Monday, July 13, 2009

တိုရန်တိုမြန်မာမိသားစုများရဟန်းခံရှင်ပြု၊ယောဂီနှင့်သီလရှင်ဝတ်ပွဲအလှုမင်္ဂလာ


ရုပ်မြင်သံကြားဌာနတခုမှမောင်ရင်လောင်းခလုပ်အားမေးမြန်းနေပုံဖြစ်သည်။

အောက်တွင်ရရှိသလောက်ဖေါ်ပြထားသောဓါတ်ပုံများဖြစ်သည်။

ဘတ်ဖဲလိုးအတွေ့အကြုံ၃


ရဲဘော်၊ မင်းရွှေဦး (ခေါ်) ချစ်လွန်းသူ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) တပ်ရင်း (၂၀၈) (ABSDF) ရဲဘော်ဟောင်းမှUNသို့ပေးပို့ရန်ထောက်ခံလက်မှတ်ထိုးသည်ကိုရယူစဉ်၊

အနီးရှိဘုတ်ကလပ်မှအမောပြေရေခဲရေတိုက်ကျွေးပြီးသူလည်းပါဝင်လိုကြောင်းပြောသည်။


ရဲဘော် မောင်မောင်တိတ်

၁၉၈၈ ၈လေးလုံး အရေးတော်ပုံ ကြီးတွင် မော်လမြိုင်မြို့ အမှတ် (၁) နယ်မြေကို ဦးဆောင်၍ စတင်သပိတ်မှောက်ခဲ့၊ ၁၉၉၀ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ၊
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည် လွတ်မြောက်ရေး သံဓိဌာန်၃ကြိမ်တိုင်ပေးနေစဉ်။



ရဲဘော် ကဘောယူ




မီးစင်ကြည့်ကရင်း မီးလောင်ပြာကျတော့မယ့် စစ်အာဏာရှင်အစိုးရ

Friday, July 10, 2009
စိုးနေလင်း
တရားဥပဒေစိုးမိုးမှုမဲ့၊ အာဏာရူးစစ်ဗိုလ်ချုပ်တွေက တရားစီရင်ရေးရဲ့အထက်မှာ အမြဲတမ်းရှိနေတဲ့ လူထုမျက်ကွယ်တရား ရုံးတခုမှာ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တက်သုတ်ရိုက်စစ်ဆေးနေတဲ့ သတင်းတွေကို နေ့စဉ်ရက်ဆက်နီးပါးကြားရ၊ မြင်ရ၊ စိတ်ဆိုးရ၊ ဒေါသဖြစ်ရ၊ မခံချိ မခံသာဖြစ်ရ၊ အားမလိုအားမရဖြစ်ရတာတွေက ထုံးစံ အတိုင်း ရာနှုံးအများစု ဖြစ်ပြီး ၀မ်းသာအားတက်ရ၊ ကြေနပ် နှစ်သက်ဖြစ်ရတာတွေကတော့ အလွန်နည်းပါးတဲ့ ရာနှုံးမှာပဲ ရှိခဲ့ပါတယ်။

ခုဆို လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှကြောင်းကျိုးဆီလျှော်မှုမှမရှိ၊ တရားဥပဒေနဲ့ညီ ညွတ်မှုမရှိဘဲ ဖမ်းဆီးအကျဉ်းချ ရုံးတင်စစ်ဆေးလာခဲ့တာ နှစ်လ နီးပါးရှိလာခဲ့ပါပြီ။ တရားလိုပြသက်သေတွေကို စစ်ဆေး မေးမြန်းတာတွေ သူတို့ရဲ့အဖြေတွေကိုလည်း အတော်အတန်ကြားခဲ့ပြီးပါပြီ။ ဒါပေမယ့် တဖက်မှာတော့ စွတ်စွဲခံရသူ ဒေါ် အောင်ဆန်းစုကြည်ဘက်က ခေါ်ယူဖို့တင်ပြလာတဲ့ သက်သေတွေကိုတော့ အားလုံးပယ်ချပစ်ခဲ့ပြီး ခွင့်ပြုခံခဲ့ရတဲ့ တဦးတည်း သောသက်သေ လပွတ္တာမြို့နယ်လွှတ်တော်အမတ် ဦးကြည်ဝင်းရဲ့ထွက်ဆိုချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင် ထွက်ဆိုချက်ကိုပဲ ကြားခဲ့ရပါတယ်။ စွတ်စွဲခံရသူဘက်က တင်ပြလာတဲ့ သက်သေတွေကို ဘာဖြစ်လို့ပယ်ချခဲ့တာပါလဲ။ ဘယ် ဥပဒေတွေနဲ့ မညီညွတ်လို့ပါလဲ။

ဘာအကြောင်းပြချက်မှမပေးဘဲ ပယ်ချပစ်ခဲ့တာပါ။ စစ်ဆေးတဲ့အမည်ခံ တရားသူကြီးတွေကတော့ အာဏာရှင်ဗိုလ်ချုပ် တွေက ပယ်ဆိုရင် ပယ်ပြီးသားပါ၊ ချဆိုရင်လည်းချပြီးသားပါ ဆိုတဲ့ ကျောရိုးမဲ့ အထက်ဖားအောက်ဖိ ကိုယ်ကျိုးသက်သက် သမားတွေပါပဲ။ ဒါလည်း အတွေ့အကြုံအသစ်တော့ မဟုတ်ပါဘူး။ ဗိုလ်နေ၀င်းရဲ့မဆလအစိုးရ လက်ထက်ကတည်းက တရားစီရင်ရေးမှာ ဒီလိုပဲဖြစ်ခဲ့တာပါပဲ။ တရားစီရင်ရေးရဲ့အထက်မှာ အာဏာရှင်စစ်ဗိုလ်တွေက စိုးမိုးချယ်လှယ်ခဲ့ကြတာကို သိမှီတွေ့ကြုံခဲ့သူတွေ မေ့ကြလိမ့်အုံးမယ်မဟုတ်ပါဘူး။ ဟောခုတခါ တိုင်းတရားရုံးက ပယ်ချထားတဲ့ သက်သေတွေကို ပြန် ပြီး လက်ခံလိုက်ပြန်ပါပြီ။ မီးစင်ကြည့်ကတဲ့ ကကွက်တခုပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးလျှောက်လဲချက် ပေးပြီးရင် ကြံစည် ထားတဲ့ ကကွက်အတိုင်း ဆက်ကရဲ မကရဲကတော့ စောင့်ကြည့်ရပါလိမ့်မယ်။ အထူးသဖြင့် အာဆီယံဥက္ကဋ္ဌ ထိုင်းနိုင်ငံက တော့ ဒီတကြိမ်မှာအတော်ကြီး ဝေဖန်ပြစ်တင်တောင်းဆိုလာတာ တွေ့ရပါတယ်။ ကျေးဇူးတင်ရပါလိမ့်မယ်။

ခုဆောင်းပါးမတိုင်ခင် နအဖ စစ်အစိုးရရဲ့ သဘာဝနဲ့ သူတို့ရဲ့ကျင့်သုံးနေတဲ့ နည်းပရိယာယ်တွေနဲ့ ပတ်သက်ပြီး မကြာခင် ကပဲ ဆောင်းပါးတချို့ရေးသားတင်ပြခဲ့ပြီးပါပြီ။ နအဖစစ်အစိုးရဟာ မီးစင် ကြည့်ကတဲ့ နည်းကိုသုံးနေပါတယ်လို့ တာဝန်ရှိ ဗိုလ်ချုပ်တွေကိုယ်တိုင်က ၀န်ခံပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ခုလည်း ပြည်တွင်းက ပြည်သူလူထုနဲ့ အာဆီယမ်အပါအ၀င် နိုင်ငံ တကာက ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားနေတဲ့အပေါ် ဘယ်လိုတုန့်ပြန်မှုရှိသလဲ ဆိုတာကို သူတို့စောင့်ကြည့် အကဲခတ်နေပါတယ်။ အာဆီယမ်ရဲ့ အရင်နဲ့မတူ ဝေဖန်ထောက်ပြ သတိပေးပြောဆိုလာမှုကို တန်ပြန်စွတ်စွဲမှုတွေနဲ့အတူ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်မှုအဖြစ် အပြစ်တင်ပယ်ချ တုန့်ပြန်လိုက်သလို လုံခြုံရေးကောင်စီက ထုတ်ပြန်လိုက်တဲ့ စာကိုလည်း ဘာတခုမှလိုက်လျောမှု မလုပ်ဘဲ ၂၀၁၀ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ဆင်ခြေနဲ့ အာခံအံတု လိုက်ပါတယ်။ အာဆီယံအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ပြောရရင် မြန်မာစစ်အာဏာရှင်တွေဟာ အာဆီယမ်ပဋိညဉ် စာချုပ်ရဲ့ အခန်း(၇) အပိုဒ်(၁) ပါ ဒီမိုကရေစီ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုနဲ့တရားဥပဒေစိုးမိုးမှု၊ အခြေခံလူ့အခွင့်အရေးတွေ ကို မြှင့်တင်အကာအကွယ် ပေးရမယ်ဆိုတဲ့ အချက်ကို ဗြောင်ကျကျနဲ့ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတာဖြစ်ပါတယ်။

အဲဒီလိုချိုးဖေါက်နေတာကို ပြန်ပြီးတည့်မတ်ပြင်ဆင်မပေးနိုင်တာဟာ ဒေသဆိုင်ရာအဖွဲ့အစည်းကြီးရဲ့ ဦးတည်ချက်တွေကို ဟန်ပြသဘောသာဖြစ်သွားစေပြီး အာဆီယံအဖွဲ့ရဲ့အပြည်ပြည်ဆိုင်ရာ ဆက်စပ်မှုပိုမိုကျယ်ပြန့်လာစေရေးကိုလည်း အားပျော့ သွားစေပါတယ်။ အာဆီယံအဖွဲ့ကြ်ီးရဲ့ပဋိညဉ်စာချုပ်အရ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးလုံခြုံမှုနဲ့ လူမှုယဉ်ကျေးမှုလုံခြုံမှုဆိုတဲ့ ဒေါက်တိုင်ကြ်ီး သုံးခုကို အခြေခံပြီး၂၀၁၅ ခုနှစ် မကုန်ခင်မှာ ညီညွှတ်ပေါင်းစည်းတဲ့ အဖွဲ့ကြီးအဖြစ်ပုံဖေါ်တည်ဆောက်ရေး ဆိုတဲ့ ထည်ဝါခန့်ညားတဲ့ ဦးတည်ချက်တွေကို ခုတကြိမ် မြန်မာနိုင်ငံရဲ့မတော်မတရား အဖြစ်အပျက်က ပထမဆုံး အဓိက ထိုးနှက်ချက်တခုအဖြစ် ပေါ်ပေါက်လာခဲ့ပါပြီ။

ခုအခင်းအကျင်းအရ ပေါ်လွင်နေတဲ့အတိုင်း လူထုဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမတင်မှာ နောက်ထပ်သုံးနှစ်ကနေ ငါးနှစ်အထိအကျဉ်းကျခံရမယ့် အခြေအနေဖြစ်နေပြီလို့ ပြောရပါလိမ့်မယ်။ အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထိမ်းသိမ်း တည်ဆောက်ချင်တယ်ဆိုရင်တော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက ပိုပြီးဒီမိုကရေစီ ရှိတဲ့ နိုင်ငံတွေအနေနဲ့ နအဖစစ်အစိုးရရဲ့ အာဆီယံပဋိညဉ်စာတမ်းပါ သတ်မှတ်ချက်တွေကို ဗြောင်ကျကျချိုးဖောက်နေမှုတွေကို ပြန်ပြီး ပြုပြင်တည့်မတ်နိုင်ဖို့ ခိုင်မာတဲ့ ပြစ်ဒဏ်ခတ်အရေးယူမှု အဆင့်တွေကို တာဝန်ယူဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆိုလိုတာကတော့ စိုးရိမ်သောက ဖြစ်မိပါကြောင်းဆိုတဲ့ စကားလုံးတွေထက်ပိုပြီး လောက်လောက်လားလားရှိတဲ့ ဝေဖန်ရှုံ့ချ မှုမျိုးနဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ ကမ္ဘာ့အလယ်မှာ ရယ်စရာအဖွဲ့ကြီးတခု ဖြစ်မသွားရလေအောင် မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံ အဖြစ်က ယာယီရပ် ဆိုင်းထားတဲ့ အရေးယူမှုမျိုးအထိ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါတွေကို မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်သင့်ခံပြီးဖြစ်တဲ့ အာဆီယံအဖွဲ့ကြီးဘက်က စဉ်းစားလုပ်ဆောင်ပေးရမယ့် ပေးသင့်တဲ့အပိုင်းကို ပြော ပြတာပါ။

တခြား ကမ္ဘာ့အနောက်နဲ့ ဥရောပနိုင်ငံတွေကလွဲလို့ အထူးသဖြင့် အန္ဒိယလို၊ တရုတ်လို နိုင်ငံတွေအနေနဲ့ ကတော့ ဈေးကွက် အရ၊ သဘာဝသယံဇာတပစ္စည်းအရ မြန်မာနိုင်ငံကရမယ့် အကျိုးစီးပွားတွေကိုပဲ အလေးထားပြီး အာဏာရှင်စစ်ဗိုလ်ချုပ် တွေနဲ့ အပေးအယူ လုပ်နေကြတာဖြစ်တဲ့အတွက် စစ်အာဏာရှင်တွေက သူတို့ရဲ့ပြည်သူတွေကို စိတ်ထင်တိုင်း ဖိနှိပ်နိုင် အောင် အားပေးအားမြှောက် လုပ်နေသလိုပါပဲ။ အမေရိကန်နဲ့ဥရောပသမဂ္ဂရဲ့ မြန်မာစစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့အသိုင်း အ၀ိုင်းကို အရေးယူ ဒဏ်ခတ်မှုတွေဟာ အတိုင်းအတာတခုထိ သူတို့ရဲ့အကျိုးစီးပွားကို ထိခိုက်စေပါတယ်။ ဒါကိုလည်း အာဏာရှင်ဗိုလ်ချုပ်တွေရဲ့တုန့်ပြန်တောင်းဆိုတာတွေက မြင်သာထင်ရှားပြသနေပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကအစ ပြင်းထန်တဲ့ စကားလုံးအသုံးအနှုံး မပါရအောင် ဝေဖန်ပြောဆိုနေရ ၊အတွင်းရေးမှူးချုပ်ကိုတောင်မှ မခန့် လေးစား အလုပ်ခံနေရတဲ့ အခြေအနေမျိုး အောက်မှာ စစ်အာဏာရှင်တွေက ကမ္ဘာကို သူတို့က အရေးမစိုက်ပေမယ့် ကမ္ဘာ က သူတို့နဲ့ အလုပ်မလုပ်လို့မရ၊ မဆက်ဆံလို့ မရပါဘူးလို့ ယုံကြည်နေကြတာပါ။ တကယ်လို့သူတို့က အတိုက်အခံတွေကို မဖွယ်မရာ စွတ်စွဲချက်တွေနဲ့ စွဲချက်တင်လိုက်ရင်တောင်မှ ကမ္ဘာက ထုံးစံအတိုင်းဖြစ်ဖြစ်ညစ်ညစ်နဲ့ သူတို့ရဲ့ဆိုနေကျ သီချင်း ဟောင်းကြီးဖြစ်တဲ့ "များစွာ ပူပင်ကြောင့်ကျ ဖြစ်မိပါကြောင်း"ဆိုတဲ့ တုန့်ပြန်မှုကလွဲလို့ တခြား ဘာဖိအားပေးမှုမှ လုပ်လာ လိမ့်မယ် မဟုတ်ဘူးလို့လည်း နားလည်လက်ခံထားကြပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီဟာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခံထားရတာ ဖြစ်ပြီး အဲဒီလိုပါတီရဲ့ ခေါင်းဆောင်တယောက်ဟာ ဘယ်လိုမှ နေအိမ်အကျယ်ချုပ် ချခံရတာမျိုးမဖြစ်သင့်ပါဘူး။ ခုလို နိုင်ငံ တော်အား နှောက်ယှက်ဖျက်ဆီးလိုသူများရန်မှ ကာကွယ်သည့် ဥပဒေနဲ့ တရားစွဲဆိုတာမျိုးကတော့ ဘယ်လိုမှ သည်းခံ ခွင့်လွှတ်ဖို့ မသင့်အောင်ကို ရိုင်းပြကစော်ကားတဲ့ လုပ်ဆောင်ချက်ပါ။ တရားဝင် ဒီမိုကရေစီရွေးကောင်ပွဲတခုမှာ လူထု ထောက်ခံမှု အပြည့်အ၀နဲ့ အနိုင်ရထားတဲ့ ပါတီတခုရဲ့ခေါင်းဆောင်တယောက်ဟာ ဘယ်လိုနည်းနဲ့ နိုင်ငံတော်အား နှောက် ယှက်ဖျက်ဆီးလိုသူ တယောက်ဖြစ်သွားရတာပါလဲ။ သာမန်လူပြိန်း တယောက်ရဲ့ စဉ်းစားတွေးခေါ်မှုလောက်နဲ့တင် ဒါဟာ မှန်တယ်၊ မှားတယ်ဆိုတာ သိသာထင်ရှား ဖြစ်နိုင်ပါတယ်။

ဒါဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးချိန်အထိ ဆက်လက်အကျဉ်းချ ထားလိုတဲ့အတွက် စစ်အာဏာရှင်အစိုးရက မတရားအပြစ်ရှာ တရားစွဲဆို ပြစ်ဒဏ်ချဖို့ အပြင်းအထန် ကြိုးစားနေတာ ဖြစ်ပါ တယ်။ ဒါကို ကုလသမဂ္ဂလုံခြုံရေးကောင်စီလို အရေးယူနိုင်တဲ့ အခွင့်အာဏာဏာရှိတဲ့ အဖွဲ့က ထုံးစံအတိုင်း များစွာစိုးရိမ် ပူပန်မိပန်မိပါကြောင်း၊ အမြန်ဆုံးလွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါကြောင်းဆိုတဲ့ အရေးယူအပြစ်ပေးမှုမပါတဲ့ တိုက်တွန်း တောင်းဆိုမှုလောက်ပဲ လုပ်ဆောင်မယ်ဆိုရင်တော့ မိမိတို့ ပြည်တွင်းရေးသာဖြစ်တယ်ဆိုတဲ့ဆင်ခြေနဲ့ နှစ်ပေါင်းများစွာ ကိုယ့် ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေပြီး တိုင်းပြည်ကိုဆင်းရဲတွင်းထဲဆွဲချ အဖက်ဖက်က ပျက်စီး ယိုယွင်းအောင် လုပ်နေတဲ့ စစ်အာဏာရှင်အစိုးရကို ဆက်ပြီး ပြည်သူလူထုကို နှိပ်စက်ညှင်းပမ်းခွင့်၊ ကျွန်ပြုစေခိုင်းခွင့်၊ လူ့အခွင့်အရေးချိုးဖောက်ခွင့် ပေးထားသလို ဖြစ်နေပါလိမ့်မယ်။

ဒီမိုကရေစီချစ်မြတ်နိုးတဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေအနေနဲ့ ခုတကြိမ်စစ်အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲယုတ်ညံ့တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချသလို အရေးယူဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ လက်တွေ့အရေးယူဆောင်ရွက် မှုပါတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ကြဖို့လည်း အရေးတကြီး လိုအပ်ပါတယ်။ စိုးရိမ်ပူပန်မှုသက်သက်ကို ရပ်ဆိုင်းပြီး မတရား အကျဉ်းကျခံရတော့မယ့် ဒီမိုကရေစီခေါင်းဆောင်ကို ကယ်တင်ရမယ့်အချိန်ဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ပြည်တွင်းမှာ စစ်အာဏာရှင်အောက်မှာ တုံးအောက်ကဖားတွေလို ပြားပြားဝပ် ဖြစ်နေကြရတဲ့ ပြည်သူ လူထုကြီးကိုလည်း စစ်အစိုးရ ခြိမ်းခြောက်တိုင်း၊ စေခိုင်းတိုင်း ဘာတတ်နိုင်မှာလည်း လုပ်ရမှာပေါ့ ဆိုတဲ့ အလျှော့ပေး အညံ့ခံစိတ်မထားဘဲ အန္တရာယ်နည်းပါးတဲ့၊ ကိုယ်တိုင်လည်း လုပ်ဆောင်ဖို့သိပ်မခက်ခဲတဲ့ အာဏာဖီဆန်မှုမျိုးတွေကိုဝိုင်းဝန်း လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ စစ်အစိုးရရဲ့မတရားနှိပ်စက်ညှင်းပမ်းမှု၊ အကျဉ်းချထားမှု ခံခဲ့ကြရတဲ့သူတွေကို ကူညီအားပေးကြဖို့ မိသားစုတွေကို ကူညီဖေးမစောင့်ရှောက်ဖို့၊ ကိုယ့်မျက်စေ့ရှေ့မှာ အာဏာရှိသူတွေရဲ့ မတရားအနိုင်ကျင့် မှုကို ခံနေရတဲ့သူတွေကိုတွေ့ရင် ကိုယ်နဲ့မဆိုင်ပါဘူးဆိုပြီး ရှောင်ဖယ်မသွားဘဲ မတရားအနိုင်ကျင့်ခံရသူတွေဘက်က အနိမ့် ဆုံး ကူညီခုခံ ကာကွယ်ပေးဖို့ ကြိုးစားသင့်ပါတယ်။ ဒါဟာ လောကကို စောင့်ရှောက်တာဖြစ်သလို အမှန်တရားကို ကာကွယ် စောင့်ရှောက်ရာလည်း ကျပါတယ်။ သေးငယ်တဲ့ အာခံဆန့်ကျင်မှုလေးတွေရဲ့ အစွမ်းသတ္တိကို သတိပြုမိလာ၊ လုပ်ရဲလာကြ ရင် နောက် ကြီးမားတဲ့အာခံဆန့်ကျင်မှု အဲဒီကနေမှ တော်လှန်ပုန်ကန်ရဲတဲ့အဆင့်ကို ရောက်ရှိလာကြပါလိမ့်မယ်။ အဲဒီ အခါ....။ ။


စိုးနေလင်း

လှိုဏ်ခေါင်းသန်းရွှေနဲ့ ကြွက်တွင်းဂျုံအီး


အောင်ကျော်ခင်

၁၃ ဇူလိုင် ၂၀၀၉


လူ့ဆက်ဆံရေးမှာ သမဏေန သမဏော ဂေါဏေန ဂေါဏော ဆိုတာရှိတယ်။ ရဟန်းဟာ ရဟန်းအချင်းချင်း ပေါင်းဖက်မိသလို နွားဟာလည်း နွားအချင်းချင်း ပေါင်းဖက်တယ်လို့ ဆိုတာပဲ။ လေကြောင်းက တိုက်ခိုက်မှာကို တွေးကြောက်လို့ နေပြည်တော်မှာ လှိုဏ်ခေါင်းတွေတူးနေတဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ လေယာဉ်မစီးရဲလို့ ပြုံယမ်းက မော်စကိုကို ရထားနဲ့သွားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးဟာ အသွင်တူကြတယ်။ ကင်ဂျုံအီးကလည်း ကြွက်လိုပဲ မြေကြီးထဲ တွင်းတူးနေရမှ စိတ်ချမ်းသာတယ်။

လောလောဆယ်တော့ လှိုဏ်ခေါင်းတူးချင်တဲ့ ဗိုလ်ချုပ်မှူးကြီးဟာ ကြွက်တွင်းထဲမှာနေတဲ့ ကင်ဂျုံအီးကို ဆရာတင်နေရတယ် လေ။ ဥမင်လှိုဏ်ခေါင်းလေ့လာရေးအဖွဲ့ မြောက်ကိုရီးယားကို လွန်ခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းကသွားတယ်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ခေါင်းဆောင်တယ်။ နိုဝင်ဘာ (၂၁) ရက်က ထွက်သွားလိုက်တာ ဒီဇင်ဘာ (၂) ရက်နေ့မှ ပြန်ရောက်လို့ (၁၂) ရက်ခရီးဖြစ်တယ်။ ဒီအဆင့်မြင့်လေ့လာရေးအဖွဲ့ရဲ့ စာပိုဒ် (၈၁) ပိုဒ်ပါ (၃၇) မျက်နှာအစီရင်ခံစာ ပြည်ပစာနယ်ဇင်းလောကကို ရောက်လာတယ်။

ကမ္ဘာ့အပယ်ခံ နှစ်ဦးပူးပေါင်းပြီး ကြပ်ပြေးနေပြည်တော်မှာ လူမသိအောင် လှိုဏ်ခေါင်းတူးတဲ့ လျှို့ဝှက်အစီရင်ခံစာ ပြည်ပရောက်လာတာကိုကြည့်ရင် လှိုဏ်ခေါင်းတူးတာတောင် မလုံခြုံမှန်းသိသာတယ်။ အပယ်ခံအစိုးရအချင်းချင်း ဆက်သွယ်နိုင်အောင် တရုတ်က ကြားပွဲစားလုပ်ပေးတယ်။

သူရရွှေမန်းခေါင်းဆောင်တဲ့ လှိုဏ်ခေါင်းလေ့လာရေးအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူတွေကတော့ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးမြင့်လှိုင်၊ ဗိုလ်ချုပ်လှဌေးဝင်း၊ ဗိုလ်ချုပ်ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဌေး၊ ဗိုလ်ချုပ်မြ၀င်း၊ ဗိုလ်မှူးချုပ်လှမြင့်၊ ဗိုလ်မှူးချုပ်ကျော်ညွန့်၊ ဗိုလ်မှူးချုပ်ဉာဏ်ထွန်း၊ ဗိုလ်မှူးကြီးတင်အောင်စန်း၊ ဗိုလ်မှူးကြီး ထင်ကျော်သူ၊ ဒု-ဗိုလ်မှူးကြီး မြင့်မော်နဲ့ ဗိုလ်ကြီး (၅) ဦးတို့ဖြစ်ကြတယ်။

နေပြည်တော်လေဆိပ်က အထူးလေယာဉ် ATR 72 နဲ့ ထွက်ခွာတယ်ဆိုပေမယ့် ဒီလေယာဉ်ဟာ ယူနန်နယ် ခုမင်မြို့အထိသာ သွားနိုင်ပုံရတယ်။ ခုမင်ကနေ China Southern Airline CZ 6160 စီးပြီး ဘေဂျင်းကို သွားရတယ်။ အဲဒီမှာတညအိပ်ပြီး နိုဝင်ဘာ (၂၂) ရက် နေ့လယ်မှာ ပြုံယမ်းကို ရောက်သွားတယ်။ (၃) ရက် လေ့လာရေးလုပ်ပြီးတဲ့အခါ နိုဝင်ဘာ (၂၆) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ သူရရွှေမန်းနဲ့ Kim Gyok Sik တို့က MoU ခေါ် သဘောတူညီချက်ကို လက်မှတ်ထိုးကြတယ်။

ဗမာအဖွဲ့ဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အထူးစိတ်ဝင်စားကြတာ တွေ့ရတယ်။ လေယာဉ်ထိန်းချုပ်ရေး Control Room မြေအောက်မှာထားတဲ့စနစ်ကို လေ့လာကြတယ်။ နိုဝင်ဘာ (၂၅) ရက်နေ့မှာ ဥမင်လှိုဏ်ခေါင်းထဲမှာ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံ Aircraft Hanger ကို လေ့လာတယ်။ ဆိုဗီယက်လုပ် MIG 21 နဲ့ MIG 19 လေယာဉ်တွေထားတာကို ဗမာအဖွဲ့ အားကျတယ်။ ဥမင်လှိုဏ်ထဲ လေယာဉ်တွေထားတာဟာ ငွေကုန်ကြေးကျများပေမယ့် လုံခြုံစိတ်ချရတယ်လို့ ဗမာအဖွဲ့က ယူဆတယ်။

ဗမာအဖွဲ့ အထူးစိတ်ဝင်စားတာဟာ လေကြောင်းရန်ကာကွယ်ရေးဖြစ်တယ်။ ကြပ်ပြေးနေပြည်တော်ဟာ လေကြောင်းက တိုက်ခိုက်တာကို ခံရနိုင်တယ်လို့ စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်နေပုံရပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား လေယာဉ်ပစ် တပ်ဖွဲ့က Anti-Aircraft Unit ရေဒါစနစ်တခုလုံး မြေအောက်မှာ မြှုပ်နှံထားပုံကို လေ့လာကြတယ်။ ရေဒါကျင်းကို အခြမ်းနှစ်ခြမ်းပါအဖုံးနဲ့ အုပ်ထားတယ်။ အဖုံးအပေါ်က သဘာဝပေါက်ပင်တွေစိုက်ပြီး ပုံဖျက်ထားတယ်။ လိုအပ်တဲ့အခါမှ ရေဒါကို စက်နဲ့ မြေပေါ်တင်ပေးပြီး အသုံးပြုတာကို ဗမာအဖွဲ့က သိပ်အားကျတဲ့ပုံပဲ။

မြောက်ကိုရီးယားက အရှေ့ပိုင်းပင်လယ်ထဲကို မကြာမီက စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အမျိုးအစားကိုလည်း ဗမာအဖွဲ့က စိတ်ဝင်စားတယ်။ မြေပြင်ပစ် SCUD-D ဒုံးကျည်ဟာ ကီလိုမီတာ (၇၀၀) ပြေးပြီး SCUD-F က ကီလိုမီတာ (၃,၀၀၀) ပြေးတာမို့ ရှိသင့်တဲ့ မဟာဗျူဟာဒုံးလက်နက်တဲ့။

“DPRK ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကြီး၏ ဆေးရည်စိမ်ရုပ်ကလာပ်ထားရှိရာ အဆောင်ကို လေ့လာခဲ့ရာ အဆောက်အဦပုံစံနှင့် လျှပ်စစ်မီးတပ်ဆင်မှုများ၊ လေပေးစနစ်များ လွန်စွာကောင်းမွန်သည်ကို တွေ့ရပါတယ်” လို့ အစီရင်ခံစာမှာ ရေးတာကိုကြည့်ရင် လှိုဏ်ခေါင်းသန်းရွှေကိုလည်း ဆေးစိမ်ပြီး ခေါင်းဆောင်ကြီး ကင်အီဆွန်းလို လုပ်ဖို့ရည်ရွယ်သလားမသိဘူး။ ကင်ဂျုံအီးရဲ့ သားအငယ်ဆုံးကို ကိုရီးယားစစ်ဗိုလ်တွေ ဆလံပေးသလို လှိုဏ်ခေါင်းသန်းရွှေရဲ့မြေးကို ဗမာစစ်ဗိုလ်တွေ အလေးပြုနေရပြီ။

လေယာဉ်-စစ်သင်္ဘောနဲ့ ထိန်းချုပ်ရေးဌာနတွေ ထားရှိမယ့် ဥမင်လှိုဏ်ခေါင်းတွေ ဆောက်လုပ်ရာမှာ ဗမာနဲ့မြောက်ကိုရီးယား စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူကြတယ်။ စစ်ဘက်ရေးရာလုံခြုံရေး၊ လေကြောင်းရန်ကာကွယ်ရေး၊ ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေး၊ ကိုရီးယားဘာသာစကား သင်ကြားရေး၊ အထူးတပ်ဖွဲ့လေ့ကျင့်ရေး စတာတွေကို ဦးစားပေးဖို့ ဗမာကိုယ်စားလှယ်အဖွဲ့က ကြပ်ပြေးက စစ်ဌာနချုပ်ကို တင်ပြထားတယ်။

