Friday, June 19, 2009

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တိုရန်တိုမြို့လှုပ်ရှားမှု

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် စစ်သံရုံးရှေ့ ဆန္ဒပြပွဲ ( ကိုရီးယား )



ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အလှူတော် ( ကိုရီးယား )



ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ကိုရီးယားဘုန်းတော်ကြီး လင်ယောင်ဒန် ကဆုတောင်းမေတ္တာပို့သပေး





လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

အာဇာနည်

Photobucket>

အကျဉ်းထောင်ထဲက ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့ 


အကျဉ်းထောင်ထဲက ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့ အတွက် ရွှေတိဂုံဘုရားတွင် လာရောက်ဆုတောင်းပေးသူ အထူးများပြား
June 19, 2009 · Leave a Comment

၁၉ ဇွန် ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း

Global campaign marks Suu Kyi’s 64th birthday

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည၏ ၆၄ နှစ်ပြည့် မွေးနေ့ ပွဲ အတွက် ရန်ကုန်
မြို့ တွင် စစ်အစိုးရ က လုံခြုံရေး အထူးတင်းကျပ် ထားသော် လည်း ဒေါ်အောင် ဆန်းစုကြည် အား
ထောက်ခံသူများက ယနေ့ မနက် အစောပိုင်းကတည်းက စတင်၍ ရွှေတိဂုံ စေတီ တွင် ဒေါ်အောင်
ဆန်းစုကြည် လွတ်မြောက်ရေး နှင့် ကျန်းမာရေး တို့ အတွက် ပန်း၊ရေချမ်းဆီမီး တို့ ကို ကပ်လှု ပူ
ဇော် ကြကြောင်းသတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ရွှေတိဂုံ ဘုရားပေါ်တွင် တက်ရောက် ဆုတောင်းပေးခဲ့သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် အမျိုးသမီးတစ် ဦးက “ဘုရားပေါ်မှာ တောင် သေနတ်နဲ့ စောင့်နေကြတာ အင်ဖေါ်မာ တွေ ထောက်လှမ်းရေးတွေ ကလည်း အများကြီးပဲ အမေ ကတော့ အင်္ဂါထောင့် မှာ အမ အတွက် ဆုတောင်းပေးတယ် ၊တချို့ ကတာ့ ဒေါ်အောင် အောင် ဆန်းစုကြည် အမြန် ဆုံးလွတ်မြောက် ပါစေ ၊ကျန်းမာပါစေ ဆိုပြီး ခပ်ကျယ်ကျယ် ဆုတောင်းပေးသူ တွေလည်းရှိ တယ် သူ တို့ ဆိုရင် အနားကိုထောက်လှမ်းရေး က ရောက်လာ ရော အခုထိ တော့ ဘာအန္တရာယ် မှ မပေးသေး ဘူး ငှက် မရောင်းရ တော့ ငှက် မလွှတ်ရ ဘူး နောက် ပန်း လှုပြီးရင် လှုပြီးတဲ့ ပန်းတွေ ကို ဂေါပက တွေက ချက်ခြင်းပြန် သိမ်းတယ်၊ နို့ မို့ ဆိုရင် ပန်းတွေ ဘုရားပေါ်မှာ အပြည့်ဖြစ်နေမှာ ” ဟု ဘုရားပေါ်တွင် သူ ကြုံတွေ့ ခဲ့သည့် အခြေအနေ များကို Freedom News Groupသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ အထိမ်းအမှတ် အား အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးတွင်
လည်းကျင်းပပြီးနိုင်ငံ တကာ ရောက် မြန်မာ မြန်မာ့ ဒီမိုကရေစီရေး စိတ်ဝင်စားသူ နိုင်ငံခြားသားတို့ ကလည်း ကျင်းပသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယခုနှစ်မေလတွင် နေအိမ် အကျယ်ချုပ် သက်တမ်းပြည့် ပြီးသော်လည်း စစ်အစိုးရက မတရား အမှု ဆင် ဖမ်းဆီးတရားစွဲ ဆိုကာ အင်းစိန် ထောင် တွင် ဖမ်းဆီး ချုပ်နှောင် ထားသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် နှင့် သူမ လွတ်မြောက်ရေး အတွက် မြန်မာ လူငယ်များက Face Book နှင့် Twitter အစရှိသည့် Social Networking ဆိုက်များတွင် အွန်လိုင်းလှုပ်ရှားမှု များပြုခဲ့ကြသည်။

ဒေါ်အောင် ဆန်းစုကြည်သည် ကမ္ဘာ့ ပထမ ဦးဆုံးသော အကျဉ်းထောင် တွင်း မွေးနေ့ ပွဲဆင် နွှဲရသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဖြစ်သည်။



ယနေ့ကျရောက်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်ပြည့် မွေးနေ့အထိမ်း အမှတ် ဆွမ်းကပ်လှူပွဲအတွက် ပင့်သံဃာ (၅) ပါး မရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနားကို ပါတီဌာနချုပ်ရှိရာ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ပါတီဌာနချုပ်တွင် ကျင်းပမည်ဖြစ်ရာ မဟာစည်ကျောင်းတိုက်မှ သံဃာ (၅) ပါးအား အရုဏ်ဆွမ်းကပ် လှူမှုပြုရန်အတွက် ကြိုတင်ပင့်ဖိတ်ထားသော်လည်း ယနေ့နံနက်တွင် သံဃာတော်များ ကြွရောက်နိုင်ခဲ့ခြင်းမရှိဟု သိရသည်။

“ဒီမနက်သွားကြိုတော့ ဘယ်သူတွေက ဘယ်လိုလာပြောသွားတယ်တော့ မသိဘူး။ သံဃာတော်တွေက သူတို့ မလိုက်နိုင်တဲ့အတွက်ကိုတော့ နားလည်ပေးပါလို့ပြောတယ်။ ဒါနဲ့ တခြားသံဃာတော်တွေကို ပင့်ဖိတ် ကပ်လှူလိုက် ရတယ်။ အဲဒါလည်း အချိန်ကကပ်နေတော့ (၄) ပါးပဲ ပင့်လို့ရလိုက်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သံဃာတော်များ ထိုသို့ ဆွမ်းစားမကြွရဲခြင်းမှာ အာဏာပိုင်များဘက်မှ တားဆီးခြိမ်းခြောက်မှုကြောင့်ဖြစ်နိုင်ကြောင်း ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောကြသည်။

ယနေ့ ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ နိုင်ငံခြား သံတမန်များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတို့မှ ပုဂ္ဂိုလ်များနှင့် အဖွဲ့ချုပ်ဝင်များ တက်ရောက်ခဲ့ကြပြီး အန်အယ်လ်ဒီ လူငယ်များက ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ခဲ့သော “IF” ကဗျာကို သံစဉ်ထည့်သွင်း သီဆိုဧည့်ခံခဲ့ကြသည်။

ထို့နောက် ချိုးငှက်နှင့် စာကလေးများကို ဘေးမဲ့လွှတ်ပေးခဲ့ကြကာ ပါတီအလံတပ်ဆွဲထားသော မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့ကြသည်။ ပါတီအလံကို ရရှိသူအနေဖြင့် ပါတီရုံးချုပ်သို့ လာရောက်အပ်နှံပါက ဆုငွေ (၂) သောင်း ရရှိမည်ဖြစ်သည်။

အန်အယ်လ်ဒီပါတီက ဦးစီးကျင်းပသော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားကို အာဏာပိုင်များဘက်မှ ထောက်လှမ်းရေးများက စောင့်ကြည့်မှုများ ရှိခဲ့သော်လည်း အနှောင့်အယှက်ပေးမှုမရှိခဲ့ကြောင်း ပါတီဝင်တဦးက ပြောသည်။

အလားတူပင် ထိုင်း-မြန်မာနယ်စပ်တွင်လည်း မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် (၆၄) နှစ်ပြည့်မွေးနေ့ပွဲနှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားကို (၄) နေရာခွဲ၍ ကျင်းပခဲ့ကြသည်။

အခမ်းအနားများတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲများ ကျင်းပကြပြီး မွေးနေ့ရှင်ကို ရည်စူး၍ သက်စေ့ငါးနှင့်ငှက်များ လွတ်ခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းတို့ ပြုလုပ်ကာ သံဃာတော် များကို မွေးနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်ပြည့် မွေးနေ့အခမ်းအနားများကို မြန်မာ့ဒီမိုကရေစီရေး ထောက်ခံလှုပ်ရှားနေသူများကလည်း ကမ္ဘာတ၀န်းရှိ မိမိတို့ရောက်ရှိရာ နိုင်ငံအသီးသီးတွင် ကျင်းပကြသည်။

ဒေါ်စုမွေးနေ့ ကမ္ဘာတ၀န်း ကျင်းပ

19 June 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ကျရောက်မယ့်
သူ့ရဲ့ ၆၄ နှစ်မြောက်မွေးနေ့ကို ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ထဲမှာ ကျော်ဖြတ်
ရမှာ ဖြစ်ပါတယ်။

မေလအစောပိုင်းမှာ အမေရိကန် နိုင်ငံသားတယောက် မဖိတ်ခေါ်ဘဲ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို ရေကူးဝင်ရောက်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်
ဟာ သူ့ကို နေအိမ်အကျယ်ချုပ် ဖမ်းဆီးထားတဲ့ စည်းကမ်းစည်းမျဉ်းတွေကို
ချိုးဖောက်ခဲ့ပါတယ်ဆိုပြီး စစ်အစိုးရက တရားစွဲပြီး သူ့ကို အင်းစိန်အကျဉ်းထောင်ထဲမှာ
ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

A photo of Burmese opposition leader Aung San Suu Kyi is projected on one of the European Parliament buildings in Brussels, Thursday June 18, 2009.AP
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကားချပ်ကို ဘရပ်ဆဲလ်ရှိ အီးယူ ပါလီမန် အဆောက်အအုံတခုတွင် ဆလိုက်ထိုး ပြသထားစဉ်။ ဇွန် ၁၈၊ ၂၀၀၉။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး
အတွက် နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်တွေ၊
နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေက
လူထုအစည်းအဝေးပွဲတွေ၊ ဆုတောင်းပွဲတွေ၊
မိန့်ခွန်းပြောကြားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

www.64forsuu.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ
လည်း ဒေါ်အောင်ဆန်းစုကြည်အတွက်
မွေးနေ့ဆုတောင်းတွေ ရေးသားပေးပို့ကြတာ
အခုဆိုရင် မွေးနေ့ဆုတောင်းပေါင်း ၁၀,၀၀၀
ကျော်သွားပါပြီ။ အီးယူ ဥရောပသမဂ္ဂကဆိုရင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကားချပ်
အကြီးကြီးကို ဘရပ်ဆဲလ်မြို့တော် လူဇင်ဘတ်
က အီးယူ ပါလီမန်အဆောက်အအုံမှာ
ချိတ်ဆွဲမှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာတော့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon
Brown) ရဲ့ ဇနီးဖြစ်သူ ဆာရာ ဘရောင်း (Sarah Brown) က ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေး ကြိုးပမ်းမှုအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရုပ်ရှင်တကား ပြသမှာ
ဖြစ်ပါတယ်။ ဒီလို ၀န်ကြီးချုပ်နေအိမ်မှာ ရုပ်ရှင်ပြသမှု ပြုလုပ်တာဟာ ရာဇ၀င်မှာ
ပထမဦးဆုံး ပြသမှု ဖြစ်ပါတယ်။

