Monday, August 17, 2009

ယက်တောကအပြန် ...........

ယက်တောကအပြန်၊
ကျန်နေတယ် အောက်ဆီဂျင်ဗူးဆိုလို့၊
အပြေးပြန်ယူပေး။

မနက်တုန်းဆီက၊
ဂျင်ဝက်ဘ်ကို သူမြင်တော့၊
ငါ့ခွင်ကို မင်းဝင်ရိတ်တယ်၊
ပွဲခတ၀က်ပေး။

အန်တီမေငြိမ်း gtalk status က ကူးယူပါသည် ။ သဘောကျလွန်းလို့ ..

ဒေါ်အောင်ဆန်းစုကြည်အား မတရားပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြသပွဲ ( ကိုရီးယား )







လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

ဆိုးဝါးလှသောမြန်မြာ့ပည်ထဲရေးကိစ္စများ

U Khin Maung Kyi's Article for June ,2009

ကြိမ်စာသင့်နေသောမြန်မာ့စွမ်းအင်

Curse of Burma Energy 2

ရဲဘော်ကြီးပြောသလို ခပ်စိမ်းစိမ်းပဲ မြင်ပါရစေတော့ကွယ်


သောကြာနေ့၊ 14 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
အပြောနှင့်အလုပ်ကို ခွဲခြားတတ်ရမည် ။ ပါးစပ်က မစားရ၀ကမှန်း ပြောတတ်ပြီး နောက်ဆုံး မှာ အပြောနှင့်အလုပ် တခြားစီ လုပ်တတ်သူများကို စာဖတ်သူတို့ တွေ့မြင်ဘူးကြမည် ဖြစ်သည်။

ထို့ကြောင့်သာ အဆိုအမိန့်တစ်ခုက သူဘာပြောနေသလဲဆိုတာ နားမထောင်နဲ့ ဘာလုပ်နေသလဲ ဆိုတာကို သာကြည့်ပါ ဟု ရေးသားထားသည်ကို လေ့လာမှတ်သားဘူးပါသည် ။

အပြောကောင်းဖို့လွယ်သလောက် ကောင်းမွန်သောအလုပ်တစ်ခု လုပ်ဖို့ မလွယ်ကူပုံကို ဒီစကား က သက်သေပြနေသည်။

နအဖက ဒီမိုကရေစီလမ်းကြောင်းပေါ် ဦးတည်နေပါသည်ဟု အသံကောင်းဟစ်နေသော်လည်း ဒီမိုကရေစီအရေး လှုပ်ရှားသူမှန်သမျှကို ဖမ်းဆီးထောင်ချနေသည် စီးပွားပျက်အောင် လုပ်ဆောင်ကြသည်။

ဒီမိုကရေစီအရေးလုပ်သူ မဆိုထားနှင့် လူမှု့ရေးတက်ကြွလှုပ်ရှားသူများကိုပင် ချမ်းသာပေးသည်မဟုတ်ဆွေမျိုးသားချင်း တော်စပ်သူများပင် မခေါ်ရဲမပြောရဲကြအောင် ဆွေစဉ်မျိုးဆက် ဖိနိပ်ထားကြသည်။

ကျနော်သေမှာကြောက်လို့ အဖမ်းခံရမှာကြောက်လို့ ဒီမိုကရေစီအရေးမလုပ်တာမဟုတ်ပါဘူး ဒီစစ်တပ်က သန်းရွှေ တို့က ဆွေစဉ်မျိုးဆက်လိုက်ပြီး ဒုက္ခပေးနေလို့ မလုပ်ရဲတာပါဟု ပြောသူများပင်ရှိသည်။

ကိုယ့်အိမ့်နှင့်ကိုယ် ရဲရဲတင်းတင်း ဘုန်းကြီးဆွမ်း ဖိတ်မကျွှေးရဲအောင်ပင် ဖိနိပ်တတ်သည် မဟုတ်ပါလော။

မယုံလျှင် စမ်းကြည့်ပါ အထိမ်းအမှတ်နေ့ရက်များ အခါကြီးရက်ကြီးနေ့ရက်များကို ရွေး၍ လူ (၂၀) ခန့်ကို ကြာဇံ ဟင်းခါးဖိတ်ကျွှေးကြည့်လျှင်ပင် နအဖ ပြောသည့် ဒီမိုကရေစီဆိုသည်ကို ရည်ရည်လည် လည်ကြီးသဘောပေါက် သွားမည်ဖြစ်သည်။

နအဖကအလုပ်တစ်ခုလုပ်လျှင် စီမံချက်ဆွဲပြီးလုပ်တတ်သည် ။ ဒီအထဲတွင် လူထုခေါင်းဆောင် ဟု သတ်မှတ်ခံရသူကို ပစ်မှတ်ထား တွယ်လေသည်။

ပြည်သူလူထုကို ခေါင်းဆောင်နိုင်သူ ပြည်သူလူထု လေးစားကြည်ညိုခြင်းခံရသူ ပုဂ္ဂိုလ်မှန်သမျှကို အငြိုးအတေးထားကာ နည်းမျိုးစုံသုံး ခြိမ်းခြောက်ကြသည်။ အကြည်အညိုပျက်အောင် မဟုတ်မဟတ် အောက်လမ်းနည်း များသုံး၍နံမည် ဖျက်ကြသည်။

ဒီလိုနည်းလမ်းများထဲက နောက်ဆုံးနည်းတွေကတော့ အမှုဆင်ဖမ်းဆီးခြင်း လုပ်ကြံခြင်း စတာတွေကိုအသုံးပြုခြင်းပင် ဖြစ်သည် ။ လူထုကို ဦးဆောင် သူမဲ့ဖြစ်သွားစေရန် ခေါင်းနှင့်ကိုယ်ကို ဖြတ်လိုက်သည့် တမင်လုပ်ကြံ ဖန်တီးမှုများသာ ဖြစ်ပေသည်။

ယခုကဲ့သို့သော နအဖ၏ အောက်လမ်း လုပ်ရပ်များကြောင့် ဒီမိုကရေစီလိုချင်သူ ပြည်သူလူထုကြီးနှင့် နအဖကြား သော်၎င်း ဒီမိုကရေစီနိုင်ငံကြီးများနှင့် နအဖကြားသော်၎င်း ပေါင်းစပ်၍ မရလောက်အောင် ထုထည် ကြီးမားသည့်စည်းရိုးတစ်ခု ခြားနားသွားလေသည်။

သို့သော် နအဖစစ်အုပ်စုကတော့ အပြစ်အားလုံးကို ဒီမိုကရေစီဘက်တော်သားများနှင့် ပြည်သူလူထု ကြောင့်ဟုမျက်နှာ ပြောင်တိုက် လက်ညိုးထိုး ပုံချတတ်ပြန်သည်။

ထိုသို့ဖြင့် မြန်မာ့နိုင်ငံရေးသည် အနာနဲ့ ဆေးမတည့်တတ်ပဲ နာတာရှည်ရောဂါသည် ဖြစ်နေရလေသည် နအဖ သည် ဝေ့လည်ကြောင်ပတ် နိုင်လွန်းလှသဖြင့်လည်း တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်မှ ၄င်း ဒီမိုကရေစီ အခွင့်အရေးခံစားခွင့်များနှင့်၎င်း နီးလျှက်နှင့်ဝေးသွားရလေသည်။

ဒီကနေ့ နအဖစစ်အုပ်စုလုပ်ရပ်ကို ဥပမာပေး ပြောရလျှင် နားရွက်ကို ရှေ့တည့်တည့်က ကိုင်လျှင်ရလျှက်နှင့် မခက်ခက် အောင် နောက်ကပတ်ကိုင်သည့် အဖြစ်မျိုးဟု ဆိုရပေမည်။

ပြသနာ၏ အဖြေကိုရှာလျှင် ရလျှက်နှင့် လက်နက်အားကိုး အာဏာအားကိုး ယန္ဒရားအားကိုးနှင့် မျက်စိမှိတ် ဖိနိပ်ကာ မိုက်တွင်းနက်နေလေသည် ။

တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက ဒီမိုကရေစီလိုချင်ကြောင်း (၁၉၈၈) ခုနှစ်ကတည်းက လှည်းနေ လှေအောင်မြင်းဇောင်းမကျန် အလွှာအသီးသီးက အရေးဆိုခဲ့ပြီးလေပြီ ။ (၁၉၉၀) ခုနှစ်က ကျင်းပခဲ့ သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်လည်း လူထုဆန္ဒကို တစ်ခဲနက်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

နအဖကလည်း ဒီမိုကရေစီပေးပါမည်ဟုပြောလေသည်။ ထိုသို့ဆိုလျှင် နအဖပေးမည့် စည်းကမ်းပြည့် ၀သောဒီမိုကရေစီ ဆိုသည်ကို အဘယ်ကြောင့် ပြည်သူလူထုကြီးက လက်မခံနိုင်ဖြစ်နေသနည်း။

ရှင်းရှင်းလေးပြောရလျှင် သူခိုးဓါးပြများက လူထုထံမှ လက်ဝတ်ရတနာများကို လုယူထားကြသည်။

အလု ယက်ခံရသူများက သူခိုးဓါးပြများထံမှ မိမိတို့ လက်ဝတ်ရတနာများကို မူလပစ္စည်းများအတိုင်း ပြန်ရလိုသည် သို့သော်လည်း ပြန်ပေးမည့် လက်ဝတ်ရတနာများသည် အတုများဖြစ်နေ၍သာလျှင် ငြင်းဆိုနေရခြင်းဖြစ်ပေသည်။

အတုအယောင် ဖြစ်နေ၍သာ အစစ်အမှန်ကို ပြန်တောင်းနေခြင်းဖြစ်သည်။ သူတစ်ပါးပစ္စည်း ပြန်ပေးရမည့်အရေးကိုပင် ငါးပိသယ် အကြွေးယူသကဲ့သို့ နေ့ရွေ့ ညရွေ့လုပ်နေခြင်းက ၎င်းတို့၏ မရိုးသားမှုကိုပြသနေခြင်းလည်း ဖြစ်သည်။

ဒီနေ့ပေးမည် မနက်ဖြန်ပေးမည် ဆိုပြီး အချိန်ဆွဲလာခဲ့သည်မှာ ဆယ်စုနှစ် (၂) စုကျော် ကြာခဲ့လေပြီ။ ငါတကောကော နှင့် ကိုယ်ထင်ရာကိုယ်စိုင်းခဲ့သည့်အတွက်လည်း ယနေ့ဆိုလျှင် တိုင်းပြည်၏ အခြေအနေများသည် အဘက်ဘက် ကဆုပ်ယုတ် ယိုယွင်း ပျက်စီးသွားရသည်။

ဒီအတိုင်းသာရှေ့ဆက်တိုးမည်ဆိုလျှင် ထမ်းပိုးနှင့်တွေ့တော့မည် ။ နောက်ဆုတ်မည်ဆိုပါကလည်း နအဖအတွက် ဆူးလှည်းနှင့်ငြားတော့မည်။

အစစအရာရာ ပေါက်ဖေါ်တရုတ်ကိုချည်း အားကိုးနေ၍ရမည်ဟု မထင်ပါနှင့်။ ပြည်ပအားကိုးခြင်းသည် နှောင်ကြိုးမဲ့ မဟုတ်မှန်း စစ်ဗိုလ်ချုပ်တို့ကိုယ်တိုင် သိမည်ဖြစ်သည်။ ဒါ့ကြောင့် ဆူးရှိမှန်းသိလျှက်နှင့် မစားသင့်သည့် အသီးကိုစားမိလျှင် တနေ့ မုချဒုက္ခရောက်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။

တိုင်းရင်းသားပြည်သူများအား ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ် လျောက်လှမ်းခွင့်ပြုမှသာ သာလျှင် တိုင်းပြည်၏ ပြသနာများကို ဖြေရှင်းသည့် လမ်းစအဖြစ် ပုံပေါ်လာမည်ဖြစ်ပြီး နအဖဘက်က စိတ်ရင်းစေသနာမှန်ဖြင့် တိုင်းပြည်အကျိုး ထမ်းဆောင်ရာလည်း ရောက်မည်ဖြစ်သည်။

စစ်ဗိုလ်ချုပ်တို့ စစ်ရေးအခြေခံစဉ်းစားနည်းဖြင့် သေနင်္ဂဗျူဟာမြောက် လူထုကိုဖိနိပ်နိုင်ရုံဖြင့် အောင်မြင်မှုများတိုးတက် ဖြစ်ထွန်းမှုများ ရရှိနေသည် ဟု ထင်မှတ်နေလို့ကတော့ တက်တက်စင် လွဲမှား သွားပြီဟု မှတ်ချက်ပြုရတော့ပေမည်။

အဆိုပါ နိပ်ကွပ်မှု့များကြောင့် တဒင်္ဂငြိမ်ဝပ်သွားသည်ကို မာနကြီးတစ်ခွဲသားဖြင့် ငါတို့လုပ်ဘာခံနိုင်မှာတုန်းဆိုပြီး ထင်မှတ်နေသည့်အထဲတွင် နအဖကို ဆန့်ကျင်နေသူတချို့ပင် သံယောင် လိုက်ပြော ဆို တတ်သည် ကိုစိတ်မကောင်း စွာကြားရသည်။

စည်းရုံးရေးစွမ်းရည် နှင့် ယုတ်မာ ကြမ်းတမ်း ရက်စက်မှုအကြား ကွဲပြားစွာ မခွဲခြားနိုင်သ၍ နအဖ လုပ်တာ အောင်မြင်တာပဲ ဟု အထင်ရောက်နေခြင်းသည် အဆန်းတကြယ်တော့ မဟုတ်တော့ပါ။

တနည်းပြောရလျှင် နအဖစစ်ဗိုလ်ချုပ်ကြီးများ သတ္တိမရှိ၍သာဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူသတ္တိရှိသူသာ ဆိုလျှင် ပြည်သူလူထုထံ အခွင့်အရေးများအပ်နှံရဲရမည်သာ ဖြစ်သည် ။ နေရာပေးရမည်သာဖြစ်သည်။ ထိုသို့ သဘောထားပြည့်ဝစွာ ဖြေရှင်းလျှင် အဘယ်မျှသော ပြဿနာများ မပြေလည်ပဲရှိအံ့မည်နည်း။

ယခုတော့ထိုသို့မဟုတ် .........။

အားလုံးကို သေနတ်ဖြင့် ချိန်ထားလိုသည် နေရာကောင်းမှန်သမျှ မဖယ်ပေးချင်ကြ။ ငါကောင်းစားရေး ဗဟိုပြုဝါဒဖြင့် ငါနှင့်ငါ့ဆွေမျိုးကောင်းစားရေး ငါ့ အဖွဲ့သားများ ကောင်းစားရေးအလံကို လွင့်ထူလိုက်သည်။

စစ်တပ်ကြီးစိုးရေး အတွေးအခေါ်ကို စိုက်ထူထားလိုက်ကြသည် .........။

ပြည်သူလူထုက ဘောင်းဘီရှည်ဝတ်လာတာမြင်လျှင် တရုတ်မတောင်ကြောက်ရသည့် အဖြစ်မျိုး ရောက်အောင်ဖန်တီး ထားသည် ။

ယနေ့လက်ရှိ ဗမာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မှူး တပ်သားများသည်ပင်လျှင် စစ်ကျွန်စနစ်ကြီး၏ သားကောင်များဖြစ်နေရပြီဆိုလျှင် မှားမည်မဟုတ်ပေ။

တပ်မတော်အတွင်းရှိ စစ်သားတိုင်းလိုလိုက မိမိတပ်မတော်သည် တိုင်းပြည်ကို ကာကွယ်သည့် အဖွဲ့အစည်း အဖြစ်သာ ခံယူလိုကြသော်လည်း စစ်တပ်ကို ခုတုံးလုပ်၍ လူအုပ်စုတစ်စုက တိုင်းပြည်ကိုထင်သလိုချယ်လှယ် နေကြသည် ကိုတော့ ကြိုက်ကြမည်မထင်ပါ။

နအဖစစ်အုပ်စုပြောတဲ့ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာ ပြည်သူလူထုလိုချင်နေသည့် ဒီမိုကရေစီနှင့် တော့ ရထားတလမ်း သံတလမ်းဟု သာ ဆိုရတော့မည် ဖြစ်သည် ။

အုပ်ချုပ်သူလူမျိုးစုံက ဒီမိုကရေစီ၏ အမည်ကို အာဏာအတွက် အမျိုးမျိုးဆွဲယူ အသုံးချတတ်ကြသည်။ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီဆိုလျှင် အဘယ်ကြောင့် ငြိမ်းချမ်းစွာ လမ်းပေါ်ထွက် ဆန္ဒပြသူများကိုနှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သနည်း အသင်းအဖွဲ့ဖွဲ့စည်းခွင့်များ လွပ်လပ်စွာထုတ်ဖေါ်ရေးသားခွင့် စည်းရုံးလှုပ်ရှားခွင့်များ ကို ဘာကြောင့်ခွင့်မပြုနိုင်ဖြစ်နေ သနည်း?

စသည့် .. စသည် ဒီမိုကရေစီ တန်ဘိုးများနှင့်ချိန်ထိုးကြည့်လျှင်ပင် နအဖ၏ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် ဆီသို့ ဆိုသည့် စကားမှန်မမှန်ကို ယထာဘူတ ကျကျ ပိုင်းခြားသိမြင် နိုင်မည်ဖြစ်သည်။

ဒါကြောင့်မို့တာလျှင် အမြင်ခြင်းထပ်တူမကျနိုင်တာကို ဆန့်ကျင်ဘက်လို့ သမုတ်လိုက်သည်လို့ ထင်သည်။

(၁၉၈၈) ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး အတွင်း စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်းမှပြန်လည်လွတ်မြောက်လာ တဲ့ ရဲဘော်ကြီးပြောတဲ့ စကားအတိုင်းပြောရရင်တော့ ခပ်စိမ်းစိမ်းလေးပဲမြင် ပါရစေတော့လို့ ပြောလိုက်ချင်ပါတယ်။

ပုတ်သင်တကောင်အတွက် စကားလက်ဆောင်

ဝရဇိန်
၁၇ သြဂုတ် ၂၀၀၉

ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့ …။

ဒီဘက်သုံးလေးနှစ်လောက်ကစပြီး မြန်မာနိုင်ငံမှာ စာနယ်ဇင်းအချို့ အထူးသဖြင့် နအဖနဲ့ နီးစပ်တယ်လို့ ယူဆထားခြင်း ခံရသူတွေ ထုတ်ဝေ သို့မဟုတ် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထားတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ နိုင်ငံရေးသမားဟောင်းကြီး သခင်တင်မြရဲ့ တွေ့ဆုံမေးမြန်းခန်းတွေ ဆောင်းပါးတွေ အဆက်မပြတ်နီးပါး ပါရှိလာတာကို တွေ့ခဲ့ရတယ်။

မိမိတို့မျိုးဆက်ဟာ သခင်တင်မြရဲ့ ‘ဘုံဘဝမှာဖြင့်’ စာအုပ်နဲ့ ကြီးပြင်းလာတဲ့ မျိုးဆက်ဖြစ်တဲ့အတွက် သခင်တင်မြတယောက် မြန်မာ့နိုင်ငံရေးခရီးတလျှောက်မှာ ဘယ်လိုဘယ်လောက်ပဲ ဝတ်စုံတွေအမျိုးမျိုး ပြောင်းလဲဝတ်ဆင်ပြီး လျှောက်လှမ်းလာခဲ့ သည်ဖြစ်စေ စာရေးကောင်းပြီး အသက်ရှည်သလောက် အတွေ့အကြုံ စုံလင်ထွေပြားလှတဲ့ အဲဒီသခင်အိုကြီးရဲ့ တွေ့ဆုံမေးမြန်းခန်းတွေ၊ ဆောင်းပါးတွေဟာ မိမိတို့ကို မဖတ်ဘဲမနေနိုင်အောင် ဆွဲဆောင်နိုင်စွမ်း ထက်မြက်နေဆဲဖြစ်တယ် ဆိုတာကိုတော့ ဝန်ခံရမယ်။

ပြည်တွင်းဂျာနယ်၊ မဂ္ဂဇင်းတွေမှာ သခင်တင်မြရဲ့စာတွေကို စတင်မြင်တွေ့လာကြရတဲ့၊ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က သူနဲ့ပတ်သက်ပြီး သတင်းတခု ကြားခဲ့ရဖူးတယ်။ အဲဒါကတော့ ထင်ရှားတဲ့ လူငယ်နိုင်ငံရေးသမားတချို့နဲ့ အမှတ်မထင် တွေ့ဆုံစကားပြောဖြစ်ကြတဲ့ ဝိုင်းတဝိုင်းမှာ သခင်တင်မြက “ဘဘက အသက်ကြီးပြီ ... ဒါကြောင့် လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး လိုက်မီအောင်လည်း မလေ့လာနိုင်တော့ဘူး၊ လုပ်လည်း မလုပ်နိုင်တော့ဘူး။ ဘဘတို့ အခုအချိန်မှာ လုပ်နိုင်တာကတော့ ဘဘတို့ တချိန်တုန်းက လုပ်ခဲ့ကိုင်ခဲ့ကြရာမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေ၊ ဘဘတို့ မှားခဲ့တဲ့ အမှားတွေကို မောင်ရင်လေးတို့ သင်ခန်းစာယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရေးနိုင်သလောက် ရေးပြဖို့၊ ပြောနိုင်သလောက် ပြန်ပြောပြဖို့ပဲဖြစ်တယ်” လို့ ပြောခဲ့တယ်ဆိုတဲ့ သတင်းပဲဖြစ်တယ်။ သခင်တင်မြ အဲသလို ပြောဆိုခဲ့ခြင်းရှိမရှိ ဆိုတာကတော့ သူလည်း သက်ရှိထင်ရှားရှိနေဆဲမို့ စိတ်ဝင်စားသူများ သွားရောက်မေးမြန်းနိုင်ပါတယ် သို့မဟုတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သခင်တင်မြ အဲသလို ပြောခဲ့တယ်ဆိုတာ မှန်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အစပိုင်းမှာ သူ့ရဲ့ ရေးသားပြောကြား ချက်တွေဟာ အဲဒီစကားနဲ့ ကိုက်ညီနေလို့ပဲဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သခင်တင်မြရဲ့ ပြောကြားရေးသားချက်တွေဟာ သူကိုယ်တိုင်ပြောကြားခဲ့တဲ့ အဲဒီစကားကနေ တနေ့တခြား ပိုပိုပြီး သွေဖည်တိမ်းစောင်းလာခဲ့တယ်။ လက်ရှိကာလ နိုင်ငံရေးအကြောင်း မပြောဘူး၊ မရေးဘူးဆိုတဲ့သူက နောက်ပိုင်းမှာ “လက်ရှိအခြေအနေမှာ အခြေခံဥပဒေမရှိတာထက် ရှိတာက ပိုကောင်းတယ်” ဆိုတဲ့ စကားမျိုးတွေပြောပြီး လက်ရှိနိုင်ငံရေးရေစီးကြောင်းထဲ စတင်မျှောလိုက်လာခဲ့တယ်။

သူ ဒီလိုပြောလိုက်မိတာဟာ သူ့ကို တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခဲ့တဲ့ ကလိန်ကကျစ် ဂျာနယ်လစ်ရဲ့ ကျွမ်းကျင်လိမ္မာ ပါးနပ်မှုကြောင့်လေလားဆိုပြီး သခင်တင်မြဘက်ကို လျှော့လျှော့ပေါ့ပေါ့နဲ့ ဖော့ပြီး တွေးကြည့်ချင်သူတွေ (အဲဒီတုန်းက) ရှိကောင်းရှိနိုင်ခဲ့လိမ့်မယ်။ ဒါပေမယ့် အဲသလိုတွေးကြည့်လိုက်ရင် မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက်မှာ ရှင်ကြီးဝမ်းလည်း အကြိမ်ကြိမ်ဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း အကြိမ်ကြိမ်ဝင်ခဲ့ဖူးတဲ့ အသက်ရှစ်ဆယ်ကျော် ဝါ့ရင့်သမ္ဘာရင့် နိုင်ငံရေးသမားအိုကြီးဟာ အဲဒီအသက်ငါးဆယ်ကျော် ကလိန်ကကျစ် ဂျာနယ်လစ်ရဲ့ ကျုံးသွင်းမေးခွန်းတွေကိုတောင်မှ မမြင်မသိနိုင်လောက်အောင် တုံးလွန်း၊ အလွန်းလှချည်လားဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်သွားနိုင်တာကြောင့် အဲသလိုမျိုးတော့ မတွေးကောင်းဘူးလို့ပဲ မိမိထင်မြင်ယူဆတယ်။ (သူ အဲသလိုမျိုးစကားတွေ စတင်ပြောဆိုလာချိန်ဟာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းတခုလုံး ရုတ်တရက် အံ့သြမှင်တက်မိသွားစေလောက်တဲ့ လုပ်ရပ်တခုဖြစ်တဲ့ ‘မိမိအောက် အသက်ထက်ဝက်ငယ်တဲ့ အမျိုးသမီးငယ်တယောက်ကို အိမ်ထောင်ပြုလိုက်တာ’ ကို သခင်တင်မြ ပြုလုပ်လိုက်တဲ့အချိန်နဲ့ မရှေးမနှောင်း ဖြစ်နေတာကတော့ သာမန်တိုက်ဆိုင်မှုတခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။) အခုတော့ သခင်တင်မြတယောက် မကြာသေးခင် သုံးလေးနှစ်လောက်က လူငယ်နိုင်ငံရေးသမားတစုကို သူဘာပြောခဲ့တယ်ဆိုတာကိုတောင် မမှတ်မိတော့တဲ့ ပုံပေါက်နေပြီ။

ဒီလိုနဲ့ သခင်တင်မြဟာ အဲသလိုမျိုးစကားတွေကို တိုးတိုးပြီး ပြောဆိုလာရင်း တနေ့ထက်တနေ့ (တကယ်တော့ တပတ်ထက်တပတ်လို့ပြောရင် ပိုပြီးသင့်တော်လိမ့်မယ်။ အကြောင်းကတော့ သူ့ရဲ့တွေ့ဆုံမေးမြန်းခန်းတွေ ဆောင်းပါးတွေ ပါလာတာက အပတ်စဉ်ထုတ် ဂျာနယ်တွေဖြစ်နေတာကြောင့်ပဲ) သူ့စကားတွေဟာ ပိုပိုပြီး စူးစူးရဲရဲ (aggressive) ဖြစ်လာတာကို တွေ့ရတယ်။ (အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်တခုအဖြစ် ဗြိတိသျှကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးခေတ်တလျှောက်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးခေတ်တလျှောက်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းကာလတခုအထိ၊ နောက် မဆလခေတ်ကနေ ယခု မျက်မှောက်ကာလအထိ သူနဲ့ နီးနီးကပ်ကပ် ရင်ချင်းအပ် ကျောချင်းကပ် လက်တွဲလုပ်ဆောင်ခဲ့ဖူးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်ကတောင် သခင်တင်မြကို မျက်နှာချင်းဆိုင်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့တယ်လို့ ကြားရတယ်။)

