Wednesday, June 17, 2009

Photobucket

Photobucket

အမှတ်တရသိမ်းထားချင်ရင်



မျိုးချစ်မြန်မာရှာဖွေသည်။

“တကမ္ဘာလုံးက အသိအမှတ်ြုပလေးစားခံရတဲ့ ဗမာပြည်ရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးတောင်မှ ခင်ဗျားတို့ အဲလောက်အထိ လုပ်ရက်နိုင်သေးတယ်။ ကျနော်တို့က ခင်ဗျားတို့နဲ့ သွေးမတော်သားမစပ် လူမျိုး/ဘာသာ စကားလဲမတူဘူး၊ ကျနော်တို့အလားအလာက သူမထက်ပိုဆိုးသွားနိုင်တယ်။ အကယ်လို့ ကျနော်တို့ ခေါင်းညိတ် လိုက်မယ်ဆိုရင် နောင်တချိန် အစွယ်ကျိုးအဆိပ်မဲ့ဖြစ်သွားတဲ့ ကျုပ်တို့ကို ခင်ဗျားတို့ ဖမ်းမယ်ဆီးမယ် လုပ်လာရင် အကျဉ်းထောင်မပြောနဲ့ ကြက်တွေဝက်တွေလိုလှောင်တဲ့ ခြင်း/တောင်းတောင် လောက်မှာမဟုတ်ဘူး။ အဲဒါတွေကို သတိချပ်မိလို့ ခင်ဗျားတို့ဆန္ဒကို မလိုက်လျောနိုင်တာဖြစ်တယ်”

အမည်မဖေါ်လိုသည့် ဝ အရာရှိကြီးတဦး

“ ကျနော့အနေနဲ့ ဘာတခုမှ ဆုံးဖြတ်ချက် ချလို့မရပါဘူး။ ကျနော်တို့ရဲ့နိုင်ငံတော်အကြီးအကဲ ညွန်ကြားချက်အရ လာရောက်ပြောကြားရတာဖြစ်တယ်”

ဗိုလ်ချုပ်ကြီးရဲမြင့်

ÒÒÒ အမျိုးချစ်တဲ့သွေး ÓÓÓ


ÒÒÒ အမျိုးချစ်တဲ့သွေး ÓÓÓ

အမျိုးနော်တကယ်မြတ်ပါတဲ့ 

အဖိုးမဖြတ်နိုင်တဲ့ဖြစ်အင်

ဆွေစဉ်မျိုးဆက်ရဲရဲတောက်ပါလို့

မြန်မာ့သမိုင်းမှာရာဇ၀င်တွင့့်  ။

မြေနိမ့်သော်လည်း လှံစိုက်မခံတဲ့ဖြစ်ရပ်က့ 

တိုင်းပြည်အတွက်ပေမို့

ကိုယ်ကျိုးကိုမငဲ့အား

နယ်ချဲ့မျက်နှာဖြူကို

ဓါးဆွဲကာ ရဲရဲတောက်တော်လှန်ခဲ့တဲ့

ဗိုလ်မင်းရောင်က စခဲ့သပ့  ။

မျိုးဆက်တွေသာထပ်ကူးလာ့ 

ဗိုလ်အောင်ဆန်းလက်ထက်မှာလည်းပဲ

အမိမြန်မာပြည်က မလွတ်မြောက်သေး

ကျုပ်တို့ ဗိုလ်ချုပ်လည်း

အမိမြေနယ်ချဲ့လက်အောက်ကလွတ်မြောက်ရေးအတွက်

ဂျပန်ကိုလည်းမျက်နှာချိုသွေး

ပြီးတော့  အရှင်ကြီးကကျားထက်ဆိုးနေတော့

မျက်နှာဖြူကိုပဲမျက်နှာချိုပြန်သွေးပြီးပြန်တော့

မြေပြန့် တောင်ပေါ်စည်းလုံးမှုအင်အားနဲ့

ဒင်းတို့ကို ပြန်မောင်းထုတ်ပြန်တော့

မျက်နှာဖြူတွေကပြောခဲ့တဲ့

“ လာပါ့  လာပါ ဆိုလည်းအောင်ဆန်း

သွားပါ့  သွားပါ ဆိုလည်းအောင်ဆန်း ” ဆိုတဲ့စကားတောင်

မြန်မာ့သမိုင်းမှာကျန်ခဲ့သေးသပေါ့  ။

အခြေအနေမပေးလို့ 

တိုင်းတပါးမှာနေ နေရပေမယ့်

အခွင့်အခါသာလို့ ရွှေမြန်မာပြည်ပြန်ရောက်တော့

မြန်မာ့စစ်ဘီလူး အာဏါရှင်လူတစုရဲ့

ကမ်းကုန်အောင်ရက်စက်တာကို သူကိုယ်တိုင်ကြုံရတော့

တိုင်းပြည်နဲ့လူမျိုးကိုချစ်ပေမယ့်

အခွင့်အခါမပေးသေးလို့

ရွက်ပုန်းသီးဖြစ်နေခဲ့ရတဲ့

အမျိုးချစ်သူတယောက်ရဲ့

အစွမ်းအစအရည်းအချင်းတွေကို

သူကိုတိုင်ထုတ်ပြခွင့်ကြုံခဲ့ပြီပေါ့  ။

အဲ့ဒီလိုနဲ့ပဲပေါ့ 

ကျနော်တို့ခေတ်ရဲ့ ၁၃၅၀ ပြည့်အရေးတော်ပုံနောက်ပိုင်းမှာ

တည်ကြည်ပြတ်သားတဲ့

အမျိုးချစ်တဲ့ ဗိုလ်အောင်ဆန်းရဲ့သမီးထွေးနောက်မှာ

ဦးနှောက်နဲ့နှလုံးသားမျှတအောင်ထားတတ်တဲ့

မြန်မာ့ပြည်သူလူထုတွေဟာ

ကြာကြာဝါးမဲ့သွား

ဘာစားစားအရိုးကြည့်ရှောင်တတ်တဲ့

အမျိုးချစ်တဲ့သွေးသစ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့

ခေါင်းဆောင်မှုစကားလုံးသစ်တွေနောက်မှာ

အားဖြည့်ဝန်းရံထောက်ခံနေကြတာ

အများတကာဝိုင်းချစ်ကြတဲ့ ဒေါ်စုရေ

တူမောင်တို့မျိုးဆက်သစ်တွေလည်း

အမျိုးချစ်တဲ့သွေးတွေဖြစ်ကြလို့

မသမာသူတွေရဲ့ တံတွေးမြစ်ထဲမှာ

အမှန်တရားကိုဆုပ်ကိုင်ကာရပ်တည်နေတဲ့

ဒေါ်စုမျောပါထိပါးသွားဖို့မဖြစ်ရလေအောင်

ဝန်းရံဆေးးကြောကာ

ပင်ကိုယ်ရနံ့အတိုင်း သင်းသင်းလေးမွှေးနေအောင်

ဝန်းရံကာဆီးပါလို့

အမှန်သတင်းတွေနဲ့

စစ်အာဏါရှင်တွေ အရှိုက်ကိုထိအောင်

ဝိုင်းဝန်းထိုးနှက်တိုက်ခိုက်နေကြဆဲပါ

မျက်နှာဖုံးတွေကိုဆွဲဆုတ်

သိုးရေချုံထားတဲ့ဝံပုလွေတွေကို ၀ိုင်းဝန်းရှုံ့ချကာ

ဒေါ်စုနဲ့အတူ ဒီမိုကရေစီပန်းတိုင်ဆီကိုအတူဝင်ဖို့

ဟို့း့  လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဆုံးဖြတ်ထားလို့

ခြောက်ဆယ့်လေးနှစ်ပြည့်ဒေါ်စုရဲ့မွေးနေ့မှာ

နောက်တဖန်ထပ်မံ

သစ္စာဂါရ၀ပြုလိုက်ပါတယ် ဒေါ်စု့  ။

ဇာနည်မောင်

( မတရားအမှုတွေနဲ့ စွဲချက်တင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံးပြန်လည် လွတ်မြောက်ပါစေ့  အသက် ၆၄ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဂုဏ်ပြု ခြင်း သစ္စာကတိပေး ကဗျာ )

8888 people power နေ့စဉ်သတင်း


အမေရိကန်တဦးကို နေ့စဉ် ဂုဏ်ပြုခြင်း



Wednesday, 17 June 2009 19:07 ရန်ကုန်သားတာတေ
E-mail Print
မြန်မာသံအမတ်ကြီး တဦးက ချင်းမိုင်ရုက္ခစိုးကြီးကို ရန်ကုန်ရှိ သစ်ပင် တပင်သို့ ပြောင်းရွှေ့ နေထိုင်ရန် ချဉ်းကပ် ပြောဆိုသည်။ သတင်းထောက် ဖိုးရှုပ်ကိုလည်း ဒေဝါလီ သတင်းဌာနမှ ထွက်ပြီး ရန်ကုန် စာနယ်ဇင်း

လောကတွင် ဝင်ရောက် လုပ်ကိုင် သင့်ကြောင်း နားချ ပြောဆိုသည်။ ယခင်နှင့်မတူ ပြောင်းလဲလာသော မြန်မာပြည်ကြီးကို သွားရောက် လေ့လာကြပါ၊ ပြီးမှ သူ့ ကမ်းလှမ်းချက်များနှင့် ပတ်သက်ပြီး ဆုံးဖြတ်ပါဟု သံအမတ်ကြီးက ပြောလေသည်။ ဤသို့ဖြင့် ချင်းမိုင်အခြေစိုက် ရုက္ခစိုး နှင့် ဖိုးရှုပ်သည် သံအမတ်ကြီးနှင့်အတူ ရန်ကုန်မြို့သို့ ရောက်သွားလေသည်။

သူတို့သုံးဦး ရန်ကုန်မြို့လယ်တွင် လမ်းလျှောက်ပြီး လေ့လာနေကြသည်။ မီးပျက်နေသောကြောင့် တိုက်ခန်းများတွင် ဖယောင်းတိုင် ထွန်းထားကြသည်။ မြေညီထပ်တွင်ရှိသော ဆိုင်များ၊ အလုပ်ခန်းများကလည်း မီးစက် ကိုယ်စီ ဖွင့်ထားကြသည်။

ရုက္ခစိုး။ ။ သံအမတ်ကြီးရေ ရန်ကုန်မြို့ကြီးက မီးစက် ခုတ်သံတွေနဲ့ ဆူညံနေပါလားဗျ။

သံအမတ်ကြီး။ ။ ဟုတ်ပါတယ်။ ဒါတွေက နိုင်ငံတော် အစိုးရလက်ထက် စက်မှုစွမ်းအား ခေတ်ကျော်လွှားတဲ့ ကာလမှာ ပြည်သူတွေက မီးစက်တွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတယ် ဆိုတဲ့ သဘောကို ပြပါတယ်။

ဖိုးရှုပ်။ ။ ဆိုင်းဘုတ်တွေလည်း အများသားပဲဗျို့။ ရန်ကုန်မှာ သတင်းမရေးဘဲ ဆိုင်းဘုတ်ရေးစားရင် ပိုအလုပ်ဖြစ်မယ် ထင်တယ်။ ဟော … ဟိုဆိုင်းဘုတ်မှာ ရေးထားတာ “ဟွန်းသံ ကင်းမဲ့ဇုန်” ဆိုပါလားဗျာ။

သံအမတ်ကြီး။ ။ ဟုတ်ပါတယ်။ မီးစက်ခုတ်သံတွေကြားထဲမှာ ကားဟွန်းသံတွေ ထပ်ဆင့်လိုက်ရင် ကမ္ဘာပျက်သလို ဖြစ်သွားမယ်လေ။ ဒါကြောင့် ရန်ကုန်မြို့ အေးချမ်းသာယာရေး အတွက် ဟွန်းသံ တားမြစ်ထားတာပါ။

အပြောင်းအလဲများကို လေ့လာရန် ရန်ကုန်မြို့တွင်း လိုက်လံ ပို့ဆောင်ခါမှ မီးပျက်သည့်အချိန်နှင့် တည့်တည့်တိုးနေသဖြင့် သံအမတ်ကြီး မျက်နှာ ပျက်နေသည်။

ထိုအခိုက် လျှပ်စစ်မီး ရုတ်တရက် ပြန်လာလေသည်။ လူနေအိမ်ခန်းမှ မီးများ တဖျတ်ဖျတ်နှင့် လင်းလာကာ လူအများ ပြိုင်တူ အော်လိုက်သည့် အသံကြီးတခု ပေါ်ထွက်လာသည်။

“ဟေး … …”

ထိုအသံကြီးကြောင့် ရုက္ခစိုး အလန့်တကြား ထခုန်လိုက်မိသည်။ ဒီသံအမတ် ငါတို့ကို ရန်ကုန်ခေါ်ခဲ့ပြီး ထောင်ချောက် ဆင်တာထင်တယ် ဟု လည်း တွေးလိုက်မိသည်။

ဖိုးရှုပ်။ ။ မကြောက်ပါနဲ့ ဦးရုက္ခစိုးရယ်၊ မီးပြန်လာလို့ လူတွေ ဝမ်းသာအားရ အော်တဲ့ အသံတွေပါဗျ။

ရုက္ခစိုး။ ။ မကြောက်ပါဘူး ကွ။ ရုတ်တရက်မို့ လန့်သွားတာပါ။

အိမ်များတွင် မီးပြန်လာသဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ငါးမိနစ်ခန့် အကြာတွင် မီးများ ရုတ်တရက် ပျက်ပြီး ပြန်လည် အမှောင်ကျသွားကာ စိတ်ပျက်လက်ပျက် ပြိုင်တူ ညည်းတွား အော်ဟစ်သံကြီး ပေါ်ထွက်လာသည်။

“ဟာ … … … … …”

ရုက္ခစိုး။ ။ သံအမတ်ကြီးရေ ဒါကတော့ မီးပျက်သွားတဲ့အသံ ဖြစ်မယ်ဗျ။

သံအမတ်ကြီး။ ။ မီးပျက်သွားရတာဟာ ပြည်သူတွေက စည်းကမ်းပိုင်းဆိုင်ရာ အားနည်းနေလို့ပါ။ အခုလို မီးပြန်ပေးတဲ့ အချိန်မှာ ရေစုပ်စက်၊ မီးပူ၊ ရုပ်မြင်သံကြား၊ ထမင်းအိုး စသဖြင့် လျှပ်စစ်ပစ္စည်းတွေကို အိမ်တိုင်း အိမ်တိုင်းက တပြိုင်နက် အသုံးပြုကြတဲ့အတွက် လျှပ်စစ် ဓာတ်အားပေးတဲ့ ဝန်ဆောင်မှုကို ထိခိုက်စေပါတယ်။ မီးလာတဲ့အချိန်မှာ တပြိုင်နက် မသုံးဘဲ စည်းကမ်းရှိရှိ တဖြည်းဖြည်း သုံးမယ်ဆိုရင် ဒီလို အခက်အခဲတွေကို ကျော်နိုင်မှာ ဖြစ်ပါတယ်။

သံအမတ်ကြီး ရှင်းပြနေစဉ် မီးပြန်လင်းလာပြီး “ဟေး … …” ဆိုသည့် အသံကြီး ထွက်ပေါ်လာပြန်သည်။ မိနစ်ပိုင်း အကြာမှာပင် မီးပြန်ပျက်သွားပြီး “ဟာ… …” ဆိုသည့် အသံကြီး ထွက်ပေါ်လာသည်။ ဤသို့ဖြင့် ဟေး နှင့် ဟား အသံများကို သုံးလေးကြိမ် ကြားပြီးချိန်တွင် မီးပြန်ပျက်ခြင်း မရှိတော့ပေ။

ဖိုးရှုပ်။ ။ ရန်ကုန်မှာ ဟေးခနဲ ဟားခနဲ အသံတွေ ကြားရတော့ ရွာကိုတောင် သတိရမိတယ်။ ရွာက နွားဝှေ့ပွဲမှာ ဒီအသံတွေ ကြားရတယ်ဗျ။

သံအမတ်ကြီး။ ။ ဟုတ်တာပေါ့ သတင်းထောက်ကြီးရယ်၊ ဒီအသံတွေဟာ ကျေးလက် ဒေသကို အမှတ်ရ စရာတွေ ပေါ့ဗျာ။ ဒါတွေဟာ ဆုတ်ယုတ်မှုမဟုတ်ဘူး၊ ကမ္ဘာကြီးဟာ ရွာကြီးဖြစ်နေပြီ ဆိုတဲ့ အတွေးအခေါ်မျိုး သတင်းထောက်ကြီး ဆီမှာ ရှိနေတာ နိုင်ငံတော်အတွက် အားရှိစရာပေါ့ ခင်ဗျာ။

သံအမတ်ကြီး၏ သံတမန်ဆန်သလိုလို ဂမ္ဘီရဆန်သလိုလို စကားကြောင့် ဖိုးရှုပ် အူကြောင်ကြောင် ဖြစ်သွားသည်။

ရုက္ခစိုး။ ။ ကမ္ဘာ့ရွာတွေ ရပ်ကွက်တွေ ထားလိုက်ပါဦး၊ ကျုပ်ကြားဖူးတာ ပြောရရင် ရန်ကုန်မြို့ကို ပေးဖို့ လျှပ်စစ်စွမ်းအင် အလုံ အလောက် ရှိနေတယ်။ ဒါပေမယ့် ပြည်သူတွေကို စေတနာ မရှိလို့ မီးမပေးဘဲ ဖြတ်ထားတာ တဲ့။

ဖိုးရှုပ်။ ။ ကျနော်လည်း အဲဒီလို ကြားဖူးတယ်၊ လူတွေ မီးစက်၊ ဖယောင်းတိုင်တွေနဲ့ နှစ်ပါးသွားပြီး နေရေး ထိုင်ရေး ခက်ခဲ အလုပ် ရှုပ်နေမှ နိုင်ငံရေးကို စိတ်ဝင်စားမှု နည်းမယ်၊ ဒါကြောင့် မီးဖြတ်ထားတာ တဲ့။

သံအမတ်ကြီး။ ။ ဟဲဟဲ … ဒေဝါလီတို့လို သတင်းဌာနတွေ ပြောသမျှ လူကြီးမင်းတို့ ယုံနေတာမျိုးက မဖြစ်သင့်တော့ဘူး။ နိုင်ငံတော်က စီစဉ်တဲ့ စာနယ်ဇင်းတွေကိုပဲ အားကိုးရင် လုံလောက်ပါတယ်။ ဒီလိုဗျ … ရန်ကုန်မှာ လျှပ်စစ်မီးကို အချိန်ပိုင်းပဲ ပေးတယ် ဆိုတာက ရန်ကုန်ဟာ မြို့တော် မဟုတ်တော့လို့ပဲ။

ရုက္ခစိုး နှင့် ဖိုးရှုပ် မျက်လုံးပြူးသွားကြသည်ကို ဂရုမစိုက်ဘဲ သံအမတ်ကြီးက ရုပ်တည်ဖြင့် ဆက်ပြောလေသည်။

သံအမတ်ကြီး။ ။ မြို့တော်က နေပြည်တော် ဖြစ်သွားပြီ ခင်ဗျ။ ဒါကြောင့် လျှပ်စစ်စွမ်းအင် အများစုက နေပြည်တော်ကို ရောက်သွားတာ ဖြစ်ပါတယ်။ နေပြည်တော်က ကားလမ်းတွေမှာ လူတွေ ကားတွေ မရှိလည်း မီးတွေလင်းထိန်နေတာပဲ လို့ တချို့က ဝေဖန်ကြပါတယ်။ ကျနော်တို့ အဖြေကတော့ ရှင်းပါတယ်၊ မြို့တော်အင်္ဂါရပ်နဲ့ အညီ လျှပ်စစ်မီး ၂၄ နာရီ ပေးထားရတယ်ပေါ့ ခင်ဗျာ။

ဖိုးရှုပ်။ ။ ရန်ကုန်မှာ ရှိတဲ့ လူဦးရေ ၆ သန်း ဝန်းကျင် အတွက်ရော ထည့်မစဉ်းစားတော့ဘူးလား။

သံအမတ်ကြီး။ ။ နိုင်ငံတော်က ပြည်သူတွေကို ပစ်မထားပါဘူး။ မီးမလာတော့လည်း ဓာတ်လိုက်ပြီး မသာပေါ်နိုင်ချေ နည်းတာပေါ့ လို့ အကောင်းဘက်က တွေးနိုင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာပြီ စွမ်းအင် လျှော့သုံးကြ လို့ နိုင်ငံတကာ မှာလည်း လှုံ့ဆော်နေတယ် မဟုတ်လား။

ရုက္ခစိုး။ ။ ဒါကတော့ ဒါပေါ့ကွာ၊ နို့ပေမယ့် လူအများ နေထိုင်ရေး အဆင်ပြေဖို့က လျှပ်စစ်မီး လိုတာပေါ့။ အဆင်မပြေရင် လူတွေက အစိုးရကို မုန်းမှာပေါ့။

သံအမတ်ကြီး။ ။ အစိုးရကိုတော့ မုန်းပြီးသား … အဲ … နိုင်ငံတော်က လျှပ်စစ်မီး အတွက် ဝန်ကြီးဌာနတွေ ဖွဲ့ပေးထားပါတယ်။ အမှတ် ၁ နဲ့ အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဆိုပြီး လုပ်ထားပါတယ်။ နောက်ပိုင်း အမှတ် ၃၊ ၄၊ ၅ ဆိုတာတွေ လာနိုင်ချေ ရှိပါတယ်။

ရုက္ခစိုး။ ။ လျှပ်စစ်ဝန်ကြီးဌာန ၃၊ ၄၊ ၅ ပေါ်လာရင် ရန်ကုန်မှာ မီးလာပြီ ဆိုတဲ့ သဘောလားကွ။

သံအမတ်ကြီး။ ။ ဒါက ဒီလိုရှိပါတယ်ခင်ဗျ။ လျှပ်စစ် စွမ်းအင်ကို အိမ်နီးချင်းနိုင်ငံတွေက ဝယ်တဲ့အတွက် သူတို့ကိုလည်း ရောင်းပေးရပါတယ်။ နိုင်ငံခြားငွေ ရတော့ နိုင်ငံတော်အတွက် အကျိုးရှိတာပေါ့ခင်ဗျာ။

သံအမတ်ကြီး၏ စကားကြောင့် ဖိုးရှုပ် ဒေါသ ထွက်သွားသည်။

ဖိုးရှုပ်။ ။ အဲဒီငွေတွေ အိတ်ထဲထည့်လို့ နိုင်ငံတော် အကျိုးရှိတာတော့ ဟုတ်ပါပြီ၊ အရပ်သားတွေ အတွက် အကျိုးရှိတယ်လို့ ဘယ်ပြောနိုင်ပါ့မလဲ။

သံအမတ်ကြီး။ ။ အရပ်သားတွေ အတွက်လည်း အင်မတန် ကောင်းတဲ့ အခြေအနေတွေ ရှိပါတယ်။ မီးကို အချိန်ပိုင်းပဲ ပေးတဲ့အတွက် မီတာခ သက်သာမယ်၊ ဖယောင်းတိုင်၊ မီးစက် လုပ်ငန်းရှင်တွေ အဆင်ပြေမယ်။ ဒီလုပ်ငန်းမျိုးတွေ အတွက် အလုပ်အကိုင်တွေ ပေါမယ်။

ဖိုးရှုပ်။ ။ ဟုတ်ပါပြီ သံအမတ်ကြီးရယ်၊ ကဲ … ကျုပ်ကတော့ ဗိုက်ဆာပြီဗျို့၊ ဟော … ဟို လက်ဖက်ရည်ဆိုင်မှာ တခုခု စားကြတာပေါ့။

လက်ဖက်ရည်ဆိုင်တွင် လူပြည့်နေသည်။ ကံအားလျော်စွာ စားပွဲတလုံး လွတ်နေသဖြင့် ဝင်ထိုင်ပြီး မှာယူ စားသောက်ကြလေသည်။

ဖိုးရှုပ်။ ။ ဒီဆိုင်က အစားအသောက်တွေ သိပ်မစွံပါဘူးဗျာ။ ဒါနဲ့များ ဆိုင်က လူပြည့်နေတာ အံ့သြစရာပဲ။

ရုက္ခစိုး။ ။ သတင်းထောက်ဖြစ်ပြီး ညံ့လိုက်တာ၊ ဒီည ဘောလုံးပွဲ ရှိတယ်လေကွာ မင်းမသိဘူးလား၊ မီးပျက်ရင် ဆိုင်က မီးစက်ခုတ်ပြီး တီဗီဆက်ပြမှာဆိုတော့ ဘောလုံးပွဲကြည့်မယ့်ပရိသတ်တွေ ဒီမှာ လာစုနေတာပေါ့ကွ။

ထိုအခိုက် မီးပြတ်သွားသဖြင့် “ဟာ … … ” ဆိုသည့် အသံကြီး ထွက်ပေါ်လာသည်။ ဘေးမှ လူငယ်တဦးက “အယ်ဒီဆင်ကို ဂုဏ်ပြုပြန်ပြီဟေ့” ဟု အော်ပြောလိုက်သည်။

ဖိုးရှုပ်။ ။ အဟုတ်ပဲဗျို့၊ အယ်ဒီဆင်ကို ဂုဏ်ပြုပြန်ပြီ … ဟဲဟဲဟဲ … ။

သံအမတ်ကြီး။ ။ (လက်ဖက်ရည်ကြမ်း တငုံ သောက်လိုက်ပြီး) ဘာလဲဗျ၊ ဘာရယ်တာလဲ၊ အယ်ဒီဆင် ဆိုတဲ့လူက ဘာလဲ။

ရုက္ခစိုး။ ။ အယ်ဒီဆင် ဆိုတာ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့တဲ့ အမေရိကန်ကြီးကို ပြောတာပေါ့။ သူ သေတော့ အသုဘချတဲ့နေ့မှာ အမေရိကန် ပြည်သူတွေက မီးလုံးတွေ တမိနစ် ပိတ်ပြီး သူ့ကို ဂုဏ်ပြုကြတယ် တဲ့။

ဖိုးရှုပ်။ ။ အဟုတ်ပဲဗျို့၊ အမေရိကန်တွေက အယ်ဒီဆင်ကို မေ့ကုန်ကြပါပြီ။ မြန်မာပြည်မှာတော့ သူ့ကျေးဇူးကို မမေ့သေးဘူး။ နေ့တိုင်း ဂုဏ်ပြုကြတယ်။ မဟုတ်ဘူးလား သံအမတ်ကြီး။

ရုက္ခစိုး နှင့် ဖိုးရှုပ်၏ ရှင်းလင်းချက်များကို နားထောင်ပြီး သံအမတ်ကြီး လက်ဖက်ရည် သီးသွားလေသည်။ ခွက်ထဲမှ လက်ဖက်ရည်ပူများလည်း ပေါင်ပေါ်သို့ ဖိတ်ကျသဖြင့် အလန့်တကြား ထခုန်လိုက်လေသည်။ ။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။

စစ်အစိုးရက နယ်စပ်ထိုးစစ်ဖြင့် ထိုင်းကို စိန်ခေါ်



Wednesday, 17 June 2009 14:31 ရဲနည်

ကရင်ဒုက္ခသည် ၄,၀၀၀ ခန့် မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ သူတို့၏ နေရပ်ရင်းကို စွန့်ခွာ၍ ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံလာ ကြသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတကာမှဖိအားများ တိုးတက်များပြားလာနေသည့် အချိန်တွင် ဤသတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် အပတ်မှစ၍ မြန်မာစစ်တပ်နှင့် ၎င်းတို့၏ မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်ဖွဲ့(DKBA)များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ (၇) ဌာနချုပ်နှင့် ၂ မိုင်ခန့် အကွာအဝေးတွင် ရှိနေသည့် ပြည်တွင်းရွှေ့ပြောင်း ထွက်ပြေးနေကြရသော ဒုက္ခသည်များခိုလှုံ နေရာ လာပါဟား စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြသည်။

စခန်းကိုစွန့်ခွာ၍ ဒုက္ခသည်များက သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ပြီးခဲ့သည့်သောကြာနေ့တွင် ထိုင်းနိုင်ငံတွင်းသို့ ခိုလှုံ လာခဲ့ကြသည်။ ကရင်သတင်းဌာနများ၏ အဆိုအရ ထိုင်းအစိုးရက ယခုအသစ်ခိုလှုံလာကြသူများကို အတည်တကျဖြစ်နေ ပြီးဖြစ်သည့် ဒုက္ခသည်စခန်းများတွင်း လက်ခံရန် တွန့်ဆုတ်နေကြဆဲဟု သိရသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့ နှင့် ၆၂ မိုင် (ကီလို ၁၀၀)အကွာအဝေးရှိ ထဆောင်ယန်း ခရိုင်ရှိ ဘုန်းတော်ကြီးကျောင်းများအတွင်း၌သာ ယာယီလက်ခံ ထားခဲ့သည်။

ပုံမှန်အားဖြင့် ခြောက်သွေ့ရာသီတွင်သာ ထိုးစစ်ဆင်လေ့ရှိသော မြန်မာစစ်တပ်၏ ယခုမိုးရာသီထိုးစစ်မှာ ပုံမှန်မဟုတ်ပါ။ ထိုင်းအစိုးရက ပစ်တင်ဝေဖန်မှုများကို တုံ့ပြန်မှုအဖြစ် ပြုခဲ့ပုံရသည်။

လက်ရှိ အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေရသူ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်း စုကြည် အပေါ် ခုံရုံးတင် တရားစွဲဆိုစစ်ဆေးနေမှုနှင့် ပတ်သက်၍ မေလ ၁၉ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာစစ်အစိုးရ အတွက် အမျက်ထွက်စရာ ဖြစ်စေခဲ့သည်။ မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် တုံ့ပြန်ရေးသားခဲ့ရာ၌ ထိုင်းနိုင်ငံကို ပစ်တင်ဝေဖန်ခဲ့ပြီး ယခုထုတ်ပြန်ကြေညာချက်သည် "ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာ ရောက်စေ သည်"ဟု ဖော်ပြခဲ့သည်။

မြန်မာစစ်အစိုးရ၏ အဆင့်မြင့် သံအရာရှိများကလည်း တဖြည်းဖြည်းမြင့်မားလာနေသည့် နိုင်ငံတကာဖိအားအပေါ် တန်ပြန် သံတမန်ရေးထိုးစစ်များ ပြုလာခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ၎င်း၏ လက်ထောက် ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်၊ ဒု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်တို့က ဒေသအတွင်းရှိ မတူကွဲပြားသည့် အစည်းအဝေးများတွင် တက်ရောက်ရင်း သူတို့စစ်အစိုးရ၏ "ပြည်တွင်းရေး" ကို ၀င်ရောက်မစွက်ဖက်ကြပါရန် ပြောကြားခဲ့ကြသည်။

နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများမှ ဖိအားများ လျော့ပါးသွားမည့်ဟန် မရှိသည်ကို သိရှိကြသည့်အတွက်ကြောင့်လည်း စစ်အစိုးရက ထိုင်းနိုင်ငံရှိ ဒီမိုကရက်တစ်ပါတီ ဦးဆောင်သည့် အစိုးရအား သတိပေးမှုအနေဖြင့် ကရင်ဒုက္ခသည်များကို ထိုးစစ်ဆင်ပြခြင်း ဖြစ်ဟန်တူသည်။

ထိုင်းနိုင်ငံရှိ လက်ရှိ ဒီမိုကရက်တစ်ပါတီဦးဆောင်သည့် ညွန့်ပေါင်းအစိုးရက မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ထောက်ခံ ကြောင်း သိထားသည့်အလျောက် မြန်မာစစ်အစိုးရက လက်ရှိ ထိုင်းအစိုးရနှင့် ပတ်သက်၍ ကသိကအောင့် ဖြစ်နေရပါ သည်။ ဒီမိုကရက်တစ်ပါတီ၏ မြန်မာပြည်ရေးရာ မူဝါဒကိုလည်း မကျေလည်လှပါ။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအသစ် ကဆစ် ပီရုမ်း(Kasit Piromya) ကလည်း လွန်ခဲ့သည့်နှစ်က "ဘယ်လိုလူမျိုးမဆိုရဲ့ စီးပွားရေးသဘောတူညီချက်တွေ ရှိထားတာကြောင့် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် သက်ရောက်မှု ရှိစေမှာမဟုတ်ဘူး၊ ကျနော်တို့ အစိုးရက စီးပွားရေးနဲ့ နိုင်ငံရေးကို ရောထွေးပစ်မှာ မဟုတ်ဘူး"ဟု ပြောခဲ့ဖူးသည်။

နေပြည်တော်ရှိ မြန်မာစစ်အစိုးရက ထိုင်းနိုင်ငံရေးခေါင်းဆောင် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာ (Taksin Shinawatra)လက်ထက်က ရှိခဲ့ဖူးသည့် နွေးထွေးသော ဆက်ဆံရေးမျိုး လိုလားနေကြပါသည်။ သန်းကြွယ် သူဋ္ဌေး ဖြစ်သူ ၀န်ကြီးချုပ်ဟောင်းက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး မြှင့်တင်ပေးရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာစေရေးထက် စာလျှင် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရေးကိုသာ အလေးထားခဲ့သူ ဖြစ်သည်။

သို့သော်လည်း လက်ရှိ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့(အာဆီယံ) ၏ အခြားအဖွဲ့ဝင် နိုင်ငံများက ထိုင်းနိုင်ငံ၏ ယခု မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ရပ်တည်ချက်အသစ်ကို သဘောကျ ရပ်တည်ပေးကြပါသည်။ ပြီးခဲ့သည့်လက ဖနွမ်းပင်မြို့တွင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပရာ၌ စင်္ကာပူနိုင်ငံ အပါအ၀င် အဖွဲ့၏ အခြားနိုင်ငံများက ဒေါ်အောင်ဆန်း စု ကြည်ကိစ္စ နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို သဘောတူရပ်တည်ကြောင်း ဖော်ပြခဲ့ကြပါသည်။

စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုထားသည့် နိုင်ငံတနိုင်ငံ ဖြစ်ပြီး မြန်မာစစ်အစိုးရနှင့် နီးစပ်သော ဆက်ဆံရေး ရှိနေသည့် နိုင်ငံလည်းဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်များကလည်း ချမ်းသာကြွယ်ဝသည့် ကျွန်းနိုင်ငံတွင် ဆေး ကုသမှုခံယူလေ့ ရှိကြသည်။

လက်ရှိ အာဆီယံအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က ထိုင်းနိုင်ငံမှ ဒီမို ကရက်တစ်ပါတီဝင် တဦးဖြစ်နေသည့်အလျောက် သူက မြန်မာနိုင်ငံသွားလျှင် ယခုအခြေအနေတွင် အောင်မြင်ဖွယ် မမြင် သည့် အတွက်ကြောင့်လည်း စင်္ကာပူနိုင်ငံမှ ၀ါရင့်ဝန်ကြီး ဂိုချုပ်တောင်ကို မြန်မာနိုင်ငံသို့ သွားရောက်စေပြီး ဗိုလ်ချုပ်မှူး ကြီး သန်းရွှေနှင့် တွေ့ဆုံစေခြင်း ဖြစ်ပေလိမ့်မည်။ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ အာဆီယံအဖွဲ့၏ အမြင်ကိုလည်း နားချ ဆွေးနွေးနိုင်ကြမည်ဟု မျှော်လင့်ခဲ့ကြပုံရပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ပြဿနာသာမက၊ ယခုဖြစ်ပေါ်နေသည့် ကရင် ဒုက္ခ သည်များ ပြဿနာ၊ နာမည်ပျက်ခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များပြဿနာ စသည့်ဆင့်ကဲ ပြဿနာများကြောင့် ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများသို့ ရိုက်ခတ်သက်ရောက်နေရပြီ ဖြစ်သည်။ ဤဆင့်ကဲပြဿနာများကြောင့်လည်း အာဆီယံအဖွဲ့က တင်းမာလာခဲ့ပုံလည်း ရပါသည်။

မြန်မာနိုင်ငံတွင် ဆိုးရွားစွာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့်လည်း၊ ဒေသဆိုင်ရာ အဖွဲ့ အစည်း၏ ကျရှုံးမှုကို ဖော်ပြသကဲ့သို့ ဖြစ်နေစေပါသည်။ မြန်မာစစ်ဗိုလ်ချုပ်များကို မည်သို့မည်ပုံ ကိုင်တွယ်မည်ကို စနစ် တကျ မူဝါဒချမှတ် ချဉ်းကပ်နိုင်ခြင်းမရှိသရွေ့ မြန်မာနိုင်ငံသည် “ဗြဟ္မာ့ ဦးခေါင်း” ဖြစ်နေဦးမည်သာ ဖြစ်သည်။ အာဆီယံ အဖွဲ့၏ ညီညွတ်ရေးကို ထိခိုက်စေရုံမျှမက အသစ်ချမှတ်ခဲ့သည့် အာဆီယံဒေသ ပဋိညာဉ်စာတန်းပါ ဒေသ၏ တန်ဖိုးထား ချက်များကိုလည်း သရော်ခြိမ်းခြောက်နေသည့်အလား ဖြစ်နေပါတော့သည်။

ရဲနည်ရေးသားသည့် Burma Challenges Thailand with its Border Offensive ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဆင်ခေါင်းခွေးမချီနိုင်ဖြစ်နေတဲ့နအဇ(ရဲဘော်ဖိုးသံချောင်း)





၁၇ ဇွန် ၂၀၀၉
line


ဒီကာလအတွင်း ဗမာပြည် နိုင်ငံရေးအခြေအနေမှာ ပြောင်းလဲမှု တွေ့နေရပါတယ်။

ဗမာပြည်ရဲ့ ပတ်ဝန်းကျင် နိုင်ငံတကာခွင်မှာလည်း အပြောင်းအလဲတွေ ပေါ်နေပါတယ်။

ဘိန်းပစ်ပြီး ဆင်ဖဲနဲ့ထောင်ချဖို့ စနစ်တကျပြင်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တဲ့ကိစ္စမှာ အဲဒီ ပြည်တွင်းပြည်ပ အပြောင်းအလဲတွေရဲ့ ဂယက်ရိုက်မှုတွေ တွေ့နေရပါတယ်။ အားလုံးသိတဲ့အတိုင်း နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို တခြားနိုင်ငံရေးအကျဉ်းသားတွေတုန်းကလိုပဲ ထောင်ထဲမှာ အကျဉ်းရုံး ပိတ်စစ်၊ အမြန်ဆုံး စီရင်ချက်ချဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ နအဖကိုယ်တိုင်က အမှုကို တမင်အချိန်ဆွဲ တာတွေ တွေ့လာနေရတော့ စဉ်းစားစရာတွေ အများကြီး ဖြစ်လာပါတယ်။

ဒီအမှုကို နအဖစစ်အစိုးရအနေနဲ့ သူတို့လက်ရာမပေါ်အောင် သေသေချာချာပြင်ဆင်ပြီး ပိုင်ပြီဆိုမှ ရုံးတင်ခဲ့တာပါ။ အမြန်ပြီးသွားမယ့် တရားစီရင်မှုမှာ သူတို့ဘာမှထပ်ပြီး ဝင်ပါဖို့ မလိုအောင် စီစဉ်ပြီး ဖြစ်မှာပါ။ ဒါပေမယ့် သူတို့တွက် ထားတာနဲ့ ပြောင်းပြန်အခြေအနေတွေက ဗြောင်းဆန်အောင်ပြောင်းကုန်ပါတယ်။ ဂျွန်ယက်တောက သူဟာ မင်းကြီးတာကထွက်လာတာ ဖြစ်ကြောင်း အစစ်ခံလိုက်တဲ့အချိန်ကစပြီး တရားခွင်မှာအခြေအနေတွေ တမျိုးပြောင်း ကုန်ခဲ့ပါတယ်။ တခါတည်း ဒီအမှုမှာ နအဖဟာ ခံစစ်လို ဖြစ်သွားပါတယ်။ ဒီတော့မှပဲ အမှုမှာ မျက်နှာမပြဘူးဆိုတဲ့ နေပြည်တော်က ဗိုလ်ချုပ်တွေ အလုပ်ရှုပ်ကုန်ကြတော့တာပါ။ ဒီလိုနဲ့ တရားရုံး တရုံးအနေနဲ့ လုပ်ခဲလှတဲ့ တရားခံပြ သက်သေတွေကို ပယ်တယ်ဆိုတာ လုပ်လာရပါတယ်။ ပယ်တာမှ (၇၅) ရာခိုင်နှုန်းကို ပယ်တာပါ။ ဟန်မဆောင်နိုင်၊ မရှက်နိုင်တော့ပါဘူး။ ဒီမှာပဲ နအဖဗိုလ်ချုပ်တွေ မျှော်လင့်မထားတဲ့ကိစ္စတွေ တခုပြီးတခု ပေါ်လာပါတော့တယ်။

အဲဒါတွေကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြင်းထန်လှတဲ့ ဆန့်ကျင်မှုတွေ ဖြစ်ပါတယ်။ ဒီအကြိမ် ကြုံရတာဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ဆန့်ကျင်မှုမျိုးလို့ ပြောရင်တောင် ရပါတယ်။ တရုတ်၊ စင်ကာပူ၊ ထိုင်း စတာတွေအပါ သူတို့ ထင်မထားတဲ့ နိုင်ငံတွေရဲ့ ဆန့်ကျင်မှုဖြစ်လို့ နအဖတကယ်ပဲ ဖြုံသွားပါတယ်။ တချိန်တည်းမှာ အမေရိကန်သမ္မတ အိုဘားမား (၁၈ဝ) ဒီဂရီ ပြန်လှည့်သွားတာကိုလည်း တွေ့ကြရပါတယ်။

တခါ ပြည်တွင်းမှာကျတော့လည်း မကျေနပ်သံတွေ၊ မကျေနပ်ကြောင်း ဖော်ပြချက်တွေဟာ နေရာတကာမှာ နည်းမျိုးစုံနဲ့ ပေါ်ထွက်လာနေပါတယ်။ အင်းစိန်ထောင်ဘူးဝကနေ နိုင်ငံ့အရှေ့ဖျားက မူဆယ်၊ ဧရာဝတီမြစ်ဝကနေ မြစ်ဖျားဖြစ်တဲ့ မြစ်ကြီးနားအထိ ပြန့်သွားပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါ ပြည်တွင်းအင်အားစုတွေလည်း သက်ဝင်လှုပ်ရှားနေကြပါတယ်။ ဒါ့အပြင် နှစ်ပေါင်းနှစ်ဆယ်ကျော် အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေနဲ့လည်း ပစ်ရခတ်ရတော့မလို ဖြစ်လာနေပါတယ်။ သေသေချာချာ မသိနိုင်တာကတော့ သူတို့တပ်တွင်း၊ သူတို့ခေါင်းဆောင် တွင်းက အခြေအနေပဲ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေတို့ကို ထိုင်နေအကောင်းသားလို့ အပြစ်တင်နေကြမှာကတော့ မလွဲပါဘူး။

ဒီလိုနဲ့ သက်သေတွေထဲက တဦးကို ထပ်ထွက်ဆိုခွင့်ပြုတယ်ဆိုတာ ဖြစ်လာပါတယ်။ သက်သေကိစ္စ အယူခံဝင်တော့ အယူခံကိစ္စကို နေ့လယ် (၁) နာရီလောက်မှာ (၁၇) ရက်နေ့ကို ရက်ချိန်ကြောင်း တရားဝင်ပြောပါတယ်။ ဒီလိုနဲ့ ညနေ (၄) နာရီလောက်ကျတော့ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ဖြစ်သွားပါတယ်။ တရားသူကြီးက နေ့လယ် အိမ်ပြန်ထမင်းစားတော့ မိန်းမနဲ့အတူ ထမင်းစားရင်း ဒီလိုရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖို့ ခေါင်းထဲမှာ အကြံပေါ်လာပြီး ပြင်လိုက်တာတော့ မဟုတ်နိုင်ပါဘူး။ နေပြည်တော်က အမိန့်တွေ လာနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို စီရင်ဆုံးဖြတ်နေတာဟာ အင်းစိန်ထောင်ထဲရှိ တရားရုံးက မဟုတ်ဘူး။ နေပြည်တော်ကနေ စီရင်ဆုံးဖြတ်နေတယ်ဆိုတာ ပို-ပိုရှင်းသွားပါတယ်။

အဲဒီလိုကနေ နအဖထိပ်သီးတွေ တရုတ်ပြည်ကိုသွားတယ်ဆိုတာ ဖြစ်လာပါတယ်။ ပထမတော့ ဗိုလ်ရွှေမန်း သွားတယ်လို့ သတင်းထွက်တာပါ။ နောက်တော့ ဗိုလ်မောင်အေး တကယ်ပဲ သွားပါတယ်။

တိုက်ဆိုင်လိုက်တာ။

နအဖ ဒု-ဥက္ကဋ္ဌ ဗိုလ်မောင်အေး ဘာကြောင့် တရုတ်ပြည်ကိုသွားတယ်ဆိုတာ သိဖို့မလွယ်ပါ။ ထုံးစံကတော့ အခုလိုအချိန်မှာ သွားတာဟာ နအဖအနေနဲ့ ဒေသတခုလုံးနဲ့ ဆိုင်တဲ့ ခြေလှမ်းတခုကိုလှမ်းမလို့၊ ဒါမှမဟုတ် တရုတ်-ဗမာနယ်စပ်နဲ့ ဆိုင်တဲ့ ခြေလှမ်းတခုခုကို ယူမလို့ ဖြစ်တတ်ပါတယ်။ ဥပမာ ငြိမ်းအဖွဲ့တွေကို တိုက်မယ်ဆို တာမျိုး သူတို့ဆုံးဖြတ်ရင် ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း တရုတ်နဲ့ထိပ်တိုက်ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ သဘောတူညီမှုတွေ၊ စာချုပ်ချုပ်ဆိုမှုတွေ ရှိရင်လည်း သွားတတ်ပါတယ်။ ဒါပေမယ့် အခုအခါမှာ တရုတ်အဖို့ အဲဒီလို ထိပ်တိုက် ဖြစ်နေတဲ့ နိုင်ငံမရှိပါဘူး။ ဒီလိုအနေအထားအောက်မှာ အများအားဖြင့် ကိုယ့်ဘက်က ရှင်းပြစရာရှိရင်၊ ဒါမှမဟုတ် တောင်းဆိုချင်တာရှိရင် သွားကြလေ့ရှိပါတယ်။

ဒီလိုမှမဟုတ်ဘဲ တရုတ်က လာစေချင်လို့၊ တနည်း- ခေါ်လို့သွားတာလား။ ဒါဆိုရင်တော့ ဒီနေ့ ဒီအခြေအနေမှာ ဒါဟာ နအဖအတွက် သိပ်ကောင်းတဲ့ကိစ္စ မဖြစ်နိုင်ပါဘူး။ ဒီရက်ပိုင်းအတွင်းမှာပဲ တရုတ်ဟာ နိုင်ငံတကာ အရေးအခင်းတွေမှာ ထူးခြားတဲ့ ရပ်တည်ချက်နှစ်ခု ဖော်ပြခဲ့တယ်ဆိုတာကို အားလုံးသတိထားမိကြမှာပါ။ တခုက ဗမာနိုင်ငံအရေးနဲ့ နောက်တခုက မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အရေးတို့ ဖြစ်ပါတယ်။ တကယ်လို့ တရုတ်က နအဖကို သူတို့ဘာလို့ အဲဒီလို ရပ်တည်ရတယ် ဆိုတာကို ရှင်းပြတာဆိုရင်တော့ နအဖအတွက် ပျော်စရာကောင်းမယ် မဟုတ်ပါဘူး။ သံတမန်နည်း၊ ပညာရှိနည်းတွေနဲ့ ပညာပေးတာ၊ ဆုံးမတာတွေ ဖြစ်ပါလိမ့်မယ်။ သူတို့ဆီကို ခေါ်ပြောတာ ဆိုတော့ ပီကင်းကပြောတာဟာ ဂိုချောက်ထောင်လောက်တော့ ရှင်းရှင်းပြတ်ပြတ် ဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရွှေဖော့လုံးနဲ့ ရိုက်တာက ပိုဆိုးတယ်ဆိုတာမျိုး ဖြစ်နေရင်တော့ မပြော တတ်ပါ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းတာဟာ ဒီခရီးစဉ်နဲ့များ ဆက်နေသလားလို့လည်း တွေးတောစရာလည်း ဖြစ်လာပါတယ်။

ဒီလိုလှုပ်ရှား ပြောင်းလဲနေတဲ့ အခြေအနေမှာ နအဖအနေနဲ့ သူတို့အတွက် မလုပ်မဖြစ် အရေးကြီးလုပ်ငန်းစဉ်အဖြစ် ချမှတ်ထားတွေက များလွန်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချရေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ရွေးကောက်ပွဲမတိုင်မီ နှိပ်ကွပ်ရေး၊ သို့မဟုတ် ဦးချိုးရေး၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဘောင်ထဲကို ကျုံးသွင်းယူရေး၊ ရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီတွေ မှတ်ပုံတင်တဲ့ ဥပဒေတို့ကို ပြဋ္ဌာန်းရေး၊ နောက်ပြီး သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပိပိရိရိကျင်းပရေး၊ အချိန်က တနှစ်တောင်မကျန် တော့ပါဘူး။ နောက်ပြီး ဒီကိစ္စတွေအားလုံးက ဘယ်လိုမှ ရှောရှောရှူရှူမဖြစ်နိုင်တဲ့ ကိစ္စတွေချည်း ဖြစ်ပါတယ်။ ကိစ္စတခုချင်းမှာ သူတို့ကို ပြန်ထိခိုက်မယ့် အချင်းအရာတွေ ပြွမ်းတီးလို့ နေပါတယ်။ နောက်ပြီး ကိစ္စတိုင်းကိုလည်း နိုင်ငံတကာက ဂရုစိုက်စောင့်ကြည့်နေကြတာပါ။ နအဖ ခေါင်းမီလောင်နေချိန်မှာ နိုင်ငံတကာ ဖိအားကလည်း မြွေပူရာကင်းမှောင့်လို ဖြစ်နေပါတယ်။ နောက်ပြီး ဟုတ်ပါရဲ့၊ လူပုံလယ်မှာ သူတို့ကို အရှက်ခွဲခဲ့တဲ့ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့ကို အခွင့်သင့်ရင် ပြန်နှိပ်ဖို့ကလည်း ရှိသေးတယ်။

ဒီနေ့ လက်တွေ့အခြေအနေကို အသေအချာပြန်ကြည့်လိုက်တော့ လား-လား၊ ဒေါ်အောင်ဆန်းစုကြည်ကို ချောက်ချမယ် ပြင်နေတဲ့သူတွေ အခု သူတို့ကိုယ်တိုင် ချောက်ကျနေပါတယ်။ အပစ်အခတ်ရပ်စဲရေးကို အကြီးအကျယ် ဂုဏ်ယူဝါဒဖြန့်နေတဲ့ စစ်ဗိုလ်တွေ အခု သူတို့ကစပြီး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ရတော့မယ့် ကိန်းဆိုက်နေ ပါပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာနဲ့ ပြည်တွင်း ပြည်ပမှာ ဝါဒဖြန့် မင်္ဂလာယူနေတဲ့ စစ်အာဏာရှင်တွေ အခုရွေးကောက်ပွဲကို ကျင်းပရမလား၊ ရက်ရွှေ့ရမလား စဉ်းစားနေရပါပြီ။ “(၉၃) ရာခိုင်နှုန်း ထောက်ခံမှု ရခဲ့တဲ့” ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကြီးနဲ့ မိန့်မိန့်ကြီး အစိုးရလုပ်မယ်၊ သမ္မတလုပ်မယ် တွေးထားတဲ့ ဗိုလ်ချုပ်တွေ အာဏာသိမ်းပွဲ ထပ်လုပ်ရမလား စဉ်းစားနေရပါပြီ။

ဒီတော့ ၂၁ ရာစုနှစ်ရဲ့ ပထမဆုံးဆယ်စုနှစ် ကုန်တော့မယ့်အချိန် ဒီတကွေ့မှာ နအဖဗိုလ်ချုပ်တွေ ဆင်ခေါင်းခွေးချီ နိုင်ပါ့မလား စောင့်ကြည့်ကြပါစို့။

အီရန်ကတာဝန်ကြေတဲ့မျိုးဆက်တွေ

ဇွန်လ၁၇ဒိုင်ယာရီ




ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်မည်
2009-06-17

မြန်မာ့ဒီမိုကရေစီရေးအတွက် ကူညီဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ GIRENက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆု ချီးမြှင့်မယ်လို့ သိရပါတယ်

အဲဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ရက် ၊ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရှိတဲ့ ဂျပန်လွှတ်တော် အဆောက်အဦတွင်း ချီးမြှင့်သွားမှာ ဖြစ်ပြီး ၊ လောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား NLD-LA ဂျပန်ဌာနခွဲက လက်ခံရယူမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘာ့ကြောင့်အခုလို ဆုချီးမြှင့်ရတယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်လို့ GIREN အဖွဲ့အထွေထွေ အတွင်းရေးမှူး မစ္စတာ ယိုရှိနိုရိ ဆုအဲမတ်ဆုက RFA ကို ပြောဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အဖွဲ့က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆု ချီးမြှင့်ရတာဟာ သူမရဲ့ ဒီမိုကရေစီရေးဆိုင်ရာ ကြိုးပမ်းချက်တွေကို လေးစားပြီး မြန်မာ့ ဒီမိုကရေစီရေးအတွက်လည်း အားပေးလိုတာကြောင့်ရယ်၊ ဂျပန် လွှတ်တော်အမတ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တသားတည်း ရှိနေတယ် ဆိုတာကို ပြသချင်တာရယ်ကြောင့် ဒီဆုကို ချီးမြှင့်ရတာပဲ ဖြစ်ကြောင်း ပြောဆိုပါတယ်။

NLD-LA ဂျပန်ဌာနခွဲ အတွင်းရေးမှူး ကိုသောင်းမြင့်ဦးကတော့ GIREN အဖွဲ့ကချီးမြှင့်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံး ရရှိတာဖြစ်ကြောင်း ပြောဆိုပါတယ်။

ကိုသောင်းမြင့်ဦး။ ။ 'အကျိုးသက်ရောက်မှုတွေ၊ အများကြီး ကောင်းတဲ့ အလားအလာတွေ ဖြစ်လာနိုင်စရာ ရှိတယ်။ ဥပမာအားဖြင့် က္ဆွန်တော်တို့ ဗမာ့ ဒီမိုကရေစီရေးကို အကူအညီပေးနေတဲ့ လွှတ်တော်အမတ် သမဂ္ဂရဲ့ အဖွဲ့ဝင်အမတ်အများစုက ဒီမိုကရက်တစ်ပါတီက ဖြစ်တယ်။ အခု ဒီမိုကရက်တစ် ပါတီမှာ ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို လေးလည်း လေးစားတယ်၊ တလျှောက်လုံး အကူအညီပေးနေတဲ့ ဟာတိုးယာမ ဆဲန်ဆေးဆိုလို့ရှိရင် အခု ဒီမိုကရက်တစ် ပါတီမှာ သူက ဥက္ကဋ္ဌ ဖြစ်သွားပြီ။ သူတို့ပါတီက အာဏာရလာရင် သူက ဝန်ကြီးချုပ်ဖြစ်မယ်။ ဒီ က္ဆွန်တော်တို့ အတိုက်အခံပါတီက အနိုင်ရဖို့ အလားအလာ ရှိနေတယ်။ အဲလိုမျိုးတွေဆိုရင် ဗမာ့ ဒီမိုကရေစီရေးအတွက် က္ဆွန်တော်တို့ ဒီအာရှမှာ အင်မတန်မှ ကြီးမားတဲ့ တွန်းအားပေးမှုကြီးတွေ၊ အကောင်အထည် ဖော်ဆောင်မှုတွေ ဖြစ်လာမယ်လို့ က္ဆွန်တော့အနေနဲ့ ယုံကြည်တယ်။'

ဂျပန်နိုင်ငံမှာတော့ လက်ရှိ အာဏာရပါတီဟာ လစ်ဘရယ် ဒီမိုကရက်ပါတီ LDPဖြစ်ပြီး အင်အားအကြီးဆုံး အတိုက်အခံပါတီကတော့ ဒီမိုကရက်တစ်ပါတီ (ဂျပန်) DPJပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ဂျပန် လွှတ်တော်အမတ်များ သမဂ္ဂ GIREN အဖွဲ့ထဲမှာတော့ ဒီမိုကရက်တစ်ပါတီ (ဂျပန်) ရဲ့ လွှတ်တော်အမတ်တွေက အများစု ပါဝင်ကြပါတယ်။

တီဟီရန် ဆန္ဒပြမှုကြောင့် Family Entertainment မှ CNN ရုပ်သံလိုင်းကို ကြည့်ရှုခွင့်ပိတ်
၁ရ ဇွန် နေပြည်တော်၊ ၊ညွန့်သက်ထားဦး

Junta Cut Off CNN Coverage Iran Cause

မဲဆောက်ရှိ မြန်မာ လက်ဖက်ရည်ဆိုင်များကမူ ဒီဗီဘီ ရုပ်သံလိုင်းကို ပြသခြင်းဖြစ် စားသုံးသူ များပြားလာရန် ဆွဲဆောင်ကြသည်
အီရန် ရွေးကောက်ပွဲ ရလာဒ်ကို မကျေနပ် သဖြင့် တီဟီရန် တွင် ကျောင်းသား နှင့် ပြည်သူများ ဆန္ဒပြမှု ဖြစ်ပွားပြီးကတည်းက ထိုသတင်းအစီအစဉ်များကို ထုတ်လွှင့်ပြသနေသည့် အမေရိကန် နိုင်ငံ စီအန်အန် ရုပ်သံအစီအစဉ် ကို ဖမ်မလီ အန်တာတိန်းမန့် Family Entertainment မှာ ထုတ်လွင့်ပြသနေ သည့် နိုင်ငံခြားရုပ်သံလိုင်းများ အစီအစဉ် မှ ရပ်နားထားလိုက်သည်
ဟု သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဖော်အဲဘားဂရု(ပ်) ကုမ္ပဏီတို့၏ ဖန်မလီ အင်တာ တိန်းမန့်  ဂြိုဟ်တု ရုပ်သံဖမ်းစက်များ ဖြငCNN/ STAR MOVIE/ STAR WORLD / DISCOVERY/ NATIONAL GEOGRAPHIC/ ADVENTUR ONE / MTV/ EURO SPORT/ CHANNEL [V]/ ANIMAL PLANET/ CARTOON NETWORK/ DISCOVERY TRAVEL & LIVING / 5 MOVIE/ 5 CARTOONS / STAR SPORT/ ESPN/ 5 SERIES/ CCTV စသည့်နိုင်ငံတကာ ရုပ်သံ ၁၉လိုင်းနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီက စမ်းသပ်ထုတ်လွှင့် နေသော ရုပ်သံလိုင်းအများအပြားကို ဖမ်းယူနိုင်ကြောင်း သိရသည်။

ဖမ်မလီ အခပေးရုပ်သံလိုင်းမှ စီအန်အန် ရုပ်သံချယ် နယ်ကို ကြည့်ရှု၍ မရတော့သည့် ကုန်သည်
တစ်ဦးက “ကျွန်တော်တို့ က တစ်နှစ်စာ သုံးသိန်း လောက် အခွန်ဆောင် ထားရတာ စီအန်အန် ကိုကြည့်တဲ့သူ အများဆုံးပဲ အခု အဲဒီလို ဖြတ်ချလိုက်တော့ ဘယ်တရားပါ့မလဲ ပိုက်ဆံကျတော့ ယူသေးတယ် လိုင်းကျတော့ အစုံ မပြချင် ဘူး ” ဟု ပြောသည်။

၂၀၀ရ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ အတွင်းတွင် လည်း စစ်အစိုးရက နိုင်ငံတကာ ဂြိုလ်တုရုပ်သံလိုင်းဖြစ် သော စီအန်အန် ကို ဖြတ်တောက်ခဲ့သည်။ထိုသို့ စီအန်အန် ရုပ်သံလိုင်း ကို ဖမ်မလီရုပ် သံအစီအစဉ် မှ ကြည့်ရှုခွင့် ဖြတ်တောက်ခြင်းမှာ လက်ရှိ မြန်မာ နိုင်ငံရေး မငြိမ်သက် မှု များဖြစ်နေ ချိန် တွင် အီရန် လူထု အုံကြွမှု မှာ မြန်မာ လူထု အတွက် စိတ်အားတက်ကြွဖွယ်ရာ ဖြစ်မည် ဆိုးသော ကြောင့် ဟု ပန်းဆိုးတန်း လမ်းရှိ စတိုးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အခပေးကြည့်ရှုရ သော ဖမ်မလီ အန်တာတိန်း မန့်မှ ရုပ်သံ အစီအစဉ် ကို ကြည့်ရှုသူများမှာ စ
လောင့်း်တပ် ဆင်ခ အခွန် ဈေးကြီးသောကြောင့် ဖြစ်သည် ဟု ဗီဒီယို ဒါရိုက်တာ တစ်ဦးက Freedom News Group သို့ ပြောသည်။တီဟီရန် တွင် အစိုးရ ဆန့် ကျင်ရေး အုံကြွမှု စတင် ကတည်းက စီအန်အန် ရုပ်သံလိုင်းအစီအစဉ်ကိုဖြတ်တောက် ထားသလို ရပ်ကွက်တွင်းရှိ လက်ဖက်ရည် ဆိုင်များ နှင့် ဘီယာ ဆိုင်များတွင် လည်းဖျော်ဖြေရေး နှင့် ဘောလုံးပွဲ အစီအစဉ် များမှ လွဲ၍ နိုင်ငံတကာ ရုပ်သံ လိုင်းအစီ အစဉ်များကို ပြသခြင်းမပြူရန် အာဏာပိုင် များက လက်ဖက် ရည်ဆိုင် ပိုင်ရှင်များကို ညွှန်ကြားထားသည်။

