ လေဘေးသင့်သူများအတွက် ရန်ပုံငွေအဖြစ် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် Live show ပြန်လည်သီဆိုခဲ့သည်။

၎င်းသည် လွယ်ဟိန်းကုမ္ပဏီ နှင့် Iron Cross Entertainment ပူးပေါင်း ဆောင်ရွက်သည့် Alpine Music Show ပွဲများတွင် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလအထိ ဖျော်ဖြေရန် ၂၀၀၉ နှစ်ဆန်းမှ စတင်၍ စာချုပ် ချုပ်ဆိုထားသည်။
ဤသတင်း ပေးပို့ချက်တွင် အေးချမ်းမြေ့ ပါဝင်ရေးသားသည်။

Comments (0)
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ILO ဖိအားပေး
Tuesday, 09 June 2009 19:29 ဇာနည်ဝင်း
E-mail Print
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ရန်၊ နိုင်ငံအနှံ့ လုပ်အားပေး ခိုင်းစေနေခြင်းကို ရပ်ဆိုင်းရန် နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) ညီလာခံက မြန်မာ စစ်အစိုးရကို စနေနေ့တွင် တောင်းဆိုလိုက်သည်။

“မြန်မာပြည် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမားများကို ထိန်းသိမ်းထားမှု စသည်တို့ အတွက် လွန်စွာ စိုးရိမ်မိသည်” ဟု ညီလာခံသို့ တက်ရောက်လာသူများက ပြောဆိုကြသည်။

လုပ်အားပေး ခိုင်းစေခြင်း ပပျောက်သွားရေး နှင့် ပတ်သက်ပြီး မြန်မာပြည်၏ တည်ဆဲ ဥပဒေ၊ အခြေခံ ဥပဒေသစ်တို့တွင် ထည့်သွင်း ပြဌာန်းပေးရမည်ဟုလည်း ILO ၏ အလုပ်သမား စံညွှန်းများ ဆိုင်ရာ ကော်မတီက တိုက်တွန်းလိုက်သည်။

စစ်အစိုးရ ကိုယ်စားလှယ်ကမူ အခြေခံ ဥပဒေသစ် လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် ဝေဖန်ချက်များကို စစ်အစိုးရက လက်ခံမည် မဟုတ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က အခြေခံ ဥပဒေကို ထောက်ခံမဲ ပေးခဲ့ပြီး ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။

လုပ်အားပေး ခိုင်းစေမှု အဆုံးသတ်ရေး ဆောင်ရွက်ချက်များကို ၂ ဆ တိုးပြီး လုပ်ကိုင်ရန် စင်္ကာပူနိုင်ငံကလည်း တိုက်တွန်း လိုက်ကြောင်း၊ သို့သော်လည်း ညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည်အရေးကို မြှင့်တင်သူများ၊ မြန်မာပြည်အား Burma ဟု သုံးနှုန်းသူများကို စင်္ကာပူနိုင်ငံက ဝေဖန် ပြစ်တင်လိုက်ကြောင်း Reuters သတင်း တပုဒ်တွင် ရေးသားထားသည်။

ညီလာခံ တက်ရောက်သူများက ဆွေးနွေးရာတွင် လုပ်အားပေး တားဆီးမိန့်ကို လူသိ ထင်ရှား ထုတ်ပြန်ရန်၊ လုပ်အားပေးခိုင်းသူကို အရေးယူရန်၊ လုပ်အားပေးနှင့် ပတ်သက်ပြီး တိုင်ကြားသူများ၊ တိုင်ကြားရေးအတွက် ကူညီသူများအား ဟန့်တားနေခြင်းကို ရပ်တန့်ရန် တို့ကို စစ်အစိုးရအား ယခင်နှစ်များ နည်းတူ တိုက်တွန်းလိုက်သည်။

အလုပ်သမား ကိုယ်စားလှယ်များ တောင်းဆိုသည့် စစ်အစိုးရအား နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံးသို့ ပို့ဆောင်ရေး နှင့် ပတ်သက်ပြီး အလုပ်သမား စံညွှန်းများ ဆိုင်ရာ ကော်မတီက ဆက်လက် ကိုင်တွယ် ဆောင်ရွက်ခြင်း မပြုတော့ပေ။
ကုလသမဂ္ဂအဖွဲ့ခွဲ တခု ဖြစ်သော ILO ၏ ညီလာခံကို ယခုလ ၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပြုလုပ်နေရာ
အလုပ်သမား ကိုယ်စားလှယ်၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အစိုးရ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀၀ ကျော် တက်ရောက် ဆွေးနွေးနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်အမှု အခြေအမြစ်မရှိဟု ဟီလာရီကလင်တန်ပြော
Tuesday, 09 June 2009 18:44 ဧရာဝတီ
E-mail Print
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်က စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှုမှာ လုံးဝအခြေအမြစ် မရှိသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ယင်းတောင်းဆိုချက်ကို အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နိုရာ ဟာဆန်ဝီရာယုဒ ကထောက်ခံလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဌာနတွင် အင်ဒိုနီးရှားနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် ဒေါ်အောင်ဆန်း စုကြည်၏အမှုနှင့် ပတ်သက်၍အသေးစိတ် ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။

ယင်းဆွေးနွေးပွဲအပြီး မစ္စ ကလင်တန်က“ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားတဲ့ အမှုဟာ အခြေ အမြစ် မရှိဘူးလို့ ထပ်ပြောပါရစေ၊ အင်ဒိုနီးရှားအပါအ၀င် အခြားအာဆီယံ နိုင်ငံတွေကလည်း သူ့ကိုလည်း အမြန်ဆုံးပြန် လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်”ဟု သတင်းထောက်များကို ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စကို အင်ဒိုနီးရှားအနေဖြင့် အနီးကပ်စောင့်ကြည်လျက်ရှိကြောင်းနှင့်ဒေါ်အောင် ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ထပ်လောင်း တောင်းဆို သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေကြောင့် အာဆီယံက မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ ထုတ်ပြန် ချက်တွေ ကိုထုတ်ပြန်ခဲ့တယ်၊ အာဆီယံရဲ့ပဋိညာဉ်အသစ်ကို ချိုးဖောက်တဲ့ အတွက်လည်း ပြင်းပြင်းထန်ထန် သတိပေး ခဲ့ပါတယ်၊ အရင်ကခေါင်းဆောင်တွေတောင်းဆိုခဲ့သလို သူမကိုလွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ဆက်လက်၍ အင်ဒိုနီးရှားဝန်ကြီးက အမေရိကန်နိုင်ငံ၏ တင်းကျပ်သော ပိတ်ဆို့မှုများသည် မြန်မာ ပြည်သူ များကို ဒုက္ခရောက်စေနိုင်သည်ဟု ယုံကြည်ကြောင်း၊ မြန်မာပြည်၏အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ကမ္ဘာ့ နိုင်ငံ အသီးသီးက ၀ိုင်းဝန်းကူညီကြရန် တောင်းဆိုလိုက်ပြီး မြန်မာ့ အိမ်နီးချင်းနိုင်ငံများကသာလျှင် မြန်မာစစ် ခေါင်းဆောင်များနှင့် ပို၍နီးနီးကပ်ကပ် ဆွေးနွေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်ပြီး အာဆီယံသည် အစဉ်အလာအားဖြင့် အဖွဲ့ဝင်နိုင်ငံ များ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်လေ့မရှိပေ။

ယခုအချိန်တွင် စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင်ကလည်း မြန်မာပြည်သို့ လေးရက်ခရီး အလည်အပတ်ရောက်ရှိနေပြီး မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အပါအ၀င် အခြားထိပ်တန်း စစ်ခေါင်းဆောင်များနှင့်လည်းတွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။
ယင်းသို့ဆွေးနွေးရာတွင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအပေါ် အာဆီယံ၏ သဘောထားနှင့် ပတ်သက်၍ လည်း ဆွေးနွေးသွားရန်မျှော်လင့်ကြောင်းသိရသည်

ဂိုချုပ်တောင်သည် ဒေါ်စုအမှုကိစ္စ နားချဖွယ်ရှိဟု သုံးသပ်သူ ပြောဆို Print E-mail
နန်းဒေဝီ
အင်္ဂါနေ့၊ ဇွန်လ 09 2009 21:47 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္စျိမ)။ ။ စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်၏ မြန်မာပြည်သို့ ၄ ရက်ကြာ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ကိစ္စအပေါ် မြန်မာစစ်အစိုးရ ခေါင်းဆောင်များအား နားချရန်လည်း ပါဝင်နိုင်ကြောင်း မြန်မာ့စီးပွားရေး ပညာရှင်တဦးက သုံးသပ် ပြောဆိုလိုက်သည်။

မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ဖိတ်ကြားချက်ကြောင့် ရောက်ရှိလာမည့် မစ္စတာ ဂိုချုပ်တောင် (Goh Chok Tong)နှင့် အဖွဲ့၏ ခရီးစဉ်တွင် မြန်မာ့စီးပွားရေး တိုးတက် ကောင်းမွန်ရေး အကြံပေးမည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနေသည့်အပေါ် နားချရန်လည်း ပါဝင်နိုင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“အခုတော့ ကျနော်ထင်တာကတော့ မြန်မာအစိုးရကို သူတို့ နားချဖို့ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒေါ်စုကိစ္စနဲ့ ပတ်သက်ပြီးတော့ နားချမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှ အကျိုးမထူးဘူးလေ။ နောက်တခုက စီးပွားရေးနဲ့ ပတ်သက်လို့ တိုင်းပြည် ချမ်းသာသွားရင် အကုန်လုံး ခင်ဗျားတို့လည်း အဆင်ပြေမယ်ဆိုတဲ့ စကား လာပြောဖို့ လာတယ်လို့ ထင်ပါတယ်” ဟု ပြည်တွင်း စီးပွားရေး ပညာရှင်တဦးက မဇ္ဈိမကို ပြောသည်။

ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးအောင်နိုင်ဦးကလည်း “ဒေါ်စုကိစ္စ ပြောမယ်ဆိုရင်တောင် အာဆီယံမှာ တရားဝင် တာဝန်ရှိတဲ့သူ မဟုတ်တဲ့အတွက် တရားဝင်တော့ ပြောမယ်တော့ ကျနော် မထင်ဘူး။ ပြောမယ်ဆိုရင် တိုးတိုးတိတ်တိတ်လောက်ပဲ ပြောမယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။

သို့သော် ယခုခရီးစဉ်သည် စိတ်ဝင်စားဖွယ်ကောင်းသည့် ခရီးစဉ်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ခရီးစဉ်အတွင်း ခေါင်းမာသည့် မြန်မာစစ်အစိုးရ ခေါင်းဆောင်များက ပေးသည့်အကြံဉာဏ်ကို လက်ခံနိုင်ဖွယ် မရှိသည့်အတွက် မျက်မှောက် မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးပြီး အလားအလာကောင်းသည့် ခရီးစဉ် ဖြစ်နိုင်မည့် အလားအလာ မတွေ့ရှိကြောင်း စီးပွားရေးပညာရှင်က ဆိုသည်။

သူက “ကျနော့်အထင်တော့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံရေးအတွက် သိပ်အရေးကြီးတဲ့ ခရီးစဉ်လို့ ကျနော် ပြောလို့ မရဘူးခင်ဗျ။ ကျနော်က ဒီလောက်အထိ မထင်ဘူး။ ဘာကြောင့်လို့လဲဆိုတော့ ဂိုချုပ်တောင် ပြောလည်း ကျနော်တို့ဆီက အရမ်းခေါင်းမာကြတယ်လေ။ စဉ်းစားဉာဏ်က တော်တော်လေး အားနည်းနေသေးတယ်” ဟု ပြောသည်။

မစ္စတာ ဂိုချုပ်တောင်သည် စင်္ကာပူ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၁၉၉ဝ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အတွင်း ၁၉၉၇ ခုနှစ်၌ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံတွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

ဦးအောင်နိုင်ဦးက “သူက မြန်မာပြည်အစိုးရနဲ့ တစုံတရာ ရင်းနှီးမှုရှိတယ်။ ဗိုလ်ချုပ်သန်းရွှေနဲ့လည်း အာဆီယံ ခေါင်းဆောင်တွေ အပါအဝင် တံခါးပိတ်အစည်းအဝေး လုပ်ဖူးတယ်။ ဆိုတော့ ဒီခရီးစဉ်အပြီးမှာ ဘာတွေ ကြားရမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်” ဟု ပြောသည်။

စင်္ကာပူသည် မြန်မာနိုင်ငံတွင် ဟိုတယ်၊ လေကြောင်းလိုင်း၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်နှင့် သင်တန်းများပေးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများကို ပံ့ပိုးပေးခြင်း အပါအဝင် ကူညီပံ့ပိုးမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် နိုင်ငံ ဖြစ်သည်။

သို့သော်လည်း စင်္ကာပူ ဝန်ကြီးချုပ်ဟောင်းအနေဖြင့် မြန်မာစစ်ခေါင်းဆောင်များအပေါ် နားချလျှင်လည်း လက်ခံနိုင်ဖွယ် မရှိကြောင်း မြန်မာ့စီးပွားရေးပညာရှင်က ယခုလို ဆက်လက် သုံးသပ်သည်။

“သာမန်ကြည့်ရင်တော့ စစ်အစိုးရကို နားချနိုင်မယ်လို့ ထင်ရတာပေါ့။ ဒါပေမဲ့ သမိုင်းတလျှောက်လုံးမှာ ကြည့်ရင်တော့ ကျနော်ထင်တာ ရနိုင်မယ့် အနေထားမရှိဘူးလို့ မြင်တယ်။ ဒါ နိုင်ငံရေးအမြင်ကို ပြောတာပါ” ဟု သူက ပြောသည်။

သူက ဆက်ပြီး “အခုလောလောဆယ် ကြားနေရသလောက်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘယ်သူပေးတဲ့ အကြံမှ သူ မယူဘူး။ သူ ဆုံးဖြတ်တဲ့အတိုင်း သူ လုပ်နေတယ်။ ဒါကြောင့် ပြောသမျှ အဆင်ပြေပါ့မလားဆိုတာ ကျနော် စိတ်ပူတာပေါ့ဗျာ” ဟု ပြောသည်။

ယခုခရီးစဉ်အတွင်း နေပြည်တော်၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အစီအစဉ်ရှိသည်။

ထို့အပြင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့၌ ဖွံ့ဖြိုးရေးကိစ္စရပ်များအတွက် သွားရောက်ရန် ရှိသည့်အပြင်၊ နာဂစ်မုန်တိုင်းဒဏ် ခံနေရသူများအတွက် စင်္ကာပူနိုင်ငံက တည်ဆောက်ပေးသည့် ဧရာဝတီတိုင်းအတွင်းရှိ ကရင်ချောင်းကျေးရွာ ဆေးပေးခန်းဖွင့်ပွဲကိုပါ တက်ရောက်မည်ဖြစ်သည်။

မစ္စတာ ဂိုချုပ်တောင်နှင့်အတူ စင်္ကာပူနိုင်ငံ လူအင်အားဝန်ကြီး ဂန်ကင်မ်ယောင်း (Gan Kim Yong)၊ စင်္ကာပူအစိုးရ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးရာ ပါလီမန်ကော်မတီဥက္ကဋ္ဌ မိုက်ကယ် ပါးလ်မား (Michael Palmer) တို့ လိုက်ပါလာကြမည်ဖြစ်သည်။

ဒေါ်စုအမှု နောက်ထပ် သက်သေတဦး ပြန်လည်လက်ခံ Print E-mail
ကိုဝိုင်း
အင်္ဂါနေ့၊ ဇွန်လ 09 2009 19:14 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ အင်းစိန်ထောင်၌ အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေလိုက်ပေးရန် ပယ်ချခံရသူ ၃ ဦးထဲမှ တဦးကိုသာ ရန်ကုန်တိုင်း တရားရုံးက ယနေ့ ပြန်လည် လက်ခံလိုက်သည်။

တိုင်းတရားရုံး၏ ချိန်းဆိုချက်အတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ သွားရောက်ခဲ့ကြရာ၊ တရားလိုဘက်မှ တိုင်းဥပဒေရုံး ဒုတိယ တိုင်းဥပဒေဝန်ထမ်းအရာရှိ ဒေါ်ခင်မာကြည်လည်း တက်ရောက်လာပြီး ဆုံးဖြတ်ချက်ကို ရန်ကုန်တိုင်းတရားသူကြီး ဦးမြင့်အောင်က ချမှတ်ခြင်း ဖြစ်သည်။

“ဒီနေ့ကတော့လေ၊ ကျနော်တို့ သက်သေ ၃ ယောက်နဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်မှုတင်တာ ဒီနေ့ သက်သေတယောက် ဒေါ်ခင်မို့မို့ကို လက်ခံတယ်။ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့ကို ခွင့်မပြုဘူး။ အဲဒီအမိန့်ချတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် ဥပဒေအကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်က အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် အပါအဝင် သက်သေ ၄ ဦး တင်သွင်းခဲ့ရာ ဦးကြည်ဝင်းကိုသာ လက်ခံခဲ့ပြီး ကျန် ၃ ဦးကို ပြီးခဲ့သည့် လအတွင်းက ပယ်ချခဲ့သည်။

ထို့ကြောင့် သက်သေအားလုံး ပြန်လည်လက်ခံရန်အတွက် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားရာ နှစ်ဖက်ကြားနာမှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့သို့ ချိန်းဆိုခဲ့ကာ ဒေါ်ခင်မို့မို့တဦးတည်းကိုသာ လက်ခံကြောင်း ယခုလို အမိန့်ချလိုက်ခြင်း ဖြစ်သည်။

“အကြောင်းပြတာကတော့ ကျနော်တို့က မူလရုံးမှာ ၃ ယောက်ပယ်တယ်ဆိုတဲ့ အမိန့်ရေးတဲ့နေရာမှာ ဥပဒေတွေနဲ့ မညီဘူး၊ ဥပဒေအရ မဟုတ်ဘူး။ အဲဒါကို ကျနော်တို့ တင်တယ်။ အခုတော့ ဥပဒေအရ မဟုတ်ဘူးဆိုတဲ့ အခြေအနေကိုတော့ ဖော်ပြတယ်။ ဒါပေမယ့်လို့ ဥပဒေအရပဲလို့ မှတ်ယူမယ်ဆိုပြီးတော့ တိုင်းတရားသူကြီးက ပြောတယ်။ ပြီးတော့ ဒေါ်ခင်မို့မို့ တယောက်ကို ခွင့်ပြုလိုက်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဥပဒေအရမဟုတ်သည်ကို ဥပဒေအရမှတ်ယူရမည် ဆိုသည်နှင့် ပတ်သက်၍လည်း သူက “ဒီဥစ္စာက လုပ်ခွင့်မရှိဘူး။ presume လို့ခေါ်တယ် law မှာ။ မှတ်ယူတာပေါ့။ မှတ်ယူခွင့်က ဥပဒေသ သတ်မှတ်တဲ့ဟာတွေပဲ မှတ်ယူလို့ရတယ်။ ကိုယ်ထင်တာ ကိုယ်မှတ်ယူလို့ မရဘူး။ ဒါကြောင့် တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်သည် ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ ကျနော်တို့ ရိုးရိုးသားသား ယုံကြည်တယ်” ဟု သုံးသပ်သည်။

ယခုလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြင်ဆင်မှုလျှောက်ထားသူများဘက်မှ တင်ပြသော သက်သေ ၄ ဦးအနက် ဦးဝင်းတင်နှင့် ဦးတင်ဦးတို့ကို တင်ပြခြင်းမှာ လျှောက်ထားသူများ၏ အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍သာ တင်ပြထားခြင်းဖြစ်ကြောင်းနှင့် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး စွပ်စွဲထားခြင်း မရှိသဖြင့် ၎င်းတို့အား ခေါ်ယူစစ်ဆေးခြင်းမပြုသည်မှာ ဥပဒေနှင့် ညီညွတ်ကြောင်း ဖော်ပြထားသည်။

ဦးဉာဏ်ဝင်းကမူ “ဒီလို သက်သေကို ငြင်းပယ်တဲ့ကိစ္စမှာ အကျင့်စာရိတ္တဟုတ်သည် မဟုတ်သည် ဆိုတဲ့ဟာက ပြဋ္ဌာန်းချက်မှာ မပါဘူး။ အဲဒီဟာကို ရေးတာက ကိုယ့်စိတ်ကြိုက် ကိုယ်ရေးသွားတာ ဥပဒေနဲ့ မညီဘူး။ ကျနော် အဲဒီလိုပြောချင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့်မညီသဖြင့် တရားရုံးချုပ်သို့ ဆက်လက်၍ အမြန်ဆုံးတင်ပြရန် ပြင်ဆင်နေကြောင်း သိရသည်။

အမေရိကန်နှင့် အင်ဒိုနီးရှားက ဒေါ်စုကို ပြန်လွှတ်ပေးရန် တောင်းဆို Print E-mail
မုံပီး
အင်္ဂါနေ့၊ ဇွန်လ 09 2009 18:38 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ လက်ရှိ တရားရုံးတင် စစ်ဆေးနေမှုသည် အခြေအမြစ် မရှိကြောင်း ပြောဆိုလိုက်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့က ထပ်လောင်း ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် စွပ်စွဲချက်များသည် အခြေအမြစ်မရှိဟု ထပ်လောင်း ပြောဆိုကြောင်းနှင့် ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း အမေရိကားသို့ အလည်အပတ် ရောက်ရှိနေသော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Noer Hassan Wirajuda နှင့် တွေ့ဆုံအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ဝါရှင်တန်တွင် သတင်းထောက်များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

