Wednesday, June 10, 2009

Burma VJ တိုက်ရိုက်ကြည်လိုသူများအတွက်(ဒေါင်းမာန်ဟုန်)

June 11 Global Fax Action Day!

Publish at Scribd or explore others:

Download files
http://www.mediafire.com/file/nnmycndie0g/moe chan fax Campaign.pdf
http://www.mediafire.com/file/dcagwikvizn/Free Daw Aung San Suu Kyi Now.pdf
http://www.mediafire.com/file/fizumnokgfy/Fax(world).pdf
http://www.mediafire.com/file/xf2neomzxj2/Fax(myanmar).pdf

လမ်းမကောင်းလို့ပါ

အခုမှသက်တမ်းကနှစ်၄၀ပဲရှိသေးတာ...အလတ်ကြီး(ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ဆီသို့)

ပုဏ္ဍကသန်းရွှေနှင်ဝီဒူရဒေါ်စု

နိုင်ငံရေးလက်ဦးမှု လက်မလွတ်ရေး

Tuesday, June 09, 2009
မောင်ချစ်ခင်

ဒေါ်အောင်ဆန်းစုကြည်ကို ကြံဖန်အမှုဆင်ပြီး ရုံးတင်ခြင်းသည် ဤကာလ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ဒီပဲယင်း အရေးအ ခင်းနှင့် တတန်းတည်းထားရမည့် အဖြစ်အပျက်တခုဖြစ်သည်။ နအဖ၏ လက္ခဏာမှာ ၁၉၈၈ ခုနှစ်က စလို့ ဒီနေ့အထိ ဘာ မှပြောင်းလဲခြင်းမရှိကြောင်းကို ဤကိစ္စက ဖော်ပြနေပေသည်။

၈၈ မှာ လူသတ်သည်၊ ဒီပဲယင်းမှာ လူသတ်သည်၊ စက်တင်ဘာသံဃာ့အရေးအခင်းမှာ သံဃာကိုသတ်သည်၊ ယခု ၂ဝဝ၉ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသေသတ်ရန် လုပ်နေပြန်သည်။

နအဖနှင့်ပတ်သက်၍ အကောင်းမြင်စရာ တကွက်မှမရှိ၊ စိတ်ကူးယဉ်စရာ နည်းနည်းမှမရှိ၊ ပြည်သူတွေအတွက် ဗလာနတ္ထိ။

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် နီးလာလေလေ နအဖ၏ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို တွေ့ရလေလေ ဖြစ်နေသည်။ ဤသည် မှာ တိုက်ဆိုင်မှု လုံးဝမဟုတ်။ သူတို့တတွေ စိတ်ကို ဒုံးဒုံးချပြီး အပြတ်လုပ်နေခြင်းဖြစ်သည်။

ဤသည်မှာ သူတို့လက်ထဲတွင် အာဏာဆက်လက်တည်ရှိရေး၊ အသက်ရှင်ရပ်တည်ရေးတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ထို့ကြောင့် ဤအတွက် ဘာကိုမဆို သူတို့လုပ်မည်။

လိုအပ်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်မည်။ ဒေါ်အောင်ဆန်းစုကြည်ကို တသက်ပတ်လုံး ထောင်ထဲမှာ ထားမည်။ သတ်စရာလိုလျှင် ဘယ်သူ့ကိုမဆို ဖမ်းမည်၊ သတ်မည်။

ဒီလိုအချိန်မှာ ပြည်သူတွေဖက်က ဘာလုပ်မလဲ။ နအဖ၏ ရွေးကောက်ပွဲကိုဝင်၍ ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ် မည်လော။ မီးစင်ကြည့်ရုံပဲဟု ဆုံးဖြတ်မည်လော။

သေချာသည်မှာ ဗမာပြည်ကို အုပ်စိုးမှု၏ အနှစ်လက္ခဏာမှာ ဤရွေးကောက်ပွဲကိုကျင်းပသဖြင့် ပြောင်းလဲသွား မည်မဟုတ် သလို အုပ်စိုးသူများ၏ သဘောထား၊ ပေါ်လစီများမှာလည်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးသည့်နောက် ဘာမျှ ခြားနားမည်မဟုတ်ဆိုသည်ကို သဘောပေါက်ကြရမည်။

အာဏာကိုသာ ကိုင်ထားနိုင်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဖျက်ပစ်နိုင်သည်၊ ရေးဆွဲနိုင်သည်၊ အတည်ပြုနိုင်သည်။ နောက်ပြီး ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ် ကြိုက်သလို ကျင်းပနိုင်သည်။ ရလဒ်ကိုမကျေနပ်လျှင် အာဏာကိုလွှဲမ ပေးဘဲ နေနိုင်သည်။

ဗမာပြည်က စစ်အာဏာရှင်များအနေဖြင့် ဒါတွေအားလုံးကို လုပ်ခဲ့ဖူးပြီ။ အာဏာရှိသရွေ့ လုပ်နေဦးမည်။ သင်းတို့၏ တည် ကြည်ဖြောင့်မတ်မှုကိုလည်း ကမ္ဘာနှင့်အဝှမ်း မည်သူကမျှ မယုံကြည်ကြ။

ဤသို့သော အနေအထားတွင် “တသက်တော့ အမတ်ဖြစ်ဖူးတယ်ရှိအောင် ရွေးကောက်ပွဲ ဝင်လိုက်ဦးမည်” လို့ ဆိုသူတွေ၊ “အာဏာကလေးများ၊ တပြားတမူးဖိုးလောက်ရှိလျှင် အင်မတိ အင်မတန် စံချင်တိုင်းစံရမည်” ဟု စိတ်ကူးယဉ်နေသူတွေနှင့် အချီအချ အခြေအတင် ပြောနေစရာ မလို။

သူတို့လမ်းကိုသူတို့ လျှောက်ခွင့်ပြုလိုက်ရုံသာရှိ၏။ ကိုယ့်အလုပ်က သူတို့နှင့် အချိန်ဖြုန်းနေစရာမဟုတ်။ ကိုယ့်အလုပ်က ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအတွက် တနည်း ရွေးကောက်ပွဲ နောက်ပိုင်း တိုက်ပွဲတွေ အတွက် အခုကတည်းက ပြင် ဖို့ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင် နအဖ စစ်ဗိုလ်ချုပ်တွေ ပိုပြီး ဘဝင်မြင့်၊ စိတ်ကြီးဝင်လာမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ စကားတွေ၊ ဥပဒေစကားတွေ တွင်တွင်ပြောကာ ပိုရမ်းကားလာမည်။ “ဖွဲ့စည်း အုပ်ချုပ်ပုံနှင့်အညီ အချိန်မရွေး အာဏာသိမ်းခံရမည့်” အန္တရာယ်၏ ခြိမ်းခြောက်ခြင်းကို တလျှောက်လုံး ခံနေရမည်။

ထို့ကြောင့် ၂ဝ၁ဝ မတိုင်မီ နိုင်ငံရေးနှင့် ၂ဝ၁ဝ လွန် နိုင်ငံရေးတို့၏ အဓိကခြားနားချက်မှာ ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေး စစ်အုပ်စုက ဖွဲ့စည်းပုံဥပဒေမရှိဘဲ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့်အညီ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းသာဖြစ်ပေမည်။ သဏ္ဍာန်အားဖြင့် ထူးခြားချက်အချို့ရှိနိုင်သော် လည်း အနှစ်သာရမှာ ဘာမှပြောင်းမည်မဟုတ်သည်ကို သံသယဖြစ်စရာ မလိုပေ။

တဖက်တွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေအဖို့ ပြောရလျှင်လည်း မိမိတို့၏ တိုက်ပွဲဦးတည်ချက်၊ အဓိက ကြွေးကြော်သံ၊ မဟာမိတ်အခင်းအကျင်း စသည်တို့မှာ ၂ဝ၁ဝ ရွေး ကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ နောက်ပိုင်း ဘာမှ ခြားနားသွားမည်မဟုတ်ဆိုသည်ကို သတိပြုရပေမည်။

ထို့ကြောင့် ဆန့်ကျင်မြဲအတိုင်း ဆန့်ကျင်ရမည်။ တောင်းဆိုမြဲတိုင်း တောင်းဆိုရမည်။

သို့သော် တိုက်နည်း၊ တောင်းဆိုနည်းများကိုတော့ တိုးချဲ့ရမည်။ စွန့်ပစ်တန်တာ စွန့်ပစ်၊ တီထွင်သင့်တာ တီထွင်ရမည်။ နောက်ပြီး ပိုကျယ်ပြန့်အောင်လည်း ဖြန့်ကျက်ရမည်။ အင်းစိန်ထောင် ပတ်ဝန်းကျင်ကနေ တပြည်လုံးကို ဖြန့်ပစ်ရမည်။ အဖွဲ့ ချုပ်တဦးတည်း လုပ်လို့မရ။ ဒီချုပ်ကို အထောက်အကူပေးကြရမည်။ တွဲလုပ်တာတွေလည်း ရှိမည်၊ ခွဲလုပ်တာတွေလည်း ရှိ မည်။

တိုက်ပွဲသဏ္ဍာန်ကို အသေထားလို့မဖြစ်၊ လုပ်သင့်လျှင် တဦးမလုပ်နိုင်က နောက်တဦးက လုပ်ရမည်။ ဆက်သွယ်ရေးကွန် ယက်တွေ တည်ဆောက်ရမည်။ လမ်းကြောင်းတွေ ဖောက်လုပ်ရမည်။ ပြောင်လည်းရှိမည်၊ လျှို့ဝှက်လည်းရှိမည်။

လူထုလူတန်းစား၊ လူ့အလွှာအမျိုးမျိုးထဲတွင် ဖြစ်နိုင်လျှင် ပြောင်၊ မဖြစ်နိုင်လျှင် လျှို့ဝှက် အဖွဲ့အစည်းတွေ ဖွဲ့ကြရမည်။ ကျောင်းသား၊ သံဃာ၊ စာရေးစာချီ၊ ဝန်ထမ်း၊ အလုပ်သမား၊ လယ်သမား၊ ပညာတတ်၊ ဆင်းရဲသား၊ စစ်သားနဲ့ ရဲထဲပါ မကျန် စည်းရုံးတည်ဆောက်ရမည်။ ဘာသာ၊ လူမျိုး စတာတွေ ခွဲခြားနေလို့မဖြစ်။

ဒါကြောင့် ဖွဲ့စည်းမှု၊ စည်းရုံးမှုမှာ ကာလတခုတော့ မြေအောက် သဏ္ဍာန်ဖြစ်ဖို့ များသည်။ လျှို့ဝှက်ရမည်။ မြေအောက်လုပ် ငန်းကို မောင်းတီးလုပ်လို့မရ။ ပေါ်ပြူလာ ဖြစ်ချင်လို့မရ။

တပါတည်းတွင် ပြည်သူတွင်းရော ကိုယ့်အတွင်းမှာပါ စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်တို့ကို ပြတ်သားခိုင်မာစွာ ဆန့်ကျင်သည့် အတွေးခေါ်ကို မြဲမြဲမြံမြံ စိုက်ထူရမည်။ ကိုယ့် ပြည်သူကို ယုံကြည်မှုနှင့် အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ် တို့ကိုလည်း စွဲမြဲစေရမည်။

နအဖပြောလျှင် ဘာမှ မျက်စေ့လည်စရာ မရှိ။ မိုးခါးရေသောက်စေလိုသူများ၊ မြေခွေးအမြီးပြတ်များက ပြောလျှင်လည်း လက်ခံကြမည်မဟုတ်။

သို့သော် တတိယအင်အားစုဆိုသူတွေ၊ ပညာရှင်ဆိုသူတွေက နားချကြ၊ “ရှင်းပြကြ” ဦးမည်။ မျက်စေ့လည်၊ နားယောင် စရာတွေ ဖန်တီးလာကြဦးမည်။ ထို့ကြောင့် အတွေးအခေါ်တည်ဆောက်ရေး၊ ကာကွယ်ရေးကို တာဝန်တရပ်အနေနှင့် လုပ်ရ မည်။

ဒါကို တက်ကြွသူများအကြားမှာသာမဟုတ်၊ ပြည်သူလူထုအကြားမှာပါ လုပ်ရမည်။ ပေါ့ဆလို့မရ။ သတိ ရှိရပါမည်။ သူတို့က ရာထူးတွေ၊ အခွင့်အရေးတွေနှင့် မြှူလာကြမှာ သေချာသည်။

ထို့ကြောင့် ဤနေ့ဤအခါတွင် နိုင်ငံရေးလက်ဦးမှုကို ပြည်သူတွေဖက်က ရယူထားရန်မှာ အရေးကြီးလှသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်မှာ ဤသို့ လက်ဦးမှုရ ယူရန် လုံးပမ်းခြင်းဖြစ်သည်။ နအဖကို တကယ်ပဲ လက် ဦးမှုမဲ့စေခဲ့သည်။

ထို့ကြောင့် နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်ခြင်းဖြင့် သူတို့ဆုံးရှုံးနေသော နိုင်ငံရေးလက်ဦးမှုကို ရယူရန် လုံးပမ်း နေခြင်းဖြစ်သည်။ အခြားနည်းလမ်းရှာမတွေ့သဖြင့် ခါးပိုက်အောက်ကို ထိုးသည့်နည်းကို သုံးလာခြင်းဖြစ်သည်။ ဤသည် နအဖစစ်ဗိုလ်များ၏ အကျင့်ဖြစ်သည်။ သူတို့ခံရလျှင် ဘာမှ မရှက် မကြောက်တော့။

လောလောဆယ်တော့ နိုင်ငံတကာနယ်ပယ်တွင် နအဖအဖို့ ပို၍ပင် ခံစစ် အနေအထားကို ရောက်သွားသည်။ အခုအထိ စစ် အာဏာရှင်များအနေဖြင့် တချက်မှ ပြန်ပစ်နိုင်သည်ကို မတွေ့ရသေးပေ။ ထန်းလက်ဖြင့် ကာရုံမျှသာ လုပ်နိုင်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အမှုကို အမြန်ပြီးဆုံးသွားအောင် တွန်းစစ်နေသည်။ သူတို့အဖို့ ဤကိစ္စမှာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်ကြောင့်လေး ဖြစ်နေသည်။

ဤအနေအထားကို အတတ်နိုင်ဆုံး အသုံးချရန်လိုသည်။ ကိုယ့်ဖက်က နိုင်ငံရေး၊ အတွေးအခေါ်ရေး ထိုးစစ်တွေ ဆက်တိုက် ဆင်နေရမည်။ လူသေဦးတော့ အသံမသေစေရဆိုသည့် သဘောထားမျိုး ထားရမည်။ ကိုယ်သေလျှင် ကျန်တဲ့လူများကို အဲဒီအသံက သတိပေးအကျိုးပြုမည်မှာ မုချဖြစ်ပါသည်။

မောင်ချစ်ခင်

လူထုတိုက်ပွဲ ကြိုတင်ပြင်ဆင်ချက် တည်ဆောက်ဖွဲ့စည်းခြင်း

Wednesday, June 10, 2009
ထက်မျိုးနွယ်

လှုပ်ရှားအဖွဲ့ငယ်များ

လှုပ်ရှားအဖွဲ့ငယ်များ၏ တာဝန်များမှာ စာရွက်စာတမ်းများဖြန့်ဝေခြင်း၊ ပိုစတာကပ်ခြင်းများ ပြုလုပ်ခြင်းမှသည် တိုက်ပွဲအရှိန် အမြင့်ဆုံးအထိ ဆွဲယူသွားရန်ဖြစ်သည်။ အဖွဲ့ငယ်များ အချင်းချင်း ဆက်သွယ်မှုမရှိပဲ သီးသန့်လှုပ်ရှားလျှင် လုံခြုံရေးအတွက် ပိုမိုကောင်းမွန်သည်။ လူထု၏ တိုက်ပွဲရေချိန်ကို အချိန်မရွေးစောင့်ကြပ်ကြည့်ရှုရမည်။ လူထုနှင့်တိုက်ပွဲကို ကွင်းဆက်မပြတ် စေရ။ ကွင်းဆက်ပြတ်ပြီး လှုပ်ရှားအဖွဲ့များသာ ရှေ့ကျွံသွားခြင်း မရှိစေရန် အထူးဂရုစိုက်ရမည်။

စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ငယ်များ

စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ငယ်များ၏ တာဝန်များမှာ ရင်းနှီးသော မိသားစုဝင်၊ ဆွေမျိုး၊ သူငယ်ချင်းများမှသည် ရပ်ရွာလူထု အတွင်းသို့ လျှို့ဝှက်ထိုးဖောက်သွားရန် ဖြစ်သည်။ တယောက်မှ သုံးယောက်ခန့်ကို စည်းရုံးခြင်းနည်းဖြင့် လိုင်းများပြန့်ပွား သွားပြီး၊ ဆက်သွယ်ရေးစနစ်တွင် ပထမမျိုးဆက်နှင့်သာ ဆက်သွယ်မှုပြုလုပ်နိုင်လျှင် လုံခြုံရေးအတွက် ပိုမိုကောင်းမွန် သည်။ အဖွဲ့များအချင်းချင်း လိုင်း မပူးသင့်ပါ။

လူထုတိုက်ပွဲခါင်းဆောင်များ

တိုက်ပွဲခေါင်းဆောင်များသည် တိုက်ပွဲအစပျိုး ကနဦးလှုပ်ရှားအဖွဲ့ငယ်များတွင် မပါဝင်ရ။ နောက်ကွယ်မှသာ လှုပ်ရှားသင့် သည်။ တိုက်ပွဲအရှိန်တက်လာချိန်မှသာ ရှေ့ထွက်သင့်သည်။ ခေါင်းဆောင်များအားလုံးတစုတည်း၊ စုရုံးသွားခြင်းကို တိုက်ပွဲ ဖြစ်နေချိန်တွင် ရှောင်ကြဉ်သင့်သည်။ ပြန့်ကျဲသွားလာခြင်း၊ ရုပ်ဖျက်သွားလာခြင်းများဖြင့် ရန်သူကို လှည့်စားရမည်။

ဒေါက်တိုင်စည်းရုံးရေးအဖွဲ့

နအဖဒေါက်တိုင်များအား စည်းရုံးရေးအဖွဲ့များကို အတွင်းသို့ စိမ့်ဝင်နိုင်သည့်လူများဖြင့် လျှို့ဝှက်လှုပ်ရှားရမည်။ ချေမှုန်းရေး အဖွဲ့များမှ ချေမှုန်းရေး သီးသန့်လုပ်နေချိန်တွင် ဒေါက်တိုင်များနှင့်မိသားစုဝင်များ အနည်းငယ် ဂယောင်ချောက်ချားဖြစ်လာ မည်မှာ သေချာသည်။ အချိန်အခါနှင့်အညီ စည်းရုံးလှုံဆော်ရေး ပြုလုပ်ရမည်။

ကြားဖြတ်အစိုးရလှုပ်ရှားအဖွဲ့

ကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် လှုပ်ရှားမည့်သူများသည် မည်သည့်လှုပ်ရှားမှုတွင်မှ မပါပဲ အချိန်တန်မှ သီးခြားလှုပ်ရှား သင့်သည်။ ရန်သူလုံးဝမသိသေးသည့် လူသစ်များဖြစ်လျှင် ကြားခံဆက်သွယ်ရေးများအတွက် လုံခြုံရေးပိုမိုကောင်းမွန်သည်။

ဗျူရိုဂရက်များ၊ ပညာရှင်များ

တိုက်ပွဲမစခင်၊ တိုက်ပွဲစတင်ချိန်များတွင် ထိုသူများကို အတင်းဆွဲခေါ်မသွင်းသင့်ပါ။ စစ်အုပ်စုကိုဖြုတ်ချရုံနှင့် မပြီးပါ။ ကြား ဖြတ်အစိုးရဖွဲ့စည်းသည်ဆိုရုံလေး ကြေညာလိုက်ရုံနှင့်လည်း မပြီးပါ။ အုပ်ချုပ်ရေးယန္တရားချက်ချင်း အသက်ဝင်ရမည်။ စစ် တပ်၊ ရဲတို့အပေါ် အစိုးရအာဏာ ချက်ချင်းသက်ရောက်မှုရှိစေရမည်။ ပေါ်လစီများ ချက်ချင်း ထွက်လာရမည်။ ရပ်ရွာလုံခြုံ ရေး အာမခံချက်ကို အချိန်အနည်းငယ်အတွင်းပေးနိုင်ရမည်။ အုပ်ချုပ်ရေးယန္တရားကျွမ်းကျင်သူများနှင့် ပညာရှင်များသည် တိုက်ပွဲချိန်တွင် လမ်းပေါ်ရောက်နေခြင်းထက် ယန္တရားအသက်ဝင်မှုအတွက် တပြိုင်နက်တည်း လှုပ်ရှားရမည်ဖြစ်သည်။

ရပ်ရွာကာကွယ်ရေးအဖွဲ့ငယ်များ

တိုင်းပြည်ဖရိုဖရဲဖြစ်ချိန်တွင် လူဆိုးသူခိုးများလဲ ပေါ်ထွက်လာမည်ဖြစ်ရာ ရပ်ရွာကာကွယ်ရေးအဖွဲ့ငယ်များဖြင့် ထိန်းသိမ်းရန် လိုအပ်သည်။ နယ်မြေခံသပိတ်စခန်းများမှ တိုက်ပွဲချိန်တွင် တာဝန်ယူမှုရှိလေ့ရှိသော်လည်း ထိုသို့ တနေရာတည်းတွင် အာ ဏာ စုပြုံနေမှုသည် ပြိုကွဲချိန်တွင်လဲ ဘာမှမကျန်အောင် ဖြစ်သွားလေ့ရှိသည်။ မိမိ ကလာဘ်စည်းများတွင် ကြိုတင် ဖွဲ့စည်း ထားသည်က အရေးပေါ်အချိန်အတွက် ပိုမိုသင့်လျော်သည်။

တိုက်ပွဲဗဟိုချက်မ

မြန်မာပြည်၏ တိုက်ပွဲသဏ္ဍာန်တွင် တိုက်ပွဲဗဟိုချက်မကို ပြည်တွင်းတွင်သပိတ် ကော်မတီဖွဲ့ပြီးလုပ်လေ့ရှိရာ ထိုကော်မတီ ဖြိုခွဲခံရသည်နှင့် အားလုံးလဲ ဖရိုဖရဲနှင့် command မရှိပဲ ဖြစ်သွားတတ်သည်။ ဗဟိုချက်မကို ပြည်တွင်းတွင် ဖြန့်ခွဲထားသင့် သည်။ ယောင်ပြနှင့် လှုပ်ရှားကော်မတီနှစ်ခု ပြုလုပ်ထားလျှင် ပိုမိုထိရောက်မှုရှိနိုင်သည်။

ပြည်ပနိုင်ငံခြားရေးကော်မတီ

ကြားဖြတ်အစိုးရဖွဲ့သည်နှင့် ပြည်ပအခြေစိုက်နိုင်ငံခြားရေးကော်မတီမှ ချက်ချင်းသတင်းထုတ်ပြန်၊ ထောက်ခံမှုများယူရန် အရေးကြီးသည်။ ထိုအချိန်တွင် ပြည်ပမှ တဖွဲ့တမျိုး ထအော်၍ မရပါ။ ထိုအချိန်မျိုးတွင်မှ ကြားဖြတ်အစိုးရမှာ အမတ်တွေ အကုန်မပါလို့၊ တိုင်းရင်းသားတွေမပါလို့ စသည်ဖြင့် အချင်းချင်းထအော်နေကြလျှင် ရန်သူကလက်ဦးမှု ပြန်ယူသွားနိုင်သည်။ ကြားဖြတ်အစိုးရသည် ယာယီနိုင်ငံခြားရေးသံတမန်များ ချက်ချင်းခန့်အပ်ရမည်။ ပြည်ပမှ ခန့်အပ်ခံရသူများကလဲ ထောက်ခံ သည့်နိုင်ငံများတွင် နိုင်ငံတကာအကူအညီဖြင့် သက်ဆိုင်ရာ သံရုံးများသို့ဝင်ရောက်၍ ချက်ချင်းတာဝန်ထမ်းဆောင်ရမည်။ ကန့်ကွက်သည့်နိုင်ငံများနှင့်လည်း ချက်ချင်းသံတမန်ဆွေးနွေးမှု လုပ်နိုင်ရမည်။ ချုပ်၍ဆိုရလျှင် နိုင်ငံတခု၏ အပြောင်းအလဲ သည် အစိုးရဖြုတ်ချရုံနှင့် မပြီးပါ။

အစိုးရအာဏာသက်ရောက်မှုကို ရပ်စဲမှ ဖြစ်နိုင်ပါသည်။ ၈၈၈၈ တွင် အစိုးရနှစ်ခုဖြုတ်ချနိုင်ခဲ့သည်ဆိုသော်လည်း၊ အာဏာ သက်ရောက်မှုကို မရပ်စဲနိုင်ခဲ့ပါ။ အစိုးရဟောင်း၏ အာဏာသက်ရောက်မှုကို ကဏ္ဍပေါင်းစုံမှ အစားထိုးမှုပြုလုပ်မှသာ အောင်ပွဲရပါမည်။ သို့ပါ၍ ကဏ္ဍပေါင်းစုံမှ အဖွဲ့ငယ်များအားလုံး ကိုယ့်တာဝန်နှင့်ကိုယ် ကျေပြွန်စွာ ခွဲဝေထမ်းဆောင်ရန် လို အပ်လှပါကြောင်း။

ထက်မျိုးနွယ် (၂၀၀၉)

အမှန်တရားအတွက် ဥပဒေရေးရာတိုက်ပွဲ

မင်းလွင်ဦး
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 10 2009 12:56 - မြန်မာစံတော်ချိန်

မူလမြောက်ပိုင်းခရိုင် အထူးသီးသန့် တရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသည့် သက်သေ ၄ ဦးအနက် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းတဦးတည်းကိုသာ ခွင့်ပြုခဲ့သည်။

ထိုသို့ ဆုံးဖြတ်ခဲ့သည့် အထူးသီးသန့် တရားရုံး၏ အမိန့်ကို မကျေနပ်သဖြင့် ရန်ကုန် တိုင်းတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ ရန်ကုန်တိုင်းတရားရုံးက ဇွန်လ ၉ ရက်နေ့တွင် အောက်တရားရုံး၏ အမိန့်ကို အတည်ပြုခဲ့ပြီး အောက်ရုံးမှ ပယ်ထားသည့် သက်သေ ၃ ယောက်အနက် ဦးဝင်းတင်၊ ဦးတင်ဦးတို့ကို ခွင့်မပြုဘဲ ရှေ့နေဒေါ်ခင်မို့မို့ တဦးကိုသာ သက်သေအဖြစ် စစ်ဆေးရန် ခွင့်ပြုသည့် အမိန့်ချမှတ်ခဲ့သည်။

မူလရုံးက ချမှတ်ခဲ့သည့်အမိန့်သည် ဥပဒေပြဋ္ဌာန်းချက်နှင့်မညီ၊ ဥပဒေပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် တိုင်းတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခြင်းဖြစ်သည်။ တိုင်းတရားရုံးက မူလ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၏ ဆောင်ရွက်ချက်သည် ဥပဒေပြဋ္ဌာန်းချက်နှင့် မညီသည့်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်သွင်းသည့် ပြင်ဆင်မှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

တိုင်းတရားရုံးက သက်သေ ၃ ဦးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ရာတွင် မူလတရားရုံးက သက်သေများကို ခွင့်မပြုသည့်ကိစ္စကို အမှုတွဲ နေ့စဉ်မှတ်တမ်းတွင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မရေးသားဘဲ ငြင်းပယ်ခဲ့သည်ဆိုသည့် အချက်မှန်သည်။ မူလမြောက်ပိုင်း ခရိုင် အထူးသီးသန့်တရားရုံး၏ ဆောင်ရွက်ချက်သည် ဥပဒေနှင့်မညီလျှင် ပြင်ဆင်ပေးရန် တဆင့်မြင့် တိုင်းတရားရုံးတွင် တာဝန်ရှိသည်။

သို့သော် တိုင်းတရားရုံးက မူလအနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ရာတွင် အကြောင်းပြချက် မရေးသော်လည်း ရေးသကဲ့သို့ မှတ်ယူသည်ဟု ကောက်ယူသုံးသပ်သည်၊ စစ်ဆေးပြီးစီးသည့် သက်သေတဦးအပြင် နောက်သက်သေတဦးဖြစ်သည့် ဒေါ်ခင်မို့မို့ကို စစ်ဆေးရန် ခွင့်ပြုသည်ဟု အမိန့်ချမှတ်ခဲ့သည်။

တရားခံက သက်သေအဖြစ် ဆင့်ဆိုပေးရန် လျှောက်ထားခြင်းမှာ တရားစီရင်ရေးကို အနှောင့်အယှက်ပြုရန်၊ သို့မဟုတ် စစ်ဆေးနေသည့်အမှုကို ကြန့်ကြာစေရန်၊ သို့မဟုတ် စစ်ဆေးနေသည့်အမှုတွင် တရားမျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်စေရန် ကိစ္စအလို့ငှာ ပြုလုပ်သည်ဟု ယုံကြည်ပါက ယင်းလျှောက်ထားချက်ကို ရာဇဝတ်တရားသူကြီးက ငြင်းဆိုနိုင်သည်။ ထိုသို့ ငြင်းဆိုသည့်အခါ မည်သည့်အတွက် ငြင်းဆိုရကြောင်းကို ရေးသားမှတ်တမ်းတင်ထားရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၂၅၇ (၁) တွင် အတိအလင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ဥပဒေက အတိအလင်း ပြဋ္ဌာန်းထားလျှင် ဥပဒေပြဋ္ဌာန်းချက်အတိုင်း တရားရုံး တရားသူကြီးများက လိုက်နာဆောင်ရွက် ဆုံးဖြတ်ရန် ဖြစ်သည်။

ဥပဒေပြဋ္ဌာန်းချက် တစုံတရာ မရှိမှသာ တရားရုံး တရားသူကြီးများအနေဖြင့် တရားခံအဖြစ် စွပ်စွဲခံရသူ၏ အကျိုးကို မျှော်ကိုး၍ ကောက်ယူသုံးသပ်ခြင်း၊ မှတ်ယူခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ မိမိသဘောအတိုင်း ဥပဒေပြဋ္ဌာန်းချက်ကို ကျော်လွန်၍ ကောက်ယူခြင်း၊ မှတ်ယူခြင်းတို့ကို တရားသူကြီးတို့အနေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိ၊ ထိုသို့ ဆောင်ရွက်ခွင့်ကိုလည်း ဥပဒေက ခွင့်ပြုမထားပေ။

ထို့ကြောင့် တိုင်းတရားသူကြီး၏ ဆုံးဖြတ်ချက်သည်လည်း အကြောင်းပြချက် တစုံတရာ မပြဘဲ ငြင်းပယ်သည့်အတွက် ဥပဒေနှင့်မညီသည့် ဆုံးဖြတ်ချက်ဖြစ်သည်ကို တွေ့ရသည်။

ရာဇဝတ်မှုများတွင် ပြစ်မှုကျူးလွန်ခြင်း မြောက်ရန်အတွက် လိုအပ်သော အင်္ဂါရပ်များ ပြဋ္ဌာန်းထားလေ့ရှိသည်။ တရားလိုဘက်မှ တရားခံသည် ထိုအင်္ဂါရပ်များနှင့် ပြည့်စုံစွာ ပြစ်မှုကျူးလွန်ကြောင်း တင်ပြရသကဲ့သို့ တရားခံကလည်း ထိုအင်္ဂါရပ်များ မရှိကြောင်းကို တင်ပြရမည်။ သို့ဖြစ်၍ ထိုအင်္ဂါရပ်များသည် ရာဇဝတ်မှုအတွက် အငြင်းထွက်သော အကြောင်းချင်းရာများ ဖြစ်လာသည်။

ယခုအမှုတွင် တရားလိုဘက်မှ သက်သေ ၂၃ ဦး တင်ပြပြီး၊ ၁၅ ဦးကို စစ်ဆေးကာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စွဲဆိုထားသည့် တားမြစ်မိန့်ကို ချိုးဖောက်ကြောင်း တရားရုံးတွင် သက်သေထွက်ဆို အစစ်ခံခဲ့ကြသည်။ တရားလိုဘက်က တင်ပြခဲ့သည့် သက်သေများသည် လွတ်လပ်သည့် သက်သေတဦးမျှ မပါဝင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပစ္စည်းသိမ်းဆည်းရာတွင် ပါဝင်ပြီး ရှာဖွေပုံစံတွင် လက်မှတ်ရေးထိုးခဲ့သည့် သက်သေများ (ရယက ဥက္ကဋ္ဌများ) သာ ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စွဲဆိုထားသည့်အတိုင်း မည်ကဲ့သို့ ချိုးဖောက်ကျူးလွန်သည်။ မည်ကဲ့သို့ စီစဉ်သည်ကို ကွင်းဆက်မပြတ် သက်သေပြနိုင်ခဲ့ခြင်း မရှိ။

၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၇ အရ နိုင်ငံသားတဦးသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးအန္တရာယ်ဖြစ်စေမည့် ပြုလုပ်မှုတခုခုကို ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိလျှင် ဝန်ကြီးအဖွဲ့သည် ယင်းပုဂ္ဂိုလ်၏ မူလအခွင့်အရေး တရပ်ရပ်ကို လိုအပ်သလို ကန့်သတ်မိန့်ချနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အများပြည်သူတို့၏ အေးချမ်းသာယာရေးကို ထိပါးအန္တရာယ်ဖြစ်စေမည့် ပြုလုပ်မှုကို မပြုလုပ်ကြောင်း သက်သေပြရန်နှင့် ထိုသို့ ကန့်သတ်မိန့် ချမှတ်ထားခြင်းသည် ဥပဒေနှင့်မညီကြောင်း သက်သေပြရန် လိုအပ်လာပေသည်။ ထို့ကြောင့်လည်း ခုခံချေပရာတွင် သက်သေထွက်ဆိုမည့်သူ ၄ ဦး၏ အမည်စာရင်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များက အဆိုပါ သက်သေ ၄ ဦးအနက် ဦးတင်ဦးနှင့် ဦးဝင်းတင်ကို ဘာကြောင့် သက်သေအဖြစ် အစစ်ခံခွင့် မပေးဘဲ ငြင်းဆိုနေရသလဲ။