ပြုံယမ်းအနီးက အထူးတပ်ဖွဲ့ကို ဗမာအဖွဲ့သွားရောက်လေ့လာပြီး သဘောကျသွားတာ ဖြစ်ပုံရတယ်။ ဓား-တူ-ခရင်း-ပုဆိန်-ရဲဒင်း-ပေါက်ချွန်း စတာတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး တိုက်ခိုက်တဲ့နည်းဖြစ်တယ်။ သေနတ်ကိုမသုံးဘဲ အကြမ်းဖက် တိုက်ခိုက်တဲ့ အထူးတပ်ဖွဲ့ဖြစ်တာကြောင့် ဗမာအဖွဲ့က အတုယူပြီး တည်ထောင်ချင်တာဖြစ်ပုံရတယ်။ ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက် ရာမှာ ဒီလိုအထူးတပ်ဖွဲ့မျိုးဟာ အလွန်အသုံးဝင်လိမ့်မယ်လို့ ဗမာအဖွဲ့က ယူဆဟန် တူတယ်။

သူရရွှေမန်းအဖွဲ့ရဲ့ လေ့လာမှုတွေထဲမှာ အံ့သြစရာအကောင်းဆုံးကတော့ မြေအောက်ရထားတည်ဆောက်ရေးဖြစ်တယ်။ နိုဝင်ဘာလ (၂၈) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁၀း၃၀) နာရီက (၁၁း၂၀) နာရီအထိ ပြုံယမ်းမြို့တော်မှာ မြေအောက်ရထား တည်ဆောက်တာကို သွားရောက်လေ့လာတယ်။ လေ့လာချိန် မိနစ် (၅၀) ပဲရှိတယ်။ သုံးသပ်တင်ပြထားပုံဟာ လှိုဏ်ခေါင်းထဲ လသာနေပုံကိုပြတယ်။

ဗမာစစ်အစိုးရမှာရှိတဲ့ စက်ယန္တရားအမျိုးအစားနဲ့ လူ့စွမ်းအားအခြေအနေနဲ့ဆိုရင် မြေအောက်ရထားတည်ဆောက်ဖို့ အခက်အခဲ ရှိနိုင်တယ်တဲ့။ ခက်ခဲမယ်လို့ မပြောဘဲ ‘အခက်အခဲရှိနိုင်တယ်’ လို့ ပြောတာကိုကြည့်ရင် ဗမာစစ်ဗိုလ်ရဲ့ ဘ၀င်မြင့်ရောဂါကို ခန့်မှန်းနိုင်တယ်။ ပထမအဆင့်အနေနဲ့ ဗမာအစိုးရလုပ်ရမှာက ပြည်ပကျွမ်းကျင်နည်းပညာရှင်တွေကို မြန်မာပြည်ခေါ်ယူပြီး ဗမာစစ်ဗိုလ်စစ်သားတွေကို မြေအောက်ရထားဆောက်နည်း သင်တန်းပေးခိုင်းဖို့ ဖြစ်တယ်တဲ့။ ဒီလို ဗိုလ်ငကြောင်တွေ အုပ်စိုးနေတာကြောင့် မြန်မာပြည်အခြေအနေဟာ ကြာလေဆိုးလေဖြစ်နေတာပဲ။

မြေအောက်ရထားစနစ်ကြောင့် ရရှိတဲ့ အကျိုးကျေးဇူးကိုလည်း ဖော်ပြထားတယ်။ စစ်ဖြစ်တဲ့အခါ ပြည်သူလူထုဟာ မြေအောက် ရထားဘူတာတွေမှာ ခိုလှုံနိုင်လို့ အသက်ချမ်းသာမယ်တဲ့။ မြေအောက်ရထားစနစ်ကြောင့် ပြည်သူ့စစ်နဲ့ ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေးကို ထိရောက်စွာအသုံးပြုနိုင်မယ်လို့လည်း ဖော်ပြထားတယ်။ ကြံ့ဖွံ့တွေက မြေအောက်ရထားကိုသုံးပြီး ပြည်သူ့စစ်ဆင်နွှဲမှာလား၊ မြေအောက်ရထားစနစ်တခုလုံးကို စစ်တပ်ကအပိုင်စီးပြီး လှိုဏ်ခေါင်းစစ်ဆင်ရေးလုပ်မှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမတွေ့ရဘူး။

ဗမာစစ်အစိုးရရဲ့ ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေးဟာ ကြပ်ပြေးနေပြည်တော်နဲ့အတူ ပေါ်ထွက်လာတဲ့ စစ်ဆင်ရေးအသစ် ဖြစ်နေတာမို့ အပြင်လူတွေ နားလည်ဖို့ခက်ခဲပြီး လှိုဏ်ခေါင်းသန်းရွှေ တဦးတည်း နားလည်ဟန်တူတယ်။


၁၃ဇူလိုင်ဒိုင်ယာရီ


ဂျီမေးလ်အသုံးပြုဖို့ ခက်ခဲအောင် ပြုလုပ်ခြင်းကြောင့် အင်တာနက်ဆိုင်များ စီးပွားရေးအရ ကြီးမားစွာ ထိခိုက်နိုင်

မိုးမခအထောက်တော်၊ ရန်ကုန်

ဇူလိုင် ၁၄၊ ၂၀၀၉


ဇူလိုင်လဆန်း မှစတင်ပြီး မြန်မာနိုင်ငံမှ အင်တာနက် သုံးစွဲသူများ ဂျီမေးလ် အသုံးပြုရ ခက်ခဲအောင် စစ်အစိုးရက နည်းပညာ အရ နှောက်ယှက်ထားသဖြင့် အင်တာနက်ဆိုင်များတွင် သုံးစွဲသူ လျော့နည်းလာနေပြီး၊ ရှေ့ဆက်မည်သို့ စခန်းသွားမည်ကို မပြောနိုင်သေးကြောင်း အင်တာနက်ဆိုင် လုပ်ကိုင်သူများ ကပြောဆိုကြသည်။
ယခုလောလောဆယ်တွင် ပရောက်စီဝက်ဆိုက်များ၊ ပရောက်စီနံပါတ်များကို သုံး ပြီး ဂျီမေးလ်သုံးစွဲနိုင်အောင် အင်တာနက်ဆိုင်များက ကြံဖန်ဆောင်ရွက် နေကြသော်လည်း နကိုကတည်းက နှေးလွန်းသည့် အင်တာနက်မြန်နှုန်းကြောင့် ထိုသို့ ပရောက်စီ မှတဆင့်သုံးစွဲသည့်အခါ မေးလ်ပွင့်ဖို့ရာ အနည်းဆုံး ၁၀မိနစ်၊ ၁၅ မိနစ်ထိ ကြာသည်ဟု ပြောဆိုကြသည်။ ထို့ပြင် ယနေ့မှ စတင်ပြီး နာရီနှင့်ချီပြီး အင်တာနက် လိုင်းပြတ်တောက်ခြင်းများ လည်းရှိသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ဂျီမေးလ်၊ ဂျီတော့ခ်တို့ကို သုံးစွဲလျက်ရှိကြပြီး ယခင်ပုဂံဆိုင်ဘာတက် စတင်ခါစက အခပေးပြီး ယူထားသည့် ပုဂံမေးလ်၊ မြန်မာ့ဆက်သွယ်ရေး မေးလ်လိပ်စာများကို သုံးစွဲသူ ယခုအခါ မရှိသလောက် နည်းပါးသွားသည် ကိုတွေ့ရှိရသည်။ မြန်မာ အင်တာနက် သုံးစွဲသူများ အကြား ဂျီမေးလ်နှင့် ဂျီတော့ခ် ရေပန်းစားလျက်ရှိခြင်း ဂျီမေးလ်၏ လုံခြုံရေး အာမခံချက်ရှိခြင်းတို့ကြောင့် နအဖ အစိုးရအနေဖြင့် အင်တာနက်သုံးစွဲသူများကို ထိန်းချုပ်ခွင့် မရနိုင်ခြင်းကြောင့် ယခုလို ဂျီမေးလ်ကို ပိတ်ဆို့ခြင်း ဖြစ်သည်ဟု အင်တာနက် သုံးစွဲသူများက ယုံကြည်လျက်ရှိသည်။

အင်တာနက် လှိုင်းနှေးလွန်းသည့်အတွက် အချို့သော အင်တာနက်ဆိုင်များက သုံးစွဲခကို လျော့ပေးခြင်း သို့မဟုတ် တနာရီသုံးစွဲလျင် နာရီဝက် အခမဲ့ သုံးစွဲခွင့်ပြုခြင်းတို့ ဖြင့်သုံးစွဲသူများ ကိုဆွဲဆောင်ကြရသည် ဟုသုံးစွဲသူများက ပြောဆိုသည်။ ရန်ကုန်မြို့တွင် အင်တာနက်သုံးစွဲခများမှာ အပြိုင်အဆိုင် လျော့ချခဲ့ကြရာမှ ယခင်က တနာရီလျင် ၅၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ အနိမ့်ဆုံး ၂၀၀ကျပ် ထိလျော့နည်းလာနေသည်ကို သိရှိရသည်။

အင်တာနက်ဆိုင် သုံးစွဲခများ လျော့ကျလာနေသော်လည်း ပီအေစီ လိုင်စင်ဟုခေါ်ဆိုသည့် မြန်မာ့သတင်း နည်းပညာ ဆက်သွယ်ရေး ဖွံ့ဖြိုးရေး ကော်မတီ သို့ပေးဆောင်ရသည့် နှစ်စဉ်ကြေး ၆သိန်း၊ အင်တာနက်လိုင်း လစဉ်ကြေး၊ လျှပ်စစ်မီးမလာသည့် အခါမောင်းနှင်ရသည့် မီးစက်လောင်စာဆီ ကုန်ကျစရိတ်တို့မှာ လျော့နည်းသွားခြင်း မရှိဟု ပြောဆိုကြသည်။

ယခုနှစ်ဆန်းခါစတွင် နအဖ၏ သတင်းစာများ၊ ပြည်တွင်းထုတ် သတင်း ဂျာနယ်များတွင် မြန်မာနိုင်ငံ၏ အင်တာနက် ပင်မကျောရိုးလိုင်းကို တိုးချဲ့ပြီး၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အလင်းဖန်မျှင် ဆက်ကြောင်း သွယ်ယူ ပြီးစီးပြီးလျင် မြန်မာနိုင်ငံ၏ အင်တာနက် ပိုမိုမြန်ဆန်လာလိမ့်မည် ဟုရေးသား ဖေါ်ပြခဲ့ကြသည်။ သို့သော်လည်း ယခုလက်ရှိ အင်တာနက် မြန်နှုန်း ယခင်နှစ်များကထက် ပိုမိုနှေးကွေး နေသညိကို တွေ့ရပြီး သတင်းအချက်အလက်များ ပြင်ပကမ္ဘာသို့ ရောက်ရှိမည်ကို စိုးရိမ်သဖြင့် မြန်နှုန်းများကို ကန့်သတ်ထားဟန် တူသည်ဟု နည်းပညာကျွမ်းကျင်သူများက ယုံကြည်နေကြသည်။

မြောက်ကိုရီးယားလိုဏ်ခေါင်းကဲ့သို့ သတင်းပေါက်ကြားမှုမျိုးတွင်
စစ်အစိုးရက တပ်မတော်သားများကို အရေးယူမည်
မိုးမခအထောက်တော် ၀၀၃
ဇူလိုင် ၁၃၊ ၂၀၀၉


လွန်ခဲ့သည့် ရက်သတ္တပတ်များက မြောက်ကိုရီးယား လိုဏ်ခေါင်းများ ကိစ္စ၊ သံတမန် ဆက်ဆံရေး ကိစ္စများ ပြင်ပ မီဒီယာများသို့ ပေါက်ကြားခဲ့သည်ဟု ဆိုကာ စစ်အုပ်စု ခေါင်းဆောင်များက တပ်မတော်သားများ၊ အရာရှိများကို စုံစမ်းမည်၊ အရေးယူမည်၊ လိုအပ်ပါက သေဒဏ် ပေးသည်အထိ ပြင်းပြင်း ထန်ထန် ဆောင်ရွက်မည်ဟု ကြားသိရကြောင်း အမည် မဖော်လိုသူ တပ်မတော် အရာရှိတဦးက ပြောဆိုသည်ဟု ရန်ကုန်မှ လာသောသတင်းတခုအရ သိရသည်။
အတည်မပြုနိုင်သည့် သတင်းတခုတွင် ထိုမှတ်တမ်းများနှင့် ဆက်စပ်ပြီး တပ်မတော် အရာရှိ ၁၀ ဦးခန့်ကို ထိမ်းသိမ်းထားသည်ဟု ဆိုသည်။ ၂၀၀၇ နှစ် နောက်ပိုင်း အင်တာနက် သုံးစွဲမှု ပြည်တွင်းတွင် ရေပန်းစားလာခဲ့ပြီး တပ်မတော်အတွင်း သာမက ပြည်ပရောက် တပ်မတော် အရာရှိငယ်များကြားတွင်လည်း ခေတ်စားသော အလေ့တခု ဖြစ်လာခဲ့ရာ စစ်အုပ်စု ခေါင်းဆောင်များအတွက် ၀ါဒဖြန့်ချိရေး၊ စိတ်ဓာတ် စစ်ဆင်ရေးအတွက် သုံးစွဲသည့် နည်းတူ တပ်မတော်သားများ အတွင်းမှ သတင်းများ၊ အတွင်းရေးများကိုပါ ဖော်ထုတ် ဖြန့်ချိစရာ ဖြစ်လာခဲ့သည်ကို တွေ့နေရသည်။

ထိုနောက် ၂၀၀၈ နောက်ပိုင်းတွင် တပ်မတော်သားများ၏ ခံစားချက်များ၊ အတွေ့အကြုံများ ထုတ်ဖော်ပြောဆိုရာ အင်တာနက် ၀က်ဆိုက်တခုဖြစ်သည့် “ဖိုးတရုတ်” ( http://www.photayokeking.org ) မှာ မြန်မာ အင်တာနက် စာဖတ်ပရိသတ်များကြား ထင်ရှားလာသည်ဟု မိုးမခ စာဖတ်သူ အချို့က မှတ်ချက်ပေးခဲ့သည်။ ထို အင်တာနက် ၀က်ဆိုက် မတိုင်မီက အမေရိကန်ပြည်တွင် နိုင်ငံရေး ခိုလှုံခဲ့သူ တပ်မတော်အရာရှိ အောင်လင်းထွဋ်၏ အင်တာနက် ပေးစာများမှာလည်း မြန်မာစာဖတ်သူတို့ အတွက် အာရုံစိုက် ဖတ်ရှုစရာ ဖြစ်လာခဲ့သည်။

“ခုချိန်မှာ တပ်မတော်ကြီးဟာ ဘယ်သူခွဲခွဲ တို့မကွဲ၊ အမြဲ စည်းလုံးမည် ဆိုတာကို ပိုမိုပြီး လူထုကြားမှာ သက်သေ ပြရတော့မယ် ထင်ပါတယ်။ လူတွေကြားထဲမှာ ဒီလို သတင်းတွေ၊ စာတွေ၊ ဓာတ်ပုံတွေ ပိုမိုပြီး ပြန့်နှံ့လာနေတာကို ငြင်းလို့ မရပါဘူး” ဟု ရန်ကုန်မြို့ အခြေစိုက် ဂျာနယ် သတင်းသမား တဦးက မှတ်ချက်ပေးသည်။


ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား
ဓနုတ်ဘုရားနှင့် ပတ်သက်၍ ဘုရားပြန်လည် ပြုပြင်ရန်အတွက် ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်များကို တရပ်ကွက်လျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ကောက်ခံလျက်ရှိရာ ရပ်ကွက်ကောင်စီ (ရယက) များအတွက်တော့ စိတ်ညစ်စရာလား၊ ဝမ်းသာစရာလားမသိ ဝေခွဲမရ ဖြစ်နေပါတယ်။

အထက်က လျှို့ဝှက် ကောက်ပါဆိုတော့ ရပ်ကွက်ထဲက လူတွေကို ဘယ်လိုပြောပြီး ပိုက်ဆံကောက်ရမယ်ဆိုတာ ပြဿနာတခုပေါ့။ ဝမ်းသာစရာဆိုတာကတော့ ကောက်လို့ရတဲ့ငွေက ၂ သိန်းထက်ပိုရင် အိတ်ထဲ ထည့်လိုက်ရုံပဲလေ။ ရယက ရုံးမှာ တိုင်ပင်ကြရတာ မောလို့။

မောင်လော်စပီကာ
ရန်ကုန်

--------------


သတိ စစ်ဒေသက ဒီလိုအမိန့်ထုတ်တယ်
အင်းစိန်ထောင်ဝန်းကျင်မှာ ဘုန်းကြီးများ လမ်းလျှောက်လာရင် ခေါ်ယူဖမ်းဆီးပြီး မေးမြန်းရမယ်။ အကြောင်း မခိုင်လုံရင် ဆွဲရမယ်လို့ အမိန့်ထုတ်ထားတဲ့အကြောင်း အင်းစိန်က ရဲအရာရှိတယောက်ကနေ ကြားလာလို့ သိသင့်သိထိုက်တယ်ထင်လို့ စာပေးလိုက်ရပါတယ်။

မနက် ၇ နာရီကနေ ညနေ ၃ နာရီအတွင်း ဖြတ်သန်းသွားတဲ့ ရဟန်းတွေကို လိုအပ်ရင် ဖမ်းဆီးခွင့်ပြုတယ်လို့ စစ်ဒေသက အမိန့်ထုတ်ထားပါတယ်။ မယ်သီလရှင်၊ ရဟန်းသံဃာတွေနဲ့ လူစုစုတွေ့လျှင် ဖမ်း၊ အကြောင်းပြချက် မခိုင်လုံရင် ထောင်ချဖို့ အမိန့်ထုတ်ထားတယ်လို့ ဆိုပါတယ်။

မောင်လော်စပီကာ
ရန်ကုန်

နအဖစစ်အရာရှိတစ်ဦး ကြိုးဆွဲချသေ
တနင်္လာနေ့၊ 13 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
ကချင်ပြည်နယ် မန်စီမြို့ အခြေဆိုက် ခမရ (၃၁၉) မှ တပ်ထောက်တာဝန်ခံ အရာခံဗိုလ် ထွန်းရွှေသည် ဇွန်လ (၂၈)ရက်နေ့က ၎င်း၏ အိမ်ထောင်သည် လိုင်းခန်း အတွင်း၌ ကြိုးဆွဲချ သေသွားကြောင်း သိရသည်။

စစ်တပ်ထဲမှ စစ်အရာရှိကြီးများက အရာခံဗိုလ်ထွန်းရွှေ ကြိုးဆွဲချသေသည့် သတင်းပြင်ပသို့ မပေါက်ကြားရန် ထိန်းချုပ် ထားကြောင်း သိရသည် ။

အရာခံဗိုလ်ထွန်းရွှေ၏ မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို အခုလို ပြောကြားသည် ။

“CQ ကြီးဦးထွန်းရွှေတဲ့ ဇွန်လ (၂၈) ရက်နေ့က ကြိုးဆွဲချပြီး သတ်သေထားတာ သူ့သား ကိုနိုင်နဲ့ပတ်သက်ပြီး သူ့ အဖေ ဆုံးသွားတယ်ဆိုတော့ ဘာဖြစ်လို့ဆုံးသွားတာလည်းမေးမှ ကြိုးဆွဲချပြီးသေသွားတာလေဆိုမှ သိလိုက်ရတာ ” လို့ သူပြောသည် ။

၎င်း၏ သားဖြစ်သူ ကိုနိုင်သည် အငယ်ဆုံးဖြစ်ပြီး သူ့ထက် အကြီးတစ်ယောက်မှာ ရဲဝန်ထမ်းဖြစ်ကြောင်း သိရသည် ။

“မိသားစု ပြသနာကတော့ မဖြစ်နိုင်ဘူး စားရေးသောက်ရေးက မပြေလည်စရာအကြောင်းမရှိဘူး သားနှစ်ယောက် ထဲမှာ တစ်ယောက်ကလည်း ရဲဝန်ထမ်း တစ်ယောက်က ဆိုင်ကယ် အရောင်းအ၀ယ် လုပ်နေတယ် သူတို့ မိသားစုက အပြင်မှာ အိမ်ဆောက်ပြီး နေကြတာ အရာရှိတွေနဲ့ပဲ အဆင်မပြေလို့လား စစ်တပ်ထဲမှာပဲ ပြဿနာရှိလို့လား တစ်ခုခုပဲ သေတာ ဘယ်မှာသေသလဲ အပြင်အိမ်မှာလားလို့မေးတော့ မဟုတ်ဘူး စစ်တပ်ထဲမှာသေတာ ကြိုးကြီး တန်းလမ်းနဲ့ လို့အဲလို ပြောတယ် ” လို့သူကပြောသည် ။

နအဖစစ်တပ်အတွင်း အထက်အောက် ကွာခြားမှုများနှင့် ကြီးနိုင်ငယ်ညှင်း နှိပ်စက်မှုများကြောင့် တပ်ပြေးမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း စစ်တပ်နှင့်နီးစပ်သူများက ဆိုသည် ။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိစကခ (၁၆) ရှိ တပ်ရင်းတစ်ရင်းမှ တပ်ရင်းမှူး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း ခိုင်လုံသည့်စစ်တပ်သတင်း ရပ်ကွက်ကသိရသည် ။

KNPP ကို အပစ်အခတ် ရပ်စဲရန် စစ်အစိုးရ ကမ်းလှမ်း
Monday, 13 July 2009 17:17 အေးချမ်းမြေ့
လက်နက်ကိုင် ကရင်နီတိုင်းရင်းသား တိုးတက်ရေးပါတီ (KNPP) ကို အပစ်အခတ်ရပ်စဲရန် နအဖအစိုးရက ခရစ်ယာန် သာသနာပိုင် ဂိုဏ်းချုပ် တဦးမှတဆင့် ကမ်းလှမ်းခဲ့ကြောင်း KNPP အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောသည်။

ကယားပြည်နယ် ကာသိုလိပ် သာသနာပိုင် ဂိုဏ်းချုပ် ဆိုးတေးရိုဖားမော မှတဆင့် ကမ်းလှမ်းလာသည့် အပစ်အခတ်ရပ်စဲရေး ကိစ္စနှင့် ပတ်သက်၍ KNPP ကကြိုဆိုသော်လည်း အပြန်အလှန် လေးလေးနက်နက် ဆွေးနွေးလိုသဖြင့် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း ၎င်းကဆက်ပြော သည်။

“ကျနော်တို့က နေပြည်တော်မှာ တွေ့ချင်တယ်။ ဒါပေမယ့် သူတို့ဘက်က ပြန်စာလာတော့ လွိုင်ကော်မှာပဲ တွေ့မယ်၊ ဗိုလ်ချုပ်ရဲမြင့်လာတွေ့မယ်။ စစ်ဘက်ဆိုင်ရာလုံခြုံရေးမှူးနဲ့ တွေ့မယ်ဆိုပြီးပဲပါတယ်” ဟု ခူဦးရယ်က ဆိုသည်။

ထိုကဲ့သို့ တောင်းဆိုမှုကို နအဖဘက်က မလိုက်လျောသဖြင့် ဆွေးနွေးမှု အထမမြောက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်မတ်လအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya မြန်မာပြည်သွားခဲ့စဉ်ကတည်းက နအဖနှင့် KNPP မှာ စာအသွားအလာရှိနေခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုစဉ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြား ရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ် စစ်အစိုးရဘက်က ကရင်အမျိုးသား အစည်းအရုံး (KNU) အား ငြိမ်းချမ်းရေးအတွက် နားချပေးရန် ပြောဆိုခဲ့သည်။

“အဲဒီအချိန်ကတည်းက စာအသွားအလာရှိနေခဲ့ပြီ။ ဒါပေမယ့် နအဖက KNPP နာမည်ကို လုံးဝမဖော်ခဲ့ဘူး။ KNU ကိစ္စကိုပဲ ဇောင်းပေးပြောခဲ့တယ်” ဟု ခူဦးရယ်က ဆိုသည်။

KNPP မှာ ယခုအခါ အင်အား ၈၀၀ ခန့်သာရှိပြီး ယခင်က ၁၅၀၀ ခန့်ရှိသည်ဟု သိရသည်။ နအဖနှင့် တိုက်ပွဲကြီးများ မရှိသော်လည်း ၎င်းတို့ဘက်မှ ပြောက်ကျားစစ်ဆင်ရေးများ ပြုလုပ်လျက်ရှိကြောင်း ခူဦးရယ်က ဆက်ပြောသည်။

၂၀၁၀ ပြည့် ရွေးကောက်ပွဲကို KNPP အနေနှင့် ဆန့်ကျင်ကြောင်း၊ ကရင်နီ တိုင်းရင်းသားများ အနေနှင့်သာ မက တပြည်လုံး အတိုင်းအတာနှင့်ပါ ပြောင်းလဲမှုရမည်ဟု မယုံကြည်ကြောင်း၊ စစ်မှန်သည့် ပြည်ထောင်စု အနေအထား ရမည်ဆိုလျှင် ၎င်းတို့အနေနှင့်လည်း လိုက်ပါမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျနော်တို့ဘက်မှာက နိုင်ငံရေးပါတီ ဖွဲ့ရလောက်အောင်လဲ ဘာမှမရှိဘူး။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF) ကတော့ ရွေးကောက်ပွဲ ဝင်မယ်လို့ သိုးသိုးသန့်သန့် ကြားတယ်” ဟု သူက ဆက်ပြောသည်။

KNPP နှင့် တခြား ကရင်နီ လက်နက်ကိုင် အဖွဲ့များအဖြစ် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF)၊ ကယန်းပြည်သစ်ပါတီ (KNLP) တို့ ရှိခဲ့ကြကြောင်း၊ KNPLF နှင့် KNLP တို့မှာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို ၁၉၉၄ ခုနှစ်က သဘောတူညီခဲ့ကြောင်း၊ KNPLF မှာ စာရင်းအရ အင်အားအများဆုံးဖြစ်၍ အင်အား ၃၀၀၀ ခန့်ရှိကြောင်း ကရင်နီဒုက္ခသည် ကော်မတီ (KnRC) ၏ ဥက္ကဌ ဦးလေးမောင်က ရှင်းပြသည်။

ကရင်နီအပစ်အခတ် ရပ်စဲရေး အဖွဲ့များမှာ ယခုအခါ စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့် တပ်အဖြစ် နှုတ်ကတိဖြင့် သဘောတူထားသည်ဟု ကြားသိရကြောင်း ခူဦးရယ်က ပြောသည်။

ယခုလက်ရှိတွင် အပစ်အခတ်ရပ်စဲထားသည့် ကရင်နီခေါင်းဆောင်များကို နအဖ စစ်အစိုးရက လွိုင်ကော် မြို့ထဲတွင် အကျယ်ချုပ်သဘောမျိုး နေရာချထားပြီး ဆက်လက်၍ ရန်ကုန်၊ မန္တလေးမြို့များတွင် သွားရောက် နေထိုင်စေမည်ဟု ကြားရကြောင်းလည်း ၎င်းက ဆိုသည်။

ယခင်က KNPP အနေနှင့် အင်အားကြီးမားခဲ့ပြီး စီးပွားရေးအနေနှင့်လည်း သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းတို့မှ အခွန်အတုပ်များဖြင့် စည်ပင်ဝပြောခဲ့သည်။ သို့ရာတွင် ယခုအခါ စစ်အစိုးရ၏ နှိမ်နင်းမှုကြောင့် စီးပွားရေးလုပ်ငန်းများ မလုပ်ကိုင်နိုင်တော့ပေ။

စစ်အစိုးရတပ်များနှင့် အပစ်ရပ်အဖွဲ့များ ပူးပေါင်းကာ တလ တကြိမ်၊ နှစ်လ တကြိမ် ကရင်နီရွာများအတွင်း ဝင်ရောက်နှိမ်နင်းမှုများ ရှိနေသဖြင့် ကယားပြည်နယ် မော်ချီးတောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် ပြေးလွှားခိုလှုံနေရသော ဒေသတွင်း အိုးမဲ့အိမ်မဲ့ (IDP) အရေအတွက် ၅ သောင်း၊ ၆ သောင်းခန့် ရှိနေ ကြောင်း KnRC ဥက္ကဌ ဦးလေးမောင်က ပြောပြသည်။

တာချီလိတ်တွင် ဘိန်းအမြောက်အမြား ဖမ်းဆီးရမိ
Monday, 13 July 2009 18:26 ကိုစိုး
ဘိန်းဖြူ ကီလို ဂရမ် ၁၀၀၀ ခန့်နှင့် မက်သာ အဖက်တမင်းဆေးပြား ၃ သိန်း ၄ သောင်းခန့် သယ်ဆောင်လာသော ကုန်တင်ကား တစီးကို ကားမောင်းသူ အပါအဝင် လူ ၃ ဦးနှင့်အတူ ပြီးခဲ့သည့် သောကြာနေ့က ထိုင်း-မြန်မာ နယ်စပ် တာချီလိတ် မြို့အဝင် လွယ်တော်ခမ်း စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးမိကြောင်း သိရသည်။

အဆိုပါ ကုန်တင်ကားကို ရှာဖွေဖမ်းဆီးစဉ် မက်သာအဖက်တမင်း ဆေးပြားများ အပါအဝင် ဘလောက်တုံး သဏ္ဍန် ပြုလုပ်ထားသော ဘိန်းဖြူ အတုံးပေါင်း၂၀၀၀ ကျော်အား ကားပေါ်တွင်ဝှက်၍ သယ်ဆောင်လာသည်ကို တွေ့ရှိရသည်ဟု တာချီလိတ် ရဲ စခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။ ယင်း ဘိန်းဖြူ အတုံး၂ တုံးလျှင် ၁ ကီလို ဂရမ် အလေးချိန်ရှိသည်ဟုလည်း ၎င်းက ပြောပြသည်။

ထို မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော ကားသည် ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းဆတ် ဘက်မှ တာချီ လိတ်မြို့ဘက်သို့ လာရောက်ခြင်းဖြစ်ပြီး ဘိန်းဖြူများသယ်ဆောင်လာသူ ၃ ဦးကို လက်ရှိ တာချီ လိတ် ရဲစခန်းတွင် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

“သူတို့ ဒီဘိန်းဖြူတွေကို ဘယ်ကသယ်လာပြီး ဘယ်သူ့ဆီကို ပို့တယ်ဆိုတာ ဆက်ပြီး စစ်နေပါတယ်၊ အသေး စိတ်တော့ မသိရသေးပါဘူး၊ အခုမိတာက ဒီမှာ အများဆုံးမိတာ”ဟု တာချီလိတ် ရဲက ပြောပြသည်။

ယင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံဘက်သို့ သယ်ဆောင်ဖွယ်ဖြစ်နိုင်ကြောင်းလည်း ၎င်း က ဆိုသည်။

