Sunday, July 19, 2009

ရန်ကုန်ကအာဇာနည်နေ့


NLD statement on 19th July 2009






အာဇာနည်နေ့ အခမ်းအနား ဒီချုပ် ကျင်းပ
ကိုဝိုင်း
တနင်္ဂနွေနေ့၊ ဂျူလိုင်လ 19 ရက် 2009 ခုနှစ် 20 နာရီ 34 မိနစ်


မဇ္ဈိမ (ချင်းမိုင်)။ ။ ယနေ့ကျရောက်သည့် ၆၂ နှစ်မြောက် အာဇာနည်နေ့ အောင့်မေ့ဘွယ် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-အန်အယ်ဒီ ရန်ကုန်ဌာနချုပ်၌ ယနေ့ အောင်မြင်စွာ ကျင်းပခဲ့သည်။

အခန်းအနား တက်ရောက်သူ (၁၅ဝ-၂ဝဝ) ခန့်ရှိပြီး အနောက်တိုင်း သံတမန်များသာ လာရောက်ကြပြီး အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့-အာဆီယံ သံတမန်များ လာရောက်ခြင်း မရှိကြောင်း အန်အယ်ဒီက ပြောသည်။

“ကျင်းပတာကတော့ ခါတိုင်းလိုပါပဲ။ သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး။ သံတမန်တွေလည်း လာပါတယ်။ အနောက်တိုင်း သံတမန်တွေပါပဲ။ အာဆီယံ သံတမန်များ မလာကြပါဘူး။ နောက်ပြီးတော့ ဝါရင့် လုပ်ဖော်ကိုင်ဖက်တွေ၊ စီအာပီပီ အဖွဲ့တွေ၊ တိုင်းရင်းသား ပုဂ္ဂိုလ်တွေပေါ့လေ” ဟု အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက မဇ္ဈိမသို့ ပြောသည်။

နေ့လည် ၁၂ နာရီခွဲတွင် အာဇာနည်နေ့ အခန်းအနားကို ကျင်းပခဲ့ပြီး သဘာပတိအဖြစ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှဖေက ဆောင်ရွက်သည်။

စာမျက်နှာ ၅ မျက်နှာပါ အာဇာနည်နေ့ အထူးကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

အာဇာနည်နေ့ ကျင်းပမှုနှင့် ပတ်သက်၍လည်း ဦးခင်မောင်ဆွေက “လွမ်းဆွတ် သတိရတဲ့အနေနဲ့ အာဇာနည်နေ့ ဒို့မမေ့ ဆိုပြီးတော့ ကျင်းပလာခဲ့ကြတာ။ အာဇာနည်ကြီးတွေဟာ ပြည်သူ့အကျိုးကို လက်တွေ့ သယ်ဆောင်နေဆဲမှာပဲ ကျဆုံးသွားတဲ့အတွက် ဒါ ပြည်သူ့အကျိုးကို သယ်ဆောင်ရင်း ကျဆုံးသွားရတယ်ဆိုပြီး အန်ကယ်တို့ ဂုဏ်ယူပြီးတော့ အမှတ်တရ ကျင်းပဖို့လည်း လိုပါတယ်” ဟု ပြောသည်။

ယနေ့ကျရောက်သည့် ၆၂ နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများအား အလေးပြုနိုင်ရန် အာဇာနည် ကုန်းသို့ သွားရောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်အိကျီဝတ်ထားသူ အဖွဲ့ချုပ်အဖွဲ့ဝင်များမှာ ဝင်ရောက်ခွင့် မရခဲ့ကြောင်း အန်အယ်ဒီအဖွဲ့ဝင်တဦးက ပြောသည်။

