Thursday, August 13, 2009

13August ဒိုင်ယာရီ

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချခြင်းနှင့်အတူ နောက်ဆက်တွဲ နိုင်ငံရေးပြဿနာများ

Thu 13 Aug 2009,
ယခုလ (၁၂) ရက်နေ့တွင် အမှုမဟုတ်သည့်အမှုဖြင့် ဒေါ်အောင်ဆန်း စုကြည်အား စစ်အစိုးရမှ ထောင်ဒဏ် (၁၈) လ ချမှတ်လိုက်ပေသည်။ မြန်မာနိုင်ငံရေးကို အမြဲတမ်းတောက်လျှောက် စောင့်ကြည့်နေသူများအဖို့ စစ်အစိုးရမှ ဤကဲ့သို့ဆောင်ရွက်မည်ကို ကြိုတင်ခန့်မှန်း သိရှိပြီး သားဖြစ် ပေသည်။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနှောင့်အယှက်ကင်းစွာ ဖြင့် ပြုလုပ်နိုင်ရန် ၄င်းတို့ရည်မှန်းထားသည့် နိုင်ငံရေးပါတီများ အောင်မြင် မှုရရှိစေရန်အလို့ငှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏အမျိုးသားဒီမိုက ရေစီအဖွဲ့ချူပ်အား စစ်အစိုးရမှ စိန်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထောင်ချခြင်းနှင့်အတူ မကြာခင်တွင် လည်း မြန်မာနိုင်ငံ၏ အကြီးဆုံးနိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချူပ် (အင်အယ်ဒီ) အား ဖျက်သိမ်းနိုင်ဖွယ် သို့တည်းမဟုတ် တရားမ ဝင်အဖွဲ့အစည်းအဖြစ် ကျေညာဖွယ်ရှိပေသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသကဲ့သို့ ''အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန်'' မှာ မှန်ကန်သောစကားပင် ဖြစ်ပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအ သိုင်းအဝိုင်းမှ ဖယ်ရှားပြီး (၂၀၁၀) ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပခြင်း အားဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာအား အပြီးသတ်ဖြေရှင်းနိုင်ပြီ ဟု စစ်အစိုးရမှ သုံးသပ်ပါသလော။ နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေးသမားများအား ပြည့်နှက်နေအောင် ထောင်ချထားပြီး တဖက် သတ်အကောင်အထည်ဖော်သည့် ရွေးကောက်ပွဲအား ''ဒီမိုကရေစီနည်း လမ်းကျသည့် ရွေးကောက်ပွဲ'' ဟု ခေါ်နိုင်ပါသလော။

အပစ်အခတ်ရပ်စဲရေးအဖွဲ့များအား ဖိအားပေးပြီး ကျန်သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့အား အကြီးအကျယ်ထိုးစစ်ဆင်နေစဉ် ရွေး ကောက်ပွဲကျင်းပခြင်းသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး (သို့မ ဟုတ်) အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပါသလော။

လက်ရှိ စစ်အစိုးရသည် ၄င်းတို့ရွတ်ဆိုနေသည့် ဒို့တာဝန်အရေးသုံးပါးကို လည်း ဂရုမမူပဲ ယခုကဲ့သို့ အာဏာဆက်လက်တည်မြဲရေးအတွက် ဆောင်ရွက်နေခြင်းသည် နိုင်ငံရေးပြဿနာတရပ်လုံးအား ဖြေရှင်းခြင်း မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချလိုက်ခြင်းသည် နိုင်ငံတကာမှ စစ်အစိုးရအပေါ် ယုံကြည်မှု ပျက်ပြားစေပါသည်။ ထို့ကြောင့် အနောက် နိုင်ငံများမှ စစ်အစိုးရအပေါ် နိုင်ငံရေး၊ စီးပွားရေး ပိတ်ဆို့မှုများ ဆက်လက် ဆောင်ရွက်နေသွားမည် ဖြစ်သည်။ စစ်အစိုးရအား လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ဆို့ရေး ကိစ္စများကိုလည်း ဆက်လက်ဆောင်ရွက်နိုင်ဖွယ် ရာ ရှိပေသည်။ အနောက်နိုင်ငံများ၏ ဖိအားပေးမှုကြောင့် အာဆီယံ အဖွဲ့အစည်းအနေဖြင့် ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရှိပေသည်။

၂၀၁၀ ရွေးကောက်ပွဲပြီးသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား သော နိုင်ငံရေးအကျဉ်းသားများအား ထောင်ထဲတွင် ထားရှိမည်ဆိုပါက တက်လာမည့် အစိုးရသစ်အား နိုင်ငံတကာမှ ဆက်လက်ဖိအားပေးသွား မည် ဖြစ်သည်။ အနောက်နိုင်ငံအများအပြားမှ သံတမန်ရေးနှင့် စီးပွားရေး သပိတ်မှောက်မှုဖြင့် ဆက်လက်အရေးယူထားသောကြောင့် အစိုးရသစ် မှာလည်း နိုင်ငံရေး စီးပွားရေး လူမှုရေးတိုးတက်မှုတို့အတွက် ဆောင် ရွက်နိုင်မည်မဟုတ်ပေ။

တရုတ်ပြည်အား အားကိုးသည်ဆိုသော်ငြားလည်း တရုတ်နိုင်ငံမှ မြန်မာ နိုင်ငံ၏ သယံဇာတများကိုသာ သွေးစုတ်ယူပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးမည် မဟုတ်ပေ။

မြန်မာနိုင်ငံတွင် နယူးကလီးယားထုတ်လုပ်သည့် အစီအစဉ်ကြောင့် အာ ဆီယံနိုင်ငံအပါအဝင် နိုင်ငံအများအပြားမှ စိုးရိမ်မ ကင်းဖြစ် နေသည့်အ တွက် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းမည်ဖြစ် ပေသည်။