အခုတော့ သခင်တင်မြရဲ့ အခြေအနေက တော်တော့်ကို ဆိုးလာနေပြီ။ အိုးဝေညိုမြရဲ့ “ငရဲခွေးကြီး လွတ်နေပြီ” ဆိုတဲ့ စကားလုံးကို ငှားပြီး သုံးရတော့မလိုဖြစ်နေပြီ။ ၃၁-၇-ဝ၉ နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်မှာပါတဲ့ ဆောင်းပါးဆိုရင် သူ့ကိုယ်သူ ဝတ်လစ်စလစ်ဖြစ်သွားအောင် ‘ဖော်ချွတ်’ ပြလိုက်တဲ့ ဆောင်းပါးလို့တောင် ဆိုနိုင်တယ်။

အသက်ရှစ်ဆယ်ကျော်လို့ ကိုးဆယ်နား ချဉ်းကပ်လာနေပြီဖြစ်တဲ့ ‘ကျီးစောင့်ကြက်နှင်’ နိုင်ငံရေးသမားကြီး သခင်တင်မြ နိုင်ငံရေးအရ ‘ကိုယ်တုံးလုံးကျွတ်’ သွားတာက သူ့သမိုင်း သူ့ကိစ္စမို့ မြန်မာပြည်သူတွေအတွက် အရေးမကြီးဘူး။ သူ့သဘောနဲ့သူ မြောင်းထဲယက်ပြီး ဆင်းနေတဲ့ လူတယောက်ကို ဘယ်သူကမှလည်း ကယ်တင်နိုင်မှာ မဟုတ်ဘူး။
မြန်မာပြည်သူတွေအတွက် အရေးကြီးတာက သူ့ဆောင်းပါးထဲမှာပါတဲ့ အယူအဆတချို့နဲ့ ပတ်သက်ပြီး ပြည်သူတွေ ရှုပ်ရှုပ်ထွေးထွေး ဇဝေဇဝါတွေ ဖြစ်သွားမှာကို စိုးရိမ်မိတဲ့အချက်ပဲ။ ဒါကြောင့်လည်း ဒီဆောင်းပါးအစမှာ ရေးခဲ့သလို “ဆိုရေးရှိက ဆိုအပ်လှ၏” ဆိုတဲ့မူကို လက်ကိုင်ထားပြီး “မပြောမပြီး မတီးမမြည်” စကားပမာ မဖြစ်မနေ ပြောရတီးရတာ ဖြစ်တယ်။

သူ့ဆောင်းပါးအစမှာ သခင်တင်မြက ဟောသလို ရေးထားတယ်။
“မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်း ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို ယနေ့စိတ်ဝင်စားနေကြသည်။ စိတ်ဝင်စားနေသည်မှာ နှစ်မျိုးဖြစ်သည်။ အချို့က ဖြစ်မှဖြစ်ပါ့မလားဟု အကောင်းမြင်စိုးရိမ်မှုဖြစ်သည်။ အချို့ကမူ တပ်မတော်က လုပ်သမျှ အကောင်းမမြင် အဆိုးသာမြင်နေကြသည်။ ဤသူများမှာ လူနည်းစုသာဖြစ်သည်။ ဤအဆိုးမြင် အဖျက်သမားများကြောင့် ရွေးကောက်ပွဲဖြစ်စေလိုသည့် အကောင်းမြင် လူများစု ပြည်သူလူထုကြီးက ဖြစ်မှဖြစ်ပါ့မလားဟု ပူပန်နေကြခြင်းဖြစ်သည်။”
အဲဒီစာပိုဒ်ထဲမှာ မိမိအနေနဲ့ ငြင်းခုံဆွေးနွေးစရာ အယူအဆနှစ်ခု ပါရှိနေတယ်။ အဲဒါတွေကတော့ အောက်ပါအတိုင်း ဖြစ်တယ်။

(၁) တပ်မတော်လုပ်သမျှ အကောင်းမမြင်တဲ့ လူတွေရှိတယ်။ အဲဒီလူတွေက လူနည်းစုသာဖြစ်တယ်။

(၂) ၂ဝ၁ဝ ရွေးကောက်ပွဲမဖြစ်မှာကို မြန်မာပြည်သူလူထု အများစုကြီးက စိုးရိမ်ပူပန်နေကြတယ်။

ပထမအယူအဆကို ဆွေးနွေးပါမယ်။ ဗမာပြည်မှာ လူနည်းစုသာဖြစ်ခဲ့တဲ့ လူတစုဟာ တပ်မတော်လုပ်သမျှကို အကောင်းမမြင်ကြဘူးလို့ သခင်တင်မြက ဆိုတယ်။ ဒီနေရာမှာ ဒီကနေ့ဗမာပြည်ကို အုပ်စိုးနေတဲ့ တပ်မတော်ဟာ ဘယ်လိုတပ်မတော်မျိုးလဲဆိုတာကို ဆန်းစစ်ကြည့်ကြရအောင်။ ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့တဲ့ ဗမာ့တပ်မတော်ဟာ တချိန်တုန်းကတော့ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့၊ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ပေးခဲ့တဲ့၊ ပြည်သူတွေကို အလုပ်အကျွေးပြုခဲ့တဲ့၊ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့၊ ပြည်သူချစ်တဲ့ ပြည်သူ့တပ်မတော်ဖြစ်ခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် နိုင်ငံတော်ကို သစ္စာဖောက်ပြီး ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ အာဏာသိမ်းခဲ့ချိန်ကစလို့ တပ်မတော်ဟာ ပြည်သူ့တပ်မတော်ဘဝကနေ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း (နောင် ဦးနေဝင်း) ရဲ့ လက်ပါးစေ တပ်မတော်ဘဝကို သက်ဆင်းကျရောက်ခဲ့ရတာ သမိုင်းကဗ္ပည်းတင်ခဲ့ပြီးပါပြီ။

တသွေးတသံတမိန့်နဲ့ နအဖစစ်ဗိုလ်ချုပ်တွေရဲ့ ထားရာနေ စေရာသွား အသုံးချခံဘဝရောက်နေတဲ့ ဒီကနေ့ မြန်မာ့တပ်မတော်ဆိုတာကရော …

- ရှစ်လေးလုံးအရေးတော်ပုံရဲ့ ဒီရေအမြင့်ဆုံးအချိန်မှာ ပြည်သူတရပ်လုံး တောင်းဆိုနေတဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး တောင်းဆိုချက်ကို လျစ်လျူရှုပြီး တချိန်က အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အကောင်းဆုံးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံတခုဖြစ်သွားအောင် ပြုလုပ်ခဲ့တဲ့ မဆလ အမည်ခံ စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ ပြည်သူလူထုကို ထောင်နဲ့ချီ သတ်ဖြတ်ပြီး အာဏာသိမ်းခဲ့တဲ့ တပ်မတော်မဟုတ်ဘူးလား။

- ၁၉၉ဝ ရွေးကောက်ပွဲမှာ သူတို့ရဲ့ အရှင်သခင်ဟောင်း မဆလ တဖြစ်လဲ တစညပါတီ အသာရစေဖို့အတွက် ရွေးကောက်ပွဲမတိုင်မီမှာ ဒီမိုကရေစီအင်အားစုဝင်တွေကို နည်းလမ်းမျိုးစုံသုံးပြီး နှိပ်ကွပ်ခဲ့တဲ့ တပ်မတော် မဟုတ်ဘူးလား။

- ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်၊ အခြေခံဥပဒေရေးဆွဲတဲ့ကိစ္စမှာ စစ်တပ်က ပါမှာမဟုတ်ဘူး။ စစ်တပ်က သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူး၊ အနိုင်ရတဲ့ ပါတီတွေ (၄၇၊ ၇၄) ကြိုက်တဲ့ အခြေခံဥပဒေအပေါ်မူတည်ပြီး အစိုးရဖွဲ့ကြ၊ အသစ်ရေးချင်လည်း ရေးကြဆိုတဲ့ ရွေးကောက်ပွဲမတိုင်ခင်ကပေးခဲ့တဲ့ ကတိသစ္စာတွေကို ရွေးကောက်ပွဲလည်းပြီးရော (၁/၉ဝ) ကြေညာချက်ထုတ်ပြီး ချိုးဖောက်ခဲ့တဲ့ တပ်မတော်မဟုတ်ဘူးလား။

- အာဏာရယူလာခဲ့ချိန်ကစလို့ ဒီကနေ့အထိ ပြည်သူလူထုကို (အထူးသဖြင့် သံဃာတော်နဲ့ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို) အရက်စက် အကြမ်းကြုတ်ဆုံး နည်းလမ်းတွေသုံးပြီး နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ တပ်မတော်မဟုတ်ဘူးလား။

- အဲဒီကာလအတွင်း မြန်မာပြည်သူတွေကိုရော နိုင်ငံတကာကိုပါ ကတိတွေ အမျိုးမျိုးပေး၊ ပေးခဲ့တဲ့ ကတိမှန်သမျှ မတည်၊ အမျိုးမျိုး လိမ်ညာလှည့်ဖြားပြောဆိုခဲ့တဲ့ တပ်မတော်မဟုတ်ဘူးလား။

၁၉၆၂ ခုနှစ် မတ်လကနေ ၁၉၈၈ အထိ၊ နောက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့က ဒီကနေ့အထိ မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ မြန်မာ့တပ်မတော်ဆိုတာကို တနည်းနည်းနဲ့ချုပ်ပြီး သရုပ်ဖော်ရရင် ‘ကတိသစ္စာ ပျက်ယွင်းတဲ့ တပ်မတော်’ လို့ ဆိုရလိမ့်မယ်။

အဲဒီဖွင့်ဆိုချက်ကို ဘယ်သူငြင်းမလဲလို့ မေးချင်တယ်။ သခင်တင်မြရော ငြင်းချင်သလားလို့ မေးချင်တယ်။ ငြင်းချင်တယ်ဆိုရင်လည်း ငြင်းပါ။ ဒါပေမယ့် ငြင်းရာမှာ ပြသတဲ့ အကြောင်းပြချက်တွေဟာ ကျိုးကြောင်းဆီလျော်မှု ရှိရလိမ့်မယ်။

ဒီလိုမျိုးတပ်မတော်ကို ပြည်သူတွေက ဘယ်လိုသဘောထားကြမလဲ။ ဒါ ရှင်းနေတဲ့ ကိစ္စဖြစ်တယ်။ ဒါတောင်မှ ပြည်သူတွေ၊ အထူးသဖြင့် ပြည်သူတွေကို ဦးဆောင်မှုပေးနေတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေဟာ သခင်တင်မြ ပြောသလို အဲဒီလိုတပ်မတော်မျိုးက လုပ်သမျှကို အပြစ်မြင်နေကြတာ မဟုတ်ဘူး။ အဲဒီတပ်မတော် လုပ်ခဲ့ လုပ်နေတာတွေ၊ လုပ်မယ့်ဟာတွေထဲက တရားနဲ့ လုံးလုံးလျားလျား မကိုက်ညီတဲ့ ကိစ္စတွေကိုသာ ထောက်ပြဝေဖန်နေကြတာဖြစ်တယ် ဆိုတဲ့အချက်ကို သခင်တင်မြ ကိုယ့်ကိုယ်ကိုယ် ရိုသေလေးစားတယ်ဆိုရင် မြင်တွေ့သိရှိဝန်ခံရလိမ့်မယ်။

နောက်တချက်က “တပ်မတော်ကို အဲသလို အဆိုးမြင်နေကြတဲ့သူတွေက လူနည်းစုသာဖြစ်တယ်” ဆိုတဲ့ သခင်တင်မြရဲ့ ကောက်ချက်ဖြစ်တယ်။ ဗမာပြည်မှာ လူဦးရေ သန်း (၅ဝ) ကျော်ရှိတယ်။ အဲဒီပြည်သူတွေကြားထဲမှာ တပ်မတော်ကို ဆန့်ကျင်သူက လူနည်းစု၊ ထောက်ခံသူက လူများစုဖြစ်တယ်ဆိုတဲ့ အချက်ကို သခင်တင်မြ ဘယ်လို စစ်တမ်းကောက် သုတေသနပြုပြီး ကောက်ချက်ဆွဲခဲ့သလဲတော့ မပြောတတ်ဘူး။ ဖြစ်နိုင်တာတခုကတော့ ၂ဝဝ၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲရလဒ်ကိုကြည့်ပြီး ပြောတာဖြစ်လိမ့်မယ်လို့ ယူဆရတယ်။ အဲသလိုဆိုရင် ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ “ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း” ထဲက စာပိုဒ်တပိုဒ်ကို သခင်တင်မြ မဖတ်ဖူးသေးရင်ဖြစ်စေ၊ ဒါမှမဟုတ် ဖတ်ဖူးပေမယ့် မေ့နေရင်ဖြစ်စေ ပြန်သတိရအောင် ဖော်ပြချင်တယ်။ အဲဒီစာပိုဒ်မှာ အနှစ်သာရအရ ဟောသလိုဆိုထားတယ်။

- “နိုင်ငံတော်အုပ်ချုပ်မှုအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ကြရမည်။ တနည်းအားဖြင့် ပြည်သူလူထု၏ ဆန္ဒအပေါ် အခြေခံရမည်။ ပြည်သူလူထု၏ ဆန္ဒကို ပုံမှန်ကျင်းပသည့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများမှတဆင့် ထင်ရှားစေရမည်။”

အဲဒီတော့ ဒီနေရာမှာ သခင်တင်မြကို မေးစရာရှိတဲ့ မေးခွန်းတခုက ‘လွတ်လပ်တရားမျှတသော’ ဆိုတဲ့ စကားရပ်ကို သူဘယ်လိုနားလည်ထားသလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။ အဲဒီမေးခွန်းကို မေးပြီးရင် နောက်ထပ်ဖြေရမယ့် မေးခွန်းဟာ “၂ဝဝ၈ လူထုဆန္ဒခံယူပွဲဟာ လွတ်လပ်တရားမျှတမှုရှိသလား” ဆိုတဲ့ မေးခွန်းဖြစ်တယ်။

တကယ်တော့ လျှပ်တစ်ပြက်ဂျာနယ်ထဲက ဆောင်းပါးထဲမှာ သခင်တင်မြရဲ့ အဖြေတွေ ပါပြီးဖြစ်တာကြောင့် ထပ်မေးဖို့ မလိုတော့ပါဘူး။ မှန်းဆကြည့်လို့ ရနိုင်တာက “သခင်တင်မြဟာ အသက်အရွယ်အရ မြန်မာပြည်သူလူထုတွေကြားကို ထဲထဲဝင်ဝင် သွားရောက်ပြီး ပြည်သူတွေရဲ့ ရင်ထဲက အသံတွေကို နားထောင်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ဒါ့အပြင် သူဟာ အကြားအာရုံ တစုံတခုသော အတိုင်းအတာအထိ ချွတ်ယွင်းနေတဲ့သူဖြစ်တာကြောင့် နိုင်ငံခြားအသံလွှင့်ဌာနတွေက ထုတ်လွှင့်ပေးတဲ့ ပြည်သူတွေရဲ့ အသံတွေကိုလည်း ကြားနိုင်တဲ့ အခြေအနေမှာ မရှိတော့ဘူး။ ဒါကြောင့် နဝတ၊ နအဖ တက်လာတဲ့ အချိန်ကစလို့ အခုအထိ တလျှောက်လုံး (အထူးသဖြင့် လူထုဆန္ဒခံယူပွဲ လုပ်တဲ့ကာလမှာ) ပေါ်ထွက်နေခဲ့တဲ့ ပြည်သူတွေရဲ့ ငိုရှိုက်သံတွေကို သူမကြားတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါ့ထက်ပိုပြီး ဖြစ်နိုင်တာကတော့ သခင်တင်မြတယောက် တခု သို့မဟုတ် တခုထက်ပိုတဲ့ အဂတိတိမ်သလ္လာတွေ ဖုံးပြီး ပြည်သူတွေရဲ့အသံကို မကြားတာဖြစ်မယ်” ဆိုတဲ့အချက်ပဲ။

လျှပ်တစ်ပြက်ပါ ဆောင်းပါးတနေရာမှာ သခင်တင်မြက ဒီလိုရေးထားသေးတယ်။

- “တိုင်းပြည်အတွက် အားတက်စရာမှာ နိုင်ငံရေးသမားများသာမက ခေတ်ပညာတတ် စီးပွားရေးသမား လုပ်ငန်းရှင်များပါ အသင်းအပင်းများ ဖွဲ့၍လည်းကောင်း၊ တဦးချင်းသော်လည်းကောင်း ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန် ပြင်ဆင်နေသည့် သတင်းများဖြစ်ပါသည်။”

အထက်မှာပြောခဲ့သလို ပြည်သူတွေရဲ့ ရင်ထဲကအသံကို ကြားနိုင်စွမ်းမရှိတဲ့ သခင်တင်မြတယောက် အဲဒီသတင်းတွေကို ဘယ်ကဘယ်လို ကြားလာခဲ့သလဲဆိုတာကိုတော့ မှန်းဆပြောဆိုဖို့ ခက်တယ်။ ဒါပေမယ့် လူထုကြားမှာ အမှန်တကယ် ထွက်ပေါ်နေတဲ့ သတင်းကတော့ အဲဒီရွေးကောက်ပွဲကို ဝင်နွှဲမယ်ဆိုပြီး အားခဲနေကြတဲ့ နိုင်ငံရေးသမားဆိုတာတွေဟာ သစ္စာဖောက် NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ အဖွဲ့ဝင်ဟောင်းတချို့၊ NLD နဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားဆိုတဲ့ အမည်တွေကို ပုံမှားရိုက်ထားတဲ့ လူတစုနဲ့ မဆလ အရေခွံကို ချွတ်ပြီး တစည အရေခွံကို ပြောင်းခြုံထားတဲ့ လူတစုတို့သာဖြစ်ပြီး သခင်တင်မြ ရည်ညွှန်းပြတဲ့ ခေတ်ပညာတတ် စီးပွားရေးသမား လုပ်ငန်းရှင်ဆိုသူတွေဟာလည်း စီပွားရေးပညာဆိုလို့ ဘာတခုမှ ဟုတ္တိပတ္တိ တတ်မြောက်ကျွမ်းကျင်တာမဟုတ်ဘဲ နအဖ စစ်ဗိုလ်ချုပ်တွေနဲ့ ပုလင်းတူဘူးဆို့ ပေါင်းစား၊ အဲဒီဗိုလ်ချုပ်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အမည်ခံလုပ်ကိုင်ပေးနေကြတဲ့ ခေတ်ပျက်သူဌေးတစုသာဖြစ်တယ် ဆိုတာပဲ။

မြန်မာပြည်သူလူထု အများစုကြီးရဲ့ အသည်းစွဲ အားကစားနည်းတခုဖြစ်တဲ့ ဘောလုံးကို အသုံးချပြီး ကိုယ်ပိုင်ဘောလုံး အသင်းတွေ ထူထောင်ကာ ပြည်သူတွေကို လှည့်ဖြားစည်းရုံးဖို့ ကြံစည်နေသူတွေ အပါအဝင် အဲဒီလူတစု နအဖရဲ့ ‘လွှတ်တော်’ ဆိုတာထဲ ရောက်လာတဲ့အခါ သခင်တင်မြ မျှော်လင့်သလို ပြည်သူလူထုတော့ ချမ်းသာကြွယ်ဝလာမှာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်ရော သူတို့ရဲ့ ‘ခေါင်းကိုင်ဖခင်’ နအဖ စစ်ဗိုလ်ချုပ်တွေနဲ့တကွ သူတို့ရဲ့ ဆွေတော်မျိုးတော်တစုနဲ့ နောက်လိုက်လက်ပါးစေတစုသာ ဆတက်ထမ်းပိုးတိုးပြီး အတိုင်းအဆမဲ့ ကြွယ်ဝချမ်းသာလာကြမှာဖြစ်တယ်။ အဲဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမဖြစ်မှာကို စိုးရိမ်ပူပန်နေကြတာ မြန်မာပြည်သူလူထု အများစုကြီးမဟုတ်ဘဲ အဲဒီလူနည်းစုသာပဲ မဟုတ်ပါလား။

လျှပ်တစ်ပြက်ပါ ဆောင်းပါးတပုဒ်လုံးဟာ မြန်မာပြည်သူလူထုကြီးကို စော်ကားထားတဲ့ ရေးသားချက်တွေချည်း ဖြစ်ပေမယ့် အဲဒီထဲမှာမှ အဆိုးရွားဆုံး စော်ကားချက်ကတော့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်း “၂ဝ၁ဝ ရွေးကောက်ပွဲနှင့် အန်အယ်လ်ဒီ” ခေါင်းစဉ်အောက်မှာ ရေးသားထားတဲ့ အရေးအသားတွေပဲဖြစ်တယ်။

အဲဒီခေါင်းစဉ်အောက်မှာ သခင်တင်မြက NLD ရဲ့တောင်းဆိုချက် (၃) ချက် (အဲဒီထဲမှာ နောက်ဆုံးအချက်ကို သူက မှားပြီး ရေးသားထားသေးတယ်) ကို ဖော်ပြပြီး အဲဒီတောင်းဆိုချက်အားလုံးဟာ အဓိပ္ပာယ်ကင်းမဲ့ ကြောင်းကျိုးဆီလျော်မှုမရှိဘူးလို့ ဝေဖန်ထားတယ်။ သူ့ဆောင်းပါးပါ NLD ရဲ့တောင်းဆိုချက် (၃) ချက်က အောက်ပါအတိုင်း ဖြစ်တယ်။

၁။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေး။
၂။ ၂ဝဝ၈ အခြေခံဥပဒေပါ ဒီမိုကရေစီနှင့် ဆန့်ကျင်သည့် အချက်များကို ပယ်ဖျက်ပေးရေး။
၃။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပပေးရေး (NLD ရဲ့ တောင်းဆိုချက်အမှန်က နိုင်ငံတကာရဲ့ ကြီးကြပ်မှုအောက်မှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေးဖြစ်တယ်။)

ပထမတောင်းဆိုချက် အကျိုးကြောင်းဆီလျော်မှုမရှိဘူး။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေဟာ တည်ဆဲဥပဒေတွေကို ကျူးလွန်ဖောက်ဖျက်မှုဖြင့် အပြစ်ဒဏ်ခံနေရသူတွေဖြစ်တယ်။ ဒါကြောင့် သူတို့ကိုလွှတ်ရေး၊ မလွှတ်ရေးဟာ တရားရေးဌာနနဲ့ပဲ ဆိုင်တယ်၊ နအဖ အစိုးရနဲ့ မဆိုင်ဘူး၊ မဆိုင်တာကို NLD က တောင်းနေတာဖြစ်တယ်လို့ သခင်တင်မြက ဆိုတယ်။ ဒီအရေးအသားတွေကို ဖတ်ရတဲ့အခါ မိမိတို့အနေနဲ့ ဘာပြောရမှန်းတောင် မသိတော့ဘူးဖြစ်သွားတယ်။ လျှပ်တစ်ပြက်ထဲမှာ ဆောင်းပါးရေးတဲ့ သခင်တင်မြနဲ့ ၁၉၃၈ ခုနှစ်တုန်းက ဓနုဖြူမြို့တရားရုံးထဲမှာ တရားရေးအာဏာပိုင်တွေကို ဖီဆန်ဆန့်ကျင်အာခံတဲ့ ကြွေးကြော်သံတွေ အော်ဟစ်နေတဲ့ သခင်တင်မြ တယောက်ထဲပဲလား။ ဒါမှမဟုတ် နှစ်ယောက်လားဆိုတာပဲ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိတော့တယ်။

တဆက်တည်းမှာ သခင်တင်မြက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို သေးသိမ်မှေးမှိန်အောင်လုပ်ဖို့ ကြိုးပမ်းခဲ့သေးတယ်။ ဒီကြိုးပမ်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ် သေးငယ်မှေးမှိန်သွားမှာ မဟုတ်ပေမယ့် သခင်တင်မြတယောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ခေတ်ကာလတခုကို ဖြတ်သန်းလျှောက်လှမ်းခဲ့ဖူးတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယတွေ မျိုးဆက်သစ်လူငယ်တွေရင်ထဲ တိုးပွားလာမှာကတော့ အသေအချာပဲ။

၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ NLD က တောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး အဲဒီအခြေခံဥပဒေဟာ ပြည်သူလူထုကြီးက တခဲနက်အတည်ပြုပြီးဖြစ်တာမို့ သမိုင်းဘီးကို နောက်ပြန်လှည့်ခိုင်းတာနဲ့ တူနေတယ်လို့ သခင်တင်မြက ဆိုတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ ပြည်သူလူထုရဲ့ တကယ့်ဆန္ဒမှန်နဲ့ ဆန့်ကျင်ပြီး သူတို့ရဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် ဘယ်လိုဘယ်ပုံ တဖက်သတ်ရေးဆွဲခဲ့တယ်၊ နာဂစ်မုန်တိုင်းကြောင့် တတိုင်းပြည်လုံး ပရိဒေဝမီးတောက်လောင်နေတာကို အခွင့်ကောင်းယူ အငိုက်ဖမ်းပြီး ကလိမ်ကကျစ် နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒမဲတွေ မတရားရယူ အတည်ပြုခဲ့တယ်ဆိုတာ တပြည်လုံးလည်းသိ၊ တကမ္ဘာလုံးလည်းသိ၊ သခင်တင်မြကိုယ်တိုင်လည်း မျက်ဝါးထင်ထင် တွေ့မြင်ကြားသိခဲ့ရပါလျက် “ပြည်သူလူထုက တခဲနက်အတည်ပြုခဲ့တယ်” ဆိုတဲ့ လူလိမ်လူညာတွေရဲ့ စကားကို သခင်တင်မြ သံယောင်လိုက်ခဲ့တာကတော့ တကယ့်ကို အံ့သြစရာပါပဲဗျာ။

နောက်ဆုံးအချက် သူမှားပြီး ရေးထားတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တောင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း အမျိုးသားညီလာခံကြီး အကြိမ်ကြိမ်ကျင်းပခဲ့ပြီး နောက်ဆုံးမှာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်တာကြောင့် ဒါဟာလည်း လက်တွေ့မကျ၊ ကြောင်းကျိုးဆီလျော်မှုမရှိတဲ့ တောင်းဆိုချက်လို့ သခင်တင်မြက ဆိုတယ်။ သခင်တင်မြဟာ အမျိုးသားညီလာခံ စတဲ့အချိန်ကနေ ပြီးဆုံးသွားတဲ့ အချိန်အထိ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ လူတယောက်ဖြစ်လို့ အဲဒီညီလာခံ မြစ်ဖျားခံဖြတ်သန်းစီးဆင်းပုံနဲ့ အဆုံးသတ်စီးဝင်သွားပုံ အစအဆုံးကို မြင်တွေ့ကြားသိခဲ့သူဖြစ်တယ်။ အဲဒီလိုလူတယောက်က အဲဒီအမျိုးသားညီလာခံကို စစ်မှန်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲလို့ ခေါ်ဝေါ်ကင်ပွန်းတပ်လိုက်ပုံကတော့ ပြောမယုံ ကြုံဖူးမှသိ၊ ပြောရရင် သြချလောက်စရာလို့သာ ဆိုရတော့မှာပဲ။

လျှပ်တစ်ပြက်ဂျာနယ်ပါ ဆောင်းပါးကိုဖတ်ပြီး တခုတွေးကြည့်လို့ရတာကတော့ သခင်တင်မြဟာ ပြည်သူတွေရဲ့ ရင်ထဲက အသံအစစ်အမှန်တွေကို နားမထောင်ဖြစ်လို့ မကြားရပေမယ့် နအဖ သတင်းစာဆောင်းပါးတွေ၊ နအဖ ခေါင်းဆောင်တွေ အထူးသဖြင့် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းရဲ့ စကားတွေကိုတော့ ဂရုတစိုက် မလွတ်တမ်း ဖတ်ပုံနားထောင်ပုံရ တယ်။ တချို့စာပိုဒ်တွေကို နှုတ်တက်ရွရွ အလွတ်ကျက်ထားသလားလို့တောင် ထင်မှတ်မှားရလောက်တယ်။

