Thursday, August 27, 2009

27August ဒိုင်ယာရီ

MSW File အဖြစ်ရယူရန်


တပ်ပေါင်းစုအဖွဲ့မှ မြန်မာစခန်းတခုအားသိမ်းပိုက်

သတင်းနှင့်မီဒီယာကွန်ယက်။
သြဂုတ်လ ၂၇ ရက်၊ ၂၀၀၉ ခုနှစ်။ ထိုင်းနိုင်ငံစံတော်ချိန် ၂၀း၂၅ နာရီ။

မြန်မာပြည်ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီတပ်ဦး(MPDF)နှင့် မြန်မာစစ်အစိုးရတပ်တို့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ အချိန်ခန့်မှစ၍ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေပြီး မြန်မာစခန်းတစ်ခုအား သိမ်းပိုက်ထားပြီဟု တရုတ်မြန်မာ နယ် စပ် သတင်းရပ်ကွက်ကပြောသည်။

ချင်းရွှေဟော်၊ နမ့်တင်းနှင့် ရန်လန်ကျိုင် ဒေသသုံးခုတွင် ဖြစ်ပွားနေသည်ဟုသိရပြီး တရုတ်နိုင်ငံတွင်းသို့ လက် နက်ကြီးကျည်အချို့ ကျရောက်ကာ လူအချို့သေဆုံးသည်ဟု တရုတ်မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင် ကျော်ဇောက ပြောသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ လက်အောက်ခံတပ်များနှင့် ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် တို့သည် ယနေ့ညနေ ၆ နာရီခန့်က စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့နံနက် ၇ နာရီအချိန်က ကိုးကန့်ဒေသရှိ ရန်လုံကျင်းနယ်စပ်ဂိတ်အား ဖုန်ကျားရှင် ထောက်ခံသည့် အဖွဲ့များ က ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၊ ၀ပြည်သွေးစီးညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)၊ မိုင်းလားအဖွဲ့ခေါ် အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(NDAA) ထို ၄ ဖွဲ့ပေါင်း၍ မြန်မာပြည်ငြိမ်းချမ်းရေး နှင့်ဒီမိုကရေစီတပ်ဦး(MPDF)အား သြဂုတ်လ (၂၁)ရက်တွင် ဖွဲ့စည်း ကြောင်း ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။

နအဖနှင့် အပစ်ရပ် ကိုးကန့်တို့ ကြား သွေးထွက်သံယိုမှု စတင်ပြီ
ကြာသပတေးနေ့၊ 27 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
နအဖစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) (ခေါ်) ကိုးကန့်လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့တို့ကြား သြဂုတ်လဆန်းပိုင်းမှ စတင်၍စစ်ရေးအရ တင်းမာမှုရေချိန် ထိုးတက်လာနေရာ ယနေ့တွင် အပြန်အလှန် ပစ်ခတ်မှု စတင်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်(၁၀)နာရီခန့်က သျှမ်းပြည်(မြောက်ပိုင်း) ကိုးကန့်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ လောက်ကိုင်မြို့ အနီးရှိ ရန်လုံကိုင်းရွာတရုတ်နယ်စပ်ဂိတ်အနီးတွင် နှစ်ဘက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကိုးကန့်အဖွဲ့ဥက္ကဌ ဦးဖုန်ကြားရှင်းခေါင်းဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် နယ်စပ်ဂိတ်စောင့် ဗမာရဲတို့ အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီး ပစ်ခတ်မှုတွင် ဗမာရဲတပ်ဖွဲ့မှ (၃) ဦးသေဆုံးသွားကြောင်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသား စစ်ဘက်သတင်း ရပ်ကွက်မှ သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဒီနေ့မနက်ပိုင်း (၁၀) နာရီထိုးခါနီး (၁၅) မိနစ်လောက်မှာ နယ်စပ်တံတားမှာစောင့်နေတဲ့ ဗမာရဲနဲ့ ကိုးကန့်အဖွဲ့ တွေ့ပြီး ပစ်ကြတယ် ရဲ (၃) ယောက်သေသွားတယ် ကျန်တဲ့ (၄) ယောက်ကတော့ တရုတ်ပြည်ထဲထွက်ပြေးသွား တယ် ” လို့ အဆိုပါ တိုင်းရင်းသားစစ်ဘက်သတင်းရပ်ကွက် က ပြောသည်။

(၁၉၈၉) ခုနှစ်ကတည်းက ငြိမ်းချမ်းရေးရယူထားသည့် ကိုးကန့်အဖွဲ့ ဥက္ကဌ ဦးဖုန်ကြားရှင်း နေအိမ်အား မူးယစ်ဆေးဝါး နှင့် လက်နက်စက်ရုံရှိသည်ဟု ဆိုကာ ယခုလ (၈) ရက်နှင့် (၂၃) ရက်နေ့များက နအဖလက်နက်ကိုင် တပ် ဖွဲ့များက (၂)ကြိမ်ဝင်စီးခဲ့သည့်အတွက် နှစ်ဘက် တင်းမာလာခဲ့သည်။

ထိုသို့ နှစ်ဘက်တင်းမာမှု (၁) လနီးပါးကြာ အချိန်ကာလအတွင်း၌ နအဖစစ်တပ်၏ စစ်ရေး ခြိမ်းခြောက်မှုများကြောင့် ကိုးကန့်အဖွဲ့အစည်း၏ ရပ်တည်မှုမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားရသည်။

အဖွဲ့အတွင်း မတည်မငြိမ်ဖြစ်ပေါ်လာသောကြောင့် ဒေသတွင်းရှိပြည်သူများမှာ တရုတ်နယ်စပ်ဘက် ထွက်ပြေး တိမ်းရှောင်သူ (၁၀၀၀၀) နီးပါးခန့်ရှိကြောင်း သိရသည်။

“ ဒီလ စောစောပိုင်း တိုင်းမှူးအောင်သန်းထွဋ် လောက်ကိုင်လာကတည်းက ရပ်ဝေးက ဗမာ အလုပ်သမားတွေကို နေရပ်ပြန်ဖို့ ပြောထားပြီးပြီပဲ အခုဖြစ်တော့ လူတော့အကုန်ရှောင်သွားကြပြီ အသက်ကြီးတဲ့အဖွားကြီး အဖိုးကြီးတွေ လောက်ပဲ အိမ်စောင့်ကျန်ထားတော့တယ် ” လို့ ဒေသတွင်းအခြေအနေကို ဆို့စ် က ပြောသည်။

ယခုလိုပစ်ခတ်မှုဖြစ်ပွားခဲ့အပြီး အခြေအနေသည် အေးစက်ငြိမ်သက်လျှက်ရှိကာ အချိန်မရွေးသေနတ်သံများ ပြန်
ထွက်ပေါ်လာနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ အခုလောလောဆယ်တော့ ဘယ်လိုပြောမလဲ ငြိမ်နေတယ် ဒါပေမဲ့ ညဖြစ်မလား နေ့ဖြစ်မလား ဆိုတဲ့ အခြေ အနေမျိုးပဲ ခန့်မှန်းရခက်တယ် ” လို့ သူကပြောသည်။

လတ်တလောအခြေအနေတွင် မြန်မာစစ်တပ်အင်အား (၂၀၀၀) ကျော်ခန့် ကိုးကန့်နယ်မြေအတွင်းသို့ ပို့လွတ် ထားပြီး နောက်ထပ်စစ်အင်အားဖြည့်တင်းမှုများလည်း ရှိနေကြောင်း စောစောက စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။

“နောက်ထပ်ဗမာစစ်တပ်က အင်အားပြန်ဖြည့်နေတယ်လို့ကြားတယ် တိုင်းရင်းသား မဟာမိတ်တပ်တွေကရောပဲ အင်အား တွေဖြည့်ပြီး အားလုံးအသင့်ပြင်ထားကြပြီ ” လို့ သူကပြောသည်။

မနေ့က ဖုန်းကြားရှင်းခေါင်းဆောင်သည့် ကိုးကန့်တပ်ဖွဲ့များက ကြေငြာချက်တစ်စောင်ထုတ်ပြန်ထားရာတွင် နအဖ စစ်တပ်များ ကိုးကန့်ဒေသအတွင်းမှ ထွက်ခွာပေးရန်တောင်းဆိုချက်လည်း ပါဝင်ကြောင်း သိရသည်။

သို့သော် ယခုအခြေအနေသည် နအဖက နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးကိုငြင်းဆိုခဲ့သည့် ဥက္ကဌ ဖုန်ကြားရှင်း အပါအ၀င် ခေါင်းဆောင် (၄) ဦးကို ၀ရမ်းပြေးအဖြစ် ထုတ်ပြန်ထားကာ ဒုဥက္ကဌ ပိုင်ဆုံချိန်အား ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့၍ ကျောထောက်နောက်ခံပေးထားသဖြင့် အဖွဲ့လည်း (၂) ခြမ်းကွဲသွားသည်။

နအဖက အခြေအနေကို အခွင့်ကောင်းယူအမြတ်ထုတ်နိုင်ရန် စစ်တပ်အင်အား(၂၀၀၀)ကျော်ကို အစောပိုင်းက တည်းက အထူးဒေသ (၁) လောက်ကိုင်မြို့သို့ ပို့ဆောင်၍ မြို့အား ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။

ကိုးကန့်ဒေသအတွင်း ပထမဆုံးအကြိမ် တိုက်ပွဲစဖြစ်
ကြာသပတေးနေ့၊ 27 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ဥက္ကဌဖုန်ကြားရှင်း နှင့်အဖွဲ့သတ်မှတ်ထားသည့် နယ်မြေအတွင်း စစ်အစိုးရတပ်ကျူးကျော်ဝင်ရောက်သွားသဖြင့် ဆီးကြို တိုက်ခိုက်ခြင်းခံရပြီး နအဖ သုံးယောက်ထက်မနည်းသေကြေကြောင်း၊ တိုက်ပွဲမှထွက်ပြေးသော နအဖ စစ်သားအချို့ တရုပ် ပြည်ထဲ လမ်းမှားကျွံဝင်သွားသည့်အတွက် တရုပ်တို့လက်နက်ဖြုတ် ထိမ်းသိမ်းထားကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက် က ပြောပါသည်။

“ဒီနေ့မနက် ၇ နာရီမှာ တိုက်ပွဲစဖြစ်တယ်၊ ဗမာရဲနဲ့စစ်သား ၃ ယောက်သေတယ်။ တရုပ်နယ်ထဲ ကျွံဝင်သွားတဲ့ ဗမာစစ် သား ၁၀ ကျော် လဲ တရုပ်တပ်မတော်က လက်နက်ဖြုတ်လိုက်တယ်။”- ဟု အမည်မဖေါ်လိုသည့် ဒေသခံတဦးကပြော၏။

သြဂတ်စ် ၂၄ ရက် ညက ဥက္ကဌဖုန်ကြားရှင်း ဦးဆောင်သော တပ်ဖွဲ့သည် လောက်ကိုင်အရှေ့မြောက်ဘက် ကားလမ်းပေါ်ရှိ ကုန်းဆာရွာအရှေ့ တောင်ဘက် (လောက်ကိုင်မှ မိနစ် ၃၀ ခြေလျင်ခရီး ) သို့ နှစ်ဆင့် တပ်ဆုတ်ခဲ့ရကြောင်း၊ ထိုဂွင်အတွင်း စစ်အစိုးရတပ် ထပ်မံကျူး ကျော်လာပါက မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် အချိန်မရွေးချက်ချင်း ပစ်ခတ်ရန် ဖုန်ကြားရှင်းမှ အမိန့်ထုတ်ထားကြောင်း၊ ယနေ့မနက် စစ်အစိုးရတပ်ကျူးကျော်လာ သောကြောင့် အရင်ဦးဆုံးခုခံတိုက်ခိုက်ရခြင်းဖြစ် ကြောင်း - ပန်ဆန်းကုန်သည် အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ - ဖုန်ကြားရှင်းတပ်ဖွဲ့သည် လောက်ကိုင်နှင့် သိပ်မဝေးသည့် နအဖ တပ်များ တပ်ချထားသော ယန်လုံကိုင်းရှိ လက်နက်ပြင်စက်ရုံအားလည်း သွားရောက် ၀ိုင်းပိတ်တိုက်ခိုက်ခဲ့သေးကြောင်း၊ စစ်အစိုးရ တပ် ဖွဲ့ဝင် ဆယ်နှင့်ချီအား လက်နက်ဖြုတ်ပစ်ကြောင်း သိရှိရပါသည်။

“နယ်စပ်တလျှောက်ပြည်သူတွေကတော့ အရမ်းစိုးရိမ်လန့်ဖျပ်နေတယ်။ ဒီနေ့မနက် သေနတ်သံကြားရတော့ ပိုဆိုးတာ ပေါ့၊ တရုတ်နယ်ထဲထပ်ဝင်တဲ့ ဒုက္ခသည်တွေအများကြီး။ ဒါပေမဲ့ဗမာမှတ်ပုံတင်ကိုင် တခြားဒေသကလူတွေတော့ တရုပ်ဘက် က လက်မခံဘူး၊ သူတို့အဓိက နယ်စပ်ဖြတ်ကျော်ခွင့်ပြုတာက ကိုးကန့်ဒေသခံတွေဘဲ၊ စောင်တွေဖျာတွေ ဝေပေးတယ်။ နယ်စပ်တလျှောက် နေရာယူထားတဲ့ တရုပ်စစ်သားတွေလဲ ရာနဲ့ချီဘဲ” - ဟုဒေသခံ နောက်တဦးကဆို၏။

ဖုန်ကြားရှင်းတို့ထံ အာဏာသိမ်းယူခဲ့သည့် ပိုင်ဆုံချိန်က နအဖ တပ်၏ဖိအားပေး စီစဉ်မှုဖြင့် ဥက္ကဌတာဝန်ယူမည့် ဗဟိုကော် မတီ ၁၁ ဦး ပါ ကိုးကန့်အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်းကြေငြာသော်လည်း ကိုးကန့်တပ်ဖွဲ့ဥက္ကဌ ဖုန်ကြားရှင်းက ပိုင်ဆုံချိန်တို့ ကိုးကန့်တပ်ပြန်လည်ဖွဲ့စည်းခြင်းအပေါ် တရားမ၀င်ကြောင်းနှင့် နအဖ က ကိုးကန့်အချင်းချင်းကြားရန် တိုက်ပေးနေ ကြောင်း ဖုန်ကြားရှင်တို့အဖွဲ့က ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

သြဂတ်စ် ၂၄ ရက်ည ဖုန်ကြားရှင်း နှင့်တပ်ဖွဲ့ လောက်ကိုင်မြို့ပြင်တောတောင်တ၀ိုက် ဆီတိမ်းရှောင်သွားပြီးနောက်ပိုင်း အခုဖြစ်ပွား သည့် တိုက်ပွဲသည် ပထမဦးဆုံးဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

PDF မဟာမိတပ်ဦး အဖွဲ့ဝင် ကိုးကန့်၊ မိုင်းလား၊ ၀ နှင့် NDA -K တို့သည် နအဖ တပ် နှင့် ဘယ်ဒေသတွင်မဆိုသေနတ် သံထွက်/တိုက်ပွဲဖြစ်ဖြစ် လက်ပိုက်ကြည့်မနေဘဲ ရှိသည့်နေရာ၌ ရန်သူအားပစ်ခတ်တိုက်ပွဲဝင်သွားမည်ဟု သဘောတူထား ကြပါသည်။



ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲ စတင်ဖြစ်ပွား
ခိုင်လင်း / ၂၇ သြဂုတ် ၂၀၀၉
line


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံဖြတ်ကျော် ဂိတ်ပေါက်တခုဖြစ်သော လောက်ကိုင်မြို့အနီး ရန်လုံကျိုက် နယ်စပ်ဂိတ်ရှိ ရဲစခန်းအား ဖုန်ကျားရှင်ကို ထောက်ခံသည့် ကိုးကန့်တပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဂိတ်တာဝန်ကျရဲ (၁) ဦးထက်မနည်း ကျဆုံးခဲ့သည်။

ကိုးကန့်နယ်မြေရှိ ရန်လုံကျိုက်နှင့် တရုတ်ပြည်ဘက် နမ်ဆာမြို့တို့ အဝင်အထွက်ပြုရာ နယ်စပ်ဂိတ်ပေါက် လုံခြုံရေး တာဝန်ယူထားသည့် ရဲစခန်းအား အဆိုပါ ကိုးကန့်အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရဲများဆုတ်ခွာသွားသကဲ့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့လည်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု လောက်ကိုင်မှလာသည့် သတင်းများအရ သိရသည်။

“ဒီမနက်ပိုင်းမှာဘဲ ဖုန်အဖွဲ့က ဝင်တိုက်တာ။ အနည်းဆုံး ရဲ (၁) ယောက် ကျသွားတယ်။ အချို့က (၃) ယောက်လို့လည်း ပြောတယ်။ ရဲတွေ ပြေးသွားပြီ။ ကိုးကန့်တပ်တွေလည်း ပြန်ဆုတ်သွားပြီ” ဟု ဒေသခံတဦးက ပြောသည်။

ယခုလ (၂၅) ရက်တွင် လောက်ကိုင်မြို့မှ ကိုးကန့်တပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီးသည့်နောက် အဆိုပါရဲစခန်းအား မြန်မာရဲတပ်ဖွဲ့ဝင် များက ဝင်ရောက်နေရာယူခဲ့ခြင်းဖြစ်သည်။

ထိုသို့နေရာယူခဲ့သည့်နေ့ ညနေပိုင်းတွင် မြန်မာရဲတပ်ဖွဲ့ဝင် (၁၀) ဦးခန့် တရုတ်ပြည်ဘက်သို့ ဝင်ရောက်ခဲ့သည့်အတွက် ၎င်းတို့ကို တရုတ်ဘက်က ပြန်လည်မောင်းထုတ်ခဲ့ပြီး နယ်မြေကျူးကျော်မှုဖြင့် ကန့်ကွက်စာ ပို့ထားသည်ဟု တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်အရေးအခင်းအား စောင့်ကြည့်နေသည့် ဦးအောင်ကျော်ဇောက ပြောသည်။

ဖုန်ကျားရှင်တို့ထံမှ အာဏာသိမ်းယူခဲ့သည့် ပိုင်စုံချိန်က ဥက္ကဋ္ဌတာဝန်ယူမည့် ဗဟိုကော်မတီ (၁၁) ဦးပါ ကိုးကန့်အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့က ကြေညာလိုက်သကဲ့သို့ ကိုးကန့်တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကျားရှင်မှာ ကိုးကန့်နှင့် ဝနယ်မြေဆက်စပ် သည့် နမ့်တင်းနယ်မြေဘက်ရောက်ရှိနေပြီး ပိုင်စုံချိန်တို့ ကိုးကန့်တပ် ပြန်လည်ဖွဲ့စည်းခြင်းအပေါ် တရားမဝင်ကြောင်းနှင့် နအဖက ကိုးကန့်အချင်းချင်းကြား ရန်တိုက်ပေးနေကြောင်း ဖုန်ကျားရှင်တို့အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်အား ယခုလ (၈) ရက်တွင် လောက်ကိုင်အခြေစိုက် စစ်တပ်နှင့် ရဲများက ဝင်ရောက်ရှာဖွေရန် ကြိုးစားရာမှ နှစ်ဘက်ပစ်ခတ်လုနီးပါး ပြဿနာဖြစ်ခဲ့ပြီးနောက် ဖုန်ကျားရှင် အပါအဝင် ဖုန်အမျိုးနွယ် ခေါင်းဆောင် (၄) ဦးအား လားရှိုးရဲစခန်းက ယခုလ (၂၂) ရက်တွင်ဆင့်ခေါ်ပြီး နောက်တနေ့တွင် ဖုန်ကျားရှင်နေအိမ်သို့ ဝင်စီးကာ ဖမ်းဆီးရန်ကြိုးစားခဲ့ရာမှ ဒေသအတွင်း မငြိမ်မသက်ဖြစ်ခဲ့ရပြီး ဒေသခံ လူထုအများအပြားလည်း တရုတ်ပြည်ဘက် ထွက်ပြေးတိမ်းရှောင်နေကြသည်။

ကိုးကန့်တပ်ဖွဲ့ ခေါ် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်သည် ၁၉၈၉ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ် ပါတီမှ ခွဲထွက်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့် ပထမဆုံး အပစ်ခတ်ရပ်စဲရေးလုပ်ခဲ့သည့် အဖွဲ့ဖြစ်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည့်နောက်ပိုင်း အဖွဲ့တွင်း အခြေအနေရှုပ်ထွေးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။



အယူခံတင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီမှုရ
မင်းနိုင်သူ / ၂၇ သြဂုတ် ၂၀၀၉
line


အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံတင်သွင်းရန် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့တွေ့ဆုံခွင့်ရခဲ့သည်။

“ကျနော်တို့ အယူခံလွှာမူကြမ်းရိုက်ပြီး ယူသွားတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ကိုပြတော့ တချို့ဟာလေးတွေကို ဖြုတ်တာ။ ထပ်ဖြည့်တာလုပ်တယ်။ ဒီနေ့တော့ သူရဲ့သဘောတူညီမှုကို ရခဲ့ပြီပေါ့။ ကျနော်တို့ တင်ရုံပဲ ရှိပါတော့တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ယနေ့မွန်းလွဲ (၁၂) နာရီခွဲမှ (၂) နာရီခွဲအထိ တွေ့ဆုံညှိနှိုင်းပြင်ဆင်ခဲ့ကြသော အယူခံလွှာကို လာမည့်သီတင်းပတ်အတွင်း ရန်ကုန်တိုင်းတရားရုံးသို့ တင်ပြသွားမည်ဖြစ်သည်။

“ရန်ကုန်တိုင်းတရားရုံးမှာ မအောင်မြင်ဘူးဆိုရင် ကျနော်တို့ ဒီကအခေါ်အဝေါ် ပြင်ဆင်မှုပေါ့ဗျာ။ အဲဒါကို ဗဟိုတရားရုံး ထပ်တင်ရပါမယ်။ ဗဟိုတရားရုံးမှာလည်း ပြင်ဆင်မှုမအောင်မြင်ဘူးဆိုရင် အထူးအယူခံဆိုတာ ရှိပါတယ်။ အဲဒီအဆင့်အထိ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုသည်။

ယခုအယူခံမှုသည် အင်းစိန်ထောင်တရားရုံးက နေအိမ်အကျယ်ချုပ်မိန့် ဖောက်ဖျက်သည်ဆိုကာ ချမှတ်ခဲ့သော အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်အတွက် အယူခံခြင်းဖြစ်ပြီး နေအိမ်အကျယ်ချုပ် (၁၈) လနှင့် သက်ဆိုင်ခြင်းမရှိပေ။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေအမျိုးသမီး (၂) ဦးတို့အား တရားစွဲဆိုခဲ့သည်။

ထို့နောက် သြဂုတ် (၁၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီချမှတ်ခဲ့ပြီး နအဖ အကြီးအကဲက နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန်နှင့် မူလတရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်တ၀က်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက်ချခြင်းသည် အာဏာသက်ဝင်မှုမရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်၍ သူမ၏ပါတီ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း စီရင်ချက်ချအပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကလည်း တရားစွဲဆိုနေစဉ်ကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှု မရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။
သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို အဆုံးအဖြတ်ပေးသွားနိုင်ခြင်း မရှိဘဲ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။





အမေရိကန် အထက်လွှတ်တော် အမတ်ဂျင်မ်ဝက်ရဲ့ ပြောဆိုချက်တွေဟာ အိုဘားမားအစိုးရရဲ့ ပေါ်လစီလို့ ဒေါ်စုမယူဆ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဥပဒေအကျိုးဆောင် ရှေ့နေလေးဦး ယနေ့နေ့လည် ၁၂နာရီခွဲမှ ၂နာရီခွဲအထိ ၂နာရီခန့် ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်မှာ တွေ့ဆုံခွင့်ရခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" အန်ကယ်တို့ ဒီနေ့ နေ့လည် ၁၂နာရီခွဲကနေ ၂နာရီခွဲအထိ ၂နာရီလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေခွင့်ရတယ်။ အဓိကက ဒေါ်စုအမှုကို အယူခံဝင်ဖို့ ဖြစ်တယ်။ အားလုံးစာရိုက်ပြီးရင် နောက်တပတ် တနင်္လာ သို့မဟုတ် အင်္ဂါနေ့လောက် တင်ဖြစ်ပါမယ်။

ဒေါက်တာတင်မျိုးဝင်းနှင့် ပြန်လည်ဆေးစစ်ခွင့် ရဖို့အတွက် ဒေါ်စုက အာဏာပိုင်တွေကို ထပ်ခါထပ်ခါတောင်းဆို ထားပါတယ်။ အခုထိအကြောင်း မပြန်သေးပါဘူး။ ဒေါက်တာတင်မျိုးဝင်းက ဒေါ်စုရဲ့ကျန်းမာရေးရာဇ၀င်ကို သိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အမျိုးသမီးဆရာဝန်ကိုတော့ တစ်ခါ ခေါ်လာတယ်လို့ ပြောပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က NLD ကို ရွေးကောက်ပွဲဝင်ဖို့ ပြောတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မစ္စတာဂျင်မ်ဝက်ဘ် ပြောနေတဲ့ဟာတွေဟာ အိုဘားမားအစိုးရရဲ့ ပေါ်လစီလို့ ဒေါ်စုက မယူဆဘူးလို့ ပြောဆိုပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီ NLD မှာ ပေါ်လစီရှိပြီးသားဖြစ်ပါတယ်။ ရိုးသားပွင့်လင်းရမယ်၊ တာဝန်ယူမှုရှိရမယ်၊ ဒီဟာတွေမရှိရင် အကူအညီတွေဟာ ခံစားရတဲ့လူဆီကို တိုက်ရိုက် မရောက်နိုင်ဘူးလို့ ပြောပါတယ်။ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ဖို့ ယခင်ကလည်း တင်ပြခဲ့ဖူးတာတွေ ရှိပါတယ်။ မနက်ဖြန် NLD ရုံးချုပ်မှာ အမေရိကန် အထက်လွှတ်တော်အမတ်တွေရဲ့ PROFESSIONAL STAFF တွေနဲ့ အန်ကယ်တို့ NLD CECအဖွဲ့တွေ ညနေပိုင်းမှာ တွေ့ဆုံဖို့ရှိပါတယ်ဟု" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

အခွန်ငွေကိစ္စ အဂတိလိုက်စားမှု များပြား
အောင်ကျော်မိုး / ၂၇ သြဂုတ် ၂၀၀၉


စားသောက်ဖွယ်လုပ်ငန်းများအပေါ် အခွန် (၁ဝ) ရာခိုင်နှုန်း စည်းကြပ်နေမှုကို လာမည့် စက်တင်ဘာ (၁) ရက်မှစ၍ ကြပ်မတ် ကောက်ခံသွားမည်ဟု နအဖက ကြေညာခဲ့ပြီးနောက်ပိုင်း အခွန်ဌာနမှူးများ အဂတိလိုက်စားမှု ပိုများလာကြောင်း လုပ်ငန်းရှင်များနှင့် အခွန်ဌာန ဝန်ထမ်းများက ပြောသည်။

စားသောက်ဆိုင်များတွင် စားသုံးသူများထံမှ ကျသင့်ငွေ၏ (၁ဝ) ရာခိုင်နှုန်း အခွန်ကောက်ရန် ပြည်တွင်းအခွန်ဦးစီးဌာနက ယခင်ကတည်းက ညွှန်ကြားချက်ရှိခဲ့ပြီး ယခု အတိအကျလုပ်ဆောင်မည်ဟု ပြောလာခြင်းကြောင့် စားသောက်ဆိုင်ပိုင်ရှင်များနှင့် သက်ဆိုင်ရာမြို့နယ်အခွန်မှူးများအကြား ညှိနှိုင်း၍ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုများပြားလာခြင်းဖြစ်သည်။

ဒဂုံမြို့နယ်တွင် စားသောက်ဆိုင် ဖွင့်ထားသူတဦးက “ခု စက်တင်ဘာ (၁) ရက်ကစ တိတိကျကျ လုပ်မယ်လို့ အကြောင်းကြားတာနဲ့ အခွန်ငွေ အများကြီးကျမှာစိုးလို့ အခွန်မှူးအိမ် လိုက်သွားပြီး ညှိရတယ်။ သူက စစ်ဗိုလ်။ အဲဒါနဲ့ (၅) သိန်းပေးခဲ့ပြီး ပြေလည်သွားတယ်။ သူတို့အခွန်ရုံး ဝန်ထမ်းတယောက်က ကျနော်တို့ဆိုင်ကို လာပြီးတော့ ဆိုင်မှာသုံးတဲ့ ဘောက်ချာ (ငွေရပြေစာ) တွေမှာ အခွန်တံဆိပ်တုံး ထုပေးသွားတယ်။ အဲဒီ ပြေစာနဲ့ သုံးရမယ်။ နောက် အဲဒီပြေစာတွေကို သူတို့မစစ်ဘူး။ နောက် (၁) လတခါ သူတို့ကို ကျပ် (၅) သောင်းသွင်းရတယ်။ အဲဒါ တရားဝင်အခွန် ဟုတ် မဟုတ်တော့ မသိဘူး။ ကျန်တာ သူတို့ ရှင်းသွားမယ်ပြောတယ်” ဟု ဆိုသည်။

ကျောက်တံတားမြို့နယ်မှ လက်ထောက်အခွန်ဦးစီးမှူး တဦးကလည်း ယခုရက်ပိုင်း ၎င်းတို့ ဦးစီးမှူးရုံးခန်းသို့ စားသောက်ဆိုင် ပိုင်ရှင်များ အခွန်ကိစ္စအတွက် လာရောက်ကြသည်ကို တွေ့ရကြောင်း၊ လာဘ်ပေးလာဘ်ယူ ကိစ္စများဖြစ်သော်လည်း အတိအကျ မသိနိုင်ကြောင်း ပြောသည်။

နအဖစစ်အစိုးရ အခွန်ဥပဒေအရ စားသောက်ဆိုင်လုပ်ငန်းများသည် ဝင်ငွေခွန်နှင့် အမြတ်ခွန်တို့ ဆောင်ရသည့်အပြင် စားသုံးသူကျသင့်ငွေ၏ (၁ဝ) ရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကောက်ယူရန် ပြဋ္ဌာန်းထားသည်။

အဆိုပါပြဋ္ဌာန်းချက်အတိုင်း လုပ်ပါက အခွန်ထမ်းပြည်သူများအနေဖြင့် ငွေကြေးမြောက်မြားစွာ အခွန်ဆောင်ရမည်ဖြစ်သဖြင့် ယခင်ကတည်းက အခွန်မှူးများကို လာဘ်ပေးပြီး အဆင်ပြေ ဘောင်ဝင်ရန် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ယခု ကုန်သွယ်လုပ်ငန်းခွန် (၁ဝ) ရာခိုင်နှုန်းကို အတိအကျကောက်ခံမည်ဟု ထပ်မံပြောဆိုလာသည့်အတွက် ယခုကဲ့သို့ နားလည်မှုဖြင့် စားသောက်ဆိုင်များတွင် သုံးမည့်ဘောက်ချာနံပါတ်များကို အခွန်ဦးစီးရုံးက မှတ်တမ်းတင်၊ တံဆိပ်တုံး ရိုက်ပေးကာ (၁) လပြည့်ပါက ယင်းဘောက်ချာများကိုပြကာ (၁၀) ရာခိုင်နှုန်း အခွန်ဆောင်စေခြင်းဖြစ်သည်။

စားသောက်ဆိုင်ပိုင်ရှင်များအနေဖြင့် အခွန်သက်သာစေရန် အခွန်မှူးများအား လာဘ်ငွေပေးပြီး အဆင်ပြေသလို လုပ်နေကြရသည်ဟု စားသောက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

၎င်းက “ဥပမာ ပန်းဆိုးတန်းက နန်းသီတာ စားသောက်ဆိုင်ဆိုပါတော့။ (၁) ဝိုင်းကို တခါရှင်းရင် ကျပ် (၂) သောင်းကနေ အထက်ရှိတယ်။ တနေ့ကို အနည်းဆုံး ဝိုင်း (၅ဝ) ကနေ (၁ဝဝ) အကြားရှိတယ်။ ရောင်းရငွေ တရက်ကို ကျပ် (၁၅) သိန်းကနေ သိန်း (၂ဝ) အကြား အနည်းဆုံးရှိတယ်။ အဲဒါကို ကုန်သွယ်လုပ်ငန်းခွန် မှန်မှန်ဆောင်ရင် တလကို ကျပ် သိန်း (၅ဝ) လောက် ဆောင်ရမယ်။ တနှစ် သိန်း (၆ဝဝ) လောက် ဆောင်ရမယ်။ ဒါနဲ့ မပြီးသေးဘူး။ သူ့ကို အမြတ်ခွန်တွက်တဲ့အခါ အခု ကုန်သွယ်လုပ်ငန်းခွန် ဆောင်ထားတာကိုကြည့်ပြီး တနှစ် သူ့ရောင်းရငွေ ကျပ် သိန်း (၆,ဝဝဝ) လောက်နဲ့ တွက်ရလိမ့်မယ်။ ဒီအခါ အခွန်တွေ မဆောင်နိုင်လောက်အောင် ဖြစ်သွားမယ်။ ဒီတော့ အားလုံးဟာ လာဘ်ငွေပေးပြီး သင့်တော်သလို လုပ်ကြရတာပဲ” ဟု ပြောသည်။

ရန်ကုန်တိုင်းမှ အငြိမ်းစား အခွန်ဦးစီးမှူးတဦးကမူ နအဖသည် တနှစ်ပြီးတနှစ် အခွန်လျာထားချက် တိုးမြှင့်ကောက်ခံခဲ့ သည့်အတွက် အခွန်ဝင်ငွေ ဘတ်ဂျက်ပြည့်မီရန် တနှစ်တမျိုး ကြားအစီအစဉ်များဆွဲပြီး အခွန်ကောက်ခြင်းဖြစ်သည်ဟု ပြောသည်။