ယခု မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးမိသူများသည် ရှမ်း-တရုတ် လူမျိုးများဖြစ်ပြီး ဝ အဖွဲ့နှင့် အဆက်အသွယ် ရှိသူ များဖြစ်နိုင်ကြောင်း တာချီလိတ်မြို့မှ အရောင်းအဝယ် လုပ်ကိုင်သူ တဦးကလည်း ပြောသည်။

“ကားက တောင်ကြီးဘက်ကနေ မိုင်းတုံ မိုင်းဆတ်ကနေဖြတ်ပြီးတော့ တာချီလိတ်ကို ဝင်လာတာ၊ အဲဒီ အဝင်မှာ စစ်တပ် ဂိတ်တဂိတ်ရှိတယ်၊ စစ်တပ်က ဖမ်းမိတာ၊ ၆ ဘီးကား နဲ့ ၊ ၀ အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့ ထင်နေ ကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တောင်ကြီးကနေပြီး မိုင်းတုံ မိုင်းဆတ်က ကွေ့ပြီးဝင်လာတယ်ဆိုကတည်းက မိုင်းတုံ မိုင်းဆတ်မှာ ဝ ဂိတ်ရှိတယ်၊ သူတို့က လွှတ်ပေးတယ်ဆိုကတည်းက အဆက်အသွယ်ရှိတာ သေချာတယ် ပေါ့၊ အခုမိတာက ဒီ တာချီလိတ်နဲ့အနီးတဝိုက်မှာ အများဆုံး မိတာပဲ”ဟု ယင်းတာချီလိတ်မြို့ခံ အရောင်း အဝယ် သမားက ပြောဆိုသည်။

ယင်း ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် မိုင်းတုံ မိုင်းဆတ်နယ်မြေသည် တရား မဝင်မူးယစ်ဆေးဝါးများ ကျယ် ပြန့်စွာ ထုတ်လုပ်ရောင်းဝယ်နေသည်ဟု သတင်းများထွက်ပေါ်နေသော ဝ ပြည်စည်းလုံးညီညွတ်ရေး တပ်မတော် (UWSA)၏ နယ်မြေဖြစ်ပြီး ထိုနယ်မြေမှ ဘိန်းဖြူများကို ထိုင်းနိုင်ငံဘက်သို့ သယ်ဆောင်မှုများ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ယခု တာချီလိတ်တွင် မူးယစ်ဆေး ဖမ်းဆီးရမိသည့် သတင်းကို အစိုးရ မီဒီယာများတွင် ဖော်ပြသည်ကို မတွေ့ရှိရ ပေ။ ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းကလည်း ရန်ကုန်မြို့ အေးရှားဝေါလ် ဆိပ်ကမ်းမှ ကိုတာ တီဂက် (Kota Tegap) အမည်ရှိ ပြည်ပထွက်ခွာ သဘောင်္တစီးပေါ်တွင် ဘိန်းဖြူ အနည်းဆုံး ၂၉ ကီလို ဂရမ်ကို မြန်မာနိုင်ငံ မူးယစ်ဗဟို က ဖမ်းဆီးရမိခဲ့သေးသည်။

အေးရှားဝေါလ် ကုမ္ပဏီသည် ဘိန်းဘုရင် လော်စစ်ဟန်၏ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်၏ ကုမ္ပဏီဖြစ်ပြီး ယင်း ကုမ္ပဏီကို အမေရိကန်အစိုးရက ဘဏ္ဍာရေးအရ ပိတ်ဆို့ အရေးယူမှု ပြုလုပ်ထားသည်။

အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတဝန်းလုံး အာဖဂန်နစ္စတန် ပြီးလျှင် မြန်မာနိုင်ငံ သည် ဒုတိယ အကြီးဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံဖြစ်နေသေးကြောင်း သိရသည်။

မြန်မာအစိုးရကမူ ယခုနှစ်အတွင်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ခင်းပေါင်း ၇၈၉၃ ဧက ကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကရင်ရွာသား ၅၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး
Monday, 13 July 2009 19:48 ဧရာဝတီ
ကရင်ပြည်နယ် မြောက်ပိုင်း၊ ပဲခူးတိုင်း ညောင်လေးပင် ခရိုင်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော ရွာသား ၅၀၀ ကျော်သည် လတ်တလော မြန်မာစစ်အစိုးရ၏ ထိုးစစ်များကြောင့် တောထဲတွင် ထွက်ပြေးပုန်းအောင်းနေကြရသည်ဟု ကယ်ဆယ်ရေး အဖွဲ့များကပြောဆိုသည်။

Free Burma Rangers (FBR)အဖွဲ့၏ ဇူလိုင်လ ၇ ရက်နေ့ကထုတ်ပြန်ချက်တွင် အမျိုးသမီးများ၊ ကလေးများပါဝင် သောကျေးရွာသား ၅၀၀ ကျော်သည် ယခုအခါ တောထဲ၌ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင် နေရသည်ဟု ဖော်ပြ ထားသည်။

အချို့သောအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူများတွင် လသားအရွယ်ကလေးငယ်များပါဝင်ပြီး တောထဲတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဖျားရောဂါများကိုခံစားနေရကာ ဆေးဝါးကုသမှုလည်း လုံလောက်စွာမရရှိကြောင်း သိရသည်။

FBR အဖွဲ့၏ အစီရင်ခံစာတွင် ထိုထိုးစစ်အတွင်း၌ ရွာသားသုံးဦး အသတ်ခံရသည်ဟုလည်း ပါရှိသည်။

အစိုးရစစ်တပ်နှင့် အပစ်အခတ်ရပ်စဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) ၃၃၃ တပ်ရင်း နှင့် ၅၅၅ တပ်ရင်း တို့သည် ကရင်ပြည်နယ် တောင်ပိုင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၇) အား ထိုးစစ်ဆင်ခဲ့ပြီး နောက် ယခုအခါ ကရင်ပြည်နယ်မြောက်ပိုင်းရှိ KNLA တပ်မဟာ (၅) နယ်မြေတွင် ပိုမိုလှုပ်ရှားလာသည်ဟု ကရင်ကယ်ဆယ်ရေး နှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုသည်။

အဆိုပါ KNLA တပ်မဟာ (၇) အားမြန်မာစစ်တပ်နှင့် DKBA ပူးပေါင်းတပ်ဖွဲ့များက ဇွန်လအတွင်း စတင်ခဲ့သည် ထိုးစစ် ကြောင့် ဘားအံခရိုင်အတွင်းမှ ကရင်ဒုက္ခသည် ၄၀၀၀ ခန့်မှာ ထိုင်းနိုင်ငံရှိ ထဆောင်ရမ်း ဒေသအတွင်း သို့ ထွက်ပြေးခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လတစ်လလုံး KNLA တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေတွင် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၀ခန့်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများအတွင်းခန့်မှန်းခြေ မြန်မာစစ်သား ၁၆ ဦးခန့် သေဆုံးပြီး ၃၉ ဦးခန့်ဒဏ်ရာရခဲ့သည်ဟု ကရင်သတင်းစဉ် Kwe Ka Lu တွင် ဖော်ပြထားသည်။

ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး အဖွဲ့တဖွဲ့ဖြစ်သည့်(Committee for Internally Displaced Karen People-CIDKP)မှ စောစတိဗ် က “ကျနော်တို့အခုကြားနေရတာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းမှာမြန်မာစစ်တပ် က တပ်အင်အားတွေ ဖြည့်နေတယ်၊ အဲဒီ နယ်မြေမှာ စစ်ရေးလှုပ်ရှားမှု တွေပိုပြီးလုပ်လာ တယ်လို့ ပြောကြတယ်”ဟု ပြောသည်။

KNLA တပ်မဟာ (၇) နယ်မြေအတွင်းရှိ စခန်းများကျဆုံးပြီးနောက်တွင် DKBA နှင့်မြန်မာစစ်တပ်သည် KNLA တပ်မဟာ (၅) နှင့် KNLA တပ်မဟာ (၆) ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် အာရုံစိုက်လာသည်ဟု ထိုင်း-မြန်မာ နယ်စပ်မှလာ သော သတင်းများနှင့် လေ့လာသူများ၏ အဆိုအရ သိရသည်။

မြန်မာစစ်အစိုးရသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းမြန်မာနယ်စပ် တလျောက်တွင်ရှိသော ကရင် အမျိုးသား အစည်းအရုံး(KNU) လက်အောက်ခံ KNLA ထိန်းချုပ်ရာဒေသများကို အပြီးသတ်ရှင်းလင်းတိုက်ခိုက်ရန် ရည်ရွယ်ထားသည်ဟုလည်း ဆိုသည်။

ထိုသို့ အပြီးသတ်ရှင်းလင်းခြင်းမှာ မြန်မာစစ်အစိုးရက တပ်ရင်းတရင်းတွင် တပ်ဖွဲ့ဝင် ၃၂၆ ဦးပါဝင်သည့် နယ်ခြားစောင့် တပ်ဖွဲ့များ ဖွဲ့စည်းရေးအတွက်ဖြစ်ပြီး လက်ရှိတွင် DKBA က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် တပ်ဖွဲ့ဝင်အသစ်များ ကို အဓမ္မ စုဆောင်းမှုများပြုလုပ်နေကြောင်း သိရသည်။

DKBA သည် KNU မှ ခွဲထွက်ပြီးနောက် ၁၉၉၅ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။

နယ်ခြားစောင့်တပ်ဖွဲ့ရေး မွန်ပြည်သစ် ပါတီနှင့် စစ်အစိုးရ ဆွေးနွေး
Monday, 13 July 2009 18:25 သန်းထိုက်ဦး
မြန်မာ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသော မွန်ပြည်သစ်ပါတီ (NMSP) ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင် ပြောင်းရေးအတွက် စစ်အစိုးရ တာဝန်ရှိသူများက ဇွန်လ၂၉ ရက် နေ့တွင် ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကူးပြောင်းရေးကိစ္စနှင့်ပတ်သက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် စစ်ဖက်ဆိုင်ရာလုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၀င် ၅ ဦးခန့်ကို ခေါ်ယူတွေ့ဆုံ၍ ဆွေးနွေးခဲ့သည်ဟု မွန်ပြည်သစ်ပါတီဝင်(ဟောင်း) တဦးဖြစ်သူ Nai Hong Zar Kao Rot က ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်ရဲမြင့်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ခေါ်ပြီးတော့ မွန်ပြည်သစ်ပါတီက ဗဟိုအလုပ်အမှုဆောင် ၅ ဦး သွားတွေ့တယ်။ သွားတွေ့တော့ နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စ မွန်ပြည်သစ်ပါတီက အသွင်ပြောင်း မပြောင်း၊ လာမယ့်၂၀၁၀ ရွေးကောက်ပွဲမှာလဲ ယှဉ်ပြိုင်ဖို့ ရှိမရှိ အဲဒီကိစ္စတွေကို အဖြေပေးဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်” ဟု သူက ပြောသည်။

မွန်ပြည်သစ်ပါတီက တွေ့ဆုံဆွေးနွေးပွဲတွင် ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်နှင့်အရေးပေါ်အစည်းအဝေး ဆုံး ဖြတ်ချက်တွင်သော်လည်းကောင်း ဆုံးဖြတ်တိုင်ပင်၍ အဖြေပြန်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်းလည်း ၎င်း Nai Kao Rot က ဆိုသည်။

ထို့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးနှင့် ပတ်သက်၍ စစ်အာဏာပိုင်များ၏ ကမ်းလှမ်းချက်များကို ပြန်လည်သုံးသပ်နိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတရပ်ကို ယခုလ ၂၅ ရက်နေ့တွင် ပြုလုပ်ရန် ရှိကြောင်း သိရှိရသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို သဘောတူခြင်း မရှိခဲ့ပေ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း ပါဝင် ယှဉ်ပြိုင်မည် မဟုတ်ဟု ကြေညာထားသည်။

မွန်ပြည်သစ်ပါတီတွင် လက်နက်ကိုင် အင်အား ၇၀၀ ၀န်းကျင် ရှိကြောင်း ၎င်းအဖွဲ့မှ ဗိုလ်မှူး အဆင့် ရှိသူတဦး၏ ပြောကြားချက်အရသိရသည်။

စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော တရုတ် - မြန်မာနယ်စပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို လည်း ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရေးအတွက် အသွင်ကူး ပြောင်း ရေးလုပ်ငန်းကော်မတီ( ၃ )ခု ဖွဲ့စည်းရန် စစ်အစိုးရမှ ကမ်းလှမ်းခဲ့သည်။

ယင်းဖွဲ့စည်းပုံအရ နယ်ခြားစောင့်တပ် တစ်တပ်တွင် အရာရှိ အဆင့် ၁၈ ဦးနှင့် တခြားအဆင့် ၃၀၈ ဦးပါဝင်ကာ အင်အား စုစုပေါင်း (၃၂၆) ဦးတို့ဖြစ်ပြီး အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စသည့် အရေးကြီးသည့် နေရာများနှင့် ရုံးတာဝန်များတွင် နအဖ စစ်တပ်မှ အရာရှိ ၃၀ ခန့် ပါဝင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ တပ်ဖွဲ့များအား တပ်နေရာချထားရေးနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ညှိနှိုင်းရန်နှင့် နယ်ခြားစောင့်တပ် များအနေဖြင့် ကိုယ့်နယ်မြေ အတွင်း၌သာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ထိုအဖွဲ့များက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံနိုင်သေးဟူသော သတင်းများ ထွက်ပေါ် နေသော်လည်း တရားဝင် ထုတ်ပြန်ကြေညာခြင်းများ မရှိသေးပေ။

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူ ခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း၁၇ ဖွဲ့ရှိသည်ဟု စစ် အစိုးရ၏ ထုတ်ပြန်ချက်များက ဆိုသည်။

မန္တလေးထုတ် ကုန်ခြောက်များတွင် ဆိုးဆေးတွေ့
Monday, 13 July 2009 17:31 ဟိန်းဇော်
မန္တလေးမြို့ထုတ် ငရုတ်သီးမှုန့် နှင့် ငါးပိ အမှတ်တံဆိပ် ၂၈ ခုတွင် အန္တရာယ်ကြီးသည့် ဓာတုဗေဒ ဆိုးဆေး ပါဝင်နေသဖြင့် စားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက် ကို ယမန်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

ဈေးကွက်အတွင်းရှိ စိမ်းစားငါးပိ တံဆိပ် အခု ၂ဝ၊ ငါးပိထောင်း တံဆိပ် ၄ ခု၊ ငရုတ်သီးမှုန့် တံဆိပ် ၄ ခု တို့ကို ဓာတ်ခွဲစစ်ဆေးရာ အစားအသောက်တွင် ခွင့်မပြုသည့် အနီရောင် ဆိုးဆေး (Rodamine B) ပါဝင်နေသည်ကို တွေ့ရကြောင်း၊ ထိုဆိုးဆေးကို စားသုံးမိပါက “အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းခြင်း၊ ရေရှည်တွင် ကင်ဆာ ရောဂါ ဖြစ်စေခြင်း” စသည့် ဆိုးကျိုးများ ရရှိနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ထုတ် စားသောက်ကုန်တချို့တွင် အဆိုပါ ဆိုးဆေး အသုံးပြုထားကြောင်း ယခင်လများက ကြေညာခဲ့ပြီးဖြစ်သည်။

“ဒီလို စားသုံးရန် မသင့်ဘူး ဆိုပြီး တားမြစ်တာ မန္တလေးမှာ ဒါ ပထမဆုံးပဲ။ အခုလို ကြေညာလိုက်တော့  လုပ်ငန်းရှင်တွေ အနေနဲ့  တော်တော် ထိခိုက်ပါတယ်” ဟု မန္တလေးမြို့၊ ကိုင်းတန်းဈေးရှိ စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင် တဦးက ဧရာဝတီကို ပြောသည်။

ကျန်းမာရေးဌာနက ထုတ်ပြန်သည့် ကြေညာချက်များကို သံသယဖြစ်သော စားသုံးသူများလည်း ရှိနေသည်။

“အခုမှ ဟိုဟာမှာ တွေ့တယ်၊ ဒီဟာမှာ တွေ့တယ်နဲ့  အရင်တုန်းကလည်း ဒီအတိုင်းပဲ စားလာကြတာ ဘာမှ မဖြစ်ခဲ့ဘူး။ ဘယ်ဟာ ဝယ်စားစား လွတ်မှာ မဟုတ်ဘူး” ဟု ရန်ကင်းမြို့နယ်မှ အိမ်ရှင်မတဦးက ဆိုသည်။

အစားအစာများ ဆွဲဆောင်မှု ရှိစေရန် အန္တရာယ်ကြီးသည့် ဆိုးဆေးများ အသုံးပြုနေကြခြင်းကို ယခုနှစ် မတ်လမှ အစပြုပြီး အာဏာပိုင်တို့က ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လက်ဖက် တံဆိပ် ၄ဝ ကျော်ကို စားသုံးရန် မသင့်ဟူသော ကြေညာချက် ထုတ်ပြန်ပြီးနောက် လက်ဖက် အရောင်းအဝယ် လုပ်ငန်းများ အေးသွားသည်။

မေလ နှင့် ဇွန်လ တို့တွင် ဓာတ်ခွဲခန်းသုံး ဆိုးဆေး အသုံးပြုထားသည့် ငါးပိ တံဆိပ် ၇၉ မျိုး၊ ငရုတ်သီးမှုန့် တံဆိပ် ၆ မျိုး၊ ပဲနီလေး တံဆိပ် ၁ မျိုး၊ ယိုစုံ (အချဉ်ထုပ်) တံဆိပ် ၁ မျိုး စာရင်းတို့ကို ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။

အစားအသောက် ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို အသုံးပြုပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈(က) အရ အရေးယူခံရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

ကျောင်းခန်းအတွင်း နှာခေါင်းစည်း မတပ်ရ
Monday, 13 July 2009 17:15 ကြည်ဝေ
ရန်ကုန်တိုင်းအတွင်း အခြေခံပညာ ကျောင်းများရှိ ကျောင်းသူ ကျောင်းသားများအား နှာခေါင်းစည်းများ တပ်ဆင်၍ ကျောင်းတက်ခြင်း မပြုရဟု တားမြစ်ထားသည့် အတွက် ကျောင်းသား မိဘများက ၎င်းတို့၏ သားသမီးများ ရောဂါကူးစက်မည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

A(H1N1) ဝက်တုပ်ကွေး ရောဂါပိုးကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများတပ်ဆင်ပြီး ကျောင်းတက်လာ သော ကျောင်းသူကျောင်းသားများအား ဆရာ ဆရာမများက နှာခေါင်းစည်းများ ဖြုတ်သိမ်းခိုင်းပြီး မလိုအပ်ဘဲ မတပ်ဆင်ရဟု သတိပေးပြောဆိုထားကြောင်း ကျောင်းသူ ကျောင်းသားများက ပြောသည်။

“ကလေးတွေကို နှာခေါင်းစည်းတွေနဲ့ တွေ့ရရင် ရောဂါပိုး ပျံ့နှံ့နေပြီဆိုတဲ့ ထင်ယောင်ထင်မှားမှုမျိုးဖြစ်စေနိုင်တဲ့ အတွက် နေမကောင်းဖြစ်တဲ့ကလေးကလွဲပြီး တခြားကလေးတွေကို နှာခေါင်းစည်းတွေ တပ်ခွင့်မပြုပါဘူး”ဟု လည်း ရန်ကုန်မြို့ အ.ထ.က (၁) ဒဂုံမှ ကျောင်းဆရာမတဦးက ပြောဆိုသည်။

ထိုသို့ တားမြစ်ချက်များကို ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများအားလုံးသို့ သက်ဆိုင်ရာ အာဏာပိုင်များက စာပေးပို့ထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း၊ ကျန်းမာရေးဦးစီး ဌာန ကျောင်းကျန်းမာရေး ဆရာဝန်ကြီး ဒေါက်တာခင်စောရီကလည်း “ကလေးတွေ ရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေတာဖြစ်တဲ့အတွက် မလိုအပ်ဘဲနဲ့နှာခေါင်းစည်းတွေ မသုံးသင့်ပါဘူး၊ နေမကောင်းဖြစ်တဲ့ ကလေးမှသာ ကာကွယ်ဖို့လိုတယ်”ဟု ပြောကြားသည်။

အဆိုပါ ဆရာဝန်ကြီးက ကလေးများအနေနှင့် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ခြင်းမဟုတ်ဘဲ၊ ဖြုတ် ဆော့ ခြင်း၊ တဦးနှင့်တဦး လဲလှယ်တပ်ဆင်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ဗိုင်းရပ်စ်ပိုးများ ကူးစက်ပျံ့ပွား နိုင် ကြောင်း၊ ဖျားနာသောကလေးမှလွဲ၍ အခြားကလေးများအနေနှင့် တပ်ဆင်စရာမလိုအပ်ကြောင်းလည်း ဆိုသည်။

အထက(၂)လသာမှ ကျောင်းသားမိဘတဦးက“ကာကွယ်ရေးအနေနဲ့တပ်ဆင်တာကို ခွင့်မပြုဘူးဆိုတာကို နား မလည်နိုင်ဘူး၊ စနစ်တကျ တပ်စေချင်ရင် ပညာ ပေးရမှာပေါ့၊ ခုလို မတပ်ရလို့ တားမြစ်ဖို့ မကောင်းဘူး၊ ရောဂါ ကူးရင် ဘယ်လိုလုပ်မလဲ”ဟု ဆိုသည်။

အဆိုပါကျောင်းတွင် ဇွန်လဆန်းကတည်းက နှာခေါင်းစည်းများ တပ်မလာရန် ပြောဆိုတားမြစ်ခြင်းများရှိနေ ကြောင်း သိရသည်။

ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဝက်တုပ်ကွေးရောဂါ ထပ်မံတွေ့ရှိခဲ့သည့် အသက် ၂၀ ၀န်းကျင် အရွယ် အမျိုးသားမှာ အခြေအနေတိုးတက်ကောင်းမွန်လျက်ရှိကြောင်း၊ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ဆက် လက် ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ယင်း ဝက်တုပ်ကွေးရောဂါတွေ့ရှိသူ အမျိးသားသည် ဇူလိုင်လ ၆ ရက်နေ့က ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး နောက် ယခုကဲ့သို့ ရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံ၌ ပထမဆုံး ရောဂါကူးစက်ခံရသူအဖြစ် အသက် ၁၃ နှစ်အရွယ် ကျောင်းသူ တဦးတွင် ၀က်တုပ်ကွေးပိုး A(H1N1) တွေ့ရှိရကြောင်း ကြေညာပြီးနောက်ပိုင်း ရန်ကုန်တိုင်း အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသူကျောင်းသားများ နှာခေါင်းစည်းများ တပ်ဆင်ပြီး ကျောင်း တက်လာကြသည် ကိုတွေ့ရှိရသည်။

အထက်ပါ ရောဂါကူးစက်ခံရသူမိန်းကလေးသည် ရောဂါအခြေအနေကောင်းမွန်သောကြောင့် ဇူလိုင် ၈ ရက်နေ့ တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြပါရှိသည်။

ထိုသို့ အစိုးရက ဝက်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂ ဦး ရှိကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း ထို့ထက် မက ရှိကြောင်း ရန်ကုန်၊မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီကူးစက်ရောဂါကု ဆေးရုံတွင် ဆေးကုသမှု ခံယူ နေသူ လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများ က ပြောသည်။

ယနေ့ အထိ ဝေဘာဂီကူးစက် ရောဂါကု ဆေးရုံတွင် ၀က်တုပ်ကွေး ရောဂါပိုး ကူစက်ခံရသူဟု သံသယရှိသူပေါင်း ၂၀ ခန့် ဆေးဝါးကုသမှုခံယူနေရကြောင်း ဝေဘာဂီဆေးရုံ ကျန်းမာရေး ၀န်ထမ်းများထံမှ သိရှိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO)က ဇူလိုင်လ ၆ ရက်နေ့အထိ ဝက်တုပ်ကွေး ရောဂါ(H1N1) ဖြစ်ပွားသူပေါင်း ကမ္ဘာတဝန်းတွင် ၉၄၅၁၂ ဦး ရှိပြီး သေဆုံးသူ ၄၂၉ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။

၈၈ ခေါင်းဆောင် ကိုမြအေး ထောင်ဝင်စာ တွေ့ခွင့်မရ
ဖနိဒါ
တနင်္လာနေ့၊ ဂျူလိုင်လ 13 ရက် 2009 ခုနှစ် 22 နာရီ 24 မိနစ်



ချင်းမိုင်(မဇ္ဈိမ) ။ ။ ကယားပြည်နယ် လွိုင်ကော်ထောင်တွင် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးအား ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

ကျောင်းသားခေါင်းဆောင် ကိုမြအေးအား ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ ထောင်ဝင်စာ ပိတ်ထား ခြင်းဖြစ်ပြီး ထောင်ဝင်စာတွေ့ရန် သွားရောက်ခဲ့သူ ကိုမြအေး ဇနီးမှာ ပါဆယ်သာ ပို့ခွင့်ရခဲ့သည်။

“ဒီနေ့မနက် ရန်ကုန်ပြန်ရောက်လာတဲ့ မစန္ဒာက သူ့ယောက်ျားကို မတွေ့ခဲ့ရဘူး။ ကိုမြအေး ထောင်ဝင်စာ ၆ လပိုင်းကတည်းကနေ ရက်အကန့်အသတ်မရှိ ပိတ်တယ်လို့ ပြောတယ်။ သူ့တယောက်ပဲ ပိတ်တယ်” ဟု ကိုမြအေး မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ပြောသည်။

“သူ့သမီးလေးက မီဒီယာတက်တယ်။ ဝဘ်ဆိုဒ်တခုဖွင့်တယ်။ သမီးကြီး လှုပ်ရှားမှု အပေါ်မှာ ထောင်ဝင်စာ ပိတ်တာတဲ့” ဟု သူက ဆက်ပြောသည်။

ကိုမြအေး၏ သမီး မဝေနှင်းပွင့်သုန်သည် ယခုအခါ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ပညာသင်ကြား နေသည်။

ကိုမြအေးသည် ပြီးခဲ့သည့် ကျန်းမာရေးမကောင်း ဖြစ်နေသော်လည်း ဆေးကုသခွင့် လုံလောက် စွာ မရရှိဘဲ ရှိနေကြောင်းလည်း သိရသည်။

ကိုမြအေးသည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်းက လောင်စာဆီဈေးနှုန်း ကျဆင်းရေး ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ စသည့် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခြင်းကို ခံခဲ့ရပြီး ဝေးလံသည့် ထောင်များသို့ ပို့သူ ဖြစ်သည်။

ကယားပြည်နယ်မှ လွိုင်ကော် အကျဉ်းထောင်တွင် လူ့အခွင့်အရေး မြင့်တင်ရေး ကွန်ယက်မှ ဦးမြင့်အေး၊ အန်အယ်ဒီ မတ္ထရာအမတ် ဦးသန်းလွင် တို့လည်း ရောက်ရှိနေကာ ၄င်းတို့၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။

တောင်ကုတ် လွှတ်တော်ကိုယ်စားလှယ် ထောင်ဒဏ် ၂ နှစ်
ဖနိဒါ
တနင်္လာနေ့၊ ဂျူလိုင်လ 13 ရက် 2009 ခုနှစ် 22 နာရီ 19 မိနစ်
ချင်းမိုင် မဇ္ဈိမ ။ ။ တောင်ကုတ်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင်အား တောင်ကုတ်မြို့နယ် တရားရုံးမှ အသားရေဖျက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း ရခိုင်ပြည်နယ်စည်း တွဲဘက်အတွင်းရေးမှူး ဦးသိန်းလှိုင်က ပြောသည်။

တောင်ကုတ်မြို့နယ် အန်အယ်ဒီ စည်းရုံးရေး ကော်မတီ ဥက္ကဌနှင့် ပြည်နယ် စည်းရုံးရေးကော်မတီ ဒု ဥက္ကဌလည်း ဖြစ်သူ ဦးကျော်ခိုင်အား (၈၇ နှစ်) အား ဂုဏ်သိက္ခာ ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

“၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့မှာ ဦးကျော်ခိုင်က တောင်ကုတ်မြို့နယ်စည်း ဦးသန်းဖေနဲ့ ကိုမျိုးမြင့် ခေါ် ဘန်ထီးတို့ကို အကြောင်းကြားတဲ့ စာပေါ် အမှုစွဲလိုက်တာ။ ဒီအမှုကို တရားရုံးက ဒီကနေ့ ထောင် ၂ နှစ်ချလိုက်တယ်”ဟု ရခိုင်ပြည်နယ် စည်းရုံးရေး ကော်မတီ တွဲဘက် အတွင်းရေးမှူး ဦးသိန်းလှိုင်က မဇ္ဈိမသို့ ပြောသည်။

အန်အယ်ဒီ တောင်ကုတ်မြို့နယ်ကော်မတီ၏ သဘောတူညီချက်မပါပဲ တောင်ကုတ်မြို့နယ် စည်းရုံးရေးကော်မတီ ဒု-ဥက္ကဌ ဦးသန်းဖေနှင့် ကိုမျိုးမြင့် ခေါ် ဘန်ထီးတို့က လူမှုအဖွဲ့ဟုဆို၍ မြို့ပေါ်ရပ်ကွက်များတွင် အလှူငွေ ကောက်ခံသည်ကို လာရောက် ရှင်းလင်းရန် ၎င်းတို့ (၂) ယောက်ထံ ဦးကျော်ခိုင်က စာပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါစာနှင့် ပတ်သက်ပြီး ဦးသန်းဖေနှင့် ကိုမျိုးမြင့် ခေါ် ကိုဘန်ထီးတို့က ၎င်းတို့၏ ဂုဏ်သိက္ခာ ကို ညိုးနွမ်းအောင်လုပ်သည်ဟု ဆိုကာ ယခုနှစ် မေလ ပထမပတ်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အန်အယ်ဒီအဖွဲ့ဝင်များအား တရားစွဲခြင်းကို အာဏာပိုင်များက အမြန်လက်ခံ၍ စီရင်ချက်များ ချမှတ်နေကြောင်း ယခု တရားစွဲထောင်ချမှုအပေါ် အခြေခံ၍ နိုင်ငံရေးအမှုများကို လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေကြီးက မှတ်ချက်ချပြောဆိုသည်။

“အခုတော့ အန်အယ်ဒီ ဖြစ်နေတဲ့အတွက် အဖွဲ့ဝင် ဖြစ်ရုံနဲ့ ပြသနာပေါ်ရင် ရဲစခန်းတွေ၊ တရားရုံး တွေကတော့ အမြန်လက်ခံတယ်။ ထောင်ချဖို့ မြန်မြန်ဆောင်ရွက်တယ်။ ဒီလို လွတ်တော် ကိုယ်စားလှယ်ကို ဒီလို တရားစွဲဆိုလာတဲ့ အတွက်ကြောင့် သူတို့အတွက် အခွင့်ကောင်းယူ။ စီမံချက်နဲ့ minimum (အနည်းဆုံး) တောင်မဟုတ်ဘူ။ maximum (အမြင့်ဆုံး)ထိ ထောင်ချတယ်” ဟု ရှေ့နေကြီး ဦးအောင်သိန်း မဇ္ဈိမသို့ ပြောသည်။

ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင်သည် လတ်တလော ဝမ်းရောဂါဖြစ်နေပြီး အားနည်းနေသော်လည်း သံတွဲထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

သူသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြမှုနှင့် ပတ်သက်၍ ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံခဲ့ရ သော်လည်း သံတွဲထောင်၌ တလသာ နေခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။

အန်အယ်ဒီ တောင်ကုတ်မြို့နယ် စည်းရုံးရေးကော်မတီ ဒုဥက္ကဌ ဦးသန်းဖေအား အဖွဲ့ချုပ်၏ ဥပဒေ စည်းကမ်းများအား ချိုးဖောက်သဖြင့်ဟုဆိုကာ ယခုနှစ် မတ်လ ၅ ရက်နေ့၌ တာဝန် ရပ်စဲလိုက်ပြီး ဖြစ်သည်။




မစ္စတာ ဘန်ကီမွန်း မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီသို့ အစီရင်ခံမည်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဂျူလိုင်လ 13 ရက် 2009 ခုနှစ် 22 နာရီ 21 မိနစ်



နယူးဒေလီ။ ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ သွားရောက်ခဲ့သော ခရီးစဉ်အကြောင်း လုံခြုံရေးကောင်စီတွင် တနင်္လာနေ့တွင် အစီရင်ခံမည်ဖြစ်ကြောင်း သူ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းမှု စည်းကမ်းဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်အတွက် မြန်မာစစ်အစိုးရကို ဖျောင်းဖျပြောဆိုရန် မစ္စတာဘန်ကီမွန်းသည် ယခုလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် မြန်မာနိုင်ငံသို့ သူ၏ ဒုတိယ အကြိမ်မြောက် ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခဲ့ပြီးနောက် ကုလလုံခြုံရေး ကောင်စီတွင် အစီရင်ခံမည့်အကြောင်း ပြောဆိုခြင်း ဖြစ်သည်။

''မြန်မာနိုင်ငံအခြေအနေနဲ့ လွန်ခဲ့တဲ့အပတ်က သွားရောက်ခဲ့တဲ့ သူ့ရဲ့ ၂ ရက်ကြာ ခရီးစဉ်အကြောင်း အတွင်းရေးမှူးချုပ်ဟာ လာမယ့် တနင်္လာနေ့ မနက် ၁၀ နာရီမှာ လုံခြုံရေးကောင်စီမှာ အစီရင်ခံ ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်'' ဟု ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်တပ်စ် - Michele Montas သတင်းထောက်များကို သောကြာနေ့က ပြောကြားခဲ့သည်။

သူ့ခရီးစဉ်အတွင်း မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နှစ်ကြိမ် တွေ့ဆုံခွင့်ရခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပါ။ ယင်းမှာ သူ၏ မေတ္တာရပ်ခံချက်ကို စစ်အစိုးရက လိုက်လျောလိုစိတ် မရှိသည်ကို ပြသနေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို စတင်ကာ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံအုပ်စုနှင့် `အဓိပ္ပာယ်ပြည့်ဝသော´ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပါရန် ဤကမ္ဘာ့အဖွဲ့အစည်းကြီး၏ အကြီးအကဲက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ ဝန်ကြီးအဖွဲ့ကို တိုက်တွန်းခဲ့သည်။

ထို့အပြင် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက်လည်း ပွင့်လင်းမြင်သာ၍ လွတ်လပ်သော အခြေအနေများ ဖန်တီးပေးပါရန် မစ္စတာဘန်ကီမွန်းက မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့သည်။

ဤသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် မစ္စတာဘန်ကီမွန်း၏ မေတ္တာရပ်ခံချက်ကို ငြင်းပယ်လိုက်ခြင်းဖြင့် မြန်မာစစ်အစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းက အကြံပြုထားသော အပြောင်းအလဲများကို အကောင်အထည်ဖော်လိုစိတ် မရှိကြောင်း ထင်ရှားနေသည်ဟု ဝေဖန်သူများက ပြောဆိုကြသည်။ သူတို့သည် သူတို့၏ ဒီမိုကရေစီသို့သွားရာ လမ်းပြမြေပုံ ၇ ချက်အတိုင်း ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားတော့မည်သာ ဖြစ်သည်။

အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင်နှင့် တွေ့ဆုံခွင့်မပေးဘဲ စစ်အစိုးရက ငြင်းပယ်လိုက်ခြင်းအတွက် သူ `အကြီးအကျယ် စိတ်ပျက်မိကြောင်း´ ဖြင့် ခရီးစဉ်အဆုံးတွင် မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော် ဤကမ္ဘာ့အဖွဲ့အစည်း အကြီးအကဲသည် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်မူ ၁၀ မိနစ်ခန့်မျှသာ တွေ့ဆုံခွင့်ရခဲ့သည်။

`အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံရှိ ဖွဲ့စည်းအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်နှင့် ရွေးကောက်ပွဲအတွက် သူ့အနေဖြင့်လည်း စိုးရိမ်ပူပန်တဲ့အကြောင်း အထွေထွေ အတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်´ ဟု ပြောရေးဆိုခွင့်ရှိသူ Montas က သောကြာနေ့က ပြောဆိုခဲ့သည်။

လပွတ္တာ ဆားတောင်သူများ ဆားကွင်းပြန်ရွေးရန် အခက်ကြုံ
မေကျော်
တနင်္လာနေ့၊ ဂျူလိုင်လ 13 ရက် 2009 ခုနှစ် 18 နာရီ 20 မိနစ်



ချင်းမိုင် (မဇ္ဈိမ)။ ။ နာဂစ်ဒဏ်သင့် လပွတ္တာခရိုင် အတွင်းရှိ ဆားတောင်သူများ အနေဖြင့် မြန်မာ့ အဏ္ဏဝါဓာတု လုပ်ငန်း၌ ပေါင်နှံထားသော ၎င်းတို့၏ ဆားကွင်းများကို ပြန်လည်ရွေးယူရန် ငွေကြေး အခက်အခဲ ကြုံတွေ့နေကြရကြောင်း လပွတ္တာမှ ဆားလုပ်ငန်းရှင်တဦးက ပြောသည်။

“ဒီသြဂုတ်လ နောက်ဆုံးထားပြီး ဒီချေးငွေကို ဆပ်ဖို့ ပြောနေတယ်။ မဆပ်နိုင်ရင် ဘာဖြစ်လာမယ်ဆိုတာ မပြောနိုင်ဘူး။ ဆားကွင်းပိုင်ဆိုင်မှု စာချုပ်က သူတို့ (အစိုးရ) ဆီမှာပါ” ဟု လပွတ္တာ ဒေသခံ ဆားလုပ်ငန်းရှင် ဦးသိန်းသန်းက မဇ္ဈိမသို့ ပြောသည်။

ခရိုင် အတွင်း ဆားလုပ်ငန်း အဓိက လုပ်ကိုင်သော တိုက်နယ် လေးခုမှာ မဲခရဲ၊ မန်းကျီးပင်၊ သင်္ကန်းကုန်း နှင့် သက္ကယ်သောင် တိုက်နယ်တို့ ဖြစ်သည်။

လက်ရှိ သက္ကယ်သောင် တိုက်နယ် တခုတည်းတွင်ပင် ဆားဧက ၃၇၉၉.၈၆ ရှိပြီး လုပ်ငန်းရှင် ၁၁၇ ယောက်တွင် လုပ်ငန်းရှင် ၂၀ ဦးခန့်သာ ချေးငွေ ဆပ်နိုင်သေးသည်ဟု သိရသည်။

စစ်အစိုးရက နာဂစ်ဒဏ်သင့် ဆားတောင်သူများကို ဆားကွင်းတဧက အတွက် ကျပ် ၃ သိန်းနှုန်းဖြင့် ယခင်နှစ် နိုဝင်လဘာက ချေးငွေများ ထုတ်ပေးပြီး တောင်သူများထံမှ ဆားကွင်း ပိုင်ဆိုင်မှု စာချုပ်ကို အပေါင်သဘော သိမ်းယူထားခြင်းဖြစ်သည်။

မြန်မာ့ အဏ္ဏဝါဓာတုလုပ်ငန်း လက်အောက်၌ ဆားကြီးကြပ် အဖွဲ့များ ဖွဲ့စည်းကာ ဆားတောင်သူများအား ဧက အလိုက် ချေးငွေများကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ချေးငွေ စာချုပ်အရ အတိုးနှုန်းမှာ တနှစ်အတွက် ၁၂ ရာခိုင်နှုန်းဖြစ်ပြီး သုံးလတကြိမ် အတိုးငွေ ပေးချေရမည်ဖြစ်သည်။ တနှစ် အတွင်း ချေးငွေ တဝက်နှင့် အတိုးငွေကို ပေးဆပ်ရမည်ဖြစ်ကာ ၂ နှစ်အတွင်း ချေးငွေကို အကျေ ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

ဆားတောင်သူ အများစုမှာ ၁၀ ဧက ခန့် အနည်းဆုံး လုပ်ကိုင်ကြပြီး မိုးဖျက်သောကြောင့် ဆားများကို အပြီးသတ် မသိမ်းနိုင်ခဲ့သဖြင့် ချေးငွေ ပြန်ဆပ်ချိန်တွင် အခက်အခဲကြုံရခြင်း ဖြစ်သည်ဟု ဆားလုပ်ငန်းရှင်များက ပြောကြသည်။

“ဒီနှစ်မိုးက သုံးခါ ဖျက်တယ်။ ဧက ၃၀ မှာ ခါတိုင်း ဆား ၂ သိန်းခွဲ ၃ သိန်း ထွက်တာကို ဒီနှစ် ၁ သိန်းကျော်ကျော်ပဲ ထွက်တယ်။ ပုံမှန် အထွက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ထွက်တယ်” ဟု လပွတ္တာ ဒေသခံ ဆားလုပ်ငန်းရှင် ဦးစိုးငြိမ်းက မဇ္ဈိမသို့ ပြောသည်။

ယခုအခါ ကျေးရွာ ရယကများနှင့် ဆားကြီးကြပ် အဖွဲ့များ ဦးဆောင်၍ ဆားတောင်သူများ ချေးငွေ ပြန်ဆပ်ကြရန် တောင်းခံ နေကြပြီ ဖြစ်သည်။

ဆားတောင်သူများကမူ ချေးငွေ ပြန်ဆပ်ရန် အချိန်ကာလကို ထပ်တိုးပေးစေလိုပြီး ယခု လာမည့် သြဂုတ်လတွင် ဆပ်ရမည့် ငွေကြေးကိုလည်း တဝက်ခန့်သာ ရှာဖွေနိုင်မည်ဟု ဦးစိုးငြိမ်းက ပြောသည်။

ယမန်နှစ်က ဆားကြမ်း တပိဿာ ၃၀၀ ခန့် ဈေးပေါက်ခဲ့သော်လည်း ယခုနှစ် ဆားရာသီတွင် ၁၈၀ ခန့်သာ ရရှိသဖြင့် ထုတ်လုပ်မှုစရိတ်အပြင် ချေးငွေ အတိုးစရိတ်များကြောင့် ဆားတောင်သူများ တွက်ခြေမကိုက်ကြောင်း ပုသိမ် အခြေစိုက် ဆားကုန်သည်တဦးက ဆိုသည်။

နာဂစ်သင့် ဒေသ လပွတ္တာခရိုင် ဆားထုတ်လုပ်သည့် တိုက်နယ်များတွင် ယခုနှစ် ဆားထုတ်လုပ်မှု ကျဆင်းသော်လည်း ဈေးကွက်အတွင်း ဆားရှားပါးခြင်းနှင့် ဈေးတက်ခြင်း မဖြစ်နိုင်ကြောင်းလည်း သူက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာ၊ နိုဝင်ဘာခန့်တွင် ဆားလုပ်ငန်း စတင်ပြီး ၅ လခန့် အကြာ မတ်၊ ဧပြီတွင် ဆားကြမ်းပေါ်ပြီ ဖြစ်သည်။


ရန်ကုန် ယူနိုက်တက် သိန်း ၅ ထောင်ကျော် သုံးစွဲခဲ့ဟု ဦးတေဇ ပြော
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဂျူလိုင်လ 13 ရက် 2009 ခုနှစ် 18 နာရီ 00 မိနစ်



ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနေရှင်လိဂ် ဘောလုံးပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည့် အသင်း ၈ သင်းအနက် ဒုတိယ ဗိုလ်စွဲခဲ့သည့် ရန်ကုန် ယူနိုက်တက်အတွက် ကျပ် သိန်းပေါင်း ၅ ထောင်ကျော် သုံးစွဲခဲ့ကြောင်း အသင်းပိုင်ရှင်၏ အပြောအရ သိရသည်။

နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ရင်းနှီးသော စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက သူပိုင်ဆိုင်သော ရန်ကုန် ယူနိုက်တက် ဘောလုံးအသင်းနှင့် ပတ်သက်၍ ရန်ကုန်ရှိ အဲယားပုဂံ ရုံးချုပ်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“လောလောဆယ် ကင်မရွန်း လက်ရွေးစင်ဟောင်း တယောက်နဲ့ ပေကျင်း အိုလံပစ်မှာ ကစားခဲ့တဲ့ ကင်မရွန်း ကစားသမားတဦးကို ခေါ်ဖို့ လောလောဆယ် ညှိနေပါတယ်။ နောက်ပြီး ကိုမျိုးလှိုင်ဝင်းနဲ့ တွဲပြီး နည်းပြလုပ်ဖို့ အရင် ပရီးမီးယားလိဂ် ဝက်စ်ဟမ်း ယူနိုက်တက်မှာ ကစားခဲ့ဖူးတဲ့ အေလိုင်စင်အဆင့်ရှိ နည်းပြတဦးကိုလည်း ခေါ်ယူဖို့ ညှိနှိုင်းနေပါတယ်” ဟု ဦးတေဇက ပြောသည်။

ကမ္ဘာ့အဆင့်မှီ ကလပ်အသင်းကြီးများတွင် ကစားနေသော နာမည်ကျော် ဘောလုံးသမား အချို့ကို ဆက်လက် ခေါ်ယူသွားမည်ဟု ဆိုကာ၊ အသင်း၏ စီးပွားရေးအရ ရေရှည် ရပ်တည်နိုင်ရေးအတွက် ငွေကြေး သိန်း ၅ သောင်းအထိ ရင်းနှီးမတည်ပြီး သီးသန့်စီးပွားရေး လုပ်ငန်းတခုကိုလည်း လုပ်ကိုင်သွားမည်ဟု သူက ဆိုသည်။

ဦးတေဇက “ကျနော် စဉ်းစားထားပါတယ်။ အဲဒီက ရတဲ့ အကျိုးအမြတ် အားလုံးကို ဘောလုံးအသင်းအတွက်ပဲ သုံးဖို့ စီးပွားရေး လုပ်ငန်းတခုကို သိန်း ၃-၄-၅ သောင်းလောက် သုံးပြီး လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ဘယ်လို စီးပွားရေးလဲ ဆိုတာတော့ ပြောမပြနိုင်တာ ခွင့်လွှတ်ပါ” ဟု ပြောဆိုသွားသည်။

ထို့အပြင် ရန်ကုန် ယူနိုက်တက် အနေနှင့် ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံကာ ရန်ကုန်တိုင်း လှိုင်မြို့နယ် ဘောလုံးကွင်းကို ဘောလုံးသမား နားနေဆောင်များ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နိုင်သော ခန်းမများ၊ လေ့ကျင့်ရေး အဆောင်များ ပါဝင်သော အသင်းပိုင် ဘောလုံးကွင်းအဖြစ် တည်ထောင်သွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံရှိ ထိပ်သီးကလပ်အသင်း တသင်းဖြစ်သည့် တယ်ရိုဆာဆနာ ဘောလုံးအသင်းဖြင့်လည်း အကျိုးတူ ပူးတွဲလုပ်ဆောင်ရန် သဘောတူထားပြီး၊ ချစ်ကြည်ရေး ဘောလုံးပွဲများလည်း အပြန်အလှန် ကစားသွားမည်ဟု နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ ရန်ကုန် ကွင်းများတွင် ကျင်းပခဲ့သည့် ဘောလုံးပွဲမှာ MNL Cup Grand Royal 2009 ခေါ် မြန်မာနေရှင်နယ်လိဂ်၏ ပထမဆုံးသော ဘောလုံးရာသီ ဖြစ်သည်။

လာမည့် စက်တင်ဘာလမှ ဒီဇင်ဘာလ မတိုင်မီအတွင်း ဒုတိယပွဲစဉ်ကို ကျင်းပရန်ရှိကြောင်း ပြီးခဲ့သည့် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ FC အသင်းမှ အသင်းအုပ်ချုပ်ရေးမှူး ဦးစိုးမိုးလှိုင်က မဇ္ဈိမကို မကြာသေးခင်က ပြောဆိုခဲ့သည်။

ရတနာပုံ FC ကိုလည်း ကျပ်သိန်းပေါင်း ၅ ထောင်ခန့် အကုန်ကျခံကာ တည်ထောင်ခဲ့ရာ အသင်းမှ ပြန်လည် ရရှိငွေမှာ သိန်း ၆၀၀ ဝန်းကျင်သာရှိသဖြင့် သိန်း ၄ ထောင်ကျော် ရင်းနှီးမြှုပ်နှံထားဆဲ ဖြစ်သည်။

MNL ပွဲစဉ်များအား ဦးစီး ကျင်းပပေးသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (Myanmar Football Federation – MFF) က KBZ FC အသင်းကို အသန့်ရှင်းဆုံး အသင်း ဆုဖလား၊ တတိယဆုရရှိသည့် မကွေး FC အသင်းကို ကျပ်သိန်း ၂၀၀၊ ဒုတိယဆုရှင် ရန်ကုန် ယူနိုက်တက်ကို တဦးချင်း ဆုတံဆိပ်နှင့် ကျပ်သိန်း ၃၀၀၊ ပထမဆု ရရှိသည့် ရတနာပုံ FC ကို တဦးချင်း ဆုတံဆိပ်၊ ကျပ်သိန်း ၅၀၀ နှင့် ချန်ပီယံ ဆုဖလားကို ပြီးခဲ့သည့် MNL ဘောလုံးရာသီ ပြိုင်ပွဲတွင် ချီးမြှင့်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကျင်းပခဲ့သော အဆိုပါ MNL ပြိုင်ပွဲတွင် တိုင်း ၇ တိုင်း ကိုယ်စားပြု အသင်း ၇ သင်းနှင့် ပုဂ္ဂလိက အသင်း တသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အသင်းများသည် ပြိုင်ပွဲဝင်ရန် ကစားသမား ၁၈၉ ဦး ခေါ်ယူခဲ့ပြီး၊ ကစားသမားများအတွက် အသင်းပြောင်းရွှေ့ခ လက်မှတ်ထိုးကြေးအဖြစ် စုစုပေါင်း ကျပ်သိန်း ၃၂၁၂ သိန်းအထိ အသုံးပြုခဲ့ကြသည်။ အသင်းအားလုံးရှိ ခေါ်ယူထားသော ကစားသမားများ၏ လစာငွေပေါင်းမှာ တလလျှင် ၈၄၁.၅ သိန်းခန့် ဖြစ်သည်။

လစာ ငွေရရှိနှုန်းမှာ ယခင် အဆင့်မြင့်တန်းမှ ကစားသမားများမှာ တလလျှင် ၁ဝ သိန်းခန့် ရရှိနေပြီး၊ အခြား ကစားသမားများမှာ ၇ သိန်း၊ ၅ သိန်း၊ ၃ သိန်းခွဲ စသည်ဖြင့် ရရှိကြသည်။ နိုင်ငံခြားသား ကစားသမားများကိုမူ ဒေါ်လာ ၁၅၀၀၊ ၁၃၀၀ နှင့် ၁၀၀၀ ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် အသင်း ၁၂ သင်းအထိ ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ဘောလုံးအသင်းများ ရေရှည် ရပ်တည်နိုင်ရေးအတွက် MNL အခပေးရုပ်သံလိုင်းကို ထူထောင်သွားရန် စီစဉ်နေကြောင်း MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောဆိုခဲ့သည်။

စစ်အစိုးရ၏ ခိုင်းစေမှုဖြင့် စီးပွားရေး လုပ်ငန်းရှင်ကြီးအချို့က ပုဂ္ဂလိက ဘောလုံးကလပ်များ တည်ထောင်လိုက်ခြင်းသည် ပြည်သူလူထုနှင့် ရင်းနှီး ကျွမ်းဝင်မှုကို ရရှိစေနိုင်သည်ဟု ဆိုကာ အခြားသော စီးပွားရေး လုပ်ငန်းရှင်များကပါ ဘောလုံးအသင်းများ ထူထောင်ရန် စိတ်ဝင်စားနေကြောင်း သိရသည်။


ကျိုက္ကဆံစေတီတော် ပန်းလည်တိုင် နုတ်မရ၍
ထီးတော်သစ်တင်ရန် အခက်အခဲဖြစ်
အောင်ထက် / ၁၃ ဇူလိုင် ၂၀၀၉


ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဆံတော်ရှင် စေတီတော်၏ အလယ်ဗဟိုချက်တိုင် (ပန်းလည်တိုင်) အဟောင်းကို နုတ်မရဖြစ်နေခြင်းကြောင့် ထီးတော်အသစ်တင်လှူပူဇော်ရန် အခက်အခဲဖြစ်နေသည်။

၂၀၀၈ မေ (၃) ရက်က တိုက်ခတ်လိုက်သော နာဂစ်လေဘေးဒဏ်ကြောင့် ကျိုက္ကဆံစေတီတော်ကြီး၏ စိန်ဖူးတော်နှင့် ထီးတော်တို့ ကွေးညွတ်သွားခဲ့သဖြင့် ထီးတော်အဟောင်းကို ကျိုက်ထီးဆောင်း ဆရာတော်ဘုရားကြီးနှင့်အဖွဲ့က အရင်းနေရာမှ ဖြတ်ချလိုက်ပြီးသည့်နောက် ငှက်ပျောဖူးအလယ်နေရာမှ ထည့်သွင်းမြှုပ်နှံထားသော ပန်းလည်တိုင် အဟောင်းကို ကိရိယာမျိုးစုံ သုံး၍ နုတ်ယူရန် ကြိုးစားနေသည်မှာ ယခုအခါ (၁၀) လမျှ ရှိနေပြီဖြစ်ကြောင်း သိရသည်။

စတီးထီးတော်အသစ်မှာ စေတီတော်အရှေ့ဘက် စောင်းတန်း၌ ပင့်ဆောင်ရောက်ရှိနေသည်မှာ (၄) လခန့် ရှိနေပြီဖြစ်သည်။

ဆံတော် (၇) ဆူ၊ ဓာတ်တော် (၁၀) ဆူ ကိန်းဝပ်စံပယ်တော်မူသော သမိုင်းဝင် ကျိုက္ကဆံ ဆံတော်ရှင်စေတီတော်ကို မဟာသက္ကရာဇ် ၁၁၁ ခုနှစ်တွင် စတင်တည်ထားကိုးကွယ်ခဲ့သည်။

ထို့နောက် မြန်မာမင်းအဆက်ဆက်က ပြုပြင်မွမ်းမံခဲ့ရင်း လွန်ခဲ့သောနှစ်ပေါင်း (၄၀) ကျော်က မဟာဆေးဝင်္ကပါ ဆရာတော်ဘုရားကြီးက (၆) ကြိမ်မြောက်အဖြစ် ထီးတော်တင်လှူပူဇော်ခဲ့သည်။

ထိုစဉ်က ထီးတော်မှာ ကြေးဖြင့် သွန်းခတ်ထားပြီး စေတီ၏ အလယ်ဗဟိုချက်တိုင် (ပန်းလည်တိုင်) ကို ထုထည်ကြီးမားသည့် သုံးမြှောင့်ဟင်ဂလန် သံချောင်းကို ထည့်သွင်းအသုံးပြုထားသည်ဟု မဟာဆေးဝင်္ကပါ ဆရာတော် ထီးတော်တင်စဉ်က အနီး၌အတူ ရှိနေခဲ့သည့် ဆရာတော်တပါးက မိန့်ကြားသည်။

“အဲဒီ သုံးမြှောင့်ဟင်ဂလန် ပန်းလည်တိုင်အဟောင်းကို ချွတ်ပြီး အသစ်တချောင်း ပြန်ထည့်ပြီး စတီးထီးတော်အသစ်ကို စွပ်ရမှာဖြစ်တယ်။ ဒါပေမယ့် တစုံတခု ထိခိုက်မှုကြောင့် အက်ကွဲကြောင်းအနည်းငယ် ရှိနေတဲ့ စေတီတော်ဟာ ပန်းလည်တိုင် ချွတ်ရင်း ဒလမြို့နယ်၊ ဓနုတ်ဘုရားလို လဲပြိုသွားမှာကို စိုးရိမ်နေရတယ်” ဟု ၎င်းဆရာတော်ကြီးက ဆက်လက်မိန့်သည်။

စေတီ၏ အလယ်ဗဟိုချက်တိုင်ဖြစ်သော ပန်းလည်တိုင်မှာ (၇) ပေခန့်ရှိမည်ဟု ယူဆ၍ ထီးတော်အရင်းမှ ဖြတ်ချလိုက် ခြင်းကြောင့် ကျန်အပိုင်းကို နုတ်ယူ၍ ခက်ခဲသွားရခြင်းဖြစ်ကြောင်း၊ ပန်းလည်တိုင်အဟောင်းသည် စေတီ၏ ဖိနပ်တော် အရင်းအထိ ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ကျိုက္ကဆံစေတီတော်အနီးမှ ဆရာတော်တပါးက မိန့်သည်။

ထိုဆရာတော်က “ထီးတော်အရင်းနေရာက ဖြတ်ချလိုက်တာနဲ့ပတ်သက်ပြီး ကျိုက်ထီးဆောင်းဆရာတော် အဖွဲ့နဲ့ ကျိုက္ကဆံ စေတီတော်ဂေါပကအဖွဲ့တို့ အချင်းများခဲ့ကြတယ်။ အခု ကျိုက်ထီးဆောင်းထီးတော် တည်ဆောက်ရေးအဖွဲ့က အသစ်ပင့် ဆောင်လာတဲ့ စတီးထီးတော်ဟာ အရင် ကြေးထီးတော်လောက်တောင် ကြံ့ခိုင်မှုမရှိတာကို တွေ့ရတယ်” ဟု မိန့်ကြားသည်။

နာဂစ်လေဘေးသင့် ကျိုက္ကဆံ ဆံတော်ရှင် စေတီတော်ကြီးအား မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ် တပို့တွဲလပြည့်နေ့၌ ထီးတော်အသစ် တင်လှူမည်ဟု ကြေညာခဲ့သော်လည်း စေတီထီးတော်တည်ဆောက်မှုမပြီးသေး၍ ပထမအကြိမ် တင်လှူပူဇော်ခြင်း မပြုနိုင်ဖြစ်ခဲ့သည်။

စတီးထီးတော်အသစ် ပင့်ဆောင်ရောက်ရှိပြီးနောက် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ထီးတော်တင်လှူနိုင်ရန် စီစဉ်ခဲ့သော်လည်း ပန်းလည်တိုင် ဟင်ဂလန်အဟောင်း နုတ်မရ၍ ထီးတော်အသစ်တင်လှူမည့် အစီအစဉ် ဒုတိယအကြိမ် ပျက်ခဲ့ရသည်။

ထီးတော်အသစ် တင်လှူမည့် အစီအစဉ် နှစ်ကြိမ်တိုင် ပျက်ခဲ့ရသည်မှာ ငှက်ပျောဖူးအလယ်ရှိ ပန်းလည်တိုင်အဟောင်း နုတ်မရ၍ဖြစ်ကြောင်း၊ ယနေ့အထိ နုတ်ယူရန် ကြိုးစားနေဆဲဖြစ်ကြောင်း၊ ၁၃၇၁ ခုနှစ် သီတင်းကျွတ်-တန်ဆောင်မုန်း လပြည့်ခန့်တွင် ထီးတော်အသစ်တင်လှူပူဇော်နိုင်မည်ဟု ခန့်မှန်းရကြောင်း ကျိုက္ကဆံစေတီတော် ဂေါပကအဖွဲ့ဝင်တဦးက အတည်ပြုပြောကြားသည်။

သမိုင်းဝင် ကျိုက္ကဆံ ဆံတော်ရှင်စေတီတော်မြတ်ကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် (၂၃၇.၇၅) ပေ၌ တည်ရှိပြီး မြေပြင်အထက် (၂၀၄.၄၁) ဉာဏ်တော်မြင့်ကာ ဖိနပ်တော်အ၀န်းမှာ (၃၈၅) ပေရှိသည်။

မျောက်ရော လူများမှာပါ တီဘီရောဂါ ကူးစက်ပျံ့နှံ့


NEJ / ၁၃ ဇူလိုင် ၂၀၀၉


ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ မျောက်များနှင့် ၀န်ထမ်းများမှာပါ တီဘီရောဂါ ကူးစက်ပြန့်ပွားနေသည်ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူတဦးက ပြောသည်။

တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ မျောက်များ ပုံမှန်မဟုတ်သည့် သေဆုံးမှု ရှိလာသည့်အတွက် ရောဂါတမျိုးမျိုးဖြစ်နေသည်ဟု သံသယရှိ၍ သက်ဆိုင်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်များကို စစ်ဆေးခိုင်းရာမှ မျောက်များတွင် တီဘီရောဂါဖြစ်နေသည်ကို သိရှိရခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

၎င်းက “ကျနော်တို့ သိတဲ့အချိန်မှာ တကောင်နဲ့တကောင် ကူးနေပြီ။ ဒါနဲ့ မျောက်တွေကို ကိုင်တွယ်ရတဲ့ မျောက်ရုံအနား တာဝန်ကျတဲ့ ၀န်ထမ်းတွေကိုပါ ဆေးစစ်ကြည့်တော့ တီဘီရောဂါဖြစ်တဲ့သူတွေ တွေ့ရတယ်။ နောက် ၀န်ထမ်းအားလုံးကို စစ်တော့လည်း အတော်များများမှာ တီဘီရှိနေတာ တွေ့ရတယ်။ ဖြစ်နိုင်တာက လူတွေမှာ အရင်ဖြစ်မယ်၊ နောက် မျောက်တွေကိုပါ ကူးစက်ပြီး နောက်တဆင့် မျောက်အချင်းချင်း တကောင်နဲ့တကောင် ကူးစက်သွားတယ်လို့ ယူဆရတယ်။ ခုတော့ အဲဒီမျောက်တွေကနေ လူတွေကိုပါ တဆင့်ပြန်ကူးတာမျိုး ဖြစ်မလား စစ်ဆေးနေတုန်းပဲ” ဟု ပြောသည်။

တီဘီရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းများကို သက်ဆိုင်ရာကျန်းမာရေးဌာနသို့ စေလွှတ်၍ ဆေးကုသမှု ခံယူစေကြောင်း၊ မျောက်များကို ကုသရန်အတွက်မူ ဆေးဖိုးဝါးခ တန်ဖိုးကြီးသဖြင့် စိတ်ရှည်လက်ရှည်ကုသနိုင်ခြင်းမရှိဘဲ မျောက်အချို့သေဆုံးကုန်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုအခါ မျောက်ရုံတွင် မျောက်ကောင်ရေလျော့နည်းနေသည်ကို တွေ့ရှိရကြောင်း မြို့ခံ မျက်မြင်တဦးက ပြောသည်။