''တခြား အာဆီယံနိုင်ငံတွေလိုပဲ အင်ဒိုနီးရှားနိုင်ငံကလည်း သူမ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေအကြောင်းကို ထုတ်ဖော်ပြောဆိုနေပါပြီ။ သူမကို လွှတ်ပေးဖို့လည်း တောင်းဆိုနေပါပြီ။ ဒါကို ကျမတို့ အကြီးအကျယ် အသိအမှတ်ပြု ကြိုဆိုပါတယ်'' ဟု မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်သော ၁၀ နိုင်ငံအသင်းချုပ် အာဆီယံအဖွဲ့ကြီးကို ရည်ညွှန်း၍ သူမက ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင် တရားစွဲဆိုနေမှုကို `ကံအကြောင်းမလှသည့် ဖြစ်ထွန်းတိုးတက်မှု` ဟု သူမက ခေါ်ဆိုလိုက်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဝီရာဂျူဒါ ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးအတွက် ပြင်းထန်သည့် စကားလုံးများ သုံးစွဲထားသည့် ကြေညာချက်တစောင်ကို အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ထားပြီးဖြစ်ကြောင်းဖြင့် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

''ဒီဟာက တကယ့်ကို ကံအကြောင်းမလှတဲ့ ဖြစ်ထွန်းတိုးတက်မှုပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ ကိစ္စကို လွန်ခဲ့တဲ့လက ပြန်လည်သုံးသပ်ပြီး ပြန်လွှတ်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ'' ဟု ဝါရာဂျူးဒါးက ပြောသည်။

''အာဆီယံ ပဋိဉာဉ်စာတမ်းသစ်အရနဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ အရင် အကြိမ်တွေက အလားတူ တောင်းဆိုခဲ့ဖူးသလိုပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်ဆိုတာ ကျနော်တို့ သတိပေးလိုပါတယ်'' ဟု သူက ပြောသည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သည့် အစဉ်အလာကို ထိန်းသိမ်းထားလေ့ရှိကြသည်။ သို့သော် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ရုံးတင်စစ်ဆေးနေသည့် ကိစ္စအပေါ်တွင် `အလွန်စိုးရိမ်ပူပန်ကြောင်း` ကြေညာချက်များ အာဆီယံအဖွဲ့ကြီးက ထုတ်ပြန်လာရသည်အထိ ဖြစ်ပေါ်လာစေခဲ့သည်။

ဝါရာဂျူဒါက အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုကို ထုတ်ဖော်ပြောဆိုသွားခြင်း မပြုသော်လည်း Carnegie Endowment for International Peace ၌ အစောပိုင်းက ပြောကြားခဲ့သော မိန့်ခွန်းတွင်မူ ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများသည် မြန်မာပြည်သူများအား ပိုမို၍ ဆင်းရဲဒုက္ခရောက်စေကြောင်း ပြောကြားသွားသည်။

မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခ လျော့ပါးသက်သာစေရေးအတွက် ပိတ်ဆို့အရေးယူထားမှုများကို ရုပ်သိမ်း၍ မြန်မာနိုင်ငံနှင့် ပိုမိုနီးစပ်သော ဆက်ဆံရေးတရပ် ထူထောင်ထားရှိပါရန် ကမ္ဘာ့နိုင်ငံများကို သူက တိုက်တွန်းတောင်းဆိုသွားသည်။

ဖေဖော်ဝါရီလအတွင်း အင်ဒိုနီးရှားသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရအပေါ် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများသည် လိုချင်သော ရလဒ်ကို ရယူပေးနိုင်ခြင်း မရှိခဲ့သလို၊ အပြုသဘော ဆက်ဆံရေးမူဝါဒမှာလည်း မအောင်မြင်ခဲ့ကြောင်းနှင့် အမေရိကန်သည် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သေးသည်။

တကိုယ်တော် ဆန္ဒပြသူ ဦးဇော်ညွန့် အင်းစိန်ထောင်တွင် ရှိနေ Print E-mail
ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ 09 2009 17:37 - မြန်မာစံတော်ချိန်


မဇ္ဈိမ (ချင်းမိုင်) ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အား ပြန်လွှတ်ပေးရန် အင်းစိန်ထောင်ရှေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့သူ လေတပ် အငြိမ်းစားဗိုလ်ကြီး ဇော်ညွန့်သည် ယင်းထောင်၌ပင် ဖမ်းဆီးခံထားရကြောင်း သိရသဖြင့် မိသားစုဝင်တဦးက ယနေ့ သွားရောက်ကာ တွေ့ဆုံခွင့်ရရေး လျှောက်လွှာတင်ခဲ့ကြောင်း သိရသည်။

၅၆ နှစ်အရွယ် ဦးဇော်ညွန့်အား အင်းစိန်ထောင်တွင် ဖမ်းဆီးထားကြောင်း နိုင်ငံရေး အကျဉ်းသားများထံ ထောင်ဝင်စာ တွေ့ခဲ့သည့် မိသားစုများမှတဆင့် ကြားသိရသဖြင့် တူဖြစ်သူက ယနေ့တွင် ထောင်ဝင်စာ တွေ့ခွင့်ရရန် လျှောက်လွှာဖြည့်သွင်းခဲ့ခြင်း ဖြစ်သည်။

“တူတယောက်က ပါဆယ်ပို့ဖို့ လျှောက်လွှာတင်ထားတယ်။ ညွှန်ချုပ်ရုံးကို ပို့ထားတယ်။ တွေ့ဖို့ စာပြန်မကျသေးဘူး။ မနက်ဖြန် ပြန်လာဖို့ ပြောတယ်။ မနက်ဖြန်ဆိုတောင် တွေ့ခွင့် ရ၊ မရ မသေချာသေးဘူး” ဟု ဦးဇော်ညွန့်၏ မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့က အင်းစိန်ထောင်ရှေ့ ဆန္ဒပြစဉ် အာဏာပိုင်များက ရိုက်နှက်ဖမ်းဆီးသွားရာ ဦးဇော်ညွန့်သည် သွား ၂ ချောင်းကျိုးကာ လက်ရှိတွင် ကျန်းမာရေး မကောင်းသော်လည်း ဆေးကုသခွင့် မရသေးကြောင်း ထောင်ဝင်စာ တွေ့ဆုံခဲ့သည့် နိုင်ငံရေး အကျဉ်းသား မိသားစုများမှတဆင့် သိရသည်။

Free Daw Aung San Su Kyi စာသား အပါအဝင် တောင်းဆိုချက် ၄ ချက်ကို ၂ ပေပတ်လည်ရှိ ပိတ်စအဖြူပေါ်တွင် ရေးသားကိုင်ဆောင်ကာ သူက ဆန္ဒပြခဲ့သည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်ခဲ့သည့် ၈ ရက်မြောက်နေ့တွင် ဖဲကြိုးများ ဖြန့်ဝေခဲ့သူ အန်အယ်ဒီ ပါတီလူငယ် ကိုထွေးသိန်းအား မိသားစုက ယမန်နေ့၌ ထောင်ဝင်စာ တွေ့ခဲ့သည်။

မနက်ဖြန်တွင် အင်းစိန်မြို့နယ် တရားရုံး၌ စစ်ဆေးရန် ရုံးချိန်းပေးလိုက်ကြောင်း မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ယခုနှစ် မတ်လ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် အန်အယ်ဒီ အဖွဲ့ဝင် ဦးစိန်လှိုင် (စမ်းချောင်းမြို့နယ်) အား ယနေ့တွင် ပထမဆုံး အကြိမ်အဖြစ် ထောင်ဝင်စာ တွေ့ခွင့်ရခဲ့သည်ဟု မိသားစုဝင်တဦးက ပြောသည်။

သူက “ဟုတ်တယ်။ ပထမဆုံး တွေ့လို့ရတာပါ၊ မနေ့က သွားတော့ မတွေ့ရဘူး။ သူက ကျန်းမာနေတယ်။ ၁၅ မိနစ်တော့ စကားပြောဖြစ်ခဲ့တယ်။ ဆေးတော့ မှာလိုက်တယ်။ အရင် အဆုတ်ပွတဲ့ ရောဂါရှိတယ်” ဟု ပြောသည်။

မတ်လအတွင်းကပင် အဖမ်းခံခဲ့ရသူ အန်အယ်ဒီ အဖွဲ့ဝင် ဦးရွှေဂျိုး (လှိုင်မြို့နယ်) နှင့် အန်အယ်ဒီ ဗဟို လူမှုအထောက်အကူပြု အဖွဲ့ဝင် မချို ခေါ် ဒေါ်မြင့်မြင့်စန်း (အလုံမြို့နယ်) သည်လည်း အင်းစိန်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံနေရကြောင်းနှင့် သူတို့အမှုအတွက် ရှေ့နေ ဦးကျော်ဟိုးနှင့် ဦးမောင်မောင်လတ်က ဆောင်ရွက်ပေးမည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး၏ မြေး အလှူပွဲ သတင်းစာများ ဖော်ပြ Print E-mail
မေကျော်
အင်္ဂါနေ့၊ ဇွန်လ 09 2009 17:36 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်က ရန်ကုန်တက္ကသိုလ် လေ့ကျင့်ရေးကျောင်းကို မုန့်ဈေးတန်း အဆောက်အအုံ ဆောက်လုပ်လှူဒါန်းကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများက သတင်းဖော်ပြကြသည်။

ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်၏ လှူဒါန်းပွဲသို့ ပညာရေး ဒုဝန်ကြီး၊ ရန်ကုန်ပညာရေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှင့် ဖိုးလပြည့်၏ မိသားစုဝင်များပါ တက်ရောက်ခဲ့ကြသည်။

ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းသားဟောင်းဖြစ်သူ ဖိုးလပြည့်က ကျောင်းသူကျောင်းသားများ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသုံးနိုင်ရန် လှူဒါန်းကြောင်း ပြောဆိုခဲ့သည်ဟု သတင်းစာက ဖော်ပြခဲ့ပြီး၊ ဤသည်မှာ သူ၏ လှုပ်ရှားမှုအား နိုင်ငံပိုင် သတင်းစာများတွင် ပထမဆုံးအကြိမ် ဖော်ပြခြင်းလည်း ဖြစ်သည်။

ယင်းမုန့်ဈေးတန်း အဆောက်အအုံသစ်ကို ယခုလ ၈ ရက်နေ့က Max Myanmar Co., Ltd အကြီးအကဲ ဦးဇော်ဇော်၊ Asia Glory Trading Co., Ltd မှ ဦးသက်အောင်ချိုနှင့်အတူ သူက ဖွင့်လှစ်ပေးခဲ့သည်။

ဖိုးလပြည့်သည် အသက် ၂ဝ နှစ်ခန့်သာ ရှိသေးပြီး လက်ရှိတွင် လှိုင်သာယာ နည်းပညာ တက္ကသိုလ်ကျောင်းသား ဖြစ်သည်။

ရေဒီယိုအခွန် ပေးဆောင်ရန် သတိပေး Print E-mail
မေကျော်
အင်္ဂါနေ့၊ ဇွန်လ 09 2009 15:56 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ အခွန်မဆောင်သည့် ရေဒီယိုများကို ကြိုးမဲ့ကြေးနန်း ဥပဒေအရ အရေးယူနိုင်ကြောင်း မြန်မာစစ်အစိုးရ၏ သတင်းစာများက သတိပေးလိုက်ပြီဖြစ်သည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနက ယခုလ ၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများကတဆင့် အများပြည်သူသို့ သတိပေး ရေးသားဖော်ပြလိုက်ခြင်း ဖြစ်သည်။

“ရေဒီယိုက ၃ နှစ် တကြိမ် အခွန်ဆောင်ရတယ်။ မဆောင်ကြပါဘူး။ အရင်တုန်းကတော့ ဆောင်ကြတယ်။ ၃ နှစ်စာမှ ၆ဝ ကျပ်လောက် ကျတယ်။ အခွန်ဆောင်ရင်တော့ လိုင်စင် စာရွက်ပေးတယ်” ဟု ရန်ကုန်ရှိ စာတိုက် ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်း သင့်ပြီးနောက် မြန်မာပြည်သူများအနေဖြင့် တန်ဖိုးနည်းပြီး လူတန်းစားမျိုးစုံ သုံးစွဲနိုင်သော ရေဒီယိုများကို ပြည်တွင်း ပြည်ပ သတင်းအချက်အလက်မှန် သိရှိရန် အားကိုးလာပြီး အသုံးပြုမှုလည်း သိသာစွာ တိုးတက်လာခဲ့သည်။

“နာဂစ်နောက်ပိုင်း တရုတ်ရေဒီယိုတွေ အရမ်းရောင်းရတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အမှုလည်း ရေဒီယို အရမ်းရောင်းရတယ်။ ရေဒီယိုက ၄၅ဝဝ (ကျပ်) လောက်ဆို ရပြီ” ဟု လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ရှင်တဦးက ဆိုသည်။

ရေဒီယိုကို အခွန်ဆောင်၍ အသုံးပြုရသည်ကို လူအများအပြားက မသိရှိကြောင်း စာတိုက်ဝန်ထမ်းက ဆိုသည်။

သူက “အရေးမကြီးပါဘူး။ ဘယ်သူမှ ရေဒီယိုကို အခွန်ဆောင်ရမယ်ဆိုတာ မသိဘူး” ဟု ပြောသည်။

ရေဒီယိုများကို အခွန်မဆောင်ဘဲ အသုံးပြုပါက ကြိုးမဲ့ကြေးနန်းဥပဒေများနှင့် အရေးယူနိုင်ကြောင်း သတင်းစာများမှတဆင့် ယခုလို သတိပေးလိုက်သော်လည်း စာတိုက်များသို့မူ သီးခြား ညွှန်ကြားချက်များ မရောက်သေးကြောင်း သူက ဆက်ပြောသည်။

ရေဒီယိုအသုံးပြုသူများ စာရင်းကို ယခုနှစ်အတွင်း စာရင်းကောက်ခံခဲ့ပြီး ဂြိုလ်တုစလောင်းများကိုလည်း သာမန်ပြည်သူများ သုံးစွဲခွင့် မပြုရန် စစ်အစိုးရ၏ မူဝါဒကို ဖော်ပြသော ဆောင်းပါးများလည်း နိုင်ငံပိုင် သတင်းစာများတွင် မကြာသေးခင်က ရေးသားဖော်ပြခဲ့ကြသည်။

ထို့အပြင် ဆက်သွယ်ရေး ဝန်ကြီးဌာနက တခါသုံး ဖုန်းကဒ်များ ရောင်းချလာခြင်း၊ စာအိတ်များ ရောင်းချလာခြင်း၊ တယ်လီဖုန်း သုံးစွဲခကို ၃ လစာ ကြိုတင် ငွေပေးချေစေခြင်းတို့လည်း လုပ်ဆောင်လာခဲ့သည်။

ယခု ရေဒီယိုများကို အခွန်ဆောင်ရန် သတိပေးလိုက်သော်လည်း ဂြိုဟ်တု စလောင်းများကိုမူ နှစ်စဉ်ကြေး ထပ်မံပေးဆောင်ခွင့် မပြုသေးကြောင်း သိရသည်။




NEJ / ၉ ဇွန် ၂၀၀၉
line


ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေတဦးကို ရန်ကုန်တိုင်းတရားရုံးက ထပ်မံတင်သွင်းခွင့် ပြုလိုက်သည်။

အဆိုပါသက်သေခံခွင့် ပြင်ဆင်မှုတွင်ပါဝင်သော သက်သေ (၃) ဦးအနက် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်တို့ကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချလိုက်ကာ ဒေါ်ခင်မိုးမိုးကို သက်သေထွက်ဆိုခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းတရားရုံးက ဦးတင်ဦး၊ ဦးဝင်းတင်တို့ကို ဘာကြောင့် လက်မခံရသလဲဆိုတာကို သီးခြားပြောတာ မရှိဘူး။ ဒီနှစ်ဦးနဲ့ ပတ်သက်ပြီးတော့ အောက်ရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြင်ရန်အကြောင်းမရှိဘူးလို့ပဲ ပြောတယ်” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် မေလ (၁၈) ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး နောက် တရားလိုဘက်မှ သက်သေ (၁၄) ဦး တင်သွင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း (၁) ဦးသာ သက်သေထွက်ဆိုခွင့်ရသဖြင့် ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထား ခဲ့ရာ ယနေ့ရန်ကုန်တိုင်းတရားရုံးက နောက်ထပ် သက်သေ (၁) ဦး ထွက်ဆိုခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အန်အယ်လ်ဒီပါတီပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “အခုလို ဦးဝင်းတင်တို့ကို ပယ်ချလိုက်တဲ့အတွက် ကျနော်
တို့ ထပ်မံ အယူခံတင်သွင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေရေးရာအရ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ခွင့်ပြုချက်ရထားပြီးသားပါ” ဟု ပြောသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အမှုတွင် သက်သေလိုက်ခွင့်မရသည့်အကြောင်းမှာ လုံခြုံရေးအကြောင်းပြချက်များနှင့် ပြင်ပတွင် လှုပ်ရှားနေသည့် လှုပ်ရှားမှု များအရ ဖြစ်နိုင်ကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

“ကျနော်ကျတော့ အန်အယ်လ်ဒီမှာ အကြောင်းအခြေအနေအရ တတ်နိုင်သလောက် ပြောဆိုနေရတာရှိတယ်။ ကျနော်လှုပ်ရှားနေတယ်။ လူတွေကြားထဲမှာ ထွက်နေတယ်ဆိုတော့ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က ရှိခဲ့တဲ့ အာဏာဖီဆန်ရေးဆိုတဲ့ လိုင်းတွေအတိုင်းပဲ ကျနော်က အဲဒါတွေရဲ့ ပဲ့တင်သံလိုဖြစ်နေတယ်လို့ သူတို့က စွပ်စွဲတယ်ပေါ့ဗျာ။ ဦးဝင်းတင်ဟာ အာဏာဖီဆန်ရေးလိုင်းတို့၊ မတရားတဲ့အမိန့်အာဏာဟူသမျှ ဖီဆန်ကြလိုင်းတို့၊ နောက်တခါ ရှစ်လေးလုံးကာလတုန်းက ဆန္ဒတွေဖော်ထုတ်ကြဆိုတဲ့ ဆန္ဒဖော်သံဆိုတဲ့စာစောင် ကျနော်က ထုတ်ဖူးတာကိုး။ ဆိုတော့ ဒီအသံတွေအတိုင်း ဒီနေ့ပြောနေတဲ့စကားဟာ ဆန္ဒပြတာမဟုတ်ဘူး၊ ဆန္ဒဖော်ထုတ်တယ် ဆိုတဲ့ဟာတွေ ကျနော်သုံးတယ် ဘာညာ ဆိုပြီးတော့ ဖြစ်နေတဲ့အခါကျ ကျနော်က အဲလို ငြိနေတယ်” ဟု ၎င်းက ပြောသည်။

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးမှာလည်း ထိန်းသိမ်းခံနေရသည့်အတွက် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပယ်ခြင်းဖြစ်နိုင်သည်ဟု ဦးဝင်းတင်က ပြောသည်။

၎င်းက “သူတို့ရဲ့အကြောင်းပြချက်က ဖမ်းဆီးထားတဲ့ပုဂ္ဂိုလ်တွေကို အစိုးရက လုံခြုံရေးအကြောင်းပြချက်နဲ့ ပယ်တယ်ပေါ့ဗျာ။ တရားဥပဒေအရတော့ တရားခံပြသက်သေကို ဘယ်သူ့ဖြစ်ဖြစ် ခေါ်ပေးရမယ့်ဝတ္တရားရှိတယ်။
အခုကျတော့ တရားမျှတစွာစီရင်ရေးကို ပျက်ပြားစေနိုင်တယ်ဆိုပြီးတော့ တရားမျှတမှုကို ပျက်ပြားစေနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်ကို တင်နေတယ် ကျနော်ထင်တယ်ဗျ” ဟု ပြောသည်။

“အန်အယ်လ်ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်စုနဲ့ ကျနော်တို့ ချိတ်မိမှာစိုးတယ်ပေါ့ဗျာ ဆိုတဲ့အသံတွေ ထွက်နေတာဟာ အစိုးရအသံမဟုတ်တောင် အစိုးရတပိုင်းအသံတွေ ထွက်နေတဲ့အခါကျတော့ ဒါလည်း ဂယက်ရိုက်မှု ဖြစ်လာလိမ့်မယ် ထင်ပါတယ်” ဟု ဦးဝင်းတင်က ရှင်းပြသည်။




NEJ / ၉ ဇွန် ၂၀၀၉
line


ယခုလ ဇွန် (၆) ရက်တွင် စစ်တွေ လေဆိပ်၌ မြန်မာလေကြောင်းပိုင် လေယာဉ်တစင်း ပြေးလမ်းချော်ခဲ့ရခြင်းသည် လေယာဉ်ပြေးလမ်း စံချိန်စံညွှန်းမမီခြင်းကြောင့် အဓိကဖြစ်ကြောင်း မင်္ဂလာဒုံ လေကြောင်းထိန်းသိမ်းရေးဌာနမှ အရာရှိတဦးက ပြောသည်။

စစ်တွေလေယာဉ်ကွင်းသည် အပေါက်အပြဲများဖြင့် မကောင်းတော့သည့်အတွက် ပြုပြင်နေသည်မှာ အတော်ကြာနေ ပြီး ပြီးခဲ့သည့်လများအတွင်း ကွင်းကိုပိတ်ထားခဲ့ရာမှ ယခုပြန်ဖွင့်ကာ လေယာဉ်များ ပြန်ဆင်းသည်မှာ တလမပြည့် သေးကြောင်း အဆိုပါအရာရှိက ပြောသည်။

