Tuesday, September 1, 2009

ဥရောပသမဂ္ဂ၏ပိတ်ဆို့အရေးယူခံထားရသောနအဖအဖွဲ့နှင့်မိသားစုဝင်များစာရင်း(၃၂-စာမျက်နှာ)



EU Banned List on SPDC

1September ဒိုင်ယာရီ

''တရားရုံးက ချမှတ်တဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် စီရင်ချက်အတွက်သာ အပြစ်မရှိကြောင်း
အယူခံဝင်မှာဖြစ်ပြီး၊ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံတဲ့သဘော အယူခံတာ မဟုတ်ဘူး''


''မြန်မာနိုင်ငံ ကိုးကန့်နယ်မြေက တိုက်ပွဲတွေကြောင့် တရုတ်ပြည်ဖက်ကို ဒုက္ခသည်အဖြစ် ရောက်ရှိနေကြသူတွေထဲက တချို့က မိမိတို့ဟာ တရုတ်လူမျိုးတွေ ဖြစ်တဲ့ အတွက် မြန်မာပြည်ကို မပြန်ချင်ကြောင်း တရုတ်အာဏာပိုင်တွေကို တင်ပြကြတယ် ''

ဒီလိုပွဲတွေကြတော့ အစိုးရကခွင့်ပြုတယ်။ ဘုန်းဘုန်းတို့ တရားပွဲဖြစ်ဖို့ ဆိုရင် ထောက်ခံစာ ယူရတာနဲ့၊ဦးတေဇရဲ့မရီး လုပ်မှ ပါမစ်ချပေးတာပါ
file download here



ကိုးကန့် တိုက်ပွဲအတွက် ရဲတပ်ဖွဲ့ဝင်များပါ ဆင့်ခေါ်နေ

မိုးမခ အထောက်တော်၊ ရန်ကုန်

စက်တင်ဘာ ၁၊ ၂၀၀၉

သြဂုတ်လကုန်တွင် ဖြစ်ပွားခဲ့သည့် ကိုးကန့် လက်နက်ကိုင်ငြိမ်းချမ်းရေးနှင့် နအဖစစ်အစိုးရ အကြားတိုက်ပွဲများ အရှိန်တန့်သွားသော်လည်း စစ်ရေးပြင်ဆင်မှုများ ရှိနေသေးပြီး အင်အားဖြည့်တင်းရန် အတွက် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့မှ ရဲတပ်သားများကိုပါ ဆင့်ခေါ်နေသည်ဟု ရဲတပ်သားတဦးက ပြောဆိုသည်။
ယမန်နေ့က ထုတ်ပြန်သော ဆင့်ခေါ် အမိန့်တွင် ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းများမှ စခန်းတပိုင်တွင် ၁၀ယောက် ကိုးကန့်ဒေသသို့ အင်အားဖြည့်သွားရမည့်အကြောင်း ပါရှိသည်ဟု သိရပြီး မနက်ဖြန်တွင် ထိုဒေသသို့ ထွက်ခွါရမည်ဟု ဆိုသည်။

ရန်ကုန်မြို့လယ် မြို့နယ်တခုတွင် တာဝန်ကျနေသော ရဲတပ်သား တဦးက သူ့အနေဖြင့် သွားရမည့် စာရင်းထဲပါရှိနေပြီး မနက်ဖြန်ထွက်ခွါရန် အသင့်ပြင်ထားရမည်ဟု ညွှန်ကြားချက် ရထားသည်ဟု ဆိုသည်။

သူ့အနေဖြင့်မူ ရဲတပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်ရေး တပ်သားများ မဟုတ်သဖြင့် ကိုးကန့်ဒေသသို့ သွားရမည်ကို စိုးရိမ်လျက်ရှိကြောင်း တဘက် ကိုးကန့် လက်နက်ကိုင်အဖွဲ့များမှာ ရက်စက်သည်ဟု သတင်းကြီးနေပြီး မိမိတို့အနေဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ အခက်အခဲရှိနိုသည်ဟုလည်း ဆိုသည်။ သူတို့အနေဖြင့် စစ်တိုက်ဖူးသည့် အတွေ့အကြုံမရှိသည့် အတွက်ကြောင့်လည်း ပိုမိုစိုးရိမ်သည်ဟု အမည်မဖေါ်လိုသည့် ရဲတပ်သားတဦးက ထုတ်ဖေါ်ပြောဆိုသည်။

အလားတူပင် ပဲခူးတိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်ရဲများကို ကိုးကန့်ဒေသ သို့အင်အားဖြည့်သွားရန် ညွှန်ကြားထားသည်ဟု ပဲခူးမြို့မှ လာသောသတင်းတရပ်က ဆိုသည်။

ယမန်နေ့ထုတ် သတင်းစာများတွင် ရဲတပ်ဖွဲ့ဝင်အများအပြား သေနတ်ဒဏ်ရာများဖြင့် အလောင်းချင်းထပ်လောက်အောင် သေဆုံးနေသည့် သတင်းဓါတ်ပုံများကို ဖေါ်ပြထားခြင်း ကြောင့်လည်း ကိုးကန့် လက်နက်ကိုင်များအပေါ် ကြောက်ရွံ့မှုပိုမို တိုးပွားစေခဲ့သည်။ ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးဓါးစားခံအဖြစ် ဖမ်းဆီးခံရပြီး ပြန်လည်ကယ်ဆယ်ရန်ကြိုးစားရာတွင် ၂၅ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ပစ်သတ်ခံထားရသည့် ရဲတပ်ဖွဲ့ဝင် ၁၄ဦး၏ အလောင်းများကို နယ်မြေ သိမ်းပိုက်ပြီးနောက် ပြန်လည်တွေ့ရှိရသည်ဟု ဖေါ်ပြထားသည်။ နအဖ စစ်တပ်ဘက်မှ ၁၁ဦး သေဆုံးပြီး ၃၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု လည်းဖေါ်ပြထားသည်။

ယခင်က ရဲတပ်သားများကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် တိုက်ခိုက်ရာတွင် ခေါ်ယူ အသုံးပြုလေ့မရှိပဲ ယခုတကြိမ်တွင် အင်အားဖြည့်ခေါ်ယူနေခြင်းမှာ ထူးခြားသည်ဟု ရန်ကုန်မြို့မှ သတင်းစာဆရာ တဦးက ကောက်ချက်ချသည်။


သဘောင်္ပေါ်မှ ခုန်ချ ထမင်းရောင်းသူများထဲတွင် အမျိုးသမီးများပါ ၀င်ရောက်လာ

9/1/2009

ရခိုင်ပြည်နယ် စစ်တွေ-ဘူးသီးတောင် သင်္ဘောလမ်းကြောင်းတွင် ထမင်းတက်ရောင်းပြီး သင်္ဘောပေါ်မှ ရေထဲသို့ ခုန်ချပြီး မိမိကျေးရွာသို့ ရေကူးပြန်သည့် အထဲတွင် အမျိုးသမီးပါ ပါဝင်လာသည်ဟု သိရသည်။

“အရင်ကတော့ စစ်တွေ- ဘူးသီးတောင် သင်္ဘောလမ်းကြောင်းမှာ ရသေ့တောင်၊ စဖိုကျွန်းနဲ့ ညောင်ချောင်း ဆိပ်ကမ်းတွေက သင်္ဘောစီး ခရီးသည်တွေကို ထမင်းတက်ရောင်းပြီး သင်္ဘောပေါ်က ခုန်ချ ပြန်တဲ့ အထဲမှာ ယောင်္ကျားလေးတွေကိုဘဲ တွေ့ရပါတယ်။ အခုက အမျိုးသမီးတွေပါ သင်္ဘောပေါ်ခုန်ချပြီး ရေကူးပြန်တာကို တွေ့လာရပါတယ်။ တော်တော် စိတ်မချမ်းသာစရာပါဘဲ” ဟု ခရီးသည် တဦးက ပြောသည်။

ရခိုင်ပြည်နယ် အတွင်း ဘူးသီးတောင်နှင့် မောင်တောသို့ သွားရောက်လိုလျှင် စစ်တွေ- ဘူးသီးတောင် ရေလမ်းကြောင်းကို အသုံးပြုရပြီး စစ်တွေမှ မေယုမြစ်အတိုင်း ဆန်တက်ပြီး သင်္ဘောများဖြင့် သွားလာရသည်။

သင်္ဘောလမ်းကြောင်းမှာ မိုင် ၁၀၀ ခန့်ရှည်လျားသဖြင့် နံနက် ၈ နာရီမှ စတင်ထွက်သော နိုင်ငံတော်ပိုင် သင်္ဘောများမှာ ညနေ ၅ နာရီခန့်မှ ဘူးသီးတောင် ဆိပ်ကမ်းသို့ ရောက်ရှိ ဆိပ်ကပ်လေ့ရှိသည်။

အဆိုပါ ရေလမ်းကြောင်းတွင် ခရီးသွားသူ အလွန်များပြားသဖြင့် ဓည၀တီ သင်္ဘော (၁)၊ (၂)၊ (၃) အပြင် အောင်တံခွန် သင်္ဘော အမှတ် (၁) မှ (၆)ထိ သင်္ဘောများဖြင့် နေ့စဉ် ပြေးဆွဲကြရသည်။

စစ်တွေ ဘူးသီးတောင် သင်္ဘောလမ်းကြောင်းမှာ ရှည်လျားလှသော သင်္ဘောလမ်းကြောင်း ဖြစ်ပြီး လမ်းခရီး တလျောက်တွင် ခြေတော်ရာ၊ ရသေ့တောင်၊ စဖိုကျွန်းနှင့် ညောင်ချောင်း ဆိပ်ကမ်းများတွင် သင်္ဘောများမှ ဆိပ်ကပ်သည်။

ထိုသို့ ဆိပ်ကပ်ရာတွင် ရသေ့တောင်၊ စဖိုကျွန်းနှင့် ညောင်ချောင်း ဆိပ်ကမ်းများမှ ထမင်းရောင်းသူ အမျိုးသမီးများနှင့် ကလေးငယ်များ အနေဖြင့် ထမင်းထုပ်များကို ပလစတစ်အိတ်များဖြင့် ထုပ်ပြီး သင်္ဘောပေါ်တွင် တက်ရောက် ရောင်းချကြသည်။

သင်္ဘောများမှာ လူတင် လူချ အချိန်လောက်သာ ဆိပ်ကပ်ပြီး အချိန်များများ ဆိပ်ကပ်ခြင်း မရှိသဖြင့် ထမင်းရောင်းနေသူများမှာ သင်္ဘောပေါ်တွင် လိုက်ပါသွားကြပြီး ထမင်းထုပ် ရောင်းပြီးသည်နှင့် သင်္ဘောပေါ်မှ ခုန်ချပြီး ကမ်းစပ်သို့ ရေကူး ပြန်ကြသည်။

သင်္ဘောခုတ်မောင်း နေချိန်တွင် ရေကူးပြန်သဖြင့် တချို့ ထမင်းရောင်းသူများမှာ သင်္ဘော ရေပတ်ထဲသို့ ပါဝင်သွားပြီး သေဆုံးမူများလည်း ရှိသည်ဟု သိရသည်။

သို့သော်လည်း အဆိုပါ သင်္ဘောပေါ်တွင် ထမင်းရောင်းသော စနစ်မှာ ပျောက်ကွယ် မသွားသည့် အပြင် ယခုအခါ အမျိုးသမီးများပါ ပါဝင်လာပြီး ထမင်းရောင်းပြီးလျှင် သင်္ဘောပေါ်မှ ခုန်ပြီး ကမ်းစပ်ကို ရေကူး ပြန်နေကြသည်။

“လူတွေက ထမင်းငတ်လာတော့ သမုဒ္ဒရာ ၀မ်းတထွာအတွက် နည်းမျိုးစုံနဲ့ ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ ဟန့်တားပေမယ့်လည်း ခဏ တဖြုတ်သာ တားလို့ ရပါတယ်။ အိုးမှာ ဆန်မရှိတော့ လူတွေက အသက်သေရမှာ မကြောက်တော့ဘဲ ရတဲ့နည်းတွေနဲ့ ဘ၀ကို ဖြေရှင်းလာကြရတာ ဖြစ်ပါတယ်” ဟုသူက ဆက်ပြောသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ပြည်သူများ အနေဖြင့် စီးပွားရေး ကျပ်တည်းမူကြောင့် အခက်အခဲမျိုးစုံ အန္တာရယ်မျိုးစုံ ဖြင့် ရင်ဆိုင်နေရသော်လည်း မြန်မာ့ နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်မှာ နအဖ လက်အောက် နှစ်ပေါင်း (၂၀) အတွင်း အထူး ဖွံ့ဖြိုး တိုးတက်လာခဲ့သည်ဟု နအဖ စစ်အစိုးရပိုင် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ နေ့စဉ် သတင်းများ ထုတ်ပြန်လျှက် ရှိသည်။


ဝက်တုတ်ကွေးရောဂါကြောင့် ဘင်္ဂလာဒေခ်ျ့တွင် အမျိုးသမီး တဦး ပထမဆုံး သေဆုံး

8/31/2009

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အမျိုးသမီး တဦးသည် ပထမဆုံး H1N1 ၀က်တုတ်ကွေး ရောဂါကြောင့် ယမန်နေ့က သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူ အမျိုးသမီးမှာ အသက် ၃၇ နှစ်ရှိပြီ ဖြစ်သော မာတီယာ ချက်ကရာဘော်တီ ဖြစ်သည်။

သူမသည် ဒက္ကားမြို့မှ အနောက်မြောက်ဘက် မိုင်(၃၀) ခန့်အကွာတွင်တည်ရှိသော ဆာဗာ အရပ်မှ ဖြစ်ပြီး ဒက္ကားမြို့ Lab Aid ဆေးရုံတွင် ယမန်နေ့ ညနေ ၁၀ နာရီ ၃၀ တွင် သေဆုံးသွားခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အဆိုပါသေဆုံးမူကို အတည်ပြုလိုက်ပြီး အဆိုပါ ရောဂါကို ကာကွယ်ရေးအတွက် တိုးမြှင့် လုပ်ဆောင်ရန် ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ၀က်တုတ်ကွေးရောဂါ ဖြစ်ပွားနေသူပေါင်း ၁၉၉ ဦးရှိပြီး အဆိုပါ စာရင်းမှ လွန်ခဲ့သော တနင်္ဂနွေနေ့က ထုတ်ပြန်သော စာရင်း ဖြစ်သည်။

ဝက်တုတ်ကွေးရောဂါ ဖြစ်ပွားမူနုန်း လျှင်မြန်စွာ ပျံ့နှံ့လာမူကြောင်း ဒက္ကားတွင် ပုဂ္ဂလိက နိုင်ငံခြားကျောင်း (၂) ကျောင်းကိုလည်း စတင် ပိတ်ထားလိုက်ပြီ ဖြစ်သည်။

ဝက်တုတ်ကွေးရောဂါကြောင့် ဘင်္ဂလာတွင် သေဆုံးမူ ရှိနေသော်လည်း မြန်မာနိုင်ငံနှင့် ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန်အတိုင်း ဆက်လက် တည်ရှိနေသည်။


ခလရ (၂၀၉) မှ ပြည်သူ့စစ်သင်တန်းပေးမည်
Tue 01 Sep 2009, ရိုင်မရော့၊ IMNA
မုဒုံမြို့နယ် ကမာဝက်ကျေးရွာ၌ အခြေချထားသည့် ခလရ (၂၀၉) မှ ပြည် သူ့စစ်တပ်ဖွဲ့ မရှိသေးသည့် ကျေးရွာများအား ပြည်သူ့စစ်သင် တန်းပေး ရန်အတွက် သြဂုတ်လ ၂၄ ရက်နေ့တွင် ကျေးရွာဥက္ကဌများအား အသိ ပေးထားကြောင်း သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ ထုံမင်ကျေးရွာ၊ ကွမ်းကဘွီးကျေးရွာကဲ့သို့သော ကျေး ရွာအချို့တွင် ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းထားခြင်း မရှိသေးသည့်အတွက် သင်တန်းပေးရခြင်း ဖြစ်သည်။

“ကမာဝက် ခလရ ၂၀၉ က ရွာကိုလာပြီးတော့ ပြည်သူ့စစ်သင်တန်း ပေး မယ်ဆိုပြီး ဥက္ကဌတွေ ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ လူစုပြီးတော့ ပြောတယ်၊ အယောက် ၄၀ လူစုထားရမယ်တဲ့” ဟု ထုံမင်ရွာသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းရခြင်းမှာ့ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့များ ရွာအတွင်း ငွေကြေးကောက်ခံနေခြင်းကြောင့် အရေးအ ကြောင်း ကြုံပါက ပြန်လည်ခုခံရန်အတွက် ပြည်သူ့တပ်ဖွဲ့ ရှိထားသင့်သည် ဟု ခလရ ၂၀၉ မှ ပြောထားသည်ကိုလည်း ၄င်းရွာသားက ပြန်ပြောပြ သည်။

သင်တန်းကာလသည် တစ်လကြာမည် ဖြစ်ပြီး၊ တစ်ပတ်လျှင် ၃ ရက် နှုန်း ဖြင့် ပို့ချပေးမည် ဖြစ်သည်။ ယခုလဆန်းပိုင်းမှ စတင်ပို့ပေးချမည်ဟုလည်း သိရသည်။

“သင်တန်းလာပေးဖို့ လမ်းစရိတ်အတွက် ဆိုပြီးတော့ ငွေ ၂ သိန်း တောင်း တယ်၊ အဲဒီငွေတွေ ဘယ်ကရမှာလဲ၊ ရွာခံတွေက ဘယ်ပေးနိုင်မှာလည်း၊ အလုပ်အပျက်ခံပြီး သင်တန်းလည်း တက်ရသေးတယ်၊ ပိုက်ဆံလည်း ပေးဦးရမယ်ဆိုတော့ ဘယ်ဖြစ်မလဲ၊ အဲဒါကြောင့် သူတို့ကို လျှော့ပေါ့ ခိုင်းပြီး၊ ၁ သိန်းပဲ ပေးလိုက်တယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

ဒေသခံရွာသားများက ၄င်းသင်တန်းကို မတက်လိုကြသော်လည်း ကျေး ရွာဥက္ကဌမှ ရွေးချယ်ထားသည့်လူများ မဖြစ်မနေတက်ရမည် ဖြစ်သည်။

ခလရ ၂၀၉ မှ သင်တန်းသား အယောက် ၄၀ စုဆောင်းထားရန် စေခိုင်း ထားသော်လည်း အချို့ရွာသားများမှာ တနေ့လုပ် တနေ့စားဘဝဖြင့် ရုန်း ကန်နေရသောကြောင့် သင်တန်းသား ၁၅ ယောက်သာ စုမိထားသည်ဟု ဆိုသည်။

ဒေသခံတပ်ရင်းသူလျှိုပျောက် ကျိုင်းတုံဂျီဝမ်း နှင့် စရဖမှူး မိုင်းလားသို့ထွက်ရှာ
အင်္ဂါနေ့၊ 01 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ပျောက်ဆုံးသွားသည့် နအဖ စစ်တပ် သူလျှို သုံးယောက်သတင်း ကျိုင်းတုံဂျီဝမ်း နှင့် စရဖမှူး မိုင်းလားတာဝန်ရှိ များထံသွားရောက် စုံစမ်းမေးမြန်းခဲ့ကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်ကပြောပါသည်။

“ယမန်နေ့က ကျိုင်းတုံ ဂျီဝမ်း ဗိုလ်မှူးကြီး သန်းထွဋ်သိန်း ၊ စရဖမှူး ဗိုလ်မှူး ရန်နောင်စိုး မိုင်းလားကိုရောက်လာတယ်။ အထူးဒေသ ၄ ထဲမှာ သူတို့ စစ်သား ၃ ယောက် ပျောက်သွားလို့ သတင်းလာမေးတာတဲ့၊ ကိုးကန့် ကိစ္စနဲ့ပတ်သက် ပြီး တော့လဲ နားမယောင်ဖို့လာပြော တယ်ကြားတယ်” - ဟု ကျိုင်းတုံရောက် ပန်ဆန်းကုန်သည်တဦးက သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။

အထူးဒေသအတွင်း စစ်အစိုးရလွတ်ထားသောသူလျှိုအများအပြားရှိကြောင်း၊ ယခုပျောက်သွားသည့် သူလျှိုသုံး ဦးအနက်တပ်ကြပ်ကြီး ဆင့်ရှိသူတဦးကို ဒဏ်ရာအပြင်းအထန်နှင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း - အပစ်ရပ်အဖွဲ့ နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။


“ကျနော်သိရသလောက် ပျောက်သွားတဲ့ စစ်အစိုးရ သူလျှိုအုပ်စုလို့ ယူဆရသူတွေဟာ နယ်လှည့်ဆေးကု ဆရာဝန် ဟန်ဆောင်ပြီး အပစ်ရပ်အဖွဲ့အတွင်း အရေးကြီးကိစ္စ ဌာနတည်နေရာတွေ လိုက်ထောက်လှမ်း တဲ့သူတွေဖြစ်တယ်၊ ပြန်တွေ့တဲ့ တယောက်က ခေါင်းမှာဒဏ်ရာတွေနဲ့လို့ပြောတယ်။ အခုမိုင်းယန်းဆေးရုံမှာ” - ဟု အဆိုပါကုန်သည်က ဆက် ပြောပါသည်။

ပျောက်ဆုံးသွားသည့် စစ်တပ်သူလျှိုနှင့် ပတ်သက်၍ မိုင်းလားအဖွဲ့က တစုံတရာ သိရှိခြင်းမရှိခဲ့ကြောင်း၊ ရှာဖွေ တွေ့ရှိလျှင်အမြန်ဆုံး အကြောင်းကြားပေးမည်ဖြစ်ကြောင်း - ပြန်လည်ပြောကြားခဲ့သည်ဟု ဆို၏။

စစ်အစိုးရ အရာရှိ နှစ်ဦးနှင့် အဖွဲ့ မိုင်းလားသို့ လူပျောက်သတင်းသွားရောက်စုံစမ်းမေးမြန်းသည့် ခရီးစဉ်တွင် “ကိုးကန့် ကိစ္စ နဲ့ ပတ်သက်လို့ ဘာမှ စိုးရိမ်ထိပ်လန့်ဖို့မလိုဘူး၊ ပုံမှန်အတိုင်းဘဲ နေသွားပါ။ ကိုးကန့်တပ်ဖွဲ့အတွင်း စိတ်ဝမ်းကွဲခဲ့တာ ကို တပ်မတော်က ၀င်ရောက်ဖြေရှင်းပေးတာပါဘဲ။ ဒါကို ဖုန်ကြားရှင်း အုပ်စုက လက်မခံတဲ့အတွက် တိုက်ပွဲတွေဖြစ်ရတာ။ အခြေအနေပုံမှန်အတိုင်း ပြန်ဖြစ်အောင် တပ်မတော်က ကူညီဆောင်ရွက်ပေးခဲ့ပြီးပြီ” - ဟု ကျိုင်းတုံ ဂျီဝမ်း က ပြောကြားခဲ့သည်ဟုဆိုသည်။

ကိုးကန့်အရေးအခင်းနှင့် ပတ်သက်၍ မိုင်းလား ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးသုံးသပ်နေကြကြောင်း၊ လောလောဆယ် စစ်အစိုးရအင်အားသုံးပြီး မိုင်းလားအပေါ် ဖိအားပေးလာမည့် အခြေအနေမရောက်သေးသော်လည်း - အနာဂတ် မလွဲမသွေ ရင်ဆိုင်ရမည့် အခြေအနေအဆိုး/ကောင်း အတွက် အဆင်သင့် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောဆိုဆွေးနွေး သည် ဟု အပစ်ရပ်နှင့် နီးစပ်သည့် ပန်ဆန်းကုန်သည်အသိုင်းအ၀ိုင်းက ပြောပါသည်။

ကိုးကန့်ပြဿနာ တခြားအပစ်ရပ်ဒေသအတွင်း ကယက်ရိုက်
တနင်္လာနေ့၊ 31 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ပြီးခဲ့သည့်အပတ်က ကိုးကန့်ဒေသအတွင်း စစ်အစိုးရအင်အားသုံး ၀င်ရောက်သိမ်းပိုက်ချိန်မှစ၍ ယနေ့အထိ သျှမ်းပြည် အရှေ့ပိုင်း မိုင်းလားဒေသ နှင့် တောင်ပိုင်းပိုင်း ၀ တပ်ဖွဲ့များ အတွင်းအထူး ကယက် ရိုက်ခဲ့ကြောင်းနယ်စပ်သတင်း ရပ်ကွက် က ပြောပါသည်။

“မိုင်းလားဒေသအတွင်း ထောက်ခံချက်မပါတဲ့ တစ်လနီးပါးလောက်ကအသစ်ရောက်လာသူ ဗမာရွေ့ပြောင်း အလုပ်သမား ၄၇၀ ယောက်ကို မိုင်းလား အာဏာပိုင်တွေဖမ်းပြီးတော့ (ကျိုင်းတုံ - မိုင်းလားကြား) တာ့ပင်း နမ့်လွေတံတားအထိ သွား သွန်ချလိုက်တယ်။ လုံခြုံရေးပိုတင်း ကြပ်လာတယ်။ မျက်နှာစိမ်းတွေသတိထားစစ်ဆေး တယ်” - ဟု မိုင်းလားဒေသခံ တဦးကပြောပြပါတယ်။

ကိုးကန့်အရေးအခင်း သတင်းကြောင့် မိမိလုံခြုံရေးအတွက် စိုးရိမ်သည့် မိုင်းလားရှိ စစ်အစိုးရဌာနဆိုင်ရာဝန်ထမ်း အချို့ ရှောင်တခင်ခွင့်ဖြင့် နေရပ်ပြန်သူ ဆယ်ဂဏန်းခန့်ရှိကြောင်း ပြောပါသည်။

ထို့အတူ တောင်ပိုင်း ၀ ဒေသတွင် မိုင်းဆတ်အခြေစိုက် စကခ (၁၄) မှူး ဗိုလ်မှူးသန်းထွန်းဦး နှင့် ၎င်း G.1 တို့ မိုင်းယွန်းရှိ ၀ တပ်မှူးအားတွေ့ဆုံဆွေးနွေးရန် သွားရောက်သ်ာလည်းအတွေ့မခံကြောင်း၊ သြဂတ်စ် ၂၇ ရက်နေ့ မိုင်းတုံမြို့နယ် ပုံပါကျင် အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကျော်သူကလည်း ကြိုတင်သတိပေးမှုတစုံတရာမရှိဘဲ မိုင်းတုံ BP 1 ၁ ကားလမ်း အနောက်ဘက်ခြမ်းရှိ ၇-၈ နေရာကျော် ၀ တပ်စခန်းများအားလုံး ချွန်းချက်မရှိ ချက်ချင်းတပ်ရုပ်ပေးရန် သတိပေးလိုက်ကြောင်း ပြောပါ သည်။

“၀ တပ်တွေပြန်ဖို့မဆိုထားနဲ့ သူတို့ တောင်ပေါ် တပ်စခန်းတွေဆီတောင် အင်အား ထပ်ဖြည့် နေရာယူကြသေးတယ်။ စားနပ်ရိက္ခာပိုစုဆောင်း သိုလှောင်လာတယ်။ ကိုးကန့်ဘက်တိုက်ပွဲဖြစ်နေတုန်း မိုင်းဆတ်မြို့နယ်အတွင်းရှိ လားဟူ ပြည်သူ့ စစ်တွေ ခေါ်ပြီး အင်အားဖြည့်ခိုင်းထားတဲ့ဟာတွေတော့ ဌာနေပြန်ခိုင်းပေမယ့် ၀ အပေါ် ဆက်ဆံပုံလှုပ်ရှားမှု က ပိုတင်းမာ လာတယ်” - ဟု မိုင်းတုံ ဒေသခံတဦးက ပြောပြ၏။

