Friday, August 28, 2009

သံဃာ့အဖွဲ့ခွဲ(၁..၂..၃..)နှင့်ပတ်သက်သောကြေငြာဖြေရှင်းချက်မှာ

ဖိုင်ရယူရန်

Sangha 455_2009_28
အင်တာနက်စာမျက်နှာ များပေါ်တွင် ထွက်ပေါ်နေသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုအဖွဲ့ခွဲ (၁၊၂၊၃) ကိစ္စအား အဖြစ်မှန် သိရှိအောင် အသိပေးခြင်း နှင့် မေတ္တာရပ်ခံခြင်း စားအားပေးပို့အပ်ပါသည်။ လိုအပ်သလို ကူညီ ဆောင်ရွက်ပေးကြပါရန် နှင့် ဒကာ ကျော်ကျော် ၏ လုပ်ရပ် နှင့် ပတ်သက်ပြီး အထောက် အထားများ လိုအပ်ပါက သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံသို့ ဆက်သွယ် တောင်းယူ နိုင်ပါ သည်။



သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ

အိုးဝေဂျာနယ်အမှတ်(၄)၂၈.၀၈.၂၀၀၉

ဖိုင်ရယူရန်

Oway No.4 Pcversion

နအဖ WMD စစ်လက်နက်အင်အား တိုးချဲ့ထုတ်လုပ်နေ

download file here

Junta Wmd Project

source...http://saveburma.wordpress.com/2009/08/28/burmese-junta-wnd-project/

ပခုက္ကူ က“ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ ချုပ်”

ပခုက္ကူ က “ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ ချုပ်” ဆိုသည့် “ ဒေါင်းယောင် ဆောင် တဲ့ ကျီး “ များ

မကွေးတိုင်း ပခုက္က ခရိုင် အတွင်း နအဖ ရဲ့တပည့် လက် သားများ မှနေ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ တရားဝင် အမှတ်တံဆိပ် အမှတ်အသားတခု နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အလံ ၂ ခု တို့  အားဘမ်း ပြ၍ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ဟု ဆို ကာ ရုံးခန်းဖွင့် လှစ်ခြင်း ၊ အစည်းဝေး ခေါ်ယူခြင်းများကို ပြည်သူလူထု သို့  တရားဝင် ပါတီ များ ဖွဲ့ စည်းခွင့် နှင့် ဆိုင်းဘုတ် တင် ခွင့် ရှိပြီ ဖြစ်ကြောင်းတရားဝင် မကြေငြာပါပဲ နှင့်  ယခုလို့  မြို့  လည် ခေါင် မှာ “ ဒေါင်းယောင် ဆောင် တဲ့ ကျီး “ များ ကဲ့ သို့ ဗြောင်ကျကျ လုပ် ဆောင်လျှက် ရှိနေပါသည် ။
အဆိုပါ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ ဖွင့် လှစ် သည် နေရာမှာ ဦးဝင်းဇော် ဆို သူ ၏ နေအိမ် ဖြစ်ပြီး ၁၇ -လမ်း ၊ အမှတ် ( ၁၁ ) ရပ်ကွက် ၊ ပခုက္ကူမြို့  တွင် ဖြစ် ပါ သည် ။ ၎င်း ဦးဝင်းဇော် သည် အမတ်အဖြစ် အရွေးခံ မည့်  သူ ဖြစ် ပြီး ရွာပေးကျောင်းဆရာ အဖြစ်လည်းကောင်း ၊

ဆီစက် ပဲခွဲစက်များတွင် လည်းကောင်း ၀င်ရောက် အလုပ်လုပ် ကိုင် ခဲ့ပြီး ယခုအခါတွင် ဘောလုံးပွဲ ၂ - ၃ လုံးထီ ဒိုင်ဖွင့် လှစ်ကာ အာဏာပိုင်များနှင့် ပူးပေါင်းကာစီးပွားရေး လမ်းဖြောင့် နေသူ ဖြစ် ပါ သည် ။ မတ်ရပ် ပြောနေသူမှာ ဦးတင် မြိုင် ( တ စ ည ) ဟောင်းတဦး ဖြစ် ပါ သည် ။


အထက်ပါအခန်းအနားသို့  တက်ရောက်ခဲ့သူများမှာတော့  ၂ လုံးထီ ချဲ စသည် လက်ခွဲ ရောင်းချနေသော ရပ်ကွက် ထဲ မှ ရဲနှင့် မလွတ်ကင်းကြသည့် သူများသာ ဖြစ်သည် ။

သို့ ပါသော်လည်း တရားဝင် ပါတီဖြစ် သည့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးများကိုတော့  အကြောင်းပြချက် မရှိပဲ ပိတ်ထားခဲ့ သည်မှာကာလာကြာပြီ ဖြစ်သည့်  အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပွင့်ဖြူမြို့  နယ် စည်းရုံး ရေး အဖွဲ့  ဆိုင်းဘုတ်အား မြို့  နယ်အာဏာပိုင်တို့  မှ လာရောက်၍ ဖြုတ်ချခိုင်းခြင်း ၊ အဖွဲ့ ဝင် တို့ မှ ဖြုတ်ချ မပေးနိုင်ကြောင်း ပြန် လည် ပြောကြားသော အခါ ၎င်းညတွင်ပင်အမျိုးအမည်မသိအဖွဲ့ အစည်းမှ ခိုးကြောင်ခိုးဝှက် ဖြုတ်ယူသွားခြင်း ။ အဖွဲ့ ချုပ် မှတရားဝင်ထုတ်ပြန် ကြေငြာချက်များ စာရွက်စာတမ်းများကို သက်ဆိုင်ရာမြို့  နယ် များတွင် ဖြန့် ဝေခြင်းမပြုရန် မြို့  နယ် အာဏာပိုင်အဖွဲ့  အစည်း မှ ခေါ်ယူပိတ်ပင်တာဆီးခြင်း ၊ စသည်တို့  ကိုပြုလုပ်လျှက်ရှိပါသည် ။ ( ဥပမာ - ပခုက္ကူ ကံမ မြို့  နယ် မှ လူငယ် အဖွဲ့ ဝင်ကိုဌေးဝင်းနှင့်  ပခုက္ကူမြို့  နယ်စည်းအဖွဲ့ ဝင် ဦးပိုက်ကို တို့  အား မြို့  နယ် အာဏာ ပိုင်အဖွဲ့ အစည်းမှ ခေါ်ယူ တားမြစ်သတိပေးခဲ့ ခြင်း ) များကို တဖက်သက် နှိပ်ကွပ်လျှက် ရှိပါကြောင်း တင် ပြ လိုက်ရ ပါသည် ။

source... http://www.freeforcountry.co.cc/

တတိယ အကြိမ် သံဃာ့သပိတ်ဆင်နွဲရန်အတွက် တာဝန်ခွဲဝေဖွဲ့စည်းခြင်း


ရန်ကုန် မြောက်ပိုင်းခရိုင် ( လှိုင်သာယာ ) မြို့နယ် အတွင်း ရှိ ကျောင်းတကျောင်းတွင် သံဃာ တော် အင်အား ၁၅ ပါးခန့်နှင့် သီလရှင် အင်အား ၈ ပါးခန့်တိုမှ သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲ(၁) ၏ ညွှန်ကြားချက်အောက်မှ မြတ်စွာ ဘုရားသားတော် သမီးတော် များ၏ သံဃာအားလုံး စုစည်းညီညွတ်မှု့ အထိမ်းအမှတ်သံဃာ့သပိတ် ဆင်နွဲရန်အတွက် အောက်ပါလှုပ်ရှားမှု့များ ပြုလုပ်ရန်အတွက် လှုပ်ရှားမှု့ အဖွဲ့ခွဲငယ်များ ထပ်မံ ဖွဲ့စည်းလိုက်သည်။

၁- သံဃာ့တပ်ပေါင်းစု အဖွဲ့၏ ထုတ်ပြန်ကြေငြာချက်အပါအ၀င် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအသီးသီး၏ သပိတ်တိုက်ပွဲ ခေါ်စာ ထုတ်ပြန်ကြေငြာချက်များ တတိုင်းပြည်လုံးအတိုင်းအတာနှင့် ဖြန့်ဖြူးနိုင်ရန်-
၂- သံဃာ့တပ်ပေါင်းစု ထုတ်ပြန်ကြေငြာချက်တွင် ပါဝင်သော သံဃာ့ကိစ္စများကို မလိုက်နာပဲ ဆန့်ကျင်ကာ နအဖ စစ်အစိုးရနှင့်ဆက်လက်ပေါင်းသင်းနေသောသံဃာတော်များ သီလရှင်များကို သံဃာထုတရပ်လုံးမှ အမည်။မိဘအမည်။ကျောင်းတိုက်အမည်။မြို့ရွာအမည်များ မှတ်သားကာ ပကာသနီယကံပြုကာ သံဃာအဖြစ်၊သီလရှင်အဖြစ်မှကျဉ်ဖယ်မည်ဖြစ်သည့်အတွက် မှတ်တမ်းပြုစုနိုင်ရန်အတွက် ယခုထဲက စတင် စုံစမ်းထောက်လှမ်းခြင်းများ ပြုလုပ်နိုင်ရန်
၃- ယခု လှုပ်ရှားမည့် တတိယအကြိမ် သံဃာ့သပိတ်အား အောင်မြင်သည်အထိ လုံးဝအရှုံးမပေးပဲ ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် သာသနာတော် အတွက် အလွန်အရေးကြီးသလို မြန်မာပြည်ကြီးအတွက်လည်း အပြောင်းအလဲ ဖြစ်အောင် ပြုလုပ်ရမည်ဖြစ်သည့်အတွက် အောင်မြင်အောင် ၊ ပြောင်းလဲအောင် ပြုလုပ်နိုင်ဖို့ရာ ဘုရားသားတော် သမီးတော်များ အပါအ၀င် မျိုးချစ်စစ်သည်၊ပြည့်သူ့ရဲ မှ ဒကာ/ဒကာမများနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကြံ့ဖွံ့၊စွမ်းအားရှင် ဒကာ/ဒကာမများ အား တတိယအကြိမ်သံဃာ့သပိတ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်
ယခုချမှတ်သော လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ဆောင်နိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင် ကျောင်းတိုက်အသီးသီးမှ အောက်ပါ သံဃာတော်များ၊သီလရှင်များ၊ဒကာ/ဒကာမျာအား အသီးသီး တာဝန်ပေးအပ်လိုက်သည်။
၁ - ကြေငြာချက်များ ဖြန့်ဖြူးရန်
ဦးခေမာနန္ဒ ( လှိုင်သာယာ )
ဦးအိဒြွေိရိယ
ဦးစေကိန္ဒ
ဒေါ်ခေမာသီရိ
ကိုဘိုဘိုကျော်(မြေသြဇာ)
ကိုအောင်ဆွေဦး(မြေသြဇာ)
မဇာခြည်သိမ့်(မြေသြဇာ)
၂- စစ်အစိုးရနှင့်ပူးပေါင်းသော သံဃာများ၊သီလရှင်များ စုံစမ်းရန်
ဦးထာဝရ
ဦးခေမာစာရ
ဦးမေတ္တာနန္ဒ
ဦးသီလဘိဝံသ
ဒေါ်ခေမာ
၃- သပိတ်တိုက်ပွဲတွင် ပါဝင်ရန် တတိုင်းပြည်လုံးအတိုင်းအတာနှင့်စည်းရုံးရေး
ဦးဝေပုလ္လ
ဦးနန္ဒစရိယ
ဦးနန္ဒစာရိယ
ဦးဥတ္တမ
ဦးတေဇိန်န
မောင်တေဇာတင့်နိုင်(မြေသြဇာ)
မောင် မြင့်ဦး(မြေသြဇာ)
မောင်ခင်မောင်တင့်(မြေသြဇာ)
မောင်စိုးခိုင်(မြေသြဇာ)
မနေခြည်ဝင်း(မြေသြဇာ)
မသီရိဆွေ(မြေသြဇာ)
မခင်သန္တာမြင့်(မြေသြဇာ)


မြန်မာနိုင်ငံလုံးဆိုင်ရာ
ရဟန်းပျိုသမဂ္ဂနှင့်
သံဃသာမဂ္ဂီအဖွဲ့__

ရန်ကုန်ကို အမှိုက်ပုံလို ထားရစ်ခဲ့ပြီ


Friday, 28 August 2009 18:36 ဝေဆန်း


စစ်အစိုးရက ရန်ကုန်ကို ပစ်ထားခဲ့ချေပြီ။ လမ်းမများက အပေါက်အပြဲအပြည့်၊ အမှိုက်များက တောင်လိုပုံနေပြီး လျှပ်စစ်မီး က လာတချက်၊ မလာတချက်၊ မြောင်းပုပ်ရေများက လမ်းမပေါ် လျှံကျလာသည်။
မီးပွိုင့်များကလည်း ပျက်စီးချွတ်ယွင်း လျှက် ရှိနေပေပြီ။

ကျနော့်အိမ်ရှေ့က ၀ုန်းဒိုင်းကွဲရှသံများကြောင့် မနက်ကြီး ၆ နာရီတွင် နိုးလာခဲ့ရသည်။ နံနက်လင်းအားကြီးတွင် ကားတိုက် မှု ဖြစ်ပြန်လေပြီ။

ကျနော်က ပြူတင်းပေါက်ကို အသာဖွင့်ကြည့်လိုက်စဉ် ကားများရှင်းနေသည့် လမ်းမကြီးပေါ်တွင် ကားနှစ်စင်းတိုက်မိထား သည်ကို မြင်ရသည်။ ကားများ ရှုပ်မနေပါဘဲနှင့် မည်သည့်အတွက်ကြောင့် ကားတိုက်မှု ဖြစ်ရလေသနည်း။

ကျနော်က ကင်မရာတဖက်၊ မှတ်စုစာအုပ်တဖက်ဆွဲ၍ အခင်းဖြစ်ပွားရာနေရာသို့ ပြေးဆင်းလာခဲ့သည်။ ကံကောင်း ထောက်မ၍ မည်သူတဦးတယောက်မျှ ဒဏ်ရာရသည်ကို မတွေ့ရပေ။

ကားနှစ်စင်းက လမ်းမကြီးအလယ်တွင်တိုက်မိထားကြခြင်း ဖြစ်သည်။ ကားမောင်းသူ နှစ်ဦးစလုံးကလည်း ရှက်နေသည့်ပုံ ပေါ်သည်။ အကယ်၍ သူတို့ကားနှစ်စင်းသာလမ်းကြောမှန်အတိုင်းရှိနေပါက ကားတိုက်မှုလည်း ဖြစ်စရာအကြောင်းမရှိပေ။

"မေးကြည့်ပါဦး" အသက်ကြီးကြီး ရပ်ကြည့်နေသူတဦးက တိုက်တွန်းသည်။ "ဒီလောက်ရူးတဲ့လူတွေ လမ်းမလယ်ခေါင်ကြီး ကားမောင်းရတယ်လို့"ဟု လည်း ဆိုသည်။

"ကျနော်က လမ်းဟိုဘက်အခြမ်းက ချိုင့်ခွက်ကို ရှောင်မောင်းလိုက်တာပါ"ဟု ကားမောင်းသူတဦးက ပြောသည်။

အခြား ကားမောင်းသူတဦးကလည်း သူလည်း အပြစ်ကင်းလေဟန် အလားတူအဖြေကိုပင် ပေးသည်။ ကျနော်တို့ကြည့် လိုက်သော အခါ သူတို့နှစ်ဦးစကားကလည်း မှန်နေပြန်သည်။ ကားလမ်း၏နှစ်ဘက်ခြမ်းစလုံးတွင် ချိုင့်ခွက်ကြီးများဖြင့် ပြည့်နေသည်။ မည်သူ့ကို အပြစ်ပုံရပါမည်နည်း။

"ကျနော်တော့ ယာဉ်ထိန်းရဲမတွေ့ခင် သွားပြီ"ဟု ကားမောင်းသူတဦးက ပြောသည်။

"ဒီလမ်းကိုလည်း ကြည့်ပါဦး"ဟု ကျနော့် အိမ်နီးချင်းတဦးက လက်ညှိုးထိုး၍ ညည်းညူပြောသည်။ "ကတ္တရာလမ်းခင်းထား တယ်လို့တောင် ပြောရင်ယုံမှာ မဟုတ်တော့ဘူး။ ဒီလမ်းကို ပစ်ထားလိုက်တာ ဘယ်လောက်ကြာပြီလဲ"ဟု သူက ဆက် ပြောသည်။

ကျနော်က ဓာတ်ပုံရိုက်ယူရန် ကင်မရာကို 'အွန်' လိုက်သည်။ ပွင့်မလာ။ ဘက်ထရီက ကုန်နေပြန်သည်။ ကျနော်က လွန်ခဲ့သည့်ညကတည်းက ကင်မရာဘက်ထရီအားဖြည့်ရန် ပလပ်ပေါက်ထဲ တပ်ထားခဲ့သေးသည်။ သို့သော် လည်း မီးအားက တညလုံးအားပြည့်သည့်ဟန် မရှိပေ။

စစ်အစိုးရက မြန်မာနိုင်ငံအလယ်ပိုင်းရှိ နေပြည်တော်သို့ မြို့တော်ကို လွန်ခဲ့သည့် ၃ နှစ်ခန့်က ပြောင်းရွှေ့ခဲ့ချိန်မှစ၍ ယခင် မြို့တော်ကြီး ရန်ကုန်ရှိ မြို့သူမြို့သားများမှာ သူတို့မြို့ကြီးယုတ်လျော့ကျဆင်းလာနေသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေ ခဲ့ကြရသည်။ စစ်အစိုးရက လျစ်လျူရှုထားမှုကြောင့် မြို့ဟောင်းကြီးပမာ ပို၍ ယိုယွင်းပျက်စီးလာနေခဲ့သည်။

လမ်းများက မကောင်းသလို၊ လျှပ်စစ်ကလည်း မည်သည့်အခါမျှ အားပြည့်လာသည်ဟူ၍ မရှိ။ ပြတ်တလှည့် လာတလှည့် ကြုံနေခဲ့ရပြီး အမှိုက်များက တောင်လိုပုံလာခဲ့သည်။ ရေဆိုးမြောင်းများကလည်း အညစ်အကြေးများဖြင့် ပိတ်ဆို့နေပြီး လမ်းမများပေါ် ရေလျှံကျဆင်းလာတတ်သေးသည်။ မီးပွိုင့်များကလည်း ပျက်စီးချွတ်ယွင်းလျက် ရှိခြေပြီ။

"အစပိုင်းမှာတော့ (နေပြည်တော်သို့ မြို့တော်ပြောင်းရွှေ့စဉ်က) အစိုးရက ကျနော်တို့ဘ၀တွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာ ခံရတော့မှာ မဟုတ်တော့ဘူး။ သက်သာရာ ရကောင်းရဲ့လို့ ယူဆခဲ့ကြတယ်"ဟု ရန်ကုန်မြို့နေ တဦးက ထို အချိန်က လူအများခံစားနေခဲ့ကြရသည့် အခြေအနေကို ခြုံငုံ၍ ပြောသည်။

"ခင်ဗျား သိတဲ့အတိုင်းပဲ။ ကျနော်တို့က စစ်သားတွေ နည်းနည်းပဲ မြင်ရရင် ပိုကောင်းတော့မယ် ထင်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းသိလာတာက ကျနော်တို့ကို လုံးဝ စွန့်ပစ်ထားပြီး သွားကြတာပဲ၊ အခြေအနေက ပိုဆိုးလာတယ်"ဟု သူက ဆို သည်။

နေပြည်တော်သို့ အလည်ရောက်ခဲ့သူ အားလုံးလိုလိုက ချက်ချင်းသတိပြုမိကြသည်မှာ ရန်ကုန်နှင့် မြို့တော်သစ်နှိုင်းစာလျှင် လမ်းမများ၊ တံတားများ၊ ရေမြောင်းများနှင့် လျှပ်စစ်မီး ရရှိမှုက တုမနှိုင်းသာ ကွာခြားနေခြင်းပင် ဖြစ်သည်။

နေပြည်တော်ရှိ လမ်းများက ကျယ်ပြန့်ပြီး ချောမွေ့နေသည်။ ညအချိန်တွင်လည်း လျှပ်စစ်မီးက အချိန်ပြည့်ရနေသေးသည်။ ရေမြောင်းများမှ ရေဆိုးများ လျှံကျနေသည်လည်းမရှိ။ ယခုမြို့တော်သစ်တွင် ယခင်ရန်ကုန်တွင်ရှိခဲ့ဖူးသော ထိရောက်ထက် မြက်သည့် အုပ်ချုပ်မှုပုံစံများ အားလုံးတွေ့နေကြရသည်။

"အစိုးရက မိုးရာသီရောက်လာတဲ့အခါ တနေ့ကို ၂၄ နာရီမီးရစေရမယ်လို့ ကတိပေးခဲ့ တယ်။ ရေအားလျှပ်စစ်စက်ရုံတွေ အတွက် နွေရာသီထက်စာရင် မိုးကာလမှာ ရေပိုမိုသိုလှောင်ထားနိုင်မယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီကတိအတိုင်း မမြင်ကြရသေးပါဘူး"ဟု ရန်ကုန်မြို့သားတဦးက ပြောသည်။

မီးပျက်မှုက အကြီးအကျယ် ဖြစ်ပွားနေသည့်အတွက် ရန်ကုန်မြို့တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများက သူတို့အလုပ်ချိန်အတွင်း ကိုယ်ပိုင်မီးစက်များ အသုံးချနေကြရသည်။ မည်သည့်နေရာသွားသွား ဓာတ်ဆီဖြင့်မောင်းသည့် မီးစက်အင်ဂျင်ခုတ်သံ တဂျုံးဂျုံးကို ကြားနေကြရသည်။

လူအများစုကလည်း သူတို့ ချက်ပြုတ်သည့်အချိန်ကို မီးလာသည့်အချိန်နှင့် ချိန်ကိုက်၍ ပြောင်းရွှေ့လုပ်ဆောင်နေကြရ သည်။ တချို့က ညသန်းခေါင် ထ၍ နောက်တနေ့အတွက် ချက်ပြုတ်ကြရသည်။
အိမ်ရှင်မများက မီးပျက်သည့် အခြေအနေကို ရုန်းကန်ရင်ဆိုင်နေရချိန်၌ လမ်းသွားလမ်းလာများနှင့် ဘတ်စ်ကား ဒရိုင်ဘာ များကလည်း လမ်းဆုံလမ်းခွများရှိ မီးပွိုင့်အပျက်များ၊ လမ်းမပေါ်ရှိ ချိုင့်ခွက်များ ဘေးအန္တရာယ်မှ သတိကြီးကြီးထား ရှောင် ရှားနေကြရသေးသည်။

"ယာဉ်အန္တရာယ်ကင်းအောင်တော့ ခင်ဗျားမျက်လုံးက အကောင်းဆုံးလမ်းညွှန်ပဲ"ဟု ကားမောင်းသူ တဦးကပြောသည်။ တခါ တရံ မီးလာသည့်တိုင် မီးပွိုင့်က အစိမ်းနှင့် အနီ အရောင်နှစ်မျိုးစလုံးကို တပြိုင်နက်ပြနေသည့်အတွက် အခက်တွေ့ရ သေးကြောင်း သူက ပြောသည်။

"ကျနော်တို့ ထင်တာက မိုးရာသီရောက်ရင်တော့ အခုမီးပြတ်နေတာတွေ ကောင်းသွားမယ် ထင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ရေကြီးတာသာ ကြုံရတယ်။ မီး ၂၄ နာရီရဖို့တော့ ဖြစ်မလာဘူး"ဟု မြို့နေလူတဦးက ပြောပြန်သည်။

မိုးရာသီက ဇွန်လတွင်စ၍ အောက်တိုဘာလတွင် ကုန်ဆုံးသည်။ မိုးရွာသည့်အခါ မိုးရေများ ပြည့်လျှံနေသည့်အတွက် ကြောင့် ရန်ကုန်မြို့ပေါ်ရှိ လမ်းအများမှာ နာရီအတန်ကြာ ကားများမသွားနိုင်ဘဲ ဖြစ်နေကြရပြန်သည်။ လူဆင်းရဲအများစု သုံးလေ့ရှိကြသည့် မြို့ပတ်ရထားများမှာလည်း လမ်းများပေါ် ရေကျော်နေသောကြောင့် မကြာခဏဆိုသလို အချိန်ဇယား ပြောင်းကြရသေးသည်။

သက်ကြီးပိုင်း မြို့နေလူတဦး၏ အဆိုအရ ယခင်မြို့တော်ဟောင်းရန်ကုန်တွင် ယခင်အတိတ်က ယခုလို ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရခြင်း မရှိဟု ဆိုသည်။ ရေနှင့် မိလ္လာပိုက်များက ပုံမှန် စနစ်တကျ အလုပ်ဖြစ်နေခဲ့သည်။

မည်သို့ဖြစ်စေ ယခုအခါ ရန်ကုန်မြို့ကြီး၏ အခြေခံ အဆောက်အဦလုပ်ငန်းများအတွက် တာဝန်ရှိနေသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီအပေါ်မြို့နေလူထုအများက ချစ်ခြင်း မုန်းခြင်းမရှိတော့။စိတ်ကုန်လက်လျှော့ထားလိုက်ကြပြီ ဖြစ်သည်။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့် အပတ်စဉ်ထုတ်ဂျာနယ်တစောင်က မကြာသေးမီက တွေ့ဆုံမေးမြန်း ခဲ့ရာတွင် မိုးကာလအတွင်း ရန်ကုန်လမ်းများအပေါ် ရေလွှမ်းသည်မှာ ဖြစ်နေကြကိစ္စမဟုတ်ဟု ဖြေကြားခဲ့သည်။ ဖတ်ရသူ ရန်ကုန်သားအများစုကတော့ မယုံကြည်မှုအပြည့်ဖြင့် ခေါင်းကို ခါယမ်းမိကြတော့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီ (YCDC) ၀န်ထမ်းများက မြို့၏ ရေမြောင်းများနှင့် မိလ္လာစနစ်ကို သူတို့ အကောင်းဆုံး၊ အစွမ်းနိုင်ဆုံး ထိန်းသိမ်းနေကြသည်ဟု ပြောသည်။ သို့သော်လည်း မြို့နေလူထုအများစုက ပူးပေါင်း ဆောင်ရွက်မှု မရှိကြ၊ ရေမြောင်းများ၊ အပေါက်များအတွင်းသို့ အမှိုက်များကို ထင်သလိုသွန်ချနေကြသည်၊ သို့အတွက် ကြောင့် ရေမြောင်းများ ပိတ်ဆို့ရသည်ဟု ဆိုသည်။



ရန်ကုန်မြို့နေလူထုက စောဒကတက်ကြရာတွင် ရန်ကုန်စည်ပင်က အရေးကြီးပုဂ္ဂိုလ်များ၏ ရပ်ကွက်များတွင်သာ ဦးစားပေးလုပ်ဆောင်နေသည်။ ဆင်းရဲသားရပ်ကွက်များနှင့် ဆင်ခြေဖုန်းဒေသများကို လျစ်လျူရှုထားသည်။ ယခင် ယိုယွင်းပျက်စီးနေသည့် အခြေအနေမှ မပြင်၍ ပိုဆိုးရွားလာခြေပြီဟု ဆိုကြသည်။

စွန့်ပစ်လျစ်လျူရှုထားသည့် အခြေအနေကို အမြင်သာဆုံးမှာ ရန်ကုန်မြို့ရှိ ပလက်ဖောင်းများ ဖြစ်သည်။ မြင်မကောင်း အောင်ပျက်စီးယိုယွင်းနေပြီး အများစုမှာ လမ်းလျှောက်၍ မရနိုင်အောင် ဖြစ်နေကြသည်။ လူအများက လမ်းပေါ်ဆင်း လျှောက်နေကြရပြီး၊ ချိုင့်ခွက်များ ရှောင်တိမ်းမောင်းနှင်လာသော ကားနှင့် အတိုက်ခံရနိုင်သည့် အန္တရာယ်လည်း ရှိနေ သေး သည်။

ရာဇ၀တ်မှုများ ပိုမိုတိုးများလာသည့်အတွက်ကြောင့် မြို့နေလူထုအတွက် ပို၍ စိတ်ဖိစီးစရာ အကြောင်း ဖြစ်လာစေ သည်။ လုံခြုံရေးလျော့လျည်းလာသည့်အတွက် လုယက်မှုများ သိသိသာသာ တိုးပွားများပြားလာသည်ဟု ဆိုသည်။

"ရာဇ၀တ်မှု အများစုရဲ့ အဓိကအကြောင်းအရင်းကတော့ ဆင်းရဲမွဲတေမှုပဲ"ဟု သက်ကြီး မြို့လူထုတဦးက ဝေဖန်မှတ်ချက်ချ သည်။ "လူတွေက စားစရာမရှိတော့၊ သူတို့ကျန်းမာရေးအတွက် သုံးစရာငွေမရှိတော့ လုယက်တာ၊ ရာဇ၀တ်မှုကျူးလွန် တာတွေ ဖြစ်လာမှာပဲ။ ပြဿနာက ဆင်းရဲနေတဲ့မြို့ကြီးမှာ ခင်ဗျားမိသားစုကို လုံခြုံအောင် စောင့်ရှောက်ထားနိုင်ဖို့ပဲ"ဟု လည်း သူက ပြောသည်။

ရန်ကုန်မြို့လူထုက အခက်အခဲများ တင်းကြမ်းပြည့် ရင်ဆိုင်နေရသည့်အပေါ် တဦးနှင့် တဦး သည်းညည်းခံနိုင်စိတ်လည်း နည်းပါးလာကြသည်။ မိမိကိုယ်ကို လုံခြုံရေးအတွက် ပို၍ ကာကွယ်လာနေကြသလို၊ ကြောက်ရွံ့စိတ်လည်း ပို၍ကြီးထွား လာနေသည်။

သက်ကြီးပိုင်း အမျိုးသမီးကြီးတဦးက ပြောပြရာတွင် ရန်ကုန်က အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီဟု ဆိုသည်။ သို့တိုင်အောင် အစိုးရက လူအများပြောဆို၊ ပြုမူနေကြသည်ကို လျစ်လျူရှုထားသည်ဟုလည်း ဆိုသည်။

"ရှင်.. ကျမ ပြောတာ မယုံကြည်ဘူးဆိုပါတော့၊ ရွှေတိဂုံဘုရားပေါ်တက်လိုက်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ ရေး အကျဉ်းသားတွေ ကျန်းမာပျော်ရွှင်ကြပါစေ။ မကြာခင် ပြန်လွတ်မြောက်ကြပါစေ လို့သာ အသံကျယ်ကျယ်နဲ့ ဆု တောင်းကြည့်"ဟု သူက ဆက်ပြောသည်။ "ကျမတို့ လုံခြုံရေးကို နည်းနည်းမှ ဂရုစိုက်မပေးပေမယ့် ကျမတို့ကို အာဏာပိုင် တွေက ဘယ်လောက်အထိ အနီးကပ်စောင့်ကြည့်နေတယ်ဆိုတာ သဘောပေါက်သွားမယ်" ဟု မကျေမချမ်း ပြောဆိုခဲ့ လေသည်။

၂၀၀၉ ခုနှစ် သြဂုတ်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ ဝေဆန်းရေးသားသည့် Left to Rot ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။

နအဖ ဆိုတဲ့ (အ)နူ ကလီးယား

MSW File ရယူရန်


(အထူးဆောင်းပါး)
ဂါမဏိ
၂၈ သြဂုတ် ၂၀၀၉

ဗမာပြည်မှာ နအဖက သုတေသနအတွက် အဏုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက်မယ်လို့ တရားဝင်ကြေညာထားပြီး ရုရှားနိုင်ငံက ဝယ်ယူဖို့ စီစဉ်ထားပါတယ်။ ရုရှားနိုင်ငံဟာ အဏုမြူလက်နက် မပြန့်ပွားရေးစာချုပ် လက်မှတ်ထိုးထားပြီး အိုင်အေအီးအေ ခေါ် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ အဖွဲ့ဝင်ဖြစ်တဲ့အတွက် သူတို့ရောင်းတဲ့ ဓာတ်ပေါင်းဖိုကနေ အဏုမြူလက်နက် ထုတ်လုပ်တာ မဖြစ်ရအောင် အထိန်းအချုပ် အကွပ်အညှပ်တွေ မလုပ်မနေရ လုပ်ရပါတယ်။ အိုင်အေအီးအေ အာဏာပိုင်တွေကိုလည်း စစ်ဆေးချုပ် ကိုင်ခွင့်ပြုရပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားကတော့ ဒီလိုအထိန်းအချုပ်တွေနဲ့ ကင်းလွတ်ပြီး လုပ်ချင်ရာလုပ်နေတဲ့ စည်းအပြင်ကနိုင်ငံ ဖြစ်နေတာကြောင့် နအဖဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့အတွက် မြောက်ကိုရီးယားကို တိုက်ရိုက်အားကိုးရမှာဖြစ်ပြီး ရုရှား၊ ပါကစ္စတန်တို့ကိုတော့ သွယ်ဝိုက်အားကိုးလို့ပဲ ရနိုင်ပါတယ်။

အဏုမြူဗုံးလုပ်ရာမှာ ယူရေနီယမ်သတ္တုကို သုံးတယ်ဆိုတာ လူအတော်များများ သိကြပါတယ်။ ဒါပေမယ့် သာမန်ရိုးရိုး ယူရေနီယမ်ကို သုံးလို့မရပါဘူး။ ‘အိုင်ဆိုတုပ်’ လို့ခေါ်တဲ့ ရေဒီယိုဓာတ်ကြွမျိုးကွဲတွေထဲက တမျိုးကိုပဲ သုံးရတာဖြစ်ပါတယ်။ ယူရေနီယမ်ဟာ ဒြပ်စင်အမှတ်စဉ် (၉၂) ဖြစ်တဲ့အတွက် သူ့အဏုမြူထဲမှာ ပရိုတွန် (၉၂) လုံး၊ အီလက်ထရွန် (၉၂) လုံးရှိပါတယ်။ ယူရေနီယမ်အိုင်ဆိုတုပ်တွေထဲမှာ သဘာဝအတိုင်း မြေကြီးထဲကနေ အများဆုံး တူးဖော်ရရှိတာက ယူရေနီယမ် ၂၃၈ (နျူထရွန် ၁၄၆ လုံး) ဖြစ်ပြီး သဘာဝယူရေနီယမ်စုစုပေါင်းရဲ့ (၉၉.၂၈၄) ရာခိုင်နှုန်းရှိပါတယ်။ ယူရေနီယမ် ၂၃၅ (နျူထရွန် ၁၄၃ လုံး) ကတော့ သဘာဝသတ္တုရိုင်းထဲမှာ (၀.၇၁၁) ရာခိုင်နှုန်းပဲ ပါဝင်ပါတယ်။ (၂၃၅) ဖြစ်ဖြစ် (၂၃၈) ဖြစ်ဖြစ် ယူရေနီယမ်မှန်ရင် သတ္တုရိုင်းတွေကလည်း ရေဒီယိုဓာတ်ကြွတဲ့အတွက် သတ္တုတွင်းတူးအလုပ်သမားတွေ၊ သယ်ယူပို့ဆောင်ကိုင်တွယ်ရတဲ့ အလုပ်သမားတွေ၊ စစ်သည်တွေအတွက် အန္တရာယ်ကြီးလှပါတယ်။