ယမန်နှစ်က ဆိုင်ကယ်လိုင်စင်များ ပြုလုပ်ပေးပြီး အခွန်ကောက်ကာ ယခုနှစ် စားသောက်ဆိုင်များမှတဆင့် စည်းကြပ်ရန် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ သို့သော် နအဖစစ်အစိုးရ၏ အခွန်ဥပဒေသည် လက်တွေ့နှင့် မနီးစပ်ခြင်းကြောင့် မှန်မှန်ကန်ကန်လုပ်ရန် မဖြစ်နိုင်ဘဲ လာဘ်ပေးလာဘ်ယူမှုများဖြင့်သာ စခန်းသွားနေရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နအဖစစ်အစိုးရသည် ပြီးခဲ့သည့်နှစ်က ဆိုင်ကယ်များကို လိုင်စင်လုပ်ပေးရာ၌ အခွန်ငွေ ကျပ်ဘီလီယံ (၁၅ဝ) နီးပါး ရရှိခဲ့ပြီး ယခု စားသောက်ဆိုင်များမှတဆင့် ကုန်သွယ်လုပ်ငန်းခွန် (၁ဝ) ရာခိုင်နှုန်းအဖြစ် အခွန်ငွေ ဘီလီယံ ရာနှင့်ချီ တိုးမြှင့်ကောက်ခံ ရန် ရည်ရွယ်ထားကြောင်း သိရသည်။



ပြည်ပရောက် မြန်မာအချင်းချင်း ငွေလိမ်လည်ယူနေ
ဝီရ / ၂၇ သြဂုတ် ၂၀၀၉
line


နာမည်ကြီးကုမ္ပဏီတခုကို ဗန်းပြကာ မြန်မာနိုင်ငံသားအချင်းချင်း လိမ်လည်မှုများ နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံခြားရောက် မြန်မာအချို့က နာမည်ကြီး ကုမ္ပဏီတခုတွင် အဖွဲ့ဝင်ဖြစ်သူတိုင်း အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာနိုင် သည်ဟု မိမိနိုင်ငံသားအချင်းချင်း လိုက်လံစည်းရုံးကာ အဖွဲ့ဝင်ကြေးအဖြစ် ငွေအမြောက်အမြား လိမ်လည်ယူနေခြင်းဖြစ်သည်။

ပြင်သစ်အခြေစိုက် နာမည်ကြီး ကုမ္ပဏီတခုဖြစ်သည့် Digital Crown Holdings Co.Ltd (DCHL) သို့ အဖွဲ့ဝင်ကြေးအဖြစ် မြန်မာကျပ်ငွေ (၆) သိန်းနီးပါးနှင့် ညီမျှသည့် မိမိတို့ရောက်ရှိရာ နိုင်ငံသုံးငွေ ထည့်ဝင်ထားပါက ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် ရှားပါးကုန်ပစ္စည်းများ ရရှိမည်ဖြစ်ပြီး ညွှန်ကြားသည့်အတိုင်း ဆက်လက်လုပ်ကိုင်ပါက ကြီးပွားနိုင်သည်ဟု လိုက်လံလိမ်လည်၍ ဝင်ငွေရှာနေသူများအား ထိုင်းရဲတပ်ဖွဲ့က လွန်ခဲ့သည့်သီတင်းပတ်က ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား (၅၀) ကျော် ပါဝင်သည်ဟု မဟာချိုင်အခြေစိုက် Labour Promotion Right Network (LPN) ရုံးမှ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “လွန်ခဲ့တဲ့အပတ်က စဖမ်းတာ။ ဘန်ကောက်က DCHL ရုံးဝန်ထမ်းတွေလည်း ဖမ်းခံရတယ်။ ဒီအပတ်အတွင်းမှာ မဟာချိုင်ဒေသတခုတည်းမှာ မြန်မာအလုပ်သမားအချင်းချင်း လိုက်လိမ်တဲ့သူ (၅၃) ယောက်လည်း ဖမ်းခံရတယ်။ ပိုက်ဆံပေးထားတဲ့သူ အဖွဲ့ဝင်ထားတဲ့သူ ဒီမဟာချိုင်မှာ အယောက် (၁,၀၀၀) ကျော် ရှိတယ်ဗျ။ မသိနားမလည်တဲ့ မြန်မာအလုပ်သမားတွေကို ဒီအဖွဲ့ထဲဝင်ရင် တခါတည်း ချမ်းသာမယ်ဆိုတော့ ဝင်ကြတာပေါ့။ အဖွဲ့ဝင်ကြေးက ဘတ်ငွေ (၁၈,၀၀၀) တောင် ပေးရတယ်။ အခုတော့ ဒုက္ခရောက်နေကြတာ အများကြီးပဲဗျ။ အဖွဲ့ခေါင်းဆောင်တွေလို့ ယူဆတဲ့သူတွေကို ဖမ်းသွားတော့ လျော်ကြေးလည်း ရမှာမဟုတ်ဘူး။ တရားဝင် ပေးထားတာလည်း မဟုတ်တော့လေ” ဟု ရှင်းပြသည်။

DCHL ကုမ္ပဏီနှင့်ပတ်သက်၍ အခုဖမ်းဆီးမှုသည် ဒုတိယအကြိမ် ဖြစ်သည်။ ပြီးခဲ့သည့်မတ်လကလည်း မြန်မာနိုင်ငံသား အချင်းချင်း ငွေကြေးလိမ်လည်ခဲ့သူ (၁၇၀) ကျော်ကို မဟာချိုင်တွင်ပင် ဖမ်းဆီးခဲ့ပြီး DCHL ကုမ္ပဏီ၏ဘန်ကောက်ရုံးခွဲကိုလည်း တရားမဝင် ဖွင့်လှစ်မှုဖြင့် အရေးယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားသူများသည် DCHL ကုမ္ပဏီမှ ထုတ်လုပ်သည့် ရေမွှေးရနံ့ပါသည့် (၁) လီတာအရွယ် ဆေးရည် (၂) မျိုး၊ မီးထွန်းလျှင် အောက်ဆီဂျင် ထုတ်ပေးသည့် မီးခွက်ငယ်တခု စသည့် ရှားပါးကုန်ပစ္စည်းများနှင့် အဆိုပါကုမ္ပဏီက ဖွင့်လှစ်ထားသည့် နိုင်ငံ (၁၀) နိုင်ငံမှ လှုပ်ရှားမှုဓာတ်ပုံများ ပါဝင်သည့် ထိုင်းဘာသာ စာအုပ် (၃) အုပ်နှင့် ကုမ္ပဏီတံဆိပ်ပါသည့် အလှအိတ်များ ရရှိသည်ဟု အဖွဲ့သို့ ၀င်ခဲ့သူ မနန်းစိုးက ပြောသည်။

မဟာချိုင်နေ မနန်းစိုးက “အဓိက အဖွဲ့ဝင်ဖြစ်ပြီးရင် အလုပ်ဆက်ရမယ်။ အဖွဲ့ဝင်တယောက်က နောက်ထပ် လူ (၆) ယောက်ကို ထပ်လိမ်ရမယ်။ အဲဒီတော့မှ ကိုယ်ကုန်ခဲ့တဲ့ပိုက်ဆံ (၁၈,၀၀၀) ဘတ်ကို ပြန်ရမယ်။ သုံးလတခါ သူတို့ထုတ်တဲ့ပစ္စည်းတွေ ရမယ်။ ကိုယ်က လူများများ ရှာနိုင်လေ အဆင့်တက်လေ၊ ပိုက်ဆံများများ ရလေပေါ့။ ဒါပေမယ့် ဒီလိုထပ်လိမ်ရမယ်ဆိုတာ အဖွဲ့ဝင်ဖြစ်ပြီးမှ သိရတာ။ ကြိုမပြောဘူး။ ဒီမဟာချိုင်မှာ ဒီအလုပ်လုပ်လို့ အခု အဖမ်းခံရတဲ့သူ အများစုက မွန်တွေပေါ့။ သူတို့က ဝတ်ကောင်းစားလှနဲ့ ကားနဲ့ စတိုင်ကျကျဆိုတော့ တကယ်ချမ်းသာပြီထင်လို့ ဝင်ကြတာပါ။ ဒီလိုလိမ်မှန်း မသိကြလို့ပါ” ဟု ခေတ်ပြိုင်သို့ ရှင်းပြသည်။

ယင်းသို့ အဖွဲ့ဝင်ဖြစ်ပြီး အခြားသူများအား လိုက်လံစည်းရုံး ဆက်လက်လိမ်လည်ကာ ငွေရှာနေသူများဟု မင်္သကာဖွယ် သူများကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းဖမ်းဆီးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြည်ပရောက် မြန်မာအချင်းချင်း ငွေကြေး လိုက်လံလိမ်လည်နေမှုသည် ထိုင်းနိုင်ငံတွင်သာမက မလေးရှားနှင့် စင်ကာပူနိုင်ငံတွင်လည်း ဖြစ်ပွားနေကြောင်း သိရသည်။

ကွာလာလမ်ပူတွင် ရောက်ရှိနေသည့် ကိုထွန်းမင်းက “ကျနော်တော့ မဝင်ထားဘူး။ အလိမ်ခံရတဲ့သူတွေ ပြောတာက ဒီကွာလာလမ်ပူမှာ သူတို့ရုံးဖွင့်ထားတာ အကြီးအကျယ်ပဲတဲ့။ ခဏအတွင်းမှာ ချမ်းသာမယ်ဆိုတော့ အလုပ်သမားဘဝက လွတ်မြောက်ချင်ကြတာပေါ့။ ဒီမှာ လိမ်နေတာလည်း ဗမာအချင်းချင်းပဲ။ စင်ကာပူမှာလည်း ကျနော့်သူငယ်ချင်းတွေ အဖွဲ့ဝင်ထားတဲ့သူ ရှိတယ်တဲ့။ နောက်ပိုင်းကျမှ အလိမ်ခံလိုက်ရမှန်း သိတာ။ ကိုယ့်ပိုက်ဆံ ပြန်ရဖို့ လူထပ်လိမ်တဲ့နေရာမှာ ကိုယ်က စမတ်ကျကျ ဝတ်စားနေထိုင်ရမယ်ဆိုတော့ ရိုးသားတဲ့မြန်မာအများစုက ဟန်ဆောင်တတ်ပါ့မလား။ ထပ်မလုပ်တော့ဘူး။ ကိုယ်ထိပြီးရင် ပြီးရောပေါ့။ လျော်ကြေးတောင်းဖို့ကလည်း ဘယ်ကို သွားတိုင်ရမလဲတောင်မှ မသိကြတာ” ဟု ပြောသည်။

ပြင်သစ်နိုင်ငံ အခြေစိုက် DCHL ကုမ္ပဏီသည် ရေမွှေးတမျိုးကို အခြေခံပြီး ပဋိစီဝဆေး ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ကာ ဟောင်ကောင်၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ အင်ဒိုနီးရှား စသည့် အာရှနိုင်ငံများတွင်သာ ရုံးခွဲအဖြစ် ဖွင့်လှစ်ထားကြောင်း ၎င်းကုမ္ပဏီ၏ ဝက်ဆိုက်ဘ်မှ သိရှိရသည်။

ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲဆက်ဖြစ်
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 19 နာရီ 35 မိနစ်


(သတင်းပေးပို့ချိန် - မြန်မာစံတော်ချိန် ၆ နာရီ ၄၅ မိနစ်)

ရွှေလီ ။ ။ ကိုးကန့်နယ်မြေတွင်း၌ ကိုးကန့်တပ်ဖွဲ့နှင့် စစ်အစိုးရ စစ်တပ်အကြား ယနေ့ညနေပိုင်းတွင် ဆက်လက်၍ တိုက်ပွဲများ ဖြစ်ပွားနေပြန်သည်။

လွန်ခဲ့သည့် တနာရီခန့်မှ စတင်၍ ယခုသတင်းပို့ချိန်အထိ ကိုးကန့်နယ်မြေ ချင်းရွှေဟော်မြို့တွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA စစ်ဦးစီးချုပ်နှင့် အဖွဲ့ဥက္ကဋ္ဌ ဖုန်ကြားရှင် ခေါင်းဆောင်သည့် တပ်များနှင့် တိုက်ပွဲဖြစ်နေသည်။

ယနေ့ နံနက် ၁၀ နာရီခန့်ကလည်း တရုတ်နိုင်ငံ နယ်စပ်ကျေးရွာ ရန်လုံကျိုင်းအနီးတွင် ဖုန်ကြားရှင်၏ တပ်ဖွဲ့နောက်သို့ နောက်ယောင်ခံလိုက်သည့် ရဲတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့အပြင် နယ်စပ်အနီး မြန်မာဘက်ခြမ်းရှိ တောတွင်းတနေရာ၌လည်း နောက်ယောင်ခံလိုက်လာသည့် တပ်မတော် စစ်ကြောင်းတခုကို ဖုန်ကြားရှင်တပ်က ခြုံခိုတိုက်ခိုက်ခဲ့သေးသည်။

ကိုးကန့်ဌာနချုပ်တည်ရှိရာ လောက်ကိုင်မြို့သည် သံလွင်မြစ်အရှေ့ဘက်တွင် တည်ရှိပြီး တရုတ်နယ်စပ်နှင့် ကပ်လျက်ရှိသည်။


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပြေးပြိုင်ပွဲ ကျင်းပမည် Print E-mail
နန်းဒေဝီ
ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 19 နာရီ 31 မိနစ်


နယူးဒေလီ (မဇ္စျိမ)။ ။ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ ဒေါ်အောင်ဆန်းစုကြည် ပညာသင်ယူခဲ့သော ကျောင်းတော်ကြီးတခုမှ ကျောင်းသူ ၆၀၀ က သူမလွတ်မြောက်ရေး တာတို အပြေးပြိုင်ပွဲကို မနက်ဖြန်တွင် ကျင်းပသွားမည်။

၁၉၆၄ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် တက်ရောက်သင်ကြားခဲ့သည့် လေဒီရှရီရမ်ကောလိပ် (Lady Shri Ram) က ၃ ဒဿမ ၃ ကီလိုမီတာ အကွာအဝေးရှိ အပြေးပြိုင်ပွဲကို သူမ လွတ်မြောက်ရေး ရည်ရွယ်ကာ ကျင်းပရန် စီစဉ်လိုက်ကြခြင်း ဖြစ်သည်။

“အပြေးပြိုင်ပွဲ လုပ်ရတာဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ပြီး လွတ်မြောက်မှု ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၄ နှစ်ကြာ နေအိမ်အကျယ်ချုပ် ချထားပြီးနောက် ၁၈ လ ထပ်ချလိုက်တာဟာ လူသားမဆန်တဲ့ လုပ်ဆောင်ချက်လို့ပါ” ဟု ကောလိပ်မှ ခန္ဓာဗေဒဆိုင်ရာ ပညာပေးဌာနက တာဝန်ရှိသူတဦးဖြစ်သည့် မီနာ့ရှ်ပဟူဂျာ (Menaksh Pahuja) က မဇ္စျိမကို ပြောသည်။

“အရင်ကတည်းက နှစ်တိုင်းမှာ ဒီလို အပြေးပြိုင်ပွဲ လုပ်ပေမယ့် ဒီနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အားပေး ထောက်ခံတဲ့အတွက် သီးသန့် လုပ်ဆောင်တာပါ” ဟု သူက ဆက်ပြောသည်။

နေအိမ်တွင် ထိန်းသိမ်းခံနေရသည့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၏ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီလိုအချိန်မှာ ဒေါ်စုလွတ်မြောက်ရေး လုပ်ဆောင်မှုတွေ အားလုံးကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒေါ်စုနဲ့ တွေ့ရင်လည်း ပြောလိုက်ပါမယ်” ဟု သူက ပြောသည်။

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံ သံရုံးတွင် သံတမန်အဖြစ် အမှုထမ်းနေစဉ် LSR ကောလိပ်၌ ပညာဆည်းပူးခဲ့ခြင်း ဖြစ်သည်။


အယူခံဝင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံ Print E-mail
မြင့်မောင်
ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 20 နာရီ 34 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံအတွက် သူမ၏ ရှေ့နေများနှင့် ယနေ့အပြီးသတ် ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရသည့် နေအိမ်သို့ ယနေ့ နေ့လည်ပိုင်းတွင် ရှေ့နေ ၄ ဦးဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဋ္ဌေးကြွယ်တို့ သွားရောက်ကာ ၂ နာရီကြာမျှ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“အယူခံကိစ္စကို အပြီးသတ် ဆွေးနွေးခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ ထပ်ဖြည့်ချင်တဲ့ အချက်တွေကို ထပ်ဖြည့်ပါတယ်” ဟု ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ယခုလ ၂၅ ရက်နေ့တွင် စာမျက်နှာ ၇ မျက်နှာပါ အယူခံစာမူကြမ်းကို ပြသခဲ့ရာ ထိုအထဲမှ ပြင်ဆင်လိုသည့် အချက် ၃ ချက်ခန့်အား ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားပြသခဲ့ကြောင်း သူက ဆိုသည်။

အယူခံကို အချောသတ်ကာ လာမည့်တပတ်အတွင်း ရန်ကုန်တိုင်း တရားရုံးသို့ တင်သွင်းသွားကြမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းထောင်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီးနောက် သူမ၏ ရှေ့နေများနှင့် ဒုတိယကြိမ်မြောက် ယခုလို တွေ့ဆုံနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် မေလဆန်းက အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူသည် အင်းယားကန်အတွင်း ရေကူး၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရာ နေအိမ်အတွင်း ဝင်ရောက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ သူမနှင့် အတူနေထိုင်သူ ဒေါ်ခင်ခင်ဝင်းနှင့် သမီး မဝင်းမမတို့ကို အင်းစိန်ထောင်သို့ ခေါ်ယူထိန်းသိမ်းကာ နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် စတင်၍ တရားစွဲဆိုခဲ့သည်။

ယခုလ ၁၁ ရက်နေ့တွင် ထောင်တွင်း တရားခွင်က ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ညွှန်ကြားချက်အရ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချကာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကန့်သတ်စည်းကမ်းများဖြင့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ကာ ဆက်လက်ထိန်းသိမ်းခဲ့သည်။

ကန့်သတ်စည်းကမ်းနှင့် ပတ်သက်ပြီး ရှေ့နေ ဦးဉာဏ်ဝင်းက “အရင် ၁၀ ခ နဲ့ နေတုန်းက မိသားစုစာတွေ ဖတ်ခွင့် ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ ဆရာဝန်နဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးပေးခွင့် ရတယ်။ ဒေါက်တာ တင်မျိုးဝင်းနဲ့ တလတကြိမ် ဆေးစစ်ခွင့် ရှိတယ်။ အခု အဲဒီ ဆရာဝန်ကို ခေါ်ခွင့်မရဘူး ဖြစ်နေတယ်။ အဲဒါကိုက အောင်ဆန်းစုကြည်အပေါ် တင်းကျပ်တဲ့ သဘောထား ရှိနေတယ်။ တင်းကျပ်တဲ့ အခြေအနေ ဖန်တီးနေတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် နှစ်ဦးသည် ကျန်းမာရေး အခြေအနေ ကောင်းမွန်နေကြောင်း သူက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုတွင် အဓိက ပြစ်မှုကျူးလွန်ခဲ့သည့် ဂျွန်ယက်တောသည် ထောင်တွင်း တရားခွင်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သော်လည်း စစ်အစိုးရက နေရပ်ရင်းနိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ဖြစ်သည်။


တရုတ်နိုင်ငံက ထိုင်း၊ မြန်မာတို့နှင့် ကုန်သွယ်ရေး မြှင့်တင်မည် Print E-mail
ဥဆာ ဖိချိုင်း
ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 19 နာရီ 23 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံတောင်ပိုင်းအကြား ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်တခု ထပ်မံဖွင့်လှစ်ရန် တရုတ်အရာရှိများက လိုလားနေသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကပ်လျက်ရှိသော ယူနန်ပြည်နယ် ဆစ်ဆောင်ပဏ္ဏာတိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင်နိုင်ရန်အတွက် အခမ်းအနားတခုကို ထိုင်းနိုင်ငံ ပို့ကုန်မြှင့်တင်ရေးဌာနက ယနေ့တွင် ပြုလုပ်ခဲ့သည်။

ဤအခမ်းအနားကို ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Apmornphan Nimanan က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် ဆစ်ဆောင်ပဏ္ဏာဒေသတို့သည် ယဉ်ကျေးမှုအရ အလွန်နီးစပ်သည့် ဆက်နွယ်မှုများရှိကြောင်း ပြောကြားသွားခဲ့သည်။

ထို့ပြင် ယခုအခါ မဲခေါင်မြစ်ကြောင်းမှ ရေကြောင်းဖြင့် သက်တောင့်သက်သာ သွားနိုင်ပြီဖြစ်ပြီး ကုန်းလမ်းအဖြစ် R3A လမ်းဖြင့် ထိုင်း-လာအို-တရုတ် လမ်းကြောင်းနှင့် R3B လမ်းဖြင့် ထိုင်း-မြန်မာ-တရုတ်လမ်းကြောင်းအတိုင်း သွားလာနိုင်ပြီဟု အစိုးရ၏ ထိုင်းသတင်း ဗျူရိုဝဘ်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။

ယခင်ကလည်း ချင်းရိုင်ပြည်နယ်တွင် ထိုင်းအရာရှိများနှင့် ဆွေးနွေးရာ၌ ဆစ်ဆောင်ပဏ္ဏာ ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ချင်မင် (Qian Min) က R3B သည် ပိုတိုသော လမ်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် စစ်ဆေးရေးစခန်း အမြောက်အမြားရှိနေ၍ သယ်ယူပို့ဆောင်ရေးတွင် ကုန်ကျစရိတ် အလွန်များပြားစေသည်ဟု ပြောကြားခဲ့သည်။

''ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ တရုတ်အရာရှိတွေက ကျိုင်းတုံမှာ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးသွားမှာပါ။ မကြာခင် မိုင်းလား-တာ့လော် နယ်စပ်စစ်ဆေးရေးစခန်း ဖွင့်လှစ်နိုင်ဘို့လည်း ဆွေးနွေးသွားမှာပါ'' ဟု သူက ပြောသည်။ ကျိုင်းတုံသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း တည်ရှိသည်။

မြန်မာဘက်ခြမ်းမှ မိုင်းလား-တာ့လော် စစ်ဆေးရေးစခန်းသည် အပစ်ရပ်အဖွဲ့တခုဖြစ်သည့် ရှမ်းပြည်နယ် အထူးဒေသအမှတ် ၄ ဟု သိရှိကြသော စိုင်းလင်း ခေါ် လီမင်းရှင် ခေါင်းဆောင်သည့် အမျိုးသား ဒီိမိုကရက်တစ် မဟာမိတ်တပ်မတော် - ရှမ်းပြည်အရှေ့ (NDAA-ESS) ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

R3A လမ်းသည် တရားဝင်အသုံးပြုနေသော လမ်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ကုန်သွယ်ရေးကို အကျိုးဖြစ်ထွန်းစေလိမ့်မည်ဖြစ်ကြောင်း ဆစ်ဆောင်ပဏ္ဏာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ အုပ်ချုပ်ရေးမှူး တောက်လင်ယင်း (Dao Linyin) က မကြာသေးမီက ချင်းမိုင်မြို့တွင် ပြောကြားသွားသည်။

''တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့် ဆောင်ရွက်သွားပါမယ်။ ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း အထူးအခွင့်အရေးတွေ ပိုမိုပေးအပ်သွားမှာပါ။ ဒေသန္တရအစိုးရက ဖြေရှင်းဆောင်ရွက်နိုင်တဲ့ ကိစ္စတွေဆိုရင်လည်း ကျမတို့ ဒီလိုပြဿနာတွေကို ချက်ချင်း ဖြေရှင်းဆောင်ရွက်ပေးသွားပါမယ်'' ဟု သူမက ပြောသည်။

မူးယစ်ဆေးဝါးမှောင်ခိုမှု လျော့ကျစေရေးအတွက် ဤနယ်စပ်စစ်ဆေးရေးစခန်းကို တရုတ်အာဏာပိုင်များက ကန့်သတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကုန်သွယ်ရေးနှင့် ကာစီနို လောင်းကစားလုပ်ငန်း အပါအဝင် အခြား စီးပွားရေးလုပ်ငန်းများအားလုံး ကျဆင်းသွားခဲ့သည်။

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းတက်လာပြီးနောက် ကွယ်လွန်သူ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပိတ်ပင်ခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ဆွေးနွေးညှိနှိုင်း၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ထိုအချိန်မှစ၍ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေးသည် တဖြည်းဖြည်း တက်လာပြီး ၂ဝဝ၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်တွင် ၆ဝ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံ ကုန်သွယ်မှုပမာဏ၏ ၂၄ ရာခိုင်နှုန်းရှိပြီး၊ တရုတ်နိုင်ငံသည်လည်း ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဘက်နိုင်ငံ ဖြစ်လာခဲ့သည်။

အလားတူပင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုမှာလည်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆၀၀၀ သန်းအထိ ရှိခဲ့သည်။ ယင်းသည် ၂၀၀၇ ခုနှစ်နှင့် စာလျှင် ၂၀ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ သို့သော် ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် သိသာစွာ ကျဆင်းသွားခဲ့သည်။


ဂိတ်ကြေးတောင်းကြမ်း၊ လမ်းပြင်ဖို့ ငုတ်တုတ်မေ့နေတာ Print E-mail
အယ်ဒီတာ့ထံပေးစာ
ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 19 နာရီ 21 မိနစ်


သို့ အယ်ဒီတာ

ပဲခူး အနောက်ပိုင်းက ကျွန်းသာယာ အဝေးပြေးယာဉ်ဝင်းသစ် ကားဂိတ်မှာ် မော်တော်ယာဉ် လိုင်းပေါင်းစုံ စည်းကမ်းထိမ်းသိမ်းရေးကော်မတီ (မထသ) က ဂိတ်ဝင်ကြေးတွေတော့ကောက်တယ်။ ဒါပေမယ့် ဂိတ်ထဲက လမ်းတွေကတော့ ပျက်လို့၊ စီးလို့ဗျို့။

စကောက်ခဲ့တာက အရင်လက စပါတယ်။ မထသဥက္ကဌ ဦးသိန်းလွင်က နေ့တိုင်း မနက် ၆ နာရီမှ ညနေ ၄ နာရီထိ ဝတ်မပျက် ဆိုက်ကားတောင် မကျန်ပါဘူး ကောက်လိုက်တာမှ ကားကြီးတထောင်၊ ဟိုင်းလတ်ကားလေးဆို ငါးရာ၊ ဆိုက္ကား နှစ်ရာတဲ့ဗျာ။

တနေ့ကို ဒီ ကျွန်းသာယာ အဝေးပြေးကိုလာတဲ့ကားက အစီး ၅၀ ပြေးမလွတ်ပေါ့။

လမ်းတွေကတော့ဖြင့် ကျောက်ခဲစားသွားရင်တောင် အစာကြေမယ်။ အဝင်လမ်းကော အထွက်လမ်းကော ပျက်။

ပဲခူးစည်ပင်သာယာကပြောတော့ သူတို့နဲ့မဆိုင်ဘူးတဲ့။ အဝေးပြေးကားဂိတ်ကို ခယကက တိုက်ရိုက်ကိုင်တာတဲ့။ ဘယ်သူများ တာဝန်ရှိကြပါလဲဗျာ။

အမြင်မတော်လွန်းသူ
ပဲခူး


ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း Print E-mail
မုံပီး
ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 16 နာရီ 39 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက အမြန် ပြန်လွှတ်ပေးလိမ့်မည်ဟု ဂျပန်နိုင်ငံက မျှော်လင့်ထားကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖူမီ နာကာဆိုနေး Hirofumi Nakasone က ထပ်လောင်း ပြောဆိုသည်။

နာကာဆိုနေးက အလည်အပတ် ရောက်ရှိနေသော မြန်မာနိုင်ငံ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦးနှင့် အင်္ဂါနေ့က ခေတ္တတွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ပေး၍ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ်၌ ပါဝင်ခွင့်ပေးလိမ့်မည်ဟု တိုကျိုက အခိုင်အမာ မျှော်လင့်ထားသည်ဟု ဆိုသည်။

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံနိုင်ရေးအတွက် `မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးဖြစ်စဉ်၌ သက်ဆိုင်သူ အားလုံးကို ပါဝင်ခွင့်ပေးလိမ့်မည်ဟု ဂျပန်နိုင်ငံက အခိုင်အမာ မျှော်လင့်ထားသည်´ ဟု သူက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သမျှ စောလျင်စွာလွှတ်ပေးပါမည်ဟု မြန်မာအစိုးရ၏ ပြောကြားချက်ကို ဂျပန်နိုင်ငံက မှတ်သားထားကြောင်းနှင့် ယင်းကို အလျင်အမြန် အကောင်အထည်ဖော်ရန်လည်း ဂျပန်နိုင်ငံက တိုက်တွန်းခဲ့သည်။ သူမကို လွှတ်ပေးပြီး ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ပေးခြင်းဖြင့် မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိလိမ့်မည်ဟု နာကာဆိုနေးက ပြောသည်။

ဂျပန်ဝန်ကြီး၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် ဗိုလ်ချုပ်ဌေးဦးက `သူမအနေဖြင့် ထိန်းသိမ်းခံကာလ ၁၈ လအတွင်း ကောင်းမွန်စွာ နေထိုင်ပါက´ သူ့အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို စောလျင်စွာလွှတ်ပေးရန် စဉ်းစားနေသည်ဟု ပြောသည်။

ဗိုလ်ချုပ်ဌေးဦးသည် စစ်အစိုးရကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း - USDA ၏ အတွင်းရေးမှူးတဦးလည်းဖြစ်ပြီး၊ သူက ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စကို တရားဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး ကျဆုံးသွားသော သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းအပေါ် လေးစားမှုကို ပြသသည့်အနေနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူမ၏ ပြစ်ဒဏ်ကို ၁၈ လအထိ လျှော့ပေါ့ပေးခဲ့ပြီး နေအိမ်တွင် နေထိုင်ခွင့်ပေးခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမနှင့်အတူနေသူ ပါတီဝင်နှစ်ဦးကို အမေရိကန်လူမျိုး ဂျွန်ဝီလျံယက်တောဆိုသူအား သူမ၏ ရေကန်ဘေး နေအိမ်သို့ လာရောက်သည်ကို လက်ခံခဲ့၍ နေအိမ်အကျယ်ချုပ် စည်းကမ်းများ ချိုးဖောက်သည်ဟူသော စွဲချက်ဖြင့် ယခုလ ၁၁ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့သည်။

သို့သော် မြန်မာစစ်အစိုးရအကြီးအကဲက ခေါင်းဆေ သူ၏ အုပ်ချုပ်ရေးအာဏာကို အသုံးပြုကာ တရားရုံးက ချမှတ်သော ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချပေးခဲ့သည်။ သူမနှင့်အတူ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် အမျိုးသမီးနှစ်ဦးကိုလည်း ကန့်သတ်ချက်များဖြင့် နေအိမ်တွင် ပြစ်ဒဏ်ကျခံခွင့်ပေးခဲ့သည်။

ဗိုလ်ချုပ်ဌေးဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦး၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ အရာရှိများ လိုက်ပါလာခဲ့ပြီး ဤခရီးစဉ်သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ရှာဖွေရန် ဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ဤခရီးစဉ်သည် ဂျပန်နှင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအကြား ဆက်ဆံရေး နွေးထွေးမှု ရှိလာသည်ကို ပြသသည့် လက္ခဏာပင်ဖြစ်သည်ဟု မြန်မာနိုင်ငံအကြောင်း လေ့လာနေသူ ဂျပန် သုတေသီ ယူကီ အာကီမိုတို (Yuki Akimoto) က ပြောသည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်နေခဲ့သော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ပြီးချိန်မှစ၍ ကျယ်လောင်စွာ ဝေဖန်ပြောကြားလာခဲ့သည်ဟု တိုကျိုရှိ မြန်မာရုံးတာဝန်ခံ ဒေါက်တာမင်းညိုက ပြောသည်။

ဂျပန်နိုင်ငံ၏ နောက်တက်လာမည့် ဂျပန်အစိုးရသစ်သည် မြန်မာစစ်အစိုးရအပေါ် ပိုမိုတင်းမာသည့် သဘောထားများ ထားရှိလိမ့်မည်ဟုလည်း ဒေါက်တာမင်းညိုက ဆိုသည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ဂျပန်က အဆင့်တိုးမြှင့်ပြုလုပ်လိုသည့်အတွက် မြန်မာအစိုးရက ရွေးကောက်ပွဲများကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထောက်ခံနိုင်သည့် ပုံစံဖြင့် ကျင်းပပေးစေလိုသည်ဟု အာကီမိုတိုက ပြောသည်။

စစ်အစိုးရက ကိုးကန့်အပေါ် သွေးခွဲနည်းဗျူဟာဟောင်း အသုံးပြုနေ Print E-mail
မုံပီး
ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 14 နာရီ 28 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ နယ်ခြားတပ် အသွင်ပြောင်းရေး ငြင်းဆန်နေသည့် ကိုးကန့် အပစ်ရပ်အဖွဲ့အား စစ်အစိုးရက နည်းဗျူဟာဟောင်း တခုဖြစ်သော သွေးခွဲ အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးနေသည်ဟု မြန်မာအကဲခတ်များက ပြောဆိုကြသည်။

မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA - ကိုးကန့် စစ်ဦးစီးချုပ်နှင့် အဖွဲ့ဥက္ကဋ္ဌ ဖုံကြားရှင်သည် ကိုးကန့်မြို့တော် လောက်ကိုင်မှ သူ့တပ်ဖွဲ့များနှင့်အတူ ယနေ့ ထွက်ခွာသွားခဲ့ရပြီး၊ သူ့ကိုဖမ်းဆီးရေးအတွက် ကိုးကန့်အချင်းချင်း တိုက်ပွဲဖြစ်စေရန် စစ်အစိုးရက သွေးခွဲနေသည်ဟု ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

''ဖုန်ကြားရှင်ကို ဖမ်းနိုင်လိမ့်မယ်လို့ ကျနော်မထင်ဘူး။ တိုက်မှရမယ်။ ဒါပေမဲ့ တိုက်ရမယ် ဆိုရင်လည်း စစ်အစိုးရ ဖြစ်စေချင်တာက ကိုးကန့်အချင်းချင်း တိုက်တယ်ဆိုတာမျိုးပဲ ဖြစ်စေချင်တာ။ ဒါ ကိုးကန့်အချင်းချင်း ပြန်ချခိုင်းတာပဲ။ ဒီနည်းဗျူဟာကို သုံးလာတာကြာပြီ။ ကိုးကန့်ကိစ္စမှာ သူတို့တပ်တွေကို ဖြိုခွဲဘို့ ပြန်သုံးတာပဲ'' ဟု တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

''ကရင်အမျိုးသား အစည်းအရုံးအတွင်းမှာ အကွဲအပြဲတွေဖြစ်ခဲ့တာလည်း ကျနော်တို့ တွေ့ခဲ့ရပြီးပြီ။ အဲဒီကိစ္စမှာ စစ်အစိုးရ ဘယ်လိုပါခဲ့တယ်ဆိုတာလည်း မြင်ခဲ့ရပြီးပြီ။ အခုလည်း တခြားအဖွဲ့တွေအပေါ် ဒီနည်းဗျူဟာကိုပဲ ထပ်သုံးမယ့် အလားအလာ ပိုများတာ တွေ့နေရပြီ'' ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။

ယခုအခါ လောက်ကိုင်ရှိ ပြည်သူ့စစ်အဖွဲ့များကို ခေါင်းဆောင်နေသည့် MNDAA ဒုဥက္ကဋ္ဌ ပိုင်စိုချိန်ဘက်မှ မြန်မာစစ်တပ်က ရည်တည်ပေးလျက်ရှိကာ၊ သူနှင့် အခြား အဖွဲ့ဝင်များက MNDAA ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည်။

ထိုင်းအခြေစိုက် ရှမ်းသတင်းအေဂျင်စီ (SHAN) က ဖုန်ကြားရှင် ခေါင်းဆောင်ခဲ့သော ကိုးကန့်တပ်မတော်ကို ယခုအခါ လောက်ကိုင်မြို့တွင် မတွေ့ရတော့ဘဲ မြန်မာစစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်အစိုးရက ကျောထောက်နောက်ခံပြု ကိုးကန့်ပြည်သူ့စစ်အဖွဲ့များကိုသာ တွေ့ရှိရတော့သည်ဟု ဆိုသည်။

အခြားသတင်းရပ်ကွက်များက ဖုန်ကြားရှင်နှင့် သူ့တပ်ဖွဲ့သည် လောက်ကိုင်မြို့မြောက်ဘက်တွင် အခြေစိုက်နေပြီး နှစ်ဖက်တပ်များအကြား တင်းမာမှုများ ဖြစ်ပွားနေကာ ပစ်ခတ်မှုများ မကြာခင် ဖြစ်ပေါ်နိုင်သည့် အခြေအနေ ရှိနေသည်ဟု ဆိုသည်။

ကိုးကန့်ဌာနချုပ်တည်ရှိရာ လောက်ကိုင်မြို့သည် သံလွင်မြစ်အရှေ့ဘက်တွင်ရှိပြီး တရုတ်နယ်စပ်နှင့် ကပ်လျက်တည်ရှိသည်။

စစ်အစိုးရ၏ သွေးခွဲနည်းဗျူဟာမှာ ခေတ်နောက်ကျနေပြီး ကြိုတင်ခန့်မှန်းနိုင်သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ဤအဖွဲ့များသည် အဆိုပါ ထောင်ချောက်အတွင်းသို့ပင် သက်ဆင်းကျရောက်နေကြရသည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

''တခြားအဖွဲ့တွေကိုလည်း စစ်အစိုးရက ဒီနည်းဗျူဟာကို သုံးပြီး လုပ်သွားခဲ့တာ။ ကိုးကန့်ကိစ္စမှာလည်း ဒီလိုပါပဲ။ ကိုးကန့်ကို ရှင်းပစ်လိုက်နိုင်ရင် တခြားအဖွဲ့တွေဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) လို အဖွဲ့မျိုးကို အင်အားချိနဲ့သွားအောင် လုပ်နိုင်တယ်ဆိုတာ စစ်အစိုးရက သိတယ်'' ဟု သူက ပြောသည်။

ကိုးကန့်တပ်မတော် - MNDAA ၊ ဝ'တပ်ဖွဲ့ - UWSA ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO ၊ မိုင်းလားအဖွဲ့ ခေါ် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - NDAA စသည့် အဖွဲ့များသည် စစ်အစိုးရ၏ အဆိုပြုသည့် သူတို့တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို ငြင်းဆိုထားကြသည်။

ထိုအဖွဲ့ ၄ ဖွဲ့သည် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ဦး (MPDF) ဟူသော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းကြောင်း ယခုလ ၂၁ ရက်နေ့က ကြေညာခဲ့သည်။ ကိုးကန့်အဖွဲ့သည် ထိုအဖွဲ့များတွင် အင်အား အနည်းဆုံး ဖြစ်သည်။

ဖုန်ကြားရှင်ကို ဖယ်ရှားနိုင်ရေးအတွက် သူ၏ နေအိမ်နှင့် အနီးရှိ ဂိုဒေါင်များအတွင်း မူးယစ်ဆေးဝါးရှိသည်ဟု အကြောင်းပြကာ မြန်မာရဲတပ်ဖွဲ့ဝင် ၇၀ ခန့်က ယခုလ ၈ ရက်နေ့တွင် စတင်၍ စီးနင်းခဲ့ပြီး၊ ၂၃ ရက်နေ့တွင်မူ လက်နက်စက်ရုံရှိသည်ဟု ထပ်မံအကြောင်းပြကာ ဒုတိယအကြိမ် စီးနင်းခဲ့ပြန်သည်။

လားရှိုးမြို့ ရဲတပ်ဖွဲ့က ဖုန်ကြားရှင်နှင့် အခြား ၃ ဦးကို တရားရုံးရှေ့မှောက် လာရောက်ရန် အမိန့်ပေးခဲ့သော်လည်း ဖုန်ကြားရှင်က သွားရောက်ရန် ငြင်းဆန်သည့်အခါ အာဏာပိုင်များက သူနှင့် သူ့ညီ အပါအဝင် အခြား ၃ ဦးကို ဖမ်းဆီးရန် ၂၂ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့ပြီး နောက်တရက်တွင် လက်နက်စက်ရုံကိစ္စ အကြောင်းပြကာ မြန်မာစစ်တပ်များဖြင့်ပါ စီးနင်းခဲ့ခြင်းဖြစ်သည်။

“ဂိုဒေါင်တွေထဲမှာ လက်နက်စက်ရုံရှိတယ်လို့ သတင်းရထားပြီး မူးယစ်ဆေးဝါးအကြောင်းပြုပြီး ရှာတာပါ။ လာရှာတော့ ဘာမှ တွေ့မသွားဘူး။ နောက် တိုင်းမှူးလာတဲ့အချိန်မှာ သူတို့ဘက်က အဲဒီနေရာတွေတဝိုက်ကို သူတို့လူတွေကပဲ လုံခြုံရေးယူမယ်လို့ တောင်းဆိုတယ်” ဟု ကိုးကန့်အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

လောက်ကိုင်မြို့၌ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်တခု ဖွင့်လှစ်ထားရှိကာ လက်အောက်ခံ တိုက်ခိုက်ရေး တပ်ရင်း ၁ဝ ရင်း ဖွဲ့စည်းထားရှိသည့်အပြင် စစ်ကားအစီးရေ ၇၀ ခန့်ဖြင့် တပ်သားအင်အား ၁၀၀၀ ကျော်ကို ယခုလ ၂၄ ရက်နေ့တွင် ထပ်မံအင်အား ဖြည့်တင်းခဲ့သည်။

ငြိမ်းချမ်းရေးအဖွဲ့များ ထိန်းချုပ်သော ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် အဆိုပါတပ်များကို အသွင်ပြောင်းလဲဖွဲ့စည်းနိုင်ရေးသည် စစ်အစိုးရအတွက် အလွန်အရေးပါသည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

''ငြိမ်းချမ်းရေးအဖွဲ့တွေက စစ်အစိုးရရဲ့ အစီအစဉ်ကို ငြင်းရင် ရွေးကောက်ပွဲလုပ်မှာကို တားနိုင်မှာ မဟုတ်ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လူအများ လက်ခံနိုင်ဘို့ကိစ္စက အတော်ထိခိုက်သွားမှာ'' ဟု သူက ဆိုသည်။

(တရုတ်နယ်စပ်အခြေစိုက် မဇ္ဈိမသတင်းထောက် မျိုးကြီးမှ အချက်အလက်အချို့ ပေးပို့သည်။)


ထိုင်း-မြန်မာနယ်စပ် ရေကာတာ ရေလျှံမှုကြောင့် စိုးရိမ်နေကြ Print E-mail
ဥဆာ ဖိချိုင်း
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 26 ရက် 2009 ခုနှစ် 20 နာရီ 03 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်း-မြန်မာနယ်စပ် အနီးတွင် ပြီးခဲ့သည့်တပတ်က ရုတ်တရက်ဖြစ်ပေါ်ခဲ့သော ရေလျှံမှုသည် အာဏာပိုင်များ၏ စွမ်းဆောင်ရည် မဲ့မှုနှင့် အရှက်မဲ့စွာ သတင်းအမှောင် ချထားမှုကို ပေါ်လွင်စေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထောက်ပြ ပြောဆိုလိုက်သည်။

ဒေသတွင်းရှိ သဘာပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို လုပ်ကိုင်နေသော ဘန်ကောက်အခြေစိုက် “သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်ရေးနှင့် ဒေသဆိုင်ရာ မဟာမိတ်များသို့“ (Towards Ecological Recovery and Regional Alliance) အဖွဲ့နှင့် ချိတ်ဆက်ထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား “ဝတ်သွန် ပန်ပွန်ဆာချာရီယွန်“ က မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ထိုင်း-မြန်မာနယ်စပ် ကချနာဘူရီခရိုင်ရှိ ဆရီကကာရင်ဆည် ရေလျှံမှုကြောင့် ဒေသတွင်းရှိ ကျေးရွာအများအပြား ထိခိုက်ခဲ့သည်ဟု ပြောသည်။

သို့သော် ထိုကိစ္စနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အာဏာပိုင်များထံမှမူ မရရှိနိုင်ခဲ့ပေ။

“လျှော်ကြေးတွေပေးဖို့ လိုနေပြီဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ဆိုင်တဲ့ အချက်တွေကို ထိုင်းလျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Egat) နဲ့ ထိုင်း ရေနံအာဏာပိုင်အဖွဲ့ (လောလောဆယ်တွင် PTT ကုမ္ပဏီလီိမိတက်) တို့မှ ရှင်းလင်းပေးဖို့က အရမ်း အရေးကြီးနေပြီ။ အစောပိုင်းက ဒီရေကာတာဟာ မြေငလျင်လှုပ်တာကို လုံးဝခံနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သတိပေးချက်တွေ ပေါ်ထွက်လာပါသေးတယ်။ အဲဒါအပြင် ရေကာတာဆောက်လုပ်ရာမှာ ဒေသတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှုတွေကိုလည်း လေ့လာမှု မရှိခဲ့ပါဘူး“ ဟု ဝတ်သွန်က ပြောသည်။

“ကျေးရွာ အတော်များများကို ထိခိုက်စေပေမယ့် သတင်းဌာန တော်တော်များများကလည်း အဲဒီကိစ္စရဲ့ နောက်ဆက်တွဲ လုပ်ရမယ့်ဟာတွေကို စိတ်ဝင်းစားပုံ မရကြဘူး“ ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ သံလွင်မြစ်ပေါ်တွင် ဆက်တိုက်ဆောက်လုပ်ရန် စီစဉ်ထားသော ရေကာတာများသည်လည်း ငလျင်အန္တရာယ် ရှိနေကြသည်ဟု ဝတ်သွန်က ထောက်ပြသွားသည်။

“အာဏာပိုင်တွေက အင်ဂျင်နီယာ နည်းပညာတွေနဲ့ ဒီပြသာနာတွေကို ဖြေရှင်းနိုင်မယ်၊ ရစ်ချတာ စကေး ၇ လောက် မြေငလျင်ကို ကောင်းကောင်းခံနိုင်အောင် လုပ်နိုင်တယ်လို့ ပြောပေမယ့်လည်း ငလျင်က အဲဒီထက် မပြင်းဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ“ ဟု သူက ဆိုသည်။

ယခုဖြစ်ရပ်သည် ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းပင်လယ်ကွေ့ရှိ ဘန်ကောက်နှင့် မြန်မာနိုင်ငံ ရတနာလုပ်ကွက်တို့မှ သဘာဝဓာတ်ငွေ့ ထုတ်လွှတ်မှုအတွင်း ဖြစ်ပွားခဲ့သော မတော်တဆမှု၏ နောက်ဆက်တွဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု ရပ်သွားသဖြင့် ထိုင်းနိုင်ငံအနောက်ပိုင်းတွင် စွမ်းအင်ပြတ်တောက် မသွားစေရန် (Eegat) က မြန်မာနယ်စပ်နှင့်ကပ်နေသော ကချနာဘူရီ ခရိုင်ရှိ ဆရီနာကာရင်ဆည်မှ ရေများကို စွမ်းအင်ထုတ်လုပ်နိုင်ရန်အတွက် လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရ၍ ဒေသတွင်းရှိ ကျေးရွာပေါင်း ရာနှင့်ချီကာ ထိခိုက်ခဲ့ရသည်။

ထိုင်းဝန်ကြီးအဖွဲ့အား နည်းပညာပြဿနာကြောင့် ထိုသို့ဖြစ်ခဲ့ရသည်ဟု အစီရင်ခံခဲ့ကာ ဝန်ကြီးအဖွဲ့ကလည်း ထိုသို့ပင် လက်ခံခဲ့သည်။

မောင်းခရိုင်အတွင်းရှိ ကျေးရွာ ၈ ရွာနှင့် အပန်းဖြေဟိုတယ် ၃ လုံးအပါအဝင် အပျော်စီး လှေလုပ်ငန်း အနည်းငယ်နှင့် စိုက်ပျိုးမြေများ ရေလွှမ်းမိုးထိခိုက်ခဲ့ရသည်။

ဆရီနာကာရင်ဆည်မှ ရေများ ရုတ်တရက် စီးထွက်လာမှုကို စစ်ဆေးနိုင်ရန်အတွက် ကော်မတီတရပ် ဖွဲ့စည်းထားကြသည်။

ဒုတိယအမြဲတမ်း အတွင်းရေးမှူး နော်ခမ်စစ်သီဖွန်းက ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး စုံစမ်းရန် ၇ ရက် အချိန်ပေးထားကာ အစီရင်ခံစာ တင်ပြရမည်ဖြစ်သည်။

“ကော်မတီက ရေတွေကို ဘာကြောင့် ဖွင့်ချခဲ့ရတယ်ဆိုတာနဲ့ ဆုံးဖြတ်ချက်ဟာ သင့်တော်မတော်ဆိုတာကို ဖော်ထုတ်မှာ ဖြစ်ပါတယ်။ သူတို့ဟာ ကာကွယ်ရေးစနစ်တွေပါ တပါထဲ ရှာဖွေပြီး ဖော်ပြရမှာ ဖြစ်ပါတယ်“ ဟု သူက မြေငလျင်ကြောင့် ရေကာတာမှ ရေကြီးရသည်ဆိုသော အချက်ကို ငြင်းဆိုရင်း ပြောသွားသည်။


အတိုက်အခံများက အဝါရောင် လှုပ်ရှားမှုစတင် Print E-mail
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 26 ရက် 2009 ခုနှစ် 20 နာရီ 01 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ရန်ကုန်ရှိ အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၁၀ ဦးက အဝါရောင် လှုပ်ရှားမှုတခုကို ယမန်နေ့မှ စတင်လိုက်ပြီး လွန်ခဲ့သော ၂ နှစ်က စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့သည့် မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြရာတွင် ပါဝင်ခဲ့သော သံဃာတော်များကို ဂုဏ်ပြုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပတ်စဉ်နီးပါး ရွှေတိဂုံဘုရားတွင် ဘုရားရှိခိုး ဆုတောင်းမှုပြုသည့် အင်္ဂါနေ့ဝတ်ပြု အဖွဲ့မှ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများသည် အဝါရောင်သင်္ကေတများ ဝတ်ဆင်ကာ ဝတ်ပြုဆုတောင်းခဲ့ခြင်း ဖြစ်သည်။

“အခုဆိုလို့ရှိရင် စက်တင်ဘာက နီးလာပြီဆိုတော့လေ။ အင်္ဂါဝတ်ပြု ဆုတောင်းအသင်းက ရွှေဝါရောင် တော်လှန်းရေးရဲ့ သင်္ကေတဖြစ်တဲ့ အဝါရောင် ခေါင်းစည်း၊ ဆံထိုး၊ ပန်း၊ အင်္ကျီတွေဝတ်ပြီး ရွှေတိဂုံစေတီမှာ တက်ရောက်ဆုတောင်းခဲ့ကြတယ်” ဟု ဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ ဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။

လူစုလူဝေးဖြစ်လာနိုင်ခြေရှိသော အတိုက်အခံများ၏ လှုပ်ရှားမှုမှန်သမျှကို ဒေါက်ထောက်ကြည့်ပြီး သီးခံနိုင်စွမ်းနည်းသည့် စစ်အစိုးရလက်အောက်တွင် ယခုလုပ်ရပ်မှာ စိန်ခေါ်မှုတခု ဖြစ်နေသည်။

နိုင်ငံရေးအမှတ်အသားဖြင့် စုဝေးကာ ဘုရားရှိခိုးသူများက လာမည့်လ ၂၅ ရက်နေ့အထိ အင်္ဂါနေ့များတွင် အဝါရောင်များ ဝတ်ဆင်ကာ ဝတ်ပြုပွဲများ ကျင်းပသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

ဒေါ်နော်အုန်းလှက “ရန်ကုန်က စလုပ်တယ်။ နယ်တွေလည်း အားလုံး ပါဝင်နိုင်တယ်။ ဒါတွေ ဝတ်ဆင်လို့၊ သုံးဆောင်လို့ ဘာမှလုပ်လို့မယ့်အရာ မဟုတ်ဘူးလေ။ ပါဝင်လာကြဖို့လည်း မေတ္တာရပ်ခံတယ်။ ကိုယ့်ဘာသာ၊ သာသနာကို မမေ့ဖို့ ဆိုတာကိုလည်း ပြောချင်တယ်” ဟု ပြောသည်။

ထောင်ပေါင်းများစွာသော သံဃာတော်များသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၏ လမ်းမများပေါ်၌ ကြွချီ၍ မေတ္တာပို့ဆုတောင်းသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP အဆိုအရ ဆန္ဒပြမှုနှင့်ပတ်သက်၍ သံဃာတော် ၂၀၀ ကျော် အဖမ်းခံရသည်ဟု ဆိုသည်။

သံဃာတော်များအပါအဝင် လူ ၁ဝ ဦးသာ သေဆုံးပျံလွန်ခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ သို့သော် သေဆုံးသူမှာ အဆများစွာ ပိုနိုင်ကြောင်း အတိုက်အခံများက ပြောသည်။

အလားတူလှုပ်ရှားမှုတခုကို ယမန်နေ့ကပင် မန္တလေးမြို့၊ မိတ္ထီလာ၊ ရမည်းသင်း၊ ရေနံချောင်းနှင့် ပဲခူးမြို့တွင် တက်ကြွလှုပ်ရှားသူများက ဒေါ်အာင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

ဒေါ်နော်အုန်းလှ ဦးဆောင်သည့် အင်္ဂါ ဝတ်ပြုဆုတောင်းအဖွဲ့က ကုသိုလ်ပြုသည့် ဘုန်းကြီးကျောင်းတိုက်များကို ဒေသအာဏာပိုင်များက လိုက်လံပိတ်ပင်ရန် ကြိုးစားခဲ့သည်ဟု စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူကာ တိုင်ကြားစာ ပေးပို့တိုင်ကြားထားကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် လေးတောင့်ကန် ရပ်ကွက်မှ ရွာဦးဘုန်းကြီးကျောင်း၌ အဖွဲ့က ဆွမ်းကပ်တရားနာသဖြင့် မြို့နယ်အာဏာပိုင်များက ကျောင်းတိုက်ချိတ်ပိတ်ခံရနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု စာထဲတွင် ပါရှိသည်။

ထို့အပြင် သြဂုတ်လ ၈ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်း မကွေး စာသင်တိုက်၌ အင်္ဂါဝတ်ပြုအဖွဲ့က အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြန်ရာ အလားတူပြောဆိုခဲ့သည်ဟု ဆက်လက်ရေးသားထားသည်။

ကိုးကန့်ဒေသ သေနတ် ပြန်ပေါက်၊ ဒုက္ခသည်များ တရုတ်ဘက် ခိုလှုံ
Thursday, 27 August 2009 19:30 အေးလဲ့
E-mail Print
တရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသအတွင်း လောက်ကိုင်မြို့အနီး မြန်မာစစ်အစိုးရ တပ်များနှင့် ကိုးကန့်ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့ဝင်များအကြား ရင်ဆိုင်တိုက်ပွဲငယ်များ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

[ကိုးကန့်ဒေသမှ တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံလာသော ဒုက္ခသည်များ (ဓာတ်ပုံ - ရိုက်တာ)]

ကိုးကန့်ဒေသမှ တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံလာသော ဒုက္ခသည်များ (ဓာတ်ပုံ - ရိုက်တာ)
နောက်ဆုံးရရှိသော သတင်းများအရ ယနေ့တွင် မြန်မာစစ်အစိုးရတပ်များနှင့် ကိုးကန့်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့ဝင်များ အနည်းဆုံး ရင်ဆိုင်တိုက်ပွဲ ၄ ကြိမ် ခန့် ဖြစ်ပွားခဲ့သည်။ အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှု သတင်းကို အသေးစိတ် မသိရသေးချေ။

ယင်း နယ်မြေအတွင်းရှိ သတင်းရပ်ကွက်များ၏ အဆိုအရ ရန်လုံကျိတ် နယ်စပ်ဂိတ်ရှိ မြန်မာရဲတပ်ဖွဲ့နှင့် ဦး ဖုန်ကျားရှင် အားထောက်ခံသည့် အဖွဲ့တို့ ယနေ့နံနက်အစောပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြန်မာရဲ (၇)ဦး တရုတ်ဘက်သို့ ထွက်ပြေးခဲ့သဖြင့် တရုတ်ဘက်မှ ပြန်ပို့လိုက်သည်ဟု သိရသည်။

“နယ်စပ်မှာ ရှိတဲ့ ရဲတွေကို မနက်က ဖုန်ကျားရှင် တပ်က သွားဝိုင်းတယ်၊ အဲတော့ သူတို့အချင်းချင်း အချင်း ပွားမှုဖြစ်သွားတယ်၊ တရုတ်ပြည်ဘက်ကို ရဲ ၇ ယောက် ထွက်ပြေးတယ်၊ တရုတ်ပြည် ဘက်က အဲဒီ ရဲ ၇ ယောက်ကို တခါ ပြန်ပို့တယ်” ဟု တရုတ်- မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က ပြောသည်။


သြဂုတ်လ ၈ ရက်မှ ၁၂ ရက်နေ့များအတွင်းမှစတင်၍ စစ်ရေးတင်းမာမှုများကြောင့် လောင်ကိုင်မြို့နှင့် အနီးဝန်းကျင် ရွာများမှ ဒေသခံများ တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေခဲ့ရာ တချို့မှာ နေရပ်ရင်းသို့ ပြန်လာခဲ့ကြသော်လည်း ပြီးခဲ့သည့် တနင်္လာနေ့တွင် လူပေါင်း ၁၀၀၀၀ ခန့် တရုတ်ပြည် နန်ဆန်းဒေသတွင်းသို့ ထပ်မံထွက်ပြေးခဲ့ကြောင်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တဦးကို ကိုးကား၍ AP သတင်း တရပ်တွင် ဖော်ပြထားသည်။

ယင်း တရုတ်ပြည်တွင်းသို့ ထွက်ပြေးရောက်ရှိနေသော စစ်ပြေး ဒုက္ခသည်များအတွက် ဒေသခံ တရုတ် အာဏာပိုင်များက ယာယီ ဒုက္ခသည် စခန်းဖွင့်ပေးထားကြောင်းလည်း သတင်းတွင် ပါရှိသည်။

လတ်တလော ကိုးကန့် အပစ်ရပ်အဖွဲ့အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်ဟောင်း ဦးဖုန်ကျားရှင်သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက်သို့ ရှောင်တိမ်းကြောင်း သိရသည်။

ကိုးကန့် အပစ်ရပ်အဖွဲ့၏ အာဏာသိမ်းခံရသူ ဥက္ကဌဟောင်း ဖုန်ကျားရှင်က အချက်သုံးချက်ပါ ကြေညာချက် တစောင်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။

ပြန်လည်ဖွဲ့စည်းထားသော ကိုးကန့် ဗဟိုကော်မတီအသစ်ကို အသိအမှတ် မပြုနိုင်ကြောင်းနှင့် ဖြစ်ပွားခဲ့ပြီး သော အဖြစ်အပျက်များကို ပြန်လည် ဆွေးနွေးပေးရန် ဦးဖုန်ကျားရှင်က ယခုကြေညာချက်တွင် တောင်းဆို ထားသည်။

ယင်း ကြေညာချက်တွင် (၁) သြဂုတ်လ ၈ ရက်နေ့က နှစ်ဘက် အပြန်အလှန် ဖြစ်ပွားခဲ့သူအားလုံးနှင့် ယင်း ကိစ္စကို အေးအေးဆေးဆေး ဆွေးနွေးမှသာလျှင် အဖြေထွက်မည် ဖြစ်ကြောင်း၊ မဖြေရှင်းနိုင်လျှင် ကိုးကန့် ပြည်သူများ၏ စိတ်နှလုံးတွင် မဖြစ်ထိုက်မဖြစ်သင့်သည့် အငြိုးအတေးထားမှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ (၂) သြဂုတ်လ ၂၃ ရက်နေ့ နောက်ပိုင်း ကိုးကန့်နယ်မြေဒေသ သို့ မြန်မာဘက်မှ ဝင်ရောက်ခဲ့သော စစ်အင်အား ကို ပြန်လည် ရုတ်သိမ်းပေးရန်နှင့် (၃) ဦးဖုန်ကျားရှင်ထံမှ အာဏာသိမ်းယူပြီး ဥက္ကဌ ပိုင်စုံချိန်၏ ကိုးကန့် ဗဟိုကော်မတီ အသစ် ပြန်လည် ဖွဲ့စည်းထားသော အထူး ဒေသ(၁)သည် ကိုးကန့်ပြည်သူများကို ကိုယ်စား မပြုကြောင်း၊ အသိအမှတ်မပြုနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် နအဖ စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသော ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မြန်မာနိုင်ငံ လူမျိုးစုများ မဟာမိတ်တပ်ပေါင်းစု (ကိုးကန့်) MNDAA နှင့် မိုင်းလားအဖွဲ့ စသည့် အဖွဲ့ ၄ ဖွဲ့က မဟာမိတ် အဖွဲ့တဖွဲ့ ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့များသည် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်ဆဲရေး ယူခဲ့သည့် အဖွဲ့များဖြစ်သည်။

ယင်း မဟာမိတ်ဖွဲ့မှ KIO ဘက်တွင်လည်း စစ်ရေးအရ အသင့်အနေအထား ပြင်ဆင်ထားပြီး လက်ရှိဖြစ်ပွား နေသော ကိုးကန့်အရေးနှင့် ပတ်သက်၍ မျက်ခြည်မပြတ်စောင့်ကြည့်နေကြောင်း ကို အမည်မဖော်လိုသူ KIA ဗိုလ်မှူးတဦးက ပြောသည်။

ကျန်းမာရေးက ပိတ်ထားသော စားသုံးဆီများကို စည်ပင်သာယာက ရောင်းခွင့်ပြု
Thursday, 27 August 2009 19:20 ရန်ပိုင်
E-mail Print
စားသုံးရန် မသင့်ဟု ဆိုကာ ပိတ်ပင်ထားသော စားသုံးဆီ ၁၁ မျိုးထဲမှ ၇ မျိုးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည် ရောင်းချခွင့် ပြုလိုက်သည်ဟု သတင်းရရှိ သည်။

ရန်ကုန်မြို့ ဘုရင့်နောင်ဈေးမှ ဆီလုပ်ငန်းရှင်တဦးက “မနေ့ကတော့ 7 Day ဂျာနယ် မှာဖတ်ရတယ်။ ဘာတံဆိပ်တွေလဲ၊ ပြန်ပြီးသွင်းခွင့်ပြုမှာလား ဆိုတာတော့မပါဘူး၊ တရားဝင်လည်း ဆိုင်တွေကို မပြောသေးဘူး” ဟု ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည် ဇူလိုင်လ အတွင်း ဆီကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အာဏာပိုင်များက စားသုံးရန်မသင့်ဟုဆိုသော ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းသည့် စားသုံးဆီ အမှတ်တံဆိပ် ၁၁ မျိုးကို လိုက်လံသိမ်းဆည်းခဲ့သော်လည်း ယခုအခါ ၇ မျိုးကို ညောင်ပင်လေးဈေး ဆီအရောင်း ဈေးကွက်တွင် ပြန်လည် ပေးအပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

“လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတော့ သိမ်းသွားတဲ့ ပုစွန် ၂ ကောင်ဆီ ၁ လီတာ ဘူးနဲ့ ၅ လီတာ ဘူးတွေကို ညောင်ပင်လေး ဈေးဘက်မှာ ပြန်ပေးပြီး ရောင်းခွင့်ပြုခဲ့တယ်” ဟု ဘုရင့်နောင် ဆီကုန်သည်ကပြောသည်။

အဆိုပါဆီများပိတ်ပင်သည်ဟု ကြေညာချက် ထွက်ပေါ်မလာခင်က စားအုန်းဆီဈေးမှာ တပိဿာ ၁၇၀၀ ကျပ်ရှိပြီး ၎င်းကြေညာချက် ထွက်ပေါ်၍ အဖမ်း အဆီးများရှိခဲ့ပြီးနောက်ပိုင်းတွင် တပိဿာ ၂၂၀၀ ကျပ်ဈေးအထိ တက်ခဲ့သည်ဟု သိရသည်။

“ဆီတွေဖမ်းတော့ ဈေးတက်သွားတယ်၊ တပိဿာကို ၅၀၀ ကျပ်တက်တယ်၊ အခုလိုရောင်းရပြီဆိုတော့ ဈေးကျတယ်၊ တပိဿာကို ၁၀၀ ကျပ်ပြန်ကျသွားတယ်” ဟု ၎င်းဆီကုန်သည်ကဆိုသည်။

စားသုံးရန်မသင့်ဟုဆိုကာပိတ်ပင်လိုက်သော ဆီအမှတ်တံဆိပ်များနှင့် ပတ်သက်၍ ၎င်းအမှတ်တံဆိပ်များ တင်သွင်း နေသော ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇနှင့် တခြားအမှတ်တံဆိပ်များ အပြိုင် တင်သွင်းလျက် ရှိသော စီးပွားရေးဦးပိုင် လီမိတက်တို့ ယခင်လအတွင်းက အချင်းများခဲ့ကြသည်ဟု ကြားသိရသည်။

စီးပွားရေးဦးပိုင် လီမိတက်က ဦးတေဇ တင်သွင်းနေသော ဆီများပိတ်ပင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်သည်ဟူသော အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ဦးတေဇပိုင် ထူးကုမ္ပဏီမှ တာဝန်ရှိသူတဦးက စားသုံးဆီတင်သွင်းရာမှ ရရှိသည့်အမြတ်ငွေနှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းကို ပံ့ပိုးရန်ရှိကြောင်း ပြောပြသည်။

ယခုအခါ ဦးတေဇက ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့် ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနက ပိတ်ပင်ထားသော ၎င်းတင်သွင်းနေသည့် ဆီအမှတ်တံဆိပ်များကို ပြန်လည်ရောင်းချနိုင်ကြောင်း ကြေညာခြင်း ဖြစ်မည်ဟု ရန်ကုန် စီးပွားရေးအသိုင်းအ၀န်းက သုံးသပ်သည်။

ယခုအကြောင်းအရာနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်း ၏ ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း တာဝန်ကျ အမျိုးသမီးတဦးက ယင်း အကြောင်းအရာနှင့်ပတ်သက်ပြီး သိရှိလိုပါက ရန်ကုန်မြို့ အဆိုပါရုံးသို့ လာရောက်မေးမြန်းနိုင်သည်ဟု ပြောဆိုခဲ့သည်။

ရန်ကုန်မြို့စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနသို့ မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျန်းမာရေး ၀န်ကြီးဌာနက အများပြည်သူစားသုံးရန်မသင့်သော ဆီအမှတ်တံဆိပ် များ ပိတ်ပင်တားမြစ်ချက်ကို ထုတ်ပြန်ခဲ့သည်။