တရားခံအဖြစ် စွပ်စွဲခံရသူများဘက်မှ စစ်ဆေးနေသည့်အမှု ကြန့်ကြာအောင် ဆောင်ရွက်နေသည်ဟု အကြောင်းပြရန် တမင်ဆောင်ရွက်နေသလား။

ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို သက်သေအဖြစ် ထွက်ဆိုစေပါက ၎င်းတို့၏ သက်သေထွက်ချက်များသည် နောင်အခါတွင် အာဏာပိုင်တို့အပေါ် ပြန်လည်တရားစွဲဆိုနိုင်ရန် အထောက်အထားများ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက်လား။

မတရားအကြမ်းဖက် ရိုက်နှက်ခဲ့သည့် ဒီပဲယင်းဖြစ်ရပ်မှန်ကို ပြည်သူလူထု သိမှာကို စိုးရိမ်သည့်အတွက် ခွင့်မပြုတာလား။

လားပေါင်းများစွာဖြင့် အများပြည်သူတို့အဖို့ လွန်စွာမှပင် စိတ်ဝင်စားဖွယ်၊ မေးခွန်းထုတ်ချင်စရာ ကောင်းသည့် အချက်များ ဖြစ်လာပါသည်။

ထိုသို့ဆိုလျှင် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့၏ သက်သေထွက်ချက်များက မည်သည့် အတိုင်းအတာအထိ အမှုကို ဆုံးဖြတ်ရာတွင် ထိရောက်မှု၊ အရေးပါမှုနှင့် စပ်ဆိုင်မှု မည်မျှရှိပါသလဲ။

သက်သေခံဥပဒေတွင် နှုတ်သက်သေခံချက်၏ အရေးပါမှုကို အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည် -

နှုတ်သက်သေခံချက်သည် တိုက်ရိုက်သက်သေခံချက် ဖြစ်ရမည်။ ဆိုလိုသည်မှာ …

(၁) မြင်သည့် အကြောင်းအရာဖြစ်လျှင် မြင်သူကိုယ်တိုင် အစစ်ခံခြင်း ဖြစ်ရမည်။

(၂) ကြားသည့် အကြောင်းချင်းရာဖြစ်လျှင် ကြားသူကိုယ်တိုင်က အစစ်ခံခြင်း ဖြစ်ရမည်။

(၃) အခြား အာရုံတခုခုဖြင့် သိနိုင်သော အကြောင်းချင်းရာဖြစ်လျှင် ထိုသို့ သိသူကိုယ်တိုင်က အစစ်ခံခြင်း ဖြစ်ရမည်။

(၄) ထင်မြင်ချက်ဖြစ်လျှင် ထင်မြင်သူကိုယ်တိုင်က အစစ်ခံခြင်းဖြစ်ရမည်ဟု သက်သေခံဥပဒေတွင် နှုတ်သက်သေခံခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည်။ သက်သေအရေအတွက်ထက် သက်သေများ၏ အရည်အချင်းကို အထက်ပါ ပြဋ္ဌာန်းချက်များနှင့် ညှိနှိုင်း၍ အမှုကို စီရင်ဆုံးဖြတ်ရာတွင် တရားသူကြီးများက ထည့်သွင်းစဉ်းစား ဆုံးဖြတ်ရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်တားမြစ်မိန့် ထုတ်ခဲ့သည့် မူလ အကြောင်းရင်းသည် ဒီပဲယင်း အကြမ်းဖက် ရိုက်နှက်မှုအပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဦးတင်ဦးသည် ၂ဝဝ၃ ခုနှစ် အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်တလျှောက် မြစ်ကြီးနား၊ မန္တလေးနှင့် မုံရွာခရီးစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လိုက်ပါခဲ့သူ ဖြစ်သည်။ ဒီပဲယင်းအရေးအခင်း ဖြစ်သည့်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် အသက်ဘေးမှ လွတ်မြောက်လာခဲ့သူ တဦးဖြစ်သည့်အပြင် ယနေ့တိုင် နေအိမ်အကျယ်ချုပ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နည်းတူ ကျခံနေရသူတဦး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးအန္တရာယ်ဖြစ်စေမည့် ပြုလုပ်မှုတခုခုကို ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းတစုံတရာ မရှိကြောင်းနှင့် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား စနစ်တကျ စီမံအကြမ်းဖက် ရိုက်နှက်ခြင်း ဖြစ်ကြောင်းကို အကောင်းဆုံး သက်သေခံချက်ပေးနိုင်မည့် သက်သေတဦး ဖြစ်သည်။ အာဏာပိုင်များက ဦးတင်ဦး၏ သက်သေခံ ထွက်ဆိုချက်များသည် တရားဝင် စာရွက်စာတမ်းအဖြစ် မှတ်တမ်းတင်ထားမည့် တရားရုံး သက်သေခံချက်များ ဖြစ်လာမည်ကို လုံးဝ မလိုလား။ ထို့ကြောင့်လည်း သက်သေခံခွင့် မပေးခဲ့ခြင်းဖြစ်သည်ဟု မှတ်ယူရပေမည်။

ထို့အတူ ဦးဝင်းတင်သည်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်စဉ် ကာလကပင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သည့် နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်နှင့် အများပြည်သူတို့အပေါ် ထားရှိသည့် သဘောထားကို မကြောက်မရွံ့ ထွက်ဆိုမည့်သူတဦး ဖြစ်သည်။

ဦးဝင်းတင်ကို သက်သေခံခွင့်ပြုခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအပေါ် ထားရှိသည့် သဘောထား အမှန်ကို ပြည်သူများသိရှိရန် တရားဝင် ထုတ်ဖော် အသိပေး ခွင့်ပြုရာ ရောက်မည်။ ပြည်သူလူထု၏ ထောက်ခံမှုကိုလည်း ယခုထက် ပိုမိုရရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လှုပ်ရှားမှုများတွင် ပြည်သူလူထု တခဲနက် ပါဝင်လာမည်ကို အာဏာပိုင်များက စိုးရိမ်ကြောက်လန့်၍ ယခုကဲ့သို့ တရားရုံးတွင် သက်သေထွက်ဆိုခွင့်ကို နောက်ဆုံး တတ်နိုင်သည့် အခြေအနေထိ ငြင်းပယ်နေရခြင်း ဖြစ်သည်ဟုပင် ယူဆရမည် ဖြစ်သည်။

အာဏာပိုင်များအနေဖြင့် သက်သေများ၏ ထွက်ချက်များကို ခိုင်မာစေမည့် သက်သေခံ ဥပဒေပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြု၍ မရ၊ ကျော်လွန်ဆုံးဖြတ်၍လည်း မရ၊ ဥပဒေပြဋ္ဌာန်းချက်ကို ထင်သလို ကောက်ယူသုံးသပ် ဆုံးဖြတ်၍လည်း မရသည့်အတွက် ယခုကဲ့သို့ သက်သေခံ ထွက်ဆိုချက် မပေးနိုင်ရန် အာဏာပိုင်များက အကြောက်အကန် ငြင်းဆိုနေရခြင်း ဖြစ်သည်။

ယခု ရင်ဆိုင်နေရသည့် ဥပဒေတိုက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုသာ ကိုယ်စားပြုသည်မဟုတ် နိုင်ငံရေး အကျဉ်းသားများအားလုံး ဖြတ်သန်းရင်ဆိုင်ခဲ့ရသည့် အထူးခုံရုံးတရားခွင်များနှင့် လွတ်လပ်မျှတသည့် တရားစီရင်ရေးအတွက် ကိုယ်စားပြုသည့် ဥပဒေရေးရာ တိုက်ပွဲလည်း ဖြစ်သည်။

နိုင်ငံတကာက လေးစားသည့် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော အထင်ကရ ပုဂ္ဂိုလ်ပင် ယခုလို ဥပဒေပိုင်းဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရသည်ဆိုလျှင် သာမန် ရဟန်း၊ ကျောင်းသား၊ ပြည်သူ၊ ရှေ့နေဖြင့် ခုခံချေပခြင်း မပြုနိုင်သူများအနေဖြင့် မည်ကဲ့သို့ ရင်ဆိုင်ကျော်လွှားရမည်နည်း။ အာဏာပိုင်တို့၏ စိတ်တိုင်းကျ ပြစ်ဒဏ်ပေးခြင်းကို အံကြိတ်ခံရုံမှတပါး အခြားနည်းလမ်း မရှိပြီကိုလည်း အထင်အရှား တွေ့ရမည်ဖြစ်သည်။

တရားရုံး တရားသူကြီးများကလည်း မြန်မာနိုင်ငံတွင် လွတ်လပ်သည့် တရားစီရင်ရေးဆိုတာ မရှိ၊ မျှတသည့် တရားခွင်သည် ယနေ့ အခြေအနေတွင် ရှင်သန်နိုင်ခြင်း မရှိသေး၊ ငွေများ တရားနိုင်၊ သေနတ်ပြောင်းဝက အာဏာဖြင့် တရားစီရင်ရေးကို လွှမ်းမိုးထားပြီး၊ အကြောက်တရားဖြင့် တရားစီရင်နေရကြောင်းကို တတ်နိုင်သည့်ဘက်မှ တတပ်တအား ဖော်ထုတ်ပေးနေသည်ဟုသာ မှတ်ယူရတော့မည်ဖြစ်သည်။

ငရဲခွေးကြီး လွတ်နေပြီ


Wednesday, 10 June 2009 18:13 ရန်ကုန်သားတာတေ
E-mail Print
“ဆဝါဒီခရပ် ………………………………………………………. ခေါ့ (ပ်) ခွန်းခရပ်”

(အလယ်မှ အစက်များမှာ ထိုင်းဘာသာဖြင့် ရေးသားထားသော စာလုံးများဖြစ်သည်။ စာရေးသူလည်း နားမလည်၊ စာဖတ်သူလည်း နားလည်မည် မဟုတ်သောကြောင့် အစက်များဖြင့်သာ ဖော်ပြရခြင်းဖြစ်ပါသည်။)

ချိုကုပ်ဒူးကြီးကို လူတယောက်က ထိုင်းသတင်းစာ ဖတ်ပြနေခြင်းဖြစ်သည်။ အလယ်မှ စာလုံးများကို ချိုကုပ် ဒူးကြီး နားမလည်သော်လည်း ရုပ်တည်ဖြင့် နားလည်ချင်ယောင် ဆောင်နေသည်။ ရှေ့ဆုံးနှင့် နောက်ဆုံးတွင် ပါသော နှုတ်ခွန်းဆက် စကားများမှာ ချိုကုပ်ဒူးကြီးသိသည့် ၂ ခုတည်းသော စကားလုံး ဖြစ်သောကြောင့် စာပိုဒ်တွင်မပါဘဲ ခပ်တည်တည် ဖြည့်ထည့်ထားခြင်းဖြစ်သည်။ စာဖတ်နေသူ အသံရပ်သွား သည်နှင့် တပြိုင်နက်

“ဆော်ကြမ်း ဆော်ကြမ်း .. ဟေ့ ဂျပု အမြန်လာစမ်း”
“ခစားလျှက်ပါ ချိုကုပ်ဒူးကြီး .. ။ ဝါးတီးခုတ်နေရသရွေ့ အမိန့်တော်ကို ဦးဆွေးဆံမြေ့ ထမ်းဆောင်ဖို့ အသင့်ပါ” “ဟို ဂိုဒေါင်ချောက်ဆိုတဲ့ စလုံးကောင်က ဘာသဘောလဲကွ၊ ငါ့ကိုလာပြီး ဟောက်လား ဟိန်းလားနဲ့ .. သူတို့ ဘဏ်တွေထဲမှာ ငါနဲ့ ငါ့ ချိုကုပ်တွေပိုင်တဲ့ ပတ္တမြားတွေ ဘယ်လောက်သိမ်းထားတယ်ဆိုတာ မေ့သွားပြီ ထင်တယ်”
“ဒါကတော့ သူလည်း သဘောတရားအရ ကောရတာပါ ချိုကုပ်ကြီးခင်ဗျာ .. မကြောက်ပါနဲ့။ စိတ်ထဲက မပါပေမယ့် နည်းနည်း မျက်နှာချိုသွေးလိုက်ရင် ပြန်သွားမှာပါ”
“မင်းတော်တယ် ဆော်ကြမ်း .. နည်းနည်း လုပ်စရာရှိသေးတယ်။ ဒီမှာ ထိုင်းသတင်းစာတွေ့လား .. ဘာတွေရေးထားလဲ မင်းသိလား”
“ဆဝါဒီခရပ် .. ချိုကုပ်ဒူးကြီးက သိစေချင်ရင် သိပြီး .. မသိစေချင်ရင် မသိပါဘူးခညာ”
“ဟုတ်ပြီ။ မင်းပိုင်နက်ကနေ ထိုင်းကိုချမယ် .. အာဆီယံကိုချမယ်၊ အီးယူကိုအော်မယ် .. အမေရိကန်ကိုကစ်မယ် အသင့်ပြင် ..”
“ဘယ်လိုကစ်ရမှာလဲ ချိုကုပ်ဒူးကြီး”
“ကစ်ချင်သလိုကစ် ..။ သူတို့က ပါးစပ်နဲ့အော်နေတာဆိုတော့ .. မင်းလုပ်ရမှာက ပါးစပ်ကပြန်အော်၊ စာရွက်ထဲမှာ နာရင်းရိုက်၊ အင်တာနက်ပေါ်ကနေ ဆွဲထိုး ကြားလား”
အထက်ပါစကားစုများမှာ ချိုကုပ်ဒူးကြီးက နေပြည်တော်တွင် ပြန်ကြားရေးဆော်ကြမ်းကို အမိန့်ပေး နေခြင်းများဖြစ်သည်။

…………………………………………………….

ဦးရုက္ခစိုး ပျောက်ချက်သားကောင်းနေသဖြင့် ဖိုးရှုပ်နှင့် ကြွက်စုတ် ၂ ဦး သူစံမြန်းရာ ဒွိုင်ဆူထေ့ တောင်ပေါ်သို့ လိုက်သွားကြသည်။ တောင်ပေါ်ရောက်တော့ ညောင်ပင်အောက်တွင် မျက်နှာငယ်လေးနှင့် ငြိမ်နေသော ဦးရုက္ခစိုးကို တွေ့လိုက်ရသည်။

ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုးကြီး ဘယ်လိုဖြစ်တာလည်းဗျ .. မျက်နှာလည်း မကောင်းဘူး။

ကြွက်စုတ်။ ။ အေးလေဗျာ .. ခင်ဗျားနဲ့ မတွေ့တာကြာလို့လိုက်လာတာ။ မြို့ထဲလေး ဘာလေးတောင် ထွက်မလာဘူး။

ရုက္ခစိုး။ ။ ထွက်မလာဆို .. ပုန်းနေတာဟ ..။

ဖိုးရှုပ်။ ။ ဘာလို့ပုန်းနေတာလဲ။ တူတူပုန်းတမ်းကစားနေတာလား။ လူတွေတင် ကစားတယ် ထင်တာ နတ်တွေလည်း ကစားတာပဲနော်။

ရုက္ခစိုး။ ။ ပေါက်တတ်ကရက ပြောပြီ။ မကြီးမငယ်နဲ့ တူတူပုန်းတမ်း ကစားရမလားဟ။ ခု ဟို အရူးချီးပန်း ရမ်းချင်ရာ ရမ်းနေတဲ့ ချိုကုပ်ဒူးကြီး ငါ့ဘက်လှည့်လာမှာ စိုးလို့ဟေ့ သိပြီလား။

ကြွက်စုတ်။ ။ သြော် ဒါလည်း ဟုတ်တာပဲ။ သူရမ်းတာကလည်း လွန်လွန်းတယ်ဗျာ။ ဒေါ်စုကို မနိုင်တာနဲ့ပဲ နယ်စပ်က ကရင်တွေကို မောင်းထုတ်စရာလားဗျ။

ဖိုးရှုပ်။ ။ အေးဗျာ ကရင်တိုင်းရင်းသားတွေ ကျတော့ မောင်းထုတ်။ ပေါက်ဖော်ကြီးတွေကျတော့ ကြိုက်သလောက်လာခဲ့တဲ့ .. ဘယ့်နှယ် ချိုကုပ်ဒူးကြီးလည်း မသိပါဘူး။ ခု မန္တလေးဆို တရုတ်ပြည်ရဲ့ ဒုတိယ မြို့တော်ဖြစ်နေပြီ။ ဘယ်သွားသွား ဖြူဖြူ .. ဖြူဖြူ .. မှေးမှေး .. မှေးမှေးတွေနဲ့ကို မလွတ်ဘူး ..။

ရုက္ခစိုး။ ။ အဲဒါကြောင့်ပြောတာကွ .. ခုအတိုင်းက ဘာမှ စိတ်ချရတာမဟုတ်ဘူး။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကြွယ် တဲ့ .. ကြားဖူးတယ်မဟုတ်လား ..။ မင်းရေးကကြွယ်ရတဲ့ ကြားထဲ ခု မင်း က ရူးနေတာ ဆိုတော့ ရမ်းချင်တိုင်းရမ်းနေတာပေါ့ကွာ .. အချိန်မရွေး ငါတို့ဘက်ကို လှည့်လာနိုင်တယ်လေ။

ကြွက်စုတ်။ ။ ဟာ ရမ်းတာကတော့ ခုတလော ချိုကုပ်ဒူးကြီး ဘောင်းဘီတောင် မကပ်ဘူးကြားတယ်။

ဖိုးရှုပ်။ ။ ထွီ .. ရွံစရာကြီးကွာ မင်းကလည်း။ ဒါနဲ့ ဦးရုက္ခစိုး .. ကရင်တွေကို ဘာလို့ မောင်းထုတ်တာ တဲ့လဲဗျ။

ရုက္ခစိုး။ ။ ဘာလို့မောင်းထုတ်ရမှာလဲကွာ .. ကရင်ဒုက္ခသည်တွေ ထိုင်းနိုင်ငံကို ပြေးတော့ ထိုင်းအစိုးရ အလုပ်တွေ ရှုပ်ပြီပေါ့ ..။ သူတို့ ပြည်တွင်းရေးလည်း ရှင်းရ .. ဒုက္ခသည်ကိစ္စတွေလည်း ရှင်းမရ၊ ဒီကြားထဲ မင်းကြီးတော် ချိုကုတ်ဒူးကြီးက မြဝတီတံတားပိတ်တာလိုမျိုး ကုန်သည်တွေ အခက်တွေ့အောင် ကလိဦးမှာ .. အဲဒါဆို ထိုင်းစီးပွားရေး ပြဿနာတက် .. လက်ရှိ အစိုးရပြုတ်ကျ .. အဲလိုဖြစ်အောင် လုပ်နေတာ။

ကြွက်စုတ်။ ။ သတင်းစာထဲမှာတော့ ငမန်းကြီးတရုတ်ပြည်သွားတယ်တဲ့နော် ..။

ဖိုးရှုပ်။ ။ ကြည့်ရတာ တရုတ်ပြည်မှာ နိုင်ငံရေးခိုလှုံခွင့်သွားတောင်းတာဖြစ်မယ် ..။

ရုက္ခစိုး။ ။ ကြည့်ကျက်လည်း ရွှီးပါ ဖိုးရှုပ်ရာ။ ဒါလည်း ချိုကုပ်ဒူးကြီးလက်ချက်ကွ .. ပေါက်ဖော်ကြီးက ပါမလို .. မပါမလို လုပ်နေလို့ အသည်းယားပြီး အဲဒီအထိ ပါလား၊ မပါလား သွားကြည့်ခိုင်းတာ။

ကြွက်စုတ်။ ။ ဟာ .. ဦးရုက္ခစိုးကလည်း တော်တော်ညစ်ပတ်တယ်။ ပါစေချင်ရင် ဝမ်းချူခိုင်းလိုက်ပေါ့ဗျ .. ဘာလုပ်မလို့လဲ .. ပေါက်ဖော်ကြီးပါတဲ့ အီးကို ချိုကုပ်ဒူးကြီးက ဆောင်ထားမလို့လား။

ဖိုးရှုပ်။ ။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့ .. အမေကွိုင်က အင်း၊ အိုင်၊ ခလှဲ့၊ လက်ဖွဲ့တွေ .. ယတြာတွေ ဝါသနာ ပါတယ်ဆိုတော့ ပေါက်ဖော်ကြီးအီးကို ဆောင်ထားဖို့ ဖြစ်မယ်။

ကြွက်စုတ်နှင့် ဖိုးရှုပ် ထင်ရာစွတ်ပြောနေသောကြောင့် ဦးရုက္ခစိုးမျက်နှာ အီးမှန်ထားသကဲ့သို့ ရှုံ့မဲ့သွားသည်။

ရုက္ခစိုး။ ။ မင်းတို့နဲ့ စကားပြောရတာ ကြာရင် ငါတော့ ချိုကုပ်ဒူးကြီးနဲ့ တဂိုဏ်းတည်းဖြစ်ပြီး ရွာသာကြီး ရောက်တော့မယ် .. ပေါက်ကရ တော်တော်ပြောတယ် ..၊ ပါမလို မပါမလိုဆိုတာ နအဖ ဘက်ကို ပြောတာကွ။ ခုတော့ကွာ မင်းတို့စကားတွေကလည်း ပွန်းဆိုက်တွေထက်တောင် ညစ်ပတ်သေးတယ်။

ဖိုးရှုပ်။ ။ ဟာ ပွန်းဆိုက်ဆိုလို့ .. ချိုကုပ်ဒူးကြီးက ဒေါ်စုပွန်းဆိုက်တခု ဖန်တီးခိုင်းထားတယ်နော်။

ရုက္ခစိုး။ ။ အေးလေ .. အဲဒါပြောတာပေါ့ .. ချိုကုပ်ဒူးကြီးက .. သူလုပ်ခိုင်းထားတဲ့ ဒေါ်စု ပွန်းဆိုက် ဘယ်လိုရှိလဲစုံစမ်းရ၊ ထိုင်း အစိုးရ ပြုတ်အောင် အသံပြုရ၊ ပေါက်ဖော်ကြီးရဲ့အီး ပြေးရှူရ၊ သူ့ကိုလာဆူတဲ့ ဂိုဒေါင်ချုပ်ကြီးကို မျက်နှာချို သွေးရ၊ ကရင်တွေကို မောင်းထုတ်ရ၊ FM တွေကနေ ကလော်ဆဲရ .. အမယ်လေး ပြောရတာတောင် မောပါရဲ့။ တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ ထင်ရာတွေ လျှောက်လုပ် လျှောက်ရမ်း နေတော့ အချိန်မရွေး ငါ့ဘက် လှည့်လာနိုင်လို့ ဒီတောင်ပေါ်က မောင်မဆင်းရဲ ဖြစ်နေတာဟေ့ ..။

ကြွက်စုတ်။ ။ အင်း ချိုကုပ်ဒူးကြီး ဒေါ်စုကိစ္စ အစထောင်လိုက်တာ .. မရဲဘဲနဲ့ ကျွဲပြဲစီး သလိုဖြစ်နေပြီ။

ဖိုးရှုပ်။ ။ မဟုတ်ဘူး .. ပျားအုံကို တုတ်နဲ့ ထိုးတာကွ။ ခုတော့ ပျားတုတ်ပြီး ပြေးချင်ရာလျှောက်ပြေးရင်း မည်းမည်း မြင်သမျှ ကန်သွားသလို ဖြစ်နေတာ။

ထိုစဉ် သစ်ပင်ကွယ်မှနေ၍ “ငရဲခွေးကြီး လွတ်သလိုဆို ပိုမှန်မယ်ဗျ .. ဟောဟဲ ဟောဟဲ” ဟူသော အမောတကော ပြောသံထွက်ပေါ်လာသည်။ လူကိုတွေ့လိုက်တော့ သူတို့အားလုံး အံ့သြကာ ထိုသူ့နာမည်ကို တပြိုင်နက်တည်း ရေရွတ်လိုက်မိသည်။

အားလုံး။ ။ ဟာ .. ကိုဟန်လေး ..။

မှန်၏ .. ဒေဝါလီမဂ္ဂဇင်းမှ ပင်တိုင်ကာတွန်းဆြာကြီး ကိုဟန်လေးပင်တည်း။

ရုက္ခစိုး။ ။ ကိုဟန်လေး ချွေးတွေလည်း ရွှဲလို့ .. အမောတကောနဲ့ ဘယ်လိုဖြစ်တာလဲဗျ။

ကိုဟန်လေး။ ။ နောက်မှာ .. နောက်မှာဗျ .. လိုက်လာပြီ။

ဖိုးရှုပ်။ ။ ဘယ်သူလဲဗျ။

ကိုဟန်လေး။ ။ ငရဲခွေးကြီးလွတ်လာပြီ .. ။ သူ့ကို ကာတွန်းတွေနဲ့ နှိပ်ကွပ်လို့ ကျုပ်ကို အစိမ်း လိုက်ဝါးစားမယ်၊ ဦးရုက္ခစိုးကိုလည်း ဖဲ့တော့မယ် .. ဖိုးရှုပ်နဲ့ ကြွက်စုတ်ကိုလည်း အရှင်မထားဘူးတဲ့ ..။

ကြွက်စုတ်။ ။ ဟာ .. ဦးရုက္ခစိုးကြီး ပြောသလို တကယ်ဖြစ်နေပြီ .. ဘယ်လိုလုပ်ကြမလဲ။

“ရေနဲ့ပက် ..” “ကြိုးကွင်းစွပ်ဖမ်း..” “ပိုက်ကွန်နဲ့ အုပ် ..” “မေ့ဆေးသေနတ်နဲ့ ပစ်”
တယောက်တပေါက် ထင်ရာစွတ်ပြောနေစဉ် တောတိုးလာသည့် တဝေါဝေါအသံကြီး ကြားလိုက်ရသည်။

ဦးရုက္ခစိုး။ ။ ကြာတယ်ကွာ .. ပြေးတာပဲကောင်းပါတယ်။ ကိုဟန်လေးရေ၊ ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ ပြေးကြဟေ့.. ပြေး ပြေး .. ငရဲခွေးကြီး လွတ်လာပြီတဲ့ .. ပြေးနိုင်မှ လွတ်မယ်ဗျို့ ………… ။ ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချပြီးနောက်


Wednesday, 10 June 2009 15:59 ရဲနည်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံး လျှောက်လဲချက် ပေးခြင်းနှင့် တရားရုံးမှ အမိန့်ချ မှတ်ခြင်းကို နောက်ထပ် ရက်ရွှေ့ဆိုင်း လိုက်ပါသည်။ မည်သို့ပင်ဖြစ်စေ ထွက်ပေါ်လာမည့် ရလဒ်က ပြောင်းလဲမည် မဟုတ်ပါ။

နိုင်ငံတကာ၏ အမျက်ဒေါသနှင့် သံတမန်ရေးဆိုင်ရာ ဖိအားတို့ကို လျစ်လျူရှု၍ အင်းလျားကန်ကို ရေကူးပြီး ရောက်ရှိ လာသော အမေရိကန်ခရီးသွားကို လက်ခံခဲ့မှုဖြင့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်အား အင်းစိန်ထောင်တွင်း တရားရုံးက အပြစ်ရှိကြောင်း ဆိုပါလိမ့်မည်။ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ပါသည်။

အင်းစိန်ထောင်ထဲတွင် လူတဦးဦးကို အကျဉ်းချထားခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မရှိဟု ယူဆမည် ဆိုပါက အသက် ၆၃ နှစ်အရွယ် အားအင်ချိနဲ့နေသော အမျိုးသမီးတဦး ထိုငရဲခန်းထဲတွင် မည်မျှ ကြာကြာ အသက်ဆက်ရှင် နိုင်မလဲ ဆိုသည်ကို မစဉ်းစားဘဲ မနေနိုင်ကြပါ။

သိမ်မွေ့နူးညံ့သော အသိုင်းအ၀န်းတွင် ကြီးပြင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ရက်စက်ကြမ်း တမ်းသော အကျဉ်းထောင် အာဏာပိုင်များလက်ထဲ ရောက်ရှိတော့မှာ ဖြစ်ပါသည်။ သူမ၏ နေထိုင်ရေးမှာ အဆင်ပြေနိုင်သေး သော်လည်း လူ့ဂုဏ်သိက္ခာနှင့် အညီနေရချင်မှ နေရပါလိမ့်မည်။ အစားအသောက်နှင့် ကျန်းမာရေး ဆိုင်ရာပိုင်းတွင်လည်း သိသိသာသာ လျော့ပါးသွားပါလိမ့်မည်။

တခြားသော နိုင်ငံရေးအကျဉ်းသားများကို ဆက်ဆံခြင်းမျိုးဖြင့် နေပြည်တော်ရှိ လူမဆန်သော စစ်ဗိုလ်ချုပ်များက သူမ၏ ကျန်းမာရေးနှင့် စိတ်ဓာတ်ကို ရိုက်ချိုးပစ်ရန် မျှော်လင့်ထားပုံလည်း ရပါသည်။

သွေးအားနည်းခြင်း၊ ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်ခြင်းနှင့် အစာခြေနိုင်မှုအားနည်းခြင်းတို့ကို ခံစားနေရသော ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းထောင်ထဲတွင် ကျန်းမာရေးချို့တဲ့မှုကို ပိုပြီးခံစားရလိမ့်မည်ဟု လူအများက ယုံကြည်နေကြပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အကြီးအကျယ် စိုးရိမ်နေသည်ဟု ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသည်။ ခြေထောက်ကြွက်တက်သော ဝေဒနာကြောင့် ညဘက်တွင် မအိပ်နိုင် ဖြစ်နေသည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားပါသည်။

“အမျိုးသမီးတယောက်အနေနဲ့ ကျမ သူ့ကိုစိုးရိမ်မိပါတယ်”ဟု ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင်တဦးဖြစ်သော ဒေါ်ခင်ဥမ္မာက မကြာသေးခင်က ပြုလုပ်သည့် ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်ခန်းတွင် ပြောပါသည်။

“သူ့အသက် ၆၄ နှစ်ထဲရောက်နေပါပြီ၊ အမျိုးသမီးတယောက်မှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာမျိုး သူဖြစ်နေချိန် မှာ သူလက်ခံရရှိနိုင်တဲ့ ဆေးဝါးကုသမှုမျိုးကို ကျမတွေးကြည့်လို့ရပါတယ်၊ စစ်အစိုးရရဲ့ ရက်စက်တဲ့အပြုအမူတွေ အောက်မှာ သူရရှိနေတဲ့ အမုန်းတရားကို ကျမ ခံစားကြည့်လို့ရပါတယ်”ဟု လည်း ဒေါ်ခင်ဥမ္မာက ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် အားနည်းခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားနည်းခြင်း ဖြစ်သည် ဆိုသည်ကို သံသယရှိစရာမလိုပါ။ ထိုအခြေအနေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့က လိုချင်နေသည်မှာ အသေအချာပင် ဖြစ်ပါသည်။

အသေးအဖွဲ လုံခြုံရေးဆိုင်ရာပုဒ်မတခုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းသည် ၂၀၁၀ ခုနှစ်တွင်ကျင်းပ မည့် ရွေးကောက်ပွဲပြီးသည်အထိ သူမကို ဆက်လက် ထိန်းသိမ်းထားရန် အကြောင်းပြချက်တခုကို စစ်အစိုးရ ရှာတွေ့သွားခြင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောဆိုကြပါသည်။ ထိုအခါ နိုင်ငံရေးအရ ဖြေရှင်းမရဘဲ ပိတ်ဆို့ နေမှုများကို ဖယ်ရှားနိုင်ရေးအတွက် ခပ်ရေးရေး မျှော်လင့်ချက်များသည်လည်း အဆုံးသတ်သွားပါလိမ့်မည်။

မေလအစောပိုင်းက ထုတ်ပြန်ခဲ့သည့် `ရွှေဂုံတိုင်ကြေညာချက်´ ဟုအမည်ပေးထားသော မူဝါဒသဘောထား ကြေညာ ချက်တွင် စစ်အစိုးရက အခြေခံအချက် (၃) ချက်ကို လိုက်လျောခဲ့လျင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဖော်ပြခဲ့ပါသည်။ ထိုအချက် (၃)ချက်မှာ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီနှင့် မကိုက်ညီသောအချက် များကို ပြင်ဆင်ပေးရေးနှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု အောက်တွင် အားလုံးပါဝင်သော လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး တို့ဖြစ်ပါသည်။

ယခုအခါတွင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် မဲအများစုဖြင့် အနိုင်ရခဲ့သောပါတီသည် စစ်အစိုးရက စီစဉ်ထားသော ရွေးကောက်ပွဲကို သပိတ်မှောက်ရုံမှအပ အခြားနည်းလမ်းမရှိတော့ပါ။

“တကယ်လို့ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပစ်ရှိတယ်လို့ မမျှမတ စီရင်လိုက်ရင်၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲကို ၀င်ရောက်ဆင်နွှဲမယ့်ပြည်သူတွေနဲ့ နိုင်ငံရေးပါတီများရဲ့ ဖြစ်နိုင်ခြေနည်းလမ်းအားလုံးဟာ ပျက်စီးသွားပါလိမ့်မယ်”ဟု ထင်ရှားသော သတင်းစာဆရာနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်က ဧရာဝတီမဂ္ဂဇင်းကို ပြောပါသည်။

