Sunday, June 14, 2009

Blogger မသဒ္ဒါနှင့်မေးမြန်းခန်း

ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ အချို့ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် မြန်မာ အမျိုးသမီး အချို့ ကို အခမဲ့ ပို

June 14, 2009
၁၃ ဇွန် ရန်ကုန်၊ ၊ယူကွန်

Oversea Sex Business Offers Myanmar Girls

ရန်ကုန် မြို့ တွင်အခြေစိုက်သည့ှ်နာမည်ကျော်ကြားခြင်းမရှိ သေးသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီအချို့ မှာ ၎င်းတို့ ထံ နိုင်ငံရပ်ခြားအလုပ်အကိုင် အတွက် လာရောက် စုံစမ်းမေးမြန်းသည့် အမျိုးသမီးငယ် အချို့ ကိုသီးသန့် တွေ့ ဆုံ၍ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင်တာဝန်ထမ်းဆောင် နိုင်ပါက အခမဲ့ ပို့ ဆောင်ပေးမည် ဟု ပြော၍ စည်းရုံးကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။
ရန်ကုန် မြို့ ထဲတွင် အခြေစိုက်သည့် ပြည်ပအလုပ်အကိုင်ရှာ ဖွေရေး ဧဂျင်စီတစ်ခု တွင် သွားရောက်အလုပ်အကိုင် စုံစမ်းလျှောက်ထားသည့် အမျိုးသမီး နှစ်ဦး ၏ ပြောပြချက် အရ စင်္ကာပူ နိုင်ငံတွင် အလုပ်ရရှိရန် အတွက် ကိုယ်ရေးအချက် အလက်များပါ ပေးကာ ၊ သွားရောက် စုံစမ်းပြီးနောက် သုံးရက်အကြာတွင် ထိုဧဂျင်စီမှ တာဝန်ရှိ သူအမျိုးသမီးတစ်ဦးက သူမ၏ ဧဂျင်စီ သို့ ပြန်လည်ချိန်းဆို၍ စင်္ကာပူရှိ လိင်ဖျော်ဖြေရေးလုပ် ငန်းတစ်ခုတွင် အလုပ်လုပ် ကိုင်နိုင်မည် လား ဟုမေးမြန်းသည် သိရသည်။
ထိုကဲ့သို့ လိင်ဖျော်ဖြေရေး လုပ်ငန်းတွင် အလုပ်ရရှိ ရန် အတွက် ကမ်းလှမ်းခံရသော အမျိုးသမီး တစ်ဦးက “ကျွန်မတို့ CV တွေ သွားတင်ပြီး သုံးရက် လောက်ကြာတော့ အဲဒီ ဧဂျင်စီက ဖုန်းဆက်ပြီးလှမ်းခေါ်တယ် အလုပ် ကိစ္စတဲ့ ရုံးကို လှမ်းခေါ်တယ် ။ဟိုရောက် တော့ အမျိုးသမီး တစ်ယောက်ပဲ သီးသန့် ခန်းထဲမှာ နှစ်ယောက်ချင်း တွေ့ တော့ သူက စိတ်မရှိနဲ့ နော် စင်္ကာပူ က သူဌေးတွေ လာတဲ့ကလပ်တွေမှာ အလုပ်လုပ်ပေး နိုင်မလား မေးတယ် ၊ညီမက ဘာ အလုပ်လဲ ဆိုတော့ သူက ဓာတ်ပုံတွေပြတယ် ၊ယောင်္ကျားတွေ နဲ့ အတူတွဲပြီး ကနေတယ့် ကောင်မလေးတွေပုံ လေးတွေ ၊သူက ဆက်ပြေတယ် တစ်နေ့ ကို စရိတ်ငြိမ်း စင်္ကာပူ ဒေါ်လာ နှစ်ရာ အနည်းဆုံးရမယ်တဲ့ ”ဟု သူမတွေ ကြုံရပုံကိုပြန်ပြောင်းပြောပြသည်။
သူမကဲ့သို့ ပင် ထိုဧဂျင်စီတွင် အလုပ်လာရောက် လျှောက်ထားသော အခြားအမျိုးသမီး နှစ်ဦးမှာ လည်း ထိုကဲ့သို့ ပင် မေးမြန်ခံရသည် ဟု သိရသည်။
၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းမှ စ၍ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဧဂျင်စီ အချို့ ကို စစ်အစိုးရမှ တရားဝင်လုပ်ပိုင်ခွင့် များချပေးထားသော်လည်း အများစုမှာ စစ်အစိုးရ အရာရှိများ နှင့် နီးစပ်သူများသာဖြစ်သည် သော ကြောင့် ထိုမိန်းကလေး နှစ်ဦးမှာ ထိုဧဂျင်စီ ၏ အမည် ကို ဖေါ်ပြရေးသား ရန်ငြင်းဆန်ခဲ့ကြသည်။
ယမန် နှစ်က အလုပ်သမား ဦးစီးဌာန မှ တစ်နှစ် လျှင် နိုင်ငံခြားတိုင်းပြည် များသို့ အလုပ်သမား ၇၀၀ခန့် မပို့ နိုင်သော အလုပ်အကိုင် ရှာဖွေ ရေးဧဂျင်စီ များကို လိုင်စင် သက်တမ်း တိုးမပေး ဟု ခြိမ်းခြောက်ခဲ့ မှု ကြောင့် အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီများမှာ အလုပ်သမားအထွက် တင်ပြ နိုင်ရေး အတွက် ထိုသို့ မလျှော် ကန် သည့် နည်းလမ်းများကို အသုံးပြုခြင်းဖြစ် နိုင်ကြောင်း ကျောက်တံတားမြို့ နယ်တွင် အခြေစိုက်သည့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ တစ်ခု မှ မန်နေဂျာ တစ်ဦးကပြောသည်။
ရန်ကုန် အချို့ စိုက် အလုပ်အကိုင် ရှာဖွေရေးဧဂျင်စီ အချို့ ကို စစ်အစိုးရ ဖိနှိပ်မှု အောက်တွင် စားဝတ်နေရေး ကျပ်တည်းကျသော မြန်မာလူငယ် အချို့က အားထားကြသော် လည်း အချို့ အလုပ်ကိုင်ရှာဖွေ ဧဂျင်စီများ ၏ တာဝန်မဲ့သော လုပ်ရပ်များကြောင့် နိုင်ငံရပ်ခြားတွင် အဆင်မပြေဖြစ်ကာ ဘ၀ ပျက်ကျရသော အလုပ်သမားများ လည်းရှိသည်။
ဘ၀ပျက် ၍ ပြည်တော်ပြန်လာကြသော အလုပ်သမားများ က ၎င်းတို့ ကို အခကြေးငွေ ယူ၍ စေလွှတ်ပေးသော ဧဂျင်စီများ အား တရားစွဲ ဆိုမှုများပြုပါက အာဏာပိုင်များ နှင့်ပေါင်းက ထိုအလုပ်သမားအား ပြန်လည် မတရားအမှု ဆင်မှု များရှိသည်။
ရန်ကုန် မြို့ ရှိ အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ များသည် ယခုနှစ် အတွင်း ကမ္ဘာ စီးပွားရေးကျဆင်းမှုကြောင့် နိုင်ငံခြားသို့ အလုပ်သမားများ ယခင် နှစ်က ကဲ့သို့ မပို့ ဆောင် နိုင်တော့ ကြောင်းသိရသည်။
မြန်မာ အမျိုးသမီးများ အား လိင်ဖျော်ဖြေရေးလုပ်ငန်း များတွင် တာဝန် ထမ်းဆောင်ရန် အတွက်ပို့ ဆောင် ပေးသော ဧဂျင်စီ လေးခုခန့် ရှိပြီး ထိုဧဂျင်စီ များမှာ မှတ်ပုံတင် မထားသော ဧဂျင်စီများဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေ ရေး ဧဂျင်စီ မှာ ၀န်ထမ်းတစ်ဦးက ပြောသည်။
မြန်မာ အမျိုးသမီး အများစုအား လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်ရန် အများ ဆုံးပို့ လွှတ် သော နိုင်ငံများမှာ ထိုင်း၊စင်္ကာပူ ၊တောင်ကိုရီးယား နှင့် ပင်လယ်ကွေ့  နိုင်ငံများ ဖြစ်သည်။

အမာဒီနီဂျက် အနိုင်ရရှိကြောင်းကို အမေရိကန်က ပယ်ချ ပင်လယ်ကွေ့ရှိ အမေရိကန် ရေတပ်က အီရန်တော်လှန်ရေးအစောင့်တပ်ကို သတိပေး