တီဟီရန် တွင် မူ အီရန် အစိုးရက နိုင်ငံခြားသတင်းထောက်များ အား သတင်းယူခွင့် သာ မပြုသော် လည်းနိုင်ငံခြားရုပ်သံ လိုင်းအစီအစဉ် များအားဖြတ်တောက် ထားခြင်းမရှိချေ။

မြန်မာလူ ထုမှာ အီရန် နိုင်ငံတွင် ဖြစ်ပွာနေသော ပိုမိုအားကောင်းလာသည့် အစိုးရ ဆန့် ကျင်ရေး
အုံကြွမှု သတင်းများကို စိတ်ဝင်စားကြသဖြင့် အင်တာနက် ဆိုင်များ ၊ရေဒီယို အစီအစဉ်များတွင်
လည်းကောင်း ဖမ်းယူကြည့်ရှုမှု ပြုကြသည်။

စစ်အစိုးရသည် ရုပ်သံလိုင်းများ ကြည့်ရှု ခွင့်ကို ပိတ်ပင်ရုံသာမက တစ်ကိုယ်ရည် နားထောင်၍ ရ
သော ရေဒီယို များလိုင်စင် မယူဘဲ နားထောင်ပါက ကြိုးမဲ့ ကြေးနန်း ဥပဒေ နှင့် အရေးယူ ခံရမည်ဟု ကြေညာထားသည်။

အီရန် ဆန္ဒပြမှု ပိုမိုအားကောင်းလာ၊ရေနံစိမ်း ဈေးနှုန်းမြင့်တက်
၁၇ ဇွန် တီဟီရန်၊ ၊စီအန်အန်
World oil markets on edge as poll protests rock Iran

်47511205သမ္မတာ မာမွတ် အာမာဒီနီဂျက် ရှရုားနိုင်ငံ ကိုရောက်ရှိ နေတုန်းမှာ အီရန် ဘာသာရေးခေါင်းဆောင်ခိုမေနီက မဲရလဒ် ကို ပြန်လည် ရေတွက် ပေးပါမယ် လို့ ကြေညာခဲ့ပါတယ်။ တနင်္လာနေ့ ညက တီဟီရန် မှာ ဆန္ဒပြသူ ရှစ်ဦးထက် မနည်းကို အီရန် တော်လှန်ရေး အစောင့် တပ်က လေ့ ကျင့်ပေးထားတဲ့ Basij ဆိုတဲ့ လက်မရွှံ တွေက ပစ်သတ်လို့ သေဆုံးမှု တွေ ဖြစ်ခဲ့ပေမယ့် အင်္ဂါ နေ့ မှာ တော့ ဆန္ဒပြပွဲ တွေ ဟာ ပိုအားကောင်း လာခဲ့ပါတယ်။

အီရန် မှာ ရွေးကောက်ပွဲ ရလာဒ်ကို မကျေနပ်ကျတဲ့ ပြည်သူလူထုရဲ့ အုံကြွမှု စတင်တဲ့ လေးရက် မြောက် နေ့ မှာ ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းဟာ တစ်စည် ကို ၇၁ ဒေါ်လာထိ ထိုးတက် သွားပါ တယ်။အင်္ဂါေ န့ညနေ မှာ တော့ တီဟီရန် မြို့ လည်မှာ အာမာဒီနီဂျက်ကို ထောက်ခံသူတွေ ကလည်း ဆန္ဒပြချီတက် ကြတာမို့ မြို့ တော် တီဟီရန် ဟာ ဆန္ဒပြမှု တွေ နဲ့ ခြိမ့် ခြိမ့်သဲ ဖြစ်နေတယ် လို့ တီဟီရန် ကလာတဲ့ စီအန်အန် သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။

အီရန် အစိုးရကလည်း နိုင်ငံခြားသတင်းထောက် တွေ ကို လုံးဝဓာတ်ပုံ ရိုက်ခွင့် နဲ့ သတင်းယူခွင့် မပေးတဲ့ကြား ကနေ အီရန် ပြည် သူ လူထုရဲ့  လှုပ်ရှားမှု သတင်း ဓာတ်ပုံတွေ ၊ဗီဒီယို တွေ ဟာနိုင်ငံတကာ သတင်းဌာန ကြီးတွေ ဆီ ရောက်ရှိနေဆဲ ဖြစ်ပါတယ်။

အီရန် အစိုးရက ယခင် ဒုသမ္မတ ဟောင်း အပါအ၀င် မူဆာဗီ ကိုထောက်ခံတဲ့ လူ၅၀၀ ကျော်လောက်နဲ့ ကျောင်းသား ကျောင်းသူ နှစ်ရာ ကျော်လောက် ကို ဖမ်းဆီးထားပေမယ့် ဆန္ဒပြမှု တွေ ပိုအားကောင်းလာတာကြောင့် အီရန် အာဏာပိုင် တွေ အနေ နဲ့ ၎င်း တို့ ရဲ့ အာဏာ ဟာ ခြိမ်းခြောက်ခံနေရပြီလို့  ကိုင်ရို သတင်းစာတစ်စောင် ကရေးသားဖေါ်ပြထားပါတယ်။
အီရန် နိုင်ငံသားတွေ ဟာ သတင်းအမှောင်ချထားခြင်းခံနေရပေမယ့် ဆိုရှယ် နက်ဝခ်တွေ ဖြစ်တဲ့ Twitter ,Face Book တို့ ကနေ အဆက်အသွယ် ပြုလုပ်တာတို့ ပြင်ပကမ္ဘာ ကို သတင်းပို့ တာတို့ ကို ထိထိရောက်ရောက် လုပ် နိုင်ကြပါတယ်။

အစိုးရကတော့ မထင်မှတ်ထားတဲ့ ဆန္ဒပြမှု တွေ ကြောင့် အတော့်ကို အကျပ်ရိုက်နေ ပေမယ့် လူရာပေါင်းများစွာဖမ်းဆီးမှု မှာ သတင်းထောက် ဆယ်ဦးနဲ့ နိုင်ငံခြားသားတစ်ဦးပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသားသတင်းထောက် တွေ ကိုတော့ သူ တို့ ရဲ့ တည်းခိုရာ ဟိုတယ် တွေ ရုံးတွေကနေ အပြင် ကို ပေမထွက် ပဲ အကျယ်ချုပ် သဘောမျိုးလုပ် ထားတယ် လို့ စီအန်အန် သတင်းမှာ ဖေါ့်ါ
ပြထားပါတယ်။
မြန်မာ နိုင်ငံက ကျပ်ပြေး နေပြည်တော်မှာ တော့ အီရန် ရွေးကောက်ပွဲ ဆန္ဒပြမှု ဂယက် ကြောင့်စစ်ဗိုလ်ချုပ် တွေ ဟာ ၂၀၁၀ရွေး ကောက်ပွဲ နဲ့ ပတ်သက်ပြီး တုံဏှိဘာဝေ ဖြစ်နေ တယ်လို့ သိရပါတယ်။

NEJ / ၁၇ ဇွန် ၂၀၀၉
မြန်မာ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရကို ဖိအားပေးရန် လက်မှတ်ရေးထိုး တောင်းဆိုထားချက်ကို ကုလသမဂ္ဂက လက်ခံရရှိထားပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။

မြန်မာ့နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B)နှင့် မြန်မာ့ဒီမိုကရက်တစ်အင်အားစုအဖွဲ့ (FDB) တို့က ဦးဆောင်၍ မတ်လ (၁၃) ရက်တွင် စတင်ခဲ့ကြပြီး ဇွန် (၁၅) ရက်၌ ကမ္ဘာတ၀ှမ်းမှ လူပေါင်း (၆၇၀,၀၀၀) ကျော် စုပေါင်း လက်မှတ်ရေးထိုးတောင်းဆိုချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ပေးပို့ခဲ့ကြခြင်းဖြစ်သည်။

ယင်းတောင်းဆိုချက်ကို ကုလအတွင်းရေးမှူးချုပ်ရုံးမှ အရာရှိတဦးက လက်ခံရယူခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကလည်း ယမန်နေ့ကပင် လက်ခံရယူခဲ့ပြီဖြစ်ကြောင်း ကုလပြောရေးဆိုခွင့် ရှိသူ မိုက်ကယ်မွန်တက်စ်က ပြောသည်။

အဆိုပါတောင်းဆိုချက်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရေးသည် မြန်မာ့ဒီမိုကရေစီရေးနှင့် လွတ်လပ်ခွင့်အတွက် အဓိကကျသော ခြေလှမ်းတရပ်ဖြစ်ကြောင်း၊ ယင်းကိစ္စကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဦးစားပေးမှုအဖြစ်သတ်မှတ်ကာ မြန်မာစစ်အစိုးရကို တွန်းအားပေးသင့်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့နိုင်ငံပေါင်း (၂၂၀) မှ လူပေါင်း (၆၇၀,၀၀၀) ကျော် စုပေါင်းလက်မှတ်ရေးထိုးခဲ့သော မြန်မာ့နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှုတွင် ချက်နိုင်ငံသမ္မတဟောင်း ဗားကလတ်ဗ် ဟာဗဲလ် (Valclac Havel) ကဲ့သို့သော ထင်ရှားသူများလည်း ပါဝင်သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုစတင်စဉ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ချထားခံနေရပြီး ယခုအခါ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် နအဖစစ်အစိုးရက အင်းစိန်ထောင်ရှိ တံခါးပိတ် တရားခွင်တွင် ရုံးတင်စစ်ဆေးနေသည်။

နအဖစစ်အစိုးရ၏ တရားရုံးက အပြစ်ရှိသည်ဟုဆိုကာ ပြစ်ဒဏ်ပေးခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် (၅) နှစ်အထိကျခံရဖွယ်ရှိသည်။




NEJ / ၁၇ ဇွန် ၂၀၀၉
line


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာဝင်း အတွင်းတွင် ထုလုပ်နေသော လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းတော်နေရာ၌ လူ၏ဦးနှောက်ပုံသဏ္ဌာန် ပေါ်ထွက်လာသောကြောင့် လူအများအပြား သွားရောက်ဖူးမြော်လျက် ရှိကြသည်။

ပြီးခဲ့သည့်မေလအတွင်း လေပြင်းတိုက်သဖြင့် လဲကျသွားသည့် ကုက္ကိုပင်ကြီးကို ဘုရားဆင်းတုတော် ထုလုပ်နေခြင်းဖြစ်ပြီး ယင်းသို့ ဆင်းတုတော် ထုလုပ်နေသည့် ကုက္ကိုပင်ကြီး၏ ပင်စည်အတွင်းတွင် ထူးဆန်းစွာ အမြစ်များဝင်ရောက်ဆန်တက်နေကြကာ အမြစ်များက လူဦးနှောက်ပုံ ဖြစ်နေခြင်း ဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ ဖူးမြော်ခဲ့ရသူ ပုသိမ်ကြီးမြို့ခံတဦးက ရှင်းပြသည်။

မန္တလေးသားတဦးကလည်း “ကျနော်တို့ကတော့ ဦးနှောက် ပေါ်တယ်ဆိုလို့ သွားတယ်။ တကယ်လည်း ကြည်ညိုစရာကောင်းတယ်။ ပန်းပုထုနေသူတွေကတော့ မကြာခင် ပြီးမယ် ပြောပါတယ်” ဟု ပြောသည်။

အသက် (၆၀) အရွယ်ရှိ ပန်းပုဆရာတဦးက “ဒီအပင်က လွန်ခဲ့တဲ့ မေလတွင်းက လေပြင်းတိုက်တော့ မန္တလေး အောင်မြေသာဇံရပ်၊ ယွန်းဝင်းဓမ္မာရုံဝင်းအတွင်းမှာ လဲကျသွားတဲ့ အပင်ကြီးပဲ။ အနှစ် (၁၀၀) ကျော်လောက်ပြီ။ ထူးဆန်းတာက အမြစ်က မြေကြီးမှာပဲ ရှိရမှာ ဖြစ်ပေမယ့် အခုက အမြစ်တွေအားလုံး အပင်ရဲ့ အတွင်းထဲမှာပဲ ပြန်ဝင်နေကြတယ်။ ဆန်တက်နေကြတဲ့ သဘောပေါ့။ လောကီ သဘောအရတော့ ဒီလိုဖြစ်စဉ်မျိုးကို အကောင်း သဘောပြတယ်။ ဒါ့ကြောင့် လောကီသားတွေအနေနဲ့ အဆောင်လို အသုံးပြုဖို့ကို အားသန်ကြတယ်” ဟု ပြောသည်။

အနှစ် (၃၀) ခန့်  ပန်းပုထု အတွေ့အကြုံရှိသူတဦးက “ဒီလို ကိစ္စမျိုးဆိုတာက သဘာဝအရ ဖြစ်တတ်တယ်။ ဒါပေမယ့် တွေ့ဖို့က ခဲယဉ်းတယ်။ အသက် (၈၀) လောက် လူတွေတောင် ဒီလိုဖြစ်ရပ်မျိုးကို မကြုံဖူးကြဘူး။ ပန်းပုဆရာတွေ ဆိုရင်လည်း ဒီအတိုင်းပါပဲ။ မန္တလေးမှာကတော့ မကြုံဖူးကြတာ အမှန်ပါ” ဟု ပြောသည်။

ယခုအခါ အဆိုပါ ဘုရားဆင်းတုတော် ထုလုပ်နေသော ပင်စည်အတွင်းသို့ ဆန်တက်နေသော အမြစ်တို့အား မန္တလေးမြို့ ကြံ့ဖွံ့အဖွဲ့အစည်းတို့က လာရောက် ကြည့်ရှုကြကြောင်း၊ ဗုဒ္ဓဆင်းတုတော်နဲ့ ပတ်သက်၍ မည်သို့ ညွှန်ကြားမည်ကို မသိရသေးကြောင်း ဘုရားထုလုပ်နေသူများနှင့် နီးစပ်သူများထံမှ သိရသည်။

“အခု ကြံ့ဖွံ့တွေ လာတယ်လေ။ အဆောင်လိုမျိုး ဆောင်ဖို့အတွက် အမြစ်တွေကို လိုချင်သူတွေ ရှိနေတယ်လို့ သိရတယ်။ ရာထူး၊ အာဏာတွေ တည်မြဲရေးအတွက်ကျတော့ ဒီလိုဖြစ်ရပ်တွေက လောကီ အယူအဆအရတော့ အဆောင်ကောင်းတခုပါပဲ” ဟု မန္တလေး မဟာမြတ်မုနိ ဘုရားကြီးအနီးမှ ဗေဒင်ဆရာတဦးက ပြောသည်။

စစ်ဖက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အပေါ်သို့ ဆန်တက်သော အမြစ်အား အဆောင်အဖြစ် ယူလိုဟန်ရှိပြီး ဗုဒ္ဓဆင်းတုတော်အားလည်း တနေရာတွင် ပင့်ဆောင်ပူဇော်လိမ့်မည်ဟုဒေသခံများကယူဆနေကြသည်။




မင်းနိုင်သူ / ၁၇ ဇွန် ၂၀၀၉
line


ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေခေါ်ယူခွင့် ပြင်ဆင်ရေး လျှောက်လဲချက်ကို ဗဟိုတရားရုံးက ယနေ့ကြားနာခဲ့ပြီး အမှုကို လက်ခံရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

“မနက် (၁၀) နာရီမှာ ရှေ့နေကြီး ဦးကြည်ဝင်းက အမှုလက်ခံရေးအတွက် (၄၅) မိနစ်လောက်ကြာတဲ့ လျှောက်လဲ ချက်ပေးပါတယ်။ (၂) နာရီလောက်မှာ အမှုကိုလက်ခံတယ်ဆိုတဲ့ အမိန့်ထွက်ပါတယ်” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

ဗဟိုတရားရုံးတွင် နှစ်ဘက်ရှေ့နေများ အပြန်အလှန် လျှောက်လဲရမည့် ရက်ချိန်းကို သောကြာနေ့တွင် သိရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် မေလ (၁၈) ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး နောက် တရားလိုဘက်မှ သက်သေ (၁၄) ဦး တင်သွင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း (၁) ဦးသာ သက်သေထွက်ဆိုခွင့်ရသဖြင့် ရန်ကုန်တိုင်းတရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားခဲ့ရာ ရန်ကုန်တိုင်းတရားရုံးက နောက်ထပ် သက်သေ (၁) ဦးကိုသာ ထွက်ဆိုခွင့်ပြုခဲ့သည်။

ရန်ကုန်တိုင်းတရားရုံး၏ ဆုံးဖြတ်မှုကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ဗဟိုတရားရုံးသို့ အယူခံထပ်မံတင်သွင်းခဲ့ရာ ဗဟိုတရားရုံးက ယနေ့ လက်ခံလိုက်ခြင်းဖြစ်သည်။

ယနေ့ဗဟိုတရားရုံး အနီးတ၀ိုက်တွင် လုံခြုံရေးတင်းကျပ်စွာချထားကြောင်း ရန်ကုန်မြို့ခံအချို့က ပြောသည်။

ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦးက “ကား (၇) စီးလောက် အဆင်သင့် ရပ်ထားတယ်။ စုစုပေါင်း ရဲအင်အား (၁၀၀) ကျော် ရှိမယ်။ နောက် ဂျစ်ကား၊ ရိုးရိုးကား၊ တက္ကစီလို ကားတွေထဲမှာလည်း ရဲအရာရှိတွေ၊ ရဲတပ်သားတွေကို တွေ့ရတယ်။ တရားရုံးတဝိုက် လမ်းဘေး လက်ဖက်ရည်ဆိုင်တွေမှာတော့ အရပ်ဝတ် ရဲ၊ ရဲထောက်လှမ်းရေးနဲ့ စွမ်းအားရှင်လို့ ယူဆရသူတွေကို အများကြီးချထားတယ်” ဟုပြောသည်။




NEJ / ၁၇ ဇွန် ၂၀၀၉
line


ဒေါ်အောင်ဆန်းစုကြည်၏အမှုတွင် လွတ်လပ်ပြီးတရားမျှတမှုရှိရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (၅) ဦးက ဇွန်လ (၁၆) ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည့် အထူးကိုယ်စားလှယ် (၅) ဦးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်ကင်တားနား၊ တရားမဲ့ဖမ်းဆီးချုပ်နှောင်မှု များဆိုင်ရာ ကုလသမဂ္ဂအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ် မစ္စ မန်နျူးလား ကင်မင်နာ ကက်စ်တရီလို၊ ကုလသမဂ္ဂတရားသူကြီးများနှင့်ရှေ့နေများ လွတ်လပ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ လီယင်ထရို ဒက်စ်ပွိုင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စမာဂရက် ဆာကာဂရာနှင့် လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် အခွင့်အရေးကာကွယ်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဖရင့် လာရူးတို့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့အမှုသည် အမှန်အကန်မဖြစ်ဘဲ တရားဥပဒေလုပ်ထုံး လုပ်နည်းများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းခံနေရသည်ဟု မစ္စတာ လီယင်ထရို ဒက်စ်ပွိုင်က ကြေညာချက်တွင် ပြောကြားထားသည်။

ထို့အပြင် တရားခွင်တွင် အများအားဖြင့် တံခါးပိတ်ကြားနာစစ်ဆေးမှုများသာ ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာများ အနေဖြင့် စွပ်စွဲခံရသူများ၏ရှေ့နေများနှင့် လွတ်လပ်စွာပြောဆိုမေးမြန်းခွင့် မရရှိကြောင်း မစ္စတာ ဒက်စ်ပွိုင်က ထောက်ပြပြော ဆိုကာ “တရားဥပဒေစိုးမိုးတဲ့ ဘယ်နိုင်ငံမှာမဆို လွတ်လပ်တဲ့ တရားဥပဒေအရ စီရင်ဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေလိုက်ခွင့် တဦးတည်းကိုသာ အရင်ခွင့်ပြုခဲ့ပြီး နောက်ပိုင်း သက်သေတဦး ထပ်မံခွင့်ပြုခဲ့သော်လည်း အစိုးရဘက်မှ သက်သေများကိုမူ (၁၄) ဦး ခွင့်ပြုခဲ့ကြောင်း၊ တရားရုံးတွင် အမှုနှင့်ပတ်သက်၍ သက်သေထွက်ဆိုနိုင်သူ မျက်မြင်သက်သေ အားလုံးကို ထွက်ဆိုခွင့်ပေးသင့်ကြောင်းလည်း ၎င်းက ပြောကြားသည်။

တရားရုံးအနေဖြင့် တရားစီရင်မှုကို တရားမျှတစွာ လုပ်ဆောင်ရန်ဝတ္တရားရှိပြီး ဥပဒေကြောင်းအရ အစွပ်စွဲခံရသူအား ခုခံချေပခွင့်နှင့် ကာကွယ်ပိုင်ခွင့် အပြည့်အ၀ပေးရန်လည်း လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်များက ကြေညာချက်တွင် ဖော်ပြထားသည်။

မေလ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထားခြင်းသည် နိုင်ငံတကာစံချိန်စံညွှန်းများအရ တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်လည်း ကြေညာချက်တွင် တောင်းဆိုထားသည်။

ယင်းသို့ ကုလသမဂ္ဂလူ့အခွင့်ရေးအထူးကိုယ်စားလှယ် (၅) ဦး၏ သဘောထားထုတ်ပြန်မှုနှင့် စပ်လျဉ်း၍ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အဲဒီ သဘောထားထုတ်ပြန်ချက်ကို အန်အယ်လ်ဒီအနေနဲ့ ဒီနေ့ ဖတ်ရပါတယ်။ ဒီလိုတိုက်တွန်းပြောဆိုထားတဲ့ အပေါ်မှာလည်း အန်အယ်လ်ဒီဘက်က ကြိုဆိုပါတယ်” ဟု ပြောသည်။

လွတ်လပ်ပွင့်လင်း၍ အများပြည်သူတက်ရောက်နားထောင်နိုင်သော တရားခွင်ဖြစ်ရန် အန်အယ်လ်ဒီဘက်က ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း ယခုအထိမရရှိသေးဟု ၎င်းကပြောသည်။




ဝီရ/ ၁၇ ဇွန် ၂၀၀၉
line


နအဖစစ်အစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် ကရင်ပြည်နယ်မှ ထိုင်းနယ်စပ်သို့ ရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များ တွင် ကျောင်းနေအရွယ် အသက် (၁၃) နှစ်အောက် ကလေးငယ် (၈၀၀) ကျော် ပါဝင်ကြောင်း ကရင်အမျိုးသမီးအဖွဲ့ (ကေဒဗလျူအို) က ထုတ်ပြန်သည့် ယမန်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ကေဒဗလျူအိုမှ ပြောရေးဆိုခွင့်ရှိသူ နန်းဒါးအဲ့ကလယ်က “အခု အဲဒီကလေးတွေရဲ့ ပညာရေးပိုင်းကို ကျမတို့ အသေးစိတ် ဆွေးနွေးနိုင်ကြတာ မရှိသေးဘူး။ ပညာရေးအပိုင်းနဲ့ ပတ်သက်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မှလည်း မဆွေးနွေးရသေးဘူး။ ဘာလို့လဲဆိုတော့ ထွက်ပြေးလာတဲ့သူတွေရဲ့ ကျန်းမာရေးကို ပထမ ဦးစားပေးအနေနဲ့ ကျမတို့ ပိုအာရုံစိုက်နေရတယ်။ ရာသီပြောင်းလဲချိန်လည်း ဖြစ်နေတော့လေ။ ပြီးတော့ အစားအစာနဲ့ ရေလုံလောက်
အောင် နေရာချထားရေးဘက်မှာ တတ်နိုင်သလောက် အဆင်ပြေအောင်ပဲ ကျမတို့ အခု ကြိုးပမ်းနေရပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယခုလ (၂) ရက်နေ့မှစ၍ နအဖစစ်တပ်မှ တပ်ရင်း (၅) ရင်းနှင့် ဒီကေဘီအေတပ်ဖွဲ့မှ တပ်ရင်း (၃) ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ထိုဒေသရှိ ရွာပေါင်း (၂၀) မှ လူဦးရေ (၄,၀၀၀) နီးပါး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ယခုတိုက်ခိုက်မှုသည် မိုးတွင်းဖြစ်သောကြောင့် စစ်ပြေးဒုက္ခသည်တို့အတွက် ပြည့်စုံဖူလုံသော ကျန်းမာရေး စောင့်ရှောက်မှုနှင့် နေရေးထိုင်ရေးတို့ကို စိုးရိမ်ပူပန်နေရသောကြောင့် လောလောဆယ် ပညာရေးအတွက် အာရုံမစိုက်နိုင်သေးဘဲ ဒုတိယ ဦးစားပေးအနေခြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း နန်းဒါးအဲ့ကလယ် က ပြောသည်။

နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာသူများထဲတွင် နို့စို့အရွယ် ကလေးငယ်များအပါအဝင် ကိုယ်ဝန်ဆောင်မိခင် အယောက် (၂၀) ခန့် ပါဝင်နေ၍ မြန်မာနအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား ချက်ချင်း ရပ်တန့်ရန် နိုင်ငံတကာအနေဖြင့် မြန်မာစစ်အစိုးရကို ဖိအားပေးကြရန် ကေဒဗလျူအိုက တောင်းဆို ထားသည်။

“လူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာနေကြတာ ခြေကုန်လက်ပန်းကျကုန်ပြီ။ နှစ်ရက်သားကလေးငယ်ကို သယ်ပိုးပြေးလွှားခဲ့ရတဲ့ မိခင်တဦးရဲ့ ရင်ဆိုင်ဖြတ်သန်းမှုကို တွေ့ရတော့ ဝမ်းနည်းမိသလို နအဖနဲ့  ဒီကေဘီအေ တို့ရဲ့ တိုက်ခိုက်မှုကိုလည်း ဒေါသဖြစ်မိတယ်” ဟု ကေဒဗလျူအိုမှ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်းနိုက်ဇန်က အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။




NEJ / ၁၇ ဇွန် ၂၀၀၉
line


မေလ (၄) ရက်နေ့ ညနေ (၆) နာရီခန့်တွင် ပျက်ကျခဲ့သော မုံရွာမြို့ရှိ ဗောဓိတထောင် ရပ်တော်မူရုပ်ပွားတော်ကြီး အတွင်းရှိ လုပ်ငန်းသုံး ၀န်ချီစက်မှာ (ဓာတ်လှေကား) လျှပ်စစ်ပြတ်တောက်မှုကြောင့် ဖြစ်သည်ဟု ဗောဓိတထောင် ဘုရား ဂေါပကအဖွဲ့ဝင်တဦးက ပြောသည်။

ဝန်ချီစက် ချို့ယွင်းနေမှုကြောင့် မဟုတ်ဘဲ လျှပ်စစ်ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီ ၀န်ချီစက်ကို ဘုရားကြီးမှာ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေရှိနေသေးတဲ့အတွက် အသုံးပြုနေရဆဲ ဖြစ်ပါတယ်။ မီးက ပြတ်လိုက် လာလိုက် ကိစ္စကိုလည်း လူတိုင်းအသိပါပဲ။ မီးပြတ်ရင်တော့ မီးစက်ကို အသုံးပြုရတာပေါ့လေ။ ဒါနဲ့ပဲ မီးပြတ်သွားတော့ ၀န်ချီစက်ကို ပိတ်မထားမိဘူး။ မီးပြန်လာတော့ ၀န်ချီစက်က အပွင့်ကြီး ဖြစ်နေတယ်။ အပေါ်ကို ပြန်တက်သွားတယ်။ အဲဒီအခါ ၀န်ချီစက်မှာ အသုံးပြုတဲ့ ကြိုးဟာ ရစ်ဘီးထဲမှာ ခေါက်ဝင်နေတယ်။ ဆရာတော်တွေအတွက် ၀န်ချီစက်ကို အသုံးပြုမယ်ဆိုတော့ အတင်အချ စမ်းသပ်ပါသေးတယ်။ အကောင်းလို့ပဲ ထင်တာပေါ့လေ။ ဒါနဲ့ပဲ ရတယ်ဆိုပြီးတော့ စီးကြတော့တာပါ။ ကြိုးက ရစ်ဘီးထဲကို ၀င်နေတော့ ၀န်ချီစက် ရစ်ဘီးနဲ့ မော်တာကြားမှာ မူလီတလုံး ပြုတ်သွားတာလေ။ ကြိုးနဲ့ ငြိပြီးတော့ ပြုတ်တာဖြစ်မယ်။ အဲဒီအချ ဆရာတော်တွေ စီးလာတဲ့ ၀န်ချီစက်ဟာ အပေါ်ကနေ တခါတည်း လွှတ်ချလိုက်သလို ဖြစ်သွားတော့တာပဲ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ဗောဓိတထောင် ရပ်တော်မူဘုရားရုပ်ပွားတော်မှာ ကမ္ဘာတွင် အကြီးဆုံးဖြစ်ပြီး နာမည်ကြီးဘုရား ဖြစ်သည့်အတွက် ယင်းဖြစ်ရပ်နဲ့ ပတ်သက်၍ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအတွင်း ပြည်သူများက စိတ်မချမ်းမြေ့ ဖြစ်နေကြကြောင်း မုံရွာမြို့ခံတဦးက ပြောသည်။

ယခုအခါ ၀န်ချီစက် ပြုတ်ကျရာတွင် ပါဝင်ခဲ့သော ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒဓိကနှင့် ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) တို့ အပါအ၀င် တပည့် ဒါယိကာ (၈) ဦးတို့ကို မန္တလေး ပြည်သူ့ဆေးရုံကြီး၊ အရိုး အကြောကုဌာနတွင် ကုသပေးလျက် ရှိကြောင်း၊ ခွဲစိတ်ကုသမှုများ ပြုလုပ်ပြီး ချုပ်ရိုးများ ဖယ်ရှားပြီးနောက်တွင် ဆေးရုံက ဆင်းခွင့်ပေးမည် ဖြစ်ပြီး သတင်းသုံးသော ဘုန်းတော်ကြီးကျောင်းတွင် (၃) လခန့် အနားယူမှု ပြုလုပ် ရမည်ဖြစ်ကြောင်း မန္တလေးဆေးရုံ၏ တာဝန်ကျဆရာဝန်တဦးကပြောသည်။

