Tuesday, June 16, 2009

Daw Aung San Suu Kyi’s birthday is less than a week away. June 19th is Aung San Suu Kyi’s 64th birthday. It is also Women of Burma day.

Join in the celebrations by sending your birthday wish at www.64forsuu.org along with thousands of supporters including world leaders, politicians and celebrities.

Your message will tell Aung San Suu Kyi the world has not forgotten her, despite being under house arrest for more than 13 years. It will also tell the people of Burma you support their struggle for democracy.

Canada Minister of Foreign Affairs just entered his birthday wish for Honorary Canadian Citizen Aung San Suu Kyi. Please see below message from the minister.

Aung San Suu Kyi, Your continued, unjust and unwarranted detention illustrates the complete disregard that the Burmese military junta has for human rights and democratic freedoms. On your 64th birthday, Canada commends you on your ongoing struggle to promote freedom, democracy, human rights and the rule of law, and commits to continue advocating for your release and that of all political prisoners in Burma.
On June 19, there will be a gathering at Dundas Square (Yonge and Dundas) in Toronto at 6:30 pm to express Birthday wish for ASSK and demand support for her freedom.

၈၈ ဂျွန် ကျောင်းသားတိုက်ပွဲများမှသည်

(သမိုင်းတခုထဲက ဖြစ်စဉ်တခု၏ ဆွဲအင်အားနှင့် ရောင်ပြန်ဟပ်ခြင်းမှတဆင့် ကျစ်လစ်သိပ်သည်းသော ခံစားချက်များ နှင့်အတူ တောက်ပသော ဘုံအနာဂတ်နှင့် ကြီးမြတ်သော မျှော်လင့်ချက်တွေအတွက်…)

ဖုန်းမော်အရေးအခင်းနဲ့စပ်လျဉ်းပြီး ပေါ်ပေါက်လာတဲ့ မတ်လ ကျောင်းသားလှုပ်ရှားမှုကို မဆလ စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲပစ်လိုက်တယ်။ လူမဆန်စွာ နှိပ်ကွပ်မှုကြောင့် RIT ကျောင်းဝင်းအတွင်းမှာ ဖုန်းမော်၊ စိုးနိုင်တို့နဲ့အတူ ကျဆုံးသွားခဲ့ကြသူတွေ၊ မတ်လ ၁၆ ရက်နေ့ အင်းလျားကန်ပေါင်ပေါ်မှာ ကျဆုံးသွားခဲ့ရသူတွေ၊ အချုပ်ကားထဲမှာ အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့ရသူတွေ၊ အင်းစိန်ထောင်ထဲမှာ ညှဉ်းပမ်းနှိပ်စက်မှုကြောင့် ကျဆုံးသွားခဲ့ရသူတွေ၊ မုဒိန်းကျင့်ခံလိုက်ရတဲ့ ကျောင်းသူတွေဟာ စာရင်းမရှိ၊ မရေတွက်နိုင်အောင်ပဲ မတ်လကျောင်းသားတိုက်ပွဲဟာ ယ္ခင့်ယ္ခင် နေဝင်းစစ်အစိုးရဆန့်ကျင်ရေး ကျောင်းသားတိုက်ပွဲတွေလိုပဲ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်။ နောက်ပြီး ထောင်ထဲမှာ ဘယ်နှစ်ယောက် အဖမ်းခံနေရလဲ၊ ကျောင်းသားဘယ်နှစ်ယောက် ကျောင်းထုတ်ခံလိုက် ရသလဲ ဆိုတာလည်း မဆလအစိုးရကလွဲပြီး ဘယ်သူမှ အတိအကျမခန့်မှန်းနိုင်ခဲ့ဘူး။ သေဆုံးသွားကြတဲ့ ကျောင်း သားတွေရဲ့ မိဘတချို့ထံလောက်ပဲ “သင်၏သားသမီး ကောင်းစွာသဂြိုလ်ပြီးပါကြောင်း” စာတိုကလေးနဲ့ အကြောင်း ကြားခဲ့တယ်။ အမှန်ကတော့ စစ်အစိုးရက အသိပေး အကြောင်းကြားချင်လို့တော့ မဟုတ်ပါဘူး။ အကြောင်း မကြားခဲ့ဘူးဆိုရင် မိဘတွေအနေနဲ့ မေးမြန်းစုံစမ်းမှုတွေ လုပ်လာရင် အစိုးရအနေနဲ့ အလုပ်ရှုတ်မခံချင်တာကြောင့် တခါတည်း ဇာတ်လမ်းပြတ်သွားအောင် လုပ်လိုက်တာပဲဖြစ်တယ်။

ကျောင်းသားအရေးအခင်းကို ခပ်ကြမ်းကြမ်း ကိုယ်တွယ်လိုက်တယ်ဆိုရင် ကျောင်းသားလှုပ်ရှားမှုတွေ ချုပ်ငြိမ်းသွား လိမ့်မယ်၊ ခေါင်းမထောင်ရဲတော့ဘူး၊ ထိတ်လန့်ကြောက်ရွံ့သွားလိမ့်မယ်လို့ စစ်အစိုးရက အထင်ရှိပုံရတယ်။ မတ်လ ကျောင်းသားအရေးကို နှိပ်ကွပ်ပြီး နွေရာသီ ကျောင်းပိတ်ရက်အရောက် တက္ကသိုလ်နဲ့ကောလိပ်တွေအားလုံးကို ပိတ်ပစ်၊ နောက် ဂျွန်မှာ ကျောင်းတွေ ပြန်ဖွင့်ခဲ့တယ်။ ကျောင်းသားတွေရဲ့ ဖောက်ပြန်သော အုပ်ချုပ်သူအစိုးရအား ဆန့်ကျင်တော်လှန်တတ်သော မာန်ကြီးခေါင်းမာတတ်တဲ့ ဗီဇအခံ ခေတ်အဆက်ဆက် ကျောင်းသားသမိုင်း အစဉ် အလာကို ထိန်းသိမ်းတတ်ခြင်းနဲ့ လူထုဘက်မှ အစဉ်ရပ်တည်တိုက်ပွဲဝင်တဲ့သမိုင်းကို မေ့နေပြီး တိုင်းပြည်ကို ပိုင်နိုင်စွာ အုပ်ချုပ်နိုင်တယ်လို့ စစ်အစိုးရက အလွန်အကျွံ တွက်ထားပုံရတယ်။

ဂျွန် ၁၂ ရက်မှာ တက္ကသိုလ်နဲ့ကောလိပ်တွေကို ပြန်ဖွင့်လိုက်တယ်ဆိုရင်ပဲ ကျောင်းသားအားလုံးဟာ သွေးအေး နောက်ဆုတ်မသွားကြဘဲ အဖြေက ချက်ချင်းပေါ်လာခဲ့ပါတော့တယ်။ နယ်ချဲ့ဆန့်ကျင်ရေးမှသည် ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးတို့၏အခြေတည်ရာ၊ တက္ကသိုလ်အားလုံးတို့၏မိခင် ရန်ကုန်တက္ကသိုလ်သို့ နယ်စုံ ဒေသစုံမှ ကျောင်းသားအစုံ ရောက်လာခဲ့ကြတယ်။ မတ်လ ကျောင်းသားအရေးအခင်းကို စတင်ပြီးဖြစ်ပေါ်စေခဲ့တဲ့ စက်မှု တက္ကသိုလ်ကတော့ စုစုပေါင်း ရှိလှမှ ကျောင်းသားဦးရေဟာ ၄၀၀၀ ကျော်လောက်သာရှိနေတော့ သေဆုံးသွားတဲ့၊ ထောင်ထဲရောက်နေတဲ့၊ ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေကို နုတ်လိုက်ရင် လူအင်အားဟာ ပိုနည်းသွားပြီး ခြောက်ကပ်ကပ်ကြီးဖြစ်သွားခဲ့တယ်။ မတ်လ ၁၃ ရက်နေ့ညမှာ ဖုန်းမော်အတွက် ဂုဏ်ပြုအမှတ်တရ ဆောက်လုပ် ထားခဲ့ကြတဲ့ သြဘာလမ်းထိပ်က ခြောက်မြှောင့်ကြယ်ဟာလည်း စစ်တပ်က ဖြိုဖျက်လိုက်လို့ မရှိတော့ဘူး။

ကျောင်းသားအားလုံးရဲ့ရင်ထဲမှာ မိမိနဲ့သက်ဆိုင်ရာ ကျောင်းဝင်းထဲကို ဝင်လိုက်မိတာနဲ့ ကိုယ်ကမှန်ရက်သားနဲ့ ဖြေရှင်းခွင့်မရ၊ အနိုင်ကျင့်ခံလိုက်ရတဲ့သူတွေလို မခံမရပ်နိုင်တဲ့ ဒေါသစိတ်၊ ခံပြင်းဝမ်းနည်းစိတ်တွေဟာ ထုထည် ကြီးမားလာခဲ့ကြတယ်။ မတ်လက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ အသစ်ဖြစ်လာကြတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ဂျွန်လ မိုးကျဖြစ်ပေမယ့် သွေ့ခြောက်ပြီး တခုခုလစ်ဟာနေသလို ဖြစ်နေတယ်။ ကျောင်းသားအားလုံးရဲ့ မျက်နှာတွေ မှာလည်း ဖြစ်ရိုးဖြစ်စဉ် နွေကျောင်းပိတ်ပြီး ပြန်ဖွင့်တာနဲ့မတူဘဲ ရွှင်လန်းတက်ကြွမှုတွေ လျော့ပါးနေကြတယ်။ တချို့ကလည်း မကြာမီကမှ ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်ဆိုးကြီးတခုကို စိုးရွံ့ခါးသီးနေပုံရတယ်။ မတ်လ အရေး အခင်းမှာ ဘယ်နှစ်ယောက် သေခဲ့လဲ၊ ထောင်ထဲမှာ ဘယ်နှစ်ယောက် ညှဉ်းပမ်းနှိပ်စက်ခံနေရလဲ၊ ဘယ်သူတွေ ကျောင်းထုတ်ခံရလဲ အားလုံးဟာ ဘယ်သူမှ အတိအကျမပြောနိုင်ဘဲ ဒီမေးခွန်း ၃ ခုဟာ လုံးထွေးရောယှက်နေခဲ့ ကြတယ်။

ကျောင်းသားများရင်ထဲမှာ မတ်လရဲ့ မမေ့နိုင်သော ဖြစ်ရပ်ဆိုးပုံရိပ်များဖြင့် မွန်းကြပ်နေကြတာကြောင့် လမ်းသွားရင်း မှာ၊ လ္ဘက်ရည်ဆိုင်တွေမှာ၊ စာသင်ခန်းတွေထဲမှာ၊ အဆောင်တွေရဲ့ အခန်းတွေထဲမှာ၊ ထမင်းစားဆောင်တွေထဲမှာ မတ်လ တိုက်ပွဲရဲ့ အတွေ့အကြုံတွေကို တီးတိုးတမျိုး၊ ကျယ်ကျယ်လောင်လောင်တမျိုး ပြောဆိုနေကြတယ်။ ဟိုနေရာ စုရုံးစုရုံး၊ ဒီနေရာ စုရုံးစုရုံး ဖြစ်လာတယ်။ အဆောင်တွေမှာလည်း ညမှာ မီးတွေပိတ်ပြီး အော်ဟစ်ကြတယ်။ ဓါတ်တိုင်တွေ၊ ကျောင်းနံရံတွေ၊ စာသင်ခန်းတွေနဲ့ အိမ်သာတွေထဲမှာ မတ်လက လုံထိန်းရဲ့ အကြမ်းဖက်တဲ့ ပုံသဏ္ဍာန်တွေ၊ ကျောင်းသားအရေး တောင်းဆိုချက်တွေ၊ မဆလ စစ်အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုတွေရေးထားတဲ့ စာစောင်တွေ၊ စာရွက်တွေဟာ နေရာတိုင်းမှာ ကျောင်းဖွင့်ပြီး တရက်နှစ်ရက်အတွင်းမှာပင် ပေါ်ပေါက်လာခဲ့တယ်။ ကျောင်းသားများ အရေး တောင်းဆိုမှုတွေကတော့…
(၁) ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးရေး၊
(၂) ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရရေး၊
(၃) ကျဆုံးသွားတဲ့ ကျောင်းသားတွေအတွက် အမှတ်တရကျောက်တိုင် စိုက်ထူရေး၊
(၄) သေဆုံးသွားတဲ့ ကျောင်းသားတွေနဲ့စပ်လျဉ်းပြီး တာဝန်ရှိသူတွေကို အစိုးရက အရေးယူရေး၊
(၅) သေဆုံးသွားတဲ့ ကျောင်းသားဦးရေအမှန်ကို ဖော်ထုတ်ရေး၊
(၆) ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး၊
(၇) မဆလအစိုးရမှ မတ်လအရေးအခင်းကကဲ့သို့ အကြမ်းဖက်မှုများ မပြုလုပ်ရေးနှင့် မတ်လအရေးအခင်းနှင့် ပတ်သက်ပြီး မှားယွင်းကြောင်း ဝန်ခံရေး… စတဲ့ တောင်းဆိုချက်အမျိုးမျိုး တောင်းဆိုကြပါတယ်။

မျက်နှာမှာ လက်ကိုင်ပုဝါ စည်းထားတဲ့ တချို့ကျောင်းသားတွေဟာ သပိတ်ဖြစ်ပေါ်ရေးအတွက် စာသင်ခန်းတွေထဲ၊ လ္ဘက်ရည်ဆိုင်တွေအတွင်းမှာ ဝင်ရောက်ပြီး လှုံ့ဆော်တရားဟောနေကြပါပြီ။ စာသင်ခန်းတွေမှာ ကျောင်းသားတွေ မရှိကြတော့တဲ့အပြင် သပိတ်စတင်ရန် စည်းရုံးလှုပ်ရှားမှုများနဲ့အတူ မျက်နှာတွေဟာ ရွှင်လန်းလာခဲ့ကြပါတယ်။ အားလုံးရဲ့ရင်ထဲမှာ မတ်လက ခံစားချက်အကြိတ်အခဲတွေဟာ ဘယ်တော့မှ မမေ့မပျောက်နိုင်ခဲ့ပေမယ့် သပိတ် လှုပ်ရှားမှုတွေကြောင့် အနည်းငယ် သက်တောင့်သက်သာရှိခဲ့ကြမှာထင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲက လှုပ်ရှားမှု တွေဟာ အဆောင်တွေ၊ တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ အလယ်တန်း အထက်တန်းကျောင်းသားတွေသာမက တပြည်လုံးကိုပါ ပျံ့နှံ့သွားပြီး ရန်ကုန်တက္ကသိုလ်ဟာ ဂျွန်ကျောင်းသားအရေးအခင်း၏ ဗဟိုဖြစ်လာခဲ့တယ်။

ကျောင်းဖွင့်ပြီးလို့မှမကြာမီ ဂျွန် ၁၅-၁၆ လောက်မှစတင်၍ ကျောင်းသားသပိတ်ဟာ သပိတ်ပီပီသသဖြစ်လာကာ လူစည်ကားပြီး နောက်ဆုံး ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာရှေ့ အဓိပတိလမ်းပေါ်မှာ ကျောင်းထိုင်ခုံတွေနဲ့ တရားဟောစင်ထိုးပြီး အစိုးရဆန့်ကျင်ရေးတရားတွေကို ဟောတဲ့အဆင့်ထိ ရောက်လာခဲ့ပါတယ်။ စာသင်ခန်းတွေဟာ လည်း ကျောင်းတက်သူ မရှိတော့ဘဲ အလိုအလျောက် ပိတ်သွားပြီး ကျောင်းသားတွေဟာ တရားဟောတာကို နားထောင်ကြဖို့ ကံ့ကော်ပင်တွေရဲ့အောက်၊ အဓိပတိလမ်းမကြီးတလျှောက်မှာ ရောက်ရှိနေကြပါတယ်။ တရားဟောစင် ပေါ်ကို တယောက်ပြီးတယောက် တက်ကာ မတ်လအရေးအခင်းအတွင်းက တွေ့ကြုံခဲ့ရတဲ့ အင်းလျားကန်ပေါင်ပေါ်မှာ လုံထိန်းတွေက ဘယ်လိုရက်ရက်စက်စက် အကြမ်းဖက်ပြီး ရိုက်တဲ့အကြောင်း၊ ဖုန်းမော် ကျဆုံးခဲ့တဲ့နေ့က RIT ဝင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ၊ RIT နဲ့ ရန်ကုန်တက္ကသိုလ်ထဲကို စစ်တပ်က ဘယ်လိုစီးနင်း ဝင်ရောက်ခဲ့တဲ့အကြောင်းတွေကို ရှင်းပြပြောပြကြတဲ့သူတွေကပြော၊ ကျောင်းသားတွေရဲ့တာဝန်နဲ့ ရှေ့ဆက်ရန် မဆလ အစိုးရကို ဖြုတ်ရမည်လို့ ဟောတဲ့သူကဟော၊ ကြားသိဖူးသမျှ ၇ ဇူလိုင်နဲ့ ဦးသန့်အရေးအခင်းကာလက နောင်တော် တွေရဲ့ သတ္တိပြောင်မြောက်သော စစ်အစိုးရကိုထိပ်တိုက်ရင်ဆိုင်မှုအကြောင်းနဲ့ စစ်အစိုးရက ဘယ်လိုနှိပ်ကွပ်ခဲ့တဲ့ အကြောင်းတွေကို ရှင်းပြတဲ့သူကရှင်းပြ၊ မဆလ ဗဟိုကော်မတီတွေအတွက် သီးသန့်ဖွင့်ထားတဲ့ ပဒုံမာပြခန်းမှနေပြီး ဗဟိုကော်မတီတွေဟာ အထူးအခွင့်အရေးတွေ ယူနေတဲ့အကြောင်းကို ရှင်းပြတဲ့သူကရှင်းပြ၊ နှမချင်း စာနာစိတ် ကင်းမဲ့စွာ ကျောင်းသူတွေကို လုံထိန်းတွေက အကြမ်းဖက်တဲ့အကြောင်းတွေကို ပြန်ပြောပြတဲ့သူတွေကပြောနဲ့ စုံလင်လှစွာ အားလုံးဟာ ထောက်ခံကြ၊ အားပေးကြ၊ တက်ကြွနေပြီး ရန်ကုန်တက္ကသိုလ်ကြီးတခုလုံးဟာလည်း လက်ခုပ်သြဘာသံတွေ၊ တောင်းဆိုချက်တွေ၊ ကြွေးကြော်သံတွေ လွှမ်းမိုးညံစီထွက်နေပါတော့တယ်။

တရက်နဲ့တရက် မတူအောင်ဘဲ ရန်ကုန်တက္ကသိုလ်ထဲကို သပိတ်မှောက်ရန်အတွက် ဆေးတက္ကသိုလ်(၁)၊ ဆေး တက္ကသိုလ်(၂)၊ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ လှိုင်ကောလိပ်နဲ့ RIT ကျောင်းသားများအပြင် အလယ်တန်း၊ အထက်တန်းမှ ကျောင်းသားများလည်း လာရောက်ပူးပေါင်းကြပါတယ်။ တနိုင်ငံလုံးမှာလည်း ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားတွေ သပိတ်မှောက်နေကြပြီ၊ တရားဟောစင်မြင့်တွေထိုးပြီး တရားဟောနေကြပြီဆိုတဲ့သတင်းဟာလည်း နှံ့နေပါပြီ။ နောက်ပြီး နံရံကပ် ပိုစတာတွေမှာလည်း ကဗျာတွေ၊ ကာတွန်းတွေ၊ ဆောင်းပါးတွေ၊ တောင်းဆို ချက်တွေလည်း ပါသေးတယ်။ ရန်ကုန်မှာ ဂျွန်လဆန်း မိုးဦးကျဖြစ်ပေမယ့် နေ့စဉ်ရက်ဆက် မိုးမရွာသေးဘဲ ကြိုးကြား ကြိုးကြားလောက်သာ မိုးရွာတတ်တာကြောင့် ရာသီဥတုကလည်း တော်တော်ကောင်းမွန်နေတဲ့အချိန်လို့ ပြောရမှာပါပဲ။ သပိတ်တိုက်ပွဲဟာ အသံချဲ့စက်ပါ တပ်ဆင်၍ ကျယ်ပြန့်လာပြီး ကျောင်းရဲ့ဂိတ်ဝတွေမှာ လုံခြုံရေးတာဝန်ယူတဲ့သူက ယူ၊ တရားဟောစင်မြင့်ပေါ်တက်ပြီး တရားဟောမယ့်သူတွေကို စီစဉ်တဲ့သူတွေကစီစဉ်၊ စားသောက်ရေးအတွက် ထောက်ပံ့ရေးတာဝန်ယူတဲ့သူကယူ၊ တရားဟောသူကဟော၊ နားထောင်မယ့်သူက နားထောင်၊ နံရံကပ် ပိုစတာ ဖတ်တဲ့သူကဖတ်နဲ့ အားလုံးဟာ မအားလပ်အောင်ဘဲ တက်တက်ကြွကြွနဲ့ အလုပ်များနေကြပါတယ်။

ကျနော်မမေ့နိုင်တဲ့ ပိုစတာကတော့ အားကစားရုံရဲ့အမိုးဖက်ခြမ်းမှာ စာလုံးကြီးကြီးနဲ့ရေးပြီး ကပ်ထားတဲ့ “နေဝင်း၏ နေဝင်ချိန်“နဲ့ တရားဟောစင်မြင့် ရှေ့တည့်တည့်မှာ အင်္ဂလိပ်လိုရေးထားတဲ့ “Freedom to Democracy“ဆိုတဲ့ စာတန်းပဲဖြစ်ပါတယ်။ အနှစ်သာရအရှိဆုံးနဲ့ သပိတ်တိုက်ပွဲ၏ နိုင်ငံရေးဦးတည်ချက်ကို အပြတ်သားဆုံး ထုတ်ဖော် ထားခြင်းပဲ။

နေ့လည်မှာ အလှူကောက်ခံရရှိတဲ့ ငှက်ပျောသီး၊ ပေါင်မုန့်၊ ဆေးလိပ်တွေကို တောင်းကြီးတွေနဲ့ လိုက်ဝေပါတယ်။ ကျောင်းသားတွေကလည်း သပိတ်လိုအပ်တာသုံးဖို့ အလှူငွေ ထည့်ဝင်ကြတဲ့အပြင် ပြင်ပမှအလှူငွေများလည်း ထည့်ဝင်နေကြပါပြီ။

ကျောင်းဝင်းထဲမှာ ရှိနေကြတဲ့ ကျောင်းသားတွေအားလုံးဟာ တကယ်လို့များ မတ်လအရေးအခင်းကလို မဆလ စစ်တပ်က ကျောင်းဝင်းထဲဝင်ပြီး အကြမ်းဖက်ဖြိုခွဲမယ်ဆိုရင်လည်း ရင်ဆိုင်အံတုဖို့ အသင့်ရှိနေကြသည့်အလား မိန်းကလေးတွေကအစ ဆုံးဖြတ်ထားကြပုံရပါတယ်။ ညီညီညွတ်ညွတ်ဖြင့် ဆန္ဒတူ၊ သဘောတူရှိနေတဲ့မြင်ကွင်းဟာ အားရတက်ကြွဖွယ်၊ အတော်ကြည်နူးရာကောင်းလှပါတယ်။ “ဆေးတက္ကသိုလ်(၂)ကတော့ဖြင့် ချီတက်လာပြီ၊ ဘယ် ကောလိပ်ကတော့ဖြင့် ချီတက်လာပြီ“လို့ တရားဟောစင်မှာ ကြေညာလိုက်တဲ့အခါဆိုရင် တရားဟောစင်ရှေ့မှာ ထိုင် နေကြတဲ့ ကျောင်းသားတွေဟာ အားရဝမ်းမြောက်စွာ လက်ခုပ်တီးကြ၊ ဂိတ်ဝကိုလည်း လှမ်းမျှော်ကြည့်ကြ၊ တချို့က လည်း မတ်တပ်ရပ်ပြီး ကြိုဆိုကြနဲ့ မမောနိုင်အောင်ပဲ ရှိပါတော့တယ်။

ထူးခြားမှုတခုက သပိတ်တိုက်ပွဲရဲ့အခြေအနေ တရက်ထက်တရက် အရှိန်ကောင်းလာသည်နှင့်အညီ မတ်လ အရေး အခင်းကာလက အဖြစ်အပျက်တွေအပေါ် အခြေခံပြီး မဆလ စစ်အစိုးရဆန့်ကျင်ရေးနှင့် ကျောင်းသားအရေး တောင်းဆိုတိုက်ပွဲဝင်မှုမှနေ၍ မဆလ တပါတီအာဏာရှင်စနစ်ကို အန်တုဖြုတ်ချရေး နိုင်ငံရေးတိုက်ပွဲအဖြစ်ကို အလို အလျောက် ကူးပြောင်းနေခြင်းပင်ဖြစ်ပါတယ်။ တရားဟောကြတဲ့သူတွေကလည်း မဆလခေတ် ပြည်သူတွေ ကြုံတွေ့ နေရတဲ့ ဘဝခံစားမှုအခြေအနေတွေ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဆုတ်ယုတ်လာတဲ့ အခြေ အနေတွေ၊ မဆလ ဗဟိုကော်မတီရဲ့ ဖောက်ပြန်တဲ့လုပ်ရပ်တွေ၊ မဆလအစိုးရကို အပြင်းထန်ဆုံး ဝေဖန်ပြစ်တင် ရှုတ်ချလာခြင်းဖြင့် နိုင်ငံရေးကို အလေးပေးပြီး ဖော်ထုတ်တိုက်ပွဲဝင်လာခြင်းပဲဖြစ်ပါတယ်။

ညနေ ၄ နာရီလောက် သပိတ်ရပ်နားတော့မယ့်အခါမှာတော့ မနက်ဖြန်လည်း ဆက်လက်ပြီး သပိတ်မှောက်သွားမှာ ဖြစ်တဲ့အကြောင်း ကြေညာပြီး ကမ္ဘာမကြေသီချင်းကို သံပြိုင်ဆိုပြီး တနေ့တာသပိတ်ကို ရပ်နားလိုက်ပါတယ်။

ဒီလိုနဲ့ ဂျွန်လ ကျောင်းသားအရေးအခင်းကာလမှာ မဆလ စစ်အစိုးရမှ ပထမဆုံး ရန်ကုန်တက္ကသိုလ်ကို ပစ်ခတ်လိုက် တာကြောင့် နောက်ဆုံးရက်ဖြစ်တဲ့ ဂျွန်လ ၂၀ ရက်နေ့ကို ရောက်လာခဲ့ပါတယ်။ မနက်ပိုင်း သပိတ်စဖို့အတွက် ကျောင်း သားတွေအားလုံးဟာ ကံ့ကော်ပင်အောက်မှာ၊ အဓိပတိလမ်းမကြီးတလျှောက် ဘေးဝဲယာမှာ အပြည့်နေရာယူ ထားကြပြီး သပိတ်ကို အနည်းငယ်ကြာမှ စနိုင်ပါတယ်။ အဓိကမှာ လှည်းတန်းမှာ အသံချဲ့စက် ငှါးလို့မရတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ သို့သော်လည်း ၉ နာရီခွဲ၊ ၁၀ နာရီလောက်မှာ ဘယ်ကရှာလာသည်မသိ main ဂိတ်ဝကြီးမှ အသံချဲ့စက် ငှါးလို့ရရှိပြီဆိုပြီး ကျောင်းသား ၃ ယောက်လောက် အသံချဲ့စက်ကိုမြှောက်ပြီး ဝင်လာခဲ့ကြတယ်။ အားလုံး အတော်လေးဝမ်းမြောက်သွားကြပြီး လက်ခုပ်သြဘာမစဲ တီးလိုက်ကြပြီး ပြင်ဆင်ပြီး တရားပွဲကို စကြပါတယ်။

ဂျွန်ကျောင်းသားသပိတ်တိုက်ပွဲရဲ့ နိုင်ငံရေးဦးတည်ချက်လမ်းကြောင်းဟာ ကျောင်းသားအရေး နစ်နာမှုတွေအတွက်သာ တောင်းဆိုတိုက်ပွဲဝင်မှာလား၊ ဒါမှမဟုတ် အဖိနှိပ်ခံနေရတဲ့ လူထုဖက်မှ ရပ်တည်ပြီး မဆလ တပါတီ အာဏာရှင် စစ်အစိုးရကို ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်မှာလားဆိုတာကို ဦးဆောင်နေသူတွေရော ကျောင်းသားတွေ အားလုံးရော ရှင်းရှင်းလင်းလင်း မဖော်ထုတ်ကြသေးပါဘူး။ သို့သော်လည်း သပိတ်မှာပါဝင်ကြတဲ့ ကျောင်းသားတွေ အားလုံးဟာ ကျောင်းသားအရေးဆိုတာထက် တိုင်းပြည်နိုင်ငံရေးအခြေအနေကို သုံးသပ်ဝေဖန်မှုတွေသာ များလာတာကြောင့် နိုင်ငံရေးတိုက်ပွဲအဆင့်ကို ကူးပြောင်းနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။

အဲဒီလိုရှိနေတဲ့ အခြေအနေကနေပြီး တရားဟောစင်မြင့်ဆီ ကျောင်းသားထုရဲ့ သဘောထားဆန္ဒဖြင့် ဆုံးဖြတ်ဖို့ အဆိုနှစ်ခု ရောက်လာပါတယ်။ ပထမဆုံး ‘ကျောင်းသားအရေးကိုသာ တောင်းဆိုတိုက်ပွဲဝင်မှာဖြစ်တယ်’ ဆိုတဲ့အဆိုကို ကိုလတ်ဆိုတဲ့သူက ဦးဆောင်ပြီး တင်သွင်းပါတယ်။ ဒုတိယအနေနဲ့ ‘ကျောင်းသားတွေဟာ ကျောင်းသားအရေး သာမက နိုင်ငံရေးလုပ်ရမယ်’ ဆိုတဲ့အဆိုကို ကိုမိုးသီးဇွန်ဆိုသူက ဦးဆောင်ပြီး တင်သွင်းပါတယ်။ ကျောင်းသားအရေး ကိုသာ တောင်းဆိုတိုက်ပွဲဝင်သင့်တယ်ဆိုတဲ့အဆိုကို ထောက်ခံတဲ့သူဟာ မရှိသလောက် အလွန်နည်းနေပြီးတော့ ကျောင်းသားထုထဲမှာ မကျေနပ်မှုတွေ၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ခေတ္တခဏ ရုတ်ရုတ် သဲသဲဖြစ်သွားပြီး မကြာမီမှာ ပြန်လည်တည်ငြိမ်သွားပြီး ကျောင်းသားထုအားလုံးက ‘နိုင်ငံရေး တောင်းဆိုမှုတွေဖြင့် နိုင်ငံရေးလုပ်မည်’ဟု ပြတ်သားစွာပဲ ဆုံးဖြတ်ပေးလိုက်ကြပါတယ်။

အဲဒီအချိန်မှာ RIT မှနေပြီး လာရောက်ပူးပေါင်းတဲ့ ကျနော်တို့သူငယ်ချင်းတစုလည်း (စန္ဒာဝင်း လ္ဘက်ရည်ဆိုင်မှာ ပထမဆုံး အရိုက်ခံလိုက်ရတဲ့ နွားထိုးကြီးမှ ဝင်းမြင့်အပါအဝင်) တရားဟောစင်မြင့်၏ ညာဖက်အခြမ်းမှာ ရောက်နေကြ ပါတယ်။ အဆိုတွေကို ဦးဆောင်ပြီးတင်သွင်းကြတဲ့သူတွေဟာ ဘယ်အတန်းက၊ ဘယ်ဘာသာရပ်က၊ ဘယ်သူတွေ ဆိုတာ လုံးဝမသိပါဘူး။ ဒါပေမယ့် ကျောင်းသားသပိတ်ဟာ အရေးကြီးတဲ့ နိုင်ငံရေးအလှည့်အပြောင်းတခုကို ရောက် နေပြီး ကျောင်းသားအရေးတခုထဲကိုသာ ဦးတည်ပြီး မဆလကို တိုက်လို့မရဘူး။ မဆလ ဆန့်ကျင်ရေး နိုင်ငံရေး တိုက်ပွဲတွေကို ဖော်ထုတ်ဖို့ဟာ တိုင်းပြည်၏ အရေးတကြီးလိုအပ်နေတဲ့ အနေအထားလို့ ကျနော်တို့ သူငယ်ချင်း တစုလည်း နားလည်ထားပါတယ်။ ဒါကြောင့် ကိုမိုးသီးဇွန် တင်သွင်းတဲ့အဆို ထောက်ခံဆွေးနွေးကြဖို့ ကျနော်တို့ သူငယ်ချင်းတစု ဆုံးဖြတ်လိုက်ကြတယ်။ ဘယ်သူတက်ရောက်ဆွေးနွေးမလဲဆိုတာ တိုင်ပင်ကြတဲ့အခါမှာ ကျနော့်ကို တက်ရောက်ဆွေးနွေးရန် ပြောကြသဖြင့် တရားဟောစင်မြင့်ပေါ်တက်ပြီး တက်ရောက်ဆွေးနွေးလိုကြောင်း တာဝန် ရှိတဲ့ ကျောင်းသားတွေကို ပြောပြပါတယ်။ အဲဒီအချိန်မှာ တရားဟောစင်ကို ထိုင်ခုံတွေနဲ့ ကာထားပြီး အလွယ်တကူ ဝင်ရောက်ခွင့်မပြုပါဘူး။ စင်ရဲ့နောက်ဖက် စီစစ်တဲ့ကျောင်းသားတွေထံ ကျောင်းသားကဒ်ပြ၊ ဆွေးနွေးလိုတဲ့ အကြောင်းအရာ အကျဉ်းချုပ်တင်ပြပြီးတော့မှ စင်ပေါ်တက်ရောက်ဆွေးနွေးရပါတယ်။ ကျနော့်အနေနဲ့… တိုင်းပြည်က ချမ်းသာသလောက် ပြည်သူတွေကြုံတွေ့ခံစားနေရတဲ့ ဒုက္ခ၊ ဆင်းရဲနေရတဲ့ ဘဝအခြေအနေတွေနဲ့ ဒီနေ့ မိမိတို့ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေတွေ၊ အဖြစ်ဆိုးတွေကို မကြုံတွေ့စေဖို့၊ အနာဂတ်ကြီးမှာ ကြီးပြင်းလာမယ့် မျိုးဆက်သစ်တွေအတွက် မဆလ အစိုးရကို ဖြုတ်ချရမယ်၊ ဒါကြောင့် နိုင်ငံရေးလုပ်ရမယ်လို့ ခဏမျှလောက်သာ ဆွေးနွေးတင်ပြလိုက်ပါတယ်။

ကျနော်တို့ရဲ့နောက်မှာတော့ ဆေးတက္ကသိုလ်(၂)မှ ဂျူတီကုတ်အဖြူကိုဝတ်ပြီး နားကြပ်ကို သိုင်းထားတဲ့ ကိုဇော်ထွန်း ဆိုသူဟာ နေဝင်းအစိုးရကို အပြီးအပိုင် ဖြုတ်ချရမယ်ဆိုကာ လက်သီးလက်မောင်းတန်းရင်း အတက်ကြွဆုံး တရား ဟောလိုက်ပါတယ်။ သူ့ရဲ့ တရားဟောစတိုင်နှင့် အသွင်သဏ္ဍာန်ကိုတော့ဖြင့် ယနေ့တိုင် အမှတ်ရနေဆဲပါ။ (သို့သော် လည်း အခုအခါ ကိုဇော်ထွန်းဟာ ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ပြီလို့ သိရှိရပါတယ်။) ဒီနောက်မှာတော့ဖြင့် အလယ်တန်းကျောင်းမှ ကျောင်းသူလေးတယောက်နှင့် သံဃာတော်တပါး အပါအဝင် ကျောင်းသားများဟာ မဆလ ဆန့်ကျင်ရေး နိုင်ငံရေးတိုက်ပွဲကို ဖော်ထုတ်ဖို့ အသီးသီးပြောကြပါတယ်။

ကျောင်းသားအရေး လုပ်မလား၊ နိုင်ငံရေး လုပ်မလားဆိုတဲ့ အဆိုနှစ်ခုမှာ ကျောင်းသားထု၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံရေး လုပ်မယ်ဆိုတဲ့အဆိုကို အားလုံးဆန္ဒဖြင့် သဘောတူညီစွာ ဆုံးဖြတ်လိုက်တာကြောင့် ဂျွန်ကျောင်းသားသပိတ်၏ နိုင်ငံရေးဦးတည်ချက်ဟာလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပေါ်လာခဲ့ပါတော့တယ်။

ဂျွန် ၂၁ ရက်နေ့ဟာ ဦးနေဝင်း ဦးဆောင်တဲ့ မဆလ အစိုးရကို ကျောင်းသားအားလုံးက ဗြောင်စစ်ကြေညာပြီး နိုင်ငံရေးနည်းဖြင့် ခံစစ်မျဉ်းကိုကျော် လှံစွပ်ထိုးတိုက်ပွဲ စတင်လိုက်တာပဲဖြစ်ပါတယ်။ သပိတ်ဟာ ငြိမ်းချမ်းစွာ ပြီးဆုံး သွားပေမယ့်လည်း ညမှာတော့ဖြင့် မဆလ စစ်အစိုးရက ရန်ကုန်တက္ကသိုလ်ကို ပိတ်ပစ်လိုက်ပြီဆိုတဲ့အကြောင်း ကြေညာလိုက်ပါတော့တယ်။

ဂျွန် ၂၁ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကို ပိတ်လိုက်တာကြောင့် ကျောင်းသားသပိတ်နှင့် တရားပွဲတွေဟာ မပိတ်ဘဲ ကျန်ရှိနေတဲ့ RIT နှင့် ဆေးတက္ကသိုလ်(၁)ဖက်ကို ရောက်ရှိသွားပါတယ်။ ကျနော့်အနေနဲ့ RIT ဖက်မှာ ရောက်နေလို့ ဆေး(၁)ဖက်က အခြေအနေကိုတော့ ပြည့်ပြည့်စုံစုံ မသိရှိနိုင်ခဲ့ပါဘူး။ မနက် ၈ နာရီလောက်က RIT ဝင်းထဲကို ရန်ကုန်တက္ကသိုလ်ဖက်မှ ကျောင်းသားအချို့ ရောက်လာပြီး RIT ကျောင်းသားတချို့နှင့် ပူးပေါင်းပြီး သပိတ် မှောက်ရန် ပြင်ဆင်နေကြပါပြီ။ ပထမမှာ ကျောင်းသားဦးရေဟာ ၇၀ ကျော်လောက်ပဲ ရှိမယ်ထင်ပါတယ်။ သပိတ် မှောက်ဖို့ လှုံ့ဆော်စည်းရုံးမှုတွေ ပြီးတဲ့နောက်မှာ Canteen မှာရော၊ စာသင်ဆောင်တွေဘက်မှာရှိကြတဲ့ ကျောင်း သားတွေရော RIT ကျောင်းရဲ့ မျက်နှာစာ ဆင်ဝင်အောက်မှာ လာရောက်စုရုံးကြပါတယ်။ ကျောင်းသားတွေကို စုဝေးထိုင်ခိုင်းပြီး ရန်ကုန်တက္ကသိုလ်ဘက်မှ ကျောင်းသားတချို့ရော၊ RIT ဘက်မှ ကျောင်းသားတချို့က ဘာကြောင့် ဆန္ဒပြရတဲ့အကြောင်းနဲ့ ဂျွန်ကျောင်းသားသပိတ်ကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း တလှည့်စီ ရှင်းပြကြပြီး သပိတ်ကို စတင်လိုက်ပါတယ်။ သတိထားမိတာက ဆရာ၊ ဆရာမတွေရော (အဲဒီအချိန်က RIT လမ်းစဉ်လူငယ် ဥက္ကဋ္ဌလည်းဖြစ်၊ Mental ဌာနမှ ပါမောက္ခလည်းဖြစ်၊ နဝတ ခေတ်မှာလည်း RIT ၏ ပါမောက္ခချုပ်အဖြစ်လည်း လုပ်သွားတဲ့) ဦးခင်မောင်သန်းကိုယ်တိုင် ဘာတွေပြောသွားတယ်ဆိုတာကို လာပြီးနားထောင်ပါတယ်။