“အဖွဲ့ချုပ်အဖွဲ့ဝင်တွေ အာဇာနည်ကုန်း သွားကြတာပေါ့။ အာဇာနည်ကုန်းတက်တာ အဖမ်းအဆီးတော့ မရှိဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ပုံ စတေကာနဲ့ တီရှပ်နဲ့လူတွေကို ပေးမဝင်ဘူး။ အန်အယ်ဒီ တံဆိပ် အပါအဝင် ဘာတံဆိပ်မှ တပ်ခွင့်မရှိဘူး။ အလွတ်ဆိုရင်တော့ တက်ခွင့်ပေးတယ်။ အဲဒါကြောင့် အလေးမပြုပဲ ပြန်လာရတဲ့လူတွေ အများကြီးပဲ” ဟု သူက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ ဖြစ်ကြသည့် သခင်မြ၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ စပ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးအုန်းမောင် စသည့် ဝန်ကြီး (၇) ဦး အပါအဝင် သက်တော်စောင့် ရဲဘော်ကိုထွေးတို့သည် ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁ဝနာရီ ၃၇ မိနစ်တွင် နိုင်ငံရေးပြိုင်ဘက် ဂဠုန်ဦးစော၏ ခိုင်းစေချက်ဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ့ အာဘော်၌ “မြန်မာ့ လွတ်လပ်ရေးရရှိရန် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု အင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ချိန်၌ အာဇာနည်ပုဂ္ဂိုလ်များသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် နယ်ချဲ့ လက်ပါးစေ တို့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်” ဟုသာ ထည့်သွင်း ဖော်ပြထားသော်လည်း အာဇာနည်ကြီးများ၏ အမည်များကိုပင် ဖော်ပြထားခြင်း မရှိပေ။

သတိရ အောင့်မေ့သည့် အနေဖြင့် ယခင်ကာလများက နိုင်ငံတဝန်း ပြုလုပ်ခဲ့သော ဥသြဆွဲ အလေးပြုသည့် အလေ့အထကိုလည်း စစ်အစိုးရက မပြုလုပ်သည်မှာ ကြာပြီဖြစ်သည်။

ထို့အပြင် ဝမ်းနည်းသည့် အထိန်းအမှတ်အဖြစ် အလံတဝက်ထူသည်ကိုပင် မပြုလုပ်ကြသော အစိုးရဌာနများပင် ရှိလာပြီဖြစ်သည်။

အာဇာနည်နေ့ အခမ်းအနားရန်ကုန်တွင် လူ၆၀ ကျော်ခန့် ဖမ်းဆီးခံရ
၁၉ ဇူလိုင် မယ်ဆရီယန်၊၊ ၊Freedom News Group
Opposition Deatins 62 Anniverssary of Burma Martyr’s Day

ရန်ကုန် အာဇာနည်နေ့ အခမ်းအနား အတွက် လမ်းများပိတ်ဆို့ ထားသဖြင့် အများပြည်သူသွားလာရေး အဆင်မပြေဟု သိရသည်။ ထို ကဲ့သို့  မြေနီကုန်း လမ်းဆုံ မှ စတင်ပိတ်ထားသော လမ်းများမှာ ညနေ သုံးနာရီထိ ဖွင့် လျှစ်ခြင်းမရှိ သေးဟု သိရသည်။
တာဝ နှင့် အခြားတက္ကသိုလ်မှ ကျောင်းသား ၁၅ ယောက် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲဝင် လူငယ် အယောက် ၅၀ ကျော်တို့ ကို အာဇာနည် ကုန်း အနီး ၊လင့်လမ်း နှင့် ဦးထောင်ဗိုလ်လမ်းတို့ တွင်ဖမ်းဆီးခဲ့သည် ဟု သတင်းရရှိသည်။

၆၂ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား တွင် စစ်အစိုးရ ကိုယ်စား ရန်ကုန် မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း တက်ရောက်၍ လွမ်းသူပန်းခွေချ၍ ဂုဏ်ပြုအခမ်းအနားဖြင့် အလေးပြုခဲ့သည်။အာဇာနည် နေ့ အခမ်းအနားသို့ နိုင်ငံခြားသံတမန်များ စုံညီစွာတက် ရောက်ခဲ့ကြသည်။

အာဇာနည်နေ့ အခမ်းအနားသို့ မြန်မာ စစ်အစိုးရ ခေါင်းဆောင်များတက်ရောက်၍ ဂါရ၀ ပြုခြင်းမရှိသည် မှာ ဆယ်နှစ်နှစ် နှစ်ခုနီးပါး ရှိသွားပြီဖြစ်သည်။