ဗဟိုတရားရုံးမှ တရားခံပြ သက်သေများကို လက်ခံရန် ပြင်ဆင်မှု လက်ခံ Print E-mail
မုံပီး
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 17 2009 21:31 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တင်ပြသော တရားခံပြသက်သေ ၂ ဦး ကို လက်ခံရန် လျှောက်ထားမှုကို ဗဟိုတရားရုံးက ယနေ့ လက်ခံလိုက်ပြီဖြစ်သည်။ သူတို့သည် အင်းစိန်ထောင်ရှိ အောက်ရုံးနှင့် ရန်ကုန်တိုင်း တရားရုံးတို့က ပယ်ချခဲ့သည်။

အဆိုပါ တရားခံပြသက်သေ ၂ ဦးကို ပယ်ချခဲ့သည့် အောက်ရုံးဖြစ်သည့် ခရိုင်ရုံး၏ အမိန့်ကို ပြင်ဆင်ပေးရန် ဗဟိုတရားရုံးတွင် ပြင်ဆင်မှု တင်သွင်းခဲ့ကာ ယနေ့ လျှောက်လဲချက်ပေးခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သော ဦးဉာဏ်ဝင်းက ပြောသည်။

''သူတို့ ဒီအမှုကို လက်ခံလိုက်တယ်လို့ ဗဟိုတရားရုံးက ပြောပါတယ်။ ဒါကြောင့် ခရိုင်ရုံးရဲ့ အမိန့်ကို ပြင်ဆင်ဖို့ စဉ်းစားမှာ ဖြစ်ပါတယ်'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။

သူတို့အနေဖြင့် လျှောက်လဲချက်ကို ယနေ့ ဒေသစံတော်ချိန် ၁ဝ နာရီက ဗဟိုတရားရုံးတွင် ပေးနိုင်ခဲ့ပြီး ဤအမှုကို လက်ခံကြောင်း ဗဟိုတရားရုံးက ဒေသစံတော်ချိန်တွင် မွန်းလွဲ ၂ နာရီတွင် အမိန့်ချခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ သက်သေ ၂ ဦးကို လက်ခံထိုက်၊ မထိုက် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးရန် နေ့စွဲကို ဗဟိုတရားရုံး ကြော်ငြာသင်ပုန်းတွင် ကပ်ထားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။ ဤသို့ နှစ်ဖက်လျှောက်လဲချက် ပေးပြီးမှ နောက်ဆုံးအမိန့် ချမှတ်မည်ဖြစ်သည်။

အစောပိုင်းကလည်း တရားခံဘက်မှ လျှောက်ထားချက်ကို ရန်ကုန်တိုင်း တရားရုံးက လက်ခံကြားနာခဲ့ပြီး နောက်ထပ် သက်သေတဦးဖြစ်သည့် ဒေါ်ခင်မို့မို့ကို လက်ခံကြောင်း အမိန့်ချမှတ်ခဲ့သည်။ နောက်ထပ် သက်သေ ၂ ဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဝါရင့်သတင်းစာဆရာဖြစ်သူ ဦးဝင်းတင်နှင့် ဒီချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့ကိုမူ အောက်ရုံးဖြစ်သည့် ခရိုင်ရုံးတွင် သက်သေအဖြစ် ထွက်ဆိုခွင့် မပေးဘဲ ပယ်ချခဲ့သည်။ ဦးတင်ဦးသည်လည်း နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဖြစ်သည်။

တရားခံပြသက်သေ ဒေါ်ခင်မို့မို့ကို စစ်ဆေးရန် ဇွန်လ ၂၆ ရက်နေ့ကို ချိန်းဆိုလိုက်ကြောင်း အင်းစိန်ထောင်ရှိ ခရိုင်ရုံးက ဇွန်လ ၁၂ ရက်နေ့တွင် ရက်ချိန်းပေးခဲ့သည်။ သို့သော် ''တရားရုံးရက်ချိန်းက ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ပြောင်းနိုင်ပါသေးတယ်။ ဗဟိုတရားရုံးက အမိန့်မချနိုင်သေးရင် နောက်ထပ် ထပ်ပြီး ရက်ရွှေ့ရဦးမှာပါ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဤအမှုသည် နောက်ထပ် ဇူလိုင် သို့မဟုတ် သြဂုတ်လအထိ ကြာသွားနိုင်ကြောင်းနှင့် တဖြည်းဖြည်း တိုးပွားလာနေသော နိုင်ငံတကာဖိအားနှင့် ပြည်တွင်း မငြိမ်မသက်မှုများ လျော့ပါးသွားသည်အထိ စစ်အစိုးရက စောင့်နေလိုကြောင်း တရားခံဘက်မှ အဆိုပြုတင်ပြထားသည့် သက်သေတဦးဖြစ်သည့် ဦးဝင်းတင်က အစောပိုင်းက မဇ္ဈိမကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ဝင်းအတွင်း ထိန်းသိမ်းထားပြီး သူမသည် သူမနှင့်အတူနေထိုင်သူ ပါတီဝင် နှစ်ဦး၊ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောနှင့်အတူ အင်းစိန်ထောင်ရှိ အထူးတရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

သူမ၏ အင်းယားကန်ဘေးနေအိမ်တွင် အဆိုပါ အမေရိကန်နိုင်ငံသားကို လာရောက်လည်ပတ်ခွင့် ပေးခဲ့၍ဟုဆိုကာ နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုထင်ရှားသည်ဟု စီရင်ဆုံးဖြတ်ခံရပါက ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

ဘူးသီးတောင်ထောင် အရာရှိ ၄ ဦး အလုပ်ဖြုတ်ခံရ Print E-mail
ငြိမ်းချမ်း
အင်္ဂါနေ့၊ ဇွန်လ 16 2009 16:46 - မြန်မာစံတော်ချိန်


ဒါကာ (မဇ္ဈိမ)။ ။ ထောင်တွင်း အခြေအနေများကို ရိုက်ကူးထားသော ဗီဒီယိုခွေ လက်ဝယ်ရှိသူတဦး ဖမ်းဆီးခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဘူးသီးတောင် အကျဉ်းထောင်မှ ထောင်ပိုင် အပါအဝင် အရာရှိ ၄ ဦးကို အကျဉ်းဦးစီးဌာနက အလုပ် ဖြုတ်ပစ်လိုက်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်မှ ထောင်ပိုင် ဦးတင်ထွန်း၊ ထောင်ဆရာဝန် ဦးဌေးဝင်း၊ ထောင်မှူး ဝင်းမောင်၊ အခြားအရာရှိ တဦးဖြစ်သည့် ဦးသိန်းကျော် တို့ကို ဇွန်လ ၇ ရက်နေ့က အလုပ်ဖြုတ်လိုက်ကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်က မဇ္ဈိမသို့ ပြောသည်။

မည်သည့်အကြောင်းကြောင့် အလုပ်ဖြုတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း လွန်ခဲ့သည့်လက အကျဉ်းသားများ နေထိုင် စားသောက်ရသည့် အခြေအနေကို ရိုက်ကူးထားသော မှတ်တမ်းတင် ဗီဒီယိုခွေတခု ပြင်ပတွင် ဖမ်းမိခဲ့ခြင်းနှင့် ဆက်စပ်မှု ရှိနေမည်ဟု ယုံကြည်ရသည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးအပတ်အတွင်းက ထောင်တွင်း အခြေအနေများကို ရိုက်ကူထားသော ဗီဒီယို ခွေကို ဘူးသီးတောင် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီး ရမိခဲ့သည်။ “တိတ်ခွေထဲမှာက ထောင်တွင်း စားရေးသောက်ရေး အခြေအနေတွေ၊ အကျဉ်းသားတွေကို အလုပ်ကြမ်း ခိုင်းနေပုံတွေ ပါတယ်။ အဲဒီအခွေကို ဘူးသီးတောင်ကနေ မောင်တောကိုသွားတဲ့ လူတယောက် လက်ထဲမှာ ဖမ်းမိလိုက်တယ်” ဟု စရဖ သတင်းရပ်ကွက်တခုက ပြောသည်။

ဖမ်းဆီးခံရသူမှာ ဘူးသီးတောင်မြို့နေ ကိုသိန်းဦးဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ယခုအခါ ထောင်လုံခြုံရေးကိုလည်း ယခင်ကထက် တင်းကြပ်ထားကြောင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် ကြိုးစားခဲ့သူတဦးက မဇ္ဈိမသို့ ပြောသည်။

အကျဉ်းထောင်အတွင်း သံဃာတော် ဦးအိသရိယ၊ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် နှင့် မနီနီမေမြင့်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၀ ဦးခန့် ရှိသည်။

ကန့်သတ်ချက်ကြောင့် အွန်လိုင်း ဆိုက်ရောက်ဗီဇာ ခွင့်ပြုမှု နည်းပါး Print E-mail
မောင်မောင်နိုင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 17 2009 18:08 - မြန်မာစံတော်ချိန်


ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံခြား ခရီးသွားများအား ပိုမိုလာရောက်နိုင်ရန် ဆွဲဆောင်သည့်အနေဖြင့် online မှတဆင့် ဆိုက်ရောက်ဗီဇာ လျှောက်ထားခွင့် ပေးသော်လည်း အကန့်အသတ်များ ရှိသောကြောင့် လွန်ခဲ့သည့် ၈ လအတွင်း လျှောက်ထားသူ ဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်သာ ဝင်ရောက်ခွင့်ရကြောင်း သိရသည်။

ဆိုက်ရောက်ဗီဇာ (On arrival visa) ထုတ်ပေးမှုကို ခရီးသွားလုပ်ငန်း ကုမ္ပဏီ Diamond Palace Travel and Tour Co., Ltd မှ ဆောင်ရွက်ပေးသော်လည်း မြန်မာစစ်အစိုးရ ချမှတ်ပေးသည့် အကန့်အသတ်များကြောင့် လွန်ခဲ့သည့် စမ်းသပ်ကာလ ၈ လအတွင်း အရေအတွက် နည်းပါးစွာ ခွင့်ပြုနိုင်ခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်း အဆိုအရ သိရခြင်းဖြစ်သည်။

“ကျနော်တို့ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတာပါ။ ခရက်တစ်ကဒ်နဲ့ ငွေပေးချေဖို့ အဆင်မပြေလို့ ညှိနှိုင်းရတာ တော်တော်ကြာတယ်။ စမ်းသပ်ဆောင်ရွက်ပေးတဲ့ ကာလက ၈ လလောက် ရှိပါပြီ။ ဆိုက်ရောက်ဗီဇာနဲ့ လာတဲ့ခရီးသည် ၁၅ဝဝ လောက် ရှိပါပြီ။ ဒါတောင် ကန့်သတ်ချက်အမျိုးမျိုးနဲ့ ဗီဇာတင်တဲ့ ခရီးသည်တွေရဲ့ လေးပုံတပုံလောက်ပဲ ရပါတယ်” ဟု ကုမ္ပဏီ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောပြသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်းတဦးကလည်း “တကယ်တမ်းတော့ ဆိုက်ရောက်ဗီဇာကို အရင်က မြန်မာနိုင်ငံကို လာဖူးပြီး၊ နာမည်ပျက်မရှိတဲ့ သူတွေကိုပဲ ပေးပါတယ်။ နောက်ပြီး အာရှနိုင်ငံတွေက အဖွဲ့လိုက်လာမယ့် ခရီးသည်တွေကို ပေးပါတယ်။ ကျန်တာက အွန်လိုင်း ဆိုက်ရောက်ဗီဇာကနေ ခွင့်ပြုလိုက်တာ မရှိသလောက် ရှားတယ်” ဟု ဆိုသည်။

ပြည်ဝင်ခွင့်ဗီဇာ လျှောက်သူများသည် လိုအပ်သည့် အထောက်အထားများနှင့် ပြည့်စုံပါက ဆိုက်ရောက်ဗီဇာကို အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အေးမြင့်ကြူက ယခုလ ၁၃ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အစည်းအဝေးတွင် ပြောခဲ့သော်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကန့်သတ်ချက်များစွာဖြင့် သေချာ စိစစ်ပြီးမှသာ ဗီဇာထုတ်ပေးလေ့ရှိသည်ဟု သူက ဆိုသည်။

ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဗီဇာတင်းကျပ်မှု အခြေအနေကြောင့် ခရီးသွားလုပ်ငန်းနှေးကွေးပုံကို ဗိုလ်မှူးချုပ် အေးမြင့်ကြူက “ဆိုက်ရောက်ဗီဇာ ထုတ်ပေးတယ်ဆိုပေမယ့် အဖွဲ့လိုက်လာတဲ့ ခရီးသည်တွေကိုပဲ ပေးရဲပါသေးတယ်။ တချို့နိုင်ငံတွေ ဥပမာ နေ့တိုင်း အသေခံဗုံးဖောက်ခွဲနေတဲ့ နိုင်ငံက သူတွေဆိုရင် ပေးလို့မဖြစ်သေးပါဘူး။ တချို့ ဗီဇာလျှောက်တုန်းက ပြောထားတဲ့ အချက်အလက်နဲ့ တကယ်လာတော့ တွေ့ရတဲ့ အချက်အလက် လွဲနေတာတွေဆိုရင်လည်း ဗီဇာ မပေးတာမျိုးတွေ ရှိပါတယ်'' ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ''လျှောက်တုန်းက ဆံပင်အရောင် အနက်ဆိုပြီး ဒီရောက်မှ ဆံပင်အနီရောင် ဆိုးထားလို့ ဗီဇာ မထုတ်ပေးတာမျိုးတွေလည်း ရှိပါတယ်။ အဲဒါမျိုးတွေက နည်းနည်းတော့ လိုက်လျောညီထွေ လုပ်ပေးသင့်ပါတယ်။ အဲဒါမှ ခရီးသွားလုပ်ငန်းက ပိုပြီး အခြေအနေ ကောင်းလာမှာပါ” ဟု သူက ထောက်ပြပြောဆိုခဲ့သည်။

အွန်လိုင်းမှတဆင့် ဆိုက်ရောက်ဗီဇာ လျှောက်ထားလိုသူများအနေဖြင့် www.myanmarvisa.net နှင့် www.myanmarvisaexpress.com ဝဘ်ဆိုဒ်များသို့ ဝင်ရောက်လျှောက်ထားနိုင်သည်။

ထို့အပြင် ၃ ရက် ကြိုတင်လျှောက်ထားရမည်ဖြစ်ကာ ဗီဇာငြင်းပယ်ခံရသူများကို ၂၄ နာရီအတွင်း ပြန်လည်၍ အကြောင်းကြားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်းမှ စတင်ကာ ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက်မှု အလွန်အမင်း ကျဆင်းသွားခဲ့ပြီး ဆက်တိုက်ဆိုသလို ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် ခရီးသွား လုပ်ငန်းများ ဆက်လက်ကျဆင်းခဲ့သဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်လိုသဖြင့် ထိုကဲ့သို့ ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှုကို တရားဝင် စတင်လုပ်ဆောင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့် ခရီးသွားများသည် ဗီဇာခွင့်ပြုချက် ရလျှင်လည်း မိမိသွားလိုသော ခရီးစဉ်များကို ရန်ကုန်မြို့ ဗိုလ်ဆွန်ပတ်လမ်းရှိ မြန်မာခရီးသွား လုပ်ငန်းဌာန ရုံးခန်းတွင် ထပ်မံ၍ ထောက်ခံချက် ပြုလုပ်ပြီးမှသာ သွားရောက်လည်ပတ်နိုင်မည်။

သမပိုင် စက်လှေ ဓားပြတိုက်ခံရ Print E-mail
ငြိမ်းချမ်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 17 2009 17:07 - မြန်မာစံတော်ချိန်


ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မြို့နယ်များရှိ အစိုးရဝန်ထမ်း သက်သာဆိုင်များအတွက် စားသောက်ကုန်များ တင်ဆောင်လာသော စက်လှေတစီး ကို ဓားပြများက ပစ္စည်းယူကာ စက်လှေကို နှစ်မြုတ်ပစ်လိုက်ကြသည်။

ပြည်နယ်သမဝါယမပိုင် စက်လှေသည် ယခုလ ၁၃ ရက်နေ့က ပေါက်တောမြို့မှ ရသေ့တောင်သို့အသွား ကုလားတန် မြစ်ဝအရောက်တွင် ဓားပြတိုက်ခံရခြင်း ဖြစ်ပြီး စက်လှေပေါ်ပါ လုပ်သား ၆ ဦးကိုမူ ရေထဲခုန်ချခိုင်းခဲ့သည်။

“ဖြစ်တာက နေဝင်ရီတရောအချိန်မှာ။ လှေပေါ်မှာပါတဲ့ ပစ္စည်းတွေကို ဓားပြတွေက သူတို့လှေပေါ် တင်ပြီး ယူသွားတယ်။ လူတွေကိုတော့ ရေထဲ ခုန်ချခိုင်းတယ်။ စက်လှေကိုတော့ ဝမ်းက ဖောက်ပြီး ရေထဲ မြှုပ်ပစ်လိုက်ကြတာ” ဟု ဘင်္ဂလားနယ်စပ်သို့ ရောက်ရှိလာသော ပေါက်တောမြို့ခံက မဇ္ဈိမကို ပြောသည်။

ရေထဲခုန်ချခဲ့သူ စက်လှေလုပ်သားများကို တံငါလှေများက ကယ်တင်လိုက်သဖြင့် အသေအပျောက် မရှိကြောင်း စုံစမ်းသိရှိရသည်။
စက်လှေပေါ်တွင် တင်ဆောင်လာသော ဆီ၊ သကြား၊ ဆပ်ပြာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အစရှိသည့် စားသောက်ကုန်များကို ဓားပြများက ရသွားခဲ့သည်။

ယခုအခါ စစ်တွေမြို့အခြေစိုက် ခလရ ၂၀ မှ တပ်ဖွဲ့တဖွဲ့က လုံခြုံရေး တင်းကျပ်ထားပြီး၊ သွားလာနေသည့် စက်လှေများအား စစ်ဆေးလျှက်ရှိသည်ဟု မျက်မြင်သက်သေများက ပြောသည်။

ကချင်အဖွဲ့ စစ်အင်အား တိုးချဲ့
Wednesday, 17 June 2009 19:25 အေးလဲ့
E-mail Print
ငြိမ်းချမ်းရေး ယူထားသည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က စစ်သား စုဆောင်းရေးကို တိုးချဲ့ လုပ်ဆောင်နေကြောင်း KIA နှင့် နီးစပ်သူများက ပြောသည်။
[ကချင်တပ်သားသစ်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - Ryan Libre)]

ကချင်တပ်သားသစ်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - Ryan Libre)
“အခု KIA က တပ်ပြေးတွေရော၊ တပ်ဖွဲ့ဝင်ဟောင်းတွေကိုပါ ပြန်ခေါ်တယ်၊ သူတို့ကို အပြစ်မပေး၊ အရေး မယူဘဲ တပ်ထဲ ပြန်လာဖို့ ခေါ်တယ်” ဟု KIA နှင့် နီးစပ်သူ တဦးက ပြောသည်။

တရုတ် - မြန်မာ နယ်စပ် ဒေသခံများကလည်း KIA သည် ကချင်ပြည်နယ်မှ လူငယ်များကို ခေါ်ယူ စုဆောင်းပြီး စစ်ရေး ဆိုင်ရာ သင်တန်းများ တက်ရောက်ခိုင်းနေကြောင်း ဧရာဝတီကို ပြောပြသည်။

ဤသို့ စစ်သားစုဆောင်းနေခြင်းသည် KIA အား နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ကူးပြောင်းရန် မြန်မာ စစ်အစိုးရက ဖိအားပေးနေခြင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။

နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင် ကူးပြောင်းရေးနှင့် ပတ်သက်ပြီး KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ ဖြစ်သော ကချင် အမျိုးသား လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များသည် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်း နှင့် ၂ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်ဟု သိရသည်။ ဧပြီလ ၂၈ ရက်နေ့ နှင့် မေလ ၂၁ ရက်နေ့တို့တွင် တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး ဂေါ်ရီ ဇော်ဆိုင်း၊ ဒေါက်တာ လဂျာ၊ ဗိုလ်မှူးချုပ် ဂွမ်မော်၊ ဗိုလ်မှူး ဂေါ်လုလအောင်၊ ဒုဗိုလ်မှူးကြီး လဖိုင်လအောင်၊ ဒုဗိုလ်မှူးကြီး လဇိန်ဂျီးနော်၊ ဦးကွမ်ထတ်ထိန်နန် စသည့် KIO ဗဟို ကော်မတီ အဖွဲ့ဝင်များ ပါဝင်သည့် ကော်မတီ တခုကို ဖွဲ့စည်းထားကြောင်း၊ ထိုကော်မတီက ကချင်လူထု နှင့် မြန်မာစစ်အစိုးရကြား ကြားနေ ဆွေးနွေးပေးမည် ဖြစ်ကြောင်း သိရသည်။

လာမည့် စနေနေ့၌ ထိုကော်မတီသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် မြစ်ကြီးနားမြို့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟုလည်း သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် အပစ်အခတ် ရပ်စဲရေး အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲနိုင်ရေးအတွက် လိုက်လံ ဆွေးနွေးနေသူ ဖြစ်သည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ကိစ္စကို KIO ခေါင်းဆောင်များက ယခုလ နောက်ဆုံးထားပြီး ကချင် လူထု အကြား ဆန္ဒခံယူသွားမည် ဟု သိရသည်။ ကချင် ပြည်နယ် ဒေသခံ အများစုက ထိုသို့ အသွင်ကူးပြောင်းရေးကို လက်မခံကြကြောင်း အကဲခတ်များက ပြောသည်။

“ကချင်လူထု အများစုက ဒီ နယ်ခြားစောင့်တပ်ကို လက်မခံကြဘူး၊ ကချင် အမျိုးသား အတိုင်ပင်ခံ ကောင်စီ ကလည်း လက်မခံပါဘူး” ဟု KIA နှင့် နီးစပ်သူတဦးက ပြောသည်။

“ကျနော်တို့ကတော့ အခုလို နိုင်ငံရေး အခြေအနေ ဆိုးနေတဲ့ အချိန်မှာ တပ်ပြောင်းဖို့ ကို လက်မခံနိုင်ဘူး၊ နိုင်ငံရေး ပြဿနာကို အရင် မဖြေရှင်းဘဲနဲ့ လက်နက်ဖြုတ်၊ တပ်ပြောင်းဖွဲ့တာမျိုး လက်မခံနိုင်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောပြသည်။

KIO ခေါင်းဆောင်တချို့ကလည်း ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်တိုင်းရင်းသားတို့၏ သဘောထားကို သွားရောက် မေးမြန်းနေသည်ဟုလည်း သိရသည်။

“ KIO ရဲ့ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါက်တာ လဂျာက ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ ၄ ဘက်မှာ လူထု သဘောထား ကောက်ယူဖို့ သွားပါတယ်၊ အများစုက လက်မခံကြဘူး” ဟု အထက်ပါ KIA နှင့် နီးစပ်သူက ပြောသည်။

KIO အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ခဲ့သည်။

ဤအဖွဲ့ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကချင် ကျောင်းသား ခေါင်းဆောင် ဇော်တူး နှင့် ဇော်ဆိုင်းတို့ နှစ်ဦးက စတင် ဖွဲ့စည်းကာ ကချင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ခြင်း ဖြစ်သည်။

KIA တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တပ်မဟာ ၅ ခု ရှိပြီး စစ်သည် အင်အား ၄၀၀၀ ခန့် ရှိသည်ဟု သိရသည်။ KIO ဌာနချုပ် ရှိရာ တရုတ် မြန်မာ နယ်စပ်မြို့ လိုင်ဇာတွင်လည်း စစ်သင်တန်းကျောင်း၊ အရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်း၊ ရွှေ့ပြောင်းတပ်တို့် ရှိကြောင်း သိရသည်။

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး တရုတ်ပြောဆို
Wednesday, 17 June 2009 20:15 ဧရာဝတီ
E-mail Print
တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ၀မ်ကျားပေါင်က မြန်မာပြည် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုကို မျှော်လင့်နေသည်ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ထုတ်ဖော် ပြောဆိုလိုက်ကြောင်း တရုတ် အင်တာနက် စာမျက်နှာ www.news.qq.com တွင် ယမန်နေ့က ထုတ်ဖော် ရေးသားလိုက်သည်။

၎င်းအင်တာနက် စာမျက်နှာသည် တရုတ်နိုင်ငံတွင် ၀င်ရောက်ကြည့်ရှုသူ အများဆုံး စာမျက်နှာ ဖြစ်သည်။

ယင်းသို့ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ရာတွင် အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် စီးပွားရေး ဖွံဖြိုး တိုးတက်ရေးတို့ကို ထိခိုက်ခြင်း မရှိစေရန်အတွက် မှန်မှန် လုပ်ဆောင်ရန် လိုသည်ဟု မစ္စတာ ၀မ်ကျားပေါင်က ပြောကြားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် မစ္စတာဝမ်ကျားပေါင်က တရုတ်မြန်မာ ၂နိုင်ငံ သံတမန် ဆက်ဆံရေးသည် ရာစုနှစ် ၆ ခုခန့် ရှည်ကြာ ခဲ့ပြီ ဖြစ်ပြီး ယင်းဆက်ဆံရေးကို ရေရှည် ထိန်းသိမ်းသွားရန် လိုကြောင်း ပြောသည်ဟုလည်း ပါရှိသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက စီးပွားရေးနှင့် အခြားသော ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းများ နှင့်ပတ်သက် ပြီး မြန်မာပြည်ကို ပေးအပ်ခဲ့သော အကူအညီအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း၊ တရုတ်မြန်မာ ၂နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မြဲအောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း နှင့် တရုတ်တနိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း ပြောသည်ဟု ယင်းသတင်းက ဆိုသည်။

အမေရိကန်ပြည်ထောင်စု Temple တက္ကသိုလ် အာရှ လေ့လာရေး ဌာနမှ ပါမောက္ခ ဂျက်ဖ်ကင်စတန်ကမူ “ဒီခရီးစဉ်ကို ကျနော့်အနေနဲ့ သိပ်မျှော်လင့်မထားပါဘူး၊ အပြောင်းအလဲ တစုံတရာ ဆောင်ရွက်ဖို့ စစ်အစိုးရကို တရုတ်က ဖိအားပေးနိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။

မြန်မာ့အရေး လေ့လာသူတချို့က မြန်မာပြည်အပေါ် ထားရှိသည့် တရုတ်၏ မူဝါဒကို သံသယရှိကြပြီး တရုတ်သည် ၎င်း၏ ကိုယ်ပိုင် စီးပွားရေး နှင့် မြန်မာ့ စစ်အင်အားကိုသာ စိတ်ဝင်စားကြောင်း သုံးသပ်ကြသည်။

သို့ရာတွင် တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ကျော်ဇောက “ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ တရုတ်ဘက်က ပြောတာဟာ ကောင်းတဲ့ လက္ခဏာပါ၊ အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ စကားလုံးတွေက တရုတ်နဲ့ မြန်မာရဲ့ ယခင် မူဝါဒကို ထင်ဟပ်နေပါတယ်” ဟုပြောသည်။

အဆိုပါ ခရီးစဉ်တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုး တိုးတက်မှု ၀န်ကြီး ဦးစိုးသာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်း၊ စွမ်းအင် ၀န်ကြီးဌာန အဆင့်မြင့် အရာရှိများ နှင့် စီးပွားရေး လုပ်ငန်းရှင် ကိုယ်စားလှယ်များလည်း ပါဝင် ကြောင်း အဆိုပါ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဇွန်လ ၁၅ရက်နေ့က တရုတ်ပြည် ဘေဂျင်းမြို့တော်သို့ ရောက်ရှိခဲ့ပြီး Xi’an, Hangzhou, Nanning နှင့် အခြားသော နေရာများသို့လည်း သွားရောက် လည်ပတ်မည် ဖြစ်သည်။

ထို့အပြင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ရောက်ရှိ နေစဉ်အတွင်း ယင်းအင်တာနက် စာမျက်နှာက မြန်မာ့ ရေးရာ ကျွမ်းကျင်သူ ဆွီဒင် ဂျာနယ်လစ် Bertil Lintner ၏ မြန်မာနှင့် မြောက်ကိုးရီးယား ဆက်ဆံရေးဆိုင်ရာ ဆောင်းပါးကို ဖော်ပြထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

လေ့လာသူများ၏ အဆိုအရ မြန်မာစစ်ခေါင်းဆောင်များ မျှော်လင့်အိပ်မက်နေသော နျူကလီးယား အစီအစဉ် အား မြောက်ကိုးရီးယားက ကူညီမည်ကို တရုတ်အစိုးရ အနေဖြင့် စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း မြောက်ကိုးရီးယား အာဏာရှင် ကင်မ်ဂျုံအီးလ်၏ သားဖြစ်သူ ကင်မ်ဂျုံအန်းသည် ပြီးခဲ့သော သတင်းပတ်က ဘေဂျင်းသို့ တိတ်တဆိတ် လာရောက် ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ပါမောက္ခ ဂျက်ဖ်ကင်စတန်က “တရုတ်အစိုးရရဲ့ ထောက်ခံမှူကို ရထားတဲ့ နိုင်ငံတကာရဲ့ အစွန့်ပစ်ခံ အာဏာရှင် နိုင်ငံက မစ္စတာ ကင်မ်ဂျုံအန်း လာပြီးတော့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဘေဂျင်းကို လာသွားတာဟာ စိတ်ဝင် စားဖို့ ကောင်းပါတယ်” ဟုပြော သည်။

ပြီးခဲ့သည့် ဧပြီလက ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း မြောက်ကိုးရီးယားသို့ သွားရောက်ခဲ့ သည်။ ထို့အပြင် ၂၀၀၈ အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းသည် မြောက်ကိုးရီးယားသို့ သွားရောက်ခဲ့သကဲ့သို့ မြောက်ကိုးရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းသို့ သွားရောက်ရာတွင် မြန်မာပြည်၌ ရပ်နားခဲ့သည်။

