Tuesday, June 23, 2009

နအဖ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ အီရန်ခရီးစဉ် လျှို့ဝှက်အစီရင်ခံစာ

Report of Iran Trip From Burmese MOFA.

7 JULY အရေးတော်ပုံ

နေပြည်တော်မှ မြောက်ကိုရီးယား ဥမင်လှိုဏ်ခေါင်းများအကြောင်း


Tuesday, 23 June 2009 18:43 ဧရာဝတီ
မြောက်ကိုရီးယားနိုင်ငံက မြန်မာစစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်နှင့် ရှမ်းပြည်နယ်အတွင်း မြေအောက်ဥမင် ကွန်ရက်များ တည်ဆောက်ရန် ကူညီပေးလျက် ရှိနေကြောင်း၊ အမည်မတပ်နိုင်သော ကိစ္စများ အတွက်နှင့် စစ်အစိုးရ ပုန်းခိုစရာကျင်း အဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူ၊ သတင်းစာဆရာ ဘာတေးလ် လင့်တနာက ဆိုသည်။

၎င်းလျှို့ဝှက်စီမံကိန်းတွင် မြောက်ကိုရီးယား ကျွမ်းကျင်သူများ ပါဝင်လုပ်ကိုင်နေကြသည်ဟု ယုံကြည်ရပြီး ဓာတ်ပုံများကို ဘာတေးလ် လင့်တနာက ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှ Yale Global Online မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဘာတေးလ် လင့်တနာက မြောက်ကိုရီးယားနှင့် မြန်မာစစ်အစိုးရအကြား နီးကပ်လာသော ဆက်ဆံရေးကို ဆွေးနွေးထောက်ပြထားသည်။

မေး။ ။ Yale Global Online မဂ္ဂဇင်းမှာ မကြာသေးခင်က ဖော်ပြခဲ့တဲ့ ခင်ဗျားရဲ့ ဆောင်းပါးထဲက မြေအောက် ဥမင်တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ မြောက်ကိုရီးယားတွေ ပါဝင်ပတ်သက်နေပုံကို တွေ့ရပါတယ်။ နေပြည်တော်နဲ့ ရှမ်းပြည်နယ်အတွင်း တည်ဆောက်နေတဲ့ ဥမင်တွေကိစ္စ ခင်ဗျား ဘာတွေ သိထားပါသလဲ။ မြန်မာစစ်အစိုးရ အများစုက ပြည်ပ ကျူးကျော်မှုတွေ ဖြစ်လာမှာ ကြောက်နေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် မြန်မာစစ်ဗိုလ်ချုပ်တွေက အစိုးရိမ် လွန်နေတာ သက်သက်လား။

ဖြေ။ ။ စစ်အစိုးရက မြို့တော်ကို နေပြည်တော်ဆီ ရွှေ့ဖို့ ဆုံးဖြတ်ပြီးတဲ့ကာလမှာ မြေအောက်ဥမင်တွေ ဖောက်နေ တာ အများကြီးပါပဲ။ သူ့ကို ချောင်းနေကြတဲ့ မျက်လုံးတွေ မမြင်သာအောင် အစိုးရက အဲဒီလို အကဲ ဆတ်တဲ့ လုပ်ငန်းတွေ လုပ်နေတတ်တာက အံ့သြစရာတော့ မဟုတ်ပါဘူး။ အမေရိကန် အစိုးရကိုယ်တိုင်တောင် ဒီလို လုပ်ငန်းတွေ လုပ်တတ် ပါသေးတယ်။

တချို့ဥမင်တူးနေတဲ့ ကိစ္စကတော့ ရိုးရိုးသားသား ဖြစ်နိုင်ပါတယ်။ ရေအားလျှပ်စစ်လုပ်ငန်း တည်ဆောက်ရေးကိစ္စ တွေမှာပါ။ အဲဒါအပြင် မြေအောက် အစည်းအဝေးခန်းမတွေ၊ ပစ္စည်းသိုလှောင်သိမ်းဆည်းမယ့် နေရာတွေလည်း ရှိနိုင် ပါသေးတယ်။

အခုလို ဖြစ်နေတာကတော့ စစ်အစိုးရ အစိုးရိမ်လွန်နေမှန်း သိသာပါတယ်။ သူတို့က လေ ကြောင်းကနေ အမေရိကန်ပြည်ထောင်စုက အီရတ်မှာ ဆဒမ်ဟူစိန်ကို တိုက်ခိုက်သလို၊ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို တိုက်ခိုက်သလို တိုက်ခိုက်လာမှာကို စိုးရိမ်နေပါတယ်။ ဒီလို စိုးရိမ်နေမှုကတော့ ကျိုးကြောင်းမဆီလျော်လှပါဘူး။ ဒါပေမယ့် စိုးရိမ်နေတာပါပဲ။

နောက်တခုက စစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုဆိုတာကလည်း အမြဲဆိုသလို ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက လည်း အစိုးရအဆောက်အဦးတွေကို ဆန္ဒပြသူတွေက သိမ်းပိုက်ခဲ့ကြတာ စစ်အစိုးရက မမေ့နိုင်ပါဘူး။ အခုတော့ စစ်အစိုးရက သူတို့မြို့တော်သစ်မှာ ပိုပြီး လုံခြုံနေပုံရပါတယ်။ မြေပေါ်မှာရော - မြေအောက်မှာရောပေါ့။

မေး။ ။ လေ့လာသုံးသပ်သူတွေကတော့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား ဆက်ဆံရေးနီးစပ်လာတဲ့ ကိစ္စကို စိုးရိမ်ပူပန်စရာလို့ ယူဆနေပါတယ်။ သူတို့ဆက်ဆံရေး ပိုမို နွေးထွေးနီးကပ်လာရင် အကျိုးဆက်အနေနဲ့ ဘယ်လိုဖြစ်နိုင် ပါသလဲ။

ဖြေ။ ။ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ မြေအောက်ဥမင်တွေ၊ အဆောက်အဦးတွေ၊ ဒီဇိုင်းပုံစံထုတ်ပေးတာ၊ တည်ဆောက် ပေးနေတာ စတဲ့ စွပ်စွဲချက်တွေကတော့ သိပ်ကို အရေးပါပါတယ်။ မြောက်ကိုရီးယားတွေက မြေအောက် ဥမင်ဖောက်ရာမှာ တဖက်ကမ်းခတ် ကျွမ်းကျင်ကြသူတွေပါ။ သူတို့ နိုင်ငံတွင်းက ကာကွယ်ရေး အဆောက်အဦးတွေရယ်၊ မြောက်နဲ့ တောင်ကိုရီးယားကို ခြားထားတဲ့ စစ်မဲ့ဇုန်အတွင်း ဥမင်ဖောက်ခဲ့တဲ့ သာဓကတွေရယ်ကို ကြည့်ပြီး ပြောတာပါ။

စစ်အစိုးရနဲ့ စီးပွားရေးလုပ်နေကြတဲ့ သူတွေနဲ့ မတူတဲ့အချက်က သူတို့က ငွေသားနဲ့ပေးချေတာကို လိုချင်ပါတယ်။ မြောက်ကိုရီးယားတွေက ပုံမှန်အားဖြင့် ဘာတာစနစ်သဘော ကုန် - ကုန်ချင်း ပေးချေတာကို လိုလားကြပါတယ်။ နအဖ ဘက်ကလည်း ဒီစနစ်ကို ကြိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တခြား ပုံစံမျိုးစုံနဲ့ ဖိနှိပ် အုပ်ချုပ်တာတွေ ကြောင့် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှု ခံနေကြရပါတယ်။ အဲဒီလို သူတော်ချင်းချင်း သီတင်း လွေ့လွေ့ ပေါင်းဖက်တွေ့ ကြတာတော့ သဘာဝပါပဲ။ ၁၉၈၃ ခုနှစ်က ရန်ကုန်မှာ မြောက်ကိုရီးယားတွေက ဗုံးခွဲခဲ့တာကို မေ့ပစ်နိုင် လိုက်ကြတာနဲ့ တပြိုင်နက်၊ မြန်မာနဲ့ မြောက်ကိုရီးယားအကြား ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးတွေ တွေ့ကြရလိမ့်မယ်လို့ ယူဆထား နိုင်ပါတယ်။

ဒါပေမယ့် ဒေသတွင်းက ကျန်တဲ့နိုင်ငံတွေကတော့ ဒီအခြေအနေကို သဘောကျမှာ မဟုတ်ပါဘူး။ အာဆီယံက ဘယ်လိုအရေးယူ ဆောင်ရွက်မှုတွေ လုပ်လာမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ကြရပါလိမ့်မယ်။ တကယ်လို့ အရေးယူဆောင်ရွက်မှုတွေ ရှိလာရင် သူတို့က မြန်မာနိုင်ငံကို မြောက်ကိုရီးယားနဲ့ ခွဲထုတ်ဖို့ ကြိုးစားကြပါလိမ့်မယ်။

မေး။ ။ မြန်မာနိုင်ငံက ရုရှားနိုင်ငံကနေ အဏုမြူဓာတ်ပေါင်းဖို ၀ယ်ယူခဲ့တယ်။ ဒါပေမယ့် အဲဒီစီမံကိန်းအကြောင်း နောက်ပိုင်းမှာ မကြားကြရတော့ပါဘူး။ စစ်အစိုးရကတော့ အဲသည်စီမံချက်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ဖို့ လို့ ပြောပါတယ်။ ရုရှားရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံရဲ့ အစပျိုး အဏုမြူအစီအစဉ်ကို အခုလို မြောက်ကိုရီးယားက ပါဝင် ပတ်သက်မှုတွေ ရှိလာတဲ့အခါ ဒေသအတွင်း စိုးရိမ်ပူပန်မှုတွေ ရှိလာကြပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ပြည်ပရောက် မြန်မာ အဖွဲ့အစည်းတွေရဲ့ အဆိုအရ ရုရှားနဲ့ မြောက်ကိုရီးယားက မြန်မာစစ်အစိုးရ အဏုမြူထုတ်နိုင်အောင် ကူညီနေကြ တယ်လို့ ဆိုပါတယ်။ အဲသည် စိုးရိမ်မှု၊ သံသယတွေကို ဘယ်လို ယူဆပါသလဲ။

ဖြေ။ ။ မြောက်ကိုရီးယားနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်နေမှု ကိစ္စအားလုံးအတွက် ပြင်ပက လူတွေက အရမ်းကို စိုးရိမ်နေကြတယ်လို့ ထင်ပါတယ်။ အကယ်၍သာ အဏုမြူလုပ်ငန်းကဏ္ဍမှာ ကူညီနေတာ ဖြစ်ရင်တော့ ဒေသတွင်း နိုင်ငံတွေရော၊ ပြင်ပက နိုင်ငံတွေပါ အလန့်တကြား ခေါင်းထောင်လာကြမှာပဲလို့ ကျနော်ထင်ပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်နေတယ် ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။ ကောလာဟလတွေလည်း အများကြီး ရှိပါတယ်။ ကျနော်တို့က တခုခု ကောက်ချက် မဆွဲခင် အတည်ပြုလို့ ရနိုင်တဲ့ သတင်းတွေ စောင့်ကြည့်သင့်ပါသေးတယ်။

မေး။ ။ လွန်ခဲ့တဲ့ ၃ - နှစ်အတွင်း မြောက်ကိုရီးယား သင်္ဘောတွေက မြန်မာဆိပ်ကမ်းကို မသင်္ကာဖွယ် အကြိမ်ကြိမ် ဆိုက်ကပ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်တွေ အပါအ၀င် သမားရိုးကျ လက်နက်တွေကို နေပြည်တော်က စစ်အစိုးရဆီ ထောက်ပံ့ပေးနေတယ်လို့ ယူဆပါတယ်။ ၂၀၀၇ ခုနှစ်မှာ မြောက်ကိုရီးယားနဲ့ မြန်မာ သံအဆက်အသွယ် ပြန်လည်စတင် ပြီးတဲ့အခါမှာတော့ မြန်မာအရာရှိတွေရဲ့ တရားဝင်ရော၊ တရားမ၀င်ရော မြောက်ကိုရီးယား ခရီးစဉ်တွေ သွားခဲ့ကြတာ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ အခုလို ဆိပ်ကမ်းကပ်လာတဲ့သင်္ဘောတွေ၊ ခရီးစဉ်တွေကို ခင်ဗျား ဘယ်လို သုံးသပ်ပါ သလဲ။

ဖြေ။ ။ ဘယ်လိုကုန်မျိုးတွေ တင်လာတဲ့ သင်္ဘောဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်တို့ မျက်မြင်သက် သေတွေရဲ့ ခန့်မှန်းချက်အရတော့ အလွန်လေးလံတဲ့ ပစ္စည်းတွေလို့ ပြောပါတယ်။ အစိုးရက တရားဝင်ရှင်းပြသလို ဘင်္ဂလား ပင်လယ်အော်ထဲ ရာသီဥတုမကောင်းလို့ လာရောက်ခိုနားရတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ မြောက်ကိုရီးယား သင်္ဘော မြန်မာဆိပ်ကမ်းကို မရောက်ခင်၊ ရောက်နေဆဲကာလနဲ့ နောက်ပိုင်း ရာသီဥတု ခန့်မှန်းချက်သတင်းတွေကို ကျနော်လေ့လာကြည့်ပါတယ်။ ရာသီဥတုက ကောင်းနေပါတယ်။ အာဏာပိုင်တွေ ခုလို လိမ်ပြောတာကိုက တခုခု ဖုံးကွယ်စရာ ရှိနေလို့ပါပဲ။ သင်္ဘောက အလွန်လေးတဲ့ လက်နက်တွေလည်း သယ်လာ နိုင်ပါတယ်။ စက်ပစ္စည်းတခုခု၊ ဒါမှမဟုတ် တခြား တခုခုလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ မသိနိုင်ပါဘူး။

Mystery Surrounds North Korean Tunnel-building in Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ရွေးကောက်ပွဲအာဏာရှင်စနစ်


NEJ / ၂၃ ဇွန် ၂၀၀၉
ဦအောင်ခင်

မန္တလေးကျောက်မျက်ဈေးရှိ ကျောက်ပွဲစားများကို မြို့တော်စည်ပင်က မှတ်ပုံတင်လုပ်ခိုင်းနေသည့်အတွက် ပွဲစားများ က မကျေမနပ်ဖြစ်နေကြသည်။

မန္တလေးမြို့တော်စည်ပင်က တနှစ်စာအတွက် ပွဲစားတဦးလျှင် ငွေကျပ် (၃,၅၀၀) ကောက်ခံကာ မှတ်ပုံတင် ကတ်များလုပ်ရမည်ဟု ပြောသဖြင့် ပွဲစားများက စည်ပင်က ငွေလှည့်သုံးရန် ဖန်တီးခြင်းဖြစ်သည်ဟု ပြောဆိုနေ ကြသည်။

ကျောက်မျက်ဈေးဖြစ်ပေါ်လာကတည်းက ကျောက်ပွဲစားလုပ်လာသူ ကိုသက်နိုင်က “ပေးရတဲ့ငွေက များတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုံးဝအရောင်းအ၀ယ်မဖြစ်တဲ့နှစ်မှာမှ အခုလို မှတ်ပုံတင်ကတ်ပြားတွေ လုပ်ပေးတာကတော့ စိတ်ထဲမှာ ဘ၀င်မကျ ဖြစ်ကြတာချည်းပဲ။ အမှန်ပြောရရင် မန္တလေးစည်ပင်က ပိုက်ဆံကို လှည့်နည်းသုံးပြီးတော့ ရှာတာဗျ။ အခုလည်း တယောက်ကို (၃,၅၀၀) ကျပ်၊ လူပေါင်း သောင်းနဲ့ချီရှိတယ်။ အလကားနေရင်း ငွေရတာပေါ့ ဗျာ” ဟု ပြောသည်။

အရောင်းအ၀ယ်မဖြစ်သည်မှာ တရုတ်ပြည်သို့ သယ်ယူသော ကျောက်မျက်များအား အဖမ်းအဆီးများ သောကြောင့်ဖြစ်ကြောင်း၊ ယင်းအတွက် ကုန်သည်များက ၀ယ်ယူရန် တွန့်ဆုတ်နေကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျောက်မျက်ဈေးမှ ဈေးဝန်ထမ်းတဦးကမူ ယခုကဲ့သို့ ပွဲစားများအား မှတ်ပုံတင်ကတ်ပြုလုပ်ရခြင်းမှာ ရောင်းသူနှင့် ၀ယ်သူကြားတွင် ပွဲစားပြဿနာများ မကြာခဏဖြစ်သောကြောင့် ပွဲစားများကို မှတ်ထားရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။

သို့သော် ကျောက်မျက်ဈေးတွင် ရောင်းသူ၊ ၀ယ်သူ ပြဿနာဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ ပွဲစားများက လိမ်လည် ခဲ့လျှင်သော်လည်းကောင်း ဖြေရှင်းပေးနိုင်ရန် ကျောက်မျက်ဈေးကော်မတီတရပ်ကို ယခင်ကတည်းက ဖွဲ့စည်းထား ကြောင်း ပွဲစားများက ပြောသည်။

“ကျောက်မျက်ကော်မတီကလည်း ပြဿနာတွေ ဖြစ်လာရင် သေသေချာချာ ရှင်းလင်းပေးနိုင်တာမျိုးမရှိဘူး။ အခု
ဒီမှတ်ပုံတင်ကတ်ကို မန္တလေးစည်ပင်က လုပ်ခိုင်းတာပါ။ ပြဿနာဖြစ်လာရင်ကော စည်ပင်က ရှင်းပေးနိုင်မလား။ ပြဿနာတက်တာတွေကို လွယ်လွယ်ကူကူ ရှင်းလို့ရအောင် မှတ်ပုံတင်ကတ်တွေ လုပ်ပေးတယ်ဆိုရင် ကော်မတီက ဘာမှတာဝန်မယူတော့ဘူးလား” ဟု ၀ါရင့်ပွဲစားကြီးတဦးက ပြောသည်။

မန္တလေးကျောက်မျက်အရောင်းဈေးတွင် နေ့စဉ် အရောင်းအ၀ယ်ပြုလုပ်နေသော လူဦးရေမှာ (၃) သောင်းခန့် ရှိနေပြီး မှတ်ပုံတင်ပြုလုပ်ပြီးသည့် ပွဲစားအရေအတွက်မှာ (၃) ထောင်ကျော်ခန့်ရှိသွားပြီဟု သိရသည်။


ဇွန်လ၂၄ဒိုင်ယာရီ

ကျုပ်ကိုလည်း ပေးပါဦး ...
Monday, 22 June 2009 17:21 ဟန်လေး

မြောက်ကိုရီးယားသင်္ဘော၊ ပြုံယမ်း-နေပြည်တော် ဝင်ရိုးတန်းအဖြစ် ပြသ
မုံပီး
အင်္ဂါနေ့၊ ဇွန်လ 23 2009 14:27 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနှင့် မြောက်ကိုရီးယားအကြား သံသယဖြစ်စရာ စစ်ရေး အဆက်အဆံများ ရှိနေကြောင်း သေချာစေရန်အတွက် တရုတ်ကမ်းရိုးတန်းကို ဖြတ်ကျော်လာခဲ့သည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောနောက်တွင် နောက်ယောင်ခံနေသည့် အမေရိကန် ရေတပ်သင်္ဘော အနေဖြင့် အနီးကပ် စုံစမ်းစစ်ဆေးရန် စောင့်ကြည့်လေ့လာသူများက တောင်းဆိုနေကြသည်။

ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားဆိပ်ကမ်းမှ ထွက်ခွာလာပြီး မကြာမီတွင် အမေရိကန် ရေတပ်သင်္ဘောမှ ခြေရာခံမိခဲ့သည့် ကန်နမ် - Kang Nam အမည်ရှိ မြောက်ကိုရီးယား သင်္ဘောပေါ်သို့ တက်ရောက်ရှာဖွေမှုများ ပြုလုပ်ရန် အမေရိကန်အနေဖြင့် တောင်းဆိုသင့်ကြောင်း စစ်ရေး အကဲခတ် မြန်မာတဦးက ယနေ့ ပြောဆိုခြင်း ဖြစ်သည်။

“ဒီသင်္ဘောဟာ ကန်နမ် သင်္ဘောဖြစ်မယ်ဆိုရင် မြန်မာပြည်အတွက် လက်နက်တွေ သယ်လာတဲ့ သင်္ဘောဖြစ်ဖို့ သေချာတဲ့အတွက် ရှာဖွေကြည့်သင့်တယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု - NDD မှ သုတေသနဌာနမှူး ဦးဋ္ဌေးအောင်က မှတ်ချက်ချ ပြောဆိုသည်။

မြောက်ကိုရီးယားနှင့် မြန်မာသည် ကန်နမ်သင်္ဘောဖြင့် လက်နက်များ သယ်ယူပို့ဆောင်နေကြောင်း ယခင်က ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့စဉ်ကတည်းက စောင့်ကြည့်လေ့လာခဲ့သူ ဦးဋ္ဌေးအောင်က ပြောသည်။

ဒုံးကျည်နှင့် စစ်လက်နက်ဆိုင်ရာ ပစ္စည်းများသယ်ဆောင်လာသည်ဟု သံသယဖြစ်ဖွယ်ရာ မြောက်ကိုရီးယား ကုန်တင်သင်္ဘောအား နောက်ယောင်ခံလိုက်လာသည့် အမေရိကန်ရေတပ် ဖျက်သင်္ဘော U.S.S. McCain သည် သင်္ဘောအား တက်ရောက်ရှာဖွေရန်အတွက် ဌာနချုပ်သို့ ခွင့်ပြုမိန့် တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့်လ ၂၅ ရက်နေ့က နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုနှင့် မကြာသေးခင်ကလည်း တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သဖြင့် ကုလသမဂ္ဂ၏ တားမြစ်ပိတ်ဆို့မှုများထဲတွင် လက်နက်များ သယ်ယူပို့ဆောင်ခြင်းကို လုံးဝ ပိတ်ပင်ထားခြင်း အပါအဝင်၊ ထိုသို့ လက်နက်များ သယ်ဆောင်လာသည်ဟု သံသယရှိသော သင်္ဘောများကို ရပ်တန့်စစ်ဆေးရန်အတွက် ပြန်လည်သုံးသပ်နေချိန် ဖြစ်သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများမှ လက်နက်တင်ပို့မှု ရောင်းချခြင်း မပြုလုပ်ရန် ပိတ်ပင်ထားသည့် မြန်မာနိုင်ငံသို့ ကန်နမ် သင်္ဘော ဦးတည်နေကြောင်း အတည်ပြုခြင်း မရှိသည့် ထောက်လှမ်းရေး သတင်းများအရ သိရှိရကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ YTN မှ တနင်္ဂနွေနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားမှ အသုံးပြုနေသည့် လက်နက်သယ်ယူပို့ဆောင်နေသည့် သင်္ဘော ၅ စီးထဲ၌ ကန်နမ် သင်္ဘောလည်း ပါဝင်ပြီး ယခင်က မြန်မာဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ဖူးကြောင်း ဦးဋ္ဌေးအောင်က ပြောသည်။

၂၀၀၇ ခုနှစ် မေလတွင် မြောက်ကိုရီးယား သင်္ဘော Kang Nam 1 သည် ရန်ကုန် သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့ရာ၊ လူသားချင်း စာနာမှုအရ ဆိုက်ကပ်ခွင့်ပြုခဲ့ကြောင်း မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဌာနမှ နိုင်ငံခြား သံတမန်များနှင့် သံရုံးများသို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။

မြန်မာ့ကမ်းရိုးတန်း ရေပိုင်နက်အတွင်း ရှိနေစဉ် သင်္ဘောအင်ဂျင်စက် ချို့ယွင်းခဲ့သဖြင့် လူသားချင်း စာနာထောက်ထားမှုအရ သင်္ဘောကို ကပ်ခွင့်ပြုခဲ့ကြောင်းနှင့် မြန်မာအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သံသယဖြစ်ဖွယ်ရာ မရှိကြောင်း ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။

၂၀၀၆ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း အလားတူအကြောင်းပြချက်ဖြင့်ပင် မြောက်ကိုရီးယား MV Bong Hoafan ကုန်တင်သင်္ဘောကို မြန်မာစစ်အစိုးရသည် ဆိပ်ကမ်းဆိုက်ကပ်ခွင့် ပြုခဲ့သည်။ သင်္ဘောပေါ်၌ မည်သည့် သံသယဖြစ်ဖွယ်ရာ ပစ္စည်းများ သို့မဟုတ် စစ်ဖက်ဆိုင်ရာ အသုံးပြုပစ္စည်းများ မတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့ စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“တကယ်လို့ ကန်နမ်ဟာ မြန်မာကမ်းခြေကို ရောက်တဲ့အခါ စစ်အစိုးရဟာ အရင်က လုပ်ခဲ့တဲ့အတိုင်း အလားတူ ကျေညာချက်ကို ထုတ်ပြန်ပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာနဲ့ မြောက်ကိုရီးယား လျှို့ဝှက်ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတာကိုတော့ ကျနော်တို့ သိပြီးပါပြီ” ဟု ဦးဌေးအောင်က ဆိုသည်။

စစ်တပ်တွင်းနှင့် စစ်တပ်နှင့်နီးစပ်သော အသိုင်းအဝိုင်းများမှ သိရသည့် သတင်းရင်းမြစ်များအရ မြန်မာစစ်အစိုးရသည် နျူကလီးယားစက်ရုံတခုကို လျှို့ဝှက်စွာ ဆောက်လုပ်နေကြောင်း သူ့အနေနှင့် သိရှိပြီးဖြစ်ကြောင်း သူက ပြောဆိုသည်။