တာချီလိတ် - မိုင်းဆတ် - မိုင်းတုံ - ဟွေအော့ဘက် အတက်အဆင်းပြုသည့် ၀ အဆက်အသွယ် အရပ်ကားများ၊ ၀ တပ်ဖွဲ့ ပိုင်ကားများအား နအဖဒေသခံတပ်လမ်းကင်းစခန်းများက ပိုမိုကြပ်မတ် စစ်ဆေးရှာဖွေလာကြောင်း၊ မိုင်းဆတ် ၀မ့်ဟုန့်ရှိ ၀ ဓါတ်ဆီဆိုင် ကုန်စုံဆိုင်လည်း ပိတ်လိုက်ပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းများအရ မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေတွင်းရှိငွေရေးကြေးရေး ပြည့်စုံသော မိသားစု ၁၀၀ နီးပါး ကျိုင်းတုံ၊ တာချီလိတ်ဘက်သော်လည်းကောင်း၊ တရုပ်ပြည်တွင်းသို့သော် လည်းကောင်း ရွေ့ပြောင်း နေကြပြီဖြစ်ကြောင်း၊ ထို့အတူ တရုပ်ပြည်ဘက်ခြမ်း နယ်ခြားမျဉ်းတလျှောက်တွင်လည်း တရုပ်စစ်တပ်ရာနှင့်ချီ ဖြည့်တင်း နေရာယူလာကြောင်း အပစ်ရပ် အသိုင်းအ၀ိုင်းက ပြောပါသည်။


ဖုန်ကြားရှင်း ထောက်ခံအဖွဲ့အား နအဖ အာဏာပိုင် လိုက်လံဖမ်းဆီး
တနင်္လာနေ့၊ 31 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ဖုန်ကြားရှင်းအုပ်စုအားထောက်ခံသည်ဟု စွပ်စွဲသတ်မှတ်ခံရသောလားရှိုးမြို့မြို့ပေါ်ရှိ ကိုးကန့်တိုင်းရင်းသား နေအိမ် များ အား စစ်အစိုးရ အာဏာပိုင်များ အိမ်တက်ဆင်း လိုက်လံရှာဖွေစစ်ဆေးကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက် ပြောပါ သည်။

“သူတို့မသင်္ကာတဲ့ ကိုးကန့် နေအိမ်တွေ တစ်အိမ်တက်ဆင်းရှင်းလိုက်စစ်တယ်။ နေ့ ည မရွေးဘူး။ မနေ့တုန်းက လားရှိုး ရပ်ကွက် ၇ လုန်လော့ က ကိုးကန့်ရုံးတာဝန်ခံ ယန်ကျီးမင် နေအိမ်ကို သွားစစ်ပြီး သူ့မိန်းမ ကိုထပ်ဖမ်းသွား တယ်၊ ပစ္စတို သေနတ် ၂ လက်နဲ့ လက်ပစ်ဗုံးရတယ်တဲ့” - ဟု လွယ်ယို့ ကုန်သည် တဦး က ပြောပါသည်။

[ဖုန်ကြားရှင်းအားပုန်ကန်အာဏာသိမ်းရန် စစ်အုပ်စုထံ ကူးပြောင်းသွားသူ နအဖ အလိုတော်ရိ လက်ရှိ အသစ်ချပ်ချွတ် ယာယီကိုးကန့်ရုပ်သေးဥက္ကဌ ပိုင်ဆုံချိန်]

ဖုန်ကြားရှင်းအားပုန်ကန်အာဏာသိမ်းရန် စစ်အုပ်စုထံ ကူးပြောင်းသွားသူ နအဖ အလိုတော်ရိ လက်ရှိ အသစ်ချပ်ချွတ် ယာယီကိုးကန့်ရုပ်သေးဥက္ကဌ ပိုင်ဆုံချိန်
ကိုးကန့်အရေးအခင်းစဖြစ်ကတည်းက လိုက်လံဖမ်းဆီးမှုရှိနေကြောင်း၊ ဖုန်ကြားရှင်းအုပ်စု၏ လားရှိုးရုံး တာဝန်ခံ ယန်ကျီးမင် အားလည်း လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဖမ်းဆီးသွားကြောင်း ပြောပါသည်။

ဖုန်ကြားရှင်းအုပ်စု ရှုံးနှိမ့်ရခြင်းနှင့်ပတ်သက်၍ မူဆယ်အခြေစိုက်ကိုးကန့်ကုန်သည်တဦးက အကြောင်းရင်း ၃ ရပ်အပေါ် အခြေခံကြောင်း -(၁) ၆/၈/၀၉ မတိုင်ခင်က ဖုန်ကြားရှင်းသည် ဥက္ကဌ အာဏာသုံးပြီး ၎င်း၏ ဒုဥက္ကဌ ပိုင်ဆုံချိန် ၊ လျူကော်ရှီး နှင့် ထိပ်ပိုင်းအရာရှိ ၄ ဦးအား ရာထူးမှဖြုတ်ချခြင်း၊ (၂) ၎င်းင်းတို့အုပ်စုက စစ်အစိုးရ၏နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအစီအစဉ်လက်ခံရန် ဆန္ဒရှိသည်ကိုတွေ့ရသဖြင့် ရာထူးမှဖယ်ရှားခြင်း၊ (၃)ပိုင်ဆုံချိန်အုပ်စုကလည်း ကိုးကန့်နယ်မြေဒေသ၏ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍ အားလုံးကို ဖုန်ကြားရှင်းက ၎င်း၏ သားသုံးဦး အား လွဲအပ်ပေးခြင်းတို့ကြောင့် မကျေမနပ်ဖြစ်ပြီး လားရှိုးရမခ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်ထံ ဖုန်ကြားရှင်းတို့အုပ်စု လက်နက်စက်ရုံနှင့် မူးယစ်ဆေးဝါးချက်ရုံရှိသည်ဟုနာမည်ရောင်းစားလံကြုပ်အကြောင်းကြားခဲ့ သောကြောင့် ဖြစ်သည်ဟု ဆို၏။

သီးခြားအတည်မပြုသေးသည့်သတင်းအရ လာမည့် ၂/၉/၀၉ ရက်နေ့တွင် စစ်အုပ်စု၏ရဲချုပ်ခင်ရီ၊ ဒုရဲချုပ် ဇော်ဝင်း နှင့် ပြည်ထဲရေးဝင်ကြီး ဗိုလ်ချုပ်မောင်ဦးတို့အဖွဲ့ ကိုးကန့်အုပ်ချုပ်ရေးကော်မတီသစ်ဖွဲ့စည်းရေးအတွက် လားရှိုးနှင့် ကိုးကန့် မြို့တော် လောက်ကိုင်သို့သွားရောက်မည်ဖြစ်ကြောင်း သိရပါသည်။




မွန်ပြည်သစ်ပါတီနှင့် ရတခတိုင်းမှူးတို့ထပ်မံတွေ့ဆုံ
Kaowao

စက်တင်ဘာ ၁၊၂၀၀၉။

စံခလပူရီ(စက်တင်ဘာ- ၁)။ ။မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌနိုင်ရော့စ၊ တွဲဘက်အတွင်းရေးမှူးး နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နိုင်တလညီ စသည့်ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့သည် အရှေ့တောင်တိုင်း စစ်ဌာချုပ် တိုင်းမှူးးဗိုလ်ချုပ်သက်နိုင်ဝင်းတို့နှင့် သြဂုတ်လ ၂၈ ရက်နေ့တွင် တွေ့ဆုံခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့် ဆက်သွယ်မေးမြန်ချက်အရ သိရသည်။

ထိုသို့တွေ့ဆုံရာ၌ လွန်ခဲ့သည့်သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီဗဟို အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို တိုင်းမှူးထံမျက်နှာချင်းဆိုင် ဆွေးနွေးတင်ပြခဲ့သည်ဟု သိရသည်။

ထိုတွေ့ဆုံမှုသည်သာမန်တွေ့ဆုံမှုသာဖြစ်၍ ထူးခြားသော အခြေအနေမရှိကြောင်း NMSP အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါ NMSP ခေါင်းဆောင်များ ဗဟိုဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာမှသာ အသေးစိတ်အချက်အလက်များကို ပြောဆိုနိုင်မည်ဟု ဆိုပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီမှ ရတခတိုင်းမှူးအား လွန်ခဲ့သောသြဂုတ်လဆန်းပိုင်းတွင် ကျိုက်မရောမြို့ နယ် မယကမှ ကျေးရွာရယကများထံ အတွင်းရေးမှူးနိုင်ဟံသာနှင့် ပက်သက်သော လှို့ဝှက်ဖြန့်ဝေစာ အကြောင်းကို မေးမြန်းခဲ့ရာ ဤစာများကို မြို့နယ်မယကမှ ကောလဟာလ ရရှိသောသတင်းသာဖြစ်၍ အတည်မပြုကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဆိုပါသည်။

သို့ရာတွင် ယုံကြည်ရသော စစ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏အဆိုအရ နိုင်ဟံသာအား စစ်အစိုးရသတ်မှတ် ထားသော အကြမ်းဖက်အဖွဲ့များတွင်ပါဝင်နေသူဟု စွပ်စွဲဖြန့်ဝေခဲ့သောစာများမှာ စစ်အစိုးရထိပ်ပိုင်းမှ စီစဉ်မှုသာ ဖြစ်ကြောင်း၊ သာမန် မယကအဆင့်နှင့် လုပ်ဆောင်ရန်မဖြစ်နိုင်ကြောင်း၊ လုပ်ပိုင်ခွင့်လည်းမရှိကြောင်း ကောင်းဝါ သတင်းဌာနသို့ ပြောဆိုခဲ့သည်။

လက်ရှိစစ်အစိုးရမှာ ၄င်းတို့ဆန္ဒကို မလိုက်လျောသောအဖွဲ့အစည်းများ၊ သဘော ထားတင်းမာသောခေါင်းဆောင် များကို လုပ်ကြံသတ်ဖြတ်၍သော်၎င်း၊ ဖမ်းဆီးထိန်းသိမ်း၍သော်၎င်း ပြုလုပ်တတ်သော အစဉ်အလာ ရှိခဲ့သည်ဟု အကဲခတ်လေ့လာသူများ ဆိုကြ၏။

ပြီးခဲ့သောသြဂုတ်လ(၈)ရက်နေ့တွင် နယ်ခြားတပ်ဖွဲ့အသွင်ပြောင်းရေးကို လက်မခံသော ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်း၏ နေအိမ်တွင် လက်နက်စက်ရုံတည်ဆောက်ထားသည်ဟု အကြောင်းပြချက်ဖြင့် ဝင်ရောက် စီးနင်း ရှာဖွေခဲ့သည်။ ဦးဖုန်ကြားရှင်အပါအဝင် ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင၊် ဦးဖုန်တာလီတို့ကို ဖမ်းဝရမ်းထုတ်ကာ စစ်ရေး နည်းလမ်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။ ယခုအခါ MNDAA ကိုးကန့်တပ်ဖွဲ့အား နှစ်ခြမ်းကွဲစေခဲ့သည်။

ယခုသည်လည်း စစ်အစိုးရအနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်လှုပ်ရှားမှု ဆိုသည့်အဖွဲ့တွင် ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် အခြားအတိုက်အခံခေါင်းဆောင်များ ပြည်တွင်းဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန် လှုံ့ ဆော်နေသည်ဟူသော တဖက်သတ်စွပ်စွဲချက်သည် နောင်တဆင့်တက်၍ အရေးယူနိုင်ရန် အစီအစဉ်ရှိရှိ ကြိုတင် စီမံမှုဖြစ်သည်ဟု မွန်နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အား နယ်ခြားတပ်ဖွဲ့အဖြစ်၎င်း၊ ပြည်သူစစ်တပ်ဖွဲ့အဖြစ်၎င်း လက်ရှိအခြေအနေတွင် အပြောင်းအလဲမလုပ်နိုင်ဟု ဆုံးဖြတ်ထားသည်။

ပြီးခဲ့သည့် NMSP အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးမှာ မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမ ခံချက်မရှိဘဲ ပါတီနှင့်တပ်ခွဲထားခြင်း၊ဖျက်သိမ်းခြင်းကိုလက်ခံနိုင်မည်မဟုတ်ပါ။ ဖြစ်နိုင်မည်ဆိုလျှင် အပစ်အခတ် ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ၊ အနာဂတ်အစိုးရသစ်နှင့် သော်လည်းကောင်း ရပ်တည် တောင်းဆိုသွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။


စစ်အစိုးရတပ်များ လှုပ်ရှားမှုအပေါ် ကချင်ဒေသခံလူထု စိုးရိမ်ထိတ်လန့်
ဇော်ကြီး။
စက်တင်ဘာလ ၁ ရက်၊ ၂၀၀၉ ခုနှစ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် လိုင်ဇာဒေသတ၀ိုက်တွင် ယခုရက်ပိုင်းအတွင်း စစ်အစိုးရတပ် လှုပ်ရှားမှုများ ကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေသည်ဟု ဒေသခံများ ကပြောသည်။
ဗန်းမော်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း၌ ယခုရက်ပိုင်းအတွင်းစစ်တပ်မှကားများ လှည့်လည်သွားလာမှု များပြားနေပြီးပေါ်တာဆွဲမည့်သတင်းများ ထွက်ပေါ်နေသည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု ယမန်နေ့ညက အဖြစ်အပျက်နှင့်ပတ်သက်၍ ဒေသခံအမျိုးသမီးတဦးက ယခုလိုပြောသည်။
“လက်ဖက်ရည်ဆိုင်မှာ ဘော့လုံးပွဲတွေပြတာ ခေတ်စားတော့လေ ယောကျာ်းလေးတွေ တော်တော် များများက လက်ဖက်ရည်ဆိုင်မှာ ဘော့လုံးပွဲကြည့်ရင်းထိုင်ကြတာဝိုင်းမဆံ့ လောက်အောင်ထိုင်ကြ တာပေါ့နော်။ အဲ့မှာ စစ်ကားလာရပ်တော့ထွက်ပြေးကြတာပေါ့။ ဖမ်းတော့ မဖမ်းသွားပါဘူး။ ဒါပေမယ့် ကြောက်ပြီးထွက်ပြေးကြတာပေါ့။”
အခြားအမျိုးသမီးတဦးကလည်း ယမန်နေ့ညက လမ်းဘေးပလက်ဖောင်းတွင်ထိုင်၍ လေညှင်းခံနေကြသည့် လူ ငယ်သုံးဦးကလည်း စစ်တပ်မှ ပေါ်တာဖမ်းသည်ထင်၍ ထွက်ပြေးခဲ့ကြသည်ဟု မောင်ဖြစ်သူက ပြောကြောင်း ယခုလိုပြောသည်။
“သူတို့က ပလက်ဖောင်းပေါ်မှာထိုင်နေကြတာတဲ့။ အဲ့မှာစစ်ကားကလာရပ်ပြီးကားပေါ်က စစ်သားတွေ ဆင်းလာတာလည်းမြင်ရော ထွက်ပြေးလာခဲ့ကြတယ်တဲ့။”
မြို့ရွာအတွင်း၌ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)မှဒေသတွင်းရှိ ကချင် အမျိုးသားများကို ရွေးချယ်၍ စစ်သားစုဆောင်းမှုများပြုလုပ်နေသည်ဟုလည်း ၎င်းကဆက် ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ စစ်သားစုဆောင်းခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်တ၀ှမ်းလုံးရှိ ကေအိုင်အိုတပ်ဖွဲ့ဝင်ဟောင်း များအားပြန်လည်ခေါ်ယူနေခြင်းသာဖြစ်သည်ဟု ကေအိုင်အို မှအမည်မဖော်လိုသည့်တပ်မှူးတစ်ဦးက ပြောသည်။
“ဗန်းမော်မှာပဲ မဟုတ်ဖူး။ အရင်တုန်းက ဒီစစ်သားဟောင်းတို့ ဒီစီပေးလိုက်တဲ့ဟာတွေ အကုန်လုံး ပြန် စုနေတာ။”
ယခုရက်ပိုင်းအတွင်း စစ်အစိုးရတပ်များ ကေအိုင်အိုဌာနချုပ်အနီးလဂျားယန်ရွာတွင် လာရောက် စခန်းချထားကာ နေ့စဉ်အင်အားဖြည့်တင်းနေပြီးလောလောဆယ် အင်အား ၅၀၀ ခန့်ရောက်ရှိနေပြီး ဒေသခံရွာသားများ ထွက်ပြေး ကုန်သည်ဟု ဒေသခံတဦးက ပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းကလွန်ခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က ကေအိုင်အို အဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့ရန် အကြောင်းကြားခဲ့သည်။
လွန်ခဲ့သည့် သြဂုတ်လအတွင်းက ကိုးကန့်တပ်ဖွဲ့များကို စစ်အစိုးရမှ တိုက်ခိုက်ခဲ့သည့် အပေါ်အခြေခံ၍ ကေအိုင် အို အပေါ် စစ်ရေးအရ ဖိအားပေးလာပြီး တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။

မြန်မာအလုပ်သမားဟု ယူဆရသူ အလောင်းသုံးလောင်းတွေ့ရှိ
နွယ်လေး။
စက်တင်ဘာလ ၁ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာအလုပ်သမားဟု ယူဆရသူအမျိုးသားအလောင်းသုံးလောင်းကို ထိုင်းအာဏာပိုင် များက တွေ့ရှိခဲ့သည်။
ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဖွန်မြို့နယ် အန်နောင်ကျော်လခစ် ဘုန်းကြီးကျောင်းအနီးတွင် အသက်ရှုကြပ်ပြီး သေ ဆုံးနေသည့် အသက် ၂၀ ၀န်းကျင် အရွယ် အမျိုးသား သုံးဦး၏ အလောင်းကို ပြီးခဲ့သည့် သြဂုတ်လ (၂၈) ရက် သောကြာနေ့တွင် ထိုင်းတာဝန်ရှိများက တွေ့ရှိခဲ့သည်။
ယင်းအလောင်းများသည် ခရီးသည် တင်ကား တစ်စီးနှင့် လာရောက်ပစ်ချထားသည်ဟု ထိုင်းတာဝန်ရှိများက သံ သယရှိပြီး ထိုဒေသတွင် နေထိုင်သည့် မြန်မာလူမျိုးများကို ဆက်သွယ်မေးမြန်းသည်ဟု မြန်မာအလုပ်သမားတဦး က ယခုလိုပြောသည်။
“လူအလောင်းသုံးလောင်းတဲ့ ကျနော်တို့ဆီကို ပလိပ်က ဖုန်းဆက်လာတယ်။ ဘုန်းကြီး ကျောင်းနားမှာ ပစ်ထားခဲ့တယ်တဲ့ မင်းတို့ဗမာသုံးယောက်တဲ့”
ဆေးရုံမှ စမ်းသပ်စစ်ဆေးချက်အရ အလောင်းတွေ့ရှိချိန် မတိုင်မီ (၁ဝ)နာရီခန့်က အသက်ရှူမွန်းကြပ်ပြီး သေဆုံး ခဲ့ကြောင်း သြဂုတ်လ ၃ဝ ရက်နေ့က ထိုင်းနိုင်ငံထုတ် ထိုင်းရပ်သတင်းစာတွင် ဖော်ပြထားသည်။
ထိုင်းတာဝန်ရှိများက သေဆုံးသူ သုံးဦးသည် မြန်မာလူမျိုးများဖြစ်နိုင်သည်ဟု ယူဆထားသည်။
ယင်းသေဆုံးသူများကို အခြားမြန်မာအလုပ်သမားများသိနိုင်သော်လည်း ထိုင်းအာဏာပိုင်များလာရောက်မေးမြန်း စုံစမ်းမည်ကို မလိုလားသဖြင့် ပြောမည့်သူ မရှိဟု ယင်းအလုပ်သမား က ပြောသည်။
“ဗမာပြည်သားတွေ ဒီလိုသေကြ ဘာညာဆို လူတွေက ဂရုမစိုက်တော့ဘူးဗျာ။ ကျနော်တို့နေရာမှာ။ လူသတ်ပြီးသေ ထိုင်းတွေ သတ်ပြီးသေ အဲလိုမျိုးဆို လူတွေလဲ သိပ်ပြီး အလေး မထားကြတော့ဘူး”
ယင်းအလောင်းများကို ချွန်ဖွန်ဆေးရုံကြီးတွင် ထားရှိကာ အလောင်းပိုင်ရှင် စောင့်နေပြီး လာယူမည့်သူ မရှိပါက အာဏာပိုင်များ တာဝန်ယူသင်္ဂြိုလ်မည်ဖြစ်သည်။
ချွန်ဖွန်မြို့သည် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့နှင့် ကီလိုမီတာ တစ်ရာကျော် ဝေးကွာပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို မြန်မာအလုပ်သမားအများစုက လုပ်ကိုင်နေကြသည်။
နယ်စပ်ဒေသမှ မြို့ကြီးများတွင် အလုပ်သွားလုပ်လိုသည့် အလုပ်သမားများက အလုပ်ရရှိရန် ပွဲစားမှတဆင့် နည်း ပေါင်းစုံဖြင့် ၀င်နေရောက်လျှက်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
၂၀၀၈ ခုနှစ် ဧပြီလ အစောပိုင်းက ဖူးကတ်တွင် အလုပ်သွားလုပ်မည့် အလုပ်သမား ၁၀၀ ကျော်ကို လေအေး ပေးကားဖြင့် ခေါ်ဆောင်သွားစဉ် အသက်ရှူမွန်းကြပ်ပြီး ၅၄ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။


ဒီကေဘီအေ ၉၉၉ တပ်များ ထိုင်းရွာကို လုယက်တိုက်ခိုက်

နေ့သစ်မီဒီယာ
post by Tuesday, September 01, 2009


မယ်သရေ့ရွာအနီး နို့ဖဒို့အိမ်စုကို ဒီကေဘီအေ ၉၉၉ တပ်တွေက ၂၀၀၉ သြဂုတ်လ ၃၁ ရက်နေ့ ည ၉ နာရီအချိန်မှာ လာရောက် လုယက် တိုက်ခိုက်ခဲ့ကြပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မြောက်ဘက် တာ့ဆောင်ရန်မြို့နယ် မယ် သရေ့ရွာအနီး နို့ဖဒို့အိမ်စုကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရွာသားတွေအားလုံး ထွက်ပြေး လွတ်မြောက်ခဲ့ပေမဲ့ ရွာထဲမှာကျန်ခဲ့တဲ့ အိမ်တွေက ရွာသားများမွေးမြူထားတဲ့ ကြက်များနှင့် ရွာ သားတွေရဲ့ ဘတ်ငွေ ၉၀၀၀ ကို မွှေနှောက်ယူဆောင်သွားခဲ့ပါတယ်။

ဒီနေ့မှာတော့ ထိုင်းစစ်တပ်မှ ထိုနို့ဖဒို့အိမ်စုနေရာကို လုံခြုံရေးအတွက် သွားရောက်နေရာယူထား ပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုအခင်းဖြစ်ပွားတဲ့ အနီးပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ဇွန်လက နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းစစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်း ရှောင်လာတဲ့ ရွာသားတွေ နေထိုင်နေတဲ့ နေရာဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသားတွေကို မြန်မာပြည်နေရပ်ရင်းတွေမှာ ပြန်နေဖို့ ဒီကေဘီအေ ၉၉၉ မှ ဗိုလ်ဖိုးကလိအဖွဲ့က လာရောက်စည်းရုံးခေါ်ဆောင်တာ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာတင် ၃ ကြိမ်ရှိခဲ့ပါတယ်။

ထိုင်းရွာသားတွေကလည်း အခုလို ဒီကေဘီအေမှ ထိုင်းနိုင်ငံထဲကို မကြာခဏ ဝင်ရောက်ပစ်ခတ်မှုတွေရှိနေတဲ့အတွက် သူတို့ရွာတွေ လုံခြုံရေးအတွက် အထူးပဲစိုးရိမ်နေကြပါတယ်။ မယ်သရေ့ရွာပတ်ဝင်းကျင်မှာရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို မြန်မာနယ်စပ်နဲ့နီးပြီး လုံခြုံရေး စိတ်မချရတဲ့အတွက် မယ်လဒုက္ခသည်စခန်းကို ပြောင်းရွှေ့နေထိုင်ရေးအတွက် ထိုင်းအာဏာပိုင်တွေက စီစဉ်နေကြောင်း ကရင်သတင်းစဉ် က သြဂုတ်လ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ (၇) မှ DKBA ကို လယ်ပယ်ဟယ်ဂွင်တွင် ပြောက်ကျားစစ်ဆင် တိုက်ခိုက်

နေ့သစ်မီဒီယာ
post by Saturday, August 29, 2009


KNU တပ်မဟာ (၇) မှ DKBA ကို လယ်ပယ်ဟယ်ဂွင်တွင် ၂၀၀၉ ခုနှစ် သြဂုတ်လ၊ ၂၈ ရက်နေ့ နံနက် ၉ နာရီမှာ ပြောက်ကျားစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်တာ ၁၅ မိနစ်လောက်ကြာပါတယ်။ DKBA ၉၉၉ ဘက်မှ ၅ ယောက်ကျဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ KNU ဘက်ကတော့ ဘယ်သူ့မှတော့ ထိတယ်ဆိုတဲ့ အသံ မကြားရဘူး။ ထိုင်းနယ်မြေထဲကို လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့နေရာက အရင်လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက DKBA နဲ့ နအဖတို့က သိမ်းထားတဲ့နေရာဖြစ်ပါတယ်။ ယခုအချိန်ထိ အဲဒီနေရာတွေမှာ DKBA တွေဟာ နေ့စဉ် KNU မှ ပြောက်ကျားပစ်တာကို ခံနေရပြီး နေ့တိုင်း တရက်ကို အနည်းဆုံး ၁ ယောက် ၂ ယောက်က ဒဏ်ရာရနေပါတယ်။ ထိုင်းမြေထဲကို DKBA ဘက် မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိုင်းရွာသား တွေဟာ အထူးစိုးရိမ်နေကြပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ရွာသားတဦးပြောပြတာက …

“တိုက်ပွဲဟာ ၁၅ မိနစ်လောက်ကြာတယ်လေ။ တိုက်ပွဲဖြစ်ပြီး DKBA ဘက်မှ ထိုင်းနယ်မြေထဲကို လက်နက်ကြီးနဲ့ ၃ ချက်လှမ်းပစ်ခဲ့ပါ တယ်။ DKBA ၉၉၉ ဘက်မှ ၅ ယောက်ကျတယ် ၁၅ ယောက် ဒဏ်ရာရတယ်။ KNU ဘက်ကတော့ ဘယ်သူ့မှတော့ ထိတယ်ဆိုတဲ့အသံ မကြားရဘူး” လို့ ပြောပြပါတယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ လွန်ခဲ့တဲ့ ဇွန်လ (၂) ရက်နေ့က စတင်ပြီးတော့ နအဖနှင့် DKBA ပူးပေါင်းတပ်ဖွဲ့တွေ KNU တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို အလုံးအရင်းနဲ့ တလနီးပါးခန့် ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေး ၁ လအကြာ ဇူလိုင်လလည်လောက်မှာ KNU က စခန်းကို ဆုတ်ခွာပေးခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇွန်လ နအဖနဲ့ DKBA တလကြာ ပူးပေါင်းစစ်ဆင်ရေးအပြီး KNU ဘက်ကနေ စခန်းကို ရှောင်ထွက်ပေးပြီးတော့မှ ပြန်ဖြစ်တဲ့ ပထမဦးအကြိမ် တိုက်ပွဲပါ။





မြန်မာနိုင်ငံ နှင့် နည်းပညာ ရှာပုံတော်ထွက်ခဲ့စဉ်က …

လမ်းပေါ်က အိုင်တီကိုကို

စက်တင်ဘာ ၁၊ ၂၀၀၉


အခုတလော မြန်မာနိုင်ငံကွန်ပျူတာနည်းပညာရှင်များအသင်း (MCPA, Myanmar Computer Professional Association) က ကမကထ လုပ်ပြီး မြန်မာ Search Engine ပြိုင်ပွဲ ဆိုလား လုပ်မလို့ တဲ့။ အဲဒါနဲ့ ပတ်သက်ပြီး Pandia Search Engine News မှာ လည်း စစ်အစိုးရ က အသုံးချဖို့ ကြံစည် တယ် ဘာတယ် … ဆိုပြီး ရေးသွားလေရဲ့။ ကွန်ပျူတာရယ်၊ မြန်မာနိုင်ငံရယ် နဲ့ ပတ်သက်နေတော့ ကြုံတုံးလေး ဒိုင်ဗင်ဝင်ထိုး လိုက်တာပါ။ သိလွန်းလှတယ်တော့ မဟုတ်ပါဘူး။ ကိုမောင်ရစ် ရေးခိုင်းတာတွေ မဖြည့်ဆည်းနိုင်တာ ကြာတာလဲ (ပျက်ကွက်နေတာ) ပါတာပေါ့။

