Wednesday, August 26, 2009

Daewoo consortium in $5.6 bln gas deal in Myanmar


SEOUL, Aug 25 (Reuters) - South Korea's KOGAS (036460.KS) said on Tuesday a consortium led by Daewoo International (047050.KS) would invest a combined $5.6 billion to produce and distribute gas in Myanmar.
The consortium plans to sell gas output from Myanmar's A-1/A-3 fields to China, a KOGAS official said.
KOGAS plans to spend $299 million and Daewoo would spend a separate 2.1 trillion won ($1.68 billion) for initial investment, the two companies said in separate statements.
(Reporting by Miyoung Kim; Editing by Jonathan Hopfner)

From Times Online
August 25, 2009
Daewoo to transport Burmese gas to China
A consortium of South Korean and Indian companies is to invest $5.6 billion (£3.4 billion) in producing natural gas in Burma for export by pipeline to China.
Led by Daewoo International, the South Korean conglomerate, the consortium has agreed to supply China National Petroleum Corporation with the output of a giant Burmese gasfield for 30 years, a deal that underlines the increasing influence and importance of China to the economy of Burma, the impoverished and isolated state on its southwestern border.
As well as Daewoo, which owns 51 per cent, the consortium includes ONGC, India's state oil company, and GAIL, India's state gas company, as well as Korea Gas and MOGE, the Burmese state oil and gas company.
The gas will come from the giant Shwe field in the Bay of Bengal, offshore of Arakan state in Western Burma.

Discovered in 2003, the Shwe and Shwe Phyu gasfields are thought to be among the largest in South-East Asia, together representing between 3 trillion and 6 trillion cubic feet of gas, according to Daewoo figures.
The resource is of huge value to the Burmese military government and could be worth $40 billion at estimated gas sale prices.
For China, the energy assets of its neighbour are highly attractive. China's consumption of gas is increasing as the country seeks to resolve myriad energy problems, including a domestic shortage of oil and gas and a need to reduce the air pollution caused by the burning of coal in power stations as well as carbon emissions.
The consortium is waiting for the green light from the Burmese Government, although the military junta controls MOGE and its 15 per cent stake in the enterprise.
The project is opposed by human rights groups and others who fear that development of the offshore gas and the construction of a pipeline will not only bolster the regime but infringe the rights of minority groups in Arakan state.
Burma's gas resource has been a bone of contention among opponents of the military regime.
Campaigners previously latched on to the Yadana and Yetagun projects, two gasfields in the Andaman Sea developed respectively by Total, the French oil company, and Premier Oil, a British exploration company.
The Yetagun and Yadana gas is exported to Thailand, and the construction of a pipeline through virgin rain forest and disputed tribal areas roused huge controversy.
Despite concerted efforts to appease the protesters, Premier eventually sold its interest to Petronas, the Malaysian state oil company.
In July CNPC offered the Daewoo consortium a 49.9 per cent stake in am pipeline that the Chinese will build linking the Shew fields in the Bay of Bengal with China.
The 870-kilometre pipe, costing almost $2 billion, will bring gas to the Burmese border with Yunnan province.
China is in relentless pursuit of energy deals and has courted its neighbours assiduously including Central Asia energy giants, such as Turkmenistan and Kazakhstan as well as liquefied natural gas exports from Australia.
Last week PetroChina and ExxonMobil agreed a record $41 billion contract to export LNG from the North West Shelf of Australia

SOURCE

သခင်သိန်းဖေနှင့်နိုင်ငံကိုကယ်တင်ခဲ့သူများမှသန်းရွှေကိုသတိပေးခြင်း

PhotobucketPhotobucket

ဒီနေ. ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေလေးဦး အယူခံကိစ္စ တွေ့ခွင့်ရမည်


ဒီနေ.အယူခံကိစ္စ ဆွေးနွေးတိုင်ပင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နေ့ခင်းပိုင်းလောက်မှာ တွေ့ခွင့်ရမှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" မနက်ဖြန် အန်ကယ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည်လောက်မှာ အန်ကယ်တို့ ရှေ့နေလေးဦးနဲ့ အယူခံမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့အတွက် တွေ့ခွင့်ရပါမယ်။ မနက်ဖြန်တွေ့ပြီးရင် အယူခံပေါ်မှာ ပါဝင်တဲ့ ဆွေးနွေးချက်တွေ အပေါ်မူတည်ပြီး သောကြာနေ့ ဒါမှမဟုတ် နောက်အပတ်လောက်မှာ အယူခံကိုတင်ဖြစ်ပါမယ် " ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်ရောက်ရှိချိန်မှ စပြီး ယခုအကြိမ်ဟာ ရှေ့နေများ နဲ့ ဒုတိယမြောက် တွေခွင့်ရခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် စည်းကမ်းချက် ၈ချက်ထဲမှလည်း မရှင်းလင်းတဲ့ အချက်အလက်များပါဝင်နေပြီး ယခင် ဒေါ်အောင်ဆန်းစုကြည်အား နှစ်ရှည်လများ ပုံမှန်ကျန်းမာရေးကို ကြည့်ရှုစစ်ဆေးပေးခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့လည်း ဆေးစစ်ဆေးခွင့်မရရှိပဲ တခြားဆရာဝန်နှင့် သာကြည့်ရှုစစ်ဆေးခွင့် ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် စည်းကမ်းချက် ၈ချက် ကတော့။

၁..။ ဒေါ်စုနေအိမ်၌ နေထိုင်ရမည်။

၂..။ခြံဥပစာအတွင်းသွားလာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိသည်။

၃..။ကျန်းမာရေးအတွက် ခွင့်ပြုထားတဲ့ ဆရာဝန် သူနာပြုတွေနဲ့ စစ်ဆေးကုသခွင့်ပြုတယ်။

၎..။ဧည့်သည်နဲ့ တွေ့ခွင့်ရှိတယ်။သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ တွေ့ခွင့်ရှိတယ်။

၅..။မြဝတီ ၊မြန်မာ့အသံ၊ ရုပ်မြင်သံကြား ကြည့်ခွင့်ရှိတယ်။

၆..။ပြည်တွင်းထုတ် သတင်းစာ၊ဂျာနယ် ဖတ်ခွင့်ရှိတယ်။

၇..။မိမိလိုအပ်ချက်ကို စာဖြင့်ရေးသား ပြောဆိုခွင့်ရှိတယ်။

၈..။အဲ့ဒီခွင့်ပြုချက်အပြင် အခြားဆောင်ရွက်လိုတဲ့ ကိစ္စရှိရင် သက်ဆိုင်ရာ ခွင့်ပြုချက်ရှိမှ ဆောင်ရွက်ခွင့်ပြုမယ်လို့ ဖော်ပြပါရှိပါတယ်။

26August ဒိုင်ယာရီ


MS file ဖြင့်ရယူရန်

PDF File ဖြင့်ရယူရန်





နအဖသြဇာခံ ကိုးကန့်ခေါင်းဆောင်များဖြင့်
ကိုးကန့်တပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းမည်
ခိုင်လင်း / ၂၆ သြဂုတ် ၂၀၀၉
line


မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ကိုးကန့်တပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းရန် ယမန်နေ့က လောက်ကိုင်မြို့တွင် အစည်းဝေးတရပ် ခေါ်ယူကျင်းပခဲ့သည်။

လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်၏ စေခိုင်းချက်အရ ယခင် ကိုးကန့်တပ်ဖွဲ့မှ ခွဲထွက်သွားသည့် ကွမ်းလုံ အထူးတိုက်ခိုက်ရေး ရဲတပ်ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုးကန့်ဥက္ကဋ္ဌ ဖုန်ကျားရှင်တို့နှင့် သဘောထားကွဲခဲ့သည့် ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ကြသည်။

၁၉၉ဝ ခုနှစ်ကျော်ကာလများက ကိုးကန့်တပ်ဖွဲ့အတွင်း ဖုန်ညီအစ်ကိုနှင့် ရန်ညီအစ်ကို အာဏာလုတိုက်ပွဲများအတွင်း အရေးနိမ့်သွားသည့် ရန်မိုလျံ၊ ရန်မိုအန်း ညီအစ်ကိုဦးဆောင်သည့်အဖွဲ့မှ ခေါင်းဆောင်များ၊ ဖုန်ကျားရှင်နှင့် သဘောထား ကွဲလွဲကာ နအဖ၏အကူအညီဖြင့် အာဏာသိမ်းရန် ကြိုးစားခဲ့သည့် ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်၊ မင်ရွှေချန်၊ လျူကော်ရှီ စသည့်ပုဂ္ဂိုလ်များဖြင့် အဖွဲ့သစ်ပြန်လည်ဖွဲ့စည်းရန် အစည်းဝေးတွင် ဆွေးနွေးခဲ့ကြပြီး ဥက္ကဋ္ဌ ဖုန်ကျားရှင်၊ ညီတော်စပ်သူ ဖုန်ကျားဖု၊ သားများဖြစ်သည့် ဖုန်တာရွှင်၊ ဖုန်တာဖေ့တို့အား ဝရမ်းပြေးများအဖြစ် သတ်မှတ်လိုက်သည်ဟု လောက်ကိုင်မြို့မှ လာသည့်သတင်းများအရ သိရသည်။

လောက်ကိုင်မြို့အား လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံတပ်ရင်းများအပြင် သိန်းနီအခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) မှ တပ်ရင်းအချို့ ဝင်ရောက်နေရာယူ ထိန်းချုပ်ထားပြီး ယခုအသစ် ပြန်ဖွဲ့စည်းမည့်အဖွဲ့ကို အကာအကွယ်ပေးထားသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ပိုင်စုံချိန်တို့အဖွဲ့က ဖုန်ကျားရှင်တို့နောက်ပါသွားတဲ့ တပ်ကို ပြန်လာဖို့ ပြောနေတယ်။ ဒီနေ့နောက်ဆုံးထားပြီး ဝင်လာခိုင်းတယ်။ မဝင်လာရင်တော့ ချမယ်ဆိုတဲ့သဘောပေါ့ဗျာ။ ဖုန်ကျားရှင်တို့နောက်မှာလည်း ကိုးကန့်တပ်တွေက ရှိနေတော့ အဲဒီတပ်တွေကို ပြန်အပ်ခိုင်းနေတယ်” ဟု ပြောသည်။

၁၉၉ဝ ဝန်းကျင် ကာလများက ကိုးကန့်တပ်ဖွဲ့အတွင်း ဖုန်ညီအစ်ကိုနှင့်ရန်ညီအစ်ကို အာဏာလုတိုက်ပွဲ အစောပိုင်းတွင် ရန်အဖွဲ့မှ အသားစီးရသော်လည်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် ဖုန်ကျားရှင်၏ သမက်တော်စပ်သူ ဦးစိုင်းလင်း၏ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (မိုင်းလား) အဖွဲ့က ဝင်ရောက်ကူညီတိုက်ခိုက်ခဲ့သဖြင့် ဖုန်ညီအစ်ကိုများ ပြန်လည်အာဏာရရှိခဲ့ပြီး ရန်ညီအစ်ကိုမှာ အရေးနိမ့်ကာ နဝတ၏ အကာအကွယ်ကို ယူခဲ့ရသည်။

ရန်ညီအစ်ကိုအဖွဲ့က ကွမ်းလုံခရိုင် အထူးတိုက်ခိုက်ရေးရဲတပ်ဖွဲ့အဖြစ် အမည်ပြောင်းပြီး ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် နေရသကဲ့သို့ Peace Myanmar Group (PMG) ကုမ္ပဏီအမည်ဖြင့် အရက်နှင့် သောက်ရေသန့် ထုတ်လုပ်နေသည်။

ယခုလ (၂၃) ရက်ညပိုင်းက ဖုန်ကျားရှင်၏ နေအိမ်ကို ဝင်ရောက်စီးနင်းရာတွင် အဆိုပါ ရန်အုပ်စုမှ ကွမ်းလုံအထူးရဲများ ပါဝင်လာသည်ကိုကြည့်လျှင် ဖုန်အမျိုးအနွယ် မိသားစုတို့ ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့အားဖြိုခွဲရန် ရန်အမျိုးအနွယ်အုပ်စုနှင့် ပိုင်စုံချိန်၊ မင်ရွှေချန်၊ လျူကော်ရှီတို့ကို နအဖက အသုံးချလိုက်ခြင်းဖြစ်သည်ဟု ကိုးကန့်တပ်ဖွဲ့များနှင့် နီးစပ်သူဒေသခံတဦးက ပြောသည်။

၎င်းက “သူတို့တွေက အမျိုးသားရေးထက် ကိုယ့်ဆွေမျိုးမိသားစု ကောင်းစားရေးဘက် ပိုပြီး အလေးသာတယ်။ ရန်ကို ဝိုင်းချလို့ အရေးနိမ်တော့ နအဖက ကောက်မွေးစားထားတယ်။ အခု အသုံးတည့်မယ်ထင်တော့ ကောက်ထုတ်သုံးလာတယ်။ ပြီးတော့ သူတို့တွေက မူးယစ်ဆေးဝါးတွေ၊ လက်နက်ကိစ္စတွေနဲ့ ပတ်သက်နေတယ်။ အဲဒီအတွက် အချင်းချင်းစားခွက်လုပြီး ချနေကြတာ။ အခု ရန်အုပ်စုလည်း မူးယစ်ဆေးနဲ့မကင်းဘူး။ ရန်ထဲက အငယ်ဆုံးညီ ရန်မိုရှင်းဆိုတာ တရုတ်က ၁၉၉၃ မှာ သူ့ပြည်ထဲမှာ ဘိန်းဖြူတွေမိလို့ သေဒဏ်ပေးလိုက်သေးတယ်” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေးလုပ်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၁) အဖြစ် သတ်မှတ်ခံထားရသည့်အဖွဲ့ဖြစ်သည်။









အမှိုက်သိမ်းယာဉ်ပေါ်မှ ပြုတ်ကျ၍ မကြာခဏ လူသေဆုံးမှုဖြစ်
အောင်ကျော်မိုး/ ၂၆ သြဂုတ် ၂၀၀၉
line


ရန်ကုန်မြို့တွင် အမှိုက်သိမ်းယာဉ်ပေါ်လိုက်ပါပြီး အမှိုက်ရွေးသူများ ကားပေါ်မှ ပြုတ်ကျသေဆုံးမှု မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

အမှိုက်သိမ်းကားများ အမှိုက်စုပုံရာနေရာမှ အမှိုက်စွန့်ပစ်ရာနေရာသို့ သွားရာ လမ်းတလျှောက် ကားမောင်းနှင်နေစဉ်တွင် ကားပေါ်၌ အမှိုက်ရွေးသည့် လူများ လိုက်ပါလေ့ရှိပြီး ထိုသူများ ကားပေါ်မှ မတော်တဆပြုတ်ကျ သေဆုံးခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ကားပေါ်မှာ အမှိုက်ရွေးတဲ့လူတွေက အမှိုက်သိမ်းကားမောင်းတဲ့ ဒရိုင်ဘာကို ငွေပေးပြီး ကားပေါ်လိုက်ရတယ်။ ကားမောင်းနေတုန်း ကားပေါ်လိုက်တဲ့သူက အမှိုက်ထဲကနေ ပြန်ရောင်းစားလို့ရတဲ့ ပလတ်စတစ်၊ ရေသန့်ဘူး၊ ပုလင်းခွံ၊ စက္ကူအဟောင်း၊ သံဘူး စတာတွေကို ရွေးချယ်ကြတယ်။ ဒီလို ကားမောင်းနေတုန်း အမှိုက်ရွေးရင်း ကားပေါ်ကနေ မတော်တဆ ပြုတ်ကျပြီး လူသေတဲ့ အဖြစ်အပျက်တွေ ခုတလော များလာတယ်” ဟု ပြောသည်။

အမှိုက်များစတင်စွန့်ပစ်ရာ ရန်ကုန်မြို့တွင်းရှိ အမှိုက်ပုံများတွင် ပြန်လည်ရောင်းချ၍ ရမည့်ပစ္စည်းများကို အမှိုက်သိမ်းသမားများက အရင်မွှေနှောက်ရှာဖွေကြောင်း၊ ထို့နောက် မြို့နယ်အသီးသီးက အမှိုက်ပုံစုရာနေရာများတွင် ထပ်မံရွှေးချယ်ကြကြောင်း ကျောက်တံတားမြို့နယ်မှ အမှိုက်သိမ်းသမားတဦးက ပြောသည်။

၎င်းက “အဲဒီနှစ်နေရာမှာ အမှိုက်ရွေးခွင့်မရသူတွေက အမှိုက်ကားမောင်းသူကို ငွေပေးပြီး ကားနောက်ခန်းအမှိုက်ပုံပေါ်က လိုက်ပြီးကားမောင်းနေချိန် အမှိုက်ကို လှန်လှောရွေးကြတယ်။ အဲလိုရွေးရင်း အမှိုက်ထဲအာရုံရောက်ပြီး မကြာခဏ ကားပေါ်ကလိမ့်ကျ၊ ခေါင်းနဲ့လမ်းဆောင့်မိပြီး သေဆုံးကြတာ။ ဒီလိုလိမ့်ကျရတာကလည်း လမ်းမကောင်းတာ အမှိုက်ကားမကောင်းတာလည်း ပါတာပေါ့လေ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် (၃) ရက်၌ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ဒုဌဝတီ ကမ်းနားလမ်းတွင် ယာဉ်မောင်း မင်းအေး မောင်းသည့် ဖူဆိုအမျိုးအစား အမှိုက်သိမ်းယာဉ်ပေါ်၌ အမှိုက်ရွေးရင်း လိုက်လာသည့် မမြင့်မြင့်ဝင်း (၂၅) နှစ် ယာဉ်ပေါ်မှ ပြုတ်ကျကာ နောက်ဘီးဖြင့် ပြန်ကြိတ်မိပြီး သေဆုံးခဲ့သကဲ့သို့ သြဂုတ် (၁၉) ရက်ကလည်း လှိုင်မြို့နယ် မန္တလေးလမ်းပေါ်တွင် ယာဉ်မောင်းမျိုးမြင့် မောင်းနှင်သည့် အမှိုက်သိမ်းကားပေါ်၌ အမှိုက်ရွေးရင်း လိုက်လာသည့် နေ့စား စည်ပင်အမှိုက်သိမ်း သမားတဦးသည် အမက (၃၃) အနီးအရောက် ပြုတ်ကျသေဆုံးခဲ့သည်။

ရန်ကုန်မြို့နယ်များရှိ အမှိုက်ပစ်ကွင်းများတွင် အမှိုက်ရွေးသူများကို မတွေ့ရကြောင်း၊ အကြောင်းမှာ အမှိုက်ပစ်ကွင်း မရောက်ခင် လမ်းတွင် (၃) ဆင့်ခန့် အမှိုက်ထဲမှ ပြန်ရောင်းစားရမည့်ပစ္စည်းများကို ရွေးချယ်ထားပြီးသည့်အတွက်ဖြစ်ကြောင်း စည်ပင်ဝန်ထမ်းများက ပြောသည်။




ယာယီမြန်မာနိုင်ငံကူးလက်မှတ်လုပ်သူ နည်းပါး
NEJ / ၂၆ သြဂုတ် ၂၀၀၉
line


ထိုင်းနိုင်ငံနှင့်နီးစပ်သည့် မြန်မာနယ်စပ်မြို့များတွင် ထုတ်ပေးနေသည့် ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ကုန်ကျစရိတ် များပြားသောကြောင့် သွားရောက်သူ နည်းပါးကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

မြ၀တီတွင် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူ မြန်မာရွှေ့ပြောင်း အလုပ်သမတဦးက “ကျမတို့ထိုင်းမှာ အလုပ်သမား လက်မှတ်လုပ်တာက ဘတ် (၃,၈၀၀) ကုန်တယ်။ ဘန်ကောက်ကနေ မဲဆောက်ကို သူဌေးနဲ့လာရတယ်။ ကိုယ့်စရိတ်ကိုယ်ခံပဲ။ မဲဆောက်ဆက်ဆံရေးရုံးမှာ စာရင်းသွင်းပြီး မြ၀တီဘက် ကူးရတယ်။ နိုင်ငံသားဟုတ်မဟုတ် အစစ်ခံပြီးရင် ရုံးမှာ ကျပ် (၃,၀၀၀) ပေးရတယ်။ ပြီးမှ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးတယ်။ အဲဒီလက်မှတ်ကို မဲဆောက် ထိုင်းလ၀ကရုံးကိုသွားပြရတယ်။ ထိုင်းက (၂) နှစ် ဗီဇာပေးတယ်၊ ဘတ် (၂) ထောင်ပေးရတယ်၊ တချို့ဆိုရင် (၃) ရက်လောက်စောင့်ရတယ်။ ဒီကိစ္စလာတာ အနည်းဆုံး ဘတ် (၁) သောင်းပဲ။ တော်ရုံလူမလာနိုင်ဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။

မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြ၀တီဘက်သို့သွားရာတွင် ထိုင်းအလုပ်သမားရုံး၏ ထောက်ခံစာ မြန်မာမှတ်ပုံတင်နှင့် ထိုင်းအလုပ်ရှင်ပါ အတူလိုက်ပါရမည်ဖြစ်သည်။

ဘန်ကောက်တွင် ပလာတာရောင်းသည့် ကိုမာမက်က “လက်မှတ်လာလုပ်တာ သုံးရက်ရှိပြီ၊ မရသေးဘူး။ ကျနော့်နောက်က လာတဲ့သူ ရသွားပြီ။ တချို့မှတ်ပုံတင်မရှိလည်း သူတို့စစ်တာကို ဖြေနိုင်ရင်ထုတ်ပေးတယ်။ မြန်မာမှတ်ပုံတင်ရှိရက်နဲ့ ကုလားဖြစ်တော့ သူတို့ပိုရစ်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် မြန်မာအလုပ်သမားတဦး၏၀င်ငွေသည် ဘတ် (၁၀၀) ၀န်းကျင်သာရှိသောကြောင့် တရားဝင် အလုပ်သမားဖြစ်ရန်အတွက် ကုန်ကျစရိတ်မှာ ထိုင်းအလုပ်သမားမှတ်တင်ခ (၃,၈၀၀) ဘတ်၊ ယာယီမြန်မာနိုင်ငံကူးလက်မှတ်ခ ကျပ် (၃,၀၀၀) နှင့် ထိုင်းဗီဇာကြေး (၂,၀၀၀) ဘတ်အပြင် ထိုင်းနိုင်ငံအတွင်း ရပ်ဝေးဒေသမှ လာရောက်ရသည့်အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ အနည်းဆုံး ဘတ် (၁၀,၀၀၀) ခန့်ရှိပြီး ၎င်းကုန်ကျစရိတ်ကို အလုပ်ရှင်ကမပေးဘဲ မိမိဘာသာ ကျခံရသည့်အတွက် စိတ်ဝင်စားသူ အလုပ်ရှင်နှင့် အလုပ်သမား နည်းပါးခြင်းဖြစ်သည်။

ဘန်ကောက်ရှိ မြန်မာအလုပ်သမားများ မြ၀တီတွင် လက်မှတ်သွားလုပ်လိုပါက တဦးလျှင်ဘတ် (၉,၀၀၀) နှုန်းဖြင့် ပွဲစားများက ပြုလုပ်ပေးပြီး လူ (၁၀) ဦးပြည့်မှသာ ပို့ပေးသည်ဟု ပွဲစားနှင့်လာသူတဦးက ပြောသည်။

မြန်မာအလုပ်သမားများ မြ၀တီတွင် လက်မှတ်ပြုလုပ်ရန်အတွက် မဲဆောက်ရှိ ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအသင်း၊ ဆက်ဆံရေးရုံးမှတဆင့် စာရင်းပေးသွင်းပြီး မြ၀တီမြို့သို့သွားရန် ၎င်းရုံးမှ စီစဉ်ဆောင်ရွက်ပေးသည်။

ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်းဖြင့် ထိုင်းတနိုင်ငံလုံးတွင် အလုပ်လုပ်ခွင့်နှင့် မည်သည့်ဒေသမဆို သွားလာခွင့်ရမည်၊ တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့် (၂) နှစ်ရမည်။ ထိုင်းအလုပ်သမားဥပဒေပါ ခံစားခွင့်များ အပြည့်အ၀ရရှိမည်ဟု မြန်မာဘက်မှထုတ်ဝေသည့် လက်ကမ်းစာစောင်တွင် ပါရှိသည်။

ယာယီနိုင်ငံကူးလက်မှတ်များကို ယခင်လ (၁၅) ရက်မှ စတင်ပြုလုပ်ပေးပြီး မြန်မာဘက်မှ ကနဦးထုတ်ပြန်သည့် သတင်းများအရ ယခုပထမအပတ်ထိ လက်မှတ်လာရောက်ထုတ်ယူသူ (၁၂၃) ဦးသာရှိပြီး ကော့သောင်းတွင် (၁၁၃) ဦးနှင့် မြ၀တီတွင် (၁၀) ဦးတို့ဖြစ်သည်ဟု သိရသည်။

ထိုင်းတနိုင်ငံလုံးတွင် မြန်မာနိုင်ငံသား (၂) သန်းခွဲခန့်ရှိပြီး တရားဝင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား (၅) သိန်းခန့်ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့များက ပြောသည်။

မြ၀တီတွင် လက်မှတ်ထုတ်ယူသူအများစုမှာ ဘန်ကောက်နှင့်အခြားခရိုင်များမှဖြစ်ပြီး မြန်မာအလုပ်သမား (၁) သိန်းခွဲခန့်ရှိသည့် မဲဆောက်ဒေသတွင်းမှ လက်မှတ်သွားရောက်ထုတ်ယူသူမရှိကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ တဦးက ပြောသည်။

မြန်မာဘက်မှ လက်မှတ်ထုတ်ပေးရေးစခန်းများကို တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် ဗိုလ်ချုပ်လမ်း ဖုန်း (၀၀၃,၃၃၃,၀၅၃)၊ မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် ကျောက်လုံးကြီးစခန်း ဖုန်း (၀၉၅,၀၉၀,၀၉၄)၊ ကော့သောင်းမြို့ တော်ဝင်လမ်း အေးရိပ်ငြိမ်ရပ်ကွက် ဖုန်း (၀၅,၉၅၀,၉၅၈) စသည့်နယ်စပ်မြို့တို့တွင် ဖွင့်လှစ်ထားသည်။




စည်ပင်ပိတ်ထားသည့် နယ်စပ်သွင်းစားဆီ (၇) မျိုး
စားသုံးရန်သင့်ကြောင်း အက်ဖ်ဒီအေကြေညာ
NEJ / ၂၆ သြဂုတ် ၂၀၀၉
line


