Sunday, August 2, 2009

သန်းရွှေဘယ်လမ်းလိုက်မလဲ

18013291 Gen Than Shwe Which Way Will You Choose

တာရာမင်းဝေကွယ်လွန်ခြင်း၂နှစ်ပြည့် အမှတ်တရ စာအုပ် ကလေး



မိတ်ဆွေများခင်ဗျား၊
တာရာမင်းဝေ အမှတ်တရ စာအုပ် ကလေး ကို ဒီ Email နဲ့ အတူ ပို့လိုက်ပါတယ်၊အမှား အယွင်း များရှိရင်လဲ သီးခံပေးကြပါ၊ နီးစပ်ရာ မိတ်ဆွေများကို လဲ ဖြန့်ချိပေးကြပါ၊ ပြည်တွင်းကို လဲ ရောက်အောင် ပို့ပေးကြပါ၊ပုံနှိပ်စာအုပ်ကတော့ စက်တင်ဘာ လ လောက်မှ ရမှာပါ၊စာအုပ်ကလေး သပ်သပ်ရပ်ရပ် ဖြစ်လာအောင် စိတ်ရှည်လက်ရှည် ပြင်ဆင် ဖွဲ့စည်း ပေးကြတဲ့၊ ကိုမောင်ရစ်၊ ကိုဦး၊ မသန္တာ နဲ့ မိုးမခ အဖွဲ့သားများကိုလဲ ကျေးဇူးတင်ရပါတယ်၊
ခင်ဗျား တို့ အားလုံးရဲ့ မေတ္တာ နဲ့ တာရာမင်းဝေ တစ်ယောက် တမလွန် မှာ ငြိမ်းချမ်း အေးမြနေပါလိမ့်မယ်၊
BOOK DOWNLOAD HERE
လေးစားစွာဖြင့်--

ရွှေနန္ဒ
http://shwenanda.blogspot.com/


BEYOND RANGOON(1995 MOVIE)


file1
file2
file3
file4
file5
file6
file7
file8
file9
file10
file11
file12
file13
file14
DVD အခွေပြုလုပ်ရန်

NLD-CEC-သဘောထားအမြင်များ

Burma

မြန်မာ့အဏုမြူစီမံကိန်း ထုတ်ဖေါ်မှု



မူရင်း။ Brisbane Times

အရေးပါသော ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသူ ပညာရှင်များ၏ထွက်ဆိုချက်အရ မြန်မာပြည်မှ အထီးကျန်စစ်ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏အကူအညီဖြင့် လာမည့်ငါးနှစ်တာကာလအတွင်း ပထမဆုံးအဏုမြူဗုံးထုတ်လုပ်နိုင်ရန်အတွက် လျှို့ဝှက်အဏုမြူဓါတ်ပေါင်းဖိုနှင့် ပလူတိုနီယံဒြပ်စင်ထုတ်စက်ရုံများကို တည်ဆောက်လျက်ရှိကြောင်း သံတော်ဆင့်သတင်းတွင် ဖေါ်ပြထားသည်။

အဆိုပါလျှို့ဝှက်စက်ရုံများ၏ အစိတ်အပိုင်းအများစုကို မြန်မာပြည်မြောက်ဖျား၏ နောင်လိုင်အင် Naung Laing ခေါ်ဒေသရှိ တောင်များတွင် မြေအောက်ဥမင်များတူးလျက် ဆောက်လုပ်နေပြီး ရုရှားနှင့်ဆောက်လုပ်နေသော နိုင်ငံတကာ၏ကြပ်မတ်မှုအောက်တွင် ထားရှိပါမည်ဟုသတင်းလွှင့်ထားသည့် အခြားဓါတ်ပေါင်းဖိုတစ်ခုနှင့် အပြိုင်ဆောက်လုပ်ထားကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်ခန့်မှစတင်၍ သြစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ်မှ မဟာဗျူဟာပါရဂူ Desmond Ballနှင့် ထိုင်းအခြေစိုက်သတင်းစာဆရာ Phil Thorntonတို့က မြန်မာနိုင်ငံမှ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသူ ပညာရှင်နှစ်ဦးကို ထိုင်းနိုင်ငံတွင် သီးခြားစီ စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

တစ်ဦးမှာ မြန်မာစစ်တပ်၏ လျှို့ဝှက်အဏုမြူတပ်ရင်းမှ အရာရှိတစ်ဦးဖြစ်ပြီး မော်စကိုတွင် နှစ်ခန့်ပညာတော်သင်သွားရောက်ခဲ့ဖူးသည်။ အခြားတစ်ဦးမှာယခင်ကမြောက်ကိုရီးယားနှင့်ရုရှားနိုင်ငံတို့နှင့်အဏုမြူကိစ္စရပ်များကိုကိုင်တွယ်နေသောထူးထရေးဒင်း၏အမှုဆောင်တစ်ဦးဖြစ်ကြောင်းသိရသည်။

၎င်းတို့၏ပြန်လည်ပြောပြချက်များသည် အာရှနိုင်ငံများကို ဂယက်ရိုက်သွားစေခဲ့ပြီး ''အထောက်အထားတွေကတော့ ပဏာမအဆင့်မှာပဲရှိသေးပြီး အတည်ပြုချက်ယူဖို့လိုပါသေးတယ်။ ဒါပေမယ့်ဒီကိစ္စဟာ ဒေသန္တရလုံခြုံရေးအတွက် လက်ရှိအခြေအနေကို ပြောင်းလဲစေမယ့်အရာတစ်ခုဖြစ်ပါတယ်''ဟု ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ခေါင်းဆောင် Thitinan Pongsudhirak ကပြောကြားခဲ့သည်။

အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ချက် ၇ ချက်



အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း။
၁၉၄၇ ခု၊ ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသည် တိုင်းပြုပြည်ပြု လွတ်တော် အစည်းအဝေး စတုတ္ထနေ့တွင် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း တင်သွင်းခဲ့တဲ့ "လွတ်လပ်သည့် အချုပ်အချာ အာဏာပိုင် မြန်မာ နိုင်ငံတော် အတွက် ရေးဆွဲရမည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန် ပြဋ္ဌာန်းချက် ၇ ချက်" ကို (နံသာတိုက်၊ နိုင်ငံရေး ဆိုင်ရာ စာပေ ခွင့်ပြုချက် အမှတ် (၃၂၆/က) ဖြင့် ၁၉၆၈ ခုနှစ်မှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိ ခဲ့သည့်) ရဲဘော် လှမျိုးရဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်းဝင် စာချုပ် စာတမ်းများ' စာအုပ်မှ ပြန်လည် ကူးယူ ဖော်ပြ လိုက်တာ ဖြစ်ပါတယ်။ (မှတ်ချက် - တိုင်းပြုပြည်ပြု လွတ်တော် အစည်းအဝေးကို ဇွန်လ ၁ဝ ရက် အင်္ဂါနေ့မှ ၁၈ ရက် ဗုဒ္ဓဟူးနေ့ထိ ၆ ရက်ကြာ ကျင်းပခဲ့ပြီး၊ ဖဆပလ ပဏာမ ညီလာခံက ရေးဆွဲခဲ့တဲ့ ပြည်ထောင်စု တည်ထောင်ပုံ မူကို အကြမ်းအားဖြင့် လက်ခံ အတည်ပြု ခဲ့ကြတယ်။)


ဗိုလ်ချုပ်၏ လမ်းညွှန် ၇ ချက်

တောင်တန်း ဒေသ များနှင့် ကရင်နီ နယ်များ အပါအဝင် ဖြစ်သော မြန်မာ နိုင်ငံတော်သူ နိုင်ငံတော်သား တို့၏ ကိုယ်စားလှယ် များသည် တိုင်းသူ ပြည်သား တို့၏ အာသီသ ဆန္ဒနှင့် လျော်ညီစွာ၊ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို စီစဉ် ရေးဆွဲရန် အလို့ငှာ၊ စုံညီ စုဝေး ကြလျက် အောက်ပါ ပြဋ္ဌာန်းချက် များကို ချမှတ် ကြကြောင်း။


(၁) နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် မြန်မာ ပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင် စေသော လွတ်လပ်သည့် အချုပ်အချာ အာဏာပိုင် သမ္မတ နိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဖြစ်စေ ရမည်။ ထို့ပြင် -


(၂) ပြည်ထောင်စု နိုင်ငံတွင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေက သတ်မှတ် ဖော်ပြသည့် တသီး ပုဂ္ဂလ ပြည်နယ်များ ပါဝင် စေလျက်၊ သို့ သတ်မှတ် ဖော်ပြသည့် တသီး ပုဂ္ဂလ ပြည်နယ် များသည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် သတ်မှတ် ဖော်ပြ ထားသည်နှင့် အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေး အာဏာ ရရှိ စေရမည်။ ထို့ပြင် -


(၃) အချုပ်အချာ အာဏာပိုင် လွတ်လပ်သော သမ္မတ မြန်မာ နိုင်ငံတော်နှင့် တကွ၊ အပါအဝင် ဖြစ်သည့် ပြည်နယ် များနှင့် အစိုးရ အဖွဲ့အစည်း အားလုံး တို့၏ အခွင့်အာဏာ ဟူသမျှ တို့သည် တိုင်းသူ ပြည်သားတို့ ထံမှ သက်ဆင်း စေရမည်။ ထို့ပြင် -


(၄) ပြည်ထောင်စု နိုင်ငံတော်၏ တိုင်းသူ ပြည်သား မှန်သမျှသည် လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌ လည်းကောင်း၊ နိုင်ငံရေးရာ၌ လည်းကောင်း၊ တရား မျှတမှု ရှိစေလျက်၊ အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေ သက်ရောက်မှု တို့တွင် ဆူကြုံ နိမ့်မြင့် မရှိ၊ ပကတိ တူညီ စေရမည့်ပြင်၊ တရား ဥပဒေနှင့် သော်လည်းကောင်း၊ အများ ပြည်သူတို့ စောင့်စည်း အပ်သော အကျင့် သိက္ခာနှင့် သော်လည်းကောင်း၊ မဆန့်ကျင့် သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူ ဆောင်ရွက် ပိုင်ခွင့်တို့ ရရှိ တည်မြဲ စေရန် အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် အခိုင်အလုံ သတ်မှတ် ထားရှိ စေရမည်။ ထို့ပြင် -


(၅) ဤဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် လူနည်းစုများ အဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်း ပြဋ္ဌာန်း ထားရှိ စေရမည်။ ထို့ပြင် -


(၆) လွတ်လပ်သော အချုပ်အချာ အာဏာပိုင် သမ္မတ မြန်မာနိုင်ငံ၏ နယ်မြေတို့ တပေါင်း တစည်းတည်း တည်တံ့ ခိုင်မြဲရေးကို လည်းကောင်း၊ နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အချာ စိုးမိုး အုပ်ချုပ် ပိုင်ခွင့်ကို လည်းကောင်း၊ တရား ဓမ္မနှင့် တကွ ပြည်ထောင်စု ချင်းချင်း ဥပဒေ အရ ထိန်းစောင့် ထားရှိ စေရမည်။ ထို့ပြင် -


(၇) ရာဇဝင်တွင် ထင်ရှား ခဲ့သော ဤ မြန်မာ နိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ် ကြက်သရေနှင့် လျော်စွာ ရသင့် ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိ စေရမည့် အပြင် လူသတ္တဝါ တို့၏ တိုးတက်ရေးနှင့် ကောင်းကျိုး ချမ်းသာ ပြည့်ဝရေး တို့ကို တာဝန် အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွမ်း ထမ်းရွက်ကာ ပြည်ထောင်ချင်းချင်း ဆိုင်ရာ တရား ဓမ္မနှင့် ကျင့်ဝတ် သိက္ခာကို အခြေခံ ပြု၍ ကမ္ဘာ့ ငြိမ်းချမ်းရေး ရှေ့ရှုလျက် နိုင်ငံတကာ တို့နှင့် မိတ်ဝတ်မပျက် တွဲဘက် ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်း တော့အံ့။


သည်အဆိုကို ကျွန်တော် တင်သွင်း ရတဲ့ အကြောင်း ကတော့ကာ ကျွန်တော်တို့ အနယ်နယ် အရပ်ရပ်က လူမျိုးစုံ ကိုယ်စားလှယ်တို့ အစ ရှိသည့် အားဖြင့် လာရောက် စုဝေး ပြီးတော့ တိုင်းပြည်ပြု လွှတ်တော် ဆိုပြီး ကျွန်တော်တို့ ဖွဲ့စည်း ပြီးတဲ့နောက် ဗမာပြည်ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲဖို့ ဆိုပြီး သည်လွှတ်တော်မှာ တာဝန် ကျလာ ပါတယ်။


ယခုလို လာပြီး ဆွေးနွေး ကြတဲ့ အခါမှာ ဘယ်လို အခြေခံနှင့် ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဘယ်လို ရေးဆွဲ မည်လဲ ဆိုတာကို ပထမ ရှေးဦးစွာ သိထားဖို့ လိုပါ လိမ့်မည်။ သည်လို အခြေခံ အချက်အလက် ဆိုပြီး၊ မသိဘဲနှင့် ကျွန်တော်တို့ ရှေ့ဆက်လက်ပြီး ဗမာပြည်ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲမယ်လို့ ရှိရင်၊ တယောက်တပေါက် ဆိုတဲ့ သဘောမျိုး ဖြစ်ပြီး ဘာမျှ အခြေခံ မရှိဘူး။ လမ်းစဉ်လည်း မရှိဘူး။ လမ်းစဉ် ညွှန်ပြထားခြင်း မရှိ ဖြစ်ပြီး တော့ကာ၊ လိုချင်ရာကို အမြန် မရမှာ မဟုတ်ဘူး။ ယခု ကျွန်တော် တင်သွင်းတဲ့ အဆိုဟာ (Directive Resolution) နောက် သည် အစည်းအဝေး မှာပဲ ခန့်ရမည့် နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲတဲ့ အဖွဲ့ အသီးသီးကို လမ်းညွှန် အမှာသဖွယ် ဖြစ်တဲ့ အဆိုသာ ဖြစ်ပါတယ်။ အဲသည် ကော်မီတီ အသီးသီး တွေက ဆက်လက်ပြီး ဗမာပြည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ထဲမှာ ဘာတွေ ထည့်သွင်းတယ် ဆိုတာ အသေးစိတ် အားဖြင့် လည်းကောင်း၊ မူအား ဖြင့်သော် လည်းကောင်း၊ သေသေချာချာ ဆွေးနွေးနိုင်တဲ့ အခါ အခြေခံ အားဖြင့် ဘယ် အပေါ်မှာ မူထားပြီး ဆွေးနွေး ရမည် ဆိုတာ သိထားမှ ဖြစ်နိုင် ပါလိမ့်မည်။ တဦးနှင့် တဦး သိရှိ ထားတာချင်း မတူလို့ ရှိလျှင် ကျွန်တော်တို့ ကော်မီတီတွေ လုပ်မည့် လုပ်ငန်း တွေဟာ အင်မတန် အခက်အခဲ တွေကို တွေ့စရာ ရှိပါ လိမ့်မယ်။ အဲသည်တော့ အခြေခံ သဘော အားဖြင့် လမ်းပြတဲ့ လမ်းညွှန်တဲ့ ဆုံးဖြတ်ချက် တခုကို တိုင်းပြည်ပြု လွှတ်တော် ကပင် ပထမ ဦးစွာ ဆုံးဖြတ်ရန် လိုပါ လိမ့်မည်။ အဲသည်လို လမ်းညွှန်တဲ့ ဆုံးဖြတ်ချက် ရပြီးမှ ကော်မတီတွေ ဖွဲ့စည်းပြီး အလုပ်ကို ဆက်လုပ် ကြပါ လိမ့်မည်။ သည်လိုမှ မဟုတ်ရင် တချို့ ကော်မတီက ‘သမ္မတ’ စနစ် အရ သဘောမျိုးနှင့် ဆွေးနွေး သွားချင်း သွားမည်။ တချို့ ကလည်း ‘ရှင်ဘုရင်’ စနစ် အရ ဆွေးနွေးမည်။ နောက်ပြီးတော့ ‘ပြည်ထောင်စု နိုင်ငံ’ သဘောကို လက်ခံတဲ့ လူတွေက လက်ခံ၊ လက်မခံတဲ့ လူတွေ ကလည်း သူတို့ သဘော အတိုင်းလုပ် ဆိုသလို ဖြစ်လျှင် အဖွဲ့မျိုးမျိုးက တိုင်းပြည်ပြု လွှတ်တော်မှာ ပြန်ပြီး အစီရင် ခံတဲ့ အခါမှာ ဆက်စပ်လို့ မရနိုင်တဲ့ အစီရင်ခံစာ အမျိုးမျိုးကို ကျွန်တော်တို့ ဘယ်လိုမှ လုပ်ပြီး ဆုံးဖြတ် တတ်မှာ မဟုတ်ဘူး။ ဒါကြောင့် သည်အခြေခံ မူကို ပြဋ္ဌာန်း ထားပြီးမှ သာလျှင် ရှေ့ဆက်ပြီး နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို စီမံ ဖန်တီးလို့ ရနိုင် ပါလိမ့်မည်။ သည်တော့ ကျွန်တော်တို့ သည်လို အခြေခံ လိုတဲ့ အတွက် သည်လွှတ်တော်တွင် သည်အဆိုကို ယခု တင်သွင်းရခြင်း ဖြစ်ပါတယ်။ သည်အဆိုကို ကျွန်တော်ပဲ စဉ်းစဉ်းစားစားနှင့် ရေးဆွဲပြီး တင်သွင်း ထားပါတယ်။ မူလ ပထမ တုန်းက ကျွန်တော် တင်သွင်း ရမည့် အဆိုဟာ ဖဆပလ ပဏာမ ညီလာခံ တုန်းက ဆုံးဖြတ်ခဲ့တဲ့ အဆိုပဲ ဖြစ်ပါတယ်။


