Thursday, September 3, 2009

မြန်မာ့အနုမြူစီမံကိန်းကို အနီးကပ်စောင့်ကြည့်ဖို့ အချိန်တန်ပြီ



post by Wednesday, September 02, 2009

Ref: ၂ သြဂုတ် ၂၀၀၉ (Bangkok Post: Spectrum)

မြန်မာစစ်အစိုးရဲရဲ့ အနုမြူလုပ်နိုင်တဲ့အစွမ်းအစကို ဒေသတွင်းမှာရှိတဲ့ ထောက်လှမ်းရေးအဖွဲ့တွေက ဘာလို့ မယုံကြည်ကြသလဲဆိုတာ အကြောင်းပြချက်ကောင်းကောင်း ရှိပါတယ်။ မြန်မာပြည်အပြင်ဖက်ကို ထွက်လာတဲ့ သတင်းဇတ်လမ်းတွေ စိစစ်အတည်ပြုနိုင်ဖို့ ဆိုတာဟာ ခက်ခဲလှပါတယ်။ စစ်အစိုးရက နိုင်ငံတကာ မီဒီယာတွေကို တားမြစ်ထားပါတယ်။ တပ်ပြေးတွေက တတိယနိုင်ငံမှာ သူတို့အခြေချနေထိုင်ခွင့်ရဖို့အရေး သူတို့ဘယ်လောက် အရေးပါတယ်ဆိုတာကို ချဲ့ကားပြောဆိုနေကြပြီး ပြည်ပရောက်မြန်မာ့နိုင်ငံ ရေး တက်ကြွလှုပ်ရှားသူတွေ အနေနဲ့လည်း စစ်အစိုးရ မဟုတ်တယုတ်လုပ်နေတောတွေကို နိုင်ငံတကာမှာ မီးမောင်းထိုးပြဖို့ ဆက် လက် လိုအပ်နေပါတယ်။

စစ်အစိုးရကပဲ သူတို့ တကယ်လုပ်နေတာတွေကို ဖုံးကွယ် ဖို့ သတင်းမှားတွေ ထုတ်ပေးနေသလား ဆိုတာလည်း သူတို့ပဲသိမှာပါ။ မြန်မာပြည်ဟာဆင်းရဲတဲ့ နိုင်ငံဖြစ်တယ်။ ကျေးလက်ဒေသတွေမှာရှိတဲ့ အပေါ်ထပ်အဆောက်အအုံ တွေဟာ မရှိတော့သလောက်ပဲ။ စီးပွားရေးပိတ်ဆို့မှုတွေ ကြောင့် ၀င်ငွေရပေါက်ရလမ်းတွေကလည်း ပိတ်နေတယ်။

မကြာသေးခင်နှစ်တွေတုန်းက မြောက်ကိုရီးယန်း၊ ဆီးရီး ယန်းနဲ့ အီရန်တွေရဲ့ထုနဲ့ထည်နဲ့ဖျက်ဆီးနိုင်တဲ့ လက်နက် တွေ တည်ဆောက်ဖို့ လုပ်နေတဲ့ စီမံကိန်းတွေအပေါ်မှာ အမေရိကန် အစိုးရက စိုးရိမ်ပူပန်တဲ့အကြောင်း အသံပေး လာပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ပတ်သက်လို့တော့ အခုထိ အသံတိတ်နေတုန်းပါ။ မြန်မာပြည်ရဲ့ အနုမြူ ထုတ်လုပ်ရေး ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ သံသယတွေကတော့ အမြဲတန်း ရှိနေ မှာပါလို့ Griffith Asia တက္ကသိုလ် က သုတေသီ၊ ကာကွယ်ရေးဆိုင်ရာ သြစတြေးလီးယန်း အကဲခတ်တဦးဖြစ်တဲ့ Andrew Selth က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေမှာ ဒီသံသယတွေက ပိုတိုးလာတယ်။ ဒါပေမဲ့ ဒါတွေ တကယ်ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကိုတော့ ဘယ်သူမှ သိပုံမပေါ်ပါဘူး။ မြန်မာ့အနုမြူထုတ်လုပ်မှုအဆင့်အတန်းနဲ့ပတ်သက်တဲ့ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ယုံကြည်ရလောက်တဲ့ ကြေညာချက်တခုကို အိုဘားမားအစိုးရအဖွဲ့ကနေ ထုတ်ပြန်ပေးဖို့ကို နိုင်ငံအတော်များများက မဟာဗျူဟာ အကဲခတ်လေ့လာရေး သမားတွေက မျှော်လင့်နေကြပါတယ်”။

၂၀၀၇ခုနှစ်၊ မေလ၊ မြန်မာပြည်မှာ အနုမြူသုတေသန ဓါတ်ပေါင်းဖို တည်ဆောက်ရေးလုပ်ငန်း ထုတ်ပြန်ကြေညာချက်ထဲမှာ ဒါဟာ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာပါလို့ Rosatom လို့ခေါ်တဲ့ ရုရှအနုမြူစွမ်းအင် အေဂျင်စီက ပြောဆိုပါတယ်။ မြန်မာနိုင်ငံဟာ IAEA တာဝန်ယူမှုအောက်မှာ ရှိတဲ့ အနုမြူ မပြန့်ပွားရေးစာချုပ်ကို လက်မှတ်ရေးထိုး ထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့အနုမြူ အဆောက်အအုံတွေကို စစ်ဆေးဖို့ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုထိတော့ ဒီလိုမလုပ်နိုင်သေးပါဘူး။

သံသယရှိနေကြတဲ့ ဒေသတွင်း လုံခြုံရေးအေးဂျင့်တွေနဲ့သံရုံးအတွင်းလူတွေက မြန်မာစစ်အစိုးရကို မယုံကြည်နိုင်ကြတော့ဘူး ဆိုတာကို ထုတ်ဖော်ပြောချင်နေကြတယ်။ အကြောင်းပြချက်တွေကလည်း ကောင်းတယ်။ မြန်မာပြည်ဟာ ကလေးစစ်သားတွေ၊ မြေမြှုပ်မိုင်း၊ အဓမ္မလုပ်အားစေခိုင်းတာ၊ အဓမ္မရွှေ့ပြောင်းတာ၊ နိုင်ငံရေး အတိုက်အခံတွေကိုဖိနှိပ်တာ၊ ရောဂါထိန်းချုပ်တာ၊ တရား မ၀င်မူးယစ်ဆေးဝါး၊ လူကုန်ကူးတာနဲ့ အဂတိလိုက်စားတာ စတဲ့ ကိစ္စတွေမှာ ကမ္ဘာ့အဆိုးဆုံးစာရင်းတွေရဲ့ ထိပ်ဆုံးနားကနေ လိုက်နေ တယ်။

Source

ဒီနေ့ အဓိက ဦးတည်လုပ်သင့်တဲ့ လုပ်ငန်း



(ရဲဘော်ဖိုးသံချောင်း)
post by Thursday, September 03, 2009

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ စစ်အစိုးရဆန့်ကျင်သူတွေဟာ လုပ်ငန်းစဉ်တွေ အမျိုးမျိုး ချမှတ်ကြပါတယ်။ ပါတီအဖွဲ့အစည်းတွေအနေနဲ့ ရော၊ တပ်ပေါင်းစုတွေအနေနဲ့ပါ လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာတာ မကြာခဏ တွေ့ကြရပါတယ်။ ဒါပေမယ့် ဒီနေ့အခြေအနေ၊ အထူးသဖြင့် သူ့ဖက်ကိုယ့်ဖက် အခြေအနေကို သုံးသပ်တာ အတော်လေး တွေ့ရခဲပါတယ်။ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ တင်ပြနေတာတွေက ပိုများသလားလို့။

သူ့ဖက်ကိုယ့်ဖက် အနေအထား၊ အင်အားကိုတွက်တာ အင်မတန်မှ အရေးကြီးပါ တယ်။ ဒါကို အမှန်အတိုင်းမြင်နိုင်မှ ဘာလုပ်ရမယ်ဆိုတာကို အမှန်အတိုင်း ချမှတ်နိုင် မှာဖြစ်ပါတယ်။ အင်အားချိန်ခွင်လျှာကို တွက်ရာမှာ ရေရှည်သမိုင်းအမြင်နဲ့ လက်ငင်း လက်တွေ့အမြင်ရယ်လို့ နှစ်မျိုး ရှိပါတယ်။ ရေရှည်သမိုင်းအမြင်သဘော ပြောရရင် ပြည်သူလူထုဟာ မုချအောင်ပွဲခံမှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်တွေဟာ မုချကျဆုံး မှာပါ။ ဒါကြောင့်မို့ ကျနော်တို့ဟာ အနာဂတ်ကိုပိုင်ဆိုင်တဲ့ ပြည်သူလူထုကြီးနဲ့ လက်တွဲ တာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်တွေ့လက်ငင်းအခြေအနေမှာ ပြည်သူလူထုဟာ အောင်ပွဲမခံနိုင်သေး ပါဘူး။ ဒါ့အပြင် အင်အားလည်း သေးငယ်ပါသေးတယ်။ ကိုယ့်ဖက်က ထိုးစစ်မဆင်နိုင်ဘဲ စစ်အာဏာရှင်တွေက သူတို့ရဲ့လမ်းပြမြေပုံ ကို တောက်လျှောက် အကောင်အထည်ဖော်နေနိုင်တာဟာ ဒီလက္ခဏာပဲဖြစ်ပါတယ်။ ဒီအချက်ကို ပိုမြင်သာအောင် ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ကာလကို ယှဉ်ပြောပါ့မယ်။ ရှစ်လေးလုံးအရေးတော်ပုံကနေ ၉ဝ ခုနှစ် ရွေးကောက်ပွဲအထိကာလဟာ စစ်အစိုးရနဲ့ကိုယ်နဲ့ အင်အား ဆတူလောက်လို့ ပြောနိုင်လိုက်တဲ့ ကာလဖြစ်ပါတယ်။ လှုံ့ဆော်ပြီးဖြစ်နေတဲ့ လူထု၊ လှုပ်ရှားမှုအတွေ့အကြုံရှိနေတဲ့ လူထုနဲ့ ရှေ့တန်းက ပါဝင်ခဲ့သူတွေ အသင့်ရှိနေပါတယ်။ စစ်အစိုးရရဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေးယန္တရားကြီးထဲမှာလည်း အရေးတော်ပုံရဲ့ ဂယက်ဟာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှုရောကိုပါ ထည့်တွက်လိုက်ရင် စစ်ရေးမပါ၊ အတွေးအခေါ်ရေး၊ နိုင်ငံရေးမှာ ကိုယ့်ဖက်က သာနေတယ်လို့တောင် ပြောလို့ရပါတယ်။ ဗကပ ပြိုကွဲတဲ့အတွက် ဒီချုပ်ကို မထိခိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဗကပ ပြိုကွဲတဲ့ အတွက် စစ်အစိုးရမှာ စစ်ရေး အချိုးအစားအရ အများကြီး သာသွားပါတယ်။ တပ်တွေလည်း အများကြီး အားသွားပါတယ်။ ထိုင်း နယ်စပ်မှာ သူတို့ရဲ့တပ်တွေ အများကြီး တိုးချဲ့နိုင်သွားပါတယ်။

ဗကပပြိုကွဲပေမယ့် နိုင်ငံရေးအရ ပြည်သူတွေဖက်က အသာစီးရနေပါသေးတယ်။ ဒါကို ၁၉၉ဝ ရွေးကောက်ပွဲက အထင်ရှားဆုံး သက်သေပြခဲ့ပါတယ်။ ပြည်သူလူထုကြီးက မဲပုံအောထည့်ခဲ့တာကိုကြည့်ရင် ပြည်သူလူထုထဲမှာ တိုက်ပွဲစိတ်ဓာတ်တွေ လွှမ်းမိုးဖြိုးဝေ နေဆဲဆိုတာကို ပြနေပါတယ်။ နောက်တပွဲ စမ်းချင်သေးလားဆိုတဲ့ စိတ်ဓာတ်မျိုး ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် အခုအခါမှာ အခြေအနေက အဲဒီလိုမဟုတ်ပါဘူး။ အချိုးအစားအရ သူ့ဖက်က အများကြီး သာနေပါတယ်။ နိုင်ငံရေးခေါင်း ဆောင်တွေကို ထောင်ထဲထည့်ပစ်တာ၊ သစ္စာဖောက်တွေ မွေးထုတ်တာ၊ ခွဲထုတ်တာ၊ ကိုယ့်အတွင်းက ကွဲပြဲတာ၊ တယောက်တပေါက် ပြောနေတာတွေဟာ နအဖအဖို့ အကျိုးရှိသလောက် ရှိနေတယ်ဆိုတာ ဝန်ခံရမှာပါ။ နအဖအဖို့ ချောချောမွေ့မွေ့ မဟုတ်တောင်မှ သူတို့လုပ်ချင်တာတွေကို လုပ်နိုင်နေပါတယ်။ ဒါဟာ ကိုယ့်ဖက်က အားမရှိလို့ဆိုတာ အထူးပြောစရာမလိုပါဘူး။

ဒီလို အင်အားချိန်ခွင်လျှာကို ပြောင်းလဲမပစ်နိုင်သရွေ့ ဘာမှဖြစ်မလာနိုင်ဘူးဆိုတာ သတိပြုရပါမယ်။ ကိုယ့်ဖက်က သိသိသာသာကြီး အားနည်းနေရင် လူထုကိုလည်း လှုပ်နှိုးနိုင်မှာမဟုတ်ပါဘူး။ ထိရောက်တဲ့ လှုပ်ရှားမှုကြီးတွေလည်း ဆင်နွှဲနိုင်မှာမဟုတ်ပါဘူး။ အခုလို အနေအထားမှာ နအဖကို အပြတ်အလဲ ထိုးနိုင်မယ့် တိုက်ပွဲကြီး သူ့အလိုလို ပေါ်လာမယ်လို့ မျှော်လင့်လို့မရပါဘူး။ စက်တင်ဘာ သံဃာ့အရေးအခင်းဟာ မထင်တဲ့နေရာက မထင်ဘဲ ပေါ်ထွက်လာတာဆိုတော့ နအဖရော အတိုက်အခံတွေပါ ပြင်ဆင်မှုမရှိ၊ အလစ် အငိုက် ခံလိုက်ရသလို ဖြစ်သွားပါတယ်။ အတိုက်အခံတွေအဖို့ တိုက်ပွဲကို တခြားနယ်ပယ်တွေထဲ မတိုးချဲ့နိုင်ခဲ့ဘူးဖြစ်ခဲ့ရပါတယ်။ သံဃာတော်တွေဟာ အထီးကျန် တိုက်ပွဲဝင်ရသလို ဖြစ်သွားခဲ့ပါတယ်။ တန်ဖိုးမသေးတဲ့ သင်ခန်းစာပါ။

ပြည်သူလူထုက စားဝတ်နေရေးထဲ နစ်နေတယ်၊ ကြောက်နေတယ်ဆိုတာဟာ ယာယီကိစ္စ ဖြစ်ပါတယ်။ ၁၉၈၇-၈၈ ကာလတွေ တုန်းကလည်း ပြည်သူလူထုရဲ့ စီးပွားရေးအခြေအနေဟာ မကောင်းပါဘူး။ ငွေစက္ကူတွေ အလဟဿဖြစ်ကုန်ရတဲ့ အမှောင့်ကြောင့် ပိုဆိုးနေတဲ့အချိန်ပါ။ ဒီလို ပြောနည်းရဲ့ လောဂျစ်အတိုင်းဆိုရင် လူတွေဟာ စားဝတ်နေရေးပြေလည်မှ နိုင်ငံရေးလုပ်ကြမှာလိုလို၊ လမ်းပေါ်ထွက် ဆန္ဒပြကြမှာလိုလို ဖြစ်နေပါတယ်။ မဟုတ်ပါဘူး။ ခေါင်းဆောင်လုပ်မယ့် လူတွေကသာ ပြည်သူလူထုကို တကယ်တမ်း သဘောပေါက်အောင်၊ တကယ်ယုံကြည်လာအောင် ရှေ့ဆောင်လမ်းပြလုပ်နိုင်မယ်ဆိုရင် အိမ်ရှင်မတွေတောင်မှ ငြုတ်ဆုံနဲ့ တံမြက် စည်းကို အောက်ချပြီး လမ်းပေါ်ကို ထွက်လာကြမှာပါ။ ကိုယ့်ဖက်က ပြင်ဆင်တာ၊ လုပ်ကိုင်တာမကောင်းတာကို ပြည်သူလူထုအပေါ် ပုံချလို့ အဖြေမထွက်ပါဘူး။ ပြည်သူလူထု နားလည်သဘောပေါက်အောင်၊ ပါဝင်ချင်အောင် ကိုယ်က လုပ်မပြ၊ ပြောမပြနိုင်တာဟာ ကိုယ့်ရဲ့ ပြဿနာ ဖြစ်ပါတယ်။ ရှစ်လေးလုံးတုန်းက လူထုကြီးပါလာတာဟာ ရှေ့ကလုပ်ပြတဲ့ လူတွေ များလို့ဖြစ်ပါတယ်။ ပြောတာ သက်သက်နဲ့ မဖြစ်ပါဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို မလိုလားသူတွေအဖို့ ဒီနေ့ အဓိကလုပ်ရမယ့် လုပ်ငန်းဟာ အင်အား အချိုးအစား ပြောင်းလဲနိုင်ရေးဖြစ်ပါတယ်။ အင်အားအချိုးအစား ပြောင်းလဲရေးဆိုတာမှာ ပြည်တွင်းမှာ အင်အားအချိုးအစား ပြောင်းလဲ ရေးကို ပြောတာပါ။ ပြည်ပမှာကတော့ အခုတောင်မှ ကိုယ့်ဖက်က အရေအတွက်အရရော၊ နိုင်ငံရေးအရရော အများကြီး သာလွန်နေ တာပဲ။ ဒါပေမယ့် ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ဘူး မဟုတ်ပါလား။

ကိုယ့်တိုင်းပြည်ကြမ္မာကို ကိုယ့်လက်ထဲမှာထား၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် ဖန်တီးဖို့ သိပ်အရေးကြီးပါတယ်။ သူတပါးနိုင်ငံက၊ ပြည်ပက ပါဝင်ဖြေရှင်းတာဟာ အကျင့်ပါတတ်ပါတယ်။ အဲဒီလို သမိုင်းကြောင်းရှိခဲ့လို့ အခုအထိ ကိုယ့်ပြည်တွင်းရေးကိစ္စတွေ ဖြေရှင်း၊ လုပ်ကိုင် ရာမှာ ပြည်ပနိုင်ငံတွေ ကန့်လန့်ပါနေတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများအပြား တွေ့နေရဆဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် ကြာတော့ ပိုရှုပ်ထွေးတာတွေ ဖြစ်တတ်ပါတယ်။

ပြည်ပအကူအညီဆိုတာ မလိုအပ်ဘူးမဟုတ်၊ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီနေ့ ကာလလိုအခါမှာ ကိုယ့်အတွက်အကျိုးရှိရင် လက်ခံရ မှာပါ။ ဒါပေမယ့် ဒါကို အဓိကအခန်း မပို့မိဖို့ သိပ်သတိထားရပါမယ်။ နောက်ပြီး ပြည်ပအကူအညီဆိုတာဟာ ကိုယ်က တောင်းချင်တိုင်း တောင်းလို့ရတာမဟုတ်၊ သူတို့က သူတို့နိုင်ငံအတွက် အကျိုးရှိတယ်ထင်မှ ပေးတယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ တဆက်ထဲမှာ ပြည်ပ အကူအညီ လျော့နည်းသွားလို့ စိတ်ပျက်တာ၊ များလာလို့ အားတက်တာ စသဖြင့် မဖြစ်သင့်ပါဘူး။ ဒီတကွေ့မှာ နိုင်ငံတကာ အခြေ အနေဟာ ဘာမဆို ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကိုယ့်တပ်ကိုယ် ပြင်ဆင်ထားဖို့လိုသလို ရှေ့ခြေလှမ်းကို ပြည်တွင်းဖက် သေချာ ဦးတည်ထားဖို့ လိုပါတယ်။

ပြည်တွင်းမှာ ကိုယ့်အင်အားတွေ တိုးပွားသလား၊ ဆုတ်ယုတ်သလားဆိုတာသာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ အရေးတော် ပုံကို ဒီအချက်က အဆုံးအဖြတ်ပေးမှာပါ။ ဒါကြောင့် အခြေအနေကို ရဲရဲကြည့်ပါ။ အမှန်ကို ဆုပ်ကိုင်နိုင်အောင် ကြိုးစားပါ။ အခြေအနေ မှန်ပေါ် ကနေ လုပ်ငန်းချမှတ်ပါ။ လက်တွေ့လည်းလုပ်ပါ။

ရဲဘော် ဖိုးသံချောင်း

ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ရွေးချယ်စရာလမ်း




နိုင်ငံရေးအမှုလိုက် ရှေ့နေကြီးတဦး
ကြာသပတေးနေ့၊ စက်တင်ဘာလ 03 ရက် 2009 ခုနှစ် 13 နာရီ 41 မိနစ်

_

ပြစ်မှုကျူးလွန်တယ်ဆိုရုံမျှနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လို့မရဘူး။ အဲဒီလို ပြစ်မှုကျူးလွန်လိုတဲ့ စိတ်ဆန္ဒ (guilty mind) နဲ့ ကျူးလွန်တာဖြစ်ရမယ်။ ဒါကို mans rea လို့ခေါ်တဲ့ လက်တင် ဥပဒေ ဆိုးရိုးစကား (legal maxims, in Latin) နဲ့ ကိုးကားပြီး အနည်းငယ် ရှင်းပြပေးပါရစေ။

အဲဒီ ပြစ်မှုကျူးလွန်လိုတဲ့ စိတ်ဆန္ဒ ရှိ၊ မရှိ ဆိုတာကတော့ ပြစ်မှုမကျူးလွန်ခင်၊ ပြုဆဲ၊ ပြုပြီး၊ နောက် သူ့ရဲ့ အပြုအမူ၊ အလုပ်အကိုင် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစား ဆုံးဖြတ်ပေးရပါတယ်။

အဲဒီလို စဉ်းစားဆုံးဖြတ်ပေးတာကိုတော့ အတ္တနောမတိ လို့ခေါ်တဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား (common sense) ကနေ စဉ်းစားဆုံးဖြတ်ပေးရမှာပါ။ အရင်က ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေ အသက်ဝင်လျက် ရှိ၊ မရှိ ဆိုတာကို စဉ်းစားဆုံးဖြတ်ရာမှာလည်း အတိတ်က အပြုအမှု၊ ပစ္စုပ္ပန်အပြုအမူနဲ့ နောင်ဖြစ်လာနိုင်မယ့် အပြုအမူတွေကို ထည့်သွင်း စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲအရေးယူခဲ့တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၂၂) ဆိုတာက ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ နိုင်ငံသားတဦးဦးရဲ့ မူလအခွင့်အရေးတွေကို ကန့်သတ်တဲ့ဥပဒေ ဖြစ်နေပါတယ်။ အဲဒီဥပဒေရဲ့ ပုဒ်မ ၉ (စ) မှာ အရေးယူခြင်း ခံရသူသည် ကန့်သတ်ခြင်းခံရသည့် မူလအခွင့်အရေးများမှအပ အခြေခံဥပဒေပါ အခြား မူလအခွင့်အရေးများကိုမူ ခံစားခွင့်ရှိစေရမည်လို့ အတိအလင်း ပြဋ္ဌာန်းထားပြီးသားပါ။

ဒါကြောင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်မရှိတော့ရင် အဲဒီအခြေခံဥပဒေကို မှီတည်ပြီး ထုတ်ပြန်ထားတဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုတာလည်း အလိုလိုပယ်ဖျက်ပြီးသား ဖြစ်နေတဲ့အတွက် ခုတ်လှဲပြီး မရှိတော့တာကြာပြီဖြစ်တဲ့ သစ်ပင်ကြီးဆီက အကိုင်းကို ထင်းမီးစိုက်ဖို့နောက် ၂၁ နှစ်ကြာမှ သတိရတာနဲ့ တူနေပါတယ်။ သစ်ပင်လဲရင် အကိုင်းအခက်တွေလည်း မြေခရတာဟာ သဘာဝဓမ္မ ဥပဒေသပါ။

အကိုင်းအခက်တွေမှာ အသက်ရှိသေးတယ်လို့ ပြောချင်ရင်တော့ ပြန်စိုက်ရပါမယ်။ ဒါကြောင့် သစ်ပင်ကြီးနဲ့တူတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီး မရှိတော့တဲ့အခါမှ အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ အကိုင်းအခက်ဖြစ်တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေလည်း မရှိတော့တာမို့ မရှိတော့တဲ့ ဥပဒေနဲ့ တရားစွဲထားဖြစ်တာကြောင့် လွှတ်ကိုလွှတ်ပေးရမယ့် အမှုဖြစ်ပါတယ်။

အောက်ရုံးခရိုင် တရားသူကြီးတွေရဲ့ မှားယွင်းဆုံးဖြတ်မှု၊ အမိန့်မလွန်ဆန်နိုင်မှုတွေကို အဆင့်မြင့် တရားရုံးတွေက ပြင်ဆင်ပေးလိုက်မယ်ဆိုရင် တိုင်းပြည်အတွက်လည်း သိက္ခာရှိမယ်။ တရားစီရင်ရေးအတွက်လည်း ကောင်းမွန်တဲ့ အလားအလာကောင်းတွေ ရှိလာစေမှာ ဖြစ်ပါတယ်။

အရင်အာဏာသိမ်း အစိုးရတုန်းက အပြုအမူ၊ အခုလက်ရှိ အာဏာသိမ်းအစိုးရရဲ့ အပြုအမှုတွေနဲ့ နောင်ပြုလုပ်မယ်လို့ ကြေညာထားတဲ့ ကြေညာချက်တွေအရ အရင်ပြဋ္ဌာန်းထားခဲ့ဖူးတဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေဟာ ဒီကနေ့ထက်တိုင် အသက်ဝင်လျက်မရှိဘူး ဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံမှာ အခြေခံဥပဒေ ၂ ခုနဲ့ ကြုံခဲ့ပြီးပေမယ့် နောက်ထပ်တခုနဲ့ ထပ်ကြုံရဦးမယ့် အနေအထားမှာ အရင်အခြေခံဥပဒေက အခုထိ အသက်ဝင်နေပါသေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ မြန်မာ့နိုင်ငံအရေးအတွက် အရေးပါဆုံး သူတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခရောက်နေရတဲ့ အခြေအနေမှာ အရင်က အခြေခံဥပဒေတွေ ဒီကနေ့ထက်တိုင် အသက်ရှိမရှိ ဆိုတဲ့ ဥပဒေ ပြဿနာကို အခုအချိန် ကာလအတွင်းမှာ အရေးတကြီး ဆွေးနွေးဖို့ လိုအပ်နေပါတယ်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေဟာ လွတ်လပ်ရေးမရခင် တနှစ်အလိုမှာ လွတ်လပ်ရေး ရယူဖို့အတွက် ရေးဆွဲခဲ့ရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် အားရ်အက်တလီ (Prime minister Earl Attlee 1945-1951) တို့ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ အင်္ဂလန်က ပါလီမန် အဆောက်အအုံအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အောင်ဆန်း-အက်တလီ စာချုပ်အရ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးယူမယ်ဆိုရင် ဗြိတိသျှတွေ ယုံကြည်ရမယ့် အခြေခံအုတ်မြစ်ကောင်းတွေရှိမှ လွတ်လပ်ရေးရမယ်ဆိုတာ ရှင်းနေပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဖေဖော်ဝါရီလဆန်းမှာ အင်္ဂလန်က ပြန်လာပြီးတာနဲ့ တပြိုင်နက် အဲဒီအချိန်က ဥပဒေပညာရှင်တွေဖြစ်တဲ့ ဝတ်လုံတော်ရ ဦးချန်ထွန်း၊ ဦးဘဝင်း စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကော်မတီအဖွဲ့ဟာ အိန္ဒိယကို လေ့လာရေးအဖွဲ့ စေလွှတ်ပြီးနောက်ပိုင်း ၁၉၄၇ ခုနှစ် သြဂုတ်လအတွင်းမှာ အခြေခံဥပဒေ မူကြမ်းကို လွှတ်တော်ကို တင်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့တဲ့အတွက် ၆ လအတွင်းမှာ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီအခြေခံဥပဒေဟာ အချိန်တိုအတွင်းမှာ ဥပဒေပညာရှင်များများစားစား မပါဝင် ဘဲရေး ဆွဲခဲ့တယ်ဆိုပေမယ့် လက်ခံရလောက်အောင် စေ့စပ်သေချာခဲ့လို့ ဗြိတိသျှပါလီမန်က ငြင်းမရခဲ့တဲ့ အခြေခံဥပဒေတခု ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ဗြိတိသျှဝန်ကြီးချုပ် အက်တလီဟာ အောက်စဖို့ဒ် ကျောင်းဆင်းဖြစ်ပြီး၊ အလုပ်သမားပါတီ (Labour Party) ခေါင်းဆောင်၊ ဝတ်လုံတော်ရရှေ့နေကြီး (Barrister) တဦး ဖြစ်တာကြောင့် သူလက်ခံခဲ့တာကို လျှော့တွက်လို့ မရပါဘူး။

ဒါပေမဲ့ ကာလဒေသ အခြေအနေအရပ်ရပ်တွေ အမြဲပြောင်းလဲနေတာကြောင့် တချို့နေရာတွေမှာ အားနည်းချက်တွေ အထိုက်အလျောက် ရှိနေခဲ့ပါတယ်။ အဲဒီအားနည်းချက်တွေကို နောက်ဆက်တွဲ ပြင်ဆင်ချက်တွေအနေနဲ့ ၁၉၄၉ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ၁၁ ကြိမ်တိုင်တိုင် ပြင်ဆင်ခဲ့ရပါတယ်။

အဲဒီလို ပြင်ဆင်ရင်းနဲ့ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းသွားပြီးနောက်ပိုင်း အဲဒီ အခြေခံဥပဒေကို လုံးဝ မသုံးတော့ဘဲ ၁၉၇၄ ခုနှစ်မှာ နောက်ထပ် အခြေခံဥပဒေတခုကို ထပ်မံ အတည်ပြုခဲ့ပြန်ပါတယ်။


အဲဒီကြားကာလမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက် အရင်ရှိခဲ့တဲ့ အခြေခံဥပဒေကို ဆက်လက်မသုံးခဲ့တော့ပါဘူး။

ဒါကြောင့် ၁၉၆၂ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်ထိ အရင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်တာမျိုး လုံးဝ မလုပ်ခဲ့တာက သက်သေပြနေခဲ့ပါတယ်။