စစ်အစိုးရ က ဘာဖြစ်လို့ မြန်မာနိုင်ငံ မှာ အင်တာနက် အသုံးပြုခွင့် ပေးရသလဲ ဆိုတော့ ၂၀၀၀ ခုနှစ်မှာ လက်မှတ်ရေးထိုးလိုက်ရ တဲ့ E-ASEAN သဘောတူညီမှု ကြောင့်ပါ။ အားတိုင်းယားတိုင်း ပြည်သူလူထုကို စေတနာ ရှိလို့ မဟုတ်ပါဘူး။

ပထမဆုံး အမြတ်ထုတ်သွားတာက သွားလေသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့သားအဖ နဲ့ လက်ရှိ စီ/မံ စီးပွားဝန်ကြီး (ထိုစဉ်အခါက ဆက်သွယ်ရေးဝန်ကြီး) ဦးစိုးသာ ပါ။

အိုမင်းဟောင်းနွမ်းပြီး ခေတ်မမီတော့ တဲ့ x.400 အီးမေးလ် စနစ်ကို ၁၉၉၈ ခုနှစ် ဝန်းကျင်မှာ နိုင်ငံတော် ဘဏ်ဏ္ဍာ ဒေါ်လာ သန်းချီ အကုန်ခံပြီး တတ်ဆင်ပါတယ်။ x.400 စနစ် က အဲဒီ အချိန်မှာ ကို နိုင်ငံတကာမှာ ခေတ်မရှိတော့ပါဘူး။ ဒါကို နည်းပညာ နားလည် တတ်ကျွမ်းတဲ့ ဝန်ကြီး ဦးစိုးသာ မသိတာ မဖြစ်နိုင်ပါဘူး။ အဲဒီ x.400 စနစ်ကြီး က ဒေါ်လာသန်းချီကုန်ပေမယ့် ၂ နှစ် မခံ လိုက်ပါဘူး။ အသုံးချလို့ မရတော့လို့ ရှစ်မိုင် က Packet Switching အိတ်ချိန်းမှာ ဖုန်တတ် နေလေရဲ့။

အဲဒီနောက် Bagan Cyber Tech ဆိုပြီး ဗိုလ်ချုပ် ခင်ညွန့်သား ဒေါက်တာ ရဲနိုင်ဝင်း ရယ် အမေရိကန်နိုင်ငံသား (မြန်မာ) အောင်အေးထွဋ် ရယ် ပူးပေါင်းတည်ထောင်ပြီး အများပြည်သူကို ဝန်ဆောင်မှု ပေးပါတယ်။ အမေရိကန်နိုင်ငံက နောက်ဆုံးပေါ် အင်တာနက် သတင်း စီးဆင်းမှု ပိတ်ဆို့မှု နည်းပညာတွေ နဲ့ ရင်းနှီးမတည်ငွေတွေ ကို ကိုအောင်အေးထွဋ် က မြန်မာနိုင်ငံ ကို တင်ပို့ပေးခဲ့တာပါ။ အဲဒီပိတ်ဆို့မှု တွေ ကို ကျော်လွှားတဲ့ နည်းပညာတွေ ကိုလဲ အမေရိကန် ပညာရှင်တွေ ကပဲ မြန်မာနိုင်ငံကို သယ်ဆောင်လာပြီး Bagan Cyber Tech နဲ့ မြန်မာ့ဆက်သွယ်ရေး (MPT ) က မြန်မာ ပညာရှင်တွေဆီကတဆင့် အများ ကို ဖြန့်ဖြူးပေးခဲ့တာပါ။

အဲဒီတော့ အကျဉ်းချူံးလိုက်ရင် ပိတ်တဲ့ နည်းပညာကိုလဲ အမေရိကန်နိုင်ငံက ဝယ်ပြီး ကျော်လွှားတဲ့ နည်းပညာလဲ အမေရိကန်နိုင်ငံကပဲ ရခဲ့ကြတာပါ။

ကွန်ပျူတာနဲ့ မပတ်သတ်တဲ့ နည်းပညာ အကြောင်းပြောကြရအောင်။ ၁၉၉၅-၆ လောက်က ထင်ပါရဲ့။ ရန်ကုန်မှာနေပြီး ကားမောင်းဖူးသူတိုင်း သိတဲ့ ကိစ္စတခုပါ။ ယာဉ်ထိန်းရဲတွေကို အရှိန်နှုန်းထိန်း ကိရိယာတွေ တပ်ဆင်ပြီး မော်တော်ယာဉ်တွေ အရှိန်ထိန်း ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ ယာဉ်ထိန်းရဲတွေ အောက်ဆိုဒ် ပိုကောင်းတာနဲ့ ဗိုလ်ချူပ်သား၊သမီး တွေ အဖမ်းခံ ရတာပဲ ထူးလို့ ကိရိယာတွေ ပြန်သိမ်းလိုက်ရပါ သတဲ့။

တရုတ်ကြီး တယောက် က ပြောဖူးတယ် ။

"ပါးစပ် ပါရင် အဆင်ပြေတယ် …” တဲ့။

လွန်ခဲ့တဲ့ ၅ နှစ်လောက် က စစ်အစိုးရ အဖွဲ့ဝင် ဗိုလ်ချူပ်တယောက် နဲ့ စကားပြော ကြရာမှာ သူက

"နည်းပညာကို လူတွေက တီထွင်တာ၊ လူတွေကပဲ ပြန်ဖျက်ဆီးနိုင်တယ်။ သစ္စာရှိတဲ့ လူတွေ ခန့်မထားနိုင်ရင် ဒါမှမဟုတ် လူတွေကို သစ္စာရှိအောင် မမွေးနိုင်ရင် နည်းပညာတွေက အလကားပဲ …" တဲ့။

အဲဒီလို အမြင်မှန်ရှိတဲ့ လူကျတော့ လဲ ကြာကြာ မခံပါဘူး။ ပြုတ်သွားတာပဲ။

အဲဒီတော့ Search Engine ပြိုင်ပွဲက ထွက်လာတဲ့ ရလာဒ် လဲ

"ပါးစပ် ပါရင် အဆင်ပြေသွားမှာပါ" လို့။ ။
(Cartoon – Internet)

ကိုးကန့်အရေးအခင်း အခြားဒေသများကိုပါ ဂယက်ရိုက်
အောင်ကျော်မိုး / ၁ စက်တင်ဘာ ၂၀၀၉
line


လတ်တလော ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး အခြား ကချင်ဒေသ၊ ရှမ်းဒေသများသို့ပါ ဂယက် ရိုက်ခတ်မှုရှိနေကြောင်း စုံစမ်းသိရသည်။

ကချင်ပြည်နယ် ဖားကန့် လုံးခင်းတွင် နေထိုင်သူတဦးက “ပြီးခဲ့တဲ့ အပတ်ကစ ကျမတို့ ရပ်ကွက်ထဲက မိသားစုတွေကို ကေအိုင်အေက လိုက်ပြီး နှိုးဆော်တယ်။ အိမ်ထောင်စု (၁) စုကို အနည်းဆုံး ဆန် (၁) အိတ်နဲ့ ငွေကျပ် (၂) သောင်းလောက်တော့ အဆင်သင့်ပြင်ထား၊ ဆောင်ထားကြပါ။ ဒေသထဲမှာ တိုက်ပွဲတွေ ဖြစ်လာရင် မိသားစုတွေအနေနဲ့ အခက်အခဲ တစုံတရာ ဖြေရှင်းနိုင်အောင်လို့ဆိုပြီး ပြောတယ်။ အဲဒါ သူတို့ ကေအိုင်အေဗဟိုက ညွှန်ကြားတာလား၊ ဒါမှမဟုတ် နယ်မြေခံ ကေအိုင်အေ တာဝန်ရှိသူတွေကပဲ နှိုးဆော်တာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိဘူး” ဟု ပြောသည်။

အဆိုပါ ဖားကန့် လုံးခင်းဒေသသည် စစ်အစိုးရထိန်းချုပ်ထားသည့် ဒေသဖြစ်သော်လည်း အောက်ခြေ ပြည်သူလူထုထဲတွင်မူ ကေအိုင်အေတပ်ဖွဲ့၏ သြဇာသက်ရောက်မှုရှိသည့် ဒေသဖြစ်ကြောင်း သိရသည်။

အလားတူ မြစ်ကြီးနား စီတာပူတွင် နေထိုင်သူ ကချင်အမျိုးသမီးတဦးကလည်း “ကျမ အစ်ကိုက ကေအိုင်အေ ဆေးဌာနက အရာရှိတဦးပါ၊ လိုင်ဇာမှာ နေပါတယ်။ အခု သူတို့နယ်မြေမှာ အစိုးရနဲ့ တိုက်ပွဲဖြစ်ခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ ဒီတော့ သူပိုင်ဆိုင်သမျှတွေ သယ်လို့ လွယ်တာတွေ ကျမအိမ်ကို ယူလာပြီး လာအပ်ထားတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်ရှိ အပစ်ရပ်ငြိမ်းအဖွဲ့တခုဖြစ်သည့် အန်ဒီအေ (ကချင်) ခေါ် ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့်အဖွဲ့သည် နအဖ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံထားသည့် အဖွဲ့ဖြစ်ပြီး လောလောဆယ် လက်နက်စာရင်းပြုစု ပေးအပ်ခြင်း၊ လူစာရင်း ပြုစုပေးအပ်ခြင်းတို့ ပြုလုပ်ပြီးနောက် နအဖစစ်တပ်ထံမှ စစ်သင်တန်းယူခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။

အလားတူ ရှမ်းပြည် မိုင်းလား အထူးဒေသအနီး မိုင်းယောင်းဘက်တွင် စစ်အစိုးရတပ်တို့၏ စစ်ရေးပြင်ဆင်လှုပ်ရှားမှု သတင်းများရ၍ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆန်း၌လည်း လူများ လှုပ်လှုပ်ရှားရှားဖြစ်နေကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတခုမှ အမည်မဖော်လိုသူ မြန်မာနိုင်ငံသား အရာရှိတဦးက အီးမေးလ်မှတဆင့် ပြောကြားသည်။

၎င်းက “ကိုးကန့်ကိစ္စမှာ စစ်အစိုးရက အဓိက ပြောနေတာ လက်နက်စက်ရုံကိစ္စ၊ ဒီလက်နက်စက်ရုံဆိုတာ ဝနယ်မှာလည်း ရှိတယ်၊ မိုင်းလားမှာလည်း ရှိတယ်၊ ကချင် အထူးဒေသ (၁) ပန်ဝါမှာလည်း ရှိတယ်။ ဒီတော့ စစ်အစိုးရက ပြဿနာရှာရင် ပြဿနာရှိလာနိုင်တယ်။ အခု မဲခေါင်မြစ် အနောက်ဘက်ခြမ်း မိုင်းယောင်းမှာ အစိုးရတပ်တွေ ပြင်ဆင်နေတယ်ဆိုတဲ့သတင်း ပန်ဆန်းကလူတွေ ရတယ်။ အဲဒီနေရာက မိုင်းလားအထူးဒေသနဲ့ နီးတယ်။ ဒီတော့ ဘာဖြစ်လာဦးမလဲဆိုပြီး ပြောဆိုနေကြတာတွေ ရှိတယ်” ဟု ပြောသည်။

အဆိုပါ ဝအဖွဲ့၊ ဦးဖုန်ကျားရှင်၏ ကိုးကန့်အဖွဲ့၊ ဦးစိုင်းလင်း ခေါင်းဆောင်သည့် မိုင်းလားအဖွဲ့၊ ကေအိုင်အို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (၄) ဖွဲ့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို နောင်အစိုးရတက်လာမှ ဆွေးနွေးမည်ဆိုပြီး သဘောထားပေးထားသည့် အဖွဲ့များဖြစ်သည်။



ရန်ကုန်တွင် စက်တင်ဘာတလလုံး အရေးပေါ်ကာလ သတ်မှတ်ထား
မျိုးချစ်သူ/ ၁ စက်တင်ဘာ ၂၀၀၉
line


သြဂုတ် (၂၉) ရက်နေ့မှစ၍ ရန်ကုန်တွင် အရေးပေါ်ကာလ သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အရာထမ်းတဦးက ပြောသည်။

အင်အားပြ ရဲကားများကို စက်တင်ဘာတလလုံး အင်အားပြသွားမည်ဖြစ်ပြီး နေရာအနှံ့တွင် လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားမည်ဖြစ်ကြောင်း အဆိုပါ ရဲအရာထမ်းက ပြောသည်။

ကျောက်တံတားမြို့နယ်မှ ရဲအရာရှိတဦးက “ရန်ကုန်မှာ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ သတင်းရထားလို့ အခုလို ရဲကားတွေ ၀တ်စုံပြည့်နဲ့ လှည့်လည်ပြီး လုံခြုံရေးအင်အားပြနေရတာဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့ခံမျက်မြင်တဦးက “ဒီနေ့ဆို ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရဲတွေကို သေနတ်တွေ အသင့်အနေအထားကိုင်ပြီးတော့ ချထားတယ်၊ လမ်းထိပ်တခုစီမှာ (၃) ဦးစီချထားတာ တွေ့ရတယ်” ဟု ပြောသည်။

ယခုရက်များအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်များအလိုက် လုံခြုံရေးကားများ စီတန်းလှည့်လည်နေသည်ကိုတွေ့ရကြောင်း ရန်ကုန် မြို့ခံများက ပြောသည်။

“ပြီခဲ့တဲ့လ (၂၉) ရက်၊ နေ့လယ် (၂) နာရီကျော်လောက်ကဆို ဆူးလေဘုရားရှေ့မှာ ၀တ်စုံပြည့် ရဲကား (၆) စီး ရပ်ထားတယ်။ လက်နက်တွေ အပြည့်ပဲ။ ဒါကတော့ စက်တင်ဘာ ရောက်တော့မှာမို့ လုံခြုံရေးချတာ ဖြစ်မယ်လို့ လူတွေက တွေးနေကြတယ်။ ဘတ်စ်ကားမှတ်တိုင်ရှေ့မှာဆိုတော့ ခရီးသွားတွေက အာရုံတွေနောက်နေကြတယ်” ဟု ဆူးလေခရီးသည်တင်ကားဂိတ်ရှိ ယာဉ်ကြီးကြပ်သူတဦးက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “သံဃာ့အရေးအခင်းဖြစ်ခဲ့တဲ့ စက်တင်ဘာလကို ရောက်လာပြီဆိုတော့ လုံခြုံရေးအင်အားပြချင်တာလည်း ပါတာပေါ့။ ဘာမှလုပ်ဖို့ မစဉ်းစားနဲ့၊ ဒီမှာတွေ့လားလို့ ပြောနေတာနဲ့ တူတူပါပဲ” ဟု ပြောသည်။

၂၀၀၇ ခု၊ စက်တင်ဘာ (၅) ရက်တွင် ပခုက္ကူမြို့၌ သံဃာတော်များ ငြိမ်းချမ်းစွာမေတ္တာပို့လမ်းလျှောက်သည်ကို နအဖစစ်အစိုးရက သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးခဲ့ရာမှ မြန်မာနိုင်ငံအနှံ့သံဃာတော်များ လှည့်လည်ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာ စစ်အစိုးရအာဏာပိုင်များက သံဃာတော်များအား ပစ်ခတ် ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ၂၀၀၇ ခု စက်တင်ဘာတွင် သံဃာတော်များက သပိတ်မှောက်ကံဆောင်ထားသည်မှာ ယနေ့အချိန်အထိ ကံသပိတ်မလှန်ရသေးပေ။



တရားမ၀င်လိုင်းကြေးဆောင်အနှိပ်ခန်းများ မှိုလိုပေါက်
အောင်ထက် / ၁ စက်တင်ဘာ ၂၀၀၉
line


ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းတွင် အလှပြင်ခန်း (Beauty Saloon) ဆိုင်းဘုတ်တင်ထားသော အနှိပ်ခန်းများ ပိုမိုများပြားစည်ပင်နေသည်။

အနှိပ်ခန်းများတည်ရှိရာ လမ်းထိပ်များတွင် အနှိပ်ခန်းပွဲစားများ၏ စည်းရုံးလူခေါ်နေမှုများကြောင့် ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေကြသည်။

အနှိပ်ခန်းအမျိုးသမီးငယ်များက အမြင်မသင့်တော်သည့် အ၀တ်အစားများဝတ်ကာ လက်ဟန်ခြေဟန်ဖြင့် ဧည့်သည်အား ဆွဲဆောင်နေမှုများသည် အများအမြင်၌ မသင့်တော်ဟု ခရီးသွားများက ပြောသည်။

အောင်မင်္ဂလာကားဝင်းအတွင်းရှိ မော်လမြိုင်လမ်း၊ တနင်္သာရီလမ်း၊ ပုဂံ၊ မြောင်းမြ၊ ဒဂုံ၊ မကွေး၊ စစ်တွေလမ်းတိုင်းလိုလို၌ အဆိုပါ အလှပြင်ခန်းအမည်ခံ (မာဆတ်) အနှိပ်ခန်းများရှိပြီး လူခေါ်ပွဲစားများလည်း ပိုများလာကြောင်း မျက်မြင်တို့က ပြောသည်။

အဝေးပြေးကားဝင်း ပင်မ၀င်ပေါက်နှင့် ပတ္တမြားဆောင်အနီး၌ စွဲလမ်း၊ လင်းလက်၊ တနင်္သာရီလမ်း၌ New Dream, Shine, ဥဿာလမ်း၌ He&She, မိုးဆမ်းပန်း၊ စက်မှုလမ်း၌ ဧကရီ၊ သရဖူ၊ ဧပရယ်ဦး၊ Romantic, Spice Girls တို့နှင့် အဝေးပြေးတ၀င်းလုံး၌ မာဆတ်အနှိပ်ခန်း (၃၈) ဆိုင်ရှိသည်ဟု ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

အဆိုပါ အနှိပ်ခန်းများသို့ လာရောက်အပန်းဖြေသည့် ဧည့်သည်များအတွက် ၀န်ဆောင်ခမှာ အိပ်စင်နှင့် တနာရီ Section (၃,၀၀၀) ကျပ်၊ အိပ်ခန်းနှင့် (၄,၀၀၀) ကျပ် သတ်မှတ်ထားကြောင်း၊ မာဆတ်မိန်းကလေးအများစုမှာ အသက် (၂၀) နှင့် (၂၅) နှစ်အကြား ရှိကြပြီး ဆိုင်ပိုင်ရှင်က တနာရီ Section (၅၀၀) ကျပ် လုပ်အားခရှင်းပေးကြောင်း ၀န်ထမ်းမိန်းကလေးတဦးက ပြောသည်။

အသွေးအသားဆက်ဆံ၍ရသည့် မာဆတ် (အနှိပ်ခန်း) အချို့ရှိသည်ဟု သိရပြီး ၀န်ဆောင်မှုမှာ အထက်ပါငွေကြေးထက် အနည်းငယ်ပိုသည်ဟု သိရသည်။

ဆိုင်ပိုင်ရှင်များအနေဖြင့် စစ်ဘက်လုံခြုံရေး၊ ဒုစရိုက်နှိမ်နင်းရေး၊ သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး၊ မှုခင်းတပ်ဖွဲ့၊ နယ်မြေရဲကင်းအပါအ၀င် အဖွဲ့အစည်း (၂၀) ခန့်ကို ညစဉ် လိုင်းကြေးပေးနေရသည်။

အောင်မင်္ဂလာအဝေးပြေးကားဝင်းသည် မြောက်ဥက္ကလာပအုပ်ချုပ်ရေးအတွင်း ရှိသည့်အတွက် ကားဝင်းတာဝန်ရှိသူများ သာမက မြောက်ဥက္ကလာပနယ်မြေ လုံခြုံရေးတို့ကိုပါ လိုင်းကြေးပေးဆောင်နေရပြီး တလလျှင် (၃) သိန်းနှင့် (၅) သိန်းကြား ရှိသည်ဟု ဆိုင်ပိုင်ရှင်များကပြောသည်။ နေရာအလိုက် ဆိုင်ခန်းငှားရမ်းခမှာ (၅) သိန်းနှင့် (၇) သိန်းကြားရှိသည်။

တပ်မတော်၊ ရဲ အငြိမ်းစားအရာရှိများ၊ ငြိမ်းချမ်းရေးအဖွဲ့ဝင်များ ဖွင့်လှစ်သည့် အနှိပ်ခန်းများသည် လိုင်းကြေး ပေးဆောင်ရမှု အခြားအနှိပ်ခန်းပိုင်ရှင်များထက် နည်းသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း တရားဝင်ဖွင့်လှစ်ထားသော အမျိုးသမီးအလှပြင်ဆိုင် (Beauty Saloon) များသည် မြို့နယ်အလိုက်၊ ဆိုင်ခန်းအပြင်အဆင် အကျယ်အ၀န်းအလိုက် စည်ပင်သာယာသို့ လုပ်ငန်းလိုင်စင်ကြေး နှစ်စဉ်ပေးသွင်းကြရသည်။

အောင်မင်္ဂလာကားဝင်း အနှိပ်ခန်းများသည် စည်ပင်သာယာ (အခွန်ဌာန) သို့ လုပ်ငန်းလိုင်စင်ကြေး၊ အမြတ်ခွန်ဌာနသို့ အမြတ်ခွန်ပေးဆောင်စရာမလိုသော်လည်း လစဉ် (တရားမ၀င်) လိုင်းကြေး ပေးဆောင်နေရသည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။

အောင်မင်္ဂလာကားဝင်းအတွင်း Beauty Saloon ဆိုင်းဘုတ်တင် အနှိပ်ခန်းများတွင် တရားဝင်လုပ်ငန်းလိုင်စင် ပေးဆောင်ထားသည့် ဆိုင်ခန်းအရေအတွက် မည်မျှ ရှိမရှိ အဝေးပြေးကားဝင်း စည်ပင်သာယာ (အခွန်ဌာန) သို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ကားဝင်းအတွင်း အနှိပ်ခန်းများ ယမန်နှစ်မှစ၍ များပြားလာသည့်အတွက် အဆိုပါကားဝင်းအား တရားဝင်လုပ်ကိုင်ခွင့် ပေးထားသော ပြည့်တန်ဆာဝင်းဟု ရန်ကုန်မြို့ခံအချို့က ပြောဆိုကြပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်မပေးနိုင်သည့် အစိုးရ၏ အားနည်းချက်ဟု အများက သုံးသပ်ကြသည်။






အင်္ဂပူမြို့နယ်ရှိ အသိမ်းခံလယ်မြေအချို့ကို
ကျေးရွာဥက္ကဋ္ဌက စိတ်ပိုင်းရောင်းချ
မင်းနိုင်သူ / ၁ စက်တင်ဘာ ၂၀၀၉
line


ဟင်္သတ-ကြံခင်းကားလမ်း ဖောက်လုပ်ရေးစီမံကိန်းအတွက် ဧရာဝတီတိုင်း ဟင်္သတခရိုင် အင်္ဂပူမြို့နယ်တွင်းရှိ လယ်မြေများ အသိမ်းခံကြရပြီး ကားလမ်းကြောဘေးတဖက်တချက်ရှိ ကျန်လယ်မြေအချို့ကိုလည်း ဒေသအာဏာပိုင်များက လူနေအိမ်မြေ အဖြစ် စိတ်ပိုင်းရောင်းချမှုများ ပြုနေကြောင်း ဒေသခံလယ်သမားတဦးက ပြောသည်။

၎င်းက “ဒီနှစ် မေလမှာ ကားလမ်းဖောက်ဖို့ဆိုပြီး လယ်မြေတွေသိမ်းတယ်ဗျာ။ ကားလမ်းဖောက်ပြီးသွားတော့ ဦးအေးသွင်ရဲ့ ကျန်တဲ့လယ်မြေကို ကျေးရွာဥက္ကဋ္ဌ ဦးအောင်သန်းဌေးနဲ့ စာရေးဦးကျော်မြင့်တို့က လူနေအိမ်မြေအဖြစ်နဲ့ စိတ်ပိုင်းရောင်းချတယ်။ ကျန်တဲ့လယ်မြေတွေကိုပါ စိတ်ပိုင်းရောင်းချဖို့ လုပ်နေကြတယ်” ဟု ပြောသည်။

အင်္ဂပူမြို့နယ်၊ ကွင်းကောက် ခြောက်ရွာအုပ်စုရှိ သုံးကွင်းဆိုင်ကျေးရွာဥက္ကဋ္ဌက ကားလမ်းဖောက်လုပ်ပြီး ကျန်ရှိသည့် လယ်မြေများကို လူနေအိမ်ခြေအဖြစ် ၎င်းသဘောအတိုင်း စိတ်ပိုင်းရောင်းချမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဦးအေးသွင်ရဲ့လယ်ကို ဥက္ကဋ္ဌက သူ့သဘောနဲ့သူ အကွက် (၉) ကွက်ရိုက်ပြီး တကွက်ကို (၁) သိန်းခွဲနဲ့ (၈) ကွက်ရောင်းတယ်။ ကျန်တဲ့တကွက်ကိုတော့ မြေရှင်မို့လို့ (၅) သောင်းနဲ့ရောင်းပေးမယ်ဆိုပြီး ဦးအေးသွင်က ကိုယ့်မြေကို (၅) သောင်းပေးပြီး ပြန်ဝယ်ထားရတယ်။ ဒီကိစ္စကို မယကကို တိုင်ပေမယ့်လည်း အခုချိန်ထိ ဘာမှဖြစ်မလာဘူး။ ဘာမှ ဖြေရှင်းမပေးဘူး” ဟု ဒေသခံလယ်သမားက ပြောသည်။

ဒေသအာဏာပိုင်များက ဖြေရှင်းပေးမှု မရှိသည့်အတွက် ယင်းကိစ္စကို အင်္ဂပူမြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌမှတဆင့် အန်အယ်လ်ဒီ ဗဟိုတောင်သူလယ်သမားလုပ်ငန်းကော်မတီကို အစီရင်ခံတင်ပြထားကြောင်း အင်္ဂပူမြို့နယ်မှ အဆိုပါ ဒေသခံလယ်သမားက ဆက်လက်ပြောဆိုသည်။

“ကျနော်တို့က သက်ဆိုင်ရာကို တင်ပြတယ်ဗျာ။ ဖြေရှင်းပေးမှုမရှိဘူး။ ဒီလို ရွာဥက္ကဋ္ဌ ထင်ရာလုပ်နေတာကို လက်ပိုက်ကြည့်နေကြတော့မှာလားမသိဘူး။ ကားလမ်းအတွက် မြေပေးဆိုလို့လည်း ပေးလိုက်ရပြီးပြီ။ ကျန်တဲ့အပိုင်းကို စိတ်ပိုင်းရောင်းတယ်ဆိုတာကတော့ မလုပ်သင့်တာကို လုပ်သွားတာ။ မတရားတာ။ ဒါ့ကြောင့် အင်္ဂပူအန်အယ်လ်ဒီဥက္ကဋ္ဌ ဦးကိုကိုမြင့်ကနေတဆင့် အစီရင်ခံထားတယ်။ လယ်ပိုင်ရှင် ဦးအေးသွင်နဲ့အသိသက်သေတွေ ကိုယ်တိုင်လက်မှတ်ထိုးပြီး တင်ပြထားတာ” ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ အန်အယ်လ်ဒီ ဗဟိုတောင်သူလယ်သမားလုပ်ငန်းကော်မတီသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက “အဲဒီကိစ္စကို ကျနော်တို့ လက်ခံရရှိထားပါတယ်။ အဲဒီဘက်တကြောမှာ လယ်မြေသိမ်းခံရတဲ့ လယ်သမားတွေ အများကြီးရှိပါတယ်။ အခုကိစ္စကတော့ ဦးကိုကိုမြင့်ကနေတဆင့် လယ်သမားတွေကိုယ်တိုင် လက်မှတ်ရေးထိုး အစီရင်ခံထားတာပါ” ဟု ပြောဆိုသည်။

မလေးရှားဖုန်းကတ်များ မြန်မာပြည်တွင် ရောင်းချ Print E-mail
မေကျော်
အင်္ဂါနေ့၊ စက်တင်ဘာလ 01 ရက် 2009 ခုနှစ် 19 နာရီ 00 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မလေးရှားနိုင်ငံတွင်းသုံး ကြိုတင်ငွေချေစနစ် Pre-paid ဖုန်းကတ်များကို မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသည်။