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စားသုံးရန်မသင့်ဟု ကြေညာထားသည့် နယ်စပ်သွင်းစားဆီ (၇) မျိုးကို မြန်မာနိုင်ငံဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) မှ စားသုံးရန်သင့်လျော်ကြောင်း အဖြေပေးလိုက် သော်လည်း ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ၎င်း၏အမှားကို တရားဝင်ဝန်မခံသေးကြောင်း ဘုရင့်နောင်ပွဲရုံမှ ဆီကုန်သည်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ စုံစမ်းလို့ ရသလောက် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက စားသုံးရန် မသင့်ဆိုပြီး ကိုယ့်ဘာသာကိုယ် ကြေညာ၊ ဈေးတွေ၊ စူပါမားကက်တွေ၊ ကုန်စုံဆိုင်တွေကနေ ကိုယ့်ဘာသာကိုယ် လိုက်လံဖမ်းဆီးအရေးယူခဲ့တဲ့ စားဆီ (၇) မျိုးကို စားသုံးဖို့ သင့်တော်တဲ့ ဆီတွေဖြစ်တယ်လို့ အက်ဖ်ဒီအေက အဖြေပေးလိုက်ပြီ။ ဒါပေမယ့် ဗိုလ်မှူးချုပ်အောင်သိန်းလင်း က သူကြေညာခဲ့တာကို မှားပါတယ်ဆိုပြီး တရားဝင်ဝန်ခံတာမျိုး မလုပ်သေးတော့ ပြည်သူတွေ သိပ်မသိကြသေးဘူး။ နောက် ဈေးတွေ စူပါမားကက်တွေမှာလည်း ဘယ်သူမှပြန်ပြီး ဆိုင်တင်ရောင်းချတာ မလုပ်ရဲကြသေးဘူး” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အက်ဖ်ဒီအေမှ တာဝန်ကျဝန်ထမ်းတဦးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနက ဓာတ်ခွဲစမ်းသပ်ရန် လာရောက်ပေးထားသည့် ထိုင်းနှင့်မလေးရှားသွင်း စားဆီ (၁၁) မျိုးအနက် (၇) မျိုးကို စားသုံးရန် သင့်တော်သည်ဆိုပြီး အကြောင်းပြန်ကြားခဲ့ပြီးဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

မသင့်တော်သည့် (၄) မျိုးမှာ အက်ဖ်ဒီအေက ဇူလိုင် (၂၅) ရက် သတင်းစာများတွင် တရားဝင် ကြေညာထားသည့် (၄) မျိုးပင် ဖြစ်ပြီး အခြားစားသုံးရန် မသင့်သည့် ဆီအမျိုးအစားများ ထပ်မံမတွေ့ရသေးကြောင်း၊ တွေ့ရှိပါက ကြေညာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ယခုအခါ ဈေးများတွင် စည်ပင်သာယာက ယခင်ဖမ်းဆီးသိမ်းယူခဲ့သည့် စားဆီ (၇) မျိုးကို ရောင်းချနိုင်ပြီး ဖမ်းဆီးတော့မည် မဟုတ်ကြောင်း၊ အကယ်၍ အောက်ခြေဈေး စည်ပင်သာယာတာဝန်ရှိသူများက ဖမ်းဆီးလျှင် မိမိတို့ထံ အကြောင်းကြားပါက ဖြေရှင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

သို့သော် အက်ဖ်ဒီအေက စားသုံးရန်သင့်သည့် စားဆီ (၇) မျိုးကို အမည်စာရင်းနှင့်တကွ သက်ဆိုင်ရာ ဈေးအသီးသီးကို အကြောင်းကြား ညွှန်ကြားထားခြင်းမရှိသည့်အတွက် ဈေးများ၊ ကုန်တိုက်များနှင့် စူပါမားကက်တို့တွင် ပြန်လည်မရောင်းချ ရဲကြကြောင်း ဈေးသည်များထံမှ စုံစမ်းသိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) က ဇူလိုင် (၂၅) တွင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းသည့် စားဆီ (၄) မျိုးကို စားသုံးရန်မသင့်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ (၄) မျိုးမှာ (၁၈) လီတာဝင် အဝါရောင်ပလတ်စတစ်ပုံးများဖြင့် ထည့်ထားသည့် ကျောက်ပုဇွန်နှစ်ကောင် (Star Oil ကြယ်နီပုံ)၊ ကျောက်ပုဇွန်တစ်ကောင် အမှတ်တံဆိပ်၊ ရေနဂါး (Twin Sea Horse အမှတ်တံဆိပ်) နှင့် ငါးကြော်အမှတ်တံဆိပ် (Pamola Brand) တို့ ဖြစ်သည်။

ဗိုလ်မှူးချုပ်အောင်သိန်းလင်း ကြေညာဖမ်းဆီးခဲ့သည့် စားဆီ (၁၁) မျိုးမှာ အဆိုပါ ဆီ (၄) မျိုးအပြင် ထိုင်းနိုင်ငံသွင်း ပုဇွန်တစ်ကောင်၊ ပုဇွန်နှစ်ကောင်၊ တံငါတံဆိပ်၊ SAKURA ၊ Golding Oil ၊ ကဏန်းတံဆိပ်၊ ကြယ်စိမ်းတံဆိပ်တို့ဖြစ်ပြီး ဇူလိုင် (၃၁) ရက်နေ့အထိ ပိဿာချိန် (၂,ဝဝဝ) ကျော် ဖမ်းဆီးခဲ့သည်။

ယခုကဲ့သို့ အက်ဖ်ဒီအေက စားသုံးရန်သင့်ကြောင်း အကြောင်းပြန်ပြီးသော်လည်း ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တရားဝင် ဝန်ခံခြင်း၊ သိမ်းဆည်းထားသူများထံ စားဆီများ တရားဝင် ပြန်ပေးခြင်း၊ ပုဂ္ဂလိက ဂျာနယ်များသို့ သတင်းထုတ်ပြန်ခြင်းတို့ မပြုလုပ်သေးသည့်အတွက် ဈေးဆိုင်များ၊ ကုန်တိုက်များ၊ စူပါမားကက်များတွင် ပြန်လည်ရောင်းချခြင်း မတွေ့ရသေးကြောင်း စုံစမ်းသိရသည်။




ရာဘာဈေး တက်သော်လည်း ခြံပိုင်ရှင်များ ရုန်းကန်နေရဆဲ
ဝီရ / ၂၆ သြဂုတ် ၂၀၀၉
line


မြန်မာပြည်တောင်ပိုင်းတွင် ရာဘာဈေး တက်လာသော်လည်း အရောင်းအဝယ်အေးနေ၍ ယမန်နှစ်က စိုက်ထုတ်ထားရသည့် စရိတ်စကများကာမိရန် မလွယ်ကူကြောင်း ရာဘာခြံပိုင်ရှင်များက ပြောသည်။

“ရာဘာဈေး ကျနေချိန်တုန်းက ရာဘာပင်အတွက် မြေသြဇာ၊ အခြားလိုအပ်တဲ့ပစ္စည်းတွေက ဈေးမြင့်နေတော့ စိုက်ဝယ်ထားရ တယ်။ အခု လတွေမှာမှ ဈေးတက်လာတာ။ ရာဘာခြစ်လို့ရတဲ့အချိန် မဟုတ်ဘူးလေ။ မိုးမရွာခင်တုန်းက ဈေးမှ မတက်တာ။ မနှစ်ကအကြွေးတွေ ပေးချေနိုင်ဖို့ ဒီပွင့်လင်းရာသီမှာ အများကြီးရုန်းရဦးမယ်” ဟု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ရာဘာခြံပိုင်ရှင် နိုင်မင်းထွန်းက ပြောသည်။

ယခုနှစ် ဇူလိုင်လမှ စတင်ဈေးတက်လာသည့် ပြည်တွင်းရာဘာဈေးနှုန်းမှာ ယခုအခါ ရာဘာအပါး တပေါင်လျှင် (၈၄၀) ကျပ် ဖြစ်နေပြီး ဆက်လက်ဈေးတက်ဖွယ် ရှိသည်ဟု ရာဘာအဝယ်ဒိုင်များက ပြောသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာတဝန်း ရာဘာဈေး ကျဆင်းနေမှုကြောင့် ပြည်တွင်းရာဘာဈေး တပေါင်လျှင် (၁,၃၀၀) ကျပ်ဝန်းကျင်မှ (၂၅၀) ကျပ်သို့ ကျဆင်းသွားခဲ့ပြီး မြန်မာနိုင်ငံမှ ပြည်ပပို့နေသည့် ရာဘာကုမ္ပဏီများလည်း လုပ်ငန်း ရပ်နားခဲ့ရသည်။

ယခု ရာဘာဈေးနှုန်း ပြန်တက်လာသဖြင့် ပြည်ပနိုင်ငံများသို့ ရာဘာပို့ဆောင်နေသည့်ကုမ္ပဏီများဖြစ်သည့် မြန်မာရွှေရင် ကုမ္ပဏီလီမိတက်နှင့် အခြားကုမ္ပဏီတို့သည် ယခင်လမှစ၍ လုပ်ငန်းများပြန်လည်လည်ပတ်နေပြီဖြစ်သည်။

လက်ရှိ ရာဘာဈေးနှုန်းမှာ မှိုင်းခံ RSS အဆင့်(၃) တပေါင်လျှင် ကျပ် (၁,၀၅၀) ဝန်းကျင်ရှိပြီး RSS အဆင့် (၅) မှာ ကျပ် (၉၀၀) ဝန်းကျင်ခန့်ရှိကြောင်း ရန်ကုန်အခြေစိုက် ရာဘာအဝယ်ဒိုင် မန်နေဂျာတဦးက ပြောသည်။

ယင်းသို့ ရာဘာဈေးနှုန်း မြင့်တက်လာသော်လည်း မိုးရာသီဖြစ်နေပြီး လှောင်လက်များနေသောကြောင့် အရောင်းအဝယ် အေးနေသေးကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်မှ ရာဘာခြံပိုင်ရှင်တဦးက “ဒီနှစ် မိုးမရွာခင်အထိ ရာဘာဈေးမကောင်းလို့ ကျနော်တို့ ရေးမြို့နယ်က ရာဘာခြံတွေ အစောကြီး အလုပ်ရပ်နားထားကြတာ၊ ဈေးက (၄) ဆလောက် ကျခဲ့တာကိုး။ ဒါပေမယ့် အပင်တွေကို ပစ်ထားလို့မရတော့ အရင်းစိုက်ပြီး ဝဲ (မြေသြဇာ)ထည့်ရတာပေါ့။ အခုမှ ဈေးကောင်းလာလို့ အလုပ်ပြန်စကြတာပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာနိုင်ငံတွင် ရာဘာထွက်ရှိမှု အများဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး တရုတ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သို့ အများဆုံး တင်ပို့သည်။

မွန်ပြည်နယ်တွင် စိုက်ပျိုးရန် လျာထားသည့် ၂၀၀၈-၀၉ စီမံကိန်းအတွက် ရာဘာမြေ ဧကပေါင်း (၄) သိန်း (၁) သောင်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း စစ်အစိုးရ၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။


ကြပ်ပြေးသန်းရွှေရဲ့ ကြံ့ဖွံ့ကရေစီ

အောင်ကျော်ခင်
၂၆ သြဂုတ် ၂၀၀၉
line


ပြည်သူအုပ်ချုပ်တာကို ဒီမိုကရေစီလို့ခေါ်ရင် ကြံ့ခိုင်ရေးနဲ့တိုးတက်ဖွံ့ဖြိုးအသင်း အုပ်ချုပ်တာကို ကြံ့ဖွံ့ကရေစီလို့ ခေါ်ရလိမ့်မယ်။ ယနေ့မြန်မာပြည်မှာ နေရတကာ ကြံ့ဖွံ့မပါရင် မပြီးပါ။ လေဘေးဒုက္ခသည်တွေကို ကူညီချင်လို့ နိုင်ငံခြားရောက် မြန်မာအချို့ ပြည်တော်ပြန်ပြီး အလှူလုပ်တော့ ကြံ့ဖွံ့ကတဆင့် လှူကြရတယ်။ ကြံ့ဖွံ့မပါရင် အလှူတောင်မလုပ်နိုင်ဘူ။ နာမည်ရမယ့်ကိစ္စမှာ ကြံ့ဖွံ့က အသားယူပြီး လူမိုက်အလုပ်ကိုတော့ လက်အောက်ခံ ‘စွမ်းအားရှင်’ ဆိုတာကို လုပ်ခိုင်းတယ်ဆိုပဲ။

ဗိုလ်နေ၀င်းက မဆလတပါတီအာဏာရှင်စနစ် တည်ထောင်သလို ဗိုလ်သန်းရွှေက ကြပ်ပြေးနေပြည်တော်ကနေ ကြံ့ဖွံ့အုပ်ချုပ်ရေးစနစ်ကို တည်ထောင်နေပုံရတယ်။ အာဏာရူးရာက ဘုရင်ရူးရူးပြီး စိတ်ဖောက်ပြန်ပုံမှာလည်း ဒီစစ်ဗိုလ်နှစ်ဦး အသွင်တူကြတယ်။ ယတြာချေဗေဒင်မေး ဘရားတည် စတာတွေကိုလည်း နှစ်ယောက်စလုံး အားကိုးကြတယ်။

ပြည်သူလူထုကို ရန်သူလို သဘောထားတဲ့ပုဂ္ဂိုလ်ကို စိတ်ဖောက်ပြန်သူ Psychopath လို့ ခေတ်ဆရာဝန်တွေက အဓိပ္ပာယ်ဖွင့်တယ်။ စိတ်ဖောက်ပြန်သူဟာ အများလက်ခံတဲ့ ကောင်းမွန်တဲ့ အကျင့်သီလကို ချိုးဖောက်ပြီး အမှန်တရားကို လက်မခံနိုင်ဘူး။ လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ ဓလေ့ထုံးစံနဲ့ တရားဥပဒေကိုလည်း ဂရုမစိုက်ဘူး။ စိတ်အနှောင့်အယှက် ဖြစ်လာရင် အလွန်ကြမ်းတမ်းရက်စက်တယ်။

(၁၆) ရာစုမှာ အင်းဝကို အုပ်စိုးတဲ့ ရှမ်းဘုရင် သိုဟန်ဘွားကို ဘုန်းကြီးသတ်ပြီး ဘုရားဖျက်သူအဖြစ် သမိုင်းမှတ်တမ်း တင်ကြတယ်။ ရှမ်းဘုရင်က ဗမာဘုန်းကြီးကိုသတ်သလို (၁၈) ရာစု ဗမာမင်းအလောင်းဘုရား ပဲခူးကိုတိုက်တုန်းက ဆန့်ကျင်တဲ့ မွန်ဘုန်းကြီးတွေကို သတ်တာပဲ။ အာဏာရူးဟာ သူ့အာဏာထိပါးလာမှာကို စိုးရိမ်ပြီး ဘုန်းကြီးကို သတ်တာ ဖြစ်တယ်။

ဘုရားတည်ပြီး ဘုန်းကြီးသတ်တဲ့နေရာမှာ ဗိုလ်နေ၀င်းနဲ့ ကြပ်ပြေးသန်းရွှေ အသွင်တူတယ်။ ဒီလိုလူမျိုးတွေဟာ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံမှာ သင်ခန်းစာ ယူနိုင်စွမ်းမရှိကြဘူး။ မဆလခေတ်အတွေ့အကြုံသာရှိတဲ့ ကြပ်ပြေးသန်းရွှေဟာ မဆလအာဏာရှင်စနစ်ပုံစံကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်။ စိတ်ဖောက်ပြန်နေတဲ့ Psychopath တွေဟာ ပြုပြင်ပြောင်းလဲဖို့ နားမလည်နိုင်ဘူး။ သင်ခန်းစာလည်း မယူနိုင်ကြတဲ့အတွက် သူတို့အရင်က လုပ်ခဲ့တာတွေကိုပဲ ထပ်ခါတလဲလုပ်တတ်တယ်လို့လည်း ဆိုတယ်။ ဒီအချက်ကို ကြပ်ပြေးသန်းရွှေက သက်သေပြနေတယ်။

ကြံ့ဖွံ့နဲ့နာမည်တူ အသင်းမျိုးကို လွန်ခဲ့တဲ့ အနှစ် (၅၀) ကျော်ဖြစ်တဲ့ ၁၉၅၈ ခုနှစ် ဗိုလ်နေ၀င်း အိမ်စောင့်အစိုးရ လက်ထက်မှာလည်း ဖွဲ့စည်းခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ စစ်တပ်ကို ပြည်သူလူထုက သိပ်ပြီးမုန်းတီးသေးတာမဟုတ်လို့ ‘ကြံ့ခိုင်ရေးအသင်း’ လို့သာ ခေါ်ကြတယ်။

ရှေ့နှစ်ကျင်းပမယ်လို့ မျှော်လင့်ရတဲ့ အထွေထွေရွေးကောက်ပွဲမှာ ကန့်ကွက်ဆန္ဒပြသူကို နှိမ်နင်းဖို့အတွက် ကြံ့ဖွံ့အဖွဲ့ဝင်တွေကို စစ်တပ်နဲ့ရဲက လေ့ကျင့်ပေးနေတယ်လို့ သတင်းထွက်နေတယ်။ မနှစ်က ကျင်းပတဲ့ အခြေခံဥပဒေအတည်ပြုရေး လူထုဆန္ဒ ခံယူပွဲမှာ ကန့်ကွက်သူမရှိဘဲ အားလုံးထောက်ခံမဲပေးအောင် ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေက စီစဉ်နိုင်ခဲ့တယ်။ အခုတော့ လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့အဖွဲ့ဝင်တွေ အနိုင်ရအောင် စီစဉ်နေပြီလို့ ကြားနေရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ဒီပဲယင်းမှာ ၂၀၀၃ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်တာဟာ ကြံ့ဖွံ့အဖွဲ့ လက်ချက်ဖြစ်တယ် ဆိုတာလောက်ပဲ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းက သိတယ်။ တကယ်တော့ ၁၉၉၆ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး တို့ လိုက်ပါလာတဲ့ ကားတန်းကို ၀ိုင်းရိုက်ကတည်းက ကြံ့ဖွံ့အဖွဲ့ဟာ အကြမ်းဖက်ခဲ့တာဖြစ်ပေမယ့် အခုမှ နိုင်ငံခြားစာနယ်ဇင်း အချို့က ကြံ့ဖွံ့အဖွဲ့ကို အန္တရာယ်အဖြစ် ရေးသားလာကြတာဖြစ်တယ်။

၁၉၉၆ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ၀န်ကြီးချုပ်ဦးနု ကွယ်လွန်တဲ့ နှစ်ပတ်လည်အခမ်းအနားမှာ ကြံ့ဖွံ့တွေက ဒေါ်စုတို့အဖွဲ့ကို ခရမ်းချဉ်သီးနဲ့ ၀ိုင်းပေါက်ဖို့ စီစဉ်တယ်။ ဒါကို ကြိုတင်သိရလို့ အပေါက်ခံရရင်တောင် လက်တုံ့မပြန်ဘဲ ဘာကြောင့် ပေါက်ရတာလဲ ဆိုတာလောက်ပဲ မေးကြဖို့ အန်အယ်လ်ဒီအဖွဲ့ဝင်တွေက ပြင်ဆင်ထားကြတယ်။ အကယ်၍ ကြိုတင်ပြင်ဆင်မှုမလုပ်နိုင်ဘဲ အန်အယ်လ်ဒီ အဖွဲ့ဝင်လူငယ်တွေက စိတ်လိုက်မာန်ပါ လက်တုံ့ပြန်မိရင် အန်အယ်လ်ဒီ အဖွဲ့ချုပ်ဟာ ကြံ့ဖွံ့ဆင်တဲ့ အကွက်ထဲဝင်သွားပြီး အန်အယ်လ်ဒီအဖွဲ့ဝင်နဲ့ ကြံ့ဖွံ့တွေ အပြန်အလှန် အကြမ်းဖက်ကြတဲ့အဖြစ်ကို ရောက်သွားမယ်။

စစ်အာဏာရှင်စနစ်ကို အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းတဲ့အခါမှာ ကြံ့ဖွံ့အသင်းဟာ အဓိကအခန်းက ပါဝင်လာမယ့် အကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနဲ့ တိုးတက်ဖွံ့ဖြိုးရေးကွန်ချာအဖွဲ့ Network for Democracy and Development (NDD) က ၂၀၀၆ ခုနှစ်က စာမျက်နှာ (၉၀) အစီရင်ခံစာထုတ်ဝေခဲ့တယ်။ ကြံ့ဖွံ့အသင်းဝင် (၂၀) ကျော်ကို တွေ့ဆုံမေးမြန်းပြီး ရေးထားတဲ့ သုတေသနစာတမ်းပဲ။ ပညာရေး၊ စီးပွားရေးလောက၊ အမှုထမ်းလောကနဲ့ အတိုက်အခံအဖွဲ့အစည်းတွေမှာ ကြံ့ဖွံ့အဖွဲ့ဝင် တိုးပွားလာအောင် ဆောင်ရွက်နေပုံကို ဖော်ပြတယ်။

ကြံ့ဖွံ့အဖွဲ့ထဲဝင်လိုက်ရင် အခွင့်အရေးရပြီး နှောင့်ယှက်မခံရဘူးလို့ ခပ်ပေါ့ပေါ့ပဲ သဘောထားကြတာ များတယ်တဲ့။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ကြံ့ဖွံ့အဖွဲ့က အရပ်သားအရေခြုံပေးလိုက်တာကိုတော့ သတိထားမိကြသူ နည်းနေသေးတယ်။ ကြံ့ဖွံ့နာယကအဖွဲ့ရဲ့ ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး ကြပ်ပြေးသန်းရွှေပါ။ စစ်အစိုးရအဖွဲ့ဝင်အားလုံး နာယကတွေ ဖြစ်တယ်။ ဒါကြောင့် ကြံ့ဖွံ့အဖွဲ့ရဲ့ အပြုအမူဟာ စစ်အစိုးရရဲ့ အပြုအမူလို့ ယူဆနိုင်တယ်။ ကြံ့ဖွံ့အဖွဲ့ဝင်ပေါင်း သန်း (၂၀) ကျော်ရှိတယ်လို့ ဆိုတာမို့ မြန်မာ့လူဦးရေ တ၀က်လောက်ဟာ ကြံ့ဖွံ့အဖွဲ့ဝင်တွေလို ဖြစ်နေတယ်။

ဒါပေမယ့် ကျောင်းသားကျောင်းသူတွေနဲ့ အစိုးရအမှုထမ်းတွေဟာ ကြံ့ဖွံ့အဖွဲ့ကို မ၀င်မနေရ ပါဝင်နေရလို့ အဖွဲ့ဝင်ဦးရေ ဖောင်းကြွနေတာဖြစ်ပုံရတယ်။ ကြံ့ဖွံ့အဖွဲ့ဝင် များပြားလာချိန်မှာ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီဝင်ဦးရေ ကျဆင်းအောင် စစ်အစိုးရက လုပ်ထားတယ်။ ဖိနှိပ်မှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ ထောင်သွင်းအကျဉ်းချမှု စတဲ့နည်းတွေ သုံးပြီး အန်အယ်လ်ဒီအဖွဲ့ချုပ် လုံးပါးပါးသွားအောင် ကြိုးပမ်းနေတယ်။ ကြံ့ဖွံ့အဖွဲ့ဝင်ဖို့ ငြင်းဆန်တဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေကိုလည်း နည်းမျိုးစုံနဲ့ ဒုက္ခပေးတတ်တယ်။

ကိုယ့်ဘက်ကနိုင်ဖို့ အလားအလာမရှိရင် ၀င်ရောတာ အကောင်းဆုံးပဲဆိုပြီး ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်သွားသူတွေ ရှိပေမယ့် မ၀င်ဘဲ တောင့်ခံနေသူတွေလည်း ရှိတယ်။ တချို့ကြတော့လည်း နှောင့်ယှက်တာ မခံရအောင် ကြံ့ဖွံ့အဖွဲ့ထဲ ၀င်လိုက်ပေမယ့် ကြံ့ဖွံ့ဖြစ် ကြောင်း လူသိမခံလိုကြဘူး။ ၁၉၈၈ အုံကြွမှုမှာ မဆလပါတီဝင်တွေ ဒုက္ခရောက်လို့ ပါတီကတ်ပြားဆုတ်ဖြဲပစ်ရတဲ့အဖြစ်ကို သတိရနေကြပုံရတယ်။

အပေါ်ယံကြည့်ရင်တော့ ရပ်ကွက်က အရပ်သားအသင်းကို လူမှုရေးလုပ်ငန်းလုပ်ပေးတဲ့အဖွဲ့လို့ ကြံ့ဖွံ့အဖွဲ့ကို ထင်မြင်စရာ ရှိပါတယ်။ ဒါပေမယ့် တရပ်ကွက်လုံး စစ်အစိုးရကို ထောက်ခံလာအောင် စည်းရုံးလှုံ့ဆော်ပေးသူဟာ ကြံ့ဖွံ့အဖွဲ့ဝင်ပါ။ စစ်အစိုးရ ထောက်ခံပွဲနဲ့ အန်အယ်လ်ဒီ ရှုတ်ချပွဲ ကျင်းပနိုင်သူဟာ ကြံ့ဖွံ့ပါ။ ပြည်သူလူထုကို အကူအညီပေးဟန်ဆောင်ပြီး အနိုင်ကျင့်နေတာ ကြံ့ဖွံ့အဖွဲ့ပါ။

နိုင်ငံခြားကယ်ဆယ်ရေးအေဂျင်စီတွေနဲ့ ကြံ့ဖွံ့အဖွဲ့ လက်တွဲနိုင်ဖို့ စစ်အစိုးရက ကြိုးပမ်းတယ်။ ကြံ့ဖွံ့နဲ့ တွဲမလုပ်ချင်လို့ မြန်မာပြည်ကထွက်ခွာတဲ့ နိုင်ငံခြားလူမှုရေးအေဂျင်စီတွေရှိတယ်။ တနည်းဆိုရင်တော့ ပြင်ပက အဖွဲ့အစည်းတွေ မြန်မာပြည်သူလူထုနဲ့ ဆက်ဆံချင်ရင် ကြံ့ဖွံ့ကတဆင့်သာ ဆက်သွယ်ခွင့်ရှိသလို ဖြစ်နေပါတယ်။ လာဘ်ပေးလာဘ်ယူမှာလည်း ကြံ့ဖွံ့အဖွဲ့ဟာ အများဆုံးပဲ။ အစိုးရငွေ၊ အလှူငွေ၊ ရန်ပုံငွေ စတာတွေကို အလွဲသုံးစားလုပ်တာဟာ ထုံးစံလိုဖြစ်နေပြီ။