နောက်ထပ် အသစ်ပြဋ္ဌာန်းလိုက်တဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို မပြဋ္ဌာန်းခင်ကာလ တလျှောက်လုံးမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီး ၁၉၆၂ - ၁၉၇၄ ခုနှစ်အထိ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ထူထောင်မယ်လို့ ကြွေးကြော်နေခဲ့ပါတယ်။

အဲဒီလို ၁၂ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့တဲ့ အခြေခံဥပဒေတောင်မှ ၁၉၇၄-၁၉၈၈ အထိ ကာလအတွင်းမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ (မဆလ) ဟာ အခြေခံဥပဒေကို သူ့လက်ထက်မှာ ၄ ကြိမ် ပြင်ဆင်ခဲ့ရပါသေးတယ်။ သက်သေပြနေတာကတော့ အသုံးပြုနေတဲ့ အခြေခံဥပဒေဆိုရင် ခေတ်ကာလအလျောက် ပြုပြင်စရာတွေ၊ မွမ်းမံစရာတွေဟာ ပေါ်ပေါက်လာတတ်တာ သဘာဝဆိုတာပါပဲ။

၂၁ နှစ်ကြာ ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်း၊ မွမ်းမံခြင်း လုံးဝ မရှိခဲ့ဘဲ စကားထဲတောင် ထည့်မပြောခဲ့တာကြောင့် မဆလ အစိုးရက ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို မျက်ကွယ်ပြု ဖျက်သိမ်းပစ်ခဲ့ပြီးဖြစ်သလို လက်ရှိအာဏာသိမ်း အစိုးရကလည်း အရင်အခြေခံဥပဒေကို အလိုလိုဖျက်သိမ်းပြီးသားဖြစ်တယ်လို့ အထက်ရုံးပညာရှိ တရားသူကြီးတွေက ကောက်ယူသုံးသပ်ခြင်းဟာ အတ္တနောမတိကိုသုံးပြီး ဆင်ခြင်တုံတရားနဲ့ ကောက်ယူသုံးသပ်ကြရမှာ ဖြစ်ပါတယ်။

အရင်အာဏာသိမ်းအစိုးရက ကြားကာလတလျောက်လုံး ဆိုရှယ်လစ်စီးပွားရေးစနစ် ထူထောင်မယ်ဆိုပြီး ကြွေးကြော်ခဲ့သလို ၁၉၈၈ အာဏာသိမ်းစစ်အစိုးရရဲ့ စီးပွားရေးဦးတည်ချက် ၄ ရပ်ကလည်း ဆိုရှယ်လစ် စီးပွားရေးစနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးဆိုတာကို အခုချိန်ထိ အော်နေဆဲဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၈၈-၂ဝဝ၉ ခုနှစ်အထိ နှစ် ၂ဝ ကျော် ကာလအတွင်းမှာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအကြောင်း လုံးဝ မပြောခဲ့တဲ့အပြင် ၂/၈၈ နဲ့ ၃/၈၈ ဆိုပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ဥပဒေလို့ ကြေညာကာ ဥပဒေပြဋ္ဌာန်းလိုက်တာဟာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအပိုဒ် ၁၉၄ (က) အရ ပြုလုပ်ခွင့်မရှိသည်ကို ပြုလုပ်သော တရားမဝင်အဖွဲ့အစည်းဖြစ်နေသည်ဆိုတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။
(၂/၈၈ ဆိုတာ ဆိုရှယ်လစ် တရားစီရင်ရေးအာဏာကို ဖျက်သိမ်းတဲ့ ဥပဒေဖြစ်ပြီး၊ ၃/၈၈ ဆိုတာကတော့ ဆိုရှယ်လစ် ဥပဒေပြုရေးအာဏာကို ဖျက်သိမ်းတဲ့ ဥပဒေဖြစ်ပါတယ်။)

၁၉၇၄ ခုနှစ် အခြေခံဥပဒေအပိုဒ် ၁၉၄ (က) အရ လွှတ်တော်ကသာ အချုပ်အခြာအာဏာပိုင် ဖြစ်တယ်၊ နောက်ပြီး ဥပဒေပြုအာဏာဟာလည်း လွှတ်တော်မှာပဲ ရှိရမယ် ဆိုတာတွေကို ပြင်ဆင်ချင်တယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ သဘောတူညီချက်အပြင် မဲပေးခွင့်ရှိသူ ပြည်သူလူထု ထက်ဝက်ကျော် ထောက်ခံမှသာ ပြင်ဆင်ပြဋ္ဌာန်းခွင့်ရှိတယ် ဆိုတာကို ဖောက်ဖျက်ချိုးဖောက်ခဲ့တယ် ဆိုတာ ထင်ရှားနေပါတယ်။

အသက်ဝင်နေတဲ့ အခြေခံဥပဒေက တားမြစ်ထားတာတွေကို ဂရုမစိုက်လုပ်ချင်ရာလုပ်တာဟာ နိုင်ငံသားအားလုံးရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ကောင်းမြတ်မှုတွေကို ခြိမ်းခြောက်နေခြင်း ဖြစ်တာကြောင့် စစ်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ သဘောတူညီချက်တွေ၊ ရည်ရွယ်ချက်တွေကို ချိုးဖောက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ကြောင်း ခိုင်လုံတဲ့ အပြီးသတ် သက်သေခံချက် ဖြစ်နေပါတယ်။

ဒါကြောင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ နိုင်ငံသားအခွင့်အရေးကို ကန့်သတ်တဲ့ ဥပဒေနဲ့ တရားစွဲထားသူတွေကို လွှတ်ပေးမလား။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်ဝင်နေတာကြောင့် အဲဒီအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်လို့ လူသားဖြစ်မှုဆန့်ကျင်တဲ့ ပြစ်မှုနဲ့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးက အရေးယူတာကို ခံမလား စောင့်ကြည့်ကြပါစို့။

3September ဒိုင်ယာရီ

ဖိုင်ရယူရန်



ထိုင်းနိုင်ငံဖွား မြန်မာကလေးငယ် ဂျပန် သွားနိုင်ပြီဟုဆို
Thursday, 03 September 2009 20:05 ကိုထွေး
E-mail Print
ဂျပန်နိုင်ငံမှ အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပျံ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံဖွား မြန်မာကလေးငယ် တဦးကို ခရီးသွားလက်မှတ် ထုတ်ပေးရန် ထိုင်းအာဏာပိုင်တို့က ယနေ့ ဆုံးဖြတ်လိုက် သည်ဟု ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ဤသို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် ချင်းမိုင်မြို့မှ မူလတန်းကျောင်းသား မောင်သောင်ဒီသည် ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် ဂျပန်နိုင်ငံ အိုရီဂါမီ ပြိုင်ပွဲကို သွားရောက်နိုင်တော့မည် ဖြစ်သည်။

မောင်သောင်ဒီအတွက် ခရီးသွားလက်မှတ် ထုတ်ပေးရန် ၎င်း၏ ကျောင်းမှ တာဝန် ရှိသူများက အပြင်းအထန် ကြိုးစားခဲ့သော်လည်း ယမန်နေ့ကအထိ ထိုင်းနိုင်ငံ အာဏာပိုင်များက သဘောတူညီခဲ့ခြင်း မရှိပေ။

စက္ကူခေါက် လေယာဉ်ပျံ ပြုလုပ်ရာတွင် ကျွမ်းကျင်သည့် မောင်သောင်ဒီသည် ယမန်နှစ်က ဘန်ကောက်တွင် ပြုလုပ်သည့် ပြိုင်ပွဲတခုသို့ သွားရောက်ယှဉ်ပြိုင်ရာ သူ၏ စက္ကူခေါက် လေယာဉ်က ၁၂ . ၅၀ စက္ကန့်ကြာ လေတွင် ပျံဝဲနိုင်ခဲ့သည်အထိ စွမ်းရည်ပြသခဲ့သည်။

အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပျံ လေတွင် ပျံဝဲနိုင်သည့် ကမ္ဘာ့စံချိန်ကို ဂျပန်အမျိုးသားတဦးက ဧပြီလတွင် ၂၇.၆ စက္ကန့် ဖြင့် စံချိန်ချိုးထားသည်ဟု သိရသည်။

သံဃာလှုပ်ရှားမှု မဖြစ်ပေါ်ရန် အာဏာပိုင်များ တင်းကျပ်
Thursday, 03 September 2009 18:41 သန်းထိုက်ဦး
E-mail Print
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး (၂ ) နှစ်ပြည့် နီးကပ်လာချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက ကံဆောင်ရန် ပြင်ဆင်နေသည့်အတွက် ရန်ကုန်မြို့ရှိ စာသင်တိုက် တချို့မှ သံဃာတော်များကို စစ်အစိုးရ အာဏာပိုင်များက လုံခြုံရေး တင်ကျပ်ထားကြောင်း သိရသည်။

၂၀၀၇ ခုနှစ် သံဃာတော်များ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ရန်ကုန်မြို့ရှိ စာသင်တိုက်များအနီးအနား၌ ကြံ့ဖွံ့ နှင့် စွမ်းအားရှင်များကို လုံခြုံရေးချထားပြီး ၎င်းကျောင်းတိုက်များမှ သံဃာများအား စောင့်ကြည့်လေ့လာနေသည်ဟု ရန်ကုန်မြို့တွင်သီတင်းသုံးသည့် စာချဆရာတော်တပါးက ဧရာဝတီသို့ မိန့်ကြားသည်။

“စာသင်တိုက်တွေအနီး အခုနောက်ပိုင်း ဆိုင်တွေပေါ်လာတယ်၊ ကွမ်းယာဆိုင်တွေ တည်လာတယ်၊ ကွမ်းယာ ဆိုင်တည်ပြီးတော့ ကွမ်းယာတွေဝယ်စားတဲ့ ဘုန်းကြီးတွေနဲ့ စကားပြော၊ အဲဒီလို သတင်းယူတဲ့ပုံစံမျိုး တော်တော် များများကို တွေ့ရတယ်”ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များက ကံဆောင်ရန် ပြင်ဆင်နေသည်ကို အာဏာပိုင်များအနေနှင့် နည်းအမျိုးမျိုးဖြင့် သတင်းယူနေ သည့်အတွက် အတတ်နိုင်ဆုံး သတိထားရန်လိုအပ်သည်ဟုလည်း ၎င်း စာချဆရာတော်က မိန့်သည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးကမူ“လုံခြုံရေးလှည့်တာကတော့ ရန်ကုန်မှာ ဖောက်ခွဲရေး သမားတွေ ဘာတွေ ရှိနိုင်တယ် ဆိုပြီးတော့ အာဏာပိုင်တွေဘက်က ပြောနေတယ်၊ ဒါပေမယ့် စက်တင်ဘာ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ နီးလာတဲ့အတွက် ကြိုပြီးတော့ အင်အားပြထားတာ”ဟု ပြောဆိုသည်။

ထို့အပြင် မြင်းခြံ၊ မုံရွာနှင့် မန္တလေးတို့မှ နာမည်ကြီး ကျောင်းတိုက်များ အနီးတွင် စွမ်းအားရှင်များ၊ အရပ်ဝတ် ရဲများ ပုန်းလျှိုး၍ စောင့်ကြည့်မှုများရှိနေကြပြီး အခါအားလျော်စွာ ကျောင်းတိုက်တွင်းဝင်၍ စစ်ဆေး မေးမြန်းနေ သည်ဟု ဒေသခံများ ပြောပြချက်များအရ သိရသည်။

လွန်ခဲ့သည့် သြဂုတ် ၃၁ ရက်နေ့တွင် မကွေးတိုင်း ရေနံချောင်းမြို့ရှိ စနေနံကျောင်းတိုက်မှ ကျောင်းထိုင် ဆရာ တော် ဦးဝိမလနှင့် ရွှေစေတီ ပါဠိ တက္ကသိုလ်ကျောင်းတိုက်မှ လက်ထောက် ဆရာတော် ဦးဝါယမ တို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ရေနံချောင်းမြို့ ဒေသခံ တဦးပြောပြချက်အရ ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းတိုက်မှ လက်ထောက် ဆရာ တော် ဦးဝါယမကို ပြန်မလွှတ်ပေးသေးကြောင်း၊ စနေနံကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးဝိမလကိုမှု သံဃာတော်အများစုက တနယ်နှင့် တနယ် အဆက်အသွယ်လုပ်သည့် ကိစ္စများကို စစ်ဆေးမှုများ ပြုလုပ်၍ ပြန် လွှတ်ပေးခဲ့သည်ဟု ပြောသည်။

ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းသည် ရေနံချောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များက အထိမ်း အမှတ်နေ့များတွင် ဆွမ်းကပ်လေ့ရှိသောကျောင်း ဖြစ်သည်ဟု သိရသည်။

ရဟန်းပျိုများသမဂ္ဂ နှင့် သံဃသာမဂ္ဂီအဖွဲ့တို့က တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အဖွဲ့ခွဲများ ဖွဲ့ထားပြီး သံဃာ ထုက တတိယ အကြိမ် သပိတ် တိုက်ပွဲ ဆင်နွှဲမည် ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီး နောက်တွင် သံဃာ ထုအပေါ် စောင့်ကြည့် စစ်ဆေးမှုများကို အာဏာပိုင်များက ပိုမို ပြုလုပ်လာကြခြင်း ဖြစ်သည်။

သံဃာအဖွဲ့များက အကျဉ်းကျ သံဃာတော်များကို ပြန်လွှတ်ရန်၊ လွန်ခဲ့သည့် ၂ နှစ်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့သော သံဃာတော်များ အပေါ် ပြုမူထားသည်များကို လာမည့် အောက်တိုဘာ ၂ ရက်နေ့ နောက်ဆုံး ထား၍ သံဃာထုကို တောင်းပန်ရန် အာဏာပိုင်တို့ကို တောင်းဆိုထားသည်။

တောင်းဆိုချက်များကို အာဏာ ပိုင်တို့က မလိုက်လျောပါက အောက်တိုဘာ ၃ ရက်နေ့မှ စ၍ ငြိမ်းချမ်းသော သံဃာ လှုပ်ရှားမှုများ ပြုလုပ်ပြီး ဆန္ဒပြ တောင်းဆိုသွားမည် ဟု ထုတ်ပြန် ကြေညာထားသည်။

စစ်အစိုးရဘက်က ဖိနှိပ်မှု ကြီးမားလွန်းသည့်အတွက် ဤကဲ့သို့ သံဃာတော်များ၏ သပိတ်မှောက်ကံဆောင် မှု အမှန်တကယ်ဖြစ်ပေါ်နိုင်ခြင်း ရှိ မရှိ ကို လေ့လာသူများကလည်း ဝေဖန်ဆန်းစစ်မှုများ ရှိနေသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း သံဃာတော်များ ၏ သပိတ်မှောက်ကံဆောင်မှုနှင့် ပတ်သက်၍ အမှန်တကယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေ နည်းပါးသည်ဟု ပြော သည်။

“အစိုးရကတော့ အဲဒီနေ့ မရောက်ခင်မှာ ကျောင်းတိုက်တွေ၊ အရေးကြီးတဲ့နေရာတွေမှာ၊လုံခြုံရေးကို ကြိုတင်ပြင် ဆင်တဲ့ အနေအထားတွေတော့ရှိတယ်၊ ဒီလိုပြင်ဆင်ထားတဲ့အပေါ်မှာတော့ လွန်ခဲ့တဲ့ စက်တင်ဘာလတုန်းကလို လုပ်ဖို့တော့ ခက်လိမ့်မယ်ထင်တယ်၊ ဒါပေမယ့် ကျောင်းတွေမှာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မျိုးလုပ်လိမ့်မယ် လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက် ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ ဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက အာဏာပိုင်တို့ကို ပတ္တနိက္ကုဇ္ဖန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာတော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ် ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။

စစ်အစိုးရက၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းကာ သံဃာ နှင့် သီလရှင် ၂၀၀ကျော်ကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ သည်။

ရန်ကုန်တိုင်းနှင့် ဒေသတချို့တွင် ၁၈ နှစ်အထက် လူဦးရေစာရင်းကောက်ယူ
Thursday, 03 September 2009 17:54 ဟိန်းဇော်
E-mail Print
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာ အာဏာပိုင်များက အသက် ၁၈ နှစ် ပြည့်ပြီးသော လူဦးရေ စာရင်းများလိုက်လံ ကောက်ယူလျက်ရှိရာ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေခြင်းဖြစ်မည်ဟု အများက ယူဆနေကြသည်။

ထိုလူဦးရေစာရင်းများကို ရန်ကုန်တိုင်းအတွင်းရှိ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သာကေ တ၊ ကျောက်တံတား၊ အလုံ စသောမြို့နယ်များတွင် အထက်ညွှန်ကြားချက်အရ လိုက်လံကောက်ယူခြင်း ဖြစ် ကြောင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

ဤသို့ စာရင်းများလိုက်လံကောက်ယူရာ၌ အိမ်ထောင်စု တစုတွင်ရှိသည့် အသက် ၁၈ နှစ် ပြည့်ပြီးသော လူဦးရေ ထဲမှ နိုင်ငံရပ်ခြားနှင့်ပြည်တွင်းရှိ တခြားသောဒေသများတွင် လ ၊ နှစ် ချီ၍ အလုပ်လုပ်ကိုင်နေသူများကို သန်းခေါင် စာရင်းမှ ပယ်ဖျက်အဖြစ် သတ်မှတ်ကြောင်းလည်း ၎င်း တာဝန်ရှိသူက ဆိုသည်။

ယင်းလူဦးရေစာရင်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့ အစည်းများက မည်သည့် အတွက် ကောက်ယူခြင်းဖြစ်ကြောင်း ရှင်းလင်းမှုမရှိဟု သင်္ဃန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

“တအိမ်ဝင် တအိမ်ထွက်လာကောက်တယ်။ ဘာလုပ်ဖို့ ဆိုတာ မပြောဘူး။ မှန်မှန် ကန်ကန်ဆိုရှင်းပြသင့် တယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ အကြောင်းပြချက်မပေးဘဲ လူဦးရေ စာရင်းကောက်ခံနေမှုသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် နေခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်လူထုကြားတွင် ပြောဆိုမှုများရှိနေသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် မေလက စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတည်ပြု ဆန္ဒခံယူပွဲ မကျင်းပမီ ယင်းကဲ့သို့ လူဦးရေ စာရင်းကောက်ယူရာတွင် အဝေးရောက်နေသူများကို မိသားစု သန်းခေါင်စာရင်းမှ ပယ် ဖျက်ခဲ့ကြောင်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ဒေသခံ လူငယ်တဦး ကပြောပြသည်။

“အဲဒီတုန်းက ကျနော်က ထိုင်းမှာ လာအလုပ်လုပ်နေတာ၊ ကျနော့်နာမည်ကို သန်းခေါင် စာရင်း က ပယ်ထား တယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း မယက နှင့် လူဝင်မှုကြီးကြပ်ရေး ဌာနတို့မှ ယခုလအတွင်း သန်းခေါင်စာရင်း စစ်တမ်း ကောက်ယူများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသအာဏာပိုင်များက သန်းခေါင်စာရင်း စစ် တမ်းကောက်ယူမှုများ ပြုလုပ်သည်ဟု မွန် လူ့အခွင့်အရေးအဖွဲ့မှ အော မွန် က ပြောသည်။

“မိသားစု စာရင်းတွေကောက်ဖို့ ရွာတိုင်းမှာရှိတဲ့ ရွာလူကြီးတွေကို ညွှန်ကြားထားတယ်”ဟု ၎င်းက ပြောဆိုသည်။
ယင်းသို့ မိသားစုဝင် သန်းခေါင်စာရင်းအသစ် ကောက်ယူမှု ပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံများက ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

တချိန်တည်းတွင်ပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့) ကလည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်စည်းရုံးသည့်အနေဖြင့် ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ အခြေခံလူတန်းစားများကို ငွေကြေး ထုတ်ချေး မှုများ ပြုလုပ်နေ ကြောင်း ဒေသခံများက ပြောသည်။

“ဟိုဘက် ရက်ပိုင်း လောက်က နာမည်စာရင်းကောက်သွားတယ်။ နောက်ပြီး ကြံ့ ဖွံ့ တွေက ပိုက်ဆံ ချေးမယ်။ ရွေးကောက်ပွဲမှာ သူတို့ ထည့်ခိုင်းတဲ့မဲပုံးထဲ မဲထည့်ဖို့ ပြောသွားတယ်”ဟု ဒလမြို့ ခံတဦးက ဧရာဝတီကိုပြော သည်။

ကြံ့ဖွံ့အသင်းက ရန်ကုန်မြို့တွင်းတွင် လမ်းခင်းခြင်း၊ ရေ အခက်အခဲ ဖြစ်ပွားသော နေရာများတွင် ရေဝေ ခြင်း၊ နောက်ဖေးလမ်းကြားများကို သန့်ရှင်းရေးလုပ်ပေးခြင်း၊ ကျောင်းဆောက်ခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင် ပေးနေပြီး အဆိုပါ အသင်းကို ပြည်သူများယုံကြည်မှုရှိလာစေရန် ယင်းကဲ့သို့ ပြုလုပ်စည်းရုံးနေခြင်းဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြည်တွင်း သတင်းထောက်များကို ပြောကြားသည်။

ထို ကြံ့ဖွံ့အသင်းသည် ၂၀၁၀ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလဲ မည်ဆိုသော သတင်းများ လည်းထွက်ပေါ်နေသည်။

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကြေညာထားသော်လည်း ရွေးကောက်ပွဲ ဥပဒေ အား ယခုအချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အပတ်အတွင်း ဖြစ်ပွားသော စစ်အစိုးရက တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ကိုးကန့် တပ်ဖွဲ့ဝင်များကို တိုက်ပွဲ ဆင်နွဲခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းလို၍ ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

ရန်ကုန်တိုင်းနှင့် ဒေသတချို့တွင် ၁၈ နှစ်အထက် လူဦးရေစာရင်းကောက်ယူ
Thursday, 03 September 2009 17:54 ဟိန်းဇော်
E-mail Print
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာ အာဏာပိုင်များက အသက် ၁၈ နှစ် ပြည့်ပြီးသော လူဦးရေ စာရင်းများလိုက်လံ ကောက်ယူလျက်ရှိရာ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေခြင်းဖြစ်မည်ဟု အများက ယူဆနေကြသည်။

ထိုလူဦးရေစာရင်းများကို ရန်ကုန်တိုင်းအတွင်းရှိ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သာကေ တ၊ ကျောက်တံတား၊ အလုံ စသောမြို့နယ်များတွင် အထက်ညွှန်ကြားချက်အရ လိုက်လံကောက်ယူခြင်း ဖြစ် ကြောင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

ဤသို့ စာရင်းများလိုက်လံကောက်ယူရာ၌ အိမ်ထောင်စု တစုတွင်ရှိသည့် အသက် ၁၈ နှစ် ပြည့်ပြီးသော လူဦးရေ ထဲမှ နိုင်ငံရပ်ခြားနှင့်ပြည်တွင်းရှိ တခြားသောဒေသများတွင် လ ၊ နှစ် ချီ၍ အလုပ်လုပ်ကိုင်နေသူများကို သန်းခေါင် စာရင်းမှ ပယ်ဖျက်အဖြစ် သတ်မှတ်ကြောင်းလည်း ၎င်း တာဝန်ရှိသူက ဆိုသည်။

ယင်းလူဦးရေစာရင်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့ အစည်းများက မည်သည့် အတွက် ကောက်ယူခြင်းဖြစ်ကြောင်း ရှင်းလင်းမှုမရှိဟု သင်္ဃန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

“တအိမ်ဝင် တအိမ်ထွက်လာကောက်တယ်။ ဘာလုပ်ဖို့ ဆိုတာ မပြောဘူး။ မှန်မှန် ကန်ကန်ဆိုရှင်းပြသင့် တယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ အကြောင်းပြချက်မပေးဘဲ လူဦးရေ စာရင်းကောက်ခံနေမှုသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် နေခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်လူထုကြားတွင် ပြောဆိုမှုများရှိနေသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် မေလက စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတည်ပြု ဆန္ဒခံယူပွဲ မကျင်းပမီ ယင်းကဲ့သို့ လူဦးရေ စာရင်းကောက်ယူရာတွင် အဝေးရောက်နေသူများကို မိသားစု သန်းခေါင်စာရင်းမှ ပယ် ဖျက်ခဲ့ကြောင်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ဒေသခံ လူငယ်တဦး ကပြောပြသည်။

“အဲဒီတုန်းက ကျနော်က ထိုင်းမှာ လာအလုပ်လုပ်နေတာ၊ ကျနော့်နာမည်ကို သန်းခေါင် စာရင်း က ပယ်ထား တယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း မယက နှင့် လူဝင်မှုကြီးကြပ်ရေး ဌာနတို့မှ ယခုလအတွင်း သန်းခေါင်စာရင်း စစ်တမ်း ကောက်ယူများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသအာဏာပိုင်များက သန်းခေါင်စာရင်း စစ် တမ်းကောက်ယူမှုများ ပြုလုပ်သည်ဟု မွန် လူ့အခွင့်အရေးအဖွဲ့မှ အော မွန် က ပြောသည်။

“မိသားစု စာရင်းတွေကောက်ဖို့ ရွာတိုင်းမှာရှိတဲ့ ရွာလူကြီးတွေကို ညွှန်ကြားထားတယ်”ဟု ၎င်းက ပြောဆိုသည်။
ယင်းသို့ မိသားစုဝင် သန်းခေါင်စာရင်းအသစ် ကောက်ယူမှု ပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံများက ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

တချိန်တည်းတွင်ပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့) ကလည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်စည်းရုံးသည့်အနေဖြင့် ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ အခြေခံလူတန်းစားများကို ငွေကြေး ထုတ်ချေး မှုများ ပြုလုပ်နေ ကြောင်း ဒေသခံများက ပြောသည်။

“ဟိုဘက် ရက်ပိုင်း လောက်က နာမည်စာရင်းကောက်သွားတယ်။ နောက်ပြီး ကြံ့ ဖွံ့ တွေက ပိုက်ဆံ ချေးမယ်။ ရွေးကောက်ပွဲမှာ သူတို့ ထည့်ခိုင်းတဲ့မဲပုံးထဲ မဲထည့်ဖို့ ပြောသွားတယ်”ဟု ဒလမြို့ ခံတဦးက ဧရာဝတီကိုပြော သည်။

ကြံ့ဖွံ့အသင်းက ရန်ကုန်မြို့တွင်းတွင် လမ်းခင်းခြင်း၊ ရေ အခက်အခဲ ဖြစ်ပွားသော နေရာများတွင် ရေဝေ ခြင်း၊ နောက်ဖေးလမ်းကြားများကို သန့်ရှင်းရေးလုပ်ပေးခြင်း၊ ကျောင်းဆောက်ခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင် ပေးနေပြီး အဆိုပါ အသင်းကို ပြည်သူများယုံကြည်မှုရှိလာစေရန် ယင်းကဲ့သို့ ပြုလုပ်စည်းရုံးနေခြင်းဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြည်တွင်း သတင်းထောက်များကို ပြောကြားသည်။

ထို ကြံ့ဖွံ့အသင်းသည် ၂၀၁၀ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလဲ မည်ဆိုသော သတင်းများ လည်းထွက်ပေါ်နေသည်။

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကြေညာထားသော်လည်း ရွေးကောက်ပွဲ ဥပဒေ အား ယခုအချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အပတ်အတွင်း ဖြစ်ပွားသော စစ်အစိုးရက တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ကိုးကန့် တပ်ဖွဲ့ဝင်များကို တိုက်ပွဲ ဆင်နွဲခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းလို၍ ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

ဝဒေသမြောက်ပိုင်းသို့ နအဖစစ်တပ် လာရောက်တပ်စွဲဒေသခံလူထု ထွက်ပြေးတိမ်းရှောင်
ခိုင်လင်း / ၃ စက်တင်ဘာ ၂၀၀၉


သြဂုတ်လကုန်ပိုင်းမှစ၍ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများ ဝဒေသမြောက်ပိုင်း၊ ဟိုပန်မြို့နယ် အတွင်းရှိ ကျေးရွာများနှင့် တပ်စခန်းများတွင် အင်အားဖြည့်တင်း တပ်ချထားသဖြင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်နှင့် နအဖတပ်များအကြား တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ကာ ဒေသခံလူထု ထွက်ပြေးတိမ်းရှောင်မှုများရှိလာပြီး ဝနယ်မြေအတွင်း စီးပွားရေးလုပ်နေကြသည့် တရုတ်နိုင်ငံသားများလည်း ပြန်လည်ထွက်ခွာနေကြသည်။

ရှမ်းပြည်နယ်၊ အထူးဒေသ (၁) နယ်မြေအတွင်း ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်များ ယခင်လ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကူအဖြစ် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၆) ခု ရောက်ရှိလာစဉ် တိုက်ပွဲပြီးဆုံးသွားသောကြောင့် ဟိုပန်မြို့နယ်အတွင်းရှိ တပ်စခန်းများတွင် တပ်ချထားခြင်းဖြစ်သည်ဟု ဝမြောက်ပိုင်းဒေသ တပ်မဟာ (၃၁၈) မှ အရာရှိတဦးက ပြောသည်။

၎င်းက “သူတို့ပြောတာကတော့ စခန်း ခဏချလာတာပေါ့။ လောက်ကိုင်ဘက်မှာ တပ်ချဖို့ အခက်ခဲရှိလို့ပေါ့။ စိုးရိမ်တာတွေ မရှိပါနဲ့ပေါ့။ ဒါက သူတို့အပြောပဲ။ အခုက အဲဒီက ကျေးရွာသားတွေ ကျနော်တို့ နမ့်တစ် အထူးမြို့နယ်ထဲကို ပြေးဝင်နေကြပြီ။ အချို့လည်း တရုတ်နယ်စပ်ဘက်ကို ပြေးနေကြတယ်။ ကျနော်တို့ဆီက မိုင်းမောတို့၊ ပန်ဆန်းတို့မှာလာပြီး စီးပွားရေး လာလုပ်နေတဲ့ တရုတ်နိုင်ငံသားတွေလည်း ပြန်နေကြပြီ။ ကိုးကန့်နယ်ထဲမှာ အရပ်သားတွေ သေကြကျေကြ၊ ပစ္စည်းတွေ ဆုံးရှုံးထားတော့ အဲလိုမျိုးဖြစ်မှာကို ကြောက်ပြီး ပြေးနေကြတာ။ ဒေသတည်ငြိမ်မှုပျက်ပြားအာင် လုပ်နေသလို ဖြစ်နေတယ်” ဟု ပြောသည်။

ဝတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ နယ်မြေအနီးရှိ တပ်စခန်းများတွင် နအဖစစ်သားများ အင်အားအများအပြား လာရောက်တပ်ချထားမှုအပေါ် စစ်ရေးသတိဖြင့် စောင့်ကြည့်နေပြီး နအဖတပ်ဘက်မှ စတင်တိုက်ခိုက်လာပါက ပြန်လည်ခုခံကာကွယ်သွားရန် အဆင်သင့်ပြင်ထားကြောင်း အဆိုပါ ဝတပ်ဖွဲ့အရာရှိက ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲများကြောင့် တရုတ်ပြည်တွင်းသို့ လူပေါင်း (၃၇,ဝဝဝ) ကျော် ၀င်ရောက်လာသည်ဟု တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရဘက်မှ သတင်းထုတ်ပြန်ထားခဲ့ပြီး ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင်မူ ယမန်နေ့ ညနေ (၆) နာရီအထိ တရုတ်ပြည်ဘက်မှ ပြန်လာနေကြသည့် ဒေသခံပြည်သူ (၇,၈၄၈) ဦး ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။



သတင်းပေးသင်တန်းအတွက် လူရှာရန်
ကြံ့ဖွံ့ညွှန်ကြား
ဝီရ / ၃ စက်တင်ဘာ ၂၀၀၉
line


နယ်မြို့များတွင် နအဖစစ်အစိုးရအား ဆန့်ကျင်သည့် လှုပ်ရှားမှုတို့ကို အချိန်မီသတင်းပေးနိုင်ရန် ရည်ရွယ်၍ သတင်းပေးသင်တန်း ဖွင့်လှစ်ရန်အတွက် လူငယ်များအား စိစစ်ရှာဖွေပေးရန် တနင်္သာရီတိုင်း မြိတ်မြို့နှင့် ထားဝယ်မြို့မှ ရပ်ကွက်လူကြီးတို့ကို မြို့နယ်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ညွှန်ကြားထားကြောင်း သိရသည်။

“မြို့နယ် ကြံ့ဖွံ့ရုံးက ရှာခိုင်းတာ။ (၁၀) တန်းအောင်ပြီးတဲ့သူတွေနဲ့ ကိုယ့်ဘက်ပါနိုင်မယ့် လူတွေကိုပဲ ရွေးချယ်ဖို့ ညွှန်ကြားထားတယ်။ မိန်းကလေးတွေလည်း ရတယ်တဲ့။ ဒီလ ဒုတိယအပတ်မှာ ရွေးထားတဲ့လူတွေရဲ့ စာရင်းတင်ပြရမယ်။ ဘယ်တော့ဖွင့်မလဲတော့ အတိအကျ မသိသေးဘူး။ သင်တန်းက (၄) ရက်လောက်ပဲ ကြာမယ်လို့တော့ ပြောတယ်” ဟု ထားဝယ်မြို့ပေါ် ရပ်ကွက်လူကြီးတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ယင်းသင်တန်းကို “စွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးသင်တန်း” ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသော်လည်း စင်စစ်မှာ နအဖဆန့်ကျင်ရေးလှုပ်ရှားမှုတို့ကို ထောက်လှမ်းပြီး သတင်းပေးနိုင်ရန်အတွက်သာ သင်ကြားပေးမည်ဖြစ်ကြောင်း ညွှန်ကြားစာ လက်ခံရရှိထားသည့် အဆိုပါရပ်ကွက်လူကြီးက ပြောသည်။

အလားတူ သတင်းပေးသင်တန်း ဖွင့်လှစ်ရန် တနင်္သာရီတိုင်း မြိတ်မြို့တွင်လည်း ကြံ့ဖွံ့အသင်းက ညွှန်ကြားထားကြောင်း သိရသည်။

သတင်းပေးသင်တန်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ မြိတ်မြို့မှ ကြံ့ဖွံ့အဖွဲ့ဝင်တဦးက “အခုသင်တန်းက ကိုယ့်မြို့ထဲမှာ ဘာဖြစ်နေလဲဆိုတာတွေကို ထောက်လှမ်းပြီး အခြေအနေထူးရင် အချိန်မီသတင်းပေးနိုင်ဖို့အတွက် ဖွင့်တာပါ။ လူရွေးတဲ့နေရာမှာလည်း (၁၀) တန်းအောင်ပြီးသား၊ အရင်က ကြံ့ဖွံ့အခြေခံသင်တန်း တက်ထားတဲ့သူတွေထဲကပဲ ရွေးရမယ်ပေါ့။ ဒီလလယ်ပိုင်းလောက်ဆို ဖွင့်ဖြစ်မယ်ထင်တယ်” ဟု ပြောသည်။

သင်တန်းအား ပို့ချမည့်သူများတွင် နယ်မြေခံစစ်တပ်မှ အရာရှိတဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိတဦးလည်း ပါဝင်မည်ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ သင်တန်းပေးခြင်းသည် ပြီးခဲ့သည့်လပိုင်းများတွင် တနင်္သာရီတိုင်းရှိ မြို့ကြီးအချို့တွင် နိုင်ငံရေး လှုပ်ရှားတက်ကြွသူအချို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲနှင့် နအဖစစ်အစိုးရအား ဆန့်ကျင်သည့် အခြားလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သောကြောင့်ဟု ယူဆရကြောင်း အဆိုပါကြံ့ဖွံ့အဖွဲ့ဝင်က ပြောသည်။






ဂြိုဟ်တုစလောင်းမတပ်ရန် ပြည်သူများကို တားမြစ်
မျိုးချစ်သူ / ၃ စက်တင်ဘာ ၂၀၀၉
line


ရန်ကုန်တိုင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများတွင် ရှစ်ပေ၊ ဆယ်ပေ ဂြိုဟ်တု စလောင်းများ တပ်ဆင်ကြည့်ရှုခြင်းမပြုရန် အာဏာပိုင်များက တားဆီးနေသော်လည်း ကြံ့ဖွံ့လုပ်ငန်းရှင်များအား တပ်ဆင်ခွင့် ပေးထားကြောင်း သိရသည်။

တည်းခိုခန်းများတွင် စလောင်းတပ်ဆင်ခွင့်မပြုရဟု တားမြစ်ထားသော်လည်း ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်းထဲရှိ သီရိစံတည်းခိုခန်းတွင် စလောင်းတပ်ဆင်ထားသည်ကို တွေ့ရကြောင်း အဆိုပါဝင်းအတွင်း ကားဂိတ်တခုမှ တာဝန်ရှိသူက ပြောသည်။

“သီရိစံတည်းခိုခန်းမှာတော့ တပ်ထားတာတွေ့တယ်။ အဲဒီတည်းခိုခန်းဟာ သူဌေးတယောက်ကို နာမည်ခံပြီးတော့ ရန်ကုန်တိုင်း ကြံ့ဖွံ့က ဖွင့်ခိုင်းထားတာဖြစ်တယ်။ သူတို့ဆီမှာတော့ စလောင်း (၂) မျိုးတောင် တပ်ထားသေးတယ်ဗျ” ဟု ၎င်းကပြောသည်။

အဆိုပါတည်းခိုခန်းသည် အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ စက်မှုလမ်းတွင်ရှိကာ ပြီးခဲ့သည့် ဇွန်လက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

စလောင်းများကို အာဏာပိုင်တို့၏ နေအိမ်များ၊ အစိုးရနှင့်ပုဂ္ဂလိကဘဏ်များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ၊ သံရုံးများ၊ အစိုးရရုံးအဖွဲ့အစည်းများ၊ ဟိုတယ်များနှင့် တက္ကသိုလ်များတွင်သာ တရားဝင်လိုင်စင်ဖြင့် စိစစ်ခွင့်ပြုထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံးချုပ်၏ ပြောခွင့်ရသူ အရာရှိကြီးတဦးက ခေတ်ပြိုင်သို့ ပြောသည်။

သို့သော် ပြည်သူလူထုအနေဖြင့် စစ်အစိုးရ၏ ရုပ်သံချယ်နယ် (၄) ခုမှလွဲ၍ အခြားကြည့်ရှုစရာ မရှိသည့်အတွက် လိုင်းပေါင်းစုံရသည့် ဂြိုဟ်တုစလောင်း တပ်ဆင်ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ရောက်ရှိလာသည့် ဂြိုဟ်တုစလောင်း အားလုံးသည် စစ်အစိုးရက တရားဝင် တင်သွင်းခွင့် မပြုသည့်အတွက် အသုံးပြုလိုသူများက မှောင်ခိုပစ္စည်းအဖြစ် ၀ယ်ယူသုံးစွဲနေကြသည်။

လူအများတပ်ဆင်နေကြသည့် (၈) ပေ ဂြိုဟ်တုစလောင်းများသည် နိုင်ငံတကာ ရုပ်သံလိုင်းများ၊ ဒီဗွီဘီ နော်ဝေ မြန်မာဘာသာ ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်ရုံမက ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ စသည့် ရေဒီယိုလိုင်းများကိုလည်း ဖမ်းယူနားဆင်နိုင် သည်။

အနော်ရထာလမ်းရှိ စလောင်းအရောင်းဆိုင်ပိုင်ရှင်တဦးက “စလောင်းတွေ မတပ်ခိုင်းတာကတော့ အဓိကပြဿနာက ပြည်ပအသံလွှင့်တွေကို မကြည့်စေလိုတာပါပဲ။ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးကို တကမ္ဘာလုံးက သိသွားတဲ့ကိစ္စဟာ ပြည်ပအသံလွှင့်တွေကြောင့်ဆိုတာ အစိုးရကသိသွားတာကိုး။ ဖုံးမနိုင်ဖိမနိုင် ဖြစ်သွားတဲ့အတွက် အဲဒီ စလောင်းတွေကို မတပ်စေလိုတာပါ” ဟု ပြောသည်။

ရန်ကင်းမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တဆိုင်မှ တာဝန်ခံဖြစ်သူက “ကျနော်တို့ဆိုင်မှာ လက်ဖက်ရည်သောက်သူအများ တောင်းဆိုတာကတော့ ဒီဗွီဘီ ရုပ်သံလိုင်းဖြစ်တယ်။ အခု မတပ်ရဘူးဆိုတော့လည်း မတပ်ရုံပေါ့လေ။ ခုခေတ်က ဟုတ်ကဲ့လို့ ပြောနိုင်မှ ကြံ့ဖွံ့တွေလက်က လွတ်မှာလေ၊ မပတ်သက်တာ အကောင်းဆုံးပဲ” ဟု ပြောသည်။

အချို့ဆိုင်များက Movie 5 ကို ပြောင်းလဲတပ်ဆင်ကြကြောင်း၊ အဆိုပါလိုင်းမှာ လိုင်းပေါင်း (၂၀) ခန့် ကြည့်၍ရသည့်အတွက် လတ်တလော အသုံးပြုနေကြကြောင်း၊ စလောင်းတပ်ထားပါက လိုင်း (၁၇၀) ခန့် ကြည့်၍ရကြောင်း၊ Movie 5 ကို နှစ်သက်သူ နည်းပါးကြောင်း အသုံးပြုသူများက ပြောသည်။

နအဖ၏ နေ့စဉ်ထုတ် သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့်ကြေးမုံ သတင်းစာ၊ မြန်မာ့ရုပ်မြင်သံကြား၊ MRTV 4 နှင့် မြ၀တီတို့တွင် ပြည်ပအသံလွှင့်ဌာနများဖြစ်သော ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီတို့ကို ပြည်သူများ မယုံမကြည် ဖြစ်စေရန် ရှုတ်ချသည့်စကားလုံးများကို စာလုံးအကြီးဖြင့် ရိုက်နှိပ်ဖော်ပြထားသည်။

“သူတို့က မကြည့်စေချင်ဘူးဆိုတာကိုပဲ ရန်ကုန်သူ ရန်ကုန်သားက ကြည့်တာ၊ နားထောင်တာ။ ညနေဆိုရင် ဘီဘီစီ၊ ဗွီအိုကေ ဒါတွေကိုပဲ အားကိုးတကြီးနဲ့ နားထောင်နေရတာလေ။ သူတို့အသံလွှင့်ဌာနတွေက သတင်းတွေကိုကြည့်ရတာ၊ နားထောင်ရတာ အကုသိုလ်များတယ်” ဟု ရန်ကုန်မြို့ခံများက ပြောကြသည်။

စလောင်းနှင့် ဆက်စပ်ပစ္စည်းများကို တရားဝင် တင်သွင်းခွင့်မပေးသည့်အတွက် တရားမဝင် တင်သွင်းဖြန့်ဖြူး ရောင်းချနေသူများကို အစိုးရအနေဖြင့် ရှောင်တခင် စစ်ဆေးမှုများပြုလုပ်ကာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။




ငွေချပေးမှု မလုံလောက်သဖြင့် လမ်းများ အချိန်မီမပြင်နိုင်
မျိုးချစ်သူ / ၃ စက်တင်ဘာ ၂၀၀၉
line


ရန်ကုန်မြို့ရှိ လမ်းများမှာ နေပူလျှင်ဖုန်ထ၊ မိုးရွာလျှင်ဗွက်ပေါက်ကာ ယခုနှစ်အတွင်း ပိုမိုပျက်စီးလာနေကြောင်း စည်ပင်မှ ၀န်ထမ်းတဦးက ပြောသည်။

စည်ပင်မှ လမ်းပြင်ဆင်မှုစီမံကိန်းတွင် ပါဝင်သည့် အင်ဂျင်နီယာတဦးက ယခုနှစ် လမ်းများ ပိုမိုပျက်စီးရခြင်းမှာ အင်ဂျင်နီယာဌာနသို့ ငွေကြေးချပေးမှု မလုံလောက်သည့်အတွက် လမ်းများ အချိန်မီမပြုပြင်နိုင်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက “လမ်းတွေကို ပြုပြင်တဲ့နေရာမှာ ငွေကြေးသုံးစွဲမှုက အရေးကြီးတယ်။ မြို့တော်ဝန်က လုံလောက်အောင် တကြိမ်တည်းနဲ့ ချမပေးဘူး။ ခွဲပြီးမှ ချပေးတတ်တယ်။ အဲဒီအခါ အချိန်မီမပြီးတော့ဘူးပေါ့” ဟု ပြောသည်။

ပြည်တွင်းထုတ်ဂျာနယ်များတွင် ရေးသားဖော်ပြသော မှတ်တမ်းများအရ ရန်ကုန်မြို့တော်စည်ပင်၏ အခွန်ဝင်ငွေရရှိမှုမှာ ကျပ် (၄၃) ဘီလီယံခန့်ရှိကြောင်း သိရသည်။

စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်တွင် သီးသန့်ဌာနကြီးတခုဖြစ်သည့်အတွက် ငွေကြေးတောင့်တင်းကြောင်း၊ သို့သော် ရန်ကုန်မြို့၏ အရေးကြီးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ဆောင်မှုအားနည်းနေကြောင်း စည်ပင်သာယာမှ ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “မြို့တော်ဝန်ဟာ အရေးကြီးတဲ့ လုပ်ငန်းတွေကို လုပ်ပြဖို့လိုတယ်။ သူက ကြံ့ဖွံ့ကိုပဲ ဦးစားပေးနေတယ်။ ဥပမာဗျာ ကြံ့ခိုင်ရေး ဆေးခန်းတွေကို မြို့နယ်တိုင်းမှာ ဖွင့်နေတာမျိုးတွေ။ ဆေးခန်းဆိုတာ မလိုဘူးလားဆိုတော့ လိုအပ်တယ်။ ဒါပေမယ့် ရန်ကုန်မှာ အရေးကြီးနေတာက သန့်ရှင်းရေးကိစ္စ၊ ရေရရှိရေးကိစ္စနဲ့ လမ်းကိစ္စပဲလေ။ ဒါဟာ စည်ပင်ရဲ့အသက်ပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် (၂) လကျော်ကတည်းက ယုဇနပလာဇာအနီးတွင် လမ်းဘေးရေမြောင်းများအား အကျယ်ချဲ့နေသည်မှာ ယခုတိုင် မပြီးသေးသည့်အတွက် လမ်းသွားလမ်းလာများ သွားရေးလာရေး အဆင်မပြေဖြစ်ကြရသည်ဟု မြို့ခံတဦးက ပြောသည်။

စည်ပင်အငြိမ်းစား အင်ဂျင်နီယာတဦးကမူ “ကျနော် သိသလောက်ကတော့ မြို့တော်ဝန်က ငွေစားတဲ့သူတွေကို ဖော်ထုတ်မယ် ဆိုတဲ့ ကြုံးဝါးမှုတွေနဲ့ စည်ပင်ကိုရောက်လာတဲ့သူပဲ။ သူမြို့တော်ဝန် စဖြစ်တဲ့အချိန်တုန်းကဆိုရင် အရင်မြို့တော်ဝန်လက်ထက် က တင်နေတဲ့ အကြွေးတွေကိုလည်း ဆပ်ခဲ့တယ်။ ပြီးတော့ တော်တော်များများ အရာရှိတွေကိုလည်း ဖြုတ်တယ်။ တချို့တွေ ထောင်ကျတဲ့အထိ ဖြစ်သွားရတယ်။ အခုနောက်ပိုင်း လမ်းပြင်တဲ့ အင်ဂျင်နီယာတွေကို သူက ထိန်းချုပ်ပြီးတော့ ငွေကြေးသုံးစွဲ ခိုင်းတာလည်း ပါမယ်ထင်တယ်” ဟု ပြောသည်။

ယခုလက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) မှာ ဗိုလ်မှူးချုပ်အောင်သိန်းလင်းဖြစ်သည်။




ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံတင်
မင်းနိုင်သူ / ၃ စက်တင်ဘာ ၂၀၀၉
line


ဒေါ်အောင်ဆန်းစုကြည်အပေါ် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ထားသည့်အတွက် သူမ၏ ရှေ့နေများက ရန်ကုန်တိုင်းတရားရုံးတွင် ယနေ့ အယူခံတင်သွင်းသည်။

“ဒီအယူခံကို လက်ခံသင့်မခံသင့် တရားရုံးက ဆုံးဖြတ်ဖို့အတွက် ကျနော်တို့ မနက်ဖြန် မနက် (၁၀) နာရီမှာ တရားရုံးမှာ လျှောက်လဲချက်ပေးရပါမယ်” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲအရေးယူခဲ့သော နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၂၂) မှာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ နိုင်ငံသားတဦးဦး၏ မူလအခွင့်အရေးများကို ကန့်သတ်သည့် ဥပဒေဖြစ်သည်။

သြဂုတ် (၁၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ပြီးနောက် နအဖ အကြီးအကဲက နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန်နှင့် မူလတရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်ကို တ၀က်လျှော့လိုက်ပြီး ကျန်ပြစ်ဒဏ်တ၀က်အား ဆိုင်းငံ့အဖြစ်ထားရှိရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။

တရားစွဲဆိုနေစဉ်ကပင် အာဏာသက်ဝင်မှု မရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ ကန့်သတ်တားဆီးမိန့်များကို အခြေခံထားခြင်းကြောင့် ယခုအမှုသည် အမှုမမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။

သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို အဆုံးအဖြတ်ပေးသွားနိုင်ခြင်း မရှိဘဲ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုအယူခံတင်သွင်းရာတွင်လည်း ၁၉၇၄ အခြေခံဥပဒေနှင့်စပ်လျဉ်းသည့် အချက်များကို ထည့်သွင်းတင်ပြထားသည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“၁၉၇၄ ခုနှစ် အခြေခံဥပဒေအပါအ၀င် အကြောင်းပြချက် (၁၁) ချက်နဲ့ ကျနော်တို့ တင်ပြထားပါတယ်” ဟု ၎င်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း (၂၀) ကာလ အတွင်း နအဖစစ်အစိုးရက (၁၄) နှစ်နီးပါး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

ယခုနှစ်မေလအတွင်း နအဖစစ်အစိုးရက လုံခြုံရေးစောင့်ကြပ်ကာ အကျယ်ချုပ်ချုပ်ထားသည့် အိမ်အတွင်း အမေရိကန်နိုင်ငံသား ၀င်ရောက်ခဲ့မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆို ပြစ်ဒဏ်ပေးခြင်းသည် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှ ပယ်ထုတ်လို၍ ဖြစ်သည်ဟု မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက သုံးသပ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား မစ္စတာဂျွန်ဝီလျှံယက်တောကိုမူ နအဖစစ်အစိုးရက သြဂုတ် (၁၆) ရက်တွင် နယ်နှင်ဒဏ်ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ပြန်ခွင့်ပေးခဲ့သည်။


ပန်းတိုင်းပွင့်ကြပါစေ၊ ပွင့်သောပန်းတိုင်း မွှေးကြပါစေ

မောင်သြ
၃ စက်တင်ဘာ ၂၀၀၉
line


၂၀၁၀ ရွေးကောက်ပွဲ …။

ယနေ့စစ်အစိုးရလက်ထက်မှာ ထုတ်ဝေနေတဲ့ သတင်းစာကြီးနှစ်စောင်မှာ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းကိုသာ ဇောင်းပေးရေးသားနေတာတွေ တွေ့နေရပါတယ်။ အဓိက ကတော့ ၂၀၀၈ ခုနှစ် မေလက (၉၂.၄၈) ရာခိုင်နှုန်းနဲ့ ပြည်သူလူထုက တခဲနက်ထောက်ခံခဲ့ပြီးပြီဆိုတဲ့ အခြေခံဥပဒေမူကြမ်းအပေါ် အခြေခံမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီး အကြောင်းပါပဲ။

“လူထုက ရွေးကောက်တင်မြှောက်သူများနဲ့ ပြည်ထောင်စုလွှတ်တော်ကြီး ခေါ်ယူကျင်းပပြီး သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ အခြားအဖွဲ့အစည်းများ ဖွဲ့စည်းပြီး အေးချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဟာ မရှေးမနှောင်း ဖြစ်ပေါ်တိုးတက်လာတော့မယ့် အခွင့်အလမ်းကြီးပါပဲ” လို့ နအဖအကြိုက် ဖော်လံဖား ဆောင်းပါးရှင် မောင်နွယ်စစ်ရဲ့ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ရတာဖြစ်ပါတယ်” ဆိုတဲ့ ဆောင်းပါးကို (၁၆.၈.၀၉) နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖတ်လိုက်ရပါတယ်။

ယနေ့ပြည်သူလူထုအများစုက ဒီရွေးကောက်ပွဲကို မိမိတို့ရဲ့ နေ့စဉ်စားသောက်နေထိုင်ရေး နဲ့ ရောင်းဝယ်လုပ်ကိုင်နေရ ခြင်းလောက် စိတ်မ၀င်စားနိုင်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို မျှော်လင့်နေတာတော့ ရှိပါတယ်။ အစိုးရအသစ်ပေါ်လာရင် အထွေထွေစားသောက်ကုန်ပစ္စည်းများရဲ့ ကုန်ဈေးနှုန်းတွေများ ကျဆင်းလာမလား၊ ရေ မီး လျှပ်စစ် မှန်မှန်ရလာမလား။ ခြိမ်းခြောက်ဟိန်းဟောက်တာကို ကြောက်နေရတဲ့ ငြိမ်ဝပ်ပိပြားတဲ့ ဘ၀က လွတ်မြောက်လေမလား၊ အနိုင်ကျင့် စိုးမိုးခံရတဲ့ ဘ၀ကနေ ကင်းဝေးလေမလား၊ လွတ်လပ်စွာ တွေးခေါ်ရေးသားနိုင်တဲ့ စာပေလွတ်လပ်ခွင့်နဲ့ ထုတ်ဝေခွင့်တွေ အမှန်တကယ် ရရှိလေမလား၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားလုပ်အားပေးခိုင်းစေမှုတွေ၊ အသက်မပြည့်သေးတဲ့ ကလေးစစ်သား စုဆောင်းမှုတွေ၊ မတရား လယ်ယာမြေသိမ်းဆည်းမှုတွေ၊ ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်မှုတွေ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများအပေါ် ရက်စက်စွာ တိုက်ခိုက်နှိမ်နင်းသတ်ဖြတ်မှုတွေ၊ ဌာနဆိုင်ရာရုံးတွေမှာ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားနေတာတွေ၊ စီးပွားရေးကျပ်တည်းလို့ ပြည်ပကို ထွက်ပြေးစွန့်ခွာပြီး ပြည်ပနိုင်ငံတွေမှာ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်နေကြရတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေ ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်ဇာတိမြေကို ပြန်လာပြီး လုပ်ကိုင်စားသောက်နိုင်ကြလေမလား။

(၁၃) နှစ်၊ (၁၄) နှစ်အရွယ် ပျက်စီးနေတဲ့ မိန်းကလေးငယ်တွေရဲ့ ကိုယ်နဲ့ရင်းနှီးပေးဆပ် လုပ်ကိုင်စားသောက်နေရတဲ့ အမှောင်ဘ၀တွေ အလင်းဘ၀ကို ပြန်ရောက်လာနိုင်မလား၊ သွင်းကုန်ထုတ်ကုန် ပြည်တွင်းပြည်ပ စီးပွားရေးဈေးကွက် အားလုံးကို တပ်မတော်ခေါင်းဆောင်တွေရဲ့ မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းက လွှမ်းမိုးခြယ်လှယ်ချုပ်ကိုင်နေတာတွေ ကင်းဝေးပပျောက်သွားလေမလား၊ သို့လော သို့လော မျှော်လင့်နေရတာတွေက တပုံတပင်ကြီးပါ။

ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ၂၀၁၀ ရွေးကောက်ပွဲကြီး ပြီးမြောက်သွားရင် ဒီမိုကရေစီကျင့်စဉ်တွေအပေါ် အခြေခံရေးဆွဲထားတဲ့ ဥပဒေတွေနဲ့အညီ ကျောသားရင်သားမခွဲခြားဘဲ အုပ်ချုပ်မယ့်၊ ပြည်သူထဲကလာတဲ့ ပြည်သူ့အာဏာ စစ်စစ်၊ ပြည်သူ့ခေါင်းဆောင်စစ်စစ်ကိုပဲ မျှော်လင့်နေပါတယ်။ ဘောင်းဘီဝတ်ကနေ ပုဆိုးဝတ်ပြောင်းလာမယ့် ခေါင်းဆောင်မျိုးဆိုရင်တော့ တရုတ်ကြီးနဲ့ ပေါက်ဖော်ကြီး ဘာမှထူးခြားပြောင်းလဲလာမှာ မဟုတ်တဲ့အတွက် မလိုရေးချ မလိုပါဘဲ။

နောက် ဆောင်းပါးရှင် မောင်နွယ်စစ်က “မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေလိုတဲ့ စိတ်ရင်းစေတနာနဲ့ တိုင်းရင်းသား ပြည်သူတွေအပေါ် နိုင်ငံတော်က မေတ္တာစေတနာ အပြည့်အ၀ထား ဆောင်ရွက်ပေးနေလို့ ဖွံ့ဖြိုးမှုအပေါင်းလက္ခဏာတွေ တဝေေ၀၊ ပန်းတိုင်းပွင့်ပြီး ပွင့်တဲ့ပန်းတိုင်း မွှေးထုံသင်းကြိုင်နေတာပါ” တဲ့။ ဟုတ်ပါ့မလား မောင်ကာဠုရေလို့ပဲ ပြောရမယ်ထင်ပါရဲ့ …။ ပွင့်သောပန်းတိုင်း မွှေးနေကြတယ်ဆိုတော့ ဘယ်ခြံဝန်းထဲက ဘယ်သူ့အိမ်က ဘယ်သူ့သားသမီးတွေများ ပန်းတွေပွင့်ပြီး မွှေးနေကြတာလဲ … မောင်နွယ်စစ်ရေ။ ကျနော်တို့လို အလယ်အလတ်တွေနဲ့ အောက်ခြေလူတန်းစား သားသမီးမှာတော့ ပန်းတွေ ပွင့်မယ်မကြံသေးဘူး အခြေခံဘ၀နဲ့ မြေကျမြေခနေကြရတဲ့ အနွမ်းဘ၀ထဲမှာ အလွမ်းခရီးကို မညည်းတမ်း မမောတမ်း လျှောက်လှမ်းနေကြရတာပါ။

ညကလပ်တွေမှာ ငွေကို ရေလိုသုံးနေတာတင်မက ငွေကို လေလိုပါသုံးပြီး အပျော်ကြူး အမော်ထူး၊ မူးချင်တိုင်းမူး ရူးချင်တိုင်းရူး သုံးဖြုန်းနေကြတဲ့ လူကြီးသားသမီးတွေရဲ့ဘ၀ကို ပွင့်သောပန်းတိုင်း မွှေးနေကြတယ်လို့ ပြောတာလား မောင်နွယ်စစ်။

နောက်တခုရှိသေးတယ်။ “နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌရုံးက (၁၀-၈-၀၉) ရက်စွဲပါ စာအမှတ် ၀၄/နယက(ဥ)/လငခ … အရ ဒီမိုကရေစီရှေ့ခရီးကို ချောမွေ့စေချင်တဲ့ စေတနာ၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ရှေးရှုတဲ့ စေတနာ၊ အာဃာတစိတ်တွေ ပျောက်ပြယ်ချင်တဲ့ စေတနာ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ် အလေးအမြတ်ထားတဲ့ စေတနာသဘောထားတွေ ပေါ်လွင်ပါတယ်” တဲ့။

အဲဒီဆောင်းပါးစာအရ ရင်ထဲအသည်းထဲ၊ အသွေးအသားထဲက စစ်စစ်မှန်မှန်ထားရှိတဲ့ စိတ်ရင်းစေတနာရင်း သဘောထား ဆိုရင် လက်ခံယုံကြည်စရာပါ။ အကွေ့အကောက်၊ အပစ်အခတ်၊ အညစ်အပတ်၊ အလိမ်အညာ အကောက်အကျစ်အထွေထွေ သဘောထားမျိုး မရှိခဲ့ဘူးဆိုရင်လည်း အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား ခံ့ညားပါ့ဗျာ။

ဒါပေမယ့် သမိုင်းကြောင်းပြန်ကြည့်မိတော့ ၁၉၉၆-၉၇ လောက်က ကုက္ကိုင်းလမ်းဆုံနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ လုံခြုံရေး ပြည်သူ့ရဲဝန်ထမ်းအစောင့်တွေ၊ ရယက၊ မယက အဖွဲ့ဝင်လူကြီးတွေ အပြည့်အ၀ လုံခြုံရေးချထားတဲ့ကြားထဲက ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ကားကို အဖျက်သမား လူရမ်းကားတွေ (ကြံ့ဖွံ့/စွမ်းအားရှင်) က အကြမ်းဖက် ၀ိုင်းရိုက်ခဲ့တာကို ပြန်ကြည့်ရင်ပဲဖြစ်ဖြစ်၊ ၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးကို ပြန်ကြည့်ရင်ပဲဖြစ်ဖြစ်၊ မသေလို့ ကျန်ခဲ့ရ အကျယ်ချုပ်ဘ၀နဲ့ (၁၄) နှစ်ကျော်ကျော် နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားခဲ့တဲ့ စေတနာတွေ၊ ထောက်ထားညှာတာမှုတွေ၊ အာဃာတစိတ်တွေဟာ “ယုန်ရုပ်ရေး ပြသော်လည်း ယုံတ၀က် မယုံတ၀က် ယုံရခက်ကြီးပါ” ဆိုတဲ့ သီချင်းလေးလို ဖြစ်နေရပြန်ပါတယ်။