မြန်မာပြည်တွင်း ကုမ္ပဏီ DISys. Co., Ltd က မလေးရှားနိုင်ငံသို့ သွားရောက်မည့်သူများကို ရည်ရွယ်ပြီး မလေးရှားတွင် အသုံးပြုရန် Maxis ကုမ္ပဏီထုတ် Hot Link ဂျီအက်စ်အမ် ဖုန်းကတ်များကို ၁၈ ဒေါ်လာဖြင့် ရောင်းချပေးလျက်ရှိသည်။

ဖုန်းကတ် ဝယ်ယူလိုသူများအနေဖြင့် အမေရိကန် ဒေါ်လာ ၁၈ နှင့် မလေးရှား ဗီဇာ၊ မလေးရှားတွင် နေထိုင်မည့် လိပ်စာ၊ နိုင်ငံကူးလက်မှတ် မိတ္တူနှင့် ဖုန်းကတ် မှတ်ပုံတင် ပုံစံကို ဖြည့်ပြီး မိမိလိုချင်သော ရက်ထက် ၂ ရက်ခန့် ကြိုဝယ်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မလေးငွေ ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာ ပေါက်ဈေးအရ မလေးရင်းဂစ် ၃၀ ဖိုး ဖုန်းခေါ်ဆိုနိုင်သော ဖုန်းကဒ်တခုကို ရင်းဂစ် ၆၃ ပေးဝယ်ရခြင်း ဖြစ်သည်။

မလေးနိုင်ငံတွင် ဝယ်ယူရရှိနိုင်သည့် နှုန်းထားထက် များလွန်းနေသည်ဆိုသော ဝေဖန်မှုများနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ “လိုင်းအမျိုးမျိုး ရှိတာကိုး။ ဒီဥစ္စာက ကုမ္ပဏီက ချပေးတဲ့ ဈေးပါ” ဟု DISys Co., Ltd အရာထမ်းတဦးက ပြောသည်။

တယ်လီဖုန်းကတ်ကို အသုံးပြုလျှင် မလေးရှားနိုင်ငံတွင်း ပြောဆိုမှုအတွက် တစ်မိနစ်လျှင် ၀.၃၃ ရင်းဂစ် ကုန်ကျမှာဖြစ်ပြီး မလေးရှားမှ မြန်မာနိုင်ငံသို့ ခေါ်ယူမည်ဆိုလျှင် တစ်မိနစ်အတွက် ၀.၉၉ ရင်းဂစ် ကျသင့်မည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများအနက် ထိုင်းနိုင်ငံပြီးလျှင် မလေးရှားသည် ဒုတိယအများဆုံး နိုင်ငံဖြစ်လာပြီး၊ တရားဝင် လုပ်သားအရေအတွက်ပင် ၁ သိန်း ၄ သောင်းကျော် ရှိကာ တရားမဝင် လုပ်သားအရေအတွက်က အဆများမည်ဟု ခန့်မှန်းထားကြသည်။

နိုင်ငံတကာကျောင်းတွင် ကျောင်းသား ၅ ဦး A (H1N1) ကူးစက်ခံရ Print E-mail
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ စက်တင်ဘာလ 01 ရက် 2009 ခုနှစ် 19 နာရီ 46 မိနစ်


နယူးဒေလီ ။ ။ ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကျောင်းတကျောင်း၌ ကျောင်းသား ၅ ဦးတွင် A (H1N1) တုပ်ကွေးရောဂါ ကူးစက်ခံရသဖြင့် ကျောင်းကို သီတင်းပတ် တပတ်ကြာ ပိတ်ထားရသည်။

ဗဟန်းမြို့နယ်အတွင်းရှိ International School Yangon – ISY ကျောင်းတွင် သူငယ်တန်းမှ ၄ တန်းအတွင်း သင်ကြားနေသော ကျောင်းသားများတွင် နောက်ဆုံးပေါ် တုပ်ကွေး တွေ့ရှိပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းခေတ္တပိတ်ပေးရန် ညွှန်ကြားခဲ့သည်။

“ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းပိတ်ခိုင်းထားတာပါ။ ကျောင်းသား ၅ ယောက် A (H1N1) ကူးစက်ခံရလို့လေ။ အခု ၃ ယောက်ကတော့ သက်သာသွားပြီ။ လာမယ့်သီတင်းပတ်မှာ ကျောင်းတက်နိုင်တော့မှာပါ” ဟု ကျောင်းဒါရိုက်တာ မစ္စတာ တင်ထရာဗာ့ (Tim Travers) က မဇ္ဈိမကို ပြောသည်။ လာမည့် တနင်္လာနေ့တွင် ကျောင်းကိုပြန်ဖွင့်ရန် စီစဉ်ထားသည်။

ကျောင်းပြန်ဖွင့်သည့်အခါ A (H1N1) ကြိုတင်ကာကွယ်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၊ စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးတို့မှ အကြံပြုချက်အရ ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။

ISY ကျောင်းတွင် နိုင်ငံပေါင်း ၃၀ ခန့်မှ ကျောင်းသား ၄၂၇ ဦး ပညာသင်ကြားလျက်ရှိရာ မြန်မာကျောင်းသား ဦးရေ ၁၀၀ ကျော် ပါဝင်ပြီး ၁၂ တန်းအထိ ပညာသင်ကြားပေးနေသည်။

မြန်မာနိုင်ငံတွင် ယမန်နေ့အထိ A (H1N1) ကူးစက်ခံရသူ ဦးရေ ၃၀ တွေ့ရှိခဲ့ရာ ၂၅ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကာ ကျန် ၅ ဦးမှာလည်း သက်သာနေပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများက ရေးသားဖော်ပြကြသည်။

ကိုးကန့်အရေး အမေရိကန် စိုးရိမ်မကင်းဖြစ်

31 August 2009


မြန်မာစစ်တပ်က တရုတ်-မြန်မာနယ်စပ်ရှိ လူနည်းစု ကိုးကန့်တွေအပေါ် တိုက်ခိုက်နေတာတွေ ရပ်တန်းက ရပ်ပါလို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ မြန်မာပြည် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီးမှာ မြန်မာစစ်တပ်က ကိုးကန့်လူမျိုးတွေကို တိုက်ခိုက်နေတာကြောင့် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီ (Ian Kelly) က မနေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အင်အားသုံး တိုက်ခိုက်တာတွေကို အသုံးမပြုဘဲ ဒီမိုကရေစီ အင်အားစုတွေနဲ့ စားပွဲဝိုင်းမှာ အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ပါလို့ အမေရိကန် ပြည်ထောင်စုက ထပ်လောင်း တိုက်တွန်းလိုက်ပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကိုးကန့် စစ်ပြေးဒုက္ခသည် ၃၀,၀၀၀ ကျော်ဟာ တရုတ်နိုင်ငံထဲမှာ ခိုလှုံခဲ့ကြပြီး အခု တချို့ အိမ်ကိုပြန်ခဲ့ကြပါတယ်။ ဒါပေမယ့် အပစ်ရပ်ထားတယ်လို့ မြန်မာစစ်တပ်ရဲ့ အပြောကို မယုံကြတဲ့အတွက် အထိတ်တလန့် ရှိနေကြဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

အနှစ် ၂၀ ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲတွေအတွင်း မြန်မာစစ်သား ၂၆ ယောက် ကျဆုံးခဲ့ပြီး ကိုးကန့်ဘက်က ၈ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာစစ်တပ်ဘက်က ပြောပါတယ်။

အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်တွေအဖြစ် အသွင်ပြောင်းဖို့အတွက် စစ်အစိုးရက ကမ်းလှမ်းထားပေမယ့် အပစ်ရပ်အဖွဲ့တွေက လက်မခံတာကြောင့် အခုလို ပဋိပက္ခတွေ ဖြစ်ကြရတယ်လို့ ပြည်ပရောက် အတိုက်အခံအဖွဲ့တွေက ပြောနေကြပါတယ်။


လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည်

31 August 2009


နေအိမ်မှာ အကျယ်ချုပ် ပြန်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနေထိုင်နေတဲ့ နေအိမ်ကို ပြန်ပြီးတော့ ပြင်ဆင်ဖို့ လုပ်နေပါတယ်။ လုံခြုံရေးအရ အားနည်းချက်တွေ ရှိနေတဲ့အတွက် အခုလို ပြင်ဆင်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဘ၀နဲ့ လက်ရှိနေထိုင်နေရတဲ့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ် မြို့နယ်ထဲက နေအိမ်ဟာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း နေအိမ်အကျယ်ချုပ် ဘ၀နဲ့ ရော၊ နိုင်ငံရေးလှုပ်ရှားမှု ကာလတွေမှာရော တောက်လျှောက် နေထိုင်လာခဲ့တဲ့ အိမ်ပါ။ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တော (John William Yettaw) အိမ်ထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်လာခဲ့လို့ နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး အင်းစိန်ထောင်ဝင်းထဲမှာ ပြောင်းရွှေ့ချုပ်နှောင် ခံရပြီးတော့ အမှုရင်ဆိုင်နေရတဲ့ ကာလမှာကတည်းက အိမ်ပြင်ဖို့ ပြောဆိုခဲ့ပြီး အခုတော့ စတင်လုပ်ဆောင်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အင်းစိန်မှာ နေကတည်းကိုက ကျနော်တို့ကို ပြောပါတယ်၊ ဒီအိမ်ဟာ အပေါ်ဝရန်တာတို့ လသာဆောင်တို့ ဘာတို့မှာ သံပန်း၊ သံတံခါး မရှိဘူး။ မတော်တဲ့လူအတွက် သိပ်လွယ်နေတယ်။ အဲဒါကြောင့် လုံခြုံရေးအရ ပြင်ဖို့လိုတယ်၊ သူ့ကို ဗိသုကာ ရှာပေးပါဆိုလို့ ကျနော်တို့ ရှာပေးထားတယ်။ ဗိသုကာက အိမ်သွားကြည့်တယ်၊ တိုင်းတယ်၊ သူ ပြင်ချင်တဲ့ဟာကို ဒီဇိုင်းဆွဲနေတယ်။ အဲဒီအဆင့်ပါ။”

နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တာမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး အင်းစိန်ထောင်ဝင်းတွင်း စစ်ဆေးခဲ့တဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်ချ၊ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြောင်းအမျိုးမျိုးနဲ့ စာနာထောက်ထားလို့ဆိုပြီး ပြစ်ဒဏ်ကို ထက်ဝက်လျှော့၊ နေအိမ်မှာ ကန့်သတ်ချက်တွေနဲ့အညီ ပြန်နေစေလို့ အမိန့်ချတဲ့ရက် မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်း၊ အင်းလျားကန်ဘက်ခြမ်းကို ခြံစည်းရိုးကာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အာဏာပိုင်တွေဘက်ကနေ ဒါပဲလုပ်တာတွေ့ပြီး ကျန်တဲ့ ပြင်ဆင်မှုတော့ မတွေ့ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်သိတာကတော့ အင်းလျားကန်ဘက်မှာ Barbed Wire နဲ့ သံဆူးကြိုးနဲ့ နှစ်ထပ်၊ ဒါကတော့ အာဏာပိုင်တွေ လုပ်တာပါ။ ကျန်တဲ့နေရာတွေ ပြင်တာပြုတာတော့ ကျနော်သွားတဲ့အချိန် မတွေ့ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုချမှတ်ထားတဲ့ ကန့်သတ်တားမြစ်ချက်တွေဟာ အရင်တုန်းက နေအိမ် အကျယ်ချုပ်ဘ၀ နဲ့ နေခဲ့ရဖူးတဲ့ ကန့်သတ်ချက်တွေထက် ပိုပြင်းထန်ပြီး အခြေအနေ ပိုဆိုးရွားတယ်လို့ ပြီးခဲ့တဲ့ရက်တွေအတွင်း ဦးဉာဏ်ဝင်း က ပြောထားဖူးပါတယ်။ အဲဒီထဲမှာ ထောက်ပြတဲ့ တချက်ကတော့ ဆရာဝန်တွေ့ခွင့် ကိစ္စပါ။ နေအိမ်မှာ ပြန်ရောက်ပြီးတဲ့ နောက် ဆရာဝန်တဦးကို အာဏာပိုင်တွေက လွှတ်ပေးခဲ့ပေမယ့် သူပြနေကျ ဆရာဝန် မဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် က လက်မခံခဲ့ပါဘူး။ သူ့ကျန်းမာရေးကို တောက်လျှောက် ကြည့်ရှုလာခဲ့ပြီး ကျန်းမာရေးမှတ်တမ်း၊ ဆေးကုသမှုမှတ်တမ်း စတာတွေကို အစအဆုံး သိထားတဲ့ ဆရာဝန်နဲ့ပဲ ပြသခွင့် တောင်းခံထားတာကို အာဏာပိုင်တွေ ဘက်က အခုချိန်ထိ အကြောင်းမပြန်သေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဲဒါနဲ့ပတ်သက်ပြီး အာဏာပိုင်ဘက်က တိတိကျကျ ပြန်ကြားတာ မရှိသေးဘူးလို့ပဲ ကျနော် သိရပါတယ်။”

တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပေါ် ကျေနပ်မှုမရှိတဲ့အတွက် ဒါကို အယူခံဝင်ဖို့ ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီသီတင်းပတ်ထဲမှာတော့ အယူခံ လွှာ တင်ဖြစ်သွားဖို့ များပါတယ်လို့ ဦးဉာဏ်ဝင်းကပဲ ပြောပါတယ်။

အမှုမဖြစ်ခင် ကျခံနေရတဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်ခါနီးလေးမှာပဲ မစ္စတာယက်တော ရေကူးဝင်ရောက်ခဲ့တာ ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရုံးတင်တရားစွဲဆိုပြီး အခုလို နောက်ထပ် နေအိမ်အကျယ်ချုပ် ၁၈ လတာ ကာလကို ဖြတ်သန်းနေရတာပါ။ ဒီအမှုဟာ ဥပဒေကြောင်းအရ မဟုတ်ဘဲ နိုင်ငံရေး ပယောဂနဲ့ စွဲဆိုခဲ့တာ ဖြစ်တယ်လို့ အမှုစဖြစ် ကတည်းက ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ဘယ်လိုနည်းနဲ့မှ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်နိုင်ခြင်း မရှိအောင် အာဏာပိုင်တွေက အခုလိုလုပ်တာလို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဝေဖန်ပြစ်တင်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ချန်လှပ်ထားခဲ့လို့ မဖြစ်နိုင်တာကြောင့် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးပြီး မြန်မာပြည်နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ထဲမှာ အပြည့် အ၀ ပါဝင်ခွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးက တောင်းဆိုနေကြပါတယ်။


စီးပွားရေး အကျိုးဆက်အဖြစ် လူကုန်ကူးခံရမှု များပြားလာ
2009-09-01
မြန်မာစစ်အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲပုံ ညံ့ဖျင်းမှုကြောင့် အကျိုးဆက်အဖြစ် မြန်မာအမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဟာ လူကုန်ကူးရောင်းစားခံရတာမျိုး အဓမ္မ ပြုကျင့်ခံရတာမျိုးတွေ များလာနေကြောင်း၊ အမျိုးသမီးနဲ့ ကလေးများအခွင့်အရေး အစီအစဉ် Women and Child Rights Project (WCRP) အဖွဲ့က ၂ဝဝ၄ ကနေ ၂ဝဝ၉ ခုနှစ်အတွင်း လေ့လာပြုစုထားတဲ့ အစီရင်ခံစာက ဆိုပါတယ်၊
စီးပွားရေးချို့တဲ့မှုကြောင့် အလုပ်အကိုင် ရရှိရေးကိုသာ အာရုံစိုက်နေကြတဲ့ မြန်မာအမျိုးသမီးတွေဟာ သူတို့ ဘယ်ကိုသွားရမယ်ဆိုတာ အသေချာမသိရပဲ နောက်ဆုံးမှာ လူကုန်ကူးသူ ပွဲစားတွေရဲ့ ရောင်းစားခြင်းကို ခံကြရကြောင်း ၊ အိမ်အကူအဖြစ် လုပ်ကိုင်နေသူတွေဟာလည်း နိုင်ငံခြားသား အိမ်ရှင်တွေရဲ့ အဓမ္မ ပြုကျင့်စော်ကားမှုကို ခံရပြီး ဖြေရှင်းမရတဲ့ ပြဿနာအဖြစ် ရင်ဆိုင်ရကြောင်း အစီရင်ခံစာက ဆိုပါတယ် ၊
Nowhere else to go (ပြေးစရာမြေမရှိ) ဆိုတဲ့ အဆိုပါ အစီရင်ခံစာနဲ့ပတ်သက်လို့ WCRP အဖွဲ့တာဝန်ခံ မွန်အမျိုးသမီး မိကျရိုင်နွန်ကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဘုရားသုံးဆူဒေသတွင်း KNU နှင့် DKBA တပ်များ စစ်ရေးတင်းမာ
2009-09-01
KNU တပ်မဟာ ၆ ထိန်းချုပ်ထားရာ နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ဘုရားသုံးဆူနားက မဲကသာရွာအတွင်းကို DKBA တပ်ရင်း ၉ဝ၇ ဒုဗိုလ်မှူးကြီး စောနော်တယာ ဦးဆောင်တဲ့ တပ်တွေက သြဂုတ်လ ၃ဝ ရက်နေ့ ည၁ဝနာရီလောက်မှာ ဝင်ရောက် တပ်စွဲလိုက်တာကြောင့် KNU နဲ့ DKBA ကြား စစ်ရေးအရ တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
DKBA ဒုဗိုလ်မှူးကြီး စောနော်တယာရဲ့ တပ်တွေဟာ စစ်စခန်းဆောက်လုပ်ဖို့နဲ့ ခံတုတ်ကျင်းတွေ ဆောက်လုပ်ဖို့ စက်တင်ဘာ ၁ ရက် နေ့လည်မှာ ရွာသူရွာသားတွေကို လုပ်အားပေး ဆင့်ခေါ်ခဲ့ကြောင်း သိရပါတယ်။
DKBA တပ်တွေ KNUနယ်မြေထဲကို ဝင်လာတယ်ဆိုပေမဲ့ ကရင်အမျိုးသားအချင်းချင်း သွေးထွက်သံယို ဖြစ်မဲ့ စစ်ပွဲမျိုးကို ရှောင်ရှားလိုတာကြောင့် မဲကသာရွာထဲကို ဝင်ခွင့်ပြုခဲ့ကြောင်း KNUတပ်မဟာ ၆ က ဗိုလ်ကြီးထွဲနေက RFA ကို ပြောပါတယ်။
ဗိုလ်ကြီးထွဲနေ။ ။ 'ဒီ DKBA တပ်ရင်း အမှတ် ၉ဝ၇ ဗိုလ်မှူး စောနော်တယာ သူ့ စစ်ကြောင်းက လူအင်အား ၄ဝ သူတို့က ပထမက ခွင့်တောင်းတာက သူတို့ တချက်လောက် မဲကသာကို ရောက်အောင် သွားမယ်တဲ့။ အထက်က ညွှန်ကြားချက် ဖြစ်လို့ အဲဒါ က္ဆွန်တော်တို့က ဒီ ကရင်အချင်းချင်း ဖြစ်တော့ ထိပ်တိုက်မှု ပြဿနာ မဖြစ်အောင် အဲဒီမှာ က္ဆွန်တော်တို့ လူတွေ အကုန်လုံး ပြန်ဆွဲနှုတ်ပြီးတော့ အဲဒါ ဟိုဒင်း ခွင့်ပြုတယ်ပေါ့။ ဒီ မဲကသာ ရောက်တော့ မနက်ထဲက သူပြန်မထွက်ပဲနဲ့ ဒီနေ့ နေ့လည် ၁၂ နာရီ အချိန်မှာ မဲကသာ ရွာသူရွာသားများကို ဒီ လုပ်အားပေးတွေ တောင်းတယ်ပေါ့။ အခု သူ မဲကသာရဲ့ အရှေ့ဖက် တောင်ကုန်းကို ကတုတ်ကျင်းတွေ တူးတယ်။ ရွာနဲ့ ဒီတောင်ထိပ်ကြားမှာ စခန်းတခု ပြန်ဆောက်တယ်။'
တကယ်တော့ မဲကသာရွာတဝိုက်နဲ့ မယ်ဇလီချောင်းတဝိုက် ဒေသတွေဟာ KNUရော DKBAတပ်တွေပါ ပြိုင်တူ လှုပ်ရှားနေကြတဲ့ နေရာဖြစ်ကြောင်း ဒေသခံတွေက RFAကို ပြောပါတယ်၊ ဘုရားသုံးဆူ မဲကသာရွာတဝိုက် ဒေသဟာ သဘာဝဘေးမဲ့သစ်တောကြိုးဝိုင်းတွေ ထူထူထပ်ထပ် ရှိတဲ့နေရာဖြစ်ကြောင်း သိရပါတယ်။
မြန်မာစစ်အစိုးရက DKBAတပ်ရဲ့ ဗိုလ်နှုတ်ခမ်းမွှေးတို့အဖွဲ့ကို သစ်တန်ချိန် ၅ဝဝဝ ထုတ်လုပ်ခွင့် ပေးထားတာကြောင့် ၊ သစ်တောထူထပ်တဲ့ မဲကသာဒေသကို DKBA တပ်တွေ အခုလို ဝင်သိမ်းရတာပဲ ဖြစ်ကြောင်း၊ KNUကို စစ်ရေးအရ ထိုးနှက်လာရင်တော့ KNUအနေနဲ့ ပြန်လည် တိုက်ခိုက်သွားမယ်လို့ KNU တပ်မဟာ ၆ ရဲ့ ဗိုလ်ကြီးထွဲနေက ပြောဆိုပါတယ်။
ဗိုလ်ကြီးထွဲနေ။ ။ 'က္ဆွန်တော်တို့ သတင်းရရှိတာက ဟို ဗိုလ်နှုတ်ခမ်းမွှေးကို နအဖက သစ်တန် ၅,ဝဝဝ အဲဒါ ထုတ်ခွင့်ပြုတယ်။ တခြား သစ်တောမှာ သစ်တန် ၅,ဝဝဝ ထွက်ရှိဖို့က မရှိတော့ဘူး။ အဲဒီမဲကသာ တောတခုပဲ ရှိတော့တယ်ဆိုတော့ အဲဒါ မဲကသာကို ခြေကုတ်ယူတယ်၊ မဲကသာကို ယူလိုက်ခြင်းအားဖြင့် လမ်းဆုံလမ်းခွလည်း ဖြစ်တယ်။ ဇုံနယ်တွေလည်း ဖြစ်တဲ့အတွက်ကြောင့် KNU နယ်မြေ ကျဉ်းမြောင်းသွားအောင် ဟို KNU ကို မောင်းထုတ်တဲ့ သဘောမျိုး ဖြစ်တယ်ပေါ့။ ဒါပေမဲ့၊ က္ဆွန်တော်တို့ဖက်ကိုတော့ ဝင်မတိုးဖို့ လိုတယ်ပေါ့။ ဝင်တိုးလာလို့ ရှိရင်တော့ ဒါ က္ဆွန်တော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တော့ တာဝန်ရှိသေးတယ်ပေါ့။'
မဲကသာရွာမှာ ရွာဟောင်းနဲ့ ရွာသစ်ရှိပြီး စုစုပေါင်းအိမ်ခြေ ၁ဝဝ ကျော်ရှိကြောင်း သိရပါတယ်။

ကွမ်းလုံဆည် တည်ဆောက်မှု ရပ်ဖို့ တရုတ်အစိုးရကိုတောင်းဆို
2009-09-01
တရုတ်မြန်မာနယ်စပ် စစ်ရေးမတည်ငြိမ်မှုတွေနဲ့ ဒုက္ခသည်များအခြေအနေကို ဆန်းစစ်ရင် ဒီနေရာမှာ စီးပွားရေးလုပ်ဆောင်မှုတွေဟာ အာမခံချက် မရှိတဲ့အတွက် ဒီဒေသမှာ ဆောက်ဖို့ ပြင်နေတဲ့ ကွမ်းလုံဆည် ရင်းနှီးမြှုပ်နှံမှုကို ရပ်ဖို့ ထိုင်းမြန်မာအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုက တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်နဲ့ ကိုးကန့်အပစ်အခတ်ရပ် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့အပြီး ဒီကနေ့မှာ ထုတ်ပြန်တဲ့ ရှမ်းသဘာဝ ပတ်ဝန်ကျင်အဖွဲ့ရဲ့ ကြေညာချက်မှာ ကိုးကန့်ဒေသက မတည်ငြိမ်မှုတွေဟာ တရုတ်အစိုးရအဖို့ သတိထားရမဲ့ အခြေအနေပါလို့ ဖော်ပြထားပါတယ်။
ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့က ပြောခွင့်ရသူ ကိုစိုင်းခေးဆိုင်က အခုလို ပြောပါတယ်။
ကိုစိုင်းခေးဆိုင်။ ။ 'ဒီဟာကို စဆောက်ပြီ။ ကွန်လုံ ဒေသမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေရော၊ နောက်ပြီးတော့ cease-fire လက်နက်ကိုင်ပြီးတော့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့တွေက ဒီကွန်လုံ ရေကာတာ ဧရိယာ ဖြစ်နေတယ်ခင်ဗျ။ တကယ်လို့ က္ဆွန်တော်တို့ ဒီ တာဆန်းကို ပြန်ကြည့်မယ် ဆိုလို့ရှိရင် တာဆန်း ရေကာတာ မဆောက်ခင်တုန်းက သူက အဲလိုပဲ တာဆန်း တဝိုက်မှာရှိတဲ့ ဒီ အပစ်အခတ် ရပ်စဲရေးတွေရော၊ ငြိမ်းချမ်းရေးရော၊ နောက် ပြီးတော့ လက်နက်ကိုင် အကုန်လုံး ရှင်းပစ်တယ်။'
တရုတ်အစိုးရအနေနဲ့ သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်မဲ့ ဆည်စီမံကိန်းကြီး ၅ ခုရှိရာမှာ အခု တိုက်ပွဲဖြစ်ရာ ကိုးကန့်ဒေသနဲ့ ၁၅ ကီလိုမီတာအကွာက ကွမ်းလုံဆည်စီမံကိန်းလည်း ပါဝင်ပါတယ်။ ဒီဆည်ဆောက်ဖို့ ၂ဝဝ၇ ခုနှစ် ဧပြီလက တရုတ်ကုမ္ပဏီ ၂ ခုနဲ့ သဘောတူ စာခ္ဆွန်လွှာ လက်မှတ်ထိုးထားပါတယ်။
ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒေသခံပြည်သူအများရဲ့ သဘောထားကောက်ခံမှု မရှိရုံမကပဲ ပြည်သူအများ အကျိုးစီးပွားလည်း ထိခိုက်နေတယ်လို့လည်း ကိုစိုင်းခေးဆိုင်က ပြောပါတယ်။
ကိုစိုင်းခေးဆိုင်။ ။ 'ဆက်ပြီးတော့ သူက ဆောက်လုပ်မယ် ဆိုလို့ရှိရင်တော့ အဲဒီ နေရာဒေသ လူတွေ သူက ရှင်းပစ်မှာ သေချာတယ်ခင်ဗျ။ ဒါကြောင့်မို့ ဒီဟာက မဖြစ်သင့်တာ မဖြစ်ရလေအောင် ဆိုပြီးတော့ က္ဆွန်တော်တို့ အဲဒီ မြောက်မြားတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်။ နောက်ပြီးတော့ မသေချာတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်ပေါ့နော်။ နောက်လူထုတွေကို ထိခိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်။ ဒါကြောင့်မို့ က္ဆွန်တော်တို့ ရပ်တန်းက ရပ်ဖို့ပေါ့၊ အဲဒါကြောင့်မို့လို့ က္ဆွန်တော်တို့ အစီရင်ခံစာ၊ အစီရင်ခံချက် ထုတ်ရခြင်း ဖြစ်ပါတယ်။'
သံလွင်မြစ်ပေါ်မှာ တရုတ်အစိုးရ အကူအညီနဲ့ ဆောက်လုပ်နေတဲ့ ဆည်တွေထဲမှာ တာဆန်းနဲ့ ဟတ်ကြီး ဆည်တွေဟာ စီမံကိန်းချ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