လက်ရှိစစ်အစိုးရ၏ အမြော်အမြင်နည်းသည့် ဆောင်ရွက်မှုလုပ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး (သို့မဟုတ်) အမျိုး သားပြန်လည်ရင်ကြားစေ့ရေးတရပ် ပေါ်ပေါက်မည်မဟုတ်ပဲ ၂၀၁၀ ရွေးကောက်ပွဲပြီးသည့်တိုင် နောက်ဆက်တွဲပြဿနာအများအပြားအား ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။


http://www.monnews-imna.com/burmese/editorialupdate.php?ID=11

တန်းညှိခံရတော့မည့် ကစားကွင်းများ

နေသန်မောင်
ကြာသပတေးနေ့၊ သြဂုတ်လ 13 ရက် 2009 ခုနှစ် 16 နာရီ 28 မိနစ်
ရက်ပေါင်း ၉ဝ ကြာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှု ပြီးဆုံးသွားပြီး ဒီမိုကရေစီ ခေါင်းဆောင်လည်း နေအိမ်အကျယ်ချုပ် ၁၈ လကျခံရန် အမိန့်ထွက်လာပြီးသည့်နောက် မြန်မာပြည်သူများအတွက် လာမည့် ၁၈ လအတွင်း သူမ မပါဘဲ ဆက်လုပ်ရမည့် ပြဿနာများ မြောက်မြားစွာ ရှိနေသည်ကို ကနဦး လက်ခံထားရန် လိုပေမည်။

သူမသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်းမှ ပေါ်ထွက်လာသော ငြင်းဆန်မရသည့် တဦးတည်းသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေဦးမည်။ တနည်းဆိုရသော် သူမသည် အကျဉ်းစံဘဝဖြင့် သူမ ချစ်မြတ်နိုးသော ပြည်သူများအပေါ် ဆက်လက်ဦးဆောင်နေဦးမည်မှာ သံသယရှိဖွယ် မရှိပေ။

သူမ လွတ်မြောက်လာမှုသည် အနှစ် ၂ဝ ကျော်ကြာ ဖြစ်ပွားခဲ့သည့် လိပ်ခဲတည်းလည်း ပြဿနာများ တမဟုတ်ချင်း ပျောက်ကွယ်သွားလိမ့်မည်ဆိုသည့် စဉ်းစားချက်များမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပြီး၊ သူမ၏ အကျဉ်းစံမှုသည် သူမနောက်ကွယ်တွင်ရှိသော သန်းပေါင်းများစွာ လူများအတွက် မျှော်လင့်ချက် မဲ့စေသည်ဆိုသော ယူဆချက်များမှာလည်း လက်တွေ့မကျသည့် အမြင်များ ဖြစ်သည်။

သူမသည် သူမ၏ ဦးဆောင်မှုနောက်သို့ ပြည်သူတရပ်လုံးအား ထပ်ချပ်မကွာ လိုက်ပါစေသည့် ခေါင်းဆောင်တဦး မဟုတ်ပေ။ သူမသည် လူတိုင်းလူတိုင်း ဒီမိုကရေစီရေးအတွက် ပါဝင်လှုပ်ရှားခွင့်ရှိစေရန်၊ ပါဝင်လှုပ်ရှားနိုင်ရန် တောင်းဆိုတိုက်ပွဲဝင်နေသူ ဖြစ်သည်။ ထိုရပ်တည်ချက်ကို သူမအနေနှင့် မည်သည့်နည်းနှင့်မျှ ပြောင်းလဲသွားမည် မဟုတ်သလို၊ ပေါ်ပေါက်လာမည့် အခွင့်အလမ်းများကို မလွတ်တမ်း ဆုတ်ကိုင်စေလိုချင်သည်မှာလည်း အထင်အရှားပင် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ရှိနေသော ပဋိပက္ခများကို တွေ့ဆုံဆွေးနွေး အဖြေရှာပါက အလွယ်တကူ ပြီးမြောက်ပြီး၊ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်မည်ဟု မြန်မာပြည်သူများနှင့်အတူ နိုင်ငံတကာ မိသားစုများက အမှန်တကယ် ယုံကြည်နေကြဆဲဖြစ်သည်။ သို့သော် တွေ့ဆုံဆွေးနွေးရေးနည်းလမ်း ပေါ်ထွက်လာရန် အခြေအနေများ တစတစ ကင်းမဲ့လာနေခြင်းကြောင့် လူအများသည် ဆောက်တည်ရာမရဘဲ ဦးတည်သည့် လမ်းကြောင်းများကို စိတ်ခံစားမှုနောက်လိုက်ပြီး ပြောင်းလဲပစ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီအင်အားစုများနှင့် လက်ရှိ စစ်ကောင်စီတို့ကြား ပဋိပက္ခများတွင် ဒီမိုကရေစီအင်အားစုဘက်မှ ရှုံးနိမ့်သည့်အခါ နိုင်ငံတကာမှ ပိတ်ဆို့အရေးယူသည့်နည်းဖြင့် ဖိအားပေးကြပါသည်။ စစ်ကောင်စီဘက်မှ ရှုံးနိမ့်သည့်အခါ နိုင်ငံရေးလှုပ်ရှားသူများကို အကျဉ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်သည့်နည်းကို ပြန်ပေးဆွဲသည့် ကစားနည်းများအဖြစ် နှစ်ပေါင်းအတန်ကြာအောင် ကစားခဲ့ကြပါသည်။

ယင်းကစားပွဲများသည် ပဋိပက္ခဖြစ်နေသော ဘက်နှစ်ဖက်စလုံးကို ညီညွတ်ဖို့ မဖြစ်နိုင်စေဘဲ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များတွင် တဖက်ဖက်မှ လုံးဝ မပါဝင်နိုင်ရေးကိုသာ ကျင့်သုံးစေခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးသည် ပြည်သူများအတွက် အရေးပါပေသည်။ သို့သော် သူမအား ချုပ်နှောင်ထားခြင်းဖြင့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်မလျှောက်ဖြစ်ဘဲ၊ သူမ လွတ်မြောက်ရေးသာ အန္တိမရည်မှန်းချက်အဖြစ် ကိုင်စွဲထားခြင်းသည် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးသည့် နိုင်ငံတွင် ပြည်သူများ နိုင်ငံရေးကို ဝေးဝေးနေစေရန် ဖန်တီးနေသလိုပင် ဖြစ်တော့သည်။

အခြေကတော့ဖြင့် သူမ မပါဘဲ ၂ဝ၁ဝ တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ကျော်ဖြတ်ရမည်မှာ ရာနှုန်းပြည့်နီးပါး သေချာလှသည်။