အဏုမြူဗုံးလုပ်တဲ့အခါ ယူရေနီယမ် (၂၃၅) ကို သုံးရပါတယ်၊ ဒါမှမဟုတ် ယူရေနီယမ် (၂၃၈) ကို ပလူတိုနီယမ်ဖြစ်အောင် ပြောင်းလဲပြီး သုံးနိုင်ပါတယ်။ (ဟီရိုးရှီးမားမှာချတဲ့ အဏုမြူဗုံးဟာ ယူရေနီယမ် (၂၃၅) နဲ့ လုပ်တာဖြစ်ပြီး နဂါစကီမှာချတဲ့ အဏုမြူဗုံးကတော့ ပလူတိုနီယမ်နဲ့ လုပ်တာဖြစ်ပါတယ်။) ဒါပေမယ့် ဒီဒုတိယနည်းအတွက် ပလူတိုနီယမ်ကို အဏုမြူဓာတ်ပေါင်းဖိုနဲ့ ထုတ်လုပ်ရတာဖြစ်လို့ ခက်ခဲပြီး အဆင့်မြင့်ပါတယ်။ တန်ဖိုးလည်းကြီးပါတယ်။ ဒါကြောင့် အဏုမြူဗုံးကို ပေါချောင်ကောင်းရချင်တဲ့ အာဏာရှင်စနစ်ထွန်းကားရာ နည်းပညာအဆင့်နိမ့် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေကတော့ စစချင်းမှာ ယူရေနီယမ် (၂၃၅) ကတဆင့် အဏုမြူဗုံးကို အဓိကထုတ်လုပ်ပြီး တချိန်တည်းမှာ ပလူတိုနီယမ်ကိုလည်း ခိုးလုပ်နိုင်အောင် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးစားကြပါတယ်။

ဒါကြောင့် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အဏုမြူဗုံးလုပ်ဖို့ဖြစ်စေ အစကနဦးအနေနဲ့ ယူရေနီယမ် (၂၃၅) ထုတ်လုပ်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ သဘာဝသတ္တုရိုင်းထဲကနေ အင်မတန် အချိုးအစားနည်းနည်းပဲပါတဲ့ ယူရေနီယမ် (၂၃၅) ကို စုယူနိုင်ဖို့အတွက် နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် အထိရောက်ဆုံး အသုံးအများဆုံးနဲ့ စရိတ်အသက်သာဆုံးကတော့ ဗဟိုဆွဲအားစက်တွေ ဖြစ်ပါတယ်။ ဗဟိုဆွဲအား Centrifuge ရဲ့ သဘောတရားကတော့ ရွှေကျင်ရာမှာ အလေးဆမတူတဲ့ သဲတွေ၊ ကျောက်တွေနဲ့ ရွှေကို စကောဝိုင်း ဝိုင်းပြီး ခွဲထုတ်ရသလိုပါပဲ။

ဆေးရုံတွေမှာလည်း သွေးစစ်ရာမှာ သွေးထဲပါတဲ့ အမှုန်အမွှားအမျိုးမျိုးကို ခွဲခြားနိုင်ဖို့ ဖန်ပြွန်တွေထဲထည့်ပြီး ဗဟိုဆွဲအားစက်ထဲ ထည့်လှည့်ရပါတယ်။ အလေးဆ နည်းနည်းလေးပဲ (၁.၂၆ ရာခိုင်နှုန်း) ကွာတဲ့ (၂၃၈) နဲ့ (၂၃၅) နှစ်မျိုးရောနေတာကိုကျတော့ လက်နဲ့ စကောဝိုင်းတာထက် အဆပေါင်းများစွာမြန်တဲ့ စက်နဲ့ မွှေ့လိုက်တဲ့အခါ ပိုပေါ့တဲ့ (၂၃၅) က အပေါ်မှာ သို့မဟုတ် အလယ်မှာ လာစုပါတယ်။ သဘာဝသတ္တုမှုန်တွေထဲမှာ (၀.၇) ရာခိုင်နှုန်းပဲပါတဲ့ (၂၃၅) ကို များများရဖို့ ယူရေနီယမ်ဓာတ်ငွေ့တွေကို ဆလင်ဒါ ပြွန်လုံးရှည်ကြီးတွေထဲထည့်ပြီး လှည့်တဲ့အခါ (၂၃၈) က ပြွန်လုံးဘေးမှာကပ်ပြီး (၂၃၅) တွေက အလယ်မှာ လာစုပါတယ်။ အလယ်မှာ စုနေတဲ့ (၂၃၅) တွေကို ပိုက်တွေနဲ့ စုပ်ထုတ်ပြီး နောက်ထပ် ပြွန်လုံးရှည်တွေထဲလွှတ်၊ ဗဟိုဆွဲအားနည်းနဲ့ ထပ်ခါထပ်ခါ စစ်ထုတ်စုယူရပါတယ်။ အဏုမြူဓာတ်ပေါင်းဖိုမှာ သုံးဖို့ဆိုရင် (၂၃၅) ငါးရာခိုင်နှုန်းလောက်အထိ ဖြစ်လာရင် သုံးလို့ရပြီး အဏုမြူလက်နက် ထုတ်လုပ်ဖို့ဆိုရင်တော့ (၂၃၅) ကိုးဆယ်ရာခိုင်နှုန်းကျော်အထိ သန့်စင်ဖို့လိုတဲ့အတွက် ဗဟိုဆွဲအား ဆလင်ဒါ ပြွန်လုံးတွေ ထောင်နဲ့ချီ လိုတာဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုဆွဲအားစက်ရုံတွေမှာ ပြွန်လုံးရှည်ကြီးတွေ ထောင်နဲ့ချီ တပ်ဆင်ထားရတဲ့ အတွက် သိသာမြင်သာတဲ့ စက်ရုံအကျယ်ကြီးတွေ တည်ဆောက်ရပါတယ်။ ဒီဗဟိုဆွဲအားစက်ရုံ မရှိရင် အဏုမြူဗုံး ဘယ်လိုမှ မထုတ်လုပ်နိုင်ပါဘူး။

ဒါတွေလုပ်ဖို့အတွက် ပထမဆုံးအဆင့်မှာ သတ္တုတွင်းက တူးဖော်ရလာတဲ့ ယူရေနီယမ်မြေသားအရိုင်းကို ကြိတ်ခွဲပြီး ဓာတုဗေဒနည်းနဲ့ သန့်စင် အရည်ဖျော် အခြောက်ခံလိုက်တဲ့အခါ ‘အဝါရောင်ကိတ်မုန့်’ Yellow Cake လို့ လူသိများတဲ့ ဒုတိယဆင့် သတ္တုရိုင်းဖြစ်လာပါတယ်။ ဒါကို နောက်တခါ အက်ဆစ်၊ ဇဝက်သာ၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်တို့နဲ့ အဆင့်ဆင့် ဓာတ်ပြုစေတဲ့အခါ နောက်ဆုံးမှာ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ်ဓာတ်ငွေ့ ရပါတယ်။ အဲဒီယူရေနီယမ် ဓာတ်ငွေ့ကို စောစောကပြောတဲ့ ဗဟိုဆွဲအားပြွန်လုံးတွေထဲထည့်ပြီး ‘ကျင်’ ယူရတာဖြစ်ပါတယ်။

အခု သတင်းထွက်တာက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင်နဲ့ ပွင့်ဖြူဘက်မှာ နျူကလီးယားစက်ရုံတွေ ဆောက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ သပိတ်ကျဉ်းစက်ရုံကတော့ တပ်မတော် သိပ္ပံနဲ့သုတေသန နည်းပညာတပ် (သသန) က တာဝန်ယူတဲ့ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ်ဓာတ်ငွေ့အဆင့်အထိ ထုတ်လုပ်တဲ့ ယူရေနီယမ်သန့်စင်စက်ရုံ ဒါမှမဟုတ် ရှေ့ပြေးစမ်းသပ်အဆင့် Prototype ဗဟိုဆွဲအားစက်ရုံလို့ ခန့်မှန်းရပါတယ်။ စက်ရုံအရွယ်အစား ကြည့်ရတာလည်း မေမြို့နဲ့ မြိုင်စက်ရုံတွေလောက် မကြီးပါဘူး။ မေမြို့နဲ့ မြိုင်စက်ရုံတွေ သတင်းမပေါ်ခင်ကတည်းက သတင်းထွက်နေတာဖြစ်လို့ ရှေ့ပြေးအဆင့် Pilot plant လို့ ယူဆနိုင်တာဖြစ်ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုကို သပိတ်ကျဉ်းလို ငလျင်ကြောတည့်တည့်ပေါ် သွားဆောက်ရင်တော့ နအဖလောက် မိုက်မဲတဲ့လူ ရှိမှာမဟုတ်တော့ပါ။ ဒါပေမယ့် ဗမာပြည်မှာ ယူရေနီယမ် အဓိကထွက်တဲ့နေရာက ရှမ်းပြည်၊ တောင်ကြီးနဲ့ ဟိုပုံးကြားက ပင်းပက်သတ္တုတွင်း ဖြစ်ပါတယ်။ အခု အဲဒီမှာ ရုရှားနဲ့ပေါင်းပြီး ယူရေနီယမ် အကြီးအကျယ်တူးဖို့ လက်တွေ့လုပ်နေပါပြီ။ ရေရှည်မှာတော့ ပင်းပက်ဟာ ယူရေနီယမ်သတ္တုရိုင်းမြေကြီးကို သန့်စင်တဲ့ အဓိကနေရာ ဖြစ်လာပါလိမ့်မယ်။

ဂူဂယ်အတ်သ် (Google Earth) ကနေကြည့်တဲ့အခါ သပိတ်ကျဉ်းဘက်မှာ ထူးခြားတဲ့ အဆောက်အဦ မတွေ့ရပါဘူး။ မေမြို့ဘက်မှာတော့ ထူးခြားတဲ့ အဆောက်အဦ တွေ့နေရပါပြီ။ မေမြို့အရှေ့ဘက် (၁၀) မိုင်အကွာ နောင်လိုင်နားမှာ တည်ဆောက်နေတဲ့ ပေ (၃၀၀) ပတ်လည် အဆောက်အဦကြီးဟာ နျူကလီးယားဓာတ်ပေါင်းဖိုတော့ မဖြစ်နိုင်ပါဘူး။ နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ ဓာတ်ပုံက ဒီလိုမဟုတ်ပါဘူး။ ဒါ့အပြင် ဓာတ်ပေါင်းဖိုဆိုတာ ရေပေါပေါများများ ရနိုင်တဲ့နေရာမှာ ဆောက်ရပါတယ်။ ဒါမှ ဓာတ်ပေါင်းဖိုထဲက ထွက်လာတဲ့ အပူဓာတ်ကို ထိန်းနိုင်မှာဖြစ်သလို တာဘိုင်ဂျင်နရေတာတွေကိုလည်း ရေနွေးငွေ့နဲ့ လည်ပတ်စေပြီး လျှပ်စစ်ဓာတ်အားထုတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်တာက ယူရေနီယမ်သန့်စင်တဲ့ ဗဟိုဆွဲအားစက်ရုံ Centrifuge Plant ပဲဖြစ်နိုင်ပါတယ်။ အဏုမြူလက်နက် လုပ်ငန်းမှာ ဗဟိုဆွဲအားစက်ရုံဆိုတာ အရေးကြီးအဆင့် လျှို့ဝှက်အဆင့်ရောက်လာပြီဖြစ်လို့ မေမြို့လို တပ်မြို့နားမှာ ဆောက်တာ အများကြီးဖြစ်နိုင်ပါတယ်။ နိုင်ငံတကာက ယူရေနီယမ်သန့်စင်ရေး ဗဟိုဆွဲအားစက်ရုံတွေရဲ့ ဓာတ်ပုံနဲ့ ယှဉ်ကြည့်ပါ။


နောက်သတင်းရတဲ့ မကွေးတိုင်း မြိုင်မြို့နယ် နှမ်းစားကျင်း ဒေသဘက်က လျှိုကြီးကို တူးထုတ်ချဲ့ထွင်ပြီး ဆောက်ထားတဲ့ စက်ရုံကို Google Earth မှာ ရှာမတွေ့သေးပေမယ့် ဓာတ်ပုံမှာ တွေ့ရတာကတော့ နောင်လိုင်စက်ရုံလိုမျိုး ဗဟိုဆွဲအားစက်ရုံ ဖြစ်ဖို့များပါတယ်။ နောင်လိုင်စက်ရုံနဲ့ပုံစံတူ ပေ (၃၀၀) ပတ်လည် စက်ရုံကြီးဖြစ်ပါတယ်။ နောင်လိုင်စက်ရုံက အိုင်အေအီးအေ အစစ်ဆေးခံမယ့် (၂၃၅ ငါးရာခိုင်နှုန်းအထိပဲ ထုတ်မယ့်) စက်ရုံဖြစ်ပြီး မြိုင်စက်ရုံကတော့ အိုင်အေအီးအေ အသိမခံတဲ့ (၂၃၅ ကိုးဆယ်ရာခိုင်နှုန်းအထိ ထုတ်မယ့်) စက်ရုံဖြစ်နိုင်ပါတယ်။ အသုံးမကျတဲ့ နအဖပီပီ စက်ရုံကိုတော့ တော်ရုံတန်ရုံ မတွေ့နိုင် လေယာဉ်ဗုံးကြဲလို့ မလွယ်နိုင်တဲ့ တောင်ပေါ်လျှိုထဲ လျှို့ဝှက်ဆောက်နေပြီး စက်ရုံဆီသွားတဲ့ ကားလမ်းကိုတော့ လေးလမ်းသွား လမ်းမကြီးနီးနီး ဖြူးနေအောင် ဖောက်ထား ပါတယ်။ တောင်တွေဖြိုပြီး လျှိုကြီးကို တူးချဲ့ရာမှာ သေခဲ့တဲ့ အလုပ်သမားတွေ၊ ရွာသားတွေလည်း မနည်းပါဘူး။

ဒီနေရာမှာ အရေးပါတဲ့ ပြဿနာတခုက နအဖ ဗဟိုဆွဲအားစက်ရုံအတွက် ထောင်နဲ့ချီတဲ့ ဆလင်ဒါပြွန်လုံးရှည်တွေကို ဘယ်သူက ရောင်းပေးသလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီဆလင်ဒါတွေကို တွေ့ကရာ ဒန်အိုးဒန်ခွက်တွေနဲ့ လုပ်လို့မရပါဘူး။ သီးသန့်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ရောင်းပေးတဲ့ နိုင်ငံ၊ ရောင်းပေးတဲ့ ကုမ္ပဏီဟာ နိုင်ငံတကာ စည်းမျဉ်းတွေ၊ ကုလသမဂ္ဂ ကန့်သတ်ချက်တွေကို လုံးဝဖောက်ဖျက်တာဖြစ်တဲ့အတွက် မှောင်ခိုရောင်းသူတွေကို နိုင်ငံတကာက ဖော်ထုတ်အရေးယူရမှာ ဖြစ်သလို မရောင်းရသေးရင်လည်း မရောင်းနိုင်အောင် ပိတ်ပင်တားမြစ်ရမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက သင်္ဘော ဗမာပြည်သွားမှာကို တောက်လျှောက်စောင့်ကြည့်နေတဲ့အတွက် ကိုရီးယားသင်္ဘော၊ ဗမာသင်္ဘောတွေ မသုံးဘဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်လို ပိုက်ဆံရပြီးရောဆိုတဲ့ တတိယနိုင်ငံတခုရဲ့ သင်္ဘောတွေနဲ့လည်း သယ်မယ့် အလားအလာ ရှိနေပါတယ်။

အန္တရာယ်ကြီးလှတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကိုတော့ လူနေထူထပ်တဲ့ မေမြို့မှာဖြစ်စေ၊ ကျောက်ဆည်မှာဖြစ်စေ၊ ကြပ်ပြေးနေပြည်တော်မှာဖြစ်စေ ဆောက်မယ်မထင်ပါ။ အဏုမြူဗုံးကို လုံးချင်းအဓိပ္ပာယ် အတိအကျအတိုင်း literally ဖင်ခွထိုင်နေလောက်အောင် မိုက်မဲရင်လည်း အုပ်ချုပ်ရေးစွမ်းရည် ညံ့ဖျင်းလဘော်ကျလှတဲ့ နအဖတွေ မြန်မြန် ကမ္ဘာမြေပေါ်က ပျောက်သွားဖို့ လွယ်သွားပါလိမ့်မယ်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဆောက်နေတဲ့ စက်ရုံကတော့ ရုရှားက ဝယ်တဲ့ (အိုင်အေအီးအေ အစစ်ဆေးခံမယ့်) အဏုမြူဓာတ်ပေါင်းဖို ထားဖို့လို့ ယူဆရပါတယ်။ အခုထိတော့ ရုရှားက ဗမာပြည်ကို ပို့လိုက်တဲ့သတင်း မကြားရသေးပါဘူး။ ငဖဲမြို့နယ်ထဲက ကပစ (၁၄) စက်ရုံကတော့ မြောက်ကိုရီးယားက ဝယ်မယ့် (အိုင်အေအီးအေ အသိမခံတဲ့) အဏုမြူဓာတ်ပေါင်းဖိုထားဖို့ ဖြစ်နိုင်ပါတယ်။ ငဖဲမြောက်ဘက် စေတုတ္တရာမှာတော့ အဏုမြူဗုံးကို ဒုံးကျည်ထိပ်ဖူးအဖြစ် ထုတ်လုပ်ဖို့ ကပစ (၂၀) စက်ရုံ တည်ဆောက်နေပါတယ်။ ဒါတွေကိုလည်း Google Earth မှာ မတွေ့သေးပါဘူး။ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာ နယ်ချင်းစပ်နေတဲ့အတွက် ဒီစက်ရုံတွေဟာ တဆက်တစပ်တည်းလည်း ဖြစ်နိုင်သလို ပုံမှားရိုက်ဖို့လည်း ဖြစ်နိုင်ပါတယ်။ (Google Earth မှာ မြိုင်၊ ငဖဲ၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ မြို့သစ် နယ်မြေတွေကို မေမြို့လို အသေးစိတ်ပြတဲ့အခါ ပြေးမလွတ် တွေ့နိုင်မှာပါ။)

နအဖဟာ နျူကလီးယားနဲ့ ဆက်စပ်ပတ်သက်တဲ့ စက်ရုံတွေ၊ အဆောက်အဦတွေ အားလုံးကိုလည်း မြေအောက်မှာ မလုပ်နိုင်သေးပါ။ လက်ရှိ ဥမင်လှိုင်ခေါင်းတွေဟာ အမိန့်ပေးကွပ်ကဲရေးစခန်းတွေ Command post ၊ ခိုလှုံရာစခန်းတွေ Bomb Shelter နဲ့ သာမန် ခဲယမ်း ရိက္ခာထောက်စခန်းတွေ Logistic depot ပဲဖြစ်ပြီး (ဒုံးပျံတွေ ထားနိုင်တဲ့) အကြီးစား မြေအောက်သိုလှောင်ရုံနဲ့ မြေအောက်ထုတ်လုပ်ရေးဌာနတွေ မဆောက်ရသေးပါ။ မကြာခင်ကာလအတွင်း ဆောက်လာ နိုင်စရာလည်း ရှိနေပါတယ်။

နအဖမှာ အဏုမြူဗုံးတင်ပြီး ဘန်ကောက်နဲ့ ဒါကာကို ဗုံးသွားကြဲနိုင်မယ့် (ရန်သူပစ်ချတာ မခံရနိုင်မယ့်) ခေတ်မီစစ်လေယာဉ် မရှိပါ။ ကိုးကန့်ငြိမ်းအဖွဲ့နဲ့ တင်းမာမှုဖြစ်ပြီးနောက် F-7 လေယာဉ်တွေကို ခါတိုင်းပုံမှန်လေ့ကျင့် ပျံသန်းမှုထက် အင်အားနှစ်ဆတိုး၊ ပျံသန်းချိန်နှစ်ဆတိုး ပျံသန်းအင်အားပြခိုင်းတဲ့အခါ စစ်လေယာဉ်တစီး ရွှံ့ဗွက်ထဲ ခေါင်းစိုက်သွားလို့ ကျန်တဲ့ လေယာဉ်မှူးတွေ ဘယ်သူမှ တရုတ်လေယာဉ် မမောင်းရဲတော့ဘဲ ခွင့်မဲ့ပျက်ကွက် ဖြစ်ကုန်ကြပါတယ်။ ဒီလိုဒိတ်ကုန်နေတဲ့ တရုတ်လုပ် စစ်လေယာဉ် အဟောင်းအစုတ်တွေ၊ ဒိတ်ကုန်ခါနီး ရုရှားစစ်လေယာဉ်တွေကလည်း ဗုံးကြဲလေယာဉ် မဟုတ်လို့ အဏုမြူလက်နက်ကို အသုံးချချင်ရင် တာဝေးပစ်ဒုံးပျံ ရှိဖို့လိုပါတယ်။ အဏုမြူလက်နက် ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ မြောက်ကိုရီးယား၊ အိန္ဒိယ၊ ပါကစ္စတန်တို့တောင် အခုထိ ဒုံးပျံနည်းပညာကို ကောင်းကောင်းမပိုင်နိုင်သေးပါဘူး။ ခဏခဏ စမ်းသပ်နေရဆဲ၊ အလွဲလွဲအချော်ချော် ဖြစ်နေဆဲ ဖြစ်ပါတယ်။ အနုမြူလက်နက်မလုပ်သေးတဲ့ အင်မတန် တိုးတက်ဖွံ့ဖြိုးတဲ့ ဂျပန်နိုင်ငံတောင် ဒုံးပျံနည်းပညာမှာ နိမ့်နေဆဲဖြစ်ပါတယ်။

လက်နက်ဈေးကွက်မှာရောင်းတဲ့ ဒုံးပျံတွေက တာဝေးလည်းမရ၊ အဏုမြူထိပ်ဖူး တပ်ဆင်နိုင်လောက်အောင်လည်း အဆင့်မမြင့်သလို ပစ်မှတ်တိကျမှုပိုင်းမှာလည်း မကောင်းသူထိပ် ကောင်းသူထိပ်သဘောပဲရှိပါတယ်။ ဒါကြောင့် နအဖဟာ အဲဒီဒုံးပျံတွေကို ဝယ်၊ သုတေသနလုပ်ပြီး တာဝေးပစ်ဒုံးပျံဖြစ်အောင် အဆင့်မြှင့်ဖို့ လုပ်ရပါမယ်။ ဒီအတွက် မကွေးတိုင်း အထက်မင်းလှမှာရှိတဲ့ ကပစ (၁၀) စက်ရုံနဲ့ တောင်တွင်းကြီးမြို့နယ် မြို့သစ်နားက ကပစ (၁၅) စက်ရုံမှာ မြောက်ကိုရီးယားအကူအညီနဲ့ ကြိုးစားနေပါတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း နအဖလို အရည်အချင်းမျိုးနဲ့ဆိုရင် အဏုမြူပဲဖြစ်ဖြစ်၊ တာဝေးပစ်ဒုံးပျံပဲဖြစ်ဖြစ် ချာနိုဘိုင်လ်ထက်ပိုဆိုးမယ့် အလားအလာ “ရှေ့ ၄၊ နောက် ၆၊ ငါပါ ၁၁ ယောက်” ဖြစ်ဖို့ အလားအလာပဲများပါတယ်။ နျူကလီးယား မဖြစ်ဘဲ (အ) နူ ကလီးယားပဲ ဖြစ်သွားပါလိမ့်မယ်။

source

28August ဒိုင်ယာရီ


MSW File ဖြင့်ရယူရန်


သံဃာ့သပိတ်မှာ ပါဝင်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နှိုးဆော်
2009-08-28

အောက်တိုဘာလ ၃ ရက်နေ့ သံဃာတွေရဲ့ တတိယအကြိမ် သံဃာ့သပိတ်တိုက်ပွဲမှာ ထိထိရောက်ရောက် လုပ်နိုင်အောင် လုပ်ငန်းအဖွဲ့တွေ ခွဲလိုက်ပြီး တိုက်ပွဲကာလမှာ သံဃာတော်တွေနဲ့အတူ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ပါဝင်လူပ်ရှားကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက သြဂုတ်လ ၂၈ ရက် ဒီကနေ့ နှိုးဆော်လိုက်ပါတယ်။


သပိတ် အဖွဲ့ခွဲတွေကို ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ကျောင်းတိုက်တနေရာမှာ သံဃာတော်တွေ၊ သီလရှင်တွေ မြေသြဇာအဖွဲ့ လူငယ်တွေ စည်းဝေးပြီး ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။

တတိယအကြိမ် သံဃာ့သပိတ်တိုက်ပွဲ ဖြစ်လာခဲ့ရင် တိုက်ပွဲဝင်သံဃာထုနဲ့အတူ ပြည်သူလူထု တရပ်လုံးက ပူးပေါင်းပါဝင်ကြဖို့နဲ့ စစ်တပ်အနေနဲ့လည်း သာသနာတော်ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့အကြောင်း ဦးဆောင်နာယကဆရာတော်ဖြစ်တဲ့ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာ တာဝန်ခံ ဆရာတော် ဦးဣဿရိယက ခုလိုမိန့်ပါတယ်။

ဦးဣဿရိယ။ ။ 'နိုင်ငံတော်ကို ကာကွယ်ပေးရေး လုပ်နေရတဲ့ စစ်တပ်ကြီးတခုလုံးကိုလည်း ဦးဇင်းအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ဦးသန်းရွှေတွေရဲ့ စစ်အုပ်စုတစုရဲ့ အခိုင်းခံ မလုပ်ပါနဲ့ မိမိတို့ဟာ သာသနာတော်ကြီးကို ကာကွယ်ဖို့ နိုင်ငံတော်ကြီးကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ စစ်တပ် အနေနဲ့ မိမိတို့ရဲ့ သာသနာတော်ကို အသက်ပေးပြီး ကာကွယ်သင့်ပါတယ်။ အခု သံဃာတော် တွေဟာ အသက်စွန့်ပြီး သာသနာတော်အရေးအတွက်ဆိုပြီး အားသွန်ခွန်စိုက် ကြိုးစားနေ ကြပါတယ်။ ဒီအရေးဟာ သူများလုပ်လိမ့်မယ်ဆိုပြီး ဘေးမှာ ထိုင်မနေပဲနဲ့ ငါတို့နိုင်ငံအရေးပဲ ငါတို့ သာသနာအရေးပဲ ဆိုပြီး အားသွန်ခွန်စိုက် တတိုင်းပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အခုကတည်းက ဝိုင်းဝန်းပြင်ဆင်ပြီးတော့ ဆောင်ရွက်ပေးကြပါလို့ ဦးဇင်းအနေနဲ့ အထူး တိုက်တွန်းပြောကြားလိုပါတယ်။'

နိုင်ငံတော်ကို ကာကွယ်ပေးရေး လုပ်နေရတဲ့ စစ်တပ်ကြီးတခုလုံးကိုလည်း ဦးဇင်းအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ဦးသန်းရွှေတွေရဲ့ စစ်အုပ်စုတစုရဲ့ အခိုင်းခံ မလုပ်ပါနဲ့ မိမိတို့ဟာ သာသနာတော်ကြီးကို ကာကွယ်ဖို့ နိုင်ငံတော်ကြီးကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ စစ်တပ် အနေနဲ့ မိမိတို့ရဲ့ သာသနာတော်ကို အသက်ပေးပြီး ကာကွယ်သင့်ပါတယ်။

သံဃာ့တပ်ပေါင်းစုကြီးရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ၊ သံဃာ့သမဂ္ဂီအဖွဲ့တို့နဲ့အတူ အကောင်းဆုံး မြေသြဇာအဖွဲ့ အဖွဲ့ဝင်လူငယ်တွေက ပူးပေါင်း တိုက်ပွဲဝင်မှာ ဖြစ်တယ်လို့ မြေသြဇာလူငယ် တာဝန်ခံ ကိုကျော်ကျော်က ပြောပါတယ်။

ကိုကျော်ကျော်။ ။ 'က္ဆွန်တော်တို့ ၂ဝဝ၇ စက်တင်ဘာတုန်းကလည်း သံဃာတော်တွေရဲ့ လုံခြုံရေးကို က္ဆွန်တော်တို့ မြေသြဇာအဖွဲ့ဝင်တွေက လိုက်လုပ်ခဲ့တယ်။ လိုက်လုပ်ခဲ့သလိုပဲ အခု တတိယအကြိမ် သံဃာ့သပိတ်မှာလည်း က္ဆွန်တော်တို့မြေသြဇာအဖွဲ့က သပိတ်စတင်မဲ့အချိန်ကစပြီး သပိတ် ဖြစ်မြောက်တဲ့အထိ အောင်မြင်တဲ့အထိ သံယာတော်တွေနဲ့အတူ လက်တွဲပြီး လုပ်သွားမယ်လို့ ဆုံးဖြတ်ပြီး အခုလိုမျိုး ပါဝင်ခဲ့တာပါ။'

တတိယအကြိမ် သံဃာ့သပိတ်တိုက်ပွဲဆိုင်ရာ သဘောထား ကြေငြာချက်တွေကို သံဃာထုနဲ့ ကျောင်းသားပြည်သူတွေ လက်ထဲကို ဖြန့်ဝေလူပ်ရှားမူတွေကို မြေသြဇာ လူငယ်တွေက တာဝန်ယူ ပြုလုပ်ကြမယ်လို့ သိရပါတယ်။

သံဃာအများစုရဲ့ သဘောထားကို လက်မခံပဲ အာဏာပိုင်နဲ့ ပူးပေါင်းနေတဲ့ သံဃာတွေ သီလရှင်တွေကိုလည်း ဖယ်ကြဉ်ခြင်းအားဖြင့် ပကာသနိယကံ ဆောင်နိုင်ဖို့ လိုက်လံစုံစမ်း ဖော်ထုတ်မှာ ဖြစ်တယ်လို့သိရပါတယ်။ သာသနာ့အရေးမှာ ပူးပေါင်းပါဝင်ကြပါလို့ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာ တာဝန်ခံ ဆရာတော် ဦးဣဿရိယက ခုလိုမိန့်တယ်။

ဦးဣဿရိယ။ ။ 'သံဃာ့နာယကဆရာတော်တွေ၊ ကျောင်းထိုင်ဆရာတော်တွေ၊ တိုက်အုပ်တိုက်ကြပ် စာချကထိက ဆရာတော်တွေ ကို လျှောက်ထားလိုတာကတော့ အခုသာသနာတော်ဟာ နအဖ စစ်မိစ္စာတွေရဲ့ အောက်မှာ ကျဆုံးနေတယ်။ အပြစ်မရှိပဲ ကိုယ်ဖာသာကိုယ် သာသနာတော်အတွက် မေတ္တာပို့ ချီတက် လမ်းလျှောက်တာကို အတင်းအဓမ္မ ဖမ်းဆီးထားတယ်။ ကျောင်းတိုက်ပေါင်း ၆ဝကျော်ကို သူပုန်စခန်းစီးသလို ဝင်စီးတယ်။ ကျောင်းတိုက်ထဲက ကိုယ်ဖာသာကိုယ် အေးအေးဆေးဆေး နေတာကို ဆွဲခေါ် ဖမ်းဆီးသွားတယ်။ သူတို့ရဲ့လွတ်မြောက်ရေး မိမိရဲ့ သာသနာရေးဟာ မိမိတို့ဖာသာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဆရာတော်တွေအနေနဲ့ မြတ်စွာဘုရားမျက်နှာကို ကြည့်ပြီး ဆောင်ရွက်ကြမယ်ဆိုရင် အထူးလည်း ဝမ်းသာစရာ ကောင်းပါတယ်၊ ဆရာတော်တွေကို ဒီပေါ်မှာ ဦးစီးဦးဆောင်ပြုပြီး ပါဝင်ကြပါလို့ လျှောက်ထားလိုပါတယ်။'

စစ်အစိုးရအနေနဲ့ အောက်တိုဘာလ ၂ ရက်နေ့ မွန်းတည့်ချိန် နောက်ဆုံးထားပြီး သံဃာထုကို တောင်းပန်ရမှာ ဖြစ်ပြီး မတောင်းပန်ရင် တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အောက်တိုဘာလ ၃ ရက်နေ့မှာ သံဃာထုက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ဆောင်မယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုက သဘောထား ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ပါဠိတက္ကသိုလ် လက်ထောက်ဆရာတော်အား အထူးရဲတပ်ဖွဲ့က လာဖမ်းသွား
2009-08-28

မကွေးတိုင်း ရေနံချောင်းမြို့မှာ ရှိတဲ့ ရွှေစေတီ ပါဠိတက္ကသိုလ်က လက်ထောက် ဆရာတော်ဖြစ်တဲ့ ဆရာတော် ဦးဝါယမကို သြဂုတ်လ ၂၇ ရက် မနေ့က ညသန်းခေါင်မှာ မကွေး အထူးရဲတပ်ဖွဲ့က လာဖမ်းသွားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။


ရေနံချောင်းက မယက တို့ ရယကတို့လည်း လိုက်ပါလာကြပြီး ဆရာတော်ကို ခေါ် သွားပုံကို ရွှေစေတီ ပါဠိတက္ကသိုလ်က တိုက်အုပ်ဆရာတော်က ခုလိုမိန့်ပါတယ်

တိုက်အုပ်ဆရာတော်။ ။ 'အင်းသူတို့စစ်စရာရှိလို့လို့ ပြောတာပဲ။ ပြောစရာရှိလို့တဲ့ ပြောစရာရှိလို့တဲ့ ဒါပါပဲ၊ မကွေးကလို့ ပြောတာပဲ အက်စ်ဘီကလို့ ပြောတာပဲ၊ အင်း ပါတယ်ပါတယ် လူကြီးတွေအကုန် ပြည့်ပြည့်စုံစုံပဲ ပါတယ်။'

ဆရာတော်ကို မေးမြန်းလျှောက်ထားနေတုန်းမှာ ဖုန်းလိုင်း ပြတ်တောက်သွားခဲ့ပါတယ်။ ဆရာတော် ဦးဝါယမရဲ့ ကျောင်းအမဖြစ်သူ ရေနံချောင်း အန်အယ်လ်ဒီ အမျိုးသမီး စည်းရုံးရေးတာဝန်ခံ ဒေါ်ခင်စောဌေး ကတော့ ကျောင်းဒကာ ဒကာမတွေက နိုင်ငံရေးကို တက်တက်ွ့ကွ့က လုပ်နေသူတွေဖြစ်ပြီး တခါလေ ကျောင်းမှာ အခမ်းအနားလေးတွေ လုပ်ခဲ့ဖူးတာကြောင့် အာဏာပိုင်တွေ အထင်လွဲတာ ဖြစ်နိုင်ကြောင်း အခုလိုပြောပါတယ်။

ဒေါ်ခင်စောဌေး။ ။ 'မြို့နယ်မှူးကို မေးတဲ့အခါကျတော့ မြို့နယ်မှူးက သူမသိပါဘူးလို့ ပြောတယ်။ ကျမက ကျောင်းအမဖြစ်တယ်၊ ပါဠိတက္ကသိုလ်ကျောင်းထဲမှာ အာဇာနည်နေ့ အခမ်းအနားတွေ လုပ်ဖူးတယ်လေ၊ အဲဒါကြောင့်မို့ဆရာတော်က ကြားညှပ်ပြီး ပါခံရတယ်လို့ အောက်မေ့ပါတယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ကျမတို့ ဆရာတော်ကို ပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်။ ဆရာတော်နဲ့ နိုင်ငံရေးနဲ့ ဘာမှမပတ်သက်ပါဘူးလို့ ကျမတို့ အထင်ကတော့ ရွှေဝါရောင် နှစ်ပတ်လည်နားနီးလို့ ဆရာတော်ကို ခေါ်စစ်တယ်လို့ပဲ ယုံကြည်ပါတယ်။'

ဒေါ်ခင်စောဌေး ပြောသွားတာပါ။ ဆရာတော်ဟာ သက်တော် ၅ဝ ကျော် ရှိပြီး ကျောင်းတိုက်ဆရာတော် အဆက်ဆက် အားကိုးရတဲ့ လက်ထောက်ဆရာတော်တပါး ဖြစ်ပါတယ်။ လူမှုရေး၊ ဘာသာရေး၊ သာသနာအရေး ကိစ္စတွေကို အားတက်သရော လုပ်ဆောင်တတ်သူ တဦး ဖြစ်တယ်လို့လည်း သိရပါတယ်။


အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေး

28 August 2009

မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အရာရှိ ၃ ဦးဟာ ဒီကနေ့ညနေပိုင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး တစ်နာရီကျော်ကြာ မြန်မာ့အရေး ဆွေးနွေးနေကြပါတယ်။ အထူးသဖြင့် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာအဓိက မေးမြန်းဆွေးနွေးခဲ့ကြတာပါ။ အပြည့်စုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