စစ်အစိုးရ ဖွဲ့စည်းပုံ တရားနည်းလမ်းမကျ
2009-09-01
မြန်မာစစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ မူလ အခြေခံ အခွင့်အရေး မရှိတာရယ် ၊ မြန်မာနိုင်ငံတွင်း ကျင့်သုံးနေတဲ့ တရားစီရင်ရေးစနစ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ထင်သလို ဖမ်းဆီးစစ်ဆေးမှုတွေဟာ တရားနည်းလမ်း မကျမှုတွေအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာ စစ်အစိုးရပေါ် တစုံတရာ အရေးယူ ဆောင်ရွက်ပေးဖို့ ဟောင်ကောင်အခြေစိုက် ALRC လို့ ခေါ်တဲ့ အာရှ ဥပဒေအရင်းအမြစ်ဌာနက စက်တင်ဘာ ၁ ရက် ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

(Photo: AFP)
မေလ ၁ဝရက်နေ့က ဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် အခြေခံဥပဒေ မူကြမ်းကို ထောက်ခံမဲ ၉၂ . ၄ ရာခိုင်နှုန်းဖြင့် အတည်ပြုကြောင်း စစ်အစိုးရက မေလ ၁၅ရက်နေ့တွင် ကြေညာသည်။ ပုံမှာ အခြေခံ ဥပဒေ မူကြမ်းစာအုပ်ကို လမ်းပေါ်မှာ ရောင်းချနေသော လက်ပွေ့ဈေးသည်လေးတဦး ဖြစ်ပါသည်။ (Photo: AFP)
အဖွဲ့ဟာ သူတို့ရဲ့ ဒီကြေညာချက်ကို အထောက်အထား အကိုးအကား အသေးစိတ်နဲ့အတူ အခုလာမဲ့ စက်တင်ဘာ ၁၂ ရက်ကနေ အောက်တိုဘာ ၂ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ ဂျာနီဗာမြို့မှာ ကျင်းပသွားမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၂ ကြိမ်မြောက် အစည်းအဝေးကို တင်ပြ တောင်းဆိုသွားမယ်လို့ သိရပါတယ်။ အခုလိုကြေညာချက် ထုတ်ရတာနဲ့ပတ်သက်ပြီး ALRCအဖွဲ့ရဲ့ ပြောခွင့်ရရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလို ရှင်းပြပါတယ်။
ဦးမင်းလွင်ဦး။ ။ 'မြန်မာနိုင်ငံ အတွင်းမှာ အရင် အာဏာပိုင် အစိုးရတွေကနေပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေတယ်၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေမှာ နိုင်ငံသားတွေရဲ့ အခြေခံ မူလအခွင့်အရေးတွေ အတိအကျ မခံစားရတာရယ်၊ ပြဋ္ဌာန်းထားခြင်း မရှိတာရယ်၊ နောက်ပြီးတော့တခါ တရားစီရင်ရေး ဆိုင်ရာတွေမှာ ခိုင်မာတဲ့ အာမခံချက်တွေ မရှိတာတွေရယ်ကြောင့် ဒါတွေက မြန်မာနိုင်ငံအတွင်းမှာ အာဏာပိုင်အစိုးရ တရပ်ရပ်ကနေပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေဦးမယ် ဆိုတာကို က္ဆွန်တော်တို့ လူ့အခွင့်အရေး ကောင်စီ လာမဲ့ အစည်းအဝေးအတွင်းမှာ ဒါတွေကို တင်ပြဆွေးနွေးထားဖို့အတွက် ရည်ရွယ်ပြီးတော့ ထုတ်ပြန်တာ ဖြစ်ပါတယ်ခင်ဗျ။ '
ဂျာနီဗာမြို့မှာ ကျင်းပသွားမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြသွားမဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဦးမင်းလွင်ဦးက ခုလို ထပ်ပြောပါတယ်။
ဦးမင်းလွင်ဦး။ ။ 'နိုင်ငံတကာကနေ စောင့်ကြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အသေးစိတ် ပါမှာ ဖြစ်တယ်၊ နောက်ပြီးတော့ တခါ ဒီ ကုလသမဂ္ဂ အကြီးအကဲ အတွင်းရေးမှူး ဘန်ကီမွန်းဆီကို စာရေးတဲ့အတွက် နှစ်ရှည်ထောင်ဒဏ် ပေးခြင်းခံရတဲ့ ဒေါက်တာ တင်မင်းထွတ်တို့၊ ဦးညီပုတို့ရဲ့ အမှု အသေးစိတ် သုံးသပ်ထားတဲ့ အချက်အလက်တွေ ပါမယ်၊ ဥပဒေတွေကို ဘယ်လို ချိုးဖောက်ပြီးတော့ ဆုံးဖြတ်ထားတယ်၊ နောက်ပြီးတော့တခါ တရားခွင်မှာ သက်သေတွေ တင်ပြခွင့်မရှိအောင် ဘယ်လိုမျိုး ဖန်တီးခဲ့တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ က္ဆွန်တော်တို့ အသေးစိတ် ရေးသားထားတာ ဖြစ်တယ်။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အမှုမှာ အခု က္ဆွန်တော်တို့ ဒီဥပဒေ၊ ပြည်တွင်း ဥပဒေ၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုပဲ ချိုးဖောက်တဲ့ ကိစ္စရပ်တွေကို အာဏာပိုင်တွေက ကျူးလွန်တယ်ဆိုတာကို က္ဆွန်တော်တို့ ထောက်ပြထားတဲ့အတွက် တစုံတခုတော့ အကျိုးသက်ရောက်မှု ရှိလာလိမ့်မယ်လို့ က္ဆွန်တော်တို့ ထင်မြင်ယူဆပါတယ်ခင်ဗျ။'
အရင်တုန်းကလဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အလားတူတောင်းဆိုမှုတွေ လုပ်ခဲ့ပြီး ထိရောက်မှုတွေလည်း ရှိခဲ့ကြောင်း ALRCအဖွဲ့ရဲ့ ပြောခွင့်ရရှေ့နေ ဦးမင်းလွင်ဦးက RFAကို ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှုအယူခံ စက်တင်ဘာလ ၃ ရက်တင်မည်
2009-09-01
နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံကို စက်တင်ဘာလ ၃ ရက်၊ လာမဲ့ ကြာသပတေးနေ့မှာ ရန်ကုန်တိုင်း တရားရုံးတင်ဖို့ ရှေ့နေအဖွဲ့က ဆုံးဖြတ်လိုက်ပြီလို့ ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။

(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ် ချထားသည့် နေအိမ်နောက် အင်းယားကန်စပ်ရှိ ကင်းတဲတွင် လက်နက်ကိုင် အစောင့်များကို သြဂုတ်လ ၁၁ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဦးဉာဏ်ဝင်း။ ။ 'လာမဲ့ ၃ ရက်နေ့ ကြာသပတေးနေ့ တင်မယ်။ က္ဆွန်တော်တို့ အဲလို သတ်မှတ်လိုက်တယ်။ တင်မှာက က္ဆွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်အတွက် တမှုပေါ့။ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမအတွက် တမှုပေါ့။ နှစ်မှု တပြိုင်တည်း တင်မှာပါ။'
အယူခံတင်ရာမှာ အမေရိကန်နိုင်ငံသား မစ္စတာ ဂ္ဆွန်ယက်တော ရေကူးဝင်ရောက်ခဲ့မှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေဘက်က တရားစွဲဆိုအပြစ်ပေးခဲ့မှုမှာ လွဲမှားနေတဲ့ အချက်တွေကို ဥပဒေကြောင်းအရ အဓိက ထောက်ပြမှာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဦးဉာဏ်ဝင်း။ ။ 'အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပေါ့နော်၊ အခု အပြစ်ပေးထားတာ တားဆီးမိန့်ထဲမှာ ပါတဲ့ အခြားသို့ စာဖြင့် ဆက်သွယ်ခြင်း အဲဒါကို ကျူးလွန်တယ်လို့ ပြောတယ်။ ကျူးလွန်တယ်လို့ အပြစ်တွေ့ရှိတယ်။ က္ဆွန်တော်တို့က အဲဒါဟာ မြန်မာအဘိဓာန်အရကို ဗမာစကားကို အဓိပ္ပာယ်ဖွင့်တာ လွဲနေတယ်နော်၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ဆီကနေပြီးတော့ အပြင်ကို၊ တစုံတယောက်ကို၊ တဖွဲ့ကို စာနဲ့ ဆက်သွယ်တာ ဒီအမှုမှာ လုံးဝ မပါဘူး။ အဲ သူတို့က မစ္စတာ ယက်တော လာတယ်၊ မစ္စတာ ယက်တောကို လက်ခံလိုက်တာ ဒါ ဆက်မိတာ ဆက်သွယ်တာ။ အဲဒီတော့ ဗမာစကားကိုပဲ နာမဝိသေသနကို ချန်ပြီးတော့ noun တခုတည်းပေါ်မှာ ယူပြီးတော့ လုပ်ထားတာ။ ဒါက အဓိက အချက်အလက်ဖြစ်ပါတယ်။'
ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ မကိုက်ညီတဲ့ တခြားထောက်ပြစရာ အချက်တွေ အတော်များများကိုလည်း အယူခံတင်ရာမှာ တပါတည်း ထည့်သွင်း ဖော်ပြသွားမယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ဥပဒေရှုထောင့်အရ ဒေါ်အောင်ဆန်းစုကြည် ကွင်းလုံးက္ဆွတ် လွတ်မြောက်နိုင်ဖို့ ရာနှုန်းပြည့် မျှော်လင့်ချက် ရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမေရိကန်နိုင်ငံသား မစ္စတာ ဂ္ဆွန်ယက်တော ဝင်ရောက်မှုနဲ့ စစ်အစိုးရက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်နဲ့ နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံစေဖို့နဲ့ တရားရုံး စီရင်ချက်ရဲ့ ပြစ်ဒဏ်တဝက်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တရားရုံးက ချမှတ်တဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် စီရင်ချက်အတွက်သာ အပြစ်မရှိကြောင်း အယူခံဝင်မှာဖြစ်ပြီး၊ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံတဲ့သဘော အယူခံတာ မဟုတ်ဘူးလို့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ကိုးကန့်ဒေသမှာ မြန်မာ တပ်ဖွဲ့များ ဆက်လက်ရှိနေဆဲ
2009-09-01
တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြီးစီးသွားပေမယ့် မြန်မာစစ်အစိုးရဖက်က တပ်ဖွဲ့တွေဟာ နယ်မြေကနေ ဆုတ်ခွာမသွားသေးပဲ ဆက်ရှိနေဆဲပဲလို့ သိရပါတယ်။ ဒီလိုဆက်ရှိနေသေးတဲ့အတွက် တရုတ် နိုင်ငံဖက် ထွက်ပြေးတဲ့ ဒုက္ခသည်အများစုဟာ ကိုယ့်နေရပ်ဒေသကို မပြန့်ဝံ့ပဲ ရှိနေတယ်လို့ တရုတ်မြန်မာ နယ်စပ် သတင်းတွေက ဆိုပါတယ်။

(Photo: AFP)
စစ်အစိုးရနှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသဖြင့် တရုတ်နိုင်ငံထဲသို့ ပြေးဝင်လာပြီး ဒုက္ခသည်အဖြစ် ခိုလှုံနေသော ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ တပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၁ရက်နေ့က တရုတ်နယ်စပ် နန်စန်းမြို့တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာစစ်အစိုးရ တပ်တွေအနေနဲ့ အချိန်အတန်ကြာ တပ်စွဲထားဖို့ ရှိပြီး လောလောဆယ် လက်နက်နဲ့ မူးယစ်ဆေးဝါး ရှာဖွေရေးတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ တရုတ် မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။
ဦးအောင်ကျော်ဇော။ ။ 'တပ်ဖွဲ့တွေက အဲဒီ ပါဝင် တိုက်ခိုက်ခဲ့တဲ့ တပ်တွေပေါ့နော်၊ အဲဒါတွေက ကိုးကန့်ဒေသ တည်ငြိမ်ရေးအတွက်ပေါ့နော်၊ အဲဒီမှာ ဆက်ရှိနေတယ်၊ အချိန်အတန်ကြာထိ ဆက်ရှိနေမယ်ဆိုတဲ့ သတင်းက ရတယ်။ သူတို့ အဓိက အခု လောလောဆယ် လုပ်တဲ့အလုပ်က အဲ လက်နက်ပုန်းတွေ ရှာဖွေဖော်ထုတ်ရေးနဲ့ မူးယစ်ဆေးဝါး ရှာဖွေရေးဆိုပြီး သူက လိုက်နင်းတာပဲ၊ လူဟောင်းတွေ အကုန်လိုက်နင်းတယ်။ လူဟောင်းနဲ့ အဲဒီလို ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို လိုက်ရှာပြီးတော့ အဲ ဖမ်းတာတို့ စစ်တာတို့ အဲဒီလို လက်နက်ပုန်း ရှာဖွေတာတို့ လုပ်နေကြတယ်။'
လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဖက်ကို ပြန်ဝင် နေကြပြီလို့ မြန်မာအာဏာပိုင်တွေဖက်ကရော တရုတ်အာဏာပိုင်တွေကပါ ကြေညာထားပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ လူနည်းစုပဲ မြန်မာဖက်က အိုးအိမ်နဲ့ အခြေအနေတည်ငြိမ်မှုကို ပြန်ကြည့်ဖို့ ပြန်လာကြတာ ရှိတယ်လို့ ဆိုပါတယ်။
တရုတ်မြန်မာနယ်စပ်မှာ ဒေသတည်ငြိမ်ရေးအတွက် မြန်မာအစိုးရအနေနဲ့ သတိနဲ့ ကိုင်တွယ်ဖို့ တရုတ် အစိုးရက မကြာခင်က ပြောကြားထားပါတယ်။ ဒါပေမဲ့ လက်ရှိ တိုက်ပွဲဖြစ်တာနဲ့ ပတ်သက်လို့ လူသိရှင်ကြား ဝေဖန်မှုမရှိတဲ့အတွက် တရုတ်အစိုးရရဲ့ သဘောထားကို သုံးသပ်သူတွေက ဝေဖန်တာတွေ ရှိနေပါတယ်။
ဦးအောင်ကျော်ဇောကတော့ ဒီအချက်ဟာ သံသယရှိစရာပါပဲလို့ ပြောပါတယ်။
ဦးအောင်ကျော်ဇော။ ။ 'ဟိုတရုတ်ပြည်အနေနဲ့ကတော့ တခုလုံး တကွင်းလုံးကို ကြည့်ပြီး ပြောသလား မပြောတတ်ဖူးပေါ့ဗျာ။ သူ့ရဲ့ ရေနံပိုက်လိုင်းကိစ္စတွေ ဘာတွေလည်း ရှိနေတဲ့အခါကျတော့ ဗမာအစိုးရကို က္ဆွန်တော်တို့ ထင်ထားသလို တင်းတင်းမာမာ မပြောနိုင်ဘူး ဖြစ်တယ်။ က္ဆွန်တော်တို့ မြင်တာ။ ပြန်တောင် ဖာဖာထေးထေး လုပ်နေသလိုပဲ က္ဆွန်တော် ကြည့်ရတာ။ ဒါပေမဲ့ အထက်မှာလည်း သူတို့ လူကြီးချင်းတွေ ဆွေးနွေးနေတယ်။ နှစ်နိုင်ငံခေါင်းဆောင် အဆင့်မြင့် ဆွေးနွေးမှုတွေ ရှိကောင်းရှိမယ်။ ယနေ့ ဖော်ပြချက် တချို့မှာ တရုတ်ပြည်ရဲ့ ဖော်ပြချက် လိုက်ပြီး ဖာဖာထေးထေး လိုက်လုပ်နေသလိုလို ဘာလိုလို ဖြစ်နေတယ်။ အမှန်ပြောရင် သူ မရှက်တတ်လို့ပေါ့ဗျာ၊ သူ့လို နိုင်ငံကြီး တနိုင်ငံက မလုပ်နဲ့လို့ ပြောထားတဲ့ဟာကို ဗမာအစိုးရက လုပ်တာပဲ။ လုပ်တဲ့အပြင် သူတို့အားလုံး မြင်တယ်။'
မြန်မာစစ်အစိုးရ သတင်းစာတွေမှာ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဦးဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့် ခေါင်းဆောင် ၄ ဦးကို ဝေဖန်ပြစ်တင်ထားပြီး ကျန်တဲ့နောက်လိုက်တွေကို အေးအေးချမ်းချမ်း ပြန်လာဖို့ ဖိတ်ခေါ်ထားပါတယ်။
တရုတ်နဲ့ မြန်မာအကြား အကျဉ်းသားနဲ့ ရာဇဝတ်သား လွှဲပြောင်းပေးရေး သဘောတူညီချက် ရှိတဲ့အတွက် ဒီကိုးကန့်အခြေအနေမှာ စီးပွားရေး ရေရှည်အကျိုးကို ကြည့်ပြီး မြန်မာဖက်က အလိုရှိနေတဲ့ ကိုးကန့်ခေါင်းဆောင်တွေကို တရုတ်ဖက်က ဖမ်းဆီး လွှဲပြောင်းလာနိုင်စရာလည်းရှိတယ်လို့ တရုတ်မြန်မာအရေး လေ့လာသူတွေက သုံးသပ်တာလည်း ရှိပါတယ်။

တရုတ်နိုင်ငံရောက် ဒုက္ခသည်အများစု မြန်မာပြည်မပြန်လို
2009-09-01
မြန်မာနိုင်ငံ ကိုးကန့်နယ်မြေက တိုက်ပွဲတွေကြောင့် တရုတ်ပြည်ဖက်ကို ဒုက္ခသည်အဖြစ် ရောက်ရှိနေကြသူတွေထဲက တချို့က မိမိတို့ဟာ တရုတ်လူမျိုးတွေ ဖြစ်တဲ့ အတွက် မြန်မာပြည်ကို မပြန်ချင်ကြောင်း တရုတ်အာဏာပိုင်တွေကို တင်ပြကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

(Photo: AFP)
စစ်အစိုးရနှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသဖြင့် တရုတ်နိုင်ငံထဲသို့ ထွက်ပြေးလာသော ကိုးကန့်နယ်မှ ဒုက္ခသည်များ စက်တင်ဘာ ၁ရက်နေ့က နေရပ်သို့ အပြန်ခရီးတွင် လမ်းတထောက်နားခိုက် နေ့လည်စာ စားသောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
တရုတ်နိုင်ငံဖက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေအနေနဲ့ အခြေအနေတွေ တည်ငြိမ်လာပြီ ဖြစ်တာကြောင့် နေရပ်ပြန်ကုန်ကြပြီလို့ တရုတ်အရာရှိတွေက ပြောဆိုပေမဲ့ သြဂုတ်လ ၃၁ ရက် မနေ့ကအထိ နေရပ်ပြန်သူ အနည်းငယ် သာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးကန့်စစ်တပ်က အရာရှိဟောင်းတဦးက ခုလိုပြောပါတယ်။
ကိုးကန့်အရာရှိဟောင်း။ ။ 'စစ်သားတင်မကဘူး၊ အဲဒီ အရပ်သားတွေလည်း ပြန်ပို့ရမှာပဲ။ အရပ်သားတွေကျတော့ သူတို့ တောင်းဆိုတာက တရုတ်ပြည်မှာ နေချင်တယ်၊ က္ဆွန်တော်တို့ကလည်း တရုတ်အမျိုးသား ဖြစ်တယ်၊ အဲဒါ နိုင်ငံတော်က လက်ခံပေးပါ၊ အဲဒီ တောင်းဆိုတဲ့လူတွေလည်း ရှိတယ်။'
ဒါ့အပြင် ကိုးကန့်ဒေသဘက်မှာ စစ်အစိုးရတပ်သားအင်အား တသောင်းနီးပါးလောက် ဝင်ရောက်နေပြီး နယ်မြေတခုလုံးမှာ ဦးဖုန်ကျားရှင်ရဲ့ တပ်လက်ကျန်တွေကို ရှင်းလင်းရှာဖွေနေတယ်လို့ ဦးဖုန်ကျားရှင်ရဲ့ တပ်ဖွဲ့က အရာရှိဟောင်းတဦးကပြောပြပါတယ်။
ကိုးကန့်အရာရှိဟောင်း။ ။ 'စစ်တပ်က ဝင်ပြီးတော့ အခုဆို ရွာတွေကို ဝင်မွှေနေတယ်။ လမ်းတွေ အကုန်ပိတ်ပစ်လိုက်တယ်။ ပိတ်ပစ်လိုက်ပြီးတော့ ရွာတွေကို ဝင်မွှေတယ်၊ ရွာကလူတွေကို တခါတည်း ရိုက်တယ်၊ နှက်တယ်၊ အဲ တချို့ သတ်ပစ်တာလည်း ရှိတယ်လို့ ကြားတယ်။ နောက် ပစ္စည်းတွေလည်း လိုချင်တဲ့ ပစ္စည်းတွေ အဲဒါ ဆွဲ၊ စားလို့ရတာ စား၊ အဲလို အဲလို သောင်းကျန်းကြတယ်။ တော်တော်ကို သူတို့ ပြောတာက ဂျပန်တပ် တရုတ်ရွာထဲ ဝင်တဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။'
ဒုက္ခသည်အများစုအနေနဲ့ ကိုးကန့်နယ်မြေကို ပြန်ဖို့ နောက်တပတ်လောက် စောင့်ကြည့်ဖို့ ရှိတယ်လို့ သိရပါတယ်။ သူတို့ကို မြန်မာနိုင်ငံဖက် ပြန်ပို့မယ်ဆိုတဲ့ အစီအစဉ်ရှိပေမဲ့ ဘယ်လို အစီအစဉ်နဲ့ ပြန်လွှတ်ပေးမယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒုက္ခသည်စခန်းမှာ ရောက်နေသူတွေက ပြောဆိုနေကြပါတယ်။

ဝ နယ်မြေအနီး စစ်အစိုးရတပ်မ အချို့ ရောက်ရှိ
2009-09-01
UWSA ဝပြည် သွေးစည်းညီညွတ်ရေးပိုင် နယ်မြေနားကို စစ်အစိုးရတပ်တချို့ ရောက်ရှိလာပြီး မိမိတို့ဟာ ကိုးကန့်ဒေသက ပြန်လာတဲ့ တပ်တွေ ဖြစ်ကြောင်း၊ ခေတ္တခဏ တထောက်နားနေခြင်းသာ ဖြစ်ကြောင်း UWSA ကို အကြောင်းကြားတယ်လို့ သိရပါတယ်။ ကျိုင်းတုံအရှေ့ဘက် မိုင်းလား၊ မိုင်းပေါက်ဘက်ကို တပ်မ ၈၈ က ရောက်သွားတာ ဖြစ်ပြီး တပ်မ ၉၉ က ဟိုပန်ဒေသဖက်ကို ရောက်ရှိသွားတာ ဖြစ်တယ်လို့ UWSA တပ်မှူးတဦးက ပြောပါတယ်။

(Photo: Courtesy of UWSA)
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် အင်အားအကောင်းဆုံး ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဧပြီ ၁၇ရက် ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ် ၂ဝပြည့်အခမ်းအနားတွင် စစ်ရေးပြနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of UWSA)
UWSA တပ်မှူး။ ။ 'ဟိုပန်ကနေပြီးတော့ က္ဆွန်တော်တို့ကို လှမ်းပြောလိုက်တယ်၊ က္ဆွန်တော်တို့ ခင်ဗျားတို့ကို တိုက်တာ မဟုတ်ဖူး၊ ကိုးကန့်ကို လာတိုက်ရင်းနဲ့ပေါ့၊ ကိုးကန့်ကလည်း ပွဲပြီးသွားပြီပေါ့၊ စစ်ရေးလည်း ရပ်သွားပြီ၊ နယ်မြေဒေသ အေးချမ်းသွားပြီပေါ့ဗျာ၊ သူတို့အပြောက။ ခင်ဗျားတို့ က္ဆွန်တော်တို့ စခန်းတထောက် လာနားတာ၊ ခင်ဗျားတို့ ဝဖက်ကို တိုက်ဖို့ လာတာ မဟုတ်ပါဘူးတဲ့။ ယုံကြည်ဖို့ မဟုတ်ဖူး။ သူတို့ရဲ့ စစ်ရေးပရိယာယ် တအားများတယ်။'
ဝတပ်တွေ အနေနဲ့ စစ်အစိုးရတပ်တွေကို ယုံကြည်မှု မရှိပဲ အခြေအနေကို စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။ ဝတပ်မှူးက ခုလိုဆက်ပြီးပြောပါတယ်။
UWSA တပ်မှူး။ ။ 'တခုပြောချင်တာက ခုနက က္ဆွန်တော်တို့ရဲ့ သတ္တိ၊ က္ဆွန်တော်တို့ရဲ့ အားမာန်၊ က္ဆွန်တော်တို့ရဲ့ လုံးဝ မခံချင်တဲ့စိတ်တွေပေါ့။ ကျည်ဆံတတောင့် မပေးနိုင်ဘူး။ က္ဆွန်တော်တို့ ပိုင်နက်နယ်မြေ တလက်မ ကျူးကျော်မှု မခံလိုဘူး။ ငြိမ်းချမ်းရေးကို မြတ်နိုးတယ်၊ ငြိမ်းချမ်းရေးကို လိုလားတယ်၊ အဲဒါကို လာပြီးတော့ လာလုပ်ရင် က္ဆွန်တော်တို့က ငြိမ်းချမ်းရေးနဲ့အတူ က္ဆွန်တော်တို့ ပြန်ပြီးတော့ ခုခံတိုက်ခိုက်သွားမယ်။ စိတ်ဓာတ် သူတို့ သိအောင်၊ ကမႝာကလည်း သိအောင်။ သူတို့က မူးယစ်ဆေးဝါးနဲ့ပဲ လိုက်တိုက်မှာပဲ၊ က္ဆွန်တော်တို့ အဖွဲ့အစည်းကို။ မူးယစ်ဆေးဝါး ဘယ်သူမှ မလုပ်ဖူး။'
ဝခေါင်းဆောင်တွေ အနေနဲ့ မြန်မာပြည်သူတွေကို သိစေချင်တာ တခု ရှိကြောင်း။ တိုင်းရင်းသားပြည်သူတွေအနေနဲ့ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်ပြီး အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ သံဃာတွေပါမကျန် ညီညွတ်မှုဟာ အရေးကြီးတယ်လို့ မိမိတို့ ခေါင်းဆောင်တွေက ပြောကြောင်း RFA ကို ပြောပြပါတယ်။


ကုလားပဲဈေး တရိပ်ရိပ်ကျဆင်း
ကျော်ခ
အင်္ဂါနေ့၊ စက်တင်ဘာလ 01 ရက် 2009 ခုနှစ် 20 နာရီ 04 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ဝယ်လိုအားလျော့နည်းနေခြင်းနှင့် အထွက်နှုန်းပိုလာသည့်အတွက် ကုလားပဲဈေးနှုန်း ဈေးကွက်တွင် သိသာစွာ ကျဆင်းလျက်ရှိသည်။

ရန်ကုန် ကုလားပဲဈေးကွက်တွင် ယခုလလယ်ခန့်က တတင်းလျှင် ၁၈၅၀၀ ကျပ်မှ ယခုအခါ ၁၇၅၀၀ ကျပ်သို့ ကျဆင်းသွားသည်။ ယခုအချိန်ကာလသည် နှစ်စဉ် ပဲအဝယ်လိုက်လေ့ရှိသော်လည်း ယခုနှစ်တွင် တမူထူးခြားစွာပင် ပြည်ပဝယ်လိုအား ကျဆင်းနေသည်ဟု ပဲရောင်းဝယ်ရေး ကုန်သည်ကြီးများက ပြောသည်။

“ဒီနှစ်က နိုင်ငံခြားက အဆွဲနည်းတာပေါ့နော။ ခါတိုင်းနှစ်တွေဆိုရင် အလုံးရော၊ အခြမ်းရောပါ သွားတာ။ ဘာဖြစ်လို့လဲဆိုတော့ ကုလားဥပုသ်လလေ။ ဒီနှစ်ကလည်း ကျနော်တို့ဆီမှာကလည်း ကုလားပဲက အထွက်ကောင်းသွားတာလည်း ပါတာပေါ့” ဟု လက္ကားပဲကုန်သည်ကြီးတဦးက မဇ္ဈိမကို ပြောသည်။