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး ဘုရင်ခံ၏ အမှုဆောင်ကောင်စီအတွင်း (ဖဆပလ) အဖွဲ့ချုပ်က အစိုးရနေရာများ ရယူပြီးမှ တဆင့်ပြီးတဆင့်တက်ကာ လုံးဝ လွတ်လပ်ရေးရသည်အထိ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များက ကြိုးစားခဲ့သည့် သာဓကသည် ယနေ့ကာလအတွက် အင်မတန်မှ အရေးကြီးပါသည်။ ထိုသို့ အစိုးရ၏ အမှုဆောင်ကောင်စီအတွင်း ဝင်ရောက် အာဏာယူခြင်းအပေါ် လုပ်ဖော်ကိုင်ဘက် အင်အားစုအတွင်း သဘောထားကွဲလွဲခဲ့ကြသည်။ လွတ်လပ်ရေးအတွက် ဗြိတိသျှတို့ကို အပြီးတိုင်တိုက်ထုတ်ရမည်ဟူသော အတွေးအခေါ်ရှိသည့် လူအများသည် အစိုးရအဖွဲ့အတွင်း ပါဝင်ခြင်းကို အပြင်းအထန် ကန့်ကွက်ပြီး ထိုမှ ရရှိလာသော လွတ်လပ်ရေးကို အတုအယောင်ဟု သဘောထားခဲ့သည်။ ညီညွတ်မှု ပြိုကွဲခဲ့ရသည်။

ထိုသမိုင်းဖြစ်ရပ်များသည် ယနေ့ကာလအတွက် ပြန်လည်စဉ်းစားသင့်သော သင်ခန်းစာများ ဖြစ်ပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံဖြင့် တဖက်သတ် စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့သည်။ ယင်းဖွဲ့စည်းပုံကို ပြင်ဆင်ရန်အတွက် သို့တည်းမဟုတ် ထိုဖွဲ့စည်းပုံအရ ပေါ်ပေါက်လာမည့် အစိုးရတရပ်အတွက် ဒီမိုကရေစီ နည်းလမ်းကျစေရန် ညှိနှိုင်းဆွေးနွေးလိုသော သဘောထားများ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ရှိပါသည်။

ယင်းအချက်သည် နှစ်ဖက်စလုံး ရင်ဆိုင်တွေ့ဆုံနိုင်မည့် အကြောင်းအရာမဟုတ်ကြောင်း လူတိုင်း နားလည်သဘောပေါက်ကြပါသည်။ သို့သော် ယင်းအချက်ကိုသာ ဆက်လက် ကိုင်စွဲထားခြင်းသည် မည်သူ့အတွက်မျှ အကျိုးမရှိ ဆိုသည်ကိုမူ မည်သူကမျှ ဆက်လက်ပြောဆိုလိုပုံ မရှိကြပါ။ အာဏာလက်ရှိနှင့် အာဏာလက်မဲ့ကြားမှ အဆိုပါ လိပ်ခဲတည်းလည်းဖြစ်ရပ်များသည် နိုင်ငံတိုင်းလိုလိုတွင် ရှိကြပါသည်။

လာမည့် ၁၈ လတာ ကာလသည် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအတိုက်အခံ အင်အားစုများအတွက် အကြီးမားဆုံးသော နိုင်ငံရေးစိန်ခေါ်ချက်ကြီးတခု ဖြစ်သည်။ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ရန်အတွက် နိုင်ငံရေး ကစားကွင်းသစ်တခုကို ဖန်တီးရမည့်အစား ကစားကွင်းဟောင်းမှ မပြေလည်ခဲ့သော တောင်းဆိုချက်များကိုသာ ဆက်လက်ကိုင်စွဲထားခြင်းသည် စစ်မှန်သော ဖြေရှင်းမှု မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှုကို ထောက်ခံသော၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်ခံသော အင်အားစုများဖြင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည်သာ ယနေ့အထိ မမြင်ရသေးသော ပြေလည်နိုင်ရေးလမ်းစအတွက် နည်းလမ်းကောင်းတခုလည်း ဖြစ်နိုင်ပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များတွင် အာဏာခွဲဝေသုံးစွဲကြသည့်အခါ ဆိုးကျိုးထက် ကောင်းကျိုးများသာ ရှိလာနိုင်သည်။ ယင်းသည် နိုင်ငံတကာက လက်ခံထားသည့် လက်တွေ့ကျသော နိုင်ငံရေးဖြစ်သည်။ စိတ်ကူးယဉ်နိုင်ငံရေးသည် ဒီမိုကရေစီဖြစ်စဉ်အတွက် အခြေခံ အုတ်မြစ်မဖြစ်နိုင်ပေ။

ထို့အပြင် စစ်ကောင်စီဝင်များနှင့် ဒီမိုကရေစီအင်အားစုများ တဦးချင်းစီ ဖြေရှင်းမရနိုင်သည့် အခြားအရေးကြီးသော ပြသနာမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ်ကတည်းက ပူးတွဲပါလာသော တိုင်းရင်းသားအရေးပင် ဖြစ်သည်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအရေးသည် စစ်ရေးသက်သက်၊ နိုင်ငံရေးသက်သက်ဖြင့် ဖြေရှင်းနိုင်ရန် မဖြစ်နိုင်သည်ကို တိုင်းရင်းသားခေါင်းဆောင်များက ပိုမိုနားလည်သဘောပေါက်ကြပါသည်။

လက်ရှိ မြန်မာ့တပ်မတော်နှင့် ဒီမိုကရေစီအင်အားစုများအကြား ခိုင်မာသည့် ညီညွတ်မှုမရှိဘဲ တိုင်းရင်းသားများ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အခွင့်အရေးများ ဖော်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။ တိုင်းရင်းသား လူမျိုးစုများအတွက် အာမခံချက်ရှိသည့် အဆိုပါ အချက်များကို တပ်မတော်တခုတည်းက မဖြည့်ဆည်းပေးနိုင်သလို ဒီမိုကရေစီအင်အားစုများ သက်သက်ဖြင့်လည်း ဖြေရှင်းမရနိုင်သည်ကို နားလည်သဘောပေါက်ထားရန် လိုပါသည်။