“အခု လေယာဉ်က အဆင်းမှာ လမ်းချော်ပြီး လေယာဉ်တောင်ပံကျိုးတဲ့အထိတောင် ဖြစ်သွားတယ်။ အဓိကကတော့ လေယာဉ်ပြေးလမ်းတွေ ပြန်ပြင်ထားတာ စံချိန်မမီဘူး၊ မိုးမကျခင် အပြီးဆိုတာနဲ့ အချိန်လုပြီး လုပ်ထားတာ၊ လမ်းတွေမညီဘူး၊ ရေတင်တယ်။ နောက်ပြဿနာတခုက လေယာဉ်ကလည်း အရမ်းအိုနေပြီ။ အဲဒါ လမ်းမညီတာနဲ့ လည်းတွေ့ရော ဘီးပြုတ်ထွက်တာပဲ။ အဖြစ်အပျက်က အတော့်ကို ကြောက်စရာကောင်းတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မြန်မာ့လေကြောင်းပိုင် XY-ADW F-၂၈ လေယာဉ်သည် ဇွန် (၆) ရက် နံနက် (၇) နာရီ (၁၀) မိနစ်တွင် ရန်ကုန်မှ ထွက်ခွာပြီး (၈) နာရီ (၂၀) မိနစ်တွင် စစ်တွေလေဆိပ်၌ ဆင်းသက်စဉ် လေယာဉ်ဘီးပြုတ်ထွက်ပြီး လမ်းချော်ကာ တောင်ပံကျိုးသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မတော်တဆမှုတွင် တွဲဖက်လေယာဉ်မှူးတဦးသာ ထိခိုက်ဒဏ်ရာရကြောင်း အစိုးရက ကြေညာသည်။

စစ်တွေ လေယာဉ်ကွင်း မကောင်းသောကြောင့် ရန်ကုန်-စစ်တွေ လေကြောင်းခရီးစဉ်များကို မေလဆန်းမတိုင်မီက ရပ်နားထားပြီး မေလ (၈) ရက်နေ့ကမှ ပုံမှန်ပျံသန်းခြင်းဖြစ်သည်။ အပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေ (၅) ရက်ပျံသန်းသည်။

ရန်ကုန်- စစ်တွေ ပြေးဆွဲသည့် ပုဂ္ဂလိကလေကြောင်းလိုင်းများ ရှိသော်လည်း မြန်မာလေကြောင်းလိုင်းက ဈေးနှုန်းပိုမိုသက်သာသောကြောင့် စီနင်းသူများပြီး လက်မှတ်လည်း ၀ယ်ရခက်ခဲကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပုဂ္ဂလိက လေကြောင်းလိုင်းများ၏ ရန်ကုန်-စစ်တွေ လေယာဉ်ခသည် လူတဦး ကျပ် (၈) သောင်းရှိပြီး မြန်မာလေကြောင်းလိုင်းမှာ ကျပ် (၅) သောင်းသာ ရှိသည်။

မြန်မာလေကြောင်းလိုင်းတွင် ဂျက်လေယာဉ် F ၂၈၊ F ၂၇ နှင့် ATR အမျိုးအစား လေယာဉ်များဖြင့် ပြည်တွင်းခရီးစဉ် များ ပျံသန်းလျက်ရှိပြီး လေယာဉ်များသည် လွန်ခဲ့သည့် နှစ်ပေါင်း (၄၀) ကျော်ကတည်းက စတင်ပျံသန်းခဲ့ခြင်း ကြောင့် ယခုအချိန်တွင် ပိုမိုခေတ်မီသည့် လေယာဉ်အသစ်များနှင့် ပျံသန်းသွားရန်ရှိကြောင်း မြန်မာလေကြောင်းမှ အဆင့်မြင့်အရာရှိကြီးတဦးက ပြည်တွင်းပုဂ္ဂလိက ဂျာနယ်တစောင်ကို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းများ စံချိန်စံညွှန်းမမီခြင်း၊ လေယာဉ်များ အိုမင်းဟောင်းနွမ်းခြင်း၊ အနားရချိန်မရှိဘဲ ဆက်တိုက်ဆိုသလို နေ့စဉ်ပြေးဆွဲပျံသန်းနေရခြင်းတို့ကြောင့် ယခုကဲ့သို့ မိုးကာလတွင် လေယာဉ်မတော်တဆမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်ရကြောင်း လေကြောင်းထိန်းသိမ်းရေး အရာရှိက ပြောသည်။




NEJ / ၉ ဇွန် ၂၀၀၉
line


ယနေ့ ဇွန် (၉) ရက်တွင် ရန်ကုန်မြို့တွင်း၌ လုံခြုံရေး အပြည့်ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ယနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများက သက်သေလိုက်ခွင့် ပြင်ဆင်လျှောက်ထားမှုအတွက် ကြားနာရန် ရန်ကုန်တိုင်းတရားရုံးတွင် ရုံးချိန်းပေးထားသည့် နေ့ဖြစ်သည့်အတွက် ယင်းသို့ လုံခြုံရေး အပြည့်ချထားခြင်းဖြစ်နိုင် ကြောင်း မဟာဗန္ဓုလလမ်းရှိ တရားသူကြီးတဦးက ပြောသည်။

“အမိန့်ချဖြစ်၊ မဖြစ်ကတော့ ဘယ်သူမှ မသိနိုင်သေးဘူး။ ဒါပေမယ့် မြင်တွေ့ရတာကတော့ လုံခြုံရေးကို အပြည့်ချ ထားတာပဲလေ။ ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းတွေကို အသံလွှင့်ဌာနတွေက တဆင့် သိပြီးသား၊ ကြားနှင့်ပြီးသားတွေ ဖြစ်နေတာဆိုတော့ တခုခု ဖြစ်လာမှာကို တွေးပြီးတော့ လုံခြုံရေးချတာ သေချာတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ချထားသော လုံခြုံရေးနေရာယူမှုမှာ မဟာဗန္ဓုလပန်းခြံနှင့် မြို့တော်ခန်းမကြားတွင် လက်နက်အပြည့်အစုံဖြင့် ယူနီဖောင်းဝတ် ရဲများပါသည့် ရဲကားအစီး (၂၀) ကို အရန်သင့်နေရာယူ ချထားခြင်းဖြစ်သည်ဟု မျက်မြင်တဦးက ပြောသည်။

“ဒီလို လုံခြုံရေးချတာ ကျမတို့အပြစ်မပြောဘူး။ ဒါပေမယ့် ကျမတို့ ဈေးရောင်း မကောင်းတော့ဘူး။ အရင်က ရောင်းမကောင်းရတဲ့ ကြားထဲ အခုလို လုံခြုံရေးချလိုက်တော့ ပိုဆိုးသွားတယ်” ဟု မဟာဗန္ဓုလပန်းခြံထောင့်ရှိ ကုန်စုံဆိုင်ပိုင်ရှင်က ပြောသည်။

လုံခြုံရေးချသည့်အတွက် မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများလည်း အလုပ်မဖြစ်ကြကြောင်း (၄၅) ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။

“ကျနော်တို့က ပန်းခြံထောင့်နားမှာ ကားကိုရပ်ပြီးတော့ အတင်အချလုပ်တာလေ။ သူတို့က ပိတ်ပြီးတော့ ကားတွေနဲ့စောင့်နေတာဆိုတော့ ကားစီးမယ့်သူတွေက မစီးတော့ဘူးပေါ့” ဟု ပြောသည်။

ယနေ့ချသော လုံခြုံရေးရဲ အရေအတွက်မှာ (၂၀၀) ခန့် ရှိမည်ဖြစ်ကြောင်း စည်ပင်သာယာရဲဝန်ထမ်းတဦးက “ကားတစီးမှာ အယောက် (၂၀) လောက်ပါတယ်။ ကား (၂၀) ဆိုရင် (၂၀၀) ကတော့ ပါမှာပဲ” ဟု ပြောသည်။

ရန်ကုန်မြို့လယ်တွင် လုံခြုံရေးချသကဲ့သို့ ရွှေဂုံတိုင် မီးပွိုင့်အနီး၊ လှည်းတန်းမီးပွိုင့်အနီးတို့တွင်လည်း ယခင်ထက် ပိုသော လုံခြုံရေး ရဲသားအရေအတွက်များ ချထားကြောင်း သိရသည်။
ဇွန်လ (၅) ရက်ကလည်း ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် ရဲကား (၁၀) စီးဖြင့် လုံခြုံရေးများ ချထားခဲ့သည်

ဒေါ်စုအမှု ဒုတိယသက်သေ ရန်ကုန်တိုင်းတရားရုံး လက်ခံ

09 June 2009


ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာနေတဲ့ တရားခွင်မှာ သူ့ဘက်က
ခုခံချေပမယ့် သက်သေတွေအနက် ပယ်ချခံထားရသူတွေကို လက်ခံဖို့ ဥပဒေ
အကျိုးဆောင်တွေက ကြိုးပမ်းခဲ့ပေမယ့် တယောက်ကိုသာ ပြန်ပြီးလက်ခံလိုက်ပါတယ်။

အစောပိုင်းတရားခွင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ဖြစ်တာမို့ ပြန်လည်
သုံးသပ်လက်ခံဖို့ အကျိုးဆောင်ရှေ့နေတွေရဲ့ ပြင်ဆင်ချက် လျှောက်ထားတာကို
ကြားနာခဲ့တဲ့ ရန်ကုန်တိုင်းတရားရုံးက သက်သေအဖြစ် တင်သွင်းထားသူတဦးဖြစ်တဲ့
တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုးကိုသာ လက်ခံဖို့ ဒီကနေ့ပဲ ဆုံးဖြတ်
ချက် ချမှတ်လိုက်တာပါ။ တရားခွင်အခြေအနေတွေကို တောက်လျှောက်စောင့်ကြည့်
နေတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်သွင်း
တာမှာ ၃ ယောက်ကို ပယ်ချထားတာမို့ သူတို့ကိုခွင့်ပြုဖို့ ဥပဒေအကျိုးဆောင်တွေက
ကြိုးပမ်းခဲ့ပေမယ့် အခုနောက်ဆုံး နောက်ထပ်တယောက်ကိုပဲ လက်ခံလိုက်တာပါ။
တားဆီးကန့်သတ်ထားတဲ့အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့
ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ သက်သေ ၄ ယောက်အဖြစ်နဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီက
ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်၊ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ
ဒေါ်ခင်မိုးမိုးနဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း
တို့ကို တင်သွင်းခဲ့ပေမယ့် အစောပိုင်းမှာ ဦးကြည်ဝင်း တဦးတည်းကိုသာ တရားရုံးက
ခွင့်ပြုခဲ့တာပါ။

ဒါကြောင့်မို့လို့ ဒါကို ပြန်လည်သုံးသပ်ဖို့ ရန်ကုန်တိုင်းတရားရုံးကို ပြင်ဆင်ချက်
လျှောက်ထားခဲ့ပေမယ့် ဒေါ်ခင်မိုးမိုးကိုပဲ လက်ခံဖို့ အခုနောက်ဆုံး ဆုံးဖြတ်ခဲ့တာဟာ
ဥပဒေနဲ့ မညီတာမို့ တရားရုံးချုပ်အထိ ဆက်ပြီးလျှောက်လဲသွားမယ်လို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက
ပြောပါတယ်။

“ဒီနေ့ညနေ ၃ နာရီ တိုင်းတရားရုံးမှာ အမိန့်ချပါတယ်။ အမိန့်ကတော့ သက်သေ
ပယ်ထားတဲ့ ၃ ယောက်မှာ ဆရာဦးဝင်းတင်ရယ်၊ ဦးတင်ဦးရယ်ကိုတော့ ခွင့်မပြုဘူး။
ရှေ့နေ ဒေါ်ခင်မိုးမိုးကိုတော့ သူတို့ ခွင့်ပြုတယ်ဆိုတဲ့အမိန့် ချတယ်။ အကျိုးအကြောင်း
သိပ် Reason မပေးဘူးဗျ။ အဓိက ကျနော်ပြောချင်တာက မူလရုံးက ချမှတ်ခဲ့တဲ့အမိန့်
က ဥပဒေပြဋ္ဌာန်းချက်နဲ့ မညီဘူး၊ ဥပဒေပြဋ္ဌာန်းချက်အတိုင်း မရေးဘူးလို့ ကျနော်တို့က
ဒီလိုပြောတယ်။ ဒီလိုပြောတဲ့အခါမှာ အခုတရားရုံးက ဒီသက်သေ ၃ ယောက်စလုံးနဲ့
ပတ်သက်ပြီးတော့ ဥပဒေမှာပါတဲ့အတိုင်း မရေးတာတော့ လက်ခံတယ်။ မရေးပေမယ့်
ရေးသကဲ့သို့ မှတ်ယူတယ်ဆိုပြီး အဲဒီဟာကို သူက အောက်ရုံးမှန်တယ်ပေါ့။

“သို့သော်လည်းဆိုပြီးတော့မှ သက်သေတဦး စစ်ဆေးတဲ့အပြင် ဒေါ်ခင်မိုးမိုးကို
စစ်ဆေးဖို့ ခွင့်ပြုတယ်ဆိုပြီး အဲဒီလို အမိန့်ချတယ်။ ကျနော်တို့သဘောထားက အဲဒီလို
မှတ်ယူလို့မရဘူး။ ဥပဒေမှာသုံးတာတော့ Presume ပေါ့၊ Presume မလုပ်နိုင်ဘူး၊
Presume လုပ်ခွင့်မရှိဘူး။ ဒါကြောင့် ဒီအမိန့်ကလည်း ဥပဒေနဲ့မညီဘူး။ ကျနော်တို့က
ဥပဒေနဲ့ မညီတဲ့ဟာကို လမ်းဆုံးတိုင်အောင် တင်ပြဖို့တာဝန်ရှိတယ်။ ဒါကြောင့်
ဒီဟာကို မိတ္တူကူးထားတယ်။ မနက်ဖြန်ရမယ်လို့ ဆိုတယ်။ ရရချင်းပဲ ကျနော်တို့
တရားရုံးချုပ်ကို ထပ်ပြီးတင်ပါ့မယ်။”

အစောပိုင်းတရားခွင်ရဲ့ ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေ
၁ ယောက်သာ တင်ပြထွက်ဆိုခွင့်ရပြီး တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်
တွေဘက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆိုခွင့် ရခဲ့တာမို့လို့
လည်း ဒါဟာ တရားမျှတမှု မရှိဘူးဆိုပြီး ရှေ့နေတွေက ပြောထားတာပါ။ အခု
နောက်ဆုံး ပြင်ဆင်ချက်ကို ကြားနာတယ်ဆိုပေမယ့်လည်း နောက်ထပ် သက်သေ
၁ ဦးတည်းကိုသာ လက်ခံခဲ့တာမို့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားဥပဒေ
အရ ခုခံပိုင်ခွင့်ကို ငြင်းပယ်ရာ ရောက်နေဆဲပဲလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိကကျတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်တို့ကို လက်မခံဘဲ ဥပဒေအချက်အလက်နဲ့
ပတ်သက်ပြီး စစ်ဆေးပြီးသား ဦးကြည်ဝင်းရှိတယ်။ အဲတော့ နောက်ထပ် ဥပဒေ
အချက်အလက်ပြောမယ့် တယောက်ကို ခွင့်ပြုတယ်ဆိုတော့ အမြင်အရကိုက ခုခံ
ချေပခွင့်ကို တစိတ်တပိုင်းအားဖြင့် ငြင်းပယ်ထားတယ်။ ခုခံချေပခွင့်နဲ့ ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည်က ဘယ်သက်သေကိုပဲဖြစ်ဖြစ် ရုံးတင်စစ်ဆေးလို့ရတယ်။
အဲလိုစစ်ဆေးတဲ့နေရာမှာ ရုံးက ဒီလို ငြင်းပယ်ခွင့်မရှိဘူး။ ငြင်းပယ်မယ်ဆိုရင်လည်း
ဥပဒေပြဋ္ဌာန်းချက်နဲ့အညီပဲ ငြင်းပယ်ရမယ်။ အခုက ပြဋ္ဌာန်းချက်မှာမပါတဲ့ ကိစ္စတွေ
ကိုသာ ဖော်ပြပြီး ငြင်းပယ်တဲ့အတွက် ဒီတိုင်းရုံးရဲ့ အမိန့်ကိုလည်း ဥပဒေအရ
မှန်ကန်မှုမရှိဘူးလို့ ယူဆပါတယ်။”

အခုလို ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာတဲ့ ရန်ကုန်တိုင်းတရားရုံးမှာတော့ အင်းစိန်
ထောင်တွင်းမှာလို တံခါးပိတ်ကြားနာတာမျိုး မဟုတ်တာမို့ လာရောက် အကဲခတ်
နားထောင်သူ အများအပြား ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ လုံခြုံရေးအစီအမံတွေ
တင်းတင်းကျပ်ကျပ် ချထားတဲ့ ဒီတရားခွင်မှာ သတင်းထောက်တွေကိုတော့
တက်ရောက်ခွင့် မပေးခဲ့ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပရိသတ်အနေနဲ့တော့ တိုင်းတရားရုံးမှာ အမည်းဝတ်တာပေါ့၊ အမည်းဝတ်တယ်
ဆိုတာ တိုက်ပုံအနက်ဆိုတော့ ရှေ့နေတွေပေါ့၊ အမျိုးသမီး၊ အမျိုးသား အပြည့်ရှိတယ်။
ပြီးတော့ အစိုးရဘက်ကလည်း ရုံးပတ်ဝန်းကျင်ကို လုံခြုံရေး အထူးချတယ်၊ လုံထိန်း
တပ်တွေလည်း အများကြီးရှိတယ်။ သတင်းသမားတွေ လာတယ်၊ ရုံးနားကို ကပ်ခွင့်
မရဘူး။ ရုံးပြီးတော့ ၁၀ မိနစ်လောက်မှ သူတို့နဲ့ကျနော် လမ်းမှာတွေ့တယ်။ ကျနော်
လမ်းမှာပဲ သူတို့မေးတာကို ပြောလိုက်တယ်။”

ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ထပ်သက်သေတွေ ထွက်ဆိုခွင့်ရဖို့
လျှောက်လဲခဲ့တဲ့ တရားခွင်က အခြေအနေတွေကို ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့
ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ရန်ကုန်တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်အရဆိုရင်တော့ မူလက
သတ်မှတ်ထားတဲ့ တရားရုံးအစီအစဉ်တွေမှာလည်း အပြောင်းအလဲတွေ ရှိလာလိမ့်
မယ်လို့ မျှော်လင့်ရပါတယ်။ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ အခု
လာမယ့် သောကြာနေ့ကြရင် လျှောက်လဲချက်တွေ တင်သွင်းဖို့ ယာယီအားဖြင့်
သတ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့်လည်း ဒီအစီအစဉ်တွေ အပြောင်းအလဲ ရှိလာတော့
မှာပါ။ အခုနောက်ဆုံး သက်သေအဖြစ် ခွင့်ပြုခဲ့တဲ့ တောင်ကြီးမြို့က တရားရုံးချုပ်
ရှေ့နေ ဒေါ်ခင်မိုးမိုး တရားခွင်မှာ ထွက်ဆိုခွင့်ရက်ကိုလည်း အဲဒီနေ့မှာပဲ သတ်မှတ်
ဖွယ်ရာရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့
ဦးဉာဏ်ဝင်းက ပြောပါတယ်။

စစ်တပ်ထိုးစစ်ကြောင့် ကရင်ဒေသခံတွေ ထွက်ပြေး

09 June 2009


မြန်မာနိုင်ငံတွင်းမှာ စစ်တပ်ကနေ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးကို
ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ကရင်ရွာသူရွာသားတွေ နေရပ်စွန့်ခွာပြီး
ဒုက္ခသည်တွေအဖြစ် ထိုင်းနိုင်ငံထဲ ထွက်ပြေးရောက်ရှိသွားကြတာကို ထိုင်းအစိုးရ
ကလည်း အတည်ပြုထားပြီးပါပြီ။ လောလောဆယ်မှာ တိုက်ပွဲတွေကလည်း ဆက်ဖြစ်
ဆဲ၊ ဒုက္ခသည်တွေလည်း ထပ်ပြီး ထွက်ပြေးနေကြရဆဲပါ။ အကြောင်းစုံကို ဗွီအိုအေ
ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက စုံစမ်းမေးမြန်းပြီး တင်ပြပေးထား
ပါတယ်။

နောက်ဆုံးသိရတဲ့ သတင်းတွေအရ ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက်ကနေ ၃ နာရီ
ကျော် အချိန်လောက်ထိ မြန်မာနိုင်ငံဘက်က စစ်အစိုးရတပ်တွေက လက်နက်ကြီး
အလုံး ၃၀ ကျော် ထပ်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲတွေကလည်း ဆက်လက်ဖြစ်နေဆဲပါ
တယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ရှိနေတဲ့ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ
၇ မှူး ဗိုလ်မှူးချုပ်ဂျော်နီကတော့ ဒီကနေ့ပစ်ခတ်မှုကို အခုလိုပြောပါတယ်။

“၂ နာရီ ၁၀ မိနစ်က စပစ်တယ်။ ဘီအေ ၃၆ လုံးက ထိုင်းနိုင်ငံမှာ ၃ လုံးကျတယ်။
၃ နာရီ ၅၆ မိနစ်အထိ။ ဒီနေ့ညနေ ၂ နာရီကနေ ၃ နာရီ ၅၆ မိနစ်အထိပေါ့။ ဟိုး
၎ ရက်တုန်းကစပြီး အခုထိပေါ့။ ဟိုအရင် တရက်နှစ်ရက်ကတော့ ပြောက်ကျားလေး
တွေပဲ။ သူတို့စပစ်တာ ၄ ရက်ကနေ အခုထက်ထိပဲ။ လာပေါ်ဟဲလ်တချက်၊ မဲသလေ့
တချက်၊ ဟိုး အောက်ကတချက်။ အခု ရှေ့တန်းမှာ တက်လာတာ ဒီကေဘီအေချည်းပဲ။
၃၃၃၊ ၅၅၅၊ ၉၉၉ ချည်းပဲ။ နအဖက အနောက်မှာ လက်နက်ကြီးနဲ့ ပစ်ပေးတယ်။”

အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို ဇွန်လ ၄ ရက်နေ့ကနေ စလုပ်ခဲ့ပြီး နေ့စဉ်
လက်နက်ကြီးကျည် ၃၀ ကနေ ၄၀ လောက်ထိ စစ်အစိုးရတပ်တွေက ပစ်ခတ်ခဲ့တယ်
ဆိုပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က ပြောပြပါတယ်။ တိုက်ပွဲတွေ
ဟာ ၂ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့သလို အခုရက်ပိုင်းတွေအတွင်းမှာပဲ လက်နက်ကြီး
ဒဏ်ကြောင့် အနီးတ၀ိုက်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒုက္ခသည် ၃,၀၀၀
ကျော်ဟာ ထိုင်းနယ်စပ်ဘက်ကို ခိုလှုံလာခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က နီးစပ်ရာ
ဘုန်းကြီးကျောင်းတွေနဲ့ အိမ်ရာတွေအောက်မှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေကို နယ်စပ်
တလျှောက် ဆန်အပါအ၀င် စားနပ်ရိက္ခာတွေ အကူအညီပေးနေတဲ့ TBBC အဖွဲ့က
လည်း အကူအညီတချို့ ပေးနေပါတယ်။

နယ်စပ်ကိုပြေးလာတဲ့ ကရင်အမျိုးသမီးတဦး ပြောပြတာကတော့ ကလေးတွေကို
ရင်ခွင်ပိုက်ပြီး လက်နက်ကြီးတွေအောက်က လွတ်မြောက်အောင် ပြေးလာခဲ့ရတဲ့
အတွက် အတော့်ကို အခက်အခဲ ကြုံခဲ့ရကြောင်း၊ နယ်စပ်တလျှောက် ဒီလို တိုက်ပွဲတွေ
ဖြစ်တဲ့အခါတိုင်း သူတို့မှာ အမြဲလိုလို ပြေးလွှားနေရကြောင်းတွေကို ပြောပြသွားပါ
တယ်။

အခုဆိုရင် ဒုက္ခသည်ဦးရေ ၃,၀၀၀ ကျော်သွားပြီလို့လည်း ကရင်လူ့အခွင့်အရေးအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်က အခုလိုပြောပါတယ်။

“ကျနော်တို့သတင်းရသလောက်ကတော့ ၃,၀၀၀ ကျော်သွားပြီ။ ဒါပေမယ့် တကယ်က
တော့ ၃,၄၀၀ ရှိသွားပြီ။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာလည်း ထပ်ပြီးထွက်လာတာ
ရှိသေးတယ်။ အဲဒါတွေက ကျနော်တို့ သတင်းမရသေးဘူး။ အခု လာပေါ်ဟဲလ်
ဒုက္ခသည်စခန်း တခုလုံးက ထိုင်းနိုင်ငံဘက် ရောက်လာတယ်။ နို့ဖိုး၊ မဲသလေ့၊ အဲဒီ
ထိုင်းဘက်တွေမှာ သူတို့ လာနေကြတယ်။ လောလောဆယ် သူတို့နေရေးထိုင်ရေးကို
တော့ အဲဒီမှာရှိတဲ့ အဆောက်အဦးတွေအောက်မှာ နေနေကြတာပေါ့။”

အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်က ဦးသူးထ၊ နို့ဖိုး၊ ကလေထ၊ မဲသလေ့ စတဲ့ နေရာ
၎ ခုမှာ ဒုက္ခသည်တွေ ၀င်လာနေဆဲဖြစ်ပြီး အဲဒီနေရာတွေကိုတော့ ယာယီခိုလှုံရာ
နေရာတွေအဖြစ် သတ်မှတ်ထားပါတယ်။ ရွာတွေကို စွန့်ခွာလာခဲ့ရတဲ့ ဒုက္ခသည်တွေ
ကတော့ တိုက်ပွဲတွေပြီးရင် နေရပ်ရင်းကို ပြန်ချင်ပြီလို့ပဲ ပြောဆိုနေကြပါတယ်။

အမေရိကန်မှာ ပထမဆုံး ရုံးတင်စစ်ဆေးခံမည့် ဂွမ်တာနာမို အကျဉ်းသား နယူးယောက်ခ်ကိုရောက်

09 June 2009


ဂွမ်တာနာမို အကျဉ်းစခန်းက အကျဉ်းသားတယောက်ကို ပထမဆုံးအကြိမ် အမှု
ရင်ဆိုင်ဖို့ အာဏာပိုင်တွေက အမေရိကန်နိုင်ငံကို ခေါ်ဆောင်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က အာဖရိက က တန်ဇန်းနီးယားနဲ့ ကင်ညာမှာရှိတဲ့ အမေရိကန်သံရုံး
ဗုံးဖောက်ခွဲမှုအတွက် အယ်လ်ကိုင်ဒါလို့ သံသယရှိသူ အာမက်ဒ် ဂါလာနီ (Ahmed
Ghailani) ကို အမှုရင်ဆိုင်ဖို့အတွက် နယူးယောက်ခ်မြို့ကို တရားရေးဌာန တာဝန်ရှိသူ
တွေက အင်္ဂါနေ့မှာ ခေါ်ဆောင်လာခဲ့ကြတာပါ။ အဲဒီဗုံးဖောက်ခွဲမှုကြောင့် လူ
၂၂၄ ယောက် သေဆုံးခဲ့ကြပါတယ်။

သူဟာ အမေရိကန် အရပ်ဘက် တရားရုံးမှာ အမှုရင်ဆိုင်တဲ့ ပထမဆုံးသော
ဂွမ်တာနာမို အကျဉ်းသားဖြစ်ပြီး အမှုပေါင်း ၂၈၆ မှုနဲ့ စွဲဆိုထားပါတယ်။ အိုစမာ
ဘင်လာဒင်နဲ့ ပူးပေါင်းကြံစည်မှု၊ အမေရိကန်နိုင်ငံသားတွေကို အခြား အယ်လ်ကိုင်ဒါ
အဖွဲ့ဝင်တွေနဲ့ သတ်ဖြတ်မှု အပါအ၀င် သေသူတဦးချင်းစီအတွက် တမှုစီဖွင့်ဆိုထား
ပါတယ်။

မြောက်ကိုရီးယားက ထောင်ချလိုက်တဲ့ သတင်းထောက် ၂ဦးကို ပြန်လွှတ်ဖို့ အမေရိကန် တောင်းဆို

09 June 2009


မြောက်ကိုရီးယားနိုင်ငံက ထောင်ဒဏ်ချမှတ်လိုက်တဲ့ အမေရိကန် သတင်းထောက်
၂ယောက်မှာ အပြစ်မရှိကြောင်းနဲ့ သူတို့ကို ပြန်လွှတ်ပေးသင့်တယ်လို့ အမေရိကန်
နိုင်ငံက ပြောကြားလိုက်ပါတယ်။

လူသားချင်း စာနာတဲ့အနေနဲ့ ဒီအမျိုးသမီး သတင်းထောက် ၂ယောက်ကို ပြန်လွှတ်
ပေးဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ပြောရေးဆိုခွင့်
ရှိသူနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တို့က တောင်းဆို
လိုက်ပါတယ်။

သတင်းထောက် ယူနာလီ (Euna Lee) နဲ့ လော်ရာလင်း (Laura Ling) တို့ ၂ယောက်
ဟာ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံ နယ်စပ်မှာ ရုပ်မြင်သံကြားသတင်းအတွက်
သတင်းပေးပို့နေစဉ် သူတို့ ၂ယောက်ကို မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့မတ်လ
တုန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းထောက် ၂ယောက်ဟာ ရာဇ၀တ်မှု ကျူးလွန်တယ်ဆိုတာ တွေ့ရှိခဲ့တာကြောင့်
နောက်ထပ်ဖြေရှင်းမှု တစုံတရာမပေးဘဲ သူတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂နှစ်
ချမှတ်ခဲ့တယ်လို့ ပြုံယမ်းမြို့မှာရှိတဲ့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းတွေက
ဆိုပါတယ်။

ဒီလို အမေရိကန် သတင်းထောက် ၂ယောက် ပြန်လွတ်ဖို့ကိစ္စအတွက် သံတမန်
နည်းလမ်းအရ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောဆိုဖို့ကိုတော့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ငြင်းဆိုသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အင်ဒို၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပူးတွဲတောင်းဆို

09 June 2009


Indonesia Foreign Minister Hassan Wirajuda and Secretary of State Hillary Rodham Clinton speak at a news conference at the State Department in Washington, Monday, June 8, 2009.AP
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ိရာယုဒ(၀ဲ) နှင့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။
ဇွန် ၈၊ ၂၀၀၉။
ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ
တရားစွဲဆိုမှုဟာ အခြေအမြစ်မရှိတာကြောင့်
ဖမ်းဆီးထားရာကနေ အမြန်ဆုံးပြန်လွှတ်
ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန်
ဝိရာယုဒ (Hassan Wirajuda) တို့က ပူးတွဲ
သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုသွား
ပါတယ်။ ၀န်ကြီး ၂ဦးရဲ့ သတင်းစာ
ရှင်းလင်းပွဲနဲ့ ပတ်သက်လို့ စောင့်ကြည့်
ထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထား
ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ၂ဦးစလုံးဟာ သတင်းစာရှင်းလင်းပွဲ မလုပ်ခင်ကတည်းက မြန်မာ
နိုင်ငံအရေးကိစ္စကို အလေးထား ဆွေးနွေးခဲ့ကြပုံ ပေါ်ပါတယ်။ ကမ္ဘာ့နိုင်ငံအရေးကိစ္စမှာ
မြန်မာ့အရေးကို နှစ်ဦးစလုံးက အလေးပေး ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု
အနေနဲ့တော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခု
အာဏာပိုင်တွေက တရားစွဲဆိုတာဟာ အခြေအမြစ် လုံးဝမရှိဘူးလို့ တစိုက်မတ်မတ်
ပြောခဲ့သလို အခုသတင်းစာရှင်းလင်းပွဲမှာလည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က
ဒါကို ထပ်လောင်းပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေးအတွက်
အာဆီယံနိုင်ငံတွေရဲ့ တောင်းဆိုမှုကိုလည်း ချီးကျူးပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တင်ထားတဲ့ စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးဆိုတာ
ပြောပါရစေ။ သူ့ကို ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ အင်ဒိုနီးရှား
အပါအ၀င် အခြား အာဆီယံနိုင်ငံတွေကလည်း အလားတူပြောဆိုပြီး ဒေါ်အောင်ဆန်း
စုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကျေးဇူး
တင်ပါတယ်။”

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ိရာယုဒကလည်း မြန်မာနိုင်ငံအနေနဲ့
လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာစေဖို့ရာ အာဆီယံပဋိညာဉ်အရ အသင်းဝင်းနိုင်ငံ
တနိုင်ငံအနေနဲ့ တာဝန်ရှိတယ်ဆိုတာကို သတိပေးပြောသွားပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေ
ထဲမှာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စိတ်မသက်သာစရာ အကြောင်းအရာတွေလည်း
ပါပါတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့
ဖြစ်ရပ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ရမယ့်
အချိန်ကျကာမှ ခုလိုထပ်ဖြစ်လာတာမို့ ကျနော်တို့အနေနဲ့ ပြင်းထန်တဲ့ ကြေညာချက်
တရပ် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းသစ်ပါ
အချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပေးထားခဲ့ပါ
တယ်။ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်
တွေက တောင်းဆိုထားခဲ့ကြပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး ၂ဦးဟာ မြန်မာ့အရေးကိစ္စကို ပြောဆိုသလိုပဲ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းစံထားတွေမှာ နှစ်နိုင်ငံ သဘောထားတူကြတဲ့ကိစ္စ၊ အခြား
အင်ဒိုနီးရှားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးအကူအညီကိစ္စ၊ နိုင်ငံ
တကာအရေးမှာတော့ အခြားနျူကလီးယားအရေးကိစ္စ၊ အာဆီယံဒေသတွင်း
တည်ငြိမ်ရေး၊ လုံခြုံရေးကိစ္စ၊ အရှေ့အလယ်ပိုင်းအရေး၊ လက်ဘနွန်ရွေးကောက်ပွဲ
ကိစ္စတွေကိုလည်း ပြောဆိုသွားကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ၂ဦးဟာ အခု
နှစ်ဆန်းပိုင်းကပဲ အင်ဒိုနီးရှားမှာ တခါ တွေ့ခဲ့ဖူးပါတယ်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီကိုရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ
မနေ့မနက်ပိုင်းကတော့ ၀ါရှင်တန်ဒီစီက Carnegie Endowment ဆွေးနွေးပွဲမှာ
တက်ရောက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ပြဿနာတွေအပေါ်အမြင်
စတာတွေ ရှင်းလင်းသွားခဲ့ပါတယ်။ အဲဒီမှာလည်း မြန်မာနိုင်ငံကိစ္စကို အတော်လေး
ပြောသွားပါတယ်။

မြန်မာ့အရေးကို ဒေသတွင်းနိုင်ငံတွေက အဓိက ထိစပ်ကိုင်တွယ်သွားဖို့ လိုမယ်လို့
ယုံကြည်တာကြောင့် အင်ဒိုနီးရှားကပဲ ကမကထ ဦးဆောင်ပြီး မြန်မာ့အရေး ဒေသတွင်း
အဖွဲ့တခု ဖွဲ့စည်းခဲ့တာတွေကိုလည်း ပြောပါတယ်။ ဒါ့အပြင် အာဆီယံအတွင်းမှာ
ဗီယက်နမ်လိုနိုင်ငံကတောင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေလုပ်ဖို့ ဖိအားပေး
တိုက်တွန်းလာတာကြောင့် အာဆီယံအတွင်း တိုးတက်မှုရှိလာတာကိုလည်း ပြောသွား
ပါတယ်။ တဘက်မှာတော့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူ
ဒဏ်ခတ်တာဟာ မြန်မာလူထုကိုပဲ ထိခိုက်စေတယ်ဆိုပြီး ကန့်ကွက်ပြောဆိုသွား
ပါတယ်။

ကမ္ဘာတ၀ှမ်း “ဒေါ်စုအတွက် ၆၄” မွေးနေ့ဂုဏ်ပြုပွဲများနှင့် စစ်အစိုးရကို ဆန္ဒပြကြဦးမည်

မိုးမခအထောက်တော် ၀၀၂

ဇွန် ၉၊ ၂၀၀၉

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာပြည်၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ် ပြည့်မည်ဖြစ်ရာ ယခုအချိန်အထိ စစ်အစိုးရ၏ မတရားစွပ်စွဲချက်မျိုးစုံဖြင့် အကျဉ်းချ ချုပ်နှောင် တရားရင်ဆိုင်နေရသော အတိုက်အခံခေါင်းဆောင်အတွက် နိုင်ငံတကာမိသားစုများက “စုအတွက် ၆၄” မွေးနေ့ဂုဏ်ပြုပွဲများ စုဝေးကျင်းပကြပြီး စစ်အစိုးရ၏ မတရားမှုများကို ကန့်ကွက်ရှုပ်ချသည့်သဘောထားဆန္ဒ ထုတ်ဖော်ပြကြမည့်လှုပ်ရှားမှုကြီးသဖွယ် ဖြစ်သည်ဟု ဆိုနိုင်သည်။

အမေရိကန်ပြည် မြို့တော်ဝါရှင်တန်က နိုင်ငံရေးအသိုင်းအ၀ိုင်းများ၊ မြန်မာအရေးဆောင်ရွက်သူများနှင့် အဖွဲ့အစည်းအသီးသီးက အမေရိကန်လွှတ်တော်၊ ရေဘန်ဟောက်စ် ရုံးအဆောက်အဦတွင် ဇွန် ၁၈ ရက် ညနေ ၃း၃၀ က ၅ နာရီအထိ ဒေါ်စု ၆၄ နှစ် မွေးနေ့ဂုဏ်ပြု အခမ်းအနားကျင်းပကြမည်ဟု “ဗမာပြည်အတွက် အမေရိကန် လှုပ်ရှားမှု” ဟု အမည်ရသည့် ယူအက်စ်ကင်ပိန်းဖော်ဘားမားက ကြေငြာထားသည်။

ကယ်လီဖိုးနီးယားပြည် ဆန်ဖရန်စစ္စကိုဘေးဧရိယာက “ဗမာအမေရိကန် အမျိုးသမီး မဟာမိတ်” အဖွဲ့ကလည်း ဇွန် ၂၀၊ နေ့ခင်း ၁၀ နာရီမှ ၂ နာရီ ဖရီးမောင့် မေတ္တာနန္ဒ၀ိဟာရတွင်း၎င်း၊ အယ်လ်အေမြို့ - ဗမာပြည် အယ်လ်အေ စည်းရုံးရေး (LA Organizers 4 Burma) အဖွဲ့ကလည်း ဇွန် ၂၁၊ လပွန်းတီးမြို့ - ဗမာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင်၎င်း ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့ဂုဏ်ပြုပွဲများ ကျင်းပကြမည်ဟု ထုတ်ပြန်ကြေငြာထားသည်။

တပ်ရင်း-၃ ရွာသူကြီးထံမှ ရာမညတပ် ထပ်မံငွေတောင်းခံ
Tue 09 Jun 2009, မင်းအာသံ
ယမန်နေ့တွင် နိုင်ခင်မောင်ဦးစီးသော “ရာမည” တပ်မှ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နှင့် ကပ်လျက်ရှိသည့် မွန်ပြည်သစ်ပါတီနယ်မြေ တပ်ရင်း-၃ ကျေးရွာကို ထောက်ပံ့ကြေးငွေတောင်းခံထားသည်ဟု ရွာသားများက ပြောသည်။

“သူတို့ ငွေတောင်းတာ ဘတ်တစ်သိန်းပေါ့၊ သူတို့တောင်းတာ မပေးဘူးဆိုရင် ရတဲ့နည်းနဲ့ သူတို့ယူမှာပဲလို့ ကျွန်တော်တို့ကို လာခြိမ်းခြောက်သွားတယ်၊ ကျွန်တော်တို့ မပေးချင်ပေမယ့် အခုလိုမျိုး ပြောထားတော့ ဘယ်လိုလုပ်ရမလဲ” ဟု ရွာသားတစ်ဦးက ပြောသည်။

ကျေးရွာအတွင်းတွင် ယခုကဲ့သို့ ငွေတောင်းသည်မှာ ဆပ်ကြေးတောင်းခြင်း မဟုတ်ပဲ စေတနာဖြင့် တောင်းယူခြင်းသာဖြစ်ကြောင်း၊ လွန်ခဲ့သော သီတင်းပတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားသော ဥက္ကဋ္ဌဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်းတို့ကိုလည်း အကူညီတောင်းသောအနေဖြင့် ခေါ်ဆောင်သွားခြင်းသာဖြစ်ကြောင်း နယ်စပ်တွင် “ရာမည” တပ်ကို ဦးဆောင်လှုပ်ရှားနေသူ နိုင်ခင်မောင်က ပြောသည်။

“ကျတော်တို့ ခေါ်သွားတဲ့အကြောင်းကတော့ အကူအညီတောင်းချင်လို့ပါ၊ ဒီနှစ်ယောက်ကိုလဲ ကျတော်တို့ဘက်က ဘာမှမယူခဲ့ပါဘူး၊ အခုလို ရွာမှာ ငွေတောင်းတာက နှစ်ပတ်လည် ငွေတွေပါ၊ နောင်နှစ်ဒီအချိန်ရောက်ရင်လဲ ပြန်တောင်းမှာပဲ၊ ကျွန်တော်တို့ရဲ့ ရာမညတပ်မှာ လူအင်အားက များနေလို့ အခုလို ရွာမှာ အကူညီတောင်းရတာပါ” ဟု ၄င်းက ပြောသည်။

လောလောဆယ်ဆယ်၌ ယခုငွေတောင်းခြင်းကိစ္စနှင့် ပတ်သက်၍ ရွာအတွင်းတွင် တပ်သားများအား အစောင့်ချထားရဆဲ ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ မြို့နယ်အုပ်ချူပ်ရေးကော်မတီဝင် နိုင်ဘတင်က ပြောသည်။

မွန်ပြည်သစ်ပါတီသည် ရာမညတပ် လက်နက်ကိုင်အဖွဲ့မှ ငွေတောင်းစာတစ်စောင်ကို ကျေးရွာထဲတွင် ကြားသိရပြီးနောက် ရွာအတွင်းတွင် ကင်းလှည့်လျက်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။

ဘုရားသုံးဆူ အုပ်ချူပ်ရေးတာဝန်ခံတစ်ဦး၏ပြောပြချက်အရ “ဗဟိုရဲ့ပြဌာန်းချက်အရ မွန်ပြည်သစ်နယ်မြေမှာ တခြားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ငွေတောင်းတာ ရှိပါက ကျနော်တို့ မွန်ပြည်သစ်ပါတီရဲ့ သြဇာကို သက်သက်မဲ့မဲ့ လာထိခိုက်တာပဲ” ဟု ၄င်းက ပြောသည်။

လွန်ခဲ့သောသီတင်းပတ်တွင် တပ်ရင်း-၃ ကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် ဆယ်အိမ်ခေါင်းတို့ကို ရာမညတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄င်းတို့ထံမှ ထိုင်းဘတ်ငွေငါးသောင်းတိတိ တောင်းယူခဲ့ကြောင်း အဖမ်းခံရသူနှင့် နီးစပ်သူများက ပြောသည်။

ရာမညတပ်၏ ရည်ရွယ်ချက်မှာ မွန်လူမျိုးများ စစ်အစိုးရ၏ လက်အောက်မှ ပြန်လည်လွတ်မြောက်ရန်နှင့် နအဖအား ပြန်လည်တွန်းလှန်ရန် ဖြစ်သည်ဟု နိုင်ခင်မောင်က ပြောသည်။