ပြည်တွင်းဈေးကွက်တွင်လည်း အရောင်းကျသဖြင့် ပဲဈေးများ ကျဆင်းသွားခြင်းဖြစ်ကြောင်း ပြည်မြို့ ပဲမျိုးစုံ ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်တဦးက ပြောသည်။

“အဲဒါဘာဖြစ်လို့လဲဆိုတော့ ပဲခွဲအား လျော့သွားတာ။ နောက်တခုက ခါတိုင်းနှစ်တွေက Export သမားတွေက အဝယ်အပြု ရှိတာကိုး။ ဒီနှစ်က Export သမား အဝယ်အပြုရှိမှ မရှိတာကိုး။ နောက်တချက်က ရန်ကုန်မှာကို တော်တော်အရောင်းအဝယ်ပါးတာဗျ” ဟု သူက မဇ္ဈိမကို ပြောသည်။

ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် လဆိုင်းဖြင့် ဝယ်ယူ၍ သိုလှောင်ထားသော ပြည်မြို့ရှိ ပဲကုန်သည်ကြီးများမှာလည်း အရှုံးနှင့် ရင်ဆိုင်နေရလျက်ရှိကြောင်း သူက ဆက်ပြောသည်။

“ငွေဆိုင်းတွေနဲ့ ဝယ်တဲ့ဟာတွေပေါ့။ ဘယ်နှလကြာရင် ဘယ်ဈေးဘယ်လောက်ဆိုတဲ့ ဟာတွေက ငွေချေရတော့မှာကိုး။ အခုဥစ္စာ ငွေချေရမယ်ဆိုတော့ ပေါက်ဈေးနဲ့ပဲ ပြန်ရောင်းပြီးတော့ အပိုငွေပြန်စိုက်ပြီးတော့ ရှင်းပေါ့။ အဲဒီလမ်းပဲ ရှိတော့တာကိုး” ဟု သူက မဇ္ဈိမကို ပြောသည်။

ပြည်ဈေးကွက်သို့ အဓိကတင်ပို့နေကြသော မကွေး၊ အောင်လံ၊ မင်းတုန်းနှင့် ဆင်ပေါင်ဝဲ မြို့နယ်များမှ တောင်သူများသည် ယခုဈေးထက် ထပ်မံလျော့ကျလာပါက လာမည့်ဆောင်းရာသီ ကုလားပဲ စိုက်ချိန်များတွင် အခြားအစားထိုးသီးနှံများကို စိုက်ပျိုးလာနိုင်သည်ဟု သိရသည်။

နှစ်စဉ် သြဂုတ်လ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့ထိ ပြုလုပ်သော အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လတွင် ပြည်ပနိုင်ငံမှ ကုလားပဲအဝယ်ပိုလိုက်ပြီး ကုန်သည်ကြီးများအနေဖြင့် အချိန်ကိုက် ရောင်းနိုင်ရန် သိုလှောင်ထားကြလေ့ ရှိသည်။ ဥပုသ်လတွင် အဓိကအားဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက အဝယ်လိုက်လေ့ရှိသည်။

HIV/AIDS ဝေဒနာရှင်များအတွက် လိင်တူချစ်သူများ၏ အလှမယ်ပြိုင်ပွဲ Print E-mail
ဖိုးဇော်
အင်္ဂါနေ့၊ စက်တင်ဘာလ 01 ရက် 2009 ခုနှစ် 19 နာရီ 05 မိနစ်


ချင်းမိုင် (မဇျွိမ)။ ။ မြန်မာနိုင်ငံမှ HIV/AIDS ဝေဒနာရှင်များအတွက် ရန်ပုံငွေရှာသော လိင်တူချစ်သူများ၏ အလှမယ်ပြိုင်ပွဲကို ရန်ကုန်မြို့တွင် သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့သည်။

The Miss Red Ribbon Beauty Contest 2009 ဟု အမည်ပေးသော မယ်ပြိုင်ပွဲကို ဆီဒိုးနားဟိုတယ်တွင် ညနေ ၅ နာရီမှ စတင်ကျင်းပခဲ့ပြီး လိင်တူချစ်သူပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကာ ၃၅ ဦး ပြိုင်ပွဲဝင်ခဲ့သည်။

ပြိုင်ပွဲလက်မှတ်ရောင်းရငွေများနှင့် တသီးပုဂ္ဂလ အလှူရှင်တဦး၏ ငွေကျပ် ၂၅ သိန်းအပါအ၀င် စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ကို ကူးစက်ရောဂါကုဆေးရုံ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံအုပ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပွဲဖြစ်မြောက်ရေး ကူညီခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။

ပွဲကြည့်လက်မှတ် ရိုးရိုးတန်းအတွက် တစောင် ၂ သောင်း၊ အထူးတန်း တစောင် ၃ သောင်းဟု အကြမ်းမျဉ်း သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် လက်မှတ်ဈေးနှုန်းများမှာ ၅ သောင်းမှ တသိန်းအကြားထိ မြင့်တက်သွားခဲ့သည်။

Miss Red Ribbon ပထမကို မိတ်ကပ်ဒီဇင်ဘာနှင်းမှ အငယ်လေး၊ ဒုတိယဆုနှင့် တတိယဆုများကို ဂျိုးကြာနှင့် Loreal အောင်အောင်တို့က အသီးသီးရရှိသွားသည်။ ဆုကြေးများမှာ ၅ သိန်း၊ ၃ သိန်းနှင့် ၂ သိန်းတို့ဖြစ်ပြီး Revlon ကုမ္ပဏီက ငွေကျပ် တသိန်းတန် အလှကုန်ပစ္စည်းများ ထပ်ဆောင်းပေးအပ်သွားသည်။

ထို့အပြင် ပြုံးအလှပိုင်ရှင်ဆုအား “သက်” က ရရှိသွားပြီး၊ ဆုအဖြစ် Revlon အလှကုန်ပစ္စည်း တသိန်းဖိုး ရရှိသည်။

တတိယဆုရရှိသော L'Oreal အောင်အောင်က “အောင်အောင့်အတွက် ပထမဦးဆုံး အတွေ့အကြုံကြီးမှာ ဆုရတဲ့အတွက် ဂေး (Gay) အနေနဲ့ အရမ်းဝမ်းသာပါတယ်။ မြန်မာနိုင်ငံမှာက တခြားနိုင်ငံတွေလို ဂေးတွေနဲ့ ပတ်သက်ပြီးတော့ မဖွံ့ဖြိုးဘူးလေ။ ဒီလို ဟိုတယ်အကြီးကြီးမှာ အသိအမှတ်ပြု လုပ်ပေးတဲ့အတွက် ဂေးတွေ အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော လူမင်း၊ ထက်ထက်မိုးဦး၊ လင်းဇာနည်ဇော်၊ ခင်ဇာခြည်ကျော်၊ နာမည်ကြီး အဆိုတော်များဖြစ်သည့် ဖြူဖြူကျော်သိန်း၊ ဟေမာနေဝင်း၊ ကော်နီ၊ လေးလေးဝါးတို့ ယင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။

အိန္ဒြာကျော်ဇင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ ရဲအောင်၊ ခန့်စည်သူ၊ ရွှေအမြုတေမှ ဦးဝင်းငြိမ်းတို့က ဒိုင်အဖြစ် ကူညီပေးခဲ့ကြကြောင်း သိရသည်။

အလုပ်သမား လယ်သမားတို့အရေး ရှေ့ဆောင်ပေးမည့် အဖွဲ့တခုထပ်တိုး Print E-mail
ဖနိဒါ
အင်္ဂါနေ့၊ စက်တင်ဘာလ 01 ရက် 2009 ခုနှစ် 18 နာရီ 29 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ အလုပ်သမားနှင့် လယ်သမား အခွင့်အရေးများ ရရှိစေရေး ကူညီပေးမည့် အဖွဲ့အစည်းတခုကို တက်ကြွလှုပ်ရှားသူတစ်စုက မြန်မာပြည်တွင်း၌ လျှို့ဝှက် ထူထောင်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အလုပ်သမားများနှင့် လယ်သမားများ သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် Workers and Farmers Solidarity league of Burma (WFSLB) အား ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းမှ အလုပ်သမားများနှင့် လယ်သမားများ၏ အခွင့်အရေး ဆုံးရှုံးမှုများအား ကူညီဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း အဖွဲ့၏ ပြောခွင့်ရသူ ကိုမိုးဦးက မဇ္ဈိမသို့ ဆက်သွယ်ပြောကြားသည်။

“လယ်သမား၊ အလုပ်သမားတွေကို တွေ့ဆုံမေးမြန်းပြီးတော့ သူတို့ရဲ့ ရင်ဖွင့်သံတွေ ကြားလိုက်တော့ အဖွဲ့တစ်ခု ဖွဲ့ပြီးတော့ ဒီကိစ္စတွေ ဖြေရှင်းမှ ဖြစ်တော့မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ ဖွဲ့တာပါ” ဟု သူက တယ်လီဖုန်းမှတဆင့် ဆက်သွယ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့် သီးခြားကင်းလွတ်သော အလုပ်သမား၊ လယ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်မရှိဘဲ အစုအသင်းဖွဲ့စည်းမှုတိုင်းကို အာဏာပိုင်များက သံသယအမြင်ဖြင့် ကြည့်လေ့ရှိသည်။

တောင်သူလယ်သမားတို့၏ လယ်ယာများကို အာဏာပိုင်များက သိမ်းပိုက်ခံနေရမှုများနှင့် စက်ရုံအလုပ်ရုံများတွင် အခကြေးငွေမပေးဘဲ အချိန်ပို ဆင်းရခြင်း၊ ထိုက်တန်သည့် လုပ်ခ မရရှိမှုတို့ အများစု ရင်ဆိုင်နေရကြောင်း မဇ္ဈိမက လက်ခံရရှိထားသော ကြေညာချက်တွင် ရေးသားထားသည်။

နစ်နာနေသူများအနေဖြင့် မိမိရပိုင်ခွင့်ကို သိရှိနားလည်လာစေရန် အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်သွားမည်ဟု WFSLB က ပြောရင်း စစ်အစိုးရ၏ အဖမ်းခံရနိုင်မည့် အန္တရာယ်ကိုလည်း အဖွဲ့ဝင်များအနေဖြင့် သတိပြုမိသည်ဟု ဆိုသည်။

“ဥပဒေဘောင်အရ၊ သတင်းမီဒီယာများနှင့် ကျယ်ကျယ်ပြန့်ပြန့် ရသင့်ရထိုက်တဲ့ အခွင့်အရေး ရဖို့အတွက် ရင်ဆိုင်ထုတ်ဖော်လာနိုင်ဖို့” ဟု ကိုမိုးဦးက ပြောသည်။

ယခုကဲ့သို့ အဖွဲ့အစည်း ဖွဲ့စည်းခြင်းအပေါ် အလားတူ အဖွဲ့တခုဖြစ်သော ပဲခူးမြို့အခြေစိုက် လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်က ကြိုဆိုလိုက်သည်။

“အဖွဲ့တဖွဲ့ တိုးလာတာကတော့ အားရှိတာပေါ့။ အောက်ခြေ လူတန်းစားကို ကယ်တဲ့အလုပ်ပဲ။ တကယ်လုပ်ရင်တော့ ဝမ်းသာပါတယ်။ ဒါမှ လူ့အခွင့်အရေးကို တက်တက်ကြွကြွ လူအများ သိလာမယ်” ဟု ဦးအေးမြင့်က ပြောသည်။

လမ်းပြကြယ်အဖွဲ့သည် အသင်းအဖွဲ့ တရားဥပဒေအရ တရားဝင် မှတ်ပုံတင် ခွင့်ပြုချက် မရသော်လည်း ၂၀၀၆ ခုနှစ်မှ စတင်ကာ တောင်သူလယ်သမား အခွင့်အရေးများကို ရရှိရန်အတွက် လုပ်ဆောင်ပေးခဲ့သည်ဟု သူက ပြောသည်။

အလုပ်သမားများနှင့် လယ်သမားများအနေဖြင့် အကူအညီများ လိုအပ်ပါက အဆိုပါ w.F.s.l.b@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it စသည့် လိပ်စာတွင် လာရောက်ဆက်သွယ်နိုင်ကြောင်း WFSLB ကြေညာချက်တွင် ဖော်ပြထားသည်။

အီရတ်မှာ သြဂုတ်လ သေဆုံးသူဦးရေ ၁၃ လအတွင်း အများဆုံး

01 September 2009

အီရတ်နိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် အရပ်သားတွေနဲ့ ရဲနဲ့ စစ်တပ်က တပ်သားတွေကြား သေဆုံးသူ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၁၃ လအတွင်း အခု သြဂုတ်လမှာ အများဆုံး ဖြစ်နေတယ်လို့ အီရတ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အင်္ဂါနေ့က တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ အီရတ်နိုင်ငံသား အရပ်သား သေဆုံးသူ ၄၅၀ နဲ့ ဒဏ်ရာရသူ ၁,၅၀၀ ကျော် ရှိနေတာမို့ အီရတ် လုံခြုံရေး အခြေအနေကို စိုးရိမ်ပူပန်လာကြပါတယ်။
ပြီးခဲ့တဲ့လထဲမှာ အခုလို သေဆုံးမှုတွေ တိုးလာတာဟာ သြဂုတ်လ ၁၉ ရက်နေ့က ဘဂ္ဂဒက်မြို့လည်က ထရပ်ကား ဗုံးပေါက်ကွဲမှုတွေကြောင့်လည်း ဖြစ်ပါတယ်။

ဇူလိုင်လတုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ သိပ်မတွေ့ရပေမယ့် အမေရိကန်တပ်တွေ အီရတ် မြို့ရွာတွေကနေ ဆုတ်ခွာခဲ့တဲ့နောက်ပိုင်း သီတင်းပတ်တွေ အတွင်းမှာပဲ အီရတ်နိုင်ငံသား ၂၇၅ ယောက် သေဆုံးခဲ့တာမို့ သြဂုတ်လထဲမှာ အခုလို ထူးထူးခြားခြား တိုးလာခဲ့တာ ဖြစ်ပါတယ်။
နီဗားခရိုင် (Nineveh Province) လုံခြုံရေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ခါဒီဒို ခါလက်ဖ် (Khadido Khalaf) ကတော့ အီရတ် တပ်ဖွဲ့ဝင်တွေ လုံခြုံရေးတာဝန် ယူခဲ့ပြီးနောက်ပိုင်း အခြေအနေတွေ ပိုပြီးဆိုးနိုင်တယ်လို့ မျှော်လင့်ထားတာထက် အခုဟာ ပိုပြီး ဆိုးရွားနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ပင်မလမ်းကြီးတွေတလျှောက် ကားဗုံးထောင်တာတွေ၊ တခြား ဖောက်ခွဲရေးပစ္စည်းတွေ ချထားတာကို သိရှိနိုင်ဖို့အတွက် ပိုမိုအဆင့်မြင့်တဲ့ ထောက်လှမ်းရေး စစ်ဆေးရေး ကိရိယာတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

နေရပ်ပြန်ကိုးကန့် ဒုက္ခသည်တွေ စိုးရိမ်ပူပန်ဆဲ

01 September 2009


မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ဘက်အခြမ်း တရုတ်နယ်စပ်မှာ ကိုးကန့်နဲ့ မြန်မာစစ်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့စဉ်က တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ကိုးကန့်ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်ကို အခုတော့ တဖြည်းဖြည်း ပြန်လာနေကြပြီ ဖြစ်ပါတယ်။ သူတို့ပိုင်ဆိုင်တဲ့ ဈေးဆိုင်နဲ့ အိမ်တွေက ပစ္စည်းတွေကို လုယက် ခိုးယူပြီးလောက်ပြီဆိုတဲ့ စိုးရိမ်မှုတွေ ကြားကပဲ ဒုက္ခသည်တွေ အခုလို ပြန်နေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

A woman and child wait to cross through the China-Myanmar border gate in Nansan, in southwestern China Yunnan province, Tuesday, Sept. 1, 2009.AP
တရုတ်−မြန်မာနယ်စပ်တွင် တွေ့ရသည့် မြန်မာပြည်တွင်း ပြန်ဝင်မည့် ကိုးကန့် ဒုက္ခသည်အချို့။
စက်တင်ဘာ ၁၊ ၂၀၀၉။
ဒီကနေ့အထိတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နန့်ဆန်ဒေသကို ထွက်ပြေးခဲ့ကြတဲ့ ကိုးကန့်ဒုက္ခသည်တွေထဲက ၃ ပုံ ၂ ပုံလောက် နေရပ်ကို ပြန်ကုန်ကြပြီး ကျန်နေတဲ့ ဒုက္ခသည်တွေကလည်း နေရပ်ပြန်ဖို့အတွက် အထုပ်အပိုးတွေ ပြင်ဆင်နေကြပြီလို့ ဆိုပါတယ်။ ဒုက္ခသည်တွေ အခုလို ပြန်ကုန်ကြတဲ့အတွက် တရုတ်အာဏာပိုင်တွေက ဒီဒုက္ခသည်တွေအတွက် ဆောက်ပေးထားတဲ့ အပြာရောင် ယာယီတဲတွေကို ဖျက်သိမ်းနေကြပြီလို့ ဆိုပါတယ်။ ဒီဒုက္ခသည်တွေကို တရုတ်အာဏာပိုင်တွေက ဘတ်စ်ကားတွေနဲ့ နယ်စပ်အထိ လိုက်ပို့ပေးနေတယ် ဆိုပေမယ့်လည်း ဒုက္ခသည်တွေကိုယ်၌က ပြန်ချင်ကြတာတော့ မဟုတ်ပါဘူး။

“တရုတ်လူမျိုးတွေက မြန်မာပြည်ဘက်မှာ မနေချင်ကြတော့ဘူး။ ဒီပြဿနာကြောင့် ကျမတို့ဘက်က တော်တော်များများ ဆုံးရှုံးခဲ့ကြပြီးပြီ။ အရမ်းကို ဆိုးရွားတဲ့ အခြေအနေပါ” လို့ ကိုးကန့်ဒေသမှာ ဈေးဆိုင်ဖွင့်ထားတဲ့ တရုတ်အမျိုးသမီးတဦးက တရုတ်ဘာသာစကားနဲ့ ပြောသွားတာ ဖြစ်ပါတယ်။

တချို့ဆို သူတို့ပိုင်ဆိုင်သမျှ အားလုံး ဆုံးရှုံးခဲ့ပြီး အိမ်ဟောင်းလောင်းပဲ ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒေသမှာ တိုက်ပွဲတွေ ပြီးဆုံးသွားပေမယ့် နေရပ်ပြန်ဖို့အတွက် ဒုက္ခသည်တွေက စိုးရွံ့နေကြဆဲ ဖြစ်ပါတယ်။ အများစုကတော့ ကိုးကန့်ဒေသမှာ လက်ရှိအုပ်စိုးနေတဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အုပ်ချုပ်မှု ပပျောက်သွားမှာကို လိုလားကြပေမယ့် သူတို့ဒေသကို မြန်မာစစ်တပ် လာအုပ်ချုပ်တာကို ပိုပြီး ယုံကြည်မှု နည်းနေကြပါတယ်။

“မြန်မာစစ်တပ်က သူတို့အပေါ် ဘယ်လိုအုပ်ချုပ်မယ် ဆိုတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ်ပါတယ်တဲ့။ မြန်မာစစ်သားတွေက မန်ဒရင်း တရုတ်ဘာသာစကားကိုလည်း မတတ်ကြတော့ သူတို့နဲ့ ဆက်သွယ်ရေးလုပ်လို့၊ စကားပြောလို့ မရဘူး ဖြစ်နေတယ်တဲ့။ အများစုက သူ့လိုပဲ ခံစားကြရလိမ့်မယ်လို့ သူထင်ပါတယ်” လို့ ဒုက္ခသည်တဦးဖြစ်တဲ့ ယွမ်ဇီရှောင်း (Yuan Zhishao) က တရုတ်ဘာသာစကားနဲ့ ပြောသွားတာပါ။

အသက် ၃၆ နှစ် ရှိပြီဖြစ်တဲ့ ဒုက္ခသည် ၀မ် ရှောင်လန်း (Wang Xiaolan) ကလည်း…

“အခြေအနေတွေ နည်းနည်း တည်ငြိမ်လာတဲ့အထိ စောင့်ကြည့်ချင်တဲ့အတွက် မနေ့က သူ့အနေနဲ့ နေရပ် မပြန်သေးတာပါ။ ဒီကနေ့တော့ သူ့ကလေးနဲ့အတူ သူ့မိသားစု ပြန်ကြပါမယ်” လို့ တရုတ်လို ပြောသွားတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ တရုတ်အာဏာပိုင်တွေက ဒုက္ခသည်တွေကို နယ်စပ်ဂိတ်အထိ ဘတ်စ်ကားတွေနဲ့ တင်ပြီး လိုက်ပို့ပေးနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားကတ်ပြား ကိုင်ထားတဲ့သူတွေကို တရုတ်နယ်ခြားစောင့်တပ်တွေက မြန်မာနိုင်ငံထဲ ၀င်ခွင့်ပြုပေမယ့် အထူးပါမစ်မပါတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ မြန်မာပြည်ထဲ ၀င်ခွင့်မပြုဘူးလို့ ဆိုပါတယ်။

သူ့တိုင်းပြည်ထဲ ၀င်လာတဲ့ ဒုက္ခသည်ပေါင်း ၃၀,၀၀၀ ကျော် ၄၀,၀၀၀ နီးပါးကို တရုတ်အစိုးရက စားနပ်ရိက္ခာ၊ ရေနဲ့ ယာယီနေထိုင်နိုင်တဲ့ တဲတွေ ထိုးပေးခဲ့ပေမယ့် သူတို့ဟာ ဒုက္ခသည်တွေဖြစ်တယ် ဆိုတာကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ကိုးကန့်ဒေသမှာ အထည်ဆိုင်ဖွင့်ထားတဲ့ အသက် ၃၈ နှစ်အရွယ် တရုတ်နိုင်ငံသား ပန် ဇီချန်း (Peng Zhiqiang) ကတော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်း ပြန်လည်ပတ်လို့ ရနိုင်တဲ့ အခြေအနေ ရှိမရှိ သွားပြန်ကြည့်ဦးမယ်လို့ ဆိုပါတယ်။

“ဘာမှမကျန်တော့ရင်တော့ သူ့အနေနဲ့ အဲဒီမှာ ဆက်မနေတော့ဘူးတဲ့။ အဲဒီမှာဆက်နေဖို့ အနာဂတ် မရှိတော့ဘူးတဲ့။ လုံခြုံမှုလည်း ရှိတော့မှာ မဟုတ်ပါဘူးတဲ့။ သူပိုင်ဆိုင်သမျှ ဘာမှ မကျန်တော့ရင်တော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းကို ဖျက်သိမ်းပြီး ပြန်မယ်” လို့ တရုတ်ဘာသာစကားနဲ့ ပြောသွားတာ ဖြစ်ပါတယ်။

မနေ့က တနင်္လာနေ့မှာ ဒီကိုးကန့်ဒေသ တခုလုံးကို မြန်မာစစ်တပ်က ထိန်းချုပ်လိုက်နိုင်ပြီလို့ ၀ိုင်ယာ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေး လေ့လာသူတွေကတော့ မြန်မာစစ်အစိုးရက ကျင်းပဖို့ စီစဉ်နေတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နယ်စပ်ဒေသက လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းနိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အခုလို လိုက်လံ ဖိအားပေး သိမ်းသွင်းနေတာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုနေကြပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးကတော့ စစ်အစိုးရအနေနဲ့ ကိုယ့်တိုင်းပြည်အတွင်း တည်ငြိမ်အောင် လုပ်ဆောင်ပြီး တရုတ်လူမျိုးတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ဒီကနေ့ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီ (Ian Kelly) ကလည်း စစ်အစိုးရအနေနဲ့ လက်ရှိ ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေကို ရပ်ဆိုင်းပြီး မြန်မာ့ဒီမိုကရက်တစ် အင်အားစုတွေ အပါအ၀င် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ပြုလုပ်ဖို့ မနေ့က တိုက်တွန်းခဲ့ပါတယ်။

မြန်မာအလှဖန်တီးရှင်များ ပထမဆုံးအကြိမ် မယ်ရွေးပွဲ ကျင်းပ
Tuesday, 01 September 2009 14:42 ဟိန်းဇော်
E-mail Print
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် တရားဝင် ခွင့်ပြုမှုဖြင့် ကျင်းပနိုင်ခဲ့သော အလှဖန်တီးရှင်များ အဖွဲ့၏ The Miss Red Ribbon Beauty Contest 2009 ပြိုင်ပွဲကို ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၏သား ပြည်ဖြိုးတေဇနှင့် ဦးတေဇ၏မရီး ဒေါ်ယုဇော် (ခေါ်) မကြီးထူးတို့က ဦးစီးကျင်းပပေးခဲ့ကြောင်း သိရသည်။

[အလှဖန်တီးရှင်များ မယ်ပြိုင်ပွဲကျင်းပနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)]

အလှဖန်တီးရှင်များ မယ်ပြိုင်ပွဲကျင်းပနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါပြိုင်ပွဲ ကျင်းပနိုင်ရေးကို အလှဖန်တီးရှင်များအဖွဲ့က အာဏာပိုင်များထံမှ ခွင့်ပြုမိန့် မရသဖြင့် မြန်မာနိုင်ငံ အတွင်း အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ တင်သွင်းနေသော ZAR & ZAR CO., LTD ပိုင်ရှင် ဒေါ်ယုဇော်ထံ အကူအညီတောင်းခံ၍ HIV/ AIDS ရန်ပုံငွေပွဲဟူ၍ အမည်ခံကာ ကျင်းပနိုင်ခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သူ တဦးက ပြောသည်။

“မိန်းမလျှာတွေအတွက် ဒီပွဲက အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး ကျင်းပပေးနိုင်တာ။ ကျမတို့အတွက် ဒီလို အခွင့် အရေးတွေ ပေးသင့်ပါတယ်” ဟု ပြိုင်ပွဲဝင် အလှဖန်တီးရှင် တဦးက ဆိုသည်။

The Miss Red Ribbon Beauty Contest 2009 ပြိုင်ပွဲကို သြဂုတ်လ ၂၉ ရက်နေ့ညနေ ၅ နာရီမှစတင်၍ ရန်ကုန် ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ပြီး အလှဖန်တီးရှင် ၃၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

“ကျနော်တို့ ပထမလျှောက်တုန်းက ပါမစ်မပေးဘူး။ ဦးတေဇရဲ့မရီး လုပ်မှ ပါမစ်ချပေးတာပါ” ဟု ၎င်း အခမ်းအနား ကျင်းပရန် စီစဉ်ဆောင်ရွက်သူ တဦးဖြစ်သည့် အလှဖန်တီးရှင် ရဲရဲက ဆိုသည်။

ယင်းပြိုင်ပွဲကို အနုပညာရှင်များ၊ စစ်အစိုးရ အသိုင်းအ၀န်းမှ ဗိုလ်မှူး၊ ဗိုလ်ချုပ်ကတော်များ၊ စာနယ်ဇင်းမှ သတင်းစာဆရာများ တက်ရောက်ခဲ့သည်။

“ဒီလိုပွဲတွေကြတော့ အစိုးရကခွင့်ပြုတယ်။ ဘုန်းဘုန်းတို့ တရားပွဲဖြစ်ဖို့ ဆိုရင် ထောက်ခံစာ ယူရတာနဲ့၊ အဲဒီလိုပွဲမှာ ကုန်မယ့်အစား လူမှုရေးတခုခုမှာ လှူလိုက်ရင် ကုသိုလ်ရတာပေါ့” ဟု ရန်ကင်းမြို့နယ်မှ ဆရာတော်တပါးက မိန့်သည်။

ZAR & ZAR CO., LTD မှ အဓိက ပံ့ပိုးစီစဉ်ခြင်းဖြစ်ပြီး တခြားသော ကုမ္ပဏီ၊ အဖွဲ့အစည်းများလည်း ပံ့ပိုးကူညီရကြောင်း သိရသည်။

