Friday, June 26, 2009

အထက်မီးအောက်မီးကြားမှမြန်မာပြည်

ကြက်တော-ကြိုးကိုင်-ကြပ်ပြေး

ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် ၃၃ နှစ်ပြည့် နအဖ စစ်သံရုံးရှေ့ ဆန္ဒပြပွဲ ( ကိုရီးယား )




လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

ဇွန်လ၂၆ဒိုင်ယာရီ

အီလက်ထရောနစ်ဥပဒေ ၃၃ (က) အရ အာဏာပိုင်များ ခွင့်ပြုချက်မရှိဘဲ အင်တာနက် အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ထား။
မြောက်ကိုရီးယားသင်္ဘောကပ်လျှင် မြန်မာအာဏာပိုင်တွေသာ စစ်ဆေးမည်။


2009-06-26

မြန်မာနိုင်ငံကို ဦးတည် ခုတ်မောင်းနေတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေတဲ့ ကင်နန်(၁) မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံ လာမယ်ဆိုရင် သင်္ဘော မြန်မာဆိပ်ကမ်းကို မကပ်ခင် မြန်မာအာဏာပိုင်တွေကသာ အရင်ဆုံးစစ်ဆေးမှာ ဖြစ်ပြီး ဒီစစ်ဆေးချက်ကို စစ်အစိုးရက ကုလသမဂ္ဂကို အစီရင်ခံမှာ ဖြစ်တယ်လို့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး Mr Kim Sok Chol ကို ဇွန်လ ၂၃ ရက်နေ့က ဆင့်ခေါ် တွေ့ဆုံရာမှာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးချုပ် ဦးပေါ်လွင်စိန်က ခုလိုပြောခဲ့တာဖြစ်တယ်လို့ ခိုင်လုံတဲ့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ်ထားတဲ့ လက်နက်ပစ္စည်းတွေ မပါမှသာ ကင်နန်-၁ မြောက်ကိုရီးယားသင်္ဘောကို မြန်မာရေပိုင်နက်ကို အဝင်ခံမှာဖြစ်တဲ့အကြောင်း ညွှန်ကြားရေးချုပ် ဦးပေါ်လွင်စိန်က မြောက်ကိုရီးယားသံအမတ်ကြီးကို ပြောပါတယ်။

မြောက်ကိုရီးယား ကမ်းနမ်-၁ သင်္ဘောကို မြန်မာအာဏာပိုင်တွေဘက်က စစ်ဆေးတဲ့အခါ လိုအပ်ရင် ရန်ကုန်မြို့က သံတမန်တချို့ကိုပါ သက်သေအဖြစ် ခေါ်ဆောင်ပြသမှာ ဖြစ်တဲ့အတွက် လုံခြုံရေးကောင်စီက တားမြစ်တဲ့ လက်နက်ပစ္စည်းတွေမပါဖို့ အရေးကြီးတယ်လို့ပါ ညွှန်ကြားရေးချုပ် ဦးပေါ်လွင်စိန်က မြောက်ကိုရီးယားသံအမတ်ကြီးကို ပြောပါတယ်။

မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇွန်လ ၁၂ ရက်နေ့မှာ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ စစ်လက်နက်ပစ္စည်းမှန်သမျှ ရောင်းချခွင့် တင်သွင်းခွင့် ပိတ်ပင်ခံထားရပါတယ်။

ကမ်းနမ်-၁ မြောက်ကိုရီးယား သင်္ဘောအနေနဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်လာတယ်။ဆိုရင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အပိုဒ် ၉ နဲ့ ၁ဝ ကို ချိုးဖောက်ရာရောက်မှာ ဖြစ်ပါတယ်။ အဲသလို မသင်္ကာတဲ့ သင်္ဘောကို စစ်ဆေးတဲ့နေရာမှာ သင်္ဘောဆိုက်တဲ့နိုင်ငံ အာဏာပိုင်တွေက တက်ရောက် စစ်ဆေးရမှာ ဖြစ်ပြီး တားမြစ်ပစ္စည်းပါရင် လုံခြုံရေးကောင်စီကို တိုက်ရိုက် အစီရင်ခံရမှာ ဖြစ်ပါတယ်။

ကမ်းနမ်-၁ မြောက်ကိုရီးယား သင်္ဘောပေါ်မှာ မြန်မာစစ်အစိုးရအတွက် အသေးစားလက်နက်တွေ တင်ဆောင်လာတယ်လို့ တချို့သတင်းတွေက ရေးသလို တချို့သတင်းတွေကလည်း ဒုံးကျည် အစိတ်အပိုင်းတွေ သယ်လာတယ်လို့ ရေးပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ်အနေနဲ့ တခါတရံ အီရန်ပို့မဲ့ ဒုံးကျည် အစိတ်အပိုင်းတွေကို မြန်မာနိုင်ငံကတဆင့် ပို့လေ့ ရှိတယ်လို့ နောက်ဆုံးထုတ် The Economist မဂ္ဂဇင်းမှာ ရေးထားပါတယ်။

ရဲချုပ်ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ
Friday, 26 June 2009 16:52 အောင်သက်ဝိုင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီအနေနှင့် ဒေါ်အောင်ဆန်းစုကြည် တရားခွင်နှင့် ပတ်သက်ပြီး တဖက်သတ် ပြောဆို၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းမှာ ဥပဒေနှင့် မညီကြောင်း ရန်ကုန်အထက်တန်း ရှေ့နေတဦးက သုံးသပ်သည်။

“တရားလို စစ်အစိုးရအနေနဲ့ တရားပြိုင် ဒေါ်အောင်ဆန်းစုကြည် ပြစ်မှုကျူးလွန်တယ် ဆိုပြီး တရားရုံးက မဆုံးဖြတ်ရသေးခင် လူအများကို ခင်းကျင်းပြသ ရှင်းလင်းတာဟာ တရားဥပဒေနဲ့ မညီဘူး။ တဖက်သတ် ပြောကြားချက်တွေ ဖြစ်နေတယ်” ဟု ထိုရှေ့နေက ဆိုသည်။



အမှုအပြီးသတ် အမိန့်မချခင်တွင် တရားပြိုင်ကို ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲ၍ မရနိုင်ကြောင်းလည်း ထိုရှေ့နေက ပြောသည်။

ယမန်နေ့က ရန်ကုန်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ မစ္စတာ ဂျွန် ဝီလျံ ယက်ထောက ဒေါ်အောင်ဆန်း စုကြည်ကို လက်ဆောင်ပေးသည်ဆိုသော အစ္စလာမ် အမျိုးသမီးဝတ် ၀တ်စုံကို ရဲမေတစ်ဦးက ၀တ်ဆင်ပြပြီး ထိုဝတ်စုံကို ဗုဒ္ဓဘာသာဝင် ဒေါ်အောင်ဆန်းစုကြည်က အဘယ်ကြောင့် လက်ခံခဲ့သနည်းဟူ၍ မေးခွန်းထုတ် ခဲ့သည်။

မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို နေအိမ်တွင် လက်ခံကျွေးမွေးခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိသည့်ပုံစံမျိုးဖြင့် စုံစမ်းစစ်ဆေး ဖော်ထုတ်ချက်များကို ကိုးကားပြီး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ယက်ထော ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ၀င်ရောက်ပြီးနောက် လက်ဆောင်အဖြစ် ပေးခဲ့သော အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ၀တ်ဆင်လေ့ရှိသည့် အနက်ရောင်အင်္ကျီ ၂ ထည်၊ စကတ် ၂ ထည်၊ မျက်နှာအုပ်ပုဝါ ၂ ထည်၊ မျက်မှန် ၃ လက် တို့ကို မိမိတို့ကောင်းမွန်စွာ သိရှိပြီးဖြစ်သည့် အမျိုးသမီးနှစ်ဦးအား
ဝတ်ဆင်ခိုင်းခဲ့ရာ လုံးဝမမှတ်မိကြောင်း ရဲချုပ်ခင်ရီက သတင်းစာ ရှင်းလင်းပွဲတွင် ဆက်လက် ပြောဆိုသည်။


မစ္စတာယက်ထောသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ကြောင်း၊ သာမန်အားဖြင့် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်တစ်ဦးတို့ လက်ဆောင်ပေး ကြမည်ဆိုပါက ခရစ်ယာန်ဘာသာကိုယ်စားပြု သမ္မာကျမ်းစာအုပ်၊ ယေရှုလက်ဝါးကပ်တိုင် သို့မဟုတ် တခြား ဆီလျော်ရာ ပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ ဗုဒ္ဓရုပ်ပွားတော်၊ စိတ်ပုတီး သို့မဟုတ် တခြားဆီလျော်ရာ ပစ္စည်း တခုကို ဖြစ်စေ အမှတ်တရ အပြန်အလှန် ပေးအပ်ရမည်ဖြစ်သော်လည်း အစ္စလာမ်ဝတ်စုံကို လက်ဆောင်အဖြစ် ပေးခြင်း မှာ စဉ်းစားဖွယ် ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ မစ္စတာ ၀ီလျံ ယက်ထောက ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ဦးနှစ်ဘက်အကြား ဘာမှပတ်သက်ဆက်စပ်ခြင်းမရှိတဲ့ အစ္စလာမ် အမျိုးသမီးဝတ်စုံကို လက်ဆောင် ပေးခဲ့တယ်။ ဒါဟာ ဘာရည်ရွယ်ချက်နဲ့ ပေးခဲ့တယ်ဆိုတာ စဉ်းစားစရာပါပဲ” ဟု ရဲချုပ်ခင်ရီက မေးခွန်းထုတ် သည်။

ယခုကဲ့သို့ စစ်အစိုးရက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပြစ်ရှိကြောင်း ပြောဆိုခြင်းကို ကြည့်လျှင် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ် အရေးယူမည်ဆိုသည့်အချက်ကို ထင်ရှားစေ ပြီး မြန်မာနိုင်ငံတွင် ဥပဒေ၏အထက်၌် စစ်ဗိုလ်ချူပ်ကြီးများ ရှိနေသည်ကို ပြသနေသည်ဟု အထက်တန်း ရှေ့နေက ဆိုသည်။

ထို့ပြင် မစ္စတာ ယက်ထော ဒေါ်အောင်ဆန်းစုကြည်နေအိမ် မ၀င်ရောက်မီ NCGUB မှ ဒေါက်တာ နိုင်အောင်၊ AAPP မှဘိုကြည်၊ ဇော်ထွန်း နှင့် တိတ်နိုင်၊ လူ့ဘောင်သစ်ပါတီမှ ဝေလင်း၊ ABSFU - AFC မှ မင်းနိုင်တို့အပြင် ဇင်မောင်၊ ကျော်ဝင်း အောင်ဒင်တို့နှင့် တွေ့ဆုံခဲ့ပြီး မယ်တော်ဆေးခန်းသို့လည်း ၁၀ ကြိမ် သွားရောက် ဖူးကြောင်း၊ ထို့ကြောင့် မစ္စတာယက်ထောကို ငွေပုံအောပေးပြီး ကြိုးကိုင်ခိုင်းစေသူ များရှိနေသည်ဟု ဆိုနိုင်ပြီး ကြိုးကိုင်ခိုင်းစေသူများနှင့် အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရဲချုပ်ခင်ရီက ပြောသည်။

မစ္စတာ ယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ၀င်ရောက်ခဲ့သည့် လမ်းကြောင်းများကို စစ်ဆေး ကြည့်သောအခါ တက္ကသိုလ်ရိပ်သာလမ်း၊ ကိုရီးယားသံရုံးအနီးရှိ အင်းလျားကန်အတွင်းသို့ ရေထုတ်သည့် မြောင်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ညတွင် ၀င်ထွက်ခဲ့ခြင်းနှင့် ၂၀၀၉ ခုနှစ် မေလ ၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ၀င်ရောက်ရာတွင် အသုံးပြုခဲ့သော်လည်း မေလ ၅ ရက်နေ့ ဒေါ်အောင်ဆန်း စုကြည်အိမ်မှ အပြန်ခရီးတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ဖမ်းမိနိုင်သော ကိုက် ၃၀၀၀ ကျော် အင်းလျားကန် ရေပြင်ကို အလျားလိုက် ဖြတ်ကူးအသုံးပြုခဲ့ခြင်းမှာလည်း သံသယဖြစ်ဖွယ်ဖြစ်ကြောင်း ရဲချုပ်ခင်ရီက သုံးသပ်သည်။

“မစ္စတာယက်ထောက သူ ၃ ကြိမ်လုံးအသုံးပြုခဲ့တဲ့ အန္တရာယ်ကင်းရှင်းတဲ့ လမ်းကြောင်းက ပြန်မထွက်ဘဲ လုံခြုံရေးအတွက် စိတ်မချရတဲ့ ရေပြင်အကွာအဝေးအားဖြင့် ကိုက် ၃၀၀၀ ကျော် ရှည်လျားတဲ့၊ ကူးခတ်ဖို့ ခက်ခဲတဲ့ အင်းလျားရေပြင်ကို အလျားလိုက်ဖြတ်ကူးတယ်။ ဒါဟာ မထူးဆန်းဘူးလား။ ဒီပြဿနာ မပေါ်ပေါ်အောင် တမင်လုပ်တာ ဖြစ်တယ်လိုများ မထင်ဘူးလား” ဟု ဗိုလ်မှူးချုပ်ခင်ရီက ပြောသည်။

မစ္စတာ ယက်ထောက အင်းစိန်ထောင် အထူးတရားရုံးတွင် ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည် အိမ် ၀င်ရောက်စဉ်က ရဲများနှင့်တွေ့ရှိပြီး ၎င်းကို ခဲများဖြင့် ပစ်ပေါက်သည်ဟု ထွက်ဆိုထားခြင်းနှင့် ပတ်သက်သည့် မေးမြန်းမှုကိုမူ ရဲချုပ်က ပြန်လည်ဖြေကြားခြင်းမပြုဘဲ နေခဲ့သည်ဟု သိရှိရသည်။

“မစ္စတာယက်ထောက သူဒေါ်အောင်ဆန်းစုကြည်အိမ် သွားတုန်းက ရဲတွေနဲ့ တွေ့ခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုပေခဲ့မယ့် ဒီထွက်ဆိုချက်အပေါ် သတင်းထောက်တွေက မေးတော့ ရဲချုပ်က ဘာမှပြန်မဖြေဘူး” ဟု သတင်းထောက် တဦးက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် တရားခွင်အမှုနှင့်စပ်လျဉ်း၍ သံတမန်များ၊ သတင်းထောက်များက အသေးစိတ် အချက်အလက်များ ရဲချုပ်ကို မေးမြန်းသော်လည်း ရဲချုပ်က ထိုမေးမြန်းချက် အများစုသည် တရားရုံးနှင့်သာ သက်ဆိုင်ပြီး မဖြေနိုင်ကြောင်း ပြောဆိုသည်ဟုလည်း သိရှိရသည်။

“ဗိုလ်မှူးချုပ်ခင်ရီက သူပြောချင်ရာကို ခေါ်ပြောတဲ့သဘောပဲ။ ဘာမှထူးထူးခြားခြား သိပ်မေးလို့ မရဘူး” ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည် နိုင်ငံခြားသံရုံးမှ မြန်မာဝန်ထမ်းတဦးက ပြောသည်။



မယ်လ အနီး သောင်းရင်းမြစ်ထဲတွင် ဒီကေဘီအေ အရာရှိများ ပစ်သတ်ခံရ
June 26, 2009 · Leave a Comment
၂၆ ဇွန် မယ်လ၊ ၊စောမူးဂေး


DKBA Lt.Colonel and Company Shoot Dead in Mem Moi River


ဒီကေဘီအေတပ်ဖွဲ့ ဝင်များလာရောက်ဆေးကုသခံ နေသည့် မဲဆောက်ဆေးရုံကြီး
ယနေ့ နံနက် ၉နာရီအချိန် ခန့် က တိုးတက်သောကရင် ဗုဒ္ဓဘာသာ အဖွဲ့ (DKBA)မှ ဗိုလ်ဆံပြုတ် ခေါ် ဗိုလ်စံ ပြုးနှင့် အဖွဲ့ သည် မယ်လအနီးရှိ သောင်းရင်းမြစ်ထဲတွင် မည်သူမည်ဝါ၏ လက်ချက်မှန်းမသိပဲ ချုံခိုတိုက်ခိုက် ခံရ၍ သေဆုံးသွားသည် ဟု သတင်းရရှိသည်။

ယခုလဆန်း ပိုင်းကတည်းက ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)၏ အဓိက စခန်းများကို စစ်အစိုးရတပ်များ အကူအညီဖြင့် ဒီကေဘီအေ မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် တိုက်
ပွဲများတွင် ဗိုလ်ဆံပြုတ်မှ အဓိက နေရာမှ ပါဝင်သည် ဟု မြ၀တီရှိ ဒီကေဘီအေ အဖွဲ့ ဝင် တစ်ဦးက
Freedom News Group သို့ ပြောသည်။

ဗိုလ်ဆံပြုတ် နှင့် အဖွဲ့ ဝင် ၁၉ ဦးသည် စက်လှေနှစ်စီးဖြင့် သောင်းရင်းမြစ် အတိုင်း မယ်တန်မှ မြ၀တီရှိ ဒီကေဘီအေ ၉၉၉ အထူးတပ်ရင်းတည် ရှိရာ ရွှေကုက္ကိုလ် ရွာသို့ အလာတွင် မယ်တန် နှင့်မယ်ပကြားရှိ မယ်ကလောဝယ် ဆိုသောနေရာအရောက် တွင် အမည်မသိသေနတ် သမားများ၏ မြန်မာဘက်ကမ်း မှ ချုံခိုတိုက်ခိုက်မှုကြောင့် နေရာတွင်ပင် ဆယ်ဦးထက် မနည်းသေဆုံးသွားသည်ဟု သိရသည်။

ကျန်သူများမှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး မဲဆောက်ဆေးရုံကြီးသို့ တင်ပို့ ထားရာတစ်ဦးမှာ ယနေ့ညနေ အချိန်က ထပ်မံ သေဆုံးသွားခဲ့သည်။ကျန် ၈ ဦးအနက် နှစ်ဦးမှာ မဲဆောက်ဆေးရုံကြီးတွင်ဒီကေဘီအေ အရပ်ဝတ်များ က လုံခြုံရေးတင်းကျပ်စွာယူပေးထားသဖြင့် ရာထူးကြီးမည် ဟု ခန့် မှန်းရကြောင်း ဆေးရုံရှိ မြန်မာ စကားတတ် သော သူနာပြု ဟောင်ဆွေးက Freedom News Group သို့ ပြောသည်။

ဗိုလ်ဆံပြုတ်ဟု နာမည်တွင်သော ဒုတိယဗိုလ်မှုးကြီး စောစံပြုးမှာ ဒီကေဘီအေ အရာရှိများတွင် စစ်ရေးထူးချွန်သည် ဟု နာမည်ထွက် သော်လည်း အပြစ်မဲ့ရွာသား များအား အနိုင်ကျင့် နှိပ်စက်ရာ
တွင် လည်း နှစ်ယောက်မရှိ ဟု သတင်းကြီးသည်။

ကရင်အမျိုးသားလွတ် မြောက်ရေးတပ် မတော်နှင့် တိုက်ပွဲ များစတင် ဖြစ်ပွားစဉ် ကတည်းက မဲဆောက် ရှိ ဖဝေါ နှင့် မဲဆောက်ဆေးရုံကြီးတို့ တွင် ဒီကေဘီအေ အဖွဲ့ ဝင် ရှစ်ဆယ် ထက်မနည်း လာရောက် ဆေးကု သမှု ခံယူခဲ့ပြီး ငါးဦးခန့် မှာ သေဆုံးခဲ့သည်။
ဗိုလ်ဆံပြုတ် တို့ ချောင်းမြောင်းပစ်ခတ်ခံရရာ နေရာမှာ မယ်လဒုက္ခသည် စခန်း နှင့် မနီးမဝေးတွင်တည်ရှိသည်။


NEJ / ၂၆ ဇွန် ၂၀၀၉


တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ စောစံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့ကို အမည်မသိအဖွဲ့တဖွဲ့က ယနေ့နံနက်၌ ချုံခိုတိုက်ခိုက်ရာ ၎င်း၏ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးသွားသည်။

ယနေ့နံနက်ပိုင်းက ဗိုလ်ဆန်ပြုတ်နှင့်အဖွဲ့သည် တပ်မဟာ (၇) ဒေသအား ထိုးစစ်ဆင်အပြီး ၉၉၉ အထူးတပ်ရင်းတည်ရှိရာ မြဝတီခရိုင် ရွှေကုက္ကိုရွာသို့ တပ်မဟာ (၇) ဒေသမှတဆင့် စက်လှေဖြင့် သောင်ရင်းမြစ်အတိုင်း ဆန်တက်ရာ မယ်တန်နှင့် မယ်လအကြားရှိ မောင်ကလာဝဲဟုခေါ်သည့် နေရာအရောက် တွင် မြန်မာနိုင်ငံဘက်အခြမ်းမှ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ဆန်ပြုတ် အပါအဝင် တပ်ဖွဲ့ဝင် (၁၀) ဦး သေဆုံးသွားသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

သေဆုံးသူများ၏ ဈာပနကို ရွှေကုက္ကိုရှိ ၉၉၉ အထူးတပ်ရင်းတွင် စစ်အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသူများအတွက် မဲဆောက်မြို့မှ ဝယ်ယူသွားသည့် အခေါင်း (၁၀) လုံးဖြင့် ပြင်ဆင်ထားသည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။



NEJ / ၂၆ ဇွန် ၂၀၀၉


ကချင်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေ-ကေ) က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား သဘောထားပေးလိုက်ပြီး ကချင်ကာကွယ်ရေးတပ်မတော် (ကေဒီအေ) ကမူ ပြည်သူ့စစ်တပ်ဖွဲ့ရန် ဆုံးဖြတ်ထားကာ အဖွဲ့အမည်အတွက် ဆွေးနွေးနေသည်။

ယခုလ (၂၄) ရက်နေ့က ပန်ဝါမြို့တွင် မပခတိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် အန်ဒီအေ-ကေမှ ဥက္ကဋ္ဌ ဆခုန်တိန့်ယိန်းတို့ တွေ့ဆုံခဲ့ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အန်ဒီအေ-ကေ အရာရှိတဦးက ပြောသည်။

၎င်းက “နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကို အစောပိုင်းကတည်းက မူအားဖြင့် သဘောတူထားတာ ရှိပါတယ်။ အခု လက်တွေ့အရ လက်ခံလိုက်တာပါ။ ဘယ်တော့ ပြောင်းမယ်ဆိုတာတော့ မသိသေးပါဘူး။ ကိုယ့်ဒေသမှာပဲ နယ်မြေငြိမ်းချမ်းရေး၊ တိုးတက်ရေးတွေလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောသည်။

အန်ဒီအေ-ကေမှ ဥက္ကဋ္ဌ ဦးဆခုန်တိန့်ယိန်းအား အသွင်ပြောင်းရေးကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးအခြေစိုက် ကချင်ကာကွယ်ရေးတပ်မတော် (ကေဒီအေ) ကမူ ပြည်သူ့စစ်ဖွဲ့ရန် ဆုံးဖြတ်ထားပြီး ယခုလ (၂၄) ရက်မှစတင်၍ ဒေသခံလူထု၏ အကြံဉာဏ်ရယူနေကြောင်း ကေဒီအေအဖွဲ့နှင့် နီးစပ်သူ ကွတ်ခိုင်ဒေသခံတဦးက ပြောသည်။

၎င်းက “သူတို့အနေနဲ့ အသက် (၅၀) ကျော်ရင် ထွက်ရမှာတို့၊ တပ်မတော်အောက်မှာ သူတို့စစ်သားတွေနဲ့အတူ ရောပြီးနေရမှာတို့ကို လက်မခံနိုင်ဘူးတဲ့။ အသက်ကြီးတဲ့ ဦးမထုနော်တို့လို ခေါင်းဆောင်တွေလည်း မထွက်ရဘဲ လက်ရှိလူတွေနဲ့ ဥမကွဲသိုက်မပျက် နေလို့ရအောင် ပြည်သူ့စစ်အဖွဲ့ဆိုပြီး ပြောင်းမယ်ပေါ့။ အဲဒါ ဒီက ကချင်လူကြီး တွေဆီက အကြံဉာဏ်ယူနေတယ်။ နာမည်ဘယ်လိုပေးမလဲ စသဖြင့်ပေါ့။ ပြီးတော့ တပ်မတော်အစိုးရဘက်ကိုလည်း အဲဒီနာမည်ပေးပြီး ဆန္ဒရယူတာတို့ လုပ်မယ်ပေါ့။ အဖွဲ့အနေနဲ့ကတော့ ပြည်သူ့စစ်လုပ်မယ်ဆိုတာ သဘောတူထားပြီးနေပြီ” ဟု ပြောသည်။

