Friday, July 17, 2009

အဇာတသတ် ဇာတ်လမ်းသစ်


ဘွဲ့ဖြူ

၁၇ ဇူလိုင် ၂၀၀၉


၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၂၊ ၁၃) ရက်လောက်မှာ ထင်တယ်။ အဲဒီတုန်းက စစ်တပ်က အာဏာသိမ်းဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းထွက်နေတာနဲ့ ပတ်သက်ပြီး ဘီဘီစီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်ကို မေးမြန်းခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အာဏာသိမ်းတာဆိုရင်တော့ ထောက်ခံတယ်။ ဒီလိုမှမဟုတ်ဘဲ မဆလကို ကာကွယ်ဖို့ ရည်ရွယ်ချက် (တနည်း) ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒကို နှိပ်ကွပ်ချေမှုန်းဖို့ ရည်ရွယ်ချက်နဲ့ အာဏာသိမ်းတာမျိုးဆိုရင်တော့ ဆန့်ကျင်တယ်” လို့ ဖြေဆိုခဲ့တယ်။

အဲဒီရက်ပိုင်းလောက်အတွင်းမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြံစည်ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းဟာ ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတွက် အဲဒီသတင်းနဲ့ ပတ်သက်ပြီး လူထုခေါင်းဆောင်တွေက စိုးရိမ်မကင်းတဲ့ ပြောဆိုသတိပေးမှုတွေ အများအပြားပေါ်လာခဲ့တယ်။ အဲဒီထဲမှာ ကျောင်းသားခေါင်းဆောင်တဦး (ဘယ်သူမှန်းတော့ တိတိကျကျ အမှတ်မရတော့) ပြောဆိုခဲ့တဲ့ စကားကို အခုအနှစ်နှစ်ဆယ်ကျော်လာတဲ့အချိန်အထိ အမှတ်ရမိနေတယ်။ အဲဒါကတော့ “ဗိုလ်ချုပ်ကြီးစောမောင်ခင်ဗျား … ပြည်သူတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့်လမ်းကို ရွေးချယ်လျှောက်လှမ်းခြင်းမပြုဖို့ အနူးအညွတ် မေတ္တာရပ်ခံပန်ကြားပါရစေ” ဆိုတဲ့ စကားပဲဖြစ်တယ်။

ဒါပေမယ့် အဲဒီကနေ နောက်လေးငါးရက်အကြာမှာ ဘာဖြစ်သလဲ။ ဗိုလ်စောမောင်ဟာ မြန်မာပြည်သူလူထုတရပ်လုံး မလုပ်စေချင်ဆုံး အလုပ်ကို ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ ပြုလုပ်ခဲ့တယ်မဟုတ်လား။ ဒါကြောင့် အဲဒီတုန်းကတည်းက မြန်မာစစ်ခေါင်းဆောင်ပိုင်းရဲ့ ရပ်တည်ချက်ကို ပကတိအရှိအတိုင်း ရဲရဲကြည့် ရဲရဲမြင်ပြီး သုံးသပ်တယ်ဆိုရင် ပြည်သူတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့်လမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့ပြီး ဖြစ်တယ်ဆိုတဲ့ အမှန်တရားဟာ အထင်အရှားပဲ ဖြစ်တယ်။

ဒါပေမယ့် မြန်မာပြည်သူလူထုကြီးကတော့ စစ်ခေါင်းဆောင်တွေကို မိဘရင်ခွင်ကို စုံကန်ပြီး အကုသိုလ်အမိုက်တိုက်ထဲ နက်သထက်နက်အောင် တိုးဝင်နေတဲ့ သားဆိုးသားမိုက်တယောက်သဖွယ် သဘောထားပြီး (အခုအထိ) အနှစ်နှစ်ဆယ် ကျော်လုံးလုံး စော်ကားမော်ကား ပြောဆိုပြုမူသမျှကို သည်းခံခွင့်လွှတ်ပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးဆိုတဲ့ ငြိမ်းချမ်းရေးစကားကို ကမ်းလင့်ရင်း အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ရင်ခွင်ကို ဖွင့်လှစ်ကြိုဆိုနေခဲ့တယ်။

လူထုခေါင်းဆောင်တွေက “မြန်မာစစ်ခေါင်းဆောင်တွေသာ တိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင်” ဆိုတဲ့ စာပိုဒ်ကို ပြောဆိုသမျှ စကားတိုင်း၊ ထုတ်ပြန်သမျှ ကြေညာချက်တိုင်းမှာ ထည့်သွင်း သတိပေးရင်း စစ်ခေါင်းဆောင်တွေ အမှန်တကယ် လျှောက်သင့်လျှောက်ထိုက်တဲ့ ငြိမ်းချမ်းရေးလမ်းကို လမ်းညွှန်ပြသခဲ့တယ်။ အဲဒီကာလအတွင်း အကျဉ်းထောင်များအတွင်း မိမိတို့ရဲ့ တန်ဖိုးကြီးမားလှတဲ့ (တနည်း) အစားပြန်လည်မရရှိနိုင်တော့တဲ့ အချိန်ကာလများစွာကို စတေးပေးဆပ်ခဲ့ကြရတဲ့ ဒီမိုကရေစီသူရဲကောင်း အများစုတို့ဟာလည်း အကျဉ်းထောင် တွေထဲက လွတ်မြောက်လာကြတဲ့အခါမျိုးမှာ မိမိတို့ရဲ့ ပုဂ္ဂလိကဘဝ အနစ်နာခံရမှုများ အကြောင်း တခွန်းမှ မဟကြဘဲ အဲဒီ ‘ငြိမ်းချမ်းရေးလမ်း’ အကြောင်းကိုသာ အဓိကထားပြောဆိုခဲ့ကြတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ပြည်သူတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့်လမ်းကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကျော်ကတည်းက ရွေးချယ်လျှောက်လမ်းခဲ့တဲ့ စစ်အုပ်စုက အဲဒီကာလအတွင်း ပြည်သူတွေနဲ့ ပို၍ပို၍ ဝေးကွာရာဆီသို့ ဦးတည်လျှောက်လှမ်းရင်း အခုနောက်ဆုံးမှာတော့ မြန်မာ့ရှေးဟောင်း ဆိုးရိုးစကားတခုအတိုင်း မြေကြီးပေါ်မှာ မိုက်စရာ နေရာမကျန်တော့လို့ တွင်းတူးပြီး မိုက်နေပြီဖြစ်တယ်ဆိုတာကို တွေ့မြင်နေကြရပါပြီ။ အဲဒါကတော့ နအဖစစ်အုပ်စုဟာ ဒီကနေ့ကမ္ဘာမှာ အဆိုးရွားဆုံး အရက်စက်ဆုံး အာဏာရှင်စနစ်ထွန်းကားနေတဲ့ မြောက်ကိုရီးယားကို အားကျအတုယူ ကိုးကွယ်ဆည်းကပ်နေတဲ့ လုပ်ရပ်ပါပဲ။

အားလုံးသိကြတဲ့အတိုင်း မြောက်ကိုရီးယားဟာ သူလုပ်ချင်တဲ့ အုတ်အော်သောင်းတင်း အကြမ်းဖက်လုပ်ရပ်တခုကို လုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံတိုင်းက စောင့်ထိန်းအပ်တဲ့ အနိမ့်ဆုံး နိုင်ငံတကာစည်းမျဉ်းဥပဒေများကိုတောင် မြေပေါ်ချနင်း ခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာစစ်အာဏာရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်သူ ဗိုလ်နေဝင်းကတောင် သည်းမခံ ခွင့်မလွှတ် နိုင်လို့ သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့တဲ့ ကွန်မြူနစ်အမည်ခံ အာဏာရှင်နိုင်ငံ ဖြစ်တယ်။ ဒါ့အပြင် အဲဒီနိုင်ငံဟာ ဗိုလ်နေဝင်း သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့တဲ့ ၁၉၈၃ ခုနှစ်ကစလို့ ဒီကနေ့အထိ ဘာတခုမှ ပြောင်းလဲခြင်းမရှိဘဲ ပိုပြီးတော့တောင် ပြင်းထန်တင်းမာကာ ကမ္ဘာနဲ့ အဆက်ပြတ်တဲ့ အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံးနေခဲ့တဲ့ နိုင်ငံဖြစ်တယ်။

မြောက်ကိုရီးယားဟာ (၂ဝ) ရာစု အစောပိုင်းမှာ အပြိုင်းအရိုင်း ပေါ်ထွန်းလာခဲ့ကြတဲ့ အခြားအခြားသော ကွန်မြူနစ်နိုင်ငံတွေ လိုပဲ နိုင်ငံရဲ့အမည်ရှေ့မှာ “ဒီမိုကရက်တစ် ပြည်သူ့သမ္မတ” ဆိုတဲ့ စကားလုံးတွေ တပ်ဆင်ပြီး မာ့ခ်စ်၊ လီနင်ဝါဒနဲ့ မော်စီတုံး အတွေးအခေါ်ကို ကိုင်စွဲတယ်လို့ ထုတ်ဖော်ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့မှာတော့ ကင်အီဆွန်းမင်းဆက် ထူထောင်ပြီး သူ့ရဲ့မိသားစုဆွေမျိုးတသိုက်နဲ့ သူ့ကို မှန်ပါ့ဘုရားလုပ်နေတဲ့ ဗောင်းတော်ညိတ် စိတ်တော်သိ အလိုတော်ရိတစု ကောင်းစားရေးဝါဒသာ ဖြစ်တယ်ဆိုတဲ့အချက်ဟာ တနေ့တခြား ဖုံးမရဖိမရလောက်အောင် အထင်အရှားပေါ်လွင်လာခဲ့ပြီ ဖြစ်တယ်။

ဒီကနေ့လို ကွန်မြူနစ်ဝါဒနိမ့်ပါးပြီး ကမ္ဘာတလွှား လူကြိုက်နည်းနေတဲ့ အချိန်မျိုးမှာတောင် ကွန်မြူနစ်ဝါဒကို ရိုးရိုးသားသား ခိုင်ခိုင်မာမာ နက်နက်ရှိုင်းရှိုင်း ဆတ်လက်ယုံကြည် ဆုပ်ကိုင်ထားသူတွေ ရှိနေကြဆဲဆိုတဲ့အချက်ကို မြင်တွေနေကြရပေမယ့် ကင်အီဆွန်းမင်းဆက် ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ မြောက်ကိုရီးယားက ကွန်မြူနစ်စနစ်ဆိုတာကတော့ ဘယ်ရိုးသားဖြောင့်မတ် သူတဦးကိုမှ ဆွဲဆောင်နိုင်စွမ်းမရှိမှာ သေချာပါတယ်။

သူ့ဘာသာသူ မင်းဆက်ထူထောင်တာက ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက အဏုမြူဗုံးနဲ့ တာတို၊ တာလတ်၊ တာဝေးပစ် ဒုံးကျည်တွေ တပြပြလုပ်ပြီး မိမိနဲ့ လူမျိုးတမျိုးတည်းဖြစ်တဲ့ အိမ်နီးချင်း ညီအစ်ကိုမောင်နှမ တောင်ကိုရီးယားနိုင်ငံကိုသာမက ဒေသတွင်းကိုပါကျော်ပြီး ကမ္ဘာကြီးတခုလုံးရဲ့ လုံခြုံတည်ငြိမ် ငြိမ်းချမ်းရေးကိုတောင် ထိပါးနှောင့်ယှက်ဖို့ ခြိမ်းခြောက်နေတဲ့ လုပ်ရပ်ပါ။ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုအပေါ်မှာ အားကိုးအားထားပြုပြီး အသက်ရှင်နေကြရတဲ့ ပြည်သူလူထု အများစုကြီးက နှစ်စဉ်လိုလို ငတ်မွတ်ခေါင်းပါးခြင်းကပ်ဆိုးနဲ့ ကြုံတွေ့နေကြရချိန်မှာ ကင်ဂျုံအီးနဲ့ အပေါင်းအပါတစုက ဒေသတွင်းအကြီးဆုံး စစ်တပ်ကြီးကို ထူထောင်ပြီး အဏုမြူလက်နက်တပြပြနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေပုံကို မြင်ရတာ တကယ့်ကို အော့နှလုံးနာစရာပါ။

အဏုမြူစစ်ပွဲဖြစ်ပွားလာရင် နောက်ဆက်တွဲပေါ်ထွက်လာမယ့် ဆိုးကျိုးသက်ရောက်မှုတွေက ကြောက်ခမန်းလိလိ ကြီးမားမယ်ဆိုတာကို တွက်ဆသိရှိထားကြတဲ့ ကမ္ဘာ့ဦးဆောင်နိုင်ငံကြီးတွေက (၆) ပွင့်ဆိုင် ဆွေးနွေးပွဲအပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးပြီး မြောက်ကိုရီးယားက အာဏာရှင်တွေကို ချော့မော့ဖျောင်းဖျဖို့ ကြိုးစားနေခဲ့ပေမယ့် အာဏာရှင်တွေက အဲဒီကြိုးပမ်းမှုတွေကို သူတို့အာဏာတည်မြဲရေးအတွက် ကစားကွက်များအဖြစ်သာ အသုံးချနေခဲ့ကြတာလည်း အားလုံးအမြင်ပါပဲ။

နိုင်ငံတကာအသိုင်းအဝိုင်းက “တုတ်နဲ့ မုန်လာ” နည်းလမ်းကို သတိကြီးကြီးထား ကိုင်တွယ်အသုံးပြုပြီး အဲဒီတကိုယ်တော် ဧကစာကျင့်နေတဲ့ နိုင်ငံကို လူ့အသိုင်းအဝိုင်းထဲ ဝင်လာနိုင်စေဖို့ ဆွဲဆောင်စည်းရုံး သိမ်းသွင်းနေတဲ့ကြားက အဲဒီနိုင်ငံဟာ တနေ့တခြားပိုမိုပြီး “ကန်းတက်” လာနေတဲ့အတွက် ငြိမ်းချမ်းရေးကို လိုလားတဲ့ ကမ္ဘာ့ပြည်သူတရပ်လုံး ကြိမ်မီးအုံးသလို စိတ်နှလုံး မချမ်းမမြေ့ ဖြစ်နေကြရပါတယ်။ မြောက်ကိုရီးယားဟာ “ဘယ်သူဘာပြောပြော ဂရုမစိုက်ဘူး” ဆိုတဲ့ အပေါက်မျိုး ချိုးနေပြီး အခုနောက်ဆုံး ကမ္ဘာ့ရပ်မိရပ်ဖသဖွယ်ဖြစ်တဲ့ ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချမှတ်ပြီး သတိပေးဟန့်တားနေတဲ့ကြားက ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေကို တကြိမ်မက ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ စော်ကားတဲ့ အဲဒီအပြုအမူတွေကြောင့် အဏုမြူစစ်ပွဲဖြစ်ပွားလာမယ့်အရေးကို တွေးပူပြီး ကမ္ဘာ့ပြည်သူ တရပ်လုံး ရင်တမမ ဖြစ်နေကြရချိန်မှာ မြောက်ကိုရီးယားနိုင်ငံတည်ရှိနေတဲ့ အာရှဒေသက နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေဟာလည်း သူတို့ကို ဓားမိုးအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တစုရဲ့ နောက်ဆုံးပေါ်လုပ်ရပ်ကြောင့် ဘူးလေးရာ ဖရုံဆင့်၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသလို ခံစားနေကြရပါတယ်။

ဗိုလ်နေဝင်းခေတ်တုန်းက အရှေ့ဥရောပက ဆိုရှယ်လစ်ကွန်မြူနစ်နိုင်ငံတွေကို အတုယူနည်းမှီးခဲ့တဲ့ မြန်မာစစ်အာဏာရှင်တွေ ဟာ နဝတ၊ နအဖ ခေတ်ဦးပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံက အာဏာရှင်ကြီး ဆူဟာတိုကို စံထားခဲ့ကြရာကနေ အခုနောက်ဆုံးမှာ တော့ မြောက်ကိုရီးယားနိုင်ငံက အာဏာရှင် ကင်ဂျုံအီးကို ကိုးကွယ်ဆည်းကပ်နေကြပါပြီ။ အာဏာရှင်ဆိုတာ မိမိအာဏာ တည်မြဲရေးအတွက်ဆိုရင် ဘာမဆိုလုပ်တတ်ကြတာ ထုံးစံတရပ်ဖြစ်ပေမယ့် မိမိတို့ရပ်တည်ရှင်သန်နေတဲ့ အာဏာရှင်စနစ်ကို မီးရှုးသန့်စင်ဖွားမြင်ပေးခဲ့တဲ့ ခေါင်းကိုင်ဖခင်ကြီးကတောင် အဆက်အဆံဖြတ်ခဲ့တဲ့ နိုင်ငံတခုကို မိမိတို့လက်ထက်မှာ ပြန်ပြီးပလူးပလဲလုပ်ခဲ့တဲ့ နအဖစစ်အာဏာရှင်တွေရဲ့ လုပ်ရပ်မျိုးကတော့ ကမ္ဘာပေါ်မှာ နှိုင်းယှဉ်ပြစရာ များများစားစား မရှိလောက်ပါဘူး။

နအဖစစ်အာဏာရှင်တွေ ဘာကြောင့်အဲသလို လုပ်ခဲ့ကြတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ ပြည်သူတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့် လမ်းကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့မှာ စတင်လျှောက်လှမ်းခဲ့တဲ့ နဝတ၊ နအဖစစ်အုပ်စု ဟာ မြောက်ကိုရီးယားကို ကိုးကွယ်ဆည်းကပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြင့် သူ့ရဲ့ကံကြမ္မာကို အပြီးသတ်ပြဋ္ဌာန်းလိုက်တဲ့ သဘောပါပဲ။ မြို့တော်ကို ရန်ကုန်ကနေ ပျဉ်းမနားကြပ်ပြေးကို ရွှေ့သွားတာ၊ မြောက်ကိုရီးယားအကူအညီနဲ့ အဏုမြူလက်နက်နဲ့ ဒုံးကျဉ်တွေ ထုတ်လုပ်နိုင်ဖို့ ကြံစည်ကြိုးပမ်းနေတာ၊ ကြပ်ပြေးနေပြည်တော်မှာ ဒုံးကျည်နဲ့ ဗုံးဒဏ်ခံနိုင်တဲ့ ဘန်ကာတွေနဲ့၊ မြေအောက်ဒုံးပစ်စင်တွေ တည်ဆောက်နေတာ စတဲ့လုပ်ရပ်တွေက နအဖဟာ ပြည်တွင်းမှာ ပြည်သူတွေကို အမြင့်မားဆုံးဖိနှိပ် နှိပ်ကွပ်ဖို့ကြိုးပမ်းရင်း ဒေသတွင်းနိုင်ငံတွေကို အင်အားပြခြိမ်းခြောက်ကာ နိုင်ငံတကာအသိုင်းအဝိုင်းကို ဖီဆန်အာခံအန်တု ခြင်းဖြင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ရာသက်ပန်တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်သွားဖို့ ပိုင်းဖြတ်ထားပြီးပြီဆိုတဲ့ အချက်ကို အခိုင်အမာ သက်သေပြနေပါတယ်။

Public Enemy Number One ဆိုတဲ့ အမေရိကန်ရုပ်ရှင်ဇာတ်ကားတကားကို ကြည့်ဖူးတယ်။ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုအပေါ် အခြေပြုရိုက်ကူးထားတယ်လို့ ဆိုတယ်။ ဇာတ်လမ်းက မုဆိုးမတဦးရဲ့ ဘဝဇာတ်ကြောင်းပါ။ အဲဒီမုဆိုးမဟာ မုဆိုးမဖြစ်စမှာ သားတွေ (သုံးယောက်ထင်တယ်) ကို ကျွေးမွေးပြုစုဖို့အတွက် ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေခဲ့ပေမယ့် မလောက်ငတဲ့အတွက် ဘဏ်တခုကို ဓားပြဝင်တိုက်တယ်။ အဲဒီဖြစ်စဉ်အတွင်း လူတယောက်ကို မတော်တဆ သတ်လိုက်မိတယ်။ နောက်ပိုင်းမှာ မထူးတော့ဘူးဆိုပြီး လူတွေ ထပ်သတ်တယ်။ လုယက်တဲ့ လုပ်ငန်းမှာလည်း အတွေ့အကြုံသိပ်များလာပြီး လူသတ်တဲ့ကိစ္စမှာ လည်း သိပ်ကိုလက်ယဉ်လာတယ်။

အချိန်တွေကြာလာတာနဲ့အမျှ အဲဒီဒေသတဝိုက်မှာ သူ့ရဲ့သြဇာအရှိန်အဝါက သိပ်ကြီးလာပြီး လူထုတရပ်လုံးကလည်း သူ့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့လာခဲ့ကြတယ်။ သားတွေကလည်း အရွယ်ရောက်လာပြီဖြစ်လေတော့ မိခင်ရဲ့ ဒုစရိုက်လုပ်ငန်းမှာ ဝင်ကူလုပ်ကြတယ်။ ဒီလိုနဲ့ သူတို့သားအမိတတွေရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားမှုဟာ ပြည်နယ် နယ်နိမိတ်ကိုကျော်လွန်ပြီး ဗဟိုအစိုးရ ထိပ်ဆုံးအာဏာပိုင်တွေနားထဲအထိ ရောက်လာတယ်။ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အာဏာပိုင်အဆင့်ဆင့်ကို လာဘ်ထိုးတဲ့နည်း၊ ခြိမ်းခြောက်သတ်ဖြတ်တဲ့နည်းတွေ အသုံးပြုပြီး သူတို့ကို မတို့ရဲ မထိရဲဖြစ်အောင် လုပ်ထားနိုင်ပေမယ့် သူတို့သားအမိတတွေရဲ့ ဒဏ်ကိုမခံနိုင်တော့တဲ့ ဒေသခံပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် ဗဟိုအစိုးရအာဏာပိုင်တွေအနေနဲ့ သူတို့သားအမိတွေကို မဖြစ်မနေ နှိပ်ကွပ်ဖို့ လိုအပ်လာတော့တယ်။

ပြည်နယ်အာဏာပိုင်တွေရဲ့ အရေးယူမှုကနေ လွတ်မြောက်အောင် နှစ်ပေါင်းများစွာ ရှောင်တိမ်းလာနိုင်ခဲ့ပေမယ့် ဗဟိုအစိုးရရဲ့ ဝိုင်းပတ်ချေမှုန်းမှုကိုတော့ အဲဒီမုဆိုးမမိသားစု ဟာ လွတ်အောင်ရုန်းမထွက်နိုင်တော့ဘူး။ တနေ့တခြား လှုပ်ရှားနိုင်တဲ့ ခွင်ကျဉ်းမြောင်း လာတယ်။ နောက်ဆုံးတော့ လယ်တဲတခုမှာ ရဲတွေရဲ့ ဝိုင်းပတ်ပိတ်ဆို့ထားခြင်း ခံလိုက်ရတယ်။ ရဲတွေက လက်နက်ချပြီး အဖမ်းခံဖို့ပြောတယ်။ အဲဒီမှာ အဲဒီအမျိုးသမီးနဲ့ သူရဲ့သား (ကျန်တဲ့သားတွေက ရှေ့ကတိုက်ပွဲတွေမှာ သေဆုံးသွားခဲ့ကြပြီ) တို့က စဉ်းစားတယ်။ လက်နက်ချအဖမ်းခံရင်လည်း သူတို့ရဲ့ဘဝဟာ ကြိုးစင်ပေါ်မှာ အဆုံးသတ်ရမယ်။ ကြိုးစင်ပေါ်မရောက်မီ စပ်ကြားကာလမှာ စိတ်ဆင်းရဲရမှုက အဆစ်ပါဦးမယ်။ အခုအခြေအနေက အဝိုင်းခံထားရတယ်ဆိုပေမယ့် သူပစ်ကိုယ်ပစ် ဖောက်ထွက်ရင် လွတ်ကောင်းလွတ်နိုင်သေးတယ်။ အဲသလိုစဉ်းစားပြီး ဖောက်ထွက်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ဝိုင်းထားတဲ့ ရဲအင်အားက များလွန်းတာကြောင့် နောက်ဆုံးတော့ သူတို့ နှစ်ယောက်စလုံး ကျည်ဆန်ရာ ဆန်ခါပေါက်ကိုယ်စီနဲ့ သေပွဲဝင်သွား ကြရတော့တယ်။ ဇာတ်လမ်းက အဲသလို ဖြစ်ပါတယ်။

မကြာသေးခင်က သွားခဲ့တဲ့ ဗိုလ်ရွှေမန်းရဲ့ မြောက်ကိုရီးယားခရီးစဉ်နဲ့ပတ်သတ်ပြီး စက်မှုပိုင်းဆိုင်ရာ ရှုထောင့်က ရေးသားထားတဲ့ အစီရင်ခံစာတစောင် ဒီရက်ပိုင်းအတွင်း ထွက်ပေါ်လာတယ်။ အဲဒီအစီရင်ခံစာရဲ့ ယုံကြည်အားထားလောက် ဖွယ်ရှိမှု (credibility) နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်မရှိပေမယ့် အဲဒီအစီရင်ခံစာပါ အချက်အလက်တွေဟာ အမှန်ဖြစ်မယ်ဆိုရင်တော့ ဒီမိုကရေစီဘက်တော်သားတွေအဖို့ စဉ်းစားစရာတွေ ရှိလာတာအမှန်ပါ။

တချက်က မြောက်ကိုရီးယားက အာဏာရှင်တွေဟာ နိုင်ငံတကာမိသားစုရဲ့ ဆန္ဒနဲ့ မျှော်မှန်းချက်တွေကို ဖီဆန်ဆန့်ကျင် အာခံအန်တုဖို့ ဘယ်လောက်စနစ်တကျ အခိုင်အမာ ပြင်ဆင်စီမံထားတယ်ဆိုတာကို ဒီအစီရင်ခံစာက ပြသနေတယ်ဆိုတာ ဖြစ်တယ်။ နောက်တချက်က မြောက်ကိုရီးယားက အာဏာရှင်တွေဟာ သူတို့လို တွင်းတူးမိုက်နေတဲ့ အာဏာရှင်တွေကို တပည့်ခံပြီး တွင်းတူးမိုက်မယ့် အာဏာရှင်နောက်တဦး ပေါ်ပေါက်လာမယ့်ကိစ္စအတွက် အင်မတန်မှ စိတ်အားထက်သန် တက်ကြွနေကြတယ်ဆိုတာကို သူတို့ရဲ့ လျှို့ဝှက်စက္ကောမယန္တရားစနစ်တွေကို အဲဒီတပည့်ခံမယ့်သူကို အူမချေးခါးမကျန် လှန်လှောပြသခဲ့မှုက သက်သေပြနေတယ်ဆိုတဲ့ အချက်ဖြစ်တယ်။

၁၉၄၈ ခုနှစ်မှာ စာရေးဆရာကြီး ဂျော့ခ်ျအော်ဝဲလ်ရဲ့ ‘၁၉၈၄’ အမည်ရှိ စာအုပ်တအုပ်ထွက်ပေါ်ခဲ့တယ်။ ၁၉၈၄ ခုနှစ်လောက်မှာ တည်ရှိနေမယ့် အင်မတန်ဆိုးရွားတဲ့ အာဏာရှင်စနစ်ထွန်းကားတဲ့ နိုင်ငံတခုအကြောင်း ဆရာကြီးက စိတ်ကူးယဉ်ရေးသားခဲ့ တာဖြစ်တယ်။ ဝေဖန်ရေးဆရာတချို့ကတော့ ဆရာကြီးဟာ အဲဒီတုန်းက အင်အားသြဇာ အရှိန်အဝါ ကြီးထွားမှုပြုလာပြီဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုကို တင်စားရေးသားခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဆရာကြီးက အဲဒီခန့်မှန်းချက်ကို ဝန်ခံတာ ဒါမှမဟုတ် ပယ်ချတာ တခုခုလုပ်ခဲ့တယ်ဆိုတာမျိုးတော့ မဖတ်မိဘူး။

အားလုံးသိကြတဲ့အတိုင်း ၁၉၁၇ ခုနှစ်မှာ ပေါ်ထွန်းလာခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ နှစ်ပေါင်း (၇ဝ) ကျော်အကြာမှာ ပြိုလဲသွားခဲ့တယ်။ သူနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အရှေ့ဥရောပတလွှားက ဆိုရှယ်လစ် ကွန်မြူနစ် နိုင်ငံတွေဟာလည်းအရင်းလဲ အဖျားထင်းဖြစ်ဆိုသလို တခုပြီးတခု ပြိုလဲခဲ့ကြရတယ်။ တယူသန် ကွန်မြူနစ်ကြီးတွေက အဲဒီလိုပြိုလဲသွားခဲ့ရမှုတွေအတွက် အမေရိကန်ဦးဆောင်တဲ့ အနောက်ကမ္ဘာရဲ့ သပ်လျှိုသွေးခွဲ အမှောင့်ပယောဂတွေဆိုပြီး လက်ညှိုးထိုးခဲ့ကြပေမယ့် တကယ့်အကြောင်းရင်းအစစ်အမှန်ကတော့ အဲဒီကွန်မြူနစ်ခေါင်းဆောင်တွေ ကျင့်သုံးခဲ့ကြတဲ့ အာဏာရှင်စနစ်ပဲဖြစ်တယ်။ အာဏာရှင်စနစ်ကို လွန်လွန်ကဲကဲ ကျင့်သုံးမှုဟာ လူသားရဲ့ပင်ကိုယ်သဘာဝနဲ့ ပြဒါးတလမ်းသံတလမ်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာမို့ အဲဒီလိုအာဏာရှင်စနစ်မျိုး ကျင့်သုံးတဲ့နိုင်ငံတွေ ပြိုကွဲသွားခဲ့ကြရတာဖြစ်တယ်။

ဒီကနေ့ကမ္ဘာပေါ်မှာ မြောက်ကိုရီးယားဟာ အဆိုးဝါးဆုံး အပြင်းထန်ဆုံး၊ အတင်းမာဆုံး၊ အခက်ထန်ဆုံး အာဏာရှင်စနစ်ကို ကျင့်သုံးရင်း ကမ္ဘာ့နံပါတ်တစ် အာဏာရှင်နိုင်ငံဆိုတဲ့ ဂုဏ်ထူးဘွဲ့ထူးကို သိမ်းပိုက်ထားတယ်။ ဒီဘက်နှစ်တွေအတွင်း အဲဒီစာရင်းရဲ့ ထိပ်ဆုံး (၁၀) ထဲမှာ တောက်လျှောက်ရှိနေတဲ့ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေဟာ အခုအချိန်မှာ ထိပ်သီးအာဏာရှင်နိုင်ငံနဲ့ သွေးသောက်ညီအစ်ကိုဖွဲ့နိုင်ဖို့ မျှော်မှန်းလုပ်ဆောင်နေတာကို မြင်တွေ့နေကြရတယ်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုတဲ့စကားကို အမှတ်ရစရာဖြစ်တယ်။

ဗိုလ်ရွှေမန်းရဲ့ မြောက်ကိုရီးယားခရီး အစီရင်ခံစာကိုဖတ်ရင်း ဒေဝဒတ်က သူနဲ့ ဈာန်အဘိညာဉ်တန်ခိုး အမျိုးမျိုးတွေပြသပြီး အဇာတသတ်ကို တပည့်မွေးဖို့ ကြိုးပမ်းနေပုံကို သွားပြီးမြင်ယောင်မိတယ်။ အဇာတသတ်ဟာ ပါရမီရင့်သန်ကြီးမားသူဖြစ်ပြီး လမ်းမှန်ကိုရွေးနိုင်ခဲ့ရင် မဂ်ဖိုလ်ကို ဆိုက်ရောက်နိုင်လောက်သူဖြစ်ပေမယ့် ဆရာအတင်မှားခဲ့တဲ့အတွက် အဖသတ်သားအဖြစ် အဝီစိငရဲအထိ ဒုတ်ဒုတ်ကြီး ကျရောက်သွားခဲ့ရသူဖြစ်တယ်။

ဘာပဲပြောပြော လောလောဆယ်မှာ နအဖ ဘယ်လမ်းလျှောက်တော့မယ်ဆိုတဲ့ အချက်လက်ဟာ အဖုံးအကာတွေအောက်မှာ ရှိနေတဲ့ အရာတခုမဟုတ်တော့ပါဘူး။ အဲဒီလမ်းဟာ လတ်တလောမှာ မြန်မာပြည်သူတွေအတွက်သာ အန္တရာယ်ရှိတဲ့လမ်း ဖြစ်သေးပေမယ့် နောင်သိပ်မကြာတော့မယ့် ကာလမှာပဲ ဒေသတွင်းနိုင်ငံတွေအတွက် အဲဒီကတဆင့် ကမ္ဘာကြီးတခုလုံးအတွက် အင်မတန်အန္တရာယ်ရှိတဲ့လမ်း ဖြစ်လာတော့မယ်ဆိုတာ မြန်မာပြည်သူတွေ သိဖို့လိုအပ်သလို အိမ်နီချင်းနိုင်ငံတွေနဲ့ တရုတ်၊ ရုရှားတို့အပါအဝင် ကမ္ဘာ့ဦးဆောင်နိုင်ငံကြီးတွေအားလုံး နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ကြဖို့ အထူးလိုအပ်နေတယ်။ အဲဒါကိုမှ သဘောပေါက်နားမလည်ဘူးဆိုရင်တော့ ဒီကနေ့ အပ်နဲ့ ထွင်းရမယ့် ပြဿနာဟာ မနက်ဖြန် ပုဆိန်နဲ့ ပေါက်ရမယ့် ပြဿနာ မလွဲမသွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို လိုလားသူမှန်သမျှ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မီးဘေးရှောင်ချင်တယ်ဆိုရင် မလောင်ခင်တားကြဖို့ လိုအပ်ကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ်။ ။

source
http://www.khitpyaing.org/articles/july09/160709.php

ဂျူလိုင်၁၇ဒိုင်ယာရီ

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ … ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူဆက်သတ်နေလဲ …
Friday, 17 July 2009 18:44 ဟန်လေး


ဒေါ်စုနှင့် ရှေ့နေများ တွေ့ခွင့်ရ၊ အပြီးသတ် လျှောက်လဲချက်အတွက် ပြင်ဆင်
ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 17 ရက် 2009 ခုနှစ် 18 နာရီ 35 မိနစ်



ချင်းမိုင်(မဇ္ဈိမ) ။ ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အကျိုးဆောင် ရှေ့နေများသည် အမှုနှင့် ပတ်သက်ပြီး အင်းစိန်ထောင် အတွင်း၌ ယနေ့ တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့် နှင့် ဒေါ်ခင်ဌေးကြွယ်တို့သည် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ဇူလိုင်လ ၂၄ ရက်တွင် ပြုလုပ်မည့် အပြီးသတ် လျှောက်လဲချက်ကိစ္စနှင့်ပတ်သက်၍ ၂ နာရီကြာ ဆွေးနွေးကြခြင်း ဖြစ်သည်။

“ဒီနေ့ကတော့ သီးသန့်လျှောက်လဲချက် ဒုတိယ မူကြမ်းကို ဆွေးနွေးကြတယ်။ ပြင်သင့်တာ ပြင်ရအောင်ဆိုပြီး အဓိက ဆွေးနွေးကြတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားချက်များအပေါ် ခုခံချေပသွားရန်အတွက် စာမျက်နှာပေါင်း ၂၃ မျက်နှာပါ နောက်ဆုံး လျှောက်လဲချက် ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးအားနည်းခြင်းကြောင့် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောအနေဖြင့် ခြံဝန်းအတွင်းသို့ ဝင်ရောက်လာ ခြင်းဖြစ်သော်လည်း တာဝန်ရှိ လုံခြုံရေးများအား အရေးမယူပေးခြင်းသည် တရားမျှတမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မြင်ကြောင်း ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိ၏ ကျန်းမာရေး ကောင်းမွန်ကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်၏ သက်သေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုးအား ယခုလ ၁ဝရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးခဲ့သည်။