ရွာသားလယ်မြေကို နအဖစစ်သားမှ အတင်းအဓမ္မလုယူ
Tue 09 Jun 2009, ကွန်းဟဒေ့
မွန်ပြည်နယ် မုဒုံမြို့နယ် ဒိုးမားကျေးရွာရှိ ၂ ဧကခွဲခန့်ရှိသော ရွာသားတစ်ဦး၏ လယ်မြေကို ဒိုးမားကျေးရွာအနောက်ဘက်တွင် တပ်စခန်းချနေသော နအဖစစ်သားများက ၄င်းတို့ လုပ် မည်ဟုဆိုကာ လယ်ပိုင်ရှင်ရွာသားကို ရွာသို့ပြန်ခိုင်းခဲ့သည်။

“မိုးဦးကျပြီးဆိုတော့ လယ်ပိုင်ရှင်မှာ လယ်ဆင်းဖို့သွားတာပေါ့၊ ဟိုရောက်တော့ စစ်သား တွေက သူတို့လုပ်မယ်ဆိုပြီးတော့ ရွာသားကို ပြန်ခိုင်းလိုက်တယ်” အနီးအနားရှိ ရွာသား တစ်ဦးက ပြောသည်။

ထို့အပြင် စစ်သားများက အာဏာသုံးပြီး ဒေသခံရွာသားများထံမှ ပိုင်ဆိုင်မှုများကို ရလျှင် ရသလို ယူနေကြသည်ဟု ဒေသခံ ရွာသားများက ဆိုသည်။

“ဂတ်စ်ပိုက်လိုင်းစောင့်ပေးတဲ့အတွက် ဆိုပြီး၊ တစ်လကို ပိုက်ဆံ ၅ သောင်းပေးရတယ်၊ အ ခုလဲတစ်ခါ ရွာသားလယ်မြေကို ယူပြီးလုပ်ဦးဆိုတော့ ဒါက သက်သက်အနိုင်ကျင့်တာပဲ” ဟု ရွာသားတစ်ဦးက ဆိုသည်။

ဒိုးမားကျေးရွာသားများနည်းတူ မုဒုံမြို့နယ်ရှိ ရွာများသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ် ဧပြီလ မုဒုံမြို့နယ် ကွမ်လှာကျေးရွာအနီးတွင် ဂတ်စ်ပိုက်လိုင်း ပေါ်က်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း တွင် ယနေ့အချိန်အထိတိုင် ဂတ်စ်လိုင်းလုံခြုံရေးတာဝန်ယူထားသော ဒေသခံ နအဖ တပ်ရင်းများကို ရွာသားများက တစ်အိမ်လျှင် ၂၀၀၀ ကျပ် လတိုင်း ငွေပေးဆောင် နေရသည်ဟု ဆိုသည်။

“သူတို့ကိုပေးနေရတာ ယခုနှစ်ပါဆိုရင် သုံးနှစ်ကျော်ရှိသွားပြီး၊ ရာဘာဈေးကျလို့ ငါတို့တွေ လုပ်ငန်းအဆင်မပြေဖြစ်တာ၊ သူတို့ကိုပေးနေရတာက ပုံမှန်ပဲ၊ လျော့မသွားဘူး” ဟု ဒေသ ခံရွာသားတစ်ဦးက ပြောသည်။

မုဒုံမြို့နယ်ရှိ ပြည်သူစစ်ရှိသော ကျေးရွာများသည် ဂတ်စ်ပိုက်လိုင်းလုံခြုံရေးအတွက် ပေး ဆောင်နေရသည့်အပြင် ဒေသခံအာဏာပိုင်များ၏ အမိန့်ဖြင့် တာဝန်ထမ်းဆောင် နေရ သော ကျေးရွာရှိ ပြည်သူ့စစ်များ၏ လစာများကိုလည်း ရွာသားများကပင် ပေးဆောင်နေ ရသည်ဟု ဆိုကြသည်။

၁၀) တန်း အောင်ချက်ကို တစ်နိုင်ငံလုံးမှ မွန်ပြည်နယ် ပထမရရှိ
Tue 09 Jun 2009, မိမွန်စွန်း
၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွက် (၁၀) တန်းအောင်စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှ အောင်ချက်အကောင်းဆုံးကို မွန်ပြည်နယ်က ပထမရရှိခဲ့သည်။

လွန်ခဲ့သည့်နှစ်က မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက်ကို မွန်ပြည်နယ်က ဒုတိယအဆင့် ရရှိခဲ့သည်။ ပထမအဆင့်ကို တနသာင်္ရီတိုင်းက ရရှိပြီး၊ ၂၀၀၇ ခုနှစ်ကလည်း တနိုင်ငံလုံးမှ မွန်ပြည်နယ်က ပထမရရှိခဲ့သည်။

“အခုလောလောဆယ်မှာတော့ ခိုင်နှုန်းဘယ်လောက်နဲ့ မွန်ပြည်နယ်က အောင်ချက် အမြင့်ဆုံးရရှိသွားတာကိုတော့ မသိသေးဘူး၊ ဘယ်တိုင်း၊ ဘယ်ပြည်နယ်က ဒုတိယ၊ တတိယရတာကိုလည်း မသိသေးဘူး၊ ဒါပေမယ့် ဒီနှစ်မှာ မနှစ်ကလောက် အောင် ချက်မကောင်းဘူး” ဟု အထက်တန်းကျောင်းအုပ်ဆရာ တစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်းတွင်လည်း အောင်ချက်အကောင်းဆုံးမြို့နယ်အဖြစ် မုဒုံမြို့နယ်က ရရှိပြီး၊ ၄င်းမြို့နယ်အတွင်းမှ အောင်ချက်အကောင်းဆုံးကျောင်းကို တံခွန်တိုင်အ ထက်တန်းကျောင်းက ပထမရရှိသည်ဟု ၄င်းကျောင်းအုပ်က ဆက်ပြောပြသည်။

“စာမေးပွဲအောင်လို့ အရမ်းပျော်တယ်၊ ဒါပေမယ့် ဂုဏ်ထူးတော့မပါဘူး၊ မှန်းထားတာက ဂုဏ်ထူး နှစ်ခုနဲ့ပေါ့” ဟု ရန်ကုန်မှ (၁၀) တန်းအောင်သွားသည့် ကျောင်းသားတစ်ဦးက ပြောသည်။

မော်လမြိုင် အထက (၈) မှ (၈၅) ရာခိုင်နှုန်း၊ ရန်ကုန် ဒဂုံ အ ထ က (၁) ကျောင်းမှ အောင်ချက် (၈၄) ရာခိုင်နှုန်း၊ မော်လမြိုင် အထက (၉) မှ (၇၉) ရာခိုင်နှုန်းဖြင့် ဂုဏ်ထူးထွက်ကျောင်းသားများလည်း များပြားကြောင်း ဇွန်လ (၈) ရက်နေ့က ခေတ်ပြိုင်သတင်းဌာနမှာ ဖော်ပြထားပါသည်။

“ကျမသားကတော့ မအောင်ဘူး၊ သူ့အတွက် မနှစ်က သိန်း (၂၀) ကုန်သွားတယ်၊ ဒီနှစ်မှာ သူ့ကို ကျောင်းဆက်ထားဖို့ မနိုင်တော့ဘူး၊ စီးပွားရေးလည်း မကောင်းဘူး” ဟု မုဒုံမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

၂၀၀၉-၂၀၁၀ ပညာသင်နှစ်အတွက် မွန်ပြည်နယ်အတွင်းရှိ ကျောင်းအများစုက ကျောင်း သားအရေအတွက် (၁၀) ရာခိုင်နှုန်းကျော် လျော့ကျသွားသည်ဟု မော်လမြိုင်မြို့မှ ကျောင်းအုပ်တစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် နအဖအရာရှိတို့က မော်လမြိုင်မြို့တွင် တွေ့ဆုံ
Tue 09 Jun 2009, မိမွန်စွန်း၊ ရိုင်မရော့
မွန်ပြည်သစ်ပါတီခေါင်းဆောင်တချို့နှင့် နအဖခေါင်းဆောင်တို့က မော်လမြိုင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် ဇွန်လ (၇) ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

နအဖခေါင်းဆောင်တို့နှင့် တွေ့ဆုံရာမှာ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထော်မွန်၊ မော်လမြိုင်မြို့တာဝန်ခံ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်တလညီ၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နိုင်ထာဝရ၊ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့နှင့် ဗိုလ်ချုပ် နိုင်ဇေယျတို့က ပါဝင်သည်။

“နအဖခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စဟာ ဘာမှထူးထူးခြားခြားမရှိဘူး၊ ကျနော်တို့ အနေနဲ့ဘာမှလည်း မပြောချင်သေးဘူး၊ ဒါဟာ ကျနော်တို့ရဲ့ လှို့ဝှက်ကိစ္စလည်းဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦးက ပြောသည်။

မတ်လဆန်းပိုင်းကလည်း မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထော်မွန် ဒုဥက္ကဌ နိုင်ရဿနှင့် နိုင်တလညီတို့က အရှေ့တောင်တိုင်းတွင် နအဖအစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။

လွန်ခဲ့သည့်ဧပြီလတွင်လည်း အစိုးရအရာရှိ ဗိုလ်ချုပ်ရဲမြင့်က မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံရန် ချိန်းဆိုထားသည့်အစီစဉ်ကို ဖျက်သိမ်းခဲ့သည်ဟု မွန်ပြည်သစ် ပါတီအသိုင်းအဝိုင်းမှ သိရသည်။

နအဖအစိုးရက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ကို နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲရန် ကမ်းလှမ်းထားသည်ကို (KIA) တပ်ဖွဲ့အနေဖြင့် လက်ခံမည်၊ လက်မခံမည်ကို အကြောင်းပြန်ချက်မရှိသေးပါ။

ကချင်ပြည်သူလူထုက မြန်မာစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံလိုကြောင်း (KIA) တပ်ဖွဲ့ခေါင်း ဆောင်တွေဆီ စာဖြင့် တောင်းဆိုခဲ့ပြီး (KIA) ကလည်း ပြည်သူတို့၏ အကြံပေးစာကို လက်ခံနေသည်ဟု ကချင်သတင်းဌာနက ဖော်ပြထားသည်။

ယခုလောလောဆယ်တွင် အစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က တရုတ်နယ်စပ်မှ အပစ်ခတ်ရပ်အဖွဲ့တို့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်မခံနိုင်ကြောင်း အကြောင်းပြန်ပြီး နောက်ပိုင်း ထပ်မံကျောသပ်ဖြောင်းဖြရန် ၄င်းဒေသသို့ရောက်ရှိနေသည်ဟု ရှမ်းသတင်းဌာမှ ဖော်ပြထားသည်။

ယမန်နှစ်ကထက် မြေသြဇာ ဈေးကျသော်လည်း ဝယ်သူနည်းပါး
Mon 08 Jun 2009, ရိုင်မရော့
မွန်ပြည်နယ်အတွင်း ယမန်နှစ်ကထက် မြေသြဇာ ဈေးနှုန်းကျဆင်းလာသော်လည်း ဝယ်သူအေးစက်လျက်ရှိကြောင်း အရောင်းအဝယ်လုပ်သူတို့၏ ပြောပြချက်အရ သိရသည်။

“ဒီနှစ်မြေသြဇာဈေးကျတယ်၊ ဝယ်တဲ့သူတွေလည်း နည်းတယ်၊ ဆိုင်မှာဆိုရင် အရောင်းအဝယ် သိပ်မကောင်းဘူး၊ ဒါပေမယ့် ပုံမှန်လောက်တော့ ရောင်းရတာပဲ၊ မနှစ်ကဆို မြေသြဇာ ဈေးကြီးလို့ ဝယ်သူတွေ နည်းတယ်၊ ထားပါတော့ ဒီနှစ်ကျတော့ မြေသြဇာ ဈေးကျသော်လည်း ဝယ်သူက နည်းနေတုန်းပဲ” ဟု မုဒုံမြို့မှ မြေသြဇာ ရောင်းသူ ဆိုင်ရှင်တစ်ဦးက ပြောသည်။

၎င်းက ဆက်ပြောသည်မှာ မြေသြဇာ ဈေးကျပြီး ဝယ်သူနည်းပါးလာသည်မှာ စီးပွားရေးကျဆင်းမှုကြောင့်ဖြစ်သည်။ ယမန်နှစ်က ရာဘာဈေး တဝက်ခန့်ကျသွားပြီးနောက် ရာဘာခြံလုပ်သူများက အဝယ်နည်းလာခြင်းဖြစ်သည်။ အခုနောက်ပိုင်း ထိုင်းမှ ကုန်သည်များ မြေသြဇာ တင်သွင်းလာခြင်းကြောင့် ဆိုင်မှာလာဝယ်သည့် နည်းပါးလာခြင်းလည်း ဖြစ်နိုင်သည်။

ယမန်နှစ်က ထိုင်းနိုင်ငံမှ (၁၅) ပတ်လည်အမျိုးအစားဟုခေါ်သည့် (၅၀) ကီလိုဂရမ် မြေသြဇာ တစ်အိတ်လျင် (၇) သောင်းကျပ်ပေးရသည်ကို ယခုနှစ်အတွင်း (၄) သောင်း (၆) ထောင်ကျပ်ထိကျဆင်းသွားပြီး၊ ပုလဲအမျိုးအစားဟုခေါ်သည့် မြေသြဇာကလည်း တစ်အိတ်လျင် (၄) သောင်းကနေ (၃) သောင်းထိကျဆင်းသွားသည်။

“မနှစ်ကနဲ့စာရင် မြေသြဇာ ဈေးကျလာလည်းပဲ ရာဘာဈေးမကောင်းတဲ့အတွက်ကြောင့် မြေသြဇာအများကြီး မဝယ်နိုင်ဘူး၊ ရာဘာကောင်းဖို့အတွက်တော့ ထည့်ရမှာပဲလေ ဒါပေမယ့် ဈေးကြီးရင် နည်းနည်းပဲ ထည့်ရမှာပေါ့” ဟု မုဒုံမြို့နယ်မှ ရာဘာခြံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်သည် လယ်ယာလုပ်ကိုင်ခြင်း၊ ရာဘာခြံစိုက်ပျိုးခြင်းတို့ဖြင့် အဓိက စီးပွားရေးလုပ်ကိုင်နေကြသည့်အလျောက် ခြံထွက်တိုးမြှင့်ရန်အတွက်လည်း မြေသြဇာ ကို အဓိကထားကြသည်။

“ရာဘာခြံမှာထည့်ဖို့အတွက် မြေသြဇာ (၄) သိန်းဖိုးကျော်ဝယ်လိုက်တယ်၊ ဈေးကလည်းကြီးတယ်၊ မထည့်လို့လည်း မရဘူး၊မြေသြဇာထည့်ပေးမှ ရာဘာစေးပိုထွက်မယ်၊ အပင်ထွားလာမယ်၊ ဒါကြောင့် ပိုက်ဆံမရှိလည်း မြေသြဇာထည့်တဲ့အချိန်ဆိုရင် ရှာကြံပြီး ထည့်ရတာပဲ” ဟု ၄င်းရာဘာခြံပိုင်ရှင်က ပြောသည်။

တရုတ်နိုင်ငံမှ တင်သွင်းနေသည့် ပုလဲအမျိုးအစားမြေသြဇာလည်း ယမန်နှစ်က တစ်အိတ်လျင် (၂) သောင်း (၇) ထောင်ကျပ်မှ ဒီနှစ်အတွင်း တစ်အိတ်လျင် (၁) သောင်း (၉) ထောင်ထိ ကျဆင်းသွားသည်။

ယမန်နှစ်က မြေသြဇာဈေးနှစ်ဆနီးပါး တက်သွားပြီးနောက် လယ်လုပ်သမားများအပါအဝင် ခြံလုပ်သူအများစုက နွားချေး၊ လင်နို့ချေး၊ ဝက်ချေး အစရှိသည့် သဘာဝမြေသြဇာများကို အားထားအသုံးပြုလာကြသည်။

“မနှစ်က မြေသြဇာ ဈေးကြီးတော့ လယ်မှာ မြေသြဇာ များများမသုံးနိုင်ဘူး၊ ကျမတို့က သဘာဝမြေသြဇာဖြစ်တဲ့ နွားချေးတွေပဲ အသုံးများတယ်” ဟု လယ်မြေ (၂၇) ဧက ပိုင်သည့် ပဲခူးမှ လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

လယ်မြေတစ်ဧကအတွက် မြေသြဇာ အသုံးပြုနှုန်း၏ လိုအပ်ချက်သည် (၅၀) ကီလိုဂရမ်အိတ် (၄) အိတ်ဖြစ်သည်။ လယ်ယာမြေတစ်ဧက၏ စပါးအထွက်နှုန်းသည် မြေသြဇာအသုံးပြုပါ တင်း (၅၀) ထိထွက်ရှိပြီး၊ မြေသြဇာ အသုံးပြုမှုနည်းပါက တစ်ဧကလျှင် တင်း (၃၀) ကျော်ကျော်သာထွက်ရှိသည်ဟု မုဒုံမြို့နယ်တဝိုက်ရှိ လယ်ယာလုပ်သူများက ပြောသည်။

“မြေသြဇာဈေးကျတာဟာ ကောင်းတာပေါ့၊ လယ်မှာပိုထည့်နိုင်တာပေါ့၊ မြေသြဇာဈေးကြီးတော့ လျော့ထည့်ရတယ်၊ စပါးအထွက်လည်း မကောင်းဘူး” ဟု မုဒုံမှ လယ်သမားတစ်ဦးက ပြောသည်။

မုတ်သုန်မိုး ရခိုင်ကို စတင်ဝင်ရောက်
မောင်တောတွင် စံချိန်တင်လောက်အောင် မိုးအကြီးအကျယ် ရွာသွန်း

6/9/2009

ရခိုင်ပြည်နယ်သို့ မုတ်သုန်မိုး လွန်ခဲ့သော ရက်အနည်းငယ်က စတင် ၀င်ရောက်ခဲ့ပြီး ယမန်နေ့က ရခိုင်ပြည်နယ် နေရာအနှံ့ အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ သည်။

မောင်တောမြို့တွင် မိုးရေချိန်လက်မ ၁၀ ဒသမ ၆၃ ထိ ရွာသွန်းခဲ့သဖြင့် လမ်းပေါ်တွင် လူသွား လူလာများ ရပ်ဆိုင်းသွားခဲ့ပြီး နေရာ အတော်တော်များကို မိုးရေများက ဖုံးလွှမ်းသွားခဲ့သည်။

မောင်တောမြို့မှ ကုန်သည် တဦးက “မိုး အရမ်းရွာနေတဲ့ အတွက် ဖုံးဆက်ရတာလည်း အဆင်မပြေ ဖြစ်နေပါတယ်။ ဘူးသီးတောင်-မောင်တော ကားလမ်းလည်း မိုးသည်းထန်စွာ ရွာနေတဲ့အတွက် မနေ့က သုံးနေရာမှာ လမ်းကျိုးသွားခဲ့ပါတယ်။ ကားလမ်း ကျိုးသွားတဲ့ အတွက် ကားကြီးတွေက သွားလာလို့ မရဖြစ်နေပါတယ်။ ကားအသေးလေးတွေတော့ လျှောက်ပတ် မောင်းပြီး သွားနေကြ ရပါတယ်” ဟု ပြောသည်။

မောင်တောတွင်သာမက စစ်တွေတွင်လည်း ယခုနှစ်အတွင်း လွန်ခဲ့သော နှစ်ရက်ခန့်က စတင်ပြီး မိုးရွာသွန်းခဲ့ရာ ယမန်နေ့က မိုးရေချိန် ၉ ဒသမ ၉၆ လက်မထိ ရွာသွန်းခဲ့သည်။

စစ်တွေ မြို့မှ ကျောင်းသူ တဦးကလည်း “မိုးက စပြီး ရွာနေပါပြီ။ မနေ့ကတော့ တော်တော့ကို သဲသဲမဲမဲ ရွာသွန်းခဲ့ပါတယ်။ ကျောင်းကိုတောင် မသွားနိုင်တဲ့ အထိ မိုးရွာသွန်း ခဲ့ပါတယ်။” ဟု ပြောသည်။

စစ်တွေမြို့မှ လူငယ် တဦးကလည်း “မိုးတွေ အရမ်းရွာနေတဲ့အတွက် ပွိုင့်ကမ်းခြေကို တောင် လာရောက် လည်ပတ်တဲ့သူ မရှိသလောက် ဖြစ်သွားပါတယ်။ မိုးရွာတာကြောင့် အပူဒဏ်က လျော့သွားတော့ လူတွေက နည်းနည်း သက်သာသွားပါတယ်။ ရေလည်း ဖေါဖေါသီသီ သုံးလို့ ရသွားပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် အနှံ့ မိုးရွာသွန်းနေရာ အမ်းမြို့တွင်လည်း ၉ ဒသမ ၀၆ လက်မထိ ရွာသွန်းခဲ့သည်ဟု သိရသည်။ ပေါက်တော၊ မင်းပြား၊ မာန်အောင်နှင့် ကျောက်ဖြူမြို့နယ်များတွင်လည်း မိုးအကြီးအကျယ် ရွာသွန်းခဲ့သည်။

ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင်လည်း မိုး အဆက်မပြတ်ရွာသွန်းခဲ့ သဖြင့် ဘူးသီးတောင်သို့ ဆန်တက်ခဲ့သော စက်လှေများနှင့် သဗ္ဗာန်များကို ရသေ့တောင် ဆိပ်ကမ်းတွင် ဆိပ်ကပ် ထားခဲ့ရသည်ဟု မျက်မြင် တဦးက ပြောသည်။

ဂျပန် ရခိုင်လူမှုရေး အသင်းတွင် အမျိုးသမီး တစ်ဦးကို ဥက္ကဌ အဖြစ် ပထမဆုံး အကြိမ် ရွှေးချယ် တင်မြှောက်

6/9/2009

ရခိုင်လူမှုရေးအသင်း ( ဂျပန် ) Arakan Social Association (Japan) ၏ ၂၀၀၈ - ၂၀၀၉ နှစ်ပတ်လည် အစည်း အဝေးနှင့် အလုပ်အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ပွဲတွင် ရခိုင် အမျိုးသမီး တဦးကို ပထမဆုံး အကြိမ် ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်လိုက်သည်။