အခုမြန်မာနိုင်ငံကို ၄ ရက်ကြာခရီး ရောက်နေတဲ့ အမေရိကန်အောက်လွတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် အရာရှိ သုံးဦးရဲ့ ခရီးစဉ်တွင်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနဲ့ ကိစ္စတွေ ဆွေးနွေးမယ်လို့ မနေ့က ရန်ကုန် အမေရိကန် သံရုံးပြောခွင့်ရသူက ပြောပြခဲ့ပေမယ့် ဒီကနေ့ ဆွေးနွေးမှုအတွင်းမှာတော့ လက်ရှိနိုင်ငံရေး ပြဿနာတွေကိုသာ ပြောဖြစ်ခဲ့ကြတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောပါတယ်။

အခု မြန်မာနိုင်ငံကို ရောက်နေတဲ့သူတွေကတော့ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ် Howard Berman ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ Lynne Weil နဲ့ ကျွမ်းကျင်သူ အရာရှိ Jessica Lee နဲ့ အတူ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Ros-Lehtinen ရဲ့ ကျွမ်းကျင်သူ အရာရှိ Dennis Halpin တို့ ဖြစ်ပြီး သူတို့နဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၈ ဦးနဲ့ တွေ့ဆုံခဲ့ကြတာပါ။ အထူးသဖြင့် သူတို့ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်ဟာ အမေရိကန်အစိုးရနဲ့ သက်ဆိုင်ခြင်း မရှိသလို သူတို့ဟာ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင်တွေသာ ဖြစ်တယ်လို့ ရှင်းပြခဲ့တယ်လို့ NLD ပြောခွင့်ရသူလည်းဖြစ်၊ အခုဆွေးနွေးပွဲထဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ကပြောပါတယ်။

“အဓိက နိုင်ငံရေးပြဿနာကိုပဲ သိချင်တဲ့ဆန္ဒနဲ့ သူတို့မေးမြန်းပြောဆိုထားတာပါ။ သူတို့ရဲ့ ပထမဆုံးမေးခွန်းက ဘာလဲဆိုတော့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် အကျဉ်းကျခံနေရတဲ့ဟာ သိတယ်၊ ကြားတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ ခံစားနေရတဲ့၊ နိုင်ငံရေးအကျဉ်းသားတွေ ခံစားနေရတဲ့ အခြေအနေတွေကို သိချင်တယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီမှာ ဆရာ ဦးဝင်းကြိုင်နဲ့၊ ဆရာ ဦးခင်မောင်ဆွေ တို့က သူတို့က အကျဉ်းထောင်ထဲကို နှစ်ရှည်လများလည်း ခံစားခဲ့ရတယ်။ အဲဒီကထွက်လာတာ သူတို့က ဒါတွေကို ရှင်းပြလိုက်ပါတယ်။ နံပါတ် - ၂ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိနေထိုင်ရမယ့် အခြေအနေ၊ လက်ရှိနေထိုင် ထိန်းသိမ်းခံနေရတဲ့ အခြေအနေတွေ၊ ဒါနဲ့ပတ်သက်ပြီးတော့ အဲန်ကယ်လ်က ရှင်းပြပါတယ်။ နောက်ပြီးတော့ ထိန်းသိမ်းတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ အဲန်ကယ်လ်က ပြောပါတယ်။ ဒီ ထိန်းသိမ်းခြင်းဟာ ဥပဒေအခြေခံနဲ့ ထိန်းသိမ်းတာမဟုတ်ဘူး။ တနည်းအားဖြင့်ပြောရင် ဥပဒေအရ ထိန်းသိမ်းတာမဟုတ်ဘူးလို့ ရှင်းပြတယ်။ အဲဒီထိန်းသိမ်းခံရခြင်းသည် နအဖ ရဲ့ အမိန့်တရပ်ကြောင့် အဲဒီအမိန့်ကလည်း ဥပဒေက အပ်နှင်းထားတဲ့ အာဏာအရ ထုတ်တဲ့အမိန့်မဟုတ်ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ အထိန်းသိမ်းခံရတာ မဟုတ်ဘူးလို့ အဲဒါကို ရှင်းပြပါတယ်။ သူတို့လည်း နောက်ဆုံး သဘောပေါက်သွားပါတယ်။”

ဒါ့အပြင် စစ်အစိုးရ ကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ NLD ရဲ့ သဘောထားနဲ့အတူ အခြား ပါတီတွင်း ကိစ္စတွေလည်း မေးမြန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

“အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးပါတယ်။ အဲဒီဆွေးနွေးချက်မှာ ကျနော်တို့ ဆရာဦးညွှန့်ဝေ က ရှင်းပြပါတယ်။ သူတို့က အဲဒီမေးခွန်းထဲမှာ တခါတည်း ဆက်ပြီးတော့ generation to generation ကိစ္စတွေကိုပဲ ထည့်မေးတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အလုပ်လုပ်နေတဲ့ လူငယ်တွေရဲ့ ဆက်ခံမှုဟာ အင်မတန် မြင့်မားတဲ့အကြောင်းကို နမူနာလေးတွေနဲ့ ရှင်းပြသွားပါတယ်။”

အထူးသဖြင့် အခုအချိန်ဟာ သမ္မတ အိုဘားမား အစိုးရအဖွဲ့က မြန်မာနိုင်ငံပေါ်ထားတဲ့ မူဝါဒတွေ ပြန်လည် သုံးသပ်နေချိန် လည်း ဖြစ်တာမို့ အမေရိကန်တို့ရဲ့ မူဝါဆိုင်ရာကိစ္စတွေနဲ့အတူ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားတွေနဲ့ ပတ်သက်လို့ သူတို့က ရှင်းပြခဲ့တာမျိုးရှိပါသလားလို့ ကျမ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“သူတို့လာရောက်တာဟာ သူတို့အမြင်ကို ပြောပြဖို့ထက်ကို ကျနော်တို့ဆီကနေ အချက်အလက် လာရောက် စုဆောင်းတယ်လို့ မြင်ပါတယ်။ ဒါပေမယ်လို့ သူတို့က အမြင်တခု ပြောပါတယ်။ အဲဒါကဘာလဲဆိုတော့ လက်ရှိ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒပြောင်းလဲရေးအတွက် စဉ်းစားနေတယ်၊ ပြန်လည်ပြင်ဆင်ရေး စဉ်းစားနေတယ်၊ ဒါတွေကို အမြဲပြောနေတာ။ ဒါတွေနဲ့ပတ်သက်လို့တော့ သူတို့က အချိန်မြန်မြန်အတွင်း မူဝါဒအသစ်တရပ် ပေါ်ပေါက်မယ်လို့ မထင်ဘူးဆိုတဲ့အကြောင်း ဒီလိုတော့ မှတ်ချက်ပြောသွားပါတယ်။”

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။ ဒါ့အပြင် ဦးဉာဏ်ဝင်းက သူတိုရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေ ကနေ အမေရိကန်တို့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ သုံးသပ်ရာမှာ လက်ရှိ အခြေအနေအမှန်တွေကို အသေအချာ ထည့်သွင်းစဉ်းစားနိုင်လောက်အောင်ထိ ရှင်းပြနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အခု အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင်တွေဟာ အခုခရီးစဉ်တွင်း မြန်မာစစ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်မရှိပေမယ့် အလယ်အလတ် အစိုးရတာဝန်ခံတွေနဲ့တော့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ပြောပါတယ်။

မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရာရှိ ၃ ဦးဟာ ဒီကနေ့ နေ့လယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်း ကြိုင် က VOA ကို ပြောပါတယ်။

အခုလိုလာရောက်တာဟာ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်ပြောင်းသုံးသပ်နေရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ် ထားကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။

အခုတွေ့ဆုံရာမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီးမေးမြန်းဆွေးနွေးခဲ့တဲ့ အပြင် အခုထိအထိမ်းသိမ်းခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ကိစ္စနဲ့ NLD အဖွဲ့ရဲ့ ရပ်တည်ချက်တွေကို NLD ဗဟို အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။

မြန်မာနိုင်ငံကိုလာရောက်သူတွေဟာ ကယ်လီဖိုးနီးယားပြည်နယ် (California) ဒီမိုကရက်တစ် (Democratic) အောက်လွှတ်တော်အမတ် ရဲ့ ဆက်သွယ်ရေး ဒါရိုက်တာ နဲ့ ကျွမ်းကျင်သူ အရာရှိ နောက် ဖလော်ရီဒါပြည်နယ် (Florida) ရီပတ်ဘလစ်ကန် (Republican) အောက်လွှတ်တော်အမတ်ရဲ့ ကျွမ်းကျင်သူ အရာရှိ တို့ ဖြစ်ပါတယ်။

အခုခရီးစဉ်အတွင်း အမေရိကန် အရာရှိတွေဟာ မပြန်ခင်မှာ နာဂစ် ဆိုင်ကလုန်း လေဘေးဒဏ်သင့်ရာ မြစ်ဝကျွန်းပေါ် ဒေသဘက်ကို သွားရောက်ဖို့လည်း ရှိပါတယ်။

ဒါဟာဆိုရင် ဗာဂျီးနီးယားပြည်နယ် (Virginia) က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) မြန်မာနိုင်ငံက ပြန်သွားပြီး သီတင်းနှစ်ပတ်တောင် မရှိသေးတဲ့ အချိန်အတွင်းမှာပဲ အမေရိကန် အောက်လွှတ်တော်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား ပဋိပက္ခ တရုတ်နိုင်ငံ သတိပေး

28 August 2009

တရုတ်နိုင်ငံထဲကို ထောင်နဲ့ချီပြီး မြန်မာနိုင်ငံဘက်က အရပ်သားတွေ ထွက်ပြေးလာခဲ့ကြတဲ့ အကြောင်းရင်းဖြစ်တဲ့ နယ်စပ်ဒေသ ထိုးစစ်ဆင်မှုတွေကို ရပ်ပစ်ဖို့ တရုတ်အစိုးရက တောင်းဆိုလိုက်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသက တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ မြန်မာအာဏာပိုင်တွေဘက်က ပြည်တွင်းရေး ပြဿနာကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းမယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ကျန်ယူး (Jiang Yu) က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဂျနီဗာ ကုလသမဂ္ဂရုံးချုပ် ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့ကတော့ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်နယ်ထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ တစ်သောင်းကနေ သုံးသောင်းအကြား ရှိနေနိုင်တာမို့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မိသားစုတွေ ပြန်လည်ပေါင်းစည်းရေး တောင်နဲ့မြောက်ကိုရီးယား သဘောတူညီမှုရရှိ

28 August 2009


ကွဲကွာနေကြတဲ့ မိသားစုတွေ ပြန်ဆုံဆည်းမယ့် အစီအစဉ် ကို နောက်လ မှာ ပထမအသုတ်အဖြစ် စလုပ်ကြဖို့ မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယား နိုင်ငံတို့ သဘောတူလိုက်ကြပါတယ်။ ၂ နှစ် နီးနီးအတွင်း ကိုရီးယား ပြည်သူတွေ ဒီလို ပထမဆုံး ဆုံဆည်းနိုင်ကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံတွင်း က Mount Kumgang အပန်းဖြေစခန်းမှာ သုံးရက်ကြာ ဆွေးနွေးကြပြီးတဲ့နောက် နှစ်နိုင်ငံလုံး က အဲဒီလို အစီအစဉ် ပြန်စဖို့ သဘောတူခဲ့ကြတာပါ။ မိသားစု ၂၀၀ အကျုံးဝင်မယ့် ၆ ရက်ကြာ ယာယီ ပြန်လည် ဆုံဆည်းရေး အစီအစဉ်ကို သဘောတူခဲ့ကြပါတယ်လို့ နှစ်ဘက်လုံးက ပြောပါတယ်။

ကိုရီးယားမှာ အရေးကြီးဆုံး အလုပ်ပိတ်ရက် ၂ ရက် ရှိပါတယ်။ အဲဒီထဲက တစ်ရက်ဖြစ်တဲ့ ချူစောက် Chuseok ပိတ်ရက် မတိုင်မီ စက်တက်ဘာ ၂၆ ရက်နေ့ မှာ ပြန်လည်ဆုံဆည်းတာ စမှာပါ။ ဒီသဘောတူညီချက်ဟာ တစ်နှစ်ကြာ ရန်စောင် နေခဲ့ကြပြီးတဲ့နောက် နှစ်ဘက်ကြား တင်းမာမှုတွေကို လျှော့ချဖို့ အားထုတ်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ အဲဒီလို မိသားစု တွေ နောက်ဆုံး ဆုံဆည်းနိုင်ခဲ့ကြတာကတော့ ၂၀၀၇ ခုနှစ်တုန်းကပါ။

ကိုရီးယားစစ်ပွဲကြောင့် မိသားစု သန်းပေါင်းများစွာ ဟာ ကွဲကွာသွားခဲ့ကြပါတယ်။ စစ် က ၁၉၅၃ မှာ ပြီးသွားပေမဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တော့ မရသေးပါဘူး။ မြောက်နဲ့တောင် သာမန် ကိုရီးယားပြည်သူတွေကြားမှာ စာတိုက်၊ တယ်လီဖုန်း၊ အီးမေး အဆက်အသွယ် မရှိရှာကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်

28 August 2009


မကြာသေးခင်က ချမှတ်ခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ချမှတ်ခဲ့ပါတယ်။

တိုင်းတရားရုံးကို နောက်တပတ်မှာ အယူခံဝင်မယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက သတင်းထောက်တွေကို ကြာသပတေးနေ့က ပြောကြားပါတယ်။

နေအိမ်အကျယ်ချုပ် စည်းမျဉ်းစည်းကမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ချိုးဖောက်ခဲ့တာကြောင့် အပြစ်ရှိတယ်လို့ အင်းစိန် အကျဉ်းထောင်မှာရှိတဲ့ အထူးတရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

အမေရိကန်နိုင်ငံသား ဂျွန် ယက်တော (John Yettaw) ကို လက်ခံခဲ့တဲ့အတွက် အဲဒီလို နေအိမ်အကျယ်ချုပ် စည်းမျဉ်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့တာပါ။ တရားရုံးက မစ္စတာယက်တောကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) မြန်မာပြည် သွားရောက်စဉ် သူ့ကို ပြီးခဲ့တဲ့ သီတင်းပတ်က စစ်အစိုးရက လွှတ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အဖမ်းခံထားရစဉ်အတွင်း သူဟာ နေ့တိုင်း ငိုခဲ့ရတယ်လို့ မစ္စတာယက်တောက CNN ရုပ်မြင်သံကြားကို မနေ့က ပြောကြားခဲ့ပါတယ်။


သမ္မတ ဟောင်းဂျွန်အက် (ဖ)ကနေဒီ ၏ ညီဖြစ်သူ လွှတ်တော်အမတ် တဒ် ကနေဒီ ၏ ဈာပန
August 29, 2009 · Leave a Comment

၂၈ သြဂုတ် ဘော်စတွန် ၊ ၊သီရိထက်

Edward M. Kennedy – - 1932 – 2009
ဘော်စတွန် တွင် ထားရှိသော ရုပ်အလောင်းကို ဂုဏ်ပြုတပ်ဖွဲ့ မှ ယနေ့ မနက်ပိုင်းတွင် ဂုဏ်ပြုစဉ်

ဘော်စတွန် တွင် ထားရှိသော ရုပ်အလောင်းကို ဂုဏ်ပြုတပ်ဖွဲ့ မှ ယနေ့ မနက်ပိုင်းတွင် ဂုဏ်ပြုစဉ်

၁၉၆၃ ခုနှစ်က လုပ်ကြံခံခဲ့ ရသူ အမေရိကန် သမ္မတ ဂျွန်အက် (ဖ)ကနေဒီ၏
ညီဖြစ်သူ မက်ဆာချူးဆက် ပြည်နယ် လွှတ်တော်အမတ် အက်ဒွပ် (တဒ်) ကနေဒီ သည် ၂၅ ရက်နေ့ ည အင်္ဂါ နေ့ နှောင်းပိုင်း)က အသက် ၇၇ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။

ဥဏှောက် ကင်ဆာရောဂါ ကို ကြာရှည်စွာခံစားနေရသည့် တဒ်ကနေဒီမှာ ထိုရောဂါဖြင့်ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ကနေဒီ ၏ ရုပ်အလောင်းကို ဇာတိ
ဘော်စတွန် ရှိ သမ္မတ ကနေဒီ စာကြည့် တိုက် နှင့် ပြတိုက် တွင် အများပြည်သူ ကြည့်ရှုရန် ထားရှိမည် ဖြစ်သည်။ စနေ နေ့ တွင်မူ သူ၏ အကိုနှစ်ဦးဖြစ်သူ ဂျွန်အက် (ဖ) ကနေဒီ နှင့် ရှေ့ နေချုပ် ရောဘတ် ကနေဒီတို့ လဲလျှောင်းရာ ဗာဂျီးနီးယား ပြည်နယ်ရှိ အာလင်တန် အမျိုးသား
သင်္ဂျိုင်းတွင် မြုပ်နှံမည် ဖြစ်သည်။

obama-and-kennedyဒီမိုကရက် သက်တမ်းရှည် လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် ကနေဒီသည် ၁၉၆၂ ခုနှစ်မှ စ၍ လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးကောက်ခံရသည်။ကွယ်လွန်ချိန် အထိ အထက်လွှတ်တော် ၏ အလုပ်သမား နှင့် လူ့ စွမ်းအားအရင်းအမြစ် စီမံခန့် ခွဲရေးကော်မတီ ၏ ဥက္ကဌ
အဖြစ်ဆောင်ရွက်ခဲ့သည်။

အမေရိကန် နိုင်ငံသား တို့ အတွက် အကျိုးရှိစေ နိုင်သည့် ဥပဒေ ပြဌာန်းမှု များကို စည်းရုံးလှုံဆော် နိုင်ခဲ့သည်။ယခု အိုဘားမား ၏ နိုင်ငံသားတို့ အပေါ်ကျန်းမာရေး စောင့်ရှောက် မှု အစီအစဉ် အား ကနေဒီ ကစတင်
တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကနေဒီသည် သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့ ၏ ဗြိတိန် သံအမတ် အဖြစ် စေလွှတ်ခြင်းခံရသူ စီးပွားရေး လုပ်ငန်းရှင် ဂျိုးဆက် (ဖ) ၏ သားသမီး ကိုးဦး
ဉ် အငယ် ဆုံးဖြစ်သည်။

၁၉၈၀ ပြည့် နှစ်တွင် သမ္မတ ရွေးကောက်ပွဲ အတွက် ဒီမိုကရက် ခေါင်းဆောင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံရာ ရှုံးနိမ့် ခဲ့သော်လည်း
သူရှုံး နိမ့်ကြောင်းပြောကြားခဲ့သည့် မိန့် ခွန်းတိုမှာ မူ အမေရိကန် လူမျိုး တို့ ၏ စိတ်ဓာတ်ကို ဖေါ်ထုတ်ပြနိုင်ခဲ့သဖြင့် ကမ္ဘာကျော်ခဲ့သည်။

၁၉၈၂ ခုနှစ်တွင် ပထမ အိမ်ထောင် ဂျူံး နှင့် လမ်းခွဲခဲ့ပြီး ၁၉၉၂ ခုနှစ်တွင်
ဝါရှင်တန် မှ ရှေ့နေ တစ်ဦးဖြစ်သူ ဗစ်ကီ ရစ်ဂျီ နှင့် လက်ထပ်ခဲ့သည်။

ပထမ အိမ်ထောင် နှင့် သားသမီး သုံးဦးရရှိခဲ့ပြီး သားဖြစ်သူ ပက်ထရစ် ကနေဒီမှာ အောက်လွှတ်တော် အမတ် အဖြစ်တာ ၀န်ထမ်းဆောင်နေပြီ ဖြစ်သည်။

Obit Ted Kennedyကနေဒီ နှင့် သူ၏ ဇနီး ဟောင်းဖြစ်သူ ဂျုံးတို့ ကို ၁၉၅၇ ခုနှစ်တွင် သူ၏အမဖြစ်သူ ဂျင်းက မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ဂျင်းကနေဒီ၏
သူငယ်ချင်းဖြစ်သူ ဂျုံးမှာ ထိုအချိန်က မော်ဒယ် လ တစ် ယောက် အဖြစ်
လည်း အသက်မွေး ၀မ်းကျောင်းပြုနေပြီ ဖြစ်သည်။ ကနေဒီ (JFK) ၏ ဇနီးဖြစ်သူ ဂျက်ကလင်း အား ဆွဲဆောင်မှု ရှိအောင်ဖန်တီးပေးခဲ့သူလည်း
ဖြစ်သည်။

တဒ်က နေဒီ ၏ တူဖြစ်သူ (ကနေဒီ နှင့် ဂျက်ကလင်းတို့ ၏ သား) ဂျွန် အက်(ဖ) ကနေဒီ (အငယ်) ၎င်း၏ ဇနီးဖြစ်သူ ကာရိုလင်း ဘက်ဆက်တီ နှင့်သူ ၏ ခယ်မ ဖြစ်သူတို့ မှာ ၁၉၉၉ ခုနှစ်က လေယာဉ်ပျက်ကျ၍ ကွယ်လွန်
ခဲ့သည်။

အမေရိကန် ပြည်သူများအား အခမဲ့ ကျန်းမာရေးအစီအစဉ် ဥပဒေ ဖြစ်မြောက်ရန် လွှတ်တော်တွင် စွမ်းဆောင်ပေးနေ သော တဒ် ကနေဒီသည်
သူ၏ အစီအစဉ် အောင်မြင်ခြင်းရှိ – မရှိ ကို မသိ နိုင်တော့ပြီ ဟု သူ၏ လုပ်ဖေါ်ကိုင်ဖက် ယူတက် ပြည်နယ် လွှတ်တော်အမတ် အိုရင် ဟက် ကပြောသည်။

အက် ဒွပ် ကနေဒီ ကွယ်လွန် ခြင်းအတွက် အမေရိကန် တွင် အလံတိုင်များကို တိုင် ၀က်လျှော့ ချ၍ ၀မ်းနည်းကြောင်းပြသ ခဲ့သည်။ကနေဒီ ၏ ဈာပန သို့ သမ္မတ အိုဘား နှင့် ရီပတ်ဘလစ် ကန် လွှတ်တော် အမတ် မက်ကိန်း တို့ လည်း တက်ရောက်မည် ဖြစ်သည်။




ကိုးကန့်နယ်မြေတွင် ဒုတိယမြောက်နေ့ တိုက်ပွဲဖြစ်
ခိုင်လင်း/ ၂၈ သြဂုတ် ၂၀၀၉
line


ယနေ့နံနက် (၃) နာရီမှစ၍ ကိုးကန့်နှင့် ဝနယ်မြေနယ်စပ် နမ့်တင်းချောင်းတလျှောက်နှင့် ကိုးကန့်နယ်တခုလုံးတွင် တိုက်ပွဲ ပြန်ဖြစ်နေသည်။

ချင်းရွှေဟော်အနီး တောင်ကုန်းမှ ယမန်နေ့ညက ဆုတ်ခွာသွားသည့် ကိုးကန့်တပ်ဖွဲ့များက ယခုအခါ နယ်စပ်တောင်ကုန်းများပေါ်မှ နေရာယူကာ ချင်းရွှေဟော်အနီး နအဖတပ်များ ရှိရာကို ပစ်ခတ်နေသကဲ့သို့ နအဖတပ်များကလည်း ပြန်ပြီးတိုက်နေသည်ဟု ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက “အခုထိ ချနေတုန်းပဲ။ ဒီကိုးကန့်တပ်ဘက်က စချတာ။ မနက် သုံးနာရီလောက်ကနေ တိုက်ပွဲတွေဖြစ်နေတာ။ အဓိကတော့ လက်နက်ကြီးတွေပဲ သုံးတယ်။ အကျအဆုံးတော့ သိနိုင်ဦးမှာ မဟုတ်ဘူး။ ပြောနိုင်တာက ဒီနေ့ မနက်ကတည်းက စချတယ်။ အခု ညနေ (၃) နာရီခွဲအထိ တိုက်ပွဲနေရာအနှံ့မှာ ဖြစ်နေတယ်” ဟု ပြောသည်။

ယမန်နေ့ကလည်း ကိုးကန့်နယ်မြေအတွင်း ရဲစခန်းအပါအ၀င် နေရာ (၄) ခုတွင် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ချင်းရွှေဟော်တိုက်ပွဲတွင် ကိုးကန့်တပ်ဖွဲ့က (၂) ဦး ဒဏ်ရာရကာ တောင်ကုန်းအား ဆုတ်ပေးခဲ့ရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး ပထမဆုံး ငြိမ်းချမ်းရေးလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်သည် အနှစ် (၂ဝ) ကြာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ထားရာမှ ယမန်နေ့မှစတင်၍ ပြန်ပြီး တိုက်ခိုက်လာခြင်းဖြစ်သည်။




ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲများ နေရာအနှံ့ဖြစ်
တရုတ်နိုင်ငံသားအချို့ထိခိုက်သေဆုံးမှုရှိ
ခိုင်လင်း/ ၂၈ သြဂုတ် ၂၀၀၉
line


ယမန်နေ့ ညနေ (၃) နာရီကျော်မှစ၍ ည (၇) နာရီခန့်အထိ ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်နယ်မြေအတွင်း နအဖတပ်များနှင့် ဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့အကြား အနည်းဆုံး တိုက်ပွဲ (၃) ခု ဖြစ်ပွားခဲ့သည်။

လောက်ကိုင်မြို့ဈေးအတွင်းတွင်လည်းကောင်း၊ ချင်းရွှေဟော်အနီးတွင်လည်းကောင်း၊ လောက်ကိုင်မြို့ အထက်ပိုင်း ပန်ခါးနှင့်မူကွာကျိုက် ကျေးရွာဘက်တွင်လည်းကောင်း ဖြစ်ပွားခဲ့ပြီး ချင်းရွှေဟော်အနီးတိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်ကာ နအဖဘက်က ထိခိုက်ကျဆုံးမှုများနိုင်သည်ဟု ကိုးကန့်တပ်ဖွဲ့နှင့်နီးစပ်သူ နယ်စပ်ဒေသခံတဦးက ပြောသည်။

၎င်းက “လောက်ကိုင်ဈေးထဲမှာလည်းဖြစ်တယ်၊ အပြန်အလှန်ပစ်တာပေါ့။ အဓိကဖြစ်တာက ချင်းရွှေဟော်နားမှာ ဖြစ်တာ။ ကိုးကန့်တပ်တွေထိုင်ထားတဲ့ တောင်ကုန်းကို နအဖဘက်က တက်ထိုးတာ။ သူတို့က အရင်စပစ်တာ။ သူတို့ဘက်က အထိအခိုက်အကျဆုံးတော့ မသိပေမယ့် များနိုင်တယ်၊ သူတို့က တက်ထိုးတာဆိုတော့။ ဒီဘက်က ဒဏ်ရာ နည်းနည်းပါးပါးရတာ (၂) ယောက်ပါပဲ။ ကျဆုံးသူမရှိပါဘူး။ အဲဒီတောင်ကုန်းကနေ ကိုးကန့်တပ်တွေ ဆုတ်ပေးလိုက်ရတယ်” ဟု ပြောသည်။

တဖက်တရုတ်နိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် လူသူမရှိတော့သည့် ကိုးကန့်ကျေးရွာများအား နအဖစစ်သားများက ဝင်ရောက်ကာ ပစ္စည်းများနှင့်အစားအသောက်များ မွှေနှောက်ယူနေသည်ကို သိရှိသည့် ကိုးကန့်တပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းခဲ့ရာမှ တိုက်ပွဲဖြစ်ခဲ့သည်ဟု အဆိုပါ ကိုးကန့်တပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

၎င်းက “ပန်ခါး၊ မူကွာကျိုက်ဘက်မှာ နအဖတပ်တွေက အိမ်တွေကိုဖောက်ပြီး ဟိုပစ္စည်းယူ၊ ဒီပစ္စည်းယူ လုပ်နေတာကို ဒီဘက်က တပ်ရင်း (၄) က ဝင်ရှင်းရင်းနဲ့ဖြစ်တာ။ အထိအခိုက်တွေတော့ ဒီဘက်က မရှိဘူး။ ရွာတွေအားလုံးလောက်က လူမရှိတော့ဘူး။ တချို့လည်း ဝနယ်ဘက်ကို သွားပြီ။ တချို့လည်း တရုတ်ဘက်ကမ်း ကူးသွားပြီဆိုတော့ အိမ်ကို သော့ခတ်ပြီး ပစ်ထားခဲ့တာ။ အဲဒါတွေကို နအဖတပ်တွေက ဝင်မွှေပြီး လုပ်ချင်သလို လုပ်နေကြတာ” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်နေစဉ်အတွင်း နအဖဘက်မှပစ်သော အမြောက်ကျည်ဆန်အချို့ လောက်ကိုင်မြို့ တဖက်ကမ်း တရုတ်ပြည်၊ ကျိန်ခန်းမြို့နယ်အတွင်းက ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲမှုများရှိခဲ့ရာ တရုတ်ကျေးရွာသား (၁) ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရသွားသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

ယမန်နေ့ မနက်ပိုင်းက တရုတ်-မြန်မာ နှစ်နိုင်ငံဖြတ်ကူးသည့် ရန်လုံကျိုက်နယ်စပ်ဂိတ် ရဲစခန်းကို ဖုန်ကျားရှင်၏ ကိုးကန့်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း ညနေပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကြောင်း၊ အဆိုပါတိုက်ပွဲ တွင် ကိုးကန့်တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုထားသည့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က ဝစစ်သားများပါ လာရောက် တိုက်ခိုက်နေသည်ဟု သတင်းများလည်း ပေါ်ထွက်နေသည်။

၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးနောက် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ ခေါ် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ထိန်းချုပ်ရာဒေသအတွင်း အနှစ် (၂ဝ) ကျော်ကြာ တိုက်ပွဲများရပ်ဆိုင်းထားရာမှ ယမန်နေ့က စတင်တိုက်ခိုက်လာခြင်းဖြစ်သည်။




မြို့ပြင်တက္ကသိုလ်ပညာရေးကြောင့် ကျောင်းသားများအခက်တွေ့
ဝီရ / ၂၈ သြဂုတ် ၂၀၀၉
line


ရန်ကုန်မြို့ပြင် တက္ကသိုလ်များတွင် တက်ရောက်ကြသည့် ကျောင်းသူ၊ ကျောင်းသားများသည် ပညာသင်ကြားနိုင်ရေး အခက်ကြုံနေကြသည်သာမက အဆင့်အတန်းမမီသည့် ကျောင်းဆောက်လုပ်ရေး ယိုယွင်းပျက်စီးမှုကြောင့်ပါ အခက်အခဲ ဖြစ်နေကြရကြောင်း သိရသည်။

ရွာသာကြီး စီးပွားရေးတက္ကသိုလ် ကျောင်းသားတဦးက “ကျနော်တို့ကျောင်းက အိမ်သာ (သန့်စင်ခန်း) တွေက ရေအမြဲပြတ်နေတော့ ဘယ်သူမှ မသုံးချင်ကြဘူး။ အများစုက သုံးလို့ကို မရတော့တာ။ ကျောင်းရှေ့က စားသောက်ဆိုင်တွေကိုပဲ ကျောင်းသားတွေ အားကိုးနေရတယ်။ သန့်ရှင်းရေးလုပ်တာလည်း မရှိတော့ ကျန်းမာရေး ထိခိုက်တာပေါ့။ တချို့ဆရာမတွေဆို ကျောင်းသူတွေကို သနားလို့ သူတို့အိမ်သာက သော့ကိုတောင်းရင် ပေးတယ်” ဟု ပြောကြားသည်။

နအဖစစ်အစိုးရက ၂၀၀၀ ပြည့်နှစ်မှစ၍ ရန်ကုန်မြို့အပြင် (၁၂) မိုင်အကွာ အရပ်လေးမျက်နှာသို့ တက္ကသိုလ်များကို ပြောင်းရွှေ့ဆောက်လုပ်ခဲ့ပြီး သန်လျင်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရွာသာကြီးတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံမြောက်တွင် ဒဂုံတက္ကသိုလ်နှင့် လှည်းကူးတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဟူ၍ အမည်ပေးခဲ့သည်။

(၆) လအတွင်း အပြီးသတ်တည်ဆောက်ထားခဲ့သည့် စီးပွားရေးတက္ကသိုလ် လေးထပ်ဆောင် (၂) ဆောင်အနက် အနောက်ဘက်အဆောင်သည် ယခုအခါ (၃) ထပ်နှင့် (၄) ထပ်မြောက်တွင် အက်ကြောင်းကြီးများ ဖြစ်ပေါ်နေ၍ ပြိုကျမည်စိုးသဖြင့် ထိုအဆောင်တွင် မည်သူမှ အတန်းမတက်လိုကြကြောင်းလည်း အထက်ပါ စီးပွားရေးတက္ကသိုလ် ကျောင်းသားဖြစ်သူက ပြောသည်။

၎င်းက “အဲဒီအနောက်ဘက်တိုက်ကို အဲဗားဂရင်းန် (Ever Green) ဆောက်လုပ်ရေးက ၂၀၀၁ ခုနှစ်က ဆောက်ထားတာ။ အပေါ်ဆုံးထပ်က အပြင်ဘက်လူသွားလမ်းမှာတောင် အက်ကွဲနေတာ မကဘူး။ အက်ကွဲကြောင်းကြီးက အခန်းထဲအထိ တောက်လျှောက်ပဲ။ ဒါကြောင့် အဲဒီအဆောင်မှာ ဘယ်သူမှ စာမသင်ချင်ကြဘူး” ဟု ပြောသည်။

မြို့ပြင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများသည် Roll Call ခေါ် အတန်းတက်မှတ်တမ်း ရရှိရန်အတွက်သာ အပင်ပန်းခံ၍ သွားရောက်နေကြခြင်းဖြစ်သည်ဟု တက္ကသိုလ်ကျောင်းသူတဦး၏ မိခင်ဖြစ်သူ ပညာရေးဝန်ထမ်းတဦးက ပြောသည်။

၎င်းက “Roll Call မပြည့်ရင် စာမေးပွဲ ဖြေခွင့်မရှိဘူးဆိုတော့ Roll Call သွားယူပြီးရင် ပြန်လာကြတာပဲ။ စာသင်ခန်းမှာ သူတို့အတွက် မည်မည်ရရ လေ့လာစရာတွေလည်း ရှိမှမရှိဘဲကိုး။ သမီးပြောပြတာက လေးနာရီကျောင်းလွှတ်ရင် ဖယ်ရီ (အကြိုပို့) ကားတွေကလည်း အလုံအလောက် စီစဉ်ပေးထားတာ မဟုတ်ဘူး။ ကားပေါ်မှာလည်း နေရာယူထားရသေးတယ်။ ခရီးက ဝေးတာကိုး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယနေ့အချိန်တွင် တက္ကသိုလ်ဘွဲ့တခုတည်းဖြင့် အလုပ်အကိုင်ရရှိရန် အလွန်ခဲယဉ်းနေသဖြင့် ပြင်ပသင်တန်းကျောင်းများကို ကျောင်းသူ၊ ကျောင်းသားအများစုက တချိန်တည်းတွင် တက်ရောက်နေကြရသည်ဟုလည်း အဆိုပါပညာရေးဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့ပြင် တက္ကသိုလ်များမှ မြို့တွင်းသို့ ကျောင်းအကြိုပို့ကားများဖြင့် သွားလျှင် (၄၅) မိနစ်ကျော်ကြာပြီး လိုင်းကားဖြင့် သွားပါက (၁) နာရီခွဲခန့် ကြာသည်ဟု သိရသည်။

နယ်မြို့များမှ လာသည့် ကျောင်းသူ၊ ကျောင်းသားအချို့မှာလည်း နေရာထိုင်ခင်းအတွက် အဆင်မပြေဖြစ်ကြရသည်ဟု မွန်ပြည်နယ်မှ စီးပွားရေးတက္ကသိုလ် တက်ရောက်နေသူတဦးက ပြောသည်။

၎င်းက “စီးပွားရေးကျောင်းက ယောက်ျားတွေအတွက်ကို ဒဂုံတောင်သွားတဲ့လမ်း လယ်ကွင်းပြင်က ကျန်စစ်သားဆောင်မှာ ထားတယ်။ မိန်းကလေးတွေကိုကျတော့ ရွာသာကြီး တက္ကသိုလ်ကနေ ပဲခူးဘက်ကို ထပ်သွားတဲ့ လေးထောင့်ကန်အနားက ယုဇနအိမ်ရာဆိုတာ ရှိတယ်။ အဲဒါကို ဒီဇင်ဘာဆောင် ဆိုပြီးတော့ နေရာချပေးတယ်။ အဲဒီနေရာတွေက အရင်က လူသူရှိတာ မဟုတ်ဘူး” ဟု ပြောသည်။