သခင်တင်မြဟာ ဗကပ ကနေ အလံနီ၊ အလံနီကနေ ဗကပ၊ ဗကပ ကနေ မဆလ၊ မဆလ ကနေ NLD အတိုင်ပင်ခံ၊ NLD အတိုင်ပင်ခံကနေ NLD ဆန့်ကျင်သူ၊ နောက်ဆုံး နအဖ အလိုတော်ရိ စသဖြင့် နိုင်ငံရေးသမိုင်းတလျှောက်မှာ အရောင်မျိုးမျိုး ပြောင်းလဲခဲ့သူဖြစ်တယ်။ အသက်ရှည်ကျန်းမာသူဖြစ်တာနဲ့အညီ နောက်ထပ် အသက် ဘယ်လောက်ရှည်နိုင်မယ် ဆိုတာကိုလည်း မခန့်မှန်းနိုင်သလို နောက်ထပ် အရောင်ဘယ်နှစ်မျိုး ပြောင်းမယ်ဆိုတာကိုလည်း မခန့်မှန်းနိုင်ဘူး။ ကျန်းမာအသက်ရှည်ခြင်းဟာ မင်္ဂလာတပါးဖြစ်တယ်။ လူသားတိုင်း မျှော်လင့်အပ်တဲ့ အရာတခုဖြစ်တယ်။ ဒါပေမယ့် ရှင်တော်ဗုဒ္ဓကတော့ အဲဒီမင်္ဂလာထက်ပိုပြီး အလေးထားအပ်တဲ့ မင်္ဂလာတခုကို လမ်းညွှန်ပြသခဲ့တယ်။ အဲဒါကတော့ “သီလဖြင့်ပြည့်စုံသော တမနက်သာ အသက်ရှင်ရခြင်းသည် သီလကင်းမဲ့သော အနှစ်တရာ အသက်ရှည်ခြင်းထက် ပိုမြတ်၏” ဆိုတဲ့ ဟောကြားချက်ဖြစ်တယ်။

သခင်တင်မြက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး “နိုင်ငံရေးတွင် အစားမထိုးနိုင်သည့် ခေါင်းဆောင်ဟူ၍ မရှိသင့်ပါ။ လူပုဂ္ဂိုလ်တဦးတယောက်သည် မည်မျှခေါင်းဆောင်မှုအရည်အချင်းရှိသည် ပြည့်ဝသည်ဖြစ်စေ သမိုင်းခေတ်ကို မဖန်တီးနိုင်ပါ။ သမိုင်းခေတ်ကို ဖန်တီးသူများမှာ ပြည်သူလူထုကြီးသာဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းခံဘဝမှ မလွတ်မြောက်စေကာမူ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပြည်သူလူထုကြီးသည် သမိုင်းလမ်းကြောင်းအတိုင်း တည်ရှိလှုပ်ရှားသွားမည်သာ ဖြစ်ပါသည်” လို့ ရေးထားတယ်။

သခင်တင်မြကို တခုတော့ မေးပါရစေ။ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုးကို အစားထိုးလို့ရခဲ့ပါရဲ့လား။ တချိန်တုန်းက ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ၊ ဝါဒစွဲတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုးကို ဆန့်ကျင်ဝေဖန်ခဲ့ အကြည်ညိုဖျက်ခဲ့တဲ့ သခင်တင်မြက အခုတော့ ဗိုလ်ချုပ်ကို ကြည်ညိုလှပါချည်ရဲ့ဆိုပြီး ဗိုလ်ချုပ်ဟာ တကယ့်ကို အစားထိုးမရတဲ့ ခေါင်းဆောင်တယောက်ပါလို့ တဖွဖွပြောရင်း မသေခင် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိကို ပြည့်ပြည့်စုံစုံ ဖော်ထုတ်ရေးသားသွားမယ်လို့ ပြောပြောနေတာ တကယ်ရောဟုတ်ပါရဲ့လား၊ လူကြားကောင်းအောင် ပြောနေတာများလား၊ ဒါပေမယ့် သခင်တင်မြ ပြောတဲ့ထဲမှာ သွေးထွက်အောင်မှန်တဲ့ စကားတခုတော့ရှိတယ်။ “သမိုင်းခေတ်ကို ဖန်တီးသူများဟာ ပြည်သူလူထုကြီးသာဖြစ်တယ်'' ဆိုတဲ့ စကားပဲ။ စစ်အာဏာရှင်တွေ ကိုယ်ကျိုးရှာသမားတွေက ဘယ်လိုပဲ ပိတ်ပင်တားဆီးပါစေ၊ သခင်တင်မြတို့လို ကိုယ်သိက္ခာ ကိုယ့်သမိုင်း မရိုသေသူတွေက ဘယ်လိုပဲ စစ်အာဏာရှင်တွေအလိုကျ ချော့မြူဖြားယောင်း စည်းရုံးသိမ်းသွင်းပါစေ၊ မြန်မာပြည်သူလူထုကြီးကတော့ သူတို့ရဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီပြန်လည်တည်ဆောက်ရေး ပန်းတိုင်ဆီအရောက် ဦးတည်ချီတက်သွားကြမှာ မုချဧကန်မလွဲပါပဲဗျ

လာတော့မယ့် စည်းကမ်းရှိဒီမိုကရေစီရဲ့ ပြယုဂ်တခု

ရဲဘော်ဖိုးသံချောင်း
၁၇ သြဂုတ် ၂၀၀၉

နအဖဗိုလ်ချုပ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၄) ယောက်ကို ကြပ်ပြေးကို လာဖို့ ခေါ်လိုက်တယ်ဆိုတဲ့ကိစ္စကို ဗမာပြည်နိုင်ငံရေး စိတ်ဝင်စားသူတိုင်း သတိပြုမိကြပါတယ်။ သူတို့ရဲ့ ဒီလုပ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်လောက်ယုတ်မာတဲ့ အကြံအစည်တွေ၊ လုပ်ဟန်တွေ ရှိနေတယ်ဆိုတာကိုလည်း နိုင်ငံရေးအကင်း နည်းနည်းလေးပါးသူ တိုင်း ရိပ်မိကြပါတယ်။

အမေရိကန်က ကွန်ဂရက်လွှတ်တော်အမတ်ဝက်ဘ် ဗမာပြည်ကိုလာတဲ့ကိစ္စမှာ နအဖဗိုလ်ချုပ်တွေဟာ တွေ့ဆုံဖို့ဖိတ်တာမှာ ဒီအချက်လေးချက်ဟာ ပေါ်လွင်နေပါတယ်။

၁။ နအဖက ဘာကိစ္စနဲ့ ခေါ်တယ်ဆိုတာ မပြောပါဘူး။ ဆင့်စာပို့သလို ပို့လာတာဖြစ်ပါတယ်။ လူလူချင်း အပြန်အလှန် လေးစားမှုမျိုးတောင် မဖော်ပြပါဘူး။ ပဒေသရာဇ်မင်းကြီး ဗိုလ်သန်းရွှေဟာ သူ့ရဲ့ပဒေသရာဇ်အာဏာစက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာခံဖို့ ပို့လွှတ်လိုက်တာလို့ဆိုရင် ရမလားပါပဲ။

၂။ နအဖက ဆင့်ခေါ်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ကို လိပ်မူဖိတ်ခေါ်တာမဟုတ်ဘဲ လူနာမည်တွေတပ်ပြီး ဖိတ်ခေါ်တာဟာ ကြားသိရသူတိုင်းကို ဒေါသဖြစ်စေပါတယ်။

၃။ ပိုသတိထားသင့်တာက ဒါဟာ ပထမအကြိမ်မဟုတ်ဘူး၊ ဒုတိယအကြိမ်ဖြစ်တယ်ဆိုတာပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာတုန်းကလည်း ဒီလိုတခါလုပ်ခဲ့ပြီးပါပြီ။

၎။ ဖိတ်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ပို့တာမဟုတ်ဘဲ ဥက္ကဋ္ဌ ဦးအောင်ရွှေရဲ့အိမ်ကို ပို့တာဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဖွဲ့ချုပ်ရုံးတို့အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာကို သိစေချင်လို့ တမင်လုပ်တယ်လို့ စဉ်းစားစရာဖြစ်ပါတယ်။

ဒါတွေက ဖော်ပြနေတာကတော့ နအဖဗိုလ်ချုပ်တွေဟာ အားလုံးကို တမင်အစီအစဉ်ရှိရှိနဲ့ အခုလိုလုပ်နေတယ်ဆိုတာပါပဲ။

သူတို့ ဒီလိုလုပ်နေတာမှာ အဓိကရည်ရွယ်ချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်မှုအတွင်းမှာ သွေးခွဲဖို့ ဖြစ်တယ်ဆိုတာကို လူတိုင်းမြင်ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်အဖွဲ့ထဲမှာမှ နှစ်ခါစလုံး ဒီလူတွေကိုချည့်ပဲ ကွက်ခေါ်တယ်ဆိုတော့ တရားလွန်တယ်လို့တောင် ပြောနိုင်ပါတယ်။ ဒီအလုပ်အမှုဆောင်အတွင်း တဦးနဲ့တဦး သို့လော-သို့လောတွေ ဖြစ်မကုန်နိုင်ပေဘူးလား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘယ်သူကိုယ်စားပြုတွေ့မယ်ဆိုတာကို ဘာကြောင့်အဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့က ရွေးခွင့်မရှိရတာလဲ။ နအဖဟာ ဘယ်တုန်းကများ အဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ရဲ့ အာဏာတွေကို ရယူထားပြီး ရွေးပေးနေတာလဲ။ နောင်မှာလည်း ဒီလိုပဲ သူတို့ကချည်း ရွေးပေးနေမှာလား။ တကယ်လို့များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်ဆိုရင် ကိုယ်စားလှယ်လောင်းအဖြစ် ဘယ်သူတွေကိုရွေး၊ ဘယ်သူတွေကိုတော့ မရွေးနဲ့လို့များ နအဖဗိုလ်ချုပ်တွေက သတ်မှတ်နေဦးမှာလား။

သေချာတာကတော့ နအဖဟာ သူတို့ အကောင်အထည်ဖော်တော့မယ့် သူတို့ရဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို အမြည်းပေးနေတာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှုဆိုတာဟာ ဒီလိုပဲ သူများပါတီတွေထဲမှာ အလုပ်အမှုဆောင်အဖွဲ့ကို ကျော်လွှားပြီး ဦးဆောင်မှုပေးမယ့် အဓိပ္ပာယ်လို့ ယူဆရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲသာပြီးသွားရင် နအဖဗိုလ်ချုပ်တွေ ပိုမာနတက်ပြီး အခုလို လုပ်ရပ်တွေ ပိုများလာမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

ဗမာပြည်နိုင်ငံရေးမှာ ဗိုလ်နေ၀င်းတယောက်ဟာ သွေးခွဲပြီးအုပ်ချုပ်တယ် (Divide and Rule) ဆိုတာမှာ နာမည်ကြီးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုနာမည်ကြီးတဲ့လူဟာ အခု နအဖလုပ်သလို ပါတီတခုတည်းမှာကိုပဲ ပြောင်သွေးခွဲဆက်ဆံတာမျိုး မလုပ်ဝံ့ပါဘူး။ အနည်းဆုံး ကိုယ့်သိက္ခာကိုယ် ထောက်ထားရပါတယ်။ နအဖကတော့ နိုင်ငံရေးပါတီတွေထဲမှာလည်းခွဲ။ ငြိမ်းအဖွဲ့တွေထဲမှာ ဘယ်သူ့ကို ကြပ်ပြေးခေါ်။ ဘယ်သူ့ကိုချိန်ထားလုပ်ပြီး သွေးခွဲ။ ပါတီတခုချင်းအတွင်းမှာလည်း ထပ်သွေးခွဲ ဘာမဆိုလုပ်ဝံ့၊ လုပ်ရဲနေပါတယ်။

ဒါတွေကိုကြည့်ရင် နအဖဘာတွေ ကြံစည်နေတယ်ဆိုတာ အလွယ်နဲ့ တွေးကြည့်လို့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ၊ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာလွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်စဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချည့်နဲ့သထက်ချည့်နဲ့အောင်၊ ဖြစ်နိုင်ရင် ကွဲသွားအောင်လုပ်ရေးဆိုတာဟာ ဗိုလ်ချုပ်တွေရဲ့ ဦးစားပေးလုပ်ငန်းတခုဖြစ်တယ် ဆိုတာ အသေအချာပြောလို့ရပါတယ်။

ဒါကြောင့် လာတော့မယ့် နအဖရဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီကာလ ဗမာပြည်နိုင်ငံရေးဟာ အင်မတန်မှ ရှုပ်ထွေး၊ အင်အတန်မှ ကောက်ကျစ်တာတွေ တွေ့ရပါလိမ့်မယ်။ ဒီအတွက် အသေအချာစဉ်းစား၊ ပြင်ဆင်ထားကြရပါမယ်။ ဒါ့အပြင် ပြည်ပနိုင်ငံတွေရဲ့ သံတမန်ရေးလှုပ်ရှားမှုတွေကလည်း ပိုမိုများပြား၊ ပိုမိုမျက်စိလည်စရာတွေ တွေ့ရမှာဖြစ်ပါတယ်။ အခုကိုပဲ နအဖကို ရှေ့နေလိုက် ရေးသားပြောဆိုကြတာတွေကို ဖတ်နေ၊ ကြားနေကြရတယ် မဟုတ်ပါလား။ ကိုယ့်ကိုယ်ကိုယ် အသက် (၈၀) ကျော် နိုင်ငံရေးအတွေ့အကြုံကြွယ်ဝသူတွေလို့ ကြေညာပြီး နအဖပါးစပ်ကတောင် မထွက်ရဲတဲ့ နအဖဗိုလ်ချုပ်တွေကို ချီးမွမ်းခန်းတွေ ပြောထွက်၊ ရေးထွက်နေကြပါတယ်။ ဒါတွေအားလုံးဟာ သူ့အလိုလို သဘာဝကျကျ ပေါ်ထွက်လာတာ မဟုတ်ဘဲ ချိန်ကိုက်ထွက်ပေါ်လာနေတာဆိုတာ ရှင်းနေပါတယ်။

ဒီလိုကာလမှာပဲ နအဖစစ်ဗိုလ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်အဖြစ် တနှစ်ခွဲချမှတ်တုန်းက ဗိုလ်သန်းရွှေ ပြောခဲ့တဲ့ စကားလုံးတွေလို နအဖဟာ သကာလူးတဲ့စကားတွေ ပြောပြီး ထောင်ချလိုက်တာမျိုးတွေလည်း ဆက်တွေ့ရအုန်းမှာပါ။ ဒါတွေကို ဗမာပြည် ပြည်သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေအရ လုံးဝနားဝင်မှာမဟုတ်ပေမယ့် နအဖကို ကြံဖန်ပြီး ချီးမွန်းခန်းရေးနေကြသူတွေအတွက်တော့ အချက်အလက်တချို့ ဖြစ်ပါလိမ့်မယ်။ အခုကိုပဲ တချို့က အပြစ်မရှိတဲ့လူကို အိမ်ချုပ်တနှစ်ခွဲချလိုက်တဲ့ သဘောထားကြီးမှုကို အသိအမှတ် မပြုရကောင်းလားလို့ မြန်မာ့အလင်းမှာ ရန်တွေ့နေတာတွေ ဖတ်နေရပါတယ်။ နောင်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်သွားရင် ဗိုလ်ချုပ်အောင်ဆန်း သမီးမို့ ဒီပဲယင်းကားလမ်းမှာ ရိုက်သတ်ဖို့စီစဉ်တာ။ တဦးနဲ့တဦး အာဃာတမထားချင်လို့ သံဃာတွေကို လမ်းမပေါ်မှာ သတ်ပစ်တာတွေ၊ ထောင်ဒဏ် (၇) နှစ်ချထားတဲ့ နိုင်ငံခြားသားကိုတော့ အိမ်ပြန်ခွင့်ပေးလိုက်ပြီး တမှုတည်းအတွက် တနှစ်ခွဲအိမ်ချုပ်မိန့် ချထားတဲ့ ကိုယ့်နိုင်ငံသားကိုတော့ အစောင့်တိုးချထားတာ စတဲ့ စည်းကမ်းရှိဒီမိုကရေစီပြယုဂ်တွေ ပိုပြီးတွေ့လာရစရာ ရှိပါတယ်။

17August ဒိုင်ယာရီ


လူထုအုံကြွမှု ပေါ်ပေါက်လာတော့မည်ဟု ခေါင်းရွက်ဗျက်ထိုး ဈေးသည်များပင် ထင်မြင်ယူဆ

၁၇ သြဂုတ် ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး


ယနေ့ နံနက်ကကြေသွန်းဘုရားကြီးအနီးတွင်တွေ့ ရသည့်ဆွမ်းခံထွက်နေသည့် သံဃာတော်များ (AP Photo)

အဓိက တရားခံ ဖြစ်သူ ယက်တော အားပြန်လည် လွှတ်ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အား
ဆက်လက်ဖမ်းဆီးထားမှုကြောင့် ရဟန်း၊သံဃာ တော်များ အပါအ၀င် ပြည်သူလူထု သည် ထိုကိစ္စအတွက် စစ်အစိုးရ အပေါ် လုံးဝကျေနပ်ခြင်းမရှိပဲ မကြာခင်မှာပင် ပြည်သူတစ်ရပ်လုံးပါဝင်သည့် အုံ
ကြွမှုကြီး တစ်ရပ် မကြာခင် ပေါ်ပေါက်နိုင်ကြောင်း မှော်ဘီ နည်းပညာ တက္ကသိုလ် မှ ဆရာတစ်ဦးက Freedom News Group သို့ ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့ မှ စတင်ကာ ရန်ကုန် မြို့ ရှိ ဘုန်းကြီးကျောင်းများ နှင့် တက္ကသိုလ်၊ကောလိပ်ကျောင်းများကို လုံခြုံရေးတင်းကျပ်ထားသည်။၂၀၀၇ ခုနှစ် စက်တင်ဘာလ က ဖြစ်ပွားခဲ့သည့် သံဃာ တော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ ပြည်သူများပူးပေါင်းပါဝင်သော သံဃာအရေးအခင်းကြီး တစ်ခု ပေါ်ပေါက်လာ နိုင်ကြောင်းဖြင့်လည်း ရန်ကုန်မြို့ခံများ က ခန့် မှန်းထားကြသည်။

ဒေါ်အောင်ဆန်းစုကြည် အားမတရားသဖြင့် ဆက်လက်ချုပ်နှောင် ထား ခြင်းကိုမြန်မာတိုင်း
ရင်းသားလူမျိုးစု အားလုံးအပါဝင် သံဃာတော်များက ပြန်လည်လွှတ်ပေးရန် တောင်းဆိုသော် လည်း စစ်အစိုးရက လျှစ်လျှူရှုခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လည်း ဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် နှိပ်စက် သတ်ဖြတ်စော်ကားမှုများကို စစ်အစိုးရအာဏာပိုင်များက ပြန်လည်တောင်းပန်ရန်နှင့် မလိုက်နာပါက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု ထုတ်ပြန်ထားသည့် ကြေညာချက်ကြောင့် စစ်အစိုးရ
က ရွှေဝါရောင် တော်လှန်ရေးကာလ က ဦးဆောင်ပါ ၀င်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအနီးတွင် လက်နက်ကိုင်ဆောင် ထားသော လုံခြုံရေးများချထားသည်။

၃၈ လမ်းဈေးမှ ဈေးသည် တစ်ဦးက “ဆန်ဈေးနဲနဲ တက်တယ်ဆီဈေးက တော့ ဟိုအပတ်ထဲက ဒီသတင်းကြောင့် ကုန်ဈေးနှုန်းတွေ နဲနဲ တက်သွားတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် မှုတစ်ခု ၂၀၀ရခုနှစ်က ဖြစ်ပွားခဲ့ရာ နိုင်ငံတကာတွင် ရွှေဝါရောင်တော်လှန်ရေးဟု ထင်ရှားခဲ့သည်။ထိုတော်လှန်ရေးကို စစ်အစိုးရ လုံခြုံရေးတပ်များက အကြမ်းဖက် ဖြိုခွဲခဲ့ရာ ဂျပန်
နိုင်ငံသားသတင်းထောက် တစ်ဦးအပါ အ၀င် လူသုံးဆယ် ကျော်သေဆုံးခဲ့သည်။


နျူကလီးယားအစီအစဉ် မရှိကြောင်း မြန်မာစစ်အစိုးရ ငြင်းဆို

17 August 2009


အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တုန်းက နျူကလီးယား နည်းပညာတွေကို ရယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေက ငြင်းဆိုခဲ့တယ်လို့ ဂျင်မ် ၀က်ဘ် က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Heda Bayron က သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပထမဆုံးတွေ့ခွင့်ရခဲ့တဲ့ အဆင့်အမြင့်ဆုံး အမေရိကန် အစိုးရ အရာရှိတဦးလို့ ဆိုနိုင်တဲ့ အထက်လွှတ်တော် အမတ် ဂျင်မ် ၀က်ဘ်ဟာ စနေနေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံစဉ်တော့ ဒီ လျှို့ဝှက် နျူကလီးယား အစီအစဉ် ပြုလုပ်နေတယ်ဆိုတဲ့ ကိစ္စအကြောင်းကို သူ့အနေနဲ့ တိုက်ရိုက် တင်ပြ မေးမြန်းခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တနင်္လာနေ့က ဂျင်မ် ၀က်ဘ် ရန်ကုန်က အပြန် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအနေနဲ့ လျှို့ဝှက် နျူးကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတယ်ဆိုတဲ့သတင်းဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုတဲ့အကြောင်း အခုလို သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“နျူကလီးယားကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ပိုင်းကနေ စောစောပိုင်းက ကျွန်တော်တို့ကို ပြောခဲ့တာက ဒီသတင်းတွေနဲ့ ပတ်သက်လို့ မှန်ကန်မှု တစုံတရာ မရှိဘူးလို့ ဆိုတာပါပဲ။”

မြန်မာ့တပ်မတော် နျူကလီးယား တပ်ရင်းကနေ ထွက်ပြေးလာခဲ့တဲ့ အရာရှိတဦးနဲ့ ဦးတေဇပိုင် Htoo Trading ကုမ္ပဏီက အမှုဆောင်အရာရှိဟောင်းတဦးတို့နဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး၊ သြစတေးလျ အမျိုးသား တက္ကသိုလ် က မဟာဗျူဟာရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဒက်စ်မင်ဘော နဲ့ ထိုင်းနိုင်ငံ အခြေစိုက် သြစတေးလျ သတင်းထောက် ဖီလ် သော်တင် တို့က မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားထံကနေ နျူကလီးယား လက်နက်ဆိုင်ရာ အကူအညီရယူနေပြီးတော့ မြန်မာနိုင်ငံအထက်ပိုင်းမှာ နျူကလီးယား လုပ်ငန်းတွေအတွက် ဥမင်လိုဏ်ခေါင်းတွေ တူးဖော်နေတဲ့သတင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇွန်လကလည်း မြောက်ကိုရီးယား Kang Nam 1သဘောင်္ကနေ မြန်မာနိုင်ငံကို ဦးတည်လာပြီး မသင်္ကာရတဲ့ နျူကလီးယား လက်နက်ပစ္စည်းတွေ တင်ဆောင်လာတယ်ဆိုပြီး အမေရိကန်စစ်သင်္ဘောက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆုံးဖြတ်ချက်အရ စောင့်ကြည့်ခဲ့တာဖြစ်ပြီး၊ နောက်ဆုံးမှာ အဲဒီသင်္ဘောဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုကြောင့် ဌာနေကို ပြန်လှည့်သွားခဲ့ရတာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဟီလာရီ ကလင်တန်ကလည်း မြန်မာနဲ့ မြောက်ကိုရီးယားအကြားအခုလို နျူကလီးယား ကိစ္စအပါအ၀င် စစ်ရေးအရ ဆက်ဆံမှုဟာ ဒေသန္တရအတွက် ခြိမ်းခြောက်ရာ ရောက်စေတယ်လို့လည်း အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများနဲ့ ဖူးကပ်မှာ ကျင်းပခဲ့တဲ့ ညီလာခံတွင်း ပြောကြားသွားတာလည်း ရှိပါတယ်။


ဂျွန်ယက်တောအား ပြည်နှင်ဒဏ်ပေးခဲ့ဟု စစ်အစိုးရပြော
Monday, 17 August 2009 17:45 ဗထူး
E-mail Print

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်းအတွင်းသို့ ဝင်ရောက်ခဲ့သူ အဓိကတရားခံ မစ္စတာ ဂျွန်ဝီလီယံယက်တောအား စစ်အစိုးရက အပြစ်ဒဏ်လျှော့ပေါ့ကာ ပြည်နှင်ဒဏ်ပေး၍ နေရပ်ရင်းနိုင်ငံသို့ ထွက်ခွာခွင့်ပြုလိုက်သည်။

နိုင်ငံတွင်းသို့ အလည်ပတ်ရောက်ရှိနေသည့် အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့်အတူ မစ္စတာယက်တောသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်ဟု ယနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ဘန်ကောက်ရောက် မစ္စတာ ယက်တော (Photo: Reuters)

ဘန်ကောက်ရောက် မစ္စတာ ယက်တော (Photo: Reuters)
မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းအတွင်းသို့ ဝင်ရောက်ခဲ့မှုကြောင့် စစ်အစိုးရ တရားရုံးမှ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ တားမြစ်ဧရိယာအတွင်း ဝင်ရောက်ခဲ့သည့် ဥပဒေများနှင့် အလုပ်နှင့် ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ်ကျခံနေရသူဖြစ်သည်။

ယခုလ (၁၅) ရက်နေ့က အာရှ ၅ နိုင်ငံခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိလာသော အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် စစ်အစိုးရခေါင်းဆောင်တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ မစ္စတာ ယက်တောအား အမေရိကန်နိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ပြုလိုက်ခြင်းဖြစ်သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတို့က သက်ဆိုင်ရာဌာနများသို့ မေတ္တာရပ်ခံချက်အရ မစ္စတာ ယက်တော၏ ကျန်းမာရေးနှင့် ဘဝရှေ့ရေးတို့အတွက် စာနာထောက်ထား၍လည်း၊ အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို အလေးအနက်ထားရှိခြင်းကြောင့်လည်းကောင်း မစ္စတာ ဂျွန်ယက်တောအား ချမှတ်ထားသော ပြစ်ဒဏ်များအနက် ထက်ဝက်ကို လျှော့ပေါ့ပြောင်းလဲကာ ကျန်ပြစ်ဒဏ်ကို ဆိုင်းငံ့ဖြင့် ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ယမန်နေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်လာသည့် အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က ဘန်ကောက်၌ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွှတ်ပေးရန်နှင့် လာမည့်နှစ်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန်တို့ကို တောင်းဆိုခဲ့သည်ဟု ပြောဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ခွာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း သတင်းထောက်များနှင့် တွေ့ဆုံရာ စစ်အစိုးရခေါင်းဆောင်ပိုင်းနှင့် သူ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး စဉ်းစားပေးရန် တိုက်တွန်းခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။