၁၄ ဇွန် တီဟီရန် ၊CNN News
U.S. Persian Gulf forces cautioned on Iran
ကနေ ဒါနိုင်ငံ အွန် တေရီယို မှာ ရောက်ရှိ နေ တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မဲခိုးမှု မသာမာမှု များနဲ့ အနိုင်ရကြောင်းကြေညာခဲ့ တဲ့ အီရန် သမ္မတ အာမာဒီနီဂျက် ရဲ့ အနိုင်ရရှိ ကြောင်း ကြေညာချက် ကိုပယ်ချခဲ့ပါတယ်။
နိုင်ငံသား တို့ ရဲ့ ဆန္ဒ နဲ့ လျှော်ညီ စွာ ထွက်ရှိ လာခြင်းမရှိ တဲ့ ဒီရွေးကောက်ပွဲ ရလာဒ်ကို အမေရိကန်က လက်ခံ နိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။အီရန် သမ္မတ ရွေးကောက်ပွဲ အပြီး ပေါ်ထွက်လာတဲ့ ရလာဒ် ကို မကျေနပ်ကျတဲ့ အီရန် ကျောင်းသားလူငယ် တွေ နဲ့ ပြုပြင် ပြောင်းလဲ ရေး လိုလားကြတဲ့ ပြည်သူအများစု ကတော့ တီဟီရန် လမ်းမတွေ ပေါ်မှာ ဒုတိယ မြောက်နေ့ အဖြစ် ဆက်လက်ပြီးဆန္ဒပြ နေဆဲ ဖြစ်သလို ရဲတပ်ဖွဲ့ ကလည်း မျက်ရည် ယို ဗုံးတွေ ၊နံပါတ်တုတ် တွေ အသုံးပြုပြီး လူစုခွဲ လျှက်ရှိပါတယ်။
အာမာဒီနီဂျက် ၆၂.၆ ရာခိုင် နှုန်းနဲ့ အနိုင်ရရှိတယ် လို့ ကြေညာပြီးတဲ့နောက်မှာ အမျက်ဒေါသထွက်နေကြတဲ့ လူထောင်ပေါင်းများစွာ ဟာ တီဟီရန် မြို့ တော်က လမ်းမတွေ ပေါ်မှာ ဘတ်(စ)ကားတွေကို မီးရှို့ပြီး ကန့် ကွက် ဆန္ဒပြကြပါတယ်။သူတို့ က ပြုပြင်ပြောင်းလဲ ရေး လိုလားတဲ့ ၀န်ကြီးချုပ်ဟောင်း ဟူစီန် မိုဆာဗီ ကို ထောက်ခံသူ တွေ ဖြစ်ပါတယ်။
၁၉၇၉ ခုနှစ် နောက်ပိုင်းက စပြီးတီဟီရန် မှာ အကြီးကျယ်ဆုံးလူထု ဆန္ဒပြပွဲကြီး ဖြစ်ကြောင်း နဲ့ မိုဆာဗီ ကို အနိုင်ရကြောင်း မကြေညာပေး တဲ့  အီရန် အစိုးရ ကို ဒေါသထွက် နေတဲ့ လူအုပ်က မော်တော် ကားတွေ ၊တာယာတွေ မီးရှို့ပြီး ဆန္ဒပြနေ ပုံ ဟာ တီဟီရန် အစိုးရ အတွက် တော့ တုန်လှုပ်စရာ ဖြစ်တယ် လို့ တီဟီရန် ကနေ တိုက်ရိုက် သတင်းပေး ပို့ နေတဲ့ အယ်ဂျာဇီးယား သတင်းထောက် တစ်ဦးက ပြောပါတယ်။
ရွေးကောက်ပွဲ ရလာဒ် ပေါ်ထွက်ပြီး မကြာခင်မှာပဲ အီရန် နိုင်ငံ ရဲ့ အကြီးဆုံးပြုပြင် ပြောင်းလဲရေး လိုလားတဲ့ ပါတီကြီးတစ် ခု ဖြစ်တဲ့ အီရန် အစ္စလာမ် မစ် လှုပ်ရှားမှု တပ်ဦး ရဲ့ ဌာနချုပ်ကို ၀င်ရောက်ပြီးပါတီ ရဲ့ ထိပ်တန်းခေါင်းဆောင် တွေ ကိုဖမ်းဆီးသွားတာ ကြောင့် ပါတီ ဌာနချုပ် ကို လည်းပိတ်ထားရပါတယ်။
အဓိကရုန်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဝင်တွေ က တီဟီရန် တက္ကသိုလ် ကို သွားလို့ ရတဲ့ လမ်းတွေ ကို စနေနေ့ မနက် အစောပိုင်းက တည်းက ပိတ်ပစ်ခဲ့ပါတယ်။နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့ က ဟေဒီဂေမီ ကတော့ လူထု အုံ ကြွမှု ဒီထက် အားကောင်းလာရင် တော့ တီဟီရန် အစိုးရက အီရန် နိုင်ငံရဲ့ တိုင်အန်မင် တီဟီရန် လုပ်ပစ်မှာ သေချာကြောင်း သုံးသပ် ပြောကြားပါတယ်။
အီရန် နိုင်ငံ တောင်ပိုင်းရေ နံထွက်ရှိရာ ခူဇက်စတန် ပြည်နယ်က အာဗက်(စ)ဲမြို့ မှာလည်း မူဆာ
ဗီကို ထောက်ခံသူတွေ က ငါတို့ ရဲ့ မဲတွေ ပြန်ပေးလို့ ကြွေးကျော် ဆန္ဒပြကြပါတယ်။မူဆာဗီက တော့ သူ့ ကိုထောက်ခံသူတွေ ကို ငြိမ်ငြိမ်သက်သက်ရှိ ကြဖို့ ပန်ကြားခဲ့ပါတယ်။
တီဟီရန် မှာ ဖြစ်ပွားနေတဲ့ လူထု ဆန္ဒပြမှု တွေ ကို အေးအေးချမ်းချမ်း ဖြစ်စေဖို့ နဲ့ ရွေးကောက်ပွဲ
ရလာဒ်ကို ပြည်သူများရဲ့ ဆန္ဒ အတိုင်းဖြစ်ဖို့ ပင်လယ် ကွေ့ တပ်စွဲထားတဲ့ အမေရိကန် ရေတပ်က
သတိပေးထားပါတယ်။ပင်လယ် ကွေ့ မှာရှိတဲ့ အမေရိကန် ရေတပ်ကလည်း ရွေးကောက်ပွဲအပြီး
တီဟီရန် မှာ မငြိမ်မသက် မှု တွေ ဖြစ်ကတည်းက အသင့်အနေ အထားပြင်ဆင် ထားပါတယ်။
သမ္မတ အာမာဒီနီ ဂျက်ကိုထောက်ခံသူများက လည်း ပြုပြင်ပြောင်းလဲရေးဝါဒီ ဟူစိန် မိုဆာဗီ သေပါစေ ဟူ၍ တီဟီရန် တွင် ဆန္ဒပြကြသည်။