သို့သော်လည်း အဲဒီ အဆိုကို ဖတ်ကြည့်တဲ့ အခါ၊ ပြင်စရာ လိုနေတဲ့ အချို့ အချက်အလက် တွေကို တွေ့ရ ပါတယ်။ ဖဆပလ ညီလာခံ တုန်းက ဆုံးဖြတ်ခဲ့တဲ့ အဆိုတွေနဲ့ ပတ်သက်လို့ တိုင်းပြည်ပြု လွတ်တော် ကနေ ပြီးတော့ ရိုက်ပြီး ပေးထားတဲ့ စာအုပ် ရှိပါတယ်။ အဲသည် အထဲမှာ ကြည့်မယ် ဆိုလို့ ရှိလျှင် တွေ့ရ ပါလိမ့်မည်။ အဲသည် ဆုံးဖြတ်ချက် မူကို ကျွန်တော် ပြင်ဆင် ထားတယ်။ ပြင်ထားတာ ကတော့ နိဒါန်း စကားချီးမှာ တောင်တန်း ဒေသများနှင့် ကရင်နီ နယ်များ အပါအဝင် ဖြစ်သော မြန်မာ နိုင်ငံတော်သူ နိုင်ငံတော်သား တို့၏ ကိုယ်စားလှယ် များသည် တိုင်းသူ ပြည်သား တို့၏ အာသီသ ဆန္ဒနှင့် လျော်ညီစွာ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို စီစဉ် ရေးဆွဲရန် အလို့ငှာ စုံညီ စုဝေး ကြရုံ လောက်က လွဲပြီး အခြား သဘော မပါ ဝင်အောင် ပြင်ဆင် ထားပါသည်။


ယခု (state) ဆိုတဲ့ နိုင်ငံတော်ကြီးကို ကျွန်တော်တို့ ဗမာပြည်မှာ မဖွဲ့စည်း မိကြ သေးပါဘူး။ အဲသည်တော့ ဖွဲ့စည်းမည့် နိုင်ငံတော်မှာ ဘယ်နယ်တွေ ပါမည် ဆိုတာ ကျွန်တော်တို့ ကျကျနန သတ်မှတ် ပြီးသား မဖြစ်နိုင် သေးပါဘူး။ ယခု ကျွန်တော်တို့ ဆွေးနွေးရန် အချက်ဟာ "နိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် မြန်မာ ပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင် စေသော အချုပ်အချာ အာဏာပိုင် သမ္မတ နိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဖြစ်စေ ရမည်" ဆိုတဲ့ အချက် ကိုသာ ဆွေးနွေးရန် ဖြစ်ပါတယ်။


မြန်မာ ပြည်ထောင်စု နိုင်ငံတော် ဆိုတာကို ကျွန်တော် အထူး ရှင်းပြော နေစရာ မလိုပါဘူး။ သည်နိုင်ငံတော်ကို ပြည်ထောင်စုတွေ စုထားမယ် ဆိုတဲ့ သဘောလောက် ပါပဲ။ ပြည်ထောင်စု နိုင်ငံတော် ဆိုကတည်းက ကျွန်တော်တို့ အခု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဟာ (United Constitution) လူတမျိုးတည်း ဆိုတဲ့ နိုင်ငံမျိုး မဟုတ်ဘဲနှင့် လူမျိုး ပေါင်းစုံ ပြည်ထောင်စု နိုင်ငံ ဆိုတဲ့ အဓိပ္ပာယ် ရောက်သွား ပါတယ်။ အဲသည်တော့ ကျွန်တော် ကနေပြီး၊ ပြည်ထောင်စု နိုင်ငံတော် အဖြစ် ဖွဲ့စည်း အပ်တယ်လို့ အဆို တင်သွင်းတဲ့ ကိစ္စမှာ ယခု ကြွရောက် ကြတဲ့ အမတ်မင်း များက ဗမာ နိုင်ငံတော်ကို သည်လို ပြည်ထောင်စု နိုင်ငံတော်ကြီး အဖြစ်နှင့် ဖွဲ့စည်း အပ်တယ်လို့ ဆိုတဲ့ အခြေခံ မူဟာ သင့် မသင့်ကို သည်လွှတ်တော်ကြီးက စဉ်းစားဖို့ ပါပဲ။


ကျွန်တော်တို့ အခု ဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေ တွေကို ထောက်လို့ ကြည့်လျှင် ကျွန်တော်တို့ နိုင်ငံကို ပြည်ထောင်စု နိုင်ငံတော် အဖြစ်နှင့် ဖွဲ့စည်း တည်ထောင်မှ သာလျှင် သင့်လျော် လျောက်ပတ် ပါလိမ့်မည်လို့ ယူဆတဲ့ အတိုင်း သည်အခြေခံ သဘောကို သည်အဆို ထဲမှာ ထည့်သွင်းပြီး သည်လွှတ်တော်ကြီးမှာ တင်သွင်းခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စု နိုင်ငံတော် ဆိုသည်မှာ တင်ပြထားခြင်း အားဖြင့် ယခုသည် တိုင်းပြု ပြည်ပြု လွှတ်တော်မွှွာ့ကရောက် လာကြတဲ့ တောင်တန်း ဒေသများက ကိုယ်စားလှယ် အမတ်မင်း များဟာ သည်ပြည်ထောင်စု နိုင်ငံတော်တွင် သူတို့ သက်ဆိုင်ရာ နယ်များက ပါဝင် ပြီးသား ဖြစ်သွား မည်လား ဆိုပြီး သံသယ ရှိနေတယ်လို့ ကျွန်တော် သိရ ပါတယ်။


အဲသည်တော့ သည် ကိစ္စနှင့် ပတ်သက်လို့ ကျွန်တော် တိတိလင်းလင်း ရှင်းချင်တာ ကတော့ ဗမာ ပြည်ထောင်စု နိုင်ငံတော်လို့ ခေါ်တွင်ဖို့ ဆိုပြီးတော့ သည်အဆို ထဲမှာ တင်ပြ ထားပေမည့် သည်ပြည်ထောင်စု နိုင်ငံ ထဲမှာ ဘယ်နယ်တွေ ပါလို့ ဘယ်နယ်တွေ ပါရမည်လို့ သတ်မှတ်ထားခြင်း မရှိသေး ပါဘူး။ သည်တော့ တောင်တန်း ဒေသ ကနေ ပြီးတော့ တက်ရောက် လာကြတဲ့ ကိုယ်စားလှယ်တွေဟာ ဘာမျှ သည်ကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်စရာ အလျဉ်း မရှိပါဘူး။ သည်ပြည်ထောင်စု နိုင်ငံတော် ထဲမှာ ကိုယ်ပါချင်မှ ကိုယ့်နယ် ဆိုင်ရာမှ နေပြီးတော့ ပါချင်မှ ပါနိုင် တာပဲ။ သည်တိုင်းပြု ပြည်ပြု လွှတ်တော် မဖွဲ့စည်းမီ အခါမှာ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းရန် အလို့ငှာ ကျွန်တော်တို့ သဘော တူညီချက်တွေ စာချုပ် အမျိုးမျိုး ချုပ်တဲ့ အခါတုန်းက တောင်တန်း ဒေသ ကိုယ်စားလှယ် များနှင့် ကျွန်တော်တို့ ချုပ်ဆို ခဲ့တဲ့ စာချုပ် အရ ဆိုလို့ ရှိလျှင် ဖြင့်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်း ဒေသ ဆိုင်ရာ စုံစမ်းရေး အဖွဲ့ အစီရင် ခံစာမှ ထောက်ခံချက် များကို က္ဆွန်တော်တို့ လက်ခံ လာခဲ့သည့် အတိုင်း ဖြစ်စေ၊ အဲသည်လို လက်ခံ ထားတဲ့ သည် စာသဘော တွင်မကဘဲ (Note only the letter of agreement.) သည်စာ သဘောကို ကျွန်တော်တို့ သဘော တူညီ လာခဲ့ တာတွင် မကဘဲ ကျွန်တော်တို့ အဖို့မှာ ဆိုလို့ ရှိရင် (The spirit of agreement) သဘော တူညီလာ ခဲ့တဲ့ တကယ့် အရင်း သဘော တရားကို လက်ခံ ပြီးတော့ သည် အတိုင်းပဲ သည်တိုင်းပြု ပြည်ပြု လွှတ်တော်မှာ လုပ်မှာ ပါပဲ ဆိုတာ၊ တောင်တန်းနယ် ဆိုင်ရာ ကိုယ်စားလှယ်များ တိတိလင်းလင်း နားလည် ပြီးသား သဘော တူညီချက် တွေကို နယ်ချဲ့ သမားလို ကျွန်တော်တို့ ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ အဲသည်လို ပေးပြီးသား ကတိနှင့် နားလည် ပြီးသား သဘော တူညီချက် တွေကို ဖောက်ဖျက် မည်လားလို့ သံသယ ရှိတဲ့ လူတွေဟာ ဥက္ကဋ္ဌမင်း ခွင့်ပြုချက် အရ ပြောရလျှင် ကျွန်တော် တို့ရဲ့ (Sense of Honour, Sense of Self-Respect, Sense of Pride,) တို့ကို စော်ကား တယ်လို့ ကျွန်တော်တို့ ယူဆ ပါတယ်။ အဲသည်တော့ ကျွန်တော်တို့ ပေးပြီးသား ကတိ၊ နားလည် ပြီးသား သဘော တူညီချက်တို့ အရ တောင်တန်းနယ်က ကိုယ်စားလှယ် တွေဟာ တိုင်းပြည်ပြု လွှတ်တော်ထဲ ရောက်လာတဲ့ အခါ၊ သေသေချာချာ နားလည် စေချင် တာက ဘယ်နည်း နှင့်မျှ ကျွန်တော်တို့ ဗမာ လူများစု ဖြစ်တဲ့ လူတွေဟာ ခင်ဗျား တို့ကို အတင်း အားဖြင့် ကျွန်တော်တို့ ပြည်ထောင်စု ထဲမှာ မသွင်း ပါဘူး။ သဘော မတူဘဲ မနေနိုင်တဲ့ အခြေအနေ မျိုးကို လက်တလုံးခြား လိမ်တဲ့ နည်းနှင့်လည်း ကျွန်တော်တို့ မလုပ်ပါဘူး ဆိုတာ အတိအလင်း နားလည် စေချင် ပါတယ်။


(သြဘာသံများ)


သည်နေရာမှာ ကျွန်တော်တို့ ထပ်ရှင်းချင် တာက တနေ့တုန်းက ကျွန်တော်တို့ ဆီကို စာတစောင် ရောက်လာ ပါတယ်။ အမှန် စင်စစ်က ကျွန်တော်တို့ တောင်တန်းနယ် ကိုယ်စားလှယ် များက ပြောလို့လား၊ သည်လိုမှ မဟုတ်လျှင် တောင်တန်းနယ် ဆိုင်ရာ ဌာန ညွှန်ကြားရေး ဝန်က သူ့ဖာသာ အနေသာချည်း မြင်းက မလှုပ် ခုံကလှုပ် တာလား၊ ဒါတော့ ကျွန်တော် မပြော တတ်ဘူး။ သို့သော်လည်း တဆင့် ကနေ ပြီးတော့ တောင်တန်း ဒေသ ဆိုင်ရာ ကိစ္စ တွေနှင့် ပတ်သက်ပြီး တိုင်းပြည်ပြု လွှတ်တော်မှာ ဆွေးနွေးတဲ့ အခါမှာ အင်မတန် စိုးရိမ် ကြောင့်ကြ နေတဲ့ အကြောင်း စာတစောင် ရပါတယ်။ သည် တိုင်းပြည်ပြု လွှတ်တော် ရုံးကလည်း ရသလား မပြော တတ်ဘူး။