မလေးရဲက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပမည့် မြန်မာလူမျိုးများကို ၀င်ရောက်ဖမ်းဆီး
June 20, 2009 · Leave a Comment

၂၀ ဇွန် ဆီလန်ဂါ မလေးရှား၊ ၊Freedom News Group

Birthday Protesters Arrests in Malaysiaမွေးနေ့ ဆုတောင်းသူများကို ဖမ်းဆီးခေါ်ဆောင် သွားစဉ် ကျန်ရှိခဲ့သော ဆုတောင်းပွဲ ကျင်းပမည့် အခမ်းအနားနေ ရာ

ပယ်တလင်ဂျယာ ရဲမှုးက ပွဲ ကိုဖျက်သိမ်းရန် နှင့် မြန်မာများရဲစခန်း သို့ လိုက်ခဲ့ရန် လာရောက် ပြောကြားစဉ် ဓာတ်ပုံ-Freedom News Group

ယမန်နေ့ ကကျရောက်သော ထောင်သွင်းအကျဉ်းချခံထားရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ၏ ၆၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် မလေးရှား နိုင်ငံဆီလန် ဂါ ပြည် နယ် ပယ်တလင်း ဂျယာ မြို့ တွင် ကျင်းပရန် စီစဉ် ထားသည့် အထိမ်း အမှတ် အခမ်းအနား တစ်ခု ကို
ဒေသ ဆိုင်ရာ အာ ဏာ ပိုင်များ နှင့် ရဲ အဖွဲ့ က ရောက်ရှိလာကာ လူ၁၅၀ ကျော်အား
ဖမ်းဆီးသွားခဲ့သည်။

ရဲ က လာရောက် တားမြစ် သဖြင့် ပွဲ ကိုဖျက်သိမ်းလိုက်ရပြီး ကျင်းပမည့်နေရာတွင် ရှိနေသည့် သူ
များကို လည်း ဖမ်းဆီးသွားကြောင်းသိရသည်။ ထိုအခမ်းအနားကို မလေးရောက် မြန်မာ လူမျိုးများနှင့် အတိုက်အခံ အဖွဲ့ အစည်းများက ဦးစီးကျင်းပခြင်းဖြစ်ပြီး မလေးရှား အတိုက်အခံ တစ်ဦးဖြစ်သူအဏ္ဏ၀ါ အီဗရာဟင် တို့ အဖွဲ့ မှ လည်း ကူညီ ပံပိုးပေးသည် ဟုသိရသည်။

ထိုအခမ်းအနားတွင် မလေးရဲအဖွဲ့ မှ ဖမ်းဆီးခြင်းကိုခံရသူ ကို ၀င်းလတ် က “မလေးရဲ က မြန်မာ တွေ လုပ်တာထက် သူ့ တို့ အတိုက်ခံ တွေ ကို နှိပ်ကွပ် ချင်တာလဲ ပါတယ်။အားလုံးကို ဖမ်းသွားတယ်
ပတ်စပို့ ရှိတဲ့ လူပြန် လွှတ်ပေးတယ် ၊မရှိ တဲ့ လူဆိုမနက် ဖြန် မှ လွတ်မလား မသိဘူး ဟု Freedom
News Group သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းပွဲ အတွက် မလေးရောက် မြန်မာ များက စီစဉ်တင်ဆက်
မည့် အစီအစဉ် စတင်ရန် အတွက် ပြင် ဆင်နေ စဉ် တွင် ခရိုင်ရဲ မှုး နှင့် ရဲကား ၈စီးရောက်ရှိ လာပြီး
ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

အိန္ဒိယ – မြန်မာနယ်စပ် မိုရေး မြို့ တွင် လည်း အာဏာပိုင် များက မြန်မာအတိုက် အခံများ၏ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်း ပွဲ နှင့် ချီတက် လမ်းလျှောက် ပွဲ များကို ခွင့်မပြု ဟုသိရသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထမ်းအမှတ် အခမ်းအနား အား အနည်း ဆုံး ကမ္ဘာ နိုင်ငံပေါင်း ၁၂၀ ကျော် တွင်ကျင်းကကြသည်။

ဒေါ်စုမွေးနေ့ အလှူဒါနပွဲများ ပြည်တွင်း မြို့နယ်များမှာ ကျင်းပ (အင်တာဗျူး) Print E-mail
အင်တာဗျူး
ဖနိဒါ
သောကြာနေ့၊ ဇွန်လ 19 2009 19:36 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်တွင်းပြည်ပရှိ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများက သူမ၏ ၆၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပနေကြသလို မြန်မာပြည်တွင်းရှိ မြို့နယ်ဒေသ အများအပြားတွင်လည်း လှုပ်ရှားမှု အမျိုးမျိုး ပြုလုပ်ခဲ့ကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံး၌ မွေးနေ့ပွဲ အစီအစဉ်များ ပြုလုပ်ခဲ့သလို၊ အခြားသော တိုင်းနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင်လည်း အန်အယ်ဒီပါတီဝင်များက သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ကလေးသူငယ်များအား စာအုပ် လှူဒါန်းခြင်း၊ ဆုတောင်းပွဲ ပြုလုပ်ခြင်း၊ ဒေါ်စုဓာတ်ပုံများ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။

နယ်ဒေသတချို့မှ အန်အယ်ဒီ ပါတီခေါင်းဆောင်များထံ မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

ဦးသန်းမြင့်
(တောင်သာမြို့နယ် ပါတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း)

၂ဝဝ၉ ခုနှစ် ဇွန် ၁၉ မှာ ခါတိုင်းနှစ်တွေထက် အကြီးကျယ် စည်ကားသွားတယ်။ ကျောင်းသစ် ဘုန်းကြီးကျောင်းက ကိုရင် ၂၅ ပါး ကြွလာတယ်။ ကျနော်တို့က အရုဏ်ဆွမ်းအနေနဲ့ ကြာဇံ ဆွမ်းကပ်တယ်။ နောက် ဗလာစာအုပ် အကောင်းစား ကပ်တယ်။ ဘုန်းကြီးကျောင်းသားလေးတွေ ၁၅ ယောက်ကိုလည်း ကြာဇံချက်တွေ ကျွေးတယ်။ သူတို့ကိုလည်း စာအုပ်လှူတယ်။ အံ့သြလောက်အောင်ကို ဖြစ်သွားတယ်။ ပထမကျောင်းသား၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားတွေကို လှူဒါန်းကြတယ်ခင်ဗျာ။ စာအုပ် ဒါဇင်ပေါင်း ၁ဝဝ ကျော် လှူဒါန်းနိုင်ခဲ့တယ်။ အုပ်ရေပေါင်းက ထောင်ဂဏန်း ရှိမယ်။

အခမ်းအနားမှာ ကျနော်က ဥက္ကဋ္ဌအနေနဲ့ ပြောတယ်။ အမျိုးသမီးတွေက ဒေါ်စုရဲ့ ဂုဏ်ရည်တွေကို ပြောတယ်။ လူငယ်တွေက ဆုတောင်း၊ ကိုယ်တော်လေးတွေ စာရေးဆရာကြီး မင်းသုဝဏ်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့လက်ဆောင် ကဗျာကို ရွတ်ပွဲလုပ်တယ်ခင်ဗျာ။ နောက် ညနေပိုင်း တောင်သာမြို့နယ်မှာရှိတဲ့ ဖက်တောကျေးရွာမှာလည်း ရွာလုံးကျွတ် ကြာဇံကျွေးမွေးတာတွေ ရှိမယ်။

ဒီနေ့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေအထွေအတွင်းရေးမှူးရဲ့ မွေးနေ့မျှသာ မဟုတ်ပါဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်၊ ပထမ လွတ်လပ်ရေးကို ရအောင် အသက်ပေး တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး မွေးနေ့ပါ။ သာမန်မွေးနေ့ မဟုတ်ဘူး။ ဒီနေ့လည်း စစ်တပ်ရဲ့ ကျေးကျွန်ဘဝ၊ တိုင်းပြည်က စစ်တပ်ရဲ့ ကျွန်တိုင်းပြည်၊ လူမျိုးက စစ်တပ်ရဲ့ ကျွန်လူမျိုး ဖြစ်နေတဲ့အတွက် ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ ဝင်နေတဲ့ကာလမှာ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုရဲ့ ခေါင်းဆောင်တယောက် မွေးနေ့ဖြစ်တယ်။

ကျနော်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝ၊ ဉာဏ်ပညာ အကုန်လုံးကို တိုင်းပြည်အတွက် စွန့်လွှတ်တယ်၊ အနစ်နာခံပြီးတော့ ဦးဆောင်မှု ပေးသွားတဲ့အတွက် ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်လို တိုင်းပြည် လွတ်လပ်ရေးရအောင် ကျနော်တို့ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံရေး ရအောင် အသက်ပေးပြီးတော့ လုပ်ကြပါစို့။ ဒေါ်စုဟာ တိုင်းပြည်လွတ်လပ်ရေးကို ရအောင်လုပ်နေပါတယ်။ ဒါကြောင့် ဒေါ်စုကို လေးစားတယ်။ လေးစားတယ်ဆိုရင် သူလို လုပ်ကြရအောင်လို့ ပြောလိုပါတယ်။

ဦးအောင်စိုးမြင့်
(တောင်ငူမြို့နယ် လွှတ်တော်အမတ်၊ ပဲခူးတိုင်း)

အာသောက ဘုန်းကြီးကျောင်းမှာ အဲဒီကျောင်းတိုက်မှာရှိတဲ့ ကမ္ဘာအေးစေတီ အင်္ဂါထောင့်မှာ ဖယောင်းတိုင် ၆၄ တိုင် ထွန်းတယ်။ ရည်ရွယ်ချက်ကတော့ အကျဉ်းထောင်ဆိုတဲ့ အမှောင်တိုက်ထဲမှာ ရှိနေတဲ့ ဒေါ်စု အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်လွတ်မြောက်ပြီး အလင်းရပါစေဆိုပြီး ဆုတောင်းကြတယ်။ ဓာတ်ပုံကမ်ပိန်းတွေလည်း လုပ်တယ်။ ဒေါ်စုက နိုင်ငံရေး ပြဿနာတွေ မပါမဖြစ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပြည်သူတွေကလည်း ဒေါ်စု မမေ့ဆိုတာ၊ သူနဲ့အတူ တသားထဲ ရှိတယ်ဆိုတာကို သက်သေပြတာပဲ။ ဒီဓာတ်ပုံ ကိမ်ပိန်းလုပ်တာက။

ဒေါ်မြင့်မြင့်အေး
(မိတ္ထီလာမြို့နယ် အတွင်းရေးမှူး၊ မန္တလေးတိုင်း)