သက်သေ ၂ ဦး အတွက် လျှောက်လဲချက် ဗဟိုတရားရုံး ကြားနာမည်
Wednesday, 17 June 2009 19:43 ကိုစိုး
E-mail Print
ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်ပတ်သက်ပြီး တိုင်းရုံးတရားရုံးမှ ပယ်ချထားသော သက်သေ ၂ ဦးအတွက် ဗဟို တရားရုံးသို့ လျှောက်ထားရာ ယနေ့တွင် ယင်းလျှောက်လွှာကို လက်ခံလိုက်ကြောင်းနှင့်လာမည့် သောကြာနေ့ ၌ ကြားနာမည့်နေ့ရက်ကို သိရှိရမည်ဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ တိုင်းတရားရုံးမှ ပယ်ချထားသည့် သက်သေ၂ ဦးဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင် ၊ NLD ဒု ဥက္ကဌ ဦးတင်ဦး တို့ နှင့် ပတ်သက်ပြီး ဇွန်လ ၁၁ ရက်နေ့က ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားချက်ကို ယနေ့တွင် အမိန့်ချခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပြောခွင့်ရ ပုဂ္ဂိုလ်တဦးလည်း ဖြစ်သည့် ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ဒီနေ့ ဗဟိုတရားရုံးက ကျနော်တို့တင်ထားတဲ့ လျှောက်လွှာကို လက်ခံတယ်တဲ့၊ ကျနော်တို့တင်ထားတဲ့ လျှောက် လွှာ လက်ခံရေး မခံရေးက ပထမ အဆင့်၊ ဒုတိယ အဆင့်ကျမှ သက်သေ ၂ ယောက်နဲ့ပတ်သက်ပြီးတော့ အဖြေ ပေါ်မယ်၊ အခုက လျှောက်လွှာကို လက်ခံတာ၊ အဖြေထွက်ဖို့က နောက်တခါ လျှောက်လဲချက်ပေးရဦးမယ်၊ အစိုးရ ဘက်ကရော ကျနော်တို့ ဘက်ကရော”ဟု ဦးဉာဏ်ဝင်း ကရှင်းပြသည်။

ယနေ့တွင် နှစ်ဘက်ကြားနာရမည့်ရက်ကို ရက်ချိန်းမပေးဘဲ လာမည့် သောကြာနေ့တွင်မှ ဗဟိုတရားက ကြေညာ သည့် စာရင်းတွင် သွားရောက်ကြည့်ရှုရမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် ဒေါ်ခင်မိုးမိုး ကို ခွင့်ပြုလိုက်ပြီး ကြားနာရန် ချိန်းဆိုလိုက်သည့် လာမည့် ဇွန် ၂၆ ရက်နေ့ရုံးချိန်းမှာ ပျက်ပြယ်သွားနိုင်ကြောင်း လည်း ဦးဉာဏ်ဝင်း က ပြောဆိုသည်။

“ကျနော့် အမြင်တော့ ၂၆ ရက်နေ့က မလုပ်ဖြစ်နိုင်တော့ဘူး၊ ဒီဟာ လက်ခံလိုက်ပြီဆိုရင် အောက်ရုံး အမှုတွဲကို ပြန်ဖော် မယ်၊ အဲဒီတော့ အောက်ရုံးက အမှုဆက်သွားလို့ မရဘူး၊ သောကြာနေ့ သွားကြည့်တဲ့အခါ တမျိုး ပြောင်း သွားနိုင်တယ်”ဟုလည်း ၎င်းက ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ပတ်သက်ပြီး ရုံးချိန်းများ ရွှေ့နေခြင်းသည် စစ်အစိုးရက အချိန်ဆွဲလို၍ ဖြစ်နိုင်ကြောင်း လေ့လာသူများကလည်း သုံးသပ်နေကြသည်။

၎င်း၏နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ် သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော NLD လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။

ထို့နောက် ကျန်သက်သေ ၃ ဦး ဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့အတွက် တိုင်းတရားရုံးသို့ ဆက်လက်လျှောက်ထားရာ တိုင်း ရုံးက ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဇွန်လ ၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး ဒေါ်ခင်မိုးမိုး တဦးသာခွင့်ပြုခဲ့သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယခုဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်ပြီး စစ်အစိုးရ ဘက်က တရားလိုပြ သက်သေ ၂၃ ဦး စာရင်း တင်ပြ ခဲ့ပြီး ၉ ဦးကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆိုစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

ဥပဒေပညာရှင်များက လွတ်လပ်သည့် တရားစီရင်ရေး တောင်းဆို
Wednesday, 17 June 2009 14:27 ကိုထွေး
E-mail Print
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ကြားနာ စစ်ဆေးရာတွင် အများပြည်သူ ကြားနာခွင့်ရှိပြီး လွတ်လပ်၍ မျှတ သော တရားစီရင်ရေး ကျင့်သုံးရန် မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ ပညာရှင် ၅ဦးက ယမန်နေ့က တောင်း ဆိုလိုက်သည်။

တရားသူကြီးနှင့် ရှေ့နေ တရားရေး လွတ်လပ်မှုဆိုင်ရာ ကျွမ်းကျင်သူ လီယန်ဒရိုဒက်စ်ပရီ က “ဒေါ်အောင်ဆန်း စုကြည်ရဲ့ အမှုကို ကြားနာ စစ်ဆေးတဲ့အခါ ကျင့်ထုံးအရ ရပိုင်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေ တာကို တွေ့ရပါတယ်” ဟုပြောသည်။

ထို့အပြင် ယင်းအမှုကို တခါးပိတ် ကြားနာစစ်ဆေး နေသကဲ့သို့ မီဒီယာ များကိုလည်း လွတ်လွတ် လပ်လပ် သတင်းရယူခွင့် မပေးကြောင်း၊ တရားဥပဒေစိုးမိုးသည့် နိုင်ငံများတွင် အမှုများကို ကြားနာစစ်ဆေးရာတွင် အများပြည်သူ ကြားနာခွင့် ရှိပြီး ဥပဒေနှင့်အညီ မျှတစွာဖြင့် စစ်ဆေးကြောင်း ၎င်းကပြောသည်။

လီယန်ဒရို ဒက်စ်ပရီ က “အမှုနဲ့ ဆီလျော်သက်ဆိုင်တဲ့ သက်သေမှန်သမျှကို တရားရုံးက စစ်ဆေးရပါမယ်၊ ဒီအမှုကို ခြုံကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြတဲ့ သက်သေတွေထဲက၂ ဦးသာ ခွင့်ပြုပြီး တော့ အစိုးရသက်သေက ၁၄ ဦးအထိရှိနေတာ တွေရတယ် ” ဟု ပြောသည်။

ယင်းတောင်းဆိုချက်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်မစ္စတာတောမတ်စ် အိုဟေး ကင်တာနာ Tomas Ojea Quintana နှင့်အတူ တရားသူကြီးနှင့် ရှေ့နေတရားရေး လွတ်လပ်မှုဆိုင်ရာ ကျွမ်းကျင်သူ လီယန်ဒရို ဒက်စ်ပရီ Leandro Despouy၊ ဥပဒေမဲ့ဖမ်းဆီး ထိန်းသိမ်းမှုဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ ဥက္ကဌ Ms. Manuela Carmena Castrilo ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများဆိုင်ရာ ကျွမ်းကျင်သူ Ms. Margaret Sekaggya၊ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ပိုင်ခွင့်ဆိုင်ရာ ကျွမ်းကျင်သူ် Mr. Frank La Rue တို့က စစ်အစိုးရအား တောင်းဆိုခြင်းဖြစ် သည်။

လွန်ခဲ့သော မေလ ၁၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏အမှုလိုက် ရှေ့နေတဦး ဖြစ်သူ ဦးအောင်သိန်း ကို အာဏာပိုင်များက ရှေ့နေ လိုက်ခွင့် လိုင်စင်ရုပ်သိမ်းခဲ့သကဲ့သို့ ဇွန်လ ၉ ရက်နေ့ကလည်း ၎င်း၏ အမှုလိုက် ရှေ့နေ ဦးလှမျိုးမြင့် ၏ ဇနီးကို သက်ဆိုင်ရာ အာဏာပိုင်များက အကြောင်း ပြချက်မရှိဘဲ အလုပ်မှ ထုတ်ပယ် လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

ကရင်ဒုက္ခသည်များတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များစွာပါဝင်
Wednesday, 17 June 2009 15:18 သန်းထိုက်ဦး
E-mail Print
မြန်မာ စစ်အစိုးရ၏ ထိုးစစ်ဆင် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်လာသော ကရင် ဒုက္ခသည် များထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၀ ခန့် နှင့် အသက် (၁၃) နှစ်အောက် ကလေးငယ် ၈၀၀ ခန့် ပါဝင်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး(KWO) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

[စစ်အစိုးရ၏ ထိုးစစ်ကြေင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာသော ကရင်ဒုက္ခသည် ၄၀၀၀ ခန့်ထဲမှ တာ့ခ် ခရိုင် ထဆောင်ယန်း ဒေသတွင် ဒုက္ခသည်တချို့ကို ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - AP)]

စစ်အစိုးရ၏ ထိုးစစ်ကြေင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာသော ကရင်ဒုက္ခသည် ၄၀၀၀ ခန့်ထဲမှ တာ့ခ် ခရိုင် ထဆောင်ယန်း ဒေသတွင် ဒုက္ခသည်တချို့ကို ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - AP)
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ နို့စို့အရွယ် ကလေးငယ်များစွာ ပါဝင်ကြောင်းလည်း သိရသည်။

KWO မှ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်းနိုက်ဇန်က “လူတွေဟာ တိုက်ပွဲကြောင့် ထွက်ပြေးလာနေကြတာ ခြေကုန်လက်ပမ်းကျကုန်ပြီ၊ နှစ်ရက်သား ကလေးငယ်ကို သယ်ပိုးပြေးလွှားခဲ့ရတဲ့ မိခင်တဦးရဲ့ ရင်ဆိုင်ဖြတ် သန်းမှုကို တွေ့ရတော့ ၀မ်းနည်းမိသလို၊ နအဖနဲ့ DKBA တို့ရဲ့ တိုက်ခိုက်မှုကိုလည်း ဒေါသဖြစ်မိတယ်”ဟု ဆို သည်။

ထို့အပြင် မိုးရာသီဖြစ်နေသဖြင့် လူဦးရေများပြားလှသည့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး နှင့် ခိုလှုံနေထိုင် ရေးတို့အတွက် KWO အဖွဲ့အစည်းအနေနှင့် လွန်စွာမှ စိုးရိမ်ပူပန်မိကြောင်း ၎င်းထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

ကရင်ဒုက္ခသည်အများစုသည် မိမိတို့၏ နေရပ်သို့ပြန်ကြရန် စိုးရိမ်ကြောက်ရွံ့နေကြောင်းလည်း နော်ဘလူးမင်းနိုက်ဇန် က ပြောပြသည်။

“DKBA ကိုလည်းကြောက်တယ်၊ နအဖ စစ်သားတွေကိုလည်းကြောက်တယ်၊ တွေ့ရင်ပေါ်တာဆွဲတယ်၊ပေါ်တာ မလိုက်ရင် ပိုက်ဆံပေးရတယ်၊ဘာမှမရှိတော့ မပြန်ရဲကြဘူး၊ဒီမှာပဲ ဆက်နေ၊ မနေရင်လည်း တခြားတနေရာကို ပြောင်းပေးရင် နေမယ်လို့တော့ ပြောကြတယ်”ဟု သူက ဆိုသည်။

ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ(၇) မှတပ် စခန်းများကို ဇွန်လဆန်းပိုင်းမှစတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများကြောင့် နှစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစု ပေါင်း ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။

ထိုသို့ မြန်မာ စစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ဒေသခံပြည်သူများမှာ နေရပ်ကို ထပ်မံစွန့်ခွာမှုများနှင့် ရင်ဆိုင်ကြုံ တွေ့ နေရသည့်အပေါ် တိုက်ပွဲများ ချက်ချင်းရပ်တန့်သွားရေး နိုင်ငံတကာမှ ပိုမို၍ ဖိအားပေးလာစေရန်အတွက် KWO အဖွဲ့အစည်းအနေဖြင့် တောင်းဆိုထားခြင်းဖြစ်သည်။

KWO အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်စခန်းများနှင့် ပြည်တွင်းမှ ဌာနေမဲ့ ဒုက္ခသည် များအတွက် ဖွံ့ဖြိုးရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊လုပ်ဆောင်ပေးနေသည့် လူမှုအခြေစိုက် အဖွဲ့အစည်းတခုဖြစ် သည်။

ယင်းဒုက္ခသည်များကို ကရင်ဒုက္ခသည်များကော်မတီ (KRC) နှင့် ထိုင်း- မြန်မာနယ်စပ်တလျှောက်ကူညီစောင့် ရှောက် ရေး ညွန့်ပေါင်းအသင်း (TBBC) တို့က ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA တပ်ရင်း ၉၉၉ ၊ ၅၅၅ ၊ ၃၃၃ တပ်ဖွဲ့ဝင်များ သည် KNLA တပ်မဟာ (၇) ထိန်းချုပ်နယ်မြေရှိ တပ်စခန်းများကို လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လူအင်အားဖြင့်သော်လည်းကောင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ KNLA တပ်ရင်း ၂၁ ကို သိမ်းပိုက်နိုင်ခဲ့သည့် အပြင် တပ်ရင်း ၂၂ နှင့် ၁၀၁ တပ်စခန်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

ဒေါ်စုအမှု နောက်ထပ် သက်သေ လက်ခံဖို့ လျှောက်ထားချက် တရားရုံးချုပ် ကြားနာမည်

17 June 2009


ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆို ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံချေပမယ့် သက်သေတွေ တရားခွင်မှာ ထပ်ပြီးတင်ပြခွင့်ရဖို့ လျှောက်ထားတာကို တရားရုံးချုပ် က ဒီနေ့ပဲ လက်ခံလိုက်တယ်လို့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ သက်သေအဖြစ် တင်သွင်းထားသူ ၄ ဦး အနက် ပယ်ချခံထားရတဲ့ ကျန် ၂ ယောက်ကို လက်ခံဖို့ ဥပဒေ အကျိုးဆောင်တွေက အမြင့်ဆုံး တရားရုံးချုပ်ကို ပြင်ဆင်ချက် လျှောက်ထားတာကို လက်ခံလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေ၊ သက်သေတွေကို ဆက်သွယ်မေးမြန်း ထားတဲ့ ကိုအောင်လွင်ဦး က အပြည့်အစုံကို တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဖက်က ခုခံထွက်ဆိုပေးဖို့ သက်သေ ၄ ယောက် တင်ပြထွက်ဆိုခွင့် ရဖို့အတွက် ရန်ကုန်တိုင်း တရားရုံးအထိ လျှောက်ထားခဲ့ပေမဲ့ ၂ ဦးသာ ခွင့်ပြုထားတာမို့ နောက်ထပ် ကျန်နေသေးတဲ့ သက်သေတွေ ထွက်ဆိုခွင့် ရဖို့ ဥပဒေ အကျိုးဆောင်တွေက အမြင့်ဆုံးဖြစ်တဲ့ တရားရုံးချုပ်အထိ လျှောက်ထားတာကို အခု လက်ခံလိုက်တာပါ။ အစောပိုင်း မြို့နယ်နဲ့ တိုင်းရုံးတွေက သက်သေ ၂ ယောက်ဖြစ်တဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း နဲ့ တောင်ကြီးမြို့က တရားရုံးချုပ် ရှေ့နေ ဒေါ်ခင်မိုးမိုး တို့ကိုသာ ခွင့်ပြုထားတာပါ။ ဒီဆုံးဖြတ်ချက်ကို စိန်ခေါ်ပြီး ပယ်ချခံထားရတဲ့ နောက်ထပ် သက်သေ ၂ ဦးဖြစ်ကြတဲ့၊ ဒေါ်အောင်ဆန်း စုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ နောက် အတွင်းရေးမှူး ဦးဝင်းတင် တို့ကိုပါ တရားခွင်မှာ ထွက်ဆိုခွင့်ရဖို့ ပြင်ဆင်ချက် လျှောက်ထားတာကို အခုနောက်ဆုံး ပထမအဆင့်အနေနဲ့ တရားရုံးချုပ် က လက်ခံလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း က ပြောပါတယ်။

“ဒီနေ့ စောစောပိုင်းကလည်း ပြင်ဆင်မှုကို တရားရုံးက လက်ခံလိုက်တယ်။ နောက်တဆင့် ကျန်သေးတယ်။ ကျွန်တော်တို့ဘက်ရော၊ တရားလိုဘက်ရော ၂ဖက် လျှောက်လွှဲချက်ပေးရမယ်။ အဲဒီ လျှောက်လွှဲချက် ပေးပြီးတော့မှ ကျန်တဲ့ သက်သေ ၂ဦးကို ခွင့်ပြုတယ်၊ မပြုဘူးဆိုတာ အဲဒီတော့မှ သိရမယ်။ မနက်က ၄၅ မိနစ်ကြာတယ်။ လျှောက်လွှဲချက်ပေးတာ။ ညနေပိုင်း ၂နာရီကျော်လောက်မှ လက်ခံတယ်ဆိုတဲ့ အမိန့်ထွက်လာတယ်။”

ပြင်ဆင်ချက်လျှောက်ထားတာနဲ့ ပတ်သက်လို့ ၂ ဖက်ရှေ့နေတွေကို တရားရုံးချုပ်က ကြားနာမယ့် နေ့ရက်ကိုတော့ လာမယ့် သောကြာနေ့လောက်မှ ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း ဦးဥာဏ်ဝင်း က ပြောပါတယ်။ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ ရန်ကုန်မြို့က တရားရုံးချုပ်မှာတော့ လာရောက် အကဲခတ်နားထောင်သူ အများအပြားရောက်လာကြပေမယ့် စာနယ်ဇင်းသမားတွေတော့ တက်ရောက်ခွင့် မရခဲ့ကြဘူးလို့လည်း ဦးဥာဏ်ဝင်း က ပြောပါတယ်။

“ယူနီဖောင်းတော့ မဟုတ်ဘူး။ အရပ်ဝတ်နဲ့ အဲဒီ Supreme Court ပတ်ဝန်းကျင်မှာ အများကြီးရှိတယ်။ ၆၀ ၇၀ လောက် ရှိမလားမသိဘူး။ သံရုံးကတော့ ထိုင်ခုံ အပြည့်ပါပဲ။ ၃၀ ၄၀ လောက်ရှိမယ်။ သတင်းသမားတွေကတော့ ၀င်ခွင့်မရတော့ အပြင်မှာပဲ။ သံတမန်တွေတော့ လာတာ မတွေ့ဘူး။”

ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ပါ။ အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆို ကြားနာနေတဲ့ တရားခွင်မှာ တရားလိုဖြစ်တဲ့ အာဏာပိုင်တွေ ဖက်က သက်သေ ၁၄ ယောက်အထိ ထွက်ဆိုခွင့် ရထားတာ ဖြစ်ပေမယ့်၊ ခုခံချေပနေသူ ဒေါ်အောင်ဆန်းစုကြည် ဖက်ကတော့ ၂ ဦးသာ ထွက်ဆိုခွင့် ရတာမို့ ဒါဟာ မျှတတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး ဆိုပြီးတော့လည်း ဝေဖန်မှုတွေက ထွက်ပေါ်နေတာပါ။ အခုလည်းပဲ တရားရုံးချုပ်က ပဏာမ အနေနဲ့ လျှောက်ထားချက်ကို လက်ခံလိုက်ပေမယ့်လည်း တရားစီရင်ရေးစနစ် အပေါ် သံသယ၀င်နေကြဆဲပါ။ ပယ်ချခံထားရတဲ့ သက်သေတဦးဖြစ်တဲ့ အဲန်အယ်လ်ဒီ ပါတီ အတွင်းရေးမှူး တဦးဖြစ်သူ ဦးဝင်းတင် ရဲ့ အမြင်ကတော့ -

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်က မမျှော်လင့်ဘူးခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ခွင့်ပြုရင်လည်း ဒေါ်ခင်မိုးမိုးတို့၊ ဦးကြည်ဝင်းတို့ပဲ လက်ခံလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီကိစ္စမှာ ဒေါ်စုကို ကျွန်တော်က သဘောကျတယ်။ လက်ကုန်နှိုက်ရမယ်၊ အခွင့်အရေးတွေ ရှိတယ်။ တောင်းဆိုရမယ့်အခွင့်အရေးရော၊ ရပိုင်ခွင့်တွေရော ရှိတယ်။ အဲဒီ အခွင့်အရေးတွေကို တရားရုံးချုပ်အထိ ဥပဒေကြောင်းအရ ကျွန်တော်တို့ လိုက်ပြောတယ်။ ရခြင်း၊ မရခြင်းကတော့ ကျွန်တော်တော့ သိပ်ထူးတယ် မထင်ပါဘူး။ ကျွန်တော်တို့ သက်သေခံလည်း ဒေါ်စုကို ထောင်ချမှာပဲလို့ အခုထိပဲ ထင်တယ်။ ကျွန်တော်တို့ သက်သေ မခံလည်း လွတ်စရာ မရှိဘူး။ သက်သေခံလည်း လွတ်စရာ မရှိဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒီအမှုက သိပ်ပြီးတော့ကို အကြောင်း မညီညွတ်လွန်း အားကြီးမှ၊ ဒါမှမဟုတ် ကမ္ဘာ တခုလုံးက ဒါ့ထက် ဒါ့ထက် ပိုသိပ် ပြင်းထန်တဲ့ ပြစ်တင်ရှုတ်ချမှုတွေ၊ တောင်းဆိုမှုတွေ များလာရင်တော့ မသိဘူး။ သာမန်အားဖြင့်တော့ ဒေါ်စုကို လွတ်ပေးဖို့ ဆန္ဒမရှိဘူး။ လွတ်ချင်မှတော့ သူတို့ ဒီကိစ္စကို စကတည်းက ဘယ်လုပ်မလဲ။ ကျွန်တော့် အထင်ပေါ့လေ။”

နေအိမ်ခြံဝန်းထဲကို အမေရိကန် နိုင်ငံသားတဦး တိတ်တဆိတ် ရေကူးဝင်ရောက်တာကို လက်ခံတာဟာ တားမြစ်ချက်ကို ဖောက်ဖျက်တာဆိုပြီး အာဏာပိုင်တွေ ဖက်က စွပ်စွဲပြီး တရားစွဲဆို ထားပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ဖက်ကတော့ သူဟာ အပြစ်မရှိကြောင်း ရုံးတော်ကို ပြောထားတာပါ။ ဒါတွေကို သက်သေထူဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ဖက်က သက်သေတွေ အားလုံးကို ရုံးတော်ရှေ့မှောက် ထွက်ဆိုခွင့်ရဖို့ ကျိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ သက်သေ တဦးအဖြစ် ထွက်ဆိုခွင့်ရဖို့ မသေချာပေမဲ့ သူ့အနေနဲ့ ထွက်ဆိုခွင့်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်တဲ့ အခန်းကဏ္ဍတွေကို ပြောမယ်လို့ ဆိုပါတယ်။

“ပါတီရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ရော၊ လွန်ခဲ့တဲ့ နှစ် ၂၀လောက်ကတည်းက ပါတီ ၁၀၀ကျော်က တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်တယောက် အနေနဲ့ ရော၊ ပြည်တွင်းရဲ့ ယုံကြည်မှု၊ ကမ္ဘာရဲ့ ယုံကြည်မှုကို ရထားတဲ့ လူတယောက်အနေနဲ့ ရော၊ တွေ့ဆုံဆွေးနွေးပွဲမှာ ထိုင်ရမယ့် လူ၊ အဲဒီလူကို ထောင်ထဲ ထည့်သွင်းခြင်းအားဖြင့် နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒေါ်စုက အပြစ်လည်း အမှုကြောင်း အရ မရှိပါဘူး။ နိုင်ငံရေး အရလည်း အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကို ထောင်ထဲသွင်းလို့ ဘာမှ အကြောင်းမထူးဘူး။ အကောင်းဆုံးတော့ ဒီအမှုကို ရုပ်သိမ်းပြစ်ပါ။ ရပ်စဲပြစ်ပါ။ ဒေါ်စုကို လွှတ်ပြီး တွေ့ဆုံဆွေးနွေးပွဲမှာ တင်ပြီးတော့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းပါ။ ကျွန်တော်က ဒီလို သဘောနဲ့ ပြောမှာပဲ။ ”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ သက်သေတဦးအဖြစ် တင်သွင်းထားပေမယ့် အခုအချိန်အထိ ပယ်ချခံထားရဆဲဖြစ်တဲ့ အဲန်အယ်လ်ဒီ ပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပါ။ အစောပိုင်းမှာတုန်းကတော့ အခုလာမယ့် ၂၆ ရက်နေ့ကျရင် ရန်ကုန် အင်းစိန်ထောင်တွင်းမှာ ကြားနာနေတဲ့ တရားခွင်မှာ၊ ရှေ့နေတွေ လျှောက်လဲချက်တွေ တင်သွင်းဖို့ ယာယီအားဖြင့် သတ်မှတ်ထားခဲ့တာပါ။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံပေးမယ့် သက်သေတွေ နောက်ထပ် တင်သွင်းခွင့်ရဖို့ ကျိုးပမ်းမှုတွေ ရှိလာတာနဲ့အမျှ တရားခွင် အစီအစဉ်တွေမှာ အပြောင်းအလဲတချို့ ရှိလာမယ်လို့လည်း မျှော်လင့်ရပါတယ်။

ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ဖို့ စစ်အစိုးရကို တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

17 June 2009

မြန်မာစစ်အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်စေလိုတဲ့အကြောင်း တရုတ် ခေါင်းဆောင်တွေက တရုတ်နိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အစိုးရ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ပြောကြားလိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရရှိရေးအတွက် တချိန်က စစ်အစိုးရဘက်က ရပ်တည် ပြောဆို ခဲ့တာတွေထက် သဘောပြောင်း ပြောဆိုလာတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။

တရုတ်နိုင်ငံကို တရားဝင် ၆ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ မြန်မာစစ်အစိုးရ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရောက်ပြီး နောက်တနေ့ အင်္ဂါနေ့မှာ တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ပြီးတာနဲ့ မြန်မာနိုင်ငံကနေ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေ တရုတ်နိုင်ငံကို လာမယ့် စက်တင်ဘာလ က စပြီး တည်ဆောက်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။

အစောပိုင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ပြည်ကို မသွားခင်တုံးကတော့ သူ့ခရီးစဉ်ဟာ နိုင်ငံရေး ကိစ္စတွေကို အဓိက ဦးစားပေး ဆွေးနွေးမယ့် ခရီးစဉ် ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေကြား ပြောဆိုနေခဲ့ကြတာပါ။ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တရုတ်ပြည်ကို သွားပြီး ရက်ပိုင်း အကြာမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး အောင်အေး တရုတ်ပြည်ကို အခုလို သွားတာမို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ မပြီးပြတ်နိုင်တဲ့ ကိစ္စတွေကို စစ်အစိုးရရဲ့ ဒုတိယ အကြီးအကဲ ကိုယ်တိုင် သွားရောက် အပြီးသတ် ဆုံးဖြတ်တာ ဖြစ်နိုင်ဆိုပြီး ပြောဆိုသံတွေ ထွက်လာပါတယ်။ ဦးခင်မောင်ဆွေဟာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ် ရေနံ ဓါတ်ငွေ့လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတဦးလည်းဖြစ်ပါတယ်။

“အဆင့်မြင့် ခေါင်းဆောင် တယောက်က သွားတယ်ဆိုတော့ အင်မတန် အရေးကြီးတဲ့ ကိစ္စ တခု ဖြစ်နေပြီဆိုတာက မှန်းလို့ရပါတယ်။ သတင်း မျက်နှာစာမှာတော့ ဒီကိစ္စဟာ ရေနံ ဓာတ်ငွေ့ရရှိဖို့၊ တကယ်ပဲ သူတို့ လက်မှတ်ထိုး ဆောင်ရွက်တာ ဖြစ်ဖို့တော့ ရှိပါတယ်။ ကျန်တာကတော့ ဘယ်အခါမဆို ကိစ္စ တခုတည်းနဲ့ သွားတာ မရှိပါဘူး။ နောက်မှာ ဆက်ပြီး ဆွေးနွေး စဉ်းစားရမယ့်ဟာတွေ ပါသွားနိုင်တာပေါ့။ ကုန်ကုန် စဉ်းစားရင်တော့ နိုင်ငံရေး ကိစ္စလည်း ပါဖို့ များပါတယ်။ မြန်မာ နိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ စီးပွားဖွံ့ဖြိုးရေးတို့ကို ဦးစားပေးပြီးတော့ ဆွေးနွေးထောက်ခံတဲ့ အခါကျတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဘယ်လို လုပ်မလဲဆိုတာတွေကို စဉ်စားတာမျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”


အခု မြန်မာစစ်အစိုးရနဲ့ တရုတ်နိုင်ငံအကြား သဘောတူ လက်မှတ်ထိုးလိုက်ကြတဲ့ ရေနံ ဓါတ်ငွေ့ တူးဖော်ရေးနဲ့ ပိုက်လိုင်း သွယ်ယူရေး ကိစ္စဟာ ရေရှည်လုပ်ငန်း ဖြစ်တာကြောင့် ရုတ်တရက် နိုင်ငံရေးအရ ပြောင်းလဲလာနိုင်တဲ့ လုပ်ငန်းမျိုး မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။

“ရေနံ ဓာတ်ငွေ့ရှာဖွေရေးကတော့ ရည်ရှည်လုပ်ငန်းဖြစ်ပါတယ်။ ၁ နှစ် ၂နှစ်လောက်ဟာ ရှာဖွေးရေး လုပ်ငန်းလုပ်ရတာကိုး။ တူးဖော်ရေးနဲ့ဆိုရင် ၅နှစ်လောက် အချိန်ယူရမှာပေါ့။ နိုင်ငံရေးနဲ့ တိုက်ရိုက်တော့ ပတ်သက်မှာ မဟုတ်ပါဘူး။ ”

တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော်ကတော့ မြန်မာ စစ်အစိုးရ အပေါ် ထားတဲ့ တရုတ်အစိုးရရဲ့ သဘောထားတွေ တဖြည်းဖြည်း ပြောင်းလဲလာနေတာကို တွေ့ရတဲ့အကြောင်း အခုလို သုံးသပ်ပါတယ်။

“မနေ့က ဓာတ်ပုံနဲ့ တွေ့ရတဲ့အခါမှာ ၀မ်ကျားဘောင် နဲ့ ဒုသမ္မတ နဲ့ တွေ့တာကို တီဗွီမှာ ပြတယ်။ အဲဒီမှာ တရုတ် ဒုသမ္မတ ပြောတာကတော့ သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး။ တည်ငြိမ်ရေးတို့၊ အေးချမ်းရေးတို့၊ တိုးတက် ဖွင့်ဖြိုးရေးတို့ လောက်ပါပဲ။ ၀န်ကြီးချုပ် ၀မ်ကျားဘောင်နဲ့ ပြောတဲ့အခါမှာတော့ ထူးခြားချက်အနေနဲ့ တခုပါတာကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်သင့်တယ်ပေါ့။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်မှသာလျှင် တိုင်းပြည်တိုးတက်မယ်ပေါ့”