ကြံ့ဖွံ့အဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် ပထမဆုံးအသိအမှတ်ပြုတာ တရုတ်ကွန်မြူနစ်ပါ။ ၂၀၀၀ ပြည့်နှစ်မှာ ကြံ့ဖွံ့အသင်း ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဝင်းမြင့်ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်တယ်။ နောက် (၄) နှစ်လောက်ကြာတော့ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ဘေဂျင်းမြို့တော်မှာကျင်းပတဲ့ (၃၅) နိုင်ငံက (၈၄) ပါတီညီလာခံကို ကြံ့ဖွံ့အသင်းတက်တာ တွေ့ရတယ်။ တိုကျိုနဲ့အိန္ဒိယမှာ ကျင်းပတဲ့ အစီအစဉ်တွေမှာလည်း ကြံ့ဖွံ့ပါဝင်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်ဟာ ကြံ့ဖွံ့အဖွဲ့ရဲ့ ပြိုင်ဘက်လိုဖြစ်နေတယ်။ ဒေါ်စုနဲ့ အန်အယ်လ်ဒီ မလှုပ်ရှားနိုင်တဲ့ဘ၀ ရောက်သွားရင် ကြံ့ဖွံ့ပါတီအာဏာရပြီး အခြားပါတီတွေဟာ ကြံ့ဖွံ့ကိုပံ့ပိုးတဲ့အဆင့်မှာသာ ရပ်တည်နိုင်တော့မှာ ဖြစ်တယ်။ ဒီလိုဆိုရင် ဗမာ့နိုင်ငံရေးစနစ်ဟာ ကြံ့ဖွံ့က ကြံ့ဖွံ့အတွက် တည်ထောင်ထားတဲ့ ကြံ့ဖွံ့ကရေစီစနစ် ဖြစ်ဖို့သာ ရှိပါတော့တယ်။

ထိုင်း-မြန်မာနယ်စပ် ရေကာတာ ရေလျှံမှုကြောင့် စိုးရိမ်နေကြ Print E-mail
ဥဆာ ဖိချိုင်း
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 26 ရက် 2009 ခုနှစ် 20 နာရီ 03 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်း-မြန်မာနယ်စပ် အနီးတွင် ပြီးခဲ့သည့်တပတ်က ရုတ်တရက်ဖြစ်ပေါ်ခဲ့သော ရေလျှံမှုသည် အာဏာပိုင်များ၏ စွမ်းဆောင်ရည် မဲ့မှုနှင့် အရှက်မဲ့စွာ သတင်းအမှောင် ချထားမှုကို ပေါ်လွင်စေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထောက်ပြ ပြောဆိုလိုက်သည်။

ဒေသတွင်းရှိ သဘာပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို လုပ်ကိုင်နေသော ဘန်ကောက်အခြေစိုက် “သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်ရေးနှင့် ဒေသဆိုင်ရာ မဟာမိတ်များသို့“ (Towards Ecological Recovery and Regional Alliance) အဖွဲ့နှင့် ချိတ်ဆက်ထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား “ဝတ်သွန် ပန်ပွန်ဆာချာရီယွန်“ က မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ထိုင်း-မြန်မာနယ်စပ် ကချနာဘူရီခရိုင်ရှိ ဆရီကကာရင်ဆည် ရေလျှံမှုကြောင့် ဒေသတွင်းရှိ ကျေးရွာအများအပြား ထိခိုက်ခဲ့သည်ဟု ပြောသည်။

သို့သော် ထိုကိစ္စနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အာဏာပိုင်များထံမှမူ မရရှိနိုင်ခဲ့ပေ။

“လျှော်ကြေးတွေပေးဖို့ လိုနေပြီဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ဆိုင်တဲ့ အချက်တွေကို ထိုင်းလျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Egat) နဲ့ ထိုင်း ရေနံအာဏာပိုင်အဖွဲ့ (လောလောဆယ်တွင် PTT ကုမ္ပဏီလီိမိတက်) တို့မှ ရှင်းလင်းပေးဖို့က အရမ်း အရေးကြီးနေပြီ။ အစောပိုင်းက ဒီရေကာတာဟာ မြေငလျင်လှုပ်တာကို လုံးဝခံနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သတိပေးချက်တွေ ပေါ်ထွက်လာပါသေးတယ်။ အဲဒါအပြင် ရေကာတာဆောက်လုပ်ရာမှာ ဒေသတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှုတွေကိုလည်း လေ့လာမှု မရှိခဲ့ပါဘူး“ ဟု ဝတ်သွန်က ပြောသည်။

“ကျေးရွာ အတော်များများကို ထိခိုက်စေပေမယ့် သတင်းဌာန တော်တော်များများကလည်း အဲဒီကိစ္စရဲ့ နောက်ဆက်တွဲ လုပ်ရမယ့်ဟာတွေကို စိတ်ဝင်းစားပုံ မရကြဘူး“ ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ သံလွင်မြစ်ပေါ်တွင် ဆက်တိုက်ဆောက်လုပ်ရန် စီစဉ်ထားသော ရေကာတာများသည်လည်း ငလျင်အန္တရာယ် ရှိနေကြသည်ဟု ဝတ်သွန်က ထောက်ပြသွားသည်။

“အာဏာပိုင်တွေက အင်ဂျင်နီယာ နည်းပညာတွေနဲ့ ဒီပြသာနာတွေကို ဖြေရှင်းနိုင်မယ်၊ ရစ်ချတာ စကေး ၇ လောက် မြေငလျင်ကို ကောင်းကောင်းခံနိုင်အောင် လုပ်နိုင်တယ်လို့ ပြောပေမယ့်လည်း ငလျင်က အဲဒီထက် မပြင်းဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ“ ဟု သူက ဆိုသည်။

ယခုဖြစ်ရပ်သည် ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းပင်လယ်ကွေ့ရှိ ဘန်ကောက်နှင့် မြန်မာနိုင်ငံ ရတနာလုပ်ကွက်တို့မှ သဘာဝဓာတ်ငွေ့ ထုတ်လွှတ်မှုအတွင်း ဖြစ်ပွားခဲ့သော မတော်တဆမှု၏ နောက်ဆက်တွဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု ရပ်သွားသဖြင့် ထိုင်းနိုင်ငံအနောက်ပိုင်းတွင် စွမ်းအင်ပြတ်တောက် မသွားစေရန် (Eegat) က မြန်မာနယ်စပ်နှင့်ကပ်နေသော ကချနာဘူရီ ခရိုင်ရှိ ဆရီနာကာရင်ဆည်မှ ရေများကို စွမ်းအင်ထုတ်လုပ်နိုင်ရန်အတွက် လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရ၍ ဒေသတွင်းရှိ ကျေးရွာပေါင်း ရာနှင့်ချီကာ ထိခိုက်ခဲ့ရသည်။

ထိုင်းဝန်ကြီးအဖွဲ့အား နည်းပညာပြဿနာကြောင့် ထိုသို့ဖြစ်ခဲ့ရသည်ဟု အစီရင်ခံခဲ့ကာ ဝန်ကြီးအဖွဲ့ကလည်း ထိုသို့ပင် လက်ခံခဲ့သည်။

မောင်းခရိုင်အတွင်းရှိ ကျေးရွာ ၈ ရွာနှင့် အပန်းဖြေဟိုတယ် ၃ လုံးအပါအဝင် အပျော်စီး လှေလုပ်ငန်း အနည်းငယ်နှင့် စိုက်ပျိုးမြေများ ရေလွှမ်းမိုးထိခိုက်ခဲ့ရသည်။

ဆရီနာကာရင်ဆည်မှ ရေများ ရုတ်တရက် စီးထွက်လာမှုကို စစ်ဆေးနိုင်ရန်အတွက် ကော်မတီတရပ် ဖွဲ့စည်းထားကြသည်။

ဒုတိယအမြဲတမ်း အတွင်းရေးမှူး နော်ခမ်စစ်သီဖွန်းက ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး စုံစမ်းရန် ၇ ရက် အချိန်ပေးထားကာ အစီရင်ခံစာ တင်ပြရမည်ဖြစ်သည်။

“ကော်မတီက ရေတွေကို ဘာကြောင့် ဖွင့်ချခဲ့ရတယ်ဆိုတာနဲ့ ဆုံးဖြတ်ချက်ဟာ သင့်တော်မတော်ဆိုတာကို ဖော်ထုတ်မှာ ဖြစ်ပါတယ်။ သူတို့ဟာ ကာကွယ်ရေးစနစ်တွေပါ တပါထဲ ရှာဖွေပြီး ဖော်ပြရမှာ ဖြစ်ပါတယ်“ ဟု သူက မြေငလျင်ကြောင့် ရေကာတာမှ ရေကြီးရသည်ဆိုသော အချက်ကို ငြင်းဆိုရင်း ပြောသွားသည်။

အတိုက်အခံများက အဝါရောင် လှုပ်ရှားမှုစတင် Print E-mail
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 26 ရက် 2009 ခုနှစ် 20 နာရီ 01 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ရန်ကုန်ရှိ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၁၀ ဦးက အဝါရောင် လှုပ်ရှားမှုတခုကို ယမန်နေ့မှ စတင်လိုက်ပြီး လွန်ခဲ့သော ၂ နှစ်က စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့သည့် မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြရာတွင် ပါဝင်ခဲ့သော သံဃာတော်များကို ဂုဏ်ပြုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ်နီးပါး ရွှေတိဂုံဘုရားတွင် ဘုရားရှိခိုး ဆုတောင်းမှုပြုသည့် အင်္ဂါနေ့ဝတ်ပြု အဖွဲ့မှ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများသည် အဝါရောင်သင်္ကေတများ ဝတ်ဆင်ကာ ဝတ်ပြုဆုတောင်းခဲ့ခြင်း ဖြစ်သည်။

“အခုဆိုလို့ရှိရင် စက်တင်ဘာက နီးလာပြီဆိုတော့လေ။ အင်္ဂါဝတ်ပြု ဆုတောင်းအသင်းက ရွှေဝါရောင် တော်လှန်းရေးရဲ့ သင်္ကေတဖြစ်တဲ့ အဝါရောင် ခေါင်းစည်း၊ ဆံထိုး၊ ပန်း၊ အင်္ကျီတွေဝတ်ပြီး ရွှေတိဂုံစေတီမှာ တက်ရောက်ဆုတောင်းခဲ့ကြတယ်” ဟု ဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ ဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။

လူစုလူဝေးဖြစ်လာနိုင်ခြေရှိသော အတိုက်အခံများ၏ လှုပ်ရှားမှုမှန်သမျှကို ဒေါက်ထောက်ကြည့်ပြီး သီးခံနိုင်စွမ်းနည်းသည့် စစ်အစိုးရလက်အောက်တွင် ယခုလုပ်ရပ်မှာ စိန်ခေါ်မှုတခု ဖြစ်နေသည်။

နိုင်ငံရေးအမှတ်အသားဖြင့် စုဝေးကာ ဘုရားရှိခိုးသူများက လာမည့်လ ၂၅ ရက်နေ့အထိ အင်္ဂါနေ့များတွင် အဝါရောင်များ ဝတ်ဆင်ကာ ဝတ်ပြုပွဲများ ကျင်းပသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

ဒေါ်နော်အုန်းလှက “ရန်ကုန်က စလုပ်တယ်။ နယ်တွေလည်း အားလုံး ပါဝင်နိုင်တယ်။ ဒါတွေ ဝတ်ဆင်လို့၊ သုံးဆောင်လို့ ဘာမှလုပ်လို့မယ့်အရာ မဟုတ်ဘူးလေ။ ပါဝင်လာကြဖို့လည်း မေတ္တာရပ်ခံတယ်။ ကိုယ့်ဘာသာ၊ သာသနာကို မမေ့ဖို့ ဆိုတာကိုလည်း ပြောချင်တယ်” ဟု ပြောသည်။

ထောင်ပေါင်းများစွာသော သံဃာတော်များသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၏ လမ်းမများပေါ်၌ ကြွချီ၍ မေတ္တာပို့ဆုတောင်းသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP အဆိုအရ ဆန္ဒပြမှုနှင့်ပတ်သက်၍ သံဃာတော် ၂၀၀ ကျော် အဖမ်းခံရသည်ဟု ဆိုသည်။

သံဃာတော်များအပါအဝင် လူ ၁ဝ ဦးသာ သေဆုံးပျံလွန်ခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ သို့သော် သေဆုံးသူမှာ အဆများစွာ ပိုနိုင်ကြောင်း အတိုက်အခံများက ပြောသည်။

အလားတူလှုပ်ရှားမှုတခုကို ယမန်နေ့ကပင် မန္တလေးမြို့၊ မိတ္ထီလာ၊ ရမည်းသင်း၊ ရေနံချောင်းနှင့် ပဲခူးမြို့တွင် တက်ကြွလှုပ်ရှားသူများက ဒေါ်အာင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

ဒေါ်နော်အုန်းလှ ဦးဆောင်သည့် အင်္ဂါ ဝတ်ပြုဆုတောင်းအဖွဲ့က ကုသိုလ်ပြုသည့် ဘုန်းကြီးကျောင်းတိုက်များကို ဒေသအာဏာပိုင်များက လိုက်လံပိတ်ပင်ရန် ကြိုးစားခဲ့သည်ဟု စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူကာ တိုင်ကြားစာ ပေးပို့တိုင်ကြားထားကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် လေးတောင့်ကန် ရပ်ကွက်မှ ရွာဦးဘုန်းကြီးကျောင်း၌ အဖွဲ့က ဆွမ်းကပ်တရားနာသဖြင့် မြို့နယ်အာဏာပိုင်များက ကျောင်းတိုက်ချိတ်ပိတ်ခံရနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု စာထဲတွင် ပါရှိသည်။

ထို့အပြင် သြဂုတ်လ ၈ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်း မကွေး စာသင်တိုက်၌ အင်္ဂါဝတ်ပြုအဖွဲ့က အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြန်ရာ အလားတူပြောဆိုခဲ့သည်ဟု ဆက်လက်ရေးသားထားသည်။

စိတ်ကြွဆေးပြား သုံးသန်းခန့်နှင့် ဘိန်းဖြူများ ဖမ်းမိခဲ့ဟု စစ်အစိုးရ ထုတ်ပြန် Print E-mail
ဖိုးဇော်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 26 ရက် 2009 ခုနှစ် 19 နာရီ 26 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့အနီးတွင် ဘိန်းဖြူ၊ ဘိန်းဖြူဘလောက်တုံးများ အပါအဝင် စိတ်ကြွဆေးပြား သုံးသန်းနီးပါးကို သြဂုတ်လ ၂၄ ရက်နေ့၌ ဖမ်းဆီးရမိခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်လိုက်သည်။

တာချီလိတ် မူးယစ်အဖွဲ့မှ တာဝန်ရှိသူများက ဟောင်လိတ်ကျေးရွာအုပ်စု ဝမ်လိနှင့် ဝမ်လုံရွာတို့မှ နေအိမ်နှစ်အိမ်မှ သီးခြားစီ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု သတင်းစာတွင် ပါရှိသည်။

ရှေးဦးစွာရှာသော နေအိမ်မှ ပန်းရောင် စိတ်ကြွဆေးပြား ၉၆၄ဝဝဝ၊ ဘိန်းဖြူဘလောက်တုံး ၁၀၂ တုံး၊ ဘိန်းဖြူမှုန့် ၂၁ ကီလိုဂရမ်တို့ကို သိမ်းဆည်းမိခဲ့သည်ဟု ဖော်ပြသည်။ ထို့အပြင် MADSEN တံဆိပ်ပါ သေနတ်အရှည် တလက်၊ STEYR M9-41 အမျိုးအစား ပစ္စတိုတစ်လက်၊ ၉ မမ လူဂါ ကျည် ၁၀၈ တောင့်တို့ ဖမ်းဆီးရမိကြောင်ုး စစ်အစိုးရ ထိန်းချုပ်ထားသော သတင်းစာက ရေးသားထားသည်။

စိုင်းဝင်းနိုင်(ခ) အားဖင် (၃၀ နှစ်)၊ အားယောင် (၂၉ နှစ်)၊ အားပေါင်း (ခ) သန်းဦး (၁၈ နှစ်)၊ မအားရှင် (၃၀ နှစ်) တို့ ၄ ဦးအား ဖမ်းဆီး စစ်ဆေးလျက် ရှိသည်ဟု ပါရှိသည်။

စစ်ဆေးချက်အရ ဟောင်လိတ် အုပ်စုဝင်ပင်ဖြစ်သော ဝမ်လုံရွာရှိ နေအိမ် တအိမ်အား ထပ်မံရှာဖွေရာ ဘိန်းဖြူ ဘလောက်တုံး ၂ တုံး၊ စိတ်ကြွဆေးပြား ၁၉ သိန်း ၆ သောင်းကျော်နှင့် Ice အိုင့် မူးယစ်ဆေး ၁၀ ကီလိုတို့ ထပ်မံ ဖမ်းမိခဲ့ကြောင်း ဆက်လက် ဖော်ပြသည်။

မြန်မာ့အလင်း သတင်းစာ၌ ဘိန်းဖြူဘလောက်တုံး စုစုပေါင်း ၁၀၄ တုံးဖမ်းမိပြီး နှစ်တုံးထဲတွင်ပင် အလေးချိန် အလေးချိန် ကီလိုဂရမ် ၇၀၀ ကျော်ဟု ဖော်ပြထားသော်လည်း မဇ္ဈိမသို့ သီးခြား သတင်းပေးပို့သော အာဏာပိုင်များနှင့် နီးစပ်သည့် မြို့ခံတဦး ကမူ သတင်းစာက မှားယွင်းစွာ ရေးသား ဖော်ပြထားခြင်း ဖြစ်ပြီး အမှန်တကယ်မှာမူ ဘလောက်တတုံးလျင် ၃၅၀ ဂရမ်သာ ရှိကြောင်းပြောသည်။

ထို့အပြင် အဆိုပါမြို့ခံ၏ အပြောအရ ဟောင်လိတ်ကျေးရွာအုပ်စု တော်ကော့ (အပြင်) ရွာရှိ အိုက်ခွက်ဆိုသူ၏ နေအိမ်သို့ ယင်းနေ့ ညနေ ၄ နာရီတွင် ဆက်လက်သွားရောက် ရှာဖွေရာ Ice အိုင့် မူးယစ်ဆေးအမှုန့် ၂၄ ဂရမ် တွေ့ရှိခဲ့သည်ဟု ပြောသည်။ သို့သော် တဦးတယောက်မျှ ဖမ်းဆီးရမိခြင်းမရှိဟု ဆိုသည်။

တာချီလိတ် ရဲစခန်းက မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ရှိသည်ဟု အတည်ပြုသော်လည်း ၎င်းတို့ထံတွင် အမှုဖွင့်ထားခြင်း မရှိ သဖြင့် အသေးစိတ် မသိကြောင်း ပြောသည်။

ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်မြို့ တာချီလိတ်တွင် ယခုလ အစောပိုင်းကလည်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

ကိုးကန့်ခေါင်းဆောင် ၀ နယ်မြေသို့ ၀င်ရောက်ခိုလှုံ
Wednesday, 26 August 2009 19:20 ရန်ပိုင်
E-mail Print
ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ကြောင်းနှင့် ခေါင်းဆောင်ဟောင်း ဦးဖုန်ကျားရှင် သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက်သို့ ရှောင်တိမ်းသွားကြောင်း သိရသည်။

ပုံကြီးချဲ့ကြည့်ရန်
[မူဆယ်မြို့ အရှေ့တောင်ဘက် တရုတ်မြန်မာ နယ်စပ်ရှိ ကိုးကန့်တပ်ဖွဲ့များနှင့် စစ်အစိုးရ တပ်များ အကြား စစ်ရေးတင်းမာ နေသော ဧရိယာအား မြေပုံတွင် မြှားအနီရောင်ဖြင့် ညွှန်ပြထားသည် (Map created by Transnational Institute)]

မူဆယ်မြို့ အရှေ့တောင်ဘက် တရုတ်မြန်မာ နယ်စပ်ရှိ ကိုးကန့်တပ်ဖွဲ့များနှင့် စစ်အစိုးရ တပ်များ အကြား စစ်ရေးတင်းမာ နေသော ဧရိယာအား မြေပုံတွင် မြှားအနီရောင်ဖြင့် ညွှန်ပြထားသည် (Map created by Transnational Institute)

အာဏာသိမ်းခံရသူ ဦးဖုန်ကျားရှင်က ၀ တိုင်းရင်းသား တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေသို့ ခိုလှုံသွားသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစာမှ အယ်ဒီတာတဦးဖြစ်သူ ဦးစိန်ကြည်က ပြောသည်။

“ဒီနေ့မနက် ၇ နာရီလောက်မှာ ကိုးကန့်ကား ၈ စီး၊ တရုတ်ကား ၁ စီး၊ ၀ ကား ၁ စီး နမ့်တင်ချောင်းကို ကူးလာပြီးတော့ ၀ တပ်မဟာ ၃၁၈ ကို ရောက်လာတယ်၊ နံပါတ်ပြား ဖြုတ်ထား တယ် ”ဟု ဦးစိန်ကြည်က ပြောပြသည်။

အာဏသိမ်းခေါင်းဆောင်မှာ ဒု ဥက္ကဋ္ဌ တာဝန် ယူခဲ့သူ ပယ်စောက်ချိန် ဖြစ်ပြီး ၎င်းနှင့် ကိုးကန့် ခေါင်းဆောင်ဟောင်း တဦး ဖြစ်သော ဦးရန်မိုးလျံ တို့ ပူးပေါင်းကာ ဗဟိုကော်မတီကို ပြန်လည် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဦးရန်မိုးလျံ သည် ကိုးကန့် ခွဲထွက် အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သော အဖွဲ့ အတွင်း အာဏာ လုမှုတွင် အရေးနိမ့်သဖြင့် ခွဲထွက်သွားပြီး လားရှိုးမြို့တွင် သွားရောက် နေထိုင်ခဲ့သူဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းမှု အပြီးတွင် မြန်မာ့ တပ်မတော် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်လည်း ကိုးကန့် တို့၏ နယ်မြေဖြစ်သည့် လောက်ကိုင်မြို့သို့ ရောက်ရှိနေကြောင်း ဦးစိန်ကြည်က ပြောသည်။

ယခုအခါ စစ်အစိုးရတပ်များသည် ကိုးကန့်ဒေသ တခုလုံးကို ထိန်းချုပ်ရန် အတွက် တပ်များ ဖြန့်ချထားသည်ဟု သိရသည်။

“ချင်းရွှေဟော်၊ တာရွှေထန်၊ လောက်ကိုင် မြို့ကြီးတွေကို ချုပ်ကိုင်နိုင်ရင် ပြီးပြီ။ ဖုန်ကျားရှင်အဖွဲ့ တောင်ပေါ်မှာနေလည်း နအဖက ဂရုစိုက်မှာ မဟုတ်ဘူး”ဟု ဦးစိန်ကြည်က သုံးသပ်သည်။

တရုတ် မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း တရုတ် မြန်မာ နယ်စပ်ရှိ အပစ်ရပ် အဖွဲ့များ အနက် အားနည်းသော လက်နက်ကိုင် အဖွဲ့များကိုသာ စစ်အစိုးရက ရွေးပြီး ဖြိုခွဲနေခြင်းဖြစ်သည်ဟု သုံးသပ် ပြောကြားသည်။

“အခုအဖွဲ့တွေထဲမှာ ကိုးကန့်က အား အနည်းဆုံး ဖြစ်တယ်။ သူတို့တတွေက တရုတ်ပြည် လင်ချန်နယ်က လာတာ။ အများစုက တရုတ်လူမျိုးတွေ ဖြစ်တယ်။ ခေါင်းဆောင်ပိုင်းမှာ မိသားစုအလိုက် စီးပွားရေး ပြိုင်ဆိုင်မှုတွေ ရှိတယ်။ အဲ့ဒါ အားနည်းချက်ပဲ” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်နေမှု၊ မိသားစု အနွယ်ဝင်များကသာ အာဏာကို ချုပ်ကိုင်ထားမှုများသည် ကိုးကန့် နှင့် ၀ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ၏ အားနည်းချက် ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ်သည်။

[ကိုးကန့် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - shanstateforum)]

ကိုးကန့် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - shanstateforum)
“ကိုးကန့် အများစုက ဘိန်းနဲ့ ပတ်သက်တယ်။ သူ့ဒေသထွက်ဖြစ်တယ်။ ကိုးကန့် ခေါင်းဆောင်ပိုင်းမှာ နှစ်၂၀ အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ကိစ္စ၊ သစ်ကိစ္စ တို့ ဥပဒေနဲ့ မလွတ်တဲ့ ကိစ္စတွေ ရှိတယ်။ အစိုးရကလည်း တမင် လွှတ်ထားတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

မကြာသေးမီက ကိုးကန့်၊ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ၊ မိုင်းလား အဖွဲ့ နှင့် ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ တို့ ပူးပေါင်းပြီး စစ်ရေးမဟာမိတ် အဖွဲ့ ဖွဲ့စည်းခဲ့သည်။ ထိုမဟာမိတ် အဖွဲ့သည်လည်း ယခု ကိုးကန့် အမျိုးသား အချင်းချင်း ကြားတွင် ဖြစ်ပွားနေသော ပြဿနာကို ၀င်ရောက် စွက်ဖက်နိုင်ခြင်း မရှိဟု သိရသည်။

စစ်အစိုးရက ကိုးကန့် အဖွဲ့ကို ဖြိုခွဲခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် မိုင်းလား အထူး ဒေသ နှင့် ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ကိုလည်း ဆက်လက်ပြီး ဖြိုခွဲနိုင်သည်ဟု သျှမ်းသံတော်ဆင့်မှ ဦးစိန်ကြည်က ယူဆနေသည်။

“ကိုးကန့်ကို ကောင်းကောင်း ထိန်းနိုင်ပြီ ဆိုရင်၊ မိုင်းလားကို လှည့်မယ်ကြားတယ်၊ ပြီးရင် သံလွင် အရှေ့ဘက်ကမ်း မြောက်ပိုင်း SSA လာမယ်၊ ၀ နယ်ကို ညှပ်ထားလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ကိုးကန့်ဒေသသည် ၀ နယ်မြေ၏ မြောက်ဘက်တွင် ရှိပြီး၊ မိုင်းလား အထူးဒေသသည် တောင်ဘက်တွင် ရှိသည်။

အာဏာသိမ်းမှုကြောင့် တရုတ်-မြန်မာ နယ်စပ်တွင်လည်း တရုတ်စစ်တပ်များ အင်းအားတိုးချဲ့ပြီး နေရာယူထားသည်ဟု သိရသည်။ လောက်ကိုင်မြို့နေ လူ တသောင်း ကျော်သည် တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားကြောင်း သတင်း ရရှိသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကျားရှင်၏ အိမ်တွင် လက်နက်စက်ရုံရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်များအဖြစ် အသွင် ကူးပြောင်းရန် အတွက် စစ်အစိုးရက လက်နက်ကိုင် တိုက်ပွဲများဖြင့် ဖိအားပေးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း၊ အနာဂတ်တွင် ထိုအဖွဲ့များကို မူးယစ်ဆေးဝါး၊ လက်နက် ကိစ္စတို့ဖြင့်သာ အရေးယူလာဖွယ် ရှိကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။