စပြီး တက်တက်ကြွကြွတရားဟောတဲ့အထဲမှာတော့ RIT မှ မခင်ဥမ္မာဆိုတဲ့ ကျောင်းသူတယောက်အပါအဝင် ကို စည်သူ၊ ကိုသောင်းတန်တို့လည်း ပါဝင်ကြပါတယ်။ (ကိုစည်သူကိုတော့ ၁၉၈၉ မတ်လဆန်းလောက်က အိန္ဒိယ နယ်စပ် မှာ နောက်ဆုံးတွေ့လိုက်ရပြီး ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်လို့ ကြားသိရပါတယ်။) တဖြည်းဖြည်းနှင့် RIT ကျောင်းမျက်နှာစာ သုံးခုလုံးဟာ လာရောက်ပူးပေါင်းကြ၊ နားထောင်ကြသူတွေနဲ့ ပြည့်လျှံသွား ပါတော့တယ်။ ၁၀ နာရီခွဲလောက်မှာတော့ ရန်ကုန်တက္ကသိုလ်ဘက်မှာရော၊ ဆေးတက္ကသိုလ်(၂)ဘက်မှာရော မနေ့က နိုင်ငံရေးအဆိုကို တင်သွင်းခဲ့တဲ့ ကိုမိုးသီးဇွန်တို့လည်း RIT မှာ လာရောက်ပူးပေါင်းကြပါတယ်။

စာရေးသူက ရေး၊ စာကပ်တဲ့သူက ကပ်၊ တရားဟောတဲ့သူက ဟောနဲ့ အားလုံးဟာ လက်မလည်အောင်ဘဲ အလုပ် များနေကြပါတယ်။ BPI ဆေးဝါးလုပ်ငန်းမှ စက်ရုံအလုပ်သမားရော၊ အင်းစိန်မီးရထားစက်ခေါင်းရုံမှ အလုပ်သမားများပါ လာရောက်အားပေးနေတဲ့အတွက် သပိတ်ဟာ အတော်အင်အားကောင်းသွားပြီး အားတက်စရာလည်းကောင်းပါတယ်။ လူအုပ်ကလည်း များသထက်များလာ၊ တယောက်တလှည့် ဟောရပြောရတာလည်း မမောနိုင်အောင်ဘဲ ရှိပါတော့ တယ်။

နယ်ကနေပြီး ကျောင်းတက်လာတဲ့ ကျနော်တို့လို ကျောင်းသားတွေ မဆလ အစိုးရထိပ်ပိုင်း ဗဟိုကော်မီတီဝင်တွေ အတွက် သီးသန့်ထားရှိတဲ့ ပဒုမ္မာပြခန်းလိုဆိုင်တွေမှ ဘယ်လိုအခွင့်အရေးတွေ ခံစားရရှိနေတဲ့အကြောင်းတွေကို ရန်ကုန်မှကျောင်းသားတွေမှ ထုတ်ဖော်ပြောထားတွေကြားရတော့ မယုံနိုင်စရာ အံ့သြခဲ့ကြရတာကတော့ အမှန်ပါပဲ။ နားထောင်ကြတဲ့ ပြည်သူတွေထဲမှ အင်းစိန်မီးရထားစက်ခေါင်းရုံမှာ အလုပ်လုပ်တဲ့ ကိုမျိုးချစ်ဆိုတဲ့သူဟာ မဆလ အစိုးရကို အချက်ကျကျ ထိထိမိမိ ထောက်ပြနိုင်ခဲ့တဲ့သူတွေထဲမှာ တယောက်အပါအဝင်ပါပဲ။

နေ့လည်မှာ ပဲခူးကောလိပ်မှ ကျောင်းသားကိုယ်စားလှယ်တယောက် သပိတ်ကို ထောက်ခံတဲ့သဝဏ်လွှာနှင့်အတူ ရောက်ရှိလာသလို ပြည်၊ မကွေးကောလိပ်များမှလည်း သပိတ်ကိုထောက်ခံကြကြောင်း သဝဏ်လွှာများ ပေးပို့ကြ ပါတယ်။

နေ့လည်မှာတော့ RIT ခန်းမရှေ့ မှာ ကိုစည်သူ၊ မိုးသီးဇွန်အပါအဝင် ရန်ကုန်တက္ကသိုလ်မှာရော၊ RIT မှရော သပိတ်ကို ဦးဆောင်နေတဲ့ စုစုပေါင်းရှစ်ယောက်ဟာ အပြန်အလှန်မိတ်ဆက်ကြပြီး အစည်းအဝေးပြုလုပ်ကြပါတယ်။

အဓိကတော့ မနက်ဖြန်လည်း ကျောင်းသားသပိတ်ကို ဆက်လက်လုပ်ဆောင်ဖို့ရယ်၊ ပြည်သူတွေထံကို… သပိတ် မှောက်တာဟာ ကျောင်းသားအရေးအတွက်သာ တောင်းဆိုတိုက်ပွဲဝင်တော့မှာ မဟုတ်တဲ့အကြောင်းနဲ့ ပြည်သူတွေက လည်း ကျောင်းသားတွေနဲ့ပူးပေါင်းပြီး မဆလ အစိုးရကို ဆန့်ကျင်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ညနေ ၃ နာရီခွဲလောက်မှာတော့ဖြင့် မြေနီကုန်းမှာ ကလေးတွေကို လုံထိန်းက ကားနဲ့တိုက်သတ်ကြတဲ့အကြောင်း သတင်းရောက်ရှိလာပါတယ်။ သတင်းကို အတိအကျစုံစမ်းဖို့ ဒုတိယနှစ်မှာတက်နေတဲ့ မြောင်းမြမှ ဗိုလ်ဗိုလ်ကျော်ကို စေလွှတ်လိုက်ကြပါသေးတယ်။ နောက်ကျမှ မြေနီကုန်းအရေးအခင်းဟာ ပြင်းထန်ကြောင်း သိရပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာတော့ဖြင့် သပိတ်ကို နားဖို့တိုင်ပင်ကြပြီး ကျောင်းထဲမှာ ဆက်လက်နေရင် မလုံခြုံတဲ့အတွက် ပဉ္စမနှစ် လျှပ်စစ်မှ ကိုဖုန်းမြင့်(ယ္ခု Australia ရောက်)ရယ်၊ ကိုမိုးသီးဇွန်ရယ်၊ အခြားကျောင်းသားနှစ်ယောက်ရယ် ဘတ်စကား တွေလည်း လုံးဝမရှိတော့တာကြောင့် အရှေ့ကြို့ကုန်းကို ဖြတ်ပြီး နေထိုင်မယ့် တောင်ဥက္ကလာဘက်ကို ခြေလျင် ထွက်လာခဲ့ကြပါတော့တယ်။ တောင်ဥက္ကလာရောက်မှ လူစုခွဲလိုက်ကြပါတော့တယ်။

ကျနော်တို့ RIT ဝင်းထဲမှ ထွက်သွားပြီးနောက်ပိုင်းမှာ လှည်းတန်းမှာရဲက ပစ်လိုက်လို့ သေဆုံးသွားတဲ့ ကျောင်းသား တယောက်ရဲ့အလောင်း RIT ထဲ ရောက်ရှိလာပြီး သပိတ်ဟာ ဆက်လက်ဖြစ်ပေါ်ခဲ့တယ်လို့သိရှိရပါတယ်။ ဒါပေမယ့် စစ်တပ်က ဝင်စီးလိုက်ပြီး ဖမ်းမိတဲ့သူတွေကို လက်ပြန်ကြိုးတုပ် ကျောင်းရှေ့မျက်နှာစာ မြက်ခင်းမှာ မှောက်လျက် ထားခဲ့တယ်။ ထောက်လှမ်းရေးတွေကလည်း အဆောင်တွေထဲဝင် ဓါတ်ပုံရိုက်ပြီး အချို့ကို အင်းစိန်ထောင်သို့ ပို့ လိုက်ပါတယ်။ ဒီနေရာမှာပဲ ကိုမျိုးချစ်လည်း အဖမ်းခံလိုက်ရတယ်လို့ သိရတယ်။

ညမှာတော့ ရေဒီယိုမှ မာရှယ်လောအမိန့်ကို ကြေညာလိုက်ပြီး RIT ကိုတော့ တရားဝင်ပိတ်လိုက်တယ်လို့ မကြေ ညာတော့ဘဲ ညနေကတည်းက စစ်တပ် ဝင်ရောက်စီးနင်းနေရာယူပြီးနေပါပြီ။ တက္ကသိုလ်ကောလိပ်တွေ ပိတ်လိုက် ပေမယ့် အုပ်စုလိုက် ကျောင်းသားသပိတ်တိုက်ပွဲတွေဟာ ရှစ်လေးလုံးကာလအထိကို ဆက်လက်ပြီး ဖြစ်ပေါ် နေခဲ့ပါတယ်။

မတ်လတိုက်ပွဲများမှသည် ဂျွန်လတိုက်ပွဲများသို့၊ ဂျွန်လတိုက်ပွဲများမှသည် ယနေ့တိုင် တချို့လည်း ရှစ်လေးလုံး လူထု
တိုက်ပွဲတွေမှာ၊ လက်နက်ကိုင်တိုက်ပွဲတွေမှာ မွန်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီးပါပြီ။ တချို့ကတော့ အဖွဲ့အစည်း များမှာ နဝတ စစ်အစိုးရ အပြီးအပိုင်ချုပ်ငြိမ်းသည်အထိ နည်းလမ်းမျိုးစုံနဲ့  တိုက်ပွဲဝင်နေကြပါတယ်။ ။

၊သံဒုတ်၊
ပန်းစကားမဂ္ဂဇင်း အမှတ် ၁၆
၁၉၉၆ မှ
http://nayminni-pauk.blogspot.com/
ရှင်ငြိမ်းမယ်ဘလော့မှပြန်လည်ဖေါ်ပြပါသည်။

သပြေတခက် ကြွေရက်ကယ်စော - အပိုင်း (၁)

ဆောင်းပါးရှင်-မောင်စည်သာ (တပ်မတော်အရာရှိဟောင်း တစ်ဦး)

စာဖတ်ပရိသတ်များခင်ဗျား-

မြန်မာ့ လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်မှူးကြီး ဗထူးကို ကြားဖူး နားဝ ရှိခဲ့ကြပေမဲ့ သားဖြစ်သူ ဗိုလ်ကြီးမြင့်ထူးရဲ့  အကြောင်းကိုတော့ သိသူရှိ သလို မသိသူလည်း အများအပြား ရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို ရွံ့ မုန်းတဲ့ ဗိုလ်ကြီးမြင့်ထူးရဲ့  ရင်နင့်စဖွယ် ဖြစ်ရပ်မှန်ကို စာဖတ်ပရိသတ်များအား တင်ပြပေး လိုက်ပါတယ်။ တိုင်းပြည်အတွက် သားကောင်းတစ်ဦး ဖက်ဆစ် စစ်ဘီလူး တွေကြောင့် အသက်ပေးခဲ့ပုံ ဖြစ်ရပ်မှန် ကိုယ်တွေ့ ဆောင်းပါးကို နောင်လာ နောင်သား မျိုးဆက်သစ်များ သိရှိနိုင်ရန် ဖြစ်ပါ တယ်။ တဆက်တည်းမှာ ဒီမိုကရေစီ အရေးအတွက် အသက်ပေးသွားတဲ့ ကျောင်းသား ပြည်သူ ရဟန်းရှင် လူ တပ်မတော်သား တွေရဲ့  ၀ိညာဉ်ကို ဦးညွှတ်ရင်း နိုင်ငံ့ အတွက် ကောင်းမြတ်သော စိတ်ထားဖြင့် စစ်အာဏာရှင်စနစ် ချူပ်ငြိမ်းရေး အောင်မြင်သည့်အထိ လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ ဆောင်းပါးတွဲ ပေးပို့ ဖေါ်ပြခွင့်ပြုတဲ့ တပ်မတော် အရာရှိဟောင်းများကို အထူး ကျေးဇူးတင် ရှိပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ စည်းလုံးခြင်းရဲ့  အင်အား ၀က်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါတယ်ခင်ဗျား။

တပ်မှူး ဒုဗိုလ်မှူးကြီးတင်ဦး ကွပ်ကဲအုပ်ချုပ်သည့် မင်္ဂလာဒုံဗဟိုထောက်လှမ်းရေးတပ်ဝင်းထဲရှိ ‘ရေကြည်အိုင်’ အကျဉ်းထောင်သည် အရှေ့ဘက်တွင် ထောင်ဗူး၊ မြောက်ဘက်နှင့် တောင်ဘက်တွင် အုတ်ကြွပ်မိုး တစ်ထပ်အိမ် (၅) လုံးစီရှိကြ၏။ အိမ်တစ်လုံးနှင့်တစ်လုံး အကြား ပတ်လည်တွင် ပြင်ပအား အိမ်တွင်းမှ လွတ်လွတ်လပ်လပ် ကြည့် ရှုမရနိုင်စေရန် လူတရပ်ကျော် မြင့်သည့် သစ်သားဝင်းထရံဖြင့် ကာရံထား၏။

အနောက်ဘက်တွင် သွပ်မိုး၊ သစ်သားကာ အိမ် (၆) လုံးမှာလည်း အိမ်တစ်လုံးနှင့်တစ်လုံး အိမ်ပြင်ကို မမြင်ရလေ အောင် သစ်သားဝင်းထရံဖြင့်ပင် ကာရံထားလေ၏။

တောင်ဘက်မှ အုပ်ကြွပ်မိုးအိမ်တန်းနှင့် ကိုက် (၃၀) ခန့် အကွာတွင်၊ Cell ဟုခေါ်သည့် အချုပ်ဆောင် ရှိနေလေသည်။ Cell အခန်းတခန်းသည် အရှည် (၁၀) ပေ နှင့် အကျယ် (၅) ပေသာရှိ၍၊ Cell အချုပ်ဆောင်မှာ သွပ်မိုး၊ သစ်သားကာဖြစ်ပြီး၊ Cell အခန်းပေါင်း (၂၀) ခန့် ပါရှိလေသည်။

ဤ Cell အချုပ်ဆောင်၊ အနောက်ဘက် သွပ်မိုး (၆) အိမ်တန်း၊ မြောက်ဘက်အုပ်ကြွပ်မိုး (၅) အိမ်တန်းနှင့် ထောင်ဗူးဝတို့ လေးဘက်အကြားတွင် ပေ (၂၀၀) ကျော်ပတ်လည်ကျယ်သည့် ကွင်းပြင်ရှိနေ၏။

ဝန်ကြီးချုပ်ဦးနု၊ သမတကြီး မန်းဝင်းမောင်၊ ပထစ ခေါင်းဆောင်များဖြစ်သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် နှင့် ဗိုလ်မင်းခေါင်၊ ဦးဝင်း၊ ဦးသွင်၊ ဖဆပလ ခေါင်းဆောင်များဖြစ်ကြသည့် ဦးကျော်ငြိမ်းနှင့် ဦးဗဆွေ၊ တပ်မတော်မှ ဗိုလ်မှူးကြီးကျော်မြင့်၊ ဗိုလ်မှူးကြီးတင်မောင် (မြတ်ထန်)၊ မွန်ခေါင်းဆောင် နိုင်အောင်ထွန်း စသည့် ပုဂ္ဂိုလ် များ သည် ဤကွင်းပြင်တွင် လမ်းလျှောက်ကြ၏။ နံနက် (၅) နာရီမှစ၍ လမ်းလျှောက်လိုသူ တိုင်း (တစ်ကြိမ်လျှင်တစ်ဦး သာ) (၁၀) မိနစ်စီ လမ်းလျှောက်ခွင့် ရကြ၏။

ဤပုဂ္ဂိုလ်ကြီးများမှာ အိမ်များတွင် အကျဉ်းကျနေသူများဖြစ်၏။ Cell အခန်းတွင် အကျဉ်းကျ ခံနေရသူတို့၏ဘ၀မှာမူ အရှင်လတ်လတ် ငရဲကျနေသည်နှင့် ဘာမျှမခြားပေ။

ဗဟိုထောက်လှမ်းရေးတပ်တွင် Cell အခန်းများ ပါရှိသည့် အချုပ်ဆောင် (ကျနော်သိသလောက်) နှစ်ခု ရှိပါသည်။ တခုမှာ အထက်တွင် ဖေါ်ပြခဲ့သည့် အချုပ်ဆောင်ဖြစ်ပြီး၊ နောက်တခုမှာ ရေကြည်အိုင်၏ အပြင်ဘက်၊ ဗဟိုထောက် လှမ်းရေးကင်းရုံနှင့် တွဲထားသည့် အချုပ်ဆောင် ဖြစ်လေသည်။

Cell အခန်းတခုတွင် အမြင့်တွင် တပ်ဆင်ထားသည့် ပြတင်းပေါက် တစ်ခုသာရှိပြီး၊ နေ့တွင် နေရောင် ညတွင် (လ သာသည့်အခါ) လရောင်တို့ကို မြင်နိုင်ပါသည်။ အခန်း မျက်နှာကျက် တွင်ကား မှိန်ဖျော့ဖျော့ မီးသီးလေး တစ် လုံး အား အချိန်ပြည့်ဖွင့်ပေးထား၏။

အကျဉ်းသားတစ်ဦးသည် အခန်းချင်းကပ်ရက်အကျဉ်းသားနှင့် စကားခိုးပြောသည်ကို၊ အစောင့် စစ်သားက မိသွားလျှင် မအေနှမ ဆဲရေးကြိမ်းမောင်းခံရသည်သာမက၊ ကိုယ်ထိ လက်ရောက် စော်ကားခြင်း ခံကြရ၏။ ထိုမျှနှင့် မရပ်သေး။ မသေရုံတမယ် ပေးကျွေးထားသည့် အစာရေစာ ကိုလည်း အပြစ်ပေးသည့်အနေနှင့် လျှော့ချခြင်း၊ ဖြတ်တောက်ခြင်းတို့လုပ်လိုက်သေး၏။ ဤထက် ဆိုးသည်ကား မိမိနှင့်အခန်းချင်း ကပ်ရက် အကျဉ်းသားသည် စစ်ထောက်လှမ်းရေးမှ မြှုပ်နှံထားသူ (implant) ဖြစ်လျှင်၊ မိမိမှ ထိုသူအား ယုံပြီး (မိမိအားစစ်ဆေးစဉ်က) ဖုံးထားသော သတင်း အချက်အလက်များအား ပြောမိပါက၊ ထိုသတင်းများကိုနင်း၍ နောက်ထပ်လူမဆန်စွာ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ကာ စစ်ဆေးခြင်းပင်ဖြစ်၏။

ပုံမှန်အားဖြင့် Cell အချုပ်ဆောင်မှ အကျဉ်းသားတိုင်းသည် ကျင်ကြီး ကျင်ငယ်စွန့်ရန် ထန်းရေခံသည့် မြူအိုး (မြေအိုး) သေးသေးလေး တလုံးစီပေးထား၏။ အကျဉ်းသားတို့မှ မြူအိုးအား သုံးသည့် အကျင့်မရခင်၊ ထိုင်၍အပေါ့ အပါးသွားတိုင်း အိုးကကွဲတော့၏။ တခါတရံ ကျင်ငယ်တခြား၊ ကျင်ကြီးတလွဲလည်း ဖြစ်တတ်၏။ ထို့အတွက် Cell အခန်းတိုင်းသည် နံစော်နေတော့၏။

နံနက်စောစောတွင် အစောင့်စစ်သားက တံခါးလာဖွင့်ပြီး၊ သေနတ်မောင်းကိုတင်လိုက်ပြီ ဆိုလျှင်၊ မိမိအား Cell အခန်းမှထုတ်ပြီး၊ အိမ်သာဆီသို့ ပို့ တော့မည်ဟု ဆိုလို၏။

မိမိ၏မြူအိုးကို မိမိဆွဲပြီး၊ အချုပ်ဆောင်နှင့် မလှမ်းမကမ်းရှိ အိမ်သာတွင် ကျင်ကြီးကျင်ငယ် စွန့်ရ၏။ အနီးရှိရေ ဘုံဘိုင်တွင် ရေဆေး၊ သန့် ရှင်းရေး လုပ်ရ၏။

တနေ့ တစ်ကြိမ်သာ ရေချိုးခွင့် ရ၏။ တစ်ဦးလျှင် ရေချိုးရန် ခွင့်ပြုချိန်မှာ သုံးမိနစ်သာ ဖြစ်၏။ ရေချိုးခွင့် မရသော အကျဉ်းသားများမှလည်း ဒုနှင့်ဒေး။

ည (၁၁) နာရီကျော်၍ သန်းခေါင်ယံ နီးပြီဆိုလျှင် အကျဉ်းသားတိုင်းသည် သွေးလေခြောက်ခြား စိုးရိမ်စိတ် ကြီးမားစွာဖြင့် “ဒီည ဘယ်သူ့ အလှည့်လဲ” ဆိုသည်ကို ရင်ဖိုနေကြရ၏။

အဘယ်ကြောင့်ဆိုသော် မိမိ၏ အခန်းတံခါးကိုလာခေါက်ပါက၊ မိမိအလှည့် ဖြစ်သည်ဟု သိရသောကြောင့် ဖြစ်၏။ တံခါးခေါက်ခံရသော အကျဉ်းသားအား အကြပ်တစ်ဦးနှင့် အစောင့် စစ်သားတစ်ဦးတို့မှ လက်ထိပ်ခတ်၊ ခေါင်းကို မျက်နှာသုတ်ပုဝါအုပ်ကာ ‘စစ်ဆေးရေး’ (Interrogation) လုပ်မည့်နေရာသို့ ဆွဲခေါ်သွား၏။

စစ်ဆေးသည့် နေရာတွင် ချိုချိုသာသာ စစ်ဆေးမေးမြန်းပြီး၊ သူတို့ လိုချင်သည့် အဖြေကို မရလျှင်တော့၊ ထုံးစံ အတိုင်း ရက်စက်မှုအပေါင်း သရဖူဆောင်းသည့် သေလုမျောပါး ခံရသော စစ်ဆေးရေးနည်းများဖြင့် နှိပ်စက် ညှင်းပန်း လေတော့၏။

စိတ်ဓါတ် အလွန်ခိုင်မာသည့် အကျဉ်းသားဆိုလျှင် ရေရေလည်လည် ပို၍ ခံရတော့၏။ စိတ်ဓါတ် ခိုင်မာလေ၊ ခိုင်မာသော စိတ်ဓါတ်ကို ရိုက်ချိုးရန် ပို၍ ရက်ရက်စက်စက် နှိပ်စက်ညှင်းပန်းလေ ဖြစ်၏။

ထိုသို့ လူမဆန်သည့်နည်းများဖြင့် အစစ်ဆေးခံရန် ခေါ်ထုတ်သွားသည့် အကျဉ်းသားများအား နံနက်လင်းအား ကြီး (၄) နာရီခန့် တွင် ထိုအကျဉ်းသားတို့ ၏ Cell အခန်းများထဲသို့  လာပြန်ပို့ ၏။

Cell အခန်းထဲသို့ ပြန်မပို့ပဲ ကျား၊ ခြင်္သေ့တို့ကို ဆပ်ကပ်ပွဲစင်ပေါ်တွင် ထည့်လှောင်သည့် လှောင်အိမ်မျိုး များတွင် ထည့်ထားကာ၊ နေ့ရောညပါ ညှင်းဆဲနည်းပေါင်း စုံသုံးပြီး၊ နေ့စဉ် ရက်ဆက် ရက်စက်စွာ အစစ်ဆေးခံ နေရသည့် အကျဉ်းသားများလည်း ရှိ၏။ Cell အခန်းထဲသို့ ပြန်ရောက်မလာတော့ပဲ စုပ်စမြုပ်စ ပျောက်သွားသည့် အကျဉ်းသားများလည်း များစွာ ရှိခဲ့လေသည်။

အကျဉ်းသားထံမှ သူတို့ လိုချင်သောအဖြေကိုရပြီဆိုလျှင်၊ အကျဉ်းသား ပါဝင်ပတ်သက်နေသည့် နိုင်ငံရေး အမှု ပေါ်မူတည်ပြီး တစ်ဦးတည်း လူခွဲ၍ချုပ်နှောင်ထားခြင်း (Solitary Confinement) သော်လည်းကောင်း၊ လေးငါး ဦးတွဲ၍ နေရာပြောင်း ချုပ်နှောင်ခြင်းကို လည်းကောင်း၊ ဆက်လက် လုပ်ဆောင်ကြပြန်၏။

အကျဉ်းသားများအား သုံးလေးလ တစ်ကြိမ်နေရာ ပြောင်းလေ့လည်း ရှိ၏။

Cell အချုပ်ခန်းထဲတွင် ချုပ်နှောင်ထားသူများတွင် ကုတင်၊ စောင်၊ ခေါင်းအုံး ရသူများလည်းရှိ၏။ ဘာမျှမရပဲ သံမံ တလင်းပေါ်တွင် ဒီအတိုင်း အိပ်ရသူများလည်း ရှိ၏။ အခွင့်အရေးချင်း မတူကြပါပေ။

နိုင်ငံရေးအကျဉ်းသား အားလုံးကို လေ့လာလိုက်လျှင် ရဟန်း၊ ရှေ့ နေ၊ ကုန်သည်၊ ကျောင်းဆရာ၊ စစ်ဗိုလ်စစ်သား၊ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ခရစ်ယန်ဘုန်းတော်ကြီး၊ ကျောင်းသား၊ အစိုးရ ၀န်ထမ်း၊ တိုင်းရင်းသား လူမျိုးနွယ်စုများ၊ လက်နက်ကိုင် တော်လှန်ရေး သမားများ စသည်ဖြင့် လူ့အလွှာ အသီးသီးကို ကိုယ်စားပြုနေသည့်လူပေါင်း စုံလှ၏။

သံဃာများကိုသာ ‘ထိုင်ကမုတ်’ ပေးထားပြီး၊ ကျန်လူအားလုံးမှာ ‘မြူအိုး’ ကိုသာ အားကိုးကြရ၏။
သပြေတခက် ကြွေရက်ကယ်စော- အခန်း (၂)

အချိန်အခါ သမယသည် ဆောင်းနှောင်းရာသီ၊ ၁၉၆၇ ခုနှစ်၏ နှစ်ဆန်းပိုင်း ဖြစ်လေသည်။ ညဥ့်နက်ပိုင်းနှင့်နံနက် စောစောပိုင်းတို့တွင် အလွန်အမင်းကြီး မအေးတော့ပါ။

ကျနော့်အား ချုပ်ထားသည့် အိမ်မှာမြောက်ဘက်အိမ် (၅) လုံးတန်းတွင် ညာဘက်မှ ပထမအိမ် ဖြစ်၏။ ထောင်ဗူးဝ နှင့်လည်း အနီးဆုံးဖြစ်၏။

Cell အခန်းများရှိရာ မြောက်ဘက်ရှိ Cell အချုပ်ဆောင်နှင့် အနောက်ဘက်ရှိ (၆) လုံးတန်းအိမ်တို့အား ခိုးကြည့်လျှင်ကောင်းစွာ မြင်နိုင်စွမ်းရှိသည့် ‘အကဲကြည့်နေရာ’ OP (Observation Post) ကလေးမှာ ကျနော်တို့ အိမ်၏ သစ်သားဝင်းထရံမှ အက်ကွဲနေသော နေရာလေးပင် ဖြစ်လေတော့သည်။

ထောင်ဗူးဝမှ တံခါးဖွင့်သံ၊ ပိတ်သံ၊ သော့ခလောက် ခတ်သံ၊ ဖွင့်သံများ ကြားလေတိုင်း၊ မကြာခဏ ခိုးကြည့်ကြသည်မှာ တစ်အိမ်ထဲနေ အကျဉ်းသားတိုင်း မပျက်မကွက် လုပ်ဆောင်ကြသည့် နေ့စဉ် တာဝန်ဝတ္တရား တစ်ခုပ မာ ဖြစ်လာ တော့၏။

ထောင်ထဲသို့ သွင်းလာသူ၊ ထုတ်သွားသူတို့၏ ခေါင်းများပေါ်တွင် မျက်နှာသုတ်ပုဝါများနှင့် အုပ်စီးပြီးမှ အသွင်း အထုတ် လုပ်သည်ဖြစ်ရာ၊ ထိုအကျဉ်းသားသည် မည်သူမည်ဝါ ဖြစ်သည်ကို တပ်အပ်မပြောနိုင်သော်လည်း၊ မည်သည့်အဆောင်မှ အကျဉ်းသားကို ထုတ်သွားသည်၊ သွင်းလာသူ အကျဉ်းသားအား မည်သည့် အဆောင်သို့ ခေါ်သွားသည်တို့ကိုမူ ကျနော်တို့ တွေ့ကြရသည်၊ မြင်ကြရသည်။

ထို့ နောက် ကျနော်တို့ အကျဉ်းသား အချင်းချင်း သဘောထား အမြင်ဖလှယ်ကြပြီး၊ မည်သူမည်ဝါ ဖြစ်နိုင်သည်၊ မည်သည့် အရေးအခင်း၊ မည်သည့် နိုင်ငံရေးအမှုနှင့် ပတ်သက်နိုင်သည် တို့ကိုလည်း ထင်မြင်ချက် ပေးလေ့ ရှိ ကြသည်။

ကျနော်တို့ ၏ ထင်မြင်ယူဆချက်များမှာ မှန်သည်လည်း ရှိ၏။ မှားသည်လည်း ရှိ၏။

အချုပ်အကျဉ်းထောင်ပင် ဖြစ်လင့်ကစား၊ ပန်းသတင်း လေညှင်းဆောင် လူသတင်း လူချင်း ဆောင်ကာ ကျနော် တို့၏ ထင်မြင်ယူဆချက် မှန်၏၊ မှား၏ များကိုသိကြရ၏။ သတင်းများသည် ငှက်များပမာ ကျနော်တို့ အကျဉ်းသား များအကြား အမြဲလို ပျံဝဲလျှက် ရှိလေသည်။

ကျနော်နှင့်အတူ တစ်အိမ်ထဲအကျဉ်းကျနေသူများမှာ ဧရာဝတီတိုင်း မင်းကြီးဟောင်း ဦးကဲရော့၊ ရေတပ်မှ ဗိုလ်မှူး ဘသော် (ဆရာမောင်သော်က)၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံးမှ ဗိုလ်မှူး တင်မောင်ထွန်း (CIA) သူလျှိုဖြစ်သည်ဟု စွပ်စွဲခံရသူ ဗိုလ်ကြီး ကျော်စွာမြင့် အမှုနှင့် ပတ်သက်သူ)၊ ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မီတီ (ယနေ့ခေတ် နအဖ ရုံးကဲ့သို့ တော်လှန်ရေး ကောင်စီခေတ် အမြင့်ဆုံး အာဏာပိုင်ရုံး) ရုံးမှ ဦးလှရွှေ၊ ကုန်သွယ်ရေး ၀န်ကြီးဌာနမှ အတွင်းဝန် (ယနေ့ခေတ် ညွှန်ချုပ်ရာထူး) ဦးစိန်ကြည် တို့ ဖြစ်ကြပါသည်။

ထိုတစ်ညကိုတော့ ဘယ်တော့မှ ကျနော် မေ့ပျောက်နိုင်တော့မည် မဟုတ်ပါ။

အချိန်အားဖြင့် ည (၈) နာရီခွဲသာသာခန့် သာ ရှိပါလိမ့်ဦးမည်။ လပြည့်ခါနီး လဆန်း (၁၁) ရက် (၁၂) ရက်ခန့် ဖြစ် သဖြင့် အိမ်ပြင်ဘက်တွင် လရောင်က ရွှန်းပလျှက်ရှိနေဆဲ။ အသက်အရွယ် ကြီးရင့်ကြပြီ ဖြစ်သည့် ဦးကဲရော့၊ ဦးလှရွှေ၊ ဦးစိန်ကြည်တိုကား အိပ်ယာသို့ စောစောဝင် သွားကြလေပြီ။ ဗိုလ်မှူးတင်မောင်ထွန်းမှာ မအိပ်သေး သော်လည်း၊ အိပ်ယာပေါ်တွင် လဲလျောင်း အနားယူ နေလေသည်။

ဗိုလ်မှူးဘသော်နှင့် ကျနော်တို့ နှစ်ဦးသာ အတွေးကိုယ်စီဖြင့် အိမ်ဝိုင်းအတွင်း လရောင် အောက်တွင် ဖြည်းဖြည်း ချင်း လမ်းလျှောက် နေကြပါသည်။

မကြာမီအချိန်လေးတွင် တောင်ဘက်ဆီမှ လူတဦးပြေးလာသည့် အသံကို ကျနော်တို့ နှစ်ဦး ကြားလိုက်ကြရလေသည်။ ကျနော်တို့၏ ကိုယ်စီကိုယ်စီ အတွေးနယ်ချဲ့ နေမှုမှာလည်း ချုပ်ငြိမ်း သွားပြီး၊ ကျနော်တို့အား ကျနော်တို့ ၏ ခြေထောက်များက ကျနော်တို့၏ ‘အကဲကြည့်’ နေရာ OP ကလေးသို့ အလိုအလျောက် ခေါ်ဆောင်သွား ကြပါတော့သည်။

ဗိုလ်မှူးဘသော်မှ တိုးတိုးလေးဆို၏ “ ဟိုမှာ…ဗိုလ်ကြီး မြင်ရဲ့ လား”

“မြင်ပါတယ် ဗိုလ်မှူး၊ အစောင့်စစ်သား တစ်ယောက် တောင်ဘက် Cell အချုပ်ဆောင် ကနေ ထောင်ဗူးဝကို အ လော သုံးဆယ် ပြေးသွားနေတယ်။”

“ဟုတ်တယ် ဗိုလ်ကြီး၊ တခုခုတော့ တခုခုပဲဗျ။ ကျုပ်တို့ ဆက်ပြီး observe (အကဲကြည့်) လုပ်ဖို့ လိုလိမ့်မယ်”

“ဟုတ်ကဲ့ ဗိုလ်မှူး၊ ညဦးပိုင်းမှာ ဒီလိုဖြစ်တာမျိုး တခါမှမကြုံဖူးဘူး။ စစ်ဖို့ ဆေးဖို့ဆိုရင်လဲ အစောင့် စစ်သားဟာ ပြေးလွှားနေစရာမလိုဘူး”

“ဟော ဟော၊ ထောင်ဗူးဝ တံခါးပွင့်ပြီ၊ အစောင့်နဲ့ in charge (တာဝန်ခံ) နဲ့ စကားပြောနေကြပြီ”

“ဟုတ်တယ် ဗိုလ်မှူး၊ သူတို့ဟာက သုတ်သီးသုတ်ပြာပဲ။ အကျဉ်းသား တစ်ယောက်ယောက် သေကြောင်းကြံလို့လား။ ဒါမှမဟုတ် တစ်ယောက်ယောက် အသဲအသန် နေမကောင်းတခုခု ဖြစ်လို့ ပဲလားမသိ”

“ဖြစ်နိုင်တယ် ဗိုလ်ကြီး၊ ဒီတခါတော့ ကျုပ်တို့ရဲ့ OP ကလေးကကျုပ်တို့ကို သတင်းထူး ပေးတော့မယ်နဲ့ တူတယ်။ ဒီတော့ ထုံးစံအတိုင်း သည်းခံပြီး observe လုပ်ကြရအောင်”

“ကောင်းပါတယ် ဗိုလ်မှူး။ လုပ်ကြရအောင်”

ဤသို့ ကျနော်တို့ နှစ်ဦးသား နှစ်ကိုယ်ကြား လေသံလေးဖြင့် ပြောဆိုနေကြစဉ်တွင်၊ ထောင်ဗူးဝ အပြင်ဘက်၌ ကား တစီး ထိုးဆိုက်သံ ကြားလိုက်ရပါသည်။ စစ်သားရဲဘော် လေးငါးဦး ထမ်းစင် တစ်ခု ပါယူလာ၍ ထောင်ထဲသို့ ၀င်လာကြလေသည်။ သူတို့ အားလုံး တောင်ဘက် Cell အချုပ်ဆောင်ဆီသို့ အလျင်အမြန် သွားနေကြလေသည်။

သူတို့ ထောင်ဗူးဘက်သို့ ပြန်ထွက်လာကြသောအခါ ထမ်းစင်ပေါ်တွင် တစ်စုံတယောက်အား အ၀တ်ဖြင့် မျက်နှာကိုပါ ဖုံးလွှမ်းပြီး ထမ်းထုတ် လာကြသည်ကို ကျနော်တို့ မြင်တွေ့ ကြရပြန်သည်။

သူတို့ ထောင်ဗူးဝအပြင်သို့ ရောက်သွားပြီး မကြာမီပင် ကားတရှိန်ထိုး မောင်းထွက် သွားသံကိုပါ ကျနော်တို့ ကြား လိုက်ကြရပါသည်။

ထမ်းစင်ဖြင့်ခေါ်ထုတ်သွားခြင်းခံရသူ အကျဉ်းသားသည် မည်သူနည်း???

မိမိကိုယ်ကို သေကြောင်းကြံသူလား၊ အသည်းအသန် နာမကျန်းဖြစ်နေသူလား၊ Cell အချုပ်ဆောင်တွင် အကျဉ်း ကျနေစဉ် ဤအကျဉ်းသားအား မည်သည့်အခြေအနေဆိုးများက ဤ အခြေအနေသို့ ရောက်အောင် တွန်းပို့လိုက် သနည်း၊ ထမ်းစင်ပေါ်မှာ ပါသွားစဉ် အသက်မှ ရှိသေးရဲ့လား၊ အသက်ရှင်နေ သေးလျှင်လည်း ဆေးကုသ၍ နဂိုအခြေအနေသို့ ပြန်ရောက်နိုင် ပါ့မလား???