အခုလည်း မိမိရဲ့ အိမ်ထဲမှာ လုံခြုံရေးအပြည့်နဲ့ အကျယ်ချုပ်ခံဘ၀နဲ့ အေးဆေးစွာနေသူကို အမှုလာချိတ်လို့ အပြစ်မရှိ အပြစ်ရှာ တရားစွဲခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်၊ မစ္စတာယက်တော (အဓိက တရားခံ) ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇) နှစ် အပြစ်ပေးခဲ့တယ်။

ပြီးတော့မှ ရက်ပိုင်းအတွင်း (၅ ရက်ခန့်အကြာ) မှာ အမေရိကန်အထက်လွှတ်တော် ဆီးနိတ်အမတ် မစ္စတာ ဂျင်ဝက်ဘ် (နိုင်ငံခြားရေးရာကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ) မြန်မာပြည်ရောက်လာတဲ့အခါ နအဖအစိုးရက အကျဉ်းသား ယက်တောကို အမေရိကန်နိုင်ငံကို ပြန်ခေါ်သွားဖို့ လွှတ်ပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုကျတော့ အိမ်ထဲနေရင်းထိုင်ရင်း ထောင်ဒဏ် (၃) နှစ် အပိုဆုအပြစ်ပေးတယ်။ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ ပြောသလို မစ္စတာ ဂျွန်ဝီလီယံယက်တောနဲ့ ဖြစ်ခဲ့တဲ့အမှုမှာ ကျူးလွန်သူ၊ အပြစ်ရှိသူ အဓိကတရားခံဟာ မစ္စတာ ယက်တောပါလို့ဆိုရင် အပြစ်ရှိသူကို လွှတ်ပေးပြီး အပြစ်မရှိသူကို ဆက်ပြီးအကျယ်ချုပ်ချထားတာဟာ တရားမျှတပါရဲ့လား၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အာဃာတမထားဘဲ ထောက်ထားညှာတာ စေတနာသန့်စင်တယ်ဆိုတာ ဟုတ်ပါရဲ့လား၊ အာဃာတမရှိရေးဆိုတာကော မှန်ကန်ပါရဲ့လား။ စေ့စေ့တွေးမှ ရေးရေးပေါ်ဆိုတာလို ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင် အကွက်ဆင်ဖန်တီးလိုက်တာဟာ လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပါပဲခင်ဗျား။

(၁၆-၈-၀၉) နေ့ထုတ် ကြေးမုံသတင်းစာပါ မောင်နွယ်စစ်ရဲ့ ဆောင်းပါးမှာ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ရတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဘယ်အကြောင်းအရာမဆို ဖြစ်သင့်/မဖြစ်သင့် အကျိုးအကြောင်း ရှိပါတယ်။ ဖြစ်သင့်တယ်ဆိုမှ ဖြစ်နိုင်ခြေဆိုတာ ရှိလာရတာပါ။ ဒါကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စကို ဦးစွာ စဉ်းစားဆောင်ရွက်ရပါမယ်။ ဒါဖြင့် ဒီကနေ့ နိုင်ငံရေးအခြေအနေမှာ ဖြစ်သင့်တာ ဘာလဲ … ဘယ်လဲဆိုတာ မျှမျှတတ စဉ်းစားကြရအောင်။

၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ကျင်းပပေးပြီးတဲ့ အချိန်ကစပြီး ယနေ့အထိ (၁၉) နှစ်ကျော်ကြာခဲ့ပြီ။ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအတွက် ရွေးကောက်ပွဲကျင်းပပေးသူ တပ်မတော်အစိုးရနဲ့ ပြည်သူလူထုက တခဲနက် မှန်မှန်ကန်ကန် ရွေးချယ်ခဲ့လို့ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသင့်တယ်။ အနာဂတ်နိုင်ငံရေးမှာ ဘာလုပ်မယ်၊ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ပေးထားတဲ့ ကတိစကားနဲ့ ထုတ်ပြန်ထားတဲ့ ၁/၉၀ အရ တပ်မတော်အစိုးရပီပီ ဂုဏ်သိက္ခာရှိရှိ ရှေးဦးစွာ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ ဒါဟာ မျှတမှန်ကန်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမှန်တရားပါ။ ဒါမှ မောင်နွယ်စစ်ပြောတဲ့ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ရတာဖြစ်တယ်ဆိုတာ မှန်ပေမပေါ့ဗျာ။ နအဖဟာ ဖြစ်နိုင်ခြေရှိတာကို ဦးစားပေး မလုပ်ခဲ့တဲ့အတွက် ဒီမျှလောက် ရှည်ကြာတဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးခဲ့ရတာ နှမြောစရာပါ။

ဒါကြောင့်လည်း ကမ္ဘာ့အလယ်မှာကော၊ အာဆီယံအတွင်းမှာပါ မြန်မာနိုင်ငံဟာ ပြစ်တင်ဝေဖန်ရှုတ်ချခံနေရတာပေါ့။ ဒါ့အပြင် ဟိုနိုင်ငံက ခေါင်းဆောင်တွေလာလိုက် မျက်နှာချိုသွေးလိုက်၊ မြန်မာ့အရေးဆွေးနွေးလိုက် ပြန်သွားလိုက်။ ကမ္ဘာ့အဖွဲ့အစည်းပေါင်းစုံက ခေါင်းဆောင်တွေလာလိုက် မျက်နှာချိုသွေးလိုက်၊ မြန်မာ့အရေး ဆွေးနွေးလိုက်ပြန်သွားလိုက်နဲ့ လုံးလည်ခြာလပတ်လိုက်နေတာကြာပါပြီ။ မဆလ (၂၆) နှစ်အုပ်ချုပ်ခဲ့တာတောင် ဒီလို ပြည်ပက လာကြတာမျိုး၊ Sanction ပိတ်တာမျိုး၊ ကုလသမဂ္ဂအထိရောက်ပြီး မြန်မာ့အရေး တံခါးပိတ်တာကော၊ တံခါးဖွင့်တာရော ဆွေးနွေးခဲ့ကြရတာမျိုး မရှိခဲ့ပါဘူး။ (မဆလလည်း ကောင်းတာမဟုတ်ပါဘူး၊ ဒါပေမယ့် နအဖလောက် မရက်စက်ဘူး)။ အခု နအဖလက်ထက်ကျမှ မကောင်းသတင်းတွေနဲ့ ကသောင်းကနင်းတွေက ကမ္ဘာ့အလယ်မှာ အကျော်ဒေယျဖြစ်နေရပြီ။ ကဲ … တို့ခေတ်ကျမှ ညံ့တော့မှာလားဆိုတာ ဖြစ်နေပြီ။

ဒီကြားထဲ (၁၇-၈-၀၉) နေ့ထုတ် ကြေးမုံသတင်းစာမှာ ဆောင်းပါးရှင် မောင်ကာဠုကလည်း ခွေးတံဆိပ်ဓာတ်ပြားဟောင်းကြီးနဲ့ ခေတ်ဟောင်းတေးတွေ ပြန်ဖွင့်ပြနေတာ စိတ်မသက်သာစရာ …။ သူရေးထားတာက “ဒါကြောင့် အခု ဒို့မှာ ပြည်သူ့ကိုယ်စားလှယ်တွေ အချိန်ယူဆွေးနွေးညှိနှိုင်းပြီး ရေးဆွဲခဲ့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကြီးကို ပြည်သူ (၉၂.၄၈) ရာခိုင်နှုန်းကလည်း ထောက်ခံမဲပေး အတည်ပြုထားပြီးပြီ” တဲ့။ ကြားရ ကြားရ နားဝမှာ မသက်သာ ရှက်စရာကောင်းလှပေါ့ … မောင်ကာဠုရယ်။ ပြည်သူ့ကိုယ်စားလှယ်တွေတဲ့။ ဘယ်ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေလဲ။ နအဖက ရွေးချယ်ထားတဲ့ လက်ညှိုးထောင်ခေါင်းညိတ်တွေကို ပြည်သူ့ကိုယ်စားလှယ်လို့ ရေးတာတော့ အဖားလွန်သွားပြီ၊ နည်းနည်းလျှော့ပါဦး။

ပြီးတော့ အတည်ပြုထားပြီးပြီတဲ့။ ရွေးကောက်ပွဲလည်း မကျင်းပရသေး။ ပြည်သူ့လွှတ်တော်လည်း မခေါ်ရသေးဘဲနဲ့ ဘယ်ပြည်သူ့လွှတ်တော်ကများ အတည်ပြုပြန်ဋ္ဌာန်းလိုက်ပါသလဲ မောင်ကာဠုရယ် ကျွတ် … ကျွတ် … လိမ်ရေးချင်ရင်လည်း သဘာဝကျအောင် လိမ်စမ်းပါ။

နောက် “ဥပဒေချိုးဖောက်ရင်တော့ ဥပဒေအရ အရေးယူခံရမှာပဲ။ ဆင်းရဲသူရော ချမ်းသာသူပါ။ ရာထူးနိမ့်သူရော ရာထူးမြင့်သူပါ ဥပဒေချိုးဖောက်ရင် ရာဇ၀တ်ဘေး ပြေးမလွတ်ကြမယ့် လူတွေချည်းပဲကွယ့်” အင်း … တရားဥပဒေအကြောင်းပြောတော့ ကိုယ့်ချိုင်းကြားကိုယ်လက်နဲ့ထိုးပြီး ရယ်မိသပေါ့ဗျာ။ ၂၀၀၇ ခုနှစ်လောက်က ထင်ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာအနီး (၅) လောင်းပြိုင်လူသတ်မှုမှာ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက မကြာမီ ဖော်ထုတ်ပါ့မယ်ဆိုပြီး ခုထိ မဖော်ထုတ်နိုင်သေးတာကိုကြည့်ရင် ဘယ်သူတွေပါနေလို့၊ ဘယ်သူတွေနဲ့ငြိနေလို့ ခုထိ အရေးမယူသေးတာလဲဆိုတာ စဉ်းစားစရာပါ။ ပြီးတော့ …

(၁၈-၈-၀၉) နေ့ထုတ် သတင်းစာမှာ ဆောင်းပါးရှင် ကျော်ရဲမင်းရဲ့ “ခရီးရှည်ကြီးအတွက် ပထမဦးဆုံးခြေလှမ်း” မှာ … ဥရောပက မြန်မာ့အရေးလှုပ်ရှားသူဆိုတဲ့ ‘နွယ်အောင်’ ကို တုံ့ပြန်ထိုးနှက်ရေးထားတာပါ။ ဘာတဲ့ … ကိုယ့်ကိုယ်ကိုယ် မြန်မာလူမျိုးလို့ ခံယူသေးတယ်ဆိုရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအပေါ် ဒီလောက်အထိ ကျေးဇူးမကန်းသင့်ပါဘူး။ သွေးမတော် သားမစပ်တဲ့ အဝေးနိုင်ငံက အထက်လွှတ်တော်အမတ်တဦးကတောင် သင့်တင့်မျှတတဲ့ စိတ်ထားနဲ့ မြန်မာပြည်သူတွေအပေါ် စေတနာထားနိုင်သေးရင် မြန်မာ့သွေးသားစစ်စစ်တွေက ဒီထက်ပိုပြီး စေတနာထားသင့် ကျေးဇူးဆပ်သင့်ကြတယ် မဟုတ်လား”… မှန်လိုက်ပလေ ကိုကျော်ရဲမင်းရယ်၊ သွေးထွက်အောင်မှန်လွန်းလို့ ဒီအချက်တချက်ကိုတော့ မိုးပေါ်က သကြားမင်း ဆင်းကန့်ကွက်တောင် ကျုပ်ခင်ဗျားကို မကန့်ကွက်ပါဘူး။ ဒါက အမျိုးသားရေးစိတ်ဓာတ်ကိုးဗျာ။ ဒီတော့ ခင်ဗျားစကားအရပဲ ကျုပ်ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေ။

အခြားနိုင်ငံက ရောက်လာပြီး မိမိနိုင်ငံထဲမှာ ရာဇ၀တ်မှုကျူးလွန်လို့ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ သွေးမတော်သားမစပ်တဲ့ နိုင်ငံခြားသား မစ္စတာ ဂျွန်ဝီလီယံ ယက်တောလို ပုဂ္ဂိုလ်မျိုးကိုတောင် မေတ္တာစေတနာထားပြီး လွှတ်ပေးနိုင်ခဲ့ရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ မြန်မာ့သွေးသားစစ်စစ်၊ တနိုင်ငံလုံးကလည်း ချစ်၊ တကမ္ဘာလုံးကလည်း လေးစားတဲ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် (ကိုယ့်အိမ်ထဲကိုယ်နေပြီး မတရားအမှုဆင် အပြစ်ပေးခံရသူ) ကိုလည်း ဒီထက်ပိုပြိး စေတနာမေတ္တာထားကြောင်း ပြသတဲ့အနေနဲ့ လွှတ်ပေးသင့်တယ်မဟုတ်ပါလားခင်ဗျား။

ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်များ မလုပ်ကြပါနဲ့ခင်ဗျား။


ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် အယူခံလွှာ တင်သွင်း Print E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 03 ရက် 2009 ခုနှစ် 20 နာရီ 56 မိနစ်


နယူးဒေလီ ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် စီရင်ချက်ကို ပြင်ဆင်ပေးရန်အတွက် အယူခံဝင်ခွင့်ပြုရန် သူမ၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးသို့ ယနေ့ အယူခံလွှာ တင်သွင်းခဲ့ရာ၊ မနက်ဖြန်တွင် လျှောက်လဲချက်ပေးရမည်ဖြစ်သည်။

''ဒီကနေ့ ကျနော်တို့ အယူခံကို မှတ်ပုံတင်သွင်းတယ်။ မနက်ဖြန်မှာ ကျနော်တို့က တိုင်းတရားရုံးမှာ လျှောက်လဲချက် ပေးရမှာ ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ ကျနော်တို့ရဲ့ အယူခံကို လက်ခံခြင်း ရှိမရှိ တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

မေလဆန်းပိုင်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော ဆိုသူသည် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်လာသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ သားအမိနှစ်ဦးက နေထိုင်ခွင့်ပြုခဲ့သဖြင့် အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် စီရင်ချက်ချခဲ့သည်။

သို့သော်လည်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ညွှန်ကြားချက်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လနှင့် ထိုကာလအတွင်း သူမ၏ နေအိမ်၌ နေထိုင်ကာ ပြစ်ဒဏ်ကျခံရမည်ဟူ၍ စီရင်ချက်ကို ပြောင်းလဲပစ်ခဲ့သည်။

''ကျနော်တို့ အယူခံအတွက် လျှောက်လဲမယ့် အချက် ၁၁ ချက်ကို ပြင်ဆင်ထားပါတယ်'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ကြောင်း ဦးဥာဏ်ဝင်းက စီရင်ချက်ချသည့်နေ့တွင် ပြောဆိုခဲ့သည်။

အန်အယ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးလည်းဖြစ်သူ ဦးဥာဏ်ဝင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် စီရင်ချက်ကို လျှော့ပေါ့ခဲ့ခြင်းကို ကြိုဆိုသော်လည်း၊ တရားရုံး၏ စီရင်ချက်သည် ဥပဒေ နည်းလမ်းမကျကြောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၄ နှစ်ခန့် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသူဖြစ်သည်။

လေ့လာသုံးသပ်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရရေးအတွက် ဆက်လက်ဖမ်းဆီးနိုင်ရန် ထိုဖြစ်ရပ်ကို အသုံးချခဲ့သည်ဟု ဆိုကြသည်။


(အိမ့်ချယ်ရီ သတင်းပေးပို့သည်)


မိမိကိုယ်ကို မီးရှို့ရန် ကြံစည်သည်ဟု စွပ်စွဲခံထားရသူကို ရုံးထုတ် (Update) Print E-mail
ဖနိဒါ
ကြာသပတေးနေ့၊ စက်တင်ဘာလ 03 ရက် 2009 ခုနှစ် 19 နာရီ 28 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ မိမိကိုယ်ကို မီးရှို့ရန် ကြံစည်သည်ဟု ရဲကစွပ်စွဲခံထားရသော ရဟန်းတော် အရှင်စန္ဒာဓိကအား ယနေ့တွင် ထပ်မံရုံးထုတ်ခဲ့သည်ဟု တရားရုံးနှင့် အတိုက်အခံ သတင်းရပ်ကွက်များအရ သိရသည်။

အင်းစိန်ထောင်တွင်း လက်ရှိထိန်းသိမ်းခံနေရသော သက်တော် ၃၆ နှစ်အရွယ် အရှင်စန္ဒာဓိကအား ရဟန်းဝတ်ချွတ်စေပြီး ရုံးထုတ်နေခြင်း ဖြစ်သည်။ ပဲခူးတိုင်း လေးကျွန်းမဏ္ဍိုင် ကျောင်းတိုက် ဒေးစွန်းဘုရားတွင် သီတင်းသုံးခဲ့သည့်သူ့ကို ရဲအုပ်ဇော်ဘုန်းဝင်းက တရာလိုပြုလုပ်ပြီး ဘာသာတရားကို ညှိုးနွမ်းအောင်လုပ်မှု ပုဒ်မ ၂၉၅ (က) ဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။

“သက်သေ ၄ ယောက်ကို အခုတခါ ပြန်ခေါ်တယ်။ ၃ ယောက်တော့ စစ်ပြီးသွားပြီ။ ဒီနေ့က တရားလို ၁ ယောက်ကို စစ်တယ်” ဟု ဗဟိုတရားရုံး သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။ သက်သေအားလုံးမှာ ရဲများဖြစ်ကြောင်း သီးခြား စုံစမ်းသိရှိရသည်။

ဦးညီညီလွင် တဖြစ်လဲ အရှင်စန္ဒာဓိကသည် ယခင်ရုံးချိန်းများတွင် ကိုယ်တိုင်လျှောက်လဲ ထွက်ဆိုခဲ့သည်။

“ဒီနေရာဟာ ရဟန်းမသွားရဘူးလို့ သတ်မှတ်ထားတာဟာ ဝိနည်းနှင့်လည်း မထိခိုက်ဘူး။ ဒီကိုလာတာလည်း ဆရာတော်ကနေ ဝါဝင်ပြီး လာတာ။ ရဟန်းသိက္ခာ ချိုးဖောက်တာ မဟုတ်ဘူး။ သာသနာကို ညှိုးနွမ်းအောင် လုပ်တာလည်း မဟုတ်ဘူးဆိုတဲ့ မေးခွန်းကိုလည်း သူကိုယ်တိုင် တရားရုံးကို မေးထားတယ်” ဟု တရားဆိုင်နှင့် နီးစပ်သူတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချသည့် ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် တရားဆိုင်က ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဝင်ရောက်ကာ သတင်းမေးပြီးပြန်အထွက် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဦးစန္ဒဓိကကို လူ ၃ ယောက်က ရန်ကုန်မြောက်ပိုင်းခရိုင် ရဲစခန်းဝင်းသို့ခေါ်ဆောင်သွားပြီး အနည်းဆုံး ရဲ ၂ ယောက်က ဝါးလုံးဖြင့် ရိုက်နှက်ခဲ့၍ ဒဏ်ရာရခဲ့သည်ဟု အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) အဖွဲ့က ပြောသည်။

တရားရုံးတွင် နှစ်ဖက်ရှေ့နေများ အပြန်အလှန် မေးမြန်းထွက်ဆိုချက်အရ စွပ်စွဲခံထားရသူ၏ အနီးနားတွင် ရေနံဆီ သို့မဟုတ် အခြား သဲလွန်စ မတွေ့ရသလို သီးခြားလွတ်လပ်သော မျက်မြင်သက်သေများလည်း မရှိဟု AHRC က ပြောသည်။

ထိုသို့ ဖြစ်ပွားနေစဉ်တွင် အခြားသံဃာတော်များနှင့် စပ်ဆိုင်သော အဖြစ်အပျက်များမှာ သြဂုတ်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မကွေးတိုင်း ချောက်၊ ရေနံချောင်းနှင့် ပခုက္ကူမြို့နယ်များတွင် ရှာဖွေစစ်ဆေးမှုများရှိနေပြီး ရဟန်း ၄ ပါးကို စစ်အစိုးရက ဖမ်းဆီးထားသည်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့က ပြောသည်။

သံဃာတော်အဖွဲ့မှ အရှင်ဦးဓမ္မဝံသက “သာသာနာကို ညှိုးနွမ်းအောင်လုပ်နေတာက နအဖပဲ။ ဦးဇင်းတို့ ရဟန်းသံဃာတွေက ဓမ္မစက်အောက်မှာနေတာ။ အာဏာရှင် အောက်မှာနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ အခုလို ဖမ်းဆီး ဥပဒေ ပုဒ်ထီး ပုဒ်မတွေ တပ်ပြီးတော့ ထောင်ချတာတွေဟာ ဦးဇင်းတို့ဘာသာကို တခြားဘာသာတွေနဲ့ ကြည့်မယ်ဆိုရင် သိမ်ငယ်သွားတာပေါ့နော်။ အခု ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရပြီပေါ့” ဟု မိန့်သည်။

နေပြည်တော် စစ်ရုံးချုပ်သတင်းရပ်ကွက်အဆိုအရ သံဃာတော်များက ၂၀၀၇ ခုနှစ်ကကဲ့သို့ အလားတူ လူထုကို ဦးဆောင်ကာ အုံကြွမှုတခု ဖြစ်လာလိမ့်မည်ဟု စစ်အစိုးရက သံသယရှိနေပြီး လုံခြုံရေးတိုးမြှင့်ရန်နှင့် ဘုန်းကြီးကျောင်းများကို အနီးကပ်စောင့်ကြည့်ရန် ညွှန်ကြားထားသည်။

ယနေ့ထုတ်ပြန်သည့် အာရှလူ့အခွင့်အရေးကောင်စီ၏ ကြေညာချက်တွင် အရှင်စန္ဒာဓိက အမှုကိစ္စအပါအဝင် အထောက်အထားမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းများအပေါ် စိုးရိမ်ပူပန်ကြောင်းနှင့် မြန်မာပြည်ဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားနှင့် ကုလအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ကြားဝင်ဖြေရှင်းပေးပါရန် တောင်းဆိုထားသည်။


ဒိုင်နာကို ကန့်သတ်ပြီး ကားကြီးများ အစားထိုးမည် Print E-mail
နန်းဒေဝီ
ကြာသပတေးနေ့၊ စက်တင်ဘာလ 03 ရက် 2009 ခုနှစ် 18 နာရီ 26 မိနစ်


နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်တွင် ပြေးဆွဲသည့် ဒိုင်နာဘတ်စ်ကားများကို လမ်းကြောင်းပြောင်းလဲ သတ်မှတ်ကာ ကားကြီးများဖြင့် အစားထိုး ပြေးဆွဲသွားမည်ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးဌာန - မထသ က ဆိုသည်။

ယာဉ်တိမ်းမှောက်မှု၊ ကားတိုက်မှု အများဆုံးဖြစ်နေသည့် ဒိုင်နာကားများကို မြို့တွင်းပြေးဆွဲခွင့် ကန့်သတ်ကာ ဂျပန်ထုတ် ကားကြီးများဖြင့် အစားထိုးမည်ဟု မထသ ဒုတိယဌာနမှူးအဆင့်ရှိ တာဝန်ရှိသူက ပြောဆိုခြင်း ဖြစ်သည်။

“လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ စမ်းသပ်နေတုန်းပါ။ ဂျပန်က မှာထားတဲ့ ကားအစီး ၃၀၀ ကလည်း သဘောင်္ပေါ် တင်တုန်း။ အဲဒါတွေနဲ့ အစားထိုးမယ်။ လုံးဝ ဒိုင်နာကားတွေကို ဖြုတ်ဖို့ မဟုတ်ပါဘူး” ဟု မထသ ညွှန်ကြားရေးမှူးက မဇ္စျိမကို ပြောသည်။

“ဒိုင်နာကားတွေက မှတ်တိုင်တွေမှာ စည်းကမ်းတကျ မရပ်ဘူး။ ကိုယ်ထည်က လုံးတော့ မြို့တွင်းမှာ အပြိုင်မောင်းတဲ့အခါ မှောက်တာ။ မနေ့ကတောင် ဒိုင်နာမှောက်လို့ ခရီးသည်တွေ ဒဏ်ရာရတယ်။ အဲလိုမြင်ကွင်းတွေက ကြည့်မကောင်းဘူး။ မြို့အင်္ဂါရပ်နဲ့က မညီဘူး” ဟု သူက ဆက်ပြောသည်။

ရန်ကုန်တိုင်းအတွင်း သတ်မှတ်မြို့နယ် ၆ ခုတွင် ဒိုင်နာကားများကို ဝင်ခွင့်မပေးဘဲ၊ မြို့တွင်း လူစည်ကားသည့် နေရာများနှင့် အလှမ်းဝေးသည့် နေရာများ၌သာ သတ်မှတ်ပြေးဆွဲခွင့် ပေးမည်ဖြစ်ပြီး၊ ထိုနေရာများမှတဆင့် ကားကြီးများဖြင့်သာ မြို့အတွင်းပိုင်းအထိ ဝင်ရောက်ခွင့်ပြုသွားမည်။ သို့သော် တားမြစ်ပိတ်ပင်မည့် လမ်းကြောင်း အားလုံးကို အတိအကျ မရေးဆွဲသေးပေ။

ဒုညွှန်မှူးက “ဥပမာဗျာ။ ဒိုင်နာကားကို ဆူးလေအထိ ပေးမဆွဲတော့ဘူး။ ပုဇွန်တောင်အထိပဲ ပြေးခိုင်းမယ်။ ဒဂုံကနေလာမယ့် ကားကို မင်္ဂလာဈေးအထိပဲ ပြေးဆွဲခိုင်းမယ်။ အဲဒီကနေတဆင့် ပါရမီလို၊ City Bus ကားကြီးတွေနဲ့ မြို့ထဲကို အစားထိုးမှာပေါ့ဗျာ” ဟု ပြောသည်။

မထသ လက်အောက်ရှိ လက်ရှိပြေးဆွဲနေသည့် ဒိုင်နာကားအစီး ၅၀၀ ကို ထိုကဲ့သို့ ပြောင်းလဲအစားထိုးရန် စီစဉ်နေခြင်းဖြစ်ပြီး၊ အသစ်ရောက်လာမည့် ဂျပန်ဘတ်စ်ကားများကို CNG အစားထိုးခြင်း၊ တံခါးပေါက်ဖောက်ခြင်း စသည်တို့ကို အချိန်ယူလုပ်ဆောင်သွားမည်။

ပါရမီ လိုင်းကားများကို ယာဉ်စီးခ ခရီးသည်တဦးလျှင် ကျပ်ငွေ ၂၀၀ အဖြစ် သတ်မှတ်ထားပြီး၊ ခရီးသည် အထိုင်ကိုသာ ဦးစားပေးကာ မတ်တပ်စီး ခရီးသည်များ တင်ဆောင်ပါက ယဉ်မောင်းအား အရေးယူလေ့ရှိသည်။ ကားအသစ်များ အစားထိုးပါက ကားခဈေးနှုန်းများ ပြောင်းလဲသတ်မှတ်လာနိုင်ဖွယ် ရှိသည်။

၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းက ဒုတိယကမ္ဘာစစ်လက်ကျန် ချက်ဗလက် ဘတ်စ်ကား အစီးရေ ၄၀၀ ကျော်ကို ရန်ကုန်မြို့တွင်း ယဉ်ကြောပိတ်ဆို့မှု လျော့ကျနိုင်ရန်အတွက် ရည်ရွယ်သည့်အနေဖြင့် City Bus၊ ဘတ်စ်ကားများဖြင့် အစားထိုးပြေးဆွဲစေခဲ့သေးသည်။

မထသ သည် လိုင်းပေါင်းစုံဆွဲနေရာ ကားအစီးရေ ၁၀၀၀ကျော်ကို စီမံညွှန်ကြားနေသည့် ပုဂ္ဂလိက ကားလိုင်းဌာနဖြစ်သည်။


ဓါတ်ခွဲခန်းကားဖြင့် အစားအသောက်များတွင် ဆိုးဆေးသုံးမှု ရှောင်တခင်စစ်ဆေး Print E-mail
ဖိုးဇော်
ကြာသပတေးနေ့၊ စက်တင်ဘာလ 03 ရက် 2009 ခုနှစ် 18 နာရီ 26 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) မှ ရန်ကုန်တိုင်းအတွင်းရှိ ဈေးကြီးများတွင် ရောင်းချနေသော စားသောက်ကုန်များအား ဓါတ်ခွဲမော်တော်ယာဉ်ဖြင့် စစ်ဆေးနေပြီ ဖြစ်သည်။

ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ရှိ ညောင်ပင်လေးဈေးမှ စားသုံးကုန် အရောင်းဆိုင်များမှ ငပိထောင်း၊ စိမ်းစားငပိ၊ ဆော့စ်၊ ငရုတ်သီးမှုန့်နှင့် စားသုံးဆီများကို ယခင်လ ၂၇ ရက်နေ့ မနက်ပိုင်းတွင် စတင်ကာ FDA မှ တာဝန်ရှိသူ ၄ ဦးနှင့် ညောင်ပင်လေးဈေး စည်ပင်မှ ၃ ဦး ပူးပေါင်း၍ စစ်ဆေးခဲ့သည်။

“ညောင်ပင်လေးဈေးကို အရင်အပတ်က စစ်ဆေးဖြစ်ပါတယ်။ FDA ကတော့ ပြည်သူလူထု စားသောက်တဲ့ အစားအသောက်ထဲမှာ အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေ ပါမပါ စစ်ပေးတာပေါ့။ အရေးယူဖို့ကြတော့ ဈေးစည်ပင်သာယာရေးအဖွဲ့နဲ့ပဲ ဆိုင်တယ်လေ” ဟု စစ်ဆေးရေးအရာရှိတဦးက မဇ္ဈိမကိုပြောသည်။

စစ်ဆေးနည်းမှာ အစားအသောက်နမူနာ အနည်းငယ်ယူ၍ ဓါတ်ခွဲယာဉ်အတွင်း၌ အသင့်ပါလာသော ကိရိယာဖြင့် နာရီဝက်ခန့်သာ အချိန်ယူရသည်။ ယခုအချိန်အထိ အပြစ်တစုံတရာ ထပ်မံတွေ့ရှိမှု မရှိသေးကြောင်း သိရသည်။