တားမြစ်ခံထားရသည့် ဈေးကွက်အတွင်းရှိ အဆိုပါ ဆီများမှာ sakura၊ Golding oil၊ ပုစွန်တကောင်၊ ပုစွန် ၂ ကောင်၊ ကြယ်ဝါ၊ ကြယ်စိမ်း၊ ကဏန်း၊ ငါးကြော်၊ ရေနဂါး၊ ကြယ်နီ ၊ တံငါ စသည့် အမှတ်တံဆိပ် များဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ လာမည့်အပတ် တင်မည်
Thursday, 27 August 2009 19:13 သန်းထိုက်ဦး
E-mail Print
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံကို လာမည့်အပတ်တွင် ရန်ကုန် တိုင်းတရားရုံး၌ စတင်ကြားနာမည်ဟု ၎င်း၏ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

အဆိုပါကိစ္စ နှင့် ပတ်သက်၍ အယူခံလွှာ မူကြမ်းကို တင်ပြရန် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ၎င်း၏ရှေ့နေများက ယနေ့ သွားရောက် ဆွေးနွေးခဲ့ပြီး လိုအပ်သည့် အချက်များကို ပြင်ဆင်ရေးသားကာ တရားရုံးသို့ တင်မည်ဟု ဦးကြည်ဝင်းက ဆိုသည်။

“အယူခံကို ပြန်ရေးမယ်၊ အချိန်ရရင် ဒီည ရေးမယ်၊ ရေးပြီး မနက်ဖြန် စကားပြောဖြစ်မယ်၊ ညှိနှိုင်းမယ်၊ အဆင်ပြေရင် လာမယ့်အပတ် တနင်္လာနေ့နဲ့ အင်္ဂါနေ့လောက်မှာ တင်ဖြစ်မယ်” ဟု ၎င်းက ဆက်ပြောသည်။

အယူခံ မူကြမ်းတွင် မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကို မသိရှိရသေးပေ။ ဒေါ်အောင်ဆန်းစု ကြည်၏ အမှုတွဲတွင် ပါဝင်သော ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမ တို့ကိုလည်း အယူခံတင်ရန်အတွက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ဆက်လက် ကုသခွင့်ရရန် အာဏာပိုင်များထံ တောင်းဆိုထားကြောင်းကိုလည်း ဆွေးနွေးခဲ့ သည်ဟု ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေး စစ်ဆေးရန်အတွက် အစိုးရ အာဏာပိုင် များက သြဂုတ်လ ၁၁ ရက်နေ့တွင် စီစဉ်ပေးခဲ့သည့် အမျိုးသမီး ဆရာဝန်ကို လက်မခံလိုသောကြောင့် ဒေါက်တာ တင်မျိုးဝင်းနှင့် ပြန်လည် ကုသစစ်ဆေးခွင့်ရရန် တောင်းဆိုထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားကြောင့် ရုံးတင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။ ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ထိုသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု အာဏာပိုင်တို့က ဆိုသည်။

ရန်ကုန်ယူနိုက်တက် ခြေစမ်းပွဲများ ဆက်တိုက်ရှုံး
Thursday, 27 August 2009 19:34 ရန်ပိုင်
E-mail Print
စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ပိုင် ရန်ကုန်ယူနိုက်တက် အသင်း နှင့် BEC တယ်ရိုဆက်ဆနာ အသင်းတို့ ယမန်နေ့က ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် ခြေစမ်းပွဲကစားရာ ရန်ကုန် ယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်သွားကြောင်း သိရသည်။

[ရန်ကုန်ယူနိုက်တက်အသင်း နှင့် BEC တယ်ရိုဆက်ဆနာ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ - BEC Terosasana)]

ရန်ကုန်ယူနိုက်တက်အသင်း နှင့် BEC တယ်ရိုဆက်ဆနာ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ - BEC Terosasana)
၎င်း ခြေစမ်းပွဲတွင် ရှုံးရခြင်းနှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ဦးတေဇ၏ သားဖြစ်သူ အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇက “ဘတ် ၃ သိန်းခွဲလောက် အကုန်ခံပြီး ကိုယ့်အရှက်ကိုယ် လာခွဲသလိုပဲ”ဟုပြောကြောင်း ဦတေဇနှင့် နီးစပ်သူ တဦးက ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ မစတင်မီ နိုင်ငံခြားကလပ်အသင်းများနှင့် ခြေစမ်းပွဲ အနေနှင့် ကန်ခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်တလျှောက် အရှုံးပွဲများနှင့်သာ ရင်ဆိုင်ခဲ့ရကြောင်း ကြားသိရသည်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်း ခြေစမ်းပွဲများကန်ခဲ့ရာ၌ ရန်ကုန်ယူနိုက်တက်အသင်းသည် ထိုင်းဆိပ်ကမ်းအသင်း ကို ၄ ဂိုး ၃ ဂိုး၊ BEC တယ်ရိုဆက်ဆနာအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး အိန္ဒိယကလပ်အသင်း အရှေ့ဘင်ဂေါအသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်း ကစားရာတွင် ၃ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ်ခဲ့သည်။

အရှေ့ဘင်ဂေါ ကလပ်အသင်းနှင့် ထိုင်းဆိပ်ကမ်းအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ပြင်သစ်လူမျိုး နည်းစနစ်ဒါရိုက်တာ ခရစ္စတိုဖီ နုတ်ထွက်ခဲ့ရကြောင်း First Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

“အခုရှုံးတာတွေက ခြေစမ်းပွဲတွေဆိုတော့ သိပ်တော့အရေးမကြီးဘူး၊ ဒါပေမယ့် ကုန်ကျစရိတ်တွေအများကြီးသုံးပြီးမှ ရှုံးတယ် ဆိုတော့ သိပ်တော့မကောင်းဘူး”ဟု ရန်ကုန်ယူနိုက်တက် ပရိသတ်တဦးက ဧရာဝတီသို့ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲများကန်ရာ၌ သတင်းရယူရန် မြန်မာပြည်တွင်း ဂျာနယ်တချို့မှ သတင်းထောက်များကို စရိတ်အကုန်အကျခံကာ ခေါ်ဆောင်လာခဲ့သည်ဟုလည်း ၎င်းတို့နှင့် နီးစပ်သူတဦးကဆိုသည်။

၎င်းအသင်းနှင့် တယ်ရိုဆက်ဆနာ အသင်းတို့အကြား သဘောတူ စာချုပ်ချုပ်ဆိုရန် ဦးပြည့်ဖြိုးတေဇ ကိုယ်တိုင် ယခင် အပတ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သည်ဟု အသင်းနှင့် နီးစပ်သူတဦးက ဆိုသည်။ ထိုသဘောတူ စာချုပ်တွင် အသင်း ၂ သင်းအကြား ကစားသမား ၃ ဦးစီ ဖလှယ်ရန်နှင့် မြန်မာနိုင်ငံ မြို့ကြီးများတွင် အာဆင်နယ် ဘောလုံး သင်တန်းကျောင်းများ ဖွင့်လှစ်ရန် ပါဝင်ကြောင်း သိရသည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် ဘောလုံးသမားများ၏ လစာကို တိုးပေးမည်ဖြစ်ပြီး ယခင်ကျပ် ၁ဝ သိန်း ရရှိသည့် ဘောလုံးသမားသည် တလလျှင် ကျပ် ၁၅ သိန်းအထိ ရရှိမည်ဟု ဆိုသည်။ ထို့အပြင် အဝေးကွင်း မန္တလေးတွင် သွားရောက် ကစားသည့်အခါ လိုက်ပါ အားပေးမည့်သူများကို ပို့ဆောင်ရေးအတွက် အသင်းပိုင်ရှင် ဦးတေဇက တာဝန် ယူမည်ဖြစ်ကြောင်း၊ အားပေးသော ပရိသတ်များအတွက် အသင်းအင်္ကျီ တသောင်း အခမဲ့ ပေးဝေရန် စီစဉ်လျက် ရှိသည်ဟု First Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

တယ်ရိုဆက်ဆနာ အသင်းသည် ထိုင်းနိုင်ငံတွင် နာမည်ကြီးသည့် ဘောလုံးအသင်းဖြစ်ပြီး ထိုင်းလက်ရွေးစင်ဟောင်း ဒူးဆစ် စသည့် ကစားသမားများ ကစားခဲ့ဖူးကာ မြန်မာနိုင်ငံသို့လည်း ခြေစမ်းပွဲများလာရောက်ကစားခဲ့ဖူးသည်ဟု သိရသည်။


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို
Thursday, 27 August 2009 16:18 သန်းထိုက်ဦး
E-mail Print
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်အပေါ် ချမှတ်ထားသော ဆိုင်းငံ့ပြစ်ဒဏ်များ အပါအ၀င် အားလုံးသော ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ ၀ါရင့် နိုင်ငံရေး လှုပ်ရှားနေသူများက တောင်းဆိုလိုက်သည်။

အဆိုပါ ၀ါရင့်နိုင်ငံရေးသမားများက ရဲတာဝန်ရှိသူများနှင့်တဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ လွန်ခဲ့သည့် အပတ် စနေနေ့တွင် “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ချ မှတ်ထားသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုပါရန် မတ္တာရပ်ခံခြင်း”ဟု ရေးသားထားသော စာကို ပေးပို့ခဲ့ခြင်းဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးရေးများကို အမြဲတမ်း တောင်းဆိုနေသော်လည်း အာဏာပိုင်များက တစုံတရာ အကြောင်းပြန်မကြားခဲ့ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ဧရာဝတီသို့ပြောသည်။

“အကြောင်း မပြန်ပေမယ့် အရေအတွက်ကနေ အရည်အချင်း ဖြစ်ရမယ်ဆိုတဲ့ သဘောမျိုးနဲ့ တောင်းပါများရင် သူတို့ သဘော ပေါက်လာမယ်၊ နားလည်လာပြီးတော့ လိုက်ပြီး ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ အခါအခွင့်သင့်တိုင်း ပေးပို့ မတ္တာရပ်ခံတာပါ”ဟု သခင်ချန်ထွန်းက ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားများ၏ ပေးပို့စာတွင်“ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးမှ ချမှတ်သည့် ပြစ်ဒဏ်ကို ထက်ဝက်မျှကျခံစေရန် နှင့် ကျန်ရှိသောပြစ်ဒဏ်ကိုလည်း ဆိုင့်ငံ့လိုက်သည်ဟု သတင်းစာများတွင် ဖတ်ရှုသိရှိရ သဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ မြန်မာ့ လွတ်လပ်ရေးအတွက် ကြိုးပမ်း တိုက်ပွဲဝင်ခဲ့ကြရာတွင် အသက် မသေဘဲ ကျန်ရှိနေသော သက်ကြီးရွယ်အို နိုင်ငံရေးသမားများအနေ နှင့် တစုံတခုသော အတိုင်းအတာအထိ စိတ်သက်သာရာ ရရှိခဲ့သည်” ဟု ရေးသား ဖော်ပြထားသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး၌ ရှိသော အုပ်ချုပ်မှုဆိုင်ရာ အခွင့်အာဏာများ၊ လုပ်ပိုင်ခွင့်များ အရ ဒေါ်အောင်ဆန်း စုကြည် အပေါ် ချမှတ်ထားသော ဆိုင်းငံ့ပြစ်ဒဏ် အပါအ၀င် အားလုံးသော ပြစ်ဒဏ်များမှ လုံးဝ လွတ်ငြိမ်း ချမ်းသာပေးပါရန် ၀ါရင့်နိုင်ငံရေးသမားများက မတ္တာရပ်ခံကြောင်း ၎င်း ပေးပို့စာတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း သူ၏အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံ သားတဦးကြောင့် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ သည်။

သို့သော်လည်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက် ဝက် လျှော့ချ၍ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံရကာ နေအိမ်သို့ ပြန်လည် ပို့ဆောင် ထိန်းသိမ်း လိုက်သည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။


အင်္ကျီ ချွတ်ပြီး ယာဉ်မမောင်းရ၊ ရန်ကုန်တွင် အမိန့်ထုတ်
Thursday, 27 August 2009 16:16 ဟိန်းဇော်
E-mail Print
ရန်ကုန်မြို့တွင်းရှိ မော်တော်ယာဉ် မောင်းသမားများနှင့် အနှေးယာဉ် မောင်းသမားများသည် မြို့တော် အင်္ဂါရပ်နှင့် မညီညွတ်သည့် အမြင်မလျော်ဖွယ် ဝတ်စားဆင်ယင်ခြင်းသော် လည်းကောင်း၊ အင်္ကျီချွတ်၍သော် လည်းကောင်း မောင်းနှင်ပါက ငွေ ကျပ် ၂၀၀၀ မှ ၂၀၀၀၀ အထိ ဒဏ်ရိုက် အရေးယူခံရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) မှ မကြာသေးခင်က အမိန့်ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့ကို အဆင့်မြင့်မြို့တော်နှင့် သန့် ရှင်းသာယာလှပသည့် ဥယျာဉ်မြို့တော်အဖြစ်တည်ဆောက်နိုင်ရေး အတွက် အထောက်အကူဖြစ်စေရန်၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများ အချိန်နှင့်တပြေးညီအကောင်အထည် ဖော်ဆောင်နိုင်ရန် ယခုကဲ့သို့ အမိန့်ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမိန့်ကို YCDC မှ ရန်ကုန်မြို့တော်သန့် ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီ
ဖွဲ့ စည်း၍ အမှတ်(၁/၂၀၀၉)အရ စီမံချက်တစ်ရပ်အဖြစ် ထုတ်ပြန်ခြင်းဖြစ်သည် ဟု YCDC သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အထက်ကညွှန်ကြားလို့လုပ်ရတာပါ။ စည်းကမ်းဖောက်ဖျက်တဲ့သူတွေကို ကျနော်တို့ အနေနဲ့ လိုက်ကြည့်နေလို့ မရဘူးလေ”ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ ရှိ တရားရုံးချုပ်ရှေ့ နေတစ်ဦးကမူ“အင်္ကျီချွတ်နဲ့ ကားတို့ ၊ အနှေးယာဉ် ဆိုက္ကား တို့ကို မမောင်းရဘူး ဆိုတဲ့အချက်က စည်ပင်ဥပဒေနဲ့ မဆိုင်ပါဘူး။ ဒီလိုလုပ်တာဟာ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့် ချိုးဖောက်ခံရ တာနဲ့ အတူတူပါပဲ”ဟု ဆိုသည်။

YCDC စည်ပင် ဝန်ထမ်းဟောင်း တဦးကလည်း ယခင်က ယခုကဲ့သို့ အမိန့်မျိုးမထုတ်ဘူးကြောင်း၊ မြို့တော် သာယာလှပရေးအတွက် လမ်းများကောင်းမွန်စေရန် ဦးစွာ ဆောင်ရွက်သင့်ကြောင်း ပြောဆိုသည်။

ယခုထုတ်ပြန်သော အမိန့်အမှတ်( ၁/၂၀၀၉)တွင် တခြားသော စည်းကမ်းချက်များဖြစ်သည့် ယာဉ်များတွင် စာတန်းများရေးသားခြင်း၊ စတေကာ ကပ်ခြင်းများမပြုလုပ်ရ။ ကားဂိတ် ကားမှတ်တိုင်များတွင် ခရီးသွားရန် မဟုတ်ဘဲ လဲလျောင်းအိပ်စက်ပါက ဒဏ်ငွေ ကျပ် ၂၀၀၀ မှ ၁၀၀၀၀ ။ အများပြည်သူဆိုင်ရာခြံစည်းရိုးနံရံများ၊ မြေသား နံရံများ၊ အုတ်တံတိုင်းများ၊ အဆောက်အဦများ၊ အဆောက်အဦနံရံများတွင် ဆေးများဖြင့် ရုပ်ပုံ ရေးဆွဲ ခြင်း၊ ညစ်ညမ်းစေခြင်းတို့ကိုပြုလုပ်ပါက ဒဏ်ငွေ ၅၀၀၀ ကျပ်မှ ကျပ် ၁၀၀၀၀ အထိ ဒဏ်တပ် အရေးယူမည် ဟု လည်း ပါရှိသည်။

ယင်းအမိန့်အရ စည်းကမ်းမဲ့အပေါ့အလေးစွန့် ပါက ကျပ် ၅၀၀၀ မှ ကျပ် ၁၅၀၀၀ အထိ၊ ကွမ်းတံတွေးထွေးခြင်း၊ အညစ်အကြေးစွန့် ခြင်းပြုပါက ကျပ် ၁၀၀၀၀ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ရန်ကုန်မြို့တွင်း တရားဝင်တပ်ဆင်ထားသော ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ အခြား သောစကားရပ်များဖြည့်စွက်ရေးသားခြင်း၊ အရောင်ခြယ်ခြင်းတို့ကိုပြုလုပ်ပါက ဒဏ်ငွေ ကျပ် ၁၀၀၀၀ ပေးဆောင် ရမည်ဖြစ်ကြောင်းလည်း အမိန့်က ဆိုထားသည်။

ပြီးခဲ့သည့်လအတွင်းကလည်း ကျောက်တံတားမြို့ နယ် မယက မှ နောက်ဖေးလမ်းကြားနှင့် ရေမြောင်းများတွင် အမှိုက်မစွန့်ပစ်ရန်အမိန့် ထုတ်ပြန်ခဲ့သေးသည်။ ရေမြောင်းများ၊ မြေအောက်ရေမြောင်းများ၊ သဘာဝအလျောက် ဖြစ်ပေါ်နေသောရေမြောင်းများ ရေစီးရေလာ အနှောင့်အယှက်ဖြစ်ပေါ်စေပါက ကျပ် ၅၀၀၀ မှ ၁၀၀၀၀ အထိ ဒဏ်ငွေ ရိုက်မည် ဟု ဆိုသည်။


အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ တွေ့မည်

27 August 2009


အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရာရှိ ၃ ဦးဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်ပြောင်းသုံးသပ်နေရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် Drake Weisert က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Howard Berman ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ Lynne Weil နဲ့ ကျွမ်းကျင်သူ အရာရှိ Jessica Lee နဲ့ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Ros-Lehtinen ရဲ့ ကျွမ်းကျင်သူ အရာရှိ Dennis Halpin တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

အခုခရီးစဉ်အတွင်း မနက်ဖြန် သြဂုတ်လ ၂၈ ရက် နေ့မှာတော့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့လည်း တွေ့ဆုံဖို့ ရှိတဲ့အကြောင်းနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ အမေရိကန် အရာရှိတွေဟာ မပြန်ခင်မှာ နာဂစ် ဆိုင်ကလုန်း လေဘေးဒဏ်သင့်ရာ မြစ်ဝကျွန်းပေါ်ဒေသဘက်ကို သွားရောက်ဖို့ ရှိပါတယ်။

ဒါဟာဆိုရင် ဗာဂျီးနီးယားပြည်နယ်က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) မြန်မာနိုင်ငံက ပြန်သွားပြီး သီတင်းနှစ်ပတ်တောင် မရှိသေးတဲ့ အချိန်အတွင်းမှာပဲ အမေရိကန် အထက်လွှတ်တော်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။


NLD ရွေးကောက်ပွဲဝင်ဖို့ ဆီနိတ်တာ ဂျင်မ် ၀က်ဘ် တိုက်တွန်း

26 August 2009


မြန်မာစစ်အစိုးရက ကျင်းပမယ့် လာမယ့်နှစ်၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၀င်ရောက်ဆင်နွှဲဖို့ မြန်မာပြည်ကို မကြာခင်က ရောက်လာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) က တိုက်တွန်းလိုက်ပါတယ်။

NLD ပါတီအနေနဲ့ ရေရှည် နိုင်ငံရေး မဟာဗျူဟာ တခုအဖြစ် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ စဉ်းစားသင့်တယ်လို့လည်း ဆိုပါတယ်။ မနေ့ကထုတ်တဲ့ NEW YORK TIMES သတင်းစာမှာ အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က ဆောင်းပါးတစောင်ရေးပြီး သူ့အမြင်ကို ထုတ်ပြောလိုက်တာပါ။

NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက အနိုင်ရထားခဲ့တဲ့ပါတီ ဖြစ်ပေမဲ့လည်း ရွေးကောက်ပွဲရလဒ်ကို အခုထိ ငြင်းပယ်ခံနေရတာပါ။ အမေရိကန် အစိုးရကလည်း မြန်မာပြည်က ရွေးကောက်ပွဲတွေကို အကူအညီပေးဖို့ ကမ်းလှမ်းသင့်တယ်လို့လည်း အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က ဆိုပါတယ်။

မြန်မာနဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွား

27 August 2009


စစ်အစိုးရက သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေ အားလုံးကို နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွဲ့ဖို့ ဖိအားပေးနေရာမှာ အခုဆိုရင် MNDAA မြန်မာပြည် အမျိုးသား သွေးစည်းညီညွတ်ရေး တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ စစ်အစိုးရအကြား တင်းမာမှုတွေဟာ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က စပြီး အရှိန်မြင့်တက်လာခဲ့ပါတယ်။ ဒီတင်းမာမှုဟာ ဒီကနေ့ဆိုရင် ဥက္ကဋ္ဌဟောင်း ဖုန်ကြားရှင် ခေါင်းဆောင်တဲ့ အဖွဲ့ဘက်က မြန်မာရဲတပ်ဖွဲ့ကို ၀င်ရောက်ပစ်ခတ်တဲ့အထိ ဖြစ်လာနေပါတယ်။ ဒီကနေ့ ညနေပိုင်းမှာတော့ နှစ်ဘက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာပြီး မြန်မာစစ်တပ်က ပစ်တဲ့ အမြောက်ကျည်တချို့ဟာ တရုတ်နိုင်ငံဘက် ကျပြီး အရပ်သားတွေ ထိခိုက်ကုန်တယ်လို့ သိရပါတယ်။ တရုတ်-မြန်မာ နယ်စပ်က နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အပစ်ရပ် ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်တွေကြားမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ပြီး အခြေအနေတွေ တင်းမာနေရာကနေ ဒီကနေ့ မနက်ပိုင်းမှာ ကိုးကန့်တပ်ဖွဲ့က ရဲစခန်းကို သွားဝိုင်းရင်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ မြန်မာရဲတပ်ဖွဲ့ဘက်က တယောက်သေပြီး တယောက်ဒဏ်ရာရတယ်လို့ တရုတ်-မြန်မာနယ်စပ်က အခြေအနေကို စောင့်ကြည့်လေ့လာနေသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။ ဒီလို ရဲစခန်းကို ၀င်ရောက်တိုက်ခိုက်တာဟာ ကိုးကန့်အဖွဲ့နဲ့ မြန်မာစစ်အစိုးရကြား ပထမဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ညနေပိုင်းမှာတော့ နှစ်ဘက်အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်ခဲ့တယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“ညနေ ၄ နာရီက စဖြစ်တယ်၊ ၆ နာရီ ၄၅ မှာ ပြီးတယ်။ အဲဒီမှာထပ်ပြီး တပ်တွေ သွင်းနေတယ်။ မနက်ဖြန် မနက်မှာတော့ အခြား တပ်ရင်း ၁၀ ရင်း၊ ၁၅ ရင်း သွင်းပြီး ဖြည့်မယ်နဲ့တူတယ်၊ တိုက်ပွဲက။ ဒါပေမယ့် ပထမဆုံး တိုက်ပွဲကတော့ သူဦးတော့ ဆိုးသွားတယ်။ သူ တော်တော်ထိတယ်။ စခန်းတခု ကျတယ်။ နောက် အဆိုးဆုံးက သူကနေပစ်တဲ့ အမြောက်က တရုတ်ပြည်ထဲကျပြီး တရုတ်ပြည်ထဲမှာ အရပ်သားတွေ သေကျေ ဒဏ်ရာရတာတွေ ဖြစ်ကုန်တယ်။”

ဒီတိုက်ပွဲတွေဟာ အနည်းဆုံး သုံးနေရာလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်တွေဘက်က တခြားအပစ်ရပ် မဟာမိတ်အဖွဲ့တွေလည်း ပါဝင်လာနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့တွေက ကိုးကန့်တပ်တွေဘက်က ပါဝင်နေတယ် ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ ကိုးကန့်တပ်ဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အပစ်ရပ်အဖွဲ့တွေကတော့ ၀အမျိုးသား သွေးစည်းညီညွတ်ရေးပါတီနဲ့ ဦးစိုးလင်း ခေါင်းဆောင်တဲ့ မိုင်းလားတပ်ဖွဲ့တွေ ဖြစ်ပါတယ်။

မကြာမီရက်ပိုင်းတွေ အတွင်းက ကချင်ပြည် လွတ်လပ်ရေး တပ်မတော်ခေါ် ကေအိုင်အေ အဖွဲ့ဟာလည်း အပစ်ရပ်အဖွဲ့တွေ အချင်းချင်း တဖွဲ့နဲ့တဖွဲ့ ကူညီကြဖို့ သဘောတူထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ရှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် မိုင်းတုံ၊ မိုင်းဆတ်ဘက်က တောင်ပိုင်း ၀တပ်ဖွဲ့တွေကိုလည်း မြန်မာစစ်တပ်တွေဘက်က ဖိအားပေးလာတာတွေ ရှိတယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက ဦးခွန်ဆိုင်းက ပြောပါတယ်။

“မနေ့ကပဲ မိုင်းတုံက ဗျူဟာမှူးကလည်း ဒီမှာရှိတဲ့ ၀တွေကို သူတို့တပ်တွေ ရုပ်ခိုင်းတယ်။ တောင်ပိုင်းက မိုင်းတုံနဲ့ ဘီဂျီဝမ်း အနောက်ဘက်မှာရှိတဲ့ တပ်တွေ အကုန်လုံး ရုပ်ပေးပါလို့ တောင်းဆိုတယ် ပြောတယ်။”

အခုလို ကိုးကန့်တပ်တွေနဲ့ မြန်မာစစ်တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို အသေးစိတ် သတင်းတွေတော့ မသိရသေးပါဘူး။

ကိုးကန့်တပ်ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေထဲမှာ ပထမဆုံး မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တဲ့အဖွဲ့ ဖြစ်သလို သူနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အခြား တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေကလည်း တဖွဲ့နဲ့တဖွဲ့ အခက်အခဲရှိလာတဲ့ အချိန်မှာ အပြန်အလှန် ကူညီကြဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒလိုင်း လားမား ထိုင်ဝမ်ခရီးစဉ် တရုတ်အစိုးရ ကန့်ကွက်

27 August 2009


အဝေးရောက် တိဗက် ဘာသာရေးခေါင်းဆောင် ဒလိုင်း လားမား (Dalai Lama) ထိုင်ဝမ်ကျွန်းကို လူသားချင်း စာနာထောက်ထားမှု ပြသတဲ့ ခရီးစဉ်အဖြစ် လာဖို့အတွက် လက်ခံလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် အလေးအနက် ကန့်ကွက်ကြောင်း တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ကျွန်းကို ဘုန်းတော်ကြီး ဒလိုင်း လားမား လာမယ့် ဘယ်လိုခရီးစဉ်မျိုးကိုမဆို ကန့်ကွက်မှာ ဖြစ်တဲ့အကြောင်း တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာဗျူရိုက ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဒီလထဲမှာပဲ ထိုင်ဝမ်မှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းဒဏ် ခံခဲ့ရသူတွေကို ဖြေသိမ့်ဖို့နဲ့ ဆုတောင်းဖို့အတွက် ဖိတ်ကြားထားတာကို သမ္မတ မာရင်ဂျောင်း (Ma Ying-jeou) က လက်ခံခဲ့တာပါ။ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အခု အလည်အပတ် ခရီးစဉ်ဟာ လူသားချင်း စာနာထောက်ထားမှုနဲ့ ဘာသာရေးအရ စဉ်းစားသုံးသပ် လက်ခံခဲ့တာမို့ တခြားဆက်ဆံရေးတွေမှာ အကျိုးသက်ရောက်မှုတွေ မရှိသင့်ဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။ တရုတ်အစိုးရဘက်ကတော့ ဒလိုင်း လားမားဟာ ဘာသာရေးကို အသုံးချပြီး ခွဲထွက်ရေးအတွက် လုပ်နေတယ်ဆိုပြီး ထပ်တလဲလဲ စွပ်စွဲနေတာပါ။

ထိုင်ဝမ်ကျွန်းကို အခုလို ဘုန်းတော်ကြီး အလည်အပတ် လာရောက်ဖို့ အတွက်ကိုတော့ အတိုက်အခံ ဒီမိုကရက်တစ် တိုးတက်ရေးပါတီက ဖိတ်ကြားခဲ့တာကို သမ္မတက ဒီကနေ့မှာ လက်ခံလိုက်တာပါ။


ဖို့ဝိန်းမြို့ ဇေတ၀န်ကျောင်းရန်ပုံငွေအတွက် လေဇီးကလပ်မြန်မာတီးဝိုင်း ဖျော်ဖြေမည်

မိုးမခရွာဆော်ကြီး

သြဂုတ် ၂၇၊ ၂၀၀၉

မြန်မာနိုင်ငံမှ ပြည်ပသို့ ဂီတဖျော်ဖြေပွဲခရီးစဉ်ဖြင့် လှည့်လည်နေသော မြန်မာခေတ်ပေါ်ဂီတ၀ိုင်းတခုဖြစ်သည့် လေးဇီးကလပ်နှင့် မြန်မာခေတ်ပေါ်အဆိုတော်များသည် လက်ရှိ သြဂုတ်နှင့် စက်တင်ဘာလအတွင်း အမေရိကန်အနောက်ခြမ်း အယ်လ်အေနှင့် ဆန်ဖရန်စစ္စကိုတို့တွင် မြန်မာပရိသတ်တို့အား ဖျော်ဖြေပြီးနောက် အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့သို့ အောက်တိုဘာလတွင် လာရောက်ကြမည်ဟု သိရသည်။

ဖို့ဝိန်းမြို့ မြန်မာဘုန်းတော်ကြီးကျောင်းတခုဖြစ်သည့် ဇေတ၀န်ကျောင်းတိုက် ရန်ပုံငွေအတွက် အောက်တိုဘာလ ၁၀ ရက်၊ စနေနေ့၊ နေ့ခင်း ၂ နာရီမှ ည ၈ နာရီအထိ ဟက်ဒ်ဝါးတား ပန်းခြံတွင် ဧည့်သည်တော်အဆိုတော်များဖြစ်သည့် ချစ်ကောင်း၊ ဇော်ပိုင်၊ အာရ်ဇာနည်နှင့် သဇင်တို့ဖြင့် ဖျော်ဖြေမည်ဟု လက်ကမ်းစာရွက်တွင် ဖော်ပြထားသည်။

ဇေတ၀န်ကျောင်းတိုက်တည်ရှိရာ 6615, Hanna St. Fort Wayne, In 48616. Phone – 260-441-0558 သို့ ဆက်သွယ်စုံစမ်းနိုင်သည်ဟု သိရသည်။ အမေရိကန်ပြည်ထောင်စုသို့ ၁၉၈၈ နောက်ပိုင်း ရွှေ့ပြောင်းခိုလှုံလာကြသော မြန်မာတိုင်းရင်းသား လူမျိုးပေါင်းစုံ အများဆုံး အခြေချရာ မြို့အဖြစ် ဖို့ဝိန်းမှာ ထင်ရှားသည်။ မြန်မာလူဦးရေ ၁ သောင်းနီးပါး ရှိသည်ဟု ခန့်မှန်းကြသည်။


တရုတ်နိုင်ငံဘက်သို့ ရှမ်းပြည်နယ်မှ လူ ထောင်ပေါင်းများစွာ ထွက်ပြေး
Reuters သတင်းဌာန
သြဂုတ် ၂၇၊ ၂၀၀၉

မြန်မာစစ်အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အစည်းများ အကြား တင်းမာမှု အရှိန် ပိုမို ကြီးမားလာပြီး ထောင်နှင့်ချီသော လူအမြောက် အများ မြန်မာပြည် အရှေ့ မြောက်ပိုင်းမှ တရုတ်နိုင်ငံ အတွင်းသို့ ထွက်ခွာသွားကြကြောင်း အစိုးရ အတိုက်အခံများနှင့် မျက်မြင်သက်သေများက ဗုဒ္ဓဟူးနေ့က ပြောသည်။

လူအများအပြားသည် ရှမ်းပြည်နယ် အတွင်းရှိ ကိုးကန့်ဒေသမှတဆင့် နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်ကြသည်ဟု တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ် အတွင်းရှိ မြို့ တမြို့ ဖြစ်သည့် နန်ဆန်မြို့ မှ ရိုက်တာသတင်းဌာန မျက်မြင်သက်သေတဦးက ပြောသည်။ ဒေသခံ တသောင်း ခန့်သည့် ကိုးကန့် ဒေသကို သြဂုတ်လ ၈ ရက်နေ့မှ စတင် ထွက်ခွာခဲ့ပြီး ဖြစ်သည်ဟု တရုတ်ပြည် ခြုံကင်း ညနေပိုင်း သတင်းစာက ဆိုသည်။

သြဂုတ် ၈ရက်နေ့မှစပြီး မြန်မာစစ်အစိုးရက ကိုးကန့်ဒေသတွင် တပ်ဖြန့်ချထားရာမှ အခြေအနေ ပိုမို တင်းမာလာခြင်း ဖြစ်သည်ဟု ၀ါရှင်တန်အခြေစိုက် US Campaign for Burma (UCBA) အဖွဲ့က ပြောသည်။ ကိုးကန့်ဒေသသည် တရုတ်လူမျိုး မျိုးနွယ်စုများ အများဆုံးနေထိုင်ရာ ဒေသဖြစ်သည်။ ထိုဒေသမှ သူပုန်အဖွဲ့များက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားရာ အနှစ် ၂၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

သူပုန်အဖွဲ့များက မြန်မာပြည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ တပ်ဦး (MPDF) အမည်ဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် မြန်မာ့တပ်မတော်က ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အစိုးရ ထိန်းချုပ်မှု အောက်ရှိ နယ်ခြားစောင့်တပ် အဖြစ် ပူးပေါင်း ဆောင်ရွက်ရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။

MPDF ကို တိုင်းရင်းသား အဖွဲ့ ၄ ဖွဲ့က မကြာသေးမီက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

