Monday, June 15, 2009

အင်းဂလိပ်လိုချည်းပဲပြောနေတော့အိပ်ချင်တာပေါ့

Photobucket

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့သည်မြန်မာ့အမျိုးသမီးများနေ့ဖြစ်သည်။

Photobucket

ခင်ဗျား အရင်အတိုင်း မဟုတ်တော့ဘူး ရန်ကုန်




Posted: 03 Jun 2009 02:25 AM PDT
ဟန်ထူးလွင် (Big Bag) ရဲ့ သီချင်း တစ်ပုဒ်ထဲမှာတော့ “ရန်ကုန်မြို့ကြီးလဲ အရင်အတိုင်းပဲ” တဲ့။ မြန်မာနိုင်ငံ ခဏ ပြန်ဖြစ်တော့မှ ခင်ဗျား အရင်အတိုင်း မဟုတ်တော့မှန်း သိလိုက်ရတယ်ဗျို့။ အပြောင်းအလဲတွေ ခပ်များများနဲ့ ခင်ဗျားကို ကျုပ်တော့ မမှတ်မိလောက်အောင်ပဲ။ ခင်ဗျားဟာ ဟန်ပဲ ရှိပြီး အဆံမရှိတော့တဲ့ မြို့တစ်ခုလို့ ကျုပ် သိလိုက်ရတော့ အံ့အားသင့်သွားတယ်ဗျ။

ခင်ဗျား အသစ်ဆောက်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆောက်အဦးထဲ အရင်ကလို ကားကြီးနဲ့ ခေါ်မသွားတော့ဘဲ စင်္ကာပူမှာလို လေယာဉ်တံခါးကနေ တခါတည်း လေဆိပ်ထဲ ၀င်သွားလို့ ရတော့ ကျုပ် .. ခင်ဗျားကို အထင်ကြီးမိတာ အမှန်ပဲဗျ။ နောက်ပြီး လူဝင်မှုကြီးကြပ်ရေး ရောက်တဲ့အထိ ရွေ့လျားစက်လှေကားတွေနဲ့ ဆိုတော့ ခင်ဗျားနဲ့ မတွေ့ဖြစ်တဲ့ ၂ နှစ်လောက် အတောအတွင်း ခင်ဗျား အတော်လေး ဟုတ်နေပြီကောလို့ ကျုပ်ထင်မိလိုက်သေးတာ။ ခင်ဗျား ရေနံသူဌေးဖြစ်နေတဲ့ သတင်းတွေလည်း ကြားနေရတာကိုး။ ဒါပေမယ့်ဗျာ ... ။

ရှေ့မှာ ကျုပ်တွေ့လိုက်တဲ့ လူတန်းကြီးက တမျှော်တခေါ်ပါလား။ ကျုပ်လည်း စင်္ကာပူမှာ ဆယ်စုနှစ်တစ်ခုလောက် နေခဲ့သူဆိုတော့ စည်းကမ်းတကျ တန်းဝင်စီလိုက်တာပေါ့လေ။ ခက်တာက အတော်လေး ကြာမှ လူတန်းကြီးက နည်းနည်းလေး ရွေ့တာပဲဗျို့။ မြန်မာနိုင်ငံသားတွေ မြန်မာပြည်ပြန်လာတာကို ဘာတွေများ အချိန်ဒီလောက်ယူပြီး ခင်ဗျား စစ်ဆေးနေမှန်း ကျုပ် မသိတာ အမှန်ပဲ။ တစ်ယောက်ပြီး တစ်ယောက်ကို အခွန်ဆောင်လာလား၊ ခွင့်စာပါလား၊ ကျောင်းပိတ်လို့ ပြန်လာတာလား လုပ်နေတာ လူဝင်မှုကြီးကြပ်ရေးရဲ့ အလုပ် ဟုတ်မဟုတ် ခင်ဗျား သေချာ တွေးကြည့်ဖို့ ကောင်းတယ်ဗျ။ ကျုပ်က စင်္ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် ရထားသူ တစ်ယောက် ဆိုတော့ စင်္ကာပူပြန်ရင် ဘယ်တော့မှ Arrival Form လည်း ဖြည့်စရာ မလိုဘူး။ ကျုပ် ဘယ်က ပြန်လာသလဲ။ ဘာသွားလုပ်သလဲ ဆိုတာလဲ စပ်စပ်စုစု မမေးဘူး။ ပြီးတော့ ကျုပ်ကို အခွန်ဆောင်သလားလည်း မမေးဘူးဗျ။ ဒါ IRAS (စင်္ကာပူ အကောက်ခွန်ဌာန) က လုပ်ရမယ့် အလုပ်လေဗျာ။

ခက်တာက မြန်မာနိုင်ငံသား တစ်ယောက်အဖြစ်ကို ဘယ်လိုအခွင့်အရေး ပေးပေး မစွန့်လွှတ်ဘဲ တစ်နေ့ မြန်မာနိုင်ငံမှာ ပြန်နေမယ်ဆိုတဲ့ စိတ်နဲ့ ဖက်တွယ်ထားတဲ့ ကျုပ်ကိုမှ ခင်ဗျားက အခွန်ဆောင် မလာရင် ပြည်ဝင်ခွင့် မပေးဘူး ဆိုတာနဲ့၊ ခွင့်စာ မပါရင် နိုင်ငံကူးလက်မှတ် သိမ်းမယ် ဆိုတာနဲ့ ဟိန်းလား ဟောက်လား ခြိမ်းလား ခြောက်လား လုပ်နေတာ တဆိတ် မလွန်လွန်းဘူးလားဗျာ။ ပြီးတော့ ခင်ဗျားဟာ အတော် အရှက်အကြောက် ကင်းမဲ့စွာနဲ့ ခင်ဗျားအတွက် ဘာလက်ဆောင်ပါသလဲ မေးနိုင်သေးတာ အံ့ပါရဲ့ဗျာ။ ကျုပ် ခင်ဗျားဆီလာဖို့ အတွက် ပြန်ခါနီးလေးတင် ဆပ်ကြေးပေးခဲ့ရပြီးပြီလေ။ ကျုပ်ဆီက ဘာများ ထပ်လိုချင်သေးတာလဲ။

ခင်ဗျားနဲ့ ကျွန်တော်ဟာ ငယ်ပေါင်းကြီးဖော်ဆိုလဲ ဟုတ်ရဲ့။ ခင်ဗျားရဲ့ အဝေးမှာ ရောက်နေပေမယ့် ကျုပ်က ခင်ဗျားရဲ့ သတင်းတွေ အမြဲ နားစွင့်နေတဲ့သူပါဗျာ။ ခင်ဗျားကတော့ ကျုပ်လိုကောင်တွေ ခင်ဗျားကို စွန့်ပြီး အဝေးကြီးကို ထွက် ထွက်သွားနေတာ မြင်ရတော့ အရေးတယူ လုပ်ပြီး နေကောင်းလား ဘာလားတောင် မေးဖော်မရဘူး မဟုတ်လား။ ခင်ဗျား အတွက် ကျုပ်ဟာ သေလူ ဖြစ်သွားခဲ့ပြီလား ရန်ကုန်.. ။ ခင်ဗျားရဲ့ နေ့စဉ်ဘ၀ထဲမှာ ကျုပ်မရှိလည်း ခင်ဗျား ရှင်သန်လို့ ရနေတယ်ဆိုတော့ ကျုပ် ပြန်လာသည် ဖြစ်စေ မပြန်လာသည် ဖြစ်စေ ခင်ဗျားအတွက်က မထူးတော့ဘူးလေ။

ဒီလိုနဲ့ ကျုပ် အိမ်ပြန်ရောက်တဲ့ညမှာ ခင်ဗျားက မီးဖျက်ထားလိုက်သေးတယ်။ ဟိုး.. ကျုပ်ငယ်ငယ် မဆလခေတ်တုန်းကတောင် မီးပျက်မယ့်နေ့တွေ မီးလာတဲ့အချိန်တွေ မရှိဘူး။ သတင်းစာတွေထဲ ခင်ဗျား ရေးရေး နေတော့ ရန်ကုန်ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်နေပြီဆို ဗျ။ တကယ်တမ်း ခင်ဗျား ရေးသင့်တာက ရန်ကုန်ဟာ ခေတ်နောက်ကျ မီးခဏခဏ ပြတ်နေပြီဆိုတာပဲလို့ ကျုပ်ပြောရင် ခင်ဗျားက စိတ်ဆိုးဦးမယ်။ ကျုပ်သိပါတယ်။ ကျုပ်က ခင်ဗျားကို ဝေဖန်တာနဲ့ ခင်ဗျား ငွေပေးပြီး လက်သပ်မွေးထားတဲ့ တေလေဂျပိုးတွေနဲ့ ကျုပ်ကို ရန်ရှာမယ် မဟုတ်လား။ မီးဖျက်ရုံနဲ့ ခင်ဗျားက အားမရတော့ ရေမလာအောင် လုပ်ပြန်ပါရော။ ကျုပ် အင်တာနက် သုံးမယ်လည်း လုပ်ရော ခင်ဗျားက ဖုန်းလိုင်းပါ ဖျက်လိုက်တယ်။ ခင်ဗျားမှာ ကောင်းတာ ဘာများ ကျန်သေးသလဲလို့ မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်ချင်တယ် ရန်ကုန်.. ။

ခင်ဗျား အရင်အတိုင်း မဟုတ်တော့ဘူး ရန်ကုန်။ ခင်ဗျားဟာ ဘီယာလေး တမြမြ ဖြစ်လာပြီ။ စီးကရက်ကိုလည်း လက်က မချဘူး။ အညောင်းအညာပြေ အနင်းအနှိပ်ခံဖို့လား သားပျိုသမီးပျိုတွေကို ဖျက်စီးဖို့လား ခင်ဗျားကတော့ နေရာတိုင်းလိုလို အနှိပ်ခန်းတွေ လိုက်ဖွင့်ထားတယ်။ ကာရာအိုကေဆိုင်တွေက မီးပျက်လည်း မီးစက်နဲ့ ဆိုနေတယ်။ စည်ဘီယာဆိုင်တွေက လက်ညှိုးထိုးမလွဲဘူး။ ဘီယာ အရောင်းမြှင့်တင်ရေးလုပ်နေရတဲ့ မိန်းမပျိုလေးတွေ၊ အနှိပ်ခန်းတွေထဲ အစော်ကားခံနေရတဲ့ မိန်းမပျိုလေးတွေ၊ ကာရာအိုကေဆိုင်တွေမှာ သီချင်းအတူ လိုက်ဆိုရင်း ငွေနဲ့ အနင်းခံလိုက်ရတဲ့ မိန်းမပျိုလေးတွေ၊ နိုက်ကလပ်က ဖက်ရှင်ရှိုးအမည်ခံ ပန်းကုံးစွပ်ပွဲတွေကနေ အသပြာရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းမပျိုလေးတွေ.. သူတို့တတွေဟာ ခင်ဗျားရဲ့ နှမသားချင်းတွေဆို ခင်ဗျား ခုလို ရီဝေေ၀ မျက်လုံးတွေနဲ့ စားမတတ် ၀ါးမတတ် စိုက်ကြည့်နေနိုင်ဦးမလား ရန်ကုန်။

ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ ပြန်တွေးဦး ရန်ကုန်။ ခင်ဗျား နောက်မှ လူဖြစ်တဲ့ စင်္ကာပူတောင် အတော် ပြည့်ပြည့်စုံစုံ ဖြစ်နေပြီ။ ခင်ဗျား ရှက်တတ်ရင် ခင်ဗျားဘ၀အတွက် ခင်ဗျားကို မှီခိုနေရတဲ့သူတွေအတွက် ခင်ဗျား လုပ်သင့်တာကို ပြတ်ပြတ်သားသားလုပ်ဖို့ လိုပြီ ရန်ကုန်။ ခင်ဗျား ပြောင်းလဲဖို့ အသင့်ဖြစ်တဲ့ အခါ ကျုပ်ရော ကျုပ်သူငယ်ချင်းတွေပါ ခင်ဗျားဆီ ဆက်ဆက် ပြန်ခဲ့မယ်ဆိုတာ မမေ့ပါနဲ့။ ဘာပဲဖြစ်ဖြစ် ကံကြုံတဲ့ အခါ ပြန်ဆုံကြဖို့ ခင်ဗျားကို ကျုပ် သံယောဇဉ် မကုန်သေးဘူး.. ရန်ကုန်..။

ညီညီ(သံလွင်)

နိုင်ငံရေးလက်ဦးမှု လက်မလွတ်ရေး


Tuesday, June 09, 2009
မောင်ချစ်ခင်

ဒေါ်အောင်ဆန်းစုကြည်ကို ကြံဖန်အမှုဆင်ပြီး ရုံးတင်ခြင်းသည် ဤကာလ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ဒီပဲယင်း အရေးအ ခင်းနှင့် တတန်းတည်းထားရမည့် အဖြစ်အပျက်တခုဖြစ်သည်။ နအဖ၏ လက္ခဏာမှာ ၁၉၈၈ ခုနှစ်က စလို့ ဒီနေ့အထိ ဘာ မှပြောင်းလဲခြင်းမရှိကြောင်းကို ဤကိစ္စက ဖော်ပြနေပေသည်။

၈၈ မှာ လူသတ်သည်၊ ဒီပဲယင်းမှာ လူသတ်သည်၊ စက်တင်ဘာသံဃာ့အရေးအခင်းမှာ သံဃာကိုသတ်သည်၊ ယခု ၂ဝဝ၉ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသေသတ်ရန် လုပ်နေပြန်သည်။

နအဖနှင့်ပတ်သက်၍ အကောင်းမြင်စရာ တကွက်မှမရှိ၊ စိတ်ကူးယဉ်စရာ နည်းနည်းမှမရှိ၊ ပြည်သူတွေအတွက် ဗလာနတ္ထိ။

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် နီးလာလေလေ နအဖ၏ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို တွေ့ရလေလေ ဖြစ်နေသည်။ ဤသည် မှာ တိုက်ဆိုင်မှု လုံးဝမဟုတ်။ သူတို့တတွေ စိတ်ကို ဒုံးဒုံးချပြီး အပြတ်လုပ်နေခြင်းဖြစ်သည်။

ဤသည်မှာ သူတို့လက်ထဲတွင် အာဏာဆက်လက်တည်ရှိရေး၊ အသက်ရှင်ရပ်တည်ရေးတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ထို့ကြောင့် ဤအတွက် ဘာကိုမဆို သူတို့လုပ်မည်။

လိုအပ်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်မည်။ ဒေါ်အောင်ဆန်းစုကြည်ကို တသက်ပတ်လုံး ထောင်ထဲမှာ ထားမည်။ သတ်စရာလိုလျှင် ဘယ်သူ့ကိုမဆို ဖမ်းမည်၊ သတ်မည်။

ဒီလိုအချိန်မှာ ပြည်သူတွေဖက်က ဘာလုပ်မလဲ။ နအဖ၏ ရွေးကောက်ပွဲကိုဝင်၍ ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ် မည်လော။ မီးစင်ကြည့်ရုံပဲဟု ဆုံးဖြတ်မည်လော။

သေချာသည်မှာ ဗမာပြည်ကို အုပ်စိုးမှု၏ အနှစ်လက္ခဏာမှာ ဤရွေးကောက်ပွဲကိုကျင်းပသဖြင့် ပြောင်းလဲသွား မည်မဟုတ် သလို အုပ်စိုးသူများ၏ သဘောထား၊ ပေါ်လစီများမှာလည်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးသည့်နောက် ဘာမျှ ခြားနားမည်မဟုတ်ဆိုသည်ကို သဘောပေါက်ကြရမည်။

အာဏာကိုသာ ကိုင်ထားနိုင်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဖျက်ပစ်နိုင်သည်၊ ရေးဆွဲနိုင်သည်၊ အတည်ပြုနိုင်သည်။ နောက်ပြီး ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ် ကြိုက်သလို ကျင်းပနိုင်သည်။ ရလဒ်ကိုမကျေနပ်လျှင် အာဏာကိုလွှဲမ ပေးဘဲ နေနိုင်သည်။

ဗမာပြည်က စစ်အာဏာရှင်များအနေဖြင့် ဒါတွေအားလုံးကို လုပ်ခဲ့ဖူးပြီ။ အာဏာရှိသရွေ့ လုပ်နေဦးမည်။ သင်းတို့၏ တည် ကြည်ဖြောင့်မတ်မှုကိုလည်း ကမ္ဘာနှင့်အဝှမ်း မည်သူကမျှ မယုံကြည်ကြ။

ဤသို့သော အနေအထားတွင် “တသက်တော့ အမတ်ဖြစ်ဖူးတယ်ရှိအောင် ရွေးကောက်ပွဲ ဝင်လိုက်ဦးမည်” လို့ ဆိုသူတွေ၊ “အာဏာကလေးများ၊ တပြားတမူးဖိုးလောက်ရှိလျှင် အင်မတိ အင်မတန် စံချင်တိုင်းစံရမည်” ဟု စိတ်ကူးယဉ်နေသူတွေနှင့် အချီအချ အခြေအတင် ပြောနေစရာ မလို။

သူတို့လမ်းကိုသူတို့ လျှောက်ခွင့်ပြုလိုက်ရုံသာရှိ၏။ ကိုယ့်အလုပ်က သူတို့နှင့် အချိန်ဖြုန်းနေစရာမဟုတ်။ ကိုယ့်အလုပ်က ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအတွက် တနည်း ရွေးကောက်ပွဲ နောက်ပိုင်း တိုက်ပွဲတွေ အတွက် အခုကတည်းက ပြင် ဖို့ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင် နအဖ စစ်ဗိုလ်ချုပ်တွေ ပိုပြီး ဘဝင်မြင့်၊ စိတ်ကြီးဝင်လာမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ စကားတွေ၊ ဥပဒေစကားတွေ တွင်တွင်ပြောကာ ပိုရမ်းကားလာမည်။ “ဖွဲ့စည်း အုပ်ချုပ်ပုံနှင့်အညီ အချိန်မရွေး အာဏာသိမ်းခံရမည့်” အန္တရာယ်၏ ခြိမ်းခြောက်ခြင်းကို တလျှောက်လုံး ခံနေရမည်။

ထို့ကြောင့် ၂ဝ၁ဝ မတိုင်မီ နိုင်ငံရေးနှင့် ၂ဝ၁ဝ လွန် နိုင်ငံရေးတို့၏ အဓိကခြားနားချက်မှာ ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေး စစ်အုပ်စုက ဖွဲ့စည်းပုံဥပဒေမရှိဘဲ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့်အညီ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းသာဖြစ်ပေမည်။ သဏ္ဍာန်အားဖြင့် ထူးခြားချက်အချို့ရှိနိုင်သော် လည်း အနှစ်သာရမှာ ဘာမှပြောင်းမည်မဟုတ်သည်ကို သံသယဖြစ်စရာ မလိုပေ။

တဖက်တွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေအဖို့ ပြောရလျှင်လည်း မိမိတို့၏ တိုက်ပွဲဦးတည်ချက်၊ အဓိက ကြွေးကြော်သံ၊ မဟာမိတ်အခင်းအကျင်း စသည်တို့မှာ ၂ဝ၁ဝ ရွေး ကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ နောက်ပိုင်း ဘာမှ ခြားနားသွားမည်မဟုတ်ဆိုသည်ကို သတိပြုရပေမည်။

ထို့ကြောင့် ဆန့်ကျင်မြဲအတိုင်း ဆန့်ကျင်ရမည်။ တောင်းဆိုမြဲတိုင်း တောင်းဆိုရမည်။

သို့သော် တိုက်နည်း၊ တောင်းဆိုနည်းများကိုတော့ တိုးချဲ့ရမည်။ စွန့်ပစ်တန်တာ စွန့်ပစ်၊ တီထွင်သင့်တာ တီထွင်ရမည်။ နောက်ပြီး ပိုကျယ်ပြန့်အောင်လည်း ဖြန့်ကျက်ရမည်။ အင်းစိန်ထောင် ပတ်ဝန်းကျင်ကနေ တပြည်လုံးကို ဖြန့်ပစ်ရမည်။ အဖွဲ့ ချုပ်တဦးတည်း လုပ်လို့မရ။ ဒီချုပ်ကို အထောက်အကူပေးကြရမည်။ တွဲလုပ်တာတွေလည်း ရှိမည်၊ ခွဲလုပ်တာတွေလည်း ရှိ မည်။

တိုက်ပွဲသဏ္ဍာန်ကို အသေထားလို့မဖြစ်၊ လုပ်သင့်လျှင် တဦးမလုပ်နိုင်က နောက်တဦးက လုပ်ရမည်။ ဆက်သွယ်ရေးကွန် ယက်တွေ တည်ဆောက်ရမည်။ လမ်းကြောင်းတွေ ဖောက်လုပ်ရမည်။ ပြောင်လည်းရှိမည်၊ လျှို့ဝှက်လည်းရှိမည်။

လူထုလူတန်းစား၊ လူ့အလွှာအမျိုးမျိုးထဲတွင် ဖြစ်နိုင်လျှင် ပြောင်၊ မဖြစ်နိုင်လျှင် လျှို့ဝှက် အဖွဲ့အစည်းတွေ ဖွဲ့ကြရမည်။ ကျောင်းသား၊ သံဃာ၊ စာရေးစာချီ၊ ဝန်ထမ်း၊ အလုပ်သမား၊ လယ်သမား၊ ပညာတတ်၊ ဆင်းရဲသား၊ စစ်သားနဲ့ ရဲထဲပါ မကျန် စည်းရုံးတည်ဆောက်ရမည်။ ဘာသာ၊ လူမျိုး စတာတွေ ခွဲခြားနေလို့မဖြစ်။

ဒါကြောင့် ဖွဲ့စည်းမှု၊ စည်းရုံးမှုမှာ ကာလတခုတော့ မြေအောက် သဏ္ဍာန်ဖြစ်ဖို့ များသည်။ လျှို့ဝှက်ရမည်။ မြေအောက်လုပ် ငန်းကို မောင်းတီးလုပ်လို့မရ။ ပေါ်ပြူလာ ဖြစ်ချင်လို့မရ။

တပါတည်းတွင် ပြည်သူတွင်းရော ကိုယ့်အတွင်းမှာပါ စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်တို့ကို ပြတ်သားခိုင်မာစွာ ဆန့်ကျင်သည့် အတွေးခေါ်ကို မြဲမြဲမြံမြံ စိုက်ထူရမည်။ ကိုယ့် ပြည်သူကို ယုံကြည်မှုနှင့် အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ် တို့ကိုလည်း စွဲမြဲစေရမည်။

နအဖပြောလျှင် ဘာမှ မျက်စေ့လည်စရာ မရှိ။ မိုးခါးရေသောက်စေလိုသူများ၊ မြေခွေးအမြီးပြတ်များက ပြောလျှင်လည်း လက်ခံကြမည်မဟုတ်။

သို့သော် တတိယအင်အားစုဆိုသူတွေ၊ ပညာရှင်ဆိုသူတွေက နားချကြ၊ “ရှင်းပြကြ” ဦးမည်။ မျက်စေ့လည်၊ နားယောင် စရာတွေ ဖန်တီးလာကြဦးမည်။ ထို့ကြောင့် အတွေးအခေါ်တည်ဆောက်ရေး၊ ကာကွယ်ရေးကို တာဝန်တရပ်အနေနှင့် လုပ်ရ မည်။

ဒါကို တက်ကြွသူများအကြားမှာသာမဟုတ်၊ ပြည်သူလူထုအကြားမှာပါ လုပ်ရမည်။ ပေါ့ဆလို့မရ။ သတိ ရှိရပါမည်။ သူတို့က ရာထူးတွေ၊ အခွင့်အရေးတွေနှင့် မြှူလာကြမှာ သေချာသည်။

ထို့ကြောင့် ဤနေ့ဤအခါတွင် နိုင်ငံရေးလက်ဦးမှုကို ပြည်သူတွေဖက်က ရယူထားရန်မှာ အရေးကြီးလှသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်မှာ ဤသို့ လက်ဦးမှုရ ယူရန် လုံးပမ်းခြင်းဖြစ်သည်။ နအဖကို တကယ်ပဲ လက် ဦးမှုမဲ့စေခဲ့သည်။

ထို့ကြောင့် နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်ခြင်းဖြင့် သူတို့ဆုံးရှုံးနေသော နိုင်ငံရေးလက်ဦးမှုကို ရယူရန် လုံးပမ်း နေခြင်းဖြစ်သည်။ အခြားနည်းလမ်းရှာမတွေ့သဖြင့် ခါးပိုက်အောက်ကို ထိုးသည့်နည်းကို သုံးလာခြင်းဖြစ်သည်။ ဤသည် နအဖစစ်ဗိုလ်များ၏ အကျင့်ဖြစ်သည်။ သူတို့ခံရလျှင် ဘာမှ မရှက် မကြောက်တော့။

လောလောဆယ်တော့ နိုင်ငံတကာနယ်ပယ်တွင် နအဖအဖို့ ပို၍ပင် ခံစစ် အနေအထားကို ရောက်သွားသည်။ အခုအထိ စစ် အာဏာရှင်များအနေဖြင့် တချက်မှ ပြန်ပစ်နိုင်သည်ကို မတွေ့ရသေးပေ။ ထန်းလက်ဖြင့် ကာရုံမျှသာ လုပ်နိုင်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အမှုကို အမြန်ပြီးဆုံးသွားအောင် တွန်းစစ်နေသည်။ သူတို့အဖို့ ဤကိစ္စမှာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်ကြောင့်လေး ဖြစ်နေသည်။

ဤအနေအထားကို အတတ်နိုင်ဆုံး အသုံးချရန်လိုသည်။ ကိုယ့်ဖက်က နိုင်ငံရေး၊ အတွေးအခေါ်ရေး ထိုးစစ်တွေ ဆက်တိုက် ဆင်နေရမည်။ လူသေဦးတော့ အသံမသေစေရဆိုသည့် သဘောထားမျိုး ထားရမည်။ ကိုယ်သေလျှင် ကျန်တဲ့လူများကို အဲဒီအသံက သတိပေးအကျိုးပြုမည်မှာ မုချဖြစ်ပါသည်။

မောင်ချစ်ခင်

ခြံစည်းရိုးကြားက ငိုရှိုက်သံ



ခြံစည်းရိုးကြားက ငိုရှိုက်သံ
(ဖြစ်ရပ်မှန် ၀တ္ထုတို)

6/15/2009

ဆူဆူဆိုတာက ခမီး အမျိုးသမီးငယ်လေး တဦးဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် တရွာလုံးမှာ အလှဆုံး ကွမ်းတောင်ကိုင်မလေး ဖြစ်ပါတယ်။ အသက်က ငယ်ငယ် အသားက ဖြူဖွေးပြီး ချစ်စရာကောင်းသူမို့ သူမအပေါ် တရွာလုံးမှာရှိတဲ့ ကာလသားတွေက ၀ိုင်းဝန်း ပိုးပန်းကြပါတယ်။ သူမနေထိုင်ရာ ရန်အောင်မြင် ကျေးရွာဟာ မောင်တောမြို့နယ် မြောက်ပိုင်းက တိုက်နယ်ကျေးရွာ ကြိမ်ချောင်းနဲ့ ပါးနီးပါးစပ်မှာ ဖြစ်ပါတယ်။ အဲဒီရွာမှာ ရခိုင်၊ ခမီး၊ ဒိုင်းနက်နဲ့ သက်စတဲ့ လူမျိုးတွေ ရောပြွမ်းနေထိုင်ကြပြီး အိမ်ခြေ ၁၂၀ ကျော် ရှိပါတယ်။ အဲဒီရွာမှာ နေထိုင်တဲ့ လူတွေကတော့ ရခိုင်ဒေသရဲ့ ဓလေ့ ထုံးစံ အတိုင်း လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ဆူဆူရဲ့ မိဖ တွေလည်း တောင်ယာလုပ်ငန်းနဲ့ အသက်မွေး ၀မ်းကျောင်းမှု ပြုသူများ ဖြစ်ကြပါတယ်။ ဆူဆူမှာ သူအထက်က အမ တဦးနဲ့ မောင်တဦး ရှိပါတယ်။ သူမဟာ စာလေးတန်းထိသာ သင်ကြားခဲ့ပြီး မူလတန်း ကျောင်းပီးတာနဲ့ ပညာကို ဆက်လက် မသင်ကြားတော့ဘဲ မိဖတွေရဲ့ အိမ်မှုလုပ်ငန်းတွေကို ကူညီ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဆူဆူတို့ နေထိုင်နေတဲ့ ရန်အောင်မြင်ကျေးရွာဟာ နည်းနည်း ချောင်ကျတာကြောင့် စစ်အစိုးရ အာဏာပိုင်တွေနဲ့ စစ်သားတွေ ရံဖန် ရံခါ ရောက်တာက လွဲပြီး ရက်ကြာကြာ တည်းခိုနေထိုင်တာ မရှိပါဘူး။ ခုလို စစ်အစိုးရ အာဏာပိုင်တွေ အရောက်အပေါက် နည်းတဲ့အတွက်လည်း တရွာလုံးမှာ အလှဆုံး ဆူဆူဟာ အပျိုဖေါ် ၀င်စမှာ အာဏာပိုင်တွေရဲ့ စက်ကွင်းထဲက လွတ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဆူဆူဟာ ရမ္မက်သားအာဏာပိုင်တွေရဲ့ စက်ကွင်းကို ကြာကြာ မရှောင်တိမ်း နိုင်ခဲ့ပါဘူး။

------------------------------

တနေ့

၂၀၀၉ ခုနှစ် မတ်လ နောက်ဆုံးအပတ်ထဲက တနေ့ဖြစ်ပါတယ်။ အဲဒီိနေ့မှာ ဘီအီး လို့ခေါ်တဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက တပ်စုတစုဟာ ခြံစည်းရိုးစီမံကိန်း အတွက် ဆူဆူတို့ နေထိုင်ရာ ရန်အောင်မြင် ကျေးရွာကို ရောက်လာခဲ့ပါတယ်။ ဗမာစစ်သားတွေရဲ့ "အိမ်ကြီးကြီး၊ ရေတွင်းနီးနီး၊ ဖင်ကြီးကြီး" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အချက်သုံးချက်နဲ့ ပြည့်စုံတဲ့ ဆူဆူတို့ အိမ်ဘေးနားက အိမ်ကြီး တလုံးကို သူတို့ ရွှေးချယ်ပြီး တည်းခိုကြပါတယ်။ တည်းခိုပြီး သိပ်မကြာခင်မှာဘဲ "အမေတို့ အဖေတို့ နေကောင်းကြပါသလား" ဆိုပြီး စစ်သားအုပ်စု တစုဟာ ဆူဆူတို့ အိမ်ကို ရောက်ရှိ လာခဲ့ပါတယ်။ ဆူဆူကို မြင်တယ်ဆိုရင်ဘဲ စစ်သားတွေဟာ အကြောင်းမရှိ အကြောင်းရှာပြီး ဆူဆူရဲ့ အဖေအမေနဲ့ အတင်း ၀င်ရောပါတော့တယ်။ ဆူဆူရဲ့ အဖေအမေကလည်း တောသူတောင်သားတွေ ဖြစ်တဲ့အတွက် စေတနာ ကောင်းတာက တကြောင်း စစ်သားတွေကို ကြောက်တာက တကြောင်း အိမ်မှာရှိတဲ့ ပြောင်းဖူးက အစ လဘက်ရည်အဆုံး ရှိရှိသမျှ စားစရာတွေနဲ့ စစ်သားတွေကို ကျွေးမွေး ဧည့်ခံ ပါတော့တယ်။ စစ်သားတွေကလည်း မိမိ တည်းခိုနေရာကို ပြန်ဖို့ စိတ်မရ တော့ဘဲ ဆူဆူရဲ့ အလှနဲ့ ကျွေးမွေးတဲ့ အစားအစာတွေကို အားရပါးရ လွေးကြပါတော့တယ်။ ကျွေးမွေးသမျှကို "အားနာစရာကြီး မလုပ်ပါနဲ့၊ မလုပ်ပါနဲ့" ဆိုပြီး စားကြတာကတော့ ငတ်နေတဲ့ တိုင်းပြည်ကလာတဲ့ လူတွေ အတိုင်းပါဘဲ။ ဆူဆူလည်း မီးဖိုချောင်နဲ့ အိမ်ရှေ့ကွပ်ပျစ် ၀င်လိုက် ထွက်လိုက်နဲ့ စားစရာတွေကို ကျွေးမွေးနေရတော့ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေတဲ့ စစ်သားတွေအထဲက စစ်သားတဦးနဲ့ မျက်လုံးချင်း ဆုံမိကြပါတော့တယ်။ အဲဒီ စစ်သားရဲ့ စူးချတဲ့ အကြည့်ကို ဆူဆူလို နုနယ်တဲ့ အတွေ့အကြုံ မရင့်ကျက် သေးတဲ့ မိန်းခလေးတဦးက ခံနိုင်ရည် မရှိတာကတော့ သေချာပါတယ်။ အဲဒီစစ်သားရဲ့ မျက်လုံးစိမ်းနဲ့ စူးချတဲ့ အကြည့်ကိုမြင်တိုင်း ဆူဆူ ရင်ထဲမှာ လှိုက်ဖို သွားပါတော့တယ်။ စစ်သားတွေ ပြန်သွားပေမယ့်လည်း အဲဒီ စစ်သားရဲ့ စူးချတဲ့ အကြည့်တွေက ဆူဆူရင်ထဲမှာ ကိန်းအောင်းကျန်လိုက် ပါတော့တယ်။

------------------------------

နောက်တနေ့ မနက်လင်းတော့ ရွာထဲက မင်းကျွန်ပျိုနှစ်ဦးဟာ ဆူဆူဆီကို ရောက်လာပြီး စာတစောင်ကို လာပေးပါတယ်။ နင်တို့အိမ်ကို မနေ့က လာလည်သွားတဲ့ "တပ်ကြပ် ကျော်သက်" ဆီကစာဖြစ်တယ်။ "မနေ့က လာတဲ့ စစ်သားတွေထဲက ဆရာလေး ကျော်သက် ကို နင် မှတ်မိပါတယ်"ဆိုပြီး စာကိုပေးကာ သူတို့ ထွက်သွားပါတယ်။ စာကို ဖတ်ကြည့်တော့ "သိပ်ချစ်မိသွားပြီ" ဆိုတဲ့ စာသား အောက်မှာ ဆူဆူကို မြင်ရင် မြင်ချင်း ချစ်သွားခဲ့ရပုံတွေ၊ ဆူဆူလိုလှတဲ့ မိန်းခလေးမျိုးကို ရခိုင်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ (၅) နှစ်တာ ကာလမှာ စတင် တွေ့ခဲ့ရတဲ့အတွက် ခံစားရပုံတွေကို စာမျက်နာ (၂) မျက်နာကျော် ရေးသားထားတာကို ဆူဆူ ဖတ်လိုက်ရပါတယ်။ စာကို ဖတ်ပြီးတာနဲ့ ဆူဆူရဲ့ စိတ်တွေဟာ စတင် လူးလွန့် သွားပါ တော့တယ်။

------------------------------

နောက်တနေ့ ဆူဆူတို့အိမ်ကို ကျော်သက်က သေနတ်ကလေးကို လွယ်ပြီး လာပါတယ်။ ဆူဆူကို မနေ့က ပေးတဲ့ စာကိုရသလားမေးပြီး အဖြေကို တောင်းပါတယ်။ ဆူဆူကလည်း မြင်မြင်ချင်း ရင်ဖိုခဲ့ရသူမို့ ခေါင်းညိတ်ပြလိုက်ပါတော့တယ်။ အဲဒီနေ့ကစပြီး ကျော်သက်ဟာ လုပ်ငန်းခွင်က ပြန်လာတိုင်း သူရဲ့ အချစ်တွေ ကြီးမားတဲ့ အကြောင်းကို သက်သေပြဖို့ ဆူဆူဆီကို တန်းကနဲ ရောက်လာပါတော့တယ်။

------------------------------

များမကြာခင်မှာဘဲ နယ်စပ် ခြံစည်းရိုး စီမံကိန်းအတွက် ရောက်ရှိ လာတဲ့ စစ်သားတွေဟာ ရွာထဲကနေ ခြံစည်းရိုးကာရံနေတဲ့ ယာယီ စခန်းကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ အဲဒီအထဲမှာ တပ်ကြပ် ကျော်သက်လည်း ပါဝင်သွားပါတယ်။ ဒါပေမယ့်လည်း တပ်ကြပ် ကျော်သက်ဟာ အားလပ်ရက် ရောက်တိုင်း ဆူဆူတို့ ရွာကိုလာလည်ပြီး ဆူဆူနဲ့ ချိန်းတွေ့ ပါတယ်။ အဲသလို ချိန်းတွေ့နေတာကို ဆူဆူရဲ့ မောင်က တနေ့မြင်သွားတော့ ဆူဆူကို ဆဲဆို ကြိမ်းမောင်းပြီး ရိုက်ပုတ် ပါတော့တယ်။ အဲသလို ရိုက်ပုတ်တဲ့ အပေါ် တရွာလုံးက သိသွားတာကြောင့် ဆူဆူလည်း အရှက်ရပြီး ကျော်သက်နဲ့အတူ သူနေထိုင်ရာစခန်းကို ခိုးရွာ လိုက်ပါသွားပါတော့တယ်။ ဆူဆူရဲ့ အပျိုစင်ဘ၀ဟာ ခြံစည်းရိုးကာရံနေတဲ့ စစ်သားတဦးနဲ့ အတူ ယာယီတဲကလေး တလုံးရဲ့ မပီမပြင် ၀ိုးဝါးနေတဲ့ ကြယ်ရောင် မစုံတဲ့ ညအမှောင်အောက်မှာ ကုန်ဆုံးသွားခဲ့ရပါတော့တယ်။