သို့သော်လည်း ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဲ့သို့ နိုင်ငံရေးပါတီများ အတွက် လွယ်ကူသော ကိစ္စတရပ်မဟုတ်ဘဲ အန္တရာယ်ကြီးပါသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် သုံးဦး စာရင်းမတင်သွင်းနိုင်သော နိုင်ငံရေးပါတီ သည် ဖျက်သိမ်းခြင်း ခံရပါမည်။ ထိုသို့ဖျက်သိမ်းပြီးပါက စစ်အစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သို့မဟုတ် အခြား နိုင်ငံတကာတုံ့ပြန်မှုတို့ကို ဂရုမစိုက်ဘဲ ပါတီဝင်များကို မတွန့်မဆုတ် နှိမ်နင်းသွားပါလိမ့်မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်အစိုးရက ဖျက်သိမ်းလိုက်လျှင် ပါတီတွင်းရှိ အသက်အရွယ်ကြီးရင့်သော ခေါင်း ဆောင်များမှာ အဖမ်းမခံဘဲ ပါတီမှ အနားယူသွားကြပါလိမ့်မည်။ လူငယ်အဖွဲ့ဝင်များသည် ပြည်ပသို့ ထွက်ပြေးသူရှိ သလို အဖမ်းခံရသူများလည်း ရှိပါလိမ့်မည်။

မကြာမီအချိန်အတွင်း ပါတီဌာနချုပ်ကို လုံခြုံရေးတပ်ဖွဲ့များ ၀င်ရောက်စီးနင်းလိမ့်မည်ဟု စိုးရိမ်စိတ်ကြောင့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ပါတီရန်ပုံငွေများကို ဆိုင်ကလုန်း နာဂစ်ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်း ကဲ့သို့ သော နေရာများတွင် မြန်မြန်သုံးစွဲချင်နေကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နီးစပ်သောအသိုင်းအ၀န်း က ပြောဆိုပါသည်။

ယခုအချိန်တွင် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီထောက်ခံလိုလားသူများသည် အကူအညီမဲ့၊ မျှော်လင့်ချက်မဲ့နေကြပါ သည်။ ပြည်သူများသည် သူတို့အလွန်ချစ်ခင်လေးစားသော အမျိုးသမီးတဦးကို မတရားသဖြင့်လုပ်နေခြင်းကို အာခံပြီး လမ်းမပေါ်ထွက်ခြင်းမျိုး ပြုလုပ်ရန် ကြောက်ရွံ့နေကြပါသည်။

နှိပ်စက်ညှဉ်းပန်းမှုနှင့် အကြမ်းဖက်မှုကို အုပ်ချုပ်သူ အာဏာပိုင်များကိုယ်တိုင် စံနစ်တကျကျူးလွန်နေသောနိုင်ငံတခု ၌ ၂၀၀၇ ခုနှစ်က ဗုဒ္ဓဘာသာရဟန်းတော်များဦးဆောင်သည့် လူထုဆန္ဒပြပွဲများကို သွေးထွက်သံယိုနှိမ်နှင်းခဲ့သော ဖြစ်ရပ်များကို ပြည်သူအများအပြားသည် မမေ့နိုင်ကြသေးဘဲ အကြောက်တရားအောက်တွင် နေထိုင်နေကြရပါသည်။

ရန်ကုန်မြို့တွင်နေထိုင်သော စီးပွားရေးသမားတဦးက ပြည်သူတွေ စစ်အစိုးရကို ကြောက်ရွံ့ပုံအား ယခုကဲ့သို့ ပြောပြ ပါသည်။

“ရန်ကုန်မြို့ကြီးဟာ ကားဟွန်းသံတွေနဲ့ ဆူညံနေခဲ့တာ အသားကျနေပါပြီ၊ ဒါပေမယ့် ရန်ကုန်မြူနီစီပယ် အာဏာပိုင် တွေက ကားဟွန်းတီးသူကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ကြေညာလိုက်တဲ့ အခါမှာတော့ ရန်ကုန်မြို့ကြီးဟာ ရုတ်တရက် တိတ်ဆိတ်သွားပါတယ်”ဟု သူ၏အတွေ့အကြုံကို ပြောပါသည်။ ။

ဇွန်၁၀ဒိုင်ယာရီ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားသူကို တက္ကသိုလ်မှာ ဆုငွေထုတ်
2009-06-10
ရန်ကုန် ရွှေပြည်သာမှာရှိတဲ့ ကွန်ပျူတာ တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပို့စကဒ် ဝေတဲ့သူကို ဖော်ထုတ် သတင်းပေးရင် ဆုငွေ ၅ သောင်းပေးမယ်လို့ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်နီလာသိန်းက ဇွန်လ ၉ရက် မနေ့က ဆုငွေထုတ်တဲ့ အကြောင်း ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ကျောင်းသူ တချို့က RFA ကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ကွန်ပျူတာတက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဓာတ်ပုံပါ ပို့စကဒ်တွေနဲ့ စာတွေ ဖြန့်ဝေခဲ့ပြီးနောက် အခုလို ဆုငွေထုတ်လိုက်တာလို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားတဦးက အခုလို ပြောပြပါတယ်။
ကျောင်းသား။ ။ 'ဟုတ်တယ်၊ ဆုငွေထုတ်လိုက်တယ်၊ ပါချုပ်ကိုယ်တိုင် ထုတ်လိုက်တာ။ စာရွက်စာတမ်းတွေ ကျောင်းမှာ ဝေတယ် ပြောတယ်လေ။ အဲဒါနဲ့ သူတို့ကတော့ ဒီ ပါမောက္ခကိုယ်တိုင်ကတော့ ဒီ စာရွက်စာတမ်း ဝေတဲ့သူတွေကိုပေါ့၊ သတင်းပေးနိုင်မယ်ဆိုရင် ဆုငွေ ငါးသောင်း ပေးမယ်ပေါ့။ အဲဒါကို ကျောင်းသားထု ကြားထဲမှာ အဲလိုမျိုး ပြောထားတယ် အစ်ကို။ ကျောင်းသားတွေကတော့ ဘာပြောမလဲ ကျောင်းသားတွေကတော့ ရယ်ကြတာပေါ့။ အပြင်မှာတောင်မှ ဒီ တိုက်တလုံး၊ ကားတစီးရတယ်ပေါ့။ ငါးသောင်း နည်းတယ်ပေါ့။ ဟာသကြီး ဖြစ်နေတာ၊ မကြုံဖူးဘူးလေ။ သိတယ်မဟုတ်လား။ လူဆိုးလူမိုက်တွေလည်း မဟုတ်ဖူး။ တခါမှလည်း မကြုံဖူးဘူး။ တကဲ့ အပြောင်အပြက်ကြီးလို ဖြစ်နေတယ်။'
အခုလို ဆုငွေထုတ်တယ်ဆိုတဲ့ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လူယုံလို့ သတင်းထွက်နေတဲ့ ဝန်ကြီး ဦးအောင်သောင်းနဲ့ နီးစပ်ပတ်သက်သူလို့ ကျောင်းသားကျောင်းသူတွေက ပြောဆိုပါတယ်။
အခုလို စာဝေသူကို ဖမ်းနိုင်ဖို့ သတင်းပေးတဲ့သူကို ဖမ်းမိဖို့ ကျပ်ငွေ ၅ သောင်း ဆုကြေးထုတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပါမောက္ခချုပ် ဒေါက်တာ ဒေါ်နီလာသိန်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မရတဲ့အတွက် အခု အချိန်အထိတော့ အတည်ပြု မေးမြန်းနိုင်ခြင်း မရှိပါဘူး။
၂၀၁၀ မတိုင်မီ ကေအဲန်ယူကို အပြီးတိုက်ရန် နအဖ ညွှန်ကြား

ခွန်အောင်မြတ်။
ဇွန်လ ၁၀ ရက်၊ ၂၀၀၉ ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ကို ၂၀၁၀ မတိုင်မည် အမြစ်ပြတ်ချေမှုန်းရန် မြန်မာစစ်အစိုးရက တိုး တက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့(ဒီကေဘီအေ) ကို စေခိုင်းထား သည်ဟု သိရသည်။

ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အထိ ကေအဲန်ယူ လက်အောက်ခံ တပ်မဟာ (၇)ကို လက်နက်ကြီးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့၏ ညွှန်ကြားချက်ဖြစ်သည်ဟု အမည် မဖော်လိုသူ ဒီကေဘီအေ အရာရှိ တဦးက ပြောသည်။

“မြန်မာအစိုးရ ဗိုလ်ချုပ်ရဲမြင့်နဲ့ အဲဒီ ဗိုလ်ချုပ်သိန်းစိန်တို့က သူတို့ကို တိုက်ခိုင်းတာကို။ ၂၀၁၀ ရွေး ကောက်ပွဲအမီ၊ ရွေးကောက်ပွဲမလုပ်မီ ဒီကေအဲန်ယူစခန်းအကုန်ပေါ့။”

ဒီကေဘီအေ၏ ဦးဆောင် နာယကဖြစ်သည့် မြိုင်ကြီးငူ ဆရာတော်က ကရင်အချင်းချင်း မတိုက်ခိုက်ကြရန် ဒီကေဘီအေနှင့် ကေအဲန်ယူကို စာရေးသား ပေးပို့ထားသည်ဟု ၎င်းက ပြောသည်။

“ဗမာအစိုးရဘက်က တိုက်ခိုင်းတယ်။ ဒီကေဘီအေ လာတိုက်တယ်။ အခုကျတယ်၊ သေတယ် ကရင် အချင်းချင်းအဖွဲ့တွေပဲ ဖြစ်တယ်။ အဲဒါကို မနေ့က မြိုင်ကြီးငူဆရာတော်ကတော့ စာတစောင် ရေး လာတယ်။ ကရင်အချင်းချင်း ပစ်တာ ခတ်တာကို ရပ်ဆိုင်းပါတော့ ဆိုပြီးတော့ စာတစောင်ရေးလာ တယ်။ ဒီကေဘီအေဆီလည်း စာတစောင်ပို့တယ်။ နောက်ပြီးတော့ ကေအဲန်ယူ ဆီကိုလည်း တ စောင်ပို့လာတယ်လို့ ကြားတယ်။”

ဒီကေဘီအေ အနေဖြင့် မြန်မာစစ်အစိုးရ၏ လမ်းညွှန်မှုအောက်တွင် ဖောက်ထွက်ပြီး ပြည်သူ့ ရင်ခွင်ထဲသို့ ပြန် ၀င်လာရန် ကေအဲန်ယူက ဇွန်လ ၈ ရက် နေ့တွင် ထုတ်ပြန်ထားသည့် ကြေညာချက်တွင် တိုက်တွန်း ထားသည် ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောသည်။

“ပထမတော့ ဒီကေဘီအေဆိုတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုပြီးတော့ သူတို့ရဲ့ ယဉ်ကျေးမှုလုပ်ငန်းလေးတွေ၊ နှစ်သစ်ကူးလုပ်ငန်းငယ်လေးတွေ သူတို့ လုပ်ခွင့်ရ သေးတာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာဆိုလို့ရှိရင် ဒါတွေက လုပ်ခွင့်မရတော့ပဲနဲ့ တဖြည်းဖြည်းနဲ့ ဒီကေဘီအေ အသိုင်းအ၀ိုင်းကြီး၊ ကရင်အသိုင်းအ၀ိုင်းတခုလုံးက နအဖရဲ့ ကျွန်အောက်မှာ လုံးလုံး ကျသွားမယ့် အခြေအနေရှိတဲ့အတွက်ကြောင့် ဒီကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ကိုယ့်လွတ်လပ်မှု ကိုယ်ရပ်တည်နေတဲ့ (၀)တို့ ကိုးကန့်တို့ အက်စ်အက်စ်အေ တောင်ပိုင်း ကိုလည်း နမူနာ ယူသင့်တာပေါ့။ ပြည်သူလူထု အသံကို နားထောင်ပြီးတော့ ပြည်သူလူထု ရင်ခွင်ထဲကို ပြန်လာကြဖို့။”

ယခုလ ၂ ရက်မှစ၍ ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြန်မာစစ်အစိုးရတပ်က ယမန်နေ့၌ လက်နက်ကြီး အလုံး (၄၀) ခန့် ပစ်ခတ်ကာ ထိုင်းနယ်မြေ အတွင်း သုံးလုံး ကျသည်ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၁) က ပြောသည်။

ကေအဲန်ယူကို တပတ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ဒီကေဘီအေဘက်မှ အယောက် ၂၀ ကျော် သေ ဆုံးပြီး ၄၀ ခန့် ထိခိုက် ဒဏ်ရာရရှိသည်ဟု ဒီအေဘီအေက အတည်ပြု ပြောကြားကာ ကေအဲန်ယူဘက်မှ ၃ ဦး ဒဏ်ရာရရှိသည်ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။

ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကရင်ကျေးရွာသား ၄၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် ထွက်ပြေးခိုလှုံနေကြသည်။

မင်းနိုင်သူ / ၁၀ ဇွန် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းပြီးသော်လည်း နေအိမ်ကို အာဏာပိုင်များက ဆက်လက်ထိန်းသိမ်းထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မကျေမနပ်ဖြစ်နေကြောင်း သိရသည်။
“သူ့အပေါ်မှာ နေအိမ်အကျယ်ချုပ်အမိန့် မရှိတော့ဘူး။ ဒါကြောင့် သူ့အိမ်ကို သူ့မိတ်ဆွေတွေသွားရောက် ရှင်းလင်းပေးဖို့ လုပ်တာကို အာဏာပိုင်တွေက အ၀င်မခံတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် အတော်လေး မကျေမနပ်ဖြစ်ရတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေကို ဘာ့ကြောင့် အိမ်ကိုပြန်မအပ်သေးတာလဲ။ အ၀င်မခံတာလဲလို့မေးတော့ အထက်အမိန့်မရသေးလို့လို့ ပြောပါတယ်” ဟု ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
အင်းစိန်ထောင်အရာရှိရိပ်သာတွင် ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေများက ယနေ့သွားရောက်တွေ့ဆုံခဲ့ပြီး ရန်ကုန်တိုင်းတရားရုံးက ယမန်နေ့တွင် ချမှတ်ခဲ့သော သက်သေခေါ်ဆိုရေး ပြင်ဆင်မှုနှင့် ပတ်သက်ကာ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။
နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် မေ (၃၀) ရက် ဒီပဲယင်းအရေးအခင်းအပြီးတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ပြီးနောက် ယခုနှစ် မေ (၂၆) ရက်တွင် နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းကြောင်း နအဖရဲချုပ်ကိုယ်တိုင် အကြောင်းကြားခဲ့သည်။
သို့သော် နေအိမ်အကျယ်ချုပ်တားဆီးမိန့် ရုပ်သိမ်းပြီးသော်လည်း နေအိမ်ကို အာဏာပိုင်များက ယနေ့အထိ ထိန်းသိမ်းထားဆဲဖြစ်သည်။
ယနေ့ ရှေ့နေများ သွားရောက်ဆွေးနွေးခဲ့ကြသည့် သက်သေပြင်ဆင်ခေါ်ခွင့်အတွက်မှာ တရားဥပဒေ လမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က အကြောင်းပြန်လိုက်သဖြင့် မနက်ဖြန်တွင် ဗဟိုတရားရုံးသို့ အယူခံဝင်မည်ဖြစ်သည်။

ပို့ ဆောင်ရေးဒုဝန်ကြီးက လေယာဉ်ပျက်ကျမှုအတွက် လေယာဉ်မှုးများကို အပြစ်တင်
June 10, 2009 ·

၁၀ ဇွန် ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း

Transports Minister Blames Pilots For Landed Crash
စစ်တွေလေဆိပအဆင်း တွင်စက်ချို့ယွင်းက ပြေးလမ်းချော်သွားသည့် မြန်မာ့လေကြောင်းပိုင်လေယာဉ်

စစ်တွေလေဆိပ်အဆင်း တွင်စက်ချို့ယွင်းက ပြေးလမ်းချော်သွားသည့် မြန်မာ့လေကြောင်းပိုင်လေယာဉ်

ပို့ ဆောင်ရေးဒုဝန်ကြီး ဗိုလ်မှုးကြီး ဥာဏ်ထွန်းအောင် က အင်္ဂါနေ့ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် လေယာဉ်မှုးကြီးများ နှင့် တွေ့ ဆုံရာ ၌ နိုင်ငံ
တော်က လေဆိပ်များ နှင့် လေယာဉ်များ ကို နိုင်ငံခြားငွေ မြောက်များစွာ အကုန်အကျခံ၍ နိုင်ငံတကာ အဆင့်မှီ ဖန်တီးပေးထားသော် လည်း လေယာဉ် ကို ပျက်ကျအောင်မောင်းသည် ဟု အပြစ်ဖို့ ပြောကြားသွား ကြောင်း ထိုအစည်း အဝေးပွဲ သို့ တက်ရောက် သူ တစ်ဦးက Freedom News Group သို့ ပြောသည်။

နှစ် ၆၀ သက်တမ်းရှိပြီ ဖြစ်သော မြန်မာ့လေကြောင်းလိုင်းသည် အတွေ့ အကြုံရှိသော လေယာဉ်မှုး
ကြီးများ ရှိနေသောကြောင့် မပျံသန်းခင် လေယာဉ် ကြံခိုင်မှု နှင့်ပတ် သက် ၍စစ်ဆေး ရန်လိုအပ်
ကြောင်းသူက ညွှန်ကြားသွားခဲ့ သည်။

စနေ့ နေ့ က စစ်တွေတွင် မြန်မာ့ လေကြောင်းပိုင် လေယာဉ်တစ်စီး ပျံသန်းမှု ချို့ ယွင်း၍ လမ်းချော်မှု
ဖြစ်ပြီးကတည်းက မြန်မာ့ လေကြောင်းတွင် နေပြည်တော် မှ စစ်ဆေးရေး အဖွဲ့ များက လာရောက်
စစ်ဆေးနေသည် ဟု သတင်းရရှိ သည် ။

စနေ နေ့ က ရခိုင်ပြည်နယ် စစ်တွေ မြို့ တွင် ဆင်းသက်စဉ် စက်ချို့ ယွင်း၍ လမ်းချော်သွားသော လေ
ယာဉ် တွင် စစ်အစိုးရ အဖွဲ့ ဝင် ဗိုလ်ချုပ် တစ်ဦး ၏ မိသားတစ်စု လည်း ခရီးသည် အဖြစ်လိုက်ပါလာ
သည် ဟု ရန်ကုန် လေဆိပ်မှ ၀န်ထမ်းတစ်ဦးက ပြောသည်။

လေယာဉ်မှာ များစွာထိခိုက်ပျက် စီးခဲ့ရသော် လည်း လေယာဉ်မှုးများ ၏ ကျွမ်းကျင်မှု ကြောင့် ခရီး
သည်များ အသက် အန္တရာယ် မထိခိုက်သော် လည်း စစ်အစိုးရ တာဝန်ရှိသူ များမှ တစ်စုံတစ်ရာ ဂုဏ်
ပြုစကား မဆို ခဲ့ ဟု သိရသည်။

လာရောက်လည်ပတ်သူ နိုင်ငံခြားသားအချို့ကို ထောက်လှမ်းရေး နှင့် ရဲကလိုက်လံစုံစမ်းမှုပြုနေ
June 10, 2009 · No Comments

၁၀ ဇွန် ရန်ကုန် ၊ ၊ယူကွန်
Junta Monitoring On Foreign Visitors

မြန်မာ နိုင်ငံသို့ ယခုရက် ပိုင်းအတွင်း လာရောက်လည် ပတ်သည့် နိုင်ငံခြားသားများကို အရပ်ဝတ်
စစ်ထောက်လှမ်ရေးများ နှင့် ရဲ သတင်းတပ်ဖွဲ့ ဝင်များ နောက်ယောင်ခံ လိုက်ကြည့် ၍ စုံစမ်းထောက်
လှမ်းမှုများ လုပ်နေကြောင်း ထိုကဲ့သို့ စောင့် ကြည့်ခံခဲ့ရသည့် ဂျာမဏီ မှ လာရောက် လည် ပတ်သူ
တစ်ဦးက Freedom News Group သို့ ပြောသည်။ရန်ကုန်မြို့တွင်းရှိ နိုင်ငံခြားသားများ သွားရောက်လည်ပတ် တတ်သည့် နေရာများတွင် လည်း စောင့်ကြည့် လေ့လာမှုများရှိသည်။

နိုင်ငံခြားသား များ တည်းခို နေ ထိုင်လေ့ရှိသည့် ရန်ကုန် မြို့ ရှိ အင်း၊ဟိုတယ် နှင့် မိုတယ် ပိုင်ရှင်များ
ကိုလည်း နိုင်ငံခြားသား များတည်းခိုနေထိုင် သည့် စာရင်းကို စောင့်ကြည့် သတင်းပို့ ရန် နှင့် သ
တင်းထောက် သို့ မဟုတ် သင်္ကာ မကင်းသည့် နိုင်ငံခြားသားများကို လည်း သတင်းပို့ ရန် သက်ဆိုင်
ရာ အာဏာပိုင်များကတစ်ဆင့် ညွှန်ကြားထားသည် ဟု ဗိုလ်တထောင် မြို့ နယ်ရှိတည်းခိုခန်းပိုင်ရှင်
တစ်ဦးက ပြောသည်။

အင်္ဂါနေ့ က ရန်ကုန်မြို့ အနှံ အပျော်တမ်း ဓာတ်ပုံလိုက်ရိုက်သည့် ဂျာမဏီ နိုင်ငံသား ကမ္ဘာလှည့်ခရီး
သွားတစ်ဦးကို အင်းလျှားကန် ဘောင် အနီး ဓာတ်ပုံရိုက်ကူး နေစဉ် ထောက်လှမ်းရေးဟု ယူဆရ
သောလူသုံး ဦးက အနီးသို့ မယောင်မလည် ရောက်ရှိလာပြီး သူတည်းခိုနေထိုင်သည့် ရန်ကုန် မြို ထဲ
ရှိ ဟိုတယ် အထိပါ နောက်ယောင်ခံ လိုက်ခဲ့သည် ဟု ထိုနိုင်ငံခြားသားက ပြောသည်။

စစ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည် အားမတရား အမှုဆင် ၍ဖမ်းဆီးတရားစွဲ ဆိုချိန်မှ စ၍ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှုကို သေချာစွာစီစစ်
ပြီးမှ ဗီဆာ ထုတ်ပေးသည် ဟု ဘန်ကောက် ရှိ မြန်မာ သံရုံးတွင် အလုပ်လုပ် ကိုင်နေသော ၀န်ထမ်း
တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ အပေါ်အထိုက်အလျှောက် အားထားနေရမှု ထိုင်းကလျှော့ချတော့မည်
June 10, 2009 · No Comments

၁၀ ဇွန် ဘန်ကောက်၊ ၊Freedom News Group
Thailand to consider Malaysian pipeline proposal

မလေးရှား နိုင်ငံက အဆိုပြုထားသော ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းရေး ကိစ္စကို ထိုင်းနိုင်ငံက ပြန်လည်စဉ်းစားတော့မည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ သို့ အလည်အပတ်ရောက်ရှိ နေသော ထိုင်းဝန်ကြီးချုပ် အဘီဆစ် က မလေးရှားဝန်ကြီးချုပ် ဒါတိုဆရီ ဒါဂျစ် တွန် ရာဇတ် နှင့် တွေ့ ဆုံအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

ထိုင်းနိုင်ငံသို့ မလေးရှားက သဘာဝ ဓာတ်ငွေ့ များရောင်းချမည့် အစီအစဉ်ကို မလေးရှားနိုင်ငံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ မောခ်တာ အယ် ဘူခါရီ ပိုင်သည့် SKS ကုမ္ပဏီမှ အဆိုပြုလွှာတင် သွင်းခြင်းဖြစ်သည်။

သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမည့် ကိစ္စ နှင့် ပတ်သက်၍ အမျိုးသားစွမ်းအင် ကော်မတီမှ ခွင့်ပြုချက် ရရှိပြီးပါ က ဆက်လက် အကောင်အထည် ဖေါ်နိုင်မည် ဖြစ်သည်။

ရေနံ ပိုက်လိုင်းကို မလေးရှား နိုင်ငံ ကိုတာ ပါဒါနာ မှ ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာ ထိသွယ်တန်း
မည်ဖြစ်သည်။

မလေးရှား နိုင်ငံ၏ ၀န်ကြီးချုပ်အဆက်ဆက် အဆိုပြုခဲ့သော ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း
သွယ်တန်း မည့် ကိစ္စကို ထိုင်းနိုင်ငံ မှ ယခု မှပြန်လည်စဉ်းစားရခြင်းမှာ မြန်မာနိုင်ငံ ၏ သဘာဝ ဓာတ်ငွေ့ ကို အားထားနေရခြင်းအပေါ်လျှော့ ချရန်ဖြစ်နိုင်ကြောင်း ထိုင်းနိုင် ငံရေး ကျွမ်းကျင်သူ
ချုလာလောင်ကွန် တက္ကသိုလ်မှ မြန်မာ ကျောင်းသားတစ်ဦးက Freedom News Group သို့ ပြော
သည်။

ဂိုဂျုတ်တောင်ခရီးစဉ် နိုင်ငံရေးတိုးတက်မှုအတွက် သံသယရှိဟု သုံးသပ်
Wednesday, 10 June 2009 20:29 ကိုထွေး
E-mail Print
စင်ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင်၏ မြန်မာပြည် ခရီးစဉ်ကို ကြိုဆိုသော်လည်း နိုင်ငံရေး ပြောင်းလဲ တိုးတက်ရေး အတွက်မူ သံသယရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးသမားများနှင့် သုံးသပ်သူများက ပြောသည်။

[နေပြည်တော်တွင် မစ္စတာ ဂိုဂျုတ်တောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - Straits Times)]

နေပြည်တော်တွင် မစ္စတာ ဂိုဂျုတ်တောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - Straits Times)
ဦးဝင်းတင်က “မြန်မာပြည်နဲ့ ပတ်သက်လို့ ပွင့်လင်းတဲ့ သူ့ရဲ့ပြောဆိုမှုတွေကို တန်ဖိုးထားပါတယ်၊ စစ်အစိုးရဲ့ မှားယွင်းတဲ့လုပ်ရပ်ကို ထောက်ပြပြီး လမ်းကြောင်းမှန်ရောက်အောင် အကြံပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စင်ကာပူသည် မြန်မာနိုင်ငံကို နိုင်ငံတကာနှင့်ထိတွေ့ခွင့် ရစေရန် ဆွဲသွင်းပေးသည့် နိုင်ငံဖြစ်သကဲ့သို့ အာဆီယံသို့ ၀င်ရောက်ရေးထောက်ခံပေးသောနိုင်ငံတခုဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

မြန်မာ့အရေးလေ့လာသူတဦးဖြစ်သူ လယ်ရီဂျေဂင်က “၀န်ကြီးချုပ်ဟောင်းတဦးအနေနဲ့ မစ္စတာဂိုဂျုတ်တောင် မြန်မာပြည်လာတာဟာ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စရယ်၊ မြန်မာ့နိုင်ငံရေး နဲ့ပတ်သက်ပြီး အာဆီယံရဲ့ သဘောထားရယ်ကို သံတမန်တဦးအဖြစ် လာပြောရုံပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လေးစားမှုကို ရထားတဲ့သူ အနေနဲ့ မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်းလာပြောတာပါ ” ဟု ပြောသည်။

မစ္စတာဂိုဂျုတ်တောင်သည် မြန်မာစစ်ခေါင်းဆောင်များနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်တွင်တွေ့ ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာများတွင်ထည့်သွင်း ဖော်ပြထားသည်။

မစ္စတာဂိုဂျုတ်တောင် အနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဆီယံ၏သဘောထားထက် သူ၏သဘောထား ကိုသာပြောဆိုနိုင်ဖွယ်ရှိကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် မြန်မာ နိုင်ငံရေး အခြေအနေအပေါ် အာဆီယံခေါင်းဆောင်များ၏ သဘောထားကိုမူ ရှင်းပြသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက် နစ်နာစေသဖြင့် ထိုအမှုကို ဆက်လက် ခွင့်ပြုရန်မသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အစိုးရထိပ်တန်း ခေါင်းဆောင်များကို ပြောခဲ့သည်ဟု စင်ကာပူနိုင်ငံထုတ် Straits Times သတင်းစာ တွင် ပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်အစိုးရက စွဲဆိုထားသောအမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်သော် လည်း နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို လျစ်လျူမရှုသင့်” ဟု မစ္စတာ ဂိုဂျုတ်တောင်က ပြောကြောင်း အဆိုပါ သတင်းစာတွင် ထည့်သွင်းရေးသားထားသည်။

ထို့အပြင် မစ္စတာဂိုဂျုတ်တောင်က ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိရန် လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း ပါဝင်ခွင့်ပြုရန် တိုက်တွန်းပြောကြားခဲ့ရာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တို့ကသဘောတူလက်ခံခဲ့ကြောင်း ယင်းသတင်းစာတွင် ဖော်ပြပါရှိသည်။

ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့နိုင်ငံရေး အခြေအနေကို သံတမန်နည်းလမ်းဖြင့် ချဉ်းကပ် ဖြေရှင်းနိုင်ရေး အထူးကြိုးပမ်းလျက်ရှိသည်။

ယနေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်ဖိရုန်းသည် တရုတ်ျနိုင်ငံသို့သွားရောက်ကာ မြန်မာ ပြည်၏ လက်ရှိနိုင်ငံရေး အခြေအနေကို ဆွေးနွေးမည် ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အဖိ ဆစ်ဝေ့ချာချီဝသည်လည်း ယခုလအတွင်းတွင် ထပ်မံသွားရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံကို စောင့်ကြည့် လေ့လာ နေသော စင်ပြိုင်အာဆီယံအဖွဲ့မှ ဒက်ဘီ စတူးဟတ်က “အာဆီယံရဲ့ သံတမန်ရေးဆောင်ရွက်ချက်တွေဟာ ကောင်းပါတယ် ဒါပေမယ့် အောင်မြင်မှုမရဘူး ဆိုရင်တော့ နောက်အစီစဉ် တခုကို တွေးထားသင့်တယ်။ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု ထပ်လုပ်ဖို့လိုပါတယ်။ စစ်အစိုးရက အာဆီယံကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ထင်ထားတဲ့အတွက် လေးစားမှုမရှိဘူး” ဟု ပြောသည်။

မစ္စတာဂိုဂျုတ်တောင်၏ ခရီးစဉ်သည် မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက်ရန်အတွက် အာဆီယံ၏ နောက်ဆုံး ကြိုးပမ်း အားထုတ်မှုတခုဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အစဉ်အလာအားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက် လေ့မရှိပေ။

လွန်ခဲ့သောရက်ပိုင်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး နိုရာ ဟာဆန်ဝီရာယုဒတို့က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက် သည်။

နော်ခီးလာ၏ ဒုက္ခ
Wednesday, 10 June 2009 20:21 သန်းထိုက်ဦး
E-mail Print
မြန်မာစစ်အစိုးရနှင့် DKBA တပ်တို့၏ ထိုးစစ်များက အသက် ၃၅ နှစ်အရွယ် ကရင်အမျိုးသမီး နော်ခီးလာ၏ ရင်ထဲတွင် အမုန်းတရားများကို ပိုမိုဖန်တီးပေးခဲ့သည်။

“ကျမမိသားစုနဲ့ ကျမတို့တရွာလုံးထွက်ပြေးလာကြရတယ်၊ ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်၊ မထွက်ပြေး လို့ ရှိရင်လည်း မြန်မာစစ်သားတွေက ကျမတို့ကို ပေါ်တာခေါ်မှာ ကြောက်လို့ ထွက်ပြေးလာကြရတယ်”ဟု နော်ခီးလာ က ဧရာဝတီသို့ ပြောသည်။

“မြန်မာအစိုးရတပ်သားတွေနဲ့ DKBA တပ်သားတွေကိုတွေ့ရင်ကြောက်လည်းကြောက်တယ်၊ အရမ်းလည်းမုန်း တယ်”ဟု ၎င်းက ဆက်ပြောသည်။

ဝါးမီးကလာ (Wa Mee Klar) ကျေးရွာမှ ထွက်ပြေးလာသည့် နော်ခီးလာသည် ဇွန်လဆန်းမှစတင်၍ မြန်မာစစ် အစိုးရတပ်နှင့်တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်း တပ်များက ကရင်အမျိုးသား အစည်းအရုံး(KNU)လက်အောက်ခံ KNLA တပ်မဟာ(၇) တပ်စခန်းများကို ဆက်တိုက် ထိုးစစ်ဆင်ခဲ့သည့် အတွက် အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးနေရသူ တဦးလည်း ဖြစ်သည်။

သူမသည် ဇွန်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ နို့ဖိုး ဒုက္ခသည်စခန်းကို ရောက်လာခဲ့သည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း နော်ခီးလာ ကဲ့သို့ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစုပေါင်း ၆၀၀၀ခန့် ရှိကြောင်းသိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့်မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

အဆိုပါ ထွက်ပြေးလာသူများထဲတွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုပါဝင်သည်ဟု နော်ခီးလာက ပြောသည်။ ဇွန်လ ၇ ရက်နေ့က ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးလာသူများထဲမှ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကလေးမွေးဖွားခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောပြသည်။

ကရင်လူငယ်အစည်း အရုံး (KYO) ဥက္ကဌ စောလှထွန်းက ထွက်ပြေးလာသည့် ကရင်ဒုက္ခသည်တွေထဲက အမျိုး သမီးတချို့နှင့် ကလေးငယ်များသည် မိုးရေထဲတွင်ပင် ထွက်ပြေးတိမ်းရှောက်နေခဲ့ရပြီး လမ်းတလျှောက်တွင် အမိုးအကာ မရှိဘဲ တောထဲ၌ အိပ်ခဲ့ရသည်ဟု ပြောသည်။