“အခြေအနေများ အကြီးအကျယ် တင်းမာလျက်ရှိသည်” ဟု MPDF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ “တိုက်ပွဲများ ပြန်လည် လာမည့် အနေအထားကြောင့် တိုင်းရင်းသား ဒေသခံများ သောင်းနှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်နေကြသည်” ဟု ဆိုသည်။ ထိုကြေညာချက်ကို UCBA အဖွဲ့က ထပ်ဆင့် ဖြန့်ဝေခြင်း ဖြစ်သည်။

“ဒုက္ခသည်တွေဟာ ဒေသခံ အစိုးရ စီစဉ်ပေးတဲ့ လူမနေတဲ့ ဆောက်လက်စအိမ်တွေမှာ အကျဉ်းချခံနေကြရတယ်” ဟု နန်ဆန်မှ ဆိုင်ပိုင်ရှင်တဦးဖြစ်သူ ရှဲ့ ဖေးဖေးက ပြောသည်။ ၎င်းတို့ နေရပ်ရင်း ပြန်လည် ပို့ဆောင်ခံရမှု ရှိမရှိကိုမူ မသိရပါဟု ဆိုသည်။

“ ကျွန်တော်တို့ ၁၀ နှစ်တာအတွင်းမှာ ဒီလိုဖြစ်ရပ်မျိုး မရှိခဲ့ဖူးပါဘူး” လို့ ရှဲ့  က ရိုက်တာ ကို တယ်လီဖုန်းနဲ့ ဗုဒ္ဓဟူးနေ့က ပြောပြသည်။ “လူမြောက်များစွာ နယ်စပ် ဖြတ်ကျော်ပြီး ၀င်ခဲ့ကြတယ်။ အခုတော့ နည်းသွားပါပြီ” ဟု သူက ပြောသညည်။ “လွတ်မြောက်ချင်သူတိုင်း နယ်စပ် ဖြတ်ပြီး ရောက်လာကြပြီလို့ ထင်ပါတယ်” ဟုလည်း ပြောသွားသည်။

သို့သော်လည်း မည်သည့် ဒုက္ခသည်မှ မြို့ ထဲသို့ ၀င်ရောက်ခဲ့ခြင်း မရှိကြောင်း နန်ဆန်မြို့ ဒေသခံ အစိုးရ ၀န်ထမ်းတခုက ပြောသည်။

စစ်အစိုးရက စစ်အင်အား စုရုံးနေခြင်းမှာ တိုင်းရင်းသား အဖွဲ့အစည်းများကို နိုင်ငံရေး ပါတီများ ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ဖိအားပေးနေခြင်း ဖြစ်သည်ဟု USCB အဖွဲ့က ပြောသည်။

တိုင်းရင်းသားအဖွဲ့စည်း အများအပြားက စစ်အစိုး၏ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြင့် မည်သည့်အရာမှ ရရှိမည်မဟုတ်ဟု ယူဆကြသည်။ ပြီးတော့ သူပုန် တပ်ဖွဲ့များကို စစ်အစိုးရ၏ အမိန့်အာဏာအောက်တွင် ခေါ်ယူထားမည်ဟုလည်း သံသယဖြစ်နေကြသည်။

MPDF နှင့် တရုတ်မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ စစ်အစိုးရ တပ်များက တိုင်းရင်းသား လူမျိုးစုများ၏ လက်နက် ပြင်ဆင်သည့် စက်ရုံတခုကို မူးယစ်ဆေးဝါး ထုပ်လုပ်နေသည်ဟု သံသယရှိပြီး ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်ရပ်ကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ထွက်ပြေးရခြင်းဖြစ်သည်ဟု ဆိုသည်။

၁၉၆၂ ခုနှစ်မှစပြီး စစ်တပ်က အုပ်ချုပ်ခဲ့သည့် မြန်မာပြည်တါင် တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၀၀ ကျော် ရှိနေသည်။

လက်နက်ကိုင် အဖွဲ့အများစုက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားကြပြီးဖြစ်သည်။ အပစ် မရပ်နိုင်သေးသည့် အဖွဲ့များလည်း ရှိသည်။ တိုင်းရင်းသား အဖွဲ့တချို့သည် ဘိန်းကုန်ကူးသည့် နည်းဖြင့် ဆက်လက် ရပ်လျက်ရှိသည်။

နာဂစ်မုန်တိုင်းသင့်ဒေသတချို့ အငတ်ဘေးနှင့် ကြုံတွေ့နေရ
Thursday, 27 August 2009 16:15 ဉာဏ်မောင်
E-mail Print
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းရှိ နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသအချို့တွင် ရိက္ခာနှင့် အလုပ်အကိုင် ရှားပါးမှုပြဿနာကြောင့် အငတ်ဘေးပြဿနာနှင့် ကြုံတွေ့နေရသည်။

မိုးကာလအတွင်း ရိက္ခာရှားပါးမှုနှင့် ၀င်ငွေနည်းပါးခြင်းတို့ကြောင့် ဘိုကလေးမြို့နယ်အတွင်းရှိ အချို့ကျေးရွာများတွင် ဆန်ပြုတ် ပြုတ်သောက်နေရသည့် အခြေအနေသို့ ရောက်နေကြောင်း ဒေသခံများက ပြောသည်။

“ဟေမာန်ဒိုင်နယ် ထုံးရွာတို့၊ ဇဘူဒိုင်နယ်မှာ ရှိတဲ့ ရွာပေါင်း ၃၀ နီးပါးက အကုန်လုံးနီးနီး ဆံပြုတ်သောက်နေရတဲ့ အနေအထားကို ရောက်နေရတယ်။ စက်ဆန်းဒိုင်နယ် အောက်ဘက်ကျေးရွာတွေ၊ နောက်ပြီးတော့ မြသိန်းတန်ဒိုင်နယ်၊ ပတ္တမြားကုန်းဒိုင်နယ်၊ အဲဒီဘက်တွေလည်း ဆန်ပြုတ်သောက်နေရတယ်” ဟု ဒေသခံဦးက ပြောသည်။

ထို့အပြင် မုန်တိုင်းသင့် အထူးဒေသသတ်မှတ်ထားသည့် ကြိမ်ချောင်းကြီးနှင့် ကျွန်းသာယာဒိုင်နယ်ဘက်မှ ကျေးရွာအချို့တွင်လည်း ယင်းကဲ့သို့ ပြဿနာနှင့် ကြုံတွေ့နေရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အကူအညီပေးရေးအဖွဲ့များ ရောက်ရှိသော်လည်း ပေးဝေသည့်ရိက္ခာ မလုံလောက်မှုနှင့် အလုပ်အကိုင် ရှားပါးသဖြင့် ၀င်ငွေနည်းပါးလာခြင်းကြောင့်လည်း ဖြစ်သည်ဟု ဒေသခံက ပြောသည်။

“အကူအညီက မရောက်ဘူးလို့ ပြောလို့မရဘူး၊ ရောက်နေတယ်။ ခွဲခြားသတ်မှတ်ပြီး ပေးနေတာရှိတယ်။ ဥပမာ သူတို့က (A)(B)(C) ဆိုပြီးတော့ အုပ်စုခွဲထားတယ်။ (A) က တတ်နိုင်တဲ့လူ၊ (B) က အလုပ်အကိုင် နည်းနည်းရှိတဲ့လူ၊ (C) ကတော့ လုံးဝ သူက ဆင်းရဲတဲ့လူအဆင့်၊။ ဒါပေမဲ့ အခုက အလုပ်အကိုင်ရှိတဲ့လူတောင် ရှိတုန်းလေး စားရတာ၊ မရှိတဲ့အချိန်ကျရင် ဘယ်နားကသွားရမလဲ အဲဒီမှာ ပြဿနာပေါ်တာပေါ့” ဟု ကျေးရွာသားတဦးက ပြောသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် လယ်ယာမြေလုပ်ငန်းနှင့် အခြားလုပ်ငန်းများ ဆုံးရှုံးခဲ့ရပြီး အဆိုပါ ဒေသခံများအနေဖြင့် မိသားစု ပြန်လည်တည်ထောင်နိုင်ရေးအတွက်ပင် အလုပ်အကိုင် ရှားပါးနေခြင်းကြောင့် ၀င်ငွေနည်းပါးလာပြီး နောက်ဆက်တွဲအဖြစ် စားဝတ်နေရေးကြပ်တည်းမှုများနှင့် ပိုမို ကြုံတွေ့လာနေရသည်။

မုန်တိုင်းသင့်ဒေသများတွင် ယင်းကဲ့သို့ အကူအညီများ ဆက်လက်လိုအပ်နေသော်လည်း စစ်အစိုးရက ယခုလ (၁၅) ရက်မှစတင်ကာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရဟတ်ယာဉ်များကို ပျံသန်းခွင့်သက်တမ်း တိုးမပေးဘဲ ပိတ်ပင်လိုက်သည့်အတွက် အခက်အခဲများအား ဖြေရှင်းရန် ဆန်နှင့် အခြားရိက္ခာများကို ရေကြောင်းလမ်းမှ သယ်ယူရန် စီစဉ်နေရကြောင်း WFP ၀မ်းထန်းတဦး၏ ပြောဆိုချက်ကို ကိုးကားကာ ယမန်နေ့က ဧရာဝတီ အင်တာနက်သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့က တိုက်ခတ်သွားသည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူဦးရေ ၁၄၀,၀၀၀ ခန့် သေဆုံးကာ သန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။


NLD လူငယ်မျာအား စာသင်ပေးနေသူ စစ်ကြောရေးတွင် နှစ်လကြာ ချုပ်နှောင်ခံနေရ
Thursday, 27 August 2009 12:29 ဗထူး
E-mail Print
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်များအား အင်္ဂလိပ်စာသင်ကြားပေးနေသူ ရန်ကုန်တိုင်း၊ ဒေါပုံ မြို့မှ ကိုနိုင်ငံလင်းအား စစ်အစိုးရအာဏာပိုင်များက ဖမ်းဆီးချုပ်နှောင်ထားခဲ့ရာ နှစ်လကြာမြင့်ခဲ့ပြီဖြစ်သည်။

ကိုနိုင်ငံလင်းအား စစ်အစိုးရအာဏာပိုင်များက ယခုနှစ် ဇွန်လ (၂၆) ရက်နေ့ ဖမ်းဆီးခဲ့ရာ သူနှင့်အတူ ကိုကျော်ကျော်ဆိုသူတဦးလည်း အပါအ၀င်ဖြစ်ပြီး မိသားစုအနေဖြင့် အဆိုပါ ဖမ်းဆီးခံရခြင်းကို ရက်အနည်းငယ်ကြာမှသာ သိရှိခဲ့ရသည်။

“အဲ့ဒီ (၂၆) ရက်နေ့က မသွားပါနဲ့ ယောကျာင်္းရယ်လို့ ပြောတော့၊ ကျမကလည်း ကိုယ်ဝန်ကြီးနဲ့လေ၊ (၂၆) ရက်နေ့က ဖမ်းတယ်ဆိုတာကို မသိသေးပါဘူး။ အဲ့ဒီနေ့ သူပြန်မလာဘူး။ (၂၈) ရက်နေ့လောက်ကျတော့ ကျော်ကျော်တို့အိမ်မှာ SB တွေက ကင်မရာသွားသိမ်းတယ်လို့ ပြောတယ်၊ ကိုကျော်ကျော်သတင်းကို မီဒီယာကနေ အောင်သပြေမှာ ရှိနေတယ်ဆိုတဲ့အသံကြားတော့ ညီမလည်း စစ်ကြောရေးကို သွားတဲ့အခါကျတော့ ပေးမတွေ့ဘူး၊ မရှိဘူးလို့ပြောတယ်။ နောက်ထပ်သွားတော့လည်း မဖမ်းထားဘူးလို့ ပြောတယ်” ဟု ကိုနိုင်ငံလင်း၏ ဇနီးဖြစ်သူ မခင်စန္ဒာဝင်းက ပြောသည်။

ယင်းကဲ့သို့ အာဏာပိုင်များက အကြိမ်ကြိမ် လိမ်ညာခဲ့ပြီးနောက်တွင် ဒေါပုံမြို့နယ်မှ ရဲသတင်းအထူးတပ်ဖွဲ့(SB) မှ အိမ်သို့လာရောက်ပြီး ကိုနိုင်ငံလင်းအတွက် ပေးစရာရှိလျှင် ပေး၍ရကြောင်း အကြောင်းလာမှသာ ယောင်္ကျားဖြစ်သူအား အောင်သပြေစစ်ကြောရေးစခန်းတွင် ချုပ်နှောင်ထားသည်ကို တိတိကျကျ သိခဲ့ရပြီး ကိုယ်တိုင်သွားရောက်ခဲ့သော်လည်း လူချင်းမတွေ့ရဘဲ စာအဆက်အသွယ်သာ ရခဲ့သည်ဟု ဇနီးဖြစ်သူက ဆက်လက်ပြောဆိုသည်။

၁ လနှင့် ၇ ရက်ကြာမှ ချုပ်နှောင်ထားသည့် ယောင်္ကျားဖြစ်သူအား တွေ့ခွင့်ရခဲ့သည့် အခြေအနေနှင့်ပတ် သက်၍ ဇနီးဖြစ်သူ မခင်စန္ဒာဝင်းက “ကျမ စစ်ကြောရေးမှာ တခေါက် ထပ်တွေ့ရပါတယ်၊ စစ်ကြောရေးမှာ (၈) လပိုင်း (၇) ရက်နေ့က တွေ့ခဲ့ရတယ်။ အောင်သပြေ စစ်ကြောရေးစခန်းမှာပါ။ သူ့နဲ့အတူတူ ဖမ်းခံရတဲ့ ကိုကျော်ကျော်နဲ့ သူ့ကို ခွဲထားထားတယ်။ စကားလည်း လွတ်လွတ်လပ်လပ် ပြောရတယ်။ ရိုက်နှက်တာလည်း မရှိဘူး၊ စစ်တာပြီးသွားပြီလားလို့မေးတော့ ဖမ်းပြီး သုံးရက်လောက်ကတည်းက စစ်ပြီးတော့ အခု ဘာမှမစစ်တော့ဘူးလို့ ပြောတယ်။ အခုက အမှုလည်းမဖွင့်ထားဘူး၊ ဘာမှလည်း မလုပ်ထားပါဘူး” ဟု ပြောဆိုသည်။

ကိုနိုင်ငံလင်းသည် ဒဂုံတက္ကသိုလ်တွင် သချာင်္ဘာသာရပ် သင်ကြားနေသည့် တတိယနှစ်ကျောင်းသားဖြစ်ပြီး NLD လူငယ်များအား အင်္ဂလိပ်စာ စကားပြောသင်တန်း သင်ကြားနေပြီး ပညာဒါနအဖြစ် မိသားစုရပ်တည်ရေးအတွက် ရန်ကုန် ကျောက်မြောင်းဘက်တွင်လည်း မိတ်ဆွေသူငယ်ချင်းများနှင့်အတူ စာသင်ကြားပေးနေသူတဦး ဖြစ်သည်။

ယမန်နေ့က ကိုနိုင်ငံလင်းအား မည်သည့်အကြောင်းပြချက်မှမရှိဘဲ ဖမ်းဆီးထားသည်မှာ ၂ လပြည့်ခဲ့ပြီဖြစ်ပြီး ယင်းကိစ္စအား NLD ဗဟိုဌာနချုပ်သို့ အကြောင်းကြားထားသော်လည်း အမှုမဖွင့်သေးသဖြင့် ဘာမှဆောင် ရွက်ခြင်းမရှိကြောင်း ဇနီးဖြစ်သူက ပြောသည်။

အာဏာပိုင်များက ဇနီးဖြစ်သူအား ကိုနိုင်ငံလင်းတွင် အပြစ်မရှိကြောင်း၊ လွှတ်ပေးမည်ဟုသာ အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး မေးစရာရှိသေးသည်ဟုဆိုကာ ယခုတိုင် ချုပ်နှောင်ထားသည်ကို နားမလည်းနိုင်ကြောင်း၊ အကယ်၍ အမှုဖွင့်ပါက ချုပ်ရက်နှင့် စစ်ဆေးနေသည့်ကာလအတွက် တရားမ၀င်ဖြစ်မည်ဟု အာဏာပိုင်များကို သူမက ပြောဆိုခဲ့သည်။

မခင်စန္ဒာဝင်းသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် အဆိုပါနှစ်တွင် ကျိုက္ကဆံစစ်ကြေားရေးစခန်းနှင့် အင်းစိန်အကျဉ်းထောင်တို့တွင် ၇ လကြာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရဖူးသူ တယောက်ဖြစ်ပြီး ယခုအခါ ကိုယ်ဝန် ၈ လဖြင့် အမှတ် (၂)၊ ဗိုလ်အောင်ကျော်လမ်းမြောက်ဘက်၊ ဗိုလ်ထွန်းဇံရပ် ကွက်၊ ဒေါပုံမြို့တွင် နေထိုင်လျက်ရှိသည်။

“ကျမက မေးစရာရှိတာလည်း မပြီးနိုင်ဘူးလားလို့၊ ကျမမှာလည်း ဒုက္ခရောက်နေတာလို့ ပြောလိုက်တယ်။ ဘာလို့ အပြစ်ရှိမှာလည်း သူစာသွားသင်တဲ့အချိန်မှာ စာအုပ်နဲ့ ဘောပင်တချောင်းပဲ ပါသွားတယ်၊ ကျန်တာ ဘာပစ္စည်းမှလည်း မပါဘူးလို့။ အပြစ်ရှိတယ်လို့ ယူဆလို့ရှိရင်လည်း NLD လူငယ်တွေကို စာသင်တာကလွဲလို့ ကျန်တာ အပြစ်မရှိဘူးလို့ ကျမက ပြောတယ်။ အဲ့အတိုင်းပြောတော့လည်း အပြစ်မရှိဘူးလို့ပဲ ပြန်ပြောပေမဲ့ အခုအချိန်ထိကို မလွှတ်ပေးသေးပါဘူးရှင်” ဟု မခင်စန္ဒာဝင်းက ပြောဆိုသွားခဲ့သည်။


ချေးငွေသဘောဖြင့် အမြောက်တပ်ရင်းက ငွေကြေးတောင်းခံ
Thu 27 Aug 2009, ရိုင်မရော့
အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ အမြောက်တပ်ရင်း တစ်ရင်း သည် ၄င်းတပ်ရင်းတို့အတွက် ငွေလိုအပ်မှုကြောင့် ငွေချေးသည့်အနေဖြင့် ရွာသားများထံ ငွေကြေးကောက်ခံနေသည်။

၎င်းအမြောက်တပ်ရင်းသည် အမှတ် (၅၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာန ချုပ်လက်အောက်မှ မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် အမြောက်တပ် ရင်း ဖြစ်သည်။

အနီးနားတဝိုက်ရှိ ဖဲဒိုး၊ ကလော့သော့၊ တောင်ပ၊ ထုံမင်၊ ကွမ်းကဘွီး၊ ဒိုး မား၊ ဆက်သွယ်၊ အဘစ်၊ နှီးပဒေါ်၊ ရောင်းဒေါင်း၊ ကွမ်လှာကျေးရွာတို့မှ ကျေးရွာဥက္ကဌများကို ၄င်းအမြောက်တပ်ရင်းက လွန်ခဲ့သည့်သီတင်းပတ် တွင် အစည်းအဝေးခေါ်ယူထားပြီး၊ ချေးငွေသဘောဖြင့် ကျေးရွာကြီး များကို ၁ သိန်း၊ ကျေးရွာငယ်လျှင် ၅ သောင်းကျပ်စီ ချေးပေးရမည်ဖြစ်သည်။

“သူတို့ယူမှာက ချေးယူတဲ့သဘောပေါ့၊ ပြန်ဆပ်ပေးမယ်ဆိုတာက ဖြစ်နိုင် မှာမဟုတ်ပါဘူးလေ။ စကားလှအောင်လို့ပြောတာပဲလေ။ ရွာကြီးတွေဆိုရင် ၁ သိန်း၊ ရွာငယ်ငယ်တွေမှာဆိုရင် ၅ သောင်း ချေးပေးရမယ်တဲ့ အဲဒီအ စည်းဝေးမှာ ပြောထားတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ငွေကြေးအဆင်မပြေဖြစ်နေသောကြောင့် ၄င်းတို့အမြောက်တပ်ရင်း အ တွက် ယခုလို ခေတ္တခဏငွေချေးထား သည့်သဘောဖြစ်ပြီး၊ လာမည့်နွေ ရာသီအတွင်း ငွေရေးကြေးရေး အဆင်ပြေလာသည့်အချိန်၌ ၄င်းတို့တပ် ရင်းမှ ပြန်လည်ဆပ်ပေးမည်ဟု ၄င်းတပ်ရင်းမှ ပြောဆိုသွားသည်ကိုလည်း ၄င်းရွာသားက ဆိုပါသည်။

ယခုကဲ့သို့ ရွာသူ၊ ရွာသားများထံ ချေးငွေတောင်းယူရသည်မှာ တပ်ရင်းအ တွင်း လိုအပ်သည့် အသုံးအဆောင်များအတွက် လက်ရှိ ငွေကြေးလိုအပ် နေခြင်းကြောင့် ချေးထားရခြင်းဖြစ်သည်။

“သူတို့ပြောတာက ခဏယူထားတာပဲလေ၊ မိုးကုန်လာလို့ရှိရင် သူတို့က ခါ တိုင်းနှစ်လိုမျိုး တပ်အတွက် ရန်ပုံငွေဆိုပြီးတော့ ပွဲသွင်းတာမျိုး၊ စ တိတ်ရှိုး သွင်းတာမျိုးလုပ်ပြီးတော့ တစ်ရွာကို လက်မှတ်ဘယ်လောက်၊ တစ်ရွက်ကို ဘယ်လောက်ဆိုပြီးတော့ လက်မှတ်ရောင်းတာ။ အဲဒီက ရတဲ့ပိုက်ဆံနဲ့ ဒီအ ခုချေးထားတဲ့ငွေကို ပြန်ဆပ်ပေးမယ်လို့လည်း ပြောတယ်” ဟု ထိုဒေသ တွင်းရှိ ကျေးရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေသတွင်းရှိ မြန်မာစစ်အစိုးရတပ်ရင်းအချို့သည် ဆောင်းရာသီကာလအ တွင်း နွေဥတုကာလသို့ ရောက်လာသည့်အခါ တပ်ရင်းရန်ပုံ ငွေအ ကြောင်းပြချက်ဖြင့် နာမည်ကြီး ဇာတ်ပွဲများနှင့် စတိတ်ရှိုးများသွင်းပြီး ကျေး ရွာများမှာ မဝယ်မနေရ လက်မှတ်များ လိုက်လံရောင်းချပြီး၊ ဒေသခံ တို့ဆီမှ တနည်းနည်းဖြင့် ငွေကြေးအဓမ္မကောက်ခံလာနေသည်မှာ နှစ်စဉ် နှစ်တိုင်းပင်ဖြစ်သည်။

“သူတို့ပြောတာက ချေးငွေပေါ့နော်၊ ဒါပေမယ့် မချေးပေးလို့လည်းမရဘူး။ သူတို့တောင်းသလောက်တော့ ပေးနေရတာပဲ၊ သူတို့လက်ထဲရောက်သွား ပြီးဆိုတော့ ပြန်ရဖို့က ဝေးအုံးမယ်ထင်တယ်။ ဒီလိုမျိုးပဲ အကြောင်းအမျိုး မျိုးပြပြီးတော့ တောင်းခံနေတာပဲ” ဟု ၄င်းက ဆက်ပြောသည်။

၎င်းတပ်ရင်းမှ တောင်းခံထားသည့်ချေးငွေများသည် ပေးဆောင်ရမည့် ရက်အကန့်သတ်မရှိသော်လည်း ယခုလကုန်အတွင်း ပေးရမည်ဖြစ်သည်။ သို့သော်လည်း တောင်ပနှင့် ကလော့သော့ကျေးရွာတို့မှာ ၄င်းအမြောက် တပ်ရင်း တောင်းခံထားသည့်ချေးငွေ ပေးဆောင်ထားပြီးဖြစ်သည်။


လယ်သမားများထံ ငွေကြေးကောက်ခံနေသောအဖွဲ့သည် သူတို့တပ်ဖွဲ့မှမဟုတ်ကြောင်း နိုင်အောင်နိုင်ငြင်းဆို
Wed 26 Aug 2009, ရိုင်မရော့၊ IMNA
မုဒုံမြို့နယ်အတွင်းမှ ဖြတ်ပိုင်းနှင့်တကွ ငွေကြေးကောက်ခံနေသည့်အဖွဲ့ သည် ဒေသခံလယ်သမားတို့၏ ထင်မြင်ချက်အရ နိုင်အောင်နိုင်ဦးဆောင် သည့်တပ်ဖွဲ့မှဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်ကို ၄င်းတို့အဖွဲ့မဟုတ် ကြောင်း နိုင်အောင်နိုင် ငြင်းဆိုခဲ့သည်။

လယ်သမားများအကြား ငွေကောက်ခံနေသည်ဟု ဒေသရှိကျောင်းထိုင်ဆ ရာတစ်ပါးထံ သတင်းရောက်ရှိသွားပြီးနောက် ၄င်းဆရာတော်က နိုင် အောင်နိုင်ကိုခေါ်ပြီး အကျိုးအကြောင်းမေးမြန်းရာမှာ မိမိတို့အဖွဲ့မှမဟုတ် ကြောင်း နိုင်အောင်နိုင်က ပြတ်ပြတ်သားသား ငြင်းဆိုသည်။

“အဓိက ဖြတ်ပိုင်းလိုက်ပေးတဲ့လူတွေက သေနတ်ကိုင်ထားပြီး လူသုံး ယောက်ပဲရှိတယ်၊ တချို့လယ်တွေမှာ သူတို့ကိုယ်တိုင်ဆင်းပြီး ဖြတ်ပိုင်း ပေးတယ်၊ တချို့နေရာဆိုရင် လူလွှတ်ပြီးတော့ သူတို့ဖြတ်ပိုင်းပေးခိုင်း တယ်။ ဖြတ်ပိုင်းစာရပြီးတာနဲ့ ပိုက်ဆံအပြီးပြင်ထားတဲ့၊ သူတို့လာယူတဲ့အ ချိန်မှာ ပိုက်ဆံအဆင်သင့်ဖြစ်နေရမယ်” ဟု ဖြတ်ပိုင်းရထားသည့် လယ် သမားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ကာကွယ်ရေးတပ် (ဒပ္ပှာန္စႝုဒှာဂကူမန္) တံဆိပ်ပါသည့် ဖြတ်ပိုင်းများ ဖြန့်ဝေထားသည့်ကျေးရွာမှာ လယ်ယာအများဆုံးလုပ်ကိုင်နေကြသည့် မု ဒုံမြို့နယ်အတွင်းရှိ ကမာဝက်ကျေးရွာ၊ နိုင်လှုံကျေးရွာ၊ လက်တက်ကျေး ရွာအနီးနားတဝိုက်ရှိရွာတို့ဖြစ်သည်။


လယ်မြေတစ်ဧကလျှင် ၁၅၀၀ ကျပ်ဖြင့် လယ်သမားများထံ အကူအညီ တောင်းခံခြင်းဖြစ်ပြီး ဖြတ်ပိုင်းရရှိသည့်နောက်ပိုင်း ပေးဆောင်ရမည့်ငွေကို အဆင့်သင်ပြင်ဆင်ထားရန်နှင့် အမှားအယွင်းမရှိရန် ၄င်းစာတွင် ပါရှိ သည်။

ဖြတ်ပိုင်းပါတံဆိပ်အရ ၄င်းအဖွဲ့သည် နိုင်အောင်နိုင်အဖွဲ့မှမဟုတ်ကြောင်း၊ လက်ရှိ ၄င်းအဖွဲ့သည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ကြားမှာ လှုပ်ရှားနေသည့်အဖွဲ့တစ် ဖွဲ့ဖြစ်ပြီး၊ အဖွဲ့ထဲတွင် အဓိကအဖွဲ့ဝင် သုံးဦးသာရှိသည်ဟု ခရိုင်အဆင့် မွန်ပြည်သစ်ပါတီ ကော်မတီဝင်တစ်ဦးက ပြောသည်။

“သူတို့အဖွဲ့မဟုတ်ဘူးလို့ နိုင်အောင်နိုင်ငြင်းဆိုလိုက်ပြီးတော့ ဆရာတော် က အရှေ့တောင်တိုင်းမှာ သွားတိုင်ခဲ့တယ်။ တိုင်ထားပြီးတော့ လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်လောက်က စစ်သား အယောက် ၄၀ လောက် လယ်ထဲဆင်း ပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်။ မုဒုံက မွန်ပြည်သစ်ပါတီဝင်တွေ လည်း လယ်ထဲဆင်းပြီးတော့ စစ်ဆေးနေတယ်” ဟု သံဃာတော်တစ်ပါး က မိန့်ကြားခဲ့သည်။

မွန်ကာကွယ်ရေးတပ်ဟု အမည်ခံထားသည့် အဖွဲ့ဝင် ၃ ဦးသည် လယ် ကွင်းထဲသို့ဆင်းသည့်အခါ ခါပိုင်သေနတ်တစ်လက်၊ (M-16) တစ်လက်နှင့် (AK) သေနတ်တို့ ကိုင်ဆောင်ထားသည်။

“တချို့လယ်သမားတွေက ဒီပိုက်ဆံတွေ မပေးနိုင်ဘူး၊ ပေးဖို့လည်းမရှိဘူး ပြောနေကြတာကို အဲဒီသေနတ်ကိုင်ထားတဲ့သူတွေက ပေးနိုင်တာ မနိုင် တာမသိဘူး ဖြတ်ပိုင်းရတာနဲ့ ပိုက်ဆံအသင့်ပြင်ထားဆိုပြီးတော့ သေနတ် ထုတ်ပြပြီး ခြိမ်းခြောက်တာမျိုးလည်း ရှိတယ်” ဟု လယ်သ မားများက ပြောသည်။

၎င်းအဖွဲ့မှ ဖြတ်ပိုင်းများဖြန့်ဝေထားပြီး ငွေကြေးလိုက်လံမကောက်ခံရ သေးဘဲ၊ သက်ဆိုင်ရာမှ လာရောက်စစ်ဆေးနေခြင်းကြောင့် ယခုရက် ပိုင်းအတွင်း ငြိမ်သက်နေသည်။


မော်လမြိုင်တက္ကသိုလ်အတွင်း လှုံ့ဆော်စာတွေ့ပြီးနောက် စစ်ဆေးကန့်သတ်မှု တိုးမြှင့်
Wed 26 Aug 2009, အာကာ
မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် စာသင်ဆောင်အတွင်းတွင် ကျောင်း အာဏာပိုင်တို့က စစ်အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်စာများ တွေ့ရှိပြီးနောက် ကျောင်းသူ/သားများအား စစ်ဆေးမှုများ ပိုမို တင်းကျပ်လိုက်သည်။

အဆိုပါလှုံ့ဆော်စာများအား တက္ကသိုလ်စာသင်ဆောင်ရှိ အိမ်သာများတွင် ယခု သီတင်းပတ်အတွင်း ကပ်ထားသည်ကို တွေ့ရှိရသည်ဟု သိရသော် လည်း ကျောင်းသားအများစု မတွေ့မှီ တက္ကသိုလ်ဝန်ထမ်းတို့က အချိန်မှီ ခွာယူခဲ့ရသည်ဟု မော်လမြိုင်တက္ကသိုလ် ကထိကတစ်ဦးနှင့် နီးစပ်သည့် ကျောင်းသားတစ်ဦးက ဆိုသည်။

၎င်းက “ကျောင်းသားထဲမှာ ဒီစာနဲ့ပတ်သက်ပြီး လှုပ်ရှားတဲ့လူတွေရှိတယ် လို့ ဆရာမက ပြောတယ်၊ နောက်တော့ စာထဲမှာ ကျောင်းသားတွေ သ ပိတ်မှောက်အောင် လှုံ့ဆော်ထားတာ ပါတယ်။ နောက်တော့ သံလွင်တံ တားကို ဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ထားတာလည်း ပါတယ်။ ငါတို့ လူတွေဟာ ကျောင်းသားတွေပဲလို ပြောထားတာလည်း ပါတယ်’’ ဟု ပြောသည်။

ထိုစာများအား ရာမည ၁၊ ရာမည ၂၊ ဗညားဒလ၊ စမ်းသီတာ စသည့် တက္က သိုလ်စာသင်ဆောင်ရှိ အိမ်သာတိုင်းလိုလိုတွင် ကပ်ထားခဲ့သည်ဟု သိရသည်။

ယခုအခါ ကျောင်းဝင်းအတွင်းသို့ ဝင်ထွက်သည့်ဂိတ်များနှင့် စာသင်ခန်း များတွင်မကျန် စစ်ဆေးမှု ရှိလာကြောင်း ထိုကျောင်းသားက ပြောသည်။ “ဆရာမတွေက အရင်ကဆို အတန်းသိပ်မဝင်ဘူး၊ အခုတော့ အမြဲဝင်နေ တယ် သိလား၊ ဆရာမတွေ ဒီစာကို တွေ့ပြီးကတည်းက တော်တော်အလုပ် ရှုပ်နေရပြီ၊ နောက်ပြီး ကျောင်းအဝင်ဝမှာလည်း အစစ်အဆေး တော်တော် လုပ်နေတယ်’’ ဟု ၄င်းကျောင်းသားက ပြောသည်။