“မကြီးထူးတို့ လုပ်တော့ စပွန်ဆာ ၀ိုင်းပေးကြတာပေါ့။ ဒါတောင် ကုမ္ပဏီ တော်တော်များများ ကျန်ခဲ့တာ။ ဒီမှာ ရောင်းရတဲ့ ငွေတွေကို လှူဒါန်းမှာပါ” ဟု အစီအစဉ်ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ကုမ္ပဏီအကြီးအကဲ တဦးက ဆိုသည်။

အဆိုပါ ပြိုင်ပွဲ ကျင်းပရာတွင် သိန်း၂၀၀ နီးပါးကုန်ကျပြီး HIV/AIDS အတွက် ၃၄ သိန်းသာ လှူဒါန်းနိုင်ခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သူများထံမှ သိရသည်။

“ဒီပွဲမှာ စပွန်ဆာပေးတဲ့ ကုမ္ပဏီတွေရဲ့ ပစ္စည်းကြော်ငြာတာမဆန်းပါဘူး။ ဒါပေမယ့် ဇာဇာ ကုမ္ပဏီက တင်သွင်း တဲ့ ယောက်ျားး အားတိုးဆေး MAXMATE အမှတ်တံဆိပ်ကို ဒီလိုပွဲမျိုးမှာ ကြော်ငြာတယ်။ သတင်းယူဖို့သာ လာရတယ်။ လုံးဝ မကြိုက်ဘူး” ဟု သတင်းထောက် တဦးက ပြောသည်။

နိုင်ငံတကာတွင် အလှဖန်တီးရှင်များအတွက် အဆိုပါ ပြိုင်ပွဲများကျင်းပခြင်းမျိုးသည် မဆန်းသော်လည်း မြန်မာနိုင်ငံတွင် လက်ခံနိုင်ရန် ခဲယဉ်းကြောင်း ပြိုင်ပွဲလာရောက်ကြည့်ရှုသူ အလှဖန်တီးရှင် တဦး၏ မိခင်က ဆိုသည်။

“တို့အတွက် အခွင့်အရေးလေးတော့ ပေးသင့်ပါတယ်။ မိန်းမလျှာ ဆိုတဲ့ နာမည်ကြီးကို ဘယ်လိုချင်မလဲ။ ဒီလို မိန်းမလို နေရတာကို ကြိုက်တာကိုး။ နောက်ဆို ငွေရှိလာရင် မိန်းမဘဝကို ပိုင်ဆိုင်လာနိုင်ပြီလေ။ ဒီ လိင် ပြောင်းလဲတာကိုလည်း မြန်မာလူမျိုးတွေက လက်မခံ ပေးနိုင်ပြန်ဘူး” ဟု အလှဖန်တီးရှင် တဦးက ပြောသည်။

The Miss Red Ribbon Beauty Contest 2009 ပြိုင်ပွဲတွင် ပထမဆုကို ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၃ သိန်း၊ တတိယဆု ကျပ် ၂ သိန်းချီးမြှင့်ခဲ့ပြီး တခြားဆုများလည်း ချီးမြှင့်သည်ဟု သိရသည်။

ဒုတိယကမ္ဘာစစ် အစ နှစ်ပတ်လည် ပိုလန်မှာ ကျင်းပ

01 September 2009


လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ဒီကနေ့မှာ ဒုတိယကမ္ဘာစစ်ကြီး စတင်ခဲ့တဲ့ အထိမ်းအမှတ် အဖြစ်နဲ့ ပိုလန်နိုင်ငံမြောက်ပိုင်းမှာ အခမ်းအနားတခု ကျင်းပခဲ့ရာ ဥရောပတလွှားနဲ့ အမေရိကန် ပြည်ထောင်စုက ခေါင်းဆောင်တွေနဲ့ စစ်ပြန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ဂျာမန်စစ်သင်္ဘော စလေးဗစ်ခ်ျ ဟတ်ရှ်တိုင်း (Schleswig-Holstein) ဟာ ပိုလန်စစ်စခန်း သေးသေးလေးကို အမြောက်နဲ့ ပစ်ခတ်ပြီး ကမ္ဘာစစ်ကို အစပြုခဲ့တဲ့ အချိန်အတိအကျမှာ ကျင်းပတဲ့ အခမ်းအနားကို ဂဒတ်စ် ၀က်စ်တာပလိပ် (Gdansk's Westerplatte) ကျွန်းဆွယ်မှာ ပိုလန်ခေါင်းဆောင်တွေ အရုဏ်တက်မှာ တက်ရောက်ခဲ့ကြပါတယ်။

President Lech Kaczynski attends ceremonies marking the 70th anniversary of the beginning of WW II at the Monument of Westerplatte Defenders, in Gdansk, 1 Sept 2009
ပိုလန်သမ္မတ လိရှ် ကပ်ဇင်းစကီး
ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် အခမ်းအနား တက်ရောက်နေစဉ်။
စက်တင်ဘာ ၁၊ ၂၀၀၉။
ဂျာမဏီတွေရဲ့ တိုက်ခိုက်မှုကို ၇ ရက်တိုင်တိုင် ခုခံထားခဲ့တဲ့ ၀က်စ်တာပလိပ်စခန်းဟာ သူရဲကောင်းတွေ တိုက်ပွဲရဲ့ စံနမူနာဖြစ်ပြီး မျိုးချစ်စိတ် ရှင်သန်ပြီး အရှုံးမပေးတဲ့ စိတ်ဓာတ်ကို ပြသခဲ့တာ ဖြစ်တယ်လို့ ပိုလန်သမ္မတ လိရှ် ကပ်ဇင်းစကီး (Lech Kaczynski) က ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက် ပိုလန်ကို ဆိုဗီယက်ရဲ့ အရှေ့ဘက်က ကျူးကျော်မှုက နောက်ကျောကို ဓားနဲ့ထိုးတာ ဖြစ်တယ်လို့လည်း သူက ပြောသွားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း လူပေါင်း သန်းပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနား မတိုင်မီမှာတော့ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် (Angela Merkel) က နာဇီ ဂျာမဏီတွေဟာ လူ သန်းပေါင်းများစွာ သေဆုံးစေခဲ့တဲ့ စစ်ပွဲနဲ့ ကမ္ဘာကို ဒုက္ခတွေ မိုးမဆုံး မြေမဆုံး ပေးခဲ့တယ်လို့ ဂျာမန် ရုပ်မြင်သံကြားမှာ ပြောသွားခဲ့ပါတယ်။

နောက် နာရီအတော်ကြာမှာတော့ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်နဲ့ ရုရှားဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် (Vladimir Putin) တို့ဟာ ဂဒတ်စ်ကို အတူရောက်လာကြပြီး တခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ကမ္ဘာစစ်အတွင်းမှာ သေဆုံးခဲ့ရသူတွေအတွက် ပန်းခွေချ ဂုဏ်ပြုခဲ့ကြပါတယ်။

တောင်ကိုရီးယားနဲ့ နယ်ခြား မြောက်ကိုရီးယား ပြန်ဖွင့်

01 September 2009


တောင်ကိုရီးယားနဲ့ ယာဉ်အကူးအသန်း တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတာတွေကို မြောက်ကိုရီးယားက ပြန်ဖွင့်လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အတွင်းမှာရှိတဲ့ နှစ်နိုင်ငံ ပူးတွဲစက်မှုဇုန်ကို ပစ္စည်းတွေနဲ့ လူတွေ သယ်ယူပို့ဆောင်ပေးနေတာတွေက ပုံမှန်ပြန်ဖြစ်လာခဲ့ပါပြီ။

South Korean cargo trucks head to the North Korean city of Kaesong, 1 Sept 2009
မြောက်ကိုရီးယားရှိ ကေဆောင်း စက်မှုဇုန်သို့သွားမည့် တောင်ကိုရီးယား ကုန်တင်ယာဉ်များ။
စက်တင်ဘာ ၁၊ ၂၀၀၉။
ကေဆောင်း (Kaesong) စက်မှုဇုန်ကို သွားဖို့ လက်ရှိ တနေ့ကို ၆ ကြိမ်ဖွင့်ခဲ့ရာက တနေ့ ၂၃ ကြိမ် ဖွင့်ပေးတော့မယ်လို့ တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နယ်စပ်ကို တကြိမ်ဖြတ်သွားနိုင်တဲ့ လူဦးရေနဲ့ ယာဉ်စီးရေကိုလည်း ကန့်သတ်ထားတော့မှာ မဟုတ်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကေဆောင်း စက်မှုဇုန်မှာ တောင်ကိုရီးယားစက်ရုံ ၁၁၀ ရှိပြီး မြောက်ကိုရီးယား အလုပ်သမား ၄၀,၀၀၀ အလုပ်လုပ်နေကြပါတယ်။

တောင်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်အောင် ကြိုးစားတဲ့အနေနဲ့ မြောက်ကိုရီးယားက မကြာမီက အရိပ်အကဲ အများကြီး ပြသခဲ့ရာမှာ နယ်စပ်ကို ပြန်ဖွင့်တာကလည်း တခုဖြစ်ပါတယ်။

သမားရိုးကျဝါဒီ သမ္မတ လီမြောင်ဘက်ခ် (Lee Myung-bak) သမ္မတဖြစ်လာခဲ့တဲ့ အခါမှာတော့ နှစ်နိုင်ငံကြား ဆက်ဆံရေးက စယိုယွင်းလာခဲ့ပါတယ်။ အကူအညီပေးရေးနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ချိတ်ဆက်ထားလိုက်တာမျိုးလို မစ္စတာလီရဲ့ တင်းမာတဲ့ မူဝါဒတွေကို မြောက်ကိုရီးယားက ကန့်ကွက်ခဲ့ပါတယ်။

နော်ဝေးသံတမန် ဝေဖန်ချက် ဘန်ကီမွန်း ခုခံကာကွယ်

01 September 2009


ကမ္ဘာ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ ကျွမ်းကျင်လိမ္မာမှု မရှိဘူး၊ သြဇာတိက္ကမ မရှိဘူးလို့ နော်ဝေးသံတမန် တဦးက စွပ်စွဲပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ရဲ့ ခေါင်းဆောင်မှုပုံစံကို ခုခံပြောဆိုသွားခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ နော်ဝေးသံတမန်အဖွဲ့ရဲ့ ဒုတိယအကြီးအကဲ မိုနာ ယူး (Mona Juul) က အော်စလိုမြို့ရှိ နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာနကို သီးသန့်ပေးပို့တဲ့ စာချွန်လွှာမှာ မစ္စတာဘန်ကီမွန်းကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဝေဖန်မှုဟာ နောက်ပိုင်းမှာ နော်ဝေးသတင်းစာကို ပေါက်ကြားသွားခဲ့ပါတယ်။

မစ္စတာဘန်ကီမွန်းဟာ မြန်မာ့ဒီမိုကရေစီရေး ကိစ္စနဲ့ အာဖရိကတိုက်က ပြဿနာတွေကို တုံ့ပြန်ဖြေရှင်းတဲ့ နေရာမှာ ထိရောက်မှုမရှိဘူးလို့ မိုနာယူးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်းဟာ နော်ဝေး၀န်ကြီးချုပ် ယန်းစ် စတိုလ်တန်ဘာ့ဂ် (Jens Stoltenberg) နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အော်စလိုမြို့ကို တနင်္လာနေ့က ရောက်ရှိနေခဲ့ပါတယ်။

ဒီလို ဝေဖန်ခံလိုက်ရတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း၊ ဒါပေမယ့် အများပြည်သူအတွက် အလုပ်လုပ်နေတဲ့ သူတယောက် ဖြစ်တာကြောင့် သူ့အနေနဲ့ စောင့်ကြည့်ဝေဖန်မှုတွေကို မျှော်လင့်ထားတယ်လို့ သတင်းထောက်တွေကို နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။



၂၀၁၀ ရွေးကောက်ပွဲအကြို လှုပ်ရှားတာတွေ

ရဲဘော်ဖိုးသံချောင်း
၁ စက်တင်ဘာ ၂၀၀၉
line


ဗမာပြည်မှာ နိုင်ငံရေးလေရူးတွေ စတိုက်လာနေပါပြီ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအကြို ဖျာခင်းကြ၊ တောခြောက်ကြ၊ မီးရှူး မီးပန်းတွေလွှတ်ကြ၊ တချို့လူတွေ အကြီးအကျယ် အလုပ်တွေရှုပ်နေကြပါတယ်။ နအဖရဲ့ မေတ္တာစေတနာကို ဘုန်းတော်ဘွဲ့တွေ ရေးကြ၊ လျှာကုဋေနဲ့ချီးကျူးကြ။ သူတို့ပြောတာ လက်မခံချင်သူတွေကို ပြင်းပြင်းထန်ထန်ထိုးနှက်ကြ၊ သူတို့ အချင်းချင်းထဲမှာ တော့ လက်ပံပင်ဆက်ရက်ကျသလို သောသောကိုညံလို့ပါ။ ဒါပေမယ့် ဒီအချိန်မှာ ပြည်သူလူထုကတော့ သူတို့နဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို မျက်စောင်းတောင်မှ ထိုးမကြည့်ပါဘူး။ အိပ်ရေးပျက်မခံကြပါဘူး။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အဆိပ်ကို သကာလူးပြီးပေးလာတာမှာ နအဖစစ်အစိုးရက ပေးသမျှသကာကို ယူထားရမယ်လို့ ဆိုနေကြပါတယ်။ ကျန်တဲ့အဆိပ် (၉၀) ရာခိုင်နှုန်း မျိုရတာကိုတော့ ဘာမှမဖြစ်သလိုတွေ ပြောနေကြတယ်။ အဲဒီလိုရသမျှယူထားလို့ ပြောတဲ့လူတွေထဲမှာ တော်တော်များများဟာ ရသမျှကိုယ့်အတွက် အမြတ်ပဲဆိုတဲ့သဘောနဲ့ ပြောနေကြတာလို့ ယူဆရပါတယ်။ သူတို့ရမှာတွေထဲမှာ နအဖစစ်ဗိုလ်တွေရဲ့ မျက်နှာသာပေးမှု၊ ဆုလာဘ်တွေလည်း ထည့်တွက်မှာကတော့ မလွဲပါဘူး။

တိုက်ဆိုင်ချင်တော့ ဒီအချိန်မှာ နိုင်ငံတကာလေထုထဲမှာလည်း လေကြောင်းပြောင်းအလဲတွေ တွေ့နေရပါတယ်။ ပြည်ပက လေသံပြောင်းလာတာနဲ့ ပြည်ပရောက်တချို့ကလည်း ချက်ချင်းလေသံပြောင်းကုန်ကြတာကို အံ့သြစရာတွေ့ရပါတယ်။ ကိုးကန့်ဒေသမှာ သေနတ်သံတွေ ပြန်မြည်နေချိန်မှာ တချိန်က “တပ်မတော်ကြီး” တခု တည်ထောင်မယ် တကဲကဲပြောနေသူ တွေဟာ “စစ်ဗိုလ်တမတ်သားကိုလည်း လက်ခံမှာပဲ” လို့ ပြောတာကို ကြားရတာဟာ ဗမာပြည်နိုင်ငံရေးရဲ့ ၀မ်းနည်းစရာ ဟာသတခုပဲလို့ ဆိုရပါလိမ့်မယ်။ တကယ်တော့ သူတို့အရင်ကပြောခဲ့တဲ့၊ အခုနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ စကားတွေဟာ ပဲ့တင်လှိုင်းထဲမှာပဲ ရှိပါသေးတယ်။ တချို့ဝက်ဘ်ဆိုက်တွေရဲ့ မျက်နှာဖုံးစာမျက်နှာပေါ်မှာပဲ ရှိပါသေးတယ်။

ဗမာပြည်ရဲ့စီးပွားရေးကို တရုတ်အုပ်စီးသွားမှာ စိုးရိမ်ရတယ်။ ဗမာပြည်ဟာ တရုတ်သြဇာအောက် ရောက်သွားလိမ့်မယ်။ ဒါကြောင့်မို့ အမေရိကန်က အစောတလျင်ဝင်ရမယ်လို့ ဗြောင်ပြောခဲ့တဲ့ ဂျက်ဝက်ဘ်ဆိုတဲ့အမတ်ဟာ နအဖရဲ့လက်ထဲက သူတို့နိုင်ငံသား ဂျွန်ယက်တောကို ခေါ်ထုတ်သွားပြီး ဗမာပြည်ဒီမိုကရေစီလှုပ်ရှားမှုထဲကိုတော့ သပ်ကြီးတချောင်း စိုက်ထားခဲ့ပါတယ်။ သူ့ကြောင့်မို့ နယူးယောက်က လေဘာတီကျောက်ရုပ်ကြီးရဲ့ မီးရှူးတိုင်ဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ပြနေတာလားလို့ မေးရမလိုတောင်ဖြစ်သွား ပါတယ်။ တကယ်က ၀က်ဘ်လိုလူဟာ နအဖနဲ့စီးပွားရေးလုပ်နိုင်ဖို့အတွက် နအဖကို ဘယ်လို ထုံးသုတ်ရွှေချပေးရမလဲ စဉ်းစားနေတာသာဖြစ်ပါတယ်။ ဘာပဲပြောပြော သူဟာ ဒီနေ့ဗမာပြည်နိုင်ငံရေးရဲ့ အခရာကျတဲ့ ပြဿနာမှာ ဘက်တဘက်ကို ခြေစုံပစ်ဝင်ရပ်လိုက်ပါပြီ။ ဒါဟာ ဗမာပြည်နိုင်ငံရေးထဲကို အတိအလင်း ၀င်ခလောက်ဆန်တာပါပဲ။

ပြောရရင် ဗမာပြည်သူတွေဟာ နိုင်ငံရေးအရဆိုရင် နိုင်ငံကြီးပေါင်းစုံနဲ့ ဆက်ဆံဖူးခဲ့ပါပြီ။ ရှင်ကြီးဝမ်းလည်းဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ဖူးလို့ ဆိုနိုင်ပါတယ်။ ရှင်တရှင်တည်းရဲ့ ၀မ်းထဲကိုသာ ၀င်ဖူးသူတွေသာ အဲဒီအရှင်က သဘောထားပြောင်းပြီ ဆိုတဲ့အခါမှာ သူတို့လည်းလိုက်ပြီး ပြောင်းကြတာပါ။ ဒါပေမယ့် ထူးခြားတာက ဒီလိုပြောင်းလိုက်တော့ သူတို့ကိုယ်သူတို့ ကိုယ့်ပြည်သူတွေနဲ့ တဖက်စီရပ်လျက်ဖြစ်နေတာကို တွေ့ရတာပါပဲ။ တပါတည်းမှာ သူတို့တွေ့ရမှာက သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ တခြားနိုင်ငံရေးအကျဉ်းသမားတွေကိုပါ ချောင်ထိုးလိုက်ပြီဆိုတဲ့အဖြစ်ပါပဲ။ နိုင်ငံရေးသမားတွေအဖို့မှာ ဒီတကွေ့မှာ ရပ်တည်ချက်ဟာ သူ့တဘ၀လုံးကို အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။

အခုကြားနေရတဲ့အသံတခုက ရွေးကောက်ပွဲကိုဝင်ပြီး နောက်မှ နအဖကို တဖြည်းဖြည်းပုံပြောင်းယူမယ်ဆိုတာပါ။ အခုလို တရားမ၀င်အာဏာသိမ်းပြီး မင်းလုပ်နေတာကိုတောင် ပြောင်းလဲလို့မရဘဲ ဖွံ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီး “တရားဝင်” မင်းလုပ်နေမယ့် ဗိုလ်ချုပ်တွေကို တဖြည်းဖြည်းချင်းပြောင်းလဲယူမယ်ဆိုတာကကော ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တယ်လို့ ပြောသူကို သူ့အရိပ်ကတောင် ရယ်ပါလိမ့်မယ်။ ကိုယ်က သူ့ပြောင်းမှာလား၊ သူက ကိုယ့်ပြောင်းမှာလားဆိုတာ ဖိုးသူတော်ဖြစ်မှ သိပါလိမ့်မယ်။ အမှန်ပြောရရင် ဒီလိုပြောသူဟာ ရေရှည်အနာဂတ်အတွက် တာဝန်မယူရာကျလွန်းတယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ၊ တိုင်းပြည်ရဲ့ ကံကြမ္မာတခုလုံးနဲ့ဆိုင်နေတဲ့ ကိစ္စတွေမှာ နောင်ခါလာနောင်ခါဈေးလို့ သဘောထားတာဟာ တိုင်းပြည်ကို ရောင်းစားနည်းတမျိုးသာ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ ဒီနေ့အနေအထားမှာဆိုရင် ဒါဟာ စစ်ဗိုလ်တွေ လက်ထဲကို ရောင်းစားတာသာဖြစ်ပါတယ်။

ဒီတလော ပြည်ပက မီဒီယာတွေထဲက ဗမာပြည်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေထဲမှာ “ဗမာပြည်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးရင် ဘယ်သူကအာဏာကို ချုပ်ကိုင်ထားမလဲ” ဆိုတဲ့အကြောင်းကို အတော်လေးရေကြ၊ ဆွေးနွေးကြတာ တွေ့ရပါတယ်။ အဲဒီဆောင်းပါးတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့်ဆိုတာအပါ တချို့ကိစ္စတွေမှာ အမြင်ကွဲချင်ကွဲမယ်၊ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီးရင်လည်း ဗမာပြည်ရဲ့အာဏာကို ဗိုလ်ချုပ်တွေကပဲ ချုပ်ကိုင်ထားမယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ မငြင်းကြတာကို တွေ့ရပါတယ်။ နောက်ပြီး အဲဒီအခါကျရင် စစ်တပ်ကချုပ်ကိုင်ထားတဲ့အစိုးရကို ပြောင်းယူနိုင်လိမ့်မယ်လို့လည်း ဘယ်သူကမှ ဟောကိန်းမထုတ်တာ သတိထားစရာပါပဲ။

နောက်အံ့သြစရာအချက်တချက်ကတော့ နအဖဗိုလ်ချုပ်တွေက အမျိုးသားရင်ကြားစေ့ရေးစကား တခွန်းမှမပြောဘဲနဲ့လည်း ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်တနှစ်ခွဲချလိုက်တာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အလားအလာ ကောင်းဖြစ်တယ်လို့ ပြောကြတာပါပဲ။ ဒီလို ဒေါ်အောင်ဆန်းစုကြည်အိမ်ချုပ် ထပ်ချခံရတာကို ဂျင်ဝက်ဘ်ကလည်း သူ့ခရီးစဉ် အောင်မြင်တယ်လို့ သုံးသပ်တာလည်း မမေ့နိုင်ပါဘူး။

တချို့သော ရွှေပြည်အေးတရား ဟောသူများကတော့ ကျေအေးသင့်ပြီဆိုတာမျိုး လူလိမ္မာစကား ပြောကြပါတယ်။ ဒီနေရာမှာ ကျေအေးချင်တယ်ဆိုတာ တဖက်တည်းက ကျေအေးလို့ရတာမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ၁၉၅၈ ခုနှစ်တုန်းက ဗိုလ်နေ၀င်းနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ အာဏာသိမ်းတဲ့အခါမှာ ဦးနုစကားနည်းရန်စဲလုပ်လိုက်တာဟာ တိုင်းပြည်လည်းငါးပါးရော သံဃာစင်ပါမှောက်ရုံမက သူကိုယ်တိုင်လည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ပါတယ်။ ဒါဟာ တဖက်သတ်ကျေအေးလို့ မဖြစ်ဘူးဆိုတာရဲ့ အထင်ရှားဆုံး သာဓကတခုဖြစ်ပါတယ်။

သူတို့ရဲ့အမြင်မှာ အတိုက်အခံတွေ၊ ပြည်သူတွေဘက်က မျှော်လင့်ချက်မရှိတော့ဘူး၊ နအဖကပဲ ထင်သလို လုပ်နိုင်နေတယ်၊ ဒါကြောင့်မို့ အလျှော့သာပေးလိုက်ပါဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တိုင်းပြည်တပြည်မှာ အာဏာရနေတဲ့လူက ပိုပြီး လုပ်နိုင်ကိုင်နိုင်တာ၊ ဥပဒေဆိုတဲ့စကားလုံးကိုသုံးပြီး ထင်တိုင်းလုပ်တာတွေ လုပ်နိုင်တာအမှန်ပါပဲ။ ဒါပေမယ့် အဲဒီတဖက်တည်း ကိုသာမြင်ပြီး ကျန်တဖက်ရဲ့လုပ်ကိုင်မှုနဲ့ အလားအလာတွေကို ထည့်မတွက်ရင် မှားပါတယ်။ ပဋိပက္ခတခုမှာ ဘက်နှစ်ဖက်ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဘက်တဖက်ကချည့် အမြဲအသာရနေ၊ နိုင်နေတာမဟုတ်ပါဘူး။ အခြားတဖက်က ပြန်လှန်တုံ့ပြန်တာ၊ ဆန့်ကျင်တာမရှိရင် အဲဒီနှစ်ဖက်ရဲ့ တပြိုက်နက်တည်းရှိမှုကို ပဋိပက္ခလို့တောင် ခေါ်တော့မှာမဟုတ်ပါဘူး။ ပဋိပက္ခလို့ဆိုလိုက်တာနဲ့ ဘက်နှစ်ဖက်ထဲမှာ အားသာနေတဲ့ ဘက်ဆိုတာကို အမြဲလိုရှိနေတာ တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီဘက်အားသာမှု၊ အထက်စီးရမှုဟာ တသက်လုံးတည်ရှိတာမဟုတ်ဘူးဆိုတာ ဘယ်ပဋိပက္ခမှာမဆို တွေ့နေရတဲ့ နိယာမပါ။ နောက်ဆုံးမှာ အသစ်ကို နေရာပေးရတာချည်းပါပဲ။

အရေးကြီးတာက အဲဒီပဋိပက္ခမှာ ကိုယ်က ဘက်ဘက်က ပါမလဲဆိုတာပါပဲ။






နိုင်ငံရေးအကူအညီနှင့်ဖွံ့ဖြိုးရေးအကူအညီ
NEJ / ၁ စက်တင်ဘာ ၂၀၀၉


လူ့အဖွဲ့အစည်းနှင့် အသင့်တော်ဆုံးနိုင်ငံရေးစနစ်သည် ဒီမိုကရေစီဖြစ်သည်ဟု အနောက်တိုင်းနိုင်ငံများက ယုံကြည်သဖြင့် ဒီမိုကရေစီစနစ် ပြုစုပျိုးထောင်နိုင်အောင် ကူညီလေ့ရှိသည်။ သို့သော်လည်း ဤသို့သော ကူညီအားပေးမှုကို အာဏာပါဝါပြ၍ ကြီးစိုးသော အစိုးရများက ဟန့်တားကြပါတယ်။ အချို့ကမူ အာဏာရှင်စနစ်ကို ရေရှည်မသုံးနိုင်ကြောင်း သိသဖြင့် ဒီမိုကရေစီကို ဟန်ပြအဖြစ်သာအသုံးပြုပြီး အနှစ်သာရကို လျစ်လျူရှုတတ်ပါတယ်။ ထို့ကြောင့် ဒီမိုကရေစီကျင့်သုံးရန် ကြိုးစားသော်လည်း မရှင်သန် မကြီးထွားနိုင်ဘဲ ဖြစ်နေသည်ကို တွေ့ရ၏။

ဤသို့ အခက်အခဲများရှိသော်လည်း ဒီမိုကရေစီစနစ်ကို ပြုစုပျိုးထောင်နိုင်အောင် အနောက်တိုင်းက နည်းမျိုးစုံဖြင့် ကူညီအားပေးတုန်းပင်ဖြစ်သည်။ အစိုးရက ကူညီသကဲ့သို့ ပုဂ္ဂလိကအဖွဲ့အစည်းများကလည်း ကူညီပါသည်။ သို့သော်လည်း ပုံစံတခုကို နေရာတိုင်း၌ကျင့်သုံး၍ မဖြစ်နိုင်သည်ကို သဘောပေါက်သည့်အတွက် နေရာဒေသကိုလိုက်၍ ဒီမိုကရေစီပြုစုပျိုး ထောင်ရေးအကူအညီပေးပုံ ကွဲပြားသွားပါသည်။ သို့ပေမယ့် ယေဘုယျအားဖြင့် နိုင်ငံရေးအကူအညီနှင့် ဖွံ့ဖြိုးရေး အကူအညီဟူ၍ နှစ်မျိုးနှစ်စားကိုသာ တွေ့နိုင်ကြောင်း လွန်ခဲ့သော ဇန်န၀ါရီလထုတ် ဒီမိုကရေစီဂျာနယ်၌ တောမတ်စ်ခရုသာစ် (Thomas Carothers) က ရေးသားထားပါသည်။ ဒီပုဂ္ဂိုလ်သည် ဒီမိုကရေစီမြှင့်တင်ရေးဆိုင်ရာ စာအုပ်စာတမ်းအများအပြား ရေးသားထားသူဖြစ်ပါသည်။