သံဃာတော် ၅ ပါးကို ဆွမ်းလောင်းတယ်။ လူထု ၆ဝဝ လောက် တက်တယ်။ ဓာတ်ပုံလည်း ဝေပေးတယ်။ ၁ဝ လက်မ၊ ၁၄ လက်မ ရှိသည့် ဒေါ်အောင်ဆန်းစုကြည် ခရမ်းရေင် အင်္ကျီဝတ် ဓာတ်ပုံကို ဆိုင်းဘုတ်မှာ ကပ်ပြီး “ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ အုန်းနို့ခေါက်ဆွဲ စတုဒိသာ မည်သူမဆို လာရောက် သုံးဆောင်နိုင်ပါတယ်” ဆိုသည့် စာသားရေးထားတာ။ ဆိုက်ကားသမား၊ စီးပွားရေးသမား၊ ဆိုင်ကယ် ကယ်ရီသမား အများအပြား တက်ရောက်ခဲ့ကြတယ်။ ဝေတဲ့ ဓာတ်ပုံကတော့ ၃ လက်မ၊ ၄ လက်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ဒီနေ့ ပြည်သူကိုပါ ဖိတ်လိုက်တာပေါ့နော်။ လမ်းထိပ်က မယက က ဓာတ်ပုံကို လာတောင်းတယ်၊ တချို့လူတွေက ပြန်လာယူတာတွေလည်း ၁ဝ ဦးလောက်တော့ ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ နေအိမ်အကျယ်ချုပ် ချခံနေရရင်လည်း သူ မပါဘဲ၊ သူ့မွေးနေ့ပွဲကို ပြည်သူတွေကနေ မွေးနေ့လုပ်ပေးတာ အကြိမ်ပေါင်းလည်း မနည်းတော့ဘူးလေ။ ဒီနှစ်မှာ ပိုပြီး လုပ်နေတယ်လို့ မြင်တယ်။ ပြည်သူတွေလည်း သူ လွတ်မြောက်ဖို့ ပြုလုပ်တဲ့နေရာမှာ ပူးပေါင်းပါဝင်ဖို့ လိုတယ်လို့ ပြောချင်တယ်။

မန္တလေးတိုင်း - ရမည်းသင်း၊ မကွေးတိုင်း - ချောက်၊ ပခုက္ကူ၊ ဆင်ဖြူကျွန်း၊ ရေနံချောင်း၊ ဆိပ်ဖြူနဲ့ ပဲခူးတိုင်း - တောင်ငူ၊ ရေတာရှည်၊ ဖြူး၊ အုတ်တွင်း၊ ကျောက်တံခါး၊ သနပ္ပင်၊ ဝေါ တို့မှာ လုပ်တယ်။

ဒေါက်တာ ဒေါ်သန်းငွေ
(တောင်ကြီးမြို့နယ် ပါတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်)

အန်တီတို့ အခမ်းအနားတော့ မလုပ်တော့ဘူး။ အဖွဲ့တွေ စုပြီးတော့ ပရဟိတကျောင်းမှာ သွားလှူကြတယ်။ နေ့ဆွမ်းအတွက် ဆွမ်းတနပ်စာ လှူတယ်။ ဒေါ်စုက သူ့ဆန္ဒအတိုင်း ကလေးတွေအတွက် စာအုပ်၊ အဝတ်အစားတွေ လှူဒါန်းခဲ့တယ်။ ကျောင်းသားက ၂၁၅ ရှိတယ်။ တတန်းကနေ ၁ဝ တန်းထိ ရှိတယ်။ ဒို့တတွေ တတ်အားသရွေ့ သွားလှူကြတယ်။

ရွှေတောင်တန်း ပရဟိတကျောင်း၊ ချမ်းမြေ့ရိပ်သာကျောင်းတို့မှာ ကျန်းမာပါစေဆိုပြီး ဆုတောင်းကြတယ်။ ထူးခြားတာက အဲဒီချမ်းမြေ့ရိပ်သာကျောင်းက ဘုန်းကြီးက ဒေါ်စုက ရန်ကုန်နေအိမ်နေတဲ့ အချိန်ရော သူအပြင်မှာ လွတ်လပ်နေတဲ့ အချိန်ရော လစဉ် ၂၇ ရက်နေ့တိုင်း ဆွမ်းပို့တဲ့အခါ ဆွမ်းပို့တဲ့အထဲမှာ ဒီကျောင်းမှာ အမြဲတမ်းပို့တယ်တဲ့။ သဗျူသီးဟင်းကို ဟင်းချက်ပြီးတော့မှ။ ဗိုလ်ချုပ်အောင်ဆန်းက အရမ်းကြိုက်တယ်။ ဒါကို ဟင်းချက်ပြီးတော့မှ သူ အမြဲပို့တယ်တဲ့။ အမှတ်ရစရာလေး ပြောပြတယ်။ အသက် ၆၄ နှစ်ရှိပြီဆိုတော့ ဒီအရွယ်ကလေ ဘယ်လောက်ပဲ ကျန်းမာတယ်ပြောပေမယ့် ခန္ဓာကိုယ်က ဖောက်ပြန်တာကို အယောက်တိုင်း ခံနေရတယ်။ ဝေဒနာတွေ ရှိကြတယ်။ သူ့ကို အဲဒီဝေဒနာတွေကနေ ကင်းဝေးပါစေလို့ ဆုတောင်းတယ်။ ဝေဒနာရှိလည်း သူကတော့ ကြံ့ကြံ့ခံနိုင်အောင် တရားထိုင်နိုင်ပြီးတော့ အားထုတ်တယ်။ သူ့စိတ်ဓာတ်ကို ချီးမွမ်းတယ်။ ဝေဒနာတွေ မခံရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ အမြန်ဆုံးလည်း လွတ်မြောက်ပါစေလို့ ဆုတောင်းတယ်။

ဒေါ်စု မွေးနေ့ သံရုံးရှေ့ ဆန္ဒပြသူများ အဖမ်းခံရ Print E-mail
မုံပီး
သောကြာနေ့၊ ဇွန်လ 19 2009 17:05 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲအဖြစ် နယူးဒေလီရှိ မြန်မာသံရုံးရှေ့တွင် သွားရောက်ဆန္ဒပြသည့် တက်ကြွလှုပ်ရှားသူ မြန်မာ ၃၁ ဦးကို ဒေလီရဲများက ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အိန္ဒိယနှင့် မြန်မာနိုင်ငံသား ဦးရေ ၂၇၄ဝဝ က လက်မှတ်ရေးထိုး တောင်းဆိုထားသည့် စာချွန်လွှာကို တက်ကြွလှုပ်ရှားသူများက မြန်မာသံရုံးသို့ ပေးအပ်ခဲ့သည်။

ဆန္ဒပြသူများက ဖယောင်းတိုင် ၆၄ တိုင် ထွန်းညှိခြင်း၊ ကိတ်မုန့် လှီးခြင်းနှင့် မွေးနေ့သီချင်း သီဆိုခြင်းကို သံရုံးရှေ့၌ ပြုလုပ်ကြကာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးကာ မွေးနေ့ပွဲလည်း ကျင်းပခဲ့သည်။ ''ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေ''၊ ''သက်တော်ရာကျော် ရှည်ပါစေ''၊ ''ပျော်ရွှင်သော မွေးနေ့ဖြစ်စေ'' အစရှိသည့် စာတန်းများ ရေးထားသည့် စာရွက်များကို ဖတ်ကြားကြသလို၊ ပိုစတာများကိုလည်း ကိုင်မြှောက်ခဲ့ကြသည်။

''ကျနော်တို့က ထောက်ခံလက်မှတ် ရေးထိုးထားတဲ့ စာချွန်လွှာကို သံရုံးကို ပေးလိုက်တယ်။ လက်မှတ် ကောက်ခံတဲ့ လှုပ်ရှားမှုကို မတ်လကတည်းက စတင်ခဲ့တာပါ။ ဒါတွေကို ကျနော်တို့ ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားပါတယ်'' ဟု ချန်နကရာ ရဲစခန်း၌ ဖမ်းဆီးခံထားရစဉ် ဆန္ဒပြသူများထဲမှ ကိုဆလောင်းက မဇ္ဈိမကို ပြောပြသည်။

၁၅ မိနစ်ခန့်အကြာ ဆန္ဒပြနေစဉ် ချန်နကရာ ရဲများ ရောက်လာကာ သူတို့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

''ကျနော်တို့ရဲ့ ရဲဆက်သွယ်ရေးဌာနကနေ အကြောင်းကြားလာပါတယ်။ သံရုံးရှေ့မှာ ဆန္ဒပြနေတဲ့အကြောင်း မြန်မာသံရုံးက အကြောင်းကြားလာတယ်လို့ ဆိုပါတယ်'' ဟု ချန်နကရာ ရဲစခန်းမှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

''ကျနော်တို့ ဖမ်းဆီးထားတာ မြန်မာ ၃၁ ယောက်ပါ။ သူတို့က တားမြစ်ဧရိယာမှာ ဆန္ဒပြခဲ့တဲ့ သူတွေပါ။ သူတို့ကို စာရင်းသွင်းနေပါတယ်။ မကြာခင် ပြန်လွှတ်ပေးမှာပါ'' ဟု ရဲအရာရှိက ပြောသည်။

မြန်မာတက်ကြွလှုပ်ရှားသူများအား နာရီပိုင်းမျှ ဖမ်းဆီးထားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

နယူးဒေလီရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြပွဲသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ ၆၄ နှစ်မြောက် အထိမ်းအမှတ် ကမ္ဘာတဝှမ်း လှုပ်ရှားမှုအနက် အစိတ်အပိုင်း တရပ်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရန်ကုန် အင်းစိန်ထောင်အတွင်းရှိ သီးခြားအဆောင်တခု၌ ရှိနေချိန်ဖြစ်သည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ကလည်း နယူးဒေလီမြို့လယ်ရှိ ပါလီမန်လမ်းတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သီးခြား ဆန္ဒပြပွဲတရပ် ကျင်းပခဲ့သေးသည်။

မြန်မာပြည် လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေသူ ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်မှုများအား သရုပ်ဖော် သင်္ကေတပြုထားသည့် အဝါရောင် အင်္ကျီများ ဝတ်ဆင်ထားသည့် အမျိုးသမီးနှင့် ကလေးငယ်များ အများစု ပါဝင်သည့် ဆန္ဒပြသူများက လမ်းမတလျှောက် ချီတက်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီးနောက် ဖမ်းဆီးချုပ်နှောင်မှု သက်တမ်း ပြည့်ခါနီးတွင် အခြားသော ပြစ်မှုတခုဖြင့် အင်းစိန်ထောင်အတွင်း ချုပ်နှောင်ကာ တရားစွဲဆိုခဲ့နေရသည်။

တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ၊ ကုလသမဂ္ဂ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ ထင်ရှားကျော်ကြားသူများနှင့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များက မြန်မာစစ်အစိုးရကို ပြစ်တင်ရှုတ်ချကြသလို၊ စိုးရိမ်ပူပန်မှုများ ပြသခဲ့ကြသည်။

ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ကမ္ဘာတဝှမ်း၌ ဆန္ဒပြပွဲများ ကျင်းပကာ သူမကို ထောက်ခံကြောင်း ပြသရန် စည်းရုံးလှုံ့ဆော်သူများက ဆော်သြခဲ့ကြရာ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပနိုင်ငံများ၊ သြစတြေးလျား၊ နယူးဇီလန်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများ အပါအဝင် နိုင်ငံအများအပြား၌ အထိမ်းအမှတ်ပွဲများ ကျင်းပကြကာ ထိုင်ဝမ်တွင်လည်း သွေးစည်းညီညွတ်ရေး တေးဂီတပွဲတရပ် ကျင်းပမည်ဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့ရှိ အန်အယ်ဒီ ပါတီရုံးချုပ်၌လည်း သူမအတွက် မွေးနေ့ပွဲ အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်စုမွေးနေ့ အထိမ်းအမှတ် အလံ ဆုငွေ ၂ သောင်း ပေးမည် Print E-mail
ဖနိဒါ
သောကြာနေ့၊ ဇွန်လ 19 2009 14:58 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သူမ၏ ပါတီ အန်အယ်ဒီက မိုးပျံပူပေါင်းများနှင့် လွှတ်တင်လိုက်သော ပါတီအလံကို လာရောက်အပ်နှံပါက ဆုငွေ ကျပ် ၂ သောင်း ချီးမြှင့်မည် ဖြစ်သည်။