ကချင်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေ-ကေ) နှင့် ကချင်ကာကွယ်ရေးတပ်မတော် (ကေဒီအေ) တို့သည် ယခင်က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် ဆက်နွှယ်ပတ်သက်ခဲ့သူများဖြစ်သည်။

ဦးဆခုန်တိန့်ယိန်း ဦးဆောင်သည့် ကေအိုင်အိုတပ်ဖွဲ့ဝင်များသည် ၁၉၆၈ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီထံ သွားရောက်ပူးပေါင်းခဲ့ပြီး (၁၀၁) စစ်ဒေသအဖြစ် ရပ်တည်နေရာမှ ၁၉၉၁ ခုနှစ်တွင် ဗကပမှ ပြန်လည်ခွဲထွက်ကာ ဖွဲ့စည်းခဲ့သလို ကချင်ကာကွယ်ရေးတပ်မတော် (ကေဒီအေ) သည် ၁၉၈၉ ခုနှစ်တွင် ကေအိုင်အေတပ်မဟာ (၄) နယ်မြေမှ ခွဲထွက်ကာ နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်သည်။



ဝီရ / ၂၆ ဇွန် ၂၀၀၉


မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုပပျောက်ရေး စီမံကိန်းကာလ (၁၅) နှစ်ချမှတ်ထားပြီး ၂၀၀၉ ခုနှစ်အထိ (၁၀) နှစ်တာအတွင်း မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၌ စစ်အစိုးရ လျာထားသည့် (၄၄) မြို့နယ်အနက် (၂၉) မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု ဆက်လက်ကျန်ရှိနေသေးသဖြင့် အဆိုပါစီမံကိန်း အောင်မြင်မှုမရှိကြောင်း ရှမ်းပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့က ယနေ့ပြောကြားသည်။

ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ဒုတိယ (၅) နှစ်စီမံကိန်း (၂၀၀၄-၂၀၀၉) တွင် ဘိန်းစိုက်ပျိုးမှု ဆက်လက် ကျန်ရှိနေသည့် ဒေသအများစုမှာ နအဖစစ်အစိုးရ ထိန်းချုပ်မှုအောက်မှ မြို့နယ်များဖြစ်ကြောင်း ရှမ်းပြည် မူးယစ် စောင့်ကြည့်ရေးအဖွဲ့တာဝန်ခံဖြစ်သူ ဦးခွန်ဆိုင်းက ခေတ်ပြိုင်သို့ ပြောသည်။

“အပစ်ရပ်အဖွဲ့တွေ ထိန်းချုပ်တဲ့ဒေသတွေက ရှင်းသွားပြီလေ။ (၁၀) နှစ်တာထဲမှာ ဘိန်းကင်းစင်သွားတဲ့ မြို့နယ် (၁၃) မြို့နယ်က နအဖစစ်တပ်ရဲ့ စွမ်းဆောင်မှုနဲ့ ကင်းစင်သွားတာ မဟုတ်ဘူး။ အပစ်ရပ်အဖွဲ့တွေ ကိုယ်တိုင်က လုပ်ဆောင်ခဲ့လို့ အောင်မြင်လာတဲ့အပိုင်းပါ။ အခု ဒီဘိန်းစိုက်ပျိုးမှုမှာ ကျန်နေတဲ့ မြို့နယ်တွေက နအဖစစ်တပ်ရဲ့ လက်အောက်က မြို့နယ်တွေပဲ” ဟု ဦးခွန်ဆိုင်းက ရှင်းပြသည်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဘိန်းစိုက်ပျိုးမှု အနေအထားများကို သုတေသနပြုပြီး ၂၀၀၉ ခု၊ ဇွန် (၂၆) ရက် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် ရှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့က ၎င်းတို့၏စာစောင် အမှတ် (၂) ကို ထုတ်ဝေလိုက်သည်။

ထိုစာစောင်တွင် (၂၀၀၄-၂၀၀၉) ဒုတိယ (၅) နှစ် စီမံကိန်းအတွင်း ဘိန်းစိုက်ပျိုးမှု ဆက်လက်ကျန်ရှိနေသည့် ဒေသများမှာ ရှမ်းပြည်အရှေ့ပိုင်းမှ (၇) မြို့နယ်၊ ရှမ်းပြည်တောင်ပိုင်းမှ (၃) မြို့နယ်နှင့် ကချင်ပြည်နယ်မှ (၄) မြို့ နယ်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။

ဦးခွန်ဆိုင်းက “နအဖစစ်အစိုးရက ချမှတ်ခဲ့တဲ့ ဒီ (၁၅) နှစ် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံကိန်း (၅၃) မြို့နယ်ထဲမှာ မပါတဲ့ မြို့နယ်ဒေသတွေ (၉) မြို့နယ်ရှိသေးတယ်။ ရှမ်းပြည်တောင်ပိုင်းက (၅) မြို့နယ်ရယ်၊ ကရင်နီပြည်က (၂) မြို့နယ်နဲ့ ချင်းပြည်နယ်က ဘိန်းစိုက်ပျိုးနေတဲ့မြို့နယ် (၂) ခုရှိသေးတယ်” ဟု ပြောသည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၀၇-၂၀၀၈ အတွက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုသည် (၃၆) ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားပြီး အထူးသဖြင့် ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ဖြစ်သည်ဟု ဖော်ပြသည်။

ကမ္ဘာတွင် ဘိန်းထွက်ရှိမှု ဒုတိယအများဆုံးနိုင်ငံသည် မြန်မာနိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှမှ ထွက်သည့် ဘိန်းအားလုံး၏ (၉၆) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း အဆိုပါ UNODC ၂၀၀၈ အစီရင်ခံစာတွင် ပါရှိသည်။

နအဖစစ်အစိုးရကမူ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေး (၁၅) နှစ်စီမံကိန်း (၁၉၉၉ - ၂၀၁၄) ကို စတင်ခဲ့ပြီး ပထမ (၅) နှစ်စီမံကိန်းကာလ ရည်မှန်းချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကာ ဒုတိယ (၅) နှစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရာတွင်လည်း အောင်မြင်မှုရှိသည်ဟု ပြောကြားခဲ့သည်။


မင်းနိုင်သူ / ၂၆ ဇွန် ၂၀၀၉


ရန်ကုန်ကျောင်းတိုက်များတွင် ၀ါဆိုမည့်သံဃာများအား သာသနာရေးဦးစီးဌာနက ကိုယ်ရေးအတ္ထုပ္ပတ္တိများ တောင်းယူနေကြောင်း ဗဟန်းမြို့နယ်မှ သံဃာတော်တပါးက မိန့်ဆိုသည်။

“ဦးဇင်းတို့တင်မကဘူး။ ကိုရင်တွေ၊ ကျောင်းသားတွေကအစ ကျောင်းတိုက်တွင်း နေသူမှန်သမျှရဲ့ ကိုယ်ရေးရာဇ၀င် တွေကို တောင်းနေတာ။ အရင်နှစ်တွေကလို မဟုတ်တော့ဘူး” ဟု သံဃာတော်က မိန့်ဆိုသည်။

ယခုနှစ် ရန်ကုန်၌ ၀ါဆိုမည့်သံဃာတော်များအနေဖြင့် ဓာတ်ပုံနှင့်တကွ ကိုယ်ရေးအတ္ထုပ္ပတ္တိများကို ပုံစံတွင် ဖြည့်စွက်ကြရပြီး ကျောင်းထိုင်ဆရာတော်များက တာဝန်ခံလက်မှတ်ထိုးပေးကာ သာသနာရေးဦးစီးဌာနသို့ ပေးအပ်ကြရကြောင်း သိရသည်။

“ကျောင်းတိုက်ကို ဆိုင်ကယ်နဲ့ ဒကာနှစ်ယောက်ရောက်လာတယ်။ တယောက်က သာသနာရေးက၊ တယောက်က သတင်းတပ်ဖွဲ့က။ ကျောင်းတိုက်မှာ ၀ါဆိုမယ့် သံဃာတော်တွေ ဒီဖောင်တွေမှာ ဖြည့်ထားပေးပါ။ တပည့်တော်တို့ ခဏနေမှ ပြန်လာယူမယ်ဆိုပြီး ထွက်သွားကြတယ်။ ကြည့်လိုက်တော့မှ ၀ါဆိုခွင့်ပုံစံတွေ ဖြစ်နေတယ်။ ဘုန်းကြီးတွေ ၀ါဆိုတာတောင် လွတ်လွတ်လပ်လပ်မဆိုရတော့ဘူးဗျာ” ဟု တာမွေမြို့နယ်မှ သံဃာတော်တပါးက မိန့်သည်။

ယခုလအစောပိုင်းကလည်း သာသနာရေးဝန်ကြီးဌာနက သံဃာတော်များ ပြည်ပထွက်ခွာခွင့်အတွက် ထောက်ခံစာ ပေးမှုများကို ရပ်တန့်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် သံဃာတော် (၄) သိန်းကျော်ရှိသော်လည်း ၂၀၀၇ စက်တင်ဘာ အရေးအခင်းပြီးချိန်မှစ၍ နအဖစစ်အစိုးရက သံဃာတော်များအပေါ် ဖမ်းဆီးနှိပ်စက်မှုများပြုနေခြင်းကြောင့် သံဃာဦးရေ လျော့ပါးလာနေ သည်ဟု တာမွေသံဃာတော်က မိန့်ဆိုသည်။

“မြန်မာနိုင်ငံမှာ သံဃာဦးရေနဲ့ စစ်သားဦးရေက အညီအမျှလိုဖြစ်နေတယ်။ အဲဒါကို သူတို့က သဘောမတွေ့ဘူး။ စက်တင်ဘာအရေးအခင်းပြီးကတည်းက သံဃာဦးရေ လျော့ကျရေးအတွက် နည်းပေါင်းစုံနဲ့ လုပ်နေတာ။ သံဃာတွေမှာ ဘုရားချပေးခဲ့တဲ့ ၀ိနည်းအပြင် နအဖထင်သလိုထုတ်တဲ့ ဥပဒေပါ လိုက်နာနေရတယ်။ တချို့ဆို မခံနိုင်တော့လို့ လူထွက်ကုန်ကြတယ်” ဟု အထက်ပါသံဃာတော်က မိန့်သည်။

ပြီးခဲ့သည့် ဇွန် (၁၉) ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲတွင် မဟာစည်သံဃာတော် (၅) ပါးကို အရုဏ်ဆွမ်းအတွက် ပင့်ထားခဲ့သော်လည်း အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများကြောင့် ဆွမ်းစားကြွရောက်နိုင်ခြင်းမရှိခဲ့ပေ။

NEJ / ၂၆ ဇွန် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲတင်စစ်ဆေးနေသော အင်းစိန်ထောင်အထူးတရားရုံး တရားခွင်ကို ဇူလိုင်လ (၃) ရက်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်သည်။

ဗဟိုတရားရုံးသို့ အယူခံတင်ပြထားသော သက်သေခေါ်ယူခွင့် ပြင်ဆင်မှု ပြီးပြတ်ခြင်းမရှိသေးသဖြင့် ယင်းကဲ့သို့ ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။

“ဇူလိုင် (၃) ရက်နေ့မှာတော့ ရန်ကုန်တိုင်းတရားရုံးက ထပ်မံခွင့်ပြုထားပြီးဖြစ်တဲ့ ဒေါ်ခင်မိုးမိုးကို စစ်မေးလိမ့်မယ်” ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်အတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။

အစိုးရဘက်မှ တရားလိုပြသက်သေ (၁၄) ဦး ထွက်ဆိုစေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့ရာ အင်းစိန်အထူးတရားရုံးက တဦးတည်းသောသက်သေ ရှေ့နေဦးကြည်ဝင်း (လပွတ္တာမြို့နယ်) ကိုသာ ထွက်ဆိုခွင့်ပြုခဲ့သည်။

ယင်းကဲ့သို့ သက်သေ (၁) ဦးသာ ထွက်ဆိုခွင့်ရခြင်းမှာ တရားမျှတမှုမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်းတရားရုံးသို့ ထပ်မံတင်ပြရာ နောက်သက်သေအဖြစ် ရှေ့နေဒေါ်ခင်မိုးမိုးကို ရန်ကုန်တိုင်းတရားရုံးက ခွင့်ပြုပေးခဲ့ပြီး ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထပ်မံပယ်ချထားသည့်အတွက် ဗဟိုတရားရုံးသို့ အယူခံထားခြင်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း (၂၀) ကာလအတွင်း နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ နေခဲ့ရပြီးဖြစ်သည်။

ယခုစွပ်စွဲအမှုဖွင့်ထားသည့် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၅) နှစ်အထိ နအဖစစ်အစိုးရက အရေးယူနိုင်သည်။


တနင်္သာရီ ရေအားလျှပ်စစ် စီမံကိန်းအတွက် ကွင်းဆင်း လေ့လာနေ
ကိုရွှေ
သောကြာနေ့၊ ဇွန်လ 26 2009 18:36 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ စင်္ကာပူနှင့် ထိုင်းသို့ လျှပ်စစ် တင်ပို့နိုင်ရန် အလားအလာရှိသော ရေကာတာတခု ဆောက်လုပ်နိုင်ရန် အတွက် မြန်မာနိုင်ငံ တောင်ဘက် အစွန်းပိုင်းရှိ တနင်္သာရီမြစ်ကို မြန်မာ အာဏာပိုင်များနှင့် ထိုင်းပညာရှင်များက ဂရုစိုက် လေ့လာနေကြသည်။

ထိုင်းအာဏာပိုင်များမှ တနင်္သာရီတိုင်းတွင် နွေရာသီနှင့်မိုးရာသီများတွင် မြစ်၏ ရေမျက်နှာပြင် အမြင့်များကို လေ့လာမှတ်သားနိုင်ရန်လူတဦး ထားပေးထားသည် ဟု ဒေသခံများက ဆိုသည်။

“သူတို့ (ထိုင်းအာဏာပိုင်များ) က မတူတဲ့ ရာသီဥတုတွေမှာ ရေမျက်နှာပြင်အမြင့်ကို စောင့်ကြည့်ဖို့ လူတယောက်ငှါးထားပြီး သူ့ကိုတလ ထိုင်းဘတ်ငွေ ၅၀,၀၀၀ ပေးထားတယ်။“ ဟု မကြာသေးခင်က ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိလာသူ တဦးက ပြောပြသည်။

“သူတို့က ရေမျက်နှာပြင် အမြင့်ကို တိုင်းယူတဲ့ ရေနဲ့ဆိုင်တဲ့ တိုင်းတာရေး ကိရိယာတွေကိုလည်း ထားပေးထားတယ်။ နွေရာသီမှာတော့ တနေ့ကို တခါပဲတိုင်းပြီး မိုးရာသီမှာတော့ နာရီတိုင်းမှာ တိုင်းကြတယ်။“ ဟု သူက ထပ်ပြောပြသည်။

ထိုင်းလေ့လာမှု ပညာရှင်များနှင့် မြန်မာ စစ်သားများသည် ၂၀၀၈ ခု၊ ဒီဇင်ဘာ ၂၅၊ ၂၆ က ၎င်းတို့ ရည်ရွယ်ထားသော ရေကာတာ ဆောက်လုပ်ရန် နေရာကို သွားရောက်၍ ထိုနေရာမှ နမူနာ ကျောက်ခဲများ၊ သဲများကို စစ်ဆေး သုတေသသန ပြုလုပ်ရန် ယူဆောင်ခဲ့ကြသည်ဟု သူက ပြောပြသည်။

ထိုဒေသတွင် တပ်စွဲထားသော ကရင်အမျိုးသား အစည်းအရုံး KNU မှ အရာရှိတဦး၏ အဆိုအရ တနင်္သာရီ ရေကာတာ စီမံကိန်းအတွက် လေ့လာမှုများ ပြုလုပ်ရန် ထိုင်းနှင့် မြန်မာ အာဏာပိုင်များ လာရောက်သည်မှာ ယခုတကြိမ်သည် ဒုတိယအကြိမ်မြောက် ဖြစ်သည်ဟု ဆိုသည်။

ပထမအကြိမ် လာရောက်ခြင်းသည် ၂၀၀၇ ခု ကဖြစ်၍ထိုစဉ်က KNU မှ အရာရှိများက နေရာပြစနစ် (GPS)၊ ကင်မရာများနှင့် အခြား လေ့လာရေးသုံး ပစ္စည်းများ အပါအဝင် သူတို့၏ လေ့လာရေး ကိရိယာများကို သိမ်းယူခဲ့သည်။

လေ့လာရေး ပညာရှင် အဖွဲ့များက ထိုမြစ်တွင် ရေကာတာ ဆောက်လုပ်နိုင်မည့် နေရာနှစ်ခုရှိသည်ဟု မှတ်သားသွားကြကြောင်း ဒေသခံ ရွာသားများက ပြောကြသည်။ လာပဒို့ ရွာအနီးရှိ နေရာကို ဖြစ်နိုင်ခြေရှိသော အထက် ရေကာတာနေရာဟု၎င်း၊ မူရို ရွာအနီးရှိ အခြားနေရာကို ဖြစ်နိုင် ခြေရှိသောအောက် ရေကာတာနေရာတွင်၎င်း ခေါ်ခဲ့ကြသည်။ အထက်နှင့်အောက် ရေကာတာနေရာများသည် လှေနှင့် သုံးနာရီခန့် သွားရလောက်အောင် ဝေးကြသည်။

မြန်မာနိုင်ငံသည် စွမ်းအင် လိုအပ်နေသော နိုင်ငံများဖြစ်သည့် ထိုင်းနှင့် စင်္ကာပူနှစ်နိုင်ငံ တို့အား ရေအားလျှပ်စစ် စီမံကိန်းမှ ရရှိသော လျှပ်စစ်များ ပံ့ပိုးပေးသွားမည်ဟု သဘောတူစာချုပ်တွင် လက်မှတ်ထိုးထားပါသည်။

အစိုးရအာဘော် သတင်းစာတခုဖြစ်သော နယူးလိုက်အော့ဖ်မြန်မာ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံ အီတလီ-ထိုင်း ဖွံဖြိုးရေး ပြည်သူ့ကုမ္မဏီ လီမီတက်၊ စင်္ကာပူနိုင်ငံ ဝင်းဖောစွမ်းအင် ဝန်ဆောင်မှု လီမီတက် (ဗြိတိသျှ ဗားဂျင်းကျွန်းမှ) တို့နှင့် မြန်မာ့လျှပ်စစ် စွမ်းအားဝန်ကြီးဌာန (၁) တို့ အကြား တနင်္သာရီ ရေအား လျှပ်စစ်စီမံကိန်း အတွက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပခဲ့ကြသည်ဟု သိရသည်။

ထိုအခမ်းအနားကို မြန်မာနိုင်ငံ၏ သီးသန့် နေပြည်တော် မြို့တော်သစ်တွင် ကျင်းပခဲ့သည်။

သဘောတူညီမှုနှင့် လေ့လာ ကောက်ယူမှုများ နောက်ဆက်တွဲအဖြစ် မြန်မာစစ်တပ်မှ တပ်ရင်း နှစ်ရင်းသည် ထိုရေကာတာ ဆောက်လုပ်ရန် နေရာများတွင် လာရောက် တပ်စွဲထားကြသည်ဟု ဒေသခံများက ဆိုသည်။ တနင်္သာရီ မြစ်ရိုးတလျှောက်တွင် တပ်ရင်းတခုက လာပဒို့ ရွာနားတွင်ဖြစ်၍ နောက်တခုက သေဘောနာ့ ရွာနားတွင် ဖြစ်သည်။

ရေကာတာ ဆောက်လုပ်ရန် ရည်ရွယ်ထားသော ဒေသရှိ ကျေးရွာ ၁၁ ရွာကျော်တို့မှ ရွာသားများနှင့် ထိုကိစ္စကို ဆွေးနွေးတိုင်ပင်မှု လုံးဝ မရှိခဲ့ဘူးကြောင်း ဒေသခံ ရွာသားများက ပြောပြကြသည်။

အမည်မဖော်လိုသော KNU အရာရှိက “ကျနော်တို့ ဒီဒေသက ရေကာတာ စီမံကိန်း လေ့လာရေး ရဲ့ တိုးတက်လာမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေမှာပါ၊“ ဟု ပြောကြားပါသည်။

ဂမ်ဘာရီက ကုလ အတွင်းရေးမှူးချုပ်ထံ တိုက်ရိုက် အစီရင်ခံမည်
ကိုဝိုင်း
သောကြာနေ့၊ ဇွန်လ 26 2009 17:41 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ယခုသီတင်းပတ်ကုန်တွင် အထွေထွေအတွင်းရေးမှူးချုပ်ထံ အစီရင်ခံရမည်ဖြစ်ကြောင်း ကုလအဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်သည်။

ယနေ့နံနက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အထူး ကိုယ်စားလှယ်၏ ခရီးစဉ်အပေါ် နယူးယောက်ရှိ ကုလဌာနချုပ်က တိုက်ရိုက် ကိုင်တွယ်၍ သတင်းထုတ်ပြန်မှုကိုလည်း တင်းကျပ်ထားကြောင်း ရန်ကုန်ရှိ ကုလ အသိုင်းအဝိုင်းက ပြောဆိုနေသည်။

မစ္စတာဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် Michèle Montas က “မစ္စတာ ဂမ်ဘာရီ နယူးယောက်ကို ပြန်လာလာချင်း အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ တွေ့မှာပါ။ လာမယ့်တနင်္လာနေ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျပန်ကို မထွက်ခင် ဖြစ်မှာပါ။ ဒါကြောင့်မို့လို့ သူ့ (ဂမ်ဘာရီ) အနေနဲ့ ဒီသတင်းပတ်ကုန်မှာ အစီရင်ခံရမှာဖြစ်ပါတယ်” ဟု ယမန်နေ့ ပုံမှန်သတင်းစာရှင်းပွဲ၌ ဖြေဆိုခဲ့သည်။

နိုင်ဂျီရီယားနိုင်ငံသား သံတမန်သည် သောကြာနေ့နံနက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး နအဖအကြီးအကဲများနှင့် တွေ့ဆုံရန် ရန်ကုန်မှတဆင့် နေပြည်တော်သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။

မစ္စတာ ဂမ်ဘာရီသည် မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ၂ဝဝ၆ ခုနှစ်မှစ၍ ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ကာ စစ်အစိုးရ ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

သူ၏ ခရီးစဉ်များအနက် ယခင်နှစ် သြဂုတ်လနှင့် မတ်လ ခရီးစဉ်များတွင် စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ခွင့် မရခဲ့သည့်အပြင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် မြန်မာစစ်အစိုးရထံ တောင်းဆိုခဲ့ဖူးသည့် မစ္စတာ ဂမ်ဘာရီ၏ ယခုခရီးစဉ်သည် စစ်အစိုးရက နေအိမ် အကျယ်ချုပ်ဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲ၍ အင်းစိန်ထောင်အတွင်း၌ အချုပ်ချထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်သည့်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။

ကုလသမဂ္ဂက ချမှတ်ထားသော မစ္စတာ ဂမ်ဘာရီ၏ လုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာစေရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် အတိုက်အခံများကိုပါ ထည့်သွင်းလာစေရေးတို့က အဓိက ဖြစ်သည်။

ပြည်တွင်းပြည်ပမှ သံတမန်များ၊ အတိုက်အခံများနှင့် နိုင်ငံရေးသမားများကမူ မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်များနှင့် ပတ်သက်၍ အားရခြင်းမရှိဘဲ တိုးတက်မှု တစုံတရာ မတွေ့ရသဖြင့် မစ္စတာဘန်ကီမွန်းကိုယ်တိုင် သွားရောက်သင့်ကြောင်း ဝေဖန်တိုက်တွန်းကြသည်။

ထိုစဉ်က မစ္စတာဘန်ကီမွန်းက “သင့်လျော်သည့်အချိန်” တွင်မှ မြန်မာနိုင်ငံသို့ သွားမည်ဟုဆို၍ ဆိုင်းငံ့ထားခဲ့ပြီးနောက် ယခုခရီးစဉ် ဖြစ်လာသည်။

မစ္စတာ ဘန်ကီမွန်းသည် ယမန်နှစ် မေလ နာဂစ်ဆိုင်ကလုန်းအပြီး လူသားချင်း စာနာမှုဆိုင်ရာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ပထမအဆုံးအကြိမ် ရောက်ရှိခဲ့သည်။

ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုဆန္ဒပြပွဲ ကျင်းပ
ဖနိဒါ
သောကြာနေ့၊ ဇွန်လ 26 2009 18:49 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ အာဏာရှင်ဟောင်း ဦးနေဝင်း၏ အစိုးရမှ ပထမဆုံး ကြိုးမိန့်ပေးခဲ့သူ ချင်းကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးသည့် ၃၃ နှစ်မြောက်နေ့ ယနေ့တွင် တောင်ကိုရီးယား ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့၌ ချင်းလူမျိုးများ စုပေါင်း ဆန္ဒပြခဲ့သည်။

ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရအဖြစ်မှ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအဖြစ် အသွင်ပြောင်း ဖွဲ့စည်းစ၌ ကျောင်းသား လှုပ်ရှားမှုများဖြင့် ဆက်လက် ဆန့်ကျင်ခဲ့ရာ၌ ဦးဆောင်ပါဝင်သဖြင့် ဖမ်းဆီးကြိုးမိန့်ပေးခံရသူ ဆလိုင်းတင်မောင်ဦးအား ဂုဏ်ပြုအောက်မေ့ဖွယ်အဖြစ် စုပေါင်းဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“သူဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် သူ့အသက် ပေးသွားတယ်။ မဆလ က သတ်ဖြတ်ခဲ့တာကို မမေ့အောင်၊ သူ့ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ သံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုတယ်” ဟု တောင်ကိုရီးယားရောက် ချင်းတိုင်းရင်းသားအဖွဲ့မှ တာဝန်ခံ ဆလိုင်းကျော်ကျော်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား၊ ချင်းကျောင်းသား ခေါင်းဆောင်များအား အမြန်ဆုံး လွှတ်ပေးရန်၊ ချင်းပြည်နယ် ဖိနှိပ်မှုများ အမြန်ဆုံး ရပ်တန့်ရန်၊ သုံးပွင့်ဆိုင် အမြန်ဆုံး ဆွေးနွေးရန် ဆန္ဒပြသူများက မြန်မာစစ်အစိုးရသို့ တောင်းဆိုခဲ့ကြသည်။

သူတို့က သမိုင်းဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ အလံနှင့် ချင်းတိုင်းရင်းသား အလံများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် ဗကသ (နိုင်ငံခြားရေးရာ ကော်မတီ) က ယနေ့ထုတ်ပြန်သည့် ကြေညာချက်ထဲ၌ ဆလိုင်းတင်မောင်ဦးသည် ချင်းအမျိုးသားရေး တခုတည်းအတွက် မဟုတ်ဘဲ ဗမာပြည် စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ စစ်အာဏာရှင် ဖျက်သိမ်းရေးကို ယင်းကာလများကပင် ဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာပြည် ဒီမိုကရေစီ လွတ်မြောက်ရေး တိုက်ပွဲအတွက် အာဇာနည် သူရဲကောင်းတဦးဖြစ်ကြောင်း ဖော်ပြထားသည်။

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ခုနှစ် ကျွန်းဆွယ် အရေးအခင်းမှ စတင်၍ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး၊ ၁၉၇၂ ခုနှစ် သမိုင်းဝင် ကျောင်းသားလှုပ်ရှားမှု၌ အဖမ်းခံခဲ့ရကာ ထောင်ထဲ၌ ၂ နှစ်ကြာ နေခဲ့ရသည်။ သူသည် ထိုအချိန်က တရားဝင် လုပ်ခွင့်ရသည့် ချင်းစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးအဖြစ် ၁၉၇၄-၇၅ ခုနှစ်အတွင်း အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကု အတွင်းရေးမှူးချုပ် ဦးသန့် ဈာပနအတွက် ဂုဏ်ပြုသင့်သည့် ပုဂ္ဂိုလ်ကို ထိုက်တန်စွာ ဂုဏ်ပြုရန် ကျောင်းသားများက ဦးစီးဆောင်ရွက်ရန် ရဲဝံ့စွာ စတင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ မဆလ အစိုးရက အကြမ်းဖက် ဖြိုခွဲခံရသော်လည်း ဦးသန့်ဗိမ္မာန်အဖြစ် ရွှေတိဂုံဘုရား တောင်ဘက်မုခ် အရှေ့ဘက်၌ တခမ်းတနား နေရာပေးခဲ့ကြောင်း ရေးသားထားသည်။

သူသည် ဦးသန့် အရေးအခင်း ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် နယ်စပ်မှ ပြန်လည်ဝင်ရောက်လာပြီး ဇွန်လ ၆ ရက်နေ့ ရွှေတိဂုံ ကျောင်းသား အရေးအခင်း၌ ဦးဆောင်ပါဝင်ခဲ့ပြန်သည်။

၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မဆလ အစိုးရက ဖမ်းဆီးပြီး အင်းစိန်ထောင်တွင်း ချုပ်နှောင်ထားရာမှ ဇွန်လ ၂၆ ရက်နေ့ နံနက် ၄ နာရီတွင် စစ်ခုံရုံး၌ အကျဉ်းရုံးစီရင်ခဲ့ကာ ကြိုးမိန့်ပေးခဲ့သည်။

ကြိုးစင်သို့ နံနက်အစောကြီး ခေါ်ဆောင်သွားစဉ် ဆလိုင်းတင်မောင်ဦးက “ရဲဘော်တို့ ပြည်သူကို အသိမပေးဘဲ ငါ့ကို ခိုးသတ်နေတယ်”၊ “မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးမထောက်နိုင်ဘူး” ဟူ၍ ကြွေးကြော်အော်ဟစ်ခဲ့သေးသည်။

ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုအခမ်းအနားနှင့် ဆန္ဒပြပွဲများကို နော်ဝေးနိုင်ငံ၌လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးဂမ္ဘီရ ထောင်ဒဏ် ငါးနှစ် လျော့
ဖနိဒါ
သောကြာနေ့၊ ဇွန်လ 26 2009 15:53 - မြန်မာစံတော်ချိန်


ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရအား အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၅နှစ် ယမန်နေ့က လျော့ချပေးလိုက်သည်။

သံဃာတပ်ပေါင်းစုခေါင်းဆောင် ဦးဂမ္ဘီရအား စွဲဆိုခဲ့သော အမှု ၁၆ ခုအနက် အီလက်ထရောနစ် ဥပဒေကို ချိုးဖောက်သည့်အမှုမှ ထောင်ဒဏ်ကို လျော့လိုက်ခြင်း ဖြစ်သည်။ သို့သော် သူသည် ထောင်ဒဏ် ၆၃ နှစ် ကျခံရန် ကျန်သေးသည်။

အီလက်ထရောနစ်ဥပဒေ ၃၃ (က) အရ အာဏာပိုင်များ ခွင့်ပြုချက်မရှိဘဲ အင်တာနက် အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ထားပြီး ၂၀၀၇ ခုနှစ်တွင်းက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်သူများကို နှစ်ရှည်ထောင်ချသည့် လက်နက်တခု ဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း ကလေးထောင်ထဲတွင် အကျဉ်းကျခံနေရသူ အသက် ၂၉ နှစ်အရွယ် ဦးဂမ္ဘီရ၏ ရှေ့နေများက အမှုများကို ပြန်လည်စစ်ကြောရန် ခရိုင်တရားရုံးကို အယူခံတင်သွင်းခဲ့ရာ ၇ မှု အပယ်ခံရသည်။ အယူခံတင်ချိန် နောက်ကျ၍ ပယ်ချရခြင်းဖြစ်သည်ဟု တရားရုံးက ပြန်ကြားကြောင်း မိသားစုဝင်များက ပြောသည်။

ကျန်သော ၉ မှုကို တရားရုံးက စိစစ်နေဆဲဖြစ်ပြီး ၂၉ ရက်နေ့ ရုံးချိန်းပေးထားသည်။


ပုဂ္ဂလိက အငှားယာဉ် ဈေးကွက်ကို ပါရမီ ဝင်လု
Friday, 26 June 2009 19:31 ဟိန်းဇော်
ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ ပါရမီ တက္ကစီများမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နေရာယူပြေးဆွဲလာ ခြင်းကြောင့် ပုဂ္ဂလိက အငှားယာဉ်များ ပြေးဆွဲရန် အခက်တွေ့ နေရကြောင်း ယင်း လေဆိပ်တွင် ပြေးဆွဲနေသော အငှားယာဉ်မောင်းသူများက ပြောသည်။

အဆိုပါ ပါရမီတက္ကစီများသည် ရန်ကုန်လေဆိပ်အတွင်းရှိ ကားရပ်နားရာ နေရာတွင် ခရီးသည်များကို အလုအယက် ခေါ်ယူကြသည့်အတွက် တခြားသော ပုဂ္ဂလိက အငှားယာဉ်များ ကားရပ်နားရန်နှင့် ခရီးသည်ရရှိရန်များစွာ အခက်အခဲရှိနေကြောင်း သိရသည်။

“သူတို့က အဖွဲ့ အစည်းတစ်ခု အနေနဲ့ လာဆွဲတာဆိုတော့ ကျနော်တို့လို သာမန်အရပ်သားတွေက သူတို့ကိုရှိန်တယ်၊ ခရီးသည်မခေါ်ရဲတော့ဘူး။ သူတို့က စစ်တပ်က ထွက်ထားတဲ့သူတွေ” ဟု ယင်းလေဆိပ် တွင်ပြေးဆွဲနေသော တက္ကစီ ယာဉ်မောင်း ကိုသက်နိုင်ဝင်းကပြောသည်။

စစ်အစိုးရ၏ စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ပါရမီတက္ကစီ များကို ယခုလ ၂၂ ရက်နေ့မှစတင်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဂိတ်ဖွင့် ပြေးဆွဲနေပြီး ကားရပ်နားရာနေရာတွင် ၎င်းယာဉ်များအပြည့် ရပ်ထားကာ ခရီးသည်ခေါ်ဆောင်လျက်ရှိသည်။ ခရီးသည် ရရှိ သွားသော ယာဉ်နေရာတွင် ပါရမီ တက္ကစီများကို အဆက်မပြတ် ထပ်မံ ဖြည့်ဆည်းနေသောကြောင့် တခြားသော ပုဂ္ဂလိကပိုင် တက္ကစီများ အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။

“သူတို့က လေဆိပ်ထဲမှာလည်း ကောင်တာဖွင့်ပြီး လူခေါ်နေတာ။ ဈေးက အပြင်ထက်ဈေးမြင့်တယ်” ဟု နိုင်ငံရပ်ခြားမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးက ၎င်းမြင်တွေ့ခဲ့ရသော အခြေအနေကိုပြောသည်။

ယင်း ပါရမီယာဉ်လိုင်းများသည် လေဆိပ်အတွင်း ၀န်ဆောင်မှု ကောင်တာဖွင့်လှစ်ထားပြီး ယာဉ်စီးခ နှုန်းထားများ သတ်မှတ်ကာ လေဆိပ်မှ မြို့တွင်းကို စင်းလုံးငှားလျှင် ကျပ် ၆၀၀၀။ ၂ ဦး၊ ၃ ဦး စုပေါင်းငှားလျှင် တဦး ကျပ် ၃၀၀၀ ယူကြောင်း တရားဝင် ကြေညာ၍ ပြေးဆွဲပေးနေသည်။

“ကျနော်တို့က အရင်လေဆိပ် အဟောင်းထဲက ဂိတ်မှာ ပုံမှန်ဂိတ်ထိုး ဆွဲနေတာလေ။ အခု အဲဒီမှာက ပါရမီတွေ နေရာယူလာတော့ ကျနော်တို့တွေ တခြားဂိတ်မှာလည်း သွားဆွဲမရ၊ ဒီမှာလည်း ဆွဲမရတော့ အလုပ် လုပ်စားလို့ မကောင်းတော့ဘူး” ဟု လေဆိပ်နှင့် မြို့တွင်း ပြေးဆွဲပေးနေသည့် တက္ကစီ ဒရိုင်ဘာတဦးက ပြောသည်။

လေဆိပ်ထဲတွင် ပါရမီ တက္ကစီများသာ ပုံမှန်ပြေးဆွဲမည်ဆိုပါက ဈေးကွက် ဝင်လုသည့် သဘောမဟုတ်ဘဲ တခြားသော ပုဂ္ဂလိက တက္ကစီသမားများအတွက် အဆင်ပြေစေရန်ကိုပါ စီစဉ်ပေးသင့်ကြောင်း ပုဂ္ဂလိက တက္ကစီ ပိုင်ရှင်တဦးက သုံးသပ်သည်။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ ၂၀၀၈ ခုနစ်အတွင်း ပါရမီ မီတာ တက္ကစီအဖြစ် သတ်မှတ်ပြေးဆွဲမည်ဟု ပြည်တွင်း မီဒီယာများတွင် ဖော်ပြခဲ့သော်လည်း မီတာနှုန်းထားအတိုင်း မောင်းနှင်ခြင်းမပြုဘဲ စိတ်ကြိုက် ပါးစပ်ဈေးဖြင့်သာ မောင်းနှင်ပြေးဆွဲနေကြောင်း ရန်ကုန်မြို့တွင်နေထိုင်သည့် ခရီးသည်များက ပြောသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေး လီမီတက်က သဘာဝဓာတ်ငွေ့သုံး ပါရမီတက္ကစီယာဉ်များကို ၂၀၀၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ တောင်ကိုရီးယားနိုင်ငံထုတ် Sonata III အမျိုးအစားယာဉ် အစီးရေ ၅၀ ဖြင့် ပြေးဆွဲ ခဲ့သည်။

၂၀၀၇ ခုနစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံထုတ် Mark II ယာဉ် အစီးရေ ၅၀ ထပ်မံ ဖြည့်သွင်းပြေးဆွဲခဲ့ရာ လက်ရှိ စုစုပေါင်းယာဉ် ၃၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“အဖွဲ့အစည်းတခုက ထောင်ထားတဲ့ ကားလဲဖြစ်ပြန်၊ ကားတွေကလည်း ကောင်းတော့ မောင်းချင်တဲ့သူ များ တယ်။ ဒါပေမယ့် သာမန်လူ မောင်းလို့မရဘူး။ စစ်တပ်ထွက်တွေပဲ မောင်းရတယ်။ မနက် တခါ၊ နေ့ခင်းတခါ၊ ညနေတခါ ကားဝင်းထဲ ပြန်ဝင်ပြီး လက်မှတ်ထိုးရတယ်။ စည်းကမ်းကတော့ စစ်တပ်လိုပဲ ပြင်းထန်တယ်။ တခြားယာဉ်တွေနဲ့ ယှဉ်ရင်တော့ ကျွန်တော်တို့ ပါရမီကားတွေက အရာရာသာတယ်” ဟု ပါရမီ တက္ကစီ ယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်တပ် အသိုင်းအ၀န်းမှ ဦးစီးလုပ်ကိုင်နေသော ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ ပါရမီ လေအေးစက်တပ် အထူးဘတ်စ်ကား လိုင်းများကိုလည်း ၂၀၀၇ ခုနစ် အတွင်း စတင်၍ ခရီးသည် တစ်ဦးလျှင် ၂၀၀ ကျပ်ဖြင့် မထသ လက်အောက်ရှိ ယာဉ်လိုင်းများနှင့် အပြိုင် ပြေးဆွဲခဲ့ကြောင်း မထသ ယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်း ပါရမီ ဘတ်စ်ကားများမှာ ဈေးနှုန်းခြင်း တူသော်လည်း လေအေးစက်တပ်ထားသည့် ယာဉ်အသစ်များဖြင့် ဈေးကွက်လု ပြေးဆွဲခြင်း ဖြစ်သောကြောင့် မထသ နှင့် တခြားသော ပုဂ္ဂလိက ယာဉ်လိုင်းတချို့အတွက် အခက်တွေ့ရကြောင်း ကြားသိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်းတွင် ပါရမီ အထူးဘတ်စ်ကား အစီးရေ ၁၀၀ နီးပါး ပြေးဆွဲလျက်ရှိသည်။

ချင်းပြည်နယ်တွင် အကြွေးတင်သူ ၈၅ ရာခိုင်နှုန်းရှိ
Friday, 26 June 2009 19:28 အေးလဲ့
ပိုက်ဆံချေးပြီး အစားအစာ ဝယ်ယူရသည့် အတွက် ချင်းပြည်နယ်ရှိ ဒေသခံ ၈၅ ရာခိုင်နှုန်းမှာ အကြွေး တင်လျက်ရှိသည်ဟု ရန်ကုန်မှ ကုလသမဂ္ဂ အရာရှိ တဦးက ဧရာဝတီကို ပြောသည်။

“ချင်းတိုင်းရင်းသားတွေ စားနပ်ရိက္ခာ ပြတ်နေတယ်။ အကြွေးလည်း ဆပ်ရမယ်၊ အစား အသောက်၊ ကျန်းမာရေး၊ ပညာရေး အတွက်လည်း ပိုက်ဆံ မပေးနိုင်ကြဘူး” ဟု ကုလသမဂ္ဂ အဖွဲ့ခွဲတခု ဖြစ်သော ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အရာရှိ Siddharth Krishnaswamy က ပြောသည်။

ပြီးခဲ့သည့်လအတွင်း ချင်းပြည်နယ် မြို့နယ် ၇ ခုတွင် လေ့လာခဲ့သည့် တွေ့ရှိချက်များအရ ထန်တလန်၊ တီးတိန်၊ တွန်းဇံမြို့များရှိ ကျေးလက်လူထုမှာ အဆိုးရွားဆုံး ကြုံနေရသူများ ဖြစ်သည် ဟု WFP ၏ အစီရင်ခံစာတစောင်တွင် ရေးသားထားသည်။

ချင်းပြည်နယ်တွင် စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေ ကျဆင်းလာသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်ပြီး အလုပ်လက်မဲ့ ပေါများလာခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

ချင်းပြည်နယ်တွင် လူဦးရေ ၅ သိန်း ဝန်းကျင် ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်ရှိ ပြည်သူလူထုသည် အလုပ် ၆လ လုပ်ပါက ရရှိသည့် ငွေမှာ ရိက္ခာ ၃ လစာ အတွက်သာ ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် အကူအညီပေးရေး အဖွဲ့တခုဖြစ်သော Country Agency For Rural Development (CAD) အဖွဲ့မှ ညွှန်ကြားရေးမှူး ကိုဝင်းလှိုင်ဦးက ဧရာဝတီသို့ ပြောပြသည်။

စိုက်ခင်း အတွင်းရှိ သီးနှံများကို ကြွက်များ ဝင်ရောက် စားသောက် ဖျက်ဆီးခဲ့ရာမှ အစာရေစာ ရှားပါးသည့် ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။

CAD အဖွဲ့က ဟားခါးမြို့တော်၊ ထန်တလန်မြို့၊ မတူပီမြို့တို့တွင် “Food for Work” အမည်ရှိ စားနပ်ရိက္ခာ ရရှိရေး စီမံကိန်း တခုကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းအရ လမ်းဖောက်လုပ်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် ဒေသခံများ ပါဝင် ဆောင်ရွက်ပါက ရိက္ခာ ရကြမည် ဖြစ်သည်။

ထိုစီမံကိန်းက ဒေသခံ သုံးသောင်းအတွက် ရိက္ခာ အဆင်ပြေစေမည်ဖြစ်သည်။ သို့သော်လည်း စီမံကိန်းဒေသတွင် နေထိုင်သူ လူဦးရေ ၂ သိန်း ရှိနေသည်။

စစ်အစိုးရက ချင်းတိုင်းရင်းသားများထံ ကူညီ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခြင်းကို ပိတ်ပင်ထားသည်။ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်စေပြီး ရိက္ခာ ရယူရေး အစီအစဉ်များကိုသာ ခွင့်ပြုထားသည်။

“လူတွေက အလုပ်လုပ်ပြီး အစားအစာပဲ ရတဲ့အတွက် သိပ်တော့ မကျေနပ်ကြဘူး” ဟု ကိုဝင်းလှိုင်ဦးက ပြောသည်။

“ပညာရေး ကျန်းမာရေးအတွက်လည်း သူတို့ ငွေလိုတယ်လေ” ဟု သူက ရှင်းပြသည်။

မတူပီမြို့နယ်ရှိ ဒေသခံ အများစုမှာ အစားအစာ အလုံအလောက် မရှိကြောင်း အိန္ဒိယ မြန်မာ နယ်စပ်ဒေသမှ အကူအညီပေးရေး လုပ်ငန်းများ လုပ်ကိုင်သူ ချင်းတိုင်းရင်းသားတဦးက ပြောသည်။

မိုးရာသီတွင် ရိက္ခာအခက်အခဲ ကြုံရသူအရေအတွက် ပိုမို များပြားလာဖွယ် ရှိကြောင်း၊ လိုအပ်သည့် ရိက္ခာများ ဝယ်ယူရန် အိန္ဒိယနယ်စပ်သို့ သွားရောက်ရန် ခက်ခဲသောကြောင့်ဖြစ်ကြောင်း ချင်းတိုင်းရင်းသားများ ကူညီ ကယ်ဆယ်ရေးအဖွဲ့ မှ ဆလိုင်းဗန်လျံထန် က ပြောသည်။

နိုင်ငံတကာရောက် မြန်မာပြည်သားများ ပေးပို့လှူဒါန်းသည့် ရိက္ခာများကို လက်ခံခြင်းမပြုရန် အာဏာပိုင်တို့က ချင်းတိုင်းရင်းသားများကို တားမြစ် ပိတ်ပင်ထားမှုကို CHRC က ဝေဖန် ပြစ်တင်ခဲ့ဖူးသည်။

ချင်းပြည်နယ်အတွင်း စိုက်မြေဧရိယာ ၇၅ ရာခိုင်နှုန်းကို ကြွက်များက ဖျက်ဆီးခဲ့သည်ဟု WFP အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စိုက်ခင်းအတွင်း ကြွက်များ ဝင်ရောက် ဖျက်ဆီးမှုမှာ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလတွင် အစပြုခဲ့ခြင်း ဖြစ်သည်။ ရိက္ခာ ပြတ်လပ်သည့် ဒေသခံအများအပြား အိန္ဒိယနယ်စပ်သို့ သွားပြီး တရားမဝင် အလုပ်သမားများအဖြစ် ရပ်တည်ကြရသည်။

ဤကပ်ဘေးသည် ချင်းပြည်နယ်တွင် လွန်ခဲ့သော နှစ် ၅ဝ ခန့်က တကြိမ် ပေါ်ပေါက်ခဲ့ဖူးသည်ဟု သိရသည်။

ဝါးအပွင့်များကို စားသုံး၍ ကြွက်များ ပိုမို မျိုးပွားလာပြီး လယ်ကွင်း နှင့် သီးနှံ စိုက်ခင်းများကို ဝင်ရောက် ဖျက်ဆီးကြသဖြင့် ရိက္ခာရှားပါးသည့် ကပ်ဘေး ဖြစ်လာရသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ကြွက်များ၏ ဖျက်ဆီးမှု အပြင် ပြီးခဲ့သည့် နှစ်အတွင်း ချင်းပြည်နယ်တွင် မိုးခေါင် ရေရှားမှုကြောင့် သီးနှံ အထွက်နှုန်း အလွန်အမင်း နည်းပါးခဲ့ရသည်။

ဂန်ဘာရီ နေပြည်တော်ရောက်
Friday, 26 June 2009 14:33 ဧရာဝတီ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ ဌာနချုပ်တွင် အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ရှင်းလင်းတင်ပြရန် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ (ဓာတ်ပုံ - AFP)
မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံမှ ပြန်လာ၍ လာမည့် တနလာင်္နေ့တွင် နယူးယောက်မြို့မှ ဂျပန်နိုင်ငံသို့ မစ္စတာ ဘန်ကီမွန်း မထွက်ခွာမီ ယင်းသို့ ရှင်းလင်းတင်ပြမည်ဖြစ်သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက ယမန် နေ့တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

ယခု မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်သည် လာမည့် ဇူလိုင်လ အစောပိုင်းတွင် သွားရောက်မည့် မစ္စတာ ဘန်ကီမွန်း ခရီးစဉ်အကြို ကြိုတင်ပြင်ဆင်မှု ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂ အရာရှိများ၏ အဆိုအရ မစ္စတာ ဂန်ဘာရီသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ထို့နောက် နေပြည်တော်သို့ သွားရောက်၍ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။

မစ္စတာ ဘန်ကီမွန်း၏ ကိုယ်စားလှယ်ဖြစ်သော မစ္စတာ ဂန်ဘာရီ ၏ မြန်မာနိုင်ငံခရီးစဉ်သည် စနေနေ့အထိ ဖြစ်ကြောင်း AP သတင်းက ဖော်ပြထားသည်။