တီဘီအဆုတ်ရောဂါသည် လူအချင်းချင်းကူးစက်နိုင်သကဲ့သို့ လူမှမျောက်၊ မျောက်အချင်းချင်း စသဖြင့် ကူးစက်နိုင်သည်ဟု ပုဂ္ဂလိက တိရစ္ဆာန်ဆေးကုဆရာဝန်တဦးက ပြောသည်။

“တိရစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်နေရတဲ့ လူတွေအနေနဲ့ မိမိဆီက ရောဂါပိုး တိရစ္ဆာန်တွေဆီ မကူးစက်အောင်၊ တိရစ္ဆာန် တွေဆီမှာ ရောဂါရှိနေရင်လည်း မိမိထံမကူးစက်အောင် ပိုးသတ်ထားတဲ့ နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ သုံးသင့်တာပေါ့။ ဒါပေမယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လို ငွေကြေးဘတ်ဂျက်နည်းတဲ့နေရာမှာတော့ ဒီလိုသုံးမယ်မထင်ဘူး” ဟု ၎င်းကပြောသည်။

သြစတြေးလျနိုင်ငံရှိ CSL တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ တိရစ္ဆာန်များ တီဘီရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် စမ်းသပ်ချက်တွင်မူ လူတွင်ဖြစ်ပွားသည့် တီဘီရောဂါသည် လူဝံ၊ မျောက် စသည့် အဆင့်မြင့်နို့တိုက်သတ္တ၀ါများသို့ ကူးစက်နိုင်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါကို အဖြစ်များသည့် ကူးစက်ရောဂါတခုအဖြစ် သတ်မှတ်ထားသော်လည်း တိုက်ရိုက်ကြည့်ရှု အချိန်တိုကုနည်း (DOTS) ဖြင့် စနစ်တကျကုသပါက ပျောက်ကင်းနိုင်သည့်ရောဂါဖြစ်သည်။

သို့သော် စစ်အစိုးရကျန်းမာရေးဝန်ကြီးဌာနသည် တီဘီရောဂါတိုက်ဖျက်ရေးကို မြန်မာတနိုင်ငံလုံးတွင် အမျိုးသားစီမံကိန်း အနေဖြင့် ပြုလုပ်သွားမည်ဟု ပြောဆိုနေသော်လည်း တိုက်ဖျက်ရေးအတွက် ငွေကြေးစိုက်ထုတ်မှုနည်းခြင်း၊ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်မှုမရှိဘဲ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီမှုများနှင့်လောက်သာ ဆောင်ရွက်နေသည့် အတွက် ထိရောက်မှုမရှိခြင်းဖြစ်ကြောင်း ပြည်တွင်းမှ အန်ဂျီအိုများက သုံးသပ်ကြသည်။

၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တီဘီရောဂါဖြစ်ပွားသူ (၈၃,၄၀၃) ရှိပြီး လူ (၁) သိန်းတွင် (၁၇၁) ဦးနှုန်း ဖြစ်ပွားကာ သေဆုံးသူ အရေအတွက်မှာ (၆,၂၉၇) ဦးရှိကြောင်း၊ လူ (၁) သောင်းတွင် ဆရာဝန် (၄) ဦးနှုန်းရှိကြောင်း ကမ္ဘာ့ကျန်မာရေးအဖွဲ့ (WHO) အစီရင်ခံစာတွင် ဖော်ပြသည်။


ငရုတ်သီးမှုန့်၊ ငါးပိနှင့် ငါးပိထောင်းများတွင်
စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေး တွေ့ရှိ
NEJ / ၁၃ ဇူလိုင် ၂၀၀၉


ပြည်တွင်းဈေးကွက်များတွင် ရောင်းချနေသော ငရုတ်သီးမှုန့်၊ စိမ်းစားငါးပိနှင့် ငါးပိထောင်းများတွင် အနီရောင်ဆိုးဆေး (Rodamine B) ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများအား အသိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။

ဓာတုဆိုးဆေးဖြစ်သည့် (Rodamine B) ကို စားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတို့အပြင် ရေရှည်တွင် ကင်ဆာရောဂါဖြစ်စေနိုင်ခြင်းတို့ကြောင့် (Rodamine B) ပါဝင်သော အစားအသောက်များကို မစားကြရန် ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

(Rodamine B) ပါဝင်သော စိမ်းစားငါးပိများမှာ ဧရာရှယ်၊ ရွှေပုဇွန်၊ ကောင်းသန့်၊ ပုစွန်သုံးကောင် စသည့် အမှတ်တံဆိပ်ပေါင်း (၂၀) တို့ဖြစ်ပြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ်များမှာ ရွှေငြုပ်မြိုင်၊ ရသာမွန်နှင့် မမျိုး အရောင်တင်မှုန့် (၃) မျိုးနှင့် မန္တလေးဈေးချို ပန်းတန်းရုံသစ်၊ ဆိုင်အမှတ် (၃၁) မှ ငရုတ်သီးအကြမ်းမှုန့်ဆိုင်တို့ပါဝင်ကာ ငါးပိထောင်းအမှတ်တံဆိပ်များမှာ ရှယ်၊ မိုးတိမ်လွှာ၊ စုလေးနှင့် လှိုင်ဖြိုး အမှတ်တံဆိပ်တို့ ဖြစ်ကြသည်။

အထက်ပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်ရောင်းချသူများသည် အစားအသောက်တွင် သုံးရန်ခွင့်မပြုသည့် ဓာတုဆိုးဆေးများ ကို အသုံးမပြုကြရန်နှင့် မလိုက်နာပါက သက်ဆိုင်ရာမှ အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ တရားစွဲ အရေးယူမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် ဧပြီလကလည်း ငါးပိနှင့် ငါးပိထောင်းများတွင် အနီရောင်ဆိုးဆေး (Rodamine B) ပါဝင်သည်ကို တွေ့ရှိရသဖြင့် ဆက်လက်သုံးစွဲနေပါက လုပ်ငန်းရှင်များကို အရေးယူမည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လအတွင်းကလည်း ပြည်သူများစားသုံးသည့် လက်ဖက်အမျိုးအစား တံဆိပ် (၅၀) ကျော်တွင် အ၀ါရောင် ဓာတုဆိုးဆေး (Auramine o) ပါဝင်နေသည့်အတွက် စားသုံးရန်မသင့်ကြောင်း စစ်အစိုးရ သတင်းစာများမှ သတိပေးကြေညာခဲ့သည်။


ရန်ကုန်လေဆိပ်တွင် A(H1N1) စစ်ဆေးမှု
ပေါ့ဆဟု ခရီးသည်များပြော
NEJ / ၁၃ ဇူလိုင် ၂၀၀၉


မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် ရောက်လာသောခရီးသည်များတွင် A(H1N1) တုပ်ကွေးရောဂါပိုး ရှိ မရှိ စစ်ဆေးမှု လုပ်ဆောင်ချက်များ ပေါ့ဆကြောင်း MAI လေကြောင်းလိုင်းဖြင့် ယမန်နေ့က လိုက်ပါလာသည့် ခရီးသည်တဦးက ပြောသည်။

၎င်းက “ကျနော်က မလေးရှားက ပြန်လာပြီး ထိုင်းကနေ MAI နဲ့ ပြန်လာတာပါ။ ကျနော်က ထင်နေတာ သေသေချာချာ စစ်မယ်ထင်နေတာ။ ဘယ်ကလာဗျာ။ လူတွေကို လိုက်ကြည့်နေပြီး Health Declaration Form ဖြည့်ရတယ်။ အဲဒီမှာ ကျနော်က (ချောင်းဆိုး၊ နှာစေး၊ ဖျားနာကင်း) မှာ အားလုံး ကင်းရှင်းကြောင်း ခြစ်လိုက်တယ်။ အားလုံး ဒီလိုပဲ လုပ်နေကြတာလေ။ တကယ်လို့သာ တယောက်ယောက်မှာ ပါလာတယ်ဆိုရင် လွတ်သွားမှာပေါ့။ ဒါပဲလေ။ သူတို့က သေသေချာချာ မစစ်တာ သေချာပါတယ်ဗျာ၊ ကိုယ်တွေ့ပေါ့” ဟု ပြောသည်။

၎င်းကဆက်ပြီး “ကျနော်က နှာချေနေတာပါလို့ မပြောနိုင်ဘူးလေ။ ကျနော့်ကို ဝေဘာဂီတန်းပို့လိုက်ရင် အလုပ်ပျက်မယ်။ ဒါကြောင့် အားလုံးကောင်းပါတယ်လို့ လုပ်လိုက်တာပါ၊ ကျနော်လည်း မကောင်းဘူးဗျာ” ဟု ပြောသည်။

ရန်ကုန်လေဆိပ်တွင် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်သည်ဆိုသည်မှာ ဗွီဒီယိုကင်မရာကို ထမ်းထားသော လူတဦးနှင့် အခြားလူ (၆) ယောက်ခန့်က စောင့်၍ ခရီးသည်များကို လိုက်ကြည့်ကာ မှတ်တမ်းတင်ရိုက်ကူးခြင်း၊ မှတ်တမ်း အချက်အလက်ယူခြင်းတို့ဖြစ်ကြောင်း မလေးရှားမှ ပြန်လာသည့် အဆိုပါ မြန်မာနိုင်ငံသားခရီးသည်က ပြောသည်။

ဟောင်ကောင်မှ ယမန်နေ့က ပြန်ရောက်လာသည့် ခရီးသည်တဦးကမူ ၎င်းအားသက်ဆိုင်ရာမှ စောင့်ကြည့်ခြင်းမျိုးမရှိဘဲ တယ်လီဖုန်းဖြင့်ဆက်ကာ နေကောင်းလားဟု မေးမြန်းမှုရှိကြောင်း၊ ၎င်းအနေဖြင့် အလုပ်ကိစ္စများ လုပ်စရာရှိသည်ကို သွားလာလုပ်ကိုင်နေကြောင်း ပြောသည်။

ပြီးခဲ့သည့် ဇွန် (၂၇) ရက်တွင် အသက် (၁၃) နှစ်အရွယ် အမျိုးသမီးငယ်တွင် ရောဂါတွေ့ရှိကြောင်း အစိုးရက တရားဝင်ကြေညာခဲ့ပြီး ၎င်းတွင် ရောဂါရှိကြောင်း လေဆိပ်တွင်တွေ့ရှိခဲ့ခြင်း မဟုတ်ဘဲ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင်မှ တွေ့ရှိခြင်းဖြစ်ကြောင်း တရားဝင်ဖော်ပြသည်။

အဆိုပါ အမျိုးသမီးငယ် ရောဂါမဖြစ်ပွားခင် ပြီးခဲ့သည့် ဧပြီလကပင် အစိုးရက A(H1N1) တုပ်ကွေးကို ရန်ကုန်လေဆိပ်၊ နယ်စပ်ဂိတ်များနှင့် ဆိပ်ကမ်းများတွင် စနစ်တကျစစ်ဆေးနေခဲ့ကြောင်း အစိုးရပိုင်သတင်းစာများမှ ရေးသားဖော်ပြခဲ့သည်။

ဇူလိုင် (၆) ရက်တွင်လည်း ထိုင်းလေကြောင်းဖြင့် ရောက်လာသူ အသက် (၂ဝ) အရွယ် အမျိုးသားတဦးတွင် A(H1N1) ရောဂါတွေ့ရှိကြောင်း အစိုးရပိုင်မီဒီယာများမှ ဖော်ပြခဲ့သည်။

အဆိုပါ လူနာကို ဝေဘာဂီအထူးကုဆေးရုံတွင် သီးသန့်ထားရှိပြီး ကုသရာ ဇူလိုင် (၁၁) ရက်တွင် အဖျားလုံးဝမရှိတော့ကြောင်း အစိုးရသတင်းစာများက ဖော်ပြသည်။

ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ကျန်းမာရေးဝန်ကြီးဌာနက လူနာ၏ မိသားစုဝင်များအား ပြင်ပသို့ သွားရောက်ခွင့်မပြုဘဲ စောင့်ကြည့်လျက်ရှိပြီး၊ လူနာနှင့်အတူ လိုက်ပါခဲ့သော ခရီးသည် (၁ဝ၄) ဦးနှင့် ရန်ကုန်လေဆိပ် ဝန်ထမ်းများ၊ လူနာနှင့် ထိတွေ့ခဲ့သူများကိုလည်း ရောဂါ ရှိမရှိ လိုက်လံကြည့်ရှုနေသည်ဟုလည်း ဖော်ပြထားသည်။

ဝေဘာဂီဆေးရုံနှင့်နီးစပ်သည့် သတင်းရပ်ကွက်များအဆိုအရ A(H1N1) ရောဂါပိုးရှိသည်ဟု သံသယ ဖြစ်သောလူနာ (၁၀) ဦးခန့် ဝေဘာဂီဆေးရုံသို့ ရောက်လာသည်ဟု သိရသည်။

“သက်သာလို့ ဆင်းသွားသူတွေလည်း တွေ့ပါတယ်။ ကျန်တာလည်း ရှိသေးတယ်တဲ့။ ကျနော် သိသလောက်တော့ ဆေးရုံဝန်ထမ်းတွေက ဒီသတင်းတွေကို ဘယ်သူ့ကိုမှ မပြောဖို့ ဆရာဝန်ကြီးတွေက ညွှန်ကြားထားတယ်တဲ့။ ဒီလူနာတွေ ထားတဲ့အခန်းတွေကို အလုံပိတ်ထားပြီး အဲဒီဘက်ကို ဖြတ်မလျှောက်ဖို့ တခြားလူနာစောင့်တွေကိုလည်း မှာထားတယ်တဲ့” ဟု ဆေးရုံဝန်ထမ်းများနှင့် နီးစပ်သူတဦးက ပြောသည်။

A(H1N1) တွေ့ရှိခဲ့သော လူနာ (၂) ဦးလုံးမှာ လေဆိပ်တွင် စစ်ဆေးစဉ်က ကျန်းမာရေး ကောင်းမွန်သူများဖြစ်ပြီး နေအိမ်သို့ ပြန်ရောက်ပြီးမှ ရောဂါတွေ့ရှိသည်ဟု သတင်းစာတွင် ဖော်ပြသည့်အတွက် ရန်ကုန်မြို့ခံများက လေဆိပ်တွင် စစ်ဆေးမှုပြုလုပ် သည့်အပေါ် ယုံကြည်မှုမရှိကြကြောင်း သိရသည်။


နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်ပါတီက
အရေးပေါ်အစည်းအဝေး ခေါ်မည်
NEJ / ၁၃ ဇူလိုင် ၂၀၀၉


နအဖစစ်အစိုးရ တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဆုံးဖြတ်ချက်ချရန် မွန်ပြည်သစ်ပါတီက ဗဟိုကော်မတီဝင်များအား ယခုလအတွင်း အရေးပေါ်အစည်းအဝေး ခေါ်ယူရန် စိုင်းပြင်းနေကြောင်း သိရသည်။

ပါတီဗဟိုအလုပ်မှုဆောင်တဦးက “ဇူလိုင်လဆန်းတုန်းက နယ်ခြားစောင့်တပ် ပြောင်းရေးမှာ သဘောတူမလား၊ မတူဘူးလားဆိုတာ ဆုံးဖြတ်ချက် ချလို့မရဘူးဖြစ်နေတယ်။ အဲဒီအစည်းအဝေးက ဗဟိုအလုပ်မှုဆောင်တွေပဲပါတယ်။ အခုလုပ်မယ့် အစည်းအဝေးက ဗဟိုကော်မတီဝင် (၃၀) ကျော် တက်ရောက်မယ်။ အခုလောလောဆယ်တော့ ဇူလိုင် (၂၅) ရက် နေ့လို့ သတ်မှတ်ထားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ရေးချောင်းဖျား ဗဟိုဌာနချုပ်တွင် ကျင်းပမည့် ယခုအရေးပေါ်အစည်းအဝေးသို့ စစ်ဘက်ဆိုင်ရာ ကော်မတီဝင် (၆) ဦးလည်း တက်ရောက်မည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီ၏တပ်မတော် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အား နယ်ခြားစောင့်တပ် (သို့မဟုတ်) ဌာနေပြည်သူ့ စစ်တပ်အဖြစ် အသွင်ပြောင်းရန် လွန်ခဲ့သည့် ရက်ပိုင်းက ဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်း မရှိခဲ့၍ ဗဟိုကော်မတီဝင်အစည်းအဝေး ထပ်မံကျင်းပရခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌနှင့် ရတခ တိုင်းမှူးတို့ နောက်ဆုံး တွေ့ဆုံပွဲတွင် ပါတီ၏တပ်မတော် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အား ဥပဒေဘောင်အတွင်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပါတီ၏ သဘောထားကို ဇူလိုင်လကုန်ပိုင်းတွင် တင်ပြရန် ဗိုလ်ချုပ်သက်နိုင်ဝင်းက တောင်းဆိုထားသည်။

“နယ်ခြားစောင့်တပ် မပြောင်းဘူးဆိုရင် မွန်ပြည်သစ်ပါတီရဲ့ ဌာနေပြည်သူ့စစ်အဖွဲ့အနေနဲ့လည်း လက်ရှိတပ်တည်နေရာအတိုင်း ဆက်အုပ်ချုပ်ခွင့်၊ ဆက်နေခွင့်ပြုမယ်လို့ တိုင်းမှူးက ပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး အခုလာမယ့် အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်မှာဖြစ်တယ်” ဟု အထက်ပါ ပါတီဗဟိုအလုပ်မှုဆောင်က ပြောသည်။

မွန်ပြည်သစ်ပါတီ၏ လက်ရှိရပ်တည်ချက်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား စစ်အစိုးရက ပြင်ဆင်ခြင်းမပြုလျှင် ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန်နှင့် တပ်အသွင်ပြောင်းရန် လက်ခံမည်မဟုတ်ကြောင်း ငြင်းဆိုထားသည်။

လူမိုက်လက်သစ်လုပ်ရန် ကြံစည်နေသော စစ်အုပ်စုကို
အရေးယူရန် အချိန်တန်ပြီ
NEJ / ၁၃ ဇူလိုင် ၂၀၀၉


မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်းကူပြောင်းရေးအတွက် စစ်အုပ်စုကို နားချရန် ကြိုးစားနေသည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ သံတမန်ရေးနည်းလမ်းသည် လမ်းဆုံးပြီဟု ဆိုရမည့်ကိန်းဆိုက်နေသည်။

အင်းစိန်ထောင်တွင် မတရားအမှုဆင် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အမြန်ဆုံးလွှတ်ပေးရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ရာထူးအမြင့်ဆုံး အကြီးအကဲဖြစ်သော အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင် ဇူလိုင်လ (၃) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး အစွမ်းကုန်ကြိုးပမ်းသော်လည်း အောင်မြင်မှုမရဘဲ ပြန်သွားခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် လမ်းဆုံးမည့်ကိန်းဆိုက်နေသည်ဟု ဆိုရခြင်းဖြစ်သည်။

အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံတွင် နှစ်ရက်ကြာနေထိုင်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်ရရန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့သည်။ သို့သော် မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားစီရင်ရေးစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်ဟု အကြောင်းပြကာ တွေ့ခွင့်ပေးရန် ငြင်းပယ်ခဲ့သည့်အတွက် အတွင်းရေးမှူးချုပ်၏ လာရင်းခရီးစဉ် မအောင်မမြင်ဖြစ်ခဲ့ရခြင်းဖြစ်သည်။

မစ္စတာဘန်ကီမွန်းက နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နှစ်ကြိမ်တွေ့ဆုံခဲ့စဉ်အတွင်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်ခွင့်ရရေးအတွက် လုပ်ဆောင်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်ဟု မြန်မာပြည်မှ မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ ပြောဆိုခဲ့သည်။

သူ့အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မပေးခြင်းသည် နိုင်ငံရေးအရ ပွင့်လင်းမှုရှိကြောင်း ပြသနိုင်သည့် အခွင့်အလမ်းများကို မြန်မာစစ်အစိုးရအနေဖြင့် လက်လွတ်အဆုံးရှုံးခံခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အလယ်၌ ပို၍ အထီးကျန်ဖြစ်အောင် လုပ်ဆောင်သလို ဖြစ်လိမ့်မည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် မစ္စတာဘန်ကီးမွန်းက သတိပေးစကား ပြောကြားခဲ့သည်။

မစ္စတာဘန်ကီမွန်းနှင့် မိနစ်ပိုင်းမျှ တွေ့ခွင့်ရခဲ့သည့် အန်အယ်လ်ဒီပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း နအဖအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် နအဖထံ တောင်းဆိုထားသည့် အခြေအနေများကို ဘန်ကီမွန်းအား တင်ပြခဲ့သည်ဟု ဆိုသည်။

အီတလီနိုင်ငံတွင် ကျင်းပခဲ့သည့် စက်မှုထိပ်သီး (၈) နိုင်ငံ ခေါင်းဆောင်များ၏ အစည်းအဝေးမှလည်း မြန်မာစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး ပွင့်လင်းမြင်သာသည့် ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးရန် ဇူလိုင်လ (၈) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။

ဇူလိုင်လ (၈) ရက် ဒေသစံတော်ချိန် ညနေပိုင်းက ကုလသမဂ္ဂ နယူးယောက်ဌာနချုပ်၌ ကျင်းပပြုလုပ်သည့် အတွင်းရေးမှူးချုပ်၏ မြန်မာ့မိတ်ဆွေနိုင်ငံများ တံခါးပိတ်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီက အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေကို ရှင်းပြခဲ့သည်။

တံခါးပိတ်အစည်းအဝေးတွင် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က လုံခြုံရေးကောင်စီအတွင်း မြန်မာ့အရေးကို တရားဝင်ဆွေးနွေးဖို့ တောင်းဆိုခဲ့ကြသည်။ တံခါးပိတ်အစည်းအဝေးသို့ မစ္စတာဘန်ကီမွန်း မတက်ရောက်နိုင်သော်လည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအစည်းအဝေး ကျင်းပသည့်အခါ လုံခြုံရေးကောင်စီဝင်များရှေ့မှောက်၌ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်သည့် သူ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းမည်ဟုဆိုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးသည့်အပေါ် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နိုင်ငံတို့က အထူးစိတ်ဆိုးဒေါသထွက်ခဲ့ကြသည့်အတွက် အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။

ထိုသို့ မြန်မာစစ်အစိုးရအပေါ် ပိုမိုဖိအားပေးမည့် သတင်းများ ထွက်ပေါ်နေသော်လည်း စစ်အုပ်စုကမူ အလျှော့ပေးမည့် အရိပ်အယောင်မပြဘဲ ဆက်လက်တင်းကျပ်မြဲ၊ ဆက်လက်ဖိနှိပ်မြဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ရုံးတင်စစ်ဆေးမြဲ စစ်ဆေးနေသည်ကိုသာ တွေ့ရသည်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အတိုက်အခံအများစုအား ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဘဲ သူတို့စိတ်ကြိုက်ရွေးချယ်ထားသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်သာ တဖက်သတ် ကျင်းပသွားမည့် အနေအထားမျိုး တွေ့နေရသည်။

ထို့အပြင် မြန်မာစစ်အုပ်စုသည် ကမ္ဘာ့ထိပ်သီးလူမိုက် မြောက်ကိုရီးယားအစိုးရနှင့် မိတ်ဖွဲ့ပေါင်းဖက်ကာ နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် လူမိုက်လက်သစ်နိုင်ငံဖြစ်ရေးအတွက် အပူတပြင်း ကြိုးစားလုပ်ဆောင်နေသည်ကိုလည်း မကြာသေးမီ က ထွက်ပေါ်လာသည့် ဓာတ်ပုံအထောက်အထားများ၊ အစီရင်ခံစာများအရ သိရှိရပေသည်။

ထိုသို့ သံတမန်ရေးအရ အမြင့်ဆုံးကြိုးပမ်းခဲ့မှုကို အာခံခဲ့သည့်အပြင် ဒေသတွင်းလုံခြုံရေးကိုပါ ခြိမ်းခြောက်နိုင်သည့် အနေအထားဖြစ်အောင် ကြံစည်လုပ်ဆောင်နေသည့် နအဖစစ်အုပ်စုအား ပြင်းထန်သည့် ဒဏ်ခတ်အရေးယူပိတ်ဆို့မှု များမှသည် မြန်မာနိုင်ငံ၌ အစိုးရအပြောင်းအလဲ (Regime change) ဖြစ်ပေါ်သည့် အနေအထားသို့ ရောက်ရှိသည်အထိ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးပါရန် ခေတ်ပြိုင်မှ တောင်းဆိုလိုက်ရပေသည်။

ဘန်ကီမွန်း မြန်မာခရီးစဉ် လုံခြုံရေးကောင်စီကို အစီရင်ခံမည်

13 July 2009


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မကြာသေးခင်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဒီကနေ့ အစီရင်ခံဖို့ ရှိနေတဲ့နေရာမှာ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ အပါအ၀င် ကုလသမဂ္ဂက ဒီထက်ပို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့တဲ့ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအ၀င် နိုင်ငံရေး အင်အားစုတွေက အခုလို တိုက်တွန်းလိုက်ကြတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မကြာသေးခင်က သူ့ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြန်ပြီး ရှင်းပြဖို့ရှိတဲ့ နေရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် လုံခြုံရေးကောင်စီရဲ့ ပံ့ပိုးမှုနဲ့ ဒီထက်ပိုလုပ်ဖို့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက လိုလားနေကြတာပါ။ အထူးသဖြင့်ကတော့ ဖမ်းဆီးထားပြီး တရားစွဲဆိုတာ ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူးချုပ်က သူ့ရဲ့ခရီးစဉ်မှာ မတွေ့နိုင်ခဲ့တာမျိုးလို သူရည်မှန်းထားသလို ထင်တိုင်းမပေါက်လို့ စိတ်ပျက်ရတဲ့အကြောင်း အတွင်းရေးမှူးချုပ် ကိုယ်တိုင်က ပြောထားတာမို့ ဒီလိုအခြေအနေမှာ လုံခြုံရေးကောင်စီရဲ့ ကျောထောက်နောက်ခံနဲ့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေကို အားဖြည့်ပေးဖို့ လိုနေပြီဆိုပြီး တိုက်တွန်းလိုက်ကြတာပါ။ အန်န်အယ်လ်ဒီပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်က သူ့အမြင်ကို အခုလို ဆိုပါတယ်။

“အန်န်အယ်လ်ဒီမှာလည်း ကျနော် ပြောထားတာရှိပြီ၊ နောင်ကို အန်န်အယ်လ်ဒီမှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြီးတော့ အန်န်အယ်လ်ဒီက ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ စဉ်းစားမှာပဲ။ ဒါပေမယ့် ကျနော် မသိဘူး။ ကျနော့်ရဲ့သဘောထား ကျနော်ပြောမယ်၊ ဒီကိစ္စဟာ ဘန်ကီမွန်းက အများဆုံးလုပ်နိုင်မှ အစီရင်ခံမှာပဲ၊ လုံခြုံရေးကောင်စီကို သူ့ခရီးနဲ့ ပတ်သက်လို့ အစီရင်ခံမှာပဲ။ အဲဒီအချိန်မှာလည်း ဘာမှ သူပြောစရာအကြောင်း ရှိမှာမဟုတ်ဘူး။ ဗမာအစိုးရအနေနဲ့ အခွင့်အရေးတွေ လွတ်သွားတယ် ဆိုတာလောက်နဲ့ ဒေါ်စုနဲ့ မတွေ့ရဘူး၊ ဒါလောက်ပဲရှိမှာပဲ။ ဒါလည်း သိပ်ပြီးတော့ အကြောင်းထူးစရာ မရှိဘူး။ ကျနော်တို့ မစ္စတာဘန်ကီမွန်းကို ပြောဖို့ကတော့ ဗမာပြည်အရေးဟာ အလွန်ရေးကြီးပါတယ်၊ အဲတော့ ဗမာပြည်အရေးကို လုံခြုံရေးကောင်စီအဆင့်နဲ့ ဆွေးနွေးဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကို မစ္စတာဘန်ကီမွန်းအနေနဲ့ အလေးအနက် ပြောသင့်တယ်၊ တိုက်တွန်းသင့်တယ်၊ အကြံပေးသင့်တယ်လို့ ကျနော်က ယူဆတယ်။”

ဒီလိုပဲ မကြာသေးခင်ကပဲ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးသုံးသပ်မှုတွေ လုပ်ခဲ့ကြတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအင်အားစု တခုဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) က ဦးအေးသာအောင်ကလည်း မြန်မာ့အရေးမှာ အပြောင်းအလဲတွေ ဖြစ်စေဖို့အတွက် လုံခြုံရေးကောင်စီရဲ့ ပံ့ပိုးမှုတွေ လိုနေပြီလို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ကုလသမဂ္ဂလို နိုင်ငံတကာရဲ့ ပံ့ပိုးမှုနဲ့အတူ အပြောင်းအလဲတွေ ဖြစ်ဖို့ကတော့ နိုင်ငံရေးအင်အားစုတွေနဲ့ အပြောင်းအလဲကို လိုလားသူတွေရဲ့ တာဝန်ဖြစ်လိမ့်မယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“တကယ်တော့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် လာတယ်၊ တစုံတရာ တိုးတက်မှု မရှိဘူး။ တိုးတက်မယ့် အရိပ်လက္ခဏာတောင် မမြင်ရဘူး။ ဒီတော့ ကုလသမဂ္ဂ နောက်ဆုံးလုပ်ဖို့ကတော့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ မဖြစ်မနေ ဆောင်ရွက်အောင် ဆုံးဖြတ်ချက်မျိုး ဖြည့်ဖို့ မြန်မာနိုင်ငံက ပြည်သူတွေကရော၊ နိုင်ငံရေးပါတီတွေကရော မျှော်လင့်တာပေါ့။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက ၀ိုင်းဝန်းပြီး တွန်းအားပေးမယ်ဆိုရင်တော့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးတာမျိုး၊ နအဖဘက်က ပြုပြင်ပြောင်းလဲတာမျိုးတွေကို ပြင်းထန်တဲ့ တွန်းအားတွေနဲ့ တွန်းရင်တော့ အတိုင်းအတာ တခုအထိ ရနိုင်မလားလို့ ပြည်သူတွေကတော့ မျှော်လင့်ထားကြတာပေါ့။ ဒါပေမယ့် အဓိကကတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေကပဲ တစုံတရာ ပြောင်းလဲလာအောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုမယ်လို့လည်းပဲ ကျနော်တို့အနေနဲ့ သုံးသပ်ပါတယ်။”

တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအေးသာအောင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလို အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်ဖို့ တိုက်တွန်းမှုတွေ ရှိနေပေမယ့်လည်း မြန်မာနိုင်ငံ ပြဿနာဟာ ဒေသတွင်း ခြိမ်းခြောက်မှုတရပ် မဟုတ်ဘူး၊ ပြည်တွင်းရေးရာ ပြဿနာတခုသာ ဖြစ်တယ်ဆိုပြီး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ကို အရင့်အရင်တုန်းက လက်မခံဘဲ နေခဲ့တာပါ။ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကတော့ မြန်မာနိုင်ငံကိစ္စကို သာမန်အရေးကိစ္စတခုအဖြစ် မရှုမြင်သင့်ဘူးလို့ ယူဆနေကြပါတယ်။ အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင်ကတော့ …