ဒေါ်ခင်မိုးမိုးက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်း မပြုနိုင် ကြောင်း ခုခံချေပခဲ့သည်ကို တရားလိုဘက်ကမူ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း အဆိုပါ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ အသက်ဝင်လျက်ပင် ရှိသေးကြောင်း ပြောဆိုခဲ့သည်။
မစ္စတာ ယက်တောက နေအိမ်ခြံဝင်းအတွင်း ခိုးဝင်လာသည်ကို ဧည့်ခံသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကျစဉ် စည်းကမ်းချိုးဖောက်မှုဖြင့် ရဲက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသည်။ ပြစ်မှုထင်ရှားလျှင် ထောင်ငါးနှစ်ကျခံရမှာဖြစ်သည်။

ဝေဖန်သူများက စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းထပ်တိုး၍ မရတော့သည့်အချိန်တွင် ဆက်လက်ချုပ်နှောင်ထားနိုင်ရေး နည်းလမ်းရှာဖွေခြင်းသာဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရကတော့ တောက်လျောက် နေအိမ်အကျယ်ချုပ်သက်တမ်းမှာ မပြည့်သေးဘဲ ၄ နှစ်ခွဲသာ ရှိခဲ့သဖြင့် ထပ်မံချုပ်နှောင်၍ ရသည်ဟု ပြန်လည်ပြောဆိုခဲ့သည်။ သို့သော် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရဲ၏ ရေတွက်ပုံကို ပယ်ချထားသည်။



လေဆင်နှာမောင်းသတင်း အစိုးရဖော်ပြချက်
အဖြစ်မှန်နှင့် ကွဲလွဲ
NEJ / ၁၇ ဇူလိုင် ၂၀၀၉


ဧရာဝတီတိုင်းအတွင်း ဇူလိုင် ( ၁၄) ရက်တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်ကို ယနေ့ထုတ် အစိုးရသတင်းစာ များတွင် ဖော်ပြခဲ့သော်လည်း အိမ်ခြေမည်မျှ ပျက်စီးသွားသည်ကို ဖော်ပြထားခြင်းမရှိပေ။

သတင်းတွင် လူနေအိမ်အချို့နှင့် အဆောက်အအုံအချို့တို့ အမိုးအကာများ ပျက်စီးသွားကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသော အိမ်ထောင်စုနှစ်စုကို ဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေရာချထားပေးကြောင်း စသဖြင့် ရေးသားထားသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ ကြိမ်ချောင်းကြီးကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့နှင့် အဆောက်အအုံအချို့ အမိုးအကာများ ပျက်စီးပြီး လူ(၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ယင်းသို့ အစိုးရသတင်းစာက ဖော်ပြသော်လည်း ဘိုကလေးမြို့၊ ကြံ့ဖွံ့ရုံးတွင် တာဝန်ကျသူတဦးက “ကျနော်တို့ ဘိုကလေးမြို့ နယ်တွင်းက ကြိမ်ချောင်းကြီးရွာမှာ အိမ်အလုံးပေါင်း (၃၈) လုံး ပျက်စီးသွားတယ်။ ပြီးတော့ ကလေး (၁) ယောက် ဆုံးတယ်။ (၆) ဦး ဒဏ်ရာရတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာတွင် ပျက်စီးသွားသော နေအိမ်များမှာ နာဂစ်မုန်တိုင်းကြောင့် ပြန်လည်တည်ဆောက်ထားသော တန်ဖိုးနည်းအိမ်များဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ခံရသောဒေသများတွင် စံပြနေအိမ်များအဖြစ် ဦးတေဇပိုင် ထူးဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ထားသော နေအိမ်များဖြစ်ကြောင်း သိရသည်။

ကြိမ်ချောင်းကြီးကျေးရွာသည် အိမ်ခြေ (၃,၀၀၀) ကျော်ခန့်ရှိသည့် ကျေးရွာကြီးတရွာဖြစ်ပြီး နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် အိမ်ခြေ (၃၀၀) ခန့်သာ ကျန်ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် (၁၄) ရက်က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းမှာ ဧရာဝတီတိုင်းတွင်းရှိ မြို့နယ်ပေါင်း (၅) မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အစိုးရထုတ်ပြန်သောသတင်းတွင် ဖော်ပြထားသည်။

ယင်းမြို့နယ်များမှာ ငပုတောမြို့နယ် ကြာကွင်းကျေးရွာအုပ်စု ကံရွာကျေးရွာ၊ ဟိုင်းကြီးကျွန်းမြို့နယ် ရေကျော်ကျေးရွာ၊ ငွေဆောင်မြို့နယ်၊ ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာ၊ ဖျာပုံမြို့ (အမာမြို့နယ်) ဒေါ်ငြိမ်းကျေးရွာအုပ်စု ခါးပြတ်ကျေးရွာတို့တွင်ဖြစ်ကြောင်း ရေးသားထားသည်။

ယင်းနေ့က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းမှာ အိမ်မဲမြို့နယ်အတွင်း ကျေးရွာအချို့တွင်လည်း ၀င်ရောက်မွှေနှောက် ခဲ့ကြောင်း၊ နေအိမ်များနှင့် ကျေးရွာနေ ပြည်သူအချို့တို့ ဒဏ်ရာရခဲ့ကြသော်လည်း အရေအတွက် တိတိကျကျ မသိရသေး ကြောင်း အိမ်မဲမြို့ခံတဦးက ပြောသည်။

အိမ်မဲမြို့ခံဖြစ်သူ ကိုကျော်မြင့်ဦးက “ကျနော်က အိမ်မဲဇာတိပါ။ အခုရန်ကုန်မှာ အလုပ်လာလုပ်နေတာပါ၊ ဇူလိုင် (၁၅) က ကျနော့်အိမ်က ဖုန်းဆက်လာတယ်၊ လေဆင်နှာမောင်းတိုက်လို့တဲ့” ဟု ပြောသည်။





ထိုင်းနယ်မြေအတွင်း ၀ှက်ထားသည့် လက်နက်များတွေ့ရှိ


NEJ / ၁၇ ဇူလိုင် ၂၀၀၉


ထိုင်းနယ်စပ်တွင် ယမန်နေ့က သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) ၏ ပစ္စည်းများ ဖြစ်နိုင်သည်ဟု ထိုင်းစစ်တပ်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ် မဲ့ဖလူးရွာအနီး မြေကြီးထဲ၌ ၀ှက်ထားသည့် လက်နက်ခဲယမ်းများကို ထိုင်းစစ်တပ်မှ ယမန်နေ့က တွေ့ရှိသိမ်းဆည်းခဲ့သည်။

မဲဆောက်အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှ ဗိုလ်မှူးကြီး ပဒုံရင့် ဖိုင်းဘွန်းစို့က “ဒီလက်နက်တွေဟာ အရင်လက ဖြစ်ပွားခဲ့တဲ့ ထိုးစစ်ကြောင့် ကေအန်အယ်လ်အေ တပ်တွေ ဆုတ်ခွာလာချိန်မှာ ၀ှက်ထားတဲ့ လက်နက်တွေ ဖြစ်နိုင်တယ်။ ဒီလက်နက်တွေ မသမာသူတွေရဲ့လက်ထဲရောက်သွားမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကမူ ၎င်းပစ္စည်းများနှင့်ပတ်သက်၍ ငြင်းဆိုလိုက်သည်။

အဖွဲ့၏တွဲဖက်အတွင်းရေးမှူး (၁) ဗဒိုစောလှငွေက “ထိုင်းနယ်ထဲမှာ ကျနော်တို့ ဘာလက်နက်မှ လာထားတာမရှိဘူး။ အခုတွေ့တဲ့ ပစ္စည်းတွေဟာ လက်နက်ကုန်ကူးသူတွေရဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်” ဟု ပြောသည်။

လက်နက်ခဲယမ်းများ သိမ်းဆည်းမိသည့် မဲ့ဖလူးရွာနှင့်မျက်နှာချင်းဆိုင် သောင်းရင်းမြစ်တဖက်ကမ်းတွင် ကေအန်အယ်လ်အေ တပ်မဟာ (၇) အခြေစိုက်ရာ တပ်စခန်းနေရာရှိပြီး ယင်းနေရာကို နအဖနှင့် ဒီကေဘီကေတပ်များက ပြီးခဲ့သည့်လအတွင်းတွင် ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။

ယခုသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို မဲဆောက်မြို့၏မြောက်ဘက် ကီလိုမီတာ (၁၀၀) ခန့်အကွာအဝေးရှိ မဲ့ဖလူးရွာအနီးတွင် မြေအောက်၌ စနစ်တကျ ကွန်ကရစ်ကန်ပြုလုပ်ကာ သိမ်းဆည်းထားခြင်းဖြစ်သည်။

အဆိုပါလက်နက်များမှာ နောက်ပွင့် လက်နက်ကြီး (၁) လက်၊ စစ်သေနတ်မျိုးကွဲ (၂) လက်၊ အေကေ-၄၇ (၃) လက်၊ အမ်-၁၆ (၄) လက်နှင့်ကျည်များ၊ ၆၀-မမ မော်တာ ကျည်ဆန်များ၊ ဒေသလုပ်မြေမြှုပ်မိုင်းများနှင့် အခြားဆက်စပ်ပစ္စည်းတို့ ပါဝင်သည်။

ပြီးခဲ့သည့်လအတွင်း နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များက ကေအန်အယ်လ်အေ တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ခဲ့ သဖြင့် ကရင်ရွာသား စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ကို ထိုင်းနိုင်ငံဘက်မှ လူသားချင်းစာနာမှုအရ ယာယီလက်ခံ စောင့်ရှောက်ထားသည်။

ထိုသို့လက်ခံထားသော်လည်း မြန်မာစစ်တပ်၊ ဒီကေဘီအေနှင့် ကေအန်အယ်လ်အေတို့မှ တပ်ဖွဲ့ဝင်များသည် လက်နက်ခဲ ယမ်းများကိုင်ဆောင်၍ ထိုင်းနယ်မြေအတွင်း ၀င်ရောက်သွားလာလှုပ်ရှားမှုများကို လုံးဝကန့်သတ်ပိတ်ပင်ထားကြောင်း သိရှိရသည်။


ဘောလုံးသင်းအချို့ နောက်တကြိမ်ပြိုင်ပွဲအတွက် အခက်အခဲရှိ
NEJ / ၁၇ ဇူလိုင် ၂၀၀၉


ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲစဉ်များတွင် ငွေကုန်ကြေးကျ အလွန်များသွားသည့်အတွက် နောက်တကြိမ် ပြိုင်ပွဲကျင်းပရန် ငွေကြေးအခက်အခဲ ရှိနေကြောင်း အသင်းမန်နေဂျာတဦးက ပြောသည်။

၎င်းက “အားလုံး ထင်နေကြတာက ဒီဘောလုံးပွဲ အောင်မြင်တယ်ပဲ ထင်ကြတယ်။ ဘောလုံးပွဲ အောင်မြင်အောင် အသင်းပိုင်ရှင်တွေက ငွေတွေကို ရေလိုသုံးကြရတာကိုတော့ သိပ်မပြောကြဘူး။ အဲဒီငွေဟာ ဘယ်ကမှ ပြန်မရဘူး။ ဘယ်သူက မှလည်း ပြန်လာမပေးဘူး။ နောင်ပွဲစဉ်တွေမှာလည်း ရလာဖို့ မရှိသေးဘူး။ ကျနော်တို့ အသင်းဆို ချွေချွေတာတာ သုံးတာတောင် ကျပ်သိန်းထောင်ကျော် ကုန်တယ်။ ကွင်းဝင်ကြေးကို စာရင်းအဖြစ် ရတာက ကျပ် သိန်း (၁ဝဝ) ကျော်ပဲ ရှိတယ်။ အားလုံးအရှုံးချည်းပဲ။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး ညွှန်ကြားချက်ကြောင့် လုပ်ရတာဆိုတော့ နောက်ပွဲတွေလည်း ငြင်းတော့ မငြင်းရဲဘူး။ ငွေပြန်ရအောင် အခြားစီးပွားရေး အခွင့်အလမ်းတောင်းတာမျိုးပဲ လုပ်ရမယ်” ဟု ပြောသည်။

အဆိုပါပွဲဖြစ်မြောက်ရေးအတွက် စစ်အစိုးရ အလိုတော်ရိ သူဌေးကြီးများဖြင့် ဖွဲ့စည်းထားသည့် ဘောလုံးအသင်း (၈) သင်းက ကျပ်ငွေ သိန်းပေါင်း (၃) သောင်းကျော် အကုန်အကျခံ ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ရတနာပုံအသင်းက ကျပ်သိန်း (၆,ဝဝဝ)၊ ဦးတေဇပိုင် ရန်ကုန်ယူနိုက်တက်အသင်းက ကျပ်သိန်း (၄,ဝဝဝ) ကျော်နှင့် အခြားအသင်းများက ကျပ်သိန်း (၁,ဝဝဝ) ကျော်မှ (၃,ဝဝဝ) အကြား သုံးစွဲခဲ့ကြခြင်းဖြစ်ကြောင်း အသင်းပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါငွေကြေးကို နိုင်ငံခြားဘောလုံးသမားနှင့် နည်းပြများ ငှားရမ်းခြင်း၊ ပြည်တွင်းနည်းပြနှင့် ဘောလုံးသမားများ ငှားရမ်းခြင်း၊ လစာပေးခြင်း၊ ဘောလုံးပွဲကို လူများ လာကြည့်အောင် ကားစီစဉ်ပေးခြင်း၊ လက်မှတ်ဝေခြင်း၊ အသင်းတံဆိပ် တီရှပ် ဝေငှခြင်း၊ အလံဝေငှခြင်း၊ နိုင်သည့်အသင်းကို ဆုကြေးငွေ ပေးခြင်း၊ ဖွင့်ပွဲနှင့် အောင်ပွဲခံပွဲများအတွက် အဆိုတော် မော်ဒယ်များကို ငှားရမ်းခြင်း စသည်တို့တွင် သုံးစွဲကြခြင်းဖြစ်သည်။

ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းဆိုလျှင် ဘောလုံးပွဲကြည့်ရန် မန္တလေး-ရန်ကုန် ရထားစီးလုံးငှားခဲ့သည်ဟု သိရသည်။

စာရင်းအရ ကွင်းဝင်ကြေး စုစုပေါင်း ကျပ်သိန်း (၂,၄ဝဝ) ကျော်ရရှိခဲ့ပြီး ရတနာပုံအသင်းက ကျပ် (၄၈၆) သိန်း၊ ရန်ကုန်ယူနိုက်တက်က (၄၇၈) သိန်း၊ ကျန်အသင်းများက ကျပ်သိန်း (၂ဝဝ) ကျော်မှ (၁ဝဝ) ကျော်အကြား ရရှိခဲ့သော်လည်း လက်မှတ်များကို အသင်းများကိုယ်တိုင်က ထုတ်ယူထားခြင်းကြောင့် တကယ်လက်တွေ့တွင် ငွေ မဆိုစလောက်သာ ရကြကြောင်း သိရသည်။

လာမည့် သြဂုတ်လကုန် သို့မဟုတ် စက်တင်ဘာလဆန်း၌ ယခု အသင်း (၈) သင်းဖြင့်ပင် ရန်ကုန်နှင့် မန္တလေးတွင် ပြိုင်ပွဲများ ကျင်းပပြုလုပ်ကြဦးမည်ဖြစ်ပြီး ငွေကြေးများစွာ သုံးစွဲရဦးမည်ဖြစ်သည့်အတွက် ဦးတေဇ တို့ကဲ့သို့ သူဌေးကြီးများအတွက် သိပ်ပြသနာမရှိသော်လည်း ၎င်းကဲ့သို့ ငွေမဖြုန်းနိုင်သည့် အခြားသူဌေးအချို့မှာမူ စိတ်ပျက်စပြုနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဘောလုံးပွဲစဉ်များသည် ဒေါ်အောင်ဆန်းစုကြည်အမှု ကြားနားစစ်ဆေးနေချိန်နှင့်တိုက်ဆိုင်နေ၍ ပြည်သူများအား အာရုံလွှဲရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကန်ခိုင်းသည့်ပွဲဟုလည်း ပြည်တွင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။


သေဒဏ်ကျ မွန်ပြည်သစ်ပါတီဝင် (၂) ဦးအား
လွှတ်ပေးရန် တောင်းဆို
NEJ / ၁၇ ဇူလိုင် ၂၀၀၉


အင်းစိန်နှင့် သာယာဝတီအကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေရသည့် မွန်ပြည်သစ်ပါတီအဖွဲ့ဝင် နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့အား လွှတ်ပေးရန် မွန်ပြည်သစ်ပါတီနှင့် ပြည်ပရောက် မွန်အဖွဲ့အစည်းတို့က တောင်းဆိုလိုက်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ရာတွင် စစ်အစိုးရအနေဖြင့် ၎င်းတို့နှစ်ဦးအား မဖြစ်မနေလွှတ်ပေးရန် ၎င်းတို့နှစ်ဦး အကျဉ်းကျသည့် (၆) နှစ်မြောက် ဇူလိုင် (၁၇) ရက် ယနေ့တွင် တောင်းဆိုကြခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီမှ သထုံခရိုင် အရာရှိတဦးက “နိုင်ယက္ခနဲ့ နိုင်မျိုးသွေးတို့ကို မလွှတ်ပေးဘဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို နအဖက ပြောနေတာ ဘာမှအဓိပ္ပာယ်မရှိဘူး။ ကျနော်တို့စွဲကိုင်ထားတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးက နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို အရင်လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကိုလည်း ကျနော်တို့က အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့သည် လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်၊ Weekly Eleven ဂျာနယ်မှ အယ်ဒီတာ ကိုဇော်သက်ထွေး အပါအဝင် (၉) ဦးနှင့်အတူ ၂၀၀၃ ခု ဇူလိုင် (၁၇) ရက်တွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ထို့နောက် အခြားလူ (၆) ဦးအား ပြန်လည်လွှတ်ပေးခဲ့သော်လည်း နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့အား သေဒဏ်ကျခံရာမှ တသက်တကျွန်းအပြစ်ဒဏ် ချမှတ်ကာ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။ (၎င်းတို့ ၉ ဦး အနက် ၁ ဦးမှာ ထောင်တွင်း၌ သေဆုံးခဲ့သည်)

သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်မျိုးသွေးအား ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာတွင် အခက်အခဲ ရှိနေကြောင်းနှင့် ၎င်း၏ ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်ခြင်းမရှိကြောင်း နိုင်မျိုးသွေး၏အစ်ကိုဖြစ်သူ နိုင်ဗညားက ပြောသည်။

“သူ့ကျန်းမာရေးအခြေအနေက တခါမှ ကောင်းကောင်းမရှိသေးဘူး။ ဒါပေမယ့် သာယာဝတီထောင် ပြောင်းပြီးတော့ သိပ်ဆိုးတဲ့ အခြေအနေအထိ မရှိခဲ့ဘူးပေါ့။ ဆီးချိုရောဂါအခံရှိနေတော့ ဆေးမျိုးစုံ မှီဝဲနေရတယ်။ ဒီကသွားရင် သူ့ဆေးဝါးဖိုးက တခါတလေကျတော့ သောင်းဂဏန်းအထိ မကဘူး။ အများဆုံးကုန်တာက လမ်းစရိတ်ပဲ။ အပြင်မှာ ကျန်နေတဲ့ သူ့ကလေးတွေက စားရေးသောက်ရေးအတွက် ဒုက္ခရောက်နေကြတယ်” ဟု နိုင်ဗညားက ပြောသည်။

ရဟန်းပျိုများနှင့် လူငယ်များက ဦးဆောင်၍ နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့အား ရည်စူးပြီး အကျဉ်းကျခံ (၆) နှစ်ပြည့် အခမ်းအနား ကို ပြည်တွင်းတနေရာ၌လည်း ယနေ့ကျင်းပခဲ့ကြောင်း သိရသည်။


စတုတ္ထမြောက် A(H1N1) တုပ်ကွေးကူးစက်ခံရသူ
မြန်မာနိုင်ငံတွင် တွေ့ရှိ
NEJ / ၁၇ ဇူလိုင် ၂၀၀၉


မြန်မာနိုင်ငံတွင် စတုတ္ထမြောက် A(H1N1) တုပ်ကွေး ကူးစက်ခံရသူ (၁) ဦး ထပ်မံတွေ့ရှိရကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါလူနာမှာ ရန်ကုန်မြို့နေ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ဇူလိုင် (၁၂) ရက်တွင် TG 305 ဖြင့် ထိုင်းနိုင်ငံမှ ပြန်လာသူတဦးဖြစ်သည်။

ထိုခရီးစဉ်ဖြင့် လိုက်ပါလာခဲ့သော ခရီးသည်များအား ၎င်းတို့နေထိုင်ရာနေရာများသို့ လိုက်လံစစ်ဆေးစဉ် ယင်းလူနာမှာ အဖျားတက်၍ တုပ်ကွေးရောဂါလက္ခဏာ တွေ့ရသဖြင့် ဝေဘာဂီဆေးရုံကြီးတွင် စမ်းသပ်စစ်ဆေးပြီး ရောဂါဖြစ်ပွားကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ A(H1N1) တုပ်ကွေးဖြစ်ပွားမှု နေ့စဉ်ဆက်တိုက် သတင်းစာတွင် ဖော်ပြလာသည့်အတွက် လူမသိသူမသိ ရောဂါဖြစ်ပွား သူများလည်း ရှိနိုင်ကြောင်း မြောက်ဒဂုံတွင် ဆေးခန်းဖွင့်ထားသည့် အထွေထွေရောဂါကု ဆရာဝန်တဦးက ပြောသည်။

၎င်းက “ဘာလို့လဲဆိုတော့ ဒီရာသီက တုပ်ကွေးရာသီဖြစ်တဲ့အတွက် တချို့တွေက မခွဲခြားတတ်ကြဘူး။ ကျနော်က မြောက်ဒဂုံ (၄၇) ရပ်ကွက်မှာ ဆေးခန်းဖွင့်ထားတော့ လူစုံတွေ့ရပါတယ်။ နေမကောင်းတဲ့သူတွေ များတယ်။ အများဆုံးက ချောင်းဆိုးတာပဲ။ ခက်တာက သူတို့က နေမကောင်းလို့ အိမ်မှာ နားမနေနိုင်ဘူး အလုပ်သွားကြရတယ်။ မသွားရင် စားဝတ်နေရေးအတွက် အခက်တွေ့နိုင်တယ်လေ။ ဒီတော့ ခုဖြစ်နေတဲ့ တုပ်ကွေးအတွက်လည်း သူတို့ ဘာမှ ပြင်ဆင်ဖို့မရတာ အသေအချာပဲ။ ကျနော်ထင်တယ်၊ ကမ္ဘာ့လူတုပ်ကွေးရောဂါဖြစ်ပွးမှုက မြန်မာမှာ လက်ရှိထက် ပိုနိုင်ပါတယ်” ဟု ပြောသည်။

စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၌ A(H1N1) တုပ်ကွေးကူးစက်ခံရသူ (၄) ဦးရှိပြီဖြစ်သည်။

ပထမဆုံးရောဂါပိုးတွေ့ရှိသူမှာ ဇွန် (၂၆) ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ပျံသန်းလာသော စင်ကာပူလေကြောင်းလိုင်း 3K (585) ဖြင့် လိုက်ပါလာသော ခရီးသည်များထဲမှ အသက် (၁၃) နှစ်သာရှိသေးသော အမျိုးသမီးငယ်တဦးဖြစ်သည်။

ဒုတိယနှင့်တတိယမှာ အမျိုးသားများဖြစ်ပြီး ထိုင်းနိုင်ငံမှ ပြန်လာခဲ့ကြသူများဖြစ်သည်။

မြန်မာကျန်းမာရေးဝန်ကြီးဌာနက A(H1N1) တုပ်ကွေးကူးစက်ခံရသူများမှာ ပြည်ပမှကူးစက်လာခြင်းဖြစ်ကာ ယနေ့အထိ ပြည်တွင်း၌ ကူးစက်ပြန့်ပွားမှု မရှိသးဟု ကြေညာထားသည်။

၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ရန် ပါတီဖွဲ့မည်
အင်တာဗျူး
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 17 ရက် 2009 ခုနှစ် 22 နာရီ 43 မိနစ်


နယူးဒေလီ။ ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးအတွက် ပါတီတရပ် ထူထောင်နိုင်ရန် ဖြစ်မြောက်ရေး ကော်မတီ၊ အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ကို ရန်ကုန်အခြေပြု ပုဂ္ဂိုလ် ၅ ဦးက ယခုလ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

၂၀၀၈ မေလတွင် ဆန္ဒခံယူပွဲလုပ်ကာ အတည်ပြုခဲ့သော အခြေခံဥပဒေကို ကိုင်စွဲ၍ နေ့စဉ်လူမှုဘဝ ကောင်းမွန်ရေး၊ ပြုပြင်ပြောင်းလဲနိုင်သော အခွင့်အရေးများ လက်ဝယ်ရရှိရေး၊ အဆိုပါ အခွင့်အရေးများကို အသုံးချ၍ မိမိတို့ လိုအင်ဆန္ဒများကို ကိုယ်စားပြုနိုင်သော ကိုယ်စားလှယ်လောင်းများ ပေါ်ထွန်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခဲ့သည်ဟု သူတို့က ဆိုသည်။

ပါတီထောင်သွားမည့်အကြောင်း အာဏာပိုင်များထံ အကြောင်းကြားပြီးဖြစ်သလို၊ ပါတီဖွဲ့ရေးအတွက် စည်းရုံးရေး လုပ်ငန်းများ စတင်နေပြီဟု မဇ္ဈိမကို ပြောသည်။

အခြေအနေ အသေးစိတ်ကို သိရန်အတွက် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဌေးကို မဇ္ဈိမက မေးမြန်းထားပါသည်။

ပါတီထောင်မယ်ဆိုရင် ပါတီကို ဘယ်လို နာမည်တပ်ဖို့ ပြင်ဆင်ထားလဲ။

အဲဒီဟာကတော့ ကျနော်တို့ မရွေးချယ်ရသေးဘူး။ ကျနော်တို့အားလုံး ဆုံးဖြတ်တဲ့အပေါ်မှာ မူတည်ပြီးတော့ ထည့်မှာပေါ့ဗျာ။ ကျနော်တို့ ရန်ကုန်မှာ လုပ်ချင်ကြတဲ့ လူတွေအတွက် ညှိနှိုင်းပြီး လုပ်ချင်တဲ့ ဆန္ဒအတွက်ကြောင့် ဖွင့်ထားတာပါ။ လက်ရှိ ဥပဒေဘောင်ထဲကနေပြီး ဝင်ဖို့ စိတ်ဝင်စားတဲ့ လူတွေနဲ့ လက်တွဲပြီး အလုပ်လုပ်လို့ ရအောင် စီစဉ်ထားတာပါ။ ကိုယ်က နာမည်ပါမယ်၊ စည်းကမ်းတွေချည်းပဲဆိုရင် ကျန်တဲ့ ဝင်လာမယ့်သူတွေနဲ့ တယောက်နဲ့ တယောက် သဘောထား မတိုက်ဆိုင်ရင် အလုပ်လုပ်ရတာ ခတ်ခဲမယ်။ စိတ်ဝင်စားတဲ့ လူတွေနဲ့ လက်တွဲ ညှိနှိုင်း၊ နာမည်ပေးဖို့ အဖွဲ့အစည်း စည်းမျဉ်း စည်းကမ်းတွေ ရေးဖို့ ဖြစ်ပါတယ်။

အခု လောလောဆယ် ဘာမှ မရှိဘဲနဲ့ စည်းရုံးတာ ပါဝင်ချင်တဲ့သူတွေ အားလုံးကို လိုက်ပြီးတော့ စည်းရုံးနေတဲ့ သဘောရှိတယ်ပေါ့နော်။

ဟုတ်ပါတယ်။ အဲဒီ သဘောပါ။

စည်းရုံးရေးကာလကို ဘယ်လောက် အတိုင်းအတာထိ လုပ်ဖို့ စဉ်းစားထားပါသလဲ။

စည်းရုံးရေး ကာလကို ဥပဒေ မပြဋ္ဌာန်းမီအထိ၊ ပါတီဖွဲ့စည်းရေးဆိုင်ရာ ဥပဒေ မပေါ်ပျောက်ခင်ထိ ဆက်လက် ဆောင်ရွက်မှာပါ။ ပါတီဖွဲ့စည်းရေး ဥပဒေပြဋ္ဌာန်းတဲ့အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို စည်းမျည်းစည်းကမ်းတွေ ပါလာမလဲ မသိဘူးလေ။ အဲဒီ စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ မူတည်ပြီးတော့ ဖွဲ့စည်းရမှာပါ။ အခုဟာက ကြိုတင်ပြင်ဆင်ချိန်ရအောင်လို့ လုပ်ထားတဲ့ သဘောပါ။

စည်းရုံးရေး လုပ်တဲ့နေရာမှာရော ဘယ်ဒေသတွေကို အထူးသဖြင့် လုပ်ဆောင်နေတာရှိလဲ။

အဓိကတော့ ရန်ကုန်တိုင်းပေါ့ဗျာ။ နိုင်ငံရေး တက်ကြွလှုပ်ရှားလာတဲ့သူတွေ၊ ကျနော်တို့လည်း လှုပ်ရှားခဲ့တယ် ဆိုတော့ ဒီဟာကို ရွေ့ကောက်ပွဲဝင်ဖို့ စိတ်ဝင်စားတဲ့သူတွေကို စတင် တွေ့ဆုံဆွေးနွေးနေကြတာပါ။ အဖွဲ့အစည်း ဖွဲ့ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆွေးနွေးနေကြတာပါ။

ဖွဲ့စည်းမယ့် ပါတီထဲကို စိတ်ဝင်စားလာတဲ့သူတွေ အခုအချိန်ထိ ဘယ်လောက် ရှိပြီလဲ။

ကျနော်တို့က စတာကလည်း မကြာသေးဘူး၊ ဆွေးနွေးတာကလည်း မကြာသေးဘူးဆိုတော့ အရေအတွက်ကတော့ မများသေးဘူးပေါ့ဗျာ။ စတင်ဆွေးနွေးနေပါတယ်။ အခြေအနေက ဥပဒေက မထွက်သေးတဲ့ အခါကျတော့ တော်တော်များများ ဥပဒေမထွက်သေးခင်မှာ လုပ်ချင်တဲ့လူတွေက တော်တော်ကို နည်းတယ်ပေါ့ဗျာ။ အဲဒီလို အနေအထားရှိတယ်။ အဲဒါတွေကိုလည်း လုပ်နေရတယ်။ ရွေးကောက်ပွဲဝင်ပါမှာ ကျနော်တို့လည်း ၇၅ ရာခိုင်နှုန်းထဲက ထိုက်သင့်တဲ့ အနေအထားမျိုးရောက်အောင်၊ အပြောင်းအလဲတရပ် လုပ်လို့ရအောင် ဆောင်ရွက်နိုင်မှာပါ။ အဲဒီအတွက် ကျနော်တို့အတွက်က ရွေးကောက်ပွဲကလည်း မဝင်လို့ မဖြစ်ဘူးဆိုတော့ ကျနော်တို့က ကြိုတင်ပြီးတော့ ပြင်ဆင်တာပါ။

ရွေးကောက်ပွဲ ဥပဒေ မူကြမ်းမထွက်ခင်မှာ လူတွေအနေနဲ့ ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာ သူတို့အနေနဲ့ ပြောရဆိုရ၊ လုပ်ရကိုင်ရတာ အခတ်အခဲလေးတွေ ရှိနေတယ်ဆိုတော့ အဲဒီအတွက် မစိုးရိမ်ကြဘူးလား။

ကျနော်တို့လည်း စိုးရိမ်ပါတယ်။ အဲဒီလိုလည်း မလုပ်ရင်လည်း မရဘူးဗျာ။ နိုင်ငံရေးကို ယုံကြည်ချက်တခုတော့ ရှိတာပေါ့ဗျာ။ ကျနော်တို့က အပြုသဘောဆောင်တဲ့အတွက် ယုံကြည်ချက်နဲ့ လုပ်တာပါပဲ။

၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေပေါ်မှာလည်းကောင်း ဘယ်လောက်ထိ အယုံအကြည် ရှိလဲ။ တိုင်းပြည်အတွက် ကောင်းလာမလဲ။

ယုံကြည်တယ်ဆိုတာကလည်း အခွင့်အလမ်းက အဲဒီမှာ ရှိတယ်။ ရှိတဲ့ အခွင့်အလမ်းကနေ တိုင်းပြုပြည်ပြု လုပ်ငန်းတွေအတွက် ကြိုးစားကြတာပါ။

၂၀၀၈ ပြည်သူ့ဆန္ဒခံယူပွဲမှာ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ ရှိတယ်လို့ ပြောကြတာရှိသလို ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အဲဒီလို လုပ်ဖို့ အလားအလာတွေ အများကြီး ရှိတယ်လို့ တချို့တွေက ပြောကြတယ်။ တကယ်လို့ အဲဒါမျိုးတွေ ဖြစ်လာမယ်ဆိုရင်ရော မဲဆွယ်တဲ့အခါ အောင်မြင်မှု ရလဒ်တွေကို မထိခိုက်နိုင်ဘူးလား။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းတာပေါ့။ အဲဒီအတွက် ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားတာပါပဲ။ ဖြစ်ပေါ်လာမယ့် အခြေအနေတွေနဲ့တော့ မဆိုင်ဘူး ထင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဖြစ်လာမယ့် အခြေအနေကို ရင်ဆိုင်ဖြတ်ကျော်ဖို့ ဆုံးဖြတ်ထားပါတယ်။

အခုချိန်က နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီးဆိုတော့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဖြစ်တဲ့အခါကျတော့ အပြုသဘောဆောင်ပြီးတော့ ဘယ်ဘက်မှ မလိုက်ဘဲ ကြားဝင်ပြီးတော့ ဘက်မလိုက်ဘဲ ဝင်မယ်ဆိုတော့ အဲဒီလို လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေ ဖြစ်လာနိုင်မလား။

မျှော်လင့်မိပါတယ်။ ကျနော်တို့ ရုန်းကန်လာတဲ့ လမ်းတလျှောက်မှာ တပ်မတော်ရဲ့ လမ်းကြောင်းကိုလည်း လေးစားပါတယ်။ အဲဒီလမ်းကြောင်းအတိုင်းလည်း လိုက်ညှိမယ့် အင်အားစုလည်း မဟုတ်ပါဘူး။ ကျနော်တို့က တတိယလမ်းကြောင်းအနေနဲ့ လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လမ်းကြောင်းလည်း မဟုတ်၊ တပ်မတော် လမ်းကြောင်းလည်း မဟုတ်တဲ့၊ တတိယလမ်းကြောင်းနဲ့ လျှောက်ဖို့ ရည်မှန်းထားပါတယ်။

နှစ်ပေါင်း ၂၀ ကာလအတွင်း အုပ်ချုပ်လာခဲ့တဲ့အပေါ်မှာလည်းကောင်း၊ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအပေါ်မှာသော်လည်းကောင်း တပ်မတော် အစိုးရအပေါ်မှာ ဘယ်လိုမြင်လဲ၊ ဘယ်လို သုံးသပ်မိလဲ။