ကျောင်းမှနေရာချပေးထားသည့် မြို့ပြင်အဆောင်များသည် လုံခြုံမှုမရှိသောကြောင့် ကျောင်းသားအများစုသည် သွားလာရေး လွယ်ကူသည့် မြို့တွင်းပိုင်း တိုက်ခန်းများတွင် လူစုကာ ငှားရမ်းနေထိုင်ကြရသဖြင့် လစဉ်ကုန်ကျစရိတ်မှာ နှစ်သိန်းကျော်အထိ ရှိကြောင်း သိရသည်။



အလုပ်သမားလက်မှတ်ရှိသူများသာ ယာယီနိုင်ငံကူးလက်မှတ်လုပ်ခွင့်ရှိ
NEJ / ၂၈ သြဂုတ် ၂၀၀၉
line


ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံအလုပ်သမားဥပဒေအတိုင်း ခံစားခွင့်ရှိပြီး ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်ရှိသည်ဟု မြန်မာဘက်က ပြောသည်။

ယာယီနိုင်ငံကူးလက်မှတ်များကို ယခင်လ (၁၅) ရက်မှ စတင်ပြုလုပ်ပေးပြီး အဆိုပါလက်မှတ်ဖြင့် ထိုင်းတနိုင်ငံလုံးတွင် အလုပ်လုပ်ခွင့်နှင့် သွားလာခွင့်ရရှိမည်ဖြစ်ပြီး တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့် (၂) နှစ်ရမည်ဟု မြန်မာဘက်မှထုတ်ဝေသည့် လက်ကမ်းစာစောင်တွင် ပါရှိသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းမှထုတ်ပေးသည့် အလုပ်လုပ်ခွင့် အလုပ်သမားလက်မှတ်သည် ရှေ့နှစ် ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးပါက ဆက်လက်သက်တမ်းတိုးပေးတော့မည်မဟုတ်ဘဲ အလုပ်ဆက်လုပ်လိုသူများသည် မြန်မာနိုင်ငံတွင် ဗီဇာလက်မှတ်ပြန်ယူရမည်ဖြစ်သည်။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း တရားမ၀င်နေထိုင်သည့် ရွှေပြောင်းအလုပ်သမားများကို လိုက်လံဖမ်းဆီးပြီး နေရင်းနိုင်ငံများသို့ ပြန်ပို့မည်ဟု ထိုင်းဘက်မှ ကြေညာထားသည်။

မြန်မာဘက်မှထုတ်ပေးနေသည့် ယာယီနိုင်ငံကူးလက်မှတ်လုပ်ခြင်းဖြင့် ထိုင်းနိုင်ငံတွင်းရောက် မြန်မာများအလုပ်သမားများ အတွက် အာမခံချက်ရှိလာမည်ဟု မြန်မာအလုပ်သမားအချို့က ပြောသည်။

ဘန်ကောက်အထည်ချုပ်စက်ရုံတခုမှ နော်အိုင်းရစ်က “ဒီ (၂) သက်တမ်း ဗီဇာရထားတော့ အရင်လို အပြင်ထွက်ရင် အဖမ်းခံရမဲ့ပြဿနာမျိုး မရှိတော့ဘူး။ ထိုင်းတနိုင်ငံလုံးကို သွားခွင့်ရှိတော့ အရင်ကလို မဲဆောက်နဲ့ဘန်ကောက်ကို ဘတ် (၁၅,၀၀၀) ပေးပြီးတော့ မရေရာတဲ့ခရီးမျိုး သွားစရာလည်းမလိုတော့ဘူး ကိုယ့်လက်မှတ်ကိုယ်ကိုင်ပဲ။ အလုပ်ရှင်လည်း ကိုယ့်ကို အကျပ်ကိုင်လို့မရတော့ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ အခွင့်အရေးများ ယခင်ကမရရှိဘဲ အလုပ်လုပ်ခွင့်မှတ်ပုံတင်ကို အလုပ်ရှင်က သိမ်းထားသဖြင့် အပြင်ထွက်လျှင် ထိုင်းပုလိပ်အဖမ်းခံရကာ နယ်စပ်ပြန်ပို့ခံရမှုများရှိကြောင်း၊ အခါကြီးရက်ကြီးများတွင် အခက်အခဲမရှိ မြန်မာနိုင်ငံ ပြန်ခွင့်ရှိသောကြောင့် ထိုင်းနိုင်ငံအတွင်းပိုင်းရောက်ရှိနေသူများ လုပ်ထားသင့်သည်ဟု ၎င်းက ပြောသည်။

ဘန်ကောက်တွင် အိမ်ဖော်လုပ်သူတဦးကလည်း “ယာယီနိုင်ငံကူးလက်မှတ်ဆိုပေမယ့် (၂) နှစ်ဗီဇာအတွက်ဘတ် (၂,၀၀၀) ပဲ ဆိုတော့ တန်ပါတယ်။ ကိုယ့်အတွက် ရေရှည်အာမခံချက်ရှိလို့ အခုလိုမြ၀တီမှာ သွားလုပ်တာပါ။ တချို့လုပ်ချင်ပေမယ့် သူတို့အလုပ်ရှင်တွေက လုပ်မပေးတာတွေ များတယ်” ဟု ပြောသည်။

ထိုင်းအလုပ်သမားမှတ်ပုံတင်ရှိသူများသာ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ပြီး ထိုင်းအလုပ်ရှင်နှင့်အတူ နယ်စပ်မြို့များဖြစ် သည့် မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်တို့တွင် မြန်မာမှတ်ပုံတင်ပါ ပြသရမည်ဖြစ်သည်။ အလုပ်သမားလက်မှတ်မရှိသူများ လုပ်ခွင့်မရှိပေ။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက ပြီးခဲ့သည့် ဇူလိုင်မှ ယခုလ (၂၉) ရက်ထိ အလုပ်သမားမှတ်ပုံတင်ရန် အချိန်ကန့်သတ်ပေးခဲ့ပြီး ယင်းကာလအတွင်း မှတ်ပုံတင်မပြုလုပ်သူများသည် တရားမ၀င်အလုပ်သမားများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

လက်မှတ်အတွက် မြန်မာဘက်တွင် ကျပ် (၃,၀၀၀) ပေးရပြီး (၂) နှစ်စာဗီဇာကြေးအတွက် ထိုင်းလ၀ကသို့ ဘတ် (၂,၀၀၀) ပေးသွင်းပြီး ထိုင်းတနိုင်ငံလုံးသို့ လွတ်လပ်စွာသွားလာခွင့်ရှိသည်။

လက်ရှိထိုင်းတွင် မှတ်ပုံတင်ထားသူ မြန်မာအလုပ်သမား (၇) သိန်းခွဲခန့်ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် လာရောက်ထုတ်ယူသူ (၁၀၀) ကျော်ခန့်သာရှိသေးသည်ဟု မြန်မာဘက်က ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား (၁.၅) သန်း ရှိသည်ဟု သိရသည်။

ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ကိစနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့၏ တာဝန်ခံ ဦးသံဒုတ်ကမူ “ဒီလုပ်ငန်းစဉ်ဟာ အောင်မြင်မယ်လို့ မထင်ဘူး။ အဓိက အကြောင်းအရင်းကတော့ မြန်မာနိုင်ငံဟာ အာဏာရှင်တွေရဲ့ အစီအစဉ်နဲ့ သွားနေရတော့ အလုပ်သမား၊ လူဝင်မှု၊ နိုင်ငံခြားရေး စတဲ့ဝန်ကြီးဌာနတွေဟာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။ စစ်အာဏာရှင်တွေရဲ့ ယန္တရားက မှန်ကန်တဲ့တွေးခေါ်မှုမရှိတော့ ပြည်သူတွေက သူတို့ကို မယုံကြည်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။







ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်မည့်သတင်း ပေါက်ကြား
NEJ / ၂၈ သြဂုတ် ၂၀၀၉
line


နအဖစစ်တပ်နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့က ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ ကေအန်ယူ တပ်မဟာ (၆) နယ်မြေအား လာမည့်စက်တင်ဘာလဆန်းတွင် စတင်ထိုးစစ်ဆင်တော့မည် ဖြစ်ကြောင်း ဘုရားသုံးဆူနယ်စပ်ရှိ ကရင်ငြိမ်းချမ်းရေး ကေပီအက်ဖ်အဖွဲ့က ပြောသည်။

လာမည့် ထိုးစစ်ဆင်မှုတွင် ဒီကေဘီအေတပ်ဖွဲ့မှ စစ်ကြောင်း (၃) ကြောင်းအနက် လွန်ခဲ့သည့် (၄) လခန့်က ကေအန်ယူမှ ခွဲထွက်သွားပြီး ဒီကေဘီအေထံ ရောက်ရှိနေသည့် တပ်ခွဲမှူးအဆင့်ရှိ ဘိုဘိုထွန်းက စစ်ကြောင်းတကြောင်းကို ဦးဆောင်မည်ဟု ကေပီအက်ဖ် ထိပ်ပိုင်းအရာရှိတဦးက ပြောသည်။

၎င်းက “ဘိုဘိုထွန်းက ဒီတပ်မဟာ (၆) နယ်မြေကို ကျွမ်းကျင်တယ်လို့တော့ သိရတယ်။ အခု ဘုရားသုံးဆူကို ရောက်နေပြီ။ ဒီစစ်ဆင်ရေးမှာလည်း နအဖတပ်တွေက နောက်ကနေ လိုက်ဖြည့်တာလောက်ပဲ ပါမယ်။ ဒီစစ်ကြောင်း (၃) ကြောင်းစလုံးကို ဒီကေဘီအေက ဗိုလ်နှုတ်ခမ်းမွှေးက ဗျူဟာမှူးအနေနဲ့ ကိုင်တွယ်မယ်။ အရင်ဆုံး ဘုရားသုံးဆူနဲ့ (၂၄) မိုင်လောက်မှာရှိနေတဲ့ မဲကသာရွာကို ရဖို့ လုပ်ကြလိမ့်မယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဘုရားသုံးဆူဒေသ တောတွင်းမှ သစ်များအား သြဂုတ်လကုန်ပိုင်းတွင် အပြီးထုတ်ယူထားကြရန် ဒီကေဘီအေက ညွှန်ကြားထားသည်ဟုလည်း ၎င်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နေသူ စီးပွားရေသမားများက ပြောသည်။

ယခုစစ်ဆင်ရေးတွင် ဒီကေဘီအေ၏ ရှေ့တန်းစစ်ကြောင်း (၁) တပ်ခွဲမှူး ဘိုဘိုထွန်းအဖွဲ့က ဘုရားသုံးဆူ၊ ကျောက်ဖလူး၊ မအူ၊ တောင်ပေါက်၊ ကြာအင်းဆိပ်ကြီးသို့ ထိုးဖောက်မည်ဖြစ်ပြီး ဒီကေဘီအေတပ်ရင်း (၉၀၇) အား ဦးဆောင်မည့် တပ်ရင်းမှူး နော်တရာ၏ စစ်ကြောင်း (၂) က ကျွန်းချောင်း၊ မဲကသာ၊ တောင်လပ၊ ကြိုက်ဒုန်လမ်းကြောင်းတွင် တာဝန်ယူမည်ဖြစ်ကာ ဘုရားသုံးဆူ၊ ဝဲကနိုင်၊ ဖားပြ၊ ကျုံခဝန်၊ တခွန်တိုင်လမ်းကြောင်းအား ဒီကေဘီအေတပ်ရင်း (၉၀၆) က ဗိုလ်ကျော်ကျော်က ဦးစီးမည်ဟု ကေအန်ယူ တပ်မဟာ (၆) တပ်ရင်း (၁၆) မှ အရာရှိတဦးက အတည်ပြုပြောဆိုသည်။

ယင်းအရာရှိက “နအဖတပ်ရင်းတွေကိုတော့ ကျနော်တို့မသိသေးဘူး။ ဒီကေဘီအေတွေကပဲ ရှေ့တန်းက ပါမယ်ဆိုရင်တော့ တိုက်ပွဲက အကြီးအကျယ် ဖြစ်ဖို့မရှိဘူး ခင်ဗျ။ ဒီနယ်မြေမှာ ကျနော်တို့က ခံစစ်အသေချထားတဲ့စခန်းတွေ မရှိဘူးလေ။ ကျနော်တို့ကတော့ အဓိကရန်သူ နအဖကိုပဲ ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်မှာပါ” ဟု ပြောသည်။

ထိုသို့ ထိုးစစ်ဆင်ချိန်တွင် ဘုရားသုံးဆူမြို့အား ကေအန်ယူမှ ဝင်ရောက်စီးနှင်းမည်ဟု သတင်းများထွက်ပေါ်နေပြီး ဘုရားသုံးဆူမြို့ပေါ် စခန်းများအား ကာကွယ်ရန် ဒု -ဗိုလ်မှူးကြီး မြတ်ထွန်းအေး ဦးစီးသည့် ခမရ (၂၈၃) အပြင် လှေဆိပ်ဂိတ် ကျွန်းချောင်းတွင် တပ်စွဲထားသည့် အင်အား (၄၀) ကျော်ရှိ ၎င်းလက်အောက်ခံတပ်ကိုလည်း ဘုရားသုံးဆူမြို့သို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

ကရင်စစ်ဘေး ဒုက္ခသည်များ ရတက်မအေးနိုင်သေး Print E-mail
ကျော်ခ
သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ် 21 နာရီ 06 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ကိုးကန့်ဒေသမှ စစ်ဘေးရှောင်သူများ တရုတ်နိုင်ငံထဲသို့ ရောက်ရှိလာနေခိုက် ထိုင်းနိုင်ငံက ယာယီ ဒုက္ခသည်စခန်းများနေ ကရင်ဒုက္ခသည်များမှာ သုံးလနီးပါး ကြာပြီဖြစ်သော်လည်း အသက်အိုးအိမ်လုံခြုံရေးအတွက် ပူပန်နေရဆဲဖြစ်သည်။

တရုတ်နိုင်ငံနယ်စပ်မြို့ နမ့်ဆန်သို့ ဖုန်ကြားရှင်၏ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲများမှ လွတ်ကင်းရန် ထောင်ပေါင်းများစွာသော ကိုးကန့်များ ထွက်ပြေးနေကြသည်။

သြဂုတ်လဆန်းက စတင်သော လောက်ကိုင်ဒေသမှ ထွက်ပြေးမှုသည် ယမန်နေ့နှင့် ယနေ့တွင် ဖြစ်ပွားသော နှစ်ဖက်တိုက်ပွဲများကြောင့် ပိုများလာခဲ့သည်။

သို့သော် ဇူလိုင်လတွင်းက ထိုင်း-မြန်မာနယ်စပ်အနီး ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) အပေါ် စစ်အစိုးရတပ်များနှင့် ကရင်အဖွဲ့ကွဲ တို့ ထိုးစစ်ဆင်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ တာခ်ခရိုင် ထာ့ဆောင်ယမ်းမြို့နယ်ရှိ ယာယီဒုက္ခသည်စခန်း ၄ ခု သို့ မြန်မာနိုင်ငံ ဘားအံခရိုင်မှ ကျေးရွာသူ၊ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

မဲ့သရီ၊ သလေထာ့၊ အူသူးထနှင့် နို့ဘိုး ယာယီစခန်းများတွင် အနည်းဆုံး ဒုက္ခသည် ၃၀၀၀ ကျော်ရှိနေပြီး မြန်မာ့တပ်မတော်က အလစ်အငိုက်ဝင်ပစ်မှာကို စိုးရိမ်နေကြသည်။

“ထိုင်းကလည်း အကုန်လုံး လုံခြုံရေးမယူနိုင်ဘူး။ အဲဒါကြောင့်ကျနော်တို့က ရွှေ့ပြောင်းချင်ကြတာ” ဟု အူသူးထ ဒုက္ခသည်စခန်း ယာယီဥက္ကဌ စောတာဆူးညား က ပြောသည်။

''ဒီကေဘီအေ တို့ နအဖတို့က လာရင် ကျနော်တို့ ဘာမှမတက်နိုင်ဘူးလေ။ တကယ်လို့ ဗုံးတွေပေါက်ဘာတွေ ပေါက်များလာရင်လည်း သူတို့စိတ်တိုလာရင် တကယ့်တကယ် ကူးလာပြီးတော့ အရမ်းလျှောက်လုပ်ရင် ဒီနားရှိတဲ့ ဒုက္ခသည်တွေပဲ ဒုက္ခထပ်ရောက်ကြမယ်လေ” ဟု သူက စစ်အစိုးရနှင့် မဟာမိတ်အဖွဲ့ဖြစ်သော တိုးတက်သော ကရင် ဗုဒ္ဓဘာသာအစည်းအရုံး ခေါ် ဒီကေဘီအေကို ညွှန်းဆိုလိုက်သည်။

အများစုက နှစ်ရှည်လများကတည်းက တည်ရှိနေပြီးဖြစ်သော ဒုက္ခသည်စခန်းကြီး တခုဖြစ်သည့် မယ်လသို့ ပြောင်းရွှေ့လိုကြပြီး ယခုအခါ ဒီကေဘီအေ ထိန်းချုပ်ထားပြီးဖြစ်သော ဇာတိမြေသို့ ပြန်လိုကြခြင်းမရှိပေ။

ထိုင်းအာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် သြဂုတ်လ ၂၄ ရက်နေ့တွင် မယ်လသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း အထမမြောက်နိုင်သေးဘဲ ဖြစ်နေသည်။

ဒုက္ခသည်များသည် ယာယီစခန်းများတွင် အမိုးအကာအဖြစ် တဲထိုး၍ နေထိုင်ကြခြင်းဖြစ်ပြီး အစားအစာအတွက် TBBC (ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်များကို အကူအညီပေးနေသည့်အဖွဲ့) ဖြစ်သည့် Thailand Burma Border Consortium အဖွဲ့က စီစဉ်ပေးတာဖြစ်ပြီး ကျန်းမာရေးနှင့်ပတ်သက်ပြီး ခရစ်ယာန်ဘာသာရေးများက ကူညီပေးနေကြောင်းသိရသည်။


ကိုးကန့်စစ်ပြေးများ တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံ Print E-mail
မျိုးကြီး
သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ် 20 နာရီ 11 မိနစ်


ရွှေလီ (မဇ္ဈိမ) ။ ။ စစ်ပွဲမှကင်းလွတ်ရန် ကိုးကန့်ဒေသမှ လူဦးရေ ထောင်ပေါင်းများစွာသည် အိမ်နီးချင်း တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာခဲ့သည်ဟု ဒေသတွင်းမှလာသော သတင်းများအရ သိရသည်။

ဖုန်ကြားရှင် ခေါင်းဆောင်သော MNDAA ကိုးကန့်တပ်နှင့် စစ်အစိုးရတပ်တို့ စတင်တင်းမာနေခဲ့ချိန် သြဂုတ်လဆန်းပိုင်းက စတင်ခဲ့သော တိမ်းရှောင်မှုသည် ယမန်နေ့က ဖြစ်ပွားသော နှစ်ဖက်တိုက်ခိုက်မှုကြောင့် တိုးပွားလာခဲ့သည်။

“လောက်ကိုင်မြို့ (ကိုးကန့်အဖွဲ့ ဌာနချုပ်တည်ရှိရာ မြို့တော်) က လူတွေ များတယ်။ ကုန်သည်တွေ၊ ဈေးရောင်းတဲ့သူတွေ အကုန်ရောက်နေကြတယ်။ ဒီနေ့မနက်အထိလည်း လာနေတုန်းပဲ” ဟု ယနေ့နံနက်ပိုင်းတွင် တရုတ်ဘက်ခြမ်း နမ့်စန်မြို့သို့ ခိုလှုံလာသူတဦး မဇ္ဈိမကို ပြောသည်။

တစုတစည်းထဲ ရောက်ရှိနေထိုင်ခြင်း မဟုတ်သောကြောင့် တိမ်းရှောင်သွားသူ အရေအတွက်ကို ဒေသတွင်းနေ အကဲခတ်များ ပြောဆိုရာတွင် ကွဲပြားမှုများစွာ ရှိနေသော်လည်း ထောင်နှင့်ချီမည်ဟု ယုံကြည်ရသည်။

ယနေ့ နံနက်ပိုင်းကလည်း မြန်မာနိုင်ငံ သံလွင်မြစ်အရှေ့ဘက်၊ တရုတ်နယ်စပ်နှင့် ကပ်လျက်ရှိသော လောက်ကိုင်မြို့တွင် ဖုန်ကြားရှင်သစ္စာခံသူများနှင့် စစ်အစိုးရ တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

“ကိုယ်ထူကိုယ်ထပေါ့။ ကိုယ့်ဟာကိုယ် အခန်းငှားနေတယ်။ စားတာလည်း ကိုယ့်စရိတ်နဲ့ ကိုယ်စားပေါ့။ လောလောဆယ်တော့ ပေးတာတွေတော့ မရှိဘူး။ သူတို့က စစ်တာတွေတော့ နည်းနည်းပါးပါး လုပ်တာပေါ့။ ဒါပေမဲ့လည်း တင်းတင်းကျပ်ကျပ် မရှိပါဘူး။ ဒီကနေ့လည်း ထပ်ရောက်လာကြတယ်။ ဟို အခုဆောက်နေတဲ့ တိုက်တန်းအသစ်တွေဘက်မှာ သွားငှားနေကြတယ်” ဟု စစ်ပြေးဒုက္ခသည်တဦးက ပြောသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် စစ်အစိုးရစစ်တပ်များက လက်နက်စက်ရုံကို ရှာဖွေရန်ဆိုကာ စီးနင်းခဲ့သည်။

အစောပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လက်နက်ကိုင် ရဲတပ်သား ၇၀ ခန့်က ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကြားရှင် နေအိမ်ကို မူးယစ်ဆေးဝါး ရှာဖွေရန် ဝင်ရောက်စီးနင်းခဲ့ချိန်မှစတင်၍ ဆက်ဆံရေးတင်းမာမှု သိသာစွာ မြင့်တက်လာခဲ့သည်။

နေပြည်တော်စစ်အစိုးရက ဘိန်းတိုက်ဖျက်ရေးခေါင်းစဉ်တပ်သော်လည်း ငြိမ်းအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို မြန်မာ့တပ်မတော်အောက်သို့ သွတ်သွင်းထိန်းချုပ်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သို့မဟုတ် လက်နက်ဖြုတ်ချရေး ကြိုးပမ်းမှုကို လိုက်နာရန် ငြင်းဆန်သူများကို ရမယ်ရှာသည်ဟု ငြိမ်းအဖွဲများနှင့် အတိုက်အခံများဘက်က ပြောသည်။

စစ်ပွဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသည့် ဒေသခံအများအပြားသည် တရုတ်နိုင်ငံဘက်သို့ ခိုလှုံဝင်ရောက်မှုများ ရှိလာခဲ့သလို၊ အချို့မှာ မြန်မာပြည်အတွင်းပိုင်း ဒေသများသို့ ပြောင်းရွှေ့သွားသည်များလည်း ရှိခဲ့သည်။

လောက်ကိုင်တွင် မြန်မာတပ်သားများ၊ ရဲများနှင့် စစ်ဖက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူနေသလို ဖုန်ကြားရှင်အဖွဲ့နှင့် မတဲ့သော ယခင် MNDAA ဒုဥက္ကဌ ပိုင်စိုချိန်က စစ်အစိုးရ၏ ပူပူနွေးနွေး သစ္စာခံ မဟာမိတ်ဖြစ်လာခဲ့သည်။

MNDAA သည် မြန်မာအစိုးရ အဆက်ဆက်ကို လက်နက်ကိုင်တော်လှန်ခဲ့သော ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ကာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့သော လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။


သံဃာတော်များက လျှို့ဝှက်အဖွဲ့များ ဖွဲ့စည်း Print E-mail
ဖနိဒါ
သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ် 20 နာရီ 04 မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရကို ဆန့်ကျင်လှုပ်ရှားသည့် သံဃာတော်များ၏ လျှို့ဝှက်အဖွဲ့သစ်များ ဖွဲ့စည်းကြောင်း ကြေညာစာများ အင်တာနက်တွင် တိုးမြှင့်တွေ့လာရသည်။

သံဃာ့တပ်ပေါင်းစုအောက်မှ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းအဖွဲ့ခွဲများ ဖွဲကြောင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့၏ ထုတ်ပြန်ချက်တို့ အင်တာနက်သုံး မြန်မာအသိုင်းအဝိုင်းတွင်းသို့ ဖြန့်ဝေမှုများ ဖြစ်သည်။

လမ်းပေါ် လူထုဆန္ဒပြပွဲများဖြင့် စစ်အစိုးရကို ဖြုတ်ချရန် ရည်ရွယ်ထားသည့် သံဃာ့တပ်ပေါင်းစုအနေဖြင့် သပိတ်တိုက်ပွဲတွင် စနစ်တကျ စုစည်းမှု၊ ညီညွတ်မှု၊ အောင်မြင်မှုများရရန် ယခုကဲ့သို့ အဖွဲ့ခွဲများ ဖွဲ့ရခြင်း ဖြစ်သည်ဟု ပြည်ပရောက် သံဃာ့တပ်ပေါင်းစုမှ နိုင်ငံခြားရေးတာဝန်ခံ ဆရာတော် ဦးဣဿရိယ မိန့်သည်။

“သံဃာ့သမဂ္ဂီအဖွဲ့တို့၊ ရဟန်းပျိုသမဂ္ဂတို့၊ သောသုဇနတို့ ဒီလိုအဖွဲ့တွေ အားလုံးပေါင်းပြီးတော့ ဖွဲ့လိုက်တာ မှန်ပေမယ့် ဒါတွေကို အကုန်လုံး တချို့က နယ်တွေက အသီးသီးကနေ ဘယ်လိုတွေ လာပြီးတော့ ချဉ်းကပ်ရတာ သိပ်ခက်တယ်။ အဲဒါကြောင့်မလို့ အလွယ်တကူ ကိုယ့်နယ်နဲ့ကိုယ် ကျကျနန အဖွဲ့ခွဲတွေရဲ့ ဗဟိုရဲ့ ညွန်ကြားချက်တွေနဲ့ အားလုံးပေါင်းစည်းပြီးတော့ လုပ်လာနိုင်အောင် ဖွဲ့စည်းရတာပါ”ဟု ပြောသည်။

သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ်မှုများအတွက် စစ်အစိုးရက အောက်တိုဘာလ ၂ ရက် ၁၂ နာရီ မတိုင်မီ ပြန်လည်တောင်းပန်ရန် သံဃာ့တပ်ပေါင်းစုက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလဆန်းတွင် ပဲခုက္ကူမြို့တွင် ရဟန်းတော်များကို စစ်တပ်က ရိုက်နှက်ခဲ့ကြောင်းကို ပြည်ပအခြေစိုက် မီဒီယာများက သတင်းထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံအဝှန်း ကြိမ်မီးအုံးဖြစ်သွားခဲ့သည်။

သံဃာတော်များ ဦးဆောင်သော မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြပွဲများ ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးအများအပြားတွင် ဖြစ်ပေါ်ခဲ့ပြီး လံခြုံရေးတပ်များက သွေးမြေကျဖြိုခွဲခဲ့သည်။

ဆက်လက်၍ ထင်ရှားသော ဖြိုခွင်းမှုတခုတွင် ရန်ကုန်မြို့ ငွေကြာယံ စာသင်ကျောင်းတိုက်တွင်းသို့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ညက လက်နက်ကိုင်လုံခြုံရေးများ ဝင်ရောက်စီးနင်း ရိုက်နှက်ပြီး ရဟန်းများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူသံဃာတော်များသည် ရဟန်းတုများဖြစ်သည်ဟု သာသာနာရေးဝန်ကြီးက စွပ်စွဲပြောဆိုခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ထုတ်ပြန်သည့် ကြေညာချက်နှင့် ပတ်သက်ပြီး မြန်မာပြည်သူလူထုအကြား နေရာအနှံ့ ပြန့်နှံ့နေပြီး ပြည်တွင်းရှိသံဃာများ လှုပ်ရှားမှုတွင် ခက်ခဲမှုများ ရှိနေကြောင်း မြန်မာပြည်တွင်းရှိ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ပြောခွင့်ရသူ ဦးဓမ္မဝံသက မဇ္ဈိမကို ပြောသည်

“တကယ်တမ်းကျတော့ ရှေ့ကနေ လုပ်ပြီး နောက်ကနေ ပါလာအောင် လုပ်နေတယ်။ လူထုက စိတ်ဓါတ်တွေ တက်ကြွလာအောင် ကြိုတင်ပြင်ဆင်နေတာ။ ဦးဇင်းတို့က အထဲမှာ ဘေးပိတ်နံပိတ်နဲ့ လုပ်နေတာ။ လူထုနောက်ကနေ ပါလာရဲအောင် စိတ်ဓါတ် အသိတရားတွေ ရှိလာအောင် စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာကင်ပိန်းတွေ လှုပ်ရှားမှုတွေ ရှိတယ်။ အဲဒါလဲ မလုပ်နိုင်တော့ဘူး” ဟု သူက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ သပိတ်မှောက်ကံဆောင်မှုနှင့် ပတ်သက်ပြီး ကျောင်းသားသမဂ္ဂအနေဖြင့် ပူးပေါင်းပါဝင်သွားမည်ဟု မြေအောက်လှုပ်ရှားနေသည့် ကျောင်းသားအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က ပြောသည်။

“သံဃာတွေ သပိတ်ဆင်နွဲတယ်ဆိုရင် ဘယ်အတိုင်းအတာထိ လုပ်မှာလဲ။ ဘယ်လောက်ထိ ကျယ်ပြန့်လာမလဲ။ ဒါက ဦးဆောင်သံဃာတွေပေါ်မှပဲ မူတည်တယ်။ တကယ်ဖြစ်လာမယ်ဆိုရင် ကျနော်တို့ ဗကသအနေနဲ့လည်း လူထုရှေ့ကနေ ထွက်လာမှာပဲ” ဟု သူက ပြောသည်။

နေပြည်တော် စစ်ရုံးသတင်းရပ်ကွက်တခုအရ သံဃာတော်များ ဦးဆောင်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ မကြာမီ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း စစ်အစိုးရကလည်း ခန့်မှန်းထားပြီး စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

မြန်မာ့အရေး အမေရိကန် ပြန်လည်သုံးသပ်မှု ပြီးစီးတော့မည် Print E-mail
မြင့်မောင်
သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ် 19 နာရီ 00 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ အမေရိကန်က မြန်မာ့အရေး မူဝါဒကို ပြန်လည်သုံးသပ်ရာတွင် ပြီးဆုံးတော့မည် ဖြစ်ကြောင်း ရန်ကုန်တွင် ရောက်ရှိနေသော အမေရိကန် အောက်လွှတ်တော်မှ ကျွမ်းကျင်အရာရှိ ၃ ဦးက ပြောဆိုသည်ဟု ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ ဆွေးနွေးခဲ့သူ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ရုံးခန်းတွင် ပြုလုပ်သော အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှ အရာရှိများနှင့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် အကြီးတန်းအရာရှိများ တွေ့ဆုံပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်ပြီး အိုဘားမား အစိုးရအနေဖြင့် မကြာမီ ထုတ်ပြန်ဖွယ်ရှိသည်ဟု ဆိုသည်။

'' မြန်မာပြည်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက ပေါ်လစီ အပြောင်းအလဲ လုပ်မယ်ဆိုတာ ပြောနေသလို၊ ပေါ်လစီနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ဖို့ ရှိနေတာ မှန်ကန်ပါတယ်။ '' ဟု ဒီချုပ် ပြန်ကြားရေးဌာန အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ယနေ့ ညနေ ၄ နာရီမှစတင်ကာ တစ်နာရီကြာ တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအပြင် ပါတီ သတင်းနှင့် ပြန်ကြားရေးမှ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးခင်မောင်ဆွေနှင့် ဦးလှမင်းတို့ တက်ရောက်ခဲ့သည်။

ဦးအုန်းကြိုင်က “မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံ မသိသေးပါဘူး။ ကျနော်တို့သိချင်တဲ့ မေးခွန်းတွေ မေးပါရစေလို့ ပြောတယ်။ သူတို့က မေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ၂၀၀၀ ကျော်ရှိတယ်လို့ ကြားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်းအခြေအနေ သိနိုင်ပါသလားမေးတော့ ကျနော်တို့ထဲက ဦးခင်မောင်ဆွေနဲ့ ကျနော်က ထောင်တွင်း အခြေအနေကို ပြန်ပြောပြခဲ့တယ်” ဟု ပြောသည်။

ဧည့်သည်တော်များက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ထိန်းသိမ်းခံထားရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စနှင့် ကျန်းမာရေး အခြေအနေကို မေးမြန်းခဲ့ကြောင်းလည်း သိရသည်။

ကိုယ်စားလှယ်အဖွဲ့သည် နာဂစ်မုန်တိုင်း တိုက်ခိုက်ရာ ဒေသများသို့ သွားရောက်ကြည့်ရှု့မည်ဖြစ်သလို အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။

အမေရိကန်၏ အများပြည်သူ သံတမန်ရေးရာနှင့် အထောက်အပံ့ပေးရေး အစီအစဉ် ပြန်လည်သုံးသပ်ရေး ဦးတည်ချက်ဖြင့် ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့သည် လေးရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိင်ငံသို့ ယမန်နေ့က ရောက်ရှိခဲ့သည်။


မိဘမဲ့ မုန်တိုင်းသင့်များအတွက် ဂီတပွဲ လန်ဒန်တွင် ကျင်းပမည် Print E-mail
နန်းဒေဝီ
သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ် 18 နာရီ 48 မိနစ်


နယူးဒေလီ (မဇ္စျိမ)။ ။ ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းသင့် မိဘမဲ့ကလေးငယ်များအတွက် ရံပုံငွေရှာဖွေရေး စင်တင်တေးဂီတ ဖျော်ဖြေပွဲတခုကို လာမည့်တပတ် တနင်္လာနေ့တွင် လန်ဒန်မြို့၌ ကျင်းပသွားမည် ဖြစ်သည်။

နာမည်ကြီး ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်၊ တေးရေးဆရာနှင့် အဆိုတော် ဆောင်းဦးလှိုင်၊ ထွန်းအိန္ဒြာဗိုလ်၊ L ဆိုင်းဇီ၊ ရဲလေး၊ ဒီဂျေ ကိုတုနှင့်အတူ လန်ဒန်အခြေစိုက် မြန်မာတိုင်းရင်းသား လူငယ်တချို့နှင့် ဖွဲ့စည်းထားသည့် ‘The Occupiers Band’ တီးဝိုင်းတို့ ဖျော်ဖြေတင်ဆက်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

“နာဂစ်ဒဏ်ခံနေရတဲ့ လူတွေအတွက်၊ အထူးသဖြင့် မိဘမဲ့ကလေးတွေအတွက် ရည်ရွယ်လုပ်တာ ဖြစ်ပါတယ်။ " ဟု ပွဲဖြစ်မြောက်ရေး တာဝန်ခံတဦးဖြစ်သူ ဒေါက်တာမြသန်းက မဇ္စျိမကို ပြောသည်။

ယခု Temptation 3 အတွက် လက်မှတ်တစောင်လျှင် ပေါင် ၂၀ သတ်မှတ်ထားရာ စောင်ရေ ၈၀၀ ကျော် ကြိုတင်ရောင်းချပြီးဖြစ်သည်။

“မှန်းရခက်ပါတယ်။ လက်မှတ်တွေက ရောင်းနေတုန်းဆိုတော့။ အဲဒီအကြားထဲမှာ သပ်သပ်အလှူငွေဆိုပြီး ဒီကလူတွေက ပေါင် ၁၀၀၊ ၂၀၀ ဆိုပြီး ထည့်တဲ့လူတွေလည်း ရှိတယ်။ ပွဲနေ့မှာ အလှူဆက်ကောက်ပါအုံးမယ်။ ဒါပေမဲ့ အရင်နှစ်က ရသလောက်ကို မှန်းထားပါတယ်” ဟု ပြောသည်။ ယခင်နှစ်က ပေါင် ၅ ထောင် လှူနိုင်ခဲ့ကြောင်း ထပ်လောင်းပြောသည်။

