Friday, July 10, 2009

ဝီလျံ ယက်ထော ရှေ့နေ၏ လျှောက်လဲချက်


နိုင်ငံခြားခေါ်ဆိုခကို တစ်မိနစ် ၂.၅ ဒေါ်လာယူ

Google G-talk Gmail အကုန်ပိတ်ထားတယ်ဗျာGoogleဆိုရင် Proxy နဲ့ ကျော်လို့ရသေးတယ်G-talk Gmail လုံးဝကို ကျော်လို့မရတော့ဘူး။ အတော်ဆိုးတဲ့လူတွေGmial မှ မရရင်တော့ သွားပြီ။
အစိုးရကGmail နဲ့ Gtalk တွေ အပါအဝင် Pfingo ကိုလည်း ပိတ်လို့ရအောင်လုပ်နေတယ်လို့ ကြားမိပါတယ်။
ပြည်တွင်း သတင်းတွေ ပြည်ပကို မြန်မြန်ဆန်ဆန် ကျယ်ကျယ်ပြန့်ပြန့်ရောက်နေတာကို တားဆီးချင်တဲ့အတွက်ကြောင့်လို့ ပြောကြပါတယ်။ပြည်ပကို ဖုန်းဆက်သွယ်ခေါ်ဆိုမှုများအတွက်လည်း ဝင်ငွေပိုရအောင်ကဒ်ဖုန်းများ ပိုရောင်းရအောင် စီမံခြင်းလည်း ဖြစ်ပါသတဲ့။
================================
ခု မြန်မာပြည်ကလူတွေကလည်း အဲဒီလိုမျိုးဖြစ်နေကြတယ်။ ကျနော်တို့တုန်းကတော့ ကျနော့်လိုင်းကနေကျော်တာ ကျော်လို့မရဘူး တချို့သူငယ်ချင်းတွေက ကျော်တာ ကျော်လို့ရတယ်။ တမြို့ထဲနေတဲ့ တခြားနေရာက သူငယ်ချင်းလည်း English Google တောင် ဝင်လို့မရဘူး၊ ကျနော်တို့ဖြစ်တာနဲ့ အတူတူပဲ။

အဲဒါနဲ့ ကျနော်လည်း ISP ရဲ့ သူတို့ ကွန်ပျူတာ ပညာရှင်တွေ ထိုင်နေတဲ့ အခန်းထဲအထိ သွားဝင်ပြီး ပြောလိုက်တယ်။ သူတို့ဆီမှာတောင် တချို့လိုင်းက ရပြီး တချို့လိုင်းက မရဘူး။ အဲဒါနဲ့ ကျနော့်ကို သူတို့ ပြင်ပေးပါ့မယ်ဆိုပြီးပြောလိုက်တာ ညနေကျတော့ ကောင်းသွားတယ်။ အဲဒီတော့ ကျနော်ထင်တာ သူတို့တွေ Google ကို Channel ခွဲပြီးများ ဖြုတ်လိုက်သလားလို့ISPကို ကွန်ပလိန်းတက်လို့ရရင်တော့ ကောင်းမယ်ဗျာ။ တရားစွဲနိုင်ဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး။
=============================
ဒါလေးကတော့ သတင်းအနေနဲ့ အဆင့်အတန်းရှိမယ်ထင်တယ်။

မြန်မာနိုင်ငံကနေ ကျနော့်ကောင်မလေး ဂျီအက်စ်အမ်နဲ့ ကျနော့်ကို ခေါ်တယ်။ အရင် အခါတွေ ခေါ်တုန်းက ဝဝ၉၅ (မြန်မာနိုင်ငံကုတ်) နဲ့ ပေါ်တယ်။ ခုနောက်ပိုင်း အိုင်ပီကဒ်နဲ့ ဆက်သလို အင်တာနက်ကနေတဆင့် လာတဲ့ ကုတ်မျိုးပဲ ပေါ်တော့တယ်။ ဥပမာ - ဝဝဝ၁၉ နဲ့ စတဲ့ နံပါတ်တို့ ဝဝ၈၅ တို့ဆိုတဲ့ ပေါက်ကရ နံပါတ်တွေ ပေါ်လာတယ်။ အဲဒီမှာ ကျနော်စဉ်းစားမိတာ မြန်မာဆက်သွယ်ရေးကလူတွေ နိုင်ငံခြားခေါ်ဆိုခကို တစ်မိနစ် ၂.၅ ဒေါ်လာယူပြီး(ဒီနိုင်ငံကို ဆက်ရင် အရင်တုန်းကတော့ အဲဒီဈေးပါ) လိုင်းကိုကျတော့ အင်တာနက်ကတဆင့်များ တင်သလားမသိဘူး။ အသံလည်း ဘာမှမကြားရဘူး၊ လေတိုးသံနဲ့ ဝုန်းဝုန်း ကျီကျီဆိုတာပဲ ကြားရတယ်။
=============================
ကြံ့ဖွံ့က ဦးစီးပြီးလုပ်နေတယ်ပြောတဲ့ Mtalkဆိုတာကိုလည်းလူသုံးများအောင် ရည်ရွယ်ပါသတဲ့။ Account တွေကို ရောင်း
ပဲစားမလား အလကားပဲ ပေးသုံးမလားတော့ မပြောတတ်ပါဘူး။သေချာတာကတော့ လုံခြုံမှုမရှိနိုင်ဘူးလို့ ထင်ပါတယ်။
သူတို့ဆိုဒ်ရဲ့လင့်....
http://www.mtalk.net.mm/
shwemyothar & happyvalley