အာဇာနည်နေ့ အလေးပြုသူ ၅၀ ခန့် အဖမ်းခံရ
Sunday, 19 July 2009 21:29 ကြည်ဝေ .အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ သွားရောက်ပြီး အလေးပြုရန် ကြိုးပမ်းခဲ့သူ ၅၀ ၀န်းကျင်ခန့် နံနက် ၁၁ နာရီ ခန့်တွင် ဖမ်းဆီးခံရကြောင်း သိရသည်။ အဖမ်းခံရသူများအနက် အများအပြားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဖြစ်သည်ဟု သိရသည်။

“အာဇာနည်နေ့ သွားပြီး အလေးပြုတဲ့ လူ ၅၀ လောက် အဖမ်းခံလိုက်ရတယ်၊ နော်အုန်းလှ ခေါင်းဆောင်တဲ့ အဖွဲ့ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်တချို့ ပါတယ်၊ တခြား အရပ်သားတွေလည်း ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်တဦးက ဆိုသည်။

အာဇာနည်ဗိမာန်တွင် ပြုလုပ်သော အခမ်းအနားသို့ ပြည်ထဲရေး ၀န်ကြီးဌာနက တရားဝင် ဖိတ်ကြားထား သူများသာ တက်ရောက်ခွင့် ရကြသည်။

“အာဇာနည်ကုန်းထိပ် မရောက်ခင်ကတည်းက လမ်းမှာ စောင့်တားတယ်။ ပြည်ထဲရေးက ဖိတ်ထားတဲ့ သတင်းထောက် တချို့က လွဲပြီး အခြား ပြည်တွင်း သတင်းထောက်တွေကိုလည်း ၀င်ခွင့်မပြုဘူး၊ အာဇာနည်ကုန်းနားကို ဘယ်သူ့ကိုမှ ပေးမ၀င်တာ၊ ၀င်လာတဲ့သူတွေကိုလည်း အမေးအမြန်းမရှိ ဖမ်းထားလိုက်ကြတယ်” ဟု ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

အာဇာနည်ကုန်းသို့ ချည်းကပ်ရာလမ်းများအပြင်၊ အာဇာနည်ကုန်းဘေးရှိ ရွှေတိဂုံဘုရား စောင်းတန်း ၄ ခုတွင်လည်း လုံခြုံရေးများ တင်းကျပ်စွာ ချထားသည်ကို တွေ့ရပြီး၊ မသင်္ကာသူများအား မေးမြန်း စစ်ဆေးခြင်းလျက်ရှိကြောင်း၊ ကင်မရာပါသူ အချို့အား စစ်ဆေးမေးမြန်းရန် အတွက်ဟု ဆိုကာ ခေါ်ဆောင်သွားသည်ကိုလည်း တွေ့မြင်ရကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

NLD ကလည်း ၆၂ နှစ်မြောက် အာဇာနည်နေ့ကို ဌာနချုပ်ရုံးတွင်လည်း ကျင်းပလျက်ရှိသည်။ အဆိုပါ ရုံးရှေ့နှင့် အနီးတ၀ိုက်တွင်လည်း စစ်သားများ၊ ယူနီဖောင်းဝတ်ရဲများ၊ အရပ်ဝတ်ရဲများ၊ စွမ်းအားရှင်များ၊ ကြံ့ဖွံ့များ အပါအ၀င် စုစုပေါင်း ၁၀၀၀ ၀န်းကျင်ခန့်ဖြင့် လုံခြုံရေးချထားသည်ကို တွေ့မြင်ရသည်။

“မနက်က သံယာ ၅ ပါးကို အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ဆွမ်းကပ် အမျှဝေတယ်၊ ပြီးတော့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်တွေကို တမိနစ် ငြိမ်သက်ပြီး အလေးပြုတယ်၊ နေ့လည် ၁၂ နာရီမှာ အာဇာနည်နေ့ အခမ်းအနား စတယ်” ဟု ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့မှ ဒေါ်မြင့်မြင့်စိန်က ပြောသည်။