“တချို့ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ငှက်ဖျား ဖြစ်နေကြတယ်လို့လည်း ကြားရတယ်”ဟု စောလှထွန်းက ဆို သည်။

ကရင်ဒုက္ခသည်များ၏ စားသောက်နေထိုင်ရေးနှင့် ပတ်သက်၍ မိုးတွင်းကာလဖြစ်သည့်အတွက် ကျန်းမာရေး အခက်အခဲများနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရှိရသည်။

၎င်း ကရင်ဒုက္ခသည်များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) နှင့် ထိုင်း-မြန်မာနယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေးညွန့်ပေါင်းအသင်း ( TBBC ) တို့က ကူညီဆောင်ရွက်ပေးထားကြောင်းသိရသည်။

မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA (၉၉၉)တပ်ဖွဲ့ဝင်များသည် တပ်မဟာ(၇) ထိန်း ချုပ်နယ်မြေရှိ တပ်ရင်း ၆ ခုအနီးမှ တပ်စခန်းများကို လက်နက်ကြီးများဖြင့်သော်လည်းကောင်း၊ လူအင်အား စုစု ပေါင်း ၁၀၀၀ခန့် ဖြင့် ထိုးစစ်ဆင်ရန်ကြိုးစားနေကြောင်းလည်း သိရှိရသည်။

ယင်း နှစ်ဘက် တိုက်ပွဲများကြောင့် အကျအဆုံး မည်မျှရှိသည်ကိုမူ မသိရှိရသေးပေ။ သို့သော် ၎င်းတိုက်ပွဲများ ကြောင့် ထိုင်း-မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထားကြောင်းသိရှိရသည်။

KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က“KNU ကိုမြန်မာစစ်အစိုးရရဲ့ထိုးစစ်ဆင်မှုတွေကို ကြည့်ခြင်း အားဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့မလိုဘူးဆိုတဲ့သဘောထားက ပေါ်လွင်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသား အချင်းချင်းပြန်တိုက်ခိုက်အောင် အကွက်ဆင်ထားသည် မှာ ထင်ရှားကြောင်း DKBA တပ်ဖွဲ့ဝင်များကို မိုင်းရှင်းရာတွင်လည်းကောင်း တပ်ဦးမှလည်းကောင်း အသုံးပြုနေ ခြင်းသည် စစ်အစိုးရက လက်ကိုင်တုတ်အဖြစ် အသုံးပြုခြင်းဖြစ်ပြီး ယင်းသို့ မဖြစ်စေရန် ပြန်လည်စဉ်းစားသင့် ကြောင်း၎င်းက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် စစ်ရေးပြဿနာများကို အမြန်ဆုံး ဖြေရှင်းရေး အတွက် ကုလသမဂ္ဂ အပါဝင် နိုင်ငံတကာနှင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများက တညီတညွတ်တည်း စစ်အစိုး ရအား ဖိအားပေးရန် KNU က တနင်္လာနေ့က တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုထားသည့် KNU ၏ ကြေညာချက်တွင် ၁၉၉၀ ခုနှစ် အနိုင်ရပါတီ၊ တိုင်းရင်းသား ခေါင်းဆောင် များနှင့် စစ်အစိုးရပါဝင်သော သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုလည်း အမြန်ဆုံးအကောင်အထည်ဖော် ဆောင် ရန် တိုက်တွန်း တောင်းဆိုထားခြင်းဖြစ်သည်။

ထို့အပြင် စစ်ပြေး ဒုက္ခသည်များအတွက် အရေးပေါ်အကူအညီများကို အမြန်ဆုံးထောက်ပံ့ပေးရန် နိုင်ငံတကာရှိ (NGO) များ ပြည်တွင်းပြည်ပရောက် ကရင်အမျိုးသားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် အဖွဲ့ အစည်းများကိုလည်း ၎င်း KNU အဖွဲ့က တောင်းဆိုကြောင်း ရေးသားထားသည်။

ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ၀ီလျံ စပင်ဒ်လား(William Spindler) က “ဒုက္ခသည် ၂၀၀၀ မှ ၆၄၀၀ လောက် အတွက် ကျနော်တို့က ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး တော့ အကောင်းဆုံးဖြစ် အောင် ဆောင်ရွက် နေပါတယ်”ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

“အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေက သူတို့ရွာနဲ့ အနီးဆုံးမှာ နေချင်ကြတယ်၊ အခြေအနေငြိမ်သက်သွားတာ နဲ့ တပြိုင်နက် သူတို့အိမ်ကိုပြန်ဖို့ဆန္ဒစောနေကြတယ်၊ အခုအချိန်ဟာ စပါးစိုက်ချိန်ဖြစ်သလို ကျွဲ၊ နွားတွေကို လည်း ရွာမှာ ဒီအတိုင်းထားခဲ့ကြရတယ်”ဟုလည်း ၀ီလျံ စပင်ဒ်လား က ဆိုသည်။

ကရင် ဒုက္ခသည် နော်ခီးလာ က မူ “တိုက်ပွဲဖြစ်တာတွေကို ကျမတို့ ခဏပြီး ခဏကြုံနေရတယ်၊ဒီလိုတိုက်ပွဲမျိုး တွေ ကိုမဖြစ်စေချင် ဘူး၊ ဖြစ်နိုင်ရင် ကိုယ့်ရွာမှာ အေးအေးဆေးဘဲ နေချင်တယ်”ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးရွှေမန်း တရုတ်သို့ သွားရောက်ဟု သတင်းထွက်
Wednesday, 10 June 2009 17:19 ဧရာဝတီ
E-mail Print
ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းထား ခြင်းကြောင့် နိုင်ငံတကာက စစ်အစိုးရကို ဖိအားပေးနေ ကြချိန်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

[ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ဓာတ်ပုံ - Getty Images)]

ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ဓာတ်ပုံ - Getty Images)
ဤခရီးစဉ်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံလုံးက ထုတ်ဖော် ကြေညာခြင်း မရှိပေ။

ပြီးခဲ့သည့် ၂ နှစ်အတွင်း ဗိုလ်ချုပ်ရွှေမန်းသည် တရားဝင် ကြေညာခြင်း မရှိဘဲ တရုတ်နိုင်ငံသို့ ၃ ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်သည်။

“သူက တရားဝင် မကြေညာဘဲ တရုတ်ပြည်ကို အချိန် မရွေး သွားနိုင်တယ်၊ အရင်ကလည်း သွားခဲ့ဖူးတယ်” ဟု စစ်ဘက် အရပ်ဘက် လေ့လာသူ ကိုဝင်းမင်းက ပြောသည်။

“စစ်ဘက် သတင်းရပ်ကွက်တွေ အဆိုအရ ပြီးခဲ့တဲ့ ဧပြီလမှာ သူ တရုတ်နိုင်ငံကို သွားခဲ့တာ ၁ဝ ရက်ကျော် ကြာတယ် လို့ ဆိုတယ်။ တရုတ်နိုင်ငံပြီးတော့ မြောက်ကိုရီးယားကို သွားခဲ့တယ်လို့ သိရတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ကိုဝင်းမင်းက ရှင်းပြသည်။

တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ရွှေမန်း၏ ခရီးစဉ်တွင် ရည်ရွယ်ချက် ၃ ခု ရှိနိုင်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

“စစ်အစိုးရက သူ့မဟာမိတ် တရုတ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတာနဲ့ ပတ်သက်ပြီး သွားရှင်းပြတာ ဖြစ်နိုင်တယ်” ဟု တရုတ်-မြန်မာနယ်စပ်မှ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

ဗိုလ်ချုပ်ကြီးရွှေမန်း ခရီးစဉ်၏ ဒုတိယ ရည်ရွယ်ချက် တရုတ်-မြန်မာနယ်စပ် အခြေအနေများကို ဆွေးနွေးရန် ဖြစ်သည်ဟု သုံးသပ်နေကြသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို အသွင်ကူးပြောင်းရေးအတွက် စစ်အစိုးရက ကြိုးပမ်းလျက်ရှိရာ ထိုအဖွဲ့များနှင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်။

ထိုအဖွဲ့များ နယ်ခြားစောင့်တပ်များ အဖြစ် အသွင် ပြောင်းရေး အစီအစဉ်ကို လွန်ခဲ့သည့် ၂ လမှ စတင်ပြီး စစ်အစိုးရက စတင် ကြိုးပမ်းခဲ့သည်။ ထိုအစီအစဉ်အရဆိုလျှင် တိုင်းရင်းသား တပ်ဖွဲ့များ၏ နေ့စဉ် လုပ်ငန်းများကို မြန်မာ့ တပ်မတော်က ဝင်ရောက် စီမံနိုင်မည် ဖြစ်သည်။ ထိုအစီအစဉ်နှင့် ပတ်သက်ပြီး သဘောတူမှု ရှိမရှိကို တိုင်းရင်းသားတပ်ဖွဲ့များက ယခု လကုန်တွင် အကြောင်းပြန်ရမည် ဖြစ်သည်။


နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရေးကို တိုင်းရင်းသား အဖွဲ့ အများအပြားက သဘောတူခြင်း မရှိသေးပေ။ သဘောမတူဟု သတင်းထွက်နေသည့် အဖွဲ့များတွင် အကြီးဆုံး တိုင်းရင်းသားတပ်ဖွဲ့ဖြစ်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် လည်း ပါဝင်သည်။

လက်နက်ကိုင် အဖွဲ့များ အသွင် ပြောင်းရေး အစီအစဉ်ကို လိုက်လံဆောင်ရွက်နေသူ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ယခုတပတ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် ရောက်ရှိနေသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝ၊ ကိုးကန့် စသည့် တိုင်းရင်းသား တပ်ဖွဲ့ ဌာနချုပ်များသို့ သွားရောက်ခဲ့သော်လည်း အသွင် ပြောင်းရေး အစီအစဉ်နှင့် ပတ်သက်ပြီး ထိုအဖွဲ့များထံမှ သဘောတူညီချက် မရသေးဟု သိရသည်။

ဗိုလ်ချုပ်ကြီးရွှေမန်း ခရီး၏ တတိယ ရည်ရွယ်ချက်မှာ ပိုမိုနီးကပ်လာသော မြန်မာ နှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေး ဖြစ်နိုင်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ်သည်။

ဗိုလ်ချုပ်ရွှေမန်း၏ ခရီးစဉ်တွင် တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး လည်း ပါဝင်သည်ဟု သိရသည်။

ယမန်နှစ်ကလည်း ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးသည် တရုတ်နိုင်ငံသို့ သွားရောက်၍ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှု ရေးရာများ တိုးမြှင့်၍ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် တရုတ်ဘာသာဖြင့် ဖော်ပြထားချက်များအရ စစ်အစိုးရ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် တရုတ်ပြည်သို့ မကြာမီ သွားရောက်မည် ဖြစ်သည်။

ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်း၍ ဓနုတ်စေတီပြိုကျဟု ပညာရှင်များပြော
Wednesday, 10 June 2009 19:29 အေးချမ်းမြေ့
E-mail Print
ရှေးဟောင်း အမွေအနှစ် လက်ရာများကို ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းအပေါ် မြန်မာအာဏာပိုင်များ ကွဲကွဲပြားပြား နားလည်သဘော မပေါက်ခြင်းက ဓနုတ်စေတ်ီကြီး ပြိုကျရခြင်း၏ အကြောင်းရင်း တချက် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်များက သုံးသပ်သည်။

နှစ်ပေါင်း ထောင်ချီခဲ့ပြီဖြစ်သည့် ဒလမြို့မှ ရှေးဟောင်း ဓနုတ်စေတီကြီး ပြိုကျခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာ့အလင်း သတင်းစာက “အလှူရှင်များဆန္ဒအရ မိုးမကျမီ အားလုံးပြင်ဆင် ပြီးစီးရန် မွမ်းမံတည်ဆောက် လိုက်ရသော ကြောင့် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ် ပျက်စီးခဲ့ရသည်” ဟု ရေးသားထားခဲ့ပြီး နောက်ပိုင်း ဤသို့ သုံးသပ်ခြင်းဖြစ်သည်။

အဆောက်အဦးတခု ဆောက်လုပ်ရာတွင် ဗိသုကာက ပုံ ဆွဲပေးလိုက်ပြီးနောက် မြို့ပြအင်ဂျင်နီယာက လိုအပ် သည့် ပစ္စည်းစာရင်း ကိုတွက်ချက်ပေးလိုက်ရကြောင်း ဗိသုကာ ပညာရှင်တဦးဖြစ်သူ ကိုအုပ်စိုးက ရှင်းပြသည်။

“သူသုံးရမယ့် ပစ္စည်းအတိုင်း သုံးမယ်ဆိုရင် ပျက်စီးတဲ့ ကိစ္စက မြို့ပြအင်ဂျင်နီယာနဲ့ မဆိုင်ဘူး၊ ဆိုက်မန်နေဂျာနဲ့ ဆိုင်သွားပြီ၊ ဆိုက်မန်နေဂျာက ဒီအဆင့်မှာ ဘိလပ်မြေ မခြောက်သေးဘူး ဆက်မဆောက်နဲ့ဆို ဆက်ဆောက်လို့ ကို မရဘူး” ဟု သူကပြောသည်။

အသုံးပြုရမည့် ပစ္စည်းအရေအတွက်အတိုင်း မသုံးသောကြောင့် ပြိုကျခြင်း ဖြစ်နိုင်သကဲ့သို့ စောင့်ရမည့်ကာလကို မစောင့်ဘဲ အမြန်တည်ဆောက်လိုက်ခြင်းကြောင့် ပျက်စီးချင်းလည်း ဖြစ်နိုင်သည်ဟု ကိုအုပ်စိုးက ဆိုသည်။

မြန်မာ့အလင်းသတင်းစာတွင် “မူလစေတီ ပုံသဏ္ဍန်အတိုင်း မပျက်အောင် ဆောက်ရသောကြောင့် မျှော်မှန်းမထား သည့် ဝန်ပိုများ များပြားလာ၍ ဓနုတ်စေတီကြီး ပြိုကျရခြင်းဖြစ်သည် ”ဟု ရေးသားထားသည်။

အလှူရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဒေါ်ကြိုင်ကြိုင်နှင့် သားသမီးများ ကောင်းမှုဖြင့် ပြန်လည် မွမ်းမံ တည်ဆောက်ခဲ့သော ဓနုတ်စေတီကြီးမှာ မေလ ၃၀ ရက်နေ့ ညနေက ပြိုကျပျက်စီးခဲ့သဖြင့် လုပ်အား ပေးလျက်ရှိသော ဝန်ထမ်း ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၀၀ ထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဒေသခံ များက ပြောကြားခဲ့သည်။ ဓနုတ်စေတီကို ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူ၍ ပြန်လည်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

ရှေးဟောင်းအဆောက်အဦးတခုကို ထိန်းသိမ်းရာတွင် ဆောက်လုပ်ရာ၌ ထည့်သွင်း သုံးစွဲသည့်ပစ္စည်းကို ထိန်းသိမ်းခြင်း၊ အရောင်ထိန်းသိမ်းခြင်း၊ ဆောက်လုပ်သည့် နည်းပညာကို ထိန်းသိမ်းခြင်း၊ ပုံစံကို ထိန်းသိမ်းခြင်း ဟူ၍ ၄ မျိုးရှိသော်လည်း မြန်မာစစ်အစိုးရအနေနှင့် မည်သည့် နည်းနှင့်မှ ထိန်းသိမ်းသည်ကို မတွေ့ရဟု ကိုအုပ်စိုးက ပြောပြသည်။

“ပုဂံဘုရားတွေမှာဆိုရင် UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) ရဲ့ စံနဲ့ ကိုက်ညီအောင် ထိန်းသိမ်းထားတဲ့ ဘုရား ၃၊ ၄ ဆူပဲရှိတယ်။ ကျန်တာတွေကို သူတို့ ပြင်ချင်သလို ပြင်ထားတာ” ဟု သူက ဆိုသည်။

UNESCO က ပုဂံစေတီတော်များ ရှိရာနေရာကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုရန် ၂၀၀၂ ခုနှစ်ကတည်းက ရည်မှန်းခဲ့သည်။ သို့သော် စစ်အစိုးရက ပုဂံဘုရားများကို ၎င်းတို့ စိတ်ကြိုက် ပြန်လည် မွမ်းမံရုံမက ၂၀၀၅ ခုနှစ်တွင် ပုဂံစေတီပုထိုးများ အနီး၌ မီတာ ၆၀ ကျော်မြင့်သော နန်းမြင့်မျှော်စင်ကို ပညာရှင်များ ဝေဖန်ထောက်ပြသည့်ကြားမှ ဆောက်လုပ်ခဲ့သည့်အတွက် စာရင်းမှ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

သမိုင်းပညာ ပါရဂူတန်းတက်ရောက် သင်ယူနေသော ကျောင်းသားတဦးက “အစိုးရက ပြောတော့ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး လို့သာ လျှောက်အော်နေတာ တကယ်တော့ သူတို့ကိုယ်တိုင် ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးနေတာပဲ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် အပါအဝင် စစ်ခေါင်းဆောင်များသည် ဗေဒင်ယတြာများကို ယုံကြည်လွန်းပြီး မည်သည့် ကိစ္စမဆို ၎င်းတို့၏ ဗေဒင်ဆရာများ အခါပေးသည့်အတိုင်း ဆောင်ရွက်လေ့ ရှိကြောင်း အများက သိထားကြသည်။

“ယတြာကြောင့် အမြန်ပြီးအောင်ဆောက် ဆိုလို့ သူ့အဆင့်ဆင့်တွေကို မစောင့်နိုင်ဘဲ ဆောက်ရပြီး ပြိုကျတာ ဖြစ်နိုင်တယ်” ဟု ကိုအုပ်စိုးက ဓနုတ်စေတီကြီး ပြိုကျရခြင်းနှင့် ပတ်သက်၍ ထင်မြင်ချက် ပေးသည်။

နအဖ စစ်ခေါင်းဆောင်များသည် ရှေးဟောင်းယဉ်ကျေးမှုများ၏ တန်ဖိုး၊ ရှေးဟောင်း သမိုင်း အဆောက်အဦး များ၏ အရေးပါမှုကို နားလည်သဘောပေါက်ခြင်း၊ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ခြင်းများ မရှိကြောင်း အများကလည်း ဝေဖန်ပြောဆိုနေကြသည်။

ကွယ်လွန်သူ မြန်မာသမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက “ရှေးဟောင်း အမွေအနှစ်များကို သိသိသာသာ ဒုက္ခပေးမှု များတွင် ဘုရားဆင်းတုတော်များကို သစ်လွင်တောက်ပသော ရွှေများ၊ ကျောက်မြက်ရတနာများဖြင့် ပြန်လည် နေရာချခြင်း၊ အရောင်အမျိုးမျိုးဖြင့် စေတီပုထိုးများကို ပြန်လည်ဆေးခြယ်ခြင်းအားဖြင့် ကုသိုလ် အများကြီး ရမည်ဟု ယုံကြည်ပုံရသော ဘာသာရေး စိတ်ရှိသူများလည်းပါသည်” ဟု သူ၏ “အလှပြယ်နေသော ရှေးပုဂံ” စာအုပ်တွင် ရေးသားထားသည်။

ထေရဝါဒ ဗုဒ္ဓဘာသာ သန့်စင်ရေးအတွက် တစိုက်မတ်မတ် ဟောကြားနေသည့် ဓမ္မစေတီဆရာတော် ဦးကော သလ္လက သူ၏ တရားပွဲ အများစုတွင် “ငါသာတတ်နိုင်ရင် ဘုရားမတည်ဘူး သားဖွားဆေးရုံပဲ ဆောက်မယ်” ဟု ဟောကြားလေ့ရှိသည်။ ၎င်း ဆရာတော်ကြီးသည် ဟောကြားသော တရားပွဲများမှ ရရှိသည့် အလှူငွေများကို ဆေးရုံဆောက်လုပ်လှူဒါန်းရန် ရည်မှန်းထားခဲ့ပြီး ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းဒဏ် ခံရသော ဒေသများကိုလည်း သိန်းရာပေါင်းများစွာ လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်အစိုးရ ပြန်လည် ပြုပြင်မွမ်းမံပြီးစီးခဲ့သည့် ပုဂံစေတီပုထိုးများနှင့် မြောက်ဦးမြို့မှ ရှေးဟောင်းဘုရား များသည် လည်း မိုးလေကြီးသည့်အချိန်တွင် ယခု ဓနုတ်စေတီကြီးကဲ့သို့ ပြိုကျပျက်စီးသည်ကို ကြုံဖူးကြောင်း ဧည့်လမ်းညွှန်တဦးက ပြောပြသည်။

အိန္ဒိယအမတ် ၁၀၀ ကျော် ဒေါ်အောင်ဆန်းစုကြည် လွတ်ရေးတောင်းဆို
Wednesday, 10 June 2009 19:15 ဧရာဝတီ
E-mail Print
အိန္ဒိယနိုင်ငံ ပါလီမန်အမတ် ၁၁၈ ဦးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရေး အတွက် စစ်အစိုးရကို တိုက်တွန်း ပြောကြားရန် ၎င်းတို့၏ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းကို တောင်းဆိုကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံအနေနှင့် လက်ရှိအခြေ အနေအရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသောနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးတွက် မြန်မာစစ်ဗိုလ်ချုပ်များကို တိုက်တွန်းပြောကြားပြီး ကြားဝင်ဆောင်ရွက် သင့်သည်ဟု အဆိုပါ အမတ်များက မန်မိုဟန် ဆင်းကို လက်မှတ်ရေးထိုး၍ စာရေးသားပေးပို့ကာ ပြောဆိုခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီ အခြေစိုက် PTI သတင်းက ယနေ့ ရေးသားထားသည်။

မြန်မာ့ဒီမိုကရေစီရေးအတွက် အိန္ဒိယ ပါလီမန်အမတ်များ၏ ဆွေးနွေးပွဲတွင်လည်း အမတ်တဦး ဖြစ်သူ Sharad Joshi က အိန္ဒိယနိုင်ငံ အနေနှင့် မြန်မာနိုင်ငံအပေါ် ကျင့်သုံးသည့် မူဝါဒကို မြန်မာပြည်သူများ အကျိုး ရှေးရှု၍ စတင်ပြောင်းလဲသင့်ကြောင်း ပြောသည်ဟု သတင်းတွင်ဖော်ပြထားသည်။

ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်သော အိန္ဒိယသည် မြန်မာနှင့် အကောင်းဆုံးအိမ်နီးချင်းနိုင်ငံ တနိုင်ငံအဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာပြည်သူများကို လက်ရှိကြုံတွေ့နေရသည့် ဘေးဒုက္ခများမှ လွတ်မြောက် ရေးအတွက် ကူညီရန် တခြားသော အမတ်တဦးဖြစ်သူ Abani Roy ကလည်း ပြောဆိုသည်။

ထို့အပြင် မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်မလွှတ်ပါက၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်သည့် လွတ်လပ်၍ တရားမျှ တမှု ရှိသော ရွေးကောက်ပွဲဖြစ်သည်ဟု မယုံကြည်နိုင်ကြောင်းလည်း အဆိုပါ အမတ်များက ပြောဆိုထားသည်။

ပြည်ပအခြေစိုက် မြန်မာလွှတ်တော်အမတ် ဒေါက်တာ တင့်ဆွေက မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင် ရေး အတွက် အိန္ဒိယ နိုင်ငံနေနှင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောသည်။

နယ်ခြားစောင့်ရန် ကချင်အဖွဲ့ သဘောမတူ
Wednesday, 10 June 2009 18:48 ဧရာဝတီ
E-mail Print
စစ်အစိုးရ၏ နယ်ခြားစောင့် တပ် အဖြစ် အသွင် ပြောင်းလဲရေး ကမ်းလှမ်းချက်ကို လက်မခံနိုင်ကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များက ယနေ့ ပြောကြား လိုက်သည်။

KIO၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)သည် မြန်မာပြည်တွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်သည့်အချိန်မှ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း တာဝန်ယူနိုင်မည် ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ဧရာဝတီကို ပြောသည်။

“တခုလုံးအနေနဲ့ အသွင်ကူးပြောင်းဖို့ ဆိုတာ တချိန်ချိန် တခါခါမှ စဉ်းစားမယ်” ဟု ဒေါက်တာလဂျာက ရှင်းပြသည်။

လူထု၏ သဘောထား၊ ကချင်တပ်ဖွဲ့ဝင်များ၏သဘောထားများကို တောင်းခံရန် လိုအပ်သည်ဟု ဒေါက်တာလဂျာက ပြောသည်။

စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံရန် KIO ၏ အောက်ခြေအဖွဲ့ဝင်များ၊ ကချင် အဖွဲ့အစည်းများက ကချင်ခေါင်းဆောင်များကို ဖိအားပေးနေသည်ဟု KIOနှင့် နီးစပ်သူများထံမှ သိရသည်။

KIO ခေါင်းဆောင်များက အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံခြင်း မရှိကြောင်း၊ နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းလဲရေးမှာ အချိန်အခါ မသင့်သေးကြောင်း KIO ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦး ဖြစ်သူ ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပပြီး အစိုးရ တရပ် ပေါ်ပေါက်လာရေးကို ပထမဦးဆုံး ဆောင်ရွက်ရမည် ဖြစ်သည်ဟု သူက ဆိုသည်။ အစိုးရသစ် ပေါ်ပေါက်လာပြီး နောက်မှသာ KIO၏ တပ်များ နယ်ခြားစောင့် တပ် အဖြစ် အသွင် ပြောင်းရေး အစီအစဉ်ကို ကချင် ခေါင်းဆောင်များက ပြန်လည် စဉ်းစားမည်ဟု ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။

“နိုင်ငံတခုမှာ စစ်တပ်တွေ အများကြီး မရှိသင့်ဘူး ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ မရှိသေးဘူး ဆိုတော့ လက်နက်ကိုင်အဖွဲ့က တခုမက ရှိနေမှာပါ” ဟု ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။

သို့သော်လည်း ၎င်းတို့အနေဖြင့် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို တရားဝင် တုံ့ပြန်ခြင်း မပြုရသေးဟု ဂျိမ်းစ်လွမ်ဒေါင်က ရှင်းပြသည်။ မကြာမီကာလအတွင်း စစ်အစိုးရ ကိုယ်စားလှယ်များနှင့် ထပ်မံ တွေ့ဆုံမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် Kachin News Group ၏ အင်္ဂါနေ့၌ ထုတ်ပြန်သည့် သတင်းတပုဒ်တွင် ကချင် ခေါင်းဆောင်များက စစ်အစိုးရ၏ အဆိုပြုချက်ကို လက်ခံပြီးဖြစ်သည်ဟု ရေးသားထားသည်။ သို့သော်လည်း “KIA တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အလို အလျောက် ပြောင်းလဲမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း” ဟု ရေးသားထားသည်။

မေလ ၁၂ ရက်နေ့ကလည်း ပြည်ပ အခြေစိုက် ကချင်အဖွဲ့အစည်း ၅ ခုက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို ပယ်ချထားသည်။ ကချင်လက်နက်ကိုင် အဖွဲ့များကိုလည်း အဆိုပါ ကမ်းလှမ်းချက်အား လက်မခံရန် ၎င်းတို့က တိုက်တွန်းထားသည်။

KIA သည် ၁၉၉၄ တွင် မြန်မာ့တပ်မတော်နှင့် အပစ်အခတ် စတင် ရပ်စဲခဲ့သည်။ ယခုအခါ လက်နက်ကိုင်အင်အား ၄ဝဝဝ ခန့်ရှိသည်ဟု သိရသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသ သတင်းရပ်ကွက် တခု၏ အဆိုအရ မြန်မာအစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ယမန်နေ့က ရှမ်းပြည်နယ်သို့ သွားရောက်ပြီး NDAA ဟု ထင်ရှားသည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရသည်။

တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ဝ၊ ကိုးကန့် လက်နက်ကိုင် အဖွဲ့များကလည်း စစ်အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင် ပြောင်းရေး ကမ်းလှမ်းချက်ကို သဘောတူခြင်း မရှိသေးပေ။ ထိုအဖွဲ့များက စစ်အစိုးရ၏ အုပ်ချုပ် ကွပ်ကဲမှုကို လက်ခံလိုခြင်း မရှိဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေနှင့် တွေ့ Print E-mail
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 10 2009 18:42 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခဲ့သည်။

သူမကို တနာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ပြီး အင်းစိန်ထောင် အထူးခုံရုံးတွင် ရင်ဆိုင်နေရသော အမှုကိစ္စ ဆွေးနွေးခဲ့သည်ဟု သူမ၏ပါတီ အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

''ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာနေပုံရပါတယ်။ သူ့အမှုမှာ တရားမျှတမှု မရှိတဲ့အတွက်တော့ သူ စိတ်မချမ်းသာဘူး။ တရားဥပဒေကြောင်းအရ ဆက်ပြီးတိုက်ဖို့ပဲ သူ ပြောပါတယ်'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယမန်နေ့ တိုင်းတရားရုံးက ဒေါ်အောင်ဆန်းကြည်ဘက်မှ အစစ်ခံမည့် သက်သေတဦးကို ခွင့်ပြုခဲ့ပြီး၊ သူမ၏ ရှေ့နေများက ခွင့်ပြုရန် တင်ပြခဲ့သော နောက်သက်သေ ၂ ဦးကိုမူ ပယ်ချခဲ့သည်။

တရားခံဘက်မှ တင်ပြသော အဆိုပါ သက်သေ ၂ ဦးကို လက်ခံကြားနာရေးအတွက် ကြာသပတေးနေ့တွင် ဗဟိုတရားရုံးသို့ အယူခံသွားမည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ သက်သေနှစ်ဦးမှာ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး နှင့် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်သည်။

တရားခံဘက်မှ တင်ပြသော သက်သေ ၄ ဦးအနက် ၃ ဦးကို အင်းစိန်အကျဉ်းထောင်အတွင်း ရုံးထိုင်စစ်ဆေးနေသော ခရိုင်တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။

''ဒါ ဥပဒေနဲ့ မညီပါဘူး။ ဘာကြောင့်ပယ်တယ်ဆိုတာကိုလည်း အကြောင်းပြချက် ပေးမထားပါဘူး'' ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

နှစ်ဖက် အပြီးသတ်လျှောက်လဲချက်ပေးရန် မူလက ဇွန်လ ၅ ရက်နေ့သို့ ချိန်းဆိုထားခဲ့သော်လည်း နောက်ပိုင်းတွင် ဇွန်လ ၁၂ ရက်နေ့သို့ ရွှေ့ဆိုင်းထားခဲ့သည်။

သို့သော် သူတို့က ကျန်သက်သေ ၂ ဦးကို လက်ခံရေးအတွက် ဗဟိုတရားရုံးတွင် ဆက်လက်၍ အယူခံတက်မည်ဖြစ်သဖြင့် ထိုနေ့တွင်လည်း အမှုကို ဆက်လက်စစ်ဆေးဖြစ်မည်ဟု သူမ ထင်ကြောင်းဖြင့်လည်း ဦးဉာဏ်ဝင်းက ပြောသည်။ အဆိုပါ သက်သေ ၂ ဦးကို ယခုထိ တရားရုံးက လက်မခံဘဲ ပယ်ချထားဆဲဖြစ်သည်။

ကေအိုင်အို နယ်ခြားစောင့်တပ်အရေး ဇူလိုင်လတွင် ဆုံးဖြတ်မည် Print E-mail
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 10 2009 18:33 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ - ကေအိုင်အိုက နယ်ခြားစောင့်တပ်အရေးကို လာမည့် ဇူလိုင်လတွင် ဆုံးဖြတ်မည်ဟု အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ပြောသည်။

မြန်မာစစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကိစ္စကို ကေအိုင်အိုက ကချင်ပြည်သူများသို့ အသိပေးထားပြီး ပြည်သူများ၏ အကြံပြုချက်ကို ယခုလကုန်အထိ တောင်းခံထားကာ လာမည့်လအတွင်း ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်သည်။

“နယ်ခြားစောင့်တပ် ပြောင်းရေး၊ မပြောင်းရေး ပြည်သူကို ချမှပြတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ဘက်က ဘယ်လိုလုပ်မယ်ဆိုတာ လုပ်ငန်းသဘောအရ မရောက်သေးပါဘူး။ ဇူလိုင်လလောက်မှာ အဖြေတခုတော့ ထွက်လာမှာပါ" ဟု ဒေါက်တာလဂျာက မဇ္ဈိမကို ပြောသည်။

နယ်ခြားစောင့်တပ်အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းက ကေအိုင်အို ခေါင်းဆောင်များကို ပထမအကြိမ် အသိပေးပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ ၂၁ ရက်နေ့ကလည်း စစ်အစိုးရ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ကေအိုင်အို ခေါင်းဆောင်များကို နယ်ခြားစောင့်တပ်အရေး ဒုတိယအကြိမ် ကမ်းလှမ်းခဲ့သည်။

ပြီးခဲ့သည့်လ ၃၀ ရက်နေ့မှ စတင်ကာ ကေအိုင်အိုက နယ်ခြားစောင့်တပ်ကိစ္စနှင့် ပတ်သက်၍ လိုအပ်ပါက စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင် ၇ ဦးပါ ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။

ထိုနေ့၌ပင် ကေအိုင်အို ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကချင်လူထုနှင့် နယ်ခြားစောင့်တပ်အရေး ဆွေးနွေးခဲ့သေးသည်။

မြန်မာစစ်အစိုးရနှင့် တာဝန်ယူဆွေးနွေးရန်အတွက် ဗဟိုကော်မတီတရပ် ဖွဲ့စည်းခဲ့ရာတွင် ကေအိုင်အို၏ ဒု-ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်ကြီး လဖိုင်လ၊ ဗိုလ်ကြီး ဂေါလိုး လအောင်၊ ဆရာ ကွမ်းထပ် ထိန်နန်နော်နှင့် ဗိုလ်ကြီး ဂျီနောင်နီ စသည့် ၇ ဦးတို့ ဖြစ်သည်။