------------------------------

မနက်လင်းတာနဲ့ သူမရဲ့ ဘေးနားမှာ သူ့ချစ်သူ ကျော်သက် မရှိတာကို သတိပြုမိတာနဲ့ ဆူဆူ ထထိုင်လိုက်တယ်ဆိုရင်ဘဲ သူမရဲ့ အဖေ အမေသံက တဲအပြင်က ထွက်ပေါ်လာပါတယ်။ "သမီး ထွက်ခဲ့လေ။ အိမ်ပြန်ရအောင်" ဆူဆူလည်း အဖေ အမေ အသံကို ကြားတာနဲ့ တဲအပြင်ကို ထွက်ပြီး "အဖေရယ် အခု ကျွန်မလေ ကိုကျော်သက်ရဲ့ မိန်းမ ဖြစ်သွားပြီ။ သမီးတို့ရဲ့ ချစ်ခြင်းကို မခွဲပါနဲ့နော် ဖေဖေနော်။" ဆိုပြီး သူမ အဖေရဲ့ ခြေကို ဦးတိုက်ပြီး ရှိခိုး တောင်းပန်ပါတယ်။

ဆူဆူရဲ့ အဖေက ဆူဆူကို ဆိုးနင့်စွာ ကြည့်ရင်း "သမီးတို့ အချစ်ကို ဖေဖေတို့ မခွဲပါဘူး။ ဒါပေမယ့် သမီးသူ့ကို လက်ထပ်လို့ မရနိုင်ပါဘူးကွယ် ။ တပ်က သူ့ကို သမီးနဲ့ ခွင့်မပြုနိုင်ဘူး ဆိုပြီး ကိုယ့်သမီးကို ကိုယ် ပြန်ခေါ် ပါဆိုပီး အကြောင်းကြားတဲ့ အတွက် ဖေဖေတို့ သမီးကို လာခေါ်တာပါ။ သမီး ချစ်သူ ကျော်သက်မှာ မိန်းမနဲ့ ကလေးနှစ်ဦးရှိတဲ့ အတွက် တပ်က ခွင့်မပြုနိုင်ဘူးတဲ့ သမီး။"

သူမရဲ့ အဖေရဲ့စကားအဆုံးမှာ ဆူဆူရဲ့ နှလုံးသား တောင်ပြိုသွားသလို ဆူဆူဟာ အရုပ်ကြိုးပြတ် ဖြစ်သွားပါတော့တယ်။ ဆူဆူက ကိုကျော်သက်နဲ့ ခဏလေး တွေ့ချင်ကြောင်း ခွင့်တောင်းပေမယ့် တပ်အရာရှိက ကျော်သက်ကို ဖမ်းပြီး ကြိမ်ချောင်းကို ပို့လိုက်ပြီ ဖြစ်တဲ့အတွက် တွေ့ဆုံလို့ မရနိုင်တော့ဘူး ဆိုတာကြောင့် ဆူဆူဟာ ကိုကျော်သက်ကို တွေ့ဆုံခွင့် မရခဲ့တော့ပါဘူး။ ဆူဆူတို့ သားမိ သားဖ သုံးဦး ငိုရှိုက်သံတွေနဲ့ အတူ ရွာကို ချိနဲ့စွာ ပြန်သွားခဲ့တာကို တခြား တဲတလုံးကြားထဲက ခိုးကြည့်နေတဲ့ ကျော်သက် ကိုလည်း ဆူဆူ မမြင်တွေ့နိုင်ခဲ့တော့ပါဘူး။

------------------------------

အိမ်ကို ပြန်ရောက်တဲ့ အခါ ဆူဆူနဲ့ ဆူဆူ အမေတို့ရဲ့ ငိုရှိုက်သံတွေ၊ အဖေဖြစ်သူနဲ့ မောင်ဖြစ်သူတို့ရဲ့ အံကြိတ်သံတွေ၊ ဆူဆူကို ဆဲဆို ကြိမ်းမောင်းသံတွေကတော့ ရန်အောင်မြင် ကျေးရွာကို လွမ်းချုံသွားပါတော့တယ်။

(ပြီး)

(ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်ပါသည်။ လွန်ခဲ့သော မေလ အတွင်းက ရန်အောင်မြင်ကျေးရွာတွင် တကယ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို " ဘုန်းစည်သူ" က ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။)

ရေသန့်ဘူးခွံကလေးများ…

Saturday, 13 June 2009 17:35 ကြည်ဝေ


“ရေသန့်ဘူးခွံကလေးများ ပါရင်ချပေးပါ၊ ရေသန့် ဘူးခွံလေး ချပေးပါ”ဟု ဘီးလှိမ့်စပြုသည်အထိ ရထားဘေးတွင် ကပ်လိုက်ပြေးရင်း တကျော်ကျော် အော်နေသော ကလေး ၂ ဦးမှာ ရထား အရှိန်ပြင်းလာသည့်တိုင် ပြေးလိုက် နေဆဲ ဖြစ်သည်။

ရထားပေါ်မှ ပစ်ချလိုက်သော ၁ လီတာဝင် ရေသန့်ဘူးခွံလေးတခုကို ကလေး ၂ ယောက်က ပြေးနေရင်း အလုအယက် ကောက်ကြသည်။ သူတို့ဘေးတွင် အရှိန်ပြင်းစွာ ခုတ်မောင်းနေပြီ ဖြစ်သော ရထားကြီးနှင့်အပြိုင် လိုက်ပြေးကြရင်း ပါးစပ်ကလည်း အော်နေကြသည်။ အရှိန်ပြင်းသည်ထက်ပြင်းလာသော ရထားကို သူတို့ ဂရု မစိုက်၊ သူတို့အတွက် ရေသန့်ဘူးခွံလွတ်များ ရရှိရေးကသာ အရေးကြီးပုံ ရနေသည်။

တဘူးလျှင် ကျပ် ၁၀ နှင့် ပြန်ရောင်းနိုင်သော ရေသန့်ဘူးခွံတခွံ ရဖို့အရေး သူတို့ မည်သည့် အန္တရာယ်ကိုမျှ
မမြင်နိုင်ကြ၊ အခန့်မသင့်လျှင် ရန်ဖြစ်ကြသည်။ ထိုသံလမ်းပေါ်မှာပင် တယောက်နှင့်တယောက် နပန်းလုံးကြ သည်ကိုလည်း မြင်တွေ့ရသည်။

“ကျနော်က ရေသန့်ဘူးခွံတင်မဟုတ်ဘူး၊ ရောင်းလို့ရတာ အကုန်ကောက်တာပဲ၊ အမေက ကျနော်တို့ ကောက် ထားတဲ့ ဘူးခွံတွေကို ဒိုင်မှာ သွားရောင်းပေးတယ်၊ အဲဒီက ရတဲ့ ပိုက်ဆံနဲ့ ကျနော်တို့မောင်နှမ ကျောင်းတက်နေ ရတာ”ဟု အသက် ၉ နှစ်အရွယ် မောင်ရဲရင့်က ပြောပြသည်။

ကျောင်းဆင်းချိန်များတွင် တိုးကြောင်ကလေး ဘူတာရုံအနီးသို့ သွားပြီး ရေသန့်ဘူးခွံ ကောက်သည့် အလုပ်ကို သူ ပုံမှန်လုပ်သည်။ ထိုမှရသော ၀င်ငွေကို ကျောင်းစရိတ်လုပ်ခဲ့သည်မှာ ယခုဆိုလျှင် တတိယတန်းအထိ ရောက်နေပြီဟု ဆိုသည်။

သူတို့နေထိုင်ရာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၁၆ ရပ်ကွက်ထဲမှာ သူ့လို ဘူးခွံကောက်သော အလုပ်ကို လုပ်ကြသည့် ကလေး တော်တော် များများ ရှိသည်။ သူတို့အားလုံး ရောင်းစားလို့ရသမျှ ဘူးခွံ၊ ပလတ်စတစ်၊ ဆေးပုလင်းခွံ စသည့် အမှိုက်ထဲက တိုလီမုတ်စ အမျိုးမျိုးကို ကောက်ပြီး ဒိုင်မှာ ပြန်သွင်းကြသည်။ သူတို့၏ ၀င်ငွေမှာ တနေကုန်ကောက်ပါက တဦးလျှင် ကျပ် ၅၀၀ အထိ ရတတ်ပြီး မောင်ရဲရင့်ကဲ့သို့ ကျောင်းတက်နေ သူများကတော့ တနေ့လျှင် ငွေ ၂၀၀ ကျော်ခန့် သာ ရတတ်ကြောင်း သိရသည်။

ယခု နောက်ပိုင်းတွင် ရေသန့်ဘူးခွံ၊ နိုင်ငံခြားဆေးပုလင်းဘူးခွံ၊ လစ်ပိုဘူးခွံ၊ မိုင်လို၊ အိုဗာတင်း ပုလင်းခွံ စသည် တို့နှင့် ပလတ်စတစ်ဟောင်းများ ရှာဖွေ ရောင်းချသည့် အလုပ်ကို ကျောင်းနေအရွယ် ကလေးငယ်များက စီးပွားရေး လုပ်ငန်းတခုကဲ့သို့ သဘောထား လုပ်လာကြသည်ကို တွေ့ရကြောင်း အင်းစိန်မြို့နယ်ရှိ ပုလင်းခွံ၊ ဘူးခွံ ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

“လူကြီးတွေကတော့ ဒီလောက်ဝင်ငွေလေးနဲ့ သိပ်မလုပ်တော့ဘူး၊ ကလေးတွေပဲ ဒီအလုပ် လုပ်ကြတော့တယ်။ အထူးသဖြင့် ကျောင်းသားလေးတွေက တနိုင်တပိုင် ကျောင်းစရိတ်ရှာကြတာဆိုတော့ ကျမတို့ကလည်း အားပေး တဲ့အနေနဲ့ ဈေးမှန်နဲ့ ဝယ်ပေးပါတယ်” ဟု အထက်ပါ လုပ်ငန်းရှင် မမေချိုက ဆိုသည်။

စနေ၊ တနင်္ဂနွေ နှင့် တခြားကျောင်းပိတ်ရက်များတွင် မီးရထားသံလမ်းဘေး၊ လူနေ တိုက်ခန်းများ၏ နောက်ဖေး လမ်းကြားများ၊ အမှိုက်ပုံများ၊ ဈေးများ၊ စားသောက်ဆိုင် တန်းများ၊ပန်းခြံများထဲ၌ တနေကုန် ဘူးခွံများ လိုက်ရှာ ကောက်၍ လာရောက်ရောင်းချသူ အများစုမှာ ကျောင်းသားများဖြစ်နေတတ်ကြောင်း မမေချိုက ပြောဆိုသည်။

မောင်ရဲရင့်ကဲ့သို့ပင် အသက် ၁၂ နှစ်အရွယ် မနွယ်မာသည်လည်း လှိုင်မြို့နယ်အတွင်းရှိ ကျောင်းတ ကျောင်း တွင် ၅ တန်းတက်နေရင်း ကျောင်းဆင်းချိန်၌ အမေဖြစ်သူ အလုပ်လုပ်သည့် အင်းလျားကန်စောင်း စားသောက် ဆိုင်များဆီ လာရောက်ကာ ရေသန်ဘူးခွံများ၊ အအေးပုလင်းခွံလွတ်များကို လိုက်ကောက်ယူကြောင်း ပြောပြ သည်။

မနွယ်မာသည် ထိုသို့ ဘူးခွံ၊ ပုလင်းခွံနှင့် ပလတ်စတစ်များကို ရောင်းချ၍ရသော ၀င်ငွေကို ကျောင်းစာအုပ်ဖိုးတွင် ပြန်အသုံးပြုရသည်။

“ဗလာစာအုပ်က တဒါဇင်ကို ကျပ် ၃ ထောင်ကျော်၊ ဖတ်စာအုပ် ကလည်း အားလုံးယူရင် ၃၂၀၀ ဆိုတော့ အမေတို့က ၀ယ်မပေးနိုင်ဘူး၊ စာအုပ်ဖိုးကို သမီးရှာလို့ရတဲ့ ငွေထဲကနေ ပြန်သုံးရတာ” ဟု မနွယ်မာက ပြောသည်။

ကျောင်းဆင်းချိန်တွင် ယခုကဲ့သို့ ဘူးခွံ ကောက်သည့်အလုပ်ကို လုပ်သည့်အတွက် ကျောင်းစရိတ် ကာမိသော် လည်း သမီးဖြစ်သူကို စာ ကြိုးစားသည့် အလုပ်တခုသာ လုပ်စေချင်ကြောင်းသူ့မိခင်က ပြောပြသည်။ သို့ရာတွင် ထိုဝင်ငွေ၏ တစိတ်တပိုင်းက သူတို့ မိသားစုနှင့် မနွယ်မာ၏ ပညာရေးအတွက် အရေးကြီးသည်ဟု ဆိုသည်။

“ကလေးတွေက ကျောင်းတက်ချင်တယ်၊ ကျမတို့ကလည်း စားဖို့တောင် အနိုင်နိုင်ဆိုတော့ ကလေး ၃ ယောက် စလုံးကို ကျောင်းမထားနိုင်ဘူး။ အဲဒီတော့ သူတို့စရိတ်နဲ့သူတို့ စာအုပ်ဖိုးကို ရှာကြဖို့ ပြောရတယ်။ ဒါတောင် ကျောင်းအပ်ဖို့အတွက် အပြင်ကနေ အတိုးနဲ့ ငွေချေးရတယ်” ဟု သူကဆက်ပြောသည်။

ယခုနှစ် ကျောင်းအပ်ခမှာ ဖတ်စာအုပ်ဖိုးမပါဘဲမူလတန်းအရွယ် ကျောင်းသားတဦးလျှင် အနည်းဆုံး ငွေ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားအတွက် ဆိုလျှင် အနည်းဆုံး ငွေ ၇၀၀၀ ကျပ်မှ ၁၀၀၀၀ အထိ အပ်သည့် ကျောင်းပေါ်တွင် မူတည်ပြီး ကုန်ကျလေ့ရှိသည်ဟု သိရသည်။

ဖတ်စာအုပ်ဖိုးပါလျှင် ကျောင်းဖွင့်စ ကျောင်းသားတဦးအတွက် ကုန်ကျစရိတ်မှာ တဦးလျှင် အနည်းဆုံး ကျပ် ၁၃၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ ရှိသည်။

ရန်ကုန်မြို့ပေါ်မှ နာမည်ကြီး ဒဂုံ၊ အထက (၁) ဆိုလျှင် ယခုနှစ် ကျောင်းသားသစ်တဦးအတွက် ၀င်ကြေးမှာ ကျပ် သိန်း ၂၀ နှင့် ကွန်ပျူတာ ၁ လုံးဖြစ်ပြီး ပညာရေးလေ့ကျင့်ရေးကျောင်း (TTC) မှာ ယခုနှစ် အတွက် ကျောင်းသား သစ် လက်ခံခြင်း မရှိသေးပေ။

တခြားနာမည်ရ ကျောင်းများ၏ ကျောင်းဝင်ကြေးများမှာလည်း အနိမ့်ဆုံး အလှူငွေအဖြစ် ကွန်ပျူတာတစုံဖိုး ထည့်ဝင် လှူဒါန်းရသည်ဟုသိရသည်။ ထိုကျောင်းများ၏ ကျောင်းဝင်ခွင့်လျှောက်လွှာ တစောင် တန်ဖိုးပင်လျှင် ငွေကျပ် ၂ သောင်းခန့် ရှိသည်။

“ကျောင်းကြီးတွေကျတော့လည်း အပ်ချင်တဲ့ မိဘတွေက တိုးမပေါက်အောင်ကို များတယ်၊ ဒီလို ဆင်းရဲသား ရပ်ကွက် ကျောင်းတွေကျတော့ ကျောင်းဖွင့်တာတောင် တပတ်ပြည့်တော့မယ်၊ ခုထိ ကျောင်းမအပ်ကြသေးလို့ မနည်းခေါ်နေရတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ မူလတန်း ကျောင်းတကျောင်းမှ ဒု - ကျောင်းအုပ် ဆရာမ က ဆိုသည်။

အထူးသဖြင့် သူငယ်တန်း ကျောင်းဝင်ကြေးမှာ ကနဦးကျောင်းဝင်ကြေးအဖြစ် ကုန်ကျစရိတ် များသောကြောင့် အခြေခံလူတန်းစားများ၏ ကလေးငယ်များ အသက်ပြည့်ပြီး ဖြစ်သော်လည်း မတတ်နိုင်ကြသဖြင့် ကျောင်းမနေ နိုင်သေးသည့် ကလေးငယ်များ အများအပြားရှိကြောင်း၊ သားသမီးများသော မိဘများသည်လည်း အားလုံး အတွက် မတတ်နိုင်သဖြင့် ကျောင်းမအပ်နိုင်ကြကြောင်း သိရသည်။

တချို့သော မိဘများမှာ ကလေးကို မူလတန်းကုန်သည် အထိသာ ကျောင်းထားပေးပြီး အလုပ်ခွင်ဝင်နိုင်သော အရွယ်ရောက်သည်နှင့် လုပ်ငန်းခွင် ၀င်ခိုင်းကြသောကြောင့် တချို့သော ဆင်ခြေဖုံး မြို့နယ်နှင့် ရပ်ကွက် ကျောင်းများတွင် အလယ်တန်း ကျောင်းသား အရေအတွက် လျော့နည်းလာကြောင်း တွံတေးမြို့နယ်၊ အလယ် တန်းကျောင်း တကျောင်းမှ ကျောင်းအုပ်ဆရာမကြီး တဦးက ဆိုသည်။

“စီးပွားရေးကလည်း ကျပ်တော့ ကလေးတွေကို ကျောင်းအနိုင်နိုင် ထားနေကြရတယ်၊ ဒီနှစ် ပိုဆိုးတယ်၊ မနှစ်ကလည်း အလယ်တန်းကျောင်းသား မရှိဘူး၊ ဒီနှစ်လည်း မူလတန်းကျောင်းမှာ ကလေး ၂၀ ကျော်ပဲရှိတယ်၊ အလယ်တန်းဆို လာအပ်တဲ့သူကို မရှိသေးဘူး။ ကျောင်းသားမိဘတွေကို ကျောင်းလာ အပ်ပါလို့ မနည်းပြောနေ ရတယ်” ဟု အဆိုပါ ဆရာမကြီးက ပြောသည်။

ကျောင်းသားမိဘများ အနေနှင့် ကလေး၏ ပညာသင်စရိတ်ကို မတတ်နိုင်သောကြောင့် လည်းကောင်း၊ မိသားစု စားဝတ်နေရေးတွင် ကလေး၏ ၀င်ငွေကို တစိတ်တပိုင်း မှီခိုနေကြရသောကြောင့်လည်းကောင်း ကလေးများကို ကျောင်း မပို့နိုင်ခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ်တွင်နေထိုင်၍ နံနက်မှ ညတိုင်အောင် မိခင်နှင့်အတူ ဘူးခွံ၊ ပုလင်းခွံ၊ ပလတ်စတစ် လိုက်ကောက်နေသော မောင်ပေါ်လေးသည်လည်း ကျောင်းနေချင်သည်ဟု နေ့စဉ် ပူဆာလျက်ရှိကြောင်း သူ့မိခင်က ပြောပြသည်။

“သူ့ကို မနှစ်ကတည်းက ကျောင်းထားရမှာ၊ မနှစ်က နာဂစ်ကြောင့် အိမ်ပြိုသွားလို့ အိမ်ပြန်ဆောက်နေရတာနဲ့ ကျောင်းမထားနိုင်ခဲ့ဘူး၊ ခုလဲ ကျောင်းဖွင့်တာ တပတ်ပြည့်တော့မယ်၊ ငွေ မပြည့်သေးလို့ မထားနိုင်သေးဘူး” ဟု မောင်ပေါ်လေး၏ မိခင်က ဆိုသည်။

လက်ရှိအခြေအနေတွင် သူတို့ သားအမိ နှစ်ယောက် တနေကုန် ဘူးခွံ၊ ပုလင်းခွံ ကောက်ရောင်းပါမှ တနေ့ဝင်ငွေ ကျပ် ၁၀၀၀ ကျော်ကျော်သာ ရသည့်အတွက် စားစရိတ်ပင် အနိုင်နိုင်ဖြစ်နေကြောင်း ပြောပြသည်။

မောင်ရဲရင့်ကဲ့သို့ ကိုယ့်စရိတ်ကိုယ်ရှာပြီး ကျောင်းတက်နေကြသော ကလေးများ ရှိသော်လည်း ထိုကလေးများမှာ အနည်းစုသာဖြစ်သည်ဟု သိရသည်။ ထိုသို့ သော ကလေးများသည်လည်း အလုပ်တဖက်နှင့် ပညာသင်ကြား နေရသဖြင့် ပညာရေးဘက်တွင် အားနည်းချက်များရှိကြောင်း တွေ့မြင်ရသည်။

“သားက ကျောင်းစာ သိပ်မလုပ်နိုင်ဘူး၊ အတန်းကတော့ အောင်ပါတယ်၊ ဒါပေမယ့် စာကတော့ ကောင်းကောင်း မဖတ်တတ်သေးဘူ”ဟု တတိယတန်းကျောင်းသား မောင်ရဲရင့်က ဆိုသည်။

ကျောင်း အတူနေသည့် သူငယ်ချင်းများက အိမ်ပြန်ရောက်လျှင် အိမ်စာလုပ်ကြ ၊ စာကျက်ကြနှင့် မိဘများ တတ် နိုင်လျှင် ကျူရှင်တက်ကြရသည်။ မောင်ရဲရင့် ကဲ့သို့သော ကလေးများမှာ ကျောင်းဆင်းချိန်တွင် တိုးကြောင် ကလေး ဘူတာဘက်သို့ သွား၍ ရေသန့်ဘူးခွံကလေးများ ကောက်ပြီး အိမ်စရိတ် ကူညီရှာဖွေကြရလေသည်။

ဇွန်လ၁၅ဒိုင်ယာရီ


ကိုယ့်အသည်း ပျားတုပ်နေ ...
Monday, 15 June 2009 18:00 ဟန်လေး

NEJ / ၁၅ ဇွန် ၂၀၀၉
line


နအဖနှင့်ဒီကေဘီအေ ထိုးစစ်များကြောင့် ကရင်ရွာသားများ ထိုင်းဘက်ထွက်ပြေးနေရသဖြင့် ထိုးစစ် ချက်ချင်းရပ်ရန် ယခုလ (၁၁) ရက်၌ ဥရောပသမဂ္ဂ (အီးယူ) ၏ တောင်းဆိုမှုကို မြန်မာဘက်က ပယ်ချလိုက်မှုနှင့် ပတ်သက်၍ နအဖ၏ပြောဆိုချက်များသည် လိမ်လည်ပြောဆိုမှုများသာ ဖြစ်သည်ဟု ကေအန်ယူက ပြောသည်။

အီးယူ၏တောင်းဆိုမှုကို မြန်မာနိုင်ငံခြားရေးဌာနမှ ပယ်ချခဲ့ပြီး သောင်းကျန်းသူများထံမှ ရရှိသည့်သတင်းကို အခြေခံပြီး ထုတ်ပြန်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ဗဒို ဒေးဗစ် သကဘောက “အီးယူက ထုတ်တဲ့ ကြေညာချက်ဟာ သူပုန်ဆီက ရတဲ့ သတင်းဖြစ်တယ်လို့ နအဖပြောတာ လုံးဝမဟုတ်ဘူး။ အခု တပ်မဟာ (၇) မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ဒီကေဘီကေနဲ့ နအဖစစ်တပ် ခလရ -၈၁၊ ခမရ -၂၀၁၊ ၂၀၂၊ ၂၀၃၊ ၂၀၅၊ ၂၁၀ တပ်တွေ ပူးပေါင်းပါဝင် တိုက်ခိုက်နေတာ ဖြစ်တယ်ဆိုတာကို ထွက်ပြေးလာတဲ့ ရွာသားတွေဆီမှာ လွတ်လပ်တဲ့ သတင်းထောက်တွေ၊ ပညာရှင်တွေ၊ ကိုယ်တိုင်သွားရောက် သတင်းယူတာဖြစ်တယ်။ နိုင်ငံတကာသံရုံး အချို့ ကလည်း ပါတယ်။ အဲ့တာကို အီးယူက အခြေခံပြီး ထုတ်တာပါ။ နအဖရဲ့ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိ လိမ်လည်ပြောဆိုတာပဲဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသအတွင်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ သည် ကေအန်ယူနှင့် ဒီကေဘီအေတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသာဖြစ်ပြီး မြန်မာစစ်တပ်မှ တစုံတရာ ပါဝင်ပတ်သက်ခြင်း မရှိဟု နအဖ နိုင်ငံခြားရေးဌာနမှ ပြောကြားခဲ့ပြီး ထိုင်းဘက် ထွက်ပြေးလာသူများသည် ရွာသားများမဟုတ်ဘဲ ကေအန်ယူအဖွဲ့၏ ဆွေမျိုးသားချင်းများသာ ဖြစ်သည်ဟု ပြောသည်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့(ဒီကေဘီအေ) မှ အရာရှိငယ်တဦးက “တပ်မဟာ (၇) မှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ထိပ်တိုက်တက်ရတာက ဒီကေဘီအေ အဖွဲ့တွေပဲ။ ဗမာစစ်တပ်က အနောက်ကနေ ၀န်းရံပြီး လက်နက်ကြီးနဲ့ ကူပစ်ပေးတယ်။ (၈၁) မမ မော်တာကို ဗမာစစ်တပ်ကပဲ ပစ်ပေးတယ်။ ဒီကေဘီအေက ပစ်ခွင့်မရှိဘူး။ မင်းတို့ပစ်ရင် ထိုင်းဘက် ကျနိုင်တယ်ဆိုပြီး ပေးမပစ်ဘူး။ သူတို့ပစ်တော့လည်း ထိုင်းဘက် ကျတာတွေ အများကြီးရှိတယ်။ ဒီကေဘီအေ အဖွဲ့ကိုင်ရတာ အကြီးဆုံးဟာ (၆၀) မမ မော်တာပဲ။ ဒီကိစ္စ အားလုံး ဗမာစစ်တပ်ခိုင်းသလို လုပ်နေရတာပါ။ ကျနော်ဒီလောက်ပဲ ပြောလို့ရမယ်” ဟု ပြောသည်။

ရက်သတ္တ (၂) ပတ်ကြာမြင့်ခဲ့ပြီးဖြစ်သည့် တပ်မဟာ (၇) ဒေသ ထိုးစစ်ကြောင့် ဒေသတွင်း ကရင်ရွာသား (၄,၀၀၀) ခန့် စစ်ပြေးဒုက္ခသည်များအဖြစ် လူသားချင်စာနာထောက်ထားသည့်အနေဖြင့် ထိုင်းဘက်ခြမ်းတွင် ယာယီလက်ခံ ထားပြီး နယ်မြေ အေးချမ်းသွားပါက ၎င်းတို့အား နေရပ်သို့ ပြန်ပို့မည်ဟု ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထနွန်စာ အဖိလာ့ယိုထင်က ပြောသည်။

ဖြစ်ပွားနေသည့် တိုက်ပွဲများဂယက်ကြောင့် ထိုင်းနိုင်ငံဘက်သို့ မြန်မာစစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ထိုင်းဘက်ခြမ်း မဲ့စလေ ကျေးရွာသို့ မကြာခဏ ကျရောက်ခဲ့သဖြင့် လွန်ခဲ့သည့် စနေနေ့က ထိုင်းအမှတ် (၃) စစ်တိုင်းမှူး လာရောက်ပြီး နယ်စပ်အခြေအနေကို စစ်ဆေးကာ စာသင်ကျောင်းကို ပိတ်ပြီး ထိုင်းနိုင်ငံသားများနှင့် မြန်မာစစ်ပြေးဒုက္ခသည် (၂,၀၀၀) ခန့်ကို ဘေးလွှတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်။

မြန်မာဒုက္ခသည်များ၏အခြေအနေမှန်ကို သိရှိရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နှင့်အဖွဲ့သည် ယနေ့နံနက်က ဒုက္ခသည်များရှိရာ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်သို့ သွားရောက်ကြည့်ရှုခဲ့သည်။




NEJ / ၁၅ ဇွန် ၂၀၀၉
line


မြန်မာနိုင်ငံ၏ ပထမဆုံး ပုံမှန်ကားလေလံဈေးကွက်တခုကို ဆာကူရာကုမ္ပဏီက တောင်ဥက္ကလာ ယခင်သေနပ်ပစ် ကွင်းဟောင်းတွင် ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

ဆာကူရာကုမ္ပဏီသည် ဦးပိုင်ကုမ္ပဏီနှင့် စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များအတွက် ဂျပန်မှရန်ကုန်ဆိပ်ကမ်း အရောက် ကားတင်သွင်းပေးနေသည့် ကုမ္ပဏီဖြစ်သည်။

လေလံမဆွဲခင် အဆင်သင့် ရောင်းချမည့် ဂျပန်နိုင်ငံမှ တင်သွင်းသည့် တပတ်ရစ်ကား အစီးရေ (၁၀၀) နီးပါးနှင့် ဆိုင်ကယ်များကို ၀င်းအတွင်း ပြသထားကြောင်း ကားရောင်းပွဲသို့ သွားခဲ့သည့် မျက်မြင်တဦးက ပြောသည်။

ကားအမျိုးအစားနှင့် မော်ဒယ်အလိုက် ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ထားပြီး လေလံကြမ်းခင်းဈေး ကျပ်သိန်း (၁၀၀) တန် ပါဗလေကာမှအစ တိုယိုတာ အက်စ်တီမာနှင့် ကင်မရေကဲ့သို့ ကားတစီးကို ကျပ်သိန်း (၂,၀၀၀)၊ တိုယိုတာ လင်ခရူဆာကားများကိုမူ ကျပ်သိန်း (၃,၀၀၀) မှ (၃,၇၀၀) အထိ ကြမ်းခင်းဈေးများ သတ်မှတ်ထားသည်။

စင်တာတွင် ပြထားသည့်ကားများကို လေလံဆွဲဝယ်ယူနိုင်သည့်အပြင် အခြားကြိုက်ရာ အမျိုးအစားနှင့် မော်ဒယ်များကို မှာကြားလိုပါက နိုင်ငံခြားမှ တင်သွင်းပေးနိုင်ကြောင်း၊ ကားရောင်းချလိုပါကလည်း သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့်အညီ လာရောက် ရောင်းချနိုင်ကြောင်း ဆာကူရာကုမ္ပဏီက ကြေညာထားသည်။

အဆိုပါ စင်တာဖွင့်ပွဲသို့ လာသည့် ကားဝယ်ရောင်းလုပ်သူတဦးက နအဖအာဏာပိုင်များအနေဖြင့် ကားတင်သွင်းခွင့် လိုင်စင် ကိုင်ထားရုံမျှနှင့် အကျိုးအမြတ်ရနေကြောင်း၊ နောက်ပိုင်း ၀ယ်လက်နည်းသွားသဖြင့် ယခုကဲ့သို့ လေလံစင်တာဖွင့်ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက “သူတို့အနေနဲ့ ပါမစ်ရပြီဆိုတာနဲ့ အခု ဆာကူရာလို ကားတင်သွင်းတဲ့ ကုမ္ပဏီကို အကြောင်းကြားလိုက်ရုံပဲ။ ဂျပန်မှာ ကားအဟောင်းရှာဝယ်တာ၊ သင်္ဘောတင်တာ၊ ရန်ကုန်ဆိပ်ကမ်းရောက်ရင် အကောက်ခွန် ရှင်းလင်း ထုတ်ယူတာ၊ ၀ယ်လက်ထဲအပ်တာတွေ အားလုံးကို ကုမ္ပဏီကလုပ်ပေးတာ။ ပါမစ်ကိုင်ထားတဲ့ အာဏာပိုင်တွေက ဘာအလုပ်မှ လုပ်စရာမလိုဘဲ ကားအမျိုးအစားလိုက်ပြီး ပါမစ်တစောင် ကျပ် သိန်း (၁,၀၀၀) ကျော်က (၃,၀၀၀) နီးပါး အထိ ရနေကြတာ” ဟု ပြောသည်။

ဆာကူရာကုမ္ပဏီက ယခင် ၎င်းတို့သွင်းပေးသည့်ကားများ မတန်တဆဈေးနှင့် အလွယ်တကူရောင်း၍ ရခဲ့သော်လည်း ယခုနောက်ပိုင်း ပြည်တွင်း၌ ၀ယ်လိုအားကျဆင်းပြီး လက်သိပ်ထိုး ရောင်းမရသည့် အခြေအနေ ဖြစ်လာသောကြောင့် လေလံဈေးကွက် ဖွင့်ရောင်းခြင်းဖြစ်သည်ဟုလည်း ၀ါရင့်ကားပွဲစားတဦးက ပြောသည်။

“ဦးပိုင်နဲ့ အာဏာပိုင်အသိုင်းအ၀ိုင်းက ကားတွေကို အဓိကရောင်းမယ်။ နောက် တခြားရောင်းချင်သူတွေ ရှိလည်း ပွဲခနည်းနည်းပဲယူပြီး လေလံစနစ်နဲ့ရောင်းပေးဖို့ ဒီစင်တာဖွင့်လိုက်တာ” ဟု ၎င်းက ပြောသည်။

ပြည်တွင်း၌ ကားအရေအတွက် နည်းပါးခြင်း၊ ကားအများစုသည် လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော် သုံးဆယ်မှ မော်ဒယ်ကားများဖြစ်နေပြီး အိုမင်းဟောင်းနွမ်း ယိုယွင်းပျက်စီးကာ ပြင်သုံးများ ဖြစ်နေခြင်းတို့ကြောင့် ယခုတင်သွင်းသည့် ဂျပန် တပတ်ရစ်ကားများပင်လျှင် အနည်းဆုံး ကျပ်သိန်း (၂,၀၀၀) အထက်ပေါက်ဈေး ဖြစ်နေသည်။

စင်တာ၌ လေလံကြမ်းခင်းဈေး ကျပ်သိန်း ၂,၀၀၀ (ဒေါ်လာ ၁ သိန်း ၇သောင်းကျော်) သတ်မှတ်ထားသည့် Toyota Estima ကဲ့သို့ ကားမျိုးသည် ကားအသစ်ဆိုလျှင် ရန်ကုန်ဆိပ်ကမ်းအရောက် ဒေါ်လာ (၄) သောင်းကျော် တန်ဖိုးရှိပြီး တပတ်ရစ်ဆိုလျှင် ဒေါ်လာ (၂) သောင်းပင်မပြည့်ကြောင်း ကားတင်သွင်းဖူးသူတဦးက ပြောသည်။




NEJ / ၁၅ ဇွန် ၂၀၀၉
line


မြန်မာနအဖ ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ်ဒု-သမ္မတ မစ္စတာရှီကျင်းဖျင်၏ ဖိတ်ကြားချက်အရ (၆) ရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ထွက်ခွာလာပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ယနေ့ဖော်ပြသည်။

ယင်းခရီးစဉ်သည် (၆) နှစ်တာကာလအတွင်း ဒု-ဗိုလ်ချုပ်ကြီးမောင်အေး၏ တတိယမြောက် ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့အတွက်ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

အဆိုပါသတင်းတွင် နအဖစစ်ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များ၏ ယခင်ခရီးစဉ်များကို ပြန်လည်ဖော်ပြ ထားပြီး တရုတ်နှင့် မြန်မာစီးပွားရေးဆိုင်ရာ စပ်ယှက်မှုအချို့ကို ထည့်သွင်းဖော်ပြထားသည်။

တရုတ်၏ တရားဝင်စာရင်းဇယားများအရ ယမန်နှစ်က တရုတ်-မြန်မာကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ (၂.၆၂၆) ဘီလီယံအထိ ရှိခဲ့ပြီး တရုတ်က မြန်မာဘက်သို့ ပို့ကုန် အမေရိကန်ဒေါ်လာ (၁.၉၇၈) ဘီလီယံဖိုးအထိ ယမန်နှစ်က တင်ပို့နိုင်ခဲ့သည်။

၂၀၀၈ နှစ်ကုန်ပိုင်းအထိ တရုတ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၁.၃၃၁) ဘီလီယံဒေါ်လာရှိပြီး အဓိကအားဖြင့် သတ္တုရှာဖွေရေး၊ လျှပ်စစ်ထုတ်လုပ်ရေး၊ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေပြဇယားတွင် တရုတ်သည် အဆင့် (၆) နေရာမှ အဆင့် (၄) သို့ မြင့်တက်ရောက်ရှိလာသည်။

ခွဲထွက်အဖွဲ့ ပြန်ပူးပေါင်းရန် SSA (တောင်ပိုင်း) က ပြော Print E-mail
မျိုးကြီး
တနင်္လာနေ့၊ ဇွန်လ 15 2009 20:24 - မြန်မာစံတော်ချိန်


ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့က ၎င်းထံမှ ခွဲထွက်ခဲ့သည့် တပ်ဖွဲ့တဖွဲ့အား မိခင် အဖွဲ့အစည်းနှင့် ပြန်လည် ပူးပေါင်းပါရန် မကြာသေးခင်က တိုက်တွန်းလိုက်သည်။

၂၀၀၆ ခုနှစ်အတွင်း အင်အား ၁၀၀ ကျော်ဖြင့် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သည့် တပ်မဟာမှူး ဗိုလ်မှူးကြီး မိန်းစင်၏ ၇၅၈ တပ်ဖွဲ့အား ဇွန်လဆန်းပိုင်းကစ၍ စတင်ကာ SSA (S) က တိုက်တွန်းလိုက်ကာ၊ ယခုလကုန်တွင် နောက်ဆုံးထား ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

ဤသည်မှာ ပြီးခဲ့သည့်လ ၂၄ ရက်နေ့က ၇၅၈ တပ်မဟာမှူး ဗိုလ်မှူးကြီးမိန်းစင်သည် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA (S) တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့အပြီး ကျန်ရှိသည့် တပ်ဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုကြောင်း အဖွဲ့ပိုင် Taifreedom ဝဘ်ဆိုဒ်တွင် ကြေညာထားခြင်း ဖြစ်သည်။

“ကြေညာချက် ထုတ်တာက ကျန်တဲ့ သူ့လက်အောက်က တပ်သားတွေပေါ့၊ ခင်ဗျားတို့မှာ ဘာမှ အပြစ်မရှိဘူးပေါ့၊ မိန်းစင်နဲ့ အကုန်လုံး ပါသွားပြီးပြီ၊ အဲဒါကြောင့် ကောင်းကောင်းမွန်မွန် ပြန်လာပါ၊ ဒါပေမဲ့ ဇွန်လအတွင်းကို လာဖြစ်အောင် လာပါလို့ အဲလို ရေးထားပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