ကျနော်၏ အမေးအတွေးများကား ပြေးလွှား နေလေတော့သည်။

ဗဟိုထောက်လှမ်းရေးတပ်၏ ရေကြည်အိုင် အကျဉ်းထောင်အား တိတ်ဆိတ်မှုက ပြန်လည် စိုးမိုးသွားလေပြီ။ မင်္ဂလာဒုံ ဆောင်းက ချမ်းမြမြ။ ငွေလသော်တာရောင်က ၀င်းပပနှင့် အိမ်အပြင်တွင် ပက်ဖျန်းရွှန်းစိုနေဆဲ…။

သို့သော် ကျနော့်ရင်ထဲတွင် အဖြေရှာမရသော မေးခွန်းများဖြင့် ပြည့်လျှမ်း တင်းကြပ် တစ်ဆို့ နာကျင်နေကြဆဲ။

ကျနော်သည် ထိုညက အတော်ကြီး ညဥ့်နက်သည် အထိ အိပ်၍မရပါ။

နောက်ဆုံးတွင် ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင်ကာ၊ ထမ်းစင်ပေါ်က လူနှင့်ပတ်သက်ပြီး သတင်း ငှက်ကလေးသည် မကြာမီ ကျနော်တို့ထံ ပျံဝဲ ရောက်ရှိ လာလိမ့်မည်ဟု တွေးတော ဆင်ခြင်မိတော့မှ၊ အတော်အသင့် စိတ်သက်သာရာ ရသွားပြီး၊ မှေးစက် ပျော်သွား မိပါသတည်း။

သပြေတခက် ကြွေရက်ကယ်စော- အခန်း (၃)

ကျနော်တို့နှင့်အတူ အချုပ်ခံနေရသော ပုဂ္ဂိုလ်များသည် အစ ပထမပိုင်းတွင် ဤကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်စား ကြသော်လည်း၊ ဗိုလ်မှူးဘသော်နှင့် ကျနော်တို့ကို မမှီပါချေ။ အကြောင်းသော် ကျနော်တို့ နှစ်ဦးမှာ စာရေးစာဖတ် ဘက်တွင် ၀ါသနာသန်သူများဖြစ်သည့်ပြင်၊ ထိုည၏ မြင်ကွင်းအား ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ကြရသူများ ဖြစ်နေခြင်းကြောင့်ပင်တည်း။ ဤအချက်က ကျနော်တို့၏ တွေးတောစူးစမ်း လိုစိတ်အား အမြဲနှိုးဆွ ပေးနေလေသည်။

သို့ပါသော်လည်း ကံက ခေလွန်းလှ၏။ အနီးကပ်ဆုံး အချုပ်အိမ်များသို့ လျှို့ ဝှက် ဆက်သွယ်ပြီး၊ ဤသတင်းနှင့် ပတ်သက်၍ အနံ့ခံကြသော်လည်း ထူးထူးခြားခြား ဘာမှ ထွက်ပေါ်လာခြင်း မရှိပါချေ။

ရေကြည်အိုင်ထောင် အတွင်းရှိ အချုပ်အိမ်ကလေးများတွင် အချို့ အိမ်များသည် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာကို ဖတ်ခွင့်ရ၏။ အချို့ အိမ်များကား ဖတ်ရှုခွင့်မရ။ Cell အချုပ်ခန်းများတွင်ကား သတင်းစာ ဖတ်ခြင်းကို လုံးဝ ခွင့်မပြု။ အခွင့်အရေးပေးမှု မတူခြင်းအား ဖေါ်ပြ နေပေသည်။

ကျနော်တို့ အိမ်တွင် ရှိသူတို့ကား လုပ်သားပြည်သူ့ နေ့ စဉ်ကို ဖတ်ခွင့်ရကြ၏။ သို့သော် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့အပြင် တရားရုံးတော်၌ စစ်ဆေးစီရင်နေသည့် ပြစ်မှုများအနက် ရေကြည်အိုင် အချုပ်သားတို့ မသိ သင့် မသိထိုက်သောသတင်းများ ပါဝင်နေပါက၊ အမြဲတမ်းလို ဘလိတ်ဓါး ပါးပါးဖြင့် ဆင်ဆာ ဖြတ်တောက်ထား သည် ကို မကြာခဏတွေ့ ကြုံ ရဘူး၏။

ထိုညက မြင်ကွင်းကို တွေ့လိုက်ရပြီး နှစ်ရက်သုံးရက်ခန့် အကြာတွင် လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာ၊ နာရေး ကော်လံ၌ ပုဂ္ဂိုလ်တစ်ဦး၏ နာရေး ကြော်ငြာအား ဘလိတ်ဓါးဖြင့် တိတိရိရိ ဖြတ်တောက်ကာ ဆင်ဆာလုပ်ထားသည်ကို ကျနော်တို့ အမှတ်မထင် တွေ့လိုက် ရပါတော့သည်။

ကွယ်လွန်သွားသည့် ပုဂ္ဂိုလ်သည် ဤရေကြည်အိုင် အချုပ်ခန်းရှိ အချုပ်သားများနှင့် သော်လည်းကောင်း၊ အချုပ်သားတို့၏ မိဘဆွေမျိုးသားချင်းများနှင့် သော်လည်းကောင်း၊ တနည်းမဟုတ် တနည်း ပတ်သက်နေသည်မှာ မြေကြီး လက်ခတ်မလွဲ ဖြစ်ပေမည်ဟု ကျနော်တို့ မှတ်ချက် ချလိုက်ပါတော့သည်။

သို့သော် ကွယ်လွန်သူသည် မည်သူမည်ဝါ၊ မည်သည့် အချုပ်သားနှင့် ပတ်သက်နေသည် စသည်တို့ကား၊ ကျွန် တော်တို့  တွေးတော စဉ်းစားမရခဲ့ပေ။

ထိုမှ တပတ်ကျော်ခန့် ကာလတွင် သတင်းအစအန ပြန့်လွင့်လာပါတော့သည်။ ကွယ်လွန်သူသည် ရေကြည်အိုင် Cell အချုပ်ခန်းတွင်းမှ လက်နက်ကိုင် တော်လှန်ရေးသမား ဟူ၍လည်းကောင်း၊ စစ်အစိုးရအား ဆန့်ကျင်သည့် တပ်မတော် အတွင်းမှ စစ်ဗိုလ်တစ်ဦး ဟူ၍တဖုံ၊ ဗိုလ်ကြီး ကျော်စွာမြင့် အမှုတွင် ပါဝင် ပတ်သက်နေသည့် အရေးကြီး ဖေါ်ကောင်တစ်ဦး ဟူ၍တမျိုး၊ ကြိုးကြားကြိုးကြား သတင်းပြန့်လွင့်နေလေသည်။ သတင်း အတိအကျမရပဲ၊ အဖြစ်မှန် ကို မဖေါ်ထုတ်နိုင်ကြသဖြင့် ကျနော်တို့ အားလုံး အားမလိုအားမရ မကျေမနပ် ဖြစ်မှုနှင့်သာ နိဂုံးချုပ် နေကြရ၏။

နေအ၀င် တိမ်အတောက် လွမ်းစရာ့ တစ်ညနေတွင် ဗိုလ်မှူးဘသော်နှင့် ကျနော်တို့ နှစ်ဦးသည် ကျနော်တို့ အိမ်ဝင်း ကလေးအတွင်း အတွေးကိုယ်စီဖြင့် ဖြည်းဆေးစွာ လမ်းလျှောက်နေ ကြလေသည်။ လမ်းလျှောက် နေရင်းမှ ဗိုလ်မှူးဘသော်၏ အတွေးသည် ထိုညက အဖြစ်အပျက် ဆီသို့ ပြန်ရောက်သွားပြန်လေသည်။ စိတ်ဓါတ်ခိုင်မြဲပြီး ဆုံးဖြတ်ချက်ချ ရာတွင်၊ မည်သည့်အခါမှ စိတ်ဒွိဟမရှိ ရဲရင့် ပြတ်သားသည့် ဗိုလ်မှူးဘသော်မှ ပြောခဲ့သည်မှာ

“ဗိုလ်ကြီး ဒီကောင်တွေကို ပီကင်းရေဒီယိုက အော်နေသလို ‘မင်းတို့ ဘယ်တော့မှ ဇာတ်သိမ်း ကောင်းမှာ မဟုတ်ဘူး’ လို့ ကျုပ် အော်ချင်တယ်။ နောက်ပြီး ဗိုလ်ကြီး၊ ကျုပ်တို့သံန္နိဌာန် တစ်ခုတော့ ချကြရအောင်။ ကျုပ်တို့ အသက်ရှင် နေသရွေ့ ဘယ်မှာပဲနေနေ ဘာပဲလုပ်လုပ်၊ ‘လသာည’ ရဲ့ အဖြစ်အပျက်မှန်ကို ကျုပ်တို့ ခြေရာခံပြီး သင့်တော်တဲ့ တစ်နေ့မှာ ပြည်သူနဲ့ တိုင်းပြည်ကို တင်ပြကြရအောင်”

“စိတ်ချပါ ဗိုလ်မှူး၊ ကုန်ကုန်ပြောမယ် ဗိုလ်မှူး၊ ကိုယ့်အသက်နဲ့ ကိုယ် အိုးစားမကွဲသရွေ့ ကျနော်တို့ အဖြေရှာကြမယ်လို့ သံန္နိဌာန်ချပါတယ် ဗိုလ်မှူး”

“ဟုတ်တယ်၊ ကမ္ဘာကုန် ကျယ်သရွေ့  ကျုပ်တို့ အဖြေရှာကြမယ် ဗိုလ်ကြီး”

ကျနော်တို့နှစ်ယောက်၏ လေသံတိုးတိုးလေးသည် လောကတခွင်သို့ ငလျင်တော်လဲ သံကြီး ကဲ့သို့  ရိုက်ခတ် သွားသယောင် စိတ်တွင်ခံစားလိုက်ရ၏။

ဆည်းဆာအချိန်၏ ဆောင်းနှောင်းလေနုအေးသည် ကျနော်တို့ နှစ်ဦး၏ သံန္နိဌာန်အား ကမ္ဘာကုန် ကျယ်သရွေ့  သယ်ဆောင်သွားလေပြီဟု ကျနော် ရိပ်စားမိလိုက်ပါတော့သည်။

သပြေတခက် ကြွေရက်ကယ်စော- အခန်း (၄)

ကျနော်တို့၏အချုပ်သား အကျဉ်းသား ဘ၀သည် ရေကြည်အိုင် အချုပ်ထောင်ထဲတွင် ၀ဲဂယက်ပမာ လည်ပတ် နေပါသည်။ နံနက်စောစော ရောင်နီသမ်းလာလျှင် ကျနော်တို့၏ တစ်နေ့တာ အချုပ်သား ဘ၀စပြီး၊ နေလုံး ကြီး ပျောက်ကွယ်ချိန်၌ ထိုတစ်နေ့တာ ဘ၀ ချုပ်ငြိမ်း ပြန်လေသည်။ ရှေ့တွင် ဘာတွေဖြစ်လာမည်ကို မည်သူမှ မမှန်း ဆရဲ။ မည်သူမှမသိ။ အကြောင်းသော်ကား ကျနော်တို့ အားလုံးသည် ကိုယ့်ဘ၀ကိုယ် မပိုင်သည့် ဗိုလ်ချုပ်ကြီး နေ၀င်း နှင့်ထောက်လှမ်းရေး မျက်မှန်ကြီး ဒုဗိုလ်မှူးကြီးတင်ဦးတို့၏ အချုပ်သားများ ဖြစ်နေခြင်း ကြောင့်ပင် တည်း။

သို့သော် ‘အချိန်နှင့်ဒီရေသည် လူကိုမစောင့်’ ဟူသော အမှန်တရား အဆိုအမိန့်သည် လူသားအားလုံး အပေါ်၌ လွှမ်းခြုံစိုးမိုး လျက်ရှိနေသည် ဆိုသည်ကို ကျနော်တို့ အချုပ်သား အားလုံး ကောင်းစွာ သဘောပေါက်မိ ကြပါသည်။

နေ့ကို လစား၊ လကို နှစ်စားကာ၊ အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံး လွင့်စင် ကွယ်ပျောက် ကြကုန်၏။ အသစ် အသစ်တို့သည် အဟောင်း ဖြစ်လာကြပြီး၊ အဆုံးစွန်၌ ချုပ်ငြိမ်း ပျက်စီး ကြပြန်၏။ သင်္ခါရနှင့် အနိစ္စတရား တို့သည်လည်း လူသားတို့၏ ဘ၀များအား အစဉ် လွှမ်းမိုး ချုပ်ကိုင် ထားကြသည်ပင်။

၁၉၆၇ ခုနှစ်၊ နှစ်လယ်တွင်ဝန်ကြီးချုပ်ဦးနုကို လည်းကောင်း၊ ၁၉၆၈ ခုနှစ် မတ်လခန့် တွင် သမ္မတကြီး မန်းဝင်း မောင် နှင့်ပထစ၀န်ကြီးများ ဖြစ်ကြသည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်၊ ဗိုလ်မင်းခေါင်၊ ဦးဝင်း၊ ဦးသွင်၊ မွန် ခေါင်းဆောင် နိုင်အောင်ထွန်း၊ တည်မြဲဖဆပလ ခေါင်းဆောင်များ ဖြစ်သည့် ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ တပ်မတော်မှ ဗိုလ်မှူးကြီးကျော်မြင့်၊ ဗိုလ်မှူးကြီး တင်မောင် (မြတ်ထန်)၊ ဒုဗိုလ်မှူးကြီး ချာလီသိန်းရွှေ (ထောက်လှမ်းရေး) (ဇင်းမယ်တွင် စစ်သံဖြစ်နေစဉ် ဗိုလ်ကြီး ကျော်စွာမြင့် အမှုနှင့် အဖမ်းခံရသူ)၊ အချုပ်အိမ် တအိမ်ထဲ အတူ နေ ခဲ့ရသည့် ဗိုလ်မှူးဘသော်၊ ဗိုလ်မှူးတင်မောင်ထွန်း၊ ဦးကဲရော့၊ ဦးစိန်ကြည်၊ ဦးလှရွှေ တို့အပြင် ဗိုလ်ကြီးတင်မြင့် (လွှတ်ခါနီး နှစ်လခန့် အလိုတွင် ကျနော်နှင့် အတူ လာထားသည့် ကုန်သွယ်ရေးအထူးအရာရှိ) တို့အပြင် စာရေး ဆရာမကြီး ဂျာနယ်ကျော်မမလေး အစရှိသောပုဂ္ဂိုလ်များ၊ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည့် ဗိုလ်မှူးချုပ် အောင်ကြီး နှင့် အခြား စစ်ဘက်နယ်ဘက်နှင့် နိုင်ငံရေး ပါတီအသီးသီးမှ ပုဂ္ဂိုလ်များအား ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် မျက်မှန်ကြီး တင်ဦးတို့ မှ ညှိနှိုင်းဆုံးဖြတ်ကြကာ အသီးသီး ပြန်လွှတ် ပေးလိုက်ပါတော့သည်။

ရေကြည်အိုင်တွင် ကျနော် ကျန်ရစ်ခဲ့သော်လည်း၊ လွတ်မြောက် သွားကြသူများအတွက် သူတို့ မိသားစု၊ ဆွေမျိုး သားချင်းများ နှင့်အတူ ၀မ်းသာပီတိ ကြည်နူးမှု ဖြစ်ခဲ့မိပါသည်။ မည်သူက အချုပ်ထောင် အချုပ်ခန်းထဲတွင် မွေ့လျော်၍ တသက်လုံး နေချင်ပါအံ့နည်း။

လွတ်လပ်စွာ မွေးဖွားလာကြသူ လူသားများ ဖြစ်ကြသည့်အလျောက် လွတ်လပ်မှုကို မြတ်နိုး တွယ်တာ ကြသည် မှာလည်း သဘာဝတရား တစ်ခုပင် ဖြစ်၏။

ကျနော် မလွတ်သေးပဲ ဘာကြောင့်ကျန်နေခဲ့ပါသနည်း။ လွတ်မြောက်သွားသူများအား မလွှတ်ခင် သုံးလခန့် အလို တွင် ကျနော်သည် အချုပ်အိမ်ထဲ၌ ကျနော် ရေးသားသည့် “မြန်မာပြည်၏ ထွက်ရပ်လမ်း” စာတမ်းအား မျက်မှန် ကြီး ဒုဗိုလ်မှူးကြီးတင်ဦးမှ တဆင့် အာဏာသိမ်းထားသည့် တော်လှန်ရေးကောင်စီသို့ တင်သွင်းခဲ့၏။

ထိုစာတမ်းကြောင့် ကျနော့်အား မလွှတ်ပဲ၊ ချန်ထားခြင်းဖြစ်မည်ဟု ကျနော်တွေးမိပါသည် (ဤစာတမ်း နှင့်ပတ်သက်၍ သီးခြားစာတပုဒ်ရေးသားပါမည်)။

အတူနေခဲ့ဘူးသည့် သူများအား လွှတ်လိုက်သည့်နေ့မှာပင်၊ ပထမဆုံးကျနော့်အား ရေကြည်အိုင် ထောင်သို့ ခေါ်လာစဉ်က ချုပ်ထားခဲ့သည့် အိမ်ကလေးသို့ ပြန်လည် ပြောင်းရွှေ့ လိုက်ကာ တစ်ဦးတည်း ဧကစာရီ (solitary confinement) ချုပ်ထားလိုက်ပါသည်။

ကျနော်သည် စိတ်ဓါတ်ကြံ့ကြံ့ခိုင်ခိုင်၊ ဇွဲနှင့်ရပ်တည်ရမည့် အချိန်ရောက်လာပြီကို နားလည် နှလုံးပိုက်ထားလိုက်ပါသည်။ ထို့ကြောင့် ကျနော်သည် အချုပ်အိမ်တွင်း၌ အချိန်ကို ကောင်းစွာ အသုံးချ၏။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်၏။ နေ့စဉ် (၉) ပါးသီလ ဆောက်တည်ကာ၊ တရားထိုင်၏၊ စာရေးစာဖတ် လုပ်၏။ တနေ့တော့ လွတ်ကို လွတ်ရမည်ဟု စိတ်ဓါတ်ကို မြှင့်တင်ထား၏။ တနေ့ တလံ ပုဂံ ဘယ်ပြေးလိမ့်မလဲ။

ကျနော့်အား ချုပ်ထားသည်မှာ သုံးနှစ်နှင့် ငါးလကျော်လာပြီးနောက်၊ ၁၉၆၈ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ကို ကျနော် ဘယ်တော့မှ မမေ့နိုင်ပါ။ ကျနော့်ဘ၀ခရီးတွင် ထူးခြားစွာ ကမ္ဗည်းထိုး ပေးလိုက်သည့်နေ့ ပင်တည်း။

နေ့ခင်း (၁) နာရီကျော်ခန့် တွင် ကျနော့်ဦးခေါင်းအား မျက်နှာသုတ်ပုဝါ ရစ်ပတ်၍အုပ်ပြီး၊ ကျနော့်အား လာခေါ် သွားခဲ့ကြပါသည်။ အတန်ကြာ အဆောက်အဦး တခုထဲသို့ ရောက်မှ အုပ်ထားသော မျက်နှာသုတ်ပုဝါကို ဖယ်ရှား လိုက်ရာ၊ ကျနော်သည် ဗဟိုထောက်လှမ်းရေးတပ်၏ ရုံးခန်းတခု အတွင်းသို့ ရောက်နေသည်ကို သိရှိလိုက် ရပါသည်။

ထို့နောက် ဗဟို ထောက်လှမ်းရေး ဒု-တပ်မှူးမှ ကျနော့်အား ယနေ့မှစ၍ သက်ဆိုင်ရာမှ လွှတ်ပေး လိုက်ပြီ ဖြစ်ကြောင်း၊ စာတမ်းတင်ခြင်း နှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒုဗိုလ်မှူးကြီး တင်ဦးတို့မှ အထူး မကျေမနပ် ဖြစ်ကာ ယခုကဲ့သို့ သူများထက် နောက်ကျ၍ လွှတ်ပေးခြင်း ဖြစ်ကြောင်း၊ နောင်တွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အား ဆန့်ကျင်သည့် အရေးအသား၊ အပြောအဆို၊ လုပ်ရပ်များကို ရှောင်ကြဉ်ရန် လိုကြောင်း စသည်ဖြင့် မိန့်ချွေပြီး ကျနော့်အား အိမ်တိုင်ယာရောက် လိုက်ပို့ ပေးလေသည်။ လူ့ဘ၀သက်တမ်း တခုအတွင်း အပျော်ရွှင်ဆုံး သုံးနေ့တွင် တစ်နေ့ အပါအ၀င်ဖြစ်သည့် “ထောင်မှလွတ်သည့်နေ့” ကို ကျနော် ဘယ်တော့မှ မေ့တော့မည် မဟုတ်ပါ။

ထိုနေ့ကို မမေ့သလို “သူ့ ” ကိုလည်း ကျနော်ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပါ။ “သူ” ဆိုသည်မှာ ကျနော်နှင့်လူချင်း ရင်းနှီးခင်မင်လှသည့် အပြင် နိုင်ငံရေးအမြင်၊ တပ်မတော်အပေါ် အမြင်တို့တွင် တူညီကြကာ၊ တူညီသော ယုံကြည်ချက် ရှိကြသည့် ‘ဗိုလ်ကြီး မြင့်ထူး’ ဖြစ်ပါသည်။

ဗိုလ်ကြီးမြင့်ထူးသည် ထိုစဉ်က ခလရ (၂၅) မှ တပ်ခွဲမှူးတစ်ဦး ဖြစ်ပြီး၊ ဖက်ဆစ် တော်လှန်ရေး အထက် ဗမာပြည် စစ်ရေးတာဝန်ခံ (ငှက်ဖျားရောဂါနှင့် ကွယ်လွန်သူ) မြန်မာ့သူရဲကောင်း အာဇာနည် ဗိုလ်မှူးကြီး ဗထူး၏ သား ဖြစ်ပါသည်။

ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီးကြည်မောင် (ထိုစဉ်က အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း၊ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဟောင်း) တို့မှ ဦးတင်မောင်ဝင်းတို့၏ ကျောင်းသားအုပ်စုများနှင့် ဆက်သွယ်မှုရှိခဲ့ပြီး၊ တော်လှန်ရေး ကောင်စီအား တပ်တွင်းမှ လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြုတ်ချရန် ကြံစည်ခြင်း အမှုနှင့်ပတ်သက်၍ ဗိုလ်ကြီးမြင့်ထူးနှင့် ကျနော့်အား ၁၉၆၅ ဇွန်လ ပထမပတ်ထဲတွင် အတူတကွ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။ ကျနော်တို့ နှစ်ယောက်အား ရေကြည်အိုင်တွင် နေရာခွဲ၍ ချုပ်ထားခဲ့ပါသည်။ ကျနော် လွတ်လာပြီး နောက်တနေ့တွင် ထိန်းသိမ်း ထားသူများအား ပြန်လွှတ်လိုက်ခြင်းကို မျက်နှာဖုံးသတင်း အဖြစ် သတင်းစာများတွင် တခမ်းတနား ဖေါ်ပြထားသည်ကို တွေ့ရှိရပါသည်။ လွတ်မြောက် လာသူ များ၏ အမည်များ ထဲ တွင် “သူ့ ” အမည်ကိုရှာဖွေကြည့်ရာ မတွေ့ ရပေ။

သပြေတခက် ကြွေရက်ကယ်စော- အခန်း (၅)

ထို့ နောက် ၁၉၆၇ ခုနှစ် နှစ်လယ်ပိုင်းတွင် လွတ်မြောက် လာသူများ ထဲတွင်လည်း “သူ” ပါမလာခဲ့ပေ။ “သူ” ပျောက်နေသည်မှာ သေချာနေလေပြီ။ ရေကြည်အိုင်တွင် ရှိစဉ်က သတင်းစာမှ နာရေးကြော်ငြာစာ တခုအား ဆင်ဆာလုပ် ဘလိတ်ဓါးနှင့် ဖြတ်တောက်ထားခြင်းကို ကျနော် သတိရနေမိ၏။ မဟုတ်ပါစေနှင့်၊ မဖြစ်ပါစေနှင့်ဟု ကျနော် အကြိမ်ကြိမ် ဆုတောင်း နေမိ၏။

ကျနော်၏ဆုတောင်း မပြည့်ခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် ရေကြည်အိုင်တွင် “သူ့” အား ချုပ်နှောင်ထားစဉ် နေထိုင်မကောင်းဖြစ်သဖြင့် မင်္ဂလာဒုံ စစ်ဆေးရုံကြီးသို့ ”သူ့” အားတင်ပို့ ကုသ ခဲ့သော်လည်း၊ “သူ” ကွယ်လွန် သွားခဲ့သည် ဟူသောသတင်းစကားများကို တဆင့်စကားများဖြင့် ကြားသိ လာခဲ့ရခြင်းကြောင့် ဖြစ်ပါသည်။

“သူ” သည် ဤကမ္ဘာလောကကြီး၌ မရှိရှာတော့သည်မှာ သေချာလေပြီ ဟူသောအသိတရားက ကျနော့်အား အကြီးအကျယ် တုန်လှုပ် ချောက်ချားစေ ခဲ့လေသည် သာမက၊ ခံပြင်းခြင်း၊ နာကြည်းခြင်း၊ ဆောက်တည်ရာ မရခြင်း တို့ က ကျနော်၏ စိတ်နှင့်ခန္ဓာအား ဖိစီးလေတော့၏။

ကျနော်လွတ်လာပြီးနောက် တစ်နှစ်ကျော်ခန့် အကြာ တစ်ရက်တွင်၊ ရေကြည်အိုင်မှာ ဘ၀တူ အချုပ်သား ဖြစ်ခဲ့ရသည့် ဦးကျော်ရှင်း (အမည်ရင်းမဟုတ်ပါ) နှင့် အမှတ်မထင် ပြန်လည်ဆုံစည်း ကြပြီး၊ သူ၏ သားသမီးများ အတွက် ရှင်ပြုနားသ မင်္ဂလာပွဲကို မပျက်မကွက် လာရောက်ရန် ဖိတ်ကြားခဲ့သဖြင့်၊ ဦးကျော်ရှင်း၏ အလှူနေ့တွင် ကျနော် ရောက်ရှိသွားခဲ့၏။

ကျနော့်ကို မြင်လျင်မြင်ချင်း ဦးကျော်ရှင်းးသည် အခြားပုဂ္ဂိုလ်များနှင့် ဧည့်ခံ စကားပြောနေရာမှ ထလာခဲ့ပြီး၊ ကျနော့် အား ခရီးဦးကြိုပြုကာ သင့်တင့်သော နေရာတွင် နေရာချပေး၍၊ အနီးရှိ လူငယ်တဦး နှင့်ပါ မိတ်ဆက် ပေးလေသည်။ လူငယ်သည်အသက် (၂၅) နှစ်ခန့် သာရှိကာ မဖြူ မညို မပိန်မ၀ အရပ် (၅) ပေ (၂) လက္မ ခန့်ရှိ စူးရှသည့် မျက်လုံး အစုံနှင့် ကျနော့်အား ကြည့်ရှုလေသည်။

“ဗိုလ်ကြီး၊ ဒါက ကိုအောင်သူ (နံမည်ရင်းမဟုတ်ပါ) တဲ့။ ကိုအောင်သူ၊ ဒါက ဗိုလ်ကြီးစည်သူတဲ့။ ကျနော်တို့ အားလုံး ရေကြည်အိုင်ပြန်တွေချည်းပဲ။ ကဲ ခင်ဗျားတို့ ချင်း စကားပြောကြအုံး” ဟု ပြောပြောဆိုဆိုနှင့် ဦးကျော်ရှင်းသည် ကျနော်တို့ နားမှ ထွက်ခွာသွားခဲ့၏။

ကျနော့်အား စူးစိုက်ကြည့်နေသည့် ကိုအောင်သူ၏ မျက်နှာပေါ်တွင် (ဦးကျော်ရှင်းမှ ဗိုလ်ကြီး ဟုမိတ်ဆက် ပေးသွားမှုကြောင့်) စိုးရိမ်ပူပန်မှုကို အထင်းသား တွေ့နေရ၏။ သူ စိတ်သက်သာ စေရန် ရည်ရွယ်ပြီး ကျနော်မှ စကားဆို လိုက်ရ၏။

“ဗိုလ်ကြီးဆိုလို့ အထင်မလွဲလိုက်ပါနဲ့ ကိုအောင်သူ၊ ကျနော် အခု ဗိုလ်ကြီးလဲမဟုတ်တော့ပါဘူး။ ကျနော်လဲရေ ကြည်အိုင်မှာ သုံးနှစ်ခွဲလောက် အချုပ်ခံခဲ့ရပါတယ်။ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီး ကြည်မောင်တို့နဲ့ ပတ်သက်လို့ ပါပဲ။”

“ သြော် ဗိုလ်ကြီးက တပ်မှူးကြီးတွေနဲ့ ပတ်သက်တဲ့ ကိစ္စကိုး။ တွေ့ ရတာ ၀မ်းသာပါတယ်ခင်ဗျာ”

“ ကိုအောင်သူရယ်၊ ဗိုလ်ကြီးတွေဘာတွေ မလုပ်ပါနဲ့ ၊ အကိုလို့ ခေါ်ရင် တော်ပါပြီ”

“ဟုတ်ကဲ့ အကို၊ ကျနော်က မြေအောက်လှုပ်ရှားမှုတွေမှာ ပါခဲ့လို့ပါပဲ။ ရေကြည်အိုင်မှာ လေးနှစ် သာသာ ငရဲခံ ခဲ့ပါတယ်။ ပထမ နှစ်နှစ်က ရေကြည်အိုင် ထောင်အပြင်က Cell အချုပ်ခန်း၊ နောက် နှစ်နှစ်သာသာက ရေကြည်အိုင်ထောင်ထဲက Cell အချုပ်ခန်းမှာပါ။ ၁၉၆၉ ကုန်ခါနီးမှ လွတ်ပါတယ်”

“ရေကြည်အိုင်ထောင်ထဲက Cell အချုပ်ခန်း၊ ရေကြည်အိုင်ထောင်ထဲက Cell အချုပ်ခန်း” ဟု ကျနော် တိုးတိုးလေး ရေရွတ်လိုက်မိပါသည်။

“အကိုလဲ နည်းပေါင်းစုံနှင့် စစ်ဆေးခံရပြီးစက အပြင်က Cell အချုပ်ခန်းမှာ နှစ်ပတ်လောက် နေလိုက်ရသေးတယ်။ ပြီးတော့မှ ရက်ရက်စက်စက်စစ်တဲ့ အခါကျ အထဲက ကျားလှောင်အိမ်၊ ခြင်္သေ့ လှောင်အိမ်တွေထဲ ပြန် ရောက်သွားပြီး၊ အပြင် Cell ကိုပြန်မရောက်တော့ဘူး”

“အကိုအပြင် Cell ကို ရောက်လာတဲ့ အချိန်မှာ၊ ကျနော်နဲ့ အခန်းချင်းဝေးတယ်နဲ့ တူတယ်။ ဒါကြောင့် မသိကြတာ။ အခန်းချင်း နီးရင် သိကိုသိကြရမှာ”

“ဖြစ်နိုင်တယ် ကိုအောင်သူ၊ အကိုက Cell မှာ နှစ်ပတ်ကျော် လောက်ပဲကြာတော့၊ သိဖို့ ကျွမ်းဖို့ အချိန်တိုနေတယ်”

ကျနော်တို့ စကားကောင်းနေစဉ် အလှူပွဲလာ ဧည့်ပရိသတ်များ တစတစများလာသည့် အပြင်၊ အလှူမင်္ဂလာ အစီ အစဉ်များလည်း စတင်နေပြီ ဖြစ်သဖြင့်၊ ကျနော်တို့ စကားပြတ်သွားကြ၏။ အနီးတွင် ဧည့်သည်များ ရှိနေပြီ ဖြစ်သဖြင့် အလ္လာပ သလ္လာပ သာပြောနေကြပြီး၊ ကျနော်တို့ နှစ်ယောက်ရေကြည်အိုင်အကြောင်း မဆက်နိုင်ကြတော့။

ဦးကျော်ရှင်းအား နှုတ်ဆက်ပြီး အလှူပွဲမှအပြန် ကျနော်နှင့် ကိုအောင်သူတို့ နှစ်ယောက် ဘတ်စကား မှတ်တိုင်ဆီသို့ စကားပြောရင်း အတူ လမ်းလျှောက် လာခဲ့ကြ၏။ မှတ်တိုင်တွင် ဘတ်စကားကြဲနေပြီး၊ ကား စောင့်သူလည်း သိပ်မရှိသဖြင့် ကျနော်တို့ လွတ်လွတ်လပ်လပ် စကားဆက်ကြပြန်၏။

“ကိုအောင်သူ ကျနော့်ကိုယုံယုံကြည်ကြည်ဆက်ဆံနိုင်ပါတယ်။ ခင်ဗျားနဲ့ စကားပြောရတာ အားမရသေးဘူး။ ထပ်တွေ့ပြီး စကားပြောချင်တယ်။ ခင်ဗျားဆီက သိချင်တာလေးတွေလဲ ရှိတယ်”

“ရပါတယ် အကို၊ အကိုနဲ့ စကားပြောကြည့်ပြီး အကို့ အပေါ်မှာ ကျနော်ယုံပါတယ်။ ဒါနဲ့ အကိုက ရန်ကုန်မှာ အမြဲနေလား။ ကျနော်တော့ အခြေအနေပေါ် မူတည်ပြီး၊ ခရီးသွားနေတာများတယ်။ ဒါပေမယ့် အကိုနဲ့ ကျနော် ပြန်ဆုံ ကြအုံးမယ်လို့ ကျနော်ယုံတယ်”

“အကို့ဇနီးသည်က ရန်ကုန်မှာပါ။ အကိုလဲ တပ်ကနေ အပြင်ရောက်ပြီး ကတည်းက မေမြို့ အနီးစခန်း စည်သာ ချောင်းနံဘေးမှာ ခြံသွားလုပ်နေတယ်၊ နှစ်လ သုံးလနေရင် ရန်ကုန်ကို တခေါက်လောက် ဆင်းလာလိုက်၊ ရန်ကုန်မှာ တလကိုး သီတင်းလောက်နေလိုက်၊ အနီးစခန်း စည်သာခြံကို ပြန်တက်လိုက်ပေါ့”

“သြော် အကိုက မေမြို့ အနီး စခန်းကကိုး၊ ကျနော်လဲ အဖမ်းမခံရခင်က ကျောင်းသားနဲ့ ဘုန်းကြီး လှုပ်ရှားမှုတွေအတွက် အထက်မြန်မာပြည် ပခုက္ကူ၊ မန္တလေးဘက် ခဏခဏ ရောက်ပေမဲ့ သာယာလှတဲ့ မေမြို့ နဲ့တော့ နီးရက်နဲ့  ဝေး မရောက်ဖူးသေးဘူး ဖြစ်နေတယ်”

“ဒီလိုဆို ဒီလိုလုပ်ပါလား၊ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ကိုအောင်သူ့ကို အကို့ဆီ လာလည်ဖို့ ဖိတ်ခေါ်ပါရစေ။ ကိုအောင်သူ အနားယူတဲ့ အနေနဲ့ အကို့ ခြံထဲတပတ်လောက် လာနေပါလို့။ မြန်မာပြည် အခြေအနေလဲ ဆွေးနွေးရင်း၊ အကို အင်မတန်မှ သိချင်နေတဲ့ ရေကြည်အိုင်က အဖြစ်အပျက် တခုကိုလဲ ကိုအောင်သူ သိသလောက် ပြောပြနိုင်မလားလို့ မေးကြည့်ချင်တာလဲ ပါတယ်”

“ဘာအဖြစ်အပျက်လဲအကို၊ ကျနော်သိတာဆိုရင် သိတဲ့အတိုင်း အကို့ကို အကုန် ပြောပြမယ် ဆိုတာ ယုံပါ”

“ယုံပါတယ်ဗျာ၊ သိချင်တာက ဗိုလ်မှူးကြီးဗထူးရဲ့ သား ဗိုလ်ကြီးမြင့်ထူး ဘာဖြစ်ခဲ့သလဲဆိုတာပဲ”

ကိုအောင်သူသည် ကျနော့်အား တအံ့တသြ စိတ်ဝင်တစား လှမ်းကြည့်လိုက်ပြီး၊ ခေါင်းကို ဖြည်းညှင်းစွာ တချက် ညှိတ်လိုက်ရင်း……

“ကောင်းပြီ အကို၊ ကျနော် အခြေအနေပေးတာနဲ့ အကို့ ခြံကိုတက်လာခဲ့မယ်။ မလာခင် အကိုခြံထဲမှာ ရှိမရှိသေ ချာအောင် စုံစမ်းပြီးမှ လာချင်တယ်”

“ကျေးဇူးပဲ ကိုအောင်သူ၊ စည်သာခြံဟာ အနီးစခန်းမှာ ကိုအောင်သူကို အမြဲတမ်း စောင့်ကြိုနေတယ်”

ကျနော့်အား ဆက်သွယ်နိုင်သည့် တယ်လီဖုံးနံပါတ်၊ လိပ်စာများကို ကိုအောင်သူအား ကျနော်မှ ပေးသကဲ့သို့ ကျနော့်အားလည်း ကိုအောင်သူမှ သူ၏လိပ်စာ၊ ဖုံးနံပါတ်တို့ကို ပေးလေသည်။

ထို့နောက် မှတ်တိုင်သို့ ဘတ်စကားများ ဆိုက်ရောက် လာသဖြင့် ကျနော်တို့ နှစ်ယောက် နှုတ်ဆက်ကာ၊ ဆိုင်ရာ ဘတ်စကားများပေါ်သို့ တက်လိုက်ကြပြီး လူစုခွဲလိုက်ကြပါသည်။
သပြေတခက် ကြွေရက်ကယ်စော- အခန်း (၆)

ကျနော်သည် ကိုအောင်သူနှင့် ခွဲခွာပြီးနောက်၊ ၁၉၇၀ ခုနှစ် ဖေဖေါ်ဝါရီလ ဆောင်းနှောင်း ရာသီပိုင်းတွင်၊ မေမြို့  အနီးစခန်းရှိ “သစ္စာနွယ်” ခြံသို့ ထွက်လာခဲ့၏။ ရန်ကုန်မှ မထွက်ခွာမီ တစ်ရက်နှစ်ရက် အလိုတွင် ကိုအောင်သူနှင့် ဖုံးအဆက်အသွယ် လုပ်ပြီး၊ ကျနော် အနီးစခန်းသို့ သွားတော့မည်ကို ကြိုတင် အသိပေးခဲ့၏။ သူကလည်း အခြေအနေပေးလျှင် ပေးသလို လိုက်လာ ခဲ့ပါမည်ဟု ကတိပြု၏။

ကျနော် “သစ္စာနွယ်” သို့ ပြန်ရောက်ပြီး ကတည်းက ခြံလုပ်ငန်းတွင် အလုပ်နှင့် လက် မပြတ်သည့် အခြေအနေ မှာ ရှိနေပါသည်။ ထို့နောက် သုံးပတ်ခန့် အကြာတွင် ကိုအောင်သူထံမှ စာတိုလေး တစ်စောင် လက်ခံ ရရှိခဲ့ပါသည်။ စာထဲတွင် ခြံထဲ၌ ကျနော်ရှိမရှိ အကြောင်းပြန်ပါရန် ရေးထားသဖြင့်၊ ချက်ချင်းပင် အနီးစခန်းမှကိုအောင် သူထံသို့ ဆက်သွယ်ရာ ကျနော်ရှိနေလျှင် သူမကြာမီ ကျနော့်ထံ လာမည်ဟု အကြောင်းပြန်လေသည်။

ဖုံးဆက်ပြီး၊ သုံးရက်မြောက်နေ့ နံနက် (၉) နာရီသာသာ ခန့်တွင်၊ ကိုအောင်သူ တယောက် “သစ္စာနွယ်” သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေသည်။

ကိုအောင်သူ၏ အဆိုအရ ရွှေဘိုဘက်သို့ ခရီးသွားရန် အခြေအနေဖန်တီးလာသဖြင့် ရန်ကုန်မှ ထွက်လာခဲ့ပြီး၊ ရွှေဘိုသို့ ခရီးမဆက်မီ ကျနော့်ထံအရင် ၀င်လာခဲ့ကြောင်း၊ သို့ သော်နှစ်ညခန့် သာ ကျနော့်ထံတွင် နေနိုင်မည် ဖြစ်ကြောင်း သိရပါသည်။

ကိုအောင်သူအား လှိုက်လှဲစွာကြိုဆိုရင်း စည်သာချောင်းနှင့် မနီးမဝေးတွင်ရှိသည့် ကျနော်၏ အိမ်သို့ ခေါ်သွား ခဲ့ပြီး အခန်းတခန်းတွင်နေရာချပေးခဲ့ပါသည်။