ယခု ကုလသမဂ္ဂ ထိပ်တန်းအရာရှိများ၏ ခရီးစဉ်သည် အငြင်းပွားဖွယ်အခြေအနေရှိသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆို စစ်ဆေးနေသည့်အချိန်ဖြစ်သည့်အတွက် နိုင်ငံ ရေးနှင့် သက်ဆိုင်သည့် ခရီးစဉ်ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။

စစ်အစိုးရက မစ္စတာ ဘန်ကီမွန်းအား လာမည့် ဇူလိုင်လအစောပိုင်း၌ မြန်မာနိုင်ငံသို့ လာရောက်ရန် ပြီးခဲ့သည့် အပတ်အတွင်းတွင် ဖိတ်ကြားထားသည်။

မစ္စတာဘန်ကီမွန်းသည် လွန်ခဲ့သည့် ၂၀၀၈ခုနှစ် မေလအတွင်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ပထမအဆုံးအကြိမ်သွားရောက် ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေး ဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံသို့ မသွားရောက်ခင် ၎င်းက ပြောဆိုခဲ့သည်။

ထိုခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ သည်။

တချိန်တည်းတွင်ပင် အမေရိကန်နိုင်ငံ အိုဘားမား အစိုးရက ယမန်နှစ် မေလတွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များအတွက် လူသားချင်းစာနာသည့် အကူအညီအနေနှင့် ဒေါ်လာ ၁၀ သန်း မြန်မာနိုင်ငံသို့ ပေးရန် အတည်ပြုလိုက်ကြောင်း သိရသည်။

ကုလ ကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ပြီ

26 June 2009

စစ်အစိုးရ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ ဟာ နေပြည်တော် ကို ရောက်ရှိနေပြီး၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ဒီ ခရီးစဉ် ဟာ မြန်မာနိုင်ငံ ကို (၈) ကြိမ်မြောက် သွားရောက်ခဲ့တဲ့ သူ့ ရဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဟာ မြန်မာနိုင်ငံ ကို မကြာမီ သွားရောက်ကောင်း သွားရောက်မှာပါ။ ဖြစ်လာနိုင်စရာရှိတဲ့ မစ္စတာ ဘန်ကီမွန်း ရဲ့ အဲဒီ ခရီးစဉ် အတွက် မစ္စတာ ဂမ်ဘာရီ က လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။

သွားရောက်ဖို့ သင့်လျော်တဲ့ အချိန် ကို သူ က ကြည့်နေခဲ့ပါတယ်လို့ မစ္စတာ ဘန်ကီမွန်း က ဒီ အပတ် စောစောပိုင်း က ပြောခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်း ဟာ ဂျပန်နိုင်ငံ ကို ဇွန်လ ၃၀ ရက် ကနေ ဇူလိုင်လ ၂ ရက်အထိ သွားရောက် လည်ပတ်မှာ ဖြစ်ပြီး၊ အဲဒီ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ကို သွားရောက်ကောင်း သွားရောက်နိုင်ပါတယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ဆိုပါတယ်။ မစ္စတာ ဂမ်ဘာရီ ဟာ ယခု ခရီးစဉ် နဲ့ ပတ်သက်ပြီး၊ မစ္စတာ ဘန်ကီမွန်း ဂျပန် နိုင်ငံကို မသွားရောက်မီ အစီရင်ခံရမှာ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မစ်ချဲ မွန်းတပ် က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အကြံပေး မစ္စတာ ဂမ်ဘာရီ လာရောက်တဲ့အခါ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က တွေ့ဆုံဖို့ မျှော်လင့်တာ မဟုတ်ပေမဲ့ ပုံမှန်အားဖြင့်ဆိုရင်တော့ တွေ့တတ်တဲ့အကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ဗွီအိုအေ ကို ပြောပါတယ်။ မစ္စတာ ဂမ်ဘာရီ ရဲ့ ဒီ ခရီးစဉ် မှာ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဆုံဖို့ ရှိမရှိ အပါအ၀င် ခရီးစဉ် အသေးစိတ် ကိုတော့ ကုလသမဂ္ဂ က ထုတ်ဖော်မပြောဆိုခဲ့ပါဘူး။

ကုလသမဂ္ဂ ရဲ့ ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်တွေကြားမှာ အားမလိုအားမရ ဖြစ်တာတွေလည်း ရှိနေခဲ့ပါတယ်။ ကုလသမဂ္ဂ ဟာ မြန်မာ နိုင်ငံ ရဲ့ ဖွဲ့စည်းပုံ ကိစ္စ ကို ဆွေးနွေးသင့်တယ်လို့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင် က ဗွီအိုအေ ကို ပြောခဲ့ပါတယ်။

မစ္စတာ ဘန်ကီမွန်း မကြာခင် မြန်မာနိုင်ငံ ကို လာရောက်နိုင်စရာ ရှိတဲ့ ခရီးစဉ် ဟာ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ချထားစဉ် ကန့်သတ် တားဆီးမိန့်တွေကို ချိုးဖောက်မှု နဲ့ အမှုတင် စစ်ဆေးနေတဲ့ အချိန် ဖြစ်နေပါတယ်။ အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော က ဒေါ်အောင်ဆန်းစုကြည် နေအိမ် ကို ရေကူးဝင်ရောက်သွားခဲ့ပြီးတဲ့နောက် စစ်အစိုးရ က အခုလို ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ယက်တော ပထမ အခေါက် ဒေါ်အောင်ဆန်းစုကြည် အိမ် ကို ရောက်သွားစဉ် က Mormon Book စာအုပ် ပေးခဲ့တာ ကို သက်ဆိုင်ရာ ကို အကြောင်းမကြားခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ ပထမအကြိမ်ကတည်း က ထိန်ချန် ပြောဆိုရာ ရောက်ခဲ့တယ်လို့ ရဲချုပ် ခင်ရီ က သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။ မစ္စတာ ယက်တော ရဲ့ နောက်ကွယ် မှာ သူ့ ကို ကြိုးကိုင်နေတဲ့ အဖွဲ့အစည်း ရှိကောင်း ရှိနိုင်တယ်လို့လည်း ထင်မြင်ချက်ပေးခဲ့ပါတယ်။ မစ္စတာ ယက်တော က ပြည်ပရောက် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းတွေ နဲ့ ထိုင်းမြန်မာ နယ်ခြား မှာ တွေ့ဆုံခဲ့တာတွေ ကို ရဲချုပ် ခင်ရီ က တင်ပြသွားခဲ့ပါတယ်။

မစ္စတာ ဂမ်ဘာရီ သွားရောက်နေတဲ့ အချိန်မှာပဲ၊ မြောက်ကိုရီးယား သင်္ဘော Kang Nam ၁ ဟာ မြန်မာနိုင်ငံ ကို လက်နက်ပစ္စည်းတွေ တင်ဆောင် သွားနေတယ်လို့ နိုင်ငံတကာ မီဒီယာတွေထဲ မှာ သတင်းတွေ ဖြစ်ပွားနေတဲ့ အချိန်အခါ နဲ့လည်း တိုက်ဆိုင်နေပါတယ်။ မြန်မာစစ်အစိုးရကတော့ အဲဒီ သင်္ဘော မြန်မာနိုင်ငံ ကို လာရောက်မယ် ဆိုတဲ့ သတင်း မသိဘူး လို့ ငြင်းဆိုထားပါတယ်။ အခြား မြောက်ကိုရီးယား သဘောင်္တစ်စင်းသာ မြန်မာနိုင်ငံ က ဆန်တန်ချိန် ၈.၀၀၀ ကို တင်ဆောင်ဖို့ အိန္ဒိယ က လာရောက်မှာ ဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမှု ရက်ချိန်း ထပ်ရွှေ့

26 June 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် စွဲဆိုထားတဲ့အမှုမှာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ဘက်က သက်သေတဦး ဖြစ်တဲ့ ဒေါ်ခင်မိုးမိုး ကို စစ်ဆေးဖို့ရှိတဲ့အတွက် အများက စောင့်ကြည့်နေကြပေမယ့် မစစ်ဆေးဖြစ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်း က ပြောပါတယ်။ ဒါ့အပြင် ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဘန်ကောက်ရုံးက ကိုကျော်ကျော်သိန်း အပြည့်စုံ တင်ပြထားပါတယ်။

ဒီကနေ့ တရားရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တင်သွင်းထားတဲ့ နောက်ထပ် သက်သေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုး ရဲ့ ထွက်ချက်ကို ကြားနာမယ်လို့ အစောပိုင်းတုန်းက သတင်းထွက်ထားပေမယ့် ဘယ်လို ကြားနာမှုမျိုးမှ မရှိခဲ့ပါဘူး။ နောက်ထပ် ရုံးချိန်းကို ဇူလိုင်လ ၃ ရက်နေ့ မနက် ၁၀ နာရီမှာ သတ်မှတ်ပေးပြီး ပြန်ချိန်းခဲ့ပါတယ်။ ဒီကနေ့ အင်းစိန်ထောင်ဝင်း အတွင်း အထူးတရားရုံးမှာ ရုံးချိန်းရက် တွေ့ဆုံကြတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည် က သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ ဘာကြောင့်လုပ်တယ် ဆိုပြီး ဦးဉာဏ်ဝင်း ကို မေးမြန်းခဲ့ပါတယ်။ လက်ရှိ စစ်ဆေးနေဆဲ မပြီးသတ်သေးတဲ့ အမှုတမှု နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပြောဆိုတာမျိုးဟာ တရားရုံးကို မထီမဲမြင် လုပ်တာမျိုး ဖြစ်မဖြစ် ဆိုတာ ပြောဆိုတာတွေ အပေါ် အသေးစိတ် လေ့လာနေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးလည်း ဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဲန်အယ်လ်ဒီ ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်း က ဗွီအိုအေ ကို ပြောပါတယ်။

"တရားရုံးရှေ့မှာ ရောက်နေတဲ့ကိစ္စကို press show လုပ်တာကိုက မသင့်လျော်ဘူးဗျ။ ဒါမျိုးက မလုပ်ရဘူး။ တရားရုံးကို မထီမဲ့မြင် လုပ်တဲ့သဘော ဖြစ်တာပေါ့။ စစ်ဆေး နေတယ်၊ စီရင်နေတယ်၊ ဆုံးဖြတ်မယ်။ အဲဒါကို ရှေ့က လာပြီးတော့ လုပ်တာ။ အဲဒါ တရားရုံးကို မထီမဲ့မြင် ပြုမှုပဲဗျ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော် က အဲဒီလို ဖြစ်နေတယ်လို့ ပြောတာ မဟုတ်ဘူး။ ကျနော်တို့ အဲဒီလို ဖြစ်မဖြစ် ဆိုတာကို စကားလုံးတွေကအစ လေ့လာဖို့ လိုနေတယ်။ စကားလုံး အကုန်လုံးကို ကျနော်တို့ လေ့လာပါအုံးမယ်။ ပြီးမှပဲ ကျနော်တို့ အဖြေပေးဖို့ ရပါမယ်။"

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ရေဒီယို လည်း နားထောင်ခွင့်မရ၊ သတင်းစာ လည်း ဖတ်ရှုခွင့်မရတဲ့အတွက် သတင်းစာ ရှင်းလင်းပွဲမှာ ဘာတွေ ပြောသွားတယ် ဆိုတာကို တိတိကျကျ သိခွင့်မရတာကြောင့် သူ့ရဲ့ သဘောထား တခုခုကို မပြောနိုင်ဘူးလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ မြန်မာနိုင်ငံကို ရောက်နေပြီ ဆိုတဲ့ သတင်းတွေကလည်း ထွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ က ကုလသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေး ရုံးကို ဗွီအိုအေ က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တာဝန်ရှိသူက သူ့ အနေနဲ့ ဘာမှ မပြောနိုင်သေးတဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။ မစ္စတာ ဂမ်ဘာရီ ဟာ အရင် ခရီးစဉ်တွေ တုန်းက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဲန်အယ်လ်ဒီ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ နဲ့ အာဏာပိုင်တွေ စီစဉ်ပေးတဲ့ တခြား လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။ အခုတခေါက် ခရီးစဉ် နဲ့ ပတ်သက်လို့တော့ ဘာမှ ဆက်သွယ်လာတာတွေ မရှိသေးဘူးလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

"ဒီနေ့ ရောက်တယ်လို့တော့ သတင်းကြားတယ်။ မျှော်လင့်တာတော့ မဟုတ်ဘူးဗျ။ အစဉ်အလာ အားဖြင့်တော့ တွေ့နေကျပဲ ဆိုတာပဲ ကျနော် ပြောချင်တယ်။"

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဒီကနေ့ ရုံးချိန်း တွေ့ဆုံချိန် အတွင်း မစ္စတာ ဂမ်ဘာရီ ရောက်နေတဲ့အကြောင်း ဦးဉာဏ်ဝင်း က ပြောပြခဲ့ပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် ပေး ပြောဆိုတာမျိုး ဘာမှ မရှိခဲ့ဘူးလို့ ပြောပါတယ်။ မစ္စတာ ဂမ်ဘာရီ ရဲ့ အခုတခေါက် မြန်မာနိုင်ငံ ခရီးစဉ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို မကြာခင်မှာ လာရောက်နိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အချိန်မှာ ဖြစ်လာတာမို့ မစ္စတာ ဘန်ကီမွန်း ခရီးစဉ်အတွက် ရှေ့ပြေး ကြိုတင်လုပ်ဆောင်ဖို့ရာ လာတာ ဖြစ်မယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးသားနေတာ တွေ့ရပါတယ်။ နှစ်ရက်တာ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုသော်လည်းကောင်း၊ အဲန်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေ နဲ့သော်လည်းကောင်း တွေ့ဆုံဖို့ လောလောလတ်လတ် အစီအစဉ် မရှိသေးဘူးလို့ မြန်မာ တာဝန်ရှိသူတွေက ပြောတယ် ဆိုပြီး အေအက်ဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ရိုက်တာ သတင်းတပုဒ်မှာတော့ မစ္စတာ ဂမ်ဘာရီ ဟာ ခရီး ရောက်မဆိုက် ရန်ကုန်မြို့ကနေ မိုင် ၂၄၀ နီးပါး ဝေးတဲ့ နေပြည်တော်ကို ကားနဲ့ ထွက်ခွာသွားတယ်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း နဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ထားတယ်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့မတွေ့ ဆိုတာတော့ မသိရသေးဘူးလို့ ရေးထားပါတယ်။

မစ္စတာ ဂမ်ဘာရီ ရဲ့ အခု (၈) ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကရော၊ မြန်မာစစ်အစိုးရ ကပါ တရားဝင် သတင်းထုတ်ပြန်တာမျိုးတွေ မရှိတဲ့အတွက် အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီးတော့ပဲ သတင်းတွေမှာ ရေးသားဖော်ပြနေကြတာ ဖြစ်ပါတယ်။

မစ္စတာ ဂမ်ဘာရီ ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာနိုင်ငံကို နောက်ဆုံးသွားရောက်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်တုန်း ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့သလို မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နဲ့လည်း တွေ့ဆုံခဲ့ရပေမယ့် အဓိက ကျတဲ့ မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့တော့ မတွေ့ဆုံခဲ့ရပါဘူး။


ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ အီရန်ဘာသာရေးခေါင်းဆောင် တောင်းဆို

26 June 2009

ရွေးကောက်ပွဲ အပြီး၊ မဲလိမ်တယ်လို့ ကန့်ကွက် ဆန္ဒပြ ခဲ့ကြတဲ့ ခေါင်းဆောင်တွေ ကို ရက်ရက်စက်စက်၊ အကြင်နာမဲ့ အပြစ်ပေးဖို့ အီရန် နိုင်ငံ ရဲ့ ၀ါရင့် ဘာသာရေး ခေါင်းဆောင် က အစိုးရ ကို တောင်းဆိုလိုက်ပါတယ်။
တီဟီရန် တက္ကသိုလ် မှာ သောကြာနေ့ က လုပ်တဲ့ ဘာသာရေး တရားပွဲ မှာ အာမက် ခါတာမီ က အဲဒီလို ပြောခဲ့တာပါ။ ဆန္ဒပြသူတွေ က ဘုရားသခင် ကို ဆန့်ကျင် စစ်ဆင်နွှဲတာ ဖြစ်တယ်လို့ သူ က ဆိုပါတယ်။ ဆန္ဒပြပွဲတွေ ကို နိုင်ငံခြား သတင်းသမားတွေ က လှုံ့ဆော်ခဲ့ကြတယ် လို့လည်း သူ က စွပ်စွဲလိုက်ပါတယ်။

နေ့တိုင်းလို ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ ဟာ ရဲတွေ အထပ်ထပ် ချထားတဲ့အတွက်၊ ခု အခါမှာတော့ သိပ်မဖြစ်ပွား နိုင်တော့ပါဘူး။

ဒါပေမယ့် အကြမ်းဖက် နှိမ်နင်းခဲ့လို့ ဆန္ဒပြရင်း သေဆုံးသွားခဲ့သူ အမျိုးသမီးငယ် နီဒါ ဆူလ်တန် (Neda Soltan) ကို သုဿာန် မှာ အီရန်နိုင်ငံသားတွေ က အုပ်စုလိုက် သွားရောက် ဂုဏ်ပြုကြပါတယ်။ သူမ အသတ်ခံရပုံ ဗွီဒီယို က အီရန် နိုင်ငံ အနှံ့မှာ ပျံ့နှံ့နေပါတယ်။

ဒါပေမယ့် ဇွန်လ ၁၂ ရက်နေ့ က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ ဟာ အီရန် နိုင်ငံ မှာ လုပ်ခဲ့သမျှ ရွေးကောက်ပွဲတွေ အနက် အသန့်ရှင်းဆုံး ရွေးကောက်ပွဲ ဖြစ်တယ်လို့ အီရန် နိုင်ငံ ရဲ့ နိုင်ငံဥသျှောင် အဖွဲ့ က ဒီကနေ့ ပြောလိုက်ပြီး၊ မဲလိမ်တယ်ဆိုတဲ့ အတိုက်အခံ ရဲ့ စွပ်စွဲချက်တွေ ကို ပယ်ချလိုက်ပါတယ်။

ဒီ အချိန်မှာပဲ အီရန် နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ ကို ရပ်ဆိုင်းဖို့ စက်မှု နိုင်ငံကြီး ၈ နိုင်ငံ အုပ်စု ရဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေ က သူတို့ ရဲ့ ကြေညာချက်မှာ တောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးတွေ ဟာ အီတလီနိုင်ငံ Trieste မြို့ မှာ စည်းဝေးနေကြတာပါ။ ဒီမိုကရေစီ ကျတဲ့ တွေ့ဆုံဆွေးနွေးရေး နဲ့ အဖြေရှာဖို့ သူတို့ က အီရန်ကို တိုက်တွန်းလိုက်ကြပါတယ်။


ပေါ့ပ်အဆိုကျော် မိုက်ကယ်လ် ဂျက်ဆင် ကွယ်လွန်

26 June 2009


ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မိုက်ကယ်လ် ဂျက်ဆင် (Michael Jackson) ဟာ ဒေသစံတော်ချိန် ကြာသပတေးနေ့ မကြာခင်ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၅၀ အရွယ်ရှိ မိုက်ကယ်လ် ဂျက်ဆင်ဟာ နှလုံးဝေဒနာ ခံစားရပြီး ချက်ချင်း ကယ်လီဖိုးနီးယားပြည်နယ် လော့စ် အိန်ဂျလိစ် ဆေးရုံတခုကို အမြန်ဆုံး ပို့ဆောင်ခဲ့ကြရပါတယ်။

သူ့ရဲ့နေအိမ်ကို ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ အရေးပေါ် ဆေးဝန်ထမ်းတွေ ရောက်လာချိန်မှာ သူဟာ အသက်မရှူတော့ဘူးလို့ မီးသတ်အရာရှိတွေက ပြောပါတယ်။ အဲဒီနောက် UCLA ကယ်လီဖိုးနီးယား ဆေးရုံမှာ မေ့မျောနေတယ်လို့ ဆေးရုံက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် မိုက်ကယ်လ် ဂျက်ဆင် သေဆုံးသွားပြီလို့ ရဲအရာရှိတွေက အတည်ပြုပြောဆိုကြောင်း လော့စ် အိန်ဂျလိစ် တိုင်းမ်စ် သတင်းစာမှာ ဖော်ပြပါတယ်။

အသက် ၅၀ အရွယ် မိုက်ကယ်လ် ဂျက်ဆင်ဟာ အဆိုတော်လည်းဖြစ်၊ ကိုယ်တိုင်ကလည်း ကပြဖျော်ဖြေသလို သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်သူ ဖြစ်ပါတယ်။ သူဟာ ၁၉၇၀ ပြည့်လွန် ကတည်းကစပြီး သူတို့ညီအစ်ကိုတွေ ဖွဲ့စည်းထားတဲ့ The Jackson Five အဖွဲ့မှာ ကလေးဘ၀ကတည်းက စပြီး သီချင်းတွေ ဆိုခဲ့ပါတယ်။ သူတဦးတည်း သီချင်းစဆိုတော့လည်း သူ့သီချင်းတွေဟာ ကမ္ဘာကျော် အောင်မြင်ခဲ့ပြီး MTV တခေတ်ကို စတင်ခဲ့သူ ဖြစ်ပါတယ်။

သူ မကွယ်လွန်ခင် နောက်ပိုင်းနှစ်မှာတော့ ဝေဖန်ခံရစရာတွေ အများကြီးရှိခဲ့ပြီး သူဟာ ၂၀၀၅ ခုနှစ်မှာ ကလေးငယ်တွေကို မဖွယ်မရာ လုပ်တယ်ဆိုပြီး တရားစွဲခံရပြီးမှ လွတ်မြောက်ခဲ့ပါတယ်။

ဒါပေမယ့် သူက သူ့ရဲ့ အဆိုတော်ဘ၀ကို ပြန်ဝင်ရောက်ဖို့ စီစဉ်နေပါတယ်။ လန်ဒန်မှာ ဒီနှစ်ကုန်ပိုင်း စင်မြင့်ဖျော်ဖြေပွဲတွေ ဖျော်ဖြေဖို့ရှိပြီး သူ့ရဲ့လက်မှတ်တွေဟာ မိနစ်ပိုင်းအတွင်းမှာ ရောင်းချ ကုန်သွားခဲ့ပါတယ်။

ဘန်ကီမွန်း မြန်မာပြည်လာရေး ဂမ်ဘာရီ ညှိနှိုင်း

26 June 2009


မစ္စတာဂမ်ဘာရီ (Mr. Gambari) ဒီကနေ့ သောကြာနေ့မှာပဲ မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေးဌာန အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ ၈ ကြိမ်မြောက်ဖြစ်မယ့် ဒီတခေါက် ခရီးစဉ်ကတော့ အဓိကအားဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) လာရောက်နိုင်ဖို့အတွက် ကြိုတင်ညှိနှိုင်းမယ့်သဘော ဖြစ်နိုင်ပါတယ်။

မစ္စတာဂမ်ဘာရီဟာ ဒီနှစ် ဖေဖော်ဝါရီလက နောက်ဆုံးအကြိမ် မြန်မာပြည်ကို ရောက်လာခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နဲ့ သူ တွေ့ဆုံခဲ့ပါတယ်။ အခုတကြိမ် မစ္စတာဂမ်ဘာရီဟာ မြန်မာပြည်မှာ ၂ ရက်ကြာ နေထိုင်လိမ့်မယ်ဆိုပြီး အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးရုံး အရာရှိက ဆိုပါတယ်။

မစ္စတာဂမ်ဘာရီနဲ့ စစ်အစိုးရတို့ ညှိနှိုင်းလို့ ပြေလည်ပြီး မစ္စတာဘန်ကီမွန်း လာဖြစ်မယ်ဆိုရင် နောက်လ ဇူလိုင်လအတွင်းမှာ ဖြစ်နိုင်တယ်လို့ ရန်ကုန်အခြေစိုက် အာရှသံတမန်တချို့က တွက်နေကြပါတယ်။

ရပ်ကွက်အာဏာပိုင်များ ရိုက်နှက်မှုကြောင့် အပြစ်မဲ့လူငယ်တဦး သေဆုံး
Saturday, 27 June 2009 01:18 ဉာဏ်မောင်
အာဏာပိုင်များက လူငယ်တဦးအား ရိုက်နှက်ရာမှ လက်လွန်ပြီးသေဆုံးခဲ့သည်ကို သက်ဆိုင်ရာရဲစခန်းက ယနေ့အထိ ရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း မိသားစုဝင်က ပြောသည်။