“ဒေသဆိုင်ရာ ပြဿနာ မဟုတ်ဘူးဆိုတာ မမှန်ဘူးခင်ဗျ။ ဗမာ Issue က ရင့်မှည့်နေပါပြီလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ G 8 မှာ ဆုံးဖြတ်လိုက်တာ အကောင်းဆုံးဟာပဲဗျ။ တော်ရုံတန်ရုံကိစ္စဟာ G 8 ကို ရောက်စရာအကြောင်း မရှိဘူး၊ မရောက်နိုင်ဘူး။ အီရန်လို အရေးကြီးနေတဲ့ ကိစ္စမျိုးအနေနဲ့သာ ရောက်လာတဲ့ဟာ ဖြစ်ပါတယ်။ အဲတော့ ဗမာကိစ္စဟာ အာဆီယံလို ဒေသတွင်းမှာသော်လည်းကောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သော်လည်းကောင်း မဆွေးနွေးနိုင်စရာ မရှိတဲ့ အခြေအနေမျိုး ရောက်ပြီလို့ ပြောချင်ပါတယ်။”

အန်န်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ သူ့ခရီးစဉ်အတွင်း ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အတိုက်အခံနဲ့ စစ်အစိုးရကြား ဆွေးနွေးပြောဆိုမှုတွေ ဖြစ်ဖို့နဲ့ စစ်အစိုးရက ကျင်းပဖို့ စီစဉ်နေတဲ့ ရှေ့နှစ် ရွေးကောက်ပွဲတွေဟာ အများက လက်ခံယုံကြည်နိုင်တဲ့ အခြေအနေတွေရှိဖို့ စတာတွေကို သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ပြီး ဆွေးနွေးဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့်လို့ ရည်ရွယ်ချက် အထမမြောက်တာတွေ ရှိခဲ့တဲ့နောက် စိတ်ပျက်ရတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ခရီးစဉ်အဆုံး မှတ်ချက်ပေး ပြောဆိုခဲ့ပေမယ့် သူ့ခရီးစဉ်တခုလုံးအပေါ် မအောင်မမြင် ဖြစ်ရတယ်လို့တော့ မမှတ်ယူစေချင်တဲ့ အကြောင်းလည်း ပြောခဲ့ပါတယ်။

အထွေထွေ ရွေးကောက်ပွဲ ကျင်းပရက် ဂျပန်ဝန်ကြီးချုပ် ကြေညာ

13 July 2009


ဂျပန်ဝန်ကြီးချုပ် တာရို အာဇို (Taro Aso) က နောက်သီတင်းပတ်အတွင်း အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး သြဂုတ်လ ၁၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုလိုက်ပါတယ်။ တိုကျိုမြို့တော်က ရွေးကောက်ပွဲမှာ မစ္စတာအာဇိုရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (Liberal Democratic Party) က အဓိက ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့အပြီး တရက်အကြာမှာ အခုလို သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ အကြောင်းစုံကို တိုကျိုမြို့က ဗွီအိုအေသတင်းထောက် အာကီကို ဖူဂျီတာ (Akiko Fujita) သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး ဒေသခံ ရွေးကောက်ပွဲကြီးက ထွက်ပေါ်လာတဲ့ နောက်ဆုံး အနိုင်အရှုံး စာရင်းတွေကြောင့် အခုလို ဂျပန်နိုင်ငံရေး လောကမှာ အကြိတ်အနယ် အခြေအနေ စတင်ခဲ့တာပါ။ ဂျပန်ရဲ့ အတိုက်အခံ ဒီမိုကရက်ပါတီ (DPJ) က တိုကျိုမြို့တော်တွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၄ နေရာနဲ့ အပြတ်အသတ် အနိုင်ရရှိလိုက်တာပါ။ အာဏာရ LDP လစ်ဘရယ် ဒီမိုကရက်ပါတီကတော့ ၃၈ နေရာ အနိုင်ရပြီး ၁၀ နေရာ လက်လွတ် ဆုံးရှုံးသွားပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကြောင့် တိုကျိုရဲ့ LDP ပါတီဥက္ကဋ္ဌ နိုဘူတီရူ အီရှိဟရ (Nobuteru Ishihara) က အခြေအနေ သိပ်မဟန်ကြောင်း ပြောခဲ့ပါတယ်။

သူ့ပါတီရဲ့ ကိုယ်စားလှယ် အများစုဟာ လူထုရဲ့ ယုံကြည်မှုကို လက်လွတ် ဆုံးရှုံးခဲ့ရတယ်၊ ဒါဟာ အထွေထွေ ရွေးကောက်ပွဲကြီးမှာ အတော်လေး ဂယက်ရိုက်နိုင်တယ်လို့ အီရှိဟရက ပြောသွားပါတယ်။

အခုလို အခြေအနေမလှတဲ့ ဖြစ်ရပ်ကြောင့် အောက်လွှတ်တော်ကို ဖျက်ပြီး အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးဖို့ ၀န်ကြီးချုပ် အာဇိုအပေါ် ဖိအားတိုးပေးရာ ရောက်စေခဲ့ပါတယ်။

ယူကီအို ဟတိုယမ (Yukio Hatoyama) ကတော့ ဂျပန်ရဲ့ DPJ ဒီမိုကရက်ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို မြန်မြန်ထက်ထက် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့နဲ့ မဲဆန္ဒရှင်တိုင်းရဲ့ အသံကို နားစွင့်ဖို့လည်း ဟတိုယမက ၀န်ကြီးချုပ် အာဇိုကို တိုက်တွန်းသွားပါတယ်။

ဒီနောက် နာရီအနည်းငယ် အကြာမှာပဲ ၀န်ကြီးချုပ်က သြဂုတ်လ ၃၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်ဖို့ တလကျော်ပဲ အချိန်ကျန်ပါတော့တယ်။ ဒါပေမယ့် အာဏာရ LDP ပါတီရဲ့ ရှေ့ရေးကတော့ ရင်လေးစရာပါ။ ဂျပန် ထိပ်တန်း သတင်းစာကြီးတွေရဲ့ နောက်ဆုံးကောက်ခံတဲ့ စစ်တမ်းတွေအရတော့ အများစုက အတိုက်အခံ DPJ အင်အားစု ဦးဆောင်တဲ့ အစိုးရကို ထောက်ခံကြတာ တွေ့ရပြီး မစ္စတာအာဇိုအပေါ် ထောက်ခံမှု ကျဆင်းသွားပါတယ်။ သူ့ပါတီတွင်း တချို့က သူ့ကို မနှစ်သက်ကြတဲ့အတွက်လည်း သြဂုတ်လ ရွေးကောက်ပွဲ မတိုင်မီ သူ့ကို ပါတီခေါင်းဆောင်အဖြစ်က ဖြုတ်ပစ်ကြဖို့ လိုလားကြတာလည်း ရှိပါတယ်။

အထွေထွေ ရွေးကောက်ပွဲကြီးမှာ အာဏာရ LDP သာ ဆုံးရှုံးခဲ့ရင် ဒါဟာ ဂျပန်နိုင်ငံရေးမှာ နှစ် ၅၀ ကျော်ကြာ LDP ရဲ့ ကြီးစိုးမှုကို အဆုံးသတ်စေမှာလည်း ဖြစ်ပါတယ်။ ချွိုင်တက္ကသိုလ် (Chuo University) က ပါမောက္ခ စတီဖင် ရိဒ် (Professor Stephen Reed) ကတော့ အတိုက်အခံ DPJ ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်စာရင် အခု အင်အားပိုကောင်းလာတယ်လို့ ဆိုပါတယ်။

“သူတို့က ဒီလိုလုပ်ဖို့ ၁၉၉၆ ခုကတည်းက စဉ်းစားလာခဲ့ကြတာပါ။ သူတို့ဘာလုပ်ကြမလဲ ဆိုတာကိုလည်း သူတို့အချင်းချင်းကြား စကားပြောဆို ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ သူတို့က အတော်လေးကို မျှော်မှန်းချက် ကြီးကြတာပါ။”

အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေနဲ့ စီးပွားရေး ကျဆင်းမှုကြောင့် အာဏာရ LDP ပါတီအပေါ် လူကြိုက်များမှုကတော့ လျော့ကျလာပါတယ်။ မစ္စတာအာဇိုဟာ သက္ကရာဇ် ၂၀၀၆ ခုနောက်ပိုင်း တတိယမြောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ကြီးချုပ်ပဲ ဖြစ်ပါတယ်။ အဲဒီဝန်ကြီးချုပ်တွေအနက် ၀န်ကြီးချုပ် တဦးတလေမှ တနှစ်ကျော်အထိ သူတို့ရာထူးမှာ တာဝန်ထမ်းဆောင်ခဲ့တာ မတွေ့ရပါဘူး။

ကင်ဂျုံအီးလ် Pancreatic ကင်ဆာ ဖြစ်နေကြောင်း သတင်းထွက်

13 July 2009


မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအီးလ် (Kim Jong-il) ဟာ ပန်းခရီယကင်ဆာ (Pancreatic Cancer) ရောဂါ ခံစားနေရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တော်ကိုရီးယား ယွန်ဟပ် ရုပ်မြင်သံကြား သတင်းဌာန (YTN) က ဒီနေ့ ကြေညာပါတယ်။

YTN ရဲ့ အဆိုအရ ဒီသတင်းဟာ တောင်ကိုရီးယားနဲ့ တရုတ် စုံစမ်းစစ်ဆေးရေး အရာရှိတွေဆီက ရခဲ့တဲ့ သတင်းဖြစ်တယ်လို့ ပါရှိပါတယ်။ ဒါပေမယ့် ဆိုးလ်မြို့မှာရှိတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနကတော့ ဒီသတင်းကို သူတို့မရဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ လျှို့ဝှက်သတင်းတွေကို ဖော်ပြတဲ့ ပုဂ္ဂလိကပိုင် Open Radio ရဲ့ ဌာနမှူး ဟာ တေ-ကျုံး (Hah Tae-kyoung) ကတော့ ဒီသတင်းကို မယုံကြည်ဘူးလို့ ပြောပါတယ်။

ပန်းခရိယကင်ဆာဟာ သေစေနိုင်တဲ့ ရောဂါဖြစ်ပြီး နောက်ဆုံးအဆင့်ကို ရောက်မှပဲ ရှာဖွေဖော်ထုတ်လို့ ရနိုင်တဲ့ ရောဂါမျိုးဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

မစ္စတာကျင်ဂျုံအီးလ်ရဲ့ ကျန်းမာရေး အခြေအနေကို ပြီးခဲ့တဲ့နှစ်တုန်းက လေဖြတ်ဝေဒနာ ခံစားရကြောင်း သတင်းထုတ်ခဲ့ပြီးနောက် စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။

ကေအန်ယူကို တိုက်ခိုက်ရန် စစ်ကြောင်းများ တက်လာနေသည့် သတင်းကြောင့် ဒေသခံတို့ကြောက်ရွံ့နေကြ
Mon 13 Jul 2009, ရိုင်မရော့
ကရင်ပြည်နယ် ဘုရားသုံးဆူဒေသရှိ ကေအန်ယူ တပ်မဟာ (၆) ကို တိုက် ခိုက်ရန် နအဖစစ်ကြောင်းများတက်လာနေသည်ဟု သတင်းများ ထွက် ပေါ်နေခြင်းကြောင့် ကုန်သည်များ၊ လှေသမားများအပါဝင် ဒေသခံတို့က ကြောက်ရွံ့နေကြပြီး ၄င်းလုပ်ငန်းများ နားထားရသည်ဟု သိရသည်။

မဲကသာတောကြား တဲသုံးလုံးလမ်းခွတွင် ကေအန်ယူတပ်မဟာ (၆) ယာ ယီစခန်းတစ်ခုကို ဒီကေဘီအေတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အင် အား (၁၀၀၀) ခန့်ရှိ နအဖဘက်မှ စစ်ကြောင်း ချီတက်လာနေသည်ဟု သတင်းထွက်ပေါ်နေခြင်းနှင့် ဘုရားသုံးဆူမြို့အပြင် ဘက်တွင် ပေါ်တာ ဆွဲနေခြင်းတို့ကြောင့် လှေသမားများ လှေမဆွဲရဲဘဲ ကုန်သည်များ လည်း မသွားလာရဲကြပေ။

“တဲသုံးလုံးမှာ တိုက်ပွဲဖြစ်ပြီးတော့ လှေသမားတွေလည်း မပြေးဆွဲရဲဘူး၊ ကျမတို့ကုန်သည်တွေလည်း မသွားလာရဲဘူး၊ အခုလို ဒီကေဘီအေနဲ့ ကေအန်ယူကြားမှာ ပဋိပက္ခဖြစ်နေတဲ့ကြား ကိုယ်ပါ သူတို့တိုက်ပွဲနဲ့ပါ သွားမယ်၊ ဒါကြောင့် အခုလောလောဆယ်မှာတော့ ခဏနားထားရတာ ပေါ့” ဟု ဘုရားသုံးဆူမြို့မှ ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

ဇူလိုင်လ (၈) ရက်နေ့ မဲကသာတောကြား တဲသုံးလုံးလမ်းခွနေရာရှိ ကေ အန်ယူ တပ်မဟာ (၆) ယာယီစခန်းတစ်ခုကို ဒီကေဘီအေနှင့် နအဖတို့ ပူပေါင်းဝင်ရောက်ခိုက်ခြင်းနှင့် ဇူလိုင် (၁၁) နေ့မှာ ကေအန် ယူတပ်မဟာ ဘက်မှ လက်နက်ကြီးကျရောက်ခဲ့ပြီးနောက်ပိုင်း ဒေသခံတို့က ကြောက်ရွံ့ နေကြသည်ဟု ဒေသခံတို့က ပြောသည်။

“မဲကသာမှာ တိုက်ပွဲဖြစ်ပွားပြီးတော့ နအဖဘက်မှ စစ်ကြောင်းတွေ တက် လာနေတယ် လို့ကြားတယ်။ ဒါပေမယ့် ဘုရားသုံးဆူထိတော့ မရောက် သေးဘူး၊ ပြီးတော့ ပေါ်တာတွေလည်း ဆွဲမယ်လို့ ကြားတယ်” ဟု နအဖ နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

အတည်မပြုနိုင်သေးသည့် ကောလဟလသတင်းတစ်ရပ်အရ ဇူလိုင်လ (၁၁) နေ့က ဘုရားသုံးဆူမြို့အပြင်ဘက် တောင်ဝိုင်းမှာ ပေါ်တာဆွဲနေပြီး၊ ကေအန်ယူကို အမြစ်ဖြတ် တိုက်ခိုက်ရန်အတွက် စစ်ကြောင်း ချီတက် လာသည့် နအဖတပ်တို့မှ ဘုရားသုံးဆူမြို့မှ ပေါ်တာအင်အား (၈) ရာ လောက် လိုအပ်သည်ဟု သတင်းထွက်ပေါ်နေသည်။

ဘုရားသုံးဆူမြို့၌ ဗုံးပေါက်ကွဲပြီးနောက်ပိုင်းနှင့် ယခုလို ကေအန်ယူနှင့် ဒီကေဘီအေတို့ကြားပဋိပက္ခဖြစ်ပေါ်နေခြင်းကြောင့် ၄င်းဒေသအခြေစိုက် ခလရ (၃၂) တို့မှ မဲကသာတောအတွင်း သွားလာခွင့်ကို ပိတ်ပင်ထားပြီး၊ မြို့တွင်းနှင့် မြို့ပြင် ည (၁၀) နာရီကျော် အပြင်ထွက်ခွင့်ကိုလည်း ပိတ်ပင် ထားသည်ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။

“ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ခလရ (၃၂) က စစ်သား ၇ ယောက် ကေ အန်ယူနဲ့သွား ပေါင်းတာကြာတယ်၊ အဲဒီ (၇) ယောက်ထဲမှာ ဗိုလ်ကြီးတစ် ယောက်လည်းပါတယ်တဲ့၊ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုး မျိုးပြောဆိုနေကြတယ်၊ တချို့က သွေးရိုးသားရိုးမဟုတ်ဘူးလို့လည်း ပြော နေကြတယ်” ဟု ၄င်းနအဖနှင့် နီးစပ်သူက ဆက်ပြောပြသည်။

ကေအန်ယူ တပ်မဟာ (၇) ကို မြန်မာစစ်အစိုးရနှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တို့သိမ်းခဲ့ပြီးနောက် ဘုရားသုံးဆူ -သံဖြုဇရပ်ဒေသရှိ တပ်မဟာ (၆) ကို ဆက်လက် အမြစ်ပြတ် တိုက်သွား မည်ဟု ဘုရားသုံးဆူဒေသမှ တိုင်းရင်သားလိုက်နက်ကိုင်အဖွဲ့တို့၏ အဆိုရ သိရသည်။

ကရင်အမျိုးသမီးအဖွဲ့စည်းက ထုတ်ပြန်ထားသည့် ကြေငြာချက်အရ ကရင် လူမျိုးအများအပြားက စိုးရိမ်းရတဲ့ အခြေအနေမှာရှိနေပြီး ကရင် ဒုက္ခသည် ၄၀၀၀ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသိမ်းရှောင်းနေရသည်ဟု သိရသည်။

ဇူလိုင်လ (၂၅) ရက်နေ့မှစ၍ မွန်ပြည်သစ်ပါတီမှ အရေးပေါ်အ စည်းဝေးပြုလုပ်မည်
Mon 13 Jul 2009, ရိုင်မရော့၊ မိမွန်စွန်း
မွန်ပြည်သစ်ပါတီ ဗဟိုဌာနမှ ဗဟိုကော်မတီဝင်များအားလုံးကို ဇူလိုင်လ (၂၅) ရက်နေ့မှစ ၍ ရက်အကန့်သတ်မရှိ အရေးပေါ်အစည်းအဝေး ခေါ်ယူ ဆွေးနွေးရန်ရှိသည်ဟု မွန်ပြည်သစ်ပါတီမှ လာသောသတင်းအရ သိရသည်။

ထိုအစည်းအဝေးမှာ မြန်မာစစ်အစိုးရမှ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရန် ကမ်း လှမ်းချက်ကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။

“ဇူလိုင် (၂၅) ရက်နေ့ဆို ဗဟိုဌာနကို အရောက်သွားရမယ်လို့ စာရောက် လာပြီးသားပါ၊ အရေးပေါ်အစည်းဝေ့းပြုလုပ်မှာဖြစ်တယ်၊ ဒီအစည်းအဝေး မှာ အဓိကဆွေးနွေးမှာက နအဖက ကမ်းလှန်းထားတဲ့ နယ်ခြားစောင့်တပ် နဲ့ ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို အဓိကထားဆွေးနွေးမှာ ဖြစ်တယ်” ဟု မွန် ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

၎င်းအစည်းအဝေးသည် ရက်အကန့်သတ်မရှိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး၊ မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆွေးနွေးသွားသည့်အပြင် မွန်ပြည်သစ်ပါ တီ၏ လုပ်ငန်းဆောင်တာများနှင့် ရှေ့လုပ်ငန်းများကိုလည်း ဆွေးနွေး ရန်ရှိသည်။

“ဒီလနောက်ဆုံးပတ်မှာ အရေးပေါ်အစည်းဝေးခေါ်ဖို့ရှိတယ်၊ အဓိကက တော့ နအဖတွေရဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ရယ် ဒါမှမဟုတ် ကျေးရွာပြည်သူ့စစ်အနေနဲ့ ပြောင်းလဲဖို့ကိစ္စနဲ့ ၂၀၁၀ ရွေးကောက်ပွဲအ တွက် ပတ်သက်တာတွေကို ဆွေးနွေးမှာ ဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

မတ်လဆန်းပိုင်းက မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထော်မွန် ဒုဥက္ကဌ နိုင်ရ ဿနှင့် မော်လမြိုင်မြို့တာဝန်ခံ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်တ လညီတို့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ မြန်မာစစ်အစိုးရမှ စစ်ဖက် ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ပထမအကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဒုတိယအကြိမ်အနေဖြင့် ဇွန်လ (၇) ရက်နေ့မှာ မွန်ပြည်သစ်ပါတီခေါင်း ဆောင်မှ ဥက္ကဌ နိုင်ထော်မွန်၊ မော်လမြိုင်မြို့တာဝန်ခံ ဗဟိုအလုပ်မှုဆောင် နိုင်တလညီ၊ ဗဟိုအလုပ်မှုဆောင် နိုင်ထာဝရ၊ တွဲဖက်အတွင်းရေးမှူး နိုင် ချမ်းတွဲ့နှင့် ဗိုလ်ချုပ် နိုင်ဇေယျတို့က မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ် ဌာနချုပ်မှာ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် တွေ့ဆုံခဲ့သည်။

လွန်ခဲ့သည့်ဧပြီလကလည်း အစိုးရအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည် သစ်ပါတီနှင့် တွေ့ဆုံရန် ချိန်းဆိုထားသည့်အစီစဉ်ကို ဖျတ်သိမ်းခဲ့သည်ဟု မွန်ပြည်သစ်ပါတီအသိုင်းအဝိုင်းမှ သိရသည်။

မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့က ပြည်သူထံတွင် ငွေကြေးတောင်းခံ
Mon 13 Jul 2009, မွန်စွန်း
မွန်လက်နက်ကိုင် ရာမညတပ်ဖွဲ့က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မြန်မာအစိုး ရပိုင်နယ်မြေတွင် ၄င်းတို့၏ ဘဏ္ဍာအတွက် ပြည်သူများထံ ငွေကြေး တောင်းခံနေသည်ဟု သိရသည်။ ရာမညတပ်ဖွဲ့သည် လွန်ခဲ့သည့်ဇူလ မှစပြီး ထိုင်းမြန်မာနယ်စပ်တွင် စတင်လှုပ်ရှားမှုပြုခဲ့သည် အဖွဲ့တစ် ဖွဲ့ဖြစ်သည်။

ရာမညတပ်သည် ၄င်းတို့တပ်အင်းအားဖြည့်စည်းရန်နှင့် စစ်လက်နက် ပစ္စည်းဝယ်ယူရန်အတွက် ရေးမြို့နယ်မှ ကျေးရွာတိုင်းရှိ ကျေးရွာလူကြီးမှ တဆင့် ငွေးကြေးတောင်းခံခြင်းဖြစ်သည်။ သို့ပေမယ့် ရွာသားတို့၏ စေ တနာရှိသလောက်ပေးနိုင်သည်ဟု ရာမညတပ်မှ ဗိုလ်ချုပ်ခင်မောင်က ပြောသည်။

“ကျွန်တော်တို့အဖွဲ့က ရွားသားတွေမှာ ပိုက်ဆံတောင်းတာတော့ ဟုတ် တယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို အတင်းအကြပ်နည်းနဲ့ မတောင်း ဘူး၊ ရွားသားတွေ စေတနာရှိသလောက်ပါပဲ။ ကျွန်တော် တို့တပ်ဖွဲ့အတွက် လက်နက်ဝယ်ချင်လို့ တောင်းတာဖြစ်တယ်” ဟု နိုင်ခင်မောင်က ပြော သည်။

နိုင်ခင်မောင်သည် မွန်ပြည်သစ်ပါတီနယ်မြေ တပ်ရင်း (၃) ကျေးရွာမှ ပါတီ ဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ လွန်ခဲ့သည့် (၅) လလောက်က ကျေးရွာ၏ ပြည့် သူစစ်ကနေ နူတ်ထွက်ကာ ရာမညတပ်ဖွဲ့ကို ဖွဲစည်းခဲ့သည်။ လွန်ခဲ့သည် ဇွန်လက ရာမညတပ်သည် တပ်ရင်း (၃) ကျေးရွာမှ ရွာလူကြီးဟောင်း (၂) ဦးကိုဖမ်းဆီးခဲ့ပြီး ငွေတောင်းခံခဲ့ပါသည်။

ဇွန်လဆန်းပိုင်းတွင် ရာမညတပ်မှ တပ်ခွဲ နိုင်သန်းရွှေ ဦးဆောင်ပြီး ရေးမြို့ရှိ လမိုင်း၊ သောင်ဘုံ၊ သောင်ပြင် နှင့် ကော့ဒွတ် ကျေးရွာများတွင် ငွေ တောင်းခံစာ ပေးပို့ခဲ့သည်။ ၄င်းတို့၏ စာထဲတွင် ရာမညတပ်၏ ဘဏ္ဍာ ရေးလိုအပ်ချက်ကြောင့် ပြည်သူများထံတွင် ငွေတောင်းခံခြင်းဖြစ်သည်ဟု ရေးသားထားသည်။

သောင်ပြင်ကျေးရွာမှ ဘုန်းကြီးတစ်ပါး၏ မိန့်ကြားချက်အရ ရာမညတပ် ထံမှ ငွေတောင်းခံစာရပြီးနောက် ၄င်းတပ်ကို ငွေ သိန်း ၂၀၀ ပေးလိုက် ရကြောင်း မိန့်ကြားခဲ့သည်။

“ဘုန်းဘုန်းတို့ရွာမှာတော့ ရာမညတပ်ကို သိန်း ၂၀၀ ပေးလိုက်တယ်၊ တခြားရွာတွေကတော့ အိမ်ခြေ အရေအတွက်ပေါ်မှာလိုက်ပြီးတော့ သိန်း ၃၀၀ တောင်းထာတယ်” ဟု ဘုန်းဘုန်းက ဆက်ပြီးမိန့်ကြားသည်။

ရာမညတပ်တို့မှ ရေးမြို့နယ်ဘက်မှာ ငွေတောင်းခံသည်ကို မြန်မာစစ် တပ်တွေက သိရှိပြီးသည့်နောက် ထိုဒေသမှာ လုံခြုံရေး ပိုမိုချ ထားသည် ဟု သိရသည်။


ရမ်းဗြဲမြို့နယ် ရပဒင်ကျေးရွာ လူကြီး ၁၂ ဦးကို မယက ဥက္ကဌ ကို မတိုင်ကြားဘဲ တံတား အသစ် တည်ဆောက်သည့် အတွက် တရားစွဲ
7/13/2009


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ဆည်ခုံအုပ်စု ရပဒင်ကျေးရွာမှ ကျေးရွာ လူကြီး ၁၂ ဦးအား မယက ဥက္ကဌအား မတိုင်ကြားဘဲ ပျက်စီးသွားသော တံတားကို ကိုယ်ထူ ကိုယ်ထ ပြန်လည် တည်ဆောက်ခဲ့သဖြင့် သက်ဆိုင်ရာမှ တရားစွဲထားသည်ဟု သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ကျေးရွာသား တဦးက “ရပ်ရွာ လူကြီး ၁၂ ဦးကို တရားစွဲဆိုထားတာက မြို့နယ် မယက ဥက္ကဌ ဦးအောင်ကျော်ဇော ဖြစ်ပါတယ်။ တံတား တည်ဆောက်တာကို မယကကို အကြောင်း မကြားတဲ့အတွက် ဥပဒေကို ချိုးဖေါက်တယ်ဆိုပီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ တံတားမှာ ဇွန် ၅ ရက်နေ့က ဦးထွန်းလွင် ပိုင်ဆိုင်သော နွားများ ဖြတ်သန်းသွားစဉ် ကျိုးကျခဲ့သည်ဟု သိရသည်။ အဆိုပါ တံတားမှာ ၁၀ ပေ အရှည်ရှိပြီး ရမ်းဗြဲ-ကျောက်ဖြူ ကားလမ်းမှ ၂ ဖါလုံကျော် အကွာအဝေးတွင် တည်ရှိသည်။

ထိုသို့ ကျိုးသွားသဖြင့် ရပဒင်ကျေးရွာမှ ရပ်မိ ရပ်ဖများမှ ကျိုးကျသွားသော သစ်သား တံတားကို ဖယ်ရှားပြီး ရွာမှ စုပေါင်းထည့်ဝင်ငွေနှင့် အဆိုပါ တံတားကို သံကူ ကွန်ကရစ် တံတား အဖြစ် တည်ဆောက်ခဲ့ကြသည်ဟု သိရသည်။

“တံတားက လူသွား လူလာများပြီး ဆိုင်ကယ်၊ ထွေလာဂျီနဲ့ နွားတွေ မကြာခဏ ဖြတ်သန်း သွားလာနေတော့ အန္တရာယ် ဖြစ်မှာကို စိုးရိမ်ပြီး ပဒရင်ကျေးရွာက လူကြီးတွေက ရွာက ပိုက်ဆံကောက်ပြီး တံတားကို ပြန်လည် တည်ဆောက်ခဲ့ကြတာပါ။ ဒါကို မယကကို အကြောင်းမကြားဘဲ တည်ရှိပီးသား တံတားကို ဖျက်ပီး တံတား အသစ် တည်ဆောက်တဲ့အတွက် ဥပဒေကို ချိုးဖေါက်တယ် ဆိုပီး အတင်း ရပ်ရွာ လူကြီး ၁၂ ဦးကို လက်မှတ်ထိုးခိုင်းပြီး တရားစွဲဆို ထားပါတယ်” ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

တရားမစွဲဆိုမှီ မယက ဥက္ကဌ ဦးအောင်ကျော်ဇောက အဆိုပါ ကျေးရွာမှ ရပ်မိ ရပ်ဖများအား ရမ်းဗြဲမြို့သို့ သုံးကြိမ် တိုင်တိုင်ခေါ်ယူခဲ့ပြီး ဆဲဆိုကြိမ်းမောင်းမူများ ပြုလုပ်ကာ ဥပဒေကို နားမလည်သော ရပ်မိ ရပ်ဖ ၁၂ ဦးအား ဥပဒေကို ချိုးဖေါက်မိကြောင်း အတင်း လက်မှတ်ရေးထိုးခိုင်ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ တရားစွဲဆိုထားသဖြင့် အဆိုပါ ကျေးရွာမှ အရပ်လူကြီး ၁၂ ဦးမှာ လယ်ယာ စိုက်ပျိုးချိန်တွင် လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ယခုအခါ အပတ်စဉ် ရမ်းဗြဲ တရားရုံးသို့ သွားရောက်ပြီး အမူကို ရင်ဆိုင်နေကြရသည်ဟု သိရသည်။

(တရားစွဲခံရသည့် ရပ်မိ ရပ်ဖ ၁၂ ဦး နာမည်အား မဖေါ်ပြလိုက်ခြင်းမှာ သတင်းပေးပို့သူ ကျေးရွာသား၏ မေတ္တာရပ်ခံချက်အရ ဖြစ်ပါသည်၊)

နယ်စပ် ခြံစည်းရိုးကာရံမူ မိုင် ၄၀ ပြီးစီး ပြီးနောက် ခေတ္တ ရပ်နား
7/13/2009


မောင်အေး(နိရဉ္စရာ) ဘင်္ဂလားဒေခ်ျနှင့် ဆက်စပ်နေသော နယ်စပ် တလျောက်တွင် မြန်မာဘက်မှ ကာရံနေသော ခြံစည်းရိုး ကာရံမူမှာ မိုင် ၄၀ ပြီးစီး ပြီးနောက် သက်ဆိုင်ရာမှ ခြံစည်းရိုးကာရံနေမူကို ခေတ္တ ရပ်နားလိုက်သည်ဟု သတင်း ရရှိသည်။