ခြံအလုပ်သမားများဖြင့် ပျားပန်းခတ် အလုပ်များ နေသဖြင့် တနေကုန် ခြံလုပ်ငန်း အကြောင်းကိုသာ ကိုအောင်သူအား ရှင်းလင်းပြောပြနေပြီး၊ သူမှလည်း စိတ်ဝင်စားကာ ဗမာပြည် အေးချမ်း သာယာသွားသည့် တနေ့တွင် ခြံ လုပ်ငန်းကို လုပ်ကိုင်လိုကြောင်း ပြောဆိုခဲ့လေသည်။

“သစ္စာနွယ်” သည် မန္တလေး-မေမြို့ ကားလမ်းမကြီးမှ ကိုက်တထောင်ခန့် အကွာ အတွင်းပိုင်း နေရာတွင် ရှိနေပြီး ထိုအချိန်က လျှပ်စစ်မီး မရရှိသေးပါ။ ညတွင် မှန်အိမ် သို့မဟုတ် ရေနံဆီ မီးခွက် ကိုသော် လည်းကောင်း၊ အောက်လင်းဓါတ်မီးကို သော်လည်းကောင်း လိုအပ်သလို အသုံးပြုရပါသည်။

အိမ်အလည် ဧည့်ဆောင်တွင် အေးမြသော မိုးရာသီနှင့် အလွန် အေးချမ်းလှသော ဆောင်းရာသီတို့တွင် အတူ စုထိုင် ၀ိုင်းဖွဲ့ စကားပြောနိုင်ရန် ထားရှိသော မီးဖိုကြီး ပတ်လည်၌ ခြံလုပ်သားများ ရှင်းသွားသည့် ည (၇) နာရီ ခန့်တွင် ကိုအောင်သူနှင့် ကျနော်တို့ အရေးကြီးသည့် စကားဝိုင်း ဖွဲ့ရန် ထိုင်လိုက်ကြ၏။ အညာစာများဖြစ်သည့် နှမ်းပြစ်၊ မြေပဲဆားလှော်တို့ နှင့် ရေနွေးကြမ်းတို့ စားရင်းသောက်ရင်း ကျနော်တို့နှစ်ဦး၏ စိတ်သဏ္ဍာန်များမှာ ရေကြည်အိုင် ထောင်သို့ ပြန်လည် ပြေးလွှားသွားနေကြပြီ ဖြစ်၏။

“ကဲ ကိုအောင်သူ၊ ဒီမှာ ခင်ဗျားနဲ့ ကျနော်နဲ့ နှစ်ယောက်ပဲ ရှိတော့တယ်။ နံရံနဲ့ မျက်နှာကျက် တွေမှာ မမြင်နိုင်တဲ့ နားနဲ့ မျက်စိတွေရှိတယ် ဆိုတာ ရေကြည်အိုင်မှာ ကျန်ခဲ့ပြီ။ ဒီမှာ ခင်ဗျားရဲ့ ရင်ထဲ စိတ်ထဲ ရှိသမျှ အားရအောင် ပြောပေတော့။ ကျနော်လဲ ခင်ဗျား ပြောပြမှာတွေ ကြားချင်လွန်းလို့ စောင့်နေတာ ကြာလှပြီ။ ဒါထက် ကိုအောင်သူ ကျနော့်ကို ယုံပါတယ်နော်”

“ကျနော် အကို့ကို ယုံပါတယ်ဗျာ။ မယုံရင် ဒီကိုဘာလို့ လာခဲ့ရမှာလဲ။ နောက်ပြီး ကျနော့်မှာ အကို့ကို ယုံလို့ ရတဲ့ အချက်ကြီးတခု ရှိနေတယ်”

“ဘာများလဲ၊ ကိုအောင်သူ”

“ဗိုလ်ကြီးမြင့်ထူးက အကို့နံမည် ပြောပြသွားခဲ့တယ်။ အကိုနဲ့ သူနဲ့ဟာ တပ်မတော်ထဲမှာ ယုံကြည်ချက်ချင်း အမြင်သဘောထားချင်း တူညီတဲ့သူတွေတဲ့”

“အော်၊ သူ ဒီလို ပြောသွားခဲ့တယ်လား။ ကိုအောင်သူနဲ့ ဗိုလ်ကြီးမြင့်ထူးနဲ့ အထဲမှာ ဘယ်လို တွေ့ခဲ့ကြလဲ ဆိုတာရော၊ အဲဒီတုံးက အခြေအနေတွေကိုရော ပြောပြစမ်းပါဗျာ” ဟု မီးဖိုကြီးထဲသို့ ထင်းတချောင်း ထိုးထည့်လိုက် ရင်း ကျနော်မှ စိတ်အားထက်သန်စွာ မေးလိုက်ပါသည်။

ကိုအောင်သူသည် အရှိန်ရလာသော မီးဖိုတွင်းမှ မီးတောက်မီးလျှံများကို ခေတ္တ စိုက်ကြည့်နေ လိုက်ပြီး၊ စကားကို ဆက်လေသည်။

“ရေကြည်အိုင် Cell အချုပ်ထဲမှာ တခြား အချုပ်သားတွေနဲ့ ကျနော်နဲ့ ကွာတာကတော့ ကျနော့် အချုပ်ခန်းဟာ အစွန်ဆုံး အ၀င်ဝ အခန်းဖြစ်နေတာပါပဲ။ ကျနော့်ရဲ့ ညာဘက်ဘေးနှစ်ခန်းကို အခန်းလွတ်တွေပဲလုပ်ထားတယ်။ ကျနော့်ကို တခြား အချုပ်သားနဲ့ မဆက်သွယ်နိုင်အောင်ပေါ့။ မျက်မှန်တင်ဦးကြီးက ကျနော့်ကိုစိတ်ဓါတ် ပြင်းပြီး အင်မတန် ခေါင်းမာတဲ့ကောင်လို့ သတ်မှတ်လို့ ကျနော့်စိတ်ဓါတ်ကို ရိုက်ချိုးဖို့ လုပ်ထားတာပါပဲ။ ဒါပေမဲ့ တခါတလေ ညသန်းခေါင်တွေမှာ ဘေးအခန်းလွတ်တွေထဲ အချုပ်သား တယောက်နှစ်ယောက် လာသွင်းထားတတ် တယ်။ နှစ်ရက် သုံးရက်လောက်ကြာရင် အဲဒီအချုပ်သားတွေ ပျောက်သွားပြန်ရော”

တကယ် အချုပ်သား စစ်စစ်ပဲလား၊ ဒါမှမဟုတ် ထောက်လှမ်းရေးတွေပဲလား၊ ကျနော် မဝေခွဲနိုင်ဘူး။ ကျနော် သိတာကတော့ အဲဒီအခန်းလွတ်နှစ်ခုမှာ လာထားတဲ့ လူတွေဟာမမြဲဘူး။ အချုပ်ဆောင်တခုလုံး Cell အခန်းကျဉ်းလေးတွေ (၂၄) ခန်းရှိမယ်ထင်တယ်။ တဘက်ကို (၁၂) ခန်းစီနဲ့ အလယ်မှာ သုံးပေသာသာ ကျယ်တဲ့ စင်္ကြန်လမ်းရှိတယ်။ အချုပ်ဆောင်တခုလုံးရဲ့ အ ပြင်ဘက် (၁၂) ပေပတ်လည်မှာတော့ Cell ထဲကအချုပ် သားတွေ အပြင်ကို မမြင်ရအောင်ရယ်၊ အပြင် အချုပ်ဆောင်က အချုပ်သားတွေလဲ Cell ထဲကလူတွေကို မမြင်ရအောင်ရယ် ရှစ်ပေ မြင့်တဲ့ သစ်သား ၀င်းထရံမြင့်မြင့်ကို ပတ်လည်ကာထားပါတယ်”

“နေပါဦး၊ အဲဒီလိုဆိုမျက်နှာသစ်ရေချိုး၊ ထုတ်တဲ့လူတွေကို Cell ခန်းထဲက ချောင်းကြည့်လို့ မမြင်ရဘူးလား ကိုအောင်သူ”

“ရပါတယ် အကို၊ Cell ခန်းတိုင်းရဲ့ အ၀င်တံခါး လူတရပ်လောက် အမြင့်မှာ ခြောက်လက္မ ပတ်လည် အပေါက်က လေးတခုစီရှိတယ်။ အဲဒီအပေါက်ကနေ အစောင့်ရဲ့အလစ်မှာ ပိပိရိရိ ချောင်းကြည့်တတ်ရင်တော့ အချုပ်သားတွေရဲ့ မျက်နှာနဲ့ ကိုယ်လုံးကိုယ်ပေါက်ကို မြင်နိုင်ပါတယ်။ အစောင့် မိသွားရင်တော့ မသက်သာဘူး အကို။ အစာလျှော့ ရေလျှော့တာကအစ ထိုးကြိတ် ကန်ကျောက်တာ အထိ ခံရတယ်”

ကျနော်မှ ကိုအောင်သူ၏ ပန်းကန်လုံးထဲသို့ ရေနွေးကြမ်း ထပ်ဖြည့်ကာ၊ နှမ်းပြစ်ပန်းကန်ကို ကိုအောင်သူ ရှေ့သို့ တိုးပေးလိုက်ရင်း “Cell ထဲ ကနေ အပြင်ကိုကြည့်ရင် အဝေးကိုနဲနဲ မမြင်ရဘူးလား ကိုအောင်သူ”

“မရဘူးအကို၊ ဘာလို့လဲဆိုတော့ Cell ခန်း ပြူတင်းပေါက်က လူတရပ်ထက်မြင့်ပြီး၊ အချုပ်ဆောင် ပတ်လည်က ၀င်းထရံကလည်း သိပ်မြင့်နေလို့ပဲ၊ ပြူတင်းပေါက်ကို မော့ကြည့်လို့ မြင်နိုင်တာကတော့ နေ့ဆိုရင် နေရောင်၊ လသာတဲ့ညဆို လရောင်၊ ဒါပဲရှိတယ်”

“ဒါနဲ့ ကိုအောင်သူ အချုပ်ခံနေရတုံးမှာ အတူ အချုပ်ကျနေတဲ့ လူတွေ ဘယ်သူတွေလဲ မသိခဲ့ရဘူးလား”

“ဗိုလ်ချုပ်နေ၀င်းရဲ့ ကိုယ်ရေးလက်ထောက် ဗိုလ်ကြီးကျော်စွာမြင့် ယိုးဒယားကို ထွက်ပြေးတာ ကူညီခဲ့တဲ့ပြင်သစ် ကက်သလစ် ဘုန်းကြီးတပါး၊ သခင်သာခင်ရဲ့ မြေအောက် လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဗမာဗုဒ္ဓဘာသာ ဘုန်းကြီးတပါး၊ နိုင်ငံခြားသူလျှိုဆိုပြီး ဖမ်းထားတဲ့ ရှမ်းတရုတ်တွေ၊ ပဲခူးရိုးမ ဗကပ စစ်ဆင်ရေးမှာ ဖမ်းမိခဲ့တဲ့ ဗကပ ပါတီဝင် တချို့နဲ့ တရုတ်ကုလား စီးပွားရေးသမား တချို့ တို့ကို၊ ကျနော့်ကို ချုပ်ထားတဲ့ Cell အချုပ်ဆောင်မှာပဲ ချုပ်ထား တာကို သိခဲ့ ရတယ် အကို”

“ဒါနဲ့  ကိုမြင့်ထူးက ဘယ်လိုလုပ်ပြီး ကိုအောင်သူတို့ Cell အချုပ်ထဲကိုရောက်လာတာလဲ”

“တညမှာ ကျနော်အိပ်ပျော်နေတုံး၊ မနက်တနာရီလောက် ကျနော့်ဘေးက အခန်းလွတ် Cell ခန်းကို လာဖွင့်သံကြောင့် ကျနော်နိုးလာတော့၊ အစောင့်တွေ အချုပ်သားတယောက် အဲဒီ အခန်းထဲ လာသွင်းပြီး တံခါးကို ၀ုန်းကနဲပိတ် သော့ပိတ်သွားတာကို ကြားလိုက်ရတယ်။ အဲဒီ အချုပ်သားဟာ အချိန်အတော်ကြာအောင် ဘိနပ်သံ တဖျတ်ဖျတ်နဲ့ လမ်းလျှောက်ရင်း ခဏခဏ တောက်ခေါက်နေသံကို ကြားနေရတယ်။ ကျနော်လည်း အဲဒီ အချုပ်သားကို အရဲစွန့်ပြီး ဆက်သွယ်ချင်ပေမဲ့ သူ့အကြောင်းဘာမှ မသိရသေးတော့ မဆက်သွယ်ရဲဘူး။ အဲ သူ ကလဲ၊ ကျနော့်လို ပဲခံစားချက်ရှိဟန် တူပါတယ်။ အဲဒီညမှာ သူလဲ ကျနော့်ကို မဆက်သွယ်ဘူး”

ကိုအောင်သူ ပြောသမျှကို ကျနော်မှ စိတ်ဝင်တစား အသက်ပင်မရှုမိပဲ နားစိုက် ထောင်နေ မိပါသည်။ ကိုအောင်သူမှ စကားကိုဆက်ပါသည်။

နောက်တနေ့ မိုးအလင်းမှာ အစောင့်တွေက အချုပ်သားအသစ်ကို မျက်နှာသစ်၊ သန့်ရှင်းရေး လုပ်ဖို့ လာထုတ်ကြမှာပဲလို့ဆိုပြီး၊ ကျနော်ချောင်းနေပေမဲ့လဲ၊ သူ့ကို အဲဒီမနက်ပိုင်းမှာ လုံးဝ မထုတ်ကြဘူး။ ဒါနဲ့ ကျနော်လည်း အချုပ်သားချင်း အချက်ပေးတဲ့ အန္တရယ် ကင်းပြီလို့ အဓိပ္ပါယ်ရတဲ့ လေချွန်သံရှည် တချက် မနက် (၁၀) နာရီ လောက်မှာ ပေါ်လာမှ သူ့အခန်းနဲ့ ကျနော့် အခန်းကြား ကျနော့် ကုတင်နဲ့ ကပ်ရက် သစ်သားကွဲအက် နေတဲ့ နံရံကြားလေးကနေ သူ့ကို ချောင်းကြည့်လိုက်ပါတယ်။

“သူရောက်ပြီး နှစ်ရက်မြောက်တဲ့ ညနေခင်း၊ အစောင့်လစ်တဲ့ အချိန်မှာ၊ ကျနော့်အခန်းနံရံကို ဇွန်းနဲ့ သုံးကြိမ် အသာ အယာခေါက်ပြီး သူအဆက်အသွယ် လုပ်ပါတယ်။ ကျနော်ကလည်း အခြေအနေကို လေ့လာပြီး ကျနော့်ကုတင်နဲ့ နံရံကြား ၀ပ်လို့ ရတဲ့နေရာကို အမြန်သွားပြီး သုံးချက်ပြန် ခေါက်လိုက်ပါတယ်။ သစ်သား နံရံ အက်ကွဲနေတဲ့အပေါက် ကြားက တယောက်ကို တယောက် ချောင်းကြည့်ရင်း သူကစပြီး ထားဝယ်သံဝဲ၀ဲနဲ့ မိတ်ဆက်ပါတယ်”

ထွန်းဇံဝေပေးပို့ပါသည်။

တောင်ကိုးရီးယားပြည်သူလှုပ်ရှားမှုအောင်ပွဲနှင့် အောင်ပွဲသို့ချီတက်ဆဲမြန်မာပြည်ဒီမိုကရေစီခရီးစဉ်

ညီညီချမ်း

ဇွန် ၁၅၊ ၂၀၀၉။

စစ်ဥပဒေ၊ စစ်သေနတ်ဖြင့် အနိုင်ကျင့်လိုသူများက ပြည်သူတို့အား မည်သို့ ဖိနှိပ်၊ ရက်စက်၊ အကြမ်းဖက် စေကာမူ နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး တောင်းဆိုသော အဖိနှိပ်ခံ ပြည်သူများမှ ၎င်းအခွင့်အရေးအား ပြန်လည်ရရှိရန် များသောအားဖြင့် အကြမ်းမဖက်၊ ငြိမ်းချမ်းသော နည်းဖြစ်သာ လှုပ်ရှား တိုက်ပွဲဝင်လေ့ရှိသည်။

အဖိနှိပ်ခံရသူများမှာ မလွှဲမရှောင်သာ ရရာလက်နက်ကို စွဲကိုင်ရာတွင်လည်း ဖိနှိပ်သူ အုပ်စုထက် အစပေါင်းများစွာ နောက်ကျပြီးမှ လက်နက်စွဲကိုင် တော်လှန်ရခြင်းကြောင့် ၎င်းတို့လျှောက်လှမ်းရာ လမ်းခရီးတွင် အတားအဆီးများ၊ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများကို ထိန့်လန့်တကြား ရင်ဆိုင်ကြရသည်မှာ အမှန်ပင်။ သို့သော် ဤခက်ထန် ကြမ်းတမ်းသော ခရီးကို ဖြတ်သန်းခဲ့ပြီးမှ ဒီမိုကရေစီ အသီးအပွင့် ရရှိ ခံစားနေရပြီ ဖြစ်သော တောင်ကိုးရီးယားနိုင်ငံ နှင့် အောင်ပွဲသို့ မလျော့သောဇွဲဖြင့်ချီတက်နေဆဲ မြန်မာပြည် ဒီမိုကရေစီ ခရီးကြမ်းကို လေ့လာဆန်းစစ်ကြပါစို့။

တောင်းကိုးရီးယားနိုင်ငံသည် ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်အကြား အာရှနိုင်ငံများအတွင်း စီးပွားရေးအရှိန်အဟုန် တိုးတက် ကောင်းမွန်လာခဲ့သည်။ သို့သော် ကံမကောင်းအကြောင်းမလှဘဲ စီးပွားရေးအရ သွေးစုပ်အမြတ်ထုတ်သော အာဏာ ရှင်နှင့် ကြုံခဲ့ရသည်။ ၁၉၆၁ ခုနှစ်တွင် ဗိုလ်ချုပ် ပတ်(ခ်)ချုံဟီး (General Park Chunghee)က နိုင်ငံအာဏာကို သိမ်း လိုက်ပြီးနောက် ‘ တဦးတည်း အာဏာရှင်စနစ် ’ ဖြင့် ၁၈ နှစ်ကြာ အုပ်ချုပ်လာခဲ့ရာမှ နိုင်ငံရေး အမြင်သဘောထား မတူညီသော သူများအား နည်းမျိုးစုံဖြင့် ဖိနှိပ်လာခဲ့သည်။ ဖွံ့ဖြိုးရေး စီမံကိန်းတွင် အစိုးရ အာဏာပိုင်များသာ ဦးဆောင် ခွင့်ရှိသော Yushin [Revitalizing Reform] စနစ်ကို အကောင်အထည်ဖေါ်လာခဲ့သည်။ Yushin စနစ်အရ စီးပွားရေး မတည်ငြိမ်မှု ဖြစ်လာပြီး ပြည်သူများ ငြီးငြူ မကျေမနပ်ဖြစ်လာခဲ့ရာ ၁၉၇၉ တွင် ကျောင်းသားများ အပြင်းအထန် ဆန္ဒ ပြရာမှ နောက်ပိုင်းတွင် အလုပ်သမားများလည်း ပါဝင်လာတော့သည်။

တောင်ကိုးရီးယားနိုင်ငံနဲ့ အလားတူ မြန်မာနိုင်ငံသည်လည်း လွတ်လပ်ရေးရပြီးနောက် အရှေ့တောင်အာရှတွင် အဖွံ့ဖြိုး ဆုံး နိုင်ငံအဆင့်သို့ ရောက်ခဲ့သည်။ ကမ္ဘာသို့ ဆန်အမြောက်အများ တင်ပို့နိုင်ခဲ့ခြင်းကြောင့် မြန်နိုင်ငံအား ‘ကမ္ဘာ့စပါးကျီ’ ဟုပင် နိုင်ငံတကာမှ တင်စားခေါ်ဝေါ် ရသည်အထိ ကြီးပွား ချမ်းသာခဲ့သည်။ သို့သော် ၀မ်းနည်းဖွယ် ဖြစ်ရပ်မှာ ၁၉၆၂ နှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဟူ၍ ‘တပါတီ အာဏာရှင်စနစ်’ ဖြင့် ၂၈ နှစ်ကြာ အုပ်ချုပ်လာခဲ့ရာ မြန်မာနိုင်ငံသည် အဖက်ဖက်မှ ယိုယွင်း ကျဆင်းခဲ့ ရသည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် ရဟန်းရှင်၊ ပြည်သူ၊ ကျောင်းသားများ နိုင်ငံနဲ့အ၀ှမ်း ဆန္ဒပြကြရာ ၈၈၈၈ (ရှစ်လေးလုံး) အရေးတော်ပုံကြီးပေါ်ပေါက်လာရာ စစ်အာဏာရှင် ဗိုလ်နေ၀င်းမှ “စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊ ပစ်ရင်မှန်အောင်ပစ်တယ်” ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်သေနပ်ဖြင့်ပစ်ခတ်ရာ အပြစ်မဲ့နိုင်ငံသား ပြည်သူများ သေကျေခဲ့ရသည်။

၈၈၈၈/ရှစ်လေးလုံး အရေးတော်ပုံဖြင့် (မဆလ) တပါတီအာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ခဲ့သော်လည်း ၎င်းထက် အစ ပေါင်းများစွာ ရက်စက်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမည်ခံ (န ၀ တ) သည် ၁၉၈၈ စက်တင်ဘာလတွင် နိုင်ငံရဲ့ အာဏာကို ထပ်မံသိမ်းပိုက်လိုက်ပြန်သည်။ ဥာဏ်နီဥာဏ်နက်ဖြင့် ပိုမိုကောက်ကျစ် ယုတ်မာလိုသော ရည်ရွယ်ချက်ဖြင့် ၁၉၉၇ တွင် (န ၀ တ) သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီ
(န အ ဖ) ဟူ၍ အမည်ပြောင်းလိုက်သည်။ ၎င်းရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖေါ်နိုင်ရန် မြန်မာနိုင်ငံအား နယ်ချဲ့လက်အောက်မှ ကယ်တင်ပေးခဲ့သော လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် ဒီပဲရင်း အရေးအခင်းတွင် လုပ်ကြံသတ်ဖြတ်ခဲ့သေးသည်။ ကံကောင်းစွာပင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ခွင့် ရခဲ့သည်။ ဗုဒ္ဓဘာသာ ကို ရိုသေကိုင်းရှိုင်းပါတယ် ဆိုတဲ့ ဒါယကာ စစ်ဗိုလ်ချုပ်များမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ‘ရွှေဝါရောင် တော်လှန်ရေး’ တွင် ရဟန်းသံဃာများကို သတ်ဖြတ်ရန်ကိုပင် ၀န်မလေးခဲ့။ မည်မျှကောက်ကျစ်၊ ယုတ်မာသည်ကို နိုင်ငံသားပြည်သူများ ခံစားကြည့်နိုင်ပါသည်။

မြန်မာနိုင်ငံကဲ့သို့ပင် တောင်ကိုးရီးယားနိုင်ငံသည် ဗိုလ်ချုပ်ပတ်ခ်ချုံဟီး၏ Yushin စနစ်ကို ကျောင်းနှင့် အလုပ်သမား များ၏ ဆန္ဒပြမှုဖြင့် ဖျက်သိမ်းနိုင်သော်လည်း ၁၉၇၉ ခုနှစ်တွင် ဗိုလ်ချုပ် ချွန်ဒူးဝမ် Chun Doo-hwan နဲ့ နိုတေ၀ူး Roh Tae-woo တို့ အာဏာသိမ်းမှုကို ခံလိုက်ရပြန်သည်။ ထို့ကြောင့် ၁၉၈၀ မေလတွင် ကျောင်းသားများ နိုင်ငံနဲ့အ၀ှမ်း ဆန္ဒပြကြရာ ဒီမိုကရေစီ တောင်းဆိုမှုတိုက်ပွဲတွင် တောင်ကိုးရီးယား ပြည်သူတရပ်လုံး ပါဝင်လာခဲ့သည်မှာ ကမ္ဘာ့ သမိုင်းတွင် စံထားလောက်ပေသည်။ ဒီမိုကရေစီ တောင်းဆိုမှုတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသားနှင့် ပြည်သူ များအား ညှဉ်းပမ်းမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုများစွာတို့နဲ့ ရင်ဆိုင်ခဲ့ရသည်။ မည်သို့ပင်ဆိုစေ ဆန္ဒပြ ကျောင်းသားလူငယ် များမှာ သေရမည်ကို သိသော်လည်း အနာဂတ် တောင်ကိုးရီးယား ဒီမိုကရေစီရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ရာ ၎င်းတို့ရဲ့ ဆန္ဒအတိုင်း ဒီမိုကရေစီ အသီးအပွင့်ကို ရရှိခံစား နေရပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ အရေးအတွက် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရသည်မှာ တောင်ကိုးရီးယားကဲ့သို့ပင် ဖြစ်ပါသည်။ သို့သော်လည်း စဉ်းလဲကောက်ကျစ်ယုတ်မာမှုတွင် သရဖူဆောင်းထားသော စစ်ခေါင်းဆောင် ဗိုလ်သန်းရွေလက်အောက်တွင် ဖိနှိပ်မှုအမျိုးမျိုးကို အလူးအလဲ ခံနေ ရဆဲဖြစ်သည်။ နယ်ချက်လက်အောက် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရတို့ သမိုင်းတွင် ခဲ့သည်။ ခြားနားချက်မှာ စစ်အစိုးရ လက်အောက် ဒီမိုကရေစီ ကြိုးပမ်းမှုကာလတွင် တခန်းတဏ္ဍမှ ပါဝင် လှုပ်ရှားခဲ့သူ အရှင်ဂမ္ဘီရ မှာတော့ ထောင်နန်းစံ နေရသည်။

၁၉၉၀ ရွေးကော်ပွဲတွင် ဒုတိယ အမတ်နေရာ အများဆုံးရရှိခဲ့သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ခွန်ထွန်းနှင့် အပေါင်းအပါများ နိုင်ငံတော်ပုန်ကန်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၁) နဲ့ ထောင်ဒဏ်နှစ်ရှည် ချလိုက် သည်။ အလားတူ အမျိုးသားရေးကို ရိုးရိုးသားသား ကြိုးကြိုးစားစား ဆောင်ရွက်သူ မွန်ပြည်သစ်ပါတီမှ ခရိုင်ကော်မီတီ ၀င် နိုင်ယက္ခနှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ကြီး မျိုးသွေး (ဆီဂကူ) တို့မှာ သက်သေခိုင်ခိုင် လုံလုံ မပြနိုင်ဘဲ ထောင်ဒဏ်တသက်တကျွန်း ချခဲ့သည်။ အနာဂတ်ပညာရေးနဲ့ လူငယ်ဘ၀ကို စတေးကာ ဒီမိုကရေစီ အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်မင်းကိုနိုင်နှင့် အပေါင်းအပါ တို့ကို ထောင်ဒဏ် ၆၅ နှစ် ချမှတ်ကာ အပြစ်ပေးခဲ့သည်။ မြန်မာနိုင်ငံသားများ ယုံကြည်အားထားသည့်အပြင် ကမ္ဘာ ကပါ လေးစားတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်ထားသည်ကို အားမရသေးဘဲ ပုဒ်မ အမျိုးမျိုးသတ် ထောင်သွင်းအကျဉ်းချရန် အကြံအဖန် လုပ်နေဆဲဖြစ်သည်။

အထက်ဖေါ်ပြပါ ပြစ်မှုများသာမက လယ်ယာမြေများ သိမ်းယူမှု၊ အဓမ္မ စေခိုင်းမှု၊ အမျိုးသမီးငယ်များအား အဓမ္မ ပြုကျင့်မှု၊ ညှင်းပန်း သတ်ဖြတ်မှုများမှာ စစ်အာဏာရှင်ရှင်တို့၏ စရိုက်လက္ခဏာ ဆိုးများပင်ဖြစ်သည်။ ဤစနစ်ဆိုးမှ လွတ်မြောက်ရန် အောင်ပွဲတို့ ချီတက်နေသော မြန်မာနိုင်ငံ ဒီမိုကရေစီ ခရီးစဉ်မှာ မည်သို့ခက်ထန် ကြမ်းတမ်းသည် ဖြစ်စေ ဆက်လက်ချီတက်ရမည်သာ ဖြစ်ပါသည်။

စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ



ဇွန် ၁၆၊၂၀၀၉။

နိုင်ငံတနိုင်ငံတွင် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးလာလျှင် ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများမှာ စားဝတ်နေရေး အကြပ်အတည်း၊ လူမှုရေး အခက်အခဲများနှင့် ကြုံရလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်
စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယနေ့အထိ ပြည်သူလူထုမှာ စားဝတ်နေရေး၊ လူမှုရေး အခက်အခဲများနှင့် ရင်ဆိုင် နေရသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။ ထိုနည်းတူစွာပြည်တွင်းစစ်နှင့် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး ပြဿနာသည်လည်း ဖြေရှင်း၍ မရသေးသည့် အခြေအနေတွင် ရှိနေသည်။ ယခုကဲ့သို့ အခြေအနေ ဆိုးများနှင့် ရင်ဆိုင်နေရသည့် အဓိက အကြောင်းအရင်းမှာ အောက်ပါအတိုင်း လေ့လာတွေ့ရှိရ သည်။

မြန်မာနိုင်ငံသည် ၁၉၄၇ ပင်လုံစာချုပ် သဘောတူညီချက်အရ ပြည်တွင်း နိုင်ငံရေး ကိစ္စရပ်များကို ဖြေရှင်းနိုင်သည့် အလားအလာ ကောင်းများရှိခဲ့သော်လည်း အစိုးရအဆက်ဆက်မှ ညီရင်းအစ်ကို တိုင်းရင်းသား အချင်းချင်း ညှိနှိုင်း အဖြေရှာနည်းကို အသုံးမပြုဘဲ စစ်အင်အားသုံး အပြုတ်တိုက်ရေးကို သုံးခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်မီး တောက်လောင်လာခဲ့သည်။ အလားတူ နိုင်ငံသား ပြည်သူတို့၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် အစရှိသည့် အခြေခံ အခွင့်အရေးများ ပိတ်ပင်ခဲ့ခြင်းနှင့် လူမှုရေး အထွေထွေအကြပ်အတည်းများကြောင့် (၈၈၈၈) အရေးတော်ပုံ ပေါ်ပေါက်လာခဲ့ရသည်။

၁၉၈၈ နောက်ပိုင်းန အ ဖ စစ်အစိုးရ၏ နိုင်ငံရေး ဦးတည်ချက်တရပ်ဖြစ်သည့် “ အမျိုးသားပြန်လည် စည်းလုံးညီညွတ် ရေး” ကြွေးကြော်သံကို သုံးသပ်ရာတွင် အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသား အင်အားစု များနှင့် ဒီမိုကရေစီအင်အားစုများတို့က သုံးပွင့်ဆိုင် ဆွေးနွေးအဖြေရှာရေးကို အစဉ်တစိုက် တောင်းဆို ကြိုးပမ်းခဲ့ ကြသည်။ ကြိုးပမ်းနေဆဲလည်းဖြစ်သည်။ ဤဖြေရှင်းနည်းကို ကုလသမဂ္ဂကလည်း ထောက်ခံအားပေးသည်။ တဖန် တွေ့ဆုံ ဆွေးနွေးရေး အခြေခံ သဘောတရားကို သုံးသပ်ရာတွင်လည်း တွေ့ဆုံဆွေးနွေးရေးသည် အပြစ်ပေး အရေးယူခြင်း မဟုတ်ပေ။ ညှိနှိုင်းအဖြေရှာခြင်းပင် ဖြစ်သည်။ တဖက်ကိုနာစေပြီး အခြားတဖက်ကို အသာရစေသည့် နည်းလမ်းလည်း မဟုတ်ပေ။ ချိန်ခွင်လျှာညှိ၍ အဖြေရှာရမည်ပင်။ ဒါဆိုလျှင် တွေ့ဆုံဆွေးနွေးခြင်းသည်သာ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၏ အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်ပါလော။ ယခုအခြေအနေတွင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် မလိုက်နာသူသည် မည်သူနည်း။ ဤကဲ့သို့ မလိုက်နာသူသည် အမှန်တကယ် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လိုလားပါရဲ့လားဟု မေးခွန်းထုတ်လျှင် န အ ဖ စစ်အစိုးသာ ဖြစ်ကြောင်း အဖြေပေးရပေလိမ့် မည်။

န အ ဖ အစိုးရ၏ “ ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပေါ်ပေါက်လာရေး” ကြွေးကြော်သံကို သုံးသပ်ရာတွင်- ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လက်နက်ကိုင် အပစ်အခတ်ရပ် အဖွဲ့အစည်းများ အပါအ၀င် အခြား ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားအင်အားစုများ အမျိုးသားညီလာခံတွင် တက်ရောက်ဆွေးနွေး ခဲ့ကြသည်။ သို့သော် အမျိုးသားညီလာခံတွင် လွတ်လပ်စွာ ဆွေးနွေးခွင့် မရသည့်အပြင် တင်ပြဆွေးနွေးချက်အချို့လည်း ပယ် ချခြင်း ခံခဲ့ရသည်။ သို့ဖြစ်၍ ညီလာခံကိုယ်စားတွေ အမျိုးသားညီလာခံမှ နှုတ်ထွက်သွားသည်။ ထိုနည်းတူစွာ
အပစ်ခတ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီ သည်လည်း အမျိုးသားညီလာခံမှ နှုတ်ထွက် ခဲ့သည်။ ဤအချက်ကို ကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ မခိုင်မာအောင် မည်သူ လုပ်နေကို ဆန်းစစ်နိုင်ပါသည်။ ပြီးခဲ့သည့် သတင်းပတ်က အဓမ္မ လုပ်အားပေး စေခိုင်းမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်က ထောက်ပြရသည့် အခြေအနေကို ကြည့်လျှင် ဖွဲ့စည်းပုံတွင် စစ်တပ်က မည်မျှ အသာစီးယူထားတာကို ခန့်မှန်းကြည့် နိုင်ပါသည်။

လက်ရှိ စစ်အစိုးရ၏ “ နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေနှင့် တရားဥပဒေစိုးမိုးရေး” ကြွေးကြော် သံကို သုံးသပ်ရာတွင် ဖိနှိပ်မှုကြောင့် ပြည်သူလူထု၏ တောင်းဆိုဆန္ဒပြမှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့ သြဇာလွှမ်းမိုးထားနိုင်သည့် ရန်ကုန်နှင့် အခြားမြို့တွေမှာ ဗုံးဖေါက်ခွဲမှု အမျိုးမျိုး ဖန်တီးပြီး နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းအချို့ကို စွပ်စွဲပြောဆိုသည်။ ဤစွပ်စွဲချက် ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို အဖြေရှာကြည့် ရာတွင် ပေါက်ကွဲမှုများမှာ ၎င်းတို့သြဇာလွှမ်းမိုးထားသည့် နေရာများတွင်သာ ဖြစ်သည်က များသည်။ ပေါက်ကွဲသည့် နေရာကို ရောက်ရန် လုံခြုံရေး အထပ်ထပ်ချထားသည့်အပြင် စစ်ဆေးမှု အမျိုးမျိုးလည်း ရှိသေးသည်။ အခြားအတိုက် အခံ အဖွဲ့အစည်းများ လွယ်လွယ်နဲ့ ၀င်ရောက်နိုင်သည့် အနေအထားလည်းမရှိ။ များသောအားဖြင့် ကိုယ်ပိုင်ပြဌာန်း ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီ အင်အားစု များ၏ လမ်းစဉ်ကလည်း အကြမ်းဖက်လိုသည့် ဦးတည်ချက်မရှိ။ မလွှဲမရှောင်၍သာ လက်နက်ကိုင် တိုက်ပွဲဝင်နေရခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် နိုင်ငံတော် ဆူပူ မတည်ငြိမ်မှု ဖြစ်အောင် မည်သူတွေက လုပ်ဆောင်နေသည်ကို ညာဏ် မျက်စိနဲ့ တွေးကြည့်နိုင်ပါသည်။

တရားစီရင်ရေး အခြေခံသည် လူတိုင်းတွင် ဥပဒေစိုးမိုးမှုအောက်တွင် ရှိသည်။ ဥပေဒရှေ့မှောက်တွင် လူတိုင်း အခွင့် အရေးတန်းတူ (equality is before the law)ရှိသည်။ အုပ်ချုပ်သူ အစိုးရရော အုပ်ချုပ်ခံ ပြည်သူများပါ ဥပဒေကို လိုက်နာရသည်။ တရားဥပဒေစိုးမိုးရေး အဆောက်အအုံသည် ဘက်လိုက်ခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ဖွဲ့စည်းထား သည်ကို တွေ့ရသည်။ သို့သော် ယခု မြန်မာနိုင်ငံ ဖြစ်ရှိနေတဲ့ အနေအထားမှာ အုပ်ချုပ်သူတွေက ဥပဒေအပေါ် တွင်ရှိသည်။ ဆိုလိုသည်မှာ အမိန့်အတိုင်း နာခံရပြီး မည်သည့်ကိစ္စမျှ မချိုးဖေါက်ရ။ အုပ်ချုပ်သူတွေက အကောင် အထည်ဖေါ်၊ ဖြစ်လိုသည့်ဆန္ဒအတိုင်း အမိန့်ထုတ်ပြန်သည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ် ချိုးဖေါက်မှုဖြင့် တရားစွဲဆိုပြီး ၎င်းအမှု ရုပ်သိမ်းပြီးဖြစ်သော်လည်း နေအိမ်အကျယ်ချုပ် ဆက်လက်ချထားသည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေ ဦးအောင်သိန်းအား ရှေ့နေလိုက်ခွင့်လိုင်စင် ပိတ်ပင်လိုက်သည့်အပြင် အမှုလိုက်ရှေ့နေ ဦးလှမျိုးမြင့်၏ စနီး ဒေါ်ခင်ခင်အေး အား အကြောင်းမဲ့ အလုပ်ဖြုတ်လိုက် သည်ကို ကြည့်လျှင် မည်သူတွေ တရားဥပဒေ အပေါ်တွင် ရှိနေသည်။ မည်သူတွေက တရားဥပဒေစိုးမိုးရေးအား ချိုးဖေါက်နေသည်ကို အထင်းအရှားတွေ့ရှိနိုင်ပါသည်။ စင်စစ် န အ ဖ စစ်အစိုးရသာ ဖြစ်နေပါသည်။

အထက်ပါအချက်များကို သုံးသပ်ကြည့်လျှင် လူမြင်ကောင်း၊ ဖတ်ကောင်းအောင်သာ ဖေါ်ပြထားသော နိုင်ငံရေး ဦးတည်ချက်မှာ လုပ်ငန်းအကောင်အထည်ဖေါ်မှုနှင့် ၃ နှင့် ၄ ပမါ ကျောခိုင်းနေပါသည်။ ကြွေးကြော်သံက တရား ဥပဒေစိုးမိုးရေး၊ စစ်ဝါဒီက ဥပဒေအပေါ် လွှမ်းမိုးနေသမျှ ကာလပတ်လုံး မြန်မာပြည်သူလူထုမှာ ယခုထက် မိုမိုဆိုးရွား သော အကြပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ရမည်မှာ သေချာပါသည်။


ညီညီချမ်း

သူတို့ကျောင်းသားမျိုးဆက်ကတာဝန်ကျေနေကြပြီ...