အဲသည် စာထဲမှာ ဘာပါလဲ ဆိုရင် ကျွန်တော် မှတ်မိ သလောက် ပြောရရင် တောင်တန်းနယ် ဆိုင်ရာ ကိစ္စ အရပ်ရပ်ကို သည်တိုင်းပြည်ပြု လွတ်တော် ကနေပြီး ဆုံးဖြတ်တဲ့ အခါမှာ ဆိုင်ရာ နယ်ရဲ့ ကိုယ်စားလှယ်များ စုရုံး သဘော တူညီချက် မရဘဲနှင့် တိုင်းပြည်ပြု လွှတ်တော် ကနေပြီး မဆုံးဖြတ် နိုင်ဘူး ဆိုတာ ကျွန်တော်တို့ တောင်တန်းနယ် စုံစမ်းရေး အဖွဲ့တုန်းက ထောက်ခံချက် ပေးခဲ့ ပါတယ်။ အဲဒါလည်း အမှန်စင်စစ် ကျွန်တော်တို့ အကြံပေးတဲ့ အတိုင်း ထည့်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲသည်မှာ ဆိုရင် ကိုယ်စားလှယ်တွေ အချင်းချင်းပဲ လူများစု လူနည်းစု မဖြစ်ဘဲနှင့် သဘော ကွဲလွဲတဲ့ နေရာမှာ ညီတူမျှတူ သဘော ကွဲလွဲ နေကြလျှင်၊ ဘယ်လို နည်းနှင့် တိုင်းပြည်ပြု လွှတ်တော် ကနေပြီး ဆုံးဖြတ်မလဲ ဆိုတဲ့ မေးခွန်းကို တောင်တန်းနယ် ဆိုင်ရာ ကိုယ်စားလှယ် တွေဟာ သည်ကိုတော့ လာ မမေး ကြဘူး။ သို့သော်လည်း မဆိုင်တဲ့ တောင်တန်းနယ် ဆိုင်ရာ ဌာန ညွှန်ကြားရေးဝန် ကနေပြီး နှိုးဆော်ချက် အရ ဘုရင်ခံ မင်းကြီးက နေပြီး မေးတယ်။ ကျွန်တော့် သဘောမှာ ဒါဟာ နည်းလမ်း စည်းကမ်း မမှန်ဘူးလို့ ယူဆတယ်။ ဘာဖြစ် လို့လဲ ဆိုရင် ယခု ပြောဆို နေခြင်း ဟာလည်း တောင်တန်းနယ် ဆိုင်ရာ ကိုယ်စားလှယ်များ ကနေ ပြီးတော့ အင်္ဂလိပ် သွားကပ် တယ်လို့ ကျွန်တော် မဆိုလို ပါဘူး။ သို့သော်လည်း သည်တိုင်းပြည်ပြု လွှတ်တော်က ဆုံးဖြတ်တဲ့ ကိစ္စမှာ အင်္ဂလိပ်ရဲ့ အကာအကွယ်ကို ငါတို့ တော့ဖြင့် ယူမှ ချမ်းသာရာ ရမည်လို့ ထင်လျှင်၊ ကျွန်တော် ရှင်းရှင်းပဲ ပြောချင် ပါတယ်။ အင်္ဂလိပ်ဟာ အမှန်စင်စစ် အနှေးနှင့် အမြန် သူ့လက်အောက်ခံ တိုင်း နိုင်ငံတွေက ထွက်သွား ရတော့မှာပဲ။ ဘယ်လိုဖြစ်ဖြစ် သည်လို ဖြစ်နေပြီး ကမ္ဘာ့ အလားအလာ ကြီးထဲမှာ သည်လို စိတ်ထား ရှိတဲ့ လူတွေဟာ ကိုးကွယ်ရာ ဘယ်နည်းနှင့်မျှ ရှိနိုင်မည် မဟုတ်ဘူး ဆိုတာကို ကျွန်တော် သတိပေး လိုပါတယ်။


အဲသည်တော့ ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော် အကြာင်း ပြောရရင် ဘယ်အင်္ဂလိပ်ရဲ့ အကူအညီ နှင့်မျှ သည်တိုင်းပြည်ပြု လွှတ်တော်ကို လာပြီးတော့ သြဇာ မပေးနိုင်ဘူး ဆိုတာ သိစေ ချင်ပါတယ်။ သည်တိုင်းပြည်ပြု လွှတ်တော်မှာ တောင်တန်း ဆိုင်ရာ ကိစ္စ တွေကို စဉ်းစား ဆွေးနွေးတဲ့ အခါမှာ၊ ခင်ဗျားတို့ သက်ဆိုင်ရာ တောင်တန်းနယ် ကိုယ်စားလှယ် အချင်းချင်း ဘယ်သူ့ ဘယ်သူမှ မဲ မသာဘဲနှင့် တူနေ ကြတယ် ဆိုရင် သည်လွှတ်တော် ထဲမှာ ဖဆပလ အမတ်များ ဆုံးဖြတ်တဲ့ အတိုင်း အများဆုံး အဖွဲ့ရဲ့ ခေါင်းဆောင် အဖြစ်မှ ကျွန်တော်တို့ တိတိလင်းလင်း သတိ ပေးလိုက် တာက ခင်ဗျားတို့ အချင်းချင်း အဲသည်လို ဘယ်သူ့ ဘယ်သူမှ မဲ မသာဘဲနှင့် မဲပြိုင် နေကြတဲ့ အခါမှာ၊ ကျွန်တော်တို့ သည်တိုင်းပြည်ပြု လွှတ်တော် ကနေ ပြီးတော့ အတင်း ဖိပြီးတော့ မဆုံးဖြတ် စေချင် ပါဘူး ဆိုတာကို ကျွန်တော် ကတိ ပေးပါတယ်။


(သြဘာသံများ)


အဲသည်တော့ တောင်တန်းနယ် ဆိုင်ရာ ကိစ္စနှင့် ပတ်သက်ပြီးတော့ ကျွန်တော် တို့ရဲ့ စေတနာဟာ အင်မတန် ရှင်းရှင်း ထားပါတယ်။ ကျွန်တော်တို့ သွင်းတဲ့ အဆို ပြီးတဲ့နောက် ဆက်လက် ပြီးတော့ကာ ပြည်ထောင်စု ဖွဲ့စည်းတဲ့ နေရာမှာ ပြည်ထောင်စုထဲ ပါချင်တဲ့ ပြည်နယ် တွေဟာ ဘယ်လို အချက်အလက်တွေ ဘယ်လို အခွင့်အရေးတွေ၊ ဘယ်လို အခြေခံတွေ အဲသည်လို အချက်အလက်တွေ အရ စုပေါင်း သင့်တယ် ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးတဲ့ အခါမှာ ကျွန်တော်တို့ တင်သွင်းတဲ့ အဆိုတွေ၊ ကျွန်တော်တို့ တင်သွင်းတဲ့ အကြံဉာဏ်တွေ၊ ဒါတွေကို သဘော မကျလို့ ရှိရင်၊ သဘော မကျတဲ့ အတိုင်း တောင်တန်း နယ်ဘက် ဆိုင်ရာ ကိုယ်စားလှယ် တွေဟာ သဘောရှိ ဗမာပြည်နှင့် မပေါင်းဘဲ နေချင် နေနိုင်တယ်။ ဒါ ကျွန်တော် ယနေ့ သည်တိုင်းပြည်ပြု လွှတ်တော် ထဲမှာ သည်စကားကို ပြောခြင်းပဲ။ ကျွန်တော်တို့ စိတ်စေတနာကို ဘယ်လောက် ထင်အောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ထားတယ် ဆိုတာကို သိစေချင်လို့ ပြောဆိုခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ တချက် သည်လို ခင်ဗျားတို့ သဘော မတူလို့ ရှိလျှင် မပါချင် နေလို့ ပြောတဲ့ နေရာ မှာလည်း နယ်ချဲ့သမား တွေကို တဖက်က နေပြီးတော့ကာ မပါချင် နေပါကွာ ဆိုပြီးတော့ မပါဘူးလို့ ထင်တဲ့ အခါ ကျတော့ တဖက်က ဝင်ပြီးတော့ မရှုပ်ဘူး။ သို့သော် က္ဆွန်တော်တို့ အမြင်တော့ ရှိတယ်။ ဘယ်နိုင်ငံ ဘယ်နယ်မှာ ဖြစ်ဖြစ်၊ ယခု ခေတ်မှာ ဘယ်တိုင်း နိုင်ငံမှ ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ ဝါဒနှင့် ကမႝာကြီးမှာ ဖြစ်နေတဲ့ အရေး ကိစ္စတွေရဲ့ ဂယက်အရိုက်ကို မခံရတဲ့ နယ်လို့ ရှိမှာ မဟုတ်ဘူး။ ဒီမိုကရေစီ ဝါဒ၊ ဒီမိုကရေစီ စနစ်၊ ဒီမိုကရေစီ တရားတွေ ခေတ်စား နေတဲ့ ဒီကမ္ဘာကြီးမှာ ဒီမိုကရေစီ သဘောထား မထား နိုင်တဲ့ နယ်ဟာ အနှေးနှင့် အမြန် အဲသည် နယ်မှာ ရှိတဲ့ လူတွေ နိုးကြား ထွ့က လာပြီး သည်လို ကမ္ဘာကြီးရဲ့ သဘောတရား တွေနှင့် ဖြစ်ပျက် နေတဲ့ခေတ် သဘော တရားတွေနှင့် ဆန့်ကျင်ဘက် သဘောတရား တွေကို တွန်းလှန် ပစ်ကြ မှာပဲ ဆိုတာ က္ဆွန်တော် နိမိတ် ဖတ်ထား ချင်တယ်။ အဲသည်တော့ သည်လို က္ဆွန်တော်တို့ သည်နားလည် ထားတဲ့ အတိုင်း၊ က္ဆွန်တော်တို့နှင့် အတူ အတူ ပါပြီး မလုပ်ချင်ဘူး ဆိုလျှင် က္ဆွန်တော်တို့ အတင်း မတိုက်တွန်း ပါဘူး။ အဲသည်လို မပါ ပါအောင် ဆိုပြီးတော့ကာ၊ ဒါကတော့ ဗမာ စကား မဟုတ်ဘူး ထင်တယ်။ က္ဆွန်တော် နားလည် သလောက်တော့ ကရင် စကားပဲလို့ ထင်တယ်။ ဒါ အတင်း နသားပါယား လုပ်တဲ့ နည်းမျိုးလည်း က္ဆွန်တော်တို့ မလုပ်ပါဘူး။ အဲဒါကို တိတိလင်းလင်း တောင်တန်း နယ်ဘက်က က္ဆွန်တော့ မိတ်ဆွေ များကို က္ဆွန်တော် နားလည် စေချင် ပါတယ်။


ဘာဖြစ်လို့လဲ ဆိုလျှင် က္ဆွန်တော်တို့ အင်မတန် ရှင်းရှင်းလင်းလင်း သဘော ထားနေတဲ့ အထဲက နေပြီးတော့ ရှုပ်အောင် လုပ်နေ ကြတဲ့ လူတွေက ယခု တလောမှာ တော်တော် များနေတော့ ဒါကို ရှင်းသည်ထက် ရှင်းအောင် ထပ်ပြီး ပြောရခြင်း ဖြစ်ပါတယ်။ က္ဆွန်တော့် မိတ်ဆွေ တယောက်က က္ဆွန်တော်ကို ပြောသလိုပဲ၊ ခင်ဗျား အဲသည်လို ရှင်းရှင်း ပြောတာ ကိုပဲ၊ သူတို့ စိတ်ထဲမှာ ရှုပ်နေတယ် ဆိုတော့ အဲဒါတော့ မတတ်နိုင်ဘူး။


(ရယ်သံများ)


အဲသည်တော့ သည်ပြည်ထောင်စု နိုင်ငံတော်မှာ ဘယ်နယ်တွေ ပါရမည် ဆိုတာ က္ဆွန်တော်တို့ သည်အထဲမှာ ထည့်ထား တာလည်း မရှိ သေးပါဘူး။ ပါချင်တဲ့ လူတွေမှ ပါကြ။ အဓိပ္ပာယ်က နယ်ကို သတ်မှတ် မထားဘဲနှင့် ပြည်ထောင်စု နိုင်ငံတော်လို့ သာမည ထည့်ထားခြင်း ဖြစ်ပါတယ်။ နောက်ပြီး အချုပ်အချာ အာဏာပိုင် သမ္မတ နိုင်ငံတော်လို့ ဆိုရခြင်းဟာ လွတ်လပ်တယ် ဆိုတဲ့ အဓိပ္ပာယ်ကို က္ဆွန်တော် ထပ်ပြီးတော့ ရှင်းပြစရာ မလိုပါဘူး ထင်ပေမည်။ ဘာပြုလို့ အချုပ်အချာ အာဏာ (Sovereign Power) အချုပ်အချာ အာဏာ ရှိရမည်လို့ ထပ်ပြီး ဆိုရ ပါသလဲ ဆိုလျှင် အချုပ်အချာ အာဏာ ဆိုတာ သဘောတရား အမျိုးမျိုး ရှိပါတယ်။ အမှန်ကတော့ (State) နိုင်ငံတော် ဆိုကတည်းက အချုပ်အချာ အာဏာဟာ အကျုးံဝင် ပြီးသားပဲ၊ သည် သဘောတရားနှင့် ရှိတဲ့ဟာလည်း ရှိပါတယ်။ သို့သော် သည်နိုင်ငံတော် ဆိုပေမည့် အားမရ မကျေနပ် သေးဘဲနှင့် အချုပ်အချာ အာဏာပိုင်တဲ့ နိုင်ငံတော် ဆိုမှသာလျှင် ပြည့်စုံ လုံလောက်တဲ့ သဘော တရားမျိုးလည်း ရှိပါတယ်။


ပထမ သဘောတရား ကတော့ကာ Theory စာသဘော လောက်သာ ဖြစ်ပါတယ်။ ဒုတိယ သဘောတရား ကတော့ လက်တွေ့ ဖြစ်တဲ့ သဘောတရား ပါပဲ။ ဘယ်လို လက်တွေ့ ဖြစ်တဲ့ သဘောတရား မျိုးတွေ ဘာလဲ ဆိုရင် သည်လွတ်လပ်တဲ့ နိုင်ငံတော် ဆိုပြီးတော့၊ ဖွဲ့စည်း တည်ထောင် လိုက်ကြတဲ့ နိုင်ငံတော် အသီးသီးတို့ ရှိကြပေမည့် အချုပ်အချာ အာဏာနှင့် ပြည်စုံတဲ့ နိုင်ငံတော် (Sovereign State) အချို့ နိုင်ငံတွေ ကတော့ အဲသည်လို မဟုတ်ဘဲနှင့် ပြည်ထောင် အချင်းချင်း ဆက်သွယ်တဲ့၊ နိုင်ငံရေး စကားမှာ ဆိုလျှင် (Vassal State) လို့ ဆိုခံရပါတယ်။ (Vassal) ဆိုလို့ ရှိတာက တပည့် က္ဆွန်နိုင်ငံတွေ သဘောမျိုးပဲ။ က္ဆွန်ဆိုပေမည့် (Colony) လည်း မဟုတ်ဘူး။ သို့သော်လည်း နိုင်ငံကြီး တနိုင်ငံချင်းနှင့် သူ့အစိုးရနှင့်ပဲ။ အပြင်ဘမ်း အားဖြင့်တော့ လွတ်လပ်တယ်။ သို့သော်လည်း နိုင်ငံကြီး တနိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှု ချုပ်ချယ်မှုကို အထူးတလည် ခံနေတဲ့ နိုင်ငံဖြစ်လို့ (Vassal State) လို့ ခေါ်သည်။ နောက်ပြီးတော့ က္ဆွန်တော်တို့ နိုင်ငံကြီး နှစ်နိုင်ငံ အကြားမှာ နယ်နိမိတ် ခြားပေးရုံလောက် ဖြစ်တဲ့ နိုင်ငံတော် မျိုးလည်း ရှိပါ သေးတယ် (Buffer State)။ အဲသည်လို နိုင်ငံတော် အမျိုးမျိုး လက်တွေ့ အားဖြင့် ရှိတယ် ဆိုတာကကို က္ဆွန်တော်တို့ တွေ့ရပါတယ်။ က္ဆွန်တော်တို့ လိုချင်တာ ကတော့ နိုင်ငံကြီး နှစ်နိုင်ငံ အကြားမှာ နယ်နိမိတ် ခြားပေးရုံလောက် ဖြစ်တဲ့ (Buffer State) မျိုးလို နယ်ခြား နိုင်ငံ ကလေးမျိုးလည်း မဖြစ်ချင်ဘူး။ နောက်ပြီးတော့ နိုင်ငံကြီး တနိုင်ငံရဲ့ သြဇ လွှမ်းမိုးမှု အထူးတလည် ခံရတဲ့ (Vassal State) မျိုးလည်း မဖြစ်ချင်ဘူး။ က္ဆွန်တော်တို့ ဖြစ်ချင်တာ ကတော့ ဆန်မရှိ စောက်စားကြီးဘဲ ခေါ်ခေါ် (ရယ်သံများ) က္ဆွန်တော်တို့ ဖြစ်ချင်တဲ့ နိုင်ငံတော့ လွတ်လပ်ပြီး အချုပ်အချာ အာဏာပိုင်တဲ့ နိုင်ငံတော် ဖြစ်ချင်တယ်။