ဦးဋ္ဌေးအောင်က ''မြန်မာစစ်အစိုးရအနေနဲ့ သူတို့ရဲ့ နျူကလီးယား ဖွံ့ဖြိုးမှုမှာ လက်နက်အဆင့်အထိ ရောက်ဖို့အတွက် အဝေးကြီး လိုသေးတယ်ဆိုပေမယ့် မြောက်ကိုရီးယားလို တိုင်းပြည်တွေရဲ့ အကူအညီနဲ့ဆိုရင် ဖြစ်မလာနိုင်ဘူးလို့တော့ ပြောလို့မရပါဘူး'' ဟု ဆိုသည်။

“မြောက်ကိုရီးယားဟာ အထီးကျန်ဖြစ်နေတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် မြန်မာပြည်ကိုလည်း သူတို့နဲ့ အသွင်တူတဲ့ အစိုးရတရပ်အဖြစ်နဲ့ ကြည့်နေတာပါ။ ဒါကြောင့် စစ်အစိုးရအနေနဲ့ လိုအပ်တဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကို မြောက်ကိုရီးယားဆီက ရဖို့အတွက် သိပ်ပြီး အခက်အခဲရှိလိမ့်မယ် မဟုတ်ဘူး” ဟု သူက ပြောဆိုပြီး၊ အရည်ပျော်သွားပြီဖြစ်သည့် နေပြည်တော်-ပြုံယမ်း ဆက်ဆံရေးသည် သတိပေးရသည့် အဆင့်သို့ပင် ရောက်နေပြီဟုလည်း ဆိုသည်။

တောင်ကိုရီးသမ္မတ ချန်ဒူးဝမ်ကို မြောက်ကိုရီးယား လျှို့ဝှက်အေးဂျင့်များက ရန်ကုန်မြို့၌ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ပြီးသည့်နောက် ၂၄ နှစ်ကြာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြတ်တောက်ခဲ့ရာမှ၊ ၂၀၀၇ ခုနှစ် ဧပြီလတွင်၊ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံသည် သံတမန်ဆက်သွယ်ရေးကို ပြန်လည် တည်ဆောက်ခဲ့သည်။

ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီးချုပ်ဟောင်း ခင်ညွန့်နှင့်အတူ ရာထူးမှ ဖြုတ်ချခံရသည့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝင်းအောင်သည် မြောက်ကိုရီးယားသို့ လျှို့ဝှက်စွာ သွားရောက်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်အတွက် လုပ်ဆောင်ခဲ့ကြောင်း အကဲခတ်များက ပြောသည်။

အမေရိကန်အခြေစိုက် အာဏာရှင်များ စောင့်ကြည့်ရေးအဖွဲ့မှ မြန်မာနိုင်ငံ၏ စစ်တပ်ဖွံ့ဖြိုးမှုများကို အနီးကပ် စောင့်ကြည့်နေသည့် ရိုလန် ဝက်ဆန်၏ အီးမေးလ် မက်ဆေ့ခ်ျတခုအရမူ၊ မြန်မာစစ်အစိုးရ၏ နျူးကလီးယား အာသီသများနှင့် ၎င်းတို့၏ လုပ်ဆောင်မှုများကို အမေရိကန်အနေဖြင့် ကောင်းစွာသိထားပြီး ဖြစ်သော်လည်း သတင်းအချက်အလက်များကို ထိန်းချုပ်ထားခဲ့သည်။

“ကန်နမ်မှာ ဒုံးကျည်နဲ့ စစ်လက်နက်ဆိုင်ရာ ပစ္စည်းတွေ ပါလာတယ်ဆိုတာကို ထုတ်ပြောခြင်းအားဖြင့် အမေရိကန်ဟာ ဒီ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကောင်းစွာ သိထားပြီးပြီဆိုတာကို ပြသနေတယ်” ဟု ဦးဋ္ဌေးအောင်က ပြောသည်။

မြန်မာစစ်အစိုးရ၏ နျူကလီးယားပိုင်ဆိုင်လိုသည့် အာသီသနှင့် နျူကလီးယား လက်နက်အဆင့်အထိ ဖွံ့ဖြိုးလာရန် ကြိုးစားနေသည့် ၎င်းတို့၏ လျှို့ဝှက်လုပ်ဆောင်ချက်များနှင့် ပတ်သက်သမျှ အမေရိကန်အစိုးရ သိထားသည့် သတင်းအချက်အလက်များကို ထုတ်ဖော်ပြောဆိုသင့်ပြီဟု သူက တောင်းဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဌာနသည် မြန်မာနိုင်ငံသို့ ပေးနေသည့် စစ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများဆိုင်ရာ အစီရင်ခံစာ တစောင်ကို ပြင်ဆင်ရန် လိုအပ်နေပြီဟု ၂၀၀၈ ခုနှစ်၊ တွမ် လန်းတို့စ်၏ မြန်မာ့ ကျောက်မျက်ရတနာများ ပိတ်ဆို့တားမြစ်ရေး အက်ဥပဒေ အပိုဒ် ၁၀ အောက်၌ ပါရှိသည်။ ထို ဥပဒေ၏ အပိုဒ်ခွဲ ၃ ၌ အစုလိုက်အပြုံလိုက် သေစေတတ်သည့် လက်နက်ပစ္စည်းများလည်း အကြုံးဝင်သည်။

ဥပဒေအရ ထိုအစီရင်ခံစာသည် ဇန်နဝါရီလကုန်၌ အများပြည်သူလူထုသို့ တင်ပြပြီး ဖြစ်ရမည်။ သို့သော် ယနေ့တိုင် နိုင်ငံခြားရေးဌာနသည် အစီရင်ခံစာ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု အာဏာရှင်များ စောင့်ကြည့်ရေးအဖွဲ့မှ ဝက်ဆွန်က ရှင်းပြသည်။

သင်္ဘောသည် မြန်မာ့ကမ်းခြေသို့ မဆိုက်ရောက်ခင် အချိန်မီ သေချာကျနစွာ စစ်ဆေးမှု မပြုလုပ်နိုင်ပါက မည်သည့်ပစ္စည်းများ ပါလာကြောင်း သိနိုင်တော့မည်မဟုတ်ဟု ဦးဋ္ဌေးအောင်က ပြောသည်။

မြောက်ကိုရီးယားကို တားမြစ်ပိတ်ဆို့မှုများ ပြဋ္ဌာန်းထားသော်လည်း၊ သင်္ဘောတွင် သယ်ဆောင်လာသည့် ပစ္စည်းများကို စစ်ဆေးရန်အတွက် သင်္ဘောပေါ်သို့ တက်ရောက်ရန် အထူးတပ်ဖွဲ့များကို အသုံးပြုခြင်း မရှိခဲ့ပေ။ အကျိုးဆက်အနေဖြင့် အကယ်၍ ကန်နမ်သည် လမ်း၌ ရပ်တန့်စစ်ဆေးခြင်း မခံရဘဲ မြန်မာ့ရေပိုင်နက် အတွင်းသို့ ရောက်ရှိသွားပါက အမေရိကန်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်း မပြုလုပ်ဘဲနှင့် စစ်ဆေးရန် မဖြစ်နိုင်တော့ပေ။

မည်သို့ဆိုစေ၊ အချို့အကဲခတ်သမားများ သံသယရှိသည့်အတိုင်း ကန်နမ်သည် မြန်မာပြည်သို့ မသွားမီ စင်္ကာပူတွင် ကမ်းကပ်ရန် အစီအစဉ်ရှိခဲ့ပါက အမေရိကန်နိုင်ငံသည် စင်္ကာပူ အာဏာပိုင်များအား ဆိပ်ကမ်းမှ သင်္ဘော မထွက်ခွာမီ စစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုနိုင်မည်ဖြစ်သည်။



မင်းနိုင်သူ / ၂၃ ဇွန် ၂၀၀၉


လူထုအကြားစည်းရုံးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းတရပ်ကို ယမန်နေ့က စတင်ပို့ချပေးနေသကဲ့သို့ အစိုးရအာဏာပိုင်များဘက်မှလည်း စည်းရုံးရေးဆင်းလျက်ရှိသည်။

သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ပါတီပြောခွင့်ရ ဦးအုံးကြိုင်က “ဒီလိုသင်တန်းမျိုးကို အရင်ကတည်းကလုပ်ဖို့ စိတ်ကူးရှိပါတယ်။ ဒါပေမယ့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ အခုမှ အင်အားကောင်းလာလို့ လုပ်ဖြစ်သွားတယ်။ တိုင်းနှင့်ပြည်နယ် စုံညီအစည်းအဝေးတုန်းက တိုင်းနဲ့ပြည်နယ် စည်းရုံးရေးကော်မတီတွေကလည်း ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းတွေ အရှိန်မြင့်ဖို့ တောင်းဆိုသွားတာကြောင့်လည်းပါတယ်” ဟု ရှင်းပြသည်။

ယခုသင်တန်းသည် ပါတီသက်တမ်းတလျှောက်အတွင်း ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည့်သင်တန်းဖြစ်ပြီး နောက်လများတွင်လည်း ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို (၂၂-၆-၂၀၀၉) မှ (၂၆-၆-၂၀၀၉) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကာ အဓိကအားဖြင့် အန်အယ်လ်ဒီသမိုင်း၊ ဒီမိုကရေစီနှင့် အယူအဆကွဲပြားခြားနားမှုများ၊ အန်အယ်လ်ဒီအမျိုးသမီးအဖွဲ့ လှုပ်ရှားမှုသမိုင်း၊ ခေတ်သစ်သိပ္ပံနည်းပညာများ လူ့အဖွဲ့အစည်းအပေါ် ဂယက်ရိုက်ခတ်မှု၊ တိုင်းပြည်စီးပွားရေး တည်ဆောက်မှု ပုံသဏ္ဌာန်များ စသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

သင်တန်းပို့ချပေးမည့်သူများမှာ ဦးခင်မောင်ဆွေ၊ ဦးအုံးကြိုင်၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာသန်းငြိမ်း၊ ဦးဟံသာမြင့်၊ ဦးမျိုးမြင့်နှင့် ဒေါက်တာမေ၀င်းငြိမ်းတို့ ဖြစ်ကြသည်။

“ဆွေးနွေးပွဲပုံသဏ္ဌာန်ဆန်တဲ့ သင်တန်းလေးပါ။ တိုင်းနဲ့ပြည်နယ်အဖွဲ့ဝင်တွေက သူတို့ အတွေ့အကြုံတွေကိုလည်း ပြန်လည်ပြောပြ ဆွေးနွေးကြတာပေါ့လေ။ ဆရာဦးဝင်းတင်တို့လို လူကြီးတွေလည်း ၀င်ရောက်ဆွေးနွေးတာလေး တွေရှိပါမယ်” ဟု သင်တန်းမှူး ဦးအုံးကြိုင်က ပြောသည်။

စွမ်းဆောင်ရည်မြှင့်သင်တန်းသို့ တိုင်းနှင့်ပြည်နယ် (၁၂) ခုမှ လွှတ်တော်ကိုယ်စားလှယ်များ၊ စည်းရုံးရေး ကော်မတီ ၀င်များ၊ လူငယ်အဖွဲ့ဝင်များပါသည့် ပါတီဝင် (၃၄) ဦး တက်ရောက်လျက်ရှိသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် လူထုအကြားစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သင်တန်းပေးနေဆဲ အချိန် တွင် အာဏာပိုင်များဘက်မှာမူ ၂၀၁၀ ရွေးကောက်ပွဲအတွက် လူထုအကြား စည်းရုံးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“နိုင်ငံရေးစကားဝိုင်းဆိုပြီး လာလုပ်သွားတယ်ဗျ။ ကြံ့ဖွံ့စည်းရုံးရေးမှူးတွေက ဦးဆောင်လုပ်သွားတာပါ။ အခုဆိုရင် အရင်အခြေအနေနဲ့မတူတဲ့အကြောင်း၊ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်တဲ့အကြောင်း၊ ဒီမိုကရေစီစနစ်ဆီကိုလည်း သွားနေပြီဆိုတဲ့အကြောင်းတွေပြောပြီး အခု ရပ်ကွက်နေလူထုအနေနဲ့ ဘာတွေလိုအပ်နေသလဲ။ လိုအပ်တာတွေကို မြို့တော်ဝန်ကို တင်ပြပေးမယ်။ မြို့တော်ဝန်ကလည်း မြို့လူထုအတွက် တောက်လျှောက် လုပ်ပေးနေပါတယ်။ အဲဒါမျိုးတွေပြောတယ်ဗျာ။ မြို့တော်ဝန်ကို မဲပေးဖို့ဆိုတဲ့ သဘောမျိုးလာပြောကြတယ်” ဟု ရွှေပြည်သာမြို့နယ် နေသူတဦးက ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေ၌လည်း ရွှေပြည်သာမြို့နယ် တ/၁၂ ရပ်ကွက်နှင့် တ/၁၃ ရပ်ကွက်တို့၌ နိုင်ငံရေးစကားဝိုင်း ဆိုကာ ကြံ့ဖွံ့စည်းရုံးရေးမှူးများက ရပ်ကွက်ရယကရုံးတွင် ရပ်မိရပ်ဖများကို ဆင့်ခေါ်ကာ စည်းရုံးရေးဆင်းသွားကြ ကြောင်း သိရသည်။

“နောက်ပြီး ရပ်ကွက်ထဲက ကြံ့ဖွံ့ထဲ မ၀င်ရသေးတဲ့လူရှိရင် ၀င်ဖို့ ပြောသွားတယ်။ အခုသူတို့လာတာက အကြိုသဘောမျိုးပါတဲ့။ နောက်အခေါက်တွေလည်း ပြန်လာဦးမယ်။ နိုင်ငံရေးဘောဂကျောင်းသားဆိုလား၊ ဘာလား အဲဒီအုပ်စုလည်း လာဦးမယ်တဲ့။ ရပ်ကွက်အတွက် လိုအပ်တာရှိရင် တောင်းပါလို့ပြောသွားတယ်” ဟု အထက်ပါ ရွှေပြည်သာမြို့ခံက ဆက်လက်ပြောသည်။

ထိုသို့ နိုင်ငံရေးစကားဝိုင်းဆိုသည့် ကြံ့ဖွံ့အသင်း၏ စည်းရုံးပွဲများကို အခြားသော မြို့နယ်များတွင်လည်း ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသတင်းအယ်ဒီတာတဦးက “အဲဒါမျိုးတွေ တခြားမြို့နယ်တွေမှာလည်း လုပ်နေပြီလေ။ နိုင်ငံရေးစကားဝိုင်း ဆိုပြီး မယက၊ ရယကရုံးတွေမှာ ပေါ်တင်လုပ်တာပဲ။ တခြားပါတီတွေအတွက်ကိုတော့ ပါတီဖွဲ့စည်းခွင့်ဥပဒေတောင် ထုတ်မပေးသေးပေမယ့် သူတို့ကတော့ စည်းရုံးရေးဆင်းနေကြပြီ” ဟု ပြောသည်။


NEJ / ၂၃ ဇွန် ၂၀၀၉


ထိုင်း-မြန်မာနယ်စပ်မှ မြန်မာကုန်သည်များသည် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ လဲလှယ်ရာတွင် ထိုင်းဘက်ခြမ်း မဲဆောက်မြို့တွင် နစ်နာမှုရှိသဖြင့် မြန်မာဘက် မြ၀တီမြို့တွင်သာ ငွေလဲလှယ်မှုပြုလုပ်၍ ထိုင်းကုန်ပစ္စည်းများ ၀ယ်ယူနေကြသည်။

ယင်းသို့ မြဝတီမြို့တွင်သာ မြန်မာငွေကို ဘတ်ငွေဖြင့်လဲလှယ်ပြီး ထိုင်းကုန်ပစ္စည်းများ ဝယ်ယူကြသဖြင့် အကျိုးအမြတ် ပိုမိုရရှိကြသည်ဟု မြန်မာကုန်သည်များက ပြောသည်။

မြန်မာကုန်သည်တဦးဖြစ်သူ ဦးစိန်အောင်က “အခုတော့ မြဝတီမှာ ငွေလဲတော့ ပိုကိုက်တယ်။ မဲဆောက်မှာ ဘတ်ငွေနဲ့ပဲ တိုက်ရိုက်ပစ္စည်းဝယ်တယ်။ မဲဆောက်နဲ့ မြဝတီက ငွေလဲရင် ကျပ် (၁၀၀) ကို (၅) ပြား (၁၀) ပြားအထိကွာတယ်။ ဒါကြောင့် မြဝတီမှာ လဲကြတာ” ဟု ပြောသည်။

မြဝတီတွင် မြန်မာငွေကို ဘတ်ငွေဖြင့်လဲလှယ်သည့်စနစ်တရပ် တွင်ကျယ်လာသည်မှာ တနှစ်ကျော်သွားပြီဟု မြန်မာကုန်သည်များက ပြောသည်။ သို့သော် အဆိုပါငွေလဲလှယ်မှုမှာ တရားမဝင်လဲလှယ်ခြင်းသာဖြစ်သည်။

မြဝတီမြို့ချစ်ကြည်ရေးတံတားထိပ်တွင် တရားမဝင်ငွေလဲလုပ်ငန်း လုပ်ကိုင်နေသည့် ငွေလဲခုံ (၃၀) ခန့်ရှိသည်ဟု ငွေလဲလုပ်ကိုင်သူတဦးက ပြောသည်။

၎င်းက “မြဝတီအာဏာပိုင်တွေကို လိုင်းကြေးပေးပြီး လုပ်ရတာဖြစ်တယ်။ တရားဝင်တော့ မဟုတ်ဘူး။ ကုန်သည် တွေက ငွေလဲခုံတခုမှာ တရက်ကို အနည်းဆုံးကျပ် သိန်း (၁,၀၀၀) လောက်တော့ နေ့စဉ်လဲကြတာရှိတယ်” ဟု ပြောသည်။

ငွေလဲခုံဖွင့်ထားသူများထဲတွင် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူများ အများစုပါဝင်ပြီး မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ လယ်ယာထွက်ကုန်၊ ရှေးဟောင်းပစ္စည်းများနှင့် ကျောက်မျက်ရတနာများကို ထိုင်းဘက်သို့ ဘတ်ငွေဖြင့် ရောင်းချကြပြီး ရရှိသည့်ငွေများဖြင့် မြန်မာကုန်သည်များကို တဆင့်ပြန်လဲလှယ်ပေးခြင်း ဖြစ်သည်။

ယခုနောက်ပိုင်း ကုန်သည်အများစုက မြဝတီတွင် ငွေလဲကြပြီး မဲဆောက်တွင် ပစ္စည်းဝယ်ယူကြသဖြင့် ယခင်က မဲဆောက် ငွေလဲဈေးကွက်မှာ ပျက်သလောက်ရှိသွားပြီဟု မဲဆောက်မြို့အထည်အလိပ်ဆိုင်ကြီးတခု၏ ပိုင်ရှင်က ပြောသည်။

ယခုကဲ့သို့ ဈေးကွက်ပျက်သွားရခြင်းမှာ လွန်ခဲ့သည့်နှစ်နှစ်ကျော်က မဲဆောက်ဈေးအတွင်းရှိ ထိုင်းငွေလဲဆိုင်များကို တရားမဝင် ငွေကြေးလဲလှယ်ရောင်းဝယ်မှုဟုဆိုကာ ထိုင်းရဲမှ ဝင်ရောက်ဖမ်းဆီးမှုကြောင့်ဖြစ်သည်ဟု ထိုင်းကုန်သည်တဦးက ပြောသည်။

၎င်းက “ကျမတို့ငွေလဲဆိုင်တွေကို ဝင်ဖမ်းတော့ အလုပ်က ကမောက်ကမတွေ ဖြစ်ကုန်တယ်။ ဗမာကုန်သည် တွေလည်း ဒီကိစ္စကိုစိုးရိမ်ကြတယ်။ အရင်က ဗမာကုန်သည်တွေလာရင် ဗမာငွေကို မြွေရေခွံအိတ်တွေနဲ့ သယ်လာ ကြတယ်။ လမ်းမှာ ထိုင်းရဲတွေ တွေ့တော့ ဟိုစစ်ဒီစစ်လုပ်တာတွေ ခဏခဏကြုံတော့ အခုဆိုရင် မြဝတီမှာပဲ ငွေလဲပြီး ဘတ်ငွေနဲ့ပစ္စည်း လာဝယ်ကြတယ်” ဟု ပြောသည်။

ယခုအခါ မဲဆောက်ဈေးအတွင်း တာ့ခ်ခရိုင်ကုန်သည်ကြီးများ၏ အစီအစဉ်ဖြင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တရားဝင်ငွေလဲခွင့်လိုင်စင် (၁၃) ခုကို ဆိုင် (၁၃) ဆိုင်အတွက် ချပေးခဲ့ပြီး ကျန်ရာနှင့်ချီရှိသည့်ဆိုင်များမှာ တရားမဝင်ငွေကြေးလဲလှယ်မှု အသေးစားများကိုသာ ပြုလုပ်ကြသည်။

ယမန်နှစ် မတ်လမှစတင်သည့် မဲဆောက်ငွေဈေးမှာ မြန်မာငွေ ကျပ် (၁၀၀) လျှင် ထိုင်းဘတ် (၃.၅၀) ဖြစ်ပြီး ငွေလဲလုပ်ငန်းများ မြဝတီတွင် ဇွင့်လှစ်သည့်နောက်ပိုင်း ယနေ့ပေါက်ဈေးမှာ ကျပ် ၁၀၀ ကို ဘတ်ငွေ (၂.၉၈) ဖြစ်နေသည်။

နယ်စပ်အတွေ့အကြုံရှိ မြန်မာကုန်သည်ကြီးတဦး၏အဆိုအရ လက်ရှိနယ်စပ်စီးပွားရေးအခြေအနေအရ ယခုနှစ်လယ်ပိုင်း အလွန်တွင် ငွေလဲနှုန်းမှာ ကျပ် (၁၀၀) လျှင် ဘတ်ငွေ (၂.၅၀) အထိ ပြန်ရောက်မည့် အနေအထားရှိသည်ဟု သုံးသပ်ပြောဆိုသည်။



NEJ / ၂၃ ဇွန် ၂၀၀၉


(၆) လကျော်ကြာ လုပ်ငန်းရပ်နားထားသော ဆက်တိုက် ထုတ်ဝေနိုင်ခြင်း မရှိသည့် ပြည်တွင်းဂျာနယ်များသည် ဇွန်လကုန်နောက်ဆုံးထား၍ လုပ်ငန်းပြန်လည်လုပ်ကိုင်ရန် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်း မပြုသည့် ဂျာနယ်များ ရှေ့လမှစတင်ကာ ထုတ်ဝေခွင့် ဖျက်သိမ်းတော့မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာသည်။

၂၀၀၉ ခု ဇွန်လ (၃၀) ရက် သတ်မှတ်ကာလအတွင်း လျှောက်လွှာတင်ခြင်း မရှိသည့် ဂျာနယ်များအား လုပ်ထုံးလုပ်နည်း ဥပဒေအရ စာရင်းမှ ဖျက်သိမ်းမည်ဟု သိရသည်။

ပုံမှန်ပြန်လုပ်ချင်သော ဂျာနယ်များအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေ ရေးလုပ်ငန်း၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ လျှောက်လွှာတင်ရမည်ဖြစ်သည်။

အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ်တစောင်မှ မန်နေဂျာတဦးက “ကျနော့်အထင် ပြောရရင် (၆) လလောက်လုပ်ငန်း ပုံမှန်လည်ပတ်ဖို့ အားမရှိတော့တဲ့ဂျာနယ်တွေ အများကြီးရှိပါတယ်။ အများစုကလည်း ဆက်လုပ်တော့မှာမဟုတ် ဘူးလို့ ယူဆရတယ်။ ဘာလို့လဲဆိုတော့ ဂျာနယ်တိုက်တတိုက်မှာ ဂျာနယ်တွေ အမည်အမျိုးမျိုးနဲ့ ထုတ်ဝေနေတာ များတယ်။ ဥပမာ ဒီဂျာနယ်က အဆင်မပြေတော့လို့ ရပ်နားထားတာ၊ အခြားနာမည်နဲ့ ဂျာနယ်နောက်တစောင် မဟုတ်ရင် နှစ်စောင်တော့ သူတို့တိုက်မှာ ရှိသေးတယ်လေ” ဟု ပြောသည်။

ပြည်တွင်းဂျာနယ်များသည် ၂၀၀၈ ခု နာဂစ်မုန်တိုင်း ဝင်ရောက်ပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာသည်နှင့်အမျှ အပတ်စဉ် ထုတ်ဝေဖြန့်ချိနိုင်ရန် ရုန်းကန်နေရကြောင်း၊ ထုတ်ဝေခွင့်လိုင်စင် ငှားရမ်းလုပ်ကိုင်သည့် ဂျာနယ် အများစုမှာလည်း ၂၀၀၈ ခုနှစ်ကုန်ပိုင်းတွင် လုပ်ငန်းရပ်နားကြောင်း အဆိုပါ ဂျာနယ်မန်နေဂျာက ပြောသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနတွင် ၂၀၀၈ ခုနှစ်ကုန်ပိုင်းအထိ တရားဝင် မှတ်ပုံတင်ထားသည့် ဂျာနယ်ပေါင်း (၁၈၇) စောင်ရှိကြောင်း ပြီးခဲ့သည့် သောကြာနေ့ထုတ် မြန်မာတိုင်း(မ်) တွင် ဖော်ပြသည်။

စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ဂျာနယ်မဂ္ဂဇင်း ထုတ်ဝေခွင့် လိုင်စင်ချပေးရာတွင် တင်းကျပ်ထားသော်လည်း ၎င်းတို့နှင့်နီးစပ်သူများကိုမူ ထုတ်ဝေခွင့်များ ပေးထားသဖြင့် ဂျာနယ်လောကတွင် အမှန်တကယ် ထုတ်ဝေလိုသူ များက ထုတ်ဝေခွင့် ရရှိထားသူထံမှတဆင့် ငှားရမ်း၊ ဝယ်ယူ၍ ထုတ်ဝေနေကြသည်။

NEJ / ၂၃ ဇွန် ၂၀၀၉


မန္တလေးကျောက်မျက်ဈေးရှိ ကျောက်ပွဲစားများကို မြို့တော်စည်ပင်က မှတ်ပုံတင်လုပ်ခိုင်းနေသည့်အတွက် ပွဲစားများ က မကျေမနပ်ဖြစ်နေကြသည်။

မန္တလေးမြို့တော်စည်ပင်က တနှစ်စာအတွက် ပွဲစားတဦးလျှင် ငွေကျပ် (၃,၅၀၀) ကောက်ခံကာ မှတ်ပုံတင် ကတ်များလုပ်ရမည်ဟု ပြောသဖြင့် ပွဲစားများက စည်ပင်က ငွေလှည့်သုံးရန် ဖန်တီးခြင်းဖြစ်သည်ဟု ပြောဆိုနေ ကြသည်။

ကျောက်မျက်ဈေးဖြစ်ပေါ်လာကတည်းက ကျောက်ပွဲစားလုပ်လာသူ ကိုသက်နိုင်က “ပေးရတဲ့ငွေက များတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုံးဝအရောင်းအ၀ယ်မဖြစ်တဲ့နှစ်မှာမှ အခုလို မှတ်ပုံတင်ကတ်ပြားတွေ လုပ်ပေးတာကတော့ စိတ်ထဲမှာ ဘ၀င်မကျ ဖြစ်ကြတာချည်းပဲ။ အမှန်ပြောရရင် မန္တလေးစည်ပင်က ပိုက်ဆံကို လှည့်နည်းသုံးပြီးတော့ ရှာတာဗျ။ အခုလည်း တယောက်ကို (၃,၅၀၀) ကျပ်၊ လူပေါင်း သောင်းနဲ့ချီရှိတယ်။ အလကားနေရင်း ငွေရတာပေါ့ ဗျာ” ဟု ပြောသည်။

အရောင်းအ၀ယ်မဖြစ်သည်မှာ တရုတ်ပြည်သို့ သယ်ယူသော ကျောက်မျက်များအား အဖမ်းအဆီးများ သောကြောင့်ဖြစ်ကြောင်း၊ ယင်းအတွက် ကုန်သည်များက ၀ယ်ယူရန် တွန့်ဆုတ်နေကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျောက်မျက်ဈေးမှ ဈေးဝန်ထမ်းတဦးကမူ ယခုကဲ့သို့ ပွဲစားများအား မှတ်ပုံတင်ကတ်ပြုလုပ်ရခြင်းမှာ ရောင်းသူနှင့် ၀ယ်သူကြားတွင် ပွဲစားပြဿနာများ မကြာခဏဖြစ်သောကြောင့် ပွဲစားများကို မှတ်ထားရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။

သို့သော် ကျောက်မျက်ဈေးတွင် ရောင်းသူ၊ ၀ယ်သူ ပြဿနာဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ ပွဲစားများက လိမ်လည် ခဲ့လျှင်သော်လည်းကောင်း ဖြေရှင်းပေးနိုင်ရန် ကျောက်မျက်ဈေးကော်မတီတရပ်ကို ယခင်ကတည်းက ဖွဲ့စည်းထား ကြောင်း ပွဲစားများက ပြောသည်။

“ကျောက်မျက်ကော်မတီကလည်း ပြဿနာတွေ ဖြစ်လာရင် သေသေချာချာ ရှင်းလင်းပေးနိုင်တာမျိုးမရှိဘူး။ အခု
ဒီမှတ်ပုံတင်ကတ်ကို မန္တလေးစည်ပင်က လုပ်ခိုင်းတာပါ။ ပြဿနာဖြစ်လာရင်ကော စည်ပင်က ရှင်းပေးနိုင်မလား။ ပြဿနာတက်တာတွေကို လွယ်လွယ်ကူကူ ရှင်းလို့ရအောင် မှတ်ပုံတင်ကတ်တွေ လုပ်ပေးတယ်ဆိုရင် ကော်မတီက ဘာမှတာဝန်မယူတော့ဘူးလား” ဟု ၀ါရင့်ပွဲစားကြီးတဦးက ပြောသည်။

မန္တလေးကျောက်မျက်အရောင်းဈေးတွင် နေ့စဉ် အရောင်းအ၀ယ်ပြုလုပ်နေသော လူဦးရေမှာ (၃) သောင်းခန့် ရှိနေပြီး မှတ်ပုံတင်ပြုလုပ်ပြီးသည့် ပွဲစားအရေအတွက်မှာ (၃) ထောင်ကျော်ခန့်ရှိသွားပြီဟု သိရသည်။


ဆံပင် လှူဒါန်းပြီး ရရှိသည့်ငွေဖြင့် လမ်း-တံတားများ ပြုပြင်နေ
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 23 2009 22:02 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးမြို့မှ စေတနာရှင် ၆ သောင်းကျော်က ဆံပင်ဖြတ်၍ လှူဒါန်းသည့် ပိဿာချိန် ၁၂၃၁ ကို ရောင်းချ၍ ရရှိငွေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ အလောင်းတော်ကဿဖ ဘုရားကြီးသို့ သွားရာလမ်းနှင့် လမ်းတလျှောက် ပျက်စီးနေသော တံတားများ ပြုပြင်ရန် ယခုလ ၇ ရက်နေ့က လှူဒါန်းခဲ့သည်။

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ နဂါး ပရိယတ္တိစာသင်တိုက်မှ ရွှေဆံနွယ် အကျိုးတော်ဆောင် ဆရာတော် အရှင်ဝါယမ နန္ဒ (B.A Buddhism) ၏ ဦးဆောင်မှုဖြင့် မြို့သူမြို့သားများ လှူဒါန်းသည့် ဆံပင်များကို ဘုရားကြီးသို့ သွားရောက်ရာ ယင်းမာပင်နှင့် ပုလဲမြို့နယ်ကြား လယ်ငေါက်-ချင်ပင်လမ်းနှင့် ၎င်းလမ်းတွင် ပျက်စီးယိုယွင်းနေသည့် တံတားများကို ပြုပြင်ရန် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

''အလှူခံလိုက်တာ ငွေသားလည်း လှူကြတယ်။ အများစုက ဆံပင်ကို အဓိကထား လှူကြတယ်။ ငွေသားချည်းပဲ သိန်းပေါင်း ၂၅ဝ ကျော်လောက် အလှူခံရရှိခဲ့ပြီး လူပေါင်း ၆ သောင်းကျော်က ဆံပင်ပိဿာချိန်ပေါင်း ၁၂၃၁ ပိဿာ လှူဒါန်းခဲ့ကြပါတယ်'' ဟု ဓမ္မဓရ ဆံပင်အလှူခံအဖွဲ့မှ စေတနာ့ဝန်ထမ်း ကိုမင်းထက်ငြိမ်းချမ်းက မဇ္ဈိမကို ပြောသည်။

ဆံပင် အလှူခံဌာနကို ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နဂါးကျောင်းတိုက်ရှိ သိမ်တော်ကြီး၌ ဖွင့်လှစ်ခဲ့ပြီး၊ တလအတွင်း ကောက်ခံရရှိသည့် ဆံပင်များနှင့် ငွေသားများကို စာရင်းအင်းနှင့်တကွ သက်ဆိုင်ရာ ဒေသတွင်းရှိ သံဃာတော်များ ဦးဆောင်သည့် လမ်းပြုပြင်ရေး အကျိုးတော်ဆောင်များထံ အပ်နှံခဲ့သည်။

တရုတ်ဈေးကွက်၌ ဆံပင်များကို ရသမျှ ဝယ်ယူနေရာတွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၌ပင် အရည်အသွေး ရှိသည့် ဆံပင်တပိဿာလျှင် ကျပ်ငွေ ၂ သိန်းခန့်ဖြင့် ပေါက်ဈေးရှိရာ ယခု ရရှိခဲ့သည့် ဆံပင် ပိဿာချိန် ၁၂၃၁ အတွက် ကျပ်သိန်းပေါင်း ၁၈ဝဝ ကျော် ရရှိနိုင်ကြောင်း ကိုမင်းထက်ငြိမ်းချမ်းက ခန့်မှန်းပြောဆိုသည်။

အနည်းဆုံး ၁၀ လက္မ ခန့် ရှည်လျားသည့် ဆံပင်များကိုသာ အဓိကထား အလှူခံသော်လည်း လှူဒါန်းသူများက ရှိစုမဲ့စု ဆံပင်များကိုပါ ပေးလှူခဲ့ကြပြီး အလှူခံအဖွဲ့က ဂုဏ်ပြုမှတ်တမ်းများ၊ တရားတိပ်ခွေနှင့် စီဒီချပ်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း မြို့ခံတဦးက ပြောဆိုသည်။

ထို့အပြင် မန္တလေးမြို့ခံ ဆရာတော်တပါးကလည်း ''ဆံပင်ကို ရောင်းလိုက်တဲ့အခါ ငွေဖြစ်မယ်ဆိုတာကို သိလို့ လှူကြတာကိုး။ ကောင်းမှုကုသိုလ် ရပါတယ်။ လမ်းလုပ်ဖို့အတွက် ရည်မှန်းပြီး လှူဒါန်းကြတာဆိုတော့လေ'' ဟု မဇ္ဈိမကို မိန့်ကြားသည်။

အဆိုပါ လမ်း-တံတား အပျက်အစီးများကိုပင် မှီခိုနေရသည့် ဒေသတွင်း ကျေးရွာပေါင်း ၆ဝ ကျော်မှ လူပေါင်း ၅ သောင်းကျော်၏ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘဝ နိမ့်ကျခဲ့ကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် မသေဆုံးသင့်ဘဲ သေဆုံးရသူများပင် ရှိခဲ့ဖူးကြောင်း ဒေသခံ ဦးဇင်းတဦး၏ အတွေ့အကြုံကို စေတနာ့ဝန်ထမ်း ကိုမင်းထက်ငြိမ်းချမ်းက ယခုလို ပြန်ပြောပြသည်။

''အခု လမ်းပြုပြင်ရေးမှာ ပါဝင်ဦးစီးနေတဲ့ ဆရာတော် ဦးဝေပုလ္လ ပြောတာပေါ့နော်။ မီးဖွားဖို့ အခက်အခဲဖြစ်နေတဲ့ အမျိုးသမီးတဦး သူစီးလာတဲ့ လိုင်းကားနဲ့ ဆေးရုံပို့တော့ လမ်းက မောင်းရတာ ခက်ခဲတဲ့အတွက် ၁ နာရီခွဲလောက် ကြာသွားတဲ့အခါမှာ အဲဒီအမျိုးသမီး မီးမဖွားနိုင်ဘဲ အသက်ဆုံးရှုံးသွားရတာကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်တဲ့'' ဟု သူက ပြောသည်။

ထိုဖြစ်ရပ်အပြီး ပျက်စီးနေသော လမ်း-တံတားများအား ပြန်လည်ပြုပြင်ရန်အတွက် နယ်ခံဆရာတော်များ စုဝေးတိုင်ပင်ကာ ဒေသခံများနှင့်အတူ အလှူငွေများ ထည့်ဝင်ကြရာ ကျပ်သိန်း ၇ဝဝ ကျော် ရရှိခဲ့ပြီး ကိုယ်ထူကိုယ်ထ နည်းဖြင့် စတင်ပြုပြင်ခဲ့ကြသည်။

ပြုပြင်ဆဲကာလအတွင်း ငွေကြေး မလုံလောက်သဖြင့် ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် ခက်ခဲနေချိန်တွင် ပုထိုးသာနှင့် ရွာနောင် ကျေးရွာများမှ အမျိုးသမီးများက ငွေကြေးလှူဒါန်းရန် မတတ်နိုင်သောကြောင့် ငွေပေါ်နိုင်သည့် ဆံပင်များကို ဖြတ်၍ လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆံလှူသည့် အောင်ပွဲကို ကျင်းပရာ မန္တလေးရှိ နဂါး ပရိယတ္တိစာသင်တိုက်၌ နည်းပြစာချနေသည့် ဒေသခံ ဆရာတော်ဖြစ်သူ အရှင်ဝါယမ နန္ဒကိုလည်း ဖိတ်ကြားကာ ရေစက်ချတရားပွဲ ကျင်းပခဲ့ပြီးနောက်၊ ဆရာတော်က မန္တလေးမြို့တွင် ပြီးခဲ့သည့် မေလ တလလုံး နဂါးကျောင်းတိုက်၌ ဆံပင်အလှူခံဌာနခွဲ ဖွင့်လှစ်ကာ အကျိုးဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

မန္တလေးမှ အလှူရှင် အမျိုးသမီးတဦးက ''ဘုရားကို သွားတဲ့လမ်းမှာ တံတားဆောက်ဖို့အတွက် အလုပ်အကိုင်က အဆင်မပြေတော့ လက်ထဲမှာ လှူစရာငွေ မရှိဘူးလေ။ အဲဒါနဲ့ ငွေသားအစား ဆံပင်ကို ဖြတ်လှူလိုက်တာ'' ဟု မဇ္ဈိမကို ပြောသည်။

ယခုအခါ ပျက်စီးလျက်ရှိသော လမ်းပိုင်း ၁၈ မိုင်အနက် ၉ မိုင်ခန့်ကို မြေသားလမ်းအဖြစ် ပြုပြင်နိုင်ခဲ့ပြီး တံတားပေါင်း ၁၈ စင်းအနက် ၈ စင်းခန့်ကို ကွန်ကရစ်တံတားအဖြစ် ပြုပြင်ခဲ့ပြီးဖြစ်သည်။

ကျန်ရှိနေသေးသည့် လမ်း-တံတားများအား ယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု သိရသည်။

အလောင်းတော် ကဿဖဘုရားသည် စစ်ကိုင်းတိုင်း မုံရွာမြို့အနောက်ဘက်ကမ်းရှိ ညောင်ပင်ကြီး ကျေးရွာမှ ၄၅ မိုင်အကွာတွင် တည်ရှိပြီး ဘုရားသို့ သွားရောက်ရန် မြေသားလမ်း ၂ လမ်း ရှိသော်လည်း ယခင်က နွေရာသီ၌သာ အသုံးပြုနိုင်ခဲ့သည်။

(သတင်းအချက်အလက်များကို ဇမ်းသယ်က ပေးပို့ပြီး၊ ရဲရင့်အောင် တည်းဖြတ်သည်။)


အမျိုးသမီး နိုင်ငံရေး အကျဉ်းသူတချို့ ကျန်းမာရေး ချို့ယွင်း
နန်းဒေဝီ
အင်္ဂါနေ့၊ ဇွန်လ 23 2009 21:25 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္စျိမ)။ ။ အကျဉ်းထောင်များအတွင်း ကျန်းမာရေး စောင့်ရှောက်မှုနှင့် တကိုယ်ရည် သန့်ရှင်းမှု အခြေအနေ မကောင်းသဖြင့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတချို့ ကျန်းမာရေး ချို့ယွင်းနေကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောသည်။

အစားအသောက်၊ သောက်သုံးရေ သန့်ရှင်းမှု မရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့ခြင်းနှင့် တကိုယ်ရည် သန့်ရှင်းမှု အခြေအနေများ ဆိုးရွားနေသဖြင့် ကျန်းမာရေးမှာ ချို့ယွင်းနေရကြောင်း AAPP (B) က ပြောဆိုခြင်း ဖြစ်သည်။

“အာဏာပိုင်တွေက ရေသန့်ရှင်းမှုကို ဂရုမစိုက်ဘူး။ အခန်းတွင်း သန့်ရှင်းမှု မရှိဘူး။ အစားအသောက် မကောင်းလို့ အမျိုးသမီးတွေ ဒုက္ခ ပိုရောက်ကြတယ်” ဟု AAPP (B) မှ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ရှိသူ ကိုအောင်မျိုးသိန်းက မဇ္ဈိမကို ပြောသည်။

အသည်းရောင် ဘီပိုး၊ အဆုတ်ရောဂါပိုး ရှိသူများနှင့် အတူထားသဖြင့်လည်း ရောဂါများ ကူးစက်ခံရနေရသည်ဟု သူက ဆိုသည်။

AAPP (B) က ထောင်တွင်းအခြေအနေ တစိတ်တဒေသကို ယခုလို ပြောဆိုချိန်နှင့် တပြိုင်ထဲတွင် မန္တလေးတိုင်း မြင်းခြံထောင်ရှိ နိုင်ငံရေး အကျဉ်းသူ ၃ ဦး ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

ထိုအထဲတွင် ၂၀၀၇ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖမ်းဆီးခံရပြီး တရားမဝင်အသင်း ဖွဲ့စည်းမှုနှင့် အီလက်ထရောနစ် ပုဒ်မများဖြင့် မြင်းခြံထောင်၌ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသူ အသက် ၃၁ နှစ်အရွယ် မသက်သက်အောင် (ရန်ကုန်) ပါဝင်သည်။

ယခုလ ၁၈ ရက်နေ့က ထောင်ဝင်စာတွေ့ခဲ့သည့် သူမ၏ အဒေါ် ဒေါ်ခင်ခင်ဆွေက “မတ်တပ်ရပ်ကနေတောင် ပစ်လဲတယ်လို့ သိရတယ်။ အခြေအနေ တော်တော်ဆိုးတယ်လို့ ပြောကြတယ်။ အဲဒီနေ့မှာပဲ အထူးကု ဆရာဝန်ကြီးတွေ ထောင်ဝင်ကုတယ် ကြားတာပါပဲ။ အခု ဘယ်လိုအခြေအနေ ရှိမလဲဆိုတာ မသိရသေးဘူး” ဟု ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း တွံတေးမြို့ အန်အယ်ဒီ မြို့နယ်စည်းအဖွဲ့ဝင်နှင့် ယခုအခါ မြင်းခြံထောင်၌ပင် ထောင်ဒဏ် ၁၃ လ ကျခံနေရသည့် မစန္ဒာလည်း ယခင်ရှိနှင့်ပြီး နှလုံးရောဂါ၊ လေးဘက်နာနှင့် အစာအိမ်ရောဂါမှာ လွန်ခဲ့သည့် တပတ်အတွင်း ပိုမိုဆိုးရွားခဲ့ကြောင်း သိရသည်။

ခင်ပွန်းသည် ကိုဇော်မင်းထွန်းက “လွန်ခဲ့တဲ့ အပတ်ကတော့ အခြေအနေ တော်တော်ဆိုးတယ်။ နောက်ပိုင်း အရမ်းမစိုးရိမ်ရဘူး။ ဒါပေမဲ့ လာမယ့် ဇူလိုင်လဆန်းလောက် နောက်ထပ် ထောင်ဝင်စာ သွားမှပဲ အခြေအနေ တိုးတက်မှု ရှိ၊ မရှိ သိရမယ်” ဟု ပြောသည်။

အလားတူ ဘုရားပေါ်တက်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲတွင် ပါဝင်ခဲ့သဖြင့် ၂ဝဝ၈ သြဂုတ်လ ၂၇ ရက်တွင် အဖမ်းခံရပြီး နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု အပါအဝင် ပုဒ်မ ၄ ခုဖြင့် ၂ဝဝ၈ နိုဝင်ဘာလတွင် ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံရသူ မလှလှမော် (လှိုင်သာယာ) လည်း မကြာသေးခင်က ကျန်းမာရေး ဆိုးရွားခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ အဆိုအရ သိရသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသားများအား ကူညီသဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရပြီး ယခုအခါ မန္တလေးတိုင်း မိတ္ဃီလာထောင်၌ အကျဉ်းကျခံနေရသည့် အသက် ၆၁ နှစ်အရွယ် ဒေါ်စန်းစန်းတင်သည်လည်း နှလုံးရောဂါနှင့် လည်ပင်းကြီးရောဂါများ ဆိုးရွားစွာ ခံစားနေရကြောင်း သိရသည်။

AAPP (B) စာရင်းအရ မြန်မာအကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၅၇ ဦး ရှိသည့်အနက်၊ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၁၉ဝ ဦးရှိကြောင်း သိရသည်။

ထောင်များအတွင်းရှိ အဆောင်များ သန့်ရှင်းမှု မရှိခြင်း၊ သောက်သုံးရေ မသန့်ရှင်းခြင်း၊ အရေးပေါ် ဆေးကုသပေးမည့် ဆရာဝန်များနှင့် ဆေးဝါး မလုံလောက်ခြင်းကြောင့် ဖြစ်သည်ဟု AAPP (B) က ဆိုသည်။

ကိုအောင်မျိုးသိန်းက “ဒါတွေအားလုံးမှာ တာဝန်အရှိဆုံးက စစ်အာဏာရှင်စနစ်ကို ကိုင်စွဲနေတဲ့ လူအုပ်စုမှာ ရှိပါတယ်” ဟု ပြောသည်။

လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မပေးခြင်း၊ မိသားစုဝင်များနှင့် ဝေးကွာသည့် ဒေသများတွင် ထောင်ပြောင်းရွှေ့ခြင်း၊ အာဟာရရှိသည့် အစားအသောက်များ ပံ့ပိုးမှု မရှိခြင်းအပေါ် AAPP (B) က ‘မျက်ကွယ်က လူသတ်ကွင်းအကြောင်း’ ဟု အမည်ပေးထားသည့် အစီရင်ခံစာ တစောင်ကို ပြီးခဲ့သည့် မေလအတွင်းက ထုတ်ပြန်ခဲ့သေးသည်။


ရှေ့နေပင် ငှားရမ်းခွင့် မရဟု တွံတေး အန်အယ်ဒီ ပြော
ကိုဝိုင်း
အင်္ဂါနေ့၊ ဇွန်လ 23 2009 18:11 - မြန်မာစံတော်ချိန်



ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့နယ် တရားရုံးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းသူ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင်ကို မတရား ချုပ်နှောင်ခဲ့သလို၊ ရှေ့နေပင် ငှားရမ်းခွင့် မရကြောင်း ယင်းမြို့နယ် ပါတီ ခေါင်းဆောင်တဦးက ပြောသည်။

ရန်ကုန်တိုင်း တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်အား လောင်းကစားမှုဖြင့် စွပ်စွဲ၍ ပြီးခဲ့သည့်လ ၇ ရက်နေ့က နေအိမ်၌ လာရောက် ဖမ်းဆီးသွားခဲ့ပြီး ရန်ကုန်မြို့ အင်းစိန်ထောင် အတွင်း၌ ချုပ်နှောင်ထား၍ တွံတေးမြို့နယ် တရားရုံးသို့ ရုံးထုတ် စစ်ဆေးနေရာ၌ အမှုအတွက် ရှေ့နေ လိုက်ပါခွင့် မပြုသည့်အပေါ် သူက ပြောဆိုခြင်း ဖြစ်သည်။

“ရဲထွဋ်ခေါင် ရုံးချိန်းမှာ မြို့နယ် တွဲဘက်တရားသူကြီး ဦးရန်အောင်ကနေ ရှေ့နေလိုက်ပါခွင့် လုံးဝမပြုဘူး။ ရဲထွဋ်ခေါင် ထွက်တဲ့ ထွက်ချက်တွေကိုလည်း မှတ်တမ်းတင် မပေးဘူး။ တဖက်သတ် စစ်ဆေးတယ်ပေါ့နော်။ အပြန်လှန် မေးမြန်းခွင့်လည်း မပေးဘူး။ အဲဒီလို စစ်ဆေးတာပဲ ကျနော်တို့ တွေ့ရတယ်” ဟု ယင်းမြို့နယ် ပါတီ တွဲဘက်အတွင်းရေးမှူး ကိုဇော်မင်းထွန်းက မဇ္ဈိမကို ပြောသည်။

ပြစ်မှု ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ နိုင်ငံရေးသမားများကို “နှိပ်ကွပ်” နေချိန်ဖြစ်သောကြောင့် ပုဒ်မတပ် လိုက်သည်နှင့် ထောင်ချမည်သာ ဖြစ်ကြောင်း သူက ဆိုသည်။

ထို့အပြင် ဒေါ်စု၏ မွေးရက်ဖြစ်သော ယခုနှစ် ဧပြီလ ၂၁ ရက် (အင်္ဂါနေ့) က တွံတေးမြို့နယ် ဇီးဖြူကုန်းရွာရှိ ဖက်တရာ စေတီတော်ကြီး၌ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပါတီဝင်များနှင့် ရွာသားများ၏ ဆုတောင်းပွဲ ကျင်းပခဲ့သေးသည်။