ထိုအချက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ပင်မအသက်သွေးကြောဖြစ်သည်။ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများသည် လက်တွေ့ကျသော နိုင်ငံရေးနှင့် တော်လှန်ရေးကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကြသူများ ဖြစ်သည်။ ထိုသူတို့သည် ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသားအရေးကို အဓိကထားပြီး ရှုမြင်ကြသူများဖြစ်သည်။ ဒီမိုကရေစီအင်အားစုများအနက် စစ်တပ်က လက်ရှိ အာဏာစွန့်သွားပါက ရွှေပြည်တော်သစ် တည်ဆောက်နိုင်မည်ဟု စိတ်ကူးယဉ်ကြသူ များပါသည်။ လက်ရှိ စစ်တပ်သည် တိုင်းရင်းသားများအတွက် အာမခံချက်ပေးနိုင်သည့် အစိုးရတရပ် မဟုတ်ကြောင်း ၎င်းတို့ကိုယ်၎င်းတို့ နားလည်ထားပါသည်။

အာမခံချက်ပေးနိုင်မည့် အရပ်သားအစိုးရသည်လည်း စစ်တပ်၏ သဘောတူညီချက်မရှိဘဲ ပြည်တွင်းစစ်ကို ရပ်တန့်ပစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးကောက်ပွဲအရ နောက်တက်လာမည့် အရပ်သားအစိုးရ မပေါ်ပေါက်ခင် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအပေါ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် ကြိုတင်ကြံစည်နေခြင်း ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ မြန်မာ့တပ်မတော်အောက်သို့ တိုင်းရင်းသားတပ်များကို ပူးပေါင်းထည့်သွင်းလိုက်ခြင်းအားဖြင့် နောင်တက်လာမည့် အရပ်သားအစိုးရက တိုင်းရင်းသားအရေးနှင့်ပတ်သက်ပြီး စစ်တပ်အပေါ် အကျပ်မကိုင်နိုင်ရန်အတွက် ကြိုးစားခြင်း ဖြစ်နိုင်သည်။ သို့သော် ယင်းလုပ်ရပ်သည် အဆင်ပြေ ချောမွေ့ဖွယ်ရာ မရှိနိုင်ပေ။

လာမည့် ၁၈ လတာ ကာလသည် မြန်မာ့နိုင်ငံရေးအတွက် အင်မတန်အရေးပါသည့် ကာလများဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ မဝင်ပါက ပါတီတခု၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်မှာ မလွဲပေ။

မြန်မာနိုင်ငံသားတိုင်း၏ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လှုပ်ရှားမှုတိုင်းကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘောတူထောက်ခံမည်ဆိုသည်မှာ သံသယရှိဖွယ် မဟုတ်ပေ။ သူမသည် ထိုလမ်းကြောင်းအတွက် အရာရာကို စွန့်လွှတ်ကာ ရုန်းကန်နေသူတဦးဖြစ်သည်။

ထို့ကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့်သူများသည် ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်ခံရမည်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးအရ တရားဝင်မှုကို အသိအမှတ်ပြု လက်ခံဖို့ အရေးကြီးပေသည်။ အဆိုပါ အချက် ၂ ချက်စလုံးကိုလည်းကောင်း၊ တချက်ချက်ကိုလည်းကောင်း ဆန့်ကျင်သူသည် ပြေလည်စရာ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသူများ မဖြစ်နိုင်ပေ။

ယင်းအချက် ၂ ချက်ကို လက်ခံပြီး ရွေးကောက်ပွဲဝင်ရောက်မည့် သူများသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ပြီး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ကောင်းမွန်သော အခြေအနေများကို ဖန်တီးနိုင်မည်ဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် လွန်ခဲ့သည့် ပဋိပက္ခဟောင်းများ တန်းညှိခံရသော ကစားကွင်းသစ်တခု ဖြစ်သည်။ ယင်းကစားကွင်းသစ်တွင် တိုင်းပြည်အတွက် အရှည်ကိုမျှော်ကိုးသော နိုင်ငံရေးသမားများ၊ ပါတီများ ပေါ်ထွက်လာရန် အားပေးသင့်သည်။ ။


စစ်အုပ်စုကို ထောက်ခံနေရာမှ တရုတ်တို့ ခြေတလှမ်း နောက်ဆုတ်သွားရန်


ဗန္ဓရ
၁၃ သြဂုတ် ၂၀၀၉
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ ကမ္ဘာ့အင်အားကြီး အိန္ဒိယ၊ တရုတ် နိုင်ငံကြီးနှစ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မြန်မာ့စစ်အစိုးရ အာဏာသက်စိုးရှည်နေသည်မှာ ယင်းနိုင်ငံများမှ တစိတ်တဒေသအားဖြင့် အားပေးကူညီ နေခြင်းကြောင့်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ တနိုင်ငံဖြစ်သော်လည်း စီးပွားရေးအရ စစ်အစိုးရနှင့် နီးနီးကပ်ကပ် ဆက်ဆံနေရသကဲ့သို့ ကွန်မြူနစ်ဝါဒ ကျင့်သုံးသော တရုတ်နိုင်ငံသည်လည်း နိုင်ငံရေး၊ စီးပွားရေးတို့တွင် စစ်အစိုးရနှင့် ဆက်စပ်မှုရှိနေသည်။ သို့သော် တရုတ်အစိုးရ၏ နိုင်ငံခြားဆက်ဆံရေးမူဝါဒသည် လက်ရှိအုပ်ချုပ်သော အစိုးရနှင့်သာ ဆက်ဆံရန်ဖြစ်ပြီး မြန်မာနိုင်ငံတွင် မည်သည့်အစိုးရတက်လာသည်ဖြစ်စေ ပူးပေါင်းဆက်ဆံသွားရန်ရှိသည်ဆိုသည်ကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ပြည်သူ့ကိုယ်စားလှယ်ပေါင်း (၈၂) ရာခိုင်နှုန်းကျော် အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံမိတ်ဆက်ခြင်းက သက်သေနေခံပါသည်။