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသွားတဲ့ ဒီ တရုတ်နိုင်ငံ ခရီးစဉ် စီးပွားရေး နိုင်ငံရေး သက်သက်ချည်း သွားတဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး။ ဒီခရီးစဉ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က ကာကွယ်ရေး စစ်ဆင်ရေးအထူး ကစထ မှူး ၂ ယောက်ပါ ပါသွားတာကြောင့် ဒါဟာ တနည်းအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ခြိမ်းချောက် လိုက်သလိုပဲလို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေ အရကတော့ တရုတ် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂ ထောင် ကျော်သွားခဲ့ပြီလို့ ဆိုပါတယ် ခင်ဗျား။

မြန်မာနဲ့ ပတ်သက်လို့ အမေရိကန် လူကုန်ကူးမှုအစီရင်ခံစာ မလေးရှားကို ဝေဖန်

17 June 2009


အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနရဲ့ ၂၀၀၉ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ Tier 3 လို့ခေါ်တဲ့ အဆင့် ၃ မှာ ဆက်ပြီး သတ်မှတ်ခံရပြီး မလေးရှားနိုင်ငံကတော့ အဆင့် ၂ ကနေ အဆင့် ၃ ကို လျှော့ချခံလိုက်ရပါတယ်။ မလေးရှားနိုင်ငံ အခုလို အဆင့်ကျသွားတာဟာ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ၊ အလုပ်သမားတွေကို လူကုန်ကူးတာတွေ ပပျောက်သွားအောင် ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တာကြောင့် တစိတ်တပိုင်းပါပါတယ်။ ဒီအခြေအနေတွေကို စုစည်းပြီး ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံဟာ အဆင့် ၃ မှာ ဒီနှစ်ဆိုရင် ကိုးနှစ်မြောက် ဆက်တိုက် သတ်မှတ်ခံရတာပါ။ လူကုန်ကူးတာကို တားဆီးတာ၊ ကျူးလွန်သူတွေကို အပြစ်ပေးတာနဲ့ မဖြစ်အောင် အကာအကွယ်ပေးတာတွေမှာ တိုးတက်မှုတွေရှိခဲ့ပေမဲ့ ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းနေသေးတဲ့အတွက် အဆင့် ၃ မှာ ပဲ ဆက်ပြီး သတ်မှတ်ထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ရုံးရဲ့ ညွှန်ကြားရေးမှူး Luis De Baca က ပြောပါတယ်။

“ကျွန်တော်တို့ တွေ့ရတဲ့ အခြေအနေတွေထဲမှာ ထည့်စဉ်းစားတာတခုကတော့ အပြစ်ပေး အရေးယူတယ်ဆိုတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ပါ။ အပြစ်ပေး အရေးယူခံရသူတွေဟာ တယောက်ယောက်ကို ကျေးကျွန်သဖွယ် ထိန်းသိမ်းထားသူတွေလား၊ ဒါမှ မဟုတ် လူကုန်ကူးသူတွေလား ဆိုတာ မရှင်းပါဘူး။ သူတို့ ပြောတဲ့ ဖြစ်ရပ်အများစုမှာ ပြည်ပထွက်တဲ့ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးခံရသူတွေအဖြစ် ပြောထားတာကလည်း အကြောင်းတခုပါ။ ဆိုတော့ အရေအတွက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ မေးခွန်း ထုတ်စရာတွေဖြစ်နေပါတယ်။”

မြန်မာစစ်အစိုးရက ၂၀၀၅ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေကိုတော့ မစ္စတာ De Baca က အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံသားတွေ၊ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေကို လူမှောင်ခို ကူးတဲ့နေရာမှာ အဓိက နိုင်ငံဖြစ်တယ်ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလမှာပဲ ထုတ်ပြန်တဲ့ အမေရိကန် အထက်လွှတ်တော်ရဲ့ အစီရင်ခံစာ တခုမှာ ဖော်ပြခဲ့ပါတယ်။ လူကုန်ကူးတဲ့ နေရာတွေမှာ မလေးရှား အာဏာပိုင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုပြီး အဲဒီ အစီရင်ခံစာက ထောက်ပြခဲ့ တာကြောင့် ဒီအချက်သာ မှန်ရင် သူတို့ အရေးယူ လုပ်ဆောင်ပါ့မယ် ဆိုပြီး မလေးရှား အစိုးရဘက်က ပြန်ပြောခဲ့ရပါတယ်။

အခုထုတ်တဲ့ နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ မလေးရှားနိုင်ငံကို အဆင့် ၂ ကနေ အဆင့် ၃ ကို လျှော့ချလိုက်တာဟာ ဧပြီလ က ထုတ်ပြန်ခဲ့တဲ့ အထက်လွှတ်တော် အစီရင်ခံစာရဲ့ ဂယက် အများကြီး ပါမယ်လို့ ယူဆရပါတယ်။ အခု အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို တရားမ၀င် နေထိုင်သူတွေအဖြစ် ဖမ်းဆီးပြီး ထိုင်း-မလေးရှား နယ်စပ်ဘက်မှာ လူမှောင်ခိုကူးသူတွေဆီကို လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ ကိုယ်တိုင်က ရောင်းစားတာတွေ ရှိတဲ့အကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေဆီကနေ သိထားရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့်လည်း မလေးရှားနိုင်ငံကို အဆင့်လျှော့ချလိုက်တာဟာ မထူးဆန်းပါဘူးလို့ ဆိုလာသူက မလေးရှားအခြေစိုက် Suaram ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒုက္ခသည်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူး မစ္စ Temme Lee ပါ။

“မလေးရှားကို အဆင့်လျှော့ချလိုက်တဲ့အတွက် ကျမတို့ကတော့ မအံ့သြပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေကို မှောင်ခို ကုန်ကူးတာ တိုက်ဖျက်ဖို့ ဥပဒေပြဌာန်းခဲ့တယ် ဆိုပေမယ့် ဥပဒေကို ထိထိရောက်ရောက် အသုံးမပြုခဲ့ဘူးလေ။ မလေးရှားမှာဖြစ်နေ တဲ့ လူကုန်ကူးမှု ပြဿနာကို မဖြေရှင်းနိုင်သေးပါဘူး။ ပိုဆိုးတာက အစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတာပါ။ အထူးသဖြင့်တော့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ၊ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက် တာပါပဲ။”


မလေးရှား အစိုးရကတော့ လူမှောင်ခိုကူးသူတွေကို ဖမ်းဆီးပြီး အပြစ်ပေး အရေးယူတာတွေ လုပ်တဲ့အကြောင်း ပြောလေ့ရှိပေမယ့် ဒီထဲမှာ ပါဝင်ပတ်သက်နေတဲ့ အစိုးရ တာဝန်ရှိသူ တဦးဦးကို အရေးယူတာမျိုး ခုချိန်ထိ မကြားဖူးသေးပါဘူးလို့ မစ္စတမ်မီက ပြောပါတယ်။ ဒါ့ကြောင့်လည်း လူကုန်ကူးတာကတော့ ဆက်ရှိနေတုန်းပါပဲတဲ့။
လူမှောင်ခိုကူးမှု ပပျောက်ရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့ မလေးရှား အာဏာပိုင်တွေအနေနဲ့ လုပ်ဆောင်သင့်တာတွေကို မစ္စတမ်မီက အကြံပေးခဲ့ပါတယ်။

“ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ ကိစ္စမှာ သူတို့ကို အာဏာပိုင်တွေက ဖမ်းဆီးတာတွေ ရပ်ပစ်သင့်ပါတယ်။ သူတို့ကို ဖမ်းဆီးပြီး နယ်စပ်ဒေသတွေဆီ အပို့မခံရဘူးဆိုရင် လူကုန်ကူးတာလည်း ရပ်သွားမှာပါ။ တခြား လူကုန်ကူးတဲ့ပုံစံတွေဖြစ်တဲ့ အလုပ် အကိုင်နဲ့ ပတ်သက်တာတွေ၊ လိင်ပိုင်းဆိုင်ရာ လူကုန်ကူးတာတွေ ရပ်ဆိုင်းဖို့အတွက်ကတော့ အစိုးရအနေနဲ့ အပြင်းအထန် လုပ်ဆောင်ဖို့လိုတာပါပဲ။ ဥပဒေကို ထိထိရောက်ရောက် အသုံးပြုပြီး လုပ်ဆောင်ဖို့လိုပါတယ်။”

မလေးရှားနိုင်ငံ၊ Suaram လူ့အခွင့်အရေးအဖွဲ့က လုပ်ငန်းညှိနှိုင်းရေးမှူး မစ္စ Temme Lee ပါ။
အခုချိန်ထိတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာသစ်နဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက် ကရော၊ မလေးရှားအစိုးရဘက်ကပါ တုန့်ပြန်ပြောဆိုသံတွေ မကြားရသေးကြောင်းပါ။

အီရန် ရွေးကောက်ပွဲ ဆန္ဒပြမှုတွေ ဆက်ကျင်းပဖို့ ပြင်ဆင်နေ

17 June 2009

အီရန် သမ္မတ ရွေးကောက်ပွဲ မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူ Mir Hossein Mousavi ကို ထောက်ခံခဲ့သူတွေ ဟာ ဗုဒ္ဓဟူးနေ့ မှာ လူထု အစည်းအဝေးကြီး နောက်တစ်ခု ကို ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ သမ္မတ ရွေးကောက်ပွဲ ကို သောကြာနေ့ က ကျင်းပခဲ့ပြီး၊ လက်ရှိသမ္မတ မစ္စတာ အမာဒိနီဂျက် အနိုင်ရရှိတယ် ဆိုတာ က အငြင်း ပွါးဖွယ် ဖြစ်နေပါတယ်။

ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု ကို လှုပ်ရှားနေသူတွေ က လူထု အစည်းအဝေး လုပ်မှာ ကို ခွင့်ပြုဖို့ အီရန် ပြည်ထဲရေး ၀န်ကြီးဌာန ကို တောင်းဆိုခဲ့ကြပါတယ်။ အခုအချိန်အထိတော့ အီရန် အာဏာပိုင်တွေ က အဲသလို လူစုဝေးတာ ကို ပိတ်ပင်ထားပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ ဒါမှမဟုတ် ရွေးကောက်ပွဲပြီး အကြမ်းဖက်မှုတွေကြောင့် သေဆုံးသွားသူတွေ ကို ဗလီမှာ ကြာသပတေးနေ့ ဂုဏ်ပြုကြဖို့ မစ္စတာ မူဆာဗီ က ကြေညာချက် တစ်ရပ် ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြန်လည်ရွေးကောက်ခံရတဲ့ လက်ရှိသမ္မတ Mahmoud Ahmadinejad ကို ထောက်ခံကြသူတွေ နဲ့ မစ္စတာ မူဆာဗီ ကို ထောက်ခံကြသူတွေ က ဆန္ဒပြပွဲကြီးတွေ ကို အင်္ဂါနေ့ က သီးခြားစီ ပြုလုပ်ခဲ့ကြပါတယ်။ ဒီ ဆန္ဒပြပွဲတွေ နဲ့ ပတ်သက်ပြီး သတင်းလိုက်ရာမှာ နိုင်ငံခြား သတင်းမီဒီယာတွေ အပေါ် အီရန် အစိုးရ က တင်းတင်းကျပ်ကျပ် ကန့်သတ်လိုက်ပါတယ်။

၁၉၇၉ ခုနှစ် မှာ ဖြစ်ခဲ့တဲ့ အစ္စလာမ် တော်လှန်ရေး နောက်ပိုင်း အခု ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေ ဟာ အပြင်းထန်ဆုံး မငြိမ်မသက်မှုတွေ ဖြစ်ပါတယ်။ အငြင်းပွါးဖွယ် သမ္မတ ရွေးကောက်ပွဲကြောင့် အခုလို မငြိမ်မသက်ဖြစ်လာရတာပါ။ တနင်္လာနေ့ မှာ ဖြစ်ခဲ့တဲ့ ကန့်ကွက် ဆန္ဒပြပွဲတွေ မှာ အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။

ဒေါ်စုအမှု ဥပဒေရပိုင်ခွင့်များ ဆုံးရှုံးနေ လူ့အခွင့်အရေး ကိုယ်စားလှယ်များဝေဖန်

17 June 2009


ဒေါ်အောင်ဆန်းစုကြည်ကို အခုလက်ရှိ တရားကြားနာစစ်ဆေးမှုမှာ တရားရေး ရပိုင်ခွင့်တွေ ချိုးဖောက်ခံနေရတယ် ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အထူး ကိုယ်စားလှယ်တွေက မြန်မာစစ်အစိုးရကို ဝေဖန်သွားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ချပြီး အများနဲ့မတွေ့နိုင်အောင် ကန့်သတ်ထားတာ စစ်အစိုးရကိုယ်တိုင် ဖြစ်တဲ့အတွက်လည်း - အခု ဒီနေအိမ်ကို ကျူးကျော်ဝင်ရောက် ခံရတဲ့ကိစ္စမှာ စစ်အစိုးရ ကိုယ်တိုင် တာဝန်ရှိတယ်လို့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်တွေက ထောက်ပြပါတယ်။ အဲဒီထဲက လူ့အခွင့်အရေး ကိုယ်စားလှယ်တဦး ဖြစ်တဲ့ သောမတ်စ်အိုဟေး ကင်တာနား နဲ့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း ထားပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် အမှုကို ကြားနားစစ်ဆေးနေစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဖက်က အခြေခံ ဥပဒေကြောင်း ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ် ဆိုပြီး လူ့အခွင့်အရေး ကိုယ်စားလှယ် ၅ ဦးက ထောက်ပြသွားတာပါ။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးပိုင် အားနည်းချက်တွေကို အရင် ကတည်းကတော့ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေက ထောက်ပြဖူးပါတယ်။ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနား ကတော့ မြန်မာစစ်အစိုးရကို သူတို့အနေနဲ့ အချက်နှစ်ချက် တောင်းဆိုတယ်လို့ ပြောပါတယ်။

"ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ က ကျနော်နဲ့ အခြား လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် ၅ ဦးဟာ မြန်မာအစိုးရကို အခြေခံအားဖြင့် အချက် ၂ ချက် တောင်းဆိုပါတယ်။ ပထမ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် တရားခွင် စစ်ဆေးမှုကို တရားရေး လွတ်လပ်မျှတမှု အာမခံချက် ပေးဖို့ပါ။ ဥပဒေစိုးမိုးတဲ့ နိုင်ငံတိုင်းမှာ တရားခုံရုံးက ပွင့်ပွင့်လင်းလင်းနဲ့ အများပြည်သူကြားနားခွင် ရဖို့ မဖြစ်မနေ အရေးကြီးပါတယ်။ ဒုတိယအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုကို ပြန်ရုတ်ပေးဖို့ပါ။ ဒီစွဲချက်ဟာ တကယ့်ကို အခြေအမြစ် ခိုင်မာမှု မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရဲ့ နေအိမ် အကျယ်ချုပ်အောက်မှာ နေခဲ့ရတာပါ။ ဒါကြောင့် သူမကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ စစ်အစိုးရမှာပဲ တာဝန်ရှိပါတယ်။"

မြန်မာနိုင်ငံ ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား နဲ့အတူ ဥပဒေမဲ့ဖမ်းဆီး ထိန်းသိမ်းမှုဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့ ဥက္ကဌ Ms. Manuela Carmena Castrilo တရားသူကြီးနဲ့ ရှေ့နေ တရားရေး လွတ်လပ်မှု ဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Leandro Despouy လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Margaret Sekaggya လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ပိုင်ခွင့် ဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Frank La Rue တို့ကနေ မြန်မာစစ်အစိုးရကို ဒီတောင်းဆိုချက်တွေ လက်မှတ်ရေးထိုး တောင်းခဲ့တာပါ။ တကယ်တော့ အခုဖြစ်နေတဲ့ အမှုကိုယ်တိုင်ဟာ အခြေအမြစ် ခိုင်ခိုင်မာမာ မရှိဘဲ နိုင်ငံရေး ပယောဂ ပါနေတယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေက ယူဆထားပါတယ်။

"တကယ်တော့ ဒီစွဲချက်ကြီး က အခြေအမြစ် မရှိပါဘူး။ အခု အမေရိကန် လူမျိုးတဦး သူ့အိမ်ကို ကျူးကျော်ဝင်ရောက် လာတယ် ဆိုတဲ့ စွဲချက်ဖြစ်နေတဲ့ အချိန်မှာ - တကယ်တော့ သူမအပေါ် နေအိမ်အကျယ်ချုပ် သက်တမ်း ကုန်ဆုံးတာမို့ လွတ်မြောက်နေရမယ့် အချိန်ပါ။ ကျနော် ပြောခဲ့သလိုပါပဲ.. တကယ်တော့ အစိုးရရဲ့ ဖမ်းဆီးခံရသူနဲ့ ပတ်သက်တဲ့ ကိစ္စ အ၀၀ဟာ အစိုးရအပေါ်မှာပဲ တည်ပါတယ်.. အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် အခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတယ်ဆိုတာ မှားယွင်းတဲ့အချက်ပါ။"

ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အခု ဒေါ်အောင်ဆန်းစုကြည်အမှု အသွားအလာ အခြေအနေကို အနီးကပ် စောင့်ကြည့်ပြီး ဖိအားပေးနေဖို့ လိုမယ်လို့လည်း မစ္စတာ ကင်တားနားက တိုက်တွန်းပါတယ်။

"နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ဒီတရားခွင် ရလဒ်တွေ အခြေအနေ တွေကို အနီးကပ် စောင့်ကြည့်နေဖို့ လိုပါတယ်။ စစ်အစိုးရအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ လေးစားလိုက်နာ လာစေရေး တိုက်တွန်းဖို့ လိုပါတယ်။ ရှေ့ဆက် ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ဖို့ လိုပါတယ်။"

မစ္စတာကင်တာနားအနေနဲ့တော့ အခုလာမယ့် ဇူလှိုင်လထဲ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ တောင်းဆိုထားပေမယ့်။။ စစ်အစိုးရဖက်က သူ့ကို ဘာမှ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်အမှုကိစ္စကို အစိုးရသတင်းစာတွေအပြင် နိုင်ငံတွင်းပုဂလိက သတင်းဂျာနယ်အချို့မှာလည်း ဖော်ပြခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ အစိုးရဖော်ပြတဲ့သတင်းတွေအပေါ်မှာပဲ အခြေခံရေးထားတာတွေ့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုကိုတော့ အခု ကြားနာစစ်ဆေးမှုကို ဇွန် ၂၆ရက်နေ့မှာ ထပ်မံကြားနာဖို့ရှိပါတယ်။

အီရန်အရေး စိုးရိမ်သော်လည်း ၀င်ရောက်စွတ်ဖက်မှာမဟုတ်ဟု အိုဘားမားပြော

17 June 2009

အီရန်နိုင်ငံက သမ္မတ ရွေးကောက်ပွဲ နောက်ဆက်တွဲ အငြင်းပွားမှုတွေနဲ့ တီဟီရန်မြို့တော် မှာ ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲကြသူတွေကို နှိမ်နှင်းမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ သူ အထူး စိုးရိမ်မိတယ်လို့ အမေရိကန်သမ္မတ ဘရက် အိုဘားမား က ပြောပါတယ်။

အီရန်နိုင်ငံရေး ပဋိပက္ခမှာ အမေရိကန် အနေနဲ့ ၀င်စွက်မှာ မဟုတ်ဘူး၊ အခုကိစ္စကို ဖြေရှင်းတဲ့နေရာမှာ အီရန်နိုင်ငံသားတွေကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အီရန်သမ္မတ မာမွတ် အမာဒီနီဂျက် နဲ့ သူ့ရဲ့ ပြိုင်ဘက် မီ ဟူစိန် မိုဆာဗီ တို့အကြား မူဝါဒအားဖြင့် ကွဲပြားမှုက သိပ်မရှိပါဘူးလို့ သမ္မတ အိုဘားမား က အင်္ဂါနေ့တုန်းက ပြောခဲ့ပါတယ်။ အီရန်နိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန် သမ္မတ က ပြောခဲ့တာပါ။

ရွေးကောက်ပွဲ ရလဒ်တွေကို ပြန်စစ်ဆေးလို့ မစ္စတာ အမာဒီနီဂျက် ပဲဖြစ်ဖြစ်၊ မစ္စတာ မိုဆာဗီ ပဲဖြစ်ဖြစ် ဘယ်သူပဲ အနိုင်ရရ အမေရိကန် နိုင်ငံအနေနဲ့တော့ သူ့အပေါ် ရန်လိုတဲ့ အီရန်နိုင်ငံ အပေါ် အရင်လို ဆက်ပြီး ဆက်ဆံသွားမှာဖြစ်တယ်လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

အီရန်သမ္မတ မာမွတ်အမာဒီနီဂျက်ကို စိန်ခေါ်သူတွေက မစ္စတာ အမာဒီနီဂျက် ဟာ မဲလိမ်ပြီးတော့ ပြန်ရွေးကောက်ခံရတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပြီးတဲ့နောက် သောကြာနေ့ ရွေးကောက်ပွဲက မဲတချို့ကို ပြန်လည် ရေတွက်သွားမယ်လို့ အီရန်နိုင်ငံရဲ့ အင်အားကြီး ဥသျှောင်ကောင်စီ က ပြောပါတယ်။

ရှေးရိုးစွဲသမား သမ္မတ မာမွတ် အမာဒီနီဂျက် နဲ့ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ သူ့ပြိုင်ဘက် မစ္စတာ မိုဆာဗီ တို့ကို ထောက်ခံသူ ထောင်ပေါင်းများစွာဟာ အင်္ဂါနေ့က တီဟီရန်မြို့တော်မှာ နောက်ထပ် လူထု စုဝေးမှုတွေ လုပ်ခဲ့ကြပါတယ်။ သတင်းသမားတွေနဲ့ ဓါတ်ပုံသတင်းထောက်တွေကို အခုဆန္ဒပြပွဲတွေနဲ့ပတ်သက်တဲ့ သတင်းရယူမှုတွေ ပိတ်ပင်ခဲ့သလို အင်္ဂါနေ့ကစပြီးတော့ နိုင်ငံခြား သတင်းမီဒီယာတွေ အပေါ် တားမြစ်မှုတွေကိုလည်း အစိုးရ အာဏာပိုင်တွေက အခုထက်ပိုပြီး တင်းကြပ်လာခဲ့ပါတယ်။

ဖုန်းလိုင်းပြတ်တောက်မှုများနေခြင်းကြောင့် ပြည်သူလူထု အခက်အခဲဖြစ်နေပြီး ဝန်ကြီးဌာနသို့ တိုင်ကြား
Wednesday, 17 June 2009 23:11 ဖြိုးကြီး
E-mail Print
ဆက်သွယ်ရေးဝန်ထမ်းများ လာဘ်ပေးလာဘ်ယူလုပ်နေမှုများနှင့် ဖုန်လိုင်းများ အဆမတန် ပြတ်တောက်နေခြင်းကြောင့် ပြည်သူလူထုအနေဖြင့် အခက်အခဲဖြစ်နေရပြီး နေပြည်တော်ရှိ ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တိုင်ကြားစာ ပေးပို့ထားသည်ဟု ဆိုသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ လေးထောင့်ကန် အိတ်ချိန်းရုံးမှ ဝန်ထမ်းများကို မကျေနပ်သည့် ဖုန်းပိုင်ရှင် ၁၆ ဦးက လက်မှတ်ရေးထိုးကာ ယမန်နေ့က တိုင်ကြားထားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“အိတ်ချိန်းရုံးက ဝန်ထမ်းတွေက လျှပ်စစ်မီးပျက်တဲ့အချိန်တွေမှာ မီးစက်မောင်းပြီး အလုပ်မလုပ်ဘူး၊ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဒီဇယ်ကိုလည်း သူတို့က ကိုယ်ကျိုးအတွက် သုံးတယ်၊ တယ်လီဖုန်းလိုင်း ပျက်နေရင်လဲ ပြုပြင်ဖို့ခေါ်ရင် လိုက်ပြီးပြင်တာမရှိဘူး၊ နောက်တခါကျတော့ ဖုန်းလိုင်းတွေကို တမင်ဖြတ်ပြီး ပြင်ဖို့ခေါ်တယ်ဆိုရင်လဲ အခကြေးငွေ တောင်းတယ်၊ အဲဒါတွေကို အထက်လူကြီးတွေသိအောင် တင်ပြတဲ့သဘောပါ” ဟု ပြောသည်။

ထို့အပြင် လစဉ် ဖုန်းခွန်ပေးသွင်းရာတွင်လည်း သုံးစွဲထားသည်ထက် အဆမတန်များပြားနေပြီး ဝန်ထမ်းတွေကလဲ ဆက်ဆံရေး မကောင်းသည့်အတွက် စိတ်ညစ်နေရကြောင်း ဒေသခံက ဆက်လက်ပြောသည်။

“ဝန်ထမ်းတွေက ပြောတာဆိုတာလဲ မကောင်းဘူး၊ ကျနော်တို့ အခုဆို အရေးပေါ်ကိစ္စ၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေ အရေးကြီးလို့ ဆက်သွယ်မယ်ဆိုရင် တော်တော်ကို ဒုက္ခရောက်နေရတယ်၊ အရင်က ရေဒီယိုဖုန်းတွေအစား ကန်းရိုးတမ်းသုံး အော်တိုဖုန်းတွေနဲ့ လဲတပ်တော့ ပိုက်ဆံ (၈) သိန်း ထပ်တောင်းတယ်၊ အဲဒါကြောင့်လဲ အခုလို တိုင်ရတာ” ဟု ပြောသည်။

အဆိုပါ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုအခြေအနေများနှင့် ပတ်သက်၍ လေးထောင့်ကန် အိတ်ချိန်းရုံးမှ တာဝန်ရှိသူတဦးက ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းမှာ မှန်ကန်သော်လည်း အခြားအကြောင်းအရာများကို ငြင်းဆန်ခဲ့သည်။

“ဖုန်းလိုင်းပျက်လို့ တိုင်ထားတာ နည်းနည်းပဲရှိပါတယ်၊ ပြင်တယ်ဆိုတာက ကျနော်တို့ဆီတိုင်မှ ပြင်ပေးရတယ်၊ အဲဒီအပေါ်မှ အခကြေးငွေတောင်းတာ မရှိပါဘူး၊ ကျနော်တို့ လိုက်လုပ်ပေးပါတယ်” ဟု ဝန်ထမ်းတဦးက ပြောသည်။

လေးထောင့်ကန် အိတ်ချိန်းရုံးသို့ ဖုန်းလိုင်းပျက်သဖြင့် တိုင်းကြားသူ တနေ့လျှင် ၅ ဦးခန့်ရှိပြီး ယခုလအတွင်း တိုင်ကြားထားသူ ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဆက်လက်ပြောသည်။

တောင်ဒဂုံမြို့သစ်တောင်ပိုင်း ကျေးရွာများတွင် လွန်ခဲ့သည့် သုံးနှစ်ခန့်မှ စတင်ပြီး ဖုန်းအလုံး ၂၀၀ ခန့် ချပေးထားပြီး ယခုအခါ အလုံး ၄၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်-တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စက်တင်္ဘာတွင် စတင် တည်ဆောက်မည်

6/17/2009

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ်နှင့် တရုတ်နိုင်ငံ အကြား တည်ဆောက်မည့် ဓာတ်ငွေ့ပိုက်လိုင်းကို လာမည့် စက်တင်္ဘာလမှ စတင်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ ပိုက်လိုင်းကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့ ထိ ဖေါက်လုပ်မည် ဖြစ်ပြီး ထိုမှ တဆင့် ဂွမ်းဂျုံး ပြည်နယ် ချုံကန်း ဒေသအထိ ဖြတ်သန်း ဖေါက်လုပ်မည် ဟု တရုတ်နိုင်ငံထုတ် ဂျာနယ် တစောင်က ဖေါ်ပြသည်။

ပိုက်လိုင်းမှာ ၂၈၀၆ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး တရုတ်အမျိုးသား ရေနံ ကော်ပိုးရေးရှင်း (CNPC) က တာဝန်ယူ တည်ဆောက်မည် ဖြစ်သည်။

၂ဝ၁၂ မှ စတင်ပြီး တနှစ်လျှင် သဘာဝ ဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံနှင့် ရေနံစည်ပေါင်း ၄ဝဝဝဝဝ တင်ပို့ နိုင်မည် ဟု အဆိုပါ ဂျာနယ်က ဖေါ်ပြသည်။

တရုတ်နိုင်ငံနှင့် မြန်မာ ၂ နိုင်ငံ ကုန်သွယ်မှုမှာ ၂ဝဝ၈ အတွင်းက ၂ ဒဿမ ၆ ဘီလီယံအထိ ရှိခဲ့ရာမှ အဆိုပါ ပိုက်လိုင်းတည်ဆောက်ပြီးပါက ကုန်သွယ်မူ ပမာဏ ပိုမိုတိုးတက်လာနိုင်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် စီမံကိန်း များတွင် စုစုပေါင်း ဒေါ်လာ ၁ ဒဿမ ၃၃ ဘီလီယံ ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဓာတ်ငွေ့နှင့် ရေနံများကို သာမက စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ် အပါအ၀င် သစ်မာများနှင့် တွင်းထွက်ပစ္စည်းများ အပါအ၀င် သတ္တု- ကျောက်မျက် ရတနာများကို တင်ပို့ နေသည်ဟု သိရသည်။

ထိုင်းသို့ အလုပ်ရှာရန်သွားသူ ရခိုင်လူငယ် ၃ ဦး ဖမ်းဆီးပြီး စစ်တပ်ထဲသို့ အတင်းသွင်း

6/17/2009

ခိုင်သိန်း(နိရဉ္စရာ) ထိုင်းနိုင်ငံသို့ အလုပ်ရှာရန် သွားသူ ရခိုင်လူငယ် ၃ ဦးကို မြန်မာ ထိုင်းနယ်စပ် မြ၀တီမြို့တွင် စစ်တပ်မှ ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းရေးဌာနမှ တဆင့် မိတ္ထိလာ စစ်သင်တန်းကျောင်းသို့ ပို့လိုက်သည်ဟု သိရသည်။

အဆိုပါ လူငယ်ဦး (၃) ဦးမှာ ရသေ့တောင်မြို့နယ် လုံးတင် ကျေးရွာမှ ဦးဖြူချေသား မောင်ဝင်း (၁၇)နှစ်၊ ဈေးကုန်တန်း ကျေးရွာများမှ ဦးမောင်တင်လှ သား ညီပု (၁၇)နှစ်နှင့် စစ်တွေမြို့ စက်ပြင်ကွင်း ရပ်ကွက်မှ ဒေါ်မခင်သန်းသား မောင်စောသန်း (၁၈)နှစ်တို့ ဖြစ်ကြသည်။

သူတို့ ၃ ဦး ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်ရန် ယခုနှစ် သင်္ကြန်အပြီးတွင် စစ်တွေမှ ထွက်ခွာသွားပြီး မြ၀တီ အရောက်တွင် ဖမ်းဆီးခံရပြီး စစ်တပ်ထဲ အတင်းသွင်းခံရခြင်း ဖြစ်သည်ဟု သူတို့ ဆွေမျိုး တဦးက ပြောသည်။