အီရန်ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုတွေဖြစ်
၁၄ ဇွန် တီဟီရန် ၊VOA NEWS
Police beat protesters in Iran after Ahmadinejad declared winner
ဖိနှိပ်သူတို့ အသုံးချသော မော်တော်ကား၊ဘတ်(စ)ကား၊မော်တော်ဆိုင်ကယ်များကို မီးရှို့ ဖျက်ဆီးခြင်းသည် ခောတ်သစ် တော်လှန်ရေးများ၏ အရေးပါသော အခြင်းအရာ တစ်ရပ်ဖြစ်လာခဲ့သည်။
အီရန်နိုင်ငံမှာ လက်ရှိ သမ္မတ မာမွတ် အမာဒီနီဂျက် မဲအပြတ်အသတ်နဲ့ အနိုင်ရကြောင်း အရာရှိတွေ ကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ တီဟီရန်မြို့တော် လမ်းတွေပေါ်မှာ လမ်းလျှောက် ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား စနေနေ့က တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။မစ္စတာ အမာဒီနီဂျက် ရဲ့ ထိပ်ဆုံးက ပြိုင်ဘက် ပြုပြင်ပြောင်းလဲရေး ၀ါဒီ မစ္စတာ ဟိုဆေး မူဆာဗီ ကို ထောက်ခံသူတွေက တီဟီရန် မြို့အနှံ့မှာ ကား တာယာ တွေကို မီးရှို့၊ ခဲတွေကို ပစ်ပေါက်ကြနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားတွေရဲ့ အဓိကရုဏ်း ပြီးရင်တော့ အဆိုးရွားဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီရွေးကောက်ပွဲဟာ မတရားသဖြင့် လုယူခံလိုက်ရတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြပြီးတော့ အာဏာရှင် ကျဆုံးပါစေ ဆိုတဲ့ ကြွေးကြော်သံ တွေကိုလည်း ဟစ်အော်နေကြပြီး မစ္စတာ မိုဆာဗီ သူတို့ပေးထားတဲ့ မဲတွေကို ပြန်ယူပေးပါလို့ တိုက်တွန်းနေကြပါတယ်။
ရဲတွေ ဘက်ကလည်း မျက်ရေယိုဗုံးတွေနဲ့ ပစ်၊ နံပါတ်တုတ်တွေနဲ့ ရိုက်ပြီးတော့ လက်တုံ့ပြန်ပါတယ်။ ဆန္ဒပြတဲ့လူအုပ်ကို လူစုခွဲဖို့ အဓိကရုဏ်း ထိန်း ရဲတွေကလည်း လူအုပ်ထဲကို မော်တော်ဆိုင်ကယ်တွေ နဲ့ မောင်းဝင်ကြပါတယ်။ မစ္စတာ အမာဒီနီဂျက် က မဲ ၆၂.၆ % ရရှိပြီးတော့ မစ္စတာ မူဆာဗီ က မဲ ၃၃.၇၅ % ရရှိတယ်လို့ အီရန်ပြည်ထဲရေး ၀န်ကြီးက ကြေညာပြီးတဲ့နောက်မှာ ဆူပူမှုတွေက စနေနေ့မှာ စတင်ဖြစ်ပွားတာ ဖြစ်ပါတယ်။
ဒီလို မဲအသာရမှုက အောင်မြင်မှုကြီး တရပ်ပါလို့ မစ္စတာ အမာဒီနီဂျက် က မိန့်ခွန်းပြောကြားသွားပြီးတော့ ဒီရွေးကောက်ပွဲဟာ အပြည့်အ၀ လွတ်လပ်မှုရှိတဲ့ ရွေးကောက်ပွဲပါလို့ လည်း ပြောပါတယ်။ မြို့တော်မှာတော့ လက်ကိုင်ဖုန်း အဆက်အသွယ်တွေကိုလည်း ဖြတ်တောက်ခံရပါတယ်။ Facebook လိုမျိုး မိတ်ဆွေဖွဲ့ အင်တာနက် ကွန်ယက်တွေကိုလည်း ၀င်အောက်တဲ့အခါမှာ ဆက်သွယ်မှု အခက်အခဲနဲ့ ကြုံရတယ်လို့ ကြားပါတယ်။