ငရုတ်သီးမှုန့်များတွင် အနီရောင်ဓါတုဆိုးဆေး (Rhodamine B) ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ်ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် လက်ဖက်နှင့် ငါးပိတို့တွင်လည်း အဝါရောင်ဓါတုဆိုးဆေးများ ပါဝင်ကြောင်း မတ်လက ကြေညာခဲ့သည်။

၎င်းဆိုးဆေးများသည် တာရှည်စားသုံးသူများကို အသည်းနှင့် ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်သည့်အပြင် ခန္ဓာကိုယ်ကြီးထွားမှုကိုလည်း ထိခိုက်စေသည်။

‘ဆီပျက်နှင့် ပြန်ကြော်ဆီ’ များကို စားသုံးမိသူသည်လည်း ကင်ဆာရောဂါ ဖြစ်ပွားတတ်ကြောင်း FDA မှ တာဝန်ရှိသူက ပြောသည်။

ညောင်ပင်လေးဈေး၌ စစ်ဆေးရာတွင် အန္တရာယ်ရှိသော ဆိုးဆေးများ သုံးစွဲထားသည့် စားသောက်ကုန်အရောင်းဆိုင်များ မတွေ့ရကြောင်း FDA နှင့် ယင်းဈေးစည်ပင် တာဝန်ရှိသူတို့က မဇ္ဈိမကိုပြောသည်။

ဓါတုဆေးသုံးစွဲထားသည့် စားကုန်များကို တွေ့ရှိပါက ပစ္စည်းသိမ်းဆည်း ဖျက်ဆီးမည့်အပြင် အန္တရာယ် ရှိမှန်းသိရက်နှင့် အသုံးပြုသူအား “အမျိုးသား အစားအသောက် ဥပဒေ” အရ ထောင်ဒဏ် ၃ နှစ်အထိလည်း ချမှတ်နိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ဆေးမှုများကို ရန်ကုန်တိုင်းအတွင်းရှိ ဘုရင့်နောင်ဈေး၊ သိမ်ကြီးဈေး၊ သံဈေး၊ အင်းစိန်ဈေး၊ စသည့်ဈေးကြီးများတွင် တစ်ပတ်လျှင်တစ်ကြိမ် စစ်ဆေးသွားမည် ဖြစ်ကြောင်း FDA မှ တာဝန်ရှိသူကပြောသည်။

တနိုင်ငံလုံး ကြွပ်ကြွပ်အိတ်ကင်းစင်ရန် လုပ်ကိုင်သင့်ဟု FREDA ပြောဆို Print E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 03 ရက် 2009 ခုနှစ် 17 နာရီ 18 မိနစ်


နယူးဒေလီ။ ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် ကြွပ်ကြွပ်အိတ်သုံးစွဲမှု ပပျောက်ရေးကို တနိုင်ငံလုံး လုပ်ဆောင်သင့်ကြောင်း သစ်တောရင်းမြစ် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေးအသင်းတခုက စစ်အစိုးရကို တိုက်တွန်းလိုက်သည်။

ကြွပ်ကြွပ်အိတ်ကင်းစင်ရန် ပြီးခဲ့သည့်ဇွန်လမှစ၍ မန္တလေးမြို့တွင် ပြုလုပ်နေသကဲ့သို့ တစ်နိုင်ငံလုံး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်တွင်းအခြေစိုက် FREDA (Forest Resource Environment Development and Conservation Association) က အကြံပြုတိုက်တွန်းခြင်း ဖြစ်သည်။

“ကြွပ်ကြွပ်အိတ်တွေက သဘာဝပတ်ဝန်းကျင်အတွက် အရမ်းအန္တရာယ်ကြီးတယ်။ သဘာဝပတ်ဝန်းကျင်ကို အလွန်ထိခိုက်စေတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မန္တလေးမှာ လုပ်သလိုမျိုး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီကြွပ်ကြွပ်အိတ် ပပျောက်ရေးကို လုပ်သင့်ပါတယ်” ဟု FREDA ဒု-ဥက္ကဋ္ဌ ဦးအုန်းက မဇ္ဈိမကို ပြောသည်။

ကြွပ်ကြွပ်အိတ်များသည် မြေအောက်တွင် နှစ်ပေါင်းများစွာ မြေသြဇာ မဖြစ်ဘဲ တည်ရှိနေခြင်း၊ သတ္တဝါများက အစာအဖြစ် စားသုံးမိပါက သေကြေခြင်း၊ မိုးရွာသည့်အခါ ရေမြောင်းများ ပိတ်ဆို့ရာမှ ရေလျှံမှုဖြစ်သဖြင့် လမ်းများ၊ အိမ်များ ပျက်စီးခြင်းတို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေကြောင်း FREDA က ဆိုသည်။

သဘာဝပတ်ဝန်းကျင် လုပ်ငန်းများတွင် ပါဝင်လှုပ်ရှားခဲ့ဖူးသူနှင့် ရန်ကုန်အခြေစိုက် မြန်မာဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်းအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဒေါ်ယုဇနမော်ထွန်းကလည်း ''ကြွပ်ကြွပ်အိတ်ဟာ ရေထဲကိုပစ်ရင် ရေသတ္တဝါတွေကို သေစေနိုင်သလို၊ မြေကြီးထဲမှာလည်း နှစ်ပေါင်းများစွာတောင် မဆွေးမြေ့နိုင်တာကြောင့် အသုံးပြုပြီးရင် စနစ်တကျ စွန့်ပစ်ဖို့လိုတယ်'' ဟု ပြောသည်။

ကြွပ်ကြွပ်အိတ်သည် ပလတ်စတစ်အိတ် အပျော့စားများကဲ့သို့ Recycle ခေါ် ပြန်လည် အသုံးပြုနိုင်စေရန် ပြောင်းလဲ၍ မရသဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေသည်။

မန္တလေးမြို့တော် စည်ပင်က ဇွန်လ ၃ ရက်နေ့တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် ကြွပ်ကြွပ်အိတ် ကင်းစင်သော မြို့တော်ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လက်ဝယ်ရှိ ကြွပ်ကြွပ်အိတ်များကို ဇွန်လ ၂၁ ရက်နေ့ နောက်ဆုံးထား သုံးစွဲရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပါက သိမ်းဆည်းသွားမည်ဟု ကြေညာခဲ့သည်။

ထိုသို့ကြေညာခဲ့ပြီးနောက် ကြွပ်ကြွပ်အိတ်သုံးစွဲမှု ကျဆင်းလာကြောင်း ကုန်စုံဆိုင်ပိုင်ရှင် မြို့ခံတဦးက ပြောသည်။

“စည်ပင်က သတင်းစာမှာ ကြေညာပြီးတဲ့နောက် ကြွပ်ကြွပ်အိတ်သုံးတာ တဖြည်းဖြည်း နည်းလာတယ်။ ကြွပ်ကြွပ်အိတ် အစား ပလတ်စတစ်အိတ်အကြည်တွေ အစားထိုးပြီး သုံးလာကြတယ်။ ကျနော်တို့ကတော့ တတ်နိုင်သလောက် ထည့်မပေးဘူး။ မတတ်သာလို့ ထည့်ပေးရရင်တော့ အိတ်အကြည်ကိုပဲ သုံးပါတယ်” ဟု သူက ပြောသည်။

ပလတ်စတစ်အိတ် အကြည်များသည် ကြွပ်ကြွပ်အိတ်နှင့် ပုံစံတူပြီး ဈေးနှုန်း အနည်းငယ် ပိုမြင့်သည်။ သို့ရာတွင် ကြွပ်ကြွပ်အိတ်များကဲ့သို့ အပူဒဏ်မခံနိုင်ကြောင်း သိရသည်။

“သုံးရတာ အဆင်မပြေပါဘူး အကိုရာ။ အရင်ကော်ကမှ ခိုင်တာ၊ အခုကော်က မခိုင်ဘူး။ ဈေးကြီးတယ်ဗျာ၊ တစ်လုံးသုံးရမယ့်နေရာ နှစ်လုံးသုံးရတယ်။ ပူတဲ့အရည်ထည့်ရင် ဖင်ပွင့်တာ၊ ကွဲတာမျိုးတွေ ရှိတယ်” ဟု ပလတ်စတစ် အိတ်ပါးအရောင်းဆိုင်တခုမှ အရောင်းတာဝန်ခံက မဇ္ဈိမကို ပြောသည်။

မန္တလေးတွင် ကြွပ်ကြွပ်အိတ် မသုံးရန် ပိတ်ပင်သော်လည်း မြို့တော်ဟောင်း ရန်ကုန်တွင် စူပါမားကက်များ၊ ရပ်ကွက်ဈေးဆိုင်များတွင် နေ့စဉ်နှင့်အမျှ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသေးသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့၏ တနေ့တာ ကြွပ်ကြွပ်အိတ် စွန့်ပစ်မှုသည် တန် ၂၀၀ ခန့်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မိုးရာသီများတွင် ရန်ကုန်ရှိ နေရာအများအပြား၌ မြောင်းများပိတ်ဆို့ကုန်သဖြင့် ခရီးသွားလာရေး အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြရသည်။

ရန်ကုန်မြို့တော်ဝန်က ကြွပ်ကြွပ်အိတ်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား လုပ်ငန်းပြောင်းလဲရန် အချိန်သတ်မှတ်ပြီးလျှင် ရန်ကုန်တွင်လည်း ကြွပ်ကြွပ်အိတ် အိတ်သုံးစွဲမှုကို တားမြစ်သွားမည်ဟု ရန်ကုန်ရှိ သတင်းဌာနများကို မကြာသေးခင်က ပြောဆိုခဲ့သည်။

“တားမြစ်တယ်ဆိုတဲ့နေရာမှာ အချိန်လိုတယ်။ ကြွ့ပ်ကြွပ်အိတ် အစားထိုးပေးရမယ့် အိတ်တွေရှိဖို့ လိုတယ်။ ဒါကို အစိုးရက လုပ်သလို၊ ပြည်သူကလည်းပါမှ ပညာရှင်တွေ အဖွဲ့အစည်း အားလုံးပါပြီး လုပ်ရမှာ ဖြစ်တယ်။ အစိုးရကလည်း ဦးဆောင်ရမယ်။ ကျနော်တို့လို အန်ဂျီအိုတွေကလည်း ပညာပေးရမယ်။ ဌာနဆိုင်ရာ အသီးသီးက လုပ်ရမယ်။ တက္ကသိုလ်တွေက လုပ်ရမယ်။ နောက် သုတေသန ပညာရှင်တွေကလည်း ဒါတွေကို လုပ်နေရမယ်” ဟု FREDA ဒုဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။

စက်ရုံများတွင် ကိုယ်ပိုင် မီးအားထိန်းညှိစက် တပ်ရမည် Print E-mail
နီမိုးမြင့်
ကြာသပတေးနေ့၊ စက်တင်ဘာလ 03 ရက် 2009 ခုနှစ် 13 နာရီ 15 မိနစ်


ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့တွင်းရှိ စက်မှုဇုန်များတွင် Capacitor Bank ဟုခေါ်သည့် မီးအားထိန်းညှိကာ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်သော စက်တမျိုးကို စက်ရုံတိုင်းတွင် မဖြစ်မနေ တပ်ဆင်ရမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကော်မတီက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

သက်ဆိုင်ရာ စက်မှုဇုန်အလိုက် ထရန်စဖော်မာများ တပ်ဆင်ထားပြီးဖြစ်သော်လည်း လျှပ်စစ်ဓာတ်အား အပြည့်အဝ မရရှိသဖြင့် မီးအားမြှင့်တင်ပေးနိုင်ရန် ထပ်ဆင်ခိုင်းလာခြင်းဖြစ်သည်။

“မီးအားမပြည့်လို့ စက်ရုံတွေက စက်တွေ ခဏခဏ ပျက်တယ်ဆိုပြီး ကျနော်တို့ဆီကို complain တွေ ခဏခဏ လာပါတယ်။ နောက်ပြီး မီးအားအတက်အကျ မမှန်ရင် ဝါယာလျှော့ဖြစ်ပြီး မီးလောင်တာတို့ ဘာတို့ ဖြစ်တာနဲ့လည်း ခဏခဏ ကြုံရတယ်။ ဒါတပ်လိုက်ရင် သူက မီးအားလည်း မြှင့်ပေးတယ်။ မီးအားလည်း ထိန်းညှိပေးတယ်။ အဆင်ပြေမယ်ထင်လို့ တပ်ခိုင်းတာပါ။ တခြားနိုင်ငံတွေက စက်မှုဇုန်တွေကိုလည်း ကျနော်တို့ သွားလေ့လာပြီးပြီ။ သူတို့လည်း Capacitor bank တွေ စက်ရုံတိုင်းလိုလို တပ်ထားကြပါတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ညွှန်ကြားချက်အတိုင်း မလိုက်နာသည့် စက်ရုံများကို မီးဖြတ်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ ထုတ်ပြန်သော ညွှန်ကြားလွှာကို ကိုးကားပြီး အထည်ချုပ်လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးထား တပ်ဆင်ရမည့်ရက်မှာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က သတ်မှတ်ပေးခြင်းမျိုး မဟုတ်ဘဲ သက်ဆိုင်ရာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီအလိုက် ရက်သတ်မှတ်ကာ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သို့ ပြန်လည်တင်ပြရမည်ဟု သိရသည်။

စက်များ၏ တန်ဖိုးမှာ ဝပ် ၁၂၀ KVA Capacitor bank တလုံးအတွက် တရုတ်နိုင်ငံလုပ် ပစ္စည်းများဖြင့် ပြည်တွင်းတွင် ပြန်လည်တပ်ဆင်သော စက်များကို ဝယ်ယူတပ်ဆင်ပါက အနိမ့်ဆုံး ကျပ် သိန်း ၃၀ ကျော် ကုန်ကျမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းသော စက်များမှာ ကျပ် သိန်း ၅၀ မှ သိန်း ၂၀၀ အထိ ကုန်ကျမည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စက်များအတွက် ကုန်ကျစားရိတ်မှာ အကြီးစား စက်မှုလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုမရှိသော်လည်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် လုပ်ငန်းလည်ပတ်မှု နည်းနေချိန်တွင် များစွာ ဝန်ထုတ်ဝန်ပိုးဖြစ်စေသည်ဟု တောင်ဥက္ကလာပ စက်မှုဇုန်ရှိ ဘက်ထရီခေါင်း လုပ်ငန်းရှင်တဦးက ပြောသည်။

Capacitor bank တပ်ဆင်ထားပြီးဖြစ်သော တောင်ဒဂုံစက်မှုဇုန်မှ သစ်အချောထည် လုပ်ငန်းရှင်တဦးက ၎င်းစက်တပ်ဆင်လိုက်သော်လည်း စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်သည့် မီးအားမှာ အလွန်နည်းနေသည့်အတွက် စက်တပ်ထားသည့်တိုင်အောင် မီးအားကျသည့်အချိန်များနှင့် ကြုံတွေ့ရမြဲဖြစ်သည်ဟု ဆိုသည်။

ယခုအခါ လူနေရပ်ကွက်များတွင်လည်း လျှပ်စစ်မီးပြတ်တောက်မှု ပြန်ဖြစ်လာနေသလို မီးအားကျဆင်းမှု သိသာစွာ ကြုံနေရချိန်တွင် စက်မှုဇုန်များတွင် အလှည့်ကျစနစ်ဖြင့် တနေ့လျှင် ၉ နာရီမှ ၁၆ နာရီကြားသာ ဓာတ်အားရရှိသည်။

“စက်မှုဇုန်တွေကို မီးအားပြည့်ဖို့၊ မီးမှန်မှန်ပေးနိုင်ဖို့ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွေမှာ စစ်တိုင်းမှူးတို့၊ ဗိုလ်ချုပ်ကြီးမြင့်ဆွေ (ကစထမှူး) တို့ကို အမြဲတမ်း တင်ပြနေတယ်။ ဒါပေမဲ့ ထူးမလာဘဲ အဲဒီလို Capacitor bank တွေ မဖြစ်မနေတပ်ရမယ်ဆိုတာပဲ လာတယ်” ဟု သူက ဆိုသည်။

ရန်ကုန်မြို့တွင် အဓိက စက်မှုဇုန်ကြီး ၄ ဇုန်ရှိပြီး စက်မှုဇုန်အသေးပေါင်း ၂၀ ခန့်ရှိသည်။ စက်မှုဇုန်များသည် ၁၉၉၀ ပြည့်နှစ် ပတ်ဝန်းကျင်မှစပြီး စက်ရုံအလုပ်ရုံများနှင့် လူနေအိမ်ယာများကို သီးသန့်ခွဲထုတ် နေရာသတ်မှတ်ပေးပြီး စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ကြွပ်ကြွပ်အိတ်များက ရန်ကုန် အမှိုက်ပြဿနာကို ထပ်မံတိုး
ဗီဒီယို
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 03 ရက် 2009 ခုနှစ် 12 နာရီ 15 မိနစ်


ဒေါ်အောင်ဆန်းစုကြည် အယူခံတင်ပြီ
Thursday, 03 September 2009 18:11 အေးလဲ့
E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား စစ်အစိုးရက ၁ နှစ်ခွဲ နေအိမ်အကျယ်ချုပ် စီရင်ချက်ချထားမှုနှင့် ပတ်သက်ပြီး ယနေ့ ရန်ကုန်တိုင်း တရားရုံးသို့ အယူခံတင်ခဲ့ ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီတွင် စတင် အယူခံတင်ခဲ့သော်လည်း တရားရုံးက နေ့လယ် ၂ နာရီခန့်မှ လက်ခံရေး၊ လက်မခံရေးအတွက် ၄ ရက်နေ့ကို ရက်ချိန်ပေးလိုက်သည်ဟု ဦးဉာဏ်ဝင်း ကပြောဆိုသည်။

“နက်ဖြန်ခါ လက်ခံရေး၊ လက်မခံရေး မနက် ၁၀ နာရီမှာ လျှောက်လဲချက်ပေးပါတဲ့၊ ကျနော်တို့ကတော့ လက်ခံဖို့ လျှောက်လဲချက်ပေးမှာပေါ့၊ အဲဒါပေးပြီးတော့မှ လက်ခံတယ် မခံဘူး အမိန့်ချမယ်၊ ဒါ ပထမအဆင့် ပါ၊ တကယ်လို့ လက်မခံဘူး ဆိုရင်တော့ high court သွားရမှာပေါ့၊ လက်ခံတယ် ဆိုရင်တော့ ဒီရုံးမှာပဲ နောက်ထပ် နောက်ဆုံး လျှောက်လဲချက်ပေးရဦးမှာပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါ အယူခံလွှာတွင် ဥပဒေကြောင်းဆိုင်ရာ အချက် ၁၁ ချက် ပါဝင်သည်ဟု ဆိုသော်လည်း ထိုအချက် အလက်နှင့်ပတ်သက်ပြီး ပြောခွင့်မရှိကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

“တရားရုံးမှာ လျှောက်လဲရမယ့် ကိစ္စကို မလျှောက်လဲခင် ကျနော်တို့ မပြောနိုင်ပါဘူး”ဟု ၎င်းက ပြောသည်။

ယနေ့ အယူခံတင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ ဒုတိယပတ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အာဏာ ပိုင်များကစီစဉ်ပေးသော ဆရာဝန် အမျိုးသမီးတဦးကို လက်မခံလိုသောကြောင့် သူ၏ ပုံမှန် ဆေးကုသ စစ်ဆေး ပေးနေသည့် ဒေါက်တာ တင်မျိုးဝင်းနှင့်ဆက်လက် ကုသခွင့်ပေးရန်တောင်းဆို ထားသေးသည်။

ယင်း တောင်းဆိုချက်နှင့် ပတ်သက်ပြီး ဒေါက်တာ တင်မျိုးဝင်နှင့် ဆက်လက်ကုသခွင့် ပေးသည်၊ မပေးသည်ကို အာဏာပိုင်များက အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းကိုလည်း ဦးဉာဏ်ဝင်း ကပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားသည့် သက်တမ်း ၆ နှစ်ပြည့်မည့် မေလပိုင်းတွင် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောက သူ၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်မှုကို အကြောင်းပြုပြီး နေအိမ်အကျယ်ချုပ်ချိုးဖောက်မှုဖြင့် တရားဆွဲကာ အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

သြဂုတ်လ ၁၁ ရက်နေ့၌ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်ကို စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ထက်ဝက် လျှော့ချ၍ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲဖြင့် ဆိုင်းငံ့ပြစ် ဒဏ်ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နေထိုင်သည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့သည်လည်း ထိုနည်းတူ တရားစွဲခံရသည်။ ကျူးကျော် ဝင်ရောက်ခဲ့သူ မစ္စတာ ယက်ထောကိုမူ ထောင် ၇ နှစ် စီရင်ချက်ချခဲ့ သော် လည်း ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

ကိုးကန့်ဒေသတွင် စစ်အစိုးရတပ်က လူမျိုးရေးခွဲခြားဆက်ဆံ နှိပ်စက်ညှဉ်းပန်း
Thursday, 03 September 2009 19:16 ရန်ပိုင်
E-mail Print
မြန်မာ စစ်အစိုးရတပ်က ကိုးကန့်ဒေသကို သိမ်းပိုက်ပြီးနောက်ပိုင်း တရုတ်လူမျိုးများ ပိုင်ဆိုင်သော ပစ္စည်းများကို လုယက်ခဲ့ရုံသာမက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ရှိခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော အပတ်အတွင်း၌ ကိုးကန့်ဒေသကို ၀င်ရောက်သိမ်းပိုက်ခဲ့သည့် ယင်း စစ်အစိုးရ စစ်တပ်က လူမျိုးရေးခွဲခြား ဆက်ဆံ၍ နှိပ်စက်ညှဉ်းပန်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“လောက်ကိုင်မှာ တပ်တွေက အထက်ကခိုင်းလို့လား၊ သူတိုဘာသာသူတို့လုပ်တာလား မသိဘူး၊ တရုတ်ဆန့်ကျင်ရေး တော်တော်ပါတယ်၊ ဒေသခံတွေကိုမေးရင် မင်းတို့ ကိုးကန့်တရုတ်လား၊ တရုတ်ပြည်က တရုတ်လား၊ တရုတ်ပြည်က ဆိုရင် ဆော်တာပဲ၊ အနည်းဆုံး သေနတ်ဒင်နဲ့ထုတယ်၊ ပစ္စည်းလည်းယူတယ်” ဟု လောက်ကိုင်ဒေသခံတဦးက ဧရာဝတီသို့ပြောသည်။

ထိုကဲ့သို့ လုပ်ရပ်များကြောင့် အသစ်ဖွဲ့စည်းထားသော အထူးဒေသ ( ၁ ) ယာယီ ဦးစီးကော်မတီတွင် မူလပါဝင်ခဲ့သည့် ကော်မတီဝင်များမပါဝင်တော့ကြောင်းသိရသည်။

တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကလည်း တရုတ်စတိုးဆိုင်များ၊ စူပါမားကက်များ၊ တရုတ်ကုန်စုံဆိုင်များကို တပ်မ ၃၃ မှ ဖျက်ဆီး လုယက်မှုများ အကြီးအကျယ်လုပ် နေသည်ဟု ဧရာဝတီသို့ပြောသည်။

ဤသို့စစ်အစိုးရတပ်များက စတိုးဆိုင်များ၊ စူပါမားကက်များကို လုယုနေသည်ဟု ထုတ်ဖော်ပြောဆိုမှုများ ရှိလာသော ကြောင့် ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် လောက်ကိုင်မြို့နယ်တွင် ခိုးမှုဖြင့် တရားခံ ၂၆ဦး၊ ချင်းရွှေဟော်မြို့တွင် ခိုးမှုဖြင့် တရားခံ ၂၅ဦးကို အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၂ နှစ်စီ အပြစ်ပေးလိုက်ကြောင်းဖော်ပြထားသည်။

သို့သော် ထိုသူများသည် ကိုးကန့်နှင့် တရုတ်လူမျိုးဒေသခံများသာဖြစ်သည်ဟုသိရသည်။

ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့် လက်ထက်တွင် ကိုးကန့်နှင့် ၀တပ်ဖွဲ့များကို ရန်ကုန်၊ မန္တလေးမြို့ ကြီးများသို့ လာရောက်သည့်အခါ လက်နက်ကိုင်ဆောင်ခွင့် ပေးခဲ့ပြီး တရားမ၀င်လိုင်စင်မဲ့ကားများကိုလည်း အသုံးပြုခွင့် ပေးခဲ့သည်။

“ကိုးကန့်တို့ ၀တို့က ဗိုလ်ချုပ်ခင်ညွန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီး နောက်ပိုင်းမှာ မန္တလေးတို့ စတဲ့မြို့ကြီးတွေမှာ သောင်း ကျန်းကြတယ်၊ အဲ့သည့်အချိန်တုန်းက လူထုက မကျေနပ်ဘူး၊ စစ်တပ်ထဲမှာလည်း ဒီလိုအယူအဆရှိမယ်ထင်တယ်” ဟု တရုတ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းက ပြောသည်။

စစ်အစိုးရ ၏ သြဂုတ် ၃၁ ရက်ထုတ် သတင်းစာများတွင် ရဲတပ်ဖွဲ့ဝင်များ အား ကိုးကန့်တပ်ဖွဲ့များ ရက်စက်စွာ သတ်ဖြတ်ခဲ့ သော ဓာတ်ပုံများကို ဖော်ပြထားခဲ့သည်။

“အခုလို အစိုးရ ကိုးကန့်ကို တိုက်တာကြိုက်တယ်၊ ၀တို့ကိုးကန့်တို့ဆိုတာ မူးယစ်ဆေးဝါးလုပ်တဲ့သူတွေ၊ တကယ်တော့ တရုတ်တွေပဲ၊ စီးပွားရေးမှာ လက်ဝါးကြီးလာအုပ်နေတာ၊ ရန်ကုန်ဗဟန်းမှာ တာမိုးညဲဂေဟာဆိုတာ တကယ့် နန်းတော်ကြီး ပဲ” ဟု ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ပြောသည်။

ယခုအခါ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည် တိုက်ပွဲများကြောင့် နယ်စပ်ဒေသရှိ အပစ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသများ တွင် တည်ငြိမ်မှု ပျက်ပြားနေပြီး ငွေကြေးတတ်နိုင်သော တရုတ်လူမျိုးများ တရုတ်နိုင်ငံတွင်းသို့ စတင် ထွက်ပြေးနေပြီ ဖြစ်ကြောင်းသိရသည်။

“တရုတ်ကုန်သည်တွေ ၆၀၀ လောက် ပန်ဆန်း နဲ့ မိုင်းလား ကနေပြီး တာလော့ကို ပြေးပြီ၊ ပိုက်ဆံချမ်းသာတဲ့ သူချည်းပဲ၊ ၀ တွေလည်းဒေါသဖြစ်နေတယ်၊ ဘာမှမဖြစ်သေးဘူး၊ တရုတ်တွေပြေးလို့” ဟု ဦးအောင်ကျော်ဇော ကပြောသည်။

မကြာသေးမီရက်များ အတွင်းက မိုင်းလားအထူးဒေသ (၄) ဒေသအတွင်း ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာလူမျိုးအလုပ် သမား ၄၀၀ ကျော်ကို အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) တပ်များက နှင်ထုတ်ခဲ့သည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီး ကျည်များ ကျရောက်ခဲ့သည့်အတွက် တရုတ်လူမျိုး ၁ဦး သေဆုံးခဲ့ပြီး၊ ၂ဦး ဒဏ်ရာ ရရှိခဲ့သည့်အပြင် ကိုးကန့်ဒေသ စီးပွားရေး ၏ ၉၀ ရာခိုင်နှုန်းကိုလာရောက် ရင်းနှီးမြုပ်နှံထားသော စီးပွားရေးလုပ်ငန်းများ ဖျက်ဆီးခံခဲ့ရသော်လည်း တရုတ်နိုင်ငံထံမှ မြန်မာအစိုးရသို့ ပြင်းထန်သော ကန့်ကွက်မှုများမရှိခဲ့ပေ။

“၁၉၆၇ တုန်းက မော်စီတုန်းပုံ ရင်ထိုးကို ရင်ပတ်ချိတ်လို့ တရုတ်-မြန်မာ ရိုက်ပွဲဖြစ်တော့ တရုတ်အစိုးရဆတ်ဆတ်ခါနာ တယ်၊ ဒီတခါ တရုတ်လူမျိုးတွေကိုထိတာတောင်မှ မနာတာက မြန်မာပြည်ကသူပြန်ရမယ့် သဘာဝဓာတ်ငွေ့တို့၊ ဆိပ်ကမ်း သုံးပိုင်ခွင်တို့ ပြန်ရလို့ပေါ့” ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းက သုံးသပ်သည်။

တရုတ်လူမျိုးများသည် စစ်အစိုးရနှင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက် ရပြီးနောက်ပိုင်းတွင် လားရှိုးမြို့၊ မန္တလေးမြို့ နှင့် ရန်ကုန်မြို့များတွင် စားသောက်ဆိုင်များ၊ စတိုး ဆိုင် များကိုဖွင့်ပြီး စီးပွားရေးရင်းနှီးမြုပ်နှံမှုများ အလုံးအရင်းဖြင့် ပြုလုပ်ကာ အခြေချနေထိုင်ခဲ့သည်။ ယခုအခါ မန္တလေး မြို့၊ လားရှိုးမြို့များတွင် တရုတ်စကားသည် အရေးပါသော စကားတမျိုးဖြစ်လာသည်။

ဒေါ်အောင်ဆန်းစုကြည် ပညာသင်ခဲ့သည့် ကျောင်းတွင် မြန်မာ့မှတ်တမ်းရုပ်ရှင် ပြသ
Thursday, 03 September 2009 19:33 ဇာနည်မာန်
E-mail Print
ဒေါ်အောင်ဆန်းစုကြည် ပညာသင်ကြားခဲ့သော အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ လေဒီရှရီရမ် အမျိုးသမီး ကောလိပ်၌ ယနေ့ ပြုလုပ်သည့် ရုပ်ရှင်ပြပွဲတွင် အာဏာရှင်လက်အောက် မြန်မာနိုင်ငံ အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကား တခုကို ပြသခဲ့သည်။

ဤကောလိပ်ကျောင်းမှ ကျောင်းသူများ မြန်မာပြည် အခြေအနေကို နားလည်စေရန်အတွက် မိနစ် ၃၀ ကြာသည့် အဆိုပါ မှတ်တမ်းကားကို ပြပွဲတွင် ထည့်သွင်းရခြင်း ဖြစ်သည်ဟု ရုပ်ရှင်ပြပွဲ တာဝန်ရှိသူ တဦး ဖြစ်သည့် ကျောင်းသူ ရှာဇီရာက ဧရာဝတီသို့ ပြောသည်။