ကေအိုင်အို ဌာနပေါင်းစုံတွင် လက်ရှိ တပ်အင်အား ၂၀၀၀၀ (နှစ်သောင်း) ဝန်းကျင်ရှိသည်ဟု ဒေါက်တာလဂျာက ပြောသည်။

ထိုင်းအစိုးရ သံလွင်ရေကာတာစီမံကိန်း ထိုင်းပြည်သူကို ရှင်းလင်း Print E-mail
မေကျော်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 10 2009 17:27 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ သံလွင်မြစ် ဟတ်ကြီးရေကာတာ စီမံကိန်းကြောင့် ထိုင်းနိုင်ငံဘက်မှ ရရှိမည့် အကျိုးအမြတ်ကို ထိုင်းအစိုးရက ထိုင်းပြည်သူသို့ ယခုလ ၈ ရက်နေ့က ရှင်းလင်းပြောကြားသည်။

စီမံကိန်းကြောင့် ထိုင်းနိုင်ငံဘက်မှ ပြောင်းရွှေ့ရမည့် ထိုင်းကျေးရွာများသို့ ထိုင်းအစိုးရ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အရာရှိတဦး သွားရောက်ပြီး ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

“ဒီ ရေကာတာ တည်ဆောက်ရေးအတွက် မြန်မာအစိုးရနဲ့ အသေးစိတ် သဘောတူထားတာ ကျနော် မသိသေးဘူး။ အခု ပါလီမန်က ဒီကိစ္စနဲ့ သက်ဆိုင်တဲ့ သူတွေကို အသေးစိတ် မေးမှာပါ” ဟု ထိုင်းအစိုးရ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ထိုင်းဘက်ခြမ်း ခလယ်ခို ကျေးရွာသို့ သွားရောက်ရှင်းလင်း ပြောကြားသည့် ခရီးစဉ်တွင် သူက မဇ္ဈိမ သတင်းထောက်ကို ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

ခရီးစဉ်တွင် သတင်းဌာနများ၊ ထိုင်းအစိုးရ လျှပ်စစ်ဌာန၊ ဆောက်လုပ်ရေးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသန ပညာရှင်များ လိုက်ပါသွားကြသည်။

စီမံကိန်း အကောင်အထည်ပေါ်ပါက ရေအားလျှပ်စစ်ကို ထိုင်းဘက်မှ ၉၀ ရာခိုင်နှုန်း အသုံးပြုမည်ဖြစ်ပြီး၊ မြန်မာဘက်မှ ကျန် ၁၀ ရာခိုင်နှုန်းသာ အသုံးပြုရမည်ဖြစ်ကြောင်း ထိုင်းလျှပ်စစ်ဌာနကလည်း ရှင်းပြသည်။

“စီမံကိန်း ဆောက်လုပ်ဖြစ်ရင် ၇ နှစ်စီမံကိန်းပါ။ တရားဝင် သဘောတူညီချက် မရှိသေးဘူး။ စီမံကိန်း ပျက်ချင်လည်း ပျက်မယ်။ ပြောလို့တော့ မရသေးပါဘူး” ဟု ထိုင်းလျှပ်စစ်ဌာနမှ အင်ဂျင်နီယာတဦးက ဆိုသည်။

ပြောင်းရွှေ့ပေးရမည့် ကျေးရွာ ၆ ရွာ၊ လူဦးရေ ၁၈၀၀ ရှိသည်ဟု ထိုင်းအစိုးရက ပြောဆိုသော်လည်း ဒေသခံ ရွာများကမူ ပြောင်းရွှေ့ရမည့် ကျေးရွာပေါင်း ၂၄ ရွာ ရှိကြောင်း ပြောကြသည်။

“ဒါက အကောင်းဆိုတာ မရှိဘူး။ အဆိုးတွေပဲ ရှိမယ်။ စိုက်ခင်းတွေ ပျက်မယ်။ ရေကြီးလာမယ်။ နောက် ဒါက အဓမ္မပြောင်းရွှေ့ခိုင်းတာပဲ” ဟု ခလယ်ခို ဒေသခံ ထိုင်းလူမျိုးတဦးက ပြောသည်။

တနှစ်လျှင် ကီလိုဝပ် ၆၀၀၀၀ ထုတ်လုပ်နိုင်သည့် ဟတ်ကြီးရေကာတာကို ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် သံလွင်မြစ်နှင့် သောင်ရင်းမြစ်အောက်ပိုင်း မြိုင်ကြီးငူဒေသတွင် တည်ဆောက်ရန် ထိုင်းအစိုးရနှင့် မြန်မာ စစ်အစိုးရတို့ သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါ စီမံကိန်း စတင်သည့် ၂၀၀၄ ခုနှစ်တွင် တိုင်းတာရေးဆင်းသူ တဦး မြေမြှုပ်မိုင်း ထိခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင် ဗုံးဖောက်ခွဲခံရမှုကြောင့် ထိုင်းအင်ဂျင်နီယာအဖွဲ့မှ Mr. Smarn သေဆုံးခဲ့သည်။

သံလွင်မြစ်ပေါ်တွင် တာဆန်းရေကာတာ၊ ဟတ်ကြီးရေကာတာ၊ ဝဲကြီးရေကာတာ၊ ဒါးဂွင်ရေကာတာနှင့် တနသာင်္ရီတိုင်းတွင် ရေကာတာတခုကို ထိုင်းအစိုးရ စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာစစ်အစိုးရ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာတို့က ၂၀၀၅ ခုနှစ် မတ်လတွင် ဖွံ့ဖြိုးမှုဆိုင်ရာ သဘောတူစာချုပ် ရေးထိုးခဲ့သည်။

မြစ်ကြောင်းတလျှောက်ရှိ ထိုင်း-မြန်မာ ဒေသခံများ မှီခိုအားထားနေရသည့် သံလွင်မြစ်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြစ်ဖျားခံလာပြီး မြန်မာပြည်တွင်း ရှမ်းနှင့် ကရင်ပြည်နယ်အတွင်း ဖြတ်သန်းဝင်ရောက်လာကာ၊ ထိုင်းနိုင်ငံအတွင်း ကီလိုမီတာ ၁၂၀ ကျော်အထိ စီးဆင်းနေသည့် မြစ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မဖွယ်မရာ ဓာတ်ပုံများဖြင့် သိက္ခာချသူများရှိ Print E-mail
ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 10 2009 17:53 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ရစေရန်နှင့် စော်ကားရန်အတွက် စစ်အစိုးရ လိုလားသူများဟု ယုံကြည်ရသော အမည်မသိ ပုဂ္ဂိုလ်များက ရိုင်းပျသေးသိမ်သော ဓာတ်ပုံများကို မြန်မာပြည်အလယ်ပိုင်း မြို့များတွင် ဖြန့်ဝေခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားများ၏ ရင်ခွင်ထဲရောက်နေသယောင် ပြုပြင်ထားသည့် ဓာတ်ပုံများကို သူတို့၏ နေအိမ်ခြံဝင်းများအတွင်း ယနေ့နံနက်ပိုင်းက ပစ်ချခဲ့ကြသည်ဟု မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးမှ ဒေသခံများက ပြောဆိုကြခြင်း ဖြစ်သည်။

Photoshop ဆော့ဝဲဖြင့် ပြုပြင်ထားသည်ဟု ယူဆရသော ပို့စ်ကဒ်ဆိုက်အရွယ် စာရွက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ခြံဝင်းအတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောဟု ယူဆရသောသူနှင့် သူမ၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်ပုံများနှင့် ယှဉ်တွဲဖော်ပြထားသည်။

''ပုံထဲမှာက ဒါလင့်ကို ကျမ လွမ်းတယ်လို့ ရေးထားတယ်။ နောက်တပုံမှာကျတော့ ဒေါ်စုက ယက်တောရဲ့ ရင်ခွင်ထဲ ရောက်နေတဲ့ပုံ လုပ်ထားတယ်'' ဟု ဒေါသထွက်နေသော ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အိပ်ယာမှမနိုးထခင် နံနက်စောစောပိုင်းက သူတို့နေအိမ်ခြံဝင်းအတွင်း ဓာတ်ပုံများကို ကြဲချသွားခြင်းဖြစ်ပြီး မည်သူ့လက်ချက်မှန်း မသိရကြောင်း အဆိုပါ ဒေသခံက ပြောသည်။ သို့သော် သူကမူ ယင်းလုပ်ရပ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း သို့မဟုတ် စွမ်းအားရှင်များသာ ဖြစ်ရမည်ဟု တထစ်ချ စွပ်စွဲလိုက်သည်။

မန္တလေးတိုင်း မြင်းခြံနှင့် မကွေးတိုင်း ကျောက်ပန်းတောင်းတွင်လည်း အလားတူ ဓာတ်ပုံများ ကြဲချသွားခဲ့ကြောင်း သိရသည်။

ဤလုပ်ရပ်သည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို အရှက်ခွဲရန် လုပ်ဆောင်သည့် အောက်တန်းကျသော လုပ်ရပ်အဖြစ် ဒေသခံများက ရှုမြင်ကြသည်။

မြန်မာစစ်အစိုးရက ဂျွန်ဝီလျံယက်တော ပြီးခဲ့သည့် မေလဆန်းက သူမ၏ အင်းယားကန်ဘေး နေအိမ်သို့ တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့သဖြင့် နေအိမ်အကျယ်ချုပ် စည်းကမ်းများကို ချိုးဖောက်သည်ဟုဆိုကာ သူမကို ရုံးတင်စစ်ဆေးနေသည်။

ထိုအတောအတွင်း စစ်အစိုးရ၏ တောတွင်းမြို့တော်သစ် နေပြည်တော်မှ လွှင့်ထုတ်နေသော FM ရေဒီယို အစီအစဉ်ကလည်း ဟာသအစီအစဉ်တခု ထုတ်လွှင့်ရာတွင် အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလော ဖြစ်ရပ်ဖြစ်သော သူမ၏ နေအိမ်အတွင်း မစ္စတာယက်တော မဖိတ်မခေါ် လာရောက်ခဲ့သည့်ကိစ္စကို လှောင်ပြောင်ကာ ထုတ်လွှင့်ခဲ့သည်။

ပိတောက်မြေ FM ရေဒီယို အသံလွှင့်ဌာနမှ အစီအစဉ်တခုနှင့် တခုအကြား အဖြည့်အစီအစဉ်အဖြစ် ယက်တောနှင့် မချော ဆိုသည့် အတင်းအဖျင်းအစီအစဉ်ကို ထုတ်လွှင့်လျက်ရှိသည်ဟု ရန်ကုန်မြို့မှ ဖမ်းယူနားထောင်ခဲ့ရသူများက ပြောသည်။

အဆိုပါ အစီအစဉ်တွင် ဒီမိုကရေစီခေါင်းဆောင်၏ နေအိမ်အတွင်းသို့ လူစိမ်းတယောက် မည်သို့မည်ပုံ ဝင်ရောက်လာခဲ့ကြောင်း ပြောဆိုအသံလွှင့်ခဲ့သည်။

''ဒီရက်တွေအတွင်းကတော့ သူတို့က ဒေါ်စုရဲ့ အချစ်ဇာတ်လမ်းတွေ လွှင့်နေတာပဲ။ ဒီအစီအစဉ်အကြောင်း အသေးစိတ် ကျနော် မပြောချင်ပါဘူး။ ဘာမှလည်း အဓိပ္ပာယ် မရှိဘူး။ ညစ်ညမ်းတာနဲ့ အောက်တန်းကျတာပဲ ရှိတယ်'' ဟု ရန်ကုန်မြို့မှ ပိတောက်မြေ ရေဒီယိုအစီအစဉ်ကို နားဆင်ခဲ့ရသူတဦးက ပြောသည်။

ပိတောက်မြေ FM ရေဒီယိုအစီအစဉ်ကို မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲမှ ၈ နာရီခွဲအထိ တနိုင်ငံလုံးသို့ ထပ်ဆင့်လွှင့်စက်ရုံများမှတဆင့် ထုတ်လွှင့်လျက်ရှိသည်။

''ဒီ သရော်လှောင်ပြောင်တဲ့ အစီအစဉ်ကို မိနစ် ၂ဝ လောက် လွှင့်တယ်။ ပြီးရင် သီချင်းတွေ လာတယ်။ ဒီအတိုင်း တလှည့်စီ လာနေတာ'' ဟု အဆိုပါ နားဆင်ခဲ့ရသူက ဆက်ပြောသည်။

ဤသို့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုနေခြင်းမှာ သူမကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်ရန်အတွက် စစ်အစိုးရ၏ အကြောင်းပြချက်တရပ်မျှသာ ဖြစ်ကြောင်း အတိုက်အခံများက ယုံကြည်နေသည်။ မစ္စတာယက်တော၏ အဖြစ်အပျက်ကို အကြောင်းပြုပြီး စစ်အစိုးရ လိုလားသော အုပ်စုများက ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်ရန် ကြိုးပမ်းနေကြသည်ဟု ဆိုကြသည်။

ဤသို့ ရေဒီယိုအစီအစဉ်များနှင့် မဖွယ်မရာ ဓာတ်ပုံများသာမက စစ်အစိုးရလိုလားသော ဘလော့ဂါတဦးက ပြုလုပ်ထားသည်ဟု ယူဆရသော ဘလော့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ယက်တောနှင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားတို့၏ ရုပ်ပြောင်များကို ညစ်ညမ်းပုံများအဖြစ် ဖန်တီးဖော်ပြထားသည်။

ဤဘလော့တွင် ရေးသားထားသောစာ၌လည်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့အစည်းများကို အနောက်လိုလားသူများအဖြစ် ရေးသားထားပြီး မဖွယ်မရာ ရုပ်ပြောင်များဖြင့် ရေးဆွဲထားသည်။

ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် စည်းကမ်းများ ချိုးဖောက်မှုဖြင့် စွပ်စွဲခံရကာ အင်းစိန်ထောင်ရှိ တရားရုံးတွင် တရားစွဲဆိုခံနေရသည်။ သူမ၏ ရှေ့နေများက သူမတွင် အပြစ်မရှိကြောင်း ထုချေထားကြသည်။

ဤသို့ ရုံးတင်တရားစွဲဆိုမှုကို နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင် ဝေဖန်ခဲ့ကြပြီး၊ သူမကို ချက်ချင်း လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ ဤသို့ ဝိုင်းဝန်းပြစ်တင် ဝေဖန်ခဲ့ကြသည့်နိုင်ငံများထဲတွင် အစဉ်အလာအားဖြင့် အဖွဲ့ဝင် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး ဟူသော မူဝါဒကို စွဲကိုင်ထားကြသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများလည်း ပါဝင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရကမူ ထိုသို့ ဝိုင်းဝန်းဝေဖန် တောင်းဆိုမှုများကို အရေးမစိုက်ဘဲ ဤသို့ ရုံးတင်စစ်ဆးနေခြင်းမှာ မြန်မာနိုင်ငံ၏ တရားဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းသာဖြစ်ပြီး ပြည်တွင်းရေး ကိစ္စသက်သက်သာဖြစ်၍ အခြားနိုင်ငံများအနေနှင့် ဝင်ရောက်မစွက်ဖက်သင့်ကြောင်း ပြောဆိုထားသည်။

အတိုက်အခံ အဖွဲ့များနှင့် ဝေဖန်သူများကမူ ဤတရားခွင်သည် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ လူမြင်ကွင်း၌ ရှိမနေစေရန်နှင့် သူမကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းချက်တရပ်မျှသာ ဖြစ်သည်ဟု ရှုမြင်ကြသည်။

(အချို့သော သတင်းအချက်အလက်များကို မဇ္ဈိမသတင်းထောက် မြင့်မောင်ထံမှ ရရှိသည်။)

NEJ / ၁၀ ဇွန် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ နှင့် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မထိခိုက်စေလိုကြောင်း စင်ကာပူအစိုးရအဖွဲ့တွင် ၀ါရင့်ဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ၀န်ကြီးချုပ်ဟောင်း မစ္စတာဂိုချောက်ထောင်က ပြောကြားသည်။

မစ္စတာဂိုချောက်ထောင်သည် ယမန်နေ့က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ကို တွေ့ဆုံခဲ့ရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အကျယ်ချုပ်တားမြစ်မိန့် ချိုးဖောက်မှုဖြင့် ရုံးတင်တရားစွဲဆိုခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်၍ မစ္စတာဂိုချောက်ထောင်က ယင်းတရားစီရင်မှုသည် ပြည်တွင်းရေးကိစ္စဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာနှင့်ဆက်နွှယ်နေသည့် အကြောင်းချင်းရာကိုလည်း မြန်မာစစ်အစိုးရက လျစ်လျူမရှုသင့်ကြောင်း အလေးထားပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဘက်ပေါင်းစုံပါဝင်သည့် ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အန်အယ်လ်ဒီပါတီသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဟုလည်း မစ္စတာဂိုချောက်ထောင်က အလေးထားပြောကြားခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေပါမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မစ္စတာဂိုချောက်ထောင်၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ခေတ်ပြိုင်က မေးမြန်းခဲ့ရာ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနေမှုသည် ပြည်တွင်းရေးကိစ္စဆိုသည်ထက် ပိုမိုကျယ်ပြန့်စွာ ကြည့်မြင်ရန်လိုအပ်ကြောင်း၊ ယင်းကိစ္စသည် နိုင်ငံရေးပိုင်းဆိုင်ရာ ထိုးနှက်ချက်တရပ်ဖြစ်ကြောင်း ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားခံရစဉ်မှာဖြစ်ခဲ့တဲ့ ကိစ္စဖြစ်ပေမယ့် လုံခြုံရေးပိုင်းဆိုင်ရာတွေကို ဘာတခုမှ စစ်ဆေးအရေးယူတာမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ တရားစွဲနေတာဟာ နိုင်ငံရေးပိုင်းဆိုင်ရာ ထိုးနှက်ချက်တရပ်ဖြစ်တယ်ဆိုတာ မစ္စတာဂိုချောက်ထောင်ကို ပြောချင်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူကိုယ်တိုင်ကလည်း တောင်းဆိုပေးသင့်တယ်လို့ ကျနော်ယူဆတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မစ္စတာဂိုချောက်ထောင်၏ ပြောကြားချက်ကိုမူ ဦးဝင်းတင်က ကြိုဆိုသည်ဟု ပြောကြားသည်။

“ဒီလိုပြောတဲ့အတွက်တော့ ၀မ်းသာပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ ပါဝင်ခွင့်ရရေး ကျယ်ပြန့်တဲ့ နိုင်ငံရေးလမ်းစဉ်ကို အန်အယ်လ်ဒီက ကိုင်စွဲထားတာပါ၊ လူ့အခွင့်အရေး၊ လက်နက်ကိုင် တိုင်းရင်းသား တွေအရေး၊ ဒါတွေအားလုံး ဖြစ်ထွန်းဖို့အတွက်ကိုပဲ အဓိကထားပါတယ်။ ဒါတွေကို လုပ်ဆောင်နိုင်ဖို့ ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ်မှာ မူတည်နေပါတယ်” ဟု ၎င်းက ပြောသည်။

မစ္စတာ ဂိုချောက်ထောင်သည် ပြီးခဲ့သည့် မတ်လတွင် စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ ဇွန်လ (၈) ရက်တွင် ရောက်ရှိခဲ့ပြီး (၄) ရက်ကြာ နေထိုင်မည်ဖြစ်သည်။




ဝီရ / ၁၀ ဇွန် ၂၀၀၉
line


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အား စစ်ဆင်ရေး ပြုလုပ်ရာတွင် နအဖ စစ်ကြောင်းနှင့် ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်တို့က တိုက်ပွဲဖြစ်ရာ အနီးတဝိုက်ရှိ ရွာသားများအား ရှေ့တန်းသို့ လိမ်လည်ခေါ်ဆောင်ကာ ရိက္ခာပစ္စည်းများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ရန် ပေါ်တာသမားအဖြစ် အသုံးပြုနေကြောင်း နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာသူ ရွာသားများက ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၉၉၉) မှ ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးသော အင်အား (၃၀၀) ကျော်ရှိ တပ်ဖွဲ့ချီတက်ရာ ရှေ့တန်းစစ်ကြောင်းတွင် ရွာ (၃) ရွာမှ ရွာသား (၅၀) ခန့်ကို ဘုရားပြုပြင်ရန်ဟု လိမ်လည်ခေါ်ဆောင်ကာ ဗုံးကျည်ဆန် အကြီးစားများနှင့် ရိက္ခာဆန်များကို သယ်ခိုင်းခဲ့ကြောင်း ကရင်သတင်းစဉ်မှ တာဝန်ခံအယ်ဒီတာ နန်းဖော့ဂေက ခေတ်ပြိုင်သို့ ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူ ရွာသားတဦးနှင့် တွေ့ဆုံခဲ့သူ နန်းဖော့ဂေက “ပေါ်တာဆွဲခံရတဲ့ ရွာတွေက ကျုံဒိုးမြို့နယ်က ပနွယ်ကလားရွာသား (၁၈) ယောက်၊ လာ့နိုက် (ကွမ်ဘီ) ရွာသား (၂၀) ယောက်နဲ့ ကုက္ကိုရွာသား (၁၀) ယောက် ပါတယ်။ (၂) ပိဿာလောက်ရှိတဲ့ ဗုံးသီးတွေကို သယ်ခိုင်းတာ၊ တချို့ဆို မသယ်နိုင်ကြဘူး။ စစ်ကြောင်းရဲ့ အလယ်က လိုက်ခိုင်းတာ။ ညဆိုရင်လည်း မိုးရေထဲမှာ ဒီအတိုင်းထိုင်ပြီး အိပ်ခိုင်းတာ။ အဲဒီအထဲက အခု (၁) ယောက် လွတ်မြောက်လာတာ။ (၅) ရက် လိုက်ခဲ့ပြီး အပေါ့အပါးသွားမယ်ပြောပြီး ဇွန်လ (၇) ရက်က ထွက်ပြေးလွတ်မြောက်လာတာ” ဟု ပြောသည်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့သီးသန့်တွင် ပေါ်တာဆွဲခံရသည့်ရွာသား (၄၈) ယောက်ရှိပြီး ကေအန်ယူကို စစ်ဆင်ရေး ပြုလုပ်နေသည့် အခြားတပ်ဖွဲ့များတွင်လည်း ရှိသေးကြောင်း၊ နအဖတပ်များကလည်း ချီတက်လာရာ လမ်းတလျှောက်ရှိ ရွာသားများကို လမ်းပြရန်နှင့် ရိက္ခာခဲယမ်း သယ်ရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ရွာသားများက ထွက်ပြေးသော်လည်း တိုက်ပွဲများခံနေသဖြင့် လမ်းတွင်ပိတ်မိနေသူများလည်း ရှိကြောင်း၊ မိုးတွင်းဖြစ်နေသောကြောင့် နယ်စပ်အထိမလာနိုင်ကြသူများလည်း ရှိကြောင်း ဒုက္ခသည်များရှိရာသို့ ကွင်းဆင်းသွားရောက်ခဲ့သူ နန်းဖော့ဂေက ပြောသည်။

ယခုအခါ ယာယီစခန်း (၄) ခုတွင် နယ်စပ်ဒေသသို့ ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း (၄,၀၀၀) နီးပါးရှိကြောင်း ကရင်ဒုက္ခသည်ကယ်ဆယ်ရေးဌာနက ပြောသည်။

NEJ / ၁၀ ဇွန် ၂၀၀၉

ယခုလ (၆) ရက်နှင့် (၇) ရက်တွင် တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှတဆင့် မူဆယ် ကုန်သွယ်ရေးဇုန်ကို ဖြတ်ကျော်ပြီး အစီး (၃၀) ထက်မနည်းသည့် ဂျပန်နိုင်ငံလုပ် ဇိမ်ခံကားများကို ကွန်တိန်နာများတွင် ထည့်ပြီး မန္တလေးဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံတဦးက ပြောသည်။

ကားအများစုမှာ ဂျပန်နိုင်ငံလုပ် ပါဂျဲုရိုး၊ ပါရာဒို၊ မတ်တူး စသည့် ဇိမ်ခံကား အသစ်များဖြစ်ပြီး ကွန်တိန်နာကဲ့သို့ သေတ္တာများ တပ်ဆင်ထားသည့် မြန်မာနံပါတ်ပါ ကားများပေါ်သို့ ကုန်းဘောင်ထိုးပြီး မောင်းတင်နေသည်ကို တွေ့ခဲ့ရကြောင်း ကျယ်ဂေါင်ဒေသခံတဦးက ပြောသည်။

၎င်းက “ဘယ်ကုမ္ပဏီက လုပ်နေတယ်ဆိုတာတော့ မသိဘူး။ အရင်အစောပိုင်းကတော့ တစီးစ၊ နှစ်စီးစ ဒီဘက်က သွင်းတာ ရှိတာ။ အခုလို အုံလိုက် ကျင်းလိုက် မဟုတ်ဘူး။ အခုက ကျယ်ဂေါင် ဘုန်းကြီးကျောင်းလမ်းကြားထဲမှာ ကားတန်းရှည်ကြီးလို ဖြစ်သွားတာ” ဟု ပြောသည်။

အဆိုပါ ကားများအား မြန်မာပြည်အတွင်း ပြုလုပ်နေသည့် မော်တော်ကားလေလံပွဲများ ရောင်းချရန်ဖြစ်ပြီး သင်္ကြန်မတိုင်မီကာလကလည်း တရုတ်နိုင်ငံလုပ် မှန်လုံဘတ်စ်ကားနှင့် ၀န်တင်ကားများ အစီး (၄၀) ခန့် တင်သွင်းခဲ့ပြီး မကြာသေးမီရက်ပိုင်းကလည်း အဲယားကွန်များတပ်ဆင်ထားသည့် အလုံပိတ်ကုန်ကား (၃၀) ခန့် တင်သွင်းခဲ့သည်ဟု (၁၀၅) မိုင် နကသ၀န်ထမ်းများနှင့် နီးစပ်သူ နယ်စပ်ကုန်သည်တဦးက ပြောသည်။

“အဲဒါတွေက နကသ ကနေ သွားတာမဟုတ်ဘူး။ နေပြည်တော်က တိုက်ရိုက်လုပ်နေတာ။ (၁၀၅) မိုင်မှာ ခဏ၀င်တာလောက်ပဲ။ အဲဒီ နကသအနေနဲ့ ကျန်ကုန်သွယ်မှုတွေလို ဟိုစစ်၊ ဒီစစ် လုပ်လို့မရဘူး။ ဗီအိုင်ပီ ကိစ္စလို ဖြစ်နေတာ။ မြန်မာဘက်ကလည်း ကျွန်းသစ်ကားတွေ တခါလာ (၁၀) စီး၊ (၁၅) စီးနဲ့ ဆက်တိုက်လာနေတာလည်း နကသလုပ်ငန်းနဲ့ မပတ်သက်ဘူး။ အဲဒါတွေက နေပြည်တော်နဲ့ လုပ်နေတာ” ဟု ၎င်းက ပြောသည်။

မူဆယ်-မန္တလေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြုပြီး ယခုကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများနှင့် သက်ဆိုင်သည့် ကားများနှင့် ကုန်ပစ္စည်းသာမကဘဲ စစ်တပ်နှင့်ဆိုင်သည့် ကားနှင့် ပစ္စည်းများလည်း သယ်ဆောင် နေခြင်းဖြစ်သည်။




NEJ / ၁၀ ဇွန် ၂၀၀၉
line


ယခုလဆန်း (၂) ရက်နေ့က စတင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသ တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ထွက်ပြေးတိမ်းရှောင်လာသည့် ကရင် စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ကို ထိုင်းအာဏာပိုင်များက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံမည်မဟုတ်ဘဲ နယ်မြေအေးချမ်းသွားပါက ၎င်းတို့ကို နေရပ်ပြန်ပို့မည်ဟု ပြောသည်။

စစ်ပြေးဒုက္ခသည်များအား လူသားချင်းစာနာသည့်အနေဖြင့် ထိုင်းအာဏာပိုင်များက ယာယီလက်ခံထားကာ ၎င်းတို့ကို ထိုင်းဘက်ခြမ်း ထာ့ဆောင်ရန်းမြို့နယ်အတွင်းရှိ နောင်ဘိုး၊ အူးသူးထ၊ မဲ့စလေ စသည့်နေရာ (၃) ခုတွင် ယာယီခိုလှုံခွင့်စခန်းများဖွင့်လှစ်ကာ စားဝတ်နေရေး၊ ကျန်းမာရေး ကိစ္စများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မယ်လဒုက္ခသည်စခန်း ဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “ထိုင်းဘက်က ဒီလူတွေကို ဒုက္ခသည်စခန်းမှာ လက်ခံဖို့ လုံးဝ အစီအစဉ်မရှိဘူးလို့ သိရတယ်။ အဓိကကတော့ ထိုင်းအာဏာပိုင်တွေအပေါ်မှာပဲ မူတည်တယ်။ ဒီလူတွေလက်ခံဖို့ ကိစ္စနဲ့ပတ်သက်ပြီး အထက်ကလည်း ကျနော်တို့ကို ဘာမှ ပြောထားတာမရှိဘူး” ဟု ပြောသည်။

ယခုလ (၆) ရက်၌ စစ်ပြေးဒုက္ခသည်များ ခိုလှုံရာ ထာ့ဆောင်ရန်းမြို့နယ် နောင်ဘိုး ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသည့် ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ထနွန်စာ အဖိလာ့ယိုထင်က စစ်ပြေးဒုက္ခသည်များ အား ဒုက္ခသည်စခန်းသို့ ပို့ဆောင်မည်မဟုတ်ဘဲ တိုက်ပွဲများပြီးဆုံးသွားပါက ၎င်းတို့ကို နေရပ်ပြန်ပို့မည်ဟု သတင်းထောက်များအား ပြောကြားသည်။

စစ်ပြေးဒုက္ခသည်တဦးဖြစ်သူ နော်ပလဲ့က “နေရေးထိုင်ရေး အားလုံးအဆင်ပြေပါတယ်။ ကျမ ကလေး (၄) ယောက် လည်း နေ့တိုင်းမုန့်စားရတယ်။ အ၀တ်အထည်တွေ၊ စောင်ခြင်ထောင် အားလုံးပေးပါတယ်။ ကိုယ့်ရွာမဟုတ်လို့လား မသိဘူး။ ရွာကိုပဲပြန်ချင်တယ်။ ကလေးတွေလည်း ဒီမှမပျော်ဘူး” ဟု ပြောသည်။

ထိုင်းဘက်သို့ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်သည် လှိုင်းဘွဲ့မြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၀) ကျော်မှ ရွာသားများဖြစ်ကြပြီး ၎င်းတို့ကို UNHCR-TBBC-KRC နှင့် အခြားအစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ထိုင်းကျန်းမာရေးဌာနများက လိုအပ်သည့် အစားအစာ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ ပေးပို့ကူညီလျက်ရှိသည်။

တပ်မဟာ (၇) ဘားအံခရိုင်ဒေသအတွင်း နောက်ဆုံးရရှိသည့် သတင်းအရ နအဖ-ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တဖက်နှင့်တဖက် ထိပ်တိုက်အပြန်အလှန်ပစ်ခတ်ခြင်း မရှိသေး သော်လည်း ယနေ့မွန်းလွဲပိုင်းတွင် တပ်မဟာ (၇) လက်အောက်ခံ တပ်ရင်း (၂၁) တည်ရှိရာ မဲစလေဒေသ အတွင်းသို့ (၈၁) မမ၊ (၆၀) မမ၊ မော်တာများဖြင့် အဝေးမှလှမ်းပစ်မှုများ ရှိသည်ဟု တပ်မဟာ (၇) မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီးစဂျွန်က ခေတ်ပြိုင်သို့ ပြောသည်။




NEJ / ၁၀ ဇွန် ၂၀၀၉
line


ယခုလ (၆) ရက်နှင့် (၇) ရက်တွင် တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှတဆင့် မူဆယ် ကုန်သွယ်ရေးဇုန်ကို ဖြတ်ကျော်ပြီး အစီး (၃၀) ထက်မနည်းသည့် ဂျပန်နိုင်ငံလုပ် ဇိမ်ခံကားများကို ကွန်တိန်နာများတွင် ထည့်ပြီး မန္တလေးဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံတဦးက ပြောသည်။

ကားအများစုမှာ ဂျပန်နိုင်ငံလုပ် ပါဂျဲုရိုး၊ ပါရာဒို၊ မတ်တူး စသည့် ဇိမ်ခံကား အသစ်များဖြစ်ပြီး ကွန်တိန်နာကဲ့သို့ သေတ္တာများ တပ်ဆင်ထားသည့် မြန်မာနံပါတ်ပါ ကားများပေါ်သို့ ကုန်းဘောင်ထိုးပြီး မောင်းတင်နေသည်ကို တွေ့ခဲ့ရကြောင်း ကျယ်ဂေါင်ဒေသခံတဦးက ပြောသည်။

၎င်းက “ဘယ်ကုမ္ပဏီက လုပ်နေတယ်ဆိုတာတော့ မသိဘူး။ အရင်အစောပိုင်းကတော့ တစီးစ၊ နှစ်စီးစ ဒီဘက်က သွင်းတာ ရှိတာ။ အခုလို အုံလိုက် ကျင်းလိုက် မဟုတ်ဘူး။ အခုက ကျယ်ဂေါင် ဘုန်းကြီးကျောင်းလမ်းကြားထဲမှာ ကားတန်းရှည်ကြီးလို ဖြစ်သွားတာ” ဟု ပြောသည်။