ယခုလ (၁၉) ရက်နေ့က ပုသိမ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ရယကအဖွဲ့နှင့် ကြံဖွံ့အဖွဲ့ဝင်များက သင်္ဘောစက်ပျက်၍ ကမ်းကပ်လာသည့် လူငယ်နှစ်ဦးကို ဖမ်းဆီးပြီး တဦးအား ငွေပြန်ယူရန်လွှတ်လိုက်စဉ် ကျန်ရစ်ခဲ့သူအား ရိုက်နှက်ရာမှ သေဆုံးခြင်းဖြစ်သည်။

“(၁၉) ရက်နေ့ည (၇) နာရီလောက်မှာ ကြံ့ဖွံ့နဲ့ ရယကအဖွဲ့တွေက သူတို့နှစ်ယောက်ကို ဖမ်းပြီး ငွေ ၆,၀၀၀ တောင်းတာ၊ အဲဒါ တယောက်က ပြန်ယူရင်း အချိန်မမှီတော့လို့ နောက်မနက် (၂၀) ရက်နေ့ သွားပေးတဲ့အချိန်မှာ ရယကတွေက ပြန်လွှတ်လိုက်ပြီ ပြောတယ်၊ အဲဒါနဲ့ ပြန်လာတော့ အိမ်မှာလဲ မတွေ့ဘူး၊ နောက်တနေ့ (၂၁) ရက်နေ့မှာ အလောင်းကိုတွေ့တာ” ဟု မိသားစုဝင်တဦးက ပြောသည်။

သေဆုံးသူမှာ ဗလရှင် (ခ) မောင်အောင်ထွန်းဖြစ်ပြီး သူနှင့်အတူ ဖမ်းဆီးခံရသူမှာ တင်ထွန်းလွင်ဖြစ်သည်။ အဆိုပါသေဆုံးသူ၏ အလောင်းကို အမှတ် (၁) ရက်ကွက်ပိုင် ရေခဲစက်နှင့် ဆားစက်အကြားတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူ့အလောင်းကိုတွေ့တော့ သွေးအိုင်ထဲမှာ၊ ခေါင်းက နောက်ပိုင်းကြေနေတယ်၊ ဘေးနားမှာ တုတ်တချောင်းလဲ တွေ့တယ်၊ ရိုက်တဲ့သူတွေကို နာမည်တော့မသိဘူး၊ ဖမ်းထားတုန်းက အဖွဲ့စုံပဲ၊ အမှုဖွင့်ထားတာ သက်ဆိုင်ရာက စုံစမ်းပေးမယ်ပဲ ပြောတယ် ဒီကိစ္စကို ကျမတို့ လုံးဝမကျေနပ်ဘူး” ဟု သေဆုံးသူ၏ မိသားစုဝင်က ပြောသည်။

ယခုကဲ့သို့ မောင်အောင်ထွန်းသေဆုံးမှုနှင့် ပတ်သက်၍ မိသားစုဝင်များက အသည်ကြီးရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း အာဏာပိုင်များဘက်မှ ယနေ့အထိ တစုံတရာ အကြောင်းအကြားခြင်းမရှိကြောင်း ဆက်ပြောသည်။

သေဆုံးသွားသူ မောင်အောင်ထွန်းမှာ ပုသိမ်မြို့ စိန်ကုန်းတိုးချဲ့ရပ်ကွက် အမှတ် (၉) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယခုကဲ့သို့ အာဏာပိုင်များက အပြစ်မဲ့ပြည်သူတဦးကို ရိုက်နှက်သတ်ဖြတ်ခြင်းသည် ဥပဒေမဲ့ လုပ်ရပ်သာဖြစ်ကြောင်း မြို့ခံဦးက ပြောဆိုသည်။

တပ်သားသစ်စုဆောင်းနေပုံမှာ ဆိုးရွားပြီး ပြန်ပေးဆွဲသလိုဖြစ်နေ
Saturday, 27 June 2009 01:07 ရိုးမ ၃
အောင်လံမြို့တွင် အတင်းအဓမ္ပ စစ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေသဖြင့် ပြန်ပေးဆွဲသည့် ပုံစံမျိုးဖြစ်နေကာ မြို့ခံများအနေဖြင့် အထိတ်တလန့်ဖြစ်နေရသည်။

ယခု (၃) ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ပြေးဖမ်းသည်ဟု အကြောင်းပြကာ လူငယ်အယောက် ၆၀ ကျော်ကို ခရလ (၇၁) မှ စစ်သားများက ဖမ်းဆီးပြီး ပြန်ရွေးပါက ငွေကြေးတောင်းယူခြင်းများ ပြုလုပ်နေလျှက်ရှိကြောင်း မြို့ခံတဦးက ပြောသည်။

“သူတို့အကြောင်းပြတာက စစ်ပြေးဖမ်းတယ်ဆိုပြီး ပြောတယ်၊ အလုပ်သမားတွေ နံနက်ဝေလီဝေလင်း (၅) နာရီလောက် တောထဲသွား အလုပ်သွားလုပ်တဲ့သူတွေပါ အဆွဲခံရတယ်၊ အိမ်ထဲမှာ အိပ်နေတဲ့သူကိုလဲ နှိုးပြီး မေးစရာရှိတယ်ဆိုပြီး ဆွဲသွားတာရှိတယ်၊ လမ်းပေါ်တွေ့တာနဲ့ ခေါ်တာ၊ အခုက ကားစပါယ်ယာတွေလဲ ပါသွားတယ်၊ ရယကတွေကို ရပ်ကွက်ထဲ ဆိုးသွမ်းလူတွေ ခေါ်ပေးပါဆိုပြီး ခေါ်တာ၊ အခုဆို အိပ်နေတဲ့ အလုပ်သမားတွေပါ ဖမ်းခေါ်တာ၊ မိဘတွေက အထိတ်တလန့်ဖြစ်နေရတယ်” ဟု မြို့ခံက ပြောသည်။

ယနေ့အထိ လူငယ် ၆၇ ဦးကို နှစ်ကြိမ်ခွဲပြီး မန္တလေးမြို့သို့ ပြည်-မန္တလေးပြေးဆွဲသည့် တိုင်းလုံးကျော်ကားဖြင့် နှစ်ကြိမ်ခွဲကာ ပို့ဆောင်ပြီးဖြစ်ကြောင်း မြို့ခံက ပြောသည်။

“ပထမတသုတ်မှာ ၃၇ ယောက်ပို့တယ်၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်က အယောက် ၃၀ ထပ်ပို့တယ်၊ အောင်လံက တိုင်းလုံးကျော် ကားဂိတ်မှာ စရံတသိန်း ပေးတယ်၊ ပြည်က လူမတင်လာနဲ့ဆိုလို့မှာပြီး မန္တလေးကို အားချင်းပို့တာ၊ အခုဆို မြို့ပေါ်မှာ ညဘက်ဆို ကလေးတွေပညာရေးအတွက် ကျူရှင်လိုက်ပို့နေရတဲ့ အခြေအနေဖြစ်နေတယ်၊ လိုက်ရွေးရင် ၇ သောင်းပေး ၅ သောင်းပေးနဲ့ ပြန်ပေးဆွဲသလိုကို ဖြစ်နေတာ” ဟု ပြောသည်။

ယင်းကဲ့သို့ စစ်သားသစ်များ အတင်းအကြပ်ဖမ်းဆီးရာတွင် သက်ဆိုင်ရာ ရပ်ကွက်အတွင်းသို့ အခြားရပ်ကွက်မှ ရယကနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို ခေါ်လာကာ ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“(၃) ရက်နေ့က ကျောင်းစုကျေးရွာက ဦးတင်ဝင်း၊ ဒေါ်ယုံတို့သား ၁၇ နှစ်အရွယ် ဇော်ဇော်ထက်ကို ဖမ်းခေါ်သွားတာ၊ လိုက်တွေ့တာ တွေ့ခွင့်မရဘူး၊ အခု မန္တလေးပို့လိုက်တယ်၊ နောက်တယောက်က သန်းဇော်ဦး၊ ပြည်တော်အေးရက်ကွက် စက်ရုံ (၃) လမ်းမှာနေတာ သူက တောင်တွင်းကြီးက ပြန်လာတာ ၂ နာရီခွဲလောက်မှာ သူ့လမ်းထိပ်မှာ ကားပေါ်ကဆင်းရင်းနဲ့ ဖမ်းခံရတာ၊ တပြိုင်တည်းမှာပဲ ဦးကံထွန်း UKT အရက်ချက်ရုံက ဘိုထွန်းဆိုတဲ့ကောင်လေးနဲ့အတူ စစ်တပ်က ဖမ်းခေါ်သွားတာ၊ ဘိုထွန်းကတော့ စက်ရုံမန်နေဂျာက တပ်ကို အကြောင်းကြားပြီး ကြံ့ဖွံ့ ဘာညာနဲ့လိုက်တော့ ပြန်လွှတ်လိုက်တယ်၊ သန်းဇော်ဦးကိုကျတော့ ပြန်မလွှတ်ဘူး” ဟု ပြောသည်။

အောင်လံမြို့ပေါ်တွင် နယ်မြေအခြေစိုက် ခလရ (၇၁) က ယခုကဲ့သို့ အတင်းအကြပ် စစ်သားစုဆောင်းနေမှုအခြေအနေကို သက်ဆိုင်ရာ တပ်ရင်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျစစ်သားတဦးက ဖြေဆိုခွင့်မရှိကြောင်း ပြောဆိုသည်။

“ကျနော်လဲ သင်တန်းက ပြန်လာတာမကြာသေးတော့ ဘာမှမသိရသေးဘူး၊ နောက်ပြီး ကျနော်တို့အဆင့်နဲ့လဲ ဒီလိုဖြေကြားခွင့်မရှိပါဘူး၊ အထက်လူကြီးတွေကိုသာ မေးပါ” ဟု ပြောဆိုသည်။

ချေးငွေထုတ်စာချုပ်ပါအချက်များသည် လယ်သမားများအတွက် အရှုံးဖြင့်သာ ကြုံတွေ့နိုင်
Thursday, 25 June 2009 22:44 ဖြိုးကြီး
ဘိုကလေးမြို့နယ်အတွင်း လယ်သမားများကို ကုမ္ပဏီက ချေးငွေထုတ်ရန် လျှောက်လွှာတင်ခိုင်းပြီး ၎င်းတို့သတ်မှတ်ထားသည့် စည်းကမ်းများအရ လယ်သမားများ အရှုံးနှင့်သာ ရင်ဆိုင်နိုင်ရကြောင်း ဒေသခံလယ်သမားတဦးက ပြောသည်။

ဧရာမြစ်ဝကျွန်းပေါ် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချရေးကုမ္ပဏီက လျှောက်လွှာတစောင်ကို ၇ ကျပ်ဖြင့် ရောင်းချပြီး လယ်ဧက တသိန်းခုနှစ်သောင်းကျော်ကို ဧက ၂ သောင်းအတွက်သာ ချေးငွေထုတ်ပေးမည်ဖြစ်သည့်အပြင် စာချုပ်ပါ အချက်အလက်များသည်လည်း လယ်သမားများအတွက် လယ်မြေများထိုးအပ်ရမည့် ပုံစံမျိုးဖြစ်နေသည်ဟု ပြောသည်။

“ကျနော်လဲ လျှောက်ထားတာ ရနိုင်မယ်မထင်ဘူး၊ ကုမ္ပဏီက လျှောက်လွှာခေါ်ရောင်းသလို ဖြစ်နေတယ်၊ အဲဒီလျှောက်လွှာမှာက စိုက်ပျိုးရေးဌာ၊ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး၊ ကြေးတိုင်မြေစာရင်းဌာနနဲ့ ရယကလက်မှတ် ပါရဦးမယ်ဆိုတော့ လက်မှတ်လိုက်ထိုးတာတင် တခုကို တထောင်လောက်ပေးရမှာ၊ ပြီးတော့ အဲဒီထဲကမှ ဧက ၂ သောင်းပဲ ပေးမှာဆိုတော့ မျှော်လင့်ချက်မရှိဖြစ်နေတာ” ဟု လယ်သမားတဦးက ပြောသည်။

ထို့အပြင် အဆိုပါစာချုပ်တွင် အချက် (၁၀) ချက်ပါဝင်ပြီး နောက်ဆုံးအချက်တွင် ချေးငွေအဆိုပြုသူသည် ကုမ္ပဏီနှင့် သဘောတူသတ်မှတ်ထားသည့် လအတွင်း မပျက်မကွက် ပြန်ဆပ်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက တရားဥပဒေအရ အမှုဖွင့်လှစ်မည်ဟု ပါရှိသဖြင့် လယ်မြေများ အသိမ်းခံရနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောသည်။

အဆိုပါကုမ္ပဏီက လယ်တဧကလျှင် ငွေငါးသောင်းကျပ် ထုတ်ပေးမည်ဖြစ်ပြီး အတိုးနှုန်းမှာ ၂ ကျပ်နှုန်းသတ်မှတ်ထားကာ လစဉ်ပေးဆောင်ရန် ပျက်ကွက်ပါက နောက်ထပ် တကျပ်နှုန်း ဒါဏ်ငွေပေးဆောင်ရမည်ဆိုပါက သုံးကျပ်နှုန်းကျမည်ဖြစ်ကာ ငွေထုတ်ပေးစဉ်အတွင်း ကုမ္ပဏီမှ ရောင်းချမည့် မြေသြဇာနှင့် ဒီဇယ်များကိုလည်း ဝယ်ရမည်ဖြစ်ကြောင်း လယ်သမားက ဆက်လက်ပြောသည်။

“စာချုပ်မှာ ချေးငွေအဆိုပြုသူက ကုမ္ပဏီဆုံးဖြတ်ချက်ကို လက်ခံရမယ်၊ ချေးငွေနဲ့ အတိုးကို ချေးယူသည့်နေ့မှ ၆ လအတွင်း အကျေအလည် ပြန်ဆပ်ရမယ်၊ အပိုဒ် (၉) မှာက ချေးငွေအဆိုပြုသူသည် ကုမ္ပဏီက မျိုးစပါး၊ ဓါတ်မြေသြဇာများကို နှစ်ဦးသဘောတူ သတ်မှတ်ထားသည့်အတိုင်း ပြန်လည်ပေးဆပ်ရမည်လို့ ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ချေးငွေထုတ်ပေးရာတွင် ပါဝင်သည့် အဖွဲ့အစည်းများမှာ ဘိုကလေးမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြန်မာ့လယ်ယာထွက်ပစ္စည်း ရောင်းဝယ်ရေးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြန်မာစိုက်ပျိုးရေးလုပ်ငန်း၊ ဘိုကလေးမြို့ပေါ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဘိုကလေးမြို့နယ် ဆန်လုပ်ငန်းရှင်များအသင်း၊ ဧရာမြစ်ဝကျွန်းပေါ် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချရေး ကုမ္ပဏီ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ချေးငွေထုတ်ပေးရေးကော်မတီရုံးကို ယခင်က ဘိုကလေးပညာရေးကောလိပ်အတွင်း ရုံးခန်းဖွင့်လှစ်မည်ဟု ရည်ရွယ်ထားသော်လည်း ယခု ဘိုကလေးမြို့နယ် ဆန်ကုန်သည်အသင်းရုံးတွင် ဖွင့်လှစ်ထားရှိမည်ဖြစ်သည်။

ဘိုကလေးမြို့နယ်အတွင်း ကျေးရွာအုပ်ပေါင်း ၆၉ အုပ်စုတွင် စပါးစိုက်ဧက တသိန်းခုနှစ်သောင်းကျော်ရှိကာ ချေးငွေထုတ်ယူရန် ယခုလဆန်းပိုင်းကတည်းက စတင်ကာ လျှောက်လွှာတင်နေကြပြီး ချေးငွေထုတ်ယူမည့်သူ တသိန်းကျော်ရှိသည်။

မြန်မာနိုင်ငံသား ၅ ဦးကို ဘင်္ဂလားအာဏာပိုင်များက ဖမ်းဆီး
6/25/2009


မောင်အေး(နိရဉ္စရာ) မြန်မာနိုင်ငံမှ တရားမ၀င်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၅ ဦးကို စစ်တကောင်း တောင်တန်း နယ် ဘင်ဒရိုဘင်ခရိုင်အတွင်း ဘင်္ဂလားအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို လာမားမြို့နယ် ကျော်ဇောပါရာမှ တနင်္လာနေ့ညဥ့်တွင် ဘင်္ဂလာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ရှေဒူရာဟာမန်(၁၈)နှစ်၊ ဇီရာအူရာဟာမန်(၂၂)နှစ်၊ ဇာဖါးအာလာမ်(၂၀)၊ နုရ်အာလာမ်(၂၈)နှစ်နှင့် အာဘဒူရ်ဟာကိန်း(၂၅)နှစ်တို့ဖြစ်သည်။

ယခုဖမ်းဆီးခံရသူများမှာ မူဆလင်အမျိုးသားများဖြစ်ကြပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ်မှ ဖြစ်ကြကြောင်း ထွက်ဆိုဝန်ခံထားသည်ဟု သိရသည်။

ယခုအခါ အဆိုပါ မြန်မာနိုင်ငံသားများကို လာမားမြို့ ရဲစခန်းတွင် ထိမ်းသိမ်းထားပြီး တရားမ၀င် ခိုးဝင်မှုနှင့်တရားစွဲဆိုထားသည်။

မြန်မာမူဆလင်အများစုမှာ ယခင်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် နယ်ချင်းထိ စပ်နေ သည့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တက်ကနာမြို့နယ်နှင့် အိုခီးယားစသည့် နယ်မြေများမှ အုပ်စုလိုက် ၀င်ရောက်မှုရှိနေခဲ့သော်လည်း ယခုအခါ စစ်တကောင်းတောင်တန်းနယ်ဘက်မှ ၀င်ရောက် လာခြင်းဖြစ်သည်။

လွန်ခဲ့သည်နှစ်လခန့်ကလည်း အဆိုပါကျေးရွာအနီးတွင် ဒေသခံ မာရမာကျောင်းသူတဦးကို အမည်မသိ မူဆလင်များက အဓမ္မပြုကျင့်ပြီး သတ်ပစ်ခဲ့ကြသဖြင့် အဆိုပါ ကျေးရွာအနီး တ၀ိုက်ကို ဘင်္ဂလာရဲအဖွဲ့က အထူးသတိထားပြီး စောင့်ကြည့် နေစဉ် ထိုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်။

စစ်တကောင်း တောင်တန်းနယ်ဖြစ်သည့် လာမားမြို့နယ်တွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တိုင်းရင်း သားများဖြစ်ကြသည့် မာရမာ၊ မြို၊ မြုံ၊ ခမီးနှင့် သက်အမျိုးသားများ နေထိုင်ကြသည်။

တပ်မတော်နေ့ စစ်ရေးပြသွားသူ တပ်သား ၁၀၀ ခန့် တပ်ရင်များသို့ ပြန်မရောက်
6/25/2009


မင်းအောင်(နိရဉ္စရာ) နေပြည်တော်တွင် ပြုလုပ်သည့် ၆၄ နှစ်မြောက် တပ်မတော် နေ့ အခမ်းအနားသို့ စစ်ရေးပြ သွားပြီးနောက် ရခိုင် အခြေစိုက် တပ်ရင်း များသို့ ပြန်မရောက်လာသူ စစ်သား ၁၀၀ ခန့်ရှိသည်ဟု ဘူးသီးတောင် အခြေစိုက် တပ်ရင်းတခုမှ အမည် မဖေါ်လိုသူ တပ်ကြပ်ကြီး တဦးက ပြောသည်။

သူက “နှစ်လကျော် ကြာလာတဲ့ အထိ အဲဒီ ရဲဘော်တွေ မိခင်တပ်ရင်းတွေကို ပြန်မရောက် လာတဲ့အတွက် အခုအခါ သူတို့ကို တပ်ပြေး စာရင်း သွင်းလိုက်ပြီ ဖမ်းဆီးဖို့ လိုက်ရှာ နေပါတယ်။ ကျနော်တို့ဆီလည်း တပ်ပြေး စာရင်းတွေ နာမည်၊ လိပ်စာတွေနဲ့ အတူ ရောက်ရှိနေပါတယ် ” ဟု ပြောသည်။

မတ်လ ၂၇ ရက်နေ့က ကျရောက်သော (၆၄) နှစ်မြှောက် နအဖ တပ်မတော်နေ့ အခမ်းအနားတွင် ရခိုင် အခြေစိုက် တပ်ရင်း တခုမှ တပ်သား ၂၃ ဦးစီကို စစ်ရေးပြ အခမ်းအနား တွင် ပါဝင်ရန်အတွက် ပေးပို့ခဲ့ရသည်ဟု သိရသည်။

ထိုသို့ပေးပို့ခဲ့ပြီးနောက် တပ်မတော် အခမ်းအနားအပြီးတွင် ၎င်းတို့မိဘများရှိရာ နေရပ်သို့ လည်ပတ်ရန် ရက်ပေါင်း (၃၀) အထက်က ခွင့်ပြုပေးခဲ့သည်။ အဆိုပါ စစ်သားများထဲမှ ၁၀၀ ခန့်မှာ ၎င်းတို့၏ တပ်ရင်းများသို့ ပြန်မရောက်ဘဲ ယခု အချိန်ထိ ပျက်ကွက်နေသည်ဟု သိရသည်။

အဆိုပါ တပ်ကြပ်ကြီးက “ကျနော်တို့ တပ်ရင်းက ပြန်မလာ တဲ့သူ ၃ ဦးရှိပါတယ်။ ဒီအထဲက တပ်သား တယောက်ကို တပ်ထိမ်း အမှတ် ၉ တပ်ဖွဲ့က ဖမ်းထားတဲ့ အတွက် အရာရှိ တဦး စစ်တွေကို ယူဖို့သွားနေပါ တယ်။ ” ဟု ပြောသည်။

၎င်းပြင် သူက “ကျွန်တော်သိသလောက်က ပလက်ဝ တပ်ရင်း ၂၈၉ က ၁၀ ယောက်၊ ပုဏ္ဍားကျွန်း တပ်ရင်း ၅၅၀ က ၅ ယောက်၊ ရသေ့တောင် တပ်ရင်းတွေက ၁၀ ယောက်နဲ့ ဘူးသီးတောင်က ၃ ယောက်၊ တခြားတပ်တွေ ကလည်း ပြန်မရောက်တာ အများကြီးပါ။ ”ဟု ပြောသည်။

မိမိတပ်ရင်းသို့ ပြန်မလာဘဲ ပျက်ကွက်နေသည့် အထဲတွင် တချို့မှာ အိမ်ထောင်ရှိသူများ ဖြစ်ပြီး သူတို့မိသားစုများမှာ တပ်ရင်းများတွင် ရှိနေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်ရင်းပေါင်း (၅၀) ကျော် တပ်စွဲထားပြီး အများစု တပ်သားများမှာ ရရှိသော လစာဖြင့် မလုံလောက် သည့်အပြင် အထက်အရာရှိများ၏ အနိုင်ကျင့်မူများကို ခံနေကြရသဖြင့် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်လိုစိတ် မရှိဖြစ်နေကြသည်ဟု သိရသည်။

သို့သော်လည်း ယခုအခါ နအဖ စစ်တပ်တွင် တပ်ပြေးများကို ထောင် (၇)နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေ ထုတ်ထားသဖြင့် အများစု စစ်သားများမှာ တပ်ထဲမှ ထွက်မပြေးရဲဘဲ ဖြစ်နေကြ သည်ဟု သတင်းရရှိသည်။

ရန်ကုန်ရှုခင်း ဇွန်လ စတုတ္တပတ်

လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်

ဇွန် ၂၆၊ ၂၀၀၉

Photo Internet

မြောက်ကိုးရီယား သင်္ဘောနဲ့ နအဖ

ဒီတပတ် စိတ်ဝင်စားစရာ ကောင်းတဲ့ သတင်းတပုဒ်ကတော့ မြောက်ကိုးရီးယား နိုင်ငံရဲ့ လက်နက်တင်တဲ့ သင်္ဘောတစင်း မြန်မာနိုင်ငံ ကိုဦးတည်လာနေတယ် ဆိုတဲ့သတင်း နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြနေကြတဲ့ ကိစ္စပါ။

သီတင်းပတ် အစပိုင်းမှာ ထွက်ရှိတဲ့ မြန်မာနယူးစ် ၀ိခ်၊ ပြည်မြန်မာ သတင်းဂျာနယ် တွေရဲ့ နိုင်ငံခြားသတင်းကဏ္ဍမှာ မြောက်ကိုးရီးယား သဘောင်္တစင်းကို အမေရိကန် ရေတပ်သင်္ဘော ယူအက်စ်အက်စ် မက်ကိန်းက နောက်ယောင်ခံလိုက်နေတဲ့ သတင်းတွေ ဖေါ်ပြထားတာ ကိုဖတ်ရှုရပေမယ့် သီတင်းပတ်ကုန်ခါနီး မှာတော့ ဘယ်ဂျာနယ်ကိုမှ ထိုသတင်းဖေါ်ပြခွင့် မပြုတော့ပါဘူး။