အမေရိကန် အထက်လွှတ်တော်အမတ်၏ ခရီးစဉ်မြန်မာ့နိုင်ငံရေးအတွက် မျှော်လင့်စရာမရှိ
မင်းနိုင်သူ / ၁၇ သြဂုတ် ၂၀၀၉

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ်၏ ခရီးစဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအ၀င် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ မျှော်လင့်စရာမရှိကြောင်း မြန်မာ့နိုင်ငံရေး လှုပ်ရှားနေသူ များက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က “သူ့ရဲ့ခရီးစဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပါအ၀င် ဒီမိုကရေစီအရေး ပြောင်းလဲမှုတွေရှိလာနိုင်မယ် လို့ ကျနော်မထင်ဘူး။ မစ္စတာယက်တောကို အမေရိကန်နိုင်ငံကို ပြန်ခေါ်သွားနိုင်တာကိုလည်း သူ့ရဲ့ကြီးမားတဲ့ ဆောင်ရွက်နိုင်မှုလို့ ကျနော်မမြင်ပါဘူး။ အရင်ကတည်းက ကျနော်ပြောနေပါတယ်။ ဂျွန်ယက်တောကို နယ်နှင်ဒဏ်ပေးပြီး အမေရိကန်ကို ပြန်ပို့မှာပဲဆိုပြီး ပြောနေပါတယ်။ ဘာ့ကြောင့် ပြောနိုင်လဲဆိုတော့ ကျနော်တို့ ထောင်ထဲမှာရှိစဉ်က ပြစ်ဒဏ်ချထားတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို သူ့မိခင်နိုင်ငံဆီ ပြန်ပို့တာတွေ ကြုံဖူးတယ်။ ထောင်ထဲမှာ ကျနော့်အခန်းဘေးက တောင်ကိုရီးယားတယောက်က မပြန်ချင်ပါဘူး။ ပြောတာတောင် မရဘူး။ အတင်းပြန်ပို့လိုက်တာပဲ” ဟု ပြောသည်။

ဦးအေးသာအောင်ကဲ့သို့ အခြားသော ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း မြန်မာစစ်အစိုးရအနေဖြင့် ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံခြားသားများ မြင်တွေ့မည်ကို စိုးရွံ့သည့်အတွက် ထောင်တွင်း၌ နိုင်ငံခြားသားများကို ထားရှိရန် ၀န်လေးလေ့ရှိသည်ဟု ပြောဆိုကြသည်။

အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာဂျင်မ်ဝက်ဘ်သည် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံသို့ (၃) ရက်ကြာ လာရောက်ခဲ့ပြီး ယမန်နေ့က ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။

မစ္စတာ ၀က်ဘ်က ၎င်း၏ခရီးစဉ်အတွင်း မစ္စတာယက်တောအား ပြန်လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ခွင့်ရရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး စဉ်းစားပေးရန် စသည့် အချက် (၃) ရပ်ကို မြန်မာစစ်အစိုးရအား တောင်းဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ်အနေဖြင့် မစ္စတာယက်တောကို ၎င်းနှင့်တပါတည်း ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တွေ့ခွင့်မရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။

ထိုကဲ့သို့ မစ္စတာဂျင်မ်ဝက်ဘ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုခဲ့သည့်အပေါ် အန်အယ်လ်ဒီပါတီ ပြောခွင့်ရသူ တဦးဖြစ်သည့် ဦးအုံးကြိုင်က “မစ္စတာဘန်ကီမွန်းလာစဉ်က ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခံနေရလို့ ပေးမတွေ့နိုင်တာ ပါလို့ အကြောင်းပြချင်လည်း ပြလို့ရတာပဲလေ။ ခုချိန်ကတော့ဖြင့် သူတို့ပြောတဲ့ တရားစီရင်ရေးကာလလည်း ပြီးသွားလို့ ပေးတွေ့တယ်လို့ ပြောချင်လည်း ပြောနိုင်တယ်။ မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံရေးအခြေအနေကို ရှင်းပြလိမ့်မယ်ထင်ပါတယ်။ မစ္စတာ ၀က်ဘ်ကလည်း မှန်မှန်ကန်ကန် သုံးသပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ရန်တို့အတွက်မှာ ဆက်လက်လုပ်ဆောင်ရလိမ့်ဦး မည်ဟု ၎င်းက သုံးသပ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းကမူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စမှာ မစ္စတာဂျင်မ်၏ ခရီးစဉ်အတွက် ကျွဲကူးရေပါကိစ္စတခုသာ ဖြစ်သည်ဟု ပြောသည်။

“ကျနော့်အထင်တော့ သူမလာခင်ကတည်းက ယက်တောကိုလွှတ်မယ့်ကိစ္စ နအဖနဲ့ပြောပြီးသား။ အဲဒါအတွက် လာတာ၊ ကျန်တဲ့ဟာက ကျွဲကူးရေပါပဲ။ စာရင်းချုပ်လိုက်တော့ အမေရိကန်နိုင်ငံကလာတဲ့ မစ္စတာယက်တောက အမေရိကန်ကို ပြန်သွားနိုင်တယ်။ နေအိမ်အကျယ်ချုပ်ကျနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ် ထပ်ကျတယ်ဆိုတော့ နစ်နာတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ဗမာပြည်သားတွေပဲ” ဟု ရဲဘော်ဖိုးသံချောင်းက သုံးသပ်သည်။

ဦးအေးသာအောင်နှင့် ရဲဖိုးသံချောင်းတို့က နအဖစစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် လူထု ပေါင်းစပ်ခွင့်မပေးလိုခြင်းကြောင့် မစ္စတာဂျင်မ်ဝက်ဘ်တောင်းဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စမှာ လည်း အောင်မြင်မည်မဟုတ်ဟု ပြောသည်။

“သိပ်မကြာခင်မှာလည်း နအဖစစ်အစိုးရက နိုင်ငံရေးထိုးစစ်တခု လုပ်လိမ့်မယ်။ ရွေးကောက်ပွဲဥပဒေ ကြေညာတာမျိုး လုပ်တော့မယ်။ သူတို့လူတွေ ခုန်ထွက်လာပြီး ရွေးကောက်ပွဲအတွက် စည်းရုံးတာ၊ လှုံ့ဆော်တာတွေ လုပ်နိုင်အောင်ပေါ့လေ။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေကို နှိပ်ကွပ်တာတွေ လုပ်လာမယ်။ ဒီလိုပြင်ဆင်နေတဲ့ အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုနဲ့ပေါင်းမိမှာ၊ ပါတီက တက်ကြွလှုပ်ရှားသူတွေနဲ့ ပေါင်းမိမှာကို နအဖလိုလားမှာ မဟုတ်ဘူး။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာမဟုတ်ပါဘူး” ဟု ရဲဘော်ဖိုးသံချောင်းက ပြောသည်။



အမေရိကန်နိုင်ငံသား ပြစ်ဒဏ်မှ ကင်းလွတ်
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရဆဲ
NEJ / ၁၇ သြဂုတ် ၂၀၀၉
line


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခွင့်ပေးရန် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံရာတွင် တောင်းဆိုခဲ့ကြောင်း ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် (၃) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးခဲ့ပြီးနောက် ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ရာ ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့မှုဖြင့် ထောင် (၇) နှစ်ချမှတ်ခံရသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်တောလည်း ထောင်ဒဏ်က ကင်းလွတ်ပြီး ထိုင်းနိုင်ငံသို့ လိုက်ပါလာခဲ့သည်။

အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ အာရှနှင့်ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဂျင်မ်ဝက်ဘ်သည် ၎င်း၏ (၂) ပတ်ကြာ အာရှ (၅) နိုင်ငံ ခရီးစဉ်အရ သြဂုတ် (၁၄) ရက်တွင် လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး သြဂုတ် (၁၅) တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်ရှိ အစိုးရဧည့်ဂေဟာတခုတွင် မိနစ် (၄၀) ခန့် သီးခြားတွေ့ဆုံခဲ့သည်။

မိမိ၏နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ရေကူးဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက ပြီးခဲ့သည့် သြဂုတ် (၁၁) ရက်တွင် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲထပ်မံချလိုက်ပြီး မစ္စတာယက်တောကို ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့သည်။

ထိုသို့ ပြစ်ဒဏ်ချမှတ်လိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ဘဲ ဆက်လက်ထိန်းသိမ်းထားပါက ရှေ့နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှုရှိမည်ဟု နိုင်ငံတကာအနေဖြင့် ယုံကြည်လက်ခံရန် မဖြစ်နိုင်ကြောင်း မြန်မာစစ်ခေါင်းဆောင်များအား ပြောကြားခဲ့သည်ဟုလည်း မစ္စတာဝက်ဘ်က ယမန်နေ့ သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

မစ္စတာယက်တောနှင့်ပတ်သက်၍လည်း အမေရိကန်အထက်လွှတ်တော်အမတ်က “သူဟာ မလုပ်သင့်တာကို လုပ်ခဲ့တဲ့ အတွက် ၀မ်းနည်းစရာကောင်းပါတယ်။ သူတပါးကို ကူညီနိုင်မယ်လို့ထင်ပေမယ့် သူ့ကြောင့် အဲဒီလူမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်ခဲ့ရတယ်” ဟု သတင်းထောက်များကို ပြောသည်။

သို့သော် ၎င်း၏ မေတ္တာရပ်ခံချက်ကြောင့် မြန်မာအစိုးရက လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် မစ္စတာယက်တောကို ပြန်လွှတ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း မစ္စတာဝက်ဘ်က ပြောကြားသွားသည်။

မစ္စတာယက်တောသည် မစ္စတာဝက်ဘ်နှင့်အတူ ရန်ကုန်မှ ဘန်ကောက်သို့ရောက်ရှိပြီးနောက် ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတင်ကုသနေရကြောင်း သိရသည်။

ဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့် မစ္စတာ ဂျင်မ်ဝက်ဘ်တို့ ယခုကဲ့သို့ နေပြည်တော်တွင် တွေ့ဆုံခဲ့မှုသည် အမေရိကန်လွှတ်တော် အမတ်တဦးနှင့် မြန်မာအစိုးရထိပ်ပိုင်း ခေါင်းဆောင်တို့၏ (၁၀) နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။

ယင်းသို့တွေ့ဆုံခဲ့ရာတွင် မစ္စတာဝက်ဘ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား အဓိကအချက်သုံးချက်ကို တောင်းဆိုခဲ့ကြောင်း ၊ အဆိုပါအချက် (၃) ချက်မှာ လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် မစ္စတာယက်တောအား ပြန်လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခွင့်ပေးရန်တို့ဖြစ်ကြောင်းလည်း မစ္စတာဝက်ဘ်က ရန်ကုန်မှမထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးကိစ္စကို စစ်အစိုးရဘက်မှ တုံ့ပြန်မှုမလုပ်သေးသော်လည်း ၎င်း၏တိုက်တွန်းချက်ကို အလေးအနက်စဉ်းစားလိမ့်မည်ဟု မျှော်လင့်ကြောင်း မစ္စတာဝက်ဘ်က ပြောသည်။






ဦးဝင်းတင် နှလုံးခုန်စက် တပ်ဆင်
မင်းနိုင်သူ / ၁၇ သြဂုတ် ၂၀၀၉
line


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်သည် ယမန်နေ့ မွန်းလွဲ (၄) နာရီခွဲခန့်တွင် နှလုံးခုန်စက် တပ်ဆင်ပြီးစီးသွားပြီဖြစ်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

၎င်းက “အသေးစားခွဲစိတ်မှုပါ။ ထုံဆေးပဲသုံးသွားတယ်။ ခွဲခန်းထဲက ပြန်ထွက်လာတော့လည်း ပြုံးပြုံးရွှင်ရွှင်ပါပဲ။ မမောတော့ဘူးလို့လည်း ပြောပါတယ်။ ခွဲစိတ်တဲ့ ဆရာဝန်တွေကလည်း ရလဒ်က ကျေနပ်စရာကောင်းပါတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် နောက်သုံးလေးရက် လောက်နားနေဖို့ ဆရာဝန်တွေက ညွှန်ကြားထားတယ်” ဟု ရှင်းပြသည်။

ဝါရင့်သတင်းစာဆရာကြီးတဦးဖြစ်သူ ဦးဝင်းတင်သည် နှလုံခုန်နှုန်း လျော့ကျလာသည့်အတွက် သြဂုတ် (၁၅) ရက်တွင် အာရှတော်ဝင်ဆေးခန်းသို့ တက်ရောက်ခဲ့ရခြင်းဖြစ်သည်။

“ဘဘက လွန်ခဲ့တဲ့ တလလောက်ကတည်းက သိသိသာသာမောတယ်လို့ ပြောနေတာ။ နောက်ပိုင်းလှေကားလေး ငါးထစ်လောက် တက်ရင်လည်း မောလာတယ်။ နှလုံးခုန်နှုန်းနည်းနေတာ။ နောက်ပိုင်း ထိုင်တာထတာ အ၀တ်အစား လဲတာကအစ မောလာတယ်။ ဒါနဲ့ဆရာဝန်ပြကြည့်တော့ နှလုံးခုန်စက်တပ်ထားဖို့လိုတယ်ဆိုလို့ ဆေးရုံတက်လိုက်ရတာ။ အခုတော့ ကောင်းလာပါပြီ။ စိုးရိမ်စရာမရှိပါဘူး”ဟု မိသားစုဝင်တဦးက ပြောသည်။

အသက် (၇၉) နှစ်ကျော်ရှိ ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စကပင် ပါဝင်ခဲ့သည့် တက်ကြွလှုပ်ရှားသော နိုင်ငံရေးသမားတဦးဖြစ်ခြင်းကြောင့် စစ်အစိုးရက ၁၉၈၉ ခုနှစ်မှစတင်ကာ ထောင်ချထား ခဲ့သည်။

ထိုသို့ အင်းစိန်ထောင်အတွင်း နှစ်ပေါင်း (၂၀) ကျော်ကြာ အကျဉ်းကျခံခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့ကာ လွတ်မြောက်လာစက မီဒီယာများသို့ ဆရာကြီးဦးဝင်းတင်ပြောသော နိုင်ငံရေးမူဝါဒမှာ စု၊ လွှတ်၊ တွေ့ဆုံဖြစ်သည်။




သံဃာတော်များ အရေးအခင်းစမည်ဟု သတင်းထွက်ပေါ်
ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်ချထား
မျိုးချစ်သူ / ၁၇ သြဂုတ် ၂၀၀၉
line


ရန်ကုန်တွင် သံဃာအရေးအခင်း စတင်မည်ဟူသော သတင်းများ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေပြီး လုံခြုံရေးများ ထပ်မံတိုးချဲ့ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ် တခုမှ အယ်ဒီတာတဦးက ပြောသည်။

“ကြားနေတာပဲ။ အဲဒီသတင်းကတော့ ထွက်နေတာ (၃) ရက်လောက်ရှိပြီ။ ရန်ကုန်မှာတော့ သံဃာအရေးအခင်းဖြစ်မှာကို ကြောက်နေတဲ့သူတွေ ရှိသလို ဖြစ်စေချင်သူတွေလည်း ရှိကြပါတယ်။ အရေးအခင်းဖြစ်ရင် စားဝတ်နေရေး ထိခိုက်မှာကို တွေးပူနေကြသူတွေရှိတယ်။ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာမယ် စသဖြင့်ပေါ့ဗျာ” ဟု အဆိုပါအယ်ဒီတာက ပြောသည်။

ကမ္ဘာအေးစေတီလမ်းပေါ်တွင် လုံခြုံရေးများစွာ ချထားသည်မှာ အဆိုပါသတင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာအေးဘုရားရှေ့ ဂိတ်ပေါက်တွင် တာဝန်ကျရဲတပ်သားတဦးက ပြောသည်။

“ကျနော်တို့ကို အထက်က အမိန့်ချတာပါ။ တာဝန်ကျတယ်ဆိုတာနဲ့ပဲ လာပြီးစောင့်နေတာပါပဲ။ တိတိကျကျ မပြောဘူး။ ဘာလို့ လာစောင့်ရတယ်ဆိုတာကို။ ဒါပေမယ့် ပါဠိတက္ကသိုလ်က ဘုန်းကြီးတွေ အခြေအနေကို စောင့်ကြည့်ပါဆိုတဲ့ စကားတခု ကိုတော့ ပြောတယ်” ဟု အဆိုပါရဲတပ်သားက ပြောသည်။

ကမ္ဘာအေးစေတီလမ်းပေါ်တွင် ချထားသော လုံခြုံရေး ရဲတပ်သားများမှာ သေနတ်ကို အရန်သင့်အနေအထား ကိုင်ဆောင်ကာ သတိဆွဲကာ စောင့်နေကြခြင်းဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။

“ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က ပုံစံမျိုးအတိုင်းပဲ၊ စောင့်နေတဲ့ပုံစံတွေက။ ဒါပေမယ့် ရဲတွေကိုလည်း အပြစ်ပြောလို့မရဘူး။ သူတို့ သိတာက သူတို့ကို ဒါလုပ်ပါလို့ပြောရင် လုပ်ရမှာကိုပဲ။ ဒါကြောင့် ရန်ကုန်က လူတွေဆိုရင် အစောင့်ချတဲ့ရဲတွေကို သနားလို့  ဆိုပြီး စားစရာတွေတောင် ၀ယ်ကျွေးတတ်ကြသေးတယ်” ဟု ကမ္ဘာအေးစေတီလမ်းမပေါ်ရှိ အင်တာနက်ကဖေးဆိုင်တဆိုင်၏ တာဝန်ခံက ပြောသည်။

သြဂုတ်လ (၁၆) ရက်နေ့ နံနက် (၁၀) နာရီခန့်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း မှတ်တိုင်တွင် သံဃာ အပါး (၃၀) ခန့်က သပိတ်ကိုယ်စီကိုင်ဆောင်ကာ ရပ်နေကြကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

“ခါတိုင်းရက်တွေက ဘုန်းကြီးတွေများတော့ များတယ်။ ဒီနေ့လိုတော့ မများဘူး။ လိုင်းကားတွေရပ်တဲ့မှတ်တိုင်မှာ ရပ်နေတာက ဆွမ်းခံဖို့သွားမှာမို့ ကားစောင့်တာလည်း ဖြစ်နိုင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အခုပုံစံက အဲဒီလိုကို မဟုတ်တာ။ ပြီးတော့ ကျောက်ရေတွင်း ခုံးကျော်တံတားနဲ့ ခုံးကျော်တံတား အနီးပတ်လည်မှာလည်း သံဃာတွေကို တွေ့နေရတယ်။ အရင်နေ့တွေနဲ့ မတူတာတော့ အမှန်ပဲ” ဟု ကျောက်ရေတွင်း ခုံးကျော်တံတားအနီးတွင် တာဝန်ကျနေသော ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အရာထမ်းတဦးက ပြောပြသည်။

ရန်ကုန်တိုင်းအတွင်း ကျောင်းတိုက်များရှိ သံဃာတော်များကို အစိုးရဆန့်ကျင်မှုလုပ်ငန်းများတွင် ပါဝင်ပါက သံဃာများကို လူဝတ်လဲစေပြီး ထောင်ဒဏ် (၃) နှစ်ချမှတ်မည်ဟု မြို့နယ်အာဏာပိုင်များကတဆင့် အကြောင်းကြားထားကြောင်း မယ်လမု ဘုရားအနီး ကျောင်းတိုက်တခု၏ ဆရာတော်တပါးက မိန့်ကြားသည်။

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်အတွင်းရှိ ကျောင်းတိုက်များတွင်လည်း သံဃာတော်များကို အာဏာပိုင်များက အပြင်မထွက်ကြရန် တားမြစ်ထားကြောင်း မင်္ဂလာအေးကျောင်းတိုက်၏ ကျောင်းတိုက်တာဝန်ခံ ဘုန်းတော်ကြီးတပါးက မိန့်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် အစိုးရက ဘုန်းတော်ကြီးကျောင်းများကို ယခုနှစ်တိုင် အထူးစောင့်ကြည့်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဗဟန်းမြို့နယ်အတွင်း ရှိ ဘုန်းတော်ကြီးကျောင်းတကျောင်းက ပြောသည်။

အဆိုပါကာလအတွင်း ပခုက္ကူမြို့၌ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်သည်ကို နအဖစစ်အစိုးရက ကြိုးတုပ်ဖမ်းဆီး ရိုက်နှက်ခဲ့သဖြင့် သံဃာတော်အားလုံးက သပိတ်မှောက်ကံဆောင်ခဲ့ကြသည်မှာ ယနေ့ထိတိုင် ကံသပိတ်မလှန်ရသေးပေ။ မြန်မာနိုင်ငံတွင် သံဃာတော်ဦးရေမှာ (၄) သိန်းကျော်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် နှိပ်စက် သတ်ဖြတ်စော်ကားမှုများကို စစ်အစိုးရအာဏာပိုင်များက ပြန်လည်တောင်းပန်ရန်နှင့် မလိုက်နာပါက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု ထုတ်ပြန်ထားသည့် ကြေညာချက်တစောင် အင်တာနက်များမှတဆင့် ပြန့်လွှင့်နေသည်။

အဆိုပါကြေညာချက်တွင် လာမည့် သီတင်းကျွတ်လဆန်း (၁၄) ရက်၊ (၂-၁၀- ၂၀၀၉)၊ နေ့လယ် (၁၂) နာရီနောက်ဆုံးထား၍ ဖမ်းဆီးထားသောသံဃာတော်များအား ပြန်လွှတ်ပေးရန်နှင့် သာသနာတော်အပေါ် စော်ကားထားမှုများကို စစ်အစိုးရအနေဖြင့် ၀န်ချတောင်းပန်ရန် တောင်းဆိုထားသည်။

တောင်းဆိုချက် (၂) ရပ်ကို မလိုက်နာပါက လာမည့် သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉) တွင် မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များနှင့် ပြည်ပနိုင်ငံအသီးသီးရှိ သံဃာတော်များ ပူးပေါင်းကာ နအဖစစ်အစိုးရနှင့် အပေါင်းပါများအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃသာမဂ္ဂီအဖွဲ့ဟူ၍ ဖော်ပြထားသည်။







တပြေးညီ စည်းကမ်းထားရန် စာပေစိစစ်ရေးကို တောင်းဆို
အောင်ကျော်မိုး / ၁၇ သြဂုတ် ၂၀၀၉
line


ယခုလ (၁၄) ရက်တွင် စာပေစိစစ်ရေးရုံး၌ စာပေစိစစ်ညွှန်မှူး ဗိုလ်မှူးတင့်ဆွေနှင့် တွေ့ဆုံရာတွင် ပုဂ္ဂလိက ဂျာနယ်တာဝန်ခံ အယ်ဒီတာများက စာပေစိစစ်ရေးအဖွဲ့အနေဖြင့် သတင်း၊ ဆောင်းပါးတို့ကို စိစစ်ခွင့်ပြုချက်ပေးရာတွင် တပြေးညီ စည်းကမ်းသတ်မှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဂျာနယ်များက စာပေစိစစ်ရေးသို့ သတင်းနှင့်ဆောင်းပါးများ တင်ပြရာတွင် သတ်မှတ်ချက်မရှိဘဲ လုပ်ချင်သလိုလုပ်နေကြောင်း၊ ဥပမာ သတင်းတပုဒ်ထဲကိုပင် ဂျာနယ်အချို့တွင် ဖော်ပြခွင့်ပြုပြီး ဂျာနယ်အချို့တွင် ပိတ်ပင်သည့် လုပ်ရပ်များကို ထောက်ပြ ပြောဆိုကြကြောင်း သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

၎င်းက “ဒါဟာ ဘာသဘောလဲဆိုပြီး အထောက်အထားတွေနဲ့တကွ တင်ပြကြတယ်။ ဗိုလ်မှူးတင့်ဆွေက သူတို့အမှားကို သူတို့သိတယ်။ ဒီတော့ သူ့ရဲ့ စာစစ်မှူးတွေနဲ့ ပြန်ပြီး ညှိနှိုင်းပေးမယ်လို့တော့ ပြောတယ်။ လက်တွေ့ဖြစ်လာ မဖြစ်လာ ဘယ်သူမှ မသိနိုင်သေးဘူး” ဟု ပြောသည်။

နအဖစစ်အစိုးရသည် ပုဂ္ဂလိက ဂျာနယ်များ၏ တင်ပြသမျှ သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများနှင့် ပတ်သက်ပြီး အကြောင်းပြချက်မပေးဘဲ ပိတ်ပင်မှုများရှိကြောင်း၊ ခွင့်မပြုဘဲ ပိတ်ပင်သည့် အကြောင်းအရာများမှာလည်း နိုင်ငံရေးသာမက စီးပွားရေး၊ လူမှုရေး၊ အားကစား၊ ဘာသာပြန်၊ ကာတွန်း တို့ဖြစ်ကြောင်း၊ ဗိုလ်မှူးတင့်ဆွေ စာပေစိစစ်ရေးမှူးအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဂျာနယ်များအပေါ် ခွဲခြားဆက်ဆံမှု များပြားလာကြောင်း အယ်ဒီတာများက ပြောသည်။

သတင်းဂျာနယ် အယ်ဒီတာတဦးက “တချို့ ဂျာနယ်တွေကို ဗိုလ်မှူးတင့်ဆွေကိုယ်တိုင် စိစစ်ခွင့်ပြုချက်ပေးတယ်။ တချို့ဂျာနယ်တွေကျတော့ အောက်ခြေစာစစ်မှူးတွေက စိစစ်တာဖြစ်ပြီး သူတို့က လုပ်ပိုင်ခွင့်မရှိတော့ သတင်း၊ ဆောင်းပါးတွေကို ခွင့်မပြု၊ ပိတ်ပင်ဆိုတာမျိုးတွေ လုပ်တယ်။ ဒီအတွက် ပြဿနာပေါ်လာရင် ဗိုလ်မှူးတင့်ဆွေက အောက်ခြေစာစစ်မှူးတွေကိုသာ အပြစ်ပုံချလေ့ရှိတယ်” ဟု ရှင်းပြသည်။

စာပေစိစစ်မှု နှောင့်နှေးအချိန်ကြာမှုနှင့်ပတ်သက်၍လည်း ပြည်တွင်းဂျာနယ်တာဝန်ခံ အယ်ဒီတာများက တင်ပြကြကြောင်း သိရသည်။

ဗိုလ်မှူးတင့်ဆွေက လက်ရှိတွင် ကွန်ပျူတာစနစ်ဖြင့် စစ်ဆေးနေခြင်းဖြစ်ပြီး စာစစ်မှူး (၃) ဦးမှာမှ ကွန်ပျူတာတလုံးသာ ရှိသည့်အတွက် အချိန်ကုန် နှောင့်နှေးရခြင်းဖြစ်ကြောင်း၊ မီးပျက်ပါက ကွန်ပျူတာအားလုံး အလုပ်လုပ်နိုင်သည့် မီးစက်ကြီးလည်း မရှိသေးကြောင်း၊ ထို့ကြောင့် တရားဝင် မတောင်းဆိုသော်လည်း ဂျာနယ်များအနေဖြင့် ကိုယ့်စာမူကို မြန်မြန်စစ်စေလိုပါက စာမူများကို စီဒီနှင့်သာမက စက္ကူကော်ပီများဖြင့်လည်း တင်နိုင်ကြောင်း ဖြေရှင်းသွားသည်ဟု သိရသည်။