အီရန်နိုင်ငံမှာ မဲဆွယ်တော့ မစ္စတာ အမာဒင်နီဂျက် ရဲ့ ပြိုင်ဘက် မစ္စတာ မူဆာဗီ ကို ထောက်ခံတဲ့ ငယ်ရွယ်တဲ့ မဲပေးသူတွေက လူစုစည်းဝေးပွဲတွေကို ပြုလုပ်ဖို့ လက်ကိုင်ဖုန်းတွေ အင်တာနက်တွေကို အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။
အီရန်သမ္မတ မာမွတ် အမာဒီနီဂျက် သမ္မတ အဖြစ်နဲ့ ပြန်လည် ရွေးကောက်ခံရတာနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ ကတော့ အမျိုးမျိုး ဖြစ်နေပါတယ်။ အီရန်နိုင်ငံရဲ့ အငြင်းပွားစရာ ဖြစ်နေတဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး မဲလိမ်တာ၊ မဲခိုးတာ အပါအ၀င် တခြားမူ မမှန်တဲ့ ရွေးကောက်ပွဲ အခြေအနေတွေကို အမေရိကန်နိုင်ငံ ကလည်း အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
အီရန်နိုင်ငံက ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေဟာ အီရန်ပြည်သူတွေရဲ့ ဆန္ဒနဲ့ သဘောထား အမှန်ကို ဖော်ပြတဲ့ ရလဒ်တွေဖြစ်ဖို့ကိုပဲ အမေရိကန်ပြည်ထောင်စုက မျှော်လင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီ ကလင်တန် က ကနေဒါနိုင်ငံမှာ ရောက်ရှိနေစဉ် ပြောကြားသွားပါတယ်။ အီရန်ပြည်သူတွေ ဘယ်လို ဆုံးဖြတ်တယ် ဆိုတာကို တခြား ကမ္ဘာ့နိုင်ငံ တွေလိုပဲ အမေရိကန်ပြည်ထောင်စု ကလည်း စောင့်ကြည့်နေတယ်လို့ သူမက ပြောပါတယ်။
မစ္စတာ အမာဒီနီဂျက် ရဲ့ ခြိမ်းခြောက်တာ ပစ်မှတ်ထားတာကို မကြာခဏဆိုသလို ခံရတဲ့ အစ္စရေး နိုင်ငံကလည်း အီရန်ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်ပြီး အလွန်ပဲ စိုးရိမ်မိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အာရပ် အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှုးချုပ် အာမာမူဆာကာ က မစ္စတာ အမာဒီနီဂျက် ကို ဂုဏ်ပြုပြောကြားခဲ့ပြီး၊ အီရန်နိုင်ငံနဲ့ အာရပ်ကမ္ဘာ ဆက်ဆံရေး ပိုကောင်းလာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဆီရီးယားသမ္မတ ဘာရှာအလ်အာဆက်၊ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ဟားမတ်စ်နဲ့၊ အစ္စလာမ် ဂျီဟတ် အဖွဲ့တွေကလည်း မစ္စတာအမာဒီနီဂျက် ကို ဂုဏ်ပြုခဲ့ကြပါတယ်။ အီရန်ုဟာ ဟားမတ်စ် အဖွဲ့ကို ထောက်ခံတဲ့နိုင်ငံ ဖြစ်ပါတယ်။ အီရန်နိုင်ငံမှာ ရှိတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကတော့ ရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ မစ္စတာ အမာဒီနီဂျက် ကို အသာရအောင် လိမ်ညာ ဖန်တီးထားတာ ဖြစ်တယ်လို့ ပြောပြီးတော့ ရွေးကောက်ပွဲအသစ် လုပ်ဖို့ကို အကြံပေးထားပါတယ်။
http://longwalktofreedom.wordpress.com