အာဏာပိုင်တို့ကလည်း အဖွဲ့ချုပ်ရုံးရှေ့သို့ သွားရောက်ပြီး အဖွဲ့ချုပ်ရုံး အာဇာနည်နေ့ အခမ်းအနား ကျင်းပရာသို့ လာရောက်ကြသော အဖွဲ့ဝင်များ၊ သတင်းထောက်များ၊ ဧည့်သည်များကို ဓာတ်ပုံ နှင့် ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ကြသည်ကို တွေ့ရသည်။

အာဇာနည်နေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖော်ကိုင်ဖက်များ လုပ်ကြံခံရသည့် နှစ်ပတ်လည် နေ့ ဖြစ်သည်။


အာဇာနည်နေ့ လုံခြုံရေး တင်းကျပ်

19 July 2009


ဒီနေ့ကျရောက်တဲ့ ၆၂ကြိမ်မြောက် အာဇာနည်နေ့မှာ ဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုဖို့ သွားရောက်ခဲ့ကြတဲ့ လူတချို့ကို အလေးမပြုနိုင်လောက်အောင် အခြေအနေတွေကို ဖန်တီးထားပြီး တမြို့လုံးမှာ စစ်ဘက်၊ ရဲဘက်နဲ့ စွမ်းအားရှင် လုံခြုံရေးများ ချထားတာတွေဟာ လမ်းသွားလမ်းလာတွေထက်တောင် အဆမတန် ပိုမိုများပြားနေတယ်လို့ ရန်ကုန်မြို့ခံတဦးက ဆိုပါတယ်။ ဦးရော်နီငြိမ်းက မေးမြန်းထားပါတယ်။

“လမ်းဆုံကစပြီး ပိတ်ထားပါတယ်။ သံဆူးကြိုး ၃ထပ်လောက်ရှိပါတယ်။ ပိတ်ထားပါတယ်။ သံဆူးကြိုး အ၀င်ဝ မရောက်ခင် ဘယ်ဘက်ခြမ်းမှာလည်း ကားလမ်းမပေါ် ခေါင်းထိုးပြီး အဆင်သင့်ရပ်ထားတဲ့ ရဲကား အစီးရေ ၁၅စီး၊ အစီး ၂၀ ရှိပါတယ်။”

ရော်နီငြိမ်း။ ။ ပိတ်ထားတယ်ဆိုတာက သာမာန် ပြည်သူလူထု မလာစေချင်လို့လား။ လုံခြုံရေး သဘောအရလား၊ ဒါမှမဟုတ် မလာရဲအောင် ကြောက်အောင် လုပ်ထားတာလား၊ ဟန်ပြပဲ ဖွင့်ထားတာလား။ ဘယ်လို သဘောလဲ။

“သာမာန် ပြည်သူလူထု တယောက်အနေနဲ့ သွားဖို့ ဘယ်လိုမှ ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အများကြီး လက်နက်ကိုင်တွေ စောင့်ထားကြားထဲက ဂိတ်ဝ အ၀င်အထွက် ၂ခုမှာ လူဝင်ထွက်လို့ရအောင်ပဲ ဟထားပေးတယ်။”

ရော်နီငြိမ်း။ ။ ၀င်တဲ့နေရာမှာ အစစ်အဆေးက ဘယ်လို ရှိသလဲ။

“ရှိတာပေါ့။ အဲဒီမရောက်ခင် တလန်လောက်အလိုမှာပဲ လုံခြုံရေးတွေက ဘယ်သွားမှာလဲ။ ဘာလုပ်မှာလဲ။ စမေးပါတယ်။ ကျွန်တော်ကလည်း အာဇာနည် ကုန်းကို နိုင်ငံသား တယောက်အနေနဲ့ အလေးပြုချင်လို့ပါလို့ ပြောတော့။ စစ်ဆေး စောင့်ကြပ်တဲ့နေရာမှာ ပြောပြရပါတယ်။ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အသက်၊ အကုန်လုံးကို မေးပါတယ်။”