ဆရာကြီး ဦးဝင်းတင် ခွဲစိတ်ကုသမှု ခံယူ Print E-mail
ဖနိဒါ
တနင်္လာနေ့၊ သြဂုတ်လ 17 ရက် 2009 ခုနှစ် 17 နာရီ 42 မိနစ်


မဇ္စျိမ (ချင်းမိုင်)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်သည် ရန်ကုန်ရှိ ဆေးရုံတရုံ၌ ယမန်နေ့က အောင်မြင်စွာ နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။

အသက် ၈၀ အရွယ် သတင်းစာဆရာဟောင်း ဦးဝင်းတင်သည် နှလုံးခုန်နုန်း ပုံမှန် မရှိသည့်အတွက် စမ်းချောင်းမြို့နယ် အာရှတော်ဝင်ဆေးရုံ၌ တက်ရောက်ခဲ့ပြီး၊ ၁၆ ရက်နေ့ ညနေတွင် နှလုံးခွဲစိတ်ကာ စက်ထည့်သွင်းခဲ့သည်။

“တနေ့က ည၊ စနေနေ့ ညပေါ့နော်။ ဆေးရုံသွားလိုက်ရတယ်။ မနေ့ညနေ နှလုံးထဲကို ခွဲပြီး စက်ထည့်ထားတယ်ဗျာ။ ပထမဆုံး အီးစီဒီစက် ၂၄ နာရီ တပ်ထားတယ်။ ဆရာဝန်က စိတ်မချလို့ဆိုပြီး နှလုံးခွဲပြီး ထည့်တယ်” ဟု ဆွေမျိုးတော်စပ်သူ ကိုသက်ဦးနိုင်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ဦးဝင်းတင်၏ ကျန်းမာရေး ပုံမှန် ရှိနေသော်လည်း အနား၌ လူတဦး အမြဲရှိနေရကာ ဖုန်းကိုင်ခြင်းနှင့် လျှပ်စစ်မီး ခလုပ်များ ကိုင်တွယ်ခြင်း မပြုရန် ဆရာဝန်က မှာကြားထားသည်။

ဆရာကြီးသည် ပြီးခဲ့သည့်လ လယ်ပိုင်းမှ စတင်ကာ နှလုံးခုန်နုန်း ပုံမမှန်ဘဲ မောပန်းသည့် ဝေဒနာ ခံစားနေရသဖြင့် ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်သို့ မသွားရောက်နိုင်ဘဲ နေအိမ်တွင် အနားယူခဲ့ရသည်။ သို့သော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို ရုံးချိန်းရက်ပေးသည့် နေ့များတွင် တရားခွင် တည်ရှိရာ အင်းစိန်ထောင်သို့ သွားရောက်လေ့ရှိသူ ဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ရာ အင်းစိန်ထောင်တွင်း၌ ၁၉ နှစ်ကျော်ကြာ ချုပ်နှောင်ခံခဲ့ရာမှ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် လွတ်မြောက်လာခဲ့သည်။

ဦးဝင်းတင်အား ၂၀၀၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီးက Guillermo Cano World Press Freedom Prize ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သတင်းစာများ အဖွဲ့ကြီး World Association of Newspapers က လွတ်လပ်မှုဆိုင်ရာ ရွှေကလောင်ဆု Golden Pen of Freedom Award တို့ကို ချီးမြှင့်ခဲ့သည်။

ထို့အပြင် ၂၀၀၆ ခုနှစ်၌လည်း ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (R.S.F) က သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ခဲ့သေးသည်။

ဆမ လက်မှတ် ရသော်လည်း ဆရာဝန်များ အလုပ်ရရန် မရေရာ Print E-mail
မေကျော်
တနင်္လာနေ့၊ သြဂုတ်လ 17 ရက် 2009 ခုနှစ် 20 နာရီ 26 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဆေးတက္ကသိုလ် ဘွဲ့ရသူများကို မွမ်းမံသင်တန်း တလတက်ပြီးနောက် ဆေးကုသခွင့် လက်မှတ် (ဆမ) ထုတ်ပေးမည် ဖြစ်သော်လည်း အလုပ်ရရန် မလွယ်ကူကြောင်း သိရသည်။

ဆေးတက္ကသိုလ် ဘွဲ့ရပြီးသူများကို ယခင်က အစိုးရဝန်ထမ်းအဖြစ် ၃ နှစ် တာဝန်ထမ်းဆောင်မှသာ ဆေးကုသခွင့် လက်မှတ်ပေးခဲ့ရာမှ မွမ်းမံသင်တန်း တလ တက်ရောက်ရုံဖြင့် လက်မှတ်ပေးမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် လအတွင်း ကြေညာလိုက်သော်လည်း အလုပ်ခန့်ထားရန်ကိုမူ ထုတ်ပြန်ပေးခြင်း မရှိသဖြင့် အလုပ်အတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် ဘွဲ့ရ ထက်ဝက်ခန့် နီးပါး အလုပ် အလုပ်ခန့်ထားရန် ကျန်ရှိနေသေးသည်။ ထိုသူများကို မွမ်းမံသင်တန်း တလ တက်ပြီး ဆမ လက်မှတ်ပေးမည် ဖြစ်သော်လည်း တရားဝင် အလုပ်ခန့်ထားရန် မသေချာခြင်းကြောင့် ဆေးကျောင်းသားများ စိုးရိမ်လာကြခြင်း ဖြစ်သည်။

“ဆေးတက္ကသိုလ် ဘွဲ့ရတွေကို ၂ နှစ် ပို့စတင် တာဝန်ပေးပြီးမှ ဆမ လက်မှတ် ရမယ်။ ပြီးတော့ ၂၀၀၇ ဘွဲ့ရတွေရောက်တော့ ရမ်ဒမ်ခေါ်ပြီး ပို့စတင် ချပေးလိုက်တယ်။ ပို့စတင်ရပြီးသား သူတွေကတော့ ၂ နှစ်ပြီးရင် ဆမ ပေးမယ်။ အဲဒီထဲမှာ မပါတဲ့သူတွေကတော့ အခု တလ မွမ်းမံသင်တန်း တက်ခွင့်ရတယ်” ဟု ရန်ကုန် ဆေးတက္ကသိုလ် ၁ မှ ကျောင်းသားတဦးက ပြောသည်။

ဆေးတက္ကသိုလ် ဘွဲ့ရများတွင် အချို့က အစိုးရ အလုပ်အကိုင် မလုပ်ကိုင်လို၍ ဆမ လက်မှတ် မရသူများ ဖြစ်သော်လည်း ၂၀၀၇ ဘွဲ့ရ ဆရာဝန်များကိုမူ စစ်အစိုးရက အလုပ်အကိုင် မခန့်ထားပါ။

"အလုပ်ကတော့ လိုနေတာပဲ။ ဆေးတက္ကသိုလ် ဘွဲ့ရ အတော်များများက နိုင်ငံခြား ထွက်နေကြသည့်တိုင်အောင် အလုပ်နေရာတွေ လိုနေသေးတယ်။ ဒါပေမဲ့ နောက်နှစ်တွေမှာ ထွက်လာမယ့် ဆရာဝန်ပေါက်တွေအတွက် အလုပ်အကိုင်ကို ချွေခန့်လာတဲ့ သဘောမှာ ရှိတယ်" ဟု ဆရာဝန် စာရေးဆရာ တဦးက မှတ်ချက်ပြုသည်။

ယခင်က အစိုးရ ဝန်ထမ်းအဖြစ် ၃ နှစ် မလုပ်ပါက ဆေးကုသခွင့် လက်မှတ် မရှိသဖြင့် တရားဝင် ဆေးကုသခွင့် မရှိရာမှ ယခု ဆမ လက်မှတ်ရပြီး အစိုးရ အလုပ်အကိုင် တရားဝင် ခန့်အပ်မခံရသော်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အပြင်ဆေးခန်းများ ဖွင့်ခွင့် ရရှိလာမည် ဖြစ်သည်။


ရန်ကုန်တွင် ခွေးပြိုင်ပွဲ ကျင်းပမည် Print E-mail
တနင်္လာနေ့၊ သြဂုတ်လ 17 ရက် 2009 ခုနှစ် 18 နာရီ 11 မိနစ်


ချင်းမိုင်။ ။ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ရုံးချုပ်တွင် Golden Retrievers အမျိုးအစား ခွေးပြိုင်ပွဲအား ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်ရှိ Fortune International Ltd. က ဦးစီးပြီး ယခုလ ၂၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

ပြိုင်ပွဲအား မြန်မာနိုင်ငံ အိမ်မွေးတိရစ္ဆာန် မွေးမြူရေးအသင်းနှင့်ပူးပေါင်း၍ ပထမဆုံးအကြိမ်အဖြစ် ဘုရင့်နောင်လမ်းနှင့် ကြို့ကုန်းစက်မှုဆေးဝါး လမ်းထောင့်ရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပမည်ဖြစ်ကြောင်း Fortune International Ltd. မှ ပြောဆိုခြင်း ဖြစ်သည်။

“ခွေးကတော့ Golden Retrievers တမျိုးတည်းကိုသာ ပြိုင်ပွဲဝင်ခွင့် သတ်မှတ်ထားတာပါ။ ဆုအမျိုးအစားက ၆ ခုပါ ခင်ဗျာ။ လောလောဆယ် ၆ ခု ရည်ရွယ်ထားပါတယ်။ ခွေးထီးအတွက် ၂ ဆု၊ ခွေးမအတွက် ၂ ဆု၊ ပါပီအတွက် (၆ လနှင့် ၆ လအောက်) ၂ဆု။ ပထမ၊ ဒုတိယ နှစ်ဆုပဲ ချီးမြှင့်မှာပါခင်ဗျာ” ဟု တာဝန်ရှိသူ ဒေါက်တာဝင်းကြည်က မဇ္ဈိမကို ပြောသည်။

Fortune International Ltd. က ၎င်းတို့ တဦးတည်း ကိုယ်စားလှယ်ရယူထားသော ပြင်သစ်အခြေစိုက် Royal Canin အမှတ်တံဆိပ် ခွေးအစာအတွက် ကြော်ငြာာသဘောမျိုး ကျင်းပရခြင်းလည်းဖြစ်ပြီး Royal Canin မှ ကျွမ်းကျင်သူများလည်း ပြိုင်ပွဲသို့ တက်ရောက်ကြမည်ဖြစ်သည်။

ပြိုင်ပွဲအတွက် ဝင်ကြေးပေးသွင်းရန်မလိုဘဲ ပြိုင်ပွဲလျှောက်လွှာများကို နီးစပ်ရာ တိရိစ္ဆာန်ဆေးခန်းများနှင့် မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်တွင် သြဂုတ်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရယူနိုင်မည်ဖြစ်သည်။

ခွေးပြိုင်ပွဲကျင်းပပြီး နောက်တရက် ၂၉ ရက်နေ့တွင် Royal Canin မှ ပညာရှင်များအပါအဝင် တိရစ္ဆာန် ဆေးကုဆရာဝန်များ စုပေါင်း၍ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲများကို ဆီဒိုးနားဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း ဒေါက်တာဝင်းကြည်က ပြောသည်။

မလေး ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသားများ ထွက်ပြေးလွတ်မြောက် Print E-mail
ကျော်သိင်္ခ
တနင်္လာနေ့၊ သြဂုတ်လ 17 ရက် 2009 ခုနှစ် 12 နာရီ 43 မိနစ်


ကွာလာလမ်ပူ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ စီပန်းရှိ ကေအယ်အိုင်အေ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာအကျဉ်းသား ဦးရေ ၇၀၀ အနက် ၃၀ နီးပါးသည် ထိုစခန်းမှ ယမန်နေ့ ညနေပိုင်းက ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

“ညနေ ၆ နာရီလောက် ထမင်းကျွေးတဲ့အချိန်မှာ တံခါးဖွင့်တော့ ထွက်ပြေးကြတာ။ ထွက်ပြေးတာ ၂၈ ယောက် ထွက်ပြေးသွားတာ ၆ ယောက် ပြန်မိတယ်။ ပြေးသွာတာက အဆောင် B-3 ကနေ ပြေးသွားတာ” ဟု ကေအယ်အိုင်အေ စခန်း၌ ထိန်းသိမ်းခံနေရသည့် ၄၁ နှစ်အရွယ် ကိုဇော်စိုးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့တဲ့လက စမုံညင်း အကျဉ်းစခန်းတွင် ဆူပူမှုဖြစ်ပွားရာ၌ ပါဝင်ခဲ့သော မြန်မာအကျဉ်းသား ၇၀၀ အား ဇူလိုင်လ ၂၄ ရက်နေ့တွင် စမုံညင်းစခန်းမှ စီပန်းရှိ ကေအယ်အိုင်အေ စခန်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးက၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးနှင့် ပူးပေါင်းကာ အကျဉ်းသား ၇၀၀ ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေစဉ် ယခုလို ထောင်ဖောက် ထွက်ပြေးသည့် အမှု ဖြစ်ပွားခြင်း ဖြစ်သည်။

အန်အယ်ဒီ - လွတ်မြောက်နယ်မြေ (မလေးရှား) မှ နိုင်ငံခြားရေးရာ တာဝန်ခံ ကိုကျော်ကျော်မိုးက “မြန်မာပြည်ပြန်ရရင် သူတို့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို တွေးပြီးတော့ အခုလို ဖြစ်သွားတယ်လို့ပဲ ကျနော် ယူဆတယ်။ ဒီနိုင်ငံထဲမှာ သူတို့ အခုလို ထွက်ပြေးတယ် ဆိုတာကလည်း အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်။ ပြေးတယ် ဆိုတာကလည်း သူတို့ အတော်လေးကို အရဲစွန့်ပြီး ပြေးကြရတာလေ။ ဘာပဲဖြစ်ဖြစ်တော့ အခုလို ဖြစ်သွားတယ်ဆိုတော့ အကျဉ်းစခန်းထဲမှာ ကျန်ရှိနေတဲ့ သူတွေအတွက် အခက်အခဲ တော်တော်ကို ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

စခန်းထဲရှိ မြန်မာအကျဉ်းသား ၇၀၀ သည် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှုများ မရသည့်အပြင်၊ ပုံမှန် စားသောက်ရေးအတွက်ပါ ခက်ခဲနေကြသည်။

ထိုအကျဉ်းစခန်းတွင် ထိန်းသိမ်းခံရသူများအနက် ၉ ဦးသည့် A (H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါ ကူးစက်ခံနေရပြီး၊ ၄ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း အကျဉ်းစခန်းထဲတွင် ထိန်းသိမ်းခံနေရသူ အမည်မဖော်လိုသူ မြန်မာအကျဉ်းသား တဦးက ပြောသည်။

ယခုလ ၄ ရက်နေ့ကလည်း အဆိုပါအကျဉ်းစခန်းမှ ၃၅ နှစ်အရွယ် တိုဂိုနိုင်ငံသား Malou-Ouro Dramane ဆိုသူသည် A (H1N1) ရောဂါနှင့် သေဆုံးခဲ့ကြောင်း မလေး လူဝင်မှုကြီးကြပ်ရေး အရာရှိများက သြဂုတ်လ ၆ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။


ယက်ထောကို လွှတ်ပေးသည့်အတွက် မြန်မာလူထု မကျေနပ်
Monday, 17 August 2009 18:31 အေးချမ်းမြေ့
E-mail Print
မြန်မာနိုင်ငံသို့ ၃ ရက်ခရီးစဉ် သွားရောက်ခဲ့သော အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်နှင့်အတူ မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား ပြန်လွှတ်ပေးလိုက်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်မပေးသည့်အတွက် မြန်မာပြည်သူလူထုက မကျေမနပ်ဖြစ်နေကြကြောင်း ကြားသိရသည်။

[မြန်မာ စစ်အစိုးရက အမေရိကန် အထက်လွှတ်တော် အမတ်နှင့် ပြန်လည် ထည့်ပေးလိုက်သော မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ဘန်ကောက်တွင် တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)]

မြန်မာ စစ်အစိုးရက အမေရိကန် အထက်လွှတ်တော် အမတ်နှင့် ပြန်လည် ထည့်ပေးလိုက်သော မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ဘန်ကောက်တွင် တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)
“အဓိက တရားခံဖြစ်တဲ့ယက်ထောကိုတော့ ပြည်နှင်ဒဏ်ပေးပြီးလွှတ်လိုက်တယ်၊ အပြစ်လုံးဝ မရှိတဲ့ ဒေါ်အောင် ဆန်းစုကြည်ကို ဆက်ပြီးဖမ်းထားတယ်ဆိုတာကိုကြည့်ရင် သဘာဝလည်း မကျဘူး၊ ဘယ်လိုမှ တရားမျှတမှု မရှိဘူးဆိုတာ ပေါ်လွင်တယ်၊ လုပ်ဇာတ်ကြီးပါ” ဟု ရန်ကုန်နေ ဆရာဝန်ကြီး တဦးက သုံးသပ်ဝေဖန်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ဆင်လိုသည့်အတွက် မစ္စတာ ယက်ထောကို စစ်အစိုးရက ငွေပေးပြီး ၀င်ခိုင်းခြင်းသာဖြစ်သည်ဟု ၎င်းအနေနှင့်ယုံကြည်နေကြောင်းလည်း ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲ၌ အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတို့က သက်ဆိုင်ရာ ဌာနများသို့ မေတ္တာရပ်ခံချက်များအရ မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ ကျန်းမာရေးနှင့် ဘဝရှေ့ရေးအတွက် စာနာ ထောက်ထား၍ လည်းကောင်း၊ အမေရိကန် နိုင်ငံနှင့် မြန်မာနိုင်ငံ၏ နှစ်နိုင်ငံဆက်ဆံရေးကို အလေးအနက် ထားရှိခြင်းကြောင့်လည်းကောင်း ချမှတ်ထားသည့် ပြစ်ဒဏ် ၇ နှစ်ကို ထက်ဝက်လျှော့ချကာ ကျန်ရှိသောပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့၍ ပြည်နှင်ဒဏ်ပေးလိုက်သည် ဟု ရေးသားထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က မစ္စတာ ယက်ထောအား လွှတ်ပေးခြင်း၊ မပေးခြင်းထက် ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးရေးတခုသာ လူ အများက မျှော်လင့် နေကြောင်း ဒေါ်အောင်းဆန်းစုကြည်အား ထောင်ဒဏ် အပြစ်ပေးခြင်းမှာ လုံးဝမတရားသော ကိစ္စ ဖြစ်သောကြောင့် သူအပါအဝင် အများပြည်သူက ကျေနပ်မှုမရှိကြောင်း ပြောဆိုသည်။

“ဘယ်သူမှ ဒါကို လက်မခံနိုင်ဘူး၊ မကျေနပ်နိုင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က အပြစ် လုံးဝမရှိတဲ့သူ၊ တရား ဥပဒေအတိုင်းသာ ဆိုရင် သူ့ကို လွှတ်ပေးရမှာ၊ လုံးဝ လွှတ်ပေးရမှာ ထောင် သုံးနှစ် အမိန့် ချလိုက်တာကိုက မတရားတာဘဲ” ဟု ဦးဝင်းတင်က ပြောသည်။

အပြစ်မရှိသော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ဘဲ နေအိမ် အကျယ်ချုပ်နှင့် ဆက်လက် ထိန်းသိမ်း ထားကာ အဓိက တရားခံကို ပြန်လွှတ်ပေးလိုက်ခြင်း၊ မစ္စတာ ဂျင်မ် ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးခြင်း စသည်ဖြင့် စစ်အစိုးရက လိုက်လျောခဲ့ခြင်းမှာ ၎င်းလွှတ်တော်အမတ်သည် အမေရိကန် နိုင်ငံက အရေးယူထားသော စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်သူဖြစ်သောကြောင့် ဟု ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစုများက ယူဆနေကြသည်။

ရန်ကုန်မြို့မှ ရှေ့နေတဦးက အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ၀က်ဘ် အား ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံခွင့် ပေးခြင်းမှာ စစ်အစိုးရက ၎င်းတို့အပေါ် နားလည်စာနာသူဟု ယူဆ သောကြောင့် ဖြစ်နိုင်သည် ဟု သုံးသပ်သည်။

ဆက်လက်၍ ၎င်းက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် အပြစ် ပေးပြီးမှ နိုင်ငံတော် အကြီးအကဲမှ ညှာတာထောက်ထားသောအားဖြင့် ပြစ်ဒဏ်တ၀က်လျှော့ပေါ့ကာ ကျန် ၁ နှစ်ခွဲအား နေအိမ်တွင် အကျယ်ချုပ် နေထိုင်စေခြင်းမှာ ကျေနပ်စရာမရှိကြောင်း ပြောဆိုသည်။

ရန်ကုန်အခြေစိုက် ဝါရင့်သတင်းထောက်တဦးက “ယက်ထောကို အမေရိကန် ဗဟို ထောက်လှမ်းရေး (CIA) ကလွှတ်လိုက်တာလား၊ အမေရိကန်က သူ့လူကို ထည့်လိုက်ပြီး သူတို့ဘာသာ မျက်လှည့်ဆန်ဆန် ပြန်ထုတ် သွားတာလားလို့ ရန်ကုန်မှာ လူတွေ ပြောနေကြတယ်” ဟု ဆိုသည်။

ရန်ကုန်သတင်းဂျာနယ်တစောင်မှ အယ်ဒီတာချုပ်တဦးကလည်း အစိုးရအနေနှင့် နိုင်ငံတကာအပေါ်သို့ လှည့်ကွက် အမျိုးမျိုးဖြင့် ကစားပြနေခြင်းသာ ဖြစ်သည်ဟု မြင်ကြောင်း၊ မစ္စတာ ဂျင်မ် ဝက်ဘ် ၏ မြန်မာပြည် ခရီးစဉ်အတွင်း ပြောဆို ကြိုးပမ်းမှုများကြောင့် ယက်ထောအား ပြစ်ဒဏ် လျှော့ပေါ့ပေးလိုက်ခြင်းဖြစ်သည်ဟု စစ်အစိုးရက ပြောဆိုကြေညာခဲ့သော်လည်း သူ့အနေနှင့် ထိုစကားအပေါ်တွင် ယုံကြည်မှု မရှိကြောင်း ပြောသည်။

“ကျနော့်အမြင် ပြောရရင်တော့ သူတို့မှာ ဇာတ်ညွှန်းရှိပြီးသားပဲ၊ အံ့သြစရာမရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို ခုလို မတရားလုပ်လို့ လူတွေ ဒေါသ ဖြစ်ရုံ မကျေမနပ်ဖြစ်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်တော့ဘူးဆိုတာလည်း စစ်အစိုးရက တွက်ထားပြီးသားပဲ” ဟု သူက သုံးသပ်သည်။

အမိန့် မကျမီ ကတည်းကပင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ကာ ဆက်လက်ထိန်းသိမ်းထားမည် ဖြစ် ပြီး မစ္စတာ ယက်ထောကို တနည်းနည်းနှင့် ပြန်လွှတ်ပေးလိမ့်မည်ဟု သူက ကြိုတင်ခန့်မှန်း မိခဲ့ကြောင်းလည်း ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အတွင်းရေးမှူး ဦးဘိုကြည်က “မစ္စတာယက်ထောကို ပြန်လွှတ်ပေးလိုက်တာတော့ အံ့သြတယ်။ စစ်အစိုးရက သူ့ကို အသုံးချ ပြီး ထောင်ဖမ်း လိုက်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကသာ သူတို့လိုချင်တဲ့ ငါးအကြီးကြီးဆိုတာ လူတိုင်းသိပါတယ်” ဟု ဆိုသည်။

ဦးဘိုကြည်သည် မစ္စတာ ယက်ထော ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်း မဝင်ရောက်မီ မဲဆောက်မြို့၌ ၎င်းနှင့် ဆက်သွယ် တွေ့ဆုံခဲ့သည်ဟု စစ်အစိုးရ၏ စွပ်စွဲခြင်း ခံခဲ့ရသူဖြစ်သည်။

အဓိက တရားခံ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ပြန်လွှတ်ပေးလိုက်ခြင်းအားဖြင့် မြန်မာစစ်အစိုးရအနေနှင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး ပြေလည်ရန် လမ်းစတခုကို ပြန်လည်ရှာဖွေ လိုက်နိုင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက သုံးသပ်သည်။

“ပွဲကကြည့်ကောင်းတယ်၊ မြန်မာစစ်အစိုးရက ခဲတလုံးတည်းနဲ့ ငှက် ၂ ကောင် ပစ်လိုက်နိုင်တာပဲ။ ဒေါ်အောင်ဆန်း စုကြည်ကို သူတို့လိုချင်တဲ့အချိန်တခုထိ ထိန်းသိမ်းထားနိုင်သလို အမေရိကန်နဲ့ ဆက်ဆံရေးလမ်းကြောင်း ပြန်ပွင့် အောင်လည်း အတိုင်းအတာတခုအထိ ဆောင်ရွက်နိုင်လိုက်တယ်လို့ ဆိုရမယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရအနေနှင့် ထောင်ချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ အဓိက တရားခံမှာ မစ္စတာ ယက်ထောသာဖြစ်သောကြောင့် ၎င်းကို ပြန်လွှတ်လိမ့်မည်ဟု မထင်မိကြောင်း၊ အဓိကတရားခံကို လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးလျှင် မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံတကာအလယ်၌ အရှက်ရမည်ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘဲ မစ္စတာ ယက်ထော တဦးတည်းသာ လွှတ်ပေးမည့် အနေအထားမျိုး စစ်အစိုးရအနေနှင့် ပြုလုပ်လိမ့်မည်ဟု မထင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘဲ မစ္စတာယက်ထောကို လွှတ်ပေး လိုက်ရင် မြန်မာစစ်အစိုးရအနေနဲ့ တော်တော်အရှက်ရမှာ လွှတ်မှာမဟုတ်ဘူးလို့ ထင်ထားတာ။ ဒါပေမယ့် သူတို့က အဲဒီလိုလည်း ရှက်စရာ မဖြစ်ဘဲ သူတို့လုပ်ချင်တာကို လုပ်ပြသွားနိုင်ခဲ့တယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

“ယက်ထောကို လွှတ်ပေးတယ်၊ မစ္စတာ ဘန်ကီမွန်းတောင် လုပ်လို့မရတဲ့အနေအထားတွေ ခွင့်ပြုတယ်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသူတွေနဲ့ ပေးတွေ့တယ်။ အမေရိကန် အထက်လွှတ်တော်မှာ စီးပွားရေး ပိတ်ဆို့တဲ့ ကိစ္စတွေကို ဆန့်ကျင်တဲ့ လွှတ်တော်အမတ်ရဲ့ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်တွေအတွက် အားဖြစ်အောင် မြန်မာစစ်အစိုးရက တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်” ဟုလည်း ၎င်းက ဆိုသည်။

ယခုကဲ့သို မစ္စတာ ယက်ထောကို စစ်အစိုးရက လွှတ်ပေးလိုက်သဖြင့် အမေရိကန် နိုင်ငံက အရေးယူထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ပြန်လည်ဖွင့်လှစ်သည်အထိ မဖြစ်နိုင်သော်လည်း ပိတ်ဆို့ထားသည့် အနောက် နိုင်ငံများသို့ သွားလာခွင့် ဗီဇာများကို ပြန်လည်ခွင့်ပြုသည်အထိ မစ္စတာ ဂျင်မ် ဝက်ဘ်က အမေရိကန် အထက် လွှတ်တော်တွင် ပြောဆိုနိုင်မည်ဟု ထင်ကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

“စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းဖို့ အထိဆိုရင်တော့ ဒီလောက်နဲ့ မရဘူး။ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုလွှတ်ပေးတာမျိုး၊ တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာမျိုး .. ဒီ့ထက် ပျော့ပြောင်းလာမှ ရမယ်” ဟု ၎င်းက ပြောဆိုသည်။

ဧရာဝတီ သတင်းထောက် ကြည်ဝေ ပါဝင်ရေးသားသည်။


ကွာလာလမ်ပူ ထိန်းသိမ်းရေး စခန်းမှ မြန်မာများထွက်ပြေး
Monday, 17 August 2009 18:07 သန်းထိုက်ဦး
E-mail Print
မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် Kuala Lumpur International Airport (KLIA) အနီးရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ ဦးသည် ယမန်နေ့ က ထွက်ပြေးရန် ကြိုးစားခဲ့ရာ ၂၂ ဦး လွတ်မြောက်သွားကြောင်း သိရှိရသည်။

အဆိုပါ ထိန်းသိမ်းရေးစခန်းရှိ အာဏာပိုင်များက တံခါးဖွင့်၍ ထမင်းထုတ်များ ဝေပေးနေစဉ် မြန်မာအလုပ် သမား များ ထွက်ပြေးကြသည်ဟု စခန်းအတွင်း၌ရှိသော ကိုကျော်စိုးက ဧရာဝတီသို့ တယ်လီဖုန်းဖြင့် ပြောသည်။

“ထမင်းထုတ်ပေးဖို့ တံခါးဖွင့်တဲ့အချိန်မှာ စခန်း B 3 က ရွှေတွေ အားလုံးပေါင်း၂၈ ယောက် ထွက်ပြေးကြတယ်၊ ထွက်ပြေးတော့ ၆ ယောက်က ပြန်မိတယ်၊ ၂၂ ယောက်က လွတ်သွားတယ်”ဟု ၎င်းက ပြောသည်။

ဖမ်းမိထားသော ၆ ဦးကို မလေးရှား အာဏာပိုင်များက စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း ၎င်းက ဆိုသည်။

ယခုလက်ရှိ စခန်းတွင် စုစုပေါင်း လူဦးရေ ၇၀၀ ခန့် ရှိကြောင်း သိရသည်။ ၎င်းတို့သည် လွန်ခဲ့သည့် ဇူလိုင်လ ဆန်းပိုင်းတွင် Kajang မြို့နယ်၊ Semenyih အရပ် လူဝင်မှုကြီးကြပ်ရေး ဌာန (လဝက) အချုပ်ခန်းမှ အာဏာပိုင် များက နေရာသစ် သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ယနေ့ထုတ် ဘန်ကောက်ပို့သတင်းစာတွင်လည်း မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများတွင် ဖမ်းဆီးခံထား ရသော နိုင်ငံခြားသား ၇၀၀၀ ခန့်ရှိရာ မြန်မာနိုင်ငံသား ၂၈၀၀ ခန့် ပါဝင်နေသည်ဟု ဖော်ပြထားသည်။

အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံ ထားရသူများအတွက် အိပ်ရာ နေရာအလုံအလောက်မရှိသကဲ့သို့ ဖိနှိပ်တင်းကျပ်မှုများပြုလုပ်ခံရကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ၌် ထိန်းသိမ်းရေးစခန်းများတွင် မြန်မာလူမျိုး ၁၂၀၀ သာရှိခဲ့သော်လည်း ယခုအခါ ၂၈၀၀ အထိ များပြားလာခြင်းမှာ မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းမှုကြောင့် ထိုင်းနယ်စပ်မှ တဆင့် မလေးရှား နိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

၂ဝဝ၅ ခုနှစ်မှ စတင်ပြီး မလေးရှားအစိုးရက RELA တပ်ဖွဲ့ဝင်များအား လဝက အချုပ်ခန်းများကို ကွပ်ကဲရန်၊ တ ရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးရန် တရားဝင် လုပ်ပိုင်ခွင့်ပေးထားကြောင်း သတင်းများဖော် ပြချက်အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံ ခြားသား မုန်းတီးမှုလည်း အလွန်များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်း လည်း ကြားသိရသည်။


စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးရန် ဒေါ်အောင်ဆန်း စုကြည်တိုက်တွန်း သင့်သည်ဟု ဂျင်မ် ဝက်ဘ် ပြောခဲ့
Monday, 17 August 2009 19:40 ဧရာဝတီ
E-mail Print
အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်၏ မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့စဉ် မြန်မာ စစ်အစိုးရအပေါ် အမေရိကန်နှင့် ဥရောပနိုင်ငံ များက အရေးယူထားသည့် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တိုက်တွန်းသင့်ကြောင်း ပြောခဲ့သည် ဟု သိရသည်။

ယနေ့နေ့လယ်က ဘန်ကောက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဂျင်မ် ဝက်ဘက်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို တလွဲ မပြောလိုပါဘူး။ ဒါပေမယ့် ကျနော့် ခံစားချက်ကတော့ သူ့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှု တချို့ကို ပြန်ရုတ်သိမ်းပေးဖို့ ကိစ္စကို မကန့်ကွက်ဘူးလို့ ယူဆပါတယ်” ဟု သတင်းထောက်များအား ပြောခဲ့သည်။

သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များနှင့် အမေးအဖြေကဏ္ဍကို ၈ မိနစ်ကြာ ပြုလုပ်ခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အပြီးသတ် အမိန့် ချမှတ်အပြီးတွင် မစ္စတာ ဂျင်မ် ဝက်ဘ် အနေနှင့် မြန်မာပြည်သို့ အချိန်ကိုက် သွားခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ပြန်လည် ဖြေကြား ခြင်း မပြုခဲ့ပေ။

မစ္စတာ ဂျင်မ် ဝက်ဘ်က ၎င်း အနေနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည် ပြောပြသည်။ ၎င်း အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် စဉ်းစားသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တောင်းဆိုခဲ့သည်ဟုလည်း ဆိုသည်။

သို့ရာတွင် မစ္စတာ ဂျင်မ် ဝက်ဘ်သည် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့နေမှုနှင့် လက်တလော လူပြောများနေသည့် မြောက်ကိုရီးယားနှင့် နျူကလီးယား လက်နက်ကိစ္စ ဆက်သွယ်မှုတို့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ပြောဆိုခဲ့ခြင်း မရှိပေ။

“အခုအချိန်မှာ ဒါတွေဆွေးနွေးစရာ အကြောင်းမရှိပါဘူး” ဟု သူက သတင်းထောက်များကို ပြောသည်။

ဦးဝင်းတင် နှလုံး ခွဲစိတ်ကုသမှုခံယူရ
Monday, 17 August 2009 14:35 ကိုထွေး
E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်သည် ယမန်နေ့က ရန်ကုန်ရှိ ပုဂ္ဂလိက ဆေးရုံတခုတွင် နှလုံးနှင့် ပတ်သက်၍ အသေးစား ခွဲစိတ် ကုသမှု ခံယူခဲ့ရသည်။

[(ဓာတ်ပုံ - Getty Images)]

(ဓာတ်ပုံ - Getty Images)
အသက် ၈၀ အရွယ်ရှိ ဦးဝင်းတင်သည် သြဂုတ်လ ၁၅ ရက် နေ့ည ၁၀း၃၀ နာရီတွင် ရန်ကုန် အာရှတော်ဝင် ဆေးရုံသို့တက်ရောက်ခဲ့ပြီး ၁၆ ရက် နေ့ ညနေ ၃း၃၀ နာရီတွင် ခွဲစိတ် ကုသမှု ခံယူကာ နှလုံးအတွင်းသို့ စက် ထည့်သွင်းခဲ့ရကြောင်း အတူနေထိုင်သည့် ကိုသက်ဦးနိုင်က ပြောသည်။

ကိုသက်ဦးနိုင်က “ဘဘက နှလုံးအခုန် နည်းတဲ့ ပြဿနာလေးပဲ ရှိတာပါ၊ ကျန်းမာရေး ကတော့ ပုံမှန်ပါပဲ၊ ဘာမှ သိပ်ဆိုးဆိုးဝါးဝါး မရှိပါဘူး၊ နှလုံးထဲမှာလည်း စက်ထည့်ပြီးသွားပြီ ဆိုတော့ အခု ပုံမှန်ပါပဲ၊ စကားတွေ ပြန်ပြော နေပြီလေ၊ ဆရာဝန်တွေက စိတ်ချရအောင် ၁ ရက် ၊၂ ရက်ဆေးရုံမှာ နေပါဦးဆိုလို့ နေတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဦးဝင်းတင်က ကျန်းမာရေးနှင့် ပတ်သက်၍ ၎င်း၏ နှလုံးအဆို့ရှင်တွင် ပြဿနာ တစုံတရာရှိနေကြောင်း၊ သွေးခုန်နှုန်းမှာ စည်းချက် မမှန်ကြောင်း၊ တိုင်းတာချက်များအရ သွေးပေါင်ချိန်မှာ ကျနေတတ်ကြောင်း၊ အသက်အရွယ် ကြီးရင့်လာသည့်အတွက် ယခုကဲ့သို့ ဖြစ်လာသည်ဟု ထင်မြင်ကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။

သတင်းစာဆရာတဦးလည်း ဖြစ်သော ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရ က အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရသူ ဖြစ်သည်။

ဦးဝင်းတင်သည် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။

ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူ တဦး ဖြစ်ကြောင်း နိုင်ငံတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မှတ်ချက်ပေးခဲ့ဖူးသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။

မြန်မာစစ်တပ် ခေတ်မီလက်နက်ငယ်များ တပ်ဆင်ပြီးစီး
Monday, 17 August 2009 17:53 ရန်ပိုင်
E-mail Print
မြန်မာစစ်တပ်တွင် လက်ရှိအသုံးပြုနေသော လက်နက်ငယ်များ နေရာ၌ ပိုမိုခေတ်မီသော လက်နက်ငယ်များဖြင့် ပြောင်းလဲအစားထိုး အသုံးပြုနေသည်ဟု သိရသည်။

အင်အားလေးသိန်း ခန့်ရှိ မြန်မာစစ်တပ်တွင် လက်ရှိအသုံးပြုနေသော G3 ချေမှုန်းရေးရိုင်ဖယ်များ နေရာတွင် M16 နှင့်ပုံစံတူ MA စီးရီးချေမှုန်းရေး ရိုင်ဖယ်များဖြင့် အစားထိုး ပြောင်းလဲတပ်ဆင် ပြီးကြောင်း စစ်တပ် အသိုင်းအဝိုင်းက ပြောသည်။

ယင်း MA အော်တိုမက်တစ် ရိုင်ဖယ်များသည် အစ္စရေး နိုင်ငံလုပ် ဂါလီချေမှုန်းရေး ရိုင်ဖယ်နှင့် လည်းပုံစံတူသည်ဟု သိရသည်။

“ MA 1 နဲ့ MA 2 ကတော့ M 16 နဲ့တူတယ်၊ ဒါပေမယ့် ဒီMA တွေက ကျည်ဆန်ကို M 16မှာ သုံးလို့ရတယ်၊M 16 က ကျည်ကိုတော့ ဒီသေနတ်တွေမှာ သုံးမရဘူး၊ ပေါ့ပါးတယ်၊ ကျည်ပြင်းအားက G3ကို မမီဘူး၊ အဲ့ဒါအားနည်းချက်ပဲ” ဟု ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S) မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

နှစ်ပေါင်း ၆၀ ကျော် နယ်စပ်ဒေသများတွင် တိုင်းရင်းသားများနှင့် ဖြစ်နေသော ပြည်တွင်းစစ်တွင် ခေတ်မီလက်နက်များကို စစ်အစိုးရက အသုံးပြုနေကြောင်းလည်း ၎င်းကပြောသည်။

မြန်မာစစ်တပ်မှ အရာရှိတဦးကလည်း“ တဖြည်းဖြည်းချင်း ပြောင်းပေးနေတယ်၊ အခုဆိုရင် MA 10 ကျော်နေပြီ၊ ကွဲပြားမှုကတော့ တိုင်းတပ်ဆိုရင် ပုံစံတမျိုး၊ တပ်မဆိုရင် ပုံစံတမျိုး၊ ခြေလျင်ဆိုရင် ပုံစံတမျိုး နည်းနည်းစီတော့ ကွဲတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်တပ် ယခုလက်ရှိကိုင်ဆောင်နေသော G3 အမျိုးအစား ချေမှုန်းရေးရိုင်ဖယ်များကို ၁၉၅၀ ခုနှစ်ကတည်းက ဂျာမန် နည်းပညာဖြင့် ပြည်တွင်းတွင် စက်ရုံများ ဆောက်လုပ်၍ ထုတ်လုပ်ခဲ့ရာ၊၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ နိုင်ငံများက မြန်မာကို စစ်လက်နက် ပစ္စည်းရောင်းဝယ်ခွင့် ပိတ်ဆို့မှု ပြုလုပ်လာသောကြောင့် ထုတ်လုပ်ခွင့် ရပ်ဆိုင်းသွားရသည်ဟု ယူဆရသည်။

သို့သော် စစ်အစိုးရသည် လက်နက်များကို အစ္စရေး၊ ရုရှား၊ ယူကရိန်း၊မြောက်ကိုရီးယား နှင့်တရုတ် နိုင်ငံများမှ ၀ယ်ယူနေ နေကြောင်း သိရသည်။

ဂျာမနီ နိုင်ငံလုပ် G3 အော်တိုမက်တစ်ရိုင်ဖယ်များသည် ကျည်ပြင်းအားကောင်းမွန်သော်လည်း လေးလံလွန်းသည်ဟု အဆိုပါ စစ်တပ်အရာရှိက ပြောသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ )များကို ပြည်မြို့တဘက်ကမ်း ဆင်တဲ၊ ထုံးဖို ၊ ညောင်ခြေထောက် နှင့် မလွန်တို့တွင်တည်ဆောက်ပြီး ထုတ်လုပ်နေသည်။

၁၀၅မမ ဟောင်ဝစ္စဇာ အမြောက်ကြီးများ၊ မော်တာများကိုပါ ထုတ်လုပ်နေပြီး၊၂၀၀၅ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၏ စစ် အသုံးစရိတ် သည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၀၀ ရှိသည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် မဟာဗျူဟာ နှင့် အပြည်ပြည်ဆိုင်ရာလေ့လာရေးအဖွဲ့ (CSIS )၏ ထုတ်ပြန်ချက်များအရသိရသည်။

အစိုးရစစ်တပ်က နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်များအား တိုက်ခိုက်ချေမှုန်းရာတွင် ယခု MA စီးရီး လက်နက်ငယ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြောင်း နယ်စပ်သတင်းရပ်ကွက်များကဆိုသည်။

Comments (1)

နည်းနည်းပြောမယ်နော
written by ပြည်သူ, August 17, 2009
MA Series အား မြန်မာနိုင်ငံရှိ စစ်တပ်တွင် ပြောင်းလဲ တပ်ဆင်ပြီးသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်.. ပထမဦးစွာ MA များ ကို တပ်မ ၇၇ တွင် ၁၉၉၇ နောက်ပိုင်းတွင် တပ်ဆင်ပြီး ကရင်ပြည်နယ်သို့ ရှေ့ တန်းစစ်
ဆင်ရေး စေလွှတ်ခဲ့ပါသည် .. သေနတ်များတွင် အဓိက အားနည်းချက်မှာ အသုံးပြုရသော ကျည်ဆံများ
ဖြစ်သည် MA တွင်သုံးသော ကျည်အမျိုးအစားမှာ ၅.၅၆ နေတိုး ကျည် အမျိုးအစား ဖြစ်သည်.. ထိုကျည်
ဆံ အသုံးပြုသော လက်နက်များမှာ ယနေ့ နိုင်ငံတကာ တပ်မတော်များတွင် အသုံးပြုသော အော်တိုမစ်
တစ် လက်နက်ငယ်တိုင်း လိုလိုဖြစ်သည် .. စတင်အသုံးပြုသော MA များတွင် ၅.၅၆ ကျည်ခွံ၏ အားနည်းချက်ကြောင့် ပထမဦးဆုံး ကျည်တစ်တောင့် ပစ်ခတ်ပြီးလျင် ကျည်ခွံ၏ Strength အားနည်းချက်ကြောင့် သေနတ်၏ Bolt မှ ကျည်ခွံ ကို ကုတ်မယူနိုင် သဖြင့် ကျည်ခွံညပ်သော ပြသနာ ရှိလေသည် ထိုပြသနာအား
အမေရိကန် နိုင်ငံလုပ် ၅.၅၆ နေတိုး ကျည်များအား ကျည်အိမ်၏ အပေါ်ဆုံး ၅ တောင့်လောက် နေရာတွင်
အစားထိုးပြီး Barrel Chamber ပူလောက်သည့် အချိန်မှ ဗမာနိုင်ငံလုပ် ၅.၅၆ ကျည်များအား ဆက်တိုက်
သုံးခြင်းဖြင့် ဖြေရှုင်းခဲ့ရသည် .. နောက်ပိုင်းတွင် MA များ၏ Barrel Chamber များအား ပြုပြင်ပြီး အ
သုံးပြုသဖြင့် ယနေ့ အထိအသုံးပြု နိုင်နေခြင်းဖြစ်သည် .. ထို့ ကြောင့် ဗမာပြည်လုပ် ၅.၅၆ ကျည်များ
အား အမေရိကန်နှင့် အခြားနိုင်ငံလုပ် လက်နက်ငယ်များတွင် ထည့်ရ်ျ မသုံးနိုင်ခြင်းဖြစ်သည် .. အခြေခံ အကြောင်းမှာ မက်တယ်လာဂျီ နည်းပညာ အားနည်းချက်ကြောင့် ဖြစ်သည် ..။
MA Series မှာ အစ်စရေး နိုင်ငံလုပ် ဂါလီ တစ်မျိုးတည်း ကိုသာ မဟုတ် .. ရုရှလုပ် အေကေ..အမေရိကန်
လုပ် အမ်၁၆ ဂျာမဏီလုပ် ဟက်ကလာအင်ကို့ ခ်ျ (HK) အပြင် အခြားသော လက်နက်ငယ် အချို့ အား
မှီးထားသည် စုစု ပေါင်း MA တွင် နိုင်ငံတကာမှ လက်နက်ငယ် ၇ မျိုးအား အတုခိုး ပေါင်းစပ်ထားသည် သေနတ်မှာ Gas Operating အမျိုးအစား ဖြစ်သည်..။
နောက်တစ်ချက်က တော့ G3 နှင့် ပါတ်သက်ရ်ျဖြစ်သည် .. G3 ဆိုသည်မှာ ဂျာမဏီရှိ H&K (ဟက်ကလာ အင်ကို့ ခ်ျ) ကုမ်ပဏီအား ဗမာပြည်မှ ၁၉၆၂ တွင် ၀ယ်ယူပြီး ၁၉၆၃ တွင် ဂျာမဏီ၏မော်ဒယ် G3 နှင့်
ပုံစံတူ BA63 အား ထုပ်လုပ်ခဲ့ သည် G3 ဟုပင်ခေါ်ခဲ့သည် .. ၁၉၆၄ တွင် ပြောင်းရှည် ရ်ျ နှစ်ချောင်း ထောက် တပ်ဆင်ထားသော BA 64 ခေါ် G4 အားထုပ်လုပ်ခဲ့သည် .. ထိုလက်နက်တွင် ၇.၆၂ အမျိုး
အစား ကျည် အသုံးပြုရ်ျ ပြင်းအား ကောင်းမွန်သည် .. BA 72 ခေါ် G2 အား ၁၉၇၂ တွင် မြန်မာ စစ်တပ် အတွက် ပြောင်းတို ကိုယ်ထည်တို သေနတ်အား ထုပ်လုပ်ခဲ့ သော်လည်း ထိရောက်မှု မရှိခြင်း အားနည်း
ချက်များခြင်းကြောင်း အများအပြားမထုပ်လုပ်ခဲ့ပေ ရည်ရွယ်ချက်မှာ အနီးကပ် ခြေမှုန်းရေး တိုက်ပွဲများ နှင့် မြို့ တွင်း တိုက်ပွဲများအား ရည်ရွယ်သည် .. ။ဝီကီတွင်လည်း ရှာဖွေရ်ျ ရနိုင်ပါသည် ..

မြန်မာနိုင်ငံခရီးစဉ်အကြောင်း အထက်လွှတ်တော်အမတ် သတင်းစာရှင်းလင်းပွဲ ကျင်းပ

17 August 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှု တချို့ကို ရုတ်သိမ်းဖို့ရာ မကန့်ကွက်ဖူးလို့ သူခံစားမိတဲ့အကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီကနေ့လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာဝက်ဘ်က အဲဒီလို ပြော လိုက်တာပါ။ ဘန်ကောက်မှာရှိတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက အဲဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သတင်းသွားယူ ခဲ့တယ်ဆိုတော့ အပြည့်အစုံ ပြောပြပါဦးရှင်။

သြဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာသွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၊ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာကော်မတီခွဲရဲ့ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီရဲ့ ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေကို ကန့်ကွက်သူအဖြစ်ထင်ရှားပါတယ်။ ဒါ့ကြောင့် လည်း သူမြန်မာနိုင်ငံကနေ ပြန်လာပြီးနောက်ပိုင်းမှာ ဒဏ်ခတ် အရေးယူမှုနဲ့ပတ်သက်ပြီး သူဘာတွေ ဆွေးနွေးပြောဆိုခဲ့သလဲ ဆိုတာ အများစိတ်ဝင်စားကြတဲ့ အဓိကအကြောင်းအရာဖြစ်နေပါတယ်။ သူကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ အကြောင်း အရာမျိုးစုံ ဆွေးနွေးခဲ့ကြတဲ့ထဲမှာ ဒဏ်ခတ်အရေးယူမှုကိစ္စကို အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်ဆိုတာ တနင်္ဂနွေနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီနေ့တခါထပ်ပြီး သတင်းထောက်တွေမေးသမျှ ဖြေကြားရာမှာ ဒီကိစ္စက ထိပ်ဆုံးကနေ ပြန်ပါလာတာပါ။ ဒဏ်ခတ် အရေးယူမှု ပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသဘောထားသလဲ ဆိုတာနဲ့ပတ်သက်ပြီး သူ့အနေနဲ့ လွဲချော်ပြောမိမယ့်အရေး ရှောင်ရှား ချင်ပါတယ်၊ ဒါပေမယ့် သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပြောဆိုကြတာတွေကနေ သူခံစားလိုက်ရတာပါဆိုပြီး မစ္စတာ ၀က်ဘ်ကပြောပါတယ်။

“သူ့ဆီကနေ ကျနော် ရှင်းရှင်းလင်းလင်းရလိုက်တဲ့ ခံစားမှုကတော့ သူဟာ ဒဏ်ခတ်အရေးယူမှုတချို့ကို ရုပ်သိမ်းဖို့ မကန့်ကွက် ဘူးဆိုတာ ကျနော်ပြောပါရစေ။ ဒါပေမယ့် ဒါ ကျနော်ပြောချင်တာ အားလုံးပါပဲ။ သူ့အမြင်နဲ့ပတ်သက်ပြီး ကျနော် လွဲချော်ပြောဆို မိတာမျိုး မဖြစ်ချင်ပါဘူး။” လို့ မစ္စတာဝက်ဘ်ကပြောပါတယ်။ ဒါပေမယ့်လည်း ဒဏ်ခတ်အရေးယူမှုတချို့က ဘာတွေဆိုတာကို တော့ သူက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကသော်လည်းကောင်း၊ သူ့ရဲ့ပါတီကသော်လည်းကောင်း မစ္စတာဝက်ဘ်ဟာ ဒဏ်ခတ် အရေး ယူမှုနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်ကို တလွဲအဓိပ္ပါယ်ကောက်သွားတယ်လို့ အမြင်ခံရမှာကိုတော့ သူအတော်လေး စိုးရိမ်ပုံရပါ တယ်။ ဒါကို သူ အလေးအနက်ထားပြီး ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဆွေးနွေးတဲ့နေရာမှာတော့ ဒဏ်ခတ်အရေးယူမှုကိစ္စ မပါခဲ့ဘူးလို့လည်း မစ္စတာဝက်ဘ်ကပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ သူက တိတိကျကျ ပြန်မပြောပြ ပါဘူး။ ကိစ္စရပ်တွေအပေါ်မှာ သူတို့တွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ပဲဆိုပါတယ်။

သူ့ရဲ့အခုခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ မနေ့ညက တယ်လီဖုန်းကနေတဆင့် စကားပြောခဲ့ကြပြီး သူ ပြန်ရောက်တဲ့အခါ တွေ့ကြမယ်လို့လည်း မစ္စတာဝက်ဘ်ကပြောပါတယ်။ မစ္စစ်ကလင်တန်နဲ့သူ ကိစ္စရပ် အများအပြားကိုပြောခဲ့ကြရာမှာ မြန်မာနိုင်ငံကိစ္စလည်း အပါအ၀င်ပါလို့ ပြောပါတယ်။

“မြန်မာလူထုဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အစိတ်အပိုင်းတခုပြန်ဖြစ်နိုင်မယ့် နည်းလမ်းတခုကို ကျနော်တို့အားလုံး မြင်ချင်ကြတယ်လို့ သေချာပေါက် ကျနော်ထင်ပါတယ်။ အဲဒီနည်းလမ်းဟာလည်း အရင်က ကျနော်တို့ချမှတ်ထားခဲ့တဲ့ မူဝါဒ လမ်းစဉ်တွေအတိုင်း ဖြစ်နိုင်ပါလိမ့်မယ်။” လို့ မစ္စတာဝက်ဘ်ကပြောပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ ယေဘုယျအားဖြင့် အတိုင်းအတာတခုထိ အောင်မြင်မှုရှိခဲ့ပါသလား၊ မစ္စတာဝက်ဘ်ကတော့ သူ့ခရီးစဉ် မပြီးဆုံး သေးတဲ့အကြောင်းနဲ့ ဒါဟာ အာရှငါးနိုင်ငံခရီးစဉ်ဖြစ်ကြောင်း ပြောကြားပြီး

“ဒါဟာ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ခရီးစဉ်လို့ ကျနော်ထင်ပါတယ်။ ကျနော်သွားသမျှ နိုင်ငံတိုင်းကအစိုးရတွေနဲ့ လူထုကို ကျနော်အလေးအနက်ထား ပြောတာကတော့ ဒီဒေသဟာ အမေရိကန်ပြည်ထောင်စုအတွက် ဘယ်လောက် အရေးကြီးတဲ့ဒေသ ဖြစ်တဲ့အကြောင်း၊ အမေရိကန်အစိုးရအဖွဲ့သစ်နဲ့ ကျနော့်လိုတခြားလူတွေအနေနဲ့ ဒီဒေသမှာ ကျနော်တို့ရဲ့ပါဝင်မှုကို ဘယ်လောက်တောင်မှ အားကောင်းကောင်း ပြန်ပြီးဆန်းသစ်ချင်တယ်ဆိုတာတွေပါပဲ။” လို့ မစ္စတာဝက်ဘ်က ပြောပါတယ်။

မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာတော့ မစ္စတာဝက်ဘ်က မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ထိထိရောက်ရောက် ၀င်လုပ်လာ အောင် အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက ဖိအားပေးကြဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။ ဒဏ်ခတ်အရေးယူမှုကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ စီးပွားရေး၊ နိုင်ငံရေး သြဇာလွှမ်းမိုးမှုအောက် ရောက်သွားတယ်လို့လည်း ဆိုပါတယ်။