“တကယ်တမ်းပြောရရင် ကျမတို့ဟာ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ မသိကြဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာတွေဟာ မမှန်မကန် လုပ်တာ ဆိုတာတွေကိုပေါ့” ဟု ရှာဇီရာက ပြောသည်။

'Military rule, people’s aspirations and human rights in Burma' အမည်ရ မှတ်တမ်းရုပ်ရှင်တွင် အသေအပျောက် များခဲ့သည့် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှု၊ ၂၀၀၇ သံဃာ့ ဆန္ဒပြပွဲကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းပုံ၊ နာဂစ် မုန်တိုင်းသင့် ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရပုံ စသည်ဖြင့် အပိုင်း ၃ ပိုင်း ခွဲ၍ တင်ဆက်ထားသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ဖန်တီးသည့် မြန်မာလူငယ်များအဖွဲ့မှ ကိုကင်မ် က “ကျောင်းသူတွေ အနေနဲ့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့နေရတာတွေကို သူတို့က ကြားရုံ ကြားရတယ်။ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို မမြင်ကြရဘူး။ ကျနော်တို့မှာ ဒီလိုတွေ ဖြစ်နေတယ် ဆိုတာကို ပါးစပ်နဲ့ရှင်းပြတာထက် မြင်ရတော့ ပိုကောင်းသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့်နှစ်ကလည်းဤကောလိပ်တွင် ထိုမှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ဖူးပြီး၊ ယခုနှစ်တွင်လည်း ပြပွဲ စီစဉ်သူများက ထပ်မံ ပြသပေးပါရန် တောင်းဆိုခဲ့သည်ဟု သူက ရှင်းပြသည်။

မြန်မာ့အရေးကို စိတ်ဝင်တစားရှိသော လေဒီရှရီရမ် ကောလိပ်သည် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ဂုဏ်ထူးတန်းမှ အောင်မြင်ခဲ့သည့် ကျောင်းသူဟောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ယူလျက် ရှိသည်။ ပြီးခဲ့သည့် လကုန်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုံ့ဆော်သည့် အနေဖြင့် အပြေးပြိုင်ပွဲ တခုကို ပြုလုပ်ခဲ့သေးသည်။

ယနေ့ ပြုလုပ်သည့် ပြပွဲသို့ လာရောက် ကြည့်ရှုကြသည့် ကျောင်းသူ ၅၀ ကျော်က မြန်မာပြည်နှင့် မြန်မာ့အရေး မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားကြောင်း တွေ့ရသည်။

'A Deal for Life and Freedom' ဟု အမည်ပေးထားသည့် ရုပ်ရှင်ပြပွဲကို လေဒီရှရီရမ် အမျိုးသမီးကောလိပ်၏ နိုင်ငံရေးသိပ္ပံဌာန၊ Kriti ရုပ်ရှင်ကလပ်၊ Delhi Solidarity Group တို့ ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်သည်။

“ဒီမှတ်တမ်းကို ကြည့်ပြီးတဲ့နောက်မှာ အဲဒီကလူတွေ သူတို့ တိုင်းပြည် ဒီမိုကရေစီအရေး အတွက် ဘယ်လောက်တောင် ရုန်းကန်နေရတယ် ဆိုတာတွေ သိလာရတယ်။ ဒီက တက္ကသိုလ်တွေမှာ ရုပ်ရှင် ပြပွဲလေးတွေ လုပ်တိုင်း ဒီလို ပြသွားဖို့ စဉ်းစားထားပါတယ်” ဟု လေဒီရှရီရမ် ကျောင်းသူဟောင်း၊ Kriti ရုပ်ရှင် ကလပ် တည်ထောင်သူ မစ္စ အန်ရှာလ် ကပူးရ် (Aanchal Kapur) က ဧရာဝတီကို ပြောသည်။

ရုပ်ရှင်ပြပွဲ ပထမနေ့တွင် မဏိပူ ပြည်နယ်မှ အမျိုးသမီးများ၏ လူ့အခွင့်အရေး ဆုံးရှုံးမှုများ လျစ်လျူရှုခံထားရပုံကို တင်ဆက်ထားသည့် 'Tales from the Margin' ၊ ချဟတ်တီဂါရ် (Chhattisgarh) ပြည်နယ်တွင်းမှ လူ့အခွင့်အရေး ပြဿနာများကို တင်ဆက်ထားသည့် 'New State; Old problems' တို့ကိုလည်း ပြသခဲ့သည်။

သောကြာနေ့တွင် အိန္ဒိယ ကျေးရွာတခုမှ ပြည်သူများ ရုန်းကန်ရပုံကို တင်ဆက်ထားသည့် 'In the forest hangs a bridge'၊ သြရိသပြည်နယ်တွင် သတ္တုတူးဖော်ခြင်း၊ သတ္တု သန့်စင် စက်ရုံ တည်ဆောက်ခြင်းတို့ကြောင့် ဒေသခံ ၄ သောင်းခန့် အိမ် နှင့် မြေ ဆုံးရှုံးရပုံများကို ရိုက်ကူးထားသည့် 'From Kalinganagar to Kashipur' စသည့် မှတ်တမ်းရုပ်ရှင်များ နှင့် စက်ရုံများ တည်ဆောက်မှုကြောင့် မြေယာ ပျောက်ဆုံးရသူတို့အကြောင်း စပ်ဆိုထားသည့် 'Gaon Chodab Nahin' အမည်ရ တေးသရုပ်ဖော် ဗီဒီယို တို့ကို ပြသမည်ဖြစ်သည်


လွှတ်တော်ဆောက်ရန် သိန်း ၅၀ အထက် အလှူခံ
Thursday, 03 September 2009 15:41 ကြည်ဝေ
E-mail Print
နေပြည်တော်မှ ဆောက်လုပ်နေဆဲ လွှတ်တော် အဆောက်အအုံအတွက် စီးပွားရေး လုပ်ငန်းရှင်များထံမှ တဦးလျှင် ကျပ်သိန်း ၅၀ ကျော်စီ အလှူခံလျက် ရှိကြောင်းသိရှိရသည်။

ထိုလွှတ်တော် အဆောက်အအုံသစ်အတွက် စီးပွားရေးလုပ်ငန်း အနေအထားပေါ်တွင် မူတည်ပြီး ကုမ္ပဏီတခုလျှင် အနည်းဆုံး ကျပ် သိန်း ၅၀ နှင့်အထက် အလှူခံလျက်ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောဆိုသည်။

“ကျနော်တို့ ကုမ္ပဏီက သစ်တန်ချိန် ၅၅၀၀ လှူရမယ်။ ကျွန်း အပါအဝင် တခြား သစ်မာတွေပါရမယ်။ အမျိုးအစားညံ့တာတော့ လက်မခံဘူးလို့ မှာတယ်၊ ရှေ့အပတ်အတွင်း အရောက်ပို့ပေးရမယ်” ဟု သူက
ပြောသည်။

လက်ရှိသစ်ပေါက်ဈေး အနေနှင့် ကျွန်းသစ် တတန်လျှင် အကောင်းအညံ့ပေါ် မူတည်၍ ကျပ် ၁၈ သိန်းမှ ၂၂ သိန်း ၀န်းကျင်၊ အလယ်အလတ်တန်းစား သစ်မာ တတန်လျှင် ကျပ် ၈ သိန်းဝန်းကျင်အစားစား ရှိပြီး သစ်အညံ့စား များမှာမူ ကျပ် ၃ သိန်း ခွဲ ဝန်းကျင် ဈေးခန့် ရှိကြောင်း သိရှိရသည်။

ရန်ကုန် ပြည်သူ့ရင်ပြင်ရှေ့တွင် လွှတ်တော်အဆောက်အအုံ ရှိသော်လည်း ထိုလွှတ်တော်အဆောက်အအုံမှာ ခေတ်အဆက်ဆက် မအောင်မြင်သော အစိုးရများတက်ခဲ့သည့် လွှတ်တော်ဖြစ်၍ အတိတ်နိမိတ် မကောင်းဟု ယူဆသောကြောင့် ဗိုလ်ချုပ်မှူးကြီးက နေပြည်တော်တွင် လွှတ်တော် အဆောက်အအုံသစ် ဆောက်လုပ်ခိုင်းခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။

ပြည်ပမှ မြေသြဇာများ၊ ပိုးသတ်ဆေးများကို ပြည်တွင်းသို့ တင်သွင်း ရောင်းချလျက်ရှိသော ကုမ္ပဏီ တခုကိုလည်း လိုအပ်သည့်ဘိလပ်မြေများအား ရက် ၁၀၀ အတွင်း ပို့ပေးရန် ပြောဆိုထားကြောင်း သိရှိရသည်။

“လွှတ်တော် အဆောက်အအုံအတွက် လုပ်ပေးရတဲ့ ပမာဏကတော့ တော်တော်များတယ်၊ ကိုယ် တယောက်တည်း လည်းမဟုတ်ဘူး၊ အဲဒီလို လုပ်ပေးတဲ့အတွက် တဘက်ကလည်း ပြန်ပြီး ကြည့်မှာပဲ။ အကျိုးအမြတ်တော့ရှိပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ဆောက်လုပ်ဆဲ လွှတ်တော်အဆောက်အအုံကို ACE ဆောက်လုပ်ရေးကုမ္ပဏီ အပါအ၀င် တခြား ဆောက်လုပ်ရေးကုမ္ပဏီ ၂ ခုတို့က တာဝန်ယူဆောက်လုပ်ပေးနေပြီး ၂၀၁၀ မတိုင်မီ အပြီး ဆောက်လုပ်ရမည် ဟုလည်း ကြားသိရသည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ၂၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

ထိုလုပ်ငန်းရှင်များက အစိုးရလိုအပ်သော လုံခြုံရေး စရိတ်များနှင့် တခြား လိုအပ်သော ငွေကြေး အကူအညီများ ပေးလျက်ရှိပြီး အစိုးရကလည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ပံ့ပိုးပေးခြင်း၊ လုပ်ကွက်အသစ်များ ချပေးခြင်း၊ ပါမစ်များထုတ်ပေးခြင်း လုပ်ပိုင်ခွင့်များပေးခြင်းဖြင့် ကူညီပေးလျက် ရှိကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်ပြီ

03 September 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ အယူခံ လျှောက်ထားလွှာကို ဒီကနေ့မှာ အကျိုးဆောင်ရှေ့နေတွေက တင်သွင်းလိုက်ပါပြီ။ ဒီအယူခံလွှာကို လက်ခံမယ်၊ လက်မခံဘူးဆိုတာ ရန်ကုန်တိုင်း တရားရုံးက မနက်ဖြန်မနက်မှာ ကြားနာမယ်လို့ အကျိုးဆောင်ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တော (John William Yettaw) က သူ့သဘောနဲ့သူ နေအိမ်ထဲ တိတ်တဆိတ် ရေကူးဝင်ရောက် လာပြီးတဲ့နောက် နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ် တားမြစ်မိန့်ကို ချိုးဖောက်တယ်ဆိုပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစွပ်စွဲခံခဲ့ရသလို ဘယ်လိုပြစ်မှုမျိုးကိုမှ ကျူးလွန်ခြင်း မရှိတဲ့အတွက် အပြစ်မရှိကြောင်း အယူခံလွှာကို ဒီကနေ့မှာပဲ တင်သွင်းလိုက်တဲ့အကြောင်း အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အမှုကို တင်ခဲ့ပြီးပါပြီ။ ပထမအဆင့်ဖြစ်တဲ့ လက်ခံရေး၊ လက်မခံရေးကို မနက်ဖြန်မနက် ၁၀ နာရီ ကျနော်တို့ လျှောက်လဲချက် ပေးရပါမယ်။”

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတူနေသူ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့အပေါ် စီရင်ချက် ချမှတ်ရာမှာ ၁၉၇၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေပါ အချက်တွေကို တရားရုံးက ကိုင်စွဲပြီး ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ အခု အယူခံတင်တဲ့နေရာမှာ ဒီအချက် အပါအ၀င် တခြား အဓိကကျတဲ့ အချက်တွေကို ထောက်ပြထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ အကြောင်းပြချက် အားလုံး ၁၁ ချက်ပါတယ်။ အားလုံးက အဓိကပဲ။ ဒီအထဲမှာ ဘာတွေပါလဲ ပြောနိုင်တာက ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သုံးလို့ရမရ ဆိုတဲ့ပြဿနာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမနဲ့ မစ္စတာယက်တောတို့ကို အင်းစိန်ထောင်ဝင်းအတွင်း ရုံးထိုင်တဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ မေလ ၁၄ ရက်နေ့မှာ စတင်စစ်ဆေးခဲ့ပြီးတော့ သြဂုတ်လ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ဦးကို ထောင်ဒဏ် ၃ နှစ်စီနဲ့ မစ္စတာယက်တောကိုတော့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။ စီရင်ချက် ချမှတ်ပြီးချိန်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်ညှာ ထောက်ထားတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ ကျန်တဲ့ထက်ဝက်ကိုလည်း ဆိုင်းငံ့ပြီးတော့ ကန့်သတ်ချက်တွေနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ပြန်နေခိုင်းခဲ့ပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံပြီး မေတ္တာရပ်ခံ တင်ပြခဲ့ပြီးတဲ့နောက် လူသားချင်း စာနာထောက်ထားမှု အခြေခံနဲ့ ဆိုပြီး မစ္စတာယက်တောကို သြဂုတ်လ ၁၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆိုင်းငံ့ထောင်ဒဏ် ၁၈ လကို နေအိမ်မှာ ဆက်ပြီး ကျခံနေရတဲ့ သဘောပါပဲ။

အမှုစစ်ဆေးစဉ် ကာလတလျှောက် အကျိုးဆောင်လာခဲ့တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကတော့ ဥပဒေကြောင်းအရ အပြစ်မရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုရဖို့ မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။

“ဒီမှာ ကျနော်တို့ မအောင်မြင်ရင် High Court မှာသွားပြီး ပြင်ဆင်မှု တင်ရမှာပေါ့။ ဥပဒေအရတော့ အတော် ကောင်းတယ်ဗျ။ တကယ်တမ်းကျရင် ဥပဒေအရ ဘာမှ အပြစ်မရှိဘူး။ အဲတော့ ကျနော်တို့ကတော့ ဥပဒေအရ အပြည့်အ၀ မျှော်လင့်တယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အရင်ကျခံနေခဲ့ရတဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်ခါနီးလေးမှာပဲ ဒီအမှုအကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ်စီရင်ခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကရော၊ နိုင်ငံတကာကပါ ပြစ်တင် ဝေဖန်ခဲ့ကြပါ တယ်။ အမြန်ဆုံး ပြန်လွှတ်ပေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေမှာ လက်တွဲ လုပ်ဆောင်ကြဖို့လည်း မြန်မာစစ်အစိုးရကို တိုက်တွန်း တောင်းဆိုထားပါတယ်။

ခုချိန်ထိတော့ မြန်မာအာဏာပိုင်တွေဟာ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေအတွက် ပြင်ဆင်တာတွေ၊ အပစ်ရပ် လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့် တပ်တွေအဖြစ် အသွင်ပြောင်းဖို့ ဖိအား ပေးတာတွေနဲ့ အလုပ်ရှုပ်နေပုံရပြီး ကုလသမဂ္ဂကို ကတိပေးထားသလို အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ စတင် လုပ်ဆောင်နေတာတော့ မတွေ့ရသေးပါဘူး။



အပစ်ရပ် ဒေသခံတို့ နေရာပြောင်းရွှေ့

03 September 2009


ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ ကိုးကန့်နယ်မြေအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် တရုတ်-မြန်မာ နယ်စပ်တကြော အပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA)၊ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ခေါ် မိုင်းလားအဖွဲ့ရဲ့ ဒေသတွေမှာ နေထိုင်နေတဲ့ ပြည်သူတွေဟာ အထိတ်တလန့် ဖြစ်နေကြပြီး လူအတော်များများက ပစ္စည်းတွေကို တရုတ်နိုင်ငံကို ပြောင်းရွှေ့နေကြသလို တချို့တွေကလည်း မြန်မာပြည် အတွင်းပိုင်းက မြို့တွေကို ပြောင်းရွှေ့ကုန်ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အပစ်ရပ် ကိုးကန့်အဖွဲ့နဲ့ မြန်မာစစ်အစိုးရ တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားချိန်မှာ ကိုးကန့်အဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ ကေအိုင်အေ တပ်တွေကလည်း သူတို့အခြေစိုက်ရာ နယ်မြေတွေမှာ စစ်ရေးအရ အသင့်အနေအထား ပြင်ဆင်ခဲ့သလို မြန်မာစစ်တပ်တွေကလည်း ကေအိုင်အေ နယ်မြေအတွင်းမှာ လှုပ်ရှားတာတွေ ပိုများလာခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ကေအိုင်အေအဖွဲ့ရဲ့ ဌာနချုပ် လိုင်ဇာမြို့က အရပ်သားတွေဟာ တရုတ်နိုင်ငံဘက်ကို ပစ္စည်းတွေ ပြောင်းရွှေ့ပြီး ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်နေတယ်လို့ လိုင်ဇာဒေသခံ တယောက်က အခုလိုပြောပါတယ်။

“ဟုတ်တယ်။ အခြေအနေကတော့ တော်တော်ရှုပ်ထွေးနေတယ်။ တရုတ်ကမ်းဘက်မှာ တိုက်ခန်းတွေ ငှားပြီးမှ ပစ္စည်းတွေ ဘာတွေ ပို့ထားကြတယ်။ ပြီးတော့ ပြည်သူလူထုတွေလည်း တော်တော် ထိတ်လန့်နေကြတယ်။ လိုင်ဇာမှာပေါ့။ ပြောရမယ်ဆို ဘယ်အချိန်မှာ ဘယ်လိုဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ မရလို့လေ။ ပြည်သူလူထုတွေက ကြိုတင်ပြီးမှ ပြင်ဆင်ထားကြတာပေါ့ သူတို့။ ရုတ်တရက် ဖြစ်လာတဲ့အချိန်မှာ ပြေးမယ်ဆိုလည်း ပစ္စည်းတွေ ဘာတွေနဲ့ ပြေးစရာမလိုအောင် လွတ်လွတ်လပ်လပ် ပြေးလို့ရအောင်ဆိုပြီး စီစဉ်ထားကြတာကိုး။ အေး ကလေးတွေနဲ့ အဖိုးအဖွားတွေအတွက် ရိက္ခာတွေ ဟိုဘက်ကမ်းကို ပို့ထားတာပေါ့။ တခုခုဖြစ်ရင် ဟိုဘက်ကမ်းမှာ သွားအိပ်ဖို့ စောင်တွေ၊ ဆန်တွေ သွားချက်စားဖို့ ပြင်ဆင်ထားကြတာပေါ့။”

တရုတ်-မြန်မာနယ်စပ်က အခြား ဒေသခံတယောက်ကတော့ ဗန်းမော်၊ မြစ်ကြီးနား လမ်းတလျှောက်မှာလည်း မြန်မာစစ်အစိုးရက တပ်တွေ တိုးချဲ့ချထားသလို စစ်ကြောင်းတွေ လှုပ်ရှားနေတာကြောင့် မကြာခင် တိုက်ပွဲဖြစ်တော့မယ်၊ ပေါ်တာဆွဲနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာကြောင့် လူထုက အခုလို အထိတ်တလန့် ဖြစ်နေကြတာလို့ ပြောပါတယ်။

ဗန်းမော်မြို့နယ်အတွင်းက ကေအိုင်အေအဖွဲ့ အခြေစိုက်ရာ မိုင်ဂျာယန် ဒေသဘက်မှာလည်း ဒီလိုပြောင်းရွှေ့တာတွေ ရှိနေပါတယ်။

“လူတွေကတော့ စိုးရိမ်လို့ ဟိုဘက်ကမ်း တရုတ်ဘက်ကို ပစည်းတွေ ရွှေ့ကြတာ ပြောင်းကြတာတော့ ရှိတာပေါ့။ လွယ်ဂျယ်ဘက်က ၀န်ထမ်းတွေရော၊ ရွာကလူတွေရော၊ ပြည်သူတွေရော၊ လွယ်ဂျယ်က အစိုးရ၀န်ထမ်းတွေ ဗမာအစိုးရ ၀န်ထမ်းတွေ၊ ၀န်ထမ်းဆိုပေမယ့် သူတို့မိသားစုတွေပေါ့၊ ပစ္စည်းတွေ ပြောင်းကြတယ်၊ ရွှေ့ကြတယ်၊ မိသားစုတွေ ဟိုဘက်ကမ်းကို သွားနေကြတယ်လို့ ကြားတယ်။ တော်တော်များများတော့ ရှိကြတယ်။”

မိုင်ဂျာယန်ဒေသခံ အမျိုးသမီး ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလို ပြောင်းရွှေ့တာတွေ များလာတာကြောင့် တရုတ်ဘက်က စစ်တပ်နဲ့ ရဲတွေကလည်း နယ်စပ်ဒေသမှာ စောင့်ကြပ်စစ်ဆေးတာတွေ ပိုမိုတင်းကျပ်လာနေပါတယ်။ လွယ်ဂျယ် တဘက်ကမ်းမှာရှိတဲ့ တရုတ်နိုင်ငံ ကျန်ဖုန်းနဲ့ အနီးအနား ဒေသဘက်မှာလည်း အိမ်ဈေးတွေ တက်ကုန်တယ်လို့ သူကပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ဒေသဘက်မှာတော့ မြန်မာစစ်တပ်တွေဟာ ကိုးကန့်ဒေသပြီးရင် အဲဒီဒေသဘက်မှာ အခြေစိုက်တဲ့ ကေအိုင်အေ တပ်မဟာ ၄ ကို တိုက်ခိုက်လိမ့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာကြောင့် ကေအိုင်အေနဲ့ မြန်မာစစ်တပ်တွေ အကြားမှာ အခြေအနေက တင်းမာနေတယ်လို့ အဲဒီဒေသကို ရောက်နေသူတယောက်က ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်က ဒေသခံက အပစ်ရပ် ကိုးကန့်အဖွဲ့ အခြေစိုက်ရာ လောက်ကိုင်မြို့ရဲ့ အောက်ဘက် ၀ဒေသဘက်မှာလည်း မြန်မာစစ်တပ်တွေ ရောက်နေတာကြောင့် အရပ်သားတွေဟာ အလားတူ ပြောင်းရွှေ့နေတယ်လို့ ပြောပါတယ်။

“၀မြောက်ပိုင်းနဲ့ နယ်စပ်ပေါ့။ အဲဒီမှာ ဟိုပန်တို့ ပန်လုံတို့ ရှိတယ်လေ။ အဲဒီမြို့တွေပေါ့။ အဲဒီဘက်မှာ တပ်ချထားတယ်။ ၉၉ ချထားတယ်။ အဲတော့ အဲဒီနားမှာ တပ်လာချတော့ တိုက်ပွဲဖြစ်မှာစိုးလို့ ပြေးကြတာပေါ့။ အဓိကက တရုတ်ပြည်ထဲပြေးတာ မဟုတ်ပါဘူး။ ၀နယ်ထဲကို ပြန်ပြေးကြတယ်။ နမ့်တစ်ဘက်ပြေးတယ်။ တချို့တွေကတော့ တောထဲ တောင်ထဲမှာလို့တော့ ကြားရတယ်။ ကိုးကန့်နယ်မှာလည်း သူတို့နားမှာ ဖြစ်ထားတော့ ကြောက်ကြတာပေါ့၊ တိုက်ပွဲတွေ ဘာတွေ ဖြစ်မှာ။”

UWSA ခေါ် အပစ်ရပ် ၀အဖွဲ့ အခြေစိုက်ရာ ပန်ဆန်းဒေသဘက်မှာလည်း ဒေသခံတွေ အထုပ်အပိုး ပြင်ဆင်ထားပြီး အသင့်အနေအထားနဲ့ နေနေကြသလို ပန်ဆန်းမှာ လာရောက်အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေလည်း နေရပ်ရင်းကို ပြန်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ မိုင်းလားဒေသနဲ့ မိုင်းယန်းဒေသဘက်တွေမှာလည်း တရုတ်နိုင်ငံသားတွေ ပြန်နေကြသလို တချို့ဒေသခံတွေဟာ အတွင်းပိုင်း မြို့ကြီးတွေဘက်ကို ပြောင်းရွှေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကတော့ တရုတ်-မြန်မာ နယ်စပ်တကြောက အပစ်ရပ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေက အခြေအနေတွေ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ အပစ်ရပ်အဖွဲ့တွေကို မြန်မာစစ်တပ်ရဲ့ ကွပ်ကဲမှုအောက်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပြီး ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလို တောင်းဆိုတာကို ကေအိုင်အေ၊ ကိုးကန့်၊ ၀နဲ့ မိုင်းလားအဖွဲ့တွေက လက်မခံခဲ့ပါဘူး။ အဲဒီနောက်မှာ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် တရုတ်-မြန်မာနယ်စပ် အပစ်ရပ်ဒေသက ပြည်သူတွေဟာ သူတို့နယ်မြေမှာလည်း တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။


ဝက်တုပ်ကွေး ကာကွယ်ဆေး တရုတ် အတည်ပြု

03 September 2009


H1N1 ၀က်တုပ်ကွေး ဗိုင်းရပ်စ် ကာကွယ်ဆေး တကြိမ်ထိုးဖို့ တရုတ်အစိုးရက ခွင့်ပြုလိုက်ပါပြီ။ ဆိုင်နိုဗက်လို့ခေါ်တဲ့ တရုတ် ပြည်တွင်းဖြစ် ဆေးလုပ်ငန်းကို ၀က်တုပ်ကွေး ကာကွယ်ဆေး ထုတ်လုပ်ဖို့ ခွင့်ပြုချက် ပေးလိုက်ပြီလို့ နိုင်ငံတော် အစားအစာနဲ့ ဆေးဝါးဌာနက ကြေညာလိုက်တာပါ။

အဲဒီကာကွယ်ဆေးသစ်ကို ပြီးခဲ့တဲ့လမှာပဲ အပြီးသတ် စမ်းသပ်ခဲ့တာပါ။ ဒီကာကွယ်ဆေးဟာ အခုဖြစ်ပွားနေတဲ့ ၀က်တုပ်ကွေး ရောဂါပိုးကို အဓိက တိုက်ဖျက်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဝက်တုပ်ကွေးကြောင့် ဒီနှစ်အတွင်း ကမ္ဘာတ၀န်းမှာ သေဆုံးခဲ့ရသူပေါင်း အနည်းဆုံး ၂,၁၈၅ ယောက် ရှိသွားခဲ့ပါပြီ။ ကျွမ်းကျင်သူတွေကတော့ ကာကွယ်ဆေးက လူတယောက်ကို ၂ ကြိမ်ထိုးမှ လုံလောက်လိမ့်မယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ ၀က်တုပ်ကွေး ကာကွယ်ဆေးတွေကို သန်းပေါင်း ၁,၃၀၀ ရှိတဲ့ လူဦးရေအတွက် ဒီနှစ်ကုန်ပိုင်းအထိ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတာပါ။


မြန်မာ့အရေး လုံခြုံရေးကောင်စီ စောင့်ကြည့်

02 September 2009


မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောကြဆိုကြဖို့ ရှိနေတယ်လို့ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အမေရိကန် ပြည်ထောင်စု က ပြောဆိုလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက်ဖမ်းဆီးထားတဲ့ ကိစ္စအပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာ တွေနဲ့ ပတ်သက်လို့ မျက်ခြည်ပြတ်မခံဘဲ ရှိနေချိန်မှာပဲ သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ်ပေး စီရင်ခဲ့တဲ့အပေါ် ပြန်ပြီးစဉ်းစားဖို့ အယူခံတင်သွင်းဖို့လည်း ပြင်ဆင်နေကြတဲ့ အခြေအနေတွေကို ပြောပြချင်ပါတယ်။ ကိုအောင်လွင်ဦးက တင်ပြထားတာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်လက် အလေးထား စောင့်ကြည့်သွားဖို့ လိုအပ်တယ်လို့ သဘောထားတဲ့အတွက် အခု စက်တင်ဘာလ ဆွေးနွေးပြောဆိုကြမယ့် နိုင်ငံတကာ အရေးကိစ္စတွေထဲမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းထားတာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့လထဲမှာတုန်းကပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ကျခံနေစဉ် ဥပဒေချိုးဖောက်တယ်ဆိုပြီး ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ခွဲ ပြစ်ဒဏ်ပေး ခံခဲ့ရတာ၊ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်တာ စတာတွေဟာ မျက်ခြည်ပြတ်လို့ မရတာကြောင့်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်တာပါ။ စက်တင်ဘာလထဲ ဆွေးနွေးမယ့် ကိစ္စဖြစ်ပြီး ရက်အတိအကျ မသတ်မှတ်ရ သေးတာ မို့ မှတ်တမ်းအဖြစ် လောလောဆယ် ထည့်သွင်းထားတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဇန် ရိုက်စ် က ပြောပါတယ်။
“အောက်ခြေမှတ်စု အနေနဲ့ ထည့်သွင်းထားရတာကတော့ အမေရိကန် ပြည်ထောင်စု အပါအ၀င် အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်လက် အာရုံစိုက်သွားသင့်တဲ့ အချိန်ဖြစ်တယ်လို့ ခံစားမိလို့ပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အပေါ် ထောင်ဒဏ်အပြစ်ပေးထားတာနဲ့ ပတ်သက်လို့ အယူခံတင်တယ်ဆိုတာ ကျမတို့ သတိထားမိပါတယ်။ ဒီကိစ္စကို လုံခြုံရေးကောင်စီအနေနဲ့ စဉ်းစားပြီး ရလဒ်တခုလည်း ထွက်ပေါ်ကောင်း ထွက်ပေါ်လာနိုင် ပါတယ်။”
ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ရန်ကုန်အင်းစိန်ထောင်တွင်း အထူးတရားခွင်က ဆိုင်းငံ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်အပြီးမှာတုန်းကတော့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ရှုတ်ချတဲ့အကြောင်း ကြေငြာချက် တစောင် ထုတ်ပြန် လိုက်သလို သံအမတ်ကြီး ရိုက်စ် ကလည်း ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို ချိုးဖောက်လိုက်တာဖြစ်တယ် ဆိုပြီး ပြောခဲ့တာပါ။ တနင်္လာနေ့တုန်းကလည်း ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ဖို့ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ရောက်နေတုန်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာက ဒီထက်ပို လုပ်ဆောင်ကြဖို့လည်း ထပ်ပြီး တိုက်တွန်းခဲ့တာ ပါ။ ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆို ကြားနာမှုတွေ လုပ်ဆောင်နေစဉ် ကာလအတွင်း မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့တုန်းကတော့ အတွင်းရေးမှူးချုပ်ကို အာဏာပိုင်တွေ ဖက်က နိုင်ငံရေး တိုးတက်မှုတွေ လုပ်ဖို့ ကတိက၀တ် ပြုထားတာတွေ ရှိတာမို့ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက ဆွေးနွေးကြ မှာ ဖြစ်တယ်လို့လည်း သံအမတ်ကြီး ရိုက်စ် က ပြောပါတယ်။