သူပုန်အားပေးဆိုကာ အိမ် ၃၀၀ ကျော် စစ်တပ်က မီးရှို့(ရုပ်သံသတင်း)
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 26 ရက် 2009 ခုနှစ် 15 နာရီ 21 မိနစ်



သပိတ်မှောက်ကံဆောင်ရန် သံဃာ့တပ်ပေါင်းစု နှိုးဆော်
Wednesday, 26 August 2009 19:50 ဧရာဝတီ
E-mail Print
သံဃာ့လှုပ်ရှားမှု နှစ်နှစ်ပြည့် ကာလအတွင်း စစ်အစိုးရကို ဆန့်ကျင်သည့် သပိတ်မှောက် ကံဆောင်ရန် အတွက် နိုင်ငံတကာရောက် ဗုဒ္ဓဘာသာ သံဃာတော်များ အပါအဝင် မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုက ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။

စစ်အစိုးရဘက်က ဖိနှိပ်မှု ကြီးမားလွန်းသည့်အတွက် ဤကဲ့သို့ သံဃာတော်များ၏ သပိတ်မှောက်ကံဆောင် မှု အမှန်တကယ်ဖြစ်ပေါ်နိုင်ခြင်း ရှိ မရှိ ကို လေ့လာသူများကလည်း ဝေဖန်ဆန်းစစ်မှုများ ရှိနေသည်။

သံဃာ့တပ်ပေါင်းစု အဖွဲ့ကမူ စစ်အစိုးရအနေနှင့် ၂၀၀၇ ခုနှစ်တွင် သံဃာထုအပေါ်ဖိနှိပ်ခဲ့မှုများအား တောင်း ပန် ၀န်ချခြင်းမပြုပါက တတိယ အကြိမ် သပိတ်ဆင်နွှဲရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးတို့တွင် သံဃာ လှုပ်ရှားမှု အဖွဲ့ခွဲများ တိုးချဲ့ဖွဲ့စည်း၍ ပတ္တနိက္ကုဇ္ဇန ကံဆောင် ရန်လှုပ်ရှားမည်ဟု သိရသည်။

ရဟန်းပျိုများသမဂ္ဂနှင့် သံဃသာမဂ္ဂီအဖွဲ့တို့က ပူးပေါင်းဖွဲ့စည်းထားသည့် သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲများအား ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဖွဲ့စည်းထားပြီး အခြား ပြည်နယ်နှင့်တိုင်းများတွင်လည်း ထပ်မံဖွဲ့စည်းရန်ကြိုးပမ်းနေသည်ဟု သံဃာ့ တပ်ပေါင်းစု အဖွဲ့ကဆိုသည်။

ပြည်ပ အခြေစိုက် သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာတာဝန်ခံ ဆရာတော် ဦးဣဿရိယ က " ဦးပဉ္ဇင်းတို့ ပြောမှာကသံဃာနဲ့ သာသနာကိစ္စ။ ဒါကိုဘာနဲ့မှလှည့်ဖျားလို့မရဘူး။ တောင်းပန်သလိုလို၊ ခြိမ်းခြောက် သလိုလို အပြုအမှုတွေနဲ့ ဆိုရင်တော့ (နအဖ)စစ်အုပ်စု နဲ့သံဃာထုတွင်မက မြန်မာနိုင်ငံသားအားလုံးနဲ့ ထိပ်တိုက်တွေ့မှာသေချာပါ တယ်။ ဒီတစ်ခါ တတိယအကြိမ်သပိတ်သည် လုံးဝနောက်မဆုတ်ဘဲ အောင်မြင် သည်အထိ အဆင့်ဆင့် တိုက်ပွဲဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ဧရာဝတီသို့ မိန့်ကြားသည်။

လာမည့် အောက်တိုဘာ ၂ ရက်နေ့နောက်ဆုံးထား၍ စစ်အစိုးရက သံဃာထုကို တောင်းပန်ရန်နှင့် ထိုသို့မပြု ပါက အောက်တိုဘာ ၃၀ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာလှုပ်ရှားမှုများနှင့် လှုပ်ရှားတောင်းဆိုသွားမည် ဟု ဆိုသည်။

ပြည်တွင်းမှ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော်တပါးကလည်း"အခုထိ ကံဆောင်ထားတဲ့ သံဃာတွေရှိ နေသေးတယ်။ ဒါကို နအဖ သိအောင် လုပ်ဖို့လိုတယ်။ ကမ္ဘာကိုလည်း မြန်မာပြည်အခြေအနေကို သိအောင် လုပ်ဖို့လိုတယ်။ အခုတည်းက အဖွဲ့ခွဲတွေနဲ့ စလုပ်နေပြီ။ တရားမျှတတဲ့အစိုးရ တင်မြှောက်ဖို့ ဦးပဉ္ဇင်းတို့ခေါင်း မြေမှာကျပါစေ ဒကာတွေ ဒကာမတွေအကျိုးအတွက် သံဃာတွေက ဦးဆောင်မယ်"ဟု မိန့်ဆိုသည်။

စစ်အစိုးရက အကျဉ်းကျခံနေရသော သံဃာတော်များကို ပြန်လွှတ်ပေးရန်၊ သံဃာတော်များအပေါ် ပြုမူထား သည်များကို ပြန်လည်ဝန်ချ တောင်းပန်ရန်တို့ကို သံဃတပ်ပေါင်းစုမှ ထုတ်ပြန်ကြေညာထားသည်။

"မြတ်စွာဘုရားရှင်ချမှတ်ထားတဲ့ ၀ိနည်းဥပဒေအတိုင်း သံဃာတော်များအားလုံး စည်းဝေးတိုင်ပင် လုပ် ဆောင် ထားတာဖြစ်တဲ့အတွက် သံဃာစစ်သံဃာမှန်ရင် အားလုံးလိုက်နာရမှာဖြစ်ပါတယ်။ မြတ်စွာဘုရား ချမှတ်ထားတဲ့ ဥပဒေကိုမလိုက်နာပဲ အကျင့်ပျက် န အ ဖ စစ်အုပ်စုနဲ့ပေါင်းသင်းမယ် ဆိုရင်အဲဒီသံဃာကို ပကာသနီယကံပြုကာသာသနာတော်မှကျဉ်ဖယ်ပြစ်မှာဖြစ်ပါတယ်။ တရားဝင် ဘွဲ့အမည် မိဘအမည် ကျောင်းတိုက်အမည် ရပ်ရွာအမည် ရေးသားထုတ်ဝေ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဦးပဉ္ဇင်းတို့မှာ ရွေးချယ်စရာ လမ်းမရှိဘူးဆိုရင်တော့ ဒီလိုဘဲအဖြေရအောင် ထုတ်ယူသွားမယ်၊ သာသနာကို အသက်ပေး ဘ၀ပေးပြီး ကာကွယ်သွားမယ်"ဟု အထက်ပါ ဆရာတော်က ဆက်မိန့်သည်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နီးလာသည်နှင့်အမျှ သံဃာထုအပေါ် စောင့်ကြည့်ခြင်းများ၊ လုံခြုံရေးတင်းကြပ်ခြင်းများရှိနေသော်လည်း သံဃာထုမှ ချမှတ်ထားသော လုပ်ဆောင်ချက်များကို အောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု သံဃာတော်များက ဆိုသည်။

အမေရိကန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ သာသနာ့မောဠိအဖွဲ့မှ အရှင်စန္ဒောဘာသ ကလည်း“ရွှေဝါရောင် ၂ နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ် အနေနဲ့ နယူးယောက်မှာ စက်မှုထိပ်သီး နိုင်ငံ ၂၀ က ခေါင်းဆောင် တွေ စည်းဝေးတဲ့အချိန် လာမယ့် စက်တင်ဘာ ၂၄ ရက်ကနေ ၂၆ ရက်အထိ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြဖို့ တနင်္လာနေ့က ကြေညာထားပါတယ်”ဟု မိန့်ဆိုသည်။

“စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက် ပြည်သူတရပ်လုံးနဲ့ အားလုံးသော အဖွဲ့အစည်းတွေ ပူးပေါင်း လုပ် ဆောင်ဖို့ လိုပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ရွှေဝါရောင်တော်လှန်ရေးအား စစ် အစိုးရ က အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ရန်ကုန်မြို့ရှိ မဂ္ဂင် ကျောင်း၊ ငွေကြာယံကျောင်းများကို ဝင်ရောက် စီးနင်း၍ ပိတ်ပင်ခဲ့သည်။ ရာနှင့်ချီသော သံဃာတော်များမှာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး သံဃာတချို့ကို ထောင်သွင်း အကျဉ်းချခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးသည် ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်သည့် လောင်စာဆီ ဈေးနှုန်း အဆမတန်မြှင့်တင်မှုကျဆင်းရေး လမ်းလျှောက်ဆန္ဒပြပွဲမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထို၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ မေတ္တာပို့ရွတ်ဆို လမ်းလျှောက်သည့် သံဃာတော် အပါး ၅၀၀ ခန့်ကို စစ်တပ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသောကြောင့် သံဃာတော် ၁၀ ပါး ခန့် ဖမ်းဆီးခံ ခဲ့ရပြီး သံဃာ တချို့ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတပါး ရိုက်နှက် ခံရသည့်ဒဏ်ရာဖြင့် ဆေးရုံတင်ခဲ့ရ သည်။

ယင်းသို့ သံဃာတော်များကို အင်အားသုံး၍ အကြမ်းဖက်ဖြိုခွဲခဲ့သည့် စစ်အစိုးရက ယင်းလုပ်ရပ်အား မတောင်းပန်သောကြောင့် နိုင်ငံတ၀န်းရှိ သံဃာတော်များက ထိုအချိန်မှ စ၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့ကြ ခြင်း ဖြစ်သည်။

စစ်အစိုးရ အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ ဆွမ်း အစရှိသည့် လှူဖွယ် ဝတ္ထုများကို သံဃာတော်များက ငြင်းပယ်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းအား ၁၉၉၀ ခုနှစ်က ပထမအကြိမ် အဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် ကိုစိုးနှင့် ဇာနည်မာန် ပူးပေါင်းရေးသားသည်။


တာချီလိတ်တွင် မူးယစ်ဆေးဝါး အမြောက်အမြားဖမ်းမိ
Wednesday, 26 August 2009 16:15 သန်းထိုက်ဦး
E-mail Print
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရာဘ (ခေါ်) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြားများ အပါဝင် ဘိန်းဖြူအ မှုန့် နှင့် ဘိန်းဖြူ ဘလောက်တုံးများကို တနင်္လာနေ့က တရားခံနှင့် အတူ ဖမ်းဆီးမိခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

တာချီလိတ်မြို့နယ်ရှိ ၀မ်လိကျေးရွာမှ နေအိမ်တအိမ်ကို ၀င်ရောက်စစ်ဆေးရာမှ ၎င်း တရားခံများနှင့်အတူ စိတ် ကြွဆေးပြား ၉၆၄၀၀၀ ၊ ဘိန်းဖြူမှုန့် ၂၁ ကီလိုနှင့် ဘိန်းဖြူ ဘလောက်တုံး ၁၀၂ တုံး တို့ကိုဖမ်းဆီးရမိခဲ့ ခြင်းဖြစ် သည်။

၎င်း အပြင် ဖမ်းမိထားသော တရားခံ စိုင်းဝင်းနိုင် ( ခ ) အားဖင်၏ ထွက်ဆိုချက်အရ ၀မ်းလုံကျေးရွာ အမှတ် ၂၁၂ နေအိမ်သို့ ဆက်လက်ရှာဖွေမှုပြုလုပ်ခဲ့ရာ စိတ်ကြွဆေးပြား ၁၉၆၂၀၀၀ ၊ ဘိန်းဖြူ ဘလောက်တုံးများကိုပါ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ၎င်း သတင်းစာတွင် ဖော်ပြထားသည်။

သေနတ်အရှည်တလက် ၊ ပစ္စတို နှင့် ကျည်ဆန်တချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။ ၎င်း ဖမ်းမိထားသော တရားခံများကို စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိရန်အတွက် ဆက်လက် စုံစမ်းနေ ကြောင်း သိရှိရသည်။

ရဲနှင့် နီးစပ်သူ ဒေသခံ တဦးအဆိုရ ဖမ်းမိခံရသော တရားခံများသည် တရုတ်လူမျိုးများဖြစ်သည်ဟု ဆိုသည်။

တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေး ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး တာချီလိတ်ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတဦးက ဟုတ်မှန်သည်ဟု အတည်ပြုပြောသည်။ အသေးစိတ်ကိုမူ ဖြေကြားခြင်း မရှိပေ။

အဆိုပါ ဖမ်းမိထားသော မှုးယစ်ဆေးဝါး၏ တန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် မြန်မာ ကျပ်ငွေ သန်း ၂ သောင်းကျော် ရှိပြီး အမေရိကန် ဒေါ်လာဖြင့် သန်း၂၀ ခန့်ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ဇူလိုင်လကုန်အတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မှ တာချီလိတ်မြို့ လွယ်တော်ခမ်း ကျေးရွာ အနီးတွင် မိုင်းဆတ် ဘက် မှ မောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးပေါ်တွင် စိတ်ကြွဆေးပြား၂ သိန်းခန့်ကိုလည်း ဖမ်းဆီးမိခဲ့သေးသည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ရောင်းချမှုများလည်း ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ယင်း ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို အာရှတွင် အမြောက်အမြား ကျယ်ပြန့်စွာ ထုတ်လုပ်နေသည့် အဖွဲ့ တဖွဲ့ဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကဆို သည်။

တချိန်တည်းတွင်ပင် မြန်မာအာဏာပိုင်များကလည်း မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးနေသူဖြစ်ပြီး ၎င်းမှာ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလို ရှိနေသူ ဖြစ်သည်။

နာဂစ်ဒေသ မိဘမဲ့ကလေးများ အကူအညီလိုအပ်နေ
Wednesday, 26 August 2009 15:27 ဧရာဝတီ
E-mail Print
နာဂစ်မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ် ဒေသတွင် မိဘမဲ့ကလေးငယ် အများအပြားရှိနေပြီး ၎င်းတို့၏ ပညာရေး အပါအ၀င် အနာဂတ် ဘ၀ရှင်သန်ရေး အကူအညီများစွာ လိုအပ်လျက်ရှိ ကြောင်း သတင်းရရှိသည်။

[ဆားချက်ကျေးရွာက မိဘမဲ့ကလေးငယ်များ (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)] ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ်မုန်တိုင်းကြောင့် မိဘဆွေမျိုးများ သေဆုံးပြီး အုပ်ထိန်းသူမဲ့နေသော ကလေးငယ်များ ရှိသကဲ့သို့ မုန်တိုင်း မတိုက်မီကပင် မိဘဆွေမျိုးများမရှိဘဲ ရုန်းကန် နေရသော မိဘမဲ့ကလေး အများအပြားရှိ နေသည်ဟု သိရသည်။

ထိုအုပ်ထိန်းသူမဲ့ ကလေးငယ်အများစုသည် နီးစပ်ရာ ဒေသခံများထံတွင် ခိုလှုံပြီး ပညာဆက်လက်သင်ယူ နိုင်ခြင်းမရှိဘဲ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရကြောင်း ဘိုကလေးမြို့နယ် သဲချောင်း ကျေးရွာမှ ကျေးရွာလူကြီးတဦးက ပြောသည်။

“ဒီကလေးတွေက ၀မ်းရေးအတွက် ကိုယ်ဝမ်းကိုယ်ကျောင်း ရှာစားနေရတယ်”ဟု ၎င်းက ဆိုသည်။

လူဦးရေ ၄၀၀ နီးပါးရှိသော သဲချောင်း ကျေးရွာတွင် မိဘမဲ့ကလေး ၂၀ ကျော်ရှိနေပြီး ကြုံရာကျပန်းလုပ်ကိုင် စားသောက် နေရသည့်အတွက် ထိုကလေးငယ်များ၏ အနာဂတ်အရေးမှာ မရေမရာ ဖြစ်နေသည်ဟု လည်း သဲချောင်းရွာလူကြီးက ပြောသည်။

“ဒီကလေးတွေကို ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေလည်းမရှိဘူး။ ကျေးရွာကလည်း ဆင်းရဲတော့ ဘာမှ မထောက်ပံ့နိုင်ဘူး။ သူတို့ကို ပြောဆိုဆုံးမရုံကလွဲရင် ဘာဆိုဘာမှ လုပ်မပေးနိုင်ဘူး”ဟု ထိုကျေးရွာလူကြီး က ရှင်းပြသည်။

အထူးသဖြင့် သွားလာရခက်ခဲသော မုန်တိုင်းသင့်ကျေးရွာများတွင် မိဘမဲ့ကလေးအရေအတွက် အများ အပြား ရှိနေလင့်ကစား ကုလသမဂ္ဂအပါအ၀င် အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများက ထိုအုပ်ထိန်း သူမဲ့ ကလေးများကို ထိရောက်သည့် အကူအညီများမပေးနိုင်ဟု ဘိုကလေးမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာဝန်ထမ်းတဦးက ပြောသည်။

“အစိုးရက ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် အကူအညီတွေဆက်ပေးဖို့ခက်ခဲလာတယ်။ မိဘမဲ့ ကလေး တွေအရေးထက် ကျေးရွာတွေ ပြန်လည်ထူထောင်အခြေကျလာဖို့တောင်မှ အဖွဲ့အစည်းတွေက တော်တော် လုပ်ယူနေရတယ်”ဟု ထိုမြန်မာဝန်ထမ်းက ဆိုသည်။

နာဂစ်မုန်တိုင်းဒဏ်အဆိုးရွားဆုံးခံခဲ့ရသော လပွတ္တာမြို့နယ်တွင်လည်း မိဘမဲ့ကလေး အများအပြားရှိနေ သည် ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“အဖေရော၊ အမေရော မရှိတဲ့ကလေးတွေ တော်တော်များတယ်။ ဒီကလေးတွေက သူတို့ရဲ့ဆွေမျိုး သားချင်း ဒါမှမဟုတ် ရပ်ဆွေရပ်မျိုးလိုဖြစ်နေတဲ့ ရွာသူရွာသားတွေဆီမှာ နေကြတယ်။ တော်တော်များက ပညာရေး ဆုံးခန်းမတိုင်ကြဘူး။ တချို့ကလေးတွေက စာလုံးဝမတတ်ဘူး”ဟု လပွတ္တာ၊ ဆားချက်ကျေးရွာမှ ဒေသခံ တဦးက ပြောသည်။

လပွတ္တာမြို့နှင့် အလွန်ဝေးကွာသော ၎င်းတို့ဆားချက်ကျေးရွာတွင်လည်း မိဘမဲ့ကလေး ၅၀နီးပါးရှိသည်ဟု ထိုဒေသခံ ကဆိုသည်။

“ဆားချက်မှာ နေကြတာက ကရင်လူမျိုးတွေများတယ်။ တရွာလုံးက ဆွေမျိုးတွေလို ဖြစ်နေတော့ မိဘ မရှိ တော့တဲ့ ကလေးတွေကို နီးစပ်ရာဆွေမျိုးသားချင်းတွေက ပြုစုစောင့်ရှောက်တယ်။ ဒါပေမယ့် ဆင်းရဲတော့ ကလေးတွေက စာသင်ဖို့ တော်တော်ခက်ခဲကြတယ်”ဟုလည်း ဆားချက်ရွာ ဒေသခံက ပြောသည်။

မုန်တိုင်းသင့်ဒေသတွင် မိဘမဲ့ကလေးများသာမက မိဘရှိသောကလေးများလည်း ဆင်းရဲကျပ်တည်း လွန်း သောကြောင့် ပညာရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု သိရှိရသည်။

“မုန်တိုင်းထိတာ တနှစ်ကျော်ကြာခဲ့ပြီ။ ဘာဆို ဘာမှ အတည်တကျမဖြစ်သေးပါဘူး။ ကလေးတွေအတွက် ပညာရေးဆိုတာထားဦး။ လူကြီးတွေတောင် လုပ်ကိုင်စားသောက်ဖို့ မလွယ်လှတဲ့ အခြေအနေပါ”ဟု လပွတ္တာ မိကျောင်းအိုင်ကျေးရွာသား တဦးက ပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာရှိတဦးကမူ မုန်တိုင်းသင့် ဒေသများမှ အုပ်ထိန်းသူမဲ့ကလေး ၁၀၀ ကျော်ကို ဂေဟာတစ်ခု ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးလျက်ရှိသော် လည်း ကျေးရွာများတွင်ကျန်ရှိနေသော မိဘမဲ့ကလေးများအတွက်မူ ထောက်ပံ့ရေးအစီအစဉ်များ မရှိ ကြောင်း ပြောဆိုသည်။

မုန်တိုင်းသင့်ဒေသများတွင် အကူအညီများဆက်လက် လိုအပ်နေလင့်ကစား အစိုးရက သြဂုတ်လ ၁၅ ရက် နေ့တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) ၏ ရဟတ်ယာဉ်များကို ပျံသန်းခွင့် သက်တမ်းတိုးမပေးဘဲ ပိတ်ပင် လိုက်သည့်အတွက် စားနပ်ရိက္ခာအကူအညီပေးရန် အခက်အခဲ များရှိနေသည်ဟု WFP မြန်မာဝန်ထမ်းတဦး က ပြောသည်။

“ဆန်နဲ့ တခြားရိက္ခာတွေသယ်ဖို့ ရဟတ်ယာဉ်မရှိတော့ သင်္ဘောနဲ့သယ်ဖို့ အစီအစဉ်တွေ လုပ်နေတယ်” ဟု ဆိုသည်။

၂၀၀၈ ခုနှစ်၊မေလတွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း တသိန်းလေးသောင်းနီးပါး အသက်ဆုံးရှုံးခဲ့ရသည်။

မြန်မာပြည်၏ တိတ်ဆိတ်သည့်အသံများ စာအုပ် ဒုတိယ အကြိမ် ထွက်ရှိ
Wednesday, 26 August 2009 16:33 ဘစောတင်
E-mail Print
မြန်မာနိုင်ငံ အကြောင်း ရေးသားထားသည့် “Living Silence in Burma” (မြန်မာပြည်တွင် တိတ်ဆိတ်စွာ ရှင်သန် နေထိုင်ကြခြင်း) အမည်ရှိ စာအုပ်ကို ယခု ရက်ပိုင်း အတွင်း ဒုတိယ အကြိမ် ထုတ်ဝေရာတွင် အကြောင်းအရာ အသစ်များ ထည့်သွင်းထားသည်ကို တွေ့ရသည်။

[Living Silence in Burma စာအုပ် မျက်နှာဖုံး]

Living Silence in Burma စာအုပ် မျက်နှာဖုံး
စာရေးသူ အမေရိကန် အမျိုးသမီး Christina Fink က စစ်အစိုးရ လက်အောက်ရှိ မြန်မာပြည်သူများသည် အသံ တိတ်နေသော်လည်း ခံစားနေရသည့် ဒုက္ခများ၊ ဝေဒနာများ အလွန် ကြီးမားကြောင်းကို စာအုပ်တွင် ဖော်ပြထားသည်ဟု ဧရာဝတီသို့ ပြောသည်။

“တိတ်ဆိတ်နေတဲ့ ဘဝတွေရဲ့ အသံတွေကို အခြားသူတွေ ကြားလာအောင်၊ မြင်လာအောင်၊ သိလာအောင် ဒီစာအုပ်မှာ ရေးသားထားပါတယ်” ဟု Christina Fink က ဆိုသည်။

ဤစာအုပ်ကို လွန်ခဲ့သော ရှစ်နှစ်က ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ယခု ဒုတိယအကြိမ် ထုတ်ဝေခြင်းဖြစ်သည်၊

ဒုတိယအကြိမ် တည်းဖြတ် ထုတ်ဝေရာတွင် ပေါ်ပေါက်လာနိုင်ဖွယ်ရှိသော မြန်မာ့နိုင်ငံရေး အပြောင်း အလဲများ၊ ၂ဝဝ၇ ခုနှစ်က ဖြစ်ပွားခဲ့သော သံဃာတော်များ၏ လှုပ်ရှားမှု စသည့် အရေးပါသည့် အကြောင်းအရာများကို
ထည့်သွင်း ဖော်ပြထားသည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အဆိုပါ စာအုပ်တွင် ဦးနေဝင်းခေတ်မှသည် မျက်မှောက်ကာလထိ မြန်မာပြည်၏ ဖြစ်ရပ်များကို သိသာ မြင်သာ ဖြစ်စေရန် ပြုစုထားသည်ကို တွေ့ရသည်။

စာအုပ်၏ ကျောဖုံးတွင် စာဖတ်သူတချို့၏ အမြင်များကို ဖော်ပြထားရာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ချက်လည်း ပါဝင်နေသည်။

“ဒီစာအုပ်ထဲမှာ စစ်အုပ်ချုပ်ရေးရဲ့ ဖိနှိပ် ချုပ်ချယ်မှုကြောင့် မြန်မာ ပြည်သူတွေရဲ့ စိတ်ကို ဘယ်လို ထိခိုက် နာကျင်စေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် Christina Fink ဟာ မြန်မာ ပြည်သူတွေ ကနေ့ ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ ပြဿနာရဲ့ အရင်းအမြစ်တွေကို နားလည် သဘောပေါက်စေဖို့ အတွက် အားထုတ်ထားတာကို တွေ့ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချထားသည်၊

စာအုပ်တွင် ပြည်သူများနှင့် သဟဇာတ မဖြစ်သည့် မြန်မာ့တပ်မတော်သားတို့၏ ခံစားချက်ကိုလည်း လေ့လာ ရေးသားထားသည်ကို တွေ့ရသည်။

ထောင် တသက်တကျွန်း ကျခံနေရသူများပမာ ဖြစ်နေသော မြန်မာ့တပ်မတော်သားများ အကြောင်းကို အခန်း(၈) “The Military: a Life sentence” တွင် တွေ့နိုင်သည်။ ထိုအခန်းတွင် တပ်ကြပ်ကြီးဟောင်း မောင်မောင်ဆိုသူ၏ ပြောဆိုချက်ကို တွေ့ရသည်။

[ယမန်နေ့က စာအုပ် မိတ်ဆက်ပွဲတွင် တွေ့ရသည့် စာရေးသူ Christina Fink (ဓာတ်ပုံ - ဘစောတင်/ဧရာဝတီ)]

ယမန်နေ့က စာအုပ် မိတ်ဆက်ပွဲတွင် တွေ့ရသည့် စာရေးသူ Christina Fink (ဓာတ်ပုံ - ဘစောတင်/ဧရာဝတီ)
“ထောင်ကျတဲ့သူကမှ အချိန်တန်ရင် လွတ်သေးတယ်ဗျ၊ ဒါပေမဲ့ ကျနော်တို့ စစ်သားတွေကတော့ သေတဲ့ အထိ အာဏာနဲ့ အတင်း ခိုင်းစေခြင်းကို ခံနေရတာမို့ လွတ်မြောက်ဖို့ ဆိုတာ မျှော်လင့်ချက် မရှိပါဘူး” ဟု တပ်ကြပ်ကြီးဟောင်း မောင်မောင်၏ ရင်ဖွင့်ချက်များကို ဖော်ပြထားသည်။