မစ္စတာယက်တောနဲ့ပတ်သက်လို့တော့ မစ္စတာဝက်ဘ်က တိတိကျကျပြောမသွားဘဲ မနေ့က ဘန်ကောက်ရောက်တဲ့အချိန်မှာ ဆေးရုံကိုခေါ်သွားတယ်လို့ပဲ ပြောခဲ့ပါတယ်။ ဘန်ကောက်မြို့၊ အမေရိကန်သံရုံးကလည်း ပုဂ္ဂလိကကိစ္စဖြစ်တယ်ဆိုတာကို ထောက်ပြပြီး မစ္စတာယက်တော အခြေအနေနဲ့ပတ်သက်လို့ မှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိကကိစ္စ ဖြစ်တဲ့အတွက် သူဘယ်မှာရှိတယ်၊ သူ့ကျန်းမာရေးအခြေအနေက ဘယ်လို၊ ဘယ်တော့ အမေရိကန်ကို ပြန်မယ် စတာတွေနဲ့ ပတ်သက်ပြီး သူတို့မှာ ပြောဆိုခွင့်မရှိပါဘူးလို့ သံရုံးတာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်ခင်ဗျား။


မလေးရှား ထိန်းသိမ်းရေး စခန်းက မြန်မာတချို့ ထွက်ပြေး

17 August 2009
မလေးရှားနိုင်ငံက ယာယီထိန်းသိမ်းရေး စခန်းတခုမှာ အထိန်းသိမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၂၀ ကျော်ဟာ မနေ့ ညနေပိုင်းမှာ ထွက်ပြေးလွတ်မြောက်သွားပြီး အဲဒီထဲက တချို့ကိုပြန်ဖမ်းမိခဲ့တယ်လို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီအခြေနေကို စုံစမ်းထားတဲ့ VOA ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

မနေ့ကညနေပိုင်းက ကွာလာလမ်ပူလေဆိပ်၊ ယာယီထိန်းသိမ်းရေးစခန်းမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀ကျော် ထွက်းပြေး ခဲ့ရာမှာ ၁၆)ယောက်လွတ်မြောက်သွားပြီး ၆)ယောက်ပြန်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်၊

ထွက်ပြေးလွတ်မြောက်သွားပုံကို တဆောင်တည်းနေသူတယောက်က ခုလိုပြောပြပါတယ်။

”မနေ့က ၅နာရီခွဲ၊ ခြောက်နာရီလောက်က ဖြစ်တာ၊ ထမင်းကျွေးချိန်လေ၊ ထမင်းကျွေးဖို့ တံခါးဖွင့်တဲ့ချိန်မှာ လူတွေအုပ်စုလိုက် တွန်းတိုက်ပြီး ထွက်ပြေးသွားတာ၊ ကျနော်တို့ B-3 က၊ ထမင်းပေးတဲ့ချိန်မှာ တံခါးဖွင့်တယ်လေ။ သော့ဖွင့်တဲ့ချိန်မှာပဲ သော့ဖွင့်တဲ့လူကို တွန်းတိုက်ပြီး ထွက်ပြေးတာ၊ ထွက်ပေါက်ကိုထွက်ပြေးကြတာ၊ ဂိတ်ကို၊ ထွက်ပြေးကြတော့ ဂိတ်ကလည်း လူ ၂၀၊ အစိတ်လောက် ရှိတယ်ဆိုတော့ မတားဖြစ်ဘူး၊ ဖမ်းဆီးလို့မိတဲ့ သူတွေကတော့ ဒီထဲတော့ လောလော ဆယ်ပြန်မထည့်သေးဘူး၊ ဘယ်ကို ခေါ်သွားသလဲ မသိဘူး၊ ကျနော်တို့တော့ အပြင် မထွက်ရတော့ ဘာမှမသိရဘူး၊ ဒီကနေ မြင်သလောက်ပဲ သိရတယ်၊ ”

မနေ့က ရုံးပိတ်ရက်ဆိုတော့ လုံခြုံရေးဝန်ထမ်းက ပုံမှန်ထက်လျှော့နည်းနေပြီး အချုပ်ခန်း တံခါးကို တွန်းထွက်လာသူတွေကို လုံခြုံရေးတွေက ပစ်ခတ်နှိမ်နင်း ခြင်းမပြုခဲ့ဘူး လို့ ထိန်းသိမ်းခံရသူတွေကပြောပါတယ်။

စခန်းတွင်းအခြေနေနဲ့ ပတ်သက်ပြီး သူကခုလို ဆက်ပြောပါတယ်၊

“နေရထိုင်ရတာတော့ အဆင်မပြေဘူးဗျ၊ ဒီမှာက Camp ဆိုပေမယ့် စမုန်ညှင်းနဲ့မတူဘူး၊ အပြင်ထွက်ခွင့်မပေးဘူး၊ အဆောင်တွေမှာ အတွင်းထဲမှာလည်းညစ်ပတ်တယ်။ လုံးဝ ၊ အ၀တ်စားကအစ အပြင်ထွက်လှမ်းလို့မရဘူး၊ ပြီးခဲ့တဲ့နှစ်ပတ်လောက်က ဒီမှာ ကပ်ပလီ တကောင် သေသွားသေးတယ်လေ။”

ဒီထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံသား ၆၀၀ကျော်လောက်ရှိပြီး သူတို့ဟာ အများစုဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထောင်ဒဏ်ကျခံပြီးသူများဖြစ်ကြပါတယ်။ ဒါပေမဲ့ မလေးအစိုးရက ထိုင်းနိုင်ငံက တဆင့်ပို့ဆောင်မှုကို ရပ်ဆိုင်းလိုက်တာရယ်၊ မြန်မာသံရုံးရဲ့ ထောက်ခံချက်နဲ့ပြန်ဖို့ လေယာဉ်စရိတ်နဲ့ ၀န်ဆောင်ခတွေ မပေးနိုင်တာကြောင့် ဆက်လက် ထိန်းသိမ်းခံနေရတာဖြစ်ပါတယ်။

ထိန်းသိမ်းခံထားရသူတွေကို ကူညီနေတဲ့ ကိုကျော်ကျော်က လုံခြုံရေး မတင်းကျပ်လို့ ခုလို ထွက်ပြေးနိုင်တာလို့ ပြောပါတယ်။

“ဂိတ်ဝမှာလည်းစောင့်နေတာက လ၀က တယောက်ပဲ စောင့်နေတယ်။ ရဲလည်းမဟုတ်ဘူး။ စစ်တပ်ကလည်း မဟုတ်ဘူးပေါ့နော်။ နောက်တခုက အဲဒီဂိတ်ကလည်း ခြံစည်းရိုးကာ မထားဘူး။ ကားတွေဝင်ဖို့ တုတ်ချောင်းတွေနဲ့ ကာထားတာလေ။ အဲဒါလေးပဲရှိတယ်ဆိုတော့ အလွယ်တကူ ထွက်ပြေးသွားတာပေါ့။ ကားလမ်းနဲ့က ဂိတ်ပေါက်နဲ့ သိပ်မဝေးဘူး၊ ကိုက် ၃၀၀လောက်ပဲရှိတယ်။ ဒါပေမဲ့ သူတို့အနေနဲ့က ခုချိန်ထိပေါ့နော်။ ဘတ်စ်ကားတွေ၊ ကားမှတ်တိုင်တွေ၊ မီးရထားဘူတာတွေမှာတော့ စစ်ဆေးမှုတွေ လုပ်နေတာ ကျနော်တွေ့ရတယ်၊”

အခု ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသားတွေဟာ ပြီးခဲ့လကက ဆူပူမှုဖြစ်ခဲ့တဲ့ စမုန်ညှင်း ထိန်းသိမ်းရေးစခန်းက ပြောင်းရွေ့လာ သူတွေ ဖြစ်ပါတယ်၊ စမုန်ညှင်း ထိန်းသိမ်းရေးစခန်းမှာလည်း အလားတူ အချုပ်ခန်း ဖေါက်ပြေးမှု တွေရှိတယ်လို့ သိရပါတယ်။ မလေးရှားက ထိန်းသိမ်းရေးစခန်း ၁၃ခုမှာ နိုင်ငံခြားသား ၇၀၀၀ကျော်ခန့်ရှိပြီး အဲဒီအထဲ မြန်မာနိုင်ငံသား ၂၈၀၀ ကျော်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေး စာရင်းဇယားအရ သိရပါတယ်ခင်ဗျ။


အမေရိကန်လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးတောင်းဆို

16 August 2009

အမေရိကန်အထက်လွှတ်တော် အမတ် နိုင်ငံခြားရေးရာ ကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ မစ္စတာ ဂျင်မ်ဝက်ဘ် ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း အမတ် ဂျင်မ်ဝက်ဘ်က ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်းအတွင်း ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ် ချမှတ်တာ ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တော ကိုပါ ဒီကနေ့ မြန်မာနိုင်ငံကအပြန်မှာ သူနဲ့အတူ ပြန်လည် ခေါ်ဆောင်လာခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်မှုကနေ လွှတ်ပေးဖို့အပြင် လာမယ့်နှစ် စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေမှာပါ ပါဝင်ခွင့်ပြုဖို့လည်း တောင်းဆိုခဲ့တယ်လို့ မစ္စတာ ၀က်ဘ်က ပြောပါ တယ်။ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဟာ စနေနေ့က နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံအပြီး ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိနစ် ၄၀ လောက် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး အနစ်နာခံကြိုးပမ်းမှုတွေအတွက် အထူးလေးစားမှုရှိကြောင်း ပြောဆိုခွင့်ရခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူ တောင်းဆိုခဲ့သလို ဂျွန်ယက်တောကို ပြန်ပြီးလွှတ်ပေးတဲ့အတွက် မြန်မာအာဏာပိုင်တွေကို ကျေးဇူးတင် ကြောင်းလည်း ပြောခဲ့ပါတယ်။ အထီးကျန်ဖြစ်နေတဲ့ မြန်မာလူထုအပေါ် ဖိနှိပ်မှုတွေ လုပ်နေတဲ့အစိုးရကို ပြုပြင်ပြောင်းလဲမှု တွေ လုပ်လာစေဖို့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံက သူ့ရဲ့ သြဇာအရှိန်အ၀ါကို သုံးပြီး ဖိအားပေးလုပ်ဆောင်ဖို့ တာဝန် ရှိတယ်လို့လည်း မစ္စတာ ၀က်ဘ်က ပြောပါတယ်။

မစ္စတာ ၀က်ဘ် ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သောင်မတင် ရေမကျ ဖြစ်နေမှုတွေ အဆုံးသတ်စေဖို့ မြန်မာနိုင်ငံနဲ့ ပြည်သူပြည်သားတွေ သာယာဝပြောစေဖို့ နည်းလမ်း တွေကို ဆွေးနွေးဖို့ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အမေရိကန် ကယ်ဆယ်ရေး အကူအညီများ ထိုင်ဝမ် ရောက်ရှိ
17 August 2009
ထိုင်ဝမ်ကျွန်းတောင်ပိုင်းကို တိုက်ခတ်သွားခဲ့တဲ့ Morakot တိုင်ဖုန်း မုန်တိုင်းသင့်သူတွေအတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ သယ်ဆောင်လာတဲ့ C130 လို့ခေါ်တဲ့ အမေရိကန် စစ်တပ် ကုန်တင်လေယာဉ်တစင်းဟာ မနေ့ကပဲ ထိုင်ဝမ်ကို ဆိုက်ရောက်ခဲ့ပါတယ်။ ဒါဟာ အမေရိကန် အစိုးရက ၁၉၇၉ခုနှစ်ကစလို့ ထိုင်ဝမ်နဲ့ သံတမန် ဖြတ်တောက်လိုက်ပြီး တရုတ်ပြည်မ အစိုးရနဲ့ သံတမန် ဆက်ဆံရေး စတင်တည်ဆောက်ပြီးကတည်းက ပထမဆုံး အမေရိကန် စစ်တပ်လေယာဉ်တစင်း ထိုင်ဝမ်ကို တရားဝင် ခရီးစဉ်နဲ့ ဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။ မနေ့က ထိုင်ဝမ်ကျွန်းတောင်ပိုင်းမှာရှိတဲ့ တိုင်နန်လေတပ်စခန်းကို ရောက်ရှိလာတဲ့ အမေရိကန် စစ်လေယာဉ်ဟာ ရေကြီးမှုတွေ၊ မြေပြိုမှုတွေကြောင့် အိုးအိမ်ဆုံးရှုံးသွားသူတွေအတွက် လိုအပ်တဲ့ အိမ်ဆောက်ပစ္စည်းတွေ သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ bulldozer မြေထိုးစက်တွေကို သယ်ဆောင်နိုင်စွမ်းရှိတဲ့ အကြီးစား ရဟတ်ယာဉ်တစင်းကိုလည်း အမေရိကန် စစ်တပ်က ပို့လိုက်တယ်လို့ ထိုင်ဝမ်အရာရှိတွေက ပြောပါတယ်။ အလားတူ တရုတ်အစိုးရကလည်း ထိုင်ဝမ်ကို ရဟတ်ယာဉ်တွေ ပို့ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒါအပြင် တခြားနိုင်ငံပေါင်း ၆၀လောက်ကလည်း ထိုင်ဝမ်ကို အကူအညီ ပေးဖို့ ကမ်လှမ်းခဲ့ပါတယ်။ တဆက်တည်းမှာပဲ ထိုင်ဝမ်သမ္မတ မာရင်ကျောက် က မုန်တိုင်းသင့်သူတွေကို အကူအညီပေးတာမှာ အစိုးရရဲ့ တုံ့ပြန်မှုဟာ နှေးကွေးလွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေကို မနေ့က နောက်ထပ်တခါ တောင်းပန်ခဲ့ပါတယ်။


ကွက်မြီးတထောင်စီမံချက်ကြောင့် အခက်အခဲဖြစ်
Monday, 17 August 2009 17:21 ရိုးမ ၃
E-mail Print
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း လယ်ယာများတွင် ကြွက်ကြောင့် စပါးပင်များ ပျက်စီးဆုံးရှုံးမှုရှိနေသဖြင့် ကြွက်နှိမ်နင်းသည့် အာဏာပိုင်တို့၏ စီမံချက်ကြောင့် လယ်သမားများ အခက်အခဲနှင့် ကြုံတွေ့နေသည်။

မျိုးစပါးများ ကိုက်ဖြတ်စားသောက်သည့် ကြွက်များအား နှိမ်နင်းရန် လယ်သမားတဦးလျှင် နေ့စဉ် သတ်မှတ်ထားသည့် ကြွက်မြီးအရေအတွက် အပ်နှံရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။

အဆိုပါခိုင်းစေမှုကို (၇၂) ဒိုင်နယ်ရှိသည့် ဘိုကလေးမြို့နယ် တမြို့နယ်လုံးအတွင်း မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) မှ ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်သည်။

“သူတို့ပြောတာကတော့ ကြွက်မြီးတထောင်စီမံချက်တဲ့၊ ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက စလုပ်နေတာ၊ ကြွက်မြီးတချောင်းရရင် ကျပ် ၂၀၀ ပေးတယ်၊ လယ်သမားတယောက်ကို တရက် ၅ မြီးရအောင် လုပ်ရမယ်၊ ရှာမရတဲ့လူက တမြီးအတွက် ၂၀၀ ပေးရတယ်၊ တရက်အတွက်ဆိုရင် ကျပ် ၁,၀၀၀၊ လုံးဝမရှာပေးနိုင်တဲ့သူ တအိမ်ထောင်ကို ကျပ် ၅,၀၀၀ (ရယက)ကို ပေးရတယ်” ဟု ဒေသခံလယ်သမားက ပြောသည်။

ယခင် မျိုးစပါးစိုက်ပျိုးပြီးစအချိန်တွင် အဆိုပါမြို့နယ်များအတွင်း ကြွက်များဖျက်ဆီးမှု များပြားလာသဖြင့် အာဏာပိုင်များက ကြွက်နှိမ်နင်းခြင်းလုပ်ငန်းကို စတင်ခဲ့ပြီး စီမံချက်ကာလ မည်မျှကြာမည်ကို မသိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အာဏာပိုင်များ၏ စီမံချက်ကြောင့် ဒေသခံများအနေဖြင့် တနေ့အတွက် သတ်မှတ်သည့် ကြွက်မြီးအရေအတွက် ပြည့်မှီအောင် ရှာဖွေနေကြသောကြောင့် လယ်ယာမြေအချို့ ပျက်စီးဆုံးရှုံမှုများ ဖြစ်ပေါ်ခဲ့ရသည်။

လယ်မြေများ ပျက်စီးပုံနှင့်ပတ်သက်၍ “ကြွက်မြီးရှာတဲ့ တချို့က လယ်ကဇင်းရိုးတွေပါ ပေါက်ပြီး ရှာကြတော့ ကဇင်းတွေပျက်၊ ရေတွေပါ ပေါက်ကုန်ပြီး လယ်ထဲမှာ ရေတွေပါမရှိတော့ဘူး၊ ဒေသထဲက လယ်အတော်များများမှာ ဖြစ်နေကြတာ၊ ကဇင်းတွေ ပြန်ပေါက်ရ၊ ပြန်လိုက်နဲ့ အလုပ်ကိုရှုပ်နေတာပဲ၊ ပြီးတော့လည်း ကြွက်ရဖို့ကတမျိုး” ဟု ကျွန်းသာယာမှ လယ်သမားတဦးက ပြောသည်။

ယခု မျိုးစပါးပင်များမှာ စိုက်ပျိုးရသည့်အရွယ်သို့ ရောက်ရှိနေပြီး အချို့မှာ စိုက်ပျိုးလက်စဖြစ်နေသဖြင့် ယခုကဲ့သို့ စီမံချက်ချလုပ်ကိုင်နေခြင်းမှာ အချိန်အခါနှင့်မကိုက်ညီကြောင်း ဆက်လက်ပြောဆိုသည်။

အချို့ဒိုင်နယ်များမှာ မျိုးစပါးဖျက်ဆီးသည့် ကြွက်မရှိသော်လည်း စီမံချက်နယ်မြေအတွင်း ပါဝင်နေသောကြောင့် ဒေသခံလယ်သမားများမှာ ကြွက်ရရှိရေးကို အပူတပြင်း လိုက်လံရှာဖွေနေကြရသည်။

“စက်ဆန်းတိုက်နယ်ထဲက ထော်ပိုင်ဆို ကြွက်က မရှိဘူး၊ မရှိလည်း သတ်မှတ်ချက်ပြည့်မှီအောင် ရှာကြတော့ လယ်အတော်များများ ရေတွေ ပေါက်ထွက်ကုန်တယ်၊ ခုရက်ပိုင်းထဲမှာ မိုးကမရွာဘဲ နေပူတော့ လယ်တွေ ပတ်ကြားအက်ကုန်တယ်၊ ကြိမ်ချောင်းကြီး၊ ကျွန်းသာယာနဲ့ ထော်ပိုင်ဘက်မှာပေါ့” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

ဒေသခံ လယ်သမားအများစု၏ အတွေ့အကြုံအရ လယ်ယာမြေအတွင်း ယခုကဲ့သို့ ကြွက်များကျလာခြင်းကို နှိမ်နင်းရန်မလွယ်ကူကြောင်း ယခုကဲ့သို့ နည်းလမ်းမမှန်သည့် လုပ်ရပ်ကြောင့် လယ်ယာမြေများ ပျက်ဆီးမှုနှင့် ရင်ဆိုင်ကြုံတွေနေရသည်ဟု ဒေသခံလယ်သမားက ဆက်လက်ပြောဆိုသွားခဲ့သည်။

ထက် ဗမာပြည်ကျောင်းသား သမဂ္ဂမှ တက္ကသိုလ် ကောလိပ်များတွင် သမဂ္ဂများ တိုးချဲ့ဖွဲ့စည်း

8/17/2009

အထက်ဗမာပြည် ကျောင်းသား သမဂ္ဂမှ ပြည်နယ်နှင့် တိုင်း ၅ ခုတွင် ကျောင်းသား သမဂ္ဂ (၅) ခုကို စစ်အစိုးရကို ဆန့်ကျင်ရေး အတွက် တိုးချဲ့ ဖွဲ့စည်းလိုက်သည်။

အထက်ဗမာပြည် ကျောင်းသား သမဂ္ဂ၏ ၂၀၀၉ ခုနှစ် သြဂတ်စ် ၁၄ ရက်နေ့ဖြင့် ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ တက္ကသိုလ် ကောလိပ် ၅ ခုတွင် ကျောင်းသား သမဂ္ဂ (၅) ခုကို တိုးချဲ့ ဖွဲ့စည်း လိုက်ပြီ ဖြစ်ကြောင်း ဖေါ်ပြသည်။

၎င်းအပြင် မြို့နယ် (၁၅) ခုတွင်လည်း စစ်အစိုးရ ဆန့်ကျင်ရေး အဖွဲ့များကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်းဖြင့်လည်း ဖေါ်ပြသည်။

Global Action for Burma တွင် ပါဝင်သည့် အထက်ဗမာပြည် ကျောင်းသား သမဂ္ဂ အနေဖြင့် အမျိုးသား လွှတ်မြှောက်ရေး လှုပ်ရှားမူကြီး၏ လုပ်ငန်းစဉ် (၇) ရပ်တွင် ပါဝင်သည့် ပထမ အချက်ဖြစ်သော တစ်နိုင်ငံလုံး အတိုင်းအတာနှင့် မြို့တိုင်း နယ်တိုင်းတွင် နအဖ စစ်အုပ်ချုပ်ရေး ယန္တရားကို တွန်းလှန်ဖယ်ရှားရန် မိမိတို့ တူညီရာ မိတ်ဆွေ အသိုင်းအ၀ိုင်း အလိုက် အဖွဲ့အစည်းများနှင့် သမဂ္ဂများ ပေါ်ပေါက် လားရေးဆိုသည့် လုပ်ငန်းစဉ်ကို အကောင်အထည် ဖေါ်ဆောင်ရွက်သည့် အနေဖြင့် ယခုကဲ့သို့ ကျောင်းသား သမဂ္ဂများနှင့် အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

တခြား လက်လှမ်း မမှီသေးသော မြို့နယ်များနှင့် တက္ကသိုလ် ကောလိပ်များတွင် အဖွဲ့အစည်းများကို ဆက်လက် တိုးချဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် မြန်မာ နိင်ငံရှိ မြို့နယ်များ အသီးသီးတွင်လည်း မိဘ ပြည်သူများ၊ အလုပ်သမားများ၊ တောင်သူ လယ်သမားများနှင့် ကျောင်းသားများမှ မိမိတို့ ယုံကြည်ရာ မိတ်ဆွေ အသိုင်းအ၀ိုင်းလိုက် တနိုင်ငံလုံး အတိုင်းအတာဖြင့် အဖွဲ့များကို ဖွဲ့စည်းပြီး စစ်အစိုးရကို တော်လှန် တိုက်ပွဲဝင်ကြရန်လည်း ဆော်သြထားသည်။

နအဖ စစ်ခေါင်းဆောင်များမှ ဒေါ်စုအား ထောင်ချောက်ဆင် အပြစ်ရှာပြီး ထပ်မံ အကျဉ်းချထားနိုင်ခြင်းမှာ ပြည်တွင်း ပြည်ပရှိ နိုင်ငံရေး သမားများ၏ အချိန်နှင့် တပြေး ညီ လုပ်ဆောင်သင့်သည်များကို မလုပ်ဆောင်၍ ဖြစ်ကြောင်းနှင့် နအဖ စစ်အုပ်ချုပ်ရေး ယန္တရားကို လုံးဝ ရပ်ဆိုင်းသွားစေရန် ပြည်တွင်းအင်းအားကို အခိုင်အမာ တည်ဆောက်ရန် အတွက် အချိန် အနည်းငယ်သာ ကျန်ရှိတော့ကြောင်း ဖေါ်ပြပြီး အမျိုးသား လွတ်မြှောက်ရေး လှုပ်ရှားမူကြီးတွင် ၀န်ထမ်းများ၊ ကြေးရေလေ တပ်မတော်သားများနှင့် မြန်မာ တနိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူတ ရပ်လုံး ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်း နိုးဆော်ထားသည်။

စိတ်ကြွဆေးပြားရောင်းဝယ် ဖေါက်ကားသူ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရ

8/17/2009

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် စိတ်ကြွ ဆေးပြား ရောင်းဝယ် ဖေါက်ကားသူ တဦးကို တရားရုံက ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရသူမှာ မောင်တောမြို့ အမှတ်(၂)ရပ်ကွက် (ဖေဇီရွာ)မှ မိုဟာမက်ကာဆိမ်း၏ သား မိုဟာမတ် ချိုဟဲလ် ဖြစ်သည်။

သူ့အား ယခုလ ၆ ရက်နေ့က မောင်တော ခရိုင်တရားရုံး တရားသူကြီး ဦးမြှင့်သိန်းက ပြစ်မူ ထင်ရှားသဖြင့် ထောင် ၁၂ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု တရားရေး ၀န်ထမ်း တဦးက ပြောသည်။

မိုဟာမတ် ချိုဟဲလ်ကို “WY” အမှတ် တံဆိပ်ပါ စိတ်ကြွ ဆေးပြား ၁၀၀၀ ကျော်နှင့်အတူ မောင်တော ရဲတပ်ဖွဲ့က သူ၏ နေအိမ်မှ ၂၀၀၈-ခု ဇူလိုင်လ အတွင်းက ဖမ်းဆီးခဲ့သည်။

မောင်တောရဲမှ သူ့အား မူးယစ် ပြစ်မှု အမှတ် (ပ၁၅/၂၀၀၈) ဖြင့် အမှုဖွင့်ထားခဲ့ပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်ထားရှိမှု၊ ဖြန့်ဝေရောင်းချမှု နှင့် တဘက် နိုင်ငံသို့ မှောင်ခို တင်ပို့မှု စသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/ ၁၉(က)/ ၂၀(ခ) တို့ဖြင့် မောင်တော ရဲတပ်ဖွဲ့မှ တရားစွဲခဲ့သည်။

သူ့အား တရားသူကြီး ဦးမြင့်သိန်းမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ထောင်သက်တမ်းကို လျော့ချရန် အတွက် မိသားစုများက တရားသူကြီး ဦးမြှင့်သိန်းကို ကျပ်ငွေ ၁၀ သိန်းပေးခဲ့ရသည်ဟု မိသားစုများကို ကိုးကားပြီး တရားရေး ၀န်ထမ်းက ပြောသည်။


ဘင်္ဂလာဒေခ်ျ့ လူ့အခွင့်အရေးကော်မရှင်က ဒေါ်စုကို ထောင်ချသဖြင့် နအဖ စစ်အစိုးရကို ရှုတ်ချ

8/17/2009

ဘင်္ဂလာဒေခ်ျ့အစိုးရအား နိုင်ငံတကာမှ ၀ိုင်းဝန်းပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်မြှောက်ရေး အတွက် နအဖ စစ်အစိုးရကို နိုင်ငံတကာ မိသားစုနှင့် အတူ ၀ိုင်းဝန်းဖိအား ပေးရန် တောင်းနေချိန်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဒေါ်စုကို ၁၈ လ နေအိမ် အကျယ်ချုပ် ချမှတ်လိုက်သဖြင့် မြန်မာ စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်သည်။