“အတွင်းရေးမှူးချုပ်က သူ့ခရီးစဉ်အတွင်း တွေ့ဆုံမှုတွေက ထွက်ပေါ်လာတဲ့ရလဒ်တွေအရ ပြောထားတာကတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးပြန်လွှတ်ပေးဖို့ ကိစ္စ အပါအ၀င် နိုင်ငံရေးအရ အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတွေ အလျင်အမြန် လှမ်းပါ့မယ်ဆိုတဲ့ အာမခံမှုမျိုး သူနဲ့တွေ့ခဲ့တဲ့ ခေါင်းဆောင်ပိုင်းဆီက ရခဲ့တယ်လို့ ပြောထားတာပါ။ ဒါကြောင့် မို့လို့လည်း အခု စက်တင်ဘာလ လုံခြုံရေး ကောင်စီဆွေးနွေးမယ့် ခေါင်းစဉ်တွေထဲမှာ ထည့်သွင်းဖို့ မှတ်ထားရမယ့် ကိစ္စ တခုဖြစ်တယ်လို့ ကျမတို့က ယူဆထားတာပါ။”


ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဆက်လက် ပြောကြဆိုကြမယ့် အချိန်မှာပဲ သူ့ရဲ့ ရှေ့နေတွေကလည်း သူ လွတ်မြောက်ရေးအတွက် ဒီကနေ့မှာပဲ တိုင်းတရားရုံးကို အယူခံ တင်သွင်းဖို့ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အပြစ်မရှိဘဲ ပြစ်ဒဏ်ချမှတ်ခံရတာမို့ ဒါကို ခုခံချေပ အယူခံသွားမှာ ဖြစ်တယ်လို့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း က ပြောပါတယ်။


“အစိုးရဘက်က တရားလိုဘက်က ဒေါ်အောင်ဆန်းစုကြည် အပြစ်ကျူးလွန်ကြောင်း သက်သေ မထူနိုင်ဘဲနဲ့ အပြစ်ပေးထား တာ။ အဲဒါကို အယူခံမှာ။ အင်းစိန် ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည် အပြစ်ကျူးလွန်တယ်။ ပြစ်ဒဏ်ချတယ်။ အဲဒီ အမိန့်ကို အယူခံမှာ။ innocent မရှိဘူးဆိုတာကို အယူခံမှာ။ အားလုံး ၁၀ချက် ၁၁ချက်လောက်ပါတယ်။”


ရန်ကုန်အင်းလျားကန်နံဘေးက နေအိမ်ခြံဝန်းထဲ အမေရိကန် နိုင်ငံသားတဦး တိတ်တဆိတ်ရေကူး ၀င်ရောက်လာတာကို လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက တရားစွဲဆို အရေးယူပြီး ရန်ကုန် အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်ပြစ်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာပါ။ ဒါပေမဲ့လို့ စစ်အစိုးရ အကြီးအကဲက ဒေါ်အောင်ဆန်းစုကြည် ဟာ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးဖြစ်တာကတကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး ပြစ်ဒဏ်ကို ထက်ဝက်လျော့ပြီး ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း နေအိမ်အကျယ်ချုပ် သက်တမ်း စေ့ကာနီး အချိန် ခုလို ထပ်မံပြစ်ဒဏ်ပေးခံခဲ့ရတဲ့ အခြေအနေမျိုး ပေါ်ပေါက်ခဲ့တာမို့ ဒါဟာ အဓိက နိုင်ငံရေးအတိုက်အခံ တဦးကို စစ်အစိုးရက ကျင်းပဖို့ ရှိနေတဲ့ ရှေ့နှစ်ရွေးကောက်ပွဲတွေ မတိုင်မီ ဖယ်ရှားထားဖို့ ရည်ရွယ်ထားတာဆိုပြီး သံသယတွေ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။


မြို့နယ်ဥက္ကဌ ကိုယ်ကျိုးရှာအမြတ်ထုတ်မှုကို အောက်ခြေဝန်ထမ်းများ မကျေနပ်
Thursday, 03 September 2009 11:42 ဉာဏ်မောင်
E-mail Print
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်(မယက)ဥက္ကဌက ဌာနပိုင်ပစ္စည်းများကို ငှားရမ်းကာ ကိုယ်ကျိုးအတွက် အသုံးပြုနေပြီး ဝန်ထမ်းလစာများကိုလည်း အဆမတန် ဖြတ်တောက်မှုများ ပြုလုပ်နေခြင်းကြောင့် ဝန်ထမ်းများ မကျေမနပ် ဖြစ်နေကြသည်။

မယကဥက္ကဌ ဦးလှသောင်းက ရုံးပိုင် ဖုန်းနှစ်လုံးကို တလလျှင် ကျပ် ၂ သောင်းနှုန်းဖြင့် နှစ်ချုပ် ငှားရမ်းထားပြီး ဝန်ထမ်းများ လစာထုတ်လျှင်လည်း ခေါင်းစဉ်အမျိုးမျိုးပြ၍ ငွေဖြတ်ယူထားကြောင်း အမည်မဖော်လိုသည့် ဝန်ထမ်းတဦးက ပြောသည်။

“ဖုန်း၂ လုံးကို ကျုံတူးကျေးရွာက ဦးတင်အောင်ကို တလုံး ငှားထားတယ်။ နောက်တလုံးက ထရံကန်ကျေးရွာကို ငှားထားတယ်။ ၂ နှစ်စာ ငှားထားတဲ့ ငွေကို သူ အကုန်သုံးထားတယ်။ ဝန်ထမ်းတွေ လစာထုတ်ရင်လည်း ဆွမ်းလောင်းကြေး ၅၀၀၊ ထီဖိုး ၁၀၀ နဲ့ အမျိုးသမီးရေးရာကြေး ၄,၂၀၀ လစာထဲကနေ ဖြတ်တယ်။ အဲဒါတွေကို သူ့အတွက်ပဲ သုံးနေတာ” ဟု ၎င်းက ပြောသည်။

ဦးလှသောင်း ခရမ်းမြို့သို့ ရောက်ရှိလာသည့် အချိန်မှစ၍ အစိုးရက ထုတ်ပေးသည့် မြေသြဇာများကိုလည်း လယ်သမားများထံ ရောက်ရှိအောင် ဖြန့်ဖြူးပေးခြင်းမရှိဘဲ ရုံးဝန်ထမ်းများမှတဆင့် နေကြာမျိုးစေ့များ ရောင်းချခိုင်းပြီး ငွေကျန်ဝန်ထမ်းများကို အတင်းအကြပ် အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း အဆိုပါဝန်ထမ်းက ဆက်ပြောသည်။

“မျိုးစေ့တွေ ရောင်းခိုင်းထားတာက လယ်သမားတွေ အခက်အခဲဖြစ်တော့ ငွေကျန်ရှိနေတဲ့ ဝန်ထမ်း ၈ ဦးကို ၂၀၀၇ တုန်းက မြို့နယ်တရားသူကြီးကို သူ့ရုံးခန်းထဲခေါ်ပြီးတော့ အမှုဖွင့်အရေးယူခိုင်းတယ်။ စာရေးဝန်ထမ်းတွေက အပြင်မှာ ငွေရှာပြီး စိုက်ရှင်းလိုက်ရတယ်။ သူရောက်လာတဲ့ ၂ နှစ်ကျော်အတွင်းမှာ ဝန်ထမ်း ၂၂ ဦးကို အကြောင်းရှာပြီး အလုပ်ထုတ်ပစ်လိုက်တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူငွေများ မကြာခဏ ကောက်ခံနေသော်လည်း ဒေသဖွံ့ဖြိုးရေးအတွက် တစုံတရာ လုပ်ဆောင်ခြင်းမရှိကြောင်း အဆိုပါ ဝန်ထမ်းက ဆက်ပြောသည်။

“သူရောက်လာပြီးတော့ မြို့မှာ တိုးတက်မှု ဘာမှမရှိဘူး။ သူ့ဆီမှာတော့ သိန်းနှစ်ရာလောက်တန်တဲ့ (၁ခ/၇၃၆၇) နံပါတ်နဲ့ ကားတစီးရယ်၊ ၇ သိန်းတန် ဆိုင်ကယ်တစီးရယ် ဝယ်ထားနိုင်တယ်၊ ဒီကိုမရောက်ခင်က သာပေါင်းမြို့မှာ အိမ်တလုံး၊ သီဟို၌ခြံ၊ အင်းအိုင်တွေ လုပ်ထားတာရှိတယ်။ ကားတစီးဝယ်ထားတယ်” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ မယကဥက္ကဌက ဝန်ထမ်းများအပေါ် ညှာတာထောက်ထားခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေသဖြင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းအများစုကလည်း မကျေမနပ်ဖြစ်နေကြောင်း အမည်မဖော်လိုသည့် ဝန်ထမ်းက ဆက်လက်ပြောဆိုခဲ့သည်။

ကိုးကန့်ခေါင်းဆောင် အထူးကြေညာချက် ထုတ်ပြန်
Thursday, 03 September 2009 11:37 ဗထူး
E-mail Print
ကိုးကန့်ခေါင်းဆောင်က ၎င်းတို့နယ်မြေအတွင်း နအဖတပ်များ ၀င်ရောက်တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ အထူးကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ လိပ်မူကာ သြဂုတ်လ (၂၈) နေ့ နေ့စွဲဖြင့် ဥက္ကဌ ဖုန်ကြားရှင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာချက်မှာ စာမျက်နှာ ၅ မျက်နှာ ပါရှိသည်။

စစ်အစိုးရအနေဖြင့် ၁၄ နှစ်ကြာ ကျင်းပပြုလုပ်၍ ၂၀၀၈ ခုနှစ်တွင် တဖက်သတ် အတည်ပြုပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားပြည်သူများ၏ စစ်မှန်သော သဘောထားမပါသည့်အတွက် တိုင်းရင်း သားလူမျိုးတို့က ထောက်ခံခြင်းမရှိသည့်အပြင် ညီလာခံတွင် တင်ပြခဲ့သည့် တိုင်းရင်းသားတို့၏ အခွင့်အရေးများ ကိုလည်း လိုက်လျှောခြင်းမရှိသည့်အတွက် များစွာသော တိုင်းရင်းသားလူမျိုးများအနေဖြင့် လက်နက်စွဲကိုင် တောင်းဆိုရသော အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ကြေညာချက်က ဆိုသည်။

ဆက်လက်၍ စစ်အစိုးရတပ်များက သြဂုတ်လ (၂၇) ရက်နေ့၊ နံက်(၇) နာရီခွဲက တရုတ်-မြန်မာနယ်စပ်ရှိ ယန်ရုံကြိုက်ရွာတွင် စတင်ပစ်ခတ်ခဲ့သည့်အတွက် ၎င်းတို့စစ်သည် ၂ ဦး ဒဏ်ရာရရှိသွားသဖြင့် မတတ်သာသည့်အဆုံးတွင် နယ်မြေအတွင်း ကျူးကျော်လာသည့် နအဖတပ်များအား ပြန်လည်တိုက်ခိုက်ခဲ့ရသည်ဟု ဖော်ပြထားသည်။

သြဂုတ်လ လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်မှုအတွင်း နအဖစစ်အစိုးရတပ်များ၏ ပစ်ခတ်မှုကြောင့် (၂၇)၊ (၂၈) ရက် နှစ်ရက်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၂၀၀ နီးပါး သေဆုံးသွားခဲ့ပြီး အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို နအဖစစ်အစိုးရမှ စတင်ဖောက်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြ ထားသည်။

စစ်အစိုးရကမူ တရုတ်နိုင်ငံ၏ သတင်းပေးချက်အရ တရားမ၀င် လက်နက်စပ်ရုံတည်ဆောက်ခြင်းကို ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်ခဲ့ပြီး ကိုယ်တိုင်လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ရာမှ ကိုးကန့်တပ်ဖွဲ့နှင့် ၎င်းတို့အကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။

ကိုးကန့်ခေါင်းဆောင်၏ ရှင်းလင်းချက်တွင်မူ စစ်အစိုးရက မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း သိုလှောင်မှု စသည့် ဖန်တီးချက်များနှင့် တရားစွဲဆိုမှုသည် ကိုးကန့်တပ်ဖွဲ့နှင့် ပြည်သူများအပေါ် နိုင်ငံတကာမှ အထင်မှားအောင် လုပ်ကြံဖန်တီးခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် နအဖတာဝန်ရှိသူများရှေ့တွင် ကိုးကန့်နယ်မြေအား မူးယစ်ဆေးဝါး ကင်းရှင်းသွားပြီဖြစ်ကြောင်း ၂၀၀၂ ခုနှစ်က အတိအလင်း ကြေညာထားခဲ့သည်ဟု ဖော်ပြထားသည်။

ယခုအခါ စစ်အစိုးရအနေဖြင့် ကိုးကန့်လူမျိုးများ နေထိုင်ရာ လောက်ကိုင်ဒေသတွင် ပြန်လည် တည်ငြိမ်အေးချမ်းနေသည်ဟု ကြေညာခဲ့သော်လည်း တရုတ်-မြန်မာနယ်စပ်တလျှောက် ခြေလျှင်နှင့် ခြေမြန်တပ်ရင်း ၃၀ ခန့်ကို ဖြန့်ကျက်၍ နေရာချထားဆဲဖြစ်သည်။

စစ်အစိုးရ၏ မြ၀တီရုပ်သံကလည်း မိုင်းလားဒေသဖွံ့ဖြိုးတိုးတက်မှုများနှင့် ငြိမ်းချမ်းရေးရယူခဲ့ပုံ မှတ်တမ်းတင် အစီအစဉ်ကို ယခုရက်ပိုင်းအတွင်း နေ့စဉ် ထုတ်လွှင့်ပြသနေပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စစ်အစိုးရအရာရှိများက ကိုးကန့်တပ်ဖွဲ့နှင့် မဟာမိတ်ပြုလုပ်ထားသည့် မိုင်းလားအထူးဒေသ (၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်မြောက်ပိုင်း (SSA-N) အဖွဲ့များသို့ သွားရောက်ကာ ကိုးကန့်တပ်ဖွဲ့အား တိုက်ခိုက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းမှုများ ပြုလုပ်လျှက်ရှိသည်။

ကိုးကန့်ခေါင်းဆောင်၏ ယခုထုတ်ပြန်သည့် အထူးကြေညာချက်တွင် ကိုးကန့်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အတိုင်း ကျန်မဟာမိတ်တပ်ဖွဲ့များကိုလည်း မကြာသော အချိန်ကာလတခုအတွင်း တိုက်ခိုက်ဝါးမျိုနိုင်သဖြင့် စစ်အစိုးရအား လက်တွေ့ညီညွတ်စွာ ယနေ့မှစ၍ တိုက်ပွဲဝင်ရန် သတိပေး တောင်းဆိုထားသည်။

၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ရန် စစ်အစိုးရက ပြင်ဆင်ဆိုင်းပြင်းလာချိန်နှင့် တပြိုင်တည်းတွင် အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား အင်အားလျှော့ကာ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲဖွဲ့စည်းရေးအတွက် ဖိအားပေးတောင်းဆိုလာခဲ့သည်၊

အဆိုပါတောင်းဆိုချက်ကို လက်မခံနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား နည်းလမ်းပေါင်းစုံဖြင့် အကြပ်ကိုင်ဆောင်ရွက်၍ စစ်ရေးအရ တိုက်ခိုက်မှုနှင့် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု အကဲခတ်သူများက ဝေဖန်လျက်ရှိသည်။

သြဂုတ်လအကုန်ပိုင်းတွင် လောက်ကိုင်ဒေသ၌ ဖြစ်ပွားခဲ့သည့် ကိုးကန့်တပ်ဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲများအတွင်း စစ်တပ်နှင့် ရဲ အင်အား ၂၆ ဦးကျဆုံးကာ ၄၇ ဦး ဒဏ်ရာရရှိပြီး ကိုးကန့်တပ်ဖွဲ့ဝင် အလောင်း ၈ လောင်း တွေ့ရှိကြောင်း စစ်အစိုးရသတင်းစာတွင် ဖော်ပြခဲ့သည်။

ဘူးသီးတောင်မြို့တွင် ဒုတိယ အကြိမ်မြှောက် ပြည်သူ့စစ် တပ်ဖွဲ့များ ဖွဲ့စည်းမည်

9/3/2009

ဘူးသီးတောင်မြို့ မြို့ပေါ် ရပ်ကွက် ၇ ခုတွင် ဒုတိယ အကြိမ်မြှောက် ပြည်သူ့စစ်တပ်ဖွဲ့များကို တရပ်ကွက်လျှင် ၂၅ ဦးကျစီဖြင့် ဖွဲ့စည်းရန် နအဖ စစ်အာဏာပိုင်များက စီစဉ်နေသည်။

အမည်မဖေါ်လိုသူ ကျောင်းဆရာ တဦးက “ဘူးသီးတောင် ကြားစခန်း စုဆောင်းရေးမှ ဗိုလ်မှူး စိုးဝင်းက ရပ်ကွက် တခုစီကို ပြည်သူ့စစ် လုပ်မယ့်သူ ၂၅ ဦးကို စာရင်းကို များမကြာမှီ ပို့ပေးရမယ်ဆိုပြီး အမိန့်ထုတ်ထားပါတယ်။ စာရင်း မပို့ပေးနိုင်တဲ့ ရပ်ကွက် ရယက ဥက္ကဌတွေကို အရေးယူမယ် ဆိုတဲ့အတွက် ခုတလော ရယက ဥက္ကဌတွေ တော်တော် အလုပ်များနေတာကိုတွေ့နေရပါတယ်” ဟု ပြောသည်။

ပြည်သူ့စစ် လုပ်မည့် သူများကို အသက် ၁၈ နှစ်က ၃၅ နှစ်ကြား သတ်မှတ်ထားပြီး စက်တင်္ဘာလ အတွင်း သင်တန်း မစတင်မှီ စာရင်းပေးပို့ရန် ညွန်ကြားထားသည်ဟုလည်း သိရသည်။

“ဘူးသီးတောင် အမှတ်(၇) ရက်ကွက် ဥက္ကဌ ဦးနိုင်နိုင်က လူငယ်တွေကို ပြည်သူ့စစ်ထဲဝင်ဖို့ လိုက်လံ စည်းရုံးနေတာကိုတွေ့ရပါတယ်။ လူငယ် အများစုကတော့ ပြည်သူ့စစ်ထဲ ၀င်ရမှာကို လက်မခံဘဲ ငြင်းပယ်ကြတယ်လို့ သိရပါတယ်။ ၀င်တဲ့သူတွေကို ဆန်နဲ့ ပိုက်ဆံ ထောက်ပံ့ ပေးမယ်ဆိုပြီး မက်လုံးပေး စည်းရုံးနေတာတွေလည်း ရှိပါတယ်။” ဟု သူက ပြောသည်။

ဘူးသီးတောင်မြို့တွင် မြို့ပေါ် ရပ်ကွက် ၇ ခုရှိပြီး တရပ်ကွက်တွင် အိမ်ခြေ ၂၀၀၀ ခန့်ရှိသည်။

၎င်းပြင် ဘူးသီးတောင်မြို့မှာ ရခိုင်ပြည်နယ်တွင် စစ်တပ် တပ်ရင်း အများဆုံး အခြေစိုက်ရာ မြို့ဖြစ်ပြီး တပ်ရင်း ၁၂ ရင်း၊ လုံထိန်း တပ်ရင်း တရင်း၊ စကခ ၁၅ နှင့် အမှတ် (၂) စစ်ဗျုဟာတို့ တည်ရှိသည်။

ယခု ဘူးသီးတောင်မြို့၌ ပြည်သူု့စစ်ဖွဲ့စည်းခြင်းမှာ ဒုတိယ အကြိမ် ဖြစ်ပြီး ယခင်ကလည်း ပြည်သူ့စစ်များကို မြို့ပေါ်နှင့် ကျေးလက် ဒေသများတွင် ဖွဲ့စည်းထားသည်။

ယခုကဲ့သို့ စစ်တပ် တပ်ရင်းအများအပြား အခြေစိုက်ရာ ဘူးသီးတောင်မြို့တွင် ပြည်သူ့ စစ်များကို ဖွဲ့စည်းနေခြင်းမှာ တော်လှန်ရေး အင်အားစုများကို နှိမ်နှင်းရန်အတွက် မဟုတ်ဘဲ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် မဲထည့်မည့် ပြည်သူများကို ခြိမ်းခြောက်လို၍ ဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

နဖအ စစ်အစိုးရသည် ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ရခိုင်ပြည်နယ်တွင် ပြည်သူ့စစ် အပါအ၀င် မီးသတ်နှင့် ကြံ့ဖွတ်များကို အထူး တိုးချဲ့ ဖွဲ့စည်းလျက်ရှိသည်။

မန်မာမှ မှောင်ခို စားဆီများ ဘင်္ဂလာက ဖမ်းဆီး

9/3/2009

မြန်မာနိုင်ငံမှ တရားမ၀င် တင်သွင်းလာသော စားဆီများ အပါအ၀င် တခြား ပစ္စည်းများကို ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့က ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသော ပစ္စည်းများထဲတွင် စားဆီ၊ မြန်မာ့ လုံချည်မျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂုံးခွံများ ဖြစ်သည်။

ဖမ်းဆီးရမိသော ပစ္စည်း စုစုပေါင်း တန်ဖိုးမှာ ၂၅၆၇၅၀ တာကာ ( ကျပ် ၄၁၄၀၀၀၀) တန်ဖိုးရှိသည်။

အဆိုပါ ပစ္စည်းများကို တက်ကနက် အခြေစိုက် ဘင်္ဂလာရိုင်ဖယ် တပ်ရင်း ၄၂ မှ ဒေါင်မိုနီယာ စခန်းအနီးတွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဘီဒီအာရ် တာဝန်ရှိသူ တဦးက ပြောသည်။

မှောင်ခိုသမားများ အနေဖြင့် အဆိုပါပစ္စည်းများကို မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော တက်ကနက်မြို့မှ ကော့ဘဇားမြို့သို့ ကားဖြင့် သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အဆိုပါ ပစ္စည်းများကို တနေ့တာ ပြုလုပ်သော မှောင်ခို နှိမ်နှင်းရေး အော်ပရေးရှင်းအတွင်း ဖမ်းမိခြင်း ဖြစ်သည်ဟု ရဲက ပြောသည်။

မှောင်ခိုသမားများသည် ဒေသဆိုင်ရာ မြန်မာ့ နအဖ စစ်အစိုးရ အရာရှိများနှင့် ပူးပေါင်းပြီး ဖမ်းဆီးရမိသော ပစ္စည်းများကဲ့သို့ ပစ္စည်းများအပြင် ရခိုင်ပြည်နယ်မှ ကျွန်းသစ်များနှင့် တခြားသစ်မာများ အပါအ၀င် လယ်ယာထွက်သီးနှံများကို ဘင်္ဂလာသို့ နေ့စဉ် မှောင်ခိုတင်ပို့နေကြသည်။


ငွေတောင်းခံခြင်းကြောင့် မွန်လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်ပွား
Thu 03 Sep 2009, မင်းအာသံ
ကျေးရွာဒေသခံများထံ ငွေတောင်းခံနေသော မွန်လက်နက်ကိုင် ရာမည တပ်ဖွဲ့သည် မွန်ပြည်နယ် ရေးမြို့နယ်တွင် နိုင်ချမ်းဒိန်းအဖွဲ့က ၄င်းတို့၏ လက်နက်ကို သိမ်းဆီးခဲ့သည်ဟု သိရပါသည်။

စက်တင်ဘာလ (၁) ရက်နေ့တွင် ရေးမြို့နယ် နောက်မြောက်ပိုင်း ကျုံကျုပ်နေရာမှ နိုင်ချမ်းဒိန်းအဖွဲ့က ရာမညတပ်၏ တပ်သားထံမှ လက်နက်အချို့ကို သိမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယခုလို လက်နက်သိမ်းဆီးရခြင်းမှာ နိုင်ခင်မောင်ဦးစီးသော ရာမညတပ်သည် မွန်အမျိုးသား လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရနှင့် တိုက်မည့် အလုပ်ကိစ္စမျိုး မလုပ်ပဲ ကျေးရွာအတွင်းသာ လိုက်လံငွေတောင်ခံခြင်းကြောင့် ယခုလိုမျိုး လက်နက်သိမ်း လိုက်သည်ဟု မွန်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်သည့် နိုင်ချမ်းဒိန်းက ပြောသည်။

“သူတို့အဖွဲ့က စစ်သားဦးရေ (၃) ဦးလောက်ပဲရှိတယ်၊ လူမျိုးအတွက် ကောင်းကျိုး ဖြစ်စေမည့် လုပ်ရပ်မျိုး တခါမှ လုပ်တာ မတွေ့ဘူး။ ဒါကြောင့် ယခုလိုမျိုး လက်နက် သိမ်းလိုက်ရတယ်၊ သိမ်းဆီးခဲ့သော လက်နက်များမှာ AK နှစ်လက်၊ ပစ်စတို ၁ လက်၊ ကျည်ဆံ အလုံးရေ ၅၀၀ နဲ့ ဗုံးတစ်လုံးဖြစ်တယ်”ဟု ၄င်းက ဆက်ပြောသည်။

လွန်ခဲ့သော ဇွန်လက ရာမညတပ်ဖွဲ့သည် ၄င်းတို့တပ် အားအင်းဖြည့်စည်းရန်နှင့် စစ်လက်နက် ပစ္စည်းဝယ်ယူရန်အတွက် ရေးမြို့နယ်ရှိ ကျေးရွာများတွင် ပြည်သူများထံ ငွေကြေး တောင်းခံခဲ့သည် ဟုသိရသည်။

ရာမညတပ်ဖွဲ့သည် လွန်ခဲ့သည့်ဇူလိုင် မှစပြီး ထိုင်းမြန်မာနယ်စပ်တွင် စတင်လှုပ်ရှားမှုပြုခဲ့သည့် အဖွဲ့တစ် ဖွဲ့ဖြစ်သည်။ ၄င်းအဖွဲ့တွင် မွန်၊ ကရင်၊ ထားဝယ် အမျိုးသားများဖြင့် ဖွဲ့စည်းထား သည်ဟုလည်း ရာမညတပ် ကို လက်ရှိဦးစီးနေသော နိုင်ခင်မောင်က ပြောသည်။

မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည် မွန်ပြည်သစ်ပါတီကို မလိုလားသောကြောင့် မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး နိုင်ရှောင်က ယခု “ရာမညတပ်” ကို ဖွဲ့စည်းခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

နိုင်ချမ်းဒိန်းဦးဆောင်သော မွန်လက်နက်ကိုင်တပ်ဖွဲ့သည် မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ၏ လက်အောက်ဖြစ်ကြောင်း မွန်ပြည်ပြန်လည်ထူ ထောင်ရေးပါတီ ခေါင်းဆောင် နိုင်ပန်းညွှန့်က ပြောသည်။


၂၀၁၀ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့မှ စည်းရုံးရေးလိုက်ဆင်းနေ
Thu 03 Sep 2009, IMNA, မင်းအာသံ
မွန်ပြည်နယ်အတွင်းရှိ ကျေးရွာတွေမှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် မြန် မာစစ်အစိုးရ၏ ကျောထောက်နောက်ခံ ဖြစ်သည့် ကြံ့ဖွံ့အသင်းမှ ကျေး ရွာအလိုက် လိုက်လံစည်းရုံးရေးဆင်းနေသည်ဟု သိရပါသည်။

လွန်ခဲ့သည့် နှစ်လခန့်ကစပြီး ကြံ့ဖွံအသင်းမှ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဒေသများတွေမှာ စတင်လှုပ်ရှား စည်းရုံးရေးဆင်းနေသည်ဟု ဒေသ ခံကြံ့ဖွံ့အသင်းနှင့် နီးစပ် သူတစ်ဦးက ပြောသည်။

“မြန်မာအာဏာပိုင်တို့က ၁၀ တန်း ဖြေဆိုထားတဲ့ကျောင်းသားတွေနဲ့ ဘွဲ့ရ ကျောင်းသားတွေကို အဓိက ထားပြီ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျနော် တို့ကို စည်းရုံးရေးလိုက်ဆင်းခိုင်းနေတယ်။ သူတို့က ကျနော်တို့ကို တစ်လ အတွင်း အနည်းဆုံး နှစ်ယောက် အများဆုံး ၁၀ ယောက် နှုန်းနဲ့ စည်းရုံးရ မယ်လို့ ညွှန်းကြားခဲ့တယ်။” ဟု ၄င်းက ဆက်ပြောသည်။

အာဏာပိုင်မှတဆင့် ကြံ့ဖွံ့အသင်းကို ညွှန်းကြားပြီ စည်းရုံးထားသော မျိုး ဆက်သစ် ကျောင်းသားများကို မုဒုံမြို့ကြံဖွံ့ရုံမှာ နိုင်ငံရေးနှင့်ပတ်သက် သောအကြောင်းနှင့် သတင်းမီဒီယာများအကြောင်းကို ရှင်းလင်း ပြော ကြားခဲ့သည်ဟု ၄င်းသင်တန်းကိုတက်ခဲ့သည့် ကျောင်းသား သူတစ်ဦးက ပြောသည်။

“ကျနော်တို့က မုဒုံကြံ့ဖွံ့ရုံမှာ တစ်လ တစ်ခါ ပြုလုပ်တဲ့ ဟောပြောပွဲ တွေကို သွားနာထောင်ရတယ်။ ဟိုမှာတော့ သတင်းနှင့်ပတ်သက်တဲ့ အကြောင်း ရယ်။ ဘယ်လိုဖြစ်ပြီ သတင်းဆိုတဲ့ စကားလုံးကို ခေါ်နေရတဲ့အကြောင်း ရယ်၊ နောက်ပြီ ရွေးကောက်ပွဲမှာ သံအမတ် ဘယ်နှစ်ယောက် ပါဝင်ရမယ့် ကိစ္စရယ်၊ ပြောတာတော့ ဆုံနေတာပဲ၊ ကျနော်သတိထားမိတာ တစ်ခုရှိ တယ်၊ လာရောက် ဟောပြောတဲ့လူ နာမည်တော့ မိတ်မဆက်သွားဘူး”ဟု ၄င်းက ဆက်ပြောသည်။