မြန်မာပြည်ရဲ့ တပ်မတော် အခန်းကဏ္ဍက လက်တွေ့ နိုင်ငံရေးမှာ ရှိနေတယ်ပေါ့ဗျာ။ ရှိနေတာကို ရှိနေတယ်လို့ အသိအမှတ်ပြုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်တည်မှုအပေါ်မှာ ဘယ်လို မြင်လဲ။

သူတို့ကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို နိုင်ထားတဲ့ အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ ရပ်တည်ချက်ဟာ သူတို့လုပ်ငန်းကို သူတို့ လုပ်တယ်လို့ ကျနော် ထင်ပါတယ်။

ပါတီဖွဲ့ဖြစ်တယ်ဆိုရင် ပါတီရဲ့ အနာဂတ်အတွက် ဘယ်လိုမျိုး လုပ်ဆောင်သင့်တယ်လို့ မြင်လဲခင်ဗျ။

လက်ရှိ ဖွဲ့စည်းပုံကို အသွင်ကူးပြောင်းရေး ကာလအဖြစ်နဲ့ မျှော်လင့်ပြီးတော့ ဖြတ်သန်းကြတာပါ။

ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုစာအုပ် ထုတ်ဝေခွင့် ကြန့်ကြာနေ
နန်းဒေဝီ
သောကြာနေ့၊ ဂျူလိုင်လ 17 ရက် 2009 ခုနှစ် 20 နာရီ 20 မိနစ်


နယူးဒေလီ (မဇ္စျိမ)။ ။ 'စာရေးဆရာ ကိုအောင်ဆန်း' အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ကို ထုတ်ဝေနိုင်ရန် သက်ဆိုင်ရာ စိစစ်ရေးဌာနများသို့ လွန်ခဲ့သည့် ၅ လခန့်ကတည်းက တင်ပြခဲ့သော်လည်း ယနေ့တိုင် ထုတ်ဝေခွင့် မရသေးကြောင်း သိရသည်။

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာများ၏ စာမူများနှင့် ဗိုလ်ချုပ်၏ စာမူများဖြင့် ပြုစုထားသည့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ကို နေပြည်တော်ရှိ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက် သမိုင်းဌာနတွင် သောင်တင်နေဆဲဖြစ်ကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်းမှ စာနယ်ဇင်းသမားများ အဆိုအရ သိရခြင်း ဖြစ်သည်။

“အာဇာနည်နေ့မတိုင်ခင် ထုတ်ချင်ပေမယ့် အချိန်က တအားကပ်နေပြီ။ မဖြစ်တော့ဘူးနဲ့ တူပါတယ်။ နေပြည်တော် သမိုင်းဌာန မေးတော့လည်း အားလုံးအဆင်ပြေပါတယ် ပြောတယ်။ အခုထိတော့ မထွက်နိုင်သေးဘူး” ဟု အမည်မဖော်လိုသူ ဝါရင့်မဂ္ဂဇင်း အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

စာအုပ်ထုတ်ဝေရေး ခွင့်ပြုချက်ရရန် စာမူများကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေစိစစ်ရေးဌာနသို့ တင်ပြရလေ့ရှိသော်လည်း ယခုစာအုပ်တွင် သမိုင်းရေးရာများ ပါဝင်နေသဖြင့် သမိုင်းဌာနသို့ပါ ပူးတွဲတင်ပြခဲ့ရပြီး စာပေစိစစ်ရေးက ဆင်ဆာများဖြင့် ပြန်ချပေးသော်လည်း သမိုင်းဌာနက တုန့်ပြန်မှု တစုံတရာ မပေးခဲ့ပါ။

လွန်ခဲ့သည့် ၈ လခန့်က မျက်နှာဖုံးတွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိတောက်ပွင့်သစ် မဂ္ဂဇင်းကို စာပေစိစစ်ရေးက ခွင့်ပြုချက် ပိတ်ပင်ခဲ့ပြီးနောက်၊ မဂ္ဂဇင်းအတွင်း ပါရှိသည့် စာမူများနှင့် အခြား စာရေးဆရာများ ရေးသားသည့် စာမူများကို စုစည်းကာ ပြုစုသူ မောင်စိမ်းနီ အမည်ခံ၍ 'စာရေးဆရာ ကိုအောင်ဆန်း' နာမည်ဖြင့် ထုတ်ဝေခွင့် ရရှိရေး တင်ပြလာခဲ့ခြင်းလည်း ဖြစ်သည်။

“ဦးအောင်ဆန်း အတ္ထုပ္ပတ္တိ ဆိုတော့ သမိုင်းအကြောင်းအရာတွေနဲ့ ဆိုင်နေတယ်။ ဒါကြောင့် စာပေစိစစ်ရေးကို ကော်ပီတခု၊ သမိုင်းဌာနကို အချက်အလက်တွေစစ်ဆေးဖို့ဆိုပြီး ကော်ပီတခု ပေးရတယ်” ဟု ဝါရင့် မဂ္ဂဇင်း အယ်ဒီတာက ပြောသည်။

သူက “ပထမ မဂ္ဂဇင်းတင်ကတည်းက ဦးအောင်ဆန်းနဲ့ ပတ်သက်တဲ့ ဆောင်းပါး ၄ ပုဒ်လောက် အဖြုတ်ခံလိုက်ရပြီးပြီ။ အခု သမိုင်းဌာနက ဘာတွေ ထပ်ဖြုတ်မယ်ဆိုတာ မသိရသေးဘူး။ အားလုံးက စောင့်ကြည့်နေတုန်းပါ” ဟု ဆက်ပြောသည်။

'စာရေးဆရာ ကိုအောင်ဆန်း' စာအုပ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးသားခဲ့သည့် ဆောင်းပါးများ၊ လက်ရှိ စာပေလောကတွင် နာမည်ရ စာရေးဆရာများက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားထားသည့် ကဗျာ၊ ဆောင်းပါးများ ပါဝင်နေသည့်အပြင်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းအချက်အလက် စုဆောင်းချက်များလည်း ပါရှိသည်။

ပိတောက်ပွင့်သစ်သည် နာမည်ကြီး စာရေးဆရာများ၏ မျက်နှာဖုံးဓာတ်ပုံပါ မဂ္ဂဇင်းများကို လစဉ် ထုတ်ဝေခဲ့ရာမှ ယခုနှစ် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံမျက်နှာဖုံးဖြင့် ထုတ်ဝေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“စလုပ်ခဲ့ကတည်းက ဒီနေ့ထိဆိုရင် ၈ လလောက် ရှိပြီ။ ကျနော်တို့က ဘာပဲဖြစ်ဖြစ် ထုတ်ချင်တယ်။ အာဇာနည်နေ့ လွန်သွားလည်း ထုတ်ရရင် ကျေနပ်ပါပြီ” ဟု ပိတောက်ပွင့်သစ် မဂ္ဂဇင်းတိုက်က အယ်ဒီတာတဦးက ပြောသည်။

အလားတူပင် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တချို့က ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း၊ အဆိုအမိန့်များ စသည်တို့ကို ထုတ်ဝေရန် ကြိုးစားခဲ့သော်လည်း စာပေစိစစ်ရေးက ပယ်ချခဲ့ကြောင်း သိရသည်။

“စာမျက်နှာ ၃ မျက်နှာ ဆောင်းပါးတခု၊ အယ်ဒီတာ့အာဘော် တခု၊ ပေါင်း ၂ ခုစလုံးကို စိစစ်ရေးက ဖြုတ်ချလိုက်တယ်” ဟု ဆင်ဆာဖြတ်ခံရသည့် အပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်နှင့် နီးစပ်သူ စာနယ်ဇင်းသမားတဦးက မဇ္ဈိမကို ပြောသည်။

ကိုလိုနီနယ်ချဲ့လက်အောက်မှ မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သည့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို လူထုက မေ့ပျောက်သွားစေရန် မြန်မာစစ်အစိုးရ အာဏာပိုင်များက စာပေလောကတွင် နည်းလမ်းအမျိုးမျိုး ကျင့်သုံးခဲ့ကြောင်း စာပေအသိုင်းအဝိုင်းမှ ပြောဆိုမှုများ ရှိခဲ့သည်။

ထို့အပြင် ၁၉၇ဝ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အစိုးရအဆက်ဆက်က ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါ ငွေစက္ကူ တချို့ကို ဖျက်သိမ်းခြင်း၊ အစိုးရရုံးများတွင် ချိတ်ဆွဲထားသည့် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများကို လူမြင်ကွင်းမှ ဖြုတ်သိမ်းခြင်းတို့လည်း ပြုလုပ်ခဲ့သည်။

“ဗိုလ်ချုပ်ကို သူတို့ မမြင်ချင်ဘူး။ သူ့မိန့်ခွန်းတွေကို မကြားချင်ဘူး။ တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်သမီး ဖြစ်နေတာက သူတို့အတွက် အကြောင်းပြချက် ဖြစ်နေတယ်။ လူထုက ဗိုလ်ချုပ်ကို သတိရနေရင်၊ ဒေါ်စုကို မီးမောင်းထိုးပေးသလို ဖြစ်နေတယ်။ ဒါကြောင့် မှေးမိန်သွားအောင် လုပ်နေတာ” ဟု ရန်ကုန်အခြေစိုက် အမည်မဖော်လိုသူ ဂျာနယ်အယ်ဒီတာချုပ် တဦးက မဇ္ဈိမကို ပြောဆိုသည်။

မြန်မာအမျိုးသမီးအသင်း အာရှဖလား ခြေစစ်ပွဲအောင်
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 17 ရက် 2009 ခုနှစ် 19 နာရီ 33 မိနစ်


ချင်းမိုင်။ ။ တိုက်စစ်မှူး မိုင်နီလာထွေး တဦးတည်းက ၃ ဂိုးသွင်းပေးပြီး တရုတ် (တိုင်ပေ) အသင်းကို ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရလိုက်ခြင်းကြောင့် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အာရှဖလား ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်သည်။

ယခုလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ် (တိုင်ပေ) တွင် ကျင်းပခဲ့သည့် အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု (က) တွင် အုပ်စုပထမအဖြစ် အနိုင်ကစားနိုင်သဖြင့် ၂၀၁၀ ခုနှစ် မေလအတွင်း တရုတ်နိုင်ငံတွင် ကျင်းပမည့် အာရှဘောလုံးအသင်း AFC ၏ နောက်ဆုံးအဆင့် အာရှဖလား အမျိုးသမီးပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိခြင်း ဖြစ်သည်။

ခြေစစ်ပွဲများကို တရုတ် (တိုင်ပေ) Hsinying မြို့ Tinan County အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ အုပ်စု (က) တွင် အိမ်ရှင် တရုတ် (တိုင်ပေ) နှင့် ဂျော်ဒန် အသင်းတို့ကို အနိုင်ရရှိသဖြင့် မြန်မာအမျိုးသမီးအသင်းက နှစ်ပွဲပေါင်းရမှတ် ၆ မှတ်ဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့သည်။

ပထမပွဲစဉ်တွင် မြန်မာအသင်းက ဂျော်ဒန်အသင်းအား ၃ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဂိုးများကို ခင်မာလာထွန်း၊ သန်းသန်းထွေးနှင့် နောက်တန်းလူ မြင့်မြင့်အေးတို့က သွင်းယူပေးခဲ့ကြသည်။ ဒုတိယပွဲစဉ်တွင် အိမ်ရှင် တရုတ် (တိုင်ပေ) နှင့် ကစားရာ မိုင်နီလာထွေးက ၃ ဂိုး၊ အေးနန္ဒာလှိုင်နှင့် ခင်မာလာထွန်းက တဂိုးစီ သွင်းယူခဲ့ပြီး၊ တဖက်အသင်းက ချေပဂိုးအဖြစ် ၂ ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့သည်။

လာမည့်နှစ် နောက်ဆုံးအဆင့် ကစားပွဲတွင် ခြေစစ်ပွဲအောင် ထိုင်း၊ ဗီယက်နန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျား၊ လက်ရှိချန်ပီယံ မြောက်ကိုရီးယားနှင့်အတူ မြန်မာက ပါဝင်ယှဉ်ပြိုင်ရမည်။

မြန်မာအသင်းတွင် အဖွဲ့ခေါင်းဆောင် ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် ဦးအေးကြူကြီး၊ လက်ထောက်နည်းပြ ဦးအုန်းကြိုင်နှင့် ဦမျိုးချစ်၊ အတွင်းရေးမှူး ဒေါ်အေးအေးမော်၊ ဆရာဝန် ဒေါက်တာမွန်မွန်ခိုင်နှင့် သူနာပြု ဒေါ်နန်းကျိန်ဟွမ်တို့ လိုက်ပါခဲ့ကြသည်။

အားကစားသမားများအဖြစ် စန်းစန်းမော်၊ မေခင်ယမင်း၊ မြဖူးငုံ၊ သီတာဦး၊ စန်းစန်းသိန်း၊ မိုးမိုးဝါ၊ စုစုဝေ၊ နေဇာလင်းလင်းအောင်၊ သန်းသန်းထွေး၊ သီရိမြတ်၊ သူဇာထွေး၊ သန္တာမိုး၊ ခင်မိုးဝေ၊ အေးနန္ဒာလှိုင်၊ စန်းယုနိုင်၊ မြင့်မြင့်အေး၊ မိုင်နီလာထွေး၊ ရီရီဦး၊ ခင်မာလာထွန်းနှင့် မာဂရက်မေရီတို့ ပါဝင်ကြသည်။

အာရှဘောလုံးအဖွဲ့ချုပ် AFC က နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက် တရုတ်နိုင်ငံအား ရွေးချယ်ခဲ့ပြီး လာမည့်နှစ် မေလ ၁၉ ရက်မှ ၃ဝ ရက်နေ့အထိ ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

မြန်မာအသင်းသည် အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ယခုတကြိမ်နှင့်ဆိုလျှင် စုစုပေါင်း ၄ ကြိမ်မြောက် ကစားခွင့် ရရှိခြင်း ဖြစ်သည်။

ခြေစစ်ပွဲအောင် မြန်မာအသင်းသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီ ဖြစ်သည်။

လျှို့ဝှက်သတင်း ပေါက်ကြားမှုဖြင့် စစ်အရာရှိများ ဖမ်းဆီးခံရ
Friday, 17 July 2009 16:59 အေးချမ်းမြေ့ .စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ် ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ပေါက်ကြားကာ ပြည်ပ မီဒီယာများတွင် ဖော်ပြနိုင်ခဲ့မှု နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ အရာရှိ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်ခုံရုံးတင်၍ ကြီးလေးသော အပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။


လေတပ်စခန်းတခုတွင် ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား အရာရှိတဦး လက်ဆောင်ပစ္စည်း လဲလှယ်နေပုံ
အဖမ်းအဆီးခံထားရသူများမှာ ကက ကြည်းမှ ဗိုလ်ကြီးအဆင့် ရှိသူများဖြစ်ပြီး ၎င်း သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပေါက်ကြားခဲ့မှုတွင် ပါဝင်ပတ်သက်နေသော တခြား စစ်ဘက်ဆိုင်ရာ အရာရှိတချို့လည်း ထွက်ပြေး ပုန်းရှောင်နေရသည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သတင်းရရှိသည်။

ထို့ပြင် ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တချို့ကိုလည်း မြန်မာ - မြောက်ကိုရီးယား ဆက်စပ်နေသည့် သတင်းများ၊ မြန်မာနိုင်ငံတွင်း ဥမင်လိုဏ်ခေါင်း ဖောက်နေသည့်သတင်းများ ပြည်ပမီဒီယာများတွင် ပါရှိခဲ့မှုနှင့် ပတ်သက်၍ ရာထူးမှ ဖယ်ရှားလိုက်သည်ဟု ၎င်းအသိုင်းအဝန်းမှ ကြားသိရသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံမှ တဆင့် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာ လျှို့ဝှက် ခရီး သွားရောက် ခဲ့ပြီး ၎င်း ခရီးစဉ်နှင့် ပတ်သက်သည့် သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

၎င်းသတင်းများ ဓာတ်ပုံများနှင့် တပြိုင်နက်တည်း ပြည်တွင်း၌ အနုမြူလက်နက်များ စမ်းသပ်ရန် “လိုဏ်” များ ဆောက်လုပ်နေသည် ဆိုသည့် သတင်းများပါ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတကာ မီဒီယာများဖြစ်သော CNN၊ BBC၊ အယ်ဂျာဇီးယား နှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တို့က ဗီဒီယို မှတ်တမ်းများနှင့် တကွ ဖော်ပြခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ခရီးစဉ်တွင် ၎င်းပါဝင်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို မြောက်ကိုရီးယား အစိုးရက ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အနုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့ကြကြောင်း ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်ရေးသားသော “မြန်မာနှင့် မြောက် ကိုရီးယားစစ်ရေး လျှို့ဝှက်ချက်များ” အမည်ရှိ ဆောင်းပါးတွင် ပါရှိသည်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ တခြား အဆင့်မြင့် အရာရှိများလည်း ပါဝင်ကြသည်ဟု ၎င်းဆောင်းပါးတွင် ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် နိုဝင်ဘာလ ၂၇ ရက်နေ့၌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ် ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ကြပြီး မြန်မာနှင့် မြောက် ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြသည် ကို ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့မဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်” ဟူ၍ အဆိုပါဆောင်းပါး၌ နားလည်မှုစာချွန်လွှာတွင် ပါရှိသည့် အချက်များကို ကိုးကား ရေးသားထားသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ အဆိုပါ လျှို့ဝှက်ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းများ၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်း များ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ရခြင်းမှာ နိုင်ငံတော်ထိပ်တန်း လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း ဖြစ်သော ကြောင့် ထိုသို့ ပေါက်ကြားရာတွင် ပါဝင်သည်ဟု ယူဆရသည့် စစ်ဘက်ဆိုင်ရာ အရာထမ်းများကို စစ်ခုံရုံး တင်ကာ အလွန် ကြီးလေးသော ပြစ်ဒဏ်များ သတ်မှတ်လိမ့်မည်ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်း အဝန်းက သုံးသပ်သည်။


တရားမဝင် တပတ်ရစ်ကားများစွာ ထိုင်းမှတဆင့် တင်သွင်းနေ
Friday, 17 July 2009 19:47 ရန်ပိုင် .ဂျပန်လုပ် တပတ်ရစ်ကားများကို ထိုင်းနိုင်ငံ မဲဆောက်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် လမ်းကြောင်းမှ နေ့စဉ် တင်သွင်း နေကြောင်း သိရသည်။

ထိုကားများကို မဲဆောက်မြို့မှတဆင့်  မြ၀တီဘက်ကမ်းသို့ နေ့စဉ် ပုံမှန်အားဖြင့် စီးရေ ၂၀ ခန့် တင်သွင်းနေပြီး နေပြည်တော် ၊ ရန်ကုန်နှင့် တခြားမြို့ကြီးများ၌ ကားလေလံပွဲများရှိလျှင် အစီးရေ ၁၀၀ ခန့် တင်သွင်းနေကြောင်း ကားအရောင်းအဝယ်သမားများက ပြောသည်။

ယခုအခါ ၂၀၀၄ ခုနှစ်က ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများကို အစိုးရမှ လေလံတင်ရောင်းချနေပြီး ၊ ပျက်စီးယိုယွင်း နေပြီဖြစ် သော ယင်းလေလံကားများကို ၀ယ်ယူ၍ ယခုတင်သွင်းလာသော လိုင်စင်မဲ့ကားများ၏ ကိုယ်ထည် ၊ အင်ဂျင် တို့ကို အစားထိုးပြီး အရောင်းအ၀ယ် ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်၊၊

ပြီးခဲ့သော ဇွန်လက နေပြည်တော်၌ ပြုလုပ်သော လေလံပွဲတွင် မော်ဒယ်မြင့် Land Cruser ကားတစီး ကို ကျပ် ၉၉၁သိန်း ဖြင့်အရောင်း အ၀ယ်ဖြစ်သွား ကြောင်းသိရသည်။

“ဂျပန်ကနေပြီးတော့ ဘန်ကောက် လန်ချန်ပန်း ဆိပ်ကမ်းကို ရောက်ရင် သက်ဆိုင်ရာ တရားဝင် အသိအမှတ်ပြု အေးဂျင့် တွေကတာဝန်ယူပြီး ကွန်တိန်နာတွေနဲ့ မြ၀တီ၊ မဲဆောက် နယ်စပ်ဂိတ် တွေဖြစ်တဲ့ ၁၇ ၊ ၁၀ ၊ ၁၁ ၊ ရေပူဂိတ် တွေ က တဆင့် သောင်ရင်းမြစ်ကိုကျော်ပြီး မြ၀တီဘက် ကိုရောက်လာတယ်”ဟု မဲဆောက်မြို့တွင် နေထိုင်သည့် ကားလုပ်ငန်း ရှင် တဦးက ပြောပြသည်။

အများဆုံးသွင်းသည့် ကားအမျိုးအစားများမှာ Toyota ကားများဖြစ်ပြီး Nissan နှင့် Missubishi အမျိုးအစားများကို ဒုတိယ တင်သွင်းသည်ဟုသိရသည်။

ဂျပန်မှ နေပြီး ဘန်ကောက်ဆိပ်ကမ်း အရောက် ကားတစီးသယ်ယူခမှာ မြန်မာ ၁၅ သိန်းကျော် ကုန်ကျပြီး ဘန်ကောက်မှ မဲဆောက်အထိ မြန်မာငွေ ၆ သိန်းခန့် ကုန်ကျသည်ဟု သိရသည်။

အဓိက ကားသွင်းသည့် ကုမ္ပဏီကြီး ၂ ခုရှိပြီး KMK Company နှင့် Billionaire Company တို့ ဖြစ်သည်ဟု သိရသည် ။

“မြ၀တီ ဘက် ကိုရောက်ဖို့ ကားတစီးကို ဘတ် ၃၀၀၀ (ကျပ် တစ်သိန်းခန့်) တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) ကို ပေးရတယ်၊ ရန်ကုန်အထိ သယ်မယ်ဆိုရင်တော့ ဂိတ်ပေါင်း ၂၀ လောက်ရှိတယ် ၊ အဲ့ဒါပြီးလို့ စစ်တောင်းဂိတ် ၊ ဝေါဂိတ် ၊ မရန်းချောင်းဂိတ် တွေပြီးရင်တော့ ရန်ကုန်ဖြစ်ဖြစ် ၊ မန္တလေးဖြစ် တောက်လျောက် မောင်းရုံပဲ” ဟု အဆိုပါ ကုန်သည်က ပြောသည်။

ဂိတ်ကြေး များမှာ အတိအကျမရှိဘဲ တခါတရံ ဂိတ်ကြေး ညှိနှိုင်းပေးထားပေသော်လည်း ၊ အဖမ်းအဆီးရှိ ၍ ကားများဆုံး ရှုံး ကြောင်း၊ လမ်းခရီး ဂိတ်ကြေးမှာ ပုံမှန်အားဖြင့် မြန်မာငွေ သိန်း ၂၀ ခန့်ရှိသည်။ ကုန်သည် တချို့ကတော့ စစ်တပ် ၊ DKBA ၊ ငြိမ်းချမ်းရေးကောင်စီ စသည့် အဖွဲ့များထံအပ်၍ သယ်ဆောင်ကြသည်ဟု သိရသည်၊၊

ထိုလိုင်စင်မဲ့ကားများကို မြ၀တီမြို့နှင့် ရန်ကုန် စသည့် မြို့များတွင် ဘောင်နံပါတ် များကို ဖြတ်ဆက်ခြင်း ၊ ဘောင်နံပါတ် အတု ပြန်ရိုက်ခြင်းများပြုလုပ်ပြီး ကုန်လမ်း သယ်ယူပို့ဆောင်ရေးတွင် တရားဝင် သိန်း ၃၀ ဒဏ်ငွေဆောင်ပြီး အရောင်း အ၀ယ် လုပ်ကြသည်ဟု သိရသည်

ယခုအခါ ပြည်တွင်းရှိ စက်မှုဇုန်များမှ နေပြီး ပစ်ကပ်နှင့် ဂျစ်ကား များသာထုတ်ခွင့်ရှိပြီး အမှတ် ၂ စက်မှုဝန်ကြီး ဌာန မှ ထိုင်းနိုင်ငံထုတ် Tiger အမျိုးအစား Hilux Double Cab ၊ တရုတ်နိုင်ငံထုတ် Grand Tiger နှင့် ပုံစံတူကားများကို ထုတ် လုပ်သည်ဟုသိရသည်။

ပြီးခဲ့သော ဇွန်လ အတွင်းက ဆာကူရာ ကုမ္ပဏီပိုင်ရှင် ဦးဌေးအောင်အား ကားလေလံတင် ရောင်းချခွင့် ကိုပေးအပ်ခဲ့ သည်။ ဦးဌေးအောင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့နှင့် နီးစပ်သူ ဖြစ်ကြောင်း ကားဝယ်ရောင်းသမား များကခန့်မှန်းပြောဆိုကြသည်။

ပုံမှန်အာဖြင့် ယခင်က ကားတင်သွင်းခွင့် ပါမစ်များကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် (UMEHL ) တခုကသာလျှင် ချုပ်ကိုင်ထားသည်။

ပြည်ပမှ ပြန်လာသူ ၄ ဦးသာ ဝက်တုပ်ကွေး ဖြစ်ဟုဆို
Friday, 17 July 2009 19:10 ကြည်ဝေ .မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးA (H1N1) ရောဂါပိုးတွေ့ရှိသူ ၄ ဦးစလုံးသည် ပြည်ပမှ ပြန်လာသူများ ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရပိုင် သတင်းစာများမှ ထုတ်ပြန်ကြေညာသည်။

ဇူလိုင်လ ၁၂ ရက်နေ့ TG 305 ဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသော အသက်၂၂ နှစ်အရွယ် အမျိုးသမီးတွင် ၀က်တုပ်ကွေးA(H1N1)ရောဂါပိုး တွေ့ရကြောင်း၊ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဋ္ဌာနမှ ဝေဘာဂီဆေးရုံ ကြီးသို့ လွှဲပြောင်းခဲ့ပြီး မိသားစုဝင် ၄ ဦးအား နေအိမ်အတွင်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သတင်းစာများ တွင် ဖော်ပြထားသည်။

ထို့အပြင် ယနေ့အထိ မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါကူးစက်ခံရသူ ၄ ဦးတွေ့ရှိရသော်လည်း လူနာ အားလုံးမှာ ပြည်ပမှ ကူးစက်လာသူများသာဖြစ်ကြောင်းလည်း ရေးသားထားသည်။

“ပြည်ပကနေ လာတဲ့သူတွေမှာပဲ ပိုးက တွေ့ရတာ၊ ပြည်တွင်းမှာ တဦးကနေ တဦးကိုကူးစက်ပျံ့နှံ့တာမျိုး မရှိ သေးတဲ့အတွက် နှာခေါင်းစည်း တပ်ဆင်ဖို့မလိုအပ်ပါဘူး၊ နှာခေါင်းစည်းကလည်း တကယ်တမ်းမှာ ရောဂါ ပိုး ၀င်ရောက်မှုကို အပြည့်အ၀ ကာကွယ်မပေးနိုင်ပါဘူး”ဟု ရန်ကုန်တိုင်း၊ ကူးစက်ရောဂါတိုက်ဖျက်ရေးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်ဦး က ပြည်တွင်းမီဒီယာများသို့ ပြောကြားကြောင်း သိရှိရသည်။

၎င်းက နှာခေါင်းစည်းတပ်ခြင်းသည် ရောဂါကူးစက်မှုအတွက် ရာခိုင်နှုန်းပြည့်မကာကွယ်နိုင်ကြောင်းပြောဆိုပြီး နှာစေးချောင်းဆိုးဖြစ်လျှင်လက်ကိုင်ပ၀ါအသုံးပြုရန်နှင့် လက်ကို မကြာခဏဆေးကြောရန်မှာ အဓိက ကြိုတင် ကာကွယ်ရမည့် နည်းလမ်းဖြစ်ကြောင်းလည်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တုပ်ကွေးရောဂါနှင့်ဖျားနာနေသူများမှ အပ နှာခေါင်းစည်းတပ်ရန် မလိုအပ်ကြောင်း ပြည်တွင်း ဂျာနယ်များတွင်ရေးသားဖော်ပြခိုင်းလျက်ရှိကြောင်း၊ ပြည်တွင်း ဂျာနယ်များတွင်ဝက်တုပ်ကွေးဟု ဖော်ပြခွင့်မရဘဲ၊ ကမ္ဘာ့လူတုပ်ကွေးဟုသာ ဖော်ပြရပြီး၊ လူထုကျန်းမာရေးအသိပေးသတင်းများ၊ ဆောင်းပါးများကိုလည်း ကန့် သတ်ချက်များနှင့် ဖော်ပြနေရခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောဆိုသည်။

“ကျန်းဦးစီးကိုလည်း အထက်ကနေ ညွှန်ကြားပုံရတယ်၊ ကျန်းဦးစီးက ဂျာနယ်တွေက မေးရင်း တသံတည်းပဲ ဖြေကြတယ်၊ စာပေစိစစ်ရေးကလည်း နှာခေါင်းစည်းတပ်ဖို့မလိုအပ်ဘူးဆိုတဲ့ သတင်းမျိုးကို ခွင့်ပြုတယ်၊ ကူးစက် ရောဂါဖြစ်တဲ့အတွက်ကြိုတင်ကာကွယ်ရမယ်ဆိုပြီး လူထုသတိရှိဖို့ ရေးသားတဲ့ အရေးအသားမျိုး သတင်းမျိုး ကို တော့ ခွင့်မပြုဘူး၊ လူထုကို အထိတ်တလန့်ဖြစ်စေတယ်ဆိုပြီး ဖြုတ်တယ်” ဟု အဆိုပါ သတင်း အယ်ဒီတာ က ဆိုသည်။

အစိုးရအနေနှင့် ၀က်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအတွင်းကူးစက်ရောဂါတခု အသွင်ဖြစ်သွားနိုင်သည် ကို သိရှိ ထားသော်လည်း ပြည်ပမှ ၀င်ပေါက်များဖြစ်သော လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်ပေါက်များတွင် စနစ် တကျ ရှာဖွေခြင်းမရှိကြောင်းကိုလည်း အဆိုပါ သတင်းအယ်ဒီတာက သုံးသပ်ဝေဖန်သည်။

မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါပိုး တွေ့ရှိရသော ၄ဦးစလုံးမှာပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး၊ လေဆိပ်စစ်ဆေးရေးဂိတ်တွင်တွေ့ရှိခဲ့ခြင်းမဟုတ်ဘဲ၊ နေအိမ်ပြန်ရောက်ပြီးမှ ဖျားနာသည့်အတွက် ရောဂါပိုး ရှိ ကြောင်းကို သိရှိရသူများဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း တုပ်ကွေးရောဂါဖြင့် ဖျားနာလျက်ရှိသူများရှိသော်လည်း ၀က်တုပ်ကွေးရောဂါဟုဆိုပါက ဝေဘာ ဂီ ဆေးရုံကြီးသို့ ပို့လိုက်မည်ကို စိုးရိမ်သောကြောင့် ဆေးခန်းမသွားဘဲ ကိုယ့်သဘောနှင့်ကိုယ် ရိုရိုးတုပ်ကွေး အဖျားပျောက်ဆေးသောက်နေသူများလည်း ရှိကြောင်း ပြည်တွင်းမှ သတင်းထောက် တဦး က ပြောသည်။

“ဖျားတယ်ဆိုရင်ကို ဝေဘာဂီဆေးရုံကြီးကို ပို့လိုက်မှာ စိုးလို့ဘယ်သူမှ ဆေးခန်းသွားမပြတော့ဘူး၊ ဆေးခန်း သွားပြရင် ဆေးခန်းကလည်း ဆေးရုံကြီးကို တန်းပို့ပစ်လိုက်တာ များတယ်၊ အဲဒါကို ကြောက်ကြလို့ ဆေးဆိုင် ကနေ ကိုယ့်ဟာကိုယ်ဆေးဝယ်သောက်နေတဲ့သူတွေလည်း ရှိတယ်”ဟု အဆိုပါ သတင်းထောက်က ပြောဆို သည်။

“အသက် ၁၀ နှစ်အောက်ကလေးတွေ လူကြီးပိုင်းတွေ ကိုယ်ဝန်ဆောင်တွေမှာ ကူးစက်ခံရဖို့ အခွင့်အလမ်း ပို များတယ်၊ ရောဂါကူးစက်ခံရဖို့ အခွင့်အလမ်း များတဲ့ လူစည်ကားတဲ့နေရာတွေကို သွားမယ်ဆိုရင်တော့ ကြိုတင် ကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်းတပ်ထားသင့်တယ်၊ ဘယ်လိုတုပ်ကွေးပဲ ဖြစ်ဖြစ် ခုချိန်မှာ ဖျားနေတဲ့ သူတွေ ကတော့ မတပ်မဖြစ်ကို တပ်ရမယ်”ဟု မြန်မာနိုင်ငံ အထွေထွေရောဂါကု ဆရာဝန်များအသင်းမှ ဒုတိယ ဥက္ကဠ
ဒေါက်တာ ၀င်းလွင်သိန်းက ပြောဆိုသည်။

သို့သော် လူအနည်းစုသာလျှင် နှာခေါင်းစည်းအသုံးပြုလျက် လူစည်ကားရာနေရာများသို့ သွားလာနေ ကြသော် လည်း အများစုမှာမူ နှာခေါင်းစည်းမပါဘဲ သွားလာလျက်ရှိပြီး ဝေဘာဂီ ကူးစက်ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း များနှင့် လူနာများမှ အပ အခြား ပုဂ္ဂလိက ဆေးရုံဆေးခန်း မျာနှင့် အစိုးရ ဆေးရုံများတွင်လည်း ကျန်းမာရေး ၀န်ထမ်းများကအစ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ သွားလာ နေကြသည်ကိုတွေ့မြင်ရသည်။ နှာခေါင်းစည်း ဈေးနှုန်းများမှာ ပြန်လည်ကျဆင်းနေသည်ကိုတွေ့ရပြီး တခုလျှင် ကျပ် ၁၀၀ မှ ကျပ်၂၀၀ ဈေးအထိ အမြင့်ဆုံး ရောင်းချနေကြသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အသက် ၅၁ နှစ်အရွယ် အမျိုး သားတဦး၌ ၀က်တုပ်ကွေးA(H1N1)ထပ်မံတွေ့ရှိရခြင်းဖြစ်ပြီး အဆိုပါအမျိုးသားအား ဝေဘာဂီဆေးရုံကြီးသီးသန့် လူနာခန်းတွင် ထားရှိပြီး ဆေးဝါးကုသနေကြောင်း ယမန်နေ့က အစိုးရပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ သတင်းစာများတွင် ဇူလိုင်လ ၈ ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့သော အသက်၂၀ အရွယ်အမျိုးသားမှာ လည်း အဖျားမရှိတော့ဘဲ သက်သာလျက်ရှိကြောင်း၊ လူနာနှင့်ထိတွေ့မှုရှိခဲ့သော မိသားစုဝင် ၉ ဦး၊ လူနာနှင့် အတူ စီးနင်းလိုက်ပါလာကြေသော လေယာဉ်စီး ခရီးသည် နိုင်ငံသား ၈၄ ဦး၊ နိုင်ငံခြားသား ၁၃၆ ဦး စုစုပေါင်း ၂၂၀ ဦးတို့ကိုလည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ဖော်ပြထားသည်။