၁၆ ဇွန် တီဟီရန်၊ ၊နယူးယောက်တိုင်း
Opposition Defies Protest Ban in Tehran






အီရန် စိမ်းလန်းသော တော်လှန်ရေးတွင် Face Book အစရှိသည့် Social Network များသည်
တော်လှန်ရေး အတွက် အရးပါသော သတင်းမီဒီယာ သစ်တစ်ရပ်ဖြစ်လာသည်။

အီရန် အစိုးရခါးပိုက်ဆောင် လက်မရွံ့ အဖွဲ့ က ပစ်ခတ်သဖြင့် ဆန္ဒပြသူ ခုနှစ်ဦးသေဆုံး
June 16, 2009 · No Comments

၁၆ ဇွန် တီဟီရန်၊ ၊အယ်(လ)ဂျာဇီးယား နှင့် ရိုက်တာ သတင်း
7 killed in attack on military post as Iran braces for fresh protests

အီရန် လက်မရွံ့ စွမ်းအားရှင်များလက်ချက်ကြောင့် တီဟီရန် တက္ကသိုလ်ကျောင်းသား တစ်ဦးလမ်းမထက် လဲကျသေဆုံးနေစဉ်

အီရန် လက်မရွံ့ စွမ်းအားရှင်များလက်ချက်ကြောင့် တီဟီရန် တက္ကသိုလ်ကျောင်းသား တစ်ဦးလမ်းမထက် လဲကျသေဆုံးနေစဉ်

အင်္ဂါ နေ့ မနက် အာရုံတက်ချိန်က အီရန် တော်လှန်ရေးအစောင့် တပ်မှ လေ့ကျင့်ပေးထားသည့် အစိုးရ ခါးပိုက်ဆောင် ပြည်သူ့ စစ်များက ပစ်ခတ်သဖြင့် ဆန္ဒပြသူ ခုနှစ်ဦးထက် မနည်းသေဆုံး
သည် ဟု အီရန် အစိုးရမှ ငွေကြေး ထောက်ပံ့ ပေးထားသည့် တီဟီရန် ရုပ်မြင်သံကြားအစီအစဉ်
က ကြေညာသွားသည်။

တီဟီရန်မြို့ လည်ရှိ အာဇာဒီ ရင်ပြင် အနီးတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု တွင် အာမာဒီနီဂျက် လိုလားသူများ နှင့် အစိုးရ မှ လေ့ကျင့်ပေးထားသည့် ရာဇ၀တ်မှုခင်းမှတ်တမ်းဟောင်းရှိ သူများပါဝင်သည်ဟု တီဟီရန် တက္ကသိုလ် ကျောင်းသားတစ်ဦးက ရိုက်တာသတင်းဌာ နသို့ ပြောသည်။

ထိုပစ်ခတ်မှု တွင် အနည်းဆုံး ခုနှစ်ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရ သည် ဟု အယ်(လ)ဂျာဇီး
ယား သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။တနင်္လာ နေ့ ကစပြီး အစိုးရ ၀န်ထမ်းများကလည်း ရုံး
မတက်ပဲ ဆန္ဒပြမှုထဲ တွင် ပါဝင်နေသဖြင့် ရုံးများ ကျောင်းများ ပိတ်ထားရသည် ဟု တီဟီရန် ဗျူရို
သတင်းတွင် ဖေါ်ပြထားသည်။

ပြုပြင် ပြောင်းလဲရေးဝါဒီ မူဆာဗီက မှန်များကို ရိုက်မခွဲ ပဲ အာဏာရှင်စနစ် ကိုရိုက်ခွဲ ပစ်ရန် ပြော
ကြားပြီး ဆန္ဒပြမှု အရှိန် မြှင့်ရန် ဆော်သြခဲ့သည်။

အစိုးရ ခါးပိုက်ဆောင် ပြည်သူ့ စစ်များက မူ အများပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးပြီး တန်ပြန်တော် လှန်ရေးဆင်နွှဲ နေကြသည်။ဆန္ဒပြ မှု မှာ တစ်နိုင်ငံလုံးကို ကူးစက် သွားပြီး အင်္ဂါနေ့ တွင်ပို၍ အားကောင်းလာသည်။

အစိုးရက တစ်နိုင်ငံလုံးရှိ ဆက်သွယ်ရေး စနစ်များကို အကုန်ဖြတ်တောက်ထားသည်။

ဇုန်လ၁၆ဒိုင်ယာရီ


တးအဖွဲ့ချုပ်ဝင်များကို ထောင်ချလိုက်သည့်အပေါ် လူထုကမကျေနပ်၍ ဆန္ဒဖော်ထုတ်ပြသခဲ့
Tuesday, 16 June 2009 16:38 ဉာဏ်မောင်
E-mail Print
တွံတေးမြို့နယ်က ဝတ်ပြုဆုတောင်းသူများကို သာသနာတော်ညှိုးနွမ်းစေသည့် ပုဒ်မဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်ချမှတ်လိုက်သည်ကို မကျေနပ်သည့် မြို့ခံလူထုက ဆန္ဒထုတ်ဖော်ပြသခဲ့သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းခဲ့ကြသည့် မြို့နယ်အဖွဲ့ချုပ် ဒုဥက္ကဌ ဦးချစ်ဖေနှင့် စည်းအဖွဲ့ဝင် ကိုအောင်စိုးဝေတို့အား အင်းစိန်တရားရုံးက ယနေ့ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်သည့်အတွက် မြို့ခံပြည်သူများက တွံတေးရဲစခန်းရှေ့တွင် ချီတက်ဆန္ဒထုတ်ဖော် ပြခဲ့ခြင်းဖြစ်သည်။

“အခု မြို့နယ်တရားသူကြီး ဦးအေးကိုကိုက ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ ချမှတ်လိုက်တယ်၊ အဲလိုလုပ်ချလိုက်လို့ ဇီးဖြူကုန်းနဲ့ တွံတေးက လူထုတွေက ဒီနေ့ကို ဆန္ဒတွေဖော်ထုတ်မယ်ဆိုပြီး ကားဂိတ်တွေမှာ အယောက် ၂၀ တဖွဲ့၊ ၁၀ ယောက်တဖွဲ့ အဲလိုတွေဖွဲ့ပြီး သွားစောင့်နေကြတယ်၊ ခဏနေတော့ ရဲတပ်ဖွဲ့က ကားတစီးမှာ လက်နက်ကိုင်ရဲတွေ စောင့်ကြပ်ပြီး ဦးချစ်ဖေနဲ့ ကိုအောင်စိုးဝေတို့ကို ခေါ်ထုတ်သွားတယ်” ဟု မြို့နယ်စည်းအဖွဲ့ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

မြို့နယ်အဖွဲ့ချုပ်ဒုဥက္ကဌ ဦးချစ်ဖေနဲ့ ကိုအောင်စောဝေတို့ကို မည်သည့်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်းနှင့် ၎င်းတို့ကို အာဏာပိုင်များဘက်က မဟုတ်မမှန် တရားစွဲထောင်ချခြင်းသာဖြစ်ကြောင်း ဆက်လက်ပြောသည်။

“သူတို့ကို မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရယကဥက္ကဌ ဦးကျော်ရွှေရယ်၊ ကိုဝင်းမြင့်တို့က သာသနာတော် ညှိုးနွမ်းအောင်လုပ်တယ်ဆိုပြီး တရားစွဲတာ၊ အခုဆိုရင် ဇီးဖြူကုန်းရွာမှာ အဲဒီဘုရားကိုမသွားဖို့ ရယကတွေက ခြိမ်းခြောက်တာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကျေးရွာဥက္ကဌက ရွာသားများကို ဘုရားသို့သွားပါက ဖမ်းပြီး တရားစွဲမည်ဖြစ်ကြောင်းနှင့် ထောက်ခံစာများလုပ်ပေးမည် မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုသဖြင့် ဒေါ်တရုတ်မဆိုသူက တွံတေးတရားရုံးတွင် တရားစွဲဆိုခဲ့သော်လည်း တစုံတရာ အရေးယူမှုမရှိကြောင်း ပြောသည်။

“ကိုချစ်ဖေတို့ ဘုရားသွားတာကျတော့ ဖမ်းဆီးထောင်ချတယ်၊ ရယကဥက္ကဌတွေ ဆယ်အိမ်မှူးတွေက အဲလိုခြိမ်းခြောက်တာကျတော့ ဘာမှမလုပ်ဘူး၊ အမှုဖွင့်တာကို တရားသူကြီးက အမှုမမြောက်ဘူးဆိုပြီး ပယ်ချလိုက်တာ” ဟု မြို့နယ်စည်းအဖွဲ့ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

ထို့အပြင် တွံတေးမြို့နယ်အတွင်း အဖွဲ့ချုပ်ဝင်များက ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများ ဖြန့်ဝေခဲ့ရာ မလောက်ငှသဖြင့် အိမ်တိုင်ရာရောက် လာတောင်းသူများလဲရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးတောင်းဆိုမှုများကို ပြုလုပ်ကြောင်း ၎င်းက ပြောသည်။

“ဓါတ်ပုံ လာတောင်းတဲ့သူတွေက လိုလိုလားလားပဲ၊ လွတ်မြောက်ရေးတောင်းဆိုမှု လက်မှတ်ထိုးသွားကြတယ်၊ ဒီနေ့မှ စလုပ်လိုက်တာ အယောက် ၂၀၀ ကျော် လက်မှတ်ထိုးသွားပြီ” ဟု ဆက်လက်ပြောသည်။

စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချခြင်းများပြုလုပ်နေပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်၍ ပြန်လွှတ်ရမည့်အချိန်တွင် အမှုဆင် တရားစွဲဆိုမှု ပြုလုပ်ထားသည်။


မင်းနိုင်သူ / ၁၆ ဇွန် ၂၀၀၉

နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းပြီးသော်လည်း အာဏာပိုင်များက ဆက်လက်ထိန်းသိမ်းထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြီးခဲ့သည့် စနေနေ့တွင် လွတ်လပ်စွာဝင်ထွက်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့နဲ့ အာဏာပိုင်တွေနဲ့ ပြီးခဲ့တဲ့သောကြာနေ့က တွေ့ခဲ့ကြပါတယ်။ အဲဒီမှာ သူတို့က တဦးနဲ့တဦး အထင်လွဲတာပါ။ ကျနော်တို့ ကန့်သတ်ထားတာ၊ တားဆီးထားတာ မရှိပါဘူး။ နားလည်မှုလွဲတာပါလို့ ပြောပါတယ်။ နောက်ရက် စနေနေ့မှာတော့ လွတ်လပ်စွာ ၀င်ထွက်ခွင့်ရခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေ (၂၆) တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းကြောင်း နအဖ ရဲချုပ်က အကြောင်းကြားခဲ့ပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏နေအိမ်ရှင်းလင်းပေးရန် စေလွှတ်သူများ၏ နေအိမ်အ၀င်အထွက်ကို အာဏာပိုင်များက မေးမြန်းစစ်ဆေး ကန့်သတ်တားဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ယင်းလုပ်ရပ်မှာ ဥပဒေနှင့်မညီသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အတားအဆီးမရှိ လွတ်လပ်ခွင့် ပေးလိုက်ပြီဖြစ်သော်လည်း နအဖစစ်အစိုးရက အိမ်ရှင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုပုဒ်မ (၂၂) အမှုကြီးအမှတ် (၄၇/၂၀၀၉) ဖြင့် တရားစွဲဆိုထားပြီး အင်းစိန်ထောင်အတွင်း ထိန်းသိမ်းထားဆဲဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် (၁၉) နှစ်ကျော် ကာလအတွင်း (၁၃) နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသည်။

အကျဉ်းသား လွတ်မြောက်ရေး လက်မှတ် ၆သိန်းကျော် ကုလအတွင်းရေးမှူးချုပ်ထံပို့
2009-06-16

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နဲ့ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) တို့ ဦးဆောင်လှုပ်ရှားခဲ့တဲ့ မြန်မာ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး- ကမႝာလုံးဆိုင်ရာ လက်မှတ်ရေးထိုး တောင်းဆို လှုပ်ရှားမှုကနေ စုဆောင်းရရှိတဲ့ လက်မှတ်ပေါင်း ခြောက်သိန်းရှစ်သောင်းနီးပါးကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ရုံးမှာ ဇွန်လ ၁၅ ရက်နေ့ မနေ့က တရားဝင် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလက်မှတ်စုဆောင်းတဲ့ လှုပ်ရှားမှုကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်က မြန်မာ့နိုင်ငံရေးအင်အားစု နှစ်ရာကျော် အပါအဝင် နိုင်ငံတကာ မြန်မာ့ ဒီမိုကရေစီရေး အဖွဲ့အစည်းတွေက နိုင်ငံပေါင်း ၃၂ နိုင်ငံမှာ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

စုဆောင်းရရှိတဲ့ လက်မှတ်တွေကို ဒီလှုပ်ရှားမှုရဲ့ကိုယ်စား AAPP အတွင်းရေးမှူး ကိုတိတ်နိုင်၊ FDB နိုင်ငံခြားရေးရာ တာဝန်ခံ မခင်ဥမ္မာနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် ကိုညီညီအောင်တို့က မစ္စတာ ဘန်ကီမွန်းရဲ့ရုံးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပေးအပ်ခဲ့ရာမှာ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မစ္စတာဘန်ကီမွန်းကိုယ်တိုင် တာဝန်ပေးအပ်ထားတဲ့ ပုဂ္ဂိုလ်တဦးက လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီ ပုဂ္ဂိုလ်အပါအဝင် အတွင်းရေးမှူးချုပ်ရုံး တာဝန်ရှိသူ လေးဦးနဲ့ တနာရီကြာ တံခါးပိတ် ဆွေးနွေးပွဲတခုကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ ဘာတွေ ပြောဆိုခဲ့ကြသလဲ ဆိုတာနဲ့ ပတ်သက်ပြီး AAPP အတွင်းရေးမှူး ကိုတိတ်နိုင်ကို RFA က ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။

ကိုတိတ်နိုင်။ ။ 'မြန်မာနိုင်ငံနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ကမႝာ့ မိသားစုရဲ့ စိတ်ဝင်စားမှုနဲ့ နိုင်ငံတကာရဲ့ အခြေအနေတွေကို၊ တုံ့ပြန်မှုတွေကို မခင်ဥမ္မာကနေပြီးတော့ ပြောခဲ့တယ်။ နောက်တခါ ကိုညီညီအောင်က ဒီမိသားစုတွေရဲ့ ဘဝ၊ သူ့အမေရော၊ မောင်နှမ ဝမ်းကွဲ လေးယောက်ရော အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ အခါကျတော့ သူတို့ရဲ့ ဆွေမျိုး အဝန်းအဝိုင်းတွေက ဘယ်လို ခံစားကြရသလဲ၊ ဘယ်လို ပံ့ပိုးမှုတွေ လုပ်ခဲ့သလဲ ဆိုတဲ့ ကိစ္စတွေကို က္ဆွန်တော်တို့ ပြောတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်နှိုက်ကိုက သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဦးစားပေးအနေနဲ့ လုပ်ဆောင်သင့်တယ်ဆိုတဲ့ ကိစ္စ၊ မဖြစ်မနေ လုပ်ကို လုပ်ရမယ်ဆိုတဲ့ ကိစ္စမျိုးကို က္ဆွန်တော်တို့က ပြောခဲ့ပါတယ်။'

လက်မှတ်တွေကို အခုလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံကို ပေးပို့နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးမှာ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ လို့ မေးမြန်းကြည့်ရာမှာ ကိုတိတ်နိုင်က အခုလို ပြောပါတယ်။

ကိုတိတ်နိုင်။ ။ 'ခြောက်သိန်းကျော်သော ကမႝာ့ ပြည်သူများကနေပြီးတော့ သူတို့ ခံစားချက်နဲ့ မြန်မာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လက်မှတ်ထိုးလိုက်တယ် ဆိုကတည်းကိုက ဘာပဲပြောပြော အတိုင်းအတာ တခုအထိ ရှိပါတယ်။ ဒါက က္ဆွန်တော်တို့အတွက် မဖြစ်မနေ လုပ်ဆောင်ရမဲ့ ကိစ္စလို့ က္ဆွန်တော်တို့က အဲလို မြင်ပါတယ်။'

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ လက်မှတ် ခြောက်သိန်းကျော်ကို ကမႝာ့ နိုင်ငံပေါင်း ၂၂ဝ လောက်က လူတွေ ပါဝင် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ လက်မှတ် တွေကို AVAAZ လို့ ခေါ်တဲ့ လူ့အခွင့်အရေး မြှင့်တင်လှုပ်ရှားတဲ့ အင်တာနက်စာမျက်နှာကနေလည်း စုဆောင်း ကောက်ယူခဲ့ရာမှာ မှတ်တမ်းတွေအရ လက်မှတ် စတင်ကောက်ယူချိန်ကတည်းက ၁ဝ စက္ကန့်ကို လူတယောက်နှုန်းကျ ဆန္ဒပြု လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာလည်း လက်မှတ်တွေကို ကောက်ယူခဲ့ရာမှာ နယ်စပ် ဒုက္ခသည်စခန်း တွေကနေ လက်မှတ်ပေါင်း နှစ်သောင်းကျော်၊ ရွှေ့ပြောင်း အလုပ်သမားတွေဆီကနေ ခုနှစ်သောင်း နီးပါးနဲ့ နယ်စပ်မြို့ မဲဆောက်ကနေ နှစ်သောင်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ဒီကနေ့ ဇွန်လ ၁၆ရက် အင်္ဂါနေ့မှာ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲကို ကုလသမဂ္ဂ ဆိုင်ရာ ချက်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့က တာဝန်ယူ ပြုလုပ်တာဖြစ်ပြီး ချက်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr. Martin Palouš ၊ FDB နိုင်ငံခြားရေးရာတာဝန်ခံ မခင်ဥမ္မာ၊ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်နဲ့ US Campaign for Burma အဖွဲ့ ညွှန်ကြားရေးမှူး ကိုအောင်ဒင်တို့က လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားမယ်လို့ သိရပါတယ်။

AAPP အတွင်းရေးမှူး ကိုတိတ်နိုင်ကို RFA မှ ဒေါ်နန်းခမ်းထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။

တရုတ်ပြည်သို့ ဓာတ်ငွေ့ပိုက်လိုင်း စက်တင်ဘာမှာ စတင်တည်ဆောက်မည်
2009-06-16

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က သဘာဝဓာတ်ငွေ့တွေကို တရုတ်ပြည်ကို တင်ပို့မဲ့ ဓာတ်ငွေ့ ပိုက်လိုင်းကို စက်တင်ဘာလမှာ စတင်တည်ဆောက်မယ်လို့ တရုတ် ဆင်ဝှာသတင်းမှာ ဇွန်လ ၁၆ရက် ဒီကနေ့ ဖော်ပြပါတယ်။

ဒီပိုက်လိုင်းစီမံကိန်းအတွက် ပြီးခဲ့တဲ့ မတ်လအတွင်းက မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တရုတ် အာဏာပိုင်တွေ နှစ်ဖက်သဘောတူ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရခိုင် ကမ်းလွန်ပင်လယ်ပြင် ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်က ရရှိတဲ့သဘာဝ ဓာတ်ငွေ့တွေကို၊ ကျောက်ဖြူမြို့ကနေတဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းကို ပိုက်လိုင်းနဲ့ သွယ်တန်းရောင်းချမှာ ဖြစ်ပါတယ်။

ဒီသဘာဝဓာတ်ငွေ့တွေကို ပြည်တွင်း လျှပ်စစ်စွမ်းအင်ထုတ်ဖို့ မသုံးစွဲပဲ အခုလို တရုတ်ပြည်ကို ရောင်းတဲ့အတွက် မြန်မာပြည်သူတွေ အကျိုးခံစားခွင့် မရှိသလို ဖြစ်နေတယ်လို့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ Shwe Gas Campaign အဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဝင်းအောင်က အခုလိုပြောပါတယ်။

ကိုဝင်းအောင်။ ။ 'ပြည်တွင်းမှာ လောလောဆယ် အသုံးပြုနေတဲ့ ဂက်စ်တာဘိုင် သေးသေးလေးတွေ ရှိတယ်ပေါ့နော်၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဆိုရင် လောလောဆယ် peak demand က ၁၁၄ဝ ရှိတယ်။ အဲဒီအထဲက က္ဆွန်တော်တို့ ၁၃ ရာခိုင်နှုန်းလောက်ပဲ သူတို့က ဂက်စ်ကနေ ထုတ်တာပေါ့နော်၊ အဲဒါကလည်း အရင်တုန်းက ရွှေတောင်တို့၊ မြန်အောင်တို့ အဲဒီဖက်က သုံးခဲ့တာ ဖြစ်တယ်။ အဲလိုမျိုး ကမ်းလွန်ပင်လယ်က ထွက်လာတဲ့ ဂက်စ်တွေကို တကယ့်တကယ် မြန်မာနိုင်ငံ ဒေသတွင်းမှာ နေထိုင်တဲ့ လူထုတွေအတွက် သုံးတာမျိုးဆိုရင် က္ဆွန်တော်တို့ လုံးဝ မတွေ့ရသေးဘူး။ ပြီးခဲ့တဲ့ ရတနာ၊ ရဲတံခွန်တုန်းကလည်း ထိုင်းကို အကုန်လုံး ရောင်းတာပဲပေါ့နော်၊ အခု က္ဆွန်တော်တို့ ဒီ ရခိုင်ကထွက်တဲ့ ဂက်စ်ကိုလည်း တရုတ်ကို အကုန်လုံး ရောင်းမှာဆိုတော့ က္ဆွန်တော်တို့အနေနဲ့ ဒေသခံတွေအတွက် ဘယ်လိုမှ အကျိုးဖြစ်ထွန်းနိုင်မှာ က္ဆွန်တော်တို့ မမြင်ဘူးပေါ့နော်။'

မြန်မာပြည်တွင်း လက်ရှိ သုံးစွဲနေတဲ့ လျှပ်စစ်စွမ်းအားဟာ ၁၁ဝဝ မီဂါဝပ်သာ ရှိပြီး၊ အနည်းဆုံး ၃၆ဝဝ မီဂါဝပ်လောက် လိုအပ်မယ်လို့ နိုင်ငံတကာ စွမ်းအင်အဖွဲ့က သုံးသပ်ထားပါတယ်။

အခု ကျောက်ဖြူကနေ ကူမင်းကို သွယ်တန်းမဲ့ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်းတွေဟာ တရုတ်ပြည်ရဲ့ လောင်စာကို ဖြည့်တင်းပေးမဲ့ စတုတ္ထမြောက် လောင်စာလမ်းကြောင်း ဖြစ်ပါတယ်။

ဒီပိုက်လိုင်းအရှည်ဟာ ကီလိုမီတာ ၁၁ဝဝ ကျော် ရှည်လျားမှာ ဖြစ်ပြီးမြန်မာပြည်က သဘာဝ ဓာတ်ငွေ့တွေကို သယ်ယူမဲ့ ပိုက်လိုင်းအပြင်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကကနေ သင်္ဘောနဲ့ သယ်လာတဲ့ ရေနံတွေကိုလည်း ကျောက်ဖြူ ဆိပ်ကမ်းကနေ ယူနန်အထိ သယ်ယူမဲ့ ရေနံပိုက်လိုင်းကိုလည်း ဖောက်လုပ်မှာ ဖြစ်ပါတယ်။ သင်္ဘောနဲ့သယ်လာတဲ့ ရေနံတန်ချိန် သန်း ၂ဝ လောက်ကို ဒီပိုက်လိုင်းကနေ တဆင့် နှစ်စဉ် ပို့ဆောင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းကနေ မြန်မာနိုင်ငံက ထွက်တဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ ဘီလျံ ၁ဝဝ လောက်ကို လာမဲ့နှစ် အနည်းငယ်အတွင်း တရုတ်က ရယူတော့မှာ ဖြစ်ပါတယ်။

ဒီပိုက်လိုင်းစီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ကတော့ ကန့်ကွက်သွားမှာ ဖြစ်ကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ကတော့ ပြောဆိုပါတယ်။

ကိုဝင်းအောင်။ ။ 'ဒီဖြစ်ပေါ်လာမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နေရာပြောင်းရွှေ့မှုတွေ၊ လုပ်အားပေး စေခိုင်းမှုတွေ၊ အဲဒါတွေက က္ဆွန်တော်တို့ ပြီးခဲ့တဲ့ မြန်မာနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရတနာ၊ ရဲတံခွန် စီမံကိန်းမှာလိုပဲ ဒါတွေက မလွဲမသွေ က္ဆွန်တော်တို့က ကြုံလာရမဲ့ ဟာတွေပေါ့နော်။ က္ဆွန်တော်တို့ ဒေသခံတွေနဲ့တော့ ဒီလိုမျိုး ဆိုးကျိုးတွေ ပေးမဲ့ စီမံကိန်းတွေကို ဘယ်လိုပဲဖြစ်ဖြစ် က္ဆွန်တော်တို့ မရပ် ရပ်တန့်အောင် နည်းနဲ့ ဆက်လက်ပြီး လုပ်ဆောင်ရမှာပေါ့။'

ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းစီမံကိန်း ဖြတ်သန်းသွားမဲ့ နယ်မြေတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အပြင် အမ်း၊ မင်းဘူး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ ချောက်၊ မန္ဈလေး၊ ပြင်ဦးလွင်၊ လားရှိုး၊ မူဆယ် စတဲ့မြို့တွေကို ဖြတ်ပြီး ကြူကုတ် ပန်ဆိုင်း အထိရောက်မှာ ဖြစ်ပါတယ်။ ဒီပိုက်လိုင်းကို ၅ နှစ်အတွင်း အပြီးဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ဖြူ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စက်တင်ဘာတွင် စမည်
Tuesday, 16 June 2009 17:56 ကိုထွေး

မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ နှင့် ရေနံ ဝယ်ယူမည့် တရုတ်နိုင်ငံသည် စက်တင်ဘာလမှ စတင်ကာ ပိုက်လိုင်းများ တည်ဆောက် သွားမည် ဖြစ်ကြောင်း China Securities ဂျာနယ်တွင် ယမန်နေ့က ရေးသားထားသည်။

ယင်းပိုက်လိုင်းသည် စုစုပေါင်း ၂၈ဝ၆ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် ဆိပ်ကမ်းမြို့တခု ဖြစ်သည့် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့၊ ထိုမှတဆင့် ဂွမ်ဇိုးပြည်နယ် ချုံကင်း ဒေသအထိ ဖြတ်သန်း ဖောက်လုပ်မည် ဖြစ်ကြောင်း ဂျာနယ်တွင် ဖော်ပြထားသည်။

အဆိုပါ ပိုက်လိုင်းကို တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) ကုမ္ပဏီက တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

CNCP သည် တရုတ်နိုင်ငံ အတွက် ဓာတ်ငွေ့ နှင့် ရေနံ အများဆုံး ထုတ်လုပ်ပေးလျက်ရှိပြီး တရုတ် ပြည်တွင်း အခြေစိုက် စီးပွားရေး လုပ်ငန်းများကိုမူ PetroChina အမည်ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသ နှင့် အာဖရိကနိုင်ငံများမှ ရေနံကို မလက္ကာ ရေလက်ကြားမှ တဆင့် တင်သွင်းနေရသည်။

အဆိုပါ ပိုက်လိုင်း တည်ဆောက်ပြီးစီးပါက မြန်မာပြည်ထွက် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့သည် ခရီးတိုဖြင့် တရုတ်ပြည်သို့ ရောက်ရှိမည် ဖြစ်သည်။

၂ဝ၁၂ မှ စတင်ပြီး တနှစ်လျှင် သဘာဝ ဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ၊ ရေနံစည် ၄ဝဝ ဝဝဝ တင်ပို့မည် ဟု ဆိုသည်။

မြန်မာ တရုတ် ၂ နိုင်ငံ ကုန်သွယ်မှုမှာ ၂ဝဝ၈ အတွင်း ၂.၆ ဘီလီယံ ရှိပြီး ယခုနှစ်တွင် ပိုမို တိုးတက်လာနိုင်ကြောင်း ယမန်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် ဖော်ပြ ပါရှိသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် စီမံကိန်း များတွင် စုစုပေါင်း ဒေါ်လာ ၁.၃၃ ဘီလီယံ ရင်းနှီး မြှုပ်နှံထားသည်။

ထိုင်း၊ ဗြိတိန်၊ စင်ကာပူနိုင်ငံများ ပြီးလျှင် တရုတ်သည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် အများဆုံး ရင်းနှီး မြှုပ်နှံသည့် နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များ၊ သတ္တုများ၊ ကျွန်းသစ် နှင့် အဖိုးတန် ကျောက်မျက် ရတနာများ တရုတ်နိုင်ငံသို့ တင်ပို့သည်။ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အဝတ်အထည်နှင့် ဆေးဝါးများကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။

မြန်မာစစ်အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။ ယမန်နေ့က စစ်အစိုးရ ခေါင်းဆောင် တဦးဖြစ်သူ ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေးသည် တရုတ်ပြည်သို့ တတိယအကြိမ် သွားရောက် လည်ပတ်ခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပွဲ သံဃာနှင့် ကျောင်းသားအဖွဲ့များ တိုက်တွန်း
2009-06-16

လာမဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ မြန်မာပြည်တွင်း ပြည်ပမှာ ရှိကြတဲ့ ဘာသာပေါင်းစုံကနေ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဝိုင်းဝန်း မေတ္တာပို့ ဆုတောင်းကြဖို့ သံဃာ့တပ်ပေါင်းစုနဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ဒီကနေ့ ဇွန်လ ၁၆ရက်မှာ ကြေညာချက် တစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

AFP

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာဘုန်းတော်ကြီးများနှင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသမဂ္ဂ္ဂရုံးချုပ်ရှေ့တွင် မေလ ၂၂ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP)

သံဃာ့တပ်ပေါင်းစုနဲ့အတူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် စတဲ့ အဖွဲ့အစည်း လေးဖွဲ့ကနေ ပူးတွဲကြေညာထားတာ ဖြစ်ပါတယ်။

လာမဲ့ ဇူလိုင်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲနဲ့ ပတ်သက်ပြီး ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးပညာဝံသက အခုလို အမိန့်ရှိပါတယ်။

ဦးပညာဝံသ။ ။ 'ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ မတိုင်ခင်က စပြီးတော့ပေါ့၊ တိုင်းသူပြည်သား လူအများက ဘာသာမရွေး ဘက်ပေါင်းစုံကနေပြီးတော့ ဘာသာအသီးသီးပေါ့၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဘာသာဝင်ပေါင်းစုံ၊ ဘက်ပေါင်းစုံကနေပြီးတော့ ဝိုင်းဝန်းပြီး ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး အကျဉ်းသားဘဝက လွတ်မြောက်ဖို့ အားလုံး ဝိုင်းဝန်း ဆုတောင်း မေတ္တာပို့ပေးကြပါလို့ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါတယ်။'

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ့် ခေါင်းဆောင်ဖြစ်တာကြောင့် သူ လွတ်မြောက်ရေးနဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေးဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စ ဖြစ်တာကြောင့် ပြည်သူလူထုတရပ်လုံးနဲ့ ဘာသာပေါင်းစုံက အကြီးအကဲတွေ ပါဝင်လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆုတောင်းပွဲတွေကို မိမိသက်ဆိုင်ရာ ဘာသာအလိုက်၊ သက်ဆိုင်ရာ ဘုရားကျောင်းကန်တွေမှာ ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီကနေ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်တနေရာက သံဃာ့တပ်ပေါင်းစု ဆရာတော်ကြီးတပါးကို RFA မှ ကိုဇော်မိုးကျော်က လျှောက်ထား မေးမြန်းထားပါတယ်။

ကုလကိုယ်စားလှယ် ၅ ဦး ဒေါ်အောင်ဆန်းစုကြည်အမှု မျှတလွတ်လပ်ရေးတောင်းဆို
2009-06-16

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး မျှတတဲ့ တရားစီရင်ရေး ဖြစ်အောင် စီမံပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ၅ ဦးက မြန်မာ စစ်အစိုးရကို ဒီကနေ့ ဇွန်လ ၁၆ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ဒီကြေညာချက်ကို ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၅ ဦးထဲက လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ် ပြောဆိုခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Frank La Rue က တရားသူကြီးတွေကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ကြားနာစေဖို့ တောင်းဆိုကြောင်း RFAကို ပြောပါတယ်။

နံပတ် ၁ အချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို တရားမျှတပြီး လူအများ ကြားနာခွင့်ရအောင် အာမခံချက်ပေးဖို့ ဖြစ်ပြီး လွတ်လပ်မှုရှိဖို့ အချက်ဖြစ်ကြောင်း၊ နောက်တချက်က လူအများ သိမြင်ကြားနာနိုင်အောင် ပြည်တွင်းပြည်ပ စာနယ်ဇင်း သတင်းထောက်တွေ ဝင်ရောက် သတင်းရယူ ရေးသားခွင့် ရှိရေးဖြစ်ကြောင်း Mr. La Rue ပြောပါတယ်။

ဒီကြေညာချက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဟာ မှန်ကန်မှု မရှိသလို တရားစီရင်ရေး လုပ်ထုံး လုပ်နည်းတွေနဲ့လည်း ကိုက်ညီခြင်း မရှိဘူးလို့ လက်မှတ်ရေးထိုး တောင်းဆိုသူတဦးဖြစ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr Leandro Despouy ကို ကိုးကားပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ကုလသမဂ္ဂ လူ့အခွင့်အရေး က္ဆွမ်းကျင်သူတွေရဲ့ တောင်းဆိုချက်ကို NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးဥာဏ်ဝင်းက ကြိုဆိုလိုက်ပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'က္ဆွန်တော်ကလေ ဒီအမှုကို ကိုယ်တိုင်လည်း လိုက်နေတော့လေ၊ အမြဲတမ်း က္ဆွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ တရားမျှတရေးပဲ။ က္ဆွန်တော်တို့ လိုချင်သလိုတော့ မရဘူး၊ အခု ဒီလို တရားမျှတရေးအတွက် တောင်းဆိုတော့ က္ဆွန်တော်တို့ ကြိုဆိုပါတယ်။ အများကြီး ကြိုဆိုတယ်၊ က္ဆွန်တော်တို့။'

ဒါ့အပြင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေတင်ပြတဲ့ သက်သေတွေကို ပါဝင် ထွက်ဆိုခွင့်ပြုဖို့နဲ့ ပြည်တွင်း ပြည်ပ သတင်းထောက်တွေကို တရားရုံးကို ဝင်ရောက် သတင်းရယူခွင့်ပြုဖို့ လည်း တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီးလည်း ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'က္ဆွန်တော့ဘက်က ပြောနိုင်တာကတော့ public hearing အများပြည်သူရှေ့မှာ မကြားနာတာ အများပြည်သူကို ကြားနာ နားထောင်ခွင့် မရှိတာ၊ အဲဒါကိုက က္ဆွန်တော်တို့ တရားမျှတတယ်လို့ က္ဆွန်တော်တို့ မခေါ်နိုင်ဘူးလေ။ ဒါကတော့ က္ဆွန်တော်တို့ဘက်က အရေးအကြီးဆုံး အချက်အနေနဲ့ ပြောတာ၊ က္ဆွန်တော်တို့နဲ့ သဘောထား တူတာပေါ့ဗျာ၊ က္ဆွန်တော်တို့က ဒီကိစ္စကို မနက်ဖြန်ခါ တရားရုံးချုပ်မှာ supreme court မှာ က္ဆွန်တော်တို့က ဒါ ဥပဒေနဲ့ မညီဘူး၊ က္ဆွန်တော်တို့ရဲ့ သက်သေတွေကို လက်မခံ ငြင်းပယ်တာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူး၊ တရားမျှတမှု မရှိဘူး၊ အဲဒါကို မနက်ဖြန် လျှောက်လဲချက်ပေးကြမယ်။'

ကုလသမဂ္ဂ လက်အောက်ခံ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းမှု အရေးယူ ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဌ Ms. Carmena ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခ္ဆွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မုံရွာ ကြေးနီတောင် သတ္တုတွင်းလုပ်ငန်း အိုင်ဗင်ဟိုပြန်လည်စတင်
2009-06-16

ကနေဒါနိုင်ငံအခြေစိုက် Ivanhoe သတ္တုတွင်း ကုမ္ပဏီဟာ အစုရှယ်ယာတွေကို ရောင်းချတာ မရှိဘူးလို့ ကြေညာလိုက်ပြီး တနှစ်ကြာ ရပ်ဆိုင်းထားတဲ့ မုံရွာကြေးနီတောင် လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်နေပြီလို့ သိရပါတယ်။

ဒါပေမဲ့ ကုမ္ပဏီ အစုရှယ်ယာတွေကို တရုတ်ကုမ္ပဏီကို လွှဲပြောင်းရောင်းချမဲ့ အလားအလာရှိတယ်လို့ ကနေဒါ မြန်မာ့မိတ်ဆွေများ အသင်းက ဦးတင်မောင်ထူးက ခန့်မှန်းပါတယ်။

မြန်မာ့သတ္တုတွင်းလုပ်ငန်းနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ Ivanhoe သတ္တုတွင်းကုမ္ပဏီ လုပ်ငန်း တနှစ်ရပ်ဆိုင်းရတဲ့ အကြောင်းအချက်အလက်တွေ အတော်များများရှိပြီး စက်ကိရိယာကိစ္စ၊ ကုမ္ပဏီအတွက်အာမခံ ကုမ္ပဏီရှာဖွေရတဲ့ အခက်အခဲ စတာတွေ ပါဝင်နိုင်တယ်လို့ ဦးတင်မောင်ထူးက ပြောပါတယ်။

ဦးတင်မောင်ထူး။ ။ 'ပစ္စည်းပစ္စယ တချို့တွေ၊ မယူနိုင်တာတွေ၊ မသယ်နိုင်တာတွေ ပေါ့နော်၊ အဲဒါလည်း ပါသလိုမျိုးပဲ၊ ဒီ insurance ပိုင်းဆိုင်ရာပေါ့နော် insurance ဆိုတာက ဒီ မုံရွာမိုင်းကို insure ပေးတဲ့ ကုမ္ပဏီတွေ မရှိတဲ့ ပြဿနာရယ်၊ နောက် မြန်မာပြည်ကိစ္စနဲ့ ပတ်သက်ပြီးတော့ US အပါအဝင် ကနေဒါ၊ တခြားနိုင်ငံတကာကနေပြီးတော့ ဖိအားပေးမှုတွေပေါ့၊ ရှိတဲ့အခါကျတော့ နိုင်ငံတွေမှာ အခြေစိုက်တဲ့ ဥပမာဆိုရင် US မှာဆိုရင် US ကုမ္ပဏီ insurance ကုမ္ပဏီက မပေးတာမျိုး၊ သြစတြေးလျဆိုရင် သြစတြေးလျက မပေးတာမျိုးတို့၊ ပေးပြီးတဲ့နောက်မှာလည်း ဆက်ပြီးတော့ extension မလုပ်တာမျိုးတွေပေါ့။ ဒါမျိုးတွေ ရှိနေတယ်ဆိုတာ က္ဆွန်တော်တို့က ကြားရတယ်။'

ခိုင်ကြေးနှုန်းဖြစ်တဲ့ အမြတ်အစွန်း ရာခိုင်နှုန်း အချိုးအစား သတ်မှတ်ရေးအတွက် ကနေဒါကုမ္ပဏီနဲ့ မြန်မာစစ်အစိုးရတို့ ပြောကြဆိုကြတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ဦးတင်မောင်ထူး။ ။ 'နောက်တခါ ဒီ အိုင်ဗင်ဟိုနဲ့ မြန်မာစစ်အစိုးရ ကြားထဲမှာလည်း သဘောတူညီမှုပိုင်းဆိုင်ရာတွေမှာ ပြန်ပြင်တဲ့ ကိစ္စတွေ၊ အရင်တုန်းကဆိုရင် ကြေးနီ တန်ချိန်တခု ရောင်းတဲ့အခါတိုင်းမှာ ၃ ရာခိုင်နှုန်းလောက်ပဲ ပေးရမယ်လို့ သဘောတူထားရာကနေပြီးတော့ ၈ ရာခိုင်နှုန်း ပေးရမယ်ဆိုတာမျိုးတွေပေါ့နော်။ အဲဒါတွေက အရင်က သဘောတူထားတဲ့ အခြေအနေတွေနဲ့ ဆီလျော်မှု မရှိဘူး။ ပြီးတော့ သူတို့ နှစ်ခုကြားမှာလည်းပဲ ရှင်းရှင်းလင်းလင်း အနေအထားမျိုးတွေ မရှိတာကိုလည်းပဲ က္ဆွန်တော်တို့က တွေ့ရတယ်။'