“သူတို့သုံးဦး စလုံး ဧပြီလ ၂၀ ရက်နေ့က စစ်တွေကနေ ရွှေပြည်သစ် ဘတ်စ်ကားနဲ့ ထိုင်းနိုင်ငံကို သွားမယ်ဆိုပြီး စစ်တွေက ထွက်သွားပါတယ်။ မိသားစုတွေက သူတို့ကို ထိုင်းနိုင်ငံကို ရောက်သွားပြီလို့ ထင်နေခဲ့ကြပါတယ်။ သူတို့ ဆီက စာရမှဘဲ သူတို့ မိတ္ထိလာ စစ်သင်တန်းကျောင်းကို ရောက်နေတယ် ဆိုတာကို သိရပါတယ်။ သူတို့ကို ပြန်ခေါ်ဖို့ ရေးထားပေမယ့် မလွယ်တော့ဘူး ထင်ပါတယ်။”

အဆိုပါ လူငယ် (၃) ဦးကို စစ်တပ်မှ မြ၀တီတွင် ဖမ်းဆီးပြီး စစ်တပ်ထဲသို့ ခြိမ်းခြောက်ကာ အတင်းသွင်းလိုက်ကြောင်းကို များမကြာမှီက ၎င်းတို့ထံမှ ပေးပို့သော စာအရ သိရသည်ဟု သူက ဆက်ပြောသည်။

ယခုအခါ နအဖ စစ်တပ်ထဲသို့ လူငယ်များ ၀င်ရောက်မှုနှုန်းမှာ များစွာလျော့ကျနေသဖြင့် လူငယ်များကို အကြောင်းအမျိုးအမျိုးပြ ဖမ်းဆီးပြီး ခြိမ်းခြောက်ကာ စစ်တပ်ထဲသို့ သွင်းနေသည်ဟု ဒေသအတွင်းကလာသော သတင်းများအရ သိရသည်။

၎င်းအပြင် စစ်တပ်ထဲသို့ ၀င်ရောက်သူ လူငယ် တဦးကို ရခိုင်ပြည်နယ်တွင် ကျပ်ငွေ တသိန်းနှင့် ဆန်တအိတ်စီ ထုတ်ပေးသည်ဟု သိရသည်။



ဘုရားသုံးဆူမြို့နယ်စပ်တွင် တုတ်ကွေးရောဂါဖြစ်ပွါးမှုများပြားနေ
Kaowao

ဇွန် ၁၆၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၁၆)။ ။ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့ဘုရားသုံးဆူမြို့နယ်ဒေသ၌ တုတ်ကွေးရောဂါတမျိုး ဖြစ်ပွါးနှုန်း ပိုမိုများပြားလာကြောင်း မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနနှင့် ဆက်သွယ်မေးမြန်းချက်အရသိရသည်။

“သုံးဆူမြို့နယ်ကြံတောရွာရယ်၊ တပ်ရင်း(၃)ကျေးရွာရယ်၊ ဂျပန်ရေတွင်း ရွာမှာရောဂါဖြစ်ပွါးတဲ့ သူများနေတယ်။ ဒီရောဂါဟာ Measalegerman လို့ခေါ်တယ်။ ဗိုင်းရပ်ရောဂါပိုးတွေ အသက်ရှုလမ်းကြောင်းက တဆင့်ကူးစက် လာတာပါ။ ကျွန်တော်တို့လည်းအတတ်နူိင်ဆုံး ကုသပေးနေပါတယ်၊ ဒီရောဂါကြောင့် အသက်ဆုံးရှုံမှုတွေ မရှိ ခဲ့ပါဘူး၊ ဆေးဝါးကုသမှုအပိုင်းမှာ လောလောဆယ်ရှိတဲ့ ဆေးဝါးတွေနဲ့ တတ်နို်င်သလောက်သာ ကုသပေးနေ ရပါတယ်၊ ရုတ်တရက်လူနာတွေ တိုးလာတော့ ဆေးဝါးလည်းအလုံအလောက် မရှိပါဘူး” ဟု မွန်ပြည်သစ်ပါတီမှ
ကျန်းမာရေးမှုးတစ်ဦးကပြောပါသည်။

အထူးသဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်ထားရာနယ်မြေရှိ ကြံတောကျေးရွာ၊ တပ်ရင်းသုံးကျေးရွာနှင့် ဂျပန်ရေတွင်း
ကျေးရွာများ၌ အဖြစ်များလျှက်ရှိသည်။ ဂျပန်ရေတွင်းကျေးရွာ ဆေးရုံတွင် လူနာ (၄၀)ဦးကျော် ယင်းတုတ်ကွေး ရောဂါဝေဒနာခံစားနေကြရပြီး ကြံတောကျေးရွာနှင့်တပ်ရင်းသုံးကျေးရွာတို့၌ အိမ်တိုင်းလိုလိုပင် ရောဂါဝေဒနာ ခံစား နေကြရသည်။

ဒေသခံတချို့က ၄င်းရောဂါကိုနီပွန်ရောဂါဟုလည်း ခေါ်ဝေါ်နေကြသည်။

အဆိုပါရောဂါဖြစ်ပွါးသော တပ်ရင်းသုံး ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီးကြံတော ကျေးရွာမှာ အိမ်ခြေ ၁၅၀ ခန့်ရှိသည်။ ဂျပန်ရေတွင်းမှာအိမ်ခြေ ၃၀၀ကျော် ရှိပြီး မွန်ပြည်သစ်ပါတီ၏အုပ်ချုပ်မှုအောက်တွင် တည်ရှိနေသည်။

ယင်းတုတ်ကွေးရောဂါ ဝေဒနာခံစားခဲ့ရသူ ကြံတောကျေးရွာနေ မိခိုင်သဇင်က “ရောဂါဖြစ်စဆိုယင် မနက်အိပ်ရာ နိုးတာနဲ့ ကိုယ်လက်တွေ ကိုက်ခဲလာတယ်။ လမ်းမလျှောက်နူိင်တော့ဘူး၊ အဖျားလည်းတက် ကိုယ်ကလည်း ပူလိုက်အေးလိုက်နဲ့ နေရခက်တယ်။ နီးစပ်ရာဆေးမှုးတွေနဲ့ ကုလိုက်တာ အဖျားပျောက်သွားတာနဲ့ ကိုယ်ပေါ်မှာ ခြင်ကိုက်ထားသလို အဖုအပိတ်တွေ၊ ထွက်လာတယ်၊ ၇ ရက်လောက်ခံစားလိုက်ရတယ်”သည်ဟု ကောင်းဝါ သတင်းဌာနကို ပြောဆိုခဲ့ပါသည်။

ထို့အပြင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်နှင့်စူရပ်ဌာနီတို့တွင်လည်း ယခုကဲ့သို့ကူးစက်တုတ်ကွေး ရောဂါများဖြစ်ပွားခံစားနေရပြီး၊ Measalegermam တုတ်ကွေးရောဂါသည် အသက်ကိုအန္တရာယ် မပြုနိုင်ဟု ယူဆနိုင် သော်လည်း ကူးစက်မှုမြန်ဆန်သဖြင့် ကျန်းမာရေးအရသတိပြုသင့်သည်ဟု မွန်ကျန်းမာရေးဌာနက ဆိုပါသည်။

BGF အဖြစ်ပြောင်းလဲရန် လက်မခံသော အဖွဲ့များကို နအဖမှ နည်းပြောင်းစည်းရုံးမည်ဟု ပစ်ခတ်အဖွဲ့များဆို
Wed 17 Jun 2009, ကွန်းဟဒေ့
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အပစ်ခတ်ရပ်စဲအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် လက်မခံသော အဖွဲ့များကို နအဖမှ နည်းပြောင်းစည်းရုံးရန် ရှိသည်ဟု လက်ရှိ နအဖနှင့် ပစ်ခတ်နေသော သျှမ်းပြည်တပ်မတော်တောင်းပိုင်းနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ခေါင်းဆောင်များက ဆိုသည်။

“နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ လက်မခံအဖွဲ့တွေကို နည်းပြောင်းစည်းရုံးသိမ်းသွင်းမယ် ဒါမဟုတ် တိုက်မယ်ဆိုတဲ့နည်းပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့အခြေခံ ဥပေဒေထဲ မှာလည်း နိုင်ငံတော်မှာ တပ်မတော်တစ်ခုတည်းပဲ ရှိရမယ်ဆိုတော့ ဖြစ်အောင် လုပ်မယ်လို့ ကျနော်မြင်တယ်” ဟု သျှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဆိုင်မိန်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောပြခဲ့သည်။

အပစ်ခတ်ရပ်စဲအဖွဲ့များကို တကယ်တိုက်ဖျက်ရန်အတွက်သာ နအဖ ရည်ရွယ်သောကြောင့် ထိုရည်ရွယ်ချက်အတိုင်း အပြတ်တိုက်မည် ဖြစ်သည်။ အခုလောလောဆယ် အပစ်ခတ်ရပ်စဲအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန် စည်းရုံးနေသည်မှာ အနုနည်း သဘောနှင့် အချောသတ်နေခြင်းသာဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ခူဦးဒယ်ကမူ “စည်းရုံးလို့မရတဲ့ အဖွဲ့တွေကို မရ ရတဲ့နည်းနဲ့လုပ်မှာပဲလို့ ကျနော်မြင်တယ်။ နောက်ဆုံး စည်းရုံးလို့မရတဲ့အဖွဲ့တွေကို စစ်ရေးအရ အကျပ်အကိုင်ဖြေရှင်းမယ်လို့ ကျနော်မြင်တယ်” ဟု သူက ပြောသည်။

သို့သော် ကေအင်ယူဒုဥက္ကဌ ဒေးဗစ်တာကဘောကမူ လက်မခံသောအဖွဲ့များကို နအဖက စစ်ရေးနှင့် တိုက်ဖျက်ဖြေရှင်းမည်ကို ၄င်းအနေဖြင့်မမြင်ကြောင်း ပြောသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာအဖွဲ့အစည်းဖိအားရှိနေခြင်းနှင့် ကေအင်ယူ တစ်ဖွဲ့တည်းကို နအဖမှ နိုင်အောင်မတိုက်နိုင်ပဲ ကျန်သောအဖွဲ့များကို တိုက်ရန်မှာ မလွယ်ကူဟု ပြောသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် အပစ်အရပ်အဖွဲ့ ၁၇ ဖွဲ့ကို စည်းရုံးနေ သည်မှာ အများစုက နအဖဆန္ဒအတိုင်း လိုက်လျောနိုင်မည်မဟုတ်ဟု ၄င်းအနေဖြစ်လည်း မြင်ကြောင်း KNPP အတွင်းရေးမှူး ခူဦးဒယ်က ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ သူငယ်တန်းဖတ်စာအုပ် အခမဲ့ဖြန့် စီမံထားသော်လည်း ကျောင်းသားမိဘများဝယ်နေရ
Wed 17 Jun 2009, မင်းအာသံ
မြန်မာတနိုင်ငံလုံးရှိ သူငယ်တန်းကျောင်းသား/သူများအတွက် အစိုးရပညာရေးဝန်ကြီးဌာနမှ သူငယ်တန်း ဖတ်စာအုပ်များအခမဲ့ဖြင့် ဖြန့်ဝေရန် စီမံထားသော်လည်း ကျောင်းသားမိဘများက ယနေ့ထိ သူငယ်တန်း ဖတ်စာအုပ်ဝယ်နေရကြောင်း သိရသည်။

၎င်းတို့ဌာနမှ ဖြန့်ဝေခဲ့သော သူငယ်တန်းဖတ်စာအုပ်သည် မွန်ပြည်နယ် ကျေးရွာအနည်းစုသာ ရရှိပြီး တချို့ကျေးရွာများတွင် ကျောင်းသားမိဘများက ယခင်နှစ်တိုင်းပင် ပေးဝယ်နေရပါသည်ဟု မုဒုံမြို့နယ်မှ သူငယ်တန်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

“ကျွန်မသား သူငယ်တန်းအဆင့် ကျောင်းသွားအပ်တာ ပိုက်ဆံကုန်တယ်၊ ဖတ်စာအုပ်ကြေးလား ဘာကြေးလဲဆိုတာ မပြောဘူး၊ ကျောင်းအပ်တာနဲ့ (၄၅၀၀) ပေးရတယ်၊ ဒါပေမယ့် ကျောင်းမှာ ဝယ်လိုက်တဲ့ ဗလာစာအုပ်တွေက Unicelf တံဆိပ်ဖြစ်နေတယ်၊ ကွမ်လှာနှင့် နှီးပဒေါ်ကျေးရွာတို့က ကျောင်းအပ်ခ (၅၀၀) ကျပ် လောက်ပဲ ပေးရတယ်၊ သူတို့က ဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံတွေပါ ရတယ်၊” ဟု ပြောသည်။

မွန်ပြည်နယ်တွင် မူလတန်းအဆင့်ချင်းတူညီသော်လည်း တချို့ကျေးရွာများသာ သူငယ်တန်းဖတ်စာအုပ်အခမဲ့ဖြစ် ရရှိပြီး ကရင်ပြည်နယ်အတွင်းတွင်လည်း တချို့ကျေးရွာများတွင် ယနေ့ချိန်ထိ မရသေးသည့်အပြင် ဝယ်နေရပါသည်ဟု သိရသည်။

“သူငယ်တန်းဖတ်စာအုပ်အတွက် (၆၀၀) ကျပ်ပေးရတယ်၊ ကျောင်းမှာ ဗလာစာအုပ် (၁၂) အုပ် နှင့် ခဲတံပါ ကျောင်း သား/သူတွေကို (၃၀၀၀) ကျပ်နဲ့ ကျောင်းဆရာမတွေ ပြန်ရောင်းနေတယ်”ဟု ဘားအံမြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

မုဒုံမြို့တွင် သူငယ်တန်းနှင့် ပထမတန်း ကျောင်းအပ်ခမှာ (၂၀၀၀) ကျပ် ပေးရပြီး (၂)တန်းမှ (၄) တန်းအထိ ကျောင်းအပ်ခသည် (၂၅၀၀) ကျပ် ပေးနေရပါသည်ဟု သိရပါသည်။

ပညာရေးဝန်ကြီးဌာနက ၂၀၀၉/၂၀၁၀ ပညာသင်နှစ်တွင် သူငယ်တန်းကျောင်းသား/သူများအတွက် သူငယ်တန်း ဖတ်စာအုပ်များ အခမဲ့ဖြန့်ဝေနိုင်ရေးစီမံချက်အရ စုစုပေါင်းတန်ဖိုး ကျပ် ၁၅၇၄၉၇၁၀၀ (၁၅၇ သိန်း) စာအုပ် (၆ သိန်းကျော်) ကို ဖြန့်ဝေမည်ဖြစ်ကြောင်း ပညာရေးဌာန၏ တရားဝင်ထုတ်ပြန်သော သတင်းအရ သိရသည်။

ပညာရေးဝန်ကြီးဌာနသည် ပညာရေးမြှင့်တင်မှုအစီအစဉ် နှစ် ၃၀ နှစ်ရှည်စီမံကိန်းကာလကို ၂၀၀၁/၂၀၀၂ ပညာသင်နှစ်မှ ၂၀၃၀/၂၀၃၁ ပညာသင်နှစ်ထိသတ်မှတ်ဆောင်ရွက်နေသည်ဟု Voice Weekly ဂျာနယ်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံမှ ကူးခွေရောင်းသူများကို အရေးယူရန် မွန်အဆိုတော်မှစီစဉ်
Tue 16 Jun 2009, ရိုင်မရော့
နာမည်ကျော်မွန်အဆိုတော်များက ခွေအသစ်ထုတ်တိုင်း ကူးခွေ ရောင်းချသူများ ထွက်ပေါ်လာသည်ကို ဖော်ထုတ်ဖမ်းဆီးသွားရန် အစီစဉ်ရှိသည်။

“ခွေကူးရောင်းတဲ့သူတွေကြောင့် ကျနော်တို့အတွက် အခက်ခဲမျိုးစုံကြုံတွေ့ရတယ်၊ ခွေတစ်ခါထုတ်တိုင်း ကူးခွေတွေ ထွက်ပေါ်လာတယ်၊ ကျနော်တို့အနေနဲ့ ခွေတစ်ခွေထွက်ဖို့က ငွေကြေးအများကြီးအကုန်ကျခံထားတယ်” ဟု နာမည်ကြီးမွန်အဆိုတော် စမိုင်းချမ်းက ပြောသည်။

ကူးခွေရောင်းချသူတို့ကြောင့် ခွေထုတ်သည့် အဆိုတော်များအတွက် ရင်းနှီးထား သမျှငွေကြေးများ ဆုံးရှုံးမှုရှိသည်။ ကူးခွေရောင်းသူများကို ဖမ်းဆီးအရေးယူရန် အတွက်လည်း အခွင့်မသာခဲ့သည့်အတွက် အကြိမ်ကြိမ် အခါခါ ဆုံးရှုံးနေရပါသည်။

သို့အတွက်ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ မွန်သီချင်း ကူးခွေ ရောင်းချသူများကို ဖော်ထုတ် ဖမ်းဆီးသွားရန် ထိုင်းအာဏာပိုင်များနှင့် ညှိနိုင်းထားသည်ဟု ၄င်းကဆိုသည်။

“ဒီတစ်ခါတော့ ကျနော်တို့ အဆိုတော် “အသိင်” ထုတ်ထားတဲ့ (“ဆုငၛံက် ပံက်ဍုန်”) အမည်ရှိ ဗီစီဒီ အတွက် ဖြန့်ချိရာမှာ ခွေခိုးကူးသူတွေ မကူးနိုင်အောင် ထိုင်းမှာ ရှိနေတဲ့ မွန်လူမျိုး (၅) ဦးက ထိုင်းအရာရှိတွေနဲ့ စာချုပ်စာတမ်းအသေချာလုပ်ပြီးတော့ ခွေကူးသူတွေကို ဖော်ထုတ်ဖမ်းဆီး အရေးယူဖို့ သဘောတူညီချက်ယူထားတယ်” ဟု သူက ဆက်ပြောသည်။

ကူးခွေရောင်းချမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတွင်လည်း ကူးခွေရောင်းချ သူများကို မွန်ဂီတအနုပညာတွေကို အားပေးနေကြသည့် မွန်လူမျိုးများက ဦးဆောင်ပြီး အရေးယူသွားမည်ဟု သူကဆက်ပြောသည်။

“ကျနော်တို့အနေနဲ့ ခွေကူးသူတွေကို အရေးယူရာမှာ (၁) အချက်အနေနဲ့ ကူးခွေနဲ့ပတ်သက်သမျှ စက်ပစ္စည်းအားလုံးကို သိမ်းမယ်၊ ပြီးတော့ ထိုက်တန်သလောက် ကျနော်တို့ဘက်က လျော်ခိုင်းတာကိုလည်း ပြန်လျော်ပေးရမယ်” ဟု စမိုင်းချမ်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံရောက် မွန်အမျိုးသား (၅) ဦးတို့က ကူးခွေရောင်းချသူတွေကို ဆက်လက်ဖော် ထုတ်သွားရန်ရှိသည်။ အခုလောလောဆယ်တွင် “အသိင်” ခွေ ဖြန့်ပြီးသည်နှင့် ခွေကူးယူရောင်းချသူများကို ဖမ်းဆီးမှု စတင်တော့မည်ဖြစ်သည်။

မွန်ပြည်နယ်အတွင်း၌လည်း ကူးခွေရောင်းသူများရှိနေသော်လည်း ထိုင်းနိုင်ငံအတွင်းရှိ မွန်ကူးခွေရောက်ချသူများနှင့် နိုင်းယှဉ်လျှင် အနည်းအကျဉ်းသာရှိသည်ဟု ၄င်းကဆိုသည်။

သံလွင်အရှေ့ခြမ်း စစ်အင်အားဖြည့်တင်းမည်ဟု တြိဂံတိုင်းမှူးပြော
ဗုဒ္ဓဟူးနေ့၊ 17 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print



“အခုချိန်ကစပြီး နောက်လ လလယ်ပိုင်းအထိ သံလွင်အရှေ့ခြမ်းမှာ စစ်အင်အားတိုးချမယ်” ဟု ကျိုင်းတုံ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက စစ်တိုင်းရုံးအစည်းအဝေး၌ ပြောကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်ကဆိုသည်။

ဂျွန်လလယ်ပိုင်းမှစ၍ သံလွင်အရှေ့ခြမ်း ၀ တောင်ပိုင်းတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ဘွယ်ရှိမည့် ဒေသတ၀ိုက်တွင် အနည်း ဆုံးဗျူဟာ ၂ ခု ထပ်မံတိုးချသွားမည်ဖြစ်ကြောင်း၊ ထို့အတူကျိုင်းတုံအရှေ့မြောက်ဘက် ၀ ထိန်းချုပ်သည့် နယ်ခြား တလျှောက် တွင်လည်း အင်အားထပ်ဖြည့်သွားမည် ဖြစ်ကြောင်းဆိုသည်။

“မိုင်းဆတ်မြို့ အရှေ့တောင်ဘက် နမ့်ကုတ်ချောင်း ပိန်းခမ်းဘက်မှာ ဗျူဟာတခုလာထားမယ်ဆိုတော့ အနည်းဆုံး တပ်ရင်း ၃ ခု ပါလာမှာဘဲ၊ နောက်ပြီး မိုင်းတုံမြို့နယ် နားကောင်းမူးဘက်မှာလဲ ဗျူဟာ ၂ ခု ဆိုတော့ တိုးလာမယ့် တပ်ရင်းတွေ ကလောအခြေစိုက် တပ်မ ၅၅ က ဖြစ်မယ်လို့ဆိုတယ်။ အဓိက ၀ ကို ခြိမ်းခြောက်ဖို့၊ နည်းဗျူဟာသစ်နဲ့ ပြောင်းလဲဆက် ဆံဖို့ဘဲဖြစ်နိုင်တယ်” - ဟု အဆိုပါဆို့စ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
[ကျိုင်းတုံ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး]

ကျိုင်းတုံ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှုအပေါ် ၀ တပ်ဖွဲ့ နှင့် အခြားအပစ်ရပ်တို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့သော ကြောင့် ယခုကဲ့သို့ မုန့်ပြတုတ်ပြ အစီအစဉ် ဖြစ်လာကြောင်း ဆိုပါသည်။

မိုင်းတုံမြို့ နယ် နားကောင်းမူးဒေသခံများပြောကြားချက်က -“မနေ့တုန်းက ပုံပါကျင်ဗျူဟာတပ်ကို ရောက်လာတာ လက်နက် ကြီး ၇ လက်လောက်ရှိမယ်။ ကျနော်တို့က သေနတ် အကြောင်းနားမလည်ဘူး၊ အဲဒီလက်နက်ကြီးရဲ့ အထိုင်က တော်တော် ကြီးတယ်။ တပ်ဆင်ပြီးရင် ကျနော်ထင်တာ ၅-၆ ယောက်လောက် ထမ်းရမှာဘဲ”- ဟု သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

ထို့အတူ ဖေဖေါ်ဝါရီလ နှောင်းပိုင်းတွင် တြိဂံဒေသ မူးယစ်ရာဇာ နော်ခမ်းအဖွဲ့အား ချေမှုန်းရှင်းလင်းရေး၌စေလွတ်ထား သော တပ်ရင်း ၂-၃ ရင်းလည်း တပ်ပြန်ရုပ်ပြီး မြောက်ပိုင်း ၀ နယ်မြေ နယ်ခြားတလျှောက်ဖြစ်သည့် မိုင်းခတ်၊ မိုင်းနုန်းဘက် (ကျိုင်းတုံမြို့ မြောက်ဘက် ကီလို ၁၂၀ ကျော်အကွာ) သို့ ပြောင်းရွှေ့ချထားကြောင်း ဒေသခံတဦးက အခုလိုပြောပါသည်။

“ကျနော်တို့ဘက် လှုပ်ရှားတဲ့ နအဖ တပ်တွေ ၀ နယ်စပ်ကို ပြောင်းသွားပြီပြောတယ်။ အခုဆိုရင်အများဆုံး တစ်ရာ လောက် ဘဲကျန်တယ်၊ နော်ခမ်းတို့အတွက် လုပ်ငန်းပြန်လည်ပတ်ဖို့ အခြေအနေပိုကောင်းတာပေါ့” - ဟု ဆို၏။

တရုပ်နယ်စပ်ဘက်တွင်လည်းကောင်း တောင်ဘက်ထိုင်းနယ်စပ်ဘက်တွင်လည်းကောင်း၊ နအဖ နှင့် ၀ တပ်ဖွဲ့ တင်းမာသည့် အနေအထား၊ တင်းကြပ်သောလုံòခံရေးတို့ကြောင့်မူးယစ်မှောင်ခိုအဖွဲ့များအတွက် တြိဂံဒေသ လမ်းကြောက အခြေအနေ ပြန်ကောင်းလာကြောင်း ဆိုပါသည်။

သျှမ်းပြည်တွင်း အပစ်ရပ်အခြေအနေစောင့်ကြည့်လေလာသူ သျှမ်းခေါင်းဆောင်တဦးက - “အပစ်ရပ်အဖွဲ့နဲ့ နအဖ တင်း မာလာတဲ့ အနေအထားကြောင့် ပြီးခဲ့တဲ့လကတည်းက တပ်မ ၅၅ တို့ ၈၈ တို့ သံလွင်အရှေ့ဘက်ခြမ်းရောက်လာတယ် လို့သတင်းထွက်တယ်။ အမှန်တော့ အခုမှ ကလောက တပ်မ ၅၅ ဖြစ်ဖို့များတယ်” ဟု ဆို၏။

အပစ်ရပ်များ အကြားနားယောင်စေရန် စစ်အစိုးရသပ်လျှိုစည်းရုံး
ဗုဒ္ဓဟူးနေ့၊ 17 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print



ဧပြီလနှောင်းပိုင်းမှစ၍ ဂျွန်လဆန်းပိုင်းအထိ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဗိုလ်သန်းရွှေ၏ သံတမန် ဗိုလ်ရဲမြင့် က အပစ်ရပ်ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံစည်းရုံးဖြောင်းဖျစဉ်အပစ်ရပ်အဖွဲ့အချင်းချင်းနားလည်မှု လွဲစေရန်လည်း လံကြုပ်ပရိယာယ်များသုံးခဲ့သည်ဟု အပစ်ရပ် SSA (မြောက်ပိုင်း) တပ်ဖွဲ့နှင့်ရင်းနှီးသည့် ဆို့စ်က ဆိုသည်။

သျှမ်းပြည်တပ်မတော် SSA (မြောက်ပိုင်း) ခေါင်းဆောင်များအား လားရှိုး ရမခ တိုင်းရုံး၌ ခေါ်တွေ့စဉ်နယ်ခြားစောင့် တပ် ကိစ္စကို မိုင်းလားခေါင်းဆောင်များလက်ခံဖို့ သဘောတူထားကြောင်းပြောပြသကဲ့သို့မိုင်းလားသို့ရောက်သွား စဉ်ကလည်း SSA-N က အကောင်းမြင်ထောက်ခံထားကြောင်း တစ်စိတ်ကိုတအိတ်လုပ်ခဲ့သည်ဟု - မြောက်ပိုင်း သျှမ်းအပစ်ရပ်ခေါင်း ဆောင် တဦးပြောပြချက်အရ အဆိုပါဆိုစ့်က ဆို၏။
[အပစ်ရပ် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဥက္ကဌ စ၀်လွယ်မောဝ်]

အပစ်ရပ် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဥက္ကဌ စ၀်လွယ်မောဝ်

မြောက်ပိုင်းသျှမ်းအပစ်ရပ်အဖွဲ့လည်း မိုင်းလားအဖွဲ့နည်းတူ ဂျွန် ၁၀ နှင့် ၁၁ ရက်များ၌ တပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်း (ကျေးသီးမြို့နယ်)၌လည်းကောင်း၊ ၁၃ နှင့် ၁၄ ရက်က တပ်မဟာ ၇ ဌာနချုပ် ကာလိ (ကွန်ဟိန်းမြို့နယ်) ၌ လည်းကောင်း တပ်အသွင်ပြောင်းရေးကိစ္စလက်ခံ/မခံ စစ်ကြောင်းမှူး၊ တပ်မဟာမှူး၊ တပ်မှူး နှင့် ဌာနအကြီး အကဲများ အား အစည်းအဝေး ခေါ်ယူရှင်းလင်းပြီး ဆန္ဒကောက်ယူခဲ့ကြောင်း သိရသည်။

မိုင်းလားအဖွဲ့ဒေသအသီးသီး တွင်လည်း ၂ ရက်မှ ၆ ရက်နေ့အထိ ကေဒါတပ်သားထုနှင့် လူထုအကြား ဆန္ဒမေးမြန်း ခဲ့ပြီး ၉၅ % က လက်မခံကြောင်း ပြောပါသည်။

“ကျနော်တို့ လက်နက်ကိုင်လာတာ အမျိုးဘာသာအတွက်၊ တန်းတူအခွင့်အရေးရဖို့ တော်လှန်ရေးလုပ်ခဲ့တာဘဲ။ အကြောင်း အမျိုးမျိုးကြောင့်သာ အပစ်ရပ်ခဲ့ရတာ။ အသွင်ပြောင်းဖို့လက်ခံ/မခံ မေးနေစရာတောင်မလိုဘူး” - ဟု SSA အပစ်ရပ်အဖွဲ့အရာရှိ တစ်ယောက်ကပြောပါသည်။

ဂျွန် ၃ ရက်၌ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ဖေါ်ဆောင်မှုကော်မတီ အကြီးအကဲ/ စရဖ ချုပ် ဗိုလ်ရဲမြင့် - အပစ်ရပ် SSA ဥက္ကဌ စ၀်လွယ်မောဝ်၊ ဒုဥက္ကဌ စ၀်ကိုင်ဖ တို့နှင့် လားရှိုး၌ တွေ့စဉ် SSA ခေါင်းဆောင်များက -“ကျနော် တို့ အောက်ခြေအရာရှိတွေ အသွင်ပြောင်းဖို့ နားမလည်သဘောမတူချင်ကြသေးတဲ့အတွက်အချိန်ယူသိမ်း သွင်း ဖြောင်းဖျ ရဦးမယ်။ ဒီကိစ္စကို ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့စည်းပြီးမှသာပြန်လည်ဆွေးနွေးစေချင် ပါတယ်” - ဟု ပြောဆို ခဲ့ကြောင်း သိရပါသည်။