ပါတီခေါင်းဆောင်၏ ၆၄ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်၌ ယနေ့နံနက် ၇ နာရီခန့်က ပြုလုပ်ခဲ့ရာ အထိမ်းအမှတ်အဖြစ် ပူပေါင်းများ၊ ငှက်များနှင့်အတူ ဆုငွေချီးမြှင့်မည့်အလံကို လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

”ပူပေါင်းမှာ အဖွဲ့ချုပ်အလံ ပါသွားတယ်။ အဲဒီအလံကို ပြန်အပ်တဲ့သူကို ဆုငွေ ၂ သောင်း ချီးမြှင့်မယ်ဆိုပြီးတော့ စာရေးထားတယ်” ဟု အန်အယ်ဒီ ဗဟိုပြန်ကြားရေးဌာနမှ ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုမှုကို ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှဖေက အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။

“တနေ့တော့ လွတ်လာမှာပါ” ဟူသည့် သီချင်းကို သီဆိုကာ နံနက်ပိုင်း အခမ်းအနား အစီအစဉ်ကို နိဂုံးချုပ်ကာ၊ ဒုတိယပိုင်း အစီအစဉ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ၏ သားသမီးများအား ပညာရေးထောက်ပံ့မှု ပြုလုပ်ခဲ့ကြသည်။

အလားတူပင် မွေးနေ့ဂုဏ်ပြုပွဲများကို ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်ဒေသတချို့တွင် ပါတီဝင်များ၊ အားပေးထောက်ခံသူများက ကျင်းပခဲ့ကြသည်။

သို့သော်လည်း မွေးနေ့ရှင်မှာ ၅ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သည့် နေအိမ်အကျယ်ချုပ်အတွင်း စည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆို ခံနေရကာ၊ ယခုအခါ ရန်ကုန် အင်းစိန်ထောင်အတွင်း၌ ချုပ်နှောင်ခံထားရသည်။

''ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲက မွေးနေ့ရှင် မပါဘဲ ဖြတ်သန်းခဲ့ရတာ နှစ်ပေါင်းများနေပြီ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က ဘာအပြစ်မှ မရှိဘဲနဲ့ အကျဉ်းသားလို နေနေရတဲ့ ဘဝ လွတ်မြောက်စေချင်ပြီ။ ပြည်သူတွေကလည်း စီးပွားရေး၊ လူမှုရေး၊ နိမ့်ကျနေချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး ဖြစ်စေချင်တယ်'' ဟု ဒေါက်တာ ဝင်းနိုင်က ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် တရားခွင်နှင့် ပတ်သက်၍ ဆွေးနွေးခန်း (ဗီဒီယို)
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 19 2009 14:02 - မြန်မာစံတော်ချိန်



အခက်အခဲများကြားမှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ NLD ကျင်းပ
Friday, 19 June 2009 14:26 ကြည်ဝေ
E-mail Print
“မင်း အသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး … ဒါတွေ မင်းကြောင့်လို့ ၀ိုင်းပြီး အပြစ်တင်တဲ့အခါ … မင်းဟာ ခေါင်းအေးအေးနဲ့ … ရင်ဆိုင်နိုင်မယ်ဆိုရင်…” ဟူသည့် သီချင်းသံနှင့် တေးသွားသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခန်းမအတွင်း ပျံ့လွင့်လျက်ရှိသည်။

အကယ်၍သာ “ if ”သီချင်း ကို NLD မှ လူငယ်အမျိုးသမီးလေးတဦးကသီဆိုပြီး အမျိုးသား ၃ ဦးက ဂစ်တာနှင့် အော်ဂင်ကို တီးခတ်၍ ၆၄ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားကို နံနက် ၁၀ နာရီတွင် စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ပင်နီအင်္ကျီ၊ ဒေါ်အောင်ဆန်းစုကြည် ပုံပါ အ၀ါရောင် တီရှပ်အင်္ကျီများ ၀တ်ဆင်ထားကြသောလူ ၅၀၀ ခန့်ဖြင့် ပြည့်နေသည့် ခန်းမအတွင်း သတင်းဓာတ်ပုံ ရိုက်ကူးနေကြသော သတင်းသမားများမှအပ ကျန်လူများ အားလုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုသီချင်းကို ခံစားနားထောင်လျက်ရှိသည်ကို တွေ့မြင်ရသည်။

သူတို့ကို မြင်ရသည်မှာ တေးသွားထဲတွင် နစ်မျောနေဟန်ရှိသလို၊ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်သော ၆၄ နှစ်ပြည့် မွေးနေ့ ကျင်းပရခြင်းအပေါ်လည်း စိတ်မကောင်းဖြစ်နေကြဟန်တူသည်။

ထိုအခမ်းနားမစခင်တုန်းကတော့ ဗဟိုအမျိုးသမီးအဖွဲ့ဝင်တဦးဖြစ်သော ဒေါ်အေးအေးမာက “ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ အခုလို မွေးနေ့ပွဲ ကျင်းပရတိုင်း ကျမတို့စိတ်မကောင်းဖြစ်ရပါတယ်”ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အခမ်းအနားမစတင်မီက မွေးနေ့ ကိတ်ကို ဗဟိုအမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူ တဦးက လှီးပေးခဲ့ပြီး
“ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေ…ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ…” ဟူသော ဆုတောင်းသံတို့ဖြင့် လှိုက်လှိုက်လှဲလှဲ ရွတ်ဆိုရင်း ဆုတောင်းပေးခဲ့ကြသေးသည်။

နံနက် ၉ နာရီ မိနစ် ၄၀ အချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ရည်စူးကာ ချိုးငှက် ၁၀ ကောင်နှင့် စာကလေးငှက် ၆၅ ကောင်တို့ကို အဖွဲ့ချုပ်ရုံးရှေ့မှ လွှတ်ပေးခဲ့ကြသေး သည်။

သူတို့အနေနှင့် ချိုးငှက်ကောင်ရေကို များများလွှတ်ပေးချင်သော်လည်း ၀ယ်မရခဲ့ကြောင်း၊ အဖွဲ့ဝင် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူများ၏ အကူအညီကြောင့်သာ ယခုကဲ့သို့ စာကလေး အကောင် ၆၀ ကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးအဖွဲ့က ပြောပြသည်။

“အာဏာပိုင်တွေ ဘက်ကတော့ နှောင့်ယှက်ကြတာပဲ၊ အမျိုးမျိုးပဲ၊ မနက်ကလည်း သံဃာ ၅ ပါး မပြည့်ဘဲ ၄ ပါးပဲ ကပ်ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရင် ကြိုလျှောက်ထားတဲ့ သံဃာတွေက အစိုးရကသွားတားထားလို့ မလာရဲ တော့လို့ အခြားသံဃာတွေကို ရှာပင့်ခဲ့ရတယ်”ဟု NLD ရန်ကုန်တိုင်း လူမှုထောက်ကူပြုအဖွဲ့ဝင်တဦးက ပြောဆို သည်။

မနက်ပိုင်းတွင် သံဃာ ၅ ပါးကို ဆွမ်းကပ်လှူရန်အတွက် မဟာစည်ကျောင်းတိုက်မှ သံဃာ ၅ ပါးအား ကြိုတင် လျှောက်ထားခဲ့သော်လည်း အစိုးရကတားမြစ်ခဲ့၍ တခြားကျောင်းတိုက်မှ ၄ ပါးသာ ဆွမ်းကပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သံဃာ ၄ ပါး အား ကျောင်းတိုက်သို့ ပြန်ပို့အပြီးမှာပင် သက်ဆိုင်ရာမှ ချက်ခြင်းခေါ်ဆောင်သွားခဲ့သည် ဟု ကြားသိရကြောင်း NLD အဖွဲ့ဝင်တဦး၏ ပြောပြချက်အရ သိရသည်။

NLD ရန်ကုန်တိုင်း၊ လူမှုထောက်ကူပြုအဖွဲ့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒတခုဖြစ်သော အကျဉ်းကျခံ မိသားစုဝင်များ၏ ကျောင်းသူကျောင်းသားများအား ပညာရေးထောက်ပံ့ကြေးပေးအပ်ခြင်းကို မွေးနေ့တိုင်းပြုလုပ် ပေးခဲ့ကြောင်း၊ ယခုနှစ်သည် ၈ ကြိမ်မြောက်ပေးအပ်ခြင်းနှစ် ဖြစ်ကြောင်း အဆိုပါ လူမှုထောက်ကူပြုအဖွဲ့မှ တာဝန်ရှိသူ ဦးလှသိန်းက ပြောပြသည်။

“ဒီနှစ်က အကျဉ်းကျခံ မိသားစုတွေရော၊ အထိန်းသိမ်းခံ မိသားစုဝင်တွေရောဆိုတော့ ထောက်ပံ့ကြေးပေးရတဲ့သူ က စုစုပေါင်း ၁၃၀ ကျော်လောက်ရှိတယ်၊ မနှစ်တုန်းကတော့ ၈၀ ကျော်ပဲ ရှိခဲ့တဲ့ အတွက် တယောက်ကို ငွေ ၅ သောင်း၊ ဖယောင်းတိုင်၊ စာအုပ်စာတမ်း ခဲတံ ဘောပင် တွေပါ ပေးနိုင်ခဲ့တယ်၊ အခုနှစ်တော့ လူကလည်းများ တော့ တဦးကို ငွေ ၂ သောင်းနှုန်း ပေးမယ်လို့စီစဉ်ထားပါတယ်”ဟု သူက ပြောပြသည်။

အခမ်းအနားတွင် အမျိုးသမီးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို မြန်မာ အမျိုးသမီးနေ့အဖြစ် သတ်မှတ် ခဲ့ရာ ယနေ့ဆိုလျှင် ၁၀ ကြိမ်မြောက်နေ့ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် ထပ်မံတောင်းဆိုသည့် ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်
Friday, 19 June 2009 17:32 အောင်သက်ဝိုင်း
E-mail Print
ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက်မွေးနေ့တွင် ဖြစ်ပေါ်လာနိုင်သည့် ဆန္ဒပြမှုများနှင့် လူထုလှုပ်ရှားမှုများကို ဖြိုခွင်းနိုင်ရန် စစ်အစိုးရက ရန်ကုန် တမြို့လုံးတွင် လုံခြုံရေးတင်းကျပ်စွာ ချထား ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားရာ အင်းစိန်ထောင်အနီး ၀န်းကျင် ၊ တန်ခိုးကြီးဘုရားပုထိုးစေတီများ ၊ လမ်းဆုံလမ်းခွများ၊ တက္ကသိုလ်ကောလိပ်များ၏ အနီးဝန်းကျင်များ အပါအ၀င် ရန်ကုန်မြို့တမြို့လုံးတွင် လုံထိန်း ရဲများနှင့် စစ်သားများကို လက်နက်အပြည့် အစုံနှင့် လုံခြုံရေး ချထားခြင်းဖြစ်သည် ဟုသိရှိရသည်။