ထိုဆုတောင်းပွဲ၌ ပါဝင်ခဲ့သဖြင့် မြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေနှင့် မြို့နယ်စည်းအဖွဲ့ဝင် ကိုအောင်စိုးဝေအား ဖမ်းဆီးကာ မြို့နယ်တရားရုံးမှ တရားသူကြီး ဦးအေးကိုကိုက သာသနာ ညှိးနွမ်းစေမှုဖြင့် တရားစွဲခဲ့ပြီးနောက် ယခုလ ၁၆ ရက်နေ့၌ ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်ခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍လည်း မြို့နယ် ပါတီတွဲဘက် အတွင်းရေးမှူး ကိုဇော်မင်းထွန်းက “သူတို့ကို ရဲတပ်ဖွဲ့ဝင်တွေက ဘုရားဝတ်ပြုနေတုန်း သွားဖမ်းလာပြီး အချုပ်ထဲ ထည့်လိုက်တာ။ ဝတ်ပြု ဆုတောင်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အမြန်ဆုံးလွတ်ပါစေ ဆိုပြီးတော့ စက္ကူ သာသနာအလံရဲ့ အနောက်မှာ ရေးထားလို့ သာသနာ ညှိုးနွမ်းအောင် လုပ်တယ်ဆိုပြီးတော့ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် သာသနာဦးစီးက လာပြီး အမှုဖွင့် ဆွဲလိုက်တာပဲ” ဟု ပြောသည်။

အဆိုပါ ဝတ်ပြု ဆုတောင်းပွဲအား လာရောက်ဟန့်တား နှောင့်ယှက်သဖြင့် ဇီးဖြူကုန်းရွာ ရယက ဥက္ကဋ္ဌ ဦးကျော်ရွှေနှင့် အဖွဲ့အား သာသနာ ညှိုးနွမ်းစေရန် ပြုလုပ်သည်ဟု စွပ်စွဲ၍ တရားစွဲထားသူ ဇီးဖြူကုန်းရွာသူ ဒေါ်တရုတ်မ၏ အမှုကိုမူ တွံတေးမြို့နယ် တရားရုံးက ပြစ်မှု မမြောက်ဟုဆို၍ တဖက်သတ် ပယ်ချခဲ့ကြောင်းလည်း သူက ထောက်ပြဝေဖန်လိုက်သည်။

စာပေနှင့် စာနယ်ဇင်း ရုံးအဖွဲ့မှူး ကိုယ်တိုင် အဆုံးစီရင်သွား
ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ 23 2009 18:00 - မြန်မာစံတော်ချိန်


ချင်းမိုင်(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းဌာန ရုံးအဖွဲ့မှူး ဦးမြင့်လွင်သည် ရန်ကုန်ရှိ ရုံးခန်းတည်ရှိရာ သုံးထပ်တိုက်ပေါ်မှ ယနေ့ နံနက်ပိုင်းက ခုန်ချကာ အဆုံးစီရင်သွားကြောင်း အဖွဲ့ဝင်များ အဆိုအရ သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ဦးမြင့်လွင် (၆၅ နှစ်) သည် ကျောက်တံတားမြို့ ကုန်သည်လမ်းပေါ်ရှိ စာပေဗိမာန် အပေါ်ထပ်၌ ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ချုပ် ရုံးခန်းတည်ရှိရာ သုံးထပ်တိုက်ပေါ်မှ ခုန်ချကာ သေဆုံးသွားခြင်း ဖြစ်သည်။

“ဒီမနက် ၁၀ နာရီလောက်က သူ ရုံးလာပြီးတော့ ပုံမှန် အစည်းအဝေး တခုအတွက် ခုံတွေဘာတွေ အားလုံး စီစဉ်ပေးတယ်။ အားလုံးလည်း ပြင်ဆင်လည်းပြီးရော သူက ပြတင်းပေါက်ကြီးအပေါ်ကနေ ခုန်ချသွားတယ်” ဟု အစည်းအဝေး သွားရောက်ခဲ့သူ စာနယ်ဇင်းအဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။

အခြား အဖွဲ့ဝင်တဦးကလည်း “သူ့စားပွဲပေါ်မှာ စာတစောင် ရေးသွားတယ်။ အများပိုင်ပစ္စည်းကို ထိန်းသိမ်းရမှာ ပေါ့ဆတဲ့အတွက်၊ အများပိုင်ပစ္စည်း ဆုံးရှုံးသွားတဲ့အတွက် သူ့မှာ တာဝန်ရှိပါတယ် ဆိုပြီးတော့ ရေးသွားတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “လက်ပတ်နာရီ၊ ဘောပင်နဲ့ (ကျပ်) ၅၀၀ တန် နှစ်ရွက်ကို ညှပ်ထားတယ်။ ဖိနပ်ချွတ်ထားတယ်” ဟု ပြောသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး စာနယ်ဇင်းရုံးသို့ ဆက်သွယ်မေးမြန်းရာ ပြောဆိုခွင့် မရှိသေးကြောင်း တာဝန်ရှိသူ တဦးက တုံ့ပြန်ပြောဆိုသည်။

အဆိုပါ တာဝန်ရှိသူက “မမေးပါသေးနဲ့။ အခု အဲဒါတွေနဲ့ စည်းဝေးလုပ်နေတယ်။ ဖြေလို့လည်း မရပါဘူး။ မမေးပါနဲ့ ဒီကိစ္စကို၊ မမေးပါနဲ့ တောင်းပန်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ စာနယ်နှင့် စာနယ်ဇင်းအဖွဲ့သည် မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ဖွင့်လှစ်ထားသည့် စာပေအဖွဲ့အစည်းတရပ် ဖြစ်သည်။

ယခုအခါ ဦးမြင့်လွင်၏ ရုပ်အလောင်းအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ထားရှိကြောင်းနှင့် သေဆုံးချိန်တွင် ဇနီးသည်၊ သားနှင့် သမီး ကျန်ရစ်ခဲ့ကြောင်း သိရသည်။


စပါး အစား၊ ပဲ စိုက်ပါရစေ
အယ်ဒီတာ့ထံပေးစာ
အင်္ဂါနေ့၊ ဇွန်လ 23 2009 17:35 - မြန်မာစံတော်ချိန်


အယ်ဒီတာခင်ဗျား …

နွေစပါးကို မဖြစ်မနေ စိုက်နေကြရမယ်ဆိုပြီး ရေကာတာကနေ ရေတွေလွှတ်နေလို့ ကျနော်တို့ ပဲခူးတိုင်း၊ ဒိုက်ဦးနယ်ဘက်က လယ်သမားတွေ စိုက်ထားတဲ့ ရာသီပင် ပဲတွေ ပျက်စီးပြီး ဒုက္ခရောက်ကြရတဲ့အကြောင်း ပြောပြချင်လို့ပါ။

နွေဘက်ကျတော့ ကျနော်တို့ ပဲတွေ စိုက်တယ်။ တခါတလေကျတော့ အပွင့်တွေတက်မှ၊ အသီးတွေတက်မှ ရေက လွှတ်ချလိုက်ရော။ အဲဒီတချက်က တော်တော်ဆိုးပါတယ်ဗျာ။

အခု ပြီးခဲ့တဲ့နွေ ပြာသို-တပို့တွဲ လောက်မှာပေါ့၊ ရေတွေလွှတ်တော့ ပဲတွေ ပျက်တာတွေက များသွားတော့ တောင်သူတွေ ဒုက္ခရောက်တာပေါ့။ ခါတိုင်း သဘောတခုမှာ တဧကကို ၁ဝဝ လောက်ရတဲ့လူက ၁၄-၅ တင်းလောက်ပဲ ရတာ ဖြစ်သွားတယ်။ ၂ နှစ် ရှိနေပြီ၊ ဒုက္ခရောက်နေတာ။ စားဝတ်နေရေး မပြေလည်ကြဘူးပေါ့။

နွေစပါးစိုက်ရမယ်ဆိုပြီးတော့ သူတို့ (အာဏာပိုင်များ) က စီမံကိန်းနဲ့ လုပ်ခိုင်းတာ။ ကျနော်တို့ တောင်သူတွေကတော့ ရေမြေနဲ့ ကိုက်ညီတဲ့ ပဲလေးတွေပဲ စိုက်ချင်တာပေါ့။ သူတို့က ခွဲတမ်းနဲ့ ချပေးတာလေ။ နွေစပါး မစိုက်မနေရ ဆိုပြီး ရေလွှတ်လိုက်ရော။

ရေလွှတ်တာကျတော့ ဒိုက်ဦးမြို့နယ်ထဲက ဗိုင်းနားဆည်ကနေပြီးတော့ ဒိုက်ဦးမြို့နယ်နဲ့ ကျောက်တံခါး အုပ်စုကြားထဲမှာ လှည်းဝိုင်းဆိုတာ ရှိတယ်။ ရေလွှဲ ရေကာတာကြီးတခု လုပ်ထားတယ်။ အဲဒီကနေ မြောင်းမကြီးတွေနဲ့ ရေတွေ လွှတ်ပေးတာပေါ့။ တချို့နေရာတွေ ကျတော့လည်း လျှံသွားတယ်။ ကျိုးသွားတယ်။ လယ်တွေကနေ ရေပေါက်ဝင်တယ်။

ကျနော်တို့ကတော့ နွေမှာ ရာသီပင်ပဲ စိုက်ချင်တာပေါ့လေ။ မိုးတွင်းကတော့ မိုးတွင်းစပါးပေါ့။ ဈေးက မကောင်းတာ၊ ကောင်းတာ ဒါကတော့ နိုင်ငံလိုက်ဖြစ်တာပဲလေ။ သူ့ဈေးနဲ့သူပဲ။ ဒါပေမဲ့ ကျနော်တို့ လယ်သမားတွေက သိတာက ဒီပဲဆို ပဲလေးပဲ စိုက်ချင်တာပဲ။ မဖြစ်မနေ စပါးစိုက်ဆိုတော့ ဒုက္ခတွေ ရောက်တာပေါ့။

ဒီနွေစပါးက သိပ်လည်း မအောင်မြင်ပါဘူး။ လယ်သမား ဒုက္ခရောက်တာပဲ ရှိတယ်။ နွေမှာ ဟိုတုန်းကတော့ စပါးမစိုက်ဘူးလေ။ အခုဟာက မဖြစ်မနေ စိုက်ရမယ်ဆိုလို့။ အဲဒါကြောင့် မအောင်မြင်တဲ့အတူတူ လယ်သမားတွေ အဆင်ပြေမယ့် ပဲလေးကိုသာ စိုက်ခွင့်ပြုစေချင်ပါတယ်လို့ အထက်လူကြီးတွေကို သိစေချင်တာပါပဲ။

တောင်သူတဦး
ဒိုက်ဦးမြို့နယ်
ပဲခူးတိုင်း


သပိတ်ကျင်းမှာ စစ်တပ်က ပေါ်တာဆွဲ
မေကျော်
တနင်္လာနေ့၊ ဇွန်လ 22 2009 20:13 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရွှေတွင်းဒေသများတွင် စစ်တပ်က အရွယ်ရောက် လူငယ် ၅၀ ကျော်ကို ယခုလ ၁ ရက်နေ့က ပေါ်တာ ဆွဲသွားသည်ဟု ဒေသခံများ အပြောအရ သိရသည်။

လိပ်ကျ၊ ရွှေတော၊ ကွင်းသုံးဆယ်၊ ချောင်းကြီး၊ အရိုးတောင် ခေါ် မျောက်တောင်၊ ကျောက်လှည်းဘီး၊ ဇရပ်ကွင်း ကျေးရွာတို့မှ လူငယ် ၅၀ ကျော်ကို ယင်းနေ့ ညပိုင်းတွင် စစ်တပ်က ခေါ်ယူသွားခဲ့ခြင်း ဖြစ်သည်။

“စစ်ကား ၅ စီးနဲ့ လာခေါ်သွားတာ။ လက်ဖက်ရည်ဆိုင်တို့ စားသောက်ဆိုင်တို့က ဒီရွာတွေမှာ မန္တလေး အတိုင်းပဲ ညဆို စည်ကားတယ်။ အဲဒီမှာ လူငယ်တွေကို ဆွဲခေါ်သွားတာ။ ရွာတွေ အားလုံး တရက်ထဲ ဗြုန်းစားကြီး ဖြစ်သွားတာ” ဟု သပိတ်ကျင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အခြား ဒေသခံတဦးကလည်း “သပိတ်ကျင်းမှာ အဲလို တခါမှ မဖြစ်ဖူးဘူး။ ဒါက ပထမဆုံးအကြိမ်ပါ။ အခုတော့ တယောက်ကို တသိန်း (ကျပ်) နဲ့ ရွေးရတယ်လို့ ပြောတယ်။ ၅ ယောက်လောက်တော့ လွတ်လာပြီ” ဟု ပြောသည်။

ကျေးရွာလူထုအနေဖြင့် သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီး ကျေးရွာတွင် တပ်ချထားသော ခလရ ၁၄၈ မှ ယခုကဲ့သို့ ပေါ်တာဆွဲခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေး ပြောဆိုနေသည်။

ပေါ်တာဆွဲခံရသည့် ဒေသများမှာ ရွှေထွက်ရှိရာ ဒေသခံကျေးရွာသားများအပြင် စစ်ကိုင်းတိုင်းအတွင်းမှ ရွှေဘို၊ ဝက်လက်၊ အရာတော်၊ တန့်ဆည်မြို့များမှ လုပ်သားများလည်း ပုဂ္ဂလိက ရွှေတူးခြင်း လုပ်ငန်းကို ရွှေ့ပြောင်းလုပ်ကိုင်ရာ ဒေသလည်း ဖြစ်သည်။


မြောက်ကိုရီးယားသင်္ဘောတွင် လက်နက်များ သယ်ဆောင်လာသည်ဟုဆို
Tuesday, 23 June 2009 19:49 ဧရာဝတီ
မြန်မာနိုင်ငံသို့ ဦးတည်သွားနေသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘောပေါ်တွင် ကုလသမဂ္ဂက တားမြစ်ထားသည့် အသေးစား စစ်လက်နက် ပစ္စည်းများ သယ်ဆောင် သွားမည်ဟု ယူဆရကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောကြားသည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ရေတပ် စစ်သင်္ဘော USS John S. McCain သည် မြောက်ကိုရီးယား သင်္ဘော Kang Nam I နောက်သို့ နောက်ယောင်ခံ လိုက်လျက်ရှိသည်။ (ဓာတ်ပုံ - Getty Images)
၎င်းသင်္ဘောကို ပင်လယ်ထဲ၌ ကြားဖြတ်ဝင်ရောက်စစ်ဆေးခြင်း ပြုလုပ်ပါက မြောက်ကိုရီးယားအနေနှင့် စစ်ကြေညာ သည်ဟု ယူဆမည်ဖြစ်သည့်အတွက် ထိုအခြေအနေ မဖြစ်နိုင်ကြောင်း လေ့လာသူတို့က သုံးသပ်သည်။

Kang Nam 1 သင်္ဘော မြန်မာပြည်သို့ ကုန်ပစ္စည်း သွားရောက်ပို့ဆောင်ခဲ့သည်မှာ ၂၀၀၄ ခုနှစ်ကတည်းက ဖြစ်သည်ဟု သီလဝါဆိပ်ကမ်းမှ တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။ ထိုသို့ ပို့ဆောင်ရာတွင် ကုန်ပစ္စည်းများကို ညဘက်အချိန်တွင်သာ ချလေ့ရှိပြီး သန်းခေါင်ကျော် ၂ ရီခန့်တွင်မှ ကုန်ပစ္စည်းတင်ကား များဖြင့် သယ်ယူလေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းသင်္ဘော ဆိုက်ကပ်သည့်အခါတိုင်းတွင် သီလဝါဆိပ်ကမ်းနှင့် မဝေးသည့် ဆိပ်ကြီးရေတပ်မတော်နှင့် သန်လျင်မြို့ ခြေလျှင်တပ်ရင်း (၉၀) တို့က လုံခြုံရေး ယူလေ့ရှိကြောင်းလည်း သိရသည်။

Kang Nam 1 သင်္ဘော ဆိုက်ကပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ ယနေ့ထိ မသိရှိရသေးကြောင်း သီလဝါ ဆိပ်ကမ်း တာဝန်ရှိသူက ပြောကြားသည်။ ယခုအခါ ၎င်းသင်္ဘောသည် တရုတ်နိုင်ငံ ရေပိုင်နက်ကို ကျော်လာပြီး မလက္ကာရေပိုင်နက်အတွင်း ရောက်ရှိနေပြီဖြစ်သည်။

၎င်းသင်္ဘောသည် ဇွန်လ ၁၇ ရက်နေ့ကတည်းက မြောက်ကိုရီးယား ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး မြန်မာပြည်သို့ ဦးတည်လာသည်ဟု ယူဆရသဖြင့် အမေရိကန်ရေတပ်မှ တောက်လျှောက် နောက်ယောက်ခံ လိုက်ပါ လာခဲ့သည်။

စစ်ရေးလေ့လာသူတို့၏ သုံးသပ်ချက်အရ ယခုမြန်မာပြည်သို့ ဦးတည်သွားနေသည့် မြောက်ကိုရီးယား သင်္ဘောသည် မြန်မာနိုင်ငံတွင် ဆိုက်ကပ်ပြီး ထိုမှတဆင့် အီရန် အစရှိသော နိုင်ငံများသို့ လက်နက် တင်ပို့ ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။

ဝနယ်မြေတွင် စစ်အစိုးရတပ်များ အင်အားချဲ့
Tuesday, 23 June 2009 19:35 သန်းထိုက်ဦး
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဒေသအနီးတွင် မြန်မာ စစ်အစိုးရက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လက်နက်ကြီးများ ထပ်မံ တိုးချဲ့ထား ကြောင်း ရှမ်းပြည်နယ် အတွင်း စစ်ရေး လှုပ်ရှားမှုများကို စောင့်ကြည့်နေသူတဦးက ပြောသည်။

မြန်မာ့တပ်မတော်က ၁၂ဝ မမ အမြောက်ကြီးများကို UWSA အထူး စစ်ဒေသ ၁၇၁ ဌာနချုပ် အနီးတဝိုက်တွင် တိုးချဲ့ ချထားခြင်းဖြစ်သည်ဟု ရှမ်းပြည် တပ်မတော်(SSA) တောင်ပိုင်း၏ ပြောခွင့်ရ ပုဂ္ဂိုလ် တဦး ဖြစ်သည့် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

“မိုင်းတုံမြို့၊ မိုင်းဆတ်မြို့တွေ ဘက်မှာတော့ သူတို့ လက်နက်ကြီး တပ်တွေ ရှိပြီးသား ဖြစ်တယ်၊ အခု လက်နက်ကြီးတွေ ထပ်တိုးချဲ့ပြီး ချထားတာ” ဟု စိုင်းဆိုင်မိဏ်းက ပြောပြသည်။

တိုးချဲ့လာသည့် လက်နက်ကြီးများကို ခြေလျင်တပ်ရင်း အမှတ် ၆၅ တွင် တပ်ဆင်ထားသည်ဟု သိရသည်။ ထိုတပ်ရင်းသည် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းတုံမြို့နယ်ရှိ နားကောင်းမူး ကျေးရွာအတွင်း အခြေချထားကြောင်း သိရသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့များက လက်မခံသဖြင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်။

“ဝ တပ်မတော်နဲ့ နအဖတပ်တွေ ကြားထဲမှာ တင်းမာမှုတွေ ရှိနေတယ်လို့ သတင်းတွေ ကြားတယ်။ အပစ်ရပ် အဖွဲ့တွေကို တချိန်တုန်းက လက်နက်ဖြုတ်ဖို့ ကြိုးစားခဲ့တယ်။ မရတဲ့ အဆုံး နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် တမျိုး ပြောင်းလာတယ်။အဲဒီလို အခြေအနေမျိုး ကြားထဲမှာ အခု သူတို့က အနုနည်း နဲ့ လုပ်နေတယ်။ တဘက်တင်း တဘက်လျှော့တဲ့ ပုံစံမျိုး လုပ်တယ်လို့ ထင်တယ်” ဟု စိုင်းဆိုင်မိဏ်းက ပြောသည်။

UWSA သည် မြန်မာ စစ်အစိုးရ၏ လက်ရှိ ဖိအားပေးမှုများကို အလေးထား စောင့်ကြည့်နေကြောင်း ပလောင်ပြည်နယ် အမျိုးသား လွတ်မြောက်ရေး တပ်ဦး အတွင်းရေးမှူး မိုင်အိုက်ဖုန်းက ပြောသည်။

“ဖြစ်နိုင်သမျှတော့ ဆက်ပြီး ဆွေးနွေးသွားမယ်။ အကယ်၍ စစ်ဖြစ်လာခဲ့ရင် အဆင်သင့် ဖြစ်အောင် ကြိုတင် ပြင်ဆင်မှု လုပ်ထားဖို့ UWSA က ဝ ပြည်သူ ပြည်သားတွေကို ကြိုတင် အသိပေးထားတယ်လို့ သိရတယ်” ဟု မိုင်အိုက်ဖုန်းက ဧရာဝတီကို ရှင်းပြသည်။ မိုင်အိုက်ဖုန်းသည် UWSA နှင့် နီးစပ်သူတဦး ဖြစ်သည်။

မြန်မာ စစ်အစိုးရ အာဏာပိုင်များက နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရေးအတွက် အသွင် ကူးပြောင်းရေး မူဝါဒ ရေးရာ ကော်မတီ၊ အသွင် ကူးပြောင်းရေး လုပ်ငန်း ကော်မတီ၊ အသွင် ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်း ကော်မတီ တို့ကို ဖွဲ့စည်းရေးအတွက် အပစ်ရပ်ထားသော တိုင်းရင်းသား အဖွဲ့များနှင့် မကြာသေးမီက တွေ့ဆုံ ဆွေးနွေးခဲ့သည်။


UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

ပြီးခဲ့သည့်အပတ်က ပြုလုပ်ခဲ့သည့် မြန်မာ စစ်အစိုးရ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ တရုတ်နိုင်ငံ ခရီးစဉ်သည် တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ဖိအား ပေးနိုင်ရန်အတွက် သွားရောက်ခြင်း ဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်ကြသည်။

တချိန်တည်းမှာပင် ကရင်ပြည်နယ်အတွင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။ မြန်မာ စစ်အစိုးရ တပ်ဖွဲ့နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၏ အဓိက တပ်စခန်းဖြစ်သော တပ်မဟာ(၇) ဌာနချုပ်ကို ဇွန်လ ၂၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲများကြောင့် ဇွန်လ ပထမ အပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင် ဒုက္ခသည် စုစုပေါင်း ၄ဝဝဝ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ သွားရောက် ခိုလှုံနေကြသည်။

ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာသည့် ဒုက္ခသည်များတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး၂ဝ ခန့် နှင့် အသက် (၁၃) နှစ်အောက် ကလေးငယ် ၈ဝဝ ခန့် ပါဝင်ကြောင်း ကရင် အမျိုးသမီး အစည်းအရုံး(KWO) က ကြေညာချက် ထုတ်ပြန်ထားသည်။

နာဂစ် ရန်ပုံငွေ အလွဲသုံးစားမှုဖြင့် ညွှန်ချုပ်ကို အလုပ်ဖြုတ်
Tuesday, 23 June 2009 19:32 ကိုထွေး
နာဂစ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လှူဒါန်းသည့် ရန်ပုံငွေများကို အလွဲသုံးစား လုပ်သဖြင့် ဗိုလ်မှူးကြီးဟောင်း သန်းဦးကို တာဝန်မှ ရပ်ဆိုင်း ကာ ထိန်းသိမ်းထား သည်ဟု ၎င်းနှင့် နီးစပ်သည့် အသိုင်းအ၀န်းက ဆိုသည်။

၎င်းသည် လူမှု ၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် တဦး ဖြစ်သည်။

ရန်ကုန် အခြေစိုက် NGO အဖွဲ့တခုမှ ၀န်ထမ်းတဦးက “နာဂစ်ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အခါ နိုင်ငံတကာ NGO တွေက ငွေတွေကို လက်ခံဖို့ အဲဒီ ၀န်ကြီးဌာနက တာဝန် ယူထားတယ်၊ အဲဒီငွေတွေနဲ့ ပတ်သက်ပြီး အခု ညွန်ကြားရေးမှူးချုပ်ကို စစ်ဆေးနေတယ်” ဟု ပြောသည်။

၎င်းညွှန်ကြားရေးမှူးချုပ်ကို မစစ်ဆေးမီ ရက်များက သူ၏ လက်အောက်ငယ်သား ဝန်ထမ်းများကို စစ်ဆေးခဲ့ကြောင်း ကြားသိရသည်။

ယင်းဝန်ကြီးဌာနသည် နာဂစ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာ NGO များနှင့် ပူးပေါင်းဆောင်ရွက်ရသော ဌာနဖြစ်သည်။

နေပြည်တော်မှ လာသောသတင်းများအရ အထူး စုံစမ်း ထောက်လှမ်းရေးအဖွဲ့က ၎င်းကို ဖမ်းဆီးကာ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

မကြာမီက နေပြည်တော်ရှိ ထိပ်တန်း စစ်ခေါင်းဆောင်များသည် စစ်တပ်အတွင်း ရာထူး အပြောင်း အရွှေ့နှင့် ရာထူး ရပ်ဆိုင်းရေး ကိစ္စများ အတွက် လျှို့ဝှက် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ဘက်နှင့် နီးစပ်သည့် သတင်းများအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်တပ်မှ အရာရှိ အချို့ကို တာဝန်မှ အနားပေးမည်ဖြစ်ပြီး တချို့ကို ရာထူးအပြောင်း အလဲ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