သို့သော် အထွေထွေရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက အာဏာဆက်လက်ရယူထား သဖြင့် ကမ္ဘာ့နိုင်ငံပေါင်းများစွာတို့က ပြစ်တင်ရှုတ်ချဖိအားပေးရာတွင် တရုတ်အစိုးရက မြန်မာစစ်အစိုးရကို မကြာခဏ အကာအကွယ်ပေးခဲ့သည်။ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးရန်အဆိုကို တရုတ်နှင့် ရုရှားတို့က အမြဲတစေ ပယ်ချပေးခဲ့သည်။ ရုရှားအစိုးရက ရေတိုအကျိုးအတွက် ၎င်းတို့စွန့်ပစ်မည့် လက်နက်အချို့ရောင်းချနိုင်ရန် မြန်မာစစ်အစိုးရကို ထောက်ခံခြင်းဖြစ်ပြီး တရုတ်အစိုးရမှာမူ ၎င်းတို့၏ တိုးတက်လာသော စီးပွားရေးကို အရှိန်မြှင့်နိုင်ရန်အတွက် မြန်မာစစ်အစိုးရထံမှ ဓာတ်ငွေ့ဝယ်ယူရရှိရေးနှင့် စီးပွားရေးကိုလိုနီနယ်ချဲ့ရန် ရည်ရွယ်ချက်ဖြင့် ထောက်ခံခြင်းဖြစ်ပါသည်။

တရုတ်အစိုးရသည် မြန်မာ့အရေးနှင့်ပက်သက်၍ ပြည်တွင်းရေးသက်သက်ဖြစ်သည်၊ မြန်မာ့ပြည်တွင်းရေးပြဿနာကို စစ်အစိုးရက ဖြေရှင်းနိုင်ပါသည်ဟု မကြာခဏ လူသိရှင်ကြား ပြောဆိုနေပါသည်။ စစ်အစိုးရ အာဏာသက်စိုးရှည်နေသည်နှင့် အမျှ တရုတ်အစိုးရအတွက် နိုင်ငံရေး၊ စီးပွားရေး အမြတ်ထွက်နေသည်ဖြစ်၍ ထိုသို့အကာအကွယ်ပေး ပြောဆိုနေခြင်းဖြစ် သည်။ စစ်အစိုးရကို တရုတ်အစိုးရက ထောက်ခံပေးနေသည့်အတွက် အထက်မြန်မာနိုင်ငံတွင် တရုတ်လူမျိုး ထောင်သောင်းချီပြီး ဝင်ရောက်နေထိုင်သည်ကို စစ်အစိုးရက လျစ်လျူရှုနေရသည်။ စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံ၌ တရုတ်တို့ စီးပွားရေးနယ်ချဲ့နိုင်ခဲ့သည့်အပြင် နိုင်ငံရေးတွင်လည်း သြဇာသက်ရောက်မှုရှိနေသည်။

မြန်မာစစ်အစိုးရသည် နိုင်ငံရေးအကျပ်အတည်း တွေ့သည့်အခါမျိုးတွင် တရုတ်အစိုးရထံ သွားရောက်ပြီး အကြံဉာဏ်နှင့် အကူအညီ တောင်းခံလေ့ရှိသည်။ မကြာမီက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချရန် ဖမ်းဆီးလိုက်သည့်အခါအတွင်လည်း ကမ္ဘာ့ဖိအားပြင်းထန်လာသည့်အတွက် မည်ကဲ့သို့ ဆောင်ရွက်ဖြေရှင်းသင့်သည်ကို အကြံဉာဏ်ရယူရန် ပထမဦးဆုံး ဗိုလ်ချုပ်ရွှေမန်း တရုတ်ပြည်သို့ သိုသိုသိပ်သိပ် သွားရောက်ခဲ့သည်။ တရုတ်အစိုးရက အဆင့်မြင့် စစ်အစိုးရခေါင်းဆောင်နှင့် ထပ်တွေ့လိုပုံရ၍ ဒုတိယအကြိမ်အဖြစ် ဗိုလ်ချုပ်မောင်အေး တရုတ်ပြည်သို့ ထပ်သွားရလေသည်။

တရုတ်တို့၏ မဟာဗျူဟာရည်မှန်းချက်ဖြစ်သည့် မြန်မာပြည်မှ ဓာတ်ငွေ့ရယူရေးနှင့် မြန်မာပြည်ကိုဖြတ်ပြီး ဘင်္ဂလားပင်လယ်သို့ ထွက်ပေါက်ရရေးကိစ္စရပ်ကို စစ်အစိုးရက ဆောင်ရွက်ပေးမည်ဟု တရုတ်တို့က ယုံကြည်ထားသည်။ ထို့အတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေးပျက်လျှင် ပြည်တွင်းစစ်ဖြစ်လာပြီး မြန်မာနိုင်ငံ မငြိမ်မသက်ဖြစ်လာမည်ကို တရုတ်တို့က အလွန်စိုးရိမ်လေသည်။

၂၀၁၀ ရွေးကောက်ပွဲပြီးပါက စစ်အုပ်စုက တရားဝင်အစိုးရ ဖြစ်လာမည်။ အပစ်ရပ်အဖွဲ့များကို တရားမဝင် လက်နက်ကိုင် အဖွဲ့ဟု ကြေညာပြီး လက်နက်ချခိုင်းမည်။ သို့ဖြစ်သောကြောင့် ရွေးကောက်ပွဲမပြီးခင် အပစ်အခတ်ရပ်စဲရေးမပျက်ရန် စစ်အစိုးရ အစွမ်းကုန် ထိန်းသိမ်းထားမည်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတို့ကမူ အပစ်အခတ်ရပ်စဲရေး ရယူသည်မှာ နယ်မြေငြိမ်းချမ်းမှုရရှိရေးနှင့် နိုင်ငံရေးကို အေးအေးချမ်းချမ်းဖြစ်အောင် စစ်အစိုးရက ဖြေရှင်းပေးမည်ဟု ယူဆပြီး အပစ်အခတ် ရပ်စဲခဲ့ကြခြင်းဖြစ်သည်။ သို့သော် လက်တွေ့၌မူ အပစ်အခတ်ရပ်စဲရေးအဖွဲ့များသည် အာဏာဆက်လက်ရယူရန်ကြံနေသည့် စစ်အုပ်စု၏ နိုင်ငံရေးခုတုံးလုပ် အမြတ်ထုတ်ခြင်းကို ခံနေရလေသည်။