Ivanhoe ကုမ္ပဏီဟာ ၂ဝဝရခု ရွှေဝါရောင်တော်လှန်ရေးမှာ စစ်အစိုးရက သံဃာတွေကို အကြမ်းဖက်နှိမ်နင်းတာကို အထူးစိုးရိမ်ကြောင့်ကြရတဲ့အကြောင်း ၂ဝဝ၇ အောက်တိုဘာလမှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်မှာပဲ မြန်မာနိုင်ငံက လုပ်ငန်းတွေကို တတိယပါတီတခုကို လွှဲပြောင်းဖို့ရှိတယ်လို့ ဖော်ပြခဲ့ပြီး ခုတခါမှာတော့ လုပ်ငန်းတွေပြန်စနေတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

ဒီအတောအတွင်း Ivanhoe ကုမ္ပဏီ အစုရှယ်ယာတွေကို တရုတ်ကုမ္ပဏီက ဝယ်ယူမဲ့ အဆင့် ရောက်နေပြီဆိုတဲ့ သတင်းထွက်လာတာနဲ့ ပတ်သက်ပြီး မဟုတ်မှန်ဘူးလို့ ကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။

ဒါပေမဲ့ Ivanhoe ကုမ္ပဏီ တာဝန်ရှိသူဟောင်းတယောက်ဟာ ကြားပွဲစားလုပ်ပြီး တရုတ်ကုမ္ပဏီကို လွှဲပြောင်းရောင်းချဖို့ ကြိုးစားနေတာ သိရတဲ့အကြောင်း ဦးတင်မောင်ထူးက ပြောပါတယ်။

Ivanhoe ကုမ္ပဏီဟာ မြန်မာနိုင်ငံအပြင် မွန်ဂိုးလီးယားနဲ့ တရုတ်နိုင်ငံတွေမှာ သတ္တုတွင်းလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။



မြန်မာအလုပ်သမားများ ပြည်ပတွင် ဥပဒေအရ ကာကွယ်ခံရမှု နည်းပါး
Tuesday, 16 June 2009 19:23 သန်းထိုက်ဦး
E-mail Print
ပြည်ပရောက် မြန်မာ အလုပ်သမားများသည် ဥပဒေအရ ကာကွယ် စောင့်ရှောက်ခံရမှု နည်းပါးသဖြင့် အနိုင်ကျင့် ခံနေရကြောင်း ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) က ယနေ့ ပြောကြားလိုက်သည်။

ပြည်ပရောက် မြန်မာအလုပ်သမားများ အနိုင်ကျင့်ခံရမှုများကို ပြုစုထားသည့် အစီရင်ခံစာ
KHRG အဖွဲ့က ယနေ့ ထုတ်ပြန်သည့် “Abuse, Poverty and Migration” (အနိုင်ကျင့်စော်ကားမှု၊ ဆင်းရဲနွမ်းပါးမှု နှင့် ရွှေ့ပြောင်းနေထိုင်ခြင်း) အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

အစီရင်ခံစာနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ်တွင် ကျင်းပခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများ အတွက် အဓိက လိုအပ်ချက်များကို ရှင်းလင်း ဖော်ပြခဲ့သည်ဟု KHRG မှ ပြောရေးဆိုခွင့် ရှိသူ နော်အဲဖောထူး (Naw Eh Paw Htoo) က ဧရာဝတီသို့ ပြောသည်။

“ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် လိုအပ်တဲ့ ကာကွယ် စောင့်ရှောက်မှုတွေကို ထိုင်း အိမ်ရှင်နိုင်ငံ အနေနဲ့ တိုးချဲ့ ပေးနိုင်ဖို့အတွက် ထောက်ခံ တောင်းဆိုပါတယ်။ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းက သော်လည်းကောင်း၊ လူမှု စောင့်ရှောက်ရေး အဖွဲ့က သော်လည်းကောင်း အလုပ်သမားတွေ အတွက် ကာကွယ် စောင့်ရှောက်ပေးနိုင်တဲ့ ဥပေဒေတခု ထုတ်နိုင်ရေး အတွက် အဓိက တောင်းဆိုထားတယ်”ဟု ပြောသည်။

လက်ရှိ ကြုံတွေ့နေရသော ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများ ရရှိရန်အတွက် တောင်းဆိုပေးခြင်း ဖြစ်သည် ဟု ဆိုသည်။

KHRG သည် ထိုင်း-မြန်မာ နယ်စပ် ဒေသ အဖွဲ့အစည်းတခု ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ ၁၉၉၂ ခုနှစ်မှ စတင် ဆောင်ရွက်နေသော အဖွဲ့ ဖြစ်သည်။

KHRGက ပြုစုထားသော အစီရင်ခံစာတွင် ရွှေ့ပြောင်း အလုပ်သမားများ မိမိ ဒေသ မြန်မာပြည်အား စွန့်ခွာရသည့် အကြောင်းအရင်းများကို သုတေသန ပြုလုပ်ထားသည့် အချက်များ ပါဝင်သည်။ ကရင်ပြည်နယ်မှ ပြောင်းရွှေ့လာသည့် အလုပ်သမား ၁၅ဝ နှင့် အခြား နိုင်ငံများတွင် ရောက်ရှိနေသော မြန်မာပြည်သား အလုပ်သမားများကို တွေ့ဆုံမေးမြန်းပြီး ပြုစုထားသည့် အစီရင်ခံစာဖြစ်သည်ဟု ဆိုသည်။

အလုပ်သမား ၇၈ ရာခိုင်နှုန်းခန့်သည် မြန်မာ့တပ်မတော်၏ လုပ်အားပေး စေခိုင်းမှုကြောင့် ထိခိုက် နစ်နာမှုများ ပေါ်ပေါက်လာသည့် အပြင် စီးပွားရေး ကျပ်တည်းမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ကာ မိမိနိုင်ငံကို စွန့်ခွာရသည့် အခြေအနေထိ ဖြစ်သွားကြောင်း KHRG အဖွဲ့၏ ဆက်သွယ် မေးမြန်းချက်များအရ သိရသည်ဟု ဖော်ပြထားသည်။

အစီရင်ခံစာ နှင့် ပတ်သက်ပြီး ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ နော်စက်တင်ဘာပေါက “ကျမတို့ တွေ့ဆုံ မေးမြန်းခဲ့တဲ့ ရွှေ့ပြောင်း အလုပ်သမား အများစုက စစ်အစိုးရရဲ့ ဖိနှိပ် ရက်စက်မှုကြောင့် ဒုက္ခရောက် အခက်အခဲ တွေ့လာကြတဲ့အတွက် မြန်မာပြည်ကနေ ထွက်လာရတာ ဖြစ်ပါတယ်"ဟု ဆိုသည်။

ခန့်မှန်းခြေအားဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဒဿမ ၅ သန်းသည် ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် နိုင်ငံတို့တွင် နေထိုင်လျက်ရှိသည်၊ ထိုပမာဏာမှာ မြန်မာပြည် လူဦးရေ၏ ၇ ရာခိုင်နှုန်းခန့် ဖြစ်သည် ဟု ဆိုသည်။

၎င်းတို့ ပြောင်းရွှေ့ နေထိုင်ကြသော နိုင်ငံများတွင် ဥပဒေအရ ပြဌာန်းထားသည့် အခွင့်အရေးများကို မရကြဘဲ အများစုသည် တရားမဝင်သော ရွှေ့ပြောင်း အလုပ်သမားများ အဖြစ် အလုပ်ထုတ်ခြင်း ခံရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာပြည်၏ နယ်စပ် ဒေသများတွင် လှုပ်ရှားနေသော အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရများကိုလည်း မြန်မာပြည်သား အလုပ်သမားများ အတွက် လိုအပ်သည့် ကာကွယ် စောင့်ရှောက်မှုများကို တိုးချဲ့ ဆောင်ရွက်ရန် KHRG က တိုက်တွန်းထားသည်။

မြန်မာ ၈၈ ဦး မဲဆောက်တွင် အလုပ်ထုတ်ခံရ
Tuesday, 16 June 2009 19:43 ဘစောတင်
E-mail Print
ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ပအရပ်ရှိ ဟုန်ထစက်ရုံမှ မြန်မာအလုပ်သမား ၈၈ ဦးကို ယနေ့တွင် လုပ်ခပေး၍ အလုပ်ထုတ် လိုက်ကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ပြောသည်။

မဲဆောက် ဟုန်ထ စက်ရုံရှေ့တွင် ဇွန် ၁၄ ရက်နေ့က ဆန္ဒပြနေကြသည့် အလုပ်သမားများ (ဓာတ်ပုံ - ဘစောတင်)

၎င်း အလုပ်သမားများမှာ လုပ်အားခ ပုံမှန်ရရှိရေးနှင့် ပုံမှန်အားလပ်ရက် ရရှိရေးအတွက် ဇွန် ၁၄ ရက်နေ့ကစတင်ကာ စက်ရုံရှေ့၌ ဆန္ဒပြ တောင်းဆိုခဲ့သူများဖြစ်သည်ဟု သိရသည်။

အလုပ်သမားများ ဆန္ဒပြတောင်းဆိုရခြင်းနှင့် ပတ်သက်၍ အလုပ်သမတဦးက ၎င်းတို့ ဟုန်ထ စက်ရုံ အလုပ်သမားများ အားလပ်ရက်မရသည်မှာ တလကျော်နေပြီဖြစ်ကြောင်း၊ ၁၄ ရက်နေ့က တနင်္ဂနွေ ဖြစ်သောကြောင့် အားလပ်ရက်ပေးရန် တောင်းဆိုရာ အလုပ်ရင်က၏တာဝန်ခံက နားခွင့်မပေးဘဲ ခွင့်တရက်ယူ၍ ညနေပိုင်း အလုပ်ပြန်ဆင်း ကြရန် ပြောကြောင်း၊ ထို့ကြောင့် ၎င်းတို့ အလုပ်သမားများမှာ ခွင့်တရက်ယူပြီး အပြင်ထွက်ကြ ကြောင်း၊ ညနေပြန်လာချိန်တွင် အလုပ်သမားများကို စက်ရုံထဲ ပေးမဝင်တော့ကြောင်း ပြောပြသည်။

“ပိုဆိုးတာက ဘာအကြောင်းပြချက်မှ အသေအချာမရှိဘဲနဲ့ အလုပ်သမ ၃ ယောက်ကို အဲဒီနေ့ကပဲ အလုပ်ထုတ်လိုက်တယ်၊ အဲဒီကစပြီး ဆန္ဒပြတဲ့အထိ ဖြစ်လာရတာ” ဟု သူက ဆိုသည်။

အလုပ်မှ ထုတ်ပစ်ခံရသူ မိန်းကလေးသုံးဦးကို အလုပ်ပြန်ပေး ရေး၊ အလုပ်အားလပ်ရက် ပုံမှန် သတ်မှတ် ပေးရေး၊ အလုပ်ချိန်ကို တိတိကျကျသတ်မှတ်ပေးရေးနှင့် လုပ်အားခကို တပြေးညီ ပေးရေးအတွက် အလုပ် သမားများသည် စက်ရုံရှေ့တွင် ထိုင်၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများ၏ မေလအတွက် လစာကို ဇွန် ၁၃ ရက်နေ့မှ ရကြကြောင်း သိရသည်။

“လစာပေးတာ မညီဘူး တချို့က ဘတ် ၁ ထောင်ပဲ ရတယ်၊ အများဆုံးက ၁၉၀၀ ပဲ” ဟု ရောင်ခြည်ဦးမှ တာဝန်ရှိသူ တဦးက ပြောပြသည်။

ရာနှင့်ချီကာ ဆန္ဒပြနေသည့် အလုပ်သမားများကို ထိုင်းပြည်သူ့ စစ်က စောင့်ကြည့်နေခဲ့ကြပြီး ယခုလက်ရှိတွင်လည်း မဲဆောက်အခြေစိုက် ရဲများ၊ ပြည်သူ့စစ်များက စက်ရုံနှင့် အနီးတဝိုက်တွင် နေရာယူထားသောကြောင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားများမှာ ရောင်ခြည်ဦး အလုပ်သမား အဖွဲ့တည်ရှိရာ နေရာသို့ မသွားနိုင်ဘဲ ပုန်းအောင်းနေရသည်ဟု ၎င်းက ဆက်ပြောသည်။

မဲဆောက် အခြေစိုက် ရခိုင်အလုပ်သမား သမဂ္ဂဥက္ကဌ ကိုခိုင်လမင်းကလည်း “လုပ်ငန်းရှင်တွေက အခုလို ခေါင်းပုံဖြတ်တာတွေ၊ အလုပ်သမားတွေကို ကျေးကျွန်တွေလို သဘောထားတာတွေ မဲဆောက်မှာ အများကြီးပါ။ အလုပ်သမား တချို့က ဘာပဲဖြစ်ဖြစ် သည်းညည်းခံပြီး လုပ်နေကြရတယ်၊ အခု ဒီ စက်ရုံက လူတွေ ကိုယ့်အခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြခဲ့တာ တကယ်လုပ်ရမယ့် အလုပ်ကိုလုပ်တာပါပဲ” ဟု ပြောဆိုသည်။

ဟုန်တ စက်ရုံကို မဲဆောက်ရှိ မြန်မာအလုပ်သမားများက ရန်ကုန်စက်ရုံဟုလည်း ခေါ်ကြသည်၊ ပိုင်ရှင်မှာ တရုတ်လူမျိုးဖြစ်ကြောင်း သိရသည်။ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က မတရား အလုပ်ထုတ်ခံရသော အလုပ်သမားများအတွက် စက်ရုံပိုင်ရှင်ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောသည်။

ဂိုဂျုတ်တောင်ပါးတဲ့ သံတမန်စကား
Monday, 15 June 2009 18:34 အောင်ဇော်
E-mail Print
စင်္ကာပူနိုင်ငံသည် မြန်မာများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါများသဖြင့် အများစု သဘောကျ နှစ်ချိုက်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ကျွန်းနိုင်ငံတနိုင်ငံ ဖြစ်သည်။

စင်္ကာပူနှင့် မြန်မာနိုင်ငံသည် အပြန်အလှန် အကျိုးစီးပွားလည်း ဆက်စပ် နေကြသည်။ ထို့ပြင် စင်္ကာပူသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်သကဲ့သို့ အတိတ်က မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံ ရပ်တည်ပေးခဲ့သော နိုင်ငံလည်း ဖြစ်သည်။ ထိုမျှမက စင်္ကာပူသည် အာဆီယံအဖွဲ့၏ သူတပါးနိုင်ငံ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးဟူသော မူဝါဒ အပေါ် အခိုင်အမာရပ်တည် ကာကွယ်ပေးခဲ့သည့် နိုင်ငံဖြစ်သည်။

သမိုင်းကြောင်းအရ ဆိုလျှင်လည်း စင်္ကာပူနိုင်ငံရေးသမားများက ယခင် မြန်မာနိုင်ငံ၏ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း အပါအ၀င် မြန်မာအစိုးရ ခေါင်းဆောင် အဆက်ဆက်နှင့် ဆက်ဆံရေးကောင်းခဲ့ကြသည်။

သို့အတွက်ကြောင့်လည်း ယခု စင်္ကာပူနိုင်ငံ၏ ၀ါရင့်ဝန်ကြီးတဦးဖြစ်ခဲ့သူ ဂိုဂျုပ်တောင်၏ မြန်မာပြည် လက်ရှိခရီးစဉ်ကို ပြည်တွင်း ပြည်ပရှိ အင်အားစုများက အထူးဂရုပြု စောင့်ကြည့်နေကြသည်မှာ အံ့သြဖွယ်မရှိပေ။

ဝန်ကြီးဂို၏ ၄ ရက်တာ ခရီးစဉ်တွင် အစိုးရထိပ်သီး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များအပြင် ၂၀၀၈ ခုနှစ် မေလ ဆိုင်ကလုန်းမုန်တိုင်းအပြီး စင်္ကာပူနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ထားသော မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသမှ ဆေးရုံတရုံသို့ သွားရောက်လည်ပတ်မည့် အစီအစဉ်လည်း ပါဝင်သည်။

ခရီးစဉ်အရ စင်ကာပူဝန်ကြီးဟောင်းသည် ရှမ်းပြည်နယ်သို့လည်း သွားခဲ့သည်။ ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အကျယ်အပြန့်ဖြစ်ပွားရာနေရာဟု လူသိများနေသော ဒေသလည်း ဖြစ်သည်။ ဖိနှိပ်မှု၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ဆင်းရဲ မွဲတေမှုတို့ကြောင့် ရှမ်းလူထု အများအပြားမှာ နေရပ်ရင်းမှ ထွက်ခွာခဲ့ရပြီး ထိုင်း နိုင်ငံတွင် တရားမ၀င် နေထိုင် အလုပ် လုပ်ကိုင်နေကြရသည်။

စင်္ကာပူခေါင်းဆောင်များက မြန်မာနိုင်ငံကိစ္စကို အကဲဆတ်သည့်ကိစ္စဟူ၍ သိထားကြသည်။ ၀န်ကြီးဂိုနှင့် တွေ့ပါက နိုင်ငံရေးနှင့် သက်ဆိုင်သည့် မေးခွန်းများ မမေးမြန်းကြရန်လည်း ရန်ကုန်ရှိ သတင်းထောက်များကို ကြိုတင် သတိပေး ထားခဲ့သည်။

သို့သော်လည်း ၀န်ကြီးဂို၏ မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အသေးစိတ်အချက် အလက်များ နောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့သည်။ သူက နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆို နေသည့် ကိစ္စကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို လမ်းလွဲမသွားစေသင့်ကြောင်း မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့သည်။ ထို့အပြင် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း လွတ်လပ်၍တရားမျှတရန် လိုအပ်ကြောင်း ပြောဆိုတိုက်တွန်းခဲ့သေးသည်။

စင်္ကာပူဝန်ကြီးက ယခုခုံရုံးတင်နေသည့် ကိစ္စသည် မြန်မာပြည်တွင်းရေးပင် ဖြစ်သော်လည်း နိုင်ငံတကာအမြင်နှင့် သဘောထားများကို လျစ်လျူရှုမထားသင့်ကြောင်း ကျွမ်းကျင်လိမ္မာစွာ သတိပေးပြောဆိုခဲ့သေးသည်။
ရန်ကုန်၊ အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံးတင်တရားစွဲဆိုခဲ့သည့်အချိန်မှ စတင်ခဲ့သည့် တညီတညွတ်တည်းသော နိုင်ငံတကာဖိအားများ၏ ပြင်းထန်သက်ရောက်မှုကြောင့် စစ်အစိုးရ အနေနှင့် ထင်သလိုရှေ့ဆက်ရန် လက်တွန့် နေပုံရသည်ကိုလည်း မြင်တွေ့ရသည်။

ဝန်ကြီးဂိုက လာမည့်ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် အင်အားစုအားလုံး ပါဝင်ခွင့် ရရှိရန် လိုအပ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်း စဉ်၏ အစိတ်အပိုင်းတခု ဖြစ်ရန် လိုအပ်ကြောင်းလည်း ပြောဆိုခဲ့သည်။ နိုင်ငံတကာမိသားစုနှင့် ကုလသမဂ္ဂ ခေါင်းဆောင် များကလည်း အလားတူပင် သဘောထားပေးခဲ့ကြသည်။

ထို့ပြင် သူ့ခရီးစဉ်၏ နောက်ဆုံးရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ NLD ကို မဲဆွယ်ခွင့်ပေးသင့်သည်ဟု ပြောခဲ့ပြီး မြန်မာပြည်ခရီးစဉ်မှ အပြန်တွင်လည်း မြန်မာပြည်ဒီမိုကရေစီမရမချင်း စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် လုပ်ဆောင်မည်မဟုတ်ဟု Channel News Asia တွင် ပြောခဲ့သေးသည်။

ယခုပြဿနာများ ပေါ်ထွက်စဉ်မှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရှိသည့် နိုင်ငံရပ်ခြားခေါင်းဆောင်ဟူ၍ စင်္ကာပူ ၀န်ကြီးဟောင်း ဂိုက ပထမဦးဆုံး ဖြစ်သည်။ သူက ယခုခရီးစဉ်တွင် နေပြည်တော်ရှိ မြန်မာစစ်ခေါင်းဆောင်များထံသို့ နိုင်ငံရေး သတင်းစကားကို ရှင်းလင်းပြတ်သားစွာ ပါးလာခဲ့သည်။

လွန်ခဲ့သည့်အတိတ်ကာလများတွင် စင်္ကာပူအစိုးရခေါင်းဆောင်များက မြန်မာနိုင်ငံကို သူတို့၏ အိမ်နီးချင်းနိုင်ငံတခုအနေ နှင့် နိုင်ငံစီးပွားရေး တံခါးဖွင့်ရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့ဖူးသည်။

ဦးနေ၀င်း အာဏာလက်ရှိ ရှိနေစဉ်ကလည်း အသက်အရွယ် အိုမင်းကြီးရင့်ပြီဖြစ်သည့် စင်္ကာပူခေါင်းဆောင်ကြီး လီကွမ် ယုက မြန်မာနိုင်ငံမှ “အဘိုးကြီး” ဦးနေ၀င်းနှင့် တွေ့ဆုံကာ တိုင်းပြည်စီးပွားရေးပြုပြင်ပြောင်းလဲရန် ကိစ္စများကို အကြံပေးခဲ့ ဖူးသေးသည်။ သို့ရာတွင် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်” ကို တီထွင်ကျင့်သုံးခဲ့သည့် ဦးနေ၀င်းက နားမ၀င်ခဲ့ပါ။

ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက မြန်မာနိုင်ငံမှ ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခကို နိုင်ငံခြားခရီးသွားလုပ်ငန်း တံခါး ဖွင့်ရန် အကြံပေးခဲ့ဖူးသည်။ ဦးမောင်မောင်ခက လီကွမ်ယု၏ အကြံပေးချက်ကို ဦးနေ၀င်းထံ ဆက်လက်တင်ပြပေးမည် ဆိုသည့် အတွက်ကြောင့် စင်္ကာပူအရာရှိများက အံ့သြတကြီး ဖြစ်ခဲ့ကြရဖူးသည်။

ယခု မြန်မာစစ်အစိုးရ လက်ထက်တွင်မူ စင်္ကာပူ - မြန်မာ နှစ်နိုင်ငံဆက်ဆံရေးက ပို၍ ခရီးပေါက် ခိုင်မာခဲ့သည်။

Jane's Intelligence Review အရဆိုလျှင် စင်္ကာပူနိုင်ငံက မြန်မာ စစ်အစိုးရထံ သေနတ်များ၊ ဒုံးများ၊ သံချပ်ကာယာဉ်များ၊ ဒုံးပစ်လက်နက်များ ရောင်းချပေးပို့ခဲ့ပြီး စစ်အစိုးရအသက်ဆက်နိုင်ရန် တိုင်းရင်းသား လူနည်းစုများကို ဆက်လက် ချေမှုန်း နိုင်ရန် ပံ့ပိုးကူညီပေးခဲ့သည်ဟု ဆိုသည်။

ယနေ့အချိန်တွင်လည်း စင်္ကာပူနိုင်ငံက စစ်အစိုးရခေါင်းဆောင်များနှင့် လက်ဝေခံ စီးပွားရေးလုပ်ငန်းရှင်များအတွက် လွတ် လပ်ရာ နိဗ္ဗာန်တခု ဖြစ်နေပြန်သည်။

စစ်အစိုးရ၏ တချို့သော မိသားစုဝင်များသည် အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို ရှောင်လွှဲနိုင်ရန် အတွက် စင်္ကာပူတွင် ဘဏ်စာရင်း ဖွင့်ထားကြသည်ဟု လေ့လာသုံးသပ်သူများက ယုံကြည်နေကြသည်။ ၂၀၀၈ ခုနှစ်၊ ကျောက်မြက်ရတနာ ပိတ်ဆို့မှုဥပဒေအရ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပိုမို တင်းကျပ် လာခဲ့ရာ ဗိုလ်ချုပ်ကတော်များက ကျောက်မြက်များကို စင်္ကာပူဈေးကွက်ဘက် ရွှေခဲ့ကြသည်ဟု ဆိုကြသည်။

အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်က မြန်မာ့ကျောက်မြက်ရတနာ ပိတ်ဆို့ရေး ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာ နိုင်ငံမှ အဖိုးတန်ကျောက်မြက် ရတနာများကို အမေရိကန်နိုင်ငံတွင်းသို့ တင်ပို့မှု ပိတ်ပင်ခဲ့သည်။ လက်ရှိချမှတ်ထားသည့် စီးပွားဒဏ်ခတ်မှုများကို ပို၍ တင်းကျပ်ခဲ့သည်။

မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်း၏ မိသားစုများနှင့် လက်ဝေခံ လုပ်ငန်းရှင်များက ခြင်္သေ့ကျွန်းသို့ မကြာခဏဆိုသလို သွား၍ ဈေးဝယ်ထွက်ခြင်း၊ အပန်းဖြေခြင်း၊ ဆေးကုသမှု ခံယူခြင်းများလည်း ပြုလေ့ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်တန်း စစ်ခေါင်းဆောင်များသည်ပင် ဆေးကုသမှု သွားရောက်ခံယူခဲ့ဖူးသည်။

သို့ရာတွင် စစ်အစိုးရက နိုင်ငံ၏မြို့တော်ကို နေပြည်တော်သို့ လျှို့ဝှက်ရွှေ့ပြောင်းခဲ့သည့် အချိန်မှစ၍ စိတ်ပျက်သည့် လက္ခဏာများ စတင်ဖော်ပြလာခဲ့ကြသည်။ စင်္ကာပူနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိများက ဤမြို့တော် ရွှေ့ ပြောင်းမည့် အစီအစဉ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ကြိုတင်အကြောင်းကြားမှု မရှိသည့်အတွက် စိတ်ပျက်မိကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သည်။

ဤမြို့တော် ရွှေ့ပြောင်းမှုကို လီကွမ်ယုကိုယ်နှိုက်က ပြစ်တင်ဝေဖန်ခဲ့ပြီး ကျိုးကြောင်းမဆီလျော်ဟု သူက ဆိုခဲ့သည်။ မြန်မာ စစ်ဗိုလ်ချုပ်များသည် တိုင်းပြည်၏ စီးပွားရေးစီမံခန့်ခွဲမှုအပေါ်တွင်လည်း “ထုံ၊ အ၊ ထိုင်းမှိုင်း” သည်ဟု ဆိုခဲ့သေးသည်။ လီကွမ်ယုက အရှေ့တောင်အာရှ လေ့လာရေး သိပ္ပံဌာန၌ “ဒီလူတွေက သူတို့မှာ သဘာဝသယံဇာတ ကြွယ်ဝတဲ့အတွက် စီးပွားပိတ်ဆို့ဒဏ်ခတ်တာကို လုံးဝမမှုဘူးလို့ ခိုင်ခိုင်မာမာ ယုံကြည်နေကြတယ်” ဟု စစ်အစိုးရနှင့် ပတ်သက်၍ ပြောဆို ခဲ့ဖူးသည်။

ထိုမျှမက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ လူထုအုံကြွမှုကို စစ်အစိုးရက အကြမ်းဖက်ချေမှုန်းခဲ့စဉ်ကလည်း လီက လွန်ခဲ့ သော ၁၀ နှစ်ခန့်က သူ၏ရပ်တည်ချက်ကို ပြောင်းပြန်လှန်ကာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်လာခဲ့သည်။ သူက “ကျနော် မြန်မာပြည်သွားလည်ခဲ့တုန်းက အစိုးရဆီမှာ လူတွေကို ထိန်းချုပ်ကွပ်ကဲဖို့ စစ်တပ်ဆိုတဲ့ တခုတည်းသော အရာပဲ ရှိပါတော့လားဆိုတာ သိခဲ့ရတယ်” ဟု ပြောခဲ့သည်။

လီကွမ်ယုက “အကယ်၍ ကျနော်သာ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် နိုင်ငံရေးလောကထဲ မဝင်တော့ဘဲ ဂုဏ်ထူးဆောင် အတိုင်ပင်ခံတဦးအဖြစ်ပဲ နေမယ်” ဟု ပြောဆိုခဲ့သည့်အတွက်ကြောင့်လည်း မြန်မာ့အရေးလှုပ်ရှားနေသူများ ဒေါသ အမျက်ထွက်ခဲ့ဖူးသည်။

မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက လီကွမ်ယု၏ လူသေအခေါင်းပုံစံကို မီးရှို့ကာ လူသိရှင်ကြား တရားဝင် တောင်းပန်ရန် တောင်းဆိုခဲ့ကြသည်။

စစ်အစိုးရကို ကာကွယ်ပြောဆိုပေးနေသည့် နိုင်ငံတနိုင်ငံအဖြစ် စင်ကာပူနိုင်ငံအပေါ် မမြင်သင့်ပါ။ သို့သော် စင်္ကာပူ အစိုးရအနေနှင့်လည်း မြန်မာစစ်အစိုးရအပေါ် သံတမန်နည်းလမ်းအရ ပွင့်လင်းရဲရင့်စွာ ပြတ်ပြတ်သားသားဆက်ဆံဖို့ လိုအပ်ပါသည်။

ဝန်ကြီးဂိုပြောခဲ့သည့် ကိစ္စရပ်များအားလုံးကို စစ်အစိုးရခေါင်းဆောင်များအနေနှင့် လိုက်နာကြမည် ဆိုသည်ကတော့ များစွာ သံသယရှိစရာ ဖြစ်သည်။ သို့သော်လည်း အရေးကြီးသည့်အချက်မှာ စင်္ကာပူနိုင်ငံက အရေးပါသည့် အကြောင်းအရာ များကို ပြောဆိုခဲ့ပြီး ဖြစ်သကဲ့သို့ စစ်အစိုးရခေါင်းဆောင်များကလည်း ထိုစကားများကို နားထောင် ခဲ့ရသည်ဆိုသည့် အချက်ပင်ဖြစ်ပါသည်။

အောင်ဇော်၏ The Message from the Lion State ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဘူးသီးတောင်ထောင် အရာရှိ ၄ ဦး အလုပ်ဖြုတ်ခံရ Print E-mail
ငြိမ်းချမ်း
အင်္ဂါနေ့၊ ဇွန်လ 16 2009 16:46 - မြန်မာစံတော်ချိန်


ဒါကာ (မဇ္ဈိမ)။ ။ ထောင်တွင်း အခြေအနေများကို ရိုက်ကူးထားသော ဗီဒီယိုခွေ လက်ဝယ်ရှိသူတဦး ဖမ်းဆီးခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဘူးသီးတောင် အကျဉ်းထောင်မှ ထောင်ပိုင် အပါအဝင် အရာရှိ ၄ ဦးကို အကျဉ်းဦးစီးဌာနက အလုပ် ဖြုတ်ပစ်လိုက်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်မှ ထောင်ပိုင် ဦးတင်ထွန်း၊ ထောင်ဆရာဝန် ဦးဌေးဝင်း၊ ထောင်မှူး ဝင်းမောင်၊ အခြားအရာရှိ တဦးဖြစ်သည့် ဦးသိန်းကျော် တို့ကို ဇွန်လ ၇ ရက်နေ့က အလုပ်ဖြုတ်လိုက်ကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်က မဇ္ဈိမသို့ ပြောသည်။

မည်သည့်အကြောင်းကြောင့် အလုပ်ဖြုတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း လွန်ခဲ့သည့်လက အကျဉ်းသားများ နေထိုင် စားသောက်ရသည့် အခြေအနေကို ရိုက်ကူးထားသော မှတ်တမ်းတင် ဗီဒီယိုခွေတခု ပြင်ပတွင် ဖမ်းမိခဲ့ခြင်းနှင့် ဆက်စပ်မှု ရှိနေမည်ဟု ယုံကြည်ရသည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးအပတ်အတွင်းက ထောင်တွင်း အခြေအနေများကို ရိုက်ကူထားသော ဗီဒီယို ခွေကို ဘူးသီးတောင် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီး ရမိခဲ့သည်။ “တိတ်ခွေထဲမှာက ထောင်တွင်း စားရေးသောက်ရေး အခြေအနေတွေ၊ အကျဉ်းသားတွေကို အလုပ်ကြမ်း ခိုင်းနေပုံတွေ ပါတယ်။ အဲဒီအခွေကို ဘူးသီးတောင်ကနေ မောင်တောကိုသွားတဲ့ လူတယောက် လက်ထဲမှာ ဖမ်းမိလိုက်တယ်” ဟု စရဖ သတင်းရပ်ကွက်တခုက ပြောသည်။

ဖမ်းဆီးခံရသူမှာ ဘူးသီးတောင်မြို့နေ ကိုသိန်းဦးဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ယခုအခါ ထောင်လုံခြုံရေးကိုလည်း ယခင်ကထက် တင်းကြပ်ထားကြောင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် ကြိုးစားခဲ့သူတဦးက မဇ္ဈိမသို့ ပြောသည်။

အကျဉ်းထောင်အတွင်း သံဃာတော် ဦးအိသရိယ၊ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် နှင့် မနီနီမေမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀ ဦးခန့် ရှိသည်။

ရခိုင်ပြည်နယ် ပထမဆုံး ရထားလမ်း မိုးရွာ၍ ပျက်စီး Print E-mail
ငြိမ်းချမ်း
အင်္ဂါနေ့၊ ဇွန်လ 16 2009 12:57 - မြန်မာစံတော်ချိန်


ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ဖောက်လုပ်သော စစ်တွေ-ရေချမ်းပြင် ရထားလမ်းသည် မိုးသည်းထန်စွာ ရွာသဖြင့် လမ်း၏ အစိတ်အပိုင်းအချို့ ပျက်စီးပြီး ရထားပြေးဆွဲမှုကို ပြီးခဲ့သည့် တပတ်အတွင်း ၂ ရက်ကြာ ရပ်ဆိုင်းခဲ့ရသည်။

၁၂ မိုင်အရှည်ရှိသော စစ်တွေ-ရေချမ်းပြင် ရထားလမ်းတွင် ရေချမ်းပြင်နှင့် မဲဇလီ ဘူတာအကြားနှင့် နေရာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေဖို့ထားသော ရထားလမ်းအောက်ခံ မြေများ ချိုင့်ဝင်သွားခဲ့သည်။

“အခုတော့ အဲ့ဒီမြေချိုင့်ဝင်သွားတဲ့ နေရာတွေကို သဲအိတ်တွေနဲ့ အစားထိုးပြီး ပြန်လုပ်ထားတဲ့အတွက် ရထားကတော့ ပြန်သွားလို့ ရနေပါပြီ။ ဒါပေမဲ့ နောက်ထပ် မိုးကြီးလာရင် ပြန်ပျက်နိုင်တယ်” ဟု စစ်တွေဒေသခံတဦးက ပြောသည်။

“လမ်းဖောက်ပြီးလို့ တလတောင် မပြည့်သေးဘူး၊ ရထားလမ်းက ပျက်နေပြီလေ။ သူတို့က စေတနာနဲ့ လုပ်တာမှ မဟုတ်တာ။ ဟန်ပြသဘောလောက် လုပ်တော့ ဘယ်လိုလုပ်ပြီး ကြာရှည်ခံမှာလဲ” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ရထားလမ်းဖြစ်သည့် ၁၂ မိုင်ရှည်လျားသော စစ်တွေ-ရေချမ်းပြင် ရထားလမ်းကို ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖောက်လုပ်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းရထားလမ်းတွင် စစ်တွေမှ ရေချမ်းပြင်သို့ နေ့စဉ် နံနက် ၇ နာရီတွင် တစင်း၊ ၈ နာရီတွင် တစင်းဖြင့် စုစုပေါင်း ၂ ချိန်ပြေးဆွဲပြီး ပြည်တော်သာမှ စစ်တွေသို့ ၅ဝ ကျပ်၊ စစ်တွေတက္ကသိုလ်သို့ ၅ဝ ကျပ်၊ ဝါးပိုင်ကျေးရွာသို့ ၅ဝ ကျပ်၊ တောပူဂျာကျေးရွာသို့ ၁ဝဝ ကျပ်၊ မဲဇလီကျေးရွာသို့ ၁ဝဝ ကျပ်နှင့် ရေချမ်းပြင်သို့ ၁ဝဝ ကျပ်အဖြစ် ရထားခများ သတ်မှတ်ထားသည်။

ဝီရ / ၁၆ ဇွန် ၂၀၀၉
line


ထိုင်း-မြန်မာနယ်စပ် စံခရဘူရီခရိုင် နယ်မြေမှ ဘန်တောင်ယန် (Ban Tong Yang) ကရင်ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါ ကူးစက်ပြန့်ပွားခဲ့သဖြင့် လူ (၄) ဦး သေဆုံးခဲ့သည်။

ဝမ်းပျက်ရောဂါကြောင့် စခန်းထဲမှ ကလေးငယ် (၁) ဦး လွန်ခဲ့သည့်သောကြာနေ့က စတင်သေဆုံးခဲ့ပြီး ယနေ့ ဇွန်လ (၁၆) ရက်နေ့အထိ ကလေး (၄) ဦး သေဆုံးကာ အခြားဒုက္ခသည် (၃) ဦးကိုလည်း နီးစပ်ရာ ခရစ်ယာန်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ထိုစခန်းတွင် ကျန်းမာရေးဆိုင်ရာ အကူအညီပေးနေသည့် အေအာစီ (American Relief Committee) မှ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။

သေဆုံးသွားသူများမှာ အသက် (၇) နှစ်အောက် ကလေးငယ်များ ဖြစ်ကြပြီး အစားအစာနှင့်သောက်ရေ မသန့်ရှင်းမှု ကြောင့် ဖြစ်၍ ယခုအခါ ထိုစခန်းအနီးတဝိုက်သို့ လာရောက်ရောင်းချနေသည့် ကားဈေးဆိုင်များကိုလည်း ကန့်သတ် ထားကြောင်း ယင်းဝန်ထမ်းက ပြောသည်။

“အခုဖြစ်တဲ့ ကလေးတွေက အန်လည်းအန်တယ်။ ဝမ်းလည်းသွားတယ်။ စဖြစ်တဲ့ကလေးကဆိုရင် ဝမ်းသွားတာ (၃) ခါလောက်ပဲ ရှိမယ်။ Dehydration လို ရောဂါလည်း မဟုတ်ဘူး။ အဲဒီကလေးက ဆေးရုံတောင် မရောက်လိုက်ဘူး။ လမ်းမှာပဲ ဆုံးသွားတယ်။ အခု စခန်းထဲက လူအားလုံးက ရေချက်သောက်ကြဖို့၊ အစားအစာ ဆိုရင်လည်း မှည့်လွန်တဲ့အသီးအရွက်တွေ မစားဖို့ ညွှန်ကြားမှုတွေ လုပ်နေပါတယ်။ လိုအပ်တဲ့အကူအညီ အားလုံးကိုလည်း ကျမတို့ပေးသွားပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဝမ်းရောဂါဖြစ်ပွားသည့် ဘန်တောင်ယန် စခန်းသည် စံခရဘူရီမြို့မှ (၃၁) ကီလိုမီတာ ကွာဝေးပြီး ဒုက္ခသည်ပေါင်း (၄၃,၀၀၀) ကျော်ရှိသည်။