ဒီလိုမျိုးလိုက်လံ စည်းရုံးရေးလိုက်ဆင်းရခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် မြန်မာစစ်အစိုးရ၏ ပေါ်လစီ တစ်ရပ် ဖြစ်နိုင်ကြောင်း နိုင်ငံရေး လှုပ်ရှားနေသော ဒေသခံတွေက ယူဆနေသည်။

မုဒုံမြို့နယ်၊ မွန်ပြည်နယ်ဒေသတွေမှာ စည်းရုံးရေးမဆင်းမှီ မြို့ခံအာဏာပိုင် တို့က မုဒုံမြို့ ကြံ့ဖွံ့ရုံအသင်း၏ ကိုယ်စားလှယ် တစ်ယောက်ဆီခေါ်ပြီ မတက် မနေရ အစည်းအဝေးခေါ်ခဲ့သည်ဟု ဒေသခံ၏ ပြောပြချက်အရ သိရပါ သည်။

ကရင်ပြည်နယ်ရှိ ကျေးရွာတွေမှာလည်း ကြံ့ဖွံ့အသင်းမှ လူငယ်များကို လိုက်လံစည်းရုံးနေသည်ဟု သိရပါသည်။


မိုင်းလားတပ်ဖွဲ့ထံ စရဖ ညွှန်ချုပ် စာရေးချွေးသိပ်
သောကြာနေ့၊ 04 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်
E-mail Print
ကိုးကန့်အရေးအခင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိရန် အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ထံ စရဖညွှန်ချုပ် ဒု -ဗိုလ်ချုပ်ကြီး ရဲမြင့် စာရေးချွေးသိပ်ကျောသပ်ခဲ့ကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။

“အခုတလော ၀ နယ်နဲ့ မိုင်းလားနယ်ထဲက ပြည်သူတွေ၊ ဗမာတပ်ထိန်းချုပ်တဲ့ မိုင်းယန်းမြို့ပေါ်က ဒေသခံ ၇၀% တွေ ကျိုင်းတုံ-တာချီလိတ်ဘက် ဆီလူးဘက်ကနေ တရုပ်နယ်စပ်ဘက်ပြောင်းရွေ့နေတယ်။ အခြေအနေကသိပ်မကောင်းလို့တဲ့။ ဗမာတပ်ဘက်ကတော့ မိုင်းလားကို - စစ်မတိုက်ပါဘူး၊ ပုံမှန်အတိုင်းနေသွားပါ - ဆိုတဲ့အကြောင်း ဗိုလ်ချုပ်ရဲမြင့်ကစာရေး တယ်ပြောတယ်” - ဟု အမည်မဖေါ်လိုသည့် ပန်ဆန်းကုန်သည်တဦးကပြောပါသည်။

စက်တင်ဘာ ၁ ရက်နေ့ရက်စွဲပါ ဗိုလ်ချုပ်ရဲမြင့်ထံမှပေးစာတွင် စာမျက်နှာ ၃ မျက်နှာကျော်ပါကြောင်း၊ ပါဝင်သည့် အကြောင်းအရာများမှာ - ကိုးကန့်ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ထိပ်လန့်ဖွယ်တစုံတရာမျှမရှိစေရန်နှင့် လက်နက်စက်ရုံ၊ မူးယစ်ချက်ရုံအကြောင်း ဖြေရှင်းချက်တောင်းခဲ့သည်ကို ဖုန်ကြားရှင်းအုပ်စုက လက်ခံဖြေရှင်းခြင်းမပြုဘဲရဲတပ်ဖွဲ့အား ပစ်ခတ် တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ခဲ့ရကြောင်း ပါဝင်သည်။

ထို့အပြင် မိုင်းလားတပ်ဖွဲ့သည် အစိုးရ၏ ရင်းနှီးသောမဟာမိတ်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး အေးချမ်းသာယာရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာအများအပြားရှိကြောင်း၊ ပူပင်သောကရောက်စေမည့် လုပ်ရပ်မျိုးတပ်မတော် ဘက်မှ အထူးရှောင်ရှား မည်ဖြစ်ကြောင်း၊ အဆိုပါအကြောင်းများ မိုင်းလားအရာရှိများနှင့်ဒေသခံ ပြည်သူများအား ရှင်းပြ စေလိုကြောင်း - ရေးသားထားသည် ဟု အပစ်ရပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သည့် ကုန်သည်တဦးကပြောပြပါ သည်။

ပြည်သူအများအပြား ဒေသအတွင်းစွန့်ခွါထွက်ပြေးရသည့်အကြောင်းရင်းနှင့်ပတ်သက်၍လည်း ကျိုင်းတုံခရိုင် ဒု -ရဲမှူးကြီး ကလည်း ၁/၀၉/၀၉ ရက်နေ့က မိုင်းယန်းသို့သွားရောက်ပြီး ဌာနစုံညီအစည်းအဝေး တရပ်ပြုလုပ်ခဲ့သေးကြောင်း - မိုင်းယန်း ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြောပြပါသည်။

“ဒု-ရဲမှူးကြီးအဓိကဟောပြောတာက အကြောင်းအရာ ၅ ခုပါတယ်၊ (၁) - ပြည်သူတွေနေရပ်စွန့်ခွာအောင်ဘယ်သူက သတင်းစဖြန့်တာလဲ၊ စစ်တပ်အတွင်းလား ပြည်သူအတွင်းလား ဘယ်သူကလုပ်ကြံလဲ သေချာစစ်ဆေးဖို့၊ (၂)- ဒေသခံ လူထုနဲ့အတူ တိမ်းရှောင်နေတဲ့ ၀န်ထမ်းတွေ စစ်တင်ဘာ ၃ ရက်နေ့နောက်ဆုံးထားပြီးအလုပ်ပြန်ဝင်ရမယ်။ မရောက်ရင် ရာထူး ဖယ်ရှားပစ်မယ်၊ အရေးယူခံရမယ် (၃) - နေရပ်ရင်းစွန့်ခွာတဲ့ ပြည်သူအားလုံးဒေအတွင်းအမြန်ပြန်လာကြပါ။ တစုံတရာရုန်းရင်းဆန်ခတ်မဖြစ်စေရဘူး၊ တိုက်ပွဲလည်းမဖြစ်ပါဘူး၊ (၄) - ပျောက်ဆုံးစစ်သား ၃ ယောက် (တယောက်ပြန် တွေ့ /ခေါင်းကွဲပြီး မိုင်းယန်းဆေးရုံ၌ ကုသနေ) ကိစ္စကလည်းအရက်မူးလို့ ထင်ရာစိုင်းသွားကြတာ၊ သက်ဆိုင်ရာတာဝန်ရှိ တပ်ရင်းတပ်ဖွဲ့တွေ ဖြေရှင်းဖို့ဖြစ်တယ်၊ (၅) နောက်တခု မဟုတ်မမှန်သတင်းဖြန့်တာက အခွင့်အရေးသမားတွေ လုယက် ချင်တဲ့ သူခိုးဂျပိုး တွေကြောင့်တာဖြစ်ရတာ”- စသည်ဖြင့်ပြောကြားခဲ့သည်ဟုသိရ၏။

ဖုန်ကြားရှင်းတို့အားလွဲအပ်ပေးရန် ၀ တပ်ဖွဲ့ထံ နအဖ တပ်မှူးစာရေးတောင်း
သောကြာနေ့၊ 04 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်
E-mail Print
အာဏာလက်လွတ်ခဲ့ရသူ ကိုးကန့် ဥက္ကဌ ဖုန်ကြားရှင်းတို့ ညီအစ်ကို သားအဖ ၄ ဦး အား လွဲအပ်ပေးရန် ဗမာစစ်တပ် အာဏာပိုင်က ၀ တပ်ဖွဲ့ထံ စာရေးအကြောင်းကြားတောင်းဆိုလိုက်ကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်က ပြောပါ သည်။

စက်တင်ဘာ ၂ ရက်နေ့ လောဝ်ကိုင်း စကခ မှူး ဗိုလ်မှူးချုပ်ဝင်းမောင် က တိမ်းရှောင်နေသူ ဖုန်ကြားရှင်းတို့ ၄ ဦးအား လွဲအပ်ပေးရန် ပန်ဆန်း ၀ ဌာနချုပ်ထံ စာရေးအကြောင်းကြားလိုက်ကြောင်း၊ ဖုန်ကြားရှင်းအပါအ၀င် ၎င်း၏ညီဖုန်ကြားဖူး၊ သားဖြစ်သူ ဖုန်တာ့ရှန်း၊ ဖုန်တာ့လီ တို့အား နာမည်နှင့်တကွ ဖေါ်ပြခဲ့ကြောင်း သိရှိရ၏။

“မနေ့တုန်းက ကျနော်တို့ဆီစာရောက်တယ်၊ ဒီနေ့ ၃/၉/၀၉ အစည်းအဝေးထိုင်တယ်၊ ဘာမှအကြောင်း မပြန်ဖို့ ဆုံးဖြတ် တယ်” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိတဦးက အခိုင်အမာပြောကြောင်း ခေါင်းဆောင်အချို့ နှင့် ရင်းနှီးဝင်ဆန့်သူ တယောက်က သျှမ်းသံတော်ဆင့် သို့ပြောပြပါသည်။

“အကြောင်းပြန်ပြန် မပြန်ပြန် ပြဿနာရှာချင်တဲ့ စစ်အစိုးရအဖို့ ပြဿနာတခုခုဖန်တီးလာမှာဘဲ”- ဟု ၀ ထိပ်ပိုင်းခေါင်း ဆောင်များ ယုံကြည်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

ဖုန်ကြားရှင်းနှင့် အပေါင်းပါများ ၀ ပြည်သွေးစည်းရေးတပ်မတော် ထိန်းချုပ်နယ်မြေအတွင်း ပုန်းရှောင်နေသည်ဟု နအဖ စစ်တပ်က ယူဆ ထင်မှတ်သော်လည်း “ အခုအချိန်မှာ ဖုန်ကြားရှင်းဘယ်မှာရှိတယ်ဆိုတာ ကျနော်တို့မပြောနိုင်သေးဘူး” - ဟု အပစ်ရပ် ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်တို့ပြောပြပါသည်။

ကိုးကန့်အရေးအခင်းမှ ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေကြောင့် ၀ ဒေသအတွင်းဝင်ရောက် အကူအညီပေးနေသည့် NGOs အဖွဲ့အစည်းများအား ၀ နယ်မှ ထွက်ခွါပေးရန်လည်း ၀ခေါင်းဆောင်များ မေတ္တာရပ်ခံထားကြောင်း - ၀ အရာရှိနှင့် ရင်းနှီးသည့် ကုန်သည်အသိုင်းအ၀ိုင်းကပြောပါသည်။


ရောင်းသူရော စားသုံးသူပါ ကုန်သွယ်ခွန်ပေးရမည်
သောကြာနေ့၊ 04 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်များက စားသုံးသူများထံမှ ရောင်းကြေးမြှင့်တင် ယူကာ ပြည်တွင်းအကောက်အခွန်ဌာနသို့ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့က မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနရုံး၌ အခွန်ကြီးကြပ်မှုဆိုင်ရာ ပညာပေးရေး အစည်း အဝေး အမည်ဖြင့် စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင် ဦးရေ ၇၀ ခန့်အား ခေါ်ယူကာ ကုန်ဝယ်သူထံမှပါ ကုန်သွယ်အခွန်ကောက်ခံရ မည့် အစီအစဉ်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစီအစဉ်အား ယခုလ (၁) ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အစည်းအဝေး တက်ရောက်သူများက လက်မှတ်ထိုး ပေးရကာ စာရွက်များတွင် ဖောင်ဖြည့်ရန်လိုအပ်သေးကြောင်း သိရသည်။

စားသုံးသူများထံမှ အခွန်ကောက်ယူမည့် ပုံစံမှာ ကျပ် ၁၀၀ ဖိုး ရောင်းချလျှင် ၁၀ ရာခိုင်နှုန်း ဈေးတိုးမြှင့်ရန် ဖြစ်သည်။
အဆိုပါ စားသုံးသူများထံမှ တိုးယူထားသည့် ၁၀ ရာခိုင်နှုန်းအား ပြည်တွင်း အကောက်အခွန်ရုံးသို့ လစဉ် (၀ါ)သတ်မှတ် ရက်အလိုက် ပေးသွင်းရမည်ဖြစ်ပြီး အကောက်အခွန်ဌာနမှ ၃ လ တကြိမ် စာရင်းစစ်ဝင်မည်ဖြစ်ကာ မပေးသွင်းနိုင်လျှင် ဒဏ်ငွေရိုက်မည်ဟု သိရသည်။

အစည်းအဝေးခေါ်ယူ၍ ၀ယ်သူထံမှပါ ကုန်သွယ်အခွန်ပေးရန် ပြောကြားခြင်းသည် ဗန်းမော်မြို့တွင် ပထဆုံး အကြိမ်ဖြစ်ကြောင်း စားသောက်ဆိုင်ပိုင်ရှင်များက ပြောသည်။

“စည်းဝေးခေါ်တာက ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့အတွက် အခွန်ကြီးကြပ်မှုဆိုင်ရာ ပညာပေးရေးပေါ့ဗျာ။ သူတို့ ကောက်ခိုင်းတာက ကုန်သွယ်ခွန်ပေါ့။ ရောင်းသူနဲ့ ၀ယ်သူ နှစ်ဦးစလုံး။ ရောင်းတဲ့ သူက ၂၀၀ ဖိုးရောင်းရင် ၀ယ်တဲ့သူဆီက ၂၀ ဖိုး၊ လုပ်ငန်းရှင်တွေက သူတို့အတွက် ကောက်ပေးရမယ်” ဟု စည်းဝေးတက်ရောက်ခဲ့သူ စားသောက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

“ကွမ်းရာဆိုင်တွေလည်း တဆင့်ပြီးတဆင့်သွားမယ်။ အမြတ်ခွန်အကြီးပေးရတဲ့ ဆိုင်တွေကို အဓိက ဦးစားပေးပြီး လုပ်တာပေါ့။ စားသောက်ဆိုင်တွေအကုန်လုံး လ္ဘက်ရည်ဆိုင်တွေပါတယ်။ ကုန်သွယ်ခွန်ဆိုတာက ရောင်းသူရော ၀ယ်သူဆီမှာပါ ကောက်မယ်။ ၀ယ်သူတွေဆီကတော့ ကျနော်တို့က အလိုအလျောက် ဖြတ်ပေးရမယ်ပေါ့” ဟု သူက ထပ်ပြောသည်။

နောက်ထပ်မြို့ခံ စားသောက်ဆိုင်ပိုင်ရှင်တဦးက “ကျနော်တို့ဆီတော့ ၁၀ ရက်နေ့မှစမှာ။ ကျနော်တို့က ဖောင်တွေ ဖြည့်ရအုံးမယ်။ လက်မှတ်တွေ ထိုးပေးလိုက်ရသေးတယ်။ ၇၀ ၀န်းကျင်လောက်ပဲရှိတာ။ ဒါ ဗန်းမော်မှာ ပထမဆုံး အခွန်အစည်းအဝေးပေါ့။ ကျနော်တို့ဆိုင်ရှင်တွေက အများကြီးနစ်နာတာပေါ့။ တကယ်ပြောမယ်ဆိုရင် စားသုံးတဲ့ဆီမှာ ဖြတ်ဖို့ရာမလွယ်ဘူး။ ဈေးနူန်းက တက်ရောင်းမယ်ဆိုရင်လည်း သူများတွေလည်း ဒီလောက်ရောင်းတာ၊ကိုယ်တက် ရောင်းရင် ကိုယ်ငုတ်သွားမှာ။ ဖောင်တွေဘာတွေ ပေးထားပြီ။ မဖြည့်ရသေးဘူး။ မြို့ထဲမှာတော့ စနေပြီလို့ပြောတယ်။ ကျနော်တို့တော့ တပတ်လောက် လိုသေးတယ်။ ၁၀ ရက်နေ့လောက်မှ သိရမယ်” ဟု ပြောသည်။

“၃ လမှာ တခေါက် သူတို့ စာရင်းလာချုပ်မယ်။ ၃ လမှာ မဆောင်နိုင်တဲ့သူကို ၁၀၀၀ ကျန်ရင် ဒဏ်ငွေ ၇၀၀ ရိုက်မယ်။ ၁၀၀၀၀ ကျန်ရင် ၇၀၀၀ ရိုက်မယ်ဆိုတာလည်းပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီး တည်ဆောက်တဲ့နေရာမှာ အခွန်ဟာ အရေးပါတယ်ဆိုတဲ့အကြောင်း ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဘာသာ သာသနာမှာလည်းသုံးမယ် ဆိုတဲ့အကြောင်း အဲဒါတွေလည်း ပါတယ်။ အဲဒီနေ့က အခွန်ဌာနက ဗိုလ်မှူးကြီး သိန်းဇော်ဦး၊ မယက၊ ခယကတွေလည်း အကုန်တက်တယ်။ အစည်းအဝေးလာတက်တဲ့ သူတွေကို လ္ဘက်ရည်နဲ့ စမူဆာ ဧည့်ခံတယ်” ဟု သူက ဆက်ပြောသည်။

စားသောက်ဆိုင်ပိုင်ရှင်များ ပုံမှန် ပေးဆောင်နေရသည့် အခွန်များကတော့ နှစ်စဉ်ပေးဆောင်ရသည့် အမြတ် တော်ခွန်၊ လစဉ်ကြေးအခွန်များဖြစ်ကြောင်း သိရသည်။

ယခုအခါ ရောင်းသူနှင့် ၀ယ်သူပါ ကျပ် ၁၀၀ လျှင် ၁၀ ရာခိုင်နှုန်းစီ ပေးဆောင်ရမည့် ကုန်သွယ်ခွန်ကိုထပ်ဆောင်း ကောက်ခံခြင်း ဖြစ်သည်။

အခြား လျှပ်စစ်ပစ္စည်းဆိုင် လုပ်ငန်းရှင်တဦးက “ကျနော်တို့ကိုတော့ အခွန်ဦးစီးရုံးက အစည်းအဝေး ခေါ်တာတော့ မရှိဘူး။ ဒါပေမဲ့ ပြည်တွင်း အကောက်ခွန်ရုံးကတော့ ခေါ်တယ်။ လူတွေ့မေးမြန်းတယ်၊ အချက်အလက်တွေ မေးတယ်ပေါ့ဗျာ။ စီးပွားရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မေးတာပေါ့။ ဒီအပေါ်မှာ ကြည့်ပြီးတော့ တိုးတောင်းတာတော့ ရှိတယ်” ဟု ပြောသည်။

ယခုလို အစည်းအဝေးခေါ်ယူ၍ အခွန်ငွေ ၁၀ ရာခိုင်နှုန်းကောက်ခံသည့် အခြေအနေကို သိရှိနိုင်ရန် ဗန်းမော်မြို့ ပြည်တွင်းအကောက်ခွန်ရုံးသို့ ဖုန်းဆက်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။


ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး စစ်အစိုးရပြင်ဆင်နေ
2009-09-03

မြန်မာစစ်အစိုးရဝန်ကြီး အတော်များများကို စစ်အစိုးရ ဖွဲ့စည်းမဲ့ နိုင်ငံရေးပါတီဘက်ကို ပြောင်းလဲ တာဝန်ပေးထားတဲ့အတွက် ဒီနှစ်ကုန်ပိုင်းမှာ ဖွဲ့စည်းမဲ့ ကြားဖြတ်အစိုးရမှာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ချုပ်တွေ အများဆုံး ပါဝင်မှာ ဖြစ်တယ်လို့ RFAက စုံစမ်းသိရပါတယ်။၊


တဆက်တည်းမှာပဲ နိုင်ငံရေးဖက်ပြောင်းမဲ့ ဝန်ကြီးတွေ ဒီလကုန်ကစပြီး ရာထူးက နုတ်ထွက်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။


စာသင်သံဃာများကို ဝါတွင်းကာလမှာ နေရပ်ပြန်ွ့ကခိုင်းမည့် သတင်းများထွက်
2009-09-03

စက်တင်ဘာ ရွှေဝါရောင်အရေးအခင်း နှစ်ပတ်လည်ကာလ နီးကပ်လာသလို သံဃာ့လှုပ်ရှားမှုအဖွဲ့တွေ ဖွဲ့စည်းတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက်မှာ အထက်မြန်မာပြည်မှာ သံဃာတချို့ကို ဖမ်းဆီးတာတွေ လုပ်နေသလို ရန်ကုန်နဲ့ မန္ဈလေးမြို့က စာသင်တိုက်ကြီးတွေက စာသင်သံဃာတော်တွေကို နေရပ်ရင်း ပြန်ွ့ကခိုင်းလိမ့်မယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။


မန္ဈလေး စာသင်တိုက်တခုက တပါးကတော့ လောလောဆယ် ပုံမှန်စာသင် စာချလုပ်နေဆဲ ရှိပြီး တချို့တိုက်တွေမှာတော့ သီတင်းက္ဆွတ်ပြီးတာနဲ့ ပြန်ွ့ကကြဖို့ အာဏာပိုင်တွေက လာလျှောက်သွားတာ ရှိတယ်လို့ ခုလို RFA ကို မိန့်ပါတယ်။

ဆရာတော်။ ။ 'ကြားတော့ကြားနေတာပေါ့၊ ဟုတ်တယ်၊ တခြားကျောင်းတွေပေါ့။ တိုက်သစ်မှာ ဘုန်းကြီးတွေ လာလျှောက်တယ် ပြောတာပဲ။ သီတင်းက္ဆွတ်လို့ရှိရင် ပြန်လွှတ်ဖို့ ကိုယ်တော်တွေကို အဲလိုပြောတာပဲ အဲဒါ အတိအကျတော့ မဟုတ်ဘူးပေါ့လေ။ ခုကတော့ ပုံမှန်ပဲ စာသင်စာချပဲ လုပ်နေတယ်၊ ဒကာကြီးရေ အတွင်းကတော့ ဒီလိုပဲ ကိုယ့်ဟာကိုယ် နေကြရတာပဲ။'

တခြား ကျောင်းတိုက်ကြီးတခုက စာချဆရာတော် တပါးကတော့ တရားဝင် စာထွက်တာ မတွေ့ရပေမဲ့၊ ဒီအကြောင်းကို ပြောဆိုနေကြတာ တော်တော်ကြားနေရတယ်လို့ မိန့်ပါတယ်။ တကယ်သာ အဲဒီလို လုပ်ခိုင်းခဲ့ရင်လည်း ဆရာတော်ကြီးတွေကတော့ လိုက်လုပ်လိမ့်မယ် မထင်ဘူးလို့ မိန့်ပါတယ်။

စာချဆရာတော်။ ။ 'တိုက်မှာက ထုံးစံမရှိဘူး သူတို့ပို့ခိုင်းလည်း မပို့ဘူးလေ။ တိုက်ရဲ့အနေအထားက ပရိယတ္တိပညာရေး စာသင်တိုက်ပဲလေ။ ဒီကလေးတွေရဲ့ ပညာရေးကို အဓိကထားတယ်။ ဘယ်သူတွေက ပို့ခိုင်းခိုင်း ပို့ချင်မှပို့မှာ ဒါဆရာတော်တွေကပဲ ဟုတ်တယ်မလား။'

ရန်ကုန်မှာလည်း အလားတူ သတင်းတွေ ထွက်နေပြီး ဒီနှစ်စာမေးပွဲကလည်း မသေချာဘူးလို့ ပြောဆိုနေတာတွေ ရှိတဲ့အကြောင်း စမ်းချောင်း မြို့နယ်က သံဃာတပါးက အခုလိုမိန့်ကြား ပါတယ်။

သံဃာ။ ။ 'ဦးဇင်းတို့ကို အခု စက်တင်ဘာလမှာ ပြန်လွှတ်မယ်လို့ လုပ်နေကြတယ်၊ အခု စက်တင်ဘာမှာ ပြန်လွှတ်ရင် လွှတ်။ အဲ့လိုမှ ပြန်မလွှတ်ဘူးဆိုလိုရှိရင် ဦးဇင်းတို့ သီတင်းက္ဆွတ်ရင် ပြန်ရမယ်၊ နယ်တွေကို ပြန်ရမယ်၊ စာမေးပွဲက မကျိမ်းသေဘူး၊ ဦးဇင်းတို့ မြို့ပေါ်မှာ ရှိနေတယ် ဆိုလို့ရှိရင် ရွှေဝါရောင် တော်လှန်ရေးကြီးကို ပြန်ပြီးတော့ လုပ်မှာကို ကြောက်လွန်းလို့ အကြောက်လွန်လွန်းလွန်းလို့ နယ်တွေကို ပြန်ပြီးတော့ အရှင်ဘုရားတို့ ပြန်သီတင်းသုံးပါလို့ ပြောတာနဲ့ အတူတူပဲ။'

လာမည့် သီတင်းက္ဆွတ်လပြည့်နေ့မှာ သံဃာတော်တွေကနေ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ် ဆိုတဲ့ သတင်းတွေကြောင့်လည်း အာဏာပိုင်တွေ ပူပန်နေတာ ဖြစ်နိုင်တယ်လို့ ထင်ကြောင်းလည်း ပြောပါတယ်။ ဝါမက္ဆွတ်ခင် နေရပ်ပြန်ရမယ် ဆိုရင်တော့ ဝါကျိုးမှာ ဖြစ်တဲ့အတွက် ဘယ်ဘုန်းကြီးကမှ လက်ခံမှာ မဟုတ်ဖူးလို့လည်း ဆက်ပြီး မိန့်ပါတယ်။

သံဃာ။ ။ 'ဦးဇင်းတို့ကို တကယ်လို့ အခု စက်တင်ဘာလမှာ ပြန်လွှတ်ခဲ့မယ်ဆိုလို့ရှိရင် ဦးဇင်းတို့အနေနဲ့ ဝါကျိုးမယ်၊ သာသနာ့သံဃာတွေ ဖြစ်တဲ့အတွက်ကြောင့် ပညာတွေကလည်း တပိုင်းတစနဲ့ ဆိုလို့ရှိရင် ဒါမဖြစ်သင့်တဲ့ အလုပ်လေ၊ စာမေးပွဲတောင်မှ မဖြေရဘူးလို့တောင်ပြောတယ်၊ ဦးဇင်းတို့ စာသင်သား သံဃာတွေ အတွက် ကတော့ ဘေးကျပ်နံကျပ် ကျပ်တာပေါ ဒကာကြီးရာ၊ ဝါလည်းကျိုးဦးမယ်၊ အဲဒီတော့ ဦးဇင်းတို့အနေနဲ့က ဘယ်လိုလုပ်ပြီးတော့ ခံနိုင်ပါ့မလဲ။'

သံဃာ့င်္န်းက္ဆွန်းမြို့နယ်က သံဃာတော်တပါးကတော့ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေက အဆက်မပြတ် စောင့်ကြည့်နေတာရှိသလို ရန်ကုန်မြို့တွင်းမှာလည်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထား တာကြောင့် သံဃာတော် တွေမှာလည်း သွားလာလှုပ်ရှားမှုတွေမှာ အကျပ်တွေ့လာနေရတယ်လို့ မိန့်ကြား ပါတယ်။

သံဃာ။ ။ 'လုံခြုံရေးတွေကတော့ အရမ်းတင်းကျပ်နေတယ်၊ ငွေကြာယံထဲကို စစ်ကားတွေ အများကြီးပဲ ကျောင်းအရှေ့မှာ ရပ်ထားတာ၊ ဒီ ကျိုက္ကဆံဘုရားမှာလည်း လုံခြုံရေးတွေက အပြည့်ပဲ၊ ရှေ့မှာ ယူနီဖောင်းတွေကကော မာဖီတွေကကော အမျိုးမျိုးပဲ၊ ရှုပ်ရှက်ကိုခတ်နေတာပဲ၊ အခုအပြည့်ပဲ၊ အရမ်းတင်းကျပ်တာပေါ့ ဒကာကြီး၊ စစ်ကားတွေကို နည်းတာမှ မဟုတ်ပဲနဲ့။ အဲ့ဒီ ဓမ္မာရုံထဲမှာဆို သူတို့ စစ်သားတွေကို စတည်းချနေတာ၊ ဓမ္မာရုံ အပေါက်ဝပေါ့။ ဟိုဖက်ဒီဖက်မှာ အကုန်လုံးက ထိုင်ခုံလေးတွေနဲ့ သေနတ်အပြည့်နဲ့ပေါ့၊ ထိုင်နေကြတယ်၊ ဘုရားအပေါက်ဝတွေမှာလည်း ရှိတယ်။'

မကြာသေးခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးကနေ မတရားဖမ်းဆီး အကျဉ်းချထားတဲ့ သံဃာတော်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့မှုအပေါ် စစ်အစိုးရအနေနဲ့ ဝန်ချတောင်းပန်ဖို့ တောင်းဆိုခဲ့ပြီး မလိုက်နာရင် လာမည့်သတင်းက္ဆွတ်လပြည့်နေ့မှာ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်လို့ ကြေညာထားတဲ့အပေါ် စစ်အစိုးရအနေနဲ့ စိုးရိမ်နေတာ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အယူခံတင်ပြီ
2009-09-03

ဒေါ်အောင်ဆန်းစုကြည်တို့အတွက် အယူခံကို အကျိုးတော်ဆောင် ရှေ့နေတွေက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ ရန်ကုန်တိုင်း တရားရုံးကို တင်လိုက်ပြီလို့ သတင်းရရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဉာဏ်ဝင်း RFA ကို အခုလို ပြောပြပါတယ်။



ဦးဉာဏ်ဝင်း။ ။ 'က္ဆွန်တော်တို့ ဒီနေ့မနက် တင်လိုက်တယ်။ ၁ နာရီခွဲ၊ ၂ နာရီလောက်ကျတော့ က္ဆွန်တော်တို့ကို မနက်ဖြန် ရက်ချိန်းပေးလိုက်တယ်။ နက်ဖြန်မနက် ၁ဝ နာရီမှာ က္ဆွန်တော်တို့ ဒီအယူခံတွေကို လက်ခံဖို့ for admission ပေါ့၊ က္ဆွန်တော်တို့ လျှောက်လဲချက် ပေးရပါမယ်။'

အယူခံမှာ အချက် ၁၁ ချက် တင်ပြထားတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ အယူခံတင်မဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ရှေ့နေတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး အသေးစိတ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဥပဒေကြောင်းအရ ဆောင်ရွက်စရာ ရှိတာတွေကို အကုန်လုံး လုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အပြည့်အဝ ညွှန်ကြားထားကြောင်းနဲ့ အဲဒီညွှန်ကြားချက်အတိုင်း ဆက်လက် ဆောင်ရွက်တာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။ အဲဒီအပြင် ဆက်လက် ဆောင်ရွက်ရမဲ့ ကိစ္စတွေအတွက်လည်း ပြင်ဆင်နေပြီလို့သိရပါတယ်။