အဖွဲ့ထံ ပြန်လည်လာရောက်ပါက ရာထူးတာဝန် အဆင့်များကို ယခင်အတိုင်း ပြန်လည်အပ်နှင်းသွားမည်ဟု ကြေညာချက်တွင် ပါရှိသည်။
ခွဲထွက်အဖွဲ့ကို ပြန်လည်ပူးပေါင်းရန် ပြောဆိုသည်မှာ ကောင်းမွန်သော လုပ်ရပ်ဖြစ်သော်လည်း တလအတွင်း ပြန်လာရန် ရက်သတ်မှတ်သည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

ဦးစိန်ကြည်က “ပြည်ပမှာ ရှိနေတဲ့ ရှမ်းခေါင်းဆောင်တွေကတော့ ဒီလိုကိစ္စက ကောင်းပါတယ်။ ဒါပေမဲ့ တလထဲနဲ့ အချိန်ပေးလို့တော့ မသင့်တော်ဘူးပေါ့၊ စည်းရုံးပြီးမှ ဖြည်းဖြည်းချင်း လုပ်သွားတာက ကောင်းတယ်လို့ ဒီကိစ္စကို ဝေဖန်တဲ့သူတွေလည်း တော်တော်များများ ရှိတယ်” ဟု ဆိုသည်။

ခွဲထွက် တပ်မဟာ ၇၅၈ သည် ဗိုလ်မှူးကြီးမိန်းစင် သေဆုံးသွားပြီးနောက် ဗိုလ်မှူးအဆင့်ရှိသူ ခေါင်းဆောင် ၂ ဦးက ဆက်လက်ဦးဆောင်ကာ ရှမ်းပြည်တောင်ပိုင်း လဲခြားနှင့် မိုင်းကိုင်မြို့နယ်တွင် အခြေချ လှုပ်ရှားနေသည်။

အီးယူ ကြေညာချက် အခြေအမြစ်မရှိဟု စစ်အစိုးရက ပြောဆို Print E-mail
နန်းဒေဝီ
တနင်္လာနေ့၊ ဇွန်လ 15 2009 21:39 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္စျိမ)။ ။ ကရင်လူမျိုးများအား အစိုးရတပ်က ထိုးစစ်ဆင်နွှဲနေကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ကြေညာသည့်အပေါ် မှန်ကန်မှုမရှိဘဲ၊ အခြေအမြစ်မရှိသော ထုတ်ပြန်ချက် ဖြစ်သည်ဟု မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့ထုတ် အစိုးရ သတင်းစာမှတဆင့် တုံ့ပြန်ပြောဆိုလိုက်သည်။

ယခုလ ၁၁ ရက်နေ့ထုတ် ဥရောပသမဂ္ဂ - အီးယူ ကြေညာချက်တွင် စစ်အစိုးရတပ်နှင့် ၎င်း၏ မဟာမိတ်တပ်က ကရင်များအပေါ် ထိုးစစ်ဆင်နေသဖြင့် စိုးရိမ်မိကြောင်း ထုတ်ပြန်ခဲ့သည့်အပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ကြေညာချက်သည် စစ်အစိုးရအပေါ် ထိခိုက်မှုရှိသဖြင့် ယခုလို ပြန်လည်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု - NDD မှ သုတေသနဌာနမှူး ဦးဌေးအောင်က ပြောသည်။

“နအဖက သူတို့ကို ဝေဖန်ထောက်ပြတာမျိုးဆိုရင် အခုလို တုံ့ပြန်နှုတ်လှန်ထိုးတာမျိုး အမြဲတမ်း လုပ်တယ်။ အီးယူ (ဥရောပသမဂ္ဂ) ထုတ်ပြန်ချက်က သူတို့ကို ထိခိုက်တဲ့ ထုတ်ပြန်ကြေညာချက်မျိုး ဖြစ်နေတယ်။ ဒီကေဘီအေ ကို နအဖ က နောက်ကနေ ပံ့ပိုးပေးနေတယ်ဆိုတာ ပြလိုက်တာ” ဟု သူက ပြောသည်။

တရုတ်နယ်စပ် အခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဦးမြမောင်ကလည်း “ဒါကတော့ ရှင်းတယ်။ နအဖက ချောင်ပိတ်နေတာ။ တရုတ်နဲ့ ရုရှားက သူ့ကို ထောက်ခံရင်ပြီးရောလို့ တွက်ထားခဲ့တာ။ အခုတော့ အီးယူ ထပြောတော့ သူက ပြန်ပြီးတော့ ငါ သေနတ်ကိုင်ထားတယ်၊ ငါလုပ်ချင်တာ လုပ်တယ် ပြတာ” ဟု ပြောသည်။

စစ်အစိုးရ သတင်းစာထဲတွင် တိုက်ပွဲများသည် “ကေအန်ယူ/ကေအန်အယ်အေ တပ်ဖွဲ့ဝင်များနှင့် ဒီကေဘီအေ တပ်ဖွဲ့များ အချင်းချင်း တိုက်ခိုက်ခြင်းသာဖြစ်ပြီး အဆိုပါ လက်နက်ကိုင်ပဋိပက္ခများအတွင်း မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များအနေဖြင့် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း” ဆိုထားသည်။

သို့သော် ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က လတ်တလောတိုက်ပွဲများတွင် ဒီကေဘီအေ တပ်ဖွဲ့ကို စစ်အစိုးရ ခြေလျင်တပ်ရင်း ၄ ခုထက်မနည်းက ခြံရံထားပြီး လက်နက်ကြီးများဖြင့် ကူညီပံ့ပိုးနေကြောင်း ပြောသည်။

သူက “အစိုးရက လိမ်နေတာ။ ခလရ ၁၈၊ ၂ဝ၂၊ ၂ဝ၃၊ ၂ဝ၅၊ ၂၁ဝ က စစ်တပ်တွေ ပါတယ်။ လက်နက်ကြီးတွေနဲ့ ကူပစ်ပေးတယ်။ ကျမတို့မှာ အထောက်အထားတွေ ရထားတာ ရှိပါတယ်” ဟု ပြောသည်။

ဦးဌေးအောင်က “အမှန်တော့ ဒီစစ်အစိုးရက ငါးကြင်းဆီနဲ့ ငါးကြင်းကြော် လုပ်ချင်နေတာ။ အခုစစ်ပွဲမှာလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွေ ပါတယ်။ သထုံအခြေစိုက် တပ်မက ပါတယ်။ နောက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ စစ်တပ်က အကူပေးနေတာ” ဟု ပြောသည်။

သူက “နယ်စပ်ဒေသတွေကို သိမ်းနိုင်ရင် နယ်ခြားစောင့်တပ်တွေအဖြစ် ပေးမယ်၊ စီးပွားရေးလုပ်ကိုင်ခွင့်တွေ ပေးမယ်ဆိုတဲ့ မက်လုံးတွေကြောင့် ဒီကေဘီအေ အဖွဲ့တွေက စစ်ဆင်ရေးတွေ လုပ်တယ်။ နောက်ကနေ စစ်အစိုးက ကိုယ်တိုင်ပဲလေ” ဟု ဆက်ပြောသည်။

ယခုလို စစ်တပ်အကူဖြင့် ထိုးစစ်ဆင်နေခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ မဲလာအားခီး၊ ပနွဲ့ပူ၊ စေဖိုးခီး၊ ထီးဘော်ဒေး၊ ခလဲ့ကာ၊ ဟောသူခီး အစရှိသည့် ကျေးရွာပေါင်း ၁ဝ ရွာကျော်မှ ဒေသခံ ကရင်တိုင်းရင်းသား ၄ဝဝဝ ကျော်သည် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးခိုလှုံလာကြသည်။

ထောင်နှင့်ချီရှိသည့် ကရင်ဒုက္ခသည်များသည် ထိုင်း-မြန်မာနယ်စပ်တွင် ခိုလှုံရောက်ရှိနေကြောင်း ထိုင်းအစိုးရက ပြောဆိုခဲ့သည်။

သို့သော် စစ်အစိုးရ သတင်းစာကမူ ဥရောပသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြထားသကဲ့သို့ အရပ်သား အမြောက်အမြား နယ်စပ်ကျော်ကာ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိကြောင်းနှင့် သူတို့မှာ အရပ်သားပြည်သူများ မဟုတ်ဘဲ ကေအန်ယူ/ကေအန်အယ်အေ အဖွဲ့ဝင်များနှင့် မိသားစုဝင်များသာဖြစ်ကြောင်း ဆိုထားသည်။

နော်စီဖိုးရာက “အခုထွက်ပြေးလာတဲ့ ကရင်လူမျိုးတွေဟာ ပြည်သူတွေပါ။ လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူတွေ ဖြစ်တယ်။ လူမှုအဖွဲ့အစည်းတွေက သူတို့ကို အင်တာဗျူးလုပ်တဲ့အခါမှာ သူတို့ ပြောတာတွေ ရှိပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်ပွဲဖြစ်ပွားရာ ဒေသများကို ရှောင်ရှားနိုင်ရန် ဒေသခံများသည် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ရာ လမ်းကြောင်းများကို မြန်မာစစ်တပ်များနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ဟန့်တားနှောင့်ယှက်မှုများ ရှိနေကြောင်း သိရသည်။

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဥရောပသမဂ္ဂကို “မြန်မာနိုင်ငံ၏ သောင်းကျန်းသူ ပြဿနာအား ဂဃနဏ လေ့လာသုံးသပ်ခြင်း မပြုဘဲ၊ နိုင်ငံရေးအရ ထိုးနှက်ရန် ဦးတည်ချက်ဖြင့် ထုတ်ပြန်သည့် ဥရောပ သမဂ္ဂ ဥက္ကဋ္ဌ၏ ကြေညာချက်အပေါ် များစွာ စိတ်ပျက်မိပါသည်” ဟု ရေးသားထားသည်။

“သောင်းကျန်းသူ အုပ်စုများထံမှ ရရှိသည့် တိကျခိုင်လုံမှု မရှိသော အချက်အလက်များနှင့် ဘက်လိုက်ဖော်ပြသည့် သတင်းများကို အခြေပြုကာ ထုတ်ပြန်ခဲ့သည့် မှန်ကန်မှု မရှိသော အီးယူဥက္ကဋ္ဌ၏ ကြေညာချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ်သားစွာ ပယ်ချလိုက်ကြောင်း” လည်း ဆိုထားသည်။

ဦးဌေးအောင်က “ဥရောပသမဂ္ဂ တခုလုံးက ဒီကြေညာချက်ကို ထုတ်တယ်ဆိုကတည်းက အဖွဲ့ဝင်နိုင်ငံတွေက ဒီအချက်အလက်တွေ တာဝန်ယူလို့၊ မှန်ကန်တယ်လို့ သူတို့ ဆုံးဖြတ်လို့ ထုတ်တာပေါ့” ဟု ပြောသည်။

ဥရောပသမဂ္ဂတွင် ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်၊ ချက်နိုင်ငံ၊ အီတလီ အစရှိသည့် နိုင်ငံများအပြင် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် ပါဝင်ကြသည်။ လက်ရှိတွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု သက်တမ်း ၁ နှစ် ထပ်တိုးထားသည့် အဖွဲ့ကြီးလည်း ဖြစ်သည်။


ဒေါ်စုကို ပြန်လွှတ်ရန် နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀၀ ကျော် တောင်းဆို Print E-mail
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇွန်လ 15 2009 20:21 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြေညာချက်တွင် ကမ္ဘာတဝှမ်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ၁ဝဝ ကျော်က စုပေါင်းလက်မှတ် ရေးထိုးကာ တောင်းဆိုလိုက်ကြသည်။

ဒေါ်စု လွတ်မြောက်ရေးလှုပ်ရှားမှုအတွက် စာသား၊ ဗီဒီယို၊ ဓာတ်ပုံ စသည်တို့ ပေးပို့နိုင်သော 64forsuu.org ´ဒေါ်အောင်ဆန်းစုကြည်အတွက် စာလုံး ၆၄ လုံး´ အမည်ရှိ အထူးဝဘ်ဆိုဒ်တွင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ဥရောပရှိ နိုင်ငံပေါင်း ၂ဝ ကျော်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများက လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

ဤ ဝဘ်ဆိုဒ်ကို ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ ၆၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကင်ပိန်းလှုပ်ရှားသူများက ပြုလုပ်ထားကြခြင်း ဖြစ်သည်။

သူတို့က မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ဆို့ရေး ပြုလုပ်ပါရန် သူတို့က ကုလသမဂ္ဂ လုံခြုံရေးကောက်စီကို တိုက်တွန်းလိုက်ကြသည်။

´သင်၏ လွတ်လပ်မှုကို ဆက်တိုက်ငြင်းပယ်နေခြင်းသည် မြန်မာနိုင်ငံရှိ ၂၁၅၆ ဦးမျှသော နိုင်ငံရေးအကျဉ်းသားများ၏ လူ့အခွင့်အရေးကို လက်မခံနိုင်ဖွယ် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူတို့၏ နိုင်ငံရေး ယုံကြည်ချက်များအတွက် အပြစ်ပေး အရေးယူခံရသည်များနှင့်အတူ ကျွန်ုပ်တို့ ကမ္ဘာတဝှမ်းလုံးမှလည်း စိတ်ဆိုးဒေါသထွက်ကြပါသည်' ဟု အဆိုပါ စာလုံး ၆၄ လုံးရှိ ကြေညာတောင်းဆိုချက်တွင် ရေးသားထားသည်။

ထို့အပြင် 'နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချက်ချင်း လွှတ်ပေးရေး မြန်မာစစ်အစိုးရကို ဖိအားပေးရန်နှင့် စစ်အစိုးရကို အင်အားတောင့်တင်းစေသည့် လက်နက်များကို သူတို့လက်ဝယ်သို့ မရောက်ရှိစေရေးအတွက် ကမ္ဘာတဝှမ်းလုံးမှ လက်နက်ပိတ်ဆို့ အရေးယူမှုများဖြင့် ကန့်သတ်မှုများ ပြုလုပ်ပေးပါရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တိုက်တွန်းတောင်းဆိုပါသည်´ ဟုလည်း ဆိုထားသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံ (Kim Dae-jung) ကလည်း သူ၏ စာသားတွင် ´ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် အာရှတိုက်အတွက် ရှက်ဖွယ်´ ဟု ရေးသားထားသည်။

မလေးရှားမှ ဒုဝန်ကြီးချုပ်ဟောင်း အင်ဝါအီဗရာဟင်ကလည်း ´အာဆီယံအဖွဲ့ကြီးအနေဖြင့် မစွက်ဖက်ရေးမူဝါဒကို ဆက်လက်မကျင့်သုံးနိုင်တော့ကြောင်းနှင့် ယခုအချိန်သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အတူတကွ လုပ်ဆောင်ကြရမည့် အချိန်ဖြစ်ကြောင်း´ ရေးသားထားသည်။

တရုတ် နိုင်ငံရေး အကျဉ်းသားဟောင်းများဖြစ်သည့် ယွမ်ဝေကျင်း (Yuan Weijing) နှင့် ကျန်းကျင်းယန် (Zeng Jinyan) တို့ အပါအဝင် လက်မှတ်ရေးထိုးသူ အများအပြားသည် သူတို့ကိုယ်တိုင် နေအိမ်အကျယ်ချုပ် ကျခံနေကြရသူများ ဖြစ်သည်။

လက်မှတ်ရေးထိုးသူများထဲတွင် ကိုလံဘီယာနိုင်ငံ FARDC အဖွဲ့၏ ပြန်ပေးဆွဲခြင်းခံရသည့် အထက်လွှတ်တော် အမတ်ဟောင်းနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခြင်းခံရသော အင်းဂရစ်ဘီတန်ကုတ် (Ingrid Betancourt) ၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံ၊ ပိုလန်သမ္မတဟောင်းနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လက်ဘာဝင်ဆာ (Lech Walesa)၊ နှင့် နယ်ဆင်မင်ဒဲလားတို့ ပါဝင်ကြသည်။

အခြား လက်မှတ်ရေးထိုးသူများမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ရှေ့နေ ရှီရင်အီဘာဒီ (Shirin Ebadi)၊ တီယန်မင် လူသတ်ပွဲတွင် အသက်မသေ လွတ်မြောက်ခဲ့သူ ရှောက်ကျန်း (Shao Jiang)၊ ဗြိတိန်နိုင်ငံမှ လူသားချင်း စာနာသည့်အရေး ဆောင်ရွက်သူနှင့် စာရေးဆရာ တယ်ရီဝိတ် (Terry Waite)၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်းနှင့် စာရေးဆရာ ဗားကလက်ဟာဗယ်လ် (Vaclav Havel)၊ နျူကလီးယား သိပ္ပံပညာရှင်နှင့် ယခင် ဆိုဗီယက်ယူနီယံ အတိုက်အခံဟောင်း ယူရီဖီဒိုရိုဗစ် အော်လော့ဗ် (Yuri Feodorovich Orlov) တို့လည်း ပါဝင်သည်။

၁၄ ကြိမ်မြောက် တဦးတည်း ချုပ်နှောင်ထားသည့် အကျဉ်းခန်းထဲတွင် ကျင်းပရမည့် သူမ၏ ၆၄ နှစ် ပြည့် မွေးနေ့ကို အထိမ်းအမှတ်ပြုထားသည့် ´ဒေါ်အောင်ဆန်းစုကြည်အတွက် စာလုံး ၆၄ လုံး´ အမည်ရှိ လှုပ်ရှားမှုတွင် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း၊ ဗြိတိလျှလူမျိုး နာမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းတို့ ကဲ့သို့သော ပုဂ္ဂိုလ်အကျော်အမော်များ ပါဝင်လက်မှတ်ရေးထိုးထားကြသည်။

ကလေးများကို စစ်တပ်ထဲ သွတ်သွင်းနေ (ဦးအေးမြင့်နှင့် အင်တာဗျူး) Print E-mail
အင်တာဗျူး
ကိုဝိုင်း
တနင်္လာနေ့၊ ဇွန်လ 15 2009 17:52 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ကလေးများအား စစ်သားအဖြစ် စုဆောင်းမှုများ မြန်မာစစ်တပ်က ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုနေသူ ပဲခူးမြို့မှ “လမ်းပြကြယ်” အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်ကို မဇ္ဈိမ က ဆက်သွယ်မေးမြန်းထားသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC - Convention on the Rights of the Child ကို လက်မှတ်ထိုးထားသော်လည်း၊ CRC ၏ အပိုဒ် ၃၈ တွင် အသက် ၁၅ နှစ်အောက် ကလေးများကို စစ်သားအဖြစ် သွပ်သွင်းခြင်း မပြုရန် တားမြစ်ထားကာ၊ မြန်မာနိုင်ငံ၏ စစ်မှုထမ်းဥပဒေအရလည်း အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် မစုဆောင်းရန်လည်း ပြဋ္ဌာန်းထားသေးသည်။

သို့သော်လည်း မည်သို့မည်ပုံ စုဆောင်းကြောင်း ဦးအေးမြင့်၏ ပြောပြချက်ကို ဖော်ပြလိုက်ပါသည်။

-------------------------------------------------

တလောက ဖြစ်ပွားခဲ့တဲ့ ဒိုက်ဦးနယ်ဘက်က ကလေးစစ်သားကိစ္စ နောက်ဆုံးအခြေအနေ ဘယ်လိုများ ရှိပါသလဲ ခင်ဗျာ။

“နောက်ဆုံးအခြေအနေကတော့ ILO ရုံးက ILO နှစ်ပတ်လည် အစည်းအဝေး ရှိနေတဲ့အတွက် စာပဲပို့ထားတယ်။ လူကြီးတွေနဲ့ မတွေ့ရသေးဘူး။ ဒီ ၆ လပိုင်း ၄ ရက်နေ့က ILO ရုံးကို အီးမေးနဲ့ပို့ထားတာ။ ILO အစည်းအဝေးပြီးလို့ စတိမာရှယ် Steve Marshall ပြန်လာမှ ဒီမှာ ဝန်ကြီးတွေနဲ့ တွေ့ရမှာလေ”

အဲဒီကလေးစစ်သား ကျော်မျိုးပိုင်ရဲ့ အဖေအမေက တပ်ထဲအထိ လိုက်တွေ့ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာများ သိထားတာ ရှိပါသလဲ ခင်ဗျာ။

“သူ့အဖေအမေ လိုက်သွားတယ်။ ကောင်လေးက ပိုက်ဆံ ၁ဝဝဝ-၂ဝဝဝ ရှိရင်တောင်မှ ဟိုမှာ သူမနေချင်ဘူး။ ထွက်ပြေးချင်တယ်။ ကင်းတွေ အထပ်ထပ်နဲ့။ သထုံမြို့ အမြှောက်တပ်ရဲ့ ဝန်းကြီးထဲမှာ သူတို့နေရတယ်။ ကလေးတွေကိုလည်း လကုန်ပေမယ့် လစာ ပေးမထုတ်ဘူး။ ငွေကိုင်ခွင့် မရဘူး။ သက်သာချောင်ချိရေးဆိုင်မှာ စားရတယ်”

သူ့အဖေအမေကရော တပ်မှူးတွေနဲ့ တွေ့ခဲ့ရတယ်လို့ ပြောသေးလား။

“တပ်မှူးနဲ့ မတွေ့ခဲ့ရပါဘူး။ ပြန်တောင်းလို့လည်း မရဘူး။ တပ်ကတော့ သူတို့သားကို ကောင်းကောင်းမွန်မွန် ထားတယ်ပေါ့၊ ပြန်ထုတ်လို့ မရတော့ဘူးဘဲ ပြောလွှတ်တယ်။ နောက်ပြီးတော့ ကလေးနဲ့တောင်မှ ညအိပ်တဲ့အခါ တိုးတိုးတိတ်တိတ် အိပ်ရတယ်”

လမ်းပြကြယ် အနေနဲ့ အရင်တုန်းက ဒီလို ကလေးစစ်သားအမှုမျိုး ILO နဲ့ ဆက်သွယ်ပြီး လိုက်ပေးဖူးတာ ရှိပါသလား ခင်ဗျာ။

“ရှိပါတယ်။ တနှစ်ကို အနည်းဆုံး ၂-၃ ယောက် အောင်မြင်ပါတယ်။ မိဘတွေဆီ ပြန်အပ်နိုင်တာဆို ၁၂ ယောက်လောက် ရှိသွားပြီ။ ဒီ ၄-၅ လအတွင်းမှာကို ကလေးတွေ ပျောက်နေတာ အယောက် ၅ဝ လောက် ရှိသေးတယ်။ ယောက်ျားလေးတွေ၊ မိဘတွေ အကြောင်းကြားပေမယ့်၊ ဘယ်ရောက်မှန်း မသိသေးဘူး။ တပ်ထဲရောက်တယ်လို့ ယူဆရတယ်။ တိုင်းနဲ့ ပြည်နယ် အသီးသီးလောက်က ဖြစ်နေတယ်။ အခု လောလောဆယ်ပဲ မောင်အောင်မိုးစံ ကိစ္စဆို မနက်ဖြန် ပို့မှာလေ။ တပ်မ ၇၇ က ဆွဲထားတာ။ ကလေးက မြင်းခြံက”

ပြန်ပြီးအပ်နှံနိုင်ခဲ့တဲ့ ကလေး ၁၂ ယောက်လောက်မှာ ဘယ်လို ပုံစံမျိုးတွေနဲ့ မိဘတွေဆီ ပြန်ရောက်ကြလဲ ခင်ဗျာ။

“အဘ လုပ်သွားတာကတော့ ရရင် သူတို့ (အာဏာပိုင်) တွေဆီကနေ ပြန်ယူလာရတာလေ။ ကယ်လာရတဲ့ ကလေးက များတာကိုး။ ရောက်ပြီးမကြာဘူး ၁ လ၊ ၂ လပဲ။ မနှစ်က ကျောက်တံကား မြို့နယ် ဖဒိုကမြို့က ကလေးဆိုရင် တပ်ထဲရောက်ပြီး သင်တန်းကလည်း ဆင်းပြီးရော အခန်းအနားနဲ့ ပြန်အပ်လိုက်တာ။ လူကြီးစုံရာနဲ့ အမျိုးသမီးရေးရာတို့ ဘာတို့ အဲဒါတွေရှေ့မှာ အပ်ပေးလိုက်တာ။ မိဘသွားပြန်ခေါ်လာခဲ့ရတာပေါ့။ ကျန်တဲ့ ကလေးတွေကျတော့ အဘတို့က တိုင်လို့ တပ်က ဒီအတိုင်း ထုတ်ပစ်လိုက်လို့ သူ့ဟာသူ ရောက်လာကြတာများတယ်”

အဲဒီကလေး ၁၂ ယောက်လောက်ထဲမှာ အသက်အငယ်ဆုံးက ဘယ်လောက်၊ အကြီးဆုံးက ဘယ်လောက် ရှိပါသလဲဗျာ။

“အသက်အငယ်ဆုံးက ၁၄ နှစ်ကျော်ကျော်လောက်ပေါ့။ အကြီးဆုံးက ၁၇ နှစ်၊ ဒီလောက်ပဲ ရှိပါတယ်”

အဲဒီကလေးတွေ၊ ပြီးတော့ သူတို့ရဲ့ မိဘတွေက ဘယ်လိုမျိုး စီးပွားရေးလုပ်တွေ လုပ်ကိုင်ကြတာလဲ ခင်ဗျာ။

“လယ်သမားနဲ့ ဆင်းရဲသား သားသမီးတွေ များတယ်။ အားလုံးက ချာလည်ချာလည်နဲ့ မလိုက်နိုင်ကြတဲ့၊ မိဘဆီကနေ တချို့ကလည်း စိတ်ဆိုးလို့ မိဘဆူလို့ ထွက်သွားတာတွေ။ အိမ်ကနေ ဈေးဝယ်ခိုင်းရင်းနဲ့ ဘူတာတို့၊ ကားဂိတ်တို့၊ ရုပ်ရှင်ရုံတို့မှာ ပါသွားကြတာ။ သူတို့ကို လှည့်ဖျားပြီးတော့၊ နောက် အတင်းအကျပ်ပေါ့။ ဖမ်းမယ်၊ အချုပ်ထဲထည့်မယ် ဘာညာပေါ့ ခြိမ်းခြောက်ပြီး ခေါ်သွားတာတွေ များတယ်ပေါ့”

မြန်မာနိုင်ငံက အရွယ်မရောက်သေးသူကို ကလေးစစ်သားအဖြစ် တာဝန်မပေးဘူးဆိုပြီး ကုလသမဂ္ဂ သဘောတူညီချက်ကို လက်မှတ်ထိုးထားတာ ရှိတယ် မှတ်လား။

“ILO ရုံးနဲ့လည်း ထိုးထားတာရှိတယ်။ ၃ နှစ်လောက် ရှိသွားပြီ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှာရော ကလေးစစ်သားအဖြစ် မခိုင်းပါဘူးဆိုတာ ကတိအကြိမ်ကြိမ် ထိုးထားတာပဲလေ။ ဒါပေမယ့် ဖောက်ဖျက်နေတာပဲ”

ဘာကြောင့် ကလေးစစ်သားတွေကို ခိုင်းနေတယ်လို့ ထင်ပါသလဲ ခင်ဗျာ။

“အကြောင်းရင်းကတော့ ဒီလို။ မြန်မာပြည်မှာ ဗိုလ်လုပ်မယ့်လူပဲ များတယ်။ တပ်ရင်းတရင်းကလည်း တပ်ရင်းသာ အမည်ခံတယ် ၂ဝဝ ပြည့်တာ မဟုတ်ဘူး။ အိုနာကျိုးကန်းနဲ့။ စစ်တပ်ထဲမှာ နှစ်ပြည့်လို့ ပင်စင်သမားသာရတယ်။ ကျန်တဲ့လူကိုက ထွက်ခွင့် မပေးဘူး ကျပ်တည်းထားတယ်။ အဲဒီကြားထဲမှာ သူတို့က ထွက်ချင်လို့ရှိရင် ရိုးရိုးရဲဘော်ဆိုရင် စစ်သားအသစ် ၂ ယောက် ရှာပေးရမယ်။ တပ်ကြပ်ကြီးဆိုရင် ၃ ယောက် ရှာပေးရတယ်။ တခါတလေလည်း ၄ ယောက် ရှာပေးရတယ်။ ရှိနေတဲ့ ငယ်သားတွေကလည်း စိတ်ပျက်နေပြီးတော့ အဘတို့နဲ့ အမြဲတွေ့တာတွေရှိတယ်လေ။ ဒါပေမယ့် ထွက်ပြေးရင် ထောင်ကျတယ်။ သူတို့ ထွက်ချင်တဲ့အတွက် သူများကို အသစ်ထပ်စုရတာ။ မရက်စက်ချင်ဘဲနဲ့လည်း ရက်စက်ရတာရှိတယ်”

စစ်တပ်က ထွက်ချင်တဲ့ အရာရှိတွေကျတော့ရော ဘယ်လိုလုပ်လဲ ခင်ဗျာ။

“တခါတလေကျတော့ ဗိုလ်တွေကလည်း ထွက်ချင်တယ်။ ဗိုလ်တွေကျတော့ သိန်းနဲ့ချီပြီး တပည့်တွေကို ငွေပေးတော့ သူတို့က မရရအောင် စုပေးတယ်။ ဒါ့အပြင် ဗိုလ်တွေက ပြေလည်သွား၊ ထောသွားကြတော့ ထွက်ချင်တာ။ နောက် တပ်ကလည်း ကျပ်တဲ့အချိန်ဖြစ်နေတော့ အဲဒါကြောင့် သူတို့က ပိုက်ဆံ သိန်းနဲ့ချီ ပေးပြီးတော့ တပည့်တွေကိုခိုင်း၊ တပည့်တွေကလည်း ငွေမက်တော့၊ ငတ်ပြတ်နေတော့ အဲဒီတော့ စစ်သားကို လိုက်ပြီးတော့ စုဆောင်းပေးပေါ့။ တချို့ကိုတော့ ခွင့်လေးတွေနဲ့ ပေးပြန်၊ တပ်ထဲက ခွင့်တောင်မှ မပေးတဲ့ ဘဝဖြစ်နေတော့၊ ရွာပေးပြန်ပြီး ခွင့်ပေး၊ ခွင့်ယူတဲ့အတွက် ရဲဘော် ဘယ်နှယောက် ရအောင်ယူခဲ့ဆိုပြီး အတင်းအကျပ် ခိုင်းနေတဲ့ အခြေအနေ ဖြစ်နေတာကိုး”

ကလေးတွေကို အရွယ်မရောက်ခင် စစ်သားထဲ သွင်းတယ်ဆိုတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာလို့ ပြောလို့ရမလား ခင်ဗျာ။

“လူ့အခွင့်အရေးအရ ဆိုရင်တော့ ပက်ပက်စက်စက် ချိုးဖောက်တာပဲလေ။ သားသမီးချင်း ကိုယ်ချင်းမစာတာ။ ကျောင်းနေရမယ့် အရွယ်တွေ။ သူတို့ဘဝ ကောင်းစားရေးအတွက် ကလေးတွေကို သေရွာပို့လိုက်တဲ့ သဘောပါပဲ”

မြန်မာနိုင်ငံရဲ့ အနေအထားက တခြား ဘယ်လိုမျိုး လူ့အခွင့်အရေးချိုးဖောက်တာမျိုးတွေ ရှိနေသေးလဲ ခင်ဗျာ။

“လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ကတော့ ချိုးဖောက်တာက ဗမာပြည်မှာက တပြုံကြီးပဲ။ ပြောဆိုလို့ မတတ်လောက်အောင် ဖြစ်နေတယ်။ နေရာတိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်တယ်။ ရာထူးရှိတယ်၊ အာဏာရှိမယ်၊ ငွေရှိမယ်ဆိုရင် ကြိုက်တာ လုပ်လို့ရတဲ့ ခေတ်ဖြစ်သွားပြီလေ”

မြန်မာနိုင်ငံသားတွေ အနေနဲ့ကရော သူတို့မှာ အခွင့်အရေးတွေ ရှိတယ်ဆိုတာကို ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားတယ်လို့ ထင်ပါသလဲ။

“မြန်မာနိုင်ငံသားတွေ နားလည်ထားတာက ဒီမှာက နိုင်ငံခြား သတင်းဌာနတွေကိုလည်း နားထောင်တာ ရှိသလို၊ အတိုက်အခံ နိုင်ငံရေးသမားတွေကရော၊ နောက် ဒီနအဖ အစိုးရက သင်ပေးလိုက်လို့ အလိုလိုကို နားလည်နေတာ မတရားဘူးဆိုတဲ့၊ ဗုဒ္ဓဘာသာ တရားတော်နဲ့ တွက်ရင် မတရားတဲ့အပိုင်းက ၉၉ ဒဿမ ၉ လောက် ဖြစ်နေတဲ့အတွက် လူ့အခွင့်အရေး ဆုံးရှုံးနေတယ် ဆိုတာ နအဖ သင်ပေးလို့ပဲ တတ်သွားတာပဲ။ အခွင့်အရေးရှိတယ်ဆိုတာ လူတိုင်းက သိတယ်။ ဒါပေမယ့် အကြောက်တရားက ပိနေတယ်။ အလကားနေရင်း သူတို့ (အာဏာပိုင်) တွေက အမိန့်အာဏာရှိသလို ထောင်ချတယ်။ သူတို့ကို နည်းနည်းလေးမှ မျက်စောင်းထိုး မကြည့်ရဲလောက်အောင် ဥပဒေနဲ့ တင်းကျပ်ပြီးတော့ နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်ထားတယ်။ ဒီကြားထဲမှာ ဘုန်းကြီးတွေ ကျောင်းသားတွေတောင် ပစ်သတ်ထားတယ်ဆိုတော့ မခံနိုင်ဘူး။ မခံနိုင်တာကို ရင်ထဲမှာ ကြိတ်နေကြတဲ့ သဘောပဲ၊ အခွင့်အရေးမရသေးလို့၊ အခွင့်အရေးကို စောင့်နေတဲ့ သဘောပဲ”

မြန်မာနိုင်ငံရဲ့ လက်ရှိ တရားရေးမဏ္ဍိုင် အခြေအနေကိုရော ဘယ်လို သုံးသပ်ပါသလဲ ခင်ဗျာ။

“မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကတော့ သုံးမရအောင် အခြေအနေမျိုး။ ရာဇပလ္လင်ပေါ် ခွေးတက်တဲ့ အဆင့်မျိုးဖြစ်နေတယ်။ နားမလည်တဲ့ တရားသူကြီးတွေ ဖြစ်နေတယ်”

တရားသူကြီးတွေကရော လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက် ချနိုင်တဲ့ အနေအထားရော ရှိလား ခင်ဗျာ။

“နိုင်ငံရေးနဲ့ ပတ်သက်တဲ့အမှု၊ နောက်တခါ မြို့နယ်အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့အမှု၊ စစ်တပ်နဲ့ပတ်သက်တဲ့ အမှုဆိုရင်တော့ သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်မရှိဘူး။ နောက်ကွယ်က ညွှန်ကြားတာကို ခံရတယ်။ သာမန်အမှုကျတော့ တရားသူကြီးတွေက စာရိတ္တမဏ္ဍိုင် ပျက်ပြားနေတဲ့အတွက် ငွေပေးတဲ့လူ နိုင်တဲ့သဘော ဖြစ်နေတယ်။ အမှန်တရားဆိုတာ မြန်မာပြည်တရားရုံးမှာ ရှာဖွေလို့က အမှုတရာ တမှု ပေါ်ပေါက်ခဲတယ်လေ”

အဲဒီလို တရားရေးမဏ္ဍိုင် ပျက်နေတဲ့ နိုင်ငံတခုမှာ ဘယ်လိုမျိုး အခြေအနေတွေ ဖြစ်လာနိုင်သလဲ ခင်ဗျာ။

“လူတွေ စာရိတ္တပျက်သွားပြီးတော့ မြန်မာပြည်မှာ မိန်းကလေးတွေက လမ်းပေါ်ရောက်ကုန်ပြီလေ။ စီးပွားရေးတွေ မပြေလည်၊ မကောင်းတဲ့ မိန်းကလေးတွေဖြစ်။ ပျက်စီးပြီးတော့ သုံးမရတဲ့ဘဝတွေ၊ ကလေးတွေက မိဘအသိုင်းအဝိုင်းတွေသာ ရှိတယ်။ ဘာမှ စီးပွားရှာဖွေစားသောက်ခွင့် မရှိ။ မိဘတွေကလည်း မပြေလည်။ ခါတိုင်းတုန်းက ဖအေလုပ်စာကို မိသားစု ၆ ဦး၊ ၇ ဦး ဝိုင်းစားလို့ ရတယ်။ အခုဟာက ၁ဝ ယောက်ရှိရင် ၁ဝ ယောက်လုံး လုပ်ရတယ်။ ပညာရေးတွေ နောက်ကျကုန်ပြီ။ စာရိတ္တတွေ ပျက်ပြားကုန်တယ်။ ငွေကြေးမပြည့်စုံတဲ့ အခါကျတော့ သူခိုးကြမ်းပိုးတွေ ဖြစ်ကုန်ပြီ။ ဒါတွေဟာ တရားစီရင်ရေးမဏ္ဍိုင် ပျက်စီးလို့လည်း ဖြစ်တယ်။ အုပ်ချုပ်ထားတဲ့လူရဲ့ ညံ့ဖျင်းမှုတဲ့ စီမံခန့်ခွဲမှုကြောင့်လည်း ဖြစ်တယ်။ အုပ်ချုပ်ရေး ပျက်နေပြီ၊ တရားစီရင်ရေးလည်း ပျက်နေပြီဆိုတော့ ကျန်တာ ဘယ်နေရာ သုံးစရာ ရှိတော့လို့လဲ”

လူတွေ အားကိုးလောက်တဲ့ တရားစီရင်ရေးမဏ္ဍိုင်၊ တရားရေးစနစ်ဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်တယ်လို့ ယူဆလဲ ခင်ဗျာ။