မောင်တောမှ အစိုးရ ၀န်ထမ်း တဦးက “သက်ဆိုင်ရာ အာဏာပိုင်တွေက တရားဝင် ကျေညာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ခြံစည်းရိုးကာရံနေတဲ့ စစ်သားတွေက တဆင့် သိရတာ ဖြစ်ပါတယ်။ ခြံစည်းရိုးကာရံနေတဲ့ စစ်သားတွေကိ ယမန်နေ့ စပြီး ၎င်းတို့ရဲ့ တပ်ရင်းတွေကို ပြန်လည် ပို့ဆောင်နေပါပြီ”ဟု ပြောသည်။

ခြံစည်းရိုးကာရံသည့် စီမံကိန်းတွင် မြန်မာ့ နအဖ စစ်အာဏာပိုင်များက စစ်သား ၈၀၀ ခန့်ကို အသုံးပြုခဲ့သည်။ အများစု စစ်သားများမှာ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ တပ်ရင်းများမှ စစ်သားများ ဖြစ်ကြသည်။

ငခူရ ကျေးရွာသား တဦးကလည်း ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး စစ်သားများကို အသုတ်လိုက် ၎င်းတို့၏ တပ်ရင်း အသီးသီးသို့ ပြန်ပို့နေကြောင်းကို ယခုကဲ့သို့ ပြောသည်။

“စစ်သားတွေ လွန်ခဲ့တဲ့နေ့ မနက်ကတည်းက တသုတ်ပြီး တသုတ် စီမံကိန်းမှာ အသုံးပြုနေတဲ့ တရုတ်က ပေးတဲ့ ကားလေးတွေနဲ့ ဆင်းလာတာကို တွေ့ရတယ်။ ဘယ်တပ်ရင်းတွေက စစ်သားတွေ ဆိုတာတော့ အတိအကျ မသိပါဘူး။ သူတို့ တပ်စခန်း သူတို့ ပြန်နေကြတာ ဖြစ်ပါတယ်”ဟု ပြောသည်။

၎င်းပြင်သူက “ဘူးသီးတောင် နည်းဗျူဟာ (၁) နဲ့ (၂) က စစ်သားတွေ ဒီနေ့ ငခူရကိုရောက်နေပြီး ညအိပ်မယ်လို့ သိရပါတယ်။ ခမရ ၅၅၂ လည်း ဆုတ်သွားပြီး သူတို့ မနေ့က ကျီးကန်းပြင်မှာ အိပ်တယ်လို့ ကြားရပါတယ်။ အားလုံးနီးပါးတော့ ဆုတ်သွားပါပြီး တခြားနေရာတွေကလည်း ပြန်နေ ကြတယ်လို့ ကြားရပါတယ်။”ဟု ဆက်ပြောသည်။

ယခုကဲ့သို့ ခြံစည်းရိုးကာရံနေသည့် စစ်သားများ အားလုံးနီးပါး ဆုတ်ခွာသွားခြင်းမှာ တပ်သားအများအပြားမှာ မိုးရာသီအတွင်း ကျန်းမာရေးချို့ယွင်းမှုနှင့် ခြေထောက်များတွင် သဲစားခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ စစ်တပ် တပ်ရင်းများကို ဆုတ်ခွာ သွားခဲ့သော်လည်း လုံထိန်း တပ်ရင်းနှစ်ရင်းမှာ နယ်စပ်တွင် ကျန်ရှိနေမည် ဖြစ်ပြီး စီမံကိန်းကို လာမည့်ဒီဇင်ဘာ သို့မဟုတ် ၂၀၁၀ ဇန္န၀ါရီလတွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။ ခြံစည်းရိုး စီမံကိန်းကို မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်တွင် ယခုနှစ်ဖေဖော်ဝါရီလက စတင်ခဲ့ခြင်း ဖြစ်ပြီး ၅ လခန့်အကြာတွင် မြေသားဆည်းဖို့မှု မိုင်ပေါင်း ၄၀ ပြီးစီးခဲ့ပြီး ကွန်ကရက်တိုင်ပေါင်း ၉၀၀၀ နီးပါးခန့်ကို စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခြံစည်းရိုးကာရံမူကို လူမှောင်ခို သွားလာမူနှင့် မှောင်ခို လုပ်ငန်းများကို နှိမ်နှင်း ရန်အတွက် ကာရံခြင်း ဖြစ်ကြောင်း မြန်မာ အာဏာပိုင်များက ပြောဆိုသော်လည်း နယ်စပ်တွင် နေထိုင်သူ မူဆလင်ဘာသာဝင်များကမူ ခြံစည်းရိုးခတ်ကာ သူတို့ကို ပိတ်လှောင်ပြီး အကျဉ်း ချထားလို၍ ဖြစ်သည်ဟု ပြောဆိုသည်။

ပြည်သူလူထု ထမင်းငတ်သည်မှာ အရေးမဟုတ် ဟု တိုင်းမှူးသောင်းအေး ဆို
7/12/2009


တာကလူး (နိရဉ္စရာ) ရခိုင်ပြည်နယ်တွင် အများပြည်သူ ထမင်းငတ် အခက်ကြုံနေသည်မှာ အရေးမဟုတ် စစ်တပ် မိသားစုများသာ ထမင်းမငတ်ဖို့ အရေးကြီးသည်ဟု တိုင်းမှူးသောင်းအေးက ပြောကြား လိုက်ကြောင်း ပုဏ္ဍားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

အဆိုပါ ပြောကြားမူမှာဏ္ဍားကျွန်းမြို့နယ်ရှိ တန်းစွယ်၊ မင်းဂံ နှင့် ကျော်ဇံ ကျေးရွာတို့မှ ဒေသခံ တောင်သူလယ်သမားများမှ လယ်မြေ သိမ်းခံရ၍ လုပ်ကိုင် စားသောက်ရန် အခက်အခဲ ဖြစ်နေကြရသဖြင့် အနောက်ပိုင်း တိုင်းမှူး တိုင်းမှူးအား သွားရောက် အသနားခံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာများမှ ကျေးရွာသားများ စုပေါင်း ပိုင်ဆိုင်သည့် ကျွဲနွားစားကျက်မြေ (၁၆) ဧကကို ပုဏ္ဍားကျွန်းမြို့ အခြေစိုက် ခမရ(၅၅၀)မှ ဗိုလ်ကြီးနိုင်ဝင်း ဦးဆောင် ပြီး ဇူလိုင်လ (၂)ရက်နေ့တွင် သိမ်းယူခဲ့သည်။

ကျွဲနွား စားကျက်မြေများကို စစ်တပ်မှ အတင်းအဓမ္မ သိမ်းယူခဲ့ပြီးနောက် အဆိုပါ စားကျက်မြေတွင် ကျေးရွာသားများကို ခေါ်ယူပြီး အခမဲ့ လယ်ယာ ထွန်ယက်စိုက်ပျိုး ခိုင်းခဲ့သည်။ သို့အတွက် ဒေသခံ လယ်သမားများက အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပြီး တိုင်းမှူးသောင်းအေးကို တိုင်ကြားခဲ့သည်။

အမည်မဖေါ်လိုသူ အရပ်သား တဦးက “တိုင်းမှူး သောင်းအေးက ခင်ဗျားတို့ ထမင်းငတ်နေတယ် အခက်ကြုံနေတယ် ဆိုတာ အရေးမကြီးဘူး၊ စစ်တပ်မိသားစုတွေ မငတ်ဖို့ အရေးကြီးတယ်။ စစ်တပ်က ပြောတာကို လိုက်နာရမယ်။ ခိုင်းတာကို လုပ်ပါ။ လယ်ထွန် ခိုင်းရင် ထွန်ပေးရမယ်။ မထွန်ပေးဘူးဆိုရင် ဒဏ်ငွေ ၅၀၀၀၀ စီပေးရမယ် ဆိုပြီး တုန့်ပြန် ပြောကြား ခဲ့ပါတယ်” ဟု ပြောသည်။

တိုင်းမှူးသောင်းအေးသည် မြန်မာနိုင်ငံအတွင်း ကျေးလက်မြို့ပြ တပြေးညီ တဟုန်ထိုး တိုးတက်ရေးအတွက် နေ့ညမအား ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်ဟု ပြောဆိုနေသည့် နအဖ စစ်အစိုးရ၏ ရခိုင်ပြည်နယ် ဆိုင်ရာ အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

အတင်းအဓမ္မ မြေသိမ်းယူခဲ့သည့် လယ်မြေများပေါ်တွင် တန်းစွယ်ရွာမှ (၆)ဧက၊ မင်းဂံရွာမှ လ(၅)ဧက နှင့် ကျော်ဇံရွာမှ (၅) ဧက ထွန်ယက် စိုက်ပျိုးပေးရမည်ဟု စစ်တပ်က ခွဲတမ်းချ ခဲ့သည်ဟု သိရသည်။

တခြား လယ်သမားတစ်ဦးက “ကျွဲနွားတိရစ္ဆာန်တွေကို အသုံးပြုပြီး လယ်ထွန် နေရတာဆိုတော့ စားကျက်မြေဆိုတာ လယ်သမားတွေ အတွက် အင်မတန်မှ အရေးကြီးပါတယ်။ မြေကို သိမ်းလိုက်တဲ့ အပြင် သူတို့ဆီက ဘာမှမပေးပဲ ထွန်ယက်စိုက်ပျိုးခိုင်းတယ်။ ကျွန်တော်တို့ ကျေးရွာတွေမှာက အကုန်လုံး ဆင်းရဲသား လယ်သမားတွေပါ။ ဒီလို စိုက်ချိန်ပျိုးချိန် အလုပ်များနေတဲ့ အချိန်မှာ အရင်းမပါပဲ အလုပ်လဲ လာခိုင်းတယ်ဆိုတော့ ဘယ်သူ့မှ မလုပ်ချင်ကြပါဘူး။ ဒါပေမယ့် မလုပ်ရင် ကျပ်ငွေ ၅၀၀၀၀ လျော်ရမယ်ဆိုတော့ နောက်ဆုံးတော့ စစ်တပ်က ခိုင်းတာကို လုပ်ပေးကြရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းအပြင် တိုင်းမှူး သောင်းအေးက အဆိုပါ စားကျက်မြေများအပြင် ရခိုင်ပြည်နယ်အတွင်း လယ်သမားများ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာသည့် လယ်မြေများ အားလုံးကိုလည်း စစ်တပ်မှ ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည် ဟုဆိုသည်။


နိုင်ငံတကာ ရခိုင်အမျိုးသား အသင်း (ဥရောပဌာနခွဲ) ဒုတိယအကြိမ် ညီလာခံ ကျင်းပ ပြီးစီး
7/13/2009


မင်းဆက်ခိုင်(နိရဉ္စရာ) နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း(ဥရောပဌာနခွဲ) ၏ ဒုတိယအကြိမ်ညီလာခံကို နော်ဝေနိုင်ငံ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ညီလာခံကို နော်ဝေနိုင်ငံ (Bergen) မြို့နှင့် (Askoy) မြို့တို့တွင် ဇူလိုင်လ ၁၁ရက်နေ့မှ ၁၂ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ညီလာခံကျင်းပပုံနှင့်ပတ်သက်၍ ပြန်ကြားရေး တာဝန်ခံ(ဥရောပ) ကိုခိုင်ထွန်းထွန်းက ယခုကဲ့သို့ ပြောသည်။

“ပထမ တရက်က Bergen မြို့မှာ ပြုလုပ်ပြီတော့ ဒုတိယတရက်ကို Askoy မြို့မှာ ပြုလုပ်ပါတယ်။ ပထမ တရက်မှာတော့ ညီလာခံ ဖွင့်ပွဲကို ပြုလုပ်ပြီးတော့ ရခိုင် သမိုင်း ရှင်းလင်းပွဲကို အချိန်၂ နာရီခန့် ပြုလုပ်ပါတယ်။ ဒုတိယနေ့မှာတော့ မနက် ၁၁ နာရီကနေ ညနေ ၆နာရီအထိ ညီလာခံပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။”

အခမ်းအနားသို့ အထူးဧည့်သည်များ အဖြစ် ဦးခင်မောင်ကြည်(အင်္ဂလန်)၊ ဦးခင်မောင်စော (ဂျာမနီ) တို့က တက်ရောက်ခဲ့ပြီး နယ်သာလန်၊ ဒိန်းမတ်၊ ဘဲလ်ဂျီယံ၊ နော်ဝေး နိုင်ငံတို့မှ အသင်းသူ အသင်းသား စုစုပေါင်း လူ၃၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ညီလာခံနှင့် ပတ်သက်ပြီး ထုတ်ပြန် ကြေငြာချက် တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ညီလာခံတွင် အသင်း၏ လက်ရှိ လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အပြန်ပြန် အလှန်လှန် ဆွေးနွေး ခဲ့ကြပြီး ဆုံးဖြတ်ချက်များကိုလည်း ချမှတ်ခဲ့ကြသည်။

ထို့အပြင် ညီလာခံတွင် အလုပ်အမှုဆောင်သစ် (၁၁) ဦးကို ရွေးချယ် တင်မြောက် ခဲ့ကြပြီး အသင်း၏ တာဝန်ခံမှာ နော်ဝေး နိုင်ငံမှ ကိုအောင်မြင်စိုး ဖြစ်လာပြီး နယ်သာလန် နိုင်ငံမှ ဦးသန်းစိုးမှာ ဒု တာဝန်ခံ ဖြစ်လာသည်။

အင်္ဂလန်နိုင်ငံတွင် နေထိုင်သူ ဆရာကြီး ဦးခင်မောင်ကြည်နှင့် နော်ဝေး နိုင်ငံမှ ခိုင်မဲမောင်မှာ အကြံပေး ပုဂ္ဂိုလ်များ အဖြစ် တင်မြှောက်ခြင်း ခံရသည်။

၎င်းအပြင် ညီလာခံသို့ လူကိုယ်တိုင်မတက်ရောက်နိုင်ခဲ့ကြသော ဒိန်းမတ်၊ ဆွီဒင်၊ စကော့တလန်နိုင်ငံများမှ ရခိုင်အမျိုးသားများကလည်း အင်တာနက်မှတဆင့် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတကာ ရခိုင်အမျိုးသား အသင်းမှာ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော ရခိုင် အမျိုးသားများနှင့် ဖွဲ့စည်းထားသော ကမ္ဘာလုံးဆိုင်ရာ အသင်းကြီး ဖြစ်ပြီး နိုင်ငံရေး မပါဘဲ ရခိုင် လူမူရေး သက်သက်ကို ဆောင်ရွက်နေသော အဖွဲ့အစည်းကြီး ဖြစ်သည်။

အသင်း၏ ဌာနခွဲများမှာ အမေရိကန်၊ ဂျပန်၊ မလေးရှား၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံများတွင် တည်ရှိသည်။

အသင်းကြီး၏ ဥရောပဌာနခွဲ ပထမဆုံးညီလာခံကို ၂၀၀၇ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့ကြောင်း သိရသည်။


တာချီလိတ်တွင် ကျပ်သန်း ၅ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းမိ

နွယ်လေး။
ဇူလိုင်လ ၁၂ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ကျပ်သန်း ၅ ထောင်ကျော်တန် မူးယစ်ဆေးဝါး များ လွန်ခဲ့သည့် သောကြာနေ့က ဖမ်းဆီးမိခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

WYတံဆိပ်ပါ စိတ်ကြွဆေးပြား(၃)သိန်း(၄)သောင်းနှင့် ဘိန်းဖြူဘလောက်တုံး (၂၁၇၇)တုံး သိမ်းဆီးရမိသည်ဟု တာချီလိတ်ရှိ ရဲအရာရှိတဦးက အတည်ပြုပြောဆိုသည်။

ဖမ်းဆီးရမိသည့် ယာဉ်နံပါတ်မှာ၂က/၈၁၅၂ နီဆန်း(၆)ဘီကားဖြစ်ပြီး ယာဉ်မောင်း စိုင်းထွန်းမြင့်ဦး(၂၈)နှစ်၊ ယာဉ်နောက်လိုက် စိုင်းဝင်းအောင်(၂၆)နှစ်၊ ယာဉ်နောက်လိုက် မူတူး(၁၈)နှစ်တို့အား ဖမ်းဆီးရမိထားပြီး တခလ(မူးယစ်)ရုံးတွင် ပူးပေါင်းအဖွဲ့နှင့် ကွင်းဆက်ဖော်ထုတ် စစ်ဆေးနေသည်ဟု ပြောသည်။

သောကြာနေ့ နေ့လည် ၁နာရီခွဲတွင် မိုင်းဆတ်မြို့မှ ၀င်ရောက်လာသည့် (၆) ဘီး ကား ကုန်တင်ယာဉ်တွင် ကြက်သွန်ဖြူများနှင့်ရောနှောပြီး မူးယစ်ဆေးများ တင်ဆောင်လာ ခြင်းဖြစ်သည်ဟု ရဲစခန်းနှင့် နီးစပ်သူ တဦးက ပြောသည်။

“ဒေါ်ရွှေ ဓါတ်ဆီဆိုင်ကို ဟိုင်းလတ်ကား အဖြူရောင်နဲ့ ပစ္စည်းတွေလာပို့တာ။ တာချီလိတ်ကို ရောက် ရင် အမှတ်(၆၀) တော်ကော့် အပြင်ရွာက ဦးလုံနော် ဂိုဒေါင်ကို ပို့ပေးရမယ်။ အဲဒီကို ကိုစိုင်းနောင် ကိုယ်တိုင်လာယူမယ်။ သယ်ခတစ်ယောက်ကို ကျပ် ရှစ်သိန်းရတယ်။”

မူးယစ်ဆေးပိုင်ရှင် နမ့်ဆန်မြို့နေ စိုင်းနောင်( ၃၄) နှစ်အား ယနေ့ထိ ဖမ်းမိခြင်း မရှိသေးပဲ ဖမ်းဆီးထားမိသူ တရားခံ(၃)ဦးကို တခလ(မူးယစ်)ရုံးတွင် မူးယစ်နှင့် စိတ်ကို ပြောင်းလဲစေ သော ပုဒ်မ ၁၅/၁၉(က) လက်ဝယ်ထားရှိမှုနှင့် ၂၀(က)/၂၁ ရောင်းဝယ် ဖောက်ကားဖြန့်ဖြူး သည့် ပုဒ်မဖြင့် ပူးပေါင်းအဖွဲ့နှင့် ကွင်းဆက် ဖော်ထုတ် စစ်ဆေးနေဆဲဟု သိရသည်။





ဒညင်းခြံ ဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းမည်

သတင်းနှင့်မီဒီယာကွန်ယက်။
ဇူလိုင်လ ၁၂ ရက်၊ ၂၀၀၉ ခုနှစ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာအုပ်စု မရမ်းကျေးရွာသားများပိုင်သည့် ဒညင်းသီးခြံ ဧက ၂၀၀ ကျော်အား တပ်ရင်းမှူးပိုင် ခြံအဖြစ် လွဲပြောင်းပေးရမည် ဒေသခံစစ်တပ်က ပြောကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာအခြေစိုက် အမြောက်တပ်ရင်း မှ တပ်ရင်းမှူး ဗိုလ်မှူးရဲရင့်သွေးသည် ဒညင်းခြံပိုင်ရှင် ၆၆ ဦးထံမှ မြန်မာ ကျပ်ငွေ ၈ သိန်း အခွန်ပေးရန် တောင်းခံခဲ့ပြီး မပေးပါက ထိုဒညင်းခြံများအား ၎င်းပိုင်ခြံအဖြစ် အမည်လွဲပေးရန် တောင်းဆိုခဲ့သည်။

အခုလ ၈ ရက်နေ့ ညနေပိုင်းအချိန် ထိုအမြောက်တပ်ရင်းမှ တပ်ကြပ်ကြီးတဦးကဒညင်းခြံ ပိုင်ရှင်များအား အ စည်းအဝေးခေါ်ယူ၍ပြောခဲ့သည်ဟု ဒေသခံရွာသားတဦးက ပြောသည်။

“ကျနော်တို့က ဒညင်းသီးရောင်းပြီးမှပဲ ပေးလို့ရမယ်။ အခုကကျနော်တို့ဆီမှာ ပိုက်ဆံမရှိဘူးလို့ ခြံရှင် တွေကပြောတော့ ဒါဆိုရင်ခင်ဗျားတို့ အဲဒီခြံတွေအကုန်လုံးက ဗိုလ်မှူးရဲရင့်သွေးရဲ့ခြံပဲ ဆိုတာခင်ဗျား တို့ မှတ်ထားကြပါလို့ အဲလိုပြောလိုက်တယ်။”

လောလောဆယ်အခြေအနေအရ ဒညင်းခြံများ၌ အမြောက်တပ်ရင်းမှ စစ်သားများအားအစောင့်ချထားပြီး ဒညင်း သီးခူးယူခွင့်ကိုလည်း ပိတ်ထားသည်ဟု ၎င်းကဆက်ပြောသည်။

“ခြံအကြီးအသေးလိုက်လို့ တခြံကို ကျပ်သုံးသောင်းကနေ ငါးသောင်း အထိပေးရတယ်။အခုက ဒညင်း သီးတွေပေါ်နေပြီလေ။ အခွန်မဆောင်ခိုင်းတော့ပဲနဲ့ အခုလိုသိမ်းလိုက်တာ။”

ယခုလို စစ်တပ်မှ အနိုင်ကျင့်မှုအပေါ် မကြေနပ်သည့်အတွက် ဒညင်းခြံပိုင်ရှင်များက မိုးကောင်းမြို့နယ် မယက နှင့် မြစ်ကြီးနားမြို့နယ် ခယကသို့ စာရေးတိုင်ကြားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး မရမ်းကျေးရွာဥက္ကဋ္ဌ အပါအ၀င် ခြံပိုင်ရှင် ၆၆ ဦးမှ လက်မှတ်ရေးထိုးကာ ခရိုင် ခယကသို့ လာရောက်တိုင်ကြားခဲ့သည်ဟု မြစ်ကြီးနားရောက် ခြံ ပိုင်ရှင်တဦးက ပြောသည်။

ဒညင်းခြံအားလုံး၏ တနှစ်ဝင်ငွေမှာ သိန်းတစ်ရာကျော်ရှိပြီး ဒေသခံများ၏ စားဝတ်နေရေး အတွက် ဒညင်းခြံကို မီခိုနေရသည်။

မရမ်းကျေးရွာ အခြေစိုက် အမြောက်တပ်ရင်းမှ စစ်သားများက မေလ(၃၁) ရက်နေ့က မရမ်းကျေးရွာသူ ကချင် အမျိုးသမီးငယ်တဦးအား အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့မှုနှင့် ကျေးရွာရှိ လူငယ်များအား အပြစ်မရှိဘဲ ရိုက်နက် ခဲ့မှုကြောင့် အမြောက်တပ်ရင်းမှူး ဗိုလ်မှူးရဲရင့်သွေး အား အထက်မှခေါ်ယူစစ်ဆေးမှုများရှိခဲ့ပြီး ယခုလို ဒညင်းခြံ များ သိမ်းဆည်းမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ဖားကန့်ကျောက်စိမ်းတွင်း သေဆုံးသူများကိုအစုအပြုံလိုက်မြုပ်နှံ

သတင်းနှင့်မီဒီယာကွန်ယက်။
ဇူလိုင် ၁၂ ရက်၊ ၂ဝဝ၉ ခုနှစ်။

ကချင်ပြည်နယ်၊ ကျောက်စိမ်းတွင်းဒေသအတွင်း ရေကြီး၊ မြေပြိုခဲ့စဉ် သေဆုံးခဲ့သူများအား အခုလ(၉)ရက်နေ့ က ဖားကန့်မြို့၊ သချိုင်းကုန်းတွင် စုပြုံမြှုပ်နှံသဂြိုလ်ခဲ့သည်။

ဖားကန့်မြို့ပါတ်ဝန်းကျင်မှ ရှာဖွေရရှိသည့် အလောင်းများအား ဆေးရုံမှတဆင့် ထော်လာဂျီများဖြင့် တင်ဆောင် ကာ ဘက်ဖိုးခေါ် မြေတူးစက်ဖြင့် ကျင်းများတူး၍ စုပေါင်းမြုပ်နှံလိုက်သည်ဟု ဖားကန့်ဒေသခံ တဦးက ယခုလို ပြောသည်။

“အလောင်းကတော့ များတယ်၊ အတိအကျတော့ မသိဘူး။ ဟိုနားကရလာ၊ ဒီနားကရလာနဲ့ ဆေးရုံ မှာ စုပုံထား တဲ့ဟာတွေ၊ ထော်လာဂျီတွေနဲ့သယ်သွားတာ။ အလောင်းတလောင်းစီအတွက် ကျင်းလိုက် တူးဖို့ဆိုတာ ခက်လို့ နေမှာပေါ့။ မတူးနိုင်ကြလို့ ဒီလိုလုပ်တာ။ သေဆုံးသူ အရေအတွက်က တိတိကျ ကျ ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ရာနဲ့ချီရှိနိုင်တယ်၊

မြန်မာအစိုးရပိုင် သတင်းမီဒီယာများတွင်မူ ဖားကန့် မြေပြိုမှုတွင် သေဆုံးသူ ၂၄ ဦးရှိသည်ဟု ဖော်ပြထားသည်၊

ကျောက်တူးရာမှ စုပုံထားသည့် မြေစာများပြိုကျခြင်းကြောင့် အလုပ်သမားများ၊ ၄င်းတို့နေထိုင်သော တဲများ မြေပိ ကာ အများအပြားသေဆုံးခဲ့ကြသည်ဟု ဖားကန့် ဒေသခံက ပြောသည်။

ဖားကန့်တမြို့လုံး အသုံးပြုသည့် ရေကန်ကြီး ကျိုးပေါက်မှုကြောင့် ရေများ ရုတ်တရက်ကြီးကာ မြေစာများ ပြိုကျ ခြင်းဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

“ဖားကန့်ကို ရေပေးနေတဲ့ “တစ်သုံးလုံး” အကျိုးတူကုမ္ပဏီရဲ့ ရေပေးနေတဲ့ ကန်ကြီး တောင်ပေါ်လုပ် ထားတာ။ အဲဒီကန်ကြီး အဲဒီ တနင်္ဂနွေညမှာဘဲ ကျိုးတော့ ရေတွေက ဒလဟောထိုးဆင်းလာတာ။ ကာလီချောင်ဘက်မှာ အများကြီး သေတာ။ လူတွေက ရွံ့တွေအောက်ရောက်သွားတော့ ဘယ်လိုမှ တွေ့နိုင်မှာ မဟုတ်ဘူး။”

ဆိုင်းတောင်၊ မံမုံ၊ မရှီးကထောင်း၊ ဖားပြင် ရပ်ကွက်များအားလုံး ရေမြုပ်သွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြော သည်၊၊

ဖားကန့်ဒေသများတွင် ကုမ္ပဏီများက စက်ယန္တယားများဖြင့် ကျောက်တူးခဲ့ခြင်းကြောင့် ပထဝီ အနေအထားများ အတော်ပြောင်းလဲခဲ့သည်ဟု ဒေသခံများက ပြောသည်။ စက်ယန္တယားများက တလအတွင်း တောင်များ ပျောက် ကွယ်သည်အထိ တူးနိုင်သလို မြေစာပုံများကလည်း တောင်များသဖွယ်ဖြစ်လာကြသည်ဟု ဒေသခံများက ပြော သည်၊၊ ယင်းသို့ ပထဝီ အနေအထားများပြောင်းလဲခဲ့ခြင်းကြောင့် မြေစာများ ပြိုကျပြီး ချောင်းများပိတ်ဆို့ကာ ရေကြီးခြင်းများလည်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်၊၊

A(H5N1) ပိုးကူးစက်သူ ဒုတိယတဦး မြန်မာနိုင်ငံတွင် တွေ့ရှိ
Monday, 13 July 2009 12:24 ဗထူး
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် အသက် (၂၀) အရွယ် လူငယ်တဦးတွင် A(H5N1) ရောဂါပိုး ကူးစက်ခံထားရကြောင်းကို ထပ်မံတွေ့ရှိခဲ့သည်။

ပြီးခဲ့သည့် စနေနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် အဆိုပါသတင်းကို ဖော်ပြထားပြီး ယင်းလူငယ်အား ဝေဘာဂီဆေးရုံ သီးသန့်ခန်းတွင်ထားရှိကာ အထူးကုဆရာဝန်အဖွဲ့နှင့် စောင့်ကြပ်ကြည့်ရှု ကုသမှုပြုလုပ်နေလျှက်ရှိသည်။

ယခုလ (၆) ရက်နေ့က ထိုင်းနိုင်ငံမှတဆင့် အဆိုပါလူငယ်သည် Thai Air Asia လေကြောင်းလိုင်းနှင့် နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာစဉ် လေဆိပ်တွင် စစ်ဆေးမှုပြုလုပ်ခဲ့ရာ အဆိုပါရောဂါဖြစ်ပွားခြင်းမရှိသေးဘဲ ဇူလိုင်လ (၇) ရက်နေ့တွင် လည်ချောင်းနာကာ အဖျားအနည်းငယ်ရှိခဲ့ရာ ပြင်ပလူနာအဖြစ် ဆေးကုသခံယူခဲ့သည်။

ဇူလိုင်လ (၈) ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့်အဖွဲ့ နေအိမ်သို့သွားရောက်ပြီး ဝေဘာဂီဆေးရုံသို့ တင်ပို့ခဲ့ရာ A(H5N1) ရောဂါပိုး ကူးစက်ခံထားရကြောင်း အတည်ပြုပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့က စင်္ကာပူနိုင်ငံမှ ပြန်လာသူ အသက် (၁၃) အရွယ် အမျိုးသမီးငယ်တဦးတွင် ကမ္ဘာ့လူတုတ်ကွေး A(H5N1) ရောဂါပိုးတွေ့ရှိကြောင်း စစ်အစိုးရက ပထမဆုံးအကြိမ် ထုတ်ပြန်ပြောဆိုလိုက်ပြီးနောက် ရန်ကုန်မြို့တွင် လူအများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အဆိုပါ A(H5N1) ရောဂါပိုး ကူးစက်ခံရသူ နှစ်ထောင်ကျော်ရှိနေပြီး ယခုအချိန်အထိ သေဆုံးသူဦးရေ ၁၅ ဦးရှိပြီဟု ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနက အဆိုပါရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ပုဂ္ဂလိကပိုင် ကျူရှင်ကျောင်းများနှင့် ဘာသဗေဒဆိုင်ရာကျောင်း ၂၃၀၀ ကို ယနေ့မှစ၍ ဇူလိုင်လ (၂၈) ရက်နေ့ထိ ပိတ်ထားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုင်းအစိုးရကလည်း အဆိုပါရောဂါနှင့်ပတ်သက်၍ လူထုအကြား အသိပညာပေးလုပ်ငန်းများ အပြင်းအထန် လုပ်ဆောင်နေပြီး နိုင်ငံသားများအား လူစည်ကားရာ နေရာများသို့ မသွားရောက်ကြရန် နှိုးဆော်ထားသည်။