ရရှိမည့် အလှူငွေများကို အစိုးရမဟုတ်သည့် အဖွဲ့အစည်းတချို့၊ ပုဂ္ဂလိက အလှူရှင် အဖွဲ့တချို့မှတဆင့် မိဘမဲ့ကလေးငယ်များကို ပေးလှူသွားမည်ဖြစ်သည်ဟု ဆိုသည်။

သီဆိုမည့် အဆိုတော်များသည် ယမန်နေ့က လန်ဒန်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ အဆိုတော်များအတွက် ကုန်ကျစရိတ်ကို ပွဲဖြစ်မြောက်ရေး လုပ်ကိုင်နေသူများက စေတနာဖြင့် ငွေကြေးထည့်ဝင်ခဲ့ကြသည်။

၂၀၀၈ခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်း၌ အသေအပျောက် လူဦးရေ ၁ သိန်း ၄ သောင်းခန့် ရှိခဲ့ပြီး၊ အိုးအိမ်မဲ့ ၂ သန်း ၄ သိန်းရှိခဲ့သည်။


ကိုးကန့်တပ်နှင့် စစ်အစိုးရတပ်များအကြား တိုက်ပွဲများဖြစ်ပွား Print E-mail
မုံပီး
သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ် 13 နာရီ 53 မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ကိုးကန့်တပ်ဖွဲ့များနှင့် မြန်မာအစိုးရတပ်များအကြား သိသာစွာ တင်းမာမှုများ ဖြစ်ပွားနေခဲ့ပြီးနောက် ကြာသပတေးနေ့က တရုတ်-မြန်မာနယ်စပ်တလျှောက် အနည်းဆုံး နေရာ ၃ နေရာတွင် သီးခြားစီ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နယ်စပ်သတင်းရပ်ကွက်များအဆိုအရ ပထမတိုက်ပွဲမှာ တရုတ်-မြန်မာနယ်စပ်အနီး ရန်လုံစိုက်မြို့တွင် ဒေသစံတော်ချိန် နံနက် ၇ နာရီက ဖြစ်ပွားခဲ့သည်။ နောက်တိုက်ပွဲတခုမှာ ဖုံကြားရှင် ခေါင်းဆောင်သော ကိုးကန့်တပ်က သူတို့နောက်မှ ထက်ကြပ်မကွာလိုက်နေသော စစ်အစိုးရတပ်ဖွဲ့များကို တောတွင်းတွင် ခြုံခိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ထိုနေ့နောက်ပိုင်း ညနေခင်းအရောက်တွင် နယ်စပ်အနီး ချင်းရွှေဟော်မြို့နားတွင် နှစ်ဖက်တပ်များ တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

''ကိုးကန့်နဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ စဖြစ်ပြီ'' ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

ဦးအောင်ကျော်ဇောနှင့် အခြားအကဲခတ်များ၏အဆိုအရ အခြားအပစ်ရပ်အဖွဲ့များကဲ့သို့ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့်တပ်ဖွဲ့က ငြင်းပယ်လိုက်ပြီးနောက် ကိုးကန့်သူပုန်များနှင့် တပ်မတော်တပ်ဖွဲ့များအကြား တင်းမာမှုများ ဖြစ်ပေါ်နေခဲ့သည်ဟု ဆိုသည်။ အဆိုပါနယ်ခြားစောင့်တပ်ဖွဲ့မှာ စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိရမည့်တပ်ဖွဲ့ ဖြစ်သည်။

ဖုန်ကြားရှင်နှင့် သူ၏ သစ္စာတော်ခံများက စစ်အစိုးရ၏ အဆိုပြုချက်ကို ငြင်းပယ်လိုက်သော်လည်း စစ်အစိုးရကမူ သူတို့၏ အဆိုပြုချက်ကို လက်ခံလိုသည့် ဖုန်၏ လက်ထောက် ပိုင်စိုချိန်နှင့် ဖုန်တို့အကြား အကွဲအပြဲကို မြင်နေခဲ့သည်။

ဤသို့ အသွင်ပြောင်းလဲဖွဲ့စည်းရန် အပစ်ရပ်အဖွဲ့များကို ဆွဲဆောင်၍ မရသည့်အဆုံး ထိုအဖွဲ့များ နောက်ဆုံး အကြောင်းပြန်ရမည့် နေ့ရက်ကို စစ်အစိုးရက အောက်တိုဘာလအထိ ရွှေ့ဆိုင်းပေးခဲ့သည်။

ထိုအတောအတွင်း အစိုးရတပ်ဖွဲ့များက ကိုးကန့်အထူးဒေသ ၁ အတွင်းသို့ မူးယစ်ဆေးဝါး ပပျောက်ရေး အကြောင်းပြချက်ဖြင့် ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လောက်ကိုင်တွင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ROC) တခုကို အခြေပြု ဖွင့်လှစ်ထားရှိခဲ့သည်။

အစိုးရတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဖုန်၏ နေအိမ်ကို သြဂုတ်လ ၈ ရက်နေ့တွင်တကြိမ်၊ ၂၁ ရက်နေ့တွင်တကြိမ် ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ သို့သော် ၂ ကြိမ်စလုံးတွင် ဖုန်ကြားရှင်က လွတ်မြောက်အောင် ရှောင်ရှားသွားနိုင်ခဲ့သည်။

စီးနင်းမှုများအပြီး လားရှိုးရဲတပ်ဖွဲ့က သြဂုတ်လ ၂၂ ရက်နေ့တွင် ဖုန်ကြားရှင်နှင့် သူ့ညီ အပါအဝင် သူ၏ လုပ်ဖော်ကိုင်ဘက် ၃ ဦးကို တရားရုံးရှေ့သို့ လာရောက်ရန် ဆင့်ဆိုခဲ့သည်။ အဆိုပါ ၄ ဦးက တရားရုံးရှေ့သို့ မလာရောက်သည့်နောက်ပိုင်း တရားရုံးက ဖုန်ကြားရှင်နှင့်အဖွဲ့ကို ဖမ်းဝရမ်းထုတ်ဆင့်ခဲ့သည်။

မြန်မာစစ်အစိုးရ အလိုရှိသည့် စာရင်းပါ ဖုန်ကြားရှင်နှင့် သူ့တပ်ဖွဲ့ဝင်များသည် အင်္ဂါနေ့က လောက်ကိုင်၏ မြောက်ဘက်သို့ ဆုတ်ခွာသွားရပြီး ကိုးကန့်မြို့တော်ကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

မြန်မာစစ်အစိုးရက ကိုးကန့်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တွင် ပိုင်စိုချိန်ကို ခေါင်းဆောင်တင်၍ အင်္ဂါနေ့က ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

''ကိုးကန့်တပ်ဖွဲ့အများစုက ဖုန်ကြားရှင်နဲ့ ပေါင်းနေတယ်။ တပ်နည်းနည်းပဲ ပိုင်စိုချိန်နဲ့အတူ လောက်ကိုင်မှာ ရှိတယ်။ ပိုင်က တကယ်တော့ တပ်ရယ်လို့ မရှိပါဘူး'' ဟု ဦးအောင်ကျော်ဇောက ပြောသည်။

တချိန်က အလွန်အင်အားကြီးမားခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) ၏ တပ်ဖွဲ့ဝင်ဟောင်းများဖြစ်ခဲ့သော MNDAA ကိုးကန့်တပ်သည် ၁၉၈၉ ခုနှစ်တွင် BCP မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ထိုနှစ်တွင်ပင် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုခဲ့သည်။ အထူးဒေသအဖြစ် သတ်မှတ်ပေးခြင်းခံရကာ စီးပွားရေးလုပ်ခွင့် အများအပြား အပါအဝင် အထူးအခွင့်အရေးများ ခံစားခွင့်ရခဲ့သည်။

တရုတ်-မြန်မာနယ်စပ်ရှိ မဇ္ဈိမသတင်းထောက်ကမူ `ဖုန်ရဲ့ တပ်တွေက အခု တကယ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ပျက်သွားပါပြီ။ သူတို့ အခု တောထဲမှာ ပုန်းပြီး နေနေရတာ'' ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ်အခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကမူ ကိုးကန့်ဒေသတွင် တင်းမာမှုများ ဖြစ်ပွားနေသည်ကို သူသတိပြုမိပါကြောင်း၊ သူတို့သည် စစ်အစိုးရ၏ လှည့်ကွက်ဟောင်းကြီးဖြစ်သော သွေးခွဲအုပ်ချုပ်ရေး၏ သားကောင်များ ဖြစ်သွားကြရပြန်ကြောင်း ကြာသပတေးနေ့က ပြောဆိုခဲ့သည်။

''အဖွဲ့တွေကြားထဲမှာ ခွဲပစ်တာက စစ်အစိုးရရဲ့ နည်းပရိယာယ်ပဲ။ ကိုးကန့်တပ်ဖွဲ့တွေ ကျနော်တို့ဆီက ခွဲထွက်သွားပေမယ့် ကျနော်တို့က သူတို့ကို မိတ်ဆွေကောင်းတွေအဖြစ်ပဲ သဘောထားပါတယ်။ သူတို့ကြားထဲမှာ ပဋိပက္ခတွေ ဖြစ်ပွားလာတာကို ကြားရတော့ ကျနော်တို့ စိတ်မကောင်းပါဘူး'' ဟု ရဲဘော်ဖိုးသံချောင်းက ပြောသည်။

သို့သော် စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲကျင်းပရန် အစီအစဉ်များ ရှိနေသေးသည့်အတွက်၎င်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်လိုက်သည့်အတွက် ပေါ်ပေါက်လာသည့် ပြည်တွင်း နိုင်ငံရေးပြဿနာများကို ဖြေရှင်းရဦးမည့်အတွက်၎င်း၊ ကိုးကန့်တပ်အပေါ် အကြမ်းပတမ်း ကိုင်တွယ်လိမ့်ဦးမည်ဟုတော့ သူ မထင်မြင်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် လေ့လာသူ ဦးအောင်နိုင်ဦးက ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောကြားရာ၌ ကိုးကန့်ကိစ္စသည် စစ်အစိုးရအသုံးပြုသော နည်းပရိယာယ်၏ စံကျသော ဂန္ဓဝင်မြောက် နည်းပရိယာယ်တခုဖြစ်ပြီး ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) အပါအဝင် အခြားအပစ်ရပ်အဖွဲ့များအတွက်လည်း သူတို့အလှည့် လာတော့မည်ကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရတော့မည်ဖြစ်သည်ဟု ပြောသည်။

UWSA နှင့် ကိုးကန့်တပ်ဖွဲ့များသည် တချိန်က ရန်ကုန်ရှိ စစ်အစိုးရကို တိုက်ရိုက်ခြိမ်းခြောက်နိုင်ခဲ့သော အင်အားကြီးမားလှသည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဖွဲ့ဝင်ဟောင်းများ ဖြစ်ခဲ့ကြသည်။ သို့သော် ဝ နှင့် ကိုးကန့်အဖွဲ့များက ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ကြ၍ ပါတီမှာ အင်အားချိနဲ့သွားခဲ့ပြီး အဖွဲ့ဝင်အနည်းငယ်သာ ကျန်ခဲ့သည်။


အိန္ဒိယနှင့် မြန်မာစစ်အရာရှိများ တွေ့ဆုံ Print E-mail
ဆလိုင်းပီပီ
သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ် 13 နာရီ 13 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆက်လက်လုပ်ဆောင်နေသော စစ်တပ်အဆင့် ပူးပေါင်းဆောင်ရွက်ရေး၏ အစိတ်အပိုင်း တခုအနေနှင့် နယ်စပ်အုပ်ချုပ်ရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးရန် အိန္ဒိယနှင့် မြန်မာစစ်တပ်အရာရှိများ၏ ၆ ရက်ကြာ အစည်းအဝေးကို စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဗုဒ္ဓဟူးနေ့က စတင်ကျင်းပခဲ့သည်။

နှစ်နိုင်ငံ စစ်ဘက်အရာရှိများအကြား ကျင်းပခဲ့သော အိန္ဒိယ-မြန်မာ နှစ်ဦးနှစ်ဖက်နယ်ခြား အစည်းအဝေးသည် ၃၇ ကြိမ်မြောက်ဖြစ်သည်။ မဏိပူရပြည်နယ် မြို့တော်အင်ဖာတွင် အခြေချသည့် အာသံရိုင်ဖယ် စစ်ဌာနချုပ် တပ်မ ၃ မှ စစ်ရေးချုပ် ဗိုလ်ချုပ်အက်စ်အက်စ်ပဝါ ဦးဆောင်သော အဖွဲ့ဝင် ၁၄ ဦး ပါဝင်သော အဖွဲ့သည် ကလေးမြို့သို့ ထွက်ခွာခဲ့ကြသည်။

ထိုအစည်းအဝေးသည် နယ်စပ်တလျှောက် လှုပ်ရှားနေသော အိန္ဒိယဗဟိုအစိုးရကိုပုန်ကန်နေသော လက်နက်ကိုင်သူပုန်အဖွဲ့များ၏ လှုပ်ရှားမှုများကို ထိန်းချုပ်လျှော့ချခြင်း အပါအဝင် နယ်စပ်အုပ်ချုပ်ရေးများကို မြှင့်တင်နိုင်ရန်ဖြစ်သည်ဟု အာသံရိုင်ဖယ်မှ ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားသည်။

''အိန္ဒိယ-မြန်မာ နယ်စပ်ညှိနှိုင်းတွေ့ဆုံမှုသည် မှတ်တိုင်တခုဟု ဆိုနိုင်သော ဖြစ်ရပ်ပင်ဖြစ်ကာ ၎င်းတွင် နှစ်ဖက်စစ်တပ်မှ ကိုယ်စားလှယ်များသည် နယ်စပ်အုပ်ချုပ်ရေးကိစ္စများကို အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြမည်'' ဟု ထိုသတင်းထုတ်ပြန်မှုက ဆိုသည်။

''ယခုကိစ္စသည် နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်မှုကို နောက်ထပ်ခိုင်မြဲစေခြင်းကို အကူအညီပေးကာ အဖွဲ့ဝင်များကြားတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာအဆင့် အချင်းချင်း ခင်မင်ရင်းနှီးမှု အခွင့်အလမ်းများ ရရှိလာအောင် ပံ့ပိုးပေးမည်'' ဟု ဆက်လက်ဖော်ပြထားသည်။

အစည်းအဝေးကို တနှစ်လျှင် နှစ်ကြိမ် ကျင်းပကြကာ ယခုအစည်းအဝေးကို သြဂုတ်လ ၂၆ ရက်နေ့နှင့် ၃၁ ရက်နေ့ကြားတွင် ကျင်းပမည်။ နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ လက်နက်မှောင်ခိုမှုများနှင့် စစ်သွေးကြွသူများကို ကိုင်တွယ်ရေးကိစ္စများတွင် နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက် ဆက်ဆံရေး၏ အစိတ်အပိုင်းတခု ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာကြားတွင် ဝင်ပေါက်ထွက်ပေါက် များစွာရှိသည့် ၁၆၄၃ ကီလိုမီတာ ရှည်သောနယ်စပ် ရှိသည်။ ညီညွတ်သော အမျိုးသား လွတ်မြောက်ရေးတပ်ဦး (UNLF)၊ မဏိပူရီ စစ်သွေးကြွအဖွဲ့တို့ အပါအဝင် အိန္ဒိယသူပုန် အတော်များများသည် မြန်မာပြည် စစ်ကိုင်းတိုင်းအတွင်း အခြေချနေကြသည်ဟု အိန္ဒိယစစ်ဘက်နှင့် နယ်စပ်သတင်းရပ်ကွက်များက ပြောသည်။

နောက်ဆုံးအစည်းအဝေးကို ပြီးခဲ့သည့် မေလအတွင်းက မဏိပူရပြည်နယ် အင်ဖာမြို့ရှိ အာသံရိုင်ဖယ် အမှတ် ၃ ဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးအပြီးတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် တင်မောင်အုန်း ဦးဆောင်သော မြန်မာစစ်တပ်အဖွဲ့သည် အိန္ဒိယ အနောက်ဘင်ဂေါ၊ ကာလက္ကတားသို့ သွားရောက်ကာ အရှေ့ပိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိများနှင့်တွေ့ဆုံခဲ့ကြသည်။

ကျွန်းသစ်မှောင်ခို မလုပ်ဟု ဇေတဝန် ဆရာတော် ငြင်းဆို Print E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 21 နာရီ 22 မိနစ်


ချင်းမိုင်။ ။ သစ်မှောင်ခို လုပ်ကိုင်နေသည်ဆိုကာ တိုင်ကြားခံရသူ ပဲခူးမြို့ရှိ ဇေတဝန်ကျောင်း ဆရာတော်က သူ့အနေဖြင့် ထိုသို့မဟုတ်ကြောင်း ငြင်းဆိုသည်။

“အဲဒါသူတို့ တိုင်လို့လာစစ်တာ ဒကာကြီး။ တိုင်တဲ့အခါကျတော့ လာရှာတာ။ ဘာမှမတွေ့လို့ သူတို့ပြန်သွားတာ။ မကြာခင်က နေပြည်တော်ကနေ ဆင်းပြီး လာရှာသေးတယ်။ သတင်းကြားလို့ သတင်းပို့လို့ဆိုပြီး လာတာ။ အဖွဲ့ နည်းတာမဟုတ်ဘူး ဒကာကြီး။ တိုင်လို့ဆိုပြီးတော့ လာစစ်တာ။ လာစစ်တော့ ဘာမှမတွေ့ဘူး။ ဒီအစိုးရ လက်ထက်မှာ ဘယ်သူမှ မဟုတ်တာ မလုပ်ဘူး။ ဒီလောက် ကြီးကြီးကျယ်ကျယ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် သူတို့က သာမန်လို့ထင်ရင် သိပ်ပြောလို့ မကောင်းဘူး” ဟု ဆရာတော် ဘဒ္ဒန္တအိန္ဒာစက္ကက မဇ္ဈိမကို ပြောသည်။

ပဲခူး-ရန်ကုန် ကားလမ်းမကြီးဘေး ဥဿာမြို့သစ်ရပ်ကွက်ကြီး အမှတ် ၆ တွင် တည်ရှိသည့် ဇေတဝန်ကျောင်း ဆရာတော် ဘဒ္ဒန္တအိန္ဒာစက္ကက သစ်မှောင်ခို လုပ်ကိုင်နေသူအဖြစ် ပဲခူးမြို့ခံအချို့က သစ်တော၊ ရဲစခန်းတို့သို တယ်လီုဖုန်းမှတဆင့်သော်လည်းကောင်း၊ စာရေးသား၍လည်းကောင်း တိုင်ကြားသဖြင့် ယခုလ ၂၅ ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် သစ်တောဌာနမှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

သစ်တောဦးစီးကလည်း ဘုန်းကြီးကျောင်းအတွင်း မှောင်ခိုသစ်များ လက်ခံထားသည်ကို သံသယရှိနေခဲ့သော်လည်း သက်သေခံပစ္စည်း ရှာမတွေ့ခဲ့ဟု ပြောသည်။

“ဒီကျောင်းက ပြဿနာကတော့ ခဏခဏဖြစ်တယ်။ ကျနော်တို့လည်း ဒီသတင်းကို ကြားပါတယ်။ အဲဒီနေ့မနက် ၃ နာရီလောက် ဒီကတောအုပ်ကြီးနဲ့ သွားရှာကြပါတယ်။ ၃ နာရီခွဲလောက် ရောက်သွားတာပေါ့။ အဲဒီအချိန်မှာ မရှိတော့ဘူး။ (သစ်တွေ) ရောက်တာတော့ သေချာတယ်။ နောက်ဖေးတွေဘာတွေရော အကုန်လုံး လိုက်ကြည့်တယ်။ ကျနော်တို့က သံသယဖြစ်တာ အရင်တခါလည်း အဲဒီကျောင်းက ဖြစ်ဖူးတယ်လေ။ တိုင်တဲ့လူက သစ်တွေကို တင်နေတယ်ဆိုပြီး အချိန်မီ တားပေးပါဆိုလို့ ဒီကနေ အားချင်း သွားလုပ်ပေးတာပါ” ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတဦးက တယ်လီဖုန်းမှတဆင့် မဇ္ဈိမ သို့ ပြောသည်။

ဆရာတော် ဘဒ္ဒန္တအိန္ဒာစက္ကသည် အာဏာပိုင်များနှင့် နီးစပ်သည်ဟု လူသိများသည်။

တပ်ပေါင်းစုသစ်က လူထုလှုပ်ရှားမှုဖြင့် စစ်အစိုးရကို ဖြုတ်ချမည်ဟု ကြေညာ Print E-mail
မေကျော်
ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 20 နာရီ 06 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ လူထုလှုပ်ရှားမှုဖြင့် စစ်အစိုးရကို ဖြုတ်ချသွားမည်ဟု ဒီမိုကရေစီလိုလားသူ အတိုက်အခံအဖွဲ့ပေါင်း တရာကျော်ပါဝင်သည့် တပ်ပေါင်းစုသစ်က ကြေညာထားသည်။

မြန်မာပြည်တွင်းမှ လျို့ဝှက်အဖွဲ့ ငါးဆယ်နှင့် ပြည်ပအခြေစိုက် အဖွဲ့ ၅၆ ဖွဲ့ပါဝင်သည်ဆိုသော Global Action For Burma (GAB) က အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ခေါင်းစဉ်အောက်တွင် လုပ်ငန်းများ ဖော်ဆောင်နေသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

“အကြီးဆုံး တပ်ပေါင်းစုလို့ ပြောနိုင်ပါတယ်။ ပြောလို့ရတယ်။” ဟု GAB ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အမေရိကန်နိုင်ငံ အခြေစိုက် ဦးရွှေစင်ထွန်းက ပြောကြားသည်။

“ဒါက ကျနော်တို့ တိုင်းပြည်မှာ စုစည်းညီညွတ်မှု မရှိဘူးလို့ ကျနော်တို့ကို ပြောထားတဲ့ စုစည်းညီညွတ်မှု မရှိဘူး မရှိဘူးလို့ အမြဲတမ်း ဝေဖန်ခံနေရတာကို ကျနော်တို့ ကြိုးစားပြီး အဖြေထုတ်တာဘဲ။” ဟု သူက ထပ်ပြောသည်။

အခြားသော ပြောခွင့်ရပုဂ္ဂိုလ် တယောက်ဖြစ်သော ထိုင်းနယ်စပ် အခြေစိုက် ကိုယဉ်ထွေးက “အဖွဲ့အစည်းကြီး တခုလို ဖွဲ့စည်းပုံနဲ့ တော့မဟုတ်ဘူး။ ကျနော်တို့ အလုပ်တွေနဲ့သွားတယ်။ ကျနော်တို့ လုပ်ငန်းတွေနဲ့ ပူးပေါင်းပါဝင်ပြီးတော့ အလုပ်တွေနဲ့သွားတယ်။” ဟု အင်အားစုကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်သူ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ဆင့်ကို တန်ပြန် ဆောင်ရွက်ခြင်း၊ စစ်အာဏာရှင်ကို ဖြုတ်ချရန် ရည်ရွယ်ထားသည်ဟု သိရသည်။

၁၉၈၈ ခုနှစ်က နိုင်ငံအဝှမ်း ယခင် အာဏာရှင် ဦးနေဝင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းပြီး နောက် စစ်ဗိုလ်ချုပ်တစုက အာဏာသိမ်းကာ စစ်အုပ်ချုပ်ရေး ထူထောင်ခဲ့သည်။

၂၀၁၀ နှစ်ဆန်းမှစ၍ မဂ္ဂဇင်း/ဂျာနယ်များတွင် အရက်ကြော်ငြာ ပိတ်ပင်မည် Print E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 17 နာရီ 57 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မဂ္ဂဇင်း/ဂျာနယ်များတွင် အရက်ကြော်ငြာများ ထည့်သွင်းဖော်ပြမှုကို လာမည့် နှစ်ဆန်းတရက်နေ့မှ စတင်၍ တားမြစ် ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးက ကြေညာသည်။

”၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မည်သည့် အရက်ကြော်ငြာကိုမျှ ခွင့်ပြုတော့မည် မဟုတ်တော့ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်” ဟု စာပေစိစစ်ရေး ဌာနမှတဆင့် ယခုလဆန်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်စာတွင် ဖော်ပြပါရှိသည်။

မြန်မာပြည်တွင်းထုတ် ဂျာနယ်/မဂ္ဂဇင်း ထုတ်ဝေသူများသို့ ဖြန့်ဝေသော စာထဲတွင် အရက်ကြော်ငြာများသည် တမျိုးသားလုံး၏ စိတ်ဓာတ်နှင့် စာရိတ္တပျက်ပြားစေပြီး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးကို ထိခိုက်စေသည်ဟု ဆိုထားသည်။

ကိုးကန့်ဒေသ အပစ်ရပ်ရေး သဘောတူညီချက် ပျက်ပြီ
Friday, 28 August 2009 18:11 ရန်ပိုင်
E-mail Print
ကိုးကန့်ဒေသတွင် ယမန်နေ့က စတင်ပြီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်အစိုးရနှင့် ကိုးကန့်အဖွဲ့ ကြားရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီ ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များနှင့် တရုတ် နိုင်ငံက သုံးသပ် ပြောဆိုသည်။

[တရုတ် နယ်စပ်အနီး စစ်ဆေးရေး ဂိတ်တခုမှ ကိုးကန့် စစ်သား၂ ဦး (ဓာတ်ပုံ - Tom Kramer/TNI)]

တရုတ် နယ်စပ်အနီး စစ်ဆေးရေး ဂိတ်တခုမှ ကိုးကန့် စစ်သား၂ ဦး (ဓာတ်ပုံ - Tom Kramer/TNI)
ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင်းနှင့် ချင်းရွှေဟော် ဒေသတွင် ယနေ့တိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသောကြောင့် ယခုကဲ့သို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီ ဖြစ်ကြောင်း သုံးသပ်ကြခြင်း ဖြစ်သည်။

“ချင်းရွှေဟော်နားမှာ တိုက်ပွဲကြီး ဖြစ်နေတယ်၊ မနေ့က ၀ တပ်ဖွဲ့ ၁၅၀၀ လောက်ရောက်ပြီ၊ မနက် ၁၁ နာရီကတည်းက ဖြစ်တာလို့ ကြားတယ်၊ တြိဂံဒေသဖြစ်လို့ အဖွဲ့ပေါင်းစုံပါတယ်” ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

ယနေ့မနက်ကလည်း လောက်ကိုင်မြို့တွင်းရှိ လက်နက်ဂိုဒေါင်နားတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ဒီနေ့မနက်အစောကြီးမှာ ဖုန်ကျားရှင်အိမ်နားက လက်နက်ဂိုဒေါင်လမ်းကြားထဲမှာ ကင်းလှည့်တဲ့ကားနဲ့ ကိုးကန့်တပ် ပက်ပင်းတိုးပြီးဖြစ်တာ အစိုးရဘက်က၂ ယောက်သေတယ်”ဟု သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦစိန်ကြည်ကပြောသည်။

ယမန်နေ့ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် လက်နက်ကြီး ကျည်များ တရုတ်နိုင်ငံဘက်သို့ ကျရောက်ပြီး တရုတ်ဒေသခံများ လည်းသေဆုံး ထိခိုက်မှုများရှိသည်ဟုသိရသည်။

“လက်နက်ကြီးကျည်တွေ ချင်ခန်းဒေသထဲကျတယ်၊ ဒေသခံ တယောက်သေပြီး တယောက်ဒဏ်ရာရတယ်၊ ရန်လုံကျိုင်း စခန်းမှာ လုံထိန်း၄၂ယောက်ဖမ်းမိတယ်၊ အရာရှိတွေပါတယ်၊ သေနတ် ၅၆ လက် သိမ်းထားတယ်” ဟု တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောကပြောသည်။

ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကိုးကန့်ဒေသအတွင်းရှိ ဒေသခံရွာသား ၃၀၀၀၀ ခန့် တရုတ်နိုင်ငံ အတွင်းသို့ ထွက်ပြေး သွားကြောင်း အတည်မပြုနိုင်သောသတင်းများအရ သိရသည်။

“ရွာသူရွာသားတွေအများကြီး ချင်ခန်းဒေသထဲကိုဝင်လာတယ်၊ တရုတ်အာဏာပိုင်တွေက အစားအစာ၊ အ၀တ်အစား နေ စရာ ထောက်ပံ့ ပေးထားတယ်၊ ဒါပေမယ့် မလုံလောက်ဘူး၊ တချို့လည်း အစိုးရယာယီစခန်းတွေမှာနေတယ်၊ တချို့က တော့ သူတို့ဆွေမျိုးတွေအိမ်တွေမှာ နေတယ်”ဟု အမည်မဖော်လိုသော ကျန်းမာရေးအကူအညီပေးရေးအဖွဲ့မှ ပြောသည်။

ယခုဖြစ်ပေါ်နေသော နယ်စပ်တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံကလည်း အခြေအနေကို အမြဲမပြတ်စောင့်ကြည့်နေ သည်ဟုသိရသည်။

“နယ်စပ်ဒေသတည်ငြိမ်မှုကို လိုလားတယ်၊နောက်၂ရက်အထိတိုက်ပွဲတွေဖြစ်မယ်ဆိုရင် အခြေအနေဟာ ထိန်းနိုင်မှာ မဟုတ်တော့ဘူး၊ တိုက်ပွဲကြီးတွေဖြစ်လာနိုင်တယ်၊ မြန်မာအစိုးရ ရဲ့တိုင်းရင်းသားတွေအပေါ်မှာ ထားတဲ့သဘောထားဟာ တင်းမာလွန်းပြီး၊ တဘက်နှင့်တဘက်ညှိလိမ့်မယ်ထင်တယ်” ဟု အမည်မဖော်လိုသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကလည်း“အပစ်အခတ်ရပ်စဲရေး ပျက်ပြီပြောရမှာပေါ့၊နှစ်ဘက် စလုံး အကျပ်အတည်းပါပဲ၊ အပစ်ရပ်အဖွဲ့တွေကလည်း မတင်းဘူးဆိုရင် လက်နက်ချရမှာ နောက်ပိုင်း ၀ တို့ မိုင်းလားတို့ ပါလာနိုင်တယ် မလွယ်ဘူး”ဟု သုံးသပ်သည်။

နယ်စပ်ဒေသရှိ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် ယခုကဲ့သို့ အတင်းအကျပ် ဆောင်ရွက် နေလျှင် နယ်စပ်ဒေသရှိ ပြည်သူများ၏ အခြေအနေပိုမိုဆိုးရွားလာမည်ကို လူ့အခွင့် အရေး အဖွဲ့များကစိုးရိမ် နေကြသည်။

“စစ်အစိုးရက တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေ နဲ့ဆွေးနွေးညှိနှိုင်းရမယ့်အစား အတင်းအကျပ်ဆောင်ရွက်တဲ့ နည်းနဲ့လုပ် ဆောင်နေရင် ဒီဒေသမှာ နေထိုင်တဲ့ပြည်သူတွေအတွက် တိုက်ပွဲတွေ ပိုပြင်းထန်လာရင် အခုထက်ပိုမို ဆိုးရွားတဲ့ အကျိုး ဆက်တွေ ခံစားရမှာကို စိုးရိမ်တယ်”ဟု အမေရိကန်နိုင်ငံအခြေစိုက် လူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW ) မှ ဒေးဗစ် စကော့ မက်သီဆင်က ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည့်သြဂုတ်လ ၂၃ ရက်နေ့က အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် ၏ အိမ်တွင် လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်စီးနင်း ခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီကို အသစ် ဖွဲ့စည်းလိုက်ပြီး ၊ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် သည် ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

အမေရိကန် ကိုယ်စားလှယ်များ နှင့် NLD တွေ့ဆုံ
Friday, 28 August 2009 19:41 ကိုထွေး
E-mail Print
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင်များနှင့် အမေရိကန် အောက်လွှတ်တော် အမတ်များ၏ အရာရှိ ၃ ဦးတို့ ယနေ့ တွေ့ဆုံကာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားကိစ္စကို ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါကိုယ်စားလှယ် ၃ ဦးသည် ယနေ့ ညနေ ၄ နာရီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ရုံးခန်းတွင် အချိန် ၁နာရီကျော်ကြာ တွေ့ဆုံခဲ့ကြကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“လူသားချင်း စာနာထောက်ပံ့ အကူအညီပေးရေး အတွက် အဓိက လာတာပါ၊ ဒါပေမယ့် ကျနော်တို့နဲ့ တွေ့တဲ့ အချိန်မှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ သိချင်တာတွေရှိတယ်လို့လည်း သူတို့ ပြောတယ်၊ ပထမပြောတာ က နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ထောင်တွင်း နေထိုင်ရတဲ့ အခြေအနေတွေကို မေးပါတယ်၊ အဲဒီမှာ ထောင် အတွေ့အကြုံရှိတဲ့ ဦးခင်မောင်ဆွေ၊ဦးအုန်းကြိုင်တို့က ပြန်ပြောပြပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လက်ရှိ နေထိုင်နေရသော အခြေအနေနှင့် ထိန်းသိမ်းခံထားရသည့် အခြေအနေများကို မေးမြန်းကြောင်း၊ ပေါ်လစီပြောင်းလဲရေးအတွက် စဉ်းစားသုံးသပ်နေပြီး မြန်မြန်ဆန်ဆန် အပြောင်းအလဲ ဖြစ်မည် မထင်ဟု ယင်းအဖွဲ့က မှတ်ချက်ပေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဦးဉာဏ်ဝင်းက “ကျနော့်အမြင်ကတော့ ပေါ်လစီပြောင်းလဲဖို့အတွက်သူတို့က အချက်အလက်လာရောက်ရှာတဲ့ အဖွဲ့လို့ မြင်ပါတယ်” ဟု ပြောသည်။

ယမန်နေ့ နေ့လယ် ၁၂း၃၀ နာရီကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ အချိန် ၂ နာရီကျော် တွေ့ဆုံခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ဆက်လက် ကုသခွင့်ရရန်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂျင်မ် ၀က်ဘ် ပြောဆိုရေးသားနေသော အကြောင်းအရာများသည် အမေရိကန် အိုဘားမား အစိုးရ၏ မူဝါဒ အဖြစ် မယူဆကြောင်း ပြောဆိုသည်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားကြောင့် ရုံးတင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။ ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ထိုသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု အာဏာပိုင်တို့က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြေးပွဲကျင်းပ
Friday, 28 August 2009 17:11 ဇာနည်မာန်
E-mail Print
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စုပေါင်းပြေးပွဲတခုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ လေဒီ ရှရီရမ် ကောလိပ်တွင် ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

လေဒီရှရီရမ် ကောလိပ်၏ ကျောင်းသူဟောင်းတဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မတရား ချုပ်နှောင် ခံနေရသည်ကို လူအများသိစေရန်နှင့် ၎င်း လွတ်မြောက်ရေးအတွက် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ဟု အဆိုပါ ကောလိပ်မှ ကထိက တဦးက ဆိုသည်။

“နှစ်တိုင်း ဒီလိုမျိုး အထိမ်းအမှတ်တခုခုအတွက် ပြေးပွဲတွေ လုပ်ပါတယ်။ ဒီနှစ်မှာတော့ လူသားချင်း စာနာထောက်ထားမှု အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ကျမတို့ ကျောင်းသူဟောင်းဖြစ်တဲ့ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကျင်းပပါတယ်” ဟု ကာယရူပဗေဒ သိပ္ပံဌာန (Physical Science) မှ ကထိက Mrs. Meenakshi Phahuja က ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် တာဝန်ကျရာ အိန္ဒိယ နိုင်ငံတွင် လိုက်ပါနေထိုင်ရင်း လေဒီရှရီရမ် ကောလိပ်မှ ၁၉၆၄ ခုနှစ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ဂုဏ်ထူးတန်းမှ ဘွဲ့ရ အောင်မြင်ခဲ့သူ ဖြစ်သည်။