“ကောင်းမွန်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာက၊ တရားသူကြီးဆိုတာက နိုင်ငံတော်အလံအောက်မှာ နိုင်ငံတော်ကိုယ်စားလေ။ လွတ်လွတ်လပ်လပ် စီရင်ပိုင်ခွင့်ကို တရားသူကြီးကို ပေးထားတာ။ သူက (တရားသူကြီးက) ရိုးသားရမယ်၊ ဖြူစင်ရမယ်၊ အတွေးအခေါ် ပြည့်စုံတဲ့ လူတယောက် ဖြစ်ရမယ်။ သူက အတွေးအခေါ်လည်း မရှိဘူး၊ စာရိတ္တကလည်း မကောင်းတဲ့လူမျိုး၊ ကိုယ်ချင်းမစာတတ်တဲ့ တရားသူကြီးမျိုးကတော့ တရားခွင်ပေါ်မှာ လုံးဝထိုင်ဖို့ မသင့်တော်တဲ့ တရားသူကြီးမျိုး ဖြစ်နေတယ်”

မန္တလေးမီး တဦး သေဆုံး၊ အိမ် ၄၀ ဆုံးရှုံး
Monday, 15 June 2009 19:20 အေးလဲ့
E-mail Print
မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်တွင် ကြာသပတေးနေ့ ညက မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးငယ်တဦး အသက် ဆုံးရှုံးခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

ညသန်းခေါင်ယံ အချိန်တွင် ညည ရပ်ကွက်၊ အကွက် အမှတ်(၃) ရှိ ဦးနေဝင်း အိမ်မှ စပြီး မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖယောင်းတိုင်မီးမှ စတင်ခဲ့သည့် အဆိုပါ မီးကြောင့် အိမ်ခြေပေါင်း ၄၀ ခန့် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ယင်း လူနေအိမ်ရပ်ကွက်တွင် အိမ်ခြေပေါင်း ၃၀၀ နီးပါး ရှိသည်ဟု သိရသည်။

ထို မီးလောင်မှုတွင် ဦးနေ၀င်း၏ သမီးဖြစ်သူ မမိုးပွင့်ဖြူ သေဆုံးခဲ့သည်ဟု ဆိုသည်။

“အိမ်ရှင် သမီးဖြစ်တဲ့ မမိုးပွင့်ဖြူ ပေါ့၊ သူက ၇ တန်း ကျောင်းသူ မီးထဲ ပါသွားတယ်၊ ရပ်ကွက်ထဲမှာ ပျဉ်ထောင်အိမ်တွေ များတယ်” ဟု ဒေသခံတဦးက ပြောသည်။

၎င်းက ဆက်လက်ပြီး “အစက သူ(မမိုးပွင့်ဖြူ)က မီးထဲကနေ လွတ်ပြီးပြီ၊ ဒါကို နောက်မှ အိမ်က မွေးထားတဲ့ ခွေးကလေးကို ပြန်သွားယူပြီးတဲ့နောက်မှာ ထုတ်တန်း ပြိုကျသွားတာ၊ မီးထဲပါသွားတယ်၊ အသက်ဆုံး သွားတာပေါ့” ဟု ပြောသည်။

ထို မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်ကား စီးရေ ၂၀ ခန့် ရောက်ရှိလာသည် ဟုလည်း ဒေသခံက ပြောသည်။ ထိုလောင်ကျွမ်းမှုသည် အချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ကြောင်းလည်း သိရသည်။

မန္တလေးမြို့သည် မြန်မာပြည် အလယ်ပိုင်း အပူပိုင်း ဒေသတွင် တည်ရှိပြီး မကြာခဏ မီးလောင်မှုများ ဖြစ်ပွားလေ့ ရှိသည်။

၁၀ နှစ်သမီး သေဆုံးမှု မန္တလေးတွင် လူပြောများ
Monday, 15 June 2009 18:38 အေးလဲ့
E-mail Print
မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်ရှိ အသက် ၁၀ နှစ် အရွယ် မိန်းကလေးတဦး သောကြာနေ့က ပျောက်ဆုံးသွားပြီး နောက်တနေ့ နံနက်တွင် သူ၏ ရုပ်အလောင်း တွေ့ရှိရသည် ဟူသော သတင်းမှာ ဒေသခံများ အကြားတွင် ပျံ့နှံ့နေသည်။

သေဆုံးသူမှာ မဟာအောင်မြေမြို့နယ် သံလျက်မှော် အရှေ့ဘက်ခြမ်းရှိ ပတ္တာရပ်ကွက်မှ ဖြစ်သည်ဟု သိရသည်။

ဇွန်လ ၁၂ရက် သောကြာနေ့ ညနေ ကျောင်းဆင်းချိန်မှ စပြီး ထိုမိန်းကလေး ပျောက်ဆုံးသွားရာ မိဘများက သက်ဆိုင်ရာ အာဏာပိုင်များနှင့် လိုက်လံ ရှာဖွေ သော်လည်း မတွေ့ရှိခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူ မြို့ခံ တဦးက ပြောသည်။

“ကလေးက ညနေ ကျောင်းဆင်း အပြန် ကျူရှင်သွားတယ်။ အိမ်ပြန်ရောက်ချိန် မတွေ့တော့ သူ့မိဘတွေက စိတ်ပူတော့ ရပ်ကွက်က လူကြီးတွေနဲ့ လိုက်ရှာတယ်၊ မတွေ့ဘူး။ နောက်နေ့ မနက် အစောပိုင်း ၅နာရီ မှ ကလေးရဲ့ အလောင်းပဲ ပြန်တွေ့ရတယ်” ဟု ၎င်းမြို့ခံက ပြောသည်။

ထို ကျောင်းသူ၏ ကျန်ရှိသော ရုပ်အလောင်းကို ယမန်နေ့က သဂြုင်္ိဟ်လိုက်ပြီး ဖြစ်သည်ဟု သိရသည်။

မိန်းကလေး၏ ၀တ်လစ်စလစ် ရုပ်အလောင်းအား ဂုန်နီအိတ်ဖြင့် ပတ်ထားသည်ကို တွေ့ခဲ့ရကြောင်း၊ ဦးခေါင်းတွင် ရိုက်နှက် ခံထားရသည့် ဒဏ်ရာများ ရှိကြောင်း သိရသည်။ မုဒိန်း ပြုကျင့်ခံခဲ့ရကြောင်းကို သက်ဆိုင်ရာ ဆေးရုံကြီးမှ မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ သိရသည်ဟု ဆိုသည်။

မဟာအောင်မြေမြို့နယ် ရဲစခန်းသို့ ထိုအမှုအကြောင်း ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် စခန်း တာဝန်ရှိသူ တဦးက စုံစမ်းဆဲဖြစ်သည် ဟုသာ ဖြေဆိုခဲ့သည်။

“လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်၊ စုံစမ်း စစ်ဆေးဆဲ ကာလမှာ ဘာကိုမှ အတည်ပြု ပြောဆိုလို့ မရသေးပါဘူး၊ ဒီအမှုကို အမှတ် - ၇ ရဲစခန်းက စစ်ဆေးနေပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောပြသည်။

ထိုအမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ဆိုက်ကားသမား တဦး၊ အရပ်သား တဦးကို မန္တလေးမြို့ အမှတ် - ၇ ရဲစခန်းတွင် စစ်ဆေး နေသည်ဟု သိရသည်။

ယင်း အမှုအခင်း ကိစ္စရပ်နှင့် ပတ်သက်ပြီး နေပြည်တော်ရှိ အမျိုးသမီးရေးရာ ဌာနတခုသို့ မေးမြန်းရာတွင် ထိုအမှုအကြောင်း သတင်း မရရှိသေးဟု တာဝန်ရှိသူတဦးက ပြောသည်။

“ဒါက မှုခင်းဖြစ်တာ ဆိုတော့ ဒီအထိတော့ ရောက်မလာသေးဘူး၊ ပြီးတော့ သူက ကလေးလည်း ဖြစ်တယ်၊ ဒီအမှုက ကလေးသူငယ် တရားရုံးမှာ ရှိမှာ ဖြစ်နိုင်တယ်၊ ဒီအမှုက ပူပူနွေးနွေး ဆိုတော့ မိဘနဲ့ ရဲတွေကပဲ ရှင်းနေတာ ဖြစ်နိုင်တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ပထမဆုံး ပုဂ္ဂလိကပိုင် ကားဈေးကွက် ဖွင့်လှစ်
Monday, 15 June 2009 14:36 အောင်သက်ဝိုင်း
E-mail Print
ဆာကူရာ (SAKURA TECHNICAL SERVICES Co.,LTD) ကုမ္ပဏီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ချယ်ရီ ဥယျာဉ်မြို့တော်၌ ယမန်နေ့က စတင်ဖွင့်လှစ်လိုက်သည့် ပထမဆုံး ပုဂ္ဂလိကပိုင် တရားဝင် ကားဈေးကွက်တွင် ကျပ် သိန်း ၄၀ မှ သိန်း ၃၀၀၀ ကျော်ကြား တန်ဖိုးရှိ ကား အစီး ၇၀ ကျော် ရောင်းချကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအ၀န်းမှ သိရှိရသည်။

[ပထမဆုံး ပုဂ္ဂလိကပိုင် ကားဈေး မြင်ကွင်း (ဓာတ်ပုံ - အောင်သက်ဝိုင်း)]

ပထမဆုံး ပုဂ္ဂလိကပိုင် ကားဈေး မြင်ကွင်း (ဓာတ်ပုံ - အောင်သက်ဝိုင်း)
ယင်းကားဈေးကွက်ကို ရန်ကုန်အခြေစိုက် ဆာကူရာ ကုမ္ပဏီပိုင်ရှင် ဦးဌေးအောင်က နောက်ဆုံးပေါ် မော်ဒယ်မြင့် ဇိမ်ခံကားသစ်များနှင့် ကားဟောင်းများကို လေလံတင်ရောင်းချ ၀န်ဆောင်မှု ပေးသည့်အနေနှင့် ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဈေးကွက် စဖွင့်တဲ့နေ့က ကြမ်းခင်းဈေး ကျပ် သိန်း ၃၀၀၀ နဲ့ ၃၇၀၀ သတ်မှတ်ထားတဲ့ တိုယိုတာ လင့်ခရူဆာ ကား သစ် ၄ စီး၊ သိန်း ၁၀၀၀ နဲ့ ၂၂၀၀ ကြားရှိတဲ့ကားသစ် အစီး ၅၀ ၊ သိန်း ၄၀ ကနေ ၁၀၀၀ ကြားရှိတဲ့ ကား ဟောင်း၂၀၊ စုစုပေါင်း ၇၄ စီး လေလံတင်ရောင်းတယ်”ဟု ကိုယ်တိုင်သွားရောက်လေ့လာခဲ့သည့် ရန်ကုန် ကား ပွဲစားတဦးက ပြောသည်။

စစ်အစိုးရ၊ စီးပွားရေးဦးပိုင်လီမီတက်နှင့် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့်အဖွဲ့အစည်းများ အတွက် ပြည်ပမှ ကားသစ်များ မှာယူတင်သွင်းပေးနေသည့် အဆိုပါကုမ္ပဏီက ဖွင့်လှစ်လိုက်သည့် ယခုဈေးကွက်တွင် ကျပ် သိန်းထောင်ချီတန်ဖိုးရှိ ဇိမ်ခံကားသစ်များကို လစဉ်ပုံမှန် လေလံတင်ရောင်းချပေးမည့်အပြင် ကားပိုင်ရှင် များက ရောင်းချလိုသော ကားများကိုလည်း ၀န်ဆောင်ခယူ ရောင်းချပေးသွားမည်ဟု ကားအရောင်းအဝယ် လုပ်ငန်းသမားများက ပြောသည်။

ဆာကူရာကုမ္ပဏီက ဖွင့်လှစ်လိုက်သည့် ထိုကားဈေးကွက်တွင် မော်ဒယ်မြင့်ကားသစ်များ အများဆုံးပါဝင်သည့် အတွက် ဟံသာဝတီကားဈေးကွက် အပါအ၀င် ရန်ကုန်မြို့ရှိ ကားဈေးကွက်များတွင် မော်ဒယ်မြင့်ကား အရောင်း အ၀ယ်များ လျော့ကျစေမည်ဖြစ်ပြီး အရောင်းအ၀ယ်ငြိမ်သက်နေသော ရန်ကုန်ကား ဈေးကွက်ကို အနည်းနှင့် အများ ထိခိုက်မှုရှိလာနိုင်ကြောင်း ဟံသာဝတီကားဈေးကွက်မှ လုပ်သက်ရင့် ကားပွဲစားကြီးတဦးကပြောသည်။

“ဒီဈေးကွက်မှာက ကားသစ်တွေအများဆုံးပါတယ်။ ရှင်းရှင်းပြောရရင် လူတွေကို ကားပါမစ်တွေ ချမပေးချင်တဲ့ အတွက် ကားသစ်စီးချင်တဲ့ သူတွေ ဒီဈေးကွက်ကနေ လာဝယ်နိုင်ဖို့ လုပ်ပေးလိုက်တဲ့ပုံစံပဲ။ ဈေးကွက်မှာ ရောင်း နေတဲ့ ကားသစ်တွေမှာ အစိုးရ စီးပွားရေး ဦးပိုင်ကရောင်းတဲ့ ကားသစ်တွေလည်း တွေ့နေရတယ်။ ပိုက်ဆံရှိတဲ့ သူတွေ အနေနဲ့ ဆာကူရာဈေးကွက်မှာပဲ ဇိမ်ခံကားတွေလာဝယ်နိုင်ကြတာကြောင့် အပြင်ဈေးကွက်မှာ အပေါ် ကား(မော်ဒယ်မြင့်ကား) အရောင်းအ၀ယ်ထိခိုက်နိုင်တယ်”ဟု ရန်ကုန်ကားပွဲစား တဦးက ဆိုသည်။

ဆာကူရာကုမ္ပဏီ၏ ကားဈေးကွက်တွင် ကားသစ်နှင့်ကားဟောင်း စုစုပေါင်း အစီး၂၀၀ ခန့်ကို လစဉ်နှစ်ကြိမ် ရောင်းချသွားမည်ဖြစ်ပြီးကားဝယ်ယူသူများအနေနှင့် ကျပ်ငွေဖြင့်သာမက အမေရိကန်ဒေါ်လာ၊ FEC ဖြင့်လည်း ၀ယ်ယူနိုင်ကြောင်း၊ နိုင်ငံခြားဘဏ်များတွင် ငွေစာရင်းဖွင့်ထားသူများအနေနှင့် ဆာကူရာကုမ္ပဏီ၏ ဘဏ်စာရင်း သို့ငွေလွှဲပြောင်းပေးခြင်းဖြင့် ကားဝယ်နိုင်သည်ဟု အဆိုပါကုမ္ပဏီမှ စုံစမ်းသိရသည်။

“ဒီဈေးကွက်က ဂျပန်နိုင်ငံမှာလုပ်တဲ့ ကားလေလံဈေးကွက်ပုံစံလုပ်ထားတာပါ။ ကားဝယ်မယ့်သူတွေအနေနဲ့ လေလံခန်းမမှာရှိတဲ့ ကိုယ်ထိုင်နေတဲ့ကွန်ပျူတာပေါ်ကနေ ကိုယ်ပေးချင်တဲ့ဈေးကို ခလုတ်နှိပ်ပြီးပေးရမှာပါ”ဟု ဆာကူရာကုမ္ပဏီဥက္ကဌ ဦးဌေးအောင်က ၄င်း၏ကားဈေးကွက် ဖွင့်ပွဲအခမ်းအနားအပြီး ကားလေလံ အရောင်း အ၀ယ်သရုပ်ပြ ရှင်းလင်းပွဲတွင်ပြောကြောင်း အထက်ပါ ရန်ကုန်ကားပွဲစားက ပြောပြသည်။

ထိုကုမ္ပဏီက လေလံရောင်းချသည့် ကားများကို အွန်လိုင်းတွင်လည်း တင်ထားပြီး ကားဝယ်ယူသူများ အနေဖြင့် www.sakura-auction.com တွင် ၀င်ရောက်လေ့လာမှုပြုနိုင်ကြောင်း၊ မိမိတို့လိုချင်သော ကားများကိုလည်း အီးမေးလ်အမှာစာ ပေးပို့ဝယ်ယူနိုင်ကြောင်း ဆာကူရာကုမ္ပဏီက ထုတ်ပြန်သော သတင်းအချက်အလက်များ တွင် ဖော်ပြထားသည်။

ယင်း ပထမဆုံးသော တရားဝင်ကားဈေးကွက် ဖွင့်လှစ်သည့် ဆာကူရာကုမ္ပဏီတွင် စစ်အစိုးရထိပ်တန်း စစ်ဗိုလ်ချူပ်ကြီးများ၏ရှယ်ယာများ ပါဝင်နိုင်ကြောင်း၊ ဆာကူရာ ဦးဌေးအောင်သည် မြန်မာနိုင်ငံတွင် အရေ အတွက်အနည်းငယ်သာရှိသည့် ကားပါမစ်တင်သွင်းခွင့်ရသူများတွင် တဦးအပါအ၀င်ဖြစ်ကာ ဆာကူရာ ကုမ္ပဏီ က တင်သွင်းထားသည့် ကားသစ် တရာနီးပါး ပြည်ပမှ မကြာမီရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဦးပိုင် လီမီတက်နှင့်နီးစပ်သူများထံမှ သတင်းရရှိသည်။

ဆာကူရာ ဦးဌေးအောင်သည် စစ်အစိုးရ ဗိုလ်ချူပ်များနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိသူ တဦးဖြစ် ကြောင်းလည်း သိရသည်။

“ဆာကူရာ ကားဈေးကွက်ကနေ ကျနေတဲ့ ကားဈေးနှုန်းကို တက်လာအောင် ဈေးကစားလို့ ရနိုင်တယ်။ သူချ မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ကားဈေးကွက် လှုပ်အောင် ဈေးကစားလို့ရတဲ့သဘောပဲ”ဟု ရန်ကုန် မြို့မှ အသက် ၅၀ ကျော်ရှိ ကားဝယ်ရောင်း ပွဲစားတဦးက ရှင်းပြသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ပြည်တွင်းစီးပွားရေးလုပ်ငန်း နယ်ပယ်ကြီးများတွင် စစ်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် စစ်တပ် ကျောထောက် နောက်ခံ အဖွဲ့အစည်းများက လုပ်ပိုင်ခွင့်များအား လက်ဝါးကြီးအုပ်၍ ပိုမိုသိမ်းယူလာခြင်းများကို ထူးခြားချက်အဖြစ် သတိ ပြုမိကြောင်း စီးပွားရေး သုတေသီတဦးက သုံးသပ်ပြောဆိုသည်။

KNU တပ်စခန်း ၃ ခု အသိမ်းခံရ
Monday, 15 June 2009 19:28 သန်းထိုက်ဦး
E-mail Print
မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၇) မှ တပ်စခန်း ၃ ခုကို သိမ်းပိုက် လိုက်ကြောင်း ကြားသိရသည်။

မြန်မာစစ်အစိုးရနှင့် DKBA ပူးပေါင်းတပ်များက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှ KNLA တပ်မဟာ (၇) ဒေသရှိ တပ်စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်တိုက်ခိုက်ခဲ့ရာ တပ်ရင်း ၂၁ ကို ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ တပ်ရင်း ၂၂ နှင့် ၁၀၁ တပ်စခန်းများကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

KNLA တပ်ရင်း ၂၂ နှင့် ၁၀၁ ကို ပူးပေါင်းတပ်များက ယနေ့ နံနက်တွင် သိမ်းပိုက်ခဲ့ပြီး DKBA စစ်သားများက ထိုတပ်ရင်းနေရာများတွင် စောင့်ကျပ်နေကြောင်း၊ တပ်ရင်း၂၁ တပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီး၍ နေရာ ယူထားလိုက်ပြီဖြစ်ကြောင်း Free Burma Rangers အဖွဲ့မှ စောဒိုးကအိုးက ဧရာဝတီသို့ပြောသည်။

မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA တပ်ရင်း ၉၉၉ ၊ ၅၅၅ ၊ ၃၃၃ တပ်ဖွဲ့ဝင်များ သည် KNLA တပ်မဟာ (၇) ထိန်းချုပ်နယ်မြေရှိ တပ်စခန်းများကို လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လူအင်အားဖြင့်သော်လည်းကောင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယခုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူလိုသော စောနေစိုးမြအဖွဲ့မှ ကျန်ရှိသူများကို ထိုင်းနိုင်ငံအခြေစိုက် KNU/ KNLA အဖွဲ့ဝင်များက အင်အားသုံး ဟန့်တား သောကြောင့် အဆိုပါတိုက်ပွဲများ ဖြစ်ပွားရသည်ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖော်ပြထားသည်။

“အမှန်တကယ်အားဖြင့် အဆိုပါ တိုက်ခိုက်မှုများမှာ KNU/ KNLA တပ်ဖွဲ့ဝင်များနှင့် DKBA တပ်ဖွဲ့များ အချင်းချင်း တိုက်ခိုက်ခြင်းသားဖြစ်ပြီး အဆိုပါ လက်နက်ကိုင် ပဋိပက္ခများအတွင်း မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင် များအနေဖြင့် မည်သို့သောအခန်း ကဏ္ဍကမှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိ” ဟု ၎င်း စစ်အစိုးရထုတ် သတင်းစာက ဆိုသည်။

KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ်ကမူ ယခုကဲ့သို့ သတင်းစာတွင် ရေးသားလိုက်ခြင်းသည် မြန်မာစစ်အစိုးရ အနေဖြင့် လိမ်ညာ၍ ၀ါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

“နအဖက လိမ်ညာပြီးတော့ ၀ါဒဖြန့်တာပဲ။ သူတို့ (နအဖ) တပ်က မပါဘူးဆိုရင် တပ်ရင်း ၅ ရင်း လောက် ပါတယ်။ သူတို့က နောက်ကနေ လက်နက်ကြီးနဲ့ ၀ိုင်းကူပစ်ပေးနေတယ်”ဟု စောဒေးဗစ်တာကပေါ်က ပြောသည်။

တိုက်ပွဲသတင်းများနှင့် ဆက်စပ်၍ ကရင်တိုင်းရင်းသား ဒုက္ခသည်များ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရသဖြင့် ကရင်ပြည်နယ် အတွင်းရှိ မြန်မာစစ် အစိုးရတပ်၏ ထိုးစစ်ဆင်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် ဥရောပ သမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ချက် သမ္မတနိုင်ငံက ဇွန်လ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်အစိုးရ သတင်းစာက “နိုင်ငံရေးအရ ထိုးနှက်ရန် ဦးတည်ချက်ဖြင့် ထုတ်ပြန်သည့် အီးယူ ဥက္ကဌ၏ ကြေညာချက်အပေါ် များစွာ စိတ်ပျက်မိကြောင်း၊ သောင်းကျန်းသူ အုပ်စုများထံမှ ရရှိသည့် တိကျခိုင်လုံမှုမရှိသော အချက်အလက်များနှင့် ဘက်လိုက်ဖော်ပြသည့် သတင်းများကို အခြေပြုကာ ထုတ်ပြန်ခဲ့သည့်အတွက် မှန်ကန်မှုမရှိသောကြောင့် ပြတ်သားစွာ ပယ်ချလိုက်ကြောင်း” စသည်ဖြင့် ဖော်ပြခဲ့သည်။

ကရင်ပြည် နယ် ထိုးစစ်များ ရပ်စဲရန် တောင်းဆိုသည့် ကြေညာချက်ကို အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပ သမဂ္ဂကိုယ်စား အလှည့်ကျ ဥက္ကဌက ထုတ်ပြန်ခဲ့သည့်အပေါ် မြန်မာစစ်အစိုးရက ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

ဥရောပ သမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်တွင် စစ်ပြေး ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာ နေရပ်သို့ ပြန်နိုင်ရေး၊ သက်ဆိုင်သူများ အားလုံး ပါဝင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို စတင်နိုင်ရေးတို့ကို ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

“KNU/ KNLA တပ်ဖွဲ့ဝင်များ၏ အကြွင်းအကျန်များသည် အရပ်သားများ နေထိုင်နိုင်ခြင်း မရှိသည့် မြန်မာ - ထိုင်း နယ်စပ်နေရာတချို့၌ ပုန်းအောင်းနေထိုင်ကြခြင်းဖြစ်ရာ နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေး တိမ်းရှောင်သူများသည် အရပ်သားပြည်သူများမဟုတ်ဘဲ KNU/ KNLA အဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစုဝင်များသာဖြစ်ကြောင်း ထင်ရှားပါသည်” ဟု ၎င်း စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။

စောဒေးဗစ်တာကပေါ်က “ထွက်ပြေးလာတဲ့ရွာသားတွေက တကယ်ရွာသားတွေပါ”ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစု ပေါင်း ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

တိုက်ပွဲများကြောင့် ထိုင်း - မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထားသည်။ ၎င်း ဒုက္ခသည်များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) နှင့် ထိုင်း - မြန်မာနယ်စပ် တလျှောက် ကူညီ စောင့် ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) တို့က ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံတကာမှ နိုင်ငံရေး အကျဉ်းသားများ ပါဝင်တောင်းဆို
Monday, 15 June 2009 17:15 ကိုထွေး
E-mail Print
မြန်မာပြည်အား လက်နက်ရောင်းချခွင့် ပိတ်ပင်ပေးရန်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် နိုင်ငံတကာမှ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀၇ ဦးတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်သည်။

[ပြီးခဲ့သည့်လက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲတခု (ဓာတ်ပုံ - getty images)]

ပြီးခဲ့သည့်လက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲတခု (ဓာတ်ပုံ - getty images)
မကြာမီက ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ပြုလုပ်ထားသော www.64forsuu.org အင်တာနက် စာမျက်နှာတွင် လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

လက်မှတ်ရေးထိုးသူများတွင် နိုဗဲလ်ဆုရှင် တောင်ကိုးရီးယားနိုင်ငံ သမ္မတဟောင်း မစ္စတာကင်ဒေးဂျုံ၊ မလေးရှားနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း အန်န၀ါ အီဗရာဟင်၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း စာရေးဆရာ ဗားကလက် ဟာဗယ်၊ နိုဗဲလ်ဆုရှင် ပိုလန်နိုင်ငံသမ္မတဟောင်း Lech Walesa၊ နိုဗဲလ်ဆုရှင် ရှေ့နေ တဦးဖြစ်သူ Shirin Ebadi တို့ ပါဝင်သည်။

ထို့အပြင် လက်ရှိ တရုတ်နိုင်ငံတွင် နေအိမ်အကျယ်ချုပ်ကျခံနေသော Yuan Weijing နှင့် Zeng Jinyan တို့လည်းပါဝင် လက်မှတ်ရေးထိုးကြသည်။

မစ္စတာ ကင်ဒေးဂျုံက “ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး နေအိမ် အကျယ်ချုပ်ချထားတာဟာ အာရှအတွက် ရှက်စရာပါ” ဟု ပြောသည်။

မလေးရှား ဒုဝန်ကြီးချုပ်ဟောင်း အန်န၀ါ အီဗရာဟင် က အာဆီယံအနေဖြင့် မြန်မာ့အရေး ကို ဖြေရှင်းရန် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး ဟူသော အချက်ကို ပြင်ဆင်သင့်ကြောင်း ပြောသည်။

ယင်းလှုပ်ရှားမှုကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့( Human Rights Watch)၊ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့( U.S Campaign for Burma)၊ Open Society Institute၊ ဥရောပအခြေစိုက် France's Info Birmanie နှင့် Amnesty International၊ အာရှအခြေစိုက် Burma Info Japanတို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။

www.64forsuu.org အင်တာနက် စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ၆၄ လုံးပါ စကားများကို အမှတ်တရ ရေးသားပြောဆိုလျက် ရှိကြရာ ယင်းအင်တာနက် စာမျက်နှာတွင် ကမ္ဘာကျော် ပုဂ္ဂိုလ်များကလည်း ပူးပေါင်းပါဝင်ခဲ့ကြ သည်။

ယခုအခါ ကမ္ဘာကျော်ပုဂ္ဂိုလ် ၅ဝနီးပါးနှင့် သူ့အား ထောက်ခံအားပေးသူ ၈ဝဝဝ ခန့်က ၆၄လုံးပါ စကားရပ်များဖြင့် ဂုဏ်ပြုစကားပြောဆိုထားကြသည်။

အဆိုပါ အင်တာနက် စာမျက်နှာကို နိုင်ငံတကာ INGO အဖွဲ့များ၏ ထောက်ခံအားပေးမှုဖြင့် ပြီးခဲ့သည့် မေလ ၂၇ရက်နေ့ က စတင် အကောင်အထည် ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ၆၄ နှစ်မြောက် မွေးနေ့ အခါသမယ တွင်ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။



ဝက်တုပ်ကွေး ကပ်ရောဂါ ကြောင့်မျက်နှာ ဖုံးစွပ်သူများကို စစ်အစိုးရ လုံခြုံရေးအဖွဲ့ ဝင်များက မျက်နှာဖုံးစွပ်ဖယ်ရှားခိုင်း
June 15, 2009 · No Comments

၁၅ ဇွန် ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း

Junta Lacks Awareness of A(H1N1)

japan-swine-flu-mask-550x366၀က်တုပ်ကွေးကပ်ရောဂါ ကိုကူးစက်စေ
တတ်သည့် ကပ်ရောဂါ အဖြစ် ကမ္ဘာ့ 
ကျန်းမာရေး အဖွဲ့ ကြီးက သတိပေးထားသော် လည်းမြန်မာ နိုင်င
ံတွင် ထိုရောဂါ ကူးစက်ခြင်းမှ ကာကွယ်ရန် အလို့ ငှာပြည်
သူများက ရောဂါ ပိုးမွှား အန္တရယ် မှာ ကာကွယ် နိုင်သည့်မျက် နှာဖုံးစွပ်များ တပ်ဆင်ခြင်းကို အာဏာပိုင်များက ခွင့်မပြုကြောင်း Freedom News Group မှသတင်းရရှိသည်။

ယနေ့ မနက် အထက ၆ ဗိုလ်တစ်ထောင် (စိန့် ပေါ်လ်)ကျောင်းတွင် ကလေးကျောင်းပို့ ပြီးပြန်လာသည့်အမျိုးသမီး နှစ်ဦး၏ မျက်နှာတွင် တပ်ဆင်ထားသည့် မျက်နှာဖုံးကို ယခင် ၀န်ကြီးများရုံးရှေ့ ရှိ ရဲ နှင့်စစ်တပ်လုံခြုံရေး အရာရှိ များက ဖယ်ရှားရှင်းလင်းခိုင်းကြောင်း သိရသည်။

ထိုသို့ ရောဂါပိုးမွှား ကူးစက်မည့် အန္တရာယ် မှ ကာကွယ်ရန် အတွက် တပ်ဆင်ထားသည့် မျက်နှာ ဖုံးကို ဖယ်ရှားခံခိုင်းခြင်းခံရသူ အမျိုးသမီး တစ်ဦးက “ကျွန်မ က ၀က်တုပ်ကွေးရော ဂါ ဖြစ်မှာ စိုးလို့ တပ်ထားတာ သူတို့ ကို ဘာအနှောင့် အယှက် မှ ပေးတာ မဟုတ်ဘူး ဒါကို ၀န်ကြီးများရုံးရှေ့မှာ စောင့်နေ တဲ့ရဲနှစ်ယောက် ကလာပြီး ဖြုတ်ခိုင်းတယ်” ဟုပြောသည်။

မြေနီကုန်း ဒဂုန်စင်တာ တွင်လည်း မျက်နှာ ဖုံးစွပ်လာ သူများကို လုံခြုံရေးအစောင့်များ ကပြန်လည် ဖယ်ရှားခိုင်းသည် ဟုသိရသည်။

အိမ်နီးချင်းထိုင်းနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါ ဟု ခေါ်ကြသည့်  A(H1N1) ရောဂါ ပိုးတွေ့ ရှိသူ ၂၀၁ ဦးထိရှိသွားပြီဖြစ်သဖြင့် အစိုးရ ကိုယ်တိုင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု နှင့် အချို့ ကျောင်းများကိုယာယီပိတ်ခိုင်းထားသော် လည်းမြန်မာ စစ်အစိုးရ ကမူထိုရော ဂါ နှင့်ပတ်သက်၍ အဆောတလျှင် တက်ကြွစွာဆောင်ရွက် ခြင်းမရှိ သေးသည် ကိုတွေ့ ရသည်။

ပြီးခဲ့သည့် လက ထိုရောဂါ လက္ခဏာ မျိုး မြန်မာ နိုင်ငံတွင် ဖြစ်ပွားသေးခြင်းမရှိကြောင်း ရန်ကုန် မြို့ တော်ဝန်က သတင်းထောက်များ ကို ပြောကြားသွားခဲ့သည်။

ယခု အချိန် တွင် ၀က်တုပ်ကွေးရောဂါ ကြောင့် လူပေါင်း သုံးသောင်းကျော် ကူးစက်ခဲ့ပြီး ယနေ့ အထိ ၁၄၆ယောက် သေဆုံးပြီး ဖြစ်သည်။စစ်အစိုးရ လုံခြုံရေးဝန် ထမ်းများကထိုကဲ့ သို့  မျက် နှာဖုံးစွပ်များ ဖယ်ရှား ခိုင်းခြင်းမှာ အထက်ကအမိန့်ပေးထား၍ ဖြစ်နိုင်ကြောင်း ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန် တစ်ဦးက ပြောသည်။

စစ်ဗိုလ်ချုပ် များ ဆေးရုံ နှင့် ကျန်းမာရေးစောင့်ရှောက်မှုးပေးသည့် နေရာများ သို့ လာရောက် လည်ပတ်ချိန်တွင် ဆရာဝန် နှင့် ကျန်းမာရေးဝန် ထမ်းများအားလုံး ပိုးမွှား အန္တရယ် ကာကွယ်ရေး မျက် နှာဖုံးများ ဖယ်ရှားထားရသည်။

၂၀၀၃ ခုနှစ် က ကြက်တုပ်ကွေးရောဂါ ဖြစ်ပွားစဉ် မျက်နှာဖုံးများတပ် ဆင် ထားလာသူများကို ရွှေတိဂုံဘုရားပေါ် ၌ လုံခြုံရေး အစောင့်များက ဖယ်ရှားခိုင်းသည်။ပြည်သူများ၏ ကျန်းမာရေးသတိ ရှိမှု ကို စစ်အစိုးရ က ထိုသို့ ပြု မူခြင်းမှာ ၀က်တုပ်ကွေးရောဂါ အပေါ်တွင် တာဝန်မဲ့ မှု ဟု ကျန်းမာရေးဦးစီးဌာန မှ အရာရှိတစ်ဦးက ပြောသည်။


အီရန် သမ္မတဟောင်းခါတာမီ ဆန္ဒပြသူများ နှင့် ပူးပေါင်း အတိုက်အခံ ဟူစိန် မူဆာဗီက ဆန္ဒပြသူများကို ဦးဆောင်ရန် လမ်းပေါ်ထွက်၍ စိမ်းလန်းသော တော်လှန်ရေး ကိုဦးဆောင်
June 15, 2009 · No Comments

၁၅ ဇွန် တီဟီရန်၊ ၊ရိုက်တာ အယ်(လ)ဂျာဇီးယား နှင့် စီအန်အန် သတင်း

Post-Election Unrest Continues in Iran











တတိယမြောက်နေ့  တီဟီရန် ဆန္ဒပြပွဲ မှာ ပို၍ အားကောင်းလာပြီး အပြောင်းအလဲ လိုလားသော ကျောင်းသားနှင့် ပြည် သူများ အစိမ်းရောင် မျက်နှာဖုံးများ နှင့် အလံများကို လွှင့်ထူကြပြီး ရွေးကောက်ပွဲ မသာမာမှု ကို ဖေါ်ထုတ်ပေးရန် နှင့် အာမာဒီနီ ဂျက် သမ္မတ အဖြစ်မှ နှုတ်ထွက်ပေးရန် တို့ ကိုတောင်းဆိုခဲ့ကြပါတယ်

၁၉၇၉ ခုနှစ် အီရန် ရှားဘုရင် စနစ်ဖြုတ်ချခံရပြီးကတည်းက စလို့ လူထောင်ပေါင်းများစွာ ဟာပထမဆုံးအကြိမ် လမ်းပေါ်ထွက်ပြီး အပြောင်းအလဲ အတွက် ဆန္ဒပြကြ ခြင်းဖြစ်တယ် လို့ စီအန်အန် နိုင်ငံတကာ သတင်းအမှု ဆောင်အရာရှိ ချုပ် ခရစ်တီယန်း ကပြေပါတယ်။

၁၉၉ရ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ အီရန် နိုင်ငံရဲ့ သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ခါတာမီ
ကတော့ နိုင်ငံသားတွေ ဟာ သူတို့ ရဲ့ အခွင့်အရေးတွေ အတွက် ငြိမ်းချမ်းစွာဆန္ဒပြ ခွင့် ရှိရမယ် လို့သူ့ ရဲ့ ကြေညာချက် ထဲ မှာ ဖေါ်ပြ ထားပြီး ပြုပြင်ပြောင်းလဲ ရေးဝါဒီ သမ္မတလောင်း မူဆာဗီ ကိုထောက်ခံ သူတွေ ဘက်ကသူ ရှိနေမယ် လို့ ပြောခဲ့ပါတယ်။

အီရန် ရဲ အဖွဲ့ ဝင်တွေ က အရပ်ဝတ်တွေ ၀တ်ဆင်ပြီး ဆန္ဒပြသူ တွေ ကိုပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့တာကြောင့် ဒီနေ့ ဆန္ဒပြသူ တစ်ရာ ကျော်ခန့် ဒဏ်ရာရ တယ်လို့ အယ်(လ)ဂျာဇီယား သတင်းတစ်ရပ်မှာ ဖေါ်ပြ ထားပါတယ်။

အီရန် အစိုးရ က ထိန်းချုပ် ထားတဲ့ သတင်းမီဒီယာ တွေ မှာ ရွေးကောက်ပွဲ မသမာ မှုကြောင့်ဆန္ဒပြတဲ့ သတင်းတွေ ကို ထည့် သွင်းဖေါ်ပြခြင်းမရှိ ပါဘူး။ နိုင်ငံတကာ သတင်းဌာန တွေ ကို လွတ်လပ်စွာ သတင်းယူခွင့် မပေးတဲ့ အပြင် သတင်းထောက် လေးဦး ကို လည်းဖမ်းဆီးထားပါ တယ်။