အပစ်အခတ်ရပ်စဲရေးအဖွဲ့များသည် “အမြင်မှန်ရပြီး လက်နက်စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်သည်” ဟူသော နဖူးစည်းစာတန်းဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ရပါသည်။ စစ်အုပ်စုက တော်လှန်ရေးသမားများကို နယ်စပ်မှ ဆူပူသောင်းကျန်းသူ သူခိုးလူဆိုး ဓားပြများဟု ပြည်သူတွေ အမြင်ရှိလာရန် နှိမ်ချပြောဆို ရေးသားနေသည်များလည်း ရှိသည်။ အမှန်တကယ်၌မူ တော်လှန်ရေးအဖွဲ့အစည်းများတွင် ဘွဲ့ရခေတ်ပညာတတ်လူငယ် များစွာပါဝင်နေပါသည်။ စစ်အစိုးရတပ်မှာကဲ့သို့ ရာထူးရရေး၊ ဇိမ်ခံနိုင်ရေးထက် မိမိတို့ အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်နေကြသည်ဖြစ်၍ စစ်အုပ်စုတပ်များနှင့် နှိုင်းစာလျှင် တော်လှန်ရေးသမားတို့က ဂုဏ်တန်ဖိုး ပိုကြီးမားပါသည်။

မွန်ပြည်သစ်နှင့် စစ်အစိုးရ အပစ်အခတ်ရပ်စဲရေး ရယူရာတွင် ရှေ့တန်းမှ ပါဝင်လှုပ်ရှားနေသော နိုင်စိုးမြင့် (သထုံခရိုင် ဥက္ကဋ္ဌ)၊ နိုင်တင်အောင် (ဗဟိုအလုပ်အမှုဆောင်) တို့အား ‘မွန်ပြည်သစ်ပါတီသည် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းဖြစ်သည်’ ဟူသည့် နဖူးစည်းစာတန်းသည် အပစ်အခတ်ရပ်စဲရေးအဖွဲ့များကို အထင်သေးနှိမ်ချသော အသုံးအနှုန်းဖြစ်၍ တော်လှန်ရေးဂုဏ်သိက္ခာ ထိခိုက်လွန်းသည်၊ နိမိတ်မကောင်းဘူးဟု ကျွန်ုပ်တို့ တင်ပြသောအခါ နိုင်စိုးမြင့်က သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ယင်းနဖူးစည်းစာတန်းကို ပြင်ပေးရန် တင်ပြခဲ့ပါသည်။

သို့သော် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက အခြားအပစ်အခတ် ရပ်စဲရေးအဖွဲ့များလည်း ဒီလိုမျိုး နဖူးစည်းစာတန်းပဲ၊ မပြင်ပေးနိုင်ဘူးဟု မွန်ပြည်သစ်သို့ ပြန်လည်ဖြေကြားခဲ့ပါသည်။ မွန်ပြည်သစ်ခေါင်းဆောင်အချို့အနေဖြင့် ကျေနပ်မှု မရှိသော်လည်း ဒီကိစ္စကို ရှေ့တန်းတင်နေလျှင် အပစ်အခတ်ရပ်စဲရေးကိစ္စ ပြဿနာတက်လာမည်စိုး၍ ညီညွတ်မှုကိုရှေးရှုပြီး ငြိမ်သက်နေရသည်။ မွန်လူမျိုးသည် သမိုင်းနောက်ခံကြီးကျယ်သော လူမျိုးဖြစ်၍ အထက်စီးက ဗိုလ်ကျသည့်ကိစ္စကို သည်းမခံလိုခြင်းသည် ဇာတိသွေး၊ ဇာတိမာန်ရှိသော မွန်လူမျိုးတို့၏ စရိုက်လက္ခဏာပင်ဖြစ်သည်။

မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေး ရယူပြီးနောက်တွင် ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီ၊ ခရိုင်ဥက္ကဋ္ဌ၊ တပ်မှူးများနှင့် အောက်ခြေတပ်သားများစွာ မွန်ပြည်သစ်မှ နုတ်ထွက်သွားကြသည်။ တပ်အသစ်ဖွဲ့ပြီး တိုက်ပွဲဝင်နေသော အချို့တပ်မှူးများလည်းရှိသည်။ အပစ်ခတ်ရပ်စဲရေးကြောင့် မွန်ပြည်သစ်ပါတီ၏အင်အား အလွန်လျော့ကျသွားသည်။

မွန်လူထုတို့ထံမှ လယ်ယာခြံမြေ အမြောက်အမြားကို စစ်တပ်က သိမ်းယူသည်။ လူ့အခွင့်အရေးချိုးဖောက်မှုလည်း ပိုများလာသည်။ ပေါ်တာအဖြစ် အထမ်းသမား ယူမသုံးသော်လည်း လစဉ် ပေါ်တာကြေး ပေးနေရသည်။ မွန်ရွာတချို့တွင် အိမ်ရာအတင့်သင့်နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းလာခြင်းသည် ဒေသအတွင်း စီးပွားရေးတိုးတက်လာခြင်းကြောင့် မဟုတ်ဘဲ အိမ်နီးနားချင်းနိုင်ငံတွင် ဘ၀ကို အခက်အခဲမျိုးစုံနှင့် ရင်းနှီးကာ ယင်းနိုင်ငံသားတို့ မလုပ်သည့် အောက်ခြေသိမ်း လုပ်ငန်းများကို လုပ်ကိုင်ပြီး ရလာသောဝင်ငွေများဖြင့် ဆောက်လုပ်ထားခြင်းကြောင့်ဖြစ်သည်။ ထိုသို့သောအခြေအနေကြောင့် မွန်လူငယ်များစွာ ကျောင်းမနေကြရသည့်အတွက် အနာဂတ်တွင် ခေတ်ပညာတတ် မွန်လူငယ်များ နည်းပါးလာပြီး ပြည်နယ်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာ၌ ထိခိုက်မှုရှိလာနိုင်သည်။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံ အမြန်တည်ဆောက်ဖို့ လိုအပ်ပါသည်။

ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် အာဏာရှင်စစ်အုပ်စုကို တရုတ်တို့ ထောက်ခံနေရာမှ ခြေတလှမ်း နောက်ဆုတ်သွားရန် အတွက် အပစ်ရပ်အဖွဲ့များတွင် နိုင်ငံရေးကစားကွက် ရှိဖို့လိုအပ်ပါသည်။ သို့မှသာလျှင် ကမ္ဘာ့နိုင်ငံများအကြားတွင် စစ်အုပ်စုအနေဖြင့် ရပ်တည်ရန် အလွန်ခက်ခဲသွားမည်ဖြစ်သည်။ ပုဂံခေတ်တွင် အရှင်ဒိသာပါမောက္ခ၏ သံခင်းသမန်ခင်းဖြင့် တရုတ်စစ်တပ်ကြီး ပုဂံမှ နောက်ဆုတ်ခဲ့ရသည်။ အင်းဝခေတ်တွင် တရုတ်သူရဲကောင်း ဂါမဏိကို မွန်သူရဲကောင်း သမိန်ဗရမ်းက စီးချင်းထိုးရာတွင် အနိုင်ရခဲ့သဖြင့် တရုတ်စစ်တပ်ကြီး ဆုတ်ခွာခဲ့ရသည်။ နောက်တကြိမ်တွင်လည်း တရုတ်သူရဲကောင်း စလုံကျော်ခေါင်ကို မွန်သူရဲကောင်း မင်းညီတုန်းက အနိုင်ရခဲ့ပြန်သဖြင့် တရုတ်တို့ ဆုတ်ခွာခဲ့ရပြန်သည်။ ပဒေသရာဇ်ခေတ်တွင် တရုတ်တို့ မြန်မာပြည်မှ နောက်ဆုတ်သွားရန် မွန်တို့ နှစ်ကြိမ်တိုင်တိုင် လုပ်နိုင်ခဲ့သည်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်အရလည်း အဓိကကျသော အပစ်ရပ်တဖွဲ့တဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားပါက မြန်မာ့ပြည်တွင်း စစ်ဖြစ်ရန် မီးစိမ်းပြနေပြီးဖြစ်၍ အပစ်ရပ်အဖွဲ့များ နိုင်ငံရေးကစားတတ်လျှင် စစ်အုပ်စုကို ထောက်ခံနေရာမှ တရုတ်တို့ သေချာပေါက် နောက်ဆုတ်သွားဖို့ရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။



ဗမာပြည်ကွန်မြူနစ်ပါတီနှစ်၇ဝပြည့်ပြည်သူ့အာဏာဂျာနယ်

ဒေါက်တာဦးစိန်ဝင်းတို့၏ညီလာခံဟန့်တားခြင်းခံခဲ့ရ

အင်ဒိုနီးရှားနိုင်င်ဂျကာတာမြို့တွင်ကျင်းပသည့်ဒေါက်တာဦးစိန်ဝင်းတို့၏ညီလာခံကိုအင်ဒိုနီးရှားရဲများ
ကျင်းပခွင့်မပေးပဲအခန်းအပြင်၌ပင်ဟန့်တားခြင်းခံခဲ့ရသည်။ဖြစ်ရသည့်ဖြစ်အင်မှာလွန်ခဲ့သည်ရက်သတ္တ
္တ္တ္တ္တပတ်အနည်းငယ်ကအင်ဒိုနီးရှားပါလီမာန်အမတ်Eva Kusuma Sundari ကနိုင်ငံခြားရေးရုံးသို့အ
ကြောင်းကြားထားပြီးကန့်ကွက်ခြင်းမရှိခဲ့ပေ။သို့သော်August4ရက်နေ့ကမြန်မာသံရုံးမှကန့်ကွက်
စာကိုလက်ခံရရှိပြီးနောက်ရဲဌာနသို့လွှဲအပ်ခဲ့ပြီး၂၅ယောက်ထက်မနဲသောရဲများကျင်းပမည့်ဟိုတယ်သို့
ရောက်ရှိလာပြီးဟန့်တားခဲ့ခြင်းဖြစ်သည်။မနက်ဖန်တွင်ညီလာခံကျင်းပရန်ကြိုးစားမည်ဆိုလျှင်အခန်း
ကိုသော့ခတ်ခြင်းခံရမည်ဟုဟိုတယ်ကိုရဲများကခြိမ်းခြောက်ခဲ့သည်။
မြန်မာသံရုံးမှကန့်ကွက်စာတွင်အဆိုပါညီလာခံမှာတရားမဝင်သောညီလာခံဖြစ်ပြီးနှစ်နိုင်ငံဆက်ဆံရေး
ကိုပျက်ပြားစေနိုင်သည်ဟုဖေါ်ပြပါရှိသည်။
PhotobucketPhotobucket

CFOB urges Canada to halt deportation of Burmese refugee and former child soldier


August 13th 2008
Ottawa, Canada

This Tuesday August 18 the Canadian Border Services Agency (CBSA) is set to deport Nay Myo Hein, a former Burmese child soldier and Saskatoon resident back to Burma. The Canadian Friends of Burma strongly disagrees with Nay Myo Hein's Pre-Risk Removal Assessment (PRRA) which concluded that "There is no serious possibility that the claimant’s removal to Myanmar will subject him to persecution." CFOB's executive director Tin Maung Htoo sees things very differently, "Nay Myo Hein, as someone facing desertion charges, must not be sent to Burma where he will most certainly be punished severely. Canada must protect this man.”

Nay Myo Hein who came to Canada on a container ship in December 2006 had no legal representation at both his PRRA and his equally problematic Immigration and Refugee Board (IRB) hearings. The 25 year old only obtained counsel last week and on Monday with their help applied for a stay of his deportation. He has yet to be granted a hearing for his request and could be deported without one.

The Canadian Friends of Burma is deeply concerned by Nay Myo Hein's impending deportation and fears he will be immediately jailed upon arrival in Burma because of his desertion from the Burmese military and because he participated in Burmese opposition activities in Canada. CFOB urges Public Safety Minister Peter Van Loan to immediately stay Nay Myo Hein's deportation order.