ရွှေးချယ် တင်မြှောက်ခြင်း ခံရသူမှာ မခင်သီတာအောင် ဖြစ်ပြီး ရခိုင်လူမူရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် အမျိုးသမီး ဖြစ်သည်ဟု သိရသည်။

သူမ အနေဖြင့် ၂၀၀၉ - ၂၀၁၀ ခုနှစ် သက်တမ်း အတွက် ဥက္ကဌ အဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

ရွှေးချယ် တင်မြှောက်ပွဲ အခမ်းအနားကို ဇွန်လ ၇ ရက် တနင်္ဂနွေ နေ့က တိုကျိုမြို့ရှိ Yokomaha Kenmin Center တွင်ကျင်းပခဲ့ပြီး အသင်းသူ အသင်းသား အများအပြား တက်ရောက်ခဲ့သည်။

ရခိုင် လူမှုရေး အသင်းဂျပန်တွင် အသင်းသူ အသင်းသားပေါင်း (၈၀)ကျော်ရှိပြီး နိုင်ငံရေးမပါဘဲ ရခိုင် လူမှုရေး အကျိုးပြုလုပ်ငန်းများ သက်သက်ကိုသာ ဆောင်ရွက် လုပ်ကိုင်နေသော အဖွဲ့အစည်း တရပ် ဖြစ်သည်။

ရခိုင်လူမှုရေးအသင်း (ဂျပန်)ကို လူမှုရေး အကျိုးပြုလုပ်ငန်းများအား အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂျပန်ရောက် ရခိုင်အမျိုးသားများက ၁၉၉၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

အသင်း၏ ၁၇ နှစ်တာကာလအတွင်း မခင်သီတာအောင်သည် ပထမဦးဆုံးသော အမျိုးသမီးဥက္ကဌ တစ်ဦး ဖြစ်သည်သာမက အမျိုးသား၊ အမျိုးသမီး ရောနှော ပါဝင် ဖွဲ့စည်းထားသော ရခိုင် အဖွဲ့အစည်းများထဲတွင်လည်း ပထမဆုံးသော ရခိုင် အမျိုးသမီး ဥက္ကဌဖြစ်သည်။

ရခိုင်လူမှုရေးအသင်း (ဂျပန်)သည် ပြည်တွင်းထဲရှိ ရခိုင်ကျောင်းသား လူငယ်များအတွက် ပညာသင် ထောက်ပံ့ကြေးများကို နှစ်စဉ်ပံပိုးကူညီလျှက်ရှိပြီး လွန်ခဲ့သော နှစ်က ကျရောက်ခဲ့သော နာဂစ် လေဘေး ဒုက္ခသည်များ အတွက်လည်း အကူအညီ အများအပြားကို ပံပိုး ကူညီ လှူဒါန်းခဲ့သည်ဟု သိရသည်။

မြန်မာရုပ်ရှင်ပွဲတော် ဘင်္ဂလာဒေခ်ျ့တွင် ကျင်းပမည်

6/9/2009

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် မြန်မာ့ ရုပ်ရှင်ကားများကို ပြသမည့် ရုပ်ရှင် ပွဲတော် တခုအား ယခုနှစ်တွင် ထူးထူးခြားခြား ကျင်းပမည် ဖြစ်သည်။

အိမ်နီးချင်း နှစ်နိုင်ငံ အကြား ချစ်ကြည်ရေးကို မြှင့်တင်သည့် အနေဖြင့် မြန်မာရုပ်ရှင်ကား ၁၀ ကားနီးပါးကို အဆိုပါ ပွဲတော်တွင် ပြသသွားမည် ဖြစ်သည်ဟု ဘင်္ဂလာ အရာရှိများက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလာဒေခ်ျ့ သံအမတ်ကြီးမှ လူကြိုက် အများဆုံး မြန်မာကား (၇)ကားကို ရွှေးချယ်ထားပြီး ထိုအထဲတွင် တခါက ဧရာဝတီညများ၊ သူ့ကျွန်မခံပြီ၊ ကျန်စစ်မင်း၊ ငါဓါး ငါ့သွေး ငါ့ဧရာဝတီ၊ ရေဆန်၊ ဆဌဂံနှင့် တခြား ကားတကား မှာ ပဟေတိဆန်သောနှင်း (Mysterious Snow) စသည့် ကားများ ပါဝင်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အား ကျင်းပလေ့ရှိသော်လည်း မြန်မာ့ ရုပ်ရှင်ကားများကို တကြိမ်တခါမှ ပြသဖူးခြင်း မရှိကြောင်း သိရသည်။

အဓိကအားဖြင့် ရုရှား၊ ဂျပန် အပါအ၀င် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ကားများကိုသာ များသောအားဖြင့် ဘင်္ဂလာဒေခ်ျ့ ရုပ်ရှင်ပွဲတော်များတွင် ပြသလေ့ရှိပြီး ဘင်္ဂလီ ရုပ်ရှင် ပရိသတ် အများအပြား ပါဝင်ဆင်နွဲကြည့် ရှု့ကြသည်။

(ရုပ်ရှင်ကား အမည်များကို အင်္ဂလိပ်လို ရေးသားထားရာမှ ဘာသာပြန်ထားသဖြင့် လွဲချော်မူရှိလျှင်လည်း ခွင့်လွတ်သည်းခံကြပါ၊)

မောင်တော-ဘူးသီးတောင် ကားလမ်း မိုးကြီး၍ သုံးပိုင်း ကျိုးပျက်

6/9/2009

မင်းဆက်ခိုင်(နိရဉ္စရာ) ဘင်္ဂလာဒေ့ရှ်နှင့် ဆက်သွယ်ရာတွင် တခုတည်းသော အရေးပါဆုံး လမ်းဖြစ်သည့် ဘူးသီးတောင်-မောင်တော ကားလမ်းသည် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နေရာ သုံးခုတွင် ကျိုးပျက်သွားခဲ့သည်။

ကုန်သည် တဦးက “နေရာ သုံးနေရာမှာ ကျိုးပျက် သွားခဲ့တဲ့ အတွက် အသွားအလာတွေ အားလုံး ရပ်ဆိုင်းသွားပါတယ်။ လူတွေက မိုးရာသီ ရောက်တာနဲ့ ဒုက္ခ စတွေ့ပါပြီ။ ကျိုးသွားတဲ့ နေရာတွေကို ပြန်ပြီးတော့ ပြင်နေပါတယ်” ဟု ပြောသည်။

လမ်းကျိုးပိုင်းရာတွင် ဘူးသီးတောင်ဘက် အခြမ်းတွင် နှစ်ပိုင်း ကျိုးပျက်သွားပြီး မောင်တောဘက်တွင် တပိုင်း ကျိုးပျက်သွားခြင်း ဖြစ်သည်။

ယမန်နှစ် မိုးတွင်း ကလည်း ဘူးသီးတောင်-မောင်တော ကားလမ်း ပြိုပျက်သွားခဲ့သဖြင့် တလနီးပါးခန့် အသွားအလာ ရပ်ဆိုင်းသွားခဲ့သည်။

သူက “နှစ်တိုင်း ဒီလို အဖြစ်မျိုးတွေ ကြုံတွေ့ နေရပေမယ့် အစိုးရက ဒီကားလမ်းကို တခါမှ ပြင်တာ မရှိပါဘူး။ ဒါကြောင့် မိုးရောက်ရင် နှစ်တိုင်း လမ်းက ပြိုတာပါဘဲ။ ဒီနှစ်မှာ မိုးရာသီက အစဘဲ ရှိသေး တယ် ဆိုတော့ အခုလို အနေအထားနဲ့ ဆိုရင် မိုးရာသီ အလယ်ပိုင်း လောက်ဆိုရင် လမ်းတွေ အကုန် လုံး ပျက်စီးသွားနိုင်ပါတယ်။” ဟုပြောသည်။

ဘူးသီးတောင်-မောင်တော ကားလမ်းကို ၁၉၀၈ ခုနှစ်က အင်္ဂလိပ်တို့က ဖေါက်လုပ်ခဲ့သည်။ လမ်းအရှည်မှာ (၁၆) မိုင်သာ ရှိသော်လည်း မပြုပြင်ဘဲ ပစ်ထားသဖြင့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် လမ်းအို လမ်းဟောင်း အဖြစ် တည်ရှိနေသည်။




* Home
* Daily News
* Gallery
* History
* About Us
* English Version
* image

နယ်စပ်တွင် ဘင်္ဂလာ အာဏာပိုင်များက ယာဘား ဆေးပြား တာကာ တသန်းကျော်ဖိုး ဖမ်းဆီးရမိ

6/9/2009

မောင်အေး(နိရဉ္စရာ) ဘင်္ဂလာ-မြန်မာနယ်စပ်တွင် မြန်မာဘက်မှ တင်သွင်း လာသော တာကာ တသန်းကျော် တန်ဖိုးရှိ ယာဘားဆေးပြားများကို အမှတ် (၁၇) ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

၎င်းဆေးပြားများကို တနင်္ဂနွေနေ့ နံနက်ပိုင်းက မြန်မာနယ်စပ်အနီးရှိ အိုခီးယားမြို့နယ် ပါလင်းခါလီ ကားဂိတ်တွင် အမှတ် ၁၇ ရိုင်ဖယ် တပ်ရင်းက ဖမ်းဆီးရမိခြင်း ဖြစ်သည်။

မျက်မြင်ခရီးသည်တဦးက “တက်ကနက်မြို့ကနေ ကော့စ်ဘဇားကို မောင်းနှင်လာတဲ့ ခရီးသည်တင် ဘတ်စ်ကား တစီးကို တက်ရောက် စစ်ဆေးရာကနေ အဆိုပါ ဆေးပြား တွေကို ပိုင်ရှင် မရှိဘဲ ရှာဖွေ တွေ့ရှိတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးရမိသော ဆေးပြားအရေအတွက်မှာ ၂၀၁၈ ဖြစ်ပြီး တန်ဖိုးမှာ ကာလပေါက်ဈေး တာကာငွေ ၁၀၀၇၀၀၀ ကျော်ဖိုး ရှိသည်ဟု ကျွမ်းကျင်သူ တာဝန်ရှိသူများက ပြောသည်။

ယခု ဖမ်းဆီးရမူမှာ မောင်တောမြို့နယ်မှ နတ်မြစ်ကို ဖြတ်ကျော်ဝင် ရောက်လာသော ဆေးပြားများ ဖမ်းဆီးရမူတွင် ယခုနှစ်အတွင်း အများဆုံး ဖမ်းဆီး ရမိခြင်း ဖြစ်သည်ဟု ဘင်္ဂလား အာဏာပိုင်များက ပြောသည်။

ဖမ်းဆီးရမိသည့် ဆေးပြားများကို ယခုအခါ ကော့စ်ဘာဇား အကောက်ခွန်ဌာနကို လွဲပြောင်း ပေးအပ် လိုက်ပြီ ဖြစ်ကြောင်း ဘီဒီအာရ် တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာ နိုင်ငံမှ ထုတ်လုပ်သော ယာဘားဆေးပြားများကို ဘင်္ဂလာဒေခ်ျ့ လူကုံတံ အသိုင်းအ၀ိုင်း ကြားတွင် အသုံးများနေပြီး ပိုလျှံသော ဆေးပြားများကို ဘင်္ဂလာဒေခ်ျ့မှတဆင့် တခြားနိုင်ငံများသို့ တင်ပို့ကြသည်ဟု သိရသည်။

ထိုင်းဘက်ကမ်းသို့ ထွက်ပြေးလာသူများ အခက်အခဲ ဆက်လက်ကြုံတွေ့နေရ
Tuesday, 09 June 2009 18:30 ဖြိုးကြီး
Print
လယ်ပေါ်ဟဲဒုက္ခသည်စခန်းမှ ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသူများမှာ အကူညီအထောက်ပံ့များ ရရှိသော်လည်း အခက်အခဲများ ဆက်လက်ကြုံတွေ့နေလျှက်ရှိသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များ ထိုးစစ်ကြောင့် ထွက်ပြေးလာသူများမှာ ထိုင်းနိုင်ငံ၊ နောင်ပိုးကျေးရွာ ဘုန်းကြီးကျောင်းတွင် နေထိုင်ရသည့် အခြေအနေများကို လယ်ပေါ်ဟဲစခန်းဥက္ကဌ စောတာဆူးညာက ပြောသည်။

“ထိုင်းအာဏာပိုင်တွေဘက်က ကျနော်တို့ကို ကူညီစောင့်ရှောက်တာတွေ ရှိပါတယ်၊ တချို့ အန်ဂျီအိုအဖွဲ့တွေက စားစရာသောက်စရာ၊ စောင်၊ ခြင်ထောင်တွေ ကူညီတာရှိပါတယ်၊ ဒါပေမဲ့ မိုးတွေကလဲ ရွာ၊ သောက်ရေကလဲ မလုံလောက်တော့ ချက်ပြုတ်ဖို့တောင် ဒုက္ခရောက်နေရတယ်” ဟု ပြောသည်။

လယ်ပေါ်ဟဲ ဒုက္ခသည်စခန်းမှ လူဦးရေ ၁၂၆၄ ဦးနှင့် အခြားရွာများမှ ထွက်ပြေးလာသူများ စုစုပေါင်း ၃၆၁၀ ဦးမှာ လက်ရှိ စုပေါင်းနေထိုင်နေရပြီး အထူးသဖြင့် စာသင်ကြားနေသည့် ကလေးငယ်များ ဒုက္ခရောက်နေရသည်ဟု ပြောသည်။

“ကျနော်တို့စခန်းက ကလေးတွေချည်းပဲ အယောက် ၆၀၀ လောက်ရှိတာ၊ အခုဆို စာသင်ဖို့က လုံးဝ မဖြစ်နိုင်တော့ဘူး၊ ကျနော် သိရသလောက်ဆိုရင် နောက်ထပ် တဝက်လောက်က မဲသဝေါဘက်မှ တိမ်းရှောင်နေတာ ရှိတယ်၊ စာရင်းအတိအကျတော့ မရသေးလို့” ဟု ဆက်ပြောသည်။

ထို့အပြင် ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာသားများ ထွက်ပြေးလာရခြင်းမှာ ဒီကေဘီအေအဖွဲ့၏ အတင်းအဓမ္ပ ပေါ်တာခိုင်းစေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီကေဘီအေ (၉၉၉) က ပေါ်တာအထမ်းသမားအဖြစ် ခိုင်းဖို့ ခေါ်တယ်၊ ရွာသားတွေကို ဘုရားတည်မယ်၊ ဘာညာနဲ့ ခေါ်တာ၊ အဲဒါကြောင့်မို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်လာတာ၊ ဒီကေဘီအေကတော့ ပြောတယ်၊ မင်းတို့မပြေးနဲ့၊ ငါတို့လာတာ ဒီမှာ အေးအေးဆေးဆေးနေရဖို့ ဆိုပြီး ပြောတယ်၊ ဒါပေမဲ့ ရွာသားတွေအားလုံးက သူတို့အကြောင်းတွေ သိနေတယ်” ဟု ပြောသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက ထိုးစစ်ဆင်မှုများကြောင့် လယ်ပေါ်ဟဲဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသားများနှင့် အခြားရွာသားများမှာ ယခုလ (၂) ရက်နေ့ကတည်းက ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

နအဖတပ်များက ယခုအချိန်ထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိပြီး ထိုင်းအာဏာပိုင်များကလည်း နယ်စပ်တလျှောက် လုံခြုံရေးများ တိုးမြှင့်ချထားသည်။

ချေးငွေထုတ်ပေးသော်လည်း အချိန်တန်လျှင် လယ်မြေသိမ်းခံရမည့်အရေး စိုးရိမ်နေ
Tuesday, 09 June 2009 15:00 ရိုးမ ၃
E-mail Print
ထူးကုမ္ပဏီများက စိုက်ပျိုးရေးစရိတ်များ ထုတ်ချေးမည်ဟုဆိုကာ စည်းရုံးသိမ်းသွင်းမှုများ ပြုလုပ်နေသော်လည်း ဒေသခံလယ်သမားများအနေဖြင့် အချိန်တန်လျှင် လယ်မြေများ အသိမ်းခံရမည်ကို စိုးရိမ်နေသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘိုကလေးမြို့နယ်သို့ အနောက်တောင်တိုင်း တိုင်းမှူးနှင့် ဝန်ကြီးတို့ ဦးဆောင်ကာ ထူးကုမ္ပဏီတာဝန်ရှိသူများက ဒေသခံလယ်သမားများကို ဆင့်ခေါ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လယ်တဧကကို ငါးသောင်းထုတ်ချေးမယ်၊ စပါးပေါ်တဲ့အခါမှာ သူတို့ကို စပါးရောင်းရမယ်၊ ဒေသကာလပေါက်ဈေးနဲ့ ဝယ်မယ်ပြောတယ်၊ မရောင်းချင်ရင် ၂ ကျပ်တိုးနှုန်းနဲ့ ပြန်ဆပ်ရမယ်၊ ဆန္ဒရှိရင် ဆောင်ရွက်နိုင်တယ်ပြောတယ်၊ ဒါပေမဲ့ လယ်သမားတွေက ပြန်မဆပ်နိုင်ရင် လယ်သိမ်းမှာကို စိုးရိမ်နေကြတယ်” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

ယင်းကဲ့သို့ ငွေချေးရန်အတွက် ထူးကုမ္ပဏီက ငွေကျပ်သိန်းပေါင်း ၅ သောင်းရင်းနှီးမတည်မည်ဖြစ်ပြီး ပထမအရစ်အနေဖြင့် ကျပ်သိန်း ၃ သောင်းကို ထုတ်ချေးပြီး ကျပ်သိန်း ၂ သောင်းကို ဒေသတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်များကို အစုဝင်များအဖြစ် ပါဝင်မည်ဖြစ်သည်ဟု ဆက်ပြောသည်။

“ဒေသတွင်းမှာရှိတဲ့ ဆန်စက်ပိုင်ရှင်၊ ကုန်သည်လုပ်ငန်းရှင်တွေက အစုရှယ်ယာ ပါဝင်နိုင်မယ်၊ နောက်ထပ် နွေစပါးဧက ၄ သောင်းအတွက် သိန်းပေါင်း ၅ သောင်း ရင်းနှီးမြှုပ်နှံမယ်၊ လက်ရှိအခြေအနေမှာတော့ လယ်သမားတွေနဲ့ ဘယ်လို စာချုပ်ချုပ်မယ်ဆိုတာ မသိရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဒေသခံလယ်သမားများအနေဖြင့် နာဂစ်မုန်တိုင်းပြီးကတည်း လယ်မြေများမှာ စပါးအထွက်နှုန်း မကောင်းသဖြင့် အချိန်တန်လျှင် ငွေပြန်မဆပ်နိုင်မည်ကို စိုးရိမ်သည့်အတွက် ချေးငွေထုတ်ယူသူ နည်းနိုင်ကြောင်း ဒေသခံလယ်သမားက ခန့်မှန်းပြောဆိုသည်။

“လယ်တွေက ရေငန်ရိုက်ပြီး မထွက်တော့တဲ့အတွက် အခုလိုပေးတာ ယူလိုက်ရင် ပြန်ဆပ်ဖို့ ပြဿနာတွေဖြစ်လာနိုင်တယ်၊ နည်းနည်း ငွေကြေးအဆင်ပြေတဲ့သူတွေကတော့ မယူဘူး၊ မတတ်နိုင်တဲ့သူတွေကတော့ ယူကြမဲ့သဘောရှိတယ်” ဟု ပြောသည်။

အဆိုပါ ထူးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာတဦးက ဘိုကလေးမြို့ ပညာရေးကောလိပ်ကျောင်းဝန်းအတွင်း ရုံးထိုင်ကာ ငွေချေးမည့်ကိစ္စများကို စီမံခန့်ခွဲ့သွားမည်ဖြစ်ပြီး ကြိမ်ချောင်းကြီးကျေးရွာအုပ်စုများကို ပထမဦးစားပေးအနေဖြင့် စတင်လုပ်ဆောင်မည်ဖြစ်သည်။

“စာချုပ်တွေ ချုပ်ပြီးရင် သူတို့ ဆင်းကြည့်မယ်၊ သူတို့နဲ့အဆင်ပြေတဲ့သူကို ပေးမှာ၊၊ အဲလို ကုမ္ပဏီအနေနဲ့ ဘာကြောင့် အစိုးရဌာမှာ ရုံးထိုင်ခွင့်ရသလဲဆိုတာကလည်း ကျနော်တို့အတွက် စဉ်းစားစရာဖြစ်နေတယ်၊ ငွေချေးမဲ့သူက အခု လျှောက်လွှာတင်လို့ရပြီ၊ ကြိမ်ချောင်းကြီးမှာ သူတို့အထိုင်ချပြီး မြို့ကွက်ဖြစ်ဖို့ လုပ်နေတာလဲရှိတယ်” ဟု ဒေသခံလယ်သမားက ပြောသည်။

ဘိုကလေးမြို့နယ်အတွင်းတွင် ကျေးရွာအုပ်စုပေါင်း ၆၉ အုပ်စုရှိပြီး ၎င်းဒေသတွင်းမှ လယ်သမားများမှာ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးခဲ့ပြီး ယခုကဲ့သို့ ချေးငွေပေးမည့် အစီစဉ်မှာလည်း ပြန်မဆပ်နိုင်လျှင် လယ်မြေများ သိမ်းဆည်းခံရနိုင်သည့်အတွက် စဉ်းစားသင့်ကြောင်း ဒေသခံလယ်သမားက ဆက်လက်ပြောဆိုသည်။



ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လိုင်းလှေများစတင်ပြေးဆွဲ
Kaowao