အစိုးရပိုင် မှော်ဘီ ပလပ်စတစ်စက်ရုံ မီးလောင်၊ သိန်း ၅ဝနီးပါးဆုံးရှုံး
2009-07-13

မှော်ဘီမြို့ရှိ အမှတ်၁ စက်မှုဝန်ကြီးဌာန ဆေးဝါးအိမ်သုံး လုပ်ငန်းဌာန လက်အောက်ခံ စက်ရုံတရုံ ဇူလိုင်လဆန်းပိုင်းက မီးလောင်သွားတဲ့အတွက် စက်မှု၁ ဝန်ကြီးဌာနက ဒီသတင်း မပေါက်ကြားအောင် ပိတ်ထားတယ်လို့ စုံစမ်းသိရပါတယ်။၊

မီးလောင်တဲ့ စက်ရုံဟာ ပီနန်အိတ်ခွန်တွေ ထုတ်လုပ်ပေးနေတဲ့ မှော်ဘီ ပလပ်စတစ်စက်ရုံ အမှတ်၃ ဖြစ်ပြီး သိန်း ၅ဝ နီးပါး ဆုံးရှုံးသွားတယ်လို့ စုံစမ်းသိရပါတယ်။၊ မှော်ဘီမီးသတ်ကို RFAက ဆက်သွယ်မေးမြန်းရာမှာ မီးလောင်ပုံကို ခုလိုပြောပါတယ်။

မှော်ဘီမီးသတ်။ ။ '၄ရက်နေ့ကပါခင်ဗျ။ လောင်ချိန်က ဟိုဟာပေါ့ ၁ဝနာရီ ၄၅မှာ က္ဆွန်တော်တို့ ခန့်မှန်း စလောင်ချိန်လို့ အားလုံး အဖွဲ့နဲ့ ဆုံးဖြတ်ထားပါတယ်။'

ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော် စက်မှု၁ ဝန်ကြီးဌာန ဆေးဝါး အိမ်သုံးလုပ်ငန်းဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းကို RFAက ဆက်သွယ်ခဲ့ပေမဲ့ ပြင်ဦးလွင်ကို ခရီးထွက်နေတယ်လို့သာ ဖြေကြားခဲ့ပါတယ်။၊

စက်မှု၁ ဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံပေါင်း ၁၁၄ ရုံကို ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ရန်ကုန် စည်ပင်သာယာကို လွှဲပြောင်းဖို့ စာရင်းစစ်အဖွဲ့က စာရင်းစစ်နေချိန်မှာ မှော်ဘီ ပလပ်စတစ်စက်ရုံ အမှတ်၃ စက်ရုံ ခုလို မီးလောင်ခဲ့တာ ဖြစ်ပါတယ်။၊

စက်မှု၁ လက်အောက်ခံ စက်ရုံအတော်များများကို လွှဲပြောင်းဖို့ လုပ်နေချိန်မှာ ခုလို မီးလောင်တဲ့အတွက် စာရင်းဖျောက်ဖို့ ရှို့မီးဖြစ်နိုင်တယ်လို့ ဝန်ကြီးဌာနက ယူဆတဲ့အတွက် အမှုဖွင့် စစ်ဆေးနေတယ်လို့ စုံစမ်းသိရပါတယ်။

မှော်ဘီ ပလပ်စတစ်စက်ရုံ အမှတ်၃ မီးလောင်ချိန်မှာ စက်ရုံမှူးက ဝန်ကြီး ဦးအောင်သောင်းရဲ့ စီမံချက်အရ ဘုန်းကြီးကျောင်းကို သွားနေချိန် ဖြစ်တယ်လို့ ဝန်ထမ်းတဦးက ပြောပါတယ်။၊ ၂ဝဝ၇ သံဃာ့အရေးအခင်း နောက်ပိုင်းကစပြီး ဆရာ-ဒကာ စီမံချက်အရ စက်မှု၁ စက်ရုံမှူးတွေအားလုံး ကိုယ့်နယ်မြေရှိ ဘုန်းကြီးကျောင်းတွေ အလှည့်ကျသွား ပစ္စည်းလှူဒါန်းပြီး သတင်းယူဖို့ စည်းရုံးဖို့ ဝန်ကြီး ဦးအောင်သောင်းက ညွှန်ကြားထားတာ ဖြစ်တယ်လို့ စက်ရုံမှူးတဦးက ပြောပါတယ်။

သာသနာနှင့်မလျော်ညီသည့် လုပ်ရပ်ကို အာဏာပိုင်များ အရေးယူပေးဖို့ ပျက်ကွက်
2009-07-13

ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာမှာ ဗုဒ္ဓသာသနာနဲ့ မညီပဲ လယ်မြေသိမ်းယူပြီး နဂါးရုံဘုရားတည်တဲ့ အမှုကို သံဃာ့မဟာနာယက အဆင့်ဆင့်က ပိတ်ပင် တားမြစ်ပေးဖို့ စီရင်ချက်ချ ထားပေမဲ့ အခုချိန်အထိ မြို့နယ်အာဏာပိုင်တွေက အရေးယူပေးဖို့ ပျက်ကွက်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလက စခဲ့တဲ့ ဒီအမှုကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့နဲ့ တိုင်း၊ မြို့နယ်နဲ့ ရပ်ကျေး သံဃာ့ မဟာနာယကတွေက သာသနာနဲ့မညီလို့ ရပ်ဆိုင်းပေးဖို့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က အပြီးသတ် ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်အထိ ဒေသခံ အာဏာပိုင်တွေက အရေးယူပေးတာ မရှိတဲ့အတွက် ဒေသခံရွာသူ ရွာသားတွေ အနေနဲ့ မကျေမနပ်ဖြစ်နေကြသလို အောက်ခြေ အာဏာပိုင်အဆင့်မှာလည်း အဂတိ လိုက်စားတာတွေ ရှိနေတယ်လို့ သံသယ ရှိနေကြကြောင်း တော်ဝိရွာသားတဦးက ပြောပါတယ်။

တော်ဝိရွာသား။ ။ 'က္ဆွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဟို တိုင်းမှူးဖက်ကပေါ၊ လုံးဝ ဒီဟာကို ခွင့်မပြုပါဘူးလို့ ပြတ်ပြတ်သားသား ပြောထားပြီးပြီ၊ သံဃာပိုင်းအနေနဲ့ကလည်း နိုင်ငံတော်၊ တိုင်း၊ မြို့နယ် သံဃာ့ နာယကတွေကလည်း လုံးဝ ခွင့်မပြုဘူးလို့ ပြောထားပြီးပြီ၊ အဲဒီကြားထဲမှာမှ ဒီ အမိန့်အာဏာတွေကို ဖီဆန်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဓမ္မဝါဒသမားတွေကို အောက်ခြေမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက အရေးယူမှု ပြတ်ပြတ်သားသား မရှိဘူးဆိုတာ သူတို့ကိုယ်တိုင်ရော ဗုဒ္ဓဘာသာမှ ဟုတ်ကြရဲ့လားလို့လည်း အောက်မေ့တယ်။ ပြီးတော့ ဒီလို ပုဂ္ဂိုလ်တွေကို အရေးယူဖို့ ဥပဒေ ဆိုတာကော မရှိတော့ဘူးလား၊ ပျောက်နေပြီလား၊ ဒါမှမဟုတ်လို့ရှိရင်လည်း ဒီလူတွေ အရေးယူဖို့ဟာ ရှေ့မှာ ဘာတွေ ခံထားလို့လဲ၊ ခံစားရတာပေါ့ဗျာ။'

မြန်မာနိုင်ငံမှာ အကြီးဆုံးနဂါးရုံဘုရားတည်ဖို့အတွက် စစ်ဒေသ တိုင်းမှူးရဲ့ လက်မှတ်အတုကိုပြခြိမ်းခြောက်ပြီး ဒီဘုရားတည်နေသူတွေဟာ မူလ လယ်ပိုင်ရှင်ဆီကနေ လယ်မြေသိမ်းယူခဲ့ပါတယ်။ ဒီအကြောင်း RFA က အသံလွင့်ခဲ့ပြီးဖြစ်ပါတယ်။

တော်ဝိရွာ ရပ်ကျေး သံဃာ့မဟာနာယက အဖွဲ့ဝင် ဆရာတော်တပါးက ဒါဟာ သာသနာအတွက် အများကြီး ထိခိုက်ပါတယ်လို့ မိန့်ပါတယ်။

ဆရာတော်။ ။ 'အခုနောက်ပိုင်း ဒီညွှန်ကြားချက်တို့၊ လုပ်ထုံးလုပ်နည်း ဆိုတာလည်း သာမန် ပေါ့ပေါ့ဆဆ ဖြစ်လာတာ မဟုတ်ဖူး၊ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက နေပြီးတော့ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေပဲ။ အဲဒီ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေကို မလိုက်နာတဲ့အတွက်ကြောင့်၊ မကိုက်ညီတဲ့ အတွက်ကြောင့် နိုင်ငံတော်အဆင့်ရှိတဲ့ သံဃာ့နာယက ဆရာတော်ကြီးတွေ၊ တိုင်းသံဃာ့နာယက ဆရာတော်ကြီးတွေ မြို့နယ် သံဃာ့နာယက ဆရာတော်ကြီးတွေ အဲဒီလို ဆရာတော်ကြီးတွေ အစဉ်အဆက်ကနေပြီးတော့ အဆက်ဆက်ပေါ့၊ ဒီညွှန်ကြားချက်တွေကို ဒါ ထုတ်ပြန်ခဲ့တာ။'

'အဲဒါကို သူတို့က မလိုက်နာဘူး။ ဆိုရိုးစကားတခု ရှိတယ်။ ဓမ္မစက်နဲ့ သွားလို့မရရင် အာဏာစက်နဲ့ သွားကြတယ်ဆိုတဲ့ စကား ရှိတယ်။ ဒါပေမဲ့၊ ခုကျတော့ အဲလိုလုပ်နေတဲ့ လူတွေကို မြို့နယ်အာဏာပိုင် အဖွဲ့အစည်းတွေက ဒါ အရေးမယူဘူး၊ ဒါ ဘာကြောင့် အရေးမယူတာလဲ၊ အံ့သြဖို့။ အဲဒီတော့ ကိုးကွယ်ကြည်ညိုနေတဲ့ သာသနာမှာလည်းပဲ ဒါ သာသနာတော်အတွက် တအားထိခိုက်တာပဲ။ အဲဒီတော့ သာသနာတော်အတွက်က ရင်လေးဖို့ကောင်းတဲ့ ကိစ္စရပ်ကြီးပဲ၊ ဒီကိစ္စရပ်က။'

ဒီလို မြို့နယ်နဲ့ နယ်ခံအာဏာပိုင်တွေက အရေးယူမှု မရှိတာနဲ့ပတ်သက်လို့ ဒေသခံ အာဏာပိုင်တွေရဲ့ တုံ့ပြန်ချက်ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ပါဘူး။

ရပ်ကွက်အာဏာပိုင်များ ဝိုင်းရိုက်၍ သေဆုံးမှု အာရှလူ့အခွင့်အရေးအဖွဲ့ ကြေညာချက်ထုတ်
2009-07-13

ပုသိမ်မြို့ အမှတ် ၁ ရယကတွေ ဝိုင်းဝန်း ရိုက်နှက်တာကြောင့် သေဆုံးခဲ့ရတဲ့ ကိုအောင်ခိုင်ထွန်း အမှုနဲ့ပတ်သက်ပြီး၊ အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ဇူလိုင် ၁၃ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

ကိုအောင်ခိုင်ထွန်း သေဆုံးရတဲ့အမှုအတွက်၊ ရယက အဖွဲ့ဝင်တွေ အပါအဝင် ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူ ၅ ဦးကို သက်ဆိုင်ရာ တရားရုံးက လူသတ်မှု ပုဒ်မ ၃ဝ၂ လူသတ်မှုနဲ့ ဖမ်းဆီး အရေးယူထားတာကို ဆိုလိုကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောဆိုပါတယ်။

ကိုအောင်ခိုင်ထွန်း သေဆုံးရတဲ့ အမှုကိစ္စမှာ သက်ဆိုင်ရာ ရဲနဲ့ တရားရုံးကနေ မှန်မှန်ကန်ကန် တရားမျှတစွာ အမှုရင်ဆိုင်နိုင်ရေး ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ AHRC က တိုက်တွန်း ထားပါတယ်။

ဦးမင်းလွင်ဦး။ ။ 'ဒီလို ဖမ်းဆီး အရေးယူထားတဲ့ ဥစ္စာကိုလည်း က္ဆွန်တော်တို့အနေနဲ့ အများကြီး ကြိုဆိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ အာဏာပိုင်တွေကနေ ကျူးလွန် ဖောက်ဖျက်တဲ့ အမှုတွေမှာ ဒီလို ဖမ်းဆီးအရေးယူမှုက အလွန်တရာမှပင် နည်းပါးတယ်။ အခုလို ဖမ်းဆီးအရေးယူတဲ့ ဥစ္စာကို က္ဆွန်တော်တို့ အာရှ လူ့အခွင့်အရေးအနေနဲ့ ကြိုဆိုတယ်။ နောက်ပြီးတော့တခါ ဒီအမှုကို မျှမျှတတ မှန်မှန်ကန်ကန်နဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ပေးသွားဖို့ကိုလည်း က္ဆွန်တော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်ကနေ တောင်းဆိုထားတာ ဖြစ်ပါတယ်ခင်ဗျ။'

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ပုသိမ်မြို့ ငဝန်မြစ်အတွင်း ကိုအောင်ခိုင်ထွန်း နဲ့ ကိုတင်ထွန်းလွင်တို့ ၂ ဦး စက်လှေပျက် မျောပါလာပြီး၊ အမှတ် ၁ ကွမ်းခြံ ရယက အဖွဲ့ မြစ်အတွင်း ဗေဒါဆယ်နေတဲ့ နေရာကို ဆိုက်ရောက်ခဲ့ပါတယ်။ ကိုအောင်ခိုင်ထွန်းတို့ နှစ်ဦးကို ရယကတွေက လုပ်ငန်း နှောင့်ယှက်မှုနဲ့ ဖမ်းဆီးပြီး ဒဏ်ငွေ ၃ဝဝဝ ပေးဖို့ တောင်းခဲ့ပါတယ်။ တောင်းတဲ့ငွေကို အချိန်မီ မပေးနိုင်တဲ့အတွက် ကိုအောင်ခိုင်ထွန်းကို ရယကတွေက ဝိုင်းဝန်း ရိုက်နှက်တဲ့အတွက် ဇွန်လ ၂ဝ ရက်နေ့က သေဆုံးခဲ့ရပါတယ်။

သံတမန်နည်းလမ်းများ မအောင်မြင်ကြောင်း လုံခြုံရေးကောင်စီမှာ တင်ပြစေလို
2009-07-13

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ ပြုလုပ်မဲ့ အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ သံတမန်ရေးအရ ကြိုးပမ်းချက်တွေဟာ အောင်မြင်မှုမရှိတာကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအနေနဲ့ တင်ပြစေလိုတယ်လို့ ရန်ကုန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဖော် ပြောကြားပါတယ်။

၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း နေပြည်တော်တွင် သတင်းစာဆရာများအား ရှင်းလင်းပြောကြားနေစဉ်။ နောက်ဖက်တွင် တွေ့ရသူမှာ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးအရာရှိ မစ္စတာဂမ်ဘာရီ ဖြစ်ပါသည်။ (UN Photo/Mark Garten)

အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ ၂ ရက်ကြာ ခရီးစဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ တင်ပြဖို့ ရှိတာနဲ့ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ အန်အယ်ဒီပါတီက ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်း ခရီးစဉ်နောက်ပိုင်း ဖြစ်လာတဲ့ အခြေအနေတွေ အပါအဝင် မြန်မာ့ နိုင်ငံရေးအကျပ်အတည်းမှာ ရှေ့ဆက်ဘယ်လို လုပ်ဆောင်မလဲ စတဲ့ကိစ္စတွေကို ဆွေးနွေးတဲ့ ပါတီအစည်းအဝေးတခုလည်း အန်အယ်လ်ဒီ ရုံးချုပ်မှာ ဒီကနေ့ ပြုလုပ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အသေးစိတ်ကို ထုတ်ဖော်ပြောဖို့ ဦးဥာဏ်ဝင်းက ငြင်းဆိုပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'အခုဥစ္စာက ဒီနေ့လုပ်နေတယ်၊ အစည်းအဝေး ထိုင်တယ်၊ အစည်းအဝေး ထိုင်ပြီးတော့ ဒီနေ့ ထွက်မှာလည်း မဟုတ်ဖူး၊ နောက်ရက်တွေမှာ ထွက်မယ်၊ က္ဆွန်တော်က မထွက်ခင် ဒီထဲကဟာတွေ ပြောလို့ မဖြစ်လို့ပါ။'

မစ္စတာဘန်ကီမွန်းရဲ့ ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့ ခရီးစဉ်ဟာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ အမြင့်ဆုံး သံတမန်ရေး ကြိုးပမ်းမှု ဖြစ်ပါတယ်။ ဒါပေမဲ့ မစ္စတာဘန်ကီမွန်းရဲ့ မူလ ရည်ရွယ်ချက်တခုဖြစ်တဲ့ အင်းစိန်အကျဉ်းထောင်မှာ အမှုရင်ဆိုင်နေရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တော့ မရခဲ့တဲ့အတွက် မအောင်မြင်တဲ့ ခရီးအဖြစ် လေ့လာသူအများက သုံးသပ်ခဲ့ပါတယ်။

တချိန်တည်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သောကြာနေ့က သက်သေ ထွက်ဆိုချက် တင်ပြခဲ့ပြီးတဲ့နောက်၊ အပြီးသတ် လျှောက်လဲချက်အဆင့်ကို ရောက်သွားပြီ ဖြစ်ကြောင်း အများသိဖို့ အန်အယ်ဒီ ပါတီက ကြေညာချက်တစောင် ဒီကနေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'ထူးခြားမှုကတော့ အဲဒီဟာလေ၊ final argument ရောက်သွားပြီပေါ့ဗျာ။ အမှုရဲ့ ဆုံးခန်းတိုင် နီးသွားပြီပေါ့။ ဒီနေ့တော့ က္ဆွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ ၂၄ရက်နေ့ ၂နာရီမှာ အပြီးသတ် လျှောက်လဲချက် ချိန်းဆိုထားတယ် ဆိုတဲ့အကြောင်းကိုတော့ အများသိအောင် ဆိုပြီးတော့ ကြေညာချက်တခုတော့ ထုတ်ပါတယ်။ တခုလုံး အဲဒါပါပဲ၊ အဓိကကတော့။'

မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်အကြောင်း လုံခြုံရေးကောင်စီမှာ တင်ပြမဲ့အရေးနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီရဲ့ သဘောထားကို သိနိုင်ဖို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းနဲ့ RFA မှ ဦးကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ရဲကသေနတ်ဖြင့်ပစ်၍ ဆိုင်ကယ်ကုန်သည် နှစ်ဦးသေဆုံး
2009-07-13

တရုတ်မြန်မာနယ်စပ် မူဆယ်မြို့က မော်တော်ဆိုင်ကယ် ကုန်သည် ၂ဦး ကို ပန်ဆိုင်းရဲဌာနက အရာရှိတဦးနဲ့ တပ်ကြပ်တဦးက သေနတ်နဲ့ ပစ်လို့ သေဆုံးတာကြောင့် မူဆယ်မြို့ခံတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။

သေဆုံးသူ နှစ်ဦးဟာ ကိုအောင်သန်းထွန်းနဲ့ ကိုထွတ်ထွတ်တို့ ဖြစ်ပြီး ညီအစ်ကို ဝမ်းကွဲတော်စပ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ကို ပန်ဆိုင်းမြို့နဲ့ ၁ဝ၅ စခန်းကြားမှာ ရဲတပ်ဖွဲ့ဝင်တွေက တခြားမော်တော်ဆိုင်ကယ် ၄စီးနဲ့အတူ ဖမ်းခဲ့တာပါ။ ရဲတပ်ဖွဲ့က သူတို့ကို ဖမ်းပြီးတဲ့နောက် ဈေးညှိစဉ် မပြေမလည် ဖြစ်ပြီး ဒုရဲအုပ် ဟန်ထွန်းအောင်ဆိုသူနဲ့ ရဲတပ်ကြပ်ကြီးတို့က ဇူလိုင်လ ၇ရက်နေ့ ညပိုင်းက သေနတ်နဲ့ ပစ်ခဲ့တာလို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့က ပြောဆိုတာကတော့ သေဆုံးသူတွေဟာ ဓားနဲ့ တိုက်ခိုက်တဲ့အတွက် ပစ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်၊ အလောင်းတွေကို ကိုယ်တိုင်မြင်ခဲ့ရသူ မူဆယ်မြို့ခံတဦးက ခုလိုပြောပါတယ်။

မူဆယ်မြို့ခံ။ ။ 'သူတို့ဖက်က ထုတ်ပြန်တဲ့ သတင်းအရကတော့ ဓားနဲ့ခုတ်တဲ့အတွက် သေနတ်နဲ့ ပစ်တယ်လို့တော့ သတင်းကြားတယ်ဗျ။ ဒါပေမဲ့ က္ဆွန်တော်တို့ သွားပြီးတော့ ကြည့်တဲ့အခါ အားလုံး ပရိသတ် တော်တော်များများ ကြည့်ဖြစ်တယ်။ ကြည့်ဖြစ်တဲ့အခါကျ တွေ့တဲ့ ဒဏ်ရာအရတော့ အနီးကပ် ပါးစပ်ထဲကို သေနတ်နဲ့ ထည့်ပြီးတော့ ပစ်တဲ့ ပုံစံမျိုး။ နောက် ရင်ဘတ်ကို မှန်တဲ့ တယောက်ဆိုလို့ရှိရင် ချက်ချင်းမသေဘူး၊ အဲဒါကို နောက်ထပ် ပြန်ပြီးတော့ ရိုက်နှက်ထားတဲ့ ဒဏ်ရာမျိုး၊ အဲဒီ ဒဏ်ရာမျိုးတွေ ရှိတယ်ဗျ။'

ခုလို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ပြီးတဲ့နောက် အလောင်းတွေကို ပန်ဆိုင်းဆေးရုံ ရင်ခွဲရုံမှာ ပထမ ထားရှိပြီး ဘယ်သူမှ လာယူခွင့် မပေးပါဘူး။ ပြီးခဲ့တဲ့ သောကြာနေ့ကမှ မူဆယ်မှာ ရှိတဲ့ နာရေးကူညီမှုအသင်း၊ ကရုဏာ ဖောင်ဒေးရှင်းက သွားယူမှ အလောင်းများပေးပြီး သင်္ဂြိုဟ်ခွင့် ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ သောကြာနေ့က တရုတ်မြန်မာနယ်စပ် ၁ဝ၅မိုင် စခန်းမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ အဖွဲ့ လာရောက် စစ်ဆေးနေတာမို့ မူဆယ်မြို့မှာ လုံခြုံရေးတွေ ချထားပေမဲ့ အသုဘ အခမ်းအနားမှာ သေဆုံးသူတွေရဲ့ ဆွေမျိုး၊ မိတ်ဆွေတွေနဲ့ မြို့ခံတွေ မကျေနပ်လို့ အော်ဟစ်ခဲ့တာကို အာဏာပိုင်တွေ တားမြစ်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

မူဆယ်မြို့ခံ။ ။ 'သူ့ရဲ့ မိတ်ဆွေ အပေါင်းအသင်း ဆိုင်ကယ်အစီး တရာကျော်ကနေပြီးတော့ သူတို့ထဲမှာ အိတ်ဇောတွေ ဖွင့်ပြီးတော့ ဆူဆူညံညံနဲ့ကို အဲဒီ အော်ဟစ်ပြီးတော့ မြို့ထဲမှာ လှည့်ပြီးတော့ကို လုပ်ကြတယ်ဗျ။ လုံခြုံရေးတွေတော့ ဖြန့်ထားတယ်ဗျ။ မနက်ပိုင်းကစပြီးတော့ လုံခြုံရေးတွေ ဖြန့်ကျက်ထားတယ်၊ ဒါပေမဲ့ လုံခြုံရေး ဒီ နာရေးချလာတဲ့အခါမှာ သူတို့ချင်း အားလုံး ဆက်သွယ်ပြီး သတင်းပို့ထားပုံရတယ်၊ လမ်းမှာရှိတဲ့ ရဲတွေအားလုံး၊ လုံခြုံရေး စောင့်နေတဲ့လူ အားလုံးက နာရေးပို့လာတဲ့အခါ အဲလို ဆူဆူညံညံ ဖြစ်တဲ့အတွက် ရဲတွေ အားလုံးက ကိုယ်ယောင်ဖျောက်ပြီးတော့ အကုန် ပုန်းသွားကြတယ်ဗျ။ တယောက်မှ လမ်းမှာ မတွေ့ရဘူး။ တကယ်လို့ လမ်းမှာ ရဲတွေ့လို့ရှိရင်လည်း ပြဿနာ ရှာပြီးတော့ ပြဿနာ တက်သွားနိုင်တဲ့ ပုံစံမျိုးမှာလည်း ရှိတဲ့အတွက် အားလုံး ရဲတွေကတော့ ရှောင်နေလိုက်ကြတယ်ဗျ။'

သေဆုံးသူနှစ်ဦးရဲ့ မိဘတွေဟာ တပ်မတော်သားဟောင်းတွေ ဖြစ်ကြပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး အထက်ကို ဆက်လက်တိုင်ကြားမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ RFA က ပန်ဆိုင်း ရဲစခန်းကို ဆက်သွယ်ဖို့ကြိုးစားပေမဲ့ ဆက်လို့ မရခဲ့ပါဘူး။

အပစ်ရပ်အဖွဲ့များနှင့် ညှိနှိုင်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ချဉ်းကပ်
2009-07-13

အပစ်ခတ်ရပ် တိုင်းရင်းသားများ အရေးနဲ့ ပတ်သက်ပြီး အဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ကြားဝင် ဆောင်ရွက်ပေးဖို့ စစ်အစိုးရက ညှိနှိုင်းနေကြောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ပတ်သက်သူများ အသိုင်းအဝိုင်း က RFA ကို ပြောဆိုပါတယ်။ အခုလိုညှိနှိုင်းရာမှာ စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကိုယ်တိုင် ဗိုလ်ချုပ်ကြီး ခင်ညွန့်ထံကို ပြီးခဲ့တဲ့လတွေ အတွင်းက နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ၂ဝဝ၅ခုနှစ် ဇူလိုင် ၂၂ရက်တွင် အကျင့်ပျက် အဂတိ လိုက်စားမှုအပါအဝင် ပြစ်မှု ၈ခုဖြင့် ထောင်ဒဏ် ၄၄နှစ် ချမှတ်ထားသည်။

ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့်ဘက်က အဖြေ တစုံတရာပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

စစ်အစိုးရ အဆိုပြုထားတဲ့ တပ်များ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးအဆိုကို အပစ်ခတ်ရပ်အဖွဲ့တွေအနက် အင်အားကြီးတဲ့ အဖွဲ့အားလုံးက ငြင်းပယ်ထားပါတယ်။ အခုလိုငြင်းပယ်တာကြောင့် UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့အပြင် KIO အဖွဲ့အပါအဝင် ကိုးကန့်အဖွဲ့၊ မိုင်းလားအဖွဲ့အပြင် ရှမ်းပြည် တပ်မတော် မြောက်ပိုင်းအဖွဲ့တွေကို စစ်အစိုးရ အရာရှိများ တကြိမ်မက လာရောက်စည်းရုံးပေမဲ့ သဘောတူညီချက် မရခဲ့ဘူးလို့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့ သတင်းရပ်ကွက်က ပြောဆိုပါတယ်။

ဒါ့အပြင် အပစ်ရပ်အဖွဲ့တွေ အနေနဲ့လည်း ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ကြားဝင်ခိုင်းနေတာနဲ့ ပတ်သက်ပြီး သတင်းများ ရရှိတယ်လို့ RFA ကို ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်မြန်မာနယ်စပ်စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ စစ်အစိုးရဟာ လူမျိုးစုများကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတယ်လို့ ခုလိုဝေဖန်ပါတယ်။

ဦးအောင်ကျော်ဇော။ ။ 'သိတဲ့အတိုင်းပဲ ခုနကပြောတဲ့ ဝတို့၊ ကိုးကန့်တို့ ဘာတို့မှာ ဗိုလ်ခင်ညွန့်နဲ့ ဆက်ဆံရေး တချိန်က အင်မတန် ကောင်းခဲ့တာ ရှိတာကိုး။ အဲဒီတော့ အဲဒီဟာကို အကြောင်းအချက်ယူပြီး ဗိုလ်ခင်ညွန့်ကို ကြားဝင်ပြီးတော့ လုပ်ခိုင်းဖို့ သူတို့ အဲဒီ သဘောမျိုးတော့ စဉ်းစားပုံ ရတယ်။ ဒါပေမဲ့ တကယ်တော့ လက်တွေ့မှာ လုပ်နိုင်မှာ မဟုတ်ဖူး။ ဒါပေမဲ့၊ ဒီ လူမျိုးစုတွေကြားမှာ တောင်ထင်မြောက်ထင် ထင်အောင်တော့ အဲဒီလိုပေါ့ဗျာ၊ ဗိုလ်သန်းရွှေရဲ့ psy war နည်းတွေပေါ့ဗျာ။ အဲဒီလို သုံးပြီးတော့ ဗိုလ်ခင်ညွန့်ကို အခု ပွဲထုတ်တယ်။ သူ့ဆရာဖြစ်တဲ့ ဦးတင့်ဆွေရဲ့ မိန်းမ နာရေးမှာ ပွဲထုတ်တာ တဖြည်းဖြည်းနဲ့ အပြင်ထုတ်လာလို့ ရနိုင်တယ်။ ဒါပေမဲ့ ဗိုလ်ခင်ညွန့် သူလုပ်လိမ့်မယ်လို့ မထင်ဘူး။ ဒါပေမဲ့၊ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ ဗမာအစိုးရက ဒီ အခြေအနေကို က္ဆွန်တော်တို့ လူမျိုးစု ရဲဘော်တွေ သဘော သိပ် မပေါက်နိုင်တဲ့ အောက်မှာ ဗိုလ်ခင်ညွန့်ပဲ ပြန် ပွဲထုတ်တော့မလိုလို၊ ဘာလိုလိုနဲ့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တဲ့ ကိစ္စတွေ ဖြစ်တယ်။'

ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၅ရက်နေ့က စက်မှု ၁ ဝန်ကြီးဟောင်း ဗိုလ်မှူးချုပ် တင့်ဆွေရဲ့ဇနီး ဒေါ်ခင်စန်းရဲ့ ဈာပနကို လာရောက်တာ တွေ့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို နေပြည်တော်ကို ခေါ်ပြီး ဆွေးနွေးတာမျိုးတွေလည်း ရှိတယ်ဆိုတဲ့ သတင်းတွေလည်း နေပြည်တော်နဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့က ဘယ်လို သဘောထားသလဲ ဆိုတာနဲ့ပတ်သက်ပြီး ဝတပ်မှူးတဦးကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။