အဆိုပါ ကားများအား မြန်မာပြည်အတွင်း ပြုလုပ်နေသည့် မော်တော်ကားလေလံပွဲများ ရောင်းချရန်ဖြစ်ပြီး သင်္ကြန်မတိုင်မီကာလကလည်း တရုတ်နိုင်ငံလုပ် မှန်လုံဘတ်စ်ကားနှင့် ၀န်တင်ကားများ အစီး (၄၀) ခန့် တင်သွင်းခဲ့ပြီး မကြာသေးမီရက်ပိုင်းကလည်း အဲယားကွန်များတပ်ဆင်ထားသည့် အလုံပိတ်ကုန်ကား (၃၀) ခန့် တင်သွင်းခဲ့သည်ဟု (၁၀၅) မိုင် နကသ၀န်ထမ်းများနှင့် နီးစပ်သူ နယ်စပ်ကုန်သည်တဦးက ပြောသည်။

“အဲဒါတွေက နကသ ကနေ သွားတာမဟုတ်ဘူး။ နေပြည်တော်က တိုက်ရိုက်လုပ်နေတာ။ (၁၀၅) မိုင်မှာ ခဏ၀င်တာလောက်ပဲ။ အဲဒီ နကသအနေနဲ့ ကျန်ကုန်သွယ်မှုတွေလို ဟိုစစ်၊ ဒီစစ် လုပ်လို့မရဘူး။ ဗီအိုင်ပီ ကိစ္စလို ဖြစ်နေတာ။ မြန်မာဘက်ကလည်း ကျွန်းသစ်ကားတွေ တခါလာ (၁၀) စီး၊ (၁၅) စီးနဲ့ ဆက်တိုက်လာနေတာလည်း နကသလုပ်ငန်းနဲ့ မပတ်သက်ဘူး။ အဲဒါတွေက နေပြည်တော်နဲ့ လုပ်နေတာ” ဟု ၎င်းက ပြောသည်။

မူဆယ်-မန္တလေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးပြုပြီး ယခုကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများနှင့် သက်ဆိုင်သည့် ကားများနှင့် ကုန်ပစ္စည်းသာမကဘဲ စစ်တပ်နှင့်ဆိုင်သည့် ကားနှင့် ပစ္စည်းများလည်း သယ်ဆောင် နေခြင်းဖြစ်သည်။

ဒေါ်စုနဲ့ ဥပဒေအကျိုးဆောင်တွေ တနာရီကြာ တွေ့ဆုံခွင့်ရ

10 June 2009

ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူ့ဘက်က ခုခံချေပမဲ့ သက်သေတွေ ထပ်ပြီးတင်ပြခွင့်ရဖို့ လိုလားနေဆဲပဲလို့ သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ သက်သေအဖြစ် တင်သွင်းထားသူ ၄ ဦး အနက် ပယ်ချခံထားဆဲဖြစ်တဲ့ ကျန် ၂ ယောက်ကို လက်ခံဖို့ ဥပဒေ အကျိုးဆောင်တွေက ကြိုးပမ်းနေတာကိုလည်း ဆက်လုပ်သွားဖို့ ဒီကနေ့ ရန်ကုန် အင်းစိန်ထောင်တွင်းမှာ တွေ့ဆုံစဉ် ပြောခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ တရားခွင် အခြေအနေတွေကို တောက်လျှောက် စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က ဒီသတင်းကို တင်ပြပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်သွင်းခွင့်ရဖို့အတွက် ဥပဒေ အကျိုးဆောင်တွေက ကြိုးပမ်းခဲ့ပေမဲ့ ၂ ဦးသာ ခွင့်ပြုထားတာမို့ နောက်ထပ် ကျန်နေသေးတဲ့ သက်သေတွေ တင်သွင်းခွင့်ရဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လိုလားနေတဲ့အကြောင်း ပြောလိုက်တာပါ။ ပယ်ချခံထားရတဲ့ နောက်ထပ် သက်သေ ၂ ဦးဖြစ်ကြတဲ့၊ ဒေါ်အောင်ဆန်းစုကြည်လိုပဲ နေအိမ် အကျယ်ချုပ် ကျခံနေရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ နောက် အတွင်းရေးမှူး ဦးဝင်းတင် တို့ကိုပါ တရားခွင်မှာ ထွက်ဆိုခွင့်ရဖို့ ဆက်ပြီး ကြိုးပမ်းသွားဖို့ ပြောလိုက်တာပါ။ ရန်ကုန်အင်းစိန်ထောင်တွင်းမှာ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေ မွန်းလွဲပိုင်းက ၁ နာရီကျော်ကြာ တွေ့ဆုံမှုအတွင်း အခုလို ပြောလိုက်တာလို့ ဒီအထဲက ရှေ့နေတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း က ပြောပါတယ်။

“မနေ့က တိုင်းတရားရုံးက သက်သေတဦး ထပ် ခွင့်ပြုတယ်။ ဦးတင်ဦး၊ ဦးဝင်းတင်တို့ကို လက်မခံဘူး။ အဲဒီ အမိန့်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရှေ့ဆက်လုပ်ဖို့ ဆွေးနွေးကြတယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် အမှုဟာ ဥပဒေအရ မမှန်ဘူး ဖြစ်တဲ့အတွက် ဆုံးခန်းတိုင်အောင် ကျွန်တော်တို့ အထက်အဆင့်ကို တက်ပါ၊ လိုအပ်သလို လုပ်ပါလို့ ညွှန်ကြားပါတယ်။”

တားဆီး ကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ၊ သက်သေ ၄ ယောက် အဖြစ်နဲ့ အန်အယ်လ်ဒီ ပါတီ က ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်၊ တောင်ကြီးမြို့က တရားရုံးချုပ် ရှေ့နေ ဒေါ်ခင်မိုးမိုး နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း တို့ကို တင်သွင်းခွင့်ရဖို့ ကြိုးပမ်းနေကြတာပါ။ ဒါပေမဲ့လည်း အစောပိုင်းမှာ ဒီအထဲက ဦးကြည်ဝင်း တဦးထဲကိုသာ တရားရုံးက ခွင့်ပြုခဲ့လို့ ရန်ကုန်တိုင်း တရားရုံးကို ပြင်ဆင်ချက် လျှောက်ထားခဲ့ပေမဲ့ နောက်ထပ် ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဒေါ်ခင်မိုးမိုး ကိုပဲလက်ခံဖို့ မနေ့တုန်းက ဆုံးဖြတ်လိုက်တာပါ။ ဒါဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ချက် မဟုတ်တာမို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေက တရားရုံးချုပ်အထိ ဆက်ပြီး လျှောက်လဲသွားဖို့လည်း ပြင်ဆင်နေကြတာပါ။ အစောပိုင်း တရားခွင်ရဲ့ ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် ဘက်က သက်သေ ၁ ယောက်သာ တင်ပြထွက်ဆိုခွင့် ရပြီး တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အာဏာပိုင်တွေ ဘက်ကတော့ သက်သေ ၁၄ ယောက်အထိ ရုံးတော်မှာ ထွက်ဆိုခွင့် ရခဲ့တာမို့လို့လည်း ဒါဟာ တရားမျှတမှု မရှိဘူးဆိုပြီး ရှေ့နေတွေက ပြောထားတာပါ။ နေအိမ်ခြံဝန်းထဲကို အမေရိကန် နိုင်ငံသားတဦး တိတ်တဆိတ် ရေကူး ၀င်ရောက်တာကို လက်ခံတာဟာ တားမြစ်ချက်ကို ဖောက်ဖျက်တာဆိုပြီး အာဏာပိုင်တွေ ဘက်က စွပ်စွဲပြီး တရားစွဲဆိုထားပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ သူဟာ အပြစ်မရှိကြောင်း ရုံးတော်ကို ပြောထားတာပါ။ တကယ်တော့ နေအိမ်အကျယ်ချုပ် သက်တမ်းစေ့တော့မယ့်အချိန် အခုလို နောက်ထပ် အပြစ်ပေး အရေးယူ ခံရမယ့် အခြေအနေမျိုး ဖြစ်လာတာမို့ အခုအဖြစ်အပျက်နဲ့ ပတ်သက်လို့ သံသယတွေလည်း ထွက်ပေါ်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ အခုဖြစ်ရပ်တခုလုံးဟာ နိုင်ငံရေးရည်ရွယ်ချက်တွေ ပါဝင်နေတယ်လို့ ယုံကြည်ထားတဲ့အကြောင်း တွေ့ဆုံဆွေးနွေးခွင့်ရခဲ့တဲ့ ရှေ့နေ ဦးဥာဏ်ဝင်း ကပဲ ပြောပြပါတယ်။

“ဒီနေ့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီအမှုကတဲ့ ဘာမှ သူမကျူးလွန်ဘဲနဲ့ လုပ်တာ။ ဒါဟာ နိုင်ငံရေးအရ တရားစွဲတဲ့ အလုပ်ပဲလို့ သူ ဒီလို သုံးသပ်ထားပါတယ်။”

ဒီလိုပဲ နောက်ထပ် ဥပဒေနဲ့ မည်ီတဲ့ လုပ်ရပ်တွေကလည်း ရှိနေဆဲလို့လည်း ဒေါ်အောင်ဆန်းစုကြည် က ရှုမြင်ထားတာပါ။ အခုဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် ကို အခုနောက်ဆုံး ထပ်ပြီး စွပ်စွဲချက် အသစ်တွေနဲ့ အရေးယူဖို့ လုပ်လာချိန်ကစလို့ မူလက ပြစ်ဒဏ်တွေ ပျက်ပြယ်သွားပြီ ဖြစ်မဲ့လည်း ဆက်လက်ပြီး သက်ရောက်မှုတွေက ရှိနေဆဲ ဖြစ်တာကြောင့် ဒါဟာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် က လက်မခံနိုင်ပဲ ဖြစ်နေရတယ်လို့ ဦးဥာဏ်ဝင်း က ပြောပါတယ်။

“အခု ၂၆ရက် မေလကတည်းက ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ထားတဲ့ တားဆီးမှုတွေ အကုန်လုံးကို ရုတ်သိမ်းလိုက်ပြီ။ ရဲချုပ်ကြီး ကိုယ်တိုင်နဲ့ ရဲမှူးချုပ် တယောက်က လာပြီးတော့ ဖတ်ပြတယ်။ ကျွန်တော်တောင် ရှိတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ကို နှောက်ယှက် ဖျက်ဆီးလိုတဲ့ ဥပဒေနဲ့ အရေးယူထားတာ လုံးဝ မရှိတော့ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အိမ်မှာ နှစ်ပေါင်းများစွာ ပစ္စည်း အဟာင်းနဲ့ ကောင်းတာတွေ ဖယ်၊ မကောင်းတာတွေ ကို ထုတ်ချင်လည်း ထုတ်ဖို့ အဲဒီတာဝန်တွေကို ပေးလိုက်တယ်။ အဲဒီ တာဝန်ပေးလိုက်တဲ့သူတွေက အခုထိ အဲဒီ အိမ်ကို ၀င်လို့ မရဘူး။ အထက် အမိန့်စောင့်နေတယ်လို့ ပြောတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလုံးဝ မကျေနပ်ဘူးလို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာဥပဒေမှ မရှိတော့ဘဲနဲ့ ဒီလို လုပ်တာဟာ ဥပဒေမဲ့တယ်လို့ ပြောပါတယ်။ ဥပဒေအရရော ဘာတွေကို ဆောင်ရွက်နိုင်မလဲ နည်းလမ်းရှာပါလို့ ကျွန်တော့်ကို ညွှန်ကြားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်းစိန်ထောင်တွင်းမှာ တွေ့ဆုံခဲ့တဲ့ သူ့ရဲ့ ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်း ပါ။ ဒီကနေ့ ထောင်တွင်း တွေ့ဆုံမှုတွေအတွင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်မှု ရှိလာတာ တွေ့ရတယ်လို့လည်း ဦးဥာဏ်ဝင်း က ပြောပါတယ်။ အစောပိုင်းမှာတုန်းကတော့ ကြွက်တက်တဲ့ ဝေဒနာ ဆိုးဆိုးရွားရွား ခံရပေမဲ့ အခုအခါမှာတော့ အရင်ကထက်စာရင် သက်သာမှုရလာတဲ့အကြောင်း ရှေ့နေတွေကို ပြောပြတယ်လို့လည်း ဆိုပါတယ်။ အစောပိုင်းမှာတုန်းကတော့ အခုလာမယ့် သောကြာနေ့ ကျရင် ရန်ကုန် အင်းစိန်ထောင်တွင်းမှာ ကြားနာနေတဲ့ တရားခွင်မှာ၊ ရှေ့နေတွေ လျှောက်လဲချက်တွေ တင်သွင်းဖို့ ယာယီအားဖြင့် သတ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဘက်က ခုခံပေးမယ့် သက်သေတွေ နောက်ထပ် တင်သွင်းခွင့်ရဖို့ ကြိုးပမ်းမှုတွေ ရှိလာတာနဲ့အမျှ တရားခွင် အစီအစဉ်တွေမှာ အပြောင်းအလဲတချို့ ရှိလာမယ်လို့လည်း မျှော်လင့်ရကြောင်းပါ။

နာဂစ် ထူထောင်ရေး စစ်အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့ အာစီယံနဲ့ အလှူရှင် နိုင်ငံတွေ တောင်းဆို

10 June 2009


နာဂစ်မုန်တိုင်းဒဏ် ခံရတဲ့ဒေသတွေ ပြန်လည်တည်ထောင်ဘို့ အကူအညီပေးရေးမှာ စစ်အစိုးရဘက်က ပူးပေါင်း ဆောင်ရွက်ပါ့မယ် ဆိုတဲ့ အာမခံချက်ပေးဘို့ အာစီယံ အရှေ့တောင်အာရှ နိုင်ငံတွေက တိုက်တွန်းနေပါတယ်။ အရင်က နိုင်ငံခြားက အကူအညီပေးရေး အဖွဲ့ဝင်တွေကို ပြည်ဝင်ခွင့် ဗီဇာ ချက်ခြင်း မြန်မြန်ဆန်ဆန် ထုတ်ပေးတဲ့ စနစ်ကို မြန်မာစစ်အစိုးရဘက်က ဖျက်သိမ်းလိုက်ပါတယ်။ စစ်အစိုးရဘက်က ပြည်တွင်း နာဂစ်ထူထောင်ရေး အကူအညီပေးတဲ့ လုပ်ငန်းတွေအပေါ် ကန့်သတ်တာတွေ ရှိလာနိုင်တယ်ဆိုပြီး အလှူရှင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဘက်က စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ ဘန်ကောက်မြို့ကနေ Daniel Schearf သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးပါတယ်။

အရင် နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေမှာ နိုင်ငံတကာ အကူအညီတွေ ရအောင် ကြိုးစားပေးခဲ့တဲ့ အာစီယံ။ ကုလသမဂ္ဂနဲ့ မြန်မာစစ်အစိုးရ ပူးပေါင်းထားတဲ့ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ Tripartite Core Goup ရဲ့အခန်းကဏ္ဍကို စစ်အစိုးရဘက်က ပယ်ဖျက်လာတာကို အာစီယံ ခေါင်းဆောင်တွေ ၀န်ခံပြောဆိုလာနေပါတယ်။

တချိန်တည်းမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနေတဲ့ ကိစ္စကလည်း မြန်မာစစ်အစိုးရအပေါ် အလှူရှင်နိုင်ငံတွေ မေတ္တာပျက်ရတဲ့အကြောင်းတခုဖြစ်နေတာကို အာစီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်ကိုယ်တိုင် ၀န်ခံပြောလာပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုင်ငံတကာ အလှူရှင်နိုင်ငံတွေနဲ့ အာစီယံ အရှေ့တောင်အာရှ နိုင်ငံတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ကိုယ်စားလှယ် သုံးဆယ်လောက် တက်ရောက်တဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသ ပြန်လည်ထူထောင်ရေး အကူအညီတွေ ပေးဘို့ ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံကို အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့ ကိစ္စ စိုးရိမ်မိတယ်ဆိုပြီး အစည်းအဝေးအပြီး အာစီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“မြန်မာအစိုးရဘက်က တိတိကျကျ အကြောင်းပြန်တာ၊ နောက် အာမခံချက် ထပ်ပြီး ပေးတာမျိုးကို ကျွန်တော်တို့က ရအောင် ကြိုးစားနေပါတယ်။ ကျွန်တော်တို့ လိုချင်တာက ကျွန်တော်တို့ကို မြန်မာအစိုးရဘက်က အပြည့်အ၀ ထောက်ခံမှုပေးမယ့်၊ သွားရောက် လုပ်ကိုင်နိုင်ခွင့် အပြည့်အ၀ ပေးမယ့်။ မြစ်ဝကျွန်းပေါ်ဒေသကို နိုင်ငံတကာ အကူအညီတွေ ပေးနိုင်အောင် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ့် အာမခံချက်မျိုးပါ။”

မြန်မာနိုင်ငံကို ပေးအပ်တဲ့ နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး အကူအညီတွေကို ပထမ ခြောက်လအတွင်းမှာ ကောင်းကောင်းမွန်မွန် ပေးအပ်နိုင်ခဲ့တယ်လို့ ဆူရင်ပစ်ဆူဝမ်က ပြောပါတယ်။ ဒီလို ပေးနိုင်အောင် အာစီယံ၊ မြန်မာနဲ့ ကုလသမဂ္ဂ သုံးဖွဲ့ပေါင်း ကူညီရေး အဖွဲ့က ပူးပေါင်းဆောင်ရွက်ပြီး ဒီလို ပေးအပ်နိုင်အောင် ကမကထလုပ်ပေးခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အရေးပေါ် အကူအညီပေးရေး အနေအထားကနေ ပြန်လည် တည်ထောင်ရေး စီမံချက်တွေ ချမှတ်တဲ့အချိန် မြန်မာစစ်အစိုးရက နာဂစ်ကယ်ဆယ်ရေး သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ Tripartite Core Goup ရဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခန်းကဏ္ဍကို ဖယ်ရှား လိုက်တယ်လို့ အာစီယံအွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံခြားက အကူအညီပေးရေး အဖွဲ့ဝင်တွေ လာရောက်ကူညီရေး လုပ်ငန်းစဉ်တွေကို အရင်တုန်းကလို မြန်မြန်ဆန်ဆန် လုပ်မပေးတော့ဘဲ ကျန့်ကြာအောင် လုပ်လာခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီး တရားစွဲဆိုနေတဲ့အတွက်လည်း နိုင်ငံတကာ အလှူရှင်တွေ မြန်မာနိုင်ငံအပေါ် စိတ်ပျက်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဒီအချက်က သူတို့ဘက်က စိတ်အား ထက်ထက်သန်သန်နဲ့ ပါဝင်ကူညီချင်တဲ့ ဆန္ဒကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ အလှူရှင်တွေက ထုတ်ပြီး အသေအခြာ ပြောလာပါတယ်။ ကူညီရေးကိစ္စမှာ နှောင့်နှေးတာတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ အလှူငွေတွေကို ထိမ်းတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စကို အနာဂတ်မှာ ဆက်ပြီး အကူအညီပေးဖို့ ဆက်လုပ်ဘို့ ဆိုတဲ့ ကိစ္စနဲ့ ခွဲပြီး စဉ်းစားကြတာ မဟုတ်ပါဘူး။”

ဒါပေမဲ့လည်း အလှူရှင်တွေက ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ဆိုတဲ့ တောင်းဆိုချက်ကို နာဂစ်အကူအညီ ထပ်ပေးရေး အတွက် ကြိုတင်သတ်မှတ်ချက် သဘောမျိုးတော့ ပြောတာ မရှိပါဘူးလို့ ဆူရင် ပစ်ဆူဝမ်က ပြောပါတယ်။

ရုံးတင် တရားစွဲဆိုခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နောက်ထပ် အကျဉ်းထောင်ထဲမှာ ငါးနှစ် ထောင်ချနိုင်တယ်ဆိုပြီး မျှော်လင့်ရပါတယ်။ မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ချုပ်နှောင်နိုင်ဖို့အတွက် ဒီလို အမှူဆင် တရားစွဲဆိုတာလို့လည်း အားလုံးက ကျယ်ကျယ်ပျံ့ပျံ့ လက်ခံထားပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေကို ချဉ်းကပ်တဲ့အခါ ပျော့ပျော့ပြောင်းပြောင်းနဲ့ ချဉ်းကပ်နားချတဲ့ မူမျိုးကို ကျင့်သုံးခဲ့ပြီး ဒီ မဟာဗျူဟာကပဲ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးမှာ မြန်မာနိုင်ငံကို အကူအညီတွေ အောင်အောင်မြင်မြင် ပေးနိုင်အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ အာစီယံ အဖွဲ့က ပြောပါတယ်။

မြန်မာစစ်အစိုးရဟာ စောစောပိုင်း နာဂစ်မုန်တိုင်းတိုက်ပြီး တသင်းပတ် အတော်ကြာအထိ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို လက်မခံခဲ့ပါဘူး။ ဒါကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ နောက်ကျပြီး လူတွေ ပိုပြီး ဘေးအန္တရယ်ကြုံခဲ့ရတယ်ဆိုပြီး စစ်အစိုးရအပေါ် ဖေ၀န်ချက်တွေ ထွက်ပေါ်ခဲ့တာပါ။

အခုအချိန်အထိ ဧရာဝတီဖြစ်ဝကျွန်ပေါ်ဒေသတွက် အကူအညီ အမေရိကန် ဒေါ်လာ သန်းသုံးရာလောက် ပေးအပ်ခဲ့ပြီးပါပြီ။ နောက်ထပ် လိုအပ်နေတဲ့ ပြန်လည်ထူထောင်ရေး အကူအညီ အမေရိကန် ဒေါ်လာ သန်း ၇၀၀ လောက်ကို ရဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်ပြီး ကြိုးစားနေကြပါတယ်။ ဒီ မုန်တိုင်းဘေးအန္တရယ်ကြားမှာ လူ တသိန်းလေးသောင်းလောက် သေဆုံးပြီး နှစ်သန်းလောက်အထိ ဒုက္ခရောက်ခဲ့ကြတာလို့ ဆောင်းပါးရှင် Danief Schearf က ရေးသားထားတာပါ။

ဗုံးခွဲခံ ပါကစ္စတန်ဟော်တယ် အပျက်အစီးကြား အသက်မသေ ကျန်ရစ်သူများကို ရှာဖွေနေဆဲ

10 June 2009


ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့(Peshawar) က ဟိုတယ်ကို မနေ့ ညနေက အသေခံ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရလို့ အနည်းဆုံး ၁၅ယောက် သေဆုံးခဲ့ရပြီးနောက်၊ အခု အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ပါကစ္စတန် အနောက်မြောက်ဘက် ဒေသရဲ့ အချက်အခြာကျတဲ့ ပက်ရှဝါမြို့က ပါလ် ကွန်တီနန်တယ်(Pearl Continental ) ဟိုတယ်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဟိုတယ် အပြင်ဘက်မှာလည်း ထရပ်ကား ဗုံး ထောင် ပေါက်ကွဲခဲ့လို့ နောက်ထပ် လူ ၇၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဟိုတယ် လုံခြုံရေး ကင်မရာတွေရဲ့ မှတ်တမ်းကို ဒီနေ့ ထုတ်လွှင့်ခဲ့တာမှာ ကားတစီး ဟိုတယ်လုံခြုံရေး ဂိတ်နားကို မောင်းလာပြီး စစ်သေနတ်တွေနဲ့ ပစ်ခတ်နေပုံ၊ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်တင်ဆောင်လာတဲ့ ထရပ်ကား တစီး လုံခြုံရေး အတားအဆီးတွေကို ကျော်ဖြတ်ပြီး မောင်းဝင်လာတဲ့ ပုံတွေကို တွေ့ရပါတယ်။ ဟိုတယ် တခြမ်းလုံး ပျက်စီးခဲ့ရတာကိုလည်း တွေ့မြင်ရပါတယ်။ ကုလသမဂ္ဂ ၀န်ထမ်း ၂ဦးဖြစ်တဲ့ UNHCRက ဆားဗီးယား နိုင်ငံသား ၀န်ထမ်းနဲ့ UNICEF က ဖိလစ်ပိုင် နိုင်ငံသား ၀န်ထမ်းတို့ သေဆုံး ခဲ့တယ်ဆိုတာကို ကုလသမဂ္ဂ က အတည်ပြုလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပါကစ္စတန် သမ္မတ အာဆစ်အလီဇာဒါရီ၊ ၀န်ကြီးချုပ် ယူဆွတ်ရာဇာဂီလာနီ နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။

နောက်ဆုံးရောက် ကရင်ဒုက္ခသည်များ လိုအပ်ချက် ကုလနဲ့ထိုင်း ကူညီမည်

10 June 2009


မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ကို
ထွက်ပြေးနေရသူတွေကို ကူညီစောင့်ရှောက်ဖို့ ကုလသမဂ္ဂက ထိုင်းအာဏာပိုင်တွေနဲ့
လက်တွဲလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ထွက်ပြေးရတဲ့ ကရင်ဒုက္ခသည် အရေ
အတွက်ဟာ ၆,၀၀၀ ကျော်လောက်အထိ ရှိနေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါ
တယ်။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအရှေ့ခြမ်း ကရင်ပြည်နယ်ထဲမှာ အစိုးရစစ်တပ်က ကေအန်ယူ ကရင်
အမျိုးသား အစည်းအရုံးကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒေသခံ ၆,၄၀၀
လောက်အထိ အိုးအိမ်စွန့်ခွာပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံနေကြရပါတယ်။
တိုက်ပွဲတွေဟာ ဆက်ပြီးဖြစ်ပွားနေဆဲ၊ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေလည်း ပိုပိုပြီး
များလာနေပါတယ်။ ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘဲ
(Marie Okabe) က အခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့
ကရင်တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်အခြေအနေ ပိုသိနိုင်အောင်
လို့ UNHCR ဒုက္ခသည်ဆိုင်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ကြိုးပမ်း
ဆောင်ရွက်နေပါတယ်။ မကြာခင်ကရောက်လာတဲ့ အရေအတွက်ကို သိနိုင်ဖို့
ထိုင်းနိုင်ငံမြောက်ပိုင်းကို UNHCR ၀န်ထမ်းတွေ ဒီရက်ပိုင်း သွားရောက်နေကြပါတယ်။
ခန့်မှန်းခြေအားဖြင့် ၂,၀၀၀ ကနေ ၆,၄၀၀ လောက် ရှိမယ်လို့ ယူဆရပါတယ်။”

အခုလိုမျိုး ကရင်ဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲ ထွက်ပြေးရောက်ရှိလာတာကို ထိုင်းအစိုး
ရက အတည်ပြု ပြောကြားထားပါတယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်
ပြီး မာရီ အိုကာဘဲက အခုလိုဆက်ပြောပါတယ်။

“ရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ UNHCR ကနဦး စကားစမည် ပြောကြည့်
ချက်အရဆိုရင်တော့ သူတို့ဟာ မြန်မာအစိုးရနဲ့ အစိုးရရဲ့ မဟာမိတ် ဒီကေဘီအေ
ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး
တို့ကြားမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရတာ ဖြစ်ပုံရပါတယ်။ တခြား
သူတွေ အပြောအရကတော့ သူတို့ဟာ အစိုးရတပ်ဘက်က အတင်း လုပ်အားပေး
ခိုင်းစေတာတွေကို ကြောက်လို့ ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘဲ ပြောသွားတာ
ဖြစ်ပါတယ်။

မြန်မာအစိုးရ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကို ဇွန်လ ၄ ရက်နေ့မှာ စတင်
ပြုလုပ်ခဲ့ပြီး တိုက်ပွဲတွေကတော့ ဇွန်လ ၂ ရက်နေ့ကတည်းက ဖြစ်ပွားနေတာပါ။
တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၂၀ လောက်ကလူတွေ အိုးအိမ်စွန့်ခွာ
ထွက်ပြေးကြရပါပြီ။ တချို့က ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဆီ ရောက်ရှိ
ခိုလှုံနေကြပြီ ဖြစ်ပါတယ်။ အခုဒုက္ခသည်များအရေးနဲ့ ပတ်သက်ပြီး သူတို့ရဲ့လိုအပ်ချက်
တွေကို ဖြည့်ဆည်းပေးဖို့ ကုလသမဂ္ဂအနေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်း
ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးဟာ ၁၉၄၈ ခုနှစ်ကတည်းက မြန်မာ
စစ်အစိုးရကို တော်လှန်နေတာ ဖြစ်ပါတယ်။

ပါကစ္စတန်ဗုံးကွဲမှု လူ ၁၁ဦးသေ၊ ၇၀ ဒဏ်ရာရ

10 June 2009


Rescuers search for victims of a suicide blast at Peshawar's Pearl Continental Hotel, 09 Jun 2009
ဗုံးခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဟိုတယ်အတွင်း ကယ်ဆယ်ရေးလုပ်သား များ ရှာဖွေနေစဉ်။
ဇွန် ၉၊ ၂၀၀၉။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း
နယ်စပ်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ ပက်ရှ်ဝါမြို့က
ဇိမ်ခံဟိုတယ်တခု အပြင်ဘက်မှာ ထရပ်ကား
နဲ့ ဗုံးခွဲပြီး အသေခံတိုက်ခိုက်ခဲ့တာကြောင့်
လူအနည်းဆုံး ၁၁ ဦးသေဆုံးပြီး ၅၂ ဦးကျော်
ဒဏ်ရာရရှိသွားပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား တဦးမက
ပါဝင်တယ်လို့ ဒေသခံ အာဏာပိုင်တွေက
ပြောပါတယ်။ သေဆုံးတဲ့ နိုင်ငံခြားသား
တယောက်က ကုလသမဂ္ဂ ဒုက္ခသည်များ
အဖွဲ့အစည်းရဲ့ဝန်ထမ်း ဆားဘီးယားနိုင်ငံသား
ဖြစ်ပါတယ်။

အင်္ဂါနေ့နှောင်းပိုင်းမှာ တိုက်ခိုက်မှုဖြစ်ပွားပြီး အဲဒီ အကောင်းစား Pearl Continental
Hotel အထဲမှာ ပြည်နယ် နိုင်ငံရေးသမားတွေရော ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး
အရာရှိတွေရော ရှိနေကြပါတယ်။

အစပိုင်းထွက်လာတဲ့ အစီရင်ခံစာတွေမှာတော့ ဟိုတယ်ရဲ့ ယာဉ်ရပ်နားထားတဲ့
မြေကွက်လပ်ကို ထရပ်ကားတစီး မောင်းဝင်လာပြီး သေနတ်သံ အရင်စကြားရတာ၊
ပြီးတော့ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး ဟိုတယ်ဘေးဘက် ပွင့်ထွက်သွားလို့
အဆောက်အအုံလည်း မီးစွဲလောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်တယ်ဆိုပြီး ဘယ်သူကမှတော့ တာဝန်ယူ ပြောကြားမှု
မရှိသေးပါဘူး။ ဒါပေမယ့် ပြည်နယ်ဝန်ကြီးချုပ် အက်ဖ်တပ်ဘ် ရှာပါအို (Aftab
Sherpao) ကတော့ ဒီတိုက်ခိုက်မှုဟာ ဆွာ့တ်တောင်ကြားမှာရှိတဲ့ တာလီဘန်သူပုန်တွေ
ကို တိုက်ခိုက်နေတဲ့ အစိုးရကို ဖိအားပေးဖို့ ပြုလုပ်တာ အသေအချာပါပဲလို့
ပြောကြားသွားပါတယ်။

ကလေးစစ်သား အသုံးမပြုရေး ပိုမိုတင်းကျပ်တဲ့ စနစ်ထားဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

10 June 2009


မြန်မာနိုင်ငံတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ကလေးငယ်တွေ စုဆောင်း
အသုံးပြုနေတာတွေကို တားမြစ်ဖို့ မြန်မာစစ်အစိုးရအနေနဲ့ ဒီထက်ကို တင်းကျပ်တဲ့
လုပ်ငန်းစနစ်တွေ ထားရှိဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon)
က မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ကလေးစစ်သား အသုံးပြုမှုကို ကာကွယ်တားဆီးဖို့ ဥပဒေတွေ
ထုတ်ပြန်၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်း စတာတွေအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
အနေနဲ့ ချီးကျူးပြောထားပေမယ့် ကလေးတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ
ဆက်ပြီး အသုံးပြုနေတာတွေ ရှိတာကြောင့် ကလေးတွေကို လက်နက်ကိုင်အဖွဲ့တွေ
အတွင်း အသုံးပြုတာတွေကို ဒီထက်ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့လိုမယ်လို့
အတွင်းရေးမှူးချုပ်က တိုက်တွန်းတာပါ။ မနေ့ကပဲ အတွင်းရေးမှူးချုပ်ကနေ ကုလသမဂ္ဂ
လုံခြုံရေးကောင်စီကို အစီရင်ခံစာ တင်သွင်းပြီး မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခ
တွေမှာ ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုတွေ ရှိနေတုန်းပဲဆိုတာကို စိုးရိမ်တကြီး
ထောက်ပြသွားပါတယ်။

“အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး
ငယ်တွေဆိုင်ရာ အခြေအနေကို လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။ အစီရင်ခံစာ
ထဲမှာ ကလေးတွေအပေါ် အကြမ်းဖက်မှုတွေ ဘယ်လောက်ဆိုးဆိုးဝါးဝါး ဖြစ်နေသလဲ
ဆိုတဲ့ အချက်အလက်တွေ ပါသလို ဒီပဋိပက္ခမှာ တာဝန်ရှိတဲ့ အစိုးရနဲ့ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းတွေ အမည်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ မာရီ အိုကာဘဲ (Marie Okabe)
ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရ တပ်မတော်(ကြည်း) ကို ဒီစာရင်းထဲမှာ ထည့်ထားသလိုပဲ ကရင်၊ ကရင်နီ၊
ရှမ်း၊ ကချင်၊ ၀ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို ကလေးစစ်သား အသုံးပြု
တဲ့ လက်နက်ကိုင်အဖွဲ့တွေအဖြစ် အမည်စာရင်း ပြုထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခ
နဲ့ ကလေးများဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး လာရောက်တဲ့အချိန်မှာ အဲဒီအထဲ
က အချို့အဖွဲ့တွေကို တွေ့ခွင့်ရပေမယ့် မြန်မာအစိုးရနဲ့ လက်နက်ကိုင်တိုက်ဆဲဖြစ်တဲ့
ကေအန်ယူ၊ ကေအန်ပီပီလို အဖွဲ့တွေနဲ့တော့ အကန့်အသတ်တွေကြောင့် တွေ့ခွင့်မရ
ဖြစ်နေပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီအဖွဲ့တွေကိုပါ တွေ့ခွင့်ရဖို့
မြန်မာအစိုးရဘက်က လမ်းဖွင့်ပေးဖို့ အတွင်းရေးမှူးချုပ်က တောင်းဆိုထားပါတယ်။

“ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး၊ ကေအန်ပီပီ ကရင်နီအမျိုးသား
တိုးတက်ရေးပါတီတို့နဲ့ ကုလသမဂ္ဂအကြား တွေ့ဆုံဆွေးနွေးနိုင်ရေး လမ်းဖွင့်ပေးဖို့
အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။ ဒီအဖွဲ့တွေအနေနဲ့
အရင်မူလ ကတိက၀တ်ပြုထားတာ ရှိပေမယ့်လို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်
၁၅၃၉ နဲ့ ၁၆၁၂ တို့အရ အရေးယူဆောင်ရွက်ရမယ့် သဘောတူညီချက်တွေကို
လက်မှတ်ထိုးဖို့ ရှိနေပါတယ်။”

မြန်မာနိုင်ငံတွင်းက တပ်မတော်(ကြည်း) အပါအ၀င် လက်နက်ကိုင်တပ်တွေအကြား
ကလေးတွေကို တပ်ဖွဲ့အတွက် အသုံးပြုတာမျိုးမလုပ်ဖို့ တားမြစ်တဲ့ နိုင်ငံတကာနဲ့
ပြည်တွင်းဥပဒေတွေကို ပညာပေးတာမျိုးတွေ၊ သင်တန်းပေးတာမျိုးတွေနဲ့ အပြော
မဟုတ်တဲ့ လက်တွေ့နဲ့ တကယ့်ကို ကျကျနန ကလေးတွေကို ကာကွယ်နိုင်မယ့်
နည်းလမ်းတွေကို တင်းတင်းကျပ်ကျပ်လုပ်ဖို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်း
ခဲ့ပါတယ်။

“လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ကလေးတွေကို စုဆောင်းတာမျိုး ကာကွယ်ဖို့နဲ့
တပ်ဖွဲ့တွေအတွင်း ပုံစံမျိုးစုံနဲ့ ရှိပြီးသားကလေးတွေကိုလည်း တပ်ထဲက ပြန်ထုတ်နိုင်
မယ့် လုပ်ငန်းစနစ်တရပ်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်ဖို့ အတွင်းရေး
မှူးချုပ်က မြန်မာအစိုးရကို အပြင်းအထန် တိုက်တွန်းပါတယ်။”

ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ နာမည်ဆိုး
ရထားတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါပေမယ့် မြန်မာအစိုးရရော တိုင်းရင်းသား လက်နက်ကိုင်
တွေကပါ သူတို့တပ်ဖွဲ့တွေအတွင်း ကလေးတွေကို ခေါ်ယူစုဆောင်းတာ၊ အသုံးပြုတာ
မျိုးတွေ မလုပ်ဖို့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ ထုတ်ပြန်သတိပေးတာတွေ
ရှိတယ်လို့ အမြဲပြောလေ့ရှိပါတယ်။ အဲဒီကြားကပဲ ကလေးစစ်သား အသုံးပြုမှုတွေ
ရှိနေတုန်းပဲဆိုပြီး ကုလသမဂ္ဂရော အခြား လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုကို
မကြာခဏ ခံရလေ့ရှိပါတယ်။

မိုးရာသီအတွင်း မီးသတ်သင်တန်းတက်ရန် အာဏာပိုင်များစီစဉ်
Wed 10 Jun 2009, ကွန်းဟဒေ့
မုဒုံမြို့နယ်အတွင်း မီးသတ်တပ်ဖွဲ့ဝင်မရှိသော ကျေးရွာများကို မီးသတ်သင်တန်း တက် ရောက်ရမည်ဟု အာဏာပိုင်များက ပြောထားသည်။

မီးသတ်တပ်ဖွဲ့မရှိသော ကျေးရွာများတွင် တစ်ရွာလျှင် ၁၀ ယောက်၊ ရွာတိုင်းတက်ရောက်ရ မည်ဟု လွန်ခဲ့သည့်နှစ်ပတ်ကျော်က မုဒုံမြို့မယကတို့က ကျေးရွာရယကအဖွဲ့ဝင်များကို အ စည်းအဝေးခေါ်ယူပြီး ပြောကြားထားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

သင်တန်းပေးမည့်နေရာကို မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာနှင့် နှီးပဒေါကျေးရွာတွင် ရာထားပြီး၊ မည်သည့်အချိန်တွင် သင်တန်းတက်ရောက်ရမည်ကို မီးသတ်ဌာနမှ အတိ အကျ မပြောရသေးပေ။ မီးသတ်သင်တန်းအတွက် ဝတ်စုံတစ်စုံကို ၇၀၀၀ ကျပ် ပေးရ မည်ဖြစ်ပြီး၊ သင်တန်းသားအတွက် ဝတ်စုံဆယ်စုံကြေးကို သက်ဆိုင်ရာ ကျေးရွာကသာ ပေးဆောင်ရသည်ဟု ရယကဥက္ကဌ တစ်ဦးက ဆိုသည်။

“ကုန်ကျစရိတ်အားလုံးကို ကိုယ့်ရွာကနေပဲ ပေးရမယ်။ သင်တန်းတက်ရင် သင်တန်း သားတွေအတွက် စားစရိတ်တွေရော၊ ဝတ်စုံစရိတ်တွေရော အားလုံးပေါ့” ဟု အစည်းအ ဝေးတက်ရောက်ခဲ့သည့် ရွာသားတစ်ဦး ဆိုသည်။

မီးသတ်သင်တန်းနှင့်ပတ်သက်ပြီး၊ မီးဘေးအန္တရာယ်အတွက် အဆိုးဆုံးဖြစ်ပွားနိုင်သည့် နွေရာသီတွင် သင်တန်းမတက်ရောက်ရပဲ၊ မိုးတွင်းရောက်မှ သင်တန်းတက်ရောက်ရသော ကြောင့် ကျေးရွာဥက္ကဌများနှင့် ရွာသားများက ထင်ကြေးပေးနေကြသည်။

“မိုးရာသီရောက်မှ မီးသတ်သင်တန်းတက်ခိုင်းနေတယ်ဆိုတော့ ကျနော့်အထင်ပေါ့နော် ၂၀၁၀ ရွေးကောက်ပွဲနဲ့ နီးကပ်လာပြီးဆိုတော့ သူတို့က စည်းရုံးရေးလုပ်တဲ့အခါမှာ သင် တန်းတက်ပြီးသွားတဲ့ မီးသတ်တပ်ဖွဲ့တွေကို သူတို့ရဲ့ခြေလက်တွေအဖြစ် အသုံးချမှာပဲလို့ ကျနော်မြင်တယ်” ဟု ဒေသခံ အတွင်းရေးမှူးတစ်ဦးက ပြောသည်။

ရွာသားတစ်ဦး၏အမြင်ကလည်း အချိန်အခါမဟုတ် မီးသတ်သင်တန်းတက်ခိုင်းနေခြင်း သည် ငွေကြေးလုပ်စားခြင်းပင် ဖြစ်ကြောင်းပြောကြားသည်။

မုဒုံမြို့နယ်အတွင်းတွင် ကျေးရွာပေါင်း (၁၁) ရွာုရှိပြီး ကမာဝက်ကျေးရွာနှင့် ညောင်ကုန်း ကျေးရာတွင်သာ ကျေးရွာ ကိုယ့်အားကိုယ်ကိုး ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် မီးသတ် ကားနှင့် မီးသတ်တပ်ဖွဲ့များရှိပြီး၊ အခြားကျေးရွာများတွင် မရှိသေးဟု ဒေသခံရွာ သားတစ် ဦးက ပြောသည်။


တပ်ရင်း-၃ ရွာသူကြီးထံမှ ရာမညတပ် ထပ်မံငွေတောင်းခံ
Tue 09 Jun 2009, မင်းအာသံ
ယမန်နေ့တွင် နိုင်ခင်မောင်ဦးစီးသော “ရာမည” တပ်မှ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နှင့် ကပ်လျက်ရှိသည့် မွန်ပြည်သစ်ပါတီနယ်မြေ တပ်ရင်း-၃ ကျေးရွာကို ထောက်ပံ့ကြေးငွေတောင်းခံထားသည်ဟု ရွာသားများက ပြောသည်။

“သူတို့ ငွေတောင်းတာ ဘတ်တစ်သိန်းပေါ့၊ သူတို့တောင်းတာ မပေးဘူးဆိုရင် ရတဲ့နည်းနဲ့ သူတို့ယူမှာပဲလို့ ကျွန်တော်တို့ကို လာခြိမ်းခြောက်သွားတယ်၊ ကျွန်တော်တို့ မပေးချင်ပေမယ့် အခုလိုမျိုး ပြောထားတော့ ဘယ်လိုလုပ်ရမလဲ” ဟု ရွာသားတစ်ဦးက ပြောသည်။

ကျေးရွာအတွင်းတွင် ယခုကဲ့သို့ ငွေတောင်းသည်မှာ ဆပ်ကြေးတောင်းခြင်း မဟုတ်ပဲ စေတနာဖြင့် တောင်းယူခြင်းသာဖြစ်ကြောင်း၊ လွန်ခဲ့သော သီတင်းပတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားသော ဥက္ကဋ္ဌဟောင်း နိုင်ရွှေသောင်းနှင့် ဆယ်အိမ်ခေါင်း နိုင်စံထိန်းတို့ကိုလည်း အကူညီတောင်းသောအနေဖြင့် ခေါ်ဆောင်သွားခြင်းသာဖြစ်ကြောင်း နယ်စပ်တွင် “ရာမည” တပ်ကို ဦးဆောင်လှုပ်ရှားနေသူ နိုင်ခင်မောင်က ပြောသည်။

“ကျတော်တို့ ခေါ်သွားတဲ့အကြောင်းကတော့ အကူအညီတောင်းချင်လို့ပါ၊ ဒီနှစ်ယောက်ကိုလဲ ကျတော်တို့ဘက်က ဘာမှမယူခဲ့ပါဘူး၊ အခုလို ရွာမှာ ငွေတောင်းတာက နှစ်ပတ်လည် ငွေတွေပါ၊ နောင်နှစ်ဒီအချိန်ရောက်ရင်လဲ ပြန်တောင်းမှာပဲ၊ ကျွန်တော်တို့ရဲ့ ရာမညတပ်မှာ လူအင်အားက များနေလို့ အခုလို ရွာမှာ အကူညီတောင်းရတာပါ” ဟု ၄င်းက ပြောသည်။

လောလောဆယ်ဆယ်၌ ယခုငွေတောင်းခြင်းကိစ္စနှင့် ပတ်သက်၍ ရွာအတွင်းတွင် တပ်သားများအား အစောင့်ချထားရဆဲ ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ မြို့နယ်အုပ်ချူပ်ရေးကော်မတီဝင် နိုင်ဘတင်က ပြောသည်။

မွန်ပြည်သစ်ပါတီသည် ရာမညတပ် လက်နက်ကိုင်အဖွဲ့မှ ငွေတောင်းစာတစ်စောင်ကို ကျေးရွာထဲတွင် ကြားသိရပြီးနောက် ရွာအတွင်းတွင် ကင်းလှည့်လျက်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။

ဘုရားသုံးဆူ အုပ်ချူပ်ရေးတာဝန်ခံတစ်ဦး၏ပြောပြချက်အရ “ဗဟိုရဲ့ပြဌာန်းချက်အရ မွန်ပြည်သစ်နယ်မြေမှာ တခြားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ငွေတောင်းတာ ရှိပါက ကျနော်တို့ မွန်ပြည်သစ်ပါတီရဲ့ သြဇာကို သက်သက်မဲ့မဲ့ လာထိခိုက်တာပဲ” ဟု ၄င်းက ပြောသည်။

လွန်ခဲ့သောသီတင်းပတ်တွင် တပ်ရင်း-၃ ကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် ဆယ်အိမ်ခေါင်းတို့ကို ရာမညတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄င်းတို့ထံမှ ထိုင်းဘတ်ငွေငါးသောင်းတိတိ တောင်းယူခဲ့ကြောင်း အဖမ်းခံရသူနှင့် နီးစပ်သူများက ပြောသည်။

ရာမညတပ်၏ ရည်ရွယ်ချက်မှာ မွန်လူမျိုးများ စစ်အစိုးရ၏ လက်အောက်မှ ပြန်လည်လွတ်မြောက်ရန်နှင့် နအဖအား ပြန်လည်တွန်းလှန်ရန် ဖြစ်သည်ဟု နိုင်ခင်မောင်က ပြောသည်။

စစ်တွေ FM ရေဒီယိုကို ဧရာဝတီတိုင်း အထိ တိုးချဲ့မည်

6/10/2009

စစ်တွေ FM ရေဒီယိုလိုင်းကို ဧရာဝတီတိုင်းထိ တိုးချဲ့ ထုတ်လွှင့်မည် ဖြစ်သည်ဟု ဇွန်လ ၈ ရက်နေ့ထုတ် True News ဂျာနယ်က ဖေါ်ပြသည်။

စစ်တွေမြို့မှ FM ရေဒီယိုကို ပုံမှန်အတိုင်း ထုတ်လွှင့်နေပြီး သီချင်းများကို ရခိုင်အသံဖြင့် ထုတ်လွှင့်နေသော်လည်း သတင်းများကို ဗမာ စကားဖြင့် ထုတ်လွှင့်နေသည်ဟု သိရသည်။

စစ်တွေက လူငယ် တဦးက “ကျောင်းက ပြန်လာတဲ့ အချိန် ၄ နာရီခွဲလောက်မှာဆိုရင်တော့ နားထောင် ဖြစ်ပါတယ်။ သီချင်းတွေကို ရခိုင်လို ကျေညာပြီး ရခိုင်လို လွှင့်ထုတ်တာ ဖြစ်ပါတယ်။ ဆောင်းပါးတွေကတော့ ဗမာလိုဘဲ ဖြစ်ပါတယ်။ သူတို့ကောင်းကြောင်း ၀ါဒ ဖြန့်နေတာပါဘဲ။ အစိုးရပိုင် သတင်းစာတွေက က ဆောင်းပါးတွေ အယ်ဒီတာ အာဘော်တွေကိုလည်း လွှင့်ပါတယ်။ အားလုံး သူတို့ ကောင်းကြောင်း ပါဘဲ။ ” ဟု ပြောသည်။

ယခုအခါ စစ်တွေ FM ရေဒီယိုကို မောင်တောမှလည်း ဖမ်းယူရရှိပြီး ကျောက်ဖြူ၊ တောင်ကုတ်၊ မင်းပြား၊ မာန်အောင်၊ မြေပုံနှင့် အမ်းမြို့နယ်များမှလည်း ရရှိသည်ဟု သိရသည်။

စစ်တွေ FM ရေဒီယိုကို ဧရာဝတီတိုင်းထိ တိုးချဲ့ ထုတ်လွှင့်ရန် စီစဉ်ခြင်းမှာ ဧရာဝတီတိုင်းတွင် နေထိုင်သော ရခိုင်များကို ရည်ရွယ်ပြီး လွှင့်ထုတ်ရန် စီစဉ်ခြင်း ဖြစ်ပြီး အဆိုပါ FM ရေဒီယိုမှ တဆင့် ရခိုင်လူထုကို စည်းရုံးရန်အတွက် ဖြစ်သည်ဟု သိရသည်။

မုတ်သုန်မိုး ရခိုင်ကို စတင်ဝင်ရောက်
မောင်တောတွင် စံချိန်တင်လောက်အောင် မိုးအကြီးအကျယ် ရွာသွန်း

6/9/2009

ရခိုင်ပြည်နယ်သို့ မုတ်သုန်မိုး လွန်ခဲ့သော ရက်အနည်းငယ်က စတင် ၀င်ရောက်ခဲ့ပြီး ယမန်နေ့က ရခိုင်ပြည်နယ် နေရာအနှံ့ အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ သည်။

မောင်တောမြို့တွင် မိုးရေချိန်လက်မ ၁၀ ဒသမ ၆၃ ထိ ရွာသွန်းခဲ့သဖြင့် လမ်းပေါ်တွင် လူသွား လူလာများ ရပ်ဆိုင်းသွားခဲ့ပြီး နေရာ အတော်တော်များကို မိုးရေများက ဖုံးလွှမ်းသွားခဲ့သည်။

မောင်တောမြို့မှ ကုန်သည် တဦးက “မိုး အရမ်းရွာနေတဲ့ အတွက် ဖုံးဆက်ရတာလည်း အဆင်မပြေ ဖြစ်နေပါတယ်။ ဘူးသီးတောင်-မောင်တော ကားလမ်းလည်း မိုးသည်းထန်စွာ ရွာနေတဲ့အတွက် မနေ့က သုံးနေရာမှာ လမ်းကျိုးသွားခဲ့ပါတယ်။ ကားလမ်း ကျိုးသွားတဲ့ အတွက် ကားကြီးတွေက သွားလာလို့ မရဖြစ်နေပါတယ်။ ကားအသေးလေးတွေတော့ လျှောက်ပတ် မောင်းပြီး သွားနေကြ ရပါတယ်” ဟု ပြောသည်။

မောင်တောတွင်သာမက စစ်တွေတွင်လည်း ယခုနှစ်အတွင်း လွန်ခဲ့သော နှစ်ရက်ခန့်က စတင်ပြီး မိုးရွာသွန်းခဲ့ရာ ယမန်နေ့က မိုးရေချိန် ၉ ဒသမ ၉၆ လက်မထိ ရွာသွန်းခဲ့သည်။

စစ်တွေ မြို့မှ ကျောင်းသူ တဦးကလည်း “မိုးက စပြီး ရွာနေပါပြီ။ မနေ့ကတော့ တော်တော့ကို သဲသဲမဲမဲ ရွာသွန်းခဲ့ပါတယ်။ ကျောင်းကိုတောင် မသွားနိုင်တဲ့ အထိ မိုးရွာသွန်း ခဲ့ပါတယ်။” ဟု ပြောသည်။

စစ်တွေမြို့မှ လူငယ် တဦးကလည်း “မိုးတွေ အရမ်းရွာနေတဲ့အတွက် ပွိုင့်ကမ်းခြေကို တောင် လာရောက် လည်ပတ်တဲ့သူ မရှိသလောက် ဖြစ်သွားပါတယ်။ မိုးရွာတာကြောင့် အပူဒဏ်က လျော့သွားတော့ လူတွေက နည်းနည်း သက်သာသွားပါတယ်။ ရေလည်း ဖေါဖေါသီသီ သုံးလို့ ရသွားပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် အနှံ့ မိုးရွာသွန်းနေရာ အမ်းမြို့တွင်လည်း ၉ ဒသမ ၀၆ လက်မထိ ရွာသွန်းခဲ့သည်ဟု သိရသည်။ ပေါက်တော၊ မင်းပြား၊ မာန်အောင်နှင့် ကျောက်ဖြူမြို့နယ်များတွင်လည်း မိုးအကြီးအကျယ် ရွာသွန်းခဲ့သည်။

ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင်လည်း မိုး အဆက်မပြတ်ရွာသွန်းခဲ့ သဖြင့် ဘူးသီးတောင်သို့ ဆန်တက်ခဲ့သော စက်လှေများနှင့် သဗ္ဗာန်များကို ရသေ့တောင် ဆိပ်ကမ်းတွင် ဆိပ်ကပ် ထားခဲ့ရသည်ဟု မျက်မြင် တဦးက ပြောသည်။

အလုပ်ရှင်၏ အကောက်ကြံမူကြောင့် အလုပ် သမား ၂၅ ဦး လုပ်ငန်းခွင်မှ ထွက်ပြေးရ

6/10/2009

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငပြီတက် ဆားကွင်းတွင် အလုပ် လုပ်ကိုင်နေသော အလုပ်သမား ၂၅ ဦးမှာ လုပ်ငန်းပိုင်ရှင်၏ အကောက်ကြံ စွပ်စွဲမူကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ အလုပ်ခွင်မှ ထွက်ပြေးသွားခဲ့ကြရသည်။

အမည် မဖေါ်လိုသူ အလုပ်သမား ဖခင် တဦးက “ကျွန်တော်ရဲ့သားဟာ အခု ထွက်ပြေးသွားရပါပြီ။ လုပ်ငန်းရှင်က ထုတ်လုပ်ထားတဲ့ ဆားတွေကို လိုချင်တဲ့အတွက် အကောက်ကြံတာကြောင့် ထွက်ပြေးသွားရတာပါ။” ဟု ပြောသည်။

လွန်ခဲ့သော မေလ နောက်ဆုံး အပတ်က ငပြီတက် ဆားကွင်း အနီးရှိ ကျောက်တောင် ရဲစခန်းမှ စခန်းမှူးမောင်ထွန်းသာနှင့် ရဲသား ၄ ဦး ဖမ်းဆီးရန် ရောက်ရှိ လာပြီးနောက် အဆိုပါ အလုပ်သမားများ ထွက်ပြေးသွားရခြင်း ဖြစ်သည်။

အဆိုပါ အလုပ်သမား ဖခင်မှ “စစ်တွေမြို့ ဗိုလ်ကြီး ဖိုးသာရွာမှ ရွှေပြည်ဖြိုးဆားစက်ပိုင်ရှင်က ဆားကွင်းမှ ထုတ်လုပ်ထားတဲ့ ဆားအိတ် ၃၀၀ကိုလိုချင်တဲ့ အပြင် လုပ်အားခကိုလည်း မပေးချင်တော့ ပြည်နယ်ရဲမှူးကြီးနဲ့ ပေါင်းပြီး ဆားစာရင်းတွေကို လိမ်တယ်ဆိုပြီး စွပ်စွဲကာ ဖမ်းဆီးဖို့ ခိုင်းတဲ့အတွက် ရဲသားတွေ ဖမ်းဆီးဖို့ ရောက်လာတာနဲ့ ထွက်ပြေးသွားရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဆားကွင်းမှာ ရွှေပြည်ဖိုး ဆားစက်ပိုင်ရှင် ဆားကွင်းဖြစ်ပြီး ရရှိလာသော အမြတ်ကို တယောက် တ၀က်စီ ခွဲဝေယူရန် သဘောတူညီမူဖြင့် အလုပ်သမားများမှာ အဆိုပါ ဆားကွင်းတွင် လုပ်ကိုင်နေခဲ့သည်ဟု သိရသည်။

ကျောက်တောင်ရဲစခန်းမှ စခန်းမှူး မောင်ထွန်းသာမှ ဆားကွင်းမှ ဆားများကို သိမ်းယူသွားပြီး ရွှေပြည်ဖြိုး ဆားစက်ပိုင်ရှင်ထံ အဆိုပါဆားများကို လွှဲပြောင်း ပေးအပ်လိုက်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဓါတ်ပုံများ ဆက်တိုက်ဖြန့်ဝေ
Wednesday, 10 June 2009 16:42 ဖြိုးကြီး
E-mail Print
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများကို လူစည်းကားရာ နေရာများနှင့် ရပ်ကွက်များအတွင်း လိုက်လံဖြန့်ဝေခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

ဒဂုံမြို့သစ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်များဘက်မှ မတရား အမှုဆင်ဖမ်းဆီးထားခြင်းကို လူအများသိစေရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သည့်နှစ်ရက်ခန့်မှ စတင်ကာ လိုက်လံဖြန့်ဝေနေခြင်းဖြစ်သည်။

“အဓိကရည်ရွယ်ချက်က မတရား အကျယ်ချုပ်ချထားတဲ့အပြင် လွတ်ခါနီးမှာ ထပ်ပြီး မတရားအမှုဆင်တာကို ပြည်သူလူထုတွေ နားလည်သိရှိအောင်လို့ အခုလို လုပ်ရတာဖြစ်တယ်” ဟု ဒဂုံမြို့သစ်မြို့နယ်မှ အဖွဲ့ချုပ်ဝင်တဦးက ပြောသည်။

အဆိုပါ ဓါတ်ပုံများဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီခန့်မှာ စတင်ကာ (၂၀) ရပ်ကွက်ဈေး၊ (၁၈/၁၉) ရပ်ကွက်များတွင် ပုံပေါင်း ၇၀၀ ခန့်ဖြန်ဝေလိုက်ပြီး လက်ခံရရှိသည့် ပြည်သူများအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“အားလုံးက လှိုက်လှိုက်လှဲလှဲ ယူကြတယ်၊ အမျိုးသမီးတဦးဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပုံကိုရတော့ နမ်းပြီး ငိုတောင်ငိုတယ်၊ ကျနော်တို့ (၅၃၊ ၅၄၊ ၅၅) ရပ်ကွက်တွေဘက်မှာ ဝေပြီးပြီ၊ မြောက်ဒဂုံမှာလဲ ဝေပြီးပြီ” ဟု ပြောသည်။

အဆိုပါ ဓါတ်ပုံများကို လက်ခံရရှိသူ အိမ်ရှင်မတဦးကလည်း ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံကို ရရှိသည့်အတွက်ကြောင့် ဝမ်းသာမိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အမြဲတမ်း ဆုတောင်းပေးနေသည်ဟု ပြောသည်။

“ဈေးသွားရင်း ဓါတ်ပုံတွေဝေနေတယ်ဆိုတော့ ပြေးပြီးသွားယူတာ၊ တပုံရခဲ့တယ်၊ ကျမတို့က ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ မမြင်ဖူးတော့ ဓါတ်ပုံလေးရတော့ တော်တော်ကို ဝမ်းသာတယ်၊ အရင်တုန်းကလဲ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းထားတယ်ဆိုတာတွေကို သတင်းတွေမှာကြားတယ်၊ အဲဒီကတည်းက လွတ်ဖို့ ဆုတောင်းပါတယ်၊ အခုလဲ ဆုတောင်းနေဦးမှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုတရပ်လုံး၏ အစစ်အမှန် လူထုခေါင်းဆောင်ဖြစ်ပြီး သူမလွတ်မြောက်ရေးအတွက် ပြည်သူတွေအားလုံးမှာလဲ တာဝန်ရှိတဲ့အတွက် အားလုံး ဝိုင်းဝန်းကြိုးစားသင့်ကြောင်း အဆိုပါအိမ်ရှင်မက ဆက်လက်ပြောသည်။

ထို့အပြင် ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင်လည်း အဖွဲ့ချုပ်အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းရေးသင်္ကေတ ဂျိုးငှက်ပုံပါ အင်္ကျီများဝတ်ဆင်ကာ လူစည်ကားသည့် နေရာများသို့ လှည့်လည်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုင်းဘက်ကမ်းသို့ ထွက်ပြေးလာသူများ အခက်အခဲ ဆက်လက်ကြုံတွေ့နေရ
Tuesday, 09 June 2009 18:30 ဖြိုးကြီး
Print
လယ်ပေါ်ဟဲဒုက္ခသည်စခန်းမှ ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသူများမှာ အကူညီအထောက်ပံ့များ ရရှိသော်လည်း အခက်အခဲများ ဆက်လက်ကြုံတွေ့နေလျှက်ရှိသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များ ထိုးစစ်ကြောင့် ထွက်ပြေးလာသူများမှာ ထိုင်းနိုင်ငံ၊ နောင်ပိုးကျေးရွာ ဘုန်းကြီးကျောင်းတွင် နေထိုင်ရသည့် အခြေအနေများကို လယ်ပေါ်ဟဲစခန်းဥက္ကဌ စောတာဆူးညာက ပြောသည်။

“ထိုင်းအာဏာပိုင်တွေဘက်က ကျနော်တို့ကို ကူညီစောင့်ရှောက်တာတွေ ရှိပါတယ်၊ တချို့ အန်ဂျီအိုအဖွဲ့တွေက စားစရာသောက်စရာ၊ စောင်၊ ခြင်ထောင်တွေ ကူညီတာရှိပါတယ်၊ ဒါပေမဲ့ မိုးတွေကလဲ ရွာ၊ သောက်ရေကလဲ မလုံလောက်တော့ ချက်ပြုတ်ဖို့တောင် ဒုက္ခရောက်နေရတယ်” ဟု ပြောသည်။

လယ်ပေါ်ဟဲ ဒုက္ခသည်စခန်းမှ လူဦးရေ ၁၂၆၄ ဦးနှင့် အခြားရွာများမှ ထွက်ပြေးလာသူများ စုစုပေါင်း ၃၆၁၀ ဦးမှာ လက်ရှိ စုပေါင်းနေထိုင်နေရပြီး အထူးသဖြင့် စာသင်ကြားနေသည့် ကလေးငယ်များ ဒုက္ခရောက်နေရသည်ဟု ပြောသည်။

“ကျနော်တို့စခန်းက ကလေးတွေချည်းပဲ အယောက် ၆၀၀ လောက်ရှိတာ၊ အခုဆို စာသင်ဖို့က လုံးဝ မဖြစ်နိုင်တော့ဘူး၊ ကျနော် သိရသလောက်ဆိုရင် နောက်ထပ် တဝက်လောက်က မဲသဝေါဘက်မှ တိမ်းရှောင်နေတာ ရှိတယ်၊ စာရင်းအတိအကျတော့ မရသေးလို့” ဟု ဆက်ပြောသည်။

ထို့အပြင် ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာသားများ ထွက်ပြေးလာရခြင်းမှာ ဒီကေဘီအေအဖွဲ့၏ အတင်းအဓမ္ပ ပေါ်တာခိုင်းစေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီကေဘီအေ (၉၉၉) က ပေါ်တာအထမ်းသမားအဖြစ် ခိုင်းဖို့ ခေါ်တယ်၊ ရွာသားတွေကို ဘုရားတည်မယ်၊ ဘာညာနဲ့ ခေါ်တာ၊ အဲဒါကြောင့်မို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်လာတာ၊ ဒီကေဘီအေကတော့ ပြောတယ်၊ မင်းတို့မပြေးနဲ့၊ ငါတို့လာတာ ဒီမှာ အေးအေးဆေးဆေးနေရဖို့ ဆိုပြီး ပြောတယ်၊ ဒါပေမဲ့ ရွာသားတွေအားလုံးက သူတို့အကြောင်းတွေ သိနေတယ်” ဟု ပြောသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက ထိုးစစ်ဆင်မှုများကြောင့် လယ်ပေါ်ဟဲဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသားများနှင့် အခြားရွာသားများမှာ ယခုလ (၂) ရက်နေ့ကတည်းက ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

နအဖတပ်များက ယခုအချိန်ထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိပြီး ထိုင်းအာဏာပိုင်များကလည်း နယ်စပ်တလျှောက် လုံခြုံရေးများ တိုးမြှင့်ချထားသည်။

ဗိုလ်ချုပ်ရဲမြင့် စည်းရုံးရေး မှန်းချက်နှင့် နှမ်းထွက်မကိုက် - ပန်ဆန်းနည်းတူ မိုင်းလား အဖွဲ့လည်းခေါင်းခါ
ဗုဒ္ဓဟူးနေ့၊ 10 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ယခုလ ၉ ရက်နေ့ စရဖ အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နှင့်အဖွဲ့အား အပစ်ရပ် NDAA ဥက္ကဌ ဦးစိုင်းလင်းနှင့်အဖွဲ့က မိုင်းလား၌ လက်ခံတွေ့ဆုံပြီး စစ်အစိုးရ၏နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို (ကိုးကန့်/ ပန်ဆန်း တို့ကဲ့သို့ပင်) လက်မခံနိုင်ကြောင်း ပြောကြားလိုက်သည်ဟု တရုပ်နယ်စပ်သတင်းရပ်ကွက်က ဆိုသည်။


ဗိုလ်ရဲမြင့်အဖွဲ့ခရီးစဉ်အား မိုင်းလားဥက္ကဌစ၀်စိုင်းလင်း၊ ဒုဥက္ကဌ စ၀်ဆန်လူ၊ စ၀်ဆန်းပေ၊ တပ်မဟာမှူး၊ ဌာနမှူးများက ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ကျော်ဖြိုး၊ တြိဂံတိုင်းဂျီဝမ်း၊ မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်း၊ ကျိုင်းတုံစရဖမှူးတို့ အဖွဲ့အား အထူးဒေသ ၄ မြို့တော် မိုင်းလား ၌ ၃ နာရီကြာ လက်ခံတွေ့ဆွေးနွေးကြောင်းသိရသည်။
[မိုင်းလား ဥက္ကဌ စ၀်စိုင်းလင်း]