မုန်တိုင်းဒဏ်သင့်ဒေသများတွင် နိုင်ငံတကာ အကူအညီများနှင့် ပြည်တွင်း အကူအညီများ ဖြန့်ဝေခဲ့ရာ၌ သက် ဆိုင်ရာ အာဏာပိုင်တို့က ပစ္စည်းအကောင်းနှင့် အညံ့များ လဲလှယ်ခြင်း၊ နအဖ ခေါင်းဆေင်များ လာရောက် စစ်ဆေးစဉ် ဒုက္ခသည်များအား ပေးအပ်သည့် အကူအညီပစ္စည်းများကို ပြန်လည် သိမ်းယူခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ကြားသိရသည်။

အလှူရှင်များသည် ၎င်းတို့ အကူအညီပေးသည့် ပစ္စည်းများကို လေဘေးဒုက္ခသည်များအား တိုက်ရိုက် ပေးခွင့် မရဘဲ ကြံ့ဖွံ့၊ မယက၊ မီးသတ် အစရှိသည့် အာဏာပိုင်အဖွဲ့များ လက်သို့ ဦးစွာ အပ်နှံရသည်ဟု ရန်ကုန်အခြေစိုက် စာနယ်ဇင်း သမားတဦးက ဧရာဝတီသို့ ပြောဆိုခဲ့သည်။

အာဏာပိုင်အဖွဲ့အစည်းများက သိမ်းယူထားသည့် ဒုက္ခသည် ကူညီရေး ပစ္စည်းတချို့ကို ရန်ကုန်မြို့တွင်းရှိ ဈေးတချို့နှင့် စတိုးဆိုင်များ၌ ပြန်လည် ရောင်းချခဲ့ကြောင်းလည်း ကြားသိရသည်။

သတင်းမီဒီယာများ၏ မှတ်တမ်းများနှင့် မျက်မြင်သက်သေများ၏ အဆိုအရ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် ကမ္ဘာ့ကုလသမဂ္ဂ (UN) အပါအ၀င် နိုင်ငံတကာမှ လှူဒါန်းထားသည့် အကူ ပစ္စည်းများမှာ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းသင့် ဒုက္ခသည်များထံ အနည်းငယ်သာ ရောက်ရှိသည်ဟု သိရသည်။

ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် စုစုပေါင်း လိုအပ်သည့် ရန်ပုံငွေမှာ အမေရိကန် ဒေါ်လာ ၄၈၁ သန်း ဖြစ်ပြီး မူလက တောင်းခံထားသည့် အမေရိကန်ဒေါ်လာ ၂၀၁ သန်း အနက် တချို့ တ၀က်ရပြီး ဖြစ်သောကြောင့် ထပ်မံ လိုအပ်ငွေ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၃၀၄ သန်းဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်း ညှာတာ ထောက်ထားမှု ဆိုင်ရာ ဌာန အကြီးအကဲ မစ္စတာ ဂျွန် ဟိုးစ် က ပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့က မြန်မာနိုင်ငံတွင် တိုက်ခတ်သည့် နာဂစ် မုန်တိုင်းသည် ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကျုံမငေး၊ ဘိုကလေး၊ ချောင်းသာ၊ ငွေဆောင် မြို့များ ကို ဝင်ရောက် တိုက်ခတ်ခဲ့ရာ အပျက်အစီး များခဲ့သည်။

မုန်တိုင်းကြောင့် လူဦးရေ ၂ ဒဿမ ၄ သန်း ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အဆိုပါ မုန်တိုင်းကြောင့် လူဦးရေ ၈ သောင်းကျော် အသက်ဆုံးရှုံးကာ လူ ၅ သောင်းကျော် ပျောက်ဆုံး နေသည်ဟု စစ်အစိုးရ စာရင်းများအရသိရသည်။

အီရန်ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်း ပယ်ဖျက်ပေးမည်မဟုတ်

23 June 2009


အီရန်သမ္မတ ရွေးကောက်ပွဲမှာ အကြီးအကျယ် မသမာမှုတွေ မရှိတာကြောင့်
ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးစရာအကြောင်း မရှိဘူးလို့ အီရန်နိုင်ငံ ဥသျှောင်
ကောင်စီက မနေ့က ပြောဆိုလိုက်ပါတယ်။

တိုင်ကြားချက်အများစုဟာ ရွေးကောက်ပွဲမတိုင်ခင်က အဖြစ်အပျက်တွေဖြစ်ပြီး
ရွေးကောက်ပွဲအတွင်းနဲ့ ရွေးကောက်ပွဲအပြီး တိုင်ကြားချက်တွေ မဟုတ်ဘူးလို့
ဥသျှောင်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။

ဇွန်လ ၁၂ ရက်နေ့ပေးခဲ့တဲ့ မဲပုံးတွေထဲက မဲတွေရဲ့စာရင်းတွေကို ပြည်ထဲရေးဝန်ကြီး
ဌာနက ထုတ်ပြန်မယ်လို့ ပြောပါတယ်။ အီရန်နိုင်ငံရဲ့ မြို့ကြီး ၅၀ မှာ မဲအရေအတွက်
၃,၀၀၀,၀၀၀ ကျော် ရရှိခဲ့ပေမယ့် တကယ် တရားဝင် မဲပေးခွင့်ရှိသူဦးရေထက် ပိုနေ
တာတွေ့ရတယ်လို့ မဲဆန္ဒရှင်တွေက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အီရန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သမ္မတအိုဘားမားက ခိုင်ခိုင်မာမာရပ်တည်တာ
မရှိဘူးလို့ ဝေဖန်ခံနေရတာကြောင့် အိမ်ဖြူတော် တာဝန်ရှိပုဂ္ဂိုလ်တွေက ခုခံကာကွယ်
ပြောဆိုနေကြပါတယ်။

အီရန်မှာ သွေးထွက်သံယိုဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ သမ္မတ
အိုဘားမားက တိုက်တွန်းခဲ့ပေမယ့် အီရန်နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို အီရန်ပြည်သူ
တွေကသာ အဆုံးအဖြတ် ပေးရပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) ကတော့
သမ္မတရဲ့ ဒီတုံ့ပြန်ချက်ဟာ အမေရိကန်ပြည်ထောင်စု ထူထောင်ခဲ့တဲ့ အခြေခံမူတွေ
အပေါ် သစ္စာမဲ့ရာကျတယ်လို့ ဝေဖန်လိုက်ပါတယ်။

မြန်မာစစ်တပ် ကလေးစစ်သားတွေ စုဆောင်းနေဆဲ

23 June 2009


အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်တပ်ထဲ စုဆောင်းမှုတွေ ရှိနေတယ်
ဆိုပြီး ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြောဆိုနေတဲ့
ကြားကပဲ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းနေတာ
တွေ ရှိနေတုန်းပဲဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေဆဲပါ။ အခုဆိုရင်လည်း
ရန်ကုန်တိုင်း တွံတေးမြို့နယ်ထဲက ကလေးငယ်တဦး အပါအ၀င် တခြားကလေးငယ်
တွေ စစ်သားအဖြစ် စုဆောင်းတာ ခံခဲ့ရလို့ မိဘတွေက တိုင်တန်းမှုတွေ လုပ်ခဲ့ပါတယ်။
ဒီအကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း တွံတေးမြို့နယ်ထဲက အရွယ်မရောက်သေးသူ ကလေးတဦး အပါအ၀င်
အနည်းဆုံး ကလေးငယ် ၂ ဦးကို တပ်သားသစ်အဖြစ် စုဆောင်းခေါ်ဆောင်သွားတာ
ခံခဲ့ရလို့ မိဘတွေက အပူတပြင်း လိုက်လံစုံစမ်းတာတွေ၊ အာဏာပိုင်တွေကို တိုင်တန်း
တာတွေ လုပ်နေကြတာပါ။ အသက် ၁၄ နှစ်အရွယ်ရှိတဲ့ ကလေးငယ်တဦးကို မကြာ
သေးခင် ရက်ပိုင်းကပဲ ဒီလိုစုဆောင်းတာ ခံခဲ့ရလို့ ပူပန်နေတဲ့ မိဘတွေက တွံတေးမြို့
က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ကို လာပြီး အကူအညီ တောင်းခံ
တာလို့ တွံတေးမြို့နယ် အန်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ရှေ့နေတဦးလည်းဖြစ်တဲ့
ဦးကျင်တိုးက ပြောပါတယ်။

“၁၁-၆-၂၀၀၉ နေ့က ဒေါ်ကြူကြူမာနဲ့ သူ့ယောက်ျား ဦးမြသန်းဆိုတာ ရောက်လာ
တယ်။ သူတို့က မရမ်းတပင် ပန်းပင်စမ်းကျေးရွာ၊ တွံတေးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာမှာ
နေပါတယ်တဲ့။ သူ့သား ဇင်မင်းအောင်ဆိုတဲ့ အသက်မပြည့်သေးတဲ့ ၁၄ နှစ်သားရှိတဲ့
ကလေးတဦးကို ၁၃-၅-၂၀၀၉ ညနေ ၅ နာရီမှာ သားက အပြင်သွားဦးမယ်ဆိုပြီး
ထွက်သွားတဲ့အခါမှာ လုံးဝပြန်မလာတော့ဘူးတဲ့။ ၄-၆-၂၀၀၉ နေ့ကြတော့မှ တွံတေး
မြို့မှာရှိတဲ့ တပ်ရင်း ၇၀ က တပ်ကြပ်ကြီးဝင်းမြင့်က ဇင်မင်းအောင်နဲ့ တခြားကလေး
တဦး အပါအ၀င် ကလေး ၂ ဦးကို မော်တော်ဆိုင်ကယ်နဲ့ တင်ပြီးတော့ တွံတေး မှန်လုံ
ကားဂိတ်မှာ ခေါ်ဆောင်သွားတယ်ဆိုတာ မြင်တဲ့လူတွေက ပြောတဲ့အတွက် သတင်း
ရရှိတယ်တဲ့။

“ထပ်ပြီးတော့ စုံစမ်းတဲ့အခါ တပ်ကြပ်ကြီးဝင်းမြင့်က ဒညင်းကုန်း စစ်သားစုဆောင်း
ရေးတပ်ကို ခေါ်သွားကြောင်း သိရတယ်တဲ့။ ဒါကြောင့် ၅-၆-၂၀၀၉ နေ့မှာ လိုက်သွားခဲ့
တယ်တဲ့။ ဒညင်းကုန်း စစ်သားစုဆောင်းရေးဂိတ် ရောက်ပြီး စုံစမ်းကြည့်တဲ့အခါ
မောင်ဇင်မင်းအောင်နဲ့ မောင်ဇော်ဇော်တို့ဟာ ၁-၆-၂၀၀၉ မှာ ရောက်ရှိနေတယ်လို့
ဂိတ်အ၀င် ဧည့်စာရင်းမှာ တွေ့ရှိရတယ်တဲ့။ ကလေးတွေအကြောင်း မေးတဲ့အခါ အဲဒီ
ကလေး ၂ ယောက်စလုံးက အသက်လည်း မပြည့်ဘူး၊ ပေါင်ချိန်လည်း မပြည့်ဘူး၊
ဆေးလည်း မအောင်ဘူး ဖြစ်နေတယ်တဲ့။ ဒါကြောင့် အဲဒီကလေး ၂ ဦးကို ပြန်ထည့်
ပေးလိုက်တယ်လို့ ပြောတယ်တဲ့။”

ဒီလို ပြန်ပို့လိုက်တယ်ဆိုပေမယ့် အိမ်ကိုပြန်မရောက်လာတာမို့ ထပ်မံစုံစမ်းတဲ့အခါ
မကွေးတိုင်း စစ်သားစုဆောင်းရေးကို ထပ်ပြီး ပို့လိုက်တယ်လို့သာ ပြောလိုက်တယ်လို့
လည်း ဆိုပါတယ်။ ဒီအတွက် တွံတေးမြို့ခံ အာဏာပိုင်တွေကို တိုင်တန်းတဲ့အခါ
ဒီတပတ်ထဲ နောက်ဆုံးထား ပြန်ခေါ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ပြန်ရောက်မလာ
ခဲ့ဘူးလို့လည်း ဦးကျင်တိုးက ပြောပါတယ်။

“အဲဒီမိဘတွေက ကျနော်တို့ကို လာပြောပြီး တိုင်တယ်။ ၁၁-၆-၂၀၀၉ နေ့က ကျနော်
တို့ကို လာတိုင်တယ်။ စာနဲ့ပေနဲ့ သူတို့က လက်မှတ်ထိုးတယ်၊ လက်ဗွေနှိပ် တိုင်တယ်။
တိုင်တဲ့အခါ ကျနော်တို့က တွံတေးမြို့မှာရှိတဲ့ စရဖတာဝန်ခံကို ခေါ်တယ်။ ခေါ်ပြီး
ကျနော်တို့က ဒီလိုမျိုးရှိတယ်၊ တပ်ရင်း ၇၀ နဲ့ ဘယ်လိုမျိုး ညှိနှိုင်းကြမလဲဆိုတော့
ကျနော့်ကို အခွင့်ပေးပါ၊ ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးပါရစေဆိုပြီးတော့ ၂၃ ရက်
နေ့မှာ ရအောင်ပြန်ခေါ်ပေးပါ့မယ်ဆိုပြီး ကတိပေးတယ်လို့ စစ်ထောက်လှမ်းရေးက
ပြောတယ်။ ပြောတော့ ၂၃ ရက်၊ ဒီနေ့အထိ စောင့်တယ်ပေါ့ဗျာ။ ဒီနေ့အထိ လုံးဝ
ပေါ်မလာဘူး။”

စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတဲ့ ကလေးတွေ မိဘရပ်ထံ ပြန်ရောက်ရေး
အကူအညီပေးနေတဲ့ တွံတေးမြို့က ရှေ့နေ ဦးကျင်တိုး ပြောပြသွားတာ ဖြစ်ပါတယ်။

အခု စစ်သားအဖြစ် စုဆောင်းခံခဲ့ရတယ်ဆိုတဲ့ ကလေးဟာ အရွယ်မရောက်သေးသူ
တဦးအဖြစ် သက်ဆိုင်ရာ ဆေးရုံတွေ၊ အာဏာပိုင်တွေကလည်း ထောက်ခံအတည်
ပြုချက်တွေ ရထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ အာဏာပိုင်တွေက ပြောထား
သလို သားဖြစ်သူ အချိန်တန်လို့ အိမ်ပြန်မရောက်သေးဘူး ဆိုရင်တော့ ဒီလို ကလေး
စစ်သားစုဆောင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ အိုင်အယ်လ်အို၊
ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (Unicef) လို အဖွဲ့အစည်းတွေကိုပါ
ဆက်ပြီး အကူအညီတောင်းသွားဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။

သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော ရှန်ဟိုင်းမြို့ကိုဖြတ်ပြီး ဆက်လက်ထွက်ခွာ

23 June 2009


စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ သံသယရှိနေပြီး မြန်မာနိုင်ငံဘက်ကို
ဦးတည်သွားနေတယ်လို့ ယုံကြည်ရတဲ့ မြောက်ကိုရီးယားနိုင်ငံက ကုန်တင်သင်္ဘော
တစီးဟာ နိုင်ငံတကာက ၀ိုင်းဝန်းစောင့်ကြည့်နေတဲ့နောက် ခရီးစဉ် နှောင့်နှေး
ကြန့်ကြာနေတယ်လို့ အကဲခတ်တွေက တွက်ဆကြပါတယ်။ နိုင်ငံတကာရဲ့ စောင့်ကြည့်
မှုအောက်မှာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေး အခြေအနေတွေ
ကို အကဲခတ်တွေ ဘယ်လိုရှုမြင်ကြတယ် ဆိုတာကိုတော့ ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။

သံသယဖြစ်စရာ ကုန်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယုံကြည်နေကြတဲ့ ကမ်နမ်
အမည်ရှိတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်း မြန်မာနိုင်ငံဘက် ဦးတည်သွားလာနေ
တာ အခုဆိုရင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို ဖြတ်သွားပြီလို့ သိရပါတယ်။ ဒီသံသယ
ဖြစ်စရာ သင်္ဘောကိုတော့ အမေရိကန် စစ်သင်္ဘောတစင်းကလည်း ထပ်ချပ်မကွာ
လိုက်နေသလို မြောက်ကိုရီးယားနဲ့ ပဋိပက္ခဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံကလည်း
ဒီသင်္ဘောသတင်းနဲ့ ပတ်သက်လို့ မျက်ခြည်မပြတ် စောင့်ကြည့်နေကြတာပါ။ ဒီလို
အနီးကပ်စောင့်ကြည့်တာတွေ ရှိနေတဲ့ အခြေအနေမှာတော့ မူလရည်မှန်းထားတဲ့
ခရီးစဉ် အပြောင်းအလဲ ရှိလာပုံလည်း ရတယ်လို့ အကဲခတ်တွေက တွက်ဆနေကြပါ
တယ်။

မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံအကြောင်း အနီးကပ်စောင့်ကြည့်နေတဲ့ မြန်မာ့အရေး
ကျွမ်းကျင်သူ ဘာတေး လစ်တနာ (Bertil Lintner) ကတော့ …

“မြန်မာနိုင်ငံကို ဦးတည်သွားနေတာပါ။ အမေရိကန်သင်္ဘောကလည်း နောက်က
ထပ်ချပ်မကွာ လိုက်နေတယ်။ အခုဆိုရင်လည်း သင်္ဘောက ရေမိုင် ၁၀ မိုင်လောက်နဲ့ပဲ
မောင်းနေပါတယ်။ စင်ကာပူကိုတောင် အခု မရောက်သေးပါဘူး။”

အစောပိုင်း အစီအစဉ်အရဆိုရင် မြန်မာနိုင်ငံကို ဒီတပတ်အစောပိုင်း ရောက်ဖို့ဖြစ်ပြီး
တော့ လမ်းခရီး စင်ကာပူမှာဝင်ပြီး ဆီဖြည့်ဖို့ရှိနေတာ ဖြစ်တယ်လို့လည်း ဘာတေး
လစ်တနာက ပြောပါတယ်။

တကယ်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက ဝေဖန်ခံနေရတဲ့
မြန်မာစစ်အစိုးရနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုကြောင့် ဒေသတွင်း စိုးရိမ်စရာ
ဖြစ်နေလို့ ဖြေရှင်းနေရတဲ့ မြောက်ကိုရီးယား ၂ နိုင်ငံတို့အကြား မကြာသေးခင်နှစ်တွေ
ကစလို့ ဆက်ဆံမှုတွေ တိုးတက်လာတာမို့ နိုင်ငံတကာ အသိုင်းအ၀န်းက သံသယ
မျက်လုံးတွေနဲ့ စောင့်ကြည့်နေကြတာပါ။ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရ အနေနဲ့က
သူ့ရဲ့ စစ်ရေးလိုအပ်ချက်တွေ ရှိနေတာကြောင့် ဒီလို နိုင်ငံတကာရဲ့ စောင့်ကြည့်မှုတွေ
ကြားကပဲ ဆက်ဆံမှုတွေ လုပ်နေရတာလို့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး
အကဲခတ်တဦးဖြစ်သူ ဦးဌေးအောင်က ပြောပါတယ်။

“သူတို့မှာ ဘာပဲဖြစ်ဖြစ် တပ်မတော်ကို ခေတ်မီပြီးတော့ အင်အားကြီးမားတဲ့
တပ်မတော်ကြီးဖြစ်အောင် တည်ဆောက်မယ်ဆိုပြီး ကြေညာထားတော့၊ အဲဒါကို
သူတို့က နှစ်အလိုက် စီမံချက်တွေ ချပြီးတော့ တည်ဆောက်နေတာ။ ဥပမာ အဏုမြူ
လက်နက်ဆိုရင် ၂၀၂၅ ခုနှစ်မှာ ပိုင်တဲ့နိုင်ငံဖြစ်အောင်လုပ်မယ်၊ စသဖြင့်ပေါ့။ ဒုံးကျည်
ဆိုရင်လည်း တာလတ်ပစ်ဒုံးကျည်ကို ဘယ်နှစ်နှစ်မှာ ရအောင်လုပ်မယ်ဆိုတဲ့ Long
Plan တွေပါချပြီး လုပ်နေကြတာလေ။ အဲလိုအခါမျိုးမှာ အခုလို မြောက်ကိုရီးယားက
အရေးယူခံလိုက်ရတယ်ဆိုရင်တော့ သူတို့ရဲ့ Plan တွေမှာလည်း သွားထိခိုက်နိုင်တဲ့
အနေအထားရှိတာပေါ့။

“စစ်ရေးလက်နက်ကို ရောင်းချတယ်ဆိုတဲ့နေရာမှာလည်း တချို့နိုင်ငံကြီးတွေက ဥပမာ
အားဖြင့် နျူကလီးယားလို လက်နက်မျိုး၊ တိုက်ချင်းပစ်ဒုံးပျံလို နည်းပညာမျိုးတွေကြ
တော့ နိုင်ငံကြီးတွေအနေနဲ့ ရောင်းချချင်စိတ်ရှိမှာ မဟုတ်ဘူးလေ။ ဥပမာ တရုတ်နိုင်ငံ
ပဲဖြစ်ဖြစ်၊ ရုရှားနိုင်ငံပဲဖြစ်ဖြစ်၊ အိန္ဒိယလိုနိုင်ငံမျိုးပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ဒါမျိုးတွေက
စည်းမျဉ်းစည်းကမ်းအရ လိုက်နာရတာလည်း ရှိတယ်လေ၊ ဒီလို ဗျူဟာမြောက်
လက်နက်တွေကို ရောင်းချဖို့ကိစ္စက။ ဒါပေမယ့် မြောက်ကိုရီးယားလို နိုင်ငံကြတော့
အဲဒါတွေကို ဘာမှ သူက လိုက်နာတာမဟုတ်ဘူး။ သူက ငွေရရင်ပြီးရောဆိုပြီး တမင်
လုပ်နေတော့ တရုတ်နိုင်ငံလို နေရာမျိုးက မရနိုင်တဲ့ လက်နက်တွေ၊ နည်းပညာတွေကို
မြောက်ကိုရီုးယားလိုနေရာမျိုးက နအဖက ၀ယ်ဖို့ကြိုးစားနေတဲ့ သဘောပေါ့။”

ဒါဟာဆိုရင် လဆန်းပိုင်းအတွင်း မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချမှတ်အပြီး ပထမဆုံးအကြိမ် ထွက်ပေါ်လာတဲ့
ဖြစ်ရပ်ပါ။ ဒီဆုံးဖြတ်ချက်ထဲမှာတော့ မြောက်ကိုရီးယား နျူကလီးယားလက်နက်
အစီအစဉ်၊ ဒုံးကျည်လက်နက် အစီအစဉ်တွေ မလုပ်နိုင်အောင် မြောက်ကိုရီးယား
သဘောင်္တွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ၀င်ရောက်ရှာဖွေ စစ်ဆေးနိုင်တယ်
ဆိုတဲ့ အချက်တွေ ထည့်သွင်းထားတာပါ။ ဒီလိုအခြေအနေမျိုးမှာ မြောက်ကိုရီးယားနဲ့
ဆက်ဆံမှုတွေဟာ မြန်မာစစ်အစိုးရအတွက် အကျိုးထက် အပြစ်ပိုဖို့ကသာ များနေ
တယ်လို့လည်း ဦးဌေးအောင်က ယူဆထားတာပါ။

“နစ်နာမယ်ဆိုရင်တော့ မြောက်ကိုရီးယားက ဒီလောက်ကြီးဖြစ်မှာ မဟုတ်ဘူး။ မြန်မာ
အစိုးရကတော့ အဲဒီလိုဟာကြီးကို လက်ခံလိုက်ရင် သူက ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ
ဆိုတော့ ကုလသမဂ္ဂ ဥပဒေနဲ့ သူက ငြိမှာပဲ။ အခု ဒီသင်္ဘောကို တရားဝင် ရှာပြရမှာပဲ၊
ဒီသင်္ဘောမှာ ဘာမှမပါဘူးဆိုတာ သူ အာမခံရမှာပဲလေ။ အဲဒါတွေကို သူ့ဘက်က
တာဝန်ယူနိုင်မလားပေါ့နော်။ ကျနော်ထင်တယ် မြန်မာအစိုးရကတော့ တိုက်ရိုက်
ဝေဖန်ရှုတ်ချတာမျိုးတော့ ပိုခံရမှာပေါ့။

“အခု မြောက်ကိုရီးယားနဲ့ မြန်မာနဲ့က စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ရှိနေတာတော့
သေချာတယ်။ မြောက်ကိုရီးယားက အကြံပေးတွေလည်း မြန်မာပြည်မှာ ရှိနေတယ်။
နောက်တခုက လက်နက်တွေ၊ အထူးသဖြင့် ဒုံးကျည်တွေ၊ တာဝေးပစ် အမြောက်ကြီး
တွေ၊ အဲဒါတွေကိုလည်း သူတို့က တင်ပို့ပေးနေတယ်။ အဲတော့ အဲဒီကိစ္စတွေကို
အခုလို မြောက်ကိုရီးယားကို ကုလသမဂ္ဂကပါ အရေးယူလိုက်တယ်၊ နိုင်ငံခြားကို
လက်နက်တင်ပို့မှု တားဆီးလိုက်တယ်ဆိုတော့ မြန်မာစစ်အစိုးရအတွက်ကတော့
ကျနော်ထင်တယ်၊ နောက်လည်း အလားအလာ မရှိတော့ဘူး၊ အခု လက်ရှိကန်ထရိုက်
(Contract) တွေမှာလည်း တချို့ဟာတွေ ရဖို့ကြံနေတာဆိုလည်း ဒါတွေက ကိုးလို့
ကန့်လန့် ကျန်နေမယ့်သဘော ရှိတာပေါ့။”