သူကဆက်လက်၍ “အမျိုးသမီး ကောလိပ်တခုဖြစ်တဲ့ ကျမတို့ကျောင်းမှာတော့ ကျောင်းသူတွေ အားလုံးက သူ့ကိုလေးစားဂုဏ်ယူကြတယ်။ သူဟာ အမျိုးသမီး မြှင့်တင်ရေးနဲ့ အမျိုးသမီး ကဏ္ဍအတွက်တော့ အကောင်းဆုံး နမူနာ ပြယုဂ် တခုပါပဲ။ ကျမတို့ အခုလို လုပ်တဲ့အတွက် သူ့အကြောင်း လူတွေပိုသိသွားနိုင်မယ်လို့ မျှော်လင့် တယ်။ အဲဒီကနေမှတဆင့် အထူးသဖြင့် အိန္ဒိယ အစိုးရလည်း သိနိုင်ပြီးတော့ သူလွတ်မြောက်ရေးအတွက် ပြောဆိုကူညီနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီကိစ္စကို မမေ့သင့်ဘူး။ လူမသိသူမသိ ဖုန်းကွယ်မထားသင့်ပါဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အေးချမ်းသောဘ၀နှင့် မိသားစုကိုစွန့်ပြီး မိမိတိုင်းပြည် ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ကြိုးပမ်းသူတယောက်ဖြစ်ကြောင်း၊ ထိုသို့သော အမျိုးသမီးတယောက် မတရား ချုပ်နှောင်ခံနေရသည်ကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချကြောင်း သူကဆိုသည်။

လေဒီရှရီရမ် ကောလိပ် အနောက်ဘက်ဂိတ်ပေါက်မှ စတင်သည့် ပြေးလမ်းသည် ၃. ၃ ကီလိုမီတာ (၂မိုင်နီးပါး) ရှည်လျားပြီး အရှေ့ဘက် ပင်မ အ၀င်တွင် ပန်းဝင်အဆုံးသတ်သည်။ စုပေါင်းပြေးပွဲတွင် ကျောင်းသား ကျောင်းသူပေါင်း ၆၀၀ ပါဝင်ခဲ့ပြီး ပထမဆုံး ပန်းဝင်သူကို ဆုဖလားနှင့် တခြား ဆုရသူများကို ဈေးဝယ်ခွင့် ဘောက်ချာ များအပြင် ပြိုင်ပွဲဝင်သူ ၄၂၀ ကို တီရှပ်များ ချီးမြှင့်ခဲ့သည်ဟု သိရသည်။

“ကျမတို့ရဲ့ စီနီယာ၊ ကျမတို့ကျောင်းက ကျောင်းသူဟောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့တိုင်းပြည် အကျိုးအတွက်လုပ်ရင်း မတရားမှုကို ခံစားနေရတဲ့သူပါ။ သူဒီဘ၀ကို ဘယ်လိုများ ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင် ဖြတ်သန်းနေသလဲ ဆိုတာ ကျမတို့အဖို့ အံ့အားသင့် စရာပါပဲ။ သာမန် ပြေးရုံသက်သက် မဟုတ်ဘဲ သူ့လွတ်မြောက်ရေးအတွက် ပြေးရတာဆိုတော့ စိတ်ထဲမှာ ဒါဟာ သူ့အတွက်ပါလားဆိုတဲ့ ဈာန်ဝင်နေတာပေါ့။ သူ့ကိုလည်း အမြန်ဆုံး လွတ်စေချင်ပါတယ်” ဟု အဆိုပါပြေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် စီးပွားရေးပညာ ကျောင်းသူ Mani Gupta က ပြောသည်။

ထို့အတူ စက်တင်ဘာ ၃ ရက်နေ့ ညနေခင်းတွင်လည်း မြန်မာ့အရေး ပိုမိုသိရှိစေရန်ရည်ရွယ်၍ ၁၉၈၈ ကျောင်းသား အရေးတော်ပုံ၊ စက်တင်ဘာ ၂၀၀၇ သံဃာ့လှုပ်ရှားမှုများနှင့် ၂၀၀၇ ခုနှစ်နောက်ပိုင်း စစ်အစိုးရ အုပ်ချုပ်မှု လက်အောက်မှ အခြေအနေများကို ရိုက်ကူးတင်ပြထားသည့် မိနစ် ၃၀ စာ မှတ်တမ်းရုပ်ရှင်အား အဆိုပါ ကောလိပ်မှ ပြုလုပ်မည့် 'A Deal for life and Freedom' ရုပ်ရှင်ပြပွဲတွင် ပြသမည်ဟု သတင်းရရှိသည်။

စီးပွားပျက်ကပ်ကြောင့် ထိုင်းရောက် မြန်မာ အများအပြား အလုပ်ပြုတ်
Friday, 28 August 2009 18:59 ဘစောတင်
E-mail Print
မကြာသေးမီက ဖြစ်ခဲ့သော ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သား အလုပ်သမား အများအပြား အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ဟု အလုပ်သမားအရေး ဆောင်ရွက် နေသည့် အဖွဲ့ တဖွဲ့က ယနေ့ ပြောလိုက်သည်။

ဒေသတချို့တွင် အလုပ်လက်မဲ့ ဖြစ်ခဲ့ရမှုမှာ ၆ဝ ရာခိုင်နှုန်းခန့် ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော ချင်းမိုင်မြို့ အခြေစိုက် MAP ဖောင်ဒေးရှင်းမှ သုတေသီ တဦးဖြစ်သူ ကိုစိုးလင်းအောင်က ပြောသည်။

“အဓိကထား လေ့လာခဲ့တဲ့ ချင်းမိုင်ဒေသ အနေအထားအရ ဆိုရင် ၆ဝ ရာခိုင်နှုန်း ခန့်သော အလုပ်သမားတွေဟာ အလုပ်က ဖြုတ်ပစ်ခြင်းကို ခံခဲ့ရတယ်။ စီးပွားရေးက ကျပ်တည်းလာတော့ အလုပ်ရှင် သူဌေးတွေက မခိုင်းတော့ဘူး။ သူတို့ ဝင်ငွေ မရှိတော့ အခက်အခဲနဲ့ ရင်ဆိုင်ကြရတာပေါ့” ဟု ကိုစိုးလင်းအောင်က ရှင်းပြသည်။

ကိုစိုးလင်းအောင် နှင့် ဟောင်ကောင်တက္ကသိုလ်တွင် ပညာသင်ယူနေသူ ပအို့ဝ် တိုင်းရင်းသား ကိုခွန်အောင်တို့က ချင်းမိုင်ဒေသနှင့် မဲဆောက် ဒေသရှိ မြန်မာ အလုပ်သမားများနှင့် တွေ့ဆုံပြီး ၃ လ ကြာ သုတေသနပြုချက် အရ အလုပ် ဖြုတ်ခံရသော အလုပ်သမားများသည် မြန်မာပြည်သို့ မပြန်နိုင်ဘဲ ထိုင်းနိုင်ငံတွင် ရရာ အလုပ်ကို ရှာဖွေပြီး နေထိုင်ကြသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ မဲဆောက်မြို့ ဒေသမှ အလုပ်သမားများမှာ အခက်အခဲနှင့် ပို၍ ကြုံရကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အိမ်ဖော် အလုပ်သမားများနေ့ မတိုင်မီကပင် MAP ဖောင်ဒေးရှင်းသည် အိမ်ဖော် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံးနေရခြင်းကို အများသိစေရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် လများအတွင်း MAP ဖောင်ဒေးရှင်း က ပို့စ်ကတ် တခု ဖန်တီးပြီး အိမ်ဖော် အလုပ်သမားများ လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချရပြီး အကာအကွယ်များ၊ အခွင့်အရေးများ ရရှိစေရန် လှုံ့ဆော်နေသည်။

အဆိုပါ ပို့စ်ကတ်တွင် အိမ်ဖော် အလုပ်သမား တဦးက အလုပ် အမျိုးအစား အများအပြားကို တချိန်တည်းတွင် လုပ်ကိုင်နေရပုံကို သရုပ်ဖော်ထားသည်။

[အိမ်ဖော် အလုပ်သမားများ၏ လုပ်ငန်းခွင် လုံခြုံရေး နှင့် အလုပ်သမား အခွင့်အရေးများ ရရှိစေရန် လှုံ့ဆော်သည့် ပို့စကတ်]

အိမ်ဖော် အလုပ်သမားများ၏ လုပ်ငန်းခွင် လုံခြုံရေး နှင့် အလုပ်သမား အခွင့်အရေးများ ရရှိစေရန် လှုံ့ဆော်သည့် ပို့စကတ်
အိမ်ဖော် အလုပ်သမားများ ပင်ပန်းစွာ အလုပ်လုပ်ရလေ့ ရှိပုံကိုလည်း အဆိုပါ ပို့စကတ်က ဖော်ပြနေသည်။

အလုပ်သမား တယောက် ရသင့်သည့် အခွင့်အရေးများ ရရှိစေရန် လှုံ့ဆော်နေခြင်း ဖြစ်သည်ဟု MAP ဖောင်ဒေးရှင်း မှ တာဝန်ခံ တဦးဖြစ်သူ Miss Pin က ပြောသည်။

“အိမ်အလုပ် လုပ်ရတယ်ဆိုတာ အင်မတန် ပင်ပန်းတယ်။ လက်နှစ်ဘက် ခြေနှစ်ဘက်နဲ့ တောင် မလောက်ဘူး။ ပြီးတော့ လစာက နည်းတယ်။ နားခွင့်တွေ ဘာတွေလည်း မရှိဘူး” ဟု Miss Pin က ရှင်းပြသည်။

ပို့စ်ကတ်တွင် လက်မှတ် ထိုးကာ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီး ဌာနမှ တာဝန်ရှိသူထံသို့ ပေးပို့ရန် MAP ဖောင်ဒေးရှင်းက လှုံ့ဆော်ထားသည်။ ယမန်နေ့က ပို့စ်ကတ် ၆ဝဝဝ ကျော် ပေးပို့နိုင်ခဲ့သည်ဟု ဆိုသည်။

လက်မှတ်ထိုးခဲ့သူများတွင် ထိုင်းနိုင်ငံသားများ၊ မြန်မာပြည်သား အလုပ်သမားများ၊ ထိုင်းနိုင်ငံရောက် အနောက် နိုင်ငံသားများ ပါဝင်သည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် အမျိုးသမီး ၂ သိန်း ကျော်သည် အိမ်ဖော်အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြသည်ဟု MAP ဖောင်ဒေးရှင်းက ခန့်မှန်းထားသည်။ ထိုအမျိုးသမီးများမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ ဖြစ်သည်။

အများအပြားမှာ နားရက် မရှိကြဘဲ လုပ်ခ အနည်းငယ်သာ ရကြကြောင်း၊ လုပ်အားခ လုံးဝ မရကြသူများပင် ရှိကြောင်း သိရသည်။ နာရီပေါင်းများစွာ လုပ်ကိုင်ရပြီး ကျေးကျွန်များသဖွယ် သတ်မှတ် ခိုင်းစေမှုများ ရှိနေသည်ဟု ဆိုသည်။

သို့သော်လည်း ထိုင်းအစိုးရက ၎င်းတို့ကို အလုပ်သမား ဥပဒေဖြင့် အကာအကွယ် ပေးထားခြင်း မရှိဟု MAP ဖောင်ဒေးရှင်းက ပြောသည်။

MAP ဖောင်ဒေးရှင်း မှ တာဝန်ခံ အရာရှိ ဖြစ်သူ Jackie Pullot က “ကျမတို့အနေနဲ့ အခုလို လှုပ်ရှားတာဟာ သက်ဆိုင်ရာ တိုင်းပြည်က တာဝန်ရှိသူတွေကို အသိပေးလိုတာက တချက်၊ နောက်တချက်ကတော့ လာမယ့် ၂ဝ၁ဝ မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ အလုပ်သမား ညီလာခံမှာ ဒီအကြောင်းတွေကို တင်ပြနိုင်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်” ဟု ပြောသည်။

အလုပ်သမားအရေး လုပ်ကိုင်နေသူတချို့က အိမ်ဖော် (Domestic Worker) ဟူသော ဝေါဟာရအစား အိမ်တွင်း အလုပ်သမများ ဟု ခေါ်ဝေါ် သင့်သည်ဟု ဆိုသည်။

မလေးရှား အချုပ်ခန်းများမှ မြန်မာများ ကျန်းမာရေး ထိခိုက်
Friday, 28 August 2009 16:43 ကိုထွေး
E-mail Print
မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် အနီးရှိ ထိန်းသိမ်းရေး စခန်းမှ မြန်မာ အလုပ်သမားများ ဆေးဝါး ကုသခွင့် မရသဖြင့် ကျန်းမာရေး ဆိုးရွားလာနေကြောင်း သိရသည်။
[ကွာလာလမ်ပူမြို့တော် ပြင်ပရှိ ထိန်းသိမ်းရေး စခန်းတခုတွင် ပြီးခဲ့သည့် လက တွေ့ရသော နိုင်ငံခြားသားများ (ဓာတ်ပုံ - AP)]

ကွာလာလမ်ပူမြို့တော် ပြင်ပရှိ ထိန်းသိမ်းရေး စခန်းတခုတွင် ပြီးခဲ့သည့် လက တွေ့ရသော နိုင်ငံခြားသားများ (ဓာတ်ပုံ - AP)
အချုပ်ဆောင် တခုတည်းတွင် လူပေါင်း ၆၀ ခန့် ကျပ်တည်းစွာ နေရသည့် အတွက် ရောဂါ ကူးစက်ရန် လွယ်ကူနေသည်ဟု အထိန်းသိမ်းခံ နေရသူ တဦးဖြစ်သည့် ကိုသန်းထွန်းစိုးက ပြောသည်။

“ယားနာပေါက်တဲ့ လူတွေက ဆေးဝါး ကုသခွင့် မရှိပါဘူး၊ ကျနော်လည်း ၂ လလောက်ရှိပြီ ယားတာ။ လူတွေ အပြင်းအထန် ဖျားနာမှ ဆေးကုပေးတယ်၊ တပတ်မှာ ဆေးကုခွင့်က ၄ ယောက်ပဲ ရတယ်” ဟု ကိုသန်းထွန်းစိုးက ဧရာဝတီသို့ ပြောသည်။

ထိန်းသိမ်းရေး စခန်းတွင် အသီးအရွက်များကို ကျွေးမွေးခြင်း မရှိဘဲ ငါးဟင်းကိုသာ အဓိကထား ကျွေးသဖြင့် အာဟာရဓာတ် ချို့တဲ့နေကြကြောင်း၊ ဆပ်ပြာ မရှိသဖြင့် အများစုမှာ ယားနာများ စွဲကပ်နေကြောင်း ကိုသန်းထွန်းစိုးက ရှင်းပြသည်။

မြန်မာပြည်သားများသည် မလေးရှားတွင် လပေါင်းများစွာ ထိန်းသိမ်းခံနေရခြင်း ဖြစ်သည်။ ၎င်းတို့ ကွာလာလမ်ပူ လေဆိပ် အနီး ထိန်းသိမ်းရေး စခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်ခံထားရသည်မှာ ၂ လ ရှိပြီ ဖြစ်ကြောင်း သိရသည်။

အခြေအနေ ဆိုးရွားသည့် အချုပ်ခန်းများအတွင်း လူအများအပြား ပိတ်လှောင်ခံထားရကြောင်း ထိန်းသိမ်းခံနေရသူ တဦးဖြစ်သည့် ကိုခိုင်မင်းက ပြောသည်။

“အလုံပိတ်ထားတော့ လမ်း မလျှောက် ရတာကြာပြီ၊ ပြင်ပက လေနဲ့ နေရောင် မရတော့ ပိုဆိုးတယ်။ ကျနော်ကတော့ ခြေထောက်တွေ ယောင်နေတယ်” ဟု ကိုခိုင်မင်းက ပြောသည်။

မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံထား ရသော နိုင်ငံခြားသား ၇၀၀၀ ခန့် ရှိနေသည်။ မြန်မာပြည်သားမှာ အများစု ဖြစ်ပြီး အရေအတွက် အားဖြင့် ၂၈၀၀ ခန့် ရှိသည်ဟု မလေးရှားမှ လာသည့် AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ထိန်းသိမ်းခံ ထားရသူများ အတွက် နေရာ ထိုင်ခင်း အလုံ အလောက် မရှိဟု ဆိုသည်။

တရားမ၀င် နေထိုင်သည့် နိုင်ငံခြားသားများကို ရက်အနည်းငယ်သာ ထိန်းသိမ်းရန် စီစဉ် တည်ဆောက်ထားသည့် ထိုစခန်းများတွင် မြန်မာပြည်သားများ သောင်တင်နေရခြင်းမှာ မလေးရှားရှိ မြန်မာသံရုံး၏ အားနည်းချက် ဖြစ်ကြောင်း၊ သံရုံးက ထိန်းသိမ်းခံထားရသူ မြန်မာတဦးထံမှ အချက်အလက် ရယူပြီး မှတ်ပုံတင်သည့် လုပ်ငန်း အတွက် ၆ လခန့် အချိန်ယူလေ့ရှိကြောင်း AP သတင်းက ဆိုသည်။

ထို့ပြင် နေရပ်ရင်း ပြန်လည်ပို့ဆောင်ရန် ရင်းဂစ် ၆၂၀ (ဒေါ်လာ ၁၈၀ ခန့်) ကောက်ခံသည်ဟု ဆိုသည်။

တခြား နိုင်ငံများမှ အလုပ်သမားများမှာ ဖမ်းဆီးခံရပြီး တပတ်အတွင်း နေရပ်ရင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိသွားလေ့ ရှိပြီး မြန်မာ ပြည်သားများသာ လပေါင်းများစွာ ချုပ်နှောင်ခံနေရခြင်း ဖြစ်သည်ဟု သိရသည်။
လွန်ခဲ့သည့် ၃ လ က Pulau Pinang ပြည်နယ်ရှိ လူဝင်မှု ကြီးကြပ်ရေး ဌာန ထိန်းသိမ်းရေး စခန်း တခုတွင် ကြွက်ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါ တမျိုးကြောင့် မြန်မာ အလုပ်သမား ၂ ဦး သေဆုံး သွားသည်။

ထိန်းသိမ်းခံရစဉ် အနိုင်ကျင့် နှိပ်စက်သည်ဟူသော သတင်းများလည်း မကြာခဏ ထွက်ပေါ်လျက် ရှိသည်။ ထိုအခြေအနေများကြောင့် ပြီးခဲ့သည့် လဆန်းပိုင်းက Kajang မြို့နယ်၊ Semenyih အရပ် လူဝင်မှုကြီးကြပ်ရေး ဌာန (လဝက) အချုပ်ခန်းတွင် အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ အာဏာပိုင်များက ထိုအချုပ်ခန်းမှ မြန်မာ အလုပ်သမား တချို့ကို ကွာလာလမ်ပူ လေဆိပ် အနီးရှိ ထိန်းသိမ်းရေး စခန်းသို့ ပြောင်းရွှေ့ခဲ့သည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံခြားသား မုန်းတီးမှုလည်း အလွန်များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်း ကြားသိရသည်။



ပိုက်ဆံမပေးရင် စာမေးပွဲ ပေးမဖြေဘူးရှင့် Print E-mail
သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ် 18 နာရီ 01 မိနစ်


သို့

အယ်ဒီတာရှင့်

ပဲခူးမြို့ အမှတ် ၂ အထက ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားရွှေက ဒီလကစပြီး ကျောင်းသားတွေဆီမှာ ကျောင်းအိမ်သာ ပြင်ဖို့ဆိုပြီး ပိုက်ဆံကို မတော်မတရား ကောက်ခံနေပါတယ်။

အိမ်သာပြင်ဖို့က သိန်း ၂၀ ကျော် ကုန်ကျမယ်လို့ဆိုပြီးတော့ ၉-၁၀ တန်း ကျောင်းသားတယောက်ကို ကျပ် ၄၀၀၀ကောက်ပါတယ်။ ၈ တန်းကနေ အငယ်တန်းတွေအထိ တယောက်ကို ကျပ် ၃၀၀၀ စီပါ။ မပေးနိုင်တဲ့ ကျောင်းသားတွေကို စာမေးပွဲ ပေးမဖြေဘူးလို့လည်း ဆိုပါတယ်ရှင့်။

အတန်းပိုင်ဆရာမ တယောက် ပြောပြတာက အထက်ကနေ အိမ်သာပြင်ဖို့အတွက် ၂၂ သိန်း ချပေးတယ်တဲ့။ ဒါကို တခြား ကျောင်းသားမိဘတွေလည်း သိပါတယ်။ သူတောင်းတဲ့ပိုက်ဆံ မပေးနိုင်တဲ့ ကျောင်းသားမိဘတွေကို ရုံးခန်းမှာ ခေါ်ဆူတာလည်း ရှိပါတယ်။

မပေးနိုင်တဲ့ ကျောင်းသားတွေကတော့ အတန်းထဲမှာ မျက်နှာငယ်ပြီး၊ တနေ့တနေ့ ဆရာတွေကတဆင့် အပြောခံနေရလို့ စိတ်မချမ်းသာကြရပါဘူး။

မခံမရပ်နိုင်ဖြစ်နေတဲ့

မိခင်တဦး

ပဲခူးမြို့


ပုံနှိပ်မီဒီယာတွင် အရက်ဘီယာ ၁၅ မျိုးသာ ကြော်ငြာခွင့်ရ Print E-mail
မေကျော်
သောကြာနေ့၊ သြဂုတ်လ 28 ရက် 2009 ခုနှစ် 17 နာရီ 40 မိနစ်



ချင်းမိုင် (မဇ္ဈိမ)။ ။ ယခုနှစ်မကုန်ဆုံးမီကာလအတွင်း မဂ္ဂဇင်း/ဂျာနယ်များတွင် အရက်ကြော်ငြာများ ခွင့်ပြုထားသေးသော်လည်း အရက်၊ ဘီယာ ၁၅ မျိုးသာလျှင် စာပေစိစစ်ရေး၏ ခွင့်ပြုချက်တွင် အကျုံးဝင်ကြောင်း စုံစမ်းသိရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်နှင့် မှတ်ပုံတင်ရေး ဦးစီးဌာနက ပုံနှိပ် မီဒီယာများတွင် အရက်၊ ဘီယာ ကြော်ငြာများကို လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ထည့်သွင်းကြော်ငြာခွင့် ပိတ်ပင်မှာဖြစ်သော်လည်း ယင်းနေ့ မတိုင်မီ အထိ IBTC ထုတ် ဂရင်းရွိုင်ရယ်နှင့် အီးဂဲလ်၊ မြန်မာ ဘရူဝါရီထုတ် ဘီယာအားလုံး၊ ပီအမ်ဂျီ ကုမ္ပဏီထုတ် မြန်မာ ဝီစကီ်၊ မေမြို့ဝိုင်၊ Label 99၊ Royal Club တို့ ကင်းလွတ်ခွင့်ရသည်ဟု စာပေစိစစ်ရေးဌာနနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

စာပေစိစစ်ရေးဌာနက ကြေညာချက်ဖြင့် ရှင်းလင်းထားခြင်းမရှိသလို မည်သည့်စံနှုန်းဖြင့် ၁၅ မျိုးသာ ရွေးထုတ်သည်ကို ဖြေကြားရန် ငြင်းဆိုထားသဖြင့် သဲသဲကွဲကွဲ မသိရသေးသော်လည်း မဂ္ဂဇင်း/ဂျာနယ်များ အခယူ လက်ခံထားပြီးသော အရက်ကြော်ငြာများကို ခွင့်ပြုခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။

" သူတို့က မှတ်ထားတာမှ ကိုယ့်ထက်တောင် အမှတ်ရသေး။ ကြော်ငြာဒီဇိုင်းပြောင်းသွားတာနဲ့ သိတယ်” ဟု မဂ္ဂဇင်းအယ်ဒီတာတဦးက ပြောသည်။

ပုံနှိပ်မီဒီယာအများစုအတွက် အရက်၊ ဘီယာမှာ အဓိက ကြော်ငြာဝင်ငွေရစေသည့် စာရင်းတွင် ပါဝင်သောကြောင့် ဝင်ငွေကျဆင်းကာ ဆက်လက် ထုတ်ဝေရေး အတွက် ထိခိုက်နိုင်ကြောင်း သတင်းဂျာနယ်တခုက ပြောသည်။

“ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ အရက်ကြော်ငြာက ဂျာနယ် ထုတ်ဝေမှု ကုန်ကျစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက်ထိ ရှိတယ်။ တကယ်လို့ လုံးဝမထည့်ရတော့ဘူး ဆိုရင် တော့ ဂျာနယ် ရပ်တည်ရေးမှာ အခက်အခဲရှိလာမှာတော့ ကျိန်းသေတယ်။ ” ဟု ထိုတိုက်မှ အယ်ဒီတာက ပြောသည်။

အရက်နှင့်ဆေးလိပ်ကြော်ငြာများကို ၂၀၀၇ ခုနှစ် နိုဝင်ဘာမှစ၍ ဆိုင်းဘုတ်ကြီးများထောင် ကြော်ငြာခြင်းကို ပိတ်ခဲ့ပြီး ရုပ်မြင်သံကြားလိုင်းများတွင်တော့ အစောပိုင်းကတည်းက တားမြစ်ထားခဲ့သည်။

ကိုးကန့်ဒုက္ခသည်များ တရုတ်နိုင်ငံဘက် ခိုလှုံ

28 August 2009


မြန်မာနိုင်ငံ အရှေ့ပိုင်းက တရုတ်ပြည်နဲ့ကပ်လျက် ရှမ်းပြည်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ အပစ်ရပ် အဖွဲ့တွေကြား တိုက်ပွဲ တွေ ဖြစ်ပွားနေတာကြောင့် အရပ်သားတွေ ထောင်သောင်းချီပြီး နယ်စပ်ကိုဖြတ်ကျော်ကာ တရုတ်နိုင်ငံထဲကို ထွက်ပြေး နေကြပါ တယ်။

တရုတ်လူမျိုးတွေ အများအပြား နေထိုင်တဲ့ ကိုးကန့်ဒေသက လောက်ကိုင်မြို့မှာ မြန်မာစစ်တပ် နေရာယူထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

စစ်အစိုးရ တပ်ဖွဲ့တွေနဲ့ MNDAA မြန်မာပြည် အမျိုးသား သွေးစည်းညီညွတ်ရေး တပ်မတော် ခေါ် ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်မှာကြောက်လို့ ဒေသခံတွေ ထွက်ပြေးကြတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရထားတဲ့ ကိုးကန့်တပ်ဖွဲ့ဟာ နှစ်ခြမ်းကွဲပြီး ကိုးကန့်အဖွဲ့ထဲက တချို့က စစ်အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပါဝင်ဖို့ မြန်မာစစ်တပ်နဲ့ ပူပေါင်းသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်းမှာ တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်ထဲကို မြန်မာနိုင်ငံက ဒုက္ခသည် ၁၀,၀၀၀ ကျော် ၀င်ရောက်လာခဲ့တယ်လို့ တရုတ် သတင်းမီဒီယာတွေမှာလည်း ဖော်ပြနေကြပါတယ်

တရုတ်ပြည်သို့ ထွက်ပြေးရသူ သုံးသောင်းကျော်ပြီဟု ကုလသမဂ္ဂ ထုတ်ပြော
မိုးမခအထောက်တော် အမှတ် ၀၀၅
သြဂုတ် ၂၀၀၉ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ဟု အမည်ရသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ တပ်ဖွဲ့ဝင်များ

မြန်မာ့တပ်မတော် နှင့် ကိုးကန့်သူပုန်အဖွဲ့တို့ အပစ်အခတ် ပြန်လည် စတင်သည့်အတွက် ရှမ်းပြည်နယ်မှ ဒေသခံ ၃ သောင်း အထိ တရုတ်နိုင်ငံဘက်သို့ ခိုလှုံသွားကြကြောင်း ကုလသမဂ္ဂက ခန့်မှန်းလိုက်ကြောင်း AFP သတင်းဌာနက ရေးသားလိုက်သည်။

ရှမ်းပြည်နယ်ဘက်မှ ထွက်ပြေးလာသူများသည် ယူနန်ပြည်နယ် နန်စန်မြို့အတွင်းသို့ ၀င်ရောက် လာကြခြင်းဖြစ်ကြောင်း တရုတ် အာဏာပိုင်တို့နှင့် လက်တွဲ လုပ်ဆောင်နေသည့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက ပြောလိုက်ခြင်း ဖြစ်သည်။

“ယူနန်ပြည်နယ် ဒေသခံ အာဏာပိုင်တွေက အရေးပေါ် အကူအညီ၊ ရိက္ခာ၊ ဆေးဝါးတွေ ထောက်ပံ့ထားတယ်လို့ ကျနော်တို့ကို ပြောတယ်” ဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ ပြောခွင့်ရ အရာရှိ Andrej Mahecic က ဆိုသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် တစောင် ထုတ်ပြန်ထားရာ “တရုတ် မြန်မာနယ်စပ် တည်ငြိမ်ရေးအတွက် မြန်မာတို့က ပြည်တွင်းရေး ပြဿနာကို သင့်လျော်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်” ဟု ဖော်ပြထားသည်။

“မြန်မာပြည်အတွင်းရှိ တရုတ်နိုင်ငံသားတို့၏ လုံခြုံမှု နှင့် ဥပဒေအရ ရပိုင်ခွင့်များ ရရှိရေးအတွက် မြန်မာအစိုးရက အကာအကွယ်ပေးရန် ကျွနုပ်တို့ တိုက်တွန်းလိုက်သည်” ဟု ပြောခွင့်ရ အမျိုးသမီး Jiang Yu က ကြေညာချက်တွင် ပြောကြားထားသည်။

တရုတ်အစိုးရ သတင်းဌာန၏ ယနေ့ ထုတ်ပြန်သည့် သတင်းတပုဒ်တွင် နယ်စပ်ဒေသရှိ လက်နက်ကိုင် တရုတ် ရဲတပ်ဖွဲ့ဝင် အင်အားကို တိုးချဲ့လိုက်သည်ဟု ဆိုသည်။

ဤအတောအတွင်း ကိုးကန့်တပ်ဖွဲ့များ အနှစ် ၂၀ ကြာ ကြီးစိုးခဲ့ရာ လောက်ကိုင်မြို့ ဒေသတွင် ယမန်နေ့ကစပြီး ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

တိုက်ပွဲများ ဖြစ်ပွားနေသော လောက်ကိုင်မြို့သည် ထင်ရှားသည့် မူဆယ် နှင့် နမ့်ခမ်းမြို့များအနီး တည်ရှိသည်။

ကိုးကန့်အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ စစ်ရေးအဖွဲ့ ဖြစ်ခဲ့ဖူးသည်။ ၁၉၈၉ တွင် ဗကပ ခွဲထွက်ပြီး မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ဟု အမည်ပြောင်းလိုက်သည်။၁၉၈၉ တွင် မြန်မာ့တပ်မတော်နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့သည်။

စစ်အစိုးရက ၎င်းတို့ကို ရှမ်းပြည်နယ် အထူးဒေသ (၁) အဖြစ် နယ်မြေ သတ်မှတ်ပေးပြီး အခြေချခွင့် ပြုခဲ့သည်။

ကိုးကန့်များက ထိုသို့ ခွဲထွက်ခဲ့ပြီး နောက်ပိုင်းတွင် ဗကပ လက်အောက်ရှိ ၀ တိုင်းရင်းသား တပ်များက အလုံးအရင်းဖြင့် ခွဲထွက်ခဲ့ပြီး UWSA လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ယနေ့တိုင် ရပ်တည်နေသည်။

အပစ်ရပ်မှုအနှစ် ၂၀ ပြည့်မြောက်သည့် ကာလတွင် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်ခြင်းဖြင့် ငြိမ်းချမ်းရေး သဘောတူညီမှု စတင် ထိခိုက်သွားသည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို ကိုးကန့်အဖွဲ့က လက်မခံသဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

ကြို့ပင်ကောက်မှ မမာမာအေးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်
Friday, 28 August 2009 17:57 ရိုးမ ၃
E-mail Print
ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်တွင် အကျဉ်းကျကာ တရားစွဲဆိုခြင်းခံနေရသည့် ကြို့ပင်ကောက်မြို့မှ အသက် (၄၆) နှစ်ရှိ မမာမာအေးကို ယနေ့ စစ်အစိုးရတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။

ယခုလ (၁၅) ရက်နေ့က ဒုရဲအုပ် ကျော်စိုးနှင့် ရဲမေ နီနီမာတို့က မယကဥက္ကဌမှ ခေါ်သည်ဟုဆိုကာ နေအိမ်မှ ခေါ်ဆောင်သွားပြီးနောက် ပေါင်းတည်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ရာ ယနေ့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

မမာမာအေးကို ဒေါ်အောင်ဆန်းစုကြည်အား အပြီးသတ်အမိန့်ချမှတ်မည့် ယခုလ (၁၁) ရက်နေ့က ပေါင်းတည်မြို့ လ္ဘက်ရည်ဆိုင်တွင် သံဃာတော်တပါးနှင့် စကားပြောဆိုသည်ကို အကြောင်းပြုကာ မသင်္ကာမှုဖြင့် ဖမ်းဆီးပြီး (၁၇) ရက်နေ့တွင် မိသားစုပင်မသိလိုက်ဘဲ ကြို့ပင်ကောက်တရားရုံးမှ ရုံးထုတ်စစ်ဆေးကာ ပေါင်းတည်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

မမာမာအေးကို ကြို့ပင်ကောက်မြို့နယ် ရဲစခန်းမှူးက နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ (၅၀၅) (ခ) ဖြင့် ပြီးခဲ့သည့် (၂၆) ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ယနေ့ (၂၈) ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်တရားရုံးမှ တရားသူကြီး ဦးမြသိန်းက ယင်းပုဒ်မဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

တရားရုံးသို့ ရောက်ရှိခဲ့သူတဦးက "အမိန့်ချလိုက်ပြီ။ အမိန့်ချတာက (၁၀) နာရီနဲ့ (၄၃) မိနစ်၊ နိုင်ငံရေးသမားဆိုတော့ စပြီးတော့ တရားရုံးကို ဝင်လာကတည်းက လက်ပြပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ဝင်လာတယ်။ တခါ ထွက်သွားတော့လည်း ပြုံးပြုံးရွှင်ရွှင် လက်ပြပြီးတော့ပဲ ထွက်သွားပါတယ်။ သူ့ရဲ့ အမေရယ်၊ အစ်မရယ်၊ တူရယ် လာပါတယ်။ တရားရုံးနဲ့ ပေ ၃၀ အကွာလောက်မှာပဲ နေရတယ်၊ ဘာသံမှမကြားဘူး" ဟု ပြောသည်။

မမာမာအေးတွင် နှလုံးရောဂါနှင့် လေးဘက်နာရောဂါရှိသဖြင့် ပေါင်းတည်ထောင်သို့ စရောက်ချိန်နှင့် ယခုတွေ့လိုက်သည့် အခြေအနေ ကွာခြားပြီး များစွာ ပိန်သွားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့ အမိန့်ချသည့်နေ့တွင် လက်နက်ကိုင် ရဲဝန်ထမ်း ၂၀ ခန့် တရားရုံးဝန်းကျင်တွင် နေရာယူထားပြီ့း တရားရုံးသို့ အပြင်လူများ ၀င်ရောက်ခြင်းမရှိအောင် တားမြစ်ထားသဖြင့် မမာမာအေးအား အမှုစစ်ဆေးပြီး ထောင်သို့ပြန် ပို့မည့်အချိန်မှ မိသားစုက ထောင်ဒဏ်ချမှတ်လိုက်သည်ကို သိရှိခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