ဇွန်လ ၂၇ ရက်နေ့က ၀က်တုပ်ကွေးA(H1N1)ရောဂါပိုး စတင်တွေ့ရှိခဲ့သော အသက် ၁၃ နှစ်အရွယ် အမျိုး သမီး ငယ်၏ ကျန်းမာရေးအခြေအနေကောင်းမွန်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း အစိုးရပိုင်သတင်းစာ တွင် ရေးသားဖော်ပြခဲ့သည်။


နာရေးအသင်း ဆေးခန်း ပြောင်းရွှေ့ရသောကြောင့် အခက်အခဲဖြစ်
Friday, 17 July 2009 18:50 အေးလဲ့ .နာရေး ကူညီမှုအသင်းက ဖွင့်လှစ်ထားသော သုခ ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်းကို ယခင် နေရာတွင် ဖွင့်ခွင့် ပိတ်ပင်လိုက်သည့် အတွက် မြောက် ဒဂုံဘက်၌ သွားရောက်ဖွင့်လှစ် လိုက်ရကြောင်း ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူက ပြောသည်။

“သုခ” ကုသိုလ်ဖြစ် ဆေးခန်းကို ၂၀၀၇ ခုနှစ် မတ်လက သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ဗြဟ္မဝိဟာရ ကျောင်းတိုက်တွင် စတင် ဖွင့်လှစ်ခဲ့ သော်လည်း ယခုအခါ မြောက်ဒဂုံသို့ ပြောင်းရွှေ့လိုက်ရသည့်အတွက် အခက်အခဲများစွာရှိကြောင်း ၎င်းက ဆိုသည်။

နာရေးကူညီမှုအသင်းကို စတင် တည်ထောင်ခဲ့သူ ဦးကျော်သူက “ဆေးခန်းကို မြောက်ဒဂုံ ပလတ်စတစ် အမှိုက်ပုံမှာ နှစ်ထပ် အဆောက်အဦး ဆောက်ထားတယ်။ ပလစ်စတစ် အမှိုက်တွေဆိုတော့ ဆောက်ရတာ ခက်ခဲတယ်။ ပေ ၂၀ ကျော်ကျော် တူးတဲ့အထိ မြေသားမတွေ့ရဘူး။ ပလတ်စတစ်တွေချည်းပဲ သံရိုက်ထည့် ပြီးမှ ဆောက်လို့ရတယ်” ဟုပြောသည်။

ဆေးခန်းဖွင့်ပွဲ အခမ်းအနားကို လာမည့် ဇူလိုင် ၁၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး အဆောက်အဦး ဆောက်လုပ်မှုတွင် ကျပ် သိန်းပေါင်း ၁၅၀၀ ကုန်ကျသည်ဟု ဦးကျော်သူက ဆိုသည်။

“မြောက်ဒဂုံမှာက မီးမလာတော့ မနက် ၈နာရီကနေ ညနေ ၆နာရီ အထိ မီးစက်နှိုးရတယ်။ ရေ ကလည်း ချိုးဖြူရေ မရဘူး၊ အဝီစိရေ သုံးရတယ်၊ ရေသွယ်ဖို့နဲ့ ဆက်သွယ်ရေး ဖုန်း လျှောက်ထားတယ်။ အခု လောလောဆယ် CDMA ခြင်း ဖုန်းတွေနဲ့ သုံးနေရတယ်” ဟု သူက ဆက်ပြောသည်။

ယင်း အခမဲ့ ဆေးခန်းတွင် မျက်စိအထူးကု ဆရာဝန်၊ အရိုးအကြောကု ဆရာဝန်၊ မီးယပ်နှင့်သားဖွား ဆရာ ဝန်၊ ကလေး အထူးကုဆရာဝန်၊ အရေပြား ဆရာဝန်၊ သွား အထူးကု ဆရာဝန်၊ အထွေထွေ အထူးကု ဆရာ ဝန် စသည့် ဆရာဝန်များရှိသည်။ ဆေးခန်းတွင် အထွေထွေရောဂါများအပြင် အသေးစား ခွဲစိတ်ကုသမှု များပါ ဆောင်ရွက်ပေးလျက် ရှိပြီး ဆေးရုံတင်ရမည့် အရေးကြီးသည့်လူနာများကို ဆေးရုံသို့ လွှဲပြောင်းပေး လျက် ရှိသည်။

ထို ဆေးခန်းတွင် ဆရာဝန် ၃၀ ခန့်ရှိ၍ အခမဲ့ ကူညီသူများဖြစ်ပြီး သူနာပြုများ အပါအဝင် ဝန်ထမ်း ၁၂ ဦးခန့်ရှိကြောင်း သိရသည်။

နာရေးကူညီမှု အသင်း ရုံးခန်းကိုလည်း ဆေးခန်းအဆောက်အဦးတွင်ပင် ဖွင့်လှစ်ကာ နာရေးကို ဖုန်းဖြင့် လက်ခံ၍ တနှစ်ပတ်လုံး နားရက်မရှိ ပို့ဆောင် ပေးလျက်ရှိသည်။ တနေ့လျှင် နာရေး အရေအတွက် ပျမ်းမျှ ၅၀ နီးပါး ပို့ဆောင်ပေးရသည်ဟု ဦးကျော်သူက ပြောသည်။

ထို အသင်းပိုင်ကားများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြီးခဲ့သော ဖေဖော်ဝါရီလမှ စတင်၍ ယခင်ထားရှိရာ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဗြဟ္မ၀ိဟာရ ကျောင်းဝန်း အတွင်းတွင် ရပ်နားခွင့် မပေးဘဲ ရန်ကုန်မြို့ပြင်ရှိ သုသာန် များသို့ ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့သည်။

ထိုကြောင့် လက်ရှိတွင် နိဗ္ဗာန်ယာဉ်များကို ညပိုင်း၌ ရေဝေးသုသာန်အတွင်း ထားရှိပြီး နံနက်ပိုင်းတွင် မြောက်ဒဂုံ ရုံးမှ တဆင့် နာရေးပို့ဆောင်ရသည် ဟုသိရသည်။

ပြီးခဲ့သော အပတ်ကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လက်ရှိ ရေဝေး သုသာန် တွင် ထားရှိနေသည့် နိဗ္ဗာန်ယာဉ်များမှ တချို့ ယာဉ်များကို ထိန်ပင် သုသာန်သို့ တနှစ်အတွင်း ပြောင်းရွှေ့ ခိုင်းသည့် စာတစောင် ပေးပို့ထားကြောင်း ဦးကျော်သူက ပြောသည်။

ထိုသို့ပြောင်းရွှေ့ရန် လုံခြုံရေးအရ စိတ်မချရသဖြင့် မဖြစ်နိုင်ကြောင်း၊ လက်ရှိ ရေဝေး သုသာန်၌ နိဗ္ဗာန် ယာဉ်များ ထားရှိရာတွင် အစောင့် သုံးဦး ထားရှိရကြောင်း၊ စည်ပင်သာယာအား တလလျှင် ကျပ် ၁ သောင်း ပေးရကြောင်းလည်း သိရသည်။

နာရေးကူညီမှုအသင်း၌် ယခင်က နိဗ္ဗာန်ယာဉ် ၁၄ စီးရှိသာရှိသော်လည်း ယခုလက်ရှိ ကလေးနိဗ္ဗာန်ယာဉ် တစီးကို ထပ်မံတိုးချဲ့လိုက်သည့်အတွက် ၁၅ စီးရှိနေပြီဖြစ်ကြောင်း သိရသည်။ နာရေးကူညီမှု အသင်း အတွက် ဝန်ထမ်းပေါင်း ၅၀ ခန့်ရှိသည်ဟုလည်း သိရသည်။

ဦးကျော်သူက “ယာဉ်မောင်း ဝန်ထမ်းတွေ သွားဖို့၊ လာဖို့ အခက်အခဲဖြစ်သွားတယ်။ သင်္ဃန်းကျွန်းတုန်း ကတော့ အဆင်ပြေတာပေါ့။ မြောက်ဒဂုံဘက်ဆိုတော့ ခရီးထောက်တာပေါ့၊ ကား နှစ်ဆင့် လောက်စီးမှ ရောက်တယ်” ဟု ပြောသည်။

အစိုးရနှင့် မသက်ဆိုင်ဘဲ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသော နာရေးကူညီမှု အသင်းသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် အခမဲ့ ကူညီခြင်းဖြစ်သည်။

အာဇာနည်နေ့ ကျင်းပရန် စီစဉ်သူများကို သတိပေးကန့်သတ်မှုများရှိ
Friday, 17 July 2009 17:56 သန်းထိုက်ဦး .မြန်မာနိုင်ငံတွင် ၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်နေသူများကို မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ဥက္ကဌများက ခေါ်ယူ၍ သတိပေး ကန့်သတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

လာမည့် ဇူလိုင်လ ၁၉ နေ့တွင် ကျရောက်မည်ဖြစ်သော အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်ပြီး မန္တလေးတိုင်း အပါ အ၀င် မိထ္ထီလာနှင့် ရေနံချောင်းမြို့များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များကို စစ်အစိုးရ အာဏာပိုင်များက ယနေ့ ခေါ်ယူသတိပေးခြင်းဖြစ်သည်။

မကွေးတိုင်း NLD အဖွဲ့ချုပ်တာဝန်ရှိသူတွေကို အာဏာပိုင်းများက ခေါ်ယူတွေ့ဆုံခဲ့ရာ ဆွမ်းကျွေးခြင်းနှင့် အခမ်းအနားပြု လုပ်ခွင့်များမပြုလုပ်ရဟုပြောကြားခဲ့သော်လည်း မဖြစ်မနေပြုလုပ်သွားရန်ရှိသည်ဟု မကွေးတိုင်း NLD အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေး က ဧရာဝတီသို့ ပြောသည်။

“အထက်က အမိန့် ၀တ္တရားအရ ဆောင်ရွက်ရတယ်ဆိုတာ ကျမတို့နားလည်တယ်၊ဒါပေမယ့် ကျမတို့ နိုင်ငံရေးပါတီ တခု အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပေးတဲ့ လွတ်လပ်ရေးနဲ့ နေတဲ့အတွက်ကြောင့် ဗိုလ်ချုပ်ကိုမှေးမှိန်အောင် မလုပ်နိုင်ဘူး၊ ဒါ ကြောင့်မို့လို့ နောင်လာနောင်သား ကလေးတွေက ဗိုလ်ချုပ်လို အာဇာနည်ခေါင်းဆောင်ဆိုတာ လူသေသော်လည်း နာမည် မသေတဲ့အကြောင်း နောင်တက်လာမယ့် မျိုးဆက်သစ်လူငယ်တွေကို အသိပေးချင်တယ်၊ ဒါကြောင့် လုပ်မှာပဲဆိုပြီး ပြောခဲ့ တယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းနှင့် မိထ္ထီလာမြို့တွင် အသံချဲ့စက် မသုံးရ၊လူဦးရေ ၅၀ ထက် ပိုမစုရ စသဖြင့် အာဏာပိုင်များက သတိပေး တားမြစ်မှုများနှင့် အခမ်းအနားကို ကျင်းပခွင့်ပေးသည်ဟုသိရသည်။

မန္တလေးတိုင်း NLD အဖွဲ့ချုပ်မှ စည်းရုံးရေး တာဝန်ခံ ကိုမျိုးနိုင်က“မန္တလေးမြို့ပေါ်နဲ့ ပုသိမ်ကြီး၊ အမရပူရ၊ တံတားဦး NLD အဖွဲ့ဝင်တချို့ကိုဖိတ်ကြားထားပြီး ဘုရားကြီးအရှေ့ဘက် တောင်ဖီးလင်းကျောင်းတိုက်မှာ သံဃာတော် အပါး ၃၀ လောက် ကို နေ့ဆွမ်းကပ်လှူမယ့် အစီအစဉ်ရှိတယ်”ဟု ပြောသည်။

အလားတူပင် ရန်ကုန်ရှိ NLD ရုံးချုပ် တွင် အာဇာနည်နေ့ အခမ်းအနားကျင်းပပြုလုပ်ရန်ရှိကြောင်း သိရှိရပြီး ၎င်း အစီ အစဉ် အပြီးတွင် ကြေညာချက် တစောင် ထုတ်ရန်ရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ၀င်းနိုင် က ပြော သည်။ကြေညာချက်နှင့် ပတ်သက်ပြီး အသေးစိတ် ပြောဆို၍ မရသေးဟုလည်း ဆိုသည်။

၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့၌ ရန်ကုန်မြို့အတွင်းဝန်ရုံးတွင် အစည်းအဝေးပြုလုပ်နေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် ၉ ဦးတို့သည် ဂဋ္ဌုန်ဦးစော၏ လုပ်ကြံခံခဲ့ရရာမှ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းနေ့ တွင် ကျဆုံးခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်း ပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော် ကိုထွေး တို့ ဖြစ်သည်။

ယခင်က အာဇာနည်များကျဆုံးသည့် ၁၀ နာရီ ၃၇ မိနစ် ရောက်တိုင်း ၁ မိနှစ် ငြိမ်သက်ခြင်း၊ ရေဒီယို၊ အစိုးရစက်ရုံများနှင့် တခြား ဌာနများမှ ဥသြဆွဲခြင်းများကို နှစ်စဉ်ပြုလုပ်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီးကတည်းက ၎င်း အလေ့ အထများကို ပြုလုပ်ခြင်းမရှိတော့ပေ။

မြန်မာနိုင်ငံ အနေနှင့် အာဇာနည်နေ့တွင် ဆွမ်းမကျွေးရခြင်း၊ ဟောပြောပွဲများ မပြုလုပ်ရခြင်းနှင့် အခမ်းအနားများ မလုပ်ရ ခြင်းတို့သည် အာဇာနည်ခေါင်းဆောင်ကြီးများကို ပျောက်ကွယ်မေ့ပျောက်စေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး စော်ကားရာရောက်သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ူ အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီသို့ပြောသည်။

“နိုင်ငံ့ခေါင်းဆောင်ကြီးတွေက အသက်ကိုစွန့် စတေးပြီးတော့ လုပ်ခဲ့တဲ့အပေါ်မှာ စော်ကားတယ်လို့ပဲမြင်ပါတယ်” ဦးအေးသာအောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အာဇာနည်နေ့အကြောင်းကိုသိသော ခေတ်လူငယ်များ တနေ့တခြားနည်းပါးလာပြီး ထိုနေ့သည် သာမန် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တရက်သဖွယ်ဖြစ်နေကြောင်း သိရသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို ကျောင်းနှင့် အစိုရ ရုံးများတွင် ၁၉၈၈ နောက်ပိုင်း လွတ်လပ်စွာ ချိတ်ခွင့်မရတော့ပေ။

အထက်တန်းကျောင်းများတွင် အာဇာနည်နေ့အကြောင်း စာစီစာကုံးပြိုင်ပွဲများ၊ ဟော ပြောပွဲများ၊ နံရံကပ်ပိုစတာနှင့် ပန်းချီ ပြိုင်ပွဲများကို ကျင်းပလေ့ရှိသည်ဆိုသော်လည်း ယခုအခါ ၎င်းအလေ့အထများ တဖြည်းဖြည်းပျောက်ကွယ်လာခြင်းကြောင့် မျိုးဆက်သစ်လူငယ်များသည် အာဇာနည်နေ့နှင့်တဖြည်းဖြည်းဝေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အမှုအတွက်ပြင်ဆင်ဖို့ ဒေါ်စုနဲ့ အကျိုးဆောင်ရှေ့နေတွေ တွေ့ခွင့်ရ

17 July 2009

ရန်ကုန်အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တားဆီးမိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ အကျိုးဆောင်ရှေ့နေတွေဟာ ဒီကနေ့ နေ့လည်ပိုင်းက အင်းစိန်ထောင်တွင်း ဧည့်ရိပ်သာဆောင်တခုမှာ ၂ နာရီကြာ တွေ့ခွင့်ရခဲ့ပါတယ်။ အဲဒီလို တွေ့ခွင့်ရတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး တိုင်ပင်ညှိနှိုင်းခဲ့တာတွေနဲ့ ပတ်သက်လို့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်း က ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။
“အဓိကအားဖြင့်တော့ ကျနော်တို့ final argument ပါပဲ။ final argument ရဲ့ second draft ကို ကျနော်တို့ ၀ိုင်းပြီးတော့ ဆွေးနွေးပြီးတော့ ပြင်ကြတာပါ။ ဒီလိုပြောရင်းနဲ့ ကျနော်တို့ သတင်းစာရှင်းလင်းပွဲ လုပ်သွားတဲ့ကိစ္စတွေကိုလည်း သူ ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်သွားတဲ့ဆီမှာ သူက သူ့အနေနဲ့ ပူးပေါင်းကူညီမှု မရှိဘူးလို့ ပြောထားတာ လုံးဝ မတရားဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်တုန်းကမှ ပူးပေါင်းကူညီဖို့လည်း မပြောဘူး။ သတင်းလည်း မမေးဘူး။ ဘာတခုမှ မမေးဘဲ ဒီလိုပြောတာက မတရားဘူး။ နောက် အခုဖြစ်နေတဲ့ကိစ္စမှာ လုံခြုံရေး ကျိုးဖောက်လို့ ဖြစ်ရတာ။ လုံခြုံရေးနဲ့ပတ်သက်လို့ တစုံတရာ ဘာမှမဆောင်ရွက်ဘဲနဲ့ သူ့အပေါ်မှာသာ ဒီလို စွဲဆိုတာဟာ မှန်ကန်မှုမရှိဘူး။ ဒါပေမယ့် သူ ဒီလိုပြောတာဟာ လုံခြုံရေးသမားတွေကို ထိခိုက်စေဖို့ပြောတာ မဟုတ်ဘူး။ လုပ်နည်းလုပ်ဟန် မမှန်ဘူးဆိုတာကို ပြောခြင်းသာဖြစ်တယ်လို့လည်း ပြောပါတယ်။”

နောက်ဆုံးလုပ်မယ့် တရားခွင်နေ့မတိုင်ခင် ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့အတွက် ဒီကနေ့ သောကြာနေ့နဲ့ မနက်ဖြန် စနေနေ့တွေ ၂ ရက်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့အကျိုးဆောင်ရှေ့နေတွေ ကို နောက်ဆုံးပြုလုပ်မယ့် တရားခွင်နေ့ မတိုင်ခင် ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ တွေ့ခွင့်ပေးထားတယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်း က ပြောပြပါတယ်။ ဒါပေမယ့်လို့လည်း ပြင်ဆင်ဖို့ရာအချိန်က သိပ်မရတာကြောင့် မနက်ဖြန်အစား ရက်ရွှေ့ပေးဖို့ ဒီကနေ့ တောင်းခံခဲ့တဲ့ အကြောင်းလည်း အခုလို ဆက်ပြောပြခဲ့ပါတယ်။

“ပြောချင်တာက ကျနော်တို့က အချိန်ကို တော်တော်လေးလုပြီးတော့ ပြင်ဆင်ရတယ်။ ဆိုလိုတာက အခု ကျနော်တို့ ဒီနေ့ တွေ့တယ်ဆိုရင်ဗျာ ဒီ draft မှာ ကျနော်တို့ ပြင်စရာပြုစရာတွေ ရှိတယ်။ ပြင်စရာပြုစရာ ဆိုတာက ကျနော်တို့ လက်ရေးနဲ့ပြင်ဖို့ကိုလည်း အချိန်အများကြီး ယူရတယ်။ ပြီးရင်လည်း ကျနော် စာရိုက်ရတယ်။ အဲဒီတော့ အခက်အခဲက စာရိုက်တဲ့သူမှာ အခက်အခဲ အများကြီး ရှိပါတယ်။ မီးမလာလို့ စာရိုက်လို့မရတဲ့ အခြေအနေတွေ၊ ဒီကြားထဲက ကျနော်တို့က လုပ်ရတာ။ အဲဒီတော့ တဖက်က ကျနော်တို့ကို ခွင့်ပြုတာက ဒီနေ့နဲ့မနက်ဖြန်။ အဲန်ကယ်လ်တို့က မနက်ဖြန် မတွေ့နိုင်ဘူး။ ဘာမှ ပြင်ဆင်မှုမရှိဘဲနဲ့ တွေ့တာလဲ အဓိပ္ပါယ်မရှိဘူးလေ။ အဲဒါကြောင့် ရက်တွေ ပြင်ပေးဖို့ အဲန်ကယ်လ်တို့ စာထက်တင်ခဲ့တယ်။ ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးတရားခွင် ရုံးချိန်းကို နောက်တပတ် သောကြာနေ့ ဂျူလိုင်လ ၂၄ ရက်နေ့ကို သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒီတရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် မြန်မာပြည်ရဲ့ တရားရုံးတော်က ဘယ်လို ဆုံးဖြတ်ချက် ချလိုက်မလဲ ဆိုတာကို ပြည်တွင်းမှာလည်း စိတ်ဝင်စားနေကြသလို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအစိုးရတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ အားလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်လို့ စစ်အစိုးရအပေါ်မှာလည်း ဖိအားပေးမှုတွေက ရှိနေတော့ အခုအချိန်ဟာ စစ်အစိုးရအတွက်လည်း အတော်လေး အကြပ်ရိုက်မယ့်အချိန်လို့လည်း ယူဆရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ သူ့အပေါ် စွဲဆိုထားတဲ့ ဒီတရားခွင်ဟာ လုံးဝ မျှတမှု မရှိဘူးလို့ ခံယူထားပြီး အခါတိုင်းလို ကျန်းကျန်းမာမာပဲလို့ ဦးဉာဏ်ဝင်း က ပြောပြပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ တရားဥပဒေ ဘယ်လောက်ဆိုးမိုးမှုရှိတယ် ဆိုတာကို မကြာခင် ဒီအမှု က သက်သေပြလိမ့်မယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“ကျန်းမာရေး အခြေအနေ ကောင်းပါတယ်ခင်ဗျ။ သူက အဆိုးဆုံးကိုပဲ မျှော်လင့်ပြီးတော့ ပြင်ဆင်ထားတယ်။ ဘယ်လိုဖြစ်လာမယ် မဖြစ်လာဘူး နုတ်က မပြောပါဘူး။ အဆိုးဆုံး ဖြစ်လာရင်လည်း ရင်ဆိုင်နိုင်ဖို့ပဲ ပြင်ဆင်ထားတဲ့ သဘော ရှိပါတယ်။ ဥပဒေရှုထောင့်သဘောက ပြောရင်တော့ Defense အတွက် အတော်ကို ကောင်းတဲ့အမှုပဲလို့ ကျနော် ဒီလိုပဲ မြင်ပါတယ်။ ကျနော်တို့ဆီမှာ တရားဥပဒေ စိုးမိုးမှု ဘယ်လောက်ရှိလဲဆိုတာ ဒီအမှုရဲ့ နောက်ဆုံးအဖြေကို ကျနော်တို့ကြည့်ပြီးတော့ ပြောကြရမှာပါ။ တရားဥပဒေ စိုးမိုးမှု ဆိုတာ လူတိုင်းအတွက်ပါ။ ပုဂ္ဂိုလ် တဦးတယောက်အတွက် မဟုတ်ပါဘူး။ အားလုံးနဲ့ ဆိုင်ပါတယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးမှု ဘယ်လောက်ရှိသလဲ ဆိုတဲ့ဟာက ဒီအမှုရဲ့ ဆုံးဖြတ်ချက်ပေါ်မှာလည်း လက္ခဏာတခု အနေနဲ့ ကြည့်ဖို့လိုပါလိမ့်မယ်။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ က နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်ခါနီး ရက်ပိုင်းအလိုမှာ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး နေအိမ်အကျယ်ချုပ်သက်တမ်း ဖောက်ဖျက်မှုနဲ့ အခုလို တရားစွဲဆိုနေတာ ဖြစ်ပါတယ်။ သူ့အမှုကို မေလ ၁၈ ရက်နေ့မှာ စတင် ကြားနာခဲ့တာဖြစ်ပြီး နောက်တပတ် သောကြာနေ့ဟာဆိုရင် နှစ်ဖက်ရှေ့နေတွေကနေ အပြီးသတ် လျှောက်လဲပြီး ဆုံးဖြတ်ချက် ချရမယ့်နေ့ ဖြစ်ပါတယ်။


မြန်မာပြည်မှာ ၀က်တုပ်ကွေး ၄ ယောက်မြောက် တွေ့ရှိ

17 July 2009

မြန်မာနိုင်ငံမှာ A-H1N1 ဗိုင်းရပ်စ် အမျိုးအစား ၀က်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ နောက်တဦး ထပ်မံ တွေ့ရှိရကြောင်း မြန်မာစစ်အစိုးရက ဒီကနေ့ အတည်ပြု ကြေညာခဲ့ပါတယ်။ ဒါဟာဆိုရင် မြန်မာနိုင်ငံမှာ လေးယောက်မြောက် ၀က်တုပ်ကွေး ရောဂါကူးစက်ခံရမှု ဖြစ်ပါတယ်။ စုံစမ်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ A-H1N1 ဗိုင်းရပ်စ် အမျိုးအစား ၀က်တုပ်ကွေး ရောဂါ ကူးစက်ခံရသူ နောက်ထပ်တဦး တွေ့ရတဲ့အကြောင်း မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနကလည်း အခုလို အတည်ပြုပြောခဲ့ပါတယ်။

“လေးယောက်မြောက်ပါ တွေ့တာ။ အကုန်လုံး ကျန်းမာပါတယ်။ ကျနော်တို့က သတ်မှတ်ထားတဲ့ရက် သူ့ကို စောင့်ကြည့်ရက်က မပြည့်သေးလို့ ပေးမဆင်းတာပဲ ရှိပါတယ်။ အခု ဝေဘာဂီ ဆေးရုံမှာ ထားပါတယ်။ သူနဲ့ပတ်သက်တဲ့ မိသားစုတွေမှာလည်း ထူးထူးထွေထွေ မရှိပါဘူး။”

ကျန်းမာရေးဝန်ကြီးဌာနက ၀န်ထမ်းတဦး ပြောကြားခဲ့တာပါ။

အခုရောဂါ ကူးစက်ခံရသူဟာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တဦးဖြစ်ပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာသူလို့ ဆိုပါတယ်။ သူဟာ တတိယမြောက် ရောဂါ ကူးစက်ခံရသူနဲ့ လေယာဉ်တစီးထဲမှာ လိုက်ပါခဲ့သူလည်း ဖြစ်ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့က ထိုင်းလေကြောင်းလိုင်း TG-305 နဲ့ မြန်မာနိုင်ငံကို ပြန်လာသူ အမျိုးသားတဦးမှာ A-H1N1 ဗိုင်းရပ်စ်အမျိုးအစား ၀က်တုပ်ကွေးရောဂါ တွေ့ရှိခဲ့ရသလို ထိုင်းလေကြောင်းလိုင်းနဲ့ ပြန်လာသူတွေကို လိုက်လံစစ်ဆေးမှုတွေလုပ်တုန်း အခုလို ဒီအမျိုးသမီးမှာ A-H1N1 ရောဂါပိုး ကူးစက်ခံနေရတာကို တွေ့ခဲ့ရတဲ့အကြောင်း မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ တတိယမြောက် ၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူကတော့ အသက် ၅၂ နှစ်အရွယ် အမျိုးသားတယောက် ဖြစ်ပါတယ်။ သူလည်း အခု ဝေဘာဂီ ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတဲ့အကြောင်းနဲ့ မိသားစုဝင်တွေကိုတော့ အိမ်အပြင်ပေးမထွက်ဘဲ ကြည့်ရှုစောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့ ရောဂါကူးစက်ခံရသူ နေထိုင်ရာ သင်္ကန်းကျွန်းမြို့နယ်က ရပ်ကွက်အာဏာပိုင်တဦးက ဗွီအိုအေက ပြောပြခဲ့ပါတယ်။

“ဝေဘာဂီ ဆေးရုံ ပို့ထားတယ်။ အဲဒီ မိသားစုအားလုံး ၉ ယောက်ကိုတော့ အိမ်ထဲမှာ ကျနော်တို့ ရယက အဖွဲ့အစည်းတွေနဲ့ ဆိုင်ရာ အဖွဲ့အစည်းတွေက စောင့်ရှောက်ပေးထားပါတယ်။ မိသားစုအားလုံးကို အိမ်ထဲကအိမ်ပြင် အထွက်မခံဘူးပေါ့လေ။ သူတို့လိုအပ်တဲ့ ၀န်ဆောင်ကိစ္စအားလုံးကို ကျနော်တို့ အဖွဲ့အစည်းတွေက တာဝန်ယူထားပါတယ်။”

အခု ရောဂါ ဖြစ်ပွားသူနဲ့ပါဆိုရင် မြန်မာနိုင်ငံမှာ ၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူ လေး ဦး ရှိသွားပါပြီ။ ပထမဆုံး ဖြစ်ပွားမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က စင်ကာပူနိုင်ငံက ပြန်လာတဲ့ ၁၃ နှစ်အရွယ် မိန်းခလေးတယောက်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခု ရောဂါ ကူးစက်ခံရသူ ရဲ့ မိသားစုဝင်တွေကို အနီးကပ် စောင့်ကြည့်မှုတွေ ရှိသလို လောလောဆယ်တော့ တစုံတရာ ထူးခြားတဲ့အခြေအနေ မရှိဘူးလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ၀န်ထမ်းက ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက မက္ကဆီကိုနိုင်ငံမှာ ပထမဆုံး အကြိမ် တွေ့ရှိခဲ့ရတဲ့ ဒီ ရောဂါဟာ အခုအခါမှာ ကမ္ဘာ့ ကပ်ရောဂါအဆင့်ကို ရောက်လာခဲ့တာပါ။ ဒီရောဂါနဲ့ပတ်သက်လို့ အရေးကြီးတာကတော့ ဒီ ရောဂါပိုးကို ရှာဖွေနေရုံတင် မပြီးဘဲနဲ့ တွေ့ထားတဲ့ ရောဂါပိုးတွေကို မပြတ် ထောက်လှမ်းပြီး အသွင်ကူးပြောင်းမှု ရှိမရှိ၊ ဆေးနဲ့ ယဉ်ပါးလာမှု ရှိမရှိ စောင့်ကြည့်သွားဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စု တင်နက်ဆီ ပြည်နယ် လူထုကျန်းမာရေးဌာနက ဒေါက်တာမင်းမင်းစိုးက ပြောပါတယ်။

“ပထမဆုံး အဆင့်အနေနဲ့ Monitoring Surveillance ကို သေသေချာချာလုပ်ဖို့ လိုတယ်လေ။ သာမန် အပူချိန် တိုင်းနေရုံလောက်နဲ့တော့ မပြီးဘူး။ နိုင်ငံ ဒေသအလိုက် ဗိုင်းရပ်စ်တခုရဲ့ ပြောင်းလဲမှုတွေက တူချင်မှတူတာဆိုတော့ သက်ဆိုင်ရာ နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ပိုးတွေ ဘယ်လောက် Mutate ဖြစ်နေလဲ၊ Drug Persistance ဘယ်လောက်ဖြစ်နေလဲ၊ ဆေးတွေကို ဘယ်လောက်ယဉ်ပါးနေလဲ၊ ဒါတွေကို အမြဲ Monitor လုပ်ဖို့ လိုပါတယ်။

“ဘယ်လိုလူတွေမှာ ရောဂါ ပိုပြီး ဆိုးဆိုးရွားရွား ပိုဖြစ်လာလဲ၊ ဒါတွေလည်း စောင့်ကြည့်ဖို့လိုတယ်။ အဲဒါတွေ စောင့်ကြည့်ပြီးတော့မှ Information Facts ကို အခြေခံပြီးမှ ပြည်သူကို တိတိကျကျ ထုတ်ပြန်ဖို့ လိုတယ်။ အကယ်၍ သတင်းက မှန်မှန်မထုတ်နိုင်ဘူး၊ သေသေချာချာ ပြည့်ပြည့်စုံစုံ မထုတ်နိုင်ဘူးဆိုရင် ပြည်သူက သို့လော သို့လော ဖြစ်ပြီးတော့ မကြောက်တဲ့လူရော၊ အကြောက်လွန်တာရော အကုန်ရှုပ်ကုန်မှာပေါ့။”

ဒေါက်တာမင်းမင်းစိုးက ပြော့ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ A-H1N1 ဗိုင်းရပ်စ် အမျိုးအစား ၀က်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ နောက်တဦး ထပ်မံ တွေ့ရှိရကြောင်း မြန်မာစစ်အစိုးရက ဒီကနေ့ အတည်ပြု ကြေညာခဲ့ပါတယ်။

အင်ဒိုနီးရှား ဗုံးပေါက်ကွဲမှု အကြမ်းဖက်လုပ်ရပ်လို့ သမ္မတ ပြောကြား

17 July 2009


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ Ritz-Carlton နဲ့ Marriott ဟိုတယ်တွေမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၉ ယောက် သေဆုံးပြီး ၅၀ လောက် ထိခိုက် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်တွေဟာ အကြမ်းဖက် သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က ပြောကြားလိုက်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဗွီအိုအေသတင်းထောက် Breian Padden က သတင်းပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကြားခဲ့ကြရတာကတော့ ဂျကာတာမြို့ လူကုန်တန်ရပ်ကွက်မှာ ရှိတဲ့ Marriott ဟိုတယ်မှာ သေဆုံးခဲ့သူ ၅ ယောက်ရဲ့ အလောင်းတွေကို အင်ဒိုနီးရှား အရေးပေါ် ဆေးဝန်ထမ်းတွေက သယ်ဆောင်နေတာကို ၀ိုင်းကြည့်နေကြတဲ့ လူအုပ်ကြီးကို ရဲက ဘေးဖယ်ခိုင်းနေတဲ့ အသံတွေ ဖြစ်ပါတယ်။ ဒုတိယ ဗုံးကတော့ မလှမ်းမကမ်းမှာ ရှိတဲ့ Ritz-Carlton ဟိုတယ်မှာ မိနစ်ပိုင်းကလေးပဲ ခြားပြီး ပေါက်ကွဲခဲ့တာပါ။

မနက် ၈ နာရီ မထိုးခင်လောက်မှာ ပေါက်ကွဲမှု အသံအကျယ်ကြီး ကြားလိုက်ရပြီး မီးခိုးတွေ ကောင်းကင်ကို ထောင်တက်လာတာ တွေ့လိုက်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဗုံးက ဟိုတယ်အတွင်းထဲမှာ ပေါက်ကွဲခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဗုံးဖောက်ခွဲမယ့်သူတွေဟာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတာကို ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ မသင်္ကာရသူ တော်တော်များများ ဟာ ဟိုတယ်ရဲ့ ၁၈ ထပ်မှာ တည်းနေကြတာ ဖြစ်ပြီး အဲဒီအခန်းထဲမှာ မပေါက်ကွဲသေးတဲ့ ဖောက်ခွဲရေးပစ္စည်းတချို့ တွေ့ခဲ့တယ်လို့ ဂျကာတာမြို့ ရဲမှူးက ပြောပါတယ်။

ဒီဟိုတယ် ၂ ခုကို မြေအောက် လိုင်ခေါင်းနဲ့ ဆက်သွယ် ထားပေမယ့် ဗုံးတွေကို ဘယ်လိုထောင်ပြီး ဖောက်ခွဲခဲ့တယ်ဆိုတာ အခုချိန်မှာ ပြောဖို့ စောသေးတယ်လို့ အင်ဒိုနီးရှားသမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Dino Pati Djalal က ပြောပါတယ်။