အင်းစိန်ထောင်အနီးဝန်းကျင်တွင် ၀တ်စုံပြည့် ယူနီဖောင်းများနှင့်အတူ စွမ်းအားရှင်များ၊ကြံ့ဖွံ့များ၊ အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များ ပါချထားပြီး လမ်းလျှောက် ကင်းလှည့်လုံခြုံရေးယူနေသည်ကို တွေ့ရှိရသည်ဟုလည်း အင်းစိန် မြို့ခံများကပြောသည်။

“အင်းစိန်မီးရထားဆေးရုံဝင်းအတွင်းမှာ လုံထိန်းရဲကား ခြောက်စီးနဲ့တုတ်၊ ဒိုင်းတွေကိုင်ထားတဲ့ ရဲတွေတွေ့ တယ်။ အင်းစိန်ထောင်ဘူးဝမှတ်တိုင်ရှေ့က ISN အင်တာနက် ဆိုင် မျက်နှာချင်းဆိုင် လမ်းမပေါ်မှာလည်း အရပ်ဝတ်ရဲတွေ၊စွမ်းအားရှင်တွေနဲ့ ကြံ့ဖွံ့တွေ လုံခြုံရေးယူထားတယ်။အင်းစိန်ထောင်ရှေ့မှာလည်း လုံထိန်း ရဲတွေ တော်တော်များ ရှိနေသလို ထောင်အနီးက ဈေးကုန်းအနောက်ရပ်ကွက် ရယက ရုံးမှာလည်း အရပ်ဝတ်ရဲတွေအများကြီး စောင့်နေကြတယ်”ဟု အင်းစိန်မီးသတ်ရှေ့ မျိုးချစ်လမ်းတွင်နေထိုင်သူ ဒေသခံတဦးက ပြော ပြသည်။

ထို့အပြင် အင်းစိန်မီးရထားဆေးရုံဝင်းရှေ့မှ အင်းစိန်ပေါက်တောဝ မီးပွိုင့်အထိ လုံထိန်းရဲများ လမ်းလျှောက် ကင်း လှည့်နေကြသည်ကို တွေ့မြင်ရသည်ဟု အင်းစိန်ဈေးအနီးနေထိုင်သူရပ်ကွက်သား တဦးကလည်း ပြောသည်။

“လမ်းလျှောက်ပြီး လုံခြုံရေးကင်းလှည့်တာတွေလည်း မြင်ရတယ်။ဒီနေ့လုံခြုံရေးယူတာက အရင်နေ့တွေကနဲ့ မတူဘူး။ သတိနဲ့ အသင့်အနေအထားပုံစံပဲ”ဟု ထိုရပ်ကွက်သားက ရှင်းပြသည်။

ရွှေတိဂုံစေတီတော်တွင်လည်း အရပ်ဝတ်ရဲများနှင့် စွမ်းအားရှင်အများအပြား လုံခြုံရေးယူထားပြီး ယနေ့ ဘုရား လာရောက်သူများ၏ အိတ်နှင့် အထုပ်အပိုးများကို စစ်ဆေး၍ အင်္ဂါထောင့်တွင်ဆုတောင်းနေသူများထဲမှ မသင်္ကာ သူများကို ကင်မရာနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးမှုများ ပြုလုပ်သည်ဟုလည်း ယနေ့ နံနက်ပိုင်းရွှေတိဂုံဘုရား သို့ သွားရောက်ခဲ့သည့် ဘုရားဖူးပြည်သူတချို့က ပြောသည်။

“အရှေ့ဘက်မုခ်ကနေ တက်ရင် အိတ်တွေ၊အထုပ်အပိုးတွေ အကုန်ရှာတယ်။ လူတွေကိုလည်း ရှာတယ်။ စာရွက် စာတမ်းတွေလည်း လှန်လှောကြည့်တယ်။ အရင်က ဘုရားလာဖူးတဲ့သူကို အဲဒီလိုမျိုးစစ်တာ မကြုံဖူးသေးဘူး” ဟု ဘုရားဖူးတဦးက ရှင်းပြသည်။

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်အနီး ရေကြည်တော်ဝတ်ရွတ်အသင်းဓမ္မာရုံထဲတွင် စွမ်းအားရှင်များနှင့် ကြံ့ဖွံ့ များ က ကင်မရာကိုယ်စီကိုင်ပြီးဘုရားဖူးပြည်သူများကို အနီးကပ်စောင့်ကြည့် နေသကဲ့သို့ ရွှေတိဂုံဘုရားဝင်ပေါက် မုခ်အသီးသီးတွင် ဘုရားလုံခြုံရေးများကအ၀င်၊အထွက် ဂိတ်များသတ်မှတ်ပြီး သွေးဆေး ကန်အနီး အဆောက် အဦးများ၊ ဓမ္မာရုံများတွင်လည်း ရာပေါင်းများစွာ လုံထိန်းရဲ နှင့် စစ်သားများ ချထားသည်ဟုလည်း သတင်းရရှိ သည်။

ရွှေတိဂုံစေတီအပြင် ကမ္ဘာအေးစေတီနှင့် အခြားသောတန်ခိုးကြီးဘုရားပုထိုးများတွင်လည်း လုံခြုံရေးများ တင်းကျပ်ထားသည်ဟု စုံစမ်းသိရှိရသည်။

ထို့အပြင် ရန်ကုန်မြို့၏အချက်အချာကျ လမ်းဆုံလမ်းခွများနှင့် မီးပွိုင့်များတွင်လည်း ရဲများချထားပြီး လုံထိန်းရဲ ကားတချို့လမ်းမများပေါ်တွင် သွားလာသည်ကို တွေ့ရှိရသည်ဟု ပြည်တွင်းသတင်းထောက်တဦးက ဆို သည်။

တက္ကသိုလ်များနှင့် ကောလိပ်များတွင်လည်း သင်ကြားရေးဆရာ၊ဆရာများကို ကျောင်းသား ဆူပူဆန္ဒပြမှုများ မဖြစ်ပေါ်စေရန်တာဝန်ယူကြရန်နှင့် ကျောင်းပရ၀ဏ်အတွင်း ဆူပူအောင် လှုံ့ဆော်မည့်သူများ မ၀င်ရောက် နိုင်စေရန် တင်းစွာ စစ်ဆေးလုပ်ဆောင်ကြရန်ညွှန်ကြားထားသည်ဟု ဒဂုံတက္ကသိုလ်မှ လက်ထောက်ကထိက ဆရာမတဦးက ပြောသည်။

စစ်အစိုးရက လုံခြုံရေးများ တင်းကျပ်နေလင့်ကစား ပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဘုရား ပုထိုး စေတီများသို့ သွားရောက်ဆုတောင်းခြင်းနှင့်မိမိတို့ အိမ်ရှိဘုရားစင်ရှေ့တွင် ရှိခိုးဆုတောင်းမေတ္တာပို့ ခြင်း များ ပြုလုပ်ပြီး အသံတိတ်မွေးနေ့ပွဲကျင်းပကြသည်ဟုလည်း သတင်းရရှိသည်။

“ရွှေတိဂုံဘုရား၊အင်္ဂါထောင့်မှာ ဖယောင်းတိုင် ၆၄ တိုင် မီးပူဇော်ပြီး အန်တီစု အခုမွေးနေ့ကနေပြီး နောင် မွေးနေ့များတိုင်အောင် ကျန်းကျန်းမာမာနဲ့ နိုင်ငံရေးလုပ်ငန်းတွေ လွတ်လွတ်လပ်လပ်လုပ်နိုင်ပါစေလို့ ဆုတောင်းတယ်”ဟု ဒဂုံတက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ခမ်းခမ်းနားနားမကျင်းပနိုင်သော်လည်း ၆၄ နှစ်မြောက်မွေးနေ့ အခါသမယ တွင် ဥပုသ်သီလစောင့်တည်ပြီး မေတ္တာပို့အမျှဝေခြင်းများ ပြုလုပ်ပေးလျက်ရှိသည်ဟု တာမွေမြို့နယ်မှ အသက် ၇၀ ကျော်အမယ်အိုတဦးကလည်း ဆိုသည်။

သာမန်အရပ်သူအရပ်သားများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အသံတိတ်ကျင်းပနေရချိန်တွင် ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချူပ်နှင့် နိုင်ငံတ၀န်းရှိ အဖွဲ့ချုပ်ဝင်များကလည်း ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ကို အခမ်းအနားဖြင့် ကျင်းပလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။

လတ်တလော အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင် တရားစွဲဆိုခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ် ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီးအချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှု တိုင်းရင်းသားခေါင်းဆောင်များ ယုံကြည်
Friday, 19 June 2009 17:02 ကိုထွေး
E-mail Print
မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို ယခု အချိန်အထိ ယုံကြည်လျက် ရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက သူမ၏ ၆၄နှစ်ပြည့် မွေးနေ့ အခါသမယတွင် ပြောကြားလိုက်သည်။

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့(MNDF) ဒု ဥက္ကဌ ( ၁ ) နိုင်ငွေသိမ်းက“မွန်တိုင်းရင်းသား တယောက်အနေနဲ့ သူရဲ့ခေါင်းဆောင်မှုကို အပြည့်အ၀ယုံကြည်ပါတယ်၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးအတွက် တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ သာတူညီမျှရမယ်ဆိုတဲ့ သဘောထားက သူ့ဆီမှာ ရှိပါ တယ်”ဟု ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားတို့၏ လိုလားချက်များကို သိရှိရန်အတွက် ပြည်ထောင်စု တိုင်းရင်း သားခေါင်းဆောင်များနှင့် တွေဆုံ ဆွေးနွေးပွဲများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် ပင်လုံ ညီလာခံကဲ့သို့ ညီလာခံတခု ကျင်းပပြီး ဌာနခွဲဝေမှုကို ပြန်လည် စိစစ်၍ ပြေပြေလည်လည် လုပ်ဆောင်ပါက တိုင်းရင်းသား ညီညွှတ်ရေးရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည့်အတွက် ပူးပေါင်း ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က“တိုင်းရင်းသားတွေရဲ့ လိုလားခံစားချက်ကို သူက နားလည်တယ်၊ တိုင်းရင်းသား တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီးတော ပြည်ထောင်စုနိုင်ငံ ထူထောင်ရမယ်ဆိုတာ ပြောလည်း ပြောတယ် ယုံလည်း ယုံကြည် တယ်၊ တိုင်းရင်သားတွေကို စည်းရုံးဖို့ သက်သက် မဟုတ်ဘဲ ပကတိ အခြေအနေက တကယ်ကို ရှိနေတယ်ဆို တာကို သူလက်ခံထားတယ်”ဟု ပြောသည်။

ဦးအေးသာအောင်သည် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး တဦးလည်း ဖြစ်သည်။

တိုင်းရင်းသားများ၏ ပြဿနာကို ဖြေရှင်းရာတွင် တိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး နားလည်မှုရှိရှိ လက်တွဲကာ လက်တွေ့လုပ်ဆောင်ရမည် ဆိုသောသဘောတရားအရ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အချိန်မရွေး ဆွေးနွေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗမာခေါင်းဆောင်တဦးအဖြစ် ပြောဆိုခြင်းထက် တိုင်းပြည်၏ တကယ့် ခေါင်းဆောင်ကောင်းတဦးအဖြစ်မြင်ကြောင်း ၎င်းက ဆိုသည်။