Kidnapped by Burmese Army at age of 12

In 1997 at the age of 12 Nyo Myo Hein was kidnapped while waiting for a train at the Insein railway station on the outskirts of Rangoon by agents engaged in a "recruitment" drive for the Burmese military. He was sent to the Mingaladone Solider Collection Center in Rangoon for one month where he was beaten and forced to train to become a member of Burma's notorious armed forces, the Tatmadaw.

He was then sent to the Tai Ba Ho # 6 military base. It was here that Nay Myo Hein endured regular beatings that left him with permanent scars on both his right leg and shoulder. At Tai Ba Ho, Nay Myo Hein witnessed his superiors shoot and kill two other recruits when they attempted to escape. After enduring seven months of cruel training at Tai Ba Ho, Nay Myo Hein was sent to Burmese Army Signal Division 313 (Sat Thwel Yae 313). As Nay Myo Hein tells CFOB "I never wanted to join the army, they kidnapped me and many other young men and made our lives miserable. They've ruined our country. I'm against killing and wanted to get as far away as possible from them.”

Shortly after his arrival at his Signal Division the malnourished and terrorized child fled with a fellow child soldier. Following his escape, out of fear he would be recaptured and again forced to be a soldier or worse sent to a Burmese gulag for desertion, Nay Myo Hein did not return home and maintained sparse contact with his parents. He fled to the countryside and with the help of his aunt who was a teacher Nay Myo Hein was able to finish high school and do college by correspondence course. He lived in constant fear of being recaptured by the Burmese army and was deeply scarred physiologically by what he endured. He continues to be haunted by nightmares from his time in the Tatmadaw.

Friend's Capture by Army emboldens escape from Burma

In late 2004 Nay Myo Hein received word that his friend whom he had fled the army with had been captured and sent to jail for desertion. According to Nay Myo Hein "It was after I found out that they got my friend that I decided to leave Burma, I was very afraid they would get catch me too." In 2006 with help from a cousin Nay Myo Hein was able to pay an agent to get a passport and get a place on a container ship which brought him to New Brunswick. In 2007 Nay Myo Hein received word from his mother that his brother had been detained for several days by Burmese authorities wanting to know about his whereabouts.

Fellow Burmese Army objectors verify Nay Myo Hein's testimony

CFOB has received verification that Nay Myo Hein testimony is accurate from two separate Burmese soldiers who left the Burmese army in the early 1990's. Like Nay Myo Hein they were disgusted with the brutality of the Burmese military dictatorship and were inspired by Aung San Kyi to quit the army.

At the request of CFOB both have spoken to Nay Myo Hein at length about his time spent in the Burmese army and both have confirmed to CFOB that Nay Myo Hein's description of events is consistent with what they experienced and witnessed during their own service. Furthermore Nay Myo Hein was able to provide details and information about his time at Tai Ba Ho and later the Signal Division that would be impossible to fake. One of the former soldiers who was a mid ranking commander in the army tells CFOB "I really worry for his life. He is in real danger if he is sent back to our country. The dictatorship has no respect for human life."

The other soldier tells CFOB "The moment he arrives back in Burma the government is going to want to know where he was and what he did all this time. If they figure out who he is and that he fled the Signal Division he is in serious trouble as the military takes deserters from this section very seriously because it is responsible for internal communication. At the very least he would be forced to serve in the army again which clearly he doesn't want to do, more likely however he will be sent to jail for hard labor and worked till he dies."

Burmese refugees in grave danger when returned to junta's blood stained hands

Refugees forcibly returned to Burma are often subject to cruel and inhumane treatment by the Burmese regime. This includes lengthy jail sentences, hard labour and torture. Probably the best documented case was that of a refugee from Chin State named Stanley Van Tha deported from Switzerland in April 2004 after authorities rejected his refugee claim.

Upon arrival in Burma Van Tha was immediately detained and four months later sentenced by a Burmese court to 19 years in jail.

As a judge summarized in a 2006 British deportation case Van Tha's lengthy sentence “appears to comprise firstly a seven year sentence under the Burma Emergency Act 1950, Article 5(j) in respect of which the court ruled that he acted to undermine the security of the Union and the restoration of law and order, an offence under the above provision. He had travelled illegally from Burma to Bangkok and then from Bangkok to Zurich where he had claimed asylum and used a letter of recommendation he had requested from a political activist recognised as a refugee in the United Kingdom. The reasoning for the conviction was based solely on those events and there was no finding that Mr Van Tha had engaged in political activities inside or outside Burma. Secondly, there was a further seven year sentence under Article 468 of the Penal Code on the basis of being found guilty of forging documents, since his passport included stamps which were not original, including a Burmese exit stamp and forged visa. According to the judgment the Burmese authorities keep lists of those who leave Burma on a properly issued exit stamp. Thirdly, Mr Van Tha was given a five year sentence under the Burma Immigration Act of 1947, Section 13(1) for illegal entry into the Union of Myanmar. This was despite the fact that he was in possession of a passport issued in his own name.”

See full UK ruling here
http://www.ait.gov.uk/Public/Upload/j1862/00012_ukait_2006_hm_burma_cg.doc

A much embarrassed Swiss government spent several years negotiating with the Burmese regime and eventually brought Van Tha back to Switzerland. Upon his return a deeply traumatized Van Tha recounted the horrendously violent treatment he received at the hands of the military authorities. CFOB believes that if Nay Myo Hein were sent back to Burma, he too will be subject to "illegal" entry charges because his passport and other travel documents were obtained using an agent and not in person. As a soldier facing desertion charges it would be very unlikely that the regime would be interested in releasing Nay Myo Hein were Canada to follow the Swiss and attempt to retrieve him.

What you can do to save Nay Myo Hein

Those concerned about the fate of Nay Myo Hein should immediately contact Public Safety Minister Peter Van Loan and urge him to halt Nay Myo Hein's deportation scheduled for Tuesday August 18 at 6pm in Saskatoon.

Please call, fax and email to
Peter Van Loan Parliament Hill Office
T 613-996-7752
F 613-992-8351
E vanloan.p@parl.gc.ca

Media Interested in interviews with Nay Myo Hein Please contact CFOB board member Kevin McLeod at 613-746-4963

To contact CFOB Executive Director Tin Maung Htoo please call his cell at 613-297-6835

________________________________________
The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma since 1991. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org