"ဒါဟာ ဗုံးနဲ့ အလားသဏ္ဍာန်တူတဲ့ ပြင်းထန်တဲ့ ပေါက်ကွဲအားရှိတဲ့ ပေါက်ကွဲမှုဖြစ်တယ်လို့ လုံခြုံရေး ၀န်ကြီးကတော့ ပြောထားပါတယ်။ ဒါပေမယ့် ဘာဖြစ်တယ်၊ ဘယ်လို အမျိုးအစားနဲ့ ဘယ်လို ပေါက်ကွဲသွားတယ် ဆိုတာကတွေကို အတိအကျ သိနိုင်ဖို့က မလွယ်သေးဘူး။" - လို့ အင်ဒိုနီးရှားလို ပြောသွားတာပါ။

ဘယ်သူ့လက်ချက်ဆိုတာ အတိအကျ မသိနိုင်ပေမယ့် ဒီဗုံးပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono က ပြောပါတယ်။

"ဘယ်နိုင်ငံ၊ ဘယ်ဘာသာ တရားပဲဖြစ်ဖြစ်၊ ဘယ်လို ရည်ရွယ်၊ အကြောင်းပြချက်မျိုးနဲ့ပဲဖြစ်ဖြစ် အကြမ်းဖက် လုပ်ဆောင်မှုဟာ ဘယ်လိုမှ တရားနည်း မကျနိုင်ဘူး။" - လို့ အင်ဒိုနီးရှား ဘာသာစကားနဲ့ ပြောသွားတာပါ။

ဒါဟာ လေးနှစ်အတွင်း ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားတာဖြစ်ပြီး Marriott ဟိုတယ်မှာတော့ ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ကတော့ အစ္စလာမ် စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ JI Jamaah Islamiya အဖွဲ့ရဲ့လက်ချက် ဖြစ်တယ်လို့ ပြောဆိုနေကြပြီး အဲဒီအဖွဲ့ရဲ့ လက်ချက်ကြောင့် ၉ နှစ်အတွင်း အင်ဒိုနီးရှား နိုင်ငံတ၀ှမ်း လူပေါင်း ၂၃၀ လောက် သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သမ္မတအဖြစ် ပြန်လည် ရွေးကောက်တင်မြောက်ခံခဲ့ရတဲ့ သမ္မတ ယူဒိုယိုနိုက အဲဒီ ရွေးကောက်ပွဲ ပျက်ဆီးအောင်နဲ့ သူကျမ်းသစ္စာ ကျိန်ဆိုလို့မရအောင် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေကြတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေ ရရှိထားတယ်လို့ ဆိုပါတယ်။



"ရွေးကောက်ပွဲ ကော်မရှင် ရုံးချုပ် ၀င်စီးဖို့ ပြင်ဆင်တာတွေနဲ့ သူရွေးကောက်ပွဲ နိုင်ခဲ့ရင် တော်လှန် ပုန်ကန်မှုတွေ စလုပ်မယ် ဆိုတဲ့ ကြေညာချက်တွေကို ရခဲ့တယ်။" - လို့ သမ္မတ ယူဒိုယိုနို က ပြောသွားပါတယ်။

ဘယ်အဖွဲ့အစည်းက အဲဒီ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ် ဆိုတာကိုတော့ သမ္မတက ပြောမသွားပါဘူး။



ဗြိတိန်နိုင်ငံက Manchester United ဘောလုံးအသင်း လည်း မနက်ဖြန်ကစပြီး Ritz-Carlton မှာ တည်းဖို့ စီစဉ်ထားပေမယ့် အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ဂျကာတာခရီးစဉ်ကို ပယ်ဖျက်လိုက်ပါတယ်။


ဝက်တုပ်ကွေး ကာကွယ်ရေး အပူချိန်တိုင်းရုံနဲ့ မလုံလောက်

17 July 2009


A အမျိုးအစား H1N1 ၀က်တုပ်ကွေးရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ဒေသတွင်း အစိုးရတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ ကြိုးပမ်းမှုတွေ ထိုင်းအစိုးရဘက်က ပြင်ဆင်နေပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ တခြားလက်တွဲဘက် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ မကြာခင် ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြတဲ့အခါ ၀က်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးကိစ္စ ထိုင်းအစိုးရအနေနဲ့ တင်ပြဆွေးနွေးသွားဖို့ ရှိတယ်လို့ ဗွီအိုအေသတင်းထောက် ရွန် ကော်ဘင် (Ron Corbin) သတင်းပေးပို့ထားပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး နောက်ဆုံး ၀က်တုပ်ကွေး အခြေအနေတွေကို ကိုသားညွန့်ဦးက စုစည်းတင်ပြပေးထားပါတယ်။

A အမျိုးအစား H1N1 ၀က်တုပ်ကွေးရောဂါပိုး တိုက်ဖျက်ရေး ဆေးတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်အောင် အာရှအစိုးရတွေ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လိုလားတယ်လို့ ထိုင်းအစိုးရဘက်က ပြောပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက် အပန်းဖြေကျွန်းမှာ နောက်အပတ်ထဲလုပ်မယ့် ARF အစည်းအဝေး ကာလအတွင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) အနေနဲ့ ဒီကိစ္စကို တင်ပြဆွေးနွေးဖို့ ရှိတယ်လို့ မစ္စတာအဘီဆစ်ရဲ့ ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရသူ ဘူရန်နက်ခ်ျ ဆန်မွတ်တာရတ်က ပြောပါတယ်။

“ဒါဟာ ကမ္ဘာ့အဆင့်အထိ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ အားလုံးအတွက် စိန်ခေါ်ချက်ဆိုတာ ရှင်းပါတယ်။ ဒါကြောင့် အားလုံး စုပေါင်းပြီး အဖြေရှာ ကိုင်တွယ်နိုင်ရေး ကြိုးပမ်းဖို့ မစ္စတာအဘီဆစ်အနေနဲ့ အလွန် ဆန္ဒရှိနေပါတယ်။ ဥပမာ ကာကွယ်ဆေးတွေနဲ့ ရောဂါတိုက်ဖျက် ဆေးတွေကို လူတိုင်း အလွယ်တကူ ရရှိနိုင်ရေးမှာ ကြိုးပမ်းကြဖို့ပါ။”

ကာကွယ်ဆေးနဲ့ တိုက်ဖျက်ဆေးတွေ လွယ်လွယ်ကူကူနဲ့ ဈေးသက်သက်သာသာ ရရှိရေးအပြင် ဆေးဝါးနဲ့ပတ်သက်လို့ နောက်ပြဿနာတခုက တိုက်ဖျက်ဆေး မတိုးတော့တဲ့ ရောဂါပိုးတွေ ဖြစ်လာနိုင်ခြေ ရှိတာပါ။ အခုလက်ရှိ ၀က်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ အစိုးရ အာဏာပိုင်တွေမှာ အဓိက တာဝန်ရှိတယ်လို့ လူထုကျန်းမာရေး အရာရှိတွေက ယူဆထားပါတယ်။

အရေးကြီးတာက ရောဂါပိုးကို ရှာဖွေနေရုံတင် မပြီးဘဲနဲ့ တွေ့ထားတဲ့ ရောဂါပိုးတွေကို မပြတ်ထောက်လှမ်းပြီး အသွင်ကူးပြောင်းမှု ရှိမရှိ၊ ဆေးနဲ့ ယဉ်ပါးလာမှု ရှိမရှိ စောင့်ကြည့်သွားဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စု တင်နက်ဆီပြည်နယ် လူထုကျန်းမာရေးဌာနက ဒေါက်တာမင်းမင်းစိုးက ပြောပါတယ်။

“ပထမဆုံး အဆင့်အနေနဲ့ Monitoring Surveillance ကို သေသေချာချာလုပ်ဖို့ လိုတယ်လေ။ သာမန် အပူချိန် တိုင်းနေရုံလောက်နဲ့တော့ မပြီးဘူး။ နိုင်ငံ ဒေသအလိုက် ဗိုင်းရပ်စ်တခုရဲ့ ပြောင်းလဲမှုတွေက တူချင်မှတူတာဆိုတော့ သက်ဆိုင်ရာ နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ပိုးတွေ ဘယ်လောက် Mutate ဖြစ်နေလဲ၊ Drug Persistance ဘယ်လောက်ဖြစ်နေလဲ၊ ဆေးတွေကို ဘယ်လောက်ယဉ်ပါးနေလဲ၊ ဒါတွေကို အမြဲ Monitor လုပ်ဖို့ လိုပါတယ်။

“ဘယ်လိုလူတွေမှာ ရောဂါ ပိုပြီး ဆိုးဆိုးဝါးဝါး ပိုဖြစ်လာလဲ၊ ဒါတွေလည်း စောင့်ကြည့်ဖို့လိုတယ်။ အဲဒါတွေ စောင့်ကြည့်ပြီးတော့မှ Information Facts ကို အခြေခံပြီးမှ ပြည်သူကို တိတိကျကျ ထုတ်ပြန်ဖို့ လိုတယ်။ အကယ်၍ သတင်းက မှန်မှန်မထုတ်နိုင်ဘူး၊ သေသေချာချာ ပြည့်ပြည့်စုံစုံ မထုတ်နိုင်ဘူးဆိုရင် ပြည်သူက သို့လော သို့လော ဖြစ်ပြီးတော့ မကြောက်တဲ့လူရော၊ အကြောက်လွန်တာရော အကုန်ရှုပ်ကုန်မှာပေါ့။”

လက်ရှိအားဖြင့် ထိုင်းနိုင်ငံလို နေရာမျိုးမှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ CDC ရောဂါထိန်းချုပ်ရေး ဌာနခွဲနဲ့ အမေရိကန် စစ်ဘက် ဓာတ်ခွဲ သုတေသနခန်းတွေ ရှိတော့ အဲဒီကနေ ရောဂါပိုးတွေကို နေ့စဉ်မပြတ် စောင့်ကြည့် အကဲဖြတ်နိုင်ပေမယ့် မြန်မာနိုင်ငံလို နေရာမျိုးတွေမှာတော့ ဒီလို နေ့စဉ်မပြတ် စောင့်ကြည့်နိုင်တဲ့စနစ် အားနည်းမှုတွေကြောင့် ရောဂါပိုး အသွင်ပြောင်းနိုင်တာတွေ၊ ဆေးယဉ်တာတွေ ဖြစ်လာနိုင်တယ်လို့ ဒေါက်တာမင်းမင်းစိုးက ယူဆပါတယ်။ အခုအချိန်ဟာ ကမ္ဘာ့တောင်ခြမ်းဒေသ တုပ်ကွေးရာသီချိန်မို့ အထူးဂရုပြုသင့်တယ်လို့ ဆိုပါတယ်။

“Genetic Mutation ဆက်ဖြစ်မှာလား၊ အဲဒါကိုပဲ ကြောက်နေတယ်။ ဗမာပြည်မှာက မိုးရာသီ စိုထိုင်းစနဲ့ဆိုတော့ Flu Virus က နည်းနည်းလေး အသက်ပိုရှည်ဖို့ Chance များလာပြီ၊ ဆိုတော့ အခုအချိန်မှာ စိုးရိမ်ရတာ ကျနော်တို့ လူတွေကြားမှာ အရင်တုန်းက ရှိပြီးဖြစ်တဲ့ Type B H1N1, H3N2 အဲဒါတွေ၊ လူထဲမှာရှိတဲ့ Flu Virus နဲ့ အခုပေါ်လာတဲ့ Swine Flu Virus နဲ့ ထပ်ပေါင်းပြီးတော့ ပိုဆိုးလာမှာကိုပဲ စိုးရိမ်နေတာပါ။”

ထိုင်းနိုင်ငံမှာတော့ ၀က်တုပ်ကွေး ကူးစက်ခံရသူ ၄,၀၀၀ ကျော်သွားပြီး သေဆုံးသူ အနည်းဆုံး ၂၅ ဦး ရှိသွားပါပြီ။ ဒါကြောင့် ရောဂါပိုး ထိန်းချုပ်နိုင်ရေးအတွက် ကျောင်းတွေနဲ့ တချို့အလုပ်တွေကို ဘန်ကောက်မြို့မှာ ယာယီပိတ်ထားရပါတယ်။

မြန်မာနိုင်ငံမှာတော့ ရောဂါပိုးကူးစက်သူ ၃ ဦး ရှိသွားပြီလို့ အစိုးရက တရားဝင် ကြေညာထားပါတယ်။ ဒီရောဂါဟာ ကမ္ဘာ့ ကပ်ရောဂါအဆင့် ဖြစ်လာပြီလို့ WHO က သတိပေးထားပေမယ့် တဖက်မှာတော့ ရောဂါဟာ အပျော့စားအဆင့်မှာပဲ ရှိပါသေးတယ်။ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့တော့ ဗိုင်းရပ်စ်ပိုးမွေးပြီး အခု ဆေးကုမ္ပဏီ တော်တော်များများကို ပိုးနမူနာ ပို့ထားပေမယ့် စိတ်ချရတဲ့ ကာကွယ်ဆေးတွေ ဖြစ်လာဖို့တော့ အချိန်ကာလ အတန်ကြာ လိုဦးမယ်လို့ ဒေါက်တာမင်းမင်းစိုးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာတော့ H1N1 ဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ ရောဂါတိုက်ဖျက်ဆေး ထုတ်ဖို့အတွက် ထိုင်းအစိုးရက အမေရိကန်ဒေါ်လာ ၂၅ သန်း သုံးစွဲဖို့ အတည်ပြုလိုက်ပါပြီ။ တချိန်တည်းမှာပဲ ဒေသတွင်း နိုင်ငံတွေကြားမှာ ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အစိုးရတွေအနေနဲ့ ငွေကြေးပိုမိုသုံးစွဲပြီး ကာကွယ်ဆေးနဲ့ တိုက်ဖျက်ဆေးတွေ ဖောဖောသီသီ ရနိုင်အောင် ထိုင်းအစိုးရက အခုလာမယ့် အာဆီယံနဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ အစရှိတဲ့ အခြားနိုင်ငံတွေ ပါဝင်တဲ့ ဖူးခက်အစည်းအဝေးကြီးမှာ ဦးစီးဦးဆောင်လုပ်ပြီး ဆွေးနွေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။


အာဆီယံ စည်းဝေးပွဲ မြန်မာ့အရေး လွှမ်းမိုးဖွယ်ရှိ

16 July 2009


အိန္ဒိယနဲ့ ထိုင်းနိုင်ငံကို သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရဲ့ အာရှခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ခရီးစဉ်ပြီးရင် ထိုင်းနိုင်ငံကို ဇူလိုင်လ ၂၁ ရက်နေ့ ဆိုက်ရောက်ဖို့ရှိပါတယ်။ ထိုင်းနိုင်ငံရောက်တဲ့အခါ ၀န်ကြီး ကလင်တန်အနေနဲ့ မြန်မာနိုင်ငံအရေးကိုလည်း အလေးပေး ပြောကြားဖို့ရှိတယ်လို့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ထိပ်တန်း အစိုးရအရာရှိတွေက ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်အနေနဲ့ ဒီနေ့ ထွက်ခွာခဲ့တဲ့ အာရှခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံမှာ ၄ ရက်ကြာနေထိုင်ပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိတဲ့အခါ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) နဲ့ တွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေ ဆွေးနွေးရာမှာ မြန်မာ့နိုင်ငံရေးလည်း ထည့်သွင်း ဆွေးနွေးဖို့ရှိတယ်လို့ ထိပ်တန်း ထိုင်းနိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား (Obama) အစိုးရကတော့ သမ္မတဘုရှ် (Bush) အစိုးရဟောင်း လက်ထက်အတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ထောက်ခံအားပေးဖို့ ရည်ရွယ်တဲ့ အမေရိကန် အစိုးရရဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။ အခု ၇ လပိုင်း ရောက်တဲ့အချိန်ထိလည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ တိတိကျကျ ထွက်ပေါ်မလာတဲ့အတွက်လည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ်လ် (Scot Marciel) ကတော့ ဖေဖော်ဝါရီလတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီ ပြန်လည်သုံးသပ်နေတယ်လို့ ပြောကြားပြီးတဲ့နောက်ပိုင်း အခုထိ ပြတ်ပြတ်သားသား ထွက်ပေါ်မလာသေးတဲ့ အခြေအနေကို ဗုဒ္ဓဟူးနေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ခုခံပြောဆိုသွားပါတယ်။

အကျယ်ချုပ်ကျခံစဉ် အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော (John Yettaw) ရဲ့ ကျူးကျော် ၀င်ရောက်မှုကြောင့် တားမြစ်မိန့် ချိုးဖောက်မှုနဲ့ အင်းစိန်ထောင်တွင်း ဖမ်းဆီးခံရပြီး ရုံးတင်စစ်ဆေးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအခြေအနေကြောင့် အဓိကဖြစ်တယ်လို့ အခုလို သူက ရှင်းလင်း ပြောကြားသွားပါတယ်။

“ဒီကိစ္စ နှေးနေရတာကတော့ ကျနော်တွက်ကြည့်တာက နောက်ထပ် ထွက်ပေါ်လာတဲ့ အခြေအနေတွေအရ အထူးသဖြင့် ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အရေးယူ တရားခွင်တင်ထားတဲ့ကိစ္စတွေ ရှိနေဆဲ ဖြစ်တာမို့ပါ။ ဒါတွေက ကျနော်တို့ မူဝါဒရေးရာ ပြန်လည်သုံးသပ်မှုတွေ အပေါ်မှာ သေချာပေါက် သက်ရောက်မှုတွေ ရှိမှာဖြစ်ပါတယ်။”

ဒါ့အပြင် အခုလို ပေါ်လစီ ထွက်ပေါ်မလာပေမယ့်လည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ အခြေခံ ရပ်တည်ချက် ဟာ မပြောင်းလဲဘူးလို့လည်း မစ္စတာ မာဆီယယ်လ်က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ထွက်ပေါ်လာစေဖို့ တိုက်တွန်းဖို့ ကျနော်တို့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်ဆိုတဲ့ အခြေခံကျတဲ့ မူဝါဒရေးရာတွေကတော့ နဂိုအတိုင်းပဲ ရှိနေဆဲပါ။ တိုးတက်မှုတွေ အဖြစ်နဲ့ကတော့ အစိုးရနဲ့ အတိုက်အခံ တွေ၊ တိုင်းရင်းသား လူမျိုးစုတွေ ဆွေးနွေးပြောဆိုကြဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အုပ်ချုပ်ရေးမှာ တိုးတက်မှု ရှိလာစေဖို့တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပိုပြီး ပွင့်ပွင့်လင်းလင်းရှိဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ကတော့ သူ ရာထူးလက်ခံအပြီး အာရှကိုသွားရောက်တဲ့ ခရီးစဉ် အတွင်း ဂျပန်နိုင်ငံကို ရောက်ရှိစဉ် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှု တွေဟာ အလုပ်မဖြစ်ဘူး၊ တချိန်တည်းမှာပဲ မြန်မာအစိုးရအပေါ် သင့်သင့်မြတ်မြတ် ဆက်ဆံပြီး နားချပြောဆိုတဲ့ နည်းဟာ လည်း မထိရောက်တဲ့အကြောင်း ၀န်ခံပြောဆိုသွားပါတယ်။ ဒါကြောင့်လည်း ပါးနပ်တဲ့ မူဝါဒ Smart Powerကို သုံးပြီး အလျှော့အတင်း ပြုလုပ် ဆက်ဆံသွားဖို့ ပေါ်လစီကို သုံးသပ်နေခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး ကလင်တန်အနေနဲ့ ထိုင်းနိုင်ငံကိုရောက်ရှိစဉ် ဖူးခက်မှာကျင်းပမယ့် အာဆီယံ အသင်းကြီးရဲ့ ၀န်ကြီးများအဆင့် ညီလာခံကိုလည်း နောက်သီတင်းပတ် တက်ရောက်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန် ရဲ့ စိုးရိမ်မကင်း ဖြစ်မှုများကို ၀န်ကြီးကလင်တန်အနေနဲ့ အတိအကျ ပြောဆိုဖို့ ရှိတယ်လို့လည်း မစ္စတာမာဆီယယ်လ်က အခုလို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံကိစ္စကို ထုတ်ဖော်ပြောဆိုတာမျိုး ကျနော်တို့ စိုးရိမ်မကင်း ဖြစ်နေရတာတွေကို ရှင်းရှင်းလင်းလင်း ပြောတာ မျိုးတွေ သူလုပ်မယ်ဆိုတာတော့ ကျနော် ယုံကြည်ထားပါတယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ပေါ်လစီသစ် ထွက်ပေါ်လာဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်လို့တော့ အမေရိကန် အခြေစိုက် USCB ခေါ် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ပေါ်လစီရေးရာ ဒါရိုက်တာ ကိုအောင်ဒင်ကတော့ အခုလို သုံးသပ်ခဲ့ပါတယ်။

“ကျနော်တို့ကတော့ အမေရိကန်ရဲ့ Policy Review ကို အမြန်ဆုံး ပြီးစေချင်ပြီပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အခု အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီကို သုံးသပ်နေတဲ့အချိန် တချို့နိုင်ငံတွေက ဘာယူဆသလဲဆိုတော့ အမေရိကန်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တိကျပြတ်သားတဲ့ မူဝါဒ မရှိသေးဘူးလို့ ယူဆကြတယ်။ အဲဒီတော့ ဂျပန်၊ အာဆီယံနိုင်ငံတွေနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေ အားလုံးလိုလိုက အမေရိကန် အစိုးရမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တိကျပြတ်သားတဲ့ ပေါ်လစီ မရှိသေးဘူးဆိုပြီး သူတို့ကိုယ်တိုင်လည်း ဘာမှ လှုပ်ရှားမှု မလုပ်ဘဲနဲ့ စောင့်နေကြတဲ့သဘော ရှိတယ်။

“ဒါကြောင့် အမေရိကန် ပေါ်လစီသုံးသပ်မှု မပြီးမချင်း၊ အမေရိကန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တိကျပြတ်သားတဲ့ ပေါ်လစီ မရှိမချင်း ကမ္ဘာနဲ့ပတ်သက်တဲ့ အရေးယူမှုတွေ၊ တုံ့ပြန်မှုတွေကတော့ နှေးကွေးနေဦးမှာပဲ။ ဒါကြောင့် ကျနော်တို့ က အမေရိကန်အစိုးရကို သူ့ရဲ့ Policy Review ကို အမြန်ဆုံး အဆုံးသတ်ဖို့၊ ပြီးတော့ တိကျပြတ်သားတဲ့ ပေါ်လစီ တရပ် ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး လှုပ်ရှားဖို့ ကျနော်တို့က တိုက်တွန်းနေကြတာပါ။

“ဒါပေမယ့် တဖက်မှာကြတော့ သူတို့ကလည်း Policy Review မှာ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စကို ထည့်သွင်း စဉ်းစား တဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်အမှု ဆုံးဖြတ်ချက် ချပြီးမှသာလျှင် Policy Review က အဆုံးသတ်မယ့် လက္ခဏာ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကလည်း မမျှော်လင့်ဘဲ အချိန်ကြန့်ကြာနေတဲ့ အခါကျတော့ တဘက်မှာ အမေရိကန် Policy Review ကလည်း လိုက်ပြီး ကြန့်ကြာနေတဲ့ သဘောပါပဲ။”

USCB ပေါ်လစီရေးရာ ဒါရိုက်တာ ကိုအောင်ဒင် ပြောပြသွားတာ ဖြစ်ပါတယ်။





မောင်အေး(နိရဉ္စရာ) ၀န်ကြီးချုပ်ဟောင်း ခင်ညွန့် ကိုယ်တိုင် ကိုးကွယ်ခဲ့ပြီး သူနှင့် အလွန်တရာ ရင်းနှီးသော ဘင်ဒရိုဘင်ခေါ် ရွာတော်မြို့မှ ဆရာတော် ဦးစောလှခေါ် အရှင် ပညာ ဇောတအား ဆပ်ကပ်သည့် ၀ါဆို သင်္ကန်း ကပ်လှူပွဲသို့ မြန်မာ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အဆိုပါ ၀ါဆို သင်္ကန်းကပ်လှူပွဲအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်ရှိ Local Government Engineer Department (LGED) အဆောက်အဦး ခန်းမတွင် ယနေ့ညနေ ၄ နာရီက ကျင်းပခဲ့သည်။

မြန်မာနိုင်ငံမှ နအဖ တာဝန်ရှိသူများ နေဖြင့် ဦးစောလှ ဆရာတော်နှင့် ဗိုလ်ချုပ်ခင်ညွန့် ရာထူးမှ ဖြုတ်ထုတ်ခံရပြီး နောက်ပိုင်း ခပ်ခွာခွာနေခဲ့ကြ ဖြင့် ယခု နအဖာဝန် ရှိသူများနှင့် ဆရာတော် ဦးစောလှတို့ အကြား တွေ့ထိ က်ဆံမူမှာ ဗိုလ်ချုပ် ခင်ညွန့် အဖြုတ်ခံရပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ တဦးက ပြောသည်။

အဆိုပါ ၀ါဆိုသင်္ကန်းကပ်လှူပွဲသို့ မြန်မာသံရုံးမှ တာဝန်ရှိသူများ သာမက ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ စက်မှု ၀န်ကြီး တီလ်လီ ဘူရ၀ါ မိသားစုမှလည်းတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဘင်ဒရာဘင်မြို့တွင်သီတင်းသုံးနေထိုင်သည့် ဦးစောလှ ဆရာတော်ထံမှ တက်ရောက်လာသူများက ငါးပါးသီလခံယူကြပြီး ၀ါဆိုသင်္ကန်းများ အပါအ၀င် ဆန်အိတ်များနှင့် ငွေပဒေသာပင်များ ကိုလည်း စေတနာရှင်များက လှူဒါန်းခဲ့ကြသည်။

အခမ်းအနားကို ကမ္ဘာဗုဒ္ဓ သာသနာပြုအဖွဲ့ ဘင်္ဂလာဌာနခွဲမှ ဦးဆောင် ကျင်းပခြင်းဖြစ်သည်ဟု ဒကားမြို့တွင် သီတင်းသုံးနေသည့် အရှင်တိက္ခိန္ဒြိယမှ ပြောသည်။

အခမ်းအနားသို့ ဒကားမြို့တော်ရှိ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် မာရမာ၊ သက်၊ ဘရာဝါနှင့် ရခိုင်အမျိုးသားများအပါအ၀င် တခြားအမျိုးသားများလည်း ထောင်နှင့်ချီတက် ရောက်ခဲ့ကြ သည်။

ဦးစောလှ ဆရာတော်သည် ခင်ညွန့် တန်ခိုထွားစဉ်က မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား တံခါး မရှိ ဓါးမရှိ သွားလာနိုင်သော ဘုန်းတော်ကြီး တပါး ဖြစ်ပြီး ဗိုလ်ချုပ် ခင်ညွန့်် ကိုယ်တိုင် ဘင်ဒရိုဘင်သို့ ၀န်ကြီးချုပ်ဘ၀ဖြင့် လာရောက်လည်ပတ်ခဲ့ပြီး ဆရာတော်အား ဖူးမျှော်ကန်တော့ခဲ့သည်။

ဝန်ကြီးချုပ် ခင်ညွန့်သည် သူ့၏ ခရီးစဉ်အတွင်း စစ်တကောင်း တောင်တန်းနယ်ရှိ စေတီ ပုထိုးနှင့် ကျောင်းကန် ဇရပ်များ ပြုပြင်ရန် အမေရိကန် ဒေါ်လာ သောင်းချီပြီး ဆရာတော် ဦးစောလှအား လှူဒါန်းခဲ့သည်။

ဗိုလ်ချုပ် ခင်ညွန့် ဖြုတ်ထုတ်ခံလိုက်ရပြီးနောက်ပိုင်း ဆရာတော်နှင့် လက်ရှိ မြန်မာ့ နအဖ စစ်အစိုးရ အာဏာပိုင်များ အကြား ဆက်ဆံရေး အလွန်အေးခဲသွားခဲ့ သွားရာမှ ယခု အခါ ဆက်ဆံရေး ပြန်လည် အစပျိုးလာခြင်း ဖြစ်သည်။

ဦးကျော်ခိုင်အား တရားစွဲဆိုသူ ဦးသန်းဖေ တောင်ကုတ်မြို့မှ ထွက်ပြေးသွားပြီ
7/17/2009


တောင်ကုတ်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ခိုင်အား တရားစွဲဆိုပြီး အာဏာပိုင်များနှင့် ပူးပေါင်းကာ ထောင်ချခဲ့သူ ဦးသန်းဖေမှာ လွန်ခဲ့သော တရက်နှစ်ရက်က တောင်ကုတ်မြို့မှ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ တောင်ကုတ်မှ လူငယ် တဦးက “ဦးသန်းဖေ ကို အမည်မသိ လူတစုက ခြိမ်းခြောက်တဲ့အပြင် သတ်ပစ် မယ်ဆိုပီး ကြံစည် ကြိုးစား ခဲ့တဲ့အတွက် တောင်ကုတ် ကနေ စစ်တွေကို တိတ်တဆိတ် ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ ခု တောင်ကုတ်မှာ သူမရှိတော့ပါဘူး” ဟု ပြောသည်။

အသက် ၈၇ နှစ်အရွယ်ရှိ ဦးကျော်ခိုင်အား အာဏာပိုင်များမှ ဖမ်းဆီးထောင်ချခြင်းနှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူများနှင့် သူ၏ ဆွေမျိုးများ အကြားတွင် အထူး မကျေနပ်မူ တိုးပွား နေသည်ဟု သိရသည်။

၎င်းနောက်ပိုင်းတွင် ဦးသန်းဖေ အပေါ် အများက ပိုပြီး မကျေမနပ် ဖြစ်လာခဲ့သည်။

“ခုစစ်တွေကို ထွက်ပြေးပြီး စစ်တွေမှာ ရှိတဲ့ အမျိုးသား အင်အားစု အဖွဲ့က လူတွေနဲ့ ပူးပေါင်းနေတယ်လို့ သတင်းရရှိပါတယ်။ စစ်တွေမှာလည်း သူဆက်ပီး ဒုက္ခတွေ့နိုင်ပါတယ်” ဟု သူက ပြောသည်။

ဦးသန်းဖေသည် နာဂတ်စ် မုန်တိုင်းကာလအတွင်း ပြည်သူများထံမှ ငွေကြေးကောက်ခံသဖြင့် ဦးကျော်ခိုင်မှ ခေါ်ယူ တားမြစ်ခဲ့သော်လည်း မလိုက်နာသဖြင့် ဦးကျော်ခိုင်မှ အဖွဲ့ချုပ်သို့ အကြောင်းကြားခဲ့ပြီး အဖွဲ့ချုပ်၏ သဘောတူညီချက်ဖြင့် ဦးသန်းဖေအား အဖွဲ့ချုပ်မှ ထုတ်ပယ်ခဲ့သည်။

ထိုသို့ ထုတ်ပယ်သည်ကို မကျေနပ်သဖြင့် တောင်ကုတ်မြို့နယ် တရားရုံးတွင် အသရေဖျက်မူနှင့် တရားစွဲဆိုခဲ့ပြီး တောင်ကုတ် တရားရုံးက ယခုလ ၁၃ ရက်နေ့က ပုဒ် ၅၀၀ ဖြင့် ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့သည်။

ဦးကျော်ခိုင်မှာ အသက်အရွယ်အားဖြင့် ကြီးရင့်နေသူ ဖြစ်သဖြင့် တရားရုံးတွင် ထောင်ဒဏ်ချမှတ် အပြီးတွင် မူးလဲသွားသဖြင့် တရားရုံးတွင် အမူကို လာရောက် နားထောင်သူများ အကြား ရုတ်ရုတ် သည်းသည်း ဖြစ်သွား သဖြင့် ချက်ချင်း ကားပေါ်တွင်တင်ပြီး သံတွဲ ထောင်သို့ ယူဆောင် သွားခဲ့သည်ဟု သိရသည်။


ပြည်ပမီဒီယာတစ်ချို့ကြောင့် ပြည်တွင်း မီဒီယာသမားများထိခိုက်မှုရှိကြောင်း

စာရေးဆရာကျော်ဝင်း ပြောဆို

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇူလိုင် ၁၇၊ ၂၀၀၉

ပြည်ပ မီဒီယာတွေရဲ့ တစ်ချို့သောလုပ်ရပ်များကြောင့် မြန်မာနိုင်ငံအတွင်းရှိ မီဒီယာသမားများ ထိခိုက်မှုရှိကြောင်း The Wave မဂ္ဂဇင်းအယ်ဒီတာ စာရေးဆရာကျော်ဝင်းက လူငယ်ဂျာနယ်လစ်များနှင့် သတင်းစာပညာဆွေးနွေးပွဲတစ်ခု၌ ပြောကြားခဲ့သည်။

“အပြင်မီဒီယာတွေက “ဖွ” တဲ့အခါကျတော့ အထဲမှာ အလုပ်လုပ်ရတဲ့သူတွေက ပိုကျပ်သွားတယ်။ သူတို့ဖွမှ ပိုဆိုးကုန်တာ။ အုတ်အော်သောင်းတင်းဖြစ်ပြီး တစ်ဖက်က “မတတ်သေးတဲ့သူတွေ”ကို တတ်အောင် သင်ပေးလိုက်သလိုဖြစ်သွားတယ်” ဟု စာရေးဆရာကျော်ဝင်းက ဇူလိုင် ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာပညာ ဆွေးနွေးပွဲတစ်ခုတွင် ပြောပါသည်။

မီဒီယာတစ်ခုနေဖြင့် ကိုယ်ပြောချင်တာပြောခွင့်ရှိရမှာဖြစ်ပြီး ပြောနိုင်တဲ့အတိုင်းအတာအတွင်းကနေ ရသလောက်ပြောသင့်သည်ဟု ၄င်းက ထင်မြင်ယူဆကြောင်းနှင့် ကိုယ့်အယူအဆနှင့်မတူပါကလည်း ဟိုဖက်ကလူ သည်ဖက်ကလူ စသဖြင့် မပြောသင့်ကြောင်း ထည့်သွင်းပြောကြားသည်။

“ ကိုယ်နဲ့အယူအဆမတူတာနဲ့ ၀ိုင်း ပေးစားတာ ၊ ၀ိုင်း ချောက်ချတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဆရာမောင်စူးစမ်းဆိုရင် တော်တော် ပေးစားခံခဲ့ရတယ်။ အမြင်မတူတိုင်း နင်ပဲ ငဆပြောတာ၊ ပေးစားတာတွေ မလုပ်သင့်ပါဘူး” ဟု ကျော်ဝင်းက ပြောပါသည်။

စာရေးဆရာ မောင်စူးစမ်းရေးသားသော ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သတ်သည့် ဆောင်းပါးတစ်ပုဒ်ကို ပြည်တွင်းအပတ်စဉ်ထုတ် မော်ဒန်သတင်းဂျာနယ်တွင်ဖော်ပြခဲ့ပြီးနောက်ပိုင်း စာဖတ်ပရိတ်သတ်များက ပြစ်တင်ဝေဖန်ခဲ့ကြသည်။ မော်ဒန် ဂျာနယ်ကလည်း မောင်စူးစမ်း၏
ဆောင်းပါးများကို ထည့်သွင်းဖော်ပြခြင်း မပြုတော့ပေ။

စာရေးဆရာကျော်ဝင်း ထုတ်ဝေနေသော The Wave မဂ္ဂဇင်းတွင် ဖော်ပြနေသည့်အကြောင်းအရာများကို ရေးသားနိုင်သည့် စာရေးဆရာများမှာ ဒေါက်တာသန်းထွန်းနှင့် ဆရာမောင်စူးစမ်းတို့ကဲ့သို့ ပညာရှင်များသာဖြစ်ပြီး ယခုအခါ ဒေါက်တာသန်းထွန်းမှာ ကွယ်လွန်သွားပြီဖြစ်သောကြောင့် သူ့အနေနှင့် မဂ္ဂဇင်း ဆက်လက်ရှင်သန်ရေးအတွက် အစွမ်းကုန်အားထုတ်ကြိုးပမ်းနေရကြောင်း ဆိုသည်။