ကျောင်းသူ/ကျောင်းသားများ၏ ကျောင်းဝင်းအတွင်း ဝင်ခွင့်အဖြစ် ဘာသာ ရပ်အလိုက် အမှတ်အသားများအနေဖြင့် ကပ်ထားရသည့် စတစ်ကာများ ကိုလည်း ဂိတ်ပေါက်ဝများတွင် ဝင်ထွက်နေသည့်ဆိုင်းကယ်များအား ထပ် မံစစ်ဆေးနေပြီး တက္ကသိုလ် ဝင်ခွင့်ရ စတစ်ကာ ကပ်ထားခြင်းမရှိသည့် ဆိုင်ကယ်များအား ဝင်ခွင့်မပြုတော့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်ပြီး နောက်ပိုင်း မော်လမြိုင်၌ ဆန္ဒပြရန်အစီအစဉ်ရှိသည်ဟု သတင်းများထွက်နေပြီး တက္ကသိုလ်အာ ဏာပိုင်တို့က ကျောင်းသူ/သားများအား စောင့်ကြည့်မှုများ ပိုမိုဆောင်ရွက် လာခဲ့ကြသည်။ ပျော်ပွဲစားထွက်ခြင်းများအပါအဝင် ဘာသာရေး၊ လူမှုရေး ဆိုင်ရာ ကုသိုလ်ဖြစ်လှုပ်ရှားမှုများအား ကန့်သတ် ချုပ်ချယ်မှုများ ရှိလာ ကြောင်း အခြားကျောင်းသားတစ်ဦးက ဆိုသည်။

ထိုသို့ ကျင်းပလိုပါက ပါမောက္ခချုပ် သို့မဟုတ် သက်ဆိုင်ရာ ဆရာ၊ ဆရာ မများထံသို့ အသိပေး အကြောင်းကြားရမည် ဖြစ်ပြီး ၄င်းတို့၏ ခွင့်ပြုချက် ရရှိမှသာလျှင် လုပ်ပိုင်ခွင့် ရှိသည်။

မော်လမြိုင်မြို့နေရာအနှံ့တွင်လည်း အာဏာပိုင်များက လုံခြုံရေး တင်းကြပ် စွာ ချထားပြီး ခရီးသွားသံဃာတော်များကိုပါ မွှေနှောက် စစ်ဆေးမှုများ ပြု လုပ်လျှက်ရှိသည်။


ထိုင်းအာဏာပိုင်များ ဖိအားပေးမှုကြောင့် စစ်ပြေးဒုက္ခသည်များ အခက်တွေ့နေ

ဇာဇာမော်။
သြဂုတ်လ ၂၇ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းမြန်မာနယ်စပ်ရှိ မကြာမီက အသစ်လက်ခံထားသော နို့ဖိုးယာယီဒုက္ခသည်စခန်းတွင်နေထိုင်သော ကရင်စစ် ပြေး ဒုက္ခသည်များအား ထိုင်းအာဏာပိုင်များကလုံခြုံရေး ကောင်းစွာ မယူနိုင်သဖြင့် မယ်လဒုက္ခသည် စခန်းသို့ ပြောင်းရွေ့ရန် ဖိအားပေးနေသည်။

ယခုလက်ရှိယာယီစခန်းသည် နယ်စပ်နှင့်နီးသဖြင့် မယ်လစခန်းသို့ပြောင်းရွှေ့ရန် ဖိအားပေးလာခြင်းဖြစ်သည်။

ယခုလက်ရှိနေသောစခန်းမှ မယ်လဒုက္ခသည်စခန်းသို့ပြောင်းရွေ့ရန် ဖိအားပေးခံရပုံကို စခန်းထဲမှဒုက္ခသည် တစ် ဦးဖြစ်သူ ဦးဝင်းမောင်က ယခုလိုပြောသည်။

“ဦးလေးတို့ခံစားချက်က တကယ်ဆိုရင် ဟိုဘက်ကမ်းကိုပြန်မယ်ဆိုရင်ပြန်လို့မရဲသေးဘူး လေအခု။ ဒီ မှာနေတယ်ဆိုရင်လည်း သူတို့လာခြိမ်းခြောက်တယ်၊ လာမောင်းထုတ်တယ်။ သေနတ်နဲ့ခြိမ်းခြောက် တာတွေလည်းရှိတယ်။ ဦးလေးတို့ကဟိုမှာကြောက်ရ ဒီမှာ ကြောက်ရ ဆိုတော့ ပြောင်းမယ်စိတ်ကူး ထားတယ်။”

နို့ဖိုးရွာအတွင်းရှိ ယာယီဒုက္ခသည်စခန်း ဥက္ကဌစောတာစူးညားက “ကျွန်တော်တို့ကတော့ ပြောင်းချင်တယ်။ သူများအိမ်ကြားမှာမနေချင်ဘူး။သီးခြားနေချင်တယ်လို့ အဲဒါကိုလည်းတင်ပြထားတယ်”။ ဟုပြောသည်။

ယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား မယ်လစခန်းသို့ပြောင်းရွှေ့နေရာချထားနိုင်ရန် ထိုင်းအာဏာပိုင်များ က သြဂုတ်လ (၁၉) ရက်နေ့ကစခန်းတာဝန်ခံများနှင့် သွားရောက် ဆွေးနွေးခဲ့သည်။

ယခင်ဇွန်လဆန်းပိုင်းတွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့က တပ်မဟာ(၇) ထိုးစစ်ဆင်မှုကြောင့် ကရင် စစ်ပြေးဒုက္ခသည်များ ၄၀၀၀ ခန့်ထွက်ပြေးလာပြီးထိုင်းမြန်မာ နယ်စပ် ယာယီ ဒုက္ခစခန်းနှစ်ခု၌ ခိုလှုံနေကြသည်။


ကိုးကန့်နယ်မြေအတွင်းရှိ နယ်စပ်ဂိတ်တခုတွင် ပစ်ခတ်မှုဖြစ်ပွား

ဇော်ကြီး။
သြဂုတ်လ ၂၇ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသအတွင်းရှိတရုတ်မြန်မာနယ်စပ်ဂိတ် တခုတွင် ယနေ့နံနက်(၇) နာ ရီခန့်ကပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ယင်းပစ်ခတ်မှုသည် ကိုးကန့်နှင့် မြန်မာ စစ်အစိုးရအကြား တနင်္ဂနွေနေ့က စတင် ဖြစ်ပွားခဲ့သောတင်းမာမှုများအကြား ပထမဆုံး ဖြစ်ပွားသော ပစ်ခတ်မှုဖြစ်သည်။

လောက်ကိုင်မြို့မှ တရုတ်ပြည် နမ်ဆာသို့ထွက်သည့် ရန်လုံကျင်းနယ်စပ်ဂိတ်ကိုဖုန်ကျားရှင် အားထောက်ခံသည့် အဖွဲ့က ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု တရုတ်မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦး အောင်ကျော်ဇောက ယခုလိုပြောသည်။

“မနက်ပိုင်းကတော့ နယ်စပ်နားတ၀ိုက်မှာ ပစ်ခတ်မှုလိုလိုတော့ ဖြစ်တယ်။နယ်စပ်မှာ ထိုင်နေတဲ့ ပုလိပ် ကို ဖုန်ကျားရှင်တပ်က သွားဝိုင်းတဲ့အခါမှာရဲတွေက ထွက်ပြေးကြတယ်။ ထွက်ပြေးရင်း သူတို့ချင်းမှား ပစ်တာ တယောက်ထိတယ်ဗျ။ ပေါင်မှာ။”

ထိုနယ်စပ်ဂိတ်စခန်းသည် ယခင်က ကိုးကန့်တပ်ဖွဲ့များစောင့်သည့် ဂိတ်ဖြစ်၍လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ကိုး ကန့်တပ်ဖွဲ့များဆုတ်ခွာပြီးနောက် စစ်အစိုးရတပ်နှင့် ရဲတို့ ပူးပေါင်း နေရာယူခဲ့ခြင်းဖြစ်သည်။

သို့သော် ယမန်နေ့ညနေပိုင်းအချိန်က စစ်အစိုးရတပ်များ ပြန်လည်ဆုတ်ခွာသွားပြီး ရဲတပ်ဖွဲ့ သာကျန်ခဲ့ရာ ယနေ့ နံနက်တွင် ဖုန်ကျားရှင်အားထောက်ခံသည့် တပ်ဖွဲ့များက ၀င်တိုက်ခဲ့ ခြင်းဖြစ်သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လောလောဆယ်အခြေအနေနှင့်ပတ်သက်၍ “အဲဒီပေါက်ဝ(နယ်စပ်ဂိတ်)နားမှာ ဗမာတပ်မရှိတော့ဘူး။ ဗမာတပ်ကော ရဲကော မရှိတော့ဘူး။ မနေ့ ညနေက တပ်တွေဆုတ်တယ်လို့ ကြား ရတယ်။” ဟု ဦးအောင်ကျော်ဇောကပြောသည်။

လတ်တလောအခြေအနေအရ စစ်အစိုးရ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁နှင့်(စကခ) ၃ လက် အောက်ခံတပ်များ တိုက်ပွဲဖြစ်ပွားရာ လောက်ကိုင်ဒေသသို့ ထွက်ခွာသွားသည်ဟု တရုတ် မြန်မာနယ်စပ် ဒေသခံ များက ဆိုသည်။

ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့အား မြန်မာစစ်အစိုးရမှနယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ယခုနှစ် ဧပြီလ ကုန်ပိုင်းမှစတင်၍ဖိအားပေးနေခဲ့ပြီး ယခုလဆန်းပိုင်း၌ ကိုးကန့်တပ်ဖွဲ့ အတွင်းအာဏာလွန်ဆွဲပွဲများ ဖြစ်ပေါ်ခဲ့ သည်။

သြဂုတ်လ ၂၃ ရက်နေ့က စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ကိုးကန့် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ပိုင်စုန်ချိန် ဦးဆောင်၍ ကိုးကန့်ခေါင်းဆောင်အချို့က ဥက္ကဌ ဖုန်ကျားရှင် အား ဖမ်းဆီး၍အာဏာသိမ်းရန် ကြံစည်ခဲ့သော် လည်း အောင်မြင်မှုမရဘဲ ဖုန်ကျားရှင်မှာ လွတ်မြောက်သွားခဲ့သည်။

ယခုလ ၂၅ ရက်နေ့က အာဏာသိမ်းအဖွဲ့မှ အစည်းအဝေးခေါ်ယူပြီးကိုးကန့်အဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းခဲ့သော် လည်း ဖုန်ကျားရှင်အဖွဲ့က တရားမ၀င်ကြောင်း ယမန်နေ့ နေ့စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။

ယနေ့နံနက်က ဖြစ်ပွားသည့်တိုက်ပွဲ၌ လူအသေအပျောက်ရှိသည်ဟု တရုတ်မြန်မာနယ်စပ် သတင်းများကဆို သော်လည်း အတည်ပြုချက်မရသေးပါ။


ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူတချို့၏ မိဘများကို လ၀က က ခြိမ်းခြောက်ပြီး ငွေညစ်

ခွန်အောင်မြတ်။
သြဂုတ်လ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်။

ထိုင်းနိုင်ငံရောက် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ထားကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အချို့၏ နေရာ ဒေသရှိ မိဘဆွေမျိုးများကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) ၀န်ထမ်းများက ခေါ်ယူပြီး ခြိမ်း ခြောက်ကာ ငွေညစ်နေသည်ဟု အလုပ်သမားများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် လ၀က ၀န်ထမ်းများက ကျေးရွာများရှိ အလုပ်သမားများ၏ မိဘများကို ဆင့် ခေါ်က ၎င်းတို့၏သားသမီးများ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည်မှာ မှန်၊ မမှန်မေးမြန်းသည်ဟု ဘန်ကောက်ရောက် အလုပ်သမား မောင်ခမ်းက ပြောသည်။

“ဒီကနေ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားစာရင်း ပေးလိုက်တာ။ မြန်မာပြည်က လူဝင်မှုကြီးကြပ် ရေး ဌာနက သူတို့ မိဘတွေ ဆွေမျိုးတွေကို ခေါ်တယ်။ ခင်ဗျားတို့ သားသမီး နာမည် ဒီလိုဒီလို က ထိုင်း နိုင်ငံမှာ ရောက်နေတာ ဟုတ်လား၊ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတာ ဟုတ်လား အဲဒီလိုမေးတယ်။ အဲလို ဟိုမေးဒီမေးလုပ်ပြီး ဟုတ်တယ်ဝန်ခံရင်။ ဒီမှာ သူတို့စာရင်းပေးလာတယ်။ ခင်ဗျားတို့ သားသမီး က ခိုးသွားတယ် ဘာညာဆိုပြီး ခြိမ်းခြောက်ပြီး တောင်းစား တာပေါ့ဗျာ။ အဲလိုခြိမ်းခြောက်ပြီး အေး ဒီတပတ်တော့ ခင်ဗျားတို့ ငွေလေးထောင် ကုန်ရမယ် အဲလိုလုပ်တာ။”

လ၀ကက တလလျှင်နှစ်ကြိမ်သုံးကြိမ်ခေါ်၍ မေးမြန်းပြီး မကြာခဏငွေညစ်နေသည့်အတွက် မိဘများက စိုးရိမ် ထိတ်လန့်ပြီး ထိုင်းနိုင်ငံရှိ သားသမီးများကို ပြန်လာကြရန် ခေါ်နေသည်ဟု ၎င်းက ပြောသည်။

“အဲဒါကြောင့် အလုပ်သမားလက်မှတ်လုပ်ထားတဲ့ ပအိုဝ်းအလုပ်သမားတွေ တချို့က ယူရင်ကောင်းမ လား မကောင်းဘူးလား၊နောက်နှစ် ပတ်စပို့စ်သွားလုပ်ရင်ကောင်းလားမကောင်းဘူးလား။ သွားလုပ်ရင် လည်း ဟိုးအထဲက မိဘတွေကိုငွေညစ်တောင်းစားတယ်။ ဒီထိုင်းနိုင်ငံမှာလည်း ကုန်ကျသင့်သလောက် လည်း ကုန်ကျပြီးပြီ။ အဲလိုစဉ်းစားပြီး စိုးရိမ်နေကြတယ်။”

မော်လမြိုင်မြို့မှ လာရောက်ပြီး မဟာချိုင်တွင် အလုပ်လုပ်နေသည့် အလုပ်သမားတဦးကမူ လ၀က အိမ်ကို လာ ရောက်စုံစမ်းသော်လည်း ခြိမ်းခြောက်ပြောဆိုခြင်း မရှိဟု ပြောသည်။

“သူတို့မနေ့က မေးတာကတော့ မော်လမြိုင်အိမ်ကို သွားမေးတာပေါ့နော်။ ဟုတ်လားပေါ့။ နေတာ မှန် လားပေါ့။ ရှိတာသေချာလား သွားမေးတာ။ ဒီလောက်ပါပဲ။”

နယ်စပ်မြို့များဖြစ်သည့် ကော့သောင်း၊ မြ၀တီနှင့် တာချီလိတ်မြို့တို့တွင် ရုံးဖွင့်လှစ်ထားပြီး မြန်မာအလုပ်သမား များအတွက် ယာယီနိုင်ငံကူးလက်မှတ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ မှစ၍ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအထိ ပြုလုပ်ပေးနေသည်။

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် အလုပ်သမား လက်မှတ်၊ မြန်မာမှတ်ပုံတင်၊ နေရပ် လိပ်စာနှင့် ရဲစခန်း ထောက်ခံစာ စသည်များကို လိုအပ်ပြီး တဦးလျှင် ဘတ်ငွေ သုံးထောင် ကုန်ကျသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသည် အဖွဲ့များက ခန့်မှန်းထားကြသည်။



ထပ်စင်ကို UAE က မောင်းထုတ်

post by Thursday, August 27, 2009

သြဂုတ် ၂၆၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)

UAE အစိုးရရဲ့တောင်းဆိုချက်အရ ၀န်ကြီးချုပ်ဟောင်း ထပ်စင်ရှီနာဝပ်ထရာဟာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံကနေ မွန်တီနီဂရိုးနိုင်ငံကို လေယာဉ်နဲ့ ထွက်ခွာသွားပါပြီလို့ ဒီမိုကရက်ပါတီခေါင်းဆောင်ရဲ့ ပြောရေးဆို ခွင့်ရှိသူ Thepthai Senpong က ဗုဒ္ဓဟူးနေ့မွန်းလွဲချိန်မှာ ပြောဆိုပါတယ်။

Thepthai အပြောအရ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့် UAE အစိုးရအနေနဲ့ ထပ်စင်ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို သူ့နယ်မြေမှာအခြေပြု အသုံးချတာ မျိုး မလုပ်စေချင်ဘူး။ ထပ်စင်ဟာ မွန်တီနီဂရိုးနိုင်ငံက နိုင်ငံကူးလက်မှတ်ကို ကိုင်းဆောင် ထားပြီး မြေထဲပင်လယ်ဒေသထဲက မိုနာကို ဘုရင့်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထား တယ်လို့ အများက ပြောဆိုနေပါတယ်။

ကြယ်နီတပွင့်

ကမာဇင်ယော်
post by Wednesday, August 26, 2009


ကျနော်ငယ်ငယ်က နေခဲ့တဲ့ကျောင်းက အမှတ် (၂၅) အထက။ မန္တလေးမြောက်ပြင်မှာရှိတယ်။ ကျနော်တို့ကတော့ ‘နောက်ဆုံးပေါ် ကျောင်း’ လို့ ခေါ်ကြတယ်။ အဲဒီတုန်းက မြို့သစ်မှာရှိတဲ့ အမှတ် (၂၆) က မဖွင့်ရသေးဘူးလေ။ တခြား မြို့ထဲဘက်မှာ ကျောင်း သွားတက်နိုင်တဲ့ သူတွေကတော့ ‘အမှိုက်ပုံကျောင်း’ ‘ကြက်ခြံကျောင်း’ လို့ နှိမ်ခေါ်ကြတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီကျောင်းမှာ ကျနော် ပျော်ခဲ့ပါတယ်။ အဲဒီမှာဘဲ ကျနော့် ဘ၀ရဲ့ အခင်မင်ရဆုံး သူငယ်ချင်းတွေ ရခဲ့ပါတယ်။

ကျနော်ရဲ့ ငယ်ဘ၀ ‘role model’ က ကိုစိုးလို့ ကျနော် အမြဲခေါ်ဝေါ် ရင်းနှီးရတဲ့ စိုးသန်းနိုင်ဘဲဖြစ်ပါတယ်။ ကျနော်သူ့ကို အားကျတယ်။ သူ့ကို အတုခိုးတယ်။ ကျောင်းကို ရောက်တာနဲ့ သူ့ကိုဘဲ ရှာတယ်။ နောက်တော့ သူ့အိမ်ကိုယ်ဝင် ကိုယ့်အိမ်သူဝင်နဲ့ နှစ်အိမ်တအိမ် စားအိမ်သောက်အိမ် ဖြစ်တဲ့အထိ ခင်မင်ခဲ့ကြတယ်။ ဒါပေမဲ့ နှစ်အိမ် ရဲ့ စရိုက်ကတော့ ကွဲကြတယ်။ ကျနော်တို့အိမ်က ပျော်ပျော်နေသေခဲ့ မူကိုင်ထားတဲ့အိမ်ပေါ့။ ကိုစိုးတို့ အိမ်ကတော့ တကယ့် တက်ကျမ်း တွေထဲက စံပြမိသားစုပါဘဲ။ ကိုစိုးအဖေက လူငယ်သင်တန်း ကျောင်းက ကျောင်းဆရာတယောက်ပါ။ အိမ်မှာလည်း လက်လက် ထ နေတဲ့ ကျွန်းပြားပေါ်မှာ ‘တိုင်းပြည်ကို ထိရင် မချိအောင်နာတယ်’ လို့ ရေးပြီး ဧည့်ခန်းမှာ ချိတ်ထားတယ်။ အဲဒါကို မြင်တိုင်း ကျနော်က အလိုလို ပြုံးမိတယ်။ အဲဒီအပြုံးကို ကိုစိုးအဖေက အတော်အမြင် ကတ်တယ်လို့ နောက်ပိုင်းပြန်သိရတယ်။ အဲဒီဘိုးတော်က ကျနော် ကို သိပ်မကြည်ပါဘူး။ လမ်းသရဲလို့မြင်ပါတယ်။ ဒါပေမဲ့ အဲဒီအထစ် အငေါ့က ကျနော်တို့ရဲ့ ခင်မင်မှုကို အဟန့်အတားမဖြစ်စေခဲ့ပါဘူး။

ကျနော်တို့ အုပ်စုမှာ ကျနော်တို့ချည်း မဟုတ်ပါဘူး။ အမြဲတမ်းက တော့ ကိုကျော်လှိုင်၊ ကိုတင်ထွန်းဦး၊ စိုးမြင့်အောင်၊ မောင်မောင်နိုင်၊ ကိုစိုးနဲ့ ကျနော်တို့က တတွဲတွဲရှိကြပါတယ်။ အများစုက စာတော်ကြတော့ ကျနော်တို့အုပ်စုက ကျောင်းမှာ ပေါ်ပြူလာဖြစ်ပါတယ်။ ၉ တန်း နှစ်အောင်တော့ ကျနော်တို့ ကျောင်းမှာ အဆင့် တစ်ကနေ ၅ ထိ စုပေးပါတယ်။ ကိုကျော်ကျော်လှိုင်က ပထမ၊ ကိုစိုးက ဒုတိယ၊ စိုးမြင့်အောင်က တတိယ၊ မတင်အိဆိုတဲ့ ခပ်ရိုးရိုး ကျောင်းသူတယောက်က စတုတ္ထနဲ့ ကျနော်က ပဉ္စမ ရတယ်လေ။ ဒါပေမဲ့ ကျောင်း သူတွေကြားမှာ ပေါ်ပြူလာကတော့ ကိုစိုးပါဘဲ။

ကိုစိုးကို ကောင်မလေးတွေက ‘ပြာလောင်’လို့ ခေါ်ကြတယ်။ သူက စာဖတ်များတော့ ပါဝါမျက်မှန်တပ်ထားရတယ်။ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနဲ့ ကြည့်ကောင်းတော့ ကောင်မလေးတွေက ခိုက်ကြတာပေါ့။ ကျနော်အားကျတဲ့ အချက်ထဲမှာလည်း အဲဒါလည်းပါတယ်။ ကျောင်းတက်တဲ့ အချိန်မှာ အပြင်စာလည်းဖတ်တော့ ဗဟုသုတလည်း စုံသူဖြစ်ပါတယ်။ တနေ့ လမ်းပျောက်နေတဲ့ နိုင်ငံခြားသား တယောက်ကို အထက်တန်းကျောင်းသားသာဖြစ်သေးတဲ့ ကိုစိုးက အင်္ဂလိပ်လို့ လမ်းညွှန်ပေးနေတာ ချောလို့ဘဲ။ ဒါကိုလည်း ကျနော် အားကျတယ်။ အိမ်ပြန်ရောက်တာနဲ့ အခန်းထဲမှာ ‘ဟောင်အာယူ ‘ ‘ '၀ပ်ကန်အိုင် ဒူးဖေါ်ယူ’ စပီကင်တွေ အပြောကျင့်မိတာ တပတ် လောက်အရှိန်တက်သွားတယ်။ အားကျရုံဘဲဆိုတော့ ဆက်မလုပ်ဖြစ်ပါဘူး။

ဆယ်တန်းစာမေးပွဲနီးတော့ စာတွေစုကျက်ကြတယ်။ ကိုစိုးအမေက ကျနော်တို့ စားဖို့ လက်ဘက်လေး။ ထမင်းကျော်လေးစသဖြင့် လုပ်ပေးလေ့ရှိတယ်။ အိပ်ပျော်သွားတဲ့သူကို အိုးမဲသုတ်တာ၊ စောင်ယူပြေးတာ၊ ရေလောင်းတာနဲ့ ဆယ်တန်းအကြို ကာလဟာလည်း ပျော်စရာတွေနဲ့ဖြစ်ခဲ့တယ်။ ကျနော်နဲ့ မောင်မောင်နိုင်ကတော့ ညဘက် လူလစ်တာနဲ့ လယ်ကွက်ထဲမှာ ဓာတ်မီးကိုယ်စီနဲ့ ဖါးရိုက်ကြ တယ်။ မောင်မောင်နိုင်ရဲ့ ဖါးရိုက်သင်တန်းမှာ ကျနော် ပထမရပေမဲ့ ကျနော်နဲ့ မောင်မောင်နိုင် ဆယ်တန်းကျကျန်ခဲ့တယ်။ ကိုတင်ထွန်း ဦး လည်း ကျကျန်ခဲ့တယ်၊ သူက ဖါးရိုက်လို့ မဟုတ်ဘူး။ သူက ကျောင်းမှာ လမ်းစဉ်လူငယ်ခေါင်းဆောင်၊ လုပ်အားပေးနဲ့ ကြက်ခြေနီ သင်တန်းနဲ့၊ အလုပ်တွေရှုပ်ပီး ကျတာ။ သူ့ကို ကျနော်တို့က “ယောင်ခြောက်ဆယ်” လို့ ခေါ်ကြတယ်။ သူအိမ်မှာ သကြားစက်ရှိတယ်။ မန္တလေးနဲ့ မတ္တရာကြားမှာ ဇီးခြံတွေလည်းရှိတော့ သူက မဖြုံပါဘူး။

ကိုတင်ထွန်းဦးက နောက်ပိုင်း ရုပ်ရှင်တွေမှာ ဇာတ်ရံလုပ်တယ်ဆိုလားဘဲ။ ဒါရိုက်တာတင်ဦးရဲ့ ‘ကြောင်ရိုင်း ၃၀’ ဆိုတဲ့ စစ်ကားမှာ သရုပ်ဆောင်သေးတယ်ဆိုဘဲ။ ကိုကျော်လှိုင်ကတော့ ဆေးကျောင်းဝင်သွားတယ်။ နောက်ပိုင်း ကျောင်းလခမသွင်းနိုင်တာနဲ့ ဆေးတပ် ထဲဝင်လိုက်ရတယ်။ ဆေးတပ်က သူ့ကို ကျောင်းလခပေးတယ်။ လကုန်ရက်မှာ ကိုကျော်လှိုင် ယူနီဖေါင်းဝတ်ပီး ဒေါက်မှာ အဖြူလေး ပတ်ထားရတယ်။ ကိုကျော်လှိုင်ခင်ဗျာ ရှက်လို့ လူရှင်းတဲ့လမ်းက လစာသွားထုတ်လေ့ရှိတယ်။ စိုးမြင့်အောင်ကတော့ RIT တက်ရလို့ ရန်ကုန်ကိုသွားသွားနေရတယ်။ ကိုစိုးကတော့ မိဘဖိအားပေးလို့ ဗိုလ်သင်တန်း တက်လိုက်ရတယ်။ ကျနော်ကတော့ ခုလိုအုပ်စုကွဲ သွားမှ အိမ်မက်ကလန့်နိုးသလို၊ မဖြစ်ဘူး၊ ဆယ်တန်းတော့ အောင်မှရမယ်ဆိုပီး စာအုပ်ပြန်လှန်ဖြစ်တယ်။

ဆယ်တန်းတုန်းက ကိုစိုးကိုကြိုက်တဲ့ ကောင်မလေးတွေထဲမှာ နှစ်ယောက်ကတော့ အမှတ်ထင်ထင်ပါဘဲ။ တယောက်က မမော် ကျောင်းနားမှာဘဲနေတယ်။ တယောက်ကတော့ ရွှေဖါးစည် လက္ဘက်ရည်ဆိုင်က အကြီးမ (နာမည်မသိလို့)။ သူတို့မှာ ညီအမ နှစ်ယောက်ရှိတယ်။ မိဘချင်းက ကိုစိုးကို အကြီးမနဲ့ သဘောတူတယ်။ ရွှေဖါးစည်ပိုင်ရှင်က ဗိုလ်ကြီးစိန်ဝင်း။ ဗိုလ်ကြီးလို့ခေါ်တာ နှုတ်ကျိုးနေလို့ပါ။ သူ့ရာထူးက ဗိုလ်ကြီးထက်ကြီးပါတယ်။ ကရင်အမျိုးသားပါ။ အဲဒီတုန်းက စစ်ဘက်ကထွက်ပါပြီ၊ သမ၀ါယမမှာ လူကြီးလုပ်နေပါတယ်။ အိမ်မှာ လက္ဘက်ရေဆိုင်နဲ့ ငါးကန်တွေရှိပါတယ်။ လက္ဘက်ရည်ဆိုင်က ဟန်ပြလောက်ဖွင့်ထာတာ။ ဘတ်ငွေ တွေအတွက် ‘စ’သုံးလုံး ရှောင်ဖို့ပါ။ ဘတ်ငွေဆိုတာက ထိုင်းငွေကို ပြောတာမဟုတ်ပါဘူး။ ရုံးကနေ ‘ဘတ်’ ထားတဲ့ ငွေတွေကို ပြောတာပါ။ ကိုစိုးက အကြီးမ ဆိုတော့ ကျနော်က မဆီမဆိုင် ‘အငယ်မကို ငါရရင်ကောင်းမှာဘဲ ‘ လို့ စိတ်ထဲမှာ ခွဲတမ်းဝင်ခွဲလိုက် သေးတယ်။ အုပ်စုတွေကွဲသွားပေမဲ့ ကိုစိုး ဗိုလ်သင်တန်းက ခွင့်ပြန်လာတဲ့အခါ အပြေးသွားတွေ့မိတတ်ပါတယ်။

ကျနော် - “ကိုစိုး - ဒါကြီးက ဘာလဲ”

ကိုစိုး -“ ဘယ်ညာကြိုးကွ၊ စစ်သုံးပစ္စည်းလေ”

ကျနော် - “ဒါလေးကဘာလဲ”

ကိုစိုး - “ညဘက်သုံတာ။ ထိပ်ပိုင်းကို ချိုးပြီး အပေါ်ကို ထောင်ထားရင် မီးရှူးတွေ ထွက်လာလိမ်မယ်၊ ဒါဆိုမင်းတည်နေရာကို အခြားသူ သိနိုင်တာပေါ့”

“ညလှုပ်ရှားမှုတွေအတွက်သုံးတာ”

ကျနော်က ကိုစိုးကို အားကျစိတ်နဲ့ လိုက်စပ်စုနေတတ်တယ်။

ကိုစိုးကလည်းစိတ်ရှည်လက်ရှည်ပြန် ရှင်းပြတယ်။ ကိုစိုးက ဗိုလ်လောင်းသင်တန်းအမှတ်စဉ် “၂၈“ နဲ့ အောင်သွားတာဆိုတော့၊ ကျနော်က နောက်နှစ် အပတ်စဉ် ”၂၉” မှာတက်မယ်ပေါ့။ အားကျစိတ်နဲ့ ဗိုလ်ရူးလိုက်သေးတယ်။ ဟိုမေး ဒီမေးလုပ်ရင်း ကိုစိုး မျက်မှန် မတပ်ဘဲ နေလို့ နီနေတဲ့ မျက်လုံးတွေကို ကြည့်ရင်း စိုးရိမ်စိတ်နဲ့

”ညလှုပ်ရှာမှုတွေက ဘာတွေလဲ၊ ကိုစိုးမျက်လုံနဲ့ အဆင်ကော ပြေရဲ့လား”

မေးကြည့်တော့ ကိုစိုးကတော့ အေးဆေးပါဘဲ။ ညလှုပ်ရှာမှုဆိုတာ ကိုယ်စီတိုက်ပွဲလေ့ကျင့်ခန်းတွေ။

ညသေနတ်ပစ်လေ့ကျင့်ခန်းတွေ လုပ်ရတဲ့အကြောင်း ပြောပြတယ်။ တဆက်တည်း ညဘက်မှာ မီးလုံးဖွင့်ပေးပုံ၊ အဲဒီမီးလုံးကို ပြန် မပိတ်ခင် ပစ္စတိုနဲ့ လှမ်းပြစ်ရပုံတွေကို ရှင်းပြတယ်။ ကိုစိုးကဘဲ

'မျက်လုံးမကောင်းတော့ ကိုယ်ဘယ်လိုလုပ်လဲ မေးချင်တာမဟုတ်လား၊ မပူပါနဲ့ကွာ ရမ်းပစ်တာပေါ့၊ မျက်လုံးကောင်းတဲ့ကောင်တွေ လည်း မမှန်ပါဘူးကွ။'

ပြောရင်းနဲ့ ကိုစိုးက မေးတယ်။

'ဘာလို့ ဒါတွေကို အသေးစိတ်သိချင်တာလဲ။' ကျနော်က

'ကျနော်လည်း ဗိုလ်သင်တန်းလျောက်မယ်။ ဘာတွေပြင်ဆင်ရမလဲ'

လို့မေးတော့ ကိုစိုးက ကျနော်ကို ကြာကြာလေးစိုက်ကြည့်တယ်၊ ကျနော်နားမလည်ဘူး။ ပြီးတော့မှ ကိုစိုးက မင်းစိတ်နဲ့ မဖြစ်ပါဘူး ကွာတဲ့။ တဆက်တည်း သူဗိုလ်သင်တန်းဖြေတုန်းက လူတွေ့စစ်ဆေးတော့ ဗိုလ်ရွေးအဖွဲ့က မေးတဲ့ မေးခွန်းတွေပြန်ပြောပြတယ်။

"အဲဒီတုန်းက ကိုယ့်ကို ၀ိုင်းမေးကြတယ်။ ရွှေဖါးစည်ဆိုင်မှာ ပလာတာရောင်းလားတဲ့။ မင်နဲ့ လူကြီးချင်း သဘောတူထားတာ အငယ် လား၊ အကြီးလားတဲ့။ ဒါပါဘဲကွာ။ စာတွေဖတ်ထားဖို့ ၊ ဆရာဝန်တင်ရွှေရဲ အိုင်ကြူမေးခွန်းတွေ လေ့ကျင့်ထားဖို့ မလိုပါဘူး။ မင်း စိုးရိမ်နေတဲ့ ‘flat-foot’ ဖြစ်တာဘာညာပူမနေပါနဲ့ကွာ၊ ကိုယ်လို ‘ပြာလောင်’ တောင် အရွေးခံရတာဘဲ။"