"မာမာအေးကို ထောင်ပြန်ပို့ဖို့ ဆိုင်ကယ်နဲ့ ပြန်ခေါ်သွားမယ့် အချိန်မှာ မိသားစုကို ကျနော်တို့က သွားမေးပါဆိုပြီး သွားမေးတော့မှ ခုနက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ဆိုပြီးတော့ သိရတာ" ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် (၂၆) ရက်နေ့က တရားရုံးထုတ် စစ်ဆေးရာတွင် သံဃာတော်များအား စည်းရုံးခဲ့သလားဟု တရားရုံးက မေးမြန်းချက်ကို ငြင်းဆိုခဲ့သော်လည်း ယနေ့တွင် အဆိုပါအမိန့်ကို တရားရုံးက ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ မမာမာအေးအား တရားရုံးမှ သူမအား စွဲဆိုထားသည့် ပုဒ်မနှင့် ချမှတ်သည့် ပြစ်ဒဏ်အမိန့်ကိုသာ ဖတ်ပြခဲ့ခြင်းဖြစ်ပြီး ငြင်းဆိုပိုင်ခွင့်နှင့် လျှောက်လဲပိုင်ခွင့်မရရှိကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သူက ပြောဆိုသည်။

မမာမာအေးသည် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင် ကိုမျိုးသန့်၏ အစ်မဖြစ်ပြီး ကိုမျိုးသန့်ကို စစ်အစိုးရက ပြီးခဲ့သည့်နှစ် သြဂုတ်လ (၇) ရက်နေ့တွင် ပုဒ်မ (၁၄၅) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သဖြင့် လက်ရှိ သရက်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) မှ ပြောဆိုသည်။


အခွန် ၂ နှစ်စာ ဆောင်ရသည့်အတွက် အငှားယာဉ်ထောင်ထားသူများ အခက်အခဲဖြစ်
Friday, 28 August 2009 17:02 ရိုးမ ၃
E-mail Print
စစ်အစိုးရ ပြည်တွင်းအမြတ်ခွန်ဦးစီးဌာနက ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် အငှားယာဉ်များအား ၂ နှစ်စာ အခွန်ငွေပေးဆောင်ပြီးမှသာ ပြေးဆွဲခွင့်လိုင်စင် ထုတ်ပေးသည့် စနစ်ကြောင့် အငှားယာဉ်ထောင်ထားသူများ အခက်အခဲဖြစ်နေကြသည်။

ယခုနှစ် (၆) လပိုင်းတွင် အငှားယာဉ်လိုင်စင် ၀င်ထားသူများအနေဖြင့် အခွန်ဦးစီးဌာနတွင် သတ်မှတ်ထားသည့် ၂ နှစ်စာ အခွန်ဆောင်ထားပြီးကြောင်း ပြသနိုင်မှသာ အငှားယာဉ်များအနေဖြင့် ပြေးဆွဲခွင့်ရှိမည်ဖြစ်သည်။

"၂ နှစ်စာ တက္ကစီပြေးဆွဲခွင့်ဆိုပြီးတော့ ဆောင်ခိုင်းတာ၊ ကျနော်တို့ မနှစ်က ဆောင်တုန်းက တစ်နှစ်ကို ၃၂၀,၀၀၀ ဆောင်ရတယ်၊ နှစ်နှစ်စာဆိုရင် ၆၂၀,၀၀၀ ဆောင်ရမှာ။ အဲဒီတော့ ဒီဘက်က တက္ကစီပိုင်ရှင် တော်တော်များများက တော်တော်ကြီးကို စိတ်ကသိကအောက်ဖြစ်နေကြတယ်။ သူတို့က ကြိုတင်ငွေဆိုပြီးတော့ ပြောတယ်" ဟု ရန်ကုန်မြို့မှ အငှားယာဉ်ထောင်ထားသူတဦးက ပြောသည်။

သတ်မှတ်ထားသည့် အခွန်ဆောင်ပြီးကြောင်း အခွန်ဦးစီးဌာနမှ အစိမ်းရောင်လျှောက်လွှာ (ပြေစာ) ရရှိမှ သာ အငှားယာဉ်ပြေးဆွဲရန် လိုင်စင်သက်တမ်းရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိရန်ကုန်တွင် တက္ကစီကား အရေအတွက်မှာ များပြားပြီး စီးသူနည်းပါးသည့်အတွက် လုပ်ငန်းတွင် ထိခိုက်မှုကြုံတွေ့နေရသည့်အချိန်တွင် အကြောင်းပြချက်မရှိဘဲ အခွန် ၂ နှစ်စာ တိုးမြှင့်ပေးဆောင်နေရသည့်အတွက် အငှားယာဉ်ထောင်ထားသူများ ထိခိုက်နေသည်ဟု ရန်ကုန်မြို့မှ ယာဉ်ပိုင်ရှင်များက ပြောသည်။

"ဒီကြားထဲ ဦးပိုင်ကပိုင်တဲ့ ပါရမီ တက္ကစီတွေက အများကြီး ၀င်နေတာဆိုတော့ တက္ကစီကားတွေ ပိုများပြီး ပိတ်ဆို့နေတာ။ ကျနော်တို့သိချင်နေတာက အဲ့ဒီ ပါရမီတွေကျတော့ အခွန်ဆောင်ရလား၊ အစိုးရကားမို့ အခွန်မဆောင်ရဘူးလား သိချင်တယ်။ ကျနော့်ခန့်မှန်းခြေအရ ပြောရရင် ပါရမီတက္ကစီကားက အစီး ၂၀၀ လောက်ရှိမယ်" ဟု ယာဉ်ပိုင်ရှင်တဦးက ပြောသည်။

ကားပိုင်ရှင်များအနေဖြင့် ကားတစီးအား တနေ့ဝင်ငွေအဖြစ် ကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ရရှိပြီး အဆိုပါငွေ ရရှိရန်ပင် အငှာားယာဉ်မောင်းသူများအနေဖြင့် နေ့တွက်ကိုက်ရန် ကြိုးစားရှာဖွေနေရသည်ဟု ၎င်းက ဆက်ပြော ဆိုသည်။

CNG သဘာဝဓါတ်ငွေ့နှင့် မောင်းနှင်နေသည့် အငှားယာဉ်များအနေဖြင့် မီတာတပ် မောင်းနှင်ကြရပြီး ဒီဇယ်၊ ဓါတ်ဆီဖြင့် မောင်းနှင်နေသော ကားအများစုမှာ မီတာမတတ်သည်က များပြီး တပ်ထားသော ယာဉ်မောင်းများလည်း ခရီးသည်များ၏ ပုတ်ပြတ်ဈေးပေး၍ စီးနင်းခြင်းကြောင့် မီတာနှင့်သတ်မှတ်၍ ဈေးနှုန်းသတ်မှတ်၍မရကြောင်း သိရသည်။

"မီတာနဲ့ကျတော့ ပိုကုန်ကျမယ်လို့ ထင်တဲ့သူကလည်း ထင်တယ်၊ အဝေးပြေးကွင်းကနေ မြို့ထဲလာမယ်ဆိုလို့ရှိရင် ကျနော်တို့က အခု မီတာနဲ့ မမောင်းသေးဘူး။ မီတာကို ဒီတိုင်း ပိတ်ထားပြီးတော့ ရိုးရိုးပဲ မောင်းသေးတယ်။ မြို့ထဲကနေပြီး အောင်မင်္ဂလာအဝေးပြေးကွင်း၊ အဲ့ဒီကနေပြီးတော့ မြို့ထဲဆို ၃,၅၀၀၊ ၄,၀၀၀ လောက်ပဲ ယူတယ်။ ပိုတောင်းလို့လည်းမရဘူး။ ဒါ ပုံမှန် သတ်မှတ်ဈေးလိုဖြစ်နေတာပေါ့။ ရပ်ကွက်တွေထဲဆိုရင်လည်း ပိုတောင်းလို့ မရဘူး။ ပိုတောင်းရင် လှည့်တောင် မကြည့်တော့ဘူး။ ကားသမားတွေက အခုဆိုရင် အခက်အခဲဖြစ်နေတယ်" ဟု အငှားယာဉ်မောင်းနှင်သူတဦးက ပြောသည်။

ပိုင်ကျုံနှင့် လှိုင်းဘွဲ့နယ်မှ ဒုက္ခသည်သစ်များကို မယ်လစခန်းမှ လက်ခံမည်
Friday, 28 August 2009 11:44 ဗထူး
E-mail Print
ယခုနှစ် ဇွန်လဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် KNU နှင့် DKBA တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိခိုလုံလာသည့် ဒုက္ခသည်များအား မယ်လဒုက္ခသည်စခန်းမှ ခိုလှုံခွင့်ပြုရန် ယခုရက်ပိုင်းအတွင်း ဆုံးဖြတ်ခဲ့သည်။

ထိုင်းနိုင်ငံ၊ ထပ်ဆောင်ရန်းခရိုင် ဒုခရိုင်မှူး၊ ကရင်ဒုက္ခသည်ဆိုင်ရာ (KRC) တာဝန်ရှိသူများနှင့် မဲလစခန်း တာဝန်ခံများ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ဒုက္ခသည်သစ်များ လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မယ်လဒုက္ခသည်စခန်း ဒုဥက္ကဌ စောထွန်းထွန်းက “အဓိကဆွေးနွေးတာတော့ ဒုက္ခသည်တွေကို လက်ရှိနေရာမှာ ဆက်ထားဖို့ အခြေအနေမပေးတော့ရင် မယ်လဒုက္ခသည်စခန်းကို ပို့ခဲ့မယ်ဆိုရင် စခန်းတာဝန်ခံတွေအနေနဲ့ ဘယ်လိုမြင်လဲ၊ လက်ခံနိုင်ခြင်း ရှိ/မရှိပေါ့လေ။ နောက် နေရာလပ် ရှိ/မရှိ ဆွေးနွေးခဲ့တာပါ။ ကျနော်တို့အနေနဲ့ အကြောင်းပြန်ခဲ့တာကတော့ တကယ်လို့ နောက်ဆုံး တခြားနည်းလမ်းမရှိတော့ဘူး၊ ပို့ဆောင်မယ်ဆိုရင်တော့ ကျနော်တို့ လက်ခံနိုင်တယ်ပေါ့၊ လက်ခံနိုင်မဲ့အနေအထားမှာ ရှိပါတယ်” ဟု ပြောဆိုသည်။

ကရင်ပြည်နယ် ပိုင်ကျုံနှင့် လှိုင်းဘွဲ့မြို့နယ်များမှ အသစ်ထပ်မံရောက်ရှိလာသည့် ဒုက္ခသည်များမှာ ယာယီအမိုးအကာများဖြင့် နောင်ဘိုးနှင့် ထီးနူခီးခေါ် ယာယီစခန်းများတွင် နေထိုင်နေကြပြီး ဒုက္ခသည်ဦးရေ ၃,၀၀၀ ကျော်ရှိသည်ဟု စခန်းဒုဥက္ကဌက ဆက်လက်ပြောဆိုသည်။

ဒုက္ခသည်များ ယာယီခိုလုံနေရသည့်နေရာမှာ မယ်လဒုက္ခသည်စခန်းနှင့် ၄၀ ကီလိုမီတာခန့် ဝေးကွာပြီး ယာယီအားဖြင့် မယ်လစခန်းအား ထောက်ပံ့ကူညီနေသည့် TBBC ၊ AMI နှင့် အခြားအင်န်ဂျီအိုအဖွဲ့အစည်းများက ဒုက္ခသည်များအတွက် ယာယီအမိုးအကာရရှိရေး၊ ဆေးဝါး၊ အစားအသောက်နှင့် ရေရရှိရေးတို့ကို ကူညီဆောင်ရွက်ပေးနေလျက်ရှိသည်။

အဓိကအားဖြင့် အဆိုပါဒုက္ခသည်အသစ်များ ယာယီခိုလုံရာနေရာတွင် ကလေးများအတွက် ပညာဆက်လက် သင်ကြားရေးအတွက် အခက်အခဲများရှိနေသလို စခန်းပြောင်းရွှေ့လာရန် ဖြစ်နိုင်ခြေနည်းသည်ဟု မယ်လစခန်းဒုဥက္ကဌက ပြောဆိုသည်။

“ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီးတော့ ဟိုးအရင်ကတည်းက သူတို့ကျောင်းမှာရှိတဲ့ ကျောင်းသားတွေကလည်း စာသင်ကြားခွင့်တော်တော် အခက်အခဲရှိတယ်ဗျ။ နောက်တော့ ကျနော်တို့စခန်းမှာ ကျောင်းသားတချို့ကို ပို့ပြီးတော့ စာသင်ကြားခွင့်တွေ ပေးတာတော့ရှိတယ်။ နောက်ဆုံးသတင်းကတော့ ဖြစ်နိုင်ခြေ သိပ်နည်းနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေက သူတို့ ဒီကိုလာဖို့ လုံးဝ ငြင်းဆန်နေတယ်ခင်ဗျ။ သူတို့ လုံးဝ မလာချင်ဘူး။ ဖြစ်နိုင်ရင်တော့ သူတို့ ယာယီ အဲဒီဒုက္ခသည်စခန်းတွေမှာ နေထိုင်ပြီးတော့ ဒုက္ခသည်စခန်းတစ်ခုအနေနဲ့ နေထိုင်သွားဖို့ သူတို့ မျှော်လင့်နေတာပေါ့” ဟု ပြောဆိုသည်။

နောင်ဘိုးနှင့် ထီးနူခီးစခန်းတွင် ယာယီနေထိုင်နေသော ဒုက္ခသည်အများစုမှာ နယ်မြေဒေသ အေးချမ်းသွားပြီး အခြေအနေအခွင့်သင့်လျှင် နေရပ်ရင်းသို့ ပြန်ချင်သူများ ပိုမိုများပြားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုအနက် အကြီးဆုံးဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါစခန်းတွင် တရားဝင် စာရင်းပေးသွင်းထားသူနှင့် စာရင်းမပေးသွင်းရသေးသူ ဒုက္ခသည်ဦးရေမှာ စုစုပေါင်း ၅၀,၀၀၀ ကျော်ရှိသည်။

ရခိုင်မှ သဘာဝဓာတ်ငွေ့ တရုတ်နိုင်ငံ တင်ပို့နိုင်ရေး ဒေဝူး ကန်ထရိုက်ရ

8/28/2009

သျှင်ထွီးခိုင်(အလွတ်သတင်းထောက်) ရခိုင့်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ နိုင်ရန် တာင်ကိုးရီးယား ဒေဝူး ကုမ္ပဏီ ဦးဆောင်သော စွမ်းအင် ကော်ပိုရေးရှင်းက ကန်ထရိုက်ရရှိ သွားခဲ့သည်။

ဒေါ်လာ သန်းပေါင်း ငါးထောင် ခြောက်ရာတန်ဖိုးရှိသည့် သဘာဝ ဓာတ်ငွေ့ကို ဒေဝူးကုမ္ပဏီ ဦးဆောင်သည့် စွမ်းအင် ကော်ပိုရေးရှင်းက တရုတ်နိုင်ငံပိုင် CNPC ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီအတွက် ၂၀၁၃ ခုနှစ်မှစပြီး နှစ်ပေါင်း သုံးဆယ်အတွင်း တင်ပို့မည်ဖြစ်သည်။

အဆိုပါ စာချုပ်အရ ဒေဝူးကုမ္ပဏီက ၅၁ ရာခိုင်နှုန်း အိန္ဒိယ နိုင်ငံပိုင် ONGC ရေနံကုမ္ပဏီ က ၁၇ ရာခိုင်နှုန်းနှင့် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ အိန္ဒိယ ရေနံကုမ္ပဏီ (Gal) နှင့် တောင်ကိုးရီးယားကုမ္ပဏီ (Co-gas) တို့မှာ ကျန်ရှယ် ယာဝေစုများကို ရရှိကြမည်ဟု ဒေဝူး အင်တာနယ်ရှင်နယ်က ပြောသည်။

ရခိုင် ကမ်းရိုးတန်းရှိ ရွှေလုပ်ကွက်နှင့် ရွှေဖြူလုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များ ကို ပင်လယ်ရေအောက်ကြမ်းပြင်မှ ပိုက်လိုင်း သွယ်တန်းပြီး ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့မှ တဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ပိုက်လိုင်းဖေါက်လုပ်ကာ တည်ဆောက်မည် ဖြစ်သည်။

ကမ်းလွန် တွင်းတူးစင်နှင့်ပင်လယ်ရေအောက် ပိုက်သွယ်တန်းရေး အတွက် ဆောက်လုပ်ရေး လုပ်ငန်းများကို မကြာမီအချိန်အတွင်း စတင်မည်ဟု သိရသည်။


မြို့နယ်ဥက္ကဌမှ ကြက်ဆူပင် ထပ်မံရောင်းစား
Fri 28 Aug 2009, မင်းအာသံ
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး (မယကဥက္ကဌ) သည် အပင်ပေါင်းများစွာ စိုက်ပျိုးထားသည့် တာပတွန်ကျေးရွာမှာ ကြက်ဆူပင်များကို မြို့နယ်တွင်းရှိ ကျေးရွာကြီးငယ်များထံ လိုက်လံရောင်းစားနေသည်ဟု သိရသည်။

တစ်လ လေးကြိမ် ပြုလုပ်သော မြို့နယ်အစည်းအဝေး၌ မုဒုံမြို့ မယကက ယခုကဲ့သို့ ချမှတ်ခဲ့သည်။ ၄င်းကြက်ဆူပင်များကို အကြောင်းပြုပြီ ကျေးရွာများထံ လိုက်လံငွေတောင်းခံခဲ့သည်ဟု ကျေးရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့က ကျေးရွာမှာ အိမ်ခြေအပေါ်မူတည်ပြီ (ကြီး၊ လတ်၊ ငယ်) သုံးမျိုးခွဲထားတယ်။ ကြီးတဲ့ကျေးရွာကို (၂) သိန်း၊ အလတ်ဆိုရင် (၁) သိန်းခွဲနဲ့ ငယ်တဲ့ရွာကို (၁) သိန်းနဲ့ငါးထောင် ရောင်းပေးနေတယ်။ နောက်ပြီ ရွာထဲမှာ လွတ်တဲ့မြေကွက်တွေမှာလည်း ကြက်ဆူပင် စိုက်ခိုင်းနေတယ်” ဟု ၄င်းက ဆက်ပြောသည်။

ထို့ကြောင့် ၄င်းတို့မှ ပျိုးထားသောကြက်ဆူပင်များကို ရွာကြီးငယ်အပေါ်မူတည်၍ မယူမနေရစနစ်အဖြစ် အတင်းဝယ်ခိုင်းနေသည်ဟု မုဒုံမြို့နယ် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“မယကက သူတို့ချပေးထားတဲ့ ကြက်ဆူပင်များကို ဝယ်ခိုင်းပြီ ကျေးရွာအတွင်းမှာ ပြန်စိုက်ခိုင်းတယ်။ ရွာမှာဆိုရင် အိမ်ကြီး အိမ်ငယ်ကြည့်ပြီ တစ်ချို့အိမ်ကို (၄) ပင်ဝယ်ခိုင်းတယ်။ ငယ်တဲ့အိမ်တော့ (၂) ပင်လောက် ဝယ်ခိုင်းတယ်” ဟု ၄င်းက ဆက်ပြောသည်။ ကြက်ဆူပင် ပျိုးပင်တစ်ပင်ကို (၃၀၀) ကျပ် ပေးရသည်ဟု သိရပါသည်။

မုဒုံမြို့နှင့် မုဒုံမြို့နယ်အပါဝင် ကျေးရွာကြီးငယ်စုစုပေါင်း (၄၂) ရွာ ရှိပြီး မယကမှ ကျေးရွာဥက္ကဌများထံ အစည်းအဝေးတွင် တောင်းခံထားသော ငွေပမာဏများကို သြဂုတ်လ ယခုလမကုန်မီ အပြီးထည့်သွင်း ပေးရမည်ဟု မြို့နယ်မယကမှ ချမှတ်ထားသည်။

မုဒုံမြို့ခံတစ်ဦး၏ ပြောပြချက်အရ “ဒီအချိန်မှာ ရာဘာလည်း မထွက်သေးလို့ ဘာကြေးညာကြေးတွေကလဲ များနေတယ်။ ကျနော်တို့က မပေးချင်ပေမယ့်လည်း ပေးနေရတယ်။ ကျနော်ကြားတာကတော့ ရွာ အများစုကလည်း ကြောက်ပြီ ပေးနေရတယ်” ဟု ၄င်းက ဆိုသည်။

လွန်ခဲ့သည့်နှစ်များတွင်လည်း တစ်အိမ်လျှင် ကြက်ဆူပင် ၅ ပင် အိမ်တိုင် ဝယ်ယူထိသော်လည်း အပင်ဖြစ်ထွန်းမအောင်မြင်သည့်အတွက် ဒေသခံအာဏာပိုင်တို့မှ ကြက်ဆူပင်ကို ထပ်မံရောင်းချသည်။ ကြက်ဆူပင်များသာမက ကြက်ဆူစေ့များကို အစိုးရအဖွဲ့များ မှတ်ပုံတင် လုပ်ပေးနေသောအချိန်တွင် မှတ်ပုံတင် လာရောက်လုပ်သူများအား တစ်ယောက်လျှင် တစ်ထုတ်စီရောင်းပေးပြီး အိမ်ပတ်ဝန်းကျင်၌
ပြန်လည်စိုက်ပျိုးခိုင်းခဲ့သည်။

လွန်ခဲ့သည့် ဇန်နဝါရီလတွင်လည်း သံဖြူဇရပ်မြို့နယ်ရှိ ကျောင်းသား ၁၄ ဦး ကြက်ဆူသီးစားမိ၍ မူးဝေသွားခြင်းကြောင့် ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခဲ့ကြရသည်။

ချေးငွေသဘောဖြင့် အမြောက်တပ်ရင်းက ငွေကြေးတောင်းခံ
Thu 27 Aug 2009, ရိုင်မရော့
အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ အမြောက်တပ်ရင်း တစ်ရင်း သည် ၄င်းတပ်ရင်းတို့အတွက် ငွေလိုအပ်မှုကြောင့် ငွေချေးသည့်အနေဖြင့် ရွာသားများထံ ငွေကြေးကောက်ခံနေသည်။

၎င်းအမြောက်တပ်ရင်းသည် အမှတ် (၅၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာန ချုပ်လက်အောက်မှ မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် အမြောက်တပ် ရင်း ဖြစ်သည်။

အနီးနားတဝိုက်ရှိ ဖဲဒိုး၊ ကလော့သော့၊ တောင်ပ၊ ထုံမင်၊ ကွမ်းကဘွီး၊ ဒိုး မား၊ ဆက်သွယ်၊ အဘစ်၊ နှီးပဒေါ်၊ ရောင်းဒေါင်း၊ ကွမ်လှာကျေးရွာတို့မှ ကျေးရွာဥက္ကဌများကို ၄င်းအမြောက်တပ်ရင်းက လွန်ခဲ့သည့်သီတင်းပတ် တွင် အစည်းအဝေးခေါ်ယူထားပြီး၊ ချေးငွေသဘောဖြင့် ကျေးရွာကြီး များကို ၁ သိန်း၊ ကျေးရွာငယ်လျှင် ၅ သောင်းကျပ်စီ ချေးပေးရမည်ဖြစ်သည်။

“သူတို့ယူမှာက ချေးယူတဲ့သဘောပေါ့၊ ပြန်ဆပ်ပေးမယ်ဆိုတာက ဖြစ်နိုင် မှာမဟုတ်ပါဘူးလေ။ စကားလှအောင်လို့ပြောတာပဲလေ။ ရွာကြီးတွေဆိုရင် ၁ သိန်း၊ ရွာငယ်ငယ်တွေမှာဆိုရင် ၅ သောင်း ချေးပေးရမယ်တဲ့ အဲဒီအ စည်းဝေးမှာ ပြောထားတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ငွေကြေးအဆင်မပြေဖြစ်နေသောကြောင့် ၄င်းတို့အမြောက်တပ်ရင်း အ တွက် ယခုလို ခေတ္တခဏငွေချေးထား သည့်သဘောဖြစ်ပြီး၊ လာမည့်နွေ ရာသီအတွင်း ငွေရေးကြေးရေး အဆင်ပြေလာသည့်အချိန်၌ ၄င်းတို့တပ် ရင်းမှ ပြန်လည်ဆပ်ပေးမည်ဟု ၄င်းတပ်ရင်းမှ ပြောဆိုသွားသည်ကိုလည်း ၄င်းရွာသားက ဆိုပါသည်။

ယခုကဲ့သို့ ရွာသူ၊ ရွာသားများထံ ချေးငွေတောင်းယူရသည်မှာ တပ်ရင်းအ တွင်း လိုအပ်သည့် အသုံးအဆောင်များအတွက် လက်ရှိ ငွေကြေးလိုအပ် နေခြင်းကြောင့် ချေးထားရခြင်းဖြစ်သည်။

“သူတို့ပြောတာက ခဏယူထားတာပဲလေ၊ မိုးကုန်လာလို့ရှိရင် သူတို့က ခါ တိုင်းနှစ်လိုမျိုး တပ်အတွက် ရန်ပုံငွေဆိုပြီးတော့ ပွဲသွင်းတာမျိုး၊ စ တိတ်ရှိုး သွင်းတာမျိုးလုပ်ပြီးတော့ တစ်ရွာကို လက်မှတ်ဘယ်လောက်၊ တစ်ရွက်ကို ဘယ်လောက်ဆိုပြီးတော့ လက်မှတ်ရောင်းတာ။ အဲဒီက ရတဲ့ပိုက်ဆံနဲ့ ဒီအ ခုချေးထားတဲ့ငွေကို ပြန်ဆပ်ပေးမယ်လို့လည်း ပြောတယ်” ဟု ထိုဒေသ တွင်းရှိ ကျေးရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေသတွင်းရှိ မြန်မာစစ်အစိုးရတပ်ရင်းအချို့သည် ဆောင်းရာသီကာလအ တွင်း နွေဥတုကာလသို့ ရောက်လာသည့်အခါ တပ်ရင်းရန်ပုံ ငွေအ ကြောင်းပြချက်ဖြင့် နာမည်ကြီး ဇာတ်ပွဲများနှင့် စတိတ်ရှိုးများသွင်းပြီး ကျေး ရွာများမှာ မဝယ်မနေရ လက်မှတ်များ လိုက်လံရောင်းချပြီး၊ ဒေသခံ တို့ဆီမှ တနည်းနည်းဖြင့် ငွေကြေးအဓမ္မကောက်ခံလာနေသည်မှာ နှစ်စဉ် နှစ်တိုင်းပင်ဖြစ်သည်။

“သူတို့ပြောတာက ချေးငွေပေါ့နော်၊ ဒါပေမယ့် မချေးပေးလို့လည်းမရဘူး။ သူတို့တောင်းသလောက်တော့ ပေးနေရတာပဲ၊ သူတို့လက်ထဲရောက်သွား ပြီးဆိုတော့ ပြန်ရဖို့က ဝေးအုံးမယ်ထင်တယ်။ ဒီလိုမျိုးပဲ အကြောင်းအမျိုး မျိုးပြပြီးတော့ တောင်းခံနေတာပဲ” ဟု ၄င်းက ဆက်ပြောသည်။

၎င်းတပ်ရင်းမှ တောင်းခံထားသည့်ချေးငွေများသည် ပေးဆောင်ရမည့် ရက်အကန့်သတ်မရှိသော်လည်း ယခုလကုန်အတွင်း ပေးရမည်ဖြစ်သည်။ သို့သော်လည်း တောင်ပနှင့် ကလော့သော့ကျေးရွာတို့မှာ ၄င်းအမြောက် တပ်ရင်း တောင်းခံထားသည့်ချေးငွေ ပေးဆောင်ထားပြီးဖြစ်သည်။


ကိုးကန့်ဒေသအတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွား
သောကြာနေ့၊ 28 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ယနေ့နံနက်ပိုင်း နေ့လည်ပိုင်းအထိ လောဝ်ကိုင်းမြို့အရှေ့မြောက်ဘက် ယန်လုံကျိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက်ဆိုသည်။

“မနေ့ညက သေနတ်သံမကြားရတော့ပေမဲ့ ဒီနေ့ ရန်လုံကျိုက်ဘက်မှာ ဆက်ဖြစ်နေတယ်၊ မွန်းလွှဲပိုင်း ဘက်မှာတော့ မကြားရတော့ဘူး၊ လူအသေပျောက်လဲမကြားရဘူး၊ ဒေသခံတွေကတော့ တရုတ်ဘက်ခြမ်း ထွက်ပြေးလာနေတုန်းဘဲ” - ဟု ဒေသခံတဦးကပြောပြပါသည်။

စစ်အစိုးတပ်များ အင်အားဆက်လက်ဖြည့်တင်းပြီး ဖုန်ကြားရှင်း သြဇာခံတပ်များအား ဆက်လက်တိုက်ခိုက် နေ ကြောင်း၊ စစ်အစိုးရအားပေးထောက်ခံသည့် ပိုင်ဆုံချိန်နှင့်အဖွဲ့ ကိုးကန့်နယ်မြေထိန်းချုပ်နိုင်ရန် ၀ တပ်ဖွဲ့ နှင့် ဆွေးနွေးနေ ကြောင်း ကိုးကန့်သတင်းဌာနက သတင်းထုတ်ပြန်သည်ဟုလည်း ဒေသခံများကပြောပြပါသည်။

“တရုပ် ရုပ်မြင်သံကြားဌာန တခုက ကိုးကန့်နယ်မြေအတွင်းဖြစ်ပွားနေတဲ့ ကိုးကန့်အဖွဲ့ နဲ့ ဗမာ စစ်တပ် အကြား တိုက်ပွဲဟာ မူးယစ်ဆေးဝါး လက်နက်မှောင်ခိုသူတွေကို စစ်အစိုးရ နှိမ်နင်းတဲ့ တိုက်ပွဲဖြစ်တယ် ဆိုတဲ့သတင်းကို ထုတ်ပြန်ကြေငြာခဲ့တယ်” - ဟု ဆက်ပြောပြပါသည်။

ကိုးကန့်နယ်မြေအတွင်း စစ်အစိုးရ အင်အားဖြည့်တင်းထိုးဖေါက် ၀င်ရောက်နေရာယူမှုသည် PDF တပ်ပေါင်း စု အား သွေးတိုးစမ်းခြင်းဖြစ်သည်ဟု တိုင်းရင်းသားအရေးလေ့လာသူများက ပြောဆိုနေကြသည်။



တပ်သားသစ်အဖြစ်ခေါ်ဆောင်ခံရသူလူငယ် ၅ ဦးအနက် တစ်ဦးမှာသေနတ်ဒဏ်ရာဖြင့်ထွက်ပြေးခဲ့
Kaowao

သြဂုတ်၂၈၊၂၀၀၉။

ထွက်ပြေးလွတ်မြောက်လာသော မောင်ကျော်စိုး

စံခလပူရီ(သြဂုတ်-၂၈)။ ။ လွန်ခဲ့သည့် အပတ်တွင် ထိုင်းနယ်စပ်ဘုရားသုံးဆူမြို့မှ ပြန်လည်ထွက်ခွာသွားသော ခလရ ၃၂ တပ်ရင်းမှ တပ်သားသစ်စုဆောင်းရန် အတွက် လူငယ် ၅ ဦးကိုခေါ်ဆောင်သွားခဲ့ သည့်အနက် တစ်ဦးမှာ နယ်စပ်တစ်နေရာ သို့ သေနတ်ဒဏ်ရာဖြင့် ထွက်ပြေးလွတ် မြောက်လာခဲ့ရာ ကောင်းဝါသတင်းဌာနနှင့် ယမန်နေ့က တွေ့ဆုံမေးမြန်မှုပြုလုပ်ခဲ့ သည်။

အဆိုပါပြန်လည်လွတ်မြောက်လာသူမှာ အသက် ၁၅ နှစ်အရွယ် မောင်ကျော်စိုး ဖြစ်ပြီး ဘုရားသုံးဆူမြို့တွင် မိဘများနှင့် အတူ ကျဘမ်းအလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။ လွန်ခဲ့သည့်သြဂုတ်လ ၁၇ ရက်နေ့တွင် မောင်ကျော်စိုး အပါ အဝင် လူငယ် ၅ ဦးတို့ကို မြန်မာစစ်သားများက မိဘများမသိစေရန် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

“ကျနော်ဆော့ကစားရာကနေ စစ်သားတစ်ယောက်က ခဏလာပါလို့ဆိုပြီးလိုက်သွားခဲ့တယ်၊ သူတို့ဆီရောက်တော့ မပေးပြန်တော့ဘူး၊အခြားကောင်လေးတွေလည်းခေါ်ထားတယ်၊ ကျနော့်ထက်ငယ်တာ ၂ ယောက်၊ ကြီးတာ ၂ ယောက် အားလုံး ၄ ယောက်လည်း ပါတယ်၊ သူတို့နာမည်ကိုကျနော်မသိဘူး အဲဒီစစ်သားတွေနဲ့အတူ ဘုန်းကြီး ကျောင်းတစ်ကျောင်းမှာ တစ်ညအိပ်ပြီးနောက်တစ်နေ့ ဘုရားသုံးဆူကနေပြီး စစ်ကြောင်းထွက်လာတယ်၊ ကျနော် တို့ ၅ ယောက်စလုံးကို နေရာခွဲပြီးပေါ်တာထမ်းခိုင်းတယ် လမ်းတစ်လျှောက်လုံးပဲ” ဟု မောင်ကျော်စိုးက ပြောဆို ခဲ့သည်။

မောင်ကျော်စိုး၏ပြောပြချက်အရ သူဌေးတစ်ယောက်၏ ခြံအလုပ်သွားနေသည်ဟုသာ မိဘများ နားလည်နေကြ သည်။ အစပိုင်းတွင်ပေါ်တာထမ်းရန် တစ်ရက်ခန့် ခေါ်ဆောင်သွားသည်ဟု မိမိထင်မိခဲ့သော်လည်း နောက်ရက်များ တွင် စစ်သားလုပ်ရန်ပြောဆိုလာကြသည်။

“နှစ်ရက်သုံးရက်ကြာလာတော့ စစ်ထဲဝင်ရင်ပိုက်ဆံပေးမယ်၊ စစ်ထဲဝင်မလားလို့ဆရာကြီးတစ်ယောက်ကပြော တော့ ကျနော်ဗမာစစ်သားမလုပ်ဘူး၊ စစ်တပ်ထဲမဝင်နိုင်ဘူးလို့ ငြင်းလိုက်တယ်” ဟု မောင်ကျော်စိုးက ဆက်လက် ဖွင့်ပြပြောဆိုပါသည်။

၎င်းခလရ ၃၂ စစ်ကြောင်းနှင့်လိုက်ပါသွားစဉ် သြဂုတ်လ ၂၃ ရက်နေ့က KNU တို့နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မောင်ကျော်စိုးမှာ လက်နက်ကြီးကျည်ဆံနှစ်စ ညာဖက်လက်မောင်း၌ ထိမှန်ခဲ့သည်။ ထို့နောက် မဲဇလီရွာအလွန် လေးဖိုးရွာ၌ညအိပ်ရပ်နားစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်လူငယ် ၄ ဦးမှာ အဆိုပါခလရ ၃၂ စစ်ကြောင်းနှင့် လိုက်ပါသွားခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီးကျည်အပိုင်းအစ ထိခိုက်ဒဏ်ရာ

အဆိုပါဒဏ်ရာမှာမစိုးရိမ်ရသော်လည်း လမ်းခရီးတွင် ၅ ရက်ခန့်ကြာမြင့်ခဲ့သောကြောင့် အနာကျက်ရန် အနည်းဆုံး ရက်သတ္တနှစ်ပတ်ခန့် ဆက်လက်ကုသရမည်ဟု ဆေးကုသပေးနေ သော မွန်ကျန်းမာရေးဆေးဝန်ထမ်းက ပြောဆို ခဲ့သည်။

မြို့စောင့်တပ်အဖြစ် ဘုရားသုံးဆူမြို ၌ ခလရ ၃၂ တပ်ရင်းအင်အား ၁၂၀ ခန့်တာဝန်ယူစဉ် လေးလကျော် ကာလအတွင်း ဗိုလ်တစ်ဦးအပါ အဝင် အခြားအဆင့်ရဲဘော် ၃၀ ခန့် တပ်မှ ထွက်ပြေးခဲ့ကြသည်ဟု သတင်းများ တွင်ဖေါ်ပြ ခဲ့ပြီးဖြစ်သည်။ ယင်းတပ်ပြေးများ အစားထိုးရရှိ နိုင်ရေး မဖြစ် မနေလုပ်ဆောင်ရန် အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ ခလရ ၃၂ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော်အား ပြင်းပြင်းထန်ထန်သတိပေး၊ ညွှန်ကြားထား သည်ဟု သိရသည်။