၎င်းရေးသားသည်ဟု အငြင်းပွားဖွယ်ရာဖြစ်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် စာတမ်းတစ်စောင် လွန်ခဲ့သောသုံးလခန့်က အင်တာနက်စာမျက်နှာများပေါ်၌ ပျံ့နှံ့ခဲ့သည်။ ကျော်ဝင်းက ၄င်းစာတမ်းမှာ ၄င်းရေးသားခြင်းမဟုတ်ကြောင်း ဒေါက်တာနေ၀င်းမောင် ထုတ်ဝေသော ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် The Voice ဂျာနယ်တွင် တရားဝင် ရှင်းလင်းထုတ်ပြန်ခဲ့သည်။




ကြိမ်ချောင်းကြီး ကျေးရွာ လေဆင်နှာမောင်း တိုက်ခံရ

ယုယုခင်၊ ရန်ကုန်

ဇူလိုင် ၁၆၊ ၂၀၀၉

ဘိုကလေးမြို့နယ် အတွင်းရှိ ကြိမ်ချောင်းကြီး ကျေးရွာတွင် ဇူလိုင်လ ၁၄ရက်နေ နေ့လယ် ၃နာရီက တိုက်ခိုက်ခဲ့သော လေဆင်နှာမောင်းကြောင့် အိမ် ၃၇လုံးခန့် ပျက်စီးဆုံးရူံးခဲ့ ရသည် ဟု ကျေးရွာသားများက ပြောဆိုသည်။
ဆိုင်ကလုန်း နာဂစ်၏ ဒဏ်ကို ဆိုးဝါးစွာ ခံခဲ့ရသော ကြိမ်ချောင်းကြီးကျေးရွာ တွင် အဆိုပါ လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် အသစ် တည်ဆောက်ထားသော အိမ် ၁၄ လုံးပြိုကျ ပျက်စီးခဲ့ပြီး ၁၉လုံး မှာ အမိုးအကာ များသာ ပျက်စီးသွားကြောင်း ကြိမ်ချောင်းကြီး ကျေးရွာ တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

“ နာဂစ်မုန်တိုင်းလောက် မပြင်း ပေမယ့်လို့ တအား ကြောက်တယ်၊ တခါခံထားရဖူး တော့ ဘယ်ပြေးရမှန်း မသိလောက်အောင် ဖြစ်သွားတာ၊” ဟု ၎င်းကဆိုသည်။

၂၀၀၈ ခုနစ် မေလ ၂ နှင့် ၃ ရက်နေ့က တိုက်ခိုက်ခဲ့သော နာဂစ်ဒဏ် ကြောင့် ပျက်စီးဆုံးရုံးခဲ့သော ယင်းကျေးရွာရှိ အိမ်များကို သတ်ဆိုင်ရာ ပြည်တွင်းပြည်ပ အကူအညီများဖြင့် တန်းဖိုးနည်း အိမ်ရာများ ပြန်လည် တည်ဆောက် ပေးခဲ့ကြသည်။

“ သူများအကူအညီနဲ့ ဆောက်ပေးထားလို့ နေရတာ၊အခု လေက ထပ်ဒုက္ခပေးပြန်ပြီ၊ တော်သေးတာပေါ့ လူ အသေအပျောက် မရှိတာ၊ ဒဏ်ရာရသွားတဲ့ လူတစ်ယောက်တော့ရှိတယ်၊ သူ့ကို ဆေးရုံပို့ထားတယ်။” ဟု ဘိုကလေးမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

“ လေတိုက်တာ မကြမ်းခင်ထဲက ကြောက်ပြီး စာသင်ကျောင်းရှိတာကို ပြေးကြနဲ့ တအားကြောက်နေတာ၊ သိပ်တော့မကြာပါဘူး လေတိုက်တာ၊ ဒါပေမယ့် အိမ်၁၄လုံးလောက် ခဏလေးအတွင်းမှာ အိမ်တိုင်ပါ မကျန် ပြိုသွားတာ၊ကျန်အိမ်တွေက အမိုးတွေ လန်ပြီး၊ ဘေးအကာတွေ ပြုတ်ထွက်ကုန်တယ် ၊ပြိုကျတဲ့ အိမ်အချို့မှာ လူမရှိကြဘူး၊ ဒဏ်ရာတော့ တယောက်ရတယ်။” ဟုဘိုကလေးမြို့ ရှိ ပြည်တွင်းNGO အဖွဲ့တစ်ဖွဲ့မှ ဆရာဝန် တစ်ဦးက ဆိုသည်။

နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး ကတည်းက လေနှင့်ရေ ကိုကြောက်နေသော ဧရာဝတီတိုင်း အတွင်းရှိ ဒေသခံများသည် ယင်းနာဂစ် တိုက်ခိုက်ပြီး တစ်နှစ်ကျော်ကာလ ကြာချိန်ထိ ၎င်းတို့ဘဝများကို ယခင် အခြေအနေ ပြန်လည်မရောက်နိုင်သေးပဲ ဖန်တီးနှိင်မှု မရှိသေးထိအထဲ သဘာဝ ဘေးအန္တရယ်ကြောင့် စိတ်မအေးနှိင်ကြောင်း ကြိမ်ချောင်းကြီး ကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ သစ်ပင်တွေက မရှိတော့ တိုက်ရိုက် ဖြစ်နေတာ၊ တန်ဖိုးအိမ်ရာ ဆိုပြီး ဆောက်ပေးထားတဲ့ အိမ်တွေကလဲ သာမာန်လောက် တိုက်တောင်မှ ပြိုချင်နေတာ၊ ခိုင်ခံမှုမှ မရှိတာ၊ သူအရပ် သူ့ဒေသကို ကြည့်ပြီး ဆောက်ရမှာ ဒီလို နေရာမျိုးမှာ ဆောက်ပေးထားတဲ့ အိမ်မျိုးမှ မဟုတ်တာ”ဟု ၎င်းက ဆိုသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် အသက် အိုးအိမ်ပေါင်းများစွာ ဆုံးရုံးပျက်စီးခဲ့ရာ သေဆုံးသူ ၈၅၀၀၀ နှင့် ပျောက်ဆုံးနေသူ ၅၀၀၀၀ကျော် စုစုပေါင်း ၁၃၅ ၀၀၀ကျော် သေကြေ ပျောက်ဆုံးနေသည်။


နိုင်ငံကူးလက်မှတ် ပွဲစား ၈၀ ကျော်အဖမ်းခံရ

မိုးမခအထောက်တော်၊ ရန်ကုန်

ဇူလိုင် ၁၆၊ ၂၀၀၉

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးနှင့် ၃၇၊ ၃၈ လမ်း တ၀ိုက်တွင် ကျင်လည် ကျက်စားနေသည့် ပွဲစားအယောက် ၈၀ ကျော်ကို ပြီးခဲ့သည့် သောကြာနေ့ ညနေမှ စတင်ဖမ်းဆီးခဲ့ သည်ဟု ကျောက်တံတားမြို့နယ် ၃၇လမ်းတွင် နေထိုင်သူတဦးက ပြောသည်။ အဆိုပါ ပုဂ္ဂိုလ်က

“ပြီးခဲ့တဲ့ သောကြာနေ့ ညနေက ကားထိုးရပ်ပြီး နိုင်ငံကူးလက်မှတ် ရုံးတ၀ိုက်၊ ၃၇လမ်း အလယ်နဲ့ အောက်ဘလောက်၊ ၃၈လမ်းက လက်ဘက်ရည်ဆိုင်မှာ ထိုင်နေကြတဲ့ ပတ်စ်ပို့တ် (နိုင်ငံကူးလက်မှတ်) ပွဲစားတွေကို အကုန်ဖမ်းခေါ်သွားတယ်။ ဘာအတွက်ဆိုတာ မပြောဘူး၊ ဖမ်းဖို့လာတဲ့သူ တွေဆီမှာ သူတို့တွေရဲ့ ဓါတ်ပုံတွေပါလာတယ်။ အဲဒါနဲ့ တိုက်ကြည့်ပြီး ဟုတ်တယ်ဆိုရင် ဖမ်းခေါ်သွားတယ်၊ နောက်ရက်မှာ ကြားရတာကတော့ (ရုရှားပြန် စစ်ဗိုလ်လူထွက် ၃ ယောက်) ကို နိုင်ငံကူးလက်မှတ် လုပ်ပေးတဲ့ဆီက ပြဿနာစတာလို့ ပြောသံကြားတယ်”

ဟုဆိုသည်။
ကျောက်တံတားမြို့နယ်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး လုပ်ကိုင်သူတဦးက ပြောဆိုရာတွင်မူ

“ဟုတ်တယ်၊ အဲဒီလို ရုရှားပြန်တွေကို စာအုပ်လုပ်ပေးတာလည်း ပါတယ်။ ဒါ့အပြင် နိုင်ငံကူးလက်မှတ် လျှောက်တဲ့အခါ သန်းကောင်စာရင်းတို့ မှတ်ပုံတင် မိတ္တူတို့မှာ စစ်ဆေးပြီးကြောင်း ရိုက်နှိပ်တဲ့ တံဆိပ်တုံး (ချက်တုံး) အတုလုပ်တဲ့ ပြဿနာလည်း ပါတယ်လို့ ကြားတယ်၊ အဲဒီ တံဆိပ်တုံးအတုနဲ့ လျှောက်လွှာတွေကို အဆင့်ဆင့်တင်ရာမှာ အပေါ်ဆင့်တွေကလည်း တော်တော်နဲ့ မသိကြဘူးလို့ဆိုတယ်၊ အဆင့်ဆင့် ရေလောင်း (ငွေပေးခြင်းကိုဆိုလိုသည်) သွားတာကြောင့်လည်း မသိကြတာထင်တယ်”

ဟုဖြစ်ပေါ်နေသည့် အခြေအနေကို ပြောပြသည်။

မြန်မာ နိုင်ငံကူး လက်မှတ်ထုတ်ပေးရာ ရုံးသည် လျှောက်လွှာကြေး ၂၀၀ ကျပ်ဆိုလျင် ကျပ် ၁ထောင်၊ အချက်အလက် တိုက်ဆိုင်စစ်ဆေးရာ အဆင့်တဆင့်တွင် ကျပ် ၁ ထောင် စသဖြင့် တရားဝင်နီးပါး တောင်းခံသည့် လာဘ်လာဘ အပါအ၀င် နိုင်ငံကူးလက်မှတ် အမြန်ရလို၍ သော်လည်းကောင်း၊ ယခင်ပြည်ပတွင် အလုပ်လုပ်ကိုင်ဖူးပြီး အခွန်ကြေ မဆောင်ရသေးသဖြင့်၊ နိုင်ငံကူးလက်မှတ် မထုတ်ပေးရန် တားမြစ်ထားသည့် စာရင်းကို ကျော်ပြီး နိုင်ငံကူးလက်မှတ် ရရှိရန် သော်လည်းကောင်း သက်ဆိုင်ရာ စစ်ဆေးသူ အဆင့်ဆင့်ကို ငွေပေးပြီး လုပ်ဆောင်နေကြသည်မှာ ဆယ်စုနှစ်နှင့် ချီကြာမြင့် ခဲ့ပြီဖြစ်သည်။

ပုံမှန်အားဖြင့် နိုင်ငံကူး လက်မှတ် စတင် လျှောက်သည်မှ ထုတ်ယူရန် သီတင်းပတ် ၅ပတ်ကို မစောင့်နိုင် သဖြင့် အမြန်ကြေးဖြင့် လုပ်ဆောင်လျင် တပတ်ကျော်အတွင်းရလိုလျင် ကျပ် ၁သိန်းခွဲ ၀န်းကျင် ပေးရသည်ဟု လည်းစုံစမ်း သိရှိရသည်။

နိုင်ငံကူးလက်မှတ်ရုံး အနီးတ၀ိုက် နှင့် ၃၇၊ ၃၈ လမ်း ရှိ လက်ဘက်ရည်ဆိုင်များတွင် စတည်းချကာ ပွဲစားလုပ်ကိုင် နေကြသူများမှာ ထိုရုံးတွင်းမှ ရဲ သတင်းတပ်ဖွဲ့ဝန်ထမ်းများနှင့် ဆက်စပ်၍ သော်လည်းကောင်း၊ သတင်းတပ်ဖွဲ့ ၀န်ထမ်းဟောင်းများ သော်လည်းကောင်း ဖြစ်ကြပြီး၊ ယခုအဖမ်းခံရသည့် အထဲတွင် ထိုသို့သောသူ အများစုပါဝင်သည်ဟု သိရှိရသည်။

သောကြာနေ့ ညနေမှ စတင်ကာ ယနေ့ထိ အဖမ်းအဆီးများ ရှိနေသေးသည်ဟုလည်း သတင်းထွက်ပေါ်နေပြီး ဖမ်းဆီးခံထားရသူများ၏ စစ်ဆေးထွက်ဆိုချက်အပေါ် မူတည်ကာ ထပ်မံဖမ်းဆီး နေသည့် သဘောဖြစ်သည်ဟုလည်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ကိုင်သူ ကပြောဆိုသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင် ပျောက်ဆုံးလျင် ပြန်လည်လုပ်ကိုင်ရန် မလွယ်ကူခြင်း၊ နကိုထုတ်ပေးသည့် မြို့နယ် အထိပြန်လည်သွားရောက်ကာ အမှုတွဲကို တောင်းယူရခြင်း၊ စသည့်ကရိကထ များကြောင့် မှတ်ပုံတင်မရှိပဲ နိုင်ငံကူး လက်မှတ်လုပ်လိုသူများမှာ မှတ်ပုံတင် အတုလုပ်ပေးသူနှင့် နိုင်ငံကူးလက်မှတ်ရုံးတွင် လာဘ်ထိုးပြီး လုပ်ကိုင်ကြရပြီး၊ ပြည်ပနိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်လျင်လည်း သက်ဆိုင်ရာနိုင်ငံ အစိုးရကိုသာမက မြန်မာနိုင်ငံ အစိုးရကိုပါ အခွန်ပေးဆောင်ရသည့် အခွန်နှစ်ထပ်စနစ် ကြောင့် ပြန်ရောက်ပြီး အခွန်မကြေသူများ အတွက် ပွဲစားနှင့် လာဘ်ထိုးကာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး နေကြရသည်ဟု ပြောဆိုသည်။

ထိုသို့သောအခြေအနေများကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တာဝန်ကျသူများအဖို့ ၀င်ငွေကောင်းသည့် နေရာ တနေရာ အဖြင့်နားလည်လျက်ရှိကြသည်။


စံခလပူရီ(ဇူလိုင်-၁၇)။ ။ အဝေးရောက်မွန်အမျိုးသားများ စုပေါင်းဖွဲ့စည်းထားသော မွန်အမျိုးသားများ
ကောင်စီ Mon National Council မှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များထံသို့ တိုက်တွန်းနှိုးဆော်ချက်
အမှတ် ၂ ကိုယနေ့ထုတ်ပြန်လိုက်ပါသည်။ ဤထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖေါ်ပြ
ထားပါသည်။





ဝါဆိုလဆုတ် (၁၁) ရက် ၁၃၇၁-ခုနှစ်
၁၇၊ဝ၇၊၂ဝဝ၉

လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့တိုက်တွန်းနှိုးဆော်ချက်-အမှတ်(၂)

(၁) ငြိမ်းချမ်းရေးလကိနက်ကိုင်အဖွဲ့စည်းများကို (Border Guard) နယ်စပ်စောင့်တပ်အသွင် သဏ္ဍာန်
သို့ ပြောင်းလဲရေးဆို သောစစ်အာဏာရှင်တို့ကြိုးပမ်းမှုကို အချို့သောအဖွဲ့စည်းတို့က ပြတ်ပြတ် သားသားဆန့်ကျင်ကြပြီး အချို့သောအဖွဲ့ စည်းတို့သည်စစ်အာဏာရှင်တို့၏ သိမ်းသွင်းမှုကို ခေါင်းရှိုပြီးကြိုဆိုထောက်ခံနေသည်ကို ဝမ်းနည်းစွာလေ့လာတွေ့ရသည်၊၊

(၂) မွန်ပြည်သစ်ပါတီ၊ ကေအင်ယူပါတီ၊ ရှမ်းအမျိုးသားပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေး
ပါတီတို့၏ ရဲရင့်ပြတ်သားသော ရပ်တည်ချက်ကိုမွန်အမျိုးသားကောင်စီမှ လှိုက်လှိုက်လှဲလှဲကြို
ဆိုသည်၊၊

(၃) စစ်အာဏာကိုထောက်ခံသွားသော အင်အားစုကို လေ့လာလျှင်အမှန်မှာ စစ်အာဏာရှင်
စံနစ်ကိုကြိုက်၍ အသွင်ကူး ပြောင်းရန် သဘောတူကြသည် မဟုတ်မူဘဲ၊ အောက်ပါမှားယွင်း
ခြွတ်ချော်သော အတွေးခေါ်အမြင်တို့ကြောင့် ဤသို့ သဘောတူသွားသည်ကိုလေ့လာတွေ့ရှိသည်၊၊
(က) စစ်အာဏာရှင်ထံမှခွဲဝေပေးမည့်အမျိုးသားအကျိုးကိုရလိုရငြားမျှော်ကိုး၍သဘောတူခြင်း၊၊
(ခ) ပါတီအဖွဲ့စည်းအတွင်းကွဲပြဲမည်စိုးရိမ်၍သဘောတူခြင်း၊၊
(ဂ))ရန်သူမှာစစ်အင်အား(၅)သိန်းကျော်နှင့် ခေတ်မှီတဲ့လက်နက်တွေရှိတယ်၊၊ရန်သူစစ်အာဏာရှင်၌
ဒုံးကျဉ်တွေ၊ လေယဉ်တွေ၊ သင်္ဘောတွေ၊ တင့်ကားတွေ အမြှောက်တွေ ခေတ်မှီတဲ့ စစ်လေယဉ်တွေ
ရှိတယ်၊၊ ဒို့မှာရဲဘော် တပ်သားရာဂဏန်းလောက်မျှသာရှိတယ်၊ခေတ်မှီတဲ့ လက်နက်တွေလည်း
မရှိဘူး၊ ငွေကြေး၊ ဆေးဝါး၊ စားနပ် ရိက္ခာတို့သည်လည်းလုံလုံလောက်လောက် မရှိဘူး၊ စသည့်
သိမ်ငယ်သော အတွေးခေါ် အားငယ်သောစိတ်တို့ က ဦးခေါင်းထဲသို့ ဝင်ရောက်လာပြီး
စိတ်ကျဉ်းကြပ်ခါ အားလျှော့အလျှော့ ပေးပြီးသဘောတူခြင်း၊၊
(ဃ) တော်လှန်ရေးအပေါ် စိတ်ဝင်စားသူလည်းမရှိဘူး၊ထောက်ခံအားပေးမည့်သူလည်းမရှိဘူး၊၊
ရန်သူကိုဘယ်လို မှမယှဉ်နိုင်ဘူး၊၊ စစ်အာဏာရှင်အလိုကျ အသွင်ကူးပြောင်းတာဘဲကောင်းတယ်၊
စသည့်လွှဲမှားသောအတွေး အခေါ်ကြောင့်သဘောတူခြင်း၊ စသည့်အကြောင်းတို့ကြောင့် အသွင် ကူးပြောင်းရေးကိုလက်ခံသဘောတူသွားသည်ကိုလေ့လာတွေ့ရှိပါသည်၊၊

(၄) ယနေ့ရဲဘော်တို့၏ တော်လှန်ရေးလက်နက်သည် ယခင်က ကိုင်တွယ်အသုံးပြုနေကြသော
လက်နက် မဟုတ်တော့ ကြောင်းကိုရဲဘော်တို့ သတိထားမိနိုင်အောင် ပြောကြားလိုပါသည်၊၊ ယခင်က အားကိုးပြုနေသော လက်နက်ထက်အဆပေါင်းများစွာ အင်အားကြီးမားတဲ့ ခေတ်မှီတဲ့ လက်နက် အသစ်အဆန်းတွေရဲဘော်တို့ဘက်မှာရှိနေသည်ကိုသတိပြုမိကြပါ၊၊၊ဥပမာကွန်ပြူတာ၊ အင်တာနက်၊
အီမေးလ်( Email) ဖုန်း (Mobile Phone))ရေဒီယို၊ကမ္မရာ၊ဗွီဒီယိုကမ္မရာ၊ သတင်းစာ၊ ဂျာနယ်တို့ဟာ
ရဲဘော်တို့ရဲ့ ခေတ်မှီသော အစွမ်းထက်မြက်သည့် တော်လှန်ရေး လက်နက် ကောင်းများဖြစ်သည်၊၊ ယနေ့ခေတ်သည် သတင်းပြန်ကြားရေးခေတ် ( Information Age) ဖြစ်တယ်၊၊ နိုင်ငံတကာမှာရှိနေကြတဲ့
သံတမန် ရေးရာအဖွဲ့စည်းတွေ ကမ္ဘာ့အနှံ့မှာရှိနေကြတဲ့ ဒီမိုကရေစီ အဖွဲ့စည်းတွေ လူ့အခွင့်ရေးကို ချစ်မြတ်နိုးတဲ့ အဖွဲ့စည်း အသီးသီးတို့ဟာ ရဲဘော်တို့ရဲ့အစွမ်းထက်မြက်သော တော်လှန်ရေးအင်အားစု သစ်များဖြစ်သည်၊၊

(၅) ယနေ့ပြည်သူ့လူထု၏ထက်မြက်တဲ့ နိုင်ငံရေးအသိတရား၊မြင့်မားလာတဲ့အတွေးအခေါ် တိုးတက် သောကမ္ဘာ့အမြင်နှင့် ဒီမိုကရေစီကို ချစ်မြတ်နိုးသောစိတ်ဓါတ်၊ လွတ်လပ်မှုမြတ်နိုးသောဆန္ဒတွေ ရှိကြတဲ့ ပြည်သူလူထုတွေဟာ ရဲဘော်တို့ အတွက်ထက်မြက်သော တော်လှန်ရေးအင်အားစုများ ဖြစ်သည်၊၊ သတ္တိပြောင်မြောက်သော ကျောင်းသား ပြည်သူရဟန်းသံဃာတွေတို့ဟာ ရဲဘော်တို့ဘက်မှာ မားမား မတ်မတ်ရပ်တည်ထောက်ခံနေသည်ကို သတိပြုမိကြပါ၊၊ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မျိုးချစ်
လူငယ်တွေ သံတမန်ရေးရာတိုက်ပွဲဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ကြပြီးရဲဘော်တို့၏ တော်လှန်ရေးကို အပြည့်အဝထောက်ခံနေကြသည်ကို သတိပြုမိကြပါ၊၊

(၆) ရဲဘော်တို့တော်လှန်ရေးရေစီးကြောင်းမှာထူခြားသောလက္ခဏာပေါင်းမြောက်များစွာရှိနေတယ်
ဆိုတဲ့အချက်ကိုလည်း သတိပြုမိကြဘို့လိုအပ်ပါသည်၊၊ ဥပမာတရားမျှရေးအတွက် အသက်ပေးပြီး
တိုက်ပွဲဝင်သွားသော အဝါရောင် အုံကြွမှု ကြီး၊ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊၊
ထက်မြက်သောကျောင်းသား တပ်မတော်၊ ယုံကြည်ချက်အတွက် အသက်ပေးတိုက်ပွဲဝင်နေကြသော
ထောင်ထဲရှိ နိုင်ငံရေးသူရဲကောင်းတွေ၊ နိုင်ငံတကာရောက် မျိုးချစ်အင်အားစုတွေ စသောအချက်တို့
သည် မည်သည့်တော်လှန်မှုနှင့်မှ မတူညီသောထူးခြားတဲ့အချက်ဖြစ်သည်ကို ရဲဘော်တို့သတိပြုမိကြ
ပါရန် နှိုးဆော်ပြောကြားလိုပါသည်၊၊

(၇) အာဏာရှင်တွေကြီးစိုးသော အုပ်ချုပ်မှုအောက်မှာ တိုင်းရင်းသားတွေမျှော်လင့်နေသော
ဖက်ဒရယ်စံနစ်ဆိုတာမည် သည့်အခါမှပေါ်ထွက်လာမည်မဟုတ့်ပါ၊၊ အာဏာရှင်စံနစ်နှင့် ဖက်ဒရယ်စံနစ်
တို့သည် မြေကြီးနှင့်မိုးကောင်ကင်းလို ကွာခြားပြီးဆန့်ကျင်ဘက်တရားများဖြစ်သည်၊၊အာဏာရှင်စံနစ်
မှာဗဟိုမှ အစစအရာရာချုပ်ကိုင်သော တသွေတသံ တမိန့်စံနစ်ဖြစ်သည်၊၊ ဖက်ဒရယ်စံနစ်သည် ဗဟိုချုပ် ကိုင်မှုကိုဆန့်ကျင်သည့်စံနစ်ဖြစ်သည်၊၊ဗဟိုချုပ်ကိုင်မှုကိုအတတ် နိုင်ဆုံးလျှော့ချပြီး တိုင်းရင်းသား ပြည်သူလူထုလက်သို့အာဏာကို ဖြန့်ဝေပေးသော စံနစ်ြုဖစ်သည်၊၊ ဖက်ဒရယ်စံနစ်မှာ အာဏာကို အောက်ခြေအဆင့်ဆင့်သို့ ခွဲဝေငှဖြန့်ဖြူးသည်၊၊ အာဏာရှင်စံနစ်မှာ အာဏာကို ဗဟို၌စုစည်းချုပ်ကိုင်သည် လက်ဝါးအုပ်သည်၊၊ ထိုကြောင့်အာဏာရှင်မှခွဲဝေပေးမည့် လုပ်ပိုင်ခွင့်အာဏာနှင့် အမျိုးသားအကျိုးစီးပွား
တို့ကို မျှော်လင့်ချက်နှင့် သဘောတူသောအဖွဲ့တို့သည် အချည်းနှီးသာဖြစ်သည်၊၊

(၈) လက်နက်မပြည့်စုံ၍ရန်သူကိုဒို့ရင်မဆိုင်ရဲဘူး၊၊ ရင်ဆိုင်ရင်လည်းဆုံးရှုံးမည်ဆိုတဲ့ အားငယ်သော
စိတ်ဓါတ်ကိုဖြောင့်ဖျက် ပစ်လိုက်ပါ၊၊စက်လက်နက်တွေ၊အမြှောက်တွေ၊ ဒုံးကျည်တွေ၊တင့်ကားတွေ
ဟာထင်သလောက်အရာမရောက်တော့ပေ၊၊ ရဲဘော်တို့၏ မူလတော်လှန်ရေး သဘောတရားခံယူချက်သည် လက်နက်အပေါ်၌ အခြေခံသော သဘောတရား ခံယူချက်မဟုတ်ပါ၊၊ “မှန်ကန်သောအမျိုးသား ခံယူချက် သဘောတရားအပေါ်၌သာ အခြေခံသောတော်လှန်ရေးဖြစ် သည်၊၊” ဟူသော ရဲဘော်တို့၏မူလ
တော်လှန်ရေး သဘောတရား ခံယူချက်ကို မမေ့ကြဘို့လိုသည်၊၊ ရဲဘော်တို၏ အမျိုးသားလွတ်မြောက်ရေး ခံယူချက်၊ ဒီမိုကရေစီကို ချစ်မြတ်နိုးသောခံယူချက်၊ စစ်အာဏာရှင်စံနစ်ကို အမြစ်မှတော်လှန် ဖယ်ရှားရေးခံယူချက်၊ ဖိနိပ်ခံပြည်သူ လူထုဘဝကို ကယ်တင်လိုတဲ့ ခံယူချက် စသည့်ခံယူချက်တို့သည်သာ ရဲဘော်တို့၏အဓိကတော်လှန်ရေး တွန်းအားဖြစ်သည်၊၊ အေကေ-၄၇ ( AK-47) နှင့် အမ်-၁၆ (M-16)
တို့သည်အဓိက မကျပါ၊၊ ရဲဘော်တို့၏ ခံယူချက်ခိုင်မာပါက တော်လှန်ရေးသည် မုချမသွေ အောင်မြင်
မည်မှာ သေချာပါသည်၊၊

(၉) အကွဲအပြဲကို စိုးရိမ်ကြောက်ရွံ့နေလျှင် မည်သည့်အခါမှ ထက်မြက်သောပါတီတစ်ရပ်ကို မတည်
ဆောက်နိုင်ပါ၊၊ အဟောင်း ဟောင်းသောနေရာတို့မှာ အသစ်သစ်တို့ဖြင့်အစားထိုးဖြည့်ဆည်းသွားရမှာ
ဖြစ်သည်၊၊ သစ်ပင်တစ်ပင်သည်သက်တန်း ကြီးရင့်လာသည်နှင့်အမျှ အကိုင်းခြောက်တွေ၊ ပိုးထိုးတဲ့
အကိုင်းတွေ၊ အသီးမသီးတဲ့ သစ်ကိုင်းအိုတွေ ရှိလာစမြဲဖြစ်သည်၊၊ ထိုထိုသောသစ်ကိုင်းတို့ကိုခုတ်ဖြတ်
ပေးမှ အားပြည့်သော အကိုင်းသစ်တွေပေါ် ထွက်လာမည်၊၊ ထိုအကိုင်းသစ်မှာ မှအပွင့်ပွင့်လာမည်၊ အသီးသီးလာမည်ဖြစ်သည်၊၊ ထိုထိုသော အိုမင်းဆွေးမြေ့နေသာ သစ်ကိုင်းတို့ကိုနှမြှော၍ မခုတ်ထွင် မရှင်းလင်းပါက အသစ်သစ်သော အကိုင်းတို့သည် ရှင်သန်ပေါက်ဖွားခွင့်မရဖြစ်နေတတ်သည်၊၊
ထိုသို့အသစ်သစ်သော သစ်ကိုင်းတို့ရှင်သန်ခွင့် မရှိသောအခါ အသီးအပွင့်သစ်သည်လည်း ရှင်သန် ပေါက်ဖွားခွင့်မရဖြစ်နေပြန်သည်၊၊

(၁ဝ) နှင်းခဲတို့သည် နေရောင်ခြည်မထွက်လာခင် တိုတောင်းသည့် အချိန်အပိုင်းအခြား ကာလ
တစ်ခုမျှ လောက်မှာသာ ပတ်ဝန်ကျင်းကိုလွမ်းမိုးကြီးစိုးထားနေနိုင်ပြီး နေရောင်ထွက် ပြူလာသည်
နှင့် နှင်းခဲတို့သည် တဖြည်းဖြည်းအရည်ပျော် ပြီးတစ်စတစ်စ ပျောက်ပျက်သွားရသည်၊၊ ထို့အတူ စစ်အာဏာရှင်တို့သည်လည်း ကမBာ့ကြီးသည် တိုးတက်လာသည့် နှင့်အမျှ၊ သိပ္ပံပညာတွေ တိုးတက်လာသည်နှင့်အမျှ အာဏာရှင်စံနစ်သည်လည်း တဖြည်းဖြည်းနှင့် နေရာမှဖယ်ရှာ ပေးရမှာ
ဖြစ်သည်၊၊ တစ်စတစ်စအစအနကောက်၍ မရအောင်ပျောက်ကွယ် သွားရမှာသေချာသည်၊၊



“အမျိုးသားခံယူချက်သည်သာတော်လှန်ရေးတစ်ခု၏အဓိကအင်အားဖြစ်သည်၊၊”
(သဘာပတိအဖွဲ့)
မွန်အမျိုးသားကောင်စီ
မိတ္တူများကို မွန်ပြည်သစ်ပါတီနှင့် တော်လှန်ရေးပါတီများ၊ENC, NDF အဖွဲ့ဝင်များသို့
ပေးပို့သည်၊၊


နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ အကျဉ်းကျခံသည့် အထိမ်းမှတ်ဖြင့် မွန်ပြည်သူထံ ပန်ကြားစာရေးပို့
Fri 17 Jul 2009, IMNA, အာသံ
ယနေ့တွင် မွန်လူမျိုးတို့၏ မေ့ပျောက်လို့မရသော မွန်နိုင်ငံရေးသမား နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့၏ ၆ နှစ်မြောက် ထောင်တွင်းအကျဉ်းကျခံရသည့် အထိမ်းအမှတ်ဖြင့် မွန်ပြည်သူ၊ ပါတီနှင့် အဖွဲ့အစည်းတို့အား မွန်ရဟန်းပျိုသမဂ္ဂ နှင့် မွန်လူငယ်အဖွဲ့တို့က ပန်ကြားချက် ရေးသားပေးပို့သည်။

၎င်းပန်ကြားချက်တွင်လည်း မွန်နိုင်ငံရေးအကျဉ်းသား နိုင်ယက္ခ၊ နိုင်မျိုးသွေးအပါအဝင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ မင်းဇေယျ၊ ကိုကိုကြီးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုထားသည်။

ပန်ကြားရခြင်းမှာ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် ရဟန်းရှင်လူ မွန်ပြည်သူ အပေါင်းတို့သည် နိုင်ယက္ခနှင့် နိုင်မျိုးသွေးနည်းတူ နိုင်ငံရေးပြဿနာ ပိုမိုးအရှိန်အဟုန်မြင့်မားစွာနှင့် ရှင်သန်ထက်မြက်လာနိုင်အောင် ရည်ရွယ်ခဲ့သည်ဟု မွန်ပြည်နယ် မွန်ရဟန်းပျိုသမဂ္ဂမှ ပြောရေးဆိုခွင့် ရှိသူ မွန်လူငယ်တစ်ဦးက ပြောသည်။

“မွန်လူမျိုးတိုင်း နိုင်ယက္ခနှင့်နိုင်မျိုးသွေးနဲ့ပတ်သက်တဲ့ အကြောင်းတွေ ပိုမိုးသိလာ စေချင်လို့ ဒီလိုမျိုးပန်ကြားစာ ပို့တာဖြစ်တယ်။ နောက်ပြီး ဒီပုဂ္ဂိုလ်နှစ်ယောက်နဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေလဲ မွန်ပြည်နယ်မှာ ထုတ်တာမျိုး လုပ်မယ်” ဟု ၄င်းက ဆက်ပြောပါသည်။

ထိုပန်ကြားချက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အမြန်လုပ်ဆောင်ရန်နှင့် အကျိုးမရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ရပ်တန့်က ရပ်ပေးရန် တောင်းဆိုသည်။

နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးဖြင့် အဖြေရှာရန် မွန်ပြည်သစ်ပါတီမှ နအဖ စစ် အစိုးရနှင့်အပစ်ခတ်ရပ်စဲပြီး နိုင်ယက္ခလည်း မိမိဝါသနာပါသည့် လူထုအကျိုးဆောင် လုပ်ငန်းများ ဆက်လက် လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံတွင် ထောင်သောင်း များစွာသော ပြည်သူများ လမ်းထွက်ဆန္ဒပြပြီး ဒီမိုကရေစီ တောင်းဆိုရေးနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လှုပ်ရှားမှုတွင် နိုင်မျိုးသွေး နှင့် နိုင်ယက္ခတို့က အဓိကနေရာ၌ ပါဝင်ဆောင်ရွက်ခဲ့သည်။