မိုင်းလား ဥက္ကဌ စ၀်စိုင်းလင်း

“မနေ့တုန်းကမနက် ၀၉း၀၀ နာရီကနေ ၁၂း၀၀ နာရီအထိ ဗိုလ်ချုပ်ကြီးရဲမြင့် နဲ့အဖွဲ့ကို မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်း ကိုယ်တိုင်လက်ခံတွေ့ဆုံတယ်၊ ပြီးတော့နေ့လည်စာအတူတူစားတယ်။ တပ်အသွင်ပြောင်းရေးကိစ္စ အဓိကပြောဆိုကြတယ်။ မိုင်းလားဥက္ကဌကြီးက တပ်သားထုနဲ့ ပြည်သူ့ ဆန္ဒအရ တပ်အသွင်ပြောင်းရေး ကိစ္စ အဆင့်သင့် မဖြစ်သေးဘူးလို့ ဗိုလ်ချုပ်ရဲမြင့် ကို တိုက်ရိုက်ပြောတယ်” ဟု အပစ်ရပ်ခေါင်းဆောင်ပိုင်းနှင့်ရင်းနှီးသည့် ဆို့စ်က ဆိုသည်။

ဗိုလ်ချုပ်ကြီးရဲမြင့်က - “ကိုးကန့်အဖွဲ့နဲ့သွားတွေ့တုန်းက ကျနော်တို့ရည်ရွယ်ချက်ကို သူတို့သဘောမပေါက်ကြဘူး။ ပန်ဆန်းရောက်တော့လဲ ပိုဆိုးတယ်။ အောက်ခြေအထိ ဆန္ဒသဘောထား ဟုတ်လား/မဟုတ်လားမသိဘူး။ သူတို့ ခေါင်းဆောင်ပိုင်းကဘဲ ဘူးခံငြင်းတယ်။ မိုင်းလားအဖွဲ့တော့ ကျနော်တို့ရဲ့စေတနာကို ပိုမိုနားလည်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ် ”- ဟုပြောရာ မိုင်းလားအတွက်အချက်ကောင်းပိုရသွားပြီး မိုင်းလားဥက္ကဌ ဦးစိုင်းလင်းက -

“ကျနော်တို့ အောက်ခြေတပ်မှူးအဆင့်ဆင့်နဲ့ ပြည်သူတွေရဲ့ သဘောထားကို ဂျွန်လ ၂ ရက်နေ့ကနေ ၆ နေ့အထိ စစ်တမ်း ကောက်ခဲ့တယ်၊ ၉၅ % က လက်မခံကြဘူး။ အားလုံးရဲ့သဘောထားက နဂို ပိုနေမြဲကျားနေမြဲအတိုင်းပဲ ဆက်လက် နေထိုင် သွားလိုတယ်” ဟု ပြောကြောင်း အဆိုပါဆို့စ်ကဆိုပါသည်။

ဗိုလ်ချုပ်ကြီးရဲမြင့်က မိုင်းလားခေါင်းဆောင်များအား - “ခင်ဗျားတို့ကို အဦးဆုံးစံပြဖြစ်စေချင်တယ်၊ နယ်ခြား စောင့်တပ်ဖြစ်ဖို့ သဘောတူလက်ခံရင် ရွေးကောက် ပွဲပြီးသွားလို့အစိုးရသစ် ပေါ်ထွက်လာတဲ့အချိန် ခင်ဗျားတို့ အဖွဲ့တရားဝင်ဖြစ်လာ အောင် ထောက်ခံအားပေးမယ်”- ဟု ထည့်သွင်းပြောဆိုစည်းရုံးခဲ့သည်ဟုဆို၏။

ဗိုလ်ချုပ်ရဲမြင့်က ပျော့ပြောင်းစွာဖြောင်းဖျသော်လည်း ခြိမ်းခြောက်မှုအချို့ပါနေကြောင်း၊ “ခင်ဗျားတို့ နှစ်ပေါင်း ၂၀ အတွင်း ဖွံ့ဖြိုးတိုးတက်ရေးမှာ တော်တော်စွမ်းဆောင်နိုင်ခဲ့တယ်။ ချီးကျူး စရာဘဲ။ အသွင်ပြောင်းဖို့ ဘူးခံ ငြင်းဆန် နေရင် ဒါတွေကိုမနှမြောဘူးလား” ဟူသည့် အသုံးအနှုန်းများလည်း ပါဝင်ကြောင်း ထိုဆို့စ်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ဗိုလ်ချုပ်ကြီးရဲမြင့်သည် ယခုလ ၃ ရက်နေ့ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း ) လားရှိုးတွင် တွေ့ဆုံစဉ် အပစ်ရပ် SSA-N ခေါင်းဆောင်များက- “အခုလောလောဆယ် လူငယ်တပ်မှူးခပ်များများနဲ့ အောက်ခြေအဆင့်တွေက အသွင် ပြောင်းဖို့ သဘောမပေါက်သေးတော့ ကျနော်တို့ ဆက်လက်စည်းရုံးနေရတုန်းဖြစ်တယ်။ အဆင်သင့်မဖြစ် သေး တာကြောင့် ရွေးကောက်ပွဲပြီးလို့ အစိုးရ သစ်ပေါ်ပေါက်လာမှသာ အဲကိစ္စ ပြန်ဆွေးနွေးစေချင်ပါတယ်” - ဟုပြော သည် ဟုဆို၏။

တရုပ်နယ်စပ်အခြေပြုအပစ်ရပ်အဖွဲ့များ ဘူးခံငြင်းဆိုနေခြင်းမှာ ၎င်းတို့၏ နောက်ကွယ်တွင် တရုတ်ရှိသည် ဟု ယူဆသောကြောင့် ယခုရက်ပိုင်းအတွင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုပ်ပြည်သို့သွားပြီး တရုပ်နယ်စပ်အပစ်ရပ် အဖွဲ့များ ဖိအားပေးရန် ချဉ်းကပ်အကူအညီတောင်းလိုဘွယ်ရှိသည်ဟုဆိုသည်။ လွန်ခဲ့သည့်မေလဆန်းပိုင်းက တရုပ် အာဏာပိုင်အချို့က နအဖ အာဏာပိုင်းများအား “ခင်ဗျားတို့ဆီမှာ ၀ တွေ၊ တခြားတိုင်းသားတွေ တပုံရှိရင်ကျုပ်တို့ ဆီမှာ ၃-၄ ပုံရှိတယ်။ ကျုပ်တို့ အစိုးရက တရားဝင်ထောက်ခံအားပေးတာမရှိဘူး။ သူတို့ လူမျိုးအချင်းချင်း ကူညီကြ တာ ပဲရှိမှာပေါ့၊ ကျုပ်တို့ကတော့ ဘာအကူအညီမှမပေးဘူး” ဟုလှီးလွှဲပြောဆိုလိုက်ကြောင်းတရုပ်နယ်စပ်နိုင်ငံရေး စစ် ရေးလေ့လာသူ တဦးကဆိုသည်။

မြန်မာဗီဒီယို ဂျာနယ်လစ် မှတ်တမ်းရုပ်ရှင် အမေရိကန်နိုင်ငံ တဝှမ်း ရုံတင်ပြီ
alt

၂၀၀၇ ခုနှစ် စက်တင်ဘာ လ ရွှေဝါရောင် တော်လှန်ရေး ဟု လူသိများသော ဗုဒ္ဓဘာသာ သံဃာတော်များ ဦးဆောင်သည့် မြန်မာပြည် လွတ်မြောက်ရေး လှုပ်ရှားမှု “ မြန်မာ ဗီဒီယို ဂျာနယ်လစ် ” အမည် မှတ်တမ်း ရုပ်ရှင်အား

အမေရိကန် နိုင်ငံ တဝှမ်း နွေရာသီ ရုပ်ရှင်ကြည့် ကာလ ယခင် အပါတ် သောကြာနေ့ ညချမ်းမှ စတင် ဖြန့်ချီ ပြသနေပြီ ဖြစ်သည်။

နော်ဝေ ဂျီယန် ဒါရိုက်တာ Anders Østergaard ရိုက်ကူး သော မြန်မာ ဗီဒီယို ဂျာနယ်လစ် ရုပ်ရှင်မှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆု ၄ဆု International Berlin Film Festival 2009 ( Human Rights Film Award )၊ Full Frame DOC Festival 2009၊ IDFA 2008 ( Joris Ivens Award ) ၊ နှင့် Sundance Film Festival 2009 ရရှိ ထားပြီး၊ အမေရိကန် နိုင်ငံ ပြည်နယ် ၂၀ ကျော်တွင် ယခင် အပါတ် မှ စတင် ဖြန့်ချီပြီး၊ ပြသချိန် ၁ နာရီ ၂၅ မိနစ် ကြာမြှင့်၍ မှတ်တမ်းတင် ရုပ်ရှင် အမျိုးအစား ဖြစ်သည်။

အနှစ် ၄၀ ကျော်ကြာ စစ်အာဏာရှင် ဖိနှိပ်မှု လက်အောက်တွင် နေထိုင်လာရသော တံခါးပိတ် နိုင်ငံတခု ဖြစ်သည့် မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ် စက်တင်ဘာလက သံဃာတော်များ ဦးဆောင်မှု နှင့် ထပ်တူ သိန်းနှင့်ချီသော ပြည်သူအများ လမ်းမပေါ်သို့ ထွက်လာရာ အာဏာပိုင်များက နိုင်ငံတကာ သတင်းထောက်များ ပြည်ဝင်ခွင့် ပိတ်ထားခြင်း၊ အင်တာနက် အဆက်အသွယ် များအား ဖြတ်တောက်ပစ်ခြင်းတို့ ပြုလုပ်ရာ ပြည်တွင်းရှိ လွတ်လပ်သော အမျိုးသား ဂျာနယ်လစ်များမှ မိမိတို့ပိုင် လက်ကိုင်ကင်မရာ လေးများဖြင့် ဖြစ်ရပ်မှန်များကို ပြည်ပ ရှိ သတင်းဋ္ဌာနကြီးများ အချိန်မှီ သိရှိ တင်ဆက် နိုင်ရန် ပေးပို့ခြင်း ကို ရိုက်ကူး ထားခြင်း ဖြစ်သည်။

လှို့ဝှက် ပုလိပ်များ၊ ကိုယ်ရောင်ဖျောက် ထောက်လှမ်းရေးများ ခြေခြင်းလိမ်နေသည့် ကြားမှ မြေအောက် သဏ္ဍာန် နော်ဝေ နိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ ထံ လှို့ဝှက် ပေးပို့သော အမည်မသိ ဗီဒီယို ဂျာနယ်လစ် ၃၀ ၏ ပေးပို့ထားသော ရုပ်သံဖိုင်များအား ဇါတ်လမ်း သဏ္ဍာန် တည်ဖြတ် တင်ဆက်ခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံ၊ အော်ရီဂန်ပြည်နယ်( Oregon )၊ ပို့တ်လန်း( Portland) မြို့လည်ရှိ Regal Fox Tower Stadium-10, ရုပ်ရှင်ရုံ တွင် ပြသနေသော “ မြန်မာဗီဒီယို ဂျာနယ်လစ် (Burma VJ) ” ရုပ်ရှင်အား သွားရောက် ကြည့်ရှုခဲ့သူ ဦးမောင်မောင် မှ လူထုအသံ သို့ ပြောဆို သွားခဲ့သည်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ယာယီနိုင်ငံကူး လက်မှတ်စတင်ပြုလုပ်ပေး

နွယ်လေး။
ဇွန်လ ၁၀ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မြို့ဖြစ်သည့် တာချီလိတ်၊ ကော့သောင်းနှင့် မြ၀တီမြို့များတွင် မြန်မာ တာဝန်ရှိသူများ ဦး ဆောင်ပြီး ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်းများ ဖွင့်လှစ်ပြီး စတင် ပြုလုပ်ပေးနေသည်။

တာချီလိတ်မြို့တွင် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းကို ကျိုင်းတုံ သတင်းတပ်ဖွဲ့ရဲမင်းကြီးက ဇွန်လ ၁ ရက်နေ့တွင် လာရောက်ဖွင့်လှစ်ပေးသည်ဟု တာချီလိတ် ဒေသခံ တစ်ဦးက ပြောသည်။

“ရုံးကတော့ ဖွင့်ပြီ။ ဒါပေမယ့် စလုပ်တယ်ဆိုပေမယ့် ဘယ်သူမှ မလုပ်ကြတာ။ စိတ်မှ မ၀င်စားကြ တာ။ တာချီလိတ်နယ်မြေခံက ဘယ်သူမှသွားလုပ်မှာ မဟုတ်ဘူး။ တနယ် တကျေးကလာတဲ့သူက သူ့ တို့မှာ ပုံစံတစ်ဆယ် အထွက်ရှိမှ လုပ်လို့ရမှာဆိုတော့ သူတို့ ပြည်ပကယူခဲ့ဖို့ ဆိုတာ လွယ်မှ မလွယ် တာ။ ပုံစံတစ်ဆယ်ဆိုလဲ လ၀က လွယ်လွယ်ကူကူ ထုတ်ပေးတာမှ မဟုတ်တာ။”

တာချီလိတ်တွင် မြန်မာနိုင်ငံကူးလက်မှတ် ယာယီထုတ်ပေးရေး စခန်းတွင်း သွားရောက် လုပ်ကိုင်သူ မရှိဘဲ ရုံး တွင်း ၀င်ရောက် လေ့လာဖတ်ရှုသူ အချို့ကို တွေ့မြင်ရပြီး နိုင်ငံကူး လက်မှတ် ပြုလုပ်သူသည် ကိုယ်ရေးရာဇ၀င်၊ ထိုင်းအလုပ်ရှင် အာမခံ ခွင့်ပြုချက်များ လိုအပ်သည်ဟု ၎င်းကဆက်ပြောသည်။

“သူဌေး အာမခံကို ယူရဦးမှာ၊ ယူပြီးသွားရင် နှစ်နှစ်လုပ်လို့ရမယ်။ နှစ်နှစ်လုပ်ပြီးရင် တခါ ပြန် လာပြီး သက်တမ်းပြန်တိုးရမယ်။ တိုးပြီး နောက်တခါ နှစ်နှစ် ထပ်သွားရမယ်။ အဲလို သွားပြီးရင် အဲလူ တစ်ယောက်က နောက် သွားပိုင်ခွင့်မရှိတော့ဘူး။ သက်တမ်းတိုးပြီးရင် အဲလူ နောက် သုံးနှစ်ကြာမှပဲ ထိုင်းနိုင်ငံကို ပြန်သွားခွင့်ရမှာ အဲလိုစည်းကမ်းချက်တွေ ထားတာလေ။”

ယာယီမြန်မာနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် မိမိတို့နေထိုင်သည့် ခရိုင်၊ မြို့နယ်အလိုက်ရှိ လုပ်ငန်းစီမံခန့်ခွဲရေး ရုံးတွင် လာရောက်လျှောက်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများ လျှောက်လွှာကို စိစစ်ပြီး မြန်မာအစိုးရထံ ပေးပို့ခဲ့ပြီးဖြစ်သည်ဟု တာ့ခ် ခရိုင် ထိုင်းလုပ်ငန်းစီမံခန့်ခွဲရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထိုင်းဘက်ခြမ်း မဲဆောက်မှာလဲ ထိုင်းရုံးတခုထားမယ်။ ခုထိတော့ ဘာမှ စမလုပ်ရသေးဘူး။ ခုချိန်ထိ လဲ ဘာမှ စလုပ်ဖို့ အထက်က စာမရောက်သေးဘူး။”

မြ၀တီမြို့တွင် ဒေသခံအာဏာပိုင်များက ယာယီမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးသည့် သတင်း မကြားမိ ကြောင်း မဲဆောက် အလုပ်သမား တစ်ဦးက ပြောသည်။

ကော့သောင်းဒေသခံ တစ်ဦးက “ မြန်မာ ဘက်ခြမ်းမှာတော့ ရုံးလာထိုင်နေပြီ။ စလုပ်ပေးတာ မျိုးတော့ မရှိသေးဘူး။ လာလုပ်တဲ့ သူလည်းမတွေ့ဘူး။ ထိုင်းဘက်ခြမ်း ကတော့ ရုံးတော့ ရှိတယ်။ ဒါပေမယ့် ဒီရက်ပိုင်းတွင်းမှာ ဆိုင်းဘုတ်တောင် လာဖြုတ်ထား တာတွေ့တယ်” ဟု ပြောသည်။

အခြားဒေသ ခံတစ်ဦးကလည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး အလုပ်သမား အများစု မသိကြ ကြောင်း ပြောသည်။

အလုပ်သမားမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ရန် ထိုင်းမြန်မာနယ်စပ် ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ မဲဆောက်၊ မယ် ဆိုင်နှင့် ရနောင်းမြို့များတွင် ဆက်ဆံရေးရုံးများ အပြန်အလှန် ဖွင့်လှစ်ဆောင်ရွက်နေပြီဟု weekly eleven ဂျာနယ် တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ယာယီထုတ် ပေးရေး စခန်းများကို မြန်မာနိုင်ငံမှ ဖွင့်လှစ်ထားပြီး နေ့စဉ် မြန်မာနိုင်ငံ ကူးယာယီလက်မှတ် ၂၀၀ခန့်ကို ပုံမှန်ထုတ်ပေးလျက်ရှိပြီး လိုအပ်ပါက ပိုမိုထုတ်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက် ထားကြောင်း ဖော်ပြပါရှိသည်။

၂၀၀၆ ခုနှစ်တွင်လည်း အလားတူနိုင်ငံကူးလက်မှတ်ပြုလုပ်ပေးရန် စီစဉ်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။

ဆွမ်ပရာဘွမ်မြို့တွင် ရေရှားပါးနေ၊ ဝမ်းပျက်ဝမ်းလျောကြောင့် သေဆုံးမှုများရှိ

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၁ဝ ရက်၊ ၂ဝဝ၉ ခုနှစ်။

ကချင်ပြည်နယ် အထက်ပိုင်း၊ ဆွမ်ပရာဘွမ်မြို့တွင် ရေရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး ဒေသခံလူထု ဝမ်းပျက်၊ ဝမ်း လျောရောဂါများဖြစ်ပွားပြီး သေဆုံးမှုများ ရှိနေသည်။

ဒေသအတွင်း ရေရှားပါးလာသဖြင့် ဆွမ်ပရာဘွမ်မြို့လူထုအား ယခင်က ရေဖြန့်ဝေပေး နေသည့် ရေလှောင် ကန် အတွင်းသို့ သိုလှောင်နိုင်ခြင်းမရှိတော့ပေ။

စစ်တပ်၊ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို မြို့နှင့် တမိုင်ကျော်ဝေးသည့် တောင်ကျစမ်းချောင်းမှ ပိုက်ဖြင့် သွယ် တန်းကာ အလောက်အငှဖြန့်ဝေပေးသော်လည်း လူဦးရေ တစ်သောင်းကျော် ရှိသည့် ဒေသခံအရပ်သားများမူ မိုးရေကိုသာ အဓိကအားကိုးနေရသည်ဟု ဆွမ်ပရာဘွမ် မြို့ခံတဦးက ပြောသည်။

“ရေက ပြီးခဲ့တဲ့နှစ်တွေထက် ပိုပြီး ရှားသွားတယ်။ တောင်ကျချောင်းရေလည်း ခမ်းသွားပြီ။ အရင်ပေး နေတဲ့ ရေလှောင်ကန်ထဲကိုလည်း ရေဖြည့် မပေးနိုင်တော့ဘူး။ ရေပိုက်တွေလည်း သံချေးတွေတက်၊ ပေါက်ပြဲပြီး ဖြုတ်တဲ့ဟာ ဖြုတ်သိမ်းပြီးပြီ။ သူတို့ဌာနဆိုင်ရာကိုဘဲ အဓိကရေပေးပြီး ကျနော်တို့တွေက မိုးရေခံပြီး အိုးတွေဘာတွေနဲ့ လှောင်ပြီး သုံးနေရတာ။ စိမ့်ရေတို့၊ ဘာတို့ လိုက်ရှာ၊ ဖက်ပုတ်ရေတွေ သောက်နေရတော့ ဝမ်းပျက်၊ ဝမ်းလျောတွေ ဖြစ်နေကြတယ်။”

ဝမ်းပျက်၊ဝမ်းလျောကြောင့် ကလေး၊လူကြီး သုံးဦး သေဆုံးပြီး ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကြောင့် ဆေးကုသခံ ခဲ့ကြရသူ များပြားသဖြင့် ကုတင်(၅ဝ)ဆန့် ဆွမ်ပရာဘွမ် ပြည်သူ့ဆေးရုံ တွင်လည်း နေရာပင်မလုံလောက် ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

“ကျန်းမာရေးပညာပေးအနေနဲ့ ဆေးရုံက ဆရာဝန်တွေ၊ ဆရာမတွေက ယင်လုံအိမ်သာကို လုံလုံခြုံ ခြုံထားဖို့၊ ရေကို သုံးစွဲဖို့တို့ ပြောသွားတာဘဲ။ အိမ်သာမှာသုံးဖို့ မပြောနဲ့ ရေက သောက်ဖို့၊ ထမင်း ဟင်း ချက်ဖို့တောင် မနည်းလုပ်နေရတာ။”

ဒေသအတွင်း ရေရှားပါးမှုအတွက် ဒေသခံအာဏာပိုင်များက လျစ်လျူရှုထားကာ မပခ တိုင်းမှူးနှင့် အဆင့်မြင့် အရာရှိများ ဆွမ်ပရာဘွမ်မြို့သို့ ရောက်ရှိလာလျင် မြို့ခံရပ်မိရပ်ဖတို့က ရေရှားပါးမှု ပြဿနာအား ကူညီဆောင် ရွက်ပေးရန် တင်ပြမှုများ မလုပ်နိုင်ရန် ဒေသခံအာဏာ ပိုင်များက ကြိုတင်ပြီး လိုက်လံတားဆီး ပိတ်ပင်ထား သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
ယင်းရေရှားပါးမှုသည် လွန်ခဲ့သည့် နွေရာသီမှ စတင်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ လက်ရှိအခြေအနေသုံးသပ်
2009-06-10

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ခေါင်းဆောင်တွေက ဇွန်လ ၁ဝရက် ဒီကနေ့ ရန်ကုန်မြို့မှာ အစည်းအဝေးတရပ် ကျင်းပခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ၁၉၉၈ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (ရှေ့တန်း၊ ဝဲမှယာ) ဦးလွင်၊ ဦးအေးသာအောင်၊ ဦးအောင်ရွှေ၊ ဦးသန်းထွန်း၊ ဦးတင်ဦး၊ (နောက်တန်း၊ ဝဲမှယာ) ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဒေါ်အောင်ဆန်းစုကြည်။ (Photo:Courtesy of NCGUB)

အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အစိုးရက ရုံးတင်တရားစွဲနေတာနဲ့ ပတ်သက်ပြီး သုံးသပ် ဆွေးနွေးကြပါတယ်။ အဲဒီအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ် ) တွေက ၁၉၇၄ ဖွဲ့စည်းပုံဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲနေတဲ့အပေါ် လက်မခံနိုင်ကြောင်း ကြေညာခဲ့တဲ့အပေါ် အာဏာပိုင်တွေက ဗဟို အလုပ်အမှုဆောင်တွေနဲ့ လူငယ်တာဝန်ခံတွေကို ခေါ်ယူ ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းတဲ့ ဖြစ်ရပ်ကိုလည်း သုံးသပ် ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီးတော့လည်း ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေ ပြောဆိုဖြစ်ကြတယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို အခုလို ပြောပါတယ်။

ဦးအေးသာအောင်။ ။ 'ဒီကနေ့ အစည်းအဝေး ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ပုဒ်မနဲ့ ဖြစ်ပျက်တဲ့ ဖြစ်စဉ်ဟာ မကိုက်ညီဘူးပေါ့။ နောက်ပြီးတော့ တရားရုံးရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ စွဲဆိုတဲ့ ဖြစ်စဉ်ပေါ်မှာ ကြည့်မယ်ဆိုရင်လည်းပဲ တရားမျှတမှု မရှိတာတွေကိုလည်းပဲ တွေ့ရတယ်ပေါ့။ တကယ်တော့ ဒါဟာ လုံခြုံရေးနဲ့ ဂ္ဆွန်ယက်တော အပေါ်မှာသာ တည်ပြီးတော့၊ အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ တရားစွဲဆိုရမဲ့ အနေအထားတောင် မရှိဘူးလို့ အန်ကယ်တို့အနေနဲ့ကတော့ ဒီလိုပဲ သုံးသပ်ပါတယ်။ ဒါတွေကို ဆွေးနွေးကြပါတယ်။ နောက်ထပ်၊ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ သက်သေအနေနဲ့ နောက်ထပ် တင်ထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်တာတွေကိုပါ ဆွေးနွေးကြပါတယ်။ ဖြစ်လာမဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ ပါတီ မှတ်ပုံတင် ဥပဒေတွေနဲ့ ပတ်သက်တာတွေကိုတော့ မှန်းပြီးတော့ ဆွေးနွေးကြတာပေါ့။'

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ အပြင်လောကမှာ မရှိစေချင်လို့ အခုလို တရားစွဲနေတာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ခေါင်းဆောင်တွေက သုံးသပ်ကြကြောင်းကိုလည်း ဦးအေးသာအောင်က ပြောပါတယ်။

ဦးအေးသာအောင်။ ။ 'အန်ကယ်တို့လည်း သုံးသပ်တာတခုကတော့ နဂိုကတော့ ဒါ ရက်ဆက် စစ်ပြီးတော့ပေါ့လေ၊ တရားစီရင်ချက်ကို အမြန်ဆုံး လုပ်မဲ့ ပုံစံမျိုး ဖြစ်နေတာကနေ အခု တဖြည်းဖြည်း ရုံးချိန်းတွေ ရွှေ့လာတယ်။ ပြီးတော့ သက်သေ နောက်တယောက်ကိုလည်းပဲ ခွင့်ပြုလိုက်တာတွေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါ နိုင်ငံတကာရဲ့ pressure ကို တရားမျှတတဲ့ ပုံစံမျိုးနဲ့ လုပ်လာသည့်တိုင်အောင် တရားစီရင်ရေးနဲ့ ပတ်သက်လို့တော့ မြင်ရတာက ဒေါ်စုကို ဘယ်လိုပဲဖြစ်ဖြစ် ချလိမ့်မယ်လို့ အန်ကယ်တို့အနေနဲ့ ဒီလိုပဲ မြင်ပါတယ်။ ၂ဝ၁ဝ မတိုင်ခင် ဒေါ်စုကို အပြင်မှာ မရှိစေချင်ဘူးလေ။ ဒါကို သူတို့က ဖြစ်တဲ့နည်းနဲ့ လုပ်တဲ့သဘောလို့ပဲ က္ဆွန်တော်တို့ သုံးသပ်လို့ ရပါတယ်။'

ဒီကနေ့ ကျင်းပခဲ့တဲ့ အစည်းအဝေးကို ဦးအေးသာအောင်၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ NLD ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မနှစ်က ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့နဲ့ တိုးချဲ့ထားပါတယ်။

သက်သေနှစ်ဦးကိစ္စ တရားရုံးချုပ်ကို ဆက်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား
2009-06-10

အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျိုးဆောင်ရှေ့နေတွေနဲ့ ထောင်ဝင်းဧည့်ရိပ်သာမှာ ဒီကနေ့ ဇွန်လ ၁ဝရက် နေ့လည်ပိုင်းက တွေ့ဆုံခွင့်ရခဲ့ပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးလည်း ဖြစ်သူ ဦးဉာဏ်ဝင်း (ယာ) အင်းစိန်ထောင် အထူးတရားရုံးမှ မေလ ၁၉ရက် အမှုချိန်းမှာ ပြန်လာနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ရန်ကုန်တိုင်းတရားရုံးက သက်သေတဦးကိုပဲ လက်ခံပြီး နှစ်ဦးကို ပယ်ချလိုက်တဲ့ကိစ္စဟာ တရားခံရဲ့ အခွင့်အရေးကို ပိတ်ပင်တာဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ ဗဟိုတရားရုံးချုပ်အထိ ဆက်ပြီးတင်ပြဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'အဓိကက က္ဆွန်တော်တို့ ဒါကို ဆွေးနွေးတယ်၊ က္ဆွန်တော်တို့က ဥပဒေသဘောတွေကို ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်က အဲဒီအပေါ်မှာ မူတည်ပြီးတော့ ဒီဟာက ဥပဒေလမ်းကြောင်းအရ ဆုံးခန်းတိုင်အောင် ဆောင်ရွက်ပါလို့ အဲဒီလို ညွှန်ကြားပါတယ်။'

တိုင်းတရားရုံးက ပယ်ချလိုက်တဲ့ သက်သေနှစ်ဦးဟာ စစ်အစိုးရက စွပ်စွဲထားတဲ့ အမှုကို ခုခံချေပဖို့ အရေးကြီးတဲ့နေရာမှာ ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ခံယူထားတဲ့အကြောင်း ဦးဥာဏ်ဝင်းက ပြောပါတယ်။ လက်ရှိပယ်ချခံရတဲ့ သက်သေ နှစ်ဦးမှာဆိုရင် တဦးက အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ဒုဥက္ကဋ္ဌ ဦးတင်ဦးဖြစ်ပြီး သူဟာ ၂ဝဝ၃ ဒီပဲယင်းအရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရှိနေပြီး အသက်ဘေးက သီသီလေး လွတ်ခဲ့သူတဦး ဖြစ်တဲ့အပြင် နောက်တဦးဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တဦး ဖြစ်ပါတယ်။ တိုင်းတရားရုံးက လက်ခံလိုက်တဲ့ တောင်ကြီးမြို့က ရှေ့နေ ဒေါ်ခင်မို့မို့ အနေနဲ့ သက်သေအဖြစ် ထွက်ချက်ပေးမဲ့ ရက်ကိုတော့ လာမဲ့ သောကြာနေ့ အင်းစိန်ထောင်တရားရဲ့ ရုံးချိန်းကျမှ သိရမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းက ထောင်တွင်း ဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးအဖော်နှစ်ဦးဖြစ်တဲ့ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမတို့နဲ့အတူ အကျိုးဆောင်ရှေ့နေ လေးဦးစလုံး တွေ့ဆုံခွင့်ရခဲ့ပြီး တနာရီခွဲကြာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အကျိုးဆောင်ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရခဲ့တာနဲ့ ပတ်သက်ပြီး ဦးဥာဏ်ဝင်းကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်မရှိခြင်းကို ILO ညီလာခံမှာ ဆုံးဖြတ်ချက်ချမှတ်
2009-06-10

ဒီကနေ့ ဇွန်လ ၁ဝ ရက်နေ့ အိုင်အယ်အို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီးရဲ့ ညီလာခံမှာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် မရှိတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တရပ်ကို ချမှတ်လိုက်ပါတယ်။

(Photo: AFP)

နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO)၏ ဇွန်လ ၃ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးတွင် ကျင်းပသော ညီလာခံ ဖွင့်ပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ ဖြစ်ပါသည်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားတဲ့ ဥပဒေတွေကို ရုပ်သိမ်းပေးပြီး အိုင်အယ်အို အဖွဲ့ချုပ်ကြီးရဲ့ သဘောတူညီချက် အမှတ် ၈၇ နဲ့အညီ စစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းကိုလည်း ပြင်ဆင်ပေးဖို့ အိုင်အယ်အို အဖွဲ့ချုပ်ကြီးရဲ့ အစည်းအဝေးမှာ ပဏာမ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

ဇွန်လ ၁၅ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ILO ညီလာခံမှာ အခုအချိန်အထိ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FTUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က အခုလိုရှင်းပြပါတယ်။

ဦးမောင်မောင်။ ။ 'ILO ရဲ့ သဘောတူညီမှု ၂၉၊ အဓမ္မ လုပ်အားပေးမှုနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲမှု မရှိသေးဘူး။ ဒါကြောင့်မို့လို့ နဝတရဲ့ အခြေခံဥပဒေမှာ ပါတဲ့ ပုဒ်မ ၃၅၄ကို ပြင်ဆင်ပေးဖို့ ဆိုတာကို စနေနေ့ ဇွန်လ ၆ရက်နေ့က ပြောသွားတာတခု၊ ဆုံးဖြတ်ချက် ချထားတာ တခုရှိတယ်။ ဒီလွတ်လပ်စွာ ဖွဲ့စည်းမှုဆိုတဲ့ ILO ရဲ့ ပဋိညာဉ် အမှတ် ၈၇နဲ့ ပတ်သက်လို့လည်း ဒီ ဥပဒေတွေကို ဖျက်ပေးဖို့ လိုတယ်။ ၆ မျဉ်းစောင်း ၈၈၊ ၂ မျဉ်းစောင်း ၈၈၊ နောက်ထပ်တခါ ဒီ မတရားသင်းဆိုတဲ့ ကိစ္စ ဖျက်ပေးဖို့ လိုတယ်။ ဒီ့ပြင်ကို ၂ဝဝ၈တုန်းက လုပ်ခဲ့တဲ့ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ဒီလွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းမှုက တားဆီးပိတ်ပင်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒါကို ပြင်ဖို့လိုတယ်ဆိုတဲ့ ကိစ္စတွေတော့ အဓိကပြောသွားတယ်။ စည်းကမ်းစည်းမျဉ်း လုပ်တဲ့ ကုမ္ပဏီတွေကတော့ ဒါကို အတည်ပြုပြီးသား ဖြစ်နေပြီ။'

ဒီဆုံးဖြတ်ချက်တွေကို ညီလာခံ နောက်ဆုံးရက်မှာ အတည်ပြုလိုက်ရင် အိုင်အယ်အို အဖွဲ့ချုပ်ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေ ဖြစ်လာမှာဖြစ်ပါတယ်။

ဒီ အိုင်အယ်အို ညီလာခံကြီးမှာ တက်ရောက်လာတဲ့ မြန်မာနိုင်ငံက အလုပ်သမား ကိုယ်စားလှယ် နှစ်ဦးကိုတော့ အိုင်အယ်အို ညီလာခံရဲ့ စီစစ်ရေးကော်မတီကနေ ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် မချရသေးဘူးလို့ သိရပါတယ်။

FTUB မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင် ဦးမောင်မောင်ကို RFA မှ ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။