ယနေ့ထိ တိုက်ပွဲများ ဆက်ဖြစ်နေ

သတင်းနှင့် မီဒီယာကွန်ယက်။
သြဂုတ်လ၂၈ ရက်၊ ၂ဝဝ၉ ခုနှစ်။

အပစ်ရပ် MNDAA ခေါ် မြန်မာပြည်အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်အဖွဲ့ နှင့် မြန် မာတပ်ဖွဲ့များအကြားတွင် ယနေ့ မနက်(၃)နာရီမှစတင်၍ ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားသည်။

အဓိကဖြစ်သည့်နေရာမှာ ကိုးကန့်နှင့်(ဝ)ထိန်းချုပ်နယ်မြေ နယ်စပ် နန့်တင်းချောင်း ဝန်းကျင်နှင့် တောင်ကုန်းများ တွင် အပြင်းအထန် တိုက်ခိုက်နေသည်ဟု ကိုးကန့်ဘက်မှ လာသည့် သတင်းများအရ သိရသည်။

တိုက်ပွဲများမှာ နားလိုက်၊ ပြန်တိုက်လိုက်ဖြစ်နေပြီး ယနေ့ညနေ သုံးနာရီကျော်အထိ တိုက်ခိုက်နေဆဲဖြစ်သည်။

ယခုဖြစ်ပွားရာနေရာသည် ယမန်နေ့က အဓိကတိုက်ပွဲဖြစ်ခဲ့သည့် ချင်းရွှေဟော်၏ တောင်ဘက် မလှမ်းမကမ်း တွင် ဖြစ်သည်။

ယမန်နေ့ကလည်း ကိုးကန့်နယ်မြေအနှံ့တွင် အနည်းဆုံး လေးနေရာထက်မနည်း ဖြစ်ခဲ့သည်။





ရွှေဝါရောင်တော်လှန်ရေး

မဆုမွန်
post by Friday, August 28, 2009


အပူရောင်လိုင်းတွေ တဖြတ်ဖြတ်တောက်လို့ မီးတောက်မီးလျှံတွေကြားမှာ ကစဥ့်ကလျား ပြေးနေတဲ့ ပုံရိပ်တွေ၊ တဟူးဟူး မှုတ်ထုတ် နေတဲ့ မီးခိုးငွေ့တွေကြားမှာ အပြိုပြို အလဲလဲ အလံတွေ၊ အလံတွေ လမ်းမထက်မှာ အတုံးအရုံးနဲ့ ပိုင်ရှင်မဲ့ ဖိနပ်တွေ၊ အိုင်ထွန်းနေတဲ့ သွေးကွက်တွေ၊ အပိုင်းပိုင်းပြတ်နေတဲ့ သပြေခက်တွေ ပေါက်ပြဲနေတဲ့ ဘုရားပုံ ပန်းချီကားချပ်တွေ၊ သံဆူးကြား ညပ်နေတဲ့ သင်္ဃန်းစ တွေ အားလုံးကို မြင်နေတယ်။

ကျမ နိုးထပါရစေတော့။ ကိုယ်ပေါ်ကို မွန်းကျပ်စွာ ဖိနှိပ်ထားတဲ့ လက်ကြမ်းကြီးတွေရဲ့ အောက်မှာ အသက်ရှူမရ ကယ်ကြပါဦး၊ သိနေ တယ် အရာရာကို လုံးဝကို လှုပ်မရတာတခုပဲ၊ အိပ်မက် မဟုတ်မှန်းလည်း သိနေတယ်။ ဒါဆို ဘီလူး စီးတာလား၊ သိနေရဲ့ မြင်နေရဲ့ လှုပ်လို့ကို မရဖြစ်နေတာပဲ။ မိုးခြိမ်းသံတွေလည်း အဆက်မပြတ် ကြားနေရတယ်။ ဘာတွေလဲ၊ ကယ်ကြပါဦး၊ လွင့်ကနဲ ရုတ်တရက် ပြုတ်ကျသွားတယ်။


ဟိုး..အမြင့်ကြီးက ပြုတ်ကျသလို အသည်းတအေးအေး ရှိနေသလို တလှပ်လှပ်နဲ့ပေါ့။ ရေစီးကြောင်းကြီး တခုတည်းကို ပြုတ်ကျ သွားသလို ထူးဆန်းတာက ရေလုံးဝ စိုမနေဘူး။ လွတ်ပြီကျွတ်ပြီပေါ့။ ကုန်းရုန်းထချိန်မှာပဲ ရေစီးကြောင်းထဲမှာ မျောပါလာတဲ့ သဏ္ဍာန် တခု၊ ဘာများပါလိမ့်လို့ လှမ်းမျှော်ကြည့်လိုက်တော့ အညိုအမည်း စွဲနေတဲ့ ခန္ဓာကိုယ်တခု မျောလာနေတယ်။ ဦးပြည်းပြောင်ပြောင်နဲ့ သင်္ဃန်းစက လည်ပင်းမှာ ပတ်ငြိနေတယ်။ အလို … ဘုရားရေ … အရှိုးးရာအပြည့်နဲ့ အသက်ကုန်နေတဲ့ သံဃာတော် အလောင်းပါလား … ဘုရား … ဘုရား …။

အား …
ရွှံ့ထဲနွံထဲကနေ ကျုံးရုန်းထကာ ရေမြောင်းဘောင်လေးတခုကို မေးတင်ပြီး ငိုရှိုက်မိတယ်။ ရင်ထဲ နာကျင်လွန်းလို့ရင်ကွဲမ တတ်ပဲ။ အသက်ကို မနည်းပင့်ရှူရင်းက အခုမှ ဘေးဘီကို လှည့်ကြည့်မိတယ်။ ဘုရားရေ … အမှိုက်တွေ ပြည့်နေတဲ့ ရေမြောင်းနှုတ် ခမ်းစပ်မှာ ဒါက ဘာပါလိမ့်၊ ဦးနှောက်စတွေ … သွေးတွေ စွန်းထင်းပေကျန်နေတဲ့ ဦးနှောက်စတွေ၊ အသံကုန် ခြစ်အော်လိုက်မိတယ်။

အားကုန် လွင့်ထွက်သွားသလို ဖြစ်သွားပြီး အုတ်ခဲပုံတွေကြားမှာ ခွေခွေလေး ပုံလဲသွားပြန်တယ်။ ဘုရား … ဘုရား … ဘာတွေများ ဆက်ဖြစ်ဦးမှာပါလိမ့် (အမေရေ…)။ သွေးညိုညိုစတွေ ဟိုတကွက် ဒီတကွက် အုတ်ခဲပုံလေးတွေနဲ့ သွေးကွက်လေးတွေကို ၀န်းပတ် ထားတယ်။ ဘာလေးတွေပါလိမ်။ ကျောင်းတိုက်ဘေးမှာ ငိုရှိုက်နေတဲ့ အမေအိုတွေ၊ မျက်နှာလေးတွေ မှုန်မှိုင်းနေတဲ့ သီလရှင် ဆရာ လေးတွေ၊ သူတို့ဘေးမှာ မျက်နှာငယ်လေးတွေနဲ့ထိုင်နေကြတဲ့ ကလေးငယ်လေးတွေ ကုလားထိုင်ပေါ်မှာ ငူငူကြီး အောက်ကိုငေးစိုက် ကြည့်နေတဲ့ ပုံ့ပုံ့ကြီး ထိုင်နေတဲ့ ဘုန်းတော်ကြီးတပါး၊ ကျောင်းဝန်းတိုက်ထဲမှာ စီတန်းထိုင်နေတဲ့ ကိုယ်တော်တွေ ပတ်တီး အဖွေးသား တွေနဲ့ ဘာတွေ ဖြစ်ကုန်ကြပါလိမ့် …။ လွင့်ကနဲ လှည့်ပတ်ကြည့်မိတော့ အားလုံး ပြိုကျပျက်စီးနေတဲ့ ဘုရားစင်တွေ ဖရိုဖရဲဖြစ်နေတဲ့ တရားစာအုပ်တွေ … မှန်ကွဲစတွေ … သွေးတွေ … သွေးတွေ … စကားသံတွေ … သဲ့သဲ့ကြားနေရတယ်။ မနည်းလွတ်အောင် ပြေးရ တယ် ဒကာကြီး … နေမကောင်း ဖြစ်နေတဲ့ သံဃာတော်တွေလည်း အိပ်နေတုန်းပေါ့။ တိုးညင်းပြီး တုန်ခါနေတဲ့ အသံတွေ …

ရုတ်တရက် အုန်းမောင်းခေါက်သံတွေ ၀ုန်းဒိုင်းကျဲထွက်လာတယ်။ ရှိုက်ကြီးတငင်ငိုနေတဲ့ ယောင်္ကျားရင့်မကြီး တယောက်ရဲ့အသံ ရေဒီ ယို သတ္ထုလှိုင်းကနေ တုန်ခါပြီး နားစည်ကို လာထိခတ်နေတယ်။ ဘုန်းဘုန်းတွေက တုံးတွေခေါက်ပြီး ကယ်ပါလို့အကူအညီ တောင်း နေတာကို ကျနော်တို့မှာ ညမထွက်ရအမိန့်နဲ့ ဘယ်လိုမှ ထွက်ကယ်လို့မရခဲ့ဘူးဟု ငိုရင်းရှိုက်ရင်း ပြောနေတဲ့ အသံကို နားထောင်ရင်းက ဖုန်းခွက်ကို ကိုင်ရင်း မျက်ရည် ပေါက်ပေါက်ကျနေတဲ့ ကောင်မလေးတယောက် …။ အလို … ကျမကိုယ်တိုင်ပါလား၊ မငိုရဘူးလေ … မငိုရဘူး … သတင်းထောက်ဆိုတာ ခံစားချက် မထည့်ရဘူး၊ တိတ်စမ်း … အသံတွေက ဝေးသွားလိုက် နီးလာလိုက် အသံသွင်းခန်းမမှာ စာရွက်လေးကိုင်ရင်း မျက်ရည် တွေတွေကျနေတဲ့ ကောင်မလေးတယောက် …

ဒါအိမ်မက်လား … တကယ်လား အကြိမ်ကြိမ် လက်ထိပ်ကို ဆွဲစိတ်နေမိရင်းက နာကျင်လွန်းလာလို့ လက်ဖ၀ါးတွေကို ဖြန့်ကြည့်လိုက် တဲ့အခါ အလို … ဟောဟို တံတားတဖက်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ လူငယ်လေးတွေ၊ မီးအားမြှင့်စက်ကြားထဲမှာ သေနတ်ဒဏ် ရာနဲ့ သွေးအိုင်ထဲမှာ လဲနေတဲ့ လူငယ်လေးနံဘေးမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဗျာများနေတဲ့ လူငယ်လေးတယောက် ဖိနပ်သံ တခွပ်ခွပ် ကြားနေရပြီ၊ ကလေးရေ … ပြေးတော့ … ပြေးတော့လေ။

မလွတ်ဘူး … မလွတ်ဘူး … ထိုင်ချလိုက် … ထိုင်ချလိုက် … မပြေးရင် သူတို့လိုက်မပစ်ဘူး၊ ယုံကြည်စွာနဲ့ ကယောင်ကတမ်း ကိုယ်ပါ ရောယောင် ထိုင်ချလိုက်မိတယ်။ အမောတွေရယ် ဘယ်တော့မှ ပြီးပါ့မလဲကွယ်။ အား … သေပြီ … သေပါပြီ … တုတ်ချက်ကြမ်းကြမ်း တွေ ခေါင်းတွေကိုမှ ရွေးပြီး အားနဲ့မာန်နဲ့ ထုရိုက်နေတဲ့ အစိမ်းရောင် အရိပ်တွေ။ အား … ဒရွတ်တိုက် ဆွဲခေါ်နေတဲ့ လက်ကြမ်းကြမ်း တွေ၊ တော်ပါတော့ … တော်ပါတော့ ငုတ်တုတ်လေးတွေ ထိုင်နေတဲ့ ကလေးတွေ တကိုယ်လုံး တဆတ်ဆတ် တုန်ရီလို့ မျက်လုံး အကြောင်သားလေးတွေနဲ့ အလန့်တကြား အော်ငိုသံတွေ၊ ကမ္ဘာပျက်တဲ့ အလားပဲ၊ ဘုရား ကယ်ပါ၊ သူတို့ ကိုယ်ကို မမြင်လောက်ဘူး၊ အကာကြားကနေ အသာလေး လိမ့်အထွက် ဖြောင်းကနဲ ပင့်ရိုက်လိုက်တဲ့ အသံကြောင့် အလန့်တကြား ကိုယ့်ပါးကိုယ် ပြန်စမ်းမိတော့ တရပ်စပ် ပါးရိုက်ပြီး ဆွဲခေါ်တဲ့နောက် ဒရွတ်တိုက် ပါသွားရှာတဲ့ ကလေးမလေးတွေ၊ ကယ်သူမဲ့ ကူသူမဲ့ ပိုင်ရှင်မဲ့ ဖိနပ်ပုံတွေကြားမှာ ပစ္စည်းတွေကို နှုတ်သီးနဲ့ လိုက်ဟပ်နေတဲ့ အစိမ်းရောင် ခွေးတကောင် အလို … ခွေရက်သားလေး ပုံလဲနေတဲ့ တုတ်ချက်အောက်မှာ အသက်ပျောက်သွားတဲ့ အမည်မသိ လူငယ်လေးတယောက် ဘုရားဘုရား ဘာတွေများ ဖြစ်ကုန်ပါလိမ့် …။

ပြေးမှ … ပြေးမှ …
ပိတ် … ပိတ် … အရှေ့က ပိတ်ဖမ်း … ပိတ်ဖမ်း
ထိုင်ထိုင် … အားလုံး စုထိုင်စမ်း
အောင်မယ် … မင်းက ဘာကောင်လဲ … ဖုန်းဖုန်း … ဖျန်းဖျန်း …
စစ်ဖိနပ်နဲ့ စုံခုံကန်၊ နံပါတ်တုတ်နဲ့ စုံကိုင်ပြီး ရိုက်နေတယ်။ သေပါပြီ … သေပါပြီ … ခေါင်းပေါ် လက်ကိုမြှောက်ပြီး ကာထားတဲ့ အနီ ရောင်ဝတ် ကောင်လေး။ တော်ပါတော့ … တော်ပါတော့ … ကယောင်ကတမ်း ၀င်ဆွဲတာမမိဘဲ ကိုယ်ပါ လမ်းမပေါ် ပုံရပ်လဲကျတယ်။

သွား … ထ … ဟိုကားပေါ်တက် ငုတ်တုတ်လေးတွေ ထိုင်နေရာကနေ အပြေးအလွှား ဒယီးဒယိုင် ပြေးထွက်ကာမှ ကျောနောက်ကနေ နံပါတ်တုတ်နဲ့ ပြေးရိုက်လိုက်သေးတော့ အကောင်ပိန်ပိန်လေးခင်ဗျာ ၀မ်းလျားမှောက် လဲကျရှာတာကို စစ်ဖိနပ်နဲ့ ပစ်ကန်လိုက်သေး တယ်။ ထုနေရိုက်နေရင်းက ဟိုလမ်းတဖက်မှာ လမ်းဖြတ်လျှောက်လာတဲ့ အဖြူရောင် အရိပ်လေးတခု … အယ် … သေပါပြီ နံပါတ် တုတ်နဲ့မျက်နှာကို ဖြတ်ရိုက်တာ လက်နဲ့ ကာလို့ ခေါင်းကို လေးငါးချက် ဖြောင်း ဖြောင်း ဖြောင်းနဲ့ ဆင့်ဆင့်ရိုက်နေပုံများ အားမရလို့ လမ်းကူးပြီး ၀င်ရိုက်တဲ့ ကောင်က ရှိသေးတယ်။
ငါ … တောက် …
ဘယ်လိုမှ စိတ်မထိန်းနိုင်တော့လို့ပါးစပ်ထဲမှာ ကွမ်းတံတွေး အရဲသားနဲ စစ်ဝတ်စုံနဲ့ ဘီလူးပြုံးပြုံးနေတဲ့ ကောင်ကို ပါးဖြတ်ရိုက်လိုက် တာမှာ အရှိန်လွန်ပြီး ပြုတ်ကျတာ မြက်ခင်းတွေကြား ရောက်သွားပြန်တယ်။

အားလုံးငြိမ်သက် တိတ်ဆိတ်လို့၊ ပုရစ်အော်သံစူးစူးနဲ့ ငြိမ်သက်နေတဲ့ ညတည …။
ရင်ထဲမှာ သွေးရိုးသားရိုး မဟုတ်မှန်း သိပ်သိသာနေတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ မှောင်မှောင်မည်းမည်း ဂိုဒေါင်ကြီးတခု၊ လူတွေမှ ရှိရဲ့လား … အသာလေး ချောင်းကြည့်လိုက်တော့ ဖုန်းကနဲ ရိုက်လိုက်တဲ့ အသံကြီးတခုထွက်လာတယ်။ ခေါင်းတွေ မော်မကြည့်နဲ့ သေချင်နေလားတဲ့၊ ၀မ်းခေါင်းသံကြီးနဲ့ အော်သံထွက် လာတဲ့အခါ နောက်ဘေးဘီ ၀ဲယာတွေကနေ အသံတွေ အသံတွေ ငရဲပွက်သလို အော်လိုက် ဟစ်လိုက်ကြတာ အခုမှ ကမ္ဘာပျက်သလို အခန်းကျဉ်းလေးတွေထဲမှာ တ၀ုန်းဝုန်းနဲ့ ရိုက်နှက်သံတွေနဲ့အတူ ချုပ်နှောင်ထားတဲ့ လူတွေ လူတွေ …။ စစ်ကြောရေးစခန်းတဲ့ …။ အလန့်တကြား ပြေးထွက်လာခဲ့မိတယ်။

စီအန်အန်တို့ ဘီဘီစီတို့ကို ပြောပေးကြပါ။ မသေသေးတဲ့ လူတွေကိုလေ … မီးနဲ့ရှို့နေပါတယ် ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောနေတဲ့ အန်တီကြီး၊ ဘာတွေဖြစ်ကုန်ပြီလဲ လူအရှင်လတ်လတ်တောင် မီးရှို့ သတ်ရလောက်အောင် အပြစ်တွေ ဘယ်လောက်ကြီးနေလဲ။ လမ်း မထက် မေတ္တာသုတ်ရွတ်မိတာ၊ ငတ်လွန်းလို့ ဒုက္ခရောက်လွန်းလို့ ဆန္ဒကို ဖော်ထုတ်မိတာလေးကို အရှင်လတ်လတ် မီးရှို့သတ်ပစ် သတဲ့။ ဟား … မွန်းကျပ်လွန်းတဲ့ စိတ်တွေကို ထွက်ပေါက်ပေးတဲ့ အနေနဲ့သက်ပြင်း မှုတ်ထုတ်မိချိန်မှာပဲ လမ်းမပေါ် လွင့်ထွက်သွား ပြန်တယ်။

လူသူကင်းမဲ့နေတဲ့ လမ်းမလယ်မှာ ကိုယ်တယောက်တည်း ဘယ်သွားရမှန်းမသိ။ အမ … အမ ကျနော့်ကို ကယ်ပါဦးတဲ့။ ဒယီးဒယိုင်နဲ့ လျှောက်လာတဲ့ ကောင်လေးတယောက်။ သွေးတွေနဲ့ စိုရွှဲနေတဲ့ ခေါင်းကို အုပ်မိုးကိုင်ပြီး အရမ်းနာကျင်နေတဲ့ မျက်နှာနဲ့ကောင်လေး တယောက်။ အမ လိုက်ပို့ပေးမယ် ဘယ်လဲ မောင်လေးဆိုတော့ … တောင်ဥက္ကလာပကို လိုက်ပို့ပေးပါ အမရယ် ကျနော် ကိုကိုဝင်း ပါ တဲ့။ အိမ်မှာ အမေနဲ့ အဖေ စိတ်ပူနေတယ်။ မနက် အလုပ်လည်း ဆင်းရဦးမယ်တဲ့လေ။ ကိုကိုဝင်း … သူသေပြီးပြီ မဟုတ်လား။ အခု မသေသေးဘူးပဲ။ ဘုရား … ဘုရား … သွေးတွေရွှဲနေတဲ့ သူ့ခေါင်းကို အုပ်ကိုင်ပေးထားရင်းက ကူရာမဲ့ ကယ်ရာမဲ့။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလိမ့်၊ ရှိုက်ကြီးတငင် ငိုမိတယ်။ အသံကုန်ခြစ်ပြီးကို အော်ငိုမိတယ်။ ပြင်းထန်လွန်းတဲ့ နာကျင်ပေါက်ကွဲနေတဲ့ စိတ်တွေ နဲ့အတူ လောဟာနယ်ထဲ မျောလွင့်သွားမိတယ်။

ညီမလေး … ညီမလေး … အိမ်မက် မက်နေတာလား၊ ငိုနေလိုက်တာ ရှိုက်ကြီးတငင်နဲ့၊ လက်မောင်းအစုံကို သာသာလေး လှုပ်နှိုးလာ တဲ့ အတူနေ အမကို အိပ်နေရင်းက တွေတွေကြီး ငေးကြည့်နေရင်း ငါ့အိပ်မက် မပြီးသေးဘူး။ နှုတ်ခမ်းဖျားက ခပ်ဖွဖွ ရေရွတ်မိတယ်။ ငါ့အိပ်မက် မပြီးဆုံးသေးသလို ငါတို့ အခုထိ မပြီးသေးဘူးပဲ။ အိမ်မက်တွေဟာ မေ့ကောင်းတဲ့ အရာတွေတော့ မဟုတ်ခဲ့ပါဘူး၊၊ သေချာတယ်၊ ငါတို့ မပြီးသေးဘူး။ ပေးခဲ့တဲ့ သွေးတွေ ပြိုကွဲခဲ့ရတဲ့ ဘ၀တွေအတွက် ငါတို့အိမ်မက် မပြီးသေးဘူး။ ။ ဒီနေ့ မဆုံရတာ ကြာပြီ ဖြစ်တဲ့ မြန်မာပြည်က သူငယ်ချင်း တယောက်လာလို့ သွားတွေ့ရင်း စကားတွေ အကြာကြီးပြောဖြစ်တယ်..သူ နဲ့ စကား ပြောရင်းက သူပြောပြတဲ့ ကျွန်မတို့ တိုင်းပြည်က အကြောင်း အရာတွေကို နားထောင်ရင်း ဘာကိုမှ ခွန်းတုံ့မပြန် နိုင်အောင်ကို ဆွံအမိတယ်..

အဲ့ သလောက်တောင် လုပ်ခဲ့တယ်ဆိုတာ သိခဲ့ပေမယ့် ထင်ထားတာထက်ကို မယုံနိုင်လောက်အောင် လူမဆန်ခဲ့ တာတွေကို ပြန်ကြား မိတဲ့အခါ အဟောင်းတွေဟာ အသစ်တွေပြန်ဖြစ်တယ်.. အခုဆို.. ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး.. စတေးခဲ့တဲ့ သံဃာတော်တွေ အခု နယ်ပြောင်း ထောင်ပြောင်း ထောင်ဒဏ်တွေ စီရင်ချက် ချခံနေရတာတွေ..ရင်နဲ့ မဆန့်အောင်ကို နာကျင်ခံ စားရပါတယ်..ဘယ်လို ပြောရမှန်း တောင် မသိတော့အောင် ဖြစ်ရ ပါတယ်..သေချာ တာတော့ ငါတို့ မမေ့သေးဘူး သိလားလို့ ဆိုတော့ ကျွန်မ သူငယ်ချင်းက မဲ့ပြုံးပြုံးပြီး .. ခပ်ဟဟ ရယ်တယ်..

မိသားစုရယ် ကျွန်မ သူငယ်ချင်းတွေရယ်ကို နောက် ကျွန်မ ချစ်တဲ့ ကျွန်မတိုင်းပြည်ကို ပစ်ပြေးခဲ့သလို ဖြစ်တဲ့အတွက် နောင်တ တခု လို အမြဲခံစားရတယ် သတင်းတွေနဲ့ အတူ အနီးကပ်ရှိနေရင်းက အဖြစ်အပျက်တွေစာ ခြောက် အိမ်မက် ဆိုးကြီးတခုလို ဖြစ်နေတုန်း ပဲဆိုတာ သူငယ်ချင်းကို သိစေချင်လို့ အရင်က ရေးခဲ့ဘူးတဲ့ ပို့စ်လေးတခုကို ပြန်တင်လိုက်ပါတယ်ရှင်..

မဆုမွန် (မဆုမွန်ဘလောခ့်မှ ကူးယူဖေါ်ပြပါသည်)

ဖြစ်ပုံစုံလင် သည်လတွင် (သြဂုတ်)

ဆောင်းပါး သရုပ်ဖေါ် © မင်းကျော်

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူဖြင့် အမိမြန်မာ နိုင်ငံအတွင်း နေထိုင်နေသည့် လူအများသည် အာဃာတဖြင့် အတ္တများ ယှဉ်ပြိုင်နေသည်မှာ ၀မ်းနည်းစွာ တွေ့ရှိရသည်။ အင်အားကြီးမားသည် ဆိုပြီးတော့

အင်အားမဲ့သော တယောက်ရဲ့ သဘောထားကို ပျက်ရယ်ပြုပြီး ဆောင်ရွက်နေလျှင် နောက် မျိုးဆက်များအတွက် အဆိုးအမွေများ ရရှိမည်သာ ဖြစ်၏။ နယ်စပ်ဒေသ တရိုးတွင်လည်း ယခုတလောတွင် သေနတ်ပေါက်သံ စည်ပင်လာသည်မှာ နိုင်ငံ အတွက် ကောင်းသည့် လက္ခဏာတော့ မဟုတ်ခဲပြီ။

လူတယောက်ရဲ့ ကောင်းကွက်ချည်းလဲ လိုချင်လို့တော့ မရပါ ဆိုးကွက်တွေက ဒွန်တွဲနေနေသည်မှာ ဓမ္မတာသာ ဖြစ်ပေသည်။ တိုင်းပြည် ကောင်းကျိုးအတွက် ငါလုပ်လျှင် ဖြစ်တယ် ဆိုတာထက် နှစ်ဦးနှစ်ဖက် ဆန့်ကျင်ဖက် အမြင်များကို စုစည်းပြီး တည်ထောင်ခဲ့သော် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူနှင့် ကိုက်ညီမည်သာ ဖြစ်၏။ အင်အားကြီးလို့ တယောက်က အနိုင်ယူနေလျှင် ရင်ဆိုင်အားနည်းသော တစုံ တယောက်က နာကျည်းစိတ်များဖြင့် မျက်ရည်ဝဲရ၊ ထို မျက်ရည်စက်တွေနှင့် အတူ မခံချင်စိတ် စိတ်ဓါတ်တွေ ပေါက်ဖွားနေလျှင် ဘယ်မှာ ငြိမ်းချမ်းရေး ရမည်နည်း။

ယခုလ အစောပိုင်း အတွင်း အမိန့်ချပြီးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမှုသည် မည်သူ လက်ချက်ဟု အလွန်စွာ ခန့်မှန်းရ ခက်ခဲသော အမှုတခု ဖြစ်သည်။ သေချာတာက စစ်အစိုးရ၏ လက်ချက်ဟု ယေဘုယျ တွေ့ကြည့်နိုင်သည်။ နိုင်ငံရေး လေ့လာ သုံးသပ်သူများကလည်း စစ်အစိုးရအား လက်ညှိးထိုး၏။ ထိုကဲ့သို့ ခန်မှန်းရခက်သော အမှုဟာ စစ်အစိုးရကပဲ အကွက်ကျကျ ပြုလုပ်ခဲ့သလား.. ဒါမဟုတ် လွတ်မြောက် (နယ်စပ်ဒေသကို မဆိုလို) ဒေသမှ စစ်အစိုးရ လိုလားသော လူတချို့နှင့် စည်ဝါးကိုက် ရိုက်ချက်လား.. ဒါမဟုတ် ယက်တောကပဲ သူ့စိတ် သူ့ကိုယ်ဖြင့် မည်သူနှင့်မှ အဆက်အသွယ် မရှိပဲ ၀င်ရောက် ခဲ့သလား… ဇဝေဇ၀ါ ဖြစ်နေသည်။ မည်သို့ပင် ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်ဟာ မည်သူပင် လာလာ မည်သို့ပင် ပြုပြု အခါအခါ နစ်နာခဲ့ရ ချေသည်။

ယနေ့ နိုင်ငံအတွင်း ထိပ်တိုက် ယှဉ်ဆိုင်မှုဟာ အာဏာပိုင်များက အုပ်စုဖွဲ့ပြီး တပ်မတော် ဖခင်၏ မျိုးဆက်ကို သူ့ အဖေ တပ်ဆင်ပေးခဲ့သော လက်နက်ဖြင့် မတရား အနိုင်ယူနေသည်ကို တွေ့ရှိရသည်။ ၈၈၈၈ ကာလတွင် တိုင်းပြည် သွေးချောင်းစီးမည့် ပြည်သူနှင့် အစိုးရ ထိပ်တိုက် ရင်ဆိုင်ခဲ့သော ဖြစ်ရပ်များမှ ကြားက ၀င်ရပ်ပေးပြီး ထိန်းသိမ်းပေးခဲ့၍ စစ်တပ်၏ ပထမ ချပေးခဲ့သော ရွေးကောက်ပွဲဖြင့် အနိုင်ယူရေးမှုကို စွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့သည်မှာ အောင်မြင်ခဲ့သည်။ သို့သော် ထို ရလဒ်ကို အသိအမှတ်ပြု မခံရပဲ ထောင်သွင်းအကျဉ်းချ ခံလိုက်ရသည်။ နောက်တဆင့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း သူတို့ ရှုံးနိမ်မည်ကို တွေးကြောက်သဖြင့် သူမအား တသက် ထောင်ဒဏ်ပုံစံသွင်း လိုက်သည်။ ဒါတောင် တပ်မတော် ဖခင် မျက်နှာထောက်တယ် ဆိုပဲဟု မစားရ ဝ ခမန်း တုန့်ပြန်မှုတွေ ကြားလို့သာ ယုံလိုက်ရ၏။

ထိုအမှုတွင် အဓိက သရုပ်ဆောင်ခဲ့သော အမေရိကန်နိုင်ငံသား ယက်တော ကိုသာလျှင် ကျမ်းစာအုပ်ကို သက်သေပြု ကျမ်းကျိမ်ပြီး မည်သည့် ရည်ရွယ်ချက်ဖြင့် ဒေါ်စု အိမ်သို့ ၀င်ရောက်ခဲ့သနည်း.. သူအား ထွက်ဆိုခိုင်းမှသာ သိရှိနိုင်မည်။ သို့သော် ၎င်းအမှုအတွင်း သူထွက်ဆိုခဲ့သော အမှန်စကားများကို မီဒီယာ၌ သိပ်မတွေ့ရပေ။ ဘုရားသခင် လွှတ်လိုက်သည်ဟု ယောင်နန စကားသာ ကြားသိရသည်။ ထို့ကြောင့် အပြင်လူအနေဖြင့် ခန့်မှန်းရ ခက်သော ပုစ္ဆာတခု ဖြစ်လာရ၏။

အရူးက တမူးသာ ဆိုရလေမလား..? သေချာတာက ယက်တော၊ စစ်အစိုးရနှင့် အမေရိကန်နိုင်ငံသာ အမြတ်ထွက်ခဲ့သည်။ နောက်တချက်က သူ ပြန်လွတ် လာပြီးနောက် ဘန်ကောက် အရောက်အတွင် သူအနေဖြင့် တကိုယ်တော် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ သလော၊ ဒါမဟုတ် မမြင်နိုင်သော အင်အားတခု၏ ဖိအားပေးမှု ခံနေရသလော.. အထင်ကရ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံသို့ တနည်းနည်းဖြင့် ၀င်ရောက်ပြီး ပြန်လည် ထွက်ခွာလာလျှင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်လေ့ရှိသည်။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိသော ကမ္ဘာတွင် လွတ်မြောက် လာပြီးနောက် မိမိတို့၏ အတွေ့ အကြုံကို ရဲဝံ့ဟွာ ဖေါက်ထုတ်ပြောတိုလေ့ရှိရာ ယခုမူကား ယက်တော၏ အသံ မိုးနည်းရပ်ဝန်းက တုံးဖိ ဖားသကဲ့သို့ အသံမထွက် လာခဲ့ပေ။

စစ်အစိုးရ၏ နိုင်ငံခြား အကျဉ်းသားများနှင့် ဆိုင်သော နိုင်ငံခြားရေး မူဝါဒကို ယုတ္တိကျကျ သုံးသပ်ရရင်ဖြင့် မည်သည့် နိုင်ငံခြားသားမဆို ပြန်လွှတ်ပေးခဲ့သည့် အစဉ်အလာရှိသည်။ ဥပမာ။ ။ ၁၉၉၇ - ၉၈ ပတ်ဝန်းကျင်လောက်က အင်္ဂလန်နိုင်ငံသား ဂျိမ်းမော်စလေ (ကြုံရင် သူနဲ့ အတော် ခင်မင်ခဲ့သည်၊ သူနဲ့ ဖြတ်သန်းခဲ့သည် များကို ရေးဖြစ်လိမ့် ဦးမည် ထင်၏ ) အမှု၊ တာချီလိတ်၊ မယ်ဆိုင် ဖက်တွင် မြောက်ကိုးရီးယား နိုင်ငံသားများ ခိုးဝင်မှုများကို ကြည့်မည်ဆိုရင် တွေ့နိုင်ပါသည်။ ယခု ယက်တောအား လွှတ်ပေးခဲ့သည် မှာလည်း ထို နိုင်ငံခြားရေးမှု ၀ါဒအရ ဖြစ်နိုင်ချေရှိသည်။ အာဏာရှင် ဦးနေ၀င်း လက်ထက်ကလိုပင် ယနေ့တိုင် မိမိတို့ အချုပ်အခြာ အာဏာပိုင်ဆိုင်ရာ နိုင်ငံအတွင်း မည်သည့်နည်းဖြင့် တရားမ၀င် ၀င်ရောက်လာသော သူများကို မိမိနိုင်ငံ၏ ဥပဒေဖြင့် ထိန်းချုပ် နိုင်စွမ်း မရှိချေ။

ပြီးနောက် အမေရိကန် လွတ်တော်အမတ် ဂျင်ဝဘ် ဟာ မြန်မာနိုင်ငံသို့ ရောက်လာပြီး ယက်တော့အား လာထုတ်ခဲ့သည်ဟု ဆိုစေကာမူ အမေရိကန်နှင့် စစ်အစိုးရ လမ်းကြောင်းတခု ပွင့်သွားခဲ့သည် ဆိုရမည်။ အမေရိကန် ပြည်ထောင်စုကပင် လမ်းကြောင်းပွင့်အောင် ပြုလုပ်ခဲ့သည်ဟုလည်း ထင်မှတ်စရာ ဖြစ်လာနေခဲ့ပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ အနှစ် ၂၀ တိုင်တိုင် ချမှတ်ထားသော မူဝါဒများအတွက် ပြန်လည်စီးဆင်းရန် လမ်းကြောင်း ပွင့်သွားသည့်ဟု တွေးတော မိသည်။

သို့ဖြစ်ပါ၍ အမေရိကန် နိုင်ငံသား ခံယူထားသော သို့တည်းမဟုတ် မိမိရောက်ရှိနေသော ကမ္ဘာ့နိုင်ငံတွင် နိုင်ငံသား ဖြစ်နေသော မြန်မာလူမျိုးထဲမှ တဦးတယောက်က ယက်တော ကသွားသည့် ဇာတ်လို အကွက်ဆင်ပြီး ၀င်ရောက်လျှင် နိုင်ငံသား ခံယူခွင့် ပေးထားသော နိုင်ငံက ယခုလို လွတ်မြောက်အောင် ကယ်ထုတ်ပေးနိုင်မလား…? ဟု… အတွေး လွင့်မျောရင်းဖြင့် ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအား သုံးသပ်ချက်မိကာ ထိုမျှသာဖြင့် ရပ်နားပါရစေ…။

လူလ

ရွှင်လန်း ချမ်းမြေ့ပါစေ…