“သူက တခြား နိုင်ငံရေးသမားများနဲ့မတူထူးခြားတာက ရင်ထဲကမပါဘဲ ဟန်ဆောင် စည်းရုံးရေး သက်သက် ပြောဆိုခြင်း မရှိဘူး၊ ယုံယုံကြည်ကြည် မှန်မှန်ကန်ကန်နဲ့ တိုင်းရင်းသားများ အပါအ၀င် တခြားသော နိုင်ငံရေး ပါတီများကိုပါ ဆက်ဆံတာ တွေ့ရတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

၁၉၈၉ ခုနှစ် အာဇာနည်နေ့ မတိုင်မီ အစည်းအဝေးတွင် စစ်အစိုးရ၏ တားမြစ်ချက်ကို ဆန့််ကျင်၍ အာဇာနည် ဗိမာန်သို့ ချီတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ဗိုလ်ချုပ်ဓာတ်ပုံကိုရှေ့မှ ကိုင်ဆောင်ကာ အလံကိုင် အဖွဲ့၏နောက်တွင် တိုင်းရင်းသားပေါင်းစုံဝန်းရံ၍ ချီတက်ရန် ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ခဲ့ကြောင်း ဦးအေးသာအောင် က ပြောပြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြာင်းအလဲဖြစ်ဖို့အတွက် အရေးကြီးတဲ့ပုဂ္ဂိုလ်တဦးဖြစ်တယ်၊ နိုင်ငံရေးပြဿနာကို ဖြေ ရှင်း ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးသင့်တယ်”ဟုပြောသည်။

နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် မရှိမဖြစ်လိုအပ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို ဖမ်းဆီးချုပ်နှောင်ပြီး ထောင်ချရန် ကြိုးစားနေသော စစ်အစိုးရသည် ကြီးမားသည့် အပြစ်တခုကို ကျူးလွန်နေခြင်းဖြစ်ကြောင်း နော်စီဖိုးရာစိန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက်သာမက ပိုမို ပြည့်ဝသော နိုင်ငံသူ နိုင်ငံသားများ ဖြစ်လာရေးအတွက် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် ဘာသာစကားများကို နှီးနှော ဖလှယ် နိုင်သည့် အဆင့်ရောက်ရန် လေးစားစွာလေ့လာသင့်ကြောင်း သူမ၏ မိန့်ခွန်းတခုတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်
နေ့မအားညမနား ကြိုးပမ်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

မြန်မာပြည်အနှံ့ တိုင်းရင်းသားလူမျိုးများက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားချစ်ခင်ပြီး မြန်မာပြည် လွတ်လပ် ရေးလှုပ်ရှားမှုအတွက် အားကိုးအားထား ပြုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူ့ဖခင်နည်းတူ တိုင်းရင်းသားလူမျိုးများ၏ လေးစား၊ ချစ်ခင်၊ အားကိုးခြင်းကို ခံရသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေး လှုပ်ရှားမှု အစပိုင်း ၁၉၈၈၊ ၁၉၈၉ ခုနှစ်များနှင့် ၂၀၀၃ ခုနှစ် တို့တွင် မြန်မာပြည်အနှံ့ ခရီးထွက်ခဲ့ရာ တိုင်းရင်းသားများ၏ ဒေသများသို့လည်း ရောက်ရှိခဲ့သည်။ ဒေသခံ တိုင်းရင်းသားများက စစ်အာဏာပိုင်တို့၏ ခြိမ်းခြောက် ဟန့်တားမှုများ ကြားမှပင် ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့သည်ကို တွေ့ရသည်။

ယနေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ် မြောက်မွေးနေ့ပွဲကို ကမ္ဘာတ၀န်းလုံးရှိ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြသူများက ကျင်းပလျက်ရှိကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

ဒေါ်စု ၆၄ နှစ်ပြည့်မွေးနေ့ အကျဉ်းကျဘ၀နဲ့ ဖြတ်သန်း

19 June 2009


ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရဲ့ မွေးနေ့ဖြစ်ပြီး သူ့ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့ကိုတော့ သူ့ကိုထိန်းသိမ်းထားရာ ရန်ကုန်
အင်းစိန်ထောင်တွင်းမှာပဲ ကုန်လွန်နေရတာပါ။ ဒီလိုပဲ သူ့ရဲ့ အန်န်အယ်လ်ဒီပါတီ
ကလည်း ဌာနချုပ်ရုံးမှာ မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေ စည်စည်ကားကား
ကျင်းပခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

Members of the pro-democracy leader Aung San Suu Kyis NLD release balloons during her 64th anniversary birthday of the detained leader at the partys headquarters Friday, June 19, 2009, in Yangon.AP
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်
အန်န်အယ်လ်ဒီရုံးချုပ်တွင် မိုးပျံပူဖောင်း လွှတ်တင်နေစဉ်။ ဇွန် ၁၉၊ ၂၀၀၉။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၆၄ နှစ်
ပြည့် မွေးနေ့အခါသမယကို ထိန်းသိမ်းခံ
နေရတဲ့ ထောင်တွင်းမှာ ကုန်လွန်လိုက်ရ
တာပါ။ မနက်အစောပိုင်းမှာ သူ့ရဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) ပါတီက ပေးပို့တဲ့ ပစ္စည်း
တွေနဲ့ ထောင်ထဲမှာပဲ မွေးနေ့အထိမ်း
အမှတ် ကျင်းပခဲ့တာပါ။ ထိန်းသိမ်းခံနေ
ရတဲ့ ရန်ကုန် အင်းစိန်ထောင်ကို
သွားရောက်ပြီး မွေးနေ့ပစ္စည်းတွေ ပေးအပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြတာကတော့ …

“အရင်ရက်တွေကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်က သူ့မွေးနေ့မှာ သူနေတဲ့နေရာဝန်းကျင်မှာရှိတဲ့လူတွေ
အားလုံးကို အလှူလုပ်ချင်တယ်ပေါ့၊ ဒံပေါက်ကျွေးချင်တယ်တဲ့၊ အဲဒါနဲ့ ကျနော်တို့
ဒီမနက် ဒံပေါက်နဲ့ သူပြောတဲ့ လက်ဆောင်ပန်းစည်းကြီး ၃ ခုရယ်၊ ဒံပေါက် ပွဲ ၄၀၊
လိုက်ပွဲ ၁၀ ပွဲ၊ ပေါင်း ၅၀၊ ပြီးတော့ မွေးနေ့ကိတ် အဲဒါ ကျနော် သွားပို့ပါတယ်။

“ပန်းစည်းက ကျနော်တို့လုပ်ပေးတာ ၂ စီး၊ နောက် မိတ်ဆွေတယောက် သူနဲ့
Second Cousin တယောက်က တစည်း၊ ပန်းစီး ၃ စီး ပေးလိုက်ပါတယ်။
ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မတွေ့ရပါဘူး။ ထောင်ဝန်ထမ်းတွေ
ဆီကို အပ်ခဲ့ရပါတယ်။ သူတို့ကလည်း ပေးမှာပါ။ အဲဒီဟာ ဒေါ်အောင်ဆန်းစုကြည်က
မွေးနေ့အထိမ်းအမှတ်အနေနဲ့ အလှူလုပ်တာပါ။”

ဒါကတော့ ရန်ကုန် အင်းစိန်ထောင်တွင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနား အကျဉ်းချုံး ကျင်းပခွင့်ရခဲ့တဲ့ အခြေ
အနေကို သူ့ရဲ့ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

အန်န်အယ်လ်ဒီပါတီကလည်း ရန်ကုန်မြို့က ဌာနချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
မွေးနေ့အခမ်းအနားကို ကျင်းပကြပါတယ်။ မနက်အစောပိုင်းမှာ မွေးနေ့အတွက်
ဆုတောင်းပွဲတွေလုပ်ဖို့ သံဃာတော်တွေကို ပင့်ဖိတ်တဲ့နေရာမှာ အခက်အခဲတချို့
ကြုံခဲ့ရတာကလွဲလို့ အခမ်းအနားကို ချောချောမောမောပဲ ဆောင်ရွက်နိုင်ခဲ့တယ်လို့
အန်န်အယ်လ်ဒီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

“ဒီနေ့ အဓိကကတော့ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့က ဦးဆောင်ပြီးတော့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့အခမ်းအနားပေါ့ဗျာ။ မနက် ၅ နာရီက
စပြီး သံဃာ ၅ ပါး ဆွမ်းကပ်ဖို့၊ ဒါပေမယ့် မူလပင့်ထားတဲ့ သံဃာတွေကတော့ သူတို့
အခြေအနေတခုကြောင့် မလိုက်နိုင်ဘူးတဲ့။ တယောက်ယောက်က အနှောင့်အယှက်
ပေးတယ် ထင်ပါတယ်။ ထပ်ပြီး တခြားကျောင်းတွေက သံဃာ ၄ ပါးကို ထပ်ပင့်ရ
တယ်။ ဒီနေ့မနက်က သံဃာ ၄ ပါးပေါ့ဗျာ။

“သံဃာတွေ အရုဏ်ဆွမ်းကပ်ပြီး ၇ နာရီမှာ တန်းဆွမ်းလောင်းတယ်။ တန်းဆွမ်း
လောင်းပြီး ၉ နာရီကြတော့ မိုးပျံပူဖောင်းတွေ လွှတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ပါစေခြင်း အထိမ်းအမှတ်နဲ့ပေါ့။ မိုးပျံပူဖောင်းမှာ အလံတခု ထည့်ပေး
လိုက်တယ်။ အဲဒီအလံ ရတဲ့လူကို ငွေ ၂၀,၀၀၀ ဆုချမယ်ဆိုပြီး ဒီမှာ ကြေညာထား
တယ်။ အလံမှာလည်း ပါသွားတယ်။ ၉ နာရီ ၄၅ ကြတော့ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်စေကြောင်း ကျနော်တို့ ချိုးတွေ၊ စာကလေးတွေ ၆၅ ကောင် လွှတ်တယ်။
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေပေါ့၊ ဦးသန်းထွန်းတို့ ဦးလှဖေတို့ ဦးဆောင်
ပြီးတော့။

“၁၀ နာရီမှာ အခမ်းအနား စတယ်။ လာတဲ့ပရိသတ်တွေကိုတော့ ကြက်သားပလာတာ
နဲ့ ကျွေးမွေးဧည့်ခံတယ်။ ပရိသတ်က ၅၀၀ ကျော်၊ ၆၀၀ လောက် ရှိတာပေါ့။ အစီ
အစဉ် စဖွင့်ဖွင့်ခြင်းမှာ IF ဆိုတဲ့ကဗျာ ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ထားတာကို
အသံသွင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဂုဏ်ပြုတေးအနေနဲ့
အန်န်အယ်လ်ဒီအဖွဲ့ချုပ် လူငယ်အမျိုးသမီးလေးတွေက သီဆိုတယ်။ အစီအစဉ် ၂ မှာ
တော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှဖေက နှုတ်ခွန်းဆက်စကား ပြောကြား
တယ်။