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးအကဲခတ်တဦးဖြစ်သူ ဦးဌေးအောင် ပြောပြ
သွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကတော့ အခုလို ဟိုးလေးတကျော်ဖြစ်နေတဲ့ စစ်လက်နက်တွေ
သယ်ဆောင်ပြီး မြန်မာနိုင်ငံကို လာနေတယ်ဆိုတဲ့ မြောက်ကိုရီးယားသင်္ဘောနဲ့
ပတ်သက်လို့ တရားဝင် ပြောတာဆိုတာတော့ မကြားရသေးပါဘူး။


လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီးယားသင်္ဘော စစ်ဆေးဖို့ အမေရိကန် တိုက်တွန်း

23 June 2009


မြန်မာနိုင်ငံကို ဦးတည်နေတယ်လို့ ယူဆရတဲ့ သံသယရှိဖွယ် မြောက်ကိုရီးယား
သင်္ဘောကို လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း အရေးယူစစ်ဆေးမှုလုပ်ဖို့
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆိုပါတယ်။
ဒီသင်္ဘောဟာ အရင်တုန်းကလည်း တာတိုပစ်ဒုံးကျည် အစိတ်အပိုင်းအချို့ကို သယ်ပြီး
မြန်မာနိုင်ငံကို လာရောက်ပို့ဆောင်ခဲ့ဖူးတယ်လို့ စောင့်ကြည့်လေ့လာသူတွေကတော့
ပြောနေပါတယ်။ ဒီတော့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီယားနှစ်နိုင်ငံ စစ်လက်နက်ပစ္စည်း
ရောင်းဝယ်ဆက်စပ်မှုတွေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်လက်နက် အစီအစဉ်တွေကို ဟန့်တားဖို့အတွက်
စစ်လက်နက်ပစ္စည်းတွေ၊ နျူကလီးယားနဲ့ ဒုံးကျည်အစိတ်အပိုင်းတွေ တင်ပို့တာတွေ
တားမြစ်တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ထွက်ပြီး ဒါ ပထမဆုံးအကြိမ် မြောက်ကိုရီး
ယားဘက်က အကဲစမ်းမှုလို့ ပြောရပါမယ်။ ဆုံးဖြတ်ချက်အတိုင်းဆိုရင်တော့ ကုလ
သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မသင်္ကာဖွယ် မြောက်ကိုရီးယား သင်္ဘောတွေကို
နျူကလီယားလက်နက် အစီအစဉ်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ပါမပါ စစ်ဆေးလို့ရပြီး
ဖျက်ဆီးပစ်နိုင်ပါတယ်။ ကန်နန် ၁ (Kang Nam I) မြောက်ကိုရီးယားသင်္ဘောဟာ
စစ်လက်နက်ပစ္စည်းတွေကို တင်ဆောင်ပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်နေတယ်လို့
တောင်ကိုရီးယား ထောက်လှမ်းရေးသတင်းက ခန့်မှန်းထားပါတယ်။

အမေရိကန် ရေတပ်သင်္ဘောကတော့ ဒါကို သံသယဖြစ်ပြီး နောက်ယောင်ခံလိုက်နေ
ပေမယ့် ကြားဖြတ် ဟန့်တားစစ်ဆေးမှု လုပ်မလုပ်တော့ အမေရိကန် အစိုးရဘက်က
ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။ ဒါပေမယ့်လို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်
အတိုင်း လိုက်နာကြဖို့တော့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အီယန်
ကယ်လီ (Ian Kelly) က မနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို တိုက်တွန်းသွားပါ
တယ်။

“မြောက်ကိုရီးယားအနေနဲ့ ရန်စတဲ့လုပ်ရပ်မျိုးတွေ မလုပ်ဖို့ ကျနော်တို့ အမြဲတောင်းဆို
နေတာပါ။ ကျနော်တို့ နိုင်ငံခြားရေးဌာန အနေနဲ့ကတော့ ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ အရ အရေးယူဆောင်ရွက်မှုကို အလေးပေးပါတယ်။
အဲဒီဆုံးဖြတ်ချက်အရ သင်္ဘောကို စစ်ဆေးခွင့်ဟာ အရေးကြီးတဲ့အချက်ပါ။ ဒါကြောင့်
အခြား ကုလသမဂ္ဂနိုင်ငံတွေကိုလည်း ဒီဆုံးဖြတ်ချက် ၁၈၇၄ အတိုင်း ဆောင်ရွက်ဖို့
တိုက်တွန်းပါတယ်။”

ကန်နန် ၁ မြောက်ကိုရီးယားသင်္ဘောဟာ အရင်တုန်းကလည်း မြန်မာနိုင်ငံကို
လာရောက်ခဲ့ဖူးပြီး စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာခဲ့ဖူးတယ်လို့ လေ့လာသူ
တွေကတော့ ပြောပါတယ်။ ဒါ့အပြင် နျူကလီးယားထုတ်လုပ်မှုအတွက် အခြေခံပစ္စည်း
yellow cake ကို မြန်မာနိုင်ငံဘက်က မြောက်ကိုရီးယားနဲ့ အီရန်ဘက်ကို တင်ပို့နိုင်ဖွယ်
ရှိတယ်လို့လည်း သံသယတွေ ဖြစ်ထားကြပါတယ်။ မြောက်ကိုရီးယား-မြန်မာ ဆက်ဆံ
ရေးကို အနီးကပ်စောင့်ကြည့်နေတဲ့ Dictator watch က ရိုလန် ၀ပ်တ်ဆန် (Roland
Watson) ကတော့ အခုသင်္ဘောဟာ ဒုံးကျည်လက်နက်အချို့တင်ပြီး မြန်မာနိုင်ငံကို
လာနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ကန်နန် ၁ သင်္ဘောဟာ ၂၀၀၇ ခုနှစ်တုန်းကတကြိမ် မြန်မာနိုင်ငံက သီလ၀ါ
ဆိပ်ကမ်းကို ဆိုက်ရောက်ပြီး ကုန်တွေချဖူးပါတယ်။ ဒီသင်္ဘောဟာ ဒုံးကျည်အစိတ်
အပိုင်းတွေကို သယ်ဆောင်လာခဲ့တယ်ဆိုတဲ့ အမေရိကန်အစိုးရ ထောက်လှမ်းရေး
အဖွဲ့တွေရဲ့ သတင်းတွေက အတော်လေး ယုံကြည်စရာရှိပါတယ်။ ဒီအချက်ကို
ကြည့်ရင်ပဲ မြောက်ကိုရီးယားက ဒုံးကျည်အစိတ်အပိုင်းအချို့ မြန်မာနိုင်ငံကို ၂၀၀၇
ခုနှစ်ကတည်းက ရောက်နှင့်နေပြီဆိုတာ ထင်သာမြင်သာရှိပါတယ်။ ဒါကြောင့် အခု
သင်္ဘောဟာ မြန်မာနိုင်ငံကို သွားနေတယ်၊ အဲဒီထဲမှာ ဒုံးကျည်အစိတ်အပိုင်းတွေ
သယ်ဆောင်လာတယ်လို့ ကျနော်ယုံကြည်ပါတယ်။”

မြန်မာအစိုးရဟာ မြောက်ကိုရီးယားထံကနေ တာတိုပစ်ဒုံးကျည်တွေကို ရရှိပိုင်ဆိုင်
ထားပြီး ပတ်ဝန်းကျင်နိုင်ငံတွေကို ချိန်ရွယ်ထားတယ်လို့လည်း ရိုလန် ၀ပ်တ်ဆန်က
ပြောပါတယ်။

“၂၀၀၇ ဇူလိုင်ကတည်းက မြန်မာစစ်အစိုးရမှာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ရှိထားပြီ
ဆိုတဲ့ အထောက်အထားတွေ Dictator watch အဖွဲ့အနေနဲ့ ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒါတွေကို မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာ ချထားပြီး ထိုင်းနိုင်ငံဘက်က လေကြောင်း
စခန်းတွေကို ချိန်ရွယ်ထားပါတယ်။ သူတို့အနေနဲ့ အိန္ဒိယဘက်ကိုလည်း ချိန်ရွယ်ထား
နိုင်ပါတယ်။”

ဒီသင်္ဘောဟာ မြောက်ကိုရီးယားကို အပြန်မှာ မြန်မာနိုင်ငံက ဘာတွေ ပြန်သယ်ဆောင်
သလဲဆိုတာကတော့ မေးခွန်းထုတ်စရာပဲလို့လည်း ရိုလန်က ပြောပါတယ်။ သတင်း
တွေအရဆိုရင်တော့ အရင်တုန်းက မြောက်ကိုရီးယားသင်္ဘောတွေက မြန်မာနိုင်ငံက
ကုန်ချအပြန်မှာ မြောက်ကိုရီးယားနဲ့ အီရန်ဘက်တွေကို သွားရောက်တယ်လို့ ဆိုပါ
တယ်။ ဒါကြောင့် မြောက်ကိုရီးယား၊ အီရန်တို့ရဲ့ နျူကလီယား အစီအစဉ်တွေနဲ့
ပတ်သက်မှုရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။ ဒါကြောင့် အခုလို မြောက်ကိုရီးယား-
မြန်မာ နီးနီးကပ်ကပ် ဆက်ဆံလာတာဟာ နိုင်ငံတကာအတွက်တော့ ခြိမ်းခြောက်မှု
တခုလို့ သူက ယူဆပါတယ်။

“အခုလို မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံတွဲပြီး လုပ်ဆောင်နေတာတွေဟာ နိုင်ငံ
တကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေပါတယ်။ အရင် ဒုက္ခသည်တွေ ထိုင်းကို
ပြေးလာတာတွေ၊ မူးယစ်ဆေးဝါး ကုန်သွယ်မှု လုပ်ငန်းတွေထက်ကို ပိုပြီးဆိုးပါတယ်။
မြန်မာစစ်အစိုးရရဲ့ အခြေအနေဟာ ကမ္ဘာကြီးအတွက်၊ နိုင်ငံတကာ ငြိမ်းချမ်းရေး
အတွက် အဆိုးဆုံး ခြိမ်းခြောက်မှုတရပ် ဖြစ်လာပါတယ်။ အထူးသဖြင့်ကတော့
ဒေသတွင်းနိုင်ငံတွေကိုပါ။ ယူရေနီယံသန့်စင်မှုလုပ်တာ၊ ဒုံးကျည်လက်နက် အစီအစဉ်
လုပ်တာတွေ စတာတွေကြောင့် လက်နက်ပြန့်ပွားမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလက်နက်တွေဟာ နေရာအနှံ့အပြားက အကြမ်းဖက်သမားတွေဆီပါ ပျံ့နှံ့သွားနိုင်ပါ
တယ်။ သေချာတဲ့ အဓိကအချက်ကတော့ ဒေသတွင်းနိုင်ငံတွေကို ခြိမ်းခြောက်မှု
ဖြစ်ပါတယ်။ ထိုင်းတို့၊ အိန္ဒိယတို့လို နိုင်ငံတွေအတွက်ပါ။ ဒါပေမယ့် ဒါနဲ့တင်
ရပ်သွားမယ့်ပုံ မရှိပါဘူး။”

အမေရိကန်ဘက်ကလည်း ဒီသင်္ဘောကို လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း
စစ်ဆေးဖို့ တိုက်တွန်းမှုတွေ ရှိလာတာကြောင့် အခုလာမယ့် နှစ်ရက်သုံးရက်အတွင်း
အခြေအနေဟာ ပိုလို့ စိတ်ဝင်စားစရာရှိတယ်လို့ ရိုလန်က ပြောပါတယ်။

“စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စကတော့ မြန်မာနိုင်ငံကို မရောက်ခင် စင်ကာပူကို
ရောက်မယ့် အခြေအနေပါ။ နောက်လာမယ့် နှစ်ရက် သုံးရက်ဟာ အတော်လေးကို
စိတ်ဝင်စားစရာကောင်းလာမယ့် အခြေအနေပါ။ အမေရိကန် စစ်သင်္ဘောကလည်း
နောက်က ထပ်ချပ်မခွာ လိုက်နေတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ
စင်ကာပူဆိပ်ကမ်းကို ဆိုက်ရောက်လာရင် သင်္ဘောကို စစ်ဆေးမှု လုပ်လာနိုင်
ပါတယ်။”

မြန်မာနိုင်ငံက စစ်အရာရှိတွေ အထူးသဖြင့် စစ်ဖက်မှာ တတိယအကြီးဆုံး
ဗိုလ်ချုပ်ကြီးရွှေမန်းဟာ ဒီနှစ်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့
တာကြောင့် မြန်မာ-မြောက်ကိုရီးယား စစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့
သုံးသပ်လာကြတာပါ။ ဒါ့အပြင် မြောက်ကိုရီးယားဘက်က နျူကလီးယား နည်းပညာ
ရှင်တွေ အခြား စစ်ဖက်နည်းပညာရှင်တွေဟာလည်း မြန်မာနိုင်ငံတွင်းက ရုရှား
နျူကလီးယားဓာတ်ပေါင်းဖိုကိစ္စနဲ့ အခြားစစ်ရေးကိစ္စတွေမှာ လာရောက်ကူညီမှုတွေ
ရှိတယ်လို့လည်း အထောက်အထားတွေနဲ့ ရေးသားတင်ပြသူတွေလည်း ရှိပါတယ်။


စီးပွားရေးကျပ်တည်းမူ ဂယက် ရဟန်းတော်များ ရပ်တည်ရေးကို ရိုက်ခတ်
6/23/2009


ရခိုင်ပြည်နယ် တ၀န်းလုံးတွင် မကြုံစဖူးအောင် စီးပွားရေး ကပ်ဘေးဆိုက်ရောက်နေရာ အဆိုပါ စီးပွားရေး ဂယက်မှာ ရဟန်းတော်များ၏ ရပ်တည်နေထိုင်ရေးကိုပါ ရိုက်ခတ် လာသည်ဟု စာသင်သား ဦးဇင်း သောဘိတက မိန့်ကြားသည်။

အဆိုပါ ဦးဇင်းက “လူတွေက မကြုံစဖူးအောင် စီးပွားရေး ကပ်ဘေး ဆိုက်ရောက်နေတော့ ဘုရား တရား အလှူအတန်းဆိုတာလည်း လူတွေက စိတ်မ၀င်စားနိုင်တော့ဘူး။ ခု ဦးဇင်းတို့ စစ်တွေမှာ ဘယ်အတိုင်းအတာထိ လူတွေ အခြေအနေတွေ ဆိုးဝါးလာသလဲ ဆိုရင် ၀ါဆို ဆွမ်းဖိတ်လို့ မရအောင်ထိ ဖြစ်လာတယ်။ တလောက ဘင်္ဂလာဒေခ်ျ့က လာတဲ့ ရဟန်း (၂)ပါးအတွက် ၀ါဆိုဆွမ်းဖိတ်တာ အိမ် ၃၀ မှာ (၂) အိမ်ကဘဲ လက်ခံတယ်။ ကျန်တဲ့ အိမ်တွေက လက်ခံချင်ပါတယ် အရှင်ဘုရား။ ဒါပေမယ့် တပည့်တော်တို့မှာ ဒီနှစ် စီးပွားရေး အဆင်မပြေတဲ့ အတွက် တော်တော်အခက်အခဲရှိပါတယ် ဘုရား ဆိုပီး ဦးဇင်းတို့ ဆွမ်းဖိတ်တာကို လက်မခံကြဘူး တကာကြီး။ ဒီနှစ် ၀ါတွင်းမှာ ဦးဇင်းတော်တော်များ စားရေးသောက်ရေး အခက်အခဲ ရှိနိုင်ပါတယ်” ဟု ပြောသည်။

ရဟန်းတော်များ အနေဖြင့် ၀ါတွင်းကာလ အတွင်း သီတင်းသုံးနေစဉ် စားသုံးရန်အတွက် နေ့စဉ် ဆွမ်းခံ ကြွရောက်ရန် အနည်းဆုံး ၅ အိမ်ခန့်ကို ဆွမ်းဖိတ်ရသည်။ ထိုသို့ ဆွမ်းဖိတ်၍ မရရှိပါက ၀ါဆိုနေစဉ်အတွင်း စားရေးသောက်ရေး အခက်အခဲကျရောက်ကြရသည်။

ယခင်က စစ်တွေမြို့တွင် စာသင်သား ရဟန်းတော်များ ဆွမ်းဖိတ်လျှင် အိမ်တိုင်းက ကြည်ကြည်ဖြူဖြူဖြင့် လက်ခံကြသော်လည်း ယခုနှစ်တွင် ထိုသို့ မဟုတ်ဘဲ အိမ်အများစုက ငြင်းပယ်ကြသည်ဟု သိရသည်။

အဆိုပါ ဦးဇင်းက “ဦးဇင်းတို့ ဆွမ်းဖိတ်ဖို့ နေ့လည် ၂ နာရီကတည်းက ထွက်သွားတာ ညနေ ၅ နာရီထိပေါ့နော်။ အိမ် (၂) အိမ်ကဘဲ လက်ခံတယ်။ ဘင်္ဂလာက လာတဲ့ ရဟန်းတော်တွေက ဆွမ်းဖိတ်မရတော့ သူတို့လည်း ရှက်လာပြီး ဘင်္ဂလာကို ပြန်ဖို့တောင် သူတို့ ပြောတယ်။ နောက်နေ့တွေမှာ ဆက်ပြီး ဆွမ်းဖိတ် သွားဖို့ စီစဉ်ထားပါတယ်။ ရမလား မရလားတော့ မသိဘူး။ သွားတော့ သွားရမှာဘဲ တကာကြီး။ ဘုန်းကြီး အလုပ် ဘုန်းကြီး လုပ်တာ ရှက်စရာ တော့ မဟုတ်ပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ဆွမ်းဖိတ်မရသဖြင့် အနည်းဆုံး ရဟန်းတော် အပါး ၁၀၀ နီးပါးခန့်မှာ လူဝတ်လဲသွားပြီး တချို့မှာ မိမိရပ်ရွာကို ပြန်သွားကြသလို တချို့မှာလည်း အလုပ် လုပ်ကိုင်ရန် ထိုင်းနှင့် မလေးရှားနယ်စပ်သို့ ထွက်ခွာသွားကြသည်ဟု တခြား ဦးဇင်း တပါးကလည်း ပြောသည်။

စစ်တွေမြို့တွင် ဘုန်းတော်ကြီး ကျောင်းပေါင်း ၃၀၀ ကျော်ရှိပြီး ရဟန်းတော် ၃၀၀၀ ကျော်ရှိသည်ဟု စစ်တွေက ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။

စစ်တွေမြို့မှာ အစားအသောက်ပေါပြီး အစားအစာ ဖုံလုံသည့် အပြင် ဘာသာ တရားကို ကိုင်းရှိုင်းသူ ပေါများသဖြင့် ယခင်က ရဟန်းတော်များ သီတင်း သုံးရာတွင် စားရေး သောက်ရေးနှင့် တစုံတရာ အခက်အခဲ မရှိသော်လည်း လွန်ခဲ့သောနှစ် အနည်းငယ်က စပြီး စီးပွားရေး အကျပ်အတည်းများကြောင့် ဘာသာရေးဘက်တွင် လစ်ဟင်းလာမူများရှိသည်ဟုလည်း မိဇံရပ်ကွပ်မှ ဘုရားတကာကြီး ဦးလှထွန်းက အတည်ပြု ပြောဆိုသည်။

စစ်တွေ ဘုရားကြီးနှင့် ပြတိုက်အတွင်းမှ အဖိုးတန် အနုပညာ လက်ရာ ပစ္စည်းများ ပျောက်ဆုံးမူ ရှိနေ
6/23/2009


စစ်တွေမြို့ရှိ အတုလ မာရဇိန် ဘုရားကြီးနှင့် ယင်းဘုရားကြီး အတွင်းရှိ ပြတိုက်ငယ် အတွင်းတွင် လုံထိန်းနှင့် ရဲသားများ နေရာယူထားသဖြင့် တချို့ ရှေ့ဟောင်း လက်ရာ အနုပညာ ပစ္စည်းများ ပျောက်ဆုံးလျှက်ရှိသည်ဟု အလှူရှင် တဦးက ပြောသည်။

“အခု ဘုရားကြီး အတွင်းမှာ အများသူငယ် ကြည့်ရှု့နိုင်ရန် ဆိုပြီး ကျနော်က အထူး လက်ရာ မြှောက်တဲ့ ဆရာတော် ဦးဥတ္တမ ပုံတော်တခုကို လှူဒါန်း ချိတ်ဆွဲထားပါတယ်။ ခု အဲဒီကားက ပျောက်ဆုံးနေပါတယ်။ ဘုရားကြီး အတွင်းမှာ မရှိတော့ပါဘူး။ ”

ယခုအခါ ဘုရားကြီးတွင် တာဝန်ကျသည့် ရဲသားနှင့် လုံထိန်းများမှာ ဘုရားကြီး ပရ၀ုဏ်အတွင်းတွင်သာမက ဘုရားကြီးအတွင်းရှိ ပြတိုက်ငယ် အတွင်းတွင်ပင် နေရာ ယူထားသည်ဟု သိရသည်။

သူက “ဘုရားကြီး ပြတိုက်အတွင်းမှာ စေတနာရှင်တွေက အများသူငါ မြင်တွေ့ နိုင်အောင်ဆိုပြီး ရှေ့ဟောင်းဘုရားတွေ၊ ရှေ့ဟောင်း ရခိုင်ဒင်္ဂါးတွေကို လာထားပြီး ပြသထားပါတယ်။ ခုလို ရဲသားတွေနဲ့ လုံထိန်းတွေက ပြတိုက်အတွင်း တည်းခိုနေတာကြောင့် ပျောက်ဆုံးမူတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘုရားဂေါပကတွေကိုလည်း သွားအကြောင်းကြားရင် သူတို့လည်း ဘာမှ မတတ်နိုင်ဘူးဆိုပြီး ပြောပါတယ်။ ” ဟု ပြောသည်။

စစ်တွေ ဘုရားကြီးတွင် ဂေါပက အဖွဲ့ရှိသော်လည်း အဆိုပါ ရဲသားနှင့် လုံထိန်းများ တည်းခိုနေထိုင် နေခြင်းနှင့် ပတ်သက်ပြီး မည်သို့မှ တားမြစ်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။

အမည်မဖေါ်လိုသူ ဘုရားဂေါပက တဦးက “ဆန္ဒပြတဲ့ ရဟန်းတော်တွေက စစ်တွေမှာ ဆန္ဒပြရင် ဘုရားကြီးမှာ စုဆုံပြီး ဆန္ဒပြလေ့ရှိတော့ အာဏာပိုင်တွေက ဘုရားကြီးမှာ လုံခြုံရေး အမြဲချထားပါတယ်။ ဒါကို သွားဟန့်တားရင် တခုခု ပြဿနာ ပေါ်တဲ့အခါ ဘယ်သူက တာဝန်ယူမလဲ။ ဒါကြောင့် သူတို့ကို ဒီအတိုင်းဘာမှ မပြောနိုင်ဘဲ ထားရတာ ဖြစ်ပါတယ်။ ” ဟု ပြောသည်။

ယခုကဲ့သို့ ဘုရားကြီးအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ နေရာ ယူထားသဖြင့် ရှေ့ဟောင်း ပစ္စည်းများ ပျောက်ဆုံးနေသည်သာမက ဘုရားဖူးသူများ အနေဖြင့်လည်း လွတ်လွတ်လပ်လပ် ဘုရားဖူး၍ မရဘဲ ဖြစ်နေသည်ဟု သတင်း ရရှိသည်။

မြန်မာ-ဘင်္ဂလာ တပ်မှူး အဆင့် ဆွေးနွေးပွဲ ကော့ဘဇားတွင် ပြုလုပ်မည်
6/22/2009


မြန်မာ-ဘင်္ဂလာ တပ်မှူး အဆင့် နယ်ခြား အစည်းအဝေးသို့ တက်ရောက်ရန်အတွက် နစကဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် (အင်္ဂါနေ့)က မောင်တောမြို့မှ တဆင့် တက်ကနက်မြို့သို့ ရောက်ရှိလာသည်။

အဆိုပါ အဖွဲ့တွင် ကိုယ်စားလှယ် ၂၅ ဦး ပါဝင်ပြီး ကော့ဘဇားမြို့တွင် နှစ်နိုင်ငံဆိုင်ရာ နယ်စပ် အရေးကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်။

အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီမှ စတင်ပြီး ကော့ဘဇားရှိ နိုင်ငံတကာ အဆင့် ဟိုတည် တခုတွင် ကျင်းပမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့မှ စစ်တကောင်းတိုင်း ဘီဒီအာရ် တပ်မှူး တက်ရောက်မည် ဖြစ်ပြီး သူနှင့်အတူ အမှတ် ၁၃ နှင့် ၂၄ ဘီဒီအာရ် တပ်ရင်းမှူးများ အပါအ၀င် ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်မည် ဖြစ်သည်။

အစည်းအဝေးတွင် နယ်စပ် ကုန်သွယ်ရေး ကိစ္စ၊ လူမှောင်ခို ကိစ္စ၊ ပစ္စည်းမှောင်ခိုကိစ္စနှင့် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလာဒေခ်ျ့သို့ ခိုးဝင်နေသော ဒုက္ခသည်ကိစ္စများကို ဆွေးနွေးကြမည်ဟု နယ်စပ်အကြောင်း လေ့လာနေသူ ဦးမင်းအောင်က ပြောသည်။

မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် လှေ (၃) စီး ရနောင်မြို့တွင် အဖမ်းခံရ
Tue 23 Jun 2009, မိမွန်စွန်း
ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည့် မြန်မာအလုပ်သမား (၃၃) ဦးတင်ဆောင်လာသည့် လှေ (၃) စီးကို ရနောင်းမြို့တွင် ယမန်နေ့ည (၈) နာရီခန့်တွင် ထိုင်းရဲတို့က ဖမ်းဆီးလိုက်သည်။

အဖမ်းခံရသည့် အလုပ်သမားများသည် အများအားဖြင့် မွန်လူမျိုးများဖြစ်ကြပြီး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များမှ ဒေသခံများဖြစ်ကြသည်။

“အဖမ်းခံထားရတဲ့ လူ (၃၃) ယောက်ဟာ၊ ရနောင်မြို့က အချုပ်ခန်းမှာ ချုပ်ထားပါတယ်၊ သူတို့ကို ရွေးထုတ်ဖို့အတွက် ဘယ်သူကမှမရှိဘူး၊ သူတို့ကို ခေါ်လာတဲ့ ပွဲစားတွေကလည်း၊ ပေါ်မလာဘူး” ဟု လှေပိုင်ရှင်တစ်ဦးက ပြောသည်။

လွန်ခဲ့သောမေလတွင် ကော့သောင်းနှင့်ရနောင်အကြား လှေမှောက်ပြီး အလုပ်သမား (၁၁) ဦး သေဆုံးပြီးနောက်ပိုင်း၊ ကော့သောင်းမြို့သို့ လှေဖြင့်ဝင်ရောက်လာသည့် လူများကို တင်းကြပ်စွာစစ်ဆေးကာ တနသာင်္ရီတိုင်း နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင် သူများသာလျှင် ကော့သောင်းသို့ ဝင်ခွင့်ပြုသည်ဟု ကော့သောင်းမြို့ခံ တစ်ဦးက ပြောသည်။

ယမန်နေ့က အဖမ်းခံရသူများသည် ထားဝယ်မြို့မှ ကော့သောင်းမြို့သို့ မော်တော်ကားဖြင့် သွားရောက်ခဲ့သည်။ ကားလမ်းတစ်လျှောက်ရှိ ဂိတ်များကို ဂိတ်ဖြတ်ကြေး အနည်းငယ်ပေးဆောင်ရပြီး ကော့သောင်းဂိတ်ဝင်ကြေးကို တစ်ဦးလျှင် (၅၀၀၀) ကျပ်ဖြင့် ပွဲစားက ပေးရသည်။

လှေမှောက်ပြီးနောက်ပိုင်း၊ ကော့သောင်းလှေဂိတ်တွင် အာဏာပိုင်တို့က စောင့်ဆိုင်းကာ စစ်ဆေးမှုပြုလုပ်နေပြီး တနသာင်္ရီ ဒေသခံတို့မှတစ်ပါး အခြားဒေသမှလာသော နိုင်ငံသားလက်မှတ်ကိုင်ဆောင်သူများကို လုံးဝဖြတ်သန်းခွင့်မပြုပါ။

လှေမမှောက်ခင်က ဒေသအသီးသီးမှ ကော့သောင်းမြို့သို့ ဝင်ရောက်သူများကို စစ်ဆေးပြီး နားလည်မှုသဘောဖြင့် ငွေကြေးပေးလျှင် အလွယ်တကူဝင်ရောက်နိုင်သော်လည်း ယခုနောက်ပိုင်း ပိုက်ဆံပေးသော်လည်း မရသည့် အနေအထားပင်ဖြစ်သည်။

ကော့သောင်းမြို့သို့ဝင်ရန် လှေလမ်း ပိတ်ပင်ထားသော်လည်း၊ ကားလမ်းဖြင့် ဝင်ရောက်သည်ကို စစ်ဆေးမှု မတင်းကြပ်ကြောင်း အထက်ပါ ကော့သောင်းမြို့ခံဖြစ်သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသူများသည် အများအားဖြင့် ရေးလမ်းဖြင့်သာ သွားကြသည်။ ကားလမ်း အသုံးပြုသူနည်းပါးလျက်ရှိသည်။ အကြောင်းမူကာ လှေဖြင့်သွားလျင် လှေခ (၄၀၀၀၀) ကျပ်ကုန်ကျပြီး၊ တစ်ရက်ခရီးဖြင့် ကော့သောင်းသို့သွားရောက်သည်။ ကားဖြင့်သွားလျင် ပွဲစားမှ တစ်ဦးကို ကျပ် (၈၀၀၀၀) ခန့်အကုန်ကျခံပြီး ခရီးလည်းကြန့်ကြာသည်ဟု ၄င်းက ဆက်ပြောသည်။

မြန်မာ အမျိုးသမီးကြီး ကမ္ဘာ့အသက်ကြီးဆုံး လူသား ဖြစ်ဖွယ်


မြန်မာ အဘွားအို တဦး ဆေးလိပ်ဖွာ နေစဉ် © FoodBugLady
ကမ္ဘာ့ အသက် အကြီးဆုံး လူသားဟု ယူဆ ရဖွယ်ရှိသည့် အမျိုးသမီးကြီး တစ်ဦး ကို မြန်မာ နိုင်ငံတွင် တွေ့ရှိရကြောင်း ပြည်တွင်း သတင်းဂျာနယ် တစ်စောင် က ဖော်ပြ ခဲ့သည်။

ဒေါ်မြကြည် အမည်ရှိ အဆိုပါ အဘွားအို သည် အသက်အားဖြင့် (၁၁၇) နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။ ဒေါ်မြကြ သည် မန္တလေးတိုင်း ရှိ မယ်တော်စု ကျေးရွာတွင် မွေးဖွား ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တွင် ခင်ပွန်း သည် ဆုံးပါး သွားသဖြင့် မုဆိုးမ ဘ၀ဖြင့် နေထိုင် နေရသည်။ သမီးနှစ်ဦး ရှိသော်လည်း သမီးအကြီး မှာ မိခင် နှင့် အဆက်အသွယ် မရှိဟု ဆို သည်။ သူမ သည် စိတ်သဘောထား ကောင်းမွန် သည့် အမျိုးသမီးကြီး တစ်ဦး ဖြစ်ကြောင်း ကျေးရွာ လူထု ထောက်ခံ ပြောဆို ခဲ့ကြပြီး ယခုအခါ ဒေါ်မြကြည် မှာ စေတနာရှင်များ ဆောက်လုပ် လှူဒါန်း ထားသည့် အိမ် တွင် နေထိုင် နေကြောင်း သိရ သည်။

ဒေါ်မြကြည် က သူမ သည် နိစ္စဓူဝ ကို ပုံမှန်သာ ဖြတ်သန်း နေခြင်း ဖြစ်ပြီး အသက်ရှည်ခြင်း အတွက် သီးသန့် လျှို့ဝှက်ချက်မျိုး မရှိကြောင်း ပြောကြား ခဲ့သည်။ ဒေါ်မြကြည် သည် ယခု အချိန်ထိ မည်သည့် အစားအသောက်ကို မဆို ကောင်းမွန်စွာ စားသောက် နိုင်သော်လည်း ကျန်းမာရေး လိုအပ်ချက်ကြောင့် အချဉ် ကို ရှောင်ကြဉ်ကြောင်း ပြောဆို ခဲ့သည်။

လက်ရှိ ကမ္ဘာ့အသက် အကြီးဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ် ခံထားရ သူမှာ ဗြိတိန် နိုင်ငံ မှ ဟင်နရီအယ်လင်ဂမ် အမည်ရှိ အဘိုးအို ဖြစ်ပြီး ၎င်း ၏ အသက်မှာ (၁၁၃) နှစ် ဖြစ်ကြောင်း သတင်း ရရှိသည်။!



အီရန် နိုင်ငံရေးအန်တုမှု များတွင် အမျိုးသမီးများ ရှေ့တန်းက ပါဝင်လာ
June 24, 2009 · Leave a Comment
၂၄ ဇွန် တီဟီရန်၊ ၊စီအန်အန်


Iranian women stand up in defiance, flout rules

ဆန္ဒပြပွဲ တွင် ပစ်သတ်ခံရမှု ကြောင့်သေဆုံးသွားခဲ့သည့် အီရန် တက္ကသိုလ်ကျောင်းသူ နီဒါ ဆူလ်တန်
စနေ နေ့ က ဖြစ်ပွားခဲ့သော တီဟီရန် ဒီမိုကရေစီ ရေး တောင်းဆို ဆန္ဒပြပွဲ များတွင် အစိုးရ တပ်က ပစ်ခတ် နှိမ်နှင်းခဲ့သဖြင့် သေဆုံးရသူ များတွင် အသက် ၂၆ နှစ် အရွယ်ရှိ တက္ကသိုလ် ကျောင်းသူ နီဒါ အီဟန် ဆူလ်တန် နီ မှာ အီရန် အမျိုးသမီး တို့ ၏ စံပြ ဖြစ်ခဲ့ပြီး သူသေဆုံးရမှု ကြောင့် အီရန် အမျိုးသမီးများ ၏ နိုင်ငံရေးလှုပ်ရှားမှုများမှာ ပို၍ အားကောင်းလာခဲ့သည်။



“နီဒါ ဆိုတာ ပါရှား ဘာသာ နဲ့ အသံ လို့ အဓိပ္ပာယ်ရတယ်။သူဟာ အီရန် ပြည်သူလူ ထုရဲ့ အသံဖြစ်တယ်။ဒီမိုကရေစီ လိုလားတဲ့ အီရန် ပြည်သူလူထု တွေ ရဲ့ သင်္ကေတ လည်းဖြစ်တယ် ”လို့ တီဟီရန် အာဇတ် တက္က သိုလ် မှာ သူနဲ့ အတူ ဒဿနိက ဗေဒ ပညာရပ် သင်ကြားခဲ့ဖူးသူ တစ်ဦးက စီအန်အန် သတင်းဌာန ကို ပြောသည်။

ရဲတပ်ဖွဲ့ ကပစ်ခတ်ခဲ့သဖြင့် သူမလမ်းပေါ်လဲကျပြီး သေဆုံးရပုံကို လက်ကိုင်ဖုန်း ကင်မရာဖြင့် မှတ်တမ်းတင်ထားသော သူမ၏ နောက်ဆုံးထွက် သက် ဗီဒီယိုသည် ယူကျုဘ် ၀ဘ်ဆိုတ် တွင် တင်ထားရာမှ ကမ္ဘာ ကျော် သွားခဲ့သည်။

နီဒါသည် ဂီတ ပညာရှင် တစ်ဦးဖြစ်ရန် လေ့လာနေသော သူတစ်ဦးလည်း ဖြစ်ပြီး ကမ္ဘာ လှည့်ခရီးသွားလမ်းညွှန် တစ်ယောက် အဖြစ် ဒူဘိုင်း၊တူရကီ နှင့် ထိုင်း နိုင်ငံ များသို့ ရောက်ဖူးသူ ဖြစ်သည်။ဇွန်လ တွင် ကျင်းပခဲ့သည့် အီရန် ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲ မသာမာ မှု ကြောင့် ရှုံး နိမ့်ခဲ့သော ပြုပြင်ပြောင်းလဲ ရေးဝါဒီ ဟူစိန် မူဆာဗီ အားထောက်ခံ ဆန္ဒပြပွဲ များတွင် အမျိုးသမီးအဖွဲ့အားဦးဆောင် ခဲ့သူ တစ်ယောက် ဖြစ်သည်။

တီဟီရန် တွင် မငြိမ်မသက် မှု များစတင် ဖြစ်ပွားကတည်းက အီရန် အစိုးရကဖမ်းဆီးထားသူ များတွင် အနည်းဆုံး အမျိုးသမီး ခုနှစ်ရာ ခန့် ပါဝင်မည် ဟု နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့ များက ခန့်မှန်းထားသည်။

စနေနေ့ က အက်ဇဒါ ရင်ပြင် တွင် သေနတ်မှန်ပြီးနောက် မိနစ် အနည်းငယ် အတွင်း သေဆုံးခဲ့သည့်နီဒါ အမှတ်တရ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပရန် စီစဉ် ထားသည် ကို အီရန် အစိုးရ က ခွင့်မပြုကြောင်း တီဟီရန် ဘလောက် တစ်ခု တွင် ဖေါ်ပြထားသည်။

တီဟီရန် ရဲချုပ် အက်ဇစ်ဇိုလာ ရာဂျာဆာဒဘ် က ဆန္ဒပြပွဲတွင် သေဆုံးရသူများအတွက် ကရုဏာကြေး ပေါင် ၁၈၀၀ ထောက်ပံ့သည်။

နီဒါ သေဆုံးပြီးနောက် ၀ါရှင်တန် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ ၌ ၁၉၇၉ခု နှစ်က ဖြုတ်ချခံခဲ့ရသည့် ဘုရင် မိုဟာမက် ဖာလာဗီ ၏ သားဖြစ်သူ ရီဇာ ဖာလာဗီက နီဒါကို ရည် ညွှန်း၍ “သူဟာအီရန် နိုင်ငံရဲ့  ဂျုံးအော့ အတ် ပဲ ”ဟု ပြောဆိုခဲ့သည်။

ဆန္ဒပြပွဲ များကို ဦးဆောင်သည့် သမ္မတဟောင်း ရဖ်ဆန်ဂျာနီ ၏ သမီးဖြစ်သူ အား အီရန် အာဏာ
ပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသည်။အီရန် ပြူပြင် ပြောင်းလဲရေးဝါဒီ ဟူစိန် မူဆာဗီ ၏ ဇနီး
ဖြစ်သူ ဇာဟာရာ က အမျိုးသမီး များကို ဆက်လက် ဦးဆောင် ရာ အီရန် နိုင်ငံ ၏ နိုင်ငံရေး အန်
တု မှု များတွင် အမျိုးသမီးများ ပိုမို ရှေ့ တန်းရောက်လာကြသည်။



အမေရိကန် စာနယ်ဇင်းဆရာ တစ်ဦးလာရောက်ပို့ ချဦးမည်
June 23, 2009 · Leave a Comment
၂၃ ဇွန် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး

American Journalist Instructs in Myanmar


မေလ က တိုင်းပြည်မှ နှင်ထုတ်ခံရသူ စာရေးဆရာမ ကာရင်းကုတ်
မြန်မာ နိုင်ငံစာပေ နှင့် စာနယ်ဇင်း မှ သြဂုတ်လဆန်းတွင်စတင်ဖွင့်လှစ်မည့် စာနယ်ဇင်းပညာသင်တန်း အမှတ် ၂ အတွက် ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးမှ ကူညီပေးမှု ဖြင့် အမေရိကန် ကော်လိုရာဒိုတက္ကသို လ် မှ နည်းပြဆရာ တစ်ဦးဖြစ်သူ မစ္စတာ ဒေါက် ကော့ စပါးမှ လာရောက် ပို့ ချပေးမည် ဟုသိရသည်။

နှစ်ပတ်ကြာမြင့်မည့် ထိုသင်တန်းကို ဇွန်လ ၃၀ ရက်နေ့ မှ သြဂုတ် လ ၁၄ ရက်နေ့ ထိ ဖွင့်လှစ်မည်
ဖြစ်ပြီး ရန်ကုန် မြို့ ကုန်သည် လမ်းရှိ စာပေဗိမာန် တွင် ပို့ ချမည် ဖြစ်သည်။အမေရိကန် သတင်းစာဆရာ နှင့် အတူ ဂျာမနီ သတင်းစာ ဆရာ ဗျော့ ရသ်ချတ် ဆိုသူလည်း ပူးတွဲ သင်ကြားမည် ဖြစ်သည်။

ဖေဖေါ်ဝါရီ လက မြန်မာ နိုင်ငံတွင် ဆောင်းပါး နှင့် ဓာတ်ပုံပညာ သင်တန်း လာရောက် ပို့ ချသည့်
အမေရိကန် စာနယ်ဇင်းပညာ ကျွမ်းကျင်သူ ဇနီးမောင် နှံ နှစ်ယောက် ကို တရားဝင် ခွင့်ပြုခဲ့သော်
လည်း မေလတွင် ဒေါ်အောင် ဆန်းစုကြည် ၏ နေအိမ်သို့ အမေရိကန် နိုင်ငံသား ယက်တော ရေကူးဝင်ရောက် သည် ဆို သော ကိစ္စ နှင့် ဆက်စပ် ပတ်သက်သည် ဟု စွပ်ဆွဲပြီး နေအိမ် မှ နှင် ထုတ်ခဲ့သည်။

ဓာတ်ပုံ သတင်းထောက် ဂျယ်ရီရက် ဖန်း နှင့် ဇနီးဖြစ်သူ စာရေးဆရာမ ကာရင်းကုတ် တို့ မှာ မေလက မန္တလေး မြို့ တွင် သင်တန်းပို့ ချနေစဉ် ရဲ အထူးသတင်းတပ်ဖွဲ့ ဖမ်းဆီးပြီး တိုင်းပြည် မှ နှင် ထုတ်ခဲ့ခြင်းဖြစ်သည်။

ထို စာနယ် ဇင်း ဇနီးမောင် နှံ နှစ်ယောက် မှာ ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံး ရှိ အမေရိကန် စင်တာမှ စီစဉ် ပေးမှု ဖြင့်ရောက် ရှိခဲ့ခြင်းဖြစ်သည်။၎င်း တို့ နှစ်ဦး၏ သင်တန်း များအတွက် ရန်ကုန်မြို့ အမေရိကန် သံရုံးက ဖွင့်လှစ်ထားသော အမေရိကန်စင်တာ၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။

ကာရင်း ကုတ်(စ)တို့ ပို့ ချသော သင်တန်းများကို တက်ရောက် ဖူးသူ လူငယ် စာနယ်ဇင်း ဆရာ
တစ်ဦးက “စာပေ နဲ့ စာနယ်ဇင်း သင်တန်းက ဆိုရင် လျှောက် လို့ ရတယ် ဆိုပေမယ့် သူ တို့ နဲ့ နီးစပ်သူတွေ ကိုပဲ ခေါ်တာပါ။လာတဲ့ စာနယ်ဇင်းဆရာ တွေ ဆီကတော့ ပညာရတယ် ဒါပေမယ့် အစိုးရကခု တစ်မျိုး တော်ကြာတစ်မျိုးလုပ်နေ တော့ ဘယ်ကောင်းမလဲ ဟု Freedom News Groupသို့ ပြောသည်။

စာပေ နှင့် စာနယ် ဇင်းမှ ပို့ ချမည့် ထို သင်တန်းကို အမေရိကန် စင်တာ နှင့် ဂျာမန် အကူ အညီပေးရေးအဖွဲ့ အစည်းတစ် ခုဖြစ်သော Fredrich Ebert Stifturge ဖောင်ဒေးရှင်းမှ ကူညီပံ့ ပိုးပေးခြင်းဖြစ်သည်။


မြောက်ကိုရီးယားသင်္ဘော မြန်မာပြည်သို့ ဦးတည်နေကြောင်းပြောဆို
2009-06-23

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ်ထားတဲ့ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာတယ်လို့ သံသယရှိနေတဲ့ မြောက်ကိုရီးယားသင်္ဘောဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဦးတည် ခုတ်မောင်းနေတာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ယူဆကြောင်း အမည် မဖော်လိုတဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိတဦးက ဇွန်လ ၂၂ရက် မနေ့က ပြောလိုက်ပါတယ်။

(Photo: AFP)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ တားမြစ်ပိတ်ပင်ထားသော စစ်လက်နက် ပစ္စည်းများ တင်ဆောင်ထားသည်ဟု သံသယရှိသော မြောက်ကိုရီးယား သင်္ဘော ကင်နန် (၁) ကို နောက်ယောင်ခံ လိုက်နေသည့် အမေရိကန်ရေတပ်မှ ဒုံးကျည်တင် ဖျက်သင်္ဘော ယူအက်စ်အက်စ် ဂ္ဆွန် မက်ကိန်း ဖြစ်ပါသည်။ (Photo: AFP)

ဒီ မြောက်ကိုရီးယားသင်္ဘောဟာ လာမဲ့ရက်ပိုင်းအတွင်း ရန်ကုန် သီလဝါဆိပ်ကမ်းကို ဆိုက်ရောက်ဖို့ ရှိတယ်လို့ ဆိပ်ကမ်းတာဝန်ရှိသူတဦးကို ကိုးကားပြီး ထိုင်းအခြေစိုက် ဧရာဝတီ On Line မဂ္ဂဇင်းမှာ ရေးသားထားပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးသိပ္ပံဌာန ပညာရှင်တဦးက ပြောဆိုရာမှာ မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို သေနတ်နဲ့ အမြောက်တွေအပါအဝင် အသေးစားလက်နက်တွေ ရောင်းချပေးနေတယ်လို့ ယူဆရပေမဲ့ ဒုံးပျံတွေတော့ မပါဘူးလို့ ဆိုပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ထားတဲ့အတွက် မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံကနေ လက်နက်တွေ ဝယ်ယူနေတယ်လို့ အားလုံးက ယုံကြည်နေကြတာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ တကယ်လို့ တားမြစ်ထားတဲ့ စစ်လက်နက်တွေ တင်ဆောင်လာတာ သေချာတယ်ဆိုရင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးဟာ မြောက်ကိုရီးယားရဲ့ ခွင့်ပြုချက်နဲ့ သင်္ဘောကို တက်ရောက်စစ်ဆေးခွင့် ရှိတယ်လို့ ဆိုပါတယ်။ လောလောဆယ် ဒီမြောက်ကိုရီးယား သင်္ဘောကို အမေရိကန်ဖျက်သင်္ဘောက နောက်ယောင်ခံ လိုက်နေပေမဲ့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ဖို့ အလားအလာတော့ မရှိပါဘူးလို့ လေ့လာသူတွေ က ပြောဆိုနေကြပါတယ်။

၁၄ နှစ်အရွယ် ကလေးစစ်သားကို မိဘများထံ ပြန်မအပ်သေး
2009-06-23

ရန်ကုန်တိုင်း တွံတေးမြို့နယ်က အသက် ၁၄ နှစ်အရွယ် ကလေး ပျောက်သွားလို့ လိုက်ရှာရာမှာ စစ်သားစုဆောင်းရေးမှာ ရောက်နေတယ်လို့ သိရပါတယ်။

(Photo: AFP)

မြန်မာ စစ်အစိုးရ၏ တပ်မတော်တံဆိပ်ကို စစ်ဦးထုပ်တွင် တပ်ဆင်ထားပုံ ဖြစ်ပါသည်။ (Photo: AFP)

အဲဒီကလေးကတော့ သန်းပင်စမ်းရွာက ဦးမြသန်း၊ ဒေါ်ကြူကြူမာတို့ရဲ့သား မောင်ဇင်မင်းအောင် ဖြစ်ပြီး၊ မေလ ၃၁ ရက်နေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ ပျောက်သွားခဲ့တာပါ။ လိုက်စုံစမ်းတဲ့အခါ စစ်သားစုဆောင်းရေးတပ်က စစ်သားသစ်နာမည် စာရင်းမှာ သွားတွေ့ခဲ့ရပုံကို မိခင် ဒေါ်ကြူကြူမာက RFAကို ပြောပါတယ်။

ဒေါ်ကြူကြူမာ။ ။ 'က္ဆွန်မသား ပျောက်လို့ က္ဆွန်မ လိုက်ပြီး စုံစမ်းတော့ ၆လပိုင်း ကြာသပတေးနေ့မှာ သတင်းရတယ်။ တပ်ရင်း (၇ဝ) တပ်ကြပ်ကြီး ဦးဝင်းမြင့်က က္ဆွန်မသားလေးကို ခေါ်သွားတဲ့ သတင်းရတော့ က္ဆွန်မ သွား စုံစမ်းပြန်တော့ စစ်တပ်ထဲမှာလည်း ဘာမှ သတင်းမရဘူး။ အဲဒီတော့ က္ဆွန်မ ဟိုလူ့မေး ဒီလူ့မေးနဲ့ ဒညင်းကုန်း စုဆောင်းရေးတပ်ကို က္ဆွန်မတို့ ရောက်သွားတယ်။ ရောက်သွားတော့ ဒညင်းကုန်း စုဆောင်းရေးတပ်မှာ ၆လပိုင်း ၁ရက်နေ့မှာ က္ဆွန်မသား နာမည် သွားတွေ့တယ်။ က္ဆွန်မ သူ့ရဲ့ မိဘပါလို့ ပြောတော့ အဲဒီမှာ အဝင်ရှိတယ်ဆိုတော့ အထဲမှာ ကျတော့ က္ဆွန်မသား မရှိဘူးတဲ့။ ပေါင်ကလည်း ၈၆ပေါင်ပဲ ရှိတယ်တဲ့။ အသက်ကလည်း ငယ်တယ်တဲ့။ ဆေးကလည်း မအောင်လို့ တပ်ကြပ်ကြီး ဝင်းမြင့်နဲ့ ပြန်ထည့်ပေးလိုက်တယ်တဲ့။ က္ဆွန်မသားနဲ့ သူ့သူငယ်ချင်း ဇော်ဇော်နဲ့ကို ပြန်ထည့်ပေးလိုက်တယ်တဲ့။'