စနေ နေ့ က စပြီး အတိုက် အခံ တွေ နဲ့ လူထု လှုပ်ရှားမှု ခေါင်းဆောင် လေးဆယ် ထက် မနည်းကိုဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး တီဟီရန် တက္က သို လ် နားမှ စုဝေးဆန္ဒပြကြ တဲ့ ကျောင်းသား အုပ်စုကို ရဲအဖွဲ့ က မျက်ရည် ယို ဗုံးတွေ သုံးပြီး အကြမ်းဖက် ဖြိုခွဲ ခဲ့ မှု ကြောင့် ကျောင်းသူတစ်ဦး အပြင်းအထန် ဒဏ်ရာရ သွားတယ် လို့ ရိုက်တာ သတင်းတစ်ရပ် မှာ ဖေါ်ပြထားပါတယ်။

တနင်္လာ နေ့ မနက် အစောပိုင်းမှာ တော့ အာမာဒီနီ ဂျက် ကို ထောက်ခံသူတွေ က မော်တော် ဆိုင်
ကယ် တွေ တရကြမ်းစီးပြီး ဆန္ဒပြသူ တွေ ကို တုတ်တွေ နဲ့ ရိုက်နှက်ခဲ့ပါတယ်။

အင်တာနက် တွေ ဆဲလ် ဖုန်းဆက်သွယ်မှု လိုင်းတွေ ကို အစိုးရ က ဖြတ်တောက်ထားပြီး အာရပ်ရုပ်သံလိုင်း အယ် အာရေဗီးယား သတင်းဌာ နကိုပါ ဘာအကြောင်းပြချက်မှ မပေးပဲ ပိတ်ပစ်ခဲ့ပါတယ်။

စီအန်အန် ကင်မရာသမားတစ်ဦးနဲ့  ရိုက်တာ သတင်းထောက် တစ်ဦး တို့ ဟာလည်းရဲ တပ်ဖွဲ့ က ရိုက်နှက်တာ ခံရ မှုကြောင့် စိုးရိမ်ရတဲ့  အခြေအနေ မှာ ရှိပါတယ်။ အီရန်ဘာသာရေးခေါင်း
ဆောင်တစ်ယောက် ဖြစ်တဲ့ အပြင် အီရန် နိုင်ငံ ရဲ့ အာဏာ အရှိဆုံး ခေါင်းဆောက် ခိုမေနီ ဦး
ဆောင် တဲ့ ဥသျှောင် အဖွဲ့ ကတော့ မဲတွေ ကိုပြန်ရေ တွက် ပေးဖို့ အချိန် ဆယ်ရက် လောက်ယူ
ရမယ် လို့ ပြောပါတယ်။

တီဟီရန် တက္ကသိုလ် ကျောင်းသားကျောင်းသူ နှစ်ရာ ထက် မနည်းအဖမ်းခံရပြီး သူတို့ ရဲ့ ဝဘ်ဆိုက်တွေပါ အပိတ်ခံရပါတယ်။ပြုပြင်ပြောင်းလဲ ရေးဝါဒီ ဟူစိတ် မူဆာဗီက တော့ သူ့ ကိုထောက်ခံ သူတွေကို တီဟီရန် တက္ကသိုလ် နားက အဇာဒီ ရင်ပြင် မှာ တရားဟောကြားခဲ့ပါတယ်။
“ပြေးခွင့်ရနေမယ်ဆိုရင်လည်း မဆိုးဘူး….”
Saturday, 13 June 2009 16:58 ဧရာဝတီ
E-mail Print
ကာတွန်း အော်ပီကျယ်သည် ၁၉၈၁ ခုနှစ်မှစတင်၍ မဂ္ဂဇင်းများတွင် ကာတွန်းရေးဆွဲခဲ့ပြီး ၁၉၈၉ ခုနှစ် မှ စ၍ အချိန်ပြည့် ကာတွန်း ဆရာဘဝကို ခံယူ ရေးဆွဲခဲ့သည်။ ယနေ့ အထိ ဂျာနယ် ၊ မဂ္ဂဇင်းများတွင် ရေးဆွဲခဲ့သော ကာတွန်းများပါဝင်သည့် လုံးချင်း ကာတွန်း စာအုပ်ပေါင်း ၄ အုပ် ထုတ်ဝေခဲ့ပြီးဖြစ်သည်။

မကြာသေးခင်အချိန်မှ စတင်၍ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးကာတွန်းများကို ရေးဆွဲခဲ့ပြီး လွန်ခဲ့ သည့် ဇွန်လဆန်းက ပန်းချီဆရာ၊ ကဗျာဆရာ တချို့နှင့် ပူးပေါင်း၍ ရန်ကုန်မြို့တွင် Environment Art Exhibition အမည်ရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အနုပညာပြပွဲ တခုကို ကျင်းပခဲ့သော အဆိုပါ ကာတွန်း အော်ပီကျယ် အား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

[ကာတွန်း အော်ပီကျယ် (ဓာတ်ပုံ - ဧရာဝတီ)]

ကာတွန်း အော်ပီကျယ် (ဓာတ်ပုံ - ဧရာဝတီ)
မေး။ ။ ဘာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဆက်တိုက်ရေးဆွဲရတာလဲ ဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ တာဝန်မကျေသေးဘူးဗျ။ သဘာဝ ပတ်ဝန်းကျင်ကို စိတ်ဝင်စားလို့ ဆိုတာထက် လုပ်မယ့်သူ မရှိလို့ လုပ်ဖြစ်သွားတာ။ နောက်ပြီးတော့ ကာတွန်းဆရာ တယောက်အနေနဲ့ ဝေဖန်ချင်တယ်၊ ထောက်ပြချင် တယ် ဆိုတာကလည်း တပိုင်းပါတယ်။ နောက်တခုက Education နဲ့ Entertainment ပေါင်းပြီး အက်ဂျူ တိန်း ဆိုတာမျိုး လူတွေကို ပညာပေးတဲ့ပုံစံနဲ့ ဆရာမ ဂျူး တို့လို စာရေးကောင်းတဲ့ စာရေးဆရာတွေက သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ကလေးတွေနား လည်အောင်၊ လူတွေ ဖတ်ချင်အောင် လုပ်လာကြတာ တွေ့ရတယ်။ အဲဒီမှာ ကျနော်လည်း IEC လို့ ခေါ်တဲ့ Information, Education, Communication အစီ အစဉ်နဲ့ပတ်သက်လို့ UNDP တို့ UNICEF တို့ မှာ ဆွေးနွေးပွဲတွေ တော်တော်လေး လုပ်ခဲ့ပေးဖူးတယ်။

အဲဒီလို လုပ်ပေးတဲ့အခါမှာ လူတွေကို ခံစားမှုပေးရုံသက်သက် ဘာမှ ပညာ မပေးပြန်ရင်လည်း မကောင်းဘူး၊ တခါ ဗဟုသုတပဲပေးပြီး သူတို့ ရင်မခုန်ဘူး၊ ဖတ်ချင်စိတ်မရှိဘူး ဆိုရင်လည်း မကောင်းဘူးဆိုတာ သိလာ တယ်။ အဲဒီတော့ အဲဒီ ၂ ခုကိုပေါင်းစပ်ပြီး ဖန်တီးနိုင်တဲ့ အတတ်ပညာ တခုကို ကျနော် နည်းနည်းလေး အတွေ့အကြုံရှိလာခဲ့တယ်။ ၁၀ နှစ်ကျော်လောက် အတွေ့အကြုံရလာတယ်။ နောက်တော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ဆရာ ဇော်မြင့်နီတို့၊ ဆရာခင်မောင်ညိုတို့ ဆရာမဂျူးတို့ ရေးတာတွေ ဖတ်ရ တော့ ကာတွန်းအနေနဲ့လည်း ရေးလို့ ရတယ်လို့ သိလာတယ်။ ကာတွန်းကျတော့ တိုလည်းတိုတယ်၊ ခေတ်လည်း ခေတ်မီတယ်၊ နောက်ပြီး အရုပ်တွေလည်းပါတော့ လူတွေ ရယ်ရအောင်လည်း လုပ်ပေးနိုင် တယ်။ အဲဒါကြောင့် တတ်နိုင်သလောက် လုပ်ပေးခဲ့တာ။

ဒါပေမယ့် လုပ်ချင်တာတွေ အများကြီး ကျန်သေးတယ်။ ခု လာမယ့်လ ကလေးဂျာနယ် တစောင်မှာ အိုဇုန်းလွှာပါးလာတဲ့အကြောင်းကို လုပ်ထားတယ်။ လူတွေနားလည်အောင်ပါ၊ သိပ်ပြီး သိပ္ပံ ပညာတွေ ဘာတွေ ပြောမပြထားဘူး။ ရိုးရိုးလေးပါပဲ။ ဖြစ်နိုင်တဲ့ဟာ၊ လူတွေလုပ်နိုင်မယ့်ဟာကိုပဲ ရေးချင်တယ်။ နောက်ပြီး စာတွေ နည်းချင်တယ်။ နောက်တော့ Waste management တို့၊ သစ်ဆွေး မြေသြဇာနဲ့ ပတ် သက်ပြီးတို့၊ နောက်ပြီး ရေတိမ်ဒေသ၊ ဒီရေတော .. အဲဒါလေးတွေ ဖတ်ထားတာတွေတော့ များတယ်။ ဒါပေမယ့် မပြည့်စုံသေးဘူး။ နောက်ပြီး မအားတာ။

ဂျူနီယာဆိုတဲ့ ကလေးမဂ္ဂဇင်းလေးမှာ ၄ မျက်နှာလောက် လုပ်ထားတာရှိတယ်။ ကလေးတွေကို ပညာပေး တာ။ ကလေးသိရင် ကလေးမိဘတွေပါ သိသွားတယ်ဗျ။ ကလေးကို မိဘက ဖတ်ပြမယ်။ ကလေးကို ဗဟို ထားပြီး ဗဟုသုတပေးရင် အနိမ့်ဆုံးအဆင့် မိဘ တွေပါသိသွားမယ်။ ကလေးကို ပစ်မှတ်ထားပြီး လူကြီးပါ နားလည်အောင်လုပ်တာပါ .. ကလေး သက်သက်တော့ မရည်ရွယ်ပါဘူး။

မေး။ ။ ဆရာ့ရဲ့ ကျကျမ်းလို ကာတွန်းတွေကို အင်တာနက်ပေါ်မှာ တွေ့လာရတယ်။ လုံးချင်းအဖြစ် ထုတ်ဝေဖို့ အစီအစဉ်ရှိလား။

ဖြေ။ ။ ကျကျမ်းကတော့ တကယ်ဆို တအုပ်ပြည့်အောင်ရေးမလို့ဗျ။ ကျနော်က တက်ကျမ်းတွေကို ငယ်ငယ် ကတည်းက အရမ်းကြိုက်ခဲ့တာ။ ဒီကျကျမ်းကတော့ ရေးရတာကိုတော်တော့်ကို ပျော်တာ။ ပျော်လို့ ရေးတယ်ဆိုပါတော့။ ဒီ ကျကျမ်းကို ရေးတာ တက်ကျမ်းတွေကို လှောင်ချင်လို့မဟုတ်ဘူး။ လူ့သဘာဝကို သရော်ချင်တာ။ စကားပုံရှိတယ်မဟုတ်လား။ သွားပါများခရီးရောက်ဆိုတာကို ကျနော်တို့က သွားပါများ ဖိနပ်ပေါက်ဆိုတာမျိုးပေါ့။ ခရီးတော့မရောက်ဘူး ဖိနပ်ပေါက်တာပဲ အဖတ်တင်တယ် ဆိုတာမျိုး လုပ်တာ။ ဒါပေမယ့် သိပ်ကိုဆင်ဆာများတဲ့အတွက် အခု ၂၀ လားပဲ ရှိလိုက်တယ်။ နောက် အခွင့်အလမ်း ဂျာနယ် ဆိုတဲ့၊ စီးပွားရေးဒီပလိုမာရတဲ့ လူငယ်တွေစုလုပ်ကြတဲ့ ဂျာနယ်လေးတစောင်မှာ အဲဒါလေး စရေးတာ။ ပါလိုက် မပါလိုက်ဆိုတော့ သူတို့လည်းလက်လျှော့လိုက်ရတယ်။ ကျနော်အခု အဲဒါမျိုးတွေဖြစ်နေတာ။

အိုလံပစ် ဆိုလည်း အဲဒီလိုပဲ။ ဘောလုံးကိုအခြေပြု ရေးရတာပေါ့။ ကျနော်တို့ ဘောလုံးပွဲတွေမှာ နောက်တာ ရှိတယ်လေ၊ ဘောလုံးကို အလယ်ခေါင်မှာထားပြီး လူကန်တယ်ဆိုတာ။ ကျနော်လည်း အဲဒီလိုဖြစ်နေပြီ။ ဘောလုံးကို အလယ်ခေါင်မှာထားပြီး လူကန်တာ များသွားတယ်ထင်တယ်။ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ စောင့်ပြီး ယူကြတော့ အဲဒီကနေ ပုဒ်ရေ ၁၀၀ နီးပါးလောက်တော့ ရတယ်။ တအုပ်စာ လုပ်လို့ ရတာပေါ့။

ကျနော်က ဘောလုံးပွဲကို အဓိကရေးတာ မဟုတ်ဘဲ လူ့ကာရိုက်တာကို အဓိက ရေးတာဆိုတော့ ထုတ်ဖြစ် ရင်တော့ အဆင်ပြေမယ် ထင်ပါတယ်။ နောက်တခုကောင်းတာက ဘာမှမဆိုင်တဲ့ ဂီတ ဂျာနယ်လို မျိုးမှာ ရေးတာ။ Invention ဆိုပြီး ရေးတာပေါ့ဗျာ။ အခု ၂၀ လောက်တော့ ရှိပြီဗျ။ အပတ် ၃၊ ၄ ဆယ် လောက်မှ အခု ၂၀ လောက်ရတာပါ။ ဆင်ဆာထိတာ များသွားတယ်ဗျ။ တီထွင်တာကို ရေးတာပေါ့ဗျာ။ တီထွင်တဲ့သူ တွေကတော့ စေတနာနဲ့တီထွင်တယ်ဆိုတာကို ရေးတာ။ ကျကျမ်းလိုပဲ ၇ ကွက်၊ ၈ ကွက်ပေါ့။ တီထွင်တဲ့ သူရယ်၊ တီထွင်တဲ့ အကြောင်းလေးရယ်၊ တီထွင်တဲ့ ခုနှစ်ရယ်ကို ရေးတာ။ ၂၀ လောက်မှာပဲ ရပ်သွားတယ်။

ကျနော် ကာတွန်းတွေ မထုတ်ဖြစ်တာ နောက်ဆုံး ၁၉၉၉ လောက်ကဆိုတော့ ၁၀ နှစ်လောက် ရှိပြီဗျ။ နောက်ဆုံး စတုတ္ထမြောက်လုံးချင်းပေါ့။ အရင်က ၁၉၉၆၊ ၉၇ လောက်တုန်းကတော့ ကွန်ပျူတာနဲ့ လုပ်သေး တယ်။ ဒါပေမယ့် အဲဒီတုန်းက သိမ်းတဲ့ ပစ္စည်းတွေက ဈေးကြီးတော့ သေချာ မသိမ်းနိုင်တာများတယ်။

ခု နောက်ပိုင်းတော့ ဆွဲပြီးသမျှကို သိမ်းတယ်။ အကုန်လုံး စကန်ကူးထားတယ်။ ကျနော့်ရဲ့ External Hard Disc ထဲမှာ အကုန်ရှိတယ်။ ကျနော်နဲ့ ဟားဗတ်တုန်းက ခင်တဲ့ထိုင်းမလေး တယောက်ရှိတယ်။ သူကလည်း ကျနော့် ကာတွန်းတွေ ဖတ်ချင်တယ် ဆိုတာနဲ့ ချင်းမိုင်ရောက်တုန်း သူ့ကိုပေးခဲ့တယ်။ အဲဒါကို သူ့ကို ပြောရ တယ်။ အကုန်လုံး လျှောက်မဖြန့်ပါနဲ့ဦး၊ ကျနော့်မှာ စာအုပ်လေး ဖြစ်မှ ထမင်းစားရတာ။ အင်တာနက်မှာ တင်လို့ ပြန့်တာကိုတော့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ထမင်းစားစရာ မကျန်ဘဲနေမယ်လို့တောင် သူ့ကို စခဲ့သေးတယ်။ အဲဒီမှာ သူက ကျကျမ်းလောက်ကို စဖြန့်တယ်နဲ့ တူပါတယ်။

ဘယ်လိုဖြတ်ရတောက်ရတယ်ဆိုတာတောင် ကျနော့်ကိုလှမ်းမေးသေးတယ်။ နောက်တော့ “သူ၊ သူမ” တင်လိုက်တယ်။ အဲဒါလည်း အဲဒီလိုပဲ တအုပ်စာ ဖြစ်အောင်ရေးမယ်ဆိုပြီး စာအုပ်တွေချပြီးရေးတာ။ အဲဒါကျတော့ ကျကျမ်းလောက် ရေးရတာ မပျော်ဘူးဗျ။ သူက အကြောင်းအရာ ရှာရတာခက်တယ်။ တော်တော်လေး လုပ်ရတယ်။ နောက်ပြီး ဗျူးတီးမှာ ခန္ဓာကိုယ်ကြီးအကြောင်း ကလေးတွေ သိအောင် လုပ်မယ်ဆိုပြီး ရေးသေးတယ်။ ဦးနှောက်ကနေစလိုက်တာ အစာအိမ် လောက်မှာရပ်သွားတယ်။ တပုဒ် လောက်ရဖို့ ၄ ရက်လောက် ကုတင်ပေါ်မှာ စာအုပ်တွေဖြန့်ပြီး ဆွဲရတာ။ အရမ်းပင်ပန်းတယ်။ ကျနော်နဲ့ ဆေးပညာနဲ့ကလည်း ပြဒါးတလမ်း သံတလမ်းမဟုတ်လား။ အဲဒါနဲ့နောက်ပိုင်း မတတ်နိုင်တော့ဘူး။

မေး။ ။ မြန်မာပြည်ရဲ့ လက်ရှိ ကာတွန်းလောကအခြေအနေကို သုံးသပ်ပေးပါ။

ဖြေ။ ။ အဓိကကတော့ လောလောဆယ် ကာတွန်းတွေက ကျနော်တို့ ငယ်ငယ်ကလိုတော့ မဟုတ် ဘူး။ စာမျက်နှာတွေတော့ တော်တော်လေး ရနေပါပြီ။ သို့သော် ကာတွန်းတွေက ဖန်တရာတေတာလည်းပါ တယ်။ ဂျာနယ်၊ မဂ္ဂဇင်းတော်တော်များများက ကာတွန်းမပါလည်း လည်ပတ်လို့ရတယ်ဆိုတဲ့ အသိစိတ် တော်တော်များများ ဝင်သွားပြီဗျ။ အရင်ကဆိုရင် ဂျာနယ်တွေမှာ ကာတွန်းပါမှ ဆိုတဲ့ အသိစိတ်နဲ့ လုပ်ကြတာ။

နောက်တခုက ကာတွန်းတွေက တကယ်နှိုက်နှိုက်ချွတ်ချွတ် ရေးလို့မရဘူး။ အဲဒီတော့ ကာတွန်း ဆိုရင် ဂျာနယ်၊ မဂ္ဂဇင်းတွေက နည်းနည်းလန့်တယ်။ အထူးသဖြင့် ကျနော်လိုလူမျိုးဆို လန့်တယ်။ ကာတွန်းက အရည်အသွေးပိုင်းကတော့ လူကြောင့်မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ကြိုက်ခဲ့တဲ့ ကာတွန်းဆရာတွေက ခုချိန် ထိ ကျန်းကျန်းမာမာနဲ့ အသက် ၆၀ ဝန်းကျင်မှာ လုပ်နိုင်ကိုင်နိုင်ရှိနေသေးတာပဲ။ ကာတွန်းတွေလည်း ရေးနေ တုန်းပဲလေ။ သူတို့ဟာတွေကိုက အရည်အသွေးအားမကောင်းတော့ဘူး။ အရည်အသွေး ကျသွားတယ် လို့တော့ ပြောလို့မရဘူး။ သိပ်ပြီးအရည်အသွေးပြကွက် မရှိဘူးပေါ့။ ကိုဟန်လေးတယောက်ပဲ လွတ်လွတ် လပ်လပ် လုပ်ခွင့်ရှိတာကိုးဗျ။

နောက်ပြီး ကာတွန်းဆရာ တော်တော်များများက ဂရပ်ဖစ်ဒီဇိုင်းတွေ၊ သရုပ်ဖော်ပုံရေးတာတွေ လုပ်ကြတယ်။ သရုပ်ဖော်ပုံရေးတာက ကာတွန်းထက်ဈေးပိုရတာကိုး။ ရပ်တည်ဖို့အတွက် လုပ်ကြရတယ်။ နောက်ပြီး သရုပ် ဖော်ပုံက ဂျာနယ်တစောင်၊ မဂ္ဂဇင်းတစောင်မှာ လေး၊ ငါးပုံ သုံးတယ်လေ။ ကာတွန်းကျတော့ တပုံပဲသုံးတာ။ အဲဒါလည်း ကွာသွားတာပေါ့။ နောက်ပြီး ကာတွန်းဆွဲရတာ ပင်ပန်းတယ်၊ အိုင်ဒီယာ ထုတ်ရတာ ကိုး။ သရုပ်ဖော်ပုံကျတော့ ဒီလောက် အိုင်ဒီယာထုတ်စရာ မလိုဘူးလေ။ လွယ်တာ လုပ်တာတော့ မဟုတ်ဘူးဗျ။

ဒါပေမယ့် ကျနော်က ဘယ်လိုစဉ်းစားမိလဲဆိုတော့၊ ကျနော်တို့ကာတွန်းဆရာတွေ အနေနဲ့ ဘောလုံးကို သေချာကန်ခွင့် မရပေမယ့် ကွင်းထဲ ပတ်ပြေးခွင့်ရနေမယ်ဆိုရင်လည်း မဆိုးဘူးပေါ့ဗျာ။ ကာတွန်းနဲ့ စား မလောက်လို့ ဖားကန့်သွား ကျောက်တူးမယ်၊ ရေနံသွားတူးဦးမယ်ဆိုရင်တော့ ကွင်းထဲ ပြန်ခေါ်ဖို့ ခက်တယ် လေ။ အဲဒီတော့ အခြေအနေ တခုခုက အဆင်ပြေပြီ၊ လွတ်လွတ်လပ်လပ်တွေ ရေးခွင့်ရပြီဆိုရင် ကွင်းဘေး မှာ ကပ်လျှက်ရှိနေမယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။ အဲဒီအချိန်ရောက်လို့ ဘောလုံးလေး ချပေးမယ်ဆိုရင် တော့ သူတို့ ကန်ကြမှာပါ။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမှုတွေ အရှိန်မြင့်လာ

15 June 2009


အင်းစိန်ထောင်တွင်း တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာ နေ့မှာ အသက် ၆၄ နှစ် ပြည့်တော့မှာမို့ လွှတ်ပေးဖို့ တောင်းဆိုတာတွေ ပိုများလာတဲ့အထဲမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀၀ ကျော်တို့ကလည်း ဒီကနေ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံ က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားတာ အာရှတိုက် အတွက် ရှယ်ဖွယ်လို့ ဆိုလိုက်ပြီး မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်ဝါ အီဗရာဟင် က အာဆီယံ အနေနဲ့ ဒေသရဲ့ တည်ငြိမ်ရေးအတွက် လုပ်ဖို့ အချိန်တန်လာပြီလို့ ပြောပါတယ်။

အီရန်နိုင်ငံက နိုဘယ်လ်ဆုရှင် လူ့အခွင့်အရေး ရှေ့နေ ရှီရင်း အက်ဘာဒီ ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားတဲ့ အတွက် ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ တောင်းဆိုကြတဲ့အထဲ ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်း၊ အမေရိကန်နိုင်ငံက ရုပ်ရှင်မင်းသမီး ဂျူလီယာ ရောဘတ်၊ တရုတ်ပြည်မှာ နေအိမ်အကျယ်ချုပ် ချ ခံနေရဆဲဖြစ်တဲ့ လှုပ်ရှားသူများသည်ထက် ပိုပြီး များလာပါတယ်။

အီရန်အတိုက်အခံတွေ တားမြစ်မိန့်ကြားက ဆန္ဒပြ

15 June 2009

အီရန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့သူ ပြုပြင်ပြောင်းလဲရေးဝါဒီ မီယာ ဟူစိန် မိုဆာဗီ ကို ထောက်ခံသူ ထောင်ပေါင်း များစွာ တို့က အစိုးရက ပိတ်ပင်ထားတာကို အံတုပြီး တီဟီရန် မြို့တော်မှာ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

ဒီကနေ့ အဲဒီလို ဆန္ဒပြပွဲ ပြုလုပ်တဲ့ မြို့လယ်ခေါင်မှာ အဓိကရုဏ်းထိန်း ရဲများကို အစိုးရက ချထားပေမဲ့ ရဲတွေက ဟန့်တား ခြင်းတော့ မရှိပါဘူး။ ဆန္ဒပြပွဲမှာ လူတွေ အေးအေးဆေးဆေး ရှိဖို့ သူကိုယ်တိုင် သွားရောက်မယ်လို့ မစ္စတာ မိုဆာဗီကလည်း ပြောဆိုပါတယ်။

အီရန်သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကို တရားဥပဒေကြောင်းကပဲ လုပ်ဆောင်ပါလို့ ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာ အာလီဟာမီ က မစ္စတာ ဟူစိန် မိုဆာဗီ ကို ပြောကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလွှင့်က သတင်းထုတ်ပြန်ပါတယ်။

သောကြာနေ့ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာမွတ် အမာဒီနီဂျက် အနိုင်ရရှိကြောင်း ကြေညာလိုက်လို့ ပြိုင်ဖက် မိုဆာဗီ ကို ထောက်ခံသူများက ၂ ရက်ကြာ ဆူပူ ကန့်ကွက်ခဲ့ပြီးတဲ့နောက် အဲဒီသတင်း ထွက်လာတာပါ။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါတယ်လို့ မစ္စတာ အမာဒီနီဂျက် က ပြောဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်နိုင်ငံ ၆ ရက်ကြာခရီး စတင်

15 June 2009

မြန်မာစစ်အစိုးရရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ ၆ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်ကို ဒီကနေ့ပဲ စတင်လိုက်ပါပြီ။ အခုခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုအတွက်လို့ တရားဝင် ပြောဆိုထားပေမဲ့ မြန်မာ နိုင်ငံက လက်ရှိနိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ အားပေးထောက်ခံမှု ရအောင် ကြိုးစားမှု တခု အဖြစ် အကဲခတ်တွေကတော့ တွက်ဆကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

တရုတ်နိုင်ငံ ဒုတိယသမ္မတ ရှီ ကျင်ပင်း (Xi Jiping) ရဲ့ ဖိတ်ကြားချက်အရ မြန်မာစစ်အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင် တဦး ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ၆ ရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ပဲ စတင်လိုက်တာပါ။ အခုခရီးစဉ်ဟာ အိမ်နီးချင်း မိတ်ဆွေ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့ တရားဝင် ဆိုထားပေမဲ့ ဒီရက်ပိုင်းတွေအတွင်း မြန်မာစစ်ခေါင်းဆောင်တွေ တရုတ်နိုင်ငံကို သွားသွားလာလာ လုပ်နေတာဟာ လက်ရှိ နိုင်ငံရေး ပြဿနာတွေနဲ့ ဆက်စပ်လိမ့်မယ်လို့ အကဲခတ်တွေက ယူဆနေကြတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆို အရေးယူဖို့လုပ်နေတာ၊ တရုတ်နိုင်ငံနဲ့ နယ်နမိတ် ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံထဲက တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ မပြေလည်နိုင်သေးဘဲ ဖြစ်နေတဲ့ ပြဿနာတွေ ပါဝင်လိမ့်မယ်လို့ တွက်ဆနေကြတာပါ။ တရုတ်-မြန်မာနယ်စပ်က အကဲခတ်တဦးဖြစ်တဲ့ ဦးအောင်ကျော်ဇော ရဲ့ အမြင်ကတော့ -

“လုပ်မယ့် issue တွေက သိသာတာပဲလေ။ အဓိက ကတော့ Road map မှာ အဓိက ကျတဲ့ နှစ်ခုပေါ့ဗျာ။ အတိုက်အခံတွေ မပါနိုင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းချုပ်ထားရင် အတိုက်အခံတွေ ပါနိုင်ဖို့ မဖြစ်တော့ဘူး။ အဲဒါက တခု။ နောက် တခုက အဲဒီဟာနဲ့ပတ်သက်လို့ ဖြစ်နေတဲ့ ကိစ္စပေါ့နော်။”

မကြာသေးခင်ကလည်း မြန်မာစစ်တပ်က တတိယ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း သွားရောက်ခဲ့တာ၊ မရှေးမနှောင်းဆိုသလို အခုနောက်ထပ် ထိပ်တန်းအရာရှိတဦး သွားရောက်ခဲ့တာဟာ နိုင်ငံရေးအရ တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံ ရဖို့ကြိုးပမ်းမှုလို့ တွက်ဆသူ နောက်တဦးကတော့ ထိုင်း-မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးဌေးအောင် ပါ။

“ကျနော် မြင်တာကတော့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကိစ္စတွေနဲ့တော့ ဆက်စပ်မယ်လို့ ထင်တာပေါ့နော်။ နိုင်ငံရေးကိစ္စ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူဖို့ကိစ္စနဲ့လည်း သက်ဆိုင်နိုင်တယ်။ နောက်တခုက အခု တရုတ်နယ်စပ်မှာရှိတဲ့ အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေ၊ နယ်ခြားစောင့်တပ်အဖြစ်နဲ့ ပြောင်းလဲဖို့ ကိစ္စတွေမှာ လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့ကိစ္စတွေ၊ ဒါတွေနဲ့လည်း သက်ဆိုင်နိုင်တယ်။ နောက်တခုကလည်း နအဖ စစ်အစိုးရကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးယူဖို့ ပေါ်ပေါက်နေတဲ့ကိစ္စတွေ နဲ့လည်း ပတ်သက်နိုင်တယ်လို့ ထင်တယ်။ ဗိုလ်ချုပ် ရွှေမန်း က ဗိုလ်ချုပ်မှူးကြီး မောင်အေး မသွားခင် တပတ်လောက် အလိုမှာ ကြိုတင်ပြီးတော့ သွားခဲ့တယ်။ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး မောင်အေး က ခရီးထွက်မယ် ဆိုပြီးတော့ တရားဝင် ကြေညာတာတွေ ဖြစ်လာတယ် ဆိုတော့ ဗိုလ်ချုပ် ရွှေမန်း သွားခဲ့ တုန်းက တချို့ မပြေလည်တဲ့ကိစ္စတွေ ပေါ့လေ။ ဗိုလ်ချုပ် ရွှေမန်း နဲ့တင် ဆုံးဖြတ်ပေးလို့ မရနိုင်တဲ့ကိစ္စတွေ ကျန်ခဲ့လို့ပေါ့ အခု ဗိုလ်ချုပ်မှူးကြီး မောင်အေး က သွားရောက်ရတယ်လို့ပဲ ကျနော်တော့ ယူဆတယ်။”

ဒီလို တရုတ်အစိုးရရဲ့ နိုင်ငံရေးထောက်ခံမှုတွေရဖို့ မြန်မာစစ်အစိုးရဖက်က ကြိုးပမ်းနေတယ်ဆိုပေမဲ့လည်း တရုတ် အစိုးရဆီက သိပ်များများစားစား မျှော်လင့်စရာ မရှိဘူးလို့လည်း အကဲခတ်တွေက ယူဆနေကြတာပါ။ မကြာသေးခင် အချိန်တွေကစလို့ တရုတ်အစိုးရ အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လက်မခံနိုင်စရာတွေ ကလည်း ရှိနေတာမို့လို့ ဦးအောင်ကျော်ဇော က ဆိုပါတယ်။

“အဓိက ပြဿနာ ကတော့ သူက တရုတ်ပြည်ကတော့ အခုဟာက ဟိုတုန်းကလိုတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ သိတာ ကတော့။ နည်းနည်း နိုင်ငံတကာမှာလည်း သူက ထဲထဲဝင်ဝင်ဖြစ်လာတဲ့ အခါကျတော့ သူ လက်လွတ်စပယ် လုပ်လို့မရဘူး တချို့ကိစ္စတွေက။ တစ် အချက်က မြန်မာအစိုးရကိုယ်တိုင်က မရိုးသားမှုတွေ ကစားတာတွေ သူတို့ကို ထားပြီးတော့ တခါတလေကျရင်၊ ဟိုတုန်းက လွန်ခဲ့တဲ့ လေး-ငါးနှစ်က ဆိုရင်တော့ တရုတ်မှတရုတ်ပဲလေ။ အခုဟာက ကိုရီးယားနဲ့ လည်း ကစားတယ်။ ရုရှားနဲ့လည်း ကစားတယ်။ အဲဒီကြားထဲမှာ ကိုရီးယား နဲ့ ရုရှားတို့နဲ့ ဆက်သွယ်မှုက သိပ်ပြီးတော့ နက်ရှိုင်းတယ်။ ဘေးကနေ မသိတာတွေ အများကြီး ရှိတယ်။ အဲဒီလို အခြေအနေမှာ ၃ လပိုင်းမှာ လီချန်ထွန်း ဆိုတာ သူတို့ရဲ့ နံပါတ် (၅) အဆင့်ရှိတဲ့ ခေါင်းဆောင် လာတဲ့အချိန်မှာ တွေ့တဲ့အခါတိုင်းမှာ နိုင်ငံရေးအရ နှစ်ဖက် အပြန်အလှန် ယုံကြည်မှု ဆိုတဲ့ စကားလုံး ပါလာတယ်။ ကျနော်တို့ မှတ်မိတယ်။ ၁၉၈၉ ခုနှစ်ကတည်းက ဒီကြားထဲအတွင်းမှာ သူတို့ အပြန်အလှန် ပေးတဲ့စာရွက်တွေ ကျနော်တို့ အကုန် ပြန်လှန်တဲ့အခါမှာ တွေ့ရတယ်။ အဲဒီတော့ ဟိုတုန်းက မသုံးတဲ့ စကားလုံး ပါတယ်။ ဒီစကားလုံး သုံးတယ် ဆိုတာ အပြန်အလှန် ယုံကြည်မှု နည်းလာလို့ ဒီစကားကို ပြောတာပေါ့ဗျာ။”

ထိုင်း-မြန်မာနယ်စပ်က စစ်ရေး၊ နိုင်ငံရေး အကဲခတ်တဦးဖြစ်တဲ့ ဦးဌေးအောင် ကတော့ တရုတ်အစိုးရရဲ့ နိုင်ငံတကာ အတိုင်းအတာမှာ ပါဝင်ပတ်သက်မှုတွေ အရ အရင်လို မြန်မာစစ်အစိုးရအပေါ် အပြည့်အ၀ထောက်ခံသွားဖို့ မမျှော်လင့် နိုင်ကြောင်း ပြောပါတယ်။

“မြန်မာစစ်အစိုးရနဲ့ မြန်မာပြည်အပေါ်မှာ တရုတ်အစိုးရရဲ့ အကျိုးစီးပွားတွေကတော့ အများကြီး ရှိတာပဲလေ။ ဒါပေမဲ့ လည်းပဲ တပိုင်းကပြန်ကြည့်ရင်လည်းပဲ စစ်အစိုး အနေနဲ့ ကိုင်တွယ်တာတွေမှာ နိုင်ငံတကာရဲ့ လက်ခံနိုင်မှု ဖြစ်အောင် လည်းပဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ တရုတ်က အကြိမ်ကြိမ် တိုးတိုးတိတ်တိတ် ပေါ့လေ။ အကြံပေး တိုက်တွန်းတာတွေ ရှိခဲ့တယ်လို့ ကျနော်တို့ သိရတာတွေ ရှိတယ်။ ဒါပေမယ့် စစ်အစိုးရက ဒါတွေကို တခါမှ ဂရုစိုက်ပြီးတော့ လိုက်နာတာမျိုး မရှိခဲ့ဘူးလေ။ အဲဒီအခါကျတော့ အခုဆိုလို့ရှိရင် တရုတ်အစိုးရမှာ နအဖ စစ်ခေါင်းဆောင်တွေကို အကာအကွယ် ပေးတဲ့ အတွက် နိုင်ငံတကာမှာလည်း မျက်နှာပျက်ရတာတွေ ရှိတယ်။ အထူးသဖြင့်တော့ မြန်မာပြည်သူတွေရဲ့ ရွံရှာမုန်းတီးမှုကို ပိုခံရတာပေါ့ဗျာ။ နိုင်ငံတကာမှာရှိတဲ့ တရုတ်သံရုံးတွေရှေ့မှာ မြန်မာအတိုက်အခံတွေ အားလုံးက သွားပြီး ဆန္ဒပြနေတာ က ဒါကို ဖော်ပြနေတာပဲလေ။ အဲဒီအခါကျတော့ စစ်အစိုးရကနေ တရုတ်နိုင်ငံ အနေနဲ့ပေါ့ ရေရှည်မှာ စစ်အစိုးရကို ဆက် ပြီးတော့ အကာအကွယ်ပေးဖို့ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာ သူတို့လည်း စဉ်းစားလာရတာပေါ့။ တပိုင်းကတော့ ပစ်ရမှာလည်း အဆီနဲ့ ၀င်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ် ပုံစံမျိုး ဖြစ်နေတာပေါ့။”

မြန်မာစစ်အစိုးရရဲ့ ဒုတိယအဆင့်အမြင့်ဆုံးပုဂ္ဂိုလ် တဦးလည်းဖြစ် ကြည်းတပ် ဦးစီးချုပ်လည်း ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူး ကြီး မောင်အေး ဟာ တရုတ်နိုင်ငံကို ၂၀၀၃ ခုနှစ်တုန်းကတကြိမ်၊ ၂၀၀၆ ခုနှစ်တုန်းကတကြိမ် သွားရောက် ခဲ့ဘူးပါတယ်။ ဒီလိုပဲ လွန်ခဲ့တဲ့နှစ်တွေအတွင်း တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေ အပြန်အလှန် သွားရောက် လည်ပတ်မှုတွေလည်း ရှိခဲ့တာပါ။ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း တို့ ပြီးခဲ့တဲ့နှစ်ထဲ တုန်းက တရုတ်ပြည်ကို သွားရောက်ခဲ့ဖူးပါတယ်။
မြန်မာစစ်အစိုးရရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်နိုင်ငံကို ၆ ရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ပဲ စတင်လိုက်ပါပြီ။