“အစီအစဉ် ၃ မှာတော့ ဒီနေ့ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာ
စာတမ်းကို ဖတ်ကြားတယ်။ အစီအစဉ် ၄ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း
ကောက်နုတ်ချက်တွေကို အဖွဲ့ချုပ် အဖွဲ့ဝင် အမျိုးသမီး လူငယ်အဖွဲ့ဝင် ၂ ဦးက
ဖတ်ကြားတယ်။ အစီအစဉ် ၅ မှာတော့ ပြည်နယ်တိုင်းတွေက သ၀ဏ်လွှာတွေနဲ့
တခြားအဖွဲ့အစည်းတွေက သ၀ဏ်လွှာတွေကို ဖတ်ကြားတယ်။ အစီအစဉ် ၆ ကတော့
သီချင်းနဲ့ပိတ်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး တနေ့တော့ လွတ်လာ
မှာပါဆိုတဲ့သီချင်းနဲ့ ပိတ်ပြီးတော့ အစီအစဉ် ရုပ်သိမ်းတယ်။ အစီအစဉ်မှူးအဖြစ်
ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် ဒေါ်အေးအေးမာက ဆောင်ရွက်တယ်။”

ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် စည်စည်ကားကား ကျင်းပ
နေပေမယ့်လည်း မွေးနေ့ရှင်ကိုယ်တိုင် မပါနိုင်တဲ့ မွေးနေ့အဖြစ် သူ့ကို လေးစားချစ်ခင်
သူတွေက ခံစားချက်မကောင်းနိုင်ဘဲ ဖြစ်နေကြတာပါ။ အန်န်အယ်လ်ဒီရုံးချုပ်က
အခမ်းအနားကို ဦးစီးဦးဆောင် စီစဉ်သူတဦးဖြစ်တဲ့ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့က
ဒေါ်အေးအေးမာရဲ့ ခံစားချက်ကတော့ …

“ကျမတို့လည်း ၀မ်းနည်းတာပေါ့။ ကာယကံရှင်ကလည်း အမြဲတမ်း မွေးနေ့တွေမှာ
မပါဘဲနဲ့ ကျမတို့က မွေးနေ့ပွဲတွေ လုပ်နေတယ်ဆိုတော့ ၀မ်းနည်းစရာလည်း
ကောင်းပါတယ်။ ဒီတိုင်းပြည်အနေနဲ့လည်း အများကြီးနစ်နာတာပေါ့။ ကျမတို့
အားလုံးက ဒီနေ့တော့ မွေးနေ့ရှင်မပါဘဲနဲ့လည်း လုပ်နေရတော့ အကုန်လုံး
ကတော့ မွေးနေ့သာ လုပ်နေရတယ်၊ အားလုံးက ရင်ထဲမှာတော့ ၀မ်းနည်းနေကြ
တာပေါ့။”

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နေ့အဖြစ် နေ့လယ်ပိုင်းမှာလည်းပဲ
နိုင်ငံရေးအကျဉ်းသား မိသားစုတွေရဲ့ ကလေးငယ်ပေါင်း ၁၃၀ အတွက် ပညာရေး
အထောက်အပံ့အဖြစ် တဦးကို ကျပ်ငွေ ၂၀,၀၀၀ စီ ပေးအပ်တဲ့ အစီအစဉ်တခုကို
လည်း ထည့်သွင်းဆောင်ရွက်ခဲ့တယ်လို့ အန်န်အယ်လ်ဒီပါတီက ပြောပါတယ်။
ဒီအခမ်းအနားကိုတော့ လုံခြုံရေး အာဏာပိုင်တွေက စောင့်ကြပ်ကြည့်ရှုတာမျိုး
ရှိပေမဲ့လို့ တစုံတရာ ဟန့်တားတာ၊ ပြဿနာဖြစ်တာမျိုးတော့ မကြုံခဲ့ရဘူး
လို့လည်း ဆိုပါတယ်။


ဒေါ်စုကို ဂျပန်အမတ်တွေ ဆုချီးမြှင့်

19 June 2009


မြန်မာ့အရေး ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ကြပါတယ်။
ဒါ့အပြင် သူနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ
ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းတွေကို ထောက်ခံအားပေးဖို့လည်း ဒီကနေ့
ကျရောက်တဲ့ ဒေါ်စုရဲ့ ၆၄ နှစ်ပြည့်မွေးနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။
အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ
အားလုံး လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီကနေ့ ဂျပန်လွှတ်တော်မှာ ကျင်းပခဲ့တဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းအနားနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆု
ပေးအပ်ပွဲကို မြန်မာ့အရေးဆောင်ရွက်နေကြတဲ့ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂက
ဦးဆောင်ကျင်းပခဲ့တာပါ။ ဒီအဖွဲ့ကိုတော့ Bi-Partisan လို့ခေါ်တဲ့ လက်ရှိအစိုးရအဖွဲ့ထဲ
က လွှတ်တော်အမတ်တွေရော အတိုက်အခံ အင်အားစုတွေထဲက လွှတ်တော်အမတ်
တွေနဲ့ပါ စုပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒီကနေ့ ကျင်းပခဲ့တဲ့ အခမ်းအနားနဲ့ ပတ်သက်လို့ ဒီ လွှတ်တော်အမတ်များ သမဂ္ဂက
အထွေအထွေအတွင်းရေးမှူး မစ္စတာ ယိုရှီနိုရီ ဆူမတ်ဆု (Mr. Yoshinori Suematsu)
က အခုလို ရှင်းပြပါတယ်။

“ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ သူမကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့
ဂျပန်လွှတ်တော်အမတ်တွေက မွေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ခဲ့ပါတယ်။ ကျနော်တို့
လွှတ်တော်အမတ်တွေရဲ့ တောင်းဆုလွှာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား NLD–LA
ဂျပန်ရဲ့ ဥက္ကဋ္ဌ ဦးသောင်းမြင့်ဦးကို ကျနော်တို့ ပေးအပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်း
စုကြည် လက်ရှိထိန်းသိမ်းခံနေရတဲ့ အခြေအနေက လွှတ်ပေးဖို့ တောင်းဆိုထားတဲ့
ဂျပန်နိုင်ငံသား ၁၅,၀၀၀ လောက်ရဲ့ လက်မှတ်တွေကိုလည်း ဂျပန်အစိုးရ နိုင်ငံခြားရေး
ရုံးကို ပေးအပ်ခဲ့ပါတယ်။”

ဂျပန်လွှတ်တော်အမတ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆက်လက်
ရပ်တည်သွားမယ့်အကြောင်းလည်း သူက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်း
စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးအတွက် ဂျပန်အစိုးရအနေနဲ့
ဖိအားပေး လုပ်ဆောင်ဖို့ ဂျပန်လွှတ်တော်အမတ် ၇၀ ကျော်ကလည်း လက်မှတ်
ရေးထိုး တောင်းဆိုထားတယ်လို့ မစ္စတာ ဆူမတ်ဆုက ပြောပါတယ်။

မြန်မာနိုင်ငံအပေါ်ထားတဲ့ ဂျပန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်လို့လည်း
တဖြည်းဖြည်း ပြောင်းလဲမှု ရှိလာနေတဲ့အကြောင်း မစ္စတာဆူမတ်ဆုက ပြောပြပါ
တယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးဟာ အရေးပါတဲ့အချက်ဖြစ်တယ် ဆိုတာကို
ဂျပန်အစိုးရအနေနဲ့ တစစ သဘောပေါက်လာနေပြီ။ ဒါကြောင့် ဒီပြောင်းလဲလာတဲ့
ပေါ်လစီ အရှိန်ရလာအောင် ကျနော်တို့ လွှတ်တော်အမတ်တွေက အင်အားဖြည့်ပေး
နေတာ ဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း
ရှေ့လဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ အလားအလာ ရှိနေတဲ့အပြင်
အဲဒီလို မြန်မာနိုင်ငံကို မသွားခင် အခုလကုန်ပိုင်း ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်
ဖို့ ရှိတာမို့ အခုလို မြန်မာ့အရေးကို လှုပ်ရှားဆောင်ရွက်နေကြတဲ့ ဂျပန်လွှတ်တော်
အမတ်တွေအနေနဲ့ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် ရှိပါသလားလို့
မေးကြည့်တဲ့အခါမှာတော့ …

“အချိန်ရရင်တော့ မစ္စတာဘန်ကီမွန်းနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးချင်ပါတယ်။
ဘာပဲဖြစ်ဖြစ် မစ္စတာဘန်ကီမွန်း လာတဲ့အခါ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး
လုပ်ငန်းတွေ ဆွေးနွေးရအောင်၊ နောက် ကျနော်တို့အနေနဲ့ ဘယ်လိုကူညီနိုင်မယ်
ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးရအောင် ကျနော်နဲ့ တွေ့ခွင့်ပေးဖို့ ကျနော်တို့ဘက်ကတော့
ဂျပန်အစိုးရထံမှာ တောင်းဆိုထားပါတယ်။”

ဂျပန်လွှတ်တော်အမတ်တွေက အခုလို မြန်မာ့အရေးကို တက်တက်ကြွကြွ ပါဝင်
လှုပ်ရှားလာတဲ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ဖိအားပေး
လုပ်ဆောင်ဖို့ တောင်းဆိုတဲ့စာတွေ ဂျပန်အစိုးရကို အခုလို ပေးအပ်ခဲ့တာက အစိုးရရဲ့
နိုင်ငံခြားရေးပေါ်လစီ ပြောင်းလဲလာနိုင်တယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေသူတွေ
က ပြောကြပါတယ်။


ဗြိတိန်အမြင့်တက်သမား မြန်မာ့အရေး စွန့်စား ဆန္ဒပြ

19 June 2009


ဗြိတိန်နိုင်ငံသား အမြင့်တက်သမားတဦးဟာ လန်ဒန်မြို့က လွိုက်ဒ်စ် အော့ဖ် လန်ဒန်
(Lloyd’s of London) အာမခံကုမ္ပဏီကြီးရှိတဲ့ အဆောက်အဦးကို တွယ်တက်ပြီး
“Leave Burma” “မြန်မာနိုင်ငံက ထွက်” လို့ အဓိပ္ပာယ်ရတဲ့ စာတမ်းကြီးကို ချိတ်ဆွဲခဲ့
ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် အခုလိုလုပ်ခဲ့တဲ့
အဲဒီအမြင့်တက်သမားကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြ
ပေးထားပါတယ်။

အထပ် ၁၄ ထပ်ရှိပြီး အမြင့်ပေ ၁၉၀ နီးပါးရှိတဲ့ အဆောက်အဦးကြီးကို ကြိုးမပါ၊
ထောက်ကူပြုပစ္စည်းမပါဘဲ အနောက်တိုင်းဝတ်စုံအပြည့် ဟန်ကျကျဝတ်ဆင်ပြီး
တွယ်တက်ခဲ့သူကတော့ အသက် ၄၇ နှစ်အရွယ် မိုက်ခ် ရောဘတ်ဆန် (Mike
Robertson) ပါ။ ဘာ့ကြောင့် အခုလိုလုပ်တယ်ဆိုတာကို သူက ပြောပြရာမှာ…

“လွိုက်ဒ်စ်ကုမ္ပဏီဟာ မြန်မာလူထုအပေါ်မှာ တာဝန်ရှိတာမို့ ကျနော် ဒါကို ရိုးရိုးလေး
လုပ်တာပါ။ ဒါ့အပြင် ဒီကနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့လည်း ဖြစ်နေတဲ့
အခါကြတော့ နောက်ထပ် အကြောင်းရင်းတခု ဖြစ်သွားတာပေါ့ဗျာ။”