(သြဘာသံများ)


အဲ သည်နိုင်ငံ ဖြစ်တဲ့ အခါ မှာလည်း က္ဆွန်တော်တို့ နိုင်ငံတော်မှာ သမ္မတ စနစ်ဖြင့် ဖွဲ့စည်း ရမည်။ တခြား စနစ်အရ ဖွဲ့စည်း တာကို က္ဆွန်တော်တို့ မလိုလားဘူး သမ္မတ စနစ် ဆိုတာဟာ က္ဆွန်တော်တို့ သည်ခေတ် သည်အခါ ကျမှ သာလျှင် က္ဆွန်တော်တို့ ဗမာစာမှာ ပေးလာတဲ့ စကားပါ။ ဘာဖြစ်လို့လဲ ဆိုလျှင် တတိုင်းပြည်လုံးကို တနိုင်ငံလုံးကို မင်းလုပ် အုပ်ချုပ်ရမည့် ပုဂ္ဂိုလ်ကို ၄ နှစ် တကြိမ် ဖြစ်စေ၊ ၅ နှစ် တကြိမ် ဖြစ်စေ၊ ၁ဝ နှစ် တကြိမ် ဖြစ်စေ စသည် အားဖြင့် အဲသည်လို ရွေးကောက် တင်မြှောက်တယ် ဆိုတဲ့ ထုံးစံဟာ ယခု ဒီဘက် ခေတ်တွေ ကျမှ ပေါ်လာတဲ့ စနစ်မျိုး ဖြစ်ပါတယ်။


အဲသည်တော့ က္ဆွန်တော်တို့ အဖို့ မှာတော့ မင်းဆိုလို့ ရှိလျှင် တိုင်းသူ ပြည်သား လုပ်တဲ့ လူတွေက အရမ်း လွှတ်ထား အပ်တဲ့ လူတွေ မဟုတ်ဘူး။ အချုပ်အချယ် ရှိတန် သလောက် ရှိသင့်တယ်။ အမှန်စင်စစ် နိုင်ငံတော်မှာ ရှိတဲ့ အချုပ်အချာ အာဏာတွေကို ပိုင်တဲ့ လူတွေဟာ ဘယ်သူတွေ ဖြစ်ရမလဲ ဆိုလို့ ရှိရင် က္ဆွန်တော်တို့ ယုံကြည် ယူဆချက် ကတော့ နိုင်ငံတော်သူ နိုင်ငံတော်သား တို့ဟာ အဲသည် နိုင်ငံမှာ ရှိတဲ့ အချုပ်အချာ အာဏာကို ပိုင်ဆိုင်တဲ့ လူတွေလို့ ယူဆ ပါတယ်။ အဲသည်လို ပိုင်ဆိုင်တဲ့ လူတွေက နေပြီး လွှဲပေး လို့သာ (မင်း) အစိုးရတို့ ဆိုတာ ပေါ်လာရခြင်း ဖြစ်ပါတယ်။


အဲသည် လွဲပေးတဲ့ အတိုင်း (မင်း) တို့၊ အစိုးရတို့ ပေါ်လာတဲ့ အခါမှာ အဲသည် (မင်း) အစိုးရ တို့ဟာ အချုပ်အချာ အာဏာကို၊ ပိုင်ထားတဲ့ နိုင်ငံသူ နိုင်ငံသား တွေက မလိုချင်တဲ့ အခါမှာ မလိုတဲ့ အလျောက် တားဆီး နိုင်တဲ့ အခြေအနေမျိုး ရှိရမယ်။ အဲသည်တော့ က္ဆွန်တော်တို့ အဖို့မှာ ဆိုလို့ ရှိလျှင် ဗမာနိုင်ငံ အတွက် လိုလား အပ်တဲ့ စနစ်ဟာ အချိန်အခါ အလိုက် ရွေးကောက် တင်မြှောက်တဲ့ သမ္မတ စနစ် ကိုသာလျှင် က္ဆွန်တော်တို့ လိုလားတဲ့ အတိုင်း သည်တိုင်းပြည်ပြု လွှတ်တော်မှာ အဆို သွင်းတဲ့ အခါမှာ သမ္မတ နိုင်ငံ ဆိုတဲ့ စာလုံးကို သွင်းထားခြင်း ဖြစ်ပါတယ်။


အဲသည်တော့ ပထမ အပိုဒ်က ဆိုလျှင် နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် မြန်မာ ပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်သော လွတ်လပ်သည့် အချုပ်အချာအာဏာပိုင် သမ္မတ နိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဖြစ်စေရမည်။ သည်အဓိပ္ပာယ် ကတော့ က္ဆွန်တော်တို့ တိုင်းပြည်ကို လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင်တဲ့ နိုင်ငံ အဖြစ် ကျေညာမည်။


အဲသည် နိုင်ငံဟာလည်း သမ္မတ နိုင်ငံ ဖြစ်မည်။ သမ္မတ စနစ် အရ ဖွဲ့စည်း ထားတဲ့ နိုင်ငံတော် ဖြစ်ရမည် ဆိုတဲ့ မူတွေကို ထည့်ထား ပါတယ်။ သည်နိုင်ငံတော် ဟာလည်း ပြည်ထောင်စု နိုင်ငံတော် ဖြစ်ရမည်။ ဒုတိယ အပိုဒ် ဖြစ်တဲ့ "ပြည်ထောင်စု နိုင်ငံတော်တွင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေက သတ်မှတ် ဖော်ပြသည့် တသီး ပုဂ္ဂလ ပြည်နယ်များ ပါဝင် စေလျက်" အဲဒါက က္ဆွန်တော် တို့သည် ပြည်ထောင်စု ထဲမှာ ဘယ်နယ် ဘယ်နယ်တွေ ပါမလဲ ဆိုတာကို သတ်မှတ် ရမည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွေ ရေးဆွဲတဲ့ အခါမှာ ဘယ်နယ် ဘယ်နယ်တွေ ပါမယ် ဆိုတာ သတ်မှတ် ရမည်။ အခု မသတ်မှတ် ရသေးဘူး။ ပါချင်တဲ့ နယ်တွေသာ သတ်မှတ် ရမည်။ အခု မသတ်မှတ် ရသေးဘူး။ ပါချင်တဲ့ နယ်မှ ပါကြပါ ဆိုတာ ရှင်းပါတယ်။ သို့ သတ်မှတ် ဖော်ပြ ထားသည့် တသီး ပုဂ္ဂလ ပြည်နယ် များသည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် သတ်မှတ် ဖော်ပြ ထားသည်နှင့် အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေး အာဏာများ ရှိစေမည်။


ထိုဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ နောက်က္ဆွန်တော်တို့ အချင်းချင်း ဆွေးနွေး တိုင်ပင် ညှိနှိုင်း ဆုံးဖြတ် ပြီးတဲ့နောက် သတ်မှတ် ဖော်ပြ ထားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး အာဏာ များလည်း ရှိလိမ့်မယ်။ အဲသည်တော့ သည်ကိစ္စမှာ ရှင်းရှင်း နားလည် ချင်တာက သည်လို ပြည်ထောင်စု နိုင်ငံတော် ထဲမှာ တသီး ပုဂ္ဂလ ပြည်နယ် များဟာ ဘယ်ပြည်နယ် တွေလဲ ဆိုတာ သည်အထဲမှာ မပါသေးဘူး။ ဘယ်နယ်တွေက ပါချင်လို့ ဘယ်နယ်တွေက မပါချင်ဘူး ဆိုတာ နိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် သတ်မှတ် ဖော်ပြ ထားသည့် ပြည်နယ်များဟာ ကိုယ်ပိုင် အုပ်ချုပ်ရေး အာဏာများ ရှိစေရမယ် ဆိုတဲ့ အတိုင်း အဲသည် ကိုယ်ပိုင် အုပ်ချုပ်ရေး အာဏာ တွေကို သတ်မှတ်ဖို့ လိုသေးတယ်။ အထူးသဖြင့် တောင်တန်း နယ်ပယ် ကိုယ်စားလှယ် များနှင့် တိုင်ပင် ဆွေးနွေးပြီး လုပ်ရမည့် ကိစ္စ ဖြစ်ပါတယ်။


အဲသည်လို လုပ်ပြီးမှ သဘောတူသည် ဖြစ်စေ နောက်ဆုံး၊ ဆုံးဖြတ်ချက် ကျသည် ဖြစ်စေ အဲသည်လို ဆုံးဖြတ်ကြတဲ့ အခါမှာ သတ်မှတ် ဖော်ပြ ထားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး အာဏာများကို သဘောတူ ကျေနပ်လို့ ဝင်လာတဲ့ ပြည်နယ် များသာ ပါလိမ့်မယ်။ ပြည်ထောင်စု နိုင်ငံ ဆိုပြီး အဲသည်လို သဘော လောက်သာ ထည့်ထားတယ်။ ဘယ်နယ်ကိုမှ အတင်း ထည့်ထားတာ မဟုတ်ပါဘူး။


(၃) "အချုပ်အချာ အာဏာပိုင် လွတ်လပ်သော သမ္မတ မြန်မာ နိုင်ငံတော်နှင့် တကွ အပါအဝင် ဖြစ်သည့် ပြည်နယ် များနှင့် အစိုးရ အဖွဲ့အစည်းများ အားလုံး တို့၏ အခွင့်အာဏာ ဟူသမျှ တို့သည် တိုင်းသူ ပြည်သားတို့ ထံမှ သက်ဆင်း စေရမည်။" ဒါကတော့ က္ဆွန်တော် ယခုတွင်က ပြောခဲ့တဲ့ အတိုင်း လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင် နိုင်ငံတော်လို့ ဖွဲ့စည်း လိုက်တဲ့ အခါမှာ အဲသည် နိုင်ငံတော် ပိုင်တဲ့ အဲသည် နိုင်ငံတော် လက်ထဲမှာ ရှိတဲ့ အချုပ်အချာ အာဏာဟာ ဘယ်သူတွေရဲ့ လက်ထဲမှာ ဘယ်သူတွေက သာလျှင် ပိုင်ဆိုင် သင့်တယ် ဆိုတဲ့ ပြဿနာ သဘောတရားကို က္ဆွန်တော်တို့ ဖြေရမယ် ဆိုလို့ ရှိရင် တိုင်းသူ ပြည်သားတွေ သာလျှင် မူလဘူတ အားဖြင့် နိုင်ငံတော်ရဲ့ အချုပ်အချာကို ပိုင်တဲ့ လူတွေ ဖြစ်တယ်လို့ က္ဆွန်တော်တို့ ယူဆတယ်၊ ယုံကြည်တယ်။


ရာဇဝင်ကြောင်း လိုက်ကြည့်။ ဗမာ ရာဇဝင် ကြောင်းကို ကြည့်မလား၊ ကမ္ဘာ့ ရာဇဝင် ကြောင်းကိုပဲ ကြည့်ကြည့် ဘယ်လိုပဲကြည့် နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာတွေ ဆိုတာ မူလဘူတ လိုက်ကြည့်မယ် ဆိုရင် တိုင်းသူ ပြည်သားတွေ လက်ထဲမှာ ရှိတယ် ဆိုတာကို တွေ့ရ ပါလိမ့်မည်။ က္ဆွန်တော်တို့ အယူအဆမှာ ဆိုလျှင် ကမ္ဘာအစ သမ္မတမင်း ဆိုတဲ့ အတိုင်း သမ္မတ မင်းကို လူတွေက တင်မြှောက် ခဲ့တာပဲ။ အဲသည် အတိုင်း ရှေ့ရှောက်ပြီး ဖြစ်ရမှာပဲ။ အဲသည် အတိုင်း က္ဆွန်တော်တို့ဟာ အချုပ်အချာ အာဏာပိုင် လွတ်လပ်သော သမ္မတ မြန်မာ နိုင်ငံတော်နှင့် တကွ အပါအဝင် ဖြစ်သည့် ပြည်နယ် များနှင့် အစိုးရ အဖွဲ့၊ အဖွဲ့အစည်း အားလုံး တို့၏ အခွင့်အာဏာ ဟူသမျှ တို့သည် တိုင်းသူ ပြည်သားတို့ ထံမှ သက်ဆင်း စေရမည် ဆိုလိုခြင်း ဖြစ်ပါတယ်။


အဲသည်တော့သည် သဘောကို က္ဆွန်တော်တို့ ချထား လိုက်တဲ့ အခါ မြန်မာ နိုင်ငံတော်ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲတဲ့ အခါမှာ တိုင်းသူ ပြည်သားတွေ ဆီက အခွင့်အာဏာ ရတယ် ဆိုတဲ့ အတိုင်း သာလျှင် အချက်အလက်တွေ ပါလိမ့်မည်။ အဲသည်မူကို ဆန့်ကျင်တဲ့ အချက်အလက်တွေ ဆိုလို့ ရှိလျှင် အချက်အလက်တွေ ပါလိမ့်မည်။ အဲသည် မူကို ဆန့်ကျင်တဲ့ အချက်အလက်တွေ ဆိုလို့ ရှိလျှင် မပါဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဘယ်အချက် ဟာဖြင့် သည်မူနှင့် ဆန့်ကျင် နေမည်၊ မဆန့်ကျင်ဘူး ဆိုတာ အသေးစိတ် ကျမှပဲ ဆွေးနွေး ကြည့်နိုင်မယ်။


အမှတ် (၃) အချုပ်အချာ အာဏာဟာ တိုင်းသူ ပြည်သားတွေ လက်ထဲမှာ ရှိတယ် ဆိုတဲ့ သဘော တရားကို အခြေခံ ထားခြင်း ဖြစ်ပါတယ်။


(၄) ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ တိုင်းသူ ပြည်သား မှန်သမျှသည် လူမှု ရေးရာ၌ လည်းကောင်း၊ စီးပွား ရေးရာ၌ လည်းကောင်း၊ နိုင်ငံရေး၌ လည်းကောင်း တရား မျှတမှု ရှိစေလျက် သည်က္ဆွန်တော်တို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့ စီစဉ်တဲ့ အခါမှာ လူမှု ရေးရာ၌ လည်းကောင်း စီးပွား ရေးရာ၌ လည်းကောင်း နိုင်ငံရေး၌ လည်းကောင်း တရား မျှတမှု ရှိအောင် ဖန်တီး ထားရတယ်။ အဓိပ္ပာယ်က လူမှု ရေးရာ၌ တရား မျှတမှု ရှိစေရမည် ဆိုတဲ့ အဓိပ္ပာယ်က က္ဆွန်တော်တို့ အလုပ်သမားနှင့် အလုပ်ရှင် ကိစ္စမျိုးတွေ၊ လယ်သမားနှင့် လယ်ရှင် ဆက်ဆံတဲ့ ကိစ္စမျိုးတွေ အစ ရှိသည် အားဖြင့် လူအချင်းချင်း ပေါင်းသင်း ဆက်ဆံတဲ့ ကိစ္စမျိုးတွေ တယောက်နှင့် တယောက် တန်းတူ အခွင့်အရေး ရအောင် စီမံ ဖန်တီး ပေးထားဖို့ လိုတယ် ဆိုတဲ့ သဘောပါပဲ။