ထိုသတင်းနဲ့ မြန်မာနိုင်ငံဆက်စပ်နေတယ် ဆိုတာကို စာပေစိစစ်ရေးက အစပိုင်းမှာ အမှတ်တမဲ့ဖြစ်ခဲ့ဟန်တူပြီး ထိုသတင်းပိုမို ကျယ်ပြန့်လာတဲ့ နောက်မှာ ဖေါ်ပြခွင့် မပြုတော့တာပါ။ သတင်းစာမှာတော့ နိုင်ငံတကာ သတင်းများမှာ ဖေါ်ပြနေတဲ့ `ကမ်နမ်း´Kang Nam သင်္ဘောမှ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမှ သတင်းတစုံတရာ မရရှိထားဘူးလို့သာ ၂၅ရက်နေ့ သတင်းစာမှာ ဖေါ်ပြထားပါတယ်။

စစ်အစိုးရဟာ မြန်မာနိင်ငံနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်တဲ့ သတင်းတွေကို ယခုလောက်ု လျင်လျင်မြန်မြန် တုံ့ပြန်လေ့ မရှိခဲ့ပါဘူး။ ယခုတကြိမ်ဖြစ်ပေါ်တဲ့ သတင်းဟာ မြန်မာနဲ့ အရှေ့အာရှမှာ အနုမြူလက်နက်နဲ့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုးရီးယားနိုင်ငံနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ဒေသဆိုင်ရာ လုံခြုံရေး ကိုထိပါးလာမယ့် ကိစ္စတရပ်ဖြစ်လာနိုင်တယ် လို့နအဖက သဘောပေါက်ပြီး လျင်မြန်စွာ တုံ့ပြန်တာလည်း ဖြစ်နိုင်ပါတယ်။

နအဖအစိုးရကတော့ အိန္ဒိယ နိုင်ငံ ကလကတ္တား မြို့ကထွက်ခွာလာတဲ့ အခြားအမည်နဲ့ မြောက်ကိုးရီးယား သဘောင်္တစင်းက လာမယ့် ၂၇ရက်နေ့မှာ ရန်ကုန်ကို ဆိုက်ကပ်ဖို့ ရှိတယ်လို့ ဖေါ်ပြထားပြီး အဆိုပါ သင်္ဘောဟာ လက်နက်တင်တဲ့ `ကမ်နမ်း´နဲ့ ဘယ်လို ဆက်စပ်မလဲ ဆိုတာကို မြန်မာသတင်းမီဒီယာမှ အချို့သူတွေက စိတ်ဝင်စားနေကြပါတယ်။

ရန်ကုန်မြို့ အယ်ဒီတာ တဦးကတော့ ယခုလို မြန်မာနိုင်ငံက အနုမြူလက်နက် လိုကိစ္စရပ်မျိုးနဲ့ ပတ်သက်ပြီး နအဖနဲ့ မြောက်ကိုးရီးယား အစိုးရအကြား ဆက်စပ်မှု သံသယ ဖြစ်ပေါ်လာတာ မြန်မာ့အရေးကို ကမ္ဘာက ပိုအာရုံစိုက်လာ စေနိုင်ပြီး နအဖအဖို့တော့ မကောင်းတဲ့ လက္ခဏာ တရပ်ပဲ လို့ သုံးသပ်ပါတယ်။




Photo - Internet

နေပြည်တော်က လှိုင်ခေါင်းများနှင့် မြောက်ကိုးရီးယား

ယခု သီတင်းပတ်အတွင်း အခြားစိတ်ဝင်စားစရာ ကောင်းတဲ့ ဒုတိယ သတင်းကလည်း နာမည်ဆိုးတဲ့ မြောက်ကိုးရီးယားနဲ့ ဆက်စပ်နေပြန်ပါတယ်။ ၂၀၀၅ခုနှစ် အကုန် ၂၀၀၆ ခုနှစ် အစရန်ကုန်မှ ပျဉ်မနားသို့ မြို့တော် ပြောင်းခါစ လျှို့ဝှက် ဆောက်လုပ်ခဲ့တဲ့ လှိုင်ခေါင်းတွေ အကြောင်းကို မကြာခင်က အမေရိကန် မဂ္ဂဇင်း တစောင်မှာ ဓါတ်ပုံနှင့်တကွ ဖေါ်ပြခဲ့တာပါ။

ဒီသတင်းဟာလည်း နအဖ အစိုးရကို တော်တော်လေး လှုပ်ခတ်နိုင်တဲ့ သတင်းတပုဒ်ဖြစ်တာကို တွေ့ရပါတယ်။ ပျဉ်းမနားကိုပြောင်းသွားခဲ့စဉ် စစ်တပ်ဌါနချုပ်လုပ်တဲ့ဘက် (ပဲခူးရိုးမ ကြပ်ပြေးဘက် အခြမ်းမဟုတ်ပဲ အရှေ့ရိုးမဘက်အခြမ်း) မှာ ထိပ်တန်း လျှို့ဝှက်အနေနဲ့ ဖေါက်လုပ်နေခဲ့တဲ့ ဥမင် လှိုင်ခေါင်းတွေရဲ့ သတင်းဟာ ဓါတ်ပုံနှင့် တကွ ပေါက်ကြားခဲ့တာဟာ နအဖရဲ့ အတွင်း လုံခြုံရေးစည်း အထိကျိုးပေါက်နေတာကို ထင်ဟပ်ဖေါ်ပြပါတယ်။

အရပ်ဘက်ဝန်ထမ်းတွေ မပါပဲ စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေးတွေကိုသုံးပြီး ဆောက်လုပ်ခဲ့တဲ့ စီမံကိန်း တခုယခုလို ပေါက်ကြားခဲ့တာဟာ နအဖအတွက် ခံရခက်စရာ အဖြစ်အပျက်တခုလည်း ဖြစ်ပါတယ်။

ဥမင်လှိုင်ခေါင်း ဖေါက်လုပ်ပြီး ပုန်းအောင်းဖို့ဆိုတဲ့ စိတ်ကူးအကြံဥာဏ်ကတော့ဖြင့် ကမ္ဘာမှာ နောက်ဆုံးခိုကိုးရာမရှိတဲ့ အာဏာရှင်တွေ၊ အကြမ်းဘက်သမားတွေသာ လုပ်လေ့ရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက နအဖ အစိုးရဟာလည်း အဲဒီလို လမ်းကြောင်းမျိုးပေါ်လျှောက်နေ ပြီလားလို့ ကောက်ချက်ချဖွယ်ရာရှိပါတော့တယ်။



Photo - Internet

အကြမ်းဖက်ဒိုင်နာကားများနဲ့ ရန်ကုန်

ခေါင်းတိုတို၊ အိမ်မြင့်မြင့်နဲ့ သူများနိုင်ငံမှာ ကုန်ပစ္စည်းတင်တဲ့ ဒိုင်နာDyna ၊ ကင်တား Canter လို ကားများကို မြန်မာနိုင်ငံမှာ လူစီးခရီးသည်ကား အဖြစ် ၁၉၉၀ ခုနှစ်များက စတင်သုံးစွဲခဲ့တာပါ။ ကားက တိုတော့ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ဟိုကြားဝင်ဒီကြားထွက်နဲ့ ကြမ်းကြမ်းတမ်းတမ်း မောင်းလို့ ရန်ကုန်မြို့ခံတွေ အကြား နာမည်ဆိုးနဲ့ ကျော်ကြားလျက်ရှိပါတယ်။

မဆင်မခြင် မောင်းလွန်းလို့လည်း အခြားသော ဘတ်စ်ကားတွေထက် မှောက်တာ၊ တိုက်တာတွေ ပိုများတာ အားလုံးသိရှိကြပါတယ်။ ရန်ကုန်မြို့တွင်းနဲ့ ကျောက်မြောင်း တာမွေပြေးဆွဲတဲ့ ၁၀၅ လိုင်းဆို တက်စီတွေ၊ ကိုယ်ပိုင်ကားတွေက ကြောက်လွန်းလို့ အမြဲ အလျှော့ပေးကြရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ဗိုလ်ချုပ်လမ်း၊ မဟာဗန္ဓုလလမ်းဆုံ တွေမှာ ဒိုင်နာဘတ်စ်ကား မှောက်တာ ၂ကြိမ်ဖြစ်ပွားခဲ့ပါသေးတယ်။ စီးနင်းလာတဲ့ ခရီးသည်တွေ ဒဏ်ရာရကုန်ကြ၊ ဒိုင်နာနဲ့ တိုက်မိတဲ့ ကိုယ်ပိုင်ကားပေါ်ကလည်း ဒဏ်ရာရ ကားကပျက်စီး တာမျိုးအဖြစ်နဲ့ ကြုံကြရပါတယ်။

ဒိုင်နာကားတွေ ကို ခရီးသည်တင် ယာဉ်အဖြစ်ပြေးဆွဲခွင့် ရုပ်သိမ်းမယ် ၊ အခြားဘတ်စ်ကား တွေနဲ့ အစားထိုးမယ်လို့ ဂျာနယ်တွေက မကြာမကြာ ရေးသားဖေါ်ပြတာ ဖတ်ရှုခဲ့ရပေမယ့် ယခုအချိန်ထိ ဘာမှ အကောင်အထည် မပေါ်သေးပါဘူး။

ဒိုင်နာကားတွေကို အစိုးရကဘာလို့ ပြေးဆွဲခွင့် ပြုထားသလဲဆိုတဲ့ အကြောင်းတချက်ကတော့ လူထု အုံကြွမှု၊ ဆန္ဒပြမှုတွေကို အရပ်ဝတ် အကြမ်းဘက်အင်အားနဲ့ နှိမ်နှင်းရာမှာ ခရီးသည်တင် ဒိုင်နာကားတွေက အသုံးတည့်တဲ့ အချက်ပါ။

လောင်စာဆီ ဈေးတက်လို့ လမ်းလျှောက် ဆန္ဒပြခဲ့တဲ့ ၂၀၀၇ ခုနှစ် သြဂုတ်လတွေ ကတည်းက အရပ်ဝတ် ကြံ့ဖွံ့ စွမ်းအားရှင်တွေကို ရဲ၊ စရဖက ဦးစီးပြီး ဒိုင်နာကားနဲ့ နှိပ်နှင်းလာခဲ့တာဟာ အခုချိန်ထိပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ အဖြစ်အပျက်တွေ မရှိတဲ့နေ့လိုမျိုးမှာတောင် ဒိုင်နာလိုင်းတွေထဲက ကားတစ်စီးးစ နှစ်စီးစကို ချောဆွဲထားပြီး ရန်ကုန်မြို့တော်ခန်းမထဲမှာ အဆင့်သင့် စောင့်ခိုင်း ထားလေ့ရှိပါတယ်။

အရပ်သား လူမိုက်တွေကို ငှားရမ်းပြီး အရပ်ဝတ်လုံခြုံရေးတွေ ဦးစီးတဲ့ လူထုလှုပ်ရှားမှု နှိမ်နှင်းရေး စီမံချက်မှာ ဒိုင်နာကားတွေဟာ အသုံးတည့်နေတာကြောင့် ဒိုင်နာလိုင်းကားတွေကို ရန်ကုန်မြို့လမ်းများပေါ်က မဖယ်ရှားတာလို့ အချို့က နားလည်လျက်ရှိပါတယ်။



photo - MoeMaKa

ရန်ကုန်လမ်းမများ ရေမလျှံရေး ကြိုးပမ်းနေ

မိုးဦးဝင်စ မိုးကြီးကြီးရွာလိုက်တာနဲ့ ရန်ကုန်မြို့ရဲ့ လမ်းမများ ချောင်းဖြစ်သွားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဂျာနယ် မီဒီယာများက မြို့တော်ဝန်ကို မေးမြန်းတဲ့အခါ `မိုးကြီးရင် ရန်ကုန်မြို့ရေလျှံတာ အဆန်းမဟုတ်ဘူး´ ဆိုတဲ့ အပြောကြောင့် အထက်က လူကြီးဆိုသူက မြို့တော်ဝန်ကို ဒီလိုမျိုး ပြောရသလားလို့ ဆူခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ရန်ကုန် မြို့တော်ဝန်လည်း ဒီလို အပြောခံရတာကြောင့် ရန်ကုန်မြို့ရဲ့ ရေထုတ်တဲ့ စနစ်ကို ပြုပြင်ဖို့ ကြိုးစားနေတဲ့ လက္ခဏာတွေ တွေ့မြင်လာရပါတယ်။

အဆိုပါ သတင်းထွက်ပေါ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့ထဲက မြောင်းတွေထဲက အမှိုက်ကို ယခင်ထက်ပိုပြီး ဆယ်တာ၊ ကားလမ်းဖြတ် နေတဲ့ရေမြောင်းတွေကို ပွင့်အောင် လုပ်ဆောင်တာ၊ ရေမြုပ်တဲ့ လမ်းမကြီးပေါ်က ရေတွေကို ရေစုပ်စက်နဲ့ အခြား ဘလောက်ဖက်က မြောင်းတွေဆီသို့ စုပ်ထုတ်တာတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။ လမ်းဆုံတွေ လမ်းထောင့်တွေမှာ ကူဘိုတာ ရေစုပ်စက်တွေ ထိုင်ပြီး၊ ၄လက်မ၊ ၆လက်မ ပိုက်တွေကို တပ်ဆင်ထားပါတယ် ၊ အဲဒီနောက်မှာ ရေစုပ်စက်ကို အထိုင်ချထားဖို့ အကာအကွယ်ကိုပါ အုတ်နဲ့ ဆောက်လုပ်နေပါတယ်။

ယခုလို တခါမှ လုပ်ဆောင်တာမတွေ့ ဘူးတာကြောင့်လည်း ရန်ကုန်မြို့ခံတွေက အံ့သြနေကြပါတယ်။ ရန်ကုန်မြို့ရဲ့ အမှိုက်သိမ်းစနစ်မှာလည်း ပျက်စီးသလောက် ဖြစ်နေပြီ။ အမှိုက်ကားတွေလည်း လမ်းတွေထဲ မလာတော့၊ လမ်းတွေမှာ အမှိုက်ပစ်စရာ ပုံးတွေ ထားရှိတာလည်း မရှိတော့၊ လူနေအိမ် အမှိုက်မှ အစ စီးပွားရေး အမှိုက်တွေအထိ လမ်းပေါ်မှာ နောက်ဖေးလမ်းကြားမှာ စွန့်ပစ်လာကြ၊ အဲဒီ အမှိုက်က မိုးရွာတဲ့အခါ မြောင်းတွေကို ပိတ်ဆို့စေတာ စတဲ့ အကျိုးဆက်တွေကို ယခုကြိုးပမ်းမှုက ဖြတ်ပစ် နိုင်မလားဆိုတာ ကတော့ မေးခွန်းထုတ်စရာ ရှိပါတယ်။

ပြဿနာရဲ့ အရင်းအမြစ်လို့ ဆိုတဲ့ အမှိုက်ကိစ္စကို မကိုင်တွယ်နိုင်ရင်တော့ အင်္ဂလိပ်ခေတ်ကတည်းက ဆောက်လုပ်ခဲ့တဲ့ ရေနှုတ်မြောင်းတွေလည်း ရွာချတဲ့မိုးရေကို မြန်မြန်ဆန်ဆန် လျော့ပါးအောင် စွမ်းဆောင်နိုင်လိမ့်မယ် မထင်ဘူးလို့ ပြောဆိုဝေဖန်တာလည်း ကြားနေရပါတယ်။

မီဒီယာက ရေးသားတဲ့ အတွက်ကြောင့် တခါတရံမှာတော့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ မလုပ်မဖြစ် လုပ်လာရတာတွေ ရှိလို့ လွပ်လပ်မှု မရှိတဲ့ မီဒီယာဖြစ်ပေမယ့်လည်း အကျိုးသက်ရောက်မှုတော့ အထိုက်အလျောက်ရှိ နေသေးတယ်လို့ လည်းစာဖတ်သူ တချို့က ဝေဖန်ကြပါတယ်။





Photo - Interntet

ကြားလား … ကြားလား … ရန်ကုန်မှာ ဂျီအက်စ်အမ် ၈ သောင်း ရောင်းပြန်ဦးမည်

ရန်ကုန်မှာ မိုဘိုင်းဖုန်းကိုင်တဲ့သူတွေ ဖုန်းဆက်ရင် ပထမဆုံး တဖက်နဲ့ တဖက် မေးတဲ့စကားကတော့

`ဟယ်လို ဟယ်လို´ မဟုတ်ပါဘူး၊ `ကြားလား ကြားလား´ ဆိုတာပါ။

ဘာလို့လဲ ဆိုတော့ အသုံးများဆုံး ဂျီအက်စ်အမ်လိုင်း တွေကလည်း စွမ်းဆောင်ရည်ကျ၊ ကမ်းရိုးတမ်းဖုန်း ဆိုတာလည်း လိုင်းဆွဲအား မကောင်း၊ ဆယ်လူလာလည်း အရင်လို မဟုတ်တော့ တာတွေ ကြောင့်ပါပဲ။

နိုင်ငံခြားသား တွေလည်း မြန်မာနိုင်ငံရောက်ပြီးရင် ဖုန်းပြောရင်း ပထမဆုံး တတ်ကျွမ်းတဲ့ မြန်မာစကားကလည်း `ကြားလား´ ဆိုတာပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့က မိုဘိုင်း ဖုန်းသုံးသူတွေဟာ ဖုန်းလာရင် ၀ရန်တာ ပြေးထွက်တဲ့သူ ပြေးထွက်၊ မြေညီထပ်ဆို ပလက်ဖောင်းပေါ်ထွက်ပြီး ကြားလား၊ ကြားလား နဲ့မေးရင်းနဲ့ ကြားပြီဆို အဲဒီလို အနေအထားကနေ မရွှေ့ကြတော့ပဲ ငြိမ်ငြိမ်လေးနေပြီး ပြောကြရပါတယ်။ အဲလိုမဟုတ်ပဲ ကိုယ်ကိုလှည့်လိုက်ရင် ဒိုင်းမင်းရှင်း ပြောင်းသွားပြီး အသံက မသဲကွဲတော့ပါဘူး။

ပြီးခဲ့တဲ့ အပတ်အတွင်း သတင်းတွေထဲမှာ ယခုနှစ် မကုန်မီမှာ ရန်ကုန်မြို့မှာ ဂျီအက်စ်အမ် လိုင်း ၈သောင်းရောင်းဖို့ လုပ်ဆောင်နေတယ် လို့ဖေါ်ပြထားကြပါတယ်။ ယခုလောက် စွမ်းဆောင်ရည်ကျနေတဲ့ ကွန်ရက်ကို လိုင်း ၈သောင်းထပ်တိုး ဦးမယ်ဆိုတော့ လိုင်းတွေ ပိုဆိုးလာမလား လို့မှန်းဆနေကြပါတယ်။

ဒါပေမယ့် မြန်မာ့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေ အပြောအရ တော့ အခြေစိုက် လွှင့်စက် ၈ခု ထပ်မံ တပ်ဆင်မယ်။ ရေဒီယို စခန်း ၃၃ခု အသစ် တပ်ဆင်မယ် လို့ဆိုပါတယ်။ အခုလက်ရှိ ကွန်ရက်က လိုင်း ၁သိန်း ၇ သောင်းစာသာ စွမ်းဆောင်နိုင်ရည်ရှိပြီး တကယ်သုံးနေတာက လိုင်းပေါင်း ၂ သိန်း ရှိတယ်လို့လည်း ၀န်ခံပြောဆိုသွားပါတယ်။

မြန်မာပြည်မှာ အားနည်းချက်တခုရှိခဲ့ရင် အဲဒီအချက်ကို မပြင်ဆင်ခင် ဘယ်သောအခါမှ ထုတ်ဖေါ်ဝန်ခံလေ့မရှိပဲ ပြင်ဆင်ပြီဆိုမှ ၀န်ခံလေ့ရှိပါတယ်။

ယခုလည်း ကမ္ဘာမှာ ဈေးအကြီးဆုံး မိုဘိုင်းဖုန်းကို ကိုင်ဆောင်သုံးစွဲနေရသူတွေဟာ မနိုင်ဝန်နဲ့ လုပ်ဆောင်နေရတဲ့ ကွန်ရက်ကြောင့် ကြားလား၊ ကြားလား ဆိုတာနဲ့ စခန်းသွားနေကြရ ဆဲပဲ ဖြစ်ပါတယ်။


ကြံ့ဖွတ်မှ တာဝန်ယူဆောက်လုပ်ပေးသော စာသင်ကျောင်း ရွာသားများလက်မခံ
Fri 26 Jun 2009, ကွန်းဟဒေ့
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာအချို့တွင် စင်္ကာပူအလှူရှင်များမှ လှူဒါန်းသော အလှူငွေများဖြင့် ၄င်း မြို့နယ်ရှိ ကြံ့ခိုင်ရေးအဖွဲ့မှ တာဝန်ယူဆောက်လုပ်ပေးနေသော စာသင်ကျောင်းကို ရွာသားအချို့က လက်ခံ ရန်ငြင်းပယ်ခဲ့သည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် စင်္ကာပူရောက် မုဒုံမြို့နယ်ခံမိသားစုတစ်စုက မုဒုံမြို့နယ်ရှိ ကျေးရွာအချို့ကို ကျောင်းဆောက်လုပ်ရာ် အလှူငွေပေးရန်အတွက် ကမ်းလှမ်းခဲ့သည်။ မုဒုံမြို့ မယကမှ ၄င်းကျောင်းဆောက်ရန်စီမံကိန်းကို မုဒုံမြို့ ကြံ့ဖွတ်အသင်းအား စီမံကွပ်ကဲစေရန် အလှူရှင် စင်္ကာပူမိသားစုထံ ညွန်ကြားခဲ့သဖြင့် အလှူရှင်များမှ အလှူငွေ သိန်း ၉၀၀ ကျပ်ကို မုဒုံမြို့ကြံ့ဖွတ် ဥက္ကဌ ဒေါက်တာ မြင့်ဦးအာွးပေးအပ်ခဲ့သည်။

ကြံ့ဖွတ်ဦးဆောင်မှုဖြင့် မုဒုံမြို့နယ် ဆက်သွယ်ကျေးရွာနှင့် ကျိုက်ရွဲကျေးရွာ စာသင်ကျောင်းနှစ်ကျောင်းကို တည်ဆောက်ပြီးခဲ့ပြီ၊ ဒိုးမာကျေးရွာစာသင်ကျောင်းကို လွန်ခဲ့သောနှစ်လခန့်က စတင်ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။ ဒိုးမာကျေးရွာ စာသင်ကျောင်းဆောက်လုပ်ရန် သိန်း ၁၅၀ ခန့်ကုန်ကျမည်ဟု တွက်ဆခဲ့ပြီး ကြံ့ဖွတ်များအနေဖြင့် ငွေကြေးနည်းနေသောကြောင့် ကုန်ကျစရိတ်၏ ထက်ဝက်ခန့်ကိုသာ ပေးဆောင်နိုင်ပြီး ကျန်တဝက်ခန့်ကို ရွာသားများမှ ထောက်ပံ့ရမည်ဟု ကြံ့ဖွတ်မှ ပြောခဲ့သည်။

အစပိုင်းတွင် ရွာသားများသဘောတူသော်လည်း ကျောင်းဆောက်ရန်အတွက် ကြံ့ဖွတ်အဖွဲ့မှ သစ်အညံ့စားများကိုသာ ဝယ်ယူခဲ့ပြီးနောက်ပိုင်း ရွာသားများက ကြံ့ဖွတ်ဦးဆောင်မှုကို မယုံကြည်ကြသောကြောင့် ကျောင်းဆောက်ရန် ကုန်ကျစရိတ်ကို ရွာသားငွေကြေးများကိုသာသုံးပြီး ဦးဆောင်မှုလည်း ၄င်းတို့ကိုယ်တိုင်သာ လုပ်ဆောင်မည်ဟု ရွာသားများက ကြံ့ဖွတ်အဖွဲ့ကို ပြောခဲ့သည်ဟု ၄င်းကျေးရွာနှင့်နီးစပ်သော ရွာသားတစ်ဦးက ပြောသည်။

၎င်းတို့တဝက်အစိုက်ခံရသော ငွေကြေးများသည် ကြံ့ဖွတ်အဖွဲ့ဝင်များ အလွဲသုံးစားလုပ်မည်ကို စိုးရိမ်သောကြောင့် ကြံ့ဖွတ်ဦးဆောင်မှုကို ယခုကဲ့သို့ ရွာသားများက ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