အန်တီစုအတွက်အလှုဒါန

ယနေ့မနက်၁၀နာရီတွင်ကနေဒါနိုင်ငံတိုရန်တိုမြို့မဟာဓမ္မိကကျောင်းတွင်ပြုလုပ်ခဲ့ပါသည်။
Photobucket
တရားနာကြစဉ်Photobucket
ကိုအောင်ဒင်(NLD-LA)၀တ္တုငွေများဆက်ကပ်စဉ်Photobucketမြန်မာ့အရေးလှုပ်ရှားသူကိုကျော်ဇောဝေဆွမ်းဆက်ကပ်စဉ်
Photobucket

“ အကျင့်ဆိုး ”

“ အကျင့်ဆိုး ”
ဖျောက်မရတဲ့ 
အကျင့်ဆိုးတွေပါနေတော့လည်း
ငါဟာ တဇွတ်ထိုးလုပ်ကာ
ဆက်မိုက်ပြရအုံးမယ်ပ့  ။
ကိုယ်ထင်ရာကိုယ်ဆွဲတွေးကာ့ 
တလွဲတော့လျှောက်မတွေးနဲ့ သူငယ်ချင်း
ငါ့အကျင့်ဆိုးပါနေတာက
စစ်အာဏါရှင်ပြုတ်ကျရေးအတွက်သာ အဓိက့  ။
မြန်မာနိုင်ငံသားတွေကို့ 
ခေါင်းမဖေါ်နိုင်အောင်
အလဲထိုးနှိပ်ကွပ်ထားတဲ့ စစ်အစိုးရအတွက်
လ္ဘက်ထုပ်တတ်ကြသူတွေ ၀ိုင်းထုပ်ကြကာ
စစ်အာဏါရှင်တွေကို
ဘက်ပေါင်းစုံကနေ၀ိုင်းတိုက်ကြဖို့
တဇွတ်ထိုးဆက်မိုက်ကာ
အကျင့်ဆိုးတွေပြဖို့
အားလုံးတညီတညွတ်တည်း ဆုံးဖြတ်ချက်ချကာ
အကျင့်ဆိုးတွေနဲ့
စစ်အာဏါရှင်အမြစ်ပြုတ်အောင် ဆက်တိုက်ကြပါစို့  ။
ဇာနည်မောင်