စီးပွားရေး၌ ဆိုလို့ ရှိလျှင် တဖက် စီနင်း အားဖြင့် လုပ်နိုင်တဲ့ အခြေအနေ တွေကို ဖယ်ရှင်း ပြီးတော့ စီးပွားရေး၌ အလုပ်တူလျှင် အဲသည် အတိုင်း အခွင့် အတူတူ ဖြစ်နိုင် သမျှ ဖြစ်အောင် ဆိုတဲ့ သဘောကို စီမံ ဖန်တီး ပေးထားရန် ဖြစ်ပါတယ်။ နိုင်ငံရေး မှာလည်း တရား မျှတဖို့ လိုတယ်။ နိုင်ငံရေးမှာ ဆိုလို့ ရှိရင် ဘယ်သူ ကတော့ဖြင့် မဲ မရထိုက်ဘူး၊ ဘယ်သူ ကတော့ဖြင့် မဲ ရထိုက်တယ် စသည်ဖြင့် နိုင်ငံရေး ညှင်းဆဲမှုတွေ ချုပ်ချယ်မှုတွေ မရှိစေ ရဘူး။ နောက်ပြီးတော့ ဘယ်သူဟာ ဘယ်လို ရာထူး မျိုးကို မရစေ ရဘူး၊ ဘယ်သူက သာလျှင် ရရမယ် ဆိုတဲ့ အဲဒီလို ချုပ်ချယ်မှု တွေဟာ နိုင်ငံရေး တရား မျှတမှုကို ထိခိုက်တယ်။


အဲသည်တော့ နိုင်ငံရေးမှာ နိုင်ငံသူ နိုင်ငံသား ဖြစ်တဲ့ သူတိုင်း မိမိတို့ အရည်အချင်းကြောင့် အခွင့်အရေး ရသွား နိုင်ဖို့ ပါပဲ။ အားလုံး ရရင် အားလုံး ရဖို့ သည်သဘောမျိုးနှင့် တရား မျှတမှု ရှိရမယ်။ နောက် အဆင့်အတန်း (Equality of Status.) အဆင့်အတန်း မှာလည်း တူညီရမယ်။ အဆင့်အတန်းမှာ တူညီရမယ် ဆိုတဲ့ သဘော ကတော့ကာ သူဌေးရယ်၊ ဆင်းရဲသားရယ်၊ ဘာရယ် အစ ရှိသဖြင့် သည်လို ကွဲပြား ထားတာ မရှိဘဲနှင့် သူဌေးရယ် ဆင်းရဲသားရယ် ဆိုတာက ပစ္စည်း အခြေအနေ အလျောက် ရှိနေတုန်း ရှိပေမည်။ အဆင့်အတန်းမှာ ဆိုလို့ ရှိရင် တူညီ စေရမယ်။ အဆင့်အတန်းမှာ တူညီ စေရမယ် ဆိုတဲ့ သဘောသာ က္ဆွန်တော်တို့ နေရာမှာပဲ ဖြစ်ဖြစ် သူဌေး ဆိုရင်တော့ ဘယ်လို ပိုပြီးတော့ အခွင့်အရေး ရမယ်၊ ဆင်းရဲသား ဆိုရင်တော့ ဘယ်လို မရဘူး စသည်ဖြင့် သည်လို မရှိစေ ရဘဲနှင့် အဆင့်အတန်းတွင် အားလုံး ဆူကြုံ နိမ့်မြင့် မရှိ ပကတိ တူညီ စေရမယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။


နောက် အခွင့်အရေး (Equality of opportunity) အခွင့်အရေး မှာလည်း တန်းတူ ရမယ် ဆိုတဲ့ အဓိပ္ပာယ်က ပညာ သင်ကြား ကြတဲ့ နေရာမှာ ဥပမာ ဆိုရင် ဉာဏ် အရည်အချင်းချင်း အတူတူ ဖြစ်လို့ ရှိလျှင် ဉာဏ်ရှိ သလောက် သူ့ပညာ အလိုက် ရလို့ အခွင့်အရေး ဟာလည်း ရှိသင့်တယ် ဆိုတဲ့ သဘောမျိုးပဲ။ ဆင်းရဲတဲ့ သူတော့ ဆင်းရဲတယ် ဆိုလို့ အခွင့်အရေး မရဘူး၊ ချမ်းသာတဲ့ သူသာလျှင် အခွင့်အရေး ရမယ် ဆိုတဲ့ သည်လို သဘောမျိုး မဟုတ်ဘဲနှင့် အားလုံး အခွင့်အရေးမှာ (Opportunity) အခွင့်အရေး ပေးတဲ့ နေရာမှာ မယူတတ်လျှင် ယူတတ်တဲ့ လူမှန်သမျှ အချုပ်အချယ် မရှိဘဲနှင့် ယူနိုင်တဲ့ အခွင့်အရေး ရှိရမည် ဆိုတဲ့ သဘော တရားသာ ဖြစ်ပါတယ်။


နောက် ဥပဒေ သက်ရောက်မှု (Before the Law) ဥပေဒ သက်ရောက်မှုမှာ တူညီရမယ် ဆိုတဲ့ သဘော ကတော့ ဥပဒေ ရှေ့မှောက်၌ ဘယ်သူမဆို သမ္မတပဲ ဖြစ်ဖြစ်၊ တောသားပဲ ဖြစ်ဖြစ်၊ ဥပေဒ စည်းကမ်းကို ဖောက်ဖျက်လို့ ရှိလျှင် ဖောက်ဖျက်တဲ့ အလျောက် အပြစ်ဒဏ် ခံရလိမ့်မည်။ ကောင်းတာကို လုပ်လို့ ရှိရင်လဲ ကောင်းတဲ့ အလျောက် ဥပဒေရဲ့ ချီးမြှင့်ခြင်း ခံရမယ်။ သည်လို ဥပဒေ ရှေ့မှောက်မှာ ဆိုလျှင် ဘယ်သူ မဆို (မင်း) ဖြစ်ဖြစ်၊ ဆင်းရဲသား ဖြစ်ဖြစ် ၊ သူဌေး ဖြစ်ဖြစ် အားလုံးဟာ တန်းတူ ဖြစ်ရမယ် ဆိုတဲ့ သဘောပဲ။


အဲသည်လို လူမှုရေးရာ၌ လည်းကောင်း၊ စီးပွားရေးရာ၌ လည်ကောင်း၊ နိုင်ငံရေးရာ၌ လည်းကောင်း တရား မျှတမှု ရှိစေလျက် အခွင့်အရေး ဥပဒေ သက်ရောက်မှု တို့တွင် ဆူကြုံ နိမ့်မြင့် မရှိ ပကတိ တူညီ စေရမည့်ပြင် တရား ဥပဒေ နှင့်သော် လည်းကောင်း၊ အများ ပြည်သူတို့ စောင့်စည်း အပ်သော အကျင့် သိက္ခာသော် လည်းကောင်း မဆန့်ကျင် သမျှ လွတ်လပ်စွာ ကြံစည် ပိုင်ခွင့်၊ ထုတ်ဖော် ပြောဆို ပိုင်ခွင့်၊ ယုံကြည် ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ် ပိုင်ခွင့်၊ ဝတ်ပြု ပိုင်ခွင့်၊ ပရိယေသန ရှာမှီး ပိုင်ခွင့်၊ စည်းရုံး ပိုင်ခွင့် ပြုမူ ဆောင်ရွက် ပိုင်ခွင့်တို့ ရရှိ တည်မြဲ စေရန် အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် အခိုင်အလုံ သတ်မှတ် ထားရှိ စေရမည်။


ဒါကတော့ က္ဆွန်တော်တို့ ပြည်သူ့ လွတ်လပ်ရေး ပါရမည် ဆိုတဲ့ အဓိပ္ပာယ် ပါပဲ။ သည်အထဲမှာ အကျဉ်းရုံးပြီး လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ ထုတ်ဖော် ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ် ပိုင်ခွင့်၊ ဝတ်ပြု ပိုင်ခွင့်၊ ပရိယေသန ရှာမှီး ပိုင်ခွင့်၊ စည်းရုံး ပိုင်ခွင့်၊ ပြုမူ ဆောင်ရွက် ပိုင်ခွင့်လို့ ဆိုထား ပါတယ်။ နောက် က္ဆွန်တော်တို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲတဲ့ ဆောင်ရွက် ပိုင်ခွင့်လို့ ဆိုထား ပါတယ်။ နောက် က္ဆွန်တော်တို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲတဲ့ အခါ ကျလျှင် သည်ထက် ပိုပြီးတော့ ကျကျနန ရှင်းရှင်းလင်းလင်း က္ဆွန်တော် ရေးရ ပါလိမ့်မယ်။ အဲသည် အခါ ကျလျှင် ဥပဒေ သဘော ရေးဆွဲ ရှိပါ လိမ့်မယ်။ သည်တော့မှ အကျဉ်းမျှနှင့် ဘယ်လို အခွင့်အရေး မျိုးတွေနှင့် လူတိုင်း လူတိုင်း ရှိထိုက်တဲ့ အခွင့်အရေး မျိုးတွေလဲ ပေးထား ရမယ် ဆိုပြီးတော့ ညွှန်ကြားခြင်းမျှ ဖြစ်ပါတယ်။


အဲဒီလို ညွှန်ကြားတဲ့ နေရာမှ သည်လို လွတ်လပ်မှု တွေကို ပေးတဲ့ နေရာမှာ (Subject to law and public morality) တရား ဥပဒေနှင့် သော်လည်းကောင်း၊ အများ ပြည်သူ တို့၏ စောင်းစည်း အပ်သော အကျင့် သိက္ခာနှင့် သော်လည်းကောင်း မဆန့်ကျင် သမျှ က္ဆွန်တော်တို့ နောက်ကျလို့ ရှိရင် တိုင်းပြည်က လူတွေက တင်မြှောက် လိုက်တဲ့ လွှတ်တော်တို့ အဲသည် လွှတ်တော်က လုပ်ထားတဲ့ ဥပဒေ၊ နောက်ပြီးတော့ ဥပဒေ မလုပ် ပေမယ့် က္ဆွန်တော်တို့ လူ့ထုံးစံမှာ မလုပ်အပ်တဲ့ သဘောတရားတွေ ရှိသေးတယ်။ အများ ပြည်သူတို့ စောင့်စည်း အပ်သော အကျင့် သိက္ခာနှင့် သော်လည်းကောင်း မဆန့်ကျင် သမျှ ဥပမာ ဆိုလို့ ရှိရင် လွတ်လပ်ရေး ရပြီး ဆိုတော့ လွတ်လပ်စွာ ပြုမူ ဆောင်ရွက် ပိုင်ခွင့် ရှိတယ် ဆိုပြီးတော့ လူတယောက် ကနေပြီး ကိုယ်တုံးလုံးနှင့် လမ်းမမှာ သူရှောက်ပြီးတော့ ပြေးချင်တိုင်း ပြေးလို့ မဖြစ်နိုင်ဘူး ဆိုတာဟာ အများ ပြည်သူတို့ စောင့်စည်းအပ်တဲ့ အကျင့် သိက္ခာနှင့် ဆန့်ကျင် နေတယ်။


အမှန် ကတော့ သည်လို သတ်မှတ် ထားတာ မရှိဘူး ဆိုရင် ပြုမူ ဆောင်ရွက် ပိုင်ခွင့် အတိုင်း ဆိုလျှင် က္ဆွန်တော်တို့ ကြည့်နေ ရမယ်။ ဘာဖြစ် လို့လဲ ဆိုရင် ဘယ်သူ့မှလဲ သွားမထိခိုက်ဘူး။ သူ့ဟာသူ လွတ်လွတ်လပ်လပ်နှင့် ပြုမူ ဆောင်ရွက် ပိုင်ခွင့် အတိုင်း လုပ်တာ ဖြစ်နေတယ်။ သည်လို ဟာမျိုးမှာ အဲသည်လို တရား လွန်လာတဲ့ ကိစ္စမျိုးတွေ ကျတော့ အများ ပြည်သူတို့စောင့်စည်း အပ်သော အကျင့် သိက္ခာနှင့် ဆန့်ကျင်လျှင် က္ဆွန်တော်တို့ စဉ်းစား ကြည့်ရမယ်။


အဲဒါ ဆန့်ကျင် တယ်လို့ ရှိရင် သည်လို နေရာမျိုးမှာ လွတ်လပ်မှု ဆိုတိုင်း အကယ် လွတ်လပ်မှု မခေါ်နိုင်ဘူး၊ လွတ်လပ်မှုဟာ အမှန်စင်စစ် စည်းကမ်း ရှိမှ လွတ်လပ်မှု ဖြစ်နိုင် တယ်လို့ က္ဆွန်တော် ယူဆတယ်။


အဲသည်လို စည်းကမ်း သတ်မှတ် ပြီးတော့ လူတိုင်း လွတ်လပ်မှု တွေကို သတ်မှတ် ပေးပါ ဆိုပြီးတော့ သည်အဆိုမှာ ညွှန်ကြားထားခြင်း ဖြစ်ပါတယ်။ အဲသည်လို ပြီးတဲ့နောက် အမှတ် (၅) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ လူနည်းစု အဖို့ လုံလောက်သော ကာကွယ်ခြင်းများ ထည့်သွင်း ပြဋ္ဌာန်း ထားရှိ စေရမည်။ အဲသည်မှာလဲ က္ဆွန်တော်တို့ လူမျိုးရေး အတွက် လူနည်းစု ဆိုတာ ရှိပါ သေးတယ်။ သည်တော့ သူတို့တတွေ အတွက်လည်း လုံလောက်တဲ့ ကာကွယ်ချက်များ ထည့်သွင်း ပြဋ္ဌာန်းထားဖို့ လိုပါတယ်။ ဘယ်လို ထည့်ရင်တော့ လုံလောက်မယ်၊ ဘယ်လို ထည့်လျှင်တော့ မလုံလောက်ဘူး ဆိုတဲ့ ကိစ္စ အရပ်ရပ်ကို က္ဆွန်တော်တို့ နောက်ကော်မီတီတွေ ဖွဲ့စည်းပြီး ဆွေးနွေးတဲ့ အခါ ကျတော့ အသေးစိတ် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ သည်မှာတော့ မူအားဖြင့် က္ဆွန်တော်တို့ လူနည်းစု အတွက်လည်း စဉ်းစား ပြီးတော့ လူနည်းစုတွေ ကာကွယ်ဖို့ အချက် တွေလည်း ထည့်ပြီး စဉ်းစား ခဲ့ပါလို့ မှာခဲ့တဲ့ သဘောပါဘဲ။ အမှန်ကတော့ သည်အဆိုဟာ နောက် ဖွဲ့စည်းမည့် ကော်မီတီ တွေကို မှာခဲ့တဲ့ စကားသာ ဖြစ်ပါတယ်။ ဘာတွေ ဘာတွေ လုပ်ခဲ့ပါ ဆိုတဲ့ သဘောတွေ ပါပဲ။