စာအုပ်ကို အခန်းပေါင်း ၁၄ ခန်း ဖြင့် ဖွဲ့စည်း ရေးသားထားပြီး စာမျက်နှာ ၃ဝဝ ပါရှိကြောင်း တွေ့ရသည်။ စာအုပ်၏ တန်ဖိုးမှာ ထိုင်းဘတ် ၈ဝဝ (၂၅ ဒေါ်လာခန့်) ဖြစ်သည်။

စာရေးသူ Christina Fink သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ ပညာရေးဌာနတခုဖြစ်သော International Sustainable Development Studies ၏ ကထိက၊ ဟောင်ကောင်တက္ကသိုလ် Department of Sociology ၏ ဂုဏ်ထူးဆောင် တွဲဖက် ပါမောက္ခ ဖြစ်သည်။

သုတေသီ ပညာရှင် Christina Fink လေ့လာ သုတေသနပြု ရေးသား ထုတ်ဝေသော စာအုပ်အကြောင်း ရှင်းလင်းပွဲကို ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ယမန်နေ့ ညက ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံခြားသား သတင်းစာဆရာများစွာ တက်ရောက်လာသည်ကို တွေ့ရသည်။ မြန်မာသတင်းစာဆရာ အနည်းငယ်နှင့် မြန်မာ့အရေးကို စိတ်ဝင် စားသော မြန်မာကျောင်းသား တချို့ လာရောက်သည်ကို တွေ့ရသည်။

ရှင်းလင်းပွဲတွင် တွေ့ရသော ချင်းမိုင်တက္ကသိုလ် ကျောင်းသား ကိုစိုင်းသီဟက “ဒီစာ အုပ်ဟာ ဖတ်သင့် လေ့လာသင့်တဲ့ စာအုပ်တအုပ်လို့ ထင်ပါတယ်၊ သုတေသီ တယောက် က သူမြင်တဲ့ ထောင့်က အကောင်းဆုံး ဝေဖန်ထားတဲ့ စာအုပ်ကောင်း တအုပ်ပါ” ဟု ပြောသည်။


တရားပေါက်သွားတဲ့ ချိုကုပ်ဒူးကြီး
Wednesday, 26 August 2009 16:06 ရန်ကုန်သားတာတေ
E-mail Print
ဦးရုက္ခစိုး ထံတွင် ဖိုးရှုပ် နှင့် ကြွက်စုတ်တို့ အလည်ရောက်နေကြသည်။ မြန်မာပြည်သားများ ဆုံတွေ့ကြသောကြောင့် ပြောသမျှစကားများမှာ ထုံးစံအတိုင်း မြန်မာပြည် အကြောင်းများသာ ဖြစ်သည်။ နာရီဝက်ခန့် ပြောပြီးသောအခါ ၃ ဦးသား မှိုင်သွားကြလေသည်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးရေ … ၊ ကျနော်တို့ တိုင်းပြည် အကြောင်း မပြောပဲလည်း မနေနိုင်၊ ပြောတော့လည်း စိတ်ညစ်စရာတွေ များနေတယ်။ ကျနော်တို့ နိုင်ငံမှာ အကောင်းဘက်ကို အပြောင်းအလဲ ဖြစ်အောင် ကြံပါဦး ဦးရုက္ခစိုးကြီးရဲ့။

ရုက္ခစိုး။ ။ အင်း … မော်တော်ကား ပါမစ်ကနေ နိုင်ငံတော် အာဏာအထိ ကိုင်ထားတဲ့ ချိုကုပ်ဒူးကြီးရဲ့ အကျင့်စရိုက်တွေ ပြောင်းရင်တော့ တို့ဆီကလူတွေ အသက်ရှူချောင်ကောင်းပါရဲ့။

ဖိုးရှုပ်။ ။ ဟုတ်တယ်ဗျ။ ဒီလူကြီးရဲ့ မကောင်းတဲ့ အကျင့်တွေ ပြောင်းလဲသွားရင်တော့ ပြည်သူတွေ သက်သာရာ ရမှာပဲ။ ဦးရုက္ခစိုးရဲ့ ဘော်ဒါ တခြား နတ်တွေဆီကရော အိုင်ဒီယာ ကောင်းကောင်းလေး မရနိုင်ဘူးလား။

ရုက္ခစိုး။ ။ အင်း … ငါ့ကို ကိုးမြို့ရှင် ဘိုးဘိုးကြီးက ပြောဖူးတယ်၊ ပုဂ္ဂိုလ်တဦးရဲ့ အကျင့်၊ စရိုက်၊ သဘောထားတွေကို ပြောင်းလဲပစ်နိုင်တယ် တဲ့။ ဆိုးတဲ့သူတယောက် နဲ့ ကောင်းတဲ့သူတယောက်ရဲ့ အကျင့်တွေကို အပြောင်းအလဲ လုပ်တဲ့နည်းပေါ့ကွာ။ ဟုတ်မဟုတ်တော့ ငါလည်း မသိဘူး။

ကြွက်စုတ်။ ။ ဟာ … ဒီနည်းက ကောင်းတာပေါ့။ စမ်းကြည့်မယ်ဗျာ။ ချိုကုပ်ဒူးကြီး စရိုက်နဲ့ စာရိတ္တ ကောင်းမွန်တဲ့သူ တယောက်ယောက်ရဲ့ စရိုက်တွေကို ပြောင်းလဲပေးလိုက်မယ် ဆိုရင် သိပ် လန်းသွားမှာပဲ။ ဒါပေမယ့် ဘယ်လို ပြောင်းလို့ရမှာလဲ။

ရုက္ခစိုး။ ။ ကြွက်စုတ်ရေ … ငါ မှတ်မိသလောက် ပြောရရင် ဆန္ဒပြုတာက မနက် ၉ နာရီ၊ ၉ မိနစ်၊ ၉ စက္ကန့်တိတိမှာ ဖြစ်ရမယ်။ ဥပမာကွာ မင်းရဲ့ အကျင့် ဒီကောင် ဖိုးရှုပ်ဆီ ရောက်ပါစေ၊ ဖိုးရှုပ်ရဲ့ အကျင့်တွေက မင်းဆီရောက်ပါစေ ပေါ့ကွာ။

ဦးရုက္ခစိုး၏ စကား အဆုံးတွင် ဖိုးရှုပ်က နာရီကြည့်လိုက်သည်။

ဖိုးရှုပ်။ ။ ဟာ … ၉ နာရီနဲ့ ၈ မိနစ် ရှိပြီဗျ။ ဦးရုက္ခစိုး ပြောတဲ့နည်း စမ်းကြည့်ရအောင်။

ရုက္ခစိုး။ ။ ဟုတ်လား၊ ဒါဆို အချိန်ကတော့ ကျပြီ။ နေဦး၊ နေဦး … အရေးကြီးတဲ့တခု ကျန်သေးတယ်။ အချိန် တခုတည်း ကိုက်ညီလို့ မဖြစ်သေးဘူး။ ဆန္ဒပြုတဲ့သူက တနင်္လာနံနဲ့ သက်ဆိုင်တဲ့ အလုပ်ကို လုပ်ကိုင်သူ ဖြစ်ရမယ် တဲ့။

သူတို့၏ မျက်လုံးများက ဂျာနယ်လစ် ဖိုးရှုပ်ထံသို့ ပြိုင်တူ ရောက်သွားကြသည်။

ရုက္ခစိုး။ ။ ဟေ့ကောင် … ဖိုးရှုပ်၊ မင်းအလုပ်အကိုင်က ဂျာနယ်လစ် ဆိုတော့ တနင်္လာနံပေါ့ကွ။ ကဲ … ကဲ … မင်း ဆန္ဒပြုပေတော့။

သတ်မှတ်ထားသည့်အချိန် ရောက်ရန် စက္ကန့်ပိုင်းသာ လိုတော့သည့်အတွက် ဖိုးရှုပ် အကျပ်ရိုက်သွားသည်။ နာရီ ကြည့်ပြီး ခေါင်းကုပ်နေသည်။ ၉ နာရီ၊ ၉ မိနစ်၊ ၉ စက္ကန့် အချိန် ရောက်သည်နှင့် စိတ်ထဲမှ ကမန်းကတန်း ဆန္ဒပြု လိုက်လေသည်။ ထိုအခိုက် ၀ုန်း ခနဲ မည်သံတခုနှင့်အတူ ပတ်ဝန်းကျင် တခုလုံး မီးခိုးများဖြင့် ဖုံးသွားသည်။

ကြွက်စုတ်။ ။ ဟေ့ကောင် ဂျာနယ်လစ်၊ တခုခုတော့ မှားသွားပြီ ထင်တယ်။ ဒီနည်းက အကျင့် စရိုက်တွေ ပြောင်းတဲ့နည်း မဟုတ်ဘဲ ဗုံးခွဲတဲ့နည်း ဖြစ်နေပြီနဲ့ တူတယ်။ မင်းက ဘယ်လို ဆန္ဒပြုလိုက်တာလဲ။

ဖိုးရှုပ်။ ။ ငါ … ငါလည်း … ချိုကုပ်ဒူးကြီး နဲ့ ဦးရုက္ခစိုးရဲ့ အကျင့်တွေ ပြောင်းပါစေလို့ပဲ ဆန္ဒပြုလိုက်တာပါကွာ။ ငါလည်း ရုတ်တရက်မို့ သင့်တော်တဲ့သူ ဆိုလို့ သူ့ကိုပဲ တွေ့မိတယ်။ မင်းရော ငါရော အကျင့်က သိပ်ကောင်းတာ မဟုတ်ဘူး။ ဦးရုက္ခစိုးက အသင့်တော်ဆုံးပဲ မဟုတ်လား။

ကြွက်စုတ်။ ။ ဟိုက် … ဒါဆို ချိုကုပ်ဒူးကြီးရဲ့ အကျင့်တွေ ငါတို့ ဦးရုက္ခစိုးဆီ ရောက်သွားပြီလား မသိဘူး။ ဦးရုက္ခစိုးကြီးရော … ဘယ်မှာလဲ၊ ရှာပါဦးကွ။

ခပ်လှမ်းလှမ်းမှ ဦးရုက္ခစိုးက သူတို့ဆီသို့ လှုပ်တုပ် လှုပ်တုပ်ဖြင့် ရောက်လာသည်။ တခုခုတော့ ထူးထူးခြားခြား ဖြစ်နေပြီဟု ကြွက်စုတ် နှင့် ဖိုးရှုပ် တို့က ဦးရုက္ခစိုးကို ကြည့်ပြီး အလိုလို သိလိုက်သည်။

ရုက္ခစိုး။ ။ ဟေ့ကောင်တွေ၊ မင်းတို့ ဘာလုပ်နေတာလဲ။ ငါ့ကို ထိုင်ပြီး လက်အုပ်ချီကြလေကွာ။

ထိုသို့ မူမမှန်သည့် စကားသံများကြောင့် ဦးရုက္ခစိုးထံတွင် ချိုကုပ်ဒူးကြီး၏ အကျင့် စရိုက်များ ရောက်ရှိသွားမှန်း ၎င်းတို့ ၂ ဦး သဘောပေါက်လိုက်လေသည်။ ထို့ကြောင့် ကြွက်စုတ် နှင့် ဖိုးရှုပ် တို့က ဦးရုက္ခစိုးရှေ့တွင် ထိုင်ပြီး လက်အုပ်ချီလိုက်ကြသည်။

ရုက္ခစိုး။ ။ ဟေ့ကောင် … ဖိုးရှုပ်၊ ငါ ကွန်ပျူတာ သုံးချင်တယ်၊ ၀ယ်ပေး။

ဖိုးရှုပ်။ ။ (ဆန္ဒပြုမိတာ မှားသွားပြီဟု စိတ်ထဲမှ ရေရွတ်ကာ) ကျနော် … ကျနော် ဘိုင်ပြတ်နေတယ်လေဗျာ။

ရုက္ခစိုး။ ။ ဟေ့ကောင် … ငါ့ကို ရိုရိုသေသေ အစီရင်ခံစမ်း။ မင်း ဘိုင်ပြတ်နေတယ် ဆိုရင်လည်း မင်းတို့ ဒေ၀ါလီရုံးက ကွန်ပျူတာတလုံးကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ရအောင် ခိုးခဲ့။ ရေပါတာပဲ လိုချင်တယ်၊ ရေဘူးပေါက်တာ ငါနားမလည်ဘူး။ မင်းတို့ သိလား၊ ကွန်ပျူတာ ဆိုတာက တော်တော် အသုံးဝင်တယ်ကွ၊ တရုတ်ကား၊ ကိုရီးယားကား VCD တွေ DVD တွေလည်း ကြည့်လို့ရတယ်။ ဟိုကောင် ကြွက်စုတ် … မင်းက ငါ့အတွက် တူရွင်းတွေ အများကြီး ယူခဲ့ပေး။

ကြွက်စုတ်။ ။ ကွန်ပျူတာကတော့ ဟုတ်ပါပြီ၊ တူရွင်းတွေ အများကြီးက ဘာလုပ်မလို့လဲဗျ။

ရုက္ခစိုး။ ။ အောင်မာ … မင်းကများ ငါ့ကို မေးခွန်းတွေ ထုတ်နေသေးတယ်။ ဒီမှာ ကြွက်စုတ် … ငါ့ လုံခြုံရေးက သစ်ပင်ပေါ်မှာဆို စိတ်မချရဘူးကွ။ လိုဏ်တွေ တူးပြီး ပုန်းရမယ်။

ကြွက်စုတ်။ ။ ဒါဆိုလည်း တူရွင်းတွေ အများကြီး မလိုပါဘူး။ တချောင်းဆို တော်ရောပေါ့။

ရုက္ခစိုး။ ။ တော် … တန် … တိတ် … ။ ငါက ဘူးဆို မင်းက ဖရုံ သီးဖို့ မကြိုးစားနဲ့။ တောင်ပေါ်ကိုလာတဲ့ ဘုရားဖူး ခရီးသည်တွေကို လုပ်အားပေးခိုင်း၊ တူးခိုင်းမှာကွ၊ မင်း နားလည်လား။

ဂျာနယ်လစ် ဖိုးရှုပ်တယောက် နောင်တ အကြီးအကျယ် ရသွားသည်။ စရိုက်ပြောင်းသွားသော ဦးရုက္ခစိုးကြီးကို မော့ကြည့်ပြီး ဒုက္ခနှင့်လှလှ တွေ့ကြလေပြီဟု တွေးနေမိသည်။

ဦးရုက္ခစိုး အခြေစိုက်ရာ ချင်းမိုင်မြို့ ဒွိုင်ဆူထေ့တောင်ပေါ်တွင် ထိုသို့ ဖြစ်ပျက်နေခိုက် ကြပ်ပြေး နေပြည်တော် တွင်လည်း အပြောင်းအလဲ တချို့ ဖြစ်ပေါ်နေသည်။ ချိုကုပ်ဒူးကြီးထံတွင် ချင်းမိုင်ရုက္ခစိုး၏ အကျင့်စရိုက်များ ရောက်ရှိနေသောကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ချိုကုပ်ဒူးကြီး ရုတ်တရက် ပျောက်သွားသဖြင့် ကြင်ရာတော် ဒေါ်ကွိုင်ကွိုင်၊ သမီးတော်များ၊ လုံခြုံရေး အရာရှိများ ပျာယာခပ်နေကြလေသည်။

ဒေါ်ကွိုင်ကွိုင်။ ။ သြော် … ခက်တော့တာပဲကွယ်။ ရှာကြစမ်း၊ ရှာကြစမ်း … တွေ့အောင် ရှာကြစမ်း။ နင်တို့ လုံခြုံရေးတွေ အရမ်း ရှော်တာပဲ။ မောင်တော်တယောက်လုံး ဘယ်ရောက်နေလဲ ဆိုတာကို နင်တို့ မသိကြဘူးလား … ။ နင်တို့တော့ အင်းစိန်ထောင်ထဲ သွားနေချင်ပြီထင်တယ်။ ရှာကြ၊ တွေ့အောင်လိုက်ရှာကြ။

လုံခြုံရေးအရာရှိတဦး။ ။ ရှာပါတယ် မယ်တော်ဘုရား၊ အိမ်တော်ထဲမှာတော့ မရှိတာ သေချာပါတယ် မယ်တော်ဘုရား။

ဒေါ်ကွိုင်ကွိုင်။ ။ အိမ်ထဲမှာ မရှိရင် အပြင်မှာ ရှိမှာပေါ့။ ငါ့မောင်တော် အပြင်ဘက်ထွက်တာ နင်တို့ မသိဘူး ဆိုတော့ နင်တို့ အနီးကပ် လုံခြုံရေးတွေ ဘာလုပ်နေလဲ။ ငါ့မောင်တော်က အတောင်ပံ ပေါက်ပြီး ပျံထွက်သွားလို့လား။

ထိုသို့ အိမ်တော် ဆင်ဝင်အောက်တွင် ဒေါ်ကွိုင်ကွိုင် မြည်တွန် တောက်တီးနေခိုက် အနီးရှိ သစ်ပင်ပေါ်မှ “ငါ ဒီမှာ ရောက်နေတယ်ဟေ့” ဟူသော အသံ ထွက်ပေါ်လာသဖြင့် အားလုံး မော့ကြည့်လိုက်ကြသည်။ သစ်ပင် ခွကြားထဲတွင် ထိုင်နေသော ချိုကုပ်ဒူးကြီးကို တွေ့လိုက်ကြသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။

ဒေါ်ကွိုင်ကွိုင်။ ။ အောင်မယ်လေး … ၊ အောင်မယ်လေး … ၊ ဘယ်လိုဖြစ်တာလဲ မောင်တော်ရယ်၊ ဘယ်လိုတွေ ဖြစ်နေတာလဲ … ။ သစ်ပင်ပေါ် ဘာကြောင့် တက်ထိုင်နေရတာလဲ မောင်တော်ရဲ့။

ချိုကုပ်ဒူးကြီး။ ။ ငါလည်း မသိဘူးကွ။ သစ်ပင်ပေါ်မှာ နေရရင် ကောင်းမှာပဲလို့ တွေးမိပြီး တက်ထိုင်နေတာကွ။ ငါတော့ သစ်ပင်ပေါ်မှာပဲ အမြဲတမ်း နေတော့မယ်လို့တောင် ဆုံးဖြတ်လိုက်ပြီ။

ဒေါ်ကွိုင်ကွိုင်။ ။ မောင်တော်ကလည်း လိုဏ်တွေ တူးပြီးမှ သစ်ပင်ပေါ်တက်နေမယ်ဆိုတော့ မဟုတ်သေး ပါဘူး။ ဆင်းခဲ့ပါ မောင်တော်ရယ်။ ဒီနေ့ ယတြာ ချေရမယ့် နေ့လေ။ ခဏနေ ဗေဒင်ဆရာ လာတော့မယ် မောင်တော်ရဲ့။

ချိုကုပ်ဒူးကြီး။ ။ ဟာ … ဗေဒင်ဆရာကို မလာနဲ့တော့လို့ ပြောလိုက်ပါကွယ်။ သူ ပင်ပန်းနေရှာမယ်။ ငါတို့ပဲ သူ့ဆီ သွားတာပေါ့ကွယ်။ ဟင် … ရှုပ်ပါတယ်၊ ဗေဒင်ဆရာနဲ့ ချိန်းထားတာ ဖျက်လိုက်ပါကွယ်။ ငါလည်း ဗေဒင်တွေ ဘာတွေ သိပ်မယုံတော့ဘူး။

ဒေါ်ကွိုင်ကွိုင်။ ။ အို … မောင်တော်ကလည်း ဘာတွေ ပြောနေတာလဲ၊ ခက်တော့တာပဲ။ ဟဲ့ … ဟဲ့အကောင်တွေ သွားကြစမ်း၊ သွားကြစမ်း၊ ဒီအနားမှာ မနေကြနဲ့။ သြော် … မဟုတ်သေးပါဘူး။ မသွားနဲ့ မသွားနဲ့၊ နေဦး … မောင်တော် သစ်ပင်ပေါ်က ဆင်းလို့ရအောင် လုပ်ကြစမ်း … ၊ လုပ်ကြစမ်း … ။

ချိုကုပ်ဒူးကြီး။ ။ သစ်ပင်ပေါ်မှာ ငါ နေပါရစေ ကွိုင်ကွိုင်ရယ်၊ ပြီးတော့ ငါ မင်းကို ပြောစရာတွေ ရှိသေးတယ်။ ငါတို့ သားသမီးတွေက အလုပ်အကိုင်တွေ လျှော့ရင်ကောင်းမယ်လို့ မင်း မထင်ဘူးလား။ ကားပါမစ်တွေ၊ လုပ်ငန်းလိုင်စင်တွေကို တို့လူတွေချည်းပဲ ယူထားတာ မသင့်တော်ဘူးလို့ ငါ ခံစားရ … …

ချိုကုပ်ဒူးကြီး စကားမဆုံးမီ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်လာသော ဒေါ်ကွိုင်ကွိုင်က ကြားဖြတ်ပြီး အော်ပြောလိုက်။ လေသံများလည်း ပြောင်းသွားသည်။

ဒေါ်ကွိုင်ကွိုင်။ ။ ရှင့်ပါးစပ် ပိတ်မလား၊ မပိတ်ဘူးလား။ ဆင်းခဲ့၊ အောက်ကို ဆင်းခဲ့ … ။ ဟဲ့ကောင်တွေ သစ်ပင်ပေါ်တက်စမ်း … ။

ချိုကုပ်ဒူးကြီး။ ။ ကွိုင်ကွိုင်ရေ၊ ငါ့စိတ်တွေ ဒီနေ့ ဘယ်လို ဖြစ်မှန်း မသိဘူး။ မတရားတာတွေ မလုပ်ချင်တော့ဘူး။

ဒေါ်ကွိုင်ကွိုင်။ ။ မရဘူး၊ မလုပ်လို့ မရဘူး။ အို … ရှင့်ပါးစပ် ပိတ်ထားစမ်း။ ဟဲ့ကောင်တွေ သစ်ပင်ပေါ် တက်ဆို … မတက်ဘူးလား။ သူ့ကို အောက်ရောက်အောင် လုပ်စမ်း။

လုံခြုံရေးအရာရှိများက သစ်ပင်ပေါ်တက်ကြသည်။ ဒေါ်ကွိုင်ကွိုင်၏ စကား နားထောင်ရန် ချိုကုပ်ဒူးကြီးကို တောင်းပန်ကြသည်။ ဒေါသ ငယ်ထိပ်ရောက်နေသော ဒေါ်ကွိုင်ကွိုင်ကလည်း အပေါ် မော့ကြည့်ပြီး အမိန့်များ အဆက်မပြတ် ပေးနေသည်။

သစ်ပင်ပေါ်သို့ ရောက်လာကြသော လုံခြုံရေးအရာရှိများကို ချိုကုပ်ဒူးကြီးက ရှောင်တိမ်းလိုက်ရာ ဟန်ချက်ပျက်ပြီး မျောက် သစ်ကိုင်းလွတ် သကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့် သစ်ပင်ပေါ်မှ ချိုကုပ်ဒူးကြီး လက် ကားယား၊ ခြေ ကားယားဖြင့် ပြုတ်ကျလေသည်။ အကျတွင် ခြေတဖက်က ခါးထောက်ပြီး အော်ဟစ်နေသော ဒေါ်ကွိုင်ကွိုင်ကို အရှိန်ပြင်းစွာ ထိခိုက်မိသဖြင့် ဒေါ်ကွိုင်ကွိုင်လည်း ၀ုန်းခနဲ ဖင်ထိုင်လျက် လဲကျရာ မြီးညောင်းရိုး ကျိုးသွားလေသည်။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။


အထင်ကရ အထက်လွှတ်တော်အမတ် အက်ဒွပ် ကနေဒီ ကွယ်လွန်

26 August 2009


ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီ ရဲ့ ညီအငယ်ဆုံးလည်းဖြစ် အမေရိကန် သမိုင်းမှာ သြဇာတိက္ကမ အကြီးမားဆုံး နိုင်ငံရေးသမားတွေထဲက တဦးလည်းဖြစ်တဲ့၊ အမေရိကန် အထက်လွှတ်တော် အမတ် အက်ဒွက် ကနေဒီ အသက် ၇၇ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မက်ဆာချူးဆက်ပြည်နယ် Hyannis Port မြို့က နေအိမ်မှာ မနေ့နှောင်းပိုင်းကပဲ ကွယ်လွန်သွားခဲ့တာလို့ မိသားစုက ပြောပါတယ်။ ဒီမိုကရက်တစ်ပါတီရဲ့ အထက် လွှတ်တော် အမတ်ဖြစ်တဲ့ ကနေဒီ ဟာ ကုလို့ မရနိုင်တဲ့ ဦးနှောက်ကင်ဆာ ရောဂါကို ခံစားနေရတာ ၁ နှစ်ကျော်ကြာ ရှိနေပြီ ဖြစ်ပါတယ်။ သူကွယ်လွန်ခဲ့တာဟာ အစားထိုး မရတဲ့ ဆုံးရှုံးမှုအဖြစ် မိသားစုက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့တာပါ။ သူ့ကျန်းမာရေးကြောင့်လည်း ဒီနှစ်ထဲ အထက်လွှတ်တော်ကို သူသိပ်ပြီး လာရောက်နိုင်တာမျိုး မရှိခဲ့ပဲ နေထိုင်ရာ Hyannis Port ကပဲ သူ တသက်လုံးလုပ်လာတဲ့ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုလို ကိစ္စမျိုးတွေကို လုပ်ဆောင်ပေးနေခဲ့တာပါ။ သမ္မတဟောင်း ကနေဒီ တာဝန်ယူခဲ့ဘူးတဲ့ မက်ဆာချူးဆက် ပြည်နယ် အထက်လွှတ်တော် အမတ်အဖြစ်နဲ့ ၁၉၆၂ ခုနှစ် ကတည်းက တာဝန်ယူလာခဲ့တာပါ။ အထက်လွှတ်တော် အမတ် အဖြစ်နဲ့ မစ္စတာ ကနေဒီ ဟာ လူမှုအခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူဝင်မှုကိစ္စလို့ လွတ်လပ်ရေး လှုပ်ရှားမှုတွေအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဘရက်ခ် အိုဘားမား ရဲ့ မဲဆွယ်လှုပ်ရှားမှု ကာလအတွင်း ကိုယ်တိုင် ထောက်ခံခဲ့တဲ့ သူ့ကို မစ္စတာ အိုဘားမားက လွတ်လပ်မှုအတွက် သမ္မတက ချီးမြှင့်တဲ့ဆုကိုလည်း မကြာသေးခင်တုန်းကပဲ ပေးအပ်ခဲ့တာ ပါ။ သူကွယ်လွန်ခဲ့တဲ့အတွက် သူ့အရိုက်အရာကို ဆက်ခံဖို့ အထူးရွေးကောက်ပွဲ တခုကိုလည်း ကျင်းပဖို့ ရှိနေပါတယ်။ အမေရိကန်က ပြည်နယ် အတော်များများမှာတော့ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေက ဒီလို လစ်လပ်သွားတဲ့ အထက်လွှတ်တော် အမတ် နေရာကို ယာယီ အစားထိုးခွင့်ရှိပေမဲ့၊ မက်ဆာချူးဆက်ပြည်နယ်မှာတော့ ၂၀၀၄ ခုနှစ်တုန်း ကပဲ ဒီဥပဒေကို ပြင်ဆင်ထားတာပါ။ လက်ရှိဥပဒေအရ ဆိုရင်တော့ လစ်လပ်သွားတဲ့ နေရာကို အစားထိုးဖို့ ရက်ပေါင်း ၁၄၅ ရက်ကနေ ၁၆၀ အတွင်း အထူးရွေးကောက်ပွဲ တခုကို ပြုလုပ်ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။