ဇွန် ၉၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၉)။ ။ ထိုင်းမြန်မာနယ်စပ်နယ်စပ် ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးမြို့ သို့ ပဲ့ချိပ်လှေများဖြင့် အပြန်အလှန်သွားရောက်နိုင်မည့် လိုင်းလှေများ မနက်ဖြန် ဇွန်လ ၁၀ ရက်နေ့မှ စတင်ပြေးဆွဲရန် KNU မှခွင့်ပြု လိုက်ပြီဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ တားဒိန်ဂိတ်စခန်းက ပြောကြားပါသည်။

မိုးရာသီကာလတွင် ဘုရားသုံးဆူနယ်စပ်မြို့မှ ပြည်တွင်းသို့ ကုန်စည်များ အပြန်အလှန် ကူးလူးသွားလာကြရာတွင် ကြာအင်းဆိပ်ကြီးမြို့သည် အဓိကကျသည့် တစ်ခုတည်းသော ရေလမ်းကြောင်းဖြစ်သည်။ အခြားလမ်းကြောင်းများ ရှိသော်လည်း ခြေလျှင်ခရီးဖြင့် ခက်ခဲစွာ သွားရသဖြင့် ကျွဲနွားတင်သွင်းသူများမှလွဲ၍ အသုံးပြုသူ နည်းပါးသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမှတဆင့် မော်တော်ကားဖြင့် မွန်ပြည်နယ်၊ မုဒုံမြို့သို့ ရောက်ရှိနိုင်သည်။ ကြာအင်းဆိပ်ကြီး-မော်လမြိုင် သင်္ဘောလိုင်းရှိသော်လည်း အချိန်၊ ရက်ချိန်းများ မှန်းဆရခက်၍ ဘုရားသုံးဆူမှ လာသောခရီးသည်များ အသုံးမပြုလိုကြပေ။

ဘုရားသုံးဆူမြို့မှ မုဒုံမြို့သို့ရောက်ရှိနိုင်ရန် သာမန်ခရီးသည်များအနေဖြင့် လမ်းခရီးတွင် အနည်းဆုံးတစ်ညခန့် နားခိုရပါမည်။ အဆိုပါ ဇမိမြစ်ကြောင်းတလျှောက်၌ နားခိုစရာ ကြားစခန်းများ အုပ်စုအလိုက်ဖေါင်ဖွဲ့ကာ ဈေးဆိုင် များ တည်ထားကြသည်။

လှေဂိတ်များကို အဓိကအားဖြင့် KNU မှကြီးကြပ်၍ စီစဉ်ပေးထားပါသည်။ ဘုရားသုံးဆူမှ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တို့ဖြင့် ၁၀ မိုင်ခန့်ဝေးသည့် ကရိန်ထော်ချောင်း(ချောင်းဆုံ)၌ ပဲ့ချိပ်လှေများ စတင်စီးရပါမည်။ ထိုမှတဆင့် ကျွန်းချောင်း KNU စစ်ဆေးရေးဂိတ်မှတဖန် ကြာအင်းဆိပ်ကြီးမြို့သို့ အခြားပဲ့ချိပ်လှေ နောက်ထပ် တစ်စီး ပြောင်း၍စီးရပါသည်။

ယခုနှစ် သာမန်ခရီးသည်တစ်ဦး လှေစီးခနှုန်းထားမှာ ကရိန်ထော်မှ ကျွန်ချောင်းသို့ မြန်မာကျပ်ငွေ တစ်သောင်းလေးထောင် (၁၄၀၀၀ိ)၊ ကျွန်းချောင်းမှ ကြာအင်းဆိပ်ကြီးသို့ မြန်မာကျပ်ငွေ တစ်သောင်းရှစ်ထောင်
ခန့် သတ်မှတ်ထားသည်ဟု လှေဂိတ်မှူးတစ်ဦးက ဆိုသည်။ သို့ရာတွင် ဂိတ်စခန်းများ ပိုမိုတိုးလာပါက လှေစီးခ နှုံးထားကိုလည်း ထပ်မံတိုးမြှင့်ရလိမ့်မည်ဟုလည်း ဆိုပါသည်။

တားဒိန်ဂိတ် (မွန်ပြည်သစ်ပါတီ)၏ အဆိုအရ ခရီးသည် ၂၀ ယောက်ပါသော လှေတစ်စီးကို ထိုင်ဘတ်ငွေ ၈၀၀ အထိ ကောက်ခံသည်ဟု သိရသည်။ ကျန်သည့် စစ်အစိုးရ၊ ငြိမ်းချမ်းရေးဂိတ်များ၊ အခြားဂိတ်များကောက်ခံမှု နှုန်းထားများကို မသိရသော်လည်း မွန်ပြည်သစ်ပါတီနှင့် သိပ်ကွာဟကြမည် မဟုတ်ပါဟု အဆိုပါဂိတ်တာဝန်ခံက ဆိုသည်။

ဘုရားသုံးဆူ ကားလမ်းတလျှောက်ရှိဂိတ်များ၌ ဘုရားသုံးဆူမြို့ဝင်ထွက် ဌာနပေါင်းစုံဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ DKBA ဂိတ်များအပြင် မြစ်ကျောတစ်လျှောက်တွင် လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးရှိနေကြရာ လှေစီးဖြတ်သန်းရမည့် ဂိတ်များမှာ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF ဂိတ်၊ နောက်ထပ်DKBA ဂိတ်၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNU/PC ဂိတ်၊ မွန်ပြည်သစ်ပါတီ တားဒိန်ဂိတ်၊ နောက်ထပ် DKBA ဂိတ်၊ KNU ဂိတ်ကြီး များရှိကြပြီး ထိုနောက်တွင် အမည်မခေါ်နိုင်သော ဂိတ်ငယ်များ၊ မြန်မာစစ်အစိုးရ စစ်ကြောင်းတို့ကိုလည်း ငွေပေး ကြရပါသည်။ ကြာအင်းဆိပ်ကြီးမြို့အနီး အမြဲတမ်းလိုလို ကျောက်ချရပ်နားထားသည့် မြန်မာရေတပ်ကိုလည်း လှေသမားများ လှေဖြတ်သန်းခ ငွေကို လှေအဝင်အထွက်ပြုလုပ်တိုင်း ပေးဆောင်နေကြရသည်။

ထိုသို့အကောက်ဂိတ်များပြားနေသည့်အတွက် နယ်စပ်မှကုန်ပစ္စည်းများ ပြည်တွင်းသို့တင်ပို့ရာ၌ လောလောဆယ် တွင် ကုန်သည်များ လမ်းခရီးအနေအထား အခြေအနေများကို စောင့်ကြည့်နေရဦးမည်ဟု ဘုရားသုံးဆူမြို့ ကုန်သည်အသိုင်းအဝိုင်းတို့က ပြောကြားနေကြသည်။



မိုးသက်လေပြင်းများကြောင့် မွန်ပြည်နယ်အချို့ဒေသများတွင်ပျက်စီးဆုံးမှုရှိ
Kaowao

ဇွန် ၈၊ ၂၀၀၉။

ရေး(ဇွန်-၈)။ ။ ယခုရက်ပိုင်းအတွင်း အဆက်မပြတ်ရွာသွန်းမိုးနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် လှေအချို့ နစ်မြုပ်ခြင်းနှင့် လူနေအိမ်အချို့ မွန်ပြည်နယ်အတွင်း ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

မွန်ပြည်နယ်၊ ကျိုက္ကမီမြို့မှ ရေလုပ်သား ၇ ယောက်လိုက်ပါသော ငါးဖမ်းစက်လှေတစ်စီး ဇွန်လ ၆ ရက်နေ့၌ လေပြင်းအရှိန်ကြောင့် ပင်လယ်ပြင်အတွင်း နစ်မြုပ်ခဲ့ရာ ရေလုပ်သား ၃ ဦးမှာ ရေးမြို့နယ်တောင်ပိုင်း၊ ပင်လယ် ကမ်းခြေရွာတစ်ရွာဖြစ်သည့် သဲခုံရွာသို့ ယမန်နေ့တွင် အသက်မသေပဲ မျောပါရောက်ရှိလာ၍ ရွာသားများပြုစု စောင့်ရှောက်ထားကြသည်။ ကျန်ရေလုပ်သား ၄ ဦး၏ ကံကြမ္မာကို သတင်းအစအန မရရှိကြသေးပေ။

မုဒုံမြို့၊ တံခွန်တိုင်ကျေးရွာတွင်လည်း ဇွန်လ ၆ ရက်နေ့ လေပြင်းဒဏ်ကြောင့် လူနေအိမ် ၁၀ လုံးခန့် ပြိုကျပျက်စီး ခဲ့ကြောင်း ဒေသခံများ ပြောပြ၏။

အလားတူ ထိုရက်နေ့မတိုင်မီတစ်ရက်၌ ကျိုက်မရောမြို့နယ်၊ ကျုံမနင်းရွာတွင်လည်း လေပြင်းဒဏ်ကြောင့် အိမ်၁၅ လုံးခန့်ပြိုကြခဲ့ကြောင်းလည်း ရွာသားများထံမှ သိရသည်။

အဆိုပါ လေပြင်းဒဏ်ကြောင့် အိမ်များပြိုကျခဲ့ရာတွင် လူအသေအပျောက်နှင့် ဒဏ်ရာရရှိခဲ့သည်ကို သတင်းမရရှိ ရသေးပေ။ အိုးအိမ်ပျက်စီးသွားခဲ့သည့် မိသားစုများကို သက်ဆိုင်ရာမှ အကူအညီတစ်တစ်ရာ မပေးအပ်ခဲ့ သော်လည်း နီးစပ်ရာ ဆွေမျိုးများက အကူအညီပေးကြသည်ဟု သိရသည်။

မြန်မာမိုးလေဝသဌာန၏ ယမန်နေ့ထုတ်ပြန်ချက်အရ မွန်၊ တနင်္သာရီကမ်းရိုးတန်းဒေသတို့တွင် လေပြင်းများ တစ်ခါတစ်ရံ တစ်နာရီ မိုင် ၄၀ မှ ၄၅ မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းကြီးမည်ဟု ထုတ်ပြန်ထားပါသည်။ သို့သော် ရက်အကန့်အသတ် မည်မျှတိုက်ခတ်နိုင်မည်ကို မခန့်မှန်းထားပေ။

ယမန်နေ့၏ မှတ်သားဖွယ်မိုးရေချိန်လက်မများမှာ သိမ်ဇရပ်မြို့ ၄.၆၊ သထုံမြို့ ၃.၄၆၊ ရေးမြို့ ၃.၁၉၊ မုဒုံ ၂.၉၉ မော်လမြိုင် ၂.၇၉ လက်မဖြစ်ပြီး နေရာကွက်၍မိုးကြီးနိုင်ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖေါ်ပြပါရှိသည်။


ထိုင်း-မြန်မာနယ်စပ်၌ ယာယီ ဒုက္ခသည်စခန်း ၃ ခု ဖွင့်

ဇော်ကြီး။
ဇွန်လ ၉ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ)က ကေအင်ယူ တပ်မဟာ (၇) ဌာနချုပ် အား ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာကြသည့် ကရင်ဒုက္ခ သည်များကို လက်ခံရန် ယာယီ ဒုက္ခသည်စခန်း ၃ ခု တိုးဖွင့် လိုက်သည်။

ထိုင်း-မြန်မာနယ်စပ် မယ်တမ်မြို့နှင့် မယ်သဝေါ ကြားရှိ အီးတူးထ၊ နို့ဖိုး နှင့် မက်ထရစ် နေရာသုံးခုတွင် ယာယီ စခန်း ၃ နေရာဖွင့်ထားကာဒုက္ခသည်များအား ထိုင်းနိုင်ငံအခြေစိုက် NGO အဖွဲ့များက ကူညီ ပေးနေကြရသည်။

ယင်းနေရာသုံးခုမှ အီးတူးထသည် ယခင်က တိုက်ပွဲများဖြစ်ပွားသည့်အခါ၌ ရွာသားများ ခေတ္တ လာရောက်ပုန်းခို လေ့ရှိသည်ဟု ဒုက္ခသည်များကို ကူညီပံ့ပိုးပေးနေသည့် ကရင် လူငယ် အစည်းအရုံး၏ ဥက္ကဋ္ဌ စောလှထွန်းက ပြောသည်။

“အရင်က အဲဒီနေရာတွေမှာမရှိဖူး။ ရှိတာက အဲဒီ အီးတူးထ တစ်နေရာထဲ။ အဲဒီနေရာ လည်း ပြေး တော့ပြေးတယ်။ ဒါပေမယ့် သီးသန့်ဒုက္ခသည်စခန်းအဖြစ် ဥပမာမယ်လတို့လို ပုံစံမျိုးတော့ မဟုတ် ဖူးပေါ့။ အရင်ကလည်း သူတို့ ခဏတဖြုတ် ပြေးတယ်။ အခြေအနေ ကောင်းရင်ပြန်တယ်။”

ယင်းစခန်းနေရာသုံးခုတွင် ဒုက္ခသည်ပေါင်း ၃၅၀၀ ကျော်ရောက်ရှိနေပြီဟု ကရင်လူငယ် အစည်းအရုံး မှတ်တမ်း အရ သိရသည်။

Karen Refuges committee (KRC) အဖွဲ့မှဦးဆောင်၍ထိုင်း-မြန်မာနယ်စပ်အဖွဲ့ TBBC၊ လူထုအခြေပြု အဖွဲ့ နှင့် ခရစ်ယာန်ဘာသာရေးအသင်းတို့မှ ဒုက္ခသည်များ၏လတ်တလော လိုအပ်နေသည့် အစားအသောက်၊ အသုံး အဆောင်ပစ္စည်းများ ကူညီ ပေးကြသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့ပေးတာကတော့ ဆန်ပေးတယ်လေ။ နောက်ငါးပိ၊ ခြင်ထောင်၊ တာလပတ် မိုးကာပေါ့။ နောက် လုံချည်၊ အင်္ကျီနဲ့ အိုးခွက်ပန်းကန်တွေပေးတယ်လေ။”

မိုးဆက်တိုက်ရွာနေခြင်း၊ လူဦးရေများလွန်းခြင်းကြောင့် နေထိုင်ရေး အခက်အခဲရှိပြီး ၀မ်းလျောရောဂါ ဖြစ်ပွား သည့် ကလေးငယ်များနှင့်ဖျားနာသူများကို ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူများက လာရောက်ကုသပေးနေ သည်။

မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များကအင်အားထပ်မံတိုးချဲ့ပြီး ကေအဲန်ယူကို ထိုးစစ်ဆင်မှု ဆက်တိုက်ပြုလုပ်လျှက်ရှိကာ ယင်းထိုးစစ်ဆင်မှုကြောင့် ကျေးရွာသားများ ထပ်မံထွက်ပြေးတိမ်းရှောင် လာနိုင် သည်ဟု ကရင်အဖွဲ့အစည်းများက ပြောသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့် အပစ်ခတ်ရပ်အဖွဲ့များအား စည်းရုံးရေးခရီး မအောင်မြင်

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၉ ရက်၊ ၂ဝဝ၉ ခုနှစ်။

တရုတ်-မြန်မာနယ်စပ်တလျောက်ရှိ အပစ်ခတ်ရပ်အဖွဲ့များက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ နိုင်ငံရေး ပါတီ ဖွဲ့စည်းရေးစသည့်အချက်များ ပါဝင်သည့် မြန်မာစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံကြသဖြင့် ဒု ဗိုလ်ချုပ် ကြီး ရဲမြင့်၏ စည်းရုံးရေးခရီး မအောင်မမြင် ဖြစ်ခဲ့သည်။

ဇွန်လ(၄) ရက်နေ့မှ (၈)ရက်နေ့အထိ ကိုးကန့်၊ (ဝ)နှင့် မိုင်းလားအဖွဲ့များ၏ ဌာနချုပ်ရှိရာသို့ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် က သွားရောက်စည်းရုံးခဲ့ခြင်းဖြစ်သည်။

အသွင်ကူးပြောင်းရေးအတွက် ရည်ရွယ်ပြီး တပ်မတော်စစ်ဘက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ယခုလ(၄)ရက်နေ့က လားရှိုးမှတဆင့် ကိုးကန့်ဒေသ လောက်ကိုင်ကို ရောက်ရှိလာပြီး ကိုးကန့်လက်နက် ကိုင်အဖွဲ့ ဥက္ကဌ ဖုန်ကြားရှင်နှင့် တွေ့ဆုံခဲ့ရာတွင် နောင်တက်လာမည့်အစိုးရအဖွဲ့နှင့်သာ ဆွေးနွေးလိုသည့် အကြောင်း တုန့်ပြန်ခဲ့သည်ဟု ကိုးကန့် အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်သည် (ဝ)ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်ရှိရာ ပန်ဆန်းသို့ ယခုလ(၆)ရက်နေ့ က ရောက်ရှိခဲ့သော်လည်း (ဝ)အဖွဲ့က ငြင်းပယ်သည့်အတွက် မိုင်းလားအဖွဲ့ဌာနချုပ်ရှိရာ မိုင်းလား မြို့သို့ ဝင်ပြီး ကျိုင်းတုံဘက်သို့ ထွက်သွားသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ်လေ့လာသူ ဦးအောင် ကျော်ဇောက ပြောသည်။

“အခုက ဗိုလ်ရဲမြင့်က သူကိုယ်တိုင်သွားနေရတာ။ ဧပြီလ(၂၈)ရက်နေ့ကတွေ့တုန်းကတော့ တန့်ယန်း ကို ခေါ်ပြီးမှ တွေ့တာ။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အကျပ်အတည်းဖြစ်နေတဲ့ အဲန်အယ်လ်ဒီနဲ့ လူမျိုးစုကိစ္စ၊ အပစ်ခတ်ရပ် ကိစ္စကို လွယ်လွယ်ကူကူ လုပ်လို့ ရမယ်လို့ သူတို့ တွက်တာ။ အခုက နိုင်ငံတကာ ဖိအားတွေကတိုးလာ၊ ပြည်တွင်းကလည်း အချိန်မရွေး ပေါက်ကွဲ နိုင်တဲ့အခြေအနေဖြစ် လာတဲ့အောက်မှာ စစ်ရေးအရ ဖိအားပေးတာတို့ ဆိုတာ မဖြစ်လာနိုင် ပါဘူး။”

မေ(၂ဝ)ရက်နေ့တွင် (ဝ)ပြည်သွေးစည်းညွတ်ရေးအဖွဲ့က ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ မြန်မာစစ်အစိုးရ၏ ကမ်းလှမ်း ချက်နှင့်ပတ်သက်၍ လက်ခံနိုင်ခြင်းမရှိကြောင်း ဖက်စ်ဖြင့် အကြောင်းကြားခဲ့ကြောင်း၊ ယင်းကိစ္စအတွက် (ဝ)မြောက်ပိုင်း ဒေသအနီးသို့ မြန်မာစစ်တပ် ဘက်မှ အင်အားတိုးချလာမှု၊ စစ်ရေးပြင်ဆင်မှု စသည့် စစ်ရေးအရ ဖိအားပေးမှု ယခုချိန်အထိ မတွေ့ရသေးကြောင်း (ဝ)တပ်မှူးတဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောသည်။

“အခုချိန်အထိ သူတို့ဘက်က ဘာမှ လှုပ်ရှားလာတာ မတွေ့ရသေးပါဘူး။ ကျနော်တို့ဘက် ကတော့ စ ပြီး လုပ်မှာတော့ မဟုတ်ဘူး။ သူတို့ ကျူးကျော်ရန်စ၊ သေနတ်စဖောက်ရင်တော့ ကျနော်တို့ဘက်က တုန့်ပြန်ဖို့ အသင့်ရှိပါတယ်။”

ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်မှုအောက်တွင် ရပ်တည်ခဲ့ရပြီး ယခုအချိန်မှာ မိမိအမျိုးသား၏ ဦး ဆောင်မှုအောက်တွင် အမျိုးသားတရပ်လုံးအတွက် ကာကွယ်ရမည့် တိုက်ပွဲဖြစ်သဖြင့် (ဝ)ပြည်သွေးစည်း ညီညွှတ်ရေးတပ်မတော်အနေဖြင့် စိတ်ဓာတ်ရေးရာအရ ပိုပြီး ထက်သန်လျက်ရှိသည်ဟု အဆိုပါ (ဝ)တပ်မှူးက ပြောသည်။

ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ သက်သေလိုက်ခွင့် ထပ်မံ ငြင်းပယ်
2009-06-09

ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ သက်သေလိုက်ဖို့ တင်ပြထားတဲ့ နေအိမ် အကျယ်ချုပ်ကျနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်နဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုးတို့ ၃ ဦးမှာ ဒီကနေ့ တရားရုံးက ဒေါ်ခင်မိုးမိုး တဦးတည်းကိုပဲ သက်သေလိုက်ခွင့် ပြုလိုက်ပြီး၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ နှစ်ဦးကို ထပ်မံ ငြင်းပယ်လိုက်ပါတယ်။

အခုလို ထပ်မံ ငြင်းပယ်လိုက်တာနဲ့ ပတ်သက်ပြီး တရားရုံးက အကြောင်းပြချက် တိတိကျကျ မပေးကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို အခုလိုပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'သက်သေလိုက်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဦးတင်ဦး၊ ဦးဝင်းတင်ကို ခွင့်မပြုဘူး။ ဒေါ်ခင်မိုးမိုးတယောက်ကို ခွင့်ပြုတယ်။ သူတို့ အကြောင်းပြချက် ရှင်းရှင်းလင်းလင်း မပေးဘူး။ အချက် ၃ချက် ငြိစွန်းမှ ငြင်းပယ်လို့ရတယ်။ အဲဒီလို ငြိစွန်းကြောင်း မဖော်ပြခဲ့ဘူး၊ မူလရုံး။'