ကရင်ဒုက္ခသည်အရေး ဥရောပသမဂ္ဂ စိုးရိမ်မှုကို စစ်အစိုးရ ပယ်ချ

14 June 2009


အခု ရက်ပိုင်းအတွင်း ထိုင်းမြန်မာ နယ်စပ်မှာ မြန်မာစစ်အစိုးရတပ်နဲ့ သူ့ရဲ့ မဟာမိတ် တပ်တွေက ကရင် တိုင်းရင်းသား တွေ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေနဲ့ ပတ်သက်ပြီး ဥရောပ သမဂ္ဂရဲ့ စိတ်ပူ စိုးရိမ်အကြောင်း ဇွန်လ ၁၁ရက်နေ့က ပြောဆိုလိုက်တဲ့အပေါ် မြန်မာ စစ်အစိုးရက လက်မခံ ပယ်ချလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကရင် ဒုက္ခသည် ၃၀၀၀ ထက် မနည်း အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံစေတာနဲ့ ပတ်သက်ပြီး ဥရောပ သမဂ္ဂ က စိတ်ပူ ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အီးယူရဲ့ စိတ်ပူမှုတွေဟာ အကြောင်းမဲ့ သက်သက်သာ ဖြစ်ပြီး၊ တိကျ ခိုင်လှုံမှု မရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး နိုင်ငံရေးအရ ထိုးနှက်ရာ ဦးတည်ချက်နဲ့ အီးယူ ဘက်က ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး ဒီနေ့ထုတ် စစ်အစိုးရ သတင်းစာမှာ ဖော်ပြထားပါတယ်။

ထောင်နဲ့ချီတဲ့ ကရင် ဒုက္ခသည်တွေဟာ ထိုင်းမြန်မာ နယ်စပ်ကို ခိုလှုံရောက်ရှိနေတယ်လို့ ထိုင်းအစိုးရက အတည်ပြုပါ တယ်။ မြန်မာစစ်အစိုးရရဲ့ ကြေညာချက်ထဲမှာတော့ ထိုင်းမြန်မာနယ်စပ်မှာ နေထိုင်သူတွေဟာ အရပ်သား ပြည်သူတွေ မဟုတ်ကြကြောင်းနဲ့ တိုက်ပွဲတွေဟာလည်း ကရင်လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းရဲ့ တိုက်ပွဲတွေသာဖြစ်ကြောင်း ဖြေရှင်း ထားပါတယ်။ ကေအင်ယူ ပြောခွင့်ရ စော ဒေးဗစ်တာကပေါ ကတော့ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ နေထိုင်သူ တွေဟာ သမရိုးကျ လုပ်ကိုင် စားသောက်နေတဲ့ ရွာသားတွေ ဖြစ်ပြီး၊ အခု စစ်ရေးအရ ထိုးနှက်နေတဲ့ တိုက်ပွဲတွေမှာ ဒီကေဘီအေ တပ်တွေကို မြန်မာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပံ့ပိုး ပစ်ခတ် ပေးနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ရွေးကောက်ပွဲကို ထောက်ခံဖို့နဲ့ တိုင်းရင်းသားတွေ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဆက်ပြီး မလုပ်ဖို့ မြန်မာ စစ်အစိုးရဘက်က တိုးမြှင့်ပြီး ဖိအားတွေ ပေးနေပါတယ်။

အီရန် ရွေးကောက်ပွဲ ရလဒ် ကန့်ကွက်ဆန္ဒပြသူ တရာကျော်ကို ဖမ်းဆီး

15 June 2009


အီရန်နိုင်ငံက သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ အမာဒီနီဂျက် ပြန်ပြီး အနိုင်ရတဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြသူ ၁၀၀ ကျော်ကို အီရန် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး၊ ဆက် ဆန္ဒပြနေသူကိုလည်း အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက ထိန်းသိမ်းဖို့ ကြိုးစား နေပါတယ်။ ပြုပြင်ပြောင်းလဲရေးသမား သမ္မတလောင်း အဖြစ် ၀င်အရွေးခံသူ မိုဟာမက် မူဆာဘီကလည်း ရွေးကောက်ပွဲ ရလဒ်တွေကို ဖျက်သိမ်းပေးပါလို့ အီရန်မှာ သြဇာညောင်းတဲ့ ဥသျှောင်အဖွဲ့က အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေကို ပန်ကြားခဲ့ပါတယ်။ အစိုးရကို ထောက်ခံသူတွေက မဲလိမ်ကြတဲ့အတွက် သူ ရွေးကောက်ပွဲမှာ ရှုံးခဲ့ရတာဖြစ်တယ်လို့ မစ္စတာ မူဆာဘီ က အပြစ်တင်ပါတယ်။

အီရန် ဆန္ဒပြသူတွေကို အစိုးရရဲ့ နှိမ်နင်းမှုတွေအပေါ် ဥရောပ သမဂ္ဂက စိုးရိမ်ကြောင်း ပြောပါတယ်။ အခုလို အီရန် သမ္မတ ပြန်လည်း ရွေးကောက်ခံရတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှုကို အာဏာပိုင်တွေက သတင်း အမှောင်ချဖို့ ကြိုးစားခဲ့တယ်လို့ နိုင်ငံခြား သတင်းဌာန အတော်များများက ဝေဖန်ပါတယ်။ ဖာဆီ ဘာသာနဲ့ ထုတ်ပြန်တဲ့ ဂြိုလ်တု ရုပ်သံလှိုင်းတွေကို အီရန်က ကြားဖြတ် ဖျက်ခဲ့တယ်လို့ ဘီဘီစီက ပြောပါတယ်။ ဂျာမနီက သတင်းဌာန တခုကလည်း သူတို့ရဲ့ သတင်းထောက်တွေ သတင်းလိုက်တဲ့နေရာမှာ တားဆီးခံရမှုတွေ ရှိတယ်လို့ ပြောပါတယ်။ တခါ အာရဗီ ဘာသာနဲ့ ထုတ်ပြန်တဲ့ ဒုဘိုင်း အခြေစိုက် အယ် အာရေဘီရာ သတင်းဌာနကလည်း တဟီရန် မြို့တော် မှာရှိတဲ့ သူတို့ ဌာနခွဲ ရုံးခန်းကို လည်း ပိတ်ထားဖို့ အမိန့်ပေးခံရတယ်လို့ ပြောပါတယ်။

ပါလက်စတိုင်းနိုင်ငံ တည်ရှိခွင့် ခြွင်းချက်နဲ့ လက်ခံမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြောဆို

15 June 2009


စစ်မဲ့ ပါလက်စတိုင်း နိုင်ငံတည်ထောင်ရေး ရည်မှန်းချက်ကို ထောက်ခံတယ်လို့ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမန် နေတန် ရာဟုက ပထမဆုံး အကြိမ် ပြောပါတယ်။ ခြွင်းချက် ၂ခု ထားမယ်ဆိုရင် ပါလက်စတိုင်းနိုင်ငံ တည်ရှိရေးကို လက်ခံမယ်လို့ မစ္စတာ နတန်ရာဟု က တနင်္ဂနွေနေ့က ပြောကြားတဲ့ မူဝါဒရေးရာ မိန့်ခွန်းထဲမှာ ပြောခဲ့တာပါ။ အစ္စရေး လုံခြုံရေးကို ခြိမ်ခြောက်စေမယ့် စစ်ရေး စွမ်းဆောင်ရည် ပါလက်စတိုင်းမှာ မရှိဘူးဆိုတာ နိုင်ငံတကာက အာမခံချက် ပေးရမယ်လို့ သူက တောင်းဆိုပါတယ်။ နောက်တခါ အစ္စရေးဟာ ဂျူးလူမျိုးတို့ရဲ့ သမိုင်းဝင် မွေးရပ်မြေ ဖြစ်တယ်ဆိုတာကို ပါလက်စတိုင်း ခေါင်းဆောင်တွေက အသိအမှတ်ပြုရမယ်လို့လည်း ပြောပါတယ်။ အခုလို တောင်းဆိုချက်ကို ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ် က ပယ်ချပါတယ်။

၁၉၄၈ခုနှစ်က အစ္စရေး လွတ်လပ်ရေး စစ်ပွဲ အတွင်းမှာ အခု အစ္စရေး နိုင်ငံဖြစ်နေတဲ့ ဒေသကနေ ထွက်ပြေးခဲ့ကြတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေနဲ့ သူတို့ဆီက ဆင်းသက်လာတဲ့ သန်းတဲ့ချီတဲ့ ဆွေစဉ်မျိုးဆက်တွေဟာ သူတို့ရဲ့ မူလ နေရပ် ကို ပြန်ပိုင်ခွင့်ရှိရမယ်လို့ အာဘက်စ် အစိုးရက ပြောပါတယ်။ မစ္စတာ နတန်ရာဟု မိန့်ခွန်းဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖျက်လို ဖျက်ဆီး ပြောခဲ့တာလို့လည်း မစ္စတာ အဘက်စ်ရဲ့ ပြောခွင့်ရ က ပြောဆိုပါတယ်။ အစ္စရေး ပါလက်စတိုင်း ပဋိပက္ခမှာ နှစ်နိုင်ငံတည်ရှိရေး အဖြေကို မစ္စတာ နတန်ရာဟု က ထောက်ခံတဲ့အတွက် အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား က ကြိုဆိုတယ်လို့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။


သီရိလင်္ကာသမ္မတ မြန်မာနိုင်ငံ ၂ ရက်ကြာခရီးစတင်

14 June 2009


သီရိလင်္ကာ သမ္မတ မဟင်တာ ရာဂျာပါကစာ ဟာ မြန်မာ နိုင်ငံကို ၂ရက်ကြာ ချစ်ကြည်ရေး ခရီး ရောက်ရှိနေပါပြီ။ သီရိလင်္ကာနဲ့ မြန်မာ နိုင်ငံကြားမှာ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တာ နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သီရိလင်္ကာ သမ္မတ ဒီနေ့ သွားရောက်ပြီး စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန် ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ မြောက်ပိုင်းက တမီးလ် ကျားသူပုန်တွေကို ချေမှုန်းပြီး သတင်း ၃ပတ်အကြာမှာ သမ္မတ မဟင်တာ ရာဂျာ ပါကစာ ဟာ ပထမဆုံး နိုင်ငံခြားခရီးအဖြစ် မြန်မာ နိုင်ငံကို ခရီးထွက်ခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် သီရိလင်္ကာ ပြည်တွင်းစစ်ရဲ့ စစ်ပြေး ဒုက္ခသည်တွေ အတွက် အမေရိကန် ဒေါ်လာ ၅၀၀၀၀ ကို ပြီးခဲ့တဲ့ အပတ်က လှူဒါန်းခဲ့ပါတယ်။ သီရီလင်္ကာ သမ္မတ နဲ့အတူ နိုင်ငံခြားရေး၊ ဆက်သွယ်ရေးနဲ့ အလုပ်သမား ၀န်ကြီးတွေ၊ အမျိုးသား လွတ်မြောက်ရေး တပ်ဦးခေါင်းဆောင်နဲ့ သမ္မတ ရုံး အကြီးတန်း အရာရှိကြီးတွေ လိုက်ပါခဲ့ကြပြီးတော့ နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း မြှင့်တင်ရေး သဘောတူ စာချုပ်တွေ လက်မှတ်ရေးထိုးကြဖို့ ရှိတယ်လို့ ကိုလံဘို ကလာတဲ့ သတင်းတွေမှာလည်း ဖော်ပြထားပါတယ်။ မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာလည်း ၂၀၀၇ခုနှစ်က သီရိလင်္ကာ နိုင်ငံကို ချစ်ကြည်ရေး ခရီး ရောက်ရှိခဲ့ဖူးပါတယ်။

ဘူးသီးတောင် ထောင်မှ ထောင်ပိုင် ထောင်မှူးများ အလုပ်ဖြုတ်ခံရ

6/15/2009

ခိုင်သိန်း(နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ ထောင်ပိုင်၊ ထောင်မှူး အပါအ၀င် အရာရှိ ၄ ဦးကို ထောင်တွင်းမှ သတင်းများ အပြင် ပေါက်ကြားမှုကြောင့် အလုပ်မှ ထုတ်ပယ်လိုက် သည်ဟု ဘူးသီးတောင် မြို့ခံ တဦးကပြောသည်။

“ အလုပ်က ဖြုတ်ခံရတဲ့ သူတွေထဲမှာ ထောင်ပိုင် ဦးတင်ထွန်း၊ ထောင်ဆရာဝန် ဦးဌေးဝင်း၊ ထောင်မှူး ၀င်းမောင်နဲ့ တခြား ထောင်အရာရှိ တဦးတို့ ဖြစ်ကြပါတယ်။”

ယခုကဲ့သို့ အလုပ်ဖြုတ်လိုက်ခြင်းမှာ ထောင်ထဲမှ သတင်းများ အပြင်သို့ ပေါက်ကြား၍ ဖြစ်သည်ဟု သူက ပြောသည်။

“ ဘူးသီးတောင် ထောင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြည်ပ သတင်းဌာနတွေ အပါအ၀င် ရေဒီယိုတွေက ထွက်လာတာဟာ ထောင်အာဏာပိုင်တွေရဲ့ ပေါ့ဆမူကြောင့် ဖြစ်တယ် ဆိုပြီး ပြည်ထဲရေးဝန်ကြီးက ထောင်အာဏာပိုင် ၄ ဦးကို အလုပ်က ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။”

များမကြာမှီက ဘူးသီးတောင်ထောင်နှင့် ပတ်သက်ပြီး ပြည်ပ အခြေစိုက် ရေဒီယိုများက သာမက အွန်လိုင်း သတင်းဌာနများကလည်း သတင်းများကို ဖေါ်ပြခဲ့ကြသည်။

အဆိုပါ ထောင်အရာရှိ ၄ ဦးကို အလုပ်မှ ထုတ်ပယ်လိုက်သည် သာမက ယခုအခါ ထောင်လုံခြုံရေးကိုလည်း အာဏာပိုင်များက အထူး တင်းကျပ်လိုက်သည်ဟု သိရသည်။

စစ်တွေမှ အမည် မဖေါ်လိုသူ တဦးကလည်း “ ထောင် လုံခြုံရေးကို သူတို့က အထူး တင်းကျပ်ထားပါတယ်။ ကျွန်တော့်ညီကို ထောင်ဝင်စာသွားတော့ တွေ့ခွင့်မရခဲ့ပါဘူး၊ ပေးချင်တဲ့ ပစ္စည်းတွေကို နာမည်နဲ့ အခန်းနံပတ်ကိုပေးပြီး ပစ္စည်းတွေကို ထောင်ဝန်ထမ်းတွေကို ပေးထားခဲ့ ရပါတယ်။ ပစ္စည်းတွေ လက်ခံ ရရှိသလား မရရှိဘူးလား ဆိုတာကိုတော့ မသိပါဘူး။”ဟု ပြောသည်။

တခြား ရဟန်းတော် တပါးကလည်း “တွေ့ခွင့်မရခဲ့ဘူး တကာကြီး။ အထဲက ရဟန်းတော် တပါးအတွက် ငွေ လေးထောင်ကို ထောင်က အရာရှိတဦးကို ပေးခဲ့ပြီး ငွေလေးထောင်ထဲက တထောင်ကို တကာကြီး ယူပါဆိုပြီး ပေးထားခဲ့ရတယ်” ဟု ပြောသည်။

ထောင်တာဝန်ရှိသူ ၄ ဦးမှာ ယခုလ လဆန်းပိုင်းက အလုပ် အဖြုတ်ခံခဲ့ရပြီး သူတို့ အလုပ်ဖြုတ်ခံရ ခြင်းမှာ ထောင်ထဲရှိ ထောင်သားများကို ရိုက်ယူထားသော ဗွီဒီယို အခွေများနှင့် ဓါတ်ပုံများအား အာဏာပိုင်များက ဖမ်းဆီး ရမိသွားခဲ့သဖြင့် ဖြစ်သည်ဟု စစ်တွေက လာသော သတင်းတရပ်တွင် ဖေါ်ပြထားသည်။

ယခုကဲ့သို့ ထောင်လုံခြုံရေးကို တင်းကျပ်လိုက်သဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် ထောင်ဝင်စာ တွေ့ရန်မှာ ယခင်ကထက် ပိုမို ခက်ခဲသွားသည်ဟု သိရသည်။

ဘူးသီးတောင် ထောင်ထဲတွင် ကိုဌေးကြွယ်နှင့် ဦးအိသရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၅ ဦးရှိပြီး အများစုမှာ ကျန်းမာရေး နှင့် ပတ်သက်ပြီး ထိခိုက်ခံစားနေရသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် ကျေးရွာ (၈) ရွာမှ စွန့်ပစ်ခြင်းခံရသူ စစ်သားမယား ၂၁၀ ဦးရှိ

6/14/2009

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာ (၈) ရွာမှ စစ်သားများနှင့် လက်ထပ်ပြီး စစ်သားများ၏ စွန့်ပစ်ခြင်းကို ခံရ၍ မုဆိုးမ အဖြစ် ကျန်ရစ်ခဲ့သူ အမျိုးသမီး ၂၁၀ ဦး ရှိကြောင်း စာရင်းကောက်ယူ ထားသူ လူငယ်တဦးက ပြောသည်။

“ ကျွန်တော် ကျေးရွာ (၈) ရွာကို ဆင်းပြီး စာရင်း ကောက်ယူတဲ့အခါ စစ်သားတွေနဲ့ ညားပြီး စစ်သားတွေ ပြောင်းရွှေ့သွားတဲ့အခါ ယူမသွားဘဲ ကျန်ရစ်ခဲ့တဲ့ စစ်သားမယား အမျိုးသမီး ၂၁၀ ဦး ရှိပါတယ်။ အဲဒီအထဲမှာ ကလေးတွေရဲ့ စာရင်း မပါဝင် သေးပါဘူး။”

ကျန်ရစ်သူ စစ်သားမယား ၂၁၀ မှာ ရသေ့တောင်မြို့ မြောက်ဘက်တွင် တည်ရှိသော ကံပြင်၊ ဆည်ကန်၊ ခနှောင်းကြီး၊ တောင်လှမော်၊ ရွာသစ်ကေ၊ ငတောက်တူချေနှင့် ရသေ့တောင်မြို့ပေါ်မှ အရှေ့တောင်နှင့် အရှေ့မြောက် ရပ်ကွက်တို့မှ ဖြစ်ကြသည်။

အဆိုပါ စာရင်းမှာ ၁၉၉၀ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း စစ်သားများနှင့် အိမ်ထောင်ပြုပြီး ကျန်ရစ်သူ အမျိုးသမီးစာရင်း ဖြစ်သည်။

“ တချို့ကျေးရွာတွေမှာ ဆိုရင် မိဖတွေဟာ ဗဟုသုတ မရှိတဲ့ အတွက် သမီးတွေကို စစ်သား တွေနဲ့ မင်္ဂလာဆောင်တဲ့အခါ ဒေသ ဓလေ့အရ မင်္ဂလာဆောင်တာက ပိုများပါတယ်။ လက်ထပ် စာချုပ်မရှိဘူး။ အသိအမှတ်ပြု စာရွက် စာတန်းတွေလည်း မရှိဘူး။ စစ်သားတွေ တပ်ပြောင်းတဲ့အခါ သမီးတွေကို ယူမသွားတော့ တပ်ရင်းတွေမှာ သွားတိုင်ရင်လည်း အထောက်အထား မပြနိုင်တဲ့ အတွက် ဘာမှ တိုင်တန်းလို့ မရပါဘူး။ အများစုကတော့ ဆင်းရဲတဲ့ မိသားစုတွေ ဖြစ်ကြပါ တယ်” ဟု သူက ပြောသည်။

နအဖ စစ်အစိုးရမှ ၁၉၉၀ ခုနှစ် ၀န်းကျင်တွင် ခမရ ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်း သုံးရင်းကို ရသေ့တောင်မြို့ မြောက်ဘက် တွင် အခြေစိုက် ချထားခဲ့သည်။

အဆိုပါ တပ်ရင်းများတွင် တာဝန်ကျလာသူ အများစုမှာ ဗမာ စစ်သားများ ဖြစ်ပြီး တာဝန်ကျစဉ် အတွင်း ဒေသခံ ရခိုင် အမျိုးသမီးများကို လက်ထပ်ယူပြီး တပ်ပြောင်းသောအခါ ယူမသွားသဖြင့် ယခုကဲ့သို့ ကျန်ရစ်ခဲ့ကြခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ ခုလို လုပ်တာမှာ အစိုးရက စီမံကိန်းတွေနဲ့ လုပ်ဆောင် နေတယ်ဆိုပြီး ဒေသခံ လူထုက တော့ အဲသလို ယုံကြည် နေကြပါတယ်။ ရသေ့တောင်မြို့နယ်မှာ သောင်းကျန်း သူလည်း မရှိဘူး။ အေးဆေးတည်ငြိမ်တဲ့ မြို့နယ် တခု ဖြစ်ပါတယ်။ အဲသလို တည်ငြိမ် အေးချမ်းတဲ့ မြို့မှာ စစ်တပ် တပ်ရင်း (၃) ခု လာပြီး တပ်စွဲပါတယ်။ သူတို့ တပ်ချမယ့် နေရာ တွေက လယ်တွေကို သိမ်းပါတယ်။ တောင်တွေကို သိမ်းပါတယ်။ မြစ်ချောင်း အင်းအိုင်တွေကို သိမ်းပါတယ်။ ကျွန်တော်တို့ အများစု ပြည်သူလူထုဟာ တောတောင်တွေ ချောင်းတွေကို မှီခိုပြီး လုပ်ကိုင်စားသောက်ကြသူတွေ ဖြစ်ပါ တယ်။ တောင်ကို ၀ါးခုတ် သစ်ခုတ်သွားရင် စစ်သားတွေ ပိုင်တဲ့တောင်ဆိုပြီး ဓါးတွေကို သိမ်း လူတွေကို ရိုက်ပုတ် ပါတယ်။ ချောင်းတွေ မြစ်တွေ ဆိုရင်လည်း သူတို့ပိုင်တဲ့ ချောင်းဆိုပြီး ငါးဖမ်း ခွင့်မရပါဘူး။ အဲသလို ဖြစ်လာတော့ အဲဒီဒေသက လူငယ်တွေဟာ မထူးဘူးဆိုပြီး ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေကို ထွက်ခွာသွားကြပါတယ်။ ရွာတွေမှာ ကျန်နေခဲ့တာက အမျိုးသမီးတွေဘဲ ဆိုတော့ အိမ်ထောင်ပြုမယ့် အရွယ်ရောက်လာတဲ့အခါ အနီးအနားမှာ ရှိတဲ့ ဗမာ စစ်သားတွေကိုဘဲ ယူကြရတာ ပါဘဲ။ ခုဆိုရင် ရခိုင်ပြည်နယ် အနှံ့အပြားမှာ စစ်သား မိန်းမ မရှိတဲ့ ရွာဆိုလို့ မရှိတော့ပါဘူး။ တချို့ စစ်သားတွေကျရင် သူတို့မိန်းမတွေကို ယူသွားပေမယ့် အများစုက ယူမသွားတဲ့ အတွက် ဗိုက်တလုံးနဲ့ ကျန်ခဲ့ကြရတဲ့ အမျိုးသမီးတွေက ပိုများပါတယ်။”

နအဖ စစ်အစိုးရသည် စစ်တပ် တပ်ရင်း (၆၀) နီးပါးအား ရခိုင်ပြည်နယ်တွင် တပ်စွဲ ချထားပြီး ရခိုင်ပြည်နယ်၏ နိုင်ငံရေး စီးပွားရေး လူမူရေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကာ ဒီမိုကရေစီ နိုင်ငံ ဖြစ်လာပါက ရခိုင်လူမျိုးများ အနေဖြင့် ဖဆပလ ခေတ်က ကဲ့သို့ ခေါင်းမထောင်လာနိုင်အောင် နည်းမျိုးစုံဖြင့် ရခိုင်ပြည်နယ်အား မြေလှန် ဖျက်ဆီးပစ် နေသည်ဟု အမည်မဖေါ်လိုသူ ဆရာတော် တပါးက ပြောသည်။

စိုင်းတင်ရေအားလျှပ်စစ်စီမံကိန်းကြောင့် ကျေးရွာများ ပြောင်းရွေ့ခံရ

6/13/2009

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ယခုနှစ်အစပိုင်းက စတင်တည် ဆောက်နေသည့် စိုင်းတင်ရေ အားလျှပ်စစ်စီမံကိန်းအတွင်းပါဝင်သည့် ကျေးရွာတချို့ကို အာဏာပိုင် များကစတင်ပြောင်းရွေ့ နေပြီဖြစ်ကြောင်း သိရှိရသည်။

ယခုပြောင်းရွေ့ခံရသည့် ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း အထက်ပိုင်း တွင်တည်ရှိသည့် ချော်ယေကျေးရွာ၊ လီဗွီကျေးရွာ၊ ရီးချောင်းကျေးရွာ၊ ပိန္နဲချေကျေးရွာ၊ ဇီးရွာ၊ ဓါးဆောက်ပိုင်းကျေးရွာနှင့်မရီးမိကျေးရွာတို့ဖြစ်ကြသည်။

"အခုပြောင်းရွေ့ခံရတဲ့ ကျေးရွာတွေအားလုံးကတော့ မြိုနဲ့ ခမိအမျိုးသားကျေးရွာ တွေဖြစ်ပါတယ်။ အိမ်ခြေက ၅၀ ကနေ ၇၀ အတွင်းမှာရှိကြပါတယ်။"ဟု ကိုယ်တိုင် သွားရောက် လေ့လာခဲ့သူတဦး ကပြောသည်။

စီမံကိန်းဧရိယာတွင် ပါဝင်ပြီး နောက်ထပ် အဖြိုခံရမည့် တခြား ကျေးရွားများလည်းရှိသေးကြောင်း သိရသည်။

"တခြားအဖြိုခံရမယ့် ကျေးရွာတွေလည်းရှိသေးတယ် အဲဒီကျေးရွာတွေကိုတော့ အခုလောလော ဆယ်တန့်ထားပါတယ်။ သီတင်းကျွတ်လ လောက်ဆိုရင် ပြောင်းရမယ်လို့ပြောပါတယ်။" ဟု သူက ပြောသည်။

ဆက်လက်ပြောင်းရွေ့ခံရမည့် ကျေးရွာများမှာ ပျာရည်ကျေးရွာ၊ ဇီးရွာနှင့် သရက်ပြင်ကျေးရွာ တို့ဖြစ်သည်။

စိုင်းတင် ရေအားလျှပ်စစ်ဓါတ်အား စီမံကိန်းမှ မီဂါဝပ် ၇၀ အထိ ထုပ်လုပ်နိုင်မှာဖြစ်ပြီး ရခိုင်ပြည်နယ် ၇၅ ရာခိုင်နှုန်းကို မီးပေးနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အဆိုပါ စီမံကိန်းကို ၁၉၅၂ နှစ်ကလည်း ၀န်ကြီးချုပ် ဦးနု လက်ထက်တွင်တကြိမ် စတင်ပြု လုပ်ခဲ့ သော်လည်း ဗကပ တပ်ဖွဲ့ တခုမှ အမေရိကန်နိုင်ငံသား အင်ဂျင်နီယာ တဦးကို သတ်ဖြတ်သွားသဖြင့် စီမံကိန်းကို ရပ်တန့် ပစ်ခဲ့သည်။ အဆိုပါ သတ်ဖြတ်မူမှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမည်ကို မလို လားသော အစိုးရ အဖွဲ့ဝင် ၀န်ကြီး တချို့နှင့် ဗမာပြည်ကွန်မြူနစ်ပါတီက ပူပေါင်းဆောင်ရွက်ခဲ့သည်ဟု ရခိုင်ပြည်သူများက ယုံကြည်ထားကြသည်။

၁၉၈၈ ခုနှစ် န၀တ အာဏာရလာသော အခါလည်း အဆိုပါ စီမံကိန်းကို တည်ဆောက်ရန် စီစဉ်ခဲ့ပြီး စီမံကိန်းရုံးများကို စစ်တွေနှင့် ဘူးသီးတောင်တွင် ဖွင့်လှစ်ခဲ့သည်။ သုံးနှစ်အကြာတွင် အဆိုပါ စီမံကိန်း ကို အကြောင်းပြချက် မရှိဘဲ ရပ်ဆိုင်း ပစ်ခဲ့သည်။ ယခု နအဖ စစ်အစိုးရမှ ပြန်လည် တည်ဆောက်ရန် စီစဉ်လာခြင်း ဖြစ်သည်။

DKBA က KNU တပ်ရင်း သုံးနေရာသို့ ဝင်ရောက်၊ တပ်ရင်းတနေရာကို မီးရှို့ခဲ့
နန်းဖော့ဂေ (ကေအိုင်စီ)
ဇွန် ၁၅၊ ၂၀၀၉ KNLA တပ်ရင်း(၂၁)မှ နေအိမ်တလုံး မီးလောင်ကျွမ်းနေစဉ် (ဓာတ်ပုံ-ကေအိုင်စီ)

တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA)သည် ဇွန်လ (၁၄)ရက်နေ့က ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) လက်အောက်ခံ တပ်ရင်း ၃ ရင်း နေရာသို့ ဝင်ရောက်ခဲ့ပြီး တပ်ရင်း(၂၁) စခန်း နေရာကို ဝင်ရောက် မီးရှို့ခဲ့သည်ဟု သိရသည်။



ထိုနေ့ မွန်းလွဲ (၂)နာရီခန့်တွင် KNLA တပ်ရင်း (၂၂)၊ တပ်ရင်း(၁ဝ၁) နှင့် DKBA (၉၉၉) တပ်ဖွဲ့ဝင်များ နာရီဝက်ခန့်ကြာ အပြန်အလှန် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက် ထိခိုက်မှုကို မသိရဘဲ KNLA ဘက်မှ ပြန်ဆုတ်ခဲ့ရသည် ဟု သိရသည်။ ၎င်းအပြင် ညနေ (၄းဝ၈) နာရီခန့်တွင် DKBA ဗဟို လုံခြုံရေး တပ်ဖွဲ့နှင့် (၉၉၉) တပ်မဟာတို့က နေရာ ရွှေ့ပေးလိုက်သည့် KNLA တပ်ရင်း(၂၁)၏ စခန်းနေရာကို ဝင်ရောက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ KNU တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ကျနော်တို့ အနေနဲ့ ကိုယ့်လူတွေကို ပြန် ဆုတ်ခိုင်းလိုက်တာ ပဲ။ နှစ်ဖက်ထိခိုက်မှုမှာ ကရင်တွေချည်းပဲ ဖြစ်နေတော့ နအဖကိုသာ တိုးလာခိုင်း။ နအဖဟာ ကရင် အချင်းချင်းကို ပြန်တိုက်ခိုင်းနေတာ ဖြစ်တဲ့အတွက် မင်း တို့မတက်လာနဲ့လို့ DKBA ကို ပြောထားပေမဲ့ တက်လာရင်တော့ ဘယ်တတ်နိုင်မှာလဲ။ ကိုယ့်ကို လာပစ်ရင်တော့ ပြန်ပစ်ရမှာပဲပေါ့။ DKBA အနေနဲ့ အသေခံနိုင်ရင် တိုးလာပေါ့။ ဒါ သူ့ အခြေ အနေကို သူ သိရမှာပဲ။ ရေရှည် အတွက်ကို ကြည့်ပြီး ကျနော်တို့က လုပ်နေတာ”ဟု ကရင်သတင်းစဉ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၃)ရက်နေ့ မနက် (၆)နာရီကျော်တွင် KNLA တပ်ရင်း(၂၁)တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး DKBAဘက်မှ ဗိုလ်ကြီးဆဒါ့ဘူ(ဗျတ္တ)၊ ဒုဗိုလ်ဖားနိုကလဲနှင့် တပ်သားတဦး ကျဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဇွန်လ (၁၂)ရက်နေ့ မနက် (၈း၃ဝ)နာရီမှ စ၍ တနာရီကြာဖြစ်ပွားသည့် တိုက်ပွဲတွင် DKBA (၉၉၉)မှ တပ်ခွဲမှူးတဦး ထိခိုက်မိပြီး ခလယ့်ကာ့ရွာဘက်တွင်မူ DKBA (၃၃၃)မှ တပ်သား ၃ဦး ဗုံးထိမှန်ခဲ့ကြောင်း နယ်မြေခံ KNU သတင်းများ အရ သိရသည်။

၎င်းအပြင် ယမန်နေ့ မွန်းလွဲ (၃း၁၉) နာရီတွင် ဗုံးတလုံးပေါက်ကွဲပြီး DKBA ဗဟို လုံခြုံရေး တပ်ဖွဲ့မှ အရာရှိ တဦး ဖြစ်သူ ဗိုလ်မြင့်ဦး အပါအ ဝင် ၄ဦး ဒဏ်ရာရရှိခဲ့ပြီး ည (၆း၄၈)နာရီတွင် ဗုံးတလုံး ထပ်မံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယနေ့အထိ DKBA တပ်ဖွဲ့ဝင် (၁၄၈) ဦး ရှိပြီ ဖြစ်ကြောင်း ကရင် သတင်းစဉ်က စုံစမ်းသိရှိရသည်။

ယင်းသို့ ဆယ်ရက်ခန့်ကြာ ဖြစ်ပွားခဲ့သည့် ထိုးစစ် ကာလအတွင်း DKBA တပ်မဟာ (၉၉၉) ဘက်မှ ရိက္ခာ ပြတ်လပ်မှုများ ရှိနေကြောင်းနှင့် ထိခိုက် ဒဏ်ရာရသူ အများစုကို မြဝတီòမိ့၊ ရွှေကုက္ကို ကျေးရွာ ဆေးရုံတွင် သီးသန့် ထားကာ ကုသပေးလျက်ရှိသည် ဟုလည်း DKBA အသိုင်းအဝိုင်း နှင့် နီးစပ်သူများ၏ ပြောပြချက် အရ သိရသည်။

DKBA နှင့် နီးစပ်သူ အမည် မဖော်လိုသူတဦးက “DKBA ကတော့ ဒီ ထိုးစစ်အတွက် သူ့ လူတွေကို အနည်းဆုံး ၅ဝဝ လောက် အသေခံမဲ့ သဘောမှာ ရှိတယ်။ ကုက္ကို ဆေးရုံမှာ ဆိုရင် ထိခိုက် ဒဏ်ရာရတဲ့ DKBA ရဲဘော်တွေ အပြည့်ပဲ။ ဆံ့တောင် မဆံ့တော့ဘူး။ အရပ်သား လူနာ တွေကိုတောင် လက်ခံလို့ မရတော့ဘူး”ဟု ဆိုသည်။

DKBA တပ်မဟာ(၉၉၉)၊ (၅၅၅)၊ (၃၃၃)နှင့် ဗဟိုလုံခြုံရေး တပ်ဖွဲ့ဝင်များသည် KNU တပ်မဟာ(၇)နယ်မြေရှိ တပ်ရင်းနေရာများကို အပြုတ်တိုက်ရေး ထိုးစစ်ဖြင့် ဇွန်လဆန်း ကတည်းက ဝင်ရောက် တိုက်ခိုက်ခဲ့သည်မှာ ယနေ့ အချိန်ထိ ဖြစ်သည်။

မြန်မာပြည်သား တို့အတွက် ဒုတိယ ဂူအမ်ကျွန်း လာပြီလား
မိုးမခ အထောက်တော် ၀၀၄
ဇွန် ၁၄၊ ၂၀၀၉ Palau ကျွန်းနိုင်ငံ မြို့တော်ဟောင်း Koror တွင် ယနေ့ တွေ့ရသော မအေးအေးသန့် နှင့် မြန်မာပြည်သားများ။ (ဓာတ်ပုံ - AP)

ယခင်က ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ဂူအမ်ကျွန်းသို့ အရောက်သွားပြီး နိုင်ငံရေး ခိုလှုံခွင့် ရယူမှုများ ရေပန်းစားခဲ့သည်။ ယခုအခါ အလားတူ ကျွန်းတခု ထပ်မံ ပေါ်ပေါက်လာပြီဟု ယူဆဖွယ် ဖြစ်နေသည်။



မြန်မာပြည်သား ၁၁ ဦးသည် ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ Palau ကျွန်းနိုင်ငံတွင် ရောက်ရှိနေပြီး ထိုမှတဆင့် သြစတေးလျနိုင်ငံသို့ သွားရောက် ခိုလှုံရန် စီစဉ်နေသည်ဟု www.mvarietynews.com ရှိ သတင်းတပုဒ်တွင် ဇွန်လ ၈ ရက်နေ့က ရေးသားထားသည်။

၎င်းတို့သည် မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှတဆင့် အဆိုပါ ကျွန်းနိုင်ငံငယ်သို့ ရောက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို ၁၁ ဦးတွင် မအေးအေးသန့် အမည်ရှိ အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁၀ ဦး ပါဝင်သည်ဟု AP သတင်းတပုဒ်တွင် ရေးသားထားသည်။

ထို ၁၁ ဦးသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကမ္ဘာလှည့် ခရီးသည်များအဖြစ် ရောက်ရှိလာကြောင်း၊ နောက်ပိုင်းတွင် ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ကြောင်း Palau ကျွန်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အရာရှိတဦးက ပြောသည်။

ထို ၁၁ ဦးကို အထူးနေထိုင်ခွင့် ပေးထားကြောင်း၊ ၎င်းတို့ကို စစ်ဆေးရန် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ (UNHCR) အရာရှိတဦး ၎င်းတို့ထံ မကြာမီ သွားရောက်မည်ဟု ဆိုသည်။

ထိုကျွန်းနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ အနီး တည်ရှိသည်။ ၂၀၀၇ ခုနှစ် စာရင်းများအရ လူဦးရေ နှစ်သောင်းကျော် နေထိုင်သည်ဟု သိရသည်။