မိသားစုများ ပြန်လည်ဆုံဆည်းရေး တောင်နဲ့မြောက် ကိုရီးယား ဆွေးနွေး

26 August 2009


တောင်နဲ့မြောက် ကိုရီးယားတို့ကြား ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ ဖြစ်ခဲ့တဲ့ စစ်ပွဲအတွင်း ကွဲကွာခဲ့ကြရတဲ့ မိသားစုတွေ ပြန်လည်ဆုံတွေ့ဖို့ အစီအစဉ်တွေ ပြန်စနိုင်ရေးအတွက် တောင်နဲ့ မြောက်ကိုရီးယားက ကြက်ခြေနီ အဖွဲ့တွေ ဆွေးနွေးနေကြ ပါတယ်။ မြောက်ကိုရီးယားက Mt. Kumgang တောင်ပေါ် အပန်းဖြေစခန်းက ဆွေးနွေးပွဲမှာ ကိုယ်စားလှယ် ၃ ဦး ပါဝင်တဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ကြက်ခြေနီအသင်း အတွင်းရေးမှူးချုပ် Kim Young-chol ဦးဆောင်ပါတယ်။ အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ မစ္စတာ ကင်မ် ကတော့ မိသားစုတွေ ပြန်လည်ဆုံဆည်းဖို့ဟာ အဓိက ဆွေးနွေးမယ့် အကြောင်းအရာ ဖြစ်လိမ့်မယ်လို့ ဆိုပေမဲ့ တခြား လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးသွားမယ်လို့ ပြောပါ တယ်။ ဒါဟာဆိုရင် ၂ နှစ်အတွင်း နှစ်ဖက်အကြား ဆွေးနွေးမှုတွေ ပြန်လည် စတင်နိုင်ခဲ့တာ ဖြစ်သလို၊ မြောက်ကိုရီးယားက တောင်ကိုရီးယားကို ချစ်ကြည် ရင်းနှီးမှု ပြသမှုတွေထဲက နောက်ဆုံးတွေ့ရတာလည်း ဖြစ်ပါတယ်။ မနေ့တုန်းကတော့ မြောက်ကိုရီးယားက တောင်ကိုရီးယားကို တယ်လီဖုန်း တိုက်ရိုက် ဆက်သွယ်မှုတွေကို ပြန်ဖွင့်ပေးခဲ့တာပါ။ တောင်ကိုရီးယား က ရန်လိုတဲ့ အပြုအမူတွေ လုပ်တယ်ဆိုပြီး မြောက်ကိုရီးယားက တယ်လီဖုန်း ဆက်သွယ်မှုတွေ မိသားစု ပြန်လည် ဆုံဆည်းမှု တွေကိုလည်း ဖြတ်တောက်ထားတာပါ။

တောင်ပိုင်းအာဖဂန် ဗုံးကွဲမှုကြောင့် လူ ၄၀ သေဆုံး

26 August 2009


အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒဟာ (Kandahar) မြို့မှာ မနေ့က အားပြင်းတဲ့ဗုံးတလုံး ကွဲခဲ့လို့ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပါတယ်။ ဓာတ်ဆီတွေ သယ်ဆောင်ထားတဲ့ ထရပ်ကားတစီး ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီနေရာနဲ့ တမိုင်အတွင်းက အိမ်တွေမှာ ပြတင်းပေါက်တွေကွဲ၊ တံခါးတွေ ပြုတ်ထွက်ကုန်လို့ အနည်းဆုံး လူ ၆၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ကန်ဒဟာပြည်နယ် ကောင်စီ အကြီးအကဲ Ahmad Wali Karzai က ဗွီအိုအေကို ပြောခဲ့ပါတယ်။

မနေ့အစောပိုင်းတုန်းကလည်း အာဖဂန်နစ္စတန်တောင်ပိုင်းမှာ ဗုံးကွဲခဲ့လို့  အမေရိကန်စစ်သား ၄ ဦး သေဆုံးသွားခဲ့တယ်လို့ နေတိုးအဖွဲ့က ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ တိုက်ရိုက်ဆွေးနွေးပွဲလုပ်ဖို့ ဆန္ဒမရှိ

26 August 2009

မနေ့က တောင်ကိုရီးယား သတင်းမီဒီယာတွေထဲမှာ မြောက်ကိုရီးယား အစိုးရက နျူကလီးယားကိစ္စတွေကို ဆွေးနွေးဖို့ အမေရိကန် ကိုယ်စားလှယ်တွေကို နောက်လ ပြုံယမ်း (Pyongyang) မြို့တော်မှာ တွေ့ဆုံဖို့ ဖိတ်ခေါ်ထားတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးသံအမတ်ကြီး Mr. Steven Bosworth နဲ့ နျူကလီးယား ညှိနှိုင်းရေး အကြီးအကဲ Mr. Sung Kim ကို မြောက်ကိုရီးယား အစိုးရက ဖိတ်ကြားထားခဲ့တာလို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Ian Kelly က ၆ ပွင့်ဆိုင် ဆွေးနွေးပွဲပြင်ပကနေ အမေရိကန်နဲ့ မြောက်ကိုးရီးယား နှစ်နိုင်ငံပဲ တွေ့ဆုံမယ်ဆိုရင် တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားတို့လို တခြား ၆ ပွင့်ဆိုင် စကားဝိုင်းထဲမှာ ပါတဲ့ နိုင်ငံတွေကို ပထားရာရောက်မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းက မြောက်ကိုရီးယား အစိုးရဟာ အဲဒီ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို ကျောခိုင်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ နှစ်ဘက် စကားပြောနိုင်ရေးအတွက် မြောက်ကိုရီးယားဟာ ဒီနောက်ပိုင်း ပျော့ပျောင်းတဲ့ လုပ်ဆောင်မှုတွေ ပြခဲ့ပါတယ်။ သူတို့ ထိန်းသိမ်းထားတဲ့ အမေရိကန် သတင်းသမား နှစ်ဦးကို ပြန်လွှတ်ပေးခဲ့သလို တောင်ကိုရီးယား ကားကုမ္ပဏီဝန်ထမ်း တဦးကိုလည်း ပြန်လွှတ်ပေးခဲ့တာပါ။ အရင်အပတ်တုန်းက အမေရိကန်နိုင်ငံကို လာရောက်ပြီး နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး Bill Richardson နဲ့ တွေ့ဆုံခဲ့တဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်နှစ်ဦးက အမေရိကန်အစိုးရ အနေနဲ့ သူတို့ဆီ တလှည့်ပြန်လာဖို့ အကြွေးတင်နေသေးတယ်လို့ ပြောခဲ့ပါတယ်။



ရန်ကုန်မြစ်အတွင်း တရုတ်ငါးဖမ်းသင်္ဘောတစင်း နစ်မြုပ်

မိုးမခအထောက်တော်၊ ရန်ကုန်

သြဂုတ် ၂၆၊ ၂၀၀၉

ရန်ကုန်မြစ်အတွင်း တရုတ်ငါးဖမ်းသင်္ဘောတစ်စီးအား သြဂုတ်လ ၂၄ရက်နေ့က နစ်မြုပ်နေသည်ကို တွေ့ရှိရပြီး အသက်ရှင် ကျန်ရစ်သူများ တွေ့ရှိပါက သန်လျင်မြို့နယ်နှင့် ဒလမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များအား သက်ဆိုင်ရာမှ အကြောင်းကြားထားကြောင်း သိရှိရသည်။
အဆိုပါတရုတ် ငါးဖမ်းသင်္ဘောတွင် တရုတ်နိုင်ငံသား ၃ဦးနှင့် မြန်မာနိုင်ငံသား ၁၅ဦး ပါဝင်သည်ဟု သိရှိရပြီး ယခုလောလောဆယ်တွင် တရုတ်နိုင်ငံသား တစ်ဦး နှင့် မြန်မာနိုင်ငံသားတစ်ဦး အလောင်းများသာ ဆယ်ယူရရှိသေးသည်ဟုလည်း သိရှိရသည်။
ငါးဖမ်းသင်္ဘောဧ။်အမည်မှာ young brother ဟုအမည်ရပြီး မြန်မာကမ်းရိုးတန်းတလျှောက်တွင် ငါးဖမ်းနေသည့် သင်္ဘောဖြစ်သည်ဟု ယူဆရပြီး ရန်ကုန်ငါးလုပ်ငန်း ကုမ္ပဏီအမည်ရှိ တရုတ်ပိုင်ကုမ္ပဏီရုံးခန်းကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည်။ အဆိုပါ ကုမ္ပဏီပိုင် သင်္ဘော ဒါဇင်နှင့်ချီ၍ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်တွင် ငါးဖမ်းလျှက်ရှိသည်ဟု သိရှိရသည်။ သင်္ဘောအရွယ်အစားမှာ ပင်လယ်ကူး သင်္ဘောများထက် သေးငယ်သည်ဟုလည်း သိရှိသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက ရေနံတူးဖော်ရေး ငါးဖမ်းလုပ်ငန်း နှင့် ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်များတွင် ရင်းနှီးမြှပ်နှံ လုပ်ကိုင်လျက်ရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့တွင် အများဆုံး ရင်းနှီးထားသည်ကို တွေ့ရှိရသည်။ လလလလလလလလလလလလလ

(၁၀) တန်းအောင် ကြံ့ဖွံ့အဖွဲ့ဝင်များကို သတင်းပေးသင်တန်း ပို့ချ
Wednesday, 26 August 2009 18:32 ဗထူး
E-mail Print
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် ပညာအရည်အချင်း (၁၀) တန်းအောင်မြင်ပြီးသည့် ကြံ့ဖွံ့အဖွဲ့ဝင်များကို စစ်အစိုးရအာဏာပိုင်များက သတင်းပေးနည်း ရက်တိုသင်တန်းကို ပြုလုပ်ပို့ချနေသည်။

ယခုလ (၂၅) ရက်နေ့မှစတင်ကာ သင်တန်းအား မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူး မျိုးဝင်းဆိုသူနှင့် မြို့နယ်(မယက)အဖွဲ့မှ ဦးစီးကာ ၃ ရက်ကြာ ပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် စည်းရုံးရေးဘာသာရပ်၊ သတင်းပေး၊ သတင်းရေးနှင့် လှုပ်ရှားမှုများအား စောင့်ကြည့်သည့် ပုံစံများလည်း ပါဝင်သည်ဟု ဒေသခံတဦးက ပြောသည်။

“ကြံ့ဖွံ့ရုံးမှာ (၂၅) ရက်နေ့၊ ညနေ(၆) နာရီကသင်တန်းဖွင့်ပွဲ လုပ်တယ်။ နောက် (၇) နာရီကနေ (၉) နာရီအထိ သင်တန်းပို့ချတယ်၊ ကျနော့်အမြင်ကတော့ လာမဲ့ သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်ကာလမှာ သံဃာတွေအပါအဝင် အတိုက်အခံအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ သတင်းရယူပေးပို့ဖို့ ဒီသင်တန်းကို လုပ်နေတာပါ” ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။

စစ်အစိုးရက ကျင်းပမည်ဟု သတ်မှတ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်းအနေဖြင့် နိုင်ငံရေးပါတီတရပ် အသွင်ပြောင်းလဲကာ ရွေးကောက်ပွဲဝင်မည်ဖြစ်သဖြင့် လူငယ်များနှင့် ပြည်သူလူထုအား ၎င်းတို့အား ထောက်ခံလာစေရေးအတွက်လည်း ယခုသင်တန်းကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်

မြို့နယ် ကြံ့ဖွံ့အဖွဲ့မှ အမည်မဖော်လိုသူ အဖွဲ့ဝင်တဦးက “ဟုတ်တယ်၊ သတင်းရေး၊ သတင်းပေးပုံစံမျိုး၊ စောင့်ကြည့်တဲ့ ပုံစံမျိုး လုပ်တာပေါ့။ ဒါကတော့ သေချာတာကတော့ ဒီ သံဃာလှုပ်ရှားလာမယ့် ကျနော်တို့ ဘုန်းကြီးတွေကလည်း လှုပ်ရှားလာမယ် ပြောတော့ အဲဒီကိစ္စတွေမှာ ကျနော်တို့က သတင်းပေးသဘောမျိုးနဲ့ လုပ်ရမယ့် အစီအစဉ်တွေ ရှိပါတယ်။ အဲဒါတွေ ပို့ချသွားမှာပါ အဓိကကတော့” ဟု ပြောသည်။

ဘိုကလေးမြို့ပေါ် (၉) ရပ်ကွက်နှင့် မြို့သစ် (၁) ရပ်ကွက်မှ တရပ်ကွက်လျှင် ၃ ဦးကျ တက်ရောက်နေသည့် အဆိုပါ ရက်တိုသင်တန်းတွင် သင်တန်းသား ၃၀ တက်ရောက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကလည်း ဖမ်းဆီးသံဃာများ ပြန်လွှတ်ပေးရေးနှင့် သံဃာတော်များအား ရိုင်းပြစွာ ပြုမူဆောင်ရွက်မှုအား စစ်အစိုးရမှ ဝန်ချတောင်းပန်ရန်နှင့် ပျက်ကွက်ပါက တတိယအကြိမ် ပတ္တနိကုဇ္ဇနကံဆောင်ကာ နိုင်ငံအနှံ့ လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ပြည်မြို့တွင် လူငယ်အချို့ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံနေရ
Wednesday, 26 August 2009 16:16 ဉာဏ်မောင်
E-mail Print
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ပေါ်ရှိ လူငယ်အချို့အား အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ဖမ်းဆီးခံရသူများ၏ နေအိမ်များသို့ အာဏာပိုင်များက ၀င်ရောက်ရှာဖွေခြင်းများရှိပြီး ၎င်းတို့အား ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟု သံသယရှိ၍ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။

“ရဲလည်းပါတယ်၊ စစ်တပ်လည်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေ ဝေတဲ့ကိစ္စကို လိုက်ရင်းနဲ့ ဖမ်းတာပေါ့လေ၊ ဖမ်းထားတဲ့ လူငယ်တွေက ဟိုတလောတုန်းက အယောက် ၃၀ လောက် ငပလီဘက်ကို သွားတာ၊ အယောက် ၃၀ ပြည့်အောင် ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ၊ အဲ့ဒီထဲက သုံးလေးယောက်ပဲ ဖမ်းသေးတယ်၊ ခုဖမ်းထားတဲ့ သူတွေက အဲ့ဒီလူတွေနဲ့ ဆက်စပ်တယ်ဆိုပြီး လုပ်နေတာပါ” ဟု ဒေသခံတဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဖြူဖွေး၊ မောင်ဝိုင်းနှင့် ကိုအောင်ဆိုသူများ ဖြစ်ပြီး ၎င်းတို့၏မိဘများမှာ နိုင်ငံဝန်ထမ်းများဖြစ်ကြကာ ကိုအောင်ဆိုသူမှာ ဆောက်လုပ်ရေးဌာန ၀န်ထမ်းတဦးဖြစ်ပြီး ‘Soft Guide’ အမည်ရ ကွန်ပြူတာနှင့် ဗွီစီဒီဆိုင် ဖွင့်ထားသူဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရအာဏာပိုင်များက ငပလီသို့သွားသည်ဆိုသည့် လူငယ် ၃၀ မှာ တဖက်နိုင်ငံရှိ အဖွဲ့အစည်းများ၏ သင်တန်းသို့ သွားတက်သည်ဟု သံသယဖြစ်ပြီး ယခုဖမ်းဆီးထားသူများနှင့် ဆက်စပ်ပတ်သက်နေသည်ဟု ယူဆနေကြောင်း ဒေသခံများက ပြောသည်။

“ရွှေဟင်္သာ နောက်ပေါက်ရပ်ကွက်က ၀န်ထမ်းအိမ်ယာမှာ နေတဲ့ ဖြူဖွေးရဲ့အိမ်ကို စစ်တပ်နဲ့ ရဲ အင်အား ၄၀ လောက်က (၂၃) ရက်နေ့၊ ည (၁၁) နာရီ၊ မိနစ် (၂၀) လောက်မှာ ၀င်ပြီး ၃ ရက်အတွင်း လက်နက်တွေ ထုတ်ပေး၊ မထုတ်ပေးရင် မိဘတွေကိုပါ ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဖြူဖွေး၏မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုဖမ်းဆီးမှုတွင် ပြည်မြို့ ဥသျှစ်ပင်ရပ်ကွက်တွင် နေထိုင်သူ အမည်မသိနှစ်ဦးနှင့် အောင်လံမြို့မှတဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများ ဖြန့်ဝေခြင်းသာမက အခြားစွပ်စွဲချက်များပါ ပါဝင်နေပြီး မိသားစုအနေဖြင့် ၎င်းတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယနေ့ထိတိုင် မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံအနှံ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်န်အယ်ဒီလူငယ်များနှင့် တက်ကြွသည့် လူငယ်များ၏ ပုံသဏ္ဍာန်မျိုးစုံနှင့် လှုပ်ရှားမှုအား စောင့်ကြည့်လေ့လာ ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် မကြာမီကျရောက်တော့မည့် စက်တင်ဘာ သံဃာလှုပ်ရှားမှုကာလအတွင်း ဆန္ဒပြ လှုပ်ရှားမှုများ မဖြစ်ပေါ်အောင် ပြည်နယ်၊ တိုင်းနှင့် မြို့နယ်အသီးသီးတွင် လုံခြုံရေးများ ပိုမိုချထားလာသည်။

ယခုလဆန်း (၆) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပို့စ်ကဒ်လှုပ်ရှားမှုတခုကို မကွေးတိုင်း၊ ချောက်မြို့ပေါ်အနှံ့ ပြုလုပ်ခဲ့ရာ အဆိုပါကိစ္စအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် အဆိုပါမြို့မှ ရဲဝန်ထမ်း ၇ ဦးအား ဖမ်းဆီးကာ အချို့ကို တပတ်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့သည်။

ယင်းနောက်ပိုင်းတွင် စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားမှုများအား ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသည့် သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူများအား အရေးယူမည်ဟု အတိအလင်း ထုတ်ပြန်ထားသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးမှုများ ဖြစ်ပေါ်နေသည်ဟု ပြည်မြို့ရှိ ဒေသခံများက သုံးသပ်ကြသည်။

ဘူးသီးတောင်တွင် လုံခြုံရေး တင်းကျပ်

8/26/2009

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယနေ့နံနက်မှ စပြီး လုံထိန်း တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးကို တင်းကျပ် လိုက်သည်ဟု သတင်းရရှိသည်။

မြို့ခံ လူငယ် တဦးက “အဓိက နေရာ သုံးခုမှာ လုံထိန်း တပ်သားတွေကို ဖြန့်ကျက်ချထားတာကို တွေ့ရ ပါတယ်။ တဖွဲ့မှာ အင်အား ၇၀ စီပါတယ်လို့ သိရပါတယ်” ဟု ပြောသည်။

လံထိန်းတပ်သားများကို အဓိက ချထားလိုက်သော နေရာများမှာ ဦးဥတ္တမခန်းမ၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းနှင့် တောင်ဘဇားသို့ သွားသည့် စက်လှေဆိပ်များတွင် ဖြစ်သည်။

“ဘာကြောင့်ခုလို လုံထိန်းတပ်တွေကို ချထားလိုက်တယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မြို့မှာ တခုခု ဖြစ်မယ်လို့ သတင်းရတဲ့ အတွက် ဖြစ်နိုင်ပါတယ်” ဟု သူက ပြောသည်။

ဘူးသီးတောင်မြို့တွင် တကိုယ်တော် ဆန္ဒပြပွဲမှ အပ တခြား ကြီးကျယ်သော ဆန္ဒပြပွဲများ ယခင်က ပေါ်ပေါက် ခဲ့ဖူးခြင်း မရှိကြောင်း သိရသည်။

၂၀၀၇ ခုနှစ်က ကိုရဲသိန်းခေါ် ကိုဘူမောင်မှ စစ်အစိုးရအား ဆန့်ကျင်သည့် တကိုယ်တော် ဆန္ဒပြပွဲများကို (၂) ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး နောက်ဆုံး အကြိမ်တွင် ကိုရဲသိန်းကို သက်ဆိုင်ရာ နအဖ စစ်အာဏာပိုင်များက ဖမ်းဆီး ထောင်ချခဲ့သည်။

ဘူးသီးတောင်မြို့မှာ ရခိုင်ပြည်နယ်တွင် စစ်တပ် အများဆုံး တပ်စွဲထားသော မြို့ဖြစ်ပြီး စကခ ၁၅ နှင့် ဗျူဟာ (၂) တို့ တည်ရှိသည်။

ယခုကဲ့သို့ စစ်တပ် အများဆုံး တပ်စွဲရာ မြို့တွင် လုံခြုံရေးကို တင်းကျပ်လိုက်ခြင်းမှာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့နှင့် နီးကပ်လာသည့် အတွက် ဖြစ်နိုင်သည်ဟု အများ ယူဆနေကြသည်။


ပိုစတာ လှုပ်ရှားမူ စတင်ပြီးနောက် တိုင်းမှူး သောင်းအေး တောင်ကုတ်သို့ ရောက်

8/25/2009

ပိုစတာများကို အမည်မသိသူများက ဖြန့်ကျက်ပြီး ဒေါ်စု လွှတ်မြှောက်ရေး အတွက် လှုပ်ရှားမူ စတင်သည့် နောက်တနေ့တွင် ရခိုင်ပြည်နယ် ပ၀တ ဥက္ကဌ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးသည် တောင်ကုတ်မြို့သို့ ရောက်ရှိလာသည်။

တောင်ကုတ်က လူငယ် တဦးက “သြဂတ်စ်လ ၂၃ ရက်နေ့ နံနက်မှာ စာတွေ ပိုစတာတွေ ဖြန့်ကြတယ်။ နောက်တနေ့ကျတော့ တိုင်းမှူး သောင်အေး ရောက်လာတယ်။ ခါတိုင်းဆိုရင် ရောက်ပြီး ပြန်သွားလေ့ ရှိတယ်။ ဒီတကြိမ်တော့ ချက်ချင်း မပြန်ဘဲ စကခ (၅) ဌာနချုပ်မှာ အိပ်နေတာတွေ့တယ်။ သူတို့ တခုခု အစီအစဉ် ရှိမယ်ထင်ပါတယ်” ဟု ပြောသည်။

စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ ပြည်နယ်နှင့် တိုင်းများကို အုပ်ချုပ်ခွင့်ရ တိုင်းမှူးများ အနေဖြင့် ကိုယ်ပြည်နယ်ကိုကိုယ် ဆန္ဒပြပွဲများ မပေါ်ပေါက်အောင် ထိန်းသိမ်းရန် နေပြည်တော်မှ ညွန်ကြားထားသဖြင့် တိုင်းမှူး သောင်းအေးမှ တောင်ကုတ်တွင် ဆန္ဒပြပွဲများ မပေါ်ပေါက်အောင် ဆောင်ရွက်ရန် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီး သိန်းဆွေလည်း တောင်ကုတ်သို့ ရောက်ရှိနေပြီး မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ကြံ့ဖွတ်၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဟု သိရသည်။

တောင်ကုတ်မြို့မှာ ရခိုင်ပြည်နယ်တွင်သာမက မြန်မာနိုင်ငံတွင်ပါ စစ်အစိုးရကို ဆန့်ကျင်ရာနှင့် ဒီမိုကရေစီ အရေး လှုပ်ရှားရာတွင် အထူးတက်ကြွသော မြို့တမြို့ ဖြစ်သဖြင့် လုံခြုံရေး အရ စစ်အစိုးရ၏ အထူး အရေးစိုက်ခြင်းကို ခံရသော မြို့ ဖြစ်ပြီး တခြားတဘက်တွင်လည်း ပစ်ပယ် လျစ်လျူရှု့ခြင်းကို ခံနေရသော မြို့တမြို့ ဖြစ်သည်ဟု အဆိုပါ လူငယ်က ပြောသည်။

“တောင်ကုတ်က စစ်အစိုးရကို ဆန့်ကျင်ရာမှာ ရှေ့ဆုံးက ပါနေတဲ့ အတွက် တောင်ကုတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးကို ဘာမှ မလုပ်ဘဲ ထားပါတယ်။ ခုလို မလုပ်ဘဲထားတာဟာ စစ်အစိုးရကို ဆန့်ကျင်တဲ့အတွက် ဖြစ်တယ်ဆိုပြီး တောင်ကုတ် အာဏာပိုင်တွေက အစည်းအဝေးတွေမှာ ခဏ ခဏ ပြောပါတယ်။ တောင်ကုတ်မြို့နယ် အတွင်းမှာ လမ်းတွေက အစ ပျက်စီးနေမယ့် ပြုပြင်တာ မရှိပါဘူး။ အဓိက လူသုံးအများဆုံး သင်္ဘောဆိပ်လမ်းကို ဆိုရင် ဒီအတိုင်း ပစ်ထားပါတယ်။”

တောင်ကုတ်မြို့မှာ ဒီမိုကရေစီ အရေး လှုပ်ရှားရာတွင် အထူးတက်ကြွသော မြို့ ဖြစ်သဖြင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပင် မြန်မာနိုင်ငံရှိ မြို့တ၀က်လောက်သာ တောင်ကုတ်လို ကြိုးစား ရုန်းကန်ကြမယ်ဆိုရင် ခုလောက်ဆို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိလောက်ပါပြီဟု မှတ်ချက် ပြောဆိုဖူးကြောင်း အဆိုပါ လူငယ်က ပြောကြားသည်။