ဒီမိုကရေစီပြုစုပျိုးထောင်ရန် နိုင်ငံရေးအကူအညီပေးမှုနှင့် ဖွံ့ဖြိုးရေးအကူအညီပေးမှုသည် ကွဲပြားခြားနားသော်လည်း သူ့နေရာနှင့်သူ အသုံးဝင်နေသည့်အတွက် ဆန့်ကျင်ဘက်နည်းလမ်းများမဟုတ်ဟု ဆိုပါသည်။ ဒီမိုကရေစီဘက်တော်သားများ အောင်ပွဲခံနိုင်အောင် ကူညီသည်ကို နိုင်ငံရေးအကူအညီဟု ခေါ်ပါသည်။ နိုင်ငံရေးပါတီ၊ အသင်းအဖွဲ့နှင့်လူပုဂ္ဂိုလ်တွေကို အကြံဉာဏ်ပေး၊ သင်တန်းပေးပြီး ငွေကြေးထောက်ပံ့မှုသည် နိုင်ငံရေးအကူအညီဖြစ်သည်။ လွတ်လပ်သော သတင်းမီဒီယာ အားကောင်းရန်အတွက်လည်း အကူအညီပေးတတ်ပါသည်။ အာဏာရှင်ကြီးစိုးသော နိုင်ငံများ၌မူ ဤသို့တိုက်ရိုက် ကူညီရန် မဖြစ်နိုင်သည့်အတွက် နိုင်ငံခြားရောက်အသင်းအဖွဲ့နှင့် ရေဒီယိုအသံလွှင့်ဌာနများကို ထောက်ပံ့ပါ၏။ ဥပမာ မြန်မာနှင့်ကျူးဘား ကိစ္စ၌ ပြည်ပရောက်အဖွဲ့အစည်းကိုသာ ကူညီနေရပါသည်။

ရွေးကောက်ပွဲကျင်းပရန် အခွင့်အလမ်းပွင့်လာပါက အတိုက်အခံပါတီများကို သင်တန်းပေးမှု၊ ပြည်သူကို ပညာပေးမှု စသည်ဖြင့် ကူညီတတ်ပါသည်။ နိုင်ငံရေးသတင်းဖော်ပြသည့် ပုဂ္ဂလိကစာနယ်ဇင်းကိုလည်း ကူညီတတ်ပါသည်။ တိုင်းသူပြည်သားများ နိုင်ငံရေးတွင် တက်တက်ကြွကြွ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်သည့် အရပ်သားအဖွဲ့အစည်းများကိုလည်း ကူညီထောက်ပံ့လေ့ရှိ၏။ ရွေးကောက်ပွဲ၌ တရားမျှတရန်၊ သတင်းမီဒီယာလွတ်လပ်ရန်နှင့် ဒီမိုကရေစီအုပ်စု စွမ်းရည်ရှိရန် ကူညီသည်ကို နိုင်ငံရေးအကူအညီလို့ ခေါ်ပါသည်။ ဤနည်းကြောင့် အောင်မြင်သွားသော သာဓကများရှိပါသည်။

ဒီမိုကရေစီပြုစုပျိုးထောင်ရာတွင် လိုအပ်သော အခြေခံဖြစ်သည့် တာဝန်သိမှု၊ သိသာမြင်သာမှု၊ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှု၊ သာယာဝပြောမှု စသည်များ ခိုင်မာအောင် အဓိကထားမှုကို ဖွံ့ဖြိုးရေးအကူအညီဟု ခေါ်နိုင်ပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ နိုင်ငံရေးလုပ်နည်းလုပ်ထုံး ပြောင်းလဲရုံသာမဟုတ်ဘဲ ပြည်သူ့ဘ၀ သာယာဝပြောရေး၊ တရားမျှတရေး စသည့် လူမှုစီးပွားရေးတိုးတက်မှုများလည်း ပါဝင်သည်ဟု ဖွံ့ဖြိုးရေးအကူအညီပေးသူများက ယူဆပါသည်။ ဒီမိုကရေစီအခြေခံရှိမှသာ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးနိုင်ပြီး လူမှုစီးပွားရေးတိုးတက်မှုကြောင့် ဒီမိုကရေစီစနစ် ရှင်သန်ကြီးထွားလာနိုင်သည်ဟု ဖွံ့ဖြိုးရေးအကူအညီကို ဦးစားပေးသူများက ယုံကြည်ကြပါသည်။

ဒီမိုကရေစီကိုမကျင့်သုံးမီ တိုင်းပြည်ကို ထိရောက်စွာအုပ်ချုပ်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရန် လိုအပ်သည်ဟုလည်း ဆိုပါသည်။ ထို့ကြောင့် လက်ရှိအစိုးရနှင့် လက်တွဲလုပ်ကိုင်ရန် အရေးကြီးသည့်အတွက် နိုင်ငံရေးအရ ထိပ်တိုက်တွေ့မည့်ကိစ္စကို ရှောင်ရှားသင့်သည်ဟု ဖွံ့ဖြိုးရေးအကူအညီပေးသူများက ယူဆသည်။ နိုင်ငံလုံးဆိုင်ရာအဆင့်မဟုတ်ဘဲ မြို့နယ်အဆင့်ရှိ အရပ်သားအဖွဲ့အစည်းများကို ကူညီပါက ပြဿနာမဖြစ်နိုင်ဟု မြင်ကြသည်။ လူမှုဖူလုံရေးသဘောဖြင့် ကူညီသည်ကို နိုင်ငံရေး စွက်ဖက်မှုဟု ပြောရန် ခက်သွားသည်ဟု ဆိုပါသည်။ ဖွံ့ဖြိုးရေးအကူအညီ၏ အားသာချက်မှာ တဖြည်းဖြည်း တရွေ့ရွေ့ပြောင်းလဲမှုဖြစ်သည်။ ချုပ်ချယ်ကန့်သတ်မှုများသောနိုင်ငံ၌ ဤနည်းကို ကျင့်သုံးရန် သင့်တော်သည်ဟု ဆိုပါသည်။ ဥပမာ- တရားဥပဒေရိုသေလေးစားအောင် ချက်ချင်းမလုပ်နိုင်ပါ။ အချိန်ယူ၍ ကျင့်သားရအောင် လုပ်ရမည့် ရေရှည်စီမံကိန်းဖြစ်ပါသည်။

ဖွံ့ဖြိုးရေးအကူအညီ၏ အားနည်းချက်သည် တဖြည်းဖြည်းနည်းနည်းချင်း ပြောင်းလဲလာအောင် လုပ်ယူသောနည်း ဖြစ်သည့်အတွက် လက်ရှိအစိုးရ၏ ဟန်ပြပြုပြင်ရေးအစီအစဉ်ကို ကူညီသကဲ့သို့ ဖြစ်သွားနိုင်ပါသည်။ ထိုအခါတွင် မျှော်လင့်သကဲ့သို့ ဒီမိုကရေစီဓလေ့ မရှင်သန်နိုင်တော့ပါ။ ဥပမာ ဗိယက်နမ်ကဲ့သို့ အာဏာရှင်ကြီးစိုးသောနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီ ပေးသော်လည်း နိုင်ငံရေး အကျိုးသက်ရောက်မှုမရှိဘဲ ဖြစ်နေပါ၏။ အီဂျစ်၌လည်း အစိုးရ၏ ဟန်ပြလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးအကူအညီ ရောထွေးယှက်တင်ဖြစ်နေ၍ အစိုးရ၀ါဒဖြန့်လုပ်ငန်းကို အားပေးသလိုဖြစ်နေပါသည်။

ထို့ကြောင့် နေရာဒေသနှင့်အချိန်ကာလကိုလိုက်၍ ဒီမိုကရေစီအင်အားစုကို နိုင်ငံရေးအကူအညီပေးသည့်အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်တာမျိုးရှိသလို ဖွံ့ဖြိုးရေးအကူအညီကြောင့် ဒီမိုကရေစီ အခြေခံတည်ဆောက်နိုင်တာမျိုးလည်း ရှိပါသည်။ အမေရိကန်၏ ဒီမိုကရေစီအကူအညီကို နိုင်ငံရေးအကူအညီအဖြစ် မြင်ကြပါသည်။ သမ္မတဘုရှ်လက်ထက် အီရတ်၌ စစ်ရေးအရစွက်ဖက်ပြီး အာဏာရှင်အစိုးရ ဖြုတ်ချသည်ကို အပြင်းထန်ဆုံး နိုင်ငံရေးစွက်ဖက်မှုဟု မြင်ကြသည်။ တဖြည်းဖြည်း တရွေ့ရွေ့လုပ်နေသော ဖွံ့ဖြိုးရေးအကူအညီကို အမေရိကန်နိုင်ငံခြားရေးလမ်းစဉ် ချမှတ်သူများက စိတ်မ၀င်စားကြပါ။ အမေရိကန်စိတ်ဝင်စားသော ဖွံ့ဖြိုးရေးအကူအညီဆိုသည်မှာ နိုင်ငံရေးဦးတည်ချက်ကို ကျားကန်ခြင်းပင်ဖြစ်ပေသည်။

အနောက်ဥရောပနိုင်ငံများသည် နိုင်ငံရေးအကူအညီရော၊ ဖွံ့ဖြိုးရေးအကူအညီပါ ပေးနေသော်လည်း ဖွံ့ဖြိုးရေးအကူအညီကို အဓိကဦးစားပေးကြ၏။ တရားဥပဒေစိုးမိုးမှုအားနည်း၍ လူမှုစီးပွားရေးယိုယွင်းပျက်စီးနေချိန်၌ ဖက်ဆစ်ဝါဒီများက ရွေးကောက်ပွဲစနစ်ကို ခုတုံးလုပ်၍ အာဏာရခဲ့သည့် သမိုင်းသင်ခန်းစာကြောင့် ဒီမိုကရေစီအခြေခံအုတ်မြစ် ခိုင်မာတောင့်တင်း အောင် ဖွံ့ဖြိုးရေးအကူအညီပေးခြင်းသည် ဒီမိုကရေစီအုပ်စုကို အကူအညီပေးမှုထက် ပို၍အရေးကြီးသည်ဟု ယူဆလာခြင်းဖြစ်သည်။ ထို့ကြောင့် အနောက်ဥရောပနိုင်ငံများတွင် အစိုးရသာမကဘဲ ပုဂ္ဂလိက အဖွဲ့အစည်းများကလည်း ဖွံ့ဖြိုးရေးအကူအညီပေးရန်သာ စိတ်ထက်သန်ကြပါသည်။ ဒီမိုကရေစီဆိုသည်မှာ အနိုင်အရှုံးသဘောမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းတခုလုံး ပါဝင်နေသော ပြောင်းလဲမှုဖြစ်စဉ်ဟု ဥရောပက ယူဆပါသည်။

နိုင်ငံခြားငွေအားလူအားဖြင့် ကူညီခဲ့သော်လည်း ဒီမိုကရေစီစနစ်ရှင်သန်အောင် မလုပ်နိုင်သေးသည့် နိုင်ငံထဲတွင် ကမ္ဘောဒီးယားသည် ထင်ရှား၏။ ရေခံမြေခံမကောင်းပါက ဒီမိုကရေစီရှင်သန်ရန် ခက်ခဲသည်ကို ကမ္ဘောဒီးယားက သက်သေပြသကဲ့သို့ ဖြစ်နေသည်။ ကုလသမဂ္ဂကြီးကြပ်၍ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်အောင် ကြိုးပမ်းသည့်အတွက် အနှစ် (၂၀) ကျော်အတွင်း ပထမဆုံးသော အထွေထွေရွေးကောက်ပွဲကို ၁၉၉၃ မှာ ကျင်းပနိုင်ခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာက ၀ိုင်းဝန်းကူညီသည့်အတွက် အတိုက်အခံပါတီနှင့် သဘောထားကွဲလွဲမှုကို အနည်းအကျဉ်းခွင့်ပြုနိုင်သော နိုင်ငံရေးစနစ် ပေါ်ထွက်လာသည့်အတွက် ဒီမိုကရေစီထွန်းကားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြ၏။

ငြိမ်းချမ်းရေး၊ တရားမျှတသော ရွေးကောက်ပွဲကျင်းပရေး၊ လူ့အခွင့်အရေးကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး စသည်တို့ကို အကောင်အထည်ဖော်ရန် ကုလသမဂ္ဂငြိမ်းချမ်းရေးအမှုထမ်း (၁၅,၀၀၀) ကျော် ကမ္ဘောဒီးယားသို့ စေလွှတ်ခဲ့၏။ ယင်းသို့ ကူညီခဲ့သည်မှာ (၁၅) နှစ်ကျော်လာသော်လည်း ကမ္ဘောဒီးယားဒီမိုကရေစီသည် စိတ်မချရသေးပါ။ အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားလုပ်မှု များလွန်းသည့်အတွက် တရားဥပဒေလည်း မကြီးစိုးနိုင်သေးပါ။ အကြမ်းဖက်ခြိမ်းခြောက်၍ လိုချင်တာရအောင် လုပ်သည့်နည်းကို နေရာတိုင်းတွင် သုံးနေဆဲဖြစ်ပါသည်။

သို့သော်လည်း ကမ္ဘောဒီးယားကိုကြည့်၍ စိတ်ပျက်စရာမလိုပါ။ နိုင်ငံခြားအကူအညီကိုချည်း အားကိုး၍ ဒီမိုကရေစီမရနိုင် ကြောင်း ကမ္ဘောဒီးယားက သက်သေပြနေခြင်းသာ ဖြစ်ပေသည်။ နိုင်ငံခြားအကူအညီယူ၍ ပြည်တွင်းနိုင်ငံရေး တိုးတက်အောင် လုပ်ယူသည့် သာဓကများ အနောက်တိုင်းဒီမိုကရေစီသမိုင်းတွင် အများအပြားရှိသည်ကို မမေ့အပ်ပါ။


ဂျပန်စီးပွားရေးကို ပြင်ဆင်နိုင်မည်ဟု ၀န်ကြီးချုပ်သစ်ကြွေးကြော်

2 September Yangon – -Planet News (www.planet.com.mm)

r3908862312တိုင်းပြည်၏ ယိုယွင်းနေသော စီးပွားရေးကို ပြုပြင်နိုင်ရန် အဓိကရည်ရွယ်ထားကြောင်း ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ်သစ် ယူကီအို ဟာတိုယာမာက ကြွေးကြော်လိုက်သည်။ ဩဂုတ်လ (၃၀)ရက်နေ့က ဂျပန်ရွေးကောက်ပွဲ ရလဒ်များကို ကြေညာရာ အတိုက်အခံပါတီခေါင်းဆောင် ဟာတိုယာမာက အနိုင်ရရှိပြီး ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရွေးချယ် ခံခဲ့ရသည်။ ဟာတိုယာမာက နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှု ပိုမိုကောင်းမွန်လာစေရန်၊ လုပ်သားများ၏ အခွင့်အရေး ပိုမိုရရှိလာစေရန်နှင့် အမေရိကန်စတိုင် စီးပွားရေးကို တွန်းလှန်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပြီး အစိုးရအနေနှင့် နိုင်ငံစီးပွားရေး ကျဆင်းနေမှုကို ပြန်လည်မြှင့်တင်ရန် ဦးဆောင်ဦးရွက် ပြုသွားမည်ဟု ကတိပြုခဲ့သည်။ သို့သော်လည်း ဂျပန်စီးပွားရေး လေ့လာမှု ကျွမ်းကျင်သူများက ဂျပန်သည် စီးပွားရေး ပြန်လည်တည်ထောင်ရေးအတွက် အမေရိကန်လမ်းစဉ်များကို ဆက်လက်ဆုပ်ကိုင်ထားရဖွယ် ရှိနေကြောင်း သုံးသပ်ခဲ့သလို စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အတန်ငယ် အချိန်ယူရဦးမည်ဟု သုံးသပ်ခဲ့သည်။ “ပြန်လည်ပြုပြင်ရေးဆိုတာ ခုချိန်မှာတော့ တော်တော်အသုံးမကျတဲ့ စကားလုံးပါ”ဟု ဂျပန်အခြေစိုက် Macquarie Securitiesမှ စီးပွားရေး ပညာရှင် အကြီးအကဲ ရစ်ချတ်ဂျာရမ်းက ပြောကြားခဲ့သည်။ “ဂျပန်ဟာ ခုဆိုရင် ထုတ်လုပ်မှု တိုးလာဖို့အတွက် ဈေးကွက်ကို ပိုပြီးတွန်းအားပေးနေပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေ ဖြစ်လာဖို့ကတော့ စောင့်ရဦးမှာပါ”ဟု ဂျာရမ်းကဆိုသည်။ ဂျပန်ဒီမိုကရက်တစ်ပါတီ၏ အကြီးအကဲဖြစ်သည့် ၀န်ကြီးချုပ် ဟာတိုယာမာက “အမေရိကန်က ကျင့်သုံးနေတဲ့ လွတ်လပ်တဲ့ ဈေးကွက်ကုန်သွယ်မှုဟာ ဂျပန်ရဲ့ စီးပွားရေး အကြပ်အတည်းအတွက် အဓိက ပြဿနာပါပဲ။ အမေရိကန် အတွေးအခေါ်တွေဟာ ဂျပန်နိုင်ငံအတွက်ဆိုရင် အရမ်းကို ယျေဘူယျကျလွန်းပြီး တကယ်တမ်းကိုက်ညီမှု မရှိပါဘူး”ဟု ဝေဖန်ထားသည်။ ဂျပန်သည် စီးပွားရေး ကျဆင်းနေမှုနှင့်အတူ နိုင်ငံ၏ ပင်လယ်ရပ်ခြား ရောင်းဝယ်မှုများတွင် အကြီးအကျယ် ထိခိုက်နေဆဲဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်၏ နာမည်ကျော် ပို့ကုန်များဖြစ်သော အီလက်ထရောနစ် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ရောင်းချရမှုသည် (၁၁.၇)ရာခိုင်နှုန်းထိ လျော့ကျသွားသလို ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့ဦးရေမှာ (၅.၇)ရာခိုင်နှုန်းထိ စံချိန်တင် ကျဆင်းလျက်ရှိသည်။ ကျွမ်းကျင်သူများက ယခုနှုန်းအတိုင်း စီးပွားရေး ဆက်လက်ယိုယွင်းနေပါက အလုပ်လက်မဲ့ ပမာဏသည် (၁၂)ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားသည်။ ဟာတိုယာမာကမူ “ကျွန်တော်အခု ၀န်ကြီးချုပ် ဖြစ်နေပါပြီ။ ဘယ်လောက်ပဲခက်ခက် ဂျပန်ရဲ့ အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ”ဟု ပြောကြားထားသည်။



၁၈နှစ်ကြာ ဖမ်းဆီးခံခဲ့ရသည့် သနားစဖွယ် မိန်းကလေးငယ်၏အဖြစ်ဆိုး

2 September Yangon - -Planet News (www.planet.com.mm)

အမေရိကန် ရဲတပ်ဖွဲ့သည် ဂျေစီလီးဒူးဂတ် (၁၈)နှစ်လုံးလုံး အနေဆင်းရဲစွာ ဖြတ်သန်းအချိန်ကုန်ခဲ့ရသည့် အခန်းကျဉ်းလေးနှင့် တင်းကုပ်ဟောင်း နေရာလေး၏ ဓာတ်ပုံများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။ ဂျေစီသည် သူမအသက် (၁၁)နှစ်အရွယ်က ဖီးလစ်ဂါရီဒိုနှင့် နန်စီဂါရီဒိုတို့၏ ပြန်ပေးဆွဲဖမ်းဆီးမှုကို ခံခဲ့ရပြီး (၁၈)နှစ်လုံးလုံး ဖီးလစ်၏ လိင်ဆိုင်ရာ ကျေးကျွန်အဖြစ် သိမ်ငယ်စွာ နေထိုင်ခဲ့ရသည်။ ဖီးလစ်နှင့် နန်စီတို့သည် ဂျေစီအား ၎င်းတို့အိမ်၏ အနောက်ဘက်ရှိ လျှို့ဝှက်ခြံဝင်းငယ်လေးထဲတွင် ချုပ်နှောင်ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

Jaycee

(သနားစဖွယ်ဂျေစီနှင့် သူမအား ပြန်ပေးဆွဲ ဖမ်းဆီးသွားသည့်နေရာ)

ဂျေစီ၏ မိသားစုသည် ပန်းရောင်ဝတ်စုံနှင့် (၁၁)နှစ်သမီးလေး (၁၉၉၁)ခုနှစ်က ကယ်လီဖိုးနီးယားရှိ ဆောက်သ်လိတ်ခ်တာဟိုး လမ်းဆုံအနီးတွင် ပျောက်ဆုံးသွားပြီးနောက် သေဆုံးသွားပြီဟုပင် ယူဆထားခဲ့ကြသည်။ ဂျေစီအား ဖီးလစ်တို့က ဖမ်းဆီးထားသည့်နေရာသည် ဆန်ဖရန်ဆစ္စကို မြို့အနီးတွင် တည်ရှိပြီး အပျက်အစီး အမှိုက်သရိုက်များ ပြည့်နှက်နေကာ ရွက်ဖျင်တဲ တစ်လုံးတွင် ဖီးလစ်နှင့်ရသည့် ကလေးနှစ်ဦးနှင့်အတူ ဂျေစီမှာ ချို့တဲ့စွာ နေခဲ့ရရှာသည်။

Jaycee

(နန်စီဂါရီဒို) (ဖီးလစ်ဂါရီဒို)

ယခုအခါတွင် အသက်(၂၉)နှစ် ရှိနေပြီဖြစ်သော ဂျေစီအား ရဲတစ်ဦးက ထိုတင်းကုပ်ရှိရာ ခြံဝင်းအား မသင်္ကာသဖြင့် ၀င်ရောက်ရှာဖွေစဉ် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည် ဂျေစီမှာ ဦးနှောက်ဆေးခြင်း (Brainwash) ပြုလုပ်မှု ခံထားရသည်ဟု ယူဆနေပြီး ဘာသာရေးအရ မူမမှန်သော အယူဝါဒများ ရိုက်သွင်းထားခြင်းရှိ မရှိကို စစ်ဆေးဖော်ထုတ်ရန် ပြင်ဆင်နေသည်။ ဂျေစီသည် သူမ၏ မိခင်၊ ပထွေးတို့နှင့် ကြေကွဲဖွယ် ပြန်လည်ဆုံတွေ့ချိန်တွင် မိခင်ဖြစ်သူ တယ်ရီအား “မေမေ၊ သမီးမှာ ကလေးတွေ ရှိနေပြီ”ဟူသော စကားကို ဆို့နင့်စွာ ပြောကြားခဲ့ရှာသည်။

Jaycee

(ဂျေစီအား ၁၈နှစ်ကြာဖမ်းဆီးထားခဲ့သည့်နေရာ)

ဂျေစီ၏ ပထွေးဖြစ်သူ ကားလ်ပရိုဘင်က “သမီးလေး အသက်ရှင်နေသေးတယ်ဆိုတာ ရဲကလာပြောတော့ ကျွန်တော်တို့ လင်မယား ယုံတောင်မယုံနိုင်ဘူး။ ပြီးတော့ တယ်ရီက ကျွန်တော့်ကို ဖက်ပြီးငိုတော့တာပဲ။ ကျွန်တော်လည်း ငိုခဲ့မိတယ်”ဟု ပြောကြားခဲ့သည်။ ရဲများက ဂျေစီရော သမီးလေး(၂)ဦးပါ ကျန်းမာရေး ကောင်းမွန်သော်လည်း ၎င်းတို့၏ စိတ်အခြေအနေကိုမူ စိုးရိမ်လျက်ရှိကြသည်။ ကားလ်ကလည်း “ကျွန်တော့်သမီးဟာ ဖီးလစ်ရဲ့ ယုတ်မာမှုကိုတောင် သေသေချာချာ သဘောမပေါက်အောင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေပါတယ်။ သူ့စိတ်ထဲမှာတော့ ဖီးလစ်က သူ့ကိုလက်ထပ်ထားတယ်လို့ ထင်နေတာပါ။ အဲဒီလိုဖြစ်အောင်လည်း လူယုတ်မာက သေသေချာချာ ပုံသွင်းထားခဲ့တာ”ဟု စွပ်စွဲပြောဆိုသွားသည်။

(ဂျေစီ နေထိုင်ခဲ့ရသည့် အခန်းကျဉ်း)

သနားစရာ မိန်းကလေးသည် သူမ၏ သမီးဦးလေးအား အသက်(၁၄)နှစ်အရွယ်ဖြင့် ဖွားမြင်ခဲ့ရရှာသည်။ ဂျေစီသည် အသက်(၁၅)နှစ်နှင့် (၁၁)နှစ်အရွယ် သမီးနှစ်ဦးနှင့်အတူ ထိုတင်းကုပ် ခြံဝင်းလေးထဲတွင် ဆော့ကစားခွင့် ရရှိနေခဲ့ပြီး အိမ်နီးချင်းများက တွေ့မြင်ခဲ့သည့်တိုင် ချုပ်နှောင်ထားသည်ဟု မထင်ခဲ့ကြပေ။ ဂျေစီမှာလည်း သူမ၏ ဘ၀မှန်ကို နားမလည်နိုင်လောက်အောင် စိတ်ပိုင်းဆိုင်ရာ မှိုင်းသွင်းခံရပြီး ဖီးလစ်၏ လိင်အလုပ်အကျွေး ဘ၀ဖြင့် ဆက်လက်ရှင်သန်နေခဲ့ရသည်။ “သူ့ကိုတကယ်ချုပ်ထားတာ တင်းကုပ်ထဲမှာ မဟုတ်ပါဘူး။ သူ့ဦးနှောက်ထဲမှာတင် သူ့ကိုချုပ်ထားတာပါ”ဟု စိတ်ပညာရှင် တစ်ဦးက ဂျေစီအတွက် ကြင်နာသနားစွာ ပြောကြားခဲ့သည်။

Jaycee

(သနားစဖွယ်ဂျေစီ နေထိုင်ခဲ့ရသည့် ခြံဝင်းနေရာ)

ဂျေစီသည် သူမ၏ တင်းကုပ်ဂေဟာလေးတွင်သာ သာယာနေခဲ့ပြီး သူမ၏ ရှုပ်ပွနေသော အိမ်ကလေးရှေ့တွင် Welcomeဆိုသော ဆိုင်းဘုတ်လေးကိုပင် တပ်ဆင်ထားသေးသည်။ ရဲတပ်ဖွဲ့က ဖီးလစ်သည် ဂျေစီအား ယခုလို နေထိုင်ရခြင်းသည် ဘုရားသခင်၏ အလိုတော်ကြောင့်ဖြစ်သည်ဟု နုနယ်သော ဦးနှောက်အတွင်း စွဲနေအောင် ၀ါဒမှိုင်းသွင်းပေးထားကြောင်း ပြောကြားသွားသည်။

Jayceeရဲတပ်ဖွဲ့သည် လူမဆန်သော ကာမဘီလူး ဖီးလစ်အား ဩဂုတ်လ (၂၈)ရက်နေ့က ကယ်လီဖိုးနီးယား တရားရုံးတွင် စတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ သတင်းများအရ ဖီးလစ်သည် ပြန်ပေးမှု၊ မုဒိမ်းမှု၊ လျှို့ဝှက်ပူးပေါင်း ကြံစည်မှု၊ လီဆယ်လိမ်ညာမှုစသော စွဲချက်များဖြင့် တရားစွဲဆိုထားပြီး ၎င်း၏ဇနီး နန်စီကိုလည်း ပြန်ပေးမှု၊ ပူးပေါင်းကြံစည်မှုများအတွက် တရားစွဲထားကြောင်း သတင်းရရှိသည်။

Source: MailOnSunday

(လူမဆန်သည့် မုဒိမ်းသမား ဖီးလစ်)