၁၉၉၅ ခုနှစ် မြန်မာပြည်သား အများအပြားသည် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂူအမ်ကျွန်းသို့ သွားရောက်ပြီး နိုင်ငံရေး ခိုလှုံခွင့် ရယူခဲ့ကြသည်။ ဂူအမ်ကျွန်းသည် အမေရိကန် ပြည်ထောင်စု၏ အစောင့်ရှောက်ခံ ကျွန်း ဖြစ်သည်။

ယခုအခါ မြန်မာပြည်သား အများအပြားသည် ထိုင်း၊ မလေးရှား၊ အိန္ဒိယ နိုင်ငံများသို့ သွားရောက်ပြီး ဒုက္ခသည် အဖြစ် ခိုလှုံခွင့် တောင်းခံလျက် ရှိသည်။





ထိုကျွန်းနိုင်ငံငယ်သို့ လေယာဉ်ခရီးဖြင့် သွားရောက်နိုင်ပြီး အနီးဆုံးလမ်းမှာ ဖိလစ်ပိုင်နိုင်ငံမှတဆင့် သွားရောက်သောလမ်း ဖြစ်သည်။ (www.visit-palau.com)



Palau ကျွန်းနိုင်ငံရောက် မြန်မာပြည်သား ၁၁ ဦး (ဓာတ်ပုံ - AP )

ဘောလုံးအသင်းများ အွန်လိုင်းပေါ်ရောက်ပြီ
မိုးမခအထောက်တော် ၀၀၂
ဇွန် ၁၅၊ ၂၀၀၉

မြန်မာပြည်မှ ကြေးစား ဘောလုံးအသင်းများက ခေတ်သစ်နည်းပညာကို အသုံးပြုပြီး ၎င်းတို့အသင်း ထင်ရှားရေး၊ ပရိသတ်နှင့် ပိုမိုထိတွေ့ခွင့်ရရေးတို့ကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။
ရန်ကုန် ယူနိုက်တက် FC အသင်းက http://ygnutd.com ကိုလည်းကောင်း၊ ကမ္ဘောဇ FC အသင်းက http://www.kbzfc.com ကို လည်းကောင်း အင်တာနက် စာမျက်နှာများ အသီးသီး ဖန်တီးထားကြသည်။



ကြေးစားဘောလုံးအသင်းများ သို့မဟုတ် မြန်မာနေရှင်နယ်လိ အသင်းများနှင့် ပတ်သက်သည့် အချက်အလက်များကို http://myanmarnationalleague.com တွင် တွေ့နိုင်သည်။ ဤစာမျက်နှာကို ဖွင့်လိုက်သည်နှင့် မှတ်တမ်း ဗီဒီယို တခုလည်း ဆူညံစွာ အလိုအလျောက် ပွင့်လာမည်ဖြစ်သည်။

လွန်ခဲ့သည့် ၃ လခန့်မှ စ၍ ပုဂ္ဂလိက ဘောလုံး အသင်း ၈ သင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကျွမ်းကျင်သည့် ဘောလုံးသမားများကို ငှားရမ်းကြခြင်းဖြင့် ကြေးစား ဘောလုံးလောက မြန်မာပြည်တွင် စတင် ပေါ်ပေါက်လာလေသည်။ ပြည်တွင်း ကစားသမားများ သာမက ပြည်ပမှ ဘောလုံးသမားများကိုလည်း ငှားရမ်း အသုံးပြုသည့် ကလပ်အသင်းများလည်း ရှိနေသည်။



တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်
Kaowao

ဇွန် ၁၅၊ ၂၀၀၉။

စံခလပူရီ(မေ-၁၅)။ ။၂ဝဝ၉ ခုနှစ် ဇွန်လ ၁၂ ရက်၌ တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) က လက်ရှိမြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

(၁) နအဖစစ်အစိုးရမှ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအမဆင်၊ တရားစွဲပြီး၊ မတရား အပြစ်ပေးရန် ကြံစည်နေခြင်းသည် လုပ်ကြံမသက်သက်သာဖြစ်သည်။

(၂) အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအရဆွေးနွေးခြင်း၊ နိုင်ငံရေးအရသဘောတူညီချက်များ ရယူခြင်းမရှိဘဲ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် ဖန်တီးလုပ် ဆောင်နေခြင်းသည် အဆိုပါအပစ်အခတ်ရပ်စဲထားသော အဖွဲ့အစည်းများ၏ နိုင်ငံရေးတွင် အရေးပါမှုအခန်း ကဏ္ဍနှင့် တပ်ဖွဲ့တည်ရှိမှု ပျောက်ပျက်သွားစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

(၃) ကေအဲန်ယူအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေများအတွင်း နအဖစစ်တပ်များ က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည်၎င်း၊ အတင်းအဓမ္မတပ်သားစုဆောင်းခြင်း၊ ကလေးသူငယ်များကို စစ်သား အဖြစ်စုဆောင်းခြင်းအပါအဝင် လူ့အခွင့်အရေးများကို နေ့စဉ်နှင့်အမျှ ချိုးဖောက်နေခြင်းသည်၎င်း၊ ထောင်ပေါင်း များစွာသော အပြစ်မဲ့ဒေသခံပြည်သူများကို စစ်ပြေးဒုက္ခသည်များအဖြစ်သို့ သက်ရောက်စေခြင်း အားဖြင့် အိမ်နီး ချင်းနိုင်ငံများအပါအဝင် ဒေသအတွင်းတည်ငြိမ်ရေးကိုပါ ထိခိုက်လာနေခြင်းဖြစ်သည့်အပြင် နအဖ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း သည်လည်း ဟန်ပြသက်သက်သာဖြစ်ကြောင်း ထင်ရှားစေသည်။

(၄) နအဖစစ်အစိုးရ၏ အတုအယောင်အမျိုးသားညီလာခံက ရေးဆွဲပြဌာန်းလိုက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို မတရားသော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတင်းအဓမ္မအတည်ပြုပြီး ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာခြင်းသည် တိုင်းပြည်၏ လက်ရှိအထွေထွေ အကြပ်အတည်းပြဿနာများအား ဖြေရှင်းနိုင်မည့်နည်းလမ်း မှန်မဟုတ်ဘဲ၊ စစ်အာဏာရှင်စနစ်တရားဝင်တည်တံ့ခိုင်မြဲရေးကို လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

ထို့ကြောင့် နအဖစစ်အစိုးရအနေဖြင့် အထက်ပါကျူးလွန်နေမှုများကို အမြန်ဆုံးရပ်တန့်ပြီး လက်ရှိနိုင်ငံရေး ပြဿနာများကိုနိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည့် သုံးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပွဲကိုအမြန်ဆုံးပြုလုပ်ပေးရန် တောင်းဆိုလိုက်သည်ဟု ဖေါ်ပြခဲ့သည်။

ထို့ အပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် အလေးအနက် တောင်းဆိုထားပြန်သည်။

ဤထုတ်ပြန်ချက်ကို ၂ဝဝ၉ ခု ဇွန်လ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၅)ရက်တိုင်တိုင် ထိုင်း-မြန်မာ နယ်စပ် တနေရာ၌ ပြုလုပ်ခဲ့သည့် ENC ဒုတိယသက်တမ်း စတုတ္ထအကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သုံးလ ပတ်ပုံမှန်အစည်းအဝေးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလူမျိုးများကောင်စီ(ပြည်ထောင်စုမြန်မာနိုင်ငံ)- Ethnic Nationalities Council ( Union of Burma) ကို တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည်ဟု သိရသည်။



အီးယူဥက္ကဌ၏ကြေညာချက်ကို မြန်မာစစ်အစိုးရတုန့်ပြန်ချေပ
Kaowao

ဇွန် ၁၄၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၁၄)။ ။ ယခုလဆန်းပိုင်းက ထိုင်းမြန်မာနယ်စပ်၌ KNU တပ်ဖွဲ့အပေါ် စစ်အစိုးရတပ်နှင့် ဒီကေဘီအေ ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ပွဲများ ဖြစ်ပေါ်နေမှုကြောင့် ဒေသခံကရင်အရပ်သား ထောင်နှင့်ချီ၍ ထိုင်းနိုင်နိုင်ငံသို့ ဝင်ရောက်ခိုလှုံလျက်ရှိကြရာ ဥရောပသမဂ္ဂ EU ဥက္ကဌက လွန်ခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ဖြင့် ယခုဒုက္ခသည်များအရေးကို အလွန်စိုးရိမ်နေမိကြောင်း ဖေါ်ပြခဲ့၍ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇွန်လ ၁၃ ရက်နေ့စွဲဖြင့် ပြန်လည်တုန့်ပြန်ချေပခဲ့သည်ကို ယနေ့ထုတ်စစ်အစိုးရ သတင်းစာတွင် အပြည့်အစုံ ဖေါ်ပြထားသည်ကို ဖတ်ရှုရသည်။
ထိုင်းနိုင်ငံသို့ ယခုရောက်ရှိလာသောဒုက္ခသည်များ KWO အဖွဲ့မှလှူဒါန်းနေပုံ (ဓာတ်ပုံ-KIC)

ထိုထုတ်ပြန်ချက်၌ “ပြည်ထောင်စုမြန်မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပြည်တွင်းသောင်းကျန်းမှုသမိုင်းကို နှစ်ပေါင်း ၄၀ ကျော်တွေ့ကြုံရင်ဆိုင်ခဲ့ရခြင်းမှာလည်း အတိတ်သမိုင်းက ကိုလိုနီတို့၏ သွေးခွဲအုပ်ချုပ်မှုစနစ်ဆိုး၏ အမွေဆိုးများဖြစ်ပါသည်” နိဒါန်းချီကာ ဖေါ်ပြခဲ့သည်။
အဆိုပါ စစ်အစိုးရညွှန်းဆိုသော နှစ်ပေါင်း ၄၀ မှာ ၁၉၄၈ မှ ၁၉၈၈ ခုနှစ်ကိုရည်ညွှန်းခြင်းဖြစ်၍ နဝတ၊ နအဖ ခေတ်များတွင် ပြည်တွင်းသောင်းကျန်မှုများ မရှိသည့်ကာလဟု ယူဆထားဟန်တူသည်။

ထို့နောက် “မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်တွင်ဖြစ်ပွားနေသော KNU,KNLA တပ်ဖွဲ့နှင့် DKBA တိုက်ပွဲအချင်းချင်း တိုက်ခိုက်မှုဖြစ်ပြီး မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များ မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိပါ၊ မြန်မာအစိုးရတပ်ဖွဲ့ဝင်များက ကရင်တိုင်းရင်းသားလူမျိုးစုအား ထိုးစစ်ဆင်နေကြောင်း အီးယူဥရောပ သမဂ္ဂ၏ စွပ်စွဲချက်ဖော်ပြခြင်းကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန် ပြတ်သားစွာ ပယ်ချကြောင်း” ယခုကဲ့သို့ ဗြောင်ကျကျ ငြင်းဆိုရေးသားဖော်ပြခဲ့သည်။

RPG-of-SPDC-arrive-in-Thailand (ပုံ-KIC)

ယခုလဆန်းပိုင်းက မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်များနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့ KNU,KNLA တို့အား ထိုးစစ်ဆင်နေသည့် သတင်းများကို မြန်မာအစိုးရဘက်မှ သတင်းရေးသားဖော်ပြခဲ့ခြင်း မရှိသော်လည်း BBC, VOA, RFA, DVB ရေဒီယိုနှင့် မြန်မာအင်တာနက် သတင်းများတွင် သက်သေဓါတ်ပုံများနှင့်တကွ ဖေါ်ပြပါရှိခဲ့ကြသည်။

ထွက်ပြေးလာကြသည့် ဒုက္ခသည်အရေအတွက်များမှာ ၆၀၀၀ ကျော်ခန့် ရှိရာ UNHCR နှင့် ကရင်ဒုက္ခသည်ကယ်ဆယ်ရေး အသင်းအဖွဲ့များက အကူအညီပေးလျှက်ရှိသည်။
ထွက်ပြေးလာသူများထဲတွင် ဒီကေဘီအေနှင့် မြန်မာတပ်ဖွဲ့တို့မှ ထွက်ပြေးလွတ်မြောက်လာသော ပေါ်တာအထမ်းသမားများ၊ ဒီကေဘီအေ တပ်ပြေးအချို့လည်း ပါရှိခဲ့၏။

လက်နက်ကြီးကျည်ဆံများ ထိုင်နယ်မြေတွင်းကျရောက်ခဲ့သဖြင့် ထိုင်းတို့က မြန်မာစစ်အစိုးရထံ ကန့်ကွက်လွှာများ ပေးပို့ခဲ့သည်။

ကရင်တိုင်းရင်းသားအပေါ် ယခုထိုးစစ်ဆင်လာမှုကြောင့် အရပ်သားအများအပြား မိမိဒေသတို့ ထွက်ပြေးနေရသည့် ဖြစ်ရပ်အပေါ် အခြားနိုင်ငံများနှင့် NGO အဖွဲ့များကန့်ကွက်လာကြသည်။ ထိုးစစ်များသည်လည်း အရှိန်လျှော့ကျသွားပြီဟု သိရသည်။



မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရှိမှုမြင့်မားလာ
ရန်ကုန်: Kaowao

ဇွန် ၁၃၊ ၂၀၀၉။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးအကြောတွင်းထိုးသွင်းသူများ ပြည့်တန်ဆာခန်းများ နိုက်ကလပ်များ၊ အမျိုး သမီးဖြေဖျော်ရေး ကာရာအိုကေဆိုင်များ အထူးများပြားလာသောကြောင့် အိတ်ခ်ျအိုင်ဗွီရောဂါပိုးပြန့်နှံ့တိုးပွါး လျှက်ရှိသည်။

၂၀၀၈ ခုနှစ်တွင်ပြုလုပ်ခဲ့သော ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ခဲ့သော စာရင်းဇယား အစီရင်ခံစာအရ (၂၀၀၇)ခုနှစ်နှင့်နှိုင်းယှဉ်ပါက (၃)ဆမြင့်တက်လာကြောင်း သိရပါသည်။ (၂၀၀၈)ခုနှစ်စစ်တမ်းအရ ရန်ကုန်မြို့တွင် မူးယစ်ဆေးအကြောထဲထိုးသွင်းသူများ ရောဂါပိုးတွေ့ရှိမှု (၁၉)ရာခိုင်နှုန်းရှိပြီး (၂၀၀၇)တွင်မူ ၆ ဒဿမ၅ ရာခိုင် နှုန်းရှိသည်ကိုလည်းကောင်း မြစ်ကြီးနားမြို့တွင်ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ (၂၀၀၈)ခုနှစ်တွင် ၅၄ ဒဿမ ၅ ရာခိုင် နှုန်း (၂၀၀၇)ခုနှစ်တွင် ၁၇ ဒဿမ ၉ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။
ယခုအခါမြို့နယ်တိုင်းလိုလို၌ တိတ်တိတ်ပုန်းပြည့်တန်ဆာခန်းများ အမျိုးသမီးဖြေဖျော်ရေးကာရာအိုကေဆိုင် များ အထူးများပြားလာပြီး ၄င်းမှရောဂါပိုး ကူးစက်မှုနှုန်းကိုမူ စာရင်းဇယားထုတ်ပြန်မှုမရှိသေးပေ။ အထူးသဖြင့် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင်မူ နိုက်ကလပ်များနှင့် အမျိုးသမီးလိင်ဖြေဖျော်ရေးဆိုင်များ၊ အနှိပ်ခန်းများ အများအပြားရှိနေသည်။ သိမ်ကြီးဈေးအပေါ်ထပ်တွင် အမျိုးသမီးလိင်ဖြေဖျော်ရေးနိုက်ကလပ်များ အများအပြားရှိ နေဆဲဟု ကိုယ်တိုင်ရောက်ဘူးသူ မော်လမြိုင်မြို့နေ ကိုကျော်ဦးမှပြောပါသည်။

“သိမ်ကြီးဈေးအပေါ်ထပ်မှာ ဆိုယင် နိုက်ကလပ်တွေတော်တော်များတယ်။ ကိုယ်ဝင်လာပြီးဆိုယင် ဧည့် ကြိုကောင်လေးတွေအပြိုင်ခေါ်ကြတယ်။ ဝင်ကြေးက(၄၀၀၀)ကျပ်ပေါ့။ အပေါ်ကိုဓါတ်လှေခါးနဲ့တက်ရတယ်။ အခန်း ထဲရောက်တော့ဘီယာတစ်ဗူးပေးတယ်။ မိန်းခလေးတွေ ခန့်မှန်းခြေ (၁၅၀)လောက်တော့ရှိမယ်ဗျ။ အဲဒီမှာကိုယ် ကြိုက်တဲ့မိန်းခလေးကို ဈေးညှိပြီး တည်းခိုခန်းကိုခေါ်သွားရတယ်။ တက္ကစီကအစ တည်းခိုခန်းကအဆုံး သူ့အဆက် အသွယ်နဲ့သူဆိုတော့ ဘာမှပူစရာမလိုဘူး။

ထိုလုပ်ငန်းအားလုံးကို မြန်မာစစ်အာဏာပိုင်များနှင့် နီးစပ်သူများသာလုပ်ပိုင်ခွင့်ရှိပြီး သက်ဆိုင်ရာဌာန အသီးသီးကိုပူဇော်ပသရသည်။ မိန်းခလေးအချို့မှာ စားဝတ်နေရေးအရသော်၎င်း ပကာဓနအလှအပပစ္စည်းဝယ်ရန် အတွက်သော်၎င်း ခန္ဓာကိုယ်ကိုအရင်းပြု၍ လုပ်ကိုင်နေကြသည်။ ယင်းလိင်ရောင်းဝယ်ရေးမှတဆင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးများ ကူးစက်ပြန့်ပွါးမှုမှာ တနေ့ထက်တနေ့ များပြားလာပေသည်။ လိုအပ်သောပညာပေးမှုအပိုင်း ကျန်းမာ ရေးစောင့်ရှောက်မှုအပိုင်းတွင်လည်း စစ်အစိုးရမှတာဝန်ယူလုပ်ဆောင်ခြင်းမရှိသဖြင့်အနာဂါတ်အတွက်ရင်လေးစ ရာဖြစ်ကြောင်း စစ်အစိုးရနှင့်နီးစပ်သူ ဆရာဝန်တစ်ဦးပြောဆိုချက်အရ သိရပါသည်။



နယ်ခြားစောင့်တပ်ပြောင်လဲရေး မွန်ပြည်သစ်ပါတီကိုထပ်မံတိုက်တွန်း
Kaowao

ဇွန် ၁၃၊ ၂၀၀၉။

စံခလပူရီ(မေ- ၁၃)။ ။ လွန်ခဲ့သော ဇွန်လ ၇ ရက်နေ့၌ မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ထောမွန် အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင် ၅ ဦးနှင့် ရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ တွေ့ဆုံခဲ့ကြရာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ပြန်လည်စဉ်းစားစေလိုကြောင်း တိုင်းမှူးကပြောကြားခဲ့သည်ဟု မွန်ပြည်သစ်ဗဟိုနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ကိစ္စနှင့်ပတ်သက်၍ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ၉ ဦး မကြာမီတွင်အစည်းအဝေးခေါ်ယူမည်ဟု သိရသည်။ သို့သော် ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ပြည်ပခရီးထွက်ခွာနေသဖြင့် မွန်ပြည်သစ်ပါတီဗဟိုဌာချုပ်သို့ ပြန်ရောက်မှသာ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်နိုင်မည်ဟု ဆိုသည်။

ယင်းဗဟိုအလုပ်အမှုဆောင်ကော်မတီမှ မွန်ပြည်သစ်ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို ခေါ်ယူရန်ဆုံးဖြတ်ခဲ့လျှင် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်း၏ ယခုတင်ပြလာသည့် အချက်အလက်များကို မွန်သစ်ပါတီမှ တဖန်ပြန်လည်သုံးသပ်ကြမည်ဖြစ်သည်။

အကယ်၍ ဗဟိုကော်မတီအရေးပေါ် အစည်းအဝေးကို ခေါ်ယူရန် မဆုံးဖြတ်ခဲ့လျှင် မွန်ပြည်သစ်ပါတီမှ နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စကို လက်ခံမည်မဟုတ်ကြောင်း၊ ယခင်ဆုံးဖြတ်ခဲ့သည့်အတိုင်း သဘောထားများ ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ဗဟိုကော်မတီဝင် တစ်ဦးက သုံးသပ်ပြသည်။
လွန်ခဲ့သောမတ်လ၌ စစ်အစိုးရ၏ စစ်ဖက်လုံခြုံရေး ညွှန်ချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး ကိစ္စတို့ကို ပြောဆိုခဲ့ပြီးဖြစ်သည်။ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်များအားလုံးနှင့်လည်း တွေ့ဆုံလိုသည်ဟု ဗိုလ်ချုပ်ရဲမြင့်က တောင်းဆိုခဲ့ဘူးသည်။

ထိုနောက်တွင် မွန်ပြည်သစ်ပါတီက လွန်ခဲ့သည့်ဧပြီလဆန်းပိုင်း၌ ဒုတိယအကြိမ် မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အစည်းအဝေးကို မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်။

ထိုအစည်းအဝေးမှ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊ ရွေးကောက်ပွဲဝင်ရေးကိစ္စတို့ကို ၂၀၀၉ ဇန်နဝါရီလဆန်းပိုင်းကပြုလုပ်ခဲ့သော သတ္တမအကြိမ်မြောက် မွန်ပြည်သစ်ပါတီ ဗဟိုကွန်ကရက်အစည်းအဝေးမှ ဆုံးဖြတ်ထားသည့်အတိုင်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေကို မွန်ပြည်သစ်ပါတီမှ လက်မခံသဖြင့် အဆိုပါရွေးကောက်ပွဲကို ဝင်မည်မဟုတ်ကြောင်း၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကိုလည်း မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်မှုအောက်တွင်သာ ယခုကဲ့သို့ပင် ဆက်လက်ထားရှိနေမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုမှ နအဖထံ စာဖြင့်အကြောင်းပြန်ခဲ့သည်။

မတ်လဆန်းပိုင်းက ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်၊ ရတခတိုင်းမှူးနှင့် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးတို့ တွေ့ဆုံခဲ့ကြရာတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA၏ စစ်ဦးစီးချုပ် မပါဝင်ခဲ့ပေ။ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ တွေ့ဆုံခဲ့ရာ၌ MNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဇွဲယဲ့ ပါဝင်လာသည်။ မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းဗဟိုအလုပ်အမှုဆောင် ၉ တွင် MNLA စစ်ဦးချုပ်တစ်ဦး ပါဝင်သည်။။

၁၉၉၅ ဇွန်လ ၂၉ ရက်နေ့က နဝတနှင့် မွန်ပြည်သစ်ပါတီ နှစ်ဖက်အပစ်အခတ်ရပ်စဲ သဘောတူညီမှု ရယူခဲ့စဉ်၌ နယ်ခြားစောင့်တပ်ဖွဲအသွင်ပြောင်းလဲရေးကိစ္စ မပါဝင်ခဲ့ဟု သိရသည်။

လွန်ခဲ့သည့်လက မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် DVB မြန်မာပိုင်း ရေဒီယိုနှင့် ဆက်သွယ်မေးမြန်းချက် တစ်ခု၌ အပစ်ခတ်ရပ်စဲသဘောတူညီမှု အချက်အလက်များတွင် ဤနယ်ခြားစောင့်တပ်ဖွဲ့ ကိစ္စမပါဝင်ခဲ့သဖြင့် မွန်ပြည်သစ်ပါတီက လက်မခံကြောင်း ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် မေလ ၂ရ ရက်နေ့၌ ဗိုလ်ချုပ်ကြီးရဲမြင့် မော်လမြိုင်မြို့သို့ တိတ်တဆိတ် ရောက်ရှိခဲ့စဉ်တွင် DKBA, KPF, KNU-KNLA/PC ကရင်လက်နက်ချအဖွဲ့များ၊ မွန်ခွဲထွက်အမည်ခံ အဖွဲ့ငယ်တစ်ချို့နှင့် တွေ့ဆုံခဲ့ကြသည်ဟု ရတခနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။ မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံရန် အစီအစဉ်မရှိခဲ့ပါ။ ထိုနေ့တွင် မော်လမြိုင်မြို့၌ ဗုံး ၃ နေရာ ပေါက်ကွဲမှု ဖြစ်ခဲ့သည်။

ယခုလ ၉ ရက်နေ့က ဗိုလ်ချုပ်ရဲမြင့်၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး နှင့်အဖွဲ့ကို အပစ်ရပ် NDAA ဥက္ကဌ ဦးစိုင်းလင်းနဲ့အဖွဲ့က မိုင်းလား၌ လက်ခံတွေ့ဆုံပြီး စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို ကိုးကန့်/ ပန်ဆန်းတပ်ဖွဲ့ ကဲ့သို့ပင်လက်မခံနိုင်ကြောင်း ပြောကြားချက်ကို သျှမ်းသံတော်ဆင့် အင်တာနက်သတင်း စာမျက်နှာတွင် ဖေါ်ပြပါရှိသည်။

စစ်အစိုးရရဲ့ နယ်ခြားစောင့် တပ် အဖြစ် အသွင် ပြောင်းလဲရေး ကမ်းလှမ်းချက်ကို လက်မခံနိုင်ကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များက ဧရာဝတီသတင်းဌာနကို ဇွန်လ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ထို့အတူKIO၏ ကချင် လွတ်မြောက်ရေးတပ်မတော် KIA မြန်မာပြည်တွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်သည့်အချိန်ကျမှ နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်း တာဝန်ယူနိုင်မည် ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ဇွန်လ ၁၀ ရက်နေ့မ၌ ဧရာဝတီအင်တာနက် သတင်းဌာနနှင့် မေးမြန်းချက်တစ်ရပ်တွင် ပြောဆိုခဲ့သည်။ သို့သော် KIO အနေဖြင့် စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို တရားဝင် တုံ့ပြန်ခြင်း မပြုရသေးပါ။

ယခုလ ၄ ရက်နေ့တွင်လည်း စရဖအကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် လောက်ကိုင်မြို့၌ တွေ့ဆုံခဲ့စဉ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA ဥက္ကဌ ဖုန်ကြားရှင်က နောင်တက်လာမည့် အစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
အကြီးမားဆုံးအပစ်ရပ်အဖွဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ယခုလ ၆ ရက်နေ့က မိုင်းလားမြို့ဌာနချုပ်၌ သွားရောက်တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ်ကို ဝတို့က လက်မခံကြောင်း ထပ်မံပြောဆိုခဲ့သည်။ ဤလက်မခံသည့် ကိစ္စရပ်ကို လွန်ခဲ့သည့် မေလ ၂၀ ရက်နေ့၌ UWSA ဌးနချုပ်က နအဖထံ Fax ဖြင့်အကြောင်းပြန်ခဲ့ကြောင်း သတင်းများတွင် ဖေါ်ပြကြသည်။

ယခုလ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်၏ အပစ်ရပ်အဖွဲ့များထံ သွားရောက်ခဲ့သည့် ခရီးစဉ်များ အောင်မြင်မှုမရှိခဲ့သေးသော်လည်း လက်နက်ချတိုင်းရင်းသားအဖွဲ့ များမှာ နအဖ၏အစီအမံအတိုင်း နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးကို စီစဉ်ဆောင်ရွက်လျှူက်ရှိနေသည်ကို တွေ့ရသည်။

ကုန်သည်များအတွက် အဆင်မပြေသောရာသီ
Mon 15 Jun 2009, တလလဝီ၊ မင်းအာသံ
မြဝတီမှ နယ်အသီးသီးသို့ ပစ္စည်းများ သယ်ယူပို့ဆောင်နေသော (၁၂) ဘီးကားများနှင့် (၁၀) ဘီး ကားကြီးများသည် (မထသ) နယ်မှူး၏ မိန့်အရ (၆) လ ပိုင်းအစတွင် ကုန်ပစ္စည်းများ ကား အပြည့်တင်ခြင်းကို စတင်ကန့်သတ်ခဲ့သည်ဟု ကုန်သည်အများစုက ပြောကြသည်။

(မထသ) နယ်မှူးမှ ကုန်တင်ကားများကို အလေးချိန်ကန့်သတ်ထားသော်လည်း ဂိတ်ကြေးများက ယခင်ကအတိုင်း ပေးဆောင်နေရသောကြောင့် ကုန်သည်များက အဆင်မပြေဖြစ်နေကြသည်ဟု ပြောသည်။

“ရန်ကုန် ကုန်တင်တဲ့ (၁၂) ဘီးကားကို ပစ္စည်းလျှော့ခိုင်းတယ်၊ ခါတိုင်းဆိုရင် ကားအပြည့်ပိတ် တင်လို့ရတယ်၊ အခု ကားကိုယ် ထက်ဝက်လောက်ပဲ ရတယ်။ ဒါပေမယ့် ဂိတ်ကြေးတွေကို မလျှော့ပဲ ဒီအတိုင်းပဲ ဆက်ကောက်နေတော့ အမြတ်ဘယ်ရှိတော့မလဲ” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ဘတ်ဈေးလည်း တက်နေသောကြောင့် မဲဆောက်ဘက်ကမ်းတွင် ဘတ် ၁၀၀ လောက် ဝယ်ထားလျှင် ရန်ကုန်တွင် (၁၀၅) ဘတ် လောက်ပဲရတယ်၊ အမြတ်မရတဲ့အပြင် ကိုယ့်ပိုက်ဆံပါ စိုက်လိုက်ရတယ်” ဟု ကုန်တင်ပို့ချနေသော ကုန်သည်တစ်ဦးက ပြောသည်။

နှစ်တိုင်းပင် မိုးရာသီရောက်တိုင်း ကားအန္တရာယ်ဖြစ်မည် စိုးသောကြောင့် ကုန်ပစ္စည်းများ ကားအပြည့်တင်ဆောင်မှုကို ကန့်သတ်ခြင်းသာ ဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။ မိုးရာသီကုန်ဆုံးချိန် (၁၀) လပိုင်းနှင့် (၁၁) အကြားတွင် ပြန်ပြီး ခွင့်ပြုသည်ဟု ကုန်သည်တစ်ဦးက ဆိုသည်။

သို့သော် အစိုးရအကောက်ခွန်ဌာန အသင်းဝင်ကုန်သည်များကမူ ကားအပြည့်တင်ဆောင် ခွင့်ရှိသည်ဟု ကုန်သည်တစ်ဦးက ဆိုသည်။

"ကျွန်မတင်တဲ့ကားတွေကို ပစ္စည်းများများမပေးသယ်ခိုင်းဘူး၊ သယ်ရင် မြဝတီမြို့ စီးပွားရေးဇုန်က ပေးမသွားဘူးလို့ ပြောထားတယ်၊ အစိုးရအကောက်ခွန်ဌာနအသင်းဝင် ကုန်သည်ကားတွေက (၁၂) ဘီးကား အပြည့်တင်လို့ရတယ်။ ဒီလိုမျိုး သူတို့လုပ် လိုက်တော့ ကုန်ရောင်းတဲ့သူများများ ၄င်းတို့ဆီမှာပဲ ပစ္စည်းသွားပေးနေတော့ ကျွန်မတို့က ပစ္စည်းတွေမရတာတခြား၊ ကားအပြည့် တင်လို့မရတာတခြား ဖြစ်နေတော့ ဒုက္ခရောက်တာပေါ့” ဟု ကုန်သည်တစ်ဦးက ပြောသည်။

မြဝတီမြို့မှ ရန်ကုန်အထိ ကုန်တင်းကားတစ်စီးလျှင် အကောက်ခွန်ကြေး ၇ သိန်းနီးပါးခန့် ပေးဆောင်ရသည်ဟု သိရသည်။

မော်လမြိုင်မြို့တွင် လုံးခြုံရေးများ ယခင်ကထက်တင်းတင်းကြပ်ကြပ်ချထား
Mon 15 Jun 2009, ပနွတ်ကျား
မော်လမြိုင်မြို့တွင်းနှင့် မြို့အဝင်အထွက်ဂိတ်များတွင် လက်နက်နှင့်ယူနီဖောင်းအပြည့်အစုံ ရဲနှင့်စစ်သား လုံခြုံရေးအစောင့်များ ပို၍ချသည်ဟု သိရသည်။

လွန်ခဲ့သော မေလ ၂၇ နေ့ မော်လမြိုင်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း နောက်ထပ် ပေါက်ကွဲမှု မဖြစ်ပွားအောင် ယခုအချိန်အထိ လုံခြုံရေးများအစောင့်များ တင်းကျပ်ထားသည်ဟု မော်လမြိုင်ခံများက ပြောသည်။

လူများ ရှုပ်ထွေးသော လေးထပ်ဈေး၊ ဈေးကြို သံလွင်တံတား မော်လမြိုင်ဘက်ကမ်းတွင်လည်း ရဲနှင့်စစ်သားအစောင့်များ တိုး၍ ချထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျနော်ဒီနေ့ မော်လမြိုင်အောက်ဈေး ကျော်ကျော်စာပေ(၂)စာအုပ်ဆိုင်မှာ စာအုပ် သွားဝယ်တယ်၊ ဆိုင်ထဲမှာ လက်နက်နဲ့ယူနီဖောင်းအပြည့်အစုံ ရဲတစ်တစ်ယောက်စောင့်နေတယ်။ အပေါ်ဈေးနှင့် အောက်ဈေးမှာလည်း ရဲတွေစောင့်နေတယ်” ဟု မော်လမြိုင်ဈေးသွားဝယ်သူတစ်ဦးက ပြောပါသည်။

ဖားအောက်ရိုးဂိုး မြို့ပြင်ဂိတ်တွင်လည်း အထွက်ဘက်တွင် မစစ်ဆေးသော်လည်း မြို့အ၀င်တွင် စစ်ဆေးမှုများ တင်းကြပ်နေသည်ဟု ခရီးသွား တစ်ဦးက ပြောသည်။

“လမ်းကြောင်းတစ်လျောက်ဆိုရင် အရင်ကထက်လုံခြုံရေးတွေကို ချထားတာ၊ အရင်က ဒီ လောက်မတင်းကျပ်ဘူး။ အခုက တော်တော်ကိုများနေတာ၊ တစ်နေရာဆို လေးငါးယောက် လေးငါးယောက်ရှိနေတယ်” ဟု မော်လမြိုင်ဈေးကြိုရပ်ကွက်ခံတစ်ဦးကပြောသည်။

ပေါင်မြို့တွင် ည ၁၀း၀၀ နာရီကျော်လျှင် အပြင်ထွက်သွားလာခွင့်ကို လွန်ခဲ့သော နှစ်ပတ်က မြို့အာဏာပိုင်များက ပိတ်ပင်ထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လယ်သမားများအခက်အခဲကြုံတွေ့နေရ
Mon 15 Jun 2009, ရိုင်မရော့
လယ်သမားများ စပါးမျိုးစေ့ ကြဲပြီးနောက်ပိုင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ကြဲထားသည့် ပျိုးပင်များ ပျက်စီးကုန်ပြီး
အခက်အခဲကြုံတွေ့နေကြရသည်ဟုမုဒုံမြို့နယ်အတွင်းရှိလယ်သများကပြောသည်။

မွန်ပြည်နယ်အတွင်း လွန်ခဲ့သည့်ရက်သတ္တပတ်က မိုးကြီးစွာ ရွာသွန်းမှုကြောင့် ပျိုးပင်ကြဲထားသည့် လယ်ယာမြေအများစုက ရေမြုပ်ပြီး ပျိုးပင်များလည်း သေကြေပျက်စီးကြကုန်သည်။

“မိုးအဆက်မပြတ် (၄၊ ၅) ရက် လောက်ရွာလိုက်တော့ ကြဲထားတဲ့ပျိုးပင်တွေ ရေနဲ့ပါသွားကုန်ရော၊ အသစ်ပြန်ကြဲရမယ်၊ ရေလျော့သွားမှ ပြန်ကြဲလို့ရမယ်” ဟု လယ်သမားတစ်ဦးက ပြောသည်။

မိုးအနည်းငယ်ဆက်လာသည်နှင့် လယ်သမားများက မျိုးစေ့ ကြဲပြီးချိန်တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေသောကြောင့် ကြဲထားသော မျိုးစပါးများ
ရေနှင့်အတူ မျောပါသွားကြကုန်သည်ဟု လယ်သမားအများစုက ဆိုသည်။

“ကျနော်တို့က မိုးနည်းနည်းဆက်လာတာနဲ့ ပျိုးပင်ကြဲထားတယ်၊ ပျိုးပင်တွေက အပင်ပေါက်စပဲရှိသေးတယ်၊ မိုးက သဲကြီးမယ်ကြီးရွာချလာတယ်၊ ဘာမှလုပ်လို့မရဘူး၊ တစ်ရက်နှစ်ရက်လဲမဟုတ်ဘူး၊ (၄၊ ၅) ရက်လောက်ရွာချတယ်၊ ပျိုးပင်တွေ ရေမြုပ်ကုန်တော့ သေကုန်ပြီ” ဟု မုဒုံမြို့ မှ လယ်သမားတစ်ဦးက ပြောသည်။

တချို့လယ်သမားများသည် မိုးကြောင့် နောက်ထပ်တစ်ဖန် ပျိုးပင်ပြန်လည်စိုက်ပျိုးရသည့်အတွက် ငွေကြေး နောက်ထပ် ရင်းနှီးရကာ ငွေကြေးမရှိသူလယ်သမားများက အခြားငွေရှိသူများထံ ချေးယူရပြီး လုပ်ငန်းအသစ် စတင်ကြရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဝင်ဖနုံရေလှောင်တမံနှင့် နီးစပ်သည့် ကျေးရွာတဝိုက်ရှိ ကလော့သော့၊ ဒိုးမာ၊ တောင်ပ၊ ကွမ်ခပူကျေးရွာများသည် အခြားသော ကျေးရွာ၊ ဒေသများထက် ဆည်ရေကြောင့် ရေပိုကြီးသည်ဟု ဒေသခံတို့က ပြောသည်။