ရော်နီငြိမ်း။ ။ အလေးပြုတဲ့အချိန်မှာ ဘာအနှောက်အယှက် ရှိလဲ။

“မရှိဘူး။ ၀င်တာ စစ်တာ လမ်းတလျှောက်မှာတော့ လက်တချင်း ချိတ်လောက်နည်းနည်း အပြည့်စောင့်နေတာကို တွေ့ရတယ်။ တယောက်နဲ့ တယောက်က လေးပေလောက် တန်းစီ ဘေး ဘယ်ညာမှာ သံဆူးကြိုးစတဲ့နေရာကအစ ဟိုးအထဲအထိ ဗိမာန် ရင်ပြင်ထိ အရောက် တလျှောက်လုံး အပြည့်ရှိပါတယ်။”

ရော်နီငြိမ်း။ ။ဖမ်းတာဆီးတာရော ကြားမိသေးသလား။ ရန်ဖြစ်လို့ပဲဖြစ်ဖြစ်၊ တိုးကြခွေ့ကြလို့ဖြစ်ဖြစ်၊ ဒါမှမဟုတ် လာချင်တဲ့သူနဲ့ မလားရဘူးဆိုတဲ့ တားဆီးတဲ့လူတွေ ကြားမှာရော ပြဿနာဖြစ်တာမျိုး။

“ကျွန်တော်သိရသလောက်တော့ မရှိပါဘူး။ ကြည်ကြည်ဖြူဖြူရယ်လို့လည်း မဟုတ်ပါဘူး။ သူတို့လည်း တာဝန်အရ လုပ်ရတဲ့သဘောပါ။ ”
ရော်နီငြိမ်း။ ။ ရန်ကုန်မြို့ရဲ့ အခြေအနေ ဘယ်လိုရှိသလဲ။

“လူတွေက မိုးကလည်း တအားရွာတယ်။ မသိတဲ့သူလည်း များပါလိမ့်မယ်။ ဒီနေ့ဘာနေ့မှန်းတောင် သတိမပြုနိုင်အောင်ဖြစ်နေတယ်။ လမ်းစုံလမ်းဂွတိုင်းမှာ မျက်နှာစိမ်းတွေ၊ စွမ်းအားရှင်တွေပေါ့၊ သူတို့ စောင့်နေတာတွေ့ရတော့ နေ့ထူးနေ့မြတ်ဆိုတာ သိရပါတယ်။

နာရေးကူညီမှု အသင်း၏ သုခ ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်းဖွင့်လှစ်
၁၉ ဇူလိုင် ရန်ကုန် ၊ ၊Freedom News Group

Thu Kha Free Clinic Opens


ဆေးရုံတစ်ခုပမာ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်သည့် သုခကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဓာတ်ပုံ-စနေငချွတ်
နာရေးကူညီမှု အသင်း၏ သုခကုသိုလ် ဖြစ်အခမဲ့ဆေးခန်းဖွင့် ပွဲ ကို ယနေ့ အာဇာနည်နေ့ မနက်ကမြောက်ဒဂုံ ရှိ ဆေးခန်းသစ် တည်ရှိရာတွင် ကျင်းပခဲ့သည်။သုခ ကုသိုလ် ဖြစ်အခမဲ့ဆေးခန်းသည်ယခင်ကသင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ဗြဟ္မဝိဟာရ ကျောင်းတိုက်တွင် စတင် ဖွင့်လှစ်ခဲ့ သော်လည်း မူလနေရာ တွင်ဖွင့် လှစ်ခြင်းမပြု ခဲ့သည့် အတွက် ပြောင်းရွှေ့ ဖွင့် လှစ်ရခြင်းဖြစ်သည်
ဟု ၂၀၀၁ ခုနှစ်တွင် နာရေးကူညီမှု အသင်းကို စတင် တည်ထောင်ခဲ့သူ ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ က ဆေးခန်းဖွင့် လှစ်ပွဲတွင် ပြောသည်။