“သူတို့ (ကြံ့ဖွတ်)က နာမည်ကောင်းလိုချင်လို့ သူများပိုက်ဆံနဲ့ ဦးဆောင်ပြီးတော့ ဆောက်သေးတယ်၊ ပစ္စည်းတွေ ဝယ်ပြန်တော့လဲ ဖြစ်သလိုဝယ်တယ်၊ အကောင်းစားတွေမဝယ်ဘူး၊ ဈေးပေါတဲ့ အညံ့စား သစ်တွေ ဝယ်တယ်၊ ပိုက်ဆံတဝက် အစိုက်ခံရတဲ့ ရွာသားတွေ ဘယ်အယုံ အကြည်ရှိတော့မလဲ” ဟု ၄င်းရွာသားနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ရွာသားများ ကိုယ်တိုင်ဦးဆောင်ဆောက်လုပ်ခဲ့သော စာသင်ကျောင်းမှာ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီး ငွေသိန်း ၁၀၀ ကျပ်ခန့် ကုန်ကျခဲ့သည်။ ငွေကြေးအခက်ခဲကြောင့် ခေတ္တခဏရပ်ဆိုင်းထားခဲ့ပြီး ဆက်လက်ဆောက်လုပ်ရန် လိုအပ်သောငွေကြေးများကို မွန်ပြည်နယ်အစိုးရပညာရေးဌာနသို့ တောင်းခံသော်လည်း ယခုအချိန်ထိပင် မရရှိသေးကြောင်း ရွာသားတစ်ဦးက ပြောသည်။


မြန်မာအလုပ်သမား ထိုင်းနိုင်ငံတွင် အသတ်ခံရ
Fri 26 Jun 2009, IMNA, မိမွန်စွန်း
မြန်မာရွေ့ပြောင်းအလုပ်သမား (၁) ဦး၊ ထိုင်းနိုင်ငံ ဟတ်ယာခရိုင်တွင် ထိုင်းလူငယ်တစ်ဖွဲ့၏ ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်။
၎င်းအသတ်ခံရသည့်အလုပ်သမားသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ရွာသားဖြစ်သည်ဟု သိရသည်။

“အခုသေသွားတဲ့လူဟာ အသက် (၄၀) လောက်ရှိတယ်၊ ညနေပိုင်းလောက် သူနေနေတဲ့ခြံကနေ အခြားခြံကို အသက် (၁၈) အရွယ်လူငယ်တစ်ယောက်နဲ့ ဆိုယ်ကယ်စီးသွားတဲ့အခါ လမ်းမှာ ထိုင်းလူငယ်တစ်စုက ဆိုင်ကယ်တားပြီး၊ ပိုက်ဆံတောင်းတယ်” ဟု အသတ်ခံရသူ၏ မိတ်ဆွေက ပြောပြသည်။

ထိုင်းလူငယ်တစ်စုက ငွေကြေးတောင်းခံပြီး ဆိုင်ကယ်နှင့်အတူ ပါလာသည့် လူငယ်က ပိုက်ဆံပြန်ယူရာ ၄င်းအသတ်ခံရသူကို ထိုင်းလူငယ်အဖွဲ့နှင့် ချန်ထားခဲ့သည်။ ပိုက်ဆံယူပြီး မွန်လူငယ်က ပြန်လာသည့်အချိန်တွင် ၄င်းလူသည် အရိုက်အနှက်ဒဏ်ရာနှင့်အတူ ဓားအထိုးခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ၄င်းက ဆက်ပြောသည်။

လွန်ခဲ့သည့် ဇွန်လဆန်းကလည်း မွန်အလုပ်သမားတစ်ဦးကို သေနတ်ဖြင့် ထိုင်းလူမျိုးတစ်ဦး၏ ပစ်သတ်ခြင်းကို ခံရလေသည်။

ယခုလို ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် တရားမဝင် မြန်မာအလုပ်သမားများ မကြာခဏဆိုသလို ထိုင်းလူမျိုးတို့၏ ညှင်းပမ်းနှိပ်စက်မှုကို ခံနေရပြီး၊ တချို့သော ရာဘာခြံတွင် အလုပ်လုပ်နေသူများက အသတ်ခံရသည်လည်းရှိသည်။

မူးယစ်ဆေးဝါးဆန့်ကျင်ရေးလှုပ်ရှားမှု ကချင်ကျောင်းသားများ ပြုလုပ်

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၂၆ ရက်၊ ၂ဝဝ၉ ခုနှစ်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိန်းအမှတ် အနေဖြင့် ကချင် ပြည်လုံးဆိုင်ရာကျောင်းသားသမဂ္ဂ အဖွဲ့က မြစ်ကြီးနားမြို့တွင် မူးယစ် ဆေးဝါး ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ သည်။

အေဖိုးဆိုဒ်အရွယ် စာရွက်ပေါ်တွင် Free drug Zone/ No Election 2010 ဟု အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြီး မြစ်ကြီးနားတက္ကသိုယ်၊ ဒူကထောင်ရှိ ပညာရေးကောလိပ်အပါအဝင် မြစ်ကြီးနားမြို့ ပေါ်ရှိ အထက၊ အလက ကျောင်းများ၊ အစိုးရဌာနဆိုင်ရာ အနီးနားရှိ ဓာတ်တိုင်၊ ခြံစည်းရိုး၊ အုတ်ခုံ စသည့် လူမြင်ကွင်းများတွင် ကပ်ခဲ့ သည်ဟု ကချင်ကျောင်းသားသမဂ္ဂမှ ပြောခွင့်ရ ကျောင်းသားတဦးက ပြောသည်။

“ဒီကနေ့ကျရောက်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်း ဝယ်သူတွေ၊ သုံးစွဲသူတွေ များပြားနေတာကို အာဏာပိုင်တွေက လစ်လျူရှုထားတာကို ဆန့်ကျင်တဲ့ အနေနဲ့ လုပ်တာပါ။ ပြီးတော့ ကျနော်တို့ အစဉ်တစိုက်ဆန့်ကျင်လာတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ကြောင်း ရေးထားပါတယ်။”

လူအများစိတ်ဝင်တစားရှိခဲ့ပြီး၊ အာဏာပိုင်များ လာရောက်သိမ်းယူခြင်း မတွေ့ရသေးကြောင်း အဆိုပါ ကျောင်း သားက ပြောသည်။

“မနေ့ညကတည်းက ကပ်ခဲ့တာ။ ဒီကနေ့ ကျောင်းတက်ချိန်မှာလည်း ရှိနေသေးတယ်။ ကျောင်းလာတဲ့ ကျောင်းသားတွေလည်း ကြည့်နေတာဘဲ။ လမ်းသွားလမ်းလာတွေလည်း ကြည့်ကြပါတယ်။ အင်္ဂလိပ် လိုရေးပေမယ့် ကျောင်းသားတွေ၊ လူလတ်၊ လူကြီးပိုင်းတွေ အတော် များများ နားလည်မှာပါ။ မသိခဲ့ ရင်တောင် သိတဲ့လူက ဘာသာပြန်ပေးလို့ ရမှာပါ။ ပြီးတော့ စာလုံးတွေက အခုအချိန်မှာ သိပ်ကြီး မစိမ်းတော့ဘူး။”

ပိုစတာလှုပ်ရှားမှုကို တွေ့မြင်ခဲ့ရသည့် ဒူကထောင်ရပ်ကွက်နေ ကချင်လူငယ်တဦးက ယခုလို စာကပ်လှုပ်ရှားမှု အပေါ် ထောက်ခံကြောင်း ပြောသည်။

“ပညာရေးကောလိပ်နားက အုတ်ခုံမှာ ဒီမနက် ဖတ်ခဲ့ရပါတယ်၊ လက်ခံသဘောတူပါတယ်။ ကိုယ်မ လုပ် နိုင်ပေမယ့် သူများတွေလုပ်တာ အားပေးပါတယ်။ ထောက်ခံပါတယ်။ မူးယစ် ဆေးဝါးဆိုတာက ကောင်းကျိုးမှ မရှိတာ။”

ကချင်ကျောင်းသားသမဂ္ဂအဖွဲ့သည် မကြာခဏဆိုသလို စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု၊ ရေကာတာ ဆန့်ကျင် ရေး လှုပ်ရှားမှု ပြုလုပ်နေသည့် မြေအောက်အဖွဲ့အစည်းဖြစ်သည်။

တနသာင်္ရီတိုင်း မှတ်ပုံတင် မဟုတ်ရင် ထိုင်းဘက်ကမ်းသို့ သွားခွင့်မပြု

နွယ်လေး။
ဇွန်လ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာနိုင်ငံတောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းတွင် တနသာင်္ရီ တိုင်း မှတ်ပုံတင် ကိုင် ဆောင်သူမဟုတ်ပါက လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) တားမြစ် ခရီးသည် အဖြစ်သတ်မှတ်ပြီး ကော့သောင်း-ရနောင်းသို့ သွားလာခွင့် ပိတ်ပင်ထားသည်။

ထိုင်းနိုင်ငံ တစ်ဘက်ကမ်းရနောင်းသို့ တနသာင်္ရီတိုင်း ၆ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများကိုသာ ဖြတ် သန်း ၀င်ရောက်ခွင့်ပြုသည်ဟု ကော့သောင်း ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“ကော့သောင်းကနေ ဟိုဘက်ကမ်း ရနောင်းကူးဖို့နည်းနည်းအခက်အခဲရှိတယ်။ ၆ မျဉ်းစောင်းက လွဲ ပြီး ကျန်တာ မလုပ်ပေးဘူး။ အာမခံတောင် မလုပ်ပေးဘူး။ အရင်ကလ၀က တစ်ဖွဲ့လုံးရှင်းသွားတယ်။ နောက်တဖွဲ့ ရောက်လာတယ်။ အသစ်တွေကြီးပဲခု။ အရင်က အိမ်ထောင်စုနဲ့ မှတ်ပုံတင် ထောက်ခံရင် လွတ်ပေးတယ်။ ခုကျတော့ အခြေအနေ ကြပ်နေတာ။ ၆ မျဉ်းစောင်းတောင် ဘယ်နှစ်နာရီကျ ပြန် အဲလို မသကာင်္ရင်တောင် လုပ်မပေးဘူး။ ”

ကော့သောင်းခရိုင်ရုံးမှ လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က)မှ တာဝန်ရှိသူအသစ်များ ယခင်အပတ်ရောက် လာချိန် မှစ၍ ထိုင်းဘက်ကမ်းသို့ သွားလာရေး တင်းကြပ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာရေး တင်းကြပ်သဖြင့် စီးပွားရေးအခက်အခဲဖြစ်သည်ဟု နောက်ထပ် မြို့ခံ တစ်ဦး က ပြောသည်။

“အကုန်တမြို့လုံးပဲ။ အဲလိုဖြစ်တော့ စီးပွားရေး တအားကြပ်သွားပြီ။ ဟိုတုန်းက တရက်ဆို လေးငါးရာ လောက်ရတယ်။ မရတာ မရှိဘူး လှေသမားတိုင်း တော်တော်များများရတယ်။ ခုချိန်တော့ တစ်ရာ တစ်ရာကျော် မနည်းရအောင် လုပ်နေရတယ်။ ဆိုင်ကယ်သမားဆို မမေးနဲ့တော့ အုန်နာခ နှစ် ထောင်မနည်း ရှာနေရတယ်။ စီးပွားရေး မတရားကြပ်သွားတယ် အကုန်လုံး။ ကော့သောင်းမြို့ တစ် မြို့လုံးပဲ” ဟုပြောသည်။

မေလ ၁၈ရက်နေ့တွင် စက်လှေ တိမ်းမှောက်သဖြင့် ခရီးသည်များ သေဆုံးမှု ဖြစ်ပွားပြီး နောက် အခြားနယ်မှ ရောက်လာသူ မသင်္ကာသည့် ခရီးသည်များကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများအလိုက် နေ့စဉ် စစ်ဆေးထိန်းသိမ်း ပြီး နေရပ်ဒေသသို့ ပြန်ပို့ခဲ့သည်။

လူကုန်ကူးမှု ပြသာနာများကြောင့် ယခုဇွန်လဆန်းပိုင်းမှ စပြီး ထိုင်းတစ်ဘက်ကမ်းသို့ တစ်ပတ်စာ သွားရောက် လည်ပတ်ခွင့် လက်မှတ်ကို ကော့သောင်းဗျူဟာမှုးက ပိတ်ပင် ထားသည်။

မစ္စတာယက်တော တမင် အဖမ်းခံရရန် ကြံစည်ခဲ့ဟု ဆို


အမေရိကန်သံရုံး တာဝန်ခံ Mr. kolin P. Fursa နှင့် John Willian Yettaw တို့ အင်းစိန်ထောင် အတွင်းအထူးတရားရုံး တွင် တွေ့ဆုံ နေစဉ် © သာကီနွယ်
ဇွန်လ ၂၅ ရက် ( မနေ့ ) က ကျင်းပ ပြုလုပ်သော သော မြန်မာ စစ် အစိုးရ သတင်းစာ ရှင်းလင်းပွဲ တွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ က မစ္စတာ ယက်တော သည် အဖမ်းခံ ရနိုင်သည့် လမ်းကြောင်း ကို ရွေးချယ် အသုံးပြု ထွက်ခွာ ခြင်းကြောင် ဖမ်းဆီး ရမိ ခြင်း ဖြစ်သည် ဟု ပြောဆို ခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် နေ့ က ဒေါ်အောင်းဆန်းစုကြည် နေအိမ်အတွင်း တိတ်တဆိတ် ၀င်ရောက် ခဲ့စဉ်က တက္ကသိုလ် ရိပ်သာလမ်း တောင်ကိုရီးယား သံရုံးအနီး ရှိ ရေထုတ် မြောင်းပိုက်လိုင်း မှ တစ်ဆင့် အင်းလျားကန် အတွင်းသို့ ဆင်းခဲ့ ကြောင်း၊ အင်းလျား ကန်ရေပြင်ကို ဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဘက်သို့ ရေကူးသွားရောက် ခဲ့ကြောင်း၊ အဆိုပါလမ်းကြောင်းမှာ တိုတောင်းပြီး အန္တရာယ် ကင်းကင်း ၀င်ထွက် နိုင်သော လမ်းကြောင်း ဖြစ်သည့် အတွက် ရဲတပ်ဖွဲ့ ၀င်များ ၏ ဖမ်းဆီး ခြင်း မခံခဲ့ ရကြောင်း၊ ထိုလမ်းကြောင်း ကို ပထမ အကြိမ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အတွင်း ၀င်ထွက်ရာတွင် အသုံးပြုခဲ့ ကြောင်း၊ ဒုတိယ အကြိမ်တွင် လည်း အဆိုပါ လမ်းကြောင်းကို အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အတွင်း ၀င်ရောက်ခဲ့သော်လည်း အပြန်ခရီးတွင် ထို အန္တရာယ် ကင်းကင်း ၀င်ထွက် နိုင်သော လမ်းကြောင်းကို အသုံးမပြုဘဲ လွတ်မြောက်ရေး နှင့် လုံခြုံရေး စိတ်ချရခြင်း မရှိသော အင်းလျားကန် ရေပြင် အကွာအဝေး အားဖြင့် ကိုက် ၃၀၀၀ ကျော် အလွန်ရှည်လျား သည့် ကူးခတ်ဖို့ပင် မလွယ်ကူသော အင်းလျားရေပြင် ကို အလျားလိုက် ဖြတ်ကူး ရသည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ကြောင့် ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိ ဖမ်းဆီး နိုင်ခြင်း ဖြစ်ကြောင်း၊ ''ဒုတိယ အကြိမ် ပြန်ထွက်ရာမှာ ပထမ အကြိမ်လမ်းကြောင်းကို မသုံးဘဲ အခုလုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး နိုင်ခဲ့တဲ့ လမ်းကြောင်းကို ရွေးချယ်သုံးခဲ့တာ ဟာ ထူးဆန်းနေ ပါတယ် လို့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ က ဆိုပါတယ်။

ထို့အပြင် ရဲချုပ်ခင်ရီ က ပြည်ပ အခြေစိုက် ဆန့်ကျင်ဘက် အုပ်စုများ ဝေဖန် နေသကဲ့သို့ စိတ်မနှံ့ရူးသွပ် နေသူ မဟုတ်ကြောင်း၊ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်ပြီး ဝေဖန်သုံးသပ်ဆင်ခြင်နိုင်စွမ်း မြင့်မားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း၊ မစ္စတာ ဂျွန်ဝီလျံယက်တော ၏ ၀န်ခံထွက်ဆိုချက် အရ သူ သည် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်ခြံဝင်း အတွင်း ပထမအကြိမ် လျှို့ဝှက်စွာ ၀င်ရောက်ခြင်း မပြုခင် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက် ခဲ့ဖူးပြီး၊ ထိုင်းနိုင်ငံ ၌ ရှိနေစဉ် မဲဆောက်ရှိ မယ်တော် ဆေးခန်းသို့ ၁၀ ကြိမ်၊ ဘိုကြည် (AAPPB)၊ တို့ နှင့် တွေ့ဆုံခဲ့ကြောင်း၊ မဲဆောက်တွင်ရှိနေစဉ် တရားမ၀င်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ နှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၌ရှိနေစဉ် တွေ့ဆုံခဲ့သူများမှာ ဝေလင်း(လူ့ဘောင်သစ်)၊ မင်းနိုင် (ABSFU-FAC)၊ ဇော်ထွန်း၊ တိတ်နိုင် (AAPPB) တို့ ဖြစ်ပြီး၊ ချင်းမိုင်သို့ ရောက်ရှိနေစဉ် ဒေါက်တာ နိုင်အောင် ၏ စီစဉ်ပေး မှုဖြင့် ချင်းမိုင်ရှိ FAC (Foreign Affair Council) ရုံးတွင် တည်းခို ခဲ့ပြီး ဇင်မောင်၊ ကျော်ဝင်း၊ အောင်ဒင်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ပြောဆိုကာ မစ္စတာယက်တော အား ပြည်ပ အခြေစိုက် အဖွဲ့စည်းများက တမင် ရည်ရွယ် စေလွှတ် အကွက်ချ လုပ်ဆောင် ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ပြည်ပ အခြေစိုက် အဖွဲ့အစည်း အသီးသီး၊ မစ္စတာယက်တော တွေ့ဆုံခဲ့သည့် ဆိုသည့် ပုဂ္ဂိုလ်များ က ငြင်းဆို ထားကြပြီး၊ နိုင်ငံတကာ အစိုးရများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နာမည်ကျော်ကြားသော အနုပညာရှင်များ၊ အားကစားသမားများ က မေလ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အား ထိမ်းသိမ်း ထားခဲ့သည်မှာ ၆ နှစ်တင်းတင်း ပြည့်တော့မည် ဖြစ်၍ ပြန်လည် လွှတ်ပေးရမည်ကို အမှုရှာလိုသဖြင့် နအဖ စစ်အစိုးရ မှ တမင် အကွက်ချ စီစဉ်ခြင်း သာဖြစ်ကြောင်း ယူဆလျှက် ရှိပြီး၊ မစ္စတာယက်တော ဝတ်ပြုလေ့ရှိသော The Church of The Latter Day Saints ဘုရားကျောင်း သည် ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံ ခရစ်ယာန် ကောင်စီ နှင့် ဆက်သွယ်ပြီး ဆက်သွယ်ခဲ့ဘူးကြောင်း၊ အဆင်မပြေဖြစ်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင် ရန်ကုန်မြို့ ပြည်လမ်း အမှတ် ၁၄၆ (က) တွင် ကြံ့ခိုင်ဖွံဖြိုးရေး အသင်း နှင့် အသင်းတော် ပေါင်းပြီး၊ ဘာသာစကား အခြေခံ သာသနာ ပြု လုပ်ငန်းတွေ လုပ်နေတယ် ဟု ခင်မင်းဇော် က မျိုးချစ်မြန်မာ သို့ ဓါတ်ပုံများဖြင့် သတင်း ပေးပို့ ခဲ့ဖူးသည်။

ဂမ်ဘာရီ နေပြည်တော် ရောက်ပြီ
2009-06-26

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီဟာ (၈)ကြိမ်မြောက် ခရီးစဉ်အဖြစ် ဒီကနေ့ ဇွန်လ ၂၆ရက် မနက်ပိုင်းက ရန်ကုန်မြို့ကို ရောက်ပြီးနောက် ညနေပိုင်းမှာ မော်တော်ကားနဲ့ ထွက်ခွာသွားတယ်လို့ ရန်ကုန် သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။ မစ္စတာ ဂမ်ဘာရီဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ခရီးစဉ်အတွက် ဖြစ်နိုင်ခြေ အခြေအနေတွေကို ကြိုတင်လေ့လာဖို့ လာရောက်တာ ဖြစ်ပါတယ်။

(Photo: AFP)

မြန်မာ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် တာဝန်ပေးထားသော မစ္စတာ အီဘရာဟင် ဂမ်ဘာရီ။ (Photo: AFP)

သူဟာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံဖွယ်ရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမလားဆိုတာတော့ မသိရသေးပါဘူး။

မစ္စတာဂမ်ဘာရီဟာ အခုည နေပြည်တော်မှာ နေထိုင်ပြီး၊ နောက်တနေ့ သူ့ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရန်ကုန်သံတမန်တဦးက ပြောပါတယ်။

မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ရန်ကုန်မြို့ ကုလသမဂ္ဂ ပြန်ကြားရေးဌာနအရာရှိကို RFA က ဆက်သွယ်မေးမြန်းရာမှာ တစုံတရာ ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။ မစ္စတာ ဂမ်ဘာရီအနေနဲ့ NLD ပါတီနဲ့ တွေ့ဆုံမယ်လို့ ကနဦးသတင်းတွေ ပေါ်ထွက်ခဲ့ပေမဲ့ လောလောဆယ်အထိတော့ ပါတီနဲ့ ဆက်သွယ်လာတာ မရှိသေးဘူးလို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်၊

ဦးဉာဏ်ဝင်း။ ။ 'အင်း အခုထိ မကြားသေးပါဘူး။ အဆက်အသွယ်လည်း မရှိသေးပါဘူး။ က္ဆွန်တော် ကြားတာကတော့ မစ္စတာ ဂမ်ဘာရီဟာ ဒီညနေ နေပြည်တော်ကို သွားမယ်လို့ ကြားတယ်။ ရန်ကုန်မှာ ခဏပဲ နေမဲ့သဘော။'

မစ္စတာ ဂမ်ဘာရီဟာ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ဆက်သွယ်လာတာ မရှိသေးဘူးလို့ CRPP ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအေးသာအောင်က ပြောပါတယ်။

ဦးအေးသာအောင်။ ။ 'ဆက်သွယ်လိမ့်မယ်လို့လည်း မျှော်လင့်မထားပါဘူး။ အရင်အခေါက်တွေကတောင်မှ ဂမ်ဘာရီဟာ CRPP နဲ့သော်လည်းကောင်း၊ တချို့ ရွေးကောက်ပွဲ အနိုင်ရတဲ့ တိုင်းရင်းသား ပါတီတွေနဲ့လည်းပဲ တွေ့တာဆုံတာ ဆွေးနွေးတာ မရှိခဲ့ဘူးလေ။ ဒီတခေါက်မှာတော့ ပိုပြီးတော့ မျှော်လင့်မထားပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ခရီးစဉ်ကိုက ဘန်ကီမွန်းရဲ့ လာဖို့ ခရီးစဉ်အတွက် ကြိုတင်ပြီးတော့ လာတဲ့ ခရီးစဉ်လို့ သိကြတဲ့အတွက်ပါ။'

မစ္စတာ ဂမ်ဘာရီရဲ့ အခုတခေါက်ခရီးစဉ်ဟာ အရင်အခေါက်ခရီးစဉ်တွေကလို ပွင့်ပွင့်လင်းလင်း မရှိတဲ့အချက်က ထူးခြားနေတယ်လို့လည်း ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှုနှင့် သတင်းစာရှင်းပွဲကွာခြားနေ
2009-06-26

ဇွန်လ ၂၅ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီရဲ့ ပြောဆိုချက်တွေဟာ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုနဲ့ မတူပဲ ကွဲပြားမှုတွေ ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဦးဥာဏ်ဝင်းက ပြောပါတယ်။

(Photo: AFP)

သတင်းစာရှင်းလင်းပွဲ တခုတွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ စကားပြောကြားနေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