NEJ / ၁၆ ဇွန် ၂၀၀၉
line


မြန်မာပြည်တွင်းဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော မှတ်ပုံတင်ထားခြင်း မရှိသည့် တိုင်းရင်းဆေးဝါးအချို့ကို ရောင်းချခြင်း မပြုလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်တို့က တားမြစ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများနှင့် အာနိသင်မရှိသော ဆေးဝါးအတု အမည်စာရင်းများကို ဆေးဆိုင်များသို့ ဖြန့်ဝေထားပြီး ဆက်လက် မရောင်းရန် သတိပေးသွားကြောင်း တာမွေမြို့နယ် ဆေးဆိုင်ကြီးတဆိုင်မှ ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “အခု မရောင်းဖို့ ရေးထားတဲ့စာရင်းမှာ အဖျားဖြတ်ဆေး၊ ငန်းဆေး၊ လိမ်းဆေးတို့၊ သွေးတိုးကျဆေးတို့ ပါတယ်။ ပြီးတော့ ယိုးဒယား (ထိုင်း) က ဝင်လာတဲ့ အိမ်သုံးဆေးတွေ ပါတယ်။ ပြည်တွင်းထုတ် တိုင်းရင်းဆေး တွေကတော့ နယ်က လုပ်တဲ့ဆေးလည်း ရှိတယ်။ ဒီရန်ကုန်မှာ ထုတ်တဲ့ဆေးလည်း ပါတယ်” ဟု ပြောသည်။

ယခုလ (၁၃) ရက်၌ ကျန်းမာရေးဝန်ကြီးဌာနမှ တားမြစ်ထားသည့်ဆေးဝါးစာရင်း ကြေညာချက်တွင် တိုင်းရင်းဆေးဝါး (၁၄) မျိုးနှင့် ပြည်ပမှ တင်သွင်းသည့် ဆေးဝါးအချို့လည်း ပါဝင်သည်။

ပြီးခဲ့သည့် ဧပြီလ၌လည်း သက်ဆိုင်ရာမှ ရောင်းချခွင့် တားမြစ်ခဲ့သည့် ပြည်တွင်းပြည်ပ ဆေးဝါးအချို့ရှိသော်လည်း ရောင်းချနေသည့်ဆေးဆိုင်များ ရှိနေသဖြင့် စစ်ဆေးတွေ့ရှိပါက ဆေးဝါးများကို သိမ်းဆည်းသွားသည်မှအပ ဆေးဆိုင်များအား အရေးယူခြင်း မရှိခဲ့ကြောင်း သိရသည်။

သို့သော် ယခုအပတ် လာရောက်သတိပေးရာတွင် တားမြစ်ဆေးဝါးများအား ဆေးဆိုင်တွင် တွေ့ရှိပါက ဆေးဆိုင်လိုင်စင်ကိုပါ သိမ်းဆည်းမည်ဟု သက်ဆိုင်ရာက ပြောကြားထားကြောင်း အဆိုပါဆေးဆိုင် ဝန်ထမ်းက ပြောသည်။

“ဆေးကတ်နဲ့ ဆေးဘူးတွေမှာ ဆေးဝါးမှတ်ပုံတင် နံပါတ် မပါတဲ့ ဆေးဝါးတွေရှိရင်လည်း သက်ဆိုင်ရာ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီဆီက အကြောင်းကြားရမယ်တဲ့။ မလိုက်နာရင် အရေးယူမယ်တဲ့” ဟု ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ဒေသများတွင် တိုင်းရင်းဆေး ဖြန့်ချိနေသည့် လက်လီ၊ လက္ကားဆိုင်များမှာ အဆိုပါ ကြေညာချက်နှင့်ပတ်သက်ပြီး သိရှိထားခြင်း မရှိသေးပေ။




မင်းနိုင်သူ / ၁၆ ဇွန် ၂၀၀၉
line


မိုးတွင်းတွင် လေယာဉ်ခရီးစဉ်များ မရှိသဖြင့် မိုင်းဆတ်ထောင်ရှိ (၈၈) ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ထောင်ဝင်စာမတွေ့နိုင်သည်မှာ (၄) လခန့်ရှိနေပြီဖြစ်ကြောင်း ညီဖြစ်သူ ကိုအောင်ထွန်းက ခေတ်ပြိုင်သို့ ပြောသည်။

“အရင်ကတော့ လေယာဉ်ခရီးစဉ်က တပတ်တခါရှိတယ်။ ခုနောက်ပိုင်း တလလုံးလုံး မရှိတဲ့လတွေတောင် ရှိလာတယ်။ လေယာဉ်မထွက်ဖြစ်တာများတယ်။ ကားလမ်းက သွားရင် တာချီလိတ်က အနီးဆုံးပဲ။ အဲဒီကနေမှ တဆင့်သွားရတယ်။ ဒါပေမယ့် လမ်းတွေမကောင်းဘူး။ အဲဒီ အခက်အခဲတွေ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် လအတွင်းက ကိုကိုကြီးထံမှ ရရှိထားသော စာအရ ၎င်းတွင် အသည်းရောင်အသားဝါ ဘီပိုး ရှိနေသည်ဟု ကိုအောင်ထွန်းက ပြောသည်။

၎င်းက “ဒီမှာတုန်းက သူတို့ကို တောက်လျှောက် စစ်ကြော၊ တရားစွဲဆို ပြစ်ဒဏ်ပေးဆိုတော့ ဆေးမစစ်နိုင်ဘူးလေ။ ဟိုမှာကျတော့ ဆေးစစ်ရတယ်တဲ့။ ဘီပိုးတွေ့တယ်လို့ ရေးထားတယ်” ဟု ပြောသည်။

ထို့ပြင် ယခင်ကရှိခဲ့သော ဂရင်ဂျီနာလည်း ပြန်ပေါ်နေပြီး အစာအိမ်လည်းမကောင်းကြောင်း ကိုကိုကြီးက ၎င်း၏ မိသားစုထံ ပေးပို့သည့်စာတွင် ထည့်သွင်းရေးထားကြောင်း သိရသည်။

(၈၈) ကျောင်းသားခေါင်းဆောင် ကိုကိုကြီးသည် ၂၀၀၇ ခုနှစ်အတွင်း လောင်စာဆီဈေးနှုန်းချပေးရေး လမ်းလျှောက် ဆန္ဒပြမှုကြောင့် အခြားကျောင်းသားခေါင်းဆောင် (၁၂) ဦးနှင့်အတူ ၂၀၀၇ ခု သြဂုတ် (၂၁) ရက် ညပိုင်းတွင် အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

ထို့နောက် အင်းစိန်ထောင်အထူးတရားရုံးက မြန်မာ့တရားစီရင်ရေးတွင် မချမှတ်ဖူးသေးသည့် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၆၅) နှစ်ချမှတ်ခဲ့ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းဆတ်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

ကိုကိုကြီးကဲ့သို့ပင် အခြားထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း နအဖစစ်အစိုးရက နယ်ဝေးထောင်များ သို့ ပြောင်းရွှေ့ခဲ့ခြင်းကြောင့် မိသားစုများအနေဖြင့် ပုံမှန် ထောင်ဝင်စာမတွေ့နိုင်သည့် အခက်အခဲများ ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) ၏ စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း (၂,၀၀၀) ကျော်ရှိနေသည်။


စုံတွဲများ ချစ်တင်းနှောကြသည့် ဗီဒီယိုများ ရန်ကုန်လူငယ်ထုကြားတွင် ပျံ့နှံ့ နေခြင်း (သတင်းဆောင်းပါး)
June 16, 2009 · No Comments

၁၆ ဇွန် ရန်ကုန်၊ ၊ယူကွန်
Myanmar Mobile Phone Sex Video Widespread

မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူလူများကြားထဲတွင် Home Made ဆိုသော စကားတစ်ရပ်ရေပန်းစားလာ သည်မှာ မေလဆန်းပိုင်းကတည်းကဖြစ်သော် လည်း တစ်လခန့် အကြာတွင် ထိုဝေါဟာရ မှာ အင်တာနက် ကဖေးဆိုင် တို့ အား အသုံးပြုသူများပြားစေရန် ပိုမို ဆွဲဆောင်စေ နိုင်သော ဝေါ ဟာရ တစ်ရပ်ဖြစ်ခဲ့သည်။

လူငယ်များကြားတွင် Home Made အဖြစ်ရေပန်းစားနေသော ဝေါဟာရ ၏ အဓိပ္ပါယ်မှာ သမီး
ရည်းစားသို့ မဟုတ် လူငယ် အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက် သို့ မဟုတ် ထို့ ထက်မက ပို
သော စုံတွဲ များလိင်ဆက်ဆံ နေသည့် ပုံ ကို လက်ကိုင်ဖုန်း မှ ဗီဒီယို ၊ဒစ်ဂျစ်တယ် ကင်မရာ ငယ်
များဖြင့် မှတ်တမ်းတင် ရိုက်ကူးထားခြင်းဖြစ်သည်။အဆိုပါ ဗီဒီယိုအများစု မှာ ယခင်အခါများက
ပေါ်ထွက်ခဲ့သလို နာမည်ကျော် မြန်မာ သရုပ်ဆောင်များ မဟုတ်ပဲ သာမန်လူငယ်များသာ ဖြစ်သည်။

ထို Home Made ဗီဒီယို မှတ်တမ်းဖိုင်များမှ ယခုနှစ်ဆန်းပိုင်းတွင် စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး ကနဦးက အီးမေးများမှ စတင် ပျံ့ နှံ့ခဲ့ခြင်းဖြစ်သော် လည်းနောက်ပိုင်းတွင် အချို့ အင်တာနက် ဆိုင်များရှိ ကွန်ပျူတာ များထဲ၌ သီးသန့် ဖိုင်တစ်ခု ဖွင့်လှစ်ထားကာ
အင်တာနက်ဆိုင် လာသော လူငယ်များ ကြည့်ရှုနိုင်ရန် အတွက် စီစဉ် ပေးထားသည် ဟု သိရသည်။

Home Made (ဟုမ်းမိတ်) ဟု ခေါ်သော ဗီဒီယိုဖိုင် များ မြန်မာ နိုင်ငံတွင် ပေါ်ပြုလာ ဖြစ်လာခြင်း
နှင့် ပတ်သက်၍ အင်တာနက် ဆိုင်များသို့ နေ့ စဉ် သွားလေ့ရှိသည့် လူငယ် တစ်ဦးက “သမီး
ရည်းစားနဲ့ အတွဲတွေ ဟိုတယ်ခန်းတွေ ထဲမှာ ရှိနေ တုန်း လက်ကိုင်ဖုန်းကင်မရာ တွေ နဲ့ နောက်
ပြောင်ပြီး ရိုက်ထားတဲ့ပုံတွေ နာမည် အကြီးဆုံးဗီဒီယို မှာတော့ စုံတွဲ နှစ်တွဲ တစ်တွဲ ကို တစ်တွဲ
က ရိုက်ထားတာ ဘေးက နေ ရိုက်တဲ့စုံတွဲ က နောက်တစ်တွဲ ကို ဘယ်လိုလုပ် လေ ၊ဘယ် လို
နေလေ ဆိုပြီးတော့ တောင် ပြောနေသေးတယ် အသက်က ၂၀ လောက်ပဲ ရှိအုံးမယ် လူငယ်တွေ
ပဲ ” Freedom News Group သို့ ပြောသည်။

ယခင်ကလည်းမြန်မာ နိုင်ငံတွင် နာမည်ကျော် အနုပညာရှင် တို့ ၏ လက်ကိုင်ဖုန်း ဖြင့်ရိုက်ကူးထားသော ဗီဒီယို များပေါ်ပေါက်ခဲ့ဖူးသည်။ အင်တာနက် ကဖေးများတွင် ထိုကဲ့သို ဗီဒီယို ဖိုင်များ ရှိနေခြင်းမှာ အသုံးပြုသူများ က ၎င်းတို့ ၏ အီးမေးများမှာ ဗီဒီဖိုင်များကို Download သွားခြင်းမှ ကျန်ရှိ နေခြင်းဖြစ်ကြောင်း ကျောက်မြောင်းရှိ အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက မူထို Home Made ဗီဒီယို များမှာ သတိထားစောင့် ကြည့်ရမည့် ကိစ္စ တစ်ရပ် ဖြစ်သည် ဟု သုံးသပ်သည်။သူက “ဖွံ့ ဖြိုးပြီးနိုင်ငံတွေ
မှာတော့ ဒါ ဘာမှ မဟုတ်တဲ့ကိစ္စ တစ်ခုပဲ လူမှုရေး နဲ့ နည်းပညာ ပေါက်ကွဲ မှု တွေရဲ့ ရလာဒ် ပေါ့
မြန်မာ နိုင်ငံလိုမျိုးကျတော့ ဒါ ကိစ္စက လူငယ် တွေ ကို အစိုးရက လမ်းမှားတွန်းပို့ တဲ့ နည်းတစ်
မျိုးလို့ဆို ရမယ် လက်ရှိ နိုင်ငံရေး အခြေအနေ တွေ မှာ လူငယ်တွေ က အင်တာနက် ကနေ ပြည်
တွင်းသတင်း တွေ ကို သိအောင် လုပ်ကြတယ် ၊ဒါကို အာရုံလွှဲ တဲ့ အနေ နဲ့ အစိုးရ က ကြံစည်တာ
လဲ ဖြစ်ကောင်းဖြစ်နိုင်တယ် ”ဟုပြောသည်။

အင်တာနက် ဆိုင်များတွင် အခမဲ့ ကြည့်ရှု နိုင်သော Home Made ဗီဒီယို များမှာ တစ်ဦးတစ်ယောက် တည်းက ပြုလုပ်ကြောင်း မပေါ်လွင်ပဲ သမီးရည်းစား စုံတွဲများက မှတ်တမ်းတင် ရိုက်ကူးကြရာမှ ကာယကံရှင် ကိုယ်တိုင် မသိလိုက်ရပဲ အွန်လိုင်း ပေါ်တွင် ပျံ့ နှံ့ ခြင်းဖြစ်သည်။

အင်တာနက် ဆိုင်တွင် အမြဲတမ်းထိုင် ဖြစ်သော လူငယ်စာရေးဆရာ တစ်ယောက် ကမူ “အတွဲတွေ အဆင်ပြေနေတုန်းက ဘာမှ မဖြစ်ဘူး အဆင်မပြေတော့ ဒီဖိုင်ကို ဘယ်ပို့ လိုက်မယ်
တို့ နောက်ရည်းစားဆီ ပို့ လိုက်မယ် တို့ ဖြစ်လာကြတယ်လေ အဲ လိုက နေ ပတ်ဘလစ် ရှိုး ဖြစ်
လာတာပေါ့ ”ဟု ဆိုသည်။

ယခင် က မိုဘိုင်းဖုန်းများမှာ ဈေးကြီးသဖြင့် လူတိုင်း ကိုင်ဆောင် နိုင် ခြင်းမရှိသော် လည်းနောက်ပိုင်းတွင် Prepaid SIM Card များကြောင့် လူတိုင်းနီးပါးကိုင် နိုင်ရာမှာ ထိုကဲ့ သို့
မိုဘိုင်းမှတ်တမ်း အခွေများလည်း တွင်ကျယ် လာရခြင်းဖြစ်သည်။

အင်တာနက် ကော်နက်ရှင်နှေးကွေးခြင်းနှင့် လျှပ်စစ်မီးပုံမှန် မရရှိခြင်းတို့ ကြောင့်အင်တာနက်ကဖေးဆိုင်ပိုင် ရှင်များမှာ လည်းထိုနည်း လမ်းကို သုံး၍ ဆွဲဆောင်ရသည် ဟု ဆိုသည်။မြန်မာ နိုင်ငံတွင် အင်တာနက် ကဖေးဆိုင်များ ခောတ်ဦးက တည်းက စတင်ဖွင့်လှစ်
ခဲ့သူတစ်ဦးက “ကော်နက်ရှင် ကမကောင်းရင် လာကြည့် တဲ့သူတွေ နဲ သွားတယ်လေ ဒါကြောင့်
တစ်ချို့ ဆိုင်ရှင် တွေ ဒီအခွေတွေ ထားပြီး ဆွဲဆောင် နေရတာပေါ့ အင်္ဂလိပ် အခွေ တွေ ရှိတဲ့ ဆိုင်
တွေ လဲရှိ တယ် ”ဟုပြောသည်။

အင်တာနက် ဆိုင်အချို့ တွင် လွယ်လွင့်တကူ ကြည့်ရှုနိုင်သော Home Made ဗီဒီယို တစ်ရာနီး
ပါးခန့် ရှိသော် လည်း ထိုဗီဒီယို ဖိုင်များ အကြောင်းသိထားသူ Gamer တစ်ဦးက မူ အနည်းဆုံး
နှစ်ရာခန့် ရှိမည် ဟု ပြောသည်။

ဗီဒီယို ကြည့်် ရှုချိန် ကြာမြင့်မှု မှာ တစ်မိနစ် ကနေ တစ်နာရီ နည်းပါး ထိ ရှိ ကြောင်း နှင့် လူငယ်များကြားထဲ တွင် အပျံ နှံ ဆုံး ဗီဒီယို ဖိုင်မှာ မိနစ်နှစ်ဆယ် နီးပါးခန့် ကြာမြင့်ပြီး လူငယ်နှစ်
ဦး နှင့် ကောင်မလေး တစ်ယောက် တို့ ၏ ချစ်ဇာတ်လမ်းဖြစ်သည်။

Home Made များတွင် ပါဝင်သော ကာယကံရှင် အချို့ မှာ ရန်ကုန် တွင် အနည်းအကျဉ်းလူသိ
များသော သူများလည်းပါဝင်ပြီး တစ်ချို့ မှာ ထိုကဲ့သို့ သူတို့ ဗီဒီယို မှတ်တမ်းခွေ များပျံ့ နှံ့သွားခြင်း
နှင့် ပတ်သက်၍ ဂရုစိုက် ပုံမပေါ် ဟုသိရသည်။

Home Made ဗီဒီယို များနှင့် ပတ်သက်၍ မိုဘိုင်းဖုန်း အရောင်းဆိုင်ပိုင်ရှင် လူငယ်တစ် ဦးက
“ကျွန်တော် တို့ လည်း ကိုယ် တိုင် သရုပ်ဆောင် ထားတဲ့ home made တစ်ခွေ မှ မထုတ် နိုင်
ရင် ခောတ်မမှီ တော့ ဘူးထင် တယ်” ဟုပြောသည်။


Freedom News Group မှာ သတင်းထောက် ယူကွန် ရေးသော ဤဆောင်းပါး ပါ အချက်အလက် အချို့ ကို စခရင်းနေကြာ (Screenager Online Group) မှာ ကူညီသည်။

ဒေါ်စုအမှု တရားမျှတဖို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို

16 June 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ကြားနာစစ်ဆေးရာမှာ တရားစီရင်ရေး အခြေခံ စံနှုန်းတွေကို လျစ်လျူရှုပြီး စစ်ဆေးနေတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှူးတွေက ပြောဆိုလိုက်ပါတယ်။

အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ကြားနာ စစ်ဆေးရာမှာ လုပ်ထုံးလုပ်နည်းအရ ရပိုင်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း အကြီးအကျယ် ချိုးဖောက်နေတာ တွေ့ရတယ်လို့ တရားသူကြီးများ နဲ့ ရှေ့နေများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လီယန်ဒရို ဒက်စ်ပရီ (Leandro Despouy) က ဒီကနေ့ ပြောဆိုလိုက်တာပါ။

တရားပြိုင် ဒေါ်အောင်ဆန်းစုကြည် ဘက်က တင်ပြတဲ့ သက်သေတွေ အားလုံးကိုလည်း တရားရုံးမှာ ထွက်ဆိုခွင့်ပေးဖို့ နဲ့ နိုင်ငံခြား သတင်းမီဒီယာ တွေကို တရားခွင်မှာ လွတ်လပ်စွာ သတင်းရယူခွင့် ပြုဖို့နဲ့ တရားမျှတစွာ ကြားနာ စစ်ဆေး ပေးရေး အာမခံချက် ရှိဖို့အတွက် မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှူးတွေက ဒီကနေ့ တောင်းဆိုလိုက်ကြပါတယ်။

တရားဥပဒေ စိုးမိုးတဲ့ ဘယ်နိုင်ငံရဲ့ အစိုးရမဆို ဥပဒေနဲ့အညီ တရားမျှတစွာ ပွင့်ပွင့်လင်းလင်းနဲ့ အမှုတွေကို ကြားနာစစ်ဆေးရတာ ဖြစ်ပါတယ်လို့ မစ္စတာ လီယန်ဒရို ဒက်စ်ပရီ က ပြောဆိုလိုက်တာပါ။

အီရန်သမ္မတ ရွေးကောက်ပွဲ မဲတချို့ ပြန်ရေတွက်ဖို့ စီစဉ်

16 June 2009


သောကြာနေ့က ကျင်းပခဲ့တဲ့ အီရန် သမ္မတ ရွေးကောက်ပွဲအပြီး အငြင်းပွားနေကြတဲ့ မဲပုံးတွေကို ပြန်ပြီး ရေတွက်ဖို့အတွက် အီရန်နိုင်ငံ ဥသျှောင် ကောင်စီကနေ ပြင်ဆင်နေပါပြီ။ သမ္မတ မာမွတ် အမာဒီနီဂျက် က ရွေးကောက်ပွဲ အနိုင်ရခဲ့တယ်လို့ ကြေညာခဲ့တာဟာ မဲလိမ်မှုတွေ၊ မသမာ မှုတွေကြောင့်လို့ ဆိုပြီး တီဟီရန် မြို့အပြင်မှာ သုံးရက်ကြာ ဆန္ဒပြပွဲတွေ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားပြီး ဒီကနေ့ တချို့ မဲတွေကို ပြန်ရေတွက်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမီနီ က မဲ မသာမမှုတွေ၊ မဲလိမ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် သြဇာတိက္ကမ ကြီးမားတဲ့ အီရန်နိုင်ငံ ဥသျှောင် ကောင်စီကို တာဝန်ပေးအပ်လိုက်ပါပြီ။

ပြုပြင်ပြောင်းလဲရေးပါတီ သမ္မတလောင်း မီ ဟူစိန် မိုဆာဗီ က တော့ ဒီ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပေးပါလို့ ဥသျှောင်ကောင်စီကို ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။ သမ္မတ မာမွတ် အမာဒီနီဂျက် က ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ တယ်လို့ ပြောဆိုထားပါတယ်။ သမ္မတ မာမွတ် အမာဒီနီဂျက် ကို ထောက်ခံသူတွေရော မစ္စတာ မိုဆာဗီ ကို ထောက်ခံသူတွေကပါ တီဟီရန် မြို့တော်က ရင်ပြင်မှာ စခန်းချပြီး ဆန္ဒပြပွဲ ဆင်နွှဲဖို့ စိုင်းပြင်းနေကြပါပြီ။

မစ္စတာ မိုဆာဗီ ကတော့ သူ့ကို ထောက်ခံသူတွေ အဲဒီ ဆန္ဒပြပွဲကို မသွားဖို့ တိုက်တွန်းထားပြီး သူကိုယ်တိုင်လည်း မသွားဘူးလို့ ပြောထားတဲ့အကြောင်း တီဟီရန် က လာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

လူကုန်ကူးမူတိုက်ဖျက်ရေး မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ဆဲ

16 June 2009


မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပျက်ကွက်နေဆဲ နိုင်ငံတခု ဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၀၉ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာတ၀ှမ်း စီးပွားရေး ကျဆင်းမှုတွေအကြား လူတွေကို ကုန်ကူးရောင်စား တာတွေ ပိုတိုးလာတယ်လို့လည်း အစီရင်ခံစာ က ရေးပါတယ်။ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ရဲ့ ဒီနှစ် လူကုန်ကူးမှု အစီရင်ခံစာ အကြောင်းကို ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

ကမ္ဘာ့တ၀ှမ်းမှာ ခေတ်သစ် ကျေးကျွန်စနစ် ပုံစံမျိုးလို့ ခေါ်ဝေါ် သတ်မှတ်နေကြတဲ့ လူကုန်ကူးမှုတွေကို နိုင်ငံတိုင်း နီးပါးလောက် လူကုန်ကူးမှုရဲ့ ရိုက်ခတ်မှုကို ခံနေရတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလရီ ကလင်တန် က ဒီ အစီရင်ခံစာ ထုတ်ပြန်တာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ စီးပွားရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ သန်းနဲ့ချီတဲ့ လူတွေဟာ သူတို့ရဲ့ စီးပွားရေး အခွင့်အလမ်း ကောင်းတွေ ရဖို့အတွက် တနေရာက တနေရာကို သွားလာ အလုပ် လုပ်ကိုင်နေကြတဲ့အချိန်မှာ ဒီလို ခေါင်းပုံဖြတ်တဲ့ သူတွေ စီးပွားရေး အကျိုးအမြတ်ကို ကြည့်တဲ့သူတွေရဲ့ ရောင်းစားတာတွေကို ခံနေရတယ် ဆိုပြီး ဟီလာရီ ကလင်တန် က သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“လူကုန်ကူးမှုဟာ ကုန်ကူးသူအပေါ်မှာတင် မဟုတ်ဘဲ လူအများအပြားအပေါ် ကျုးလွန်တဲ့ ရာဇ၀တ်မှု တခုလည်း ဖြစ်ပါတယ်။ ကုန်ကူးခံရသူရသူ ရောင်းစားခံရသူတွေရဲ့ မိသားစုတွေ ကျန်ခဲ့ပြီး အဲဒီအထဲက တချို့ဟာ သူတို့ မိသားစုတွေကို တသက်လုံး ပြန်တွေ့ခွင့် မရကြတော့ပါဘူး။”

နှစ်စဉ်နှစ်တိုင်း အမေရိကန် ကွန်ဂရက်စ် လွတ်တော်က တာဝန်ပေးချက်အရ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကမ္ဘာတ၀ှမ်းမှာရှိတဲ့ နိုင်ငံတွေမှာ လူကုန်ကူးမှုတွေ ဖြစ်ပျက်နေတာတွေ နဲ့ ပတ်သက်လို့ အစီရင်ခံစာ ထုတ်ပြန်လေ့ ရှိပါတယ်။ ဒီနေ့ အစီရင်ခံစာက နိုင်ငံပေါင်း ၁၇၃ နိုင်ငံကို သူတို့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေအရ အဆင့်ခွဲ သတ်မှတ်တာပါ။ နောက်ထပ် နိုင်ငံ နှစ်နိုင်ငံကိုတော့ လူကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သဘောထား ထုတ်ပြန်ပြီးတော့ စုစုပေါင်း နိုင်ငံ ၁၇၅ နိုင်ငံကို ပူးပေါင်းပြီး ထုတ်ပြန်ခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတိုင်းနဲ့ လက်တွဲပြီး လူ့အခွင့်ပအရေး အဖွဲ့တွေ အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးကို ဆောင်ရွက်နေပါတယ်လို့ ဟီလာရီ ကလင်တန် က ပြောသွားပါသေးတယ်။

“မကြာသေးခင် နှစ်တွေကစပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အားလုံးနဲ့ ပူးပေါင်းပြီး ကုန်ကူးတဲ့သူတွေကို အပြစ်ပေး အရေးယူတာ။ ကုန်ကူးခံရသူတွေကို အကာအကွယ် ပေးတာ၊ ကုန်ကူးရောင်းစားတာတွေ မဖြစ်အောင် တားဆီးရေး ကိစ္စတွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ Persecution၊ Protection နဲ့ Prevention စတဲ့ P သုံးလုံး စီမံကိန်းပါ။”

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်မှု အားနည်းတဲ့နိုင်ငံ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ရဲ့ သတ်မှတ်ချက်အရ ဆိုရင် TR3 အဆင့်မှာ သူက သတ်မှတ်ထားပါတယ်။ ဒီလို လူကုန်ကူးမှုတွေ ဖြစ်ပျက်နေတာတွေ နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအတွင်း စီးပွားရေး နိမ့်ကျမှု စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ စီးပွားရေး စီမံခန့်ခွဲမှုကြားမှာ လူတွေကို အတင်းအဓမ္မခိုင်းစေမှု တွေကိုလည်း အစီရင်ခံစာက မီးမှောင်းထိုးပြထားပါတယ်။

မြန်မာနိုင်ငံသားတွေဟာ အိန္ဒိယ၊ ပါကစ္စတန်၊ မလေးရှား၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေကို သွားပြီးတော့ ရရာအလုပ်တွေကို လုပ်ကိုင်ကြရပါတယ်။ အမျိုးသမီးငယ်လေးတွေ ဆိုရင် လိင်ပိုင်းဆိုင်ရာ ကျေးကျွန်အဖြစ် အခိုင်းခံရတဲ့ကိစ္စတွေကိုလည်း အစီရင်ခံစာထဲမှာ အကျယ်တ၀ံ့ ရေးသားထားပါတယ်။

အထူးသဖြင့် နာဂစ်မုန်တိုင်း တိုက်ခိုက်ခံခဲ့ရအပြီး စီးပွားရေး အခြေအနေ ယိမ်းယိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံက ကလေးသူငယ်တွေ လူကုန်ကူး ရောင်းစားခံရတဲ့ အခြေအနေတွေကိုလည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။ ကလေးငယ်တွေကို တချို့ ကမ္ဘာလှည့် ခရီးသည်တွေက လိင်ပိုင်းဆိုင်ရာ အရ ပျော်ပါးဖို့သွားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ရှိနေတယ် ဆိုတဲ့အချက်ပါပဲ။

ကလေးငယ်တွေ ရောင်းစားခံရတဲ့ကိစ္စ လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရက စစ်တပ်ထဲမှာ အသက်မပြည့်သေးတဲ့ကလေးတွေကို ကလေးစစ်သားအဖြစ် စုစောင်းတဲ့ ကိစ္စကလည်း အကြောင်းအချက် တခု ဆိုပြီး အစီရင်ခံစာက ရေးပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ ဒီလို လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် ပိုပြီးတော့ ဆောင်ရွက်ဖို့ အစီရင်ခံစာက တိုက်တွန်းထားပြီး တချို့ လူကုန်ကူးမှု တိုက်ဖျက်ရေးတွေမှာ အာဏာပိုင်တွေကိုယ်တိုင်က ထိထိရောက်ရောက် မလုပ်တာ၊ သူတို့ကိုယ်တိုင်က ဆက်နွှယ်ပတ်သက် နေတာမျိုးတွေလည်း ရှိတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ အဲဒီတော့ အရပ်ဖက် နဲ့ စစ်ဖက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကို စစ်အစိုးရဘက်က ထိထိရောက်ရောက် အရေးမယူဘူး ဆိုရင် လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ထိရောက်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အစီရင်ခံစာက ရေးတာပါ။

မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့နိုင်ငံ TR3 နိုင်ငံအဆင့်မှာ ထည့်သွင်းခံရတာဟာ ဆိုရင် ဒီနှစ်နဲ့ပါဆို နှစ်ဆက်တိုက်လို့ ပြောရမှာပါ။


စက်ရုံအုပ်ချုပ်ရေးမှူးက အလုပ်သမားသုံးဦးကို အကြောင်းမဲ့အလုပ်ထုတ်ပြီး ကျန်သူများကိုလည်း ထွက်စာတင်ခိုင်းနေ
Monday, 15 June 2009 00:00 ဖြိုးကြီး
E-mail Print
ယမန်နေ့က အလုပ်သမားသုံးဦးကို အကြောင်းမဲ့အလုပ်ထုတ်လိုက်ခြင်းအပေါ် မကျေမနပ်ဖြစ်နေကြသည့် အခြားအလုပ်သမားများကို စက်ရုံအုပ်ချုပ်ရေးမှူးက အလုပ်မှ ထွက်စာတင်ခိုင်းပြီး အဆောင်ထဲတွင် နေခွင့်မပေးဘဲ တံခါးများကို သော့ခတ်ထားသည်။

ယနေ့နံနက်ပိုင်းတွင် မဲဆောက်မြို့၊ မယ်ပအရပ်အရှိ ဟုတ်တ(Honta) ထည်ချုပ်စက်ရုံမှ အလုပ်သမား ၆၀ ခန့်ကို ထွက်စာတင်မှ စက်ရုံဝန်းတံခါးကို ဖွင့်ပေးမည်ဟု စက်ရုံမှူး စတီဗင်က ပြောဆိုပြီး အဆောင်တံခါးများကို ပိတ်ထားကြောင်း အလုပ်သမတဦးက ပြောသည်။

“ကျမတို့ကို ထွက်စာတင်ခိုင်းတယ်၊ ကျမတို့က ထွက်တာမဟုတ်ဘူး၊ သူတို့က အလုပ်ထုတ်တာဆိုတော့ ကျမတို့ မတင်နိုင်ဘူး၊ အဲဒါနဲ့ ဒီနေ့ လခတွေ ရှင်းပေးမယ်ဆိုလို့ စောင့်နေတာ၊ မနက် (၉) နာရီလောက်မှာ စာရေးမကို သွားမေးတော့ လစာက နောက် ၁၅ ရက်နေမှ ထုတ်ပေးမယ်လို့ ပြောတယ်၊ တံခါးဖွင့်ပေးဖို့ကိစ္စကျတော့ သူနဲ့မဆိုင်လို့ လုပ်ပေးလို့မရဘူးလို့ ပြောတယ်” ဟု အလုပ်သမက ပြောသည်။

ယမန်နေ့က အလုပ်ထုတ်ခံလိုက်ရသူများမှာ မယုလှိုင်ထွေး၊ မယုယုလွင်နှင့် မသဇင်သန့်တို့ဖြစ်ပြီး စက်ရုံပိုင်ရှင်၏ လူယုံဖြစ်သူ ပီတာဆိုသူကလဲ အလုပ်သမားများကို ခြိမ်းခြောက်ပြောဆိုခဲ့တာရှိကြောင်း ၎င်းက ဆက်ပြောသည်။

“မနေ့က ညနေ (၄) နာရီခွဲလောက်မှာ ရဲကို သူတို့က ခေါ်လိုက်တယ်၊ ပြီးတော့ အလုပ်ဆက်လုပ်မယ့်သူက အဆောင်ထဲဝင် မလုပ်တဲ့သူက အပြင်ထွက်ပေါ့၊ သက်ဆိုင်ရာက လုပ်လိမ့်မယ်လို့ ပြောတယ်၊ သူဌေးလူယုံ ပီတာကလဲ မင်းတို့တွေ အလုပ်ထွက်သွားမယ်ဆိုရင် ဘယ်ကိုရောက်မလဲဆိုတာ စဉ်းစားထားဆိုပြီး ခြိမ်းခြောက်သွားတယ်” ဟု ပြောသည်။

အလုပ်ထုတ်ခံလိုက်ရသူ သုံးဦးမှာ အပြင်ကို ရောက်ရှိသွားသော်လည်း ကျန်သည့် အလုပ်သမား ၆၀ ခန့်သည် စက်ရုံဝန်းအတွင်း နေပူထဲတွင် တနေကုန်ထိုင်နေကြရပြီး အပြင်သို့ မထွက်ရသေးကြောင်း အဆိုပါ အလုပ်သမက ဆက်ပြောသည်။

၎င်းစက်ရုံတွင် မြန်မာအလုပ်သမား ၁၀၀ ကျော်ရှိပြီး အလုပ်ရှင်က အလုပ်သမားများကို အလုပ်သမားလက်မှတ်(ဘတ်) လုပ်ပေးထားခြင်းမရှိကြောင်း ဆက်ပြောသည်။

ယခုလက်ရှိအခြေအနေနှင့်ပတ်သက်၍ “အခုလက်ရှိကတော့ ကျမတို့က အပြင်မရောက်သေးဘူး၊ စက်ရုံဝန်းထဲမှာပဲ၊ အဆောင်မှာလဲ မနေရဘူး၊ ထမင်းလဲ မကျွေးဘူး၊ အပြင်ကအသိတွေက လာပို့တာရယ် စက်ရုံထဲက ဈေးဆိုင်က ကျွေးတာကိုပဲ စားနေရတယ်” ဟု ပြောသည်။

အလုပ်သမားများအပေါ် စက်ရုံမှူး၏ လုပ်ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ထိုင်း အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံး(ဆဝါဒီကန်) သို့ တင်ပြသွားမည်ဖြစ်သည်ဟု ဆက်လက်ပြောဆိုသည်။

ANC အတွင်းရေးမှူးနှင့် NUPA ဒုဥက္ကဌ ပါတီ တာဝန်များမှ ရပ်ဆိုင်းခံရ

6/16/2009

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်နှင့် ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ (NUPA) ဒုဥက္ကဌ ဒေါက်တာ ခင်မောင်တို့အား ၎င်းတို့ ထမ်းဆောင်နေသော တာဝန်များမှ အသီးသီး ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်ဟု အဆိုပါ အဖွဲ့များ၏ ထုတ်ပြန် ကျေညာချက်များအရ သိရသည်။

NUPA ၏ ဇွန်လ ၁၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အရေးပေါ် ကျေညာချက်တွင် ၂၀၀၉ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ပြုလုပ်သော ပါတီ ဗဟိုကော်မီတီများနှင့် တပ်မှူးကြီးများ ပါဝင်သော အစည်းအဝေးမှ ဒုဥက္ကဌ ဖြစ်သူ ဒေါက်တာခင်မောင်မှာ NUPA ပါတီ၏ ဖွဲ့စည်း အုပ်ချုပ်ပုံနှင့် မကိုက်ညီသော၊ အမျိုးသား စည်းလုံးညီညွတ်ရေးကို ဆန့်ကျင်သော လုပ်ရပ်များကို လုပ်ဆောင်နေသည့် အပြင် ပါတီ ဥက္ကဌ ဖြစ်သူကို ပါတီမှ ဖယ်ထုတ်ပြီး နိုင်ငံရေး လုပ်ကြံမူကို ဖန်တီးသဖြင့် ပါတီ၏ ဒုဥက္ကဌ နေရာမှ အကန့်အသတ် မရှိ ရပ်ဆိုင်းလိုက်ကြောင်း ဖေါ်ပြပါရှိသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဒေါက်တာ ခင်မောင်အား နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ “သက်ဆိုင်ရာ ကာယကံရှင် မရှိဘဲ ကွယ်ရာမှာ တရားစီရင် ဆုံးဖြတ်တာဟာ (လုံးဝ) တရား မ၀င်ပါဘူး။ တရားမျှ တမှုလည်း မရှိပါဘူး။ ဒီလုပ်ရပ်က လုံးဝ နိုင်ငံရေး လုပ်ကြံမှု ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကိုဘယ်သူက လုပ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အချိန်မကျသေးတဲ့အတွက် ထုတ်မပြောတော့ ပါဘူး။ ဒီလို ပါတီထဲမှာ ၀င်ရှုပ်တဲ့ အတွက် ဒီပီအေ ပါတီလည်း ပျက်စီး သွားခဲ့ပါပြီ။ နောက်ထပ် NUPA ကိုလာရှုပ်နေတာပါ။ ဒါကြောင့် ပါတီတွင်း ညီညွတ်မှုကို တည်ဆောက်ကြပါလို့ဘဲ ကျွန်တော် ပြောချင်ပါတယ်”ဟု ပြောသည်။

အဆိုပါ အရေးပေါ် ကျေညာချက် ထုန်ပြန်ချက်နှင့် ပတ်သက်ပြီး လက်ရှိပါတီ ဥက္ကဌဖြစ်သူ ဦးပတီးဖြူနှင့် အထွေအတွင်းရေးမှူး ဦးခိုင်ပန်းအောင်ကို ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ခရီးလွန်နေသဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။