လယ်သမားများထံ ငွေကြေးကောက်ခံနေသောအဖွဲ့သည် သူတို့တပ်ဖွဲ့မှမဟုတ်ကြောင်း နိုင်အောင်နိုင်ငြင်းဆို
Wed 26 Aug 2009, ရိုင်မရော့၊ IMNA
မုဒုံမြို့နယ်အတွင်းမှ ဖြတ်ပိုင်းနှင့်တကွ ငွေကြေးကောက်ခံနေသည့်အဖွဲ့ သည် ဒေသခံလယ်သမားတို့၏ ထင်မြင်ချက်အရ နိုင်အောင်နိုင်ဦးဆောင် သည့်တပ်ဖွဲ့မှဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်ကို ၄င်းတို့အဖွဲ့မဟုတ် ကြောင်း နိုင်အောင်နိုင် ငြင်းဆိုခဲ့သည်။

လယ်သမားများအကြား ငွေကောက်ခံနေသည်ဟု ဒေသရှိကျောင်းထိုင်ဆ ရာတစ်ပါးထံ သတင်းရောက်ရှိသွားပြီးနောက် ၄င်းဆရာတော်က နိုင် အောင်နိုင်ကိုခေါ်ပြီး အကျိုးအကြောင်းမေးမြန်းရာမှာ မိမိတို့အဖွဲ့မှမဟုတ် ကြောင်း နိုင်အောင်နိုင်က ပြတ်ပြတ်သားသား ငြင်းဆိုသည်။

“အဓိက ဖြတ်ပိုင်းလိုက်ပေးတဲ့လူတွေက သေနတ်ကိုင်ထားပြီး လူသုံး ယောက်ပဲရှိတယ်၊ တချို့လယ်တွေမှာ သူတို့ကိုယ်တိုင်ဆင်းပြီး ဖြတ်ပိုင်း ပေးတယ်၊ တချို့နေရာဆိုရင် လူလွှတ်ပြီးတော့ သူတို့ဖြတ်ပိုင်းပေးခိုင်း တယ်။ ဖြတ်ပိုင်းစာရပြီးတာနဲ့ ပိုက်ဆံအပြီးပြင်ထားတဲ့၊ သူတို့လာယူတဲ့အ ချိန်မှာ ပိုက်ဆံအဆင်သင့်ဖြစ်နေရမယ်” ဟု ဖြတ်ပိုင်းရထားသည့် လယ် သမားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ကာကွယ်ရေးတပ် (ဒပ္ပှာန္စႝုဒှာဂကူမန္) တံဆိပ်ပါသည့် ဖြတ်ပိုင်းများ ဖြန့်ဝေထားသည့်ကျေးရွာမှာ လယ်ယာအများဆုံးလုပ်ကိုင်နေကြသည့် မု ဒုံမြို့နယ်အတွင်းရှိ ကမာဝက်ကျေးရွာ၊ နိုင်လှုံကျေးရွာ၊ လက်တက်ကျေး ရွာအနီးနားတဝိုက်ရှိရွာတို့ဖြစ်သည်။


လယ်မြေတစ်ဧကလျှင် ၁၅၀၀ ကျပ်ဖြင့် လယ်သမားများထံ အကူအညီ တောင်းခံခြင်းဖြစ်ပြီး ဖြတ်ပိုင်းရရှိသည့်နောက်ပိုင်း ပေးဆောင်ရမည့်ငွေကို အဆင့်သင်ပြင်ဆင်ထားရန်နှင့် အမှားအယွင်းမရှိရန် ၄င်းစာတွင် ပါရှိ သည်။

ဖြတ်ပိုင်းပါတံဆိပ်အရ ၄င်းအဖွဲ့သည် နိုင်အောင်နိုင်အဖွဲ့မှမဟုတ်ကြောင်း၊ လက်ရှိ ၄င်းအဖွဲ့သည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ကြားမှာ လှုပ်ရှားနေသည့်အဖွဲ့တစ် ဖွဲ့ဖြစ်ပြီး၊ အဖွဲ့ထဲတွင် အဓိကအဖွဲ့ဝင် သုံးဦးသာရှိသည်ဟု ခရိုင်အဆင့် မွန်ပြည်သစ်ပါတီ ကော်မတီဝင်တစ်ဦးက ပြောသည်။

“သူတို့အဖွဲ့မဟုတ်ဘူးလို့ နိုင်အောင်နိုင်ငြင်းဆိုလိုက်ပြီးတော့ ဆရာတော် က အရှေ့တောင်တိုင်းမှာ သွားတိုင်ခဲ့တယ်။ တိုင်ထားပြီးတော့ လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်လောက်က စစ်သား အယောက် ၄၀ လောက် လယ်ထဲဆင်း ပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်။ မုဒုံက မွန်ပြည်သစ်ပါတီဝင်တွေ လည်း လယ်ထဲဆင်းပြီးတော့ စစ်ဆေးနေတယ်” ဟု သံဃာတော်တစ်ပါး က မိန့်ကြားခဲ့သည်။

မွန်ကာကွယ်ရေးတပ်ဟု အမည်ခံထားသည့် အဖွဲ့ဝင် ၃ ဦးသည် လယ် ကွင်းထဲသို့ဆင်းသည့်အခါ ခါပိုင်သေနတ်တစ်လက်၊ (M-16) တစ်လက်နှင့် (AK) သေနတ်တို့ ကိုင်ဆောင်ထားသည်။

“တချို့လယ်သမားတွေက ဒီပိုက်ဆံတွေ မပေးနိုင်ဘူး၊ ပေးဖို့လည်းမရှိဘူး ပြောနေကြတာကို အဲဒီသေနတ်ကိုင်ထားတဲ့သူတွေက ပေးနိုင်တာ မနိုင် တာမသိဘူး ဖြတ်ပိုင်းရတာနဲ့ ပိုက်ဆံအသင့်ပြင်ထားဆိုပြီးတော့ သေနတ် ထုတ်ပြပြီး ခြိမ်းခြောက်တာမျိုးလည်း ရှိတယ်” ဟု လယ်သ မားများက ပြောသည်။

၎င်းအဖွဲ့မှ ဖြတ်ပိုင်းများဖြန့်ဝေထားပြီး ငွေကြေးလိုက်လံမကောက်ခံရ သေးဘဲ၊ သက်ဆိုင်ရာမှ လာရောက်စစ်ဆေးနေခြင်းကြောင့် ယခုရက် ပိုင်းအတွင်း ငြိမ်သက်နေသည်။


မော်လမြိုင်တက္ကသိုလ်အတွင်း လှုံ့ဆော်စာတွေ့ပြီးနောက် စစ်ဆေးကန့်သတ်မှု တိုးမြှင့်
Wed 26 Aug 2009, အာကာ
မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် စာသင်ဆောင်အတွင်းတွင် ကျောင်း အာဏာပိုင်တို့က စစ်အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်စာများ တွေ့ရှိပြီးနောက် ကျောင်းသူ/သားများအား စစ်ဆေးမှုများ ပိုမို တင်းကျပ်လိုက်သည်။

အဆိုပါလှုံ့ဆော်စာများအား တက္ကသိုလ်စာသင်ဆောင်ရှိ အိမ်သာများတွင် ယခု သီတင်းပတ်အတွင်း ကပ်ထားသည်ကို တွေ့ရှိရသည်ဟု သိရသော် လည်း ကျောင်းသားအများစု မတွေ့မှီ တက္ကသိုလ်ဝန်ထမ်းတို့က အချိန်မှီ ခွာယူခဲ့ရသည်ဟု မော်လမြိုင်တက္ကသိုလ် ကထိကတစ်ဦးနှင့် နီးစပ်သည့် ကျောင်းသားတစ်ဦးက ဆိုသည်။

၎င်းက “ကျောင်းသားထဲမှာ ဒီစာနဲ့ပတ်သက်ပြီး လှုပ်ရှားတဲ့လူတွေရှိတယ် လို့ ဆရာမက ပြောတယ်၊ နောက်တော့ စာထဲမှာ ကျောင်းသားတွေ သ ပိတ်မှောက်အောင် လှုံ့ဆော်ထားတာ ပါတယ်။ နောက်တော့ သံလွင်တံ တားကို ဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ထားတာလည်း ပါတယ်။ ငါတို့ လူတွေဟာ ကျောင်းသားတွေပဲလို ပြောထားတာလည်း ပါတယ်’’ ဟု ပြောသည်။

ထိုစာများအား ရာမည ၁၊ ရာမည ၂၊ ဗညားဒလ၊ စမ်းသီတာ စသည့် တက္က သိုလ်စာသင်ဆောင်ရှိ အိမ်သာတိုင်းလိုလိုတွင် ကပ်ထားခဲ့သည်ဟု သိရသည်။

ယခုအခါ ကျောင်းဝင်းအတွင်းသို့ ဝင်ထွက်သည့်ဂိတ်များနှင့် စာသင်ခန်း များတွင်မကျန် စစ်ဆေးမှု ရှိလာကြောင်း ထိုကျောင်းသားက ပြောသည်။ “ဆရာမတွေက အရင်ကဆို အတန်းသိပ်မဝင်ဘူး၊ အခုတော့ အမြဲဝင်နေ တယ် သိလား၊ ဆရာမတွေ ဒီစာကို တွေ့ပြီးကတည်းက တော်တော်အလုပ် ရှုပ်နေရပြီ၊ နောက်ပြီး ကျောင်းအဝင်ဝမှာလည်း အစစ်အဆေး တော်တော် လုပ်နေတယ်’’ ဟု ၄င်းကျောင်းသားက ပြောသည်။

ကျောင်းသူ/ကျောင်းသားများ၏ ကျောင်းဝင်းအတွင်း ဝင်ခွင့်အဖြစ် ဘာသာ ရပ်အလိုက် အမှတ်အသားများအနေဖြင့် ကပ်ထားရသည့် စတစ်ကာများ ကိုလည်း ဂိတ်ပေါက်ဝများတွင် ဝင်ထွက်နေသည့်ဆိုင်းကယ်များအား ထပ် မံစစ်ဆေးနေပြီး တက္ကသိုလ် ဝင်ခွင့်ရ စတစ်ကာ ကပ်ထားခြင်းမရှိသည့် ဆိုင်ကယ်များအား ဝင်ခွင့်မပြုတော့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်ပြီး နောက်ပိုင်း မော်လမြိုင်၌ ဆန္ဒပြရန်အစီအစဉ်ရှိသည်ဟု သတင်းများထွက်နေပြီး တက္ကသိုလ်အာ ဏာပိုင်တို့က ကျောင်းသူ/သားများအား စောင့်ကြည့်မှုများ ပိုမိုဆောင်ရွက် လာခဲ့ကြသည်။ ပျော်ပွဲစားထွက်ခြင်းများအပါအဝင် ဘာသာရေး၊ လူမှုရေး ဆိုင်ရာ ကုသိုလ်ဖြစ်လှုပ်ရှားမှုများအား ကန့်သတ် ချုပ်ချယ်မှုများ ရှိလာ ကြောင်း အခြားကျောင်းသားတစ်ဦးက ဆိုသည်။

ထိုသို့ ကျင်းပလိုပါက ပါမောက္ခချုပ် သို့မဟုတ် သက်ဆိုင်ရာ ဆရာ၊ ဆရာ မများထံသို့ အသိပေး အကြောင်းကြားရမည် ဖြစ်ပြီး ၄င်းတို့၏ ခွင့်ပြုချက် ရရှိမှသာလျှင် လုပ်ပိုင်ခွင့် ရှိသည်။

မော်လမြိုင်မြို့နေရာအနှံ့တွင်လည်း အာဏာပိုင်များက လုံခြုံရေး တင်းကြပ် စွာ ချထားပြီး ခရီးသွားသံဃာတော်များကိုပါ မွှေနှောက် စစ်ဆေးမှုများ ပြု လုပ်လျှက်ရှိသည်။


ဘဏ်နှင့် အကျိုးဆောင်များမှာ ဓာတ်အားခကြိုတင်ပေးသွင်းနိုင်
Wed 26 Aug 2009, IMNA
ဘဏ်နှင့် အကျိုးတော်ဆောင်လုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားခ ကြို တင်ပေးသွင်းနိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားတောင်းခံလွှာများ မရောက် ခြင်း နောက်ကျခြင်းဖြစ်ပါက တိုင်ကြားနိုင်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ် အားပေးဌာနက တရားဝင် ကြေငြာထားသည်။

လျှပ်စစ်မီးတာသုံးစွဲခကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သို့ ဓာတ်အားခ ပေးဆောင်ရန်မှာ သက်ဆိုင်ရာမှသတ်မှတ်ထားသော ငွေ လက်ခံဌာနများသို့ တိုက်ရိုက်ပေးသွင်းကြပါရန်နှင့် မီတာစာရေး ကိုဖြစ်စေ၊ အခြားလျှပ်စစ်ဝန်ထမ်းစာရေးကိုဖြစ်စေ ပေးဆောင်စေပြီး ငွေကြေးပြဿ နာ ပေါ်ပေါက်လာပါက ၄င်းတို့မှာတာဝန်မရှိကြောင်း၊ တိုက်ရိုက်ပေး ဆောင်ရန် အခက်အခဲရှိပါက အကျိုးတော်ဆောင်လုပ်ငန်းများနှင့် ဘဏ် များထံမှတဆင့် ဓာတ်အားခများကို ပေးသွင်းနိုင်သည်ဟု ၄င်းကြေငြာချက်တွင် ပါရှိသည်။

လျှပ်စစ်ဓတ်အားခ ကြိုတင်ပေးသွင်းနိုင်သော နေရာများမှာ MOB ( Myanmar Oriented Bank) ဘဏ်၊ GEC အကျိုးတော်ဆောင်၊ GF (gold fate) အကျိုးတော်ဆောင်၊ Myanmar Banner ကုမ္ပဏီ နှင့် CB ဘဏ်တို့ ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

၎င်းအပြင် ဓါတ်အားခ နောက်ဆုံးပေးဆောင်ရမည့် သတ်မှတ်ရက်ထက် နောက်မကျစေပဲ ပေးသွင်းရန်နှင့် မီတာဘယ်လ် သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိခြင်း၊ မရှိခြင်းဖြစ်ပါက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း ဖော်ပြထားပါသည်။

“ကျွန်မတို့က ရုံးချိန်အတွင်းမှာ ဓာတ်အားခ သွားဆောင်ဖို့ အချိန်မရကြလို လျှပ်စစ်ရုံးက ဝန်ထမ်းက တဆင့် ကိုယ်စားသွားခိုင်းပြီး ပေးဆောင်နေရ တာများတယ်။ အဲဒီအတွက် ဝန်ဆောင်ခကို ၅၀၀ ကျပ် ကနေ ၁၀၀၀ ကျပ် ထိ ပေးရတယ်။ အခုလို လျှပ်စစ်ဓာတ်အားကြို တင်ပေးချေတဲ့စနစ် ရှိလာ တော့ လအနည်းငယ်အတွက် သူတို့သတ်မှတ်ထားတဲ့နေရာတွေမှာ သွား ဆောင်ရုံပဲ၊ ပြီးတော့ မီတာဘယ်လ် (လျှပ်စစ်ဓာတ်အားတောင်းခံလွှာ) ပျောက်တာ စိုးရိမ်စရာ မလိုတော့သလို ဝန်ဆောင်ခလည်း ပိုသက်သာ မယ်” ဟု ရန်ကုန်မြို့မှ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကင်းမြို့နယ်မီတာရုံးကို ဆက်သွယ်မေးမြန်းရာတွင် ယခုလို ဘဏ်မှတ ဆင့် ကြိုတင်ပေးသွင်းထားသူတွေအတွက် မီတာဘယ်လ်များကို ဘဏ်နှင့် အကျိုးတော်ဆောင်များကို မီတာစာရွက်မဖြန့်ခင် လာကောက်စေပြီး ၄င်း အတွက် ဝန်ဆောင်ခ မည်မျှပေးဆောင်ရမည်ကို မေးမြန်းရာတွင် ဘဏ် များကိုသာ မေးကြည့်လိုက်ပါဟု ဖြေကြားသွားပါသည်။

လှည်းတန်းမြို့နယ်ရှိ ဒေသခံတစ်ဦးက “အခုလို မီတာခကြိုတင် ပေး ဆောင်နိုင်တဲ့စနစ်ဟာ ရုံးဖွင့်ရက် လူလုံးဝမရှိတဲ့ နေအိမ်တွေအတွက် အတော်ကို အဆင်ပြေပါတယ်။ အရင်က ကျွန်တော်တို့ အိမ်မှာ တစ်လ ကျော်တဲ့အထိ မီတာဘယ်လ်ရောက်မလာဘူး၊ နောက်တစ်နေ့တော Fuse လာဖြုတ်သွားတာ ကြုံဘူးတယ်။ မီတာရုံးဆီမှာ သွားမေးတော့ မီတာခ လာမဆောင်လို့ မီးဖြတ်လိုက်တာလို့လည်း ဓာတ်အားခ လက်ခံဌာန ဝန် ထမ်းက ပြောတယ်။ သူတို့က မီတာဘယ်လ်ကို လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကတည်းက ပို့ထားတယ်လိုလည်းပြောပါတယ်”။

၎င်းက “ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ မီတာဘယ်လ်လာပေး တဲ့အချိန်မှာ လူမရှိလို့ တနေရာမှာ ကျသွားတာမျိုးတို့ ပျောက်သွားတာမျိုး ဟာ ခဏခဏဖြစ်နေကြတာပဲ။ နောက်တစ်ခုက မီတာခ အကြွေးရှိလို့ မီးတာဘယ်လ် ထပ်မပို့တာတွေ ဖြစ်တက်ပါတယ်” ဟု ဆိုပါသည်။ လျှပ်စစ် ဓာတ်အားခအကြွေးကို ပေးဆောင်ပြီးတောင်မှ Fuse လာတပ်ပေးဖို့က နှစ်ရက် သုံးရက်ကြာပါသည်။




သစ်သယ်ဆောင်မှုအပေါ် ဒီကေဘီအေမှအဆမတန်အခွန်ကောက်ခံလာမှုကိုလက်မခံကြ
Kaowao

သြဂုတ်၂၆ ၊၂၀၀၉။

စံခလပူရီ(သြဂုတ်-၂၆)။ ။ ယခုသီတင်းပတ်အတွင်း ဘုရားသုံးဆူဒေသနှင့်ဝန်းကျင်ဒေသတဝိုက်၌ ဒေသခံ ကုန်သည်များ သစ်သယ်ဆောင်မှုအပေါ် ဒီကေဘီအေ ဗိုလ်ကြီးစောအေဝမ်းအဖွဲ့မှ ဂိတ်ကြေးများ အဆမတန် ကောက်ခံလာမှုကြောင့် သစ်လုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်နေတော့ကြောင်း ဒေသခံသစ်ကုန်သည်များက ဖုန်းဖြင့် ပြောဆိုခဲ့သည်။

“ကားတစ်စီးကို ဘတ် ၂ သောင်းတဲ့၊ ဒီကေဘီအေတစ်ဖွဲ့ပဲ ဒီလိုကောက်တာ၊ ဘာဖြစ်လို့လဲမသိဘူး၊ ကျနော်တို့ သွားညှိတယ် မရဘူး၊ ကျနော်တို့လည်းအလုပ်နားလိုက်ရပါပြီ၊ မြို့ပေါ်မှာလက်ကျန်သစ်တွေကုန်သွားရင်ပရိဘောဂ သမားတွေလည်း ထမင်းငတ်တော့မှာပဲ” ဟု အမည်မဖေါ်လိုသော သစ်ကုန်သည်တစ်ဦးက ပြောခဲ့သည်။

အဆိုပါကိစ္စကို ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး မြတ်ထွန်းအေးထံသို့ သစ်ကုန်သည် များ တိုင်ကြားခဲ့သည်ဟု ဆိုပါသည်။ ယခင်နှုံးထားများအတိုင်း ကောက်ခံကြရန် တပ်ရင်းမှူးက ညွှန်ကြားခဲ့သော် လည်း ဒီကေဘီအေ ဗိုလ်ကြီးစောအေဝမ်းက လက်မခံဟု ဆိုပါသည်။

ဒီကေဘီအေ အမှတ် ၉၀၇ တပ်ရင်းမှူး စောနော်တရာနှင့် အင်အား ၇၀ နီးပါးခန့် ဘုရားသုံးဆူနယ်စပ်မြို့သို့ ရောက်ရှိ စခန်းချလျှက်ရှိရာ အဆိုပါတပ်ဖွဲ့ ရိက္ခာအတွက် ယခုခဲ့သို့တိုးမြှင့်ကောက်ခံရကြောင်း ဒီကေဘီအေမှ အကြောင်းပြပြောဆိုခဲ့သည်ဟု ဆိုသည်။

ဒေသရှိမြန်မာစစ်အာဏာပိုင်နှင့် ဌာနဆိုင်ရာများအပြင် မွန်ပြည်သစ်ပါတီ၊ ကရင်KNU ၊ ကရင် DKBA၊ ကရင် KPF၊ ကရင် KNU/KNLA-PC ထိန်မောင်အဖွဲ့တို့ကိုလည်း ၄င်းတရားမဝင်သစ်များ သယ်ဆောင်မှုအပေါ် ကားတစ်စီးလျှင် ဘတ် ၇၀၀ ကောက်ခံနေခဲ့ကြသည်မှာ ပုံမှန်နှုန်းထားဟု ဆိုကြပါသည်။

ထိုဒေသရှိ မွန်ပြည်သစ်ပါတီ ဂိတ်မှူးတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ဒီရက်ပိုင်းတွေမှာ သစ်ကုန်သည်တွေ လုံးဝမလာကြတော့ဘူး၊ ကုန်သည်တွေတွက်ချေမကိုက်တော့ မလုပ်ကြတော့ဘူးလေ၊ မိုးတွင်းမှာဂိတ်တွေကလည်း ဒီသစ်လုပ်ငန်းကိုပဲ အားထားနေရတယ်၊ ကုန်သည်တွေမလာကြတော့ ပါတီဝင်ငွေကျသွားတာပေါ့” ဟု ကောင်းဝါ သတင်းသို့ ပြောကြားခဲ့၏။

ဘုရားသုံးဆူနယ်စပ်မြို့သည် သစ်လုပ်ငန်းသာ အဓိကအလုပ်ဖြစ်ထွန်းကြသည်။ ဒေသ၏စီးပွားအခြေအနေများမှာ သစ်လုပ်ငန်းအပေါ် များစွာတည်မှီနေပါသည်။ မြန်မာသစ်များကို ပရိဘောဂအထည်များ၊ ပန်းပုပုံများအမျိုးမျိုး ပြုလုပ်၍ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ တင်ပို့ကြသည်။

အဆိုပါသစ်များကို KNU တပ်မဟာ ၆ ထံမှ ဝယ်ယူခုတ်လှဲခဲ့ကြပြီး သစ်ကုန်သည်တို့က ထိုင်းတို့အော်ဒါမှာယူသည့် ထားအတိုင်း ဘုရားသုံးဆူမြို့ပေါ်၌ ပရိဘောဂစက်ရုံများတွင် အချောထည်များ ပြုလုပ်ကာ နှစ်ဖက်နိုင်ငံအာဏာပိုင် များနှင့် နားလည်မှုရယူ၍ ထိုင်းဖက်သို့ ပို့ဆောင်ရောင်းချနေကြသည်။

သို့ရာတွင် ဘုရားသုံးဆူနယ်စပ်ရှိ ထိုင်းအာဏာပိုင်နှင့် မြန်မာစစ်အာဏာပိုင်တို့ ညှိနှိုင်းမှုမပြေလည်ခြင်းကြောင့် လွန်ခဲ့သော မေလ ၂၁ ရက်နေ့က မြန်မာသစ်တန် ၃၀၀ ကျော်ကို ထိုင်းသစ်တောဌာနက ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီး သိမ်းယူလိုက်ပြီး တင်ဆောင်လာသည့်ကားများကို ပြန်လွှတ်ပေးခဲ့သည်။ အဆိုပါ သစ်တန်ဖိုးဆုံးရှုံးမှုများမှာ မြန်မာ သစ်ကုန်သည်များ၏ တာဝန်ဖြစ်သည်ဟု သိရသည်။

ယခုအခါ သစ်အထည်ကြမ်းများ ဝင်ရောက်လာမှု အလွန်နည်းပါးလာသောကြောင့် အချို့ပရိဘောဂ စက်ရုံများ အလုပ်ရပ်ဆိုင်းနေပြီဟု သိရသည်။


ကိုးကန့်တပ်ဖွဲ့အား နအဖ ထောက်ခံမှုဖြင့် အသစ်ဖွဲ့မည်

သတင်းနှင့်မီဒီယာ ကွန်ယက်။
သြဂုတ်လ ၂၆ ရက်၊ ၂ဝဝ၉ ခုနှစ်။

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၁)၊မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်ဌာနချုပ်ရှိရာ လောက် ကိုင်မြို့တွင် ယမန်နေ့က ဗဟိုကော်မတီ အစည်းဝေးတရပ်ခေါ်ယူခဲ့ပြီး ကိုးကန့်အဖွဲ့အား ပြန်လည်ဖွဲ့စည်းဖို့ ဆုံး ဖြတ်ခဲ့သည်။

ဥက္ကဌ ဖုန်ကျားရှင်၊ ညီတော်စပ်သူ ဒုဥက္ကဌ ဖုန်ကျားဖု နှင့် သားနှစ်ယောက်တို့အား ဝရမ်းပြေးအဖြစ် သတ်မှတ် လိုက်သည်။

ယခုလ(၂၄)ရက်နေ့က ကိုးကန့်တပ်ဖွဲ့တွင်း အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ဒုစစ်ဦးချုပ် ဖြစ်သူ ပိုင်စုန်ချိန် အ ပါအဝင် နအဖက ကျောထောက်နောက်ခံပြုထားသည့် ကိုးကန့် ခေါင်းဆောင်အချို့က အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူ တရုတ်-မြန်မာ နယ်စပ်စစ်ရေးအကဲခတ် ဦးအောင်ကျော် ဇောက ပြောသည်။

“အဲဒီအစည်းဝေးကိုတော့ လောက်ကိုင် ဒကစက စီစဉ်ပေးတာ၊ ဥက္ကဌ ဖုန်းကျားရှင်တို့တော့ မတက် ဘူး။ သူက နယ်စပ်ဘက်မှာ ရောက်နေတယ်။ သူ့ကိုထောက်ခံတဲ့တပ်တွေလည်း သူတို့နဲ့အတူ ရှိတယ်။ နအဖက ကျောထောက်နောက်ခံပေးထားတဲ့ ပိုင်စုံချိန် တို့အုပ်စုကဘဲ လုပ်မယ့်သဘောဘဲ။ ရန်ကျား အုပ်စုတွေလည်း လောက်ကိုင်ရောက်နေတယ်လို့ ပြောတယ်။”