သတင်းစာရှင်းပွဲမှာ အမေရိကန်နိုင်ငံသား John William Yettaw ကို နောက်ကွယ်မှာ ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှု ရှိနေတယ်လို့ မြန်မာစစ်အစိုးရ ရဲချုပ်က စွပ်စွဲပြောကြားထားတာပါ။ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုနဲ့ မတူဖြစ်နေကြောင်း ခုလိုပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'အဲ ဒေါ်အောင်ဆန်းစုကြည်လည်း တာဝန်ရှိတယ်၊ အဓိကက မစ္စတာ ယက်တော ဆိုတဲ့သဘော၊ က္ဆွန်တော် အဲဒီလို နားလည်တယ်လေ။ က္ဆွန်တော် မဖတ်ရသေးဘူး။ ဒါပေမယ်လို့ တကယ် လက်တွေ့ အမှုတင်တာက အဓိက စွပ်စွဲခံရသူက ဒေါ်အောင်ဆန်းစုကြည်ပါ။'

ဒေါ်အောင်ဆန်းစုကြည်က ဒီအမှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောထားတာရှိတယ်လို့ ဆိုပါတယ်။

နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းပါသလဲ ဆိုတာထက် ဒီအမှုမှာ အဓိက တာဝန်ရှိတဲ့ လုံခြုံရေးတွေကို အရေးမယူပဲ သူ့ကို အရေးယူခြင်းဟာ မတရားတာပဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဦးဥာဏ်ဝင်းက ပြောပြပါတယ်။

မနေ့က ပြုလုပ်တဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ မစ္စတာယက်တောရဲ့ နောက်ကွယ်က အဖွဲ့အစည်းကို နာမည်နဲ့ ထုတ်ဖော်ပြောဆိုတာ မရှိပေမဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာ ၂ဝဝ၈ ခုနှစ် စက်တင်ဘာ အောက်တိုဘာလတွေမှာ နေထိုင်စဉ် မဲဆောက်မြို့က နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ရဲချုပ်ခင်ရီက ပြောပါတယ်။

သတင်းစာရှင်းပွဲနဲ့ ပတ်သက်ပြီး Mr John William Yettaw ရဲ့ ရှေ့နေ ဦးခင်မောင်ဦးနဲ့ မစ္စတာယက်တောနဲ့ တွေ့ဆုံခဲ့သူ AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်တို့ကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဝက်တုပ်ကွေး ဖြစ်ပွားမှုမရှိကြောင်း ကျန်းမာရေးအရာရှိများ ငြင်းဆို
2009-06-26

A-H1N1 အမျိုးအစား ဝက်တုပ်ကွေးရောဂါ လူတွေမှာ ကူးစက်ဖြစ်ပွားနေပြီလို့ ရန်ကုန်မြို့မှာ သတင်းတွေ ထွက်ပေါ်နေပေမဲ့ မြန်မာစစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO ကမႝာ့ ကျန်းမာရေးအဖွဲ့ ရန်ကုန်ရုံးတို့က လောလောဆယ်အထိ ရောဂါဖြစ်ပွားမှု မရှိသေးဘူးလို့ အခိုင်အမာ ငြင်းဆိုပါတယ်။

(Photo: AFP)

တုပ်ကွေးနှင့် အသွင်တူသော ရောဂါလက္ခဏာများ ခံစားနေရသည့် သြစတြေးလျား ခရီးသည် သုံးဦးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီက္ဆွန်းတွင် ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် ကျန်းမာရေး ဝန်ထမ်းများက ခေါ်ဆောင်လာပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းမြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာစစ်အစိုးရကို အရေးယူသော နည်းလမ်း ထိုင်းဝန်ကြီးချုပ် မယုံကြည်
2009-06-26

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူတဲ့ နည်းလမ်းဟာ အလုပ်မဖြစ်နိုင်ဘူးလို့ တရုတ် နိုင်ငံကို လေးရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ဒီနေ့ ဇွန်လ ၂၆ရက်မှာ ပြောလိုက်ပါတယ်။

(Photo: AFP)

ထိုင်းဝန်ကြီးချုပ်သစ် အာဘီဆစ် ဗက်ဂျာယီဗာကို ဗန်ကောက်မြို့ရှိ အစိုးရ အိမ်တော်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

တရုတ်နိုင်ငံ ပီကင်းမြို့မှာ သတင်းထောက်တွေကို ပြောကြားရာမှာ ဝန်ကြီးချုပ် အဘီဆစ်က တရုတ်နဲ့ထိုင်း နှစ်နိုင်ငံလုံးက ဒဏ်ခတ်အရေးယူတဲ့ နည်းလမ်းကို အယုံအကြည် မရှိကြောင်း ပြောပါတယ်။ နိုင်ငံတကာ အဝန်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကို ချဉ်းကပ်ဖို့အတွက် အိမ်နီးချင်းထိုင်းနိုင်ငံလို မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးလုပ်တဲ့ နည်းလမ်းနဲ့သာ လုပ်ဆောင်နိုင် မယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ်အဘီဆစ်ဟာ ဒီကနေ့ မနက်ပိုင်းမှာ တရုတ်သမတ ဟူဂျင်းတောင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မနေ့ကတော့ ဝန်ကြီးချုပ် ဝမ်ဂျားဘောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲနှင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး မြစ်ကြီးနားမှာ ပြုလုပ်
2009-06-26

ဒီကနေ့ ဇွန်လ ၂၆ရက်မှာ ကျရောက်တဲ့ ကမႝာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနဲ့ တွဲပြီး စစ်အစိုးရက လုပ်မဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပိုစတာတွေ ကပ်တဲ့ လှုပ်ရှားမှုကို မြစ်ကြီးနားမြို့မှာ ကချင်ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်တွေက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


အဲဒီ ပိုစတာကပ်တဲ့ လှုပ်ရှားမှုကို ဒီကနေ့ ဇွန်လ ၂၆ ရက် မနက်စောစောမှာ လုပ်ခဲ့ကြတာပါ။ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကချင်ကျောင်းသားတယောက်က RFA ကို ခုလိုပြောပြပါတယ်။

ကချင်ကျောင်းသား။ ။ 'AKSU အဖွဲ့ကနေပြီးတော့ ကျနော်တို့ စာစောင်တွေ လိုက်ဝေတာ လိုက်ကပ်တာ အဲဒါမျိုးလုပ်တာ ဒီနေ့မနက် ကျနော်တို့ လုပ်တဲ့နေရာတွေက ဒူကထောင်၊ ရန်ကြီးအောင်၊ ယုဇန၊ မြို့သစ်ကြီး၊ ကွက်သစ်၊ တပ်ကုန်း၊ စီတာပူ အဲဒီရပ်ကွက်တွေမှာ လုပ်ပါတယ်၊ ပြီးတော့ မြစ်ကြီးနားတက္ကသိုလ် ပညာရေးကောလိပ် အထက ၅၊ အမက ၄၊ အမက ၇ အဲဒီကျောင်းမှာတွေ၊ ပြီးတော့ ဌာနဆိုင်ရာ ရုံးအနီးအနား တဝိုက်မှာ လိုက်ပြီးတော့ ကပ်ပါတယ်။'

အဲဒီစာရွက်တွေပေါ်မှာ မူးယစ်ဆေးဝါး လွတ်ကင်းဇုံဖြစ်ရေးနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အလိုမရှိဆိုတဲ့ အချက် ၂ ချက် ရေးထားတယ်လို့ သိရပါတယ်၊ ကချင်ကျောင်းသားတွေဟာ အာဏာပိုင်တွေ လုံခြုံရေးတင်းကျပ်ထားတဲ့ ကြားကနေ ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်၊ အခုအခါ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲနေကြတာဟာ နေရာအနှံ့ ဖြစ်တဲ့အကြောင်း စောစောက ကချင်ကျောင်းသားကပဲ ဆက်ပြောပါတယ်။

ကချင်ကျောင်းသား။ ။ 'ကျနော်တို့ ကချင်ပြည်နယ်မှာ နေရာအနှံပေါ့နော်၊ မူးယစ်ဆေးဝါးပေါ့၊ ဘိန်းဖြူရယ်၊ နောက်ဖော်မြူလာလို့ခေါ်တဲ့ ဖော်စပ် သောက်တဲ့ဟာမျိုးတွေ ဒါတွေက ကျောင်းသားလူငယ်ထုတွေမှာရော၊ ပြီးတော့ ကျောင်းမတက်တဲ့ လူကြီးလူငယ် တော်တော်များများမှာ သုံးစွဲနေကြတာ ပြီးတော့ မူးယစ်ဆေးဝါးကြောင့် သေဆုံးတဲ့လူတွေလဲ တော်တော်များနေတယ်၊ ကလေး စတိတ်ကျောင်းသားတွေ အဆင့်ထိကို မြစ်ကမ်းဘေးသွားပြီးတော့ မူးယစ်ဆေးဝါးတွေ ထိုးသွင်းတာ အဲလိုမျိုးတွေ ကျနော်တို့ က မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတယ်ခင်ဗျ။ ဘိန်းဖြူဆိုရင် တခါသုံးဖို့အတွက် ၅ဝဝ ဖို့ ၁ဝဝဝ ဖိုး အဲလောက်ထိ ဝယ်လို့ရတယ်၊ ရာမ တပြားကို ၂ဝဝဝ၊ ၂၅ဝဝ၊ ၃ဝဝဝ အဲလိုရှိတယ် သူ့နေရာနဲ့ သူလိုက်ပြီးတော့။'

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး အများအပြား သုံးစွဲတဲ့နေရာတွေကတော့ မြစ်ကြီးနား၊ ဖားကန့်၊ တနိုင်းရွှေတွင်းတွေမှာ မယုံကြည်နိုင်လောက်အောင် များပြားနေပြီး ကျန်တဲ့ မြို့ရွာတွေမှာလဲ ဘယ်ခေတ်ကနဲ့မှ မတူအောင် မူးယစ်ဆေးဝါး သုံးစွဲမှု များပြားနေတာပါ၊ အဲဒီလို လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ကချင်လူမှု ဖွံဖြိုးရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝါက အခုလို ပြောပါတယ်၊

ဦးအောင်ဝါ။ ။ 'ကျနော်တို့ သုံးသပ်ချက်အရဆိုရင် ဒီမှာ ရောင်းဝယ်ဖောက်ကားမှုကတော့ ဒီမှာ အလွယ်တကူဖြစ်နေတာ ဒါပြီးမှ မူးယစ်ဆေးဝါးက လွယ်လွယ်ကူကူရရှိနေတာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ မူးယစ်ဆေးဝါး ရောင်ဝယ်တဲ့နေရာမှာ သက်ဆိုင်ရာ နအဖ တွေနဲ့ ပတ်သက်နေတဲ့ဟာမျိုးတွေ ဖြစ်နေတယ်။ သူတို့ကို ငွေပေးရင် လုပ်ပိုင်ခွင့်ရှိနေတယ်၊ ဒါကြောင့် အလွယ်တကူနဲ့ ရှိနေတယ် နောက်တခုက နိုင်ငံရေးစနစ်ကြောင့် ဖြစ်တယ်၊ မြန်မာနိုင်ငံဟာ ဘာမှ မယ်မယ်ရရ အလုပ်တွေ မရှိဘူး၊ ဒီမိုကရေစီလဲ မရှိဆိုတော့ လူတွေက အလုပ်မရှိဘူးဆိုတော့ နောက်ဆုံးမှာ ထွက်ပေါက်အနေနဲ့ မူးယစ်ဆေးဝါးပဲ သုံးစွဲနေရတယ်။'

ကချင်ပြည်နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်မှာတော့ မူးယစ်ဆေးဝါး အများအပြားထွက်သလို သုံးစွဲတဲ့သူတွေကလဲ အလွန်များနေပါတယ်၊ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ လားရှိုးနဲ့ တခြားဒေသတွေမှာ ယာဘလို့ခေါ်တဲ့ စိတ်ွ့ကဆေးနဲ့ တခြားမူးယစ်ဆေးဝါးတွေ သုံးစွဲနေကြတဲ့အကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းကလဲ ပြောပါတယ်။

ဦးခွန်ဆိုင်း။ ။ 'ယာဘကတော့ သုံးစွဲမှုက လျော့သွားသည် မရှိပဲနဲ့ ပိုပြီးတော့ များလာတယ်၊ ယာဘအပြင် သုံးစွဲလာတာကတော့ ကော်ကို အများကြီး သုံးစွဲလာကြတယ်၊ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်းမှာ ကျနော်တို့ လားရှိုးမြို့ ဆိုရင် ရပ်ကွက်ပေါင်း ၁၂ ကွက်ရှိတာ၊ တကွက်မှ ကော်ကို မသုံးတဲ့ ရပ်ကွက်ဆိုတာ မရှိဘူး၊ အများအားဖြင့် လူငယ်ကျောင်းသားလေးတွေမှာ ဖြစ်တယ်၊ ကော်က က္ဆွတ်တာရာတွေမှာ ကွဲတယ်ဆိုရင် ပိတ်တဲ့ ကော်ပေါ့ဗျာ။'

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနဲ့ မူဆယ်မြို့နယ်အတွင်းမှာ မြန်မာစစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေက မူးယစ်ဆေးဝါး ထုတ်လုပ်နေသလို သုံးစွဲသူတွေလဲ မယုံကြည်နိုင်လောက်အောင် တိုးများလာတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်ဘိန်းစိုက်ပျိုးမှု အနည်းငယ်ပိုများလာသလို စိတ်ွ့ကဆေးထုတ်လုပ်မှုကလဲ သိသိသာသာ တိုးလာတဲ့အကြောင်း UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ရဲ့ ၂ဝဝ၉ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏အမှု ဇူလိုင် ၃ရက်နေ့ စစ်ဆေးဖို့ ရက်ချိန်းရွှေ့ဆိုင်း
2009-06-26

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအတွက် သက်သေတဦးဖြစ်သူ ရှေ့နေဒေါ်ခင်မိုးမိုးကို ဒီကနေ့ ဇွန်လ ၂၆ရက်မှာ စစ်ဆေးဖို့ရှိပေမဲ့ အစိုးရက ငြင်းပယ်ခံနေရတဲ့ တခြား သက်သေနှစ်ဦးဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ရဲ့ အမှုတွဲ တရားရုံးချုပ်မှာ မပြီးပြတ်သေးတဲ့အတွက် ဒေါ်ခင်မိုးမိုးရဲ့ အမှုကို ဇူလိုင် (၃) ရက်နေ့မှာ စစ်ဆေးဖို့ ရက်ချိန်းဆိုလိုက်တယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။


အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့ကို ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သက်သေတွေအဖြစ် ထွက်ဆိုနိုင်ခွင့်နဲ့ ပတ်သက်လို့ ပြန်လည် ပြင်ဆင်ပေးဖို့ တင်သွင်းထားတဲ့ အမှုကို ဇွန်လ ၂၄ ရက်က ဗဟိုတရားရုံးချုပ်မှာ နှစ်ဖက်ရှေ့နေတွေ အပြန်အလှန် လျှောက်လဲခဲ့ကြပါတယ်။ ဒီလျှောက်လဲချက်နဲ့ ပတ်သက်တဲ့အမိန့်ကို အချိန်ဘယ်လောက် စောင့်ဆိုင်းရမယ်ဆိုတာ အတိအကျ မသိသေးဘူးလို့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။ အဲဒီဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကျမှ သက်သေ ဒေါ်ခင်မိုးမိုးကို ခရိုင်တရားရုံးမှာ စစ်ဆေးရမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အမေရိကန်နိုင်ငံသား မစ္စတာ ဂ္ဆွန်ယက်တော နေအိမ်မှာ ရောက်ရှိနေတာကို အကြောင်းကြားဖို့ နောက်ကျတယ်ဆိုပြီး မနေ့က ပြုလုပ်တဲ့ စစ်အစိုးရသတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲလိုက်တဲ့အပေါ် နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဦးဥာဏ်ဝင်းကို ဒီကနေ့တရားခွင်မှာ ဆုံတွေ့စဉ် ပြောဆိုခဲ့တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုပဲ ဒေါ်အောင်ဆန်းစုကြည်က သူ နားမလည်ဘူးတဲ့။ ဘာကြောင့် ဒီသတင်းစာရှင်းလင်းပွဲ လုပ်ရသလဲဆိုတာ။ အဓိက ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်း report မလုပ်တဲ့အတွက် အချိန်ကြန့်ကြာတဲ့အတွက် တာဝန်ရှိတယ်၊ ဒါပြောတာပါပဲ။'

ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပြတိုက်မှာ ဇွန်လ ၂၅ရက် မနေ့က ပြုလုပ်ခဲ့တဲ့ စစ်အစိုးရသတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာဂ္ဆွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဝင်ရောက်နိုင်အောင် ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ပအဖွဲ့အစည်းတွေ ရှိကြောင်း ရဲချုပ်ခင်ရီက ပြောကြားသွားခဲ့ပါတယ်။
အာဏာပိုင်များက အင်းစိန်ထောင်တွင်း ပဋိပက္ခဖန်တီးနေ
2009-06-26

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချမယ်ဆိုရင် တိုက်ပွဲဝင်မယ်ဆိုတဲ့ အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ အစီအစဉ်ကို အာဏာပိုင်တွေ သိသွားတဲ့အတွက် ရာဇဝတ်သားတွေနဲ့ ထိပ်တိုက်တွေ့ပြီး ပြဿနာဖြစ်အောင် စစ်အစိုးရက စီစဉ်နေတယ်လို့ အကောင်းဆုံး မြေသြဇာ အဖွဲ့က အရေးပေါ် ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ပတ်သက်ပြီး အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတချို့က အစာငတ်ခံ တောင်းဆိုတာတွေ ရှိခဲ့ပြီး ထောင်ထဲမှာလည်း ထောင်လှန့်လို့ ခေါ်တဲ့ ဝန်ထမ်းတွေစုရုံး အင်အားပြတာ၊ သံချောင်းတွေခေါက်တာ၊ ဝန်ထမ်းတွေရဲ့ အဓိဌာန်တွေ အော်ဟစ်တာတွေ လုပ်ဆောင်ခဲ့သလို ရဲဘက်စခန်းက နာမည်ကြီး ရာဇဝတ်သားတွေကို အင်းစိန်ထောင် ပြန်ခေါ်ထားတာတွေလည်း ရှိတယ်လို့ အကောင်းဆုံး မြေသြဇာအဖွဲ့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒီအတောအတွင်းမှာလဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်းနဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို စစ်ခွေးတိုက် ခေါ် ပြစ်ဒဏ်ပေးတဲ့နေရာ မှာ တိုက်ပိတ်ထားသလို၊ ထောင်တွင်း လူစုဖို့ ကြိုးစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်တိုင်း အလုံမြို့နယ် NLD ဥက္ကဌ ဦးဘမြင့်ကို ထောင်ပြောင်းလိုက်ပါတယ်။

ဒါကြောင့် အကောင်းဆုံးမြေသြဇာ အဖွဲ့က ကြေညာခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်သားတွေနဲ့ ထိပ်တိုက်တွေ့အောင် ဖန်တီးပြီး နှိမ်နင်းတာမျိုးတွေ အရင်က ရှိခဲ့ပါသလား ၊ လက်ရှိ ထိုင်း-မြန်မာနယ်စပ်မှာ NLD လွတ်မြောက်နယ်မြေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ၊ ထောင်ထဲမှာ ၁၄ နှစ်နီးပါး နေခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမြင့်စိုးနဲ့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ အမှုဆောင် ကိုဇော်ထွန်းတို့ကို မေးမြန်းခဲ့ပါတယ်။

အပြည့်အစုံကို ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

တရားရုံး လျှောက်လဲချက်များကို စစ်အစိုးရက သတင်းအပြည့်အစုံမဖော်ပြ
2009-06-26

ဒေါ်အောင်ဆန်းစုကြည်တို့ ရင်ဆိုင်နေရတဲ့အမှုကို သက်သေလိုက်ဖို့ တင်ပြထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဇွန်လ ၂၄ ရက်က ရန်ကုန်မြို့က တရားရုံးချုပ်မှာ နှစ်ဖက်လျှောက်လဲကြတဲ့ သတင်းကို စစ်အစိုးရအာဘော် သတင်းစာတွေမှာ ဇွန်လ ၂၅ရက် မနေ့က ဖော်ပြခဲ့ရာမှာ စစ်အစိုးရဘက်က ရှေ့နေ တွေရဲ့ လျှောက်လဲချက်တွေကို အပြည့်အစုံ ဖော်ပြမထားတာ တွေ့ရပါတယ်။
အကျယ်ချုပ် ကျခံနေရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်တို့ သက်သေလိုက်မဲ့ကိစ္စကို နှစ်ဖက် လျှောက်လဲကြတာပါ။

စစ်အစိုးရဘက်က ရှေ့နေတွေက ဦးဝင်းတင်ဟာ နိုင်ငံခြားသတင်းဌာနတွေနဲ့ ဆက်သွယ်စကား ပြောတဲ့အတွက် သက်သေမဖြစ်သင့်ဘူးလို့ တင်ပြခဲ့ကြသလို၊ ဦးတင်ဦးကလည်း အကျယ်ချုပ် ကျခံနေရသူဖြစ်လို့ အပြင်ထွက်လို့ မရတဲ့အတွက် သက်သေအဖြစ် လက်မခံသင့်ဘူးလို့ လျှောက်လဲချက် ပေးခဲ့ကြကြောင်း ကိုယ်တိုင်ကြားခဲ့ရတဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဉာဏ်ဝင်းရဲ့ ပြောကြားချက်ကို RFA က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဇွန်လ ၂၅ ရက်နေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာတွေမှာတော့ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအကျင့်စာရိတ္တနဲ့ စပ်လျဉ်းပြီး သက်သေအဖြစ် စစ်ဆေးပေးဖို့ တင်ပြတာဟာ တရားရုံးကို အနှောင့်အယှက်ဖြစ်စေရန်၊ ကြန့်ကြာစေရန် ရည်ရွယ်ပြီး တင်ပြတာသာ ဖြစ်တယ်လို့ ကောက်ယူနိုင်ကြောင်း၊ ဒါကြောင့် ဥပဒေပုဒ်မ ၂၅၇ (၁) အရ ငြင်းပယ်သင့်ကြောင်းကိုပဲ သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

တရားရုံးမှာ အမှန်တကယ် လျှောက်လဲပြောဆိုကြတာကို စစ်အစိုးရအာဘော် သတင်းစာတွေမှာ အခုလို အပြည့်အစုံ မဖော်ပြတဲ့အတွက် ပြည်သူတွေ အမှန်အတိုင်းသိအောင် လွတ်လပ်ပြီး မျှတတဲ့ တရားစီရင်ရေးဖြစ်အောင် သတင်းမီဒီယာတွေက အရေးကြီးတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က ရှေ့နေ ဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

ဦးမင်းလွင်ဦး။ ။ 'လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ မျှတတဲ့ တရားခွင်တွေ ပေါ်ပေါက်ဖို့ ကိစ္စတွေမှာ အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေး စီရင်တာက အရေးကြီးသလို အများပြည်သူတွေကို အမှန်ကိုအမှန်အတိုင်း တင်ပြနိုင်ဖို့အတွက် သတင်းဌာနတွေက တရားခွင် သတင်းထောက်တွေ တက်ရောက်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အဲဒီတော့ က္ဆွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ နအဖ စိတ်ကြိုက် သတင်းအချက်အလက်တွေကိုပဲ သတင်းစာတွေမှာ ရေးသား ဖော်ပြနေရတယ်။ သတင်းဂျာနယ်တွေကလည်း စာပေစိစစ်ရေးက ခွင့်ပြုထားတဲ့ အချက်တွေကိုပဲ ဖော်ပြနိုင်တယ်။ ဒါကြောင့်၊ က္ဆွန်တော်တို့ သာမန် ပြည်သူလူထုတွေအနေနဲ့ တရားခွင်အတွင်းမှာ စစ်ဆေး စီရင်တဲ့ ကိစ္စရပ်တွေအားလုံးကို အသေးစိတ် အမှန်ကို အမှန်အတိုင်း မသိရှိနိုင်ဘူး ဖြစ်တယ်။ ဒါကြောင့် မီဒီယာရဲ့ အခန်းကဏ္ဍက မျှတတဲ့ တရားခွင် ပေါ်ပေါက်ဖို့ရယ်၊ လွတ်လပ်တဲ့ တရားစီရင်ရေး ကြီးထွားနိုင်ဖို့ရယ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါတယ်ဆိုတာကို က္ဆွန်တော်တို့ ပြောချင်တယ်။'

ဦးဝင်းတင်ကို နိုင်ငံခြားသတင်းဌာနတွေနဲ့ ဆက်သွယ် စကားပြောတဲ့အတွက် သက်သေမဖြစ်သင့်ဘူးလို့ စစ်အစိုးရ ရှေ့နေတွေဘက်က တင်ပြခဲ့တာနဲ့ ပတ်သက်လို့ ဦးဝင်းတင်ရဲ့အမြင်နဲ့ သဘောထား သိရအောင် RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။