အဆိုပါ ရှုတ်ချက်မူကို သြဂတ်စ် ၁၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Bangladesh Human Rights Commission (BHRC) မှ မြန်မာ့ နအဖ စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ နေအိမ် အကျယ်ချုပ်ဖြင့် ထောင် ၁၈ လ ချမှတ်ခြင်းကို လက်ခံနိုင်စရာ မရှိသဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖေါ်ပြသည်။

BHRC ဥက္ကဌ တရားသူကြီး အေကေအမ်း ဆီဒီကွီနှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆိုင်ဖူး အိုင် ဒီလာက ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစီရင်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် အဆိုပါ တရားဆုံးဖြတ်ချက်မှာ လူ့အခွင့်အရေးကို ဆန့်ကျင်ရာ ရောက်သည်ဟု ပြောကြားသည်။

၎င်းပြင် BHRC မှ မြန်မာ နအဖ စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ချွင်းချက်မရှိ ပြန်လည် လွတ်ပေးရန် တောင်းဆိုလိုက်ပြီး နိုင်ငံတကာ ခေါင်းဆောင်များအားလည်း ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲ ဖြစ်နိုင်အောင် မြန်မာ စစ်အစိုးရကို ဖိအားပေးရန် မေတ္တာရပ်ခံလိုက်သည်။

ကုလ သမဂ္ဂမှ ချမှတ်ထားသော စည်းကမ်းများနှင့် အညီ မြန်မာနိင်ငံတွင် ဒီမိုကရေစီ ရရှိရန်မှာ အရေးကြီး သဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန်လိုကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ဆိုင်ရာ ဗြိတိန် သံအမတ် Stephen Evans က ဘင်္ဂလာဒေခ်ျ့ အစိုးရအား ဒေါ်အောင်ဆန်းစုကြည် လွှတ်မြှောက်ရေး အတွက် နိုင်ငံတကာ မိသားစုနှင့် အတူ လက်တွဲပြီး တောင်းဆိုတိုက်ပွဲဝင်ရန် မေတ္တာရပ်ခံချက် ထွက်လာပြီး နောက်ပိုင်း ပထမဆုံး အနေဖြင့် ဘင်္ဂလာဒေခ်ျ့ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးက ဒေါ်အောင်ဆန်းစုကြည် လွှတ်မြှောက်ရေးကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။


မြန်မာစစ်အစိုးရက ဒေါ်စုကိုလည်း နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးသင့်ကြောင်း NLD ပြောဆို
Mon 17 Aug 2009, IMNA, ပနွတ်ကျား
မြန်မာစစ်အစိုးရက အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောကို လွှတ် ပေးလိုက်သကဲ့ နေအိမ်အကျယ်ချုပ် ချခံရသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေးသင့်ကြောင်း အမျိုးသားဒီမိုက ရေစီဖွဲ့ချုပ် (NLD) က ပြောသည်။

လွန်ခဲ့သည့် သြဂုတ်လ (၁၄) ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ သည့် အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်(ဘ်) ဗိုလ် ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအ တွင်းသို့ ခိုးဝင်မှုဖြင့် ထောင်ဒဏ် (၇) နှစ် ကျခံရသည့် အမေရိကန်နိုင်ငံ သား ဂျွန်ဝီလျံယက်တောကို လွှတ်ပေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရခွင့်ရပုဂ္ဂိုလ် ဦးညာဏ်ဝင်းက “မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အမှုမှာ တကယ့်အဓိက ပုဂ္ဂိုလ်ကို တောင် လွှတ်ပေးလိုက်ပြီဆိုတော့ ဒေါ်စုကိုလည်း သူတို့ လွှတ်ပေးသင့် တယ် “ ဟု ပြောသည်။

မြန်မာစစ်အစိုးရက ဂျွန်ဝီလျံယက်တောအား လွတ်ပေးပြီး အမှုနဲ့ ဆက်စပ် နေသည့် ပုဂ္ဂိုလ်များအား ဗကတိအတိုင်း ဆက်လက်ထားရှိခြင်းမှာ လုံးဝမ သင့်လျော်သည့် အခြေအနေဖြစ်သည်ဟု ဦးညာဏ်ဝင်းက ဆက်ပြော သည်။

အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံသို့ (၂) ရက်ကြာခရီးစဉ်တွင် မြန်မာ့ဒီမိုကရေစီခေါင်ဆောင်း ဒေါ်အောင်ဆန်း စုကြည်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ NLD နှင့် တိုင်းရင်းသားပါတီများအား သီးခြားတွေ့ဆုံခဲ့သည်။

မစ္စတာဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံစဉ် ဒေါ်အောင် ဆန်းကြည်အား လွှတ်ပေးရန် တောင်းဆိုးခဲ့သည်ဟု ထိုင်းနိုင်ငံတွင် ပြု လုပ်သည့် ၄င်းဧ။်သတင်စာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်အထက်လွတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ်က မြန်မာနိုင် ငံမှာ ဖြစ်ပျက်နေသည့် အခြေအနေတွေကို လေ့လာဖို့လာနှင့် မြန်မာနိုင် ငံအပေါ်မှာ ထားရှိတဲ့ အမေရိကန်ရဲ့ပေါ်လစီတွေကို အပြောင်းအလဲတစ်ခု လုပ်ဖို့ မြန်မာပြည်ကို လာတာဖြစ်သည်ဟု ရခိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှုး ဦးအေးသာအောင်က ပြောသည်။

“မစ္စတာ ဂျင်မ်ဝက်ဘ် မြန်မာပြည်ကို မလာလည်း မြန်မာအစိုးရက ဂျွန်ဝီ လျံယက်တောကို နယ်နှင်ဒဏ် ပေးမှာပဲ၊ ဂျင်မ်ဝက်ဘ်လာလို့ ယတ်တော ကို လွှတ်ပေးလိုက်တယ်လို့ မမြင်ဘူး။ ယက်တောကို ပြစ်ဒက်ချတာ မချ တာတစ်ပိုင်း အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီရွှေးကောက်ပွဲမ တိုင်ခင် တစ်နည်းနည်းနဲ့ သူတို့အပြင်ကိုမထွက်အောင် ထိမ်းသိမ်းထားဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာပဲ” ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

မြန်မာအစိုးရမှ နိုင်ငံခြားသားတစ်ဦးအား ဖမ်းဆီးထားခြင်းမှာ ၄င်းတို့အ တွက် ပိုမိုဖိအားပေးခံရဖွယ်ရှိ၍ ယက်တောအား လွှတ်ပေးလိုက်ခြင်းဖြစ် သည်ဟု မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးက ပြောသည်။

“မြန်မာစစ်အစိုးရမှ ယတ်တောကို ဖမ်းထားတာဟာ ဘာမှမထူးဘူး သူတို့ အတွက် ဘာမှ အဓိပ္ပာယ်မရှိဘူး ပြည်ပအတိုက်အခံတွေပဲ များလာမယ်။ ဒါကြောင့် လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဘယ်လိုမှ လွှတ်ပေးမှာမဟုတ်ဘူး” ဟု ၄င်းက ဆက်ပြောသည်။

တက္ကသိုလ်ကျောင်းသားများ လူမှုရေးလှုပ်ရှားမှု ပိတ်ပင်ခံရ
Mon 17 Aug 2009, IMNA, ရိုင်မရော့
မော်လမြိုင်တက္ကသိုလ်မှ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ ကျောင်း သား/သူများကို လူမှုရေးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများ တစ်စုံတစ်ရာ မပြုလုပ်ရန် ပါမောက္ခချုပ်မှ တားဆီးပိတ်ပင်ထားသည်။

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမော်လမြိုင်တက္ကသိုလ်အဖွဲ့သည် ကျောင်းသားအင်အား (၃၀၀) ခန့်ဖြင့်ဖွဲ့စည်းထားပြီး၊ နှစ်စဉ် မွန်ပြက္ခဒိန် များထုတ်ဝေခြင်း၊ နွေရာသီတွင် မွန်စာပေသင်ကြားခြင်း၊ ဝါတွင်းကာလမှာ ဘုန်းကြီးကျောင်း၌ ဝေယျာဝစ္စလုပ်ပေးခြင်း၊ ဓမ္မစကြာရွတ်ဆိုခြင်းတို့ဖြင့် ဘာသာရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေကြသည်။

“မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့က ကျောင်းသား ခေါင်းဆောင် (၁၂) ယောက်ကို ပါမောက္ခချုပ်ကနေခေါ်ပြီးတော့ လှုပ်ရှားမှုတစ်စုံ တစ် ရာမပြုလုပ်ဖို့ သတိပေး ပြောထားတယ်၊ ဥပုသ်နေ့ဆိုရင် ဘုရားမှာ ဓမ္မ စကြာရွတ်တာကအစ လုပ်ခွင့်မပေးတော့ဘူး” ဟု မုဒုံမြို့မှ တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။

ကျောင်းသား/သူများအား တဆင့်ထက်တဆင့် စောင့်ကြည့်မှု တင်းကြပ် စွာခံထားရခြင်းသည် အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အမေရိကန်နိုင်ငံသား အိမ်ခိုဝင်မှုဖြင့် ဖမ်းဆီးပြီး နေအိမ်အ ကျယ်ချုပ်သက်တမ်း တစ်နှစ်ခွဲထပ်တိုးလိုက်ပြီးသည့်နောက် ယခုလိုမျိုး ပိုမိုတင်းကြပ်လာသည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသား/သူများက ပြောသည်။

ယခုလိုမျိုးကျောင်းသား/သူများ၏ လှုပ်ရှားမှုစောင့်ကြည့်ခံရခြင်းသည် လွန် ခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် မွန်ကျောင်းသား အယောက် (၅၀) ခန့် က နယ်မြေကျူးကျော်ပြီး ကရင်ပြည်နယ်ထိ ပျော်ပွဲစာထွက်ခြင်းမှစပြီး ပါ မောက္ခချုပ်မှ သတိပေးခြင်းခံထားရသည်။

“တကယ်လို့ ကျောင်းမှာ ကျောင်းသားတွေ လှုပ်ရှားမှုတခုခုလုပ်ပြီးတော့ ပြဿနာတစ်စုံတစ်ရာဖြစ်လာမယ်ဆိုရင် ခေါင်းဆောင် ကျောင်းသား တွေမှာ တာဝန်ရှိတယ်လို့လည်း ပါမောက္ခချုပ်က ပြောထားပါတယ်” ဟု မော်လမြိုင်တက္ကသိုလ် ဆရာအသိုင်းဝိုင်းက ပြောသည်။

မော်လမြိုင်တက္ကသိုလ်မှ မွန်ဆရာမ (၅) ဦးကလည်း ကျောင်းသား/သူများ လှုပ်ရှားမှုတစ်စုံတစ်ရာမပြုလုပ်ရန် တင်းကြပ်စွာ ညွှန်ကြားထားကြောင်း လည်း ကျောင်းသားတို့၏ ပြောပြချက်အရ သိရသည်။

မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားတစ်ဦး၏ ပြောပြချက်အရ “ကျနော် တို့ လှုပ်ရှားနေတာဟာ နိုင်ငံရေးနဲ့ပါမှမပတ်သက်ဘူး၊ လူမှုရေးအတွက် လုပ်ဆောင်နေမှုသက်သက်ပဲ၊ ဒါကို ဆရာ၊ ဆရာမတွေက တားဆီးပိတ်ပင် နေကြတယ်” ဟု သူက ပြောသည်။

ကျောင်းမှာ ကျောင်းသားတွေ တစ်စုံတစ်ရာကျင်းပပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာ ပါမောက္ခချုပ် သို့မဟုတ် ဆရာ၊ ဆရာမများထံသို့ အသိပေး အကြောင်းကြားရမည်ဖြစ်ပြီး ၄င်းတို့မှ ခွင့်ပြုချက်ရရှိမှသာလျင် လုပ်ပိုင် ခွင့်ရှိကြောင်းလည်း ၄င်းက ဆက်ပြောသည်။

၈ လေးလုံး (၂၁)နှစ် ပြည့်အထိမ်းမှတ်နေ့တွင် မော်လမြိုင်တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ နေပြည်တော်၏ ညွှန်ကြားချက်အရ ပါချူပ်မှတဆင့် ဆရာ ဆရာမများက ကျောင်းသား/သူများ၏ သွားရေးလာရေးကိစ္စကို ကြည့်ရှုရန် ညွန်ကြားခဲ့သည်။

ညွန်ကြားထားရသည့်အကြောင်းမှာ ၈ လေးလုံးနေ့မှာ ကျောင်းသားများ စုဝေးမှာကြောက်၍ ယခုလို ညွန်ကြားထားသည်ဟု တက္ကသိုလ်ဆရာမ အ သိုင်းဝိုင်းမှပြောသည်။ ၄င်းညွန်ကြားချက်သည် မွန်တက္ကသိုလ် ကျောင်း သား/သူများ ပျော်ပွဲစာထွက်ရာ နယ်မြေကျော်၍ အရှေ့ တောင် တိုင်း မှတဆင့် နေပြည်တော်မှ ညွန်ကြားထားခြင်းဖြစ်သည်။


မြန်မာ့အရေးလှုပ်ရှားသူများက တရုတ်အစိုးရအား ပြစ်တင်ဝေဖန်

ဇော်ကြီး။
သြဂုတ်လ ၁၆ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများက မြန်မာစစ်အစိုးရကိုမျက်နှာသာပေးဆက်ဆံနေသော တရုတ် အစိုးရ၏ လုပ်ရပ်အပေါ် ပြစ်တင်ဝေဖန်လိုက်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ဒဏ်ချမှတ် လိုက်သည့် အတွက် နိုင်ငံတကာ မှ မြန်မာစစ်အစိုးရအပေါ် ဖိအားပေးနေသည်ကို တရုတ်အစိုးရက ဆန့်ကျင်နေသည့်အတွက် မြန်မာ့အရေး လှုပ်ရှားသူများက ရှုံ့ချကြောင်း ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြနေသူ ကိုမျိုးနိုင် က ယခုလိုပြောသည်။

“ကျနော်တို့ ပြည်သူတွေရဲ့မျက်နှာကိုမကြည့်ပဲနဲ့ ဗိုလ်ချုပ်တွေရဲ့မျက်နှာကိုပဲ ကြည့်တဲ့အတွက် ၀မ်းနည်း ပါတယ်။ ဒီ့အတွက်လည်း ရှုံ့ချပါတယ်လို့ ပြောလိုက်တယ်။”

ဆန္ဒပြသူများက တရုတ်သံရုံးသို့ တောင်းဆိုချက်တစောင်ပေးပို့ခဲ့ပြီး အဆိုပါတောင်းဆို ချက်နှင့်ပတ်သက်၍ ဦး ဆောင်ပါဝင်သူတဦးဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ထိုင်းဌာနခွဲမှ ခိုင်အံ့မောင်က “ကျနော်တို့နိုင်ငံအပေါ်မှာ ဒီ လိုဝင်ရောက်စွက်ဖက်နေတဲ့ကိစ္စတွေ စစ်အစိုးရ အာဏာသက်တမ်း ရှည်အောင်လုပ်နေတဲ့ ကိစ္စတွေကို ရပ်တန်းကရပ်ဖို့ရယ်၊ နောက်ပြီးတော့ ကျနော်တို့ မြန်မာပြည်သားတွေ ဆင်းရဲဒုက္ခရောက်နေတဲ့ ကိစ္စ တွေကို ငဲ့ညာပြီးတော့ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေနဲ့ ပါဝင်ပူးပေါင်းပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်လာအောင် လုပ်ပေးဖို့ တောင်းဆိုတာပါ။” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိလွတ်ပေးရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုရန် တို့ကို လည်း တောင်းဆိုချက်၌ ထည့်သွင်းရေးသားထားသည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါတောင်းဆိုချက်ကို လက်ခံသူ တရုတ်သံရုံးမှအရာရှိ မစ္စတာယူဝင်း က တရုတ်အစိုးရဟာ ဗမာပြည်က ဗိုလ်ချုပ်တွေမျက်နှာကို မကြည့်ပါဘူး ဗမာပြည်သူပြည်သား တွေ ကိုကြည့်ပါတယ်၊ သူတို့ဟာ အမြဲတန်း ဗမာ ပြည်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံ နေမှာပါဆိုပြီး ဆန္ဒပြသူများကို ပြောခဲ့ကြောင်း ကိုမျိုးနိုင်က ပြောပါသည်။

မြန်မာ့အရေးလှုပ်ရှားသူများပေးပို့သည့် တောင်းဆိုချက်အား တရုတ်ဝန်ကြီးချုပ်ထံ ပေးပို့တင်ပြမည်ဟု သံရုံး အ ရာရှိမှပြောကြောင်း သိရသည်။

ဆန္ဒပြပွဲအား ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိုင်းနိုင်ငံ (ALD)၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း (BAT)၊ ပြည်ပရောက်မြန်မာနိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့(APEP)တို့မှဦးဆောင်ခဲ့ပြီး မြန်မာအလုပ် သမားများအပါဝင် စုစုပေါင်း အင်အား ၁၀၀ ခန့်ရှိကြောင်း သိရသည်။

မြန်မာအပေါ် ဥရောပသမဂ္ဂ အရေးယူမှုဥပဒေ ဗြိတိန်ပြဌာန်း
2009-08-17

ဥရောပသမဂ္ဂက အသစ်ထပ်မံ တိုးချဲ့လိုက်တဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုကို ဗြိတိန်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီလို ပြဋ္ဌာန်းလိုက်တဲ့အတွက် ၂ဝဝ၅ ခုနှစ်ကတည်းက သက်တမ်းကုန်နေခဲ့တဲ့ ဥပဒေကြောင်းအရ လစ်ဟာမှုတခုကို ဖြည့်ဆည်းလိုက်တာဖြစ်ကြောင်း ခရီးသွားလာရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Tourism Concern က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

Tourism Concern ပြောခွင့်ရသူ Ms. Rachel Nobel က ဒီလိုပြဋ္ဌာန်းလိုက်တဲ့အတွက် ဗြိတိန်အခြေစိုက် ခရီးသွားလာရေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကို ခရီးသွားလာရေး လုပ်ဆောင်လို့ စစ်အစိုးရနဲ့ ဆက်စပ်လုပ်ငန်းတွေမှာ ငွေကြေးအကျိုးစီးပွား ဖြစ်စေရင် ဥပဒေချိုးဖောက်ရာ ရောက်သွားစေတယ်လို့ ပြောပါတယ်။

Ms. Rachel Nobel။ ။'အခု ဗြိတိန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ဥရောပသမဂ္ဂ ဥပဒေကို ချိုးဖောက်ရင် ချိုးဖောက်သူဟာ ဗြိတိန်ဥပဒေကို ချိုးဖောက်ရာရောက်ပြီး အရေးယူ အပြစ်ပေးလို့ ရသွားပါပြီ'

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က မြန်မာစစ်အစိုးရ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ၁၈ လ ချမှတ်လိုက်ပြီးတဲ့နောက် ရက်ပိုင်းအတွင်း အဖွဲ့ဝင်နိုင်ငံ ၂ဝ ကျော်ရှိတဲ့ ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရအပါအဝင် အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ တိုးချဲ့ပြဋ္ဌာန်းခဲ့ပါတယ်။
ဒီအထဲမှာ အစိုးရပိုင်နဲ့ ပိတ်ဆို့အရေးယူ ခံထားရသူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေပါဝင်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။

Tourism Concern က ပြောခွင့်ရသူ Ms. Rachel Nobel က စီးပွားရေးလုပ်ငန်းကို ထောက်ပြီးတော့ ဥပဒေချိုးဖောက်ကြောင်း သက်သေပြဖို့ခက်ပါတယ်လို့ ပြောပါတယ်။

Ms. Rachel Nobel။ ။'ဥရောပသမဂ္ဂ ပိတ်ဆို့အရေးယူမှုဥပဒေမှာ ဟိုတယ်တွေ လူပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ သူတို့ပိုင် လုပ်ငန်းတွေထဲမှာ ခရီးသွားလုပ်ငန်းတွေ ပါတဲ့အတွက် ဒီလုပ်ငန်းတွေကို ငွေကြေးဘဏ္ဍာရေးအရ ဗြိတိန် ခရီးသွားလုပ်ငန်းတခုက တိုက်ရိုက် အကျိုးစီးပွားဖြစ်စေရင် ဒါဟာ ဥပဒေ ချိုးဖောက်ရာ ရောက်ပါတယ်။ ဒါကို သက်သေပြဖို့ ခက်ပေမယ့် ယေဘုယျ စဉ်းစားကြည့်ရင် ထင်ရှားနေတာ တွေ့ရပါတယ်'

Tourism Concern ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဗြိတိန် ခရီးသွားလုပ်ငန်းတွေအနေနဲ့ သွားရောက်ပူးပေါင်းဆက်ဆံရင် ဥပဒေချိုးဖောက်ရာ ရောက်နိုင်တဲ့ မြန်မာနိုင်ငံတွင်းက ခရီးသွားလုပ်ငန်းတွေနဲ့ ဟိုတယ်တွေရဲ့ အမည်စာရင်းကိုလည်း ဖော်ပြထားပါတယ်။


စစ်အစိုးရ အကောင်းဘက်ပြောင်းလဲဖို့ အလားအလာ ဦးခင်မောင်ဆွေပြောကြား
2009-08-17

မြန်မာစစ်အစိုးရက အမေရိကန်နိုင်ငံလို အင်အားကြီးနိုင်ငံနဲ့ သံတမန်ရေးနည်းလမ်းအရ ကြိုးစားဆောင်ရွက်လာတာဟာ စစ်အစိုးရအနေနဲ့ အကောင်းဘက်ကို ပြောင်းလဲလာဖို့ အလားအလာရှိတယ်လို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေကပြောပါတယ်။


အမေရိကန်လွှတ်တော်အမတ် Jim Webb သတင်းစာရှင်းလင်းပွဲပြုလုပ်
2009-08-17

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု တချို့ ဖယ်ရှားပေးရေး ကိစ္စကို မကန့်ကွက်ဘူးလို့ ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ စနေနေ့က တွေ့ဆုံခဲ့တဲ့ အမေရိကန်အထက်လွှတ်တော်အမတ် Jim Webb က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး ဒီကနေ့ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Mr. Jim Webb က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ပြောရရင် သူ့အနေနဲ့ သူ့အမြင် အယူအဆတွေကို မှားယွင်း အကဲဖြတ် ပြောဆိုမိမှာကို မလိုလားကြောင်း၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု တချို့ကို ဖယ်ရှားရေးကိစ္စမှာ ကန့်ကွက်ပုံမရဘူးလို့ ကျနော်ယူဆကြောင်း မစ္စတာဂျင်ဝက်ဘ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောရာမှာ နားထောင်ကြည့်ရသလောက် တချို့ ပိတ်ဆို့အရေးယူမှုကိစ္စတွေမှာ သူမအနေနဲ့ ပြန်သုံးသပ်ကြည့်လိုတဲ့ သဘောထားမျိုး တွေ့ရတယ်လို့ ပြောနိုင်ကြောင်းလည်း မစ္စတာဂျင်ဝက်ဘ်က ပြောပါတယ်။

အထက်လွှတ်တော်အမတ် မစ္စတာဂျင်ဝက်ဘ်ဟာ မြန်မာအစိုးရအပေါ် အမေရိကန်အစိုးရက စီးပွားရေး ပိတ်ဆို့အရေးယူတာကို လူသိရှင်ကြား ဝေဖန်သူတဦး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုဟာ မြန်မာနိုင်ငံကို တရုတ်နဲ့ ပိုမိုနီးစပ်သွားစေပြီး အမေရိကန်နိုင်ငံရဲ့ ရေရှည် အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ သူက မြင်ပါတယ်။

တချိန်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်အဖြစ် မလာရောက်ဖို့ တောင်းဆိုခဲ့တာကို စွန့်လွတ်သွားပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ထုတ် The Daily Telegraph သတင်းစာက သြဂုတ်လ ၁၄ ရက်နေ့က ရေးသားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတဦးကို ကိုးကားပြီး အခုလို ရေးသားတာလို့ ဆိုပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ညွန်ကြားရေးမှူး Mr. Mark Farmanar က သတင်းစာကို စာရေးသား ပေးပို့ ဝေဖန်လိုက်ပါတယ်။

အာအက်အေက ဆက်သွယ်မေးမြန်းကြည့်ရာမှာ Mr. Farmanar က အခုလိုပြောပါတယ်။

Mr. Farmanar။ ။'ဒီသတင်းဆောင်းပါးကို တယ်လီဂရပ်သတင်းစာက ဖော်ပြတာဟာ တာဝန်မဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည်က ခရီးသွားလုပ်ငန်း ပိတ်ဆို့ရေးကိစ္စကို စွန့်လွတ်လိုက်ကြောင်း ရေးသားထားပါတယ်။ အရင် ပါတီဝင်ဟောင်းတဦးကို ကိုးကားတယ် ဆိုပေမယ့် အတိအကျ ဖော်ထုတ် ပြောဆိုနိုင်ခြင်း မရှိပါဘူး။ သူတို့ကိုယ်တိုင် အင်တာဗျူးလို့ မဖြစ်နိုင်တာသေချာပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခဲ့တဲ့ ပါတီဝင်ဟောင်းတဦးကို ကိုးကားတယ်လို့ ပြောတာဖြစ်ပါတယ်'

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့တကိုယ်တော်အမြင် ပြောင်းလဲပြီး ဒီလိုပြောမယ်ဆို ပြောဆိုနိုင်သူ ဖြစ်ကြောင်း၊ ဒါပေမယ့် တရားဝင်ပါတီကနေ ပြောဆိုတာမရှိသေးကြောင်း၊ Burma Campaign UK အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ အဖွဲ့ဖြစ်လို့ ပါတီက ဒီလှုပ်ရှားမှုကို စွန့်လွတ်ရင် နောက်ကနေ လိုက်ပြီး စွန့်လွတ်ဖို့ အဆင်သင့်ရှိကြောင်း ပြောပါတယ်။

ဒါပမေယ့် လောလောဆယ်မှာ တိုင်းရင်းသားဒေသတွေက ထိုးစစ်တွေ၊ ဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံအနှံ့အပြားက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဦးစားပေးကိစ္စတွေအဖြစ် လှုပ်ရှားနေတဲ့အတွက် ခရီးသွားလာရေး ပိတ်ဆို့မှု စွန့်လွတ်ရေးဟာ မစဉ်းစားနိုင်သေးတဲ့ ကိစ္စတခုသာဖြစ်ကြောင်း Mr. Farmanar က ပြောဆိုပါတယ်။


စစ်အစိုးရ အာဏာလွှဲပြောင်းရေး လျှို့ဝှက်လုပ်ကိုင်နေ
2009-08-16

ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ် အာရုံစိုက်နေချိန်မှာ မြန်မာစစ်အစိုးရက ကြားဖြတ်အစိုးရကို အာဏာလွဲဖို့အတွက် အခြေခံလုပ်ငန်းတွေ မြန်မြန်ဆန်ဆန် လုပ်ကိုင်နေတယ်လို့ အာအက်ဖ်အေက စုံစမ်းသိရပါတယ်။

တချိန်တည်းမှာပဲ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အရွေးခံဖို့ တာဝန်ပေးထားတဲ့ ဝန်ကြီးတွေ အဆင့်မြင့်အရာရှိတွေကိုလည်း စည်းရုံးရေးလုပ်ငန်းတွေ အမြန်လုပ်ခိုင်းနေတယ်လို့ သိရပါတယ်။