သျှမ်းပြည်အရေးလေ့လာသူတဦးက- “စစ်အစိုးရပြောစကားအရ အပစ်ရပ်တွေဂျွန်လကုန်မှာသက်တမ်းဆုံးပြီလို့ ပြောထား တဲ့အတွက် အင်မတန်အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ တဘက်ထဲကိုနားမထောင်ဘဲ အဘက်ဘက်သတင်း မှန်ရဖို့ သတိကြီး ထား နားစွင့်နေရမှာဖြစ်တယ်။ နို့မို့ရင် စစ်အစိုးရရဲ့မုသားကျော့ကွင်းထဲ လုံးလုံးကျရောက်သွားမယ်” - ဟုဆို၏။

ကရင်ဒုက္ခသည်ကလေးများကို စိတ်ဓာတ်ရေးရာ ထိုင်းအဲန်ဂျီအို အားပေးနှစ်သိမ့်

နွယ်လေး။
ဇွန်လ ၁၇ ရက်၊ ၂၀၀၉ ခုနှစ်။

ယခု လဆန်းပိုင်းမှစ၍ ဖြစ်ပွားနေသည့် နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလုံကြသည့် ကရင်ဒုက္ခသည်ထဲမှ ကလေးငယ်များကို စိတ်ဓာတ်ရေးရာ အားပေးနှစ်သိမ့်သည့်အနေဖြင့် ချင်းမိုင်ရှိ ထိုင်း အဲန်ဂျီအို အဖွဲ့များက ပို့စကဒ်ပုံများကို ပေးပို့ကြသည်။

ဇွန်လ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပနေသည့် အဆိုးများကို ရင်ဆိုင်ကျော်ဖြတ်ခြင်း ပွဲတော်တွင် တက် ရောက်လာသူများ ပြုလုပ်သည့် ပို့စကဒ်များကို စုဆောင်းပြီး ဒုက္ခသည် ကလေးငယ်များထံ ပေးပို့မည်ဟု ပွဲဖြစ် မြောက်ရေး တာဝန်ခံ ဖီးဖိမ်းက ပြောသည်။

“ဒီပွဲမှာ ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံကို ထွက်ပြေးလာတဲ့ ကရင်ဒုက္ခသည် ကလေးငယ်ကို အားပေးနှစ် သိမ့်မှုပေးနိုင်မယ့် ပိုစ်စကဒ်လေးတွေကို ပွဲလာသူတွေက ရေးဆွဲပေးကြပြီး ကလေးတွေဆီ ပို့ပေးပြီးပြီ တခေါက်။”

ယခုလဆန်းမှစ၍ မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီကေ ပူးပေါင်းတပ်ဖွဲ့တို့ ကေအဲန်ယူ ကို ထိုးစစ်ဆင် တိုက် ခိုက်မှုကြောင့် ထွက်ပြေးလာခဲ့သည့် ကရင်စစ်ပြေးဒုက္ခသည်ထဲမှ ကရင်ကလေးငယ်များ စိတ်ဓါတ်ရေးရာ အား ပေးနှစ်သိမ့်မှုပေးရန်အတွက် ရည်စူးပြီး ပိုစ့်စကဒ်ငယ်များကို ရေးဆွဲပေးခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“လာမယ့် ၂၀ရက်နေ့မှာလည်း ကျမတို့ပွဲတော်ကို လာရောက်တဲ့ ထိုင်း၊ မြန်မာ အပြင် နိုင်ငံခြားသား ဘယ်သူမဆို ဒုက္ခသည်တွေကို အားပေးနှစ်သိမ့်တဲ့ ကိုယ့်ရဲ့ ခံစားချက်ကို အ၀တ်စအကြီးကြီးမှာ ၀င် ရောက်ရေးသားနိုင်ပြီး အဲဒါကိုလည်း ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းကို ပေးပို့သွားမယ်။ ဒီက နေ ကျမတို့ သူတို့ကို အားပေး နှစ်သိမ့် ပြီး စိတ်ဓါတ်အင်အားတွေနဲ့ ကူညီနေတယ်ဆိုတာ သူတို့ လေးတွေကို အသိပေးနေတာပါ”

ပွဲတော်သို့ လာရောက်အားပေးသူများက စစ်ပြေးဒုက္ခသည် ကရင်ကလေးငယ်များ အတွက် စိတ်အားထက် သန်စွာဖြင့် ငွေကြေးထောက်ပံ့ကူညီပေးသည့်အပြင် ၎င်းတို့ရေးဆွဲထားသည့် ပိုစ့်စကဒ်များကိုလည်း စုဆောင်း ပြီး ထပ်မံပေးပို့ဦးမည်ဟု သိရသည်။

ချင်းမိုင်တက္ကသိုလ် (Art Center’s auditorium) တွင် ထိုင်းအစိုးရအဖွဲ့အစည်း မဟုတ်သည့် ထိုင်း(NGO) အဖွဲ့ အစည်းများမှ ဦးဆောင်ပြုလုပ်သည့် “အဆိုးများကို ရင်ဆိုင်ကျော်ဖြတ်ခြင်း” ပွဲတော်ကို မြန်မာတိုင်းရင်းသား ပေါင်းစုံမှ ရိုးရာ တေးသီချင်း၊ အကများနှင့် ပါဝင်ဖျော်ဖြေ ကြသည်။

ယင်းပွဲတော်ကို ထိုင်းနိုင်ငံတွင်းရှိ ထိုင်းလူမျိုး ပေါင်းစုံနှင့်အတူ ချင်းမိုင်ရောက် ရှမ်း၊ ကရင်၊ မြန်မာ၊ ကချင်၊ ချင်း၊ မွန်လူမျိုးများက နေ့အလိုက် တက်ရောက်ဖျော်ဖြေကြသည်။

ထိုင်းနိုင်ငံတွင်းရှိ ထိုင်းလူမျိုးပေါင်းစုံနှင့် မြန်မာတိုင်းရင်းသားလူမျိုးများ ပူးပေါင်းပါဝင်သည့် အဆိုးများကို ရင်ဆိုင် ကျော်ဖြတ်ခြင်းပွဲတော်ကို ချင်းမိုင်မြို့တွင် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

ပစ္စည်းအပြည်အစုံမပါရှိသည့် ကားများ လေလံပွဲ မြစ်ကြီးနားတွင် ကျင်းပနေ၊ လိုင်စင်လိုချင်သူများ ဝယ်ယူနေ

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၁၇ ရက်၊ ၂ဝဝ၉ ခုနှစ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကားလေလံတင်ပွဲကျင်းပနေရာ ကားပစ္စည်း အပြည်အစုံ မပါရှိသော်လည်း ကားလိုင်စင်ရရှိရေးအတွက် ဝယ်ယူကြသူများသဖြင့် စည်ကားနေသည်။

ကားလေလံတင်ပွဲကို ဇွန်လ(၁၁)ရက်နေ့မှစတင်၍ ရောင်းချခြင်းဖြစ်သည်။

(၂ဝဝ၃)ခုနှစ် အတွင်းက သိမ်းဆီးခဲ့သည့် လိုင်စင်မဲ့ကားများအပါအဝင် တောထဲတွင် ဖမ်းဆီး ရမိခဲ့သည့် တရုတ်နိုင်ငံထုတ် သစ်တင်ကားများ စုစုပေါင်း ကားအစီးရေ (၁၇ဝ)ဝန်းကျင် ရှိနေပြီး တစီးလျင် ကျပ်(၁၅)သိန်းမှ သိန်း(၁ဝဝ) အထိ လေလံတင် ရောင်းချနေသည်ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

“ကားတွေက အတော်များများ မကောင်းတော့ဘူး။ မီးသီးမပါတာ၊ မှန်မပါတာ။ ထိုင်ခုံမပါတာ၊ ဒက်စ် ဘုတ်တောင် မပါတာရှိတယ်၊ ဖြုတ်ရောင်းထားပြီးနေပြီလေ။ အဲဒါကို ယာဉ်ထိန်းတပ်ရင်း ထဲမှာ ထား တာ။ နံပတ်တွေ ထိုးထားတယ်။ ကြိုက်တယ်ဆိုရင် မိုးလုံလေလုံအားကစားကွင်း ထဲက လေလံတင် ပွဲမှာ ဝင်ဆွဲပေါ့၊”

ပစ္စည်းအပြည့်အစုံမပါသော်လည်း လိုင်စင်များ ရရှိရေးအတွက် ရန်ကုန်၊ မန္တလေးဘက်မှ ကားပွဲစားများပါ လာ ရောက်ကြသဖြင့် စည်းကားနေသည်ဟု အဆိုပါ မြို့ခံက ပြောသည်။

“ရန်ကုန်၊ မန္တလေးဘက်က လေလံလာပြိုင်တဲ့သူတွေ ရှိတယ်။ တချို့ကလည်း လာ လေ့လာ တာပေါ့။ ဈေးကလည်း မဆိုးဘူးဆိုရင်တော့ လေလံဝင်ဆွဲကြတာ။ ပစ္စည်းနည်းနည်းသန့်တဲ့ ပါဂျဲရိုးတို့ဆို သိန်း(၁ဝဝ)လောက်နဲ့ရတယ်။ ပစ္စည်းတွေ ပြန်ထည့်၊ ကညနရုံးမှာတက်၊ အားလုံး ပေါင်း သိန်းနှစ်ရာ ကျော်ကျော်လောက်နဲ့ ပါဂျဲရိုး စီးလို့ရနေပြီလေ။ စိတ်ဝင်စားတဲ့သူတွေ အတွက်တော့ လုပ်လို့ကောင်း ပါတယ်၊”

မြန်မာပြည်အတွင်း ပြည်ပမှ ကားတင်သွင်းခွင့်ကို အာဏာပိုင်များနှင့် နီးစပ်သူများကသာ ရရှိနေသလို ကားလိုင် စင် ရယူရာတွင် အခက်ခဲများရှိသည့်အတွက် ကားလိုင်စင်ရှိပြီးသည့် ကားများနှင့် လေလံပွဲမှကားများသည် လိုင်စင်ရ ယူရာတွင် လွယ်ကူသဖြင့် စီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စားနေသည့် အဆိုပါ ကားလေ လံပွဲများကို ယခင် နှစ်ပိုင်းကစ၍ မြန်မာပြည်နေရာအနှံ့တွင် စတင်ကျင်းပလာခဲ့သည်။

သက်သေထွက်ဆိုခွင့် အယူခံလွှာကို ဗဟိုတရားရုံးက လက်ခံ
2009-06-17

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအတွက် အန်အယ်ဒီပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်နဲ့တို့ကို ကျန်သက်သေတွေအဖြစ် ထွက်ဆိုခွင့်ပြုဖို့ အယူခံတင်တဲ့ လျှောက်လွှာကို ဗဟိုတရားရုံးက ဒီကနေ့ ဇွန်လ ၁၇ရက်မှာ သဘောတူ လက်ခံလိုက်တယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'ဒီနေ့မနက် ၁ဝနာရီမှာ လက်ခံရေးအတွက် က္ဆွန်တော်တို့ လျှောက်လဲချက် ပေးရပါတယ်။ လွန်ခဲ့တဲ့ တနာရီလောက်ကတော့ ညနေပိုင်းမှာ က္ဆွန်တော်တို့ရဲ့ လျှောက်လွှာကို လက်ခံတယ်လို့ ဗဟိုတရားရုံးက အမိန့်ချတယ်။ အမိန့်ချတဲ့အတွက် နောက်တကြိမ် က္ဆွန်တော်တို့က နှစ်ဖက်ပေါ့၊ အစိုးရဘက်ရော၊ က္ဆွန်တော်တို့ဘက်ရော၊ နှစ်ဖက် လျှောက်လဲချက် ထပ်ပေးရဦးမယ်။ အဲဒီ လျှောက်လဲချက် ပေးပြီးမှသာ ဒီသက်သေနှစ်ယောက်ကို ဆက်လက် ဆောင်ရွက်ခွင့် ရမရဆိုတဲ့ အဖြေက အဲဒီကျမှ ပေါ်မှာ။'

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်သေအဖြစ် တိုင်းတရားရုံးက လက်ခံထားတဲ့ ဒေါ်ခင်မိုးမိုးကို လာမဲ့ ၂၆ ရက်နေ့မှာ စစ်ဆေးဖို့ အာဏာပိုင်တွေဘက်က ရုံးချိန်းပေးထားပါတယ်။ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့ကို သက်သေအဖြစ် လိုက်ပါခွင့် လျှောက်ထားမှုကို တိုင်းတရားရုံးက ပယ်ချခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ဗဟိုတရားရုံးမှာ ပြင်ဆင်ချက် ထပ်မံ တင်ပြ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် သက်သေခံခွင့်နဲ့ ပတ်သက်လို့ တရားရုံးက စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်အတွက် ကောင်းတဲ့ လက္ခဏာတရပ်လို့ ဦးဝင်းတင်က တုံ့ပြန်ပြောကြားပါတယ်။

ဦးဝင်းတင်။ ။ 'ဘာပဲပြောပြောပေါ့ဗျာ၊ က္ဆွန်တော့ရဲ့ တုံ့ပြန်ချက်ကတော့ တရားစီရင်ရေးမှာပေါ့ဗျာ၊ ၈၈ ကျောင်းသားတွေ အချိန်လောက်က စပြီးတော့ လွန်ခဲ့တဲ့ နှစ်လောက်က စလိုက်တာ၊ အခုနောက်ဆုံးပိတ် ဒေါ်စုအမှုထိကို ဗမာပြည်မှာ တရားစီရင်ရေးစနစ်ဆိုတာ တရားမျှတမှုမှ ရှိရဲ့လား၊ ဟုတ်လား၊ တရားစီရင်ရေးစနစ် ဆိုတာကော ယန္ဈရားကော ပုံမှန်၊ နည်းမှန် ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာတွေ အများကြီး ရှိနေတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ဘာပဲပြောပြော တရားရုံးချုပ်ကနေ က္ဆွန်တော်တို့ရဲ့ သက်သေခံခွင့်နဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးမယ်ဆိုတဲ့အခါကျတော့ ဒါ အများကြီး ကောင်းတဲ့ လက္ခဏာပါပဲလို့ က္ဆွန်တော် ပြောချင်ပါတယ်။'

တရားရုံးက လျှောက်လွှာကို အတည်ပြုလက်ခံပြီးတဲ့နောက် သက်သေအဖြစ် တရားဝင် အတည်ပြုတဲ့ ဆုံးဖြတ်ချက်ကျနိုင်ဖို့က သီတင်း နှစ်ပတ်လောက်အထိ ကြာနိုင်တယ်လို့လည်း ဦးဥာဏ်ဝင်းက ခန့်မှန်းပြောကြားပါတယ်။ ။

ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိနှစ်ဖက်စလုံး ကွယ်နိုင်ဖွယ်ရှိ
2009-06-17

မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုလှမျိုးနောင်ရဲ့ မျက်စိ အခြေအနေဟာ ဒီရက်ပိုင်းမှာ အလွန် ဆိုးဝါးလာတယ်လို့ မြစ်ကြီးနား အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက RFAကို ပြောပြပါတယ်။

ဒီလို အခြေအနေ ဆိုးဝါးလာတဲ့အတွက် မိသားစုနဲ့ မိတ်ဆွေ အသိုင်းအဝိုင်းက သူ့ကျန်းမာရေးအခြေအနေကို စိုးရိမ်နေကြတယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောခွင့်ရသူ ကိုဘိုကြည်က ပြောပြပါတယ်။

ကိုဘိုကြည်။ ။ 'အခု ဒီရက်ပိုင်းထဲမှာ က္ဆွန်တော်တို့ သိရသလောက်ဆိုလို့ရှိရင် သူက မျက်စိကိုက်တဲ့ ဝေဒနာကို တော်တော် ခံစားနေရတာမျိုး ရှိတယ်။ တကယ်လို့ အချိန်မီ ကုသခွင့် မရဘူးဆိုလို့ရှိရင် ကန်းသွားနိုင်တဲ့ အနေအထားမျိုးရှိတယ်လို့ က္ဆွန်တော်တို့ ကြားသိရပါတယ်။ ဒါပေမဲ့၊ အခုအချိန်အထိ ခွဲစိတ် ကုသရမဲ့ အဆင့်ကို မရောက်သေးဘူးပေါ့။ ဒီဟာ သူအဖမ်းခံရပြီးတဲ့ အခါမှာလည်း မျက်စိကို ခွဲစိတ် ကုသခံရတယ်။ မျက်စိခွဲ ကုသတာ မအောင်မြင်ပဲနဲ့ မျက်စိတဖက်က ကွယ်သွားပြီလေ။ အခု နောက်တဖက်ကပါ ထပ်ပြီး ကွယ်မဲ့ သဘောမျိုး ဖြစ်နေတယ်။ တကယ်လို့ မျက်စိ နှစ်လုံးစလုံး ကွယ်သွားလို့ရှိရင်တော့ သူ့ရဲ့ ရေရှည်ဘဝအတွက်ကတော့ တော်တော် စိုးရိမ်စရာကောင်းပါတယ်။'

ကိုလှမျိုးနောင်ဟာ ၂ဝဝ၇ ခုနှစ် သံဃာ့ အရေးအခင်းကာလအတွင်း ရန်ကုန်စမ်းချောင်းက မျက်စိဆရာဝန်ဆီ ဆေးစစ်ဖို့အသွား အာဏာပိုင်တွေရဲ့ အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အမှုတွေ စစ်ဆေးနေစဉ်မှာ မျက်စိတလုံး ကွယ်ခဲ့သူ ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခဒေသမှ ခလေးများ ကူညီရေး ကုလသမဂ္ဂအစီရင်ခံစာ
2009-06-17

စစ်ဖြစ်နေတဲ့ဒေသတွေက ကလေးတွေနဲ့ ပတ်သက်ပြီး လက်နက်ကိုင် ပဋိပက္ခနဲ့ ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ ယူနီဆက် ကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးတွဲပြီး ၁ဝ နှစ်တာ စောင့်ကြည့်လေ့လာမှု အစီရင်ခံစာတစောင်ကို မနေ့က ဇွန်လ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအပြင် ဒုက္ခနဲ့ ရင်ဆိုင်နေရတဲ့ ကလေးတွေကို အကာအကွယ်ပေးရေး လုပ်ငန်းတွေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂအဖွဲ့တွေနဲ့ အစိုးရအသီးသီးကို တိုက်တွန်း ဆော်သြလိုက်ပါတယ်။ ဒီအစီရင်ခံစာမှာ စစ်ပွဲတွေက ကလေးတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေတယ်လို့ ရေးသားထားပါတယ်။ အဲဒါတွေကတော့ ကျန်းမာရေးနဲ့ပညာရေး၊ အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ရရှိရေး၊ မိသားစု ပြန်လည်ပေါင်းစည်းရေး၊ စသဖြင့်ဖော်ပြထားပါတယ်။

တကမႝာလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ ပျမ်းမျှအားဖြင့် ကလေးပေါင်း သန်း ၁ ထောင်ကျော်ဟာ စစ်ပွဲတွေရဲ့ ရိုက်ခတ်မှုကို ခံနေရကြောင်း ဒါဟာ လက်ရှိ ကမႝာ့လူဦးရေရဲ့ ၆ ပုံ ၁ ပုံဖြစ်ကြောင်း ထောက်ပြထားပါတယ်။

အဲဒီစစ်ဖြစ်လို့ ကလေးတွေ ဒုက္ခရောက်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူအခွင့်အရေးအဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံ စစ်ဖြစ်ရာဒေသက ကလေးတွေမှာ အသက် ၅ နှစ်အောက် ကလေးတွေဟာ ၅ ယောက် ၁ ယောက်နှုန်း သေဆုံးတာ တွေ့နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကလေးအခွင့်အရေး မြှင့်တင်မှုဆိုင်ရာ ညွန်ကြားရေးမှူး ဂျိုဘက်ကာကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က ကလေးတွေကို အဓမ္မစုဆောင်းနေရုံသာမကပဲ ကလေးတွေကို လမ်းမတွေမှာ ဖမ်းခေါ်သွားပြီး စစ်သားစုဆောင်းရေးကို ပို့ရင် ငွေကြေးရနေတဲ့အတွက် ငွေရှာတဲ့အနေနဲ့လည်း ကလေးတွေကို အသုံးချကြတာ တွေ့ရတယ်လို့ ပြောပါတယ်။

အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပါဝင်တဲ့ ယူနီဆက်အဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး အန်းဗီနီမန်းက စစ်ပွဲတွေကြောင့် ကလေးဘဝ ပျောက်သွားရတဲ့ ကလေးတွေအနေနဲ့ အနာဂတ်တော့ မပျောက်သင့်ဘူးလို့ ဆိုပါတယ်။

လက်နက်ကိုင် ပဋိပက္ခနဲ့ ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ရာဒီခါက ကလေးတွေအတွက် နိုင်ငံတကာအဆင့်မီ ကူညီစောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့ ၊ ကလေးတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတာတွေ ရပ်ဖို့ဆိုတာတွေအတွက် လိုအပ်ချက်တွေ အမြောက်အမြား ရှိနေသေးတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ မကြာသေးခင်က ပြောဆိုထားပါတယ်။

အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲပြုလုပ်
2009-06-17

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အပြည်ပြည်ဆိုင်ရာက လက်မှတ်ပေါင်း ၆ သိန်းကျော်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ သွားပို့တဲ့ ကိုယ်စားလှယ်အဖွဲ့က မနေ့က ဇွန်လ ၁၆ရက် ဒေသစံတော်ချိန် နေ့လည် ၃ နာရီမှာ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ရှင်းလင်းပွဲကို ကုလသမဂ္ဂဆိုင်ရာ ချက်သမတနိုင်ငံ ကိုယ်စားလှယ်က ကမကထပြု ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ မခင်ဥမ္မာက RFA ကို အခုလို ပြောပါတယ်။

ဒေါ်ခင်ဥမ္မာ။ ။ 'ချက်နိုင်ငံကနေပြီးတော့မှ သူတို့ရဲ့ ကုလသမဂ္ဂ ရုံးအခြေစိုက် သံအမတ်ကိုယ်တိုင်ကနေပြီးတော့ က္ဆွန်မတို့ကို ဒီအခမ်းအနားကို တာဝန်ယူ ကျင်းပပေးတယ်။ သူကိုယ်တိုင် စကား လာပြီး ပြောပေးတယ်။ ဒါက ဘာကိုပြလဲဆိုရင် ဥရောပ သမဂ္ဂတခုလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ထိပ်ဆုံးဦးစားပေး ကိစ္စတခုအနေနဲ့ မဖြစ်မနေ ဆောင်ရွက်ဖို့ကိစ္စမှာ သူတို့ကိုယ်နှိုက်က ဒါကို ထောက်ခံတယ်၊ သူတို့ကိုယ်နှိုက်က ဒါကို ကြိုးစားနေတယ် ဆိုတဲ့ ထောက်ခံမှုကို ပြတဲ့သဘောဖြစ်တယ်။ ဒါဟာလည်း က္ဆွန်မတို့အတွက် အားရစရာ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ က္ဆွန်မတို့အနေနဲ့ မနေ့ကတုန်းက လက်မှတ်တွေ ပို့ခဲ့တယ်ဆိုတဲ့ အကြောင်းရယ်၊ လက်မှတ်ကောက်ခံတဲ့ ကင်ပိန်းကို က္ဆွန်မတို့ ဘာကြောင့် ဒါကို လုပ်ခဲ့တယ်၊ ပြီးတော့ က္ဆွန်မတို့ တကမႝာလုံးက ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာကို ဘယ်လို ရလဲဆိုတာကို က္ဆွန်မတို့ ပြောခဲ့တယ်၊ ပြီးလို့ရှိရင် လောလောဆယ် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်ရေးဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတဲ့ ကိစ္စတွေကို က္ဆွန်မတို့ ထောက်ပြခဲ့ပါတယ်။ ပြီးသွားလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ လောလောဆယ် နအဖရဲ့ အငြိုးကြီးကြီးနဲ့ ရက်ရက်စက်စက်နဲ့ ချေမှုန်းဖို့အတွက် လုပ်နေတာ ထောင်တွေမှာ ဆေးကုသခွင့်မရလို့ ဒုက္ခရောက်ရတဲ့ ကိစ္စတွေ၊ မိသားစုနဲ့ ဝေးရတဲ့ ကိစ္စတွေ၊ ထောင်ထဲမှာ သေဆုံးကြရတဲ့ ကိစ္စတွေ၊ ဒါတွေကို က္ဆွန်မတို့ ဒီနေရာမှာ တင်ပြပါတယ်။'

ဒီသတင်းစာ ရှင်းလင်းပွဲကို နိုင်ငံခြားသံတမန်တွေနဲ့ သတင်းဌာနပေါင်းစုံက တက်ရောက်ခဲ့ကြပါတယ်။ အခုလှုပ်ရှားမှုဟာ မြန်မာ့အရေးဆောင်ရွက်ရာမှာ ထိရောက်မှု ရှိနိုင်၊ မရှိနိုင်ဆိုတာကိုတော့ သတင်းစာရှင်းလင်းပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ US Campaign for Burma အဖွဲ့က ဦးအောင်ဒင်က အခုလိုပြောပါတယ်။

ဦးအောင်ဒင်။ ။ 'ဒီလိုဖြစ်နေတဲ့ အနေအထားတွေကို ကုလသမဂ္ဂမှာလည်း စိတ်ပူပန်မှုတွေနဲ့ ကြိုးစားနေကြတာတွေ ရှိတာပဲ။ ဒီကနေ့မနက်ပဲ က္ဆွန်တော်တို့ ပြင်သစ်သံရုံးနဲ့ တွေ့တယ်။ သူတို့လည်း ပြောတာပဲ၊ လုံခြုံရေးကောင်စီကနေပြီးတော့ မြန်မာ နိုင်ငံရေးကိစ္စကို အရေးယူဖို့ သူတို့လည်း တစိုက်မတ်မတ် ကြိုးစားနေတယ်။ ဒါပေမဲ့၊ ပထမ တရုတ်တို့ ရုရှားတို့ အဲလိုမျိုးက ဒီနအဖကို အကာအကွယ်ပေးနေတာမျိုး ရှိတဲ့အခါကျတော့ ခုထိတော့ အောင်မြင်မှုက မရသေးဘူး။ ဒါပေမဲ့၊ ဆက်တော့ ကြိုးစားနေရမှာပဲလေ။ ဆက်ကြိုးစားဖို့အတွက် က္ဆွန်တော်တို့က ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ၊ ပြဿနာတွေ၊ နာကျင်မှုတွေ၊ နအဖရဲ့ မတရားမှုတွေကို က္ဆွန်တော်တို့က အဆက်မပြတ်ကို သူတို့သိအောင် တင်ပြဆွေးနွေးနေဖို့ လိုတယ်။ ဒါမှ သူတို့ အဲဒီလို ပိုသိတဲ့အခါကျမှ ပိုပြီးတော့ လှုပ်ရှားမှုတွေ အားကောင်းလာမယ်လို့ ယူဆရပါတယ်။'

ဒီသတင်းစာရှင်းလင်းပွဲမှာ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်၊ FDB မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုက မခင်ဥမ္မာနဲ့ US Campaign for Burma အဖွဲ့က ဦးအောင်ဒင်တို့ ရှင်းလင်း ပြောဆိုကြပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်အတွင်း မြန်မာနှင့် မြောက်ကိုရီးယားဆက်ဆံရေး တရုတ်သတင်းဖော်ပြ
2009-06-17

ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး တရုတ်ပြည်ကို ရောက်ရှိနေစဉ် မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သတင်းဆောင်းပါးတပုဒ်ကို တရုတ်ပုဂ္ဂလိက အင်တာနက်စာမျက်နှာမှာ ဇွန်လ ၁၄ရက် တနင်္ဂနွေနေ့က ရေးသားထားတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ဒီသတင်းဟာ ပြီးခဲ့တဲ့အပတ် အတွင်းက Yale Global သတင်းစာမှာ ဘာတီးလ် လင့်တနာ ရေးသား ထားတဲ့ စစ်အစိုးရရဲ့ နေပြည်တော်မှာ ဥမင် လိုဏ်ခေါင်းများကို မြောက်ကိုရီးယား ပညာရှင်တွေက ဖောက်လုပ်ပေးခဲ့တဲ့ သတင်းဖြစ်တယ်လို့ ပါပါတယ်။

(Image: RFA)

မြန်မာစစ်အစိုးရ၏ နေပြည်တော်တွင် မြောက်ကိုရီးယား ပညာရှင်များက မြေအောက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ပေးသော သတင်းကို QQ.com တရုတ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: RFA)

ဒီသတင်းကို တရုတ်စာနဲ့ ရေးသားထားတာပါ။ ဒီသတင်းကို ဖတ်လိုက်ရသူ တရုတ်မြန်မာ နယ်စပ်က အမျိုးသမီးတဦးက ခုလိုပြောပြပါတယ်။

အမျိုးသမီး။ ။ 'ဆွီဒင်က သတင်းထောက် စာအုပ်ထွက်လာတာတဲ့။ အဲဒီမှာ ၂ဝဝ၃ခုနှစ်က မြန်မာပြည်နဲ့ ကိုရီးယားဟာ ဥမင်လိုဏ်ခေါင်းတခု အဲလိုမျိုး သဘောတူ စာချုပ်နဲ့ အဲဒါမျိုး ချုပ်ထားတာ နောက်မှ ဒီ ဗမာပြည် နေပြည်တော် မပြောင်းခင်ပေါ့၊ မြောက်ကိုရီးယားရဲ့ ပရော်ဖက်ဆာတွေခေါ်ပြီး သွားလုပ်ရမှာပေါ့၊ အဲဒါတွေ စီစဉ်ထားတာပေါ့။ နောက် ၂ဝဝ၆ခုနှစ် ပြီးတော့ အဲဒါ စလုပ်နေတာပေါ့။'

အခုသတင်းကို ဖော်ပြရေးသားတဲ့ အင်တာနက်စာမျက်နှာကတော့ QQ.com စာမျက်နှာဖြစ်ပြီး တရုတ်ပြည်မှာ လူအများစု ဖတ်ရှုတဲ့ သတင်းစာမျက်နှာ ဖြစ်တယ်လို့ သိရပါတယ်။ ခုလို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ပြည်ကိုရောက်ရှိစဉ် ဒီသတင်းကို တရုတ်ပြည်သူအများ ဖတ်ရှုရအောင် ရေးသားတာကို ခွင့်ပြုခြင်းဟာ ထူးခြားချက်ဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်၊

တရုတ်ပြည်မှာ သတင်းနဲ့ပတ်သက်ပြီး အင်တာနက်စာမျက်နှာတွေကို အမြဲဆင်ဆာလုပ်လေ့ ရှိပေမဲ့ ဒီသတင်းကို ဆင်ဆာမလုပ်ခြင်းဟာ ထူးခြားချက်ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တရုတ်မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေး သုံးသပ်သူ ဦးအောင်ကျော်ဇောကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။