အလားတူ ရခိုင်အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်အားလည်း သူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အကန့် အသတ် မရှိ ရပ်ဆိုင်းလိုက်ကြောင်း ဇွန်လ ၁၅ ရက် နေ့စွဲဖြင့် ANC က ထုတ်ပြန် ကျေညာသည်။

၂၀၀၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ပြုလုပ်သော ANC ဗဟို အစည်းအဝေးတွင် ဦးမောင်မောင်အား ANC ဖွဲ့စည်းပုံနှင့် မကိုက်ညီသော ပြစ်မူ (၉) ခုကို ကျူးလွန် နေသည်ကို တွေ့ရှိရသဖြင့် ယခုကဲ့သို့ အထွေထွေ အတွင်းရေးမှူး တာဝန်မှ အကန့်အသတ် မရှိ ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

ဦးမောင်မောင်အား ဆက်သွယ် မေးမြန်းရာ သူက “ အခု ပြုလုပ်နေတဲ့ ANC ဗဟိုအစည်းအဝေးကို သူ့အနေနဲ့ အသိအမှတ် မပြုနိုင်ကြောင်း၊ သူ့ကို အစည်းအဝေးသို့ မဖိတ်သလို တခြား ဗဟို ကော်မီတီဝင်များ ကိုလည်း မဖိတ်ကြား၍ ဖြစ်ကြောင်း၊ သူတို့၏ စွပ်စွဲချက်များကိုလည်း ဖြေရှင်းစရာ မလိုကြောင်း၊ ယခုလုပ်ရပ်မှာ သူ့ နေရာကို လိုသူများ၏ လက်ချက်သာ ဖြစ်ကြောင်းနှင့် ANC ပျက်ပြိုရန် သေချာသွားပြီ ဖြစ်ကြောင်းဖြင့်” ပြောကြားသွားသည်။

ယခု ANC အတွင်းရေးမှူးနှင့် NUPA ဒုဥက္ကဌတို့အား တာဝန်မှ ရပ်စဲကြောင်း ကျေညာချက်များမှာ တပြိုင်နက်တည်း ထွက်ပေါ် လာသဖြင့် ယခုလုပ်ရပ်မှာ ANC အတွင်း ဂိုဏ်းဂန အုပ်စု များ၏ အားပြိုင်ပွဲ တရပ်အဖြစ် အများက မြင်နေကြသလို ANC သည်လည်း ယခင့် ယခင် နောင်တော် တပ်ပေါင်းစု ပါတီများကဲ့သို့ လမ်းဆုံးသို့ များမကြာခင် ရောက်ရှိ သွားနိုင်ကြောင်းဖြင့် သုံးသပ် ဝေဖန်သူများက ပြောဆိုနေကြသည်ဟု စုံစမ်း သိရှိရသည်။

နတလ စံပြကျေးရွာသားများအတွက် ဆိုက်ကားများ ရန်ကုန်မှ ရောက်ရှိ

6/15/2009

များမကြာမှီ ရောက်ရှိလာသော နတလ စံပြကျေးရွာသားများအား ပေးလှူမည့် ဆိုက်ကားစီးရေ ၁၅၀ သည် စစ်တွေမြို့မှ တဆင့် ဘူးသီးတောင် ဆိပ်ကမ်းသို့ ရောက်ရှိလာဟု အမည်မဖေါ်လိုသူ မျက်မြင် တဦးက ပြောသည်။

"အခု အသစ်ရောက်ရှိလာတဲ့ မိသားစုတွေကို စစ်အစိုးရက ပေးလှူမယ့် ဆိုက်ကားအစီး ၁၅၀ ဟာ များမကြာခင်က ရန်ကုန်ကနေ စစ်တွေ၊ စစ်တွေကနေ တဆင့် ဘူးသီးတောင်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ မိသားစု တစုကို ဆိုက်ကား တစီးကျစီ အစိုးရက ပေးပါတယ်။"

ယခု အသစ်ရောက်ရှိလာသော ဗမာပြည်မှ ပြောင်းရွှေ့လာသူများအား မိသားစု တစုလျှင် ဆိုက်ကား တစီးသာမက မိသားစု ၄ စုလျှင် လယ်ထွန်ရန် ထရော်လာ တစီးကျစီ ပေးသည်ဟုလည်း သူက ပြောသည်။

"နတလ စံပြကျေးရွာသားတွေကတော့ တော်တော်အခွင့်အရေး ရပါတယ်။ ဆိုက်ကား တစီးအပြင် ထရော်လာ လယ်ထွန်စက် တွေလည်း ရရှိပါတယ်။ ဒါ့အပြင် မိသားစု တစုကို လယ်နှစ်ဧကခွဲနဲ့ နွားနှစ်ကောင်လည်း ရရှိပါတယ်။ စားစရာတွေက အစ အနည်းဆုံး (၆)လ ထောက်ပံ့ကြေးရပါတယ်။"

သို့သော်လည်း နတလ စံပြကျေးရွာသား အများစုမှာ အလုပ်အကိုင် မတတ်သဖြင့် အချိန် အနည်းငယ်ကြာလျှင် အဆိုပါ ပစ္စည်းများကို ရောင်းပြီး ရန်ကုန်သို့ ပြန်ပြေးကြသည်ဟု သိရသည်။

ယခုအသစ် ရောက်ရှိလာသော နတလ စံပြကျေးရွာသား မိသားစု ၁၂၀ ကို လောင်တုံ၊ ခရေမြိုင်၊ အောင်သာယာနှင့် တောင်ပြိုဝဲ ကျေးရွာများတွင် နေရာချပေးထားပြီး သူတို့အတွက် လိုအပ်ချက် ဟူသမျှကို ဖြည့်ဆည်းပေးရန် တိုင်းမှူးမှ မောင်တော ခရိုင်သို့ ညွှန်ကြားချက် ထုတ်ထားသည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များတွင် နအဖ စစ်အစိုးရမှ ဗမာပြည်မှ ပြောင်းရွှေ့လာသူများနှင့် နတလ စံပြကျေးရွာများကို တည်ဆောက်နေသည်မှာ နှစ်ပေါင်း ၁၅ နှစ်ကျော် ရှိပြီ ဖြစ်သည်။

အမှားပြင်ဆင်ချက်နှင့် မေတ္တာရပ်ခံချက်

6/16/2009

နိရဉ္စရာ သတင်းဌာနမှ ဇွန်လ (၂) ရက်နေ့ နေ့စွဲဖြင့် “ ထိုင်း မလေးရှား နယ်စပ်တွင် ရခိုင်အမျိုးသား တဦး အသတ်ခံရ” ခေါင်းစဉ်ဖြင့် သတင်း တပုဒ်အား ရေးသားထား ဖေါ်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် မလေးရှားမှ ရခိုင်လူငယ် (၂) ဦး၏ သတင်းပေးပို့ချက်နှင့် ဖုံးဖြင့် မေးမြန်းချက် အပေါ် အခြေခံပြီး “ ဦးရွှေသိန်းအား သတ်သူမှာ ပွဲစား ဖြစ်နိုင်ကာ အဆိုပါ ပွဲစား လုပ်သူမှာ ပုဏ္ဍားကျွန်း မြို့နယ် တန်းခိုး ကျေးရွာမှ ဦးတင်ထွန်း ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံ ဟယိုင်းမြို့တွင် နေထိုင်သည်” ဟု ဖေါ်ပြထားပါသည်။

ဦးရွှေသိန်းမှာ ကိုတင်ထွန်း ယောက်ဖဖြစ်သူ အစ်မသားဖြစ်ပြီး အတူစား အတူသွား သူငယ်ချင်းများ ဖြစ်သည်ဟု သိရပါသည်။

ယခုကဲ့သို့ ကိုတင်ထွန်းအပေါ် ဂုဏ်သရေကို ထိခိုက်စေသော အရေးသားမျိုးဖြင့် ဖေါ်ပြပါရှိသွားပါသဖြင့် သက်ဆိုင်ရာ ကာယကံရှင် ကိုတင်ထွန်းအား နိရဉ္စရာ သတင်းဌာန အနေဖြင့် အထူး တောင်းပန် အပ်ပါသည်။

ယခုအချိန်ထိ ကိုရွှေသိန်းအား သတ်သူ လက်သည် တရားခံအား ဖေါ်ထုတ်နိုင်ခြင်း မရှိသေးသဖြင့် တရားခံကို ဖေါ်ထုတ်သိရှိရပါက အမြန်ဆုံး နိရဉ္စရာသို့ အကြောင်းကြားပေးစေလိုပါသည်။

နောက်နောင် ယခုကဲ့သို့ လူတဘက်သား နစ်နာစေမည့် သတင်းများကို တိတိကျကျ မသိရှိရဘဲနှင့် သတင်းပေးပို့ခြင်း မပြုလုပ်ကြပါရန်လည်း အထူး မေတ္တာရပ်ခံအပ်ပါသည်။

သို့သော်လည်း ယခုကဲ့သို့ မှားယွင်းစွာ ဖေါ်ပြ ပါရှိသွားခြင်းမှာ နိရဉ္စရာ၏ တာဝန်သာ ဖြစ်ပါကြောင်း အတိအလင်း ဖေါ်ပြအပ်ပါသည်။

ခိုင်မြတ်ကျော်
အယ်ဒီတာ
နိရဉ္စရာ သတင်းဌာန

ဘူးသီးတောင် ထောင်မှ ထောင်ပိုင် ထောင်မှူးများ အလုပ်ဖြုတ်ခံရ

6/15/2009

ခိုင်သိန်း(နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ ထောင်ပိုင်၊ ထောင်မှူး အပါအ၀င် အရာရှိ ၄ ဦးကို ထောင်တွင်းမှ သတင်းများ အပြင် ပေါက်ကြားမှုကြောင့် အလုပ်မှ ထုတ်ပယ်လိုက် သည်ဟု ဘူးသီးတောင် မြို့ခံ တဦးကပြောသည်။

“ အလုပ်က ဖြုတ်ခံရတဲ့ သူတွေထဲမှာ ထောင်ပိုင် ဦးတင်ထွန်း၊ ထောင်ဆရာဝန် ဦးဌေးဝင်း၊ ထောင်မှူး ၀င်းမောင်နဲ့ တခြား ထောင်အရာရှိ တဦးတို့ ဖြစ်ကြပါတယ်။”

ယခုကဲ့သို့ အလုပ်ဖြုတ်လိုက်ခြင်းမှာ ထောင်ထဲမှ သတင်းများ အပြင်သို့ ပေါက်ကြား၍ ဖြစ်သည်ဟု သူက ပြောသည်။

“ ဘူးသီးတောင် ထောင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြည်ပ သတင်းဌာနတွေ အပါအ၀င် ရေဒီယိုတွေက ထွက်လာတာဟာ ထောင်အာဏာပိုင်တွေရဲ့ ပေါ့ဆမူကြောင့် ဖြစ်တယ် ဆိုပြီး ပြည်ထဲရေးဝန်ကြီးက ထောင်အာဏာပိုင် ၄ ဦးကို အလုပ်က ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။”

များမကြာမှီက ဘူးသီးတောင်ထောင်နှင့် ပတ်သက်ပြီး ပြည်ပ အခြေစိုက် ရေဒီယိုများက သာမက အွန်လိုင်း သတင်းဌာနများကလည်း သတင်းများကို ဖေါ်ပြခဲ့ကြသည်။

အဆိုပါ ထောင်အရာရှိ ၄ ဦးကို အလုပ်မှ ထုတ်ပယ်လိုက်သည် သာမက ယခုအခါ ထောင်လုံခြုံရေးကိုလည်း အာဏာပိုင်များက အထူး တင်းကျပ်လိုက်သည်ဟု သိရသည်။

စစ်တွေမှ အမည် မဖေါ်လိုသူ တဦးကလည်း “ ထောင် လုံခြုံရေးကို သူတို့က အထူး တင်းကျပ်ထားပါတယ်။ ကျွန်တော့်ညီကို ထောင်ဝင်စာသွားတော့ တွေ့ခွင့်မရခဲ့ပါဘူး၊ ပေးချင်တဲ့ ပစ္စည်းတွေကို နာမည်နဲ့ အခန်းနံပတ်ကိုပေးပြီး ပစ္စည်းတွေကို ထောင်ဝန်ထမ်းတွေကို ပေးထားခဲ့ ရပါတယ်။ ပစ္စည်းတွေ လက်ခံ ရရှိသလား မရရှိဘူးလား ဆိုတာကိုတော့ မသိပါဘူး။”ဟု ပြောသည်။

တခြား ရဟန်းတော် တပါးကလည်း “တွေ့ခွင့်မရခဲ့ဘူး တကာကြီး။ အထဲက ရဟန်းတော် တပါးအတွက် ငွေ လေးထောင်ကို ထောင်က အရာရှိတဦးကို ပေးခဲ့ပြီး ငွေလေးထောင်ထဲက တထောင်ကို တကာကြီး ယူပါဆိုပြီး ပေးထားခဲ့ရတယ်” ဟု ပြောသည်။

ထောင်တာဝန်ရှိသူ ၄ ဦးမှာ ယခုလ လဆန်းပိုင်းက အလုပ် အဖြုတ်ခံခဲ့ရပြီး သူတို့ အလုပ်ဖြုတ်ခံရ ခြင်းမှာ ထောင်ထဲရှိ ထောင်သားများကို ရိုက်ယူထားသော ဗွီဒီယို အခွေများနှင့် ဓါတ်ပုံများအား အာဏာပိုင်များက ဖမ်းဆီး ရမိသွားခဲ့သဖြင့် ဖြစ်သည်ဟု စစ်တွေက လာသော သတင်းတရပ်တွင် ဖေါ်ပြထားသည်။

ယခုကဲ့သို့ ထောင်လုံခြုံရေးကို တင်းကျပ်လိုက်သဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် ထောင်ဝင်စာ တွေ့ရန်မှာ ယခင်ကထက် ပိုမို ခက်ခဲသွားသည်ဟု သိရသည်။

ဘူးသီးတောင် ထောင်ထဲတွင် ကိုဌေးကြွယ်နှင့် ဦးအိသရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၅ ဦးရှိပြီး အများစုမှာ ကျန်းမာရေး နှင့် ပတ်သက်ပြီး ထိခိုက်ခံစားနေရသည်ဟု သိရသည်။



အပျက်အစီးပုံကြားထဲက ဓနုတ်စေတီ - ယခင်နှင့် ယခုမြင်ကွင်း

မိုးမခ ဓာတ်ပုံသတင်း

ဇွန် ၁၆၊ ၂၀၀၉


(Danoke Pagoda after the recent collapse in June 2009)

နာဂစ် ဖြစ်ပြီး ၁၀ ရက် ၀န်းကျင်အကြာ မေလ ၁၁ ရက်နေ့တွင် ရိုက်ကူးထားသည့် ဒလ မြို့နယ် ဓနုတ်စေတီတော် မြင်ကွင်းများ ဖြစ်သည်။ နာဂစ်ဒဏ်ခံစားခဲ့ရသည့် ဓနုတ်ရွာသူရွာသားများအား ရန်ကုန်မြို့ပေါ်မှ ပုဂ္ဂလိက အလှူရှင်များ စုပေါင်းသွားရောက်ပြီး အမိုးအကာ ပလပ်စတစ်စ၊ ခေါက်ဆွဲခြောက်ထုပ်၊ရေသန့်ဗူးများနှင့် အခြားစားစရာများ သွားရောက် ပေးလှူခဲ့စဉ် မြင်တွေ့ရသည့် ဓနုတ်စေတီ ဖြစ်သည်။
နာဂစ်ဒဏ်ကြောင့် ဓနုတ်စေတီ၏ တန်ဆောင်းများ၊ အရံစေတီထီးတော်များ ပျက်စီးနေသည်ကို မြင်တွေ့ရမည် ဖြစ်ပြီး စေတီပင်ကိုယ်မှာမူ ၂၀၀၅ခုနှစ် အကုန်တွင်ဖြစ်ပွားသည့် ဆူနာမီ ငလျင်ဒဏ် ခံစားခဲ့ရစဉ် ပြိုပျက်ခဲ့ခြင်း ဖြစ်သည်။

ဓနုတ်စေတီ ပြီးခဲ့သည့် လ ၃၀ ရက်နေ့က ပြိုကျခဲ့သည့် အကြောင်းအရင်းကို နအဖ စစ်အစိုးရခေါင်းဆောင်ပိုင်းက အဖွဲ့ငယ်ဖွဲ့ပြီး အကြောင်းရင်းကို စစ်ဆေးစေခဲ့သည်။ ဘုရားပြိုကျပြီး မကြာမီပင် ဘုရားပြုပြင်ရာတွင် တာဝန်ယူထားသည့် ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာမှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်ဟု သိရှိရသည်။
ရှေးပဒေသရာဇ် စနစ်နှင့် အလားသဏ္ဍန်တူသည့် နအဖ ခေါင်းဆောင်၏ အုပ်စိုးမှုကြောင့် တာဝန်ခံအင်ဂျင်နီယာမှာ ဘုရင်အမျက်တော်ရှခံရမည်ကို စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင် သွားသည်ဟု ယူဆကြသည်။









နာဂစ် အပြီး မြင်တွေ့ရသော ဓနုတ်စေတီ




ဘုရားသုံးဆူမြို့နယ်စပ်တွင် တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ
Kaowao

ဇွန် ၁၆၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၁၆)။ ။ ထိုင်းနိုင်ငံနှစ် ထိစပ်နေသော နယ်စပ်မြို့ဘုရားသုံးဆူမြို့နယ် ဒေသ၌ တုတ်ကွေးရောဂါ ဖြစ်ပွါးနှုန်း ပိုမိုများပြားလာကြောင်း မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနနှင့် ဆက်သွယ်မေးမြန်းချက်အရသိရသည်။

“သုံးဆူမြို့နယ်ကြံတောရွာရယ်၊ တပ်ရင်း(၃)ကျေးရွာရယ်၊ ဂျပန်ရေတွင်း ရွာမှာရောဂါဖြစ်ပွါးတဲ့ သူများနေတယ်။ ဒီရောဂါဟာ Measalegerman လို့ခေါ်တယ်။ ဗိုင်းရပ်ရောဂါပိုးတွေ အသက်ရှုလမ်းကြောင်းက တဆင့်ကူးစက် လာတာပါ။ ကျွန်တော်တို့လည်းအတတ်နူိင်ဆုံး ကုသပေးနေပါတယ်၊ ဒီရောဂါကြောင့် အသက်ဆုံးရှုံမှုတွေ မရှိ ခဲ့ပါဘူး၊ ဆေးဝါးကုသမှုအပိုင်းမှာ လောလောဆယ်ရှိတဲ့ ဆေးဝါးတွေနဲ့ တတ်နို်င်သလောက်သာ ကုသပေးနေ ရပါတယ်၊ ရုတ်တရက်လူနာတွေကတိုးလာတော့ ဆေးဝါးလည်းအလုံအလောက် မရှိပါဘူး” ဟု မွန်ပြည်သစ်ပါတီမှ
ကျန်းမာရေးမှုးတစ်ဦးကပြောပါသည်။

အထူးသဖြင့်မွန်ပြည်သစ်ပါတီထိန်းချုပ်ထားရာနယ်မြေရှိကြံတောကျေးရွာ၊တပ်ရင်းသုံးကျေးရွာနှင့် ဂျပန်ရေတွင်း
ကျေးရွာများ၌ အဖြစ်များလျှက်ရှိသည်။ ဂျပန်ရေတွင်းကျေးရွာ ဆေးရုံတွင် လူနာ (၄၀)ဦးကျော် ယင်းတုတ်ကွေး ရောဂါဝေဒနာခံစားနေကြရပြီး ကြံတောကျေးရွာနှင့်တပ်ရင်း(၃)ကျေးရွာတို့၌ အိမ်တိုင်းလိုလိုပင် ရောဂါဝေဒနာ ခံစား နေကြရသည်။

ဒေသခံတချို့က ၄င်းရောဂါကိုနီပွန်ရောဂါဟုလည်း ခေါ်ဝေါ်နေကြသည်။ အဆိုပါရောဂါဖြစ်ပွါးသော တပ်ရင်းသုံး ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီးကြံတော ကျေးရွာမှာ အိမ်ခြေ ၁၅၀ ခန့်ရှိသည်။ ဂျပန်ရေတွင်းမှာအိမ်ခြေ ၃၀၀ကျော် ရှိပြီး မွန်ပြည်သစ်ပါတီ၏အုပ်ချုပ်မှုအောက်တွင် တည်ရှိနေသည်။

ယင်းတုတ်ကွေးရောဂါ ဝေဒနာခံစားခဲ့ရသူ ကြံတောကျေးရွာနေ မိခိုင်သဇင်က “ရောဂါဖြစ်စဆိုယင် မနက်အိပ်ရာ နိုးတာနဲ့ ကိုယ်လက်တွေ ကိုက်ခဲလာတယ်။ လမ်းမလျှောက်နူိင်တော့ဘူး၊ အဖျားလည်းတက် ကိုယ်ကလည်း ပူလိုက်အေးလိုက်နဲ့ နေရခက်တယ်။ နီးစပ်ရာဆေးမှုးတွေနဲ့ ကုလိုက်တာ အဖျားပျောက်သွားတာနဲ့ ကိုယ်ပေါ်မှာ ခြင်ကိုက်ထားသလို အဖုအပိတ်တွေ၊ ထွက်လာတယ်၊ ၇ ရက်လောက်ခံစားလိုက်ရတယ်”သည်ဟု ကောင်းဝါ သတင်းဌာနကို ပြောဆိုခဲ့ပါသည်။

ထို့အပြင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် စံခလပူရီနှင့် စူရပ်ဌာနီတို့တွင်လည်း ယခုကဲ့သို့ ကူးစက်တုတ်ကွေးရောဂါ
များဖြစ်ပွားခံစားနေရပြီး၊ Measalegermam တုတ်ကွေးရောဂါသည် အသက်ကိုအန္တရာယ် မပြုနိုင်ဟု ယူဆနိုင် သော်လည်း ကူးစက်မှုမြန်ဆန်သဖြင့် ကျန်းမာရေးအရသတိပြုသင့်ပါသည်ဟု မွန်ကျန်းမာရေးဌာနကဆိုပါသည်။



တိုင်းရင်းသားလူမျိုးများကောင်စီ ENC မှကြေငြာချက်ထုတ်ပြန်
Kaowao

ဇွန် ၁၅၊ ၂၀၀၉။

စံခလပူရီ(မေ-၁၅)။ ။၂ဝဝ၉ ခုနှစ် ဇွန်လ ၁၂ ရက်၌ တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) က လက်ရှိမြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

(၁) နအဖစစ်အစိုးရမှ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအမှုဆင်၊ တရားစွဲပြီး၊ မတရား အပြစ်ပေးရန် ကြံစည်နေခြင်းသည် လုပ်ကြံမှုသက်သက်သာဖြစ်သည်။

(၂) အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအရဆွေးနွေးခြင်း၊ နိုင်ငံရေးအရသဘောတူညီချက်များ ရယူခြင်းမရှိဘဲ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် ဖန်တီးလုပ် ဆောင်နေခြင်းသည် အဆိုပါအပစ်အခတ်ရပ်စဲထားသော အဖွဲ့အစည်းများ၏ နိုင်ငံရေးတွင် အရေးပါမှုအခန်း ကဏ္ဍနှင့် တပ်ဖွဲ့တည်ရှိမှု ပျောက်ပျက်သွားစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

(၃) ကေအဲန်ယူအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေများအတွင်း နအဖစစ်တပ်များ က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည်၎င်း၊ အတင်းအဓမ္မတပ်သားစုဆောင်းခြင်း၊ ကလေးသူငယ်များကို စစ်သား အဖြစ်စုဆောင်းခြင်းအပါအဝင် လူ့အခွင့်အရေးများကို နေ့စဉ်နှင့်အမျှ ချိုးဖောက်နေခြင်းသည်၎င်း၊ ထောင်ပေါင်း များစွာသော အပြစ်မဲ့ဒေသခံပြည်သူများကို စစ်ပြေးဒုက္ခသည်များအဖြစ်သို့ သက်ရောက်စေခြင်း အားဖြင့် အိမ်နီး ချင်းနိုင်ငံများအပါအဝင် ဒေသအတွင်းတည်ငြိမ်ရေးကိုပါ ထိခိုက်လာနေခြင်းဖြစ်သည့်အပြင် နအဖ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း သည်လည်း ဟန်ပြသက်သက်သာဖြစ်ကြောင်း ထင်ရှားစေသည်။

(၄) နအဖစစ်အစိုးရ၏ အတုအယောင်အမျိုးသားညီလာခံက ရေးဆွဲပြဌာန်းလိုက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို မတရားသော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတင်းအဓမ္မအတည်ပြုပြီး ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာခြင်းသည် တိုင်းပြည်၏ လက်ရှိအထွေထွေ အကြပ်အတည်းပြဿနာများအား ဖြေရှင်းနိုင်မည့်နည်းလမ်း မှန်မဟုတ်ဘဲ၊ စစ်အာဏာရှင်စနစ်တရားဝင်တည်တံ့ခိုင်မြဲရေးကို လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

ထို့ကြောင့် နအဖစစ်အစိုးရအနေဖြင့် အထက်ပါကျူးလွန်နေမှုများကို အမြန်ဆုံးရပ်တန့်ပြီး လက်ရှိနိုင်ငံရေး ပြဿနာများကိုနိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည့် သုံးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပွဲကိုအမြန်ဆုံးပြုလုပ်ပေးရန် တောင်းဆိုလိုက်သည်ဟု ဖေါ်ပြခဲ့သည်။

ထို့ အပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် အလေးအနက် တောင်းဆိုထားပြန်သည်။

ဤထုတ်ပြန်ချက်ကို ၂ဝဝ၉ ခု ဇွန်လ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၅)ရက်တိုင်တိုင် ထိုင်း-မြန်မာ နယ်စပ် တနေရာ၌ ပြုလုပ်ခဲ့သည့် ENC ဒုတိယသက်တမ်း စတုတ္ထအကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သုံးလ ပတ်ပုံမှန်အစည်းအဝေးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလူမျိုးများကောင်စီ(ပြည်ထောင်စုမြန်မာနိုင်ငံ)- Ethnic Nationalities Council ( Union of Burma) ကို တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

ထိုင်းနိုင်ငံမှ ကူးခွေရောင်းသူများကို အရေးယူရန် မွန်အဆိုတော်မှစီစဉ်
Tue 16 Jun 2009, ရိုင်မရော့
နာမည်ကျော်မွန်အဆိုတော်များက ခွေအသစ်ထုတ်တိုင်း ကူးခွေ ရောင်းချသူတို့ကြောင့် ၄င်းတို့အတွက် အခက်ခဲဖြစ်နေကြသည်။

“ခွေကူးရောင်းတဲ့သူတွေကြောင့် ကျနော်တို့အတွက် အခက်ခဲမျိုးစုံကြုံတွေ့ရတယ်၊ ခွေတစ်ခါထုတ်တိုင်း ကူးခွေတွေ ထွက်ပေါ်လာတယ်၊ ကျနော်တို့အနေနဲ့ ခွေတစ်ခွေထွက်ဖို့က ငွေကြေးအများကြီးကုန်ကျခံထားတယ်” ဟု နာမည်ကြီးမွန်အဆိုတော် စမိုင်းချမ်းက ပြောသည်။

ကူးခွေရောင်းချသူတို့ကြောင့် ခွေထုတ်သည့် အဆိုတော်များအတွက် ရင်းနှီးထားသမျှငွေကြေးများ ဆုံးရှုံးမှုရှိသည်။ ကူးခွေရောင်းသူများကို ဖမ်းဆီးအရေးယူရန် အတွက်လည်း အခွင့်မသာခဲ့သည့်အတွက် အကြိမ်ကြိမ် အခါခါ ဆုံးရှုံးနေရပါသည်။

သို့အတွက်ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ မွန်သီချင်း ကူးခွေ ရောင်းချသူများကို ဖော်ထုတ် ဖမ်းဆီးသွားရန် ထိုင်းအာဏာပိုင်များနှင့် ညှိနိုင်းထားသည်ဟု ၄င်းကဆိုသည်။

“ဒီတစ်ခါတော့ ကျနော်တို့ အဆိုတော် “အသိင်” ထုတ်ထားတဲ့ (“ဆုငၛံက် ပံက်ဍုန်”) အမည်ရှိ ဗီစီဒီ အတွက် ဖြန့်ချိရာမှာ ခွေခိုးကူးသူတွေ မကူးနိုင်အောင် ထိုင်းမှာ ရှိနေတဲ့ မွန်လူမျိုး (၅) ဦးက ထိုင်းအရာရှိတွေနဲ့ စာချုပ်စာတမ်းအသေချာလုပ်ပြီးတော့ ခွေကူးသူတွေကို ဖော်ထုတ်ဖမ်းဆီး အရေးယူဖို့ သဘောတူညီချက်ယူထားတယ်” ဟု သူက ဆက်ပြောသည်။

ကူးခွေရောင်းချမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတွင်လည်း ကူးခွေရောင်းချ သူများကို မွန်ဂီတအနုပညာတွေကို အားပေးနေကြသည့် မွန်လူမျိုးများက ဦးဆောင်ပြီး အရေးယူသွားမည်ဟု သူကဆက်ပြောသည်။

“ကျနော်တို့အနေနဲ့ ခွေကူးသူတွေကို အရေးယူရာမှာ (၁) အချက်အနေနဲ့ ကူးခွေနဲ့ပတ်သက်သမျှ စက်ပစ္စည်းအားလုံးကို သိမ်းမယ်၊ ပြီးတော့ ထိုက်တန်သလောက် ကျနော်တို့ဘက်က လျော်ခိုင်းတာကိုလည်း ပြန်လျော်ပေးရမယ်” ဟု စမိုင်းချမ်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံရောက် မွန်အမျိုးသား (၅) ဦးတို့က ကူးခွေရောင်းချသူတွေကို ဆက်လက်ဖော် ထုတ်သွားရန်ရှိသည်။ အခုလောလောဆယ်တွင် “အသိင်” ခွေ ဖြန့်ပြီးသည်နှင့် ခွေကူးယူရောင်းချသူများကို ဖမ်းဆီးမှု စတင်တော့မည်ဖြစ်သည်။

မွန်ပြည်နယ်အတွင်း၌လည်း ကူးခွေရောင်းသူများရှိနေသော်လည်း ထိုင်းနိုင်ငံအတွင်းရှိ မွန်ကူးခွေရောက်ချသူများနှင့် နိုင်းယှဉ်လျှင် အနည်းအကျဉ်းသာရှိသည်ဟု ၄င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဥပမာထား ၀ ခေါင်းဆောင်များ အသွင်ပြောင်းရေး ငြင်းဆန်
အင်္ဂါနေ့၊ 16 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ဂျွန်လဆန်းပိုင်းက ဒုဗိုလ်ချုပ်ကြီးရဲမြင့် သျှမ်းပြည်တလွှား အပစ်ရပ်ခေါင်းဆောင်များ သဘောထားပျော့ပြောင်း လာစေရန် ထပ်မံ ကျောသပ်ဖြောင်းဖြရန် နယ်လှည့်စည်းရုံးစဉ် ပန်ဆန်း ၀ ခေါင်းဆောင်များကအသွင်ပြောင်း ဖို့မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာထား၍ အကျယ်တ၀င့်ရှင်းပြခဲ့ကြောင်း ၀ ခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့်ဆိုစ့်က ဆိုပါ သည်။

[ဒေါ်အောင်ဆန်းစုကြည် (Photo: burma 8888)]

ဒေါ်အောင်ဆန်းစုကြည် (Photo: burma 8888)
“ဗိုလ်ရဲမြင့် နဲ့အဖွဲ့ ပန်ဆန်းမှာ ၂ ည အိပ်တယ်။ ဥက္ကဌကြီးပေါက်ယူရှဲန်နဲ့ ၆ ရက်နေ့မှာတွေ့တော့ ဥက္ကဌကြီးက - ဆိုင်ရာ တာဝန်ရှိလူကြီးတွေနဲ့တွေ့ဖို့ ကျနော်အာဏာကုန်လွှဲထားပြီးပြီ၊ ဆွေးနွေးလိုရာဆွေးနွေးပါ - လို့ပြောလိုက်တယ်၊ ၇ ရက် နေ့မှာ ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ဘဲ တနေကုန်အခြေအတင်ပြောဆိုဆွေးနွေးခဲ့တယ်” ဟု အဆိုပါဆိုစ့်က သျှမ်းသံတော် ဆင့် သို့ပြောပြ၏။

တွေ့ဆုံဆွေးနွေးပွဲတွင် အမည်မဖေါ်လိုသည့် ၀ အရာရှိကြီးတဦးက - နယ်ခြားစောင့်တပ်အသွင်ပြောင်းပြီး တပ်ရင်း တရင်း အင်အား ၃၂၆ ယောက် ထားဖို့ကိစ္စ လိုက်လျောဖို့ မဖြစ်နိုင်ကြောင်း - ဤကဲ့သို့စပြောပါသည်။

“တချိန်က ခင်ဗျားတို့ယုံကြည်အားထားတဲ့ ခင်ဗျားတို့ရဲ့အကြီးအကဲဖြစ်ပါတယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကျနော်တို့ နက်နက်ရှိုင်းရှိုင်း သဘောတူထားတာရှိတယ်၊ အဲဒီကတိတွေကို ခင်ဗျားတို့လွယ်လွယ်နဲ့ဖျက်လိုက်တဲ့သဘောလား။ တကယ်တမ်းကျနော်တို့က ခင်ဗျားတို့ဆန္ဒအတိုင်းလိုက်လျောရင် - ကျနော်တို့တမျိုးသားလုံးရဲ့အနာဂတ် ကံကြမ္မာ ဘယ်လောက်ယုံကြည်စိတ်ချရမလဲ” ဟု ပြန်လည်ဆွေးနွေးသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်ခိုင်းနှိုင်း၍လည်း ဤကဲ့သို့ ဆက်ပြောသည်ဟုဆို၏။

“တကမ္ဘာလုံးက အသိအမှတ်ြုပလေးစားခံရတဲ့ ဗမာပြည်ရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးတောင်မှ ခင်ဗျားတို့ အဲလောက်အထိ လုပ်ရက်နိုင်သေးတယ်။ ကျနော်တို့က ခင်ဗျားတို့နဲ့ သွေးမတော်သားမစပ် လူမျိုး/ဘာသာ စကားလဲမတူဘူး၊ ကျနော်တို့အလားအလာက သူမထက်ပိုဆိုးသွားနိုင်တယ်။ အကယ်လို့ ကျနော်တို့ ခေါင်းညိတ် လိုက်မယ်ဆိုရင် နောင်တချိန် အစွယ်ကျိုးအဆိပ်မဲ့ဖြစ်သွားတဲ့ ကျုပ်တို့ကို ခင်ဗျားတို့ ဖမ်းမယ်ဆီးမယ် လုပ်လာရင် အကျဉ်းထောင်မပြောနဲ့ ကြက်တွေဝက်တွေလိုလှောင်တဲ့ ခြင်း/တောင်းတောင် လောက်မှာမဟုတ်ဘူး။ အဲဒါတွေကို သတိချပ်မိလို့ ခင်ဗျားတို့ဆန္ဒကို မလိုက်လျောနိုင်တာဖြစ်တယ်” ဟုပြောကြောင်း အဆိုပါဆိုစ့်က ပြောပါသည်။

တောင်ပိုင်းအခြေစိုက် ၀ ထိန်းချုပ်နယ်မြေမှ ရုပ်ခိုင်းရေးသည်လည်းမဖြစ်နိုင်ကြောင်း ထိုစခန်းများအတွက် ၀ တပ်မတော် သားများထောင်ချီ အသက်ပေးပြီး ခွန်ဆာ MTA တပ်ဖွဲ့ထံမှ တိုက်ယူရကြောင်း၊ “ခင်ဗျားတို့အကြီးအကဲ ဗိုလ်ချုပ်ကြီး မောင်အေးကိုမေးကြည့်ပါ၊ သူအသိဆုံး။ တိုက်ပွဲကြောင့် မိုင်းဖြတ်ဆေးရုံမှာ ကျနော်တို့တပ်သား တွေတင်ထားတုန်းက သူကိုယ်တိုင်လာပြီး အားပေးစကားပြောခဲ့တယ် ပုဝါတွေပေးကမ်းတယ် ၊ မူးယစ်ရာဇာ ခွန်ဆာလက်ထဲက တိုက်ယူနိုင်ရင် စိတ်တိုင်းကျနေပါ - လို့တောင် ပြောသွားသေးတယ်၊ အဲဒီကတိသစ္စာစကားတွေ ဘယ်ရောက်သွားကုန်ပြီလဲ” ဟု အဆိုပါ ၀ အကြီးအကဲက ဗိုလ်ရဲမြင့်တို့အဖွဲ့အား ထပ်ဆင့်ထောက်ပြခဲ့ကြောင်း ဆိုပါသည်။
[ဒု-ဥက္ကဌ ဦးရှောက်မင်လျံ လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် ရဲမှူးကြီးဗိုလ်ချုပ်ရဲမြင့် ဥက္ကဌ ဦးပေါက်ယိုချမ် ကျိုင်းတုံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး (၀ဲမှ ယာသို့)]

ဒု-ဥက္ကဌ ဦးရှောက်မင်လျံ လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် ရဲမှူးကြီးဗိုလ်ချုပ်ရဲမြင့် ဥက္ကဌ ဦးပေါက်ယိုချမ် ကျိုင်းတုံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး (၀ဲမှ ယာသို့)

စစ်အစိုးရဖိအားပေးမှုကြောင့် ခွန်ဆာတပ်အားတိုက်ခိုက်စဉ် ၀ တပ်သားထောင်ချီသေကျေဒဏ်ရာရခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂၀၀၂/၂၀၀၅ တုံးကလည်း SSA-S စ၀်ယွက်စစ်အဖွဲ့အား သွားတိုက်ရန် ဖိအားထပ်ပေးလာသဖြင့် သွားတိုက်ခဲ့ရကြောင်း၊ “ခင်ဗျားတို့ သွန်လိုသွန်မှောက်လိုမှောက် အကုန်လိုက်လုပ်ရမယ်ဆိုတာတော့ မဟုတ်တော့ ဘူးထင်တယ်” ဟုပြောကြား ကြောင်း ဆိုပါသည်။

အဆိုပါ ၀ ခေါင်းဆောင်ပြောကြားချက်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ရဲမြင့်က - “ ကျနော့အနေနဲ့ ဘာတခုမှ ဆုံးဖြတ်ချက် ချလို့မရပါဘူး။ ကျနော်တို့ရဲ့နိုင်ငံတော်အကြီးအကဲ ညွန်ကြားချက်အရ လာရောက်ပြောကြားရတာဖြစ်တယ်” - ဟုသာ ပြန်လည်ပြောကြားသွားကြောင်း ဆို၏။

ဂျွန်လ ၃ ရက်မှ ၉ ရက်နေ့ အထိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် မြောက်ပိုင်း SSA-N တပ်ဖွဲ့ ခေါင်းဆောင်၊ ကိုးကန့် ဒုဥက္ကဌ၊ ၀ ခေါင်းဆောင်ပိုင်းများ၊ မိုင်းလား ဥက္ကဌ ဦးစိုင်းလင်းတို့နှင့် တကူးတကသွားရောက် ဖြောင်းဖျခဲ့သော်လည်းလက်ချည်း ဗလာ ပြန်လှည့်ခဲ့ရကြောင်း သျှမ်းပြည်အရေးလေ့လာသူများက သုံးသပ်ကြပါသည်။