နံပါတ် ၆ ကတော့ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် သမ္မတ မြန်မာ နိုင်ငံတော်၏ နယ်မြေတို့ တပေါင်းတစည်းတည်း တည်တံ့ ခိုင်မြဲရေးကို လည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေ၊ တို့ကို အချုပ်အချာ စိုးမိုး အုပ်ချုပ် ပိုင်ခွင့်ကို လည်းကောင်း တရား ဓမ္မနှင့် တကွ ပြည်ထောင် ချင်းချင်း ဥပေဒ အရ ထိန်းစောင့် ထားရှိ စေရမည်။ ထို့ပြင် ဒါကတော့ လိုတော့ လိုတယ်၊ သို့သော်လည်း က္ဆွန်တော် ပုဂ္ဂိုလ် သဘော ပြောရမည် ဆိုလျှင် တမျိုးကတော့ ကြီးကြီးကျယ်ကျယ် ရေးတာ တမျိုးပါပဲ။ အမှန်ကတော့ ဥပဒေ တတ်တဲ့ ဦးချန်ထွန်း တို့လို ပုဂ္ဂိုလ် တွေက ကြီးကျယ် သည်ထက် ကြီးကျယ်အောင်၊ ခမ်းနား သည်ထက် ခမ်းနားအောင် ထည့်ထား တာပါ။ ဒါတွေ ကတော့ သိပ်ရှင်းနေစရာ မလိုပါဘူး ကြည်း၊ ရေ၊ လေ သည်အထဲမှာ ပါတဲ့ အခွင့်အရေးတွေ ပိုင်ဆိုင် ရမယ်၊ နောက်ပြီးတော့ (According to Justice and international law) ပြည်ထောင် အချင်းချင်း ဥပဒေ အရ၊ တရားဓမ္မနှင့် တကွ ထိန်းစောင့် ထားရှိရမယ်၊ က္ဆွန်တော်တို့က တိုင်းပြည် တည်နေ ကြတာကို ခန့်ခန့်ငြားငြား တိုင်းပြည် တည်ထောင် ရမှာကိုး၊ အဲသည်တော့ က္ဆွန်တော်တို့ဟာ ကြည်း၊ ရေ၊ လေ၊ တို့ကို အချုပ်အချာ စိုးမိုး အုပ်ချုပ် ပိုင်ခွင့်ကို လည်းကောင်း၊ တရား ဓမ္မနှင့် တကွ ပြည်ထောင် အချင်းချင်း ဥပဒေ အရ ထိမ်းစောင့် ထားရှိရမည်။ တမျိုး ကတော့ ဥပဒေ ရေးတဲ့ အခါမှာ တခမ်းတနား ရေးရမည့် အချက်အလက် တွေပါပဲ၊ အရေးလည်း ကြီးပါတယ် ခမ်းခမ်းနားနားလည်း ရေးဖို့ လိုပါတယ်။


နောက်နံပါတ် (၇) က ရာဇဝင်တွင် ထင်ရှား ခဲ့သော မြန်မာ နိုင်ငံတော်သည် ကမ္ဘာတွင် မိမိ၏ ဂုဏ် ကြက်သရေနှင့် လျော်ညီစွာ ရသင့် ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိ စေရမည့် အပြင်၊ လူသတ္တဝါ တို့၏ တိုးတက်ရေးနှင့် ကောင်းကျိုး ချမ်းသာ ပြည့်ဝရေး တို့ကို တာဝန် အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက် ထမ်းရွက်ခါ ပြည်ထောင် အချင်းချင်း ဆိုင်ရာ တရား ဓမ္မနှင့် ကျင့်ဝတ် သိက္ခာကို အခြေခံ ပြု၍ ကမ္ဘာ့ ငြိမ်းချမ်းရေး ရှေ့ရှုလျက် နိုင်ငံတကာ တို့နှင့် မိတ်ဝတ် မပျက်ဘဲ တွဲဖက် ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန် တို့ဖြင့် ထိန်းတော့အံ့။


ဒါကတော့ ဥဒါန်း ကျူးရင့်တဲ့ သဘောမျိုး ပါပဲ။ ငါတို့ နိုင်ငံတော်ကြီးဟာ ကမ္ဘာကြီးရဲ့ အလယ်မှာ လူသတ္တဝါ တို့၏ ကောင်းကျိုး ချမ်းသာ တို့ကို လုပ်ဖို့ရော၊ ကမ္ဘာ့ ငြိမ်းချမ်းရေး တို့ကို တည်ထောင်ပြီး အမြဲတမ်း စောင့်ထိန်းမည် ဆိုတဲ့ ဟာပါပဲ။ ဒါကတော့ နိုင်ငံတကာတိုင်း၊ နိုင်ငံတကာတိုင်း၊ ကြီးကြီး ကျယ်ကျယ် ပြောတဲ့စ ကားတွေပဲ။ တကယ် လုပ်သလား ဆိုတော့ သိပ်မလုပ်ကြ ပါဘူး။ (ရယ်မောကြသည်)။


ဒါကတော့ က္ဆွန်တော်တို့ လူများ ကြည့်ကောင်းအောင်၊ ကမ္ဘာက ကြည့်ကောင်းအောင် ထည့်ရမည်။ ဖတ်လိုက်ရလို့ ရှိရင် ပါးစပ်ထဲမှာ ပြည့်သွားအောင် လုပ်ထား တာပဲ။ တောက လူတွေ ဖတ်ရင်တော့ ဘာမှ နားလည်မှာ မဟုတ်ဘူး။ (ရယ်မောကြသည်)။ အရေးကြီးတာ ကတော့ နံပါတ် ၁ - ၂ - ၃ - ၄ - ၅ က္ဆွန်တော်တို့ နံပါတ် ၁ က ၅ အထိ၊ က္ဆွန်တော် မြင်သလောက် (The most practical points) ဒါက တကယ့် အသုံးဝင်ဆုံး အချက်အလက်တွေ ဖြစ်နေတယ်၊ သည် အသုံးဝင်တဲ့ အချက်အလက် တွေဟာ အဆိုထဲမှာ ပါတယ် ၆ နှင့် ၇ ကတော့ အမှန်စင်စစ် စကားတွေ ကြည့်ကောင်းအောင် ခန့်ခန့်ညားညား သုံးထားခြင်း ပဲလို့ တနည်း ဆိုနိုင် ပါတယ်။


သည်တော့ က္ဆွန်တော်တို့ သည်တိုင်းပြည်ပြု လွှတ်တော်က နေပြီး ဗမာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့ အဖွဲ့ အသီးသီး ခန့်ထားတဲ့ နေရာမှာ သည်အတိုင်း စဉ်းစားပြီး သည်အချက် တွေကို စဉ်းစားပြီး ခင်ဗျားတို့ အကြံဉာဏ်တွေ ယူလာခဲ့ ပါလို့ မှာလိုက်ဖို့ အတွက် သည်အဆိုကို သွင်းရခြင်း ဖြစ်ပါတယ်။ သည်အဆိုကို စဉ်းစား လိုက်မယ် ဆိုရင် အခြေခံ အချက်တွေ ပါပေမည်။ သည်အချက်တွေ ပြည့်ပြည့်စုံစုံ ထည့်တာ ရှိတယ်။ ပထမ ၁ အချက်မှာ ဆိုရင် လွတ်လပ်သည့် အခါ အာဏာပိုင် သမ္မတ နိုင်ငံ လုပ်ရမယ်။ အချုပ်အချာ အာဏာပိုင် သမ္မတ နိုင်ငံ ဖြစ်ရမယ်။ နောက်ပြီးတော့ ဗမာ နိုင်ငံကို ပြည်ထောင်စု နိုင်ငံတော် ခေါ်ဖို့ အဲသည် မူတခု ပါတယ်၊ မူ အားလုံး လေးခု ပါတယ်။


လွတ်လပ်တဲ့ နိုင်ငံတော် ဖြစ်ရမယ်။ (Independence) အချုပ်အချာ အာဏာ ပိုင်ရမယ် (Sovereignty) နောက်ပြီးတော့ တခါ သမ္မတ နိုင်ငံ ဖြစ်ရမယ်။ (Republic) အဲဒါ နောက်ပြီးတော့မှ တခါ ပြည်ထောင်စု နိုင်ငံ ဖြစ်ရမယ်။ အဲဒီ မူ ၄ ခု ရှိပါတယ်။ အဲသည် မူ လေးခုကို အပိုဒ် (၁) ထဲမှာ အကုန်လုံး သွင်းထားတယ်။ သွင်းထားတော့ က္ဆွန်တော်တို့ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ၍ ဥပဒေ ရေးဆွဲတဲ့ အခါ သည်မူ ၄ ခုကို အခြေခံ ထားပြီး ရေးဆွဲ ပါလို့ မှာချင် ပါတယ်။ အဲသည် မူ လေးခုနှင့် က္ဆွန်တော်တို့ လွတ်လပ်တဲ့ နိုင်ငံ အဖြစ် ကျေညာမယ် ဆိုတာ သည်တိုင်းပြည်ပြု လွှတ်တော်က နေပြီး သဘော ကျတယ်။ ကျေနပ်တယ်။ မကျေနပ်ဘူး စဉ်းစားဖို့ အချုပ်အချာ အာဏာပိုင် ပြည့်စုံရမယ် ဆိုတာ သဘော ကျတယ်၊ မကျဘူး ဆုံးဖြတ်ဖို့၊ နောက်ပြီး ပြည်ထောင်စု နိုင်ငံတော် ဖွဲ့စည်းဖို့ ဆိုတာ ဟာလည်း ဖွဲ့စည်းထိုက်၊ မဖွဲ့စည်းထိုက် ဆိုတာ ဆွေးနွေးဖို့ ပါပဲ။ အဲဒါပြီးမှ ဒုတိယ အချက်က သည်ပြည်ထောင်စု နိုင်ငံထဲမှာ ဘယ်နယ်တွေ ဘယ်နယ်တွေ ပါလို့ ဘယ်လို အာဏာ ရရှိမည် ဆိုတာ ခင်ဗျားတို့ လာပြီး တင်ပြပါလို့ မှာလိုက်ခြင်း ဖြစ်ပါတယ်။ သည်အချက်မှာ တော်တော်ပဲ အရှင် လုပ်ထားတယ်။ ဘာဖြစ်လို့လဲ ဆိုလျှင် သည်အချက် ထဲမှာ ဘာမျှ တိတိကျကျမှ မူရယ်လို့ မရှိပါဘူး။


မူလက ဘာလဲ ဆိုလျှင် ကိုယ်ပိုင် အုပ်ချုပ်ရေး အာဏာ ပေးရမည် ဆိုတဲ့ မူပါပဲ။ ဘယ်လိုပေး၊ ဘယ်လောက်ပေး ဆိုတာ ဘာမျှ မပါဘူး။ ခင်ဗျားတို့ စဉ်းစားပြီး လာခဲ့ကြပါ ဆိုတဲ့ သဘောမျိုးနှင့် အရှင် လုပ်ပြီး ထားပါတယ်။ ဘယ်ပြည်နယ်တွေ ပါသင့်တယ် ဆိုတာလဲ အရှင် လုပ်ပြီး ထားပါတယ်။ က္ဆွန်တော်တို့ မူလ ဖဆပလ ညီလာခံမှာ တင်တဲ့ အဆိုမှာတော့ ဖော်ပြ ထည့်ထား ပါတယ်။


အဲဒါ က္ဆွန်တော်တို့ အမှတ်တမဲ့ ထည့်ထား မိတာပါပဲ။ နောက် ပြန်စဉ်းစား ကြည့်တော့မှ ပြည်ထောင်စု နိုင်ငံထဲက သည်နယ်တွေ ဝင်သွားပြီးသား ဖြစ်သွား မည်လား ဆိုပြီး စဉ်းစား မိတာနှင့် ဖြုတ်ပစ်ခဲ့ပြီး အခုလို သာမည ဆိုထားခြင်း ဖြစ်ပါတယ်။


၃ ကတော့ အချုပ်အချာ အာဏာပိုင် လွတ်လပ်သော သမ္မတ မြန်မာ နိုင်ငံတော်နှင့် တကွ အပါအဝင် ဖြစ်သည့် ပြည်နယ် များနှင့် အစိုးရ အဖွဲ့အစည်း အားလုံး တို့၏ အခွင့်အာဏာ ဟူသမျှ တို့သည် တိုင်းသူ ပြည်သားတို့ ထံမှ သက်ဆင်း စေရမည်။ သည်မှာတော့ မူက တိုင်းသူ ပြည်သား များဟာ အချုပ်အချာ အာဏာ ပိုင်သော လူတွေပဲ ဆိုတဲ့ မူကို ထည့်ထားခြင်း ဖြစ်ပါတယ်။ သည်မူ အရ က္ဆွန်တော်တို့ နိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲသည့် အခါ သည်မူ သဘောမျိုးနှင့် အကြံဉာဏ်တွေ ရေးဆွဲ လာခဲ့ပါ ဆိုပြီး မှာထားခြင်း ဖြစ်ပါတယ်။


နောက် အချက် ၄ က ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ တိုင်းသူ ပြည်သား မှန်သမျှသည် လူမှုရေး၌ လည်းကောင်း၊ စီးပွားရေး၌ လည်းကောင်း၊ နိုင်ငံရေး၌ လည်းကောင်း တရား မျှတမှု ရှိစေလျက် အဆင့်အတန်း အခွင့်အရေးနှင့် ဥပဒေ သက်ရောက်မှု တို့တွင် ဆူကြုံ နိမ့်မြင့် မရှိစေ။ ပကတိ တူညီ စေရမည့် အပြင် တရား ဥပဒေ နှင့်သော် လည်းကောင်း၊ အများ ပြည်သူတို့ စောင့်စည်း အပ်သော အကျင့် သိက္ခာနှင့်သော် လည်းကောင်း မဆန့်ကျင် သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုနိုင်ခွင့်၊ ပရိယေသနာ ရှာမှီး ပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြူမူ ဆောင်ရွက် ပိုင်ခွင့်ကို ရရှိ တည်မြဲ စေရန် အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် အခိုင်အလုံ သတ်မှတ် ထားရှိ စေရမည်။


ဒါကတော့ က္ဆွန်တော်တို့ သည်အထဲမှာ မူတွေ ကတော့ လူမှုရေးရာ၌ တရား မျှတမှု ရှိစေခြင်းမူ၊ စီးပွားရေး တရားမျှတ ရှိစေခြင်းမူ၊ နိုင်ငံရေး တရားမျှတ ရှိစေခြင်းမူ၊ အဆင့်အတန်းတွင် ဆူကြုံနိမ့်မြင့် မရှိ၊ ပကတိ တူညီ စေရမည့်မူ၊ ဥပဒေ သက်ရောက်မှု တို့တွင် ဆူကြုံနိမ့်မြင့် မရှိ၊ ပကတိ တူညီ စေမည့် အပြင် တရား ဥပဒေနှင့်သော် လည်းကောင်း၊ အများ ပြည်သူတို့စောင့်စည်း အပ်သော အကျင့် သိက္ခာနှင့်သော် လည်းကောင်း မဆန့်ကျင် သမျှ ပြည်သူ တို့ရဲ့ လွတ်လပ်ခွင့်များ ရရှိဖို့ မူ ၇ မူ ပါတယ်။


အဲသည် မူ ၇ မူ ရဲ့ အခြေခံ သဘောတရား ၇ ချက် ပေါ်တွင် အခြေခံ ပြုပါလို့ သည်အမှတ် ၄ က ဆိုခြင်း ဖြစ်ပါတယ်။ အမှတ် ၅ ကတော့ ဤဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် လူနည်းစုများ အဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်း ပြဋ္ဌာန်း ထားရှိ စေရမည် ဆိုတာ ကတော့ ယခုတွင်က အချက် ၂ ရဲ့ သဘောမျိုးပဲ။ သာမည လောက်ပဲ ဆိုထား လိုက်တာပဲ။ လူနည်းစုတွေ အတွက်လည်း လုံလုံလောက်လောက် ထည့်သွင်း ထားပါ၊ ဘာလုပ်ပါ ဆိုတာ သည်အထဲမှာ က္ဆွန်တော်တို့ မထည့်သေး ပါဘူး။ ဘာဖြစ်လို့လဲ ဆိုလျှင် သည်ကိစ္စဟာ အထူး တလည်ပဲ ရေရေလည်လည် ဆွေးနွေး စဉ်းစားရမည့် အချက်တွေ ဖြစ်ပါတယ်။