မြောက်ဒဂုံရှိ ပလတ်စတစ် အမှိုက်ပုံပေါ်တွင် တည်ဆောက်ထားသည့် သုခ ကုသိုလ်ဖြစ်ဆေးခန်းအတွက် ကျပ်ငွေ သိန်း၁၅၀၀ကျော်ကုန်ကျသည်။ဆေးခန်းမတည်ဆောက်ခင်က အမှိုက်ပုံမြေနေရာ ဆေးရုံတည်ဆောက်ထားသည့် နေရာတွင် လျှပ်စစ်မီး တစ်လိုင်းသာရှိသဖြင့် နေ့ ခင်းအချိန်များအတွက်မီးစက် ကိုသာ အဓိကအားထားရကြောင်းသိရသည်။

သုခ ကုသိုလ်ဖြစ်ဆေးခန်းတွင် ဆရာဝန် အယောက် ၃၀ ခန့် နှင့် ကျန်းမာရေးဝန်ထမ်းများမှာ စေတနာ့ ၀န်ထမ်းကူညီ သူများဖြစ်သည် ဟု သိရသည်။နာရေးကူညီ မှု အသင်း ရုံးခန်းကိုလည်း ဆေးခန်းနေရာတွင် ပင်ဖွင့်လှစ်ထားရှိသည်။

သုခ ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်းတွင် လူမျိုးမရွေး၊ဘာသာမရွေး အခမဲ့ ကုသ နိုင်ပြီး လိုအပ်ပါကဆေးရုံကြီးများတွင် ဆက်လက် ကုသနိုင်ရန် လွှဲပြောင်းပေးမည်ဖြစ်သည်။အသေးစားခွဲ စိတ်ကုသမှုလုပ်ငန်းများကို လည်း ထိုဆေးခန်းမှာပင် ဆောင်ရွက်ပေးနိုင်သည်။

ပေနှစ်ဆယ်ကျော် တူးသော်လည်းမြေသားမတွေ့ ရသည့် ပလတ်စတစ် အမှိုက်ပုံမြေနေရာဆေးခန်းဖွင့် လှစ်ပွဲသို့ အများလေးစားကြည်ညိုခြင်းခံရသည့်  လူပုဂ္ဂိုလ်၊ရဟန်း ပုဂ္ဂိုလ် များ၊စာပေပညာရှင် ၊အနုပညာရှင် များနှင့် စာနယ်ဇင်း ဆရာ ဆရာမ များတက်ရောက်ခဲ့ကြသည်။

ပေနှစ်ဆယ်ကျော် တူးသော်လည်းမြေသားမတွေ့ ရသည့် ပလတ်စတစ် အမှိုက်ပုံမြေနေရာ

ဆေးခန်းမတည်ဆောက်ခင်က အမှိုက်ပုံမြေနေရာ

ဆေးရုံတစ်ခုပမာ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်သည့် သုခကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဓာတ်ပုံ-စနေငချွတ်

(၆၂)နှစ်မြောက်အာဇာနည်နေ့အခမ်းအနား(ဂျပန်နိုင်ငံ)



မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(နဂိုယာ)ဂျပန်မှဦးစီးကျင်းပသော(၆၂)နှစ်မြောက်အာဇာနည်နေ့
အခမ်းအနားအားဂျပန်နိုင်ငံ-ရှီဇုအိုကာခရိုင်-ဟာမမမတ်ဆုမြို့ 
(ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗိုလ်မှူးကြီးစူဇူကီး)တို့ တွေ့ ဆုံခဲ့သည့်နေရာ၌ ဂျပန်နိုင်ငံ
(တိုကျို နှင့် နဂိုယာ) မြို့ တို့ မှမြန်မာ့ဒီမိုကရေစီအရေးလှူပ်ရှားသူ
အင်အား(၁၀၀) ခန့် တက်ရောက် ပါဝင်ဆင်နွဲခဲ့ကြပါသည်။ ။

KSOE-( www.ldb-nagoya.blogspot.com/ )

စုံထောက်ရှံစားနှင့်ကြက်တော



ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံများ

KNLA retaken 102 Bat from DKBA


အာဇာနည်နေ့

အလေးပြုပါတယ်(မေလှမြိုင်)