အဓိကနေရာတွင် ပါဝင်ခဲ့သောကြောင့် မြန်မာစစ်အစိုးရတို့က လိုက်လံဖမ်းဆီးပြီး ရှောင်တိမ်းရင်းနှင့် ၁၉၈၉ လဆန်းပိုင်းတွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာပြီး အမျိုးသားအခွင့်အရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရရှိရေး၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ အာဏာရှင်စနစ် ဖြုတ်ချရေး စသည့်လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သည် ဟု မွန်ရဟန်းပျိုသမဂ္ဂ နှင့် မွန်လူငယ်အဖွဲ့တို့က ပန်ကြားချက်လွှာတွင် ရေးသားထားသည်။

နိုင်ယက္ခ၏ စည်းရုံးရေးကို ပြည်သူတို့က ထောက်ခံအားပေးလာသောအခါ စစ်အစိုးရက ထိတ်လန့်လာပြီး နိုင်ယက္ခကို ၂၀၀၃ ခုနစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ထောင်ချောက်ဆင်ကာ ဖမ်းဆီးခဲ့ပြီး သေဒဏ်အမိန့်ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် အယူခံဝင်ကာ ထောင်ဒဏ်တသက် တစ်ကျွန်းသို့ ပြောင်းလဲချမှတ်လိုက်သည်။

ဖမ်းဆီးခံရသည်မှာ နိုင်ငံတော်ခေါင်းဆောင်များက ဗုံးဖောက်ခွဲမှုအဖြစ် နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ကို ဖောက်ခွဲရေးပစ္စည်းနှင့်အတူ အာဏာပိုင်တို့က ရိုက်နှက်ပြီး ၄င်းတို့၏ပစ္စည်းဖြစ်ကြောင်း အတင်းအဓမ္မ ဖွင့်ဆိုစေခဲ့သောကြောင့် မွန်ပြည်သစ်ပါတီတို့ဘက်ကလည်း တွေ့ပိုင်ခွင့်မရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“ဖောက်ခွဲပစ္စည်းက သူတို့နှစ်ယောက်နဲ့ ဘာဆို ဘာမှ မဆိုင်ခဲ့ဘူး၊ ဒါပေမယ့် အဲဒီအချိန်မှာ စစ်အစိုးရရဲ့ စက်ကွင်းထဲရောက်သွားတော့ အိမ်ထဲမှာ ဆင်ထားတဲ့ ဗုံးဖောက်ခွဲပစ္စည်းအားလုံးဟာ သူတို့နှစ်ယောက် ပစ္စည်းအဖြစ် ထင်ဟပ်ခံခဲ့ရတယ်။ ကျနော်တို့လဲ အကျဉ်းချခံရတဲ့ ဒီနှစ်ယောက်ကို ထပ်ခါတလဲလဲ တတ်နိုင်သလောက် တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ရည်ရွယ်ထားတဲ့အခြေအနေ မရောက်လာသေးဘူး” ဟု နိုင်ဟံသာက ဆက်ပြောသည်။

၎င်း၏ ပြောပြချက်အရ နိုင်ယက္ခသည် မွန်ပြည်သစ်ပါတီ၏ ထက်မြက်ကောင်းမွန်သော စည်းရုံးရေး သမားတစ်ဦးဖြစ်ပြီး အများလေးစားသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ နိုင်မျိုးသွေးသည်လည်း မွန်ပြည်သစ်ပါတီဝင် တစ်ဦးဖြစ်ပြီး စစ်လက်နက်ဘက်ဆိုင်ရာ ပြုပြင်ဘက်တွင် အလွန်ပင်ကျွမ်းကျင်သည်ဟု သိရပါသည်။

နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့သည် မွန်ပြည်သစ်ပါတီတွင် (၁၀) နှစ်ခန့် အမျိုးသားအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ် နှစ်ဦးဖြစ်သည်။ နိုင်ယက္ခ (အင်းစိန်ထောင်- တိုက်နံပါတ် ၄ အခန်း ၆) နှင့် နိုင်မျိုးသွေး (သာယာဝတီထောင်) တို့သည် ယနေ့အထိ နအဖစစ်အစိုးရ၏ အကျဉ်းထောင်တွင် တည်ရှိနေဆဲဖြစ်သည်ဟု သိရပါသည်။


ကမ်ချနပူရီခရိုင်လူကြီးများမှာ ထိုင်း-မြန်မာနယ်စပ်ပြန်ဖွင့်ရန် အလိုရှိ
Fri 17 Jul 2009, IMNA,
ထိုင်းမြန်မာနယ်စပ်တွင် ကာလကြာရှည်စွာ ပိတ်ပင်ထားသောကြောင့် နယ်စပ် တလျှောက်ရှိ ထိုင်းနှင့် မြန်မာလူမျိုးတို့တတွေ ကူးလူးဆက်ဆံရေးနှင့် အသက်မွေး ဝမ်းကြောင်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ရေးအတွက် အခက်တွေ့နေရကြောင်း၊ ၄င်းပြဿနာ ပြေလည်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် နယ်စပ်လို ပြန်လည်ဖွင့်လှစ်လိုကြောင်း ကမ်ချနပူရီခရိုင် ဒု-အရာရှိချုပ်နိုင်ချိုင်ဝပ်က စန်ခလပူရီမြို့ရှိ အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၅ ရက် စန်ခလမြို့ရှိ ရေဗါစိုက်ဟိုတယ်တွင် စည်းအဝေးကို မနက် ၈း၃၀ နာရီမှ နေ့လယ် ၄း၀၀ နာရီထိ ကျင်းပခဲ့ပြီး အဓိက ရည်ရွယ်ချက်မှာ ထိုင်း မြန်မာနယ်စပ်တလျှောက်ရှိ ပြည်သူများတို့၏ အသက်မွေးဝမ်းကြောင်းပညာပေးရေးနှင့် ဘဝရပ်တည်ရေးအတွက် ပညာပေး ရေးဖြစ်သည်ဟု သိရသည်။

အစည်းအဝေးပွဲကို ကမ်ချနပူရီခရိုင် “လယ်ယ” ဒေသရှိ ထိုင်းတပ်မတော် ဒု-ဗိုလ်မှူးကြီးနိထက်ထောင်လစ်က ကမကထပြုပြီး အစိုးရအရာရှိများနှင့် ဝန်တန်းများ၊ စန်ခလမြို့ရှိ ထိုင်းနှင့် မွန်ဘက်ကမ်းကျေးရွာမှ အဖိတ်ကြားခံရသည့် မိဘများနှင့် နယ်စပ်ရှိ ကျေးရွာလူကြီးများတက်ရောက်ခဲ့ကြသည်။ ထိုင်း၊ မွန်၊ ကရင်လူမျိုး တို့လည်း တက်ရောက်ခဲ့ကြပြီး စုစုပေါင်း လူဦးရေ အယောက်၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

“ကျနော်တို့ ဝင်ကကျေးရွာမှာ ရွှေငွေလုပ်ယူလို့ရတဲ့အတွက် ရွှေမြို့ ငွေမြို့အဖြင့် သတ်မှတ်လို့ရတယ်။ နာမည်ကျော်ကြားလှသည့် ဝင်ကဆရာတော်ဘုရား ဥတ္တမ ကလည်း အများအကျိုးအတွက် အမွေတွေမနည်းထားရစ်ပေးခဲ့တယ်။ ကျောင်းကန်၊ စေတီပုထိုး၊ ဝင်ကရွာဟောင်းမြင်ကွင်းနှင့် ကမ်းနှစ်ဖက်ကူးတံတား (သစ်သားနှင့် တည်ဆောက်ထားသောတံတား) ဒါ့အပြင် မွန်နှင့်ကရင်လူမျိုးတို့၏ ရိုးရာဓလေ့ယဉ်ကျေးမှု များကိုလည်း နိုင်ငံခြားဧည့်သည်များကို ဖိတ်ခေါ်ပြီး ဝင်ငွေလုပ်ပို့ရတယ်။” ဟု ခရိုင် ဒု-အရာရှိကြီးက မိန့်ခွန်းထဲတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

ထို့အပြင် နိုင်ငံခြားသားဧည့်သည်များလာရောက် အပန်းဖြေနိုင်ကြစေရန်အတွက် သူတို့အနေနှင့် တိုးချဲ့လုပ်ငန်း အစီအစဉ်ချသွားမည်ဖြစ်ကြောင်း၊ ထိုအစီအစဉ်တွင် ခရီးသွားလုပ်ငန်းနှင့် နေရာချပေးရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် ကြယ်ငါးပွင့် အဆင့်မြင့်ဟိုတယ် တည်ဆောက်ပေးခြင်း၊ လေယာဉ်ကွင်းတည်ဆောက် ပေးခြင်း စသဖြင့် ရှင်းလင်းပြောကြားသွားခဲ့ပါသည်။ ဒီလိုမျိုးပြန်လုပ်ပေးခြင်းဖြင့် ဒေသခံတို့ကလည်း အလွယ်အကူဝင်ငွေရှာလွယ်ရမည်ဖြစ်ကြောင်း ပြောသွား ပါသည်။

နောက်ဆုံးတွင် ထည့်သွင်းပြောသွားတာက ကြာရှည်စွာ အပိတ်ခံထားရသောထိုင်း မြန်မာနယ်စပ်တလျှောက်တွင် ပြန်လည်ဖွင့်လှစ်လိုကြောင်း၊ မြန်မာအစိုးရကသာ နယ်စပ်ကို ဖွင့်လှစ်ပေးမည်ဆိုလျှင် လာမည့်အနာဂတ် အာရှလမ်းမကြီး တည်ဆောက်ရေးကိုလည်း အထောက်အကူဖြစ်ကြောင်း မိန့်ကြားသွားခဲ့ပါသည်။


မော်လမြိုင်တွင် ထိုင်းကုန်စည်ပြတ်လတ်ခြင်းကြောင့် ကုန်စည်များ ဈေးတက်
Thu 16 Jul 2009, IMNA, ပနွတ်ကျား
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကုန်စီးဆင်းပြတ်လတ်မှုကြောင့် ထိုင်းသွင်း ကုန်စည်ဈေးနှုန်းများ ယခင်ကထက် ဈေးနှုန်းမြင့်တက်နေသည်ဟု လက် ကားရောင်း ဈေးသည်များမှ သိရသည်။

ထိုင်းကုန်စည်များ အဓိကစီးဝင်နေသော မော်လမြိုင်- မြဝတီတောင်တက် လမ်းသည် မိုးကြီးပြီး လမ်းပြိုသွားသောကြောင့် ကားများ ပြေးဆွဲ၍မရသည် မှာ ၂ ရက်ခန့်ရှိပြီး လွန်ခဲ့သည့် နှစ်ပတ်ခန့်ကလည်း ဂျိုင်းတံတား ယိုယွင်း မှုကြောင့် ကုန်တင်ကားများ ဝန်လျော့ပြေးဆွဲနေရသည်။

စားသောက်ကုန်များသည် အရင်ကထက် ဈေးနှုန်းများတက်နေပြီး အဓိက တင်သွင်းနေသော စားသုံးဆီသည် ကျပ် ၂၄၀၀၀ မှ ယခု ၂၈၀၀၀ အထိ တက်နေပြီး ဖြစ်သည်။

အခြားကုန်စည်များဖြစ်သော ထိုင်းဖိနပ်၊ ဟင်းခတ်အမွေးအကြိုင်များ၏ ဈေး နှုန်းများ လည်းတက်နေသည်ဟု မြ၀တီမှ ကုန်စည်လက်ကား ရောင်းချနေ သော မော်လမြိုင်ဈေးသည် တစ်ဦးက ပြောသည်။

“အခု အခြေအနေက ကိုယ့်မှာ လက်ကျန်သိုလှောင်ထားတဲ့ ကုန်ပစ္စည်းနဲ့ပဲ ရောင်းနေကြတယ် ဆိုတော့ ဈေးတင်ပြီးရောင်း နေကြတာပေါ့။ ပစ္စည်းက လည်း မဆင်းတာ နှစ်ပတ်ရှိပြီး အဲဒါကြောင့်မို့လို့ ကုန်ပစ္စည်းတွေ ဈေးတက် သွားကြတာ” ဟု မော်လမြိုင် ဈေးကြိုရပ်တွင် ထိုင်းကုန်ပစ္စည်း ရောင်းချနေ သော ဆိုင်ရှင်တစ်ဦးက ဆိုသည်။

ကုန်ပစ္စည်းများ မစီးဆင်းနိုင်သဖြင့် မြဝတီရှိ ကုန်သည်များအစုကလည်း ယခုအချိန်တွင် အလုပ်ပျက်လတ် နေကြသည်ဟု မြဝတီမြို့မှ ကုန်စည်စုံ ရောင်းဝယ်နေသည့် ကုန်သည်တစ်ဦးက ပြောသည်။

“လမ်းမပိတ်ခင်ကတော့ တစ်ခါ ကုန်အရောင်းဝယ်လုပ်ရင် ကျပ် ၄ သိန်းရ တယ် လမ်းစရိတ်တွေ နှုတ်ပြီးရင် ကျပ် ၃ သိန်းလောက် ကျန်နေတယ်။ အခုက ဆင်းလဲမရ တက်လို့လဲမရဘူး ပစ္စည်းတွေ ဒီမှာပဲ ပိတ်နေကြတာ နေစရိတ် စားစရိတ်တွေကလည်း ကုန်တယ်” ဟု ၄င်းကုန်သည်က ဆက် ပြောသည်။

မြဝတီ တောင်တက်လမ်းသည် လွန်ခဲ့သော ၂ ရက်ကတည်းက မိုးကြီးပြီး တောင်ကျချောင်းရေတွေကြောင့် မြေပြိုသဖြင့် ကားလမ်းပိတ်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအတူ လွန်ခဲ့သော ရက်တစ်ပတ်ခန့်က ရန်ကုန် -ဘာအံ- မော်လမြိုင်-မြ ဝတီလမ်းရှိ ဂျိုင်းတံတားယိုယွင်းနေသောကြောင့် သတ်မှတ်ထားသောဝန် ပေါ်တွင်သာ သွားလာခွင့်ရ သဖြင့် လမ်းပန်းဆက်သွယ်ရေး နှောင့်နှေး ခဲ့သည်။

“ဂျိုင်းတံတား ယိုယွင်းနေတာကြောင့် ရန်ကုန်-ဘားအံ-မော်လမြိုင်-မြဝတီ ကားအဆင်း အတက် နှောင့်နှေးသွားတယ် နိုင်ငံခြားတင်ပို့မည့် ကုန်ဈေး နှုန်းများ မြင့်တက်လာတာ ဖြစ်တယ်” ဟု မြဝတီမှဆန်ကုန်တစ်ဦးက ပြောသည်။


သျှမ်းသံတော်ဆင့်
စနေနေ့၊ ဇူလိုင်လ၊ ၁၈ ရက်။

အချက်အလက်ရှာရန် Move Close စာလုံးအရွယ်အစား
..ပင်မစာမျက်နှာသတင်းဆောင်းပါးအယ်ဒီတာ့အာဘော်အမြင်သဘောထားတွေ့ဆုံမေးမြန်းကာတွန်းဗီဒီယိုဂွဏ်းခေါ်စာစောင်..သျှမ်းပြည်တပ်မတော် နှင့် နအဖ စစ်တပ် ၇ နာရီကြာတိုက်ပွဲဖြစ်
သောကြာနေ့၊ 17 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့် .

သျှမ်းပြည်အလယ်ပိုင်း ကျေးလက်ဒေသခံများကို မတရားညှင်းပမ်းနှိပ်စက်သဖြင့် မခံမရပ်နိုင်မှုကြောင့်ဖြစ်သော နအဖ စစ်ကြောင်းအား သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်မှုတစ်ခု ဖြစ်ပွါးခဲ့သည်ဟု SSA သတင်းရပ် ကွက်က ဆိုသည်။

ဂျူလိုင် ၁၅ ရက် မနက် ၁၁း၀၀ နာရီမှ ည ၆း၀၀ နာရီအထိ မိုင်းနောင်မြို့နယ် မိုင်းယိုင်းအုပ်စု ၀မ့်နမ့်ဖတ်နှင့် ၀မ့်ဆာလဲ ရွာ ကြား ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲသည် သျှမ်းပြည်တပ်မတော် အောင်ပေ့စစ် - စစ်ကြောင်းက စစ်အစိုးရစစ်တပ် ခမရ ၅၁၅ စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုဆို၏။

၇ နာရီကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် သျှမ်းပြည်တပ်မတော်ဘက်မှ အသေအပျောက် ဆုံးရှုံးမှုမရှိ၊ စစ်အစိုးရ စစ်ကြောင်း မှ စစ်သား ၁၁ ယောက် သေဆုံးပြီး၊ လက်နက် ကြီးငယ် ၆ လက်၊ ကျည်အမျိုးစုံ ၇၆၆ ထောင့်၊ လက်ပစ်ဗုံး ၃ လုံး ကျည်ကဒ် ၁၅ ခု၊ ကျောပိုးအိတ် ၅ လုံး၊ စစ်ဝတ်စုံ ၉ စုံ၊ ဦးထုပ် ၉ လုံး၊ ဟင်းကောကျိုင့် ၈ ခု၊ အိုးကြီး ၃ လုံး နှင့် အီကွင်းမင်း ၁၁ ခု သိမ်းဆည်းရမိသည့်အပြင် လက်နက်ချ အညံ့ခံသည့် စစ်သားတယောက်လည်းပါကြောင်း သျှမ်းပြည်တပ်မတော် ပြောခွင့် ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ပြောပါသည်။



ဗိုလ်မှူးကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်တပ်မတော်
“ကျနော်တို့ဘက်က အဲမ်ပွတ်ရှ် လုပ်တာဆိုတော့ အသေအပျောက်မရှိဘူး။ အဲဒီနအဖစစ်ကြောင်းက ဒေသခံပြည်သူကို အမျိုးမျိုး အနိုင်ကျင့်တယ်။ တွေ့သမျှပစ္စည်း ဥစ္စာတွေယူတယ်။ ကြက် ၀က် ဘဲ တွေ တိရိစ္ဆာန်အကြီးစားတွေကို သေနတ်နဲ့ ပစ်သတ် ယူသွားတယ်၊ သူတို့ယူသမျှ အဖိုးအခမပေးလို့၊ လူထုကို မလေးစားလို့ ကျနော်တို့ဘက်က တန်ပြန်တဲ့အနေနဲ့ အခုလို လုပ်ရခြင်းဖြစ်တယ်”- ဟု သျှမ်းသံတော်ဆင့်သို့ဆက်ပြောပြ၏။

လဲချား အခြေစိုက် ခမရ ၅၁၅ သည် သျှမ်းပြည်တပ်မတော်မှခွဲထွက်အဖွဲ့ (စစ်အစိုးရထံ လက်နက်ချအဖွဲ့) မကြာခင်က သေဆုံးသွားသော ဗိုလ်မှူးကြီးမိုင်းဇင့်၏ တပည့် ဗိုလ်မှူးစိုင်းတာ့အဖွဲ့အား လမ်းပြခိုင်းပြီး ကျေးလက်လူထုကို အမျိုးမျိုး နှိပ်စက်သည် ဟု ဆို၏။

(ဗိုလ်မှူးကြီးမိုင်းဇင့်မှာ နအဖ စစ်ထောက်လှမ်းရေး ၂ ယောက် နှင့် အတူ ပြီးခဲ့သည့် မေ ၂၄ ရက်က ၎င်းတို့စီးလာသော စစ်အစိုးရယာဉ်တန်းအား သျှမ်းပြည်တပ်မတော်က ခြုံခိုတိုက်ခိုက်သဖြင့် ၎င်းအပါအ၀င် ၁၅ ယောက်သေဆုံးခဲ့သည်။ )

“ဒေသခံလူထုတွေကို နှိပ်စက်တဲ့ စစ်အစိုးရရဲ့ ဘယ်စစ်ကြောင်းမဆို ကျနော်တို့ သျှမ်းပြည်တပ်မတော်က အခုလို ပြန်လည် ချေပမှာဘဲ၊ လက်နက်ကိုင်ပြီး ပြည်သူကို အနိုင်ကျင့်ရင် ဒီနည်းလမ်းနဲ့ဘဲ ကာကွယ်ရလိမ့်မယ်” - ဟု စိုင်းဆိုင်မိဏ်းက ပြောပါသည်။

အခုဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်အစိုးရ၏ အရာခံဗိုလ် ၂ ယောက်၊ တပ်ကြပ်ကြီး ၃ ယောက်နှင့် တပ်ကြပ် ၂ယောက်၊ တပ်သား ၄ ယောက်တို့၏ ရုပ်အလောင်းများကို SSA က စစ်ဆေးတွေ့ရှိကြောင်း၊ အစိုးရစစ်ကြောင်း၏ မော်တာ ၁ လက်၊ MA 79 ၁ လက်၊ MA-2 ၂ လက် MA-1 ၂ လက် နှင့် ၎င်း၏ကျည်များကိုလည်း သိမ်းဆည်းရရှိကြောင်း ပြော၏။

ထို့အတူ ယခုလ ၈ ရက်နေ့တွင်လည်း သျှမ်းပြည်တပ်မတော်နှင့် လဲချားအခြေစိုက် ခလရ ၆၄ မှ ဗိုလ်မှူးကျော်စွာဦး ဦးဆောင်သည့် အင်အား ၁၈ ယောက်ပါ အဖွဲ့နှင့်လည်း ပင်လုံမြို့နယ် အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်အစိုးရအရာရှိ ဗိုလ်ကျော်သူ နှင့် တပ်ကြပ်ကြီး ကြည်မင်း ၏ အလောင်းကိုတွေ့ရကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကျော်စွာဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဆိုပါသည်။


မိန်းခလေးတဦးအား သေနတ်ဖြင့်ပစ်သူ ပြည်သူ့စစ် တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၁၇ ရက်၊ ၂ဝဝ၉ ခုနှစ်။

ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့နယ်အတွင်း ဒေသခံ ရှမ်းအမျိုးသမီးတဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် နမ်း ခမ်းမြို့နယ်အခြေစိုက်၊ပန်ဆေးပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်တဦး လက်နက်နှင့်အတူ တရုတ်ပြည်ဘက်သို့ ထွက် ပြေးတိမ်းရှောင်နေသည်။

ဇူလိုင်လ (၁၅)ရက်နေ့ ညပိုင်းက နမ်းခမ်းမြို့နယ်၊ နောင်မရွာတွင် ဒေသခံရှမ်းအမျိုးသမီး နန်းဖောင်ခမ်း၊ အသက်(၁၇) နှစ်သည် ပန်ဆေး ပြည်သူ့စစ်အဖွဲ့မှ လှမျိုးဆိုသူ က ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သည်ဟု နမ်းခမ်းဒေသခံ တဦးက ပြောသည်။

“ကောင်လေးနဲ့ ကောင်မလေးစကားပြောနေတာကို သွားကျပ်တာပေါ့၊မင်းတို့က ဘာသဘောလဲ သမီး ရည်းစားလားပေါ့။ ဟိုကနားမလည်တော့ ဆွဲလားရမ်းလာလုပ်တယ်တဲ့။ ကောင်မလေးက ပြန်တွန်း တယ်လို့ပြောတယ်၊ အဲဒီမှာ အရက်လည်း မူးနေပုံရတယ်။ သေနတ်နဲ့ ထုတ်ပစ်တော့ ကောင်မလေးရဲ့ ဘက်ဘက် ပါးစောင်ကို ရှပ်မှန် သွားတာ။ အဲဒီမှာ ဆူညံညံဖြစ်တော့ အနားက ရွာသားတွေလည်း လာ ရော အဲဒီကောင်က သူနဲ့ အတူပါလာတဲ့ ဆိုင်ကယ်နဲ့ကောင် တယောက်နဲ့ တရုတ်ဘက် ထွက်ပြေးတာ။ တရုတ်နဲ့က ဟိုဘက်၊ ဒီဘက်တဆက်တည်းဆိုတော့ လွှတ်သွားတာပေါ့။”

ထွက်ပြေးသွားသည့် ပန်ဆေးပြည်သူ့စစ်အဖွဲ့ဝင် လှမျိုးဆိုသူအား ဖမ်းဆီးပေးရန် မြန်မာ အာဏာပိုင်များက တ ရုတ် နယ်စပ် အာဏာပိုင်များထံ ယမန်နေ့က အကြောင်းကြားထား သည်ဟု တရုတ်အာဏာပိုင်များနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။

“ဟိုလူသတ်မှုပြဿနာ မပြီးသေးဘူး နောက်ထပ် တမှု တိုးလာပြန်ပြီ။ လက်နက်နဲ့ ထွက်ပြေးလာတာ ။ ကောင်မလေးကို ပစ်ပြီး ပြေးလာတာ၊ ဟိုဘက်က ရှာခိုင်းတာနဲ့ တူပါတယ်။ လိုက်ရှာနေတုန်းပါဘဲ။ မမိသေးဘူး။ ဟိုတခါကလို မဆိုင်တဲ့ဟာတွေပါ ပါသွားမှာ စိုးရတယ်။”

ဇွန်လ(၁၇)ရက်နေ့က တရုတ်-မြန်မာ နယ်စပ် ကျယ်ဂေါင်မြို့တွင် တရုတ်လင်မယား နှစ်ဦး အား သတ်ဖြတ်သည့် အမှုဖြစ်ပွားခဲ့ရာ ကျယ်ဂေါင်မြို့တွင် ရှိသည့် ကုန်တင်ကုန်ချ အလုပ် သမားများ အပါအဝင် ဒေသအတွင်း စီးပွားလာရှာနေသည့် မြန်မာလူမျိုး နှစ်ရာကျော် အဖမ်းခံခဲ့ရပြီး ယခုအချိန်အထိ အချို့သူများကို ဆက်လက်ဖမ်း ဆီးထားသည်။


ထိုင်းစစ်တပ် တွေ့သည့် လက်နက်သည် ကေအဲန်ယူ ပစ္စည်းမဟုတ်ဟု ငြင်းဆို

ခွန်အောင်မြတ်။
ဇူလိုင်လ ၁၇ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းစစ်တပ်က ယမန်နေ့တွင် တွေ့ရှိသည့် လက်နက်များသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ၏ လက်နက်မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။

ထိုင်းမြန်မာနယ်စပ် ထားဆောင်ယန်င်မြို့နယ် မဲဖလူကျေးရွာအနီးရှိ ရေတွင်းတခုအတွင်း လက်နက်နှင့်ကျည်များ ကို ထိုင်းနယ်ခြားစောင့်တပ်က တွေ့ရှိခဲ့သည်။

မဲဆောက် အခြေစိုက် အမှတ်(၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှ ဗိုလ်မှူးကြီး ပဒုံရစ် ဖဲုင်ဗွန်ဆို က ဦးစွာ အထင် ကရဖြစ် တိုင်းရင်းသားလူမျိုးစု လက်နက်ဟု ယူဆပြီး။ အစိုးရစစ်နှင့် တိုက်ပွဲဖြစ်ပြီး ထိုင်းနယ်မြေ အတွင်း ဆုတ် ၀င်လာသည့် ကေအန်ယူ တို့ လက်နက် ဖြစ်ပြီး လွန်ခဲ့သည့် ဇွန်လခန့်က မြုပ်နှံထားခြင်း ခန့်မှန်းယူဆရသည် ဟု ထိုင်းရုပ်သံလွှင့်များတွင် ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောလှငွေက ယခုလို ပြောသည်။

“ဘယ်ကေအဲန်ယူက တံဆိပ်ရိုက်ပြီးတော့ လက်နက်မြုပ်ထားလို့ တွေ့သလဲတော့မပြောတတ်ဘူး။ တံ ဆိပ်ရိုက်ပြီး တွေ့တယ်ဆိုလို့ရှိရင်တော့ ပြောပေါ့ဗျာ။ ကိုယ်တို့ကတော့ သူများနယ်ထဲမှာ လက်နက် တွေယူပြီး မြုပ်ထားဖို့၊ ကရင့်လက်နက် ကရင့်လက်ထဲမှာပဲ ထားတယ်။ သူများနယ်ထဲမှာ သွားမြုပ် ထားဖို့လို့၊ ရန်သူကိုသွားပေးဖို့ မညွှန်ကြားထားဘူး ဆိုတော့ အဲလိုလုပ်တဲ့သူကတော့ ကေအဲန်ယူ မဟုတ်ဘူး။ ကရင်သေနတ် ကရင်လက်ထဲ မှာပဲ ရှိရမယ်။ ကရင့်လက်ထဲမှာမရှိတဲ့ သေနတ်က ကရင် သေနတ်မဟုတ်ဘူး။”

လက်နက်မှောင်ခိုသမားများ၏ သိမ်းဆည်းမြုပ်နှံထားသည့် လက်နက်ပစ္စည်းများ ဖြစ်နိုင်သည်ဟု ဗိုလ်မှူး စော လှငွေက ပြောသည်။

“မှောင်ခိုပစ္စည်းလည်း ဖြစ်နိုင်တာပဲ။ အဲမှာလှောင်ထားပြီးတော့ တခါတလေကျ မှောင်ခိုတွေ က ဒီ ဘက်ကမ်းမှာ အဲလိုပဲ နားလည်မှုတွေနဲ့ အဲလိုလှောင်ထား၊ လှောင်ထားပြီးတာနဲ့ ဈေးလိုက်တဲ့အချိန် မှာ လျှောက်ရောင်းတဲ့ကောင်တွေလည်းရှိတာပဲ အဲဒီ လက်နက်အရောင်းအ၀ယ်တွေကလည်း။ ကျန် တာက တခုရှိတာက ကျနော်တို့ဟာ ကျနော်တို့ ပစ္စည်းပါလို့ ပြောဖို့ အကြောင်းမရှိဘူး။ ဘာဖြစ်လို့ လဲဆို ကရင့်လက်နက်က ကရင့်လက် ထဲမှာပဲ ရှိတယ်။ ကရင်လက်ထဲမှာ မရှိတဲ့သေနတ် ကရင့် သေ နတ် မဟုတ်ဘူး။”

ယင်းလက်နက်များမှာ AK-47 သုံးလက်၊ M-16 လေးလက်၊ လက်နက်ကြီး မျိုးကွဲ နှစ်လက် ၊ ၆၀ မမ ကျည်သီး ၅ လုံးနှင့် လက်နက် ကျည်ဆံအများအပြား အပြင် မြေမြုပ်မိုင်းများ စစ်သုံးပစ္စည်းများလည်း ပါရှိသည်။

လက်နက်ပစ္စည်းသိုလှောင်ထားသည့် ရေတွင်းပုံစံသည် ကွန်ကရစ်များဖြင့် သေချာ ပြုလုပ်ပြီး သိမ်းဆည်းခြင်းဖြစ် သည်ဟု ထိုင်းသတင်းတွင် ဖော်ပြသည်။

လက်နက်ခဲယမ်များကို တွေ့ရှိသည့် မဲဖလူရွာသည် ယခင်လက မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့တို့ ထိုင်းစစ်ဆင်တိုက်ခိုက်မှုကြောင့် လက်လွတ်ဆုံးရှုံး သွားသည့် ကေအဲန်ယူလက်အောက်ခံ တပ်မဟာ (၇) အခြေစိုက်ရာ တပ်စခန်းများနှင့် မျက်နှာခြင်းဆိုင် ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်စက် ပျက်၍ လူနာများ အခက်တွေ့
2009-07-17

ဗိုလ်ချုပ်ဈေးအနီးက ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ဓာတ်ရောင်ခြည်နဲ့ ကင်ပြီး ကုသရတဲ့ ကင်ဆာ ရောဂါဝေဒနာ ခံစားနေရသူတွေ အများအပြား ရှိနေပြီး ဓာတ်ရောင်ခြည် ကင်ပေးတဲ့စက်တွေ ချို့ယွင်းနေလို့ ကုသမှုခံယူနေရတဲ့ ဝေဒနာရှင်တွေ အခက်အခဲ ဖြစ်နေကြရတယ်လို့ သိရပါတယ်။
လည်ချောင်းအသက်ရြှွူပန်မှာ အကြိတ်ဖြစ်ပြီး ကင်ဆာ ရောဂါဝေဒနာ ခံစားနေရတဲ့ လူနာတယောက်ရဲ့ သမီးက ဓာတ်ရောင်ခြည်ကင်ဖို့ သွားရာမှာ သူ့အဖေ ကြုံတွေ့ခဲ့ရပုံကို RFA ကို အခုလို ပြောပါတယ်။

လူနာ၏သမီး။ ။ “ရန်ကုန်တမြို့နယ်လုံးမှာ ရန်ကုန်ဆေးရုံကြီးက ဓာတ်ရောင်ခြည်ဌာနမှာ ဓာတ်ရောင်ခြည်စက် တလုံးရှိတာ အဲဒီတလုံးလေးဟာ ကင်တဲ့လူတွေ တန်းစီနေတယ်။ အခု ကျမအဖေ ကင်ဆာ ရောဂါဖြစ်လို့ ဆရာဝန်က ဘာပြောလဲဆိုတော့ ပထမ အဆင့်မှာပဲ ရှိသေးတယ်၊ ကင်လိုက်ရင် ကောင်းသွားမဲ့ အခြေအနေမှာ ရှိတယ်၊ ဆရာဝန်တွေကလည်း မြန်မြန် ကင်စေချင်တယ်၊ ကင်စေချင်တယ်ဆိုပေမဲ့ အခု ဓာတ်ရောင်ခြည်ပေးဖို့ဟာက ဒီမှာ သုံးလပိုင်းက လူတွေတောင်မှ အခုမှ သွားပြီးတော့ ကင်နေရတယ်ဆိုတော့ လူတယောက်ဟာ လေးလလောက် စောင့်ရတယ် ဖြစ်နေတယ်၊ ကင်နေတဲ့ လူတွေတောင်မှ တောက်လျှောက် မကင်ရဘူးတဲ့။ ပျက်လိုက် ကောင်းလိုက် ပျက်လိုက် ကောင်းလိုက်နဲ့ အဲဒီလို နားလိုက်ပြင်လိုက်နဲ့ ဖြစ်နေကြတာ၊ ဘယ်ဆေးရုံမှာပဲ ဖြစ်ဖြစ် ဖြစ်တဲ့လူတိုင်းဟာ အဲဒီ ဓာတ်ရောင်ခြည်ဆီကိုပဲ ပြေးရတာ၊ ဒီအပြင်ဆေးခန်းမှာ အာရှတော်ဝင်တို့ ရွှေဂုံတိုင်တို့မှာ မရှိဘူး၊ အခု ကျမအဖေဆိုလေ ဒီဟာကို ထိုင်စောင့်လို့ သေရဖို့ အခြေအနေပဲ ရှိတယ်။”

ရန်ကုန်မှာခုလို ဓာတ်ရောင်ခြည်ကင်ဖို့ စက်အခက်အခဲ ဖြစ်နေတာကြောင့် ဆရာဝန်တွေက တခြားမြို့ကြီးတွေမှာ သွားပြီး ဓာတ်ရောင်ခြည်ကင်ကြဖို့ တိုက်တွန်းနေပေမဲ့ ခရီးဝေးပြီး စရိတ်စက ကြီးမဲ့အပြင် ဝေဒနာရှင်တွေအနေနဲ့ သွားရေးလာရေး အခက်အခဲတွေ ရှိတာကြောင့် အဆင်မပြေ ဖြစ်နေကြရတယ်လို့ ဆက်ပြောပါတယ်။