၁၉၉၂ ခုနှစ် ဝန်းကျင်ကာလများက ကိုးကန့်အဖွဲ့အတွင်း ဖုန်ကျား(ဖုန်အမျိုးအနွယ်)နှင့် ရန်ကျား (ရန်အမျိုး အနွယ်) နှစ်ဖက် တိုက်ခိုက်ကြရာ ရန်အုပ်စုတို့ ရှုံးနိမ့်ခဲ့ပြီး ကွမ်းလုံတွင် အခြေချကာ ကွမ်းလုံ အထူးတိုက်ခိုက် ရေးရဲ တပ်ဖွဲ့အဖြစ် နအဖက ဖွဲ့စည်းပေးထားသလို ရန်ကုန်တွင် ပီအမ်ဂျီကုမ္ပဏီထူထောင်ပြီး အရက်နှင့် သောက် ရေသန့် ထုတ်လုပ်နေသည်။

ယခုလ(၂၃)ရက်နေ့က ကိုးကန့်တပ်ဖွဲ့ ဥက္ကဌ ဖုန်ကျားရှင် နေအိမ်အား ဝင်ရောက်ပြီး ဖမ်းဆီးရန်ကြိုးစားခဲ့ရာတွင် အဆိုပါ ကွမ်းလုံမှ ကိုးကန့်အထူးရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ခဲ့ပြီး ယခုနအဖက ကျောထောက်နောက်ခံပြုထား သည့် ဒုစစ်ဦးချုပ်နှင့် ဒုဥက္ကဌဖြစ်သူ ပိုင်စုံချိန်၏ နေအိမ်မှတဆင့် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု လောက်ကိုင်မှ လာသည့် သတင်းများအရ သိရသည်။

ယမန်နေ့တွင် လောက်ကိုင်ဒေသကွပ်ကဲရေး စစ်ဌာနချုပ်လက်အောက်ခံ တပ်များက လောက်ကိုင်မြို့အား ထိန်း ချုပ်လိုက်ပြီး ကိုးကန့်ဌာနချုပ်မှ ကိုးကန့်တပ်ဖွဲ့ဝင်များလည်း ဌာန ချုပ်စွန့်ခွာကာ တောတောင်များအတွင်းသို့ ဝင် ရောက်ခဲ့ပြီးနောက်ပိုင်း ယခုလို ပိုင်စုံချိန်တို့ အုပ်စုက ဦးဆောင်ပြီး ကိုးကန့်တပ်ဖွဲ့အား ပြန်လည်ဖွဲ့စည်းရန် အ စည်းဝေး ခေါ်ယူခြင်း ဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ မြန်မာစစ် အစိုးရနှင့် ပထမဆုံး အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ကမ်းလှမ်းမှုကို ငြင်းပယ်နေချိန်တွင် အခုလို အဖွဲ့အတွင်းပြဿနာများ ပေါ်ပေါက်လာခြင်းဖြစ်သည်။


သတင်းပေးလုပ်နည်း သင်တန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ပို့ချပေးနေ
2009-08-26

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မယကနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက လူငယ်အသင်းသား တချို့ကို လူထုအတွင်း စည်းရုံးရေးနဲ့ အင်ဖော်မာ သတင်းပေးလုပ်နည်း ရက်တိုသင်တန်း ပို့ချပေးနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

သြဂုတ်လ ၂၅ ရက် မနေ့က စပြီး ၃ရက်ကြာပြုလုပ်မဲ့ အဲဒီသင်တန်းဟာ ရွှေဝါရောင်အရေးအခင်း နှစ်ပတ်လည် သံဃာတွေလှုပ်ရှားမှု ရှေ့လမှာ ဖြစ်လာနိုင်တာကြောင့်ရယ် ၂ဝ၁ဝရွေးကောက်ပွဲအတွက် မဲဆွယ်တတ်အောင် ရည်ရွယ်ပြီးတော့ လုပ်တာဖြစ်တယ်လို့ ဘိုကလေးမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင် တဦးက ခုလိုပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်။ ။ 'ခု ကျနော်တို့ ဘုန်းကြီးတွေကလည်း လှုပ်ရှားမယ်လို့ ပြောတယ်ပေါ့။ အဲဒီကိစ္စတွေနဲ့ ကျနော်တို့က အင်ဖော်မာသဘောမျိုးနဲ့ လုပ်ရဖို့ အစီအစဉ်တွေ ရှိပါ တယ်။ အဲလိုမျိုး။ အတိုက်အခံ အဖွဲ့အစည်းတွေ လှုပ်ရှားမှုအားလုံးကို အချိန်နဲ့တပြေးညီ သတင်းတွေရရင် အဲဒီသတင်းကို တခါတည်း ချက်ချင်း အဲလိုမျိုးပို့ဖို့အတွက် သတင်းပေးသတင်းယူ သင်တန်းတွေရယ်၊ နောက် ၂ဝ၁ဝမှာ ဒီ ယူအက်စ်ဒီအေကနေ မဲပုံးထောင်မဲ့ ကိစ္စရှိတယ်လေ၊ အဲဒီအတွက်ကြောင့်မို့ ပြည်သူလူထုကို ကိုယ့်ဘက်က ပါအောင်လို့ စည်းရုံးခိုင်းဖို့အတွက် အဲဒီနှစ်ချက်နဲ့ ပုံစံမျိုးတွေလုပ်မှာ။'

ညနေ ခြောက်နာရီကနေ ညကိုးနာရီအထိ မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ ပို့ချပေးနေတဲ့ အဲဒီသင်တန်းအတွက် ဘိုကလေးမြို့ပေါ် ၁ဝ ရပ်ကွက်က ဆယ်တန်းအောင်ပြီးသူ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင် လူငယ် ၃ဝ ကို မြို့နယ်အာဏာပိုင်တွေကိုယ်တိုင် စိစစ် ရွေးချယ်ခဲ့တာလို့ သိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမှု ရန်ကုန်မှာ လုပ်ခဲ့
2009-08-26

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့အနေနဲ့ သြဂုတ်လ ၂၅ ရက် မနေ့ကညပိုင်းမှာ ဖရီးဒေါ်စု Free Daw Suu ဆိုတဲ့ စာတွေကို ရန်ကုန်မြို့တွင်း လူမြင်သာတဲ့ နေရာတွေမှာ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့ဝင်တွေက မှုတ်ဆေးနဲ့ လိုက်ပြီး ရေးခဲ့ကြပါတယ်။

စံပြ ဖဆပလရပ်ကွက်၊ ဗြိတိသျှ သံရုံးဝန်ထမ်းများ အိမ်ရာရှေ့ ၊ ကန်တော်ကြီးပတ်လမ်း ၊ ယုဇနဂါးဒင်း ဟိုတယ် ဝန်းကျင် နဲ့ ဆူးလေဘုရားနားတဝိုက် စတဲ့နေရာတွေမှာ လုပ်ခဲ့ တယ်လို့ Generation Wave အဖွဲ့ဝင်တဦးက RFA ကို ပြောပါတယ်။

အဖွဲ့ဝင်။ ။ 'အဓိကကတော့ ဒေါ်စုလွတ်မြောက်ရေးပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးထောင်ချထားတဲ့ ကိစ္စကို ကျနော်တို့တွေက မကျေနပ်ဘူးဆိုတာကို အစိုးရသိအောင် ကျနော်တို့ ပြောတာပေါ့ ပြည်သူသိအောင်လည်း ကျနော်တို့လုပ်တာပါ။'

မြောက်ဥက္ကလာဖက်မှာ ခုလိုစာတွေ လိုက်ရေးနေတုန်း လှည့်ကင်းနဲ့တွေ့လို့ ထွက်ပြေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။ သူတို့အနေနဲ့ မတရားမှုကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆက်ပြီး တိုက်ပွဲဝင်နေ တယ်လို့ သူက ပြောပါတယ်။

အဖွဲ့ဝင်။ ။ 'နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွတ်မြောက်ဖို့ ကျနော်တို့တောင်းဆိုနေတယ်၊ ဒေါ်စုလွတ်မြောက်ဖို့ ကျနော်တို့ ဆက်လက်ပြီးတော့ တောင်းဆိုနေတယ်။ လူထုတရပ်လုံး ပါဝင်လာမဲ့ တိုက်ပွဲတရပ် ပုံမျိုးအထိ ကျနော်တို့ ရအောင်ဖော်ဆောင် ပြီးတော့ ဆက်လက်ပြီးတော့ လုပ်ဆောင်မယ်၊ ကျနော်တို့ ခံစားရတဲ့ လူငယ်တွေရဲ့ ခံစားမှုမျိုးပေါ့။ မတရားတာ တွေ့ရင် မတရားတာကို ကျနော်တို့ကတော့ ပြောနေ ဆက်ပြီးတော့ လုပ်ကိုင်နေအုံးမှာပဲ။'

သူတို့ရေးသွားတဲ့ စာတွေကို အာဏာပိုင်တွေက ဒီနေ့မနက် ၁ဝ နာရီလောက်မှာ လိုက်လံဖျက်နေပြီး လှုပ်ရှားမှုမှာ ပါဝင်သူတွေကို စုံစမ်းနေတယ်လို့ သိရတဲ့အတွက် Generation Wave အဖွဲ့ဝင်တချို့ ပုန်းရှောင်နေကြရတယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု တရုတ် သြဇာလွှမ်းမိုး
2009-08-26

မြန်မာနိုင်ငံကို သုံးရက်တာခရီးစဉ် လာရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် Jim Webb ရေးသားတဲ့ ‘မြန်မာနိုင်ငံကို လစ်လျူရှု မထားနိုင်ပါ’ ဆိုတဲ့ခေါင်းစဉ်ပါ ဆောင်းပါးတပုဒ်ကို အမေရိကန်ပြည်ထောင်စုက သြဂုတ်လ ၂၆ ရက် ဒီကနေ့ထုတ် New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။

အဲဒီဆောင်းပါးမှာ Mr. Webb က သူဟာ ပြီးခဲ့တဲ့ ၁ဝ နှစ်အတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ပထမဦးဆုံး အမေရိကန် နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်ရတဲ့ ပထမဦးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ကြောင်း အစချီ ရေးသားထား ပါတယ်။

ဆက်လက်ပြီး နိုင်ငံရေးအကျပ်အတည်းနဲ့ ပြည်တွင်းစစ်ဒဏ်ကို ခံနေရတဲ့ မြန်မာပြည်သူတွေဟာ ပြင်ပ အကူအညီတွေ အကြီးအကျယ် လိုအပ်နေတာကို တွေ့ရကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုဟာ နိုင်ငံရေးအရ ကောင်းမွန် လျော်ကန်ပေမယ့် ရလဒ်တွေက မူလ ရည်ရွယ်တာနဲ့ တခြားစီ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူနေပေမယ့် တရုတ်၊ ရုရှားတို့ကတော့ အဲဒီလို မဟုတ်တဲ့အပြင် တရုတ်နိုင်ငံဆိုရင် မြန်မာအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ အကြီးအကျယ် သြဇာလွှမ်းမိုးနိုင်ခဲ့တဲ့အတွက် ဒါဟာ ဒေသတွင်း အင်အားချိန်ခွင်လျှာကိစ္စမှာ အန္ဈရာယ် ကြီးမားနေကြောင်း ဆက်လက် ရေးသားထားပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ တရုတ်အပါအဝင် အာရှနိုင်ငံ အတော် များများမှာ အတိုက်အခံပါတီတောင် ဖွဲ့ခွင့်မရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရေရှည် နိုင်ငံရေး မဟာဗျူဟာအရ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ထည့်သွင်း စဉ်းစားကောင်း စဉ်းစားနိုင်ကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ ရွေးကောက်ပွဲဖြစ်စဉ်မှာ ပါဝင်ကူညီပြီး နှစ်ဖက်ဆွေးနွေး ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ကြောင်း ရေးသားထားပါတယ်။

ဒုတိယအချက်အနေနဲ့ မြန်မာခေါင်းဆောင်တွေနဲ့ မိမိတို့ ဆွေးနွေးဖို့လိုအပ်ကြောင်းနဲ့ ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်း လွတ်လပ်ပွင့်လင်းလာရေးဆိုတဲ့ မိမိတို့ရဲ့ရည်မှန်းချက်ကို စွန့်လွှတ်ဖို့ ဆိုလိုတာ မဟုတ်ပဲ ရည်မှန်းချက် အောင်မြင်ဖို့အတွက် ရှေးနဲ့မတူ တမူကွဲပြားတဲ့ နည်းလမ်းတခုနဲ့ လုပ်ဆောင်ဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တတိယအချက်အနေနဲ့ တရုတ်က မြန်မာ့အရေးမှာ နှုတ်ဆိတ်နေတာကို အဆုံးသတ်ပြီး ကမႝာ့အင်အားကြီး နိုင်ငံတခုအနေနဲ့ တာဝန်သိသိ ပါဝင်ဆောင်ရွက်ဖို့အတွက် အမေရိကန်အစိုးရက တောင်းဆိုသင့်ကြောင်း ဖော်ပြထားပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ပိတ်ဆို့အရေးယူမှု လျှော့ချရေးကို သတိနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း၊ အဲဒါကို လူသားချင်း စာနာထောက်ထားရေး အစီအစဉ်တွေနဲ့ စတင်နိုင်ကြောင်း စသဖြင့် ဒီကနေ့ထုတ် New York Times သတင်းစာမှာ အထက် လွှတ်တော်အမတ် Jim Webb က ရေးသားထားပါတယ်။




မြန်မာဌာန > သတင်းများ
အဝါရောင် လှုပ်ရှားမှု စပြီ
2009-08-26

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့ဝင်တွေ ဆွမ်းဆက်ကပ် လှူဒါန်းတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို အာဏာပိုင်တွေက တားမြစ်ပိတ်ပင်မှုတွေ ပြုနေတာ အရေးယူပေးဖို့ အင်္ဂါဆုတောင်း အဖွဲ့ဝင်တွေ နဲ့ ဆွမ်းကပ်ရာမှာအတူ ပါဝင်ခဲ့တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများအဖွဲ့တို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၄ ရက်နေ့က သံဃာ့မဟာနာယကအဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ တိုင်ကြားလိုက်ပါတယ်။

ကောင်းမှုကုသိုလ်ပြု လှူဒါန်းမှုအပေါ် ဒေသခံ အာဏာပိုင်များ၏ မတရား ဆောင်ရွက်မှုများအပေါ် တိုင်ကြားခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့တဲ့ စာပါ အကြောင်းအရာတချို့ကို အင်္ဂါဆုတောင်းအဖွဲ့ဝင် ဒေါ်နော်အုန်းလှက ပြောပြပါတယ်။

တင်တဲ့ အကြောင်းအရာက ယခု ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်များသည် က္ဆွန်တော်၊ က္ဆွန်မတို့အား မည်သည့် ကျောင်းမျှ လက်မခံရန် ဆောင်ရွက်သည့်အပြင် က္ဆွန်တော်၊ က္ဆွန်မတို့အားလုံးကို ကိုးကွယ်ရာမရအောင် ဆောင်ရွက်နေသည့် အာဏာပိုင်များသည် ဘုန်းကြီးကျောင်းများကို ယခုကဲ့သို့ လိုက်၍ ဟန့်တား ပိတ်ပင် ခြိမ်းခြောက်နေခြင်းသည် သာသနာ ကွယ်ရာ အကြောင်းတရား ဖြစ်နေပါသဖြင့် ထိုကဲ့သို့ ဆောင်ရွက်နေမှုများသည် ဗုဒ္ဓဘာသာကို ညှိုးနွမ်းအောင် လုပ်ဆောင်နေမှုဖြစ်ပြီး အပြစ်ကြီးနေသည်ကို တွေ့မြင်နေရပါသည်။ ယခုကဲ့သို့ ပြုမူ ဆောင်ရွက်နေသော ဒေသဆိုင်ရာ အာဏာပိုင်များကို အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။'

လွန်ခဲ့တဲ့ အာဇာနည်နေ့က အင်္ဂါဆုတောင်းအဖွဲ့ဝင်တွေ ဆွမ်းကပ်လှူခဲ့တဲ့ သင်္ဃန်းက္ဆွန်းမြို့နယ်က လေးဒေါင့်ကန်ရပ်ကွက် ကန်တော်လမ်း ရွာဦးကျောင်းကို တိုင်းသာသနာတော် ဦးစီးမှူး နဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အလားတူပဲ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကလဲ အင်္ဂါဆုတောင်းအဖွဲ့ဝင်တွေ ဆွမ်းကပ်လှူခဲ့တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက မကွေးစာသင်တိုက်ကိုလည်း အာဏာပိုင်တွေ လာရောက်ပြီး ကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ အခမဲ့ဆေးခန်းနဲ့ နာရေးကူညီမှုလုပ်ငန်း အပြင် အခမဲ့ပညာရေးဌာနတွေကို ပိတ်ခိုင်းခဲ့ပါတယ်။ ကျောင်းထိုင်ဆရာတော်က ပန်ကြားတဲ့အတွက် အခမဲ့ ပညာရေးဌာနကို ဖွင့်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ဒီလို အာဏာပိုင်တွေရဲ့ မတရားလုပ်ရပ်တွေအတွက် အခုလို တိုင်ကြားရခြင်း ဖြစ်ကြောင်း ဒေါ်နော်အုန်းလှက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ သံဃာတွေ သွေးမြေကျခဲ့တဲ့ ပြီးခဲ့တဲ့ ၂ဝဝ၇ သံဃာ့အရေးအခင်းကို မမေ့ဖို့အတွက် အင်္ဂါဆုတောင်းအဖွဲ့ဝင်တွေ ဦးစီးပြီး အဝါရောင် လှုပ်ရှားမှု တရပ် မနေ့က စပြီး လုပ်ဆောင်နေပြီလို့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

ဒေါ်နော်အုန်းလှ။ ။ 'သာသနာကို ကာကွယ်ရမဲ့ တာဝန်လို့ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာ တယောက်အနေနဲ့ ခံယူတဲ့အခါကျတော့ အထူးသဖြင့်ကတော့ လက်ရှိမှာ သာသနာ မကွယ်ပျောက်အောင်ရယ်၊ နောက်တချက်က ၂ဝဝ၇ စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ ကိစ္စမှာ ဘုန်းကြီးအများကြီး ဖမ်းဆီးခံရတယ်၊ ထောင်ချခံရတယ်၊ ပျံတော်မူတာ အများကြီးပေါ့နော်၊ ဒါတွေကိုလည်း မမေ့ကြဖို့ ပြည်သူတွေက သတိပြန်ပေးတဲ့ သဘောပေါ့။'

အဝါရောင် လှုပ်ရှားမှုအဖြစ် အဝတ်အစား ၊ အသုံးအဆောင် အဝါရောင်ပါတဲ့ ပစ္စည်း တွေကို ဝတ်ဆင်သုံးစွဲကြတယ်လို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုကို လာမဲ့ စက်တင်ဘာလကုန်အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ဂ္ဆွန်ယက်တော ဆွေးနွေးခြင်း အလျဉ်းမရှိခဲ့
2009-08-26

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ရေကူးပြီး ခိုးဝင်ခဲ့တဲ့အမှုနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရအပြီးမှာ မြန်မာပြည်ရောက် အမေရိကန် အထက်လွှတ်တော် အမတ်ရဲ့ တောင်းဆိုချက်ကြောင့် ပြန်လည် လွတ်မြောက်ခဲ့ပြီး တိုင်းပြည်ပြန်ခွင့် ရခဲ့တဲ့ မစ္စတာ ဂ္ဆွန်ယက်တောက သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ ဖွင့်ဟ မပြောဆိုနိုင်ကြောင်း စီအင်အင် ရုပ်မြင်သံကြားသတင်းဌာနကို သြဂုတ်လ ၂၅ရက် မနေ့က ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂ္ဆွန်ယက်တောနဲ့ ဘာမှ ပြောဆို ဆွေးနွေးခဲ့တာ မရှိပါဘူးလို့ RFA ကို ပြောဆိုခဲ့ပါတယ်။


ကိုးကန့််တပ်ဖွဲ့ကို စစ်အစိုးရ နောက်ခံဖြင့် အသစ်ပြန်ဖွဲ့
2009-08-26

ရှမ်းပြည်နယ် ကိုးကန့်ဒေသက ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ကို စစ်အစိုးရ ကျောထောက်နောက်ခံနဲ့ အသစ် ပြန်ဖွဲ့စည်းဖို့ စည်းဝေး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ အထူးဒေသ (၁) က MNDA ခေါ် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် ကိုးကန့် အဖွဲ့ဌာနချုပ်ရှိရာ လောက်ကိုင်မြို့မှာ သြဂုတ်လ ၂၄ရက်နေ့က ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

လောက်ကိုင်မြို့ကို စစ်အစိုးရတပ်တွေက ထိန်းချုပ်အပြီးမှာ MNDA ဒု ဥက္ကဋ္ဌလည်းဖြစ်၊ ဒု စစ်ဦးချုပ်လည်း ဖြစ်တဲ့ ပိုင်စုန်ချိန် အပါအဝင် စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ကိုးကန့်ခေါင်းဆောင်တွေက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကနေ မူလအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ကျားရှင်ကို နေရာက ဖယ်ရှားပြီး ပိုင်စုန်ချိန်ကို ဥက္ကဋ္ဌ တင်မြှောက်ခဲ့ပါတယ်။ အဖွဲ့ရဲ့ ဦးဆောင်မှုအသစ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး၊ အဖွဲ့မှာ နှစ်ပိုင်းကွဲသွားတဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကိုးကန့်တပ်ဖွဲ့အားလုံးဟာ ဦးဖုန်ကျားရှင်ရဲ့ လက်အောက်မှာပဲ ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေကိုလေ့လာထားတဲ့ ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။

ဦးအောင်ကျော်ဇော။ ။'မနက်က သူတို့ ကိုးကန့် တီဗီမှာ အဲဒါ နှစ်ခြမ်းကွဲသွားတာပေါ့၊ နှစ်ခြမ်းကွဲတော့ အဓိက တပ်ဖွဲ့က ခေါင်းဆောင်မှုက ခွဲထွက်သွားတာ တပ်တွေကတော့ ဖုန်ကျားရှင်လက်ထဲမှာ။'

မူလဥက္ကဋ္ဌ ဦးဖုန်ကျားရှင်၊ ညီတော်စပ်သူ ဖုန်ကျားစု နဲ့သားနှစ်ယောက်ကို ဝရမ်းပြေးအဖြစ် သတ်မှတ်လိုက်တယ်လို့လည်း သိရပါတယ်။ လောက်ကိုင်မြို့ကို စစ်အစိုးရတပ်တွေက ထိန်းချုပ်လိုက်ပြီးတဲ့နောက် ကိုးကန့်တပ်ဖွဲ့တွေဟာ ဌာနချုပ်ကိုစွန့်ခွာပြီး တောတောင်တွေဆီ ဝင်ရောက်သွားခဲ့ကြတယ်လို့လည်း သိရပါတယ်။

ကိုးကန့်တပ်ဖွဲ့ဟာ ၁၉၈၉ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနဲ့ ဦးဆုံးပထမ အပစ်အခတ် ရပ်စဲခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ကိုးကန့်အဖွဲ့အတွင်း ဖုန်ကျားမျိုးနွယ်နဲ့ ရန်ကျား မျိုးနွယ်တို့ နှစ်ဖွဲ့တိုက်ခိုက်ခဲ့ကြရာမှာ ရန်မျိုးနွယ်တွေ ရှုံးနိမ့်ခဲ့လို့ ကွမ်းလုံမှာ အထူးတိုက်ခိုက်ရေး ရဲတပ်ဖွဲ့ အဖြစ် စစ်အစိုးရက ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲဒီအပြင် ရန်ကုန်မှာလည်း PMG ကုမ္ပဏီ ထူထောင်ပြီး အရက်နဲ့ သောက်ရေသန့် ထုတ်လုပ်နေပါတယ်။

အခုလို ကိုးကန့်ဒေသမှာ အခြေအနေ တင်းမာနေတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကစပြီး ဒေသခံတွေ ထောင်နဲ့ ချီပြီး တရုတ်ပြည်ထဲ ထွက်ပြေးခဲ့ကြပါတယ်။ အခုအခါ တရုတ်နယ်စပ်မှာ ဒုက္ခသည်တွေ ရောက်ရှိနေပြီး ယာယီစခန်း ဖွင့်ထားတာလည်း ရှိတယ်လို့ တရုတ်ပြည်က လာတဲ့ သတင်းတွေအရ သိရပါတယ်။ ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း မြန်မာ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ရောက်လာပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေး လာရောက် ညှိနှိုင်းတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ ကိုးကန့်နယ်ထဲကနေ ပြန်ထွက်ပြေးလာကြတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ တရုတ်ပြည်အတွင်း နေရပ်ကို ပြန်စေတယ်လို့ ဆိုပါတယ်။ မြန်မာပြည်သားတွေကိုလည်း နေရပ်ပြန်ခိုင်းပေမဲ့ အများစုကတော့ မပြန်ရဲကြပဲ တရုတ်ပြည်နယ်ထဲမှာပဲ ဆက်လက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးအောင်ကျော်ဇောက အခုလို ပြောပြပါတယ်။

ဦးအောင်ကျော်ဇော။ ။'အများစုဝင်တာတော့ တရုတ်ပြည်က တရုတ်တွေ ဖြစ်လို့ သူတို့ စီစဉ်ပြီးတော့ အကုန်ပြန်လွှတ်တယ်ပေါ့။ ဒါပေမဲ့၊ တရုတ်ပြည်ဖက်ကမ်းမှာလည်း ဒုက္ခသည် ရှိပါတယ်တဲ့။ အဲဒီမှာ ဒုက္ခသည်စခန်းမှာ ထားတယ်ပေါ့။ ဗမာအစိုးရ ဒီနေ့ ရန်လုံကိုင်းအထိ ရောက်လာတယ် ဗမာအဖွဲ့က။ အဲဒီ နယ်စပ်ရောက်လာပြီး နယ်စပ်မှာ တရုတ်ပြည်ဖက်က အရပ်သားအဖွဲ့နဲ့ တိုင်ပင်ပြီးတော့ တချို့ကို အေးအေးဆေးဆေး ဖြစ်ပြီ ပြန်လွှတ်နေတယ်။ အများစုက မပြန်ကြဘူးတဲ့။'

တရုတ်သတင်းဌာနတခုကတော့ ထွက်ပြေးလာသူ တသောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အခုအခါ ကိုးကန့်ဒေသတွင်း အခြေအနေဟာ ဆက်လက်တင်းမာဆဲ ရှိနေပြီး၊ တပ်အင်အားအများစု ရှိနေတဲ့ ဖုန်ကျားရှင် အဖွဲ့ကို စစ်အစိုးရနဲ့ ကျန်ကိုးကန့်တပ်ဖွဲ့တွေက စစ်ဆင် တိုက်ခိုက်မှာလား ဆိုတာ အတိအကျ မသိရသေးပေမဲ့၊ ကိုးကန့်နယ်အတွင်း၊ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးကတော့ အသင့်အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။