ဒါတွင် မကသေးဘူး၊ က္ဆွန်တော်တို့ အဖို့မှာ အထူး ရှင်းလင်း စေချင်တာ ကတော့ သည် လူထုတွေ အပေါ်မှာ အရှင်းဆုံး စိတ်ထား ပါတယ်။ မလိမ့်တပတ် ဖြစ်စေ၊ ခြေရှုပ်လို့ ဖြစ်စေ ဘယ်လိုပဲ ဖြစ်ဖြစ် က္ဆွန်တော်တို့ဟာ လက်တလုံးကြားဖြင့် လူနည်းစုတွေ အပေါ်မှာ မတရားလုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် စေတနာ အလျှင်း မရှိနှင့် သူတို့ ပြောဆိုချင်တာ သူတို့ ပြောပြီးတော့ကာ လုံလောက်တဲ့ ကာကွယ်ချက် တွေကို ဟုတ်တယ် မဟုတ်ဘူး၊ တရားသဖြင့် အခွင့်အရေးတွေ ဟုတ်တယ် မဟုတ်ဘူး။ ဒါတွေကို စိစစ်ပြီးတဲ့ နောက် ရေရေလည်လည် ဆွေးနွေးခွင့် ရပြီးတဲ့ နောက်မှ က္ဆွန်တော်တို့ သဘောတူလို့ ဖြစ်စေ၊ က္ဆွန်တော်တို့ ပိုသဘော မတူလို့ ဖြစ်စေ၊ က္ဆွန်တော်တို့ ဆုံးဖြတ်တဲ့ အခါမှာ သည်လောက်ပဲ ရနိုင်မယ် သည်ထက်တော့ ပိုမရဘူး ပြောတဲ့ အခါမှာ သည်လို ရေရေလည်လည် ဆွေးနွေးမှ သာလျှင် သဘောတူလို့ ဖြစ်စေ၊ သဘော မတူလို့ ဖြစ်စေ အဲသည်လို လုပ်ဖို့ပါဘဲ။ သည်မှာ လူနည်းစုတွေ အတွက် ကာကွယ်ချက်များ ဆိုပြီး ပါရုံ လောက်သာ ပါတယ်။ တသီးတခြား ဖော်ပြခြင်း မရှိပါဘူး။


သည်အတိုင်း အမှာ သဘော ဖြစ်တဲ့ သည်အဆိုကို တင်သွင်းတဲ့ အခါမှာ အခုလို ဖြစ်နေတဲ့ ဗမာပြည်မှာ လက်ငင်း အခြေအနေကို အနည်းငယ် သုံးသပ်ဖို့ လိုပါတယ်။ အခုလက်ငင်း ဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေမယ် ဆိုလို့ ရှိလျှင် အခု ဖွဲ့စည်း စည်းဝေး နေတဲ့ တိုင်းပြည်ပြု လွှတ်တော်ကြီးဟာ အချုပ်အချာ အာဏာ ပြည့်စုံတဲ့ လွှတ်တော်လို့ ယူဆတယ်။


သည်အတိုင်းလည်း ဆောင်ရွက် နေတယ်။ သည်လို ဆောင်ရွက် နေတဲ့ အခါမှာ သည်တိုင်းပြည်ပြု လွှတ်တော် ကနေ ပြီးတော့ကာ ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ဆုံးဖြတ် ပြီးတဲ့နောက် လွတ်လပ်တဲ့ နိုင်ငံ တည်ထောင်ဖို့ ရောက်တဲ့ အခါ ကျတော့၊ တကယ့် လက်တွေ့ ရောက်တဲ့ အခါ ကျတော့ အာဏာဟာ သည် တိုင်းပြည်ပြု လွှတ်တော် ထဲမှာ မရှိသေးဘူး။ ဘာဖြစ်လို့ မရှိသေး သလဲ ဆိုလျှင် သည်တိုင်းပြည်ကို အုပ်ချုပ် နေတာ ဘိလပ် ပါလီမန်က အုပ်ချုပ် နေတော့ ဘိလပ် ပါလီမန် ကနေပြီး သည်တိုင်းပြည် ပေါ်မယ် အချုပ်အချာ အာဏာပိုင်တဲ့ သဘောမျိုး အဖြစ်နှင့် စိုးမိုး အုပ်ချုပ်ခြင်း ခံရတော့ ဘိလပ် ပါလီမန်က အုပ်ချုပ် နေခြင်း ရပ်စဲ ပစ်ရမယ်။ ရပ်စဲပြီးတဲ့ နောက်မှ က္ဆွန်တော်တို့ တိုင်းပြည်က အချုပ်အချာ အာဏာပိုင် နိုင်ငံတော် အဖြစ် ရောက်မယ်။ အခု က္ဆွန်တော်တို့ (The Status of the Constituent Assembly is that of a sovereign body) အဆင့်အတန်း အားဖြင့် သည်တိုင်းပြည်ပြု လွှတ်တော်ဟာ အချုပ်အချာ အာဏာနှင့် ပြည်စုံတဲ့ လွှတ်တော်လို့ ယူဆတယ်။ သို့သော်လည်း အာဏာ ပါဝါ ကျတော့ မရှိ သေးဘူး။ အခွင့်အရေး ကတော့ မရှိ သေးဘူး။ ဥပမာ သည် တိုင်းပြည်ပြု လွှတ်တော် ထဲမှာ ပြောဆိုတဲ့ စကား တွေဟာ လွတ်လွတ်လပ်လပ် ပြောဆို နိုင်တယ်လို့ က္ဆွန်တော်တို့ ယူဆတယ်။


ယူဆထားပင် ယူဆထား ငြားသော်လည်း (Legal Sanction) ခေါ်တဲ့၊ ဥပဒေ အခွင့်အရေး အာဏာ ရှိသလား ဆိုတော့ အဲသည် လိုတော့ မရှိဘူး။ အဲသည် အတိုင်းပဲ၊ က္ဆွန်တော်တို့ တင်သွင်း ဆုံးဖြတ်တဲ့ ကိစ္စတွေ ကလည်း ဆုံးဖြတ်တော့ ဆုံးဖြတ် နိုင်တယ်၊ ဆုံးဖြတ်တဲ့ နေရာမှာ ဘယ်သူမှ လာပြီးတော့ မတားဆီး နိုင်ဘူး၊ မနှောက်ရှက် နိုင်ဘူး၊ လွှတ်တော်ထဲမှာ ရှိတဲ့ အမတ်တွေက လွဲလျှင် ဘယ်မူမှ မတားဆီး နိုင်ဘူး၊ မနှောက်ရှက် နိုင်ဘူး၊ က္ဆွန်တော်တို့ ကိုယ်တိုင် ဆုံးဖြတ် နိုင်တယ်၊ သည်လွှတ်တော်မှာ ဆိုလျှင် က္ဆွန်တော်တို့ ဥက္ကဋ္ဌကြီးဟာ ရှင်ဘုရင်ပဲ။ သူ အာဏာ အရှိဆုံးပဲ။ သူကနေ ပြီးတော့ အစည်းအဝေး လုပ်တဲ့ နေရာ တွေမယ် အဆုံးအဖြတ် သဘောမျိုးနှင့် ကြည့်ရှု ဆုံးဖြတ် သွားရမည်။


သူ့ အဆုံးအဖြတ်ကို က္ဆွန်တော်တို့ နားထောင် ရမယ်။ အဲသည် တော့ကာ လွှတ်တော်မှာ အမတ် ဘာမဆို ဆုံးဖြတ်ချင်တာ ဆုံးဖြတ် နိုင်တယ်၊ ဆုံးဖြတ် ပြီးတဲ့နောက် ဆုံးဖြတ်ချက် အတိုင်း သည်အတိုင်း ဖြစ်အောင် ဆိုတဲ့ ကိစ္စ ကတော့ သည်အခါ ကျလို့ရှိလျှင် ဘိလပ် ပါလီမန်က အဲသည်လို လိုက်ပြီးတော့ ခင်ဗျားတို့ တတွေကို ကျုပ်တို့ အာဏာ လွဲပါတယ် ဆိုတဲ့ သဘောမျိုး ဘယ်လိုနည်းနှင့် ဖြစ်ဖြစ်၊ ဘယ်လို ဥပဒေနှင့် ဖြစ်ဖြစ် လုပ်ရလိမ့်မယ်။ အဲဒါတော့ ရိုးရိုး နည်းအတိုင်း ဖြစ်ပုံကို က္ဆွန်တော် ပြောပြတာပါ။ ဒါက တယောက်နှင့် တယောက်၊ တဦးနှင့် တဦး တနိုင်ငံနှင့် တနိုင်ငံ အကျယ်ကျယ် စကား မများကြ ပဲနှင့် မိတ်ဆွေ သဘော အားဖြင့် တဦးကို တဦး အာဏာ လွှဲပြောင်း ပေးမည့် အခြေအနေ ဖြစ်ရမည့် သဘောမျိုးကို ပြောဆိုခြင်း ဖြစ်ပါတယ်။


အဲသည်တော့ အဲသည်လို အာဏာ လွှဲပြောင်းတဲ့ ကိစ္စမှာ စကားများပြီး အကျယ်ကျယ်တွေ ဖြစ်လာကြလျှင် အာဏာ လွဲပြောင်းမှု အခက်အခဲတွေ ဖြစ်လာကြ လျှင်တော့၊ အာဏာ လွှဲပြောင်းမှု အခက်အခဲတွေ ပေါ်လာလျှင်တော့ သည့်ပြင် တနည်းတလမ်း စဉ်းစားတန် စဉ်းစား ရလိမ့်မည်။


သည်လို စဉ်းစားတဲ့ အခါမှာ ဥပမာ တိုင်းပြည်ပြု လွှတ်တော် ကနေ ပြီးတော့ ကျုပ်တို့ဟာ အချုပ်အချာ အာဏာပိုင်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အတွက် ကျုပ်တို့ပဲ သည်အာဏာ တွေကို ရယူမယ် ဆိုပြီး အတင်း ယူတဲ့ နည်းလမ်း ရှိပါတယ်။ သို့သော်လည်း အခု အဆို သွင်းနေတဲ့ ကိစ္စ ကတော့ သည်လို အတင်း ယူဖို့ ကိစ္စကို က္ဆွန်တော် မတိုက်တွန်း သေးဘူး။ ဘာကြောင့် မတိုက်တွန်း ဘူးလဲ ဆိုလျှင် တိုင်းပြည် တပြည်လုံးမယ် ဖြစ်နေတဲ့ အခြေအနေ တွေကို ထောက်ပြီးတော့ အကြည်အသာ အားဖြင့် မိတ်ဆွေ သဘောနှင့် အာဏာ လွှဲပြောင်း ယူသွား နိုင်ဖို့က အနည်းငယ် စောင့်ဆိုင်း ပြီးတော့ သည်အတိုင်း အကြည်အသာ အာဏာ ပြောင်းမှု ရအောင် လုပ်ရမယ် ဆိုတဲ့ သဘောမျိုးနှင့် က္ဆွန်တော်သည် အဆိုကို တင်သွင်းခြင်း ဖြစ်ပါတယ်။


အကယ်၍သာ သည်လို ကြည်ကြည်သာသာ မိတ်ဆွေ သဘောမျိုးနှင့် အာဏာ လွှဲပြောင်းမှုကို မလိုလားဘူး ဆိုလျှင် အခုဆို တိုင်းပြည်ပြု လွှတ်တော်ကြီးမယ် ပထမဆုံး အဆိုသွင်း ကတည်းက က္ဆွန်တော်တို့ တင်သွင်း လာခဲ့မှာပဲ။ ဘယ်လို သွင်းမလဲ ဆိုလျှင် သည်အဖွဲ့ကြီး သည်က ယာယီ အမျိုးသား အစိုးရ စသည် အားဖြင့် ဖွဲ့စည်းမယ်၊ ဒါတွေကို က္ဆွန်တော်တို့ ဖွဲ့စည်းမယ်၊ အတင်း လုပ်စရာ လိုလျှင် အတင်း လုပ်မယ်။


ကျုပ်သည်လို အတင်း လုပ်တဲ့ အခါ ကျတော့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အင်္ဂလိပ် အစိုးရနှင့် ဆိုလျှင် အကျယ်ကျယ် မငြိမ်းဖွယ် အနည်းနှင့် အများ ဖြစ်ရမယ်။ လက်တွေ့ အားဖြင့် ပြောရမယ် ဆိုလျှင် သည်လို အငြင်အခုံ မဖြစ် ချင်ပေမည့် ဆယ်ရေး တရေး ကိုးရေး တရာ ဆိုသလို လုပ်ထားဖို့ ပြင်ဆင်ချက်တွေ လိုသေးတယ်။


အဲသည်တော့ လက်တွေ့ ပြင်ဆင်ချက် လုပ်စရာ ဆိုတာတွေ အပထားပြီး တခြား စဉ်းစား လိုက်မယ် ဆိုလို့ ရှိရင် အကျယ်ကျယ် မငြိမ်းဖွယ် ဆိုပြီး တယောက်နှင့် တယောက်သည် အဲ အတင်းအကျပ် ရှောက်ပြီး လုပ်နေမည့် ကိစ္စမျိုးတွေ ဆိုတာ အမှန်အားဖြင့် က္ဆွန်တော်တို့ ဘယ်သူ မဆို လိုလား မည်လည်း မဟုတ်ပါဘူး။ လိုလည်း မလိုလား အပ်ဘူး။ နောက် တိုင်းပြည်ရဲ့ အခြေအနေ အားလုံးကို ကြည့်ပြီး အကြည်အသာ အားဖြင့် အာဏာ လွှဲပြောင်းလို့ ရနိုင်မယ် ဆိုလို့ ရရှိလျှင် မကောင်းဘူးလား။


အဲသည်လို အကြည်အသာ ဖြစ်အောင် ဆိုပြီး သည်အဆိုကို သွင်းတဲ့ အခါ ကျတော့ အာဏာ လွှဲပြောင်းဖို့ ဖြစ်နိုင် မဖြစ်နိုင် က္ဆွန်တော်တို့ ချိန်ဆဖို့ လိုပါတယ်။


အကြည်အသာ အာဏာ လွှဲပြောင်းလျှင် အခု ဖြစ်နေတဲ့ ကမ္ဘာရဲ့ အခြေအနေ၊ အင်္ဂလိပ် အစိုးရရဲ့ အခြေအနေ အားလုံးကို ခြုံကြည့်လျှင် အကြည်အသာ ဖြစ်မှာပဲလို့ ယူဆတယ်။ အနှေးနှင့် အမြန်ပဲ။ သည်အနှေးနှင့် အမြန် ဆိုတဲ့ ကိစ္စ ဟာလည်း က္ဆွန်တော်တို့ လုပ်တဲ့ အပေါ်မှာ ပဲတည်၊ အခြားမှာပဲ တည်တယ်။


က္ဆွန်တော် လုပ်တာက မြန်မြန်နှင့် ကောင်းကောင်း မှန်မှန် ရှိပြီးတော့ က္ဆွန်တော်တို့ တစည်းတလုံးတည်း တညီတသားတည်း အင်အား တောင့်တောင့်တင်းတင်းနှင့် ဆိုလို့ ရှိလျှင် ယူနိုင်သည်။ သို့သော်လည်း တထစ်ချ မပြောလိုဘူး။ အခု လုံးဝ လွတ်လပ်ရေး ဆိုပြီးတော့ သည်အဆို ထဲမှာ သည်မူကို ထည့်လိုက်တဲ့ အခါ အင်မတန် အနှောင့်အရှက်တွေ တွေ့ရတယ်။ သည် အနှောင့်အရှက်တွေ တွေ့လာတဲ့ အခါ ကျတော့ သည် အနှောင့်အရှက်တွေ စဉ်းစား ပြီးတော့မှ သည်အဆိုကို တင်သွင်းတဲ့ အခါ အဆိုဟာ ရှေ့ကို ဘယ်လိုများ ဖြစ်မလဲ ဆိုတဲ့ အလားအလာကို မတွေးရဲအောင် ဖြစ်နေတဲ့ အခြေအနေကို ရောက်နေ ပါတယ်။