ဗိုလ်တွေကို အထင်ကြီးထားတဲ့ ကျနော် အူကြောင်ကြောင် ဖြစ်သွားတယ်။

နောက်နေ့ ဈေးချိုဘက်ထွက်လယ်ကျတော့၊ ကိုစိုးက တနေရာအရောက်

”သွားပီကွာ၊ ပုန်းချိန်မရလိုက်ဘူး”

လို့ ရေရွတ်လို့ ကျနော်လှမ်းကြည့်မိတယ်။ စတစ်ကော်လာ အဖြူနဲ့ ပုဆိုးမီပူကျဝတ်ထားပီး လက်ထဲမှာ ဒိုင်ယာယီလို စာအုပ်လေးတွေ ကိုင်ထာတဲ့ လူနှစ်ယောက်။ ဖင်ကောက်ပြီး ဘဲလိုလျှောက်နေကြတယ်။ နောက်တော့ ကိုစိုး ပြေးပြီး အလေးပြုနေတယ်။ ပြန်လာတော့ ရှက်ကိုးရှက်ကန်းနဲ့ ”စီနီယာတွေလေ” တဲ့။ ပြီးတော့ ဗိုလ်သင်တန်းမှာ အကြီးတန်းတွေက လူသစ်တွေကို ပုံစံပေးတယ်ဆိုပီး အနိုင် ကျင့်တတ်ကြကြောင်း ပြောပြတယ်။ ကိုစိုးတရားဟောကောင်းတာနဲ့ ဗိုလ်သင်တန်းဆိုတာကြီးကို လန့်လာတယ်။

ကျနော်ဆယ်တန်းအောင်တော့ မန္တလေးတက္ကသိုလ်မှ သင်္ချာဘာသာနဲ့ ကျောင်းဆက်တက်ဖြစ်တယ်။ နဂိုလ်ကမှ ရည်မှန်းချက် သိပ် မရှိတဲ့လူဆိုတော့ တက္ကသိုလ်ရက်တွေကို ပျော်ပျော်ကြီးဘဲ ဖြတ်ဖြစ်ခဲ့တယ်။ ဂျိုးသိန်းဆေးပေါ့လိပ်ကြော်ငြာ ပြက္ခဒိန်မှာ ဂျူလိုင်လ ၇ ရက်နေ့ကို ဘောလ်ပင်နဲ့ ၀ိုင်းပြီး လိုက်ဝေတာတောင်၊ အဓိပ္ပာယ်ကို ကျနော်မသိခဲ့ဘူး။ အပြစ်တောင်တင်လိုက်သေးတယ်။ ဘာလဲကွာ၊ ကြော်ငြာကမ်းတာလည်း အဟောင်းကြီးတွေ လိုက်ဝေနေတယ်။ ပိုးဟပ်ဖြူလို့ခေါ်တဲ့ ငြိမ်းချမ်း (လူ့ဘောင်သစ် အထက်ဗမာပြည်)က

တက္ကသိုလ်တက်တာ နိုင်ငံရေးလုပ်ချင်လို့တဲ့။

ကျနော် သူ့ကို တခြားဂြိုလ်က ကျလာတဲ့ သတ္တ၀ါတကောင်လိုကြည့်မိခဲ့ဖူးတယ်။ ၁၉၈၇ မရောက်ခင်ထိ ကျနော်တို့ ဘာမှ မသိ မလုပ် နိုင်ခဲ့ပါဘူး။ ကျနော်တို့ ကျောင်းမှာ လုပ်လို့ရတာက အောင်သုခဆေးဆိုင် မှာ ဖန်ဆီဒိုင်း၊ ဒဗလျူဆေးပြားတို့ ၀ယ်သောက်ခွင့်ရှိတာ။ အုပ်စုဖွဲ့ပြီး ရိုက်ကြတာပါဘဲ။ ဘာတွေမကျေနပ်နေကြမှန်းလည်းမသိပါဘူး။

ကျနော်တို့ ငယ်သူငယ်ချင်းတွေ ပြန်ဆုံမိတာကတော့ ကိုစိုးပြန်လာတဲ့ အချိန်တွေပါဘဲ။ အဲဒီအချိန်ဆို ကိုကျော်လှိုင်လည်း အချိန် လုပြီးလာတယ်။ ကိုတင်ထွန်းဦးကတော့ ဗိုလ်တွေလာတယ်ဆိုတော့ ထမင်းစားဖိတ်ရတာအမောဘဲ။ စိုးမြင့်အောင်ကတော့ RIT တက်ပြီး အုပ်စုနဲ့ တဖြေးဖြေးစိမ်းလာတယ်။ လာရင်လည်း ခနဘဲ ထပြန်လေ့ရှိတယ်။ ကျောင်းမှာမဟုတ်ဘဲ ရပ်ကွက်မှာတော့ စိုးမြင့်အောင်၊ ကိုမျိုး၊ ငြိမ်းချမ်းနဲ့ ကျနော်က တွဲဖြစ်တယ်။ စိုးမြင့်အောင်နဲ့ ငြိမ်းချမ်းစကားတွေက ကျနော့် အဖို့ နဲနဲဆန်းလာတယ်။ သူတို့ပြောတာက သပိတ်မှောက်ကျောင်းသားတို့၊ ဒေါက်တာရေချမ်းတို့၊ အရှေ့မှနေ၀န်းထွက်သည့်ပမာတို့ စုံနေတာဘဲ။ ကျနော့် ကိုလည်းမေးသေးတယ်၊

”ရှက်စိတ်ဆိုတာဘာလဲ” တဲ့၊

”ဟ - စိတ်ထဲမှာ ရှက်လို့ ရှက်တာပေါ့ကွ“

လို့ ဘုပြောဖြစ်ခဲ့တယ်။ အုပ်စုထဲက ကိုမျိုးမိသားစုက စိတ်ဝင်စားဖို့ကောင်းတယ်။ အစ်ကိုအကြီးဆုံးက အမြဲစာဖတ်နေတယ်။ မျက်လုံး တဖက် သိပ်မကောင်းဘူး။ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂရဲ့ ခေါင်းဆောင် တယောက်ဖြစ်ဖူးတယ်။ နောက်အစ်ကိုတယောက်က စစ်တပ်က ဗိုလ်မှူးထမင်းချက်။ သူက ထွက်ချင်တာကြာပြီ။ တပ်က ပေးမထွက်ဘူး။ ဗိုလ်မှူးက သူ့လက်ရာကိုကြိုက်လို့တဲ့။ နောက်မှ ဆရာဝန်အကူအညီနဲ့ အရူးလက်မှတ် အတုလုပ်ပြီး ပြမှ၊ ဗိုလ်မှူးဆိုတဲ့လူ့ လန့်ပြီးသူ့ကို ထွက်ခွင့်ပြုလိုက်တယ်။ နောက်အစ်ကိုငယ်က ဆယ်တန်းအောင်၊ စစ်ထောက်လှမ်းရေးတပ်ထဲဝင်သွားတယ်။ မှတ်မှတ်ရရ ကျနော် ဗိုလ်ရူးတုန်းက

“ဆရာဝန်တင်ရွှေ ရဲ့ အိုင်ကြူ“

စာအုပ်ကို လာတောင်းလို့ ပေးခဲ့ဘူးတယ်။ ၀င်တုန်းကတော့ စစ်ထောက်လှမ်းရေး ၁ မန္တလေးမှာ။ ၈၈၈၈ ဖြစ်တော့ အဲဒီလူက စစ် ထောက်လှမ်းရေး ၆ မှာ တာဝန်ကျနေတယ်။ နောက် မန္တလေးပြန်လာတယ်။ ကျောင်းသားတွေကို ရှုံ့ချလို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း အစ်ကိုကြီးက ထပြီး ပါးပိတ်ရိုက်ချလိုက်တယ်။

“မင်းတက္ကသိုလ်မတက်ဖူးတိုင်း အရမ်းလျှောက် မပုတ်ခတ်နဲ့“ လို့ လည်း ကြိမ်းမောင်းလိုက်တယ်။

၁၉၈၇ ငွေစက္ကူကိစ္စမှာ မျက်နှာ သစ်ခက်နဲ့အုပ်ပီး ဆန္ဒပြအုပ်စုနဲ့ ပြည်ထဲရေးဝန်ကြီး ဦးမင်ခေါင်အိမ်ရှေ့ သွားဝိုင်းဘူးတယ်။ နိုင်ငံရေး မရှိသေးပေမဲ့၊ လူစုကွဲပြီးအပြန်မှာ နေသာထိုင်သာရှိလာတယ်။ သိလိုက်ပါပြီ၊ မကြေနပ်နေတာ အုပ်စိုးသူကိုဘဲဆိုတာ။ ၈၈၈၈ မှာတော့ MU (Mandalay Univerisyt Union) မှာ ထဲထဲဝင်ဝင်လုပ်ဖြစ်ခဲ့တယ်။ ၈၈၈၈ ပြီးကာစမှာ လူတွေ ကျနော်တို့ ငယ်သူငယ်ချင်းတွေ ပြန်ဆုံဖြစ်တယ်။ အဲဒီတုန်းကတော့ နောက်ဆုံး ဆုံကြခြင်းဆိုတာ အမှတ်တမဲ့ပါဘဲ။

ဒီတခေါက်တော့ ကျနော့ရဲ့ ကိုစိုးအပေါ်အမြင် တမျိုးလေးဖြစ်လာတယ်။ ပြောသမျှ လေးလေးစာစားနဲ့ အားကျနေတတ်တဲ့ ကျနော်က ကိုစိုးကို အတိုက်အခံလေးတွေ ပြန်ပြောနေဖြစ်ခဲ့တယ်။ အခု ကိုစိုးက နှစ်ပွင့်နဲ့ ရှမ်းသေနတ်ကိုင် တပ်ရင်း ၂ မှာ တာဝန်ကျနေတယ်။ သူနဲ့ အေးကိုကိုဆိုတဲ့ စစ်ကိုင်းဇာတိ တပွင့်ဗိုလ်လေး ပါလာတယ်။ ကိုကျော်လှိုင်လည်းလာတယ်။ စိုးမြင့်အောင်ကတော့ တခြားဝိုင်း ကနေ ခနလာနှုတ်ဆက်ြပီး ကိုယ့်ဝိုင်းကိုကိုယ်ပြန်သွားတယ်။ မကြာခင် ကိုမျိုးရဲ့ အကို စစ်ထောက်လှမ်းရေးဝင်လာတော့ စိုမြင့်အောင် တို့ ထပြန်သွားတယ်။ အဲဒီစစ်ထောက်လှမ်းရေးက တစားပွဲကျော်မှာဘဲ ထိုင်ြပီး ပေါ်တင်လာချက်နေတယ်။

ကျနော်သတင်းရထားတယ်၊ အဲဒီလူက ရန်ကုန်ကနေ သူ့ရည်းစားဖြစ်သူ မန္တလေးဆေးရုံကြီးက နာ့စ်ကို အသုံးချပြီး၊ အဲဒီကတဆင့် ကိုမျိုးကို ခိုင်းထားတယ်။ ကျနော်နဲ့ စိုးမြင့်အောင် ၈၈၈၈ ကာလနဲ့ အပီးမှာ ဘာတွေလုပ်နေလဲဆိုတာ မှတ်တမ်းတင်ထားဖို့။ ကိုမျိုးက ၀ိုင်းပယ်ခံရမှာ ကြောက်လို့ တုန်တုန်ရီရီနဲ့

”မင်းတို့ ငါ့ကို တမျိုးမထင်နဲ့။ ငါ့အကိုက မင်းတို့ကို စောင့်ကြည့်ခိုင်းထားတယ်။ မင်းတို့ကို ပိုခင်လို့ ငါပြောပြတာ” တဲ့။

ကျနော်တို့ဝိုင်းမှာ အဲဒီနေ့က မော်ဆန်းဆိုတဲ့ကောင် ပါလာတယ် ဒီကောင်က မဆလကောင်စီရုံးမှာ စာရေးလုပ်နေတာ။ တချိန်လုံး ကျောင်းကတည်းက အကွက်ရရင် ရသလို ကျနော့်ကိုဆော်ချင်နေတဲ့ကောင်။ အခုလည်း ကျောင်းသားက ကျောင်းသားအလုပ်မှ မလုပ်ကြတာလို့ လှမ်းထေ့တယ်။ ကိုကျော်လှိုင်က ၀င်ဟန့်ပြီး၊ သူတို့မှာ အကြောင်းတရားရှိမှာပေါ့ကွာလို့ ဖြေပြောပေးတယ်။ ၀ိုင်းက အရှိန်လေးရလာတော့ ကျနော်က စောင့်ကြည့်နေတဲ့ စစ်ထောက်လှမ်းရေးအကြောင်း ကိုစိုးတို့ကိုပြောပြလိုက်တယ်။ ကိုစိုးက ချက်ခြင်း ထပြီး၊

“ဟေ့လူ၊ ကိုယ်တို့ဝိုင်းမှာ ကလေကချေ တယောက်မှမပါဘူး။ အရာရှိတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေချည်းဘဲ။ လာစောင့်ကြည့် မနေနဲ့“ လို့ ဟောက်ထုတ်လိုက်တယ်။ အဲဒီက အပြန် မော်ဆန်းကိုပါ

”မင်လည်းပြန်တော့။ ကိုယ်တို့ အချင်းချင်းပြောစရာရှိတယ်“ လို့ မောင်းထုတ်လိုက်တယ်။

ကိုစိုးက လက်အောက်အရာရှိ ဗိုလ်လေးအေးကိုကို ပါနေလို့ စကားကိုထိန်းပြောနေခဲ့တယ်။ ကျနော်ကတော့ အလိုက်မသိ ရင်ထဲမှာ ခံစားရသမျှ ကိုစိုးကိုဘဲ ဦးတည်ပြီး အပြစ်တွေ စွဲချက်တွေတင်နေမိတယ်။ အားလုံးလမ်းခွဲကြတော့ ကိုစိုးက စကားပြောကြရအောင် ဆိုပြီး နှစ်ယောက်ဘဲ ခွဲထွက်လာဖြစ်တယ်။ အဲဒီတော့မှကိုစိုးက

”မင်းပြောခဲ့တာတွေအားလုံးမှန်ပါတယ်ကွာ။ မင်းပြောင်းလဲသွားတယ်လို့လည်းခံစားရတယ်။ ကိုယ်တို့နိုင်ငံသားတွေ ဒီမိုကရေစီ ရသင့် ပါတယ်ကွာ။ ဒါပေမဲ့ ကိုယ်ဘာမှ မတတ်နိုင်ဘူး။ ဒီမိုကရေစီ အကင်းမဲ့ဆုံးနေရာက စစ်တပ်ဘဲကွ။ အမြင်မတော်တာတွေ နေ့စဉ်နဲ့ အမျှဘဲကွ။ ရေငုံနေရတယ်။ ကိုယ်မနေနိုင်လို့ ထပြောမိရင် နောက်နေ့ သေနိုင်တဲ့ ရှေ့ တန်းကို ကိုယ့်ကိုပို့လိုက်ကြမှာဘဲ။ မတတ်နိုင် ဘူးကွာ၊ ရွေးခဲ့တဲ့ လမ်းဘဲ။ မနက်ဖန် ကိုယ်တို့ နောက်တန်းပြန်ရမယ်။ မှော်ဘီရောက်ပြီးမှ ကျေးသီးမန်ဆန်ကို ရှေ့တန်းပြန် ထွက်ရမယ်။ သူငယ်ချင်းရာ။ ကိုယ် မင်းကိုတောင်းပန်ပါတယ်။ ကိုယ်မရှိတုန်း အမေ့ကို စောင့်ရှောက်ပေးပါကွာ။ ကိုယ်က ကိုယ့်ကို ကိုယ်မပိုင်တော့ဘူးကွ။”

နောက်တော့ ကျနော်တို့ နှစ်ယောက် ဘာတွေဆက်ပြောဖြစ်နေခဲ့ကြလည်း မသိတော့ပါဘူး။

နောက်တနေ့တော့ ကိုစိုးတို့ တပ်ရင်းပြန်သွားတယ်။ စိုးမြင့်အောင်ရောက်လာပြီး ကျနော်ကို တိုးတိုးပြောတယ်။ ”မင်းသွားရတော့မယ်။” ညပိုင်းမှာခရီးထွက်ဖို့ အပြင်တနေရာမှာစောင့်အိပ်ဖို့ စက်ဘီးနဲ့ လိုက်ပို့ပေးတယ်။

ခရီးစဉ်စတော့ အဝေးပြေးကားပေါ်မှာ တလျှောက်လုံး ကိုစိုးအကြောင်းစဉ်းစားနေမိတယ်။ နှမျောသလိုလည်းခံစားရတယ်။ ကိုစိုးရဲ့ ၉ တန်းတုန်းက ဆုရတဲ့ စာစီစာကုံးလေးအကြောင်းလည်း ခေါင်းထဲဝင်လာတယ်။

”လူငယ်ဆိုတာ တိုင်ပြည်အတွက် အနာဂတ်ကြယ်တပွင့်”

တဲ့။ အဲဒီထဲမှာ ကိုစိုးရဲ့ မျော်လင့်ချက်တွေ၊ အားမာန်တွေ၊ အိပ်မက်တွေ တစုတစည်းတည်း တွေ့ခဲ့ရဘူးတယ်။ အားကျခဲ့တယ်။ ကိုစိုးလုပ်နိုင်ခဲ့မယ်လို့လည်း ယုံကြည်ကိုးစားခဲ့တယ်။ ဒါပေမဲ့လည်း လမ်းခွဲတဲ့ညက ကိုစိုးရင်ဖွင့်ခဲ့တဲ့ ခံစားချက်တွေ၊ မျော်လင့်ချက် မဲ့ပြီး ကျဆုံးနေတဲ့ ကိုစိုးရဲ့ပုံရိပ်တွေက ကျနော့်ရင်ကို နာကျဉ်စေခဲ့တယ်။

"သြော် - ကိုစိုးရဲ့ အိပ်မက်တွေကို ပြည်တွင်းဖြစ် ဖက်ဆစ်ယန္တယား ၀ါးမျိုးခဲ့ပြီဘဲ။ မျော်လင့်ချက်အားမာန်တွေနဲ့ ပြည့်လျှမ်းခဲ့တဲ့ လူငယ်တယောက်ဘ၀ဟာ စစ်အုပ်စုယန္တယားရဲ့ ခွေးသွားစိတ်လေးတခုအဖြစ် သေးသိမ် ကျဆုံးခဲ့ပြီဘဲ” လို့

ကောက်ချက်ချမိလိုက်တယ်။ ကျနော်လည်း ကားလမ်းတွေဆုံးလို့ ယုံကြည့်ချက်တူသူတွေနဲ့ လက်တွဲဖို့ ” မဲနယ်” တောင်ခြေကို ခြေချမိတယ်။ ခြေချမိလိုက်တာနဲ့တပြိုင်နက်တည်း ယုံကြည်ချက်တွေကြောင့် ပိုပီးအာအင်းပြည့်လာခဲ့တယ်။
အရှေ့ မိုးကောင်းကင်ကို မော့အကြည့်မှာတော့ - ကြယ်နီတပွင့် လင်းလက်တောက်ပနေတာတွေ့လိုက်ရတယ်။


စာရေးဆရာ ရဲဘော်ရှောင်းက မျိုးဆက်သစ်များသို့ “ အမွေ ” လက်ဆင့်ကမ်း

ပေးပို့သူ ကိုခင်လွန်း
post by Thursday, August 27, 2009
http://www.naytthit.com/articals/august09/article_august27.html
ကိုကိုးကျွန်းအကျဉ်းစခန်းမှ လွတ်မြောက်ရေး သက်စွန့်ဆံဖျားကြိုးပမ်းခဲ့ သူ စာရေးဆရာ ရဲဘော်ရှောင်းက မျိုးဆက်သစ်များသို့ “အမွေ” လက်ဆင့်ကမ်း

သြဂုတ်လ(၂၆)ရက်။

ကိုကိုးကျွန်းအကျဉ်းစခန်းမှ လွတ်မြောက်ရေးအတွက် ပင်လယ်ပြင်ကို လှေငယ်လှေတစင်းဖြင့် သက်စွန့်ဆံဖျား ဖြတ်သန်းခဲ့သူ တော်လှန်ရေးစာရေးဆရာ ရဲဘော်ရှောင်းခေါ် ပဒိုမန်းငြိမ်းမောင်က မျိုးဆက်သစ်များသို့ တော်လှန်ရေး “ အမွေ ” လက်ဆင့်ကမ်းသည့် အနေဖြင့် စာပေဟောပြောပွဲတရပ် ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်းတွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အကြွင်းမဲ့အဆုံးသတ်ရေးနှင့် ဒီမိုကရေစီအရေး ၊ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းပေါ်ပေါက်လာရေးတို့အတွက် ဘ၀တလျှောက်လုံး တော်လှန်ရေးဆင်နွှဲနေသည့် ကိုကိုးကျွန်းအကျဉ်းစံခဲ့ရသူ စာရေးဆရာ ရဲဘော် ရှောင်းက ယနေ့မျိုးဆက်သစ်လူငယ်များသို့ တော်လှန်ရေးအတွေ့အကြုံ၊ အတွေး ခေါ်များ လက်ဆင့်ကမ်းသည့်အနေနှင့် “အမွေ” ဟူသော ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်းရှိ ငြိမ်းချမ်းရေးရင်ပြင် တိုင်းရင်းသားသင်တန်းကျောင်းခန်းမ တွင် ယနေ့ညနေပိုင်းက စာပေဟောပြောပွဲတရပ် ဟောပြောသွားခဲ့သည်။

ရဲဘော်ရှောင်းက ကိုကိုးကျွန်း၌ အာဏာပိုင်များ၏ ဖိနှိပ်ရက်စက်မှုများကို ဆန့်ကျင်၍ နည်းအမျိုးမျိုးအာခံခဲ့ပုံများနှင့် အတွေ့အကြုံ ကြီးရင့်သူများက လူငယ်ရဲဘော်များအပေါ် ဦးဆောင်မှုပေးခဲ့ပုံ၊ ဘ၀တူအကျဉ်းစံအချင်းချင်း အပြန်အလှန် လေးစားတန်ဖိုးထားမှု များရှိခဲ့ပုံတို့နှင့် အာဏာရှင်တို့ပြုသမျှ ငုံ့မခံဘဲ ပင်လယ်ပြင်ကို လှေငယ်လေးတစီးဖြင့် ထွက်ပြေးလွတ်မြောက်ရန် သူနှင့် အခြားရဲဘော် (၂) ဦးတို့၏ သက်စွန့်ဆံဖျားကြိုးပမ်းခဲ့ပုံများကို စိတ်ဝင်စားဖွယ်ဟောပြောခဲ့သည်။ ထို့ပြင် ပင်လယ်ပြင်၌ သဘာဝတရားကြီးနှင့် (၁၀) ရက်ကျော် အပြိုင်အဆိုင် အနိုင်နွှဲခဲ့ပုံများ၊ ကမ်းခြေတနေရာသို့ ရောက်ချိန်တွင် တွေ့ကြုံဆုံခဲ့ရသည့် ရိုးသားစွာ အကူအညီပေးသူ၊ ကောက်ကျစ်စွာ ထောင်ချောက်ဆင်သူတို့၏သရုပ်များကို စာပေပရိသတ်များ မျိုးဆက်သစ်လူငယ်များ လွမ်းမောအားကျဖွယ်ရာအဖြစ် များဖြင့် ရသမြောက်စွာ ဟောပြောသွားခဲ့သည်။

ရဲဘော်ရှောင်းက သူတို့ခေတ်လူငယ်များ၏ စိတ်ဓာတ်နှင့် စပ်လျဉ်း၍ ယနေ့လူငယ် များ စံပြုထိုက်ဖွယ်အဖြစ် ပြောကြားရာတွင်

“ကျနော်တို့ခေတ်က လူငယ်တွေက အပြိုင်အဆိုင်အမြဲရှိကြတယ်။ တဖွဲ့ချင်းတွေမှာ လည်း အပြိုင်အဆိုင်ရှိတယ်။ သူ့ပါတီနဲ့ ကိုယ့်ပါတီလဲ အပြိုင်အဆိုင်ရှိတယ်။ အဲဒါ ဘာတွေပြိုင်လည်းဆိုတော့ ကျနော်တို့က ဘယ်သူတွေက အဆင်းအရဲ အပင်အပမ်း ခံလဲ၊ ဘယ်သူတွေက ကိုယ်ကျိုးစွန့်လဲ၊ ဘယ်သူတွေက အနစ်နာခံသလဲ၊ ကျနော် တို့က အဲဒါ့တွေနဲ့ပြိုင်တာ၊ အဲဒီလို စိတ်ဓာတ်တွေနဲ့ပြိုင်ကြတာ” ဟု ပြောဆိုကာ ကိုကိုးကျွန်းတွင်နေရစဉ် ကျင့်သုံးခဲ့သည့် ဖြစ်ရပ်တခုကို ယခုလိုပြောပြသည်။

“ဥပမာတခု ကျနော်တို့ငါးတကောင်ရတယ်။ ငါးတကောင်ရှာလို့ရတယ်ဆိုရင် ဒီငါးကို ဘယ်လိုစားမလဲဆိုတာ စဉ်းစားတာ။ ငါးရှာလို့ ရရင် ငါးက စားဖို့ပဲပေါ့။ ငါးစားတာ စဉ်းစားစရာလိုသေးလား။ ခင်ဗျားတို့ တွေးမိမှာပဲ။ ဒါပေမဲ့ ဒီငါးကို ဘယ်လိုစားမလဲဆိုတာ ကျနော် တို့က စဉ်းစားတာ။ စဉ်းစားတယ်ဆိုတာ ဒီငါးကို ဘယ်သူ့ကို ကျွေးမလဲဆိုတာ စဉ်းစားတာ။ ကျနော်တို့ အဲဒီလိုစဉ်းစားတာ။ ဒီငါးကို ငါစားဖို့ မစဉ်းစားဘူး၊ ကျနော်တို့ထဲက ဘယ်သူ့ကို ကျွေးမလဲလို့ ကျနော်စဉ်းစားတာ။ စဉ်းစားလိုက်လို့ရှိရင် ဒို့အထဲထဲမှာ ဘယ်သူ တွေက ဖျားနာနေသလဲ၊ ဘယ်သူတွေ ဖျားနာနေလို့ရှိရင် အဲဒီ့ရဲဘော်တော့ အာဟာရဓာတ်လိုနေမှာပဲ၊ ဒီငါးကို ငါကျွေးမယ်ဆိုတဲ့ အဲဒီ့လို စဉ်းစားတာ။ အဲဒီလိုဟာမျိုး နာဖျားမကျန်းဖြစ်တဲ့ ရဲဘော်တွေကိုပဲ အရင်ဆုံးကျွေးဖို့စဉ်းစားတာ။

နာဖျားမကျန်းဖြစ်တဲ့လူမရှိလို့ရှိရင် နာလန်ထတွေကို ကျနော်တို့ကျွေးဖို့စဉ်းစားတာ။ နာလန်ထတွေမှာ မရှိဘူးဆိုလို့ရှိရင် ကျနော်တို့ ခုနက စောစောကပြောခဲ့တဲ့ သခင်ခင်အောင်တို့လို လေထီးဗိုလ်အုန်းမောင်တို့လို ၆၀ ကျော်၊ ၇၀ အဘိုးကြီးတွေကို ကျနော်တို့ကို ကျွေးတယ်။ အဲဒီ့အဘိုးကြီးတွေကလည်း မစားဘူး၊ ဖိုကြီးကိုပဲသွားပေးတယ်” စသည်ဖြင့် ပြောဆိုကာ

“ ကျနော်တို့ခေတ်က လူငယ်တွေရဲ့စိတ်ဓာတ်ကို ပြောပါတယ်၊ ကျနော်တို့ကျွန်းမှာ ဘယ်လို လက်တွေ့ဘ၀ နေထိုင်မှု ထူထောင်သလဲ ဆိုတာ ကျနော်ပြောပြချင်တာပါ ” ဟူ၍ ရဲဘော်အချင်းချင်းထားရမည့် စိတ်ဓာတ်နှင့် ခံယူချက်ကို မျိုးဆက်သစ်လူငယ်များ စံပြုလိုက် နာဖွယ်ဖြစ်အောင် ဟောပြောခဲ့သည်။



နိဂုံးပိုင်းတွင် ဆရာရဲဘော်ရှောင်းက တော်လှန်ရေးတရပ်တွင်တွေ့ရတတ်သည့် ရေသာခိုလှေကြုံစီး အချောင်သမားများ၏ စရိုက် လက္ခဏာများနှင့် ယင်းတို့၏ဘ၀နေ၀င်ချိန် တန်ဖိုးမဲ့ပုံကို သတိသံဝေဂရဖွယ်ဖြစ်အောင်လည်း ပြောကြားသွားခဲ့သည်။

ဆရာက “အမွေ” ဟူသောခေါင်းစဉ်နှင့် ဟောပြောရခြင်းနှင့်စပ်လျဉ်း၍ “ ငါ တလျှောက်လုံးတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တယောက်အနေနဲ့ ငါ့ရဲ့ဖြူစင်တဲ့စိတ်ဓာတ်နဲ့ ငါ့ရဲ့ ဖြူစင်တဲ့သန့်ရှင်းတဲ့ အတွေ့အကြုံတွေကို ငါ့သားတွေသမီးတွေ နောင်လာနောက်သားတွေ ဒီအမွေပဲ ငါ့မှာပေးစရာရှိတယ်” ဟု ခံယူသည့်အတွက် ယခုလို ဟောပြောရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ထိုစာပေဟောပြောပွဲသို့ နို့ဖိုးဒုက္ခသည်စခန်းအတွင်းရှိ ကရင်မျိုးဆက်သစ်လူငယ်များအပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်းစုံ စာပေ ၀ါသနာရှင် (၁၅၀) ခန့်တက်ရောက်ခဲ့သည်။ စာပေဟောပြောပွဲတက်ရောက်သူ လူငယ်ကိုလှမြင့်ကျော်က

“ဒီဟောပြောပွဲက သိပ်တန်ဖိုးရှိတယ်။ ကျနော်တို့စိတ်ဓာတ်တွေကို အားမာန်နဲ့ သတ္တိခွန်အားကို ရစေတယ်။ ပြီးတော့ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းကြားက ကွာဟမှုကို ဆွဲစေ့လိုက်သလို ဖြစ်သွားတယ်။ တော်လှန်ရေးဆိုတာ ကိုယ်ကျိုးစွန့်အနစ်နာခံမှု ပေးဆပ်မှု မပါဘဲ အခွင့်အရေးသမားတွေနဲ့ချည်းဆို ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ အတွေးရတယ်ပေါ့ဗျာ” ဟု ပြောသည်။

စာရေးဆရာ ရဲဘော်ရှောင်းခေါ် ပဒိုမန်းငြိမ်းမောင်သည် မဆလခေတ် ၁၉၆၉ - ခု ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် စာရေးဆရာ ဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ ကေတီဦးကျော်တင့်၊ လူထုဦးစိန်ဝင်း၊ လေထီးဦးအုန်းမောင်၊ ဆရာရာဂျန် စသည့် နိုင်ငံရေး အကျဉ်းသား (၂၃၃) ဦးတို့နှင့်အတူ ကိုးကိုးကျွန်းသို့ ပထမဆုံးအသုတ်အဖြစ် အပို့ခံခဲ့ရသည်။

ပေးပို့သူ ကိုခင်လွန်း



ကြယ်နီတပွင့်

ကမာဇင်ယော်
post by Wednesday, August 26, 2009
ကျနော်ငယ်ငယ်က နေခဲ့တဲ့ကျောင်းက အမှတ် (၂၅) အထက။ မန္တလေးမြောက်ပြင်မှာရှိတယ်။ ကျနော်တို့ကတော့ ‘နောက်ဆုံးပေါ် ကျောင်း’ လို့ ခေါ်ကြတယ်။ အဲဒီတုန်းက မြို့သစ်မှာရှိတဲ့ အမှတ် (၂၆) က မဖွင့်ရသေးဘူးလေ။ တခြား မြို့ထဲဘက်မှာ ကျောင်း သွားတက်နိုင်တဲ့ သူတွေကတော့ ‘အမှိုက်ပုံကျောင်း’ ‘ကြက်ခြံကျောင်း’ လို့ နှိမ်ခေါ်ကြတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီကျောင်းမှာ ကျနော် ပျော်ခဲ့ပါတယ်။ အဲဒီမှာဘဲ ကျနော့် ဘ၀ရဲ့ အခင်မင်ရဆုံး သူငယ်ချင်းတွေ ရခဲ့ပါတယ်။

ကျနော်ရဲ့ ငယ်ဘ၀ ‘role model’ က ကိုစိုးလို့ ကျနော် အမြဲခေါ်ဝေါ် ရင်းနှီးရတဲ့ စိုးသန်းနိုင်ဘဲဖြစ်ပါတယ်။ ကျနော်သူ့ကို အားကျတယ်။ သူ့ကို အတုခိုးတယ်။ ကျောင်းကို ရောက်တာနဲ့ သူ့ကိုဘဲ ရှာတယ်။ နောက်တော့ သူ့အိမ်ကိုယ်ဝင် ကိုယ့်အိမ်သူဝင်နဲ့ နှစ်အိမ်တအိမ် စားအိမ်သောက်အိမ် ဖြစ်တဲ့အထိ ခင်မင်ခဲ့ကြတယ်။ ဒါပေမဲ့ နှစ်အိမ် ရဲ့ စရိုက်ကတော့ ကွဲကြတယ်။ ကျနော်တို့အိမ်က ပျော်ပျော်နေသေခဲ့ မူကိုင်ထားတဲ့အိမ်ပေါ့။ ကိုစိုးတို့ အိမ်ကတော့ တကယ့် တက်ကျမ်း တွေထဲက စံပြမိသားစုပါဘဲ။ ကိုစိုးအဖေက လူငယ်သင်တန်း ကျောင်းက ကျောင်းဆရာတယောက်ပါ။ အိမ်မှာလည်း လက်လက် ထ နေတဲ့ ကျွန်းပြားပေါ်မှာ ‘တိုင်းပြည်ကို ထိရင် မချိအောင်နာတယ်’ လို့ ရေးပြီး ဧည့်ခန်းမှာ ချိတ်ထားတယ်။ အဲဒါကို မြင်တိုင်း ကျနော်က အလိုလို ပြုံးမိတယ်။ အဲဒီအပြုံးကို ကိုစိုးအဖေက အတော်အမြင် ကတ်တယ်လို့ နောက်ပိုင်းပြန်သိရတယ်။ အဲဒီဘိုးတော်က ကျနော် ကို သိပ်မကြည်ပါဘူး။ လမ်းသရဲလို့မြင်ပါတယ်။ ဒါပေမဲ့ အဲဒီအထစ် အငေါ့က ကျနော်တို့ရဲ့ ခင်မင်မှုကို အဟန့်အတားမဖြစ်စေခဲ့ပါဘူး။