ခလရ တပ်ရင်း (၇ဝ) ဆိုတာက တွံတေးမြို့ ရန်ကြီးအောင်ပိုင်မှာ အခြေစိုက်တာပါ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တွံတေးမြို့နယ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ စရဖ ကို ဇွန်လ ၁၁ ရက်နေ့က သွားတိုင်တဲ့အခါ ခလရ (၇ဝ) မှာရှိတဲ့ အရာရှိတွေနဲ့ ခေါ်တွေ့ပြီး တပ်ကြပ်ကြီး ဝင်းမြင့်ကို စစ်ဆေးတဲ့အခါ ပြန်ခေါ်ပေးပါမယ်လို့ ကတိပေးခဲ့ပေမဲ့ ကလေးက အိမ်ပြန်ရောက် မလာသေးတဲ့အကြောင်း မိခင်ဖြစ်သူက ဆက်ပြောပါတယ်။

ဒေါ်ကြူကြူမာ။ ။ 'က္ဆွန်မတို့ သူက ၂၃ရက်နေ့အထိကို စောင့်ပေးပါ၊ ခေါ်ပေးပါမယ်လို့ ပြောထားပါတယ်။ အခုချိန်ထိ ဘာသတင်းမှ မရတဲ့အပြင် က္ဆွန်မတို့ဆီကို စာလာသေးတယ်၊ ဦးဝင်းမြင့်ဆီက။ ဥက္ကဋ္ဌဆီကတဆင့် က္ဆွန်မတို့ကို ပေးခိုင်းတာပါ။ သို့ ဥက္ကဋ္ဌပေါ့၊ ဇင်မင်းအောင် အဖေနဲ့ အမေနဲ့ အိမ်ကို လွှတ်လိုက်ပါပေါ့။ တိုက်ခန်းကိုပေါ့။ မလာက မိမိရဲ့ တာဝန်ဆိုပြီး က္ဆွန်မတို့ကို အဲလို ရေးပေးခဲ့ပါတယ်။ က္ဆွန်မတို့ မတွေ့ရဲပါဘူး၊ သွားတဲ့အခါကျ ကြောက်လို့ သူ့ကို။'

ဒီကနေ့ ပြန်ပို့ပေးမယ်ဆိုတဲ့ ဇွန်လ ၂၃ ရက်နေ့ ဖြစ်ပါတယ်၊ ညနေ ၆ နာရီအထိ ကလေး အိမ်ပြန်ရောက် မလာသေးဘူးလို့ သိရပါတယ်။ မောင်ဇင်မင်းအောင်ဟာ နှလုံးအပေါက်ကျယ် ရောဂါရှိပြီး ကျန်းမာရေး မကောင်းတာကြောင့် မိသားစုမှာ စိုးရိမ် ပူပန်နေရတယ်လို့လည်း ဆိုပါတယ်။

စစ်အစိုးရတပ်များနှင့် ဝတပ်ဖွဲ့များကြား သဘောထားတင်းမာနေ
2009-06-23

မြန်မာစစ်တပ်နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) ကြားမှာ သဘောထား တင်းမာမှုတွေ ရှိနေပြီး နှစ်ဖက်စလုံးက စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

(Photo: AFP)

ရှမ်းပြည်နယ် မိုင်းယောင်း မြို့လယ်ခေါင်တွင် လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် ညီညွတ်သော ဝပြည်တပ်မတော် (UWSA) တပ်ဖွဲ့ဝင်များကို ပစ်ကပ်ထရပ်ကား တစင်းပေါ်မှာ တွေ့ရသည့် ယခင် မှတ်တမ်း ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: AFP)

၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင် ငြိမ်းချမ်းရေး သဘောတူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ပြောင်းဖို့ ဒါမှမဟုတ် လုံးဝ လက်နက်ချဖို့ကိစ္စကို စစ်အစိုးရဘက်က ဒီနှစ်ဧပြီလကစပြီး ဖိအားပေးလာတဲ့အပေါ်မှာ အခုလို တင်းမာမှု အခြေအနေတွေ ဖြစ်လာရတာလို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က ပြောပါတယ်။

ဦးစိန်ကြည်။ ။ 'နောက်ဆုံးအခြေအနေကတော့ နှစ်ဖက် အခြေအနေ တင်းမာပြီးတော့ နှစ်ဖက်စလုံးက စစ်ရေး ပြင်ဆင်မှုတွေ ဘာတွေ လုပ်တာ ရှမ်းပြည် အရှေ့တောင်ပိုင်း မုန်းဆာ မြို့နယ် အရှေ့တောင်ပိုင်းနဲ့ တာချီလိတ်မြို့နယ် အနောက်ဖက်ပေါ့။ အပစ်ရပ် UWSA တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ ထိန်းချုပ်ထားတဲ့ ဒီနယ်မြေပေါ့။ အထူးသဖြင့် ဒီ ထိုင်းနယ်စပ်တလျှောက် တောင်ပိုင်း ဝတပ်ဖွဲ့တွေနဲ့ ဒေသခံ နအဖ တပ်ဖွဲ့တွေ ကြားမှာ တင်းမာမှုတွေ ရှိနေတယ်။ နှစ်ဖက်စလုံး ပြင်ဆင်မှုတေါ လုပ်နေတယ်။ သတိ အသင့်အနေအထားမှာ တပ်လှန့်မှုတွေ ဘာတွေ လုပ်ထားတယ်။'

ဒါအပြင် လက်ရှိ ကရင်ပြည်နယ်မှာ စစ်အစိုးရနဲ့ ဒီကေဘီအေ အဖွဲ့တို့ ပူးပေါင်းပြီး ကေအင်ယူအပေါ် ထိုးစစ်ဆင်နေတဲ့ ပုံစံမျိုး ရှမ်းပြည်က လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးလာရင် ဝပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့အနေနဲ့ လက်ခံမဲ့ အနေအထားမျိုး မတွေ့ရဘူးလို့ ဦးစိန်ကြည်က ပြောပါတယ်။

ဦးစိန်ကြည်။ ။ 'ကရင် ကရင်ချင်း တိုက်ခိုင်းတဲ့ ပုံစံမျိုးပေါ့၊ ရှမ်းကို ရှမ်းချင်း တိုက်ခိုင်းမယ်၊ အဲဒီပုံစံမျိုး မဖြစ်နိုင်ဘူးဆိုတာက အပစ်ရပ် ဝအဖွဲ့တွေ ကိုယ်တိုင်က ဒီ ၂ဝဝ၂ ခုနှစ်တုန်းကဖြစ်ဖြစ်၊ ၂ဝဝ၅ တုန်းကဖြစ်ဖြစ်၊ နအဖရဲ့ ဖိအားပေးမှုကြောင့် SSA တောင်ပိုင်းကို လာတိုက်တာ ရှိတယ်လေ။ ဒီ ဝေရှောက်ကန်း တပ်မှူး လုပ်ထားတဲ့ ၁၇၁ စစ်ဒေသပေါ့၊ ထိုင်းနယ်စပ်တလျှောက်။ အခု နောက်ပိုင်း အရင်တနှစ်က ၂ဝဝ၈ နှစ်ဦးပိုင်းမှာကတည်းက သူတို့ ပြောသံ ဆိုသံတွေ ကြားရတာကတော့ အဲဒီ လွန်ခဲ့တဲ့ ဖြစ်ရပ်တွေက ယူကျုံးမရတဲ့ သင်ခန်းစာတွေပဲပေါ့။ နောက်နောင် က္ဆွန်တော်တို့ အဲလိုမျိုး ဘယ်တော့မှ အဖြစ်ခံတော့မှာ မဟုတ်ဖူး၊ အဲလို ပြောလာတယ်၊ ဝ ဖက်က။'

စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် စုစုပေါင်း ၁၇ ဖွဲ့ထဲမှာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ သဘောမတူတဲ့ အဖွဲ့ပေါင်း ၁၃ ဖွဲ့ရှိပြီး ကရင်ပြည်နယ်က ဒီကေဘီအေနဲ့ ကရင်နီပြည်နယ်က ကလလတ အဖွဲ့တွေကတော့ သဘောတူ လက်ခံခဲ့တယ်လို့ သိရပါတယ်။

စစ်အစိုးရကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ဥရောပအမတ်များ တောင်းဆို
2009-06-23

မြန်မာစစ်အစိုးရကို နိုင်ငံတကာက လက်နက်ရောင်းချနေတာတွေ ရပ်ဆိုင်းသွားအောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမြန်ဆုံးဖြတ်ပေးဖို့ EPCB ခေါ် မြန်မာ့ ဒီမိုကရေစီရေးဆိုင်ရာ ဥရောပသမဂ္ဂ ပါလီမန် လွှတ်တော်အမတ်များ အဖွဲ့က ဇွန်လ ၂ဝ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

(Photo: AFP)

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှိုးဆော်မှုတခုအဖြစ် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ပါလီမန်အဆောက်အအုံ မျက်နှာစာပေါ်တွင် မီးမောင်းထိုး ပြသထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ဇွန်လ ၁၈ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

EPCB အနေနဲ့ အခုလိုတောင်းဆိုရတာဟာ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ပြန်လွှတ်ပေးရေးအတွက် အဓိကဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအပါအဝင် စစ်အစိုးရက မြန်မာ့နိုင်ငံရေးကို အများလိုလားတဲ့အတိုင်း လုပ်ဆောင်လာအောင် ဖိအားပေးလိုတာကြောင့် ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီရေးဆိုင်ရာ ဥရောပသမဂ္ဂ ပါလီမန် လွှတ်တော်အမတ်များအဖွဲ့ရဲ့ စီမံခန့်ခွဲရေး တာဝန်ခံ မဇိုရာဖန်းက RFA ကို ခုလို ရှင်းပြပါတယ်။

မဇိုရာဖန်း။ ။ 'မြန်မာ့ရေးရာ လှုပ်ရှားနေတဲ့ ဒီ European က ပါလီမန်အမတ်တွေရဲ့ အဖွဲ့ပေါ့နော်၊ သူတို့ အဓိက တောင်းဆိုတာကတော့ လုံခြုံရေးကောင်စီကနေ တဆင့် သူတို့ကို လက်နက်ရောင်းချရေး မြန်မာစစ်အစိုးရအပေါ်မှာ အမြန်ဆုံး ပိတ်ဖို့အတွက် ဒီလိုမျိုး လက်နက်ရောင်းချရေး ပိတ်ပင်ရင် သူတို့အတွက် ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ရှိမယ်။ ပြီးတော့ သူတို့ အားနည်းလာမယ်။ အဲဒါကြောင့် စစ်အစိုးရအပေါ်မှာ နိုင်ငံရေး ဖိအားပေးမှုအနေနဲ့ လုပ်တာ ဖြစ်ပါတယ်။ အဓိကကတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ အကြောင်းအပေါ်မှာ ဒီ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဦးဆုံး အဲဒါ လွှတ်ပေးဖို့ သူတို့ လိုလားနေတာ ဖြစ်ပါတယ်။'

မြန်မာစစ်အစိုးရကို နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ လုံခြုံရေးကောင်စီက တိုက်တွန်းခဲ့ပေမဲ့ စစ်အစိုးရဟာ ပျက်ကွက်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ရေးသားပေးပို့တဲ့ EPCB စာထဲမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ၁၄ကြိမ် စလုံးဟာ အဖမ်းဆီးခံဘဝမှာသာ ကျရောက်ခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားပြီး ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ စစ်အစိုးရရဲ့ အကြံအစည်ဟာ အလွန်ပဲ ရှက်ဖွယ်ကောင်းကြောင်း၊ မိမိတို့ EPCB အဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်လက် အထိန်းသိမ်းခံ နေရတာကို အလွန်ပဲ စိုးရိမ်မိကြောင်း မြန်မာ့ ဒီမိုကရေစီရေးဆိုင်ရာ ဥရောပသမဂ္ဂ ပါလီမန်လွှတ်တော် အမတ်များအဖွဲ့ရဲ့ စာမှာ ဖော်ပြထားပါတယ်။

မြန်မာ့ ဒီမိုကရေစီရေးဆိုင်ရာ ဥရောပသမဂ္ဂ ပါလီမန်လွှတ်တော်အမတ်များအဖွဲ့မှာ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံ ပါဝင်ပြီး ၂ဝဝ၈ခုနှစ် ဇွန်လထဲမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မသင်္ကာဖွယ် မြောက်ကိုရီးယားသင်္ဘော တရုတ်ကမ်းလွန်ကိုရောက်
2009-06-23

တားမြစ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတယ်လို့ သံသယရှိတဲ့ မြောက်ကိုရီးယား သင်္ဘောဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းပြည်နယ်အလွန်က တရုတ်ကမ်းလွန် ပင်လယ်ပြင်မှာ ခုတ်မောင်းနေဆဲဖြစ်ပြီး ဒေသခံ စစ်ဖက်အရာရှိတွေက စောင့်ကြည့်နေသလို အမေရိကန် ဖျက်သင်္ဘော USS John McCain ကလည်း နောက်ယောင်ခံ လိုက်ပါနေဆဲလို့ သိရပါတယ်။

AFP

၂ဝဝ၇ ခုနှစ် မေလ ၂၁ ရက်နေ့က မြန်မာစစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြောက်ကိုရီးယားသင်္ဘော Kang Nam သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားစဉ်။ (Photo: AFP)

မြောက်ကိုရီးယားနိုင်ငံ Nampo ဆိပ်ကမ်းကနေ ဇွန်လ ၁၇ ရက်နေ့က ထွက်ခွာလာတဲ့ တန်ချိန် ၂ဝဝဝ ရှိတဲ့ Kang Nam 1 သင်္ဘောဟာ ကုလသမဂ္ဂ တားမြစ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ အများက ယူဆထားပြီး စင်ကာပူဖက်ကနေ မြန်မာနိုင်ငံဖက်ကို ဦးတည် ခုတ်မောင်းလာတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိတဦးက ဇွန်လ ၂၂ရက် မနေ့က ပြောကြားပါတယ်။

ဒါပေမဲ့ သုံးသပ်သူတွေကတော့ ပင်လယ်ထဲမှာ စစ်ဖက်က တားမြစ် ရှာဖွေတာမျိုးတော့ လုပ်ဖို့ အလားအလာ မရှိဘူးလို့ သုံးသပ်ကြပါတယ်။ မြန်မာပြည်ကလာတဲ့ သတင်းတချို့မှာတော့ ဒီသင်္ဘောဟာ မြန်မာနိုင်ငံ ရန်ကုန်က သီလဝါဆိပ်ကမ်းမှာ လာမဲ့အပတ်အတွင်း ဆိုက်ကပ်မယ်လို့ ဆိုထားကြပါတယ်။

တချိန်တည်းမှာလည်း တောင်ကိုရီးယားမှာ အခြေစိုက်ထားတဲ့ အမေရိကန်စစ်စခန်း ထိပ်တန်း စစ်ဖက်အရာရှိက ကွန်မြူနစ် မြောက်ကိုရီးယား အစိုးရဟာ သူ့ရဲ့ ပြောက်ကျား စစ်ရေးစွမ်းရည်ကို မြှင့်ဖို့ ကြိုးစားနေတယ်လို့ ဒီကနေ့ ဇွန်လ ၂၃ရက်မှာ စွပ်စွဲလိုက်ပါတယ်။

Kang Nam သင်္ဘောဟာ အရင်က စစ်လက်နက် ရောင်းဝယ်ရာမှာ မြောက်ကိုရီးယား အသုံးပြုလေ့ ရှိခဲ့တဲ့ သင်္ဘော ၅ စီးထဲက ၁ စီးဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေအရ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိရင် ဒီသင်္ဘောကို တားမြစ်စစ်ဆေး အရေးယူခွင့် ရှိပြီး ဒီလိုရှာဖွေတာကို ငြင်းဆိုရင် လောင်စာဆီဖြည့်တာမျိုး ဝန်ဆောင်မှုတွေကို အိမ်ရှင် ဆိပ်ကမ်းနိုင်ငံက ငြင်းဆိုရမှာ ဖြစ်ပါတယ်။

စင်ကာပူ နိုင်ငံခြားရေးဌာနကတော့ လူအစုလိုက် သေကျေစေတဲ့ လက်နက်ပစ္စည်းသယ်လာတယ်လို့ အတည်ပြုနိုင်ရင် လိုအပ်သလို အရေးယူသွားမှာ ဖြစ်တယ်လို့ ဒီကနေ့မှာ ထပ်လောင်း ပြောကြားလိုက်ပါတယ်။

စစ်အစိုးရအပေါ် ဖိအားပေးခြင်းကို ရုရှလက်မခံ
2009-06-23

မြန်မာစစ်အစိုးရကို နိုင်ငံရေးအရရော စီးပွားရေးအရပါ ဖိအားပေးနေတာတွေကို ရုရှနိုင်ငံအစိုးရအနေနဲ့ ကန့်ကွက်ကြောင်း၊ ဒါပေမယ့် မြန်မာ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုကို ဥပဒေနဲ့အညီ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

(Photo: AFP)

အမှု ရုံးချိန်း တတိယနေ့ဖြစ်သော မေလ ၂ဝရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ရုရှား၊ ထိုင်းနှင့် စင်ကာပူ သံအမတ်ကြီးများဖြင့် သူမကို ယာယီထားရှိသော အင်းစိန် အကျဉ်းထောင် အရာရှိ ဧည့်ရိပ်သာတွင် တွေ့ဆုံခွင့် ပြုခဲ့ပါသည်။ (Photo: AFP)

မြန်မာနိုင်ငံကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးစရာအကြောင်း ဘာမှမရှိဘူးလို့ ရုရှားနိုင်ငံအနေနဲ့ ရှုမြင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်က ဆိုပါတယ်။ မြန်မာ့အရေးဟာ ပြည်တွင်းရေးသက်သက် ဖြစ်ပြီး ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မှု မရှိပါဘူးလို့ ရုရှနိုင်ငံအနေနဲ့ သုံးသပ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သို့သော်ငြားလည်း မြန်မာစစ်အစိုးရဟာ ခုထက်ပိုပြီး နိုင်ငံတကာနဲ့ ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်လာဖို့ ရုရှနိုင်ငံအနေနဲ့ တောင်းဆိုထားသလို ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ တောင်းဆိုထားပါတယ်။

မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ စေ့စပ်ညှိနှိုင်းတဲ့နည်းနဲ့ လုပ်နိုင်မှသာ မြန်မာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြား အပြန်အလှန် နားလည်မှုရမှာ ဖြစ်ပြီး ပြဿနာကို ဖြေရှင်းရာ ရောက်လိမ့်မယ်လို့ ရုရှားနိုင်ငံက ယုံကြည်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အခုလို ရုရှားအစိုးရရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး ထိုင်းမြန်မာနယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဌ ဦးအောင်မိုးဇော်က အခုလို တုံ့ပြန်ပြောဆိုပါတယ်။

ဦးအောင်မိုးဇော်။ ။ 'တစ်အချက် က္ဆွန်တော် ပြောချင်တာကတော့ ဒီ ရုရှားက တကယ်တမ်းကျ မြန်မာပြည်နဲ့ တော်တော်ဝေးတယ်။ နောက်တခုက က္ဆွန်တော်တို့ ဒေသတွင်းမှာ ဘာဖြစ်နေသလဲဆိုတာကို သူက သေသေချာချာ စူးစူးစိုက်စိုက် မကြည့်ဘူးလို့ ထင်တယ်။ တကယ်လို့ ရုရှားနိုင်ငံက သူတို့ ကမႝာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ ရှိတဲ့ အနေအထားအတိုင်း သူပြောဆိုနေတာ ဖြစ်တယ်။ ဒီ ကမႝာ့ ကုလသမဂ္ဂ နိုင်ငံရေး ဇာတ်ခုံကို ကြည့်ပေါ့ဗျာ။ ဥပမာ၊ အမေရိကန်နဲ့ အနောက်အုပ်စု လုပ်မယ်ဆိုလို့ရှိရင် ရုရှားက ဆန့်ကျင်မယ်၊ တရုတ်က ဆန့်ကျင်မယ်။ အဲဒီ position ၊ အဲဒီ ရပ်တည်ချက်အပေါ်မှာ အခြေခံပြီးတော့ ဗမာပြည် ပြဿနာနဲ့ ပတ်သက်လို့ သဘောထား ထုတ်ပြန်တယ်လို့ က္ဆွန်တော်တို့က အဲဒီလိုပဲ ယူဆတယ်။'

ရုရှားနဲ့မြန်မာနိုင်ငံကြား သံတမန်ဆက်သွယ်မှုကို မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး တလအကြာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့တာဖြစ်လို့ အခုဆိုရင် ၆၁ နှစ်ကျော် ရှိပြီ ဖြစ်ပါတယ်။

အထူးကျောက်မျက်ရတနာပြပွဲသို့ တရုတ်ကုန်သည် အများအပြားလာရောက်
2009-06-23

ရန်ကုန်မြို့မှာ ဇွန်လ၂၂ရက်နေ့ မနေ့က စတင်ကျင်းပတဲ့ အထူး ကျောက်မျက်ရတနာပြပွဲမှာ လာရောက်သူ နိုင်ငံခြားသား ကုန်သည်တွေဟာ ပြီးခဲ့တဲ့ မတ်လက ကျင်းပခဲ့တဲ့ ပြပွဲကို တက်ရောက်လာတဲ့ နိုင်ငံခြားသား ကုန်သည်တွေထက် မလျော့ဘူးလို့ ပြပွဲကို လာရောက်သူ မြန်မာကုန်သည်တွေက ခန့်မှန်းပြောဆိုပါတယ်။

(Photo: AFP)

မြန်မာ စစ်အစိုးရက ရန်ကုန်မြို့တွင် ကျင်းပသော ကျောက်မျက်ရတနာ ပြပွဲတွင် ၂ဝဝ၈ခုနှစ် မတ်လ ၁၁နေ့က ကျောက်စိမ်းများ အရည်အသွေးကို ရတနာကုန်သည်တဦး စစ်ဆေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ကျောက်မျက်ရတနာ ကော်ပိုရေးရှင်းက ပြီးခဲ့တဲ့ မတ်လအတွင်းက ရန်ကုန် မင်းဓမ္မကုန်းမှာ ကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲမှာ နိုင်ငံခြားသား ၃ထောင်နီးပါး တက်ရောက်ခဲ့တာပါ။ အထူးသဖြင့် တရုတ်ကျောက်ကုန်သည်တွေ စံချိန်တင်လောက်အောင် လာရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပြပွဲမှာ ကျောက်စိမ်းတွဲပေါင်း ၆ထောင်နီးပါး အမေရိကန် ဒေါ်လာ ၁၉၁သန်းဖိုး ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ အခုတကြိမ် ပြုလုပ်တဲ့ အထူး ကျောက်မျက်ရတနာပြပွဲမှာတော့ ကျောက်စိမ်းတွဲပေါင်း ၈ဝဝဝလောက် တင်ရောင်းမှာ ဖြစ်တယ်လို့ မြန်မာကုန်သည်တဦးက ပြောပါတယ်။

မြန်မာကုန်သည်။ ။ '၂၂ရက်နေ့ ပြပြီးတော့ ၂၅ရက်နေ့ ညနေကို တင်ဒါပုံးထဲကို ထည့်ရမှာ။ တင်ဒါလေလံပေါ့။ က္ဆွန်တော် အခု အကြမ်းဖျဉ်း သိထားသလောက်က အဲ lot ရှစ်ထောင်ကျော်တယ်။ က္ဆွန်တော် ပထမနေ့တနေ့ နယ်မြေထဲကို ကြည့်ခဲ့တာတော့ တရက်ကို ၁၂ဝဝ ရောင်းမှာ။ ၁၂ဝဝ ရောင်းမှာဆိုတော့ က္ဆွန်တော့အထင်တော့ ၆ရက်ဆိုရင် ၇ ထောင်နဲ့ ၂ရာ။ ကျန်တာက လေလံက ၈ဝဝနဲ့ တထောင်ဆိုတော့ lot ၈ဝဝဝကျော်ကို ၈ ရက်လောက်တော့ ရောင်းမှာပဲ။'

ပြီးခဲ့တဲ့ မတ်လပြပွဲမှာ တရုတ်ကုန်သည်တွေက အများဆုံးဈေးပေးပြီး ဝယ်သွားတာဖြစ်ပြီး မြန်မာကုန်သည်တွေ ဈေးမပေးနိုင် ဖြစ်ရတယ်လို့ ဆိုပါတယ်။ ခုတကြိမ်ပြပွဲမှာ တင်သွင်းတဲ့ ကျောက်စိမ်းတွဲတွေလည်း ပိုများပြီး အရည်အသွေး ကောင်းတဲ့ ကျောက်တွေလည်း ပိုများတယ်လို့ ဆိုပါတယ်၊ ဒါ့အပြင် လာရောက်တဲ့ နိုင်ငံခြား ကုန်သည် တွေနဲ့ပတ်သက်ပြီး စာရင်း အတိအကျ မသိရသေးပေမဲ့ ခန့်မှန်းချက်အရ ပြီးခဲ့တဲ့ မတ်လပြပွဲကို လာရောက်သူ တရုတ်ကုန်သည် အရေအတွက်ထက်တော့ မနည်းဘူးလို့ မြန်မာကျောက်ကုန်သည်တွေက ပြောပါတယ်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံက ထွက်တဲ့ ပတ္တမြားနဲ့ ကျောက်စိမ်းကို အမေရိကန်ပြည်တွင်း တင်သွင်းခွင့် ပိတ်ထားပေမဲ့ မြန်မာကျောက်စိမ်း အရောင်းအဝယ်ကတော့ သွက်နေဆဲ ဖြစ်တယ်လို့ ကျောက်ကုန်သည်တွေက RFAကို ပြောပါတယ်။