“ကျနော်တို့ဘက်က အခြားဒေသထက် ရေပိုကြီးတယ်၊ မိုးနည်းနည်းရွာတာနဲ့ ရေက ကြီးပြီး မိုးရေရော၊ ဆည်ရေရော အိုင်နေတာပဲ ရေသွား ရေလာလဲမရှိဘူး၊ လယ်ထဲကို ကြည့်လိုက်ရင် အားလုံက ဖြူနေတာပဲ” ဟု ၄င်းလယ်သမားကပြောသည်။

ယခုလောလောဆယ်အခြေနေအရ ကောက်စိုက်ရမည့်အချိန်မှာ လယ်သမားများက ပျိုးပင်များ နောက်ထပ်တစ်ကြိမ် ပျိုးကြဲရမည့်အချိန်ဖြစ်နေသဖြင့် ကောက်စိုက်အချိန် နောက်ကျသွားသလို လယ်သမားများကလည်း လယ်ယာကို နှစ်ကြိမ်နှစ်ခါလုပ်ရမည့် အခြေနေပင်ဖြစ်သည်။

ယမန်နှစ်ကထက် စပါးဈေးမကောင်းသည်က တစ်ကြောင်း၊ လက်ရှိရာဘာဈေးကျနေတာက တစ်ကြောင်း၊ ယခုတစ်ခါ မိုးကြောင့် ပျိုးပင်များလည်း ပျက်စီးသွားခြင်းကြောင့် အခက်အခဲဖြစ်နေသည့် လယ်သမားအများစုက ကောက်စိုက်သူများ အတွက် ကောက်စိုက်ခကိုလည်း ပို၍မပေးနိုင်ပေ။

“မနှစ်က ကောက်စိုက်ဈေးဟာ တစ်ယောက်ကို ထမင်းတစ်နပ်ကျွေးရင် (၂၀၀၀) ကျပ် ဈေးနဲ့ငှားတယ်၊ ကောက် နုတ်တဲ့သူကတော့ (၃၀၀၀) ကျပ်ပေးတယ်၊ ထမင်းမကျွေးဘူးဆိုရင် (၂၅၀၀) ကျပ်ပဲပေးရမယ်၊ ဒီနှစ်လည်း ဒီဈေးပဲ ပေးနိုင်မယ်” ဟု မုဒုံမြို့မှ လယ်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်နှစ် မိုးဦးကာလမှာ စပါးဈေး တင်းတစ်ရာလျှင် (၅၈၀၀၀၀) ကျပ်ရှိပြီး၊ ဒီနှစ် မိုးဦးကာလမှာ တင်းတစ်ရာလျှင် (၄၈၀၀၀၀) ကျပ်သာရှိသည့်အတွက် စပါးရောင်းပြီးမှ လယ်စတင်ပျိုးထောင်နိုင်မည့်သူများအတွက် အခက်အခဲများ ကြုံတွေ့နေရသည်။

“ကျမတို့လယ်အတွက်တော့ ကောက်စိုက်သူရော ကောက်နုတ်သူပါ ဝေါကနေ သွားဌားတယ်၊ ဈေးလဲသက်သာတယ်၊ နှစ်တိုင်းပဲ သွားဌားတယ်၊ ပျိုးပင်ကြဲထားပြီးဆိုရင် စိုက်ရမယ့်ရက်ကို ခန့်မှန်းလို့ရပြီးဆိုတော့ သူတို့ကို သွားပြောထားတယ်၊ ဘယ်နေ့လောက်လာရမလဲဆိုတာကို” ဟု ၄င်းအမျိုးသမီးက ဆက်ပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လယ်သမားများအခက်အခဲကြုံတွေ့နေရ
Mon 15 Jun 2009, ရိုင်မရော့
လယ်သမားများ စပါးမျိုးစေ့ ကြဲပြီးနောက်ပိုင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ကြဲထားသည့် ပျိုးပင်များ ပျက်စီးကုန်ပြီး
အခက်အခဲကြုံတွေ့နေကြရသည်ဟုမုဒုံမြို့နယ်အတွင်းရှိလယ်သများကပြောသည်။

မွန်ပြည်နယ်အတွင်း လွန်ခဲ့သည့်ရက်သတ္တပတ်က မိုးကြီးစွာ ရွာသွန်းမှုကြောင့် ပျိုးပင်ကြဲထားသည့် လယ်ယာမြေအများစုက ရေမြုပ်ပြီး ပျိုးပင်များလည်း သေကြေပျက်စီးကြကုန်သည်။

“မိုးအဆက်မပြတ် (၄၊ ၅) ရက် လောက်ရွာလိုက်တော့ ကြဲထားတဲ့ပျိုးပင်တွေ ရေနဲ့ပါသွားကုန်ရော၊ အသစ်ပြန်ကြဲရမယ်၊ ရေလျော့သွားမှ ပြန်ကြဲလို့ရမယ်” ဟု လယ်သမားတစ်ဦးက ပြောသည်။

မိုးအနည်းငယ်ဆက်လာသည်နှင့် လယ်သမားများက မျိုးစေ့ ကြဲပြီးချိန်တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေသောကြောင့် ကြဲထားသော မျိုးစပါးများ
ရေနှင့်အတူ မျောပါသွားကြကုန်သည်ဟု လယ်သမားအများစုက ဆိုသည်။

“ကျနော်တို့က မိုးနည်းနည်းဆက်လာတာနဲ့ ပျိုးပင်ကြဲထားတယ်၊ ပျိုးပင်တွေက အပင်ပေါက်စပဲရှိသေးတယ်၊ မိုးက သဲကြီးမယ်ကြီးရွာချလာတယ်၊ ဘာမှလုပ်လို့မရဘူး၊ တစ်ရက်နှစ်ရက်လဲမဟုတ်ဘူး၊ (၄၊ ၅) ရက်လောက်ရွာချတယ်၊ ပျိုးပင်တွေ ရေမြုပ်ကုန်တော့ သေကုန်ပြီ” ဟု မုဒုံမြို့ မှ လယ်သမားတစ်ဦးက ပြောသည်။

တချို့လယ်သမားများသည် မိုးကြောင့် နောက်ထပ်တစ်ဖန် ပျိုးပင်ပြန်လည်စိုက်ပျိုးရသည့်အတွက် ငွေကြေး နောက်ထပ် ရင်းနှီးရကာ ငွေကြေးမရှိသူလယ်သမားများက အခြားငွေရှိသူများထံ ချေးယူရပြီး လုပ်ငန်းအသစ် စတင်ကြရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဝင်ဖနုံရေလှောင်တမံနှင့် နီးစပ်သည့် ကျေးရွာတဝိုက်ရှိ ကလော့သော့၊ ဒိုးမာ၊ တောင်ပ၊ ကွမ်ခပူကျေးရွာများသည် အခြားသော ကျေးရွာ၊ ဒေသများထက် ဆည်ရေကြောင့် ရေပိုကြီးသည်ဟု ဒေသခံတို့က ပြောသည်။

“ကျနော်တို့ဘက်က အခြားဒေသထက် ရေပိုကြီးတယ်၊ မိုးနည်းနည်းရွာတာနဲ့ ရေက ကြီးပြီး မိုးရေရော၊ ဆည်ရေရော အိုင်နေတာပဲ ရေသွား ရေလာလဲမရှိဘူး၊ လယ်ထဲကို ကြည့်လိုက်ရင် အားလုံက ဖြူနေတာပဲ” ဟု ၄င်းလယ်သမားကပြောသည်။

ယခုလောလောဆယ်အခြေနေအရ ကောက်စိုက်ရမည့်အချိန်မှာ လယ်သမားများက ပျိုးပင်များ နောက်ထပ်တစ်ကြိမ် ပျိုးကြဲရမည့်အချိန်ဖြစ်နေသဖြင့် ကောက်စိုက်အချိန် နောက်ကျသွားသလို လယ်သမားများကလည်း လယ်ယာကို နှစ်ကြိမ်နှစ်ခါလုပ်ရမည့် အခြေနေပင်ဖြစ်သည်။

ယမန်နှစ်ကထက် စပါးဈေးမကောင်းသည်က တစ်ကြောင်း၊ လက်ရှိရာဘာဈေးကျနေတာက တစ်ကြောင်း၊ ယခုတစ်ခါ မိုးကြောင့် ပျိုးပင်များလည်း ပျက်စီးသွားခြင်းကြောင့် အခက်အခဲဖြစ်နေသည့် လယ်သမားအများစုက ကောက်စိုက်သူများ အတွက် ကောက်စိုက်ခကိုလည်း ပို၍မပေးနိုင်ပေ။

“မနှစ်က ကောက်စိုက်ဈေးဟာ တစ်ယောက်ကို ထမင်းတစ်နပ်ကျွေးရင် (၂၀၀၀) ကျပ် ဈေးနဲ့ငှားတယ်၊ ကောက် နုတ်တဲ့သူကတော့ (၃၀၀၀) ကျပ်ပေးတယ်၊ ထမင်းမကျွေးဘူးဆိုရင် (၂၅၀၀) ကျပ်ပဲပေးရမယ်၊ ဒီနှစ်လည်း ဒီဈေးပဲ ပေးနိုင်မယ်” ဟု မုဒုံမြို့မှ လယ်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်နှစ် မိုးဦးကာလမှာ စပါးဈေး တင်းတစ်ရာလျှင် (၅၈၀၀၀၀) ကျပ်ရှိပြီး၊ ဒီနှစ် မိုးဦးကာလမှာ တင်းတစ်ရာလျှင် (၄၈၀၀၀၀) ကျပ်သာရှိသည့်အတွက် စပါးရောင်းပြီးမှ လယ်စတင်ပျိုးထောင်နိုင်မည့်သူများအတွက် အခက်အခဲများ ကြုံတွေ့နေရသည်။

“ကျမတို့လယ်အတွက်တော့ ကောက်စိုက်သူရော ကောက်နုတ်သူပါ ဝေါကနေ သွားဌားတယ်၊ ဈေးလဲသက်သာတယ်၊ နှစ်တိုင်းပဲ သွားဌားတယ်၊ ပျိုးပင်ကြဲထားပြီးဆိုရင် စိုက်ရမယ့်ရက်ကို ခန့်မှန်းလို့ရပြီးဆိုတော့ သူတို့ကို သွားပြောထားတယ်၊ ဘယ်နေ့လောက်လာရမလဲဆိုတာကို” ဟု ၄င်းအမျိုးသမီးက ဆက်ပြောသည်။

လက်ညှိုးထောင်ခေါင်းညိတ်များထက် ခေါင်းခါအပစ်ရပ်အဖွဲ့ပိုများနိုင်
တနင်္လာနေ့၊ 15 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
စစ်အစိုးရကြေငြာခဲ့ဘူးသော အပစ်ရပ်အဖွဲ့ ၁၇ ဖွဲ့အနက် စစ်အစိုးရဆန္ဒအတိုင်း မလိုက်လျောဘဲခေါင်းခါငြင်းဆန်သည့် အဖွဲ့ ပိုများနိုင်ကြောင်း အပစ်ရပ်စောင့်ကြည့်လေ့လာသည့် အသိုင်းအ၀ိုင်းကဆိုသည်။

၁၉၈၉ မှစ၍ စစ်အစိုးရအား လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြသည့် တပ်ဖွဲ့များတဖွဲ့ပြီးတဖွဲ့ ငြိမ်းချမ်းရေးရယူ ရပ်တည် ခဲ့ကြသည့် အပစ်ရပ်အဖွဲ့ ၁၇ ဖွဲ့အထဲ၌ သျှမ်းပြည်တွင်း အပစ်ရပ် အဖွဲ့ ၉ ဖွဲ့ရှိရာ အပစ်ရပ်အဖွဲ့များအား ၂၀၁၀ ရွေးကောက် ပွဲမတိုင်မီ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် စစ်အစိုးရကြိးစားနေမှုကို ကိုးကန့်၊ ၀ ၊ မိုင်းလား အပစ်ရပ်အဖွဲ့တို့မှ စစ်အစိုးရဆန္ဒအတိုင်းလက်မခံ သဘောမတူနိုင်ကြောင်းပြောပြီး သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ကလည်း လိမ္မာပါးနပ်စွာ ငြင်းပါယ်ထားကြောင်း ဒေသတွင်းသတင်းများကပြောဆိုသည်။

သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ်ဦးခွန်စိုင်းက- “သျှမ်းပြည်မှာ အပစ်ရပ်အဖွဲ့ ၉ ဖွဲ့ ရှိတယ်ဆိုပေမဲ့ PSLA ပလောင် အဖွဲ့ ကို ၂၀၀၅ မှာ အတင်းအကျပ်လက်နက်ချခိုင်းတယ်။ အဲဒီနှစ်မှာဘဲ SSNA တချို့တပ်ရင်းတွေ ပလောင်တပ်ဖွဲ့လို လက်နက်ချရပေမဲ့ ကျန်တပ်ရင်း တပ်မဟာတွေကိုတော့ ဗိုလ်မှူးကြီးစိုင်းရီက ဦးဆောင်ပြီးတောပြန်ခိုခဲ့တယ်။ အဲဒီ အထဲမှာ သျှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ SNPLO လည်း SSNA အတိုင်းဘဲ ၂၀၀၇ နှစ်လည်ပိုင်းမှာ တပ်စိတ်/ဖွဲ့တချို့ လက်နက် ဖြုတ်ခံရသလို တချို့လဲတောပြန်ခိုတယ်” - ဟုဆို၏။

သျှမ်းပြည်အမျိုးသားတပ်မတော်၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်မတော်၊ သျှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် ရေးအဖွဲ့တို့သည် စစ်အစိုးရလိုလားချက်အတိုင်း အားမတန်မာန်လျှော့ လက်နက်ချ လိုက်လျောခဲ့ကြသကဲ့သို့ လက်ရှိ စစ်အစိုးရဆန္ဒအတိုင်း လက်ညှိုးထောင် ခေါင်းညိတ်မည့်အလားအလာရှိသည့်အဖွဲ့များမှာ ပအိုဝ်းဖြူ PNO နှင့် ကချင် KDA တို့ဖြစ်နိုင်ချေရှိကြောင်း သိရသည်။

ပအိုဝ်းဒေသအခြေအနေစောင့်ကြည့်လေ့လာသည့် ပအိုဝ်းလူငယ် ခွန်ဟောဝ်မြတ်က -“PNO လို့ခေါ်တဲ့ ဦးအောင်ခမ်းထီ အဖွဲ့က - ၁။ နယ်မြေဒေသကို မစွန့်ခွာနိုင်သူ အများစုဖြစ်လို့တောပြန်ခိုဖို့မလွယ်ဘူး။ ၂။ မြို့ထဲမှာစီးပွားရေးလုပ်ငန်းအများ အပြားမြုပ်နှံထားတယ်။ နောက်ဆုံးအချက်က အခြားအပစ်ရပ်တွေထက် စစ်အစိုး နဲ့ သူတို့ပိုရင်းနှီးတယ်။ တခြားအပစ် ရပ်တွေနဲ့ ရေမြေဒေသ အခြေအနေမတူတော့ စစ်အစိုးရဆန္ဒအတိုင်း လိုက်လျောဖို့များတယ်” - ဟုဆို၏။

စစ်အစိုးရသတ်မှတ်သည့် အပစ်ရပ် ၁၇ ဖွဲ့အနက် - သျှမ်းပြည်တွင် ကိုးကန့် (MNDAA)၊ ၀ အဖွဲ့ (UWSA)၊ သျှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N)၊ မိုင်းလား (NDAA) တို့က ခေါင်းခါသည့်အဖွဲ့ထဲပါဝင်နိုင်ပြီး ကျန်သည့်ကချင် ကာကွယ်ရေး တပ်မတော် (KDA ) နှင့် ပအိုးအမျိုးသားအဖွဲ့ (PNO) တို့က ခေါင်းညိတ်ဘို့များနိုင်ကြောင်းသုံးသပ်ကြ သူများရှိ နေသည်။

လက်နက်ကိုင်တပ်ဖွဲ့ ဒုတိယအများဆုံးဖြစ်သည့် ကရင်နီပြည်၌ - ကယန်းအမျိုးသားစောင့်ရှောက်ရေးအဖွဲ့(KNG)၊ ကရင် နီလူမျိုးများလွတ်မြောက်ရေးတပ်ဦး (KNPLF) တို့မှာ ခေါင်းညိတ်နိုင်မည့်အဖွဲ့ဖြစ်ပြီး၊ ကယန်းပြည်သစ်ပါတီ (KNLP) မှာမူ လက်မခံနိုင်ကြောင်းသိရ၏။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၁၉၉၅ တွင် သုံးလတာအပစ်ရပ်ခဲ့ရာမှ နအဖ ၏ သဘောတူညီချက်ချိုးဖေါက်မှုကြောင့် အခုအထိပြန်လည်တိုက်ခိုက်နေသော်လည်း စစ်အစိုးရက အပစ်ရပ်စာရင်းမှ မဖျက်သေးပေ။

ကချင်ပြည်၌ ဒီမိုကရေစီသစ်တပ်မတော် - ကချင် (NDAK) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့က မူအရ စစ်အစိုးရ၏ အသွင်ပြောင်းရေးအစီအစဉ်ကို လက်ခံထားသော်လည်း လက်နက်ချဖို့၊ တပ်ပြန်လည်ဖွဲ့စည်းဖို့ကိုလက်မခံနိုင် ကြောင်း ကချင်သတင်းအယ်ဒီတာ ကိုနော်ဒင်းကပြောပါသည်။

မွန်ပြည်သစ်ပါတီက - “နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး” ဆိုသည့်အချက်သည် အပစ်စရပ်စဉ်က နအဖ တို့ထည့် သွင်း ပြောမထားခဲ့ဖူးသောကြောင့် လက်မခံနိုင်ကြောင်းပြောသော်လည်း တိုးတက်သောကရင်ဗုဒ္ဓဘာသာက ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အား နအဖ နှင့်ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်သည့်အပြင်နယ်ခြားစောင့် တပ်အသွင်ပြောင်းဖို့ နယ်မြေ တိုးချဲ့နေကြောင်း ကရင်သတင်းစဉ်အယ်ဒီတာ နန်းဖေါကေ ကဆိုပါသည်။

သီရိလင်္ကာသမတနှင့်အဖွဲ့ မြန်မာနိုင်ငံရောက်ရှိ
2009-06-15

သီရိလင်္ကာနိုင်ငံသမတ မဟင်ဒါ ရာဂျာပက်ခ်စာနဲ့ သမတကတော် ရှီရန် ရာဂျာပက်ခ်စာတို့ဟာ မြန်မာစစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို မနေ့က ဇွန်လ ၁၄ရက် မနက်မှာ ရောက်ရှိလာပါတယ်။ နှစ်ရက်ကြာ တရားဝင်ခရီးအဖြစ် နေပြည်တော်လေဆိပ်ကို ရောက်ရှိလာတဲ့ သီရိလင်္ကာသမတနဲ့ သမတကတော်ကို မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့က ကြိုဆိုနေတဲ့ သတင်းနဲ့ သတင်းဓာတ်ပုံတွေကို သီရိလင်္ကာနိုင်ငံ Daily Mirror online သတင်းမှာ ဖော်ပြထားပါတယ်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၁၄ရက်က ဆိုက်ရောက်လာသော သီရိလင်္ကာ သမတ မဟင်ဒါ ရာဂျာ ပတ်ခ်စာ (ဝဲမှ ဒုတိယ) နှင့် သမတကတော်တို့ကို မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယာမှ ဒုတိယ)နှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့က ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာ-သီရိလင်္ကာ သံတမန်ဆက်ဆံရေး အနှစ် ၆ဝပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံကို သီရိလင်္ကာသမတ ရောက်ရှိလာတာပါ။ သီရိလင်္ကာနိုင်ငံ အခြေစိုက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့က အရှင်ဥက္ကဋ္ဌက အခုလို ရှုမြင်ပါတယ်။

အရှင်ဥက္ကဋ္ဌ။ ။ 'သူတို့ အကြောင်းပြ ထားတာကတော့ နှစ် ၆ဝ သံတမန် ဆက်ဆံရေးအတွက်လို့ ပြောတာပေါ့လေ၊ ဒါပေမဲ့လည်း ဦးဇင်းထင်ပါတယ်၊ ဒီ ဗမာပြည်မှာ ကျန်တဲ့ ဒီ ဆန်တို့ပဲဖြစ်ဖြစ်၊ ပဲတို့ပဲ ဖြစ်ဖြစ်၊ အဲဒီဖက်ကလည်း သူတို့ ဒီဖက်ကို တင်သွင်းချင်တာလည်း ရှိကောင်း ရှိလိမ့်မယ်ပေါ့လေ။ နောက် ကြားတာပေါ့၊ ဒီ LTTE ကို တိုက်တဲ့နေရာမှာ ဗမာပြည်က အကြံပေးတဲ့သဘောမျိုး နည်းဗျူဟာ သဘောမျိုးတွေ ရခဲ့တယ်လို့လည်း ကြားတယ်ပေါ့လေ။ အဲဒီတော့ ဗမာပြည်က အကြီးပိုင်းထဲက စစ်သားတွေက ဒီကို လာလာပြီးတော့မှ အကြံဉာဏ်ပေးတာတွေဆိုတာလည်း ကြားတော့ ကြားခဲ့တယ်။ အဲဒီဟာအတွက်များ ဟို ကျေးဇူးတင်စကား သွားပြောသလားပေါ့လေ။'

Daily Mirror online သတင်းမှာလည်း တမီးလ်လွတ်မြောက်ရေး ကျားသူပုန် (LTTE) တွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို နှိမ်နင်းရာမှာနဲ့ ဒေသတွင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရက ပူးပေါင်းဆောင်ရွက်တဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မစ္စတာ မဟင်ဒါရာဂျာပက်ခ်စာက ပြောကြားတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်ကြောင့် သီရိလင်္ကာနိုင်ငံ တောင်ပိုင်းက ပြည်တွင်းအိုးအိမ်နေရပ် ရွှေ့ပြောင်းရသူတွေ မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ငါးသောင်း အကူအညီ ပေးတာကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားပါတယ်။

သီရိလင်္ကာသမတနဲ့ အဖွဲ့ဟာ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ စစ်အစိုးရဝန်ကြီးတွေ၊ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့လည်း မြန်မာဝန်ကြီးချုပ်ရုံးမှာ မွန်းလွဲပိုင်းက တွေ့ဆုံပါတယ်။

ဒီလိုတွေ့ဆုံရာမှာ နိုင်ငံတကာရေးရာအတွက် နောင်အနာဂတ်မှာ နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီကြပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ သီရိလင်္ကာတို့ ၂ဝဝ၇ခုမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ထောက်လှမ်းရေး အချက်အလက် ဖလှယ်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာခ္ဆွန်လွှာကို ဆက်လက် ဆောင်ရွက်တဲ့အနေနဲ့ သီရိလင်္ကာနိုင်ငံ Kothalawala စစ်တက္ကသိုလ်မှာ လေ့ကျင့်နေတဲ့ မြန်မာစစ်ဖက် တာဝန်ရှိသူ နှစ်ဦးကို အစားထိုးဖို့လည်း သီရိလင်္ကာသမတက သဘောတူပါတယ်။ သီရိလင်္ကာသမတနဲ့ အတူ နိုင်ငံခြားရေးဝန်ကြီး၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီး၊ အလုပ်သမား ဝန်ကြီး၊ အမျိုးသားလွတ်မြောက်ရေး တပ်ဦးအဖွဲ့ ခေါင်းဆောင်၊ ကာကွယ်ရေး ဦးစီးချုပ်တို့ အပြင် သမတရဲ့ သား သုံးဦးတို့လည်း အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြပါတယ်။

သီရိလင်္ကာသမတရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် RFA မှ ဒေါ်စန်းစန်းတင်က သုံးသပ် တင်ပြထားပါတယ်။

ေဒဝူးကုမၯဏီအေပၞ ကန္ႛကၾက္မႁအား ကိုရီးယားအစုိးရ ပယ္ခဵ
2009-06-15

ဒေဝူးကုမ္ပဏီအပေါ် ကန့်ကွက်မှုအား ကိုရီးယားအစိုးရ ပယ်ချ
2009-06-15

မြန်မာနိုင်ငံရခိုင် ရွှေသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမှာ လုပ်ကိုင်နေတဲ့ ဒေဝူးကုမ္ပဏီဟာ ကုမ္ပဏီတွေ လိုက်နာရမဲ့ စည်းမျဉ်းနဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့အတွက် OECD လို့ခေါ်တဲ့ နိုင်ငံတကာ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းအနေနဲ့ စစ်ဆေးပေးဖို့ ရွှေဂက်လှုပ်ရှားမှုအဖွဲ့နဲ့ ကမႝာမြေအခွင့်အရေးအဖွဲ့တွေကနေ တောင်းဆိုလိုက်ပါတယ်။

(Photo: AFP)

မြန်မာနိုင်ငံတွင် ဒေဝူးကုမ္ပဏီက သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေခြင်းကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ တောင်ကိုရီးယား သံရုံးရှေ့တွင် ၂ဝဝ၆ခုနှစ် ဧပြီလ ၁၈ရက်နေ့က ကန့်ကွက် ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

ဒေဝူးကုမ္ပဏီနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရကို ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ကန့်ကွက်ခဲ့ပေမဲ့၊ တောင်ကိုရီးယားအစိုးရက ပယ်ချခဲ့ပါတယ်။

ဒါကြောင့် တောင်ကိုရီးယားအစိုးရနဲ့ ဒေဝူးကုမ္ပဏီအနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီလိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက်တယ်လို့ ဒီအဖွဲ့အစည်းနှစ်ခုကနေ ဒီကနေ့ ဇွန်လ ၁၅ရက်မှာ ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေသဘာဝ ဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့က တာဝန်ခံတဦးဖြစ်တဲ့ ကိုဝင်းအောင်က အခုလို ပြောပြပါတယ်။

ကိုဝင်းအောင်။ ။ 'က္ဆွန်တော်တို့ ဒီ ဒေဝူးကုမ္ပဏီ သဘာဝ ဓာတ်ငွေ့ တူးနေတာနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရယ်၊ ဖြစ်ပေါ်လာနိုင်တဲ့ ပိုက်လိုင်း တည်ဆောက်တဲ့နေရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ဟာတွေပေါ့နော်၊ အဲဒါတွေ အကုန်လုံး က္ဆွန်တော်တို့က စုပြီးတော့ ဒီ ကိုရီးယား အစိုးရကို complaint တခု တက်တာပေါ့နော်။ က္ဆွန်တော်တို့ အဓိက တက်တာကတော့ ဒီ OECD နိုင်ငံတွေရဲ့ သူတို့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ လိုက်နာရမဲ့ စည်းကမ်းချက်တွေပေါ့၊ အထူးသဖြင့်ကတော့။ အဲဒါကို မလိုက်နာဘူးဆိုတဲ့အနေနဲ့ သူတို့ကို တောင်းဆိုတော့ သူတို့က လောလောဆယ်ဆယ်ပေါ့နော်၊ ပယ်ချလိုက်တဲ့အပေါ်မှာ အဲလိုမျိုး OECD ပေါင်းစည်းထားတဲ့ အစိုးရတွေ အနေနဲ့ အဲလိုမျိုး မရှိသင့်ဘူးပေါ့နော်၊ အဲဒါကို ပိုပြီးတော့ အလေးအနက်ထားပြီးတော့ အရေးယူသင့်တဲ့အနေအထားကို က္ဆွန်တော်က ဒီ statement ထုတ်ရတာဖြစ်တယ်။'

ရခိုင်ပြည်နယ် ရွှေ သဘာဝဓာတ်ငွေ့ လုပ်ကွက်မှာ ရေနံတူးဖော်နေတဲ့ ဒေဝူးကုမ္ပဏီဟာ လောလောဆယ် စစ်အစိုးရက ကျူးလွန်နေတဲ့ အဓမ္မရွှေ့ပြောင်းမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်မကင်းတာ၊ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တာတွေကို ရှင်းရှင်းလင်းလင်း မထုတ်ပြန်တာ စတဲ့အချက်တွေကြောင့် ကန့်ကွက်ခဲ့တာလို့ ကိုဝင်းအောင်ကပဲ ဆက်လက်ပြောဆိုခဲ့ပါတယ်။

ကိုဝင်းအောင်။ ။ 'အထူးသဖြင့်ကတော့ ချိုးဖောက်တာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပါအဝင် ဒီ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေရယ်၊ နောက်တခုက အဲဒီလို သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေကို က္ဆွန်တော်တို့ environmental impact assessment လို့ ခေါ်တာပေါ့၊ အဲဒါကို အသေအချာ ထုတ်ပြန်မှု မရှိတာတွေရယ်၊ နောက် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဒေသခံအပါအဝင် တခြား မြန်မာနိုင်ငံ လူထု ဒေသတခုလုံးမှာရှိတဲ့ လူထုတွေနဲ့ ဆွေးနွေး တိုင်ပင်မှု မရှိတာရယ်၊ ပါဝင်ပတ်သက်မှု မရှိတာတွေ၊ အဲဒီအချက်တွေဟာဖြင့် က္ဆွန်တော့ရဲ့ ဒီ OECD guideline မှာ ပါရှိတဲ့ အချက်တွေကို ဒီရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီတွေရော၊ အစိုးရတွေရော၊ တိတိကျကျ လိုက်နာမှု မရှိဘူးဆိုတာ က္ဆွန်တော်တို့ ပိုပြီး သိသာထင်ရှားတာပေါ့နော။'

ရွေသဘာဝဓာတ်ငွေ့ကနေ ရတဲ့ ဓာတ်ငွေ့တွေကို ပိုက်လိုင်းနဲ့သွယ်ပြီး တရုတ်ပြည်ကို ရောင်းဖို့ ဒေဝူးကုမ္ပဏီဟာ စစ်အစိုးရနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သဘောတူခဲ့ပါတယ်။ ဒေဝူးကုမ္ပဏီ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတာဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ချိုးဖောက်တယ်ဆိုတာ မဟုတ်မမှန်ဘူးလို့ ကိုရီးယားအစိုးရက ပယ်ချခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ (Shwe Gas) မှ တာဝန်ရှိသူ တဦး ဖြစ်တဲ့ ကိုဝင်းအောင်ကို RFA မှ ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြောက်ကိုရီးယားနှင့်မြန်မာ လျှို့ဝှက်ဆက်ဆံရေး ဖော်ထုတ်ရေးသား
2009-06-15

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က အမေရိကန် ပြည်ထောင်စုမှာ ထုတ်တဲ့ Yale Global မဂ္ဂဇင်းမှာ မြောက်ကိုရီးယားက မြန်မာ စစ်အစိုးရအတွက် မြေအောက်လိုဏ်တွေ တူးပေးခဲ့တယ်ဆိုတဲ့ အချက်ကို ဓာတ်ပုံ အထောက်အထားတွေနဲ့ ဆောင်းပါးရှင် Mr. Bertil Lintner က ရေးသားထားပါတယ်။

(Photo: AFP)

မြန်မာနိုင်ငံသို့ ၂ဝဝ၇ခုနှစ်က လာရောက်စဉ် မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ကင်မ်ယုံအီလ် (အလယ်) ဧပြီ ၂၅ရက်နေ့က ရွှေတိဂုံစေတီသို့ သွားရောက် ကြည့်ရှုစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ ရွှေတိဂုံစေတီ ခြေရင်းရှိ အာဇာနည်ကုန်းတွင် ၁၉၈၃ခုနှစ်က ဗုံးခွဲလုပ်ကြံမှု ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံ သံအဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ (Photo: AFP)

ဒီဆောင်းပါးမှာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားအစိုးရတို့ရဲ့ လျှို့ဝှက်ဆက်ဆံရေးနဲ့ စစ်လက်နက်ပစ္စည်း အရောင်းအဝယ် ကိစ္စတွေကို အသေးစိတ် ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား နယူးကလီးယားပြဿနာ နိုင်ငံတကာက အရေးထားလာတဲ့ အချိန်နဲ့ ကိုက်ပြီး မြန်မာနဲ့ မြောက်ကိုရီးယား လျှို့ဝှက်ဆက်ဆံရေး အသေးစိတ် လေ့လာထားတဲ့ ဆောင်းပါးတပုဒ်ကို မြန်မာ့အရေး က္ဆွမ်းကျင်သူတဦးဖြစ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းစာဆရာ Bertil Lintner က Tunnels, Guns and Kimchi ခေါင်းစဉ်နဲ့ မကြာခင်က ရေးသားခဲ့ပါတယ်။

ဒီဆောင်းပါးမှာ ၂ဝဝ၃ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ်အတွင်း ရိုက်ခဲ့တဲ့ မြောက်ကိုရီးယား ပညာရှင်တွေ မြေအောက်လိုဏ်တွေ ပျဉ်းမနား နေပြည်တော်မှာ ဆောက်လုပ်နေတဲ့ ဓာတ်ပုံတွေ အပါအဝင် မြောက်ကိုရီးယားနဲ့ မြန်မာလက်နက် အရောင်းအဝယ် ကိစ္စရပ်တွေကို အသေးစိတ် စုံစမ်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ရှမ်းပြည်နယ်နဲ့မန္တလေးမှာ ဓာတ်ပုံနဲ့ စာရွက်စာတမ်းဝေငှ
2009-06-14

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက နိုင်ငံတဝှမ်းမှာ ကျယ်ကျယ်ပြန်ပြန့် လုပ်ဆောင်လာတာနဲ့အမျှ တခြား အဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်ထောင်စု လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ်က တောင်ကြီး၊ လားရှိုး၊ နောင်ချို ၊ဟဲဟိုး၊ ရွှေညောင်၊ ကလော၊ ကွတ်ခိုင်နဲ့ အောင်ပန်းမြို့တွေမှာ ဓာတ်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဖြစ်စဉ်ဟာ မတရားမှုဖြစ်တယ်ဆိုတဲ့ စာရွက်တွေ ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

New World Encyclopedia

ဖခင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်။ (Photo: New World Encyclopedia)

ပြည်ထောင်စု လူ့အခွင့်အရေးကောင်စီရဲ့ ဒု-ဥက္ကဋ္ဌ ကိုစိုင်းမျိုးဝင်းက သူတို့လုပ်ရတဲ့ရည်ရွယ်ချက်နဲ့ ဖြန့်ဝေခဲ့ပုံတွေကို အာအက်ဖ်အေကို ပြောပြပါတယ်။

ကိုစိုင်းမျိုးဝင်း။ ။'မိတ္တီလာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စပြီး လုပ်လိုက်တာကို ထောက်ခံတဲ့သဘောရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စက ကျနော်တို့ အနေနဲ့ရော ပြည်တွင်းပြည်ပက အဖွဲ့တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တယ်လို့ ယူဆတဲ့အတွက် ကျနော်တို့က လုပ်လိုက်တာပေါ့နော်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပန်းချီကားကို ဒေါ်အောင်ဆန်းစုကြည်က နောက်ခံထား ရိုက်ထားတဲ့ပုံ တော်တော်များများကို ကျနော်တို့ဝေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ လုံးဝ အပြစ်မရှိပါဘူး ဆိုတာကို ကျနော်တို့ ပြောပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဖြစ်စဉ် အကျဉ်းချုပ်လေးတွေကို ကျနော်တို့ ပေးတယ်။ တောင်ကြီးမှာဆို ဈေးတို့ တောင်ကြီးကားဂိတ်တို့ကို ကျနော်တို့ သွားဝေတယ်၊ နည်းနည်းရှင်းပြတယ်'

သူတို့အဖွဲ့က ဓာတ်ပုံတွေ လိုက်ဝေပြီး ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေ ရှင်းပြတဲ့အခါမှာ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေက လိုက်လံမှတ်တမ်းတင်တာတွေ၊ တချို့ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စကို ဂဃနဏ မသိတာတွေ တွေ့ရတယ်လို့ ပြောပါတယ်။

ကိုစိုင်းမျိုးဝင်း။ ။'ဓာတ်ပုံကဲမ်းပိန်းဆိုတော့ သူတို့အနေနဲ့ ဆူပူမှုလည်း မဟုတ်တဲ့အတွက် စောင့်ကြည့်တယ်၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကြတယ်၊ အဲဒီလိုတော့ လုပ်တယ်။ အဓိကက ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို စစ်အစိုးရက သတင်းအမှောင်ချထားတာ ကျနော်တို့ ရှမ်းပြည်က လူတော်တော်များများက သိပ်မသိကြဘူးဗျ။ အမေရိကန်နိုင်ငံသား ဝင်တဲ့ကိစ္စရော ဒေါ်အောင်ဆန်းစုကြည် ကိစ္စကိုရော သတင်းစာမှာ ဖော်ပြတယ်ဆိုတာလည်း သူတို့ ဖော်ပြချင်တာပဲ ဖော်ပြတာ။ အဖြစ်မှန်ကို မဖောာ်ပြဘူး ဖြစ်နေတော့ ကျနော်တို့က ပါးစပ်နဲ့ ပြောပြတယ်ပေါ့နော်။ ဒါပေမယ့် အဓိကက ကျနော်တို့က တနလာင်္နေ့မှာ အရှိန်ကိုမြှင့်ပြီးတော့ စာရွက်တွေဖြန့်မယ်။ လူမြင်ကွင်းတွေမှာ ကပ်မယ်။ နောက် ဒီစာရွက်တွေကို ဖြန့်ကြမယ်'

မန္တလေးတက္ကသိုလ်ရှေ့နဲ့ ရတနာပုံတက္ကသိုလ်အတွင်းက စာသင်ခုံတွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးထားတဲ့ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ အမည်ပေးထားတဲ့ စာအုပ်ငယ်တွေကို အထက်မြန်မာပြည် ကျောင်းသားများသမဂ္ဂက ဖြန့်ဝေခဲ့တယ်လို့ သမဂ္ဂခေါင်းဆောင်တဦးက အာအက်ဖ်အေကို ပြောပြပါတယ်။ ဓာတ်ပုံဝေတာကို အာဏာပိုင်တွေက မတားဆီးပေမယ့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးတဲ့ စာအုပ်တွေကိုတော့ လိုက်လံသိမ်းဆည်းတယ်လို့ သိရပါတယ်။

အထက်မြန်မာပြည် ကျောင်းသားများသမဂ္ဂ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နောက်ကနေ ထောက်ခံသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီးထားတာကို ပြည်သူတရပ်လုံးက သိရှိပြီး ပူးပေါင်းပါဝင်လာသည်အထိ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။