ဗြိတိန်နိုင်ငံမှာ အထပ်မြင့် အဆောက်အဦးတွေ အများကြီးရှိတဲ့ထဲကမှ ဘာ့ကြောင့်
လွိုက်ဒ်စ်ကုမ္ပဏီရှိတဲ့ ဒီအဆောက်အဦးကိုမှ ရွေးရတာပါလဲ၊ မိုက်ခ်ရဲ့အဖြေကတော့
ဒီအဆောက်အဦးထဲမှာ မြန်မာစစ်အစိုးရနဲ့ ငွေကြေးပတ်သက်တာတွေ အများကြီး
ရှိနေလို့ပါတဲ့။

“အဲဒီ လွိုက်ဒ်စ်ကုမ္ပဏီရှိတဲ့ အဆောက်အဦးထဲမှာ မြန်မာဗိုလ်ချုပ်ကြီးတွေနဲ့ ဘဏ္ဍာ
ငွေကြေးကိစ္စ ဆက်ဆံတာတွေ အများကြီး ရှိနေပါတယ်။ သူတို့က အရေးမကြီး
သယောင် လျှော့ပြီးပြောနေပေမယ့် ငွေကြေးကိစ္စတွေမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့
ပတ်သက်နေကြတာပါ။ ဒီ ဗြိတိန်မှာက အမေရိကန်နဲ့မတူဘဲ ဘဏ္ဍာငွေစီးဆင်းမှု
ဆိုင်ရာ ပိတ်ဆို့အရေးယူထားတာတွေ မရှိဘူးလေ။ အာမခံတွေ ရောင်းခွင့်ပြုထားပြီး
မြန်မာစစ်အစိုးရရဲ့ လေကြောင်းလိုင်းတွေနဲ့ သင်္ဘောလုပ်ငန်းတွေကို အထောက်အပံ့
ပြုနေပါတယ်။”

လွိုက်ဒ်စ်ကုမ္ပဏီဟာ အာမခံကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံက လေကြောင်းလိုင်းတွေ၊
သင်္ဘောလုပ်ငန်းတွေကို အာမခံထားတဲ့နေရာမှာ ပတ်သက်လုပ်ဆောင်ပေးနေတဲ့
အတွက် မြန်မာ့အရေးလှုပ်ရှားသူတွေက ဝေဖန်တိုက်ခိုက်တာကို ခံနေရတဲ့ ကုမ္ပဏီပါ။

အခုလို တက်ခဲ့တဲ့အတွက် မိုက်ခ်ကို လန်ဒန်ရဲက ဖမ်းဆီးပြီး အေးချမ်းမှုကို
နှောင့်ယှက်ဖျက်ဆီးမှု၊ ခွင့်ပြုချက်မရဘဲ ပိုင်နက်ကျူးကျော်မှုနဲ့ စွဲချက်တင်ထားပြီး
အမှုရင်ဆိုင်နေရပါတယ်။ ဒီလိုအဖြစ်နဲ့ ကြုံရပေမယ့်လည်း မိုက်ခ်ကတော့ နောင်တ
မရဘဲ သူ လုပ်သင့်တာကို လုပ်ခဲ့တာပါလို့ ပြောပါတယ်။

မိုက်ခ် ရောဘတ်ဆန်ဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ပြင်သစ်နိုင်ငံက
ကမ္ဘာကျော် အီဖယ်လ်မျှော်စင်ကြီးကို တက်ရောက်ခဲ့သေးပြီး မြန်မာနိုင်ငံမှာ
ပြင်သစ်ပိုင် တိုတယ်လ်ရေနံကုမ္ပဏီရဲ့ စီးပွားရေးပတ်သက်နေတာကို လူအများသိပြီး
ရှုတ်ချပြစ်တင်လာအောင် လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်အား နအဖမှ မတရား ထိန်းသိမ်းထားခြင်းအပေါ် ကန့် ကွက်သည့်အနေဖြင့် နအဖလက်ပါးစေ ကြံ့ ဖွတ်အလံအား မီးရှို့ ခြင်း။

ဇွန်လ (၁၈) ရက်နေ့  ည (ရ) နာရီခွဲအချိန့် ခန့် က ရန်ကုန်မြို့ မှာ နအဖကနေ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် တရားစွဲဆိုမှု၊ နေအိမ်အကျယ်ချူပ်ရက်ပြည့်လို့  လွတ်လပ်စွာနေထိုင်ခွင့် ပြန်ပေးရမယ့်အစား အင်းစိန်ထောင်အတွင်းမှာ ယခုထက်တိုင် ဆက်လက်ထိန်းသိမ်းထားတဲ့ နအဖတွေရဲ့  မတရားလုပ်ရပ်အပေါ် ကန့် ကွက်ဆန္ဒပြတဲ့အနေနဲ့  လူငယ်စုတစ်စုကနေ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ လှုပ်ရှားမှုမှာ ရန်ကုန်မြို့ ၊ တာမွေနဲ့ ကျိုက္ကဆံလမ်းစုံ မီးပွိုင့်အနီးမှာရှိတဲ့ မော်တော်ပီကယ်ရုံမှာ ကြံ့  ဖွံအလံကို တိုင်ထောင်ပြီး ခြသေံင်္ရုပ်ပေါ်မှာ ခွေးပုံထပ်ဆွဲပြီး ဓါတ်ဆီလောင်းပြီး မီးရှို့ ခဲတဲ့ ဆန္ဒပြအကောင်အထည် ဖေါ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မတရားမှုမှန်သမျှကို ထိပ်ဆုံးက နအဖဗိုလ်ချူပ်ကြီးများကအစ သူတို့ ရဲ့ လက်ပါးစေ လက်ကိုင်တုတ် ကြေးစားတွေဖြစ်ကြတဲ့ ရဲတွေ စွမ်းအားရှင်လူမိုက်တွေ ကြံ့ ဖွတ်တွေအထိကို ပြည်သူတွေက မနှစ်မြို့ ကြဖူး၊ မကျေနပ်ကြဖူး၊ မတွေ့ မမြင်လိုကြဖူးဆိုတာကို သိသာပေါ်လွင်စေဖို့ နဲ့  ပြည်သူကနေ မကြာခင်တစ်နေ့ မှာ လက်တုန့် ပြန်ဆောင်ရွက်ကြမယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ရော ယခုလို လှုပ်ရှားဆောင်ရွက်ပြတာ ဖြစ်တယ်လို့  သိရှိရပါတယ်။

မီးပွိုင့်အနီးမှာရှိတဲ့ မော်တော်ပီကယ်ရုံမှာ ကြံ့  ဖွံအလံကို တိုင်ထောင်ပြီး ခြသေံင်္ရုပ်ပေါ်မှာ ခွေးပုံထပ်ဆွဲပြီး ဓါတ်ဆီလောင်းပြီး မီးရှို့ ခဲ့တဲ့နေရာမှာ ကြံ့ ဖွတ်အလံကို မီးရှို့ တယ်ဆိုတာ သိသာစေဖို့  အလံကို မီးအကုန်လောင်ကျွမ်းတဲ့အထိ မရှို့ ခဲ့ဘဲ တစ်ဝက်တစ်ပျက် ချန်ထားပေးခဲ့တယ်လို့  သိရှိရပါတယ်။

ထို့ အတူ ဒီလို လုပ်ရပ်ဟာ အာဏာရှင်တွေနဲ့  လက်ပါးစေတွေကို အဓိကပြစ်မှတ်ထားတဲ့ လှုပ်ရှားမှုထဲက တစ်ခုဖြစ်ကြောင်းနဲ့  အာဏာရှင်ဆန့် ကျင်ရေးကို လက်တွေ့ ကျကျ ရဲရဲဝန့် ဝန့် လုပ်ဆောင်နေကြတဲ့ ပြည်သူထဲမှ လူငယ်တွေ ဖြစ်ကြောင်းကို အများအနေနဲ့  ကွဲကွဲပြားပြား သိသာစေဖို့ အတွက်ကိုလည်း ပြုလုပ်သူတွေက သူတို့ ရဲ့ လုပ်ရပ်ရည်ရွယ်ချက်ကို ဖေါ်ပြရေးသားထားတဲ့ စာရွက်တွေကို အဆိုပါ မီးရှို့ တဲ့နေရာမှာဘဲ ကြဲဖြန့် ချထားခဲ့တယ်လို့  သိရှိရပါတယ်။

အဆိုပါ စာရွက်တွေမှာ ရေးသားထားတာကတော့ “ကျနော်တို့  ပြည်သူလူထုအနေနဲ့  နအဖကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအနိင်ကျင့်မှုကို မလိုလားတာကြောင့် ကျနော်တို့  လူငယ် မျိုးဆက်တွေကနေ ဒီလို လုပ်ဆောင်ခြင်း ဖြစ်တယ်။ ဒါဟာ နအဖနဲ့  လက်ပါးစေတွေကို သိစေလိုတဲ့ အာဏာရှင်တိုက်ဖျက်ရေး ဆန့် ကျင်လှုပ်ရှားမှုတွေထဲက လက်တွေ့ တစ်ခုဖြစ်တယ်” လို့  ရေးသားထားကြောင်း သိရှိရပါတယ်။

နအဖတွေရဲ့  မတရားလုပ်ရပ်အပေါ် ကန့် ကွက်ဆန္ဒပြတဲ့ လူငယ်စုတစ်စုရဲ့  ယခု လှုပ်ရှားမှုဖြစ်တဲ့ ကြံ့ ဖွတ်အလံကို မီးရှို့ တာ ဖြစ်ပြီးတဲ့နောက်မှာ တာမွေမြို့ နယ် ရယကနဲ့  အနီးအနားကဖြစ်တဲ့ (စူပါဝမ်းစတိုးဆိုင်အနီး) မှာရှိတဲ့ ကြံဖွံ့ ရုံးက ကြံ့ ဖွတ်တွေ ကမန်းကတန်း အပြေးအလွှား ရောက်ရှိလာကြတယ်လို့  သိရှိရပါတယ်။

ရောက်လာကြတဲ့ ရယကတွေ ရဲတွေ ကြံ့ ဖွတ်တွေ စုစုပေါင်းအယောက် (၈၀) ခန့် က အဆိုပါ မီးလောင်ကျွမ်းထားတဲ့ ကြံ့ ဖွတ်အလံ တစ်ပိုင်းတစရယ်၊ မီးလောင်ငွေ့ တွေနဲ့  ပြာတွေကို အခြားသူတွေ တွေ့ မြင်မှာ စိုးရိမ်ပြီး ချက်ချင်းဘဲ သိမ်းဆည်းကာ သန့် ရှင်းရေး ပြုလုပ်ကြကြောင်းနဲ့  အဆိုပါနေရာကို မြေကြီးပေါ်က မြက်ပါ မကျန်ရအောင် ရှင်းလစ်ပြစ်လိုက်ကြကြောင်း သိရှိရပါတယ်။

နအဖအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားဆက်လက် အနိုင်ကျင့်နေဦးမယ်၊ ချုပ်နှောင်ထိန်းသိမ်းထားဦးမယ်၊ နအဖလက်ပါးစေတွေအနေနဲ့  ပြည်သူလူထုအပေါ်မှာ ဆက်လက်မိုက်ရိုင်းစော်ကားနေဦးမယ်ဆိုရင် ဒီ့ထက် ပိုမိုပြင်းထန်တဲ့ လက်တွေ့ ကျကျ လှုပ်ရှားဆောင်ရွက်မှုတွေကို ပြည်သူလူထုထဲက လူငယ်တွေအနေနဲ့  ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့  သိရှိရပါတယ်။
http://www.niknayman-niknayman.co.cc/2009/06/blog-post_9105.html