ဘာပြုလို့လဲ ဆိုလျှင် သည် တိုင်းပြည်ပြု လွှတ်တော် ကနေပြီး ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဆုံးဖြတ် ပြီးတဲ့နောက် သည်အတိုင်း အတည် ဖြစ်ဖို့၊ မဖြစ်ဖို့ ဆိုတာ ကတော့ ဘယ်အပေါ်မှာ တည်သလဲ ဆိုလို့ ရှိလျှင် က္ဆွန်တော်တို့ အားလုံး အပေါ်မှာ တည်ပြီးတော့ က္ဆွန်တော် တို့သည် တိုင်းပြည်ပြု လွှတ်တော် အဖွဲ့ကြီး ကနေ ပြီးတော့ မိမိ အဆင့်အတန်း ရှိနေတဲ့ အချုပ်အချာ အာဏာပိုင် အဆင့်အတန်းကို စကား သဘောနှင့် မဟုတ်ဘဲ ဥပဒေ သဘောနှင့် တကယ့် လက်တွေ့လောက် ဖြစ်အောင် လုပ်မယ် ဆိုတဲ့ သန္နိဋ္ဌာန် ရှိဖို့ လိုပါတယ်။


အဲသည်လို ရှိလေမှ သာလျှင် က္ဆွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော် အဖွဲ့ကြီး အဆုံးဖြတ် ပေးတဲ့ ဆုံးဖြတ် ထားတဲ့ အတိုင်း ဖြစ်မြောက် အောင်မြင်အောင် လုပ်ဖို့ ပြင်ဆင် ပြီးသား ဖြစ်ပါ လိမ့်မယ်။ သည်လို လုပ်ဖို့ ရှိလျှင် ယခု မြင်နေတဲ့ အတိုင်း ဆိုရင် အာဏာ လွှဲပြောင်းမှုနှင့် ပတ်သက်ပြီး အခက်အခဲတွေ အနည်းနှင့် အများ ပေါ်လာ လိမ့်မယ်လို့ ထင်တယ်။


က္ဆွန်တော် ဘယ်လို ရည်ရွယ်ချက်နှင့် ဘယ်သူ့ အပေးမှာ ဘယ်လို စိတ်ထားမှ မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဆို ချင်ပါတယ်။ အာဏာ လွှဲပြောင်း ပေးတဲ့ ကိစ္စမှာ ဆိုလို့ ရှိရင် တောင်တန်း ဒေသ ဆိုင်ရာ ကိုယ်စားလှယ် တွေကို အသုံးချ မှာပဲ ဆိုတာကို က္ဆွန်တော်က ပွင့်ပွင့်လင်းလင်း ပြောပြ ထားလို ပါတယ်။ ဘာပြုလို့လဲ ဆိုရင် က္ဆွန်တော်တို့ အခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲတဲ့ နေရာမှာ အခက်အခဲတွေ ဘယ်လို လွတ်မြောက်အောင် ဖန်တီးဖို့ ဆိုတာ သည်အရေး သည်ကိစ္စက လွဲလျှင် သည့်ပြင် ဘာမျှ မရှိဘူး။ မြန်မာပြည်မှာ ဆိုရင် သူတို့က ကရင် တွေကို မြှောက်စား ပေးမှာ ပါပဲ။ တောင်တန်း ကိုယ်စားလှယ် တွေကိုလည်း မြှောက်စား ပေးမယ်။


က္ဆွန်တော်တို့ ကတော့ အားလုံးကို စဉ်းစား ပြီးသားပဲ။ ဘယ်သူက ဘယ်သူ့ကို မြှောက်ပေး မြှောက်ပေး က္ဆွန်တော်တို့ အဖို့ မှာတော့ က္ဆွန်တော်တို့ သွားရမည့် လမ်းကို မှန်မှန်ကြီး သွားမယ်။ ရှုပ်လို့လဲ ပိုရမှာ မဟုတ်ဘူး၊ ချောက်လို့လဲ ပိုရမှာ မဟုတ်ဖူး။ ဘယ်လိုလုပ်လုပ် သွားမယ် ဆိုတဲ့ လမ်းစဉ် အတိုင်း မှန်မှန်ကြီး သွားမယ်။ နောက်ဆုံး တနေ့မှာ က္ဆွန်တော်ရဲ့ စိတ်စေတနာ အရင်းနှင့် လုပ်ကိုင် သွားတာကို ရှုပ်ချင်ကြတဲ့ လူတွေ ရှိရင် သဘော အတိုင်း ရှုပ်နိုင် ကြတယ်။


က္ဆွန်တော်တို့ ကတော့ က္ဆွန်တော် ကတော့ က္ဆွန်တော်တို့ သဘော အရ ပြဋ္ဌာန်း ထားတဲ့ အတိုင်း သွားမှာပဲ။ အဲသည်လို သွားတဲ့ အခါ မှာလည်း ဘယ်လို အခက်အခဲ တွေနှင့် တွေ့နေ တွေ့နေ အခက်အခဲ တွေကို ကျော်နင်းပြီး သွားမယ်။ ချောက်လျှင်လည်းက္ဆွန်တော်တို့ မကြောက်ဘူး။ မြှောက်လျှင်လည်း မမြှောက်ဘူး။ ချော့လျှင်လည်း မပျော့ဘူး။ လမ်းမှန် အတိုင်း မှန်မှန် သွားမယ်။ က္ဆွန်တော်တို့ လိုလားတဲ့ ပန်းတိုင် ထိအောင် က္ဆွန်တော်တို့ သွားမယ်။


(သြဘာသံများ)


က္ဆွန်တော်တို့ အဲသည်လို သွားတဲ့ အခါမှာ က္ဆွန်တော်တို့ အတွက် ကတော့ စဉ်းစား ဆုံးဖြတ် ပြီးသား ရှိလို့ ရှေ့ကို ဘယ်လို အခက်အခဲတွေ တွေ့ဦးမယ်၊ ဘယ်လို ဖြစ်မည် ဆိုတာ အားလုံး က္ဆွန်တော်တို့ စဉ်စား ပြီးသား ဖြစ်တယ်။ သို့သော်လည်း က္ဆွန်တော်တို တောင်တန်း ဒေသ ဘက်က မိတ်ဆွေတွေ ရှမ်း အစ ရှိသည့်ပြင် အားလုံးကို ပြောချင်တာက မိတ်ဆွေ သဘော သာမက က္ဆွန်တော်တို့နှင့် သွေးချင်းသားချင်း ဆိုလျှင်လည်း မှန်ပါတယ်။ ဘာပြုလို့လဲ ဆိုတော့ ရှေးကတည်းက ရာဇဝင် အရ မောင်ဂိုလီယံ အဆက်အနွယ်က ဆင်းလာတဲ့ လူမျိုးများ ဖြစ်ပါတယ်။ အဲသည် သွေးသားချင်း တူနေကြတဲ့ လူတွေနှင့် သွေးချင်းသားချင်း မတူတဲ့ လူတွေမှာ ဘယ်သူကနေ ပြီးတော့ ဘယ်သူ့ အပေါ်မှာ စေတနာ ပိုမည် ဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုတယ်။ နောက်ပြီး တချက်က က္ဆွန်တော်တို့ ကနေ ပြီးတော့ အခုနေ ဆောင်ရွက် နေတဲ့ ကိစ္စ တွေဟာ ခင်ဗျားတို့ တောင်တန်းနယ်က လူတွေ အတွက် ကောင်းကျိုး အတွက်လား၊ ဆိုးကျိုး အတွက်လား ဆိုတာ စဉ်းစားဖို့ လိုပါတယ်။


လွန်ခဲ့တဲ့ လေးငါးလ တုန်းက ဘာမျှ အခြေအနေ မရေရာတဲ့ တောင်တန်း ဒေသ ဆိုတဲ့ နယ်တွေကို အခြေအနေတွေ ရေရေရာရာ ဖြစ်အောင် က္ဆွန်တော်တို့ ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့တယ်။ နောက်ပြီးတော့ က္ဆွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ထဲ ရောက်အောင်လဲ ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့တယ်။ သည်လို လုပ်လာ ခဲ့တာ တွေဟာ က္ဆွန်တော်တို့ စေတနာနှင့် လုပ်တာပဲ။ စေတနာနှင့် လုပ်တာလား၊ ဝေဒနာနှင့် လုပ်တာလား စဉ်းစားဖို့ လိုတယ်။ အမှောင် ထဲက နေပြီး အလင်း ရောက်အောင် ဆောင်ရွက် လာတဲ့ ဟာကို အလင်းရောင်က အမှောင်ထဲ ပြန်ရောက်အောင် ပြန်သွား ချင်တယ်လို့ ဆိုရင် က္ဆွန်တော် တို့မှာ တားပိုင်ခွင့် မရှိဘူး။ က္ဆွန်တော်တို့ မြင်တဲ့ အတိုင်း ပြောရလျှင် က္ဆွန်တော်တို့က ဆွေကြီးမျိုးကြီး သွေးချင်းသားချင်း ဝတ္တရား ရှိသလို ဆောင်ရွက် တန်သလောက် ဆောင်ရွက် ခဲ့တယ်။ အလင်းရောင်က အမှောင်ထဲ ပြန်သွား ချင်တယ် ဆိုလျှင် က္ဆွန်တော်တို့ မတတ်နိုင် တော့ဘူး။ အဲသည်တော့ က္ဆွန်တော်တို့ အဖို့ မှာတော့ ဘယ်အထိ စေတနာ ရှိတယ် ဆိုတာ က္ဆွန်တော် တို့၏ အခြေခံ ဥပဒေ ရေးဆွဲ ထားတဲ့ နောက်မှာလည်း စိတ်ကူး ထားတာတွေ အမြောက်အမြား ရှိပါ သေးတယ်။


အဲသည် ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ ဆိုတာ ဟာလည်း အမှန်စင်စစ် အားဖြင့် လူတွေရဲ့ စေတနာ၊ လူတွေရဲ့ ရည်ရွယ်ချက်၊ လူတွေရဲ့ လိုလားချက် အားလုံးကို ဘယ်နည်း နှင့်မျှ ကုန်စင်အောင် မထည့် နိုင်ဘူး။ ဘယ်ဥပဒေ မှာမှ ပြည့်ပြည့်စုံစုံ ရှိတဲ့ ဥပဒေမျိုး မရှိနိုင်ဘူး။ (No Constitution in The world is perfect.) ကမ္ဘာ တဝှန်းလုံးမှာ ရှိတဲ့ ဘယ်ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ မှာမှ ပြည့်ပြည့်စုံစုံ ဥပဒေ ရယ်လို့ မရှိဘူး။ အမှားအယွင်း မရှိတဲ့ ဥပဒေ ရယ်လို့ လုံးဝ မရှိသေးဘူး။ အဲသည် တော့ကာ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ ထဲမှာ လိုသမျှ အချက် တွေကို အကုန်လုံး က္ဆွန်တော်တို့ မထည့်နိုင်ဘူး၊ တချို့ ဟာတွေကို ထည့်နိုင် ပေမည့် တချို့ ဟာတွေကို မထည့်နိုင်ဘဲ ရှိတယ်။


ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို လုပ်တဲ့ နေရာ မှာလည်း (The letter of the constitution and the spirit of the Constitution.) ၂ မျိုး ရှိတယ်။ ဥပဒေမှာ စာလုံး တွေကို လိုက်ပြီးတော့ ကတ်သီးကတ်သတ် ဝိနည်းလွတ်တဲ့ ဝိနည်း လွတ်ရုံလောက် အဓိပ္ပာယ် ကောက်တဲ့ နည်းက တမျိုး၊ အဲဒီ နည်းဥပဒေကို လုပ်တဲ့ အခါ တုန်းက (Spirit of The Constitution) က္ဆွန်တော် တို့မှာ ရှိတဲ့ စေတနာ စိတ်ထား အတိုင်း နောက် အလုပ် လုပ်သွား ကြတဲ့ အခါ ကျတော့ (Extra constitution understanding and convention) သည် ဥပဒေ ပေါ်မှာ တယောက်နှင့် တယောက် နားလည်ပြီး ယုံယုံကြည်ကြည် လုပ်တဲ့ လုပ်ငန်းတွေ နောက်ပြီး ထုံးတမ်း စဉ်လာ အမြောက်အမြားတွေ လုပ်ရမည်။ သည်အခါ ကျလို့ ရှိရင်လည်း က္ဆွန်တော်တို့ စေတနာကို တွေ့ရ ပါလိမ့်မယ်။ သို့သော်လည်း အခု အထိ က္ဆွန်တော်တို့ ပြလာတဲ့ စေတနာ တွေကိုသာ သိစေ ချင်တယ်။ သည်တော့ကာ က္ဆွန်တော်တို့ ကတော့ သွေးချင်း သားချင်း အဖြစ်နဲ့ သည်လို စေတနာ ပြခဲ့တယ်။


သည်လို ပြခဲ့တဲ့ နေရာ မှာလည်း က္ဆွန်တော်တို့ အမှောင်က အလင်း ရောက်သည်ထက် ရောက်အောင် စေတနာ သန့်သန့်နဲ့ လုပ်ခဲ့တာ ပါပဲ။ အလင်းရောင် ကနေပြီး အမှောင် သွားစေ လိုတဲ့ စေတနာ မရှိပါဘူး။ သို့သော်လည်း အလင်းရောင် ကနေ ပြီးတော့ အမှောင်ကို သွားချင်လို့ ရည်ရွယ်နေတဲ့ လူတွေလည်း ရှိပါတယ်။


တနေ့က စာတစောင် ဖတ်လိုက် ရပါတယ်။ နယ်တနယ်က အင်္ဂလိပ် လက်အောက် ကနေပြီး လွတ်လပ်တဲ့ ဗမာ နိုင်ငံတော် ထဲမှာ မနေချင်ဘူး ဆိုတဲ့ အဲသည်လို အစီရင် ခံစာမျိုးကို က္ဆွန်တော်တို့ တွေ့ရတယ်။ တွေ့ရတော့ကာ သည်လို အင်္ဂလိပ် လက်အောက် နေချင် ကြတယ် ဆိုလျှင်လဲ သဘောပဲ။ က္ဆွန်တော်တို့ ကတော့ မတားဆီး ပါဘူး။ က္ဆွန်တော်တို့က အင်္ဂလိပ် လက်အောက် မှာလဲ မနေချင်ဘူး။ ဘယ်လူမျိုး ဘယ်နိုင်ငံခြား လူမျိုး လက်အောက်မှာမှ မနေဘူး။ က္ဆွန်တော်တို့ လွတ်လွတ် လပ်လပ် နေချင်တယ်။


(သြဘာသံများ)


က္ဆွန်တော် အတိအလင်း ကျေညာ လိုပါတယ်။ အဲသည်တော့ အဲသည်လို လွတ်လပ်တဲ့ နိုင်ငံ အဖြစ်နှင့် က္ဆွန်တော်တို့ နေနိုင်အောင် ဆိုပြီးတော့ သည်အဆိုကို တင်သွင်းတဲ့ အခါမှာ အလင်းရောင် ထဲမှာ နေချင်ကြတဲ့ လူတွေဟာ က္ဆွန်တော်တို့ အဆိုကို ထောက်ခံပါ။ အလင်းရောင် ကနေပြီး အမှောင်ထဲကို သွားချင်တဲ့ လူတွေတော့ သဘော အတိုင်းပါပဲ ဆိုတာ သည်အဆိုကို တင်သွင်းရင်း က္ဆွန်တော် ပြောခဲ့ ပါတယ်။


မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့
နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်
စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်