တရားစီရင်ရေးကို ထိခိုက်စေတဲ့၊ နှောင့်နှေးကြန့်ကြာစေတဲ့၊ အနှောင့်အယှက် ဖြစ်စေတဲ့ အချက် (၃) ချက်နဲ့ ငြိစွန်းတဲ့ ပုဂ္ဂိုလ်ကို သက်သေလိုက်ခွင့် မပြုရလို့ ဥပဒေကြောင်းမှာ ဖော်ပြထား ပါတယ်။ ဒါပေမဲ့ ဒီအချက်နဲ့ ငြိစွန်းတယ် မငြိစွန်းဘူးဆိုတာကို တရားရုံးက အတိအလင်း ဖော်ပြတာမရှိပဲ အခုလို ငြင်းပယ်တာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အတွက် လာမဲ့ ကြာသပတေးနေ့မှာ ဗဟိုတရားရုံးချုပ် အထိ တင်ပြမယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'ဥပဒေ ပြဋ္ဌာန်းချက်မှာ တရားစီရင်ရေးကို ထိခိုက်အောင်၊ နှောင့်နှေးကြန့်ကြာအောင်၊ အနှောင့်အယှက်ဖြစ်အောင်၊ အဲဒီ အချက် ၃ချက် ငြိစွန်းမှ ငြင်းပယ်လို့ ရတယ်။ အဲဒီလို ငြိစွန်းကြောင်း မဖော်ပြခဲ့ဘူး။ ဒီဥစ္စာ ဖော်ပြသကဲ့သို့ မှတ်ယူတယ်ဆိုပြီးတော့ presume လုပ်သွားတယ်။ ဒါလည်း ဥပဒေအရ မှားတယ်ဗျ။ ရေးမထားပဲနဲ့ သူက မှတ်ယူတယ်လို့ လုပ်လိုက်တာကိုး။ မှတ်ယူတယ်ဆိုတာ မှတ်ယူလို့မှ မရပဲဗျ။ စာရှိရင်ရှိတယ်၊ မရှိရင် မရှိဘူးပေါ့။ က္ဆွန်တော်တို့ကတော့ ဒီလိုပဲ ယူဆတယ်။ က္ဆွန်တော်တို့ ဒီကိစ္စကို high court တင်ဦးမယ်။ သန်ဘက်ခါ တင်မယ်။ က္ဆွန်တော်တို့ တင်တဲ့ လျှောက်လွှာပေါ်မှာ တရားရုံးချုပ်က ဘာပြောမလဲဆိုတာ စောင့်ရမယ်။'

ဒေါ်ခင်မိုးမိုး သက်သေထွက်ဆိုရမဲ့နေ့ကိုတော့ လာမဲ့ သောကြာနေ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရုံးချိန်းကျမှ သိရမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီကနေ့ ညနေ ၃ နာရီက တရားရုံးမှာ ဒီကိစ္စကို ကြားနာနေတုန်း အပြင်ဘက်မှာ စစ်အစိုးရရဲ့ လုံခြုံရေးအင်အား အပြည့် တင်ဆောင်ထားတဲ့ ကားအစီး ၂ဝ လောက် ချထားတယ်လို့ သိရပါ တယ်။

စစ်အစိုးရရဲ့ စွဲချက်အပေါ် ခုခံချေပဖို့ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်သွင်းတဲ့ သက်သေလေးဦးထဲက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့ကို ရန်ကုန်တိုင်း တရားရုံးက ပယ်ချလိုက်တာဟာ တိုင်းတရားရုံးအနေနဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ဦးဝင်းတင်က ပြောလိုက်ပါတယ်။ အကျိုးဆောင်ရှေ့နေတွေဘက်ကလည်း ဒီပယ်ချမှုကို ဗဟိုတရားရုံးထိ အယူခံ ဆက်ဝင်မယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအခြေအနေ အလားအလာ ဘယ်လိုရှိနိုင်မလဲဆိုတာကို RFA မှ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဦးတေဇပိုင် ထူးကုမ္ပဏီက လယ်သမားများကို အတိုးဖြင့် ငွေချေးမည်
2009-06-09

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းက ကျေးရွာ ရွာလူကြီးတွေနဲ့ လယ်သမားတွေကို တိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေနဲ့ အဖွဲ့က ဘိုကလေးမြို့ကို ခေါ်ပြီး လယ်တဧကကို ကျပ်ငါးသောင်းနှုန်း ချေးငွေထုတ်ပေးမဲ့ အကြောင်း ဆွေးနွေးခဲ့တယ်လို့ RFA က သိရပါတယ်၊။

(Photo: AFP)

ရေသွင်း လယ်ကွင်းတခုတွင် ပျိုးပင်များ စိုက်နေသော လယ်သူမများ ဖြစ်ပါသည်။ (Photo: AFP)

ဘိုကလေးမြို့နယ်အတွင်းမှာ ကျေးရွာဒိုင်နယ် အုပ်စုပေါင်း ၆၉ အုပ်စု ရှိပါတယ်၊ အဲဒီရွာတွေက ရယက ဥက္ကဋ္ဌနဲ့ ရွာတရွာကို လယ်သမား ၁ဝ ဦးကျ တက်ရောက်စေပြီး မိုးစပါး ချေးငွေကိစ္စကို ဇွန်လ ၇ရက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြတာပါ။

တကယ်တော့ အဲဒီဆွေးနွေးပွဲမှာ ဧရာဝတီ တိုင်းမှူးကိုယ်တိုင် ပါဝင်ပြီးဆွေးနွေးခဲ့တယ် ဆိုပေမဲ့ အစိုးရဘဏ်က ချေးငွေထုတ်ပေးဖို့ မဟုတ်ပဲ နာမည်ကြီး ဦးတေဇရဲ့ ပုဂ္ဂလိကပိုင် ထူးကုမ္ပဏီက မိုးစပါးစိုက်ဖို့ ငွေချေးမဲ့အကြောင်း ဆွေးနွေးခဲ့တာပါ။ ဘယ်လို ဆက်စပ်နေသလဲ ဆိုတာတော့ မသိရပါဘူး။ ဆွေးနွေးသွားတာတွေနဲ့ ပတ်သက်လို့တော့ နားထောင်ခဲ့ရတဲ့ ဒေသခံ လယ်သမားက အခုလိုပြောပါတယ်။

လယ်သမား။ ။ 'သူတို့က ဘာပြောလဲဆိုတော့ လယ်တဧကကို ငါးသောင်းနှုန်း ထုတ်ချေးမယ်၊ အဲလို ထုတ်ချေးတဲ့အခါမှာ စပါးပေါ်တဲ့ကာလ ၇လအတွင်းမှာပေါ့ ဒေသကာလ ပေါက်ဈေးနဲ့ဝယ်မယ် ဆိုတာကလဲတဲ့ ရောင်းချင်ရောင်း မရောင်းချင်နေပါတဲ့။ ရောင်းမယ်ဆိုရင်လဲ သူတို့က ဒါကို အရောင်းအဝယ်လုပ်သွားမယ် အတိုးယူမှာ မဟုတ်ဘူးပေါ့။ တကယ်လို့ သူတို့ကို မရောင်းချင်ဘူးဆိုရင် ၂ ကျပ်တိုးနှုန်းနဲ့ သူတို့ကို ပြန်ပြီးတော့ဆပ်၊ ဒါကို ထူးကုမ္ပဏီက မိုးစပါးဧက ၂သောင်းအတွက် သိန်းပေါင်း ၅သောင်းကို ရင်းနှီးမြှုပ်နှံမယ်။'

လယ်သမားတွေကို ဘယ်လို စာချုပ်တွေနဲ့ ချေးငွေ ထုတ်ချေး မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။ ဘိုကလေးမြို့နယ်တွင်းက လယ်ယာမြေတွေဟာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးနေဆဲ ဖြစ်တာကြောင့် ငွေချေးစိုက်ပြီးမှ ထင်သလို ဖြစ်မလာမှာ လယ်သမားတွေက စိတ်ပူနေကြပါတယ်။

လယ်သမား။ ။ 'လက်ရှိအခြေအနေမှာတော့ သူတို့ လယ်သမားတွေနဲ့ ဘယ်လိုစာချုပ် ဘယ်လိုချုပ်မလဲ၊ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ မသိရသေးဘူး။ ဒီနာဂစ်ဒေသမှာ လယ်ယာမြေတွေဟာ ရေငံရေဝင်လို့ စပါးတွေ မထွက်တော့တဲ့အတွက် အခုလို ချေးငွေကို ယူလိုက်ရင် မထွက်တဲ့ စပါးအပေါ်မှာ ဆပ်စရာမရှိတဲ့ အခက်အခဲတွေ ဖြစ်ပြီးတော့ ဒုက္ခရောက်သွားနိုင်တယ်။ လယ်တွေ အသိမ်းခံရနိုင်တယ်။'

ဘိုကလေး ဒေသတွင်း ပြီးခဲ့တဲ့ နွေစပါးတုန်းက စပါးထွက်နှုန်းဟာ စိုက်ပျိုးစရိတ်တောင် မကျေလို့ လယ်သမားတွေ အခက်တွေ့ခဲ့ကြရပါတယ်။ ဒါကြောင့် အဓိက အနေနဲ့ ဆားငံရေဝင်လို့ ပျက်စီးနေတဲ့ လယ်မြေတွေကို တတ်က္ဆွမ်းတဲ့ ပညာရှင်တွေနဲ့ ပြုပြင်ပေးပါလို့ လယ်သမားတွေက ပြောနေပေမဲ့ အစိုးရက ခုထိ လုပ်မပေးသေးဘူးလို့ သိရပါတယ်။

ဒေသတွင်းက ငွေကြေးချမ်းသာသူတွေလည်း ထူးကုမ္ပဏီရဲ့ မိုးစပါး ချေးငွေ လုပ်ငန်းလုပ်ကိုင်ရာမှာ အစုရှယ်ယာ ပါဝင်နိုင်တယ်လို့ သိရပါတယ်။

တပ်ပြင်ဖွဲ့ရေးကိစ္စ သေချာစွာဆွေးနွေးပြီးမှ ဆုံးဖြတ်ဖို့ ကချင်လူထုတိုက်တွန်း
2009-06-09

ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ဟာ နိုင်ငံမြောက်ပိုင်းက စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်တွေအဖြစ် ပြင်ဆင်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ နောက်တကြိမ် လိုက်လံစည်းရုံးနေရာမှာ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနဲ့တော့ မတွေ့သေးပါဘူးကချင်လူထုကတော့ ကေအိုင်အိုကို သေသေချာချာ တွေ့ဆုံဆွေးနွေးပြီးမှ ဆုံးဖြတ်ဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။

ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြင်ဆင်ဖွဲ့စည်းဖို့ စစ်အစိုးရအနေနဲ့ စကားပြောတုံးက အပစ်ရပ်အဖွဲ့တွေနဲ့ တနေ့တည်း တပြိုင်တည်း တွေ့ခဲ့ကြပေမဲ့ ဒီတကြိမ်မှာတော့ ခုထိ ကေအိုင်အို မပါသေးဘူးလို့ သိရပါတယ်၊ အစီအစဉ်တော့ ရှိတယ်လို့ ကေအိုင်အို ဒုဥက္ကဌ ဗိုလ်ချုပ်ဇော်ဆိုင်းက ပြောပါတယ်၊

ဗိုလ်ချုပ်ဇော်ဆိုင်း။ ။ 'ပြန်တွေ့ဖို့ကတော့ အစီအစဉ်ရှိတယ် ဒါပေမဲ့ ဘယ်နေ့ဘယ်ရက်ဆိုတ ကျနော်တို့ ဘာမှ မဆွေးနွေးရသေးဘူးခင်ဗျ၊ ဒါကတော့ ကျနော်တို့ ဗဟိုမှာ ဆွေးနွေးပြီးမှ ဘာတွေဆွေးနွေးမယ်ဆိုတာ အဲဒီအချိန်ကျမှ ကျနော်တို့ အတိအကျ သိရမယ်ဗျ။'

ဒီလို စစ်အစိုးရက ကမ်းလှမ်းထားတဲ့ တပ်ပြင်ဆင် ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ သဘောထား အကြံပေးချက်တွေကို ကေအိုင်အိုက မေလကတည်းက စပြီး ကောက်ခံနေရာမှာ ရထားတဲ့ သဘောထားတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်ဆိုင်းက အခုလို ပြောပါတယ်၊

ဗိုလ်ချုပ်ဇော်ဆိုင်း။ ။ 'အများအားဖြင့် သဘောထားရရှိတာက ဆွေးနွေးပါ ။ မတွေ့ပဲနဲ မဆွေးနွေးပဲနဲ့ ဘယ်လိုမှ အဖြေရှာလို့ရနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့်ဆွေးနွေးပြီးတော့ အကောင်းဆုံး နည်းလမ်းရှာပါ အဲဒီသဘောထားကတော့ အဓိကပဲခင်ဗျ တခြားအဖွဲ့အစည်းထဲ ကတော့ ကျနော်တို့ ဘာမှ မသိရသေးဘူး ဒါဟာ အများအားဖြင့် ပြည်သူလူထုနဲ့ ကိုယ့်ရဲ့ တပ်ဖွဲ့ထဲက အကြံပေးချက်တွေပါ။'

ကချင်လူထုက အကြံပေးတဲ့အထဲမှာ စစ်အစိုးရပြောတဲ့အတိုင်း လက်မခံဖို့ဆိုတဲ့ သဘောထားတွေလည်း ပါတယ်လို့ သိရပါတယ်။

တပ်ပြင်ဆင်ဖွဲ့ဖို့ကိစ္စကို ကေအိုင်အိုအနေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းတို့ မေလ ၂၁ ရက်နေ့က ထပ်မံတွေ့ဆုံခဲ့ပေမဲ့လည်း တိတိကျကျ အဖြေမရပဲ ကိုယ်စားလှယ်အဖွဲ့တခု ဖွဲ့ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။ အဲဒီကိုယ်စားလှယ်အဖွဲ့ဆိုတာလည်း အခုထိ မဖွဲ့ရသေးဘူးလို့ ဗိုလ်ချုပ်ဇော်ဆိုင်းက ပြောပါတယ်၊

တခြား ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေကို ဇွန်လ ၄ ရက်စပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် နောက်တကြိမ် စည်းရုံးရေးထပ်ဆင်း နေတာမှာလည်း ထင်တိုင်းမပေါက် ဖြစ်နေတယ်လို့ သိရပါတယ်။

စီးပွားရေးပြစ်ဒဏ်ကိစ္စ အင်ဒိုနီးရှားဝန်ကြီး ပြောဆိုချက်ကို အာဆီယံအမတ်များ ကန့်ကွက်
2009-06-09

မြန်မာပြည်သူတွေဟာ လူ့အခွင့်အရေး အချိုးဖောက်ခံနေရဆဲပဲ ဆိုတာ နားလည်ပေမဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်ပြည်ထောင်စုက မြန်မာပြည်ပေါ် စီးပွားရေး ပြစ်ဒဏ်ခတ်ထားတာဟာ တကယ့်လက်တွေ့မှာ မြန်မာပြည်သူတွေကိုသာ ထိခိုက်စေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ဟာဆန် ဝီရယုဒရဲ့ ပြောဆိုချက်ကို လုံးဝကန့်ကွက်ကြောင်း AIPMCလို့ ခေါ်တဲ့ မြန်မာ့အရေး ဆိုင်ရာ အာဆီယံ ပါလီမန် လွှတ်တော်အမတ်များအဖွဲ့က ဒီကနေ့ ဇွန်လ ၉ရက်မှာ ပြောဆိုလိုက်ပါတယ် ။

(Photo: AFP)

အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ဝီရယုဒ (ဝဲ)နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (ယာ) တို့ ဇွန်လ ၈ရက်နေ့က နှစ်နိုင်ငံဆွေးနွေးပွဲအပြီး မှတ်ချက်စကား ပြောကြားနေစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟာဆန် ဝီဒါယုဒက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ် ။

AIPMCအဖွဲ့ အင်ဒိုနီးရှားရုံး ဒါရိုက်တာ မစ္စတာ အာရိဖ် ဇာမာကတော့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ဟာဆန် ဝီရယုဒရဲ့ပြောဆိုမှုနဲ့ ပတ်သက်လို့ ကန့်ကွက်ပါတယ် ။

ကျနော်တို့ AIPMCကတော့ ဟာဆန် ဝီရယုဒရဲ့ ပြောဆိုမှုကို လုံးဝ သဘောမတူနိုင်ပါဘူး ၊ ဘယ်နိုင်ငံမှာမဆို စီးပွားရေး ပြစ်ဒဏ်ခတ်မှုတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အနည်းနဲ့အများ ဆိုသလို ထိရောက်မှုရှိတယ်ဆိုတာ ကျနော်တို့ တွေ့ခဲ့ရပါတယ် ။ တချိန်က ဆူဟာတို အာဏာရှင် အုပ်စိုးမှု အောက်မှာ နေခဲ့ရပြီး ဒီမိုကရေစီတိုင်းပြည်အဖြစ် ပြောင်းလဲလာခဲ့တဲ့ ကျနော်တို့ အင်ဒိုနီးရှားအနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်ချင်းစာပြီး ရှုမြင် ပြောဆိုသင့်ပါတယ်လို့ မစ္စတာ အာရိဖ် ဇာမာက ရှင်းပြ သွားပါတယ် ။

ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟာဆန် ဝီရယုဒဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုတာကို သဘောတူကြောင်း တနင်္လာနေ့မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ် ။

မြန်မာစစ်အစိုးရကို နီးကပ်စွာအကူအညီပေးတဲ့နည်းနဲ့ ဆက်ဆံတာမျိုးကသာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲ ရေးတွေ ပိုဖြစ်လာနိုင်မယ်လို့ သူယုံကြည်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ဝီရယုဒက ပြောဆိုပါတယ် ။

AIPMCအဖွဲ့ အင်ဒိုနီးရှားရုံးဒါရိုက်တာ မစ္စတာ အာရိဖ် ဇာမာကတော့ မြန်မာပြည်သူတွေကို အခုလို သတင်းစကား ပါးလိုက်ပါတယ်။

ကျနော်တို့ အင်ဒိုနီးရှားပြည်သူတွေ အာဏာရှင်ဆူဟာတို လက်အောက် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေဟာ မြန်မာပြည်သူတွေ ဒီကနေ့ ကြုံနေရတဲ့ အခြေအနေနဲ့ ဆင်တူပါတယ် ၊ အင်ဒိုနီးရှားပြည်သူတွေ အာဏာရှင် စနစ်အောက်က လွတ်မြောက်ခဲ့တာကြောင့် မြန်မာပြည်သူတွေလည်း တနေ့မှာ အာဏာရှင်လက်အောက်က လွတ်မြောက်မယ်ဆိုတာ ကျနော်တို့ယုံကြည်ပါတယ်။ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာစစ်ခေါင်းဆောင်တွေပေါ် ဖိအားပေးနိုင်အောင် နိုင်ငံတကာ မိသားစုတွေက ဝိုင်းဝန်းကြိုးပမ်းဖို့ လိုပါတယ်လို့ ပြောဆိုပါတယ် ။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ လူ့အခွင့်အရေးကို အလေးထား
2009-06-09

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအနေနဲ့ အဆက်မပြတ် အလေးပေး ဆောင်ရွက်ရမဲ့ လူ့အခွင့်အရေး ပြဿနာတွေထဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားဖို့ မြန်မာစစ်အစိုးရက ကြိုးပမ်းနေတာတွေလည်း ပါဝင်ဖို့ လိုကြောင်း နိုင်ငံတကာ သံအမတ်တွေက ပြောကြားပါတယ်။

(Photo: AFP)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာမ ဓာတ်ပုံ ပိုစတာကြီးကို ပြင်သစ်နိုင်ငံ စထရာစ်ဘော့ဂ်မြို့ရှိ ဥရောပပါလီမန် အဆောက်အအုံပေါ်တွင် ၂ဝဝ၇ခုနှစ် အောက်တိုဘာ ၂၃ရက်နေ့က ချိတ်ဆွဲ ဂုဏ်ပြုထားပုံ ဖြစ်ပါသည်။ (Photo: AFP)

ဇွန်လ ၈ ရက် မနေ့က ကျင်းပတဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြိုမှာ ကျင်းပတဲ့ လူ့အခွင့်အရေး ကောင်စီ အထွေထွေ ဆွေးနွေးပွဲမှာ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU အပါအဝင် ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ ဂျပန်နဲ့ အာဂျင်တီးနားနိုင်ငံတွေက မြန်မာနိုင်ငံပြဿနာကို အထူးအလေးထား ဆွေးနွေးတင်ပြပါတယ်။

EU အဖွဲ့ကိုယ်စား အလှည့်ကျ သဘာပတိနိုင်ငံဖြစ်တဲ့ ချက်သမတနိုင်ငံ သံအမတ်ကြီး မစ္စတာ ထောမတ် ဟူဆက်က ဥရောပသမဂ္ဂ ကိုယ်စား အနေနဲ့ မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း၊ ဒီယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ခ္ဆွင်းချက်မရှိ ပြန်လွှတ်ပေးသင့်ကြောင်း ပြောသွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးမှာ ကမႝာတဝန်း လူ့အခွင့်အရေး၊ ပြဿနာ အရပ်ရပ်ကို ဆွေးနွေးတာဖြစ်ပြီး လတ်တလော ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သံကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ မတ် ကက်ဆေးယားက အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမႝာတလွှားက ဖိနှိပ်ခံ ပြည်သူတွေဖက်က အပြင်းအထန် ရပ်တည်ပြီး သတ္တိရှင် ပုဂ္ဂိုလ်တွေကို အမြဲအားပေးနေကြောင်း ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးနဲ့ အထူးကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းတွေကို လွတ်လပ်စွာ လေ့လာတင်ပြနိုင်ရေး အထူးအလေးထားကြောင်း အမေရိကန်သံအမတ်ကြီးက ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆွေးနွေးချက် အသေးစိတ်ကို RFA မှ ဦးကျော်မင်းထွန်းက တင်ပြထားပါတယ်။