လူနာ၏သမီး။ ။ “အခု မန္ဈလေးမှာ ရှိတယ်တဲ့ နောက်ပြီးတော့ တောင်ကြီးမှာ ရှိတယ်၊ မန္ဈလေးမှာလည်း ရန်ကုန်က လူတွေက တချို့ပြေးနိုင်တဲ့လူတွေက နည်းနည်း ထူထူထောင်ထောင် ရှိတဲ့လူတွေကလည်း မန္ဈလေးကိုပြေး၊ မန္ဈလေးမှာ ပြေးကင်၊ ဆိုတော့ မန္ဈလေးမှာလည်း အခုပြွတ်သိပ်နေတယ်တဲ့ ဆိုတော့၊ ကျမတို့ အဖေကို တင်ချင်ရင်တဲ့ တောင်ကြီးကို လိုက်သွားတဲ့။ တောင်ကြီးကို သူတို့ တာဝန်ယူတယ်ပေါ့နော်၊ သူတို့ အကုန်လုံး စီစဉ်ပေးမယ်ပေါ့။ လေယာဉ်ပျံနဲ့ ဒီဥစ္စာရအောင် ဒါပေမဲ့ ကျမအဖေက ကုတင်ပေါ်ကနေ အောက်ကို မဆင်းနိုင်တဲ့ဟာ ဒီအရည်ကလေးဝင်တာ ဘယ်လိုလုပ်ပြီး တောင်ကြီးကို သယ်သွား ကုလို့ရတော့မှာလဲ။”

ဒါကတော့ ရန်ကုန်ဆေးရုံကြီးမှာ ကင်ဆာ ရောဂါဖြစ်နေသူတွေ ဓာတ်ရောင်ခြည်ကင်ဖို့ အခက်အခဲ ဖြစ်နေကြ ရတာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က လူနာရှင်တဦး ပြောပြသွားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံးကြီးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ဖုန်းဖြေဆိုတဲ့ တာဝန်ကျတဲ့ ဆရာမတဦးက အခုလို ပြောဆိုပါတယ်။

တာဝန်ကျဆရာမ။ ။ “ဟုတ်တယ်၊ စက်က မရှိတာမဟုတ်ဘူး၊ စက်က ပျက်နေတာလား၊ ဘာလားမသိဘူး၊ သူတို့လေ၊ ဟုတ်တယ်၊ စက်ပျက်နေတာ၊ လှမ်းလှမ်းပြီး မေးတာ တွေ့နေတယ်။”

သုံးလုံး သုံးလုံးတောင်၊ လူနာတွေက များတော့ မနိုင်ဘူးပေါ့နော်၊ ဘယ်လိုပြောမလဲ၊ သူတို့ စက်ခန်း တစ်၊ နှစ်၊ သုံးဆို စက်ခန်းသုံးလုံး ရှိတယ်၊ ကျမတို့က မသိဘူး၊ ကျမတို့က အိပ်ချိန်းကပဲလေ၊ အဲဒါ သူတို့ကို မေးမှ ရမယ်၊ သူတို့က ဒီအချိန်ဆိုရင် ဟိုဒင်းတွေတော့ ရှိတာပေါ့၊ တက်ကနေရှင်တော့ ဓာတ်ပြင်တဲ့လူတွေတော့ ရှိတာပေါ့။

အဲဒါကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ပြန်လည်ဖြေဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ကျောင်းထိုင်ဦးပဉ္စင်းက မူလတန်းကျောင်းသူ ၃ ဦးကို အဓမ္မကျင့်
2009-07-17

မိတ္ထီလာမြို့နယ် ဂဠုန်ကုန်းကျေးရွာမှာ အသက် ၄၁ နှစ်အရွယ် ကျောင်းထိုင်ဦးပဉ္စင်းက မူလတန်းကျောင်းမှာ ကျောင်းဆရာ ဆရာမတွေ မရှိတာကို အကြောင်းပြပြီး ဘုန်းကြီးကျောင်းကို ကလေးတွေ စာခေါ်သင် ပေးနေရာကနေ ကျောင်းသူ ကလေးငယ် ၃ ဦးကို အဓမ္မ မဖွယ်မရာ ပြုကျင့်ခဲ့တယ်လို့ ပြုကျင့်ခံခဲ့ရတဲ့ ကလေး မိဘတွေက စွပ်စွဲထားပါတယ်။

ဇွန်လ ၂၂ ရက်နေ့က ကျောင်းကပြန်လာတဲ့ ဒုတိယတန်း ကျောင်းသူလေးဟာ အမေဖြစ်သူကို ငိုယိုပြီး တိုင်ကာမှ အဖြစ်အပျက်ကို သိခဲ့ရတယ်လို့ မိခင်ဖြစ်သူက RFA ကို ပြောပြပါတယ်။

မိခင်။ ။ “နှစ်နာရီလောက်မှာ ကျောင်းဆင်းတယ်။ ကျမက အဲဒီအချိန်မှာ တောထဲသွားနေတော့ သမီးလေး ပြောပြတဲ့အချိန်က သုံးနာရီခွဲလောက်မှ ကျမသိရပါတယ်။”

အသက် ၈ နှစ်အရွယ် ဒုတိယတန်း ကျောင်းသူလေးရဲ့ မိခင်ပြောပြသွားတာပါ။ သူ့လို အလားတူ ပြုကျင့်ခံရတဲ့ ၁၀ နှစ်အရွယ် တတိယတန်း ကျောင်းသူလေး တဦးလည်း ရှိပါသေးတယ်။ ကာယကံရှင် မိန်းကလေးငယ်တွေ ကိုယ်တိုင် ပြောပြတဲ့အသံတွေ RFAက ရရှိထားပေမဲ့ စောင့်ထိန်းရမဲ့ တာဝန်အရ လွှင့်ထုတ်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူတို့ရဲ့ ဦးလေးတော်သူက ဦးဆောင်ပြီး ရွာလူကြီးကို အရင်အကြောင်းကြားပြီး ဇွန်လ ၂၅ ရက်မှာ မိတ္ထီလာ အမှတ် ၁ ရဲစခန်းကို တိုင်ကြားခဲ့ပေမဲ့ အရေးမယူသေးတာနဲ့ နောက်ထပ် ၃၀ ရက်နေ့မှာထပ်သွား တိုင်ခဲ့ပုံ တခြားနောက်ဆက်တွဲ အခြေအနေတွေကို ဦးလေးဖြစ်သူက ပြောပြပါတယ်။

ဦးလေး။ ။ “သူတို့က ၁ ရက်နေ့မှာ ရွာကိုလာပြီးတော့ စစ်ချက်တွေ ယူတယ်ခင်ဗျ။ အားလုံး ပြည့်စုံတာတောင် ရဲက ဒီအမှုက သိမ်မွေ့ပါတယ်ဆိုပြီးတော့ အခုချိန်ထိ ဘာမှ မကြည့်တော့ ကျနော်တို့မှာ အရပ်ထဲမှာ ခေါင်းမဖော်ဝံ့ဘူးခင်ဗျ။ အခုရဲစခန်းက အဲဒီ ၁ရက်နေ့မှာပဲ ရဲက ခေါ်ယူပြီးတော့ ကလေးတွေကို မြို့နယ် ဆရာဝန်တွေနဲ့ စစ်ပါတယ်။ အဲဒီဆေးစာတွေကတော့ သူတို့ ဘယ်လိုထွက်မယ်လို့ ကျနော်တို့ မသိဘူး။ ကျနော်တို့လည်း သိအပ်တဲ့အရာ မဟုတ်တော့၊ ကျနော်တို့မှာ အရှက်လည်း နစ်နာတယ်။ လူမှုရေးပိုင်းလည်း နစ်နာတယ်။ ပညာရေးပိုင်းလည်း နစ်နာတယ်။ ဘာသာရေးအပိုင်းလည်း နစ်နာတယ်ပေါ့နော်၊ အဲဒီတော့ ဒီအမှုအပိုင်းမှာ ရဲက လွှတ်ထားတယ်ဆိုတော့ ဘာကြောင့်လွှတ်ထားလဲဆိုတာကို ကျနော်တို့ တွေးနေတယ် ခင်ဗျ။”

ဒီအမှုနဲ့ပတ်သက်ပြီး RFAက မိတ္ထီလာအမှတ် ၁ ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ အမှုတော့လက်ခံထားပြီး အထက်အမိန့်စောင့်နေတယ်လို့ တာဝန်မှူးတဦးက ဖြေကြားခဲ့ပါတယ်။

တာဝန်မှူး။ ။ “ဖွင့်တော့ဖွင့်ထားတယ်၊ ဘာပုဒ်မနဲ့ စွဲတာလဲတော့ မသိဘူးခင်ဗျ။ ကျနော်တို့က သံဃာ့ မဟာနာယက အဖွဲ့ကို မတင်ပြပဲနဲ့က ကျနော်တို့ ဘာမှ လုပ်လို့ မရပါဘူးခင်ဗျ။ အပေါ်တင်ထားတယ်လို့တော့် ကြားတယ်ခင်ဗျ။ ဒါပေမဲ့ ကျနော် အမှုတွဲကိုတော့ လုံးဝ တတ်သန ပေါင်းစုံတော့ မသိဘူးခင်ဗျ။”

RFAက ကာယကံရှင် ဘုန်းကြီးကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ ဆေးစစ်ချက် မှတ်တမ်းကို သိနိုင်ဖို့ သက်ဆိုင်ရာ ဆေးရုံကို ခေါ်ပေမဲ့လည်း ဖြေကြားမပေးခဲ့ပါဘူး။ မိခင်နဲ့ကလေး စောင့်ရှောက်ရေး ရုံးကို ဆက်သွယ်ခဲ့တော့လည်း ရုံးမှာ ပြောရေးဆိုခွင့်ရှိသူတွေ မရှိဘူးလို့ သိရပါတယ်။

အမှန်တကယ် သံဃာတပါးအနေနဲ့ ကျူးလွန်ခဲ့ရင် ဘယ်လိုအပြစ်တွေ ဖြစ်နိုင်သလဲ သံဃာ့အသိုင်းအဝိုင်းအနေနဲ့ ဘယ်လိုအရေးယူမှုမျိုး လုပ်နိုင်သလဲလို့ သာသနာ့ဦးသျှောင် အိန္ဒိယဌာနခွဲရဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးပညာဇောတကို RFA က လျှောက်ထားကြည့်ခဲ့ပါတယ်။

ဦးပညာဇောတ။ ။ “ဒီကိစ္စ သံဃာ့ကိစ္စဖြစ်တဲ့အတွက် ဒီဟာကို သံဃာတွေကနေ ဟုတ်ပါသလား မဟုတ်ဘူးလား စစ်ဆေးမေးမြန်းတဲ့ ကိစ္စမျိုး လုပ်ရမှာပေါ့။ သူကိုယ်တိုင်က ဝန်ခံသလား၊ မဝန်ခံဘူးလား ဝန်ခံတယ်ဆိုရင်လည်း သူ့ကို လူဝတ်လဲပေးရမှာပေါ့၊ မဝန်ခံဘူးဆိုရင် နေဝသုဒ္ဓ နာသုဒ္ဓ အနေနဲ့ ဒီတိုင်းပဲထားရတာပဲ။ လောကဝတ်မှာလည်း အပြစ်ရှိတဲ့ အကြောင်းအရာ ရှိနေတဲ့အခါကျတော့ အဲဒါလည်း လောကထုံးစံနဲ့ သွားတာဖြစ်တဲ့အတွက် သာသနာနဲ့ မဆိုင်ဘူး သာသနာက ဒီအာပတ် အပေါ်မှာ ကျူးလွန်ဧ။် မကျူးလွန်ဧ။် စစ်ဆေးမေးမြန်းမှုက လွဲလို့ ဘာမှလုပ်လို့မရဘူး။”

ဆရာတော် ဦးပညာဇောတက အပြစ်ဝန်ခံရင် ရဟန်းအဖြစ်က လျှောကျတဲ့အကြောင်း မဝန်ခံရင်တော့ သံဃအသိုင်းအဝိုင်းက စင်ကြယ်တဲ့ပုဂ္ဂိုလ်လို့လည်း မသတ်မှတ် မစင်ကြယ်ဘူးလို့လည်း အပြစ်ပြောလို့ မဖြစ်ကြောင်း လူ့ကျင့်ဝတ် ဥပဒေအရသာ အရေးယူရမယ်လို့ မိန့်ကြားသွားတာပါ။

ဘုန်းကြီးကျောင်းနဲ့ မူလတန်းကျောင်းက ဂိုက်တရာလောက်ပဲ ကွာတာကြောင့် လောလောဆယ် ဂဠုန်ကုန်း ကျေးရွာမှာရှိတဲ့ မိန်းကလေးရှင် ကျောင်းသားမိဘတွေကတော့ ကလေးတွေကို ကျောင်းမထည့်ရဲ ကလေးတွေကလည်း မသွားရဲ ဖြစ်နေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ နောက်ဆုံးလျှောက်လဲချက်ကိစ္စ ဆွေးနွေး
2009-07-17

ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲချက် ပေးဖို့ကိစ္စ ဆွေးနွေးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ အင်းစိန်ထောင်မှာ ဇူလိုင် ၁၇ရက် ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ ရှေ့နေတွေဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်နဲ့ ဒေါ်ခင်ဌေြးွကယ်တို့နဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမှုတခုလုံးဟာ မတရားတဲ့အကြောင်း မှတ်ချက်နှစ်ခုကို ပြောပြခဲ့တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။


ဦးဉာဏ်ဝင်း။ ။ “ဒီအမှုတခုလုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မှတ်ချက်ကလေး နှစ်ခု ရှိပါတယ်။ နံပါတ်တစ်ကတော့ လုံခြုံရေး ချိုးဖောက်ပြီး ဝင်ရောက်တဲ့ ကိစ္စမှာ လုံခြုံရေး ချိုးဖောက်မှု နော်၊ ဒီခြံ လုံခြုံရေး တာဝန်ယူနေတဲ့ လူတွေ တာဝန်ရှိတဲ့ လူတွေအတွက် ဘာမှ အရေးမယူပဲနဲ့ ခြံထဲမှာရှိတဲ့လူကို အရေးယူတာ ဒါဟာ bias ပဲ၊ ဘက်လိုက်မှုပဲလို့ သူက အဲလို ပြောပါတယ်။ နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ပြောတာ ဒါလည်း လုံးဝ မတရားဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ၂၀ဝ၈ မှာ ပထမအကြိမ်တုန်းက အကြောင်းကြားတယ်၊ အကြောင်းကြားတာနဲ့ ပတ်သက်ပြီးတော့ တခွန်းတပါဒမှ လာမမေးဘူး။ နောင်မဖြစ်အောင် ဘယ်လို လုပ်ကြမယ်ဆိုတဲ့ ဟာနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း ဘယ်တုန်းကမှ မပြောခဲ့ဘူး။ အဲဒီလို အခြေအနေမှာ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ပြောတာ ဒါ လုံးဝ တရားမျှတမှု မရှိဘူးလို့ ကျွန်တော်တို့ကို ပြောပြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ဇူလိုင်လ ၂၄ ရက်နေ့မှာ စစ်ဆေးဖို့ အာဏာပိုင်တွေဘက်က ရက်သတ်မှတ်ထားပါတယ်။ နောက်ဆုံးအယူခံချက်အတွက် ဒုတိယမူကြမ်းအထိ ဥပဒေကြောင်းအရ ပြင်ဆင်ထားပြီး ဖြစ်တဲ့အပြင် လက်ရှိပြင်ဆင်ထားချက်အရ အားရကျေနပ်မှု ရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုအလားအလာနဲ့ ပတ်သက်လို့ ထင်မြင်ချက်မပေးပေမဲ့ အဆိုးဆုံး အခြေအနေအထိ ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားတယ်လို့ ပြောဆိုကြောင်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ “သူကတော့ ဘယ်လို မြင်တယ်လို့ မပြောဘူး၊ သို့သော် သူကတော့ အဆိုးဆုံးထိ ပြင်ဆင်ထားတယ်လို့ ဒီလို ပြောရင်ရတယ်။ အဆိုးဆုံးဆိုတာက အကယ်၍ ထောင်ကျခဲ့ရင်လည်း သူ့အနေနဲ့ ဒီဟာကို ရင်ဆိုင်ဖို့ အဆင်သင့်ပဲ ဆိုတဲ့ အခြေအနေမျိုးဖြစ်အောင် သူကြိုးစားထားတယ်။”

ဇူလိုင်လ ၂၄ ရက်မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ ထပ်မံတွေ့ဆုံကြဖို့ ရှိပြီး၊ တွေ့ဆုံမဲ့ ရက်ကိုတော့ လောလောဆယ် အတိအကျ မသိရသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ကျေးလက်ဘုရားပွဲမှာ ရာဇဝတ်မှု ထူပြောသော်လည်း အာဏာပိုင်များ ဖြေရှင်းမပေး
2009-07-17

မကွေးတိုင်း စလင်းမြို့နယ် တညောင်ရွာမှာ ကျင်းပနေတဲ့ လေးမျက်နှာဘုရားပွဲမှာ မသင့်တော်တဲ့ ဖျော်ဖြေရေးတွေ ပါရှိလာပြီး၊ ရာဇဝတ်မှုတွေ ဖြစ်ပေါ်နေပေမဲ့ အာဏာပိုင်တွေက ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘူးလို့ သိရပါတယ်။

ဒီ ဘုရားပွဲကို အနီးအနား ရွာပေါင်း ၃၀ ကျော်လောက်က လာရောက်ကြပြီး ဇာတ်ပွဲနဲ့အတူ အခြားပျော်ပွဲရွှင်ပွဲတွေအပြင် ဈေးဆိုင်ခန်းပေါင်း ၄၀ဝ ကျော် လောက်ရှိပါတယ်။ ဒီနှစ်ပွဲမှာ လိင်မှုဆိုင်ရာ ညစ်ညမ်းရုပ်ရှင်တွေကို အခကြေးငွေနဲ့ ပြတဲ့ရုံတွေ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံ။ ။ “အခုလိုပေါ့ဗျာ၊ ဒေသခံ ဘုရားဖူးလာကြတာ ရှိတယ်။ နောက်တခါ တန်ခိုးကြီး ဘုရားဆို လာကြတာ ရှိတယ်။ သို့သော်လည်းပေါ့၊ အဲဒီမှာက ဗီဒီယိုရုံကြီးတွေ ထိုးပြတာပေါ့။ ည ၁၀နာရီကျော်လို့ရှိရင်ပေါ့နော်၊ ဘော်ဒါများအကြိုက်ဆိုပြီးတော့ မကောင်းမကန်း ညစ်ညမ်းတဲ့အခွေတွေ ပြတာပေါ့။ အဲလိုပြတာ ဘာသာရေးနဲ့ဆို မသင့်တော်ဘူးပေါ့ဗျာနော်။ အခကြေးငွေက တယောက်ကို ၂၀ဝ ယူတယ် သူတို့က။ နှစ်ရုံရှိတယ်။ ပြတဲ့ရုံတွေကလည်း ဘုရားဘေးမှာပဲ အဲလို ပြတာပေါ့နော်။”

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ရက် တနင်္လာနေ့ကလည်း မုဒိန်းမှုတခု ဖြစ်ပွားခဲ့တာကို တိုင်ကြားပေမဲ့ သက်ဆိုင်ရာရဲတွေက ထိထိရောက်ရောက် စုံစမ်းဖော်ထုတ် အရေးယူဖို့ ပျက်ကွက်နေပုံကို ဒေသခံက အခုလို ပြောပြပါတယ်။

ဒေသခံ။ ။ “ည ၇နာရီလောက် ပွဲကတယ်။ အဲဒီပွဲကတုန်းက ၁၆နှစ် အရွယ်နဲ့ နှစ် ၂၀ အရွယ်လောက် ဒီ ညောင်ပင်လှက ကလေးမလေး နှစ်ယောက်ကိုပေါ့နော်၊ ဘယ်က လူတွေမှန်း မသိဘူးပေါ့၊ ဆွဲခေါ်သွားပြီးတော့ မုဒိန်းကျင့်တဲ့သဘော ဖြစ်တာပေါ့။ အဲဒီ ကလေးမလေးကို မေးတဲ့အခါကျ ကလေးမလေးက ဒီ မုဒိန်းကျင့်တယ်လို့ ဆိုတဲ့ လူက သုံးယောက်လို့ ဆိုတာပဲဗျ။ ဟိုတယောက်ပဲ မိတယ်ပေါ့နော်။ ကျန်တဲ့ နှစ်ယောက်က ထွက်ပြေးတယ်။ အဲဒီလူတွေ ဘယ်ကလဲလို့ မေးရင် သူတို့က မော်တော်နဲ့ ဘုရားပွဲကို လာတယ်ပေါ့။ သွားကြည့်တော့ ရဲတွေက လိုက်မလာဘူးပေါ့နော်။ ဒီရွာသားတွေက သွားကြည့်တယ်။ မော်တော် ခုနစ်စီးတွေ့တယ်ပေါ့။ အဲဒီ မော်တော် ခုနစ်စီးကလည်း ဒီလူတွေကို ရဲမပါလို့ အထိမခံဘူးပေါ့နော်။”

ဒီအမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ဥပဒေကြောင်းအရ အရေးယူတယ်လို့ မကြားရသေးကြောင်းကိုလည်း စလင်းမြို့နယ်ထဲက ဒေသခံနောက်တဦးက အခုလိုပြောပါတယ်။

ဒေသခံ။ ။ “အဲဒါတော့ မှန်တယ်ဗျ။ ဖြစ်နေတယ်ပေါ့နော။ ဖြစ်နေပြီးတော့ အခု စခန်းကနေ ညှိပေးနေတယ်လို့ပဲ ကျွန်တော်က ကြားတာကိုး။ လျော်ကြေးကိစ္စပါ။ ခုချိန်ထိအောင် ဥပဒေအရ ဆောင်ရွက်တာ ဘာညာတော့ မရှိသေးဘူးဗျ။”

အစော်ကားခံလိုက်ရတဲ့ မိန်းကလေးထဲက တဦး ပြီးခဲ့တဲ့ရက်ပိုင်းက အဆိပ်သောက်ပြီး သေကြောင်းကြံစည်ခဲ့တဲ့အတွက် ဆိတ်ဖြူဆေးရုံကို သွားပို့ပေမဲ့ မှုခင်းကိစ္စဖြစ်နေလို့ ရဲစခန်းရဲ့ မှတ်ချက် စာရွက်စာတမ်းမပါတဲ့အတွက် ဆေးရုံက ကုသပေးဖို့ ငြင်းဆိုတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တညောင်ရဲစခန်းနဲ့ ဆိတ်ဖြူဆေးရုံကို တယ်လီဖုန်းဆက်ဖို့ ကြိုးစားပေမဲ့ အိတ်ချိန်ရုံးကို ဖုန်းဆက်သွယ်လို့ မရပါဘူး။




ကမႝာ့အဆင်းရဲဆုံး နိုင်ငံစာရင်းထဲမှာ မြန်မာပါဝင်နေဆဲ
2009-07-17

မြန်မာနိုင်ငံဟာ ကမႝာ့အဆင်းရဲဆုံး ၄၉ နိုင်ငံစာရင်းမှာ ပါဝင်နေတယ်လို့ ကုလသမဂ္ဂက ဇူလိုင် ၁၆ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီက နိုင်ငံတနိုင်ငံရဲ့ ဝင်ငွေ၊ စာတတ်မြောက်မှု၊ ကျန်းမာရေးနဲ့ စီးပွားရေး အခြေအနေတို့ကို သုံးနှစ်တကြိမ် သုံးသပ်ပြီး အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်တာပါ။

မြန်မာနိုင်ငံမှာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့ နီးစပ်သူတွေပဲ ချမ်းသာနေပြီး ပြည်သူလူထုက ဆင်းရဲနေတဲ့အတွက် ကမႝာ့ အဆင်းရဲဆုံး နိုင်ငံစာရင်းမှာ ဆက်လက် ပါရှိနေတာလို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ရှုမြင်ပါတယ်။

ဦးစိန်ဌေး။ ။ “တိုင်းပြည်ဆိုကတည်းကိုက တတိုင်းတပြည်လုံး ကိုယ်စားပြုတဲ့ ကိန်းဂဏန်းနဲ့ သွားတာကိုးဗျ။ ပြည်သူလူထုကို ကိုယ်စားပြုတာနဲ့ ကမႝာနဲ့ ယှဉ်တာ။ ဗမာနိုင်ငံဟာ ဆင်းရဲတဲ့ အတင့်အတန်းကို ဝင်သွားပြီ။ ဘာကြောင့်လဲဆိုတော့ မဆလရဲ့ စီးပွားရေး ပေါ်လစီအမှား၊ ဒီအကျိုးဆက်က နဝတ၊ နအဖကျ ပိုဆိုးပေါ့လေ၊ ဗိုလ်ချုပ်နဲ့ စီးပွားရေး ပေါင်းနေတဲ့ ကုမ္ပဏီတွေ ဘာကြောင့် ချမ်းသာလဲ။ ဒါကတော့ ရှင်းတာပေါ့ဗျာ။ သူတို့က ခေါင်းပုံဖြတ်နေတာကိုးဗျ။ ကိုယ့်တိုင်းပြည်က ထွက်တဲ့ သယံဇာတတွေကို ရောင်း၊ အဲဒီ ရောင်းရတဲ့ ပိုက်ဆံထဲက နည်းမျိုးစုံနဲ့ အကျင့်စာရိတ္တတွေ ဖျက်ဆီး၊ အဲလိုမျိုး လုပ်ကိုင် စားသောက်နေကြလို့သာလျှင်ကိုး။ ဒီမှာလည်း သူတို့က ဘောင်ဝင်အောင် MEC တို့၊ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းပေါ့ဗျာ၊ ဦးပိုင်လီမိတက်တို့ ဆိုတာတွေက တိုင်းပြည်ရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်နိုင်အောင် ကုမ္ပဏီတွေ ဖွဲ့၊ သူတို့က ကော်မရှင်တွေယူ၊ အဲဒီတော့ လူလည် လူနပ် လူချမ်းသာတွေပေါ့ဗျာ၊ ဗိုလ်ချုပ်တွေနဲ့ ပေါင်း။ အဲဒါကြောင့်မို့လို့ ဗိုလ်ချုပ်များနဲ့ အပေါင်းပါတစုက ချမ်းသာပြီးတော့မှ ကျွန်တော်တို့ အများပြည်သူက ဆင်းရဲနေတာပါ။”

ကမႝာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတတွေ ပြေွါကယ်ဝပြီး စစ်အစိုးရလက်ထက်မှာ သဘာဝဓာတ်ငွေ့ ရောင်းချရာက ကုန်သွယ်ရေး ပိုငွေပြနေတဲ့ နိုင်ငံဖြစ်ပေမဲ့ ကမႝာ့အဆင်းရဲဆုံး နိုင်ငံဖြစ်နေတာ ၂၂နှစ် ရှိနေပါပြီ။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းရဲ့ မအောင်မြင်တဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ်ကြောင့် ၁၉၆၂နှစ်မတိုင်ခင်က စီးပွားရေးအတွက် မပူပင် မကြောင့်ကြရတဲ့ မြန်မာပြည်သူလူထုရဲ့ စားဝတ်နေရေးဟာ တစထက်တစ ပိုပိုကျပ်တည်းလာရပါတယ်။

ဒါ့အပြင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရဟာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမႝာ့ဘဏ်လို၊ အာရှ ဖွံ့ဖြိုးရေးဘဏ်လို အဖွဲ့အစည်းတွေက ရယူထားတဲ့ ချေးငွေကို မဆပ်နိုင်ပဲ လျှော်ပစ်လိုက်ဖို့ ရည်ရွယ်ချက်နဲ့ ကမႝာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် လျှောက်ထားခဲ့ပါတယ်။

အဲဒီအခါ အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်နိုင်တဲ့ စံနှုန်းတွေနဲ့ ကိုက်ညီနေတဲ့အတွက် မြန်မာနိုင်ငံဟာ ၁၉၈၇ခုနှစ်မှာ ကမႝာ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်လာခဲ့တာပါ။

မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမေႝာဒီးယား၊ လာအို၊ နီပေါစတဲ့ အာရှ ၁၀နိုင်ငံ၊ အာဖရိကတိုက်က ၃၃နိုင်ငံ၊ ပစိဖိတ်ဒေသက ၅ နိုင်ငံနဲ့ ကာရစ်ဘီယံက ဟေတီကျွန်းတို့ဟာ ကမႝာ့ အဆင်းရဲဆုံးနိုင်ငံတွေအဖြစ် သတ်မှတ်ခံရပါတယ်။

ဒီအတောအတွင်း ကမႝာ့စီးပွားရေး အကျပ်အတည်းက ဆွဲထုတ်နိုင်အောင် ဒီ ကမႝာ့ အဆင်းရဲဆုံးနိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေး မူဝါဒတွေမှာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေအနေနဲ့ ပိုမိုပါဝင် ကူညီသင့်တယ်လို့ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ညီလာခံက မနေ့ကပဲ ပြောကြားလိုက်ပါတယ်။

မြန်မာစစ်အစိုးရလက်ထက် ပြည်ပအကူအညီ နည်းပါးရခြင်း အကြောင်းများ
2009-07-16

မြန်မာနိုင်ငံအပေါ် တချို့နိုင်ငံတွေက ကူညီမဲ့အစား ဒဏ်ခတ်ထားတာ တွေ့ရပြီး မြန်မာနိုင်ငံ ရနေတဲ့ ODA ခေါ် ပြည်ပ ဖွံ့ဖြိုးရေးအကူအညီက နည်းလွန်းနေတဲ့အတွက် တိုးတက်မှုကို အဟန့်အတား ဖြစ်စေတယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးသန်းဆွေက လုံခြုံရေးကောင်စီမှာ ပြောခဲ့ပါတယ်။

ထောင်ဒဏ် ၃၉နှစ်ကျ ဆရာတော်အား ၁၆နှစ် လျှော့ပေး
2009-07-16

၂၀ဝ၇ ခု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကနေ ဦးဆောင်ဆရာတော်အဖြစ် ပါဝင်လှုပ်ရှားခဲ့တဲ့ ဆရာတော် ဦးကေလာသကို ထောင်ဒဏ် ၁၆ နှစ် လျှော့ပေးခဲ့တယ်လို့ သိရပါတယ်။

ဟင်္သာတထောင်မှာ ထောင်ဒဏ် ၃၉ နှစ် ချမှတ်ခံထားရတဲ့ မန္တလေး တောင်ခွင် မင်းကြီးကျောင်းက ဆရာတော် ဦးကေလာသကို တရားရုံးကနေ ဇူလိုင် ၁၃ရက် တနင်္လာနေ့က ဒီလိုထောင်ဒဏ် လျှော့ပေးလိုက်တာပါ။ အခြေအနေ အကြောင်းစုံကို ဆရာတော်ရဲ့ ရှေ့နေ ကိုသန်းဇော်အောင်က RFA ကို ပြောပြပါတယ်။

ဦးသန်းဇော်အောင်။ ။ “ပုံနှိပ် ၁၇ ၊ ၂၀ နှစ်ခုတောင် စွဲထားတာကိုး၊ မူလ စစွဲကတည်းက ဖြစ်စဉ်တခုတည်းကို နှစ်ခု စစွဲထားတော့ အဲဒါကို ကျနော်တို့ လျှောက်တာပေါ့။ အဲဒါ ၂ခုကို ပေါင်းပေးလိုက်တော့ ၁၇ အတွက် ၇ နှစ် ၂၀ အတွက် ၇ နှစ် ၁၄ နှစ် လျှော့သွားတယ်။ ၅၀၅ ခ ၂ခုရှိတာ၊ အဲဒါ ပေါင်းပေးလိုက်တော့ ၂နှစ် လျော့သွားတာ အားလုံးပေါင်းက အသင်းအဖွဲ့က ၂ခု ၅၀၅ က ၂ခု၊ နောက်အသင်းအဖွဲ့ ၆ အားလုံးပေါင်း ၃၉ နှစ်။”

လိုက်ပါဆောင်ရွက်ပေးရတဲ့ ရှေ့နေတယောက်ရဲ့ သဘောထားနဲ့ ဆရာတော် ဦးကေလာသရဲ့ မိသားစု ထောင်ဝင်စာအခြေအနေကို မေးကြည့်တဲ့အခါမှာတော့ ခုလိုပြောပါတယ်

ဦးသန်းဇော်အောင်။ ။ “ကိုယ်ကတော့ လျှော့စေချင်လို့ အယူခံတက်တာပေါ့လေ။ အဲတက်တော့လည်း ကိုယ့်အလုပ် အထမြောက်တယ် ပြောရမှာပေါ့။ မိသားစုက ကျနော် သိရသလောက်တော့ အဖေအမေတွေ အသက် အတော်ကြီးတယ် ပြောတယ် ဘုန်းကြီးဆိုတော့ အမျိုးမရှိဘူးထင်တယ်။ ကျန်တဲ့ အမှုတွေ အတွက်ကတော့ ကျနော်သွားရေးလာရေးပေါ် ကြည့်ပြီး ထပ်သွားရမယ်လေ တိုင်းရုံးဆိုတော့ ကာလ စည်းကမ်းသတ်မှတ်ချိန် အတွင်းမှာ တခေါက်သွား နိုင်မယ်လို့ ထင်တယ် ဟင်္သာတကို။”

ဦးကေလာသလိုပဲ အလားတူ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အပြီးမှာ အဖမ်းခံရပြီး ချင်းပြည်နယ် လင်တန် ရဲဘက်စခန်းကို ပို့ခံခဲ့ရတဲ့ သံဃတပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးပညာသီရိဟာ ပြီးခဲ့နှစ်က ရဲဘက်စခန်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အခု အိန္ဒိယနိုင်ငံကို ရောက်နေပါတယ်။ ဦးပညာသီရိကတော့ အခုလိုလွှတ်ပေးတာဟာ တကယ့်စေတနာမှန်မဟုတ်တဲ့အတွက် ဝမ်းသာစရာမဟုတ်ကြောင်း ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးသင့်ကြောင်း မိန့်ကြားပါတယ်။

ဦးပညာသီရိ။ ။ “အများအမြင်ကတော့ ဝမ်းသာစရာလို့ မြင်ကောင်းမြင်မယ်ဗျာ၊ ဒါပေမဲ့ ဦးဇင်းတို့ အမြင်ကတော့ ဝမ်းသာစရာလည်း မလိုဘူး။ ကျေးဇူးတင်စရာလည်း မလိုဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ဦးဆောင်ခဲ့ကြတဲ့ ဆရာတော် သံဃာတော်တွေကို နှစ်ရှည်ထောင်ဒဏ်တွေချပြီး နယ်စွန်နယ်ဖျားတွေပို့ပြီးကာမှ အခုလောက်လေး လျှော့ပေးတာလေးကိုတော့ ကျေးဇူးတင်စရာ မလိုပါဘူးဗျ။ တကယ်လို့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုလို့ရှိရင် ဆရာတော် ဦးဂမႝီရတို့၊ ဘုန်းကြီးအုပ်တွေတို့ ဆရာကြီးဆရာလေးတို့ကို လွှတ်ပေးရမှာ ဖြစ်တယ်၊ ဒါမှသာလျင် တကယ်ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာ သက်သေပြရာ ရောက်မယ်လေ။”

အခုလက်ရှိ သာသနာ့ဦးသျှောင် အိန္ဒိယ ဌာနခွဲရဲ့ အတွင်းရေးမှူး ဆရာတော်လည်းဖြစ် သံဃလှုပ်ရှားမှုမှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ အရှင်ပညာသီရိ မိန့်ကြားသွားတာပါ။ ပြီးခဲ့တဲ့လတုန်းကလည်း သံဃာ့လှုပ်ရှားမှုဦးဆောင် ဆရာတော်တဦးဖြစ်တဲ့ အရှင်ဂမ္ဘီရကို ထောင်ဒဏ် ၅နှစ် လျှော့ပေါ့ပေးခဲ့ပါသေးတယ်။