ကျနော်တို့ အုပ်စုမှာ ကျနော်တို့ချည်း မဟုတ်ပါဘူး။ အမြဲတမ်းက တော့ ကိုကျော်လှိုင်၊ ကိုတင်ထွန်းဦး၊ စိုးမြင့်အောင်၊ မောင်မောင်နိုင်၊ ကိုစိုးနဲ့ ကျနော်တို့က တတွဲတွဲရှိကြပါတယ်။ အများစုက စာတော်ကြတော့ ကျနော်တို့အုပ်စုက ကျောင်းမှာ ပေါ်ပြူလာဖြစ်ပါတယ်။ ၉ တန်း နှစ်အောင်တော့ ကျနော်တို့ ကျောင်းမှာ အဆင့် တစ်ကနေ ၅ ထိ စုပေးပါတယ်။ ကိုကျော်ကျော်လှိုင်က ပထမ၊ ကိုစိုးက ဒုတိယ၊ စိုးမြင့်အောင်က တတိယ၊ မတင်အိဆိုတဲ့ ခပ်ရိုးရိုး ကျောင်းသူတယောက်က စတုတ္ထနဲ့ ကျနော်က ပဉ္စမ ရတယ်လေ။ ဒါပေမဲ့ ကျောင်း သူတွေကြားမှာ ပေါ်ပြူလာကတော့ ကိုစိုးပါဘဲ။










ကိုးစိုးကို ကောင်မလေးတွေက ‘ပြာလောင်’လို့ ခေါ်ကြတယ်။ သူက စာဖတ်များတော့ ပါဝါမျက်မှန်တပ်ထားရတယ်။ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနဲ့ ကြည့်ကောင်းတော့ ကောင်မလေးတွေက ခိုက်ကြတာပေါ့။ ကျနော်အားကျတဲ့ အချက်ထဲမှာလည်း အဲဒါလည်းပါတယ်။ ကျောင်းတက်တဲ့ အချိန်မှာ အပြင်စာလည်းဖတ်တော့ ဗဟုသုတလည်း စုံသူဖြစ်ပါတယ်။ တနေ့ လမ်းပျောက်နေတဲ့ နိုင်ငံခြားသား တယောက်ကို အထက်တန်းကျောင်းသားသာဖြစ်သေးတဲ့ ကိုစိုးက အင်္ဂလိပ်လို့ လမ်းညွှန်ပေးနေတာ ချောလို့ဘဲ။ ဒါကိုလည်း ကျနော် အားကျတယ်။ အိမ်ပြန်ရောက်တာနဲ့ အခန်းထဲမှာ ‘ဟောင်အာယူ ‘ ‘ '၀ပ်ကန်အိုင် ဒူးဖေါ်ယူ’ စပီကင်တွေ အပြောကျင့်မိတာ တပတ် လောက်အရှိန်တက်သွားတယ်။ အားကျရုံဘဲဆိုတော့ ဆက်မလုပ်ဖြစ်ပါဘူး။

ဆယ်တန်းစာမေးပွဲနီးတော့ စာတွေစုကျက်ကြတယ်။ ကိုစိုးအမေက ကျနော်တို့ စားဖို့ လက်ဘက်လေး။ ထမင်းကျော်လေးစသဖြင့် လုပ်ပေးလေ့ရှိတယ်။ အိပ်ပျော်သွားတဲ့သူကို အိုးမဲသုတ်တာ၊ စောင်ယူပြေးတာ၊ ရေလောင်းတာနဲ့ ဆယ်တန်းအကြို ကာလဟာလည်း ပျော်စရာတွေနဲ့ဖြစ်ခဲ့တယ်။ ကျနော်နဲ့ မောင်မောင်နိုင်ကတော့ ညဘက် လူလစ်တာနဲ့ လယ်ကွက်ထဲမှာ ဓာတ်မီးကိုယ်စီနဲ့ ဖါးရိုက်ကြ တယ်။ မောင်မောင်နိုင်ရဲ့ ဖါးရိုက်သင်တန်းမှာ ကျနော် ပထမရပေမဲ့ ကျနော်နဲ့ မောင်မောင်နိုင် ဆယ်တန်းကျကျန်ခဲ့တယ်။ ကိုတင်ထွန်း ဦး လည်း ကျကျန်ခဲ့တယ်၊ သူက ဖါးရိုက်လို့ မဟုတ်ဘူး။ သူက ကျောင်းမှာ လမ်းစဉ်လူငယ်ခေါင်းဆောင်၊ လုပ်အားပေးနဲ့ ကြက်ခြေနီ သင်တန်းနဲ့၊ အလုပ်တွေရှုပ်ပီး ကျတာ။ သူ့ကို ကျနော်တို့က “ယောင်ခြောက်ဆယ်” လို့ ခေါ်ကြတယ်။ သူအိမ်မှာ သကြားစက်ရှိတယ်။ မန္တလေးနဲ့ မတ္တရာကြားမှာ ဇီးခြံတွေလည်းရှိတော့ သူက မဖြုံပါဘူး။

ကိုတင်ထွန်းဦးက နောက်ပိုင်း ရုပ်ရှင်တွေမှာ ဇာတ်ရံလုပ်တယ်ဆိုလားဘဲ။ ဒါရိုက်တာတင်ဦးရဲ့ ‘ကြောင်ရိုင်း ၃၀’ ဆိုတဲ့ စစ်ကားမှာ သရုပ်ဆောင်သေးတယ်ဆိုဘဲ။ ကိုကျော်လှိုင်ကတော့ ဆေးကျောင်းဝင်သွားတယ်။ နောက်ပိုင်း ကျောင်းလခမသွင်းနိုင်တာနဲ့ ဆေးတပ် ထဲဝင်လိုက်ရတယ်။ ဆေးတပ်က သူ့ကို ကျောင်းလခပေးတယ်။ လကုန်ရက်မှာ ကိုကျော်လှိုင် ယူနီဖေါင်းဝတ်ပီး ဒေါက်မှာ အဖြူလေး ပတ်ထားရတယ်။ ကိုကျော်လှိုင်ခင်ဗျာ ရှက်လို့ လူရှင်းတဲ့လမ်းက လစာသွားထုတ်လေ့ရှိတယ်။ စိုးမြင့်အောင်ကတော့ RIT တက်ရလို့ ရန်ကုန်ကိုသွားသွားနေရတယ်။ ကိုစိုးကတော့ မိဘဖိအားပေးလို့ ဗိုလ်သင်တန်း တက်လိုက်ရတယ်။ ကျနော်ကတော့ ခုလိုအုပ်စုကွဲ သွားမှ အိမ်မက်ကလန့်နိုးသလို၊ မဖြစ်ဘူး၊ ဆယ်တန်းတော့ အောင်မှရမယ်ဆိုပီး စာအုပ်ပြန်လှန်ဖြစ်တယ်။

ဆယ်တန်းတုန်းက ကိုစိုးကိုကြိုက်တဲ့ ကောင်မလေးတွေထဲမှာ နှစ်ယောက်ကတော့ အမှတ်ထင်ထင်ပါဘဲ။ တယောက်က မမော် ကျောင်းနားမှာဘဲနေတယ်။ တယောက်ကတော့ ရွှေဖါးစည် လက္ဘက်ရည်ဆိုင်က အကြီးမ (နာမည်မသိလို့)။ သူတို့မှာ ညီအမ နှစ်ယောက်ရှိတယ်။ မိဘချင်းက ကိုစိုးကို အကြီးမနဲ့ သဘောတူတယ်။ ရွှေဖါးစည်ပိုင်ရှင်က ဗိုလ်ကြီးစိန်ဝင်း။ ဗိုလ်ကြီးလို့ခေါ်တာ နှုတ်ကျိုးနေလို့ပါ။ သူ့ရာထူးက ဗိုလ်ကြီးထက်ကြီးပါတယ်။ ကရင်အမျိုးသားပါ။ အဲဒီတုန်းက စစ်ဘက်ကထွက်ပါပြီ၊ သမ၀ါယမမှာ လူကြီးလုပ်နေပါတယ်။ အိမ်မှာ လက္ဘက်ရေဆိုင်နဲ့ ငါးကန်တွေရှိပါတယ်။ လက္ဘက်ရည်ဆိုင်က ဟန်ပြလောက်ဖွင့်ထာတာ။ ဘတ်ငွေ တွေအတွက် ‘စ’သုံးလုံး ရှောင်ဖို့ပါ။ ဘတ်ငွေဆိုတာက ထိုင်းငွေကို ပြောတာမဟုတ်ပါဘူး။ ရုံးကနေ ‘ဘတ်’ ထားတဲ့ ငွေတွေကို ပြောတာပါ။ ကိုစိုးက အကြီးမ ဆိုတော့ ကျနော်က မဆီမဆိုင် ‘အငယ်မကို ငါရရင်ကောင်းမှာဘဲ ‘ လို့ စိတ်ထဲမှာ ခွဲတမ်းဝင်ခွဲလိုက် သေးတယ်။ အုပ်စုတွေကွဲသွားပေမဲ့ ကိုစိုး ဗိုလ်သင်တန်းက ခွင့်ပြန်လာတဲ့အခါ အပြေးသွားတွေ့မိတတ်ပါတယ်။











ကျနော် - “ကိုစိုး - ဒါကြီးက ဘာလဲ”

ကိုစိုး -“ ဘယ်ညာကြိုးကွ၊ စစ်သုံးပစ္စည်းလေ”

ကျနော် - “ဒါလေးကဘာလဲ”

ကိုစိုး - “ညဘက်သုံတာ။ ထိပ်ပိုင်းကို ချိုးပြီး အပေါ်ကို ထောင်ထားရင် မီးရှူးတွေ ထွက်လာလိမ်မယ်၊ ဒါဆိုမင်းတည်နေရာကို အခြားသူ သိနိုင်တာပေါ့”

“ညလှုပ်ရှားမှုတွေအတွက်သုံးတာ”

ကျနော်က ကိုစိုးကို အားကျစိတ်နဲ့ လိုက်စပ်စုနေတတ်တယ်။

ကိုစိုးကလည်းစိတ်ရှည်လက်ရှည်ပြန် ရှင်းပြတယ်။ ကိုစိုးက ဗိုလ်လောင်းသင်တန်းအမှတ်စဉ် “၂၈“ နဲ့ အောင်သွားတာဆိုတော့၊ ကျနော်က နောက်နှစ် အပတ်စဉ် ”၂၉” မှာတက်မယ်ပေါ့။ အားကျစိတ်နဲ့ ဗိုလ်ရူးလိုက်သေးတယ်။ ဟိုမေး ဒီမေးလုပ်ရင်း ကိုစိုး မျက်မှန် မတပ်ဘဲ နေလို့ နီနေတဲ့ မျက်လုံးတွေကို ကြည့်ရင်း စိုးရိမ်စိတ်နဲ့

”ညလှုပ်ရှာမှုတွေက ဘာတွေလဲ၊ ကိုစိုးမျက်လုံနဲ့ အဆင်ကော ပြေရဲ့လား”

မေးကြည့်တော့ ကိုစိုးကတော့ အေးဆေးပါဘဲ။ ညလှုပ်ရှာမှုဆိုတာ ကိုယ်စီတိုက်ပွဲလေ့ကျင့်ခန်းတွေ။

ညသေနတ်ပစ်လေ့ကျင့်ခန်းတွေ လုပ်ရတဲ့အကြောင်း ပြောပြတယ်။ တဆက်တည်း ညဘက်မှာ မီးလုံးဖွင့်ပေးပုံ၊ အဲဒီမီးလုံးကို ပြန် မပိတ်ခင် ပစ္စတိုနဲ့ လှမ်းပြစ်ရပုံတွေကို ရှင်းပြတယ်။ ကိုစိုးကဘဲ

'မျက်လုံးမကောင်းတော့ ကိုယ်ဘယ်လိုလုပ်လဲ မေးချင်တာမဟုတ်လား၊ မပူပါနဲ့ကွာ ရမ်းပစ်တာပေါ့၊ မျက်လုံးကောင်းတဲ့ကောင်တွေ လည်း မမှန်ပါဘူးကွ။'

ပြောရင်းနဲ့ ကိုစိုးက မေးတယ်။

'ဘာလို့ ဒါတွေကို အသေးစိတ်သိချင်တာလဲ။' ကျနော်က

'ကျနော်လည်း ဗိုလ်သင်တန်းလျောက်မယ်။ ဘာတွေပြင်ဆင်ရမလဲ'

လို့မေးတော့ ကိုစိုးက ကျနော်ကို ကြာကြာလေးစိုက်ကြည့်တယ်၊ ကျနော်နားမလည်ဘူး။ ပြီးတော့မှ ကိုစိုးက မင်းစိတ်နဲ့ မဖြစ်ပါဘူး ကွာတဲ့။ တဆက်တည်း သူဗိုလ်သင်တန်းဖြေတုန်းက လူတွေ့စစ်ဆေးတော့ ဗိုလ်ရွေးအဖွဲ့က မေးတဲ့ မေးခွန်းတွေပြန်ပြောပြတယ်။

"အဲဒီတုန်းက ကိုယ့်ကို ၀ိုင်းမေးကြတယ်။ ရွှေဖါးစည်ဆိုင်မှာ ပလာတာရောင်းလားတဲ့။ မင်နဲ့ လူကြီးချင်း သဘောတူထားတာ အငယ် လား၊ အကြီးလားတဲ့။ ဒါပါဘဲကွာ။ စာတွေဖတ်ထားဖို့ ၊ ဆရာဝန်တင်ရွှေရဲ အိုင်ကြူမေးခွန်းတွေ လေ့ကျင့်ထားဖို့ မလိုပါဘူး။ မင်း စိုးရိမ်နေတဲ့ ‘flat-foot’ ဖြစ်တာဘာညာပူမနေပါနဲ့ကွာ၊ ကိုယ်လို ‘ပြာလောင်’ တောင် အရွေးခံရတာဘဲ။"

ဗိုလ်တွေကို အထင်ကြီးထားတဲ့ ကျနော် အူကြောင်ကြောင် ဖြစ်သွားတယ်။

နောက်နေ့ ဈေးချိုဘက်ထွက်လယ်ကျတော့၊ ကိုစိုးက တနေရာအရောက်

”သွားပီကွာ၊ ပုန်းချိန်မရလိုက်ဘူး”

လို့ ရေရွတ်လို့ ကျနော်လှမ်းကြည့်မိတယ်။ စတစ်ကော်လာ အဖြူနဲ့ ပုဆိုးမီပူကျဝတ်ထားပီး လက်ထဲမှာ ဒိုင်ယာယီလို စာအုပ်လေးတွေ ကိုင်ထာတဲ့ လူနှစ်ယောက်။ ဖင်ကောက်ပြီး ဘဲလိုလျှောက်နေကြတယ်။ နောက်တော့ ကိုစိုး ပြေးပြီး အလေးပြုနေတယ်။ ပြန်လာတော့ ရှက်ကိုးရှက်ကန်းနဲ့ ”စီနီယာတွေလေ” တဲ့။ ပြီးတော့ ဗိုလ်သင်တန်းမှာ အကြီးတန်းတွေက လူသစ်တွေကို ပုံစံပေးတယ်ဆိုပီး အနိုင် ကျင့်တတ်ကြကြောင်း ပြောပြတယ်။ ကိုစိုးတရားဟောကောင်းတာနဲ့ ဗိုလ်သင်တန်းဆိုတာကြီးကို လန့်လာတယ်။

ကျနော်ဆယ်တန်းအောင်တော့ မန္တလေးတက္ကသိုလ်မှ သင်္ချာဘာသာနဲ့ ကျောင်းဆက်တက်ဖြစ်တယ်။ နဂိုလ်ကမှ ရည်မှန်းချက် သိပ် မရှိတဲ့လူဆိုတော့ တက္ကသိုလ်ရက်တွေကို ပျော်ပျော်ကြီးဘဲ ဖြတ်ဖြစ်ခဲ့တယ်။ ဂျိုးသိန်းဆေးပေါ့လိပ်ကြော်ငြာ ပြက္ခဒိန်မှာ ဂျူလိုင်လ ၇ ရက်နေ့ကို ဘောလ်ပင်နဲ့ ၀ိုင်းပြီး လိုက်ဝေတာတောင်၊ အဓိပ္ပာယ်ကို ကျနော်မသိခဲ့ဘူး။ အပြစ်တောင်တင်လိုက်သေးတယ်။ ဘာလဲကွာ၊ ကြော်ငြာကမ်းတာလည်း အဟောင်းကြီးတွေ လိုက်ဝေနေတယ်။ ပိုးဟပ်ဖြူလို့ခေါ်တဲ့ ငြိမ်းချမ်း (လူ့ဘောင်သစ် အထက်ဗမာပြည်)က

တက္ကသိုလ်တက်တာ နိုင်ငံရေးလုပ်ချင်လို့တဲ့။

ကျနော် သူ့ကို တခြားဂြိုလ်က ကျလာတဲ့ သတ္တ၀ါတကောင်လိုကြည့်မိခဲ့ဖူးတယ်။ ၁၉၈၇ မရောက်ခင်ထိ ကျနော်တို့ ဘာမှ မသိ မလုပ် နိုင်ခဲ့ပါဘူး။ ကျနော်တို့ ကျောင်းမှာ လုပ်လို့ရတာက အောင်သုခဆေးဆိုင် မှာ ဖန်ဆီဒိုင်း၊ ဒဗလျူဆေးပြားတို့ ၀ယ်သောက်ခွင့်ရှိတာ။ အုပ်စုဖွဲ့ပြီး ရိုက်ကြတာပါဘဲ။ ဘာတွေမကျေနပ်နေကြမှန်းလည်းမသိပါဘူး။

ကျနော်တို့ ငယ်သူငယ်ချင်းတွေ ပြန်ဆုံမိတာကတော့ ကိုစိုးပြန်လာတဲ့ အချိန်တွေပါဘဲ။ အဲဒီအချိန်ဆို ကိုကျော်လှိုင်လည်း အချိန် လုပြီးလာတယ်။ ကိုတင်ထွန်းဦးကတော့ ဗိုလ်တွေလာတယ်ဆိုတော့ ထမင်းစားဖိတ်ရတာအမောဘဲ။ စိုးမြင့်အောင်ကတော့ RIT တက်ပြီး အုပ်စုနဲ့ တဖြေးဖြေးစိမ်းလာတယ်။ လာရင်လည်း ခနဘဲ ထပြန်လေ့ရှိတယ်။ ကျောင်းမှာမဟုတ်ဘဲ ရပ်ကွက်မှာတော့ စိုးမြင့်အောင်၊ ကိုမျိုး၊ ငြိမ်းချမ်းနဲ့ ကျနော်က တွဲဖြစ်တယ်။ စိုးမြင့်အောင်နဲ့ ငြိမ်းချမ်းစကားတွေက ကျနော့် အဖို့ နဲနဲဆန်းလာတယ်။ သူတို့ပြောတာက သပိတ်မှောက်ကျောင်းသားတို့၊ ဒေါက်တာရေချမ်းတို့၊ အရှေ့မှနေ၀န်းထွက်သည့်ပမာတို့ စုံနေတာဘဲ။ ကျနော့် ကိုလည်းမေးသေးတယ်၊

”ရှက်စိတ်ဆိုတာဘာလဲ” တဲ့၊

”ဟ - စိတ်ထဲမှာ ရှက်လို့ ရှက်တာပေါ့ကွ“













လို့ ဘုပြောဖြစ်ခဲ့တယ်။ အုပ်စုထဲက ကိုမျိုးမိသားစုက စိတ်ဝင်စားဖို့ကောင်းတယ်။ အစ်ကိုအကြီးဆုံးက အမြဲစာဖတ်နေတယ်။ မျက်လုံး တဖက် သိပ်မကောင်းဘူး။ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂရဲ့ ခေါင်းဆောင် တယောက်ဖြစ်ဖူးတယ်။ နောက်အစ်ကိုတယောက်က စစ်တပ်က ဗိုလ်မှူးထမင်းချက်။ သူက ထွက်ချင်တာကြာပြီ။ တပ်က ပေးမထွက်ဘူး။ ဗိုလ်မှူးက သူ့လက်ရာကိုကြိုက်လို့တဲ့။ နောက်မှ ဆရာဝန်အကူအညီနဲ့ အရူးလက်မှတ် အတုလုပ်ပြီး ပြမှ၊ ဗိုလ်မှူးဆိုတဲ့လူ့ လန့်ပြီးသူ့ကို ထွက်ခွင့်ပြုလိုက်တယ်။ နောက်အစ်ကိုငယ်က ဆယ်တန်းအောင်၊ စစ်ထောက်လှမ်းရေးတပ်ထဲဝင်သွားတယ်။ မှတ်မှတ်ရရ ကျနော် ဗိုလ်ရူးတုန်းက

“ဆရာဝန်တင်ရွှေ ရဲ့ အိုင်ကြူ“

စာအုပ်ကို လာတောင်းလို့ ပေးခဲ့ဘူးတယ်။ ၀င်တုန်းကတော့ စစ်ထောက်လှမ်းရေး ၁ မန္တလေးမှာ။ ၈၈၈၈ ဖြစ်တော့ အဲဒီလူက စစ် ထောက်လှမ်းရေး ၆ မှာ တာဝန်ကျနေတယ်။ နောက် မန္တလေးပြန်လာတယ်။ ကျောင်းသားတွေကို ရှုံ့ချလို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း အစ်ကိုကြီးက ထပြီး ပါးပိတ်ရိုက်ချလိုက်တယ်။

“မင်းတက္ကသိုလ်မတက်ဖူးတိုင်း အရမ်းလျှောက် မပုတ်ခတ်နဲ့“ လို့ လည်း ကြိမ်းမောင်းလိုက်တယ်။

၁၉၈၇ ငွေစက္ကူကိစ္စမှာ မျက်နှာ သစ်ခက်နဲ့အုပ်ပီး ဆန္ဒပြအုပ်စုနဲ့ ပြည်ထဲရေးဝန်ကြီး ဦးမင်ခေါင်အိမ်ရှေ့ သွားဝိုင်းဘူးတယ်။ နိုင်ငံရေး မရှိသေးပေမဲ့၊ လူစုကွဲပြီးအပြန်မှာ နေသာထိုင်သာရှိလာတယ်။ သိလိုက်ပါပြီ၊ မကြေနပ်နေတာ အုပ်စိုးသူကိုဘဲဆိုတာ။ ၈၈၈၈ မှာတော့ MU (Mandalay Univerisyt Union) မှာ ထဲထဲဝင်ဝင်လုပ်ဖြစ်ခဲ့တယ်။ ၈၈၈၈ ပြီးကာစမှာ လူတွေ ကျနော်တို့ ငယ်သူငယ်ချင်းတွေ ပြန်ဆုံဖြစ်တယ်။ အဲဒီတုန်းကတော့ နောက်ဆုံး ဆုံကြခြင်းဆိုတာ အမှတ်တမဲ့ပါဘဲ။

ဒီတခေါက်တော့ ကျနော့ရဲ့ ကိုစိုးအပေါ်အမြင် တမျိုးလေးဖြစ်လာတယ်။ ပြောသမျှ လေးလေးစာစားနဲ့ အားကျနေတတ်တဲ့ ကျနော်က ကိုစိုးကို အတိုက်အခံလေးတွေ ပြန်ပြောနေဖြစ်ခဲ့တယ်။ အခု ကိုစိုးက နှစ်ပွင့်နဲ့ ရှမ်းသေနတ်ကိုင် တပ်ရင်း ၂ မှာ တာဝန်ကျနေတယ်။ သူနဲ့ အေးကိုကိုဆိုတဲ့ စစ်ကိုင်းဇာတိ တပွင့်ဗိုလ်လေး ပါလာတယ်။ ကိုကျော်လှိုင်လည်းလာတယ်။ စိုးမြင့်အောင်ကတော့ တခြားဝိုင်း ကနေ ခနလာနှုတ်ဆက်ြပီး ကိုယ့်ဝိုင်းကိုကိုယ်ပြန်သွားတယ်။ မကြာခင် ကိုမျိုးရဲ့ အကို စစ်ထောက်လှမ်းရေးဝင်လာတော့ စိုမြင့်အောင် တို့ ထပြန်သွားတယ်။ အဲဒီစစ်ထောက်လှမ်းရေးက တစားပွဲကျော်မှာဘဲ ထိုင်ြပီး ပေါ်တင်လာချက်နေတယ်။

ကျနော်သတင်းရထားတယ်၊ အဲဒီလူက ရန်ကုန်ကနေ သူ့ရည်းစားဖြစ်သူ မန္တလေးဆေးရုံကြီးက နာ့စ်ကို အသုံးချပြီး၊ အဲဒီကတဆင့် ကိုမျိုးကို ခိုင်းထားတယ်။ ကျနော်နဲ့ စိုးမြင့်အောင် ၈၈၈၈ ကာလနဲ့ အပီးမှာ ဘာတွေလုပ်နေလဲဆိုတာ မှတ်တမ်းတင်ထားဖို့။ ကိုမျိုးက ၀ိုင်းပယ်ခံရမှာ ကြောက်လို့ တုန်တုန်ရီရီနဲ့

”မင်းတို့ ငါ့ကို တမျိုးမထင်နဲ့။ ငါ့အကိုက မင်းတို့ကို စောင့်ကြည့်ခိုင်းထားတယ်။ မင်းတို့ကို ပိုခင်လို့ ငါပြောပြတာ” တဲ့။

ကျနော်တို့ဝိုင်းမှာ အဲဒီနေ့က မော်ဆန်းဆိုတဲ့ကောင် ပါလာတယ် ဒီကောင်က မဆလကောင်စီရုံးမှာ စာရေးလုပ်နေတာ။ တချိန်လုံး ကျောင်းကတည်းက အကွက်ရရင် ရသလို ကျနော့်ကိုဆော်ချင်နေတဲ့ကောင်။ အခုလည်း ကျောင်းသားက ကျောင်းသားအလုပ်မှ မလုပ်ကြတာလို့ လှမ်းထေ့တယ်။ ကိုကျော်လှိုင်က ၀င်ဟန့်ပြီး၊ သူတို့မှာ အကြောင်းတရားရှိမှာပေါ့ကွာလို့ ဖြေပြောပေးတယ်။ ၀ိုင်းက အရှိန်လေးရလာတော့ ကျနော်က စောင့်ကြည့်နေတဲ့ စစ်ထောက်လှမ်းရေးအကြောင်း ကိုစိုးတို့ကိုပြောပြလိုက်တယ်။ ကိုစိုးက ချက်ခြင်း ထပြီး၊

“ဟေ့လူ၊ ကိုယ်တို့ဝိုင်းမှာ ကလေကချေ တယောက်မှမပါဘူး။ အရာရှိတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေချည်းဘဲ။ လာစောင့်ကြည့် မနေနဲ့“ လို့ ဟောက်ထုတ်လိုက်တယ်။ အဲဒီက အပြန် မော်ဆန်းကိုပါ

”မင်လည်းပြန်တော့။ ကိုယ်တို့ အချင်းချင်းပြောစရာရှိတယ်“ လို့ မောင်းထုတ်လိုက်တယ်။

ကိုစိုးက လက်အောက်အရာရှိ ဗိုလ်လေးအေးကိုကို ပါနေလို့ စကားကိုထိန်းပြောနေခဲ့တယ်။ ကျနော်ကတော့ အလိုက်မသိ ရင်ထဲမှာ ခံစားရသမျှ ကိုစိုးကိုဘဲ ဦးတည်ပြီး အပြစ်တွေ စွဲချက်တွေတင်နေမိတယ်။ အားလုံးလမ်းခွဲကြတော့ ကိုစိုးက စကားပြောကြရအောင် ဆိုပြီး နှစ်ယောက်ဘဲ ခွဲထွက်လာဖြစ်တယ်။ အဲဒီတော့မှကိုစိုးက

”မင်းပြောခဲ့တာတွေအားလုံးမှန်ပါတယ်ကွာ။ မင်းပြောင်းလဲသွားတယ်လို့လည်းခံစားရတယ်။ ကိုယ်တို့နိုင်ငံသားတွေ ဒီမိုကရေစီ ရသင့် ပါတယ်ကွာ။ ဒါပေမဲ့ ကိုယ်ဘာမှ မတတ်နိုင်ဘူး။ ဒီမိုကရေစီ အကင်းမဲ့ဆုံးနေရာက စစ်တပ်ဘဲကွ။ အမြင်မတော်တာတွေ နေ့စဉ်နဲ့ အမျှဘဲကွ။ ရေငုံနေရတယ်။ ကိုယ်မနေနိုင်လို့ ထပြောမိရင် နောက်နေ့ သေနိုင်တဲ့ ရှေ့ တန်းကို ကိုယ့်ကိုပို့လိုက်ကြမှာဘဲ။ မတတ်နိုင် ဘူးကွာ၊ ရွေးခဲ့တဲ့ လမ်းဘဲ။ မနက်ဖန် ကိုယ်တို့ နောက်တန်းပြန်ရမယ်။ မှော်ဘီရောက်ပြီးမှ ကျေးသီးမန်ဆန်ကို ရှေ့တန်းပြန် ထွက်ရမယ်။ သူငယ်ချင်းရာ။ ကိုယ် မင်းကိုတောင်းပန်ပါတယ်။ ကိုယ်မရှိတုန်း အမေ့ကို စောင့်ရှောက်ပေးပါကွာ။ ကိုယ်က ကိုယ့်ကို ကိုယ်မပိုင်တော့ဘူးကွ။”

နောက်တော့ ကျနော်တို့ နှစ်ယောက် ဘာတွေဆက်ပြောဖြစ်နေခဲ့ကြလည်း မသိတော့ပါဘူး။

နောက်တနေ့တော့ ကိုစိုးတို့ တပ်ရင်းပြန်သွားတယ်။ စိုးမြင့်အောင်ရောက်လာပြီး ကျနော်ကို တိုးတိုးပြောတယ်။ ”မင်းသွားရတော့မယ်။” ညပိုင်းမှာခရီးထွက်ဖို့ အပြင်တနေရာမှာစောင့်အိပ်ဖို့ စက်ဘီးနဲ့ လိုက်ပို့ပေးတယ်။

ခရီးစဉ်စတော့ အဝေးပြေးကားပေါ်မှာ တလျှောက်လုံး ကိုစိုးအကြောင်းစဉ်းစားနေမိတယ်။ နှမျောသလိုလည်းခံစားရတယ်။ ကိုစိုးရဲ့ ၉ တန်းတုန်းက ဆုရတဲ့ စာစီစာကုံးလေးအကြောင်းလည်း ခေါင်းထဲဝင်လာတယ်။

”လူငယ်ဆိုတာ တိုင်ပြည်အတွက် အနာဂတ်ကြယ်တပွင့်”














တဲ့။ အဲဒီထဲမှာ ကိုစိုးရဲ့ မျော်လင့်ချက်တွေ၊ အားမာန်တွေ၊ အိပ်မက်တွေ တစုတစည်းတည်း တွေ့ခဲ့ရဘူးတယ်။ အားကျခဲ့တယ်။ ကိုစိုးလုပ်နိုင်ခဲ့မယ်လို့လည်း ယုံကြည်ကိုးစားခဲ့တယ်။ ဒါပေမဲ့လည်း လမ်းခွဲတဲ့ညက ကိုစိုးရင်ဖွင့်ခဲ့တဲ့ ခံစားချက်တွေ၊ မျော်လင့်ချက် မဲ့ပြီး ကျဆုံးနေတဲ့ ကိုစိုးရဲ့ပုံရိပ်တွေက ကျနော့်ရင်ကို နာကျဉ်စေခဲ့တယ်။

"သြော် - ကိုစိုးရဲ့ အိပ်မက်တွေကို ပြည်တွင်းဖြစ် ဖက်ဆစ်ယန္တယား ၀ါးမျိုးခဲ့ပြီဘဲ။ မျော်လင့်ချက်အားမာန်တွေနဲ့ ပြည့်လျှမ်းခဲ့တဲ့ လူငယ်တယောက်ဘ၀ဟာ စစ်အုပ်စုယန္တယားရဲ့ ခွေးသွားစိတ်လေးတခုအဖြစ် သေးသိမ် ကျဆုံးခဲ့ပြီဘဲ” လို့

ကောက်ချက်ချမိလိုက်တယ်။ ကျနော်လည်း ကားလမ်းတွေဆုံးလို့ ယုံကြည့်ချက်တူသူတွေနဲ့ လက်တွဲဖို့ ” မဲနယ်” တောင်ခြေကို ခြေချမိတယ်။ ခြေချမိလိုက်တာနဲ့တပြိုင်နက်တည်း ယုံကြည်ချက်တွေကြောင့် ပိုပီးအာအင်းပြည့်လာခဲ့တယ်။

အရှေ့ မိုးကောင်းကင်ကို မော့အကြည့်မှာတော့ - ကြယ်နီတပွင့် လင်းလက်တောက်ပနေတာတွေ့လိုက်ရတယ်။

http://www